
ပရိတ်သတ်ထံမှအကြံပြု့စာများ
သို့ /
မအိုစာ …
ညီမက “မ“ရဲ့ ပရိတ်သတ်တစ်ဦးပါ။ ညီမက သရဲ, တစ္ဆေဆို အယုံအကြည် အ ကြောက်အလန့်မရှိတဲ့ လူ တစ်ယောက် ပါ။ ဒါပေမဲ့ … မအိုစာရဲ့ ရင်သိမ့်တုန် စိတ် လှုပ်ရှားဖွယ်ဝတ္ထုတွေ ဖက် ဖြစ်မှပဲ လူတွေ ကြောက်ကြတဲ့ ခံစားမှု က ဒီလိုပါလားဆို ပြီး ခုမှ ခံစားတတ်လာတယ်။ ကျေးဇူးပါ မအိုစာ …
PS – “ဘုံစာကျွေးတဲ့နေ့” စာအုပ် အရမ်းဖတ်လို့ ကောင်းပါတယ်။
မအိုစာ တစ်ယောက် ပရိသတ်ရင်ထဲ
ထိုးဖောက်ဝင်ရောက်နေရာယူနိုင်တဲ့
သူ တစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းရင်း …
ရာသက်ပန်
(ခေတ္တ-လားရှိုး)
ဆရာမ မအိုစာ မင်္ဂလာပါနော်
ညီမက ဆရာမ ရဲ့ စာအုပ်တိုင်းလိုလို ဖတ် ဖြစ်ပါတယ်။ စာအုပ်အားလုံးလည်း ကြိုက်ပါတယ်။ ဆရာမ ရဲ့ (၁၀) အုပ်မြောက် အထူးထုတ်ကိုလည်း အရမ်းကြိုက်ပါ တယ်။
နောက်လတွေ မှာ ထွက်ရှိလာမယ့် စာအုပ်များ ကိုလည်း စောင့်မျှော်လျက်ပါ။ ညီမ တောင်းဆိုစရာလေး ရှိပါတယ်။ ဆရာမ ရဲ့ နာမည် အရင်းနဲ့ ဆရာမ ရဲ့ လက်မှတ်ပါ တဲ့ ဓာတ်ပုံတစ်ပုံလောက် လိုချင်ပါတယ်။
ပြန်စာကိုလည်း မျှော်လင့်နေပါ့မယ်။
ညီမချစ်တဲ့ မအိုစာ
စာပေလောကမှာ ထွန်းလင်းတောက်ပတဲ့ကြယ်လေး ဖြစ်ပါစေလို့
ဆုတောင်းလျက်
စန်းစန်းနွယ်
အိမ်အမှတ် (၉၈)
ကျစ်စစ်လမ်း / (၃) ရပ်ကွက်၊
သုံးခွမြို့နယ် ရန်ကုန်တိုင်း။
သို့ /
“မမ” မအိုစာရှင့်
၂၉ -၈ -၂၀၁၀ နေ့က မမရဲ့ စာနဲ့ စာအုပ်ရပါတယ်။ ညီမလေးကို စာအုပ်လက် ဆောင် ပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ “မမ” ရဲ့ စာနဲ့ စာအုပ်ရောက်လာ တော့ ပျော်လိုက်တာ ပြောမပြောတတ်အောင်ပဲ။ ကလောင်ခွဲတွေ ထွက်ရင်လည်း အားပေးပါ့မယ်။ “မမ” ရဲ့ ဓာတ်ပုံကို အမှတ်တရ လိုချင်လို့တောင်းတာပါ။ ချောတာ မချောတာ အဓိကမဟုတ်ပါဘူး။ မအိုစာဆိုတဲ့နာမည် က ကြောက်ဖို့မကောင်းပါ ဘူး။ စာအုပ်မျက်နှာဖုံးမှာ ဆွဲထားတဲ့ပုံနှင့် မအိုစာဆိုတဲ့နာမည် နဲ့လိုက်ပါတယ်။ က လောင်ခွဲမျက်နှာဖုံးကိုလည်း မမပဲဆွဲပါ။ ညီမကို မမရဲ့ အမာခံပရိသတ်စာရင်းထဲ ထည့်တဲ့အတွက် မမကို ကျေးဇူးတင်ပါတယ်။
