Cover

ဟိုင်းဝေးတစ္ဆေ

အပိုင်း (၁)

ညအချိန်…

ရန်ကုန်မြို့ လူလတ်တန်းစားရပ်ကွက်အတွင်းရှိ တိုက်ပုလေးအတွင်းဝယ် မွန်မွန် တစ်ယောက် ခရီးဆောင်အိတ်အတွင်း အ၀တ်များ ကို ထိုးကြိတ်ထည့်ရင်း…

“ဟာ… ကို တစ်ယောက် နဲ့တော့ စိတ်ပျက်ဖို့ကောင်းလိုက်တာပဲ၊ ခရီးက ထွက်ရတော့မယ်၊ ခုထိ ပြန်မလာသေးဘူး၊ မီးမီးရေ… မီးမီး”

လို့ ရေရွတ်ပြီး သမီး ဖြစ်သူကို လှမ်းခေါ်လိုက်တယ်။

သူမ ခေါ်သံကြောင့် ငါးနှစ် အရွယ် သမီးငယ် ပြေးဝင်လာတယ်။

“ရှင်.. မေမေ၊ မီးမီးကို ဘာပြောမလို့လဲဟင်”

သူမ အ၀တ်ထည့်ရင်းက လှည့်မကြည့်နိုင်အားဘဲ…

“တံခါးဝမှာ သွားစောင့်နေလိုက် သမီး၊ သမီးဖေဖေ လာတာနဲ့ အိမ်ထဲဝင်မခိုင်းနဲ့၊ မေမေတို့ သိပ်နောက်ကျနေပြီ၊ ချက်ချင်း ထွက်မှာ ဖြစ်မှာ ၊ သိလား သမီး”

လို့ ပြောလိုက်တဲ့အခါ သမီးငယ်က…

“ဟုတ် မေမေ… မီးမီး စောင့်နေမယ်နော်”

လို့ ပြောရင်း ပြေးထွက်သွားတယ်။

မွန်မွန်က ယောက်ျား ဖြစ်သူရဲ့ ဘောင်းဘီများ ကို ခေါက်ထည့်ရင်း…

“အချိန်ကို တန်ဖိုးမထားတဲ့ ယောက်ျားနဲ့ နေရတာ သိပ်စိတ်ပျက်ဖို့ ကောင်းတယ်၊ ဘယ်ကိစ္စ ဖြစ် ဖြစ် အမြဲနောက်ကျတာချည်းပဲ၊ ခုလည်း သွားရမှာ က သူ့အမေကိစ္စ၊ ဟိုက မနက်ဖြန် ခွဲစိတ်တော့မှာ ၊ ဘာမှ အလေးအနက် မရှိတဲ့ ယောက်ျား”

လို့ တဖျစ်တောက်တောက် ရေရွတ်လိုက်တယ်။

ဒီအချိန်မှာ ပဲ…

“တီ… တီ… တီ… တီ”

ကားဟွန်းသံကြောင့် ဆက်တီခုံပေါ်ထိုင်နေတဲ့ မီးမီးဟာ အပြေးထပြီး ဘာဂျာတံခါးကို တွန်းဖွင့်လိုက်တယ်။

ကားပေါ်က ဆင်းလာတဲ့ ဖခင်ကို မြင်တဲ့အခါ…

“ဟွန်း… ဖေဖေက နောက်ကျတယ်၊ မေမေ ဆူနေပြီ… သိလား ဖေဖေရဲ့ ”

လို့ နှုတ်ခမ်းစူ ပြောလိုက်တယ်။

လွင်ထွန်းက သမီး ဖြစ်သူရဲ့ ခေါင်းကို ပွတ်သပ်ရင်း…

“ဟဲ… ဟဲ.. ဖေဖေ နောက်မကျပါဘူး မီးမီးရဲ့ ၊ မီးမီးအမေက အဘွားကြီးအိုလေးလိုပဲ၊ တဖျစ်တောက်တောက်နဲ့၊ လာ… ဖေဖေတို့ အိမ်ထဲဝင်ရအောင်ကွ”

လို့ ပြောလိုက်တယ်။

မီးမီးက ဖခင်ကို လက်ကာဆီးရင်း….

