
အခန်း (၁)
လွန်ခဲ့သော နှစ် ပေါင်းလေးဆယ်ကာလ
ပြည်မြို့ အနီး ဇီးဖြူတောရွာလေးရဲ့ ဆည်းဆာချိန်ဟာ ကလေးငယ်တွေ ဆော့ကစားသံနဲ့ ညံညံစီနေတယ်။
ကလေးငယ်တွေ ဟာ ရွာအ၀င် ကုက္ကိုပင်ကြီးအောက်မှာ ပျော်ရွှင်စွာ ခုန်ပေါက်ဆော့ကစား နေကြတယ်။
ဒီအချိန်မှာ ပဲ လူ တစ်ယောက် ဟာ ကလေးတွေ အနားကို ဒယိမ်းဒယိုင် လျှောက်လာရင်း….
“ဟေ့ကောင် ပုလုံး….မင်းကို ငါ မဆော့ရဘူးလို့ မှာ ထားတယ် မဟုတ်လား၊ ငါမရှိတာနဲ့ လွတ်လပ်ရေး ရနေပြီပေါ့၊ ကဲကွာ…ဖအေ့စကား နားမထောင်ဘူး၊”
လို့ပြောဆိုပြီး ကလေးရဲ့ ကျောကို တဘုန်းဘုန်း ရိုက်လိုက်တယ်။
“ကျုပ်…..ကျုပ် မဆော့တော့ပါဘူး အဖေရဲ့ ၊ ကျုပ်ကို မရိုက်ပါနဲ့ အမေ့ဆီမှာ ခွင့်တောင်း ပြီးဆော့မိတာပါ….ဟီး…ဟီး…ဟီး”
ပုလုံးလေးက ဖခင် ဖြစ်သူရဲ့ ရိုက်ချက်ကြောင့် အော်ဟစ်ငိုတဲ့အခါ….
“တိတ်စမ်း…မငိုနဲ့၊ အမေက ဆော့ခိုင်းလို့
ဟုတ်လား၊ အေး…တွေ့ မယ်၊ လာခဲ့ ပြန်မယ်”
လို့ ဗလုံးဗထွေးသံကြီးနဲ့ မာန်မဲပြီး ပုလုံးလေးကို ဆွဲခေါ်ခဲ့တယ်။
ပုလုံးလေးဟာ ဖခင်ရဲ့ လက်မှာ ငိုယိုပြီး ပါလာရှာတယ်။
အိမ်ဝိုင်းတစ်ခုရှေ့ရောက်တဲ့အခါ ကလေးဆွဲလာတဲ့လူဟာ ဒေါသတကြီးသံနဲ့…
“ဟေ့ လှစိန်…ကောင်မ ဘယ်သွားသေနေလဲ၊
လာစမ်း”
လို့ အော်ဟစ်ပစ်လိုက်တဲ့အခါ အိမ်ထဲက မိန်းမ တစ်ယောက် အထိတ်တလန့် ပြေးထွက် လာပြီး….
“အမယ်လေး ကိုမြင်မောင်…ရှင်သောက်လာပြန်ပလား၊ ရှင့်ကို မြို့လွှတ်လိုက်တာ အရက် သောက်ဖို့ လွှတ်တာမဟုတ်ဘူး၊ လူကြားလို့မကောင်းဘူးတော် …အိမ်ထဲ မြန်မြန်ဝင်စမ်းပါရှင်”
လို့ပြောဆိုရင်း ယောက်ျားကို ဆွဲခေါ်လိုက်တယ်။
“ကောင်မ….နင်က ငါ့ပြန်ပြီး ဆရာလုပ်နေတယ်…ဟုတ်လား၊ ငါ့ပါးစပ်နဲ့ ငါသောက်တာ ဘယ်သူ့ ဂရုစိုက်ရမှာ လဲ၊ ကောင်မ…ငါမှာ ထားရက်နဲ့ ကလေးကိုဆော့ခိုင်းတယ်…
ဟုတ်လား”
ကိုမြမောင်ရဲ့ အော်ကြီးဟစ်ကျယ်သံကြောင့် အိမ်နီးနားချင်းတွေ ဟာ စူးစမ်းသလိုနဲ့ လှမ်း ကြည့်နေကြတယ်။
“တော် ပါတော့ ကိုမြမောင်ရယ်…ရှင်က
အရက်မူးရင် သွေးဆိုးလွန်းလို့ ပြောတာပါရှင်၊
အခုတောင် ဘေးအိမ်တွေ လှမ်းကြည့်ကုန်ပြီ၊
မူးရင်လည်း ငြိမ်ငြိမ်လေး လှဲနေနော်၊ ကျုပ်
အိပ်ရာပြင်ပေးမယ်”
မလှစိန်ရဲ့ စကားကြောင့် ကိုမြမောင်ဟာ အကြီးအကျယ်ဒေါသ ထွက်သွားပြီး…
“ငါ့ပိုက်ဆံနဲ့ ငါသောက်တာ ဘယ်သူ့မှ
ဂရုမစိုက်ဘူးကွ၊ မလှစိန်..နင် ငါ့အကြောင်း
သိတယ်နော်၊ ပြောစမ်း…ပုလုံးကို ဘာလို့ဆော့ခိုင်းတာလဲ၊
မြန်မြန်ပြော…ငါလက်ပါမိတော့မယ်”
လို့ ကြုံးဝါးလိုက်တဲ့အခါ မလှစိန် တစ်ယောက် မျက်နှာပျက်သွားရင်း…
“ကိုမြမောင်ရယ်…ကလေးပဲရှင် ဆော့ချင်ရှာမှာ ပေါ့၊ ရှင်ရှိတဲ့အချိန်ဆို သူ့မှာ ကလေး ဖြစ် ပြီး အိမ်ပြင်ကို မထွက်ရဘူး၊ ဒါကြောင့် ရှင်မရှိတုန်း ကျုပ်လွှတ်မိတာ၊ ဘာ ဖြစ်လဲတော့်  ကလေးပဲ”
လို့ ဖြေရှင်းချက်ပေးလိုက် တဲ့အခါ ကိုမြမောင်ဟာ မလှစိန်ရဲ့ ပါးကို ဖျန်းခနဲ ပိတ်ရိုက် လိုက်ရင်း…
“ငါ့စကား နားမထောင်ချင်ဦး…ကဲဟာ”
လို့ပြောပြီး မလှစိန်ရဲ့ ပါးကို တဖျန်းဖျန်း ရိုက်ချလိုက်တယ်။
“မလုပ်ပါနဲ့ အမေ့ကို မရိုက်ပါနဲ့၊ ကျုပ်ဆော့ချင်လို့ ဖြစ်သွားတာပါ၊ အမေ့မှာ အပြစ်မရှိ ပါဘူး”
ပုလုံးလေးဟာ…
မျက်ရည်စက်လက်နဲ့ မိခင် ဖြစ်သူကို ၀င်ပြီးဆွဲရှာပါတယ်။
အရက်ရှိန်ကြွနေတဲ့ ကိုမြမောင်ဟာ ပုလုံးလေးကိုပါ ဆောင့်တွန်းလိုက်တယ်။
ဒီအချိန်မှာ ပဲ မလှစိန်ရဲ့ မိခင်ဟာ အိမ်ပေါ်ခါးထောက်တက်လာပြီး….
