အခန်း(၁)
မေတ္တသုတ်၏ အာနိသင်
မေတ္တာသုတ်ကို
ကျွန်ုပ်ဆိုကာ၊ နိုးထပါသည်
ကမ္ဘာတစ်ဝန်း၊ မေတ္တာပန်းတွေ
လန်းဖြာဝေေ၀ မွှေးပါစေဟု…။
မေတ္တာသုတ်ကို
ကျွန်ုပ်ဆိုကာ၊ လုပ်ကိုင်ပါသည်
ကမ္ဘာတစ်ဝန်း၊ မေတ္တာစမ်းတွေ
ချမ်းမြထွေထွေ အေးပါစေဟု…။
မေတ္တာသုတ်ကို
ကျွန်ုပ်ဆိုကာ သွားလာပါသည်
ကမ္ဘာတစ်ဝန်း၊ မေတ္တာလမ်းတွေ
ဖြောင့်တန်းပြေပြေ ဖွေးပါစေဟု…။
မေတ္တာသုတ်၏
ပြယုဂ်တန်ခိုး ဂုဏ်တန်ခိုးကြောင့်
ဆတိုးချစ်ခင်၊ သံယောဇဉ်ထပ်
မေတ္တာဇာတ်တို့
လွှမ်းပတ်သက်ဝင်၊ ရောင် ပြန်ထင်ကာ
ဝန်းကျင်ပတ်ချာ၊ ငြိမ်းချမ်းစွာ ဖြင့်
မေတ္တာပန်းတွေ မွှေးလျက်
မေတ္တာစမ်းတွေ အေးလျက်
မေတ္တာလမ်းတွေ ဖွေးလျက်…။ ။
ဂုဏ်
ငါနေထိုင်သည့်
ဇာတိမြေချာ၊ ပြည်မြန်မာ။
ငါ့ကိုမွေးသည်
ဖနှင့် မိမှာ ၊ မျိုးမြန်မာ။
ငါ့နှုတ်ဖျားက
စကားသံစဉ်၊ မြန်မာပင်။
ငါလျှင်သင်ကြား
ထင်ရှားလင်္ကာ မြန်မာစာ။
မြန်မာကဖွား
မြန်မာ့သားဟု
စကားမြန်မာ၊ စာမြန်မာနှင့်
မြန်မာတန်ဖိုး၊ ငါမြတ်နိုး၍
မျိုးနွယ်မြန်မာ
လှဂုဏ်ဖြာအောင်
ငါ့မှာ တာဝန်ရှိသည်တကား….။ ။
တစ်မြေတည်းနေ
သည်မြေမှာ အတူဆုံ
သည်မြေဂုဏ် တန်ဖိုးထား
သည်မြေမှာ ဘက်စုံဖြိုးအောင်
အတူကြိုးစို့လား။
သည်မြေမှာ အတူနေ
သည်ရေကို အတူသောက်၊
ကိုယ့်ရိုးရာ ကိုယ့်အလှနဲ့
ဘ၀တည်ဆောက်။
သည်မြေမှာ အတူပျော်
သည်မြေပေါ် အတူတွေ့ 
တစ်အူတုံ နောင်ညီရင်း
ရိုင်းပင်းကြည်မွေ့။
သည်မြေကို အတူခင်
သံယောဇဉ် အတူဖွဲ့၊
သတ္တိပြောင် အတိုင်းမသိ
သမိုင်းရှိခဲ့။
သည်မြေကျိုး အတူမျှော်
ကောင်းဆိုးပေါ် အတူချစ်၊
သည်မြေကို အလေးထား
ဘိုးဘွားမွေနှစ် ။
တစ်မြေတည်းနေ တစ်ရေတည်းသောက်
တစ်လမ်းတည်းလျှောက်တဲ့ နောင်ညီတွေ ၊
အစုမခွဲပါဘု
ဥမကွဲသိုက်မပျက်
တွဲ လက်ညီစေ၊
လာမထိပါနဲ့
ကမ္ဘာက အသိပေ
ဇာတိမြေ လက်မလွှတ်၊
အဖျက်ရန် အသက်နှံ တွန်းလှန်ကြမယ်လို့
အဓိဋ္ဌာန် စိတ်ကြံအတွေးနဲ့
သွေးစည်းညီညွတ်…။ ။
မျိုးဆက်အမွေ
လူမှာ အမျိုး
ကြက်မှာ အရိုး-ဟု
ဆိုရိုးရှိခဲ့ဖူးပါသည်…။
ချောင်းရိုးမြောင်းရိုး
တိမ်ကောရိုးဘိ၊ သဘောရှိလည်း
လူ၏ မျိုးရိုး၊ ကောင်းအဆိုးကား
တိမ်ရိုးမရှိ လူတိုင်းသိ…။
တို့၏ ဘေးဘိုး
တို့မျိုးရိုးကား
ရိုးသားနိုးကြား၊ ကိုယ့်ခွန်အားနှင့်
ကြိုးစားကျစ်ကုပ်၊ အလုပ်လုပ်ရင်း
ကိုယ်လုပ်သမျှ၊ ကိုယ့်ဘ၀ကို
အားရကျေနပ်၊ နေပျော်တတ်၏
ကျိုးမြတ်သူ့မြေ မမျှော်ပေ…။
တို့၏ ဘေးဘိုး
တို့မျိုးရိုးကား
အမျိုးသားစိတ်၊ ရင်ပြည့်သိပ်လျှက်
ဖိနှိပ်မခံ၊ ဇာတိမာန်နှင့်
နိုင်ငံကိုချစ်၊ ရိုးရာချစ်၏
မချစ်သူ့ဟန်၊ လက်မခံဘဲ
ကိုယ့်စံနမူ ကိုယ်ဂုဏ်ယူခဲ့…။
