
အရိပ်
ကန်စွန်းပင် ရေမှာ ရွှင်ခ ခရမ်းသီး ဓားနဲ့လှီးအမာညိုသည် သူငယ်တန်း မြန်မာဖတ်စာအုပ်ကလေးကို ရှေ့တွင် ချကာ အသံကုန်အော်ဟစ်ကျက်မှတ်လိုက်သည်။ ကျက်မှတ်နေရင်းမှ စာအုပ်ထဲတွင် ပါသော အရုပ်ကလေးများ ကို သဘောကျစွာ ငုံ့၍ ငုံ့၍ ကြည့်မိလေသည်။ဆ အက္ခရာနေရာတွင် ခေါင်းပေါင်းနှင့် ဆရာကြီး က ခေါင်းလောင်းတီးနေသော ပုံ ပါသည်။
ဆ ဆရာကြီး ခေါင်းလောင်းတီး၊ထ ထရံထက် အိမ်မြှောင်တက်ဘ ဘယက် ရွှေဒေါင်းခွက်
အမာညိုသည် သူနှစ်သက် သော ရောင် စုံရုပ်ကလေးများ ကို လက်ညှိုးကလေးနှင့် ထောက်ကာ ထောက်ကာ ဆိုနေသည်။ အမာညို၏ ဘေးတွင် ညီလင်းညိုက ဝမ်းလျားလေး မှော က်နေသည်။ အရုပ်ကလေးများ ကိုကြည့်ရင်းမပီကလာပီကလာနှင့် လိုက်အော်နေလေသည်။
'မမ ဒနန်း ဒနန်း'
'ကဏန်း ညီလင်းရဲ့ ကဏန်း'
'ထွေးကြီး ထွေးကြီး'
ညီလင်းသည် ဒရယ်ရုပ်ကလေးကို လက်ညှိုးနှင့် ထောက်ကာ ဝမ်းသာ အားရ အော်ပြန်လေသည်။
'ခွေးမဟုတ်ဘူး ဒရယ်'
'သရယ်'
'အင်း ဒရယ် မှတ်ထား၊ ဒ ဒရယ်ဖို ချိုတိုတိုတဲ့'
အမာညိုသည် ညီလင်း လှမ်းလှမ်းဆွဲသော သူ့စာအုပ်ကလေးကိုလက်ဖနောင့်နှင့် အားစိုက်ပြီး ဖိထားရသည်။ ညီလင်းသည် ထိုစာအုပ်ကလေးကိုအလွန်သဘောကျလေသည်။ အမာညို လစ်လျှင် လစ်သလို ဆွဲယူသွားတတ်သည်။ သူ့ရှေ့တွင် ချကာ မပီကလာ ပီကလာနှင့် ဟန်ကျပန်ကျ ကျက်မှတ်တတ်သည်။ သူ့အစ်မ အမာညိုကိုအားကျပြီး သူငယ်တန်းကျောင်းသားကြီး တက်လုပ်တတ်လေသည်။
'သမီးက အတော် တတ်နေပြီဟေ့'
ဖေဖေက ချီးကျူးလေသည်။ ဖခင်၏ ချီးကျူးသံကို ကြားရသော အခါ အမာညိုဝမ်းသာသွားသည်။ မျက်နှာလေးပြုံးသွားသည်။ တတ်သမျှ မှတ်သမျှကို အသံကုန်ဆက်၍ အော်ဟစ်ရွတ်ဆိုလိုက်သည်။
'သတင်းစာ သတင်းစာ'
စက်ဘီးခေါင်းလောင်းကို ကလင် ကလင်တီးပြီး သတင်းစာသမားလေးက အိမ်ပေါက်ဝမှအော်သော အခါ ညီလင်းသည် လူးလဲထပြီး တဒိုင်းဒိုင်းပြေးသွားလေသည်။ သတင်းစာရသော အခါ ဖေဖေ့ဆီသို့ ယိုင်ထိုးယိုင်ထိုးနှင့် ပြန်ပြေးလာသည်။ သူဝတ်ထားသော ဖလန်နယ် êကိးသိုင်းဘောင်းဘီလေးသည် ပွယောင်းနေသဖြင့် ညီလင်းသည် ကာတွန်းရုပ်လေးနှင့် တူနေသည်။'ကဲ သမီးလေး၊ ဒါကို ပေါင်းဖတ်ကြည့်စမ်း'
ဖေဖေသည် ညီလင်းကို ပေါင်ပေါ်ဆွဲတင်ရင်း သတင်းစာခေါက်ကလေးကို ဖြန့်လိုက်သည်။ ထို့နောက် သတင်းစာခေါင်းစီးကို လက်နှင့် ထောက်ပြသည်။ အမာညိုသည် ဖေဖေ့ဆီသို့ တိုးသွားပြီး ဖေဖေထောက်ပြသော စာလုံးကို ငုံ့ကြည့်လိုက်သည်။
'မ ရရစ်နသတ်မြန်၊ မ ရေမ၊ မ ရေး ချမာ၊ အောက်ကမြစ် မာ့ မြန်မာ့၊အ ရေ အ မြန်မာ့ အ၊ လ ငသတ်လင် ဝစ်စနှစ် လုံးပေါက်တော့ လင်း၊ မြန်မာ့အလင်း'
'ဟား တော် တယ်ဟေ့၊ ကဲကဲ ဒီအောက်က နေ့စွဲလေးကို ဆက်ဖတ်
ကြည့်စမ်း'
'တစ် ကိုး ငါး ငါး'
'အဲဒီ လို မဖတ်ရဘူးသမီးရဲ့ ၊ ထောင့်ကိုးရာ ငါးဆယ့်ငါးလို့ဖတ်ရတယ်၊ ဖေဖေဖတ်ပြမယ် နားထောင်၊ ''၁၉၅၅ နိုဝင်ဘာလ ၂၈ ရက်'' တဲ့'
'၁၉၅၅ ဆိုတာ ဘာလဲ ဖေဖေ'
'အဲဒါ ခုနှစ် ပေါ့ သမီးရဲ့ '
'အဲဒါကရော ဘာလဲ ဖေဖေ'
'အဲဒါက အဲ အင်း ဒီလို သူက အချိန်ကာလကို သတ်မှတ်တာ၊သမီးကို ၁၉၅ဝ တုန်းက မွေးခဲ့တယ်လေ၊ သမီးအသက် တစ်နှစ် ကြီးလာရင်အဲဒီ ခုနှစ် ကလည်း တစ်ခုတိုးတာပဲ၊ အခု ၁၉၅၅၊ သမီးအသက်ကလည်း ငါးနှစ် ၊ဟုတ်ပြီလား'
ဖေဖေကရှင်းပြသည်။ အမာညိုသည် ကောင်းစွာ နားမလည်သော်လည်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် အိမ်ရှေ့သို့ ပြေးထွက်လာခဲ့လေသည်။ မေမေနှင့် မေမေကြီးတို့ ဈေးမှပြန်လာကြသည်ကို တွေ့ ရသော ကြောင့် ဖြစ်သည်။ သူတို့နောက်မှလိုက်လာသော ကိုကို၏ လက်ထဲတွင် စာကလေးခွေများ ကိုင်ထားလေသည်။
'ဈေးဖိုးတော့ ဖောဖောသီသီ သုံးပစ်ခဲ့တာပဲ ကိုရေ့၊ ခြောက်ကျပ်တစ်မတ်တောင် ကုန်ခဲ့တယ်'
မေမေသည် မောက်လျှံနေသော ဈေးခြင်းတောင်းကို အိမ်ဝတွင် ချထားလိုက်ပြီး လက်မောင်းအောင့်သလို လက်ကို ခါနေလေသည်။ ခြင်းတောင်းထဲမှ ကြက်ခြေထောက်နှစ် ချောင်းက ပြူထွက်နေသည်။ နှုတ်ခမ်းမွေး ကားကားနှင့် ပုစွန်တုပ်ကြီးများ ကိုလည်းတွေ့ ရသည်။ အမာညိုသည် ပုစွန်တုပ်များ ကိုတွေ့ သော အခါ ပျော်သွားသည်။ မီးဖုတ်စားရမည် ကို တွေးမိသော ကြောင့် ဖြစ်သည်။ အိမ်တွင် ပုစွန်ဟင်းချက်ရန် မေမေဝယ်လာတိုင်း အမာညိုတို့ မောင်နှမသည် ပုစွန်များ ကို အလစ်တွင် ဆွဲယူပြီး မီးဖုတ်စားလေ့ရှိကြသည်။
'ဘာတွေ များ ဝယ်လာလို့တုံး'
ဖေဖေက လှမ်းမေးသည်။ မေမေကြီးသည် အိမ်ထဲသို့ လှမ်းဝင်လာရင်း မျက်နှာကို မဲ့လိုက်သည်။
'အောင်မလေး ကြက်တစ်ပိဿာခြောက်ကျပ်တဲ့ မောင်ညိုဝင်းရေ့လေးဆယ်သား အကောင်နုနုလေးဝယ်တာ နှစ် ကျပ်လေးဆယ်ချောရော၊ ကျုပ်တို့ငယ်ငယ်က ဈေးဖိုးတစ်ကျပ်ယူသွားရင် တစ်အိမ်လုံး ဗိုက်ရိုက်စားရင်တောင်မကုန်ဘူး၊ ခုများ တော့ နှစ် ရက်စာလေးဝယ်တာတောင် ခြောက်ကျပ်ကျော်တယ်တဲ့တော် '
မေမေကြီးက တဖျစ်တောက်တောက် ပြောသွားသည်။ အမာညိုသည် ကျော်ထွန်းညိုလှမ်းပေးသော စာကလေးခွေကလေးများ ကို စားပွဲပေါ်တွင် ယှဉ်ချလိုက်ပြီး အကြီးအသေးရွေးနေမိသည်။ စာကလေးခွေ လေးခု ဝယ်လာသည်။ သူတို့မောင်နှမက သုံးယောက် ဖြစ်၍ ပိုသော တစ်ခုကို ကျော်ထွန်းညိုကအညီအမျှသုံးပိုင်းပိုင်းကာ ထပ်၍ ဝေပေးလေသည်။
''မယူကြနဲ့ဦးနော်''
ကျော်ထွန်းညိုက ပါးစပ်တပြင်ပြင် ဖြစ်နေသော အငယ်နှစ် ဦးကို ဟန့်တားကာ စိတ်တိုင်းကျအောင် အညီအမျှဝေစုခွဲနေလေသည်။ ချိုးထားသော မုန့်ကျိုးလေးများ ကို ဟိုဘက်ထည့်လိုက် ပြန်နုတ်လိုက်၊ ဒီဘက်ထည့်လိုက်ပြန်နုတ်လိုက်၊ အနီးကကြည့်လိုက်၊ အဝေးကကြည့်လိုက်နှင့် ကျေနပ်သော အခါမှ 'ကဲ ယြူ ကတော့'ဟု ယူခွင့်ပေးသည်။ သူ့အစ်ကို ဝေစုခွဲထားသည်မှာ ညီမျှလွန်းသဖြင့် အမာညိုသည် မည် သည့်မုန့်ပုံကိုယူရမည် မသိဘဲ ဝေခွဲမရ ဖြစ်နေသည်။
'အေး စားထားကြ၊ စားထားကြ၊ ဒီတစ်ပတ်ကျောင်းပိတ်ရင်တော့ဝမ်းနုတ်ဆေးတိုက်ရမယ်၊ ညက ဟိုကောင်မလေး မိညို အီးပုပ်တွေ ချည်းပဲပေါက်နေတယ်၊ အဝင်သာရှိပြီး အထွက်မရှိတဲ့ဗိုက်၊ အစားပုပ်၊ ဒီညသာ ဒီလိုဆက်ပြီး ဓာတ်ငွေ့လွှတ်နေရင်တော့ ကျုပ်နဲ့အတူမအိပ်နဲ့တော့၊ ညည်း အဖေနဲ့ညည်းပြန်အိပ်'
မေမေကြီးကပြောသော အခါ အမာညိုသည် တွေ့ ရာမုန့်ပုံကို ကျုံးယူလိုက်ပြီး ပြေးထွက်ခဲ့သည်။ အမာညိုသည် ညတိုင်း မေမေနှင့် မအိပ်ဘဲ မေမေ့အမေ မေမေကြီးနှင့် အတူ အိပ်သူ ဖြစ်သည်။ မေမေကြီး၏ ရင်ခွင်ထဲတိုးဝင်ပြီး၊ကရမက်နံ့သင်းသင်းကို ရှူရှိုက်ရင်းအိပ်ရသည်ကို နှစ်သက် သည်။ ည အိပ်ရာမဝင်မီ အဆန်းတကြယ်ပုံပြင်များ ကို ပြောပြတတ်သော မေမေကြီးသည် အလွန်ချစ်စရာကောင်းလေသည်။ မေမေကြီး၌ မကောင်းသော အချက်သည်ကားတစ်ချက်တည်းသာရှိသည်။ ထိုအချက်က ဝမ်းနုတ်ဆေးအကျွေးသန်ခြင်း ဖြစ်သည်။ အော့ချင် အန်ချင်စရာကောင်းသော ကြက်ဆူဆီကို ကြွေဇွန်းနှင့် အပြည့်မောက်မောက်ထည့်ပြီး နှာခေါင်းပိတ်ကာ အတင်း သောက်ခိုင်းတတ်သည်။ ဒီအတိုင်း မသောက်ချင်ဘူးဟုငြင်းသော အခါများ တွင် ကော်ဖီထဲထည့်ဖျော်ပေးတတ်သည်။ ကြက်ဆူဆီများ ဝေ့ကာ နံစော်နေသော အီစလည်ကော်ဖီကြီးကိုကြည့်ကာ အမာညိုတို့နှာခေါင်းတရှုံ့ရှုံ့ ဖြစ်နေသော အခါ ဘေးမှနေ၍ မျက်နှာထားတင်းတင်းနှင့် တုတ်မိုးထားတတ်လေသည်။ မေမေကြီးကို မကြောက်သော်လည်း တုတ်ကိုကြောက်သော ကြောင့် ဇွတ်မှိတ်ပြီး မျိုချခဲ့ရသော အခါပေါင်းလည်း များ လှချေပြီ။
'မာညို၊ နင့်ကျောက်ကျောတွေ ခဲပြီလား'
ကျော်ထွန်းညိုကမေးသော အခါမှ ကျောက်ကျောများ ကိုသတိရပြီးအိမ်အောက်သို့ ပြေးဆင်းခဲ့သည်။ သဖန်းသီးမှအတွင်းအနှစ် များ ကို ရေနှင့် နယ်ကာ အဝတ်ပါးနှင့် စစ်ပြီး ပြန်လည်အခြောက်ခံထားခြင်း ဖြစ်သည်။ အေးပြီးခြောက်သွားသော အခါများ တွင် တကယ့်ကျောက်ကျောလေးပမာ ကြည်ပြီးတုန်ခါနေတတ်သည်။
ဒန်အိုးပေါက်စလေးထဲတွင် ထည့်ခဲထားသော သဖန်းသီးကျောက်ကျောများ သည် ခဲနေချေပြီ။ ပြောင်ချောနေသော မျက်နှာပြင်ကို လက်ညှိုးနှင့် မထိတထိပွတ်ကြည့်ရင်း အမာညိုက ဝမ်းသာအားရအော်လိုက်လေသည်။ကျော်ထွန်းညိုက ကျောက်ကျောကို မကြည့်နိုင်သေးချေ။ နို့ဆီခွက်ထဲတွင် ရေနံဆီနှင့် ထည့်စိမ်ထားသော သူ၏ သားရေကွင်းများ ကိုပြေး၍ ကြည့်နေရသော ကြောင့် ဖြစ်သည်။ သားရေကွင်းများ ကို တုတ်ချောင်းလေးနှင့် ထိုးကာ ကော်ယူလိုက်သည်။ ရေနံဆီဝနေသော သားရေကွင်းများ သည် ထူထူတုတ်တုတ်နှင့် အကြီးကြီး ဖြစ်နေလေသည်။
'ဟေ့ ဒီမှာ ကြည့်၊ ဒီမှာ ကြည့်'
'ဟယ် အကြီးကြီး'
အမာညိုသည် အနီရောင် သားရေကွင်းကြီးကို လှမ်း၍ ဆွဲယူလိုက်သည်။ ကျော်ထွန်းညိုက လက်ကိုနောက်ဘက်သို့ ဆုတ်လိုက်သော ကြောင့် သားရေကွင်းသည် အတန်ငယ်တင်းသွားသည်။ ဖတ်ခနဲပြတ်သွားသည်။
'ခွေးမလေး'
ကျော်ထွန်းညိုက မျက်လုံးပြူးကြည့်ကာ ရေရွတ်လိုက်သည်။ ရေနံဆီစိမ်ထားခြင်းအားဖြင့် သားရေကွင်းသည် ပွကာ ကြီးလာသော်လည်း အဆွဲအတင်းမခံဘဲ ဆွေးသွားတတ်သည်ကို သူ မသိချေ။
'ဟယ်၊ ခွေးကလေး'
အမာညိုက ရေရွတ်မိပြန်သည်။ ညီလင်းကို ဖြစ်သည်။ သူသည်အမာညို၏ ကျောက်ကျောခွက်ထဲသို့ လက်ညှိုးလေးကို တစွပ်စွပ်နှင့် ထိုးထည့်နေသည်။ လက်ညှိုးရာအပေါက်များ နှင့် မို့ သဖန်းသီးကျောက်ကျောလေးသည်ကွဲအက်ကြေမွလျက်ရှိချေပြီ။
်
အချစ်ဆုံးသူငယ်ချင်း သက်သက်ဒို့မိန်းကလေးတွေ ရဲ့ ဘဝဟာ ပန်းလိုပဲတဲ့။ဒီတော့ သဇင်လိုလည်း အမြင့်မှာ မပျော်နဲ့၊စံပယ်လိုလည်း အညှာမလွယ်နဲ့၊နှင်းဆီလိုလည်း ဆူးမဖက်ပါနဲ့လို့ ပြောလိုက်ချင်ပါတယ်ကွယ်။မဆုံးသော ခင်မင်မှု များ ဖြင့် အမာညို
အမာညိုသည် ကြိုးစားပမ်းစားရေး ထားသော သူ့လက်ရေး လေးများ ကို တစ်ခေါက်ပြန်ဖတ်သည်။ လှပဝိုင်းစက်နေသဖြင့် ကျေနပ်စဖွယ်ပင် ဖြစ်သည်။ စာသားများ ကမူ အမာညို၏ မူပိုင် မဟုတ်ချေ။ အခြားသူများ ရေး လေ့ရှိသည်များ ကို ခိုးချပြီးရေး လိုက်ခြင်း ဖြစ်သည်။
သက်သက်က အော်တိုရေး ခိုင်းသော အခါ အမာညိုသည် ကောင်းကောင်းလေးရေး ရန်စဉ်းစားသည်။ ကဗျာလည်းဆန်၊ ကောင်းလည်း ကောင်း၊အဓိပ္ပာယ်လေးလည်း လှအောင် စဉ်းစား၍ မတတ်သော အခါ ထုံးစံအတိုင်းအလွတ်ကျက်ထားသော စာသားများ ကိုသာ ရေး ထည့်လိုက်ရတော့သည်။
'ဟေ့ ဒီမှာ ကြည့်စမ်း'
အမာညိုလှည့်ကြည့်လိုက်သော အခါ ကင်းထောက်ဝတ်စုံလေး ဝတ်ထားသော ကျော်ထွန်းညိုကို တွေ့ ရသည်။ အပြာရောင် လည်စည်းကို ကြေးကွင်းလေးနှင့် စွပ်ရင်း သူ့ကိုယ်သူ မှန်ထဲပြန်ကြည့်နေသည်။
'ဘယ်သွားမလို့လဲ ကိုကို'
'လုပ်အားပေးပွဲလေ၊ ကြိုက်တာခိုင်း တစ်ကျပ်'
'ကိုကိုက ချောလို့'
'ဟား ဟား၊ တရော်သုတ်ထားတာ ချောမှာ ပေါ့ဟ'
ကျော်ထွန်းညိုက ဦးထုပ်ကလေးကို ကောက်ယူပြီး မစောင်းတစောင်းလေး ဆောင်းလိုက်သည်။
'ကိုကို ဟိုက တကယ်ခိုင်းနေရင် တကယ်လုပ်ရမှာ နော်၊ ရှိုးတွေ မိုးတွေ သိပ်ထုတ်မနေနဲ့'
'လုပ်မှာ ပေါ့'
ကျော်ထွန်းညိုသည် ခပ်ပြတ်ပြတ်ပြောသည်။ သူတို့ ကင်းထောက်အဖွဲ့မှ ရံပုံငွေအတွက် အလှူခံထွက်ရန် ဖြစ်သည်။ သို့ သော် အလကားသက်သက် အလှူခံခြင်းတော့ မဟုတ်ပေ။ ''လုပ်ငန်းတစ်ရပ်၊ ငွေတစ်ကျပ်'' သတ်မှတ်ပြီး တစ်အိမ်တက်ဆင်း အလုပ်တောင်းခံကာ ပြုလုပ်ပေးခြင်း ဖြစ်သည်။ သို့ သော်စေတနာရှင်အိမ်များ က လူငယ်လေးများ ကို မခိုင်းကြပေ။ အလှူငွေသာ ထည့်လိုက်ကြသည်။ ကျော်ထွန်းညိုတို့ကမူ အမှန်တကယ် အလုပ် လုပ်ချင်သည်။တန်ရာတန်ကြေးလုပ်ပေးပြီးမှ ထည့်လှူသော ငွေကို ပို၍ လိုချင်မိလေသည်။
'ကဲ သွားမယ်'
ကျော်ထွန်းညိုသည် သူ့ကိုယ်သူကြည့်၍ ကျေနပ်သွားသော အခါ ခပ်သွက်သွက် ထွက်သွားသည်။
အမာညိုသည် စားပွဲပေါ်မှ ပဲကြီးလှော်တစ်စေ့ကို ကောက်ဝါးလိုက်ပြီးအော်တိုစာရွက်ကလေးများ ကို တဖျပ်ဖျပ်လှန်လိုက်သည်။
''သင် အနှစ်သက် ဆုံးများ ကို ရေး ပေးပါ'' ဟူသော ခေါင်းစီးရှိ စာမျက်နှာကိုရောက်သော အခါ ဖောင်တိန်ကို တစ်ခါဖွင့်ရပြန်သည်။
''အရောင် . . . အဖြူရောင် '' ဟုရေး လိုက်သည်။ အဖြူရောင် ကြိုက်သော မိန်းကလေးသည် စိတ်ထားဖြူစင်သည်ဟုပြောသော ကြောင့် အဖြူရောင် ကြိုက်လိုက်ခြင်း ဖြစ်သည်။ စင်စစ် အမာညိုကြိုက်သော အရောင် သည် အနီရဲရဲစူးစူးတောက်တောက် အရောင် များ ဖြစ်သည်။စာရေး ဆရာ တက္ကသိုလ်ဘုန်းနိုင်ဝတ္ထု ညီမလေးရယ် စိုးရိမ်မိတယ်အဆိုတော် သန်းသန်းဆင့်သီချင်း အစ်ကိုကြီးရယ် စိုးရိမ်မိတယ်ထိုအကွက်များ ကိုကား စဉ်းစားရန်မလို။ ကိုယ့်အကြိုက်ကို ကိုယ် ပြတ်ပြတ်သားသား သိလေသည်။ သို့ သော် ပန်း ဟူသော နေရာတွင် ကား အခက်êကံပြန်သည်။ အမာညိုသည် ဘာပန်းအကြိုက်ဆုံးနည်း၊ သူ့ကိုယ်သူ မသိရှာပေ။စံပယ်ကိုလည်း ကြိုက်သည်၊ နှင်းဆီကိုလည်း ကြိုက်သည်၊ ခရေပန်းကိုလည်းကြိုက်သည်ပင်။ ကံ့ကော်၊ သရဖီ၊ ပိတောက်များ ကိုမြင်လည်း အငမ်းမရ ဖြစ်တတ်သည်သာ ဖြစ်သည်။ နောက်ဆုံး ကုန်ကုန်ပြောရလျှင် ခေါင်ရန်းပန်း အပွင့်ကားကားကြီးများ ကိုပင် အမာညိုသည် မငြင်းမဆန် ပန်ဆင်လေ့ရှိသူ ဖြစ်သည်။ထို့ကြောင့် ''အားလုံးကြိုက်သည်'' ဟု ရေး ထည့်လိုက်သည်။
ရုပ်ရှင် ဤဘဝဝယ်ထိုနေရာတွင် တော့ စဉ်းစားရန်မလို၊ ရွေးရန်မလို၊ အမာညိုသည် ရုပ်ရှင်များများ ကြည့်ရသူမဟုတ်ပေ။ တစ်နှစ် နေမှ နှစ် ကား သုံးကားလောက်သာကြည့်ရသူ ဖြစ်သည်။ ထို့ကြောင့် ရွေးစရာမလိုချေ။ သူကြည့်ရသော ကားကိုပင်အကြိုက်ဆုံးအနေနှင့် သတ်မှတ်ကာ ရေး ထည့်လိုက်ရသည်။ရုပ်ရှင်မင်းသား မြင့်အောင်၊ မောင်မောင်တာရုပ်ရှင်မင်းသမီး ခင်ယုမေ၊ မြင့်မြင့်ခင်
'ဟေ့ မမ ဘာတွေ လုပ်နေလဲ'
ညီလင်းသည် အမာညို၏ ပခုံးကို ပုတ်လိုက်သည်။ အာရုံစူးစိုက်စွာ ရေး နေသော အမာညိုသည် ဆတ်ခနဲ တုန်သွားလေသည်။ အမာညိုဖြည့်ထားသော အကွက်လေးများ ကို ညီလင်းက အပေါ်မှဆီးပြီး ငုံ့ဖတ်နေသည်။
'ဘယ်သူ့ အော်တိုလဲ'
'ငါ့သူငယ်ချင်း သက်သက်'
ညီလင်းသည် အမာညို၏ လက်ထဲမှ အော်တိုလေးကိုဆွဲယူကာ အစဘက်သို့ လှန်ကြည့်လိုက်သည်။ ဆဋ္ဌသံင်္ဂါယနာတင် ကမ္ဘာအေးလိုဏ်ဂူကြီးကို နောက်ခံထားပြီးရိုက်ထားသော မိန်းကလေးတစ်ဦး၏ ဓာတ်ပုံကို တွေ့ ရသည်။ ဆံပင်တိုတို ပါးဖောင်းဖောင်းလေးနှင့် ကလေးမျက်နှာလေး ဖြစ်သော်လည်း ထဘီကိုကျစ်ကျစ်ဆွဲဝတ်ကာ အပျိုကြီးဂိုက်ဖမ်းထားလေသည်။
'သူတို့တွေ ဟိုဘက်လမ်းထဲကိုပြောင်းလာတော့မယ်တဲ့၊ ငါနဲ့နီးလာရင် စာအတူကျက်လို့ရမယ်'
'မမတို့ အတန်းထဲကလား'
'အင်းပေါ့'
အမာညိုက ခေါင်းကို ဆတ်ခနဲညိတ်ကာ အော်တိုစာအုပ်လေးကိုပြန်၍ ဆွဲယူလိုက်သည်။ ထို့နောက် ရေး လက်စနေရာကို ပြန်လှန်လိုက်သည်။အကြိုက်ဆုံးအသီးဟူသော နေရာတွင် ဘာရေး ရမည် နည်း စဉ်းစားရင်း အခြားသူများ ရေး ထားသည်များ ကို ဖတ်ကြည့်နေမိသည်။ စပျစ်သီး၊ ပန်းသီး အများ ဆုံးရေး ကြသည်။ သရက်သီး အချို့အဝက်ပါသည်။ တစ်ဦးကမူ ရွှတ်နောက်နောက်နှင့် ''ဇမ္ဗူ့သပြေသီး'' ဟု ရေး ထားလေသည်။ အမာညိုသည် ဖောင်တိန်အဖုံးလေးကို သွားနှင့် ကိုက်ကာ အတန်ကြာအောင်စဉ်းစားပြီးမှ အမှန်အတိုင်း''ဆီးသီး'' ဟု ရေး ထည့်လိုက်သည်။
*
'ညောင်ပင်တစ္ဆေ'
'ဝေလေလေ'
အမာညိုသည် နှုတ်ခမ်းစူပြီး တအားအော်ထူးလိုက်သည်။ သူ့ခမျာညောင်ပင်တစ္ဆေလုပ်ရသည်မှာ သုံးခါရှိပြီ ဖြစ်၍ စိတ်တိုနေခြင်း ဖြစ်သည်။ ဝိုင်းထားသော စည်းဝိုင်းကြီးက ကျယ်လွန်းသည်။ ထို့ပြင် ခင်မကြီး ညောင်ပင်တစ္ဆေ လုပ်ရစဉ်က သူ့ကိုဝိုင်းဖမ်းသည်ဟု ထင်မိသည်။ ထို့ကြောင့် စိတ်ထဲတွင် တေးထားလိုက်သည်။ ယခု သူ့အလှည့်တွင် လည်း ခင်မကြီးကို ပြန်ဖမ်းမည် ။
'နင် ဘယ်ကိုင်းမှာ နေ'
'ညောင်ကိုင်းမှာ နေ'
'နင် ဘာသီးစား'
'ညောင်သီးစား'
'နင် ဘာရေသောက်'
'ညောင်ရေသောက်'
'နင် ဘာကွမ်းစား'
'ညောင်ကွမ်းစား၊ ညောင်ထမင်းစား၊ ညောင်ချေးပါ၊ ညောင်အီးပေါက်တယ်ဟေ့၊ ကဲ ကဲ'
အမာညိုသည် စိတ်မရှည်သဖြင့် မဟုတ်တရုတ်တွေ အော်လိုက်သည်။ စည်းဝိုင်းအပြင်ဘက်မှ ခုန်ဆွခုန်ဆွ လုပ်နေကြသော မိန်းကလေးများ ကဝါးခနဲရယ်လိုက်ကြလေသည်။ အမာညို၏ နှုတ်ခမ်းသည် ရှေ့သို့ ပို၍ စူပြီးထွက်လာသည်။
'အထဲလား အပြင်လား'
သူတို့ကမေးသော အခါ အမာညိုသည် ရုတ်တရက်မဖြေဘဲ မြေကြီးကို စိုက်ကြည့်ကာ အကြံယူနေသည်။ သူက အထဲဟုအော်လျှင် မိန်းကလေးများ က စည်းဝိုင်းအပြင်တွင် နေကြရမည် ဖြစ်သည်။ သူက အပြင်ဟု အော်လျှင်မူ၊သူတို့တစ်တွေ စည်းဝိုင်းထဲသို့ အလုအယက် ပြေးဝင်ကြရမည် ဖြစ်သည်။ သူကအပြင်ထွက်ပြီး စည်းဝိုင်းထဲမှမိန်းကလေးများ ကို အမိအရ လက်တံရှည်နှင့် လှမ်း၍ ဆွဲပြီးဖမ်းရမည် ဖြစ်သည်။
'အပြင်'
အမာညိုသည် ခင်မကြီးကို ပေစောင်းစောင်းကြည့်ကာ အော်သည်။ထို့နောက် စည်းဝိုင်းထဲပြေးဝင်လာသော သူ့ဆီသို့ ဦးတည်၍ ပြေးကာ ခါးကိုဆီး၍ ဖက်လိုက်သည်။
'ဟယ် ဖမ်းတယ်ဟယ်ဒို့ကိုဖမ်းတယ်'
'သူ့တုန်းကလည်း ကိုယ့်ကိုဖမ်းတာကိုး'
'အို မဖမ်းပါဘူး'
'ဖမ်းပါတယ်နော် ဟင်း'
သူတို့နှစ် ယောက် ငြင်းခုံနေစဉ် ကျောင်းတက်ခေါင်းလောင်းထိုးလေသည်။ ထို့ကြောင့် ငြင်းခုံပွဲသည် အလိုလိုရပ်သွားသည်။ တိုင်ထောင့်တွင် စုပြီး ချွတ်ထားသော ဖိနပ်ကလေးများ ကို ကမန်းကတန်းကောက်၍ စွပ်ကာစာသင်ခန်းသို့ ပြေးကြရလေသည်။
အခန်းထဲရောက်သော အခါ အနောက်ဘက်ရှိ ရေအိုးစင်ဆီသို့ စု၍ ရောက်သွားကြသည်။ အမောတကောနှင့် ရေသောက်မိကြသည်။ ရှေ့ရောက်ပြီးဦးသူများ က ရေကို နှစ် ခွက်ဆင့်သောက်နေရာ အမာညိုသည် စိတ်မရှည်စွာ နှင့် စောင့်ဆိုင်းနေရလေသည်။
'ဟေ့ မသန်းအေး၊ ယူ့လုံချည် တိုလွန်းနေတယ်၊ တော် ကြာ တီချာကခြေသလုံးကို ကြိမ်နဲ့ ဆော်နေဦးမယ်'
သက်သက်က မသန်းအေးကို လှမ်းပြောသည်။ မသန်းအေးကလုံချည်မှ ဖုန်များ ကိုခါလိုက်ပြီး ရှည်ရှည်ပြင်ဝတ်လိုက်သည်။ ခင်ယုမေကို အားကျပြီး အမာညိုတို့အားလုံး လုံချည်ကို တိုတိုလေး လိုက်ဝတ်ကြသည်။ ခင်ယုမေလှသလို လှမည် လားဟု êကိးပမ်းကြခြင်း ဖြစ်သည်။ လှ မလှတော့ မသိ၊ဆရာမ အပျိုကြီးများ ကမူ လုံချည်တိုသည်ကိုတွေ့ တိုင်း ခြေသလုံးကို ကြိမ်နှင့် စပ်စပ်လေး ရိုက်တတ်သည်။ သူတို့ကမူ ရှေးမြန်မာဆန်သူများ ဖြစ်၍ ဗိုင်းကောင်းကျောက်ဖိနေမှ နှစ်သက် ခြင်း ဖြစ်သည်။ လုံချည်ကို ခြေသလုံး တစ်ဝက်ခန့်ပေါ်အောင် ဝတ်ပြီး တလွှားလွှားနေခြင်းများ ကို မျက်စိနောက်ဟန်ရှိသည်။ သို့ သော်အမာညိုတို့က ဆရာမ များ လစ်လျှင်လစ်သလို လုံချည်ကို တိုတိုဝတ်တတ်ကြသည်။ ယခု ခင်ယုမေ လုံချည်မတိုတော့သော်လည်း သူတို့ ကတော့ တိုဆဲပင် ဖြစ်သည်။ ခင်မကြီးဆိုလျှင် ခင်ယုမေထံသို့ ပင် လုံချည်တိုတိုလေး ဝတ်ပါ၊အလွန်လှပါသည်၊ ရှည်ရှည်ပြန်မဝတ်ပါနှင့် ဟု စာရေး ပြီး တောင်းပန်ဖူးသည်ဟုဆိုလေသည်။
'ဟေ့ ဒီနေ့ စစ်တပ်က အာဏာသိမ်းတယ်ဆို'
သက်သက်သည် ရေခွက်ကို အမာညိုအား လှမ်းပေးရင်းမှ ပြောလိုက်သည်။ ထိုအခါမှ အမာညိုသည်လည်း ဖေဖေနှင့် ခေါင်းရင်းအိမ်မှ ဦးလေးကြီးတို့ သတင်းစာဖတ်ရင်း ဆူဆူညံညံဆွေးနွေးနေကြသည်ကို သတိရသည်။ ဘာတွေ ပြောနေကြမှန်းတော့မသိပေ၊ တိုင်းရေး ပြည်ရေး ကို သူတို့တစ်တွေ သည်ညောင်ပင်တစ္ဆေကစားရသည်လောက်ပင် စိတ်ဝင်စားလှသူများ မဟုတ်ပေ။
'ဒီနေ့မဟုတ်ပါဘူး၊ မနေ့တုန်းက ပါနော်'
နားစွန်နားဖျား ကြားလိုက်သော မသန်းအေးက ဝင်ပြောသည်။ ဆော့ရင်း ကစားရင်း ပြေကျသွားသော ကျစ်ဆံမြီးကို ကမန်းကတန်း ပြန်ကျစ်နေသည်။
'ပြဿနာပေါင်း သော င်းခြောက်ထောင်နဲ့ တိုင်းပြည်က ရေစုန်မျောတော့မယ်တဲ့၊ ဒါကြောင့် မို့ စစ်တပ်ကဝင်ထိန်းလိုက်ရတာ တဲ့ အိမ်ကလူကြီးတွေ ပြောနေတာပဲ'
'ဟယ် ဟုတ်လား၊ ပြဿနာတွေ က တစ်သော င်းနဲ့ခြောက်ထောင်တောင် ရှိတယ်တဲ့လား၊ အများ ကြီးပဲနော်'
အမာညိုက တအံ့တသြ ဝင်ပြောမိသည်။ သက်သက်သည် လုံချည်ကို လှည့်ဝတ်ကာ ရေသောက်သည်။ ဆော့ကစားထားသဖြင့် နဖူးပြင်တွင် ချွေးစို့နေသည်။ ပါးဖောင်းဖောင်းလေးနှစ် ဖက်သည် သွေးရောင် လွှမ်းပြီး နီထွေးနေသည်။
'ကိုယ့်နေရာကိုယ်ထိုင်ပါ၊ ကျောင်းတက်ပြီ၊ ကျောင်းတက်ပြီ'ဆော်သြသံကိုကြားရသော အခါ သူတို့သည် ကိုယ့်နေရာကိုကိုယ်အပြေးအလွှားလျှောက်သွားကြသည်။ သက်သက်သည် သူ့နေရာတွင် သူ ဝင်ထိုင်လိုက်ရင်းမှ ယှဉ်လျက်ခုံကို လှည့်ကြည့်သည်။ စုစုလှိုင်၏ ခုံ ဖြစ်သည်။ရောက်မလာသေးပေ။
'စုစုလှိုင် ကျောင်းမလာဘူးလား မသိဘူး'
နောက်ဘက်တွင် ထိုင်သော ခင်မာထွေးကိုလှည့်၍ ပြောလိုက်သည်။ခင်မာထွေးကကြားသော်လည်း မဖြေအားရှာချေ။ သူ့စားပွဲခုံပေါ်တွင် ဖောင်တိန်အပျက်ခံပြီး အင်္ဂလိပ်စာ စာလုံးပေါင်းများ ကို ကူးရေး နေသော ကြောင့် ဖြစ်သည်။နံနက်ပိုင်း ဒုတိယအချိန်သည် အင်္ဂလိပ်စာအချိန် ဖြစ်သည်။ အင်္ဂလိပ်စာသတ်ပုံရေး ရမည် ကို êကိတင်သိထားသည်။ ထို့ကြောင့် ခင်မာထွေးက စားပွဲပေါ်မှစာလုံးများ ကို အမှတ်မဲ့ကြည့်ပြီး ကူးရေး နိုင်ရန် êကိးစား အားထုတ်နေခြင်း ဖြစ်သည်။
'သူ့အဖေက အမတ် မဟုတ်လား'
ခင်မာထွေး၏ ဘေးမှ ခင်ခင်လှက ဝင်မေးသည်။ သက်သက် မျက်မှော င်ကုတ်သွားလေသည်။
'ဘယ်သူ့အဖေလဲ'
'စုလှိုင်ရဲ့ အဖေလေ၊ ပ ထ စ အမတ် မဟုတ်လား'
'ဟင့်အင်း သိဘူး၊ သူဌေးဆို'
'သူဌေးလည်း သူဌေး၊ အမတ်လည်း အမတ်၊ ယူကလည်း ခုံချင်းယှဉ်ထိုင်နေပြီး မသိဘူးလား'
'ဟင့်အင်း'
သက်သက်က မျက်လုံးအဝိုင်းသားနှင့် ခေါင်းယမ်းပြသည်။ သူ့ခမျာအမှန်တကယ်ပင် မသိရှာခြင်း ဖြစ်သည်။ သူတို့အတန်းတွင် ခုံနေရာများ တစ်လတစ်ခါပြောင်းသည်။ စာမေးပွဲတွင် ရသော အဆင့်အလိုက်၊ ခုံများ ကို နေရာချပေးသည့်အတွက် ဖြစ်သည်။ အတန်းတွင်း၌ လည်း လစစ်စာမေးပွဲ မှန်မှန်ရှိ၍ သက်သက်တို့သည် တစ်လတစ်ခါ နေရာပြောင်းကြရသည်။ ထိုစနစ်အရအတန်းထဲ ဝင်လျှင် မည် သူက စာတော် ကြောင်း တန်းသိနိုင်သည်။ ပထမတန်းညာဘက်အစွန်းခုံတွင် ပထမရသူက ထိုင်ပြီး တဖြည်းဖြည်း အဆင့်အလိုက်စီသွားခြင်း ဖြစ်သည်။ ယခုလစစ်တွင် စုလှိုင်က အဆင့် ၃၊ သက်သက်က အဆင့်၎ ရ၍ ခုံချင်းကပ်ထိုင်ရခြင်း ဖြစ်သည်။ ထိုင်ရသည်မှာ လေးရက်ခန့်သာ ရှိသေး၍ စုစုလှိုင်၏ အကြောင်းကို သက်သက် ဘာမျှမသိသေးချေ။ ထို့ပြင် သူသည်ယခုနှစ် မှ သက်သက်တို့ကျောင်း ရောက်လာသော လူသစ် ဖြစ်လေသည့်အတွက်ယခင်တုန်းကလည်း မပေါင်းသင်းဖူးချေ။
'အမတ်ပေမယ့် ခါတော် မီအမတ်ပါ၊ နိုင်ငံရေး ခံယူချက်လည်း ရှိတာမဟုတ်ဘူးတဲ့၊ တော် လှန်ရေး တွေ ဘာတွေ တုန်းကလည်း ပါဖူးတာမဟုတ်ဘူး၊သူများ တွေ တိုင်းပြည်အတွက်တိုက်နေတုန်းက သူတို့အဖေက ဆန်တွေ လှောင်ပြီး ဈေးကြီးနဲ့ရောင်းနေတာတဲ့၊ ခုကျတော့ ဒီလိုလူ အမတ်တက် ဖြစ်နေတာကောင်းသလားဆိုပြီး ဖေဖေတို့ပြောနေသံကြားဖူးတာပဲ'အလုပ်ပြီးစီးသွားသော ခင်မာထွေးက ယခုမှ စကားပြောနိုင်တော့သည်။
ခင်ခင်လှက လက်ကုတ်သော အခါ ခေါင်းလေးပုပြီး စကားရပ်သွားလေသည်။ စုစုလှိုင်သည် အခန်းတွင်းသို့ ခပ်ဖြည်းဖြည်းဝင်လာသည်။ ဆရာမ လည်း မရောက်သေးသဖြင့် ကျောင်းနောက်ကျကြောင်းခွင့်တိုင်စရာမလိုဘဲ သူ့နေရာသို့ သူ တန်းပြီးလျှောက်လာသည်။
အဆင့် ၁၂ သာရသော အမာညို၏ ခုံသည် သက်သက်နှင့် အတော် လေး လှမ်းလေသည်။ သို့ သော် ကိုယ်ကိုစောင်းပြီးနားထောင်လျှင် သူတို့ ပြောသော စကားများ ကို ကြားရသည်။ ထို့ကြောင့် စုလှိုင်၏ အဖေအကြောင်းကိုသိလိုက်ရသည်။ အမာညိုနှင့် သက်သက်သည် အငြင်းအခုံ အဆော့ အကစားသန်လှသော်လည်း နှစ် ဦးလုံး သိပ်ပြီး မစပ်စုတတ်ကြပေ။ ထို့ကြောင့် စုလှိုင်၏ မိဘအကြောင်းကို အခြားသူများ သိကြသော်လည်း သူတို့က မသိခြင်း ဖြစ်သည်။
'ဒါပေမဲ့ အခုတော့ အမတ် ဘယ်ဟုတ်တော့မလဲနော်'
အမာညိုသည် သူ့ဘေးမှမသန်းအေးကိုလှည့်ပြီး တိုးတိုးလေးပြောလိုက်သည်။ မသန်းအေးက မျက်ခုံးနှစ် ဖက်ကိုပင့်ပြီး တိုးတိုးပြန်မေးသည်။
'ဘာ ဖြစ်လို့လဲ'
'တော် လှန်ရေး ကောင်စီ တက်ပြီလေ'
'အေး ဟုတ်သားပဲ'
မသန်းအေးက ခေါင်းညိတ်သည်။ထိုစဉ် အတန်းထဲသို့ ဆရာမ ဝင်လာသည်။ တစ်တန်းလုံး ဝုန်းခနဲထရပ်ကာ အရိုအသေပေးလိုက် ကြသည်။
ဟေး ခြောက်ဆယ့်ငါးခုနှစ် အတွက် လူရည်ချွန် စခန်းတွေ တိုးလိုက်ပြီတဲ့'ညီလင်းသည် သတင်းစာကို ဖေဖေ့ဆီယူလာပေးရင်း လမ်းတစ်ဝက်မှ ဖြတ်ဖတ်လာသည်။ ထို့နောက် ဝမ်းသာအားရ အော်သည်။ သူ့ခမျာ လူရည်ချွန်ရူး ရူးနေရှာသူ ဖြစ်သည်။ လူရည်ချွန်အရွေးခံရလျှင် ငပလီသို့ ရောက်ရမည် မို့ပင်လယ်မြင်ဖူးချင်စိတ်နှင့် စာကို အရမ်းêကိးစားနေခဲ့သည်။
'စခန်းမှ သုံးခုတောင် ဖေဖေရဲ့ ၊ ငပလီရယ်၊ ရန်ကုန်ရယ်၊ အင်းလေးရယ်တဲ့၊ ပျော်စရာကြီးဗျာ'
'ရောက်ချင်ရင် êကိးစားပေါ့ သားရဲ့ '
'စာတော် ရုံနဲ့မရဘူး ဖေဖေရ၊ သားက စာကိုတော့ ဘယ်သူ့မှမကြောက်ပါဘူး၊ ဒါပေမဲ့ အားကစားကျတော့ သိပ်မရဘူး၊ ပေါင်းသင်း ဆက်ဆံရေး ကျတော့လည်း သိပ်မကောင်းဘူး၊ သားတို့အတန်းထဲက တင်ဝင်း ဆိုရင်ဆက်ဆံရေး သိပ်ကောင်းတာပဲ၊ နောက်ပြီး ဘားကျွမ်းလည်း ကစားတယ်'
ညီလင်းသည် ပင်လယ်ကိုပင် တစ်ခါတစ်ရံမျှမြင်ဖူးခဲ့သူမဟုတ်ချေ။ညီလင်းသာ မဟုတ်။ ကျော်ထွန်းညိုရော၊ အမာညိုပါ မြင်ဖူး ရောက်ဖူးကြသူများ မဟုတ်ပေ။ ရေပြင်ကျယ်ဆို၍ အင်းလျားနှင့် ကန်တော် ကြီးကိုသာ အကျယ်ဆုံးမြင်ဖူးကြသူများ ဖြစ်လေသည်။ နယ်တွင် မွေးသော်လည်း ရန်ကုန်တွင် ပင် ကြီးရသော သူတို့မောင်နှမတစ်တွေ သည် ပင်လယ်ပြာကိုသာ မဟုတ်၊ တောင်တန်းပြာကိုလည်း မမြင်ဖူးချေ။ ဒေသန္တရဗဟုသုတ ခေါင်းပါးကြသည်။
'ငပလီသာရောက်ရရင်တော့ဗျာ၊ ခရုတွေ ကို တောင်းတစ်လုံးနဲ့ အပြည့်ကောက်ခဲ့မယ်'
'ခရုများ အဆန်းလုပ်လို့၊ ငါသာဆိုရင်တော့ ပင်လယ်ကိုမြင်ရင် ပထမဆုံး ဘာလုပ်မလဲသိလား၊ တစ်ခါတည်း ပြေးဆင်းပြီး နည်းနည်း လေး သောက်ကြည့်လိုက်မှာ ပဲ'
အမာညိုက ဝင်ပြောသည်။ ဖေဖေသည် လက်ထဲမှသတင်းစာကိုမဖတ်အားသေးဘဲ အမာညိုကိုစောင်းကြည့်ကာ မသိမသာပြုံးလိုက်လေသည်။ညီလင်းကမူ မျက်နှာရှုံ့သွားသည်။
