Cover

အခန်း (၁)

ဟော . . . သုံးနာရီ ခွဲနေပြီကော၊ ဘာလိုလိုနဲ့ ရုံးဆင်းတော့မယ်”

ခင်မလတ်သည် သူ့ဘယ်ဘက်လက်တွင် ပတ်ထားသော စီကို နာရီလေးကို ငုံ့ကြည့်ရင်း တစ်ဦးတည်း ပြောလိုက်မိသည်။ ထို့နောက် သူ့ဘေးရှိမူမူ့ကို လှည့်ကြည့်လိုက်သည်။

“မူရေ . . . သုံးနာရီခွဲနေပြီ”

“အိမ်ရှင်မ လက်စွဲ” စာအုပ်ထဲရှိ ချက်နည်းပြုတ်နည်းများ ထဲတွင် နစ်မြုပ်နေသော မူမူက ချက်ချင်း မကြားချေ။ ထို့ကြောင့် အသံကို အနည်းငယ်မြှင့်ကာ ထပ်ပြောလိုက်ရသည်။

“မူမူ မလိုက်ဘူးလားဟင်”

“အေး . . . လိုက်မယ် လိုက်မယ်”

အမျိုးသမီးအိမ်သာဘက်သို့ သူတို့နှစ် ဦး ထွက်လာသော အခါစစ်တုရင် ကစားနေသော ရုံးအမှု ထမ်းနှစ် ဦးက လှမ်းကြည့်ရင်း မသိ မသာပြုံးလိုက်လေသည်။ ညနေ သုံးနာရီခွဲလျှင် သူတို့မိန်းကလေးများ အိမ်သာဝင်မြဲ ဖြစ်သည်ကို သတိထားကြသည့်အတွက် ဖြစ်သည်။

“ဟော မင်းသမီးတွေ တောင် အိမ်သာထဲဝင်ကြပြီ၊ ကဲ ကိုယ့်ဆရာခင်ဗျား ဘုရင်မကြီးကို နာရီဝက်အတွင်း အမိဖမ်းပြမယ်”

ရုံးဆင်းရန် နာရီဝက်သာ လိုတော့သည်။ ထိုအချိန်ဆိုလျှင် ခင်မလတ်တို့ အိမ်သာဝင်ကြရသည်။ အဆီပြန်နေသော မျက်နှာများ ကို ပြန်လည်ချယ်သလိုသော ကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံ ပန်ကာလေကြောင့် ဆံပင်ပွလျှင်လည်း ပြန်လည်ပြီး ပြုပြင်ရတတ်သည်။

“တက်ထရွန်တွေ ဈေးတက်သွားပြီကွာ နှစ် ဆယ်၊ နှစ် ဆယ့်တစ် တဲ့စိတ်ညစ်ဖို့ ကောင်းလိုက်တာ၊ အရောင် ကောင်းရင် နှစ် ဆယ့်လေးလောက်ဆိုတယ်၊ ဟိုတလောက ဈေးကျတုန်းက များများ ၀ယ်မိရင် ကောင်းမှာ နော်”

အိမ်သာခန်း တံခါးကို တွန်းဖွင့်ရင်း မူမူကပြောသည်။ ခင်မလတ်သည် နှုတ်ခမ်းလေးကို မသိမသာ မဲ့လိုက်သည်။

“တက်ထရွန် ဘာလုပ်မလဲ၊ လေယာဉ်မောင် ၀ယ်ပေါ့”

“အေးနော်. . .လေယာဉ်မောင် အရောင် တွေ သိပ်လှတယ်၊ ခင်မအရင်အပတ်က ၀ယ်တာ ဘယ်လောက်လဲဟင်”

“ဟို ကော်ရိုလာ အရောင် လေးလား၊ ရွှေအိုရောင် လေ၊ တစ်ကိုက်ကိုသုံးဆယ့်လေးနဲ့တောင် ၀ယ်ရတာ ”

မှန်ဝိုင်းလေးမှတစ်ဆင့် မြင်နေရသော ခင်မလတ် မျက်လုံး နက်နက်လေးများ သည် ၀င့်ကြွားစွာ အရောင် တောက်ပသွားကြသည်။ လေယာဉ်မောင် ပိတ်စသည် တက်ထရွန်ထက် အစစအရာရာသာသည်။ သာသလိုဈေးကလည်း ကောင်းသည် ဆန်းပြီဟေ့၊ ကောင်းပြီဟေ့ဆိုလျှင် ခင်မလတ်တို့က သူများ ထက်ဦးအောင် ခါးပေါ်တင်ရမှ ကျေနပ်သည်။

လေယာဉ်မောင် လုံချည်ကိုလည်း ခင်မလတ်တို့ ဌာနတွင် ပေါ်ဦးပေါ်ဖျား ခင်မလတ်ကပင်စ၍ ၀တ်လိုက်နိုင်သည့် အတွက် ကျေနပ်မဆုံး ဖြစ်ခဲ့ရသည်။ လက်ဆောင်ပေးသော ကိုသက်ကိုလည်း ကျေးဇူးတင်သော အားဖြင့် ဗိုလ်ချုပ်ဈေးထဲမှ ကျောက်ကျော ပြန်တိုက်ခဲ့ရသေးသည်။ မူမူ့ခမျာ ခုမှ ငွေစုတုန်း ဖြစ်သည်။ လုံချည် တစ်ဝတ်စာကို ခုနစ်ဆယ်လောက်ကျသဖြင့် အတော် ကလေး စုရမည် ဖြစ်သည်။

“ယောက်ျားလေးတွေ ရှပ်အင်္ကျီချုပ်ရင်လည်း ကောင်းတယ်”

မူမူသည် တစ်မျက်နှာလုံး နှံ့အောင် ကရင်းပတ်(ဖ်)ရိုက်နေရင်းမှ ပြောသည်။ နှုတ်ခမ်းကို သတိထားပြီးဆိုးနေရသဖြင့် ခင်မလတ် ဘာမျှ ပြန်မပြောနိုင်။ ပန်းရင့်ရောင် နှုတ်ခမ်းနီတောင့်မှ သင်းပျံ့ပျံ့ရနံ့သည် အိမ်သာခန်းအတွင်းရှိ ကျင်ငယ်နံ့နှင့် အတူ ခင်မလတ်၏ နှာဝတွင် ဝေ့၀ဲနေသည်။

“အားပါး . . . မွှေးလိုက်တာ”

သူတို့နှစ် ဦး ထွက်လာသော အခါ စာရေး ကြီး ဦးအောင်ထွေးသည်အိပ်ငိုက်ပြေသွားဟန်ရှိသည်။ ခါးဆန့်ကာ သမ်းဝေရင်း လှမ်းပြောသည်။မူမူက မျက်စောင်းထိုးလိုက်သော်လည်း ခင်မလတ်ကမူ မကြားချင်ဟန်ဆောင်နေလေသည်။

“ဟဲ့ ကောင်မလေးတွေ ပြန်ကြပြီလား၊ လေးနာရီထိုးဖို့ ဆယ့်ငါးမိနစ်ကြီးများ တောင် လိုသေး”

“အို. . .ဆယ့်ငါးမိနစ်တည်းများ ”

“ဆယ့်ငါးမိနစ်ဆို နည်းလား၊ စစ်တုရင်တစ်ပွဲ ပြီးတယ်”

“မပိုပါနဲ့နော် ရှင်တို့ ရုံးရောက်ကတည်းက စ,ကစားလိုက်ရင် နေ့ခင်းကျွန်မတို့ ထမင်းစားပြီးမှ တစ်ပွဲပြီးတာများ ”

ခင်မလတ်သည် ကြိမ်ခြင်းတောင်းလေးထဲမှ ပစ်္စည်များ ကို စိစစ် နေစဉ် မူမူသည် စစ်တုရင် ကစားနေသူ နှစ် ဦးနှင့် ရန် ဖြစ်နေလေသည်။ခေါက်ထီးပါသည်။ ထမင်းဘူးပါသည်။ အင်္ကျီပိတ်ပါသည်။ ပိုက်ဆံအိတ်ပါသည်။ ၀တ်္ထုစာအုပ်ပါသည်။ စုံပါပြီ။ ထို့ကြောင့် ခြင်းတောင်းလေးကို ဆွဲကိုင်ကာ အပေါက်ဝမှ လှမ်းထွက်ရင်း မျက်စောင်းလေးဝင့်ကာ ပြောလိုက်သည်။

“အို. . .သုံးနာရီ လေးဆယ့်ငါးမိနစ်ဆိုတာ မြန်မာစံတော် ချိန် ရုံးဆင်းချိန်ပဲရှင့်”

“သုံးနာရီ လေးဆယ့်ငါး ရှိပြီပဲ၊ ဟေ့ မောင်ဟိုဒင်းရေ၊ ငါ့ပစ်္စည်း တွေ သိမ်းတော့လေကွယ်”

“ဓာတ်ဘူးထဲမှာ ကော်ဖီတွေ ကျန်သေးတယ် ဆရာ”

“အေး ဟုတ်သားပဲ၊ သောက်လိုက်လေကွာ”

ဦးလူလှသည် ခေါင်းမော့မကြည့်ဘဲ ပြောလိုက်သည်။ လက်ထဲရှိခဲတံ နီပြာတံကို လှည့်ကစားနေရင်း သူ့ရှေ့ရှိဖိုင်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။ ရုံးတွင်းသုံး စက်္ကူထုပ်များ ပျောက်သဖြင့် အဆင့်ဆင့် စုံစမ်း စစ်ဆေးထားသော အမှု တွဲ ဖြစ်သည်။ စာတွဲ များ ကို စူးစိုက်ကြည့်ရင်း ဦးလူလှ၏ ဦးနှောက်သည် ပစ်္စည်းပျောက်ရာတွင် တာဝန်အရှိဆုံးပုဂ်္ဂိုလ်ကို ပြေးလွှားရှာဖွေနေလေသည်။

ဦးလူလှ၏ ရုံးလုလင်ကလေးသည် ကော်ဖီကို ကြည့်ရင်း သောက်ရန်ပင် စိတ်ညစ်သွားသည်။ ဓာတ်ဘူးအတွင်းမှ ထန်းလျက်နံ့သည် အီလယ်လယ်ကလေး ထွက်ပေါ်နေသည်။ လခ ထောင်ကျော် စားရသော ဌာနဆိုင်ရာ အကြီးအကဲ အရာရှိကြီး ဖြစ်သော်လည်း ဦးလူလှသည် တစ်ပိဿာသုံးဆယ့်လေးကျပ်ဈေးရှိသော လူ့ပြည်မှ “သကြားမင်း” အနားသို့ ချဉ်းကပ်နိုင်ဟန် မတူချေ။ နို့ဆီ စတိသဘောလေးသာပါသော ထန်းလျက် ကော်ဖီသည် မဲသဲနေလေသည်။

နေ့ခင်းက စည်းဝေးပွဲရှိသည်။ စည်းဝေးပွဲတွင် ဆိတ်သားမုန့်နှင့် မလိုင်ပါသော လက်ဖက်ရည် ကောင်းကောင်းသောက်ခဲ့ရသဖြင့် ဦးလူလှသည်သူ့ဓာတ်ဘူးကိုပင် မထိတော့ချေ။ ဓာတ်ဘူးဘေးတွင် ကပ်လျက်ပါလာသော ဘီစကစ်မုန့်ထုပ်လေးသည်လည်း ယနေ့အဖို့ ကော်ဖီကျဲကျဲနှင့် နှစ် ပါး မသွားရတော့သဖြင့် ပျော်နေဟန်ရှိသည်။

“ကလင်. . .ကလင်. . .ကလင်. . .ကလင်”

နို့နှစ် ရောင် တယ်လီဖုန်းလေးမှ အသံထွက်ပေါ်လာသော အခါ ဦးလူလှသည် လက်ထဲရှိ ခဲတံကို ချထားပြီး စကားပြောခွက်ကို ကောက်ကိုင်လိုက်လေသည်။

“ဟဲလို”

“ဟုတ်ကဲ့ လူလှ ပြောနေပါတယ်”

“သြော်. . .ဦးကျော်မြ ဆိုပါဦး”

“ဟုတ်ကဲ့ အမြဲတမ်း ခန့်ထားဖို့လား၊ ရှေ့အပတ်ထဲမှာ စစ်မယ်၊ နေ့စားတွေ အတော် များ သား၊ ဘွဲ့ရပြီးသားတွေ လည်း ပါတယ်လေ၊ သြော် ဦးကျော်မြ တူမလား၊ ဟုတ်ကဲ့ တတ်နိုင်သလောက် ကြည့်ရတာ ပေါ့ဗျာ၊ဟုတ်ကဲ့ ဟုတ်ကဲ့ သူ့နာမည် က ဘယ်သူ”

ဦးလူလှ၏ ခေါင်းပေါ်တွင် ပန်ကာလေးက ဖြည်းညင်းစွာ လည်ပတ်နေသည်။ ပန်ကာလေကို ဦးလူလှ လုံးဝမကြိုက်ချေ။ သို့ ပါသော်လည်းအခန်းတွင်း၌ အိုက်လှသော ကြောင့် ခပ်ဖြည်းဖြည်း ဖွင့်ထားရခြင်း ဖြစ် သည်။ဒန်ရောင် ပြောင်နေသော ပန်ကာ ဒလက်များ ထဲတွင် တယ်လီဖုန်း စကားပြောနေသော ဦးလူလှ၏ အရိပ်သည် ဇောက်ထိုးထင်ကာ လည်ပတ်နေသည်။ စားပွဲပေါ်ရှိ ဆေးလိပ်ခွက် ပြာပြာလေးထဲတွင် ကား လည်နေသော ပန်ကာက အရိပ်ထင်နေပြန်သည်။

“ဟုတ်ကဲ့. . .ဟုတ်ကဲ့ စိတ်ချပါခင်ဗျာ”

တယ်လီဖုန်း စကားပြောခွက်ကို ချလိုက်သည်နှင့် ရုံးလုလင်လေးသည် ရုံးအောက်သို့ သွက်သွက်လေး ဆင်းသွားသည်။ ရုံးကား အဆင်သင့်ရှိ,မရှိ သွားကြည့်ခြင်း ဖြစ်သည်။ ကားအဆင်သင့် ရပ်ထားသည်ကို တွေ့ သော အခါ အပြေးကလေး ပြန်တက်သွားသည်။

“ကားရောက်ပြီ ဆရာ”

“အေး အေး”

ဦးလူလှသည် စစ်ဆေးလက်စ ဖိုင်တွဲ ကို လှမ်းပေးလိုက် သည်။ ရုံးလုလင်ကလေးက ဦးလူလှ သားရေအိတ် အမည်းကြီးထဲသို့ ထည့်လိုက်သည်။ ရုံးမှ အလုပ်များ ကို အိမ်အထိ သယ်ရပေဦးမည် ။ ဦးလူလှသည်အလုပ်ကို အကြွေးမထားတတ်ချေ။ အလုပ်များ ပိလာလျှင် အိမ်အထိ ယူသွားပြီး အပြတ်ရှင်းပစ်တတ်သည်။ ထို့ကြောင့် ဦးလူလှ၏ စားပွဲပေါ်တွင် ဖိုင်တွဲ များ ပုံနေလေ့ မရှိချေ။

လက်ရှိဌာနသို့ သူရောက်မလာမီကဆိုလျှင် ရုံးသူရုံးသားများ အထူးစိတ်ချမ်းသာ ပျော်ရွှင်ကြလေသည်။ နေရာတကာတွင် နားလည်မှု ရှိ၍ လွတ်လပ်သည်။ ဦးလူလှ ရောက်လာပြီးသည့် နောက်ပိုင်းတွင် ကား နားလည်မှု များ တစ်စထက်တစ်စ လျော့ပါးလာသည်။ ရုံးစည်းကမ်းလည်း တဖြည်းဖြည်း တင်းကျပ်လာသည်။ ထို့ကြောင့် ရုံးသူ ရုံးသားအများ စိတ်လက်မအီမသာ ဖြစ်ကြရလေသည်။ ဦးလူလှသည်လည်း အမည် သစ်တစ်လုံးကိုကင်ပွန်းတပ်ပွဲ မကျင်းပဘဲနှင့် ပိုင်ဆိုင်ခဲ့ရသည်။ “ဗြူရိုကရက် အပုပ်ကြီး”ဟု ဖြစ်လေသည်။

“ကဲ. . .သွားစို့”

