* ကျွန်ုပ်၏ နှလုံးအိမ်မှ အပြုံးတို့ကို မည် သို့သော စည်းစိမ်ဘုံနန်းနှင့် မှ လဲလှယ်ခြင်းမပြုနိုင်ပါ။
* ကျွန်ုပ်၏ မျက်ရည်နှင့် နာကျင် ကြေပျက်မှု များ ကိုလည်း ငြိမ်သက်ခြင်းနှင့် လဲလှယ် ရောင့် ရဲနိုင်ရမည် မဟုတ်ပါ။
* ကျွန်ုပ်၏ ဘ၀တစ်လျှောက်လုံးတွင် အပြုံးနှင့် မျက်ရည်တို့ ရှိမြဲရှိနေစေလိုမှု သည် သာလျှင် ကျွန်ုပ်၏ ပြင်းပြအားသား ဖြစ်တော့၏ ။
I would not exchange the laughter of my heart for the fortunes of the multitude; nor would I be content with converting my tears, invited by my agonized self, into calm.
It is my fervent hope that my whole life on this earth will ever be tears and laughter.
Kahlil Gibran
ကျွန်ုပ်၏ နှလုံးအိမ်မှ အပြုံးတို့ကို မည် သို့သော်စည်းစိမ်ဘုံနန်းနှင့် မျှလဲလှယ်ခြင်းမပြုနိုင်ပါ။
ကျွန်ုပ်၏ မျက်ရည်နှင့် နာကျင်ကြေပျက်မှု များ ကိုလည်း ငြိမ်သက်ခြင်းနှင့် လဲလှယ်ရောင့် ရဲ နိုင်မည် မဟုတ်ပါ။
ကျွန်ုပ်၏ ဘ၀တစ်လျှောက်လုံးတွင် မျက်ရည်နှင့် အပြုံးတို့ ရှိမြဲရှိနေစေလိုမှု သည်သာလျှင် ကျွန်ုပ်၏ ပြင်းပြအာသာ ဖြစ်တော့၏ ။
လယ်ကွင်းပြင်တွေ စိမ်းစိုနေပြန်ပါပေါ့လား။
မိုးဦး ၀င်ရောက်ခဲ့ပြန်ပြီးကိုးလေ။
ရထားလမ်း၏ ဟိုဘက်မှ တရိပ်ရိပ်ပတ်ချာလည်ယိမ်းကကျန်ရစ်သော လမ်းနံဘေး ကုက္ကိုပင်ကြီးတွေ ကို လှမ်းမျှောမြင့်တွေ့ ရပြန်သည်။
ရထားသည် တဂျိမ်းဂျိမ်းဂျုန်းဂျုန်း လှုပ်ခါမြည် ဟည်းရင်း ခရီးနှင်နေသည်။
နံနက် ခြောက်နာရီလေးဆယ်တွင် ဂေါက်ကွင်း ဘူတာသို့ဆိုက်ရောက်လေ့ရှိသော မြို့ ပတ်ရထားသည် ခရီး သွားပါး ချောင်ချိနေသေးသည်။ တစ်ဘူတာပြီး တစ်ဘူတာဆိုက်နှင့် သာလျှင် ဈေးသယ်တွေ နှင့် ကုန်စိမ်းသယ်တွေ နှင့် ကြပ်ကြပ်သိပ်သိပ် ဆူဆူညံညံ စည်ကားလာလိမ့်မည် ။ လောလောဆယ် ဖြတ်သန်းခဲ့သော မြို့စွန်ဘူတာလေးတွေ မှာ တော့ ခရီးသွားအတက်အဆင်း မရှိလှသေး။
ကျွန်မ၏ စိတ်ကူးပန်းချီသည် အတားအဆီး ကင်းမဲ့လှစွာ လွှင့်ချင်တိုင်းလွင့် မျောချင်တိုင်း မျောလျက် ဆေးစက်ကျရာ စုတ်တံသုတ်လိမ်း ရေး ခြယ်နေခဲ့၏ ။