“ဟင့်အင်း… ဖေဖ အိမ်ထဲဝင်လို့မရဘူး မေမေ မှာ ထားတယ်၊ မေမေရေ… ဖေဖေ ပြန်လာပြီ”

လို့ အသံစာစာနဲ့ လှမ်းပြောလိုက်တယ်။

မွန်မွန်က လေးလံလှတဲ့ ခရီးဆောင်အိတ်ကို မနိုင့်တနိုင်မ,ရင်း အိပ်ခန်းထဲက ထွက်လာတယ်။

ဒါကိုမြင်တဲ့ လွင်ထွန်းက ခပ်သုတ်သုတ်သွားပြီး ခရီးဆောင်အိတ်ကို ဆွဲယူလိုက်တယ်။

“ သွားပါ… ခုမှလာပြီး နှမ်းဖြူးမနေနဲ့၊ ကြည့်စမ်း… အရက်နံ့ကလည်း လှိုင်နေတာပဲ၊ ခရီးထွက်ရမှာ သိလျက်နဲ့ ဘာလို့ သောက်လာတာလဲ”

လွင်ထွန်းက မိန်းမ ဖြစ်သူလက်က ခရီးဆောင်အိတ်ကို ဆွဲယူရင်း…

“အဟဲ… ဒင်နာပါတီပဲ မွန်ရဲ့ ၊ အသောက်တော့ ပါတာပေါ့၊ ဒါပေမယ့်… အေးဆေးနော်၊ မင်းယောက်ျား ဘယ်လောက် ကားမောင်းကျွမ်းကျင်လဲဆိုတာ… သိတာမဟုတ်လား… ဟဲ… ဟဲ၊ ဟိုင်းဝေးလမ်းမှာ မျက်စိမှိတ်ပြီးတောင် မောင်းပြဦးမှာ … ကြည့်လိုက်လေ”

လို့ ရယ်ကျဲကျဲ ပြန်ပြောလိုက်တယ်။

“ပြောလိုက်ရင် ဒီလိုချည်းပဲ၊ ရှင့်ကိုယ်ရှင် သိပ်အထင်ကြီးနေ၊ ကားမောင် ဘယ်လောက်တော် တော် ကားဆိုတာ စက်တပ်ယဉ်ရှင့်၊ အချိန်မရွေး ယိုယွင်းမှု ဖြစ်နိုင်တယ်၊ ဒီကြားထဲ သောက်ထားတော့ ပိုဆိုးတာပေါ့၊ ရှင်ဟာ အရာရာကို ပေါ့တီးပေါ့ဆ သိပ်နိုင်တဲ့လူ”

လွင်ထွန်းက ခရီးဆောင်အိတ်ကို စူပါရုဖ်ကားရဲ့ နောက်ခန်းထဲ ထည့်လိုက်တယ်။

“ကဲ… သခင်မလေး ပေါက်ပေါက်ဖောက်တာ ရပ်ပြီး ခေါင်းခန်းကို ကြွတော် မူပါ၊ ကျွန်တော် မျိုးကြီး စီးတော် ယာဉ် ထွက်ခွာဖို့ အသင့်ပါပဲ ခင်ဗျ”

ယောက်ျားရဲ့ ကျီစယ်မှု ကြောင့် မွန်မွန် တစ်ယောက် မျက်စောင်းခဲရင်း ရှေ့ခန်းကို ၀င်ထိုင်လိုက်တယ်။

မီးမီးက အလိုက်သင့် ကားနောက်ခန်းမှာ ၀င်ထိုင်လိုက်တော့တယ်။

* * * * ** * * * *

သူတို့မိသားစု ဘာ ဖြစ်မှာ လဲ?