ဦးလူလှသည် နှုတ်ကပြောရင်း အခန်းထောင့်သို့ လျှောက်သွား သည်။လျှပ်စစ်မီးနှင့် ပန်ကာကိုပိတ်ရန် ဖြစ်သည်။ ရုံးလုလင်လေးသည် စိတ်ချရသူမဟုတ်ချေ။ ဦးလူလှ၏ သားရေအိတ်ကြီးကို ရုံးကားပေါ် တင်ပေးပြီးသည်နှင့် ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတတ်လေသည်။ တစ်ခါကပန်ကာကို ညနေပိုင်း ပိတ်မသွားမိသဖြင့် နောက်တစ်နေ့ ရုံးတက်ချိန်ထိညလုံးပေါက် လူမရှိဘဲ လည်ပတ်နေသည်။ မီတာ အတော် လေး တက်သွားမည် ဖြစ်သည်။ မိမိ ကိုယ်ပိုင်ငွေနှင့် ပေးရခြင်း မဟုတ်သော်ငြားလည်းထိုကဲ့သို့ အလဟဿ ဖြစ်ခြင်းများ ကို ဦးလူလှ အလွန်နှမြောလေသည်။နောင်အခါများ တွင် ကား ရုံး လုလင်လေးကို အားမကိုးတော့ဘဲ မိမိကိုယ်တိုင်သတိထားပြီး ပိတ် သွားရသည်။

“ကဲ. . .သွားစို့”

ခလုတ်များ ပိတ်ပြီးသော အခါ ဦးလူလှသည် ဒုတိယမ်္ပိ ရေရွတ်လိုက်ပြန်သည်။ ဦးလူလှ ရုံးအောက်သို့ ရောက်သော အခါ လေးနာရီ ကျော်နေချေပြီ။

“ဆရာ စာသင်တာကလည်းဗျာ လေးနာရီကျော်မှ ပြီးတော့တယ်၊ရုံးဆင်းချိန်နဲ့ တိုက်နေပြီ၊ ကားတွေ တော့ သေအောင် ကျပ်တော့မှာ ပဲ”အောင်ကိုသည် ဆေးရုံလှေကားမှ ခပ်သွက်သွက်ဆင်းလာရင်း ညည်းလိုက်သည်။ အောက်ရောက်သော အခါ အကြောကုဌာန အနီးမှ ဖြတ်ပြီးဆေးရုံကြီး အနောက်ဘက်သို့ ကွေ့ချိုးလိုက်သည်။

သူကိုင်ထားသော အိတ်အမည်းလေး၏ ဇစ်က လုံးဝစေ့နေအောင်မပိတ်ဘဲ မဟတဟ ရှိနေသည့်အတွက် အတွင်းမှ နားကြပ်လေးကို မသိမသာ တွေ့ မြင်နေရသည်။ ထိုနားကြပ်လေး ကိုင်ရခါစကမူ အောင်ကိုတို့ဟန်ရေး ပြ၍ အလွန်ကောင်းသည်။ အောင်ကို သူငယ်ချင်း တစ်ဦးက ဆိုလျှင် နားကြပ်ကို လူမမြင်မှာ စိုးသဖြင့် အိတ်မပါဘဲ သည်အတိုင်းကိုင်ကာဘတ်စ်ကား စီးလေ့ရှိသည်။ ဂျူတီကုတ် ဖြူဖြူလေး နှင့် နားကြပ်ကိုပိုက်၍ တက်လာလျှင် ဆေးကျောင်းသားမှန်း မသိမနေ တန်းပြီး သိရတော့သည်။

မသိဟုဆိုသော သူကို မြို့နှင့် မတန် တောကိုသာ ပြန်ရော့ဟု ဆိုရပေမည် ။ဆေးတက်္ကသိုလ် ဟူသည်မှာ ဉဏ်စွမ်းအမှတ် တော် ရုံတန်ရုံ ရရုံနှင့် တက်ခွင့်ရသည်မဟုတ်။ “ဒီ” ကလေးများ တန်းစီနေမှ တက်ခွင့် ရသော တက်္ကသိုလ် ဖြစ်သည်။ ထို့ကြောင့် လည်း ဆေးကျောင်းတက်ရမည် ဟု သိရစဉ်က အောင်ကို တစ်ယောက် ပျော်မဆုံး ဖြစ်ရသည်။

အတန်းငယ်စဉ်က ပျော်သည် မော်သည်။ တစ်စထက်တစ်စ အတန်းကြီးလာသော အခါတွင် ကား တဖြည်းဖြည်း စိတ်ညစ်လာသည်။ ဆရာဝန်မြန်မြန် ဖြစ်ချင်သော အောင်ကို။ စာမေးပွဲ မြန်မြန် အောင်ချင်သော အောင်ကို၊အူလည်လည် ဖြစ်လာသည်။ သူ့ထက်အရင် ဆရာဝန် ဖြစ်သွားသော နောင်တော့်  နောင်တော် များ သည် အလုပ် မရကြသေးသည်ကို တွေ့ နေရသည်။

သို့ သော်လည်း နောင်တော် များ ကို အလုပ်မရှိဘူးဟုတော့ မဆိုနိုင်ချေ။ အစိုးရအလုပ် မရသေးသော်လည်း ကိုယ်ပိုင်အလုပ်တော့ရှိသည်။ သူတို့သည်ဆေးဆိုင်မှ ဆေးတိုးကာ မှော င်ခိုလက်သို့ ပို့ကြလေသည်။ တစ်နေ့ တစ်နေ့ရာချီပြီးဝင်သည်ဟု ဆိုကြသည်။ ၀င်ငွေအားဖြင့် မက်မောဖွယ်ပင်။ သို့ သော်လည်း အောင်ကို စိတ်ထိခိုက်ရလေသည်။ ထို့နောက် ကြုံးပြီး ဟစ်လိုက်ချင်လာသည်။ “ဘာတွေ ဖြစ်ကုန်ကြတာလဲ” ဟု။

“အား . . . လူတွေ ကို ခဲနေတာပဲ”

ဘတ်(စ်)ကားဂိတ်တွင် ရှိ လူအုပ်ကြီးသည် ကားကို တညီတညာတည်း လည်ဆန့်ပြီး မျှော်နေကြသည်။ တစ်လောကလုံးရှိ လူများ သည်အိမ်ထဲတွင် မနေဘဲ နေပူပူတွင် ထွက်ပြီး ဘတ်(စ်)ကား ထွက်တိုး နေကြရော့သလားဟုပင် မသက်မသာ စဉ်းစားမိလေသည်။ ကားများ သည် ခရီးသည်များ ကို ငါးပိငါးချဉ်သိပ်သလို သိပ်ပြီး သယ်နေသည်။ သည်ကြားထဲက ဘတ်(စ်)ကား မှတ်တိုင်များ တွင် လည်း လူတွေ မစဲနိုင်ချေ။ လောကကြီးတွင် ဘတ်(စ်)ကားတိုးပွဲတော် ကြီး ကျင်းပနေဟန် ရှိလေသည်။

“ငါသာ သန်းကြွယ်သူဌေးကြီးဆိုရင် ဘတ်(စ်)ကားတွေ တစ်ပြုံတစ်ခေါင်းကြီးဝယ်ပြီး လှူပစ်လိုက်မယ်၊ ဒီလောက်ကျပ်တဲ့ ဘတ်စ်ကားတွေ တစ်ခါတည်း ချောင်သွားရစေ့မယ်၊ အင်း ဒါပေမဲ့ ဘတ်စ်ကားကြီးပဲလှူလို့ ဘယ်တရားမလဲ၊ မီးရထားတွေ ၊ သင်္ဘောတွေ ကျတော့ရော သူတို့လည်း ငါးပိငါးချဉ်ပဲ ဘာထူးလဲ လှူရဦးမှာ ပေါ့လေ၊ သြော်. . .မေ့နေလိုက်တာ၊ ဆေးရုံ ဆေးပစ်္စည်း အသုံးအဆောင်တွေ ရော တို့ပြည်မှာ အရမ်းလိုပေါ့၊ဟင်း တစ်ခါတည်း နိုင်ငံခြားစံချိန်မီ ဆေးရုံကြီးတွေ ဆောက်ပစ်လိုက်စမ်းမယ်။ ဟော ကျန်းမာရေး ပြီးရင် ကျန်သေးတယ်။ ပညာရေး ပေါ့၊ ရန်ကုန်မှာ တော့ ထားပါဦး၊ နယ်တွေ မှာ ကျောင်းတွေ ဆောက်လှူရဦးမယ်။ ဘယ်နှကျောင်းများ ဆောက်ရပါ့မလဲ၊ အောင်မယ်လေး သန်းကြွယ်သူဌေးကြီးအောင်ကို မင်း ပိုက်ဆံတွေ နဲ့ လောက်သေးရဲ့လား”

စိတ်ကူးကမ်္ဘာထဲတွင် သန်းကြွယ်သူဌေးကြီး တက်လုပ်လိုက်သော အောင်ကိုသည် မိနစ်ပိုင်းအတွင်း ဒေ၀ါလီခံသွားရသည်။

“ဟော. . .လာပြီ လာပြီ”

တစ်ခြမ်းစောင်းနေသော နံပါတ် ၁၂ ကားသည် တအိအိနှင့် နီးကပ်လာသည်။ အတွေးကောင်းနေသဖြင့် အောင်ကို အတန်ငယ် နောက်ကျသွာလေသည်။ ကားရပ်သည်နှင့် တစ်ပြိုင်နက် ကားပေါက်ဝသို့ အုံခဲသွားသော လူအုပ်တွင် ရှေ့ပိုင်းနေရာ မယူလိုက်နိုင်ချေ။

“အောင်မယ်လေး. . .နေပါဦး၊ ဆင်းပါရစေဦး”

“ဆင်းချင်ရင် စောစောစီးစီး ထွက်ထားပါလား”

“ခုနက ဘယ်သွားအိပ်နေတုန်း”

“အား. . .နေပါဦးဆိုမှ၊ ဟောတော့ ဖိတ်ကုန်ပြီ”

“တက် တက် မြန်မြန်တက်”

“ဆွဲ ဆရာရေ့၊ မောင်း”

ဆူညံနေသော အသံများ ကို ၀ူးခနဲ မသက်မသာကြီး အော်သွား သည့်ကားသံက ဖုံးအုပ်လိုက်သည်။ အောင်ကို မတိုးနိုင် မတက်နိုင် ပလက်ဖောင်းပေါ်တွင် ကျန်ခဲ့သည်။

“ဒုက်္ခပါပဲ ဖိနပ်တစ်ဖက် ကျွတ်ကျန်ခဲ့ပြီ”

ခုမှပင် သတိထားမိတော့သည်။ မျက်ရည် မသိမသာလေးဝဲနေသော မျက်လုံးညိုညိုလေးများ ကို ဖြစ်လေသည်။ မျက်လုံးညိုနှင့် မိန်းကလေးသည်ငိုမဲ့မဲ့နှင့် သူ့ခြေထောက်ကို သူငုံ့ကြည့်နေသည်။ ညာဘက်ခြေထောက်တွင် ညှပ်ဖိနပ်ဖြူဖြူလေး စီးထားသော်လည်း ဘယ်ဘက်ခြေထောက်တွင် ကားဖိနပ်မပါ၊ ခြေဗလာနှင့် ယောင်ချာချာလေး ရပ်နေလေသည်။“ဖိနပ်တစ်ဖက် ကျန်ခဲ့ပြီ”

“ကားပေါ်မှာ လား”

အောင်ကိုက ကရုဏာနှင့် မေးလိုက်သော အခါ မိန်းကလေးသည်အားကိုးတကြီး မော်ကြည့်ရင်း ခေါင်းကို ဆတ်ခနဲညိတ်ပြသည်။ သူ့လက်ထဲတွင် ကိုင်ထားသော သုံးဆင့်ချိုင့်လေးထဲမှ ဟင်းရည်များ ဖိတ်ခဲ့ဟန်တူသည်။ ထဘီ ပန်းရင့်ရောင် အောက်နားလေးတွင် ဆီများ ကွက်ကာ စွန်းနေလေသည်။

ဝတ်္ထုစာအုပ်များ ထဲမှ ဇာတ်လိုက်များ သည် မိန်းမချောလေးများ ဖိနပ်ပြတ်ကာ ရှက်ရှက်နှင့် ရပ်နေလျှင် သူတို့စီးထားသော ဖိနပ်ကို ချွတ်ပေးတတ်ကြလေသည်။ သို့ တည်းမဟုတ် တွယ်ချိတ်နှင့် ချိတ်ကာ ပြင်ပေးတတ်ကြသည်။ အောင်ကိုလည်း ဇာတ်လိုက် ဖြစ်ချင်ပါသည်။ သို့ သော်လည်း ယနေ့မှ ဘောင်းဘီရှည်ဝတ်ကာ ရှူးဖိနပ်စီးလာမိသည်။

မိန်းမလှလေးကိုကရုဏာရှေ့ရှုပြီး စေတနာ ဗရပွနှင့် သူစီးထားသော ရှူးဖိနပ်ကြီး ချွတ်ပေးသော် ကျေးဇူးတင်မခံရဘဲ အဆဲခံရဖို့ လမ်းများ လေသည်။ တွယ်ချိတ်နှင့် ပြင်ပေးရအောင်ကလည်း ဖိနပ်ဖြူလေးသည် ဘတ်(စ်)ကားစီးရသည်ကိုမ၀သေးသဖြင့် ဂိတ်ဆုံးအထိ ဆက်လက်ပြီး တစ်ဦးတည်း လေ့လာရေး ခရီးထွက်သွားပေပြီ။ ထို့ကြောင့် လူနာ ထွက်ပြေးသော ဆေးဆရာကဲ့သို့ မကုစားတတ်အောင် ရှိပေသည်။

“ဘယ့်နှယ်လုပ်မလဲ”

အားကိုးတကြီး ကြည့်နေသူအား သူက ပြန်ပြီး ယောင်ကန်းကန်းမေးလိုက်သည်။ သူ့အိတ်ထဲတွင် နှစ် ကျပ်နှင့် လေးဆယ့်ငါးပြားသော အသပြာသာရှိသည်။ ကားခပြားနှစ် ဆယ်နုတ်လျှင် နှစ် ကျပ်တစ်မတ်သာကျန်မည် ။ နှစ် ကျပ်တစ်မတ်သော ငွေဟူသည် ဖိနပ်တစ်ရန် ၀ယ်၍ မရချေ။ထို့ကြောင့် “ညီမ” ခဏနေဦး၊ အစ်ကို ဖိနပ်သွားဝယ်ခဲ့မယ်” ဟုလည်း မပြောနိုင်ချေ။

“ဘာမှ မတတ်နိုင်ဘူး”

မိန်းကလေးသည် သက်ပြင်းကလေး ချလိုက်သည်။ ထို့နောက် ညာဖက် ဖိနပ်ကလေးပါ ကန်ပြီးချွတ်လိုက်သည်။“မောင်လေးက ဆေးရုံတက်နေတာ အပြန်မှ သူ့ဖိနပ် စီးသွားရမှာ ပပလက်ဖောင်းပေါ်တွင် စကားပန်းဖြူဖြူလေးများ ကြွေနေသည်။လမ်းသွား လမ်းလာများ နင်းထားသော ကြောင့် ပန်းအကြွေလေးများ သည်ကြေနေကြသည်။

မိန်းကလေးသည် ဖိနပ်မပါဘဲ လျှောက်မည့် ဟန် ပြင်လိုက်သည်။ထိုစဉ်တွင် သူ့ရှေ့သို့ ဖြုတ်ခနဲကြွေလာသော ပန်းလေးတစ်ပွင့်ကို ခါးကလေး ညွတ်ကာ ကောက်ယူပြီး အမှတ်မထင် နမ်းလိုက်သည်။ ခေါင်းကလေးကိုငုံ့ ချိုင့်လေးဆွဲပြီး ဖိနပ်မပါဘဲ လျှောက်သွားသော မိန်းကလေးသည် ဆေးရုံကြီးနောက်ဘက် ခြံဝင်းပေါက်ထဲသို့ လှမ်းဝင်သွားသည်။

နောက်ထပ် ကားတစ်စီး ဆက်လာသည်။ အငေးကောင်းနေသော အောင်ကို အတန်ငယ် နောက်ကျသွားပြန်သည်။ သို့ သော်လည်း သည်တစ်ခါတော့ အတင်းတိုးတက်ပြီး ခြေနင်းခုံတွင် ရအောင် နေရာယူလိုက်နိုင်သည်။ စီးကရက်နံ့၊ ချွေးနံ့၊ ငါးခြောက်နံ့၊ ကော်ဖီမှု န့်နံ့များ နှင့် အတူလက်မှတ်ရောင်းသူ၏ အသံသည် ကားတွင်း၌ စူးစူးရှရှ ထွက်ပေါ်နေသည်။

“လက်မှတ်ကလေး ၀ယ်ကြပါ၊ ဟိုအစ်ကိုကြီး ရပြီလား။ ရှေ့နားကလက်မှတ်ကလေးတွေ လက်ဆင့်ကမ်းပြီး ဆုတ်လိုက်ကြပါ။”

“တစ်မတ် တစ်စောင်”

ထားထားသည် ထိုင်ခုံနောက်ဘက် သံတန်းကို တင်းတင်းဆုပ်ထားရင်းမှ ကျပ်တန်လေး လှမ်းပေးလိုက်သည်။“နေဦး၊ အကြွေ မရှိသေးဘူး”