“မြမောင်….နင်မူးပြီး ရမ်းမနေနဲ့၊ ဘယ့်နှယ်….
ငါ့အိမ်မှာ လည်း တက်နေသေးတယ်။ ငါ့သမီးနဲ့ မြေးကိုလည်း နှိပ်စက်သေးတယ်။ မနေချင် ဆင်းသွား…မနှိပ်စက်နဲ့၊ နင့်လိုကောင်မျိုး အံဖတ်ဆို့သေမှ အေးမယ်”
လို့ ၀င်ရောက်ငေါက်ငမ်းလိုက်တော့မှ ကိုမြမောင် တစ်ယောက် ငြိမ်ကျသွားတယ်။
ကိုမြမောင်ဆိုတာက မလှစိန်နဲ့ အိမ်ထောင်ကျကတည်းက လက်ကြောတင်းတဲ့လူ မဟုတ် ဘူး။
ယောက္ခမအိမ်ကပ်နေပြီး မိန်းမလုပ်စာထိုင်စားနေရတော့ ယောက္ခမကြီးကို ဖိမ့်ဖိမ့်တုန် ကြောက်ရတယ်။
ကိုမြမောင်ဟာ ယောက္ခမနဲ့ စကားပြိုင်မပြောချင်တာကြောင့် အိမ်ထဲက အရက်ပုလင်းကို ဆွဲယူပြီး အိမ်အောက်ဆင်းခဲ့တယ်။
ပြီးတော့…အိမ်နောက်ဖေးက နွားတင်းကုပ်မှာ ထိုင်ရင်း အရက်ကို ဆက်သောက် နေလိုက်တယ်။
နောက်တော့ အမူးလွန်ပြီး အိပ်ပျော်သွားတော့တယ်။
သန်းခေါင်ချိန်မှာ တော့ ကိုမြမောင်ရဲ့ အားခနဲ အော်ဟစ်သံကြီးက တစ်ရွာလုံး လွှမ်းသွား တယ်။
အသံကြောင့် မလှစိန်နဲ့ ယောက္ခမ ဖြစ်သူလည်း အထိတ်တလန့် ပြေးဆင်းလာကြ တယ်။
သူတို့နွားတင်းကုပ်နားအရောက်မှာ တော့ ကိုမြင့်မောင်ဟာ မျက်လုံးအပြူးသားနဲ့…
“အား….ပူတယ်၊ ငါ့ဗိုက်ထဲက ကလီစာတွေ မကောင်းဆိုးဝါးတွေ ဖောက်စားသွားပြီ
ဟီး ဟီး ဟီး”
လို့ သွေးရူးသွေးတန်း အော်ဟစ်ပြီး အသံနက်ကြီးနဲ့ တဟီးဟီး ရယ်နေတယ်။
မလှစိန်နဲ့ ယောက္ခမကြီးဟာ ကိုမြမောင်ရဲ့ စကားကြောင့် ကျောချမ်းသွားကြ တယ်။
“ဟဲ့ မြမောင်..အချိန်မတော် ကြီး ဘာတွေ ပြောနေတာလဲ၊ မြမောင်…ဟဲ့
သတိထားစမ်း”
ယောက္ခမကြီးဟာ မြမောင်ရဲ့ ပခုံးကို ကိုင်လှုပ်ရင်း ပြောလိုက်တဲ့အခါ မြမောင်က…
“မထိနဲ့…မကောင်းဆိုးဝါးတွေ ငါ့ကို ဆွဲဖို့ လာနေပြီ။ ဟီး…ဟီး…မလာကြနဲ့၊
မကြောက်ဘူး၊ ငါ မကြောက်ဘူးကွ…ဟား
ဟား…ဟား”
လို့အော်ဟစ်ရင်း ငိုလိုက် ရယ်လိုက် ဖြစ်နေတယ်။
ဒီအချိန်မှာ ပဲ ရွာသားတွေ ရောက်လာပြီး မလှစိန်ကို မေးမြန်းကြတယ်။
“ကျုပ်လည်း မပြောတတ်ပါဘူး၊ အော်သံကြားလို့ ဆင်းကြည့်တာ၊ ကိုမြမောင်လေ…
အမေ့ကိုစိတ်ဆိုးပြီး နွားတင်းကုပ်မှာ အိပ်နေတာပေါ့၊ အခု..ရှင်တို့မြင်တဲ့အတိုင်း ဘာတွေ ပြောမှန်းမသိဘူး၊ ငိုလိုက် ရယ်လိုက်နဲ့…ကျုပ်တို့တော့ ဒုက္ခပါပဲတော် …အီး ဟီးဟီး”
မလှစိန် တစ်ယောက် ပြောဆိုရင်း စိတ်မကောင်း ဖြစ်ပြီး ငိုမိတယ်။
“ဟာ….ဒီအတိုင်းထားလို့ ဘယ် ဖြစ်မလဲ၊
ဟေ့ကောင်တွေ မြမောင်ကို ၀ိုင်းမကြစမ်း၊
အိမ်ပေါ်ခေါ်သွားမယ်၊ အချိန်မတော် ကြီးဗျာ”
ရွာသား တစ်ယောက် က ပြောပြောဆိုဆို မြမောင်ကို ၀ိုင်းမပြီး အိမ်ပေါ်တင်ကြတယ်။
ကိုမြမောင် ကတော့ ရွာသားတွေ လက်မှာ အော်ဟစ်ရုန်းကန်နေဆဲ။
အိမ်ပေါ်ရောက်တော့ မြမောင်ကို ဘုရားစင်အောက်ချလိုက်ကြတယ်။
