Cover

နှစ် တစ်ရာ ဂူသင်္ချိုင်း

အပိုင်း (၁)

(၁၉၉၀ ခုနှစ် ၀န်းကျင်ကာလ)

နံနက် သုံးနာရီခန့်အချိန်

အမှော င်ထုကြီးစိုးနေတဲ့ တောင်ဆင်းလမ်းတစ်နေရာမှာ ခရီးသည်တင် ကားတစ်စီးဟာ တအိအိ ဆင်းနေတယ်။

ကားပေးရှိ ခရီးသည်အားလုံး အေးစိမ့်နေတဲ့ ရာသီဥတုဒဏ်နဲ့အတူ နှစ် ခြိုက်စွာ အိပ်မောကျနေကြတယ်။

ဒရိုင်ဘာဟာ ကားကို ကွမ်းတမြုံ့မြို့ဝါးရင်း မောင်းနှင်နေသလို…

စပယ်ယာကောင်လေးက တံခါးဝမှာ ထိုင်ပြီး ငိုက်မျဉ်းနေတယ်။

ကားပေါ်ရှိ လူအားလုံး အိပ်ပျော်နေကြပေမယ့် ဒရိုင်ဘာရဲ့ နောက်ခုံမှာ ထိုင်နေတဲ့ ယောဂီဝတ် အဘွားအိုတစ်ဦးဟာ စိပ်ပုတီးကို တဂျောက်ဂျောက် စိပ်နေတယ်။

မျက်လုံးစုံ မှိတ်ရင်း ဘုရားအာရုံပြုနေတဲ့ ယောဂီကြီးရဲ့ မျက်နှာဟာ ပကတိ အေးချမ်းတည်ငြိမ်လျက် ရှိနေသလို….

ယောဂီကြီးရဲ့ ဘေးမှာ ထိုင်နေတဲ့ အမျိုးသမီးငယ် ကတော့ ဟောက်သံပေး အိပ်ပျော်နေရှာတယ်။

တောင်ဆင်းလမ်းအကွေ့တစ်ခုကို ရောက်တော့ ယောဂီကြီးရဲ့ မျက်လုံးတွေ က ဖျတ်ခနဲ ပွင့်လာတယ်။

ယောဂီကြီးရဲ့ အေးချမ်းတဲ့မျက်နှာမှာ မျက်မှော င်အနည်းငယ် ကြုတ်သွားသလို ခေါင်းကို လေးတွဲ့ စွာ ခါရမ်းလိုက်တယ်။

သူမဟာ နံဘေးမှာ အိပ်ပျော်နေတဲ့ မိန်းကလေးကို လှုပ်နှိုးလိုက်ရင်း…

``မိန်းကလေး … မိန်းကလေး… ထပါဦးကွယ်´´

အိပ်ကောင်းနေတုန်း အနှိုးခံရတဲ့အတွက် မိန်းမပျိုဟာ မကျေမနပ် ဖြစ်သွားပြီး...

``အင်… ဘာလဲ… ဘာလဲ´´

``အမေ့ကို နေရာလဲပေးပါလား သမီး´´

ယောဂီကြီးရဲ့ အပြောကြောင့် မိန်းမပျိုဟာ စိတ်မကြည်ဟန်နဲ့ ခေါင်းကို ကုပ်ဖွလိုက်ရင်း… ဆောင့်ကြီးအောင့်ကြီးအမူအရာနဲ့ နေရာလဲပေးလိုက်တယ်။