ကားလက်မှတ်ရောင်းသည် ကျပ်တန်လေးကို တစ်ချက်လှမ်းကြည့်ကာ လှမ်းမယူဘဲ မျက်နှာလွှဲလိုက်သည်။ သို့ရာတွင် ထားထား ဘေးမှဖြတ်ပြီး တိုးသွားသော အခါတွင် ကား စလွယ်သိုင်းထားသော သားရေအိတ်အတွင်းမှ အကြွေသံများ ထွက်ပေါ်လာသည်။

“ခင်သန်းနုကွာ၊ မသည်းအူထဲမှာ ရက်ရက်စက်စက် လှတာ၊ တောက်.. .ယောက်ျားယူသွားရတယ်လို့ နှမြောတယ်ကွာ”

“မင်း ဘယ်နှစ် ခါ ပြန်ကြည့်လိုက်လဲ”

“နှစ် ခါပဲ ကြည့်လိုက်ပါတယ်ကွာ”

ထိုင်ခုံတွင် ထိုင်နေကြသော လူငယ်နှစ် ဦးက ပြောနေကြသည်။ သံဘားတန်းကို တင်းတင်းဆုပ်ကိုင်ကာ သူတို့ဘေးတွင် ရပ်နေသော ထားထားသည် ကိုယ်တတ်နိုင်သမျှ။ ကြုံ့ထားရသည်။ အလယ်လမ်းက ကျဉ်းနေသဖြင့် မတ်တတ်ရပ်နေသူ အချင်းချင်း ဘယ်လိုမှ မရှောင်နိုင်ကြချေ။

တိုးမိတိုက်မိကြမြဲ ဖြစ်သည်။ သည်ကြားထဲ ထိုင်ခုံတွင် နေရာရသူများ ကပါ ပေါင်ကို ချဲကား၍ ထိုင်သော အခါ သူတို့၏ ပေါင်တစ်ဖက်သည် မတ်တတ်ရပ်သူများ ပိုင်ဆိုင်ရာ အလယ်လမ်း အတွင်းသို့ ၀င်လာတတ်လေသည်။ ယခုလည်း ထိုသို့ ကျူးကျော်နေသော ပေါင်တစ်ဖက်နှင့် တစ်ချိန်လုံး တွန်းမိတိုက်မိနေမည် ကို ထားထား စိုးရိမ်မိလေသည်။

“အလယ်နား တိုးကြပါ၊ ခရီးဝေးသူတွေ အလယ်တိုးစီးကြပါ”ထားထားသည် ကျူးကျော်ပေါင်နှင့်ဝေးရန်အတွက် နေရာပြင်လိုက်သည်။ ကျပ်ခဲနေသော ကားတွင်း၌ ဝေးဝေးသို့ မရွှေ့နိုင်။ သို့ရာတွင် တစ်လှမ်းစာမျှကိုကား ခဲခဲယဉ်းယဉ်း ရွှေ့လိုက်နိုင်သဖြင့် လွတ်သွားသည်။“ခြင်းတောင်း ပေးထားမလား”

“ကျေးဇူးပါပဲ”

* * * * *


အခန်း (၂)

လူငယ်နှစ် ဦး၏ ရှေ့ခုံတွင် ထိုင်နေသော မိန်းမပျိုလေးကမူ မိန်းကလေးချင်းမို့ ကိုယ်ချင်းစာဟန်ရှိသည်။ အပေါ်သို့ မြှောက်ကိုင်ထားရသော ခြင်းတောင်းကို လှမ်းယူသည်။ ထားထား လုံးဝမငြင်းဆန်မိပေ။ ကျေးဇူးတင်စွာ နှင့် လှမ်းပေးလိုက် သည်။ လက်နှစ် ဖက်လုံး အားသွားသဖြင့် သံဘားတန်းကို ပိုမိုအားပြုပြီး ကိုင်နိုင်သည်။

“လက်မှတ် လက်မှတ်လေး ၀ယ်ကြပါ”

မှတ်တိုင် သုံးလေးတိုင်ကျော်ပြီးသော အခါတွင် လက်မှတ်ရောင်းသူသည် ထားထား၏ လက်တွင်းမှ ကျပ်တန်လေးကိုလှမ်းယူလိုက်လေသည်။ထားထား လက်ဝါးဖြန့်ထားစဉ် ငွေအကြွေများ ရေတွက်ပြီး ပြန်ထည့်ပေးလေသည်။

“တစ်မတ်၊ ငါးမူး၊ ခြောက်ဆယ်၊ ခုနစ်ဆယ့်ငါး ဟုတ်လား”“လက်မှတ်ရော”

“ရမယ်”

ရမယ်ဟု ဆိုသော်လည်း တကယ့်တကယ်ကား ထားထား လက်တွင်းသို့ လက်မှတ်ရောက်မလာပေ။ လက်မှတ်ရောင်းသူသည် လက်မှတ်ဝယ်ကြရန် တစာစာအော်ဟစ်ရင်း သူ့အနားမှ တိုးကာဝှေ့ကာနှင့် အပေါက်ဝသို့ ထွက်သွားလေသည်။

ထားထားသည် ငွေအကြွေလေးများ ကိုဆုပ်ကိုင်ထားရင်း သူ့ရှေ့တွင် ရပ်နေသော သူ၏ ချိုင်းမှ ချွေးနံ့ကို မသက်မသာ ရှူနေရသည်။ ကားက၀ုန်းခနဲ ဘရိတ်ဆောင့်အုပ်လိုက်သော အခါ ကားတွင်း၌ အော်သံဟစ်သံများ ပေါ်လာကာ ယိုင်လဲကုန်သည်။ ကလေးငယ် သုံးဦးသည် ၀ါးလုံးရှည်များ ကို မြှောက်ကိုင်ကာ ကားဘေးမှဖြတ်ပြီး ပြေးသွားကြသည်။

“တောက်. . .စွန်ကလေးတစ်ခုအတွက်နဲ့ သေကုန်တော့မှာ ပဲ”

ကားမောင်းသူသည် တောက်ခေါက်လိုက်ရင်း ကားကို ၀ူးခနဲ စက်ရှိန်ပြန်မြှင့်လိုက်သည်။ ရှေ့သို့ ကုန်းနေသူများ ဖြုန်းခနဲ နောက်သို့ လန်သွားကြပြန်သည်။

“လက်မှတ်လည်း မရသေးဘူး”

ထားထားသည် သူ့ကို မျက်နှာလွှဲထားသည့် လက်မှတ်ရောင်းအားမသိမသာ လှမ်းကြည့်ရင်း တိုးတိုးလေး ညည်းလိုက်မိသည်။“ဒီကောင်တွေ ဒီလိုပဲ၊ လက်မှတ်စစ်လာရင် တိုင်ပစ်”

ချွေးစော်နံနေသော လူကြီးက ဒေါသနှင့် ပြောသည်။ သူပြောသလိုတိုင်ရန် စဉ်းစားမိသော အခါ ထားထားသည် ပိုပြီးစိတ်ညစ်သွား လေသည်။ထိုလက်မှတ်ရောင်းသူ လုပ်ပုံကို လုံးဝမကျေနပ်သော်လည်း၊ ဒေါသ ဖြစ်မိသော်လည်း မိမိပယောဂကြောင့် သူတစ်ပါး ဒုက်္ခရောက်မည် ထမင်းအိုး ကွဲမည် ကိုကား မလိုလားမိပြန်ချေ။

“လက်မှတ်ကလေး ၀ယ်ကြပါ၊ ၀ယ်ကြပါ”

လက်မှတ်ရောင်းသူ၏ အသံသည် တစာစာ ထွက်ပေါ်နေသည်။ ထားထားသည် ထိုက်သင့်သော ကားခ ပေးစီးပါလျက်နှင့် ရင်တဒိတ်ဒိတ်ခုန်နေရသည်။ ဘုရားသိကြားမသဖြင့် အပြာရောင် ယူနီဖောင်းဝတ် လက်မှတ်စစ်ကြီးများ တက်မလာပါစေနှင့် ဟု အထပ်ထပ် ဆုတောင်းမိလေသည်။

ဆုတောင်းတိုင်းသာ ပြည့်မည် ဟုဆိုလျှင် ဇော်လှိုင်မြင့်သည် ထားထားကို ရလိုပါ၏ ဟု ဆုတောင်းမိမည် ဖြစ်သည်။ “မင်း ထားထားကို ချစ်လား” ဟု သူ့ကိုယ်သူ မေးမိသည်ကလည်း အခါခါပင်။ အဖြေကိုကားဇော်လှိုင်မြင့် အသေအချာ မသိချေ။ ချစ်သူ ဟူသည်မှာ မည် ကဲ့သို့ နေသနည်း ဇော်လှိုင်မြင့် ရေရေရာရာ ကွဲကွဲပြားပြား မခံစားတတ်သေးချေ။သူဖတ်သော အနောက်တိုင်း စုံထောက်ဝတ်္ထုများ ထဲတွင် ယောက်ျားမိန်းမများ အတူအိပ်ကြသော်လည်း သူသိလိုသော အချစ် အကြောင်းကိုကားရေး ဖွဲ့ခြင်း မရှိခဲ့ပေ။

“ချစ်ခြင်းဆိုတာ ရင်ခုန်တာပဲတဲ့”

ထိုစကားကိုတော့ သူလက်ခံထားသည်။ ထားထားကို မြင်တိုင်းသူ့ရင်သည် အရှိန်ပြင်းပြင်း ခုန်လာတတ်လေသည်။ ထားထားကို သူ ချစ်,မချစ် မဝေဖန်တတ်သေးသော်လည်း အစွဲကြီး စွဲမိပြီကား သေချာသည်။စွဲလမ်းတပ်မက်ခြင်းကို ချစ်ခြင်းမေတ်္တာဟု သရုပ်ခွဲလျှင်ကား ဇော်လှိုင်မြင့်ဟူသည့် အလုပ်သင် အင်ဂျင်နီယာလေးသည် မူလတန်းပြ ဆရာမ လေးထားထားကို ချစ်သည်ဟုပင် ဆိုကြပါစို့။

“ထားထား”

“ဟင်. . .ကိုလှိုင်မြင့်”

ထားထားသည် ကားပေါ်မှ တိုးဝှေ့ဆင်းလာသည်။ ကားမှတ်တိုင်တွင် ရပ်စောင့်နေသော ဇော်လှိုင်မြင့်ကို တွေ့ သော အခါ မျက်လုံး နက်နက်လေးတွင် နက်ရှိုင်းသော အရိပ်ကလေး ဖြတ်သန်းသွားလေသည်။“ထားထား ပြန်တာ နောက်ကျလိုက်တာ”

“ကျောင်းမှာ လည်း အစည်းအဝေး ရှိနေလို့ ပြီးတော့ ရုံးဆင်းချိန်နဲ့တိုက်နေရော၊ ကားတွေ က တက်မရဘူး ကျပ်လိုက်တာ”

“ထားထား ဟိုလူနဲ့ထိ၊ ဒီလူနဲ့ထိ ဖြစ်နေမှာ ပေါ့”

“သြော်. . .ထိတာပေါ့၊ ဒီလောက် လဲမလို ယိုင်မလို ဖြစ်နေတာမလဲအောင်တောင် မနည်းထိန်းနေရတာ ကြီးကို”

“မကြိုက်ပါဘူး၊ သိက်္ခာကျတာပေါ့”

ဇော်လှိုင်မြင့်သည် မျက်နှာထားမှု န်မှု န်နှင့် ပြောသည်။ မကျေ မချမ်း ဖြစ်နေသော သူ့မျက်နှာကိုကြည့်ရင်း ထားထား ရင်ထဲတွင် သိမ့်ခနဲ ဖြစ်သွားလေသည်။ “သဘောထား သေးသိမ်လိုက်တာ” ဟု တွေးနိုင်သော်လည်းမတွေးရက်ဘဲ “ကြည့်စမ်း ငါ့ကို ချစ်လွန်းလို့ သ၀န်တိုနေလိုက်တာ” ဟုကိုယ်လိုရာ ဆွဲတွေးပြီး ကျေနပ်လှိုင်း ကလေး ရိုက်ခတ်သွားသည်။

“ကိုလှိုင်မြင့် လမ်းထိပ်ရောက်ရင် ပြန်တော့နော်”

“ဘာ ဖြစ်လို့”

“အဖေ သိမှာ စိုးလို့”

“သိဘာ ဖြစ်လဲ၊ နားဖောက်ပြီးသားတောင် ဖြစ်သေး”

“အံမယ် သူ့ကို ဘယ်သူက လက်ခံသေးလို့လဲ”

“ဘာ ဖြစ်လို လက်မခံသေးတာလဲ”

“မယုံလို့”

“ဘာပြောတယ်”

“ကိုလှိုင်မြင့်ကို ထားထား မယုံဘူး”

ထားထားသည် ပင့်သက်လေးရှိုက်ကာ ပြောလိုက်သည်။ ရင်ထဲမှာ တဆတ်ဆတ် ခုန်နေသော နှလုံးသားကြောင့် လှိုက်မောသလို ဖြစ်လာသည်။ ဇော်လှိုင်မြင့်က တစ်ဆင့်တက်ပြီး-“မယုံပေမယ့် ချစ်တယ် မဟုတ်လား” ဟု မေးလာလျှင်မူ မည် ကဲ့သို့ ဖြေရမည် မသိ။

ကလေးတို့ကို စာပြခဲ့သော ဆရာမ လေးသည် သူနှင့် တွေ့ သော အခါတိုင်း တပည့်ငယ်လေး ဖြစ်သွားရတတ်သည်။ လှည့်ကာပတ်ကာ မေးသော သူ့မေးခွန်းများ ကို မဖြေတတ်အောင် ဖြစ်သွားရတတ်သည်ဒီလောက် ဖြစ်တာ ကားတင်ပြေးဦးမယ်”

“အံမယ် မလုပ်နဲ့”

“တကယ် သတိသာထား”

“မလုပ်နဲ့နော်၊ အဲဒီ လို လုပ်လို့တော့ လူကိုသာ ရရင်ရမယ်၊ စိတ်ကိုမရဘူး”

“လူကို ရနေမှတော့ စိတ်ကိုပါ ရရမှာ ပေါ့”

“တစ်ခါတည်း သတ်သေပစ်လိုက်မှာ ”

“မသေနိုင်အောင် အခန်းထဲ လှောင်ထားမှာ ပေါ့”

“သြော်. . .ခက်ရချည်ရဲ့ ၊ ကိုလှိုင်မြင့် ဘာ ဖြစ်နေတာလဲ”

“ရူးနေတာ၊ ရူးနေတာ”

အရောင် တောက်နေသော သူ့မျက်လုံးများ ကို မော်ကြည့်ရင်း ထားထား ဒူးများ ပင် တုန်ချင်လာသည်။ ထို့ကြောင့် နောက်ထပ် မကြည့်ရဲဘဲခေါင်းကိုငုံ့ကာ ကတ်္တရာလမ်းကိုသာ စူးစိုက်ကြည့်လာသည်။ ရင်ထဲမှ နှလုံးသားကိုမူ တီးတိုးလေး လှမ်းပြီးပြောနေမိသည်။ သူ “ငါ့ကို တကယ်ချစ်တာနော်၊ ငါ သိပါတယ်၊ တကယ်ချစ်တာ”

“မြင်မြင်ချင်းပဲ . . . ချစ်မိတယ်၊ မြင်မြင်ချင်းပဲ . . . ကြိုက်မိတယ်၊စေတနာ မောင့်အပေါ်ထားလို့...ပျိုမေ...သစ်္စာရှိပါ့မယ်... ရေစက်ဟောင်း၊ဆုတောင်းအကြောင်းပြည့်လို့ ထင်တယ် . . . ဒီဘ၀မှာ ပဲ ချစ်မပြယ်”ခင်မလတ်သည် သီချင်းကို တိုးတိုးလေးညည်းရင်း လမ်းမဘက်သို့ မသိမသာ ကြည့်နေသည်။ ရေချိုးစဉ်က ရေအနည်းငယ် စိုသွားသော ကြောင့် ထွေးထွေးအိအိ ဆံပင်များ ကို ကျောပေါ်တွင် ဖြန့်ချထားသည်။

“မောင်. . .ရယ်. . .ချစ်လက်စ မကုန်ဘူးကွယ် . . . မစားနိုင် မအိပ်နိုင်. . .ချစ်တဲ့စိတ်္တဇရယ်. . .”