ခါလဲလ်က ဘ၀ မပြီးဆုံးသေးသရွေ့ တွေ့ ဆုံရမည့် အပြုံးတွေ မျက်ရည်တွေ ကို ဆီးကြို ထွေးပိုက်မည် ဟု စာပန်းချီမှု န်းသသည်။
ကျွန်မ ကတော့ ဖြစ်နိုင်လျှင် အပြုံးချည်းသာရင်ဆိုင်ရချင်နေသည်။ မျက်ရည်ကို ကျွန်မ မုန်းသည်။ ကြောက်သည်။ မျက်ရည်ကျရသော အ ဖြစ်ကိုကျွန်မ မေ့ပစ်ချင်သည်။ အို…. မေ့ပစ်ချင်တာမဟုတ်ပါဘူးလေ။ ထိုအ ဖြစ်မျိုးနှင့် အစကတည်းက ရေစက်မဆုံခဲ့၊ မတွေ ကြုံခဲ့ချင် တာပါ။ မျက်ရည်မကျခဲ့ရဖူးသော မှု န် ဖြစ်ချင်နေတာပါ။
ကျွန်မဟာ လောဘ ကြီးလွန်းနေပြီလား။ ချက်ချင်း ပင် သည်အတွေးကို ကျွန်မ ပယ်ဖျက် ငြင်းဆန်သည်။
ကျွန်မ၏ ဘ၀ ရည်မှန်းချက်တွေ ဟာ အလွန်အမင်း မမြင့်မားလှဘဲ သူလိုငါလို သာမာန် အေးချမ်းပျော်ရွှင်စွာ ငယ်နုစဉ် အချိန်များ ကို သက်တောင့်သက်တာ ဖြတ်သန်းကုန်ဆုံး ခဲ့ချင်ရုံမျှ သာပါ။
ခုတော့ ကျွန်မ၏ ငယ်ဘ၀သည် အချိန်မတိုင်မီညှိုးလျော်အကြည်းတန်ခဲ့သည်။
ကျွန်မ နာကျင်မွန်းကျပ်နေရတာ ကြာခဲ့ပါပြီ။ သည်အခြေအနေမှ မလွတ်မြောက်သာ သည့်တိုင် မခံမရပ်နိုင် လွန်းသော သည်တစ်နေ့ တော့ဖြင့် ကျွန်မ ခဏကလေး ထွက်ပြေးရမှ ဖြစ်တော့မည် ။
ဆန်းဆန်း ကုသိုလ်ကောင်းသည်မှာ အသက်သည် ဆန်းဆန်းကို အင်မတန်ဂရုစိုက်သည်။ ကျွန်မကို မချစ်ခင်စေကာမူ ဆန်းဆန်းကို ကျွန်မ၏ သွေးပါသည်ဟုပင် သတိမရ အမှု မထား နိုင်အောင်အသက်က အသေအလဲချစ်ပါသည်။
ကြီးကြီးပိုရယ်၊ အသက်ရယ်၊ ဆန်းဆန်းရယ်၊ ပြီးတော့ကျွန်မ၊ သည်လေးယောက် သာ နေထိုင်သော နေအိမ်တွင် ကျွန်မသည် ပျော်သည် မဟုတ်သော်လည်း စိတ်သည် ခပ်ထုံထုံပျင်းတွဲ တွဲ နှင့် နေတာထိုင်သာတော့ ရှိခဲ့သည်။ လူသေမသွားခြင်းသည် ရှင်သန်နေသေးသည် ဆိုလျှင်ပေါ့လေ။
ပုံန်မှန်လုပ်ငန်းတွေ နှင့် လှုပ်ရှား ရွှေ့ လျားရင်း တစ်နေ့ တစ်နေ့  အချိန်သည် ဆိုင်းငံနေဘဲ မလောက်ငှနိုင်အောင် ကုန်ဆုံးသွားမြဲ ဖြစ်သည်။ နာရီမြန်နေသလားဟု ထင်ယောင်ယိုးမှား မိလောက်အောင်ပင်ကျွန်မမှာ ဘယ်အခါမှာ မှ အချိန်လုံလုံလောက်လောက် မရှိခဲ့ပါ။
