Cover

အခန်း (၁)

ငရဲကြီးရှစ်ထပ်

(၁) သိဉ္ဇုဝ်းငရဲ

(၂) ကာလသုတ်ငရဲ

(၃) သင်္ဃာတငရဲ

(၄) ရောရုဝငရဲ

(၅) မဟာရောရုဝငရဲ

(၆) တာပနငရဲ

(၇) မဟာတာပနငရဲ

(၈) မဟာအ၀ီစိငရဲ

ထိုငရဲကြီးရှစ်ထပ်ရဲ့ ဘေးမှာ ၀ိုင်းရံနေတဲ့ ငရဲငယ်လေးတွေ လည်း ရှိနေပါသေးတယ်။

ငရဲကြီးတစ်ဘုံမှာ ငရဲငယ်ပေါင်း (၃၂)ခု ၀န်းရံနေပါတယ်။

ငရဲကြီးရှစ်ထပ်ဆိုတော့ ငရဲငယ် (၂၅၆) ခု ရှိနေပါတယ်။

အခုရေး မယ့်စာအုပ်ဟာ ကံကြီးထိုက်ပြီး မဟာအ၀ီစိငရဲမှတစ်ဆင့် ငရဲငယ်တစ်ခု ဖြစ်တဲ့ “ဘင်ပုတ်” ငရဲမှ ငရဲကျခံရတဲ့….မိန်းကလေး တစ်ယောက် ရဲ့ ဇာတ်လမ်းပါ။

စာဖတ်သူ လူငယ်တွေ အတွက် ပညာပေး ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုလည်း မမှားပါဘူး။

* * * * *


အညာဒေသ သရက်ကုန်းရွာရဲ့ ရွာထိပ်ရှိ ဖက်ရွက်မိုးတဲလေးအတွင်းဝယ်…..

“ဟဲ့ မိစော…..မိစော…ထစမ်းအေ၊

နေဖင်ထိုးတော့မယ်ဟဲ့…..မိန်းကလေး ဖြစ်ပြီး ဒီလောက်အအိပ်ကြမ်းရသလား၊ ထဘီက ခေါင်း တက်စွပ်တော့မယ်။

မိစော..ဟဲ့မိစော….အမြင်မတော် အောင် အိပ်နေတယ်၊ ထဆို ….တော် ကြာ…နင့်မောင်နဲ့ ညီမ ထတော့မှာ ၊ ထစမ်းအေ”

ဒေါ်ဖွားအိုက ထိုသို့ ပြောပြီး မိစောရဲ့ ခေါင်းကို ဒေါင်ခနဲမြည် အောင် ခေါက်လိုက်တယ်။

“ဟ….ဘာလို့ခေါက်တာလဲဗျ၊

နာလိုက်တာဗျာ၊ ခင်ဗျားကြီးဟာ

ကျက်သရေသိပ်မဲ့တာပဲ၊ ကျုပ်ဟာကျုပ်

အိပ်တာ ဘာ ဖြစ်လဲ၊

တောက်”

မိစောရဲ့ ရိုင်းပျတဲ့စကားကြောင့် ဒေါ်ဖွားအိုဟာ ရင်ဘတ်ဖိရင်း…

“အမယ်လေး မိစောရယ်….

စောစောစီးစီး မအေကို

ဘယ်လိုပြောလိုက်တာတုန်း၊

ဘုရား ဘုရား…နင်တော့

အ၀ီစိချိုးကပ်တော့မယ် မိစောရဲ့ ”

လို့ မချိတင်ကဲ ရေရွတ်လိုက်တယ်။

မိစောက အိပ်ရာက ဆောင့်ကြီးအောင့်ကြီးအမူအရာနဲ့ ထလိုက်ရင်း…

“ဘာချိုးကပ်မှာ လဲ…ထမင်းချိုးလား၊

သွားစမ်းပါ၊ မိုးလင်းတာနဲ့ နားငြီးတယ်၊

ကျုပ်က တော် ကြီးတို့တစ်မိသားစုလုံးကို ရှာကျွေးနေတာနော်၊ ကျုပ်သာ ရှာမကျွေးရင်… ခင်ဗျားတို့အားလုံး ငတ်သေးတဲ့မသာစာရင်းဝင်သွားမယ်၊ စကားကို သတိထားပြော…ဟင်း”