ခြေလှမ်းကျဲကြီးများ နှင့် သူတို့အိမ်ရှေ့က ဖြတ်လျှောက်သွားသော အောင်ကိုကို တွေ့ လိုက်ရသော အခါ သူ့အသံသည် အတန်ငယ်ပိုကျယ်ပြီးပိုနွဲ့သွားသည်။ သနပ်ခါးသွေးနေသော ခင်မလတ်၏ မောင် ဖိုးဂျင်သည်သူ့အစ်မကို လှည့်ကြည့်ပြီး မျက်စောင်းထိုးလေသည်။ ထို့နောက်မှ သနပ်ခါးကို လက်နှင့် ပွတ်သပ်ယူလိုက်ပြီး ပါးပေါ်တင်ကာ နာနာ ပွတ်လိုက်သည်။“မမ. . .သနပ်ခါး သွားပွတ်တံရော”

“ရှိမှာ ပေါ့ဟဲ့၊ အဲဒီ မှန်ဘေးက ခွက်ကလေးထဲမှာ မတွေ့ ဘူးလား”“အေး. . .အေး. . .တွေ့ ပြီ”

“ငါ့သနပ်ခါးတွေ လည်း နင်လိမ်းတာနဲ့ ကုန်တော့မယ်”

ဖိုးဂျင်သည် ဘာမှပြန်မပြောဘဲ တို့ပတ်ပ၀ါနှင့် မျက်နှာကို ခပ်ကြမ်းကြမ်းရိုက်နေသည်။ တို့ပတ် တဖုန်းဖုန်း ရိုက်နေသံကို ဆိုင်းချက် လိုက်သလိုမီးဖိုချောင်မှ ဆန်ပြာသံက တရှဲရှဲ ထွက်ပေါ်လာသည်။ အိမ်နောက်ဖေးတွင် သူတို့ အမေသည် သမ၀ါယမမှ ထုတ်လာသော ဆန်များ ကို ဆန်ကောဝိုင်းနှင့် ပြာနေလေသည်။

“သမီးရေ. . .မလတ် မဆာသေးဘူးလား၊ ဟင်းချိုအိုးလေး နွှေးလိုက်ပါလား”

ခင်မလတ်သည် နှုတ်ခမ်းလေး မသိမသာ စူလိုက်သည်။ ညနေစောင်းဆိုလျှင် ခင်မလတ်အိမ်ရှေ့တွင် ပင် နေချင်သည်။ အလျှိုအလျှို အိမ်ပြန်ရောက်လာကြသော ရုံးပြန် ကျောင်းပြန်များ ကို စောင့်ကြည့်ချင်သည့်အတွက် ဖြစ်၏ ။ ခြေရင်းခန်းမှ ထားထားလည်း ပြန်ရောက်မလာသေး။

သူသည် အသားလေးဖြူဖြူနှင့် သွယ်နွဲ့သော ကြောင့် ရုတ်တရက်ကြည့်လျှင် အသားညိုသော ခင်မလတ်ထက် ပိုလှဟန်ရှိ သည်။ သို့ သော် သူ့၌ ခင်မလတ်လို အ၀တ်အစား မပေါများ ချေ။ ယနေ့လည်း သူကျောင်းကိုဘာအင်္ကျီဝတ်သွားသနည်း။ ခင်မလတ် သိချင်နေသည်။

ထားထားသည် အင်္ကျီဖြူနှင့် ကျောင်းလုံချည်စိမ်းကိုသာ ၀တ်ရသဖြင့် ဘယ်နေ့တွေ့ တွေ့  တစ်ပုံစံတည်း ဖြစ်သည်။ လှိုင်းကြီး အင်္ကျီဖြူလေးနှစ် ထည်ကို လဲလှယ်ဝတ်လေ့ရှိသည်။ တစ်ခါတစ်ရံတွင် မူ အင်္ကျီအရောင် ဖျော့ဖျော့လေးများ ၀တ်တတ်သည်။ သူတို့အိမ်ရှေ့ ကြိုးတန်းလေးတွင် ထားထား ၀တ်နေကျ အင်္ကျီဖြူလေးနှစ် ထည်ကို လှမ်းထားသည်။ ထို့ကြောင့် သည်နေ့ သူအင်္ကျီအရောင် တစ်ခုခု ၀တ်သွား မည် မှာ သေချာသည်။

အရင်တစ်ပတ်ကမူ သူ့ကို လေဟာပြင်ဈေး အထည်တန်းတွင် တွေ့ လိုက်ရသည်။ ထို့ကြောင့် သူ ဘာများ ၀ယ်သနည်း။ ခင်မလတ် အပြင်းအထန် သိချင်နေသည်။ အင်္ကျီအသစ် ၀ယ်သလား၊ လုံချည် အသစ် ၀ယ်သလား အမျိုးမျိုး တွေးနေရသည်။ သည်နေ့ ၀တ်သွားသော အင်္ကျီသည်အသစ်ချုပ်သော အင်္ကျီ ဖြစ်နိုင်သည်။

“ဟဲ့. . .အမေ ခေါ်နေတယ်လေ၊ ထမင်းစားမယ်တဲ့”

“ခဏလေး”

ဖိုးဂျင်သည် အိမ်ပေါ်မှ ဆင်းသွားပြန်သည်။ အမေက နောက် တစ်ခါထပ်ခေါ်ပြန်သော အခါ ခင်မလတ်သည် နောက်ဖေးသို့ ၀င်လာရသည်။ရေနံဆီ မီးဖိုမှ မီးဇာကိုမြှင့်ကာ မီးခြစ်ခြစ်လိုက်သည်။ ယမ်းနည်းသော မီးခြစ်ဆံများ သည် ဟုတ်ခနဲ တောက်ကာ ချက်ချင်း ပြန်ငြိမ်းသွားသည်။မီးခြစ်ဆံ ခြောက်ဆံလောက် ဖြုန်းပြီးသော အခါတွင် မှ မီးဇာတွင် မီးစွဲတော့သည်။

“အမေရေ ဘာဆန်တုံး”

“မီးဒုံးဟေ့၊ ဒီနေ့ပဲ ထုတ်ခဲ့တာ”

“ဟင် မီးဒုံးကြီး”

“မဆိုးပါဘူးကွယ်၊ စားပျော်ပါတယ်။ ဆန်ကွဲများ တာ တစ်ခုပါပဲ၊အမေ ဆန်ကွဲတွေ ပြာထုတ်နေတာ၊ ကြည့်ပါဦး အများ ကြီးပဲ”“စပါးလုံးတွေ ရော”

“ရွေးထုတ်ရမှာ ပေါ့ သမီးရယ်”

ခင်မလတ်သည် အမေ့ဘေးတွင် ထိုင်ကာ ဆန်ထဲမှ စပါးလုံးများ ကိုတဆတ်ဆတ်ကောက်ယူလိုက်သည်။ တစ်ခါတစ်ရံ ပုသိမ် ပေါ်ဆန်းမွှေးလို ဆန်ဖြူဖြူစင်းစင်းလေးများ စားချင်လှသည်။ သို့ ရာတွင် ထိုကဲ့သို့ သော ဆန်များ ကို သမ၀ါယမမှ ပေးနိုင်သည် မဟုတ်ချေ။ အပြင်ဈေး တစ်တင်း၇၀ ကျပ်ဟုဆိုသည်။ လေယာဉ်မောင် တစ်ထည် စာရှိသည်။ သည်လိုဆိုပြန်တော့ ချက်ချင်း လက်တွန့်သွားရလေသည်။ သူတို့အိမ်ထောင်သည်အမေမုဆိုးမကြီး ဦးစီးသော မုဆိုးမ အိမ်ထောင် ဖြစ်သည်။

အဖေ့ ပင်စင်လစာနှစ် ရာ၊ ခင်မလတ်၏ လခ တစ်ရာ့ငါးဆယ်၊ စုစုပေါင်း သုံးရာ့ငါးဆယ်နှင့် ရပ်တည်နေရသည်။ သို့ သော် ဖိုးဂျင်က ကျောင်းသားပင် ဖြစ်သော်လည်းအပိုဝင်ငွေ နှစ် ရာကျော်လောက် ရှာနိုင်သည်။ လဆန်းဆိုလျှင် လက်ထဲတွင် နှစ် ရာမျိုး သုံးရာမျိုး ကိုင်ကာ မော်လမြိုင်ရထား သွားစောင့်တတ်သည်။ရောက် လာသော ကုန်များ ကို ရထားအဆိုက်တွင် စောင့်ကောက်ပြီးလေဟာပြင်ဈေးသို့ သွားကာ လက်လွှဲရောင်းလိုက်ရုံပင် ဖြစ်သည်။ တစ်နေ့တစ်နေ့ သုံးလေးဆယ် ကိုက်လေသည်။ တစ်ခါတစ်ရံ အဖမ်းအဆီးနှင့် ကြုံလိုက်လျှင်ကား အမြတ်သာမက အရင်းပါပြုတ်သဖြင့် သိပ်တော့ မလုပ်ရဲချေ။

အစ်မရေ ဆာလိုက်တာ”ခင်မလတ်သည် စပါးလုံးရွေးနေရာမှ ရုတ်ခနဲ ခေါင်းထောင်လိုက်သည်။ ထားထား၏ အသံ ဖြစ်သည်။ နံရံတစ်ချပ်တည်းသာ ခြားသဖြင့် တစ်ဖက်ခန်းမှ အသံကို ကောင်းစွာ ကြားရတတ်သည်။ ထားထား ပြန်လာပေပြီ။

ရပ်ကွက်တွင်းရှိ သူတို့အိမ်များ သည် နံရံချင်း ဆက်မတတ် ညပ်ပြီးကပ်နေသည်။ တစ်ဖက်အိမ်မှ စကားပြောသံကိုပင် အခြားတစ်အိမ်က ကြားနိုင်သည်။ ထားထားတို့ မိသားစုနှင့် ခင်မလတ်တို့သည် အိမ်တစ်အိမ်ထဲတွင် ခေါင်းရင်းခန်း၊ ခြေရင်းခန်း ငှားရမ်းနေထိုင်သည်။ သည်တော့ တစ်အိမ်က လေသံကိုပင် အခြားတစ်အိမ်က ကြားရလေသည်။ ထားထားနှင့် ဘာလိုလို ဖြစ်နေသည့် အင်ဂျင်နီယာကလေး၏ အကြောင်း အမေ့ကို ပြောပြလျှင် မနည်းအသံနှိမ့်ပြီး နှစ် ကိုယ်ကြား ပြောရသည်။

“ဟူး. .ကားတွေ ကလည်း ကျပ်လိုက်တာ၊ အဖေရော ရောက်ပြီလား”

ခင်မလတ်သည် ထားထား၏ အသံကို နားစွင့်နေရင်း သူဘာဝတ်ထားသနည်း စောင့်မကြည့်လိုက်ရဖြင့် စိတ်ထဲတွင် တိုချင်ချင် ဖြစ်နေ၏ ။“သူဝတ်နေကျ တက်ထရွန်ဟောင်း အ၀ါနုလေးနေမှာ ပါ”

ခင်မလတ်သည် စိတ်တွင်းမှ ရေရွတ်ရင်း ဟင်းချိုအိုးထဲသို့ ဘူးသီးဖတ်လေးများ ထည့်လိုက်သည်။ ထို့နောက် အိမ်ရှေ့ဘက်သို့ ပြန်ထွက်လာသည်။ ဖိုးဂျင်ကို ထမင်းစားခေါ်ရန် ဖြစ်သည်။

လမ်းမပေါ်တွင် ဦးလူလှ ကတော် ကြီးသည် မြေးငယ်ကို လက်ဆွဲရင်း လမ်းလျှောက်နေသည်။ ကလေးငယ်သည် အဘွား ဖြစ်သူ၏ လက်တွင်းမှ ရုန်းထွက်ရန် ကြိုးပမ်းနေသည်။ ကလေးငယ်များ သည် လက်တွဲ မခံချင်ကြပေ။

ဦးလူလှသည် ခြံဝတွင် ရပ်ရင်း ပွဲစားကြီးဦးမြနှင့် စကားပြောနေသည်။စကားပြောနေသည် ဆိုခြင်းထက် နားထောင်နေသည်ဟုဆိုခြင်းက ပို၍ မှန်ကန်ပေမည် ။ ဦးမြ၏ ရှုံ့လိုက် မဲ့လိုက် ဖြစ်နေသော မျက်နှာဝိုင်းဝိုင်းကြီးကိုတွေ့ ရုံနှင့် သူဆောက်နေသော အိမ်သစ်အကြောင်းကို ပြောနေပြီ ဖြစ်ကြောင်းခင်မလတ် တိုက်ရိုက်သိလေသည်။ သစ်ဝယ်မရသည့်အတွက် ဦးမြသည်ချူသံပါအောင် ညည်းနေသည်။

ဦးလူလှသည် ပါးစပ်မှ ဣနြေ်္ဒမပျက် အင်းလိုက်နေသော်လည်းအိမ်ရှေ့ကပြင်တွင် ထိုင်နေသော သူ၏ သားလတ်မောင်မောင်နိုင်ဆီသို့ မျက်စိရောက်နေသည်။ မောင်မောင်နိုင်သည် ဖိုးဂျင်နှင့် တစ်စုံတစ်ရာကိုကြည့်ပြီးသဘောတွေ့ နေဟန်ရှိသည်။ ခေါင်းချင်းဆိုင်ပြီး ရယ်နေကြလေသည်။ခင်မလတ်သည် ဖိုးဂျင်ကို ထမင်းစား မခေါ်မီ အိမ်ရှေ့တွင် စိုက်ထားသော ရွက်လှပင်များ ကို ရေလောင်းတိုက်သည်။ လမ်းနယ်မြေပေါ်တွင် ကျော်စိုက်ထားသော ရွက်လှပင်ဝါ၀ါများ သည်ဝေဆာသန်စွမ်းလှချေသည်။

“ရှစ်သုံးလီ နှစ် ဆယ့်လေး၊ ရှစ်လေးလီ သုံးဆယ့်နှစ် ၊ ရှစ်ငါးလီလေးဆယ်၊ ရှစ်ခြောက်လီ လေးဆယ့်ရှစ်”

“လေသည် အရောင် မရှိ၊ အဆင်းမရှိ၊ အနံ့အရသာ မရှိ”“အနောက်ရိုးမတောင်တန်းတွင် ပတ်ကွိုင်တောင်၊ နာဂတောင်၊ ချင်းတောင်၊ ရခိုင်ရိုးမတောင်. . .”

ခင်မလတ်တို့ ထမင်းစားသော အခါ လျှပ်စစ်မီးများ လင်းနေပေပြီ။လမ်းတိုလေးအတွင်းရှိ ကလေးများ သည် မှတ်စုစာအုပ်များ ရှေ့ချကာ အသံကုန် ဟစ်အော်ကျက်မှတ်နေကြပြီ ဖြစ်၏

* * * * *


အခန်း (၃)

စာကျက်သော အလုပ်ကို အောင်ကို ငြီးငွေ့လှချေပြီ၊ လူမှန်းသိကတည်းက ကျက်လာရသော စာများ သည် ခုထိမဆုံးနိုင်သေးချေ။ ဆရာဝန်ကလေး ဖြစ်ရမည့် အရေး ကျက်လိုက်ရသော စာများ သည် များ ပဲ များ နိုင်လွန်းသည်။ သည်လောက် ကျက်မှတ်နေရသည့် ကြားထဲက ရောကုန်ထွေးကုန်တတ်သေးသည်။

“သားက တော် သေးတာပေါ့ သားရယ်၊ ဖေဖေတို့ ကျောင်းဆရာတွေ ဆိုရင် ခုအသက်အရွယ် ပင်စင်ယူခါနီး အထိ စာထဲက မထွက်နိုင်သေးဘူးမဟုတ်လား၊ စာထဲမှာ ကြီးခဲ့ပြီး စာထဲမှာ ပဲ သေရမှာ ”

“အာ. . .ဖေဖေတို့က ကျက်မှ မကျက်ရတော့ပဲ”

“သြော်. . .ကိုယ်မတတ်ဘဲ သူများ ကို သင်လို့ ဖြစ်မလားကွယ့်၊ အဖေတို့က ကျက်ရုံတင်မကဘူး၊ အလွတ်ကို ရနေရတာ ”

အောင်ကို၏ ဖခင်ကြီးသည် ဖတ်လက်စ ရာဇ၀င်စာအုပ်ကြီးကို အသာချထားလိုက်ရင်း သား ဖြစ်သူကို လှမ်းကြည့်သည်။ မျက်စိ အခိုးရိုက်သဖြင့် မှု န်သွားသော မျက်မှန်ကို ချွတ်ကာ ပုဆိုးစနှင့် ပွတ်နေသည်။ မျက်မှန်ချွတ်လိုက်သော အခါ စာကြည့်စားပွဲတွင် ထိုင်နေသော အောင်ကို၏ သဏ္ဌာန်သည် သူ့မျက်စိထဲတွင် မပီပြင်တော့ဘဲ ၀ါးသွားလေသည်။

“ဟဲ့. . .အငယ်ကောင် ကျူရှင်သွားတာ ကြာလှချေလား၊ ခုနစ် နာရီခွဲတောင် ကျော်ပြီ”

“မေမေကလည်း ပူတတ်လိုက်တာ လာမှာ ပေါ့”

“လာချိန်တန်ပြီဟဲ့၊ ခါတိုင်း ခုနစ်နာရီမထိုးခင် ရောက်တယ်”