သည်ဘေးဘိုးမှ
မျိုးရိုးမပျက်၊ ခေတ်အဆက်ဆက်ထိ
ဆင်းသက်ခဲ့ပေ၊ တို့တွေ ကျမှ
ဘ၀သူ့ထံ၊ အောက်ကျခံ၍
တုံ့ပြန် ချက်ချင်း ၊ ရွှေထမင်းနှင့်
ဖန်ဆင်းသက်ရှင်၊ မနေချင်ပေ
ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်ဌာနေကို
မသွေမပစ်၊ အမွေအ ဖြစ်
အရှည်ချစ်မည့် 
ခေတ်၏ မျိုးဆက်ပီစေအံ့…။ ။
ပျို့လှည်းယဉ်
ခြူသံလေးက ကလုံကလုံ
ကကြိုးတန်ဆာ အဖုံဖုံ၊
နွားကြန်စုံ လည်မော့မော့
လှည်းယဉ်ပွဲကြော့ကြော့။
ခပ်သော့ သော့ နဲ့ ကဆုန်နှင်
နတ်မြင်းပျံလားထင်၊
ဝေဟင်ကိုပင် အရောက်သွား
ခြံပေါက်ညီနောင်နွား။
ဘုရားပွဲနဲ့အလှူမှာ
လှည့်လည်ကြတဲ့အခါ၊
လှည်းယဉ်ကသာ မြူးကြွသွက်
ရှေ့ဆုံးကပါလျက်။
မြန်မာ့ကျေးလက် အနုပညာ
တန်ဖိုးမဖြတ်သာ၊
လှည်းယဉ်ကြော့မှာ အံ့ဘနန်း
အနုလက်ရာဆန်း
အပြောက်အမွမ်း အဆန်းထွင်
ကြည့်လှည့်ပျို့လှည်းယဉ်
လှည်းယဉ်ဂုဏ်အင် မြင်အောင်ရှု
မြန်မာ့ယဉ်ကျေးမှု ။
သူ့နည်းသူ့ဟန် သူ့ပုံစံ
လုံးဝ စိတ်မသန်
မြန်မာဆန်ဆန် မြန်မာဟန်ချစ်
မြန်မာ့အမွေနှစ် …။ ။
သမိုင်းရှိတဲ့ တို့မြန်မာ
တို့ဘေးဘိုး
မျိုးရိုးက မခေပါ…။
အမြင့်အခေါင် ၀င့်ပြောင်တဲ့
ဘုရင့်နောင် ကျန်စစ်သားရယ်နဲ့
အလောင်းဘုရား ဗန္ဓုလ
အားကျလောက်စရာ…။
ရာဇ၀င် အထင်အရှားပါကွဲ့
စာပေခင် ဂီတသမားတွေ မို့
အခါးအမိုက် အမှားမကြိုက်ပါဘု
စပါးစိုက်ရင်း သီချင်းဆိုကာ
ရင်ထဲမှာ တရားအသိနဲ့မွေ့။
သူများ ကို မမျှော်
သူများ အပေါ် မတော် တရော်နဲ့
မမြော်မမြင် အမှားမရှုပ်ပါဘု
ကိုယ့်အပေါ် မတရားလုပ်ကာ
ရန်လာနှောက်ရင်လည်း
မဖော်မပြန် အများ သိရအောင်
တစ်ယောက် မကျန် ထားကတိညီလို့
မကြောက်မာန် အားအပြည့်နဲ့ဓားကြည့်လှည့်ဟေ့…။ ။
အနီးအဝေး ဒဿန
အနေဝေးလည်း
မဝေးစိတ်မှာ နီးလျက်သာတည့်
အနေနီးလည်း
မနီးစိတ်မှာ ဝေးလျက်သာတည့်။
အနီးအဝေး
ခရီးမေး၍
ပြေးကြည့်တိုင်းတာမနေနှင့် ။
ဝေးခြင်းနီးခြင်း
အကြောင်းခြင်းရာ
အဖြေရှာသော်
မေတ္တာလိုရင်း မဟုတ်လား။
အနေနီးလျက်
ခရီးဝေးကွာ မရှိရာ။
အနေဝေးလည်းး
သွေးနီးရမှာ များ သူငါ…။ ။
ငြိမ်းချမ်းသရုပ်
ကိုယ့်အိမ်ရှေ့၌
သစ်ပင်စိုက်၏ အမြိုက်သုခ
အေးရိပ်ရကာ၊ နားခိုပါစေ
အပန်းဖြေဟု။
သစ်ပင်ရိပ်အောက်
ရေစင်ဆောက်၏ ။ တစ်ထောင်နားဝင်
ပန်းဖြေစင်မှာ ၊ ရွှေရင်အေးစေ
အမောပြေဟု။
လှသော ဓလေ့
ယဉ်ကျေးငွေ့နှင့် ၊ သိမ်မွေ့မေတ္တာ
စေတနာတွင် ၊ အကြင်နာထပ်
သည်စိတ်ဓာတ်မျိုး
ဘယ်ရပ်ထံမှာ ရှိမည် နည်း။
ဖွေရှာစေ့ငု၊ သတိပြုလျှင်
သူ့ထံမရှိ၊ တို့ထံရှိ၏
တို့၏ ဟန်ပန်၊ တို့ပုံစံသည်
ဖော်ပြန်မူရှင်း၊ သူ့ဟန်ကင်းလျက်