'ဘာလုပ်ဖို့လဲ မမရ'
'တကယ်ငန်လား၊ မငန်လား သိချင်လို့ပေါ့ ဟဲ့'
'လူတိုင်းပြောနေတာ ငန်ပါတယ်ဆိုမှ ဒီလောက်ဆားတွေ ပျော်ဝင်နေတာကို စာထဲမှာ လည်း သင်ရသားနဲ့ မမကလဲ'
'သင်ရတာ က တခြားပဲဟ၊ ငါက လက်တွေ့ သိချင်တာ'
အမာညိုက ပြုံးစပ်စပ်လေးပြောသည်။ ထို့နောက် စားပွဲပေါ်ရှိ ပန်းအိုးထဲမှ ညမွှေးပန်းခက်ကလေးကို လှမ်း၍ ဆိတ်လိုက်သည်။ ညီလင်းစိုက်ထားသော ညမွှေးပန်းရုံသည် ဝေနေအောင်ပွင့်သည်။ အခြားပန်းများ ကို တွန့်တိုသော်လည်း ပေါပေါများများ ပွင့်သော ညမွှေးပန်းများ ကိုမူ ညီလင်း မတွန့်တိုပေ။လိုချင်သလောက် အလှူပေးလေ့ရှိသည်။ သို့ သော် ထိုပန်းများ က နေ့အခါတွင် လုံးဝမမွှေးဘဲ ညရောက်ပါကလည်း အီနေအောင်မွှေး၍ ခေါင်းကိုက်စေပြန်သည်။ အမာညိုသည် ပန်းမရွေးဘဲ အကုန်လုံးကြိုက်သော်လည်း ညမွှေးပန်းကိုမှ စွဲစွဲလမ်းလမ်း မကြိုက်လှပေ။
'အီးပေါလောပန်းကြီး၊ နေ့ခင်းကျတော့ တစ်စက်မှလည်း မမွှေးဘူး'အမာညိုသည် ပန်းပွင့်လေး နှစ် ပွင့်သုံးပွင့်ကို ဆိတ်ခြွေကာ နမ်းရှုပ်ကြည့်ရင်း မကျေမနပ်ပြောလိုက်သည်။ ညီလင်းသည် ဘာမှပြန်မပြောဘဲ ပန်းအိုးလေးကိုသာ အမာညို မမီသော နေရာသို့ တွန်းပြီးရွှေ့လိုက်သည်။
'ညိုတို့အတန်းမှာ သာ လူရည်ချွန်ရွေးရင် စုလှိုင်ရမှာ ပဲ သိလား ဖေဖေ၊ဒါမှမဟုတ် သက်သက်ရချင်ရမှာ '
'သမီးကရော မရနိုင်ဘူးလား'
'ထင်ပါဘူး'
ညီလင်းက ဝင်ပြောသည်။ အမာညိုသည် ဘာမှပြန်မချေပဘဲ ငြိမ်နေလိုက်သည်။ ညီလင်း တမင်သက်သက် နှိမ်ပြောခြင်း ဖြစ်သော်လည်း အမာညိုသည် သူ့အရည်အချင်းကို သူသိလေသည်။ လူရည်ချွန် ဖြစ်လောက်အောင်သူ့ခမျာ မထူးချွန်ရှာပေ။
'ပေါင်းသင်းဆက်ဆံရေး ကိုပါကြည့်ပေးရင်တော့ စုလှိုင်ရမှာ မဟုတ်ဘူး၊ သူက ဘယ်သူနဲ့မှ မပေါင်းဘူး၊ အဲဒါသာဆိုရင် သက်သက်ရမှာ ၊ သက်သက်ကို မချစ်တဲ့သူ မရှိဘူး၊ ဆက်ဆံရေး သိပ်ကောင်းတယ်'
'သမီးကရော မကောင်းဘူးလား'
အမာညိုသည် ပြုံးရယ်ရင်း ခေါင်းခါပြလိုက်သည်။ ဆက်ဆံရေး ကောင်းလား မကောင်းလားတော့ မသိပေ။ လက်ငင်းအခြေအနေ၌ မူ လူလေးဆယ်ခန့်ရှိသော အတန်းထဲ၌ အမာညိုနှင့် မခေါ်သူ ငါးဦးတိတိရှိသည်။ သုံးဦးသည် ကစားရင်းငြင်းခုံရန် ဖြစ်ပြီး စောင်နေခြင်း ဖြစ်သည်။ ကျန်နှစ် ဦးကိုကားအလိုလို မျက်မုန်းကျိုးမိ၍ မိမိဘာသာမိမိ စကားမပြောဘဲ နေခြင်း ဖြစ်သည်။ထိုနှစ် ဦးက သူတို့ကို အမာညို စကားပြောမပြော သတိပင် ထားမိပုံမရချေ။
'ဟိုလေ မာညိုတို့ အခုသင်နေရတာ ဦးကြင်ဥကဗျာထဲမှာ ပါတာလေ၊ဝင်ကစွပ်ကောင်လေးတွေ တော့ တွေ့ ဖူးချင်သား၊ ကိုယ့်ဟာကိုယ် သွားလည်ရအောင်နော် ဖေဖေရာ'
'ဟဲ့ ကောင်မလေး၊ နင်က သူဌေးမို့ သွားလည်ချင်တာလား၊ ရောက်ဖူးချင်ရင် စာကျက်၊ လူရည်ချွန် ဖြစ်တော့ သွားရလိမ့်မယ်'
နောက်ဖေးဘက်မှထွက်လာသော မေမေကြီးကပြောသည်။ အမာညို၏ မျက်နှာပေါက်သည် မေမေကြီးနှင့် တူသည်ဟု ပြောကြသည်။ မေမေကြီး၏ မျက်နှာသည် ခုထိ လှဆဲ ဖြစ်သည်။ နှာတံတင်းတင်း၊ မျက်ခုံးနက်နက်နှင့် တိကျပြတ်သားဟန်ရှိသည်။ အမာညိုသည် ရုပ်ရည်လေးသာ မေမေကြီးနှင့် တူလိုသည်။ ကိုယ်လုံးပါတူမည် ကိုကား တွေး၍ ကြောက်မိရှာသည်။ မေမေကြီးသည်ကိုယ်အလေးချိန် ပေါင်တစ်ရာ့ငါးဆယ်ကျော်ရှိသဖြင့် အိနေအောင် ဝလေသည်။
'ဝင်ကစွပ်၊ မြင်ဆွတ်က ကြည်ဖို့ရာဟိုသို့ လာ၊ သည်သို့ သွားနှင့် အငှားခန္ဓာ မြှောင်ရတယ်၊ဆန်းခေါင်ထိမျိုး . . . တဲ့၊ မေမေကြီးရ၊ အဲဒီ အကောင်လေးတွေ ကိုမြင်ဖူးချင်တာပါ'
အမာညိုက ဦးကြင်ဥ၏ မော်တင်စွန်းဘွဲ့ကို သံနေသံထားနှင့် ရွတ်ပြလိုက်သည်။
'မြင်ရမယ်လေ၊ ကျွန်တော် သွားတော့ ဖမ်းလာခဲ့မယ်၊ နောက်ပြီးပုလင်းထဲမှာ ပင်လယ်ရေ ထည့်ယူခဲ့ဦးမယ်။ ဒီကျတော့မှ သောက်ပေါ့ ဟုတ်လား'
ညီလင်းက ရယ်မောပြောကာ အခန်းထောင့်တွင် ရှိသော ရေပန်းကရားကို သွားယူသည်။ ထို့နောက် ခြံထဲဆင်းသွားလေသည်။ ကျောင်းမသွားမီနံနက်စောစောတွင် သူ့ပန်းပင်လေးများ ကို ရေလောင်းရန်အတွက် ဖြစ်သည်။
'အမာညို'
မေမေ့အသံက နောက်ဖေးဘက်မှထွက်လာသည်။ အမာညိုသည်နေရာမှ ကမန်းကတန်း ထလိုက်သည်။ တိုင်ကပ်နာရီကို မော်ကြည့်မိသည်။ခုနစ်နာရီကျော်ပေပြီ။
'စာမေးပွဲနီးပြီဆိုလို့ စာကျက်ပါစေဆိုပြီး နောက်ဖေးမကူခိုင်းဘူး၊ သူကအဖေနားကပ်ပြီး လေပန်းနေတယ် လာခဲ့၊ ဘုရားဆွမ်းတော် ပွဲလာ ပြင်လှည့်''လာပြီ မေမေ လာပြီ'
အမာညိုသည် မီးဖိုချောင်သို့ ခပ်သွက်သွက် ပြေးဝင်လာသည်။ ပြောင်လက်နေအောင်တိုက်ချွတ်ထားသော ကြေးသပိတ်ကလေးကို ကြောင်အိမ်ပေါ်မှလှမ်းယူလိုက်သည်။ စာမေးပွဲနီးလှပြီ ဖြစ်သဖြင့် မေမေသည် အမာညိုကို ဘေးမဲ့ပေးကာ မီးဖိုတွင် တစ်ဦးတည်းကျုံး၍ လုပ်နေခြင်း ဖြစ်သည်။ ခုနစ်တန်းတုန်းကအစိုးရစစ်နှင့် လွဲခဲ့သော အမာညိုတို့သည် ယခုကိုးတန်းရောက်သော အခါ အစိုးရစစ်နှင့် တိုးတော့သည်။ အစိုးရစစ်ဆိုတော့လည်း ခါတိုင်းကျောင်းစစ်လို ပေါ့ပေါ့မနေရဲချေ။ သို့ ပါသော်လည်း မွေးကတည်းက ပါလာသော စာကျက်ပျင်းသော အကျင့်ကြောင့် အမာညိုသည် စာကိုတော့ ကြိုးကြိုးစားစား မကျက် ဖြစ်ချေ။အိမ်အလုပ်များ ကို အချောင်ခိုရင်း အောင်မှတ်ရရုံလောက်သာမှန်းပြီး ကျက်တတ်လေသည်။
'ဆွမ်းတော် ကို ဘာနဲ့တင်ရမလဲ မေမေ'
'အဲဒီ ပေါ်မှာ လိမ္မော်သီးရှိတယ် မဟုတ်လား'
အမာညိုသည် ကြောင်အိမ်ပေါ်မှ လိမ္မော်သီးလေးကို လှမ်းယူကာအခွံနွှာလိုက်သည်။ တစ်စိတ်ချင်းခွဲပြီး အကြောလေးများ ကိုစင်နေအောင် သင်ပြီးမှအငွေ့ထနေသော ဆွမ်းပေါ်တွင် စီ၍ တင်လိုက်လေသည်။သတင်းစာဖတ်ရင်း အိမ်သာတက်တတ်သော ဖေဖေသည် နောက်ဖေးသို့ လျှောက်လာသည်။ ချိုင်းတွင် သတင်းစာကိုညှပ်ထားရင်းမှ မျက်လုံးများ က ခုံဖိနပ်ကိုရှာနေသည်။ အိမ်သာနှင့် ရေချိုးခန်းသည် မီးဖိုနှင့် တွဲ လျက် ဖြစ်သည်။မီးဖိုကိုပါအင်္ဂတေခင်းထားသဖြင့် သူတို့အိမ်သည် မီးဖိုချောင်၌ ပါ ခုံဖိနပ် သုံးရသည်။ ယခုလည်း မေမေတစ်ရန်၊ အမာညိုတစ်ရန် စီးထားသဖြင့် ဖေဖေ့အတွက် ဖိနပ်မကျန်ချေ။
'ဖေဖေ ဒီမှာ ဖိနပ်'
အမာညိုသည် ဖိနပ်ကို ကမန်းကတန်းချွတ်၍ ပေးလိုက်သည်။ ထို့နောက် 'မေမေရေ ဈေးထဲက ခုံဖိနပ်ဝယ်ခဲ့ပါဦး' ဟု လှမ်း၍ ပြောလိုက်မိသည်။
'အဖေရေ့ ဒီနေ့ဘာထူးသေးတုံး'
မေမေသည် ဝက်သားကို ဆားနှင့် ဆုပ်နယ်နေရင်းမှ မေးနေကျအတိုင်း လှမ်းမေးသည်။ နံနက်တိုင်းဆိုလျှင် ဈေးဝယ်ချက်ပြုတ်နှင့် မို့ မေမေသည်လုံးဝမအားရှာပေ။ သတင်းစာကို နေ့ခင်းမှသာ ကောက်၍ ကိုင်နိုင်သည်။ ထို့ကြောင့် မနက်တိုင်း ဖေဖေသတင်းစာကိုင်၍ အိမ်သာဝင်တိုင်း'ဘာထူးလဲ' ဟုသတင်းထူးကို မေးလေ့ရှိသည်။
'ချာချီကြီးဆုံးပြီတဲ့ကွ'
'ဘယ်သူလဲ ဖေဖေ၊ ချာချီဆိုတာ အရင်တုန်းက အင်္ဂလန်မှာ ဝန်ကြီးချုပ် မဟုတ်လား၊ အမာညိုတို့ စာထဲမှာ သင်ရတယ်'
'ကြီးလှရောပေါ့'
မေမေသည် ဝက်သားအိုးကို မီးဖိုပေါ်တင်ကာ မီးစာမြှင့်လိုက်သည်။
'အသက်ကိုးဆယ်တဲ့၊ ဦးနှောက်သွေးကြောပိတ်တာတဲ့'
'ကိုးဆယ်ဆိုတဲ့အသက်ဆိုတာ ကြီးလှပြီ၊ ညိုဆိုရင် ကိုးဆယ်အထိမနေချင်ပါဘူးနော် မေမေရယ်၊ ခါးကုန်းကုန်းကြီးနဲ့နေရတာ စိတ်ညစ်စရာကြီး'
အမာညိုသည် ဆွမ်းသပိတ်လေးကို လင်ပန်းထဲထည့်ကာ မ ယူလိုက်သည်။ ထို့နောက် ဖေဖေ့လက်တွင် ပတ်ထားသော လက်ပတ်နာရီကို ကဲကြည့်လိုက်သည်။ ခုနစ်နာရီခွဲပေပြီ၊ ထို့ကြောင့် ဖိုပေါ်မှ ဝက်သားဟင်းသည်ကျောင်းအမီ ကျက်မှ ကျက်ပါမည် လားဟု စိုးရိမ်သွားသည်။
'သမီး ခုမှဆယ့်ငါးနှစ် ပဲရှိသေးတာကိုး ပြောဦးမှာ ပေါ့၊ ကြီးလာပြီးခါးကုန်းလာတော့လည်း ခါးကုန်းကုန်း ဆံဖြူဖြူကြီးနဲ့ပဲ ဘဝကို မက်မော ခင်တွယ်နေဦးမှာ ပဲကွဲ့၊ ဘဝတဏှာဆိုတာ အင်မတန်ကြီးတာ'
မေမေက တရားသံနှင့် ပြောသည်။ ထို့နောက် မဆီမဆိုင် အိမ်သာတွင်း ဝင်သွားသော ဖေဖေ့ကိုပါ စိုးရိမ်တကြီး လှမ်းပြောလေသည်။
'အဖေနော် ဒီနေ့နည်းနည်း အေးတယ်၊ ရေမချိုးနဲ့၊ အသက်တွေ ကငယ်တော့တာမဟုတ်ဘူး၊ တော် ကြာ ဦးနှောက်ထဲ သွေးခဲနေဦးမယ်၊ လေဖြတ်သွားဦးမယ်'
'ဟင်း သိပ္ပံမောင်ဝသာ ရှိသေးရင်၊ ပြေးပြီးမေးကြည့်လိုက်ချင်သေးတယ်၊ဒီလောက်မတရားငြင်းနေတာ'
သက်သက်က အမာညိုကို မျက်စောင်းထိုးရင်း ဒေါနှင့် မောနှင့် ပြောလေသည်။ အမာညိုကလည်း မလျှော့၊ ခပ်ဆတ်ဆတ်ပြန်ပြီး အော်သည်။
'ဟေ့ မရှိတော့တဲ့သူကို သက်သေမထူနဲ့ကွ၊ ခင်သန်းမြင့်တို့၊ မောင်လူမွှေးတို့၊ မယ်မွှေးတို့ရှိသေးတယ်၊ မယုံရင် သူတို့ကို သွားမေးကြည့်'
'မေးကို မေးရမယ်'
'အေး မြန်မြန်သာမေး'
စုလှိုင်သည် စကားနိုင်လုနေသူနှစ် ဦးကို ငေးကြည့်နေသည်။ ကြည့်မယ့်သာ ကြည့်နေသော်လည်း သူတို့ကို မမြင်ချေ။ တစ်ယောက် တစ်ခွန်း အော်ဟစ် ရန် ဖြစ်နေသော ဖေဖေနှင့် မေမေတို့၏ မနက်က ရန်ပွဲကို မြင်ယောင်နေမိသော ကြောင့် ဖြစ်သည်။
'ဟေ့ ယူတို့တွေ ဘာငြင်းနေကြတာလဲဟင်'
နံရံတွင် ကပ်ထားသော ကျောက်သင်ပုန်းကြီးကို ရေဝတ်နှင့် ပွတ်ဖျက်နေသော မသန်းအေးက လှမ်းမေးသည်။
'သက်သက်ပေါ့ မတရားကြီး ငြင်းနေတယ်'
'အောင်မာ သူက ငြင်းတာများ '
'ချီ၊ ဘူး၊ ဒိုင်းတို့ကလေ ခွေးနက်ကြီးရဲ့ ကလေးတွေ တဲ့၊ အာမိတ်ကြီးရဲ့ ကလေးတွေ ပါနော် မသန်းအေးရာ'
အမာညိုက ပြဿနာကို တင်ပြရင်း မသန်းအေးကိုပါ စစ်ကူတောင်းသည်။ ပြဿနာမရှိ ပြဿနာရှာနေကြသော သူတို့နှစ် ဦးကိုကြည့်ရင်း စုလှိုင်၏ ရင်ထဲတွင် ညစ်ညူးပြီး ငြီးငွေ့လာသည်။
အခန်းထောင့်တွင် ရှိသော သောက်ရေအိုးကို ကျောင်းသူနှစ် ဦးက ရေဖြည့်နေကြသည်။ အပြင်ဘက်တွင် ဆော့ကစားနေကြသော အသံများ သည်ကား စီခနဲ ညံခနဲ လျှံ၍ လျှံ၍ လာတတ်သည်။ ကျောင်းတက်ရန် နာရီဝက်ခန့်လိုသေးသဖြင့် အတန်းထဲတွင် လူမစုံသေးပေ။
'အေးလေ အာမိတ်ရဲ့ ကလေးတွေ ပေါ့'
မသန်းအေးကပါ ပြဿနာထဲ ပါလာသည်။ စုလှိုင်သည် သက်ပြင်းကလေး မသိမသာချရင်း စားပွဲပေါ်တွင် မှော က်ထားသော စာအုပ်ကလေးကိုစိုက်ကြည့်နေလိုက်မိသည်။ သိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးစာအုပ်ကလေး ဖြစ်သည်။
'ဟုတ်ပါဘူး၊ ခွေးနက်ကြီးရဲ့ ကလေးတွေ ပါနော်'
အမာညိုဘက်မှ စစ်ကူရောက်လာသော အခါ သက်သက်သည် မခံနိုင် မရပ်နိုင် ဖြစ်သွားသည်။ စုလှိုင်ကို အကူအညီတောင်းဟန်နှင့် လှမ်းကြည့်သည်။ စုလှိုင်က မလှုပ်သော အခါ သိပ္ပံမောင်ဝကို သွားမေးမည် ဟု အော်ပြန်လေသည်။
ထို ဝတ္ထုဆောင်းပါးများ သည် တက္ကသိုလ်ဝင်တန်း မြန်မာစာ အတွက်သတ်မှတ်ထားသော စာအုပ် ဖြစ်သည်။ ထို့ကြောင့် စုလှိုင်တို့အားလုံး သိပ္ပံ မောင်ဝ ပင်တိုင်ထားပြီး ရေး ဖွဲ့ထားသော ''မောင်လူအေး''၏ အကြောင်းကို ကျက်ကြမှတ်ကြရသည်။ ကျက်ရင်း မှတ်ရင်း စဉ်းစားရင်းမှ ''ကလေးတို့အဖေ'' ဟူသော ဝတ္ထုကလေးနှင့် ပတ်သက်ပြီး အငြင်းပွားကြရခြင်း ဖြစ်သည်။
အာမိတ်နှင့် လွေဇောသည် မောင်လူအေးနှင့် ခင်သန်းမြင့်တို့၏ အိမ်တွင် မွေးမြူထားသော ချင်းခွေးလေးနှစ် ကောင် ဖြစ်သည်။ ခင်သန်းမြင့်က အာမိတ်နှင့် လွေဇောကို ပေါင်းဖက်စေလိုသည်။ သို့ သော် လွေဇောက အာမိတ်ကို မêကိက်ချေ။ အောက်တန်းစား ခွေးနက်ကြီးနှင့် êကိက်သဖြင့် ခင်သန်းမြင့်က အတင်းခွဲထားခဲ့ကြောင်း ''အချစ်မီး'' ဟူသော ဝတ္ထုထဲတွင် ရေး ဖွဲ့ထားသည်။ ထိုမှအဆက်''ကလေးတို့အဖေ'' ဟူသော ဝတ္ထုထဲတွင် ကား လွေဇောသည် ''ချီ၊ ဘူး၊ ဒိုင်း''ဟူသော ခွေးငယ် ရင်သွေးကလေးများ ရနေပြီ ဖြစ်သည်။ ခွေးအမေ လွေဇောက ခွေးငယ်ကလေးများ ကို အရေး မစိုက်ချေ။ ခွေးနက်ကြီးနှင့် သာ တတွဲ တွဲ နေလေသည်။ အာမိတ်ကြီးကသာ ခွေးကလေးများ ကို ဂရုတစိုက် ထိန်းသိမ်းနေကြောင်း ရေး ဖွဲ့ထားလေသည်။ ထိုအခါ အမာညိုနှင့် သက်သက်တို့ နှစ် ယောက် ကြားထဲတွင် ပြဿနာပေါ်တော့သည်။
'ဟေ့ ခေါင်းစဉ်ကိုက ကလေးတို့အဖေတဲ့၊ ရေး တာက အာမိတ်အကြောင်း၊ ရှင်းနေတာပဲ၊ ဘာမှငြင်းနေစရာမလိုဘူး မိသက်ရဲ့ '
'ဟာ ဟ၊ လွေဇောက အာမိတ်ကို အစ်ကိုလိုပဲ ချစ်တာ၊ အာမိတ်ကလည်း လွေဇောကို မကြိုက်ဘူး၊ သူတို့နှစ် ယောက် က မောင်နှမလိုပဲ နေတာလင်မယားလို မကြိုက်ဘူး သိရဲ့ လား'
'အမယ် နင့်ဘယ်သူပြော'
''အချစ်မီး'' ထဲမှာ ပါတာ မမှတ်မိဘူးလား၊ ခွေးနက်ကြီးနောက်ကိုလွေဇောက ဆင်းလိုက်သွားတော့ အာမိတ်ကြီးကပါ တတန်းတန်းနဲ့ ယောက် ဖနောက် လိုက်သွားတယ်လို့ ရေး ထားတယ်လေ၊ ဒီမှာ ကြည့်၊ ဒီမှာ ပြန်ဖတ်ကြည့်ပါလား'
'ဒါပေမဲ့ ခင်သန်းမြင့်က အတင်းပေးစားရင် သူတို့က ဘယ်ငြင်းနိုင်မလဲ၊ ယူလိုက်ရမှာ ပေါ့'
'ဟေ့ ခွေးဆိုတာ လူတွေ ထက်သစ္စာရှိတယ်၊ အတင်းပေးစားတိုင်းယူမယ်အောက်မေ့လို့လား'
'ဟာ ဟ၊ ခွေးကများ လူထက်သစ္စာရှိသေးတယ်တဲ့'
'ဟုတ်တယ်'
'ဒီလိုဆို နင်လူကိုမကြိုက်နဲ့၊ ခွေးကိုကြိုက်၊ ခွေးသစ္စာရှင်ကြီးကိုပဲ ယူ၊ခွေးကတော် ပဲ လုပ်တော့ပေါ့ အောင်နက်ကတော် ရဲ့ '
'အောင်မာ အောင်မာ'
သက်သက်သည် ဆွေ့ဆွေ့ခုန်အောင် ဒေါသထွက်သွားသည်။ ခုံပေါ်မှ ဝါးပေတံလေးကိုကောက်ယူကာ အမာညိုအား မမီမကမ်းလှမ်း ရိုက်လိုက်သည်။ အမာညိုက လျင်ပြီးသား ဖြစ်သည်။ ကိုယ်ကို ယို့၍ လွတ်အောင် ရှောင်လိုက်သည်။ ထို့နောက် ရယ်မောရင်းမှ ခုံကိုပတ်၍ အခန်းအပြင်သို့ ထွက်ပြေးသွားသည်။ အခန်းအပြင်ရောက်သော အခါမှ 'အောင်နက်ကတော် ၊ ခွေးကတော် ၊တကြော်ကြော်အော်ပါနဲ့၊ အလိုတော် ခေါ်ပါရဲ့ ၊ အောင်နက် ကတော် ၊ ခွေးကတော် ' ဟု ထပ်ခါ ထပ်ခါ အော်လေတော့သည်။ သက်သက်က အံ တကျိကျိကြိတ်ရင်း မကြားချင်ဟန်ဆောင်နေသည်။ ကျောခိုင်းထားလိုက်သည်။ မခံနိုင်၍ ထလိုက်လျှင်လည်း မိအောင်လိုက်နိုင်မည် မဟုတ်ချေ။ အမာညိုသည် အလွန်အပြေးသန်ကြောင်း သိထားသော ကြောင့် ဖြစ်သည်။
သက်သက်သည် အမာညို့ကို ခေတ္တမျှ လျစ်လျူရှုထားလိုက်ပြီး စုလှိုင်ကို လှည့်ကြည့်သည်။ ဆူညံလှုပ်ရှားနေသော ဝန်းကျင်တွင် စုလှိုင်သည်အငြိမ်ကြီး ငြိမ်နေလေသည်။ ပြောင်စပ်စပ်နှင့် ခုန်ဆွခုန်ဆွလုပ်ရင်း အော်နေသော အမာညိုကို တွေ တွေ ဝေဝေ ငေးမောကြည့်နေလေသည်။
'စုလှိုင် ဘာ ဖြစ်နေတာလဲ'
'ဘာမှမ ဖြစ်ပါဘူး'
သက်သက်က မေးသော အခါ စုလှိုင်၏ ညိုမှိုင်းသော မျက်လုံးအစုံသည် သက်သက်ဆီသို့ ပြောင်းလွဲကြည့်ရှုလာသည်။ ထိုမျက်လုံးများ ကို သက်သက် မနှစ် ûမိ့ပေ။ သူ့အတွင်းစိတ်ကို ဖတ်၍ မရအောင် သူ့မျက်လုံးများ ကို အလွှာတစ်ခု ထပ်မံပြီး အုပ်ထားသလို ခံစားရတတ်သော ကြောင့် ဖြစ်သည်။
'ဘာလို့ မှိုင်နေတာလဲ'
'ကိုယ်မှိုင်နေလို့လား'
စုလှိုင်က ခပ်ကြောင်ကြောင် ပြန်မေးစဉ် စူးရှသော ခေါင်းလောင်းသံက ထွက်ပေါ်လာသည်။ ကျောင်းတက်ပေပြီ။ အခန်းအပြင်ဘက်မှကျောင်းသူများ သည် အခန်းထဲသို့ တဝုန်းဝုန်းဝင်လာကြသည်။ စားလက်စ သရက်ပြားချဉ်ချဉ်ကို ကမန်းကတန်း ပြီးအောင်စားနေသော ခင်ခင်လှ၏ မျက်နှာသည် ရှုံ့မဲ့နေသည်။ အမာညိုသည် သက်သက်ကို ပေစောင်းစောင်းကြည့်ရင်း သူ့နေရာသို့ သူကြောက်ဆုတ် ကြောက်ဆုတ်နှင့် ပြန်ရောက်လာသည်။ သက်သက်က သူ့ကိုဂရုမထားဘဲ စုလှိုင်ကို အကဲခတ်နေဟန်ကိုတွေ့ ရသော အခါ သူကပါ စုလှိုင်ကိုငဲ့ပြီးကြည့်မိလေသည်။ စုလှိုင်သည် သူတို့နှစ် ဦးကို ခပ်စိန်းစိန်းပြန်ကြည့်ပြီး ပြုံးလိုက်သည်။ သို့ သော် သူ့အပြုံးသည် အသက် မပါလှချေ။
'စုလှိုင်က တစ်မျိုးပဲ'
အမာညိုက စိတ်ထဲမှပြောလိုက်မိစဉ် အတန်းပိုင်ဆရာမ ဝင်လာသည်။ ထို့ကြောင့် တစ်တန်းလုံးမတ်တတ်ရပ်ကာ အရိုအသေûပလိုက်ကြသည်။ဆရာမ က ကျောင်းခေါ်ချိန်စာအုပ်ကိုဖွင့်ကာ ခေါ်သော အခါတွင် ကား အမာညိုသည် စုလှိုင်ကို သတိမရတော့ပေ၊ မေ့သွားပြီ ဖြစ်သည်။
'ခင်ခင်လှ'
'ပရဲဆင့်တီချာ'
'စုစုလှိုင်'
'ပရဲဆင့်တီချာ'
'အယ်မာထွေး'
'ခွင့်တိုင်ထားပါတယ်'
'သက်သက်'
'ပရဲဆင့်တီချာ'
ထိုအချိန်တွင် အမာညိုသည် မကျေလည်သေးသော ခက်ဆစ်များ ကိုကမန်းကတန်း ကျက်မှတ်နေသည်။ ကျောင်းမတက်ခင် အပြီးကျက်မည် ဟုစိတ်ကူးထားသော်လည်း အာမိတ်တို့ လွေဇောတို့ ဝင်ရောက်နှိပ်စက်လိုက်သော ကြောင့် မကျက် ဖြစ်လိုက်ပေ။ ဆရာမ စာမေး၍ မဖြေနိုင်လျှင် ပြန်မထိုင်ရပေ။မတ်တတ်ရပ်နေရသော ကြောင့် အလွန်ရှက်ဖို့ကောင်းလေသည်။
'ဒီနေ့ မုန့်ဖိုးတစ်မတ်အပိုပါတယ် ဆရာ၊ မနေ့တုန်းက နို့ဆီခွက်ရောင်းတာလေ၊ ငါးပြားဖိုး ငါးခွက်ရတယ်၊ နို့ဆီခွက်က နှစ် ဆယ့်လေးလုံးပဲရှိတာ၊ အဘိုးကြီးက သဘောကောင်းတယ်၊ တစ်မတ်ပေးသွားတယ်၊ တစ်လုံးလျှော့ယူသွားတယ် သိလား'
'ဟယ် တန်တာပေါ့၊ ဒို့ဘက်မှာ ခြောက်ခွက်မှ ငါးပြားရယ်'
အမာညို၏ ရှေ့ခုံတွင် ထိုင်နေသော သက်သက်နှင့် မသန်းအေးတို့ကခပ်တိုးတိုး ပြောနေကြသည်။ အမာညိုသည် ခက်ဆစ်ကျက်နေရင်း မီးဖိုအောက်မှ နို့ဆီခွက်ပုံကြီးကို ပြေး၍ မြင်ယောင်လိုက်သည်။ စိတ်တွက်နှင့် တွက်ကြည့်ရင်းငါးမူးဖိုးခန့်ရှိမည် ဟု ခန့်မှန်းလိုက်သည်။ မေမေတို့ မရောင်းမီ ဦးအောင် ရောင်းပြီးမုန့်ဖိုးရှာရန် စဉ်းစားမိပြီး ပျော်သွားသည်။
'ဟေ့ အမာညို သန်လျင် ကူးတို့သစ် နှစ် စင်းရောက်ပြီတဲ့ သိလား၊သင်္ဘောနာမည် က ယူ့နာမည် အတိုင်းပဲ'
နောက်ဘက်ခုံမှ အယ်မာထွေးက ကိုယ်ကို ရှေ့ဘက်သို့ ကိုင်းညွတ်ကာ တိုးတိုးလေးလှမ်းပြောသည်။
'ဘာလဲ အမာညိုတဲ့လား'
'ဟုတ်ပါဘူး၊ သူကဗျာစပ်ရင်သုံးမယ့် ကလောင်နာမည် လေ'
'ဟောတော် သီတာတဲ့လား'
အမာညိုသည် ကာရန်အကြောင်း လုံးဝနားမလည်သော်လည်းကဗျာစပ်ရန် ကြိုးပမ်းနေသူ ဖြစ်သည်။ ကဗျာက ဘယ်နေမှန်းမသိသေးသော်လည်း အေးမြခြင်းကို အဓိပ္ပာယ်ဆောင်သည့် ကလောင်အမည် လှလှကိုကားရွေးထား ပြီး ဖြစ်သည်။ ယခုတော့ လူနာမည် ကို သင်္ဘော ဦးသွားချေပြီ။
'ဟုတ်တယ်၊ သီတာ ၁ နဲ့ သီတာ ၂ တဲ့'
'ဒီလိုဆို ကိုယ်က သီတာ ၃ ပေါ့'
စကားသံကြားရာသို့ ဆရာမ က မျက်လုံးလှန်ပြီး လှမ်းကြည့်သည်။အမာညိုသည် ခေါင်းလေးပုသွားရင်း ငြိမ်သွားသည်။ ထို့နောက် စက္ကူဖြူနှင့် ဖုံးထားသော စာအုပ်အဖုံးပေါ်တွင် ခက်ဆစ်အဖြေများ ကို လက်ရေး သေးသေးနှင့် မှု န်မှု န်လေး ရေး နေလိုက်သည်။
အတန်းရှိ ၄၅
တက် ၄၂
ခွင့် ၂
ပျက် ၁
နေ့စွဲ ၂၂၊ ၉၊ ၆၅
အတန်းမော်နီတာ ခင်ခင်လှက နံရံတွင် ကပ်ထားသော ကျောက်သင်ပုန်းကြီး၏ ထောင့်တွင် လှပ သေသပ်စွာ ရေး ပြီးသော အခါ ဆရာမ ကလည်းကျောင်းခေါ်ချိန်စာအုပ်ကို ပိတ်လိုက်သည်။
'ကဲ စာအုပ်တွေ ပိတ် ခက်ဆစ်မေးမယ်'
အမာညို စာမရသေးပေ။ စာမရသေးသော်လည်း ဒဏ်ပေးတော့ မခံချင်ပေ။ ဒီအရေး များ ကို ကြိုမြင်သဖြင့် စာမေးလျှင်ခေါင်းငုံ့ပြီး စဉ်းစား သလိုလိုနှင့် စာအုပ်ဖုံးပေါ်မှ ခက်ဆစ်များ ကို ကြည့်ပြီးဖြေရန် စီစဉ်စဉ်းစားပြီး ဖြစ်သည်။ သို့ သော်လည်း တတ်နိုင်လျှင်တော့ စာမေးမခံချင်ပေ။ ထို့ကြောင့် မျက်နှာထားကိုပြင်ရသည်။ ဆရာမ က အလွန်ပါးသည်။ မျက်နှာကဲ အလွန်ခတ်တတ်သည်။ခေါင်းငုံ့နေသူ၊ သူနှင့် မျက်နှာချင်းမဆိုင်ဝံ့သူများ ကို ရွေးပြီးမေးတတ်သည်။ ထိုသူများ သည် စာမရသူများ ဟု အလိုလိုသိပုံရသည်။
သို့ သော် အမာညိုတို့က ဆရာမ ထက် ပါးသည်။ မျက်နှာကို ရဲရဲတင်းတင်း မော့၍ ထားသည်။ ûပံး၍ ပင်နေလိုက်သေးသည်။ ထို့ကြောင့် ဆရာမ က သူ့ကိုကျော်ကာ သူ့နောက်ဘက်တွင် ထိုင်နေသော စုလှိုင်ကိုမေးလေသည်။စုလှိုင်သည် စာကို စိတ်ဝင်စားဟန်မတူဘဲ ကျောက်သင်ပုန်းကြီးကို ငေးမောကြည့်နေသော ကြောင့် ဖြစ်လေသည်။
စုလှိုင်ကို စာမရဟု ထင်မှတ်သော ကြောင့် မေးခြင်း ဖြစ်သော်လည်းသူသည် ဆရာမ မေးသမျှကို ဒိုးဒိုးဒေါက်ဒေါက် ဖြေနိုင်လေသည်။ ထို့နောက်သူ့နေရာသူ ပြန်ထိုင်ကာ ကျောက်သင်ပုန်းကြီးကို ပြန်ငေးနေပြန်လေသည်။
'စုလှိုင်က တစ်မျိုးပဲ'
အမာညိုသည် စုလှိုင်ကိုငဲ့ကြည့်ရင်း ဒုတိယအကြိမ် စိတ်ထဲမှ ပြောလိုက်မိပြန်လေသည်။
'သူတို့တွေ က ပြောတယ်၊ စုလှိုင်က တစ်မျိုးပဲတဲ့၊ အဲဒါ ဟုတ်သလား ဟင်မာမီကြီး'
စုလှိုင်သည် မာမီကြီး၏ ခုတင်ဘေးတွင် အသာလေးဝင်ထိုင်ရင်း မေးသည်။ မာမီကြီးသည် သူ့လက်ထဲမှ ဓမ္မပဒစာအုပ်လေးကိုခေါက်၍ ပိတ်လိုက်ပြီးမှ စုလှိုင်ကိုငဲ့ကြည့်သည်။ နက်မှော င်နေသော ဆံပင်များ သည် ပါးရေ နားရေတွန့်နေသော မာမီကြီး၏ မျက်နှာနှင့် မလိုက်ဖက်လှပေ။ မာမီကြီးသည် အသက်ခုနစ်ဆယ်နားနီးကာ အိုမင်းမစွမ်းရှိပြီ ဖြစ်သော်လည်း ဇရာကို ဖုံးကွယ်ရန် êကိးစားနေဆဲ ဖြစ်လေသည်။
'စုလှိုင်က တစ်မျိုးပဲ တစ်မျိုးပဲနဲ့ ခဏခဏပြောကြတယ်၊ ဘာ ဖြစ်လို့ပြောကြတာလဲ ဟင်'
စုလှိုင်က ထပ်၍ မေးလိုက်မိပြန်သည်။ မာမီကြီးသည် စုလှိုင်ကို ခြေဆုံးခေါင်းဆုံး ခပ်စူးစူးကြည့်ပြီး သရော်သလိုပြုံးလိုက်လေသည်။
'တစ်မျိုး ဖြစ်နေလို့ တစ်မျိုးပဲလို့ပြောတာ ဖြစ်မှာ ပေါ့အေ့၊ ညည်းကအမေတူပဲ၊ ညည်းအမေလည်း တစ်မျိုးပဲဟာ'
'မာမီက မာမီကြီးရဲ့ သမီးပဲ'
မကျေမနပ် စောဒကတက်လိုက်သော စုလှိုင်ကို မာမီကြီးက ဂရုမûပအားပေ။ အိပ်ရာဘေးရှိ စားပွဲပေါ်မှ ကရင်ပတ်ဖ်ဘူးလေးကိုလှမ်းယူကာ သူ့မျက်နှာကို တစ်ချက်နှစ် ချက် သ လိုက်သည်။ ဖြူသော ဆံပင်ကို ဆေးနက်များ ကမည်းသွားစေသော်လည်း တွန့်နေသော ပါးရေများ ကို ကရင်ပတ်ဖ်က ဖုံးကွယ်ခြင်း မûပနိုင်သည့်အတွက် စုလှိုင်သည် အသာမျက်နှာလွှဲလိုက်သည်။ ဓမ္မပဒကိုဟန်တပြပြဖတ်နေသော်လည်း မာမီကြီး၏ ရင်ထဲတွင် တရားဟူ၍ မြူမှု န်မျှမရှိသေးသည်ကို စုလှိုင်နားလည်လိုက်သည်။
'ငါ့သမီးပေမယ့် ဒင်းက ငါ့စကားကို တစ်သက်လုံးနားထောင်ခဲ့တာမှ မဟုတ်ဘဲ၊ သူထင်ရာ သူလုပ်နေတာ'
အောက်ထပ်ရှိ ဖဲဝိုင်းမှရယ်မောသံများ သည် အပေါ်ထပ်ထိအောင် လျှံပြီး တက်လာသည်။ ချိုလွင်သော ရယ်သံလေးက အကျယ်ဆုံး ဖြစ်သည်။ မာမီ့အသံ ဖြစ်ကြောင်း စုလှိုင်သိလိုက်သည်။
'အန်တီကြီး ဆေးသောက်ချိန်ရောက်ပြီလေ'
မာမီကြီးအတွက် သီးသန့်ငှားထားသော သူနာပြုဆရာမ လေးကအခန်းထဲဝင်လာကာ သတိပေးသည်။ မာမီကြီးသည် ဆေးမသောက်လိုဟန်နှင့် ခေါင်းယမ်းသော်လည်း သူနာပြုဆရာမ လေး ကမ်းပေးသော ဆေးခွက်ကလေးကို မငြင်းမဆန်သောက်ချလိုက်သည်။
'ဒင်းက ငါ့စကားကို နားထောင်တာမဟုတ်ဘူး၊ ကလေကချေကောင်တွေ နဲ့ ရည်းစားထားလားထားရဲ့ ၊ လိုက်ပြေးမယ် လုပ်လား လုပ်ရဲ့ '
'မာမီကပြောဖူးတယ်၊ ဒက်ဒီဟာ မာမီကြီးရွေးတဲ့ သမက်ဆို'
'အေးလေ ညည်းအဖေက ကျုပ်ရွေးတဲ့ သမက်ပေါ့၊ အရည်အချင်းရှိတယ်၊ ချမ်းသာတယ်၊ လုပ်ရဲကိုင်ရဲရှိတယ်၊ ဒီလိုလူမျိုးကိုယူရင် တစ်သက်မဆင်းရဲဘူးဆိုတာ၊ မိစုလှိုင် ညည်းလည်းမှတ်ထား'
'မာမီကြီးက မာမီ့ကို ဒက်ဒီနဲ့ အတင်းပေးစားခဲ့တာလားဟင်'
'ဒါပေါ့ ဒင်းက သမီး ငါက အမေပဲ'
အောက်ထပ်မှရယ်မောသံများ သည် ပျံ့လွင့်လာပြန်သည်။ ရယ်သံများ ကိုနားစိုက်ထောင်ရင်း စုလှိုင်ငြီးငွေ့လာသည်။ ခုတင်တိုင်လေးကို ခပ်လျော့လျော့မှီလိုက်ပြီးမှ မိတ်ကပ်ခြယ်သထားသော မာမီကြီး၏ မျက်နှာကို ငေးကြည့်နေမိသည်။
'ခုတော့ကြည့်လေ ရယ်လို့မောလို့ ပျော်လို့ ရွှင်လို့ မဟုတ်လား၊ သူဌေးကတော် ဆိုတာ နည်းတဲ့ဂုဏ်လား၊ ဒါတောင် ခေတ် ပြောင်းသွား လို့၊ ညည်းအဖေအမတ် ဖြစ်တုန်းကဆိုရင် ပဝါနှစ် စချပြီးသမ္မတအိမ်ကဧည့်ခံပွဲတွေ တက်ရတာ ဘယ်လောက်ဂုဏ်ရှိတယ် အောက်မေ့လဲ'
စုလှိုင်သည် ပျင်းရိစွာ သမ်းဝေလိုက်ပြီး ထိုင်ရာမှ ထလိုက်သည်။ မာမီကြီး၏ စကားများ ကို နားထောင်ရန် စိတ်မဝင်စားတော့ပေ။ မာမီကြီးသည် အင်္ဂလိပ်ခေတ်အကြောင်းကို စကားစ ဆွယ်သွားပြီး ပြောပြတော့မည် ကို သိထားသည့်အတွက်ကြောင့် ဖြစ်လေသည်။ မာမီကြီးပြောပြမည့် မျက်နှာဖြူသခင်ကြီး၊သခင်မကြီးများ အကြောင်းကို စုလှိုင်ငယ်စဉ်ကတည်းကပင် ထပ်ပြန်တလဲလဲနားထောင်ခဲ့ဖူးပြီ ဖြစ်သည်။
'ပဝါချတာ စကားစပ်မိလို့ပြောရဦးမယ်၊ ရစ်ချတ်သခင်ကြီးဆိုရင် ပဝါချတာ မာမီကြီးလှလွန်းလို့တဲ့၊ တဖွဖွချီးကျူးပြီး ဓာတ်ပုံတောင်ရိုက်ယူသွားတာ၊လူကလေးမောင်လှ မောင်မင်းမိန်းမ သိပ်လှတယ် သိပ်လှတယ်နဲ့ ညည်းတို့အဘိုးကို ကျောသပ်သပ်ပြီး ပြောတာကွယ်'ကုလားထိုင်တွင် ထိုင်နေသော သူနာûပဆရာမ လေး၏ မျက်တောင်သည် စင်းငိုက်နေသည်။ ဇာခန်းဆီး ပြာပြာလေးကမူ လေပြည်ထဲတွင် တလွန့်လွန့်လူးနေသည်။ စုလှိုင်သည် ဇာခန်းဆီးလေးကို လက်နှင့် သိမ်းဖယ်ကာ အခန်းထဲမှ ခပ်သွက်သွက်ထွက်လိုက်သည်။ ထို့နောက် မာမီကြီးကို မကြားတကြားလှမ်းပြောလိုက်မိသည်။
'မာမီကြီးကလည်း တစ်မျိုးပါပဲ'
'ဘာပဲ ဖြစ် ဖြစ် ဒို့တွေ ဟာ ဒို့အဘိုးတွေ အဖေတွေ ထက်တော့ ကံကောင်းတယ်သိလား'
'ဘာ ဖြစ်လို့'
စုလှိုင်သည် ပါတာနီစေ့လေးများ ကို တစ်စေ့ချင်းဝါးနေရင်းမှ အမာညိုနှင့် သက်သက်ကို မသိမသာငဲ့ကြည့်လေသည်။ သက်သက်သည် ခုံပေါ်တွင် ရပ်ရင်း ရေဆွတ်ထားသော အဝတ်နှင့် မှန်ပြတင်းကိုပွတ်တိုက်နေသည်။ အမာညိုက ရေတစ်ပုံးနှင့် အောက်ဘက်မှစောင့်နေလေသည်။ သူတို့နှစ် ဦးသည် တတွဲ တွဲ နှင့် အလွန်ခင်လှသည်။ ခင်သလောက်လည်း ရန် ဖြစ်လှသည်။ သူတို့လောက်အငြင်းသန်သူကို ရှာတွေ့ ရန်မလွယ်လှပေ။ ယခုလည်း တစ်စုံတစ်ခုကို ငြင်းခုံရန်အစပျိုးပြန်ချေပြီဟု စုလှိုင် တွေးလိုက်မိလေသည်။
'ဒို့တွေ က လွတ်လပ်ရေး ရပြီးမှမွေးတာလေ၊ သခင်ကလေးတွေ အ ဖြစ်လွတ်လွတ်လပ်လပ်မွေးလာတာ'
'အေးပေါ့ ဒီမှာ ကြည့်၊ သခင်မကြီး အမာညိုတဲ့'
'အမေတို့ အဖေတို့ ကတော့ ကျွန်ကလေးတွေ အ ဖြစ် မွေးလာပြီး ကျွန်ကြီးတွေ အနေနဲ့ ကြီးပြင်းခဲ့ရတာ ဘယ်လောက်သနားဖို့ ကောင်းသလဲ'
စုလှိုင်သည် ဒီတစ်ခါ မငြင်းမခုံဘဲ အတိုင်အဖောက်ညီညီပြောနေသော သူတို့နှစ် ဦးကိုငေးကြည့်ရင်း ခေါင်းထဲတွင် ဝေတေတေ ဝါးတားတား ဖြစ်သွားသည်။ အဘွားသည်လည်း ကျွန်ကလေးအ ဖြစ်နှင့် မွေးဖွားလာခဲ့ပြီးကျွန်ကြီးအ ဖြစ်နှင့် ကြီးပြင်းခဲ့ရသူ ဖြစ်လေသည်။ သို့ သော် သူသည် ထိုကျွန်ဘဝကိုပင် တတမ်းတတနှင့် တမ်းတ၍ မဆုံးနိုင်အောင်ရှိတော့သည်။ ထိုကျွန်ဘဝတွင် အဘွားသည် အလွန်ပျော်ခဲ့ဟန်ရှိလေသည်။
