
နိဒါန်း
ကျွန်တော် က ပွဲထုတ်လိုက်ပါသည်
သိန်းဖေမြင့်
လူငယ်လူရွယ်တို့တွင် ကလေးဆန်သော ဘဝလည်း ကြွင်းကျန်နေ၏ ။ လူ ကြီးဆန်သော ဘဝကလည်း ဖြစ်ပေါ်နေ၏ ။ 'ငယ်သူမို့ မသိပါ'သည် လူ ငယ် လူရွယ်တို့၏ ကလေးဆန်သော ဘဝကို ဦးစားပေး၍ သရုပ်ဖော်ထား သော ဝတ္ထု ဖြစ်သည်။
ကလေးဆန်သော ဘဝသည် အပြစ်ကင်းစင်သော ဟာသဖြင့် ပြည့်နှက်နေသည်။ ထိုအပြစ်ကင်းစင်သော ဟာသကို လူကြီးများ ထက် လူ ငယ် လူရွယ်များ က ပို၍ ခံစားနိုင်ပေလိမ့်မည် ။
မစန္ဒာကိုယ်တိုင်က တက်သစ်စ၊ လူငယ်လူရွယ် စာရေး ဆရာမ ကလေး ဖြစ်ရကား လူငယ်လူရွယ်တို့၏ ကလေးဆန်သော ဘဝကို ကိုယ် ချင်း စာနာမှု နားလည်မှု အပြည့်အဝဖြင့် ခြယ်မှု န်းနိုင်ပေသည်။ ထို့ကြောင့် လူကြီးများ မှာ လူငယ်လူရွယ်များ ၏ ကလေးဆန်သော ဘဝကို မှန်ကန်စွာ နားလည်ခွင့်ရကြပေ၏ ။
'နွယ်' သို့ မဟုတ် 'ဂျစ်တူး'သည် 'ငယ်ရွယ်သူမို့ မသိတတ်'သော အဓိက ဇာတ်ကောင် ဖြစ်သည်။ စာရေး ဆရာမ မစန္ဒာသည် အပျိုပေါက် အရွယ် နွယ်၏ ဂျစ်ကန်ကန်မျက်နှာထား၊ ဖိုသီဖတ်သီအဝတ်အစားများ နှင့် ကလေး အရိုင်းဆန်သော အမူအရာများ ကို သရုပ်ဖော်နိုင်သလို ¤င်းတို့ နောက်ကွယ်မှ လှပသော ရုပ်ရည်၊ နူးညံ့သော နှလုံးသားနှင့် ရိုးသား သန့်စင် သော စရိုက်သဘာဝ တို့ကိုလည်း ဖော်ထုတ်တင်ပြနိုင်ပေသည်။
'ငယ်သူမို့ မသိပါ'ကို ပွေ့ပိုက်ပြီး ရဲဝံ့စွာ စာပေစင်မြင့်ပေါ်သို့ တက် လာသော မစန္ဒာကို ကျွန်တော် က ပွဲထုတ်လိုက်ရသဖြင့် ဝမ်းသာပါသည်။
သိန်းဖေမြင့်
၂၅-၈-၇၂
ပွင့်သစ်စ
မောင်ထင်
ပွင့်သစ်စ ကလောင်ရှင် မစန္ဒာသည် 'ငယ်သူမို့ မသိပါ' ဝတ္ထုဖြင့် စာရေး ဆရာလောကကို ပွဲဦးထွက်ဝင်ရောက်လာသူ ဖြစ်သည်။ ရေး သားပုံမှာ ရိုး၏ ။ ကျစ်လျစ်၏ ။ လတ်ဆတ်၏ ။ ငယ်သူတို့ ကြီးကောင်ဝင်လာသော သဘာဝ ကို ပေါ်အောင် ဖော်၏ ။ အပျိုဖော်ဝင်စ၏ စိတ်၊ ထိုစိတ်ကလှုံ့ဆော်ပေးသော မာယာစသည်တို့ကို မိန်းမချင်း သိတတ်သော အသိဖြင့် ဝေဖန်ပိုင်းခြားပြ သည်မှာ စိတ်ဝင်စားစရာကောင်းသည်။
မောင်ထင်
၂၆-၈-၇၂
တော် တော် ဖတ်လို့ကောင်းတယ်
သော်တာဆွေ
ယခုအချိန် ကလောင်လေးတစ်ချောင်းနှင့် အသက်မွေးနေရသော ကျွန်တော် မှာ တစ်နေ့ရေး မှ တစ်နေ့ထမင်းစားရ၏ ။ နေ့စဉ်ရေး မှ နေ့စဉ်စားရ၏ ။ သို့ မို့ကြောင့် သတင်းစာ၊ ဂျာနယ်၊ ဆောင်းပါး၊ မဂ္ဂဇင်း၊ ဝတ္ထုတို၊ လုံးချင်း ဝတ္ထုရှည်အလီလီကို နေ့စဉ်မပြတ်ရေး သားနေရရာ မနေ့က(၂၂-၈-၇၂) နေ့လယ်လောက် ကျွန်တော် ၏ လုံးချင်းဝတ္ထုရှည် 'သူ့သွေးနှင့် သူ့ဓား' စုံထောက်စွန့်စားခန်းနှင့် အချစ် အလွမ်း ဝတ္ထု၊ ကျွန်တော့လက်ရေး ဖူးစကက်မျက်နှာ ၁၁၂ ကိုရေး နေစဉ် ဖြူဖြူဆွတ်သော သခွတ်ပွင့်လို အသက် ၂ဝ ပတ်လည်ကောင်မလေးနှစ် ကောင် အိမ်ထဲဝင်လာလေတော့ ''ဟေ-ဧကန္တဟဲ့ ဘာအသင်းဘာအဖွဲ့တွက်ဆိုပြီး ငါ့ကို ရုပ်ရှင်လက်မှတ် အတင်း ရောင်းဦးတော့မှာ ပဲ'' ဟု ထိတ်လန့်နေစဉ်မှာ ပင် ရှေ့ကလာသော ကောင်မ လေးက
''ကျွန်မ မစန္ဒာပါ ဆရာ''
သူ 'မစန္ဒာပါ'ဆိုသည်နှင့် ကျွန်တော် နားမလည်သေးချေ။ ''ကျွန်မ ဝတ္ထုစာအုပ်ကို အမှာ စာရေး ပေးစမ်းပါ ဆရာ''ဆိုတော့မှ ကျွန်တော် သဘော ပေါက်ပြီး ''ဟဲ့-မင်းဘယ်ဝတ္ထုကို ငါဖတ်ဖူးလို့ ဘာအမှာ စာရေး ရမှာ တုံး'' ဆိုတော့မှ သူ့လက်ထဲမှ အဖုံးမကပ်ရသေးသော 'ငယ်သူမို့ မသိပါ' စာအုပ်ကိုပေးပြီး ''ဟောဒီမှာ ဖတ်ပြီး ရေး ပေးပါဆရာ''
''တယ် ငါက ဒီလိုအမှာ စာရေး ဖို့လည်း ဝါသနာမပါဘူးဟ၊ ငါ့ မှာ စာရေး ရတာ နဲ့ စာလည်းမဖတ်အားဘူးဟ''
''များများ မဟုတ်ပါဘူး၊ ဆရာ့လက်ရေး နဲ့ တစ်ဆယ့်လေးငါး ကြောင်းပဲ ရေး ပေးပါ''
''များများ ရေး ရေး နည်းနည်း ရေး ရေး နင့်စာအုပ်တော့ ငါအကုန် ဖတ်ရတော့မယ်မဟုတ်လား၊ ဟိုလှန်သည်လှန်နဲ့ဖြီးတာဖျန်းတာမျိုးလည်း ငါမလုပ်တတ်ဘူး၊ နို့ပြီး ငါတစ်ခုပြောဦးမယ်၊ ငါမêကိက်တာကိုတော့ ကောင်းပါတယ်၊ သင့်ပါတယ်လို့ ပရိသတ်ကို ငါမညာတတ်ဘူးနော်''
''ဟုတ်ပါတယ်၊ ကျွန်မဟာ မကောင်းရင် မကောင်းဘူးပဲ ဝေဖန် ပါ''
''နင့်ဟာ မကောင်းဘူးဆိုရင်တော့ ငါမရေး ချင်ပါဘူးဟယ်၊ အား နာပါတယ်''
''မနာပါနဲ့ဆရာရယ်''
''ကဲ-ကဲ၊ ဒါဖြင့် ပြန်ကြ၊ ငါဒီမှာ စာဆက်ရေး ရဦးမယ်''
သို့ သော် သူတို့ပြန်သွားပြီး ကျွန်တော့စာရေး စားပွဲ ပြန်ထိုင်သော် လည်း စာရေး မရတော့ပြီ၊ ကျွန်တော့အာရုံကို ခွေးဖြူမလေးနှစ် ကောင် ဝင် ရောက် နှောင့်ယှက်သွားပြီ။
ကျွန်တော် သည် သူများ စာအုပ်များ ကို အမှာ စာရေး ရန် ဝါသနာပါ သည် မဟုတ်ပါ၊ ဒီကလေးမလေးတော့ 'သြော် သူကလေး တပင်တပန်းခံပြီး အိမ်မေးစမ်းလာရှာသည်' ဟု ကရုဏာသက်မိ၍
