
အပိုင်း(၁)
ဇီးတောရွာရဲ့ နေ့လည်ခင်းဟာ ဆိုင်းသံဗုံသံများ နဲ့ ညံညံစီနေတယ်။
ရွာမှာ အကြီးဆုံး ဖြစ်တဲ့ နှစ် ထပ်တိုက်ကြီးရဲ့ ရှေ့ မှာ တော့ နဖူးစီးအနီနဲ့ မာမီရှိန်ရဲ့ ကနားပွဲ ဆိုတဲ့ စာကြီးက အထင်အရှား။
ကနားရှင်ဟာ ဇီးတောရွာမှာ အကြွယ်ဝဆုံး ဖြစ်တဲ့ ပဲကုန်သည်ကြီး …
ဦးကြွယ်နဲ့ ဒေါ်ခက်။
ထိုအချိန် ပဲကုန်သည်ကြီးဟာ ကနားပွဲရှေ့ ဧည့်သည်တွေ နဲ့ စကားပြောနေတယ်။
ဒီအချိန်မှာ ပဲ …
“တော့် ကိုရင်ရေ … ဟိုမှာ ကိုးသိန်းရှင်အဖေကြီး ကြွနေပြီ ၊ လာစမ်းပါတော့်”
ဒေါ်ခက်က အပြေးတစ်ပိုင်းလာရင်း ပြောလိုက်တယ်။
ဦးကြွယ်လည်း ခေါင်းညိတ်ရင်း ကနားပွဲထဲ လိုက်သွားတယ်။
“ကျောက်ဆည်နယ်တစ်လွှား အပိုင်စားတဲ့ ကိုးသိန်းရှင်ဟေ့ … ကိုးသိန်းရှင် ၊ ကဲ … သားတော် သမီးတော် တို့ အဖေကြီးရှေ့ မှော က် ခစားစမ်းကွဲ့”
ပဲကုန်သည်လင်မယားဟာ ပျာပျာသလဲဟန်နဲ့ …
“ကြွပါ အဖေကြီး … ကြွပါ ၊ သမီးတော် ကြီးတို့လည်း အခစားဝင်လျက်ပါ ၊ အဖေကြီး အတွက် စားတော် ပွဲစုံလင်စွာ နဲ့ ဆက်သပါတယ်ရှင့်”
ကနားရှင်ဒေါ်ခက်က အလုပ်သမားတွေ သယ်လာတဲ့စားတော် ပွဲကို လက်နဲ့ကိုင်ရင်း ပြော လိုက်တယ်။
စားတော် ပွဲထဲမှာ တော့ မုန့်ဖြူ ၊မုန့်နီ ၊ ပဲပုပ် ၊ မျှစ်ချဉ် ၊ ကြက်ရေချိုချက် ၊ ငါးကြော်ကိုးကောင် တို့ ပါဝင်တယ်။
ကနားပွဲထိပ်ရှိ နတ်စင်ရဲ့ အစွန်မှာ တော့ ကိုးသိန်းရှင်ရဲ့ ဆည်တော် သခင်မနတ်မောင်နှမ တ ဖြစ်လဲ ကျောက်ကြီးမောင်နှမအတွက် ပွဲကိုးပွဲထားရှိထားတယ်။
မာမီရှိန်က စားတော် ပွဲကို လက်နဲ့တို့ထိရင်း …
“ကနားရှင်သားတော် သမီးတော် ကြီးတွေ … ခုလို ပသတာ အဖေကြီး ကျေနပ်တယ်ကွဲ့ ၊ ဘာ အလိုရှိလဲ ပြောကြစမ်းဟေ့”
မာမီရှိန်ရဲ့ အပြောကြောင့် ဒေါ်ခက်ရဲ့ မျက်နှာ ၀င်းပသွားတယ်။
“အထွေထူးတော့ မရှိပါဘူး အဖေကြီးရယ် ၊ နှစ် စဉ်နှစ် တိုင်း စီးပွားဥစ္စာ ဒီရေလိုတက်ပြီး ကနားပွဲကြီးပေးနိုင်ရင် တော် ပါပြီရှင့်”