'ကိုကို ကတော့ နှစ်ရက်ကပ်ပြီး ကျွန် ဖြစ်သွားသေးတယ်၊ သူက ဇန်နဝါရီလ နှစ် ရက်နေ့မှာ မွေးတာ၊ လေးရက်နေ့မှ လွတ်လပ်ရေး ရတာ လေ၊ မေမေ့ကို ခဏခဏပြောတယ်သိလား၊ မေမေကလည်း အောင့်ထားရောပေါ့၊ လွတ်လပ်ရေး ရမှ မွေးရောပေါ့တဲ့'
သက်သက်လှမ်းပေးသော ရေဝတ်ကို အမာညိုသည် ရေပုံးထဲနှစ် ကာပွတ်တိုက်လိုက်သည်။ ထို့နောက်မှာ ညှစ်ကာ ပြန်ပေးသည်။ စုလှိုင်သည် အနည်ထနေသော ရေများ ကိုငုံ့ကြည့်နေရင်း အမာညို့အစ်ကို ဖြစ်သူ၏ အသက်ကို စိတ်တွက်နှင့် တွက်ကြည့်နေမိသည်။
'အင်္ဂလိပ်တွေ ဟာ နှစ် ရှည်စီမံကိန်းနဲ့ကို ယုတ်မာတာကွ သိလား၊မနေ့တုန်းကမှ ဦးလေးထွန်းကရှင်းပြနေတယ်၊ ရခိုင်ပြည်နယ်ဘက်မှာ အရက်ဆိုင်တွေ ဖွင့်တာ၊ တစ်ပြည်လုံးအနှံ့ ဘိန်းခန်းတွေ ဖွင့်ပေးတာဟာ လူမျိုးလိုက်အညွန့်တုံးအောင် လုပ်တာတဲ့၊ နောက်ပြီး တက္ကသိုလ်ဆောက်ဖို့ ရန်ပုံငွေဆိုပြီးလောင်း ကစားဝိုင်းတွေ ထောင်ပြီး ငွေရှာသတဲ့ကွာ၊ တောင်သူ လယ်သမားတွေ ပဲဖြူကာ ပြာကာကျပြီး ဆင်းရဲသွားတာပေါ့'
'အေးလေ နောက်ပြီး ဘုရားများ ထူးခံချင်သေးတယ်တဲ့၊ ထူးတဲ့လူတွေ ကလည်း ထူးတာပဲတဲ့၊ သခင်သခင်နဲ့ လက်အုပ်ချီနေတဲ့အလိုတော် ရိတွေ ကလည်း အများ ကြီးပဲတဲ့'
စုလှိုင်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ အားရပါးရပြောနေသော အမာညို၏ မျက်နှာကိုစိုက်ကြည့်နေမိရာမှ ဖျတ်ခနဲ မျက်လုံးလွှဲလိုက်သည်။ သူ့လက်ထဲတွင် ကိုင်ထားသော သံကိုင်းတပ်ရေပုံးလေးကို ဝေဝါးစွာ ကြည့်နေမိသည်။ ရေပုံးထဲမှ ရေများ က ဘောင်ဘင်ခတ်နေသည်။ 'သခင် သခင်နဲ့ လက်အုပ်ချီနေတဲ့ အလိုတော် ရိတွေ ' ဟု စိတ်ထဲမှထပ်ဆင့်ပြီး ရေရွတ်နေမိသည်။'ဗြူရိုကရက်ဆိုတာဘာလဲဟင်'
'အင်္ဂလိပ်ခေတ်ကအရာရှိတွေ ကိုခေါ်တာပဲဟ'
'ဒီလိုဆို ဗြူရိုကရက်ဆိုတာ ဘောင်းဘီကြီးတွေ နဲ့ပေါ့'
'ဘာဆိုင်လို့လဲ'
'အင်္ဂလိပ်ခေတ်ကဆို'
'ဟုတ်သေးပါဘူးဟ၊ ဗြူရိုကရက်ဆိုတာ ပုဆိုးဝတ်ချင်လည်း ဝတ်မှာ ပေါ့၊ ဘောင်းဘီဝတ်ချင်လည်း ဝတ်မှာ ပေါ့၊ ပုဆိုးဝတ်ဝတ် ဘောင်းဘီ ဝတ်ဝတ် ဗြူရိုချင် ဗြူရို ကရက်ချင် ကရက်နေမှာ ပေါ့၊ ငါတော့ အသေအချာ မသိပါဘူး၊ တီချာလာတော့ မေးကြည့်'
သက်သက်သည် ကုလားထိုင်ပေါ်မှခုန်ဆင်းလိုက်သည်။ သူပွတ်တိုက်ခဲ့သော မှန်ပြတင်းလေးသည် ပြောင်လက်နေလေသည်။ စုလှိုင်သည်အဘွားပြောလေ့ရှိသော ရစ်ချတ်သခင်ကြီးအကြောင်းကို စဉ်းစားနေမိသည်။သက်သက်တို့စကားအရပြောရလျှင် ရစ်ချတ်သခင်ကြီးသည် ဗြူရိုကရက်ကြီး ဖြစ်ကာ သူ့ကိုလက်အုပ်ချီရှိခိုးနေကြသော အဘိုးတို့ အဘွားတို့သည် အလိုတော် ရိကြီးများ ဖြစ်လေသည်။
'တော် လှန်ရေး တုန်းက ဦးလေးထွန်းပါသလားဟင်'
'ပါတာပေါ့၊ ဦးလေးထွန်းရော ဖေဖေရော'
'သိပ်သတ္တိကောင်းတာပဲနော်'
'အမျိုးကိုချစ်တာကိုးဟ'
'သူတို့တွေ နည်းနည်း မှမကြောက်ဘူးလားဟင်'
'ဦးလေးထွန်းကို ဂျပန်တွေ ဖမ်းမိတော့ လက်သည်းခွံတွေ တောင် ခွာသေးတယ်တဲ့၊ ဖေဖေ ဘယ်မှာ လဲမေးတာလေ၊ ဦးလေးထွန်းက အတင်းဘူးခံနေလိုက်တာတဲ့၊ ဖေဖေ့ကိုသာမိသွားရင် ငါတို့တွေ လူ့ပြည်ကိုတောင် ရောက်လာတော့မှာ မဟုတ်ဘူး'
သက်သက်သည် ခုံများ ကို ညီနေအောင်စီရင်း ပြောသည်။ သူ့မျက်နှာလေးသည် ဂုဏ်ယူဟန် ဝင့်ကြွားဟန်နှင့် တောက်ပနေလေသည်။ ထိုမျက်နှာလေးကို စုလှိုင်သည် မနာလိုသလို ငေးပြီးကြည့်နေမိသည်။
'တချို့ အလိုတော် ရိတွေ က သူတို့သခင်တွေ နဲ့ အတူတူ ကုလားပြည်ထွက်ပြေးကြတယ်တဲ့လေ၊ အားကြီးကျွန်စိတ်ရှိတဲ့ဟာတွေ '
စုလှိုင်၏ ရင်သည် ဒုတိယအကြိမ် ဒိန်းခနဲခုန်ပြန်လေသည်။ မျက်နှာတစ်ပြင်လုံး ပူထူသွားသည်။ ဒက်ဒီကြီးနှင့် မာမီကြီးတို့အကြောင်း တွေးမိပြီး ရှက်စိတ်ကလေး ဝေတက်လာသည်။ မြန်မာ့တော် လှန်ရေး စသော အခါ ဒက်ဒီကြီးနှင့် မာမီကြီးတို့သည် ရစ်ချတ်သခင်ကြီးနှင့် အတူတူ အထက် မြန်မာပြည်သို့ တက်ပြေးခဲ့ကြသည်။ ၄င်းမှတစ်ဆင့် အိန္ဒိယသို့ ပြေးရန် ကြံရွယ်ခဲ့ကြောင်း မာမီကြီးကပြောခဲ့ဖူးသည်။ လမ်းခရီးတွင် ဒက်ဒီကြီးအပြင်းဖျား၍ သေဆုံးသော ကြောင့် သခင်ကြီးနှင့် အတူလိုက်မသွားနိုင်ဘဲ နေခဲ့ရကြောင်းကို မာမီကြီးက ဝမ်းနည်းပန်းနည်းပြောပြတတ်သည်။ စုလှိုင်သည် သက်ပြင်းလေးတစ်ချက်ချကာ သူ့လက်ထဲမှ ပါတာနီစေ့လေးများ ကို ဖိချေ လိုက်သည်။ ပဲစေ့လေးများ ကမူ ကြေမသွားချေ။ သို့ သော် ဆိုးထားသော ဆေးနီလေးများ က လက်တွင် စွန်းထင်းပြီးကျန်ရစ်သည်။
'စုလှိုင်'
အခန်းထဲသို့ ဝင်လာသော အယ်မာထွေးက လှမ်းခေါ်သည်။ ထို့နောက် အလောတကြီးပြေးလာပြီး လက်ဝါးဖြန့်သည်။
'ပါတာနီ နှစ် စေ့သုံးစေ့လောက်'
အယ်မာထွေးတိုက်သွားသဖြင့် ရွဲ့သွားသော ခုံကို သက်သက်ကမကျေမနပ်နှင့် ပြန်စီနေစဉ် စုလှိုင်သည် သူ့လက်ထဲသို့ ပါတာနီတစ်ထုပ်လုံးထည့်ပေးလိုက် သည်။ အယ်မာထွေးသည် အနီဆုံး အရဲဆုံး ပါတာနီစေ့လေးများ ကို ရွေးယူကာ သူ့နှုတ်ခမ်းကို ပွတ်နေသည်။ ကြာကြာမပွတ်ရပါချေ။နှုတ်ခမ်းနုနုတွင် ဆေးနီများ ကူးကာ နီထွေးလာသည်။ ကျောင်းကို နှုတ်ခမ်းဆိုးမလာရဟူသော ကျောင်းစည်းကမ်းချမှတ်ထားသည်။ ထို့ကြောင့် အယ်မာထွေးတို့လို မ လှချင်ကလေးများ က ဝိနည်းလွတ်အောင် ပါတာနီကို အသုံးûပကြသည်။ ဆရာမ ဆူလျှင် ''နှုတ်ခမ်းဆိုးတာမဟုတ်ပါဘူး၊ ပါတာနီစားထားတာပါ'' ဟု ဆင်ခြေကန်ကြလေသည်။
'ဟေ့ အင်္ဂလိပ်စာအမှတ်တွေ သိပြီတဲ့'
နှုတ်ခမ်းဆိုး၍ ပြီးသော အခါမှ အယ်မာထွေးကပြောသည်။ ခြောက်လပတ် စာမေးပွဲမှ အမှတ်များ ဖြစ်သည်။ စုလှိုင်တို့အားလုံး မျှော်နေရသော အမှတ်များ လည်း ဖြစ်သည်။
'ခင်ခင်လှပြောတယ်၊ ကော်မွန်းရွမ်းထဲမှာ တီချာစစ်နေတာ သူတွေ့ ခဲ့တယ်တဲ့'
စုလှိုင်သည် အဘိုးတို့အဘွားတို့အကြောင်းကို ခေတ္တမေ့ထားလိုက်ကာသူဖြေဆိုခဲ့သော အဖြေလွှာကို ပြန်လည်စဉ်းစားနေမိလေသည်။ သူတို့သင်ရသော အင်္ဂလိပ်စာ ပြဋ္ဌာန်းစာအုပ်သည် ''အင်နာပူရနား'' ဖြစ်သည်။ အင်နာပူရနားတောင်ကို êကိးစားပမ်းစားတက်ကြသော တောင်တက်သမားတစ်စ်ုအကြောင်း ဖြစ်သည်။ သူတို့ထဲမှ ခေါင်းဆောင် ဖြစ်သူ ''ဟာဇော့'' သည် အအေးဒဏ်ကြောင့် သွေးခဲသွားပြီး လက်ချောင်း ခြေချောင်းလေးများ ပုပ်သွားကာ ကြွေကျခဲ့ရသည်။ သူတို့၏ êကိးပမ်းမှု ကို စုလှိုင် အဓိပ္ပာယ်ရှာ၍ မရပါ။ ပြဋ္ဌာန်းထားသော စာအုပ် ဖြစ်၍ ကျေညက်အောင်တော့ သင်အံလေ့ကျက်ခဲ့ရသော်လည်းစိတ်ထဲတွင် မူ မကျေနပ်လှချေ။ ''ငါသာဆိုရင် တောင်ထိပ်မှာ အလံစိုက်ချင်တာလေး တစ်ခုတည်းနဲ့တော့ ဒီလောက်အပင်ပန်းမခံပေါင်၊ ဘာမှလည်း အကျိုးရှိတာ မဟုတ်'' ဟု မကြာခဏ အတွေးပေါက်မိသေးသည်။ သို့ သော် ''ဟာဇော့တို့သည် အင်နာပူရနားတောင်ကို အဘယ်ကြောင့် ဤမျှအပင်ပန်းခံကာ တက်ခဲ့ကြသနည်း'' ဟူသော မေးခွန်းကို စာမေးပွဲ၌ မေးလာသော အခါတွင် ကား စိတ်ရင်း အတိုင်း ရေး ၍ မ ဖြစ်တော့ပေ။ ထို့ကြောင့် ဆရာမ သင်ထားသည့်အတိုင်းအလွတ်ကျက်ထားသော အကြောင်းအချက်များ ကို စုံစေ့အောင် ရေး ဖြေလိုက်ရသည်။
'ဟေ့ စုလှိုင်၊ အင်္ဂလိပ်ရှ်မှာ စုလှိုင်အမှတ်အများ ဆုံး'
ခင်ခင်လှသည် ကျယ်လောင်စွာ အော်ဟစ်ရင်း အခန်းထဲသို့ ပြေးဝင်လာသည်။ သူက စုလှိုင်ဆီသို့ လာကာ တစ်တန်းလုံးက သူ့ဆီသို့ ဝိုင်းအုံလာကြသည်။ တစ်ယောက် တစ်ပေါက်တိုက်ခိုက်သွားသဖြင့် ခုံများ ရွဲ့စောင်းကုန်ပြန်လေသည်။ သက်သက်သည် အော်ရင်းဟစ်ရင်း ခုံများ ကို ပြန်ညှိနေသည်။သူ့ခမျာသည် တစ်ပတ်အတွက် အတန်းသန့်ရှင်းရေး တာဝန်ခံမို့ ခုံများ ညီညာသပ်ရပ်စေရန် ထာဝစဉ်ဂရုစိုက်နေရသည်။ စာမေးပွဲ အမှတ်ကိုပင် မမေးအားရှာသေးချေ။
'တီချာက ပြောနေတယ်၊ စုလှိုင်သိပ်တော် တာပဲတဲ့၊ ရှစ်ဆယ်တောင်ရတယ်၊ အယ်မာတောင် ခုနစ်ဆယ့်ငါးမှတ်ပဲရတာ ၊ ဒို့က ငါးဆယ်ပဲရတယ်'
ခင်ခင်လှက ဝမ်းသာအားရပြောသည်။ သူအမှတ်နည်းသော်လည်းစုလှိုင်အတွက် ဝမ်းသာနေသည်။ ထိုသို့ နေရာတကာတွင် စိတ်ကောင်းရှိခြင်းကြောင့် လည်း တစ်တန်းလုံး၏ ချစ်ခင်လေးစားမှု ကိုရကာ အတန်း ခေါင်းဆောင် ဖြစ်နေရခြင်း ဖြစ်သည်။
'ဟေ့ ဒို့ရော၊ ဒို့ဘယ်လောက်ရလဲ'
အမာညိုက မေးသည်။ ခင်ခင်လှသည် ခေါင်းတစ်ချက်ကုတ်လိုက်ကာ ရယ်သည်။
'အမာညိုက လေးဆယ့်တစ်၊ သက်သက်က လေးဆယ့်ငါး၊ ကျတဲ့သူက ဆယ့်ငါးယောက် ရှိတယ်'
'ဒို့ရော အောင်ရဲ့ လား'
နီနီက မရဲတရဲဝင်မေးသည်၊ ခင်ခင်လှသည် နီနီ့ကိုအားနာဟန်နှင့် လှည့်ကြည့်လိုက်ပြီး ခေါင်းခါသည်။
'မအောင်ဘူး'
'ထင်သားပဲ၊ ဖြေမှမဖြေနိုင်ဘဲ'
နီနီသည် မျက်နှာငယ်လေးနှင့် ငြီးသလိုလို ပြောသည်။ ထို့နောက်စုလှိုင်ကို အထင်ကြီး အားကျဟန်လေးနှင့် လှမ်းပြီးကြည့်လေသည်။
'စုလှိုင်များ တော် လိုက်တာဟယ် ရှစ်ဆယ်တောင်ရတယ်၊ ဒို့က အဲဒီ တစ်ဝက် လေးဆယ်ရအောင်တောင် မဖြေနိုင်ဘူး'
ထိုကဲ့သို့ သော အသံများ ကြားရသော အခါ စုလှိုင်သည် ဘဝင်မြင့်ချင်သလိုလိုပင် ဖြစ်လာသည်။ ဘာမှအပန်းတကြီး ဖြေလိုက်ရသည်မဟုတ်ဘဲနှင့် အမှတ်အများ ဆုံးရနေသည်ကိုပင် အံ့သြချင်သလိုလို ဖြစ်နေသည်။ ဒီလောက်လွယ်တာကို ဘယ်လိုများ ကျအောင်ဖြေလိုက်သလဲဟုတွေးရင်း နီနီ့ကို အထင်သေးမိသေးသည်။
စောစောလေးကမှ ခံစားခဲ့ရသော အဘိုးအဘွားတို့အတွက် ရှက်အားစိတ်ငယ်နှင့် ယခုလောလောဆယ် ခံစားနေရသော မိမိကိုယ်မိမိ အထင်ကြီးစိတ်တို့သည် စုလှိုင်ရင်ထဲတွင် လုံးထွေးနေကြသည်။
'တော် လိုက်တာဟယ်'
'သိပ်တော် တာပဲ'
'စတော် ကြီး စတော် ကြီးစုလှိုင်'
သူငယ်ချင်းများ သည် တစ်ယောက် တစ်ပေါက်ဝိုင်းပြောနေကြသည်။သူတို့ပါးစပ်ကသာ ချီးကျူးနေသော်လည်း မျက်လုံးများ က ဝန်တို ငြူစူသော မျက်လုံးများ ဟု စုလှိုင်ထင်မိသည်။
ထို့ကြောင့် စုလှိုင်သည် ဘာမှပြန်မပြော ဖြစ်ဘဲ သူတို့ကို ခပ်စိန်းစိန်းစိုက်ကြည့်ကာ သဲ့သဲ့လေးပြုံးနေမိလေသည်
ဣနြေ္ဒလုပ်ကာ လှရုံလေးပြုံးနေကြသော မိန်းကလေးတို့သည် အဆင့်ဆင့်စီတန်းနေကြသည်။ အလယ်တွင် ထိုင်နေသော အတန်းပိုင်ဆရာမ ကြီး၏ မျက်နှာသည်ကား တည်လှသည်။ ကျော်ထွန်းညိုသည် ဆရာမ ကြီး၏ မျက်နှာကို အသေအချာ စိုက်ကြည့်ရင်း ûပံးလိုက်မိသည်။ စာကျက်ပျင်းသော အမာညိုကို ခုံပေါ်တွင် မကြာခဏတက်၍ ရပ်ခိုင်းသော ဆရာမ ကြီးမှာ သူပင် ဖြစ်ပေလိမ့်မည် ။
'ဘာûပံးတာလဲ ကိုကိုရဲ့ '
'နင့်ကို ခဏ ခဏ ဒဏ်ပေးတာ ဒီဆရာမ ကြီးမဟုတ်လား မိညို'
'ဒါပေါ့ နေ့ခင်းတုန်းကတောင် အရိုက်ခံရသေးတယ်'
'ဘာ ဖြစ်လို့လဲ'
'အဟက် ကျောင်းတက်ချိန်မှာ မုန့်ခိုးစားတာမိသွားလို့'
'နင် မရှက်ဘူးလား မိညိုရယ်၊ ဒီအရွယ်ကြီးထိ အရိုက်ခံနေရတာ ၊ကြည့်ပါဦး ဆယ်တန်းတောင် ရောက်နေပြီ'
'ဘယ်တတ်နိုင်ပါ့မလဲ'
အမာညိုသည် ပြောင်စပ်စပ်နှင့် ပခုံးလေးတွန့်ကာပြောသည်။ ထို့နောက် ကျော်ထွန်းညိုကြည့်နေသော ဓာတ်ပုံလေးကိုလှမ်း၍ ဆွဲယူလိုက် သည်။သူ့ကိုတည်တည်ကြီးစိုက်ကြည့်နေဟန်ရှိသော ဆရာမ ကြီးကို အသေအချာတည့်တည့်ပြန်ကြည့်ပြီး လျှာထုတ်ပြလိုက်လေသည်။
'ကိုကို ကျွန်တော့ကို ဒီဂဏန်းတစ်ပုဒ် တွက်ပေးစမ်းပါ'
ညီလင်းညိုက အခန်းထဲဝင်လာရင်း ပြောသည်။ သူ့လက်ထဲတွင် ဂဏန်းသင်္ချာစာအုပ်ကလေးကို ကိုင်ထားလေသည်။
'ညီလင်းနော်၊ ငါ့ကို အဲဒီ လိုညာညာပြီး လာမတွက်ခိုင်းနဲ့လို့ ပြောထားတယ်မဟုတ်လား၊ နားမလည်ရင်မေး ရှင်းပြမယ်၊ နင်တို့နှစ် ယောက် လုံးတူတူပဲ၊ အင်မတန် အပျင်းထူတယ်'
'မပျင်းပါဘူး ကိုကိုရာ'
အမာညိုနှင့် ညီလင်းညိုတို့သည် ကပျာကသီ ရှင်းချက်ထုတ်လိုက်ကြသည်။ သူတို့နှစ် ဦးသည် သူတို့အစ်ကိုကြီးလောက် စာမကြိုးစားသည်ကတော့ အမှန်ပင်။ ဒါကိုတော့ ခြွင်းချက်မရှိ လက်ခံသည်။ သို့ သော် ကိုကို့လောက်စာမêကိးစားတိုင်း ပျင်းသည့်အဆင့်အထိ ချက်ချင်း ရောက်သွားသည်တော့မဟုတ်ပါချေ။ သူတို့အငယ်နှစ် ဦးသည်လည်း ကိုယ့်အတန်းနှင့် ကိုယ့်စာ၊ တန်ရုံလောက်တော့ êကိးစားကြပါသည်။
'မိညို အဲဒီ ပုစ္ဆာကိုဖတ်ကြည့်၊ ညီလင်းကို ရှင်းပြလိုက်၊ ရှစ်တန်းသင်တဲ့ ဂဏန်းသင်္ချာကို ဆယ်တန်းကျောင်းသူက ရှင်းမပြတတ်မှ ငါ့ဆီယူခဲ့'
ကျော်ထွန်းညိုက ခပ်ပြတ်ပြတ် ပြောလေသည်။ အမာညိုသည် သူ့အစ်ကိုအား မကျေမနပ်နှင့် မျက်စောင်းခဲလိုက်မိသည်။ သူသည် အင်္ဂလိပ်စာညံ့သော်လည်း သင်္ချာတော့ တော် ပါသည်။ သို့ သော် ညီလင်း မတွက် တတ်သော ပုစ္ဆာသည် မည် မျှခက်သည်ကို မသိရသေးပေ။ တော် ကြာ အမာညိုမတွက်တတ်ပါက ဆယ်တန်းကျောင်းသူကြီးသည် နေရင်းထိုင်ရင်း သိက္ခာကျရတော့မည့် အရေး ဖြစ်လေသည်။
'ညီလင်းကလည်း ဖြည်းဖြည်းပေါ့ဟာ၊ ဒီနေ့ ကျောင်းပိတ်တာပဲ၊ ဒီမှာ ကြည့် စမ်း၊ ငါတို့ဆယ်တန်း(အေ)က စုရိုက်ထားတဲ့ပုံ၊ ငါ့ကို ခဏခဏဒဏ်ပေးတာ ဒီဆရာမ ကြီးပေါ့'
အမာညိုသည် သူ့လက်ထဲမှ ဓာတ်ပုံလေးကို ထောင်ပြရင်း လိမ္မာပါးနပ်စွာ စကားလွှဲလိုက်သည်။ စကားလွှဲရကျိုးလည်း နပ်ပါသည်။ ညီလင်းသည် သင်္ချာစာအုပ်ကို စားပွဲပေါ် ပစ်ချလိုက်ပြီး ဓာတ်ပုံလေးကို ကုန်းကြည့်သည်။
'ငါ့ဘေးနားမှာ ရပ်နေတာ သက်သက်လေ၊ သူ့ခေါင်းမှာ ပန်ထားတဲ့ပန်းဖြူဖြူလေး တွေ့ တယ်မဟုတ်လား၊ အဲဒါ နင်စိုက်ထားတဲ့ ဇီဇဝါပင်ကပွင့်တာပေါ့၊ ငါလည်း တစ်ပွင့်ပန်ထားတယ်'
'မမက ကျွန်တော့ပန်းတွေ ခိုးသွားတာပေါ့'
'ဒါပေါ့ဟ နင်က ကောင်းကောင်းတောင်းရင် တိုတာကိုး'
ညီလင်းသည် အမာညို့ကို အောင့်သက်သက်နှင့် စောင်းကြည့်သည်။အမာညိုက ရယ်ကျဲကျဲလုပ်နေလေသည်။ သူတို့နှစ် ဦးကိုကြည့်ကာ ကျော်ထွန်းညို သည် ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။ ညီလင်းသည် မွေးကတည်းကပင် မြေကြီးကို ဖက်မွေးလာသလားဟု ထင်မှတ်ရအောင် အစိုက်အပျိုးဝါသနာထုံသူ ဖြစ်သည်။ လက်ဆိပ်ရှိသည်ဟုပင် ခေါ်ရမည် လားတော့ မသိချေ။သူစိုက်သော အပင်လေးများ သည်လည်း အောင်မြင်သန်စွမ်းလှလေသည်။အ ဖြစ်မရှိဘဲ အညွန့်ခူးချင်သည်ကား အမာညို ဖြစ်သည်။ ညီလင်း တကုပ်ကုပ်နှင့် စိုက်ပျိုးနေချိန်တွင် မြေကြီးကလေး တစ်ချက်ဆွ၊ ရေကလေးတစ်ခွက်လောင်းပေးရန်ပင် စိတ်ကူးထဲထည့်သူမဟုတ်ချေ။ သို့ သော်လည်း သူသည်ပန်းဖူး၊ ပန်းပွင့် အလှအပလေးများ ကိုကား သာမန်မိန်းကလေးတို့ êကိက်သည်ထက်ပင် လွန်ကဲကာ ငမ်းငမ်းတက် êကိက်တတ်လေသည်။ ညီလင်းသည်သူစိုက်ပျိုးထားသော အပင်ငယ်လေးများ က ပွင့်ဖူးလာသည်ကို တစိမ့်စိမ့်ကြည့်ကာ ကြည်နူးချင်သူ ဖြစ်သော်လည်း သူ့ခမျာ ဆန္ဒမပြည့်ဝရှာပေ။ ပန်းကလေးများ ပွင့်လာလျှင် အမာညို ၏ လက်ချက်မိသွားသည်သာ ဖြစ်သည်။ အစပိုင်းကဗြောင်ပင်ခူးယူသွားလေ့ရှိသည်။ ညီလင်းက တွန့်တိုဟန်ပြသော အခါ တောင်း၍ ခူးသည်။ နှစ် ပွင့်တောင်းလျှင် တွန့်ဆုတ်ဆုတ်နှင့် တစ်ပွင့်သာရသော အခါအမာညိုတို့ အကျင့်ယုတ်တော့သည်။ ညီလင်းမနိုးမီ အစောကြီးထ၍ ခိုးခူးထားတတ်သည်။
'အောင်မာ နင်က အခုမှ တိုနေလိုက်တာ၊ နင့်ဇီဇဝါရုံက အားကြီးပွင့်တာပဲ၊ ငါနေ့တိုင်း နှစ် ပွင့် နှစ် ပွင့် ခူးခူးသွားနေတာ၊ အဲဒီ တုန်းကဖြင့် သိတောင်မသိဘဲနဲ့'
'ကျွန်တော် က မေမေ့ကို ဘုရားတင်ဖို့ နေ့တိုင်းခူးခူးပေးနေလို့ ပန်းတွေ လျော့နေတယ် အောက်မေ့တာ'
'ဟား ဟား ဘယ်ဟုတ် မလဲ အီစကို့ လက်ချက်၊ ဒီက သခင်မကြီးအမာညိုရဲ့ လက်ချက်'
အမာညိုသည် လက်မလေးထောင်ကာ ရယ်မောရင်း ပြောသည်။ရယ်မောနေသော အစ်မအားကြည့်ရင်း ညီလင်းသည် စူအောင့်အောင့် ဖြစ်နေလေသည်။
'ကျွန်တော့ပန်းလေး ပန်ထားလို့ ဒီထဲမှာ မမသက်က လှနေတာကိုး'
ယင်ကောင် ခေါင်းလောက်သာရှိသော မျက်နှာလေးကို စူးစိုက်ကြည့်ရင်း ညီလင်းက မလိုတမာပြောလေသည်။ ဇီဇဝါပွင့်လေးသည် ဓာတ်ပုံထဲတွင် အပ်ဖျားသာသာလေးသာရှိသော်လည်း အသားမယူသာယူသာ အခြောက်တိုက်အသားယူလိုက်ခြင်း ဖြစ်သည်။
'အောင်မာ သက်သက်က အပြင်မှာ လည်း လှပါတယ်နော်'
'ဟား ဟား မျက်လုံးမှေးမှေးလေးနဲ့'
'မျက်လုံးမှေးမှေး မဟုတ်ပါဘူး၊ အစ်အစ်ကလေးပါ၊ ပါးကလေးဖောင်းဖောင်းနဲ့ ချစ်စရာလေး၊ နော် ကိုကိုရာ'
အမာညိုသည် သူငယ်ချင်းဘက်မှ ရှေ့နေလိုက်ရင်း ကျော်ထွန်းညိုဆီမှ စစ်ကူတောင်းသည်။ ကျော်ထွန်းညိုသည် ပြုံးရယ်ရင်း ယင်ကောင်ခေါင်းခန့်သာရှိသော မျက်နှာလေးများ ကို တစ်ခုချင်းလိုက်၍ ကြည့်နေမိလေသည်။'သက်သက်က သဘောကောင်းတယ် ကိုကို ရ၊ မိသက်ကိုကြိုက်စမ်းပါ၊ လှလည်း လှပါတယ်'
အမာညိုက ဇွတ်ပင်တိုက်တွန်းနေသည်။ ညီလင်းက လည်ချောင်းယားလာဟန်နှင့် ချောင်းဟန့်ရင်း သူ့အစ်ကိုအား မျက်လုံးတစ်ဖက်မှိတ်ပြသည်။
'နေဦးလေ ငါရွေးဦးမှာ ပေါ့'
'ရွေးမနေနဲ့ ကိုကိုရာ၊ သက်သက်က အလှဆုံးပါ'
'ဟ အရွေးမှားရင် ငါ့ခမျာယောက်ျားလေး၊ နစ်နာသွားမယ်ဟ ရွေးပါရစေဦး'
'ကျွန်တော် လည်း ရွေးမယ်လေ'
ညီလင်းသည် ပြောပြောဆိုဆို သူ့အစ်ကိုနှင့် ခေါင်းချင်းဆိုင်ကာ ဓာတ်ပုံကို ဝင်ကြည့်သည်။
'ဟဲ့ နင်က အငယ် နင်နဲ့မဆိုင်ဘူး'
'ငယ်လဲဘာ ဖြစ်လဲ ရွေးမှာ ပဲ၊ ဟော သူ့ကိုကြိုက်တယ်၊ သူဘယ်သူလဲ'
ညီလင်းထောက်ပြသော သူကို အမာညိုက ကဲပြီးကြည့်လိုက်သည်။အယ်မာ ဖြစ်သည်။ ဆံပင်တိုတိုလေးသာထားသော အယ်မာ၏ မျက်နှာဝိုင်းဝိုင်းလေးသည် နုနယ်သန့်စင်ပြီး ကလေးလေးနှင့် တူနေသည်။'ဟဲ့ ဒီထဲမှာ ငယ်နေတာ၊ အပြင်မှာ နင့်ထက်ကြီးတယ်'
'ကြီးလည်း êကိက်လို့ရတာ ပဲ မမရ ဟား ဟား'
'ဟောဒီမှာ မေမေရေ ညီလင်းရယ် သမီးသူငယ်ချင်းကိုကြိုက်တယ်တဲ့၊ မေမေရေ ဟောဒီမှာ '
အခန်းအပြင်ဘက်မှဖြတ်သွားသော မေမေ့ကိုတွေ့ သော အခါ အမာညိုသည် ရုတ်တရက် ထအော်လိုက်သည်။ ညီလင်းသည် အမှတ်မဲ့ ကြောင်သွားပြီးမှ အမာညို၏ ပါးစပ်ကို လှမ်းပြီးပိတ်ထားလိုက်သည်။ အမာညိုက မလျှော့ချေ။ဝူးဝူးဝါးဝါးနှင့် ဆက်ပြီးအော်ဟစ်နေသည်။
'ရန် ဖြစ်နေကြပြန်ပြီလား'
မေမေသည် အခန်းထဲသို့ လှမ်းဝင်လာသည်။ လုံးထွေးနေသော အငယ်နှစ် ဦးကိုအကဲခတ်ကြည့်ရင်း မျက်မှော င်ကုတ်လိုက်သည်။
'ရန် ဖြစ်တာ ဟုတ်ဘူးမေမေ ညီလင်းကို သမီးက ဆုံးမစကားပြောနေတာ'
'ဟုတ်ဘူးမေမေ ဟုတ်ဘူး'
'ဟုတ်တယ် မေမေ'
'ကဲ ကဲ တော် ကြစမ်း၊ သားငယ် ဖေဖေ့ကို သွားကူလိုက်၊ အပေါ်ထပ်မှာ စာအုပ်ဗီရိုရှင်းနေတယ်၊ သမီးက မေမေကြီးဆီသွား၊ ညောင်းတယ် ပြောတယ် နှိပ်ပေးလိုက် ဟုတ်လား၊ သားကြီးက မြို့ထဲသွားဦး၊ သားတို့ ဖေဖေကမှာ စရာရှိတယ်လို့ပြောနေတယ်'
မေမေပြောသော အခါမှ မေမေကြီး သိမ်းထားလေ့ရှိသော သကြားလုံးများ ကို တောင်းစားရန် သတိရတော့သည်။ သားတွေ သမီးတွေ လာရောက်ကန်တော့ထားလေ့ရှိသော အုန်းယို၊ နှမ်းပျစ်၊ သကြားလုံး၊ အုန်းထန်းလျက်၊စွန်ပလွန်ယို စသည်များ သည် မေမေကြီး၏ ခုတင်အောက်ရှိ သံပုံးထဲတွင် တစ်ခုမဟုတ် တစ်ခု မပြတ်ရှိနေတတ်သည်။
အမာညိုသည် အခန်းထဲမှထွက်သွားသော မေမေ့နောက်မှပြေးလိုက်သွားမည် ပြုစဉ် ကျော်ထွန်းညိုက ရုတ်တရက်လှမ်းခေါ်သည်။ ဓာတ်ပုံလေးတစ်နေရာကို လက်ညှိုးနှင့် ထောက်ပြီး 'သူဘယ်သူလဲ' ဟုမေးလေသည်။ အမာညိုသည် ပြန်လှည့်လာပြီး ဓာတ်ပုံလေးကို အသေအချာကုန်း၍ ကြည့်လိုက်သည်။
'စုလှိုင်'
ဆံပင်များ ကိုနောက်ဘက်သို့ အကုန်သပ်တင်ပြီးဖြီးထားသော စုလှိုင်၏ မျက်နှာလေးသည်ရှင်းနေသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကင်မရာဆီသို့ စိန်းစိန်းစားစား စိုက်ကြည့်နေလေသည်။
'စုလှိုင်တဲ့လား၊ သူ့အကြောင်း နင်မပြောဖူးဘူး'
'သိပ်မှမခင်ဘဲ'
အမာညိုသည် ဓာတ်ပုံကို အသေအချာထပ်၍ ကြည့်လိုက်မိပြန်သည်။ အတွင်းစိတ်ကို အကဲခတ်၍ မရသော ထိုမျက်လုံးစိန်းများ ကို မနှစ် မြို့သည်ကား အမှန်ပင်။
'ဘယ်လိုမှန်းလည်း မသိဘူး၊ ဘဝင်'
'စာတော် လား'
'တော် လည်း တော် တယ်၊ ဘဝင်လည်း မြင့်တယ်'
အမာညိုက မျက်နှာလေးကိုမဲ့ကာပြောလိုက်သည်။ ထိုနောက် ဓာတ်ပုံလေးကိုပစ်ချလိုက်ကာ ညီလင်း၏ နံကြားကို လက်သီးနှင့် တစ်ချက်ထိုးလိုက်ပြီး အခန်းထဲမှပြေးထွက်သွားသည်။
'မေမေကြီးရေ အနှိပ်ခံရန် အသင့်ပြင်တော် မူထား၊ အနှိပ်သည်လာပြီ၊ သခင်မကြီးအမာညို ကြွတော် မူလာပြီ'
အပေါ်ထပ်သို့ ပြေးတက်ရင်း အော်ဟစ်သွားသည်။
'အမယ်လေးဟဲ့ မိညိုမျောက်မရယ်'
ပြေးလွှားတက်ရင်းမှ မေမေ့ကိုဝင်တိုးမိသည်။ အပေါ်ထပ်မှဆင်းလာသော မေမေ့ရင်ခေါင်းကို ခေါင်းနှင့် တည့်တည့်ဝင်ပြီးဆောင့်မိသဖြင့် မေမေ့ ခမျာအတော် အောင့်သွားပုံရသည်။ ရင်ဝကိုလက်နှင့် ဖိရင်း အော်သည်။အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်ဟုဆိုကြသည်။အတက်မတော် သော အခါတွင် ကား အခေါက်ခံရတော့သည်။ မေမေခေါက်သဖြင့် ပူခနဲ ဖြစ်သွားသော နဖူးကို လက်နှင့် ပွတ်နေမိစဉ် ညီလင်းက လှေကားရင်းမှရပ်ကာ မော့ကြည့်ရင်း တဟားဟား ရယ်နေလေသည်။
စုလှိုင်သည် လွယ်အိတ်နီနီလေးကို ခုတင်ပေါ်သို့ ပစ်ချလိုက်ပြီး ရီပို့ကဒ်ကလေးဆွဲထုတ်လိုက်သည်။
မြန်မာစာ ၆ဝ
အင်္ဂလိပ်စာ ၈ဝ
အပိုသင်္ချာ ၉ဝ
ဓာတုဗေဒ ၇၅
ရူပဗေဒ ၈၈
အမှတ်ပေါင်း ၃၉၃
အဆင့် ပထမ
စုလှိုင်သည် အမှတ်များ ကိုစိတ်ထဲမှပြန်လည်ပေါင်းကြည့်နေမိလေသည်။ ထို့နောက် သက်ပြင်းလေး တစ်ချက် ရှိုက်လိုက်မိသည်။
'ဟေ့ မင်းကိုငါပြောနေတာ၊ ဘာ ဖြစ်လို့ ဒီလှရွှေဆိုတဲ့အကောင်ကိုအရေး ပေးနေရတာ လဲကွဟင်'
'ရှင် သဝန်တိုလှချေကလား'
'ဘာ ငါက သဝန်တိုတာလား၊ မင်းကနန့်ကြောဆွဲတာလား၊ ပြောစမ်းပါဦး'
တစ်ဖက်ခန်းမှအသံများ လွင့်ထွက်လာသည်။ စုလှိုင်သည် ရီပို့ကဒ်လေးကို စားပွဲပေါ်ပစ်တင်လိုက်ပြီး ခေါင်းငုံ့ထားလိုက်သည်။ ဒက်ဒီနှင့် မာမီတို့ရန် ဖြစ်နေကြပြန်ချေပြီ။
'ဟာ ဟာ ငပြူးကများ ပြဲရတယ်ရှိသေးတယ်၊ အမြှောင်မယားတွေ မှိုလိုပေါက်နေတဲ့သူကများ '
'ဟေ့ ငါ့ဟာငါ မှိုလိုပေါက်ပေါက် မြက်လိုပေါက်ပေါက် ဘာ ဖြစ်လဲ၊ငါက ယောက်ျား'
စုလှိုင်သည် ခုတင်ပေါ် ပစ်လှဲလိုက်ပြီး နားနှစ် ဖက်ကို လက်ဝါးလေးနှင့် ပိတ်ထားလိုက်သည်။ မကြားချင်တော့သည့်အတွက် ဖြစ်လေသည်။ စုလှိုင်လူမှန်းသိကတည်းက ဒက်ဒီနှင့် မာမီတို့သည် တခြိမ်းခြိမ်းရန် ဖြစ်လေ့ရှိသည်ကိုမှတ်မိခဲ့ရသည်။ ထိုရန်ပွဲများ သည် ခုထိမပြီးသေးချေ။ နောင်လည်း ဆက်လက်ပြီး ဖြစ်နေဦးမည် ကို အလိုလိုလက်ခံထားမိလေသည်။
'ရှင်သာတစ်ကိုယ်ကောင်းဆန်တဲ့ တဏှာရူး၊ အတ္တသမား၊ ကိုယ့်အလိုပဲ ကိုယ်ကြည့်တဲ့သူ'
နားပိတ်ထားသည့်ကြားထဲမှ မာမီ့အသံကို စူးစူးရှရှကြားရသေးသည်။ထိုအသံ၏ နောက်တွင် ဒက်ဒီ၏ ဆဲဆိုသံ၊ ရိုက်သံ၊ ပုတ်သံများ ကို ဆက်တိုက်ကြားရတော့မည် ကို စုလှိုင် သိသည်။
စားပွဲပေါ်ရှိ ရီပို့ကဒ်လေးသည် ငြိမ်သက်စွာ လဲလျောင်းနေရှာသည်။စုလှိုင်တို့အိမ်တွင် သူ့ကိုစိတ်ဝင်တစားကြည့်မည့် သူမရှိသည်ကို အရင့်အရင်လများ ကတည်းက သိခဲ့ပြီး ဖြစ်ဟန်တူပေသည်။
'ချလွမ် ချလွမ် ခွမ်း'
ဆဲဆိုသံများ ၏ နောက်ကွယ်မှ ကွဲသံ ရှသံများ ကိုကြားရချေပြီ။ စုလှိုင်သည် သူ့ရင်ဝကို လက်နှင့် အသာဖိရင်း မျက်လုံးမှိတ်ထားလိုက်မိသည်။ နှုတ်ခမ်းကို ခပ်ဖိဖိလေးကိုက်ထားရင်းမှ 'ဒီလောကကြီးထဲကို ငါ ဘာ ဖြစ်လို့များ ရောက်လာမိတာပါလိမ့်' ဟု နာနာကြည်းကြည်း တွေးလိုက်မိလေသည်။
စုလှိုင် လူ့လောကထဲသို့ ရောက်လာစဉ်က êကိဆိုမည့် သူမရှိခဲ့ချေ။ လမစေ့ဘဲ ခုနစ်လနှင့် မွေးသော ကလေးငယ်လေး ဖြစ်၍ ပိန်လှီချည့်နဲ့လှသည်။ထိုအထဲတွင် ဒက်ဒီက သူနှင့် လက်ထပ်အပြီး ခုနစ်လကျော်ကျော်တွင် မွေးသော ကြောင့် သူ့သမီး မ ဖြစ်နိုင်ဟု သင်္ကာမကင်းရှိခဲ့သေးသည်ဟု ဆိုသည်။ မာမီကိုယ်တိုင်ကပင် စုလှိုင်ကိုနှစ် လိုခဲ့သည်မဟုတ်ချေ။ ကိုယ်ဝန် နုစဉ်က ဆေးပူဆေးခါးများ စားခဲ့ကြောင်းကို မာမီကြီးက ပြောပြသေးသည်။
'ညည်းက အသက်ပြင်းတဲ့သက်ပြင်းမ၊ လူ့လောကထဲကို မရမကရောက်အောင်ကိုဝင်လာခဲ့တာပဲ' ဟု မာမီကြီးက ပြောသင့်သည် မပြောသင့်သည်ကို မစဉ်းစားဘဲ ပြောချင်ရာကိုပြောချခဲ့လေသည်။ ထို့ကြောင့် စုလှိုင်သည် သူမသိသင့်သော သူမမွေးမီက အကြောင်းအချက်များ ကိုပင် ကလေးဘဝ ကတည်းက သိခဲ့ရသည်။ ဖြူစင်နုနယ်လှသော နှလုံးသားအဖြူခံလေးပေါ်တွင် နာကျင်ခြင်း၊ ဆွေးမြည့် ကြေကွဲခြင်း စသော အစိမ်းရောင် ၊ အနက်ရောင် များ ကစောစီးစွာ စွန်းထင်းခဲ့ရလေသည်။
စုလှိုင်သည် မျက်လုံးကို စုံမှိတ်ထားရင်း အမာညိုကို မြင်ယောင်လာသည်။ အမာညိုသည် အင်္ဂလိပ်စာ ၄၁ မှတ်တည်းရသည့်အတွက် အိမ်ရောက်လျှင် အဆူခံရတော့မည့် အကြောင်း ရှုံ့ရှုံ့မဲ့မဲ့နှင့် ညည်းနေသည်။ 'ဘယ်သူကဆူမှာ လဲဟင်' ဟု စုလှိုင်ကမေးလိုက်သော အခါ 'တစ်အိမ်လုံးပေါ့၊ ဖေဖေရောမေမေရော မေမေကြီးရော ကိုကိုကရော ဆူကြမှာ ၊ ဟင်း ညီလင်းကတောင်သံယောင်လိုက်ပြီး ဝင်ဆူချင်ဆူဦးမှာ ' ဟုပြောလေသည်။ စုလှိုင်သည် အမာညို၏ စကားကိုနားထောင်ရင်း အထူးတဆန်းခံစားရသည်။ 'စုလှိုင် ကတော့ ပျော်နေမှာ ပေါ့၊ ပထမကြီးများ တောင်ရတာ ၊ စုလှိုင် ဖေဖေနဲ့မေမေဆို ဘယ်လောက်သဘောကျလိုက်မလဲ' ဟု အမာညိုက အားကျသလို ပြောလေသည်။ ထိုအခါစုလှိုင်၏ ရင်ထဲတွင် ဟာတာတာကြီး ဖြစ်သွားပြီး အူကြောင်ကြောင် ခေါင်းယမ်းပြလိုက်သည်။ အဆူခံရမည် ဟု အားငယ်သလိုပြောနေသော အမာညိုကို ကြည့်ရင်းကြွားနေခြင်း ဖြစ်သည်ဟု ထင်လာမိသည်။ စုလှိုင်၏ ဟာနေသော ရင်ထဲတွင် အမာညို့လိုပင် အဆူခံချင်စိတ်ဝင်လာသလိုလိုရှိသည်။ သို့ သော် စုလှိုင်ကိုဆူမည့် သူမရှိချေ။ စာမေးပွဲကျလျှင်ပင် အရေး တစိုက်နှင့် ဆူမည် မဟုတ်။ ပထမရလျှင်လည်း ချီးကျူးစကားမကြားခဲ့ရဖူးချေ။ စုလှိုင်၏ ခံစားမှု ကို ဝေမျှခံစားမည့် သူ မရှိ။ ရှိရကောင်းစေဟုလည်း စုလှိုင်အမှတ်မထားမိတော့ချေ။
'ဒက်ဒီ သွားပြီ'
အရှိန်ပြင်းပြင်းနှင့် မောင်းထွက်သွားသော ကားသံကိုကြားရသည်။ဒက်ဒီထွက်သွားပေပြီ။ သူ၏ နံပါတ်နှစ် ဆီသွားသလော သုံးဆီသွားသလော။စုလှိုင်ခေါင်းရှုပ်ခံ၍ စဉ်းစားမနေချင်တော့ပေ။ ဒီည အိမ်ပြန်အိပ်တော့မည် မဟုတ်သည်ကား ကျိန်းသေလေသည်။