“မမ” ပို့လိုက်တဲ့ မလှစုန်းယိုးစာအုပ်က ညီမငှားတဲ့ဆိုင်မှာ မရှိဘူး။ “မမ” ပို့လိုက် တာနဲ့ အတော် ဖြစ်သွားတယ်။ ညီမရှာတာ မတွေ့ လို့ စိတ်ညစ်နေတာ။ ဆယ်အုပ် မြောက် အထူးထုတ် “ဘုံစာကျွေးတဲ့နေ့” ဆိုတဲ့ စာအုပ်က ကောင်းပါတယ်။ အဲဒီ အထဲမှာ တိုးမောင်နဲ့နှင်းဖြူကို ပေါင်းပေးရင် ပိုကောင်းမယ်ထင်တယ်။ ညီမရဲ့ အ မြင်ကို ပြောပြတာနော်။ အမှားပါရင်လည်း ခွင့်လွှတ်ပါ။
နောက်ထွက်မယ့်စာအုပ်တွေ ကိုလည်း အထူးထုတ်လို ထူထူလေးထုတ်ပါနော်။
မမရဲ့ စာနဲ့ဓာတ်ပုံကို မျှော်နေမယ်နော်။
မမရဲ့ ထာဝရပရိသတ်
အိအိမွန်
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့၊
ရွှေဘိုရပ်ကွက်၊ လမ်းမတော် လမ်း။
သို့ /
မအိုစာ
ညီမလေးက အစ်မရဲ့ စာဖတ်ပရိသတ် တစ်ယောက် ပါ။
အစ်မရေး တဲ့ စာအုပ်တွေ အားလုံးကို ညီမလေး ကြိုက်တယ်။
အစ်မရေး တဲ့ စာအုပ်တွေ ထဲက “နတ်ကဝေမယ်” စာအုပ်ကို
ညီမ အရမ်းကြိုက်တာ။ ညီမလေးက အစ်မရဲ့ “ခေါစာပစ်တဲ့နေ့”
စာအုပ်ကနေစပြီး ဖတ်ခဲ့ရတာ ပါ။
အစ်မကို ညီမလေး မမြင်ဖူးပေမယ့် အစ်မကို အရမ်းကို လေးစားပါတယ်။
အစ်မရဲ့ စာအုပ်တွေ ကို အမြဲတမ်း
အားပေးနေမယ့်
ညီမလေး
“ပပ”
အကွက် (၈၆၃) ချမ်း / တောင်
သုခလမ်းအနီး
မအိုစာ
ညီမလေး ကတော့ မအိုစာရဲ့ အမာခံပရိသတ်တစ်ဦးပါ။ မအိုစာရဲ့ “ခေါစာ ပစ်တဲ့ ည” စာအုပ်ကစပြီး ဖတ်ရတာ ပါ။ ညီမလေးက သရဲဝတ္ထုတွေ ၊ သရဲ ကားတွေ ဆို အရမ်းကြိုက်တာ။
မအိုစာရဲ့ စာအုပ်တွေ အားလုံးကို အရမ်းကြိုက်တယ်။ ခုတင်နံပါတ် (၃၁) ကို အကြိုက်ဆုံးပါပဲ။ ထောင်နဲ့ပတ်သက်တာတွေ က အရမ်းကြောက်စရာ ကောင်းတာပဲ။ မအိုစာရဲ့ စာအုပ်တွေ ကို အလုပ်မအားတဲ့ကြားက အချိန်လု ပြီး ဖတ်ရတာ ပါ။ ညီမလေးကို မအိုစာရဲ့ ဓာတ်ပုံနဲ့အတူ လက်မှတ်ထိုးပါတဲ့ စာအုပ်လေး တစ်အုပ်လောက် လက်ဆောင်ထည့်ပေးပါနော်။ ပြန်စာကို လည်း စောင့်မျှော်နေပါမယ်။
မအိုစာ ထာဝရအောင်မြင်မှု တွေ ရရှိနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
မအိုစာရဲ့ ထာဝရပရိသတ်