“သြော်. . .မေမေရယ်၊ ယောက်ျားလေးပဲ စိုးရိမ်စရာ မရှိပါဘူး”

အောင်ကိုသည် အစိုးရိမ်ကြီးသော သူ့အမေကို ပြုံးရယ် ကြည့်ရင်းဝီခနဲ ဖြတ်သွားသော ခြင်ကို လက်နှစ် ဖက်နှင့် လှမ်းရိုက်လိုက်သည်။ အုတ်နံရံနှစ် ဖက် သူ့ကို ၀ိုင်းညှပ်လိုက်သည်ဟုသာ ထင်လိုက်နိုင်ပေမည် ။ ကိုရွှေခြင်သည် ရုတ်ခြည်း ဇီဝိန်ကြွေသွားရှာသည်။ လက်ဖမိုးတွင် ကပ်သွားသော ခြင်းသေကောင်ကို အသာခွာယူပြီး စားပွဲပေါ်သို့ တင်လိုက်သည်။

“တွေ့ လား ခြင်ကျားကြီးတွေ ”

ခြင်၏ ကိုယ်ထည်သည် အရစ်အရစ် ကျားနေသည်။ သွေးလွန် တုပ်ကွေး ဖြစ်စေတတ်သည့် ခြင်ကျားများ ဖြစ်သည်။ မည် သည့်နေရာက မည် ကဲ့သို့ စ၍ ပေါက်ဖွားသည်ဟု ဇာစ်မြစ်ကို အသေအချာ မသိရသော်လည်းအောင်ကိုတို့ ရပ်ကွက်ကလေးသည် ခြင်များ ပေါလှသည်။ ကောင်းစွာ ရေများ မစီးသော မြောင်းထဲမှလည်း ဖြစ်နိုင်သည်။ နောက်ဖေးလမ်းကြားရှိရွှံ့အိုင်၊ နွံ့အိုင်များ မှလည်း ဖြစ်နိုင်သည်။ ရေသိုလှောင်ရာ တိုင်ကီတွေ ၊ စဥ့်အိုးတွေ ကလည်း ဖြစ်နိုင်လေသည်။

အောင်ကိုသည် ဖြုန်းခနဲ အတွေးဖြတ်ကာ ရှေ့ဘက်တွင် ရှိ စာအုပ်ထဲသို့ စိတ်အာရုံကို နစ်မြုပ်ထားလိုက်လေသည်။ ခြင်များ သည် မည် သည့်နေရာကစ၍ ပေါက်ဖွားလာသည် ဖြစ်စေ သူ့ကို သည် လောက် ဒုက်္ခမပေး။သူ့ကို အမှန်တကယ် ဒုက်္ခပေးနေသည်ကား စာမေးပွဲ ဖြစ်သည်။ စာမေးပွဲနီးလှချေပြီ။

သူ့ရှေ့တွင် ရှိသော စာအုပ်ထဲတွင် နှလုံးသားသွေးကြောမျှင်များ ကိုအကြီးချဲ့ ရိုက်ကူးထားသော ရောင် စုံပုံကြီး ရှိလေသည်။ နားမလည်သူကြည့်လျှင် နီနီတွေ ဖြူဖြူတွေ ကိုသာ တွေ့ မည် ။ ဘာပုံမှန်း သိလိမ့်မည် မဟုတ်ချေ။ သူသည် ထိုပုံကို ကြည့်ရင်း ကြည့်ရင်း ၀ါးသွားသည်။ ညနေက တွေ့ ခဲ့ရသော မိန်းကလေးသည် နှလုံးသွေးကြောနီနီ ကြားထဲတွင် ၀ါးတားတားနှင့် မပီမပြင်လေး ပေါ်လာသည်။ မျက်နှာလေးက ၀ါးနေသော်လည်း မျက်ရည်အ၀ိုင်းသားနှင့် အားကိုးတကြီး မော့ကြည့်နေသော မျက်လုံးညိုလေးများ ကိုမူ ထင်ထင်ရှားရှား တွေ့ မြင်ရလေသည်။

“မောင်လေးက ဆေးရုံတက်နေရတာ ”

ဟု ပြောသွားသည်။ မည် သည့်ဌာနတွင် တက်နေသနည်း။ မမေးလိုက်မိသဖြင့် ခုမှ စိတ်မကောင်း ဖြစ်မိသည်။

“ချိန်းတဲ့ . . .ညမှာ ပျော်ရသည်၊ စနေနေ့ည. . .ကိုးနာရီ၊ ကိုး နာရီ၊အမေရေ တံခါးဖွင့်ပါ”

ညီအောင်သည် သီချင်းလေး တအေးအေးနှင့် တံခါးခေါက်နေသည်။အမေက ဘုရားသောက်တော် ရေ လဲနေသဖြင့် အောင်ကို ခပ်မြန်မြန် ထဖွင့်ပေးလိုက် သည်။ အဖေကလည်း အထိုင်အထ အလွန်နှေးသည်။ ကွမ်းသီးစိတ်လေးများ ကို သေးသည်ထက် သေးအောင် ကွမ်းညှပ်နှင့် တဖျောက်ဖျောက် ညှပ်နေသော အဘွားကလည်း ထနိုင်လိမ့်မည် မဟုတ်ချေ။

“မင်း နောက်ကျလိုက်တာ အမေတောင် စိတ်ပူနေပြီ”

“ဟား. . .ဆရာက အချိန်ပို သင်နေလို့ အမေရဲ့ ၊ အမေ့သား ဘယ်မှမလည်ဘူး”

အောင်ကိုက ခပ်ကျိတ်ကျိတ်လေး ဆူလိုက်သော အခါ ညီအောင်သည် မျက်စိလေးတစ်ဖက် မှိတ်ပြလိုက်သည်။ ထို့နောက် အမေ့ကို ရယ်ရွှန်းပတ်ရွှန်း လှမ်းပြောရင်း အဘွားကွမ်းအစ်ထဲမှ ကွမ်းသီးစိတ်လေး ကောက်ကာ ပါးစပ်ထဲ ပစ်ထည့်လိုက်လေသည်။ အဖေက သူ့မျက်မှန်ကြီးပေါ်မှကျော်ကာ ခပ်တည်တည် လှမ်းကြည့်သော အခါမှ ရုတ်တရက် မျက်နှာပိုးသတ်ကာ ဇက်ပုသွားလေသည်။

ညီအောင်သည် အမေ့ကိုချွဲကာ အမြဲအနိုင်ယူမြဲ ဖြစ်သည်။ မိန်းမများ အချွဲကြိုက်သည်ဟု ဆိုသည်မှာ ဟုတ်လေမလားတော့ မသိ။ အမေသည်ညီအောင်ကို အလွန်ချစ်သည်။ အမေ့အမေ အဘွားကလည်း ညီအောင်ကိုအလွန်ချစ်သည်။ အဘိုးဆုံးပြီး တစ်နှစ် ခန့်ကြာသော အခါ ညီအောင့်ကိုမွေးသည်။ အဘွားသည် သူ့ယောက်ျားသည် သူနှင့် အတူ ပြန်လည်နေထိုင်ရန် ရောက်လာသည်ဟု အိပ်မက်,မက်သည်ဟု ဆိုသည်။ အဘိုးဝင်စားသည်ဟု ယူဆသဖြင့် ညီအောင်သည် ငယ်စဉ်ကတည်းက အဘွား၏ အချစ်တော် ဖြစ်ခဲ့သည်။

အမေနှင့် အဘွားသည် ညီအောင့်ဘက်မှ ထာဝစဉ်အကာအကွယ် ပေးခဲ့သည်။ အဖေကမူ ကျောင်းသားတစ်ရာနှစ် ရာလောက်နှင့် ထာဝစဉ် တွေ့ ထိနေရသူ ဖြစ်သဖြင့် ညီအောင့် ခြေလှမ်းကို မြင်သည်။ ခုတလော ညီအောင်သည် ကျူရှင်ကအပြန် အမြဲနောက်ကျနေသည်။ စိတ်ထဲတွင် မကြိုက်သော်လည်း ဘာမျှမပြောသေး။ အသာစောင့်ကြည့်နေလေသည်။ အဖေက ပြောလျှင်လည်း အပေါ်ယံလေး ပြောလေ့မရှိ။ ချက်ပိုင် လက်ပိုင်နှင့် မလှုပ်နိုင်အောင် ပြောလေ့ရှိသဖြင့် ညီအောင်သည် အဖေ့ကို လန့်လေသည်။

“ညီအောင်. . .မင်းဆံပင်တွေ ရှည်လွန်းနေပြီ”

“အာ. . .သိပ်မရှည်သေးပါဘူး အဖေရဲ့ ”

“နက်ဖြန် မင်းဟာမင်း သွားညှပ်မလား၊ ငါ လိုက်ညှပ်ပေးရမလား”

“ကျွန်တော် သွားပါ့မယ်”

“အေး ဒီလိုဆို၊ ဟိုတစ်ခါတုန်းကလို အဖျားလေး တိတာတော့ မလိုချင်ဘူး”

ညီအောင်သည် အိမ်နောက်ဖေး လှည့်ဝင်ခဲ့ရင်း နှုတ်ခမ်းကိုမဲ့လိုက်သည်။ သူ့သူငယ်ချင်းများ နှင့် စာလျှင် သူ့ဆံပင်သည် အများ ကြီး တိုနေသေးသည်။ ခုခေတ်တွင် ယောက်ျားလေးများ ဆံပင်ကုပ်ဝဲသည်မှာ လုံးဝ မဆန်းတော့ပေ။ တချို့တွေ ကုပ်သာမက ပခုံးပေါ်တွင် ၀ဲနေကြပေပြီ။ ထိုကဲ့သို့ သော ခေတ်ကြီးတွင် သူ့ဖခင်သည် သူ၏ ဆံပင် ကုပ်မ၀ဲတ၀ဲလေးကိုပင်ထာဝစဉ် မျက်စိစပါးမွေး စူးနေလေသည်။ သူ့ဘက်က အစဉ်အမြဲ ရပ်တည်လေ့ရှိသော အဘွားပင် ဆံပင်ရှည်ကိုတော့ မျက်စိနောက်ဟန်ရှိသည်။

“အောင်ကိုကို ကြည့်စမ်း၊ မင်းထက်အကြီး မင်းလို ပြောရမခက်ဘူး၊ကိုယ့်အစ်ကို အတုများ နည်းနည်း ပါးပါး ယူစမ်း”

မျက်မှန်ကို ပုဆိုးနှင့် ပွတ်သုတ်ရင်း အဖေသည် မီးဖိုဘက်ကို မျက်စောင်းနှင့် ကြည့်လေသည်။ ညီအောင်သည် ခြေထောက်ကို ရေဆေးနေရင်းမှ ခံပြင်းစိတ်များ ဆူတက်လာသည်။ ထို့ကြောင့် ရေကို အားနှင့် ကြုံးခပ်ကာခြေထောက်ပေါ်သို့ တ၀ုန်းဝုန်း လောင်းချနေလေသည်။

“ငါ့အစ်ကို ဘဲနာကလည်း စာအပြင် ဘာမှမသိဘူး၊ သူ စာကျက်လေငါ အဆူခံရလေ၊ တောက် ယောက်ျားပီပီ နည်းနည်း ပါးပါး ရှုပ်ပါလား၊ပွေပါလား၊ ခုတော့ သူလိမ်္မာတိုင်း ငါ့ချည်းပဲ ဖိအဆူခံနေရတာ ”ညီအောင်သည် နှုတ်မှ စူပွစူပွ ပြောနေရင်း ခြေကို အချိန်ဆွဲပြီး ဆေးနေလေသည်။ ထိုအချိန်တွင် အောင်ကိုသည် သူ့မျက်စိရှေ့တွင် ပေါ်ပေါ်လာနေသော မျက်လုံးညိုလေးများ ကို အတင်းကြိုးစားပြီး ဖျောက်ဖျက်နေရှာလေသည်။

ထားထား အိပ်ရာဝင်ရန် အိမ်တံခါးများ ပိတ်ချိန်အထိ အောင်ကို မအိပ်သေးပေ။ စာကြည့်စားပွဲတွင် ငြိမ်ငြိမ်သက်သက်ထိုင်ပြီး စာကြည့်နေလေသည်။

ထားထားတို့ အိမ်နှင့် အောင်ကိုတို့ အိမ်သည် မျက်စောင်းထိုး ဖြစ်သည်။ ရွှေတောင်ကြားလမ်းထဲတွင် မျက်စောင်းထိုး တည်နေသော အိမ်နှစ် လုံးသည် အတန်ငယ်အလှမ်းကွာပြီး သီးသန့်လွတ်လပ်မှု ရှိနိုင်ပေသည်။သို့သော်လည်း ထားထားတို့ ရပ်ကွက်ထဲတွင် မူ မျက်စောင်းထိုး အိမ်နှစ် အိမ်သည် နီးကပ်လှချေသည်။ အထဲဝင် အပြင်ထွက် အကုန်မြင်နေရသည်။

စကားကျယ်ကျယ်ပြောလျှင်လည်းအကုန်ကြားရသည်။တစ်ခါတစ်ရံ ဆရာဦးလှအောင်ကြီး သူ့သား ညီအောင်ကို ဆူပူနေသော အခါ၌ လည်း ထားထားတို့အိမ်က အတိုင်းသား ကြားရလေသည်။

အောင်ကိုကို တွေ့ သော အခါ ထားထားသည် ဇော်လှိုင်မြင့်အား သတိရမိလေသည်။ ဇော်လှိုင်မြင့်သည် အောင်ကို၏ သူငယ်ချင်း ဖြစ်သည်။အောင်ကိုဆီသို့ လာလည်ရင်း ထားထားကို သူတွေ့ သွားခြင်း ဖြစ်သည်ဟုသူ၏ ပထမဆုံး စာထဲတွင် ပါသည်။ ထို့နောက်တွင် ကား သိပ်မခင်သော အောင်ကိုကို အရမ်းခင်ကာ မကြာမကြာလာလည်လေသည်။ ဘယ်လိုစုံစမ်းသည်ပင် မသိ။ ထားထား၏ ကျောင်းအထိ လိုက်လာသည်။ စာသင်နေသော ထားထားကို ငေးကြည့်တတ်သည်။ စ,စချင်းတော့ ထားထား စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ထို့နောက်တော့ သာယာလာသည်။ ခုတော့သူ့ကို တွယ်တာလာမိပြီ ထင်သည်။

“ဟဲ့. . .ထားထား၊ တံခါးပိတ်တော့လေ ဘာငိုင်နေတာလဲ”

“လ,ရောင် လေးက လင်းနေလို့ပါ၊ ခြံကျယ်ကျယ်လေးသာရှိရင် ဖျာလေးခင်းပြီး ထွက်ထိုင်နေဖို့ ကောင်းတာ”

အစ်မ ဖြစ်သူ လှလှက တပ်လက်စကြယ်သီးတံကို ချထားပြီး ခြေတရွတ်ဆွဲ၍ ထွက်လာသော အခါ ထားထားသည် ပြောမိပြောရာ ပြောလိုက်သည်။ လ,ရောင် ကလည်း တကယ်ပင် ၀င်းပ ယှက်ဖြာနေ၍ တော် သေသည်။ အိမ်ရှေ့ ဖိနပ်ချွတ်ထိ တိုးဝင်နေသော လ,ရောင် တွင် ထားထား၏ မျက်နှာလေးသည် နူးညံ့နေသည်။ ပန်းအိုးကလေးနှင့် စိုက်ထားသော စံပယ်ပင်မှ စံပယ်ဖူးလေး နှစ် ဖူးက တဖြည်းဖြည်း အာပြီး ပွင့်ရန် အရှိန်ယူနေသည်။

သူတို့ညီအစ်မ နှစ် ယောက် လုံး တံခါးကိုချက်ချပိတ်ကာ အိမ်ထဲ လှည့်ဝင်ခဲ့ကြသည်။ ခေါင်းရင်းခန်းက ခင်မလတ်တို့အိမ်ကလည်း တံခါးပိတ်သွားပေပြီ။ အပြင်ခန်းတွင် အိပ်သော ဖိုးဂျင်၏ ဟောက်သံက တစ်ချက်တစ်ချက် ကြားနေရသည်။ ထားထားတို့ ညီအစ်မသည် သူတို့ဖခင်၏ အနီးမှခပ်ဖြည်းဖြည်းလျှောက်ကာ အခန်းထဲ ၀င်ခဲ့ကြသည်။ အိမ်ရှေ့ခန်းတွင် ငူငူကြီး ထိုင်နေသော ဖခင်သည် သူတို့ကို စောင်းကြည့်ပြီး မမြင်ဟန်ဆောင်ကာ ရှေ့တည့်တည့်သို့ ပြန်ကြည့်နေလေသည်။