“အိန်း … ဖြစ်စေရမယ်ကွဲ့ ၊ သို့ ပေမယ့် … အဖေကြီးရဲ့ အာရုံမှာ မြင်နေတာရှိသကွဲ့ ၊ သမီး တော် ကြီးတို့အိမ်မှာ ခြေနှစ် ချောင်းထွက်ကိန်းရှိသကွဲ့ ၊ အထူးဂရုစိုက်ရလိမ့်မယ်ကွဲ့”
မာမီရှိန်က ထိုသို့ ပြောရင်း ဆတ်ခနဲ ထရပ်လိုက်တယ်။
ပြီးတော့ နတ်ဒိုးသံနဲ့အတူ ခုန်ပေါက်ကခုန်လိုက်တယ်။
မာမီရှိန်ရဲ့ ဟောချက်ကြောင့် ကုန်သည်ကြီးကတော် ဒေါ်ခက်ဟာ အကြီးအကျယ် မျက်နှာ ပျက် နေရှာတယ်။
ကနားလာပရိသတ်ကြီးက မာမီရှိန်ရဲ့ ကကွက်တွေ အောက် စီးမျောရင်း …
“ရှိန်တို့များ ချောလိုက်တာ မှု န်နေတာပဲအေ ၊ တို့မိန်းမတွေ တောင် သူ့ငေးကြည့်ရတယ်”
“ဟုတ်ပါ့ ၊ လှချက်က ကမ်းကုန်ပဲနော့် ၊ သူက ယောင်္ကျားလိုဝတ်လည်း ခန့်ချောကြီး ၊ မိန်းမ လိုဝတ်လည်း မိန်းမချောကြီးနော့်၊ အိမ်က လင်ကြီးနဲ့များ နံ့သာဆီနဲ့အီးပဲအေ့”
“ဟဲ့ … သူက ကနားစီးသာလုပ်နေတာ အပြင်မှာ ဆို ယောင်္ကျားလိုပဲဝတ်တာဟ ၊ ကျားမှ ကျား အစစ်ကြီးအေ့ ၊ ရှိန်နဲ့သာ ဖူးစာဆုံရလို့ ကတော့ သေရကျိုးနပ်ချက်”
ဇီးတောရွာသူတွေ က မာမီရှိန်းအကြောင်း မစားရ၀ခမန်း ပြောကြကုန်တယ်။
ဒီအချိန်မှာ ပဲ ပွဲထဲကို လူနှစ် ယောက် ပြေးဝင်လာတယ်။
“သူဌေး … သူဌေး … မိုးတော့ မီးလောင်ပြီဗျ ၊ ကျွန်တော် တို့အပြစ် မဟုတ်ဘူးနော်”
“ဟေ … ဘာလဲကွ ၊ မင်းတို့ အထိတ်တလန့်နဲ့ ဘာ ဖြစ်လာသလဲ ပြောစမ်း”
“ဟို … ဟို …. အိမ်ပေါ်မှာ သူဌေးရဲ့ သမီး မရှိတော့ဘူး ၊ ကျွန်တော် တို့ အိမ်အနှံ့ရှာပြီးပြီဗျ”
သူဌေးဦးကြွယ်က တပည့်တွေ ကို ကနားပွဲအပြင် ခေါ်ထုတ်လိုက်တယ်။
“ဘာကွ … ငါ့သမီး မရှိဘူး ဟုတ်လား ၊ မင်းတို့ ဆောက်သုံးမကျတဲ့ကောင်တွေ ပဲကွ၊ အိမ်မှာ မရှိ ရင် ရွာအနှံ့လိုက်ရှာပေါ့ကွ ၊ သွားကြစမ်း … ချက်ချင်း ”
တပည့်ထဲက တစ်ယောက် က မျက်နှာငယ်လေးနဲ့ …