'အေးတင် အေးတင် အခန်းထဲလာရှင်းစမ်း'
မာမီ၏ အော်ခေါ်သံကိုကြားရသည်။ မအေးတင်သည် တံမြက်စည်းတစ်ချောင်းဆွဲကိုင်ကာ ခပ်သွက်သွက် လျှောက်သွားလေသည်။ ရန် ဖြစ်တိုင်းကွဲရှကျန်ရစ်ခဲ့သော ပုလင်းများ ၊ ဖန်ခွက်များ ကို မကြာခဏ ရှင်းလင်း သိမ်းဆည်းရသဖြင့် သူ့လက်ထဲတွင် အမှိုက်ကျုံးဂေါ်ပြားကိုပါ တစ်ခါတည်း အဆင်သင့်ကိုင်သွားသည်ကို တွေ့ လိုက်ရသည်။
'ဆာမိကိုပြော ကားထုတ်ထားပါလို့'
မာမီလည်း အပြင်သို့ ထွက်ဦးမည် ဖြစ်သည်။ အိမ်အပြန် ညဥ့်နက်မည် ကား သေချာလေသည်။
စုလှိုင်သည် လှဲနေရာမှထကာ မာမီ့အခန်းသို့ ကူးလာမိသည်။ မာမီ့မျက်ခွံလေးများ သည် မသိမသာမို့နေသည့်အတွက် မျက်ရည်ကျထားကြောင်းသိသာလေသည်။ ဆေးကူထားသော ပါးပြင်လေးသည် နှင်းဆီ သွေးစို့နေသည်။မှန်ထဲတွင် အရိပ်ထင်လာသော စုလှိုင်ကိုမကြည့်အားသေးဘဲ နှုတ်ခမ်းနီကို သတိထားပြီး ပုံဖော်ဆိုးနေလေသည်။ အသက်လေးဆယ်ပင်မပြည့်သေးသော မာမီသည် ယောက်ျားသားတို့ လည်ပြန်ကြည့်ရမည့်  အလှအားလုံးကို ပိုင်ဆိုင်နေဆဲပင် ဖြစ်သည်။
'ထမင်းစားမသွားဘူးလား မာမီ'
'ဟင့်အင်း ကြည်ကြည်တို့အိမ်မှာ ပဲ စားတော့မယ်'
ကြည်ကြည်ဟူသည်မှာ မာမီ အပေါင်းအသင်းတစ်ဦးပင် ဖြစ်သည်။သူတို့အိမ်တွင် ကုန်သည်၊ ပွဲစား၊ အရာရှိ လူပေါင်းစုံဆုံကာ မိုးအလင်း ဖဲဝိုင်းများ လည်း ရှိတတ်လေသည်။
'စု ပထမရတယ် မာမီ'
'ဘယ်မှာ လဲ'
'အခု ဒုတိယအစမ်း စာမေးပွဲမှာ လေ'
'ဟုတ်လား တော် သားပဲ'
မာမီသည် ဗီရိုထဲမှ ပိုးပျော့လုံချည် ခရမ်းရောင် လေးကိုထုတ်ယူ ကာကိုယ်တွင် ကပ်ကြည့်လိုက်သည်။ မကြိုက်သလို ခေါင်းယမ်းပြီး ခုတင်ပေါ်ပစ်တင်လိုက်လေသည်။ ထို့နောက် ဘရိုကိတ်အစိမ်းရင့်ရင့်ကလေးကို ဆွဲထုတ်လိုက်ပြန်သည်။
'နက်ဖြန်ကျရင် ရီပို့ကဒ်ပြန်ပေးရမယ်၊ မာမီဆိုင်းထိုးပေးခဲ့ပါဦး'
စုလှိုင်သည် ရီပို့ကဒ်အပြာရောင် လေးကို မာမီ့ရှေ့သို့ ထိုးပေးလိုက် ရင်းပြောသည်။ အသင့်ယူလာသော ဖောင်တိန်ကို အဖုံးဖွင့်ပြီး တစ်ပါတည်း လှမ်းပေးလိုက်သည်။
မာမီသည် ရီပို့ကဒ်လေးကို မှန်တင်ခုံပေါ်ချလိုက်ပြီး ကုန်း၍ လက်မှတ်ထိုးလိုက်သည်။ ပါးစပ်ကမူ အမှိုက်သိမ်းနေသော မအေးတင်ကို ဆူပူနေလေသည်။
'မီးပူတိုက်တာ ဘယ်လိုတိုက်ထားတာလဲ အေးတင်၊ ဒီလုံချည်ကြည့်ပါဦး၊ အလယ်မှာ ကြေလို့၊ ပြန့်လည်းမပြန့်ပါလား'
စုလှိုင်သည် မာမီပြန်လှမ်းပေးလိုက် သော ရီပို့ကဒ်နှင့် ဖောင်တိန်လေးကို နာနာကြည်းကြည်းစိုက်ကြည့်ပြီး သက်ပြင်းလေးရှိုက်လိုက်မိ လေသည်။
*
'နာတယ်ဆိုတာလည်းစိတ်၊ ပျော်တယ်ဆိုတာလည်းစိတ်ပဲ ကျောင်းအမရဲ့ ၊ပျော်တယ်၊ ပျင်းတယ်၊ ငြီးငွေ့တယ်၊ ဒီစိတ်တွေ ကို ဖမ်းပြီး ငြိမ်အောင်ထားနိုင်တဲ့တစ်နေ့မှာ ဈာန်ပျံတယ်ဆိုတာ ဘာခဲယဉ်းတော့မှာ လဲ'
'အဲဒီ စိတ်က မငြိမ်လို့ ခက်နေတာပေါ့ ဦးလေးရဲ့ '
'အသက်ကို ပြင်းပြင်းရှူ၊ ပြင်းပြင်းထုတ်၊ ဘဝင်မှာ မှတ်၊ သွားလည်းသတိ၊ စားလည်းသတိနဲ့ သတိကိုမပြတ်စေနဲ့၊ ခြေလှမ်းတာကအစ လှမ်း တယ်ကြွတယ်ချတယ်ဆိုတာ အမြဲမှတ်နေ၊ ဟော စားပြန်ရင်လည်း ရသာစုံကို စိတ်မစွဲဘဲ အာဟာရအတွက် ဒီကိုယ်ခန္ဓာကြီးရှင်သန်ဖို့အတွက် စားရတယ် ဝါးရတယ်၊ ဒီအစားကို တံတွေးတွေ နဲ့ ပါးစပ်ထဲမှာ လိမ်းရတယ် နယ်ရတယ် ဆိုတာမှတ်ရင်း မျိုချကွဲ့'
ဘဘကြီးသည် ပြောရင်းဆိုရင်း သူ့ရှေ့မှလက်ဖက်သုပ်ကို တစ်ဇွန်းမောက်မောက်ခပ်ကာ ပါးစပ်ထဲထည့်လိုက်သည်။ စာငုံ့ကျက်နေသော သက်သက်သည် လက်ဖက်စားချင်နေသော ဘဘကြီးကို ငဲ့ကြည့်လိုက်သည်။ သူ့တရားနှင့် အညီ 'ဝါးတယ်၊ ဝါးတယ်' ဟု အာရုံမှသွင်းပါ့မလားဟု တွေးရင်းတစ်ဦးတည်းပြုံးလိုက်မိသည်။
'အဲဒီ လိုဆင်ခြင်ပြီး ဖြည်းဖြည်းစားရတယ် ကျောင်းအမရဲ့ ၊ ရသာရုံကိုတပ်မက်ပြီး အလောတကြီးမျိုချရင် လောဘတဲ့၊ ထွေးထုတ်ပြန်ရင်လည်းဒေါသတဲ့'
'ဟုတ်ကဲ့'
ဘဘကြီးသည် ပြောပြောဆိုဆို လက်ဖက်တစ်ဇွန်း ခပ်စားလိုက်ပြန်သည်။
'ဆားလေးများ နည်းနည်း ပေါ့သလား မသိဘူး'
ဆင်ခြင်ခြင်းတရားဟောနေသော ဘဘကြီးက ပြောသော အခါသက်သက်သည် ခွိခနဲကျိတ်၍ ရယ်လိုက်မိလေသည်။ ကျိတ်၍ ပင် ရယ်လိုက်ခြင်း ဖြစ်သော်လည်း သက်သက်၏ အသံက အတန်ငယ် ကျယ်သွားပုံ ရလေသည်။ မေမေက မျက်စောင်းလှမ်းထိုးသည်။ သတင်းစာဖတ်နေသော ဖေဖေကမူသက်သက်ကိုလှမ်းကြည့်ပြီး မသိမသာ ပြုံးနေလေသည်။
သက်သက်တို့အိမ်သည် မကျယ်လှပေ။ မြန်မာရပ်ကွက်ထဲတွင် ရှိသော တစ်ထပ်ပျဉ်ထောင်အိမ်လေး ဖြစ်သည်။ စာကျက်ရန် အခန်းသတ်သတ်မရှိသည့်အတွက် သက်သက်၏ စာကြည့်စားပွဲကို ဧည့်ခန်းတွင် ပင် နေရာချထားရသည်။ ထို့ကြောင့် ညတိုင် ဧည့်သည်လာတိုင်း သက်သက်ခမျာ စာကြည့်ပျက်ရလေသည်။ နံရံကိုမျက်နှာမူကာ ကျောခိုင်းပြီး စာကျက်ရန် êကိးစားသော်လည်းစကားပြောသံများ ကို တားဆီး၍ မရပေ။ သက်သက်၏ နားထဲသို့ ဒလဟောဝင်ရောက်လာလေ့ရှိသည့်အတွက် အာရုံပျက်ပြားရလေ့ရှိသည်။
'ဒုတိယအစမ်း အမှတ်တွေ သိပြီလား သမီး'
ဖေဖေက သတင်းစာကိုဘေးသို့ ချလိုက်ရင်းမှ လှမ်းမေးသည်။ သက်သက်သည် ဖြန်းခနဲရင်ခုန်ပြီး မအီမသာ ဖြစ်သွားလေသည်။
'ရီပို့ကဒ်တောင် ဒီနေ့ရခဲ့ပြီ'
'ဟင်၊ ဘာလို့ စောစောက မပြတာလဲ'
ဖေဖေကနေရာမှထကာ သက်သက်ဆီသို့ လျှောက်လာသည်။ သက်သက်သည် အပြောရခက်နေသော မျက်နှာထားလေးနှင့် လွယ်အိတ် ကလေးကိုတင်းတင်း ပွေ့ထားလိုက်သည်။
'ဖေဖေ၊ သမီးကို မဆူရဘူးနော်'
'ဘာ ဖြစ်လို့လဲ'
'သမီး၊ အဆင့် ခုနစ်ပဲရတယ်'
'ဟောဗျာ'
သက်သက်သည် မေးခွန်းထုတ်ဟန်နှင့် ကြည့်နေသော ဖေဖေ့လက်ထဲသို့ ရီပို့ကဒ်ပြာပြာလေးကို တွန့်ဆုတ်ဆုတ်နှင့် ထည့်ပေးလိုက် သည်။ ဖေဖေကလက်ထဲမှမျက်မှန်ကို ပြန်တပ်ကာ မီးရောင် တွင် ထောင်ရင်း အမှတ်များ ကို အသေအချာ ကြည့်နေသည်။
'အင်္ဂလိပ်စာမှာ သိပ်နည်းသွားတယ် ဖေဖေ၊ ပထမရတဲ့စုလှိုင်ကရှစ်ဆယ်တောင်ရတယ်'
'ဒီလိုဆို သမီး ဒုတိယတော့ ချိတ်သင့်တာပေါ့၊ ဒုတိယမဟုတ်လည်းတတိယ စတုတ္ထ၊ ကဲ သင်္ချာမှာ လည်း ရှစ်ဆယ်ပဲရတယ်၊ မှားကိုမှားတာလား၊ဒါမှမဟုတ် လျှမ်းတာလား၊ မြန်မာစာ ကတော့ မဆိုးပါဘူး၊ ခြောက်ဆယ့်ငါးမှတ်တဲ့ '
'အင်္ဂလိပ်စာမှာ သိပ်နည်းသွားလို့ပါ ဖေဖေရဲ့ '
သက်သက်သည် ဆင်ခြေကန်ဟန်နှင့် ပြောနေသည်။ ပထမအစမ်းတုန်းက ဒုတိယရထားခဲ့ရာမှ အဆင့်ခုနစ်ထိ လျှောကျသွားသဖြင့် သက်သက်သည် ရီပို့ကဒ်ကို အိမ်ကိုပင် ယူမလာချင်ပေ။ မကျေမနပ်နှင့် မအီမသာကြီး ဖြစ်နေလေသည်။ ထို့ကြောင့် မပြသေးဘဲ သိမ်းထားသည်။ နက်ဖြန်မနက်ကျောင်းသွားခါနီး မှကပ်ပြီး လက်မှတ်ထိုးခိုင်းမည် ဟု စိတ်ကူးထားခြင်း ဖြစ်သည်။
'အဆင့် ဘယ်လောက်ရသလဲ'
နားစွန်နားဖျားကြားလိုက်သော မေမေက ဘဘကြီး၏ ဆင်ခြင်ခြင်းတရားကို ခေတ္တဘေးချိတ်ထားလိုက်ကာ လှမ်းမေးသည်။ သက်သက်သည်ခေါင်းလေးပုဝင်သွားပြီး ခပ်တိုးတိုးပြောလိုက်လေသည်။
'ခုနစ်'
'ဟင်၊ ဘယ်လို ဖြစ်တာလဲ'
'မေမေကလည်း အနိစ္စ အမြဲမရှိတဲ့၊ ဒီ ဒုတိယနေရာကြီးကို သမီးကအမြဲယူထားရင် အနိစ္စသဘောကို လွန်ဆန်ရာကျမှာ စိုးလို့ပါ'
မေမေသည် ရုတ်တရက် ရယ်ချင်သွားဟန်ရှိသော်လည်း အတင်းပြန်တည်ထားလိုက်သည်။ သက်သက်ကို လက်ညှိုးတစ်ချောင်းထောင်ပြကာ'သတိထား' ဟု အသံတိတ် ကြိမ်းလိုက်လေသည်။
ဖေဖေသည် ဖောင်တိန်ကိုထုတ်ကာ မိဘဟုရေး ထားသော အကွက်ကလေးတွင် မှတ်ချက်အနည်းငယ်ရေး ပြီးမှ လက်မှတ်ထိုးလိုက်သည်။ သက်သက်သည် ဖေဖေရေး သော မှတ်ချက်ကလေးကို ကဲ၍ ကြည့်လိုက်မိသည်။''ဆတက်ထမ်းပိုး êကိးစားပါစေမည် '' တဲ့။
'အမာညို'
စုလှိုင်က ခပ်တိုးတိုး ခေါ်လိုက်သည်။ ထုပ်ဆီးတိုးနေသော အမာညိုက မကြားချေ။ ခေါင်စည်းနေရာတွင် တည့်တည့်ရပ်ပြီး 'ခေါင်စည်းပေါ် ချေးယိုချ၊ အောင်သူလာမှ ဖယ်ပေးမယ်၊ အောင်သူလာမှ ဖယ်ပေးမယ်' ဟု ခုန်ဆွခုန်ဆွနှင့် အော်ဟစ်နေသည်။
'အမာညို'
အသံကိုမြှင့်ပြီး အော်လိုက်သော အခါမှ အမာညိုက လှည့်ကြည့်သည်။
'ပန်းတွေ ပါလာတယ်'
'ဘာပြောတယ်'
'ပန်းတွေ ၊ ဆောင်တော် ကူးပန်းတွေ ပါလာတယ်၊ ကားထဲမှာ ၊ ကိုယ် တစ်ယောက် တည်း မနိုင်ဘူး၊ လိုက်သယ်လှည့်လေ'
'ဝေး ဟေး ဟေး ဆောင်တော် ကူးပန်းတွေ ပါတယ်တဲ့ ဟေ့'
အမာညိုသည် ရုတ်ခြည်းûပံးသွားပြီး လက်နှစ် ဖက်ကိုဝှေ့ယမ်းကာ ပြေးချလာသည်။
ကားနောက်ခန်းတွင် ဆောင်တော် ကူးပန်းများ အပြည့်အသိပ် ထည့်ထားလေသည်။ ဖွေးနုနေသော ပန်းခက် ပန်းခိုင်များ ကို အမာညိုသည် လောဘတကြီး ပြေးပွေ့လိုက်ရင်း ဝမ်းသာအားရ ရယ်မောနေမိလေသည်။
'အမာညို ဘာလို့ ဒီလောက် ရယ်နေတာလဲဟင်'
'ပျော်လို့ပေါ့ ကြည့်စမ်း ပျော်စရာ မကောင်းဘူးလား'
အမာညိုသည် ပန်းဆုပ်ပန်းခဲများ ကို တအားရှိုက်နမ်းလိုက်ရင်းမှûပံးရွှင်စွာ ဖြေသည်။ စုလှိုင်သည်ပန်းလေးတစ်ခက်ကို ဆွဲယူကာ အမာညို့လိုပင် ရှိုက်နမ်းကြည့်လိုက်သည်။ မွှေးပျံ့သင်းထုံသော ရနံ့ကို ရှူရှိုက်လိုက်ရသည်။သို့ သော် အမာညို့လိုတော့ ရွှင်မြူးဝမ်းသာစိတ် ဖြစ်ပေါ်၍ မလာပါချေ။
'ဟယ် ပန်းတွေ ပန်းတွေ ဟေ့'
'လှလိုက်တာဟယ်'
'ရှူး အား၊ မွှေးလိုက်တာ'
'သယ်ကြ၊ သယ်ကြ၊ ကူသယ်ကြဦး၊ တစ်တန်းလုံး ဝေပြီးပန်ရ အောင်၊ဟေ့ အလှဆုံးအခက်က တီချာတို့ဖို့ ထားလေ'
ပန်းများ ကို လောဘတကြီးနှင့် တစ်ပွေ့တစ်ပိုက်သယ်သွားကြသော မိန်းကလေးများ ကို စုလှိုင်သည် ငြိမ်ငြိမ်ကြီးရပ်၍ ငေးကြည့်နေမိလေသည်။မနေ့တုန်းက ခင်ခင်လှပေးသော ဆောင်တော် ကူးပန်းလေးတစ်ခက်ကို အမာညိုနှင့် သက်သက်တို့ လုနေကြလေသည်။ မည် သူကမျှမလျှော့ချင်ကြသဖြင့် ပန်းခက် ကလေးကို ထက်ပိုင်းချိုးကာ တစ်ပိုင်းစီ ပန်ဆင်ခဲ့ကြသည်ကို စုလှိုင်တွေ့ ခဲ့ရသည်။ ထိုပန်းများ သည် စုလှိုင်တို့ခြံထဲတွင် အများ အပြား ပွင့်လေ့ရှိသည်။ မည် သူမျှ အရေး လုပ် ခူးယူပြီးပန်ဆင်လေ့ မရှိကြပေ။ သူတို့က ဒီလောက် မက်မက်မောမော ဖြစ်နေသည်ကိုတွေ့ ရသော အခါ စုလှိုင် အမှန်တကယ်ပင် အံ့သြခဲ့မိသည်။ ထို့ကြောင့် ဒီနေ့မနက် ပန်းများ တစ်ဆုပ် တစ်ခဲပွင့်နေသည်ကို တွေ့ ရသော အခါ ဦးဆာမိကို ခူးခိုင်းပြီး ကားထဲသို့ ထည့်ယူလာခြင်း ဖြစ်လေသည်။
'ကဲ ပြီးပြီလားစု'
ဦးဆာမိကမေးသည်။ စုလှိုင်သည် ခေါင်းတစ်ချက်ဆတ်ပြကာ ကားတံခါးကို ဆောင့်ပိတ်လိုက်သည်။ ပန်းအကြွေလတ်လတ်ဆတ်ဆတ် ကလေးများ သည် ကားနောက်ခန်းတွင် ဖွေးနေသည်။
ကားထွက်သွားသော အခါမှ စုလှိုင်သည် အသက်ဝဝရှူလိုက်မိသည်။သင်းထုံချိုမွှေးနေသော ပန်းရနံ့သည် လွင့်ပျံထွက်မသွားသေးဘဲ တဝေ့ဝေ့ဝဲနေလေသည်။
'ဟယ် အများ ကြီးပဲ အများ မှအများ ကြီး၊ စုလှိုင်က လိမ္မာလိုက်တာ'
သင်းပျံ့မွှေးကြိုင်သော ရနံ့နှင့် အတူ မိန်းကလေးတို့၏ ရွှင်ချိုသော အသံလေးများ သည်လည်း အခန်းအပြင်သို့ လျှံပြီးထွက်နေလေသည်။ စုလှိုင်သည်အခန်းထဲသို့ လှမ်းမဝင်သေးဘဲ အဝတွင် ရပ်ကာ ခပ်စူးစူးကြည့်လိုက်မိသည်။သူသည် တစ်ယောက် တစ်ပေါက်နှင့် 'စုလှိုင်က လိမ္မာလိုက်တာဟယ်' ဟု အော်နေကြသော်လည်း စုလှိုင်ကို တစ်စုံတစ်ဦးကမျှ သတိ မရချေ။ ဖြူဖွေးလတ်ဆတ်သော ပန်းခိုင်များ အနီးတွင် သာ ခုန်ဆွခုန်ဆွလုပ်နေကြလေသည်။
အလှဆုံးပန်းခက်ကြီးကို ဆရာမ ၏ ခုံပေါ်တွင် တင်ထားသည်ကို တွေ့ ရ၏ ။ ကျန်သော ပန်းများ ကို အမာညိုက လက်ဝါးကြီးအုပ်ထားသည်။ သူ စိတ်တိုင်းကျ ဝေစုခွဲနေလေသည်။ တတ်နိုင်သမျှ အချိုးကျညီအောင်ခွဲပြီး ခုံများ ပေါ်တွင် ဝေပုံကျလိုက်ပြီး တင်ပေးနေသည်။
'ဟေ့ ဆံညှပ် တစ်ချောင်းလောက် မပိုဘူးလားဟင်'
'ငါပန်ထားတာ ကောင်းရဲ့ လား'
'အဲဒီ လို ဝိုက်ပန်တာလေး သိပ်လှ'
'ဟေ့ အယ်မာ ယူ့ပန်းခိုင်နဲ့၊ ကိုယ့်ပန်းခိုင် လဲမလား'
'မသန်းအေး ကျောင်းမတက်ရင် သူ့ဝေစု ငါပိုင်တယ်နော်'
ပန်းပန်ရင်းအလုပ်ရှုပ်နေကြသော မိန်းကလေးများ ကို စုလှိုင်သည် ငေးပြီးကြည့်နေမိသည်။ ဒီပန်းလေးရတာ ဘာများ ပျော်စရာရှိပါလိမ့်ဟု တွေးနေမိလေသည်။ ပျော်ရွှင်တက်ကြွနေသော မျက်နှာလေးများ ကိုကြည့်ရင်း ရင်ထဲတွင် ပိုပြီး ဟာသွားသည်။ သူတို့ကိုပင် ဝန်တိုသလိုလို ငြူစူလာမိသည်။ဆံတို၊ ဆံရှည်၊ ကျစ်ဆံမြီး၊ တစ်ပတ်လျှိုဆံထုံး၊ အကုန်လုံးသော ဆံပင်များ ပေါ်တွင် ဖြူနုနုပန်းခက်လေးများ က ယိမ်းကနေကြသည်။
'ဟေ့ စုလှိုင် ပန်းမပန်ဘူးလား'
သက်သက်က လှမ်းမေးလေသည်။ သူ့တစ်ခေါင်းလုံးတွင် ကားဆံပင်ကိုပင် မမြင်ရတော့ချေ။ ပန်းများ ကို မနိုင်မနင်းနှင့် လောဘတကြီး ပန်ဆင်ထားလေသည်။
'ဟင့်အင်း'
စုလှိုင်က ခေါင်းယမ်းကာ ပြလိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် အမှတ်မထင် ကိုင်ထားသော ပန်းခက်လေးကို ငုံ့ကြည့်လိုက်မိလေသည်။ ဖွေးနုနေသော ပန်းဆုပ် ပန်းခဲလေးသည် စိမ်းဖန့်ဖန့်အရောင် လေး သန်းနေသည်။ပျော်ရိပ်ရွှင်ရိပ်သန်းနေသော မျက်လုံးလေးများ သည် ထိုပန်းခက်ကလေးကို တန်ဖိုးတထားနှင့် မြတ်မြတ်နိုးနိုးကြည့်နေကြသည်ကို စုလှိုင် သိသည်။ ဟာနေသော စုလှိုင်၏ ရင်ထဲမှကွက်လပ်ထဲသို့ အရိုင်းစိတ်တစ်ခုကငြင်ငြင်သာသာ တိုးဝင်လာသည်။
'ပန်လိုက်ပါလား စုလှိုင်ရယ်၊ တစ်တန်းလုံး ပန်ထားကြတာ၊ ဖက်ရှင်ပေါ့'
'အေးလေ စုလှိုင်က ပန်းတွေ တော့ အများ ကြီးယူလာပြီး၊ သူကိုယ်တိုင်တော့ မပန်ဘူးလားဟင်'
တိုက်တိုက်တွန်းတွန်းပြောနေကြသော အသံလေးများ ကိုကြားရသော အခါ စုလှိုင်သည် ခပ်အေးအေးûပံးလိုက်သည်။ ထို့နောက် ဖွေးနုနေသော ပန်းပွင့်လေးများ ကို တစ်ပွင့်ချင်း ခြွေချလိုက်လေသည်။
'ဟယ် ဟယ် စုလှိုင်ရယ်၊ ပန်းလေးတွေ ကိုြေ>ွခပစ်တယ်၊ နင် အရူးလား၊ ဘာလို့ြေ>ွခပစ်တာလဲ'
အမာညိုသည် လွင့်ကြဲသွားသော ပန်းပွင့်လေးများ ကို နှမြောတသစွာ ကြည့်ရင်း အော်လေသည်။ စုလှိုင်သည် အရိုးချည်းသာကျန်တော့သော ပန်းခက်လေးကို လွှတ်ချလိုက်ပြီး အမာညို့ကို ခပ်စိန်းစိန်း လှမ်းကြည့်သည်။ ထို့နောက်တိုးတိုးလေးပြောလေသည်။
'ခြွေပစ်တာခြွေချင်လို့ပေါ့'
သူလေ ပန်းတွေ ကိုမပန်ဘဲ ခြွေပစ်လိုက်တယ် ညီလင်းရာ၊ အာ ကွာ နှမြောဖို့ကောင်းလိုက်တာ'
အမာညိုက တအံ့တသြပြောပြလိုက်မိသည်။ ကြမ်းပေါ်သို့ လွင့်ကြဲကျသွားသော ဖြူလွလွပန်းပွင့်လေးများ ကို ယခုတိုင် မြင်ယောင်ပြီး နှမြောနေဆဲ ဖြစ်သည်။
'မမက ခုန်ဆွခုန်ဆွ လုပ်နေတာကို မျက်စိနောက်လာလို့ ဖြစ်မှာ ပေါ့''အောင်မာ ငါခုန်ဆွခုန်ဆွလုပ်တယ်လို့ ဘယ်သူပြော၊ နင့်ဘယ်သူပြော'
'အို အသိသာကြီး၊ ပန်းများ မြင်ရရင် မမဘယ်တုန်းက ငြိမ်ငြိမ်နေနိုင်လို့လဲ'
'အောင်မာ'
အမာညိုသည် နာလိုခံခက်နှင့် ညီလင်းကိုမျက်စောင်းထိုးလိုက်သည်။ညီလင်းသည် သူ့အစ်မကို သဘောကျစွာ ကြည့်ရင်း ရယ်နေသည်။ ညီလင်းûပံးရယ်လျှင် သူ့မေးစေ့လေးသည် ခွက်ဝင်သွားပြီး အရာလေးပေါ်လာလေ့ရှိသည်။ ဟောလီးဝုဒ်မင်းသားကပ်ဒေါက်ကလပ် ပြုံးပုံနှင့် တူသဖြင့် ထိုမေးမှ အချိုင့်လေးကို အမာညိုသဘောကျမိလေသည်။
'မိညို စာမေးပွဲနီးပြီနော်၊ စာကျက်ချိန်မှာ တော် ရုံလေပေါ'
တစ်ဖက်စားပွဲမှ ကျော်ထွန်းညိုက လှမ်းပြောသည်။ အမာညိုသည်မေမေကြီးနှင့် အတူအိပ်ရသည်။ သူ့အတွက် စာကြည့်စားပွဲသက်သက်မရှိချေ။ယခင်က မောင်နှမသုံးဦးပေါင်း၍ တစ်စားပွဲတည်း ကျက်မှတ်ခဲ့ကြရသည်။ကျော်ထွန်းညို ဆယ်တန်းအောင်၍ စက်မှု တက္ကသိုလ်တက်ခွင့်ရသော အခါတွင် ကား ဖေဖေသည် သားကြီးအတွက် စာကြည့်စားပွဲတစ်လုံး သတ်သတ် စီစဉ်ပေးသည်။ ယခင်ကျက်စ စားပွဲဟောင်းကြီးကို အမာညိုနှင့် ညီလင်းညိုတို့ ဆက်လက် အသုံးပြုကြရလေသည်။
'အရေး ကြီးတဲ့အကြောင်း ပြောနေတာပါ ကိုကိုရ'
'ဘာအကြောင်းမို့လဲ'
'စုလှိုင်အကြောင်း'
'ဟိုဓာတ်ပုံထဲက ကောင်မလေးလား'
'ဒါပေါ့'
ကျော်ထွန်းညိုက လှည့်မကြည့်အားသေးပေ။ ဆလိုက်ရူးလ် တစ်ချောင်းနှင့် တကုန်းကုန်းအလုပ်ရှုပ်နေသည်။ ဆလိုက်ရူးလ်သည် သင်္ချာတွက်ရာတွင် အမာညိုတို့အသုံးပြုနေသော လော့ဂရမ်သမ်ထက်လွယ်သည် ဟု သူ့အစ်ကိုက ပြောလေ့ရှိသည်။ သူ့တန်ဖိုးကလည်း မသေးလှ။ တစ်ချောင်းကိုခြောက်ဆယ်ပေးရသည်။ ဆလိုက်ရူးလ်မှ အလယ်သားလေးကို ဘယ်ရွှေ့လိုက်၊ ညာရွှေ့လိုက် တကုန်းကုန်းရေး မှတ်လိုက်လုပ်နေသော ကိုကို့ကို အမာညိုသည် ကြည့်ရင်း သဘောကျလာသည်။ ခက်ရာခက်ဆစ် တွက်ချက်နေသော ပညာရှိကြီးနှင့် တူနေသော ကြောင့် ဖြစ်သည်။
'စုလှိုင်က ပန်းတွေ အများ ကြီး ယူလာတယ် ကိုကိုရ၊ ဟား တအားလှ၊ တအားမွှေးတာပဲ'
'နင် သူ့ကိုမခင်ဘူးဆို'
'ဟဲဟဲ ခုတော့ နည်းနည်း ခင်သွားပြီ'
'ဘာ ဖြစ်လို့လဲ၊ ပန်းတွေ ယူလာပေးလို့လား'
'ဒါပေါ့လို့'
အမာညိုသည် ûပံးစစလေးပြောရင်း လွယ်အိတ်ထဲမှ မရန်းပြားထုပ်ကို နှိုက်ယူလိုက်သည်။ အထုပ်ကိုဖောက်လိုက်သော အခါ မည်းမည်း ခြောက်ခြောက် မရန်းပြားလေးသုံးပြား ပေါ်လာသည်။ အနားသားလေးများ သည် မှိုတက်နေသော်လည်း အမာညို လွှင့်မပစ်ရက်ပေ။ အလယ်သားလေးများ ကို ရွေးကာ စားသည်။
မက်မက်မောမော စားနေသော အမာညိုကိုလှမ်းကြည့်ရင်း ညီလင်းက နှာခေါင်းရှုံ့လိုက်သည်။
'ဖေဖေက အချဉ်ထုပ်တွေ မစားရဘူးဆို၊ စားပြန်ပြီလား'
'ဖေဖေမှမသိတာ၊ နင်လည်း စားပါလား'
'အို ညစ်ပတ်တယ်တဲ့'
'ပတ်ပတ်ပေါ့၊ ငါတော့êကိက်တာပဲ၊ အခု ဒါလေးတစ်ထုပ် ငါးပြားပေးနေရတာ နာတယ်သိလား၊ ကြည့်ပါဦး သုံးဖတ်ထဲရယ်၊ ငါတို့ ငယ်ငယ်ကနဂါးနီထုပ်ဆိုရင် ကောင်းတယ်နော် ညီလင်း၊ ချိုချို၊ ချဉ်ချဉ်၊ စပ်စပ်၊ ငါးပြားတန်ထုပ်ကလည်း အများ ကြီးရတယ်'
'မမ ဒါလောက်ပိန်နေတာ အဲဒါတွေ စားနေလို့သိလား'
'ဘာ ဖြစ်သေးလဲ၊ ပိန်တာများ သေတတ်တာကျလို့'
'ဒါပေမဲ့ သေဘေးနဲ့တော့ နီးတာပေါ့'
'ဘာလို့နီးရမှာ လဲ၊ ဝတော့မှပိုနီးတာ၊ ဝတဲ့ခန္ဓာကိုယ်က ပိုးမွှားဝင်စရာနေရာများများ ရှိတာပေါ့၊ ငါတို့လို ပိန်ပိန်လေးတွေ ကျတော့ ပိုးမွှားဝင် လာဦးတော့နေရတာ ကျပ်တာနဲ့ ပြန်ထွက်သွားရော၊ ဟား ဟား'
အမာညိုက စကားနိုင်လုကာ ပြောသည်။ မရန်းပြားများ ကုန်သွားပြီ ဖြစ်သဖြင့် စက္ကူခွံကို လုံးထွေးကာ လွယ်အိတ်ထဲပြန်ထည့်လိုက်သည်။ စာကြည့်စားပွဲနားတွင် စက္ကူခွံများ တွေ့ ပါက အချဉ်ထုပ်စားသည့်တရားခံကို တန်းပြီးမိသွားမည့်  အရေး ကို êကိတင်မြင်ယောင်မိသော ကြောင့် ဖြစ်သည်။
'မိညို၊ ညီလင်း စာကျက်ချိန်မှာ ကျက်ကြစမ်း၊ တိတ်တော့၊ နောက်တစ်ခွန်းမှမပြောနဲ့'
ကျော်ထွန်းညိုက နားငြီးလာဟန်နှင့် အော်တော့သည်။ အမာညိုသည်ခေါင်းလေးပုသွားရင်း နှုတ်ခမ်းမဲ့လိုက်သည်။ သို့ သော် ဘာမှပြန်မပြောရဲသည့်အတွက် စာအုပ်ထဲတွင် ခေါင်းစိုက်ထားလိုက်ရလေသည်။
သို့ သော် စိတ်က ကြာရှည်မငြိမ်ချေ။ စုလှိုင်ကို သတိရသည်။ စုလှိုင်အကြောင်း တွေးမိပြန်သည်။ စုလှိုင်သည် တသီးတသန့်နေလွန်းသော မိန်းကလေးတစ်ဦး ဖြစ်သည်။ မည် သူနှင့် မျှ ရောရောထွေးထွေးမနေတတ်ပေ။ ထို့ကြောင့် လည်း ပြောင်လား နောက်လား၊ လုံးလားထွေးလား နေတတ်သော အမာညိုနှင့် မခင်မင်ခဲ့ခြင်း ဖြစ်လေသည်။
'စုလှိုင်က မာနကြီးတယ်'ဟု အကုန်လုံးက သတ်မှတ်ထားကြသည်။သူ့ဖခင်သည် သူဌေးတစ်ဦး ဖြစ်သည်။ တော် လှန်ရေး ကောင်စီ မတက်မီ ကာလက ပ ထ စ အမတ်ပင် ဖြစ်ခဲ့သေးသည်ဟုဆိုသည်။ မည် မျှ ချမ်းသာလဲတော့မသိ။ စုလှိုင်တို့ချမ်းသာသည်ကားအမှန်ပင်။ သူ့အမေကလည်း အလွန်လှသည်ဟု ပြောကြသည်။ သူ့အမေ လှမလှတော့ အမာညို မမြင်ဖူး၍ မသိခဲ့ရပေ။ သို့ သော် စုလှိုင်လှသည်ကိုကား အမာညိုသိလေသည်။ ကိုယ်လုံးသွယ်သွယ်၊မျက်နှာရှင်းရှင်းနှင့် ကြည့်၍ ကောင်းလှသည်ကိုကား အားလုံးလက်ခံမိကြသည်။ချမ်းသာသည်၊ ရုပ်ချောသည်၊ စာတော် သည်။ စုလှိုင်၏ ဘဝတွင် နောက်ထပ်ဘာမျှမလိုတော့ဟုတွေးရင်း အမာညို အားကျမိသေးသည်။ ထိုသို့ သော မိန်းကလေးသည်လည်း မာနကြီးရန် အကြောင်းအချက် လုံလောက်စွာ ရှိလေသည်။
သို့ သော်၊ သို့ သော်၊ အမာညိုရင်ထဲတွင် မရှင်းသည်ကား သူ့မျက်လုံးနှင့် သူ့အကြည့် ဖြစ်သည်။ သူ့မျက်လုံးများ သည် မျက်တောင်ရှည်များ ဘောင်ခတ်ကာ လှပသော်လည်း နွေးထွေးရွှန်းလက်မှု မရှိချေ။ မာကျောကျော အေးစက်စက်ကြည့်တတ်သော မျက်လုံးစိန်းများ ဖြစ်သည်။ သံသယ အရိပ်အယောင်များ က ထိုမျက်လုံးကို အမြှေးပါးသဖွယ် ရစ်သိုင်းထားလေ့ ရှိသေးလေသည်။
'စုလှိုင်က လိမ္မာလိုက်တာဟယ်၊ သိပ်ချစ်ဖို့ကောင်းတာပဲ၊ တကယ်တကယ်'ဟု အမာညိုက ကျေးဇူးတတင်ပြောသော အခါ စုလှိုင်က 'ဘာလဲ၊ပန်းယူလာပေးလို့လား' ဟု ခြောက်ကပ်ကပ်အသံနှင့် ပြန်မေးလေသည်။ ထို့နောက် ပျင်းရိငြီးငွေ့လာသလို သမ်းဝေလိုက်သည်ကို အမာညိုပြန်၍ စဉ်းစားကြည့်နေမိသည်။ ထိုမျှ အစစအရာရာပြည့်စုံနေသော မိန်းကလေးတစ်ဦးသည်ပျော်ရွှင်တက်ကြွနေသင့်သည်ဟု အမာညိုထင်မိမှတ်မိသည်။ သို့ သော် စုလှိုင်ဟူသည့် မိန်းမချောလေးသည် သံသယအခိုးအငွေ့များ ဝေနေသော မျက်လုံးများ နှင့် အရာရာကိုငြီးငွေ့နေသလို ငေးပြီးကြည့်တတ်လေသည်။
'ဟေ့ မမ'
ညီလင်းက ခပ်တိုးတိုးလှမ်းခေါ်သော အခါ အမာညို၏ အတွေးပြတ်သွားလေသည်။ ခေါ်သူက တိုးတိုးလေးခေါ်၍ သူကလည်း တိုးတိုးလေးပြန်ထူးလိုက်လေသည်။ အသံကျယ် သွားပါက သင်္ချာကုန်းတွက်နေသော ကိုကိုကြားသွားမည် ကို စိုးရိမ်ရသည်။
'ဘာလဲဟ'
'ခင်ယုမေနဲ့ဝါဝါဝင်းရွှေ ဘယ်သူပိုလှလဲဟင်'
'ဝါဝါဝင်းရွှေလှတာပေါ့'
'အောင်မာ၊ ခင်ယုမေလှတာပါ မမရာ'
သူ့သဘောနှင့် မတိုက်ဆိုင်သော ကြောင့် ညီလင်းက စိတ်ပျက်သွားသည်။ သူတို့သူငယ်ချင်းတစ်စု နေ့ခင်းက ထိုပြဿနာကိုငြင်းခဲ့ကြသည်။ ဝါဝါဝင်းရွှေဘက်က အင်အားမသေးလှချေ။ ထို့အတူ သူပါဝင်သော ခင်ယုမေပရိသတ်ကလည်း အင်အားကောင်းသည်။ အကြိတ်အနယ်ငြင်းကြသည်။ အဖြေမထွက်။ ယခု အစ်မ ဖြစ်သူအားမေးမိသည်။ စစ်ကူရမလားဟု မျှော်လင့်မိသော်လည်း နောက်ထပ်တစ်ကြိမ် တချီတမောင်းငြင်းရဦးမည့် ပုံမို့ ညီလင်း မကျေမနပ် ဖြစ်သွားလေသည်။
'ဝါဝါဝင်းရွှေက အပြတ်အသတ်ပိုလှတယ်'
'ခင်ယုမေက ဆယ်ဆသာတာပေါ့၊ ရုပ်တင်မကဘူး အသံလည်းကောင်းသေး'
'ဘာ ဖြစ် ဖြစ် ဝါဝါဝင်းရွှေ ပိုလှတာပဲ'
အမာညို၏ အသံက ရုတ်တရက်ကျယ်လာသည်။ ထိုပြဿနာသည်မသေးလှချေ။ ယခင်က ခင်ယုမေကို အရမ်းကြိုက်သော အမာညိုသည် 'စိတ်'ဇာတ်ကားကို ကြည့်ပြီးတော့ ပို၍ ငယ်သော ဝါဝါဘက်သို့ မသိမသာ ယိုင်သွားသည်။ သူနှင့် မျက်နှာကြော မတည့်လှသော မသန်းအေးက ခင်ယုမေမှ ခင်ယုမေဆိုတော့ အမာညိုက ဝါဝါဘက်မှ မားမားမတ်မတ် ရပ်မိတော့သည်။ သူတို့အတန်းထဲတွင် လည်း အော်ကြီးဟစ်ကျယ် ငြင်းခဲ့ပြီး ဖြစ်သည်။ ဝါဝါ့ဘက်သားအမာညိုနှင့် မမမေဘက်သား မသန်းအေးတို့ပင် တစ်ပတ်ခန့် မခေါ်နိုင် မပြောနိုင် ဖြစ်ခဲ့ရသေးသည်။
'ဝါဝါလှတယ်ဟ'
'ခင်ယုမေလှတယ်ဗျ'
'ဘယ်သူပိုလှလှ မင်းတို့အပူလားကွ၊ စာကျက်ပါဆို အေးအေးဆေးဆေး မကျက်ဘူး၊ ငါ စိတ်တိုလာပြီနော်'
စိတ်ပေါက်ပေါက်နှင့် ထအော်သော ကိုကို့အသံကြားသော အခါ အမာညိုရော ညီလင်းပါ ခေါင်းလေးများ ပုသွားကြသည်။ ဧည့်ခန်းတွင် ရေဒီယိုသတင်းနားထောင်နေသော ဖေဖေသည် သူ့သားကြီးအသံ ကြားလိုက်ဟန်တူသည်။နေရာမှထလာပြီး စာကြည့်ခန်းတွင်းသို့ လှမ်းကြည့်သည်။ စာအုပ်နှင့် မျက်နှာအပ်မတတ် ကြိုးစားဟန်ပြနေသော အငယ်နှစ် ဦးကို အကဲခတ်သလို ကြည့်နေသော်လည်း ဝင်ရောက်ဆူပူခြင်းမပြုပေ။ တော် ရုံတန်ရုံကိစ္စများ ကို မိဘက ဝင်ရောက် ဖြေရှင်းလေ့မရှိပေ။ သားကြီးကိုသာ လွှဲထားလေ့ရှိသည်။ ထို့ကြောင့် အမာညိုရော ညီလင်းပါ အာဏာပိုင်ကိုကို့အား ကြောက်ကြရသည်။ ကိုကိုကလည်း သူ့အာဏာကို အလွဲသုံးစားပြုလေ့မရှိပေ။ ထို့ကြောင့် ညီလင်းနှင့် အမာညိုတို့ နှစ် ဦးကြားတွင် မကြာခဏ တက်လေ့ရှိသော ပြဿနာ အသေးအဖွဲလေးများ သည် ကိုကို့တရားခွင်တွင် ပင် ပြေငြိမ်းသွားလေ့ရှိသည်။ ဖေဖေ၊ မေမေတို့ဆီသို့ မရောက်တော့ပေ။
ဖေဖေပြန်ထွက်သွားသည်ကို မျက်လုံးထောင့်နှင့် လိုက်ကြည့်ပြီးသော အခါမှ သူတို့နှစ် ဦးခေါင်းမော်လာသည်။ တစ်ဦးနှင့် တစ်ဦး ရယ်ကျဲကျဲနှင့် လှမ်းကြည့်မိကြသည်။ သို့ သော် ဆက်လက်ငြင်းခုန်ရန်ကား စိတ်မကူးရြဲ ကတော့ပေ။ မပြီးပြတ်သေးသော ငြင်းပွဲကို ခေတ္တအားလပ်ချိန် ပေးထားလိုက်ရလေသည်။
ညီလင်းသည် အမာညိုကို နှာခေါင်းရှုံ့ပြကာ ကွန်ပါဘူးထဲမှ စက်ဝိုင်းခြမ်းသေးကို ထုတ်ယူလိုက်သည်။ အမာညိုကလည်း ညီလင်းကိုမကြည့်တော့ဘဲ သူ့ရှေ့မှမှတ်စုစာအုပ်တွင်းသို့ စိတ်ကို စိုက်ထားလိုက်သည်။ညီလင်း တစ်ယောက် မျက်မှော င်တကုတ်ကုတ်နှင့် ဂဲသြမေထရီပုံများ ဆွဲနေစဉ် အမာညိုသည် ကိုယ်ကိုရှေ့နောက်ယိမ်းရင်း အင်္ဂလိပ်စာကို အသံထွက်၍ ကျက်မှတ်နေပြီ ဖြစ်သည်။ သူ့ဦးနှောက်တွင်းသို့ မှတ်စုတွင်းမှ ရေခဲဖုံးလွှမ်းသော အင်နာပူရနားတောင်ကြီးက ရောက်နေပြီ ဖြစ်လေသည်။
*
စုလှိုင်သည် မှတ်စုစာအုပ်ကလေးကိုပိတ်၍ နေရာမှထလိုက်သည်။ စာကျက်ရန်စိတ်မပါတော့၍ ဖြစ်သည်။စားပွဲတင်နာရီလေးမှလက်တံတိုသည် ကိုးဂဏန်းသို့ ရောက်ရှိနေလေသည်။ ည ကိုးနာရီရှိပေပြီ။ မြန်မာပိုင်းအစီအစဉ်များ ပြီး၍ အင်္ဂလိပ်ပိုင်း အစီအစဉ်များ စနေပြီ ဖြစ်သည်။
'စု'
အခန်းဝမှပေါ်လာသည်။ မအေးတင် ဖြစ်သည်။ စုလှိုင်သည် ငဲ့ကြည့်လိုက်ပြီး ခေါင်းတစ်ချက်ဆတ်ပြလိုက်သော အခါမှ ဝင်လာသည်။ သူ့လက်ထဲမှဗန်းလေးထဲတွင် နွားနို့တစ်ဖန်ခွက်နှင့် ကြက်ဥပြုတ်နှစ် လုံးကို ထည့်ထားသည်။
'မာမီပြန်လာပြီလား မအေးတင်'
'မလာသေးဘူး စုရဲ့ '
'ဒက်ဒီ ကတော့ ပြန်အိပ်မယ်မထင်ဘူးနော်'
မအေးတင်သည် ဘာမျှအဖြေမပေးဘဲ လင်ဗန်းလေးကိုသာ စားပွဲပေါ်သို့ အသာအယာချလိုက်သည်။ သူ ဖြေရန်မလိုပေ။ သူရော စုလှိုင်ရော ထိုအဖြေကို သိပြီး ဖြစ်သည်။ ဒက်ဒီ၏ နံပါတ်နှစ် က သားယောက်ျားလေး မွေးဖွားနေသည်ကို သူတို့သိထားသည်။ နံနက်က ဒက်ဒီနှင့် မာမီတို့ ရန် ဖြစ်ကြသည်။ထို့ကြောင့် ဒက်ဒီသည် သူ၏ နံပါတ်နှစ် ထံတွင် သားငယ်ကို သွားကြည့်ကာနံပါတ်သုံး၏ အိမ်တွင် အိပ်လိမ့်မည် ဖြစ်လေသည်။