မ၀င်းဝင်းအေး
၂၈ လမ်း/ ၈၃ x ၈၄ လမ်းကြား
မန္တလေး / ဈေးချို
အခန်း (၁)
“ဒေါက် ဒေါက် ဒေါက်”
“ဘုန်း ဘုန်း ဘုန်း”
သည်းထန်စွာ ရွာသွန်းနေသော မိုးသံကြားမှ ထွက်ပေါ်လာတဲ့ တံခါးထုနှက်သံ ကြောင့် ဗိန္ဓောဆရာပျိုဟာ အိပ်ရာက လန့်နိုးသွားတယ်။
“မိုးကောင်းလို့ အေးအေးဆေးဆေး အိပ်ရမလား မှတ်တယ်၊ တံခါးက ထုနေတယ်၊ အချိန်မတော် တံခါးခေါက်တာ လူနာကလွဲပြီး တခြား ဘာမှမ ဖြစ်နိုင်ဘူး”
ဗိန္ဓောဆရာပျိုဟာ နှုတ်ကရေရွတ်ရင်း မီးအိမ်ကို မီးညှိလိုက်တယ်။ လေးကန်တဲ့ ခြေလှမ်းနဲ့ တံခါးရှိရာ လျှောက်သွားပြီး ဆွဲဖွင့်လိုက်တယ်။
“ဂျုန်း” ခနဲ “ဒိန်း” ခနဲ မိုးခြိမ်းသံနဲ့အတူ ကောင်းကင်တစ်ခုလုံး လျှပ်ရောင် တွေ လင်းထိန်သွားတယ်။
တစ်ကိုယ်လုံး မိုးရေစွဲရွှဲနေတဲ့ လူ တစ်ယောက် ။
ခေါင်းငုံ့ပြီး မလှုပ်မယှက် ငြိမ်သက်နေတယ်။
ဒီအချိန်မှာ ပဲ “ဒိန်း” ခနဲဆိုတဲ့ အသံကြီးနဲ့အတူ ကောင်းကင်ပေါ်ကနေ အလင်း တန်းကြီး ဖြတ်ပြေးသွားတယ်။
ဗိန္ဓောဆရာပျို အလင်းတန်းကြီးကို ငေးစိုက်ကြည့်ရင်း
“ဟာ … မိုးကြိုးပစ်ပြီး၊ ရွာအနောက်ပိုင်းကို မိုးကြိုးပစ်သွားပြီ”
လို့ အထိတ်တလန့် ရေရွတ်လိုက်တယ်။ ဆရာပျို တစ်ယောက် အလင်းတန်းကြီးကို မှင်တက်ကြည့်နေတုန်းမှာ ပဲ …
“လူ တစ်ယောက် လဲနေတယ် … အမြန်သွားကယ်ပါ”
ဆိုတဲ့ အောရှရှအသံကို ကြားလိုက်ရတယ်။
ဆရာပျိုဟာ ကောင်းကင်ကိုမော့ကြည့်နေရာက လူငယ်ရှိရာ အကြည့်ရောက်သွား ပြီး …
“ဘယ်နေရာမှာ လဲနေတာလဲ၊ မောင်ရင်က ဘယ်သူလဲ”
လို့ မေးလိုက်တယ်။
လူငယ်က မလှုပ်မယှက် ငြိမ်သက်နေရာမှ …
“လူငယ် တစ်ယောက် လဲနေတယ် … အမြန်သွားကယ်ပါ”
လို့ ထပ်ပြောတယ်။
ပြီးတော့ နောက်ကို ချာခနဲလှည့်ပြီး မိုးရေစက်တွေ ကြား တိုးဝင်ပျောက်ကွယ်သွား တယ်။
“ဟေ့ ဟေ့ … လူငယ် … နေဦးလေ … လူ တစ်ယောက် လဲတာပဲပြောတယ်၊ နေရာ မသိဘဲ ကျုပ်က ဘယ်လို သွားကယ်ရမလဲ ဘယ်လိုလူငယ်လဲကွ”
ဆရာပျို တစ်ယောက် မကျေမနပ် ရေရွတ်ရင်း အိမ်တံခါးကို ဆောင့်ပိတ်ပစ်လိုက် တယ်။
