Cover

အခန်း (၁)

`ရုပ်ဆိုး´

ထိုနာမည် ကို ကြားနေကျမို့လို့အား မသိဘူး။ ဘယ်လိုမှ မနေတော့ပါ။ သူ့ကို သူ့ပတ်ဝန်းကျင်၊ သူ့အသိုင်းအ၀ိုင်းက ရုပ်ဆိုးဟုသာ ခေါ်ကြသည်။ ကြာတော့ နာမည် အရင်း `လှိုင်ဘွား´ ဆိုတာတောင် ပျောက်သွားပြီ၊ ဟိုလူကတွေ့ လည်း ရုပ်ဆိုး၊ ဒီလူကတွေ့ လည်း ရုပ်ဆိုး၊ ယုတ်စွအဆုံး သူ့အမေကတောင် သူ့သူငယ်ချင်းတွေ ခေါ်သလို ရုပ်ဆိုးဟု ယောင်ယမ်းပြီး ခေါ်တတ်၏ ။

ဒီနာမည် ကို ဘယ်သူကစပြီး ခေါ်ခဲ့သလဲတော့ သူ မမှတ်မိတော့။ ကိုယ်နဲ့ ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်း တစ်ယောက် ကို ဘယ်အချိန်ကစပြီး သိကျွမ်းခဲ့သလဲဆိုတာ သတိမပြုမိတော့သလိုမျိုး ထိုနာမည် သည် သူ့ဘ၀၌ ရင်းနှီးကျွမ်းဝင်စွာ ထင်ကျန်နေခဲ့၏ ။

အခုတော့ သူ့နာမည် သည် `ရုပ်ဆိုး´

ရုပ်နဲ့ နာမည် နဲ့ လိုက်ကလည်း လိုက်ပါသည်။

လူပုံစံက….

သွားအနည်းငယ် ခေါသည်။

သွားခေါ၍ အပေါ်နှုတ်ခမ်း တိုသယောင် ထင်ရ၏ ။

ပါးပြင်က ကျောက်ပေါက်မာသက်သက်။

အသားအရေက သပိတ်နုရောင် ။

ဖင်ကောက်ကာ ဗိုက်ပူပြီး နဖူး နည်းနည်း မောက်သည်။

ဒါလောက်ပါပဲ။

တချို့လူတွေ က သူ့ကို မကြားတကြား ပြောကြသေး၏ ။

သူ့ရုပ်ရည်နှင့် ပတ်သက်၍ ….

လူ ဖြစ်ရန် တဆင့်လိုနေသည်တဲ့။

ထို့ကြောင့် သူ့နာမည် ကို နောက်တစ်မျိုး ခေါ်ကြပြန်သေးသည်။ အဲဒါက….

`မျောက်ကြီး´

* * * * *


မနက်ကျောင်းလာကတည်းက ကျောင်းသူတော် တော် များများ ကံ့ကော်ပန်းလေးတွေ ကိုယ်စီပန်ထားတာကို တွေ့ ရ၏ ။ ရုပ်ဆိုး (ခေါ်) လှိုင်ဘွား (ခေါ်) မျောက်ကြီးက ဆံကေသာထက်တွင် ကံ့ကော်ပန်းလေးကိုယ်စီနှင့် အလှပေါ် အယဉ်ဆင့်နေသည့် ကျောင်းသူလေးတွေ ကို ငေးကာ ကြည့်လာခဲ့သည်။ အချို့ကျောင်းသူတွေ က သူတို့ကို ရုပ်ဆိုးကြည့်တာ မကြိုက်၍ မျက်စောင်းထိုးသွားကြ၏ ။ တချို့က နှာခေါင်းရှုံ့သွားကြ၏ ။ ရုပ်ဆိုး ကတော့ အေးအေးဆေးဆေးပဲ အားလုံးကို ရှေ့သွားလေးပစ်ကာ ပြုံးပြုံးလေးကြည့်ပြီး အလှအပတရားတွေ ခံစားကာ လျှောက်လာခဲ့သည်။

ထို့နောက် ကဲန်တင်းသို့ ရောက်လာသည်။ Class မတက်မီ ကဲန်တင်းမှာ သူငယ်ချင်းတွေ စုံနေကျမို့ သူရောက်သွားတဲ့အချိန်မှာ ကျန်တဲ့သူတွေ ရောက်နှင့် နေကြ၏ ။ ဒီနေရာမှာ သူနဲ့တွဲ သော ကျန်တဲ့သူတွေ ရဲ့ ပုံစံကို ဖော်ပြဖို့ လိုလာပြီထင်သည်။

တစ်ယောက် က ပေကြောင်။

သူ့နာမည် အရင်းက ထွန်းနိုင် ဖြစ်သော်လည်း နေရာတကာ ပေတိပေကြောင်နှင့် အလွန်တရာ ပေကပ်ကပ်နိုင်လှသော်ကြောင့် သူ့ကို ပေကြောင်ဟု ခေါ်ကြသည်။ ရုပ်ရည်ရူပကာကလည်း မျက်နှာမြင် ချစ်ခင်ပါစေဆိုသည့် ဂုဏ်ပုဒ်နဲ့ ပြည့်စုံ၏ ။ တစ်ခါက စတိုးဆိုင်တစ်ခုကို ၀င်သွားရာ ကောင်မလေးတွေ က သူ့မျက်လုံးကို မသင်္ကာ၍ ရဲခေါ်ကာ ဖမ်းချုပ်ဖူးသည်။ နောက်တော့မှ မသမာသော ရုပ်ရည်နှင့် မျက်လုံးက မွေးရာပါ ဖြစ်နေ၍ ပြန်လွှတ်လိုက်လိုက်၏ ။ ထွန်းနိုင်ဆိုသည့် ပေကြောင်က အဲဒီ လိုမျိုးကောင်း။

နောက် တစ်ယောက် က ဗျောက်အိုး၊ နာမည် အရင်းက ကျော်ငြိမ်း။

သူ့နာမည် ကြားရုံနှင့် ဘာကြောင့် ဒီလိုခေါ်ရသလဲဆိုတော့ သိသင့်ပြီထင်သည်။ အသံက စာစာ စာစာနှင့် ဟောင်ဖွာဟောင်ဖွာလုပ်ကာ နေရာတကာ ဆရာကြီး လုပ်တတ်၏ ။ သူသိ၊ သူတတ် အမြဲလုပ်တတ်၏ ။ နည်းနည်း သိရင် များများ လုပ်တတ်၏ ။ တကယ်တမ်းကျ ဘာမှဟုတ်တိပတ်တိ နားလည်တဲ့ကောင်း မဟုတ်။

အဲဒီ လိုလူမျိုး သုံးယောက် က သူတော် ချင်းချင်း သတင်းလွေ့လွေ့ဆိုသလို တက္ကသိုလ်ရောက်တော့ အတူတကွ တွဲ မိကြ၏ ။ သူများ တွေ နဲ့ အဆင်မပြေသော်လည်း သူတို့အချင်းချင်းတော့ အဆင်ပြေကြ၏ ။ ခင်ကြ၏ ။ မင်ကြ၏ ။ အဲ့ဒီလိုနဲ့ နေလာကြတာ တက္ကသိုလ်နောက်ဆုံးနှစ် သို့ပင် သူတို့ ရောက်ရှိလာပါတော့သည်။

အဲ့ဒီလိုနဲ့….. အဲ့ဒီလိုနဲ့……..။

* * * * *


ရုပ်ဆိုးကဲန်တင်းထဲ ၀င်လာသည်။ ပေကြောင်နဲ့ ဗျောက်အိုးက ရုပ်ဆိုးထင်လာတာကိုမြင်၍ ပြုံးကာပြ၏ ။ ခဏနေတော့ ပေကြောင်က ရုပ်ဆိုး ၀င်ထိုင်တာကိုကြည့်၍

``ငါ ညက မင်းအတွက် သီချင်းတစ်ပုဒ် စပ်ထားတယ် သိလား´´

``တယ်ဆိုတဲ့ စာပါလား´´

``ဟုတ်တယ်ကွ၊ မင်းရဲ့ အလှအပတရားတွေ ကို ခံစားပြီး သီချင်းတစ်ပုဒ် စပ်ထားတာ´´

``လုပ်စမ်းပါဦး၊ ငါ့အလှကို ခံစားတတ်တဲ့လူဆိုလို့ တစ်ကမ္ဘာလုံးမှာ မင်း တစ်ယောက် ပဲ ရှိမယ်ထင်တယ်´´

ပေကြောင်က ရုပ်ဆိုးကို ကြည့်၍ ……

``ငါ စဆိုတော့မယ်နော်´´

ရုပ်ဆိုးက……

``အေး… ဆို´´

ပေကြောင်က စားပွဲခုံလေးကို လက်ညှိုးလေး ရိုက်ကာ ရိုက်ကာနှင့် သီချင်းစဆိုပါတော့သည်။

``ဗိုက်ပူနံကား နဖူးက မောက်လို့ ဖင်က ကောက်သေးတယ်၊ အသားကလေ မီးသွေးရှုံး မျက်လုံးတစ်လုံးက စောင်းနေတယ်´´

စာသားတစ်ပုဒ်အပြီးမှာ တင် ရုပ်ဆိုး မျက်လုံးပြူးထွက်သွားသည်။

ထို့နောက် လက်ကာကာ ခြေကာကာနှင့် ပေကြောင့် ကို တား၍ …

``ဟေ့ကောင် တော် တော့ တော် တော့။ မင်းလုပ်မှ ငါ့ဘ၀က ရှိရင်းစွဲရုပ်ရည်ထက် သုံးမရအောင် ပို ဖြစ်သွားဦးမယ်´´

ထို့နောက် အားလုံးဝိုင်းရယ်လိုက်ကြသည်။

ရယ်လို့ဆုံးတော့ ဗျောက်အိုးက ၀င်၍ …..