လို့ ပြောလိုက်တယ်၊ ဒေါ်ဖွားအိုဟာ မျက်ရည်လည်မတတ် ခံစားသွားရရှာပြီး…

“သြော်….မိစော…မိစော…

အမေအိုနဲ့ အရွယ်မရောက်သေးတဲ့

မောင်နှမတွေ ကို ရှာကျွေးရတာ

သူ့အတွက် ၀န်လေးနေပါလား၊

ဟင့် ဟင့် သွားလေသူ

ကိုဖိုးရွှေကြီးရေ…ကျုပ်တို့တစ်သက်လုံး

ဈေးတောင်း ခေါင်းရွက်ပြီး ကြီးပြင်းအောင်

မွေးလာတဲ့ ကျေးဇူးရှင်တွေ ကို

တော့်သမီးကြီးက ကန်းကုန်အောင်

ဆပ်နေပြီတော့်၊ ရှင်ပြောတော့

သမီးမိန်းကလေးမွေးမှ ကိုယ့်ကို

ပြန်ကြည့်မှာ ဆို…ခုတော့

ကြည့်တော့ ကြည့်ပါရဲ့ …သံပူတွေ

စားနေရတဲ့အတိုင်းပါလား ကိုဖိုးရွှေရဲ့ ၊

ဟီး…….ဟီး…..ဟီး..”

လို့ ၀မ်းပန်းတနည်း ငိုကြွေးတယ်။

မိစောက မျက်နှာသစ်နေရာက ကြားသွားပြီး အသံကုန် အော်ဟစ်ပြောလိုက်တယ်။

“အမယ်လေးနော်၊ ကြားလို့မှ ကောင်းကြသေးရဲ့ လား။

အိမ်များ မသာကြနေတာပဲ၊

ဒါကြောင့် မနေချင်တာ၊

တိတ်စမ်း…ပြိတ္တာမကြီးလို ငိုမနေနဲ့နော်၊

သမီး ဖြစ်သူရဲ့ အပြောကြောင့် ဒေါ်ဖွားအိုဟာ ရင်ထဲပိုမိုနာကျင်သွားရရှာတယ်။

ဒီအချိန်မှာ ပဲ မောင်နှမတစ်တွေ နိုးလာပြီး။ မငိုပါနဲ့တော့အမေရယ်။

မစောက ရိုင်းတာအမလည်း သိတာပဲ။ သူက ဒီလိုပဲ ပြောတတ်တယ်ဟာ။ တိတ်ပါတော့ နော်အစ်မ။”

ခုနစ်တန်းကျောင်းသား သားလတ်မောင်မွေးက မိခင်ကို နှစ် သိပ်ရှာတယ် ။

ငါးနှစ် အရွယ်သာ ရှိသေးတဲ့ သမီးငယ် လုံးလုံးက မိခင်ရဲ့ ရင်ခွင်ထဲတိုးဝင်ပြီး။

“အစ်မ…တိတ်ပါ၊ အစ်မငိုရင်

လုံးလုံးလည်း ငိုချင်တယ်၊

အစ်မစောက သိပ်ဆိုးတယ်နော်

သူသာ လုံးလုံးတို့လို လိမ္မာရင် အစ်မငိုရမှာ မဟုတ်ဘူး…ငိုနဲ့”

လို့ မျက်ရည်လည်ပြီး ပြော လာတယ်။

ဒေါ်ဖွားအိုက အရွယ်နဲ့မလိုက်အောင် သိတတ်တဲ့

ကလေးနှစ် ယောက် ကို ကြည့်ရင် မချိုပြုံး ပြုံးလိုက်မိတယ်။

* * * * *


ရွာတောင်ပိုင်းရှိ ဒေါ်ရင်ကြည် ဆေးလိပ်ခုံ….အလုပ်ချိန်ကျနေပြီ ဖြစ်တဲ့အတွက် အလုပ်သ မ အားလုံး ဆေးလိပ်ခုံမှာ ရောက်နေကြပြီ။

ခုံပိုင်ရှင် ဒေါ်ရင်ကြည်ဆိုတဲ့ မိန်းမ၀ကြီးက အလုပ်သမ၊ တွေ ကိုလိုက်လံကြည့်ရှုပြီး…

“ဟဲ့….ဖက်ချိုးတဲ့ မိချော တစ်ယောက်

မရောက်သေးဘူးလားဟေ့”

လို့ အသံစာစာနဲ့ မေးလိုက်တယ်။

“ဒေါ်ကြီးရင်ရေ….ကျုပ်မသေသေးဘူး၊

ရောက်ပြီတော့်၊ တကယ်တဲ…

နည်းနည်း လေး နောက်ကျတာနဲ့

အာကျယ်ချင်တာ အရင်ပဲ

ရောက်ပြီ ရောက်ပြီ”

မိစောက ဘောက်ဆတ်ဆတ်ပြောရင်း သူ့ နေရာမှာ ၀င်ထိုင်လိုက်တယ်။ ဒါကို ဒေါ်ရင် ကြည်က မကျေနပ်ဘဲ။