အိုးဘိုစုတစ်ရွာလုံး ရွာအနောက်ပိုင်းက ကွင်းပြင်ကြီးထဲ စုပြုံရောက်နေကြတယ်။
သူကြီးဘိုးချစ်မြိုင်ဦးဆောင်တဲ့ ရွာသားအုပ်ကြီးဟာ မည်းနက်နေတဲ့ အလောင်း ကြီးရှေ့ ၀ိုင်းအုံကြည့်ရှုရင်း …
“ညက မိုးကြိုးပစ်တာ လူထိသွားတယ်ဟေ့ …
“ညက မိုးကြိုးပစ်တာ လူထိသွားတယ်ဟေ့ …
အင်း … ကံကြမ္မာဆိုတာ သိပ်ကြောက်ဖို့ ကောင်းပါလား၊ မိုးကြိုးပစ်ချိန်မှာ ဒီလူ ဟာ ဒီနေရာမှာ ရှိမနေခဲ့ရင် ဒီလိုအ ဖြစ်ဆိုးမျိုး ကြုံရမှာ မဟုတ်ဘူး၊ ဒီလူကရော အချိန်မ တော် ကြီး ဒီနေရာကို ဘာကြောင့် ရောက်နေတာလဲ၊ အင်းပေါ့လေ … သူလည်း သေမယ် လို့ ကြိုးသိခဲ့ရင် ဒီနေရာကို ဘယ်လာပါ့မလဲ၊ သေခြင်းတရားကို ကြိုမသိနိုင်ဘူး၊ ဘယ်သူမှ သေချင်လိုက်တာလို့ ညည်းညူပြီး သေရတဲ့ လူမရှိဘူး၊ ခန္ဓာဆိုတာ မမြဲခြင်းတရားပါပဲ …
အင်း … အနိစ္စ ဒုက္ခ အနတ္တ”
သူကြီးဘိုးချစ်မြိုင်ရဲ့ အသုဘကမ္မဋ္ဌာန်းရှုသလို သံဝေဂစကားကြောင့် သူကြီးသား ဘိုးချက်က …
“အဘနှယ် ခက်လိုက်တာဗျာ … မိုးကြိုးမှန်လို့ လူသေပါတယ်ဆိုမှ အသုဘကမ္မ ဋ္ဌာန်း ရှုနေသေးတယ်၊ ဒီအချိန်မှာ အဘလုပ်ရမှာ က သေသူဟာ ဘယ်သူလဲဆိုတာသိ အောင် လုပ်ရမယ်၊ ဒါဟာ ရိုးရိုးလူသေတာ မဟုတ်ဘူး … မိုးကြိုးပစ်ခံရလို့ သေတဲ့မသာဗျ … အရေး ကြီးတယ်၊ မသာကိုကြည့်ပြီး သံဝေဂရရင်လည်း ဘုန်းကြီးဝတ်တော့လေ၊ ဒါမှ ကျုပ်လည်း သူကြီးသားနေရာက ရာထူးတိုးမှာ လေ”
လို့ ပြောချလိုက်တယ်။ ဘိုးချက်ရဲ့ စကားကြောင့် သူကြီးဘိုးချစ်မြိုင်ဟာ မျက်နှာ ကြီး နီးရဲသွားပြီး …
“ဘာကွ … မင်းက ငါ့ထမင်းစားပြီး ငါ့နေရာလုချင်ပြီပေါ့ … ဟုတ်လား ချက်ကြီး၊ ဖ အေကို ခြေရာတိုင်းချင်တဲ့ ငနွားကောင် … မင်းလိုကောင် ထမင်းကျွေးမယ့်အစား ခွေးစာ ကျွေးရတာ က အကျိုးရှိဦးမယ်၊ ဇာတသတ်လို သားမျိုးကို ပါးစပ်နဲ့မပြောဘူး … အသေရိုက် သတ်ပစ်မယ်ကွ”
လို့ ကြုံဝါးရင်း လက်စွဲတော် တုတ်ကောက်နဲ့ လိုးချက်ကို ရိုက်လိုက်တယ်။
ရွာသားတွေ ဟာ သူကြီးသားအဖရန်ပွဲကို ၀င်ရောက်ဖျန်ဖြေကြရင်း …
