Cover

အပိုင်း(၁)
ကျမ်းစူး

(၂၀၀၁…ခုနှစ် )

တရားရုံးတစ်ခုလုံး အပ်ကျသံမကြားရလောက်အောင်

တိတ်ဆိတ်ငြိမ်သက်နေချိန်…။

“ကျွန်ုပ်သည် ဤအမှု နှင့် ပတ်သက်၍ မှန်ကန်စွာ ထွက်ဆိုပါမည် ။

မမှန်မကန် လိမ်လည်ထွက်ဆိုမိပါက ဤကျမ်း၌ ပါဝင်ကျိန်ဆိုထားသော ကျမ်းသစ္စာ စူးရောက်ပါစေသား”

ထိုအသံက တရားခွင်မှာ သဲ့သဲ့လေး ပဲ့တင်ထပ်သွားတယ်။

“အခင်း ဖြစ်ပွားချိန်မှာ …

ခင်ဗျာ ဘာကြောင့်

အဲဒီ နေရာကို ရောက်သွားခဲ့သလဲ”

“ကျွန်တော့် သူငယ်ချင်းအိမ်ကို

သွားလည်တာပါ၊ သူငယ်ချင်းက

အဲဒီ တိုက်ရဲ့ လေးလွှာမှာ နေပါတယ်”

“ကောင်းပြီ၊ ဒါဆို …

ခင်ဗျာ မြင်တွေ့ ရသမျှ၊ မှတ်မိသမျှ

အသေးစိတ် ပြောပြပေးပါ”

ရှေ့နေကြီးရဲ့ အမေးကြောင့် ကိုဆန်းထွေးရဲ့ မျက်လုံးတွေ လှုပ်ရှားသွားတယ်။

ပြီးတော့ သက်ပြင်းသဲ့သဲ့ရှိုတ်ရင်း …

“အဲဒီ နေ့က ကျွန်တော့် သူငယ်ချင်းအောင်မြတ်ဆီ

ကျွန်တော် သွားခဲ့ပါတယ်၊

အချိန်က နေဝင်ဖျိုးဖျချိန်လေးပါ၊

တိုက်ရဲ့ လှေကားအတိုင်း တက်သွားရင်း

သုံးလွှာရောက်တော့ အသံတစ်သံကို

ကြားလိုက်ရပါတယ်၊

ကျွန်တော် လှေကားကို ဆက်မတက်ဘဲ

ရပ်ပြီး နားစိုက်ကြည့်လိုက်ချိန်မှာ ပဲ …

သုံးလွှာရဲ့ ညာဘက်အခန်းတံခါးကို

ဝုန်းခနဲ တွန်းဖွင့်လိုက်ပြီး

လူ တစ်ယောက် ကသုတ်ကယက်နဲ့

ပြေးထွက်လာတယ်၊

ကျွန်တော့် ကို ဝင်တိုက်သွားတဲ့အတွက်

ကမန်းကတန်း လှေကားလက်ရန်းကို

လှမ်းကိုင်လိုက်ရပါတယ်၊

ကျွန်တော် လည်း ဟနေတဲ့ တံခါးကနေ

ချောင်းကြည့်လိုက်တော့ သွေးအိုင်ထဲ

လဲနေတဲ့ သေဆုံးသူကို တွေ့ ခဲ့ရပါတယ်၊

ဒါ့ကြောင့် … တိုက်က လူတွေ ကို

လှမ်းအကူအညီတောင်းခဲ့ရပါတယ်”

ရှေ့နေကြီးက သူ့မျက်နှာကို စူးစိုက်ကြည့်ပြီး …

“ခင်ဗျာကို ဝင်တိုက်သွားတဲ့လူရဲ့

ပုံသဏ္ဍန် ကတော့ အရပ်မြင့်မြင့်ပါပဲ၊

ဒါ …ဒါပေမဲ့ ရုတ်တရက်မို့

မျက်နှာကိုတော့ သေသေချာချာ

မတွေ့ လိုက်ရပါဘူး”

ကိုဆန်းထွေးရဲ့ စကားဆုံးတဲ့အခါ ရှေ့နေကြီးက တရားသူကြီးကို ဦးညွှတ်အရိုအသေပြုလိုက်တယ်။

တရားသူကြီးက စားပွဲကို ဒုန်းခနဲ ထုလိုက်ရင်း …

“ရုံးတော် နားမယ်”

လို့ ပြောလိုက်တယ်။

♥ ♥ ♥


အပိုင်း(၂)