``ဟေ့ကောင်တွေ စကားလည်း များ မနေနဲ့၊ စားစရာရှိတာ စားကြ ပြီးရင်သွားမယ်´´

``အတန်းသွားမလို့လား´´

``မဟုတ်ဘူး၊ ဖရယ်ရှာလေးတွေ ဆီ ဂိုးမလို့´´

ထိုစကားကြောင့် ပေကြောင်က မျက်လုံးအရောင် တောက်သွားကာ…..

``ဟုတ်တယ်ကွ၊ ကျောင်းတွေ ပြန်ဖွင့်တာတောင် တစ်ပတ်ရှိသွားပြီ၊ ငါတို့ ဖရက်ရှာလေးတွေ ဆီ မရောက်သေးဘူး။ သွားရအောင်´´

ကန့်ကွက်မဲ မရှိ၊ ထောက်ခံမဲသာ အပြည့်အ၀ရှိနေ၍ စားပြီးသောက်ပြီးနောက် အခုမှ ပထမနှစ် စတက်သည့် ဖရက်ရှာလေးတွေ ဆီကို ဆင်၊ မျောက်၊ ခါ သုံးကောင် ထွက်လာခဲ့ကြပါတော့သည်။

အားလုံးက ဒါမျိုးဆို တက်တက်ကြွကြွ။ ကျောင်းစာမှသာ ၀ီရိယမရှိရင်နေမယ်။ ဒီလိုကိစ္စမျိုး လုံးဝလက်မနှေးစေရ။

* * * * *


ပထမနှစ် တက်ကာစဆိုတော့ ပိုးလောက်လန်းလေးတွေ လို အားလုံး လန်းလန်း လန်းလန်း ဖြစ်နေကြ၏ ။ ရုပ်ဆိုးတို့က လမ်းတစ်လျှောက်တွေ့ တဲ့ ကောင်မလေးတွေ ကို မထိတတိ စလာကြသည်။ တစ်နေရာအရောက်တွင် မျက်မှန်လေးနှင့် ဆံထိုးလေး ထုံးထားသော ကောင်မလေး တစ်ယောက် လျှောက်လာတာတွေ့ ၍ ဗျောက်အိုးက…..

``ညီမလေး Physics မေဂျာကို ဘယ်ကသွားရမလဲဟင်´´

``ရှင်´´

ရုတ်တရက် အမေးခံလိုက်ရသော ကြောင့် ထိုကျောင်းသူက အူကြောင်ကြောင်နဲ့ ပြန်ကြည့်၏ ။

ဗျောက်အိုးက တစ်ချက်ပြုံး၍ အတည်ပေါက်နှင့် နောက်တစ်ခွန်း ထပ်မေး၏ ။

``Physics လေ Physics… Physics မေဂျာကို ဘယ်လိုသွားရမလဲလို့´´

ထိုတော့မှ ကောင်မလေးက သဘောပေါက်သွားဟန်နှင့် …..

``သြော်… သိ…. သိပါတယ်။ သမီးကလည်း Physics ကပါ´´

``သြော်…. သမီးက Physics ကလား´´

``ဟုတ်´´

``ပထမနှစ် လား´´

``ဟုတ်´´

``ဒါဆို အိုင်းစတိုင်းရှိလားဟင်´´

``ရှင်´´

``ညီမလေးတို့ အတန်းမှာ အိုင်းစတိုင်းဆိုတဲ့ ကျောင်းသား ရှိလားလို့… ရှိရင် သူ့ကို အစ်ကိုတို့က တွေ့ ချင်လို့´´

``အိုင်းစတိုင်း…. ဟုတ်လား´´

``ဟုတ်တယ်၊ သူက အစ်ကို့ညီလေး၊ အစ်ကို့ဆီက ရီလေတီပသီ သီအိုရီဆိုတဲ့ မိုက်ကျယ်ဂျက်ဆင် နောက်ဆုံးဆိုထားတဲ့ သီချင်းခွေ ယူသွားလို့ လိုက်တောင်းတာ´´

ကောင်မလေးက ကြောင်တောင်တောင် ဖြစ်သွားရာမှ မျက်မှော င်ကြုတ်ပြီး သုံးကောင်လုံးရဲ့ မျက်နှာကို ကြည့်၏ ။ အခုမှ ဒီကောင်တွေ မျက်နှာက တစ်ယောက် မှ ကြည်ညိုဖွယ်မရှိမှန်း သိကာသွား၏ ။ သူ့ကိုလည်း သက်သက်လိုက်နှောင့်ယှက်နေတယ်ဆိုတာ သိသွား၍ ချာခနဲ လှည့်ကာ ထွက်သွားလေတော့သည်။

ဒါတောင် ဗျောက်အိုးက သူ့အသံစာစာ စာစာနှင့် လှမ်းအော်လိုက်သေး၏ ။

``စတီဗင်ဟော့ကင်းကို တွေ့ ရင်လည်း ပြောလိုက်ဦးနော်၊ Black hole ဆိုတာ စကြာဝဠာထဲမှာ တင် မကဘူးလို့။ မြန်မာနိုင်ငံက ဂီတလောကမှာ ပါ ရှိတယ်လို့ ပြောလိုက်ဦး´´

ကောင်မလေးဆီက တောက်ခေါက်သံ ခပ်သဲ့သဲ့ထွက်ကာလာ၏ ။ သူတို့သုံးယောက် ဆက်လျှောက်လာလိုက်သည်။ တစ်နေရာအရောက်တွင် ကျောင်းသူ တစ်ယောက် လမ်းလျှောက်လာတာ တွေ့ ရပြန်သည်။ ထိုကျောင်းသူပုံစံက နည်းနည်း တော့ ထူးခြားသည်ဟု ဆိုရမည် ။ ရင်ဖုံးပါတိတ်ဝမ်းဆက် ခရမ်းရောင် လေးကို ၀တ်ထားပြီး ဆံပင်ကို ကျစ်ဆံမြီးအကြီးကြီးတစ်ချောင်းထဲ ကျစ်ကာချထား၏ ။ တခြားကျောင်းသူတွေ နဲ့မတူဘဲ ကဗျာဆန်ဆန်လေးနှင့် မဟာဆန်ဆန်လှပသည်ဟု ဆိုရပေမည် ။

ပေကြောင်က ထိုကျောင်းသူကိုကြည့်၍ ဒီတစ်ခါ ငါ့အလှည့်ဟု ဆိုလိုက်၏ ။ ထို့နောက် ထိုကောင်မလေးထံ လှမ်းသွားလိုက်ပြီး….

``ဒီမှာ ညီမ´´

ကျောင်းသူကောင်မလေးက လှည့်ကြည့်၏ ။ ပေကြောင်ကို မြင်သွားတော့ ခြေဆုံးခေါင်းဆုံး တစ်ချက်စိုက်ကြည့်လိုက်ကာ…..

``ဘာများ လဲ´´

ကျောင်းသူရဲ့ အမေးကို ပေကြောင်က ခပ်တည်တည်နှင့် …..

``Chemistry မေဂျာ ဘယ်ကသွားရလဲ သိချင်လို့´´

``သြော် အေး…. တို့က Chemistry ကပါပဲ၊ ဒီဘက်ကသွားရင် ရောက်ပါတယ်´´

ပေကြောင်က ကျောင်းသူရဲ့ စကားကြောင့် ၀မ်းသာသွားသော အမူအရာနှင့်

``သြော်….. ဟော….. ဟော …. လက်စသတ်တော့ Chemistry ကျောင်းသူနဲ့မှ တည့်တည့်လာတိုးနေတာကိုး။ ဒါဖြင့် ဟန်ကျလိုက်တာ၊ မေးစရာလေးတစ်ခုရှိလို့´´

ထိုကျောင်းသူက နားမလည်နိုင်ဟန်ဖြင့် မျက်မှော င်ကြုတ်၍ ပေကြောင့် ကို ကြည့်ကာ…..

``ဘာမေးမလို့လဲ´´

ပေကြောင်က….

``မဒန်ကျူရီကို သိလား´´

``ဟမ်´´

``မဒန်ကျူရီလေ… မဒန်ကျူရီကို သိလားလို့၊ ပြီးတော့ မဒန်ကျူရီ အတန်းထဲမှာ ရှိလားလို့. . ရှိရင် သူယူသွားတဲ့ X-rays သီချင်းခွေတွေ ပြန်လိုချင်လို့….´´

``ကဲ… ဒါဖြင့် လိုက်ခဲ့´´

ကျောင်းသူရဲ့ စကားကြောင့် သုံးယောက် သား ကြောင်တောင်တောင်တွေ ဖြစ်သွားသည်။ သို့သော် ကျောင်းသူက ရှေ့ကဦးဆောင်၍ သွားနှင့် နေပြီ ဖြစ်၍ သုံးယောက် သား အူကြောင်ကြောင်နှင့် ပါသွားကြ၏ ။

တစ်နေရာအရောက် ကျောင်းသူက အခန်းတစ်ခန်းသို့ ၀င်မလိုလုပ်လိုက်သည်။ သူတို့လည်း ယောင်ပြီး လိုက်ဝင်မလို့ လုပ်ပြီးမှ အခန်းဝမှာ ချိတ်ထားသော ဆိုင်းဘုတ်ကို သွားတွေ့ ၍ တုံ့ခနဲ့ ဖြစ်သွားကြ၏ ။

အခန်းဝမှာ ရေး ထားတာက….

`ဆရာမ များ နားနေခန်း´

``ဟင်´´

သုံးယောက် လုံး မျက်လုံးပြူးသွားကာ ဟိုကြည့်ဒီကြည့် လုပ်သည်။ ထွက်ပြေးမလို့ ပြေးပေါက်ရှာခြင်း ဖြစ်၏ ။ ထိုအချိန်မှာ ပင် ကျောင်းသူလေးယောက် အခန်းရှေ့ကအဖြတ် ခုန ပေကြောင်နောက်လိုက်သည့် ကျောင်းသူကို တွေ့ သွားတော့….