ကဲ ကိုယ်အာမခံလိုက်ပြီပဲ၊ အာမခံကြွေး မတင်စေနဲ့၊ မြန်မြန်ပြန် ဆပ် မြန်မြန်အေးတယ်ဟု သူ့စာအုပ်ကို ကောက်ကိုင်ဖတ်လိုက်ရတော့ သည်။
အချိန်မည် မျှပင်ကြာသွားသည်မသိ ''မောင်ရေ တယ်လီဖုန်းတဲ့'' ဟူသော ဇနီးသည်၏ အသံကြားရတော့ ''ဟာ အရေး ထဲ ဘယ်သူဘာကိစ္စ များ ပါလိမ့်'' ဟု သွားနားထောင်တော့ ပုဂံစာအုပ်တိုက်က မောင်ချော၊ ကျွန် တော် ၏ 'ကျွန်တော့် ဘဝဇာတ်ကြောင်း' စာအုပ်ရိုက်သည့်ကိစ္စ၊ မပြောမပြီး သည့်ကိစ္စ၊ ယင်း ကိစ္စပြီးတော့ ကျွန်တော် မစန္ဒာစာအုပ်ပြန်ဖတ်မည် အလုပ် မေက ''မောင် ငါးနာရီထိုးပြီးပြီလေ'' ပြောလိုက်တော့မှ ''ဟေ ဟုတ်လား'' ဆိုပြီး ရေချိုးထမင်းစားပြီး ထုံးစံအတိုင်းအိပ်၊ နာရီပြန်တစ်ချက်နိုး။ ကျွန်တော့ ရေး လက်စ ဝတ္ထုကြောင်း စဉ်းစား၊ သည်တုန်း မစန္ဒာဝတ္ထုထဲက 'မိဂျစ်တူး' က ဝင်လာတော့ 'ဟာ မ ဖြစ်ဘူး၊ ဒီကောင်မလေးကိစ္စတော့ အပြီးရှင်းပစ်မှပဲ' ဆိုပြီး အိပ်ရာက ထ၊ မီးဖွင့်၊ သူ့စာအုပ်ဆက်ဖတ်ရတော့သဗျ။
တော် တော် ဖတ်လို့ကောင်းတယ်ဗျ၊ အရေး အသားလည်း ညက် တယ်၊ ဝါကျအမှားမတွေ့ ရဘူး၊ ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားစရာ လေး။
ကျွန်တော် စာရေး ဆရာပဲ၊ သူ့ဝတ္ထုတစ်ဝက်ရောက်တော့ ရှေ့ ဘယ်လို ဆက်ရေး ရမယ်၊ ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာကို ကျွန်တော် မြင်ပြီး နေပါပြီ။ ဟော သူ့ဝတ္ထုအဆုံးသတ်တော့ ကျွန်တော် ထင်တဲ့ အတိုင်း ပါပဲ။ အဓိပ္ပာယ်က ကျွန်တော် သာ သူ့ဝတ္ထုသွား ရေး ရပါက သူ့လိုပဲ ရေး မှာ ပါပဲ လို့။
'တော် တော် ဖတ်လို့ကောင်းပါတယ်' အပြင် ကျွန်တော် ထပ်ပြော ချင်တာ ကတော့ ရုပ်ရှင်ရိုက်ဖို့ကောင်းတယ်ဗျ၊ ဟာသဇာတ်မြူးလေး။
သော်တာဆွေ
၂၃-၈-၇၂
မစန္ဒာ၏ ငယ်သူမို့မသိပါ
တင့်တယ်
ဤဝတ္ထုကို ကျွန်တော် ဦးဦးဖျားဖျားဖတ်ရှုခွင့်ရသဖြင့် ကလောင်ရှင် မစန္ဒာ ကို ကျေးဇူးတင်ရမည် ဖြစ်ပါသည်။ အကြောင်းမှာ မူကား မစန္ဒာ၏ 'ငယ်သူမို့ မသိပါ' ဝတ္ထုသည် ကျွန်တော် တစ်ဦးတည်း၏ အဖို့တွင် သာမက ဘဝတစ်ခု တွင် မျှော်လင့်ချက် ရှိ၍ နေကြသော သူများ ၏ အဖို့တွင် နူးညံ့သိမ်မွေ့သော လေညင်းကလေးတစ်ပွေ့ ဝှေ့လိုက်ဘိသကဲ့သို့ ခံစားစေနိုင်သော ကြောင့် ဖြစ်ပါ၏ ။
ကျွန်တော် မေ့ပျောက်လုမတတ်ပင် ဖြစ်နေကြပြီ ဖြစ်သော ဘဝ လမ်းခရီး၏ အဦးအစပိုင်း၏ သာယာကြည်နူးဖွယ် အခြေအနေများ ကို ကလောင်ရှင် မစန္ဒာသည် ကျွန်တော် တို့၏ စိတ်ကြေးမုံပြင်၌ ထင်ထင်ရှားရှား ပြန်လည်ထင်ဟပ်၍ လာအောင် သူ၏ ငယ်သူမို့မသိပါ အမည် ရှိဝတ္ထုဖြင့် ပြန်ပြောင်း၍ ကြည်နူးစေသည်ကား အမှန်ပင် ဖြစ်ပါပေသည်။
êကိးစားလိုခြင်း၊ ဘဝတစ်သက်တာအတွက် အားယူခြင်း၊ သို့ အား ယူချိန်တွင် ကလေးဘဝကိုလက်လွှတ်ကာ လူကြီးဘဝပိုင်းသို့ ကူးပြောင်းရန် ကြားကာလကလေးတွင် စိတ်အနေအထား ချီတုံချတုံ ဖြစ်ပုံကလေးများ ကို မစန္ဒာသည် နွဲ့နွဲ့ကလေးပင် သီကုံး၍ ပြသသွားပေသည်။ ဤကား ကျွန် တော် ၏ ခံစားရချက်ပင် ဖြစ်ပါသည်။
ကလောင်ရှင် မစန္ဒာသည် ကြီးမားသော စွန့်စားခန်းကြီးများ နှင့် တွေ့ ရ တော့မည် ဟု ကျွန်တော် တို့ကထင်၍ နေခဲ့ကြရပါသည်။ အကြောင်း မှာ မူကား ဦးဆိုးပေက ဂျစ်တူးအားလုပ်အားပေးခိုင်းရာတွင် မမျှော်လင့်သော အခန်းကြီး တစ်ခန်း၏ အကြောင်းကို ကျွန်တော် တို့မြင်ကြရသော ကြောင့် ပင် ဖြစ်ပေသည်။
ကျွန်တော် ထင်သည်။ မစန္ဒာသည် ဂျစ်တူးအား အစားကြီးသော ကလေးမ တစ်ယောက် အ ဖြစ်ဖြင့် ခြယ်မှု န်းရာတွင် ထိုအချက်ကပင်လျှင် ထူး ဆန်းသော ဇာတ်ကွက်တစ်ခုကို တည်ဆောက်ရန်အားယူကာ êကိးစားထား ခြင်း ဖြစ်ရမည် ဟု ကျွန်တော် ထင်သည်။ သို့ သော် ကျွန်တော် ထင်သည့် အတိုင်း ဖြစ်၍ မလာဘဲ မစန္ဒာသည် ဇာတ်လမ်းကို တစ်မျိုးတစ်ဖုံ ခြယ်၍ သွားကာ ကျွန်တော် တို့ မထင်မှတ်သော ဇာတ်ကွက်များ ကို ဆက်လက်၍ ခင်းသွားပေသည်။
ဤကား မစန္ဒာ၏ အောင်မြင်မှု ပင် ဖြစ်သည်ဟု ကျွန်တော် ထင် သည်။ စာရေး သူကလောင်ရှင်တစ်ဦးသည် စာဖတ်သူအား မျှား၍ ခေါ် သည်။ မျှော်လင့်ချက်ကိုပေးသည်။ နောက်ဆုံးတွင် မူကား စာဖတ်သူ မျှော် လင့်သည့်အတိုင်း ဖြစ်၍ မလာဘဲ စာရေး သူက တက္ကဗေဒအရ သဘာဝ ကျ သော သူ၏ ဇာတ်သိမ်း နိဂုံးကို တင်ပြလေသည်။ ဤနေရာတွင် စာဖတ်သူ ထင်မှန်းသော နိဂုံးနှင့် မစန္ဒာ၏ သဘာဝ ယုတ္တိကျသော နိဂုံးတို့၏ ကွဲလွဲ ချက်သည်ပင် မစန္ဒာ၏ အောင်မြင်မှု ဖြစ်သည်ဟု ကျွန်တော် ချီးကျူးရမလိုပင် စာဖတ်ပရိသတ်ကြီးကပါ ချီးကျူးမည် ဟု ကျွန်တော် ထင်ပါသည်။