ပျံ့သင်းမွှေးထုံ၊ မြန်မာ့ဂုဏ်ဟု
ကြည်ယုံစောင့်ထိန်း၊ ဘယ်မတိမ်းပါ
ငြိမ်းချမ်းသရုပ် မဟုတ်လား….။ ။
အလှဝေစည် ပန်းရွှေပြည်
တန်ခူးနဲ့ သင်္ကြန်
သင်္ကြန်နဲ့ ပိတောက်၊
နှစ် ကူးချိန် အတာရေဖျန်း
ရွှင်လန်းဝမ်းမြောက်။
ရေခန်းတဲ့ လကဆုန်
နွေဖုန်က တထောင်းထောင်း၊
ရေလှူကာ ရိုးရာညွန်း
သွန်းညောင်ရေလောင်း။
မြက်သားမွေးတဲ့ လနယုန်
မုတ်သုံက မိုးခေါ်သွင်း၊
ထေရ်သံဃာ စာပြန်ပွဲ
ခြိမ့်သည်း ၀ါဝင်း။
ပုန်းညက်နဲ့ဝါဆို
ရွှေမိုးညို ၀သန္တ၊
ပန်းခူးကာ သင်္ကန်းကပ်
မြတ်တဲဒါန။
ကွင်းရေဖွေးတဲ့ လ၀ါခေါင်
တောတောင်မှာ ခတ္တာပွင့်၊
စာရေး တံ ကံစမ်းမဲနဲ့
လှူပွဲ ဂုဏ်တင့်။
တော် သလင်းမို့ ယင်းမာဝေ
ရေလွှာပြင် သင်ဖြူးခင်း၊
ရိုးရာဟန် လှေပြိုင်ပွဲ
ဆင်နွှဲမြစ်တွင်း။
ဝါကျွတ်ပွဲ နွှဲကြပုံ
မီးရောင် စုံ မြိုင်ဆိုင်ထွန်း၊
ဘိုးဘွားကို ကန်တော့ကြ
အလှဝေရွှန်း
ခ၀ဲပွင့် ၀ါစီစီ
လရာသီ တန်ဆောင်မုန်း
ဘုံကထိန် အလှူပွဲ
နွှဲပျော်မဆုံး။
မုန့်ဆမ်းလှော်တဲ့ လနတ်တော်
စာဆိုတော် ဆုတွေ ပေး၊
ယဉ်ကျေးမှု စာပေလမ်း
စာပန်းတွေ မွှေး။
ပြာသိုနဲ့ ခွာညို
နှင်းစိုတဲ့ ဟေမန္တ၊
လွတ်သဘင် အောင်လံပွဲ
ခြိမ့်နွဲပျော်ကြ။
တပို့တွဲ ပေါက်လဲက ငုံကာစီ
မှု န်ပြာရီ မြောက်လေ၀ဲ၊
စေတနာ ကုသိုလ်ပျိုး
ထိုးကြ ထမင်းနဲ။
အင်ကြင်းနဲ့ သရဖီ
မိန်ရာသီ အလှဆောင်း၊
အဖျက်အညစ် မခံချင်လို့
ဖက်ဆစ်ရန် တော် လှန်ကြတဲ့
မတ်လတပေါင်း။
ဆယ့်နှစ် လ မြန်မာပြည်၊
ခါရာသီ ပသာဒ
စာသလို့ မကုန်ပြီ၊
ဘယ်တော့မှ မရိုးအီ
တစ်မျိုးစီ လှပ၊
အမျိုး သာသနာနဲ့
ကိုယ့်ရိုးရာ ဂုဏ်ယူချစ်
အနှစ် သာရ။ ။
အမွေခံနှလုံးသားတို့၏ တာဝန် (တေးထပ်)
ဘိုးဘွားမြေအမွေအနှစ် မို့
သွေမပစ်ချစ်ခင်၊
ရွှေစနစ်အသစ်တွင် အောင်
ခေတ်အမြင်မတိမ်း၊
လွတ်လပ်မှု အရသာကို
အလှရှာစောင့်ကြပ်ကာထိန်း။
ကိုယ့်ဘ၀ကိုယ်ခုံမင်
သူ့ဂိုဏ်အင်ကိုယ်မယိမ်း၊
ကိုယ့်ပြည်ရွာ ထာဝစဉ်ငြိမ်းဖို့
နောင်မစိမ်းကြံစည်၊
အဖျက်ရန်ခလုတ် အဖျင်းတို့ကို
အပြုတ်ရှင်းခွင်းဖို့လိုပြီ။
လမ်းမပျောက်အရောက်ချီ
တစ်ယောက် စီဥမကွဲ၊
လက်တွဲလို့ အမြဲခိုင်
နွှဲစို့တူပြိုင်၊
သွေးစည်းမှု သည် ကျောက်တိုင်ကို
နောက်မယိုင် ညီညွတ်ကြလေး..။ ။
အခန်း(၂)
အလှမေတ္တာ မဟာအောင်ပွဲ
သွေးဟူသမျှ
နီကြသည့်မှာ ဓမ္မတာ၊
သွေးအသိတရား
သတိထားတော့
လူသား ဖြစ်စေ
တိရစ္ဆာန် ဖြစ်စေ
ရင်နှစ် မွေးဖွား။ သမီးသားအတွက်
မပျက်အစဉ်၊ သံယောဇဉ်ဖြင့်
ကြင်နာတိုက်ကျွေး၊ နို့ချိုသွေးမူ
ဖွေးဖွေးဖြူမြဲ၊ မပြောင်းလဲပါ
နီရဲဘယ်ခါ တွေ့ ဖူးမလဲ။
မိခင်စိတ်ရင်း
နှိုင်းတုကင်းသည့်