အပိုင်း (၂)

စူပါရုဖ်အဖြူလေးဟာ အဝေးပြေးလမ်းမထက် တရိပ်ရိပ် ပြေးနေတယ်။

မွန်မွန်က ကားရှေ့ကို ကြည့်နေရာက…

“ရှင်… တာယာရော စစ်ခဲ့ရဲ့ လား၊ အလိုင်းမင့်ရော ချိန်ခဲ့ရဲ့ လားဟင်”

လို့ မေးလိုက်တယ်။

လွင်ထွန်းက ကားကက်ဆက်ကနေ ကြားနေရတဲ့ အင်္ဂလိပ်သီချင်းကို လိုက်ညည်းနေရာက…

“အင်း… လိုလို့လား မွန်ရာ၊ ကို့ကားအကြောင်း ကိုယ် သိနေတာပဲ၊ အဟဲ… ရန်ကုန်မြို့မှာ စိတ်အချရဆုံးကားပဲ၊ ဘာမှစစ်ဆေးစရာ မလိုဘူးကွ”

လို့ ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်တယ်။

မွန်မွန်ဟာ ယောက်ျား ဖြစ်သူရဲ့ အပြောကြောင့် စိတ်လေးဟန်နဲ့ သက်ပြင်းရှိုက်လိုက်မိတယ်။

မီးမီးလေး ကတော့ အေးစိမ့်နေတဲ့ ကားအဲယားကွန်းကြောင့် မျက်လုံးစင်းပြီး ငိုက်မျဉ်းနေရှာတယ်။

ဟိုင်းဝေးလမ်းပေါ် မောင်းနှင်ချိန်ကြာလာတဲ့အခါ လွင်ထွန်းဟာ အရက်ရှိန် တက်လာတဲ့အလျောက် ကားရဲ့ အရှိန်ကို ပိုမြှင့်ပြီး မောင်းနှင်နေမိတယ်။

“ကားကို ဖြည်းဖြည်းမောင်းစမ်းပါ၊ ရှင် ဘယ်လို ဖြစ်နေတာလဲ… ဟင်”

မိန်းမ ဖြစ်သူရဲ့ ဟန့်တားမှု ကြောင့် လွင်ထွန်းဟာ နှုတ်ခမ်းတွန့်ပြုံးလိုက်တယ်။

“မင်း ဘာ ဖြစ်နေတာလဲ မိန်းမရာ၊ ဒါက မြန်မာပြည်ရဲ့ အကောင်းဆုံးနဲ့ အမြန်ဆုံးလမ်းပဲကွ၊ အမြန်လမ်းမှာ နွားလှည်းလို မောင်းရမှာ လားကွ၊ ကျွတ်… မင်းဟာ တကယ့်ဦးနှောက်ပဲကွာ”

မွန်မွန် တစ်ယောက် ဆင်ခြေများ လွန်းတဲ့ ယောက်ျားကို ဘာမှမပြောချင်တော့ဘူး။

ဒါ့ကြောင့် မျက်လုံးမှိတ်ရင်း ဘုရားစာကို ရွတ်နေမိတယ်။

သူမ… ဘုရားစာကို ရွတ်ဆိုရင်း တစ်နေကုန်ပင်ပန်းတဲ့ဒဏ်ကြောင့် မှေးခနဲ အိပ်ပျော်သွားရှာတယ်။

စူပါရုဖ်ကားလေးက အရှိန်ပြင်းသထက် ပြင်းပြီး ဟိုင်းဝေးလမ်းထက် တရိပ်ရိပ်ပြေးနေတယ်။

ကားက မိုင်တိုင်နှစ် ရာကျော်လောက် ရောက်လာပြီ။

ဒီအချိန်မှာ ပဲ … ရုတ်ခြည်းဆိုသလို မမျှော်လင့်တဲ့အ ဖြစ်တစ်ခု ဖြစ်သွားတယ်။

အေးစမ့်လွန်းတဲ့ အဲယားကွန်းဒဏ်၊ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ကြောင့် လွင်ထွန်း တစ်ယောက် တဖြည်းဖြည်း ငိုက်မျဉ်းလာသလို၊ အယ်ကိုဟောအရှိန်ကလည်း တက်လာပြီ။

