
မှင်စာငိုသံ
ဆိတ်ငြိမ်ရပ်ကွက်တစ်ခုအတွင်းရှိ ခြံဝန်းကျယ်ကြီးတစ်ခုရဲ့ စင်ဝင်အောက်ဝယ် အမျိုးသမီးတစ်ဦးဟာ ခရီးဆောင်အိတ်ကို ကားပေါ်တင်လိုက်ရင်း…
``ကိုမောင်ရေ… အပြင်ထွက်လာပါဦး၊ ဒီမှာ မိန်းမက ခရီးသွားတော့မယ့်ဟာကို၊ မနှုတ်ဆက်တော့ဘူးလား… တကယ်ပါပဲ´´
လို့ လှမ်းပြောလိုက်တယ်။
သုံးထပ်တိုက်ကြီးတွင်းက စတိုင်ကျကျ လူကြီးတစ်ဦး ထွက်လာပြီး မိန်းမ ဖြစ်သူရဲ့ ခါးကို ဖက်လိုက်တယ်။
ပြီးတော့… ရွှတ်ခနဲ နမ်းရှုပ်လိုက်ပြီး…
``စံပယ်ရယ်… လောကမှာ ကိုယ်အချစ်ဆုံး မိန်းမက ဒီ တစ်ယောက် တည်း ရှိတာပါကွာ၊ တစ်ဦးတည်းသော မိန်းမ ခရီးသွားတာ ကိုယ်က နှုတ်မဆက်ဘဲ နေပါ့မလား၊ လမ်းခရီးမှာ အဆင်ပြေဖို့ ကိုယ် ဆုတောင်းပေးတယ်နော်၊ အမြန်ဆုံး ပြန်လာနော် မိန်းမ၊ ကိုယ် သတိရနေမယ်´´
ယောက်ျား ဖြစ်သူရဲ့ အပြောကြောင့် ဒေါ်စံပယ်အောင်အောင်က ကျေနပ်စွာ ပြုံးလိုက်တယ်။
``အမယ်လေး ကိုမောင်ရယ်… အိမ်ထောင်သက်ပဲ ဆယ်မိုးကျော်နေပြီ၊ အ ဖြစ်သည်းပြမနေစမ်းပါနဲ့၊ စံပယ်က နှစ် ရက်ပဲကြာမှာ ပါ၊ ကိုမောင်သာ အပြင်မှာ ချည်း အချိန်ကုန်မနေနဲ့၊ ကဲ… စံပယ် သွားတော့မယ်နော်´´
ဒေါ်စံပယ်အောင်အောင်က ယောက်ျားကို နှုတ်ဆက်ပြီး ကားပေါ်တက်လိုက်တယ်။
ပြီးမှ… ဦးမောင်မောင်ကျော်က လေကလေးချွန်ပြီး အိမ်ထဲဝင်ခဲ့တယ်။
အိမ်ထဲရောက်တော့ စားပွဲသုတ်နေတဲ့ အိမ်အကူ မိုးမိုးနား လျှောက်သွားပြီး တင်ပါးကို ပုတ်လိုက်တယ်။
``ပင်ပန်းနေပြီလား မိုးလေးရဲ့ … အအေးဖော်ပေးရမလားဟင်´´
ဦးမောင်မောင်ကျော်က သူမရဲ့ ခါးကို ဖက်ရင်း ပြီတီတီအသံနဲ့ မေးလိုက်တယ်။
မိုးမိုးဆိုတာ ညိုချော ချောတဲ့ အညာသူမလေး။
ဦးမောင်မောင်ကျော်တို့ အိမ်ရောက်တာ ခြောက်လှရှိပြီ၊
ဦးမောင်မောင်ကျော်က မိန်းမလစ်ရင် လစ်သလို သူမနဲ့ နှစ် ပါးခွင် ၀င်နေကျ။
``ဦးမောင်နော်… အတင့်ရဲမနေနဲ့၊ အပေါ်ထပ်က ဒေါ်ကြီး ဆင်းလာဦးမယ်´´
``မလာပါဘူးကွာ၊ ခုချိန်ဆိုရင် သူက တရားမှတ်နေလောက်ပြီ၊ ဒီည တွေ့ ကြရအောင်နော် မိုး´´
မိုးမိုးက ဦးမောင်မောင်ကျော်ကို မျက်စောင်းခဲလိုက်ပြီး..