သူသည် ဖဲရှုံးလာသော အခါများ တွင် ထိုကဲ့သို့ ငြိမ်ငြိမ်ကြီး ထိုင်နေတတ်လေသည်။ ထိုသို့သော နေ့မျိုးတွင် သူတို့ညီအစ်မနှစ် ယောက် သည် အိပ်ရာသို့ စောစောဝင်မြဲ ဖြစ်သည်။ အစကမူ ဖခင် ဖြစ်သူနား ကပ်ခါ “ဖေဖေရယ် ဖဲမကစားပါနဲ့” ဟုပြောကြသေးသည်။ သို့ သော် မရခဲ့။ ခုတော့ ထားထား လုံးဝပြောချင်စိတ်မရှိတော့ပေ။ အဖေ ဖဲနိုင်သဖြင့် ခေါက်ဆွဲဝယ်လာလျှင်လည်း စားလိုက်သည်။ ဖဲရှုံးသဖြင့် လက်စွပ်ချွတ်ပေးဟု ဆိုကလည်း ပေးလိုက် သည်။ အဖေနှင့် ပတ်သက်၍ ခွင့်လွှတ်ထားလိုက်သည် ဘာကိုမျှလည်း မျှော်လင့်ချက်မထားတော့ပေ။

တစ်ခုပဲရှိသည်။ ထားထားအစ်မကိုတော့ သနားသည်။ သူ့ခမျာကမိမိကိုယ်မိမိ ကောင်းစွာ အားမကိုးနိုင်သော ဒုကိ္ခတ ဖြစ်သည်။ အဖေ ဖဲကစားတတ်ကတည်းက အစ်မ စိတ်ညစ်ခဲ့ရသည်။ ယခုဆိုလျှင် သုံးနှစ် ကျော်ပေပြီ။ အဖေ ကစားတတ်သည်ကလည်း ပြောရလျှင် ရှက်စရာလည်း ကောင်းသည်။ ရင်နာစရာလည်းကောင်းသည်။ တော် ရုံ လူကြားလျှင် ယုံနိုင်မည် ပင်မဟုတ်။ ရုံးကနေ တတ်လာခြင်း ဖြစ်၏ ။ အဖေတို့ရုံးသည် ကွန်ကရစ် အမိုးပြားမိုးထားသော လေးထပ်ရုံးကြီး ဖြစ်လေသည်။

နေ့ခင်းဆိုလျှင် ထို အမိုးပေါ်တက်၍ ရုံးသားများ ဖဲကစားကြသည်။ အဖေတို့ ရုံးခန်းကလည်း အခန်းကျယ်ကြီးတွင် အမှု ထမ်းများ ကို စီပြီး နေရာချထားခြင်း ဖြစ်၏ ။ ဒီလောက်အခန်းကျယ်ကြီးတွင် အမှု ထမ်းဆယ့်လေးငါးယောက် ပျောက်နေ၍ လည်းသီးသန့်အခန်းထဲတွင် ရှိသော အရာရှိက သိမည် မဟုတ်ချေ။ သိလည်း မသိခဲ့ချေ။ ထို့ကြောင့် နေ့ခင်းပျင်းလျှင် ရုံးသားများ ခေါင်မိုးပေါ် တက်ကြသည်၊ဖဲကစားကြသည်။ အစ ကတော့ အဖေသည် အပျင်းပြေ ကြည့်ခြင်းသာ ဖြစ်သည်။ ကြည့်ရသည်ကို မရိုးမရွ ဖြစ်လာသော အခါ ဘေးမှနေ၍ ကပ်ထိုးသည်။ ထိုမှ တစ်စတစ်စ စိတ်ပါလာကာ ခုတော့ ထမင်းချိုင့်ဆွဲကာ ရုံးသို့ ဖဲရိုက်ရန် သွားလေသည်။ လကုန်လျှင် အစိုးရလခကို ထုတ်ယူကာ ဖဲကြွေးဆပ်လေသည်။

“တော် ပြီ တော် ပြီ၊ ဒီအကြောင်း မတွေးတော့ဘူး”

မဟုတ်တော့ပေ။ အဖေကလည်း ဖဲသမား မဟုတ်။ အစ်မကလည်း ဒုက်္ခိတမဟုတ်။ ထားထားတို့ ငယ်စဉ်တုန်းက ဆုံးသွားသော အမေ့ကိုလည်း နုပျိုရွှင်လန်းစွာ တွေ့ ရသည်။ နောက်ပြီး ထားထားဘေးတွင် အန်္တရာယ်ဒုက်္ခဟူသမျှကို ကာကွယ်ပေးမည့်  သူရဲကောင်းကြီးတစ်ဦးလည်း ရောက်နေသည်။ ထားထားသည် သူရဲကောင်းကြီး ဇော်လှိုင်မြင့်၏ လက်မောင်းကိုအားကိုးတကြီးနှင့် ဆုပ်ကိုင်ထားမိလေသည်။ ထို့နောက် ရင်ထဲမှ တီးတိုးလေး ပြောနေမိသည်။

“ကိုလှိုင်မြင့်ရယ် ထားထား အားကိုးပါရစေ၊ ယုံပါရစေ”

“နည်းနည်း မှ မယုံရဘူး နည်းနည်း လေးမှလည်း မျက်နှာမလွှဲရဘူး၊ကြည့်စမ်း၊ တစ်အိမ်သားလုံး အိပ်ြ ကတော့မယ်၊ နောက်ဖေးတံခါးကြည့်၊စေ့ရုံသာ စေ့ထားတာ ချက်ထိုးမထားဘူး၊ အားလုံး နမော်နမဲ့နဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား၊ သူခိုးကို လက်ယပ်ခေါ်နေကြတာလား”

ဦးလူလှသည် တံခါးကို ဆောင့်ပိတ်လိုက်ကာ ရေရွတ်လိုက်လေသည်။ တစ်အိမ်သားလုံး အိပ်ရာထဲတွင် ငြိမ်ကုပ်ကာ မကြားချင်ယောင်ဆောင်နေကြသည်။

“လူတွေ ကတော့ တစ်လှေကြီး၊ တစ်ယောက် မှ တာဝန်မသိဘူး”

ညဆယ်နာရီခွဲခန့် ရှိပြီမို့ တိတ်နေသော လမ်းကလေးတွင် သူ့အသံသည် ဟိန်းကာ ထွက်ပေါ်နေသည်။ ပေါက်နေသော ကြောင်အိမ်ပေါက်ထဲမှ ငရုတ်သီးတောင့် နီနီများ ကို ချီယူလာသော ကြွက်မည်း ကလေးသည်ပင်လန့်သွားဟန်ရှိသည်။ ထုပ်တန်းပေါ် ကမန်းကတန်း တက်ပြေးရာ ပါးစပ်တွင် ကိုက်ထားသော ငရုတ်သီးတောင့်လေး ပြုတ်ကျန်ခဲ့လေသည်။

ဦးလူလှသည် အခန်းထဲရှိ သားနှင့် ချွေးမတို့၏ ခုတင်ကို စောင်းကြည့်သည်။ သူတို့တွေ မအိပ်သေးမှန်း သိသည်။ သို့ သော် သူတို့သည် လုံးဝငြိမ်ပြီး အိပ်နေဟန်ဆောင်နေကြသည်။ နို့စို့ကလေးက တအီအီနှင့် ငိုမည့် ဟန်ပြင်သော အခါတွင် ကား ငြိမ်မနေနိုင်တော့။ စုတ်ထိုးပြီး ချော့နေသံကိုကြားလိုက်ရသည်။

“တောက်. . .အလကားကောင်”

အပေါ်ထပ်သို့ ခြေဆောင့်နင်းပြီး တက်လာသည်။ သစ်သားလှေကားအိုအိုသည် ကြမ်းတမ်းလှသော ခြေလှမ်းကို ညွတ်ပက်ညွတ်ပက်နှင့် အားတင်းပြီး ခံနေရသည်။

“ဘာ ဖြစ်နေလို့လဲ”

“နောက်ဖေးတံခါး ချက်မထိုးထားဘူးကွ”

ဇနီးသည်က ခြင်ထောင်တွင်းမှ လှမ်းမေးသော အခါ ဦးလူလှသည်မျက်နှာစူပုပ်ပုပ်ကြီးနှင့် ဖြေလိုက်သည်။“သြော်. . .ဟုတ်ပါရဲ့ ၊ ခါတိုင်းတော့ ကြည့်မိတယ်။ ဒီနေ့တော့ သတိလစ်သွားတယ်”

ဦးလူလှ ဘာမှပြန်မပြောချင်။ ပက်လက်ကုလားထိုင်ပေါ် ထိုင်ချလိုက်ကာ စိပ်ပုတီး လှမ်းဆွဲလိုက်သည်။ အတန်ငယ် ဒေါသ ဖြစ်နေသော ကြောင့် စိပ်ပုတီးကို ချက်ချင်း မစိပ်နိုင်ပေ။ စိတ်ငြိမ်စေရန် အသက်မှန်မှန်ရှူရင်းလရောင် လဲ့လဲ့ လင်းနေသော လမ်းကလေးကို ဆီးပြီး ကြည့်နေမိလေသည်။အိမ်များ သည် တံခါးပိတ်ကာ တိတ်ကြချေပြီ။

ဦးလူလှတို့ လမ်းတိုလေးတွင် နှစ် ထပ်အိမ် သိပ်မရှိချေ။ ဦးလူလှတထားထားသည် မျက်လုံးကို စုံမှိတ်လိုက်သည်။ အဖေ့ကို လည်းကောင်း၊ ခြေတစ်ဖက် ကောင်းစွာ မသန်သော အစ်မကိုလည်းကောင်း ခေတ်္တမေ့ထားလိုက်သည်။ လက်ရှိကမ်္ဘာလေးတစ်ခုကို အိပ်မပျော်မီ ဖန်ဆင်းကြည့်နေမိလေသည်။

ပွင့်မည့် ဟန်ပြင်နေသော စံပယ်နှစ် ပွင့်မှ တစ်ပွင့်ကို ခူးယူပြီး ခေါင်အုံးပေါ် တင်ထားသဖြင့် သူ့ခြင်ထောင်ထဲတွင် စံပယ်ရနံ့က မွှေးပျံ့လာသည်။ကြိုင်သင်းသော ရနံ့ကို ရှူရှိုက်ရင်း ထားထားသည် ကမ်္ဘာသစ်ကလေးဆီသို့ ပြေးသွားမိသည်။

စိတ်ကူးယဉ်ကမ်္ဘာလေးထဲရှိ ထားထားသည် လက်ရှိထားထားအိမ်နှင့် ပွဲစားကြီး ဦးမြတို့အိမ်သာ ရှိသည်။ ကျန်အိမ်များ သည် လေးပင်သုံးခန်း တစ်ထပ်အိမ်လေးများ သာ များ သည်။

ဦးမြသည် အိမ်နှစ် လုံးပိုင်သည်။ နှစ် ထပ်အိမ်တွင် သူနေပြီး ကျန်တစ်ထပ်အိမ်လေးကို နှစ် ခန်းခွဲကာ ငှားစားသည်။ အိမ်ငှားများ ကို ဦးလူလှတစ်ခါမျှ ရင်းရင်းနှီးနှီး စကားမပြောဖူးပေ။ ဦးလူလှကတော် ကမူ ခြေရင်းခန်းတွင် စာရေး ကြီးနှင့် သမီးနှစ် ဦးနေကာ ခေါင်းရင်းခန်းတွင် မုဆိုးမမိသားစုနေသည်ဟု ဆိုသည်။ ကျန်အိမ်များ သည်ကား အများ အားဖြင့် ကိုယ်ပိုင်အိမ်များ ဖြစ်လေသည်။ ခေါင်းရင်းအိမ်မှ ဆရာဦးလှအောင်နှင့် ဦးလူလှ အလွမ်းသင့်သည်။ တစ်ဦးကိုတစ်ဦး လေးစားကြသည်။ တစ်ခါတစ်ရံ အားလပ်လျှင် စစ်တုရင်အတူထိုး ဖြစ်သည်။ ဆရာဦးလှအောင်၏ သား ဖြစ်သူ အောင်ကိုသည်ကား စာကျက်တုန်း ဖြစ်မည် ထင်သည်။ နီယွန်မီးချောင်းရောင် သည် လမ်းမထိ ယှက်ဖြာပြီး ကျရောက်နေသည်။

“ခွေးကောင် ငနိုင်၊ အောင်ကိုလိုများ စာကြိုးစားရင် ဘယ်လောက်ကောင်းမလဲ၊ ခုတော့ မိန်းမယူဖို့၊ ကလေးမွေးဖို့ပဲ သိတယ်”

သူများ ၏ သားများ စာကျက်တိုင်း စာတော် တိုင်း ဦးလူလှသည် သူ့သားကို သူမကျေမနပ် ဖြစ်ရလေသည်။ ဆယ်တန်း မအောင်မီ မိန်းမခိုးပြေးသော မောင်မောင်နိုင်သည် ကလေးအဖေ ဖြစ်ကာမှ တက်္ကသိုလ် ရောက်လေသည်။ တက်္ကသိုလ် ပထမနှစ် တွင် ပင် ကလေးနှစ် ယောက် အဖေ ဖြစ်လေသည်။ တောင်းဆိုး ပလုံးဆိုးသာ လွှင့်ပစ်နိုင်သည်။ သားသမီး ဟူသည်ကား မည် မျှဆိုးဆိုး ခံရပေတော့သည်။ ထို့ကြောင့် မောင်မောင်နိုင်သည်ဗိုလ်ကေလေး တသသနှင့် ကောလိပ် ကျောင်းတက်နေစဉ် ဦးလူလှသည်သား ချွေးမနှင့် မြေးနှစ် ယောက် ၏ တာဝန်ကို အစစယူထားရလေသည်။

လက်ရှိ သားသမီးငါးယောက် အပြင် ချွေးမနှင့် မြေးနှစ် ယောက် တိုးလာသော အခါ ဦးလူလှတို့ဇနီးမောင်နှံတွင် သားသမီးရှစ်ယောက် ဖြစ်သွားလေသည်။မောင်မောင်နိုင်ကိုက ဆိုးလွန်းခြင်း ဖြစ်သည်။ သူ့ထက်အကြီး မောင်မောင်ကြီးက လူအေး ဖြစ်သည်။ စာကို မှန်မှန်ကျက်ကာ မှန်မှန် အောင်သွားသည်။ ဂုဏ်ထူးတွေ ဘာတွေ မထွက်ဖူးသော်လည်း တစ်ခါမှလည်း စာမေးပွဲ မကျဖူးချေ။ သည်လိုနှင့် ဘီအက်စီအောင်ကာ သူ့ အမေ တားနေသည့်ကြားထဲက ဗိုလ်သင်တန်းတက်ခွင့်လျှောက်လေသည်။ အောင်လိမ့်မည် မထင်သည့်အတွက်လည်း သူ့အမေက လျှောက်လွှာတွင် လက်မှတ်ထိုးပေးလိုက်ခြင်း ဖြစ်သည်။ သို့ သော်လည်း မောင်မောင်ကြီး အောင်သွားလေသည်။

“စစ်သားဆိုတိုင်း သေဘေးနဲ့ နီးရမှာ လားတဲ့၊ တရားသဘောနဲ့ ကြည့်စမ်းပါ၊ သေမင်းဆိုတာက စစ်သားနားမှာ မှ မဟုတ်ဘူး။ မင်းတို့ ငါတို့လူတိုင်ားးမှာ လက်တစ်ကမ်းအကွာ ရပ်နေတာကွ၊ ဆေးရုံကြီး သွားကြည့်စမ်းပါကွာ၊ တစ်နေ့တစ်နေ့ သေနေလိုက်ကြတာ အပြိုင်အဆိုင်ပဲ၊ သူတို့တွေ စစ်တိုက်လို့ စစ်ထဲဝင်လို့ သေတာမဟုတ်ဘူးကွ နားလည်စမ်းပါကွယ်”

ဦးလူလှက အတန်တန် ဖျောင်းဖျခဲ့ရသည်။ ခုတော့ သားကြီးသည်စစ်ဗိုလ်ကြီးအ ဖြစ်နှင့် ရှေ့တန်းတစ်နေရာတွင် ရောက်နေချေပြီ။ မအားသည့်ကြားထဲမှ သူ့အမေ စိတ်မပူရန်အတွက် စာမှန်မှန် ရေး ရှာသည်။

ဆိုးသည်က အလတ်ကောင် မောင်မောင်နိုင် ဖြစ်သည်။ စာတော် သော်လည်း ပျင်းသည်။ ဉဏ်ကောင်းသော်လည်း ၀ီရိယနည်းသည်။ မိန်းမငမ်းသဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် မိန်းမရသည်။ ထို့နောက် သူ့သား၊ သူ့မယားတာဝန်အားလုံးကို ဖခင်ကြီး ပခုံးပေါ်စုပြီး အထုပ်လိုက် တင်ထားလေသည်။အငယ်များ သည်ကား ငယ်သေးသည်။ အလတ်မလေး မစိုးနှင့် မတိုးသည် ယခုနှစ် မှ ဆယ်တန်းနှင့် ကိုးတန်းရောက်သည်။ အငယ်ဆုံး ဖိုးတာသည် ရှစ်တန်းသာ ရှိသေး၏ ။ ဦးလူလှ ပင်စင်ယူရန်ကား လေးနှစ် သာလိုတော့သည်။