ဟိုင်းဝေးလမ်းရဲ့ ကွေ့တစ်ခုအရောက်မှာ တော့ လွင်ထွန်း တစ်ယောက် လမ်းဖြောင့်ထင်ပြီး စီယာတိုင်ကို တည့်တည့်ကြီး ကိုင်ထားမိတယ်။

“ကျွီ… ကျွီ… ကျွီ”

ဆိုတဲ့ ကွန်ကရစ်လမ်းနဲ့ တာယာပွတ်တိုက်သံကြီးက ကြက်သီးထဖွယ် ကြားလိုက်ရတယ်။

အသံကြောင့် မွန်မွန်နဲ့ မီးမီးတို့ လန့်ဖျပ်ပြီး မျက်လုံးပွင့်လာကြသလို…

လွင်ထွန်း တစ်ယောက် ထိတ်လန့်ပြီး စီယာတိုင်ကို အလျင်အမြန် ဆွဲလှည့်လိုက်တယ်။

တစ်ရာ့သုံးဆယ် ကျော်နေတဲ့ ကီလိုက အရှိန်မထိန်းနိုင်ဘဲ နံဘေးရှိ တောင်နံရံကို အရှိန်ပြင်းပြင်း ၀င်ဆောင့်သွားတော့တယ်။

ကျယ်လောင်လွန်းလှတဲ့ “ဒုန်း” ခနဲ အသံကြီးနဲ့အတူ ၎င်းတို့ ကားလေးဟာ ခေါင်းတစ်ခုလုံး ကြေမွပြီး တောင်နံရံကြီးနဲ့ မျက်နှာအပ်သွားရှာတယ်။

စက္ကန့်ပိုင်းအတွင်းဆိုသလို ကားရဲ့ တံခါးကြားကနေ သွေးစီးကြောင်းကြီးက တစိမ့်စိမ့် ယိုစီးကျလာတယ်။

* * * * ** * * * *

အပိုင်း (၃)

မလေး တစ်ယောက် အလှပြင်ဆိုင်ရှေ့ ရပ်ရင်း လက်ပတ်နာရီကို တကြည့်ကြည့် ဖြစ်နေတယ်။

“တောက်… ဆံပင်လေး ကောက်ချင်လို့၊ နောက် နှစ် နာရီလောက်နေမှ လာကြိုပါလို့ ပြောထားရဲ့ နဲ့… သုံးနာရီတောင် လွန်နေပြီ၊ မောင် တစ်ယောက် ခုထိ ရောက်မလာသေးဘူး၊ လေးနာရီဆို စာသွားပြရတော့မှာ ၊ ဘယ်ရောက်နေမှန်း မသိဘူး”

သူမ စိတ်ရှုပ်ထွေးဟန်နဲ့ ရေရွတ်ရင်း ဟမ်းဖုန်းခလုတ်ကို နှိပ်လိုက်တယ်။

နားနားကပ် နားထောင်လိုက်တော့ ဖုန်းကို ပစ်ပေါက်ချင်လောက်အောင် စိတ်တိုသွားမိတယ်။

“ဟာ… ဒီလူကြီးမင်းနဲ့ တိုးနေတာ ဘယ်နှကြိမ် ရှိပြီလဲ၊ စက်ပိတ်ထားတယ်ချည်း ပြောနေတယ်၊ ဖုန်းတောင် ပိတ်ထားတယ်ဆိုတော့ ဘယ်လောက် အရေး ကြီးတဲ့ကိစ္စ ဖြစ်နေလို့လဲကွာ၊ အို… ဒါလည်း ဟုတ်ချင်မှ ဟုတ်မှာ ပါ၊ မောင်က သိပ်သတိမေ့တတ်တာ၊ ဘက်ထရီ အားကုန်လို့လည်း ဖြစ်နိုင်တာပဲ၊ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာနော်၊ စာသင်ရမယ့် အချိန်ကလည်း ကပ်နေပြီ၊ ငါ… ဘာလုပ်ရမလဲ”