'မာမီကြီးရော အိပ်ပြီလား'
'မအိပ်သေးဘူးစု၊ ဆရာမ နဲ့စကားပြောနေတယ်'
'ရစ်ချတ်သခင်ကြီးအကြောင်း ပြောနေတာလားဟင်'
'မဟုတ်ပါဘူးစုရဲ့ '
'ဒါဆို ငယ်ငယ်တုန်းက သူ့ကိုပိုးတဲ့ ဝန်ထောက်မင်း ဦးဘတင့်အကြောင်းပဲ ဖြစ်ရမယ်'
မအေးတင်သည် စုလှိုင်ကို အံ့သြသလို လှမ်းကြည့်ပြီး ရယ်လိုက်မိသည်။ စုလှိုင်ပြောသည့်အတိုင်း ဖြစ်သည်။ ဝန်ထောက်မင်းပါးသော ချစ်သဝဏ်လွှာများ ကို အဘွားက ပြန်ရွတ်ပြနေသည်ကို မအေးတင် တစ်ဝက်တစ်ပျက်ကြားခဲ့ရသည်။ ကာရန်တွေ နဘေတွေ နှင့် မို့ မအေးတင်နားမလည်ချေ။ဆရာမ လည်း နားလည်ပုံမရ။ သို့ သော် တအင်းအင်းနှင့် အင်းလိုက်ကာ မျက်တောင်စင်းငိုက်ပြီးနားထောင်နေရှာလေသည်။ မအေးတင်အမြင်အားဖြင့် မူဆရာမ တွင် ဘာအလုပ်မျှမရှိပေ။ စကားများ လှသော အဘွားကြီးကို အချိန်မှန်မှန်စောင့်ပြီး ဆေးတိုက်နေရုံသာ အလုပ်ရှိသည်။ ထိုကဲ့သို့ သော သက်သက်သာသာ အလုပ်ကလေးအတွက် လခကောင်းကောင်းရထားလေတော့လည်းဆရာမ ခမျာ ဒီမျှလောက်တော့ သည်းခံရပေမည် ဟု စဉ်းစားနေမိသည်။
'စု အိပ်တော့မလား'
'ဟင့်အင်း အိပ်ချင်သေးဘူး၊ ကြက်ဥတွေ ပြန်ယူသွား မအေးတင် စုမစားချင်ဘူး၊ နွားနို့ပဲ ထားခဲ့'
မအေးတင်သည် ကြက်ဥပြုတ်ပန်းကန်ကို ပြန်ယူသွားသည်။ စုလှိုင်သည် ပူနွေးနေဆဲ ဖြစ်သော နွားနို့ဖြူဖြူကိုငေးကြည့်နေရင်း ဒက်ဒီ၏ နံပါတ်နှစ် မှ မွေးသော သားငယ်အကြောင်းကို တွေးနေမိလေသည်။ သူ့ထက် ဆယ့်ခြောက်နှစ် ကျော်ကျော်ငယ်သည့် သူ၏ မောင်ငယ်ပင် ဖြစ်သည်။ မခေါ်ချင်လျှင်နေရမည် ။ မတော် ချင်၍ တော့မရပေ။ ဒက်ဒီ၏ ရင်သွေးသည် သူ၏ မောင်သာ ဖြစ်ရမည် ။ စုလှိုင်သည်တွေးနေရင်း ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားသည်။
'စုလှိုင် စုလှိုင်ကိုယ်တိုင် ကတော့ ဒက်ဒီ့သွေးစစ်ရဲ့ လား'ဟု ûဖန်းခနဲတွေးမိသည်။ မာမီနဲ့ဒက်ဒီလက်ထပ်ပြီး ခုနစ်လကျော်ကျော်နှင့် မွေးသော စုလှိုင်သည် သူ့ရင်သွေးမဟုတ်နိုင်ဟု ဒက်ဒီကိုယ်တိုင်က သင်္ကာမကင်း ဖြစ်ခဲ့သေးသည် မဟုတ်ပါလော။
စုလှိုင်သည် နွားနို့ဖန်ခွက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိရင်း အပြင်ဘက်ရှိ အမှော င်ထုကို စိုက်ကြည့်နေမိသည်။ ဒက်ဒီအကြောင်း တွေးနေမိသည်။ ဒက်ဒီသည် စုလှိုင်ကိုတစ်ခါမျှ 'သမီး' ဟုမခေါ်ဖူးပေ။ တစ်အိမ်လုံးခေါ်ကြသည့်အတိုင်း 'စု' ဟုသာခေါ်လေ့ရှိသည်။ တစ်ခါတစ်ရံ စိတ်မလိုသော အခါ၊ မကြည်သာသော အခါများ တွင် အမည် ရင်းအတိုင်း 'စုစုလှိုင်' ဟုခေါ်တတ်လေသည်။
'သူ ဘယ်သူနဲ့များ တူမလဲ မသိဘူး'
စုလှိုင်သည် တစ်ဦးတည်းအသံကလေးထွက်အောင် ပြောလိုက်မိသည်။ နံပါတ်နှစ် သည် အသားညို၍ နွဲ့နွဲ့နောင်းနောင်းရှိလေသည်။ နူးညံ့ ပျော့ပျောင်းသော မျက်လုံးများ ကိုပိုင်ဆိုင်ပြီး စကားနည်းလေသည်။ မာမီ့လောက်မလှသော်လည်း သိမ်မွေ့နှိမ့်ချသော အမူအရာက ဒက်ဒီ့ကိုဆွဲဆောင်ထားဟန်ရှိသည်။ သူက မွေးသော သူ့သားသည် သူ့လိုပင် ပျော့ပျောင်းနူးညံ့သော မျက်လုံးများ ပါလာလိမ့်မည် ထင်သည်။ ဒက်ဒီ့မျက်နှာပေါက်တွင် ထိုမျက်လုံးလေးများ တပ်ပေးလိုက် ပါက ချစ်ခင်စဖွယ်ကလေးငယ်လေးသာ ဖြစ်ပေလိမ့်မည် ။
စုလှိုင်သည် မှန်တင်ခုံထဲမှ သူ့အရိပ်ကိုသူလှမ်းကြည့်လိုက်မိသည်။စုလှိုင်၏ မျက်လုံးများ သည်ကား ပျော့ပျောင်းဟန် လုံးဝမရှိပေ။ မာမီ့ဆီမှ မာနနှင့် ဒက်ဒီ့ဆီမှသံသယများ သည် စုလှိုင်၏ မျက်လုံးအိမ်ကို ရစ်သိုင်း လွှမ်းခြုံထားကြလေသည်။
'စု'
မအေးတင်က အခန်းဝမှလာခေါ်ပြန်သည်။
'တယ်လီဖုန်းလာနေတယ်စု'
'ဘယ်သူတဲ့လဲဟင်'
'ဖလက်ဒီတဲ့'
မအေးတင်သည် ဖရက်ဒီကို ထာဝစဉ်ပင် ဖလက်ဒီဟုသာခေါ်လေ့ရှိသည်။
'အပေါ်ထပ် ဆက်ပေးလိုက် လေ'
ဖရက်ဒီသည် မာမီ့မိတ်ဆွေ ဒေါ်ကြည်ကြည်၏ သား ဖြစ်သည်။ မာမီအိမ်ပြန်မအိပ်တော့ပဲ ဒေါ်ကြည်ကြည်၏ အိမ်တွင် ပင် မိုးအလင်းထိုင်တော့မည် ဟုဆိုလျှင် သူက တယ်လီဖုန်းဆက်ပြီး အကြောင်းကြားတတ်လေသည်။
'ဟဲလို ဖရက်'
'စု လား'
ဖရက်ဒီက ခပ်တိုးတိုးမေးလေသည်။ စုလှိုင်သည် နှုတ်မှပြန်မပြောတော့ပဲ တယ်လီဖုန်းခွက်ကိုင်ရင်း ခေါင်းညိတ်ပြလိုက်မိသည်။
'အန်တီတော့ သဲသဲမဲမဲ ဖြစ်နေပြီစု၊ ဒီညနောက်ကျလိမ့်မယ်ထင်တယ်'
'နောက်ကျမှာ လား၊ ပြန်မလာမှာ လားဟင်'
'သြော် အင်း၊ ပြန်မလာနိုင်ဘူးထင်တယ်'
'အင်း'
'စုလှိုင်'
'အင်'
စုလှိုင်သည် အမှော င်ထုကိုငေးကြည့်နေရင်း ခပ်ငိုင်ငိုင် ဖြစ်သွားသည်။ဒက်ဒီသည် နံပါတ်နှစ် ထံတွင် သားလေးကိုမြှူချော့နေလိမ့်မည် ထင်သည်။ မာမီကလည်း ဒိုင်းမွန်းများ စပိတ်များ နှင့် နပန်းလုံးလျက်ရှိနေသည်။ စုလှိုင်သည်တစ်ဦးတည်း ပင့်သက်ကလေးရှိုက်လိုက်မိသည်။
'ကိုယ့်အတွက် အဖြေမသိရသေးဘူးလား စုလှိုင်ရယ်'
'အင်'
ဖရက်ဒီက ခပ်ချွဲချွဲပြောသော အခါမှ စုလှိုင်သည် ယောင်တောင်တောင် ဖြစ်သွားပြီး နားထောင်ခွက်နှင့် ကပ်ထားသော ဦးခေါင်းကို ဆတ်ခနဲခွာလိုက်မိသည်။
'ကိုယ် မင်းကိုချစ်တယ်စု'
'စုကို ချစ်တယ်တဲ့လား'
'ဟုတ်တယ်၊ ဒါကိုလည်း အရာအထောင်မက ပြောခဲ့ပြီးပါပြီ ဒါလင်ရယ်၊ ကိုယ့်မေတ္တာကို ခုထိမယုံသေးဘူးလား'
'မေတ္တာဆိုတာ ဘာလဲဟင်'
'မေတ္တာဆိုတာ ချစ်ခြင်းပေါ့စုရဲ့ '
'ဘယ်ကနေ ချစ်တာလဲဟင်'
'နှလုံးသားထဲကလေ'
စုလှိုင်သည် သက်ပြင်းကလေးချလိုက်မိပြန်သည်။ တယ်လီဖုန်းခွက်ကို ခပ်လျော့လျော့ကလေးကိုင်ကာ စားပွဲပေါ်မှ ပြက္ခဒိန်ကို ငိုင်တွေ တွေ ကြည့်နေမိသည်။ လေက ခပ်ကြမ်းကြမ်းလေးတိုက်ခတ်ဝင်ရောက်လာသော အခါများ တွင် ထောင်ထားသော ပြက္ခဒိန်လေးသည် ယိုင်လဲကျတော့မလိုတလှုပ်လှုပ် ဖြစ်သွားတတ်သည်။
'စု'
'အင်'
'ကိုယ့်ကို ပြန်မချစ်ဘူးလားဟင်'
'ဟင့်အင်း'
'ဘာ ဖြစ်လို့လဲကွယ်'
'စုလှိုင်မှာ မေတ္တာမှမရှိတာ'
'ဘာရယ်'
'စုမှာ နှလုံးသားမှမရှိတာ'
'စုရယ်'
'စု ချစ်မှမချစ်တတ်တာ'
စုလှိုင်သည် တယ်လီဖုန်းခွက်ကလေးကို ပြန်ချထားလိုက်သည်။ထို့နောက် ချာခနဲလှည့်ကာ မအေးတင်ကိုအော်ခေါ်လိုက်လေသည်။'မာမီ့ကို စောင့်မနေနဲ့တော့၊ မာမီ ပြန်လာမှာ မဟုတ်ဘူး၊ တံခါးပြန်ပိတ်ပြီး အိပ်ြ ကတော့'
မအေးတင်ကတစ်ဖန် အောက်ထပ်မှ ဦးကြီးဘဇံတို့ ဒေါ်ငြိမ်းမယ်တို့ကို ညွှန်ကြားချက် ထုတ်ပြန်နေစဉ်၊ စုလှိုင်အခန်းသို့ ပြန်လာခဲ့သည်။ တစ်ဝက်တစ်ပျက်သာသောက်ရသေးသော နွားနို့ဖန်ခွက်ကို တစ်ရှိန်ထိုးမော့ကာ သောက်ချလိုက်ပြီး အိပ်ရာပေါ်သို့ ပြန်လှဲလိုက်သည်။
စုလှိုင်သည် မှန်ပြတင်းတွင် ထင်ဟပ်နေသော သစ်ပင်ရိပ်မည်းမည်းများ ကို ငေးကြည့်ရင်း အတွေးတို့က ပျံ့လွင့်စûပလာလေသည်။တဖြည်းဖြည်းနှင့် မီးခိုးများ လို လွင့်ပါးနေသော စိတ်အတွေးအမြှင်များ ကို ဆွဲ၍ စုစည်းရန် မကြိုးစားတော့ဘဲ လွှတ်ထားလိုက်သည်။စုလှိုင်တွင် တွေးစရာ အတွေးများများ မရှိပေ။
ဒက်ဒီ့ အကြောင်း၊
မာမီ့ အကြောင်း၊
ထို့နောက် သူငယ်ငယ်တုန်းက အကြောင်း။
စုလှိုင် ငယ်ငယ်တုန်းကအကြောင်းကို ညတစ်ညက စ၍ မှတ်မိသည်။ ငယ်ငယ်တုန်းကအကြောင်းကို ပြန်စဉ်းစားလိုက်လျှင် ထိုညကိုသာ ထင်ထင်ရှားရှားသတိရလေ့ရှိလေသည်။ ထိုစဉ်က စုလှိုင် သုံးနှစ် ခန့်သာ ရှိဦးမည် ထင်သည်။
ထိုညက မိုးမှော င်ကြီးကျနေလေသည်။ မိုးစက်မိုးပေါက်များ သည်မြေပြင်ပေါ်သို့ အဆက်မပြတ် ခုန်ဆင်းနေကာ လျှပ်စီးများ တဝင်းဝင်း လက်နေသည်။ မှန်ပြတင်းတွင် ထင်ဟပ်နေသော သစ်ရိပ်များ သည် ပုံသဏ္ဌာန် အမျိုးမျိုးနှင့် ယိမ်းထိုးပြီးလှုပ်ရှားနေသည်။ ညည့်အလယ် သန်းခေါင်ယံတွင် ဖြန်းခနဲလန့်နိုးလာသော စုလှိုင်လေးသည် ထိုအရိပ်မည်းများ ကို စိုက်ကြည့်ရင်း ချောက်ချားလာလေသည်။
'နာနီ နာနီ'
စုလှိုင်က အော်ခေါ်လိုက်သည်။ သို့ သော် စုလှိုင်၏ အသံလေးသည်မိုးသံ လေသံများ နှင့် ရောထွေးနေသည်။ တစ်ဖက်ခုတင်တွင် နှစ် နှစ် ခြိုက်ခြိုက်အိပ်ပျော်နေဟန်ရှိသော နာနီက တုတ်တုတ်မျှမလှုပ်ချေ။ စုလှိုင်သည် ခြုံထားသော ဂွမ်းစောင်ဖြူလေးကို လက်နှစ် ဖက်နှင့် တင်းတင်းဆုပ်ကိုင်ထားရင်း အားငယ်ကြောက်ရွံ့စိတ်များ က တစ်ကိုယ်လုံးကိုလွှမ်းမိုးလာလေသည်။
'ဝုန်း ဒိုင်း'
'အား'
ရုတ်တရက် စူးစူးရှရှလင်းလာပြီး ထစ်ချုန်းမြည် ဟည်းသွားသော မိုးကြိုးသံကိုကြားရသော အခါ စုလှိုင်လေးသည် အိပ်ရာမှလူးလဲထလိုက်မိသည်။ထို့နောက် သူ့ကိုယ်သူမသိခင်မှာ ပင် မာမီရှိရာအခန်းဆီသို့ ဦးတည်ပြီး ပြေးလွှားသွားနေမိပြီ ဖြစ်သည်။
'မာမီ မာမီ'
တစ်အိမ်လုံး မှော င်နေသဖြင့် စုလှိုင်သည် စိတ်မှတ်နှင့် သာ စမ်းတဝါးဝါးပြေးလာခဲ့သည်။ မာမီ့အခန်းဆီသို့ အရောက် ပြေးဝင်လိုက်မိစဉ် ပိတ်ထားသော တံခါးရွက်များ နှင့် ဝင်ပြီးတိုးမိတော့သည်။ နဖူးနှင့် တံခါးရွက် တိုက်ခိုက်ကာဖင်ထိုင်လျက်လဲကျသွားစဉ် စုလှိုင်လေးသည် မာမီကို အသံကုန်အော်၍ ခေါ်မိလေသည်။ စူးစူးဝါးဝါးအော်၍ ငိုမိလေတော့သည်။
'ဟယ် စု၊ ဘာလာလုပ်နေတာလဲ'
အတန်ကြာသော အခါမှ အခန်းတံခါးသည် ဖြုန်းခနဲပွင့်သွားသည်။အခန်းတွင်းမှ လျှံထွက်လာသော ပြာလဲ့လဲ့မီးရောင် ဖျော့ဖျော့လေးတွင် မားမားကြီးရပ်နေသော ဒက်ဒီ့ကိုတွေ့ ရသည်။ အလဲလဲအပြိုပြိုနှင့် အော်ငိုနေသော စုလှိုင်ကိုခေတ္တမျှတွေ ဝေကြည့်နေပြီးမှ ကုန်း၍ ပွေ့ချီလိုက်သည်။ ဒက်ဒီ၏ လက်များ သည် ပူနွေးပြီး နူးညံ့နေလေသည်။ စုလှိုင်သည် ဒက်ဒီ၏ လည်ပင်းကိုလှမ်း၍ ဖက်ထားလိုက်ပြီး သူ့လိုလားချက်ကို အော်ဟစ်ပြီး ပြောလိုက်မိသည်။
'မာမီနဲ့အိပ်မယ် မာမီနဲ့အိပ်မယ်'
စုလှိုင် မာမီ့ရင်ခွင်ကို တမ်းတခဲ့သည်။ မာမီ့ရင်ခွင်ကြားတွင် မာမီ့လက်နွေးနွေးလေးများ နှင့် ဖက်ထားသည်ကိုခံယူရင်း အိပ်စက်လိုခဲ့သည်။ မာမီ့ကိုယ်နံ့သင်းပျံ့ပျံ့လေးကို ရှူရှိုက်ရင်း မာမီ့ကိုပြန်ဖက်ကာ နွေးနွေး ထွေးထွေးကလေးအိပ်ရန် မျှော်လင့်ခဲ့သည်။ သို့ သော် သူသည် မာမီနှင့် အတူ တစ်ခါမျှ မအိပ်ခဲ့ရဖူးချေ။ သီးသန့်ခန်းတွင် သာ နာနီနှင့် အတူတူ အိပ်ခဲ့ရလေသည်။ တာဝန်ဝတ္တရားအရ လှုပ်ရှားနေသော နာနီ၏ လက်ချောင်းအေးအေးများ နှင့် သာ ထိတွေ့ ခဲ့ရလေသည်။
'ဟေ့ ဒီမှာ မာမီနဲ့အိပ်မလို့တဲ့'
ဒက်ဒီက လှမ်းပြောသော အခါ အိပ်ရာပေါ်မှမာမီက တံတောင်ဆစ်ကိုအားပြု၍ ထောက်ကာ ထထိုင်လေသည်။ထွေးအိနက်မှော င်သော ဆံပင်များ သည် ပြေလျောကျနေသည်။ မာမီဝတ်ထားသော ညဝတ်အင်္ကျီလေးသည်လည်း ပါးလွှာလှသည်။ ပြာလဲ့လဲ့ မီးရောင် လေးတွင် တိုးလျှိုးပေါက်နီးပါးမြင်နေရသည်။ မည် သို့ ပင်ဆိုစေ မာမီသည်အလှကြီးလှနေသည်ကို စုလှိုင်မှတ်မိသည်။ မျက်ရည်စများ မစင်သေးသော စုလှိုင်၏ ငိုမဲ့မဲ့မျက်နှာလေးကို မာမီကလှမ်းကြည့်ကာ ညည်းသလိုလိုပြောသည်။
'ဘာလာရှုပ်တာလဲ စု ရယ်'
'မာမီနဲ့အိပ်မယ်'
'မာမီမအားဘူး စု၊ ဒက်ဒီနဲ့စကားပြောရဦးမယ်'
အိပ်ရာထဲတွင် အိပ်နေသော မာမီက မအားဘူးဟုပြောသည်ကို စုလှိုင်လေး လုံးဝနားမလည်နိုင်ချေ။ မာမီ့စကားကိုကြားသော အခါ၌ ဒက်ဒီ သဘောကျသလို ရယ်လိုက်သည်ကိုတော့ သတိထားလိုက်မိလေသည်။
'မာမီနဲ့အိပ်မယ်'
'အို တော် ကြာ သေးပေါက် ဘာပေါက်နဲ့ မရှုပ်စမ်းပါနဲ့ သမီးရယ်နာနီ နာနီ'
မာမီက အော်ခေါ်သော အခါ စုလှိုင်သည် ဒက်ဒီ့လည်ပင်းကို အားကိုးတကြီးနှင့် တအားဖက်ကာ အသံကုန်အော်မိလေတော့သည်။
'နာနီနဲ့အိပ်ဘူး မာမီနဲ့အိပ်မယ်၊ နာနီနဲ့အိပ်ဘူး'
နက်မှော င်ပျော့ပျောင်းသော ဆံခွေလေးများ သည် မာမီ့နဖူးပြင်ပေါ်တွင် ဝဲကျနေသည်။ အပြာနုရောင် အခန်းထဲသို့ လျှပ်ရောင် တဝင်းဝင်း ဝင်ရောက်လာသော အခါများ တွင် မာမီ့မျက်နှာလေးသည် ပို၍ လင်းပြီး ပို၍ လှသွားတတ်သည်။ စုလှိုင်ငယ်လှသေးသော ကြောင့် မာမီ့မျက်လုံးများ ကိုမူ အကဲမခတ်တတ်ခဲ့ချေ။
'ကလေးထွက်လာတာမသိဘူးလား နာနီ၊ ဂရုစိုက်မှပေါ့'
ဒက်ဒီသည် သူ့လည်ပင်းကိုဖက်တွယ်ထားသော စုလှိုင်၏ လက်ချောင်းနုနုလေးများ ကို ဆွဲဖြုတ်ရင်း နာနီကို အပြစ်တင်သည်။ ထို့နောက် အိပ်ချင်မူးတူးနှင့် ထလာသော နာနီ၏ အေးစက်စက်လက်များ ထဲသို့ စုလှိုင်လေးကို ထည့်လိုက်သည်။ စုလှိုင်သည် နာနီ၏ လက်တွင်း၌ ကော့ထိုးရုန်းကန်နေစဉ် ဝုန်းခနဲဒိုင်းခနဲ မြည် ဟည်းသွားသော မိုးကြိုးသံကို ကြားရပြန်သည်။
စုလှိုင်ထင်သည်။ စုလှိုင်ကြီးပြင်းလာသော အခါ၌ တွေးမိသည်။ ထိုအချိန်က ပစ်လိုက်သော မိုးကြိုးနှင့် မိုးရေများ ထဲတွင် စိုးရွံ့ခြင်း၊ အားငယ်ခြင်း၊ အထီးကျန်နိုင်ခြင်း၊ ကြေကွဲဝမ်းနည်းခြင်းဟူသော အမှော င်ရိပ်များ ပါလာသည် ထင်သည်။ သူ့နှလုံးသား ငယ်ငယ်နုနုလေးကို ထိုအမှော င်ရိပ်များ က စောင်မည်းကြီးလို လွှမ်းခြုံလိုက်လေသည်။
စုလှိုင်သည် အော်ဟစ်မငိုတော့ပေ၊ လက်နက်ချ အရှုံးပေးလိုက် သူလိုနာနီ၏ လက်ထဲ၌ ပါသွားရင်း မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာသည်။တအင့်အင့်ရှိုက်ရင်း မာမီ့အခန်းဆီမှ ပြာလဲ့လဲ့မီးရောင် လေးကို လည်ပြန်ပြီး တမ်းတမ်းတတ ကြည့်မိသည်။ စုလှိုင်ကြည့်နေစဉ်မှာ ပင် တံခါးရွက်များ ပိတ်သွားသည်။ ထို့နောက် ဂျက်ချသံကို ကြားရသည်။စုလှိုင်လေး၏ ရင်ထဲတွင် ဟာသွားလေသည်။
'ဇာတ်ကြီးဆယ်ဘွဲ့လေ သိတယ်မဟုတ်လား၊ 'တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စံ၊နာ၊ ဝိ၊ ဝေ တဲ့'
'တေက တေမိ၊ ဇက ဇနက္က၊ သုက သုဝဏ္ဏသာမ၊ နေက နေမိ၊မက မဟောသဓ၊ ဘူက ဘာလဲဟင် မိသက်'
အမာညိုသည် လက်တစ်ချောင်းစီချိုးကာ ရေတွက်နေရင်း မျက်မှော င်ကုတ်သွားသည်။ ထို့နောက် သက်သက်ကို လှမ်းမေးသည်။
'ဘူရိဒတ်လေဟယ် နဂါးမင်း၊ ဘူရိဒတ်နဂါးမင်း၊ လူ့ပြည်လာပြီးဥပုသ်စောင့်တာ'
'အဲ ဟုတ်သားပဲ၊ စံက စန္ဒကုမ္မာရနော်၊ ဟုတ်ရဲ့ လား၊ နာက နာရဒထင်တယ်၊ မသေချာဘူး၊ အဲဒါ ရသေ့လား ဘုရင်လား'
'သေချာမသိဘူးဟဲ့'
'အေးဟယ် အဲဒီ အကြောင်း သေသေချာချာမသိဘူး၊ မေမေပြောပြတဲ့အထဲမှာ အဲဒီ နာရဒအကြောင်းမပါသေးဘူး'
'ဟယ် အမာညို နင်ခုထိ ပုံနားထောင်တုန်းပဲလား'
'ဒါပေါ့ဟ အဲဒီ ဇာတ်ကြီးဆယ်ဘွဲ့စလုံး မေမေပြောပြတာတွေ ပေါ့၊မေမေကြီးလည်း ပြောတတ်တာပဲ၊ မေမေကြီးပြောပြတာက ပိုကောင်းတယ်၊ဟန်နဲ့ပန်နဲ့ ကွက်စိပ်ဟောသလို ပြောပြတာ သိပ်ကောင်းတာပဲ သိလား၊ မေမေကြီးက အဲဒီ ထဲက ဝေဿန္တရာဇာတ်ကို êကိက်တယ်တဲ့၊ ငါ ကတော့ မဟောသဓဇာတ်ကို ပိုêကိက်တယ်'
စုလှိုင်သည် တွက်လက်စ သင်္ချာပုစ္ဆာကို ဆက်မတွက် ဖြစ်ဘဲ သူတို့နှစ် ဦးကို ငေးကြည့်နေမိသည်။ ဆရာမ မလာသော ကြောင့် တစ်တန်းလုံး လွတ်လပ်ရေး ရနေသည်။ စာမေးပွဲနီးပြီ ဖြစ်၍ စာကျက်နေကြရန် ဆရာမ ကြီးကလာရောက်ပြောကြားထားသည်။ ထို့ကြောင့် တစ်တန်းလုံး စာကျက်နေကြသော်လည်း အမာညိုနှင့် သက်သက်ကမူ စာကိုခဏသာ စိတ်ဝင်စားလိုက်သည်။ စာတစ်ပိုဒ်နှစ် ပိုဒ်ခန့်ကျက်ပြီးသော အခါ ဆီးပြားခိုးစားရင်း စကားဖောင်ဖွြဲ့ ကတော့သည်။
'ဘာ ဖြစ်လို့'
'မဟောသဓက ပျော်ဖို့ကောင်းတယ်ဟ၊ ပညာစမ်းခန်းတွေ ကလည်းကောင်းတယ်'
'ဘာလဲ လည်ရွဲပြဿနာတို့၊ နွားပြဿနာတို့၊ ရှားနှစ် တုတ်ပြဿနာတို့ကို ကြိုက်တာလား'
'အဲဒါတင်ဘယ်ကမလဲ၊ ဒုတိယတွဲ မှာ သူတို့တိုင်းပြည်ကိုရန်သူလာဝိုင်းတဲ့အကြောင်း ပါသေးတယ်တဲ့ မေမေကြီးက ပြောတယ်၊ မြို့ကိုဝိုင်းပြီးအစာရေစာပြတ်အောင်လုပ်ထားတော့ မဟောသဓက ဥာဏ်ဆင်တာ သိပ်ကောင်းတာပဲ သိလား'
'ဘယ်လို ဥာဏ်ဆင်လို့လဲ'
'ဝါးတွေ ကိုအဆစ်ဖောက်ပြီး ကြာပင်စိုက်သတဲ့၊ ကြာဆိုတာ ရေမြင့်သလောက် မြင့်တယ်မဟုတ်လား၊ ဒီတော့ ကြာရိုးကြီးက ဝါးလုံးအရှည်အတိုင်းအရှည်ကြီး ဖြစ်လာတာပေါ့၊ အဲဒီ တော့မှ ကြာရိုးတွေ ကိုခွေပြီး ရန်သူဆီ ပစ်ပေးတယ်တဲ့၊ ငါတို့ဆီမှာ ဒီလောက်နက်တဲ့ရေကန်တွေ ရှိနေတာ ဘာပူရမှာ လဲ ဆိုပြီးတစ်ပတ်ရိုက်လိုက်တာပေါ့'
'ဟား ဟား တော် တော် ဥာဏ်ကောင်းတယ်၊ အဲဒီ အကြောင်းတွေ နင်ဘယ်ကသိ'
'မေကြီးပြောပြတာပေါ့'
စုလှိုင်သည် ပင့်သက်ကလေးရှိုက်ကာ ခေါင်းကိုငုံ့ထားလိုက်သည်။အမာညိုပြောနေသည့်အကြောင်းအရာများ ကို သူလုံးဝမသိပေ။ သိရအောင်လည်းပြောပြမည့် သူ မရှိချေ။ မာမီကြီးသည် ရစ်ချတ်သခင်ကြီးနှင့် ဝန်ထောက်မင်းဦးဘတင့်၏ အကြောင်းကိုသာပြောပြတတ်သည်။ မာမီသည် စပိတ်၊ ဒိုင်းမွန်းနှင့် ဂျက်၊ ကင်း၊ ကွင်းများ အကြောင်းကိုသာ သိလိမ့်မည် ထင်သည်။ ဒက်ဒီကမူ ဇာတ်ကြီးဆယ်ဘွဲ့သိဖို့နေနေသာသာ ဘုရားရှိခိုးကိုပင် ဆုံးအောင်တတ်မည့် သူမဟုတ်ပေ။ သိလျှင်လည်း စုလှိုင်ကိုပြောပြနိုင်လောက်အောင် အားလပ်ချိန် မရှိပေ။ အားလပ်ချိန်ရှိစေဦး၊ သိစေဦးတော့ စုလှိုင်ကိုပြောပြလိမ့်မည် လည်း မထင်ပါ။
'ငါငယ်ငယ်တုန်းကဆိုရင် ပုံနားမထောင်ရရင် မအိပ်ဘူး၊ ညီလင်းဆိုရင် သာဆိုးသေး၊ ငါ့တုန်းက သိပြီးသားပုံပေမယ့် နားထောင်သေးတယ်၊ညီလင်းက သူသိပြီးသားပုံဆိုရင် အာပြဲကြီးနှင့် အော်ရောတဲ့သိလား'
'အေးနော် ပုံနားထောင်ရင်းအိပ်ပျော်သွားရတာ သိပ်ဇိမ်ရှိတာပဲ'
သက်သက်သည် ဆီးပြားကို တမြုံ့မြုံ့စားနေသည်။ သူ့ကိုလှမ်းကြည့်သော စုလှိုင်ကိုတွေ့ သော အခါ ပြုံးရယ်ရင်း ဆီးပြားလေးကို ခုံအောက်မှလက်လျှို၍ လှမ်းပေးသည်။ စုလှိုင်သည် ခေါင်းကိုအသာခါယမ်းကာ ငြင်းလိုက်လေသည်။ ထိုသို့ သော ဆီးထုပ်ဆီးပြားများ ကို စုလှိုင်စားလေ့မရှိပေ။
'ကောင်းတယ် စုလှိုင်ရဲ့ ၊ ချိုချိုမွှေးမွှေးလေး စားကြည့်'
သက်သက်သည် သူ့ဆီးပြားကို ချီးမွမ်းခန်းဖွင့်ရင်း မျက်မှော င်ကုတ်သွားသည်။ ထို့နောက် ပါးစပ်ထဲမှ တစ်စုံတစ်ခုကိုဆွဲထုတ်လိုက်ကာ လက်ဝါးပေါ် တင်ကြည့်လိုက်သည်။ ပေရေနေသော တံမြက်စည်းရိုးလေး ဖြစ်သည်။ရုတ်ခြည်း ရှုံ့မဲ့သွားသော သက်သက်၏ မျက်နှာကို ကြည့်ကာ အမာညိုကတဟားဟားနှင့် ထရယ်လေတော့သည်။
'ဆီးပြားထဲက ပါတာလား'
စုလှိုင်က ပြုံးစေ့စေ့နှင့် မေးလိုက်မိသည်။ သက်သက်က မသက်မသာနှင့် ခေါင်းညိတ်ပြသည်။ ထို့နောက် ပါးစပ်ကိုဟကာ အာမထိ လျှာမထိနှင့် ရှုံ့ရှုံ့မဲ့မဲ့ပြောသည်။
'ဒါကြောင့် ကောင်းတာထင်တယ်၊ တုတ်မို့လို့သိတာ၊ ခွေးချေးသာဆိုရင် သိမှာ မဟုတ်ဘူး၊ ပျော့စိစိနဲ့ရောနေမှာ '
'အောင်မာ အခုဟာကရော ခွေးချေးထဲမှာ ပါလာတဲ့တုတ် ဖြစ်ချင် ဖြစ်မှာ ပေါ့၊ မဟုတ်ဘူးလားစုလှိုင်ရယ်'
'ထွီ'
သက်သက်သည် သူ့ပါးစပ်ထဲမှ ဆီးမှု န့်များ ကိုပါ ထွေးထုတ်လိုက်သည်။ ရှုံ့မဲ့နေသဖြင့် နဂိုက ကျဉ်းသော မျက်စိပေါက်ကလေးများ က ပို၍ ကျဉ်းသွားသဖြင့် သူ့မျက်နှာလေးသည် ရယ်စရာကောင်းနေသည်။
'ဒါမှမဟုတ် အိမ်သာလှည်းတဲ့တံမြက်စည်းက အရိုးကျိုးလာတာလားမသိတာ'
အယ်မာထွေးကပါ နောက်လှည့်ကြည့်ရင်း ဝင်ပြောသည်။ ထိုအခါသက်သက်သည် ရေအိုးစင်ဆီသို့ ကမန်းကတန်းထပြေးလေတော့သည်။ တခွီးခွီးနှင့် ပလုတ်ကျင်းနေသော သက်သက်ကိုလှည့်ကြည့်ရင်း တစ်တန်းလုံး အာရုံပျက်ပြားကုန်ြ ကတော့သည်။ တအုန်းအုန်းရယ်မောမြိ ကတော့သည်။ စုလှိုင်သည်လည်း အများ နှင့် လိုက်၍ ရယ်မောမိလေသည်။
'ဒါ ရွံစရာလား မိသက်ရ၊ မြတ်စွာ ဘုရားအလောင်းတော် တောင်မစင်နဲ့ လိမ်းကျံတာခံခဲ့ရသေးတာပဲ၊ တေမိဇာတ်တော် ထဲမှာ လေ၊ နင်ကလည်းဇာတ် ကြီး ဆယ်ဘွဲ့အကြောင်း ပြောနေရင်းများ တောင် တရားသဘောကို နှလုံးမသွင်းတတ်ဘူး'
အမာညိုက ရယ်မောနေရင်းမှ မထိတထိ ထပ်စနေသေးသည်။ သက်သက်သည် ဘာမှပြန်မပြောတော့ဘဲ မျက်စောင်းသာတအားပစ်ထိုးလိုက်သည်။နဂါးသာဆိုလျှင် အမာညို ပြာကျလောက်ပေပြီ။ နဂါးဟုဆိုသော အခါ စုလှိုင်သည် အမာညိုတို့နှစ် ဦး ခုနတုန်းကပြောနေသော ဘူရိဒတ်ဟူသော နဂါးမင်းအကြောင်း သတိရမိသည်။ ထိုနဂါးမင်းအကြောင်းကိုလည်း စုလှိုင်မသိပေ။မာမီ့လက်မောင်းပေါ် ခေါင်းအုံးပြီး မာမီ့ကိုယ်နံ့ မွှေးမွှေးလေးကိုရှူရှိုက်ရင်း ဘူရိဒတ်ပုံပြင်ကို နားထောင်ရသော် မည် မျှ ကောင်းလေမည် နည်းဟုတွေးရင်း ရင်ထဲတွင် လှိုက်မောသွားလေသည်။
'ဟေ့ တီချာဒေါ်ခင်အေးလာနေတယ် ရှူး'
အတန်းထိပ်တွင် ထိုင်သော သန်းသန်းခင်က အချိန်မီသတိပေးသည်။မီးကိုရေနှင့် ဖျန်းချလိုက်သလို တစ်တန်းလုံးငြိမ်တိတ်သွားလေသည်။ မှတ်စုစာအုပ်ကလေးများ ကိုယ်စီနှင့် ကျက်ကြ၊ မှတ်ကြ၊ တွက်ကြ ချက်ကြနှင့် ချက်ချင်း အလုပ်ရှုပ်ကုန်ြ ကတော့သည်။ ထို့ကြောင့် ဆရာမ အခန်းထဲ ဝင်လာသော အခါတွင် ငြိမ်ဝပ်လျက်ရှိသော တပည့်လိမ္မာကလေးများ ကို တွေ့ ရလေသည်။
'တယ်ဟုတ်ပါလားဟေ့၊ ခင်ခင်လှက တစ်တန်းလုံးကိုငြိမ်နေအောင်ထိန်းထားတာပေါ့လေ၊ ကောင်းတယ် ကောင်းတယ်၊ စာဆက်ကျက်ကြ၊ ဟုတ်လား၊ စာမေးပွဲက တစ်လကျော်ကျော်ပဲလိုတော့တာ'
ဆရာမ က အတန်းမော်နီတာ ခင်ခင်လှကို ချီးကျူးသော အခါ အယ်မာထွေးသည် ရယ်ချင်လွန်းသဖြင့် နှုတ်ခမ်းကိုဖိကိုက်ကာ မျက်နှာကို ငုံ့ထားရသည်။ ခင်ခင်လှ၏ လက်ထဲတွင် သိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးစာအုပ်ရှိသည်။ကျက်မှတ်နေခြင်းတော့ မဟုတ်ပါ။ အယ်မာထွေးနှင့် အတူ စာအုပ် လှန်တမ်းကစားနေခြင်း ဖြစ်၏ ။ ထို့ကြောင့် ဆရာမ က ချီးကျူးသော အခါ သူသည် မျက်နှာနီ သွားပြီး မလုံမလဲ ဖြစ်သွားသည်။ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
'အေး အေး၊ စာဆက်ကျက်နေကြနော်'
ဆရာမ ပြန်ထွက်သွားသော အခါမှ ခင်ခင်လှသည် သက်ပြင်းကြီးဟင်းခနဲချလိုက်မိလေသည်။ ထို့နောက် ပါးစပ်ထဲတွင် ငုံထားသော သကြားလုံးကို ကမန်းကတန်း ဝါးစားလိုက်သည်။ ခုနတုန်းက တစ်ချိန်လုံး ရင်ထိတ်နေရသည်။ ဆရာမ ကသာ သူ့ကို တစ်ခုခုမေးလျှင် မည် ကဲ့သို့ ပြန်ဖြေရမည် ပင်မသိ။ပါးစပ်ဟလိုက်သည်နှင့် ငုံထားသော သကြားလုံးက ထွက်ကျတော့မည် ဖြစ်သည်။ ဆရာမ လာပြီဆိုစဉ်က ခုံပေါ်တွင် လောင်းကြေးတင်ထားသော သြဇာစေ့များ ကို ကမန်းကတန်းဝှက်နေရလေသည်။ ထို့ကြောင့် ပါးစပ်ထဲတွင် ရှိသော သကြားလုံးကို အချိန်မီထွေးထုတ်ရန် သတိမရဘဲ ဖြစ် ခဲ့ရသည်။ ဆရာမ သူ့ရှေ့လာရပ်သော အခါမှပင် သတိရတော့သည်။ ထွေးထုတ်၍ လည်းမရ၊ မျိုချ၍ လည်းမရနှင့် မို့ ဂေါ်လီလုံးခန့်ကြီးသော သကြားလုံးကြီးကို ပါးစောင်တွင် ငုံထားရင်း ရင်တဒိတ်ဒိတ်ခုန်နေခဲ့ရသည်။ အရေး ထဲ ဆရာမ က ချီးကျူးနေပြန်သော အခါ မျက်နှာကိုပင် ဘယ်လိုထားရမည် မသိတော့ချေ။ ထို့ကြောင့် ယခုမှအûငိးတကြီးနှင့် ဝါးစားပစ်မိတော့သည်။ ကြောင်သူတောကြွက်သူခိုး ခင်ခင်လှကိုကြည့်ရင်း တစ်တန်းလုံးကျိတ်ပြီး ရယ်နေမိကြသည်။ အတန်းခေါင်းဆောင်ပင် ဖြစ်သော်လည်း မဟုတ်တာမှန်သမျှ အကုန်လုပ်သော ခင်ခင်လှကို တစ်တန်းလုံးက ချစ်ကြလေသည်။ သူကိုယ်တိုင် မုန့်ခိုးစားလေ့ရှိသဖြင့် အခြားသူများ မုန့်ခိုးစားသည်ကိုတွေ့ သော အခါ မမြင်ချင်ဟန်ဆောင်တတ်သည်။ သူကိုယ်တိုင် စာခိုးချလေ့ရှိ သဖြင့် အခြားသူများ ခိုးချသည်ကိုလည်း မျက်ကွယ်ûပတတ်သူမို့ သူ့ကိုသာ အစဉ်အမြဲ အတန်းခေါင်းဆောင်တင်ကြသည်။ ခင်ခင်လှသည်စာသိပ်မတော် သော်လည်း ရိုးသားပွင့်လင်းသဖြင့် ဆရာမ များ ကလည်း ချစ်ကြပြန်သည်။ စုလှိုင်ကမူ ခင်ခင်လှကို သိပ်သဘောမကျချေ။ ဆရာမ များ ရှေ့တွင် အမှတ်ယူပြီး ကွယ်ရာတွင် ထင်ရာလုပ်သော သူဟုသာ ထင်မြင်ယူဆမိ သည်။ထို့ကြောင့် အထင်လည်း မကြီး ခင်လည်း သိပ်မခင်ချေ။ ခင်ခင်လှကိုသာမဟုတ်။ စုလှိုင် မည် သူ့ကိုမျှလည်း သိပ်မခင်ပေ။ အေးအေးသာနေတတ်သည်။
'မိသက်'
'ဘာလဲဟ'
'ကိုကိုကပြောတယ် သိလား'
'ဘာတဲ့လဲ၊ ဘာတဲ့လဲ'
သက်သက်က ပျာပျာသလဲဟန်နှင့် ပြောင်ချော်ချော်မေးသည်။ သို့ သော် အမှန်တကယ်စိတ်ဝင်စားခြင်း ဖြစ်ကြောင်းကို မျက်လုံးလေးများ က ဖော်ပြနေကြသည်။
'ကြိုက်တယ်တဲ့'
'ဟင်၊ ရှက်စရာကြီး'
'ဟုတ်တယ်၊ လက်ဖက်သုပ် သိပ်êကိက်တာပဲတဲ့'
'အယ်၊ ခွေးမ'
သက်သက်သည် မျက်နှာလေးနီသွားပြီး အမာညို့ပေါင်ကို ရှက်ရှက်နှင့် လှမ်းဆိတ်လိုက်သည်။ အမာညိုက သက်သက်၏ လက်ကိုလှမ်း၍ ဖမ်းကိုင်ထားရင်း ရယ်နေသည်။
'ယောက် မရယ်၊ နင်ကလည်း ငါ့ကိုချည်းအားကိုးနေလို့ ဖြစ်မှာ လား၊ကိုယ့်ဟာကိုယ်လည်း အားထုတ်ဦးမှပေါ့'
'ဟုတ်တယ်၊ ကျွန်မက ရှင့်အစ်ကိုကို ရည်းစားစာရေး ပေးရမှာ လား၊ကိုကျော်ထွန်းညိုရယ် ရှင့်ကိုလေ ကျွန်မ ချစ်လိုက်ရတာ ဆတ်ဆတ်ကို တုန်နေတာပဲလို့ ရေး ပေးလိုက် မယ်လေ၊ ကဲ'
သက်သက်က အရွဲ့တိုက်ကာ ပြောသည်။ သူတို့နှစ် ဦးသည်တစ်လမ်းကျော်သာဝေး၍ အိမ်ချင်းနီးသည်။ ကျော်ထွန်းညိုနှင့် ကစားဖက်မဟုတ်သော်လည်း အပျိုဖော် မဝင်မီကတည်းက သိခဲ့ခင်ခဲ့ရသည်။ အမာညိုခေါ်သလိုပင် သူကလည်း 'ကိုကို' ဟု လိုက်ခေါ်လေသည်။
'နင်ကလည်းဟယ် စိတ်ချည်းပဲ၊ ဒီလောက်တော့ မလိုပါဘူး၊ ဒါပေမဲ့ အိမ်ကိုလာရင် အလှလေးဘာလေးပြင်ပြီးလာလေဟာ၊ ဒါမှ ကိုကိုက êကိက်မှာ ပေါ့၊ ယောက်ျားဆိုတာ လှရင်êကိက်တာပဲဟ'
'ဟေ့ အေးဟယ်'
'ဘာ ဖြစ်လို့လဲ'
'ဟင် ချက်တယ်၊ ချက်တာပေါ့'
သက်သက်က မျက်နှာကို လက်ဝါးနှင့် အုပ်ကာ မပီကလာ ပီကလာနှင့် ရွှတ်နောက်နောက်ပြောလေသည်။ စုလှိုင်သည် တွက်လက်စသင်္ချာပုစ္ဆာအဖြေထွက်သွားပြီ ဖြစ်သဖြင့် ခါးကိုဆန့်ကာ အညောင်းဖြေလိုက်သည်။ ထို့နောက် အခန်းအနောက်ဘက်ရေအိုးစင်ဆီသို့ လျှောက်ခဲ့သည်။ စုလှိုင်၏ နောက်ကျောကို လှမ်းကြည့်ရင်း အမာညိုက တိုးတိုးလေးပြောသည်။
'ဒို့ဓာတ်ပုံတွေ ထဲမှာ ကိုကိုက စုလှိုင်ကိုမှ စိတ်ဝင်စားတယ်ဟ၊ ဘယ်သူလဲတဲ့ မေးနေတယ်'
'စုလှိုင်က လှတာကိုး'
သက်သက်ကမှတ်ချက်ချရင်း သူ့မျက်လုံး အစ်အစ်ကလေးများ ကိုစိတ်ထဲမှ မကျေမနပ် ဖြစ်သွားသည်။ သူ၏ မျက်လုံးကလေးများ သည် စုလှိုင်လိုဝိုင်းဝန်းလှပပြီး မျက်တောင်ရှည်များ ဘောင်ခတ်ထားပါက ဓာတ်ပုံထဲတွင် ထူးခြားပေါ်လွင်လိမ့်မည် ထင်သည်။
'သူက လှတာကိုး'
