
(စာရေး သူ၏ အမှာ စာ)
လွန်ခဲ့တဲ့ ဆယ်နှစ် ကျော် ငယ်ငယ်ကထဲက ရင်ထဲမှာ သိမ်းထားတဲ့ဇာတ်လမ်းလေးနှစ် ပုဒ်ရှိပါတယ်။ တစ်ပုဒ်က ““ငြိုးမာန်ဖွဲ့သူရယ်”” တဲ့၊နောက်တစ်ပုဒ်က ကတော့ ““ကြွေလွင့်နှင်းဆီ”” တဲ့။ စာတွေ ၀တ္ထုတွေ ကိုသူများ ဖတ်ပျော်အောင်၊ ဖတ်လို့ရအောင် ရေး တတ်လာတဲ့တစ်နေ့ ရေး မယ်လို့ ခဲထားတဲ့ ၀တ္ထုနှစ် ပုဒ်ပါ။
““ငြိုးမာန်ဖွဲ့သူရယ်”” ကတော့ ရေး ပြီးခဲ့ပါပြီ။ အကြံပေးဝေဖန်ကြတဲ့ စာဖတ်သူများ ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေ။ အလုပ်တာဝန်တစ်ဖက်နဲ့မို့ စာတစ်စောင်ချင်း မပြန်နိုင်ခဲ့တာကိုလည်း ခွင့်လွှတ်ဖို့ တောင်းပန်ချင်ပါတယ်။
““ကြွေလွင့်နှင်းဆီ”” ကတော့ ရေး မယ်ကြံတိုင်း ကိုယ့်လက်ကိုကိုယ်မယုံလို့ မ ဖြစ်မြောက်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ကြိုးစားပြီးအသက်သွင်းလိုက်ပါပြီ။ နှင်းဆီပန်းအစား စကားပန်းလေး အနေနဲ့အသက်ဝင်လာတယ်လို့ ဆိုရမယ်ထင်ပါရဲ့ ။
နှင်းဆီအရောင် ဟာ နီတယ်၊ ထက်မြက်တယ်၊ တက်ကြွတယ်၊သတ်္တိရှိတယ်။ စကားပန်း ကတော့ ငြိမ်တယ်၊ အေးတယ်၊ ဖြူတယ်။ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ဂျပ်ဆင် မြက်ခင်းပြင်မှာ စကားပန်းတွေ ကြွေနေတတ်တယ်။ ကျောင်းသူကျောင်းသားတွေ ဟာ ပန်းဖြူဖြူလေးတွေ ကိုသတိမထားမိကြဘဲ အမှတ်မဲ့ ဖြတ်သွားတတ်ကြတယ်။ ကျောင်းသူလေး တစ်ယောက် ကတော့ စကားပန်းလေးတစ်ပွင့်ကို အမှတ်မထင်လေးကောက်ပြီး ပန်လိုက်တယ်၊ ဆံပင်နက်နက်မှာ ပန်းဖြူဖြူလေးက ထင်းသွားတယ်။ ၀တ်ဆံမပါ၊ ၀တ်မှု န်၊ ပွင့်ချပ်နဲ့ညှာတံလဲမရှိ။ ပွင့်ဖတ်ဖြူလေး ငါးခုနဲ့လှနေတဲ့၊ မွှေးနေတဲ့ပန်းကလေးတွေ ဟာ မြက်ခင်းပေါ်မှာ ကြဲပြန့်နေကြတယ်။
အဲဒီ မြင်ကွင်းလေးကိုကြည့်ရင်း ““ကြွေ”” ဆိုတဲ့မိန်းကလေးဟာတဖြည်းဖြည်း အသွင် ပြောင်းသွား တယ်။ နှင်းဆီပန်းအနေနဲ့ အသက်မသွင်းနိုင်တော့ဘဲ စကားပန်းလေးအနေနဲ့ဘဲ အသက်ဝင်လာတယ်၊ရှင်သန်လာတယ်၊ ဒီတော့လဲ ၀တ္ထုနာမည် ကိုပါ ပြောင်းလိုက်တယ်၊
““ပန်းစကား”” တဲ့။
““ပန်းစကား”” နဲ့ပတ်သက်ပြီး အကြံပေးဝေဖန်မယ်ဆိုရင် ကျေးဇူးတင်စွာ နဲ့လက်ခံပါ့မယ်လို့ ပြောချင်ပါတယ်။
မစန္ဒာ
ပိသုကာအဖွဲ့(၂)
ပြည်သူ့အိုးအိမ်ကော်ပိုရေး ရှင်း
ဗိုလ်ချုပ်လမ်း၊ ရန်ကုန်
အခန်း (၁)
ကြွေ့”ကို မောင်မောင် စတွေ့ သည်မှာ တက္ကသိုလ် အပန်းဖြေရိပ်သာတွင် ဖြစ်သည်။ ရက်အားဖြင့် လည်း နိုဝင်ဘာလ လေးရက်နေ့ ဖြစ်သည်ကို မှတ်မှတ်ထင်ထင် ရှိသည်။
ထိုနေ့က မောင်မောင်တို့ စက်မှု တက်္ကသိုလ်နှင့် ၀ိဇ္ဇာသိပံ္ပတက္ကသိုလ် ဘတ်စကက်ဘောအသင်းတို့ ယှဉ်ပြိုင်ကစားကြလေသည်။
“ငါတို့တွေ တော့ ရှုံးဖို့တစ်ဝက်ပါပဲကွာ၊ ဘဲဥကွဲရင်တောင် ကံကောင်း”
မျိုးဝင်းသည် အားငယ်သလို ညည်းရှာသည်။ မျိုးဝင်း အားငယ်လည်း ငယ်စရာပါပေ၊ ယောက်ျားလေးအသင်းများ အနေနှင့် အခြားအသင်းများ ကိုယှဉ်နိုင်သော်လည်း စက်မှု တက်္ကသိုလ် မိန်းကလေးအသင်းများ သည်ကား အသင်း ဖြစ်အောင်ပင် မနည်းဖွဲ့ထားရသော ခနော်နီခနော်နဲ့ အသင်းများ ဖြစ်သည်။ ထိုစဉ်ကစုစုပေါင်းမှ မိန်းကလေးနှစ် ယောက် တစ်ပိုင်းသာရှိသည်မို့ စက်မှု တက္ကသိုလ်တွင် မိန်းကလေးလက်ရွေးစင် ဖြစ်ရန် မခက်ခဲလှချေ။
ဘောလုံးကိုပိုက်တန်းကျော်အောင်ပုတ်တတ်ပါက ဘော်လီဘော လက်ရွေးစင် ဖြစ်တော့သည်။ ခြင်းဆီသို့ ဘောလုံးရောက်အောင် ပစ်မြှောက်တတ်ပါက ဘတ်စကက်ဘော လက်ရွေးစင် ဖြစ်ရသည်။ ချေးများ ပြီး ရွေးချယ်နေရန် လူမရှိ။ ထိုကဲ့သို့ သော အသင်းသည်လည်း လူအများ ထဲမှ အသေအချာ စစ်စီပြီးရွေးထုတ်ထားသော ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်အသင်းကိုကား နိုင်မည် မဟုတ်သည်ကိုမောင်မောင်လည်း ဗေဒင်မမေးဘဲ သိပြီး ဖြစ်သည်။
“ယှဉ်ပြိုင်ခြင်းသာ အဓိကပေါ့ဗျာ နော် မဟုတ်ဘူးလား မအေးငြိမ်းရာ”
မောင်မောင်သည် မျက်နှာလေး ငယ်ငယ်နှင့် ရပ်နေသော မအေးငြိမ်းကို အားပေးသလိုပြောလိုက်သည်။ မအေးငြိမ်းသည် ပြုံးမဲ့မဲ့လေးနှင့် ခေါင်းညိမ့်ပြရှာလေသည်။ သူ့ခမျာ သွေးပူလေ့ကျင့်ခန်း ယူနေသော တစ်ဖက်အသင်း၏ သွက်လက်မှု ကိုကြည့်ပြီး စိတ်အားငယ်နေဟန် ရှိလေသည်။
“မအေးငြိမ်းကွ အေးအေးငြိမ်းငြိမ်းကနေပြီး ဆူဆူပူပူ ကစားပြလိုက်စမ်း”
စက်မှု တက္ကသိုလ် တံဆိပ်ပါသော အားကစားအင်္ကျီ ၀ါဝါ၀င်းဝင်းနှင့် ဘောင်းဘီအနက်ကလေးများ ၀တ်ထားသော မိန်းကလေးများ ကွင်းထဲသို့ စီတန်းပြီး ၀င်သွားချိန်တွင် မျိုးဝင်းသည် အခြောက်တိုက်ထအော်လေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ပါသည်။ တစ်ဖက်အသင်းမှ တရုတ်ကပြား မိန်းကလေးနှစ် ဦးသည် သွက်လက်လှသည်။ မအေးငြိမ်းတို့တစ်တွေ အစွမ်းကုန် ကာကွယ်နေကြသည့်ကြားထဲမှ ဘောလုံးကို ခြင်းဆီသို့ ရောက်အောင်ဝင်အောင် ပစ်နိုင်ကြသည်။ တစ်ဖက်အသင်းမှအမှတ် ငါးမှတ်ရသည်အထိ မောင်မောင်တို့စက်မှု တက္ကသိုလ်အသင်းသည် လုံးဝ အမှတ်မရသေးချေ။
မောင်မောင့်ဘေးမှ မျိုးဝင်းနှင့် အေးလွင်တို့သည် ခုန်ကာပေါက်ကာနှင့် အသံကုန်အားပေးနေသည်။ တစ်ဖက်သင်းမှဘောလုံးသွင်းတိုင်း သြဘာသံညံနေသည်ကို မခံချင်သလိုရှိသမျှအသံကို အကုန်ဟစ်ကာ အော်ကြသည်။ စက်မှု တက္ကသိုလ်အသင်းမှ ပထမဦးဆုံး ဘောလုံးသွင်းပြီး အမှတ်ရချိန်တွင် မူ နှစ် ဦးသားထခုန်ြ ကတော့သည်။
“ဒေစီကွ အေးငြိမ်းကွ ဘဲဥကွဲပြီညီမတို့ရေ၊ ချိုထားတဲ့ပညာတွေ ကို ပြလိုက်စမ်း”
မျိုးဝင်းသည် ကျောင်းစိတ် ကျောင်းစွဲကြီးလှသည်။ ခါတိုင်းသူမျက်လုံးကျွတ်မတတ် လိုက်ကြည့်လေ့ရှိသော ၀ိဇ္ဇာသိပ္ပံမှကျောင်းသူချောချောလှလှလေးများ ကိုပင် ငဲ့မကြည့်အားချေ၊ သူ့အသံကျယ်လွန်း၍ မသိမသာထိုးကြသော မျက်စောင်းလှလှများ ကိုလည်း ဂရုမပြုအားလောက်အောင် ငမ်းစိတ်တွေ ပျောက်နေလေသည်။