တင့်တယ်
၂၈-၈-၇၂
အခန်း(၁)
'သမီးလေးရယ်၊ သမီးကို နွဲ့နှောင်းစေချင်တယ်၊ ပျော့ပျောင်းစေချင်တယ်၊ သိမ်မွေ့စေချင်တယ်သမီးရယ်၊ ဒါကြောင့် လည်း 'နွယ်' ဆိုတဲ့နာမည် ကို ပေးခဲ့တာပေါ့'
နွယ့်မေမေက မကြာခဏပြောတတ်သည်။ နွယ့် အသားသည် ဖြူနုသည်၊ နွယ့်အရပ်သည် သွယ်လျသည်။ နွယ့် ကိုယ်လုံးသည် ပါးလျား သည်။ နွယ့်ကို မေမေနှင့် တူသည်ဟုပြောကြလေသည်။ မေမေ့ကိုမူ လူ တိုင်းက ချောသည်ဟု ဆိုကြသည်၊ လှသည်ဟု အသိအမှတ်ûပကြသည်။
ဖြူနုသော အသားသည် သနပ်ခါးနှင့် ဝေးလေသော်၊ ပျော့ပျောင်း ထွေးအိသော ဆံပင်ကို နောက်စေ့တွင် ဆံညှပ်နှင့် လိပ်တင်ပြီး ထိုးထားလေ သော်၊ သွယ်လျသော ကိုယ်လုံးကို ရှပ်အင်္ကျီပွပွကြီးများ နှင့် တန်ဆာဆင်လေ သော် နွယ့်ကို တစ်စုံတစ်ဦးကမှ လှသည်ဟု မပြောကြပေ။
***
ပန်လွယ်တွင် ထင်းရှူးတန်းနှင့် စိန်ပန်းပြာသာ ကြီးစိုးနေလိမ့်မည် ဟု နွယ် ထင်မှတ်ခဲ့သည်။ တောင်ကြားရွာကလေး ဖြစ်သဖြင့် အေးသင့်သလောက် မအေးဘဲ မန်ကျည်းပင်နှင့် မာလကာပင်များ ကိုပါ မြင်ရလေသော် နွယ် အတော် ကျေနပ်သွားလေသည်။
မန်ကျည်းကိုင်းများ က အမည်းရင့်ရောင် ပြေးကာ ညို့မှိုင်းနေ သည်။ စိမ်းဖန့်သော မန်ကျည်းရွက်နုများ သည် အမည်းရင့်ရောင် အကိုင်း များ နှင့် ရော ယှက်နေလေသည်။
နွယ်သည် သစ်ပင်ခွကြားတွင် ထိုင်၍ မော့ကြည့်နေရာမှ ဗိုလ်ချုပ် လမ်းရှိ မန်ကျည်းပင်တန်းကိုဖျတ်ကနဲသတိရမိသည်။ နွယ် ကျောင်းပြေး၍ ûမိ့ထဲသို့ သွားတိုင်း ဆေးရုံကြီးရှေ့ရှိ မန်ကျည်းပင်တန်းအောက်မှ လျှောက်ရ မြဲ ဖြစ်သည်။ နေရောင် ပြောက်ကျားထိုးနေသော စိမ်းဖန့်ဖန့်အရွက်ကလေး များ ကို မော့ကြည့်ပြီး လျှောက်တတ်သည်က နွယ့်အကျင့် ဖြစ်သည်။ ထို့ ကြောင့် လည်း မကြာခဏ ဟိုလူနှင့် ဝင်တိုက် ဒီလူနှင့် ဝင်တိုက် ဖြစ်တတ် လေသည်။
'အစ်မရေ အစ်မခေါင်းပေါ်က အသီးကြီး ဝင်းပနေသဗျ'
စောကြာဒိုးက အော်ပြောသည်။ မြစ်ဝကျွန်းပေါ်တွင် သာ ဖြစ်ထွန်း လေ့ ရှိသော ပင်မှည့်ပင်များ ကို ပန်လွယ်တွင် ရှားရှားပါးပါးတွေ့ နေရပြန် သည်။
ပင်မှည့်နွယ်များ သည် မန်ကျည်းပင်ကို နွယ်ယှက်ကာ တက်နေ ကြသည်။ ဝင်းဝါသော ပင်မှည့်သီးများ သည် အတွဲ လိုက် အခိုင်လိုက် ညွှတ် နေကြသည်။ စောကြာဒိုးတို့က ပင်မှည့်သီးကို အခွံဖောက်ပြီး အစြေ့>ွပမ်းသော အနှစ် ကို စားကြသည်။ အစေ့များ သည် တဖောက်ဖောက်နှင့် ဝါး၍ ကောင်း ကာ အချဉ်နှောသော အချိုရည်သည် တစ်မျိုးအရသာရှိလေသည်။
နွယ်က ဖျော်ရည်ဖျော်မည် ဟု စိတ်ကူး၏ ။ အနှစ် များ ကို ဆား အနည်းငယ်နှင့် သကြားရောထည့်ကာ နာနာခေါက်ပေးမည် ။ ထို့နောက် အရည်စစ်လိုက်မည် ။ ရေခဲတုံး အေးမြမြလေးများ ပါထည့်နိုင်လျှင် စောကြာ ဒိုးတို့ ဖိုးသံချောင်းတို့တစ်တွေ ဆွေမျိုးမေ့သွားပေမည် ။ နွယ်သည် သူ့အစီ အစဉ်နှင့် သူ သဘောကျ သွားပြီး မန်ကျည်းကိုင်းကိုဆွဲကာ တစ်ဆင့်ထပ်တက်လိုက်သည်။
'အစ်မရေ ဦးဆိုးပေကြီး လာပြီဗျ'
အလန့်တကြားအော်လိုက်သော ဖိုးသံချောင်း၏ အသံကို ကြားရ သည်။ စောကြာဒိုးသည်လည်း မျက်လုံးပြူး မျက်ဆန်ပြူးနှင့် သစ်ပင်ပေါ်မှ ဒရောသော ပါး ဆင်းနေသည်။ နွယ့်ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွား၍ မီလုမီခင် ပင်မှည့်သီးဝင်းဝင်းမှည့်မှည့်ကြီးကို အလောသုံးဆယ်ခူးကာ သစ်ပင်ပေါ်မှ ခုန်ချလိုက်သည်။
'ဟောဗျ'
ဒူးထောက်လျက်သား ကျသွားသော နွယ်သည် တစ်စုံတစ်ဦး၏ အာမေဋိတ်သံကို ကြားလိုက်ရလေသည်။
နွယ်ရှေ့တွင် ခုံဖိနပ်စီးထားသော ခြေထောက်တစ်စုံကို တွေ့ ရ သည်။ အမွေးအမှင် ကျိုးတိုးကျဲတဲပေါက်နေသော ခြေသလုံးအထက်တွင် ဒူးဆစ်အထိ ပင့်လိပ်ထားသော ရှမ်းဘောင်းဘီပွပွကြီးကို မြင်ရသည်။ ထို့ နောက် စစ်အင်္ကျီ ဖားဖား၊ ¤င်းတို့အပေါ်တွင် ကား မျက်မှော င်êကတ်ထား သော ရှစ်ခေါက်ချိုး မျက်နှာပေါက်ဆိုးဆိုးတစ်ခု။
နွယ်သည် ဒူးထောက်နေရာမှ ပတ်ဝန်းကျင်သို့ ကမန်းကတန်း မျက်လုံး ကစားမိသည်။ ဖိုးသံချောင်း၏ အသံကိုမျှ မကြားရ။ စောကြာဒိုး၏ အရိပ်ကို မျှမမြင်ရ။ အသံသည်လည်း ပျောက်၊ လူလည်းပျောက်၊ ကြက် ပျောက် ငှက်ပျောက် ပျောက်ကုန်ကြပေပြီ။
'ငါ့ခြံထဲမှာ သစ်သီးလာလာခိုးတဲ့ သူခိုးလေးတွေ ထဲမှာ ဒီလောက် ကြီးကြီး သူခိုးမတစ်ကောင်ပါနေတာ ငါအခုမှသိတယ်'
'ဘာပြောတယ်'
'နွယ့် မျက်နှာသည် ပန်းနုရောင် ပြေးသွားပြီး နေရာမှ ဝုန်းကနဲ မတ်တတ်ရပ်လိုက်သည်။
စလွယ်သိုင်းထားသော လွယ်အိတ်ထဲမှ ပင်မှည့်သီးများ က ဘောင် ဘင်ခတ် လှုပ်ယမ်းသွားလေသည်။