ကျွန်မ ရေး ဆွဲချင်သော ပန်းချီကားတွေ ကို ပြီးပြည့်စုံအောင် အကောင်အထည် မဖော်နိုင် ခဲ့ပါ။ ဖက်စရာစာအုပ်ကြွေးတွေ ကလည်း ရှိမြဲရှိနေတတ်သည်။ ဒါတွေ ကို အကြေအလည် အကြွေး ဆပ်မည် သာ စိတ်ကူးခဲ့လျှင် ကျွန်မရူးသည်နှမ်းသည် စွဲချက်တင်စရာ ဖြစ်တော့မည် ။ စိတ်ကူး လွန်မည် ၊ ကျွံမည် လေ။
ဘယ်လောက်ပဲ အကျွမ်းမ၀င်စိမ်းကားသည့် နေအိမ် ဖြစ်စေကာမူ ကြီးကြီးပို၏ နေအိမ်မှာ ကျွန်မနေထိုင်သည်။ ဘယ်လိုပဲ ဖြစ် ဖြစ် ကျွန်မရုန်းထွက်နိုင်စွမ်းမရှိသော ချည်တိုင် ဖြစ်ခဲ့သည်။
ကျွန်မ၏ ချည်တိုင်သို့ ကျွန်မ ပြန်တော့ပြန်ရမှာ ပဲ။ လောလောဆယ် သည်ခဏမှာ သာ လေလွင့်ဆွတ်ပျံ့နေသော စိတ်တွေ ကို ကျွန်မမှ မထိန်းချုပ်နိုင်သော ကြောင့် သာပါ။
သည်စနက်တံသို့ တို့သော မီးစမှာ မနေ့ညကနေ ရောက်ရှိလာသော သတင်းစကားပင် ဖြစ်လေသည်။
နေ၀င်ရီတရောမှာ ကြီးကြီးစိန်သည် သူမ၏ ကရိုလာကလေးနှင့် ရွှင်ရွှင်မြူးမြူး ဖိုးမော်ဆီ က ကြေးနန်း ၀င်လာတယ်တဲ့ မပိုရ။ သမီးကလေးတဲ့ဟု ၀မ်းပမ်းတသာ သတင်းပေးရင်း ကားပေါ်မှာ ဆင်းလာကာ ကျွန်မကို မြင်ကာမှခြေလှမ်းတန့် မျက်နှာလည်း ကွက်ခနဲပျက်ခဲ့သည်။
ထိုစဉ်က ကျွန်မမှာ အလုပ်ခန်းထဲတွင် ငြုပ်သီးမှု န့်ထုပ်တွေ ကို ပိုင်ရှင်အမည် နှင့် ပိဿာ ချိန်တွေ စစ်ဆေးနေရာချစီတန်းထားနေခဲ့သည်။ မီးလာမှကြိတ်ရတာ မို့ အလုပ်လည်းပြီးလူလည်း ငြုပ်သီးမှု န့်နှင့် ချွေးရောကာ နှာချေမျက်လုံးစပ် လက်တွေ ပူရှိန်းနေခဲ့သည်။
ကျွန်မရှိနေသလား။ ကြားလောက်သလားပင် သတိမထားမိနိုင်အောင် ကြီးကြီးစိန် ၀မ်းသာ အယ်လဲ ဖြစ်နေခဲ့သည်။ သူမကိုယ်တိုင်က သမီးတွေ သာမွေးဖွားခဲ့သော ကြောင့် သားငတ်ကတူ ဖြစ်သူ အမော့်ကို ပုံအောချစ်ခဲ့သည်။ တစ်ဖန် သည်မြေးမသည် သူမစိတ်တိုင်းကျအဆင့် အနွယ် ဘွား ဖြစ်နေပြန်လေသည်။ သြော် မေမာလာဝင်း၏ သွေးပေကိုး။
ကြီးကြီးစိန်တွင် သည်အိမ်သို့ အချိန်မရွေး ၀င်ထွက်ပိုင်ခွင့်ရှိနေသည်။ သူမနှင့် အသက်တို့ ဖခင်သည် မောင်နှမ အရင်းတစ်ခေါက် ဖြစ်သည်။ သည်အိမ်အမွေဆိုင်အိမ်။ အသက်တို့ ဖခင် မျက်နှာလွှဲသွားပြီးသည်နောက် အထည်ကြီးပျက်ခဲ့ရသော ယောက် မတို့သားအမိတွေ ဟန်မ ပျက်ရလေ အောင်အမွေမခွဲဘဲ သူမက သက်သက်ညှာညှာနေထိုင်ခွင့် ပေးထားခဲ့သည်။ သူမ နေထိုင်ရာ ၀င်ဒါ မီယာမှ တညင်းကုန်းသို့ အကြောင်းကိစ္စမရှိဘဲ လာရောက်ခဲလေသည်။