``ဆရာမ … ဆရာမ အတန်းသွားမလို့လား၊ ဒါဆို သမီးတို့နဲ့ တစ်ခါတည်း လိုက်ခဲ့လေ၊ ပေး….. ဆရာမ သယ်စရာရှိတာတွေ သမီးတို့ကိုပေး…´´

``နေပါကွယ်…. ရပါတယ်။ သွားနှင့် သွားနှင့် …. ဆရာမ ဒီမှာ ရှင်းစရာကိစ္စလေးရှိလို့´´

သုံးယောက် လုံး ရင်ထဲမှာ မိုးကြိုးပစ်သံလို ဒိန်းခနဲ ဖြစ်သွာူးကြ၏ ။ အရင်ဆုံး လှုပ်ရှားလိုက်သူက ပေကြောင်၊ စက္ကန့်ပိုင်းအတွင်းမှာ တင် ပေကြောင် ပျောက်သွားသည်။ သိုင်းကားတွေ ထဲကလို ကိုယ်ဖော့ပညာများ တတ်နေသလားမသိပေ။

ပေကြောင် ပျောက်သွားပြီးနောက် ရုပ်ဆိုးနဲ့ ဗျောက်အိုးက တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ….

``ပြေးဟ´´

``ဟဲ့…. ဟဲ့ နေကြဦးလေ´´

ဆရာမ လေးရဲ့ ခေါ်သံက နောက်မှာ ကျန်ခဲ့၏ ။ သုံးကောင်လုံး ကတော့ တစ်ယောက် တစ်နေရာဆီ ခြေကုန်သုတ်လျက်….။

* * * * *


ပြေးရင်းလွှားရင်းနှင့် ယခင်ထိုင်နေသည့် ကဲန်တင်းဘက်သို့ ပြန်ရောက်လာသည်။ ရုပ်ဆိုးနှင့် ဗျောက်အိုးက အရင်ရောက်လာကြ၏ ။ ရှေ့ဆုံးမှ ပြေးသွားသော ပေကြောင်က အခုထိ ရောက်မလာသေး။

ခဏနေတော့ ပေကြောင် မောကြီးပန်းကြီးနဲ့ ရောက်လာသည်။ လျှာကို တစ်လစ်တစ်လစ် လုပ်၍ အမောဖြေရင်း…

``တော် သေးတာပေါ့ကွာ၊ ဆရာမ ကို ကျောင်းသူထင်ပြီး သွားနောက်မိတာ ကံကောင်းလို့…´´

``မင်းက ဘာလို့မပြောမဆို ထွက်ပြေးသွားတာလဲ´´

``ကြောက်လို့ပေါ့ကွ´´

``ဒါဆိုလည်း ငါတို့ကို လက်ကလေး ဘာလေး ကုပ်ပြီး အသိပေးသွားဦးပေါ့ကွ´´

``သွားနောက်မိတာက ငါလေ၊ မင်းတို့မှ မဟုတ်တာ´´

``ဘာပဲ ဖြစ် ဖြစ် မင်းအသိပေးသွားဖို့တော့ ကောင်းတယ်၊ ကံကောင်းလို့ ငါတို့ပါ ဒုက္ခရောက်တော့မလို့´´

ရုပ်ဆိုနဲ့ စကားအဆုံး အားလုံးရယ်လိုက်ကြသည်။ ထို့နောက် ကဲန်တင်းထိုင်မလို့ စဉ်းစားလိုက်ကြသော်လည်း ခုနမှ ထလာသော ကြောင့် ပြန်မထိုင်ချင်တော့၍ ခြေဦးတည့်ရာ ထွက်လာခဲ့ကြသည်။ အတန်းချိန်လည်း လွန်သွားပြီ ဖြစ်သော ကြောင့် နောက်တစ်ချိန်မှသာတက်ရန် သူတို့ ဆုံးဖြတ်လိုက်ပြီး ဘွဲ့နှင်းသဘင်ဘက် သွားထိုင်ရန် ဆုံးဖြတ်လိုက်ကြ၏ ။

ထို့နောက် သုံးယောက် လုံး ဘွဲ့နှင်းသဘင်ရှိရာဘက်သို့ ထွက်လာခဲ့ကြပါတော့သည်။

ဘွဲ့နှင်းသဘင်ရှေ့ရောက်တော့ အုတ်လှေကားကလေးတွေ ပေါ်မှာ ထိုင်သည်။ ဗျောက်အိုးနဲ့ ပေကြောင်က ဘောလုံးပွဲအကြောင်း ပြောနေကြ၏ ။ ရုပ်ဆိုးက ဘွဲ့နှင်းသဘင်ရှေ့ ဖြတ်သွားသော ကားတွေ ကို လျှောက်ငေးနေသည်။ ထိုသို့ ငေးနေရင်းမှ ကိုယ်ပိုင်ကားလှလှလေးတွေ ပေါ်မှာ ပါသွားသော ကောင်မလေးတွေ ကို သဘောကျနေ၏ ။ သူလည် ထိုကဲ့သို့ ကောင်မလေးလှလှလေး တစ်ယောက် နဲ့တွဲ ပြီး ရန်ကုန်မြို့အနှံ့ ကားလျှောက်မောင်းရရင် ဘယ်လောက်ကောင်းမလဲဟု စဉ်းစားကြည့်မိ၏ ။ စဉ်းစားရင်းနဲ့မှ ပျော်လာ၏ ။ သို့သော် ထိုအပျော်မျိုးက ခဏသာ။ ကိုယ့်ဘ၀ ကိုယ်နားလည်သွားသော အသိက ခေါင်းထဲ တိုးဝင်လာချိန်တွင် ထိုအပျော်မျိုးက ချက်ချင်း ပျောက်သွားသည်။

သူ့ဘ၀တွင် ဆန့်ကျင်ဘက်လိင်ကြိုက်နိုင်သော အချင်းအရာတွေ ဘာမှမရှိပါ။ ငွေကြေးအားဖြင့် လည်း မချမ်းသာသလို ရုပ်ကလည်း ဆိုးသေးသည်။ ထို့ကြောင့် ဇာတ်က ဆုံးနေပြီ။ သူလိုရုပ်ဆိုးက ဆိုက်ကားနဲ့တင်ခေါ်လို့ ဘယ်မိန်းကလေးမှ လိုက်မှာ မဟုတ်။ (မသကာရှိ လင်ခရုဇာလောက်ဆို တော် သေးသည်။)

``ဟေ့ကောင် ဘာတွေ ငေးနေတာလဲ၊ သောက်မလား ရော့´´

ဗျောက်အိုး လှမ်းပေးသော ဆေးလိပ်တစ်လိပ်ကိုယူ၍ မီးညှိလိုက်၏ ။ ဗျောက်အိုးတို့က သူတို့ပြောလက်စ ဘောလုံးပွဲအကြောင်း ဆက်ပြောကြသည်။ သူလည်း တွေးလက်စ အတွေးကို ဆက်သည်။

ထိုအချိန် ကျောင်းသူသုံးယောက် လှေကားပေါ် တက်လာကြ၏ ။ ထိုင်စရာနေရာ ရှာသည်။ ဟိုကြည့်ဒီကြည့်လုပ်ရင်း သူတို့ကို တွေ့ သွားတော့ နှာခေါင်းရှုံ့ကာ ထွက်သွားကြ၏ ။ အဲဒီ့ ကျောင်းသူသုံးယောက် ကို သူ သိသည်။ သူတို့မေဂျာက ကျောင်းသူတွေ ။ သူတို့နဲ့ ဘာမှပြဿနာမရှိပါဘဲနှင့် သူတို့အပေါ် အသားလွတ် ကြည့်မရ ဖြစ်နေသော ကျောင်းသူတွေ ….။

ရုပ်ဆိုး သက်ပြင်းချမိ၏ ။

လူချစ်လူခင် ပေါများ လွန်းလှသော ကိုယ့်ဘ၀ကိုယ်လည်း စိတ်ညစ်မိ၏ ။ ယခုအချိန်မှာ အမေလည်း သူ့ကို ဒေးဗစ်ဘက်ခမ်းလိုသော်လည်းကောင်း၊ လီယိုနာဒို ဒစ်ကာပရီယို လိုသော်လည်းကောင်း၊ ဂျက်တစ်ဘိုက်ဘာလိုသော်လည်းကောင်း၊ Westlife က အဆိုတော် တစ်ယောက် ယောက် လိုသော်လည်းကောင်း မွေးပေးလိုက်လျှင် ခုနတက်လာသော ကျောင်းသူသုံးယောက် သူ့အနားသို့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ညုတုတု အမူအရာလေးတွေ နှင့် ကပ်လာမှာ ကျိန်းသေသည်။ အခုတော့ ပေနှစ် ဆယ်အကွာက မျက်စောင်းထိုးကာ လစ်သွားလေပြီ။

``ဟေ့ကောင်း သောက်လေ၊ မင်းမသောက်ချင် ပေး….´´

သူ့လက်ကြားက ပြာအတောင့်လိုက် ဖြစ်နေသော ဆေးလိပ်ကို ပေကြောင်က လှမ်းယူသွားသည်။ ထို့နောက် ဗျောက်အိုးကို ကြည့်၍ ….