ကယောက် ကယက် ခတ်နေတဲ့ စိတ်နဲ့အတူ သူမ… ဘာမှ မတွေးတော့ဘူး။

ခင်ပွန်းသည်ကို စိတ်ပူတကြီး စောင့်ဆိုင်းနေရတာ ထက်စာရင်း တက္ကစီငှားပြီးပြန်တာ သင့်တော် မယ်လို့ စဉ်းစားလိုက်မိတယ်။

ဒါ့ကြောင့် မလေးဟာ မလှမ်းမကမ်းမှာ မောင်းနှင်လာတဲ့ ဟွန်ဒါဖစ်အမျိုးအစား BB တက္ကစီတစ်စီးကို လက်တားလိုက်တယ်။

“ဆရာစံလမ်း ခြံအမှတ် (…….) ကို သွားချင်ပါတယ်၊ အမြန်လေး မောင်းပေးစမ်းပါရှင်”

သူမ ပြောဆိုရင်း ကားနောက်တံခါးကို ဆွဲဖွင့်ဝင်လိုက်တယ်။

ဒရိုင်ဘာက ဘက်မှန်က လှမ်းကြည့်ပြီး…

“အဲကွန်းနဲ့ သွားမလား၊ ရိုးရိုးသွားမလား အစ်မ၊ အဲကွန်းနဲ့ဆိုရင်တော့ ထောင့်ငါးရာ ပေးရမယ်ဗျ”

လို့ ပြောလာတယ်။

အလျင်လိုနေတဲ့ မလေးဟာ ၎င်းရဲ့ စကားကြောင့် ပိုမိုစိတ်ရှုပ်ထွေးသွားမိတယ်။

“အိုရှင်… ဘာနဲ့မောင်းမောင် ရောက်ဖို့က အရေး ကြီးတယ်၊ မြန်ဖို့ပဲလိုတယ်၊ ရှင်… မောင်းချင်သလို မောင်း”

“အစ်မကြည့်ရတာ ချွေးတွေ ပြန်နေတယ်၊ အဲကွန်းနဲ့ပဲ သွားမယ်နော် အစ်မ၊ မြန်ဖို့ ကတော့ သိပ်မ ဖြစ်နိုင်ဘူး အစ်မရေ… လမ်းကြောတွေ ဒီလောက်ကြပ်နေတာ၊ ခုက ကျောင်းလွှတ်ချိန်ကြီးဗျ၊ အဟဲ… ရန်ကုန်မြို့ကြီးမှာ အစ်မသွားချင်တဲ့နေရာကို အမြန်ဆုံးရောက်ချင်ရင် ကိုယ်ပိုင်လေယာဉ်သာ ၀ယ်ထားလိုက် အစ်မရေ”

ဒရိုင်ဘာရဲ့ ငေါ့သလို စကားကြောင့် မလေး တစ်ယောက် ဒေါသထွက်သွားတယ်။

“သိတယ်… သိတယ်၊ လမ်ပေါ် ဘီးလှိမ့်မိတာနဲ့ လှမ်းလို့မရအောင် ကားကြပ်တာ ကျွန်မသိတယ်၊ ကျွန်မလည်း အိမ်ကကား ကိုယ်တိုင်မောင်းသွားနေတဲ့လူရှင့်၊ လမ်းကြပ်တာ ကြပ်တာပဲ၊ ရှင့်တာဝန်က ကားရှင်းတာနဲ့ အမြန်ဆုံး မောင်းပေးဖို့ပဲ၊ နောက်ကျရတဲ့အထဲ စကားကြော ရှည်နေသေးတယ်၊ မောင်းပါတော့”

ဒရိုင်ဘာဟာ သူမ ဒေါသထွက်နေမှန်း သိသွားတဲ့အတွက် ဘာမှမပြောတော့ဘဲ ကားကို စထွက်လိုက်တယ်။