သက်သက်က ဒုတိယအကြိမ်ပြောမိပြန်သည်။ ထို့နောက် တစ်သက်နှင့် တစ်ကိုယ် ပထမဦးဆုံးအကြိမ် တစ်ဦး တစ်ယောက် ကို မနာလို ဖြစ်မိလေသည်။စုလှိုင်ကို ဖြစ်သည်။ထို့ထက် ရှင်းရှင်းပြောရလျှင် စုလှိုင်၏ အလှအပကို ဖြစ်လေသည်။
သက်သက် ဒုတိယအကြိမ် စုလှိုင်ကို မနာလို ဖြစ်မိသည်ကား သင်္ချာဖြေသော နေ့တွင် ဖြစ်သည်။
'ဟယ် လျှမ်းလိုက်တာ၊ ငါ့နှယ် လျှမ်းသွားတယ် သေလိုက်ပါတော့လား မိသက်ရယ်'
သက်သက်သည် သူ့နဖူးကိုသူထုကာ အော်မိသည်။ မတွက်တတ်သည်မဟုတ်ပါဘဲနှင့် အပေါင်းအနှုတ်၊ အမြှောက် အစားလွဲသော ကြောင့် အဖြေမှားရသည်မို့ စိတ်ထဲတွင် မချိတရိ ဖြစ်ရသည်။ ချုံးပွဲချ ငိုလိုက်တော့ မလို မျက်ရည်များ ရစ်ဝိုင်းကာ နှုတ်ခမ်းလေးများ ပင် တဆတ်ဆတ်တုန်နေသည်အထိစိတ်ထိခိုက်ရသည်။
'ငါးပုဒ်ခွဲပဲမှန်တယ်၊ တစ်ပုဒ်က အဖြေနားရောက်ခါနီး မှ ချော်ထွက်သွားတယ်ဟာ'
'တော် သေးတာပေါ့အမာညိုရဲ့ ၊ ငါက ခုနစ်ပုဒ်ဖြေရမှာ သုံးပုဒ်လုံးလုံးလျှမ်းလွှတ်လိုက်တယ်၊ ပုဒ်ခွဲတစ်ပုဒ်က မှားသေးတယ်၊ ကဲ အောင်ရင် တောင်ကံကောင်း'
သက်သက်သည် ပြောရင်းဆိုရင်း မျက်ရည်များ ကျလာသည်။
'ခုနစ်ပုဒ်မှာ သုံးပုဒ်ခွဲမှန်နေပြီပဲ မိသက်ရယ်၊ အမှတ်ငါးဆယ်ရရင်မဆိုးပါဘူး၊ အောင်နေတာပဲ'
အမာညိုက တတ်သမျှ မှတ်သမျှ အားပေးနေစဉ် သက်သက်သည်မြက်ခင်းပေါ်တွင် ငုတ်တုတ်လေးထိုင်ချလိုက်သည်။ ထိုနောက် ဘေးလူများ ကိုပင် မရှက်နိုင်ဘဲ ရှိုက်နေလေသည်။
'အောင်ရုံလေး ဘာလုပ်ရမှာ လဲ၊ ဒီအမှတ်ကလေးနဲ့ ငါ ဖြစ်ချင်တဲ့အင်ဂျင်နီယာ ဖြစ်မှာ လားဟဲ့'
'နင်ကလည်းဟာ အကောင်းဘက်က တွေးစမ်းပါ၊ အကုန်လုံးမှားတာနဲ့စာရင် သုံးပုဒ်ခွဲမှန်တာက သိပ်ကောင်းနေတာပဲ'
'ဘာကောင်းတာလဲ၊ ချီး ချီးမှပဲ၊ ကောင်းရင် နင့်အမှတ်နဲ့ ငါ့အမှတ်နဲ့ လဲပါလား'
သက်သက်သည် ကလေးဆန်စွာ ပင် ဒေါနှင့် မောနှင့် ပြောလေသည်။ထို့နောက် မျက်ရည်များ ကို အင်္ကျီလက်နားနှင့် ပင့်ပြီးပွတ်သုတ်သည်။ အမာညိုက သူ့လက်ထဲမှ လက်ကိုင်ပဝါဖြူကလေးကို လှမ်းပေးလိုက် ပြီးမှ သတိရပြီးကမန်းကတန်းလက်ကိုပြန်ဆုတ်သည်။ သို့ သော် မမီတော့ချေ။ သက်သက်သည် ဆောင့်ကြီးအောင့်ကြီးလှမ်း၍ ဆွဲယူကာ ရှီးခနဲ နှပ်ညှစ်ထည့်လိုက်သည်။အမာညိုသည် သူ၏ လက်ကိုင်ပဝါလေးကို မျက်နှာငယ်ငယ်ကလေးနှင့် နှမြောတသစွာ ကြည့်နေမိသည်။ စာမေးပွဲအတွင်း နေ့တိုင်း ဆောင်ထားရန်ဗားကရာမှဘုန်းကြီးတစ်ပါးက မန်းမှု တ်ပေးထားသော ဆေးလက်ကိုင်ပဝါလေး ဖြစ်သည်။ ထိုလက်ကိုင်ပဝါလေးကို စာမေးပွဲဖြေနေစဉ် ခုံပေါ်တင်ထားပြီး အိမ်ပြန်ရောက်သော အခါ ဘုရားစင်တွင် တရိုတသေ တင်ထားရမည် ဟု ဆိုလေသည်။ စာမေးပွဲအခန်းထဲမှ အထွက်၌ လက်ထဲတွင် ဖွဖွကိုင်ထားရင်း ရိုးရိုးလက်ကိုင်ပဝါမှတ်၍ အမှတ်မဲ့ လှမ်းပေးမိခြင်း ဖြစ်သည်။
'ဟယ် ဟိုမှာ အဖြေစာရွက်တွေ ယူသွားပြီ၊ မိမာညို ငါလိုက်လုချင်တယ်ဟယ် လုချင်တယ်၊ ပြန်ဖြေချင်တယ်'
'အဖြေစာရွက်များ ကို သယ်သွားသည်ကိုတွေ့ ရသော အခါ သက်သက်သည် မြေကြီးကိုဖနောင့်နှင့် ပေါက်ရင်း ကျိတ်မနိုင်ခဲမရ အော်ပြန်လေသည်။စင်စစ်အားဖြင့် သက်သက်သည် အမာညိုထက် သင်္ချာတော် လေသည်။ လစဉ်စာမေးပွဲများ ၌ လည်း အမြဲလိုလို အမှတ်ပြည့်နီးပါးရတတ်သည်။ အရေး ကြီးဆုံးစာမေးပွဲကြီးကျမှ မှန်ချင်လွန်းဇောကြီးပြီး တလွဲတွေ လျှောက် ဖြစ်ကုန်ခြင်း ဖြစ်သည်။ သို့ သော် ထိုတလွဲများ က ပြင်၍ မရသော တလွဲများ ဖြစ်သည်။ ထိုအမှတ်များ ပေါ်မူတည်ပြီး တက္ကသိုလ်ပညာကို သင်ယူကြရမည် မို့ သက်သက်ခမျာသူ ဖြစ်ချင်လှသော အင်ဂျင်နီယာမ ကြီး ဖြစ်ရန် သိပ်ပြီး မလွယ်ကူလှတော့ချေ။
'စုလှိုင် ဟေ့ စုလှိုင် ဘယ်နှပုဒ် မှန်လဲဟင်'
အမာညိုကလှမ်းအော်ပြီးမေးသော အခါ ကျောင်းပေါက်ဝနားရောက်နေသော စုလှိုင်က လှည့်ကြည့်သည်။ ထို့နောက် ခပ်ဖြေးဖြေးပြန်လျှောက်လာလေသည်။
'အဖြေတွေ တိုက်ကြည့်ပြီးပလားဟင်'
'အင်း'
'ဘယ်လောက်မှန်လဲ'
အမာညိုက အလောတကြီးမေးသည်။ သက်သက် ရုတ်တရက် မျက်ရည်အကျရပ်သွားပြီး စုလှိုင်ကိုမော့ကြည့်သည်။ အလိုလိုနားစွင့်မိလျက်သား ဖြစ်သွားသည်။ စုလှိုင်သည် မြက်ခင်းပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ရင်းမှ သူ့ကိုမော့ကြည့်နေသော သက်သက်ကို အံ့သြသလိုကြည့်သည်။ ထို့နောက် ခပ်အေးအေး ဖြေလေသည်။
'အကုန်မှန်တယ် ထင်တာပဲ'
'ဟယ် တော် လိုက်တာဟယ်'
အမာညိုက ချီးကျူးလိုက်စဉ် သက်သက်၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာပြန်လေသည်။ ထို့နောက် တစ်သက်နှင့် တစ်ကိုယ် ဒုတိယ အကြိမ်မနာလို ဖြစ်မိပြန်လေသည်။ စုလှိုင်ကို ဖြစ်သည်။ ဒီထက်ရှင်းရှင်း ပြောရလျှင်အကုန်လုံးမှန်အောင်ဖြေနိုင်သော စုလှိုင်၏ ဥာဏ်ရည်ကို ဖြစ်သည်။
'သက်သက်က ဘာလို့ ငိုနေတာလဲဟင်'
'သုံးပုဒ်ခွဲတောင် မှားသွားလို့တဲ့'
'ဟယ် လွယ်လွယ်လေးတွေ ကိုများ '
အမာညိုက သက်သက်ကိုယ်စား ဝင်ဖြေသည်။ စုလှိုင်၏ မှတ်ချက်ကိုကြားရသော အခါ သက်သက်သည် ရုတ်တရက်ဒေါသ ဖြစ်သွားပြီး နေရာမှဆတ်ခနဲ ထလိုက်မိသည်။ စုလှိုင်တော် သည်မှာ မှန်ပါသည်။ ငြင်းစရာ မလိုပါပေ။ သို့ သော် သူတော် တိုင်း သူတစ်ပါးကို နှိမ်နှိမ်ချချ ပြောရန် မလိုပါ၊ သုံးပုဒ်ခွဲလုံးလုံးမှားသူကို အကုန်လုံးမှန်သူက 'လွယ်လွယ်လေးတွေ ကိုများ ' ဟု ပြောခြင်းသည် နှိမ်ချခြင်းပင် ဖြစ်သည်ဟု တွေးမိရင်း ဒေါသ ဖြစ်လာသည်။ ရင်ထဲတွင် မကျေမနပ် ဖြစ်နေသော အစိုင်အခဲသည် ထွက်ပေါက်ရှာ၍ တွေ့ သွားသည်။သို့ သော် တစ်စုံတစ်ခုပြန်ပြောလိုက်ချင်သော်လည်း ဘာပြောရမည် မသိဘဲစကားစ ရှာမရ ဖြစ်နေသည်။
'ဟေ့ မိညို'
'ကိုကို'
အခြေအနေက တင်းမာတော့မည် ပြုစဉ် ရုတ်တရက် အာရုံပြောင်းသွားသည်။ အမာညို၏ အနီးသို့ ခြေလှမ်းကျဲကြီးနှင့် လျှောက်လာသော ကျော်ထွန်းညိုကို စောင့်ကြည့်ရင်း သက်သက်သည် မျက်ရည်များ ကို ကမန်း ကတန်းသုတ်လိုက်မိလေသည်။
'ကြာလှချေလားလို့ စိတ်တောင်ပူလာရော၊ စောင့်နေရတာ စိတ်မရှည်တာနဲ့ ဝင်လာတာ နင်က လေပေါနေတာပေါ့လေ။ ကားကရုံးကား ဟ၊အကြာကြီးစောင့်နေရရင် ဖေဖေ ဆူလိမ့်မယ်'
'အင်းပါ အင်းပါ ကိုကိုရ၊ အဖြေတိုက်နေတာပါ'
'အားလုံးမှန်ရဲ့ လား'
'ဟင့်အင်း ဒါပေမဲ့ ငါးပုဒ်ခွဲမှန်ပါတယ်'
'အင်း သိပ်တော့မဆိုးပါဘူး'
ကျော်ထွန်းညိုက ဝေ့ကြည့်လိုက်သော အခါ သက်သက်သည် ပြန်မကြည့်ဘဲ မျက်လွှာချထားလေသည်။ ဖိနပ်ဦးနှင့် မြက်ပင်လေးများ ကို ထိုးကော်နေရင်း သူ့ကို 'ဖြေနိုင်လား' ဟု လှမ်း၍ မေးလိုက်မည် ဟု စိုးရွံ့နေမိသည်။ကြောက်ရွံ့၍ ပင်မဆုံးသေး၊ မေးသံကိုကြားရတော့သည်။
'သက်သက်ရော ဘယ်နှပုဒ်မှန်လဲ'
သက်သက်သည် ဘာမှပြန်မဖြေနိုင်ဘဲ ခေါင်းကိုသာ တွင် တွင် ခါပြလိုက်သည်။ စကားပြောလိုက်ပါက ငိုသံပါသွားမည် စိုးသဖြင့် ပါးစပ်ကို တင်းတင်းပိတ်ထားသည်။
'သုံးပုဒ်ခွဲထဲမှန်တယ်လို့ဆိုပြီးထိုင်ငိုနေတာကိုကိုရ၊ ချော့လိုက်ပါဦး၊အမာညိုချော့တာတော့ မရဘူး'
အမာညိုက အရေး ထဲ တွန်းပေးနေပြန်လေသည်။ ကျော်ထွန်းညိုကသက်သက်၏ နီအစ်နေသော မျက်လုံးလေးများ ကိုကြည့်ကာ ပြုံးလိုက်သည်။
'သက်သက်က ကလေးကျနေတာပဲ၊ အောင်ရင်တော် ရောပေါ့၊ ဒီပြင်ဘာသာတွေ ဂုဏ်ထူးရအောင်ဖြေပေါ့'
'သူက အင်ဂျင်နီယာ မ ဖြစ်မှာ စိုးနေတာကိုကိုရ၊ အင်ဂျင်နီယာမ ဖြစ်တော့ ဘာ ဖြစ်သေးလဲ မိသက်ရ၊ အင်ဂျင်နီယာကတော် လုပ်လိုက်ပေါ့နော် ကိုကိုရာ'
အမာညိုက ရူးသလို ပေါသလို ပြောလိုက်သော အခါ သက်သက်သည် ရှက်ရှက်နှင့် မျက်နှာလေးငုံ့သွားသည်။ ပြုံးရယ်နေသော အင်ဂျင်နီယာကျောင်းသားကြီးကို ခိုးကြည့်ရင်း ရင်ခုန်လာလေသည်။စုလှိုင်သည် သူတို့သုံးဦးကိုငြိမ်သက်စွာ ရပ်၍ ကြည့်နေလေသည်။ ထို့နောက် လှည့်ထွက်သွားတော့မည် ပြုစဉ် ကျော်ထွန်းညိုက လှမ်း၍ ပြုံးပြလေသည်။ စုလှိုင်သည် ရုတ်တရက်ပြန်မပြုံးမိသေးဘဲ သူ့ကိုစိတ်ဝင်တစား ကြည့်နေသော မျက်ဝန်းညိုများ ကို ခပ်အေးအေး ပြန်ကြည့်နေမိသည်။
'သူက စုလှိုင်လေ အမာညိုတို့အတန်းထဲကပဲ၊ စုလှိုင် သူက ကိုကို၊နာမည် က ကျော်ထွန်းညိုတဲ့၊ စက်မှု တက္ကသိုလ်မှာ ဒုတိယနှစ် ရောက်ပြီလေ'
'ဟုတ်လား'
စုလှိုင်က ခေါင်းညိတ်ပြလိုက်စဉ် ကျော်ထွန်းညို၏ မျက်နှာအပြောင်းအလဲကို သက်သက်က လှမ်း၍ အကဲခတ်လိုက်မိလေသည်။
'ဖြေနိုင်လားခင်ဗျ'
'ဟုတ်ကဲ့'
'အကုန်လုံး မှန်တယ်ထင်တယ်'
'ဟုတ်ကဲ့'
ကျော်ထွန်းညိုက ဖော်ရွေစွာ မေးသော်လည်း စုလှိုင်က မပွင့်တပွင့်လေးသာပြုံး၍ ခေါင်းကိုသာ အတွင် ညိတ်နေသည်။ နက်မှော င်ပျော့ပျောင်းသော ဆံပင်များ ကို နောက်ဘက်သို့ အကုန်သိမ်းတင်ထားပြီး ဖဲပြားစိမ်းစိမ်းလေးနှင့် စည်းထားသည်မှလွဲ၍ သူ့မျက်နှာတွင် ဘာအပြင်အဆင်မှမရှိပေ။ သနပ်ခါးမလိမ်းဘဲ အဆီတမျိုးမျိုးလိမ်းထားဟန်ရှိသည်။ ဝင်းပြီး ပြောင်နေသော်လည်းတစ်မျိုးကြည့်ကောင်းနေလေသည်။ ကျော်ထွန်းညိုသည် ထိုမျက်နှာလေးကို စိတ်ကူးထဲ၌ တစ်ပတ်လျှိုဆံထုံးထုံးပြီး နှင်းဆီဖြူလေး တစ်ပွင့်ပန်ဆင်ကြည့်မိသည်။ရွှေဘိုသနပ်ခါးဝါဝါလေးလိမ်းကြည့်မိသည်။
'ကိုကိုတို့များ ငမ်းလိုက်တာ'
အိမ်သို့ ရောက်သည်အထိပင် မအောင့်နိုင်ချေ၊ ကားပေါ်ရောက်သည်နှင့် အမာညိုက ရန်တွေ့ တော့သည်။ သို့ သော် ကျော်ထွန်းညိုက မကြားချင်ဟန်ဆောင်ပြီး စကားလွှဲလေသည်။
'ကဲ ဦးလေးရေ ဒီကောင်မလေး လေကြောရှည်နေလို့ ကြာနေတာဗျ၊အိမ်ကိုသာ မြန်မြန်မောင်းပေတော့၊ စာမေးပွဲကိစ္စမို့ ရုံးကားယူသုံးရတာ ၊ ဖေဖေကအိမ်ကိစ္စကို ရုံးကားသုံးစေချင်တာမဟုတ်ဘူး၊ ကြာနေရင် စိတ်တိုဦးမယ်'
'သူငမ်းတာ ကြာတာများ ' ဟု အမာညိုသည် မကျေမနပ်နှင့် ထပ်ပြီးပြောလိုက်ချင်သေးသော်လည်း၊ တော် ကြာ ရှက်ရမ်းရမ်းမည် ကိုကြောက်ရသဖြင့် မပြောရဲတော့ချေ။ ထို့ကြောင့် မျက်စောင်းတစ်ချက်ကိုသာ တအားပစ်ထိုးလိုက်ရလေသည်။
'မေးခွန်းပြစမ်း၊ ဘယ်လောက်ခက်လို့ တစ်ပုဒ်ခွဲမှားလိုက်တာလဲ'ကျော်ထွန်းညိုက အာရုံလွှဲ၍ တောင်းသည်။ အမာညိုသည် ပြချင်ဇောနှင့် လွယ်အိတ်ထဲမှမေးခွန်းစာရွက်ကလေးကို ခပ်သွက်သွက် နှိုက်ယူလိုက်သည်။
'အယ်'
မေးခွန်းစာရွက်ကို မစမ်းမိချေ၊ အေးစိစိ ချွဲကျိကျိ ဖြစ်နေသော လက်ကိုင်ပဝါကိုသာစမ်းမိသည်။ မိရွှေသက် ပြန်ထည့်ပေးလိုက် ခြင်း ဖြစ်လေသည်။
'ဘာ ဖြစ်တာလဲ'
မျက်နှာလေး ရှုံ့မဲ့သွားကာ လက်ကိုဆတ်ခနဲ ပြန်ထုတ်လိုက်သော အခါ အမာညိုအား မျက်လုံးပြူး၍ ကြည့်ရင်း ကျော်ထွန်းညိုက မေးသည်။ အမာညိုသည် သူ၏ လက်ချောင်းများ ကို ကားကားကြီး ဖြန့်ထားသည်။ သုတ်စရာရှာရင်း နှုတ်ခမ်းစူလာသည်။ အသံက အလိုလို ဘောက်ဆတ်ဆတ် ဖြစ်လာလေသည်။
'နှပ်ချေး'
'ဘာ'
'နှပ်ချေးပေါ့ နှပ်ချေးပေလို့ သက်သက်ရဲ့ နှပ်ချေး'
'ဟောဗျာ'
အမာညိုသည် မျက်နှာလေးရှုံ့မဲ့ပြီး ကြံရာမရ ဖြစ်လာပြီး ကျော်ထွန်းညို၏ ပုဆိုးစနှင့် ဖျတ်ခနဲ လှမ်းသုတ်လိုက်သည်။ ကျော်ထွန်းညိုသည် ဘာမသိညာမသိ ရုတ်တရက် အငိုက်မိသွားသည်။ ဇာတ်ရည်လည်သော အချိန်တွင် သူ့ပုဆိုး၌ နှပ်ချေးတွေ ပေလျက်ရှိပေပြီ။
'ကြည့်စမ်း ခွေးမ'
ဝတ်ထားသော ပုဆိုးမို့ ချွတ်ပစ်၍ လည်းမရပေ၊ ထို့ကြောင့် ရွံ့ရှာစွာ ငုံ့ကြည့်ရင်း ဒေါသတွေ တလိပ်လိပ်တက်လာသည်။ အမာညို၏ ခေါင်းကိုတအားထုချလိုက်တော့မလို လက်တရွယ်ရွယ် ဖြစ်လာသည်။ သို့ သော် တကယ်မထု ဖြစ်ဘဲ မျက်လုံးကြီးသာ တအားပြူးလာရင်း 'ခွေးမ ခွေးမ အညစ်အပတ်မ'ဟု ရေရွတ်နေလေသည်။
အမာညိုသည်ကား တစ်ဖက်ထောင့်တွင် ကပ်နေရင်း ခေါင်းကလေးပုနေသည်။ စိတ်ထဲတွင် ရယ်ချင်နေသော်လည်း ဖွင့်ဟမရယ်ရဲသည့်အတွက်အတင်းတည်ထားရသော မျက်နှာလေးသည် အပိုးမသေလှပေ။ သက်သက်ကိုအရေး မစိုက်ဘဲ စုလှိုင်ကိုသာ အငမ်းသန်နေသော ကိုကို့အား ဒီနည်းနှင့် ဆုံးမလိုက်ရ၍ အမာညို၏ စိတ်ထဲတွင် ကျေကျေနပ်နပ်ကြီး ဖြစ်သွားလေသည်။
'ဟေး စု'
ဖရက်ဒီ၏ အသံသည် တယ်လီဖုန်းခွက်ထဲမှ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူ့အသံကိုကြားသော အခါ စုလှိုင် ရင်ခုန်လာသည်။ အောင်စာရင်းကိုသတင်းစာတိုက်တွင် သွားကြည့်ပြီး ဖုန်းဆက်မည် ဟု သူကပြောထားသော ကြောင့် ဖြစ်လေသည်။
'ဖ ရက် ဒီ ယူ သိ ပြီ လား'
'အင်း'
'ဘယ်လိုလဲ ဘယ်လိုလဲ'
'နာမည် ရှာမတွေ့ ဘူး'
'ဟင်'
စုလှိုင်၏ ခေါင်းထဲတွင် ဆူဝေသွားသည်။ 'မ ဖြစ်နိုင်ဘူး၊ မ ဖြစ်နိုင်ဘူး'ဟု စိတ်ထဲမှအော်ဟစ်နေမိသော်လည်း ဒူးနှစ် ဖက် ရုတ်တရက် ယိုင်ညွတ်သွားလေသည်။ ထို့ကြောင့် စားပွဲကိုမှီထားလိုက်ရသည်။ ထိုအချိန်၌ တစ်ဖက်မှရယ်သံကိုကြားရသည်။
'ကွန်ဂရက်ကျူလေးရှင်း စုလှိုင်၊ ကွန်ဂရက်ကျူလေးရှင်း'
'အိုး ဖရက်ဒီ'
'အောင်ပါတယ်အချစ်ရယ် အောင်ပါတယ်ကွဲ့'
'အို ယူ သိပ်နောက်တာပဲ'
'ဆောရီးကွယ် စု တော် တော် လန့်သွားလား'
'လန့်တာပေါ့ နောက်ပြီး နောက်ပြီး'
'နောက်ပြီး ဂုဏ်ထူး သုံးခု ခင်ဗျ'
'ဟင် သုံးခုထဲလား'
စုလှိုင်က မကျေမနပ်လေး ပြောလိုက်မိသည်။ ဖရက်ဒီက အားပါးတရ ရယ်ပြန်လေသည်။
'လောဘကြီးလှချေကလား ဒါလင်၊ ယူက ဒီဘယ်နှလုံးမှန်းထားလို့လဲ'
'အို ဘာသာစုံမှန်းတာပဲ'
'စု'
'အင်'
'ချစ်တယ်ကွာ'
'အိုကွာ အရေး ထဲမှာ '
စုလှိုင်သည် တယ်လီဖုန်းခွက်ကလေးကို ခွပ်ခနဲပြန်ချလိုက်ပြီး အိမ်ပေါ်ထပ်သို့ ပြေးတက်ခဲ့သည်။ လှေကားပေါ်မှဆင်းလာသော မအေးတင်သည်စုလှိုင်ကိုကြည့်ကာ မျက်လုံးပြူးသွားသည်။ တိုက်မိမည် စိုးသော ကြောင့် ကမန်းကတန်း ဘေးသို့ ကပ်၍ ရပ်ပေးလိုက် လေသည်။ စုလှိုင်ကို ထိုကဲ့သို့ ရွှင်ရွှင် လန်းလန်း သွက်သွက်လက်လက်တွေ့ ရခဲလှလေသည်။
'မာမီရေ မာမီ'
စုလှိုင်သည် မာမီ့အခန်းထဲသို့ ခုန်၍ ဝင်လိုက်သည်။ အခန်းထဲတွင် ဒက်ဒီ့ကိုပါတွေ့ ရသည်။ နှစ် ဦးလုံးဝတ်ကောင်းစားလှနှင့် ဖြစ်သည်။ မင်္ဂလာဆောင် တစ်ခုခုသွားရန်ပြင်ဆင်နေကြခြင်း ဖြစ်ဟန်တူသည်။
'ဒက်ဒီ မာမီ စု အောင်တယ်'
'ဟေ ဟုတ်လား'
ဒက်ဒီသည် အားရပါးရပြုံးရင်း စုလှိုင်၏ ပခုံးလေးနှစ် ဖက်ကို ညှစ်လိုက်သည်။ ဒက်ဒီ၏ သံသယမျက်လုံးများ တွင် စိတ်ဝင်နေပြီး ကျေနပ်နေမှု ကိုရှာ၍ တွေ့ လိုက်ရသဖြင့် စုလှိုင်ပျော်သွားသည်။
'ဂုဏ်ထူးက သုံးခု'
'တော် တယ်ဟေ့ မာမီ့သမီးက တကယ်တော် တယ်'
မာမီက စုလှိုင်၏ နဖူးလေးကိုအသာမွှေးလိုက်သည်။ မာမီ့ကိုယ်မှသင်းပျံ့မွှေးထုံနေသော ရနံ့များ သည် စုလှိုင်၏ နဖူးလေးတွင် ပင်စွဲ၍ ကျန်ရစ်လေသည်။ စုလှိုင်သည် သူ့နဖူးကိုသူ ဖွဖွလေးစမ်းကြည့်လိုက်မိရင်း ရင်ထဲတွင် နွေးသွားကာ မျက်ရည်ရစ်ဝဲလာသည်။ ဒက်ဒီနှင့် မာမီသာ ရန်မ ဖြစ်ြ ကတော့ဘဲထာဝစဉ်ပင် ယခုလိုကြည်သာနေကြမည် ဆိုပါက မည် မျှကောင်းလိုက်မည် နည်းဟု တွေးလိုက်မိသည်။
မာမီနှင့် ဒက်ဒီသည် ထာဝစဉ် ရန် ဖြစ်နေကြသည်တော့ မဟုတ်ပါချေ။ တစ်လတွင် သုံးလေးရက် တစ်ပတ်တော့ ယခုလို ကြည်ကြည်သာသာရှိတတ်သည်။ ပွဲထိုင်သွားစရာရှိလျှင် ဒက်ဒီသည် မာမီနှင့် သာအတူသွားရမည် မို့တစ်ခါတစ်ရံ မကြည်သာသော်လည်း ခေတ္တစစ်ပြေငြိမ်းကာ အတူတူ သွားတတ်သည်။ တစ်ပတ်ဆယ်ရက်ခန့် ကြည်ကြည်သာသာနေပြီးလျှင်ကား ပြဿနာတစ်ခုခုပေါ် အရင်းတည်ကာ စကားများ တတ်ကြပြန်သည်။
'စု မုန့်ဖိုးယူမလား'
ဒက်ဒီကမေးသည်။ ရှပ်အင်္ကျီအဖြူနှင့် ပိုးတိုက်ပုံအင်္ကျီအဖြူကိုဝတ်ထားသဖြင့် ဒက်ဒီ့ကိုကြည့်ရသည်မှာ ဖြူစင်ပြီးသပ်ရပ်နေသည်။ စုလှိုင်သည်ဒက်ဒီ့ကိုမော်ကြည့်ရင်း ဒက်ဒီ၏ နံပါတ်နှစ် မှမွေးသော သားငယ်ကို သတိရနေသည်။ ထိုကလေးငယ်ကို စိတ်ထဲမှနေပြီး ပြင်းပြင်းပြပြ မနာလို ဖြစ်လာမိသည်။
'ဟင့်အင်း'
စုလှိုင်က ခေါင်းယမ်းလိုက်သည်။ မာမီသည် တစ်ကိုယ်လုံးမွှေးထုံနေသော်လည်း မှန်ရှေ့တွင် ရပ်ပြီး ရေမွှေးထပ်ဆွတ်နေသေးသည်။ မာမီရေမွှေးပုလင်းဖွင့်သော အခါ တစ်ခန်းလုံးမွှေးကြိုင်သွားသည်။
'ဒီလိုဆို ဘာယူမလဲပြော'
ထူးထူးခြားခြားသဘောကောင်းနေသော ဒက်ဒီက ထပ်မေးပြန်သည်။ မာမီကပါ ပြုံးရယ်ရင်းတိုက်တွန်းသည်။
'ပြောလိုက်သမီး ပြောလိုက်၊ သူ သဘောကောင်းနေတုန်း တန်ဖိုးကြီးကြီးတောင်းထားလိုက်'
စုလှိုင်၏ နှလုံးသားများ က အရှိန်ပြင်းပြင်းခုန်လာကြလေသည်။ နှုတ်ခမ်းလေးများ ခြောက်လာသော ကြောင့် လျှာနှင့် သပ်ရင်း ဒက်ဒီ့ကိုမသိ မသာစောင်းကြည့်လိုက်သည်။
'စု ရုပ်ရှင်ကြည့်ချင်တယ်'
'အောင်မယ်လေးဟဲ့စုရယ် ရုပ်ရှင်ကြည့်မှာ များ ၊ ကဲ ပြော၊ ရုပ်ရှင်ဖိုးကတစ်ရာယူမလား၊ နှစ် ရာယူမလား၊ ငါးရာယူမလား'
'ငါးရာ နှစ် ဆယ့်ရှစ်'
စုလှိုင်က တိုးတိုးလေးပြောကာ မာမီ့လက်မောင်းအိအိလေးများ ကိုဖက်တွယ်လိုက်သည်။ ဘာကြောင့် များ ရင်ထဲတွင် ဒီလောက်လှုပ်ရှားနေရသနည်း မပြောတတ်ပေ။ စုလှိုင်သည် မျက်ရည်ဝဲကာ အသံလေးမသိမသာတုန်နေလေသည်။
'ဒက်ဒီနဲ့မာမီနဲ့ အတူတူကြည့်ချင်တယ်၊ ဒက်ဒီရယ် မာမီရယ် စုရယ်သုံးယောက် အတူတူ'
မရွံ့မရဲလေးပြောသော စုလှိုင်ကိုကြည့်ရင်း မာမီသည် ရုတ်တရက်စိတ်ထိခိုက်သွားသည်။ စုလှိုင်၏ လက်ကလေးများ ကိုညှစ်ကိုင်ကာ မျက်တောင်တဖျပ်ဖျပ်ခတ်နေလေသည်။
ဒက်ဒီသည် စိတ်မကောင်း ဖြစ်သွားသလို စုလှိုင်ကိုတွေ ၍ ကြည့်နေသည်။ ထို့နောက် ပြုံး၍ ပြောလေသည်။
'ကြည့်မှာ ပေါ့စုရယ်၊ ကဲ စုကြိုက်တဲ့ကား ရွေးထား ဟုတ်လား'
စုလှိုင်သည် အခန်းထဲမှ ပျော်ရွှင်စွာ ပြေးထွက်လာခဲ့သည်။ မျက်လုံးလေးများ လည်း ထူးထူးခြားခြား တောက်ပလာသည်။ ရင်ထဲတွင် လည်း တေးတစ်ပုဒ်ပြီးတစ်ပုဒ်ဆိုနေမိလေသည်။
အမာညိုသည် တဆတ်ဆတ်တုန်နေသော ဒူးနှစ် လုံးကို လက်နှင့် အတင်းဖိထားရင်း အောက်နှုတ်ခမ်းလေးကို သွားနှင့် ကိုက်ထားသည်။'သိပ်လည်း ကြောက်မနေစမ်းပါနဲ့သမီးရယ်၊ အောင်မှာ ပါကွယ်'မေမေက အားပေးနေသည်။ မေမေကြီးကမူ တုန်လှုပ်နေသော အမာညို၏ ဒူးနှစ် လုံးကိုကြည့်ကာ ရယ်လေသည်။
'ညီလင်းကလည်း ကြာလိုက်တာ'
အမာညိုက ညည်းလိုက်မိသည်။ စင်စစ်အားဖြင့် ညီလင်းထွက်သွားသည်မှာ သုံးမိနစ်ခန့်သာရှိသေးသည်။ ကျောင်းတွင် အောင်စာရင်းကပ်ထားမည် ဆို၍ ပြေးကြည့်ခြင်း ဖြစ်သည်။ အမာညိုခမျာ ကိုယ်တိုင်သွားကြည့်ရန် သတ္တိမရှိရှာပေ။
'ဟေ့၊ ဟေ့၊ အောင်စာရင်းထွက်နေပြီဆို'
သက်သက်သည် အိမ်ပေါ်သို့ အူယားဖားယားနှင့် ပြေးတက်လာသည်။ အခန်းထောင့်တွင် ကပ်ကာ ကုပ်ကုပ်ကလေးထိုင်နေသော အမာညိုဆီကို ခပ်သွက်သွက်ပြေးလာသည်။
'ညီလင်း သွားကြည့်နေတယ်'
'ငါကြောက်လိုက်တာဟယ်'
သက်သက်သည် အမာညို၏ ဘေးတွင် ကပ်ထိုင်ချလိုက်သည်။ êကံ့êကံ့လေးထိုင်ကာ ဒူးကိုလက်နှင့် ပိုက်ထားရင်း မျက်နှာလေးငုံ့ထားလေသည်။ပါးစပ်ကမူ တလှုပ်လှုပ် ဖြစ်နေသည်။ သမ္ဗုဒ္ဓေရွတ်နေခြင်း ဖြစ်လေသည်။
'အိမ်မှာ ဖေဖေလည်း မရှိဘူး၊ ခရီးထွက်သွားတယ်၊ ငါကိုယ်တိုင်လည်း သွားမကြည့်ရဲဘူး၊ ညီလင်းကို ငါ့ခုံနံပါတ်ပြောလိုက်ရဲ့ လား မိညို'
'ပြောစရာမလိုပါဘူး၊ သူတို့အလွတ်ရပါတယ် မိသက်ရဲ့ ၊ ကိုကိုရောညီလင်းရော သူတို့ကြည့်လာမှာ ပါ'
'ငါကြောက်လိုက်တာဟယ်'
သက်သက်သည် ဒုတိယအကြိမ်ပြောမိပြန်လေသည်။ ထို့နောက်သမ္ဗုဒ္ဓေရွတ်ပြန်သည်။ သူတို့နှစ် ဦး ဖြစ်ပျက်နေပုံကိုကြည့်ရင်း မေမေကြီးက ပြုံးရယ်နေသည်။ မေမေကမူ အားပေးဟန်နှင့် အမာညို၏ လက်ကလေးများ ကိုလှမ်း၍ ဆုပ်ကိုင်လိုက်သည်။ လက်ချောင်းကလေးများ သည်ချွေးစေးပြန်ကာအေးစက်နေသဖြင့် လန့်သွားဟန်ရှိသည်။
'အောင်မယ်လေး၊ ငါ့သမီးသတ္တိခဲကလည်း လက်တွေ ကိုအေးစက်နေတာဘဲ၊ မှန်းစမ်း သက်သက်ရဲ့ လက်ကလေးကရော'
သက်သက်၏ လက်များ သည်ကား သာ၍ ပင်ဆိုးသေးသည်။ ရေခဲတုံးတမျှ အေးစက်နေရသည့်အထဲ တဆတ်ဆတ်တုန်ယင်လျက်ရှိသည်။ လက်များ ကသာ အေးစက်နေသော်လည်း နဖူးပြင်တွင် ကား ချွေးစို့နေသည်။ ချမ်းသလိုလို၊ အိုက်သလိုလိုနှင့် စိတ်တွေ ယောက် ယက်ခတ်နေသော မိန်းကလေးနှစ် ဦးသည် သနားစရာလည်းကောင်း၊ ရယ်စရာလည်းကောင်း နေလေသည်။
'မိညို၊ မိညိုရော'
ကျော်ထွန်းညို၏ အသံကိုကြားရသည်။ ညီလင်းကို အောင်စာရင်းကြည့်ခိုင်းလိုက်ခြင်း ဖြစ်သည်။ သို့ သော် ညီလင်းပြန်မရောက်မီ ကိုကိုက ûမိ့ထဲမှ ပြန်ရောက်လာခြင်း ဖြစ်သည်။ အောင်စာရင်းထွက်ကြောင်းသိ၍ တစ်နေရာရာတွင် ဝင်ကြည့်ခဲ့သည်မှာ သေချာသည်။ အမာညိုသည် ရုတ်ခနဲ နေရာမှ ထပြီးမှ ဆတ်ခနဲပြန်ထိုင်လိုက်သည်။ နားနှစ် ဖက်ကို လက်ဝါးနှင့် အုပ်ထားလိုက်သည်။ 'ကျသည်'ဟုပြောလိုက်မည် ကို မကြားရဲ၍ ဖြစ်သည်။ သို့ သော် 'အောင်သည်' ဟုဆိုပါက မကြားရမည် ကိုစိုး၍ လက်ကို မသိမသာလေး ပြန်ပြီး ချဲထားမိပြန်သည်။
'မိညို ခွေးမ၊ နင်အောင်တယ်ဟ'
'တကယ်၊ တကယ်လား'
ကျော်ထွန်းညိုသည် ဝမ်းသာအားရအော်ပြောရင်း အခန်းထဲသို့ ပြေးဝင်လာစဉ် အမာညိုသည် နေရာမှခုန်ထလိုက်သည်။
'မိသက်ရော၊ မိသက်ရော'
သက်သက်၏ နဂိုမှေးသော မျက်လုံးလေးများ သည် ပြူး၍ ထွက်တော့မယောင် ထင်မှတ်ရသည်။ ပြူးဝိုင်းနေသော မျက်လုံးလေးများ နှင့် ကျော်ထွန်းညိုကို လှမ်းကြည့်နေသည်။ လက်သီးလေးနှစ် ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
ပြေးဝင်လာသော ကျော်ထွန်းညိုသည် သက်သက်ကိုတွေ့ သော အခါရုတ်တရက် ခြေလှမ်းတန့်သွားသည်။ မျက်နှာပျက်သွားပြီး ရီးတီးယောင်တောင် ဖြစ်သွားလေသည်။
'သက်သက်ရော အောင်ရဲ့ လား၊ မိသက်ရော'
အမာညိုက အမောတကော ထပ်ပြီး မေးပြန်လေသည်။ ကျော်ထွန်းညိုက အဖြေရခက်နေသလို သက်သက်ကို အားနာသော မျက်နှာထားနှင့် လှမ်းကြည့်သည်။
'ငါ ငါ၊ သတိမထားမိဘူး'
သူက ထစ်ထစ်ငေါ့ငေါ့နှင့် ဖုံးဖိကာ ဖြေသော်လည်း သက်သက်နားလည်လိုက်သည်။ မျက်လုံးများ ပြာဝေကာ ရင်ထဲတွင် ဆို့သွားလေသည်။အခန်းထဲတွင် ရှိနေသော မေမေနှင့် မေမေကြီးတို့သည် ကြောင်ငေးငေးလေး ဖြစ်သွားသော သက်သက်ကို ငိုင်၍ ကြည့်နေမိကြသည်။ အမာညိုအောင်သည်ကိုပင် ချက်ချင်း ဝမ်းမသာနိုင်ြ ကတော့ပေ။
'မမရေ ဟေ မမရ၊ မမ အောင်တယ်ဗျ'
'ဟော ညီလင်း'
အခုမှပြန်ရောက်လာသော ညီလင်းက ခြံဝကတည်းက အသံပြဲကြီးနှင့် ကျုံးပြီးအော်ဟစ်လာသည်။
'မမ အောင်တယ်ဗျ၊ ဓာတုဗေဒဂုဏ်ထူးလည်း ပါတယ်၊ မမသက်တော့ မတွေ့ ဘူးဗျ၊ ကျတယ်ထင်တယ်ဗျ၊ အယ်မာထွေးလည်း အောင်တယ်၊ဂုဏ်ထူး မပါဘူး၊ စုစုလှိုင်ဆိုတာက ဂုဏ်ထူးသုံးခု အယ် အယ်'တစ်အိမ်လုံး သိမ့်သိမ့်တုန်အောင် ခုန်ပေါက်ပြီးပြေးဝင်လာသော ညီလင်းသည် သက်သက်ကိုတွေ့ သော အခါမှ အအော်ရပ်သွားသည်။ သက်သက်သည် ညီလင်းကို ခပ်ကြောင်ကြောင်လေးလှမ်းကြည့်ကာ ပြုံးရယ်ပြလိုက်သေးသည်။ ထို့နောက်မှ ရုတ်တရက်အားပြတ်သွားသလို နံရံကိုမှီချလိုက်သည်။
'ဟုတ်မှ ဟုတ်ရဲ့ လား သားတို့ရယ်၊ သားတို့များ အကြည့်မှားတာလားသက်သက်က ကျောင်းမှာ အမာညိုထက်တောင်တော် တာပဲ'
မေမေက မယုံနိုင်သလိုဝင်ပြောနေစဉ် အမာညိုသည် သက်သက်၏ လက်မောင်းကလေးကိုညှစ်ပြီးကိုင်လိုက်သည်။ မိမိအောင်သဖြင့် ဝမ်းသာသည်က တစ်ပိုင်း၊ သက်သက်ကျသဖြင့် ဝမ်းနည်းသည်က တစ်ပိုင်းမို့ ရင်ထဲတွင် တစ်ခြမ်းက ပူ တစ်ခြမ်းက အေးနေသလို ခံရခက်လှသည်။ ရယ်လည်း ရယ်ချင်ပြီး ငိုလည်းငိုချင်လေသည်။ 'ငါးတန်းကတည်းက စပြီးတွဲ လာသော အချစ်ဆုံး သူငယ်ချင်း၊ ဒီတစ်ခါတော့ ကွဲချေပြီ' ဟုစဉ်းစားမိသော အခါ အမာညို၏ ရင်ထဲတွင် ဆို့သွားသည်။ ထို့ကြောင့် သက်သက်မငိုမီ သူက အရင် မျက်ရည်ကျမိလေတော့သည်။
'အာ မမ ဘာလို့ငိုတာလဲ'
စာမေးပွဲရှုံးသူကိုအားမပေးဘဲ အရှေ့မှထိုင်ကာ ငိုပြနေသော အမာညိုအား ညီလင်းက တအံ့တသြလှမ်းမေးသည်။ ငေးကြောင်နေသော သက်သက်သည် အမာညို၏ မျက်ရည်ကိုမြင်သော အခါမှ ငိုရန်သတိရသွားသည်။ မျက်လုံးအိမ်ထဲမှ မျက်ရည်တို့သည် တာကျိုးသလို ဒလဟော အန်ထွက်လာသည်။
'မငိုပါနဲ့မိသက်ရာ၊ မငိုပါနဲ့'
အမာညိုက ငိုရင်းပြောလေသည်။ မေမေကြီးသည် အမာညိုလုပ်နေပုံကိုကြည့်ရင်း ခေါင်းယမ်းကာ သက်ပြင်းချမိရှာသည်။သက်သက်သည် မျက်ရည်များ ကို လက်ဖမိုးနှင့် ပွတ်သုတ်ကာ နေရာမှဖြုန်းခနဲထလိုက်သည်။ ထို့နောက် အိမ်ပေါ်မှဆင်းပြေးသွားလေသည်။
'ဟဲ့ ဟဲ့ သက်သက် အို သားကြီးလိုက်သွားစမ်း၊ တော် ကြာအရမ်းလျှောက်ပြေးပြီး ကားတိုက်နေဦးမယ်'
မေမေကအော်နေစဉ် ကျော်ထွန်းညိုသည် သက်သက်၏ နောက်သို့ အပြေးအလွှားလိုက်သွားသည်။
'သက်သက်၊ ဟဲ့ မိသက်ရဲ့ နေပါဦး ဒို့ကိုစောင့်ပါဦး၊ လိုက်ပို့ပေးပါ့မယ်'
ခြံဝရောက်လုနီးခါမှ သက်သက်ကိုမီသည်။ သူ၏ လက်မောင်း ပြည့်ပြည့်လေးကို အမှတ်မဲ့ဆွဲ၍ ဖမ်းကိုင်လိုက်ရင်း စေတနာအပြည့်နှင့် ပြောလိုက်လေသည်။
သက်သက်သည် ကျော်ထွန်းညိုကိုမော်ကြည့်ရင်း ပိုပြီးဝမ်းနည်းလာသည်။ မျက်လုံးအစ်အစ်လေးတွင် မျက်ရည်များ ပြည့်လျှံနေပြီး နှုတ်ခမ်းလေးကတဆတ်ဆတ်တုန်ယင်နေသည်။
'စာမေးပွဲကျတာများ အဆန်းလုပ်လို့ မိသက်ရယ်၊ ဒီနှစ် ဆက် ကြိုးစား ဟုတ်လား၊ အမှတ်ကောင်းကောင်းနဲ့အောင်တော့မှ စက်မှု တက္ကသိုလ် လာခဲ့နော်'
ဝမ်းနည်းအားငယ်နေရှာသော မိန်းကလေးကို ကျော်ထွန်းညိုက ကြင်နာစွာ ကြည့်ရင်း အားပေးစကားပြောမိလေသည်။
စုလှိုင်သည် မာမီကြီး၏ အခန်းထဲသို့ ခေါင်းပြူကာကြည့်လိုက်သည်။ ဧည့်သည်ရောက်နေသည်ကို တွေ့ ရသည်။ နောက်ဘက်မှမြင်ရခြင်း ဖြစ်သော်လည်းလည်ကုပ်တွင် ထောင်နေသော ပန်းပွားလေးကိုတွေ့ ရသဖြင့် အန်တီရွှေမှန်း သိလိုက်သည်။ သူသည် ပုလဲပုတီး တိုကပ်ကပ်ကလေးကို ထာဝစဉ် ဆွဲတတ်ကြောင်း စုလှိုင်သိထားလေသည်။ မာမီကြီးနှင့် သက်တူရွယ်တူပင် ဖြစ်သော်လည်း စုလှိုင်က သူ့ကို အဘွားဟုခေါ်မည် ကို စိုးရွံ့လှသဖြင့် သူ့ကိုယ်သူ 'အန်တီက အန်တီက' နှင့် ထည့်ပြောတတ်သော အပျိုကြီး ဖြစ်သည်။
'ဘာလဲ စုလှိုင်'
မာမီကြီးက လှမ်းမေးသည်။ မာမီကြီး၏ ရှေ့တွင် ရှိသော ဗန်းလေးထဲတွင် မာမီကြီးအတွက် ညစာပြင်ထားသည်။ ဆီးချိုရှိသဖြင့် မာမီကြီးသည်အချိုအဆိမ့် လျှော့စားရသည်။ ညစာကိုအောက်ထပ်ဆင်းမစားဘဲ အခန်းထဲသို့ ပို့ပေးရလေသည်။