``ဆက်ပြေ…. ဖာဂူဆန်က ခုနပြောတာ…ဘာ…. လူငယ်ခြေတက်ကိစ္စ ဟုတ်လား… ငါ ကတော့ အဟောင်းတွေ ကိုလည်း မပစ်ပယ်သင့်ဘူးထင်တာပဲ´´

လူဆိုတာ ကိုယ့်ဘ၀ကိုယ် ကျေနပ်နေရင် ပြီးတာပါပဲဆိုသည့် စကားရှိသည်။ ဗျောက်အိုးနဲ့ ပေကြောင်သည် သူတို့တစ်ခါ မရောက်ဖူးသော အင်္ဂလန်က ဘောလုံးအသင်းအကြောင်းတွေ ပြောရင်း ဘ၀ကို ကျေနပ်နေကြ၏ ။ ရင်ဘတ်ထဲက မွန်းကြပ်မှု တွေ ကို ခုခံနေကြ၏ ။ ကဗျာဆန်သော တက္ကသိုလ်ရဲ့ မနက်ခင်းကို အစာသွပ်နေကြ၏ ။ သူသည်လည်း ရင်ဘတ်ထဲမှာ ဟောင်းလောင်းပွင့်နေသော ဒဏ်ရာဟောင်းကို အစာသွပ်ဖို့ လုပ်သည်။

လင်ခရုဇာ အဖြူကြီးတစ်စီး ဘွဲ့နှင်းသဘင်ရှေ့က ဖြတ်သွားသည်။ ထိုလင်ရုဇာပေါ်တွင် သူ ပါသွားသည်။ သူက မောင်းတဲ့သူနေရာက…. ဘေးမှ အင်မတန်လှပချောမောသော ကောင်မလေး တစ်ယောက် လိုက်ပါလာ၏ ။ ထိုကောင်မလေးက သူထံမှ ခေါသော သွား၊ မည်းသော အသားနှင့် ကြမ်းတမ်းသော ပါးပြင်လေးတွေ ကို မက်မက်စက်စက် ကြည့်ကာ…

``ကိုကိုရုပ်´´

``ဗျ´´

``အတန်းပြီးရင် မီးကို ကဖေးဘယ်လာဂျီအို လိုက်ပို့ပေးနော်´´

``အင်းပါဂျ´´

သူကားမောင်းနေရင်းမှ ဂီယာချိန်းလိုက်၏ ။

``အား´´

ရုတ်တရက် ပေကြောင့် အသံကြီး ထွက်လာ၍ လန့်ကာလှည့်ကြည့်လိုက်သည်။ သူ ယောင်ယမ်းပြီး ဂီယာချိန်းလိုက်မိရာ ဘေးမှာ ထိုင်နေတဲ့ ပေကြောင့် လက်ကို တိုက်မိ၍ လက်ကြားညှပ်ထားသော စီးကရက်က ပေကြောင့် ပုဆိုးကြားထဲ ပြုတ်ကျသွား၍ ဖြစ်၏ ။

ပေကြောင် ဆတ်ဆလူးထအောင် ခုန်နေတော့သည်။ ချက်ကောင်းကို ထိသွားပုံလည်း ရ၏ ။

``သေပြီ…. သေပြီ…. အူး ဟူး…. တည့်တည့်မှ တို့မိတာ အူး… မင်းဘယ်လိုလုပ်လိုက်တာလည်း ရုပ်ဆိုးရာ´´

``ငါ…. ငါ ဂီယာချိန်းလိုက်တာ´´

``ဘာ´´

``မဟုတ်ပါဘူး။ ဟိုဟာကွာ…… မတော် လို့´´

ပေကြောင် အားရအောင်ခုန်ပြီး ပုဆိုးထ၀တ်ကြည့်၏ ။ ပုဆိုးအလယ်မှ အပေါက်ကြီး ဖြစ်သွားတာ တွေ့ လိုက်ရသည်။ ဗျောက်အိုးက ပေကြောင့် ကို ကြည့်၍ ခွက်ထိုးခွက်လန် ရယ်၏ ။ ပေကြောင် ရှက်ရှက်နဲ့ သူ့ကို လိုက်ထိုးသည်။

သူက ရှေ့ကပြေးသည်။ ပေကြောင်က အနောက်က လိုက်၏ ။ ဗျောက်အိုးက သူတို့နှစ် ယောက် နောက်ကနေ ခွေးတွေ ရှူးတိုက်သလို လက်ခုပ်တီးပြီး ပါးစပ်က တရှူးရှူး လိုက်အော်၏ ။

ဘာပဲ ဖြစ် ဖြစ် ဘ၀ကပျော်စရာပါ။ သူတို့ အခုပျော်ရွှင်ကြလေသည်။ လေပြေက တသော့ သော့  တနော့နော့နှင့် တိုက်ခတ်နေဆဲ။

* * * * *


အခန်း (၂)

ဘွဲ့နှင်းသဘင်ရှေ့တည့်တည့်သို့ အလျားလိုက် ဦးတိုက်နေသော လမ်းမကြီးသည် သစ်ရွက်လှုပ်ခတ်သံလေးများ နှင့် ကံ့ကော်ပန်းရနံ့တို့နှင့် ပြည့်ကြပ်ကာနေ၏ ။ လေယူရာ ယိမ်းနွဲ့လှုပ်ခတ်သွားသော သစ်ရွက်သံလေးများ ကြားတွင် ကောင်မလေးသုံးယောက် အသံက ရောနှောကာ ပါဝင်နေ၏ ။ ထိုကောင်မလေးသုံးယောက် သည် လမ်းကြားလေးတစ်ခုမှနေ၍ ဘွဲ့နှင်းသဘင်ရှေ့ ဦးတိုက်ခစားနေသော လမ်းမကြီးဘက်သို့ ဦးတည်လာနေခြင်း ဖြစ်သည်။

တစ်ယောက် က….

``နင့်ကို ငါ ခဏ ခဏ ပြောတယ် ရတီ၊ ဒေါသကို ရှေ့ထားရင် မှားတတ်တယ်လို့။ အခုတော့ ဘာမှမဟုတ်တဲ့ကိစ္စနဲ့ ကိုယ့်မှာ အိတ်တစ်လုံး ဆုံးရမလို ဖြစ်နေပြီ´´

``မတတ်နိုင်ဘူး။ ငါလည်း ရိုက်စရာ ဒါပဲရှိလို့ ဒါနဲ့ပဲ ရိုက်လိုက်ရတာ ပေါ့´´

``နင့်လက်ထဲ ဓားများ ရှိနေရင် အဲဒီ ဓားနဲ့ နင်ထိုးဦးမလား မသိဘူး´´

``ထိုးသင့် ထိုးရမှာ ပဲ၊ အဲဒီ့ အကောင်ကို ငါကြည့်လို့ကို မရဘူး´´

``နင်ကြည့်လို့ရတဲ့ အကောင်ရော ရှိလို့လား´´

ရတီဆိုတဲ့ ကောင်မလေးက သူ့လက်ထဲမှာ ကိုင်ထားသော စလင်းဘတ်အိတ်ကလေးကို စိတ်ပျက်စွာ ကြည့်ရင်း ခေါင်းခါပြလိုက်သည်။ စလင်းဘတ်အိမ်လေးက ကြိုးတစ်ဖက်တွင် ပြုတ်လုဆဲဆဲ တဲတဲလေး ဖြစ်ကာနေ၏ ။ သူတို့ရဲ့ စကားအသွားအလာကို ကြည့်ခြင်းအားဖြင့် တစ်စုံ တစ်ယောက် ကို ရတီဆိုသည့် ကောင်မလေးက စလင်းဘတ်အိတ်နှင့် ရိုက်လာပုံရသည်။ ထို့ကြောင့် စလင်းဘတ်အိတ်၏ ကြိုးတစ်ဖက်က ပြတ်လုဆဲဆဲ ဖြစ်နေခြင်း ဖြစ်၏ ။

ထို့နောက် သူမတို့သုံးယောက် လမ်းမကြီးပေါ်သို့ ရောက်လာကြသည်။ လမ်းမကြီးပေါ် ရောက်ရောက်ချင်း ကျန်ကောင်မလေး တစ်ယောက် က စကားစပြော၏ ။

``အဲ့ဒီအိတ်က နင့်အဖေ မွေးနေ့လက်ဆောင်ပေးထားတာ မလား´´

``ဟုတ်တယ် ထုတ်ကိုင်တာတောင် မကြာသေးဘူး´´

``ဒါဆို နှမြောစရာကြီး။ မှန်းစမ်း… ကြည့်ရအောင်´´

ရတီက ထိုကောင်မလေးထံ သူရဲ့ အိတ်ကို လှမ်းပေးလိုက်သည်။ ထိုကောင်မလေးက အိတ်ကို သေချာကြည့်၍ ….

``လေပစ်လေးတွေ ဟသွားတာဟ၊ ပြန်လုပ်လို့ရတယ်၊ ငါတို့နားမှာ ဆိုင်ရှိတယ်။ ယူသွားပေးရမလား´´

ရတီက ထိုကောင်မလေးစကားကို နားထောင်၍ ….

``ဒါဆိုလည်း ကူညီစမ်းပါဟာ၊ ငါ့အဖေ ပေးထားတဲ့ လက်ဆောင်ဆိုတော့ မပျက်စီးစေချင်ဘူး´´

``ဟွန်း…. မပြောလိုက်ချင်ဘူး။ ခုနက အဲဒီ လိုစိတ်မျိုးရှိရင် ဒီလို ဖြစ်စရာတောင် အကြောင်းမရှိဘူး´´

ထိုစကားကြောင့် ရတီက မဲ့ကာရွဲ့ကာနှင့် ….