မလေး တစ်ယောက် BB တက္ကစီရဲ့ နောက်ခန်းမှာ ထိုင်ရင်း စိတ်လောစွာ နဲ့ လိုက်ပါသွားတယ်။

* * * * ** * * * *

အပိုင်း (၄)

ခြံရှေ့ကားရပ်တာနဲ့… အလျင်အမြန် ဆင်းပြီး ခြံတံခါးကို သော့ ဖွင့်လိုက်တယ်။

“ဟယ်.. ကြည့်စမ်း၊ ခြံထဲမှာ ကားရှိနေတာပဲ… ဒါတောင် မောင်က ငါ့ကို လာမကြိုနိုင်ဘူး၊ တွေ့ မယ်… တွေ့ မယ်… ဟင်း”

မလေးဟာ ယောက်ျားကို ရတန်ထောင်ဖို့ အရေး ကြောင့် ခြံထဲကို ခပ်သုတ်သုတ် ၀င်သွားလိုက်တယ်။

အိမ်တံခါးကို တွန်းလိုက်တော့ အသင့်ပွင့်သွားတယ်။

ဧည့်ခန်းအနှံ့ မျက်လုံးဝှေ့ကြည့်တဲ့အခါ အရိပ်တောင် မတွေ့ ရဘူး။

ဒါ့ကြောင့် … အပေါ်ထပ်ကို လှေကားနှစ် ဆင့်ကျော် တက်သွားလိုက်တယ်။

အိပ်ခန်းရှေ့အရောက် ဖွင့်စရာမလိုဘဲ ဟထားတဲ့ တံခါးကို တွန်းဖွင့်ဖို့ ပြင်လိုက်မိတယ်။

အခန်းထဲက ပျံ့လွင့်လာတဲ့ အသံတွေ ကြောင့် သူမလက်တွေ ဆတ်ခနဲ တုန်သွားရတယ်။

ဟနေတဲ့ တံခါးကနေ ကြည့်လိုက်တဲ့အခါမှာ တော့…

နွေခေါင်းခေါင် မိုးကြိုးပစ်ချခံရသလို… မျက်လုံးပြာဝေမတတ်။

အသက်ရှူရပ်မတတ်။

မောင်နဲ့သူမရဲ့ မင်္ဂလာကုတင်ထက် ချစ်တင်းနှီးနှောနေတဲ့ မောင်။

ညည်းညူရေရွတ်သံတွေ နဲ့အတူ သူမမဟုတ်တဲ့ မိန်းမ တစ်ယောက် ။

ဆံပင်တွေ ကပိုကရို ဖြစ်နေတဲ့ မိန်းမရဲ့ မျက်နှာကို စေ့စေ့ကြည့်ရင်း သူမ မျက်ရည်ဝဲလာသလို…

အသားတွေ တဆတ်ဆတ် တုန်လာတယ်။

“ဒုန်း” ခနဲ ဆောင့်ဖွင့်လိုက်တဲ့ တံခါးသံနဲ့အတူ သူမ ခြေလှမ်းက အိပ်ရာနားရောက်သွားတယ်။

“ဒါက ဘယ်လို ဖြစ်နေကြတာလဲ၊ ခွေးထက် ယုတ်ညံ့တဲ့ ညီမ၊ ကိုယ့်အစ်မအရင်းရဲ့ ယောက်ျားနဲ့ ဖောက်ပြန်ရလောက်အောင် လင် သိပ်ရှားနေသလားဟင်… ကဲဟာ”

သူမ.. ဒေါသစိတ် ငယ်ထိပ်ရောက်ပြီး ညီမ ဖြစ်သူရဲ့ ပါးကို ဘယ်ပြန်ညာပြန် ရိုက်ချလိုက်တယ်။

တစ်ချိန်တည်းမှာ ပဲ သူမ…. ဆောင့်တွန်းခံလိုက်ရတဲ့အတွက် အိပ်ရာထက် နောက်ပြန်ယိုင်ကျသွားတယ်။