'မင်း မိန်းကလေး ဖြစ်တာ အများ ကြီး ကံကောင်းသွားတယ် မှတ် ပါ၊ မိန်းကလေးကိုတော့ ငါ မောင်းမထုတ်ချင်ဘူး၊ မင်းဟာမင်းပဲ ထွက်သွား ပေတော့'
'ဘာပြောတယ်'
နွယ်သည် လက်ထဲမှ ပင်မှည့်သီးကို လွှတ်ချလိုက်ပြီး ခပ်ဆတ် ဆတ် အော်လိုက်မိပြန်သည်။ နွယ်ငယ်ငယ်က ပါတာနီများ နှိုက်ပြေးဖူးလေ သည်။ ကုလားကြီးက မလိုက်နိုင်ဘဲ တဟေးဟေးအော်ရင်း ကျန်နေသော အခါ လှည့်ကြည့်ပြီး လျှာထုတ်ပြတတ်သေးသည်။ ထိုစဉ်က အတန်းပိုင် ဆရာမ သိသွားသဖြင့် ခုံပေါ်တွင် တစ်နာရီခန့် မတ်တတ်ရပ်ခဲ့ရလေသည်။ နွယ့် ပြောင်စပ်စပ် မျက်နှာလေးမှာ အûပံးမပျက်ခဲ့ချေ။ 'ပျော်သလို ပျက် သလိုနဲ့ တွေ့ ကရာ လျှောက်လုပ်နေနော်၊ မိနွယ် တစ်နေ့နေ့ ဒုက္ခများ လိမ့် မယ်' ဆရာမ ပြောခဲ့သော စကားကို သတိရရင်း နောင်တရမိသည်။ သူခိုး အစွပ်အစွဲခံရပြီး နှင်ထုတ်ခံနေရပါကလား ဟူသော အသိကြောင့် တစ်ကိုယ် လုံး ပူထူကာ ရှက်စိတ်မွန်နေသည်။
'သွားလေ'
'မသွားဘူး'
လက်ထဲတွင် ကိုင်ထားသော တုတ်တိုတိုကိုဝှေ့ယမ်းရင်း ထိုသူက ပြောလိုက်သော် နွယ်သည် ခွန်းချင်းမခံပြောလိုက်မိသည်။ ရှက်စိတ်၊ ဝမ်း နည်းစိတ်၊ မခံချင်စိတ်တို့ကြောင့် နှုတ်ခမ်းပါးလေးများ တဆတ်ဆတ် တုန် နေသည်။
'ငါ့ခြံထဲက အခုထွက်သွားလို့ ဆိုနေ'
'မသွားဘူး'
နွယ်ထွက်ပြေးချင်သည်၊ တတ်နိုင်လျှင် မြေမျိုပစ်လိုက်စေချင် သည်။ ထိုသူ၏ ရှေ့တွင် တစ်စက္ကန့်လေးမှဆက်၍ မနေချင်၊ သို့ သော်လည်း နှင်ထုတ်ခံရပြီး ထွက်သွားရမည် ကို မခံချင်သည့်မာနလေးကြောင့် ထုံပေပေ ဇွတ်မှိတ်ရပ်နေသည်။ ပင်မှည့်သီးအပြည့်ထည့်ထားသော လွယ်အိတ်ကို စလွယ်သိုင်းလွယ်ပြီး မှု န်တေတေရပ်နေသော သူငယ်မလေးကိုကြည့်ရင်း ထိုသူ၏ မျက်လုံးများ သည် ရယ်မောလာကြသည်။ သို့ သော်လည်း လေသံ ကို မလျှော့ဘဲ ဆောင့်ကြီး အောင့်ကြီး အော်လိုက်သည်။
'ကဲ ကဲ မသွားနဲ့၊ ဒီမှာ ပဲရပ်နေ၊ တစ်သက်လုံးရပ်နေ၊ ဘယ်မှ မသွားနဲ့'
'သွားမယ်'
'ဟေ့ မသွားနဲ့ဆို'
'သွားမယ်'
'မသွားနဲ့လို့ဆို'
'သွားမယ်'
နွယ်သည် ခြံဝသို့ ဘောက်ဆတ်ဆတ်နှင့် လျှောက်လာသည်။ တဟားဟားနှင့် ဟားတိုက်၍ ရယ်လိုက်သော အသံကိုကြားသော် နီတွေးနေ သော ပါးပြင်ပေါ်သို့ မျက်ရည်များ ဒလဟောကျလာလေတော့သည်။
နွယ်သည် မျက်ရည်ကို ကမန်းကတန်းပွတ်သုတ်လိုက်ပြီး လွယ် အိတ်ကို သွန်ချလိုက်သည်။ ပင်မှည့်သီး မှည့်မှည့်ဝင်းဝင်းများ သည် မြေပြင် ပေါ်သို့ လိမ့်ဆင်းသွားကြလေ၏ ။
'ရော့ ပြန်ယူ အသီးအစုတ်ပလုတ်တွေ ကိုပြန်ယူ၊ လူမသိအောင် ခူးမိတာလေးများ သူခိုးလို့ပြောရသလား၊ မောင်းထုတ်ရသလား၊ ရော့ ပြန်ယူ တစ်လုံး မကျန်ယူ အကုန်ပြန်ယူ'
နွယ်သည် ခြံပြင်ရောက်မှ ပင်မှည့်သီးများ ကို ခြံထဲပြန်ပစ်ထည့် သည်။ မြေပြင်ပေါ်တွင် လိမ့်နေသော အသီးများ ကိုပါ ခြံထဲသို့ သတိလက် လွတ် ကန်ထည့်နေမိသည်။
'အစ်မရေ လာပါအစ်မရဲ့ ၊ တော် ကြာ ဦးဆိုးပေကြီး ထွက်ရိုက်နေ ပါဦးမယ် လာပါ'
ဖိုးသံချောင်းသည် နွယ့်လက်ကိုဇွတ်ဆွဲပြီးခေါ်လေသည်။ ပျောက် သွားသော စောကြာဒိုးကလည်း အခုမှ ဘိုကတော် မျက်ခုံးရုံဘေးမှ မဝံ့တဝံ့ ခေါင်းပြူ လာလေသည်။ မျက်လုံးအစုံက ပြူးကျယ်နေသည်။ နွယ့်နားသို့ ကုပ်ချောင်းချောင်းနှင့် ကပ်လာသည်။
'အဲဒီ လူက ဘာတုံး'
'သိပါဘူးအစ်မရယ်၊ အရင်က ဒီခြံမှာ ဘယ်သူမှမရှိပါဘူး၊ ဘယ် သူမှလည်း မနေရဲပါဘူး၊ အခုမှ အဲဒီ ဦးဆိုးပေကြီးရောက်လာတာ'
'အလကား ကပ်စေးနှဲကြီး၊ နန်းနွဲ့ခြောက်လို့ သေပါစေဗျာ၊ စိုင်း ကျော် ခြောက်လို့ ရူးပါစေဗျာ'
မိတ္ထီလာရှိ ဘကြီးထံသို့ အရောက်များ သည့်အတွက် မြန်မာရည် ကောင်းကောင်းလည်နေသော ဖိုးသံချောင်းက မြန်မာပီပီကျိန်နေလေသည်။
'နန်းနွဲ့၊ စိုင်းကျော် ဘယ်သူတွေ လဲဟင်၊ ဘာလို့ခြောက်မှာ လဲ'
'အဲဒီ အိမ်ကြီးထဲမှာ စိုင်းကျော်နဲ့ နန်းနွဲ့ရှိတယ်လေအစ်မရဲ့ ၊ လာတဲ့ လူကိုခြောက်တာပဲ၊ ဦးဆိုးပေကြီးလည်း ဘယ်တော့ရူးမလဲမသိ၊ တကယ်ဗျ၊ ခုထိတော့ မရူးနိုင်ပါဘူး၊ ကျွန်တော် တို့ချည်းပဲ လိုက်ရိုက်နေတော့တာပဲ၊ ဟော ဟော ခြံထဲကထွက်လာပြီ၊ ကြာဒိုးရေ တုတ်ပါတယ်ဟ ပြေးဟ'
ခြံထဲတွင် လူရိပ်မြင်လိုက်သဖြင့် ဖိုးသံချောင်းသည် စကားမျှ ဆုံး အောင် မပြောနိုင်၊ တစ်ချီတည်းသုတ်ခြေတင်လေတော့သည်။ စောကြာဒိုး လည်း တစ်ချီတည်းပျောက်သွား၏ ။ နွယ်သည်လည်း မပြေးမိရန် အားတင်း ပြီး ခြေလှမ်းမှန်မှန်နှင့် ဆက်လျှောက်လာရလေသည်။ မြေကြီးကို ဆောင့်နင်းရင်း စောကြာဒိုး၏ လေကိုလိုက်ပြီး စူပွပွနှင့် ရေရွတ်မိသည်။
'ဟွန်း သရဲခြောက်လို့ ရူးမယ့် အရူးလောင်းလျာကြီး၊ မြန်မြန်ရူးပါစေ'