ပြီးတော့ ယောဂီကြီးကို ကျောခိုင်းပြီး ပြန်အိပ်နေလိုက်တယ်။

ယောဂီကြီးဟာ ပြတင်းပေါက်ဘက်အခြမ်းကို နေရာလဲထိုင်ပြီးတဲ့အခါ

``စပယ်ယာလေး… စပယ်ယာလေး´´

လို့ ငိုက်မျဉ်းနေတဲ့ ကားစပယ်ယာကို လှမ်းခေါ်လိုက်တယ်။

ခေါ်သံကြောင့် ကောင်လေးဟာ အိပ်မှု န်စုံမွှားနဲ့…

``ဘယ်သူခေါ်တာလဲဗျ´´

လို့ ထူးလာတယ်။

ယောဂီကြီးက ထိုင်နေရာက လက်လှမ်းပြပြီး…

``လူကလေးရယ်.. အမေ့ရဲ့ အိတ်လေး တစ်ဆိတ်လောက် ယူပေးပါလားကွယ်´´

လို့ ပြောလိုက်တဲ့အခါ ကောင်လေးဟာ မျက်နှာရှုံ့မဲ့သွားပြီး…

``ပြောဗျာ.. ပြော… အိတ်က ဘယ်မှာ လဲ´´

လို့ စိတ်မရှည်သံနဲ့ ပြန်မေးတယ်။

``ဟိုး နောက်ဆုံး အိပ်စင်ပေါ်မှာ တင်ထားတဲ့ အညိုရောင် အိတ်လေးပါကွယ်´´

ကောင်လေးဟာ လေးတိလေးကန်ခြေလှမ်းနဲ့ ကားအနောက်ဘက်ကို ထသွားတယ်။

ဒရိုင်ဘာဟာ တောင်ဆင်းလမ်းရဲ့ `အန္တရာယ်ကွေ့´လို့ ရေး ထားတဲ့နေရာရောက်တော့ ကားကို ဘရိတ်မှေးရင်း အရှိန်လျှော့လိုက်တယ်။

ဒါပေမယ့် ကားဘရိတ်ဟာ ဘယ်လိုမှ မမိတဲ့အတွက် ဒရိုင်ဘာဟာ ခေါင်းနားပန်းကြီးသွားပြီး ထပ်ကာ ထပ်ကာ ဘရိတ်ကို ဖိနင်းလိုက်တယ်။

ဒီအချိန်မှာ ပဲ တောင်ပေါ်တက်လာတဲ့ ကားတစ်စီးနဲ့ မျက်နှာချင်းဆိုင်မိသွားတယ်။

ဒရိုင်ဘာဟာ `ဟာ´ ခနဲ ရေရွတ်သံနဲ့အတူ စတီယာတိုင်ကို အားကုန်ဆွဲလှည့်လိုက်တယ်။

ကားတစ်စီးလုံး ဘေးတစ်ခြမ်းစောင်းသွားပြီး ကားပေါ်က လူတွေ လန့်နိုးကုန်တယ်။

ကားဟာ အရှိန်မထိန်းနိုင်တဲ့အတွက် ချောက်ကမ်းပါးဘက်ကို `၀ုန်း´ခနဲ တိမ်းမှော က်သွားတယ်။

အရှိန်ပြင်းထန်လွန်းတဲ့အတွက် ကားပေါ်ရှိ လူအားလုံး ၀ရုန်းသုန်းကား ဖြစ်သွားရသလို…

ပြတင်းပေါက်ဘက်မှာ ထိုင်နေတဲ့ ယောဂီကြီးဟာ ပြတင်းကတစ်ဆင့် အရှိန်နဲ့ လွင့်စဉ်ကျသွားရှာတယ်။

ကားတစ်စီးလုံး ကမ္ဘာပျက်သည့်အလား အော်ဟစ်သံတွေ ပွက်လောရိုက်သွားတယ်။

ကားကြီးက ကံကောင်းထောက်မစွာ ပဲ ချောက်ကမ်းပါးစပ်မှာ တုံးလုံးလဲလျက်…

ခရီးသည်တွေ ရဲ့ အထိတ်အလန့် အော်ဟစ်သံနဲ့အတူ ကားထဲက ထွက်ဖို့ အလုအယက် ကြိုးစားကုန်ကြတယ်။

ဒရိုင်ဘာရဲ့ အစီအမံကောင်းမှု ကြောင့် ခရီးသည်အားလုံး အပြင်ကို ရောက်သွားကြတယ်။

လူအားလုံး ကားအပြင်ရောက်တဲ့အခါ စပယ်ယာကောင်းလေးဟာ လူစစ်ရင်း…

``ဟာ… ကျုပ်ကို အိတ်ယူခိုင်းတဲ့ ယောဂီကြီး ဘယ်မှာ လဲ၊ မရှိတော့ဘူး´´

လို့ အထိတ်အလန့် ရေရွတ်လိုက်တယ်။

ခရီးသည်တွေ ဟာ လှုပ်လှုပ်ရွရွ ဖြစ်သွားပြီး…

``ဟာ… ဟုတ်တယ်ဟေ့၊ ယောဂီအဘွားကြီး မရှိတော့ဘူး၊ ရှာကြပါဦး.. ရှာကြပါဦး´´

ဆိုတဲ့ အသံတွေ ညံစီသွားတယ်။

* * * * ** * * * *


ယောဂီကြီး သေပြီလား?