``ဟွန်း… ဒါမျိုးဆို သိပ်တတ်တာပဲ၊ ဖက်ထားတာ လွှတ်ပါတော့… အသက်ရှူကျပ်တယ်ရှင့်´´
လို့ ပြောလိုက်တယ်။
ထိုစဉ်မှာ ပဲ…
``မိုးမိုးရေ… ခဏတက်လာပါဦးဟေ့၊ ဒေါ်ကြီးကို ဇက်ကြောလာဆွဲပေးစမ်းပါဦး´´
ဒေါ်စံပယ်အောင်အောင်ရဲ့ အဒေါ် ဖြစ်သူ ဒေါ်ဝင်းမြိုင်ရဲ့ အသံကြောင့် မိုးမိုဟာ ဦးမောင်မောင်ကျော်ရဲ့ ရင်ခွင်ထဲက ထွက်ပြီး အပေါ်ထပ်ကို ပြေးထွက်သွားတော့တယ်။
လူခြေတိတ်တဲ့ ညအချိန်ရောက်တော့ ဦးမောင်မောင်ကျော် တစ်ယောက် ဒေါ်ဝင်းမြိုင်ရဲ့ အိပ်ခန်းနား တိတ်တဆိတ် သွားပြီး အကဲခတ်လိုက်တယ်။
အဘွားကြီး ဟောက်သံထွက်အောင် အိပ်နေမှန်းသိတော့မှာ အောက်ထပ်ကို ခြေသံမကြားအောင် ဆင်းခဲ့တယ်။
မိုးမိုးက သူမရဲ့ အခန်းထဲ သနပ်ခါးကို ခြေဆုံးခေါင်းဆုံးလူးပြီး စောင့်စားနေတယ်။
အခန်းတံခါး ဟဟလေး ပွင့်သွားပြီး ဦးမောင်မောင်ကျော် ၀င်လာတယ်။
``ဟာ… တစ်ခန်းလုံး သနပ်ခါးနံ့လေးတွေ မွှေးနေတာပဲ၊ ကိုယ်လေ မိုးလေးကိုယ်က သနပ်ခါးနံ့လေးကို ဘယ်ရေမွှေးအနံ့နဲ့မှ မလဲနိုင်အောင် သိပ်ကြိုက်တာပဲကွာ… လာပါဦး မိုးလေးရဲ့ ´´
ဦးမောင်မောင်ကျော်က ထိုသို့ပြောရင်း သူမရဲ့ ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။
ပြီးတော့ အိပ်ရာထက် လှဲချလိုက်ပြီး အနမ်းမိုးတွေ ရွာချပစ်လိုက်တယ်။
မိုးမိုးက ဦးမောင်မောင်ကျော်ရဲ့ လက်မောင်းပေါ် ခေါင်းတင်အိပ်ရင်း…
``မိုးတော့ ဦးမောင်နဲ့ နှစ် ယောက် တည်း နေချင်ပြီရှင့်၊ ဦးမောင်ပြောတော့ မိုးကို အိမ်တစ်ဆောင် မီးတပြောင်နဲ့ ထားမယ်ဆို၊ ဒီလို ခိုးချစ်ရတဲ့ဘ၀ကြီးနဲ့ မနေချင်တော့ဘူး သိလား´´
သူမစကားကြောင့် ဦးမောင်မောင်ကျော်ရဲ့ မျက်နှာ ပျက်သွားပြီး…
``သြော် မိုးလေးရယ်… ဦးမောင်လည်း မိုးလေးနဲ့ နေချင်တာပေါ့၊ အချိန်လေးစောင့်ပါဦးကွာ… နော် အချစ်၊ မိုးလေးကို ပြည့်ပြည့်စုံစုံ ထားချင်လို့ပါကွာ´´
အညာသူမလေး မိုးမိုး တစ်ယောက် ဦးမောင်မောင်ကျော်ရဲ့ စကားချိုလေးတွေ အောက် နစ်မြောပြီး ယုံကြည်သွားတယ်။
တကယ်တော့ ဦးမောင်မောင်ကျော်ဟာ လက်ကြောမတင်းတဲ့လူ ဖြစ်သလို… မိန်းမ ဖြစ်သူ ဒေါ်စံပယ်အောင်အောင်ကို ဘယ်တော့မှ လွန်ဆန်ဝံ့တဲ့လူ မဟုတ်ဘူး။