***
အခန်း(၂)
'သမီးလေး'
သမီးထည့်လိုက်တဲ့စာကိုရပါတယ်၊ သမီးက လက်ထဲမှာ ပိုက်ဆံ မရှိတော့လို့ တစ်ရာလောက်ထပ်ပို့ပါဦးတဲ့၊ သမီး အရီးနန်းမြနဲ့ အလည် လိုက်သွားတာ တစ်ပတ်ပဲရှိသေးတယ်မဟုတ်လား၊ အဲဒီ တုန်းက သမီး လက်ထဲမှာ ငွေတစ်ရာပေးလိုက် တယ်လေ၊ သုံးလေးရက်အတွင်း ငွေတစ်ရာ ကုန်အောင် သမီး ဘာတွေ လုပ်ပစ်သလဲ။
သမီးကိုတော့ ပြောမှ ဖြစ်တော့မယ်၊ ရန်ကုန်မှာ သမီးတစ်နေ့ထဲ ရုပ်ရှင် သုံးပွဲဆက်ကြည့်တာ မေမေမသိဘူးထင်သလား။ လက်မှတ်မရရင် မှော င်ခိုက တစ်ဆယ်၊ ဆယ့်ငါးကျပ်ပေးကြည့်တတ်တဲ့သမီးအကြောင်းတွေ မေမေ သိတာ ပေါ့၊ နောက်ပြီး သမီးသုံးဘာသာ ဂုဏ်ထူးရလို့ သမီးဘကြီး က ဆုချတဲ့ ပတ်ကား '၆၁' ဖောင်တိန်ကိုရောင်းပြီး အင်းယားလိတ်ဟိုတယ် ကို ထမင်းသွားစားတာရော၊ လုပ်သင့်လုပ်ထိုက်တယ်လို့ သမီးလေး မဂျစ် တူးက ပြောဦးမှာ လား ဟင်'
'ဘုရား ဘုရား'
နွယ်သည် မေမေ့စာကိုဖတ်ရင်း ဘုရားတမိသည်။ ရန်ကုန် တက္က သိုလ်တွင် အဆောင်နေရသော နွယ်၏ သတင်းကို စစ်ကိုင်းရှိမေမေတို့ သည်လောက်အထိ သိလိမ့်မည် ဟု နွယ်မထင်ခဲ့ပေ။
'မေမေတို့ရှိသမျှပစ္စည်းတွေ ဟာ သမီးဖို့ချည်းပဲ၊ သမီးသုံးဖို့ချည်းပဲ၊ ဒါပေမဲ့ ငါသူဌေးသမီး၊ ငါခရိုင်ဝန်သမီးဆိုပြီး အဓိပ္ပာယ်မရှိ ûဖန်းတာမျိုးတော့ မ ဖြစ်စေချင်ဘူး၊ သမီးကို မိန်းမပီသစေချင်တယ်၊ တည်ကြည်စေချင်တယ်၊ သိမ်မွေ့စေချင်တယ်၊ ဒါပေမဲ့ မေမေ့သမီး ပေါက်ကျော်မက အိုက်(စ)ကရင်း တစ်ဆယ်ဖိုး ထမင်းလွတ်စား၊ ပိုက်ဆံတစ်ကျပ်ထဲကျန်မှ အပြန်စရိတ် တစ်မတ်ချန်ပြီး သုံးမတ်တန်းကနေ ရုပ်ရှင်ဝင်တိုးတဲ့အထိ သိမ်မွေ့ပြနေတော့ မေမေ ဘယ်လောက်စိတ်ညစ်ခဲ့ရတယ်ထင်သလဲ'
'အလိုလေး၊ လေး၊ မြတ်စွာ ဘုရား'
နွယ်သည် စာရွက်ကို လွှတ်ချရင်း ဘုရားတလိုက်မိပြန်သည်။ နွယ် သုံးမတ်တန်းက ရုပ်ရှင်ဝင်တိုးဖူးသည်ကို မေမေနားရောက်အောင် ဘယ်သူများ ကုန်းချောလိုက်ပါလိမ့်ဟု ပူပူထူထူတွေးနေမိသည်။
'လွယ်လွယ်ရလို့ လွယ်လွယ်သုံး လွယ်လွယ်ûဖန်းပြီး သမီးဟာ ငွေတန်ဖိုးမသိ ဖြစ်နေတယ်။ ပန်လွယ်မှာ ရုပ်ရှင်ရုံ မရှိဘူးသမီး၊ အင်းယား လိတ် ဟိုတယ်လည်း မရှိဘူး၊ သမီးကို အရီးနန်းမြက ထမင်းမှန်မှန်ကျွေးနေ တာပဲ၊ သမီးဘာမှ သုံးစရာ ûဖန်းစရာ မရှိဘူး၊ မေမေ ငွေမပို့ဘူးသမီး'
'ဟိုက် မြတ်စွာ ဘုရား'
နွယ်သည် တတိယအကြိမ် ဘုရားတမိပြန်သည်။ အရီးနန်းမြနှင့် ပန်လွယ်သို့ အလည်လိုက်သွားမည် ဟုဆိုစဉ်က မေမေခေါင်းခါခဲ့သည်။ ကျောင်းပိတ်ရက်ကလေးပြန်လာရတာ မေမေနဲ့နေပါဦးဟုဆိုသည်။ နွယ် က ဇွတ်အတင်းလိုက်ခဲ့ခြင်း ဖြစ်သည်။ ဒါကြောင့် များ စိတ်ဆိုးနေရော့လား ဟု မရေမရာ တွေးမိသည်။
'မေမေက ငွေမပို့ဘူးဆိုလို့ သမီးဖေဖေကိုကပ်ပြီးချွဲမယ်လို့လည်း စိတ်မကူးနဲ့ သမီး၊ ဒီစာရေး တာ မေမေရော ဖေဖေရော နှစ် ဦးသဘောတူ ရေး တာ၊ သမီးလေး မဂျစ်တူးကို ဆုံးမဖို့အချိန်တန်ပြီမဟုတ်လား။
ကဲ သမီးရေ သမီးတို့ကျောင်းတွေ လည်း အောက်တိုဘာမှဖွင့်မှာ မဟုတ်လား၊ တစ်လလောက်တော့ ပိုက်ဆံမûဖန်းဘဲ နေကြည့်စမ်းပါ၊ သူများ တကာတွေ ငွေကိုဘယ်လိုခက်ခက်ခဲခဲရှာရတယ်၊ ငွေတွင်း ဘယ် လောက်နက်တယ် ဆိုတာ လေ့လာကြည့်ဦး သမီးရေ။
သမီးလေးချမ်းမြေ့ရွှင်လန်းပါစေ
မေမေ'
နွယ်သည် မေမေ့စာကို မယုံနိုင်သလို အခေါက်ခေါက်အခါခါ ဖတ်နေသည်။ မေမေရေး နေကျစာရွက်ဖြူလွလွကလေး မေမေသုံးနေကျ မင်အနက်၊ မေမေ့လက်ရေး အစစ်၊ သို့ သော်လည်း နွယ့်ကိုချစ်သော မေမေ သည် နွယ်လိုသော ငွေကို မပို့ဘူးဆိုပါလား။
နွယ်သည် ကျောက်ရုပ်ကလေးလို မလှုပ်မယှက်ထိုင်နေမိသည်။ မေမေ ပြောသလို နွယ် တကယ်ပဲဆိုးသလားဟု မရေမရာတွေးနေမိသည်။ နွယ့်ကိုယ်နွယ်မူ ဆိုးသည်ဟုတစ်ခါမျှမထင်ခဲ့ဖူးပေ။ ပိုက်ဆံûဖန်းနေသည် ဟု အတွေး မဝင်ခဲ့ဖူးချေ။ တစ်ခါတစ်ရံ ကျောင်းပြေးသော်လည်း စာမှန်မှန် ကျက်၊ ကျောင်းမှန်မှန်တက်ကာ နှစ် စဉ်စာမေးပွဲကို ရှေ့တန်းမှအောင်နေ သော နွယ်သည် သူ့ကိုယ်သူ လိမ္မာသည်ဟုသာ ထင်မှတ်ခဲ့သည်။
'နွယ်ရေ ထမင်းစားရအောင်'
အရီးနန်းမြ၏ အသံကိုကြားရသော် နွယ်သည် မေမေ့စာကို ခေါင်း အုံးအောက် ထိုးထည့်ပြီး ထလိုက်သည်။ လိုတာမရသဖြင့် စိတ်ဆိုးပြီး ရှက် စိတ်၊ ဝမ်းနည်းစိတ်တို့ ရြော>ွပမ်းနေသော မျက်နှာကလေးမှာ နီတွေးနေသည်။
'သမီး ဘာ ဖြစ်နေလဲ၊ မျက်နှာလည်း နီလို့၊ နေမကောင်းဘူးလား'
'ကောင်းတယ်'
နွယ်သည် ခပ်ပြတ်ပြတ်ဖြေရင်း ထမင်းပွဲရှိရာသို့ တန်းသွားလေ သည်။ အရီးနန်းမြသည် နွယ့်ခေါင်းအုံးအောက်မှ တစ်ပိုင်းတစ်စ ထွက်နေ သော စာရွက်လေးကိုကြည့်ရင်း မသိမသာûပံးမိလေသည်။