“မင်း… ဘာစောက်ချိုး ချိုးတာလဲ မလေး၊ ဒါ… ငါ့ လွတ်လပ်ခွင့်၊ ငါ့ဘာသာ ဘယ်သူနဲ့ ပတ်သက်… ပတ်သက်၊ မင်းနေရာ မင်းနေစမ်း၊ သနားလို့ ပေါင်းနေတာကို အဟုတ်ကြီးမထင်နဲ့၊ မင်း ထွက်သွားစမ်း”

ယောက်ျား ဖြစ်သူရဲ့ ရင့်သီးတဲ့စကားကြောင့် သူမ အသက်မရှူမိလောက်အာင် ထိတ်လန့်အံ့အားသင့်သွားတယ်။

ပိုးပိုးပေါက်ပေါက်ကျလာတဲ့ မျက်ရည်နဲ့အတူ နှုတ်ခမ်းကို ပြတ်မတတ် ဖိကိုက်ရင်း…

“သြော်… ရတယ် မောင်၊ ယောက်ျားကော်ငး မောင်းမတစ်ထောင်ဆိုတာကို အသုံးချလိုက်တာပေါ့၊ ယောက်ျား တစ်ယောက် ကို မျက်ရည်ခံထိုးပြီး ဒူးထောက်အညံ့ခံမယ့် မိန်းမစားထဲမှာ ကျွန်မ မပါဘူး၊ ရှင်တို့မှာ မရှိတဲ့ အရှက်တရား ကျွန်မမှာ ရှိတယ်၊ ဒီအချိန်ကစပြီး… ရှင်နဲ့ကျွန်မ ပြတ်ပြီ၊ ရှင်တို့နှစ် ယောက် လုံး ဘာကြောင့် ပဲ ဖြစ် ဖြစ် ကျွန်မမျက်စိရှေ့ ရောက်မလာ ဖြစ်အောင် ကြိုးစားပါ၊ ဒီစကား… သေတဲ့အထိ မှတ်ထားကြ”

ပေါက်ကွဲသံစဉ်တွေ နဲ့ လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောချလိုက်တယ်။

ပြီးတော့… စားပွဲပေါ်တင်ထားတဲ့ ကားသော့ ကို ဆွဲယူပြီး အိပ်ခန်းထဲကနေ ချာခနဲ လှည့်ထွက်ခဲ့မိတယ်။

* * * * ** * * * *

အပိုင်း (၅)

ပရာဒိုနို့နှစ် ရောင် လေးဟာ….

ဇောင်းမှလွှတ်လိုက်တဲ့ မြင်းနှယ် အမှတ်(၂) လမ်းမကြီးထက် တစ်ရှိန်ထိုး မောင်းနှင်နေတယ်။

မလေးရဲ့ ပေါက်ကွဲဒေါသတွေ က စီယာတိုင်နဲ့ လီဗာပေါ် ပုံချလိုက်တယ်။

သူမ မျက်နှာတစ်ပြင်လုံး မျက်ရည်တွေ စိုရွှဲနေသလို…

အမြင်အာရုံတွေေ၀၀ါးနေတယ်။

သူမ… ခြေဦးတည့်ရာ မောင်းနှင်ရင်း ဟိုင်းဝေးလမ်းမကြီးပေါ် ရောက်မှန်းမသိအောင် ရောက်သွားတယ်။

အချိန်က မှော င်ရိပ်လွှမ်းလာတဲ့အတွက် ကားရဲ့ ဆိုင်းလင်းမီး ဖွင့်လိုက်ရသလို အမှော င်ဆိုတာ နေ့အလင်းထက် လူ့ရဲ့ ၀မ်းနည်းစိတ်ကို ပိုတိုးစေသည် မဟုတ်ပါလား။