ဘာကြောင့် လဲဆိုတော့ ဒေါ်စံပယ်အောင်အောင်က သားဖွားနဲ့ မီးယပ်အထူးကု ဆရာဝန်မကြီး ဖြစ်သလို၊ မျိုးရိုးစဉ်ဆက် ကြွယ်ဝသူလည်း ဖြစ်တယ်။
အရပ်စကားနဲ့ပြောရရင် ဦးမောင်မောင်ကျော်က မိန်းမထဘီနား ခိုစားနေသူ တစ်ယောက် ပင်။
မိန်းမ ဖြစ်သူဆီက ငွေကို လက်ဖြန့်တောင်းပြီး အပြင်မှာ ခြေပုန်းခုတ်ရှုပ်သူ ဖြစ်သလို အိမ်မှာ လည်း အိမ်အကူတွေ ကို ခြေတော် တင်တတ်သူ တစ်ယောက် ပင်။
သူ့အတွက် ကံကောင်းနေခြင်းက မိန်းမ ဖြစ်သူက သူ့အလုပ်နဲ့သူ ရှုပ်နေတဲ့အတွက် လုံးမ၀ရိပ်မိသေးခြင်းပင်။
မိုးမိုးက ဦးမောင်မောင်ကျော်ရဲ့ ရင်ခွင်ထက် မိန်းမောရင်း…
``ဦးမောင်နော်…. မိုးက ဦးမောင်ကို သိပ်ချစ်မိသွားလို့ ဦးမောင်ပြောသမျှ ယုံကြည်ပေးနေတာ၊ ယုံကြည်လို့ အားလုံး ပုံအပ်ထားတာနော်၊ မိုးကို ရင်ကွဲအောင်လုပ်ရင်တော့ ဦးမောင်ကို လုံးဝခွင့်မလွှတ်ဘူး… သိလား´´
လို့ အနုစားလေး ခြိမ်းခြောက်လိုက်တယ်။
ဦးမောင်မောင်ကျော်က တဟဲဟဲရယ်လိုက်ပြီး မိုးမိုးကို တင်းကျပ်စွာ ဖက်ထားလိုက်တယ်။
ဒီ့နောက်မှာ တော့ သူတို့နှစ် ဦးဟာ တစ်လောကလုံးကို မေ့လျော့ပြီး အချစ်နယ်လွန်ြ ကတော့တယ်။
တစ်နာရီကျော်မျှ ကြာတဲ့အခါ ဦးမောင်မောင်ကျော်က ပူအိုက်လွန်းတဲ့အတွက် ချွေးစီးတွေ ကို သုတ်လိုက်ပြီး ရေတစ်ခွက် မော့သောက်လိုက်တယ်။
ပြီးတော့ ဘောင်းဘီအိတ်ကပ်ထဲက ဆေးကတ်လေးထုတ်ပြီး မိုးမိုးကို တိုက်တယ်။
``အာ…. မသောက်ချင်သေးဘူး ဦးမောင်ရာ၊ ပြီးမှ သောက်မယ်နော် … စားပွဲပေါ် တင်ထားလိုက်´´
``မဟုတ်ဘူးလေ မိုးလေးရဲ့ … ဆေးက ချက်ချင်း သောက်မှ ပိုကောင်းတာပေါ့၊ သောက်လိုက်ပါကွာ´´
``အိပ်ချင်နေပြီ ဦးမောင်ရဲ့ ၊ ခဏနေ သောက်ပါ့မယ်… တင်ထားလိုက်ပါ´´
ဒီအချိန်မှာ ပဲ အခန်းပြင်က မီးရောင် တွေ့ လိုက်ရတယ်။
``ဒုန်း… ဒုန်း… ဒုန်း´´
``ဟဲ့ မိုးမိုး… နင့်အခန်းက စကားပြောသံ ကြားသလိုပဲ၊ နင် ဘယ်သူနဲ့ ပြောနေတာလဲ ဖွင့်စမ်း…´´
ဒေါ်ဝင်းမြိုင်ရဲ့ အသံနဲ့ တံခါးခေါက်သံကြောင့် နှစ် ယောက် လုံး လန့်ဖျပ်သွားတယ်။
မိုးမိုးက အိပ်ရာပေါ်က ပြေးဆင်းရင်း တံခါးကို ဖွင့်လိုက်တယ်။
ဦးမောင်မောင်ကျော်က တံခါးဘေး ပုန်းနေတယ်။
``ရှင်… ဒေါ်ကြီး ကျွန်မ အိပ်နေတာလေ၊ ဘာများ ဖြစ်လို့လဲ ဟင်´´
ဒေါ်ဝင်းမြိုင်က အခန်းထဲ မျက်လုံးဝေ့ကြည့်ပြီး….