ချစ်ခြင်းကြီးစွာ မြတ်မေတ္တာက
စဉ်လာစွေးစွေး၊ နီသည့်သွေးကို
ဖွေးဖွေးဖြူလွှ၊ အံ့သြရအောင်
အလှဖန်ဆင်းပေးခဲ့၏ ။
နီသည့်သွေးကို
ဖွေးဖွေးဖြူလွ၊ ဖန်ဆင်းပြသည့်
အလှမေတ္တာ၊ မဟာအောင်ပွဲ
ရင်ထဲလှိုင်းထ၊ ခံစားရတိုင်း
မိခင်တိုင်း၏ ၊ နှိုင်းတုမမြင်
သံယောဇဉ်နှင့် ၊ ကြင်နာဆပွား
နှလုံးသားကို
လေးစားဦးညွတ်မိတကား…။ ။
(မိခင်တိုင်းကို ဦးညွတ်လျက်)
မှန်အဘိဓမ္မာ
လှလှ မလှလှ
သဘာဝတည့်
မှန်ကြည့်သည်မှာ
လူတိုင်းပါ။
မှန်ကြည့်ကာပြုံး
မှန်ရုပ်လုံး
အပြုံးလက်ဆောင် ပေးပါ၏ ။
မှန်ကြည့်မဲ့တော့
မဲ့သည့်သဏ္ဍာန်
လက်ဆောင်ပြန်သည်
မှန်၏ အသွင်သည်တိုင်းပင်။
ပြုံးဟန်မဲ့ဟန်
ရောင် ပြန်သဘော
တွေးတောဆက်စပ်
မှန်ကြည့်တတ်လျှင်။
နေ့စဉ်မှန်ကြည့်
မှန်အဘိဓမ္မာ
သင်ခန်းစာ။
အရှက်နှင့် ရှင်သန်ခြင်း
အထက်တန်းမကျပေမယ့်
မျက်နှာပန်းမလှသူတော့ မ ဖြစ်ချင်။
အကျိုးများ စေဖို့
မိုးခါးရေတစ်ငုံလောက်
သောက်ပြီးအသက်မရှင်။
အရာရာစာနာနှိုင်းပါလို့
ကိုယ့်သမိုင်းမရိုင်းအောင်ပြုပြင်
အသိယှဉ်ဆင်ခြင်ပွား။
ဘ၀ဆိုတာ
ခဏတာ ရေတစ်ပွက်ပေမို့
ဘယ်လိုပင် အနေခက်စေတော့
သစ္စာအခြေသွေမပျက်ပါဘု
သိက္ခာကို ရွှေထက်မက်တယ်
အရှက်နဲ့လူသား ။
ရယူခြင်း အဘိဓမ္မာ
နေရောင် ဟူသည်
ပူမြဲပူ၏
ပူသည့်ခြင်းရာ ဓမ္မတာ။
နေရောင် ၏ အပူ
ရယူလက်ခံ၊ တစ်ဖန်ပြန်ပေး
လရောင် အေး၏
အတွေးတစ်စ ရင်ထိရှ။
အပူပေးလည်း
အအေးနှင့် ယူ မေတ္တာကူပါ
ယူတတ်ဖို့သာ အခရာ
အပူဟူသမျှ ငြိမ်းရမှာ
လောကအတွေးဝင်္ကပါ။
မာနနှင့် တည်ဆောက်ခြင်း
စားရေး အတွက်
အဖျားသွေးတက်လည်း တက်ပစေ။
ဝတ်ရေး အတွက်
ဝဋ်ကြွေးဆက်လည်း ဆက်ပစေ။
နေရေး အတွက်
ဖြေဆေးခက်လည်း ခက်ပစေ။
ဘာကြောက်မလဲ
ဦးနှောက်နှင့် ဇွဲ၊ ဉာဏ်နှင့် တွဲ လျက်
အခဲအခက်၊ ၀ဲဂယက်မှာ
အရှက်ကိုကာ၊ သိက္ခာကိုစောင့်
အဖြောင့်ကိုယူ၊ အဖြူကိုသုံး
အမုန်းကိုရှား၊ အမှားကိုရှောင်
အမှော င်ကိုခွင်း၊ အလင်းကိုငှ
အလှမဏ္ဍိုင်၊ မယိမ်းယိုင်မှ
ကြံ့ခိုင်ဘ၀၊ လူပီသလိမ့်။
အစားခက်လည်း
တရားမပျက်ဖို့ လိုပါသည်။
အ၀တ်ခက်လည်း
လွတ်မထွက်ဖို့ လိုပါသည်။
အနေခက်လည်း
အခြေမပျက်ဖို့ လိုပါသည်။
အလင်းလှကျေးဇူးရှင်
အဖေ့ရဲ့ မေတ္တာ
ပုံပမာ နေအဆင်း။
အခက်အဖုံဖုံတို့
အဖျက်ဘယ်လိုကြုံလည်း
မဖြုံပေါင်ပန်းတိုင်စခန်းကို
ရင်မခုန်အရောက်လှမ်းဖို့
လမ်းပြအလင်း။
အမေ့ရဲ့ မေတ္တာ
ပုံပမာ လအဆင်း
တရားဉာဏ်အမြင်နဲ့
အမှားအမှန် ဆင်ခြင်လို့
သံယောဇဉ်အမှော င်အသန်းရအောင်
လမ်းပြအလင်း။
အဖေနဲ့အမေ့မေတ္တာ
နမူနာစံအ ဖြစ်
စွဲချစ်မကွာ
တစ်သက်လုံးမြတ်နိုးစွာ
ခေါင်းမှာ ဆင် ရင်မှာ ထား။
ပြောပြစရာ