မြမောင် ကတော့ ဖျာပေါ်မှာ လူးလှိမ့်ရင်း အရက်ကိုအလွန်အကျွံသောက်ထားတဲ့ အရှိန် ကြောင့် …
“ပူတယ်…ပူတယ်”
လို့ အော်ဟစ်နေရှာတယ်။
ဒီအခါမှာ မိန်းမကြီး တစ်ယောက် မြမောင်ကိုကြည့်နေရင်း…
“ကျုပ်တော့ သိပ်မသင်္ကာဘူး”
လို့ ရေရွတ်ရင်း မလှစိန်နားကပ်ပြီး တီးတိုးပြောလိုက်တယ်။
မိန်းမကြီးရဲ့ စကားကြောင့် မလှစိန်ဟာ မျက်နှာဖြူဖပ်သွားပြီး…
“ဟင်…တောနှောင့်တာ….ဟုတ်လား၊
ဟုတ်ပါ့မလားရှင်”
လို့ရေရွက်လိုက်တဲ့အခါ မိန်းမကြီးက မျက်လုံးပြူးမျက်ဆန်ပြူးနဲ့…
“သိပ်ဟုတ်တာပေါ့ လှစိန်..ငါထင်ရင် လွဲခဲတယ်”
လို့ ထင်ကြေးပေ ပြောလိုက်တယ်။
တောနှောင့်တယ်ဆိုတဲ့ အသံကြောင့် လူအားလုံးအထိတ်တလန့် ဖြစ်သွားပြီး ကိုမြမောင် အနား မကပ်ဝံြ့ ကတော့ဘူး။
ယောက္ခမကြီးက သမီးအနားကပ်လာပြီး…
“ဘယ်လိုလုပ်ကြမလဲ လှစိန်…ညည်း ယောက်ျားကြည့်ရတာ ကြာရင် မလွယ်ဘူး၊ ငါ လည်း ဘာလုပ်ရမှန်း မသိတော့ဘူး”
လို့ပြောပြန်တယ်။
ယောက္ခမ ဖြစ်သူဒေါ်ခင်စိန်ဟာ မိန်းမကြီးစကားကြောင့် ခေါင်းရှုပ်သွားရတယ်။
ဒီအခါမှာ မလှစိန်က မိန်းမကြီးကို အားကိုးတကြီးအမူအရာနဲ့…
“ဒါဆို…ကျုပ်တို့ ဘယ်သူ့ပင့်ရမလဲ၊
ဒီအချိန်ကြီးကျမှ ဆရာပင့်ဖို့ လွယ်ပါ့မလား”
လို့ စိတ်လှုပ်ရှားစွာ မေးလိုက်မိတယ်။
“အို ညည်းကလည်း ဘယ်သူ့ပင့်ရမှာ လဲ…ခေါင်းစွဲ ဒေါ်အိုစာ ရှိတာပဲ၊ သူ့ပင့်ရမှာ ပေါ့၊ ကြာပါတယ်အေ…ကျုပ်နဲ့ လိုက်ခဲ့၊ ဒေါ်အိုစာကို သွားခေါ်မယ်”
မိန်းမကြီးရဲ့ စကားကြောင့် မလှစိန်ဟာ မျက်လုံးပြူးသွားရင်း…
“ဘာ….ဒေါ်အိုစာကို ပင့်ရမှာ ဟုတ်လား၊ တခြားလူမရှိတော့ဘူးလားရှင်၊ ဒေါ်အိုစာက သုသာန်ပျက်ကြီးမှာ နေတာ၊ ဒီအချိန်ကြီး မသွားရဲဘူး….ကြောက်တယ်”
လို့ အထိတ်တလန့် ပြောလိုက်တဲ့အခါ မိန်မကြီးက…
“ဟဲ့….တို့ရွာနဲ့အနီးဆုံးက ဒေါ်အိုစာပဲရှိတာ၊ လာစမ်းပါအေ….ကျုပ်ပါ လိုက်ခဲ့မယ်၊ ညည်း ယောက်ျားအသက်က အရေး ကြီးတယ်၊ ကြောက်မနေစမ်းပါနဲ့”
လို့ ပြောဆိုရင်း မလှစိန်ရဲ့ လက်ကို ဆောင့်ဆွဲပြီး အိမ်အောက်ဆင်းခဲ့တယ်။
ယောက္ခမ ဖြစ်သူ ခေါ်ခင်စိန်နဲ့ ရွာသားတစ်စု ကတော့ ကိုမြမောင်ရဲ့ အခြေအနေကို စောင့် ကြည့်ကျန်ခဲ့ကြတယ်။
မိန်မကြီးရဲ့ ခေါ်ရာနောက်ကို မလှစိန် တစ်ယောက် ကြောက်ကြောက်နဲ့ ပါလာတယ်။
ရွာလမ်းတစ်လျှောက်လုံး မှော င်မည်းနေပြီး တိတ်ဆိတ်နေတယ်။
ရွာထိပ်ကုက္ကိုပင်ကြီး အရောက်မှာ တော့ မလှစိန်တို့နှစ် ယောက် အနောက်က ပြေးလိုက် လာတဲ့ခြေသံကို ကြားလိုက်ရတယ်။
မလှစိန်ကလှည့်ကြည့်ဖို့ လုပ်တော့ မိန်းမကြီးက လက်ကိုဆောင့်ဆွဲလိုက်ရင်း…
“လှည့်မကြည့်နဲ့…အပုပ်ချိန်ဆိုတာ မကောင်းဆိုးဝါးတွေ တွေ့ တတ်တယ်”