အမော်နှင့် ပတ်သက်လာလျှင် ကြီးကြီးစိန်တို့အဖို့ သည်ခရီးသည် နီးကပ်စမြဲ ဖြစ် လေသည်။ ကြီးကြီးပိုကလည်း တစ်ဦးတည်းသော သား၏ ရင်သွေးသတင်းကို ကြားသိချင်မည် ။ အသက်ဆိုတာကလည်း တိုင်းတစ်ပါးရောက်နေသည့် မောင်အမကြောင်းကြားတိုင်း မျက်ရည်စမ်း စမ်းနှင့် လွမ်းမဆုံးသော အစ်မ ဖြစ်သည်။ သို့တစေ ကြီးကြီးပိုနှင့် အသက်တို့ သားအမိသည် ကျွန်မ အပေါ်ထုံးစံအတိုင်း ယဉ်ကျေးငဲ့ညှာကြပါသည်။ အမော်ထံမှ ကြေးနန်းနှင့် ပတ်သက်၍ တစ်စုံတစ် ရာမဆွေးနွေးဘဲ အခြား အကြောင်းအရာများ ကိုသာ လှီးလွှဲပြောဆိုနေခဲ့သည်။ မြေခွန်၊ အိမ်ခွန် ကိစ္စ၊ ပါဝါမီတာကိစ္စ စသည်ဖြင့် ။
အမှု န့်ကြိတ်စက်ခန်းကို ဟန်မပျက် ဆက်လက်သိမ်းဆည်းခဲ့ပြီး ကျွန်မက မီးဖိုချောင်ဝင် ကာ ကိုယ်ရောက်ဖျောက်နေခဲ့ရသည်။ အလိုက်တသိ ရှောင်ပေးရင်း မကြားနိုင်၍ ရှောင်ပြေးခဲ့ရ ပါသည်။
ဆန်းဆန်း၏ မြူးကြွစူးရှသော ရယ်သံ စကားသံတွေ ကြားမှာ ညှပ်ပါလာသော ညီမရေး ဆို တဲ့စကားလုံးတွေ သည် ကျွန်မ၏ နှလုံးသည်းပွတ်ကို ချွန်မြသော မြားတွေ လှ တွေ အစင်းမြောက် မြားစွာ တရစပ် ထိုးစိုက်လိုက်သလို ပြင်းပြစွာ နာကျင်ထိခိုက်စေသည်။ သြော် ဆန်းဆန်းကို သူတို့ ပြောပြလိုက်ကြတာကိုးဟု မကျေမချမ်းသော်လည်း ကျွန်မမှာ ကန့်ကွင်ဆန္ဒပြပိုင်ခွင့်မရှိပါ။ ကန့်ကွက်သင့်သော အကြောင်းလည်း မရှိပါဘူးလေ။ အမော့်သမီးသည် ကျွန်မနှင့် ဘယ်တော့မှ ပတ်သက်ခြင်း မရှိစေကာမသ ဆန်းဆန်း၏ ညီမ ဖြစ်နေသည်။ ဒါကို ကျွန်မ လက်ခံချင်လည်း ငြင်း ဆန်နိုင်ခြင်း မရှိပါ။ လက်ခံရမှာ ပါပဲ။ နာနာကျင်ကျင် ရှုံးရှုံးနိမ့်နိမ့်နှင့် ပဲ မျက်နှာအောက်ချ မြေမှာ ၀ပ် ဆင်းပြီးမာနကို မီးသဂြိုဟ်ပြီး မြှုပ်နှံနေရုံသာ ရှိပေမှာ ပါ။
ညဥ့်နှစ် နာရီထိုးသည့်တိုင် တစ်မှေးမှ အိပ်မရနိုင်သည့်အဆုံး ဆောင်ထားမြဲ ဒီဇက် တစ်လုံး ကိုသောက်ခဲ့ရသည်။ ကျွန်မက နောက်တစ်နေ့မှာ လုပ်ရမည့်  အလုပ်တွေ နှင့် လုပ်ချင်သော အလုပ်တွေ ကို မတန်မဆ အကွက်ချ ကြံစည်နေကျ ဖြစ်သည်။ အိပ်ရေး ပျက်ပြီဆိုမှဖြင့် ဦးခေါင်း တစ်ခုလုံး ရီဝေကာဘာတစ်ခုမှ ဖြောင့်ဖြောင့်ဖြူးဖြူး သွက်သွက်လက်လက် မရှိတော့ဘဲ ထုံထိုင်း လေးလံနေတော့မှာ မို့ ကျွန်မ အိပ်ပျော်မှ ဖြစ်လိမ့်မည် ။ ကျွန်မ အိပ်ရေး ၀ရလိမ့်မည် ။ ဒီဇက်အားကိုး ခြင်းတွင် ကျွန်မအလေ့အကျင့် ရနေခဲ့သည်။