“ညီမတို့ရေ သိပ်ချိုမထားနဲ့တော့ ချိုထားတာတွေ ထုတ်ပြီးအစွမ်းပြလိုက်စမ်း”
ရှုံးသည်ကိုပင် ရှုံးသည်ဟု ၀န်မခံ၊ တမင် လျှော့ပေးထားသလိုလို လေကျယ်နေသော မျိုးဝင်း၏ အသံကြောင့် ၀ိဇ္ဇာသိပ္ပံကျောင်းသူကျောင်းသားများ မခံချင် ဖြစ်ကြရသည်။ မောင်မောင်ကမူ မျိုးဝင်းလောက် ကျောင်းစွဲမကြီးသော ကြောင့် ထင်သည်။ သူတို့လောက် အာကျယ်ပါကျယ် မအော်ဟစ်မိချေ။ အေးလွင်လောက်လည်း လက်သီးလက်မောင်းမတန်းမိချေ။
“အိမ်သာဆောက်တတ်တယ်ဟေ့ ဟေးဟေး၊ ချေးပိုက်ပြင်တတ်တယ် ဟားဟား၊ အိမ်သာဆောက်တတ်တယ်”
မခံချင် ဖြစ်လာဟန်တူသော ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ကျောင်းသားတစ်စုသည် မောင်မောင်တို့ဘက်ကို လက်ညှိုးထိုးပြီး ကရော်တိုက် ကြလေသည်။ စက်မှု တက္ကသိုလ်ဟူသည်မှာ ဆောက်လုပ်ရေး ပြင်ဆင်ရေး တည်ဆောက်ရေး စသည်များ ကို ဆည်းပူးရသူများ မို့ သူတို့စကားသည် ထိလှမိလှချေသည်။
“ဟာ အီတယ်ဟေ့”
အေးလွင်သည် မျက်လုံးကြီးပြူးရင်း မတိုးမကျယ် အော်လိုက်လေသည်။ မောင်မောင်တို့တစ်တွေ လည်း ကစားကွင်းထဲမှလှုပ်ရှားမှု များ ကိုပင် အာရုံစူးစိုက်မှု ပြတ်ပြီး လှုပ်လှုပ်ရွရွ ဖြစ်သွားကြလေသည်။ တစ်စုံတစ်ခုပြန်လည်ချေပချင်သော်လည်း ဘာပြောရမည် မှန်းမသိဘဲကြောင်အအ ဖြစ်နေကြသည်။ ထိုစဉ်တွင် မျိုးဝင်းသည် နေရာမှဖြိန်းခနဲထလိုက်ပြီး လက်ညှိုးကလေးကွေးလိုက်ဆန့်လိုက်နှင့် အသံနေအသံထားကျကျ အော်လိုက်သည်။
“အိမ်သာဆောက်ဖို့ လူလိုတယ်၊ဘီအေတွေ ကို ငှားနိုင်တယ်၊ချေးပိုက်ပြင်ဖို့ လူလိုတယ်၊ဘီအက်စီတွေ လာခဲ့လာခဲ့”
တစ်ကွင်းလုံး ၀ါးခနဲ ဖြစ်သွားကြသည်။ ဖြတ်ထိုးဉဏ်ရွှင်လှသော သူကောင်းသား မျိုးဝင်းကြောင့် မောင်မောင်တို့အားလုံး ရွှင်ပြုံးပြီးကြွစောင်းစောင်း ဖြစ်သွားကြသည်။
“အောင်မယ် အောင်မယ် ကြီးကျယ်လိုက်တာ”
မောင်မောင်တို့ နောက်ဘက်တန်းမှ မခံနိုင်မရပ်နိုင် ပြောလိုက်သော အသံကို ကြားရသည်။ မောင်မောင်သည် ဟက်ဟက်ပက်ပက်ရယ်နေရာမှ လှည့်ကြည့်လိုက်မိလေသည်။
မောင်မောင့်ကို စူးစူးရဲရဲစိုက်ကြည့်နေသော မျက်လုံး လက်လက် ကလေးတစ်စုံကို တွေ့ ရသည်။ ၀င်းဝင်းဝါသော အသားလေးမှာ မခံချင် စိတ်ကြောင့် နီတွေးတွေးအရောင် ပင် သန်းနေသည်။ ခေါင်းကိုဆတ်ခနဲလှည့်လိုက်သော အခါ ကုပ်ပေါ်တွင် ၀ဲနေသော ဆံပင်ကလေးများ သည် ဖွားခနဲ ဝေ့ပြီးခါသွားသည်။
“ကြားလား ကြွေ ကြားရဲ့ လား၊ အင်မတန်ကြီးကျယ်တယ်”
မဒေါသကလေးလှည့်ပြောလိုက်သော မိန်းကလေးသည် ညင်ညင်သာသာလေး ခေါင်းညိတ်ပြလေသည်။ ဆံတိုမလေးများ ကြားထဲတွင် တစ်ပတ်လျှိုထုံးထားသော သူ့အသွင်သည် အေးချမ်းငြိမ်သက်လှသည်။ ဘာပန်းမှန်းတော့မသိ လွလွလေးဖြူသော ပန်းတစ်ပွင့်ကို ဆံထုံးဘေးတွင် ကပ်၍ ပန်ထားသည်။ သူတို့ကိုသမင်လည်ပြန်လှည့်ကြည့်နေသော မောင်မောင့်ကိုလှမ်းကြည့်လိုက်သော မျက်ဝန်းညိုညိုလေးများ သည် အေးဆေးပြီး မာနရိပ် ကင်းစင်လှလေသည်။
မောင်မောင်သည် ဖျတ်ခနဲရှေ့ဘက်ပြန်လှည့်လိုက်သည်။ သို့ သော် သူ့အာရုံတွင် တစ်ပတ်လျှိုဆံထုံးနှင့် ပန်းဖြူဖြူလေးသည် ကပ်ငြိပါလာသည်။
သြော် သူ့နာမည် က ကြွေတဲ့။
“ကြွေရုပ်လေးလိုလှလို့ ““ကြွေ”” လို့ခေါ်တာလား၊ ကြွေပန်းလေးနဲ့တူလို့““ကြွေ”” လို့ခေါ်တာလား”
အေးသွယ်သည် မျက်စလေးချီကာမေးရင်း ကြွေ့ကို ခပ်ငေးငေးလေး ကြည့်နေသည်။ ကြွေ့ အသားဖွေးဖွေးများ သည်ထိလျှင် ကြွေကျခမန်း နုနယ်လှသည်ကား အမှန်ပင်။ ကြွေ့အသားက ဖြူသော ကြောင့် နဖူးပြင်ပေါ်တွင် ဝေ့၀ဲကျနေသော ဆံပင်နွယ်များ သည် ပိုပြီးနက်သွားသယောင် ရှိသည်။
“ကြွေ မသိပါဘူး အေးသွယ်ရယ်၊ ကြွေ လူမှန်းသိစကတည်းကကြွေ့ကို ကြွေလို့ခေါ်ကြတာပဲ၊ ကြွေ့မေမေနဲ့ဖေဖေ ကတော့ ကြွေရုပ်မလို့ တစ်ခါတလေခေါ်တယ်၊ နောက် ““ကြွေ”” ကြီးလာတော့လည်း အားလုံးက ကြွေလို့ခေါ်ကြတာပဲ၊ ကြွေ ကတော့ ကိုယ့်နာမည် ကို ကိုယ်မကြိုက်ပါဘူး၊ ကြွေ ဆိုတဲ့နာမည် ကို ကြွေမကြိုက်ပါဘူး အေးသွယ်ရယ်”
“ဘာ ဖြစ်လို့”
အေးသွယ်သည် တအံ့တသြ မေးလိုက်မိသည်။ အမည် တူရှားသော ““ကြွေ”” ဟူသည့်အမည် ဆန်းဆန်းလေးကို အေးသွယ်နှစ်သက် မိသော ကြောင့် ဖြစ်သည်။
“အေးသွယ် ငယ်ငယ်က မြန်မာသဒ်္ဒါသင်ဖူးတယ် မဟုတ်လားဟင်”
“ဦးဖေမောင်တင် မြန်မာသဒ်္ဒါစာအုပ် ၀ါဝါလေးတွေ မဟုတ်လား၊ နာမ်တို့ နာမ၀ိသေသနတို့ ကြိယာတို့ အေးသွယ် အတော် ကျက်ခဲ့ရသေးတယ်၊ အဲဒါနဲ့ဘာဆိုင်လို့လဲ”
ကြွေသည် သဲ့သဲ့လေး ဩပံးလိုက်ပြီး မှန်ပြတင်းမှတစ်ဆင့်ကောင်းကင်ပြာကိုငေးမောကြည့်နေလေသည်။
“နာမ်အနေနဲ့ဆိုရင်တော့ ကြွေဆိုတာ ဖြူဖြူဖွေးဖွေး နုနယ်တဲ့အမျိုးအစား သတ္တုလေးမို့ ကောင်းတယ်ဆိုပါတော့၊ ကြိယာအနေနဲ့ဆိုရင်တော့ ကြွေဆိုတဲ့အဓိပ်္ပာယ်က မကောင်းဘူး အေးသွယ်ရဲ့ ”
“ဟာ ဒါ ကတော့ ကြွေက အနက်ကောက်လွန်းတာကိုး”
“စဉ်းစားကြည့်လေ၊ ကြွေကျတယ်၊ ကြွေလွင့်တယ် ကြွေ ကြွေ”
ကြွေသည် တိုးတိုးလေး ရေရွတ်နေသည်။ မှိုင်းမှိုင်းညိုသော မျက်လုံးညိုညိုလေးများ သည် စားပွဲပေါ်ရှိ စာအုပ်ကလေးများ ကိုငေးစိုက်ကြည့်နေသော်လည်း မြင်ဟန်မရှိချေ။ ထိတ်လန့်မှု ၊ စိုးရွံ့မှု ၊ ကြေကွဲမှု တို့ရောနှောလာသော မျက်ဝန်းလေးတွင် မျက်ရည်ကြည်များ မသိမသာလေး ရစ်ဝဲနေသည်။
“ကြွေ ကိုကြည့်ရတာ တစ်မျိုးပဲ၊ ဘာတစ်မျိုးမှန်းတော့ အေးသွယ် မသိဘူး၊ တစ်မျိုးတော့ တစ်မျိုးပဲ”
အေးသွယ်က အူကြောင်ကြောင် မှတ်ချက်ချသော အခါတွင် ကားကြွေသည် မည်းနက်စင်းရှည်သော မျက်တောင်များ ကို ဖျပ်ခနဲ ခတ်လိုက်ပြီး ယောင်ချာချာလေးပြုံးလိုက်လေသည်။
“ဟုတ်တယ် ကြွေက တစ်မျိုးပဲ”