လို့ လေသံနဲ့ပြောလိုက်တဲ့အခါ မလှစိန် တစ်ယောက် ခေါင်းမွေးထောင်မတတ် ကြောက်ရွံ့ သွားမိတယ်။
“မကောင်းဆိုးဝါး…ဟုတ်လား ဒေါ်ကြီး၊ ဘယ်လိုသိလဲ”
မလှစိန်ရဲ့ အမေးကြောင့် မိန်းမကြီးက စိတ်မရှည်စွာ နဲ့
“လှစိန်….ညည်းယောက်ျားအတွက် အရေး ကြီးတယ်နော်၊ မြန်မြန်လာစမ်းပါအေ၊ ဟိုမှာ သုသာန်ပျက်ကြီးကို ရောက်တော့မယ်”
လို့ပြောလိုက်တယ်။
မလှစိန် တစ်ယောက် ရိုးတိုးရိပ်တိပ် လှမ်းမြင်နေရတဲ့ အုတ်ဂူတွေ ကိုကြည့်ရင်း ကြက်သီး ဖျန်းဖျန်းထနေမိတယ်။
မလှစိန်တို့ သင်္ချိုင်းကို ဖြတ်စဉ်မှာ တော့ ချောက်ချာဖွယ်အ ဖြစ်နဲ့ ကြုံလိုက်ရတယ်။
မလှစိန် တစ်ယောက် ကြောက်စိတ်ကြောင့် ခြေလှမ်းတွေ နှေးလာသလောက်…မိန်းမကြီး ကတော့ ခပ်သွက်သွက်သွားနေတယ်။
“နေ…..နေပါဦးတော် ….ကျုပ်ကိုစောင့်ဦး၊
ဒေါ်ကြီးက အရမ်းမြန်တာပဲ”
မလှစိန်ရဲ့ ညည်းညူသံကြောင့် မိန်မကြီးဟာ ခြေလှမ်းရပ်သွားရင်း…
“လှစိန်….ညည်း ဘာ ဖြစ်နေတာလဲ၊ ညအချိန်မတော် သင်္ချိုင်းကိုဖြတ်ရင် လှမ်းမခေါ်ရ ဘူးဆိုတာ မသိဘူးလား၊ ညည်းတို့ လူငယ်တွေ အယူကိုမရှိကြဘူး၊ ညည်းကြောင့် ဒုက္ခပဲ”
လို့ပြောဆိုရင်း လှည့်အကြည့်မှာ တော့ မိန်းမကြီးဟာ မျက်လုံးအပြူးကြီးနဲ့….
“လှ….လှစိန်….ညည်း…ညည်း
အနောက်မှာ ”
လို့အထေ့ထေ့အငေါ့ငေါ့ ရေရွတ်လိုက်တယ်။
မလှစိန် တစ်ယောက် ခေါင်းနားပန်းကြီးသွားပြီး နောက်ကိုလှည့်ကြည့်လိုက်တော့ အရိပ် မည်းမည်းကြီး သူရှိရာကို လှမ်းလာနေတယ်။
မလှစိန်ဟာ အရိပ်ကြီးကို ကြည့်နေရင်း ခြေလှမ်းကို နောက်ဆုတ်မိတယ်။
မလှစိန်ရော၊ မိန်းမကြီးပါ ကြောက်စိတ်ကြောင့် အသံတောင် မထွက်နိုင်ဘူး။
ဒီအချိန်မှာ ပဲ အရိပ်မည်းကြီးက တရွေ့ရွေ့တိုးကပ်လာပြီး မလှစိန်အနား ရောက်လုမတတ် ဖြစ်လာတယ်။
မလှစိန်ဟာ အကြီးအကျယ် သွေးပျက်သွားပြီး နောက်ဘက်ကိုဆုတ်စဉ်မှာ ပဲ ခလုတ်တိုက် မိပြီး မှော က်ထိုးလဲသွားတယ်။
မိန်းမကြီး ကတော့ အရိပ်မည်းကြီးကိုကြည့်ပြီး အကြောင်သား ဖြစ်နေမိတယ်။
မလှစိန် တစ်ယောက် အနားတိုးကပ်လာတဲ့ အရိပ်မည်းကြီးကိုကြည့်ရင်း ငယ်သံပါအောင် အော်ဟစ်လိုက်မိတယ်။
ဒီအခါမှပဲ အရိပ်မည်းကြီးက ကြောက်မက်ဖွယ်ကောင်းတဲ့ အသံဆိုးကြီးနဲ့…
“မကြောက်ပါနဲ့ မိန်းကလေး၊ ကျုပ်သရဲ မဟုတ်ဘူ၊ လူအစစ်ပါ”
လို့ ပြောလိုက်တဲ့အခါ မိန်းမကြီးက အရိပ်မည်းကြီးကို ကြည့်ပြီး…
“ရှင်…ရှင် ဒေါ်အိုစာမဟုတ်လား”
လို့မေးလိုက်မိတယ်။
“ဟုတ်ပါတယ် ကျုပ်မအိုစာပါ၊ ခွေးတွေ အဆက်မပြတ်အူလို့ ထကြည့်တာ၊ ရှင်တို့က ဒီအချိန်ကြီး ဘာလာလုပ်ကြတာလဲ”
လို့ ပြောလိုက်တဲ့အခါမှ မလှစိန် တစ်ယောက် ကြောက်စိတ်ပြေသွားတော့တယ်။
မိန်းမကြီးက ဒေါ်အိုစာရဲ့ စကားကြောင့် သက်ပြင်းချလိုက်ပြီး..