မနောအလှအဖြာဖြာနဲ့
လောကမှာ အနေရဲပါလို့
ပွဲလယ်ဂုဏ်အစဉ်တင့်
ကြွားဝင့်ဝင့်ကြွား။
(ကျေးဇူးရှင် အဖေနှင့် အမေသို့ …)
အလှနှလုံးနှင့် ချစ်မုန်းသံသရာ
မုန်းလျှင်အပြစ်
ချစ်လျှင်အကျိုး..တဲ့
ဆိုရိုးစကား၊ ထင်ရှားအရှိ
မြင်ကြားသိတယ်။
အပြစ်ကင်းကင်း
ချစ်ခြင်းအကျိုး၊ တန်ဖိုးဆန်းစစ်
အနှစ် ကိုရှာ မေတ္တာပါတယ်။
အရှုံးကဲကဲ
အမုန်းထဲက ရတဲ့တန်ဖိုး
ချိန်ထိုးစစ်ခွဲ
အပြစ်ထဲမှာ ဝေဒနာပါတယ်။
အချစ်အမုန်း
အပြုံးအငို
အချိုအခါး နှစ် မျိုးကြားတွင်
သက်ရှင်နေသမျှ
တဒင်္ဂမှာ အလှရှာဖို့
ဘာပဲ ဖြစ် ဖြစ်
အပြစ်အမုန်းတွေ နဲ့ အစဉ်ဝေးချင်
အချစ်အပြုံးတွေ နဲ့ ရင်အေးချင်။
ညီညွတ်ဇွဲနှင့် လှေပွဲမာန်
ကမ်းလုံးပြည့် ဆူညံညံ
လက်ခုပ်သံပဲ့တင်လျက်
ရိုးရာဟန်လှေပြိုင်ပွဲ
နွှဲတဲ့သည်ရက်။
ပြိုင်ဘက်ကိုကျော်
မော်လာတဲ့ လှေကလေး၊
ရေလွှာပေါ်ရေမွှာဖောက်
ရှေ့ရောက်အောင်ပြေး
ယိုယီးလေးဟစ်ကာအော်
လှေပေါ်ကဖော်အများ
တက်စုံလက်ကုန်လွှတ်တယ်
ပန်းဆွတ်မယ့်သား
ညီညွတ်အားအခြေခံ
ယောက်ျားမာန်မလျော့ထုံး
နှလုံးမူရန်
လှေခွက်ချည်းကျန်ချင်ကျန်
အလံတော့မလှဲစတမ်း
အနိုင်မခံသတ္တိမျိုးနဲ့
ကြိုးလိုက်ကြစမ်း။
ပန်းတိုင်ကိုမျှော်၊
လှေပွဲတော် ဆင်ယင်ခိုက်
နွှဲလိုက်ကြနော်၊
အားမလျော့တူပျော်ပျော်
မော်စရာအချိန်နီး။
ယဉ်ကျေးမှု အခြေခံလျက်
မျိုးချစ်မာန်အောင်လံဝဲပါလို့
အောင်ပွဲသံပဲ့တင်ဟီး
ယီးလေ့လေ့ယီး။
မုဒိတာမင်္ဂလာ
စားသောက်စရာ၊ ၀တ်စရာတို့
သူ့မှာ အပြည့်၊ ကိုယ့်မရှိဟု
မချိငြင်ငြို၊ မနာလိုနှင့် ။
မနာလိုမှု
ငြင်ငြိုမှု က၊ လူ့ဆန္ဒကို
ပြည့်ဝခြင်းငှာ၊ မစွမ်းသာဟု
သူငါတွေးချင့်၊ နားလည်သင့်။
သူစားသည်မှာ ၊ မင်္ဂလာဟု
သူဝတ်သည်မှာ မင်္ဂလာဟု
ဝမ်းသာပီတိ၊ စိတ်အသိဖြင့်
မုဒိတာသုံး၊ ကြည့်ကာပြုံးလျှင်
နှလုံးရွှင်လန်း၊ ရင်အေးချမ်၏ ။
ပင်ပန်းမရှိ ကျင့်သုံးကြည့်
မချိတာတွေ ပျောက်သွား၏ ။
လူတိုင်းရင်မှာ
မုဒိတာအသိ၊ အစဉ်ဖြည့်က
မချိရင်မှာ မငြိသာ
မပြည့်ဗလာ မရှိပါ
မုဒိတာသည် မင်္ဂလာ။
အမှော င်ကပေးသည့်အလင်း
သားချစ်အမေ
တောမှာ နေသည်
စာပေမတတ်ပါတကား။
မတတ်စာပေ
မြတ်အမေ၏ ၊ နပ်စေအကျိုး
ရှေ့မျှော်ကိုး၍ ၊ အမျိုးမှန်စွာ
ဖိုးတန်လာအောင်၊ ပညာတတ်ဖို့
ဝေးရပ်ပို့လျက် စို့သည့်မျက်ရည်
ဖြေမဆည်လည်း၊ မကြည်မျက်လုံး
ဟန်ဆောင်ပြုံးသည်
လူလုံးလှဖို့ မဟုတ်လား။
အမေ့ကျေးဇူး
သည်ဂုဏ်ထူးကြောင့် ၊ သားဦးသည်းချာ
လူ့ရပ်ရွာတွင် ၊ စာတတ်ပေတတ်
ကဗျာစပ်၍ ၊ စာမြတ်ဂုဏ်ဖော်
စာဂုဏ်ပျော်လျက်၊ စာတော် ၀င့်ဝင့်
စာဂုဏ်တင့်ကာ၊ စာမြင့်သဘင်
အောင်ပွဲဆင်ခဲ့။
သြော်….