“မိစော ဟဲ့မိစော…ငါက ညည်းရဲ့ အလုပ်ရှင်ပါ၊

ညည်းဒီလိုပြောစရာ မလိုဘူးအေ့

ညည်းအမေရဲ့ မျက်နှာကြောင့် ညည်းတို့မိသားစု ထမင်းငတ်မှာ ဆိုးလို့ အလုပ်ပေး ထာတယ်၊ စကားပြောတာ ဆင်ခြင်းစမ်း၊

နောက်တစ်ခါဆို ဘယ်မျက်နှာမှ မထောက်ဘူး၊ မှတ်ထား”

လို့ပြောဆိုပြီး ထွက်သွားတယ်။

မိစောက ဖက်တွေ ကို ဆောင့်ကြီးအောင့်ကြီး အမူအရာနဲ့ ယူလိုက်ရင်း….

“အလကား မိန်းမကြီး…ခုံပိုင်ရှင်ဆိုပြီး

လေဟပ်နေတာ၊ ဒင်းဆီမှာ မလုပ်ရလည်း

တခြားခုံလုပ်မှာ ပေါ့၊…တောက်၊

သက်သက်မဲ့ ကြောသွားတာ၊

ဒီလိုစောင့်ပြောခံရတာ အိမ်က ဟာတွေ ကြောင့် ၊

အလကား အိမ်မှာ ထိုင်စားဖို့ပဲ သိတဲ့ဟာတွေ ”

မိစောရဲ့ တဗျစ်တောက်တောက် ရေရွက်သံကြောင့် နံဘေးရှိ မလှက…

“မိစောရယ်..စောစောစီးစီး ဒီလောက်လည်း မေတ္တာတွေ ပို့မနေပါနဲ့၊

နေပါဦး…နင့်ကို ဒေါ်ရင်ကြည်ဆူတာ နင့်အိမ်နဲ့ ဘာဆိုင်လို့တုန်းဟ”

လို့ မေးလိုက်တယ်။

စောစောက နှုတ်ခမ်းကို မဲ့ရွဲ့လိုက်ပြီး

“မိစောဆိုတဲ့ ကျုပ်ကအပျိုနုနုလေးတော့၊ ကလေးနှစ် ကောင်နဲ့ အဖွားကြီး စားသောက်ဖို့ ရှာကျွေးနေတာ တန်လို့လား၊

ဒင်းတို့ကိုသာ ရှာမကျွေးရရင်….

ကျွန်ကော့နေအောင် နေလို့ရတယ်အေ့”

မိစော စကားကြောင့် မလှဟာမျက်လုံးပြူးသွားမိတယ်။

“ဟယ် မိစော…ဒီလိုမပြောရဘူးလေ၊

အမေအိုကြီးနဲ့ မောင်နှမတွေ ကို ရှာကျွေးရတာ

ဘယ်လောက်ထူးတဲ့ ကုသိုလ်လည်း၊ နင်ငရဲကြီးမယ်နော်”

မိစောက ဟက်ဟက်ပက်ပက် ရယ်မောလိုက်တယ်။

“ဟား…..ဟား….ဟား…ဘာငရဲလဲ၊

ငရဲဆိုတာ ချိုကြီးနဲ့လား၊

သွားစမ်းပါ မိလှရာ၊

လူဟာ သေရင်ပြီးပြီ….ဒါပဲ၊

ကဲ ကောင်မရေ…ငါ

ဖက်တွေ သွားယူဦးမယ်”

မိစောက ပြောဆိုရင်း ထသွားတယ်။

“မိစောတို့က ပါးစပ်ကြမ်းရုံတင်မကဘူး၊

ငရဲပါ မကြောက်ဘူးဟ၊

မိဘကိုလည်း ရစရာမရှိအောင် ပြောတတ်တယ်။

ဒီဟာမ သေရင်

လူတောင် ဖြစ်မှာ မဟုတ်ဘူး”

“ဟုတ်တယ်အေ့၊

နေကြစမ်း၊ ပါးစပ်ကြမ်းကြီးနဲ့၊

မိန်းမဆိုတဲ့ ပျော်ပျောင်းမှု ဘယ်နေရာမှ မရှိဘူး၊

ဒင်းရတဲ့လင်တော့ မိုပြိုပြီပဲ အေ့”

“ဟီး…..ဟီး…ညည်းတို့ကလည်း ဟာ

ဒို့လို ချောတဲ့လူတွေ တောင် လင်မရသေးတာ၊

မိစောရုပ်လည်း ကြည့်ပါဦး၊

ကျောက်ပေါက်မာ ဗရပျစ်နဲ့

အသားကလည်း မဲသေးတော့်၊

ကြည့်မကောင်းတဲ့ ရုပ်ကြီးနဲ့ ဒေါသက အချိန်ပြည့်ထွက်နေတော့၊

ဟီး…သူ့ပုံက မယ်ကုဝဏ်

သံပုရာသီး မျိုထားတဲ့ ရုပ်ကြီးအေ့”

အလုပ်သမ တွေ ဟာ ထိုသို့ အတင်းပြောရင်း ၀ါးကနဲ

ရယ်မောလိုက်ြ ကတော့တယ်။

* * * * *


အခန်း (၂)

“အစ်မရေ….အစ်မ….