“တော် ပါတော့ သူကြီးရယ် … ကျုပ်တို့ ကတော့ မိုးကြိုးပစ်တဲ့ကိစ္စကို သိချင်လို့၊ သူ ကြီးတို့သားအဖရန်ပွဲကို ကြည့်ဖို့ မဟုတ်ဘူးဗျ၊ အလောင်းကိစ္စက သိပ်အရေး ကြီးတယ်၊ သေဆုံးသူ ဘယ်သူလဲဆိုတာ ကျုပ်တို့ သိချင်တယ် … ရန်မ ဖြစ်ပါနဲ့”
လို့ ၀ိုင်းပြောကြတယ်။
“တော် … တိတ်ကြစမ်း၊ ဘိုးချစ်မြိုင်ဆိုတဲ့ငါက အိုးဘိုစုရွာမှာ မျိုးရိုးစဉ်ဆက် သူ ကြီးကွ၊ မင်းတို့ မမွေးခင်ကတည်းက ငါ သူကြီးလုပ်ခဲ့တာ … ငါ့ကို ဆရာမ လုပ်နဲ့၊ အ လောင်းကို ငါ့အိမ်သယ်ခဲ့ကြ၊ ပြီးရင် မောင်းထုပြီး လူစု၊ ဒါဟာ အိုးဘိုစုရွာသူကြီး ဘိုးချစ် မြိုင်ရဲ့ အမိန့်ပဲကွ”
သူကြီးဘိုးချစ်မြိုင်က တစ်ချက်လွှတ်အမိန့်ပေးပြီး ရှေ့က ထွက်သွားတယ်။ ရွာသား လေးယောက် က အလောင်းကို ၀ါးကပ်ပေါ်တင်ပြီး သယ်ကြတယ်။
ရွာသားတွေ ထွက်ခွာသွားချိန်မှာ တော့ ဗိန္ဓောဆရာပျိုဟာ မိုးကြိုးပစ်ခဲ့တဲ့ လယ် ကွက်ရှိရာ လျှောက်သွားတယ်။ ဆရာပျိုရဲ့ မျက်လုံးအကြည့်က လယ်ကွက်ရဲ့ တစ်နေရာ ကို ရောက်သွားတယ်။
မြေပေါ်ကျနေတဲ့ စာရွက်လိပ်လေးတစ်ခု။
ဆရာပျိုဟာ စာရွက်လိပ်လေးကို ကောက်ယူလိုက်ပြီး အင်္ကျီအိတ်ထဲ ထည့်လိုက် တယ်။
ပြီးတော့ မိုးကြိုးခနေတဲ့ လယ်ကွက်ကနေ တိတ်တဆိတ် ထွက်ခွာခဲ့တယ်။
“အောင်မလေးတော် … ကျုပ်အိမ်ထဲကို ဘာကြီး သယ်လာတာ တုံး၊ ဘိုးချစ်မြိုင် … တော် ဘာတွေ လုပ်လာပြန်ပြီလဲ”
သူကြီးကတော် ဒေါ်တုတ်ကြီးရဲ့ အသံကုန်အော်လိုက်တဲ့ အသံကြောင့် အလောင်း သယ်လာတဲ့ ရွာသားတွေ အားလုံး ခြေလှမ်းတန့်သွားတယ်။
သူကြီးက ဆေးတံခဲမပျက်ဘဲ …
“မိုးကြိုးမှန်သေတဲ့ မသာကြီး သယ်လာတာ၊ ဘာ ဖြစ်သလဲကွ”
လို့ ပြောတဲ့အခါ ဒေါ်တုတ်ကြီးက မျက်လုံးကြီး ပြူးသွားပြီး …
“ဘာ … မသာကြီး သယ်လာတယ် … ဟုတ်လား၊ တော့်  ဘိုးချစ်မြိုင် … မသာကို ခု ချက်ချင်း သင်္ချီုင်းပို့၊ ကျက်သရေယုတ်လိုက်တာနော်၊ ဟဲ ကာလနာတွေ … မသာကို ခြံပြင် ထုတ်စမ်း”
လို့ ငယ်သံပါမတတ် ကြုံးအော်ပြန်တယ်။
အလောင်းသယ်ရွာသားတွေ က ဒေါ်တုတ်ကြီးကို မလွန်ဆန်ဝံ့တာကြောင့် အ လောင်းကို သယ်ဖို့ ပြင်လိုက်တယ်။
“ဟေ့ … အလောင်းကို မြေပေါ်ချလိုက်၊ ဘယ်မှ သယ်သွားစရာ မလိုဘူး”