စာတောပေတော၊ ကဗျာတော၌
ပျော်မောသက်ဝင်၊ အောင်ပွဲဆင်တိုင်း
မြော်မြင်ကြံဆောင်၊ လှဂုဏ်ပြောင်ဖို့
အမှော င်ကပေး၊ အလင်းမွှေးဟု
တွေးတိုင်းရင်မှာ ၊ ပီတိဖြာလျက်
မေတ္တာသခင်၊ မြတ်မိခင်၏
အကြင်နာမိုး၊ ဂရုဏာမျိုးသည်
တန်ဖိုးမဖြတ်နိုင်ပါတကား။
အခန်း(၃)
တပေါင်း၏ ရုပ်ပုံလွှာ (တျာချင်း)
ရွက်ဝါခညောင်း၊ တပေါင်းရင်ခွင်
မင်းလွင်တိမ်ခိုး၊ ဖြန့်မိုးပတ်ဝန်းကျင်
ငှက်ကျေးစုံလင်၊ သံစဉ်ကြည်နူး
နွေဦးဂိမှန်၊ ဥသြသံ
မြိုင်ယံဂီတထူးသည်နှင့် လေး…။
မြပုရစ်ဖူး၊ သစ်မြူးဝေစီ
နွေသဘင်ခင်း၊ အင်ကြင်းသရဖီ
သာစွာ ရာသီ၊ ဘယ်ဆိကိုလွမ်း
လေရူးပတ်ချာ၊ ၀ဲလည်ကာ
လက်ရာပန်းချီဆန်းသည်နှင့် လေး..။
ကျေးလက်ရွာတန်း၊ လှူဒါန်းဝေဆာ
သဲစေတီပွဲ၊ ခြိမ့်သဲမင်္ဂလာ
ရိုးရာစဉ်လာ၊ ယဉ်စွာ ဆင်သ
ဘိုးဘွားအမွေ၊ စောင့်ထိန်းလေ
မျိုးဆွေဂုဏ်ရည်လှသည်နှင့် လေး..။
သည်ချိန်ရောက်က၊ မြန်မာ့မြေပေါ်
သူ့ကျွန်နွံနစ်၊ ဖက်ဆစ်ရန်ကျူးကျော်
မြေပြန့်တောင်ပေါ်၊ စိန်ခေါ်သံဝင့်
လွတ်လပ်စိတ်သန်၊ အဓိဌာန်
တော် လှန်အောင်ပွဲတင့်သည်နှင့် လေး…။
ရွှေအကြောင်း ဖယောင်းက ပုံရိပ်ပေါ်စေသည်
နွေအကြောင်း
တပေါင်း ဂုဏ်နိမိတ်ကျော်စေသည်။ ။
ပစ္စက္ခ မှတ်ကျောက်
ဟိုလူကပြော
သည်လူပြော၍
သို့ လော သို့ လောတွေးထင်မိ..။
ဟိုလူကထောင်
သည်လူထောင်၍
ဟိုယောင် သည်ယောင်ကြံစည်မိ…။
လက်တွေ့ မဟုတ်
သရုပ်မဟုတ်
သရုပ်မမှန်
သဏ္ဍာန်မလှ
သံသယနှင့် တထင့်ထင့်…။
လက်တွေ့ ဆန်ဆန်
ကိုယ်တိုင်ကြံဆ
နည်းလမ်းကျမှ
ဘ၀မှန်ရောက်
သံသယပျောက်လို့
မှတ်ကျောက်တိကျ ပစ္စက္ခ
ဧကန်မုချ အဖြေရ
လောကထဲက သာဓက….။ ။
အမည်းစက် ဝေဒနာ
အမှားတစ်ခု
အလွယ်ပြုမိ၊ မိုက်မိသမျှ
တဒင်္ဂကြောင့် ၊ ဘ၀တစ်သက်
အမည်းတစ်စက်စွန်းခဲ့ပြီ…။
ထိုပြစ်ချက်ကြောင့်
အရှက်ရကာ၊ စာမျက်နှာတွင်
ဖြူစင်သန့်ရှင်း၊ အမည်းကင်းဟု
အလျင်းဘယ်မှာ ဆိုငံ့အံ့….။
ပစ္စက္ခရုပ်၊ လူ့ဇာတ်ထုပ်တွင်
လုပ်ကိုင်သမျှ၊ သံသယနှင့်
မှန်ပါ့မလား၊ ကိုးစားမနည်း
အထင်လွဲကြ၊ မယြုံ ကတော့
ကိုယ်ကမှားခဲ့ဖူးသည်ကိုး…။
အမည်းတစ်စက်
အစွန်းကွက်လျှင်
ဖျက်ဖို့မလွယ်၊ ရှက်ဖို့လွယ်၏
သိလွယ်ထင်ရှား၊ နောင်မမှားအောင်
လူသားရှောင်နိုင်ကြပါစေ…။ ။
ချစ်ကြိုးတူနှောင်
အကြေနဲ့အညာ
တစ်နေရာစီဆိုသော်လည်း
ပထ၀ီရေမြေမခြား
တစ်သားတည်းပါပဲ။
မြေပြန့်သားနဲ့ တောင်ပေါ်သူ