ကျုပ်ဗိုက်ဆာပြီ၊

ထမင်းပြင်ထားစမ်းပါ အစ်မ”

မိစောက အလုပ်ကနေ အိမ်ရောက်ရောက်ချင်း အော် ပြောလိုက်တယ်။

ဒေါ်ဖွားအိုက တဲရှေ့ကပြင်လေးဆီ ထွက်လာပြီး…

“အစ်မလည်း ထမင်းအိုးတည်ဖို့

တွေးနေတာပါ”

လို့ ပြောလိုက်တဲ့အခါ မိစောရဲ့ မျက်နှာတင်းမာသွားပြီး

“ဘာ….အချိန်လည်း ကြည့်ပါဦးဗျာ၊

ညနေ ငါးနာရီကြော်နေပြီ၊

ခုထိ ထမင်းမတည်ဘဲ

ဘယ်လျှောက်အလေလိုက်နေတာလဲ၊

အဓိပ္ပာယ်မရှိဘူး”

ဒေါ်ဖွားအိုက မျက်နှာငယ်လေးနဲ့….

“ဘယ်မှ မ သွားပါဘူး မိစောရယ်၊

ထမင်းတည်ဖို့ အိမ်မှာ ဘာမှမရှိဘူးလေး၊

ဒါ့….ဒါ့ကြောင့် ပါ”

လို့ ပြောလိုက်တဲ့အခါ မိစောက…

“ဟာ…မနေ့ကပဲ ငွေတစ်ထောင်

ပေးထားတယ်၊

ဒီနေ့ မရှိဘူးဆိုတော့

ခင်ဗျားကြီး နှစ် လုံးထိုးလိုက်လို့လား”

ဒေါ်ဖွားအိုက လက်ကလေးကာပြီး….

“အို မိစောရယ်…အစ်မက

ဒါမျိုးတွေ မလုပ်တတ်ပါဘူး၊

မနက်က ညည်းမောင်လေး

စာအုပ်ဖိုးအတွက် ငွေပေးလိုက် ရလို့ပါကွယ်”

လို့ ပြောလိုက်တယ်။

မိစောက ထဘီကို ပေါင်ထိဆွဲမ ယူရင်းကွပ်ပျစ်ပေါ် ထိုင်ချလိုက်တယ်။

“ကျွတ်…စိတ်ပျက်ဖို့ကောင်းချက်၊

ကျုပ်က အပျိုလေးပါ၊

အပျို ဖြစ်ပြီး ကလေးကျောင်းစရိတ်တွေ

ထောက်နေရတာ လက်မခံနိုင်တော့ဘူး၊

ဒီမယ် အစ်မ….ကျုပ်အပြတ်ပြောမယ်၊

အစ်မကလေးတွေ ကို သူတို့ဟာသူတို့

ကျောင်းစရိတ်ရှာခိုင်းတော့၊

ကျုပ်ရှာမပေးနိုင်တော့ဘူး”

“ဘယ်လိုပြောလိုက်တာလည်း မိစောရယ်၊

ဒီကလေး နှစ် ယောက် က ညည်းနဲ့

တစ်ဖင်တည်း ထွက်ထားတဲ့

မောင်နှမအရင်းတွေ ပါ၊

လက်လွတ်စံပယ်မပြောပါနဲ့”

“တစ်ဖင်တည်း မကလို့ဆယ်ဖင်ထဲက ထွက်ထွက်၊

ကျုပ်ဂရုမစိုက်ဘူး၊ စားဖို့ရှာပေးပြီးပြီပဲ၊

ကျုပ်က ဆေးလိပ်ခုံက အလုပ်သမားဗျ၊

သူဌေးကတော် ကြီး မဟုတ်ဘူး၊

ခင်ဗျားကြီးရဲ့ ကလေးတွေ ကို

ကျောင်းစရိတ် လုံးဝမပေးနိုင်တော့ဘူး၊

မကျေနပ်လည်း လဲသေးလိုက်ကြ၊”