အပိုင်း (၂)

``ဟာ.. ချောက်ထဲမှာ ယောဂီကြီး ပြုတ်ကျနေပြီ´´

လူ တစ်ယောက် ရဲ့ အသံကြောင့် ခရီးသည်အားလုံး ချောက်စပ်ကို ပြေးကြည့်ကြတယ်။

ဘယ်လိုမှ မြင်ရက်စရာမရှိတဲ့ မြင်ကွင်း…။

သွေးအိုင်ထဲမှာ ခွေခွေလေး လဲကျနေတဲ့ ယောဂီအဘွားအို။

``အမယ်လေး.. လုပ်ကြပါဦး၊ ယောဂီကြီး အသက်မှ ရှိသေးရဲ့ လား မသိဘူး… သူ… သူ ကျွန်မအသက်ကို ကယ်ခဲ့တာ၊ ကားမမှော က်ခင်လေးတင် သူ ကျွန်မနဲ့ နေရာလဲထိုင်ခဲ့တာ၊ တ… တကယ်ဆို သူ့နေရာမှာ ကျွန်မ ဖြစ်ရမှာ ရှင့်၊ ရှင်တို့ ဘာကြည့်နေကြတာလဲ၊ ယောဂီကြီးကို အမြန်ဆင်းကယ်ကြလေ၊ ဘုရား… ဘုရား… ယောဂီကြီး မသေပါစေနဲ့´´

မိန်းမပျိုရဲ့ သွေးရူးသွေးတန်း အော်ဟစ်သံကြောင့် စပယ်ယာကောင်လေးက….

``ခင်ဗျားတင် မဟုတ်ဘူး၊ ယောဂီကြီးက ကျုပ်ရဲ့ အသက်ကိုလည်း ကယ်တင်ခဲ့တာဗျ၊ သူသာ ကျုပ်ကို အိတ်မယူခိုင်းခဲ့ရင် ကျုပ် တံခါးပေါက်က လွင့်ကျပြီး သေလောက်ပြီဗျ၊ ယောဂီကြီးဟာ လူနှစ် ယောက် ရဲ့ အသက်ကို သူ့အသက်နဲ့ရင်းပြီး ကယ်တင်ခဲ့တာဗျ´´

ဒရိုင်ဘာဟာ ချောက်စပ်ကနေ ငုံ့ကြည့်ရင်း….

``ဒီအောက်ကို ကျုပ်တို့ ဆင်းလို့ ဘယ်လိုမှ မရနိုင်ဘူး၊ သက်ဆိုင်ရာကို အကူအညီတောင်းမှပဲ ဖြစ်လိမ့်မယ်၊ ယောဂီအဘွားအိုဟာ… တကယ့်ကို သူတော် စင်ကြီးပါ၊ သူ တစ်လမ်းလုံး ဘုရားစာရွတ်ရင်း စိပ်ပုတီးကြီးကိုပဲ စိပ်နေတာ၊ ကျုပ် သတိထားမိတယ်၊ သူတော် ကောင်း တစ်ယောက် ဒီလိုအ ဖြစ်မျိုး ကြုံရတာ တကယ့်ကို ရင်နာစရာပဲဗျာ´´

စိတ်မကောင်းခြင်းကြီးစွာ နဲ့ ရေရွတ်လိုက်တယ်။

ဒီနောက်မှာ တော့ စပယ်ယာကောင်လေးဟာ ကားကြုံနဲ့ လိုက်သွားပြီး အကြောင်းကြားခဲ့တယ်။

ယာဉ်တိမ်းမှော က်ရာကို ဆေးရုံကားနဲ့အတူ ကြက်ခြေနီတွေ ပါ ရောက်ရှိလာတယ်။

သူတို့ ချောက်ထဲရှိ ယောဂီကြီးကို ခဲရာခဲဆစ် ဆင်းပြီး ကယ်ဆယ်ခဲ့ကြတယ်။

လူနာတင်ကားပေါ် ရောက်တဲ့အခါ ခရီးသည်တွေ ဟာ စိုးရိမ်တကြီး ပြေးကြည့်ကြတယ်။

ကြက်ခြေနီတပ်သားတွေ ဟာ ယောဂီကြိးကို စမ်းသပ်စစ်ဆေးရင် စိတ်မသက်မသာနဲ့ ခေါင်းခါရမ်းလိုက်တယ်။

``စိတ်မကောင်းစရာပဲဗျာ… ယောဂီကြီးဟာ အသက်မရှိတော့ပါဘူး´´

* * * * ** * * * *




ဝန်ဇင်းချစ်သူများ မအိုစာ ၏ “ နှစ်တစ်ရာ ဂူသင်္ချိုင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မှင်စာငိုသံ

အမေကိုစားတဲ့သမီး

စုန်းတောက်တဲ့ည