မီးရောင် မှိန်မှိန်လေး လင်းနေတဲ့ ဘီယာဆိုင်တစ်ဆိုင်ရဲ့ ထောင့်စားပွဲမှာ

ကိုဆန်းထွေး တစ်ယောက် စိတ်လှုပ်ရှားစွာ နဲ့ ထိုင်နေတယ်။

သူဟာ လက်ပတ်နာရီကိုကြည့်လိုက်၊ ဆိုင်တံခါးဝကိုမျှော်ကြည့်လိုက်နဲ့

လုပ်နေတယ်။

ဒီအချိန်မှာ ပဲ စားပွဲထိုးဟာ ဘီယာတစ်ကရား လာချပေးတယ်။

လှုပ်ရှားနေတဲ့စိတ်နဲ့အတူ သူဟာ ဘီယာခွက်ကို တစ်ရှိန်ထိုး မော့သောက်လိုက်တယ်။

“စောင့်နေတာ ကြာပြီလား”

သူ့ပခုံးကို ဆုပ်ကိုင်ရင်း ကြားလိုက်ရတဲ့ အောရှရှအသံကြောင့် သူ ဆတ်ခနဲ တုန်သွားတယ်။

“ရပါတယ်၊ သိပ်မကြာသေးပါဘူး၊

ထိုင်ပါ”

သူ့အပြောကြောင့် ကုတ်အင်္ကျီအနက်ဝတ်ထားတဲ့လူက မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။

“ကျုပ်ရဲ့ ကမ်းလှမ်းမှု ကို လက်ခံပေးတဲ့အတွက်

ခင်ဗျားကို ကျေးဇူးတင်ပါတယ်၊

ကျုပ်ပေးထားတဲ့ ကတိအတိုင်း

ဟော့ဒီမှာ ငွေသိန်းနှစ် ဆယ် …ရော့”

ထိုလူရဲ့ အပြောကြောင့် ကိုဆန်းထွေးဟာ ၎င်းလှမ်းပေးတဲ့ စက္ကူစကို ဟကြည့်တော့ ငါးထောင်တန်ငွေစက္ကူတွေ …

“ငွေပြည့်, မပြည့် စစ်ကြည့်လိုက်ပါ”

“ရပါတယ်ဗျာ … စစ်မနေတော့ပါဘူး၊

ခင်ဗျာ တစ်ခုခုသောက်ပါလား”

သူ့စကားကို ကုတ်အင်္ကျီဝတ်လူက ခေါင်းယမ်းလိုက်ပြီး …

“ကျုပ် မသောက်တော့ဘူး၊

တစ်ခုတော့ ရှိတယ်နော် …

ဒီနေ့ကစပြီး …

ကျုပ်နဲ့ခင်ဗျား ဘယ်တော့မှ

မတွေ့ ဆုံခဲ့ဘူးလို့

ခင်ဗျား မှတ်ထားရမယ်၊

ဒီကတိကို ခင်ဗျား ပေးရမယ်

သိတယ်မဟုတ်လား”

ဘီယာအရှိန်တက်နေတဲ့ ကိုဆန်းထွေးဟာ ခပ်သွက်သွက်ပဲ …

“အာ … ဒီလောက်တော့ ကျုပ် သိပါတယ်၊

ကတိပေးတယ်ဗျာ … ခင်ဗျားနဲ့ကျုပ်

ဘယ်တုန်းကမှ မဆုံခဲ့ဘူး …

ဟုတ်ပြီလား၊

ကျုပ်က ခင်ဗျားအကြောင်းကို

ကောင်းကောင်းသိထားတဲ့သူပဲဗျ၊

ပြဿနာမရှိဘူး၊ မေ့လိုက်ပြီ”

လို့ ပြောလိုက်တယ်။

ကုတ်အင်္ကျီဝတ်လူက ထိုင်ရာက ထရပ်လိုက်ရင်း သူ့မျက်နှာကို စူးစိုက်ကြည့်တယ်။

ပြီးတော့ ကိုဆန်းထွေးရဲ့ အနားကနေ လှည့်ထွက်သွားတော့တယ်။

၎င်းထွက်သွားတဲ့အခါ ကိုဆန်းထွေးဟာ စားပွဲထိုးကိုခေါ်ပြီး ငွေရှင်းလိုက်တယ်။

သူဟာ ငွေစက္ကူအထပ်တွေ ကို ကြည့်ပြီး ကျေနပ်အားရစွာ ပြုံးလိုက်တယ်။

ပြီးတော့ လွတ်လပ်ပေါ့ပါးတဲ့ စိတ်အစုံနဲ့ ဘီယာဆိုင်ထဲကနေ ထွက်သွားတော့တယ်။

♥ ♥ ♥


အပိုင်း(၃)