ဝန်ခံသလိုပြောသော ကြွေ့မျက်နှာလေးသည် မသိမသာ ညှိုးနေသည်။ စာအုပ်များ ကို ကောက်သိမ်းပြီး အဆောင်သို့ ပြန်လာသည်အထိ နောက်ထပ်စကားမဆက်ြ ကတော့ဘဲ ငြိမ်နေမိကြသည်။ မကြာခဏ ညှိုးရော်သွားတတ်သော ကြွေ၏ မျက်လုံးလေးများ နောက်ကွယ်တွင် အေးသွယ်မသိသေးသော စိတ်ဝင်စားဖွယ်ဇာတ်လမ်းလေးများ ရှိခဲ့လိမ့်မည် ဟု အေးသွယ်တွေးနေမိလေသည်။ အခန်းဖော်ချင်း၊ အဓိကဘာသာ တူသူချင်းမို့ ငြိမ်သက်အေးဆေးသော ““ကြွေ””ဟူသော မိန်းကလေးနှင့် ခင်မင်ခဲ့ကြသော်လည်း ကြွေ့ အကြောင်းကိုကား အေးသွယ်အသေအချာ မသိသေးချေ။
အေးသွယ် သိသည်ကား တစ်ခုတည်းသာ။
ကြွေ့ နာမည် က ကြွေ။
နောက်ပြီး ဖွေးဖွေးဖြူသော စကားပန်းလေးကို နှစ် နှစ်သက် သက် ပန်ဆင်တတ်သည်။
ဒါအပြင် အေးသွယ် ပိုမသိ၊သြော် တစ်ခုတော့ ပိုသည်။
ကြွေ့ အဆင်အပြင် အမူအရာက မြင်ရသူ ရင်အေးဖွယ် ဖြစ်သော်လည်း ကြွေ့ ရင်ထဲတွင် ကား အေးမနေကြောင်းကိုတော့ အေးသွယ် သိသည်ထင်သည်။
မည် သို့ ပင်ဆိုစေ၊ စကားကို တိုးတိုးလေးပြောတတ်ပြီး သဲ့သဲ့လေးပြုံးတတ်သော ကြွေ့ကို အေးသွယ် ခင်မင်သည်ကား အမှန်ပင်။ကြွေနှင့် အတူ လမ်းလျှောက်သွားလျှင် သနပ်ခါးနံ့ သင်းသင်းကို သာမက လေသင့်လျှင် ပျံ့ပျံ့လေးမွှေးသော စကားပန်းနံ့ကိုပါရှူရှိုက်ရသည်ကို အေးသွယ်နှစ်သက် မိသည်ကိုလည်း မငြင်းနိုင်။သို့ သော် အေးသွယ်၏ ရင်ထဲတွင် မကြာခဏ တီးတိုး မှတ်ချက်ချမိသည်။
““ကြွေ့ကိုကြည့်ရတာ တစ်မျိုးလေးပဲ””
“တစ်မျိုးပဲဗျ၊ ရန်ကုန်ဆောင်း အေးပုံက တစ်မျိုးလေးပဲ။ အေးအေးစိမ့်စိမ့်နေပေမယ့် အရိုးခိုက်အောင် မချမ်းဘူး၊ အနွေးဓာတ်ကလေးကမပြယ့်တပြယ် ကျန်နေတယ်”
“အောင်မယ်လေး ကိုကြီးအောင်ရာ ခင်ဗျားက တောင်ပေါ်မြိ့ကလာပြီး အနွေးဓာတ်လေး မပြယ့်တပြယ်လုပ်မနေစမ်းပါနဲ့ ကျွန်တော် တော့ ချမ်းတာပဲ”
မောင်မောင်သည် ရေချိုးခန်းထဲမှ ခုန်ပေါက်ထွက်လာရင်း အသံတုန်တုန်နှင့် ပြောသည်။ ပါးစပ်ကိုဟ၍ ဟားခနဲ လုပ်လိုက်သော အခါအငွေ့များ ထွက်လာသည်။ ဆပ်ပြာမွှေးနံ့နှင့် အတူ ရေငွေ့လေး များ ပါဝဲပြီးပါလာဟန်ရှိသည်။
“ချမ်းရင် ဘာလို့ စောစောစီးစီး ရေချိုးတုံးကွ”
“အာဗျာ ကျောင်းက မနက် ရှစ်နာရီ ကျောင်းတက်တာ ဒီအချိန်ရေမချိုးလို့ ဘယ်အချိန် ချိုးရမှာ လဲ”
“အောင်မယ်လေး ငါ့လူရယ် ရေမချိုးလို့ သေတဲ့လူ မရှိပါဘူး၊ဟား ဟား ဟား ရေချိုးမှားလို့ သေတဲ့ မသာတွေ တော့ တန်းကိုစီလို့”ကိုမြအောင်သည် စောစောစီးစီး ရေချိုးပြီး ခိုက်ခိုက်တုန်နေသော မောင်မောင့်ကိုကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်နေသည်။
မောင်မောင်သည် ကိုယ်ကို မျက်နှာသုတ်ပ၀ါနှင့် ခပ်ကြမ်းကြမ်း ပွတ်တိုက်ရင်း မှန်တရုတ်ကပ်ကလေးကို ဖွင့်လိုက်သည်။ အေးမြသော လေသည် နှင်းမှု န်များ နှင့် အတူ ခပ်လောလောကလေး ပြေးဝင်လာသည်။
မောင်မောင် နေသော ယောက်ျားလေးအဆောင်မှ တန်းမြင်နေရသော စက်မှု တက္ကသိုလ် မိန်းကလေးဆောင်ကိုပင် မမြင်ရတော့လောက်အောင်မြူနှင်းများ က သိပ်သိပ်သည်းသည်း ကျနေသည်။ ဘောလုံးကွင်းကြီးတစ်ကွင်းလုံးလည်း နှင်းမှု န်များ နှင့် ပိတ်ဆိုင်းနေသည်။ ဘောလုံးကွင်းအစပ်ရှိ စက်မှု တက်္ကသိုလ်ဆေးရုံကလေးကိုကား နှင်းများ အောက်တွင် ရေး ရေး လေး တွေ့ နိုင်သေးသည်။ ဆေးရုံရှေ့ရှိ ပျဉ်းမပင်ပျိုလေး သုံးပင်သည် နှင်းများ နှင့် စိုရွှဲကာ ငြိမ်ငြိမ်သက်သက်ကလေး ရပ်နေကြသည်။
“ကိုကြီးအောင် ခင်ဗျား လက်ဖက်ရည် မသောက်ဘူးလား၊ ဒီနေ့ထမင်းကြော်ကျွေးမယ် ထင်တယ်ဗျ”
“သောက်တာပေါ့”
ကိုမြအောင်သည် အိပ်ရာမှ ပျင်းတိပျင်းတွဲ ထလိုက်ရင်း စားပွဲပေါ်ရှိ သွားတိုက် သွားပွတ်တံကို လှမ်းယူလိုက်သည်။ ကိုမြအောင်ရေချိုးခန်းဝင်လျှင် တ၀ုန်းဝုန်း ရေချိုးသံကိုကြားခဲလှသည်။ ရေချိုးမှားမည် ကို သေမလောက်ကြောက်သော သူ ဖြစ်သဖြင့် မျက်နှာသစ်ပြီး ပြန်ထွက်လာမည် သာ ဖြစ်၏ ။
“ကိုကြီးအောင် ခင်ဗျား သိပ်ညစ်ပတ်တယ်”
“အို ညစ်ပတ်လို့ သေတဲ့မသာ မရှိဘူး”
“နံတာပေါ့ဗျ”
“အိုကွာ မင်းကောင်မလေးတွေ က ငါ့ကျောက ချေးနံ့ကိုလိုက်မရှူနိုင်ပါဘူး”
ဟုတ်တော့လည်းဟုတ်သည်ပင်။ ကိုမြအောင် အ၀တ်အစားလဲပြီး ထွက်လာချိန်တွင် မူ သန့်ရှင်းသပ်ရပ်နေသည်။ လူကိုသာမလျှော်သော်လည်း အ၀တ်မှန်မှန်လျှော်သူမို့ သူ့ကျောတွင် တင်နေသော ချေးနံ့ကို မည် သူမျှရမည် မဟုတ်ချေ။
အဆောင်အပြင်ရောက်ပြီး လမ်းမသို့ ထွက်မိသော အခါ စိမ့်စိမ့်အေးသော နှင်းငွေ့နှင်းမှု န်များ က ဆီးကြိုက်ပက်ဖျန်းလိုက်သည်။ လူနေကျဲပါးသော ကြို့ကုန်းဘက်တွင် ရောက်နေ၍ လားတော့မသိ။ ရန်ကုန်မြို့ထဲထက် ပိုပြီး နှင်းများ သိပ်သိပ်သည်းသည်း ကျလေ့ရှိသည်ကို မောင်မောင် သတိပြုမိသည်။
“ကိုကြီးအောင် တနင်္ဂနွေနေ့ကျရင် ကျွန်တော် နဲ့ မျိုးဝင်းနဲ့ဂျပ်ဆင်မျှော်စင်ကို ဓာတ်ပုံသွားရိုက်ကြမလို့ ခင်ဗျား လိုက်မလား”
“ဘာလုပ်ဖို့လဲကွ”
“ဟိုကောင် မျိုးဝင်း စာတမ်းတင်ဖို့တဲ့ဗျာ၊ ကိုလိုနီခေတ် ဗိသုကာ အဆောက်အအုံများ တဲ့၊ ကျွန်တော် က လိုက်ကူပေးရမှာ ၊ ပန္နက်ပုံတိုင်းရင် ပေကြိုးဆွဲရမှာ လူလိုတယ်”
“တော် ပါပြီမောင်ရာ အမေက မှာ လိုက်တယ်၊ မင်းတို့လို စာတမ်းတင်ခါနီး စစ်တမ်းတင်ခါနီး ဗိသုကာ ကျောင်းသားတွေ နဲ့ မပေါင်းနဲ့ ငါ့သားတဲ့ ပင်ပန်းတတ်တယ်တဲ့”
ကိုမြအောင်သည် အတည်ပေါက်ပြောရင်း ရယ်နေသည်။ထမင်းစားဆောင်ဆီသို့ ခပ်သုတ်သုတ်လာနေကြသော ကျောင်းသူတစ်စုကိုတွေ့ သော အခါ ချက်ချင်း မျက်နှာပိုးသတ်ပြီး ဣနြေ်္ဒဆည်လိုက်သည်။ကိုမြအောင်သည် အကြောင်းမသိတာလည်းမဟုတ်။ သူ့ကိုယ် သူ ဘုန်းကြီး သဖွယ် သိက်္ခာ တင်လှသည်။ မိန်းကလေးများ ကို ရှေ့တွင် မကြည့်ဘဲ အဆောင်ရောက်မှ မှန်ပြောင်းနှင့် ချောင်းကြည့်တတ်သော အကျင့်ကိုကား မောင်မောင် အတော် ချဉ်သည်။