``ငါ သောက်ရေကုန်လို့ ဆင်းယူတာ၊ ညည်းအခန်းက စကားပြောသံကြားသလိုပဲအေ့၊ ဘယ်သူနဲ့ ပြောနေတာလဲ´´
``သြော်… ဒါဆို ကျွန်မ အိပ်ရင်း ယောင်နေတာ ဖြစ်မှာ … တစ်ခါတလေ ဒီလိုပဲ ယောင်တတ်တယ် ဒေါ်ကြီးရဲ့ … ´´
``အေး… ဒါဆိုလည်း ပြီးရော´´
ဒေါ်ဝင်းမြိုင် ထွက်သွားတော့မှ သူမတို့ သက်ပြင်းချလိုက်ကြတယ်။
ဦးမောင်မောင်ကျော်က သူမရဲ့ ပါးကို နမ်းရှိုက်ပြီး အိပ်ခန်းထဲက ထွက်သွားတော့တယ်။
ဒီအခါမှ သူမလည်း အိပ်ရာပေါ်ပြန်လှဲအိပ်ပြီး ပင်ပန်းတဲ့အရှိန်နဲ့ အိပ်မောကျသွားတော့တယ်။
``မိုးမိုးရေ… ဒီနေ့ နင့်အစ်မ ပြန်လာမှာ နော်၊ ဟင်းတွေ ကို သေချာချက်… ပြီးရင် နွားနို့လည်း ကျိုထားလိုက်ဦး၊ ငါ ဟိုဘက်ခြံ ခဏသွားဦးမယ်ဟေ့´´
``ဟုတ်ကဲ့ပါ ဒေါ်ကြီး…. စိတ်ချပါ၊ အားလုံး သေချာလုပ်ထားပါ့မယ်´´
ဒေါ်ဝင်းမြိုင်က ပြောဆိုပြီး ထွက်သွားတယ်။
မိုးမိုး တစ်ယောက် အိမ်ရှင်မ ဖြစ်သူ ဒေါ်စံပယ်အောင်အောင် ကြိုက်နှစ်သက် တဲ့ဟင်းတွေ ကို တစ်မျိုးပြီးတစ်မျိုး ချက်ပြုတ်လိုက်တယ်။
ထမင်းဟင်းချက်ပြီး နွားနို့ကျိုဖို့ ပြင်နေချိန်မှာ ပဲ…
``မိုးလေးရေ…. ဒီမှာ ကြည့်စမ်း´´
နောက်လှည့်ကြည့်လိုက်တော့ အထုပ်တွေ အများ ကြီး ကိုင်ထားတဲ့ ဦးမောင်မောင်ကျော်ကို တွေ့ လိုက်ရတယ်။
``ကိုယ် အခုပဲ အပြင်က ပြန်ရောက်တာ၊ မိုးလေးနဲ့ လိုက်ဖက်မယ့် အ၀တ်တွေ ရော.. အသုံးအဆောင်ပစ္စည်းတွေ ပါ ၀ယ်လာခဲ့တယ်´´
မိုးမိုးက အထုပ်တွေ ကို လှမ်းကြည့်ပြီး…
``များ လှပါလား ဦးမောင်ရယ်၊ မိုးက အိမ်ထဲ အလုပ်လုပ်နေတဲ့သူပါ၊ ဒီလောက်အများ ကြီး မလိုပါဘူး၊ ကြည့်ရတာ တန်ဖိုးကြီး ပစ္စည်းတွေ ကြီးပဲ၊ မိုး မယူချင်ဘူး´´
``ကျွတ်… မိုးကလည်းကွာ၊ ကိုယ့်မေတ္တာကို စော်ကားလိုက်သလိုပဲ၊ ကိုယ်က မိုးကို တန်ဖိုးထားချစ်တော့ ကိုယ်ပေးတဲ့လက်ဆောင်ကလည်း တန်ဖိုးကြီးမျာပေါ့၊ မရဘူးကွာ… လာ… အင်္ကျီတွေ ၀တ်ပြရမယ်´´
ဦးမောင်မောင်ကျော်က သူမလက်ကို ဆွဲပြီး ခေါ်သွားတယ်။