ခြောက်ထပ်တိုက်တစ်လုံးရဲ့ ရှေ့ …

မင်္ဂလာအဆင်အယင်တွေ ဆင်မြန်းထားတဲ့ ကားတစ်စီးဟာ တုံ့ခနဲ ထိုးရပ်လိုက်တယ်။

အပြုံးတွေ ကိုယ်စီဆောင်ထားကြတဲ့ သတို့သားနဲ့ သတို့သမီးတို့ဟာ ကားပေါ်ကဆင်းလိုက်ပြီး တိုက်ရဲ့ လှေကားအတိုင်းတက်သွားကြတယ်။

အပေါ်ဆုံးထပ်ရဲ့ အပြင်မှာ တော့ လူငယ်တစ်စုဟာ ရွှေဆွဲကြိုးကို တစ်ဖက်စီကိုင်ရင်း တစ်ယောက် နဲ့ တစ်ယောက် မျက်ရိပ်ပြလိုက်တယ်။

သတို့သား,သတို့သမီးကို မြင်တဲ့အခါ သူတို့အထဲက တစ်ယောက် က …

“မင်္ဂလာသတို့သား,သတို့သမီးကို

ကြိုဆိုပါတယ်ဗျို့၊

ကြိုးဖိုးလေး မ,စပြီးမှ

မင်္ဂလာအခန်းကို ဝင်ခွင့်ပြုမှာ ဗျို့၊

ဟုတ်တယ်မဟုတ်လား သူငယ်ချင်းတို့”

လို့ အသံပြုလိုက်တဲ့အခါ ကျန်လူတွေ က …

“မှန်တယ် …မှန်တယ်၊

ကြိုးဖိုးရမှ သော့ ဖွင့်ပေးမယ်”

လို့ ဝိုင်းဝန်းပြောဆိုကြကုန်တယ်။

သတို့သားက ၎င်းရဲ့ အပေါင်းအသင်းတွေ ကို ကြည့်ပြီး

“မင်းတို့ကွာ …တော် တော် ခွက်ကျတဲ့

ကောင်တွေ ပဲ၊

ကြိုးတားတာတောင် တစ်ကြိုးတည်းကို

တစ်ပြုံကြီး ဝိုင်းတားရတယ်လို့၊

နှစ် ယောက် တစ်ကြိုး မတားရင် မပေးဘူးနော်”

လို့ ပြောလိုက်တဲ့အခါ …

“ဟကောင်ရ …ငါတို့ ခုနှစ် ယောက် ပေါင်းမှ

ဒီဆွဲကြိုးလေးတစ်ကုံးပဲ ရှိတာကွ၊

ဟဲ …ဟဲ …ဒီကြိုးတောင် တစ်နေ့ကမှ

အပေါင်ဆိုင်က ပြန်ရွေးလာတာ၊

ကြေးများ မနေနဲ့ ကိုယ့်လူ၊

ဒီအချိန်မှာ အချိန်က မင်းတို့အတွက်

တန်ဖိုးသိပ်ရှိတယ်နော်၊

ကြိုးဖိုးမရရင် ဒီမှာ ပဲ ငါတို့ ညအိပ်မှာ ကွ”

တစ်ယောက် ရဲ့ အပြောကို ကျန်လူတွေ ကပါ ဝိုင်း

ထောက်ခံကြပြန်တယ်။

“ကဲပါ အစ်ကိုရယ် …

သူတို့ကျေနပ်အောင်

ကြိုးဖိုးကို ပေးလိုက် ပါ၊

စန္ဒာ ခေါင်းတွေ အုံနေတယ် အစ်ကိုရဲ့ ”

သတို့သမီိးရဲ့ အပြောကြောင့် …

“မင်းတို့တွေ့ မယ်၊

ငါ့မိန်းမ ခေါင်းအုံနေလို့

သက်သာသွားတယ်မှတ်၊

သာသနာဖျက်တွေ …ကြိုးဖိုးရရင်

မြန်မြန်ပြန်ကြ”

သတို့သားက ပြောပြောဆိုဆို တိုက်ပုံအင်္ကျီထဲက ငါးထောင်တန်ငွေတစ်အုပ်ကို ဆွဲနှိုက်ယူပြီး …

တစ်ယောက် တစ်ရွက်စီ ကမ်းပေးလိုက် တယ်။

“အာ … တစ်ရွက်တော့မရဘူး ဟေ့ကောင်၊

နှစ် ရွက်ပေးမှ ကျေနပ်မှာ ၊

မရရင် မဖယ်ပေးဘူးနော်၊

ဟင်း …ဘာမှတ်သလဲ”