ဒါတောင်မှပဲ မနက်က ငါးနာရီ ဝေလီဝေလင်းမှာ နေ့စဉ် ၀တ္တရားအတိုင်း ကျွန်မနိုးလာ သည်။ အိပ်ထန်းနိုးထကြသော ကျေးငှက်ကလေးတွေ ၏ တကျွိကျွိအသံတွေ က ကျွန်မနားထဲတွင် ဆူညံနှောင့်ယှက်သည်။ ပြီးတော့ ဆွေးဆွေးမြည့် မြည့်  တွန်ကျူးသော ဥသြငှက်ငယ်၏ လွမ်းတေး သည်လည်း ကျွန်မ၏ မတည်ငြိမ်သော အသည်းစိုင်ကို ဆွဲခါလေသည်။ လွမ်းတေး ဟုတ်ချင်မှ ဟုတ်မှာ ပါလေ။ နွေ၏ အလှအပကို သာသာယာယာ တေးဖွဲ့နေတာလည်း ဖြစ်ချင်လည်း ဖြစ်နေ ပါလိမ့်မည် ။ ကျွန်မကိုယ်က စိတ်နုထိရှလွယ်နေတာ ထင်ပါရဲ့ ။ ကျွန်မ၏ မျက်လုံးအိမ်မှ ကျွန်မ ကြောက်လန့် စပ်ဆုပ်သော မျက်ရည်စတွေ ဟာ တားမနိုင်ဆီးမရ သွန်းကျခဲ့တော့သည်။
စိတ်ထိခိုက် ဒဏ်ရာရတိုင်း မျက်ရည်မလွယ်အောင် ကျွန်မကိုယ်ကျွန်မ ချုပ်ချယ် ထိန်းကွပ် လာခဲ့တာ အတန်အသင့် အောင်မြင်နေပြီးသားပါ။ ခုတော့တဖန် မဟန်နိုင်မဆည်နိုင်အောင်ဘာ ကြောင့် မျက်ရည်လွယ်နေရပြန်တာလဲကွယ်။
မျက်ရည်ကြားမှ ဆုံးဖြတ်ချက် ချရသည်။ တစ်နေရာရာသို့ စိတ်ပြေလက်ပျောက် သွားဖို့လို အပ်နေပြီဟု ကျွန်မဘာသာ သိနေပြီပဲ။
ဘယ်သွားမှာ လဲ။
ဘယ်သွားရမလဲ။
နှစ် ပတ်ကြာဖွင့်လှစ်ထားမည် ဆိုသော ဗိုလ်ချုပ်ဈေး အရှေ့ဖက်တန်းမှ ယွန်းပန်းချီပြခန်းသို့ ကျွန်မ စိတ်ကူးထဲတွင် အကြိမ်ကြိမ် ရောက်နေခဲ့တာ မဟုတ်လား။ လူကိုယ်တိုင်အရောက်သွား လိုက်ဖို့ မသင့်ပေဘူးလား။
ပန်းချီကားတွေ ကြားတွင် ဝေဖန်ရင်း ချီးမွမ်းရင်း အတုခိုးရင်း ပညာယူရင်း ကျွန်မ၏ တစ်စ စီပြိုကျလွင့်စင်နေသော မာနတွေ သိက္ခာတွေ ကို နည်းနည်း ချင်း ပြန်လည်ကောက်ယူ နိုင်လိမ့် မည် ။
လွင့်ပါးသော စိတ်နောက်သို့ လူတပါတည်း လိုက်ခဲ့တော့သည်။
သည်လိုသာ ထွက်ပေါက်တစ်နေရာ မပေးဘူးဆိုလျှင် ကျွန်မဟာ စကြဠာတံတိုင်း အပြင် သို့တိုင် စင်ထွက်ပျောက်ပျက်သွားရတော့မှာ ပဲ ထင်သည်။