'ဘာမှမဟုတ်ပါဘူး'
စုလှိုင်သည် ပြန်လှည့်ထွက်သွားတော့မည် ပြုပြီးမှ အန်တီရွှေက လှည့်ကြည့်နေသော ကြောင့် အခန်းထဲသို့ ဝင်လာရသည်။ မအေးတင်များ မာမီကြီး၏ အခန်းထဲတွင် ရှိလေမည် လားဟု ကြည့်မိခြင်း ဖြစ်သည်။ ညနေ ရုပ်ရှင်ကြည့်ရန်အတွက် ရွေးထားသော ရွှေဝါရောင် အင်္ကျီလေးသည် အတန်ငယ် ကြေနေသည်ဟုထင်သော ကြောင့် မီးပူတိုက်ခိုင်းရန် ဖြစ်သည်။
'စုလေး ဂုဏ်ထူးသုံးခုနဲ့အောင်တယ်နော်၊ သိပ်တော် တာပဲကွယ်'
အန်တီရွှေက ပြောသည်။ နီရဲနေသော သူ့နှုတ်ခမ်းများ ကိုစိုက်ကြည့်ရင်း စုလှိုင်က ခေါင်းညိတ်ပြလိုက်သည်။
'ဒီခေတ်ဆယ်တန်းများ အလကားပါပဲ အရွှေရယ်၊ ဘာတတ်လို့လဲ၊ သူတို့သင်တဲ့ အင်္ဂလိပ်စာကလည်း ကလေးတန်းသင်တာကျနေတာပဲ၊ကချော်ကချွတ်နဲ့ ထမင်းစား ရေသောက်တောင် ပြောနိုင်တာမဟုတ်ဘူး၊ စိန်တို့ခေတ်က လေးငါးခြောက်တန်းဆိုရင် မွှတ်နေပြီနော်'
'မှတ်မိသေးတယ် စိန်ရယ် ဟုတ်ပါရဲ့ ၊ အရွှေတို့ ငါးတန်းတုန်းကကျောင်းကိုလာစစ်တဲ့ မျက်နှာဖြူဘိုကြီးတွေ က မေးရင်မြန်းရင် အရွှေတို့ကအင်္ဂလိပ်လို ပြန်ဖြေရတာ '
'စုလှိုင်၊ ညည်းတို့တွေ ဆယ်တန်းသာအောင်တယ်၊ ညည်းတို့အတန်းထဲမှာ ဘယ်နှယောက် များ အင်္ဂလိပ်လိုရေရေလည်လည်ပြောတတ်သလဲ'
'အကုန်ပြောတတ်တယ်'
စုလှိုင်က အရွဲ့တိုက်ကာ ဖြေလိုက်သည်။ စုလှိုင်သည်နိုင်ငံနှင့် လူမျိုးကို ချစ်လှသည်မဟုတ်သော်လည်း သူတို့၏ 'မျက်နှာဖြူကိုယ်တော် ကြီးများ တမ်းချင်း'ကို နားငြီးလှပြီ ဖြစ်သည်။
'မတွေ့ ရတာ ကြာလို့ထင်တယ်၊ စုကိုကြည့်ရတာ ဝလာသလိုပဲ'
အန်တီရွှေက အလိုက်တသိ စကားလွှဲလိုက်သည်။ ဘာပဲပြောပြောဒီအပျိုကြီးသည် မာမီကြီးလောက်တော့မဆိုးဟု စုလှိုင်တွေးလိုက်မိသည်။မာမီကြီးကမူ အနည်းငယ်မျှ အလိုက်သိသူမဟုတ်ပေ။ သူများ နားထောင်ချင်သော မထောင်ချင်သော ၊ စိတ်ဝင်စားသော မစားသော စဉ်းငယ်မျှ ဂရုစိုက်လေ့မရှိပေ။ သူပြောချင်ရာကိုသာ ပါးစပ်မှ တံတွေးများ စင်ထွက်အောင် မနားတမ်းပြောတတ်သူ ဖြစ်လေသည်။
'ညည်းဒက်ဒီရော ပိန်သလား ဝသလား စုလှိုင်'
မာမီကြီးက ဝင်မေးပြန်သည်။ တစ်အိမ်တည်းသာနေသော်လည်းမာမီကြီးနှင့် ဒက်ဒီသည် မျက်နှာချင်းမဆိုင် ဖြစ်ကြပေ။ မာမီကြီးကို အိမ်ဦးခန်းတွင် သူနာပြုဆရာမ ငှားထားပေးကာ ပြုစုထားသော်လည်း ဒက်ဒီမပြောနှင့် မာမီကိုယ်တိုင်ကပင်လျှင် အရေး တစိုက်မရှိလှပေ။ မာမီကြီးနှင့် ရင်းရင်းနှီးနှီး နေလေ့မရှိပေ။ စုလှိုင်ကို ငယ်ငယ်တုန်းကနာနီ့လက်ထဲအပ်ထားသလို ယခုအခါ၌ မာမီကြီးကိုလည်း ဆရာမ လက်ထဲအပ်ထားလေသည်။ စုလှိုင်တို့အိမ်ကြီးကလည်း တစ်ယောက် အခန်းကို တစ်ယောက် ကူးမလာလျှင် ဆုံနိုင်ခဲသော အိမ်ကျယ်ကြီး ဖြစ်သည်။ ထို့ကြောင့် အခန်းထဲတွင် အနေများ သော အဘွားနှင့် အပြင်သို့ အထွက်များ သော ဒက်ဒီတို့ မာမီတို့သည် မဆုံ ဖြစ်ြ ကတော့ပေ။ ထို့ကြောင့် တစ်ခါတစ်ရံ မာမီကြီးက စိတ်တိုလာသော အခါများ တွင် ထိုကဲ့သို့ ရွဲ့ကာ မေးတတ်လေသည်။
'ဒက်ဒီ ကတော့ ဝပါတယ်၊ မာမီက ခုတလော နည်းနည်း ပိန်သလိုပဲ'
'ဖဲရိုက်တာ ညောင်းတယ်အေ့ အညောင်းမိတာပေါ့၊ သူရော ကြည်ကြည်ရော အတူတူပဲ၊ ဟိုမိန်းမ ကတော့ လင်သေပြီး ဖဲဝိုင်းထောင်စားတာသူဌေးတောင် ဖြစ်နေပြီ၊ ကြည်ကြည်ကိုသိတယ်မဟုတ်လား အရွှေ၊ မမမိရဲ့ သားနဲ့ရတာ လေ'
'သိပါတယ် စိန်ရဲ့ '
'ဒါနဲ့ သူ့ရဲ့သား ဖရက်၊ အဲ ဖရက်ဒီက ညည်းကိုကြိုက်နေတယ်ဆိုစုလှိုင်'
'ဟင် ဘယ်သူပြော'
စုလှိုင်က တအံ့တသြလေး မေးလိုက်သည်။ မာမီကြီးသည် ပါးနပ်စွာ ပြုံးရင်း မျက်လုံးက အိပ်ရာဘေးရှိတယ်လီဖုန်းဆီသို့ ရောက်သွားသည်။ စုလှိုင် ချက်ချင်း နားလည်လိုက်လေသည်။ စုလှိုင်တို့အိမ်တွင် တယ်လီဖုန်း လိုင်းခွဲများ ရှိသည်။ မာမီကြီး၏ အခန်းတွင် လည်း တစ်လုံးထားပေးထားသည်။ ဖရက်ဒီနှင့် စုလှိုင် စကားပြောသော အခါများ တွင် မာမီကြီးက ကြားမှ ဖြတ်ကာ နားထောင်ခဲ့ခြင်း ဖြစ်ဟန်တူပေသည်။
'ကောင်လေးက မဆိုးပါဘူး၊ ကောလိပ်လည်းရောက်နေပြီပဲ၊ နောက်ပြီး သား တစ်ယောက် တည်း၊ သူ့အမေရှာထားသမျှ သူအကုန်ရမှာ '
မာမီကြီးက ဆက်ပြောနေစဉ် စုလှိုင်သည်ဒေါသငွေ့ငွေ့ထွက်လာလေသည်။ သူတစ်ပါးစကားပြောနေသည်ကို ကြားမှဖြတ်ပြီးနားထောင်ရန် ရစ်ချတ်သခင်ကြီးက သင်ပြခဲ့သလားဟု မေးလိုက်ချင်စိတ်နှင့် ပါးစပ်ယားလာသည်။
'မာမီကြီးက ဖရက်ဒီကို သဘောကျပြန်ပြီပေါ့ ဟုတ်လား'
စုလှိုင်က သရော်ပြုံးလေးနှင့် မေးလိုက်သည်။ ထို့နောက် နာရီကို လှမ်းကြည့်မိသည်။ ညနေငါးနာရီထိုးနေပေပြီ။ ရုပ်ရှင်သွားရန်ပြင်ရဆင်ရ ဦးမည် ကိုသတိရလိုက်သည်။
'ငါရွေးပေးတဲ့လူဆို ဘယ်တော့မှမမှားဘူး၊ ညည်းအမေကိုကြည့်ဟန်ကိုကျလို့'
စုလှိုင်သည် အဘွား ဖြစ်သူ၏ မျက်နှာကို စူးစူးရဲရဲစိုက်၍ ကြည့်လိုက်မိလေသည်။ ထို့နောက် ပြောင်လှောင်သော အသံလေးနှင့် ပြောလိုက်သည်။
'ဟုတ်တယ် မာမီသိပ်ဟန်ကျတာပေါ့၊ တစ်လကို ဒက်ဒီနဲ့ သုံးလေးခါလောက် ရန် ဖြစ်ရတယ်'
'ဟဲ့ လင်မယား လျှာနဲ့သွားတဲ့၊ ဆန်းသလား'
'နောက်ပြီး ကိုယ့်ယောက်ျားရဲ့ နံပါတ် နှစ် တွေ သုံးတွေ လေးတွေ အကြောင်း သူများ က မကြားတကြားပြောတာကို မကြားချင်ယောင်ဆောင် နေရတယ်၊ ကဲ အဲဒါ ဟန်ကျတာလား'
စုလှိုင်သည် ပြောအပြီးတွင် ချာခနဲလှည့်ကာ အခန်းအပြင်သို့ ထွက်လာခဲ့သည်။ ပါးစပ် နီနီရဲရဲကြီး ဟောင်းလောင်းပွင့်လျက် သူ့ကိုငေးကြည့်နေသော အန်တီရွှေကိုပင် နှုတ်မဆက်ခဲ့တော့ပေ။ 'ယောက်ျားကောင်း မောင်းမတစ်ထောင်တဲ့၊ အဲဒါဆန်းသလား'ဟု မာမီကြီးက လှမ်းအော်သည်ကို ကြားသော်လည်း လှည့်မကြည့်တော့ဘဲ ခပ်သွက်သွက်ထွက်လာခဲ့လေသည်။
'မအေးတင် စုကို အင်္ကျီမီးပူတိုက်ပေးပါဦး'
မာမီ့အခန်းထဲလှမ်းဝင်သွားသော မအေးတင်ကိုမြင်လိုက်သဖြင့် လှမ်း၍ အော်ပြောလိုက်သည်။
'စုအင်္ကျီ ဒီကိုယူလာခဲ့ပါလားစုရယ်၊ ဒီမှာ မမထဘီလည်း မပြန့်လို့တဲ့၊ ပြန်တိုက်ရဦးမယ်'
မအေးတင်ကပြောသော အခါ စုလှိုင်သည် သူ့အင်္ကျီလေးကို သွားယူလာခဲ့သည်။ ရုပ်ရှင်သွားရမည့် အကြောင်း စဉ်းစားမိသော အခါ မကျေမနပ် ဖြစ်နေသော စုလှိုင်၏ စိတ်ကလေးများ သည် အတန်ငယ် အနည်ထိုင်သွားလေသည်။
မာမီ့အခန်းထဲမှ အမွှေးနံ့များ သည်ကား အခန်းအပြင်သို့ ပင် လျှံပြီးထွက်နေသည်။ မာမီသည် အလှပြင်ရန်အတွက်ဆိုလျှင် ထာဝစဉ်ပင် ဝီရိယပိုလေ့ရှိသည်။ ခြောက်နာရီခွဲပွဲရုပ်ရှင်ကြည့်မည် ဖြစ်သော်လည်း ငါးနာရီ ကျော်ကျော်ကတည်းက မျက်နှာကိုစ၍ လိမ်းခြယ်နေပြီ ဖြစ်သည်။ စုလှိုင်သည်ကားရေပင်မချိုးရသေးပေ။ ထို့ကြောင့် အင်္ကျီလေးကို မအေးတင်ဆီသို့ ပစ်ပေးခဲ့ပြီးရေချိုးရန်ပြန်လာခဲ့သည်။
'ဒီအရွယ် တင့်တင့်တို့အရွယ်၊ ကျွန်မ ကျွန်မတို့အရွယ်၊ တစ်ဆယ်ကျော် ငါးနှစ် ပတ်လည်၊ မစူးမစမ်းတဲ့အရွယ်၊ ရူးနှမ်းနှမ်းအရွယ်ပါတဲ့၊ အပျိုဖြန်းဆိုလား၊ အပျိုမတမ်းဆိုလား၊ ဆန်းဆန်းပြားပြား ခေါ်ကြပြန်တယ်'
စုလှိုင်သည် ရေချိုးရင်း သီချင်းကို ထူးထူးခြားခြားညည်းမိလေသည်။မာမီ၊ ဒက်ဒီတို့နှင့် အတူသွားရမည် ဖြစ်သဖြင့် စိတ်ထဲတွင် ရွှင်နေသော ကြောင့် ဖြစ်သည်။ ထိုသီချင်း ခေတ်စားနေသည်မှာ ကြာလှပြီ ဖြစ်သော်လည်း စုလှိုင်မဆို ဖြစ်ချေ။ သက်သက်တို့ အမာညိုတို့ ကျက်ကြ ဆိုကြသည်ကိုကြားခဲ့ရ၍ အလိုလိုရနေခြင်း ဖြစ်သည်။ ယခုမှစိတ်ရွှင်ပြီး သီဆိုမိခြင်း ဖြစ်သည်။
'မာမီရေ ငါးနာရီခွဲနေပြီ၊ ဒက်ဒီ ပြန်မလာသေးဘူးလား'
စုလှိုင်ရေချိုးပြီးသော အခါ ငါးနာရီခွဲနေပေပြီ။ သူ့အင်္ကျီလေးကိုအပြေးလာယူရင်း ပြောသည်။ မာမီသည် မျက်နှာကိုလိမ်းခြယ်ပြီးလုပြီ ဖြစ်၏ ။သေးမျှင်သော စုတ်တံလေးနှင့် မျက်ခုံးဆွဲနေသည်။ မာမီ့မျက်ခုံးမွေးပုံသည်စင်ရော်တောင်လေးလို ပုံပန်းကျနပြီး ဖြစ်သည်။ ထို့ကြောင့် ပုံဖော်၍ မဆွဲဘဲရှိလက်စမျက်ခုံးမွေးများ ကိုသာ ပိုမိုထင်ရှားမည်းနက်သွားအောင် စုတ်တံနှင့် ဆေးတင်ပေးလေ့ရှိလေသည်။
'ရုပ်ရှင်ပြီးရင် ခေါက်ဆွဲစားမယ်နော် မာမီ'
စုလှိုင်သည် အင်္ကျီလေးကို လက်တစ်ဖက်မှဆွဲကာ ခပ်သွက်သွက်ပြန်ထွက်သွားသည်။ ဒက်ဒီပြန်လာလျှင် စောင့်နေရမည် စိုးသော ကြောင့် သနပ်ခါးပင်မလူးတော့ပေ။ ဟေဇလင်စနိုးလေးခံပြီး ကရင်ပတ်ဖ် တစ်ချက် နှစ် ချက်ရိုက်လိုက်လေသည်။
မက်စ်ဖက်တာ ပါးနီအဆီကိုမူ မသိမသာလေး ဆိုးလိုက်မိသည်။ဆံပင်များ ကို ထုံးစံအတိုင်း နောက်သို့ လှန်ပြီး ရွှေဝါရောင် ဟဲယားဘဲင်လေးနှင့် စည်းလိုက်သည်။ ထို့နောက် အင်္ကျီ လုံချည် ကောက်စွပ်လိုက်ရုံသာရှိသည်။စုလှိုင်သည် လဲရင်း ပြင်ရင်း ဒက်ဒီ၏ ကားသံကို စိတ်တထင့်ထင့် နှင့် နားစွင့်နေမိသည်။ အလုံးစုံပြင်ဆင်ပြီးသော အခါ ခြောက်နာရီကျော်ပေပြီ။ ဒက်ဒီ ပြန်ရောက်မလာသေးပေ။
ခြောက်နာရီခွဲခါနီး တွင် တယ်လီဖုန်းလာသည်။ဒက်ဒီ့ဆီမှ ဖြစ်သည်။
'စုလား'
ဒက်ဒီကမေးသည်။ ဒက်ဒီ့အသံသည် အလျင်လိုနေသလို အလောတကြီး ဖြစ်နေသည်။
'စု ဒက်ဒီ ဆေးရုံက ဆက်နေတာ'
'ဟင် ဒက်ဒီဘာ ဖြစ်လို့လဲ'
စုလှိုင်က အထိတ်တလန့်အော်လိုက်မိသည်။
'ဒက်ဒီဘာမှမ ဖြစ်ဘူး၊ ဟို ဟို ကလေးနေမကောင်းလို့'
'ကလေး'
အရောင် တောက်ပနေသော စုလှိုင်၏ မျက်လုံးလေးများ သည် ရုတ်ခြည်း မှေးမှိန်သွားလေသည်။
'နမိုးနီယား ဖြစ်လို့စု၊ အဲ စိုးရိမ်ရတယ်၊ အဲဒါ ဒက်ဒီပြန်မလာနိုင်တော့ဘူး'
'ဟင်'
'ဆောရီး စု၊ ဒက်ဒီကတိဖျက်ရတာ စိတ်မကောင်းပါဘူး၊ နောက်တစ်ခါမှ ကြည့်ကြတာပေါ့နော်'
'နောက်တစ်ခါ ဟုတ်လား'
စုလှိုင်သည် တုန်အက်သော အသံနှင့် မေးလိုက်မိသည်။ ဒက်ဒီ၏ ဖြေသံကိုမကြားရတော့ပေ။ တယ်လီဖုန်းချသွားပေပြီ။ တယ်လီဖုန်းခွက်လေးကိုကိုင်ကာ ငိုင်နေမိစဉ် မာမီကမေးသည်။
'ဘာတဲ့လဲ သူ ပြန်မလာနိုင်ဘူးမဟုတ်လား'
'ကလေး နေမကောင်းလို့တဲ့'
'ဟုတ်လား'
မာမီက သက်ပြင်းချလိုက်သည်။ အတန်ကြာအောင်ငေးနေသည်။ထို့နောက် သူ့ကိုယ်မှအဝတ်အစားများ ကိုငုံ့၍ ကြည့်လေသည်။ ပြန်ပြီးလဲချင်ပုံမရပေ။
'ဒီလိုဆို မာမီ ကြည်ကြည်တို့အိမ် သွားလိုက်ဦးမယ်၊ စု လိုက်မလား'
'ဟင့်အင်း'
စုလှိုင်သည် ခေါင်းယမ်းလိုက်သည်။ စိတ်ပျက်လက်ပျက် ဖြစ်သွားသော စုလှိုင်ကိုလှည့်ကြည့်ရင်း မာမီက ပြုံးလိုက်လေသည်။ ထို့နောက် ခပ်တိုးတိုးပြောသည်။
'ဘဝဆိုတာကို ဘယ်တော့မှပုံသေကားကျ တွက်မထားရဘူး၊ လုပ်မယ်မှန်းထားလည်း ဖြစ်ချင်မှ ဖြစ်တာ၊ မလုပ်ဘူးမှန်းထားပေမယ်လို့လည်း ဖြစ်ချင်ရင် ဖြစ်တာပဲ၊ ရုပ်ရှင်လေး မကြည့် ဖြစ်တာလောက်ကို စိတ်မကောင်း ဖြစ်မနေပါနဲ့ သမီးရယ်'
မာမီ့စကားကို စုလှိုင်နားမလည်ပေ။ ဆိုလိုရင်းကိုစဉ်းစားနေမိစဉ်ကားထွက်သွားသံကိုကြားရသည်။ မာမီသည် သူပျော်ရာဒေသသို့ သွားပေပြီ။ယခင်က သူပျော်သည့်အရာများ ကို အိမ်သို့ ခေါ်သည်။ အိမ်တွင် ဝိုင်းဖွဲ့သည်။ဒက်ဒီက ဝန်တိုငြူစူဟန်ပြသော အခါအိမ်ကိုမခေါ်တော့ဘဲ မာမီက သူတို့နောက်လိုက်သွားတတ်လေသည်။
မာမီထွက်သွားပြီး မကြာမီပင် တယ်လီဖုန်းလာပြန်သည်။ ဖရက်ဒီ့ဆီမှ ဖြစ်သည်။
'ဟေး စု'
သူ့အသံသည်ကား ရွှင်နေလေသည်။
'ယူ စိတ်ကောက်နေရစ်တယ်ဆို၊ ရုပ်ရှင် မကြည့် ဖြစ်လို့ဆို'
'အင်း'
'ကြည့်မလားဟင်၊ ကိုယ်လာခေါ်မယ်လေ'
'အင်း'
'ဟေး စု၊ တကယ်နော်'
'အင်း'
စုလှိုင် ထိုညက ဖရက်ဒီနှင့် တွဲ ပြီး ရုပ်ရှင်ကြည့် ဖြစ်လေသည်။ လေလွင့်နေသော စိတ်များ ကို ဖမ်းချုပ်ရန်ကြိုးစားရင်း သူပြောသမျှ ချစ်စကားများ ကို နားထောင်နေမိသည်။ သူက စုလှိုင်၏ လက်ကလေးကို ဆွဲယူဆုပ်ကိုင်ထားသော်လည်း မရုန်းမိပေ။ တစ်ဆင့်တက်ပြီး စုလှိုင်၏ ပါးပြင်ကို ညင်သာစွာ နမ်းသော်လည်း မငြင်းမိပေ။ အနည်ထနေသော စိတ်တေလေသည် ယောက် ယက်ခတ်နေသည်။ ရင်ခွင်သစ်ကို တမ်းတရှာဖွေနေမိလေသည်။
ဖရက်ဒီ၏ နူးညံ့ချိုသာသော စကားလေးများ တွင် စုလှိုင်၏ စိတ်တို့သည် လွင့်မြောပါသွားသည်။ တွေ ဝေသော စိတ်တို့သည် သာယာလာသည်။မည် သို့ ပင် ဆိုစေ ထိုညဦးကို ဖရက်ဒီနှင့် အတူရုပ်ရှင်ကြည့်ရင်း ကုန်ဆုံးခဲ့ရသည့်အတွက် စုလှိုင်ကျေနပ်မိလေသည်။ ထိုသို့ သာမဟုတ်လျှင် မှန်ပြတင်းတွင် တစ်ဦးတည်းမှီရပ်ကာ လဝန်းကိုမျှော်ကြည့်နေရမည် ဖြစ်သည်။ အထီးကျန်ဆန်သော တိမ်မည်းညိုကြီးသည် စုလှိုင်၏ နှလုံးသားကို ဖုံးအုပ်လာဦးမည် ဖြစ်လေသည်။
'စု အိမ်ပြန်ချင်ပြီလား'
'ပြန်တော့ မပြန်ချင်သေးဘူး၊ ဒါပေမဲ့ ပြန်မယ်'
ရုပ်ရှင်ပြီးသော အခါ ဖရက်ဒီက မေးလေသည်။ စုလှိုင်အိမ်မပြန်ချင်သေးပေ။ ဖရက်ဒီ့ပခုံးကို ခပ်နွဲ့နွဲ့မှီရင်း မြို့လုံးပတ်လည် ကားစီးနေရလျှင် ကောင်းမည် ဟု စဉ်းစားမိသည်။ သို့ သော် ဦးနှောက်တစ်စိတ်တစ်ဒေသတို့က အချိန်မီသတိပေးသဖြင့် အိမ်ပြန်မည် ဟုသာဆုံးဖြတ်လိုက်သည်။ဖရက်ဒီသည် စုလှိုင်ကိုပြန်လိုက်ပို့သည်။ စုလှိုင်၏ ရင်ထဲတွင် ဟာနေသည်။ အိမ်တွင် ဒက်ဒီလည်းမရှိ၊ မာမီလည်းပြန်မရောက်သေးပေ။ကားကို ဆင်ဝင်အောက်ထိမသွားဘဲ ပန်းချုံဘေးတွင် ရပ်လိုက်သည်။ထို့နောက် ဖရက်ဒီသည် စုလှိုင်၏ တစ်ကိုယ်လုံးကို ဆွဲ၍ ဖက်လိုက်သည်။နှုတ်ခမ်းလေးကို နမ်းရန်ကြိုးစားသည်။ စုလှိုင်သည် ရုတ်တရက် အိပ်မက်မှလန့်နိုးသူလို ဖြစ်သွားသည်။ ရောက်ရှိနေသော အနေအထားကို လက်မခံနိုင်အောင် ဖြစ်သွားသည်။
'စု စု ဘာ ဖြစ်တာလဲ'
'ဘာ ဖြစ်ရမှာ လဲ'
စုလှိုင်သည် ကားတံခါးကိုဖွင့်ကာ ဆင်းလိုက်သည်။ ဖရက်ဒီကစုလှိုင်၏ လက်ကိုလှမ်းဆွဲလိုက်ကာ ဖမ်းကိုင်ထားသည်။
'စု ကိုယ့်ကိုမချစ်ဘူးလား'
'ဟင့်အင်း'
'ဒီလိုဆို ရုပ်ရှင်ရုံထဲမှာ တုန်းက ဘာလို့ငြိမ်နေလဲ၊ ကိုယ်နမ်းတာ ဘာလို့ခံနေသလဲ'
'မသိဘူး'
စုလှိုင်က ခပ်ဆတ်ဆတ်အော်ကာ လက်ကိုဆောင့်၍ ရုန်းလိုက်သည်။
'စု ဘာစိတ်ကောက်တာလဲ၊ တကယ်ပဲ ကိုယ့်ကိုမချစ်ဘူးလား'ဖရက်ဒီက မယုံနိုင်သလို ထပ်မေးသည်။ ရုန်းကန်နေသော လက်ကလေးကို လက်ကောက်ဝတ်မှနေ၍ ညှစ်ကိုင်ထားလေသည်။
'မချစ်ဘူး၊ ဘာလို့ချစ်ရမှာ လဲ၊ တစ်စက်မှမချစ်ဘူး'
စုလှိုင်က ဒေါနှင့် မောနှင့် ပြောသည်။ ကြေကွဲရိပ် သမ်းသွားသော သူ့မျက်လုံးများ ကိုမြင်ရသော အခါ ဘာကြောင့် မှန်းတော့မသိ၊ စုလှိုင် ကျေနပ် သလိုလို ပျော်ရွှင်သလိုလို ဖြစ်သွားလေသည်။ ဖရက်ဒီက ငိုင်တွေ တွေ ဖြစ်သွားစဉ်စုလှိုင်သည် သူ့လက်ကလေးကို ဆောင့်၍ ရုန်းလိုက်သည်။ ထို့နောက် အိမ်ပေါက်ဝသို့ ခပ်သွက်သွက်ပြေးထွက်သွားလေသည်။
'ညီလင်းရယ်၊ ငါ့ကို နှင်းဆီပန်းအဝါရောင် လေး ပေးဟာ၊ ငါက အဝါရောင် လေးဝတ်မှာ '
'အာ မမကလဲ၊ အဲဒီ အဝါက ခုမှပွင့်တာ၊ တစ်ပွင့်တည်းရှိတာ'
'နင်က တိုတယ်ပေါ့လေ၊ နေ နေပေါ့'
'ပန်းရောင် လေးယူလေ နော်'
'ဘာလုပ်ဖို့လဲ သွား'
အမာညိုသည် ခြေကိုဆောင့်ကာလှည့်ထွက်ခဲ့သည်။ မကျေမနပ်နှင့် ဒေါသခိုးများ ဆူတက်လာသည်။ ပန်းကလေးတစ်ပွင့်လောက်ပန်ရမည့်  အရေး ညီလင်းကို ထာဝစဉ်ပင် မျက်နှာချိုသွေးရသည်။ မည် သည့်အခါမျှလည်း လွယ်လွယ်ကူကူရလေ့မရှိချေ။ အမြဲတမ်း တွန့်တွန့်တိုတို ဖြစ်နေတတ်သည်။ဒီနေ့ မောင်မယ်သစ်လွင်နေ့ ဖြစ်သည်။ ထို့ကြောင့် လည်း အမာညိုကပိုပြီးလှချင်နေခြင်း ဖြစ်သည်။ ဘဝဟူသည်မှာ ရည်မှန်းတိုင်းလည်း မ ဖြစ်တတ်ပေ။ သက်သက်က အင်ဂျင်နီယာ ဖြစ်ချင်သည်ဟု တဖွဖွပြောနေသော အချိန်များ တွင် အမာညိုသည် ဆီးပြားစားရင်း ပြောင်စပ်စပ်ရယ်နေမိသည်သာ ဖြစ်သည်။ အမာညိုဟူသည့်မိန်းကလေးသည် ဘာကိုမျှလေးလေးနက်နက်နှင့် ကြိုးစားအားထုတ်ချင်သူမဟုတ်ပေ။ စာကိုလည်း ပင်ပင်ပန်းပန်းကြိုးစားလေ့ရှိသူမဟုတ်ပေ။ သို့ သော် ကံကောင်းချင်တော့ စာမေးပွဲတွင် အမှတ် ကောင်းလာသည်။ သူကျက်သမျှလေးတွေ က တန်းပါလာသည်။ သူတွက်သမျှလေးတွေ ကလည်း မှန်သွားသည်။ သူ့ထက်တော် သော သက်သက်က အလွဲလွဲ အချော်ချော် ဖြစ်ကာ စာမေးပွဲကျသွားသော်လည်း သူက အောင်သည်။ အောင်ရုံသာမကစက်မှု တက္ကသိုလ်ကိုပါ တက်ခွင့်ရသည်။ ဒီလိုဆိုပြန်တော့လည်း ကုသိုလ်ကံဆိုသည်ကို ယုံရတော့မည် ထင်သည်။ သက်သက်သည် ကံဆိုး၍ အမာညိုသည်ကံကောင်းခဲ့လေသည်။ သက်သက် တစ်ယောက် ဆယ်တန်းစာများ ကို ပြန်လည်ကျက်မှတ်နေချိန်ဝယ် အမာညိုက စက်မှု တက္ကသိုလ် တက်ရလိမ့်မည် ဟုယခင်တုန်းက လုံးဝမမျှော်မှန်းခဲ့မိပေ။ မထင်မှတ်ခဲ့မိပေ။
'မမရေ၊ လာဟ လာဟ၊ လာခူးဟ'
အမာညိုလှည့်ထွက်လာသော အခါ ညီလင်းက ခပ်ဆောင့်ဆောင့်အော်လိုက်သည်။ အမာညိုလှည့်မကြည့်ပေ။ ခပ်တည်တည်ပင် ဆက်ထွက်လာခဲ့သည်။ ညီလင်းကမနေနိုင်ဘဲ ကိုယ်တိုင်ခူးလာကာ ဆောင့်ကြီးအောင့်ကြီးလိုက်ပေးသည်။
'ရော့ယူ'
'ယူပါဘူး'
'ယူလို့ဆိုနေ'
'ဟင်း၊ သနားလို့ယူတာ'
အမာညိုက အပေါ်စီးနှင့် ပြောသည်။ မယူချင့်ယူချင်ဟန်နှင့် လှမ်းယူသည်။ ညီလင်းလှည့်ထွက်သွားသော အခါမှ မျက်နှာလေးပြုံးသွားသည်။ နှင်းဆီငုံဝါဝါလေးကိုငုံ့၍ နမ်းလိုက်သည်။ အပေါ်ထပ်သို့ ပြေးတက်လာပြီး သူရွေးထားသော အင်္ကျီဝါဝါလေးနှင့် အရောင် လိုက်မလိုက် တိုက်ပြီးကြည့်လိုက်သည်။အမာညိုစိတ်တိုင်းကျပြင်ဆင်နေသည်ကို ကျော်ထွန်းညိုက စိတ်မရှည်စွာ နှင့် စောင့်ဆိုင်းနေရလေသည်။ မောင်မယ်သစ်လွင်နေ့ဆိုလျှင် စောစော သွားချင်သည်မှာ ကျောင်းသားကြီးတိုင်း၏ ဆန္ဒ ဖြစ်သည်။ လူသွားလမ်း စင်္ကြံတွင် တန်းစီရပ်ပြီး ရောက်လာသမျှ မယ်သစ်လွင်လေးများ ကို ခြေဆုံးခေါင်းဆုံးကြည့်ကြသည်။ ခြေလှမ်းမှားအောင် နောက်ပြောင်ကြသည်။ ကျောင်းသူကလေးများ ခမျာ အယောင်ယောင်အမှားမှားနှင့် ခလုတ်တိုက်လျှင် ဝါးခနဲ ဝိုင်း၍ ရယ်ကြသည်။ မိန်းကလေးများ ကို စေ့စေ့စပ်စပ် ကြည့်ပြီး အမျိုးမျိုးအမည် ပေးကြသည်။ အလှဆုံးကိုရွေးကြသည်။ ထို့ ကြောင့် လည်း ကျော်ထွန်းညိုက စောစောသွားရန် အလိုလိုစိတ်စောနေမိခြင်း ဖြစ်သည်။ သို့ သော် ကျောင်းသားကြီးများ မျက်စိစားပွဲထိုင်မည့် အထဲတွင် ကိုယ့်နှမ တစ်ယောက် လုံးပါနေတော့ စိတ်ထဲတွင် မအီမလည် ဖြစ်နေလေ သည်။ သူများ နှမကိုစ၍ ပြောင်၍ ၊ ခြေလှမ်းမှားအောင်ပြုလုပ်ခဲ့စဉ်က အရသာရှိလှသော်လည်း ကိုယ့်နှမလေး အစအနောက်ခံရမည် ကိုကား မလိုလားပေ။
လက်ထဲမှနာရီကိုငုံ့ကြည့်မိသည်။ နံနက်ခုနစ်နာရီသာရှိသေးသည်။မိရွှေညိုကို နောက်ထပ်ဆယ့်ငါးမိနစ်ခန့်စောင့်ရဦးမည် မှာ သေချာသည်။
'ကို ကို'
ညီလင်းက ခြံထဲမှလှမ်းခေါ်လေသည်။ သူစိုက်ထားသော တစ်ထပ်စံပယ်လေးများ ဖွေးနေအောင်ပွင့်နေသည်ကို ခေါ်၍ ပြခြင်း ဖြစ်သည်။ ထိုစံပယ်သည် အနံ့မမွှေးလှချေ။ သင်းသင်းလေးသာရှိသည်။ သို့ သော် တစ်ရုံလုံးဝေနေအောင်ပွင့်ကာ တော် ရုံနှင့် မညှိုးဘဲ တာရှည်ခံလေသည်။
'အေး၊ မင်းက ကြိုးစားပမ်းစားစိုက်နေ၊ တော် ကြာ မိညိုလက်ချက်မိပြီး ပြောင်မှာ ပဲ'
'ခုနကလည်း နှင်းဆီအဝါလေး ပေးလိုက် ရတယ်'
ညီလင်းက နှုတ်ခမ်းစူကာပြောသည်။ မနေနိုင်၍ ပေးမယ့်သာပေးလိုက်ရသော်လည်း ယခုတိုင်နှမြောနေဆဲ ဖြစ်လေသည်။ ဖြူဖွေးလန်းဆန်းနေသော စံပယ်ပန်းလေးများ ကို ကျော်ထွန်းညိုက ငေး၍ ကြည့်နေမိသည်။ပွင့်ဖတ်ကလေးများ ပေါ်တွင် နှင်းစက်ကလေးများ တင်နေသည်မှာ တစ်မျိုးကြည့်၍ ကောင်းသည်။
'ကို ကို'
ညီလင်းက တိုးတိုးခေါ်ပြန်သည်။ အိမ်ဘက်သို့ ကဲကြည့်ပြီးအသံကိုနှိမ့်ကာပြောသည်။
'ကိုကို၊ မမသက်ကို ကြိုက်လားဟင်'
'ဟ၊ ဘာပြုလို့တုံးကွ'
ကျော်ထွန်းညိုက အထိတ်တလန့်မေးလိုက်မိသည်။
'ညက မေမေနဲ့ မေမေကြီးနဲ့ပြောနေတာ ကျွန်တော် ကြားလာလို့'
'ဘာတဲ့လဲ'
'မေမေကြီးကပြောတယ်၊ သက်သက်ကလေးက စိတ်ကောင်းရှိတယ်တဲ့၊ သူ့မိဘတွေ ကလည်း ရိုးသားတယ်တဲ့၊ ပစ္စည်းသိပ်မချမ်းသာပေမယ့်သူတို့မိသားစုလေးက ပျော်စရာကောင်းတယ်တဲ့'
'အေးလေ ဒီတော့'
'ဒီတော့ ကိုကို့ ကိုလေ မမသက်နဲ့သဘောတူတယ်တဲ့'
'ဟောဗျာ'
ကျော်ထွန်းညိုသည် သူ့နဖူးကိုသူရိုက်လိုက်မိသည်။ မေမေကြီးသည်သူ့မြေးအတွက် ယခုကတည်းကပင် ကြိုတင်၍ မိန်းမရွေးနေပြီထင်သည်။ အမာညိုက သက်သက်ကိုကြိုက်ပါဟု တပြောတည်းပြောခဲ့စဉ်က စိတ်ထဲတွင် မည် သို့ မျှ မနေချေ။ နားငြီးရုံ ရယ်ရုံအပြင် အလေးအနက်မရှိခဲ့ချေ။ သို့ သော် ယခုလိုလူကြီးများ ကပါ ပြောလာကြသည်ကို သိရသော အခါတွင် ကား ရင်ထဲတွင် ရှိန်းမြမြ ဖြစ်သွားလေသည်။
စံပယ်ပွင့်ဖြူဖြူလေးကို စိုက်ကြည့်ရင်း သက်သက် ဟူသည့် မိန်းကလေးကို ပုံဖော်ပြီးကြည့်မိသည်။ အရပ်ပျတ်ပျတ် အသားဝါဝါလေးနှင့် ပြုံးချိုသော နှုတ်ခမ်းလေးများ ကို မြင်ယောင်လာသည်။ မျက်လုံးအစ်အစ်၊ မျက်ခုံးထူထူ၊ပါးဖောင်းဖောင်းလေးနှင့် မို့ သူ့မျက်နှာလေးသည် အပျိုမလေးနှင့် မတူဘဲ ကလေးလေးနှင့် တူလေသည်။ သူ့လက်မောင်းလေးများ ကမူ ပြည့်ဖြိုးလှပကြောင်းကိုကျော်ထွန်းညို သိထားပြီး ဖြစ်သည်။ အောင်စာရင်းထွက်သည့်နေ့က ခြံပြင်သို့ ထွက်ပြေးစဉ် သူဆွဲပြီးဖမ်းကိုင်ခဲ့ရသော လက်မောင်းလေးကို ပြန်လည် တွေးနေမိသည်။ စိုးရိမ်တကြီးအားစိုက်ပြီးဆွဲလိုက်မိသော ကြောင့် လက်မောင်းသားဝင်းဝင်းလေးတွင် သူ၏ လက်ချောင်းရာများ က ရဲပြီးထင်ကျန်ခဲ့သည်ကို သတိပြုမိသည်။
'မမသက်က သဘောတော့ကောင်းတယ်ဗျ နော ကိုကို'
ညီလင်းက ရေပန်းကရားကိုရေဖြည့်ပြီး ဆွဲယူလာသည်။ ထို့နောက်ခပ်မြင့်မြင့် မြှောက်ကိုင်ကာ စံပယ်ရုံကိုအပေါ်ဘက်မှ ပက်ဖျန်းလိုက်သည်။ ကျော်ထွန်းညိုစိုက်ကြည့်နေသော စံပယ်ပွင့်ဖြူဖြူလေးပေါ်သို့ ရေစက်ရေပေါက်များ ကျလာသည်။ ရေစိုသော ပန်းကလေးသည် တနွဲ့နွဲ့ယိမ်းညွတ်သွားသည်။ စံပယ်ပွင့်ထဲမှ သက်သက်၏ ရုပ်သွင်လည်း ပျောက်သွားသည်။
'ဘာပြောတယ် ညီလင်း'
'သြော် မမသက်က သဘောတော့ ကောင်းတယ်လို့ပါ'
'မင်းကလဲ၊ သဘောတော့ ကောင်းတယ်ဆိုတော့၊ ဘာ ကတော့မကောင်းလို့လဲ'
'အဟီး ဟုတ်ပါဘူး'
'ပြောပါကွ'
'မျက်လုံးလေးမှေးတာတစ်ခုပါပဲ၊ ကျွန်တော် က မျက်လုံးဆိုရင် မျက်သားပြာလဲ့လဲ့၊ မျက်နက်ကျယ်ကျယ်၊ မျက်တောင်ကော့ကော့နဲ့မှကြိုက်တာ ဟားဟား'
ကျော်ထွန်းညိုသည် ဘာမှပြန်မပြောဘဲပြုံးနေမိသည်။ ညီလင်းသည်ဝတ္ထုထဲမှ စကားလုံးများ ကို ရွတ်လိုက်ခြင်း ဖြစ်သည်။ မျက်သား ပြာလဲ့လဲ့၊ မျက်နက်ကျယ်ကျယ်၊ မျက်တောင်ကော့ကော့ဟု ညီလင်းကပြောလိုက်သော အခါမျက်ဝန်းနက်နက်ကလေးတစ်စုံကို ပြေးပြီးမြင်ယောင်မိသည်။ စုလှိုင် ဟူသည့်မိန်းကလေးကို သတိရမိသည်။
'ဟော ဟိုမှာ ပြောရင်းဆိုရင်း မမသက်လာနေတယ်'
ညီလင်းက အရယ်ရပ်ကာ ခြံဝသို့ လှမ်းကြည့်သည်။ ထို့နောက် လှမ်းအော်၍ နှုတ်ဆက်သည်။သက်သက်သည် သူတို့နှစ် ဦးဆီသို့ ခပ်သွက်သွက်လျှောက်လာလေသည်။ လက်ထဲတွင် ဖွေးနုနေသော သဇင်ပန်းသုံးခက်ကို ကိုင်ထားသည်။
'အမာညိုရော'
'အလှပြင်တုန်းပဲ မမသက်ရ'
'သူ ဘာရောင် ဝတ်မှာ တဲ့လဲဟင်'
'သိပါဘူးဗျာ ဒီနေ့မှပွင့်တဲ့ နှင်းဆီပန်း အဝါလေးတော့ အတင်းယူသွားတာဘဲ'
ညီလင်းက ရှုံ့ရှုံ့မဲ့မဲ့ပြောလေသည်။ ကျော်ထွန်းညိုကမူ ဘာမှမပြော ဖြစ်ဘဲ သက်သက်ဟူသည့်မိန်းကလေးကို စူးစိုက်ပြီးကြည့်နေမိလေသည်။ ကိုယ်တိုင် စာမေးပွဲရှုံးသော်လည်း အမာညိုကို လုံးဝဝန်တိုဟန်၊ ငြူစူဟန် မပြရှာပေ။သစ်လွင်ပွဲအတွက်ပင် တကူးတကန့်ပန်းလာပို့ပေးသည်ဆို တော့ တော် တော် စိတ်ကောင်းရှိသည့်မိန်းကလေးဟု တွေးလိုက်မိသည်။ အမာညိုသာ သက်သက်နေရာမှာ ဆိုလျှင် ထိုကဲ့သို့ ပန်းသွားပေးမည် မဟုတ်သည်ကို ကျော်ထွန်းညို သိလေသည်။
သူ့ကို စူးစိုက်ကြည့်နေသော ကျော်ထွန်းညိုကို သက်သက်သတိပြုမိသည်။ ရင်ထဲတွင် ကျေနပ်လှိုင်းကလေးရိုက်ခတ်ပြီး ရှက်သွေးလေး မသိ မသာဖျန်းတက်လာလေသည်။
'နောက်နှစ် ဆိုရင် သက်သက်အလှည့်ပေါ့၊ သစ်လွင်နေ့ကျရင် မိညိုက ညီလင်းရဲ့ ပန်းတွေ ကိုခိုးပြီး လာပို့ပေးလိမ့်မယ်'
ကျော်ထွန်းညိုက ပြုံးရယ်ကာပြောလိုက်သည်။ ညီလင်းက သက်သက်၏ လက်ထဲမှ ပန်းများ ကိုလှမ်းပြီးဆွဲယူလိုက်သည်။
'ပေး မမသက် ကျွန်တော် မမကိုသွားပေးလိုက် မယ်'
'ဥကလေးတွေ ပြန်ပေးနော် ညီလင်း၊ အပင်ပြန်စိုက်ရမယ်'
သက်သက်ကအော်ပြောစဉ် ညီလင်းသည် အပြေးထွက်ခွာသွားသည်။ ညီလင်း တမင်တကာရှောင်ထွက်သွားခြင်း ဖြစ်ကြောင်း ကျော်ထွန်းညိုသိလိုက်သည်။ သူတို့နှစ် ယောက် တည်းသာကျန်ခဲ့အောင် အကွက်ဆင်သွားခြင်း ဖြစ်လေသည်။
'သက်သက် အင်ဂျင်နီယာမလုပ်တော့ဘူး ကိုကို'
အတန်ကြာငြိမ်နေပြီးမှ သက်သက်ကပြောသည်။ ဗရုတ်ကျသော ၊အငြင်းသန်သော ၊ ပြောင်စပ်စပ် မိန်းကလေးသည် ကျော်ထွန်းညိုရှေ့ရောက်လျှင်တည်တည်ကြည်ကြည်လေး ဖြစ်သွားတတ်သည်။
'ဘာ ဖြစ်လို့လဲဟင်'
'သူများ ယောင်လို့ပေါင်ပြီး၊ သူများ ကိုအားကျပြီး အင်ဂျင်နီယာ ဖြစ်ချင်နေတာပါ၊ တကယ်ဝါသနာပါတာမဟုတ်ပါဘူး'
'ဒီလိုဆို ဘာကိုဝါသနာပါလို့လဲ'
'သူနာပြု'
'ဆရာဝန် မဟုတ်ဘူးလား'
'ဟင့်အင်း သူနာပြုပဲ၊ သက်သက်ဆယ်တန်းအောင်ရင် သူနာပြု သင်တန်းပဲ တက်တော့မယ်'
'ကောင်းတယ် သက်သက်'
ကျော်ထွန်းညိုက ထောက်ခံမိသည်။ ဆရာဝန် ဆရာဝန်နှင့် ဆေးတက္ကသိုလ်ကိုပြုံပြီးတိုးနေကြစဉ် သက်သက်၏ အဆုံးအဖြတ်ခံယူချက်ကလေးက စိတ်ဝင်စားဖွယ် ကောင်းနေသည်။
'လူနာကို တကယ်လက်ပွန်းတတီးပြုစုရတာ က သူနာပြုဆရာမ တွေ ကိုကိုရဲ့ ၊ ဆရာဝန်က ဒီလောက်မဟုတ်ဘူး၊ သက်သက်လေ ဝေဒနာခံနေရတဲ့သူတွေ ကို သက်သာအောင် ဖေးဖေးမမ သိပ်ပြီးပြုစုပေးချင်တာပဲ၊ အဲဒါကမှသက်သက်ရဲ့ ဝါသနာအစစ်'
သက်သက်၏ မျက်လုံး မှေးမှေးလေးသည် အရောင် တစ်မျိုး တောက်ပကာ ရွှန်းလဲ့လာသည်။ ကျော်ထွန်းညိုသည် ထိုမိန်းကလေးကို ပေါချာချာလေးဟုသာ ယူဆခဲ့သည်။ ယခုလို အလေးအနက်စဉ်းစားကာ အမွန်အမြတ် ခံယူချက်ကလေးနှင့် ဘဝကိုဦးတည်မည့် သူဟု မထင်မှတ်မိခဲ့ပေ။ သက်သက် ဟူသည့် မိန်းကလေးကို ယခုမှ ပထမဦးဆုံးအကြိမ် လေးစားစိတ်ဝင်လာသည်။
'သက်သက်က ဒို့ထင်တာထက်တော် တယ်'
ကျော်ထွန်းညိုဖွင့်ဟ ချီးကျူးမိသည်။ သက်သက်၏ ပါးဖောင်းဖောင်းလေးများ သည် နီတွေးသွားသည်။ နှုတ်ခမ်းလေးတွင် ကျေနပ်ပြုံးလေး ပွင့်ဖူးလာလေသည်။