သမီး ဖြစ်သူရဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေ ကြောင့်

ဒေါ်ဖွားအို တစ်ယောက် ငိုကျွေးရုံလွဲလို့ ဘာမှမတတ်နိုင်ရှာဘူး။

မိစောက ထိုင်ရာက ထရပ်လိုက်ပြီး…

“ဒီမယ် အစ်မ….ခင်ဗျားဟာလေ

အငယ်တွေ ထိရင် မျက်ရည်ကျဖို့ပဲ သိတယ်၊

ထပ်ပြောမယ်၊ ကျုပ်မနေ့က ပေးတဲ့ငွေကို

ကျောင်းစာရိတ်သုံးလိုက်ပြီ မဟုတ်လား၊

ဒီတော့ ….ဒီညဗိုက်မှော က်ပြီး နေကြ၊

ကျုပ် ပြန်မအိပ်ဘူး….ဒါပဲ”

လို့ပြောပြီး ချေဆောင့်နင်း ထွက်သွားတယ်။

မိစော ထွက်သွားတော့ ဘေးတဲက ဒေါ်ဘုမရောက်လာပြီး….

“ငိုနေလို့ ပြီးမလား အဖွားရယ်၊

ငါ အားလုံးကြားပါတယ်၊

နင့် သမီးမိစောက ဘယ်လိုမှ ချွတ်မရတဲ့

တစ္ဆေအရို်င်းကြီး ဖြစ်နေပြီ၊

အင်း….သားသမီးရိုင်းတော့လည်း

မိဘတွေ ရင်ထုမနာ ဖြစ်ရတာ ပေါ့အေ”

လို့ ဖျောင့်ဖျစကားဆိုတယ်။

“ကျုပ်က ကျုပ်ကိုကြိုက်သလောက်ရိုင်းပါ၊

မိခင်မေတ္တာစိတ်နဲ့ သည်းခံနိုင်တယ်တော့်၊

အငယ်တွေ က လူလားတောင်မမြောက်သေးဘူး၊

ကျောင်းစာရိတ် ဘယ်လိုရှာနိုင်မှာ လည်းတော့၊

သူ့ အဖေ ရှိစဉ်တုန်းကသူ့ကို

ရှစ် တန်းထိရောက်အောင်၊

ကျုပ်ကို ဈေးတောင်းရွက်ပြီး သင်ပေးခဲ့တာပါ။

ကျုပ် ကျုပ်ရင်ထဲမချိဘူး၊ ဒေါ်ဘုမရယ်၊

ဟင့်….ဟင့်”

ဒေါ်ဖွားအိုရဲ့ အ ဖြစ်ကိုကြည့်ရင်း ဒေါ်ဘုမဟာ စိတ်မကောင်း ဖြစ်သွားတယ်။

“ကိုဖိုးရွှေကြီး ရှိတုန်းက နင်တို့

ဘယ်လောက်ရုန်းကန်ခဲ့သလည်း ဆိုတာ

ငါ အသိပါ၊

မိစောက ရိုင်းဆိုင်း ကြမ်းကြုတ်တယ်၊

ဒါပေမယ့်အေ… တောင်းစုတ်ပလုံးစုတ်ပဲ

ပစ်ရိုးထုံးစံရှိတာလေ၊

သားသမီးဆိုတာ ပစ်ပယ်လို့မရဘူး အဖွားရဲ့ ၊

တစ်နေ့တော့ မိစောအမြင်မှန်ရလာမှာ ပါဟာ၊

နင်လည်း မိစောစိတ်နဲ့ ရောဂါ ရတော့မှာ ပဲ၊

ဟင်း….သမီးဆိုးရထားတဲ့ မိဘရဲ့ ဘ၀က

ရင်မောဖို့ကောင်းချက်အေ”

အပိုင်း(၄)

“ဗျို့ ဒေါ်ဝက်မ….

ကျုပ်ကို အသုတ်တစ်ပွဲပေး”

မိစောက ခုံမှာ ၀င်ထိုင်ရင်းပြောလိုက်တယ်။

“အလို….မနက်ပိုင်းပဲ အသုတ်စားနေကြလူက

ညနေလာစားတော့ ထူးဆန်းပါလား၊

ညည်းကံကောင်းတယ်အေ့၊

ဒီမှာ တစ်ပွဲစားပဲကျန်လို့၊

ဆိုင်ဖို့တောင် ပြင်နေတာ”

ဒေါ်ဝက်မက အသုတ်တစ်ပွဲ ပြင်ပေးလိုက်တယ်။

“ဟဲ့….ဖြည်းဖြည်းစားပါဟဲ့၊

ကျားလိုက်တဲ့အတိုင်း စားနေလိုက်တာ၊”

“ ကျားလိုက်တာ မဟုတ်ဘူး၊

စိတ်တိုနေတာ၊ လူသတ်ချင်နေတာဗျ”

ဒေါ်ဝက်မက ပုလင်းထဲက အရည်ကိုမော့သောက်လိုက်ပြီး….