``ငါက ဒေါသ ဖြစ်သွားရင် ဘာမှမြင်တာမဟုတ်ဘူး´´

ရတီ့စကားအဆုံးတွင် ဘာကြောင့် မှန်းမသိ စလင်းဘတ်အိတ်သည် လေထဲမြောက်ကာ တန်းလန်းကြီး လွင့်ထွက်သွား၏ ။ ရတီအပါအ၀င် ကျန်ကောင်မလေးနှစ် ယောက် လည်း တစ်စုံ တစ်ယောက် က အားနဲ့တွန်းထည့်လိုက်သလို အနောက်ဘက်သို့ ယိုင်ကာသွားလေသည်။

`ဘုန်း´

`ဖလူး´

``အမေ့´´

`ဟဲ့ ပလုတ်တုတ်´´

``ဟာ ဟေ့ကောင် ရုပ်ဆိုး မင်းဂျိုင်းမှာ …. မင်းဂျိုင်းမှာ ´´

ရုပ်ဆိုး ပြေးရင်းလွှားရင်းနှင့် တစ်စုံ တစ်ယောက် နဲ့ ၀င်တိုက်မိပြီဆိုတာတော့ သိလိုက်သည်။ အနောက်မှ ပေကြောင်ကလည်း အတင်းလိုက်လာ၍ အတင်းစွတ်ပြေးလာသော ကြောင့် တိုက်မိပြီး အရှိန်ကို ရုတ်တရက် မထိန်းလိုက်နိုင်။ သူ့လက်တွင် ချိတ်ပါလာသော စလင်းဘတ်အိတ်ကို ပေကြောင် လှမ်းအော်တော့မှ သတိထားမိသည်။

ထို့နောက် သူ့လက်မှာ ချိတ်ပါလာသော စလင်းဘတ်အိတ်ကို ကြည့်၍ သူ့ကို ဒေါသထွက်သော မျက်လုံးများ နှင့် ၀ိုင်းကြည့်နေသော ကောင်မလေးတွေ ကို လှမ်းကြည့်လိုက်သည်။

``ရှင် ဘယ်လိုလုပ်လိုက်တာလဲ၊ ဒီလောက် လမ်းအကျယ်ကြီးတောင် ကျွန်မတို့ကို ၀င်တိုက်ရလား´´

``မမြင်လို့ပါဗျာ´´

``ဘာမမြင်ရတာ လဲ၊ မမြင်ရအောင် ရှင်က ကန်းနေလို့လား´´

ကောင်မလေးတွေ တော် တော် ဒေါသထွက်သွားပုံရ၏ ။ ရုပ်ဆိုးဝင်တိုက်လိုက်သည့် အရှိန်ကြောင့် လည်း နာကျင်သွားပုံရသည်။ ထိုအထဲတွင် ကောင်မလေး တစ်ယောက် က သူ့ပခုံးသူ လက်နဲ့နှိပ်နေသည်။

ရုပ်ဆိုးက ထိုကောင်မလေးနား ချဉ်းကပ်သွား၍ ….

``တော် တော် နာသွားလားဟင်´´

``နာတာပေါ့ ပေး….. ကျွန်မအိတ်´´

ရုပ်ဆိုက သူ့လက်ထဲက စလင်းဘတ်အိတ်ကို လှမ်းပေးလိုက်သည်။ ထိုကောင်မလေးက ရုပ်ဆို လှမ်းပေးလိုက်သော စလင်းဘတ်ကို ကြည့်၍ …..

``ဟင်… ဒါ…. ဒါ ဘယ်လို ဖြစ်သွားတာလဲ´´

ရုပ်ဆိုးက စလင်းဘတ်အိတ်ကို ကြည့်၍ …..

``ဘာ ဖြစ်လို့လဲဟင်´´

``ဘာ ဖြစ်ရမှာ လဲ၊ ကျွန်မ စလင်းဘတ်ကြိုး ပြတ်သွားပြီ။ ရှင် မမြင်ဘူးလား´´

``ဟာ ဟုတ်ပါ့… ဆောရီး ဆောရီး… ကျွန်တော် တမင်လုပ်တ မဟုတ်ပါဘူးဗျာ၊ အရှိန်နဲ့ ပြတ်သွားတာထင်တယ်´´

``ကျွတ်.. တကယ်ပဲ။ ဒီနေ့ ဘယ်လိုလူတွေ နဲ့ လာတွေ့ နေရလဲ မသိဘူး´´

ကောင်မလေးက ရုပ်ဆိုးလက်ထဲက အိတ်ကို ယူ၍ ချာခနဲ လှည့်ထွက်သွားလေသည်။ ရုပ်ဆိုးက ကောင်မလေးကို ငေး၍ ကျန်ခဲ့သည်။ ကောင်မလေးဘေးနားမှ ပါလာသည့် နှစ် ယောက် မျက်စောင်းထိုး၍ ပါသွားကြ၏ ။

``လှလိုက်တာကွာ´´

``ပါးမရိုက်သွားတာ ကံကောင်း…. ငမ်းမနေနဲ့ လာ´´

``အဲ့ဒါ မင်းကြောင့် ´´

``ငါနဲ့ ဘာဆိုင်လဲ´´

``မင်း ငါ့နောက်လိုက်လို့ ဖြစ်တာ´´

ရုပ်ဆိုး ပခုံးကို ပေကြောင်က ဖက်လိုက်၏ ။ ပြီးနောက်……

``ငါလိုက်လို့ မင်း သူနဲ့တိုက်မိတာလေ။ ငါ့ကို ကျေးဇူးတင်´´

``ကောင်မလေးက ချောတယ်နော်´´

``အေး´´

``ငါ ချစ်တယ်ကွာ´´

``ခပ်အေးအေး နေပါ သူငယ်ချင်းရာ´´

* * * * *


အခန်း (၃)

ရုပ်ဆိုး အိပ်မရ။ အိပ်ရာပေါ်မှာ တလူးလူး တလိမ့်လိမ့် ဖြစ်နေသည်။ ကြမ်းပိုးကိုက်လို့ မဟုတ်၊ နှလုံးသားမှာ မနက်က စလင်းဘတ်ပုံရိပ်ကလေးက ကမ်းစမ်းကို လှိုင်းပုတ်သလို လာရောက်တိုက်ခတ်နေသော ကြောင့် ဖြစ်သည်။

ဟုတ်သည်။ သူ ရင်ခုန်နေသည်။ မနက်က စလင်းဘတ်အိတ်ကလေး လှမ်းယူရင်း အလိုမကျစွာ ပြောသွားသော ကောင်မလေးရဲ့ ပုံရိပ်ကို ရင်ခုန်နေမိ၏ ။

`သူ တော် တော် နာသွားမှာ ပဲ´ ….. တွေးရင်းနှင့် ရင်ထဲမကောင်း၊ ပခုံးလေးကို လက်ကလေးနှင့် နှိပ်နေသည့် ပုံရိပ်လေးက ပြန်ပေါ်လာပြန်သည်။

ထိုမှတဆင့်တက်၍ နည်းနည်း ထပ်တွေးကြည့်သည်။ နောက်နေ့တွေ မှာ ကျောင်းသွားရင်းနှင့် ကောင်မလေးနှင့် သူထပ်ဆုံမည် ။ ကောင်မလေးကို သူက ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အတွက် သွားတောင်းပန်မည် ။ ကောင်မလေးက ပထမတော့ လက်မခံသော်လည်း နောက်တော့ စိတ်ဆိုးပြေကာ လက်ခံလိုက်မည် ။ ထိုအခါ သူက မိတ် ဖြစ်ဆွေ ဖြစ် ကဲန်တင်းမှာ မုန့်ကလေး ဘာလေး လိုက်စားဖို့ ဖိတ်မည် ။ ကောင်မလေးကလည်း လိုက်လာ၏ ။ ထို့နောက် ကောင်မလေးနဲ့သူ သူငယ်ချင်းတွေ ဖြစ်သွားကာ ခင်မင်သွားကြမည် ။ ကောင်မလေးသူငယ်ချင်းတွေ နဲ့လည်း ပေကြောင်တို့ ဗျောက်အိုးတို့ ခင်မင်သွားကြမည် ။ ထို့နောက်ကား…..

ရုပ်ဆိုး ထိုနေရာမှာ တင် အတွေးကိုရပ်ကာ သက်ပြင်းကို တစ်ချက်ချလိုက်၏ ။ သူ့အတွေးပုံရိပ်က ခေတ်ဟောင်းရုပ်ရှင်ကား တစ်ကားထဲက တက္ကသိုလ်ဇာတ်လမ်းတစ်ပုဒ်ကို ဖြစ်နေ၏ ။ ဇာတ်လမ်းက ရိုးလွန်းသည်။ ထိုရိုးလွန်းသော ဇာတ်လမ်းသည်ပင် အပြင်လောက၌ ဆန်းပြားနေသည်ဟု ဆိုရမည် ။ သူတွေးထားသလို ဖြစ်လာဖို့ဆိုတာ တော် တော် ခက်ခဲသော ကိစ္စပင် ဖြစ်သည်။

ရုပ်ဆိုး စိတ်ပျက်လက်ပျက်နှင့် ဖက်လုံးကို ဖက်လိုက်သည်။ ထိုအချိန်တွင် လက်းမဘက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ သီချင်းတစ်ပိုင်းတစ်စ ပျံ့လွင့်လာ၏ ။ သီချင်းက အဆိုတော် ဇော်ပိုင်ရဲ့ သီချင်း……

``စိတ်လျှော့လိုက်တော့…… ဒီအတိုင်း မင်းအတွက် အဆင်ပြေဘူး…….´´

ရုပ်ဆိုး `တောက်´တစ်ချက် ခေါက်လိုက်သည်။

*****


စလင်းဘတ်အိတ်ကလေး ပြန်ကောင်းသွား၍ ပျော်နေသည်။ ပြုတ်ထွက်သွားသော လေပစ်ကလေးနှစ် ခုကို အော်ရေဂျင်နယ်အတိုင်း ပြန်တပ်လိုက်နိုင်၍ နဂိုအတိုင်း ပြန် ဖြစ်သွား၏ ။

``ရတီ ဒီတစ်ခါ နောက်ဆုံးပဲနော်။ နောက်တစ်ခါဆို ငါ လုပ်မပေးတော့ဘူး´´

``အေးပါ နင်ကလည်း အပြစ်တင်ဖို့ပဲ´´

``တင်မှာ ပေါ့။ နင်လုပ်ပုံကလည်း ဟုတ်မှမဟုတ်တာ´´

ထိုစကားကို ဆုလတ်ဆိုသော ကောင်မလေးက ၀င်ပြောလိုက်ခြင်း ဖြစ်သည်။

ရတီ့မှာ အချစ်သူငယ်ချင်း နှစ် ယောက် ရှိ၏ ။ တစ်ယောက် က သီတာ၊ နောက် တစ်ယောက် က ဆုလတ်၊ စလင်းဘတ်အိတ်ကို ပြင်ပေးသူက သီတာ ဖြစ်သည်။

ရတီက ထိုင်နေရင်းမှ စားပွဲထိုးကောင်လေးကို လှမ်းခေါ်လိုက်သည်။ ထို့နောက် ကျသင့်ငွေကို ရှင်း၍ ထိုင်ရာမှ ထလိုက်၏ ။ သီတာနဲ့ ဆုလတ်ပါ ထိုင်ရာမှ ထ၍ ရတီ့ကို ကြည့်ကာ…