“အမယ်လေး ဒေါ်အိုစာရယ်…ကျုပ်ဖြင့် သရဲမှတ်လို့လန့်ပြီး အသံတောင် မထွက်နိုင်ဘူး၊ ရှင်ကလည်း စောင်ကြီးခြုံထားတာကိုး၊ ကျုပ်တို့ရှင့်ဆီလာတာ”
လို့ စကားချီရင်း ကိုမြမောင်အကြောင်းကို ပြောလိုက်တယ်။
ဒီအခါမှာ တော့ ဒေါ်အိုစာက…
“ကျုပ်ဒီအလုပ်တွေ စွန့်လွှတ်ခဲ့တာ ကြာပါပြီ၊ ဒါပေမဲ့…ဒုက္ခရောက်တော့လည်း ကူညီပေး ရတာ ပေါ့၊ ကဲ…အချိန်မရှိဘူး…သွားကြမယ်”
လို့ ပြောပြီး မလှစိန်နဲ့အတူ လိုက်ခဲ့တယ်။
အိမ်ရောက်တော့ မလှစိန်ဟာ ခြံဝမှာ စုပြုံနေတဲ့ လူအုပ်ကြီးကိုကြည့်ပြီး မျက်လုံးပြူးသွား မိတယ်။
“ရှင်…ရှင်တို့ ဘာလုပ်နေကြတာလဲ၊
ဟဲ့ ချက်စူ…နင့်ကို ကိုမြမောင်အနားမှာ စောင့်ခိုင်းတာ ဘာလုပ်နေတာလဲ”
မလှစိန်ရဲ့ စကားကြောင့် ချက်စူဟာ မျက်နှာမှာ သွေးမရှိလောက်အောင် ဖြူဆွတ်သွားပြီး…
“ဟာ…ကျုပ်မနေရဲဘူး၊ ခင်ဗျားယောက်ျားက ကျုပ်ကိုလည်ပင်းထညှစ်တယ်၊ ဘာသိလို့ လဲ။”
လို့ပြောလိုက်စဉ်မှာ ပဲ မိခင် ဖြစ်သူ ဒေါ်ခင်စိန်ဟာ အိမ်ထဲက ကမန်းကတန်းပြေးဆင်းလာ ရင်း….
“အမယ်လေး…လုပ်ကြပါဦး၊ မြမောင် မြမောင် မျက်ဖြူကြီးလန်ပြီး ကြည့်နေတယ်၊ ကြောက်စရာကြီးတော့် ”
လို့အော်ဟစ်ပြောလိုက်တယ်။
ဒေါ်အိုစာဟာ ခေါ်ခင်စိန်ရဲ့ စကားကို ဂရုမစိုက်ဘဲ အေးဆေးစွာ အိမ်ပေါ်တက်သွားတယ်။
မလှစိန်နဲ့ ရွာသားတွေ လည်း အရဲစွန့်ပြီး ဒေါ်အိုစာနောက်က လိုက်သွားကြတယ်။
အိမ်ပေါ်ရောက်တော့ ဒေါ်အိုစာဟာ မြမောင်နံဘေးမှာ ထိုင်လိုက်ရင်း စူးစိုက်ကြည့်လိုက် တယ်။
ဒေါ်အိုစာ တစ်ယောက် စူးစိုက်ကြည့်နေစဉ်မှာ ပဲ မြမောင် တစ်ယောက် ငြိမ်သက်သွား တယ်။
ဒီတစ်ခါမှ ဒေါ်အိုစာက မလှစိန်တို့ဘက် လှည့်လိုက်ပြီး….
“ရှင်တို့မစိုးရိမ်ကြပါနဲ့၊ ကျုပ် အခု…
တောပိုင် တောင်ပိုင်တွေ ကို တိုင်တည်ပြီး စကားပြောမယ်၊ ရှင်တို့ ငြိမ်ငြိမ်နေကြပါ”
လို့ တည်ငြိမ်တဲ့လေသံနဲ့ ပြောလိုက်တယ်။
မလှစိန်တို့အားလုံး ငြိမ်သက်စွာ ပဲ စိတ်ဝင်တစားကြည့်နေကြတယ်။
ဒေါ်အိုစာဟာ မျက်လုံးစုံမှိတ်ရင်း ခေါင်းဆတ်ဆတ်ညိတ်ကာ…
“ကျုပ်ရဲ့ အာရုံထဲ ပေါ်နေတာတော့ ဒီသူငယ်ဟာ အမှားတစ်ခုခု ကျူးလွန်ထားတယ်၊ ဒီအတွက် ဆိုင်ရာပိုင်ရာတွေ တအား စိတ်ဆိုးနေကြပြီ”
လို့ ပြောလိုက်တဲ့အခါ လူအားလုံး မျက်လုံးပြူးကုန်တယ်။
ဒေါ်အိုစာရဲ့ စကားကြောင့် ယောက္ခမ ဖြစ်သူဟာ အံကိုကြိတ်ရင်း…
“မြမောင်….မြမောင်…မူးမူးရူးရှုးနဲ့ ငါတို့
တစ်အိမ်လုံးကို နတ်ကိုင်ခံရလောက်အောင် မွှေ
နေပြီ၊ ဟင်…ဒင်းအမူးပြေမှ အိမ်ပေါ်ကကို နှင်ချဦးမယ်”
ဟု ကြုံးဝါးလိုက်တယ်။
ဒီ အချိန်မှာ ပဲ မြမောင်ဆီက တအင်းအင်းညည်းညူသံထွက်လာတယ်။
မီးတောက်အရက်ကို လူမှန်းမသိအောင် သောက်ထားတဲ့ အရှိန်ကြောင့် …
“ရေ…ရေတိုက်ပါ၊ ကျုပ်ရင်ထဲ မီးတောင်တွေ ပေါက်ကွဲနေပြီဗျ၊ ရေပေးကြပါ”
ရွာသား တစ်ယောက် က ရေကို အိုးလိုက်မပြီး မြမောင်ရဲ့ ဘေး ချပေးလိုက် တယ်။
မြမောင် တစ်ယောက် ရေကို အငမ်းမရ ခပ်သောက်လိုက်တယ်။
ယောက္ခမ ဖြစ်သူက သူ့ကို ဒေါသတကြီးကြည့်ရင်း…