“ခင်ဗျားဗျာ သိက္ခာတင်မနေစမ်းပါနဲ့၊ ခင်ဗျား ခေါင်းရင်းမှာ ကပ်ထားတဲ့ ဘားဒေါ့ပုံအကြောင်း ကောင်မလေးတွေ မသိဘူး ထင်လို့လား
“မင်း သွားပြောတယ်ပေါ့လေ”
“ကြံကြံဖန်ဖန်ဗျာ မပြောပါဘူး၊ မယုံရင် ခင်သီတာတို့ကိုမေးကြည့်လေ ငါ့ခေါင်းရင်းမှာ ဘားဒေါ့ပုံကပ်ထားတယ်လို့ မောင်မောင်ပြောသလားလို့ပေါ့”
“ခွေးသားလေး”
ကိုမြအောင်သည် အသံကိုအုပ်၍ ကျိတ်ဆဲလိုက်သည်။ မချိုမချဉ်ပြုံးနေသော မောင်မောင့်ကို မျက်လုံးကြီးပြူး၍ ကြည့်နေပြီးမှ ရှက်ကိုး ရှက်ကန်း ရယ်လိုက်သည်။
အခန်း (၂)
“ခွေးသားလေးတွေ ”
ကိုမြအောင်သည် ပေကြိုးကြီးကို တရှဲရှဲဆွဲသွားရင်း ပဉ္စမအကြိမ်မြောက် ကျူးရင့်လေသည်။ ဂျပ်ဆင်မျှော်စင်၏ ပန္နက်ပုံကို ပုံကြမ်းဆွဲရင်း အတိုင်းအတာမှတ်နေသော မျိုးဝင်းသည် မကြားချင်ယောင်ဆောင်ပြီး ပြုံးနေသည်။
“မင်းတို့နဲ့ပေါင်းရင် တစ်ခုခုတော့ လုပ်ပေးရတော့တာပဲ၊ ဟိုတစ်ခါတုန်းကလည်း ဟီးနိုးကားထိုင်ခုံထဲက ဆွဲထုတ်လာတဲ့ ရော်ဘာစတွေ နဲ့ သစ်ပင်လုပ်ပေးရတယ်၊ တစ်ခါလည်း သင်္ဘောဆေးတွေ ကတ်ပြားချပ်တွေ မှာ သုတ်လိုက်ရတာ ဖားဖားကိုလန်ရော၊ ခုတစ်ခါ မင်းပေကြိုးကြီးနဲ့တိုင်းရပြန်ပြီ၊ ခင်သီတာနဲ့ ပြောပေးဆိုတော့ ဘယ်ခွေးသားကမှ မလှုပ်ဘူး”
“ပြောပေးပါတယ် ကိုကြီးအောင်ရာ”
တဖျစ်တောက်တောက်နှင့် စိတ်တိုင်းမကျတိုင်း ဆဲဆိုတတ်သော်လည်း ကိုမြအောင်သည် မျိုးဝင်းနှင့် မောင်မောင်ကို ထာဝစဉ်ပင်အကူအညီပေးရလေ့ရှိသည်။ မျိုးဝင်း တစ်ယောက် စတုတ္ထနှစ် က စာမေးပွဲကျသော အခါကလည်း စိတ်မကောင်း ဖြစ်၍ မဆုံးနိုင်တော့ချေ။ ဗျစ်တောက်ဗျစ်တောက်နှင့် ဆူတတ်သော သူ့အကျင့်ကြောင့် မောင်မောင်ရော မျိုးဝင်းပါ ကိုမြအောင်နှင့် ပေါင်းရသင်းရသည်ကို ခပ်လန့်လန့်ရှိကြသည်။ သို့ သော် ကျောင်းပိတ်ရက် အိမ်ပြန်ပါက ရေချိုးပျင်းသော သူတို့၏ ကိုကြီးအောင်ကို တမ်းတမ်းတတ လွမ်းမိတတ်ကြသည်။
“လာကွာ မျှော်စင်ပေါ် တက်ကြည့်ရအောင်”
“ခဏကလေး ကိုကြီးအောင် ဒီ ဘုရားရှိခိုးကျောင်းထဲမှာ အလင်းရောင် ပေးပုံ ကောင်းလွန်းလို့”
“နောက်ကျမှ ကြည့်စမ်းပါ ငမျိုးရာ မျှော်စင်ပေါ် အရင်တက်ရအောင် ငါလည်း တစ်ခါမှ ဒီမျှော်စင်ပေါ် မရောက်ဖူးသေးဘူး”
ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ဟူသည်မှာ မောင်မောင်တို့တစ်တွေ ၏ နယ်မြေမဟုတ်ချေ၊ တက္ကသိုလ်အပန်းဖြေရိပ်သာနှင့် ယမ်းဘီလူးအအေးဆိုင်တို့ကို ကျွမ်းသင့်သလောက်ကျွမ်းသော်လည်း ဂျပ်ဆင်မျှော်စင်ပေါ်သို့ ကား တစ်ခေါက်မျှ မရောက်ဖူးသေးချေ။ ထာဝစဉ်ပိတ်ထားလေ့ရှိသဖြင့် တက်ချင်လျက်နှင့် လက်လျှော့ခဲ့ရသည်ကား အခါခါ၊ သူကောင်းသား မျိုးဝင်း စာတမ်းတင်ရန် အကြောင်းပြချက်နှင့် သော့ တောင်းခဲ့သော ကြောင့် သာ ခြေမချဖူးသော မျှော်စင်ထဲသို့ ရောက်လာကြခြင်း ဖြစ်သည်။
လူတစ်ကိုယ်စာ သံလှေကားကျဉ်းကျဉ်းလေးများ သည် အချို့နေရာများ ၌ ဆွေးနေသည်။ သံချေးများ တက်ခါ တချို့တစ်ဝက် ပျက်နေသော လှေကားထစ်ကလေးများ မှ ကွေ့ကာ ၀ိုက်ကာနှင့် အသည်းတယားယား တက်လာကြရသည်။
“အမေရေ အမေရေ ကြောက်တယ်ဗျ၊ လှေကားပြုတ်ကျရင် သေမှာ ဗျ ဟီး အမေ့သား ရည်းစားလေးတောင်မထားရသေးဘူး၊ ဗာလတည်းဟူသော ကိုမြအောင်ရဲ့ အလိုကိုလိုက်မိလို့ ဟီး ဟီး သေတွင်းနှုတ်ခမ်းဝမှာ လျှောက်နေရတာ ဗျ၊ ကြောက်တယ်ဗျ”
မျိုးဝင်းသည် ရှေ့ဆုံးမှတက်နေရင်း ပြောင်ချော်ချော်နှင့် ပေါက်ကရ အော်နေလေသည်။ ရေချိုးရမှာ ပျင်းသကဲ့သို့ အမြင့်တက်ရမှာ ကြောက်သော ကိုမြအောင်သည် သတိလက်လွတ်မည် ကြောက်၍ မျိုးဝင်းကိုပင် မဆွဲအားရှာချေ။ မောင်မောင်တို့ကျောင်းက ရေစင်ကြီးအပေါ်ကိုပင် တစ်ခါမှမတက်ခဲ့သော ကိုမြအောင်သည် ဂျပ်ဆင်မျှော်စင်ကျမှရောက်ဖူးလိုဇောနှင့် အရဲစွန့်ပြီး တက်ခြင်း ဖြစ်သည်။ မောင်မောင်နှင့် မျိုးဝင်းသည် ထစ်ကျော်နင်းပြီး ခပ်ပေါ့ပေါ့တက်သွားကြသော်လည်းကိုမြအောင်ခမျာ ကြောက်ဇောနှင့် တုန်ချည့်ချည့် ဖြစ်နေရှာသည်။
“ဟား ကောင်းတယ်ဟေ့ ဟေး ဟေး”
မျှော်စင်ထိပ်ရောက်၍ တံခါးလေးကို တွန်းဖွင့်လိုက်သော အခါသန့်ရှင်းအေးမြသော လေက ဆီးကြိုပြီးပက်ဖျန်းလိုက်သည်။ ထိုအခါမှကိုမြအောင် တစ်ယောက် လည်း အမောပြေသွားသလို အားရပါးရ ပြုံးနိုင်တော့လေသည်။
“ကြည့်စမ်း သစ်တိုပင်ကြီး ငါတို့အောက်ကိုရောက်သွားပြီ”ဂျပ်ဆင် မျှော်စင်နှင့် အတူ ပြိုင်တက်နေသော သစ်တိုပင် စိမ်းစိမ်း အုပ်အုပ်ကြီးသည် ပုဝပ်ပြီးကျန်ခဲ့သည်။ မော့ကြည့်ခဲ့ရသော သစ်ပင်ကြီးကို အပေါ်ဘက်မှ စီးပြီး ကြည့်ရသော အခါ အမြင်တစ်မျိုး ဖြစ်သွားလေသည်။ တစ်ခုတည်းသော သစ်ပင် ဖြစ်သော်လည်း အုပ်ဆိုင်းဝေဆာပုံခြင်းပင် ကွဲပြားသွားသလိုလို၊ စည်ပင်မြင့်မားပုံခြင်းပင် မတူတော့သလိုလို ဇဝေဇ၀ါ ထင်မှတ်နေရသည်။
“ဟော ဟိုမှာ အင်းလျားကွ၊ အံမယ် ရွက်လှေ ဖြူဖြူလေးတွေ ရော ဟိုမှာ မှု န်တိမှု န်ဝါးရွေ့နေတာ လှေကလေးမဟုတ်လား မောင်မောင်မင်း ဒီနေ့ လှေလှော်မသွားတော့ဘူးလား”
မျိုးဝင်းသည် လက်ညှိုးတထိုးထိုးနှင့် ပြောရင်း မောင်မောင့်ကိုလှည့်မေးသည်။ တက္ကသိုလ်လှေလှော်အသင်းဝင် မောင်မောင် တစ်ယောက် လှေပြိုင်ပွဲအတွက် ကျင့်နေသည်ကို မျိုးဝင်း အမှတ်တရရှိသော ကြောင့် ဖြစ်၏ ။
ပြာလဲ့လဲ့အင်းလျားရေပြင်တွင် ခပ်ရိပ်ရိပ်ကလေး ပြေးနေသော လှေမည်းမည်းကလေးကို မျှော်ကြည့်ရင်း မောင်မောင်လည်းသွက်လက်လာသည်။ လှော်တက်များ ကို တက်ညီလက်ညီခတ်ပြီး ရေပြင်ပေါ်တွင် လေနှင့် အတူ လျှောတိုက်ပြေးရသော အရသာကို မောင်မောင်တို့ လှေသမားများ သာ နားလည်လိမ့်မည် ထင်ပါသည်။ ထို့ကြောင့် လည်း မျှော်စင်အောက်သို့ ရောက်လျှင် ရောက်ချင်း အင်းလျားဘက်သို့ ခြေဦးလှည့်မိလေသည်။