``ငါတို့ အခု ဘယ်သွားမလဲ´´

``အတန်းသွားမှာ ပေါ့ဟဲ့´´

သီတာနဲ့ ဆုလတ်က တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်၍ ပြုံးစိစိ ဖြစ်သွားကြ၏ ။

ရတီက ထိုနှစ် ယောက် ရဲ့ အမူအရာကိုကြည့်၍ တစ်ခုခု ထူးခြားနေသည်ဟု တွက်လိုက်ကာ…

``နင်တို့က ဘာ ဖြစ်နေတာလဲ´´

``ငါတို့က ရုပ်ရှင်သွားကြည့်မလို့ ပြောထားကြတာ´´

``ဘယ်မှာ သွားကြည့်မှာ လဲ´´

``သမ္မတမှာ ´´

``ငါ့ကိုလည်း ကြိုမပြောဘူး´´

``နင်မလာခင်းလေးတင်ပဲ တိုင်ပင်လိုက်ကြတာ၊ အဲ့ဒါ နင်ပါ လိုက်ခဲ့ပါလား´´

``မလိုင်ချင်ပါဘူးဟာ။ နင်တို့ဟာနင်တို့ သွာြး ကတော့၊ ငါ အတန်းပဲ သွားတက်တော့မယ´´

သူတို့က ရတီ့စိတ်ကိုသိ၍ နှစ် ခါမခေါ်ကြပေ။ ရတီက ဆုံးဖြတ်ချက်တစ်ခုချပြီးရင် ပြင်တတ်သူမဟုတ်မှန်း သူတို့ သိကြ၏ ။

ထို့ကြောင့် ….

``အေးလေ ဒါဆိုလည်း ငါတို့သွားတော့မယ်။ ဒီကိုတော့ ပြန်မလာတော့ဘူး။ ပြန်ရင် နင့်ဘာသာနင်ပဲ ပြန်လိုက်တော့။ ငါတို့ကို မစောင့်နဲ့တော့´´

ရတီက ခေါင်းကိုညိတ်ပြလိုက်သည်။ သီတာနဲ့ ဆုလတ်က ထွက်ကာသွားသည်။

ရတီ တစ်ယောက် တည်း အတန်းရှိရာသို့ ထွက်လာလိုက်ပါတော့သည်။

*****


ပထမတစ်ချိန် စာသင်ပြီး၍ ဒုတိယတစ်ချိန် ဆရာမ ၀င်လာသည်။ ထိုဆရာမ အချိန် ပြီးသွားတော့ ရင်ထဲမှာ ညည်းစိစိကြီး ဖြစ်လာ၏ ။ နောက်တစ်ချိန်ကလည်း မိုင်နာအချိန် ဖြစ်နေ၍ အပြင်လေးဘာလေး သွားရန် စဉ်းစားမိ၏ ။ သီတာနဲ့ ဆုလတ်ကလည်းမရှိ၍ တစ်ယောက် တည်းပဲ ထွက်လာလိုက်သည်။ သူတို့မေဂျာဌာနကထွက်ပြီး ခဏနေရင် ကျောင်းသားရေး ရာအဆောင်သို့ ရောက်၏ ။ ကျောင်းသားရေး ရာအရှေ့က အဖြတ်မှာ ကျောင်းလခသွင်းရဦးမည် ဆိုတာကို သတိရလိုက်မိသည်။ အခုချိန်သွားသွင်းရင် ကျောင်းသားရေး ရာရှေကမှာ လူတွေ ပြည့်ကြပ်နေမည် ဆိုတာ သိ၍ နောက်မှပဲ သွင်းတော့မည် ဟု တွေးကာ မိန်းလမ်းမကြီးပေါ်သို့ တက်လာခဲ့၏ ။

မိန်းလမ်းမကြီးရောက်တော့ ဘယ်သွားရမလဲ စဉ်းစားသည်။ အင်္ဂလိပ်စာဘက်မှာ တော့ ခင်ဦးတို့အုပ်စုရှိ၏ ။ သူတို့ဆီကလည်း မရောက်တာကြာပြီဆိုတော့ သွားလည်ဖို့ စဉ်းစားမိသည်။ ထို့ကြောင့် မိန်းလမ်းမကြီးအတိုင်း ခဏလောက်လျှောက်၍ အင်္ဂလိပ်စာဌာနဘက်သို့ ချိုးချလိုက်ပါတော့၏ ။

ဌာနထဲရောက်တော့ ခင်ဦးတို့အတန်းကို သွားလိုက်သည်။ အခန်းရှေကက ခုံတန်းလျားလေးမှာ တင် သူတို့အုပ်စုကို အဖွဲ့လိုက်ကြီး တွေ့ ရ၏ ။

ရတီ့ကို မြင်တော့ ခင်ဦးက….

``ဟယ် မိန်းမ… နင်ပေါ်လာသေးတယ်နော်´´

ရတီက ပြုံးရုံလေး ပြုံးလိုက်ကာ….

``ဘာ ဖြစ်လို့လဲဟဲ့´´

``မသိပါဘူး။ ငါတို့က နင့်ကို ကျောင်းမှာ တောင် မရှိတော့ဘူး အောက်မေ့နေတာ၊ ဒါနဲ့ သီတာနဲ့ ဆုလတ်ရော´´

``မနက်ကတည်းက ရုပ်ရှင်သွားကြည့်တယ်´´

``သြော် အဲ့ဒါကြောင့် နင်က သင်းကွဲ ဖြစ်ပြီး ငါတို့ဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတာပေါ့ ဟုတ်လား´´

``မဟုတ်ပါဘူးဟယ်၊ သတိရလို့ လာတာပါ´´

ခင်ဦးက နာရီကို တစ်ချက်ကြည့်လိုက်၍ ….

``ကဲန်တင်းသွားမလား´´

ရတီက….

``နင်တို့အတန်းရှိရင် တက်လေ´´

``ရတယ် မရှိတော့ဘူး၊ ဒီနေ့ ဆရာမ လာဘူတဲ့၊ အစားဝင်မယ့်ဆရာမ ကလည်း မအားလို့ မ၀င်ပေးနိုင်ဘူး´´

``ဒါဆိုလည်း သွားပေါ့´´

ခင်ဦးတို့အဖွဲ့နဲ့အတူ သူလည်း ကဲန်တင်းသို့ ထွက်လာခဲ့သည်။ ခင်ဦးတို့ မေဂျာနဲ့ နီးနီးနားနား ကဲန်တင်းတစ်ခုမှာ ပဲ ထိုင် ဖြစ်၏ ။

ကဲန်တင်းသို့သွားသော လမ်းတွင် ခင်ဦးက ရတီ့ကို ကပ်၍ ….

``ငါတို့နောက်မှာ ကျောင်းသားနှစ် ယောက် သုံးယောက် လောက် ပါလာတယ် သိလား၊ နင့်နောက်လိုက်တာတာ ဖြစ်မယ်´´

ရတီက ပြူးပျာပျာနှင့် ..

``ဘယ်မှာ လဲ´´

``အနောက်မှာ ၊ လှည့်မကြည့်နဲ့လေ၊ မသိချင်ယောင်ဆောင်နေလိုက်ပေါ့´´

ရတီက ခေါင်းကို အသာညိတ်ပြ၏ ။ ထို့နောက် ကဲန်တင်းသို့ သူတို့ ၀င်လိုက်ကြ၏ ။ ထိုကျောင်းသားတွေ လည်း ကဲန်တင်းထဲ လိုက်ဝင်လာတာကို ရတီ သတိထားမိလိုက်၏ ။

*****


ရုပ်ဆိုး ခေါ်တောရှိုး ရှိုးနေသည်။ မျက်စိနှစ် လုံး မျက်တောင်ခတ်ဖို့တောင် မေ့တေ့တေ့ ဖြစ်နေ၏ ။ ဒီကောင်မလေး သိပ်လှလွန်း၏ ။ သူ့ရင်ကို ဆွဲကိုင်လှုပ်နှိုးနိုင်သည့် မိန်းမ ဒီ တစ်ယောက် ပဲ ရှိသည်ဟု ရုပ်ဆိုးက မညှာမတာ တွေး၏ ။

ပေကြောင်နဲ့ ဗျောက်အိုးက ရုပ်ဆိုးကိုကြည့်၍ ….

``ဟေ့ကောင် သတိလေး ဘာလေးလည်း ထားဦး၊ မျက်လုံးကျွတ်ကျသွားလို့ ကျော်မကောင်း ကြားမကောင်း ဖြစ်နေဦးမယ်´´

``ငါ သူ့ကို ဘာ ဖြစ်လဲ မသိဘူးကွာ၊ မြင်မြင်ချင်း ချစ်မိသွားပြီ´´

``စိတ်ကိုထိန်းပါ ရုပ်ဆိုးရာ၊ မ ဖြစ်နိုင်ပါဘူး´´

``ဟုတ်ပါတယ်ကွာ၊ ကိုယ့်အခြေအနေလည်း ကိုယ်သိတာပဲ´´

``မင်းကုသတောင် ပပ၀တီကို ရသေးတာပဲကွာ´´

``အဲ့ဒါ ရာဇ၀င်ထဲမှာ ကွ´´

``ဒါပေမယ့် ချစ်ခွင့်တော့ ရှိပါတယ်ကွာ´´

ပေကြောင်နဲ့ ဗျောက်အိုးက သက်ပြင်းကိုယ်စီချလိုက်ကာ…

``ပြောမရလဲ ချစ်ကွာ´´

``ဒါပေမယ့် ရုပ်ပျက်အောင်တော့ မလုပ်နဲ့ကွာ´´

``ငါက ဘာရုပ်ပျက်နေလို့လဲ´´

``မင်းအခု ကြည့်နေတဲ့ အကြည့်လေ အကြည့်… အကြည့်၊ မင်းအကြည့်ကို မင်း မှန်ထဲပြန်ကြည့်ရင် မင်းဘာသာမင်း ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာ သိသွားမယ်´´

ရုပ်ဆိုးက ထိုတော့မှ မျက်လွှာလေးတစ်ချက် ချသွားသည်။ ပတ်ဝန်းကျင်က ပြောယူရလောက်အောင် သူ့ရုပ်ပျက်သွားပြီဆိုတာကိုလည်း နားလည်လိုက်၏ ။ နောက်ပိုင်း ရတီ့ကို ခိုးပဲ ကြည့်တော့သည်။

ရတီတို့ဘက် ကတော့ ရုပ်ဆိုးကို တစ်ချက်တစ်ချက် အကဲခတ်သလို လှမ်းပဲကြည့်၏ ၊ ရုပ်ဆိုး သူတို့ဘက်ကို ကြည့်နေတာကိုတော့ သိသည်။ သို့သော် ဘာမှ မထူးခြားသလို နေနေ၏ ။

ပေကြောင်က ရုပ်ဆိုးကို ကြည့်၍ …

``ငါ မသိလို့ တစ်ခုမေးပါရစေ´´

ရုပ်ဆိုးက ပေကြောင့် စကားကြောင့် လှမ်းကြည့်ကာ….