“နင်စိတ်မတိုတဲ့အချိန် ရှိသေးလို့လားအေ့၊

နေပါဦး….ညည်းက ဘယ်သူ့ကို

သတ်ချင်နေတာလည်း”

လို့ မေးလိုက်တယ်။

မိစောက အသုတ်ကို ပလုပ်ပလောင်းစားရင်း…

“ကျုပ်အိမ်က လူတွေ ကို”

လို့ တုံးတိကြီး ဖြေလိုက်တယ်။

ဒေါ်ဝက်မက မျက်လုံးပြူးသွားပြီး….

“ဘယ်လိုပြောလိုက်တာလည်း မိစောရယ်၊

အိမ်မှာ က နင့်အမေနဲ့ မောင်နှမတွေ ပဲ

ရှိတဲ့ဟာ၊ နင်တော့ အ၀ီစိချိုးကပ်တော့မယ်”

လို့ပြောပြီး ပုလင်းကို မော့လိုက်ပြန်တယ်။

“ချိုးကပ်လည်း အကပ်ခံလိုက်မယ်ဗျာ၊

အလကားထိုင်စားနေတဲ့ဟာတွေ ၊

နေပါဦး….တော် က ဘာအရည်တွေ

မျိုနေတာတုန်း၊ ရောက်ကတည်းက ကြည့်နေတာ

ပုလင်းမော့လိုက် ပြန်ချလိုက်နဲ့”

“ကျုပ်က တစ်နေကုန်ဈေးရောင်းရတာ လေ၊

ဒါကြောင့် ….အပန်းပြေဆေးလေး သောက်နေတာ….

ဘာဟ”

“ဘာအပန်ဖြေဆေးဟုတ်လား၊

ပြစမ်းပါဦး ကျုပ်လည်း

တစ်နေကုန်ဖက်ချိုးရတာ …ပင်ပန်းတယ်”

“အေး….ဒါဆိုညည်းလည်း သောက်ကြည့်၊

တစ်ကိုလုံး ပူထူးပြီးတော့ကို လန်းသွားမယ်၊

ဘာဟ”

မိစောက ပုလင်းဆွဲယူပြီး မော့သောက်လိုက်တယ်။

“အား…..အမယ်လေး…..လေး၊

ဘယ်လိုကြီးလည်း….ဆိုးလိုက်တာ”

မိစောဟာ အရည်တွေ ကို ထွေးထုတ်ရင်း အော်ဟစ်လိုက်တယ်။

“ဟဲ့….ဒါက မိတောက်လို့ခေါ်တယ်၊

ညည်းက အူးနုသေးလို့ပါအေ၊

အူရင့်သွားရင် အ၀င်ချိုသွားလေ့မယ်အေ့၊”

မိစောက မျက်နှာရှံ့မဲ့ပြီး ….

“ဒေါ်ဝက်မ ဟာကြီးကဗျာ….

ကျုပ်အသုတ်တွေ တောင် ပြန်အန်ထွက်ချင်ပြီ”

ဒေါ်ဝက်မက၊ ဇလုံတွေ ဘန်းတွေ ကို သိမ်းဆည်းရင်း….

“ကဲ့….ကျုပ်လည်းပြန်တော့မယ်၊

ငါ့မီးတောက်ကို မကောင်းပြောတဲ့နင်လည်း ပြန်တော့”

လို့ပြောလိုက်တယ်။

“ကျုပ် အိမ်မပြန်ချင်တော့ဘူး ဒေါ်ဝက်မရာ။

ဒင်းတို့မျက်နှာတွေ မြင်ရင် စိတ်ဆင်းရဲတယ်”

“ကဲ့…..ဒါဆိုရင်လည်းငါ့ကို ၀ိုင်းကူပေး၊

ငါ့ အိမ်ကိုလိုက်အိပ်ပေတော့”

ဒီ နောက်မှာ တော့ မိစော တစ်ယောက် အသုတ်သည်

ဒေါ်ဝက်မအိမ်ကို လိုက်သွားတော့တယ်။

ည ရှစ်နာရီ ကြော်ချိန်အထိ မိစောပြန်မလာတဲ့အတွက်

ဒေါ်ဖွားအိုဟာ စိတ်ပူနေရှာတယ်။

ဒါကြောင့် မောင်မွေးနဲ့ လုံးလုံးကိုရွာထဲ လိုက်ရှာခိုင်းတယ်။

မောင်နှမ နှစ်ယောက် သား ရွာလမ်းအတိုင်းအစ်မ ဖြစ်သူကို ရှာဖွေကြတယ်။

“ဟဲ့….လုံးလုံးတို့ပါလား၊

မှော င်ကြီးထဲ ဘယ်သွားကြမလို့လဲ၊

အောက်ကြည့်သွားကြနော်၊

ပိုးကောင်တွေ နင်းမိနေဦးမယ်”

ကာလသားခေါင်းကိုပြောင်ရဲ့ အသံကြောင့် မောင်မွေးက….