“အေးကွာ ငါလှေလှော်သင်းကို ဆက်သွားဦးမယ် လိုက်ကြဦးမလား”
“တော် ပါပြီမောင်ရာ”
မျိုးဝင်းနှင့် ကိုမြအောင်သည် ပုံဆွဲစာရွက်များ ပေကြိုးများ ကိုပိုက်ကာ လမ်းခွဲသွားကြသည်။ မောင်မောင်လည်း လမ်းချိုးလေးမှ ကွေ့ထွက်ခဲ့သည်။ သူငယ်ချင်းသုံးဦး ပြောကြဆိုကြရယ်မောကြနှင့် ဆူညံနေစဉ်က မသိသာလှချေ။ တစ်ဦးတည်းကျန်ခဲ့သော အခါမှ ရုတ်ချင်းတိတ်ဆိတ်ငြိမ်သက်သွားသော ၀န်းကျင်ကို သတိပြုမိသည်။ ဗွတ်ကလုံငှက် အော်သံလေးကိုသာ အဆက်မပြတ်ကြားနေရသည်။ တစ်ချက်တစ်ချက်တွင် ကား ရွှေဘိုဆောင်မှ ရေချိုးခန်းမင်းသားတို့ ကုန်းဟစ်လိုက်သော သီချင်းသံများ ဝေ့၀ဲလာသည်။
နှင်းရည်များ မပြယ့်တပြယ်လိမ်းကျံထားသော မြက်ပင်များ ပေါ်တွင် ပန်းပွင့်ဝါ၀ါလေးများ ကြွေနေသည်။ သင်းပျံ့ပျံ့ရနံ့လေးကပါလေတွင် ၀ဲလာ၍ အနံ့မွှေးသော ပန်းဟု မောင်မောင့်စိတ်ထဲတွင် မှတ်ယူမိသည်။ ဂျပ်ဆင်အဆောက်အအုံမှအထွက် ဘွဲ့နှင်းသဘင်အဆောက်အအုံကိုဖြတ်ပြီး အင်းလျားဘက်သွားရန် ရည်ရွယ်မိရင်း ဖြစ်သော်လည်းတစ်စုံတစ်ဦးကိုမြင်ရ၍ မောင်မောင့်ခြေလှမ်းများ တုံ့နှေးသွားရသည်။
““သူပဲပေါ့ သူ””
မြက်ခင်းပြင်အစပ် လမ်းမနှင့် ကပ်လျက်စိုက်ထားသော သစ်ချလိုက်မိသည်။ မိန်းကလေးတစ်ဦးကို ဣနြေ္ဒပျက်လောက်အောင်တငေးတမော ကြည့်နေမိသော ကိုယ့်ကိုယ်ကိုလည်း တီးတိုးကျိန်ဆဲမိလေသည်။
ခေတ္တခဏမျှ ကြောင်အောင် ရပ်နေမိကြသော်လည်း မိနစ်ပိုင်းအတွင်းတွင် သူတို့နှစ် ဦးသား တစ်ဦးကိုတစ်ဦး ဂရုမမူမိသလို ကျောခိုင်းလျှောက်ခဲ့ကြသည်။ မြေပေါ်တွင် ကြွေနေသော ပန်းလေးတစ်ပွင့်ကိုကားမောင်မောင် မသိမသာ ကောက်ယူမိခဲ့လေသည်။
လှေလှော်အသင်းတွင် တွေ့ သော ခင်သီတာအား ကောက်ယူခဲ့သော ပန်းလေးကိုပြမိသည်။ တဆက်တည်းပင် ဘာပန်းလဲဟုမေးသော အခါ ခင်သီတာသည် မောင်မောင့်ကို မျက်မှော င်လေးတွန့်၍ ကြည့်သည်။ ထို့နောက် ပြုံးရယ်ရင်း ပြောလေသည်။
“အမယ်လေး မောင်မောင်ရယ် ဒါတောင် မသိဘူးလား၊ အကျော်ပွင့်လေ စကားပန်းလို့လည်း ခေါ်တယ် စကားပန်းပေါ့၊ အဲဒါ ဘာလုပ်ဖို့လဲ”
မောင်မောင်သည် ရေထဲတွင် ပြေးနေသော ငါးသလဲထိုး မွှားမွှားလေးများ ကို ငေးစိုက်ကြည့်ရင်း ပြုံးနေမိသည်။ ဘာလုပ်ဖို့လဲဟုမေးနေသော ခင်သီတာကို ဘာမှပြန်မဖြေမိချေ။ ဘာဖြေရမည် မှန်းလည်း မသိချေ။
“အို မေးနေတာလည်း မဖြေဘူး၊ ရူးများ နေသလား မသိဘူး”“အင်း ရူးများ ရူးလားမသိ”
ခင်သီတာသည် မကျေနပ်သလို နှုတ်ခမ်းကိုမဲ့ရင်းပြောသော အခါတွင် ကား မောင်မောင်သည် ပြက်ချော်ချော်ပြောရင်း ဟက်ဟက်ပက်ပက် ရယ်လိုက်မိလေသည်။
“ကြွေရယ်၊ ကြွေကလည်း သွေးကြောင်လိုက်တာ လွန်ရော သတိထားစမ်းပါဦး၊ ဒီလောက်သွေးကလေးများ အေးသွယ်တော့ မကြောက်ပါဘူး၊အေးသွယ်ကိုယ်ထဲမှာ သွေးတွေ အများ ကြီးကျန်သေးတယ်”
နီရဲသော သွေးစက်သည် စာရွက်ဖြူဖြူလေးပေါ်သို့ ပေါက်ခနဲခုန်ဆင်းလာသည်။ အေးသွယ်သည် ဓားရှထားသော လက်ညှိုးလေးကိုဖိညှစ်ပြီး ခါချနေသည်။ နေ့လယ်ခင်း နေပူချိန်မို့လားတော့ မသိရချေ။သွေးများ သည် အတောမသတ်အောင် တစ်စက်စက် ကျနေလေသည်။
ဇွတ်တိ ဇွတ်ထိုးနှင့် သတ်္တိကောင်းသော အေးသွယ်သည် အပြုံးပင်မပျက်သော်လည်း ဘေးတွင် ကြည့်နေသော ကြွေ့မျက်နှာလေးသည် ဖြူရော်လာလေသည်။ အေးသွယ် အနာကို ဆေးထည့်ရန် ဂွမ်းစငယ်ကို အရက်ပြန်ဆွတ်ပေးသော်လည်း သွေးစက်နီနီများ ကိုမကြည့်ဘဲ မျက်နှာလွှဲထားသည်။
အေးသွယ်သည် အနာပေါ်တွင် အရက်ပြန်ဖိအုပ်လိုက်ရင်းတရှူးရှူး တရှဲရှဲအော်နေသည်။ လက်တစ်ဖက်က အငြိမ်မနေဘဲ စာရွက်ဖြူဖြူပေါ်ရှိ သွေးစက်လေးများ ကို ဆက်ဆွဲပြီး အသဲပုံဖော်နေသည်။
“ကြွေရေ ကြည့်စမ်း သွေးရဲ့ အသည်းလေ၊ ဟော ချစ်သွေးတွေ က တစ်စက်စက်ကျလို့”
ကြွေသည် ပိတ်စဖြူဖြူလေးကို ကတ်ကြေးနှင့် ညီညီညာညာပင် တစ်ပင်၏ ခြေရင်းတွင် သူ့ကိုတွေ့ ရသည်။ မြက်ခင်းပြင်သည် မြနှစ် ရောင် ပြေးပြီး စိမ်းညိုနေသည်။ မြက်ခင်းစိမ်းစိမ်းပေါ်တွင် ကြွေနေသော ပန်းပွင့်ဖြူဖြူလေးများ သည် ဆေးနှင့် ရေး ခြယ်ထားသလို ကြွနေသည်။ထိုပန်းပွင့်လေးများ ကို ဒူးကလေးထောက်၍ ကောက်ယူနေသူကား “ကြွေ”ဟူသည့် မိန်းကလေး။
အင်္ကျီဖြူဖြူနှင့် ပန်းရောင် ဖျော့ဖျော့ လုံချည်ကိုဝတ်ထားသော သူ့အသွင်သည် ရိပ်ရိပ်မှိန်မှိန်လေး ဖြစ်နေသည်။ ခေါင်းလျှော်ထားရော့သလားမသိ မည်းနက်ဖားလျားသော ဆံပင်များ ကို ဖြန့်ချထားသဖြင့် လေပြည်ထဲတွင် လွန့်လူးနေသည်။ တိတ်ဆိတ်ငြိမ်သက်လှသော ၀န်းကျင်တွင် ဆံကေသာ ဖားဖားဝေေ၀ လွန့်လူးနေသော မိန်းမပျိုလေးပန်းကောက်နေပုံသည် အိပ်မက်ဆန်လှသည်။
ခေါင်းတွင် အသာအယာထိုးစိုက်ပန်ဆင်လိုက်သော ပန်းပွင့်ဖြူဖြူလေးကို မောင်မောင်သည်အမှတ်မထင် ငေးကြည့်နေမိသည်။ နက်မှော င်သော ဆံပင်သည် ပန်းအဖြူကြောင့် ပိုပြီးနက်သွားသည်။ ပန်းပွင့်ဖြူဖြူသည်လည်း နောက်ခံဆံပင်အမည်းကြောင့် ဖွေးနုသွားလေသည်။ မောင်မောင့်ကို သတိမမူမိညှပ်လိုက်ပြီး အေးသွယ်၏ လက်ညှိုးကို လုံလုံစည်းပေးသည်။ ဓားရှပြီးအသားဟက်တက်ကွဲသော အနာဆိုလျှင် ဘာဆေးမျှထည့်ရန် မလိုချေ။ဖုံမ၀င်အောင်၊ ပိုးမ၀င်အောင် လုံလုံလဲလဲစည်းနှောင်ဖုံးအုပ်ထားနိုင်ပါကသူ့အလိုလို ကျက်ပြီးအသားစေ့သွားသည်သာ ဖြစ်၍ အေးသွယ်ကလည်း သိပ်ပြီး အရေး မစိုက်ချေ။
မိုးပျံအောင် ဆော့သော အေးသွယ်ခမြာ တစ်ကိုယ်လုံးရှိ အမာရွတ်ကလေးများ ကို လိုက်၍ ပင် ရေတွက်နိုင်မည် မထင်။ သံဆူးကြိုးငြိသော အမာရွတ်၊ ရေနွေးပူလောင်သော အမာရွတ်၊ ခွေးကိုက်သော အမာရွတ်၊ ဆူးခြစ်သော အမာရွတ်၊ ပုလင်း ကွဲရှသော အမာရွတ် စသည်ဖြင့် အမာရွတ်ပေါင်းစုံကို တစ်ဦးတည်း ထိန်းသိမ်းထားသော အေးသွယ်ခမျာ ခဲတံချွန်ရင်း မုတ်ဆိတ်ရိတ်ဓား ရှတာလောက်ကို အရေး ပင် မစိုက်ချင်ပေ။