သူကြီးရဲ့ အမိန့်ပေးသံကြောင့် ရွာသားတွေ ဟာ အလောင်းတင် ၀ါးကပ်ကြီး ချရမ လို၊ သယ်ရမလို ဖြစ်နေကြတယ်။
ဒီ အချိန်မှာ ပဲ …
“ဖျပ် ဖျပ် ဖျပ်”
“ဖလပ် ဖလပ်”
ဆိုတဲ့ အသံတွေ နဲ့အတူ ကျီးအုပ်ကြီးကို တွေ့ လိုက်ရတယ်။ ကျီးနက်အုပ်ကြီးက အုံ လိုက်ကျင်းလိုက် သူကြီးရဲ့ ခြံဝိုင်းထဲ နားခိုကြတယ်။
“ဟာ … ကျီးနက်တွေ ရောက်လာပြီ၊ ဒါ … ဒါဆို ဒေါ်အိုစာ ရွာထဲဝင်လာပြီပေါ့”
ရွာသားတွေ ဟာ အထိတ်တလန့် ရေရွတ်သံနဲ့အတူ ခြံဝကို ပြိုင်တူ ကြည့်မိတယ်။
“မိုးကြိုးခတဲ့အလောင်း လိုချင်တယ်၊ ဒီအလောင်းကို ငါပိုင်တယ်”
ဒေါ်အိုစာရဲ့ အသံနက်ကြီးကြောင့် သူကြီးနဲ့ ရွာသားတွေ ဟာ တုန်လှုပ်ချောက်ချား သွားကြတယ်။
ဒေါ်အိုစာဟာ အရိုးတောင်ဝှေးကို တဒေါက်ဒေါက်ထောက်ပြီး လူအုပ်ကြီးအနား လျှောက်လာတယ်။
သူ့ရဲ့ ကျန်လက်တစ်ဖက်မှာ တော့ ထန်းသီးလုံးပမာဏရှိတဲ့ စိမ်းဖန့်ဖန့် ဖန်လုံးလေး ကို ကိုင်ထားတယ်။
သူကြီးဘိုးချစ်မြိုင်ဟာ ဒေါ်အိုစာရဲ့ စကားကြောင့် မျက်နှာပျက်သွားပြီး …
“ကျွန် … ကျွန်တော့် အနေနဲ့ အလောင်းနဲ့ပတ်သက်ပြီး စစ်ဆေးစရာတွေ ရှိနေပါ သေးတယ်၊ ကျွန်တော့် ကို နှစ် ရက်လောက် အချိန်ပေးပါ၊ နှစ် ရက်ပြည့်ရင် အမယ်အိုပြောတဲ့ အတိုင်း ဖြစ်ရပါစေ့မယ်ခင်ဗျာ”
လို့ ပြောလိုက်တယ်။ သူကြီးရဲ့ စကားကြောင့် ဒေါ်အိုစာဟာ မျက်မှော င်ကြီးကြုတ် သွားတယ်၊ ပြီးတော့ …
“ဟား ဟား ဟား … ဘိုးချစ်မြိုင် ဘိုးချစ်မြိုင် … နင်စစ်ဆေးလည်း အပိုပဲ ဖြစ်လိမ့် မယ်၊ ဟောဒီအလောင်းဟာ ငါ့ရဲ့ ကျင့်စဉ်အောင်မြင်ဖို့ မိုးနတ်သားက ဖန်ဆင်းပေးခြင်းသာ ဖြစ်တယ် … ၊
အခု ရွာမှာ မိုးကြိုးခတဲ့အလောင်း ပေါ်တယ်၊ ဒါဟာ အိုးဘိုစုအတွက် ကံဆိုးမိုး မှော င်ကျခြင်းပဲ၊ ဘိုးချစ်မြိုင် … နင်ဟာ မကြာခင်မှာ အလွန်ဆိုးရွားတဲ့အန္တရာယ်တွေ ရင် ဆိုင်ရတော့မယ် …၊
ဒါဟာ ငါ့ရဲ့ အပြောမဟုတ်ဘူး … ဟောဒီ ငါ့ရဲ့ ကံကြမ္မာဖတ်ဖန်လုံးလေးက နိမိတ် ဖတ်နေခြင်းသာ ဖြစ်တယ်၊ ဘိုးချစ်မြိုင် … နင်ပြောတဲ့အတိုင်း အချိန်နှစ် ရက်ပေးမယ်၊ နှစ် ရက်မပြည့်ခင် အလောင်းကို နင် တာဝန်ယူရမယ်၊ အလောင်းဟာ နင့်ခြံထဲကလွဲပြီး ဘယ် နေရာမှ မရှိစေရဘူး … ငါပြောတာ ကြားသလား ဖိုးချစ်မြိုင်”