“မ … မဟုတ်ဘူး သူဌေး ၊ ကျွန်တော် ရွာထဲအနှံ့ ရှာပြီးပြီ ၊ သူဌေးရဲ့ သမီး လုံးဝမရှိဘူး ၊ ထင်တာပြောရရင် သူ … သူ … လင်နောက်လိုက်တာပဲ ဖြစ်မယ်ဗျ”
“မဟုတ်တာမပြောနဲ့ ၊ ငါ့သမီးက ရည်းစားတောင် ရှိတာမဟုတ်ဘူးကွ ၊ ငါ့သမီးကို သွားရှာကြ ၊ မတွေ့ ရင် နင်တို့ ပြန်မလာနဲ့ … သွားကြ”
***
အပိုင်း(၂)
“တောက် … မင်းရဲ့ သမီးလုပ်ချက်က မဟုတ်သေးဘူး မခက်ရ ၊ မနေ့တည်းက ပျောက်သွား တာ … ခုထိ ပြန်မတွေ့ ဘူး ၊ ငါ့တပည့်တွေ ပြောသလို … လင်နောက်လိုက်ပြေးပြီထင်ပါ့ ၊ ရှက်ဖို့ ကောင်းလိုက်တာကွာ ၊ ငါ့မျက်နှာ ဘယ်ထားရမှန်းတောင် မသိဘူးဟ … တောက်”
သူဌေးကတော် ကြီးက မျက်နှာမဲ့ရွဲ့ ရင်း …
“လင်နောက်လိုက်လည်း ဘာ ဖြစ်လဲတော် ၊ အတောင်စုံလို့ ပျံတာပဲ၊ သမီးက ရှင့်ကို သံတော် ဦး တင်ရဦးမှာ လား ၊ သမီးလေး ပိုးအိမ်ဟာ မိဘကို ဘယ်တော့မှ ဒုက္ခမပေးဘူးရှင့်”
“ဟ … ဒါတော့ ဒါပေါ့ကွ ၊ မနေ့က မာမီရှိန် အဖေကြီးကိုးသိန်းရှင်ဝင်ရင်း ပြောခဲ့တယ်လေ ၊ တို့အိမ်မှာ ခြေနှစ် ချောင်းထွက်ကိန်း ရှိနေတယ်လို့ ၊ ခု … မင်းရဲ့ သမီး ထွက်သွားပြီ ၊ ဒီရွာမှာ ငါ သူဌေးကွ ၊ ငါ့မျက်နှာ ဓားနဲ့လှီးဖို့ပဲ ကောင်းတယ် ၊ ဘယ့်နှယ် … ငါလိုသူဌေးရဲ့ သမီးက ခိုးရာလိုက် ပြေးရတယ်လို့ ကွာ ၊ ချစ်သူရှိရင် ရှိတယ် ပြောပေါ့ကွ ၊ ခုလိုလုပ်တော့ ကောင်းသလား ၊ ကြည့်ရ တာ … မင်းသမီး လိုက်ပြေးတာ စုတ်ပြတ်သတ်ပြီး လူကြားထဲ မပြ၀ံ့တဲ့ကောင် ဖြစ်ရမယ် ၊ ရှက်ဖို့ ကောင်းလိုက်တာကွာ … တောက်”
“ဒီမယ် ကိုရင်ကြွယ်ရဲ့ … သမီးနဲ့ပတ်သက်ရင် သူတောင်းစားလည်း သမက်တော် သင့် တော် ရမှာ ပဲ ၊ ရှင် လျှောက်မပြောနဲ့ နားပူတယ် … ဒါပဲ”
ဒေါ်ခက်က ထိုသို့ ပြောပြီး အနားက ထသွားတယ်။
မိန်းမ ဖြစ်သူရဲ့ စကားက ဦးကြွယ်ရဲ့ အရှိုက်ကို ထိုးနှက်လိုက်သလိုပင် …