သို့ သော် ခက်သည်က ကြွေ ဖြစ်သည်။ ဓားရှတာလေးလောက်ကိုပင် မျက်နှာပျက်သည်။ သွေးနီနီကိုပင် မကြည့်ရဲသလို မျက် နှာလွှဲသည်။ ကြွေ ငယ်ငယ်က လုံးဝထိခိုက်အနာတရ မ ဖြစ်ဖူးလောက်အောင်ပင် နုနုနယ်နယ် နေခဲ့ရော့သလား မသိရပေ။
“ကြွေ ငယ်ငယ်က မဆော့ဘူးလား”
“ကြွေလား ဆော့တာပေါ့”
“တစ်ခါမှ အနာမ ဖြစ်ဘူးလား”
“ ဖြစ်တာပေါ့ အေးသွယ်ရာ၊ ကြွေ ဆိုရင် သစ်ပင်ပေါ်ကလည်းလိမ့်ကျတာပဲ၊ လှေကားထစ်ပေါ်ကဆိုရင်လည်း ထစ်ကျော်ခုန်ဆင်းတာပဲ၊ တစ်ခါများ ကြွေ သရက်ပင် အမြင့်ကြီးပေါ်ကကိုချော်ကျတာ သေရော အောက်မေ့မိတာ”
“မသေဘူးလား”
“ဟင့်အင်း ကြွေ ကတော့ ဘာမှ မ ဖြစ်ပါဘူး”
အေးသွယ်သည် သူ့လက်မှအနာကို ခပ်ဖွဖွလေး ဆုပ်နယ်ရင်းကြွေ့မျက်နှာကို ဂရုတစိုက်ကြည့်နေမိသည်။ လေသံအေးအေးနှင့် တိုးတိုးလေးပြောနေသော ကြွေ့အသံသည် မသိမသာလေးအဖျားခတ်ပြီးတုန်ယင်သွားသည်။ အေးသွယ်ကိုကြည့်နေရာမှ ရေတမာပင် ပုပုလေးများ ကိုလွှဲပြီး ငေးနေသော ကြွေ့မျက်လုံးညိုညိုလေးများ သည် မှု န်မှိုင်းနေလေသည်။
“ကြွေက ဘာမှမ ဖြစ်ဘူး ဟုတ်လား၊ ဘယ်သူက ဘာ ဖြစ်လို့လဲဟင်”
“ကိုလေး လေ ကိုလေးပေါ့၊ ကြွေ လိမ့်ကျတာမြင်လို့ သစ်ပင်အောက်ကို အတင်းပြေးလာပြီး ဆီးဖမ်းတာ”
“ကိုလေး သူဘာ ဖြစ်သွားလို့လဲ”
“ခြေသလုံးပွတ်တိုင် လည်သွားတာပေါ့”
“သြော် ကြွေ့မှာ အစ်ကို ရှိတာကိုး၊ အေးသွယ်ကို တစ်ခါမှတောင်မပြောပြဘူး”
အေးသွယ်သည် မသိမသာလေး အေးနေသော ကြွေ့လက် ဖ၀ါးကို ခပ်ညှစ်ညှစ်လေးဆုပ်နယ်လိုက်ပြီး ပြောလိုက်သည်။ ကြွေသည်အေးသွယ်ကို ခပ်ငေးငေးကြည့်နေပြီးမှ ငိုမဲ့မဲ့လေးပြုံးလိုက်လေသည်။
“ကြွေ့ အစ်ကိုက ကြွေ့ကို မခေါ်တော့ဘူး အေးသွယ်ရဲ့ ၊ သူ့အပေါ်မှာ ကြွေ အကြွေးတွေ အများ ကြီးတင်နေတယ်”
“ဘာရယ် ကြွေ၊ မောင်နှမချင်းများ အကြွေးတင်တယ် ဟုတ်လား”
မျက်လုံးလေး ၀ိုင်းဝိုင်းနှင့် တအံ့တသြပြောသော အေးသွယ်ကို ကြည့်ရင်း ကြွေသည် သက်ပြင်းတစ်ချက်ကို ရှိုက်လိုက်သည်။ထို့နောက် ဘာမှပြန်မဖြေဘဲ အေးသွယ် လက်ဆော့ထားသော စာရွက်ဖြူပေါ်ရှိ အသည်းပုံ နီနီရဲရဲကို ငေးစိုက်ကြည့်နေသည်။ ဖြူဖွေး ၀င်းဝါသော ကြွေ့အသားလေးများ သည် ဖြူရော်ပြီး သွေးဆုတ်သလို ဖြစ်နေသည်။
“မကြည့်နဲ့တော့ ကြွေရယ်၊ ကြွေ့ကိုကြည့်ရတာ သွေးကိုသိပ်ကြောက်သလိုပဲ”
အေးသွယ်သည် စာရွက်ကလေးကိုဆွဲယူပြီး လုံးချေပစ်လိုက်သည်။ အေးသွယ်ရင်ထဲတွင် ကြွေ့မျက်နှာထား ငိုမဲ့မဲ့လေးနှင့် ပတ်သက်၍ မရှင်းလင်းသော်လည်း ဆက်ပြီး မစပ်စုရက်တော့ချေ။ သူ့မေးခွန်းများ နှင့် စပ်လျဉ်းပြီး ကြွေငိုချလိုက်မည် ကို စိုးရိမ်နေမိသည်။
“လာကွာ ကြွေ ထ၊ အင်းလျားမှာ ဘူးသီးကြော်သွားစားမယ်၊ထကွာ ထ”
အေးစက်နေသော ကြွေ့လက်ကလေးများ ကို ဇွတ်အတင်း ဆွဲယူပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။ ဇွတ်တရွတ်ဆွဲခေါ်နေသော အေးသွယ်ကို ပြုံးမဲ့မဲ့လေးကြည့်ရင်း ကြွေသည် တိုးတိုးလေး ပြောသည်။
“ကြွေ့ကို မကြောက်တတ်အောင် သင်ပေးပါလား အေးသွယ်ရယ်
အခန်း (၃)
အေးသွယ်ရေ ထ ထ ကြည့်စမ်း နှင်းတွေ ကို ပိတ်လို့ ဖုံးလို့”ကြွေသည် အေးသွယ်ကို သာသာလေး လှုပ်နှိုးလိုက်သည်။အေးသွယ်သည် အိပ်ရာထဲတွင် ဘယ်ညာလူးရင်း မျက်လုံးကိုစုံမှိတ်ထားသည်။ အကြောအခြင်များ ဆိုင်းကာ ချမ်းစိမ့်နေလေသည်။
“အေးသွယ်ရာ ထ ပါကွာ၊ ထ ကြည့်စမ်းပါ”
တောင်းတောင်းပန်ပန်လေးပြောသော ကြွေ့အသံနွဲ့နွဲ့ကြောင့် အေးသွယ်ခမျာ အိပ်ရာထဲတွင် ဆက်ပြီး မကွေးနိုင်တော့ချေ။ ကြွေဆွဲခေါ်ရာ ပြတင်းဝသို့ ဆုတ်ကန်ကန် လျှောက်လာရင်း အပြင်ဘက်သို့ မျှော်ကြည့်မိလျက်သား ဖြစ်သွားရသည်။
“အေး ဟယ် နှင်းတွေ မှ အများ ကြီး”
မှိုင်းမှု န်ပြီး တဖွဲဖွဲနှင့် ရိပ်ရိပ်လေးကျနေသော နှင်းစက်နှင်းမှု န်လေးများ သည် သိပ်သည်းလှသည်။ ကြွေတို့၏ သီရိဆောင်ကြီး တစ်ဆောင်လုံးကို နှင်းထုကြီးက ၀ါးမျိုထားသလို အေးစိမ့်နေလေသည်။
“ဟာ ဟာ နှင်းတွေ မှအများ ကြီးရယ်၊ ဒီလိုဆို အန်တီအေးတို့ခြံမှာ ဆောင်တော် ကူးပန်းတွေ ပွင့်မှာ ပဲနော် နော် ကြွေရယ် သွားခူးကြရအောင်”
စံရိပ်ငြိမ်ရှိ အန်တီအေးတို့ခြံထဲမှ ပွင့်လုလု ဆောင်တော် ကူးအဖူးအငုံများ ကို မြင်ယောင်မိသော အခါ အေးသွယ်၏ အိပ်ရာကို ခင်သော စိတ်ကလေး ပျောက်သွားသည်။ ရုတ်ချင်းသွက်လက်လာပြီး အေးစိမ့်စိမ့်ရေနှင့် မျက်နှာကို ကမန်းကတန်းသစ်မိကြလေသည်။
အန်တီအေးသည် နှင်းဆီပင်များ ကို အချိန်ပြည့် ပြုစုယုယနေသော အပျိုကြီး ဖြစ်သည်။ စီးပွား ဖြစ်မဟုတ်ဘဲ ၀ါသနာပါ၍ စိုက်သည့်ပန်းချစ်သော အပျိုကြီးပေမို့ ကြွေတို့အေးသွယ်တို့လို ကျောင်းသူလေးများ နှင့် အလွမ်းသင့်လှသည်။ အဖြူ၊ အနီ၊ အ၀ါ၊ ခရမ်း ကြိုက်ရာပန်းများ ကို ဈေးချိုချိုနှင့် ၀ယ်ယူနိုင်သည့်အပြင် အလျဉ်းသင့်ပါက လက်ဖက်ရည်၊ ကော်ဖီများ ကိုပါ တိုက်လွှတ်တတ်သော သူမို့ အန်တီအေးဆိုပါကကြွေတို့အားလုံးသိကြ၊ ခင်မင်ကြသည်သာ ဖြစ်၏ ။
“ဟား အေးတယ်ဟေ့ အေးတယ်”
အဆောင်အပြင်သို့ အပြေးလေးထွက်လာသော ကြွေတို့ နှစ် ဦးကို နှင်းမှု န်များ က ခပ်သဲသဲလေးဆီးပြီး ပက်ဖျန်းလိုက်သည်။
“အေးသွယ်ရယ် အင်းလျားဘက်မှာ ဆို သိပ်ကောင်းမှာ ၊ တာရိုးကြီးပေါ်မှာ လျှောက်ရရင်လေ၊ ကြွေ တစ်ခါ မနက်အစောကြီး လျှောက်ဖူးတယ်၊ ပျံလွှားငှက်လေးတွေ ကလေ နှင်းတွေ သဲနေတော့ လူကိုမမြင်ဘူး၊ ပျံရင်းက ဖြုန်းခနဲဝင်တိုးတတ်ကြတယ်၊ ကြွေ့တစ်ကိုယ်လုံးလည်းနှင်းတွေ နဲ့ရွှဲလို့၊ ချမ်းလိုက်တာလည်း ခိုက်ခိုက်ကိုတုန်လို့၊ ဒါပေမဲ့သိပ်ပျော်စရာကောင်းတာပဲ သိလား၊ တံတားဖြူလေးပေါ်က တစ်ယောက် တည်း ပြေးဆင်းရတာ သိပ်ကောင်းတာ”