သူမ… ကြေကွဲအားငယ်စိတ်နဲ့အတူ ကျိတ်ငိုနေရာက အော်ဟစ်ငိုလိုက်မိတယ်။

သူမရဲ့ စိတ်တွေ က အတိတ်ကို ပြန်ရောက်သွားတယ်။

သူမရဲ့ အချစ်ကို ရဖို့ သုံးနှစ် သုံးမိုး စောင့်ခဲ့တဲ့ မောင်။

လက်ထပ်ပြီးနောက် မျက်လုံးအောက်က အပျောက်မခံနိုင်အောင် ဂရုစိုက်သိပ်ချစ်တတ်တဲ့မောင်။

နူးညံ့သိမ်မွေ့တဲ့ အချစ်တွေ ပေးစွမ်းနိုင်ပြီး သူမကို အချစ်ပိုတိုးအောင် စွဲလမ်းတပ်မက်မှု တွေ အများ ကြီး ဖန်တီးပေးတဲ့ မောင်။

နောက်ဆုံးမှာ တော့ ကျားသဘာဝအရ အရာအားလုံး ပျောက်ဆုံးပြီး သစ္စာမဲ့သွားတာပဲ မဟုတ်ပါလား။

“ရက်စက်လိုက်တာ… လုပ်ရက်လိုက်တာ၊ ပက်စက်လိုက်တာ မောင်ရယ်၊ သူစိမ်းမိန်းမ တစ်ယောက် နဲ့ ဖောက်ပြန်ရင် ခံနိုင်ရည် ရှိပါသေးတယ်၊ ခု…. ခုတော့၊ တစ်မအေးတည်း မွေးထားတဲ့ ညီမအရင်းကြီးနဲ့ ဖောက်ပြန်ရက်တယ်၊ ရှင့်ကို အရမ်းနာတယ်၊ ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊ ဟင့်…. ဟင့်… ဟင့်”

သူမ အသိစိတ်ကင်းမဲ့သူနှယ် တုန်လှုပ်တဲ့အသံနဲ့ ရေရွတ်ရင်း မျက်ရည်တွေ ဟာ မထိန်းနိုင် မသိမ်းနိုင်အောင် ကျလာတယ်။

သူမတစ်ကိုယ်လုံး ပူထူပြီး ဒိုင်ခွက်က တရိပ်ရိပ်တက်သွားတဲ့ မိုင်နှုန်းကို သတိမထားမိနိုင်ဘဲ ဖြစ်သွားတယ်။

ဒီအချိန်မှာ ပဲ… ဖောင်း ခနဲ အသံနဲ့အတူ ပရာဒိုကားလေးရဲ့ နောက်တာယာတစ်လုံးဟာ ကွဲထွက်သွားတယ်။

မလေးဟာ မမျှော်လင့်တဲ့အ ဖြစ်ကြောင့် လန့်ဖျပ်ပြီး စီယာတိုင်ကို သွေးရူးသွေးတန်းနဲ့ ဆွဲလှည့်လိုက်မိတယ်။

မျက်ရည်ပြည့်နေတဲ့ သူမမျက်လုံးတွေ ပြာတက်သွားသလို…

ဟိုင်းဝေးလမ်းရဲ့ အလယ် ကာရံထားတဲ့ ပလက်ဖောင်းပေါ် ကားဟာ မြောက်တက်ပြီး ထိုးဆိုက်သွားတယ်။

“၀ုန်း…. ကျွီ… ကျွီ… ကျွီ”

ဆိုတဲ့ ကျယ်လောင်တဲ့အသံကြီးနဲ့အတူ ပရာဒိုနို့နှစ် ရောင် ကားလေးဟာ တစ်ဖက်လမ်းပေါ် ဗိုင်းခနဲ ပစ်လဲသွားတော့တယ်။

* * * * ** * * * *




ဝန်ဇင်းချစ်သူများ မအိုစာ ၏ “ ဟိုင်းဝေး တစ္ဆေ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ချစ်တီးတိုက်

အောက်လမ်း (ဇာတ်သိမ်း)

ကွန်ဒိုမှာခြောက်တဲ့သရဲ