``မလုပ်ပါနဲ့ ဦးမောင်ရဲ့ …. ဒေါ်ကြီး ပြန်လာလို့ တွေ့ သွားရင် မကောင်းပါဘူးရှင်´´
``အာ… သူ ဟိုဘက်ခြံထဲ ၀င်သွားတာ တွေ့ သားပဲ၊ တော် ရုံနဲ့ ပြန်မလာသေးဘူး… ပူမနေနဲ့´´
သူမရဲ့ အိပ်ခန်းထဲရောက်တော့ ဦးမောင်မောင်ကျော်က အ၀တ်အထည်တွေ ကို ၀တ်ကြည့်စေတယ်။ သူမလည်း မငြင်းဆန်ဝံ့ဘဲ တစ်ထည်ပြီးတစ်ထည် ၀တ်ပြရတယ်။
ဦးမောင်မောင်ကျော်က သူမကို ပြုံးကြည့်ပြီး အ၀တ်အစားတွေ နဲ့ သိပ်လိုက်ကြောင်း ချီးမွမ်းနေပြန်တယ်။
သူမ အင်္ကျီပြန်လဲပြီးတဲ့အခါ ဦးမောင်မောင်ကျော်က ဆွဲဖက်လိုက်ပြီး နမ်းရှုပ်ဖို့ ကြိုးစားလိုက်တယ်။
ထိုအခါ သူမ သတိရသွားပြီး….
``ဟယ်တော့… နွားနို့အိုး တင်ထားခဲ့တယ်၊ ခန်းကုန်ပြီ ထင်ပါရဲ့ … ဒုက္ခပါပဲ´´
လို့ ရေရွတ်ပြီး အထိတ်အလန့် ပြေးထွက်ခဲ့တယ်။
ဦးမောင်မောင်ကျော်လည်း နောက်က အမြန်လိုက်သွားတယ်။
``ဟဲ့… ဒါက ဘယ်လို ဖြစ်ကြတာလဲ၊ မောင်ကျော်… မင်း ဘာတွေ လုပ်နေတာလဲ´´
အကျယ်ကြီး ကြားလိုက်ရတဲ့ ဒေါ်ဝင်းမြိုင်ရဲ့ အသံကြောင့် နှစ် ယောက် လုံး တုန်လှုပ်သွားတယ်။
``မီးဖိုပေါ်မှာ လည်း နွားနို့အိုး ခန်းတော့မယ်၊ မင်းတို့ ငါ့တူမ မရှိချိန်မှာ ဘာတွေ ဖြစ်နေကြတာလဲ ဟင်´´
``ဟုတ်… ဟုတ်ပါတယ် ဒေါ်ကြီး၊ နွားနို့အိုးကို သတိရလို့ပဲ ပြေးထွက်လာမိတာပါရှင်… ကျန်တာ ဘာမှ မ… မလုပ်ရပါဘူး´´
မိုးမိုး တစ်ယောက် ကြောက်စိတ်ကြောင့် ပါးစပ်ထဲရှိရာတွေ ပြောချလိုက်တယ်။
``ဒီလိုပါ ဒေါ်လေးရဲ့ … မိုးမိုးအခန်းမှာ မီးချောင်းကျွမ်းနေတယ်ဆိုလို့ ကျွန်တော် က လိုက်ကြည့်ပေးတာပါ၊ မိုးမိုးက နို့ကျိုထားတာကို သတိရပြီး ပြေးထွက်လာတော့.. ကျွန်တော် ပါ စိတ်ပူပြီး ပြေးလာတာပါ…. ဒါပါပဲ၊ ဒေါ်လေးထင်သလို မဟုတ်ပါဘူးဗျာ၊ ကျွန်တော် လည်း ခုလေးပဲ အပြင်က ပြန်ရောက်တာပါ´´
ဦးမောင်မောင်ကျော်ရဲ့ အလျှောက်ကောင်းမှု ကြောင့် မာထန်နေတဲ့ ဒေါ်ဝင်းမြိုင်ရဲ့ မျက်နှာကြောတွေ ပြေသွားပြီး သူတို့ကို ပေစောင်းစောင်းကြည့်ကာ ထွက်သွားတယ်။