“ဟယ် ကြွေ မကြောက်ဘူးလား၊ အစောကြီးကို တစ်ယောက် တည်း”
“သိပ်အစောကြီး မဟုတ်ပါဘူး၊ အဆောင်ဖွင့်နေပြီပဲ၊ ဒါပေမယ့်နှင်းတွေ ကျလွန်းရင် အဲဒီ ဘက်မှာ လူပြတ်တယ်၊ အဲဒါကြောင့် နောက်ထပ်မသွားရဲတာပေါ့၊ ကြွေသာ မကြောက်ရင် နေ့တိုင်းသွားမှာ ပေါ့”
ကြွေသည် ရိပ်ရိပ်လေးကျနေသော နှင်းမှု န်လေးများ ကို မျက်နှာ မော့၍ ခံယူရင်း ပြောသည်။ ကြွေ့မျက်တောင်ရှည်ရှည်ကော့ကော့တွင် နှင်းစက်လေးများ သီးကာ တွဲ လဲခိုနေသည်။ အကြောစိမ်းလေးများ ယှက်နွယ်နေသော ကြွေ့ပါးပြင် ဖြူနုနုတွင် နှင်းရည်များ လိမ်းကျံနေလေသည်။ သနပ်ခါး၊ မိတ်ကပ်အခြယ်အသ လုံးဝမရှိသော်လည်း ကြွေ့မျက်နှာသည် ၀င်းဝင်းပပလေး လှနေသည်သာ ဖြစ်၏ ။
“ချမ်းတယ်ကွာ ကြွေရာ၊ လာ လာ သွက်သွက်လေး လျှောက်ကြရအောင်၊ ဆောင်တော် ကူးတွေ မပွင့်ရင်လည်း ဒုက္ခ”
“ကြွေတို့ဆီမှာ အဲဒီ ပန်းကို ကရမက်လို့ခေါ်တယ်”
“ဟုတ်ပါဘူး၊ ဆောင်တော် ကူးပါ”
“ကရမက်ပါ အေးသွယ်ရာ”
“ဆောင်တော် ကူး”
“ကရမက်”
“ဘာ ဖြစ်လို့ ကရမက်ရမှာ လဲ”
“မွှေးလို့ မွှေးလို့ ကရမက်နံ့မွှေးလို့၊ ကဲ ဆောင်တော် ကူးလို့ဘာလို့ခေါ်လဲ”
“အဲ ဟို ဟိုအရင်တုန်းက မင်းသားလေးနဲ့ မင်းသမီးလေးရဲ့ အဆောင်နှစ် ခုကြားမှာ သစ်ပင်ကြီးတစ်ပင်ရှိတယ်တဲ့၊ အဲဒီ သစ်ပင်ကနေပြီး မင်းသားလေးက ညတိုင်ကျရင် မင်းသမီးလေးဆီ သွားတတ်တယ်တဲ့။
အဲ အဲ အဲဒီ သစ်ပင်ပေါ်မှာ ပန်းပင်တစ်ပင်ကနွယ်ယှက်ပြီးတက်နေရော၊ ဟော အခုလိုဆောင်းလရောက်လည်းရောက်ရော ပန်းတွေ ကပွင့်လိုက်တာ ဖွေးလို့တဲ့လေ၊ မင်းသားလေးက အဆောင်ကူးရင်း သစ်ပင် ပေါ်က ပန်းတွေ ကိုခူးသွားပြီး မင်းသမီးလေးကို ချစ်လက်ဆောင်ပေးတယ်တဲ့၊ မင်းသမီးလေးကဘာပန်းလို့ခေါ်ပါသလဲမောင်မောင်လို့မေးတော့ မင်းသားလေးက နာမည် လည်းမသိ၊ ဒီတော့ကာ အဆောင်ကူးနေကျ သစ်ပင်ပေါ်ကခူးခဲ့တဲ့ပန်းမို့ ““ဆောင်တော် ကူးပန်းလို့ခေါ်တယ်မိမိငဲ့”” လို့ ဖြေလိုက်ရောတဲ့၊ အဲဒီ ကနေပြီး ဆောင်တော် ကူး ဆောင်တော် ကူး ကူး ဟား ဟား ဟား”
“တော် စမ်းပါ အေးသွယ်ရာ”
အညံ့မခံဘဲ ပေါက်ကရ တောကာ စကားနိုင်လုနေသော အေးသွယ်၏ စကားကိုနားထောင်ရင်း ကြွေသည် ရွှင်ရွှင်လန်းလန်းလေး ရယ်မောနေသည်။ အားရပါးရ ရယ်လိုက်သော အခါ ကြွေ့မေးဖျားလေးသည်မသိမသာ ခွက်ဝင်သွားပြီး ပါးလေးများ လည်းနီမြန်းလာသည်။
“အဟုတ်ပြောတာ ကြွေရ အေးသွယ်ကို ဖြီးတယ်ထင်လို့လား”
“ထားပါတော့ အေးသွယ်ရယ် ထားပါတော့ ဆောင်တော် ကူးပဲထားပါတော့ ဟော ပွင့်တယ် အေးသွယ်ရေ့ အနံ့ရတယ်မဟုတ်လား၊ပန်းတွေ ပွင့်တယ် ဟာ မွှေးလိုက်တာ”
ပန်းများ ကို မမြင်ရမီကပင်လျှင် လေထဲတွင် ဝေ့နေသော ရနံ့မွှေးမွှေးကို ရှူရှိုက်မိကြသည်။ ခြံဝတွင် ဆီးကြိုနေသော အန်တီအေးကိုပင် အသေအချာ မနှုတ်ဆက်နိုင်။ ကြွေတို့နှစ် ဦးသား ခြံနောက်ဘက်ရှိဆောင်တော် ကူးပင်ရှိရာသို့ အပြေးအလွှားသုတ်ခြေတင်ကြလေသည်။
“ဟား လှလိုက်တာ”
ဖွေးနုနေသော ပန်းပွင့် အဆုပ်အခိုင်များ သည် နှင်းမှု န်များ အောက်တွင် ယိမ်းညွတ်နေကြသည်။ ချိုသင်းသော ရနံ့သည် ၀န်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။ အေးသွယ်သည် ၀မ်းသာအားရအော်ဟစ်ရင်း တနွဲ့နွဲ့ယိမ်းနေသော ပန်းခက်ကြီးကို ခုန်ဆွဲလိုက်သည်။“ကြွေရေ ကြည့်စမ်း အေးသွယ်မလှဘူးလား”
ဖြူဖွေးနုရွနေသော ပန်းခိုင်ကြီးကိုရစ်ခွေပြီး သရဖူသဖွယ်ခေါင်းပေါ်တွင် ဆောင်းလိုက်ပြီး အေးသွယ်သည် ရွှင်ရွှင်မြူးမြူး အော်နေသည်။ လည်ကုပ်တွင် ၀ဲနေသော ဆံပင်လေးများ သည် နှင်းစိုသဖြင့် အချောင်းလိုက် ကပ်နေကြသည်။ ဆံပင်တိုတို မျက်လုံးဝိုင်းဝိုင်းလေးနှင့် ပန်းသရဖူဆောင်းထားသော အေးသွယ်သည် ကလေးလေးနှင့် တူနေလေသည်။
“လှတယ် အေးသွယ် သိပ်လှ”
ကြွေသည် အားရပါးရပြောရင်း ဖွေးနုနုပန်းခက်များ ကို ဖြစ်ကတတ်ဆန်းထုံးလာသော တစ်ပတ်လျှိုဆံထုံးတွင် ထိုးစိုက်ပန်ဆင်လိုက်သည်။ ကြွေ့တစ်ခေါင်းလုံး ပန်းများ နှင့် ဖုံးကာ ထပ်ပြီးမပန်ဆင်နိုင်သော အခါမှ ရပ်တော့သည်။
“ဟယ် ဥစ္စာစောင့်မလေးတွေ ”
ပန်းတွေ ဝေနေသော ကြွေနှင့် အေးသွယ်တို့ကိုကြည့်ပြီး အန်တီအေးသည် ဩပံးရယ်ရင်း မှတ်ချက်ချသည်။ ပန်းချစ်သော အပျိုကြီးသည်ပန်းများ ကို လောဘတကြီး ပန်ဆင်ထားသော မိန်းကလေး နှစ် ဦးကိုကြည့်ရင်း ကြည်ကြည်နူးနူးလေး ဖြစ်နေလေသည်။
“အေးသွယ်လေ ဆောင်းမှာ ပွင့်တဲ့ ဆောင်တော် ကူးပန်းကိုအချစ်ဆုံး အဩကိက်ဆုံး သိလား၊ ကြွေရော မဩကိက်ဘူးလား”
“ကြိုက်ပါတယ်၊ ဒါပေမဲ့ အကြိုက်ဆုံးတော့ မဟုတ်ဘူး”
“ကြွေက ဘာပန်းကို အကြိုက်ဆုံးမို့လဲ”
အေးသွယ်ကမေးသော အခါ ကြွေသည် ခပ်သဲ့သဲ့လေး ပြုံးလိုက်လေသည်။ ပျော်ရွှင်စွာ နှင့် အရောင် တောက်နေသော မျက်လုံး ညိုညို လေးများ သည် ရီဝေေ၀ ဖြစ်သွားလေသည်။ သင်းချိုနေသော ပန်းခိုင်များ ကို ရှိုက်နမ်းရင်း အမှတ်မထင်ပြောသည်။
“ကြွေအဩကိက်ဆုံးပန်း ကတော့ ဆယ့်နှစ် ရာသီပွင့်တဲ့ စကားပန်းလေ စကားပန်း
မာလာ အင်းလျား ပြေးလို့ဂေါ် ပမာဆိုသော် ရွာဆော်ကြီးခွေး”မျိုးဝင်းက မိန်းကို သွားရအောင်ကွာဟု အဖော်ညှိသော အခါမောင်မောင်သည် ဂျီဟောမှ စက်မှု တက်္ကသိုလ်ကျောင်းတော် သူတို့ ချိုးခဲ့သော စာပြောင်ကလေးကို သတိရမိလေသည်။ အချိန်ကလေးမရလိုက်နှင့် ရလိုက်လျှင် ကြို့ကုန်းကိုကျောခိုင်းပြီး ကမာရွတ်ဘက်ကို တန်းပြီးပြေးလေ့ရှိသော မောင်မောင်တို့ကျောင်းသားများ ကလည်း အ ဖြစ်သည်းသည်ဟု ဆိုရလေမည် လားမသိ၊ နံပါတ် ၈ ကားကို အပြန်ပြန် အလှန်လှန်စီးရင်း အစိုးရဘဏ္ဍာတော် တိုးအောင် အလုပ်အကျွေးဩပနေသည်ကား အမှန်ပင်။