ခေါ်ဝေါ်မတူ သတ်မှတ်။
တစ်အူတုံမောင်နှမရင်း
သားချင်းတော် စပ်။
တစ်မြေတည်းနေ တစ်လှေတည်းစီး
တစ်ခရီးတည်းသွားတဲ့ နောင်ညီတွေ ။
ရေကြည်ရာ မြက်နုရွေး
သက်မွေးပျော်နေ။
ဘယ်သူခွဲခွဲ မကွဲပေ
တို့တတွေ ခိုင်မြဲ။
ဘယ်သူခြောက်ခြောက် မကြောက်ပေ
တို့တတွေ မယိုင်လဲ။
အရေး ကြုံလာရင်ဖြင့်
သွေးမဖြုံပါဘု
မြန်မာဟာ မြန်မာပဲရယ်လို့
အသည်းမှာ ကမ္ပည်းထိုး
ချစ်ကြိုးနှောင်တွဲ …။ ။
အညတြဘ၀ထဲက အမှတ်တရ အလှ
ရုပ်မချော၍
မချောသည့်အတွက် စိတ်ပျက်စရာ
ရှက်ရမှာ လား..။
အသားမည်း၍
မည်းသည့်အတွက် စိတ်ပျက်စရာ
ရှက်ရမှာ လား…။
အနေစုတ်၍
စုတ်သည့်အတွက်၊ စိတ်ပျက်စရာ
ရှက်ရမှာ လား…။
နှောင်းအတိတ်က၊ ပြုခဲ့ကြသည်
ဘ၀ကြောင်းကံ၊ အခြေခံလျက်
ပစ္စက္ခတွင် ၊ ပုံရိပ်ထင်၏
ထင်သည့်ရုပ်ပုံ မြင်အောင်ကြည့်
မြင့်သည့်ရုပ်ပုံ သိအောင်ကြည့်
အကြည့်တရား ညှိ…။
မြင်သိတွေးရှု၊ သတိပြုမူ
ဘယ်သူမပြု၊ မိမိမူတည့်
ကိုယ်ပြုသမျှ၊ ကိုယ်ပြန်ရသည်
လောကတရား၊ အရှိများ ကို
ခံစားတွေးတော၊ ဉာဏ်သစ်နှော၍
ရုပ်မချောလည်း
မနေအလှ ပိုင်ပါစေ…
အသားမည်းလည်း
အသည်းအဖြူ ရှိပါစေ….
အနေစုတ်လည်း
ရွှေထုတ်ပ၀ါ ဖြစ်ပါစေ…။ ။
အထင်နှင့် အမြင်
ပညာတတ်၏
တတ်သည့်ပညာ၊ ငါဆရာဟု
မာနနားထင်၊ စိတ်ကြီးဝင်ကာ
ငါလျှင် အိုးပြည့်ထင်နေမိ…။
ဥစ္စာရှိ၏
ရှိသည့်ဥစ္စာ၊ ငါချမ်းသာဟု
မာနလွန်ကဲ၊ ငါအစွဲနှင့်
ငါပဲအိုးပြည့် ထင်နေမိ…။
ဆွေညာပေါ၏
ပေါသည့်ဆွေညာ၊ ငါထည်ဝါဟု
မာနသွေးကြွ၊ စိတ်အတ္တနှင့်
ငါမှ အိုးပြည့်ထင်နေမိ…။
တကယ်မှာ မူ
ငါသာပြည့်စုံ၊ ငါကုံလုံဟု
ငါဂုဏ်တွေ ကဲ၊ ငါစွဲတွေ လွန်
ငါတံခွန်လွှင့်၊ ငါမာန်ဝင့်ကာ
ငါနှင့် ငါသာ၊ အခရာဟု
ငါ၏ အထင်၊ ငါ့အမြင်သည်
ဘောင်ဘင်ခပ်သည့် အိုးပမာ
မပြည့်အိုး၏ လက္ခဏာ
တွေးကြည့်ပါက ရှက်စရာ…။ ။
ဆရာ
ဆရာမ ရှိ
ငါးပိဖုတ်မျှ၊ နည်းမကျဟု
ရှေးကဆိုထား၊ ဆိုစကားကို
ကြားခဲ့ဖူးကြ၊ နားရည်ဝခဲ့…၊
ဆရာရှိလျက်
မရှိသယောင်၊ ကြွားဟန်ဆောင်၍
အာခေါင်လှံစူး၊ ထူးခြား ဖြစ်ရပ်
ပုံပြင်ဇာတ်လည်း
ဖတ်ခဲ့ဖူးကြ၊ သိဖူးကြခဲ့…။
ကိုယ်၏ လုပ်ရပ်၊ ကိုယ့်အတတ်ဟု
နှံ့စပ်သိမြင်၊ ဂုဏ်ပေါ်လွင်အောင်
ကျွမ်းဝင်တိကျ၊ စွမ်းအင်ပြခဲ့
ဆရာ့ကျေးဇူး မဟုတ်လား…။
ဆရာသင်၍
သိမြင့်ပွင့်လင်း၊ အမှော င်ကင်းခဲ့…
ဆရာပြော၍
သဘောထွင်းဖောက်၊ လမ်းမှန်ရောက်ခဲ့…
ဆရာပြ၍
ဘ၀ဂုဏ်တင့်၊ လှဂုဏ်မြင့်ခဲ့..