ရထားဥသြဆွဲသံသည် ကျွန်မ၏ ဆုံးစမရှိ လွင့်မျောသော အာရုံကို တုံ့ဆွဲ ကြိုးတင်းလိုက် လေသည်။
ရံဖန်ရံခါ၌ မည် မျှ အသံစူးရှ ကျယ်လောက်သော အသံ ဖြစ်နေပါစေ၊ ကျွန်မ၏ အာရုံကို မဖမ်းချုပ်နိုင်ပါ။ တစ်ခုခု၌ သိပ်ပြီး စူးစိုက်ဝင်စား နစ်မြှုပ်နေလျှင်သော်လည်းကောင်း၊ ခုလို အဆီး အတားမရှိ ဝေ့၀ဲပျံ့လွင့်နေလျှင်သော လည်းကောင်း၊ ကျွန်မ ဘာမဆိုဘာမျှ မကြားမသိဘဲ ရှိနေ တတ်သည်။
မွန်ဟာအရူးမဟု အမော်က ချစ်စနိုးညဉ်းတွားသံသည် ဘယ်အချိန်တုန်းက ဘယ်အသိ မှတ်ဥာဏ်မှာ ကိန်းအောင်းနေခဲ့သလဲမသိဘဲ မသေမရှင် လူးလွန့်ခြောက်လှန့်သည်။ ဘာကြောင့် များ လာပြီး နှိပ်စက်နေဦးမှာ လဲ။ တော် သင့်ပါပြီကွယ်။
ကျွန်မသည် လေတိုးသဖြင့် နဖူးပေါ် ဖရိုဖရဲကျနေသော ဆံပင်တွေ ကို လက်တစ်ဖက်နှင့် အသာအယာသိမ်းဖယ်ရင်း ပြတင်းမှ တစ်စစ နှေးကွေးစွာ ကျန်ရစ်သော မြင်ကွင်းကို အမှတ်မထင် ခပ်ရှပ်ရှပ်ငေးကြည့်မိသည်။
အင်းစိန်ဘူတာ ပလက်ဖောင်းတွင် ဟင်းရွက်တောင်းတွေ အစီအရီ။ ဈေးသည်တို့ ဦးခေါင်း တွင် လည်း ခြင်းတွေ တောင်းတွေ ကိုယ်စီရွက်ကာ ထမ်းကာနင့်။
ဂန္ဓမာတောင်ကြီးတွေ ကို ကျွန်မ မျက်စိကျနေသည်။ ဒါတွေ ကို ဗိုလ်ချုပ်ဈေးသို့ သယ်ယူ သွားကြလိမ့်မည် ။ ကြပ်သိပ်စွာ စည်းနှောင်ထားသော နှင်းဆီခက်တွေ ကလည်း စွေးစွေးနီတျာကာ လှပဲလှနိုင်အား ပါပေရဲ့ ။ အဲ့သလို တောင်းထဲမှာ အစုလိုက်အစည်းလိုက် တင်နေစွင့်လျှင်ကော၊ ပန်းခင်းတွေ ကို ကျွန်မ စိတ်ကူး ဖန်ဆင်းမြင်ယောင်သည်။
ပန်းသည်အမေကြီး၏ မျက်နှာကို ကျွန်မ စိတ်ဝင်စားသွားပြန်သည်။ သူမခမျာ ပန်းတောင်း တွေ ရထားပေါ်ရောက်ဖို့သာ အရေး တကြီးနိုင်နေသည်။ သူမ၏ မြေကလေးက မ,တင်ပေးသော တောင်းတွေ ကို ရထားမှ အဆင်းရေလွယ်ပြီး ထိခိုက်မိမှာ သိပ်မပူပန်ရသော အိမ်သာတစ်ဖက် အသေပိတ် နံရံအနီးသို့ တွန်းပို့ တိုးရွှေ့နေသည်။
ကျွန်မ ရေး ဆွဲမည် ဆိုလျှင် နှင်းဆီပွင့်ကလေး၏ အလှနှင့် ပန်းသည် အမယ်အို၏ သော ကယှက်သန်းသော မျက်နှာကို ယှဉ်ပြီး ကပ်ရေး ဆွဲမည် ။ အရောက်တောက်တောက် တွေ ချည်းသုံးလိုက်မည် ။ အပူရောင် တွေ သုံးချင်သည်။