“ဟဲ့ အရူးကောင်…နင်မူးရူးပြီး ဘာတွေ
လျှောက်လုပ်ခဲ့လဲ….ပြောစမ်း”
လို့မေးလိုက်တယ်။
မြမောင်က ရင်ဘက်ကို လက်နဲ့ ပွတ်သပ်ရင်း…
“ကျုပ်က ဘာလုပ်ရမလဲဗျ၊ ဘာမှလုပ်မထားဘူး”
ဟု ပြောလိုက်တယ်။
ဒေါ်အိုစာဟာ မနောအာရုံထဲပေါ်လာတဲ့ အသိတစ်ခုကြောင့် …
“မြမောင်…နင် ကန်တော် ရှင်ကန်ကို
ရောက်ခဲ့တယ်မဟုတ်လား”
လို့ မေးလိုက်တဲ့အခါ မြမောင်ဟာ ကြောင်ငေးရင်း…
“အင်း….ရောက်ခဲ့တယ်။ ကျုပ်အပေါ့သွားချင်လို့တောင် သွားခဲ့သေးတယ်… ဘာ ဖြစ်လဲ”
လို့ ခပ်ပြတ်ပြတ် ပြန်ပြောလိုက်တယ်။
ဒီအခါမှာ ယောက္ခမ ဖြစ်သူရဲ့ မိုးကြိုးပစ်သလို အသံကြီး ဟိန်းထွက်လာပြီး…
“အမယ်လေးနော်…နတ်ကွန်းရှိတဲ့ကန်မှာ မှ သေပန်းရတယ်လို့၊ တကယ့်သူ တော် ကောင်း နေရာကိုမှ အကြောက်အလန့်မရှိဘူး၊ ကန်တော် ရှင်မောင်နှမဟာ…မပြီဟေ့ဆိုလည်းငွေကို အထုတ်လိုက်ပေးတတ်တယ်၊ နတ်ကိုင်ခံရပြီဟေ့ဆိုလည်း သေမတတ်ခံရတယ်။ မိုးလင်းတာနဲ့ ကန်ကိုသွားပြီး နင်ကိုယ်တိုင် ပြန်တောင်းပန်စမ်း၊ ပြီးရင် နင့်အ၀တ်ထုတ်ပါယူပြီး ငါ့အိမ်ကဆင်း ပေးတော့”
ယောက္ခမရဲ့ အပြောကြောင့် မြမောင် တစ်ယောက် မျက်လုံးပြူးသွားပြီး…
“ကျုပ်အိမ်ပေါ်က ဆင်းရင် အမေ့သမီး တစ်ခုလပ် ဖြစ်သွားမှာ ပေါ့ဗျ။ ကန်ကိုသွားပြီး တောင်းပန်ပေးမယ်၊ အိမ်ပေါ် ကတော့ မဆင်းနိုင်ဘူး”
လို့ ပြောဆိုရင်း အိမ်ရှေ့ကွပ်ပျစ်ကို ထ ထွက်သွားတယ်။
ဒီအခါမှာ ရွာသူရွာသားလူငယ် တစ်စုဟာ ဒေါ်အိုစာရဲ့ အနီးကို တိုးရွေ့ထိုင်လိုက်ရင်း…
“ကျုပ်တို့မြို့က ကန်ကြီးဟာနတ်ကြီးတယ်လို့ ပြောကြတယ်၊ ကန်မှာ လည်း နတ် မောင် နှမရဲ့ ရုပ်တုကြီးက ရှိနေတယ်။ အဘွားသိရင် အဲဒီ အကြောင်းကိုပြောပြပေးပါ၊ ကျုပ်တို့ လူငယ် တွေ အတွက် ဗဟုသုတ ရတာ ပေါ့ဗျာ”
လို့ ၀ိုင်းဝန်းတောင်းဆိုကြတယ်။
ဒေါ်အိုစာက အမှော င်ထုကြီးစိုးနေတဲ့ ပတ်ဝန်းကျင်ကို ငေးမောကြည့်ကာ…
“ရာဇ၀င်သမိုင်းနောက်ကြောင်းတွေ ဆိုတာ
တစ်ချိန်က တကယ့်ကို ဖြစ်ပျက်ခဲ့တဲ့အရာတွေ ပါပဲ၊ ဒီမြို့မှာ နေပြီး ဒီမြို့နဲ့ပတ်သက်တဲ့ သမိုင်းကြောင်းတွေ ကို မသိဘူးဆိုတာ လူငယ်တွေ အတွက် မ ဖြစ်သင့်ဘူးကွဲ့”
လို့ အစချီရင်း ဒဏ္ဍာရီဆန်တဲ့ ပုံဝတ္ထုလေးတစ်ပုဒ်ကို အစပျိုးလိုက်တော့တယ်။
အခန်း (၂)
သရေခေတ္တရာပြည် ဒွတ္တဘောင်မင်းကြီး အုပ်ချုပ်ချိန်….
ဒွတ္တဘောင်မင်းကြီးဟာ စိတ်စွမ်းအင် ဖြစ်တဲ့ နတ်မျက်စိရှိသူလည်း ဖြစ်တယ်။
အာရုံပြုလိုက်ရင် ဟိုးအဝေးမှာ ရှိတဲ့ အကြောင်းအရာတွေ ကို မြင်နိုင်စွမ်းရှိသူ တစ်ယောက် လည်း ဖြစ်တယ်။
တစ်နေ့….
မင်းကြီးဟာ ဟိုအဝေးမှာ ရှိတဲ့ ရခိုင်ပြည်နယ်ဘက်လှမ်းပြီးအာရုံပြုမိတယ်။
ဒီအခါမှာ မင်းကြီးရဲ့ မနောအာရုံထဲ အလွန်သပ္ပာယ်ဖွယ်အဆင်းရှိတဲ့ မြဘုရားတစ်ဆူ ပေါ် လာခဲ့တယ်။
မင်းကြီးစာ စိတ်အာရုံမှာ ဖူးတွေ့ လိုက်ရတဲ့ မြဘုရားကို ရယူပူဇော်လိုစိတ်တွေ ပြင်းပြလာမိ တယ်။
အဲဒီ အချိန်က…
ရခိုင်ပြည်ကြီးကို ဦးစောကုမ္မာရ အမည် ရှိတဲ့ ဘုရင်ကြီး အုပ်ချုပ်နေချိန်….