နွယ်သည် မီးရထားလမ်းတစ်လျှောက်လုံး တွေ့ ကရာဝယ်စား ကာ ပိုက်ဆံအစိတ် ချဖျောက်ပစ်ခဲ့လေသည်။ ပန်လွယ်ရောက်ရောက်ချင်း စားပိုးနင့်ကာ ဝမ်းလျှောသော စူစကာလက်သစ် နွယ်ကို အရီးနန်းမြ ဆေး ကုခဲ့ရသေးသည်။
နွယ့်မေမေဆီသို့ အရီးနန်းမြက စာရေး ပြီး ငွေမပို့ရန်ပြောထားခြင်း ဖြစ်ကြောင်း နွယ်သာသိလျှင်။
***
ပြာလဲ့လဲ့ကောင်းကင်ပြာကိုနောက်ခံထားသော သွယ်လျားသော ယူကလစ် ပင်သည် ဘယ်ညာယိမ်းနွဲ့နေသည်။ ခရမ်းရင့်ရောင် ပဲပန်းပြာများ က ယူ ကလစ်ပင်ကို နွယ်ယှက်တက်နေသည်။ လတ်ဆတ်သော လေပြည်အေး သည် သင်းပျံ့ပျံ့ယူကလစ်နံ့ကို နွယ့်ထံသို့ ထွေးပိုက်သယ်ဆောင်လာလေ သည်။
ဝင်းခြံနားရှိ ပုလဲပန်းဖြူဖြူလေးများ ကမူ ကျိုးတိုးကျဲတဲသာ ပွင့် နိုင်ရှာသည်။ နွယ်တို့မြေပြန့်တွင် အဆုပ်လိုက် အခိုင်လိုက် ဖွေးနေအောင် ပွင့်တတ်သော်လည်း ရှမ်းပြည်နယ်တွင် ပုလဲပန်းနှင့် ပုဏ္ဍရိက်ပန်းနီနီများ က ကောင်းစွာ မ ဖြစ်ထွန်းပေ၊ ရှားပါးလှပေသည်။
နွယ်သည် ကျိုးကျဲကျဲ ပုလဲပန်းခိုင်လေးကို အငေးသားကြည့်ရင်း ငွေစက္ကူဖြူဖြူ စိမ်းစိမ်းများ ကိုသာ မြင်ယောင်နေသည်။ မြေပြန့်တွင် နွယ့် အတွက် ပေါများ လှသော ငွေသည် ရှမ်းပြည်နယ်ရောက်မှ ပုလဲပန်းသဖွယ် ရှားပါးလှချေသည်။
နွယ်သည် သက်ပြင်းသဲ့သဲ့ရှိုက်ကာ အင်္ကျီအိတ်ထဲသို့ စမ်းကြည့်မိ သည်။ နောက်ဆုံးလက်ကျန် ဖြစ်သော ငါးမူးစေ့နှစ် စေ့က တချွင်ချွင်အသံûပ လာလေသည်။ ယမန်နေ့ကပင် သုံးကျပ်ကျန်သေးသည်။ မနေ့က အရီးနန်းမနှင့် အတူ ရွှေညောင်ဈေးလိုက်သွားပြီး နွယ်ဝမ်းလျှောပြီးသည့်နောက်ပိုင်း အဝေးကြီး ဝေးခဲ့ရသော ရှမ်းထမင်းချဉ် အဝစားလိုက်သဖြင့် ကျပ်တန်လေး နှစ် ရွက်က နွယ့်ကိုနှုတ်ဆက်ထွက်ခွာသွားကြသည်။ ရှမ်းဘောင်းဘီပွပွကြီး များ တွေ့ ၍ အိမ်ပြန်လက်ဆောင်ဝယ်ချင်သော်လည်း ဈေးပင်မေးမကြည့်ရဲခဲ့။ 'ငါတစ်ကျပ်ဖိုးပဲ စားခဲ့မိရင်ကောင်းမှာ 'ဟု နွယ်သည် တစ်သက်နှင့် တစ်ကိုယ် ပထမဆုံးအကြိမ် နှမြောမိလေသည်။
'အစ်မရေ အစ်မနွယ်'
'ဟော ဖိုးသံချောင်း'
နွယ်သည် တစ်ဦးတည်းအတွေးလွန်နေရာမှ ခြံထဲသို့ အပြေးဝင် လာသော ဖိုးသံချောင်းကို နှုတ်ဆက်လိုက်သည်။ ဖိုးသံချောင်း၏ လက်ထဲ တွင် ကော့စမစ်(ခ) ရွှေဒင်္ဂါးရောင် စုံပန်းများ ကို တွေ့ ရသည်။ ဖိုးသံချောင်း၏ ညီမငယ် မခမ်းလုံလေးကလည်း ခေါင်းလောင်းပြာပန်းများ ကို တစ်ပွေ့ တစ်ပိုက် သယ်လာ၏ ။
'အစ်မ ပန်နော်'
'အေး ပန်မှာ ပေါ့'
နွယ်သည် ဆံပင်ပျော့ပျော့များ ကို ဆံထုံးသဖွယ်ခွေလိုက်ပြီး ဆံ ညှပ်နှင့် ထိုးလိုက်သည်။ ထို့နောက်မှ ပန်းရောင် စုံများ ကို ဝန်းဝိုက်ပန်ဆင်နေ သည်။
'ကဲ လှရဲ့ လား'
တစ်ခေါင်းလုံး ပန်းတွေ ဝေနေမှ နွယ်ကûပံးရယ်ရင်းမေးမိသည်။ စိတ်ကူးပေါက်တိုင်း ပန်းရိုင်းများ ကို ပန်ချင်သလိုပန်ထားသော နွယ်သည် လူရိုင်းမ လေးနှင့် တူနေ၏ ။ နွယ့်ဘေးတွင် ငုတ်တုတ်လေးထိုင်ကာ နွယ့်ကို တငေးတမော ကြည့်နေသော မခမ်းလုံလေးကမူ ပါးချိုင့်လေးပေါ်အောင် ရယ်ရင်း ခပ်သွက်သွက်ခေါင်းညိတ်ပြလေသည်။
'အစ်မ အစ်မအဖေက အရာရှိ အကြီးကြီးဆို၊ သူဌေးကြီးဆို'
ဖိုးသံချောင်းကမေးသည်။ ထဘီအပြဲနှင့် လွယ်အိတ်ကို စလွယ် သိုင်း လွယ်ကာ သူတို့နှင့် အတူ ရွာရိုးကိုးပေါက်လျှောက်ပြီး ပင်မှည့်သီးဝင်ခိုး သော နွယ့်ကို အရာရှိကြီးသမီး ဖြစ်သည်ဟု ယုံနိုင်ပုံမပေါ်ပေ။
'ဘယ်သူ ပြောလဲ'
'အရီးနန်းမြက ဘကြီးစိုင်းရီကိုပြောနေတာလေ၊ အစ်မက သိပ် ဆိုးတာပဲတဲ့၊ ပိုက်ဆံလည်း အားကြီးသုံးတာပဲဆို ဟုတ်လား'
'ဘာပြောတယ်'
နွယ်၏ မျက်ခုံးထူထူလေးများ သည် အတွန့်ချိုးသွားပြီး ဖိုးသံ ချောင်းကို မဆီမဆိုင်အော်လိုက်မိသည်။ အရီးနန်းမြကိုပဲစိတ်ဆိုးသလိုလို ဖေဖေနှင့် မေမေကိုပဲ စိတ်ဆိုးသလိုလိုနှင့် နံနက်က ဝေဒနာ အစပေါ်၍ လာ ပြန်လေသည်။ ရုတ်ြခည်း မျက်ရည်ရစ်ဝိုင်းလာသော နွယ့်ကို ဖိုးသံချောင်း သည် နားမလည်နိုင်သလို ကြည့်နေသည်။
'ဖိုးသံချောင်းရဲ့ လူကြီးတွေ ဆိုတာ တစ်ခါတစ်ခါမဟုတ်တာပြော တတ်တယ်၊ အကြွားထူတယ် သိရဲ့ လား၊ အစ်မတို့အိမ်က သိပ်ဆင်းရဲတာ'
'ဟုတ်လား'
'အေးပေါ့၊ မုန့်ဟင်းခါးလေ မုန့်ဟင်းခါးရောင်းစားရတာ ၊ ခု ကျောင်းပိတ်ရက်ကလေးတောင် အစ်မကိုမကျွေးနိုင်လို့ အရီးနန်းမြနဲ့ လိုက် လာရတာ သာ ကြည့်ပေတော့'
'တကယ်'
'တကယ်ပေါ့ မခမ်းလုံရယ်၊ တစ်ခါတလေ အမေနေမကောင်းရင် အစ်မကိုယ်တိုင် မုန့်ဟင်းခါးအရောင်းထွက်ရတာ ၊ အစ်မတို့မှာ မောင်နှမတွေ ကလည်း အများ ကြီးဆိုတော့ မလောက်ဘူးပေါ့'