“မစောကို လိုက်ရှာနေတာခင်ဗျ၊

ဦးရီးတွေ့ မိလားဟင်”

လို့ အသံပြုလိုက်တယ်။

“ညနေ ကတော့ တွေ့ သားကွ၊

အသုတ်သည် ဒေါ်ဝက်မကို ဆိုင်သိမ်းပေးနေတာတွေ့ တယ်၊

မင်းတို့ သူ့သွားမေးကြပါလား”

“ဟုတ် ….ကျေးဇူးနော်ဦးရီး၊

သွားဦးမယ်ဗျ”

မောင်နှမ နှစ် ယောက် သား တောင်ပိုင်းရှိ ဒေါ်ဝက်မတဲကို လျှောက်ခဲ့ကြတယ်၊

ခြံဝိုင်းနားရောက်တော့ မီးရောင် မြင်နေရသေးတယ်။

“ဒေါ်ဝက်မ….ဒေါ်လေးဝက်ရေ”

“ဟဲ့…..ဘယ်သူတုန်း၊

ဝင်ခဲ့…..တံခါးစေ့ထားတယ်”

* * * * *


နှစ် ယောက် သား ခြံဝိုင်းထဲဝင်ပြီး ကွပ်ပျစ်ရှိရာ လျှောက်သွားကြတယ်။

အစ်မ ဖြစ်သူ မိစောနဲ့ ဒေါ်ဝက်မတို့ဟာ ကွပ်ပျစ်ပေါ် ထိုင်ပြီးမီးတောက်နဲ့ ဇိမ်ကျ စားသောက်နေကြတယ်။

“မိစောရယ်….ဘာလို့အိမ်ပြန်မလားတာလဲဗျ၊

အိမ်မှာ အစ်မစိတ်ပူနေတယ်၊

ပြန်လိုက်ခဲ့ပါနော် မစော”

မောင်မွေးက ထိုသို့ ပြောရင်း ခေါ်လိုက်တယ်။

“ဟဲ့ သေနာလေးတွေ …

နင်တို့စောက်ခွက် မမြင်ချင်လို့ဒီမှာ နေတာ၊

လိုက်လာစရာ အကြောင်းမရှိဘူး၊”

မိစောက သူမထုံးဆန်အတိုင်း အော်ဟစ်ပြောလိုက်တယ်။

လုံးလုံးလေးက မိစောတို့အရှေ့မှာ ရှိနေတဲ့ ပဲကြီးလော်သုတ်၊

ဂျင်းသုတ်ပန်းကန်တွေ ကို ကြည့်ပြီး….

“မစောက ….လုံးလုံးဗိုက်ဆာနေပြီ၊

ကျောင်းက ပြန်လာကတည်းက ရေပဲသောက်နေရတယ်၊

လုံးလုံးကို ကျွေးပါနော်”

လို့ သနားဖွယ်ပြောလိုက်တယ်။

“ဟား…..ဆောက်ပြဿနာလေးတွေ ပဲ၊

ကိုယ့်ဟာကို အေးဆေးနေလို့လည်း မရဘူး၊

တစ်တောင်းစားလို လာတောင်းနေသေးတယ်၊

မေတ္တာတုန်းလေးတွေ ၊

သွားကြစမ်း…ကျက်သရေမဲ့တယ်”

“ဟဲ့…..ဘယ်လိုပြောလိုက်တာလည်း မိစောရယ်၊

နင့်အိမ်မှာ စားစရာမှမရှိဘဲ၊

သူတို့ဗိုက်ဆာကြမှာ ပေါ့၊

နေဦး လုံးလုံး….ဒေါ်လေးဝက်စားစရာပေးလိုက် မယ်”

ဒေါ်ဝက်မက ဒယိုင်းဒယိုင်နဲ့ထပြီး တဲထဲဝင်သွားတယ်။

သူမ ပြန်ထွက်လာတော့ လက်ထဲမှာ အထုတ်နှစ် ထုတ်ပါလာတယ်။

“ရော့မောင်မွေး…..ဒါက ပုံရည်ကြီး၊

ဒါ ကတော့ ထမင်းကြမ်းခဲပဲ၊

မနက်က ညစာပါ ရောချက်ပေမဲ့

အဒေါ်မစား ဖြစ်လို့ကြန်နေတာ၊

ယူပြီးသွာြး ကတော့၊

နင်တို့အမေကိုလည်း ပြောလိုက်၊

မိစော ငါ့အိမ်မှာ ရှိနေတာ၊

သွား….သွား…..သိပ်မှော င်နေပြီ”

မောင်မွေးတို့ မောင်နှမဟာ ဒေါ်ဝက်မပေးတဲ့ စားစရာတွေ ကို ယူပြီး မျက်နှာ မသာမယာနဲ့ ပြန်ခဲ့ကြရရှာတော့တယ်။

အိမ်ရောက်တော့ လုံးလုံးက မိခင်ကို….