ဒွတ္တဘောင်မင်းကြီးဟာ မြဘုရားကို ရယူပူဇော်လိုစိတ်နဲ့ နေ့စဉ်ရက်ဆက် စက်တော် မခေါ် နိုင်အောင် ရှိနေတယ်။
ဒါ့ကြောင့် …..
တစ်နေ့မှာ တော့ လက်ဆောင်ပဏ္ဍာတွေ ယူပြီး ရခိုင်ပြည်ဘက် ထွက်တော် မူခဲ့တယ်။
ရခိုင်ဘုရင်လည်း ဒွတ္တဘောင်မင်းကြီးကို မြင်တွေ့ တဲ့ အခါဝမ်းမြောက်ဝမ်းသာစွာ ပဲ ခရီးဦး ကြိုပြုခဲ့တယ်။
ဒွတ္တဘောင်မင်းကြီးက စတင်ပြီး….
“အဆွေတော် မင်းကြီး…ကျုပ်လာရခြင်း
အကြောင်းက သရေခေတ္တရာပြည်နဲ့ ရခိုင်ပြည်ကြီး နှစ် ပြည်ထောင် ချစ်ကြည်ရင်းနှီးရေး အတွက်ပါပဲ”
လို့ ပြောလိုက်တဲ့အခါ ရခိုင်ဘုရင်က ၀မ်းသာလှိုက်လှဲစွာ နဲ့…
“ကျုပ်တို့ နှစ် ပြည်ထောင် ချစ်ကြည်ရေး
အတွက် အဆွေမင်းကြီးကိုယ်တိုင် အရောက်
လာခဲ့တော့ ကျုပ်ဖြင့် အတိုင်းမသိအောင် ၀မ်း
မြောက်မိပါတယ်၊ ခရီးက ဝေးတော့ အဆွေ
တော် သိပ်ပင်ပန်းခဲ့မှာ ပဲ။ ကျုပ်ဖြင့် အားနာမိပါရဲ့ ”
လို့ ပြောလိုက်တဲ့အခါ ဒွတ္တဘောင်မင်းကြီးက လက်ကာပြလိုက်ရင်း…
“နှစ် ပြည်ထောင် ချစ်ကြည်ရေး အတွက်
ခရီးပန်းတာ အကြောင်းမဟုတ်ပါဘူးအဆွေ၊
ကျုပ်သိထားတာရှိတယ်…အဆွေတို့ဆီမှာ
အလွန်သပ္ပာဖွယ်အဆင်းရှိတဲ့ မြဘုရားတစ်ဆူ
ရှိတယ်မဟုတ်လား”
လို့ မေးလိုက်တဲ့အခါ ရခိုင်ဘုရင်က…
“ဟုတ်ပါတယ် အဆွေ။ မြဘုရားဆင်းတု တော် ဟာ ကျုပ်တို့အဆက်ဆက်ကိုးကွယ် ခဲ့တဲ့ ရှေးဟောင်းဘုရားတစ်ဆူလည်း ဖြစ်ပါတယ်၊ အဆွေမင်းကြီး ဖူးတွေ့ ချင်တယ်ဆိုရင် ဖူးနိုင်ပါ တယ်။”
လို့ပြောပြီး မြဘုရားဆင်းတုတော် ကို ပင့်ဆောင်ပေးခဲ့တယ်။
ဒွတ္တဘောင်မင်းကြီးဟာ သပ္ပာယ်ဖွယ်အဆင်းရှိတဲ့ မြဘုရားကို ဖူးမြော်ရင်း ရယူပိုင်ဆိုင်လို စိတ်တွေ ပြင်းပြနေမိတယ်။
ဒါ့ကြောင့် မြဘုရားဆင်းတုတော် ကို သရေခေတ္တရာပြည် ယူဆောင်ပူဆောင်လိုကြောင်း ရခိုင်ဘုရင်ကို ပြောလိုက်မိတယ်။
ဒွတ္တဘောင်မင်းကြီးရဲ့ စကား ကြားရတဲ့အခါ ရခိုင်ဘုရင်ဟာ မျက်နှာအကြီးအကျယ် ပျက် သွားရင်း….
“မြဘုရားဆင်းတုတော် ကို တိုင်းပြည်ယူပြီး
ပူဇော်ဖို့ မ ဖြစ်နိုင်ပါဘူး အဆွေ၊ ဘာကြောင့်
လဲဆိုတော့ မြဘုရားဟာ ကျုပ်တို့ ရခိုင်ပြည်
ကြီးရဲ့ တစ်ခုတည်းသော ကိုးကွယ်ရာ သာသနာ
ဖြစ်နေလို့ပါပဲ၊ မြဘုရားကို အသင့်လှူလိုက်ရင်
ကျုပ်တို့ပြည်ကြီးမှာ သာသနာတော် ကွယ်
ပျောက်သွားနိုင်ပါတယ်၊ ကျုပ်တို့ဘိုးစဉ်ဘောင်ဆက်
ကိုးကွယ်ခဲ့တဲ့ တစ်ခုတည်းသော ရတနာ ဖြစ်နေလို့ပါ
အဆွေ….အဆွေ စိတ်မရှိပါနဲ့”
လို့ ညင်သာစွာ ငြင်းဆန်ခဲ့တယ်။
ဒီအခါမှာ …
ဒွတ္တဘောင်မင်းကြီးလည်း မြဘုရားကို မပေးလှူက စစ်ခင်း၍ အရယူမည် ဖြစ်ကြောင်း ခြိမ်းခြောက်စကား ပြောဆိုပြီး ပြန်ခဲ့တေ့တယ်။
ရခိုင်မင်းကြီး အခတ်ကြုံပြီ….