အရွဲ့တိုက်ချင်စိတ်ကလေးနှင့် ပြောင်းပြန်ဇောက်ထိုး တွေ့ ကရာပြောနေသော နွယ့်ကို မခမ်းလုံလေးသည် အငေးသားကြည့်နေ၏ ။
'အခုလည်း အစ်မဆီမှာ ပိုက်ဆံတစ်ပြားမှ မရှိဘူး၊ အရီးနန်းမြ ကျွေးသမျှပဲ စားနေရတာ ၊ အမေနဲ့အဖေကလည်း တစ်ခါတလေ ဆန်ရှား ရင် ထမင်းတောင် စားနိုင်တာမဟုတ်ဘူး၊ ဆန်ûပတ်နဲ့ပြီးတဲ့အခါလည်း ပြီးရတာ ၊ အစ်မကို ဘယ်လိုလုပ်ပြီး မုန့်ဖိုးပေးနိုင်ပါ့မလဲ'
နွယ်သည် သူ့ကိုယ်သူ ဘာကြောင့် မဟုတ်တရုတ်တွေ ပြောနေ မိမှန်းပင် ကောင်းကောင်းမသိပေ၊ လိုလျှင်တ တလျှင်ရသော ဘဝတွင် ကြီးခဲ့ ရာမှ တစ်သက်နှင့် တစ်ကိုယ် ပထမဆုံးအကြိမ်လိုတာမရသဖြင့် ထင်ရာစိုင်း ချင်သော စိတ်ရူးလေး တဝေဝေ ဖြစ်နေသည်။ ပါးစပ်ကလေးများ ဟကာ နားထောင်ရင်း နွယ့်ကို ကရုဏာကြီးစွာ နှင့် ကြည့်နေသော ဖိုးသံချောင်းတို့ မောင်နှမကြောင့် စိတ်ထဲတွင် ပျော်သလို ရွှင်သလိုနှင့် ရယ်ချင်လာသည်။
'အစ်မ ပိုက်ဆံ အားကြီးသုံးတာပဲဆို'
'ကြံကြံဖန်ဖန်ဟယ်၊ ပိုက်ဆံမှမရှိတာ ဘယ်လိုလုပ်ပြီး သုံးရမှာ လဲ၊ အရီးနန်းမြက ကြွားတာဟ၊ ကြည့်ပါဦး၊ ငါ့ရုပ်ကို သူဌေးသမီးနဲ့တူလို့လား'
ရောင် စုံပန်းများ ကို ထိုးထိုးထောင်ထောင်နှင့် တစ်ခေါင်းလုံးဝေ အောင် ပန်ထားသော နွယ့် အဆင်အပြင်သည် ûမိ့ကြီးသူနှင့် မတူရိုး အမှန်ပါ ပေ၊ ရှမ်းသနပ်ခါး ဘဲကျားရိုက်ထားသော နွယ့်မျက်နှာသွယ်သွယ်လေး သည်လည်း တက္ကသိုလ်ကျောင်းသူနှင့် လားလားမျှ မဆိုင်ပါ၊ ထဘီတိုတိုနှင့် ယောက်ျားဝတ် ရှပ်အင်္ကျီကြီးကို လက်ခေါက်၍ ဝတ်တတ်သော နွယ့်ကို ခရိုင်ဝန်မင်း၏ ချစ်မငြီးသော သမီးကလေးအ ဖြစ် အရီးနန်းမြပြောသည်မှာ ဟုတ်နိုင်မည် မထင်ပေ။ မခမ်းလုံသည် နွယ့်ကို ငေးကြည့်နေရာမှ ဖြည်း လေးစွာ ပြောသည်။
'အစ်မ ငါစုထားတာလေ ပြားငါးဆယ်တောင်ရှိတယ်၊ အစ်မ လိုချင်ရင် နှစ် ဆယ့်ငါးပြားယူလေ'
နွယ့်ရင်ထဲတွင် ဟာကနဲ ဖြစ်သွားပြီး မခမ်းလုံကို တွေ တွေ ဝေဝေ ကြည့် နေမိသည်။ နေဒဏ်ကြောင့် နီစပ်စပ် ဖြစ်နေသော မခမ်းလုံ၏ မျက်နှာ တွင် မျက်လုံးလေးများ က အရောင် လက်နေသည်။
'နေပါစေ ခမ်းလုံမလေးရယ်'
အားစိုက်၍ ပြောလိုက်သော နွယ့်အသံက တုန်ခိုက်သွားသည်။ စေတနာ ဖြူစင်လှသူလေး၏ မျက်လုံးများ ကို ရင်မဆိုင်ရဲသဖြင့် မြေကြီးညို ညိုကို စူးစိုက်ကြည့်နေမိသည်။
'မနှစ် တုန်းက ကျွန်တော် စုတာ တစ်ကျပ်တောင်ရတယ်၊ ကျပ် တန်လေး လဲထားတာ၊ ဘုရားပွဲမှာ ကျပျောက်သွားရော၊ နှမြောလိုက်တာ အစ်မရာ'
ဖိုးသံချောင်းသည် အခု ချက်ချင်း လက်ငင်းပင် ပျောက်သွားသကဲ့ သို့ မျက်တောင်ကလေး ပုတ်ခတ်ပုတ်ခတ်နှင့် ငိုမဲ့မဲ့ ဖြစ်နေသည်။
နွယ်သည်လည်း ဖိုးသံချောင်းကိုကြည့်ရင်း သုံးကျပ်ခွဲတန်းရုပ်ရှင် လက်မှတ်ကို တစ်ဆယ်ပေးကြည့်ခဲ့ဖူးသည်ကို သတိရမိသည်။ အနီရောင် တစ်ဆယ်တန်လေးကို မြင်ယောင်ရင်း ယခုမှ နှမြောမိတော့သည်။ ဖိုးသံ ချောင်း ၏ ဓာတ်ကူးစက်ကာ ငိုချင်သလို ဖြစ်သွားသည်။ မိဆီမှ မရသော အခါမှ ပိုက်ဆံဟူသည်မှာ တန်ဖိုးရှိပါလားဟု အတွေးပေါက်မိတော့သည်။
'စောကြာဒိုးတို့ရော'
အတန်ကြာငိုင်နေမိကြပြီးမှ နွယ်က စောကြာဒိုးကို သတိရသည်၊ စောကြာဒိုး တစ်ယောက် နွယ့်ဆီမလာသည်မှာ နှစ် ရက်ပင်ရှိပေပြီ။
'ဦးဆိုးပေအိမ်မှာ အလုပ်သွားလုပ်တယ် အစ်မရဲ့ '
ဖိုးသံချောင်းသည် ဘေးဘီကိုအကဲခတ်ပြီးမှ ခပ်တိုးတိုးပြော သည်။ လျှို့ဝှက်ချက်ကြီးကို ပြောနေရသလို သူ့မျက်နှာကလည်း အရေး တကြီး ဖြစ်နေသည်။
'ဦးဆိုးပေအိမ်မှာ ဟုတ်လား'
နွယ်ကလည်း တိုးတိုးလေး ပြန်မေးမိသည်။
'ဟုတ်တယ် အစ်မရဲ့ ၊ ဟိုတစ်နေ့ကပဲ ကျွန်တော် နဲ့စောကြာဒိုးနဲ့ ပန်လွယ်ချောင်းမှာ ငါးသွားဖမ်းကြတုန်းက ဦးဆိုးပေကြီးနဲ့တွေ့ တယ်၊ ဦး ဆိုးပေကြီးက ûပံးလို့ဗျ အစ်မရ၊ ဒီတစ်ခါ စိတ်မဆိုးဘူး၊ သူ့အိမ်နဲ့ခြံကို ကူ ရှင်းပေးပါတဲ့၊ တစ်နေ့ နှစ် ကျပ်ပေးမယ်တဲ့၊ ပိုက်ဆံက အများ ကြီးနော၊ ဒါပေမဲ့ ကျွန်တော် ကြောက်လို့'
'ဘာကိုလဲ'
'အဲဒီ အိမ်ကြီးက သရဲခြောက်တယ်လေ၊ နန်းနွဲ့တစ္ဆေလေ၊ အာ အားကြီး ခြောက်တာပဲ၊ ငါတို့အမေက အဲဒီ ကိုမသွားရဘူးတဲ့'
'ဟုတ်တယ်၊ တစ်ရွာလုံး အဲဒီ အိမ်ကြီးကို မသွားရဲကြဘူး၊ ကျွန် တော် တို့ကသာ တစ်ခါတလေ အသီးသွားခူးတာ၊ အိမ်ထဲတော့ မဝင်ရဲဘူး၊ အခု စောကြာဒိုးက သူ့အမေ မသိအောင် တိတ်တိတ်လေးသွားလုပ်တာ'
'နေ နေပါဦး သံချောင်းရယ်၊ နန်းနွဲ့တစ္ဆေအကြောင်း ပြောပြစမ်း ပါဦး'
တစ်ယောက် တစ်ခွန်း အလုအယက်ပြောနေသော မခမ်းလုံတို့ မောင်နှမကို လက်ဝါးကာ၍ တားရင်း မေးရသည်။