“ငါတို့က တတ်အားသရွေ့ ကားစီးပြီး ကားခလေးနဲ့ အလုပ်အကျွေးပြုနေတာ၊ ငါတို့ကိုပြည်သူ့သားကောင်းဆုတောင်ပေးဖို့ ကောင်းသေး”
ကားခမပေးဘဲ ခိုးစီးလေ့ရှိသော မျိုးဝင်းသည် ဟိတ်နှင့် ဟန်နှင့် ကတ်သီးကတ်သတ်ပြောလေ့ရှိလေသည်။ ကိုကြီးအောင်ကမူ ဘာမျှမပြောဘဲ နှုတ်ခမ်းလေးမဲ့ကာ မအေးငြိမ်းတို့ကို အသားလွတ် ခွပ်သည်။
“ဟား ဟား မာလာ အင်းလျား ပြေးလို့ရှာ ဂျီဟောသူဟာ ပုံမလာလို့”
ဒီလိုပြောပြန်သော အခါ၌ မူ သနပ်ခါးဘဲကျားရိုက်ထားသော မအေးငြိမ်းတို့ မခံချင်ကြပေ။ သူတို့ မခံချင်ကြသော ကြောင့် စ သော သူတော့ မခံချင်စိတ် မခံချင်စိတ်နှင့် ဆံထုံးလှလှလေးများ ၊ ဆံပင်ပုံကျကျလေးများ နှင့် ဆင်မယဉ်သာကလေးများ ဖြစ်လာမည် လားဟု မောင်မောင်မြှော်လင့်မိသည်။ သို့ သော် ခြောက်နှစ် တိုင်ပြီး မောင်မောင်သာ နောက်ဆုံးနှစ် ကျောင်းသားကြီး ဖြစ်လသည်။ သူတို့ကမူ အစဉ်အဆက်ပင်သနပ်ခါးဘဲကျားရိုက်ဆဲ၊ ခြေလှမ်းကျဲကျဲလျှောက်ကြဆဲသာတည်း။
“မင်း မလိုက်ချင်ရင် နေခဲ့၊ ငါတော့ သွားမယ်”
မျိုးဝင်းသည် စိတ်မရှည်သလိုပြောရင်း အခန်းအပြင် ထွက်သွားသည်။ ကိုကြီးအောင်ကိုလည်း ကန့်လန့် ကန့်လန့်နှင့် ဆွဲခေါ်သွားလေသည်။
“တကတဲမှပဲ နောက်ဆုံးနှစ် ရောက်ပြီး ကျောင်းသက်ပဲ ကုန်တော့မယ် အလုပ်ထဲဝင်ရင် သိက္ခာကြီးထိန်းပြီး လွတ်လွတ်လပ်လပ် ပိုးနိုင်ပန်းနိုင်မှာ မဟုတ်ဘူး၊ မိန်းမလေး တစ်ယောက် တောင် အမေ အဖေရှာပေးမှရတယ်ဆိုရင် ကောင်းမလားကွ မောင်မောင်ရ ခွေးကောင်ရ”
မကျေမနပ်နှင့် အခန်းဝမှကုန်းဟစ်ပြီးမှ မျိုးဝင်းသည်အပြေးဆုတ်ခွာသွားလေသည်။ မောင်မောင်တစ်ဦးတည်း ဟက်ဟက်ပက်ပက်ရယ်ရင်း ကျန်ခဲ့သည်။
နေခြည်ထွေးထွေးသည် အဆောင်ပေါ်ကိုအုပ်မိုးပြီး သွယ်တန်းကျနေသည်။ အခန်းအပြင်သို့ ထွက်လာသော မောင်မောင့် မျက် နှာကိုနွေးထွေးသော နေခြည်က ရစ်သိုင်းလိုက်သည်။
ဘတ်စကက်ဘောကွင်းတွင် ကစားနေကြသော ကျောင်းသားတစ်စုကို တွေ့ ရသည်။ ဟို ဝေးဝေးတွင် ကား ကြက်တောင်ကစားသော အားကစားရုံမည်းမည်းကြီးသည် အထီးတည်း ငြိမ်ငြိမ်သက်သက် ရပ်နေရှာသည်။ သူတို့နှစ် ခုကြားတွင် ကား ဗေဒါကန်၊ ရေကို မမြင်ရအောင်မြမြစိမ်းသော ဗေဒါပင်များ က ပြည့်ညပ်ပေါက်နေသော ကြောင့် မောင်မောင်တို့အားလုံးက ဗေဒါကန်ဟုပင် အလွယ်တကူခေါ်ကြသည်။
ခရမ်းရင့်ရောင် ဗေဒါပွင့်လေးများ သည် ကျိုးကျိုးကျဲကျဲ ပွင့်နေကြသည်။ နောက်ခံရောင် စိမ်းစိမ်းတွင် နေခြည်ဖျန်းထားသော ဗေဒါပန်းပွင့်လေးများ သည် ခေါင်းကလေးများ ထောင်ကာ အားမာန်အပြည့်ထုတ်ထားပုံရသည်။
“နင့်မေဂလိမ်း တယ်မှပဲ ရေစုတ် ရေပဲ့ ခွေးရေ ၀က်ရေ ဒီလောက်အကျင့်ယုတ်ရသလား၊ ထွက်စမ်း ထွက်စမ်း လာစမ်း ကျစမ်း”
တစ်ဖက်ခန်း ရေချိုးခန်းတွင်းမှ ဒေါသတကြီးအော်နေသော အသံကို ကြားရသည်။ ကျောင်းသားတစ်ဦးဦး ရေချိုးရင်းတန်းလန်းရေရပ်သွားပြီထင်သည်။ ဆဲဆိုနေသော အသံများ ကို နားထောင်ရင်းမောင်မောင်ကျိတ်၍ ရယ်နေမိသည်။
ဘာမျှမကြာလိုက်၊ တစ်ကိုယ်လုံး ဆပ်ပြာမြှုပ်များ နှင့် ဖွေးဖွေးဖြူနေသော လူတစ်ဦးသည် ပုဆိုးစုတ်ကလေးပတ်ပြီး အခန်းထဲမှဝုန်းခနဲ ထွက်လာသည်။ ကိုယ်တွင် သာမက ခေါင်းတစ်ခေါင်းလုံးလည်းဆပ်ပြာများ ဖွေးနေသည်။
“ရေစုတ် ရေပြတ် ဟင်း ဒင်းကိုမီးနဲ့ရှို့ပြီး ခန်းအောင်လုပ်ပစ်မယ်”
ရေပုံးနှင့် ရေခွက်ကို တဂျောင်ဂျောင်မြည် အောင်ကိုင်ဆွဲရင်းအောက်ထပ်သို့ ဆင်းသွားရင်းမှ မကျေမနပ် ရေရွတ်သွားသည်။ မောင်မောင်သည် သူ့အ ဖြစ်ကိုကြည့်ရင်း အားမနာ ပါးမနာ ဟက်ဟက်ပက်ပက် ရယ်မောမိလေသည်။
“ဟေး မောင်မောင် ဘာတွေ သဘောကျနေတာတုံး”
“သြော် ကိုလှမင်း”
“ခင်ဗျား ဒီနေ့ လှေလှော်မသွားဘူးလား”
“ပျင်းပျင်းရှိတာနဲ့ဗျာ ခင်ဗျားရော”
“ကျွန်တော် ဖျားချင်သလိုလို ဖြစ်နေလို့ နားလိုက်တာပါ”
ကိုလှမင်းသည် မောင်မောင်နှင့် အတူ လှေလှော်ဖက် ဖြစ်သည်။နှစ် ဦးလုံး အရောင် ရပြီးသား ဖြစ်သည်။ နေပူထဲတွင် လှေ အလှော်များ သော ကြောင့် အသားများ ကြေးနီရောင် ပေါက်လာတတ်သော်လည်း၊ခြေသလုံးကြွက်သား လက်မောင်းကြွက်သားများ တင်းတောင့်ခိုင်မာလာသည်ကား အမြတ် ဖြစ်သည်။ ဗိုက်သားချပ်ပြီး ရင်အုပ်ကျယ်သော မောင်မောင့်အသွင်သည် ယောက်ျားပီသလှသည်။ ထူထဲသော မျက်ခုံးများ အောက်ရှိ မျက်လုံးနက်နက်ကို တစ်နေရာတည်း စူးစိုက်ကြည့်ရင်းနှစ် နှစ် ကာကာပြုံးလေ့ရှိသော မောင်မောင့်အပြုံးကို မိန်းကလေးအများ နှစ်သက် ကြသည်ကို အချိန်ကြာလာသော အခါ ကိုလှမင်းသည် သတိပြုမိဟန်ရှိသည်။
“မောင်မောင် ဟိုတစ်နေ့က ခင်ဗျား စိတ်ကူးယဉ်နေတယ်ဆို”“ဘာ ဖြစ်လို့လဲ”
“ခင်သီတာက ပြောနေတယ် ပန်းလေးတစ်ပွင့်ကိုကြည့်ပြီး ကိုမောင်မောင် တစ်ယောက် စိတ်ကူးယဉ်နေလေရဲ့ တဲ့”
“မဟုတ်ရပါဘူးဗျာ”
မောင်မောင်သည် ရုတ်ချင်းပင် မျက်နှာနီလာပြီး ရှက်ကိုးရှက်ကန်းပြောမိသည်။ ဖားဖားဝေသော ဆံကေသာတွင် စကားပန်းလေးတစ်ပွင့်ကို အမှတ်မထင် ပန်ဆင်လိုက်သော မိန်းကလေး၏ ရုပ်သွင်သည် ရစ်ဝဲလာသည်။ ကိုယ့်ကိုယ်ကို သတိမမူမိခင်မှာ ပင် နှလုံးသွေးကတဒိတ်ဒိတ်နှင့် အခုန်မြန်လာလေသည်။
“ကျွန်တော် ကတောင် ပြောလိုက်သေးတယ်၊ ကျုပ်တို့လူရိုးကြီးတော့ ကဝေပြုစားတာခံရပြီ ထင်တယ်လို့”
“ကဝေ”
မောင်မောင်သည် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ ခရမ်းရင့်ရောင် ဗေဒါပွင့်လေးများ ကို အမှတ်မဲ့စိုက်ကြည့်ရင်း အခုန်မြန်နေသော ရင်ကို ငြိမ်အောင် ကြိုးစားနေမိသည်။ ထို့နောက် ရင်ထဲမှနေပြီးကိုလှမင်းမကြားအောင် တိတ်တိတ်ကလေး ပြောမိသည်။“ကဝေပြုစားတာတော့ မဟုတ်ပေါင်ဗျာ၊ ကြွေ ပြုစားလိုက်တာထင်ပါရဲ့
![]() ငယ်သူမို့မသိပါ | ![]() နှင်းဆီ | ![]() တစ်နေ့နေ့ရဲ့ နက်ဖြန်ခါ |