“အဖေကြီး မအိပ်သေးဘူးလား”

ဇနီး ဖြစ်သူက အိပ်ရာထဲမှ ထွက်လာသည်။ ထို့နောက် ဦးလူလှ ဘေးတွင် ၀င်ထိုင်လေသည်။ သူ့ကိုယ်မှ တောင်နံကတိုးနံ့က သင်းသင်းလေးဝေ့ပျံ့လာသည်။

“ဘာတွေ များ စိတ်တိုနေတာလဲ”

“ကြည့်စမ်း၊ အောင်ကို စာကျက်နေလိုက်တာ၊ တစ်ခါတစ်လေ ကိုတရေး နိုး ကြည့်ရင်လည်း မီးလင်းတုန်းပဲ”

“သြော် . . . သူက ဆေးကျောင်းသားပဲရှင် မကျက်လို့မှ မ ဖြစ်ဘဲ၊ဒီ့ပြင်လူတွေ က သူ့ဆယ်ပုံတစ်ပုံ ကျက်ရင်လည်း ရတာ ပဲ၊ သူတို့လောက်ကျက်ဖို့မှ မလိုတာ၊ နောက်ပြီး မောင်နိုင်တို့က ကျောင်းပိတ်ထားတာပဲ၊ဘာစာကျက်ရမှာ တုန်း အဖေရယ်”

ဦးလူလှ၏ ဒေါသသည် သား ဖြစ်သူ မောင်မောင်နိုင်ဆီသို့ ဦးတည်နေမှန်း သိသဖြင့် ဒေါ်ခင်ခင်သည် ဖြေပြောလေးပြောလိုက်သည်။ သည်အဖေနှင့် သည်သားသည် တစောင်းစေးနှင့် မျက်ချေး ဖြစ်၏ ။ အဖေ၏ ကရုဏာ ဒေါသများ ကို အမေကြီးကပင် ထာဝစဉ် ဖြေလျှော့ပေးနေရသည်။အိမ်ရှေ့ခန်း ဘုရားစင်အနီးတွင် အိပ်သော ဖိုးတာသည် အိပ်ပျော်နေရင်းမှအံသွားတကျိကျိ ကျိတ်နေသည်။ ထို့နောက် သူ့ နံဘေးမှ သစ်သားနံရံကိုဆောင့်ကန်လိုက်သည်။

“ဒီကောင် စာကျက်ချိန်မှာ မကျက်ဘဲ မက်္ခရာဓား ခိုးဖတ်နေတယ်၊ခုတော့ အိပ်မက်ထဲမှာ မက်္ခရာဓားကိုင်ရင်း လက်တစ်ဖက်ပြတ် တရုတ်မင်းသား လေလီနဲ့ ဓားစွမ်းပြိုင်နေပြီထင်ရဲ့ ”

တ၀ုန်းဝုန်း လှုပ်ခါသွားသော ဖိုးတာ၏ ဇာခြင်ထောင်ကို လှမ်းကြည့်ရင်း ဦးလူလှသည် မသက်မသာ ပြုံးလိုက်မိသည်။ ထို့နောက် မျက်စိကိုစုံမှိတ်ကာ စိတ်ကို ဖြေလျှော့လိုက်သည်။ ခေတ်္တငြိမ်နေပြီးမှ ဂုဏ်တော် ကိုးပါးစတင်ရွတ်ဆိုကာ ပုတီးစိပ်သည်။

ခပ်ဝေးဝေးမှ သံချောင်းခေါက်သံသည် လေဟုန်စီးရင်း လွင့်ပျံ့လာသည်။ ဘုရားစာရွတ်ဆိုနေရင်းက သံချောင်းသံကိုလိုက်ပြီး ရေတွက်နေမိသည်။ ဆယ့်တစ်ချက် ရှိလေပြီ။

* * * * *


အခန်း (၄)

နေ့ခင်း ဆယ့်တစ်နာရီခွဲလောက်ဆိုလျှင် ထားထားတို့ကျောင်းအနီးသို့ ဇော်လှိုင်မြင့် ရောက်လာတတ်သည်။ သူ့ကို စူးစမ်းသလို ကြည့်သော ကလေးတို့ကို ရယ်ပြုံးနှုတ်ဆက်တတ်သဖြင့် သူနှင့် ကလေးတို့ပင် ခင်မင်နေကြပေပြီ။

တစ်ခါတစ်ရံ သူရောက်မလာသေးသော်လည်း ကျောင်းသားလေးများ သည် ထားထားဆီ ပြေးလာရင်း သတင်းပို့တတ်သည်။ သူ့ကိုလမ်းထိပ်တွင် တွေ့ ခဲ့သည်။ ကျောင်းဝတွင် တွေ့ ခဲ့သည်ဟူသော သတင်းစုံများ ဖြစ်သည်။ ကလေးများ နှင့် သာမက သူသည် ကျောင်းအုပ်ဆရာမ ကြီးနှင့် လည်း ပြေလည်သည်။ ဆရာမ ကြီးသည် သူ့ကို ငယ်စဉ်က သင်ခဲ့ဖူးသည့်သူ့ဆရာမ ဟု ဆိုလေသည်။

“ဘာလို့ ခဏခဏ လာနေတာလဲ”

“မကြိုက်ဖူးလား”

“ကလေးတွေ ရိပ်မိကုန်လိမ့်မယ်”

“ရိပ်မိပစေပေါ့၊ သူတို့က အားကျနေကြမှာ ”

ကျပါလိမ့်မယ် အားကြီး”

“ဘာလဲ တို့လာနေတော့ လာဘ်တိတ်မှာ စိုးလို့လား”

“ဒီလိုမပြောပါနဲ့”

“ထားထား ဘေးခန်းက ဆရာလေ၊ တို့ကို ဂြိုဟ်ကြည့် ကြည့် တယ်၊သူ ထားထားကို ပိုးနေလား၊ တစ်နေ့တုန်းက ထားထားနဲ့ စကားပြောနေလိုက်တာ ရယ်လို့ ပြုံးလို့”

“အို. . .မဟုတ်မဟတ်၊ သူ့မှာ မိန်းမနဲ့ ကလေးနဲ့”

“ဒီလို လူတွေ က ပိုဆိုးတာ”

“ခက်ရချည့်ရဲ့ ရှင်”

ထားထားသည် ပင့်သက်ကလေးရှိုက်လိုက်မိသည် ဇော်လှိုင်မြင့်၏ မျက်လုံးကို စူးစိုက်ကြည့်ရင်း သူ့အတွင်းစိတ်ကို လှမ်းပြီးမှန်းဆနေမိသည်။သည်လို တွေ့ ကရာလူနှင့် မထိတထိ ပြောခြင်းမျိုးကို ထားထား အနည်းငယ်မျှ မနှစ် မြို့ပေ။ ၀န်တိုစိတ်ကြောင့် ပြောခြင်းလော။ ရန်ရှာလိုသဖြင့် ပြောခြင်းလော။ စေ့စေ့ကြည့်တာတောင် မကြိုက် ဟူသည့် ချစ်မေတ်္တာမျိုးကြောင့် ပြောခြင်းလော။ သို့တည်းမဟုတ် အချို့ ယောက်ျားများ တွင် ရှိတတ်သည့်စကတည်းက နှိမ်ကာ ချုပ်ချယ်လိုသည့်စိတ်နှင့် ပြောခြင်းလော။

မည် သို့ သော စိတ်ဓာတ်နှင့် ပြောသည် ဖြစ်စေ၊ ထိုသို့ ပြောတတ်သော သဘောထား၊ ထိုသို့ ထွက်တတ်သော ပါးစပ်ကို ထားထား ရွံမုန်းသည်။ ထားထား၏ သိက်္ခာကို အထင်သေးလွန်းသည့် သဘောပါပေ။ သူ့တွင် ထားထားကိုသည်လိုပြောနိုင်လောက်အောင် အခွင့်အာဏာ မရှိချေ။ မဆိုင်မီကပင် ပိုင်ချင်သည့် သဘော ဖြစ်သည်။ မပိုင်မီကပင် နိုင်ချင်သည့်သဘော ဖြစ်သည်။

“တို့ မှားသွားတယ်၊ တစ်ကျောင်းတည်း လုပ်တဲ့ သူငယ်ချင်း စကားတော့ ပြောမှာ ပေါ့၊ ဆောရီးကွာ”

ဇော်လှိုင်မြင့်က မပြန်ခင် ပြောသွားသော်လည်း ထားထား၏ စိတ်ထဲတွင် မတင်မကျနှင့် ခိုးလိုးခုလုကြီး ဖြစ်ကျန်ရစ်လေသည်။ ကိုယ့်ကိုယ်ကိုယ်မို့ ပြောသည်တော့ မဟုတ်။ သည်အသက်အရွယ်အထိ ထားထား မှဲ့တစ်ပေါက် မစွန်းခဲ့ချေ။ တစ်စုံတစ်ဦးကိုမျှလည်း ချစ်စိတ် မ၀င်ခဲ့သေးချေ။မိမိကိုယ်မိမိ အမှန်အတိုင်း ဖွင့်ဟ၀န်ခံရလျှင် ဇော်လှိုင်မြင့်သည်သာ မိမိ၏ အချစ်ဦး ဖြစ်ခဲ့သည်။ သူ့ကို အထင်ကြီးခဲ့သည်။ အားကိုးခဲ့သည်။ ထို့နောက်ဖွင့်ဟ၀န်မခံသေးသော်လည်း သူ့ကိုသာ ချစ်ခဲ့မိသည်။

“၀န်တိုခြင်းကင်းသော အချစ်ကို အချစ်စစ် မခေါ်နိုင်” ဟူသော အင်္ဂလိပ်စကားပုံကို ထားထား ကြားဖူးသည်။ သို့ သော် ဇော်လှိုင်မြင့်လောက် သံသယမျက်စိ များ သူကိုကား ထိတ်လန့်သလို ဖြစ်လာသည်။ ထားထားကို သူသည်လောက်မှ မယုံကြည်လျှင်၊ သံသယရှိနေလျှင် ဘာကြောင့် ကြိုက်နေသေးသနည်း။ သူသည် ထားထားကို အမှန် တကယ် မေတ်္တာစစ်နှင့် ချစ်ခြင်းဟုတ်ချင်မှ ဟုတ်မည် ဟူသော အတွေးကို စိုးရိမ်စွာ ၊ ထိတ်လန့်စွာ နှင့် ပထမဆုံး အကြိမ် တွေးလိုက်မိသည်။ ဒေါသ ဖြစ်ခြင်း၊ ၀မ်းနည်းခြင်းတို့သည်ထားထား၏ နှလုံးသားကို တစ်ဖက်တစ်ချက်စီမှ ဆုပ်နယ်နေကြသည်။

“ထားထား စာအုပ်စာရင်းတွေ ပြီးပြီလား၊ ဆရာမ ကြီး ခေါ်နေတယ်”

“ဟင်. . .မပြီးသေးဘူး”

“ဘာ ဖြစ်နေလဲ၊ နေမကောင်းဘူးလားဗျာ၊ မျက်နှာတွေ နီလို့”“ခေါင်းကိုက်နေတယ်”

ထားထားသည် ပြီးစလွယ် ဖြေလိုက်သည်။ စာရင်းများ ကို အယောင်ယောင် အမှားမှား စစ်ဆေးရင်း သည်ဆရာနှင့် စကားပြောသည်ကို ဇော်လှိုင်မြင့် တွေ့ ပြန်ပါကလည်း မထိမခိုက်ပြောလေဦးမည် လားဟု စိတ်က အတွေးဆန့်နေမိလေသည်။

ထိုနေ့တစ်နေ့လုံး ထားထားသည် ယောင်ကန်းကန်း ဖြစ်နေသည်။တတ်နိုင်လျှင် ကျောင်းမှထွက်ပြေးပြီး တစ်နေရာရာတွင် တစ်ဦးတည်း ငေးငိုင်နေချင်သည်။

ထို့ကြောင့် ကလေးများ ကို ဆရာမ ခေါင်းကိုက်နေသော ကြောင့် ငြိမ်ငြိမ်နေကြရန်ပြောပြီး လက်ရေး လှ ရေး ခိုင်းထားရသည်။ ကြိုးစား ပမ်းစားလက်ရေး လှ ရေး နေကြသူလေးများ ကို ငေးကြည့်ရင်း ထားထားသည် သူ့စိတ်ကိုသူ ငြိမ်သက်ရန် ကြိုးစားနေမိသည်။

ထားထား၏ အသည်းနှလုံးတွင် ဇော်လှိုင်မြင့်၏ အရိပ်သည် စွဲစွဲ မြဲမြဲထင်ဟပ်လျက် ရှိချေပြီ။ ထားထား၏ ဦးနှောက်ကမူ စိုးရိမ်ထိတ်လန့်စွာ နှင့် ထိုအရိပ်ကို လှမ်းပြီးဖျက်ရန် ကြိုးစားနေမိသည်။

“ဟောတော့ မိုးရွာနေတယ်”

ညနေ ကျောင်းဆင်းသော အခါ မိုးဖွဲဖွဲ ရွာနေလေသည်။ မိုးကုန်ပြီမို့ထားထား ထီးယူမလာမိခဲ့ချေ။ သဝေထိုးသော ကိုရွှေမိုးသည် ထွက်သွားပြီးမှ အလည်တစ်ခေါက် ပြန်လာချေသည်။

ထားထားသည် ကျောင်းအောက်တွင် ရပ်ရင်း မိုးအစဲကို စောင့်နေမိသည်။ အဖေကမူ နေပူကြောက်သဖြင့် ဆယ့်နှစ် ရာသီ ထီးဆောင်းလေ့ရှိသဖြင့် ကိစ်္စမရှိပေ။ ထားထားကသာ ထီးသယ်ရမည် ကို ပျင်းသော ကြောင့် ခုတော့ မိုးမိနေချေပြီ။ အိမ်နီးသော ကျောင်းသားကလေးများ သည် လွယ်အိတ်ကိုပိုက်ကာ ဒုန်းစိုင်းပြေးကြသည်။ ထားထားသည် သူတို့ကို ငေးကြည့်ရင်း ငယ်စဉ်ဘ၀ကို သတိရမိသည်။ ထားထား ငယ်စဉ်က ကျောင်းအဆင်းမိုးရွာလျှင် အမေသည် ထီးနှင့် လာကြိုတတ်သည်။ ထီးတစ်စင်းတည်းကိုသားအမိနှစ် ယောက် ဆောင်းကာ အိမ်အတူပြန်ရသော နွေးထွေးမှု မျိုးကို ပြန်လည်တမ်းတနေမိသည်

“ထားထား”

ထားထားဘေးသို့ ဖယ်မလီယာ ကားပြာလေး ထိုးဆိုက်လာသည်။ကားထဲမှ ဇော်လှိုင်မြင့်က ညင်သာစွာ ခေါ်လိုက်သည်။

“ထားထား မိုးမိနေမှာ ပဲဆိုပြီး ကိုယ်လာခဲ့တာ”

ဇော်လှိုင်မြင့်၏ ဖခင်သည် ပင်စင်စားအရာရှိကြီး ဖြစ်သည်။ ပင်စင်မယူမီ ရုံးမှ ဖယ်မလီယာ ကားလေးကို ဈေးချောင်ချောင်နှင့် ရလိုက်သည်။သုံးနှစ် စေ့လျှင် ပြန်ရောင်းမည် ဟု ရည်မှန်းထားသော ကြောင့် ကားကို ခြင်ထောင်ချထားလေသည်။ သို့ ရာတွင် တစ်ခါတစ်ရံတွင် ကား ဇော်လှိုင်မြင့်ထုတ်မောင်းလေ့ရှိသည်။

“လာလေ”

“နေပါစေ”

“မိုးမိနေလိမ့်မယ်”

“ခဏနေ စဲသွားမှာ ပါ”

“ဘာလဲ၊ ကိုယ့်ကို မယုံဘူးလား”

“မဟုတ်ပါဘူး”

“ဒါဖြင့် လာ”

ထားထား၏ ဦးနှောက်က ထားထားကို မလိုက်ရန် အပြင်းအထန်တားမြစ်နေသည်။ သို့ သော်လည်း နှလုံးသားကမူ ထားထား၏ ခြေထောက်များ ကို ကားဆီသို့ တွန်းပို့နေလေသည်။ ထားထားသည် ဘာမှ ပြန်မဖြေသာဘဲ တွေ တွေ ဝေေ၀လေး ရပ်နေမိလေသည်။

“လာပါ ထားထားရယ်၊ မိုးမိနေမှာ စိုးလို့ပါ”