``မေးလေ´´

``မင်းက ဒီကောင်မလေးကျမှ ဘာ ဖြစ်သွားတာလဲ၊ အရင်ကဆို မိန်းကလေး တစ်ယောက် ကို စိတ်ဝင်စားတဲ့စိတ် မင်းမှာ မရှိပါဘူး´´

``ရှိတော့ ရှိပါတယ်ကွာ… ဒါပေမယ့် စိတ်ကူးယဉ်တဲ့အဆင့်လောက်ပဲ ရှိတာပေါ့…. ငါ့ပုံစံနဲ့ကလည်း လက်တွေ့ မှာ ဘယ်သူက စိတ်ဝင်စားမှာ မို့လို့လဲ´´

``အဲဒါဆိုလည်း မင်းအခုကျမှ ဘာထ ဖြစ်သွားတာလဲ´´

``မသိပါဘူးကွာ၊ ငါ့စိတ်ကို ငါလည်း မပြောပြတတ်ဘူး၊ ငါ သူ့ကို ထပ်တွေ့ ချင်နေမိတယ်။ မတွေ့ ရရင် မနေနိုင်ဘူး ဖြစ်နေတယ်၊ ဒါပေမယ့် ငါနဲ့သူ မ ဖြစ်နိုင်ဘူးဆိုတာတော့ သိပါတယ်ကွာ၊ ငါ့ဘ၀က အဝေးကပဲ ချစ်နေရရင် ကျေနပ်ပါတယ်´´

ဒီလိုဆိုတော့လည်း ပေကြောင်နဲ့ ဗျောက်အိုးက စိတ်မကောင်းတွေ ဖြစ်သွားကြသည်။ ရုပ်ဆိုးက ထိုစကားကို ပြောတဲ့အချိန်မှာ မျက်နှာလေးငယ်နေ၏ ။ စိတ်ထဲမှာ လည်း တစ်စုံတစ်ရာကို နင့်နင့်နဲနဲ ခံစားသွားပုံလည်း ရ၏ ။

ခဏနေတော့ ကောင်မလေးတွေ ထပြန်သွားကြသည်။ ရုပ်ဆိုးက လိုက်မလို့လုပ်၏ ။ ပေကြောင်နဲ့ ဗျောက်အိုးက တားလိုက်ကြသည်။

``မလုပ်နဲ့တော့ ရုပ်ဆိုး… နောက်နေ့ ကမ္ဘာပျက်သွားတာမှ မဟုတ်သေးတာကွာ၊ အချိန်တွေ အများ ကြီးရှိပါသေးတယ်။ အခုတောင် ငါတို့လိုက်လာတာ သူတို့ရိပ်မိနေလောက်ပြီ၊ ပြဿနာတွေ တက်သွားရင် မကောင်းဘူး´´

ရုပ်ဆိုး ငြိမ်သွားသည်။ ထို့ကြောင့် ကဲန်တင်းမှာ ပဲထိုင်၍ ကျန်ခဲ့၏ ။ ရတီတို့ ကတော့ သူတို့နဲ့ဝေးရာသို့ ထွက်သွားလေပြီ ဖြစ်လေသည်။

*****


အခန်း (၄)

`အဲ့ဒီကောင်က ဘာကောင်လဲဟဲ့´´

ခင်ဦးက မေးသည်။

ရတီက..

``ဘာကောင်မှ မဟုတ်ဘူး၊ ဟိုတစ်ခါ ငါ့ကို မတော် တဆ ၀င်တိုက်သွားမိတဲ့ကောင်´´

``နင့်ကိုတော့ မှတ်မိနေတယ် ထင်တယ်၊ ကြည့်နေလိုက်တာ ပြာကျမတတ်ပဲ။ ရုပ်ကလည်း ပြူးကြောင်ကြောင်နဲ့´´

``အရေး စိုက်လို့ဟယ်´´

``နင့်ကိုလည်း အရေး မစိုက်ခိုင်းပါဘူး၊ နင့်ဘေးနားမှာ ချောချောလှလှတွေ အများ ကြီးကိုတောင် အရေး မစိုက်တာ၊ ဒီလိုရုပ်မျိုးကို နင်ပိုပြီး အရေး မစိုက်ဘူးဆိုတာ သိပါတယ်´´

``သိရင်လည်း ပြီးတာပဲ၊ ဘာလို့ လာပြောနေသေးလဲ´´

``ဒါနဲ့ စကားမစပ်…. ငါမေးဦးမယ်´´

``ဘာလဲ´´

``နင့်နဲ့ အင်ဂျင်နီယာကြီးရော´´

``ရှိတယ်၊ နေပြည်တော် သွားနေတယ်လို့ ကြားတယ်၊ မသွားခင် တစ်ခေါက် နှစ် ခေါက် အိမ်လာသေးတယ်´´

``နင်တို့ အခြေအနေကရော ဘယ်လိုလဲ´´

``ဒီလိုပါပဲကွယ်၊ မြင်းက မလှုပ် ခုံကလှုပ်နေရတဲ့ အခြေအနေပါပဲ´´

ရတီ့စကားကြောင့် ခင်ဦးက ထရယ်သည်။

အရယ်ဆုံးတော့….

``လောကကြီးမှာ ရတာ မလို လိုတာမရဆိုတာ ဒါမျိုးပဲနေမှာ နော်´´

ရတီက ခင်ဦးကို လှမ်းရိုက်လိုက်၏ ။ ထို့နောက် သူမပါ လိုက်ရယ်သည်။ ရယ်လို့ပြီးသွားတော့ မျက်နှာလေး တည်လိုက်ကာ သက်ပြင်းတစ်ချက် ချလိုက်တာကို တွေ့ လိုက်ရတော့၏ ။

ကောင်းကင်မှာ တိမ်ညိုတွေ အုံ့ဆိုင်းနေလေသည်။

*****


ကိုကိုနဲ့ ရတီ စတင်သိကျွမ်းခဲ့တာ ရတီ ရှစ်တန်းကျောင်းသူဘ၀ကတည်းက ဖြစ်၏ ။

ကိုကိုက ရတီ့ကိုကို မင်းသူရနဲ့ သူငယ်ချင်း ဖြစ်သည်။ ရတီ့ထက် နှစ် နှစ် ကြီးသည်။ ကိုကိုမင်းသူရနဲ့အတူ အိမ်ကိုလာလည်ရင်း ရတီနဲ့ စတင်သိကျွမ်းခဲ့ခြင်း ဖြစ်၏ ။

``ဟေ့ကောင် သုတ၊ ဒါငါ့ညီမလေး ရတီတဲ့´´

ကိုကိုက တည်ငြိမ်သော မျက်ဝန်းများ နဲ့ ရတီ့ကို ကြည့်သည်။

ပြီးနောက် မပြုံးမရယ်မျက်နှာပေးနှင့် ….

``မင်းညီမလေးက ရှစ်တန်းသာဆိုတယ်၊ ကလေးစိတ် မကုန်သေးဘူးထင်တယ်´´

``ဘာ ဖြစ်လို့လဲ´´

``ဟိုမှာ ကြည့်လေ တစ်ကိုယ်လုံးလည်း ပေပွနေတာပဲ´´

ရတီ့ကိုကိုက ရယ်သည်။ ထို့နောက် ရတီ့ကို ကြည့်၍ …

``ဟဲ့ နင် ဘယ်သူတွေ နဲ့ သွားဆော့ပြီး ပြန်လာတာလဲ…´´

``ဟာ မဆော့ပါဘူး။ ဒေါ်ကြီးနဲ့ ပန်းအိုးတွေ ကူရွှေ့ပေးနေတာ´´

ထိုနေ့မှစ၍ ကိုကို့ကို သူမ မှတ်မှတ်ရရ ဖြစ်သွားသည်။ နောက်ပိုင်း ကိုကို အိမ်သို့ ခဏ ခဏ လာသည်။ သူမကိုတွေ့ ရင်လည်း ခပ်တည်တည်နဲ့ စတတ်သည်။ ပထမတော့ ကိုကိုစတာကို စိတ်တိုမိသော်လည်း နောက်တော့ ပျော်လာ၏ ။

ဤသို့ဖြင့် ဖူးပွင့်စ ပန်းကလေးတစ်ပွင့်၏ နှလုံးသားနယ်ပယ်ထဲသို့ ကိုကိုသည် တစ်စထက်တစ်စ ၀င်ရောက်လာ၏ ။ အမှန်အတိုင်းပြောရရင် ကိုကို့ကို သူမ ရင်ခုန်မိ၏ ။ ကိုကို ကတော့ ဖာသိဖာသာပါပဲ။ သူမကို ရှိတယ်လို့တောင် ထင်ဖော်မရ။