မခမ်းလုံ၏ မျက်လုံးလေးများ သည် ပြူးကျယ်၍ သွားသည်။ ပခုံး ကလေးကိုကျုံ့ရင်း နွယ့်အနားသို့ တိုးကပ်လာလေသည်။ သူတို့နှစ် ဦး စီကာ ပတ်ကုံးပြောသော နန်းနွဲ့ပုံပြင်ကို နွယ်သည် တငေးတမောနားထောင်မိလေ သည်။
နန်းနွဲ့သည် ချောမောလှပသော ရှမ်းပျိုမလေး ဖြစ်သည်။ ထို့ ကြောင့် လည်း နန်းနွဲ့ကိုတွေ့ မြင်သော စော်ဘွားမင်းက ချက်ချင်း ပင် ကောက် ယူ မြှောက်စားတော် မူလေသည်။ နန်းနွဲ့ ကံကောင်းသည်ဟု ဆိုကြသည်၊ ထောမနာûပကြသည်။ သို့ သော်လည်း နန်းနွဲ့သည် သူ့ကိုယ်သူ ကံကောင်း သည်ဟု လုံးဝ မထင်မှတ်ပေ။ ချစ်ဦးသူ စိုင်းကျော်နှင့် ကွေကွင်းရသော ဆင်းရဲကို ခံစားနေရ သော ကြောင့် ဖြစ်၏ ။
နန်းနွဲ့က ဇာတိချက်ûမှပ် ပန်လွယ်ရွာလေးသို့ တစ်နှစ် တစ်ခါ အလည် သွားချင်ကြောင်းခွင့်တောင်းသော အခါ နန်းနွဲ့ကို ချစ်ခင်မြှောက်စား တော် မူသော စော်ဘွားမင်းက သဘောတူခဲ့လေသည်။
'စော်ဘွားကြီးက အဲဒီ အိမ်ကြီးကို ဆောက်ထားပြီး နန်းနွဲ့နဲ့အတူ တစ်နှစ် တစ်ခါလာတယ်တဲ့၊ တစ်နှစ် ကျတော့ စော်ဘွားကြီးမလိုက်နိုင်လို့ နန်းနွဲ့ တစ်ယောက် တည်း အခြံအရံတွေ နဲ့ရောက်လာတယ်တဲ့၊ ညကျတော့ စိုင်းကျော် ဟာ နန်းနွဲ့နဲ့တွေ့ ချင်လွန်းလို့ တစ်ယောက် တည်းသွားတယ်တဲ့ အစ်မရဲ့ ၊ သူ့ သူငယ်ချင်းတွေ က ဝိုင်းပြီးတားပေမယ့် မရဘူးတဲ့လေ၊ မနက် ကျတော့ စော်ဘွားကြီး ရုတ်တရက်ရောက်လာပါလေရော၊ နောက်ပြီး အဲဒီ အိမ်မှာ အော်သံ ငိုသံတွေ ကြားရတယ်တဲ့၊ စော်ဘွားကြီးပြန်သွားတော့ နန်းနွဲ့ ပါမသွားဘူးတဲ့၊ စိုင်းကျော်လည်း အိမ်ကိုပြန်မလာတော့ဘူး၊ တစ်ခါတည်း ပျောက်သွားရော၊ ဘကြီးသာဦးလေ ငယ်ငယ်တုန်းက အရက်မူးမူးနဲ့ အဲဒီ အိမ်ကြီးမှာ ဝင်အိပ်ဖူးတယ်တဲ့၊ တစ်ယောက် နဲ့ တစ်ယောက် ဖက်ပြီး နန်းနွဲ့နဲ့ စိုင်းကျော်ကိုတွေ့ ရတယ်တဲ့ အစ်မရဲ့ ၊ ဘကြီးသာဦးလည်း ဖျားရော'
ဖိုးသံချောင်းသည် ကြားဖူးသမျှကို ကြက်တူရွေးလို အလွတ်ရွတ် နေသည်။ တစ်ရွာလုံးရှိ လူများ သည် ရွာစွန်ရှိ ၄င်းခြံကြီးဆီသို့ အသွားအလာ မရှိကြသည်ကို နွယ်လည်း ခုမှသတိထားမိသည်။
'ဟုတ်ရဲ့လား ဖိုးသံချောင်းရယ်၊ သရဲဆိုတာ တကယ်ရှိလို့လား၊ ရှိဦးတော့ လူကိုဒုက္ခပေးနိုင်လို့လား'
'အစ်မ သရဲမကြောက်ဘူးလား'
'မကြောက်ပေါင်'
'တကယ်'
'တကယ်ပေါ့'
နွယ့်မိဘများ ကပဲ နွယ့်ကိုမကြောက်ဆေးကျွေးခဲ့ရော့လားဟု နွယ် တစ်ခါတစ်ရံတွေးမိသည်။ ဒီကမ္ဘာ ဒီလောကတွင် နွယ်ကြောက်သော အရာ အတော် ရှားပါးလေသည်။
နွယ် ဆယ်နှစ် သမီးက နွယ်၏ အစ်ကိုဝမ်းကွဲ ကိုကိုအောင်နှင့် အတူ သုသာန်သို့ ပင် ညဥ့်နက်သန်းခေါင်သွားရန် ကြံစည်ခဲ့ဖူးသည်။ သုသာန်ရှိ အုတ်ဂူတွင် ညဥ့်ဆယ့်နှစ် နာရီတိတိ၌ ဝလုံးခုနစ်လုံးရေး လျှင် သရဲများ ကို မြင်ရသည်ဟု လူကြီးများ ပြောသံကြား၍ လက်တွေ့ စမ်းရန် ဖြစ်သည်။ အိမ်ထဲမှ အောင်မြင်စွာ ထွက်နိုင်ခဲ့ကြသော်လည်း ခြံတံခါး အဖွင့် တွင် ညဥ့်ဒရဝမ် ကိုဘိုးထွေးက သူခိုးသူခိုးနှင့် အော်ဟစ်ဖမ်းဆီးခဲ့သည့် အတွက် နွယ်တို့ မပြေးသာဘဲ အဖမ်းခံရသည်။ အူယားဖားယား ပြေးဆင်း လာသော လူကြီးများ သည် သူခိုးလေးနှစ် ဦးကို ဓာတ်မီးနှင့် ထိုးကြည့်သော အခါမှ နွယ်နှင့် ကိုကိုအောင် ဖြစ်မှန်း သိတော့သည်။ အသံမပေးဘဲ ကိုဘိုး ထွေး၏ လက်ကိုသာ သွားရာအကွင်းလိုက်ထင်အောင် ကုန်းကိုက်ထားကြ သည်။ ခြံထဲမှ ခိုးကြောင်ခိုးဝှက်ထွက်ခါ သုသာန်သို့ သွားကြမည့်  သူရဲ ကောင်းကြီး နှစ် ဦးသည် သုဿန်ရှိ သရဲကိုမတွေ့ ရဘဲ အိမ်ရှိ ကြိမ်နှင့် သာ အဆော်ခံခဲ့ကြရသည်။
'နန်းနွဲ့နဲ့ စိုင်းကျော်တစ္ဆေ ကတော့ တကယ်ရှိတာ အစ်မရဲ့ '
ဖိုးသံချောင်းက အခိုင်အမာပြောသည်။ ဘာမဆို လက်တွေ့ စမ်း ကြည့်ချင်သော နွယ်လည်း စိတ်အားထက်သန်လာသည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ၄င်းအိမ်ကြီးကို အတွင်းအပြင်နှံ့နှံ့စပ်စပ် ဝင်ထွက်ကြည့်ချင် လာသည်။
'သရဲတစ္ဆေဆိုတာ စိတ်ကထင်ပြီး ပြန်ခြောက်နေတာပါ၊ အစ်မတို့ တွေ ပင်မှည့်သီးဝင်ခူးတုန်းကရော ဘာလို့မတွေ့ လဲ၊ ဘာလို့မခြောက်လဲ ကဲ'
'ဦးဆိုးပေကလည်း ပြောတယ်၊ မင်းတို့အလကား ကြောက်နေ တယ်၊ ဘာသရဲမှမရှိဘူးကွ၊ ငါ ဒီအိမ်ကြီးကို တစ်ယောက် တည်းရှင်းမနိုင်လို့ လူငှားတာတဲ့၊ စောကြာဒိုးကိုမခြောက်ရင် နက်ဖြန်ကျွန်တော် လည်း သွား လုပ်မယ်၊ ခမ်းလုံ အမေမသိစေနဲ့နော၊ နှစ် ကျပ်ကြီးတောင်ရမှာ '
'နှစ် ကျပ်ကြီးတောင်'
နွယ်သည် ခေါင်းလောင်းပြာပန်းလေးများ ကိုငေးကြည့်ရင်း ပဲ့တင်ထပ် ရေရွတ်မိလေသည်။
***
![]() အရိပ် | ![]() ပန်းစကား | ![]() ငြိုးမာန်ဖွဲ့သူရယ် |