ဒီအခါမှ ၎င်းတို့နှစ် ယောက် လည်း သက်ပြင်းချနိုင်တော့တယ်။
ဒေါ်ဝင်းမြိုင် တစ်ယောက် အပေါ်ထပ်လှေကားတက်ရင်း…
``အင်း… သူတို့ပြောတာ ဖြစ်နိုင်ခြေလည်း ရှိသလို၊ မ ဖြစ်နိုင်ခြေလည်း ရှိတယ်၊ ငါ့တူမ ပြန်လာရင်တော့ သတိပေးထားရမယ်´´
မိန်းမ ဖြစ်သူရဲ့ ဖုန်းကြိုဆက်မှု ကြောင့် ဦးမောင်မောင်ကျော်ဟာ ခြံဝထွက်ပြီး စောင့်ကြိုနေတယ်။
ဒါကို အပေါ်ထပ် ပြတင်းပေါက်က မြင်တဲ့ ဒေါ်ဝင်းမြိုင်က သူ့ကို မြင်ပြင်းကတ်ဟန်နဲ့ မဲ့ရွဲ့လိုက်တယ်။
``တီ… တီ… တီ… တီ…´´
ကားဟွန်းသံနဲ့အတူ ခြံဝမှာ မိန်းမ ဖြစ်သူရဲ့ ကား ထိုးဆိုက်လိုက်တယ်။
ကားမှန်ချပြီး စံပယ်အောင်အောင်က ယောက်ျားကို အပြုံးနဲ့ နှုတ်ဆက်လိုက်တယ်။
``မိန်းမ… လွမ်းလိုက်ရတာ ကွာ… နှစ် ရက်လောက်ခွဲရတာ နှစ် နှစ် လောက် ထင်မိတယ်၊ ကြည့်စမ်းပါဦး… ငါ့မိန်းမမျက်နှာလေး ချောင်ကျသွားလိုက်တာ၊ အရမ်းပင်ပန်းခဲ့မှာ ပဲနော် မိန်းမ´´
``ဟင်း… ဟင်း… ဟင်း… ကိုမောင်ရယ် အသံလေးတွေ ကြားလိုက်ရတာ နဲ့ စံပယ်တော့ အမောကို ပြေသွားတာပဲ၊ ဒါ့ကြောင့် ယောက်ျားကို ချစ်ရတာ ၊ အိမ်ထဲလည်း ၀င်ပါရစေဦးရှင်… ကားကို ပိတ်ပြီး ရပ်နေလိုက်တာ´´
ဦးမောင်မောင်ကျော်က ကားရှေ့က ဖယ်ပေးလိုက်ပြီး ကားနောက် ခပ်သုတ်သုတ် ပြေးလိုက်ခဲ့တယ်။
အိမ်ရှင်မ ပြန်လာမှန်းသိတဲ့အတွက် မိုးမိုးက သံပရာရည်ခွက်ကို အသင့်ကိုင်ပြီး စောင့်နေလိုက်တယ်။
ဒေါ်စံပယ်အောင်တို့လင်မယား အိမ်ထဲဝင်လာတော့ ဦးမောင်မောင်ကျော်က…
``ပေး.. ပေး… သံပရာခွက်ကို ငါ့ကိုပေး၊ နင် ကားပေါ်ကအထုပ် သွားချလိုက်´´
လို့ ဆိုပြီး ပြောလိုက်တယ်။
ဒေါ်စံပယ်အောင်က သံပရာရည်ကို သောက်ရင်း…
``ပင်ပန်းလိုက်တာ ကိုမောင်ရယ်၊ ကားကို တစ်ယောက် တည်း မောင်းရတော့ ပိုဆိုးတာပေါ့၊ ကိုမောင်တို့ရော အိမ်မှာ အဆင်ပြေကြရဲ့ လား၊ ဒါနဲ့… ဒေါ်လေးရော ဟင်´´
လို့ မေးလိုက်စဉ်မှာ ပဲ…
``ရှိပါ့တော် … တူမလေး မရှိခိုက်မှာ ဒေါ်လေးက အိမ်ကို သေချာကို စောင့်ရှောက်ထားတာ အဆင်ပြေတာက ဟိုဘက်ကမ်းတောင် လွန်သေး´´