ဒီလိုနဲ့ နှစ် တွေ ကြာလာသည်။ ကိုကိုက ဆယ်တန်းပြီးသွားတော့ သူမ ကိုကိုမင်းသူရနဲ့အတူး စက်မှု တက္ကသိုလ် တက်သည်။ သူမ ကိုကိုက ဒုတိယနှစ် မှာ သင်္ဘောလိုက်သွားသည်။

ကိုကို ကတော့ ကျောင်းပြီးအောင် ဆက်တက်၍ ယခုတော့ မိဘလက်ငုတ်လက်ရင်း လုပ်ငန်း ဖြစ်သည့် ဆောက်လုပ်ရေး လုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်နေရသည်။ မကြာခဏတော့ အိမ်ကို လာတတ်သည်။ သူမကို တွေ့ ရင်လည်း ခါတိုင်းလိုပင် စတတ် နောက်တတ်စမြဲ။

`ကိုကိုရယ်…´´

သူမ မချင့်မရဲ ရေရွတ်မိ၏ ။ ကိုကို့ကို တွေ့ တိုင်း ရင်မောရသည်။ ကြာရင် လွယ်မည် မထင်တော့။ စိတ်ထဲမှာ မျှော်လင့်တမ်းမခဲ့ရတဲ့ ရက်တွေ များ ပြီး ကိုရီးယားကာတွေ ထဲကလို မိန်းကလေးဘက်က စရတော့မည် ထင်သည်။ ဒါတော့ မ ဖြစ်သေး။ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်ကို ထိန်းသိမ်းဖို့ဆိုတာ အမျိုးကောင်းသားသမီးတို့၏ တာဝန်ပါ။

ဒါပေမယ့် ချစ်ခွင့်တော့ ရှိသည်။

စိတ်ကူးယဉ်ခွင့်တော့ ရှိ၏ ။

နောက်ဆုံးပိတ် ရေလာမြောင်းပေးလေးလုပ်ရင်း ညိုမြလုပ်ခွင့်တော့ ရှိသည်ဟု သူမ တွေးမိ၏ ။

*****


ကိုကို……!

ဤစကားလုံးလေးကို စိတ်ကူးထဲမှာ တမ်းတခေါ်မိတာ အကြိမ်ကြိမ်…..။ ထိုသို့ခေါ်မိတိုင်းလည်း သူမရဲ့ စိတ်ကူးအမြင်ထဲမှာ ဖြူသန့်ချောမောသော ကိုကိုရဲ့ အရိပ်ကလေးက ပေါ်ပေါ်လာသည်။ ကိုကိုက ပြုံးပြုံးလေး သူမကို ကြည့်နေသည်။ ထို့နောက် သူမဦးခေါင်းလေးကို ခပ်ဖွဖွလေးကိုင်၍ စကားတွေ ဆို၏ ။ သူမနဲ့ ကိုကိုသည် စိတ်ကူးထဲမှာ တော့ သိပ်ချစ်ကြတဲ့ ချစ်သူတွေ ပေါ့။

အပြင်လောကမှာ တော့…..

ကိုကိုရယ်… သူမ စိတ်မောစွာ ရေရွတ်မိပြန်၏ ။

လောကကြီးတွင် ရတာ မလို၊ လိုတာမရဆိုသော ဆိုရိုးစကားကို သူမ အကြွင်းမဲ့ ယုံကြည်သွားပြီ။ သူမပတ်ဝန်းကျင်တွင် ကိုကို့ကဲ့သို့ ယောက်ျားလေးပေါင်းများ စွာ ၊ ကိုကို့ထက်သာသော ယောက်ျားလေးပေါင်းများ စွာ ရှိသည်။ သို့သော် မည် သူတစ်ဦး တစ်ယောက် ကိုမျှ သူမ ရင်မခုန်ခဲ့။ ရင်ခုန်ခဲ့ဖူးခြင်းလည်း မရှိခဲ့။

ရင်ခုန်မယ့် ခုန်တော့လည်း ကိုကိုတစ်ဦး တစ်ယောက် ထဲကိုသာ ရင်ခုန်ခဲ့ရသည်။ သို့သော် သူမ ရင်ခုန်ခဲ့သော ကိုကိုက သူမအပေါ် မသိကျိုးကျွံရှိလှ၏ ။ မိန်းကလေး တစ်ယောက် ရဲ့ တစ်ဖက်သတ်ရင်ခုန်သံကို နားမလည်တာလား ကိုကိုရယ်….။ ဒါမှမဟုတ် သူမကိုပဲ ကိုကို့ရင်ထဲမှာ တကယ်မရှိတာလား…..။ သူမ မတွေးတတ်တော့။

ဒါပေမယ့် သူမ ကတော့…။

*****


ကိုကို နေပြည်တော် က ရန်ကုန်ပြန်ရောက်နေပြီဟု ကြားသည်။ လက်ဆောင်တွေ ပါလာ၍ အိမ်ကို ခဏလာခဲ့မည် တဲ့။ သူမ ပျော်လိုက်သည့် ဖြစ်ခြင်း။

သူမ ဒီနေ့ ကျောင်းမသွားတော့။ အလှပြင်၍ ကိုကိုအလာကို စောင့်နေလိုက်သည်။ နေ့ခင်းလောက်မှာ ကိုကိုရောက်လာသည်။ ကိုကို နည်းနည်း ပိန်သွားသည်ဟု ထင်မိသည်။ အလုပ်တွေ ပင်ပန်းလို့လားမသိ။

ကိုကိုက ရောက်ရောက်ချင်း....

``ဟဲ့ ရတီ... ငါ့ညီမ လှလို့ ၀လို့ပါလား´´

သူမက ပြုံး၍ ...

``လှတာတော့ လက်ခံပါတယ်။ ၀တယ်ဆိုတာတော့ မဟုတ်ပါဘူးနော်၊ ဟွန်း ဒီက ၀ိတ်မတက်အောင် အမြဲထိန်းထားတာပါ´´

ကိုကိုက အားရပါးရ ရယ်သည်။ အရယ်ဆုံးတော့....

``အန်တီရော´´

``ရှိတယ်၊ ကိုကိုလာမယ်ဆိုလို့ စောင့်နေတာ´´

ခဏနေတော့ မေမေက အိမ်ပေါ်ထပ်မှ ဆင်းလာသည်။ သူမနဲ့ ကိုကို စကားပြောနေတာတွေ့ တော....

``ဒီမောင်နှမတွေ စကားကောင်းနေကြတယ်ပေါ့´´

``ဟုတ် အန်တီ၊ ဒီမှာ ရတီက သူ့ကို ၀တယ်ပြောလို့ မကျေနပ်ဘူး ဖြစ်နေတယ်´´

မေမေက ပြုံးကာ ဧည့်ခန်းက ခုံတစ်လုံးမှာ ၀င်ထိုင်လိုက်၏ ။

ထို့နောက် ကိုကိုယူလာသော စားပွဲပေါ်က အထုပ်တွေ ကို ကြည့်လိုက်ကာ...

``ဘာတွေ များ လဲကွယ်၊ ဒုက္ခရှာလို့´´

``၀က်အူချောင်းတွေ နဲ့ မျှစ်ချဉ်တွေ ပါ အန်တီရဲ့ ´´

မေမေက ခေါင်းတညိတ်ညိတ်လုပ်ရင်း.....

``မင်း သူငယ်ချင်းဆီကတောင် တလောက ဖုန်းလာသေးတယ်၊ သင်္ဘောကမ်းကပ်လို့ ဖုန်းဆက်လိုက်တာတဲ့´´

``ဒီကောင်ရော နေကောင်းလား´´

``ကောင်းတယ်လို့ပြောတာပဲ၊ မင်းကိုတောင် မေးနေသေးတယ်။ အလုပ်တွေ အဆင်ပြေလားတဲ့´´

ကိုကိုက ပြုံးကာ ခေါင်းညိတ်၏ ။ ထို့နောက် သူမဘက် တစ်ချက်လှည့်ကြည့်ကာ.....

``ရတီ ဒီနေ့ ကျောင်းမသွားဘူလား´´

``မင်းလာမယ်ဆိုလို့ စောင့်နေတာလေ´´

မေမေ့ရဲ့ ရုတ်တရက်စကားကြောင့် ရတီ့ရင်မှာ ဗျင်းခနဲ ဖြစ်သွားရ၏ ။ မေမေက သဘောရိုးနဲ့ ထပြောလိုက်သော်လည်း ရတီ့ခမျာ အရင်ကတည်းက အတွင်းစိတ်က မရိုးသားသော ကြောင့် မျက်နှာတစ်ခုလုံး ရဲကာတက်သွား၏ ။ ကိုကိုက ရတီ့ကိုကြည့်၍ ....

``တစ်ခုခု သွားစားကြရအောင် လိုက်မလား´´

မစွမ်းရင်းကရှိ၍ ကန်စွန်းခင်းကလည်း ငြိလေသည်။ ရတီ့ခမျာ မငြင်းနိုင်တော့ပါ။ ခေါင်းလေးကိုသာ ညိတ်ကာပြလိုက်လေတော့သည်။

ထို့နောက် ကိုကိုခေါ်ရာသို့ ရတီ ပါသွားလေတော့၏ ။ ရင်ထဲမှာ လေထဲ လမ်းလျှောက်သလို ပျော်လိုက်သည့် ဖြစ်ခြင်း ဒီနေ့များ ကိုကို ရတီ့ကို ဖွင့်ပြောလေမလား..။ ရုပ်ရှင်တွေ ထဲမှာ တော့ ဒီလိုဇာတ်ကွက်မျိုးက တော် တော် ရင်ခုန်စရာ ကောင်းသည်။

ကိုကိုသာ သူမတွေးထားသလို ဖွင့်ပြောခဲ့မယ်ဆိုရင်....။

*****




ဝန်ဇင်းချစ်သူများ မိုးဆက်လင်းထက် ၏ “ ရုပ်ဆိုး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တယ်လီဖုန်း

ကမ္ဘာစွန်းမှာ သာတဲ့လ

လွန်