'စုလှိုင်တဲ့ ထိပ်စုဘုရားလား၊ လှိုင်ထိပ်ထားလား'
'ဒီနှစ် သူအချောဆုံးပဲကွ'
ကျော်ထွန်းညိုသည် စကားသံထွက်ပေါ်လာရာ လက်ဖက်ရည်ဆိုင်ထဲသို့ စောင်းကြည့်လိုက်သည်။ ကိုတင်မောင်ဌေးတို့လူသိုက် ဖြစ်သည်။ သူတို့သည် ကျောင်းဖွင့်ပြီဆိုသည်နှင့် ကျောင်းသူစာရင်းကောက်ထားပြီး အချော အလှစံချိန်အဆင့်ဆင့်ခွဲထားပြီး ဖြစ်သည်။ အချောဆုံးကိုရွေး၍ လိုက်သည်။ သို့ သော်သူ့ကို မည် သူမျှပြန်မကြိုက်သေးပေ။
'ဦးတင်မောင် ခင်ဗျားကော်ဖီက နို့ဆီနည်းတယ်ဗျ၊ သကြားပေါတိုင်းသကြားချည်းအရမ်းထည့်နေတာပဲ၊ သကြားလျှော့ပြီး နို့ဆီများများ ထည့်ပေးပါဗျ'
ကျော်ထွန်းညို ဆိုင်ထဲသို့ လှမ်းဝင်လိုက်စဉ် တစ်ဖက်ဝိုင်းမှ ကျောင်းသားတစ်ဦးက အော်လေသည်။
'မင်းဘိုးအေ နို့ဆီက အခုအပြင်မှာ ဘယ်ဈေးမှတ်လဲ၊ နှစ် ကျပ်ခွဲကွ၊ကော်ဖီတစ်ခွက်တစ်မတ်ပေးသောက်ပြီး နှစ် ကျပ်ခွဲတန်နို့ဆီကို ဘူးတစ်ဝက်လောက်ထည့်စေချင်နေလို့ ဖြစ်မှာ လား၊ ဒီလိုသာဆို ငါတို့ ဦးတင်မောင်ကြီး မွဲရချေရဲ့ ဗျာ'
ဦးတင်မောင်ကမူ ဘာမှမပြောရှာ၊ ကွမ်းစားထားသဖြင့် နီရဲနေသော သွားများ ပေါ်အောင်ပြုံးနေသည်။ ကော်ဖီခွက်ကိုယူပြီး နို့ဆီထပ်ထည့်ပေးလေသည်။ သို့ သော် လက်ဖက်ရည်ဆိုင်ထိုင်ရင်း အပျိုစာရင်းကောက်နေသော ကိုတင်မောင်ဌေးက မနေနိုင်ချေ။ လှည့်ကြည့်ရင်း ထိုကျောင်းသားကို လှမ်းပြောသည်။ ပြောရင်းဆိုရင်းမှ ဆိုင်ထဲဝင်လာသော ကျော်ထွန်းညိုကို တွေ့ သော အခါခေါင်းဆတ်ပြီးပြုံးပြသည်။ သူ့ရှေ့မှကုလားထိုင်ကို တွန်း ထုတ်လိုက်ပြီး 'လာကွ'ဟု ဖိတ်ခေါ်သည်။ ထို့နောက် ပြောလက်စ စကားကို အပြတ်မခံ၊ ဆက်၍ ပြောသည်။
'ကလေးပါးစပ်၊ အရူးပါးစပ်၊ သဘင်သည်ပါးစပ်များ အားကြီးကြောက်ဖို့ကောင်းတယ်ကွ၊ ဟိုတလောက တွံတေးသိန်းတန်ဆိုလိုက်တာလေ၊ဧည့်သည်သီချင်းလား ''ပြေးကာလွှားကာ ဆန်ဝယ်ဆီဝယ်'' ဆိုတာ၊ အဲဒီ အတိုင်း ဖြစ်ကုန်တာပဲ၊ ငါ့အမေတောင် ဆန်တွေ ရှားမယ်၊ ဝယ်ထားမှ ဆိုပြီးနှစ် အိတ်တောင် ပြေးဝယ်တာ ပိုးထိုးကုန်ရောကွ'
ကိုတင်မောင်ဌေးသည် သူ့ရှေ့မှလက်ဖက်ရည်ကို တစ်ကျိုက်သောက်လိုက်သည်။ ထောပတ်ကျဲကျဲသုတ်ထားသော ပေါင်မုန့်ကင်ကို တစ်ချက် ကိုက်စားလိုက်သည်။ ကျော်ထွန်းညိုကမူ လက်ထဲမှ ထမင်းဘူးကိုချပြီး ဖွင့်လိုက်သည်။ ဟင်းနံ့က ပျံ့မွှေးပြီးထွက်လာသည်။ ထမင်းဘူးထုပ်သော လက်သုတ်ပဝါလေးသည်ကား ဆီများ စွန်းထင်းလျက်ရှိသည်။
'ဘာဟင်းလဲကွ'
ကိုတင်မောင်ဌေးက ငုံ့ကြည့်သည်။ နီရဲနေသော ပုစွန်တုပ်ကြီး၏ အပေါ်ဘက်တွင် ခရမ်းချဉ်သီးနှင့် ကြက်သွန်နီကို အကွင်းလိုက်လှီးကာ အုပ်ထားသည်။ ထမင်းပေါ်တွင် သခွားသီးစိတ်ကလေးများ နှင့် ငါးပိကြော်ကို ဖိထည့်ထားသည်။
'ပုစွန်ဗျ စားလေအကို'
ကျော်ထွန်းညိုက ထမင်းဘူးနှင့် ဟင်းခွက်ကို သူ့ဘက်တိုးပေးလိုက် သည်။ သူက တစ်လုတ်ခပ်စားလိုက်ပြီး ပြန်တိုးပေးသည်။လက်ဖက်ရည်ဆိုင်ရှေ့တွင် အဆောင်အသစ်တစ်ခုဆောက်လျက်ရှိသည်။ ဒုန်းဒုန်းဒိုင်းဒိုင်းနှင့် ထုသံရိုက်သံများ သည် ဆူညံနေသည်။ ဆောက်လက်စ အဆောက်အအုံမှ ဖုန်များ သဲများ သည် လက်ဖက်ရည်ဆိုင်ထဲသို့ လွင့်စဉ်ဝင်ရောက်လာလေ့ရှိသည်။ ကျော်ထွန်းညိုသည် နေရာပြောင်းကာ ကျောခိုင်းထိုင်လိုက်သည်။ သို့ မှသာ ဖုန်များ ကို ကိုယ်လုံးနှင့် အကာအကွယ်ယူထားသလို ဖြစ်ပြီး ထမင်းဘူးထဲသို့ တသဲသဲဝင်မလာနိုင်မည် ဖြစ်သည်။
'မင်းလက်သုတ်ပဝါကလည်း ဆီနဲ့စိမ်လာတာကျနေတာပဲ'
'ဘတ်စ်ကားပေါ်မှာ ဖိတ်တာအကိုရ၊ တည့်တည့်ကိုင်လို့မှမရတာ '
'ဆီလျှော့ထည့်ခိုင်းပေါ့ကွ'
'ပြောတော့ပြောတာပဲ၊ ဒါပေမဲ့ မေမေက ဆီမပါဘဲ ခြောက်ခြောက်ကြီးဆိုရင် ငါ့သား စားနိုင်မှာ မဟုတ်ဘူးဆိုပြီး ဇွတ်ထည့်တာပဲ'
တစ်ဖက်ဆိုင်မှခေါက်ဆွဲကြော်နံ့သည် သင်းပျံ့လာသည်။ တင်မောင်ဌေးသည် လက်ဖက်ရည် အကတ်အသတ်ကို အကုန်မော့သောက်လိုက်ပြီးပန်းကန်လုံးကို ရေနွေးကြမ်းနှင့် ကျင်းကာဆေးလိုက်သည်။ ထို့နောက် ရေနွေးကြမ်း ဖြည့်ကာ တဖူးဖူးမှု တ်ပြီး သောက်ပြန်သည်။
'ဒို့မြန်မာဆိုတာတွေ ကလည်း ဆီဆိုရင် ရွှဲနေမှစားတတ်တာ၊ ဘိုးတွေ ဘေးတွေ လက်ထက်ကတည်းက ဆီရေချိုးပြီး ကောက်ရိုးမီးလှုံလာတဲ့လူမျိုးကိုးကွ၊ ဒါပေမဲ့ ဖြုန်းတာဆိုရင် ဘယ်ကောင်းမလဲ၊ ဆီက ငါးကျပ်ဈေး မဟုတ်လား၊ ကဲ တစ်ပိဿာ ငါးကျပ်ဆိုရင် တစ်ဆယ်သားငါးမူး၊ မင်းဖိတ်ပစ်လာတာငါးကျပ်သားလောက်တော့ရှိမယ်၊ တစ်မတ်ဖိုးပဲကွ'
ထမင်းတစ်လုတ်နှစ် လုတ်ဝင်သွားသော အခါမှ ဗိုက်က ပိုဆာလာသည်။ ထို့ကြောင့် အလောတကြီးနှင့် ဆက်တိုက်စားရင်း တင်မောင်ဌေး ပြောသမျှကို ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံနေမိသည်။ တင်မောင်ဌေးသည် ကျော်ထွန်းညိုထက် နှစ် နှစ် စောပြီး တက္ကသိုလ်ရောက်သူ ဖြစ်သည်။ သို့ သော် ပထမနှစ် တွင် နှစ် နှစ် ၊ ဒုတိယနှစ် တွင် နှစ် နှစ် နေခဲ့သဖြင့် တစ်နှစ် တစ်တန်းတက်လာသော ကျော်ထွန်းညိုနှင့် အတန်းအတူတူပင် ဖြစ်သွားလေသည်။ ကျောင်းသက်ငါးနှစ် ရှိပြီ ဖြစ်သော တတိယနှစ် သင်တန်းသား ကျောင်းသားကြီး ဖြစ်၍ အတွေ့ အêကံဗဟုသုတ အစစအရာရာကြွယ်ဝလေသည်။
'ဟေ့ ဒီနှစ် ဖရက်ရှာတွေ ထဲမှာ အဲဒီ ကောင်မလေး အလှဆုံးကွ'
တင်မောင်ဌေးသည် ဆေးလိပ်ကိုမီးညှိမည် ပြုပြီးမှ မညှိသေးဘဲ တိုးတိုးပြောသည်။ ကျော်ထွန်းညိုလှည့်ကြည့်လိုက်သော အခါ ဆိုင်ရှေ့မှ ဖြတ်သွားသော စုလှိုင်ကိုတွေ့ ရသည်။ ဆိုင်အတွင်းသို့ စောင်းငဲ့၍ ပင် မကြည့်ဘဲ တစ်ဦးတည်း ပင်လယ်ကမ်းခြေတွင် လေညင်းခံထွက်နေပုံနှင့် သက်သက် သာသာကြော့ကြော့မော့မော့လေးလျှောက်သွားသည်။ စကားသံများ တိတ်ကာ သူ့ကိုလိုက်ကြည့်နေကြသော ဆိုင်ထဲမှ သူကောင်းသားများ ကို ဖုတ်လေသည့်ငါးပိရှိသည်ဟုပင် အမှတ်မထားသော ပုံစံလေး ဖြစ်သည်။
'မိညိုတို့ကျောင်းကပဲဗျ'
'ဘာလို့ အမာညိုနဲ့မတွဲ တာလဲ'
'သူက အဲဒီ လိုပဲ တစ်ယောက် ထဲနေတတ်တယ်တဲ့၊ ဘယ်သူနဲ့မှလည်းသိပ်မခင်ဘူးတဲ့'
'မာနကြီးတာလား'
'အင်း ဒါပဲ ဖြစ်မှာ ပေါ့၊ သူ့အဖေက ချည်စက်သူဌေးလေ၊ ûမိ့ထဲမှာ လည်း ရုပ်ရှင်ရုံတစ်ရုံပိုင်သေးတယ်ထင်တယ်၊ ပ ထ စ အမတ်တောင် တက်လုပ်လိုက်သေးတာ၊ ဦးသာလှိုင်လေ သိတယ်မဟုတ်လား'
'အေး သိပါတယ်ကွ'
တင်မောင်ဌေးသည် စုလှိုင်ကို မျက်စိတစ်ဆုံးလိုက်ကြည့်နေသည်။တင်မောင်ဌေးသာမက တစ်ဆိုင်လုံးရှိကျောင်းသားအားလုံး လိုက်ကြည့်နေကြခြင်း ဖြစ်သည်။ သူတို့စက်မှု တက္ကသိုလ်က မိန်းကလေးရှားပါးလှသည်။ လွန်ခဲ့သော သုံးလေးနှစ် ခန့်ကဆိုလျှင် ပို၍ ပင်ဆိုးသေးသည်။ မိန်းကလေးများ မလာရဟု စာတန်းချိတ်ထားသော နေရာလို မိန်းကလေး အစအနကိုပင် တွေ့ ရခဲလှလေသည်။ ယခုမှ တစ်စထက်တစ်စ စက်မှု တက္ကသိုလ်ဝင်လာကြသော မိန်းကလေးများ က ခြောက်သွေ့နေသော ကျောင်းကြီးကို စိုပြည်လာစေသည်။ သို့ သော်အလွန်ပင်နည်းလှသေးသည်ဟုထင်မိသည်။ စာသင်ခန်းမများ ထဲတွင် ထိုင်နေသော အခါ ပိုပြီးသိသာသည်။ မိန်းကလေးများ သည် ရှေ့ဘက်တစ်တန်းနှစ် တန်းသာ ရှိသည်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာ လို မိန်းမလှလေးများ တစ်ဝက်ကျော်ကျော်ရှိနေသော စာသင်ခန်းများ သာဆိုပါက တင်မောင်ဌေးတို့ အတန်းလစ်ပြီး လက်ဖက်ရည်ဆိုင်ထိုင်နေမည် မဟုတ်ပေ။ တစ်ချိန်မှမပျက်ကွက်အောင် ဝီရိယရှိရှိနှင့် တက် ဖြစ်မည် ဖြစ်လေသည်။
ကျော်ထွန်းညိုသည် ထမင်းကို လက်စသတ်ပြီး ရေနွေးကြမ်းနှင့် ပလုတ်ကျင်းသောက်လိုက်သည်။ လက်တွင် ပတ်ထားသော နာရီကိုငုံ့ကြည့်သည်။ ဆယ့်နှစ် နာရီခွဲလုပေပြီ။
'အစ်ကို ကျူတိုရီရယ် မတက်ဘူးလား'
'ပျင်းတယ်ကွာ၊ အတန်းထဲရောက်တော့လည်း ငါက ဘာမှတွက်တတ်တာမှမဟုတ်ဘူး၊ ခိုးချရမှာ လည်း ကြာတော့ ရှက်လာပြီ'
'ဘာပဲ ဖြစ် ဖြစ်ပေါ့ဗျာ၊ ပျက်တာနဲ့စာရင် တော် သေးတာပေါ့'
'ဟေ့ ဟိုမှာ မင်းနှမ'
တင်မောင်ဌေးသည် ကျော်ထွန်းညို၏ စကားကိုမဖြေဘဲ ဆိုင်ရှေ့ဘက်သို့ မေးငေါ့ပြသည်။ အမာညို ဖြစ်လေသည်။ သူနှင့် အတူ ကျောင်းသူလေး သုံးဦးပါသေးသည်။ အဆောင်နေ ကျောင်းသူလေးများ ဖြစ်ဟန်တူသည်။ ပထမနှစ် အဆောင်နေ ကျောင်းသူလေးများ သည် နယ်မှရောက်လာစ ဖြစ်သော ကြောင့် အဆင်အပြင် ရိုးသားကြလေသည်။ အမာညိုသည် ကိုယ်တိုင် ရန်ကုန်သူ ဖြစ်သော်လည်း ရန်ကုန်သူများ နှင့် မတွဲ ဖြစ်ပေ။ ထိုကျောင်းသူလေးများ နှင့် အဖွဲ့ကျပြီးမိန်းကလေးဆောင်သို့ လိုက်သွားလေ့ရှိသည်။ တစ်ချိန် နှစ် ချိန်၊ ကြားချိန်များ အားနေပါက မိန်းကလေးများ စုဝေးရာ အယ်လ်စီအာတွင် အချိန်မဖြုန်းဘဲအဆောင်သို့ ရောက်နေတတ်သည်။ ယခုလည်း အဆောင်သို့ ပြန်ကြခြင်း ဖြစ်ဟန်တူသည်။ မျက်လွှာလေးများ ချကာ ခေါင်းကိုတွင် တွင် ငုံ့၍ လက်ဖက်ရည်ဆိုင်ရှေ့မှ သွက်သွက်ဖြတ်သွားကြသည်။ ဆိုင်ထဲမှ သူကောင်းသားတို့၏ စူးစူးဝါးဝါးအကြည့်ကို ရင်မဆိုင်ရဲရှာကြပေ။
'သိပ်လှတယ်ကွယ်၊ လဲမယ် လဲမယ်၊ ဖြည်းဖြည်းလျှောက်'
ကျောင်းသားတစ်ဦးက မကြားတကြားလှမ်းနောက်သည်။ ကျောင်းသူလေးတစ်ဦး ခြေလှမ်းမှားကာ ကျောက်ခဲကိုခလုတ်တိုက်မိတော့သည်။ ဟပ်ထိုးလဲသွားမည် ပြု၍ အမာညိုက ဆွဲထိန်းလိုက်ရသည်။
'မရှက်ပါနဲ့ကွယ်၊ ဟေ ဟေ'
ကျောင်းသားတစ်ဦး ရယ်မောရင်းပြောပြန်သည်။ ကျော်ထွန်းညိုသည် ယောင်ယောင်ကန်းကန်း ဖြစ်နေသော သူ၏ နှမငယ်အပါအဝင် မိန်းကလေး တစ်သိုက်ကို မသက်မသာကြည့်နေမိသည်။ ရယ်သံများ သည် အမာညိုတို့၏ ခြေဖဝါးတွင် ဂျက်လေယာဉ်တပ်ပေးလိုက် ဟန်ရှိသည်။ လေးဦးသားသုတ်ခြေတင်သွားကြလေသည်။
'ကျောင်းရောက်စတော့ ရှက်သလိုလိုပဲကွ၊ အဲ နောက် လေးငါးလနေရင်ကြည့်ပေါ့၊ ဘာအရှက်မှကျန်တော့မှာ မဟုတ်ဘူး၊ အရေတွေ အခေါက်တွေ ထူကုန်ကြရော'
'ကြာတော့လည်း ဘယ်ရှက်နိုင်တော့မလဲဗျ'
'အေးကွ၊ ကြည့်နေပါ နောက်ကျရင် သူတို့ကတောင် ငါတို့ကိုပြန်ပြီးဟားလိမ့်မယ်၊ ကျောင်းရောက်စ အူတူတူကောင်မလေးတွေ အစတုန်းကပဲ ချစ်ဖို့ကောင်းတယ်၊ စလို့နောက်လို့ကောင်းတယ်၊ ကြာရင်မကောင်းတော့ဘူး'
တင်မောင်ဌေးသည် နောက်ထပ် ရေနွေးကြမ်းတစ်ပန်းကန်ထပ်ထည့်ပြန်သည်။ သူ့ကြည့်ရသည်မှာ ဒီလက်ဖက်ရည်ဆိုင်က ခွာဦးမည့် ပုံ မဟုတ်ပေ။ ကျော်ထွန်းညိုသည် ထမင်းဘူးအဖုံးကိုပြန်ပိတ်ကာ လက်သုတ်ပဝါ ဆီစွန်းနှင့် ပင် ပြန်ပြီးထုပ်ထားလိုက်သည်။
'ဦးတင်မောင်ရေ၊ သံပရာရည် တစ်ခွက်ပေးပါ၊ ဆယ့်ငါးပြားတန်နော်'
ထတော့မည် ပြုပြီးမှ ရေသောက်ချင်လာသော ကြောင့် သံပရာရည်လှမ်းမှာ လိုက်သည်။ ဗိုက်တင်းနေပြီမို့ တစ်မတ်တန်မသောက်တော့ဘဲ ခွက်အသေးကိုသာမှာ လိုက်သည်။ တစ်မတ်တန်ခွက်သည်ကြီးသဖြင့် ကျော်ထွန်းညိုကုန်အောင်သောက်နိုင်မည် မဟုတ်ပေ။
သံပရာရည်ခွက်သည် မည်းနေသည်။ အနားဝတွင် အမည်းရစ် ထင်နေသော ချေးကြောင်းကိုတွေ့ ရလေသည်။ သို့ သော် ကျော်ထွန်းညိုတို့ကျောင်းရောက်လာကတည်းက ထိုခွက်များ နှင့် ပင် သောက်ခဲ့ရပြီး ဖြစ်သည်။ ထိုချေးများ ထဲတွင် ရောဂါ ပိုးပါမည် ဆိုပါက သူတို့တစ်တွေ ဗိုက်ထဲသို့ အလုံးနှင့် အရင်းနှင့် ရောက်နေလောက်ပြီ ဖြစ်သည်။ သို့ သော် မြန်မာများ သည် ကိုယ်ခံအလွန်ကောင်းကြသည်။ တော် ရုံတန်ရုံနှင့် ရောဂါ ဖြစ်လေ့မရှိချေ။
'ဖြည်းဖြည်းသောက်ပါကွ၊ မင်းကလည်း အမောတကော'
'အချိန်ပြောင်းတော့မယ်ဗျ၊ ကျူတိုရီရယ်မဝင်ခင် မရှင်းတာတွေ ဆရာ့သွားမေးချင်သေးတယ်'
ကျော်ထွန်းညိုသည် ရေခဲတုံးလေးများ ကိုလှုပ်ကာ တစ်ရှိန်ထိုးမော့ချလိုက်သည်။ တင်မောင်ဌေးက နှာခေါင်းရှုံ့၍ ကြည့်နေလေသည်။
'မင်း အတော် မိုက်တွင်းနက်တဲ့ကောင်၊ ဘယ်သူကရိုက်ပြီး ကြိုးစားခိုင်းနေလို့ ဒီလောက် ကြိုးစားနေရတာ လဲ၊ အခုဟာ တက္ကသိုလ်ကွ၊ စာမရရင်ကိုးတန်း ဆယ်တန်းလို ခုံပေါ်တက်ရပ်ရတာ မှမဟုတ်တာ၊ ခုထက်ထိ ဟိုက်စကူး ကျောင်းသားစိတ်မပျောက်သေးဘူး၊ မင်းစိတ်ဓာတ်က တက္ကသိုလ်နဲ့မတန်ဘူး၊ အင်မတန် အောက်တန်းကျတယ်'
တင်မောင်ဌေးက အသံကျယ်ကျယ်နှင့် ပြောသော အခါ တစ်ဆိုင်လုံးဝိုင်းရယ်ကြလေသည်။ ကျော်ထွန်းညိုက ဘာမှပြန်မပြောချေ။ ဖန်ခွက်ထဲမှရေခဲတုံးလေးကို လက်ချောင်းများ နှင့် နှိုက်ယူကာ ပါးစပ်ထဲထည့်လိုက်သည်။သူ့ကိုတုပ၍ ပြောနေလျှင် ပြောသူသာရှုံးမည် ဖြစ်သည်။ ကျောင်းတက်ရန်အတင်း ခေါ်ပါကလည်း သူ ကတော့ကျောင်းကိုပါလာမည် မဟုတ်ချေ။ ကျောင်းတက်ရန်ခေါ်သူကသာ လက်ဖက်ရည်ဆိုင်တွင် အချိန်ကုန်သွားရမည် ဖြစ်လေသည်။
'ကျောင်းခေါ်ချိန် ခုနစ်ဆယ့်ငါးရာခိုင်နှုန်းမပြည့်ရင် စာမေးပွဲမဖြေရဘူးဗျ၊ သိသားနဲ့အစ်ကိုရာ၊ လာ လိုက်ခဲ့ပါလား'
'ဟေ့ ဒါကြောင့် မို့ပေါ့ကွ၊ ကျော်ထွန်းညိုရဲ့ မှတ်ထား၊ အချိန် လေးချိန်မှာ တစ်ချိန်အပြည့်အဝပြေးခွင့်ရှိတယ်၊ ဒါဟာ ပါမောက္ခချုပ်အပါအဝင်ဒို့ရဲ့ ချစ်လှစွာ သော ဆရာသမားကြီးများ က ဒို့ကိုအသုံးချဖို့ပေးထားတဲ့ အခွင့်အရေး '
ကျော်ထွန်းညို ဘာမှထပ်ပြီးပြောရန် မကြိုးစားတော့ပေ။ အိတ်ထဲမှပိုက်ဆံဆယ့်ငါးပြားကိုထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။ သံပရာရည်ဖိုး ဖြစ်သည်။ ထို့နောက် လွယ်အိတ်နှင့် ထမင်းဘူးကို ကောက်ယူလိုက်လေသည်။
'ဟေ့ကောင်၊ ငါ့အတွက်ပါ ပေးသွားလေကွာ'
'ပိုက်ဆံမရှိဘူးဗျ၊ အပြန်အတွက် ကားခပဲရှိတော့တယ်'
တင်မောင်ဌေးက မျက်နှာကိုရှုံ့ကာ ဆေးလိပ်တဖွားဖွား ဖွာနေချိန်တွင် ကျော်ထွန်းညိုသည် ဆိုင်ထဲမှထွက်လာခဲ့သည်။ ဆိုင်၏ ရှေ့ဘက် စောင်းစောင်းတွင် ရှိသော မြေလှေကားထစ်လေးများ ကို ကျော်လွှားပြီးတက်လာခဲ့သည်။
'ဟေ့ကောင်၊ သရီးအိုဝမ်းအချိန်ကျရင် ငါ့အတွက် ထူးပေးနော၊ ငါတက်ချင်မှတက် ဖြစ်မှာ '
တင်မောင်ဌေးက မမီမကမ်း လှမ်းအော်သည်။ ဆရာက ကျောင်းခေါ်ချိန်ခေါ်သလို ခုံနံပါတ်များ ကိုခေါ်သည်။ ကျောင်းသားများ က ထူးရသည်။ကျောင်းသားက အများ ၊ ဆရာက တစ်ဦးတည်း ဖြစ်၍ လူတိုင်းကို မမှတ်မိနိုင်ချေ။ထို့ကြောင့် အချို့ကျောင်းသားများ သည် မလာသော ကျောင်းသားများ အတွက်ပါနှစ် ခါ သုံးခါပြန်ပြီး 'ပရဲဆင့်' ဟု အော်ကြရ လေသည်။
စာတိုက်ပုံးနီနီလေးအနားရှိ ထင်းရှူးပင် ပုပုလေးများ သည် စိမ်းမြနေသည်။ ထင်းရှူးပင်များ ကြားတွင် ရောညှပ်ပြီးစိုက်ထားသော ပန်းချယ်ရီ တစ်မျိုးသည် ပင်လုံးကျွတ်ပွင့်နေ၏ ။ သူတို့ရှေ့မှ ကံ့ကော်ပင်ကလေးများ ကလည်းငယ်လှသေးသည်။ အကိုင်းကလေးများ သည် မြေကြီးနှင့် ထိလုမတတ် ကိုင်းညွတ်ဝေဆာနေလေသည်။ အသစ်ဖွင့်သော တက္ကသိုလ် အဆောက်အအုံသစ်ကြီးတွင် အကွက်ချပြီးစိုက်ပျိုးထားသော အပင်ငယ်ကလေးများ ဖြစ်၍ မြင်မြင်သမျှသည် သစ်လွင်နုပျိုနေလေသည်။
ကျော်ထွန်းညိုသည် ငေးမောပြီးလျှောက်နေရာမှ မသိမသာ နှာခေါင်းရှုံ့သွားသည်။ လှေကားဘေးရှိအိမ်သာမှ ကျင်ငယ်နံ့ကို ရှူရှိုက်လိုက်ရသော ကြောင့် ဖြစ်သည်။ အနံ့မှလွတ်လိုလွတ်ငြားလှေကားကို တစ်ထစ်ကျော် နင်းကာခပ်သွက်သွက်လှမ်းပြီးတက်လိုက်သည်။ ထို့ကြောင့် အပေါ်ဘက်မှ ဆင်းလာသူတစ်ဦးနှင့် ရင်ဆိုင်တိုက်မိတော့မလို ဖြစ်သွားလေသည်။
'စုလှိုင်'
ကျော်ထွန်းညိုသည် ကမန်းကတန်း ကိုယ်ရှိန်သတ်လိုက်ရင်း ထိုအမည် ကို ခေါ်လိုက်မိသည်။ စုလှိုင်သည် လှေကားလက်ရန်းလေးကို ခပ်လျော့လျော့လေးကိုင်ကာ သူ့လက်ထဲမှလွတ်ကျသွားသော စာအုပ်ကလေးကို ငုံ့ကြည့်နေသည်။ ကျော်ထွန်းညိုသည် စာအုပ်ကလေးကို ကမန်းကတန်းကုန်းကောက်ကာ လှမ်းပေးလိုက် သည်။
'စုလှိုင်၊ ကျွန်တော့ကို မမှတ်မိဘူးလား'
'မှတ်မိပါတယ် ကိုကျော်ထွန်းညို'
စုလှိုင်သည် တစိမ်းဆန်သော မျက်လုံးများ နှင့် ကျော်ထွန်းညိုကို ကြည့်ရင်း နှုတ်ခမ်းလေးများ ကမူ ပြုံးလာသည်။
'ကတ်တယ် ကတ်၊ ဒီအခန်းကို ဆင်ဆာကတ်တယ်၊ မကြိုက်ဘူး'
'ဟိတ်၊ ကောင်မလေးကို လွှတ်လိုက်'
စာသင်ခန်းထဲမဝင်သေးဘဲ စင်္ကြံတွင် ရပ်နေကြသော ကျောင်းသားများ က ဝိုင်းအော်ကြသည်။ ကျော်ထွန်းညို၏ မျက်နှာသည် ရဲခနဲ ဖြစ်သွားပြီးစုလှိုင်ကို အားနာစွာ ကြည့်မိသည်။ စုလှိုင်ကမူ အပြုံးမပျက်ချေ။
'အောင်မလေး၊ မောင်ကျော်ထွန်းညိုရဲ့ လေး၊ ငါ့အသည်းကို မခွဲပါနဲ့လား ဟေး ဟေး၊ သူကလေးဟာ ငါ့အတွက်ကွယ်၊ အို မင်းမသေမချင်း မှတ်ထား'
တစ်စုံတစ်ဦးက ငိုချင်းချလိုက်သည်။ ဝါးခနဲ ရယ်လိုက်သော အသံကြီးသည် ကျောင်းကြီးပင်ပွင့်ထွက်သွားမတတ် ကျယ်လောင်လှသည်ဟု ကျော်ထွန်းညိုထင်မိသည်။
'သွားမယ်နော်'
ကျော်ထွန်းညိုက နှုတ်ဆက်သော အခါ စုလှိုင်က ခေါင်းလေး မသိမသာညိတ်ပြသည်။ ဝိုင်းဝန်းပြောင်နောက်နေသော အသံများ ကို လုံးဝ အမှု ထားပုံ မရချေ။
စုလှိုင်က လှပစွာ လျှောက်သွားချိန်တွင် ကျော်ထွန်းညိုသည် အပေါ်ထပ်သို့ ဆက်တက်ခဲ့သည်။ ရင်ထဲတွင် လှုပ်ခါနေသည်။ နားထဲတွင် လည်း ကြားရသမျှအသံများ က ဝါးနေသည်။
'ဖိုးစွံကွ၊ ဖိုးစွံ'
အပေါ်ဘက်မှငုံ့ကြည့်နေကြသော မောင်မောင်လေးတို့လူစုက အော်ကြပြန်သည်။ ကျော်ထွန်းညိုသည် သူတို့ကိုမော်ကြည့်မိစဉ် ကိုယ့်ပုဆိုးစ ကိုယ်တက်နင်းကာ ဟပ်ထိုးလဲတော့သည်။ ဝါးခနဲ ရယ်လိုက်ကြသော အသံကြီးသည် သူ့နားထဲသို့ အလုံးလိုက် အရင်းလိုက် ပြေးဝင်လာပြန်လေသည်။
'သမီးရယ် အိပ်ပါတော့လား'
မေမေက သူ့ပခုံးလေးကို ခပ်ဖွဖွလေးပုတ်ကာပြောသော အခါ သက်သက်သည် နံရံမှတိုင်ကပ်နာရီကြီးကို လှမ်း၍ ကြည့်မိသည်။ ဆယ့်တစ်နာရီခွဲပေပြီ။
'ခဏနေရင် အိပ်ပါတော့မယ်မေမေရဲ့ '
'အေး၊ သိပ်ပြီးညဥ့်နက်မခံနဲ့ကွယ်၊ အလကားနေရင်း ကျန်းမာရေး ထိခိုက်နေမယ်'
'ဟုတ်ကဲ့ပါမေမေရဲ့ ၊ ခဏလေးပါ'
ဇွဲခတ်နေသော သက်သက်ကိုကြည့်ရင်း မေမေက ပင့်သက်ရှိုက်မိသည်။ တစ်သက်နှင့် တစ်ကိုယ် တစ်ခါမျှဒီလောက်မကြိုးစားဖူးပေ။ အခုမှ စာမေးပွဲကျသော အရသာ ခါးခါးသီးသီးကြီးကို မြီးစမ်းဖူးသွားပြီး အလန့်ကြီး လန့်သွားဟန် တူသည်။ စာအုပ်ထဲတွင် ခေါင်းစိုက်နေတတ်လေသည်။ ထိုခါးသီးသော အရသာကြီးကို နောက်တစ်ခါထပ်ခံစားရပါက သက်သက်သည် ခံနိုင်ရည် ရှိတော့မည် မဟုတ်ဟု သူ့ကိုယ်သူထင်မိသည်။ အတန်းဟောင်းတွင် ပြန်တက်ကာ စာဟောင်းများ ကိုကျက်ရင်း လူသစ်များ နှင့် ပေါင်းရခြင်းသည် အလွန်စိတ်ပင်ပန်းရသော အလုပ် ဖြစ်သည်။
မေမေသည် အိပ်ရာထဲမဝင်သေးဘဲ သက်သက်၏ ဘေးတွင် ဝင်ထိုင်သည်။ သက်သက်ကို ဆက်ပြီးစာကျက်စေလိုဟန်မတူတော့ပေ။ ထို့ကြောင့် သက်သက်သည် တွက်လက်စ ရူပဗေဒပုစ္ဆာလေးကို အဖြေထွက်အောင် ကမန်းကတန်း ဆက်၍ တွက်နေမိလေသည်။
'အမာညိုတို့လည်း ပထမနှစ် ဝက်စာမေးပွဲနီးပြီတဲ့၊ အရမ်းကြိုးစားနေတယ်လို့ပြောတယ်၊ မနက်က သူ့အမေနဲ့ဈေးထဲမှာ တွေ့ ခဲ့တယ်''ဟုတ်တယ်မေမေ၊ ဒါကြောင့် သမီးနဲ့တောင် အခုတလော သိပ်မတွေ့  ဖြစ်ဘူး'
'သူတို့မောင်နှမတွေ က စိတ်ရင်းလေးတွေ ကောင်းတယ်၊ သမီးကိုလည်း တော် တော် ချစ်ကြပုံရတယ်'
သက်သက်သည် ဖြုန်းခနဲ ရင်ခုန်သွားလေသည်။ အမာညိုချစ်သည် ကတော့ ထားပါတော့။ မေမေက သူတို့မောင်နှမဟုဘာကြောင့် ပြောရလေသနည်း။ သူတို့မောင်နှမဟူသော စကားထဲတွင် အမာညိုနှင့် ညီလင်းသာမကကျော်ထွန်းညိုလည်း အကျုံးဝင်သည်။
'မနေ့ညနေတုန်းကတောင် ကျော်ထွန်းညိုလာသေးတယ်'
'ဟုတ်လား'
'ဖျာပုံကပုစွန်ချဉ်တွေ ရလို့ သူတို့အဘွားက ပေးခိုင်းလိုက်တာတဲ့၊ နက်ဖြန်ကျမှသုပ်စားရမယ်၊ ပုစွန်ချဉ်လေးက ကောင်းကကောင်းနဲ့၊ ရဲပြီး လတ်နေတာပဲ၊ သမီးကိုတောင် မေးသွားသေးတယ်၊ စာတွေ သိပ်ပြီးကြိုးစားနေသလားတဲ့'
'အဲဒီ တုန်းက သမီး ကျောင်းကပြန်မလာသေးဘူးထင်တယ်'
'ဟုတ်တယ်၊ ကောင်လေးက ရည်ရည်မွန်မွန်လေး၊ စိတ်ရင်းလေးလည်း ကောင်းတယ်၊ အဲဒီ လိုကလေးတွေ ကိုတွေ့ ရင် မေမေလေ သားလေး တစ်ယောက် ထပ်ထပ်ပြီး လိုချင်လာရော'
မေမေသည် သက်သက်ကို မွေးအပြီးတွင် သားအိမ်အနာ ဖြစ်လာသော ကြောင့် သားအိမ်ကိုထုတ်ပစ်ခဲ့ရသည်။ ထို့ကြောင့် နောက်ထပ် ကလေးထပ်မံ၍ ရနိုင်သော အခွင့်အရေး မရှိတော့ပေ။ အခြေအနေသာပေးခဲ့ပါလျှင်မေမေသည် သားတွေ သမီးတွေ ဝိုင်းဝိုင်းလည်နေသော ဘဝကိုသာ လိုချင်ခဲ့ပုံရသည်။ ယခုအခါတွင် ကား ရှားရှားပါးပါး တစ်ဦးတည်းရထားသော သမီးငယ်ကိုသာ အရိပ်ကြည့်နေရရှာလေသည်။
'သမီး တစ်ယောက် ရှိရင် သား တစ်ယောက် အလိုလိုရမှာ ပဲပေါ့ မေမေရဲ့ ၊ ပူမနေပါနဲ့'
သက်သက်က ရယ်ရွှန်းဖတ်ရွှန်းနှင့် ပြောသည်။ ရင်ထဲတွင် လည်းနှလုံးသားက လှုပ်ခါနေသည်။
'အဲဒီ သားကမှ ကိုယ့်ဘက်ပါမယ့်သားမေမေ၊ သားအရင်းဆိုတာကအချိန်တန်ရင် မိန်းမနောက်ကို ထည့်လိုက်ရရော၊ ကဲ ဘယ်မှာ ကောင်းလို့ လဲ၊သမီး ကတော့ မေမေအတွက် သားချောသားလှ သားလိမ္မာလေးခေါ်ခဲ့ ပေးမယ်လေ၊ နော် မေမေ'
မေမေသည် ဘာမှပြန်မပြောဘဲ သက်သက်ကိုအကဲခတ်သလို လှမ်းကြည့်သည်။ မျက်နှာကလေး မသိမသာနီနေသော သက်သက်သည် မေမေ့လက်မောင်းများ ကို ဆွဲဖက်ပြီးရယ်လိုက်မိသည်။
'ကြင်နာရသည်က ဘဝတစ်လျှောက်လုံးxxချစ်ရသည်ကအသက်ထက်ဆုံးxxချမ်းမြမြxစန်းလနှယ်တနှုန်းxxချစ်သူမျက်နှာxxရွှင်ကြည်တပြုံးပြုံးxxမြင်ပါရxအေးမြမြ ဘဝင်မှာ xxသာကြည် တင့်မဆုံးxx'
လမ်းပေါ်မှဆိုသွားသော သီချင်းသံကိုကြားရသည်။ အိမ်အပြန် ညဉ့်နက်သော တစ်စုံတစ်ဦးသည် ကိုယ့်အသံကိုကိုယ် အဖော်ပြုပြီး ဆိုသွားပုံရသည်။မေမေသည် စားပွဲပေါ်ရှိ ဖန်ပန်းအိုးသွယ်သွယ်လေးထဲမှ သစ္စာ ပန်းခက်ကလေးကို ငေးကြည့်နေလေသည်။
သက်သက်သည် မေမေငြိမ်နေစဉ် အဖြေထွက်ခါနီး လုပြီ ဖြစ်သော ရူပဗေဒပုစ္ဆာကို မြန်မြန်တွက်လိုက်သည်။ ရှောရှောရှူရှူအဖြေထွက်သွားသဖြင့် စိတ်လက်ပေါ့ပါးသွားသည်။ စားပွဲပေါ်မှနာရီကိုထပ်ကြည့်မိသည်။ ဆယ့်တစ်နာရီ လေးဆယ့်ငါးရှိပေပြီ။ စာအုပ်ကလေးကို ဖျတ်ခနဲပိတ်ကာ နေရာမှထလိုက်သည်။ ငြိမ်ငြိမ်ကြီးထိုင်ကာ အတွေးနယ်ချဲ့နေသော မေမေ့ကို လက်မှကိုင်၍ ဆွဲထူလိုက်လေသည်။
'ကဲ မေမေ၊ ထ အိပ်မယ်'
ထိုအချိန်တွင် ဖေဖေတရေး နိုးလာလေသည်။ ခြေသံတရှပ်ရှပ်ကြားရပြီး အခန်းဝတွင် လူလုံးပေါ်လာသည်။
'ကြည့်စမ်း ဒီသားအမိ ခုထိမအိပ်သေးဘူးလား'
'သမီးစာကျက်တာ နည်းနည်း ကြာသွားလို့ မေမေက လာခေါ်တာပါဖေဖေရဲ့ ၊ အိပ်တော့မယ်'
သက်သက်သည် မေမေ့ခါးကိုနောက်မှနေ၍ တွန်းကာ ဖေဖေ့ဆီသို့ ပို့ပေးလိုက် သည်။
'ဟွန်း ဖေဖေကလည်း မေမေပျောက်လို့ထရှာတာမဟုတ်လား၊ သိပါတယ်နော်၊ ရော့ ခေါ်သွား၊ ဖေဖေ့ မေမေကြီးကို ခေါ်သွား'
'ဟဲ့ ကောင်မလေး'
်မေမေက ပြုံးရယ်ရင်းဟန့်တားစဉ် သက်သက်သည် မီးဖိုဘက်သို့ လျှောက်သွားပြီး မီးဖိုချောင်နှင့် တွဲ ထားသော ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။မျက်နှာသစ်နေသော ရေသံကို နားထောင်ရင်း ဖေဖေသည်အိမ်တံခါးများ ကိုလိုက်၍ ပိတ်နေလေသည်။ ထို့နောက် ရေချိုးခန်းထဲမှထွက်လာသော သက်သက်ကို ဆီး၍ ပြောပြန်သည်။
'ကဲ ကဲ အိပ်တော့သမီးလေး'
'ဖေဖေကလည်း ဘုရားတောင်မကန်တော့ရသေးဘူး'
သက်သက်သည် ဘုရားရှိခိုးစာကို ရွတ်ဆိုမနေနိုင်တော့ချေ။ ဦးသုံးကြိမ် ပုဆိန်ပေါက်ချလိုက်ရင်း ဘုရားစင်ရှေ့မှပြန်ထွက်ခဲ့သည်။ ထို့နောက်မှအိပ်ရာထဲရောက်နေကြပြီ ဖြစ်သော ဖေဖေနှင့် မေမေကိုသွား၍ ကန်တော့ရသည်။
'အေးကွယ် ဘုန်းကြီးပါစေ သက်ရှည်ပါစေ၊ အန္တရာယ်ကင်းပြီး ဘေးရှင်းပါစေဗျား'
ဖေဖေက အားရပါးရဆုပေးသည်။ မေမေကမူ 'သမီးလေး အမြဲ စိတ်ချမ်းသာပါစေကွယ်'ဟု ရိုးရိုးလေးပင်ပြောလေသည်။ သက်သက်စဉ်းစားမိသည်။ ဖေဖေပေးသော ဆုနှင့် မေမေပေးသော ဆုနှစ် ခုလုံးသာပြည့်ဝပါလေလျှင်ဘဝတွင် အစစအရာရာပြည့်စုံပြီ ဖြစ်လေသည်။
သက်သက်သည် ဧည့်ခန်းမှမီးကိုပိတ်ကာ သူ့အိပ်ခန်းလေးဆီသို့ စမ်း၍ လျှောက်ခဲ့သည်။ သက်သက်၏ အိပ်ခန်းလေးသည် မီးဖိုနှင့် ကပ်လျက် အခန်းလေး ဖြစ်သည်။ ကျဉ်းမြောင်းလှသဖြင့် ခုတင်တစ်လုံးသာ ဆန့်သည်။ စာကြည့်စားပွဲတစ်လုံးပင် မသွင်းလောက်ပေ။ ခုတင်ဘေး နေရာလွတ်ကလေးတွင် သနပ်ခါးကျောက်ပျဉ်ကို ကျပ်ကျပ်သတ်သတ်နေရာချထားရသည်။ အမှန်စင်စစ် ထိုအခန်းလေးကို ငါးပိ၊ ငါးခြောက်၊ ငရုတ်သီး၊ ကြက်သွန်များ သိုလှောင်ရာ စတိုခန်းအနေနှင့် သာ အသုံးပြုသင့်လေသည်။ ခုတော့ အိမ်ကလေးက ကျဉ်းကျဉ်းမို့ အပျိုခန်းအနေနှင့် အသုံးပြုနေရလေသည်။
သက်သက်သည် ခေါင်းရင်းဘက် ပြတင်းပေါက်မှသစ်သားတံခါးရွက်များ ကို တွန်း၍ ဖွင့်လိုက်သည်။ ညလေအေးက သုတ်ခနဲပြေးဝင်လာကာသူ၏ ဆံစများ ကို ပွတ်သပ်ဆော့ကစားသွားကြသည်။
ဆယ့်နှစ် နာရီသံချောင်းခေါက်သံက သဲ့သဲ့လေး လွင့်ပျံ့လာစဉ် သက်သက်သည် ခြင်ထောင်ကိုဆွဲချလိုက်လေသည်။ အိပ်ရာနှင့် ကျောနှင့် ထိသော အခါ တစ်ကိုယ်လုံးရှိ အကြောအခြင်များ ပြေလျော့သွားသလို ခံစားရသည်။သက်သော င့်သက်သာနှင့် အညောင်းပြေသွားလေသည်။
အိပ်တော့မည် ဟူ၍ မျက်လုံးအစုံကိုမှေးမှိတ်လိုက်သော အခါ အစိုး မရသော စိတ်ထဲသို့ ကျော်ထွန်းညိုက ချဉ်းနင်းပြီးဝင်ရောက်လာလေသည်။ သက်သက်က သူနာပြုဆရာမ ပြုလုပ်မည် ဟုဆိုသော အခါက သူ့မျက်နှာသည် ပြုံးသွားသည်။ သူ့မျက်လုံးများ သည် အရောင် ရွှန်းလဲ့လာသည်။ ထို့နောက် သက်သက်ကို 'တော် သည်'ဟူ၍ ချီးကျူးစကားဆိုလေသည်။ သက်သက်သည် ထိုအကြောင်းများ ကိုပြန်တွေးရင်း ရင်ထဲတွင် တသိမ့်သိမ့်ကြည်နူးလာသည်။ သူနာပြု ဆရာမ လုပ်မည် ဟူသော ဆုံးဖြတ်ချက်ကလည်း ပို၍ ခိုင်မြဲသွားလေသည်။ဖေဖေတို့အခန်းဆီမှစကားသံကို ခပ်ဝါးဝါးကြားရသည်။ တရေး နိုးမျက်စိကျယ်နေသော ဖေဖေသည် မေမေ့ကိုဇွတ်အတင်းလိုက်ပြီး လေပေါနေလေပြီဟုတွေးမိရင်း သက်သက်သည် တစ်ဦးတည်းပြုံးလိုက်မိလေသည်။ ပြုံးရင်း တွေးရင်းမျက်တောင်များ စင်းကျလာသည်။ ထို့နောက် မှိတ်ခနဲ အိပ်ပျော်သွားသည်။
ထိုညက သက်သက်သည် အိပ်မက်ပင်မမက်ချေ။ မိုးလင်းသည်အထိ တစ်ခါတည်းတောက်လျှောက် အိပ်ပျော်သွားလေသည်
![]() ပန်းစကား | ![]() ငယ်သူမို့မသိပါ | ![]() နှင်းဆီ |