“အစ်မစော သိပ်ဆိုးတဲ့အစ်မ၊

သြူ့ ကတော့ ဖျော်ရည်တွေ အသုတ်တွေ စားနေတာ လုံးလုံးစားချင်လို့ပြောတာ မကျွေးဘဲ ဆဲတယ်၊

တော် သေးတာပေါ့ ဒေါ်လေးဝက်မက

စားစရာတွေ ပေးလိုက် လို့၊

လုံးလုံးကို ထမင်းကျွေးပါတော့နော်၊

ဗိုက်တအား စားနေလို့ပါ အစ်မရယ်”

ဒေါ်ဖွားအိုက သက်ပြင်းသဲ့သဲ့ ချမိရင်း မောင်မွေးလက်က အထုပ်ကို ယူလိုက်တယ်။

ထမင်းပြင်ပေးပြီးတဲ့ အခါ မောင်နှမနှစ် ယောက် သား အငမ်းမရစားကြရှာတယ်။

ဆီမပါတဲ့ ပုန်းရည်ကြီးနဲ့ ခေါင်းမဖော်တမ်း စားသောက်နေရှာတဲ့ သားနဲ့ သမီးငယ်ကို ကြည့်ရင် မျက်ရည်စို့မိတယ်။

“သြော်….ကလေးတွေ ဘာမှမသိရရှာဘူး၊

မိစောက ပြောရင်ပြောတဲ့အတိုင်း

လုပ်တတ်တယ်၊

မနက်ဖြန်က စပြီး…..သူတို့ ကျောင်းမသွားရတာ သိရင်

ဘယ်လောက်စိတ်ထိခိုက်ကြရှာမလဲ….ဟင်း၊

ဆိုးလိုက်တဲ့ ဘ၀ကြီးပါလား၊

အိုး မ ဖြစ်သေးပါဘူး၊

သူ့ဘေးမှာ ငါကမျက်လုံးသိပ်မကောင်းပေမယ့် ရတဲ့အလုပ်တော့ လုပ်ရမှာ ပဲ၊

မိစော မသိတတ်ပေမဲ့ အငယ်တွေ ကို

ငါရအောင် ရှာကျွေးရမယ်”

“အစ်မ…ဘာတွေ တွေးနေလည်း၊

ထမင်းစားလေ၊

ကျွန်တော် တို့တောင်ကုန်တော့မယ်”

သားလတ်မောင်မွေးရဲ့ အသံကြောင့် သူမ အတွေးပြတ်သွားတယ်။

“အစ်မ မဆာဘူးကွဲ့….သားတို့ပဲစားကြပါ၊

လူကြီးဆိုတော့ စားချိန်လွန်သွားရင် ရင်ခံတတ်တယ်လေ၊

စားကြ…..စားကြ”

တကယ်တော့ ဒေါ်ဖွားအို ညာပြောလိုက်ခြင်းပါ၊

ဒေါ်ဝက်မ ထည့်ပေးလိုက် တဲ့ ထမင်းက နှစ် ယောက် စာသာ။

သူမ ဆာလောင်နေတဲ့ ၀မ်းဗိုက်ကို လက်နဲဖိရင်း ဆောင့်ကြောင့် ထိုင်နေမိတယ်။

မနက်ဖြန်အတွက် သူမ ဘာတွေ ပြင်ဆင်ရမလည်း။

ကလေးနှစ် ယောက် ရဲ့ စားရေး ကို အသက် ခြောက်ဆယ်ကျော် သူမ ဘယ်လို ဖြေရှင်းရ မလဲ။

အတွေးများ နဲ့ ဒေါ်ဖွားအိုရင်ထဲ ဗလောင်ဆူသွားရတယ်။

* * * * *




ဝန်ဇင်းချစ်သူများ မအိုစာ ၏ “ ဘင်ပုပ်ငရဲကျခံရတဲ့မိစော ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အောက်လမ်း (ပထမပိုင်း)

ခတ်ဆေး

သွေးစုပ်သူယောင်မယ်