ဒွတ္တဘောင်မင်းကြီး ပြန်သွားချိန်မှာ တော့ ရခိုင်ဘုရင်ကြီးဟာ မှူးမတ်တွေ နဲ့ မြဘုရား အရေး ကို ခေါင်းချင်းရိုက်ဆွေးနွေးခဲ့တယ်။
တက္ကသိုလ်တိုင်းပြည်ကြီးမှာ သွားရောက်ပညာသင်ကြားနေကြတဲ့ သားတော် ဦးစောဗျနဲ့ သမီးတော် မစောဥတို့ကိုလည်း ပြန်ခေါ်စေခဲ့တယ်။
မင်းကြီးဟာ နေ့စဉ်ရက်ဆတ် ဒွတ္တဘောင်မင်း စစ်ချီမယ့်အရေး တွေးမိပြီး တဖြည်းဖြည်း ကျန်းမာရေး ဆုတ်ယုတ်လာတယ်။
မှူးမတ်တွေ နဲ့ သားတော် သမီးတော် တို့က အမျိုးမျိုး ဖျောင့်ဖျပြောဆိုပေမယ့် ရခိုင်ဘုရင် ကြီးဟာ အိပ်ရာထဲ ဗုန်းဗုန်းလဲခဲ့တယ်။
နန်းတော် တစ်ခုလုံး ဒွတ္တဘောင် စစ်ခင်းမည့် အရေး ရခိုင်ဘုရင်ကြီး နာမကျန်း ဖြစ်တဲ့ အရေး တွေ နဲ့ ရှုပ်ထွေးနေတော့တယ်။
တစ်နေ့မှာ သားတော် ဦးစောဗျဟာ ဖခင်မင်းကြီးထံ ၀င်တွေ့ ရင်း…
“ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတာသလဲ ခမည်းတော် ၊
သားရေခေတ္တရာပြည့်ရှင်ဘက်က စစ်ခင်းတော့လည်း ဘာအရေး လဲ…
သားတော် တို့ ပြန်ချရုံပေါ့”
လို့ ပြောတဲ့အခါ မင်းကြီးက ခေါင်းကို ခါယမ်းလိုက်ရင်း..
“ဒွတ္တဘောင်စစ်ခင်းရင် ခမည် တော် တို့
အရေး နိမ့်နိုင်တယ် သားတော် ၊ ဒင်းက နတ်
မျက်စီ ရထားသူ တစ်ယောက် ဖြစ်သလို။
စစ်မက်ရေး ရာမှာ လည်း ထက်မြက်တယ်၊ လက်နက်
ဗိုလ်ပါတွေ လည်း တောင့်တင်းတယ် သား
တော် ”
လို့ မျက်နှာမသာမယာနဲ့ ညည်းညူလိုက်မိတယ်။
ဒီအခါမှာ ဦးစောဗျက လက်သီးကို ကျစ်နေအောင်
ဆုပ်လိုက်ပြီး…
“အိုဗျာ…သူ့ဟာသူ ဘာကြီးပဲ ဖြစ် ဖြစ်
တိုင်းပြည်ကို ကျူးကျော်လာရင်တော့ သား
တော် ကိုယ်တိုင် ဦးဆောင်ပြီး ပြန်ချမှာ ပဲ…
ခမည်းတော် မစိုးရိမ်ပါနဲ့”
လို့ ကြုံးဝါးလိုက်တဲ့အခါ ရခိုင်ဘုရင်ကြီးဟာ သက်ပြင်း အသာချမိရင်း…
“ပြည်ထဲအရေး ဆိုတာ ရှုပ်ထွေးလှတယ် သားတော် ၊ ပြီးတော့…စစ်မက်ရေး မှာ သေနင်္ဂ ဗျူဟာ အမျိုးမျိုးရှိတယ်၊ စစ်ဆိုတာ ပရိယာယ် ကြွယ်လှပါတယ် သားတော် …
သားတော် က တက္ကသိုလ်ပြည်ကြီးမှာ ပဲ အချိန်ကုန်ခဲ့တဲ့သူဆိုတော့ ခမည် တော် ဘယ်လိုမှ စိတ်မချနိုင်ဘူး သားတော် ၊ ကလောင်တံကိုင်တဲ့ သားတော် လက်က ရွှေဓားဝံ့နိုင်ပါ့မလား”
လို့ ပူပန်ဇောနဲ ပြောလိုက်မိတယ်။
ဦးစောဗျဟာ ဖခင်ရဲ့ စကားကြောင့် မျက်နှာနီမြန်းသွားပြီး..
“ခင်မည်းတော် က အထင်သေး ရှုတ်ချတာလား၊ သားတော် ကိုယ်တိုင် စစ်မက်အရေး ကို နဖူးတွေ့  ဒူးတွေ့  ရင်မဆိုင်ဖူးပေမယ့် ဓားရေး လှံရေး တော့ ကျွမ်းကျင်ပါတယ် ခမည်းတော် ၊ သားတော် ကို တိုက်ခိုက်ခွင့်သာပေးပါ။ ရခိုင်သွေး ဘယ်လောက်နီလဲဆိုတာ ဒွတ္တဘောင်မင်း သိစေ ရမယ်”
လို့ လက်သီးလက်မောင်းတန်းပြီး ကြုံးဝါးလိုက်တဲ့အခါ ရခိုင်ဘုရင်ကြီးဟာ ခေါင်းကို ခါယမ်း လိုက်ရင်း…
“သားတော် စိတ်အား ထက်သန်နေမှတော့
ခမည်းတော် စဉ်းစားပေးပါ့မယ်၊ အင်း…ဘာ
ပဲ ဖြစ် ဖြစ် သားတော် ဟာ တိုင်းပြည်အရေး ကို
စိတ်ဝင်တစားရှိတာတွေ့ ရတော့ ခမည်းတော်
ဝမ်းမြောက်မိပါတယ်”
လို့ ရေရွတ်လိုက်တယ်။
ဦးစောဗျဟာ ဖခင်ဆီက စဉ်းစားပေးပါ့မယ် ဆိုတဲ့ စကားကြောင့် ကျေနပ်သွားပြီး ခမည်း တော် ကို နှုတ်ဆက်ပြန်ခဲ့တယ်။
အပြန်လမ်းမှာ တော့….
ဦးစောဗျဟာ စစ်သွေးကြွစွာ နဲ့ လက်သီးကျစ်နေအောင် ဆုပ်ထားမိတယ်။
![]() တစ္ဆေခြောက်တဲ့ကုတင်ကြီး | ![]() သွေးစုပ်သူယောင်မယ် | ![]() မှင်စာငိုသံ |