“တောက် … မခက် မခက် … ဦးနှောက်မရှိတဲ့မိန်းမ ၊ ငါသာမရှိရင် ဒင်းတို့သားအမိ နှစ် ယောက် လုံး ခွေး ဖြစ်မှာ ၊ မ ဖြစ်ဘူး … လုံးဝမ ဖြစ်ဘူး ၊ ငါ့သမီး ပေါက်လွှတ်ပဲစားကောင်ယူရင် လုံးဝလက်မခံဘူး၊ ငါ သူဌေးဦးကြွယ် … သူဌေးသိက္ခာ လုံးဝမချဘူးကွ … ဟင်း”
ပဲကုန်သည်ကြီးဦးကြွယ် ဒေါသထွက်နေစဉ်မှာ ပဲ တပည့်ကျော်တွေ ဖြစ်တဲ့ အားချူးနဲ့ အားပေါက် ညီအစ်ကိုနှစ် ဦး ရောက်ရှိလာတယ်။
“သူဌေးရေ … ရွာနီးစပ်ချုပ်တင်မကဘူး ၊ ကျောက်ဆည်အထိ ခြေဆန့်ပြီးပြီဗျ ၊ ပိုးအိမ်လေး ရဲ့ သတင်း … လုံးဝ အစမရဘူးဗျ ၊ ကျွန်တော် တို့ညီအစ်ကို ဘာဆက်လုပ် ရမလဲဗျာ”
၎င်းတို့အပြောကြောင့် ဦးကြွယ်ရဲ့ မျက်နှာကြီး ပိုပြီးနီမြန်းသွားတယ်။
ဦးကြွယ်က အကွက်ကြားရှပ်အင်္ကျီရဲ့ အိတ်ကပ်ထဲ လက်နှိုက်လိုက်တယ်။
ငွေတစ်ထပ်ကို စားပွဲပေါ်ပစ်တင်ရင်း …
“ဒီငွေယူပြီး ငါ့သမီးပိုးအိမ်ကို တွေ့ အောင်ရှာကြ ၊ ကျောက်ဆည်အနှံ့ မြေလှန်ရှာကြ ၊ ကျောက်ဆည်သူ ဇီးတောရွာသမက ဒီတစ်ဝိုက်မှာ ပဲ ရှိမှာ ပဲ ၊ အေး … င့ါသမီးမတွေ့ ဘဲ ရွာပြန်လာ ရင် မင်းတို့ကို ငွေအလွဲစားလုပ်မှု နဲ့ ထောင်ထဲပို့မယ် … ဒါပဲ … သွာြး ကတော့”
သူဌေးဦးကြွယ်ရဲ့ အမိန့်ကို မလွန်ဆန်ဝံ့ဘဲ ညီအစ်ကိုနှစ် ယောက် ဟာ မျက်နှာရှုံ့ မဲ့ပြီး ထွက်သွားကြရတော့တယ်။
***
အပိုင်း(၃)
ထိုအချိန်… ပျဉ်းမနားမြို့ ရဲ့ တစ်နေရာမှာ တော့ ချစ်သူနှစ် ဦးဟာ ဖဲမွေ့ရာမဟုတ်တဲ့ ဖျာကြမ်း ပေါ်ကျောခင်းလျက်။
“ကို … ပိုး သိပ်ကြောက်တယ် ကိုရယ် ၊ ကို့ကို ချစ်လွန်းလို့သာ ကို့နောက် လိုက်ခဲ့တာ၊ အဖေ့ရဲ့ ဒေါသကို ပိုးသိတယ် ၊ အဖေသာ ရှာတွေ့ ခဲ့ရင်ဆိုတဲ့အတွေးနဲ့ ပိုး သိပ်ကြောက်နေပြီ ကိုရဲ့  … ဟင့် … ဟင့်”
မင်းကိုကိုက ချစ်သူရဲ့ ပခုံးကို ပွေ့ဖက်လိုက်ရင်း …
“ချစ်ရယ် … မင်းနားမှာ ကိုယ် တစ်ယောက် လုံး ရှိတာပဲကွာ ၊ ဘာမှစိုးရိမ်စရာမရှိဘူး ၊ ကိုယ်တို့ ဘယ်တော့မှ မခွဲဘူးဆိုတာ ချစ်ယုံပါ ၊ မင်္ဂလာဦးချိန်မှာ ချစ်စကားတွေ ပဲ ကြားချင်ပါတယ် ပိုးရယ် … နော်”