အိုး.....သည်စိတ်ကူးဟာ မကြာခင် လွင့်မျောကွယ်ပျောက်သွားမှာ ပါလေ။ ပန်းချီတစ်ချပ် ကောက်ခြစ်ရေး ချယ်ရလိုက်သော အတွေးတွေ ကို အခါခပ်သိမ်းတော့လည်း ဘယ်မှာ အကောင် အထည်ဖော် ဖြစ်ပါ့မလဲ။ လွှင့်မျောသွားနိုင်တာပဲ မဟုတ်လား။
ပြီးတော့လည်း ဘ၀ဆိုတာ လွင့်ချင်ရာသို့ လွင့်မျောသွားတတ်သော စိတ်ကူးပန်းချီ၊ မှော်ပန်းချီ ဖြစ်နေသည်လေ။ ဘယ်သူရေး ခြယ်တတ်မှာ မို့လဲ။
ဆူဆူညံညံ တိုးဝှေ့ နေရာလုနေကြသော ခရီးသွားတွေ မှာ ကျွန်မနှင့် တဖြည်းဖြည်း ဝေးကွာသွားကြသည်။ ကျွန်မအနီးတွင် နေရာယူနေကြလျက်နှင့် ပင် သူတို့ကို ကျွန်မ စိတ်မ၀င်စား တော့သော ကြောင့်
ငြိမ့်ခနဲလှုပ်ခါသည်၊ ရထား ထွက်လာခဲ့ပြန်ကြောင်း အမှတ်ထားမိ၏ ။
ရှေ့ဘူတာတွေ ကနေ ခရီးသွားတွေ တစ်သုတ်ပြီးတစ်သုတ် တက်လာကြလိမ့်မည် ။ အဆင်းနည်း သော ကြောင့် ကြာလေ ကြပ်သိပ်လာလေ။ ထိုင်ခုံ မရသော ကြောင့် မတ်တပ်ရပ်နှင့် ပါလာသော အထုပ်အပိုးပေါ်ထိုင်သူနှင့် ။
ကျွန်မသည် ငယ်ငယ်တုန်းက ရေး ဆွဲဘူးသော ရုပ်ပုံတွေ အကြောင်းကို မဆီမဆိုင် သတိရနေမိသည်။
ကျွန်မအတွက်တော့ ပန်းချီတွေ ပုံတူတွေ သာ ဖြစ်ခဲ့သည်။ ဖေဖေ့ပုံ၊ ဟား ဟား…… မောင်က ဖိုးဝ ရုပ်ကြီးကို မျက်မှန် တပ်ထားသလိုပါပဲလားဟု ဖေဖေက ခွက်ထိုးခွက်လန် ရယ်မော နေခဲ့သည်ကို မနေ့တစ် နေ့ကလို ကြားယော်မြင်ယောင်လာပြန်သည်။ တကယ်တော့ နှစ် ပေါင်း နှစ် ဆယ်ကျော်ခဲ့ပြီးသည့် အ ဖြစ်အပျက်ကလေးတွေ အတိတ်၏ ခြေရာကလေးတွေ ပန်းချီကား ချပ်ကလေးတွေ ပါပဲ။
ထိုစဉ်က ခဲတံကိုသွားနှင့် ကိုက်ကာ ခေါင်းကိုဘေးငဲ့ပြီး ကျွန်မရှက်နေခဲ့သည်။ ညွန့် ကတော့ ပဲပင် ပေါက်ကလေးလိုပဲ။ ဟုတ်တယ်လေ ညွန့်ရဲ့ ဆံမြိတ်က ပဲပင်ပေါက်အညှာက်နဲ့တူတယ်ကွဟု ဖေဖေက ဆက်ပြီး ပြောင်လှောင်နေသော အခါ ကျွန်မ၏ ဗလာစာရွက်ကို ဖေဖေ့လက်မှလုယူ ဆုတ်ဖြဲပစ်လိုက်မိတာ ကိုကျွန်မ အမှတ်ရသည်။
ဖေဖေတို့အတွင် တော့ ကာတွန်းပုံတွေ သာ ဖြစ်မှာ ပါပဲဟု ခုတော့ ကျွန်မက အမှတ်တရ ပြုံးလည်း ပြုံးချင်သည်။ လွမ်းလည်းလွမ်းမိသည်။ ဖေဖေနှင့် မေမေကိုသာ ထိုစဉ် ငယ်ဘ၀ ကလေးကိုပါ ကျွန်မတမ်းတ လွမ်းမောရပါသည်။
ဖေဖေသည် ကျွန်မရှစ်တန်းကတည်းက ကျောက်ကပ် ရောဂါ နှင့် သေဆုံးသွားခဲ့သည်။