သူက နောက်မှ တံခါးကိုဖွင့်ရင်း ထပ်ခေါ်သော အခါတွင် ကား ထားထားသည် ကားထဲသို့ လှမ်းဝင်လိုက်မိလေသည်။ သူ့မျက်နှာသည် ပြုံးရွှင်ဝင်းပသွားသည်။ သည်လိုကြည်ရွှင်နေပြန်တော့လည်း နေ့ခင်းက သံသယမျက်လုံးများ နှင့် သုန်မှု န်နေသော သူသည် သူမှဟုတ်ပါလေစဟု ပြန်တွေးနေမိသည်။ ယုံနိုင်စရာ မရှိတော့ချေ။

“ကန်တော် ကြီးစောင်း ခဏသွားရအောင်”

“မလုပ်ပါနဲ့”

“ဗိုလ်တထောင်ဆိပ် သွားမယ်လေ”

“အို”

“ဟား. . .ဟား. . .ကြောက်တတ်လိုက်တာ”

ထားထားသည် ရင်တထိတ်ထိတ် ခုန်နေရင်းမှ ရဟတ်စီးသော အရသာမျိုးကို ခံစားနေရသည်။ ရင်လည်း ဖိုရသည်။ ကြောက်လည်း ကြောက်ရသည်။ ထို့နောက် ပျော်လည်း ပျော်ရသည်။“ထားထားကို ပြန်ပို့ပါတော့”

“ခဏလေး နေပါဦးနော်”

“ဇော်လှိုင်မြင့် မင်း ကောင်မလေးကိုတော့ အတည်မဟုတ်ရင် မစပါနဲ့ကွာ၊ ငါ မျက်နှာပူတယ်”

“ဘာ ဖြစ်လို့”

“အို ငါနဲ့ ရပ်ဆွေရပ်မျိုးကွ၊ ရိုးရိုးသားသား အေးအေးဆေးဆေး နေရှာတာ၊ ခင်မလတ်လို မိန်းကလေးဆိုရင် ငါ မပြောဘူး”

“ခင်မလတ်ဆိုတာ သူတို့ဘေးခန်းက ကောင်မလေး မဟုတ်လား၊ညိုချောလေးလေ”

“အေး ဒါပေမဲ့ သူက နည်းနည်း ပျံတယ်၊ ထားထားက အေးတယ်ရိုးတယ်”

“ငါ သိပါတယ် အောင်ကိုရာ၊ မင်းကလည်း မင်းနှမကျနေတာပဲစိတ်ပူနေလိုက်တာ”

“အို ငါနဲ့ ပတ်သက်ပြီး မင်းတို့နှစ် ယောက် အဆက်အသွယ် ဖြစ်တာမဟုတ်လား၊ ငါ့မှာ တာဝန်ရှိသလိုပဲ၊ မင်းတို့ နှစ် ယောက် လုံးကို ငါကအကြောင်းသိ”

“ထားထားက မင်းကို ဘာပြောလို့လဲ”

ဇော်လှိုင်မြင့် ရုတ်တရက် စိတ်ပူသွားသည်။ ထားထားသည် အောင်ကိုကို အကြောင်းစုံများ ဖောက်သည်ချလိုက်လေပြီလားဟု ထူပူသွားသည်။အကြောင်းစုံကိုသာ သိလျှင်တော့ ကောင်းကောင်းကြီး အဆဲခံရပေမည် ။“ဘာမှ မပြောပါဘူး၊ ဒါပေမဲ့ ငါက စိုးရိမ်လို့”

“ဘာ ဖြစ်လို့”

“ငါရှင်းရှင်းပဲပြောမယ် လှိုင်မြင့်၊ မင်းတို့နဲ့စာရင် ငါတို့က ဆင်းရဲသား၊သူက ငါ့ထက်တောင် ဆင်းရဲသေးတယ်၊ ရိုင်းရိုင်းပြောရရင် အဖေက ဖဲသမား အစ်မက ဒုကိ္ခတ၊ သူကိုယ်တိုင်က ရိုးရိုးစာရေး မလေး”

“ငါ သိသားပဲ၊ ဖဲရိုက်တာများ ဆန်းလို့၊ တို့အဘိုးကြီးလည်း ရိုက်တာပဲ”

“အေး ဒါပေမဲ့ သူက မင်းတို့လို ၀င်ဒါမီယာတို့၊ အင်းလျားစောင်းတို့ရွှေတောင်ကြားတို့နား လုံးဝကပ်နိုင်တာ မဟုတ်ဘူးကွ၊ ဘီအေလည်းမဟုတ်၊ ဘီအက်(စ)စီလည်း မဟုတ်၊ မင်းတို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အင်ဂျင်နီယာမ၊ ဆရာဝန်မတွေ လည်း မဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ လုပ်သား ကောလိပ် တက်ဖို့ ကြိုးစားနေတဲ့ မူလတန်း ဆရာမ လေး၊ ကဲ မင်းတို့မိဘတွေ ကသူနဲ့ မင်းကို သဘောတူပါ့မလား၊ သူတို့သဘောမတူရင် မင်းကရော သူတို့ကို ဆန့်ကျင်နိုင်မှာ လား၊ အဲ. . မင်းက ဆန့်ကျင်ရဲပါပြီတဲ့၊ သူ့လိုရောအဆင်းရဲ ခံနိုင်မှာ လား”

“ငါ ယောက်ျားပါကွာ”

ဇော်လှိုင်မြင့်သည် အသံမာမာနှင့် ပြောလိုက်သည်။ သူတို့အ ဖြစ်အပျက်အလုံးစုံကို အောင်ကို မသိသေးသဖြင့် စိတ်သက်သာသွားသည်။အမှန်တကယ်တော့ သူအစိုးရိမ်ပိုမိခြင်းသာ ဖြစ်သည်။ ထားထားသည်မိန်းကလေးတန်မဲ့နှင့် သည်အကြောင်းကို မည် သည့်အခါမျှ ဖွင့်ဟပြောရဲလိမ့်မည် မဟုတ်ချေ။

အောင်ကိုသည် အေးစပြုနေသော လက်ဖက်ရည်ကို တစ်ရှိန်ထိုးကျိုက်ချလိုက်ကာ အိတ်ထဲနှိုက်လိုက်သည်။ ဇော်လှိုင်မြင့်က လက်ကာပြပြီး ပိုက်ဆံကို ဦးအောင်ထုတ်လိုက်လေသည်။

“နေပါကွ ကျောင်းသားရ၊ ငါက အလုပ်သမားပါ”

“မင်း. . .အခု ဘာလုပ်မှာ လဲ”

“အလုပ်သင် ရှိသေးတာ၊ ဘိုးအေမှပဲ သုံးရာပေါ့ကွ”

“ရရင် တော် သေးတာပေါ့၊ မင်းတို့နှစ် က အလုပ်မရသေးတဲ့ သူတွေ မှအပုံကြီး မဟုတ်လား”

“ငါတို့အရင်က မောင်တွေ တောင် တချို့ ထိုင်နေရသေးတာ၊ ငါကအဘိုးကြီးမျက်နှာရှိလို့”

“ငါတို့တွေ လည်း အောင်ရင် အလုပ်က ဘယ်လောက်ကြာအောင်စောင့်ရဦးမယ် မသိဘူး”

“မရှိလို့လုပ်စား ဖြည်းဖြည်းပေါ့ကွာ”

“ဖြည်းနေရင် ငတ်သွားမှာ ပေါ့ သူငယ်ချင်းရာ”

“မငတ်ချင် မှော င်ခိုလုပ်ပေါ့။ ဆေးမှော င်ခိုလေ”

“တော် စမ်းပါကွာအောင်ကိုသည် လှိုင်မြင့်အား လက်သီးနှင့် မနာမကျင်ထိုးလိုက်သည်။ဇော်လှိုင်မြင့်သည် မချိတရိ ဖြစ်သွားသော အောင်ကို၏ မျက်နှာကို စေ့စေ့ကြည့်ရင်း တဟားဟား ရယ်နေသည်။ ဆေးမှော င်ခို အကြောင်းပြောတိုင်းအောင်ကိုသည် ဣနြေ်္ဒမဆည်နိုင်အောင်ပင် မျက်နှာပျက်တတ်သည်။

“ကဲ. . .သွား အလုပ်သမားရေ၊ ရုံးချိန်နီးနေပြီ”

“သွားရဦးမယ် ကျောင်းသားကြီးရေ”

သူတို့နှစ် ဦးသည် လက်ဖက်ရည်ဆိုင်တွင် ပင် လမ်းခွဲလိုက်ကြသည်။ဇော်လှိုင်မြင့်သည် ကားဂိတ်သို့ လျှောက်သွားကာ သူက အလှည့်ကျရာဆေးရုံကြီးဘက်သို့ လျှောက်လာခဲ့သည်။

ဗိုလ်ချုပ်လမ်းမတွင် လုံချည်စိမ်းနှင့် ကျောင်းသူလေးများ သည် သစ်ရွက်စိမ်းလေးများ လို ကြဲပြန့်နေသည်။ ကျောင်းချိန်အမီ ကျောင်းသို့ ခြေကျင်တစ်သွယ်၊ ကားနှင့် တစ်သွယ် တဖွဲဖွဲ စုဝေးလာနေကြသည်။ သူတို့သည်ဆေးရုံကြီးအရှေ့ဘက်ကျောင်းမှ ဖြစ်သည်။ ယခင် ကတော့ စိန်ဂျွန်း ကွန်ဗင့် ဖြစ်သည်။ ယခုတော့ အ.ထ.က နံပါတ်ဘယ်လောက်နည်း၊ အောင်ကိုအသေအချာမသိ။ ဦးလူလှ၏ သမီးနှစ် ဦး ဖြစ်သော မစိုးနှင့် မတိုးလည်းသည် ကျောင်းမှာ ပင် နေသည်။

“အံမယ်. . .ဒေါက်ချာကြီးပါလား”

“အသည်းလေး ကွဲနေတယ်၊ ဆက်ပေးပါလားကွယ်”

ကျောင်းသူလေးတစ်စုကို အမှတ်မထင် ဖြတ်ကျော်လိုက်ပြီးမှ နောင်တရသွားသည်။ သူတို့တွေ က အင်အားတောင့်နေချိန်မို့ အောင်ကို အဟားခံလိုက်ရသည်။ မိန်းကလေးဟူသည့် သတ်္တ၀ါများ သည် ယောက်ျားတို့အလည်တွင် ရောက်နေလျှင် မျက်လွှာလေးချပြီး နှုတ်ခမ်းလေး တင်းတင်းစေ့ထားတတ်ကြသည်။ တကယ့်ဣနြေ်္ဒရှင် ဟန်ဆောင်လေ့ရှိသည်။ သိုသော်လည်း သူတို့ကြားသို့ ယောက်ျားကလေး တစ်ဦးတလေ အဖော်ကွဲပြီးရောက်သွားလျှင်မူ ကစားစရာ အရုပ် ကလေးကို ကစားသလို တစ်ယောက် တစ်ပေါက်ဝိုင်းပြီး မွှေ့တတ်ကြသည်။

“ဟောတော့. . .မသိဘူးထင်တယ်၊ နောက်မှာ ပုဆိုးပေါက်နေတယ်ဒေါက်တာရဲ့ ခက်တော့တာပဲ၊ အို ပဲခူးဝန်ထောက်ကြီး” အောင်ကိုသည်ကျောဘက်မှ မီးစနှင့် အထိုးခံလိုက်ရသလို ကော့သွားသည်။ ခြေလှမ်းအယောင်ယောင် အမှားမှားနှင့် ဆေးရုံကြီးဝင်းထဲ ကွေ့ချိုး ၀င်လိုက်သည်။နောက်ဆုံး စကားကြောင့် ကျောထဲတွင် စိမ့်တက်လာကာ ဖင်မလုံ ဖြစ်သွားသည်။ ၀င်းဝတွင် ရပ်ထားသော ကားတစ်စီး အကွယ်တွင် ရပ်ပြီး ကမန်းကတန်း ပုဆိုးကို လှည့်လိုက်သည်။

“ခွေးမလေးတွေ ”

လမ်းမပေါ်မှ ရယ်သံသဲ့သဲ့ကို ကြားရသည်။ အောင်ကို ပုဆိုးတွင် ဘာအပေါက်မှ မရှိချေ။ သက်သက်အကြောင်ရိုက်ခံလိုက်ရခြင်း ဖြစ်သဖြင့် တစ်မျက်နှာလုံး ပူရှိန်းသွားသည်။

“တောက်. . .သိမယ် ဟင်း”

အောင်ကိုသည် အရှက်ပြေ ဟန်မပျက် ပုဆိုးကို ပြင်ဝတ်လိုက်ရာမှကားဘေးလက်တစ်လှမ်းကွာလောက်ရှိ စကားပင်ခြေရင်းရှိ မိန်းကလေးကိုအမှတ်မထင်တွေ့ လိုက်ရသည်။ သူသည် အောင်ကို၏ အ ဖြစ်အပျက်ကို အစအဆုံး မြင်လိုက်ဟန်ရှိသည်။ ဣနြေ်္ဒမဆောင်နိုင်ဘဲ သွားညီညီလေးများ ပေါ်အောင် ရယ်နေသည်။

“ဟေ့ မင်းကိုး”

“ဟုတ်ကဲ့”

အောင်ကိုသည် ၀မ်းသာအားရ နှုတ်ဆက်လိုက်လေသည်။ သည်နေ့တော့ မိန်းကလေးသည် မျက်ရည်ရစ်ဝိုင်းသော မျက်လုံးလေးများ နှင့် မဟုတ်တော့။ ပြုံးရယ်နေသည်။ ထို့ပြင် ဖိနပ်ဖြူဖြူ အသစ် ကလေးတစ်ရန်ကိုလည်း စီးထားလေသည်။

“ဟိုနေ့က ဘယ်လိုလုပ်လဲ”

“မောင်လေးဖိနပ် စီးသွားရတာ ပေါ့”

“မောင်လေးက ဆေးရုံတက်နေရသလား”

“ဟုတ်ကဲ့”

“ဘယ်အဆောင်လဲ”

“ဆယ့်တစ်၊ ဆယ့်နှစ် ”

“အရိုးကျိုးလို့လား”

“ဟုတ်ကဲ့ ခြေကျိုးလို့၊ သစ်ပင်ပေါ်က လိမ့်ကျတာလေ”

“တော် တော် ဆော့တာပဲ၊ အစ်မနဲ့တူတယ် ထင်တယ်”

“အို. . .ဘာ ဖြစ်လို့”

“အစ်မကလည်း ဖိနပ်တစ်ဖက်လုံးပျောက်အောင် ဆော့တာကိုး”

“ဟင်. . .ဟုတ်ပဲနဲ့”

မိန်းကလေးသည် ခေါင်းကလေးငဲ့ကာ ရယ်လိုက်သည်။ သူ့ဘေးတွင် သုံးဆင့်ချိုင့်လေး ချထားသည်။ ထမင်းလာပို့ခြင်း ဖြစ်ဟန်တူသည်။လက်ထဲတွင် စကားပန်းဖြူဖြူလေး သုံးပွင့်ကို ကိုင်ထားသည်။ ခပ်ရိုးရိုးစုစည်းထားသော ဆံပင်ရင်းတွင် လည်း ပန်းလေး တစ်ပွင့်ကို သားရေကွင်းထဲထိုးထည့် ပန်ဆင်ထားသေးသည်။

ဆေးရုံကြီးရှေ့ မြက်ခင်းစိမ်းစိမ်းပေါ်တွင် ကြဲပြန့်နေသော ထို စကားပန်း ဖြူဖြူလေးများ ကို အောင်ကို တစ်ခါမျှ သတိမထားမိချေ။ ယခုမှ နှစ် သက်ဖွယ် ပန်းလှလှလေးများ အ ဖြစ် မြင်လာသည်။အခု ထမင်းလာပို့တာလား”

“ဟုတ်ကဲ့”

“တို့ အားရင် အရိုးဌာန လာခဲ့ဦးမယ်၊ လိုတာရှိ ပြောပေါ့၊ ကဲ ကျောင်းတက်လိုက်ဦးမယ်၊ သွားမယ်နော်”

အောင်ကိုသည် စာသင်ခန်းမဘက်သို့ ကွေ့လျှောက်ခဲ့ပြီး တစ်ဝက်လောက်ရောက်မှ သူ့အမည် မမေးခဲ့ရကြောင်း သတိရသည်။ တစ်ယောက် နှင့် တစ်ယောက် အမည် ပင် မသိသေးသော်လည်း ငယ်ပေါင်းကြီးဖော်လိုစိတ်ထဲတွင် ရင်းနှီးနေသည်။

“ရုပ်ကလေးကလည်း လှတယ်၊ နာမည် လေးလည်း လှမှာ ပါ၊ ဂျမ်းပုံတို့၊ ဂွက်ထော်တို့ ဆိုရင်တော့ ဒုက်္ခ”

* * * * *




ဝန်ဇင်းချစ်သူများ မစန္ဒာ ၏ “ ပုစ္ဆာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နှင်းဆီ

အနီးကဝေး

ဆဌဂံ