ဒေါ်အိုစာရဲ့ အမေးကြောင့် သူကြီးဟာ နားထင်ပေါ် စီးကျလာတဲ့ ဇောချွေးကိုသုတ် ရင်း …
“ကြား … ကြားပါတယ် အမယ်အို၊ အမယ်အိုပြောတဲ့အိုင်း လိုက်နာပါ့မယ်၊ အိုးဘိုစု ရွာလေးကို ဘာအန္တရာယ်မှ မကျရောက်အောင် စောင့်ရှောက်ပေးပါခင်ဗျာ၊ ကျွန်တော် တို့ တစ်ရွာလုံးဟာ အမယ်အိုရဲ့ စောင့်ရှောက်မှု အောက်မှာ အစဉ်အဆက် နေထိုင်ခဲ့ကြရတာ ပါ”
လို့ အားကိုးတကြီးပြောတယ်။
သူကြီးဘိုးချစ်မြိုင်ရဲ့ စကားကြောင့် ဒေါ်အိုစာက ဟားတိုက် ရယ်မောလိုက်ရင်း …
“ဟား ဟား ဟား … သိပ်ဟုတ်တာပေါ့ ဘိုးချစ်မြိုင်၊ နင့်အဖေ ဘိုးသာမြိုင်လက် ထက်ကတည်းက ငါဟာ အိုးဘိုစုရွာကို စောင့်ရှောက်ခဲ့ရတာ ၊ ခုဆို ငါ့ရဲ့ အသက်ဟာ နှစ် ပေါင်း တစ်ရာကျော်နေပြီ၊ ငါဟာ အိုးဘိုစုရွာရဲ့ အသက်အရှည်ဆုံး လူ တစ်ယောက် ဖြစ်သ လို အိုးဘိုစုရွာအပါအ၀င် ဘေးမဲ့တောကို စောင့်ရှောက်နေတဲ့ , မမြင်ရတဲ့ ပုဂ္ဂိုလ်ပိုင်းဆိုင် ရာကိုပါ လွှမ်းနိုင်တဲ့ လူ တစ်ယောက် ဖြစ်တယ် …၊
မိုးကြိုးအလောင်းဟာ ငါ့အတွက် သိပ်အရေး ကြီးတယ် ဘိုးချစ်မြိုင်၊ နှစ် ရက်အ တော် အတွင်း မိုးကြိုးအလောင်းကို နင့်အသက်နဲ့ထပ်တူ စောင့်ရှောက်ပေးပါ၊ ငါ့ကို ပြုံးစေ ချင်ရင် ငါ့စကားနားထောင်၊ ငါ မဲ့ရင်တော့ တစ်ရွာလုံးပြာကျဖို့သာ ပြင်ထားဟေ့ … ဟား ဟား ဟား”
လို့ ပြောပြီး တရွေ့ရွေ့ ထွက်ခွာသွားတယ်။
ကျီးနက်အုပ်ကြီးကလည်း ဒေါ်အိုစာ့နောက်ကို “တဖျပ်ဖျပ်” အသံပေးပြီး လိုက်ပါ သွားကြတယ်။
သူကြီးဘိုးချစ်မြိုင်ဟာ မြေပေါ် အရုပ်ကြိုးပြတ် ထိုင်ချလိုက်ရင်း …
“ဘုရား ဘုရား … ငါ့မှာ အန္တရာယ်တွေ ကျရောက်တော့မယ်ဆိုပါလား၊ မိုးကြိုးပစ်ခံ ရတာ ငါ့ရွာအတွက် ဂြိုဟ်ဆိုးဝင်ပြီထင်တယ်၊ ငါ ဘာလုပ်ရမလဲ၊ ငါ ဘာလုပ်ရမလဲ”
လို့ တတွတ်တွတ် ရေရွတ်လိုက်တယ်။
![]() စုန်းတောက်တဲ့ည | ![]() ဘင်ပုပ်ငရဲကျခံရတဲ့မိစော | ![]() ချစ်တီးတိုက် |