“ဒီကိုရောက်လာတာတော့ ဟုတ်ပါပြီ ကိုရဲ့ ၊ ပိုးတို့ ဘာဆက်လုပ် ကြမလဲဟင်”
“ဘာလုပ်စရာလိုလဲ ပိုးရာ ၊ ကိုယ်တို့ ပျော်ပျော်ကြီးနေကြမှာ ပေါ့ ၊ ကိုယ့်မှာ စုဆောင်းထား တဲ့ ငွေလေးတွေ ရှိပါတယ် ၊ ဘိုင်ပြတ်တော့လည်း … ယောက္ခမအိမ် တက်စားကြတာပေါ့ ၊ ဟုတ် ဘူးလား … ဟဲဟဲ”
“ကိုနော် … အဖေက လက်ခံအောင်ပဲ အရင်လုပ်ပါဦး ၊ ရွာက အစ်ကိုလုပ်နေတဲ့ အလုပ်ကရော ပစ်ထားလို့ရပါ့မလား”
“အကြာကြီးတော့ ဘယ်ရမလဲ ပိုးရာ ၊ အချိန်တန်တော့ ပြန်ရမှာ ပေါ့ ၊ ခုတော့ … အသစ် စက်စက်ဇနီးလေးကို အားပါးတရ ချစ်ပါရစေတော့နော်”
မင်းကိုကိုရဲ့ ပွေ့ဖက်မှု ကြောင့် ပိုးအိမ်ဟာ ရှက်ရွံစိတ်နဲ့ မျက်နှာကြီး နီမြန်းသွားရှာတယ်။
ထိုအချိန် … ဇီးတောရွာလေးမှာ တော့ …
“တော့ ကိုရင် … ဆေးလိပ်နံ့တွေ မွှန်လို့ပါလား ၊ အိပ်သေးဘူးလားတော့် ”
ဒေါ်ခက်က ခြင်ထောင်ပြင်ထွက်ရင်း မေးလိုက်တယ်။
ဦးကြွယ်က ပက်လက်ကုလားထိုင်ပေါ်ထိုင်ပြီး ဆေးလိပ်သောက်နေရာက …
“ဟ မခက်ရ … ငါ့သမီး တစ်ယောက် လုံး လင်နောက်လိုက်သွားတာ ငါ ဘယ်လိုအိပ်နိုင်ပါ့ မလဲကွ ၊ မိဘတွေ ကတော့ တစ်ဦးတည်းသော သမီးဆိုပြီး အလိုလိုက်ခဲ့ရတာ ၊ မကြာခင် … ဘွဲ့ယူရ တော့မယ် ၊ သူ ဘွဲ့ယူရင်ဝတ်ဖို့ ပိုးချိတ်တွေ တောင် မန္တလေးပိုးတိုက်ကြီးကနေ အော်ဒါကြိုမှာ ထား ပြီးပြီ ၊ တောက် … ငါ့မျက်နှာ ဓားနဲ့မွှန်းတဲ့သမီိးကွာ ၊ ရင်ထဲ မချိလိုက်တာ”
ဒေါ်ခက်ဟာ တစ်နေကုန် မစားနိုင် မအိပ်နိုင် ဖြစ်နေတဲ့ ယောင်္ကျား ဖြစ်သူကို ဂရုဏာသက် သွားရှာတယ်။
“ကဲပါ ကိုရင်ရယ် … ကျုပ်တို့ သမီးလေးက ပညာတတ်ပါရှင့် ၊ သူရွေးတဲ့ အိမ်ထောင်ဘက် ဟာ လူကောင်းလေးပဲ ဖြစ်မှာ ပါရှင် ၊ စိတ်ထောင်းရင် ကိုယ်ကြေတယ်တော့် ၊ ရှင် သိပ်ပင် ပန်းနေပြီ … လာ အိပ်ရာဝင်တော့”
***
![]() ခတ်ဆေး | ![]() ဟိုင်းဝေး တစ္ဆေ | ![]() ကုတင်နံပါတ် (၃၁) |