ဒေါ်ဝင်းမြိုင်ရဲ့ စကားကြောင့် ဦးမောင်မောင်ကျော် မလုံမလဲ ဖြစ်သွားမိတယ်။
ခရီးဆောင်အိတ်သယ်ပြီး ၀င်လာတဲ့ မိုးမိုးကိုမြင်တော့…
``မိုးမိုးရေ… ထမင်းပြင်လိုက်တော့ပါလား… အစ်မ ဗိုက်ဆာနေပြီ´´
လို့ ဒေါ်စံပယ်အောင်အောင်က လှမ်းပြောလိုက်တယ်။
``ဟုတ်ကဲ့ပါ မမ… ကျွန်မ ခုပဲ ပြင်လိုက်ပါ့မယ်´´
မိုးမိုးက ဆိုဖာပေါ် ထိုင်နေတဲ့ ဦးမောင်မောင်ကျော်တို့ကို မျက်လုံးဝေ့ကြည့်ရင်း ပြောလိုက်တယ်။
သူမဘ၀မှာ ၀ဋ်ကြွေးအထုံပါလို့ပဲ ထင်ပါ့။
မယားရှိယောက်ျားကို ချစ်ခင်စုံမက်တာ။
မိန်းမတိုင်းက အူတိုတဲ့အမျိုးလို့ လူတွေ က ဆိုကြတယ်။
သူမလည်း မိန်းမသား တစ်ယောက် ပဲ…
ကိုယ်ချစ်တဲ့သူကို ကိုယ်အနားမှာ ပဲ ရှိစေချင်တယ်။
ကိုယ့်ကိုပဲ ဂရုစိုက်စေချင်တယ်။
ဒါဟာ သဘာဝပဲလေ။
ဦးမောင်က သူ့မိန်းမကို ဂရုစိုက်တာမြင်လေတိုင်း သူမရင်ထဲ မချင့်မရဲ ဖြစ်မိတာ အမှန်။
``ဟဲ့ မိုးမိုး… ထမင်းပြင်ရင်း ဘာတွေ ငိုင်နေတာလဲ၊ ဟိုမှာ နင့်အစ်မ ဗိုက်ဆာနေပြီလေ´´
ဒေါ်ဝင်းမြိုင်ရဲ့ အသံကြောင့် သူမရဲ့ အတွေးတွေ ရပ်သွားတယ်။
``ဟုတ်ကဲ့ပါ ဒေါ်ကြီး… ပြီးပါပြီ´´
မိုးမိုးဟာ ချက်ပြုတ်ပြီးသား ဟင်းပန်းကန်တွေ ကို မိုက်ကရိုဝေ့ဖ်နဲ့ နွှေးလိုက်တယ်။
အားလုံး ပြင်ဆင်ပြီးတော့ ဒေါ်စံပယ်အောင်အောင်တို့ သုံးယောက် သား ထမင်းလက်ဆုံ စားသောက်ကြတယ်။
ဒေါ်စံပယ်အောင်အောင်က ခင်ပွန်းသည်ရဲ့ ပန်းကန်ထဲ ဟင်းတွေ ခပ်ထည့်ပေးသလို ဦးမောင်မောင်ကျော်ကလည်း ပြန်လည်ထည့်ပေးတယ်။
ထမင်းစားသောက်ရင်း ဒေါ်စံပယ်အောင်အောင်က ခရီးအတွေ့ အကြုံတွေ ပြောပြတယ်။
ဦးမောင်မောင်ကျော်က မိန်းမ ဖြစ်သူရဲ့ နှုတ်ခမ်းမှာ ပေနေတဲ့ ထမင်းစေ့ကို လှမ်းဖယ်ပေးလိုက်တယ်။
မိုးမိုးက ထိုအ ဖြစ်ကိုကြည့်ပြီး ခေါင်းငုံ့ထားလိုက်မိတယ်။
ဒါကို အကဲခတ်နေတဲ့ ဒေါ်ဝင်းမြိုင်က မျက်လုံးတွေ ကို သတိထားမိသွားတယ်။
![]() မိုးကြိုးအလောင်း | ![]() ကွန်ဒိုမှာခြောက်တဲ့သရဲ | ![]() အမေကိုစားတဲ့သမီး |