ဆိုတဲ့ အသံတွေ ညံညံစီသွားပြီး သော့ ဖွင့်လို့မရအောင်ကာဆီးလိုက်ကြတယ်။

သတို့သားဟာ မကျေမချမ်းအမူအရာနဲ့ …

“ငတ်ကြီးကျတဲ့ကောင်တွေ

ရော့ …ရော့ …ယူပြီး ပြန်တော့”

ပြောဆိုရင်း ၎င်းရဲ့ သူငယ်ချင်းတွေ ကို တစ်ယောက် ငွေတစ်သော င်းစီ ပေးလိုက် ရတယ်။

လူငယ်တစ်သိုက်က ကျေနပ်အားရဟန်နဲ့ အော်ဟစ်နောက်ပြောင်ရင်း လှေကားအတိုင်း ပြေးဆင်းသွားတော့တယ်။

“တော် တော် အနိုင်ကျင့်တဲ့ကောင်တွေ ၊

သွားပြီး …ငွေခုနှစ် သော င်းထွက်သွားပြီကွာ၊

တကယ်ပဲ”

သတို့သားက တတွက်တွက်ရေရွတ်ရင်း အိမ်ထဲဝင်လိုက်တယ်။

အိပ်ခန်းထဲရောက်တဲ့အခါ သတို့သမီးက အဝတ်အစား အဝတ်အစားလဲလှယ်ရင်း…

“အရမ်းပင်ပန်းတာပဲ အစ်ကိုရယ်၊

ဘုန်းကြီးကျောင်းမှာ အကျဉ်းချုံးပြီး

ပွဲလုပ်တာတောင် ဒီလောက်ပင်ပန်းတာ၊

သူများ တွေ လို ဟိုတယ်ကြီးတွေ မှာ

ညစာစားပွဲတွေ နဲ့ …

အကြိမ်ကြိမ် ဧည့်ခံရရင်တော့

စန္ဒာတော့ အသက်ထွက်သွားမလားမသိဘူး”

လို့ ညည်းညူလိုက်တယ်။

ကိုဆန်းထွေးက အသစ်စက်စက် ဇနီး ဖြစ်သူရဲ့ ခါးကိုဆွဲဖက်လိုက်တယ်။

“မင်္ဂလာဦးအချိန်မှာ …

ဘာလို့ အသက်ထွက်မယ့်စကားကို

ပြောရတာ လဲ စန္ဒာရဲ့ ၊

အတိတ်နမိတ်ဆိုတာ ယုံကြည်ရတယ်

စန္ဒာရဲ့ ၊

နောက် ဒီလိုမပြောရဘူးကွာ …နော်”

“အင်းပါ …အစ်ကို မကြိုက်ရင်

စန္ဒာ ဆင်ခြင်ပါ့မယ်၊

ဒါနဲ့ …အစ်ကိုတို့ကို မေးစရာရှိတယ်၊

အစ်ကိုပြောတော့ စန္ဒာတို့ မင်္ဂလာဆောင်ဖို့

တစ်နှစ် လောက် အချိန်ယူရဦးမယ်ဆို၊

ခုတော့ …

အားချင်းကြီး စီစဉ် ဖြစ်သွားတယ်။

အစ်ကို …မင်္ဂလာစရိတ်တွေ

ဘယ်ကရတာ လဲဟင်”

ဇနီး ဖြစ်သူရဲ့ အမေးကြောင့် ကိုဆန်းထွေးမျက်နှာ ကွက်ခနဲ ပျက်သွားတယ်။

“ဟာကွာ …စန္ဒာကလည်း၊

အခုလိုအချိန်မှာ ဘာတွေ မေးနေမှန်း မသိဘူး၊

ကိုယ်အလုပ်လုပ်ခဲ့တဲ့သူဌေးက

မင်္ဂလာစရိတ်ကို ထုတ်ပေးလိုက် လို့

ခုလို ချက်ချင်း စီစဉ် ဖြစ်သွားတာပါ၊

တအား အမေးအမြန်းထူတဲ့ ပါးစပ်ကလေးကို

အမြန်ဆုံးပိတ်မှ ရတော့မယ်၊

ကဲ …လာခဲ့”

ကိုဆန်းထွေးဟာ ထိုသို့ ပြောဆိုရင်း ဇနီး ဖြစ်သူကို ဖက်ရင်း နမ်းရှုပ်လိုက်တယ်။

မင်္ဂလာဦးဇနီးမောင်နှံရဲ့ ကလူကျီစယ်သံတွေ က မင်္ဂလာအခန်းထဲ ပျံ့လွင့်သွားတယ်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မအိုစာ ၏ “ ကျမ်းစူး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဟိုင်းဝေး တစ္ဆေ

အောက်လမ်း (ပထမပိုင်း)

ချစ်တီးတိုက်