စေတနာ
ဝါသနာ
အနစ်နာရှင်
သုံးနာသခင်၊ သုံးနာရင်နှင့်
သင်ဆရာ
မြင်ဆရာ
ကြားဆရာသည်
ငါးဖြာအလှ၊ ဂုဏ်ရည်ခသည့်
အနန္တဂိုဏ်းဝင်၊ ကျေးဇူးရှင်ဟု
ဦးတင်ရိုကျိုး၊ လက်စုံမိုးခဲ့
မြေမိုးမကပါတကား…။ ။
အဖြူချစ်မိတဲ့ နှလုံးသား
အဖြူ…တဲ့
ချစ်စရာနာမည် လေးနဲ့
ရွေးလို့ချော့မြူ.။
အကြောင်းမသိခင်
ပေါင်းကြည့်လျှင် ကောင်းလေမလား
စဉ်းစားတွေးယူ…။
ခဏတစ်ကွေ့မှာ ပဲ
ဘ၀မေ့အောင် သွေးဆောင်ချု
အဖြူချစ်သူ အပူမချိ…။
တစ်ရှိုက်ဖွာ
နှစ် ရှိုက်ဖွာ
အငိုက်မှာ ယောင်ချာချာနဲ့
စရိုက်ညာ အဖြူနဲ့ပေါင်းလေမှ
အမိုက်ခမျာ အဖြူအကြောင်း
နှောင်းနောင်တသိ…။ ။
မြူတစ်မှု န်ရေတစ်စက်နှင့် စကြ၀ဠာ
စာမကြည့်ခင်
ငါသိထင်ကာ
ငါဘ၀င်က နားထင်ကြွခဲ့။
စာမဖတ်ခင်
ငါတတ်ထင်ကာ
ငါဘ၀င်က နားထင်ကြွခဲ့။
စာကိုကြည့်မှ
သတိဝင်ကာ၊ တွေးမိပါပြီ
ငါသိသည်မှာ မြူမှု န်သာ…။
စာကိုဖတ်မှ
အမြတ်ငါ့မှာ ၊ ရခဲ့ပါပြီ
ငါတတ်သည်မှာ မြူမှု န်သာ…။
အတတ်အသိ
အိုးမပြည့်ကို
အိုးပြည့်ထင်မှား ငါယောင်ဝါးခဲ့
အကြွားသက်သက်
ရေတစ်စက်သာ ရှက်စရာ…။
အသိအတတ်
အရှိမြတ်ဖို့
မှတ်ဖွယ်ရာရာ၊ ငါလေ့လာမှ
ဖွေရှာရင်းနှီး၊ စာခရီးကား
ပြီးဆုံးသွားသည် မရှိချေ
ကြည့်လေဖတ်လေ ကျယ်လေလေ
မှတ်လေသားလေ များ လေလေ…။ ။
ဟန်မလုပ်နှင့်
ငါ၏ အကြံ၊ ငါအမှန်ဟု
ငါမာန်တွေ ထုတ်၊ ငါဟန်လုပ်
ငါဟုတ်လျှင်တော့
တော် တာပေါ့…။
ငါ၏ အကြံ၊ ငါအမှန်ဟု
ငါမာန်တွေ ထုတ်၊ ငါဟန်လုပ်
ဟုတ်လို့မကျော်၊ ပုပ်လို့ပေါ်
တော် ပါ့မလား အိုလူသား
အမှန်အဟုတ် ပြန်စဉ်းစား…။
အမှန်မဟုတ်
ဟန်မလုပ်နှင့်
ဟန်လုပ်ခြင်းသာ၊ ရှက်စရာမို့
မှန်ရာဟုတ်ရာ ပြင်စေချင်
မှန်ရာဟုတ်ရာ မြင်နေချင်…။ ။
![]() အလှကိုယ်စီ ပန်းလိုသီ ကလေးကဗျာများ | ![]() လူငယ်ရနံ့အက်ဆေးများ | ![]() အိပ်မက်ဦးကဖူးတဲ့ပန်း (ကဗျာပေါင်းချုပ်) |