မေမေ ကတော့ အရင် နှစ် နှစ် ကမှ ဆုံးတာပါ။
ဖေဖေကံကောင်းသည်။ သူ၏ တစ်ဦးတည်းသော သမီး ဖြစ်သူ ကျွန်မကို တစ်နေ့သော အခါ တိုင်း ပြည် သိနိုင်ငံကျော် ပန်းချီဆရာမ ကြီး ဖြစ်လာလိမ့်မည် ဟု မျှော်မှန်းရင်း စိတ်ကူး ဆေးမင်ခြယ်ခိုက်မှာ မျက်လုံးမှိတ်သွားခဲ့ရသူပါ။ ကျွန်မ အသုံးမကျပုံတွေ ၊ မိုက်လုံးကြီးပုံ တွေ ကို မကြားသိရ၊ မမြင်တွေ့ ရ၊ မခံစား ရသော ကြောင့် ကျွန်မနှင့် ပတ်သက်ပြီး ဖေဖေ့ ဘ၀ ကံကောင်း ခဲ့သည်။
မေမေ့ကို ကျွန်မ သနားလှသည်။ မိဘတွေ ၏ မျှော်မှန်းချက် အစစအရာရာကို ကျွမ်းထိုး မှော က်ခုံ ဖြစ်စေသော သမီးအ ဖြစ် နာနာကျင်ကျင် ကြေကွဲရင်း မေမေ့ခမျာ ဘ၀၏ နောက်ဆုံး ရက်များ ကိုရင်ဆိုင်သွားရရှိသည်။ ငယ်စဉ်ကပင် စွဲကပ်ခဲ့သော နှလုံးအပေါက်ကျယ်သည့် ရောဂါ သည် ဖေဖေခွဲခွာသွားခြင်း ထက် ပိုပြီး ပြင်းထန်သော ဖိအားကို ကျွန်မ၏ ရူးနှမ်းမိုက်မဲ မှု များ မှတစ်ဆင့် မေမေ့အတွက် ပေးအပ်ခဲ့ဟန် တူလေသည်။
မေမေ့ကို ကျွန်မ အသက်မမီလိုင်သည့်အတွက် မေမေ့နောက်ဆုံးအချိန်တွေ ဟာ ပိုပြီး အပန်းကြီးလေသလား။ သက်တောင့်သက်သာများ ရှိလေသလား။ ကျွန်မ မသိနိုင်ပါ။ ကျွန်မ ကတော့ကျွန်မကို မေမေ မတွေးမိလျှင် အသေဖြောင့်မှာ မို့ မတွေးပါစေနှင့် သာ ဆုတောင်း နေရစ် ရပါတော့သည်။
မေမေ့ပုံတူ ပန်းချီကားချပ်ကို တစ်နေ့နေ့တော့ ကျွန်မရေး ဆွဲမည် ။ ရှေးရိုးပန်းချီရေး ဆွဲနည်းအတိုင်း ရုပ်လုံးကြွ သက်ဝင်နေအောင် ရေး ဆွဲ ဖြစ်မလား။ မေမေဆိုသော ခံစားချက် တစ်ခု၏ သရုပ်ကို ဖော်ယူကာ ဟန်သစ် ဆေးချက်များ နှင့် ရေး ခြယ် ဖြစ်မလား။
မရှိခဲ့ဘူးချင်ပါဘူး ဆိုသော်လည်း အတိတ်ကို ဖျောက်ဖျက်မရစကောင်းလေတော့ ကျွန်မ ၏ ဦးနှောက်တစ်နေရာက ကျွန်မရေး ဆွဲခဲ့ဖူးသော အမော့်ကယ်ရီကေးချားကို ဖျက်ခနဲ အတွေးထဲ တွန်းပို့လိုက် သည်။
ရထားက တငြိမ့်ငြိမ့်သွားမြဲ ဖြစ်ပါလျက် ကျွန်မ ဟန်ပျက်ယိမ်းယိုင်သွားရသည်။
ကျွန်မ၏ နံဘေးတွင် ထိုင်နေသော ကရင်မကလေးက လှည့်ကြည့်တာမို့ ကျွန်မသည် ဟန်မပျက်စာအုပ်ကို တစ်ရွက်လှန်လှောလိုက်ရသည်။
အမော်က လူချောတစ်ဦး ဖြစ်သည်။ သူ့မျက်လုံးတွေ က ကျဉ်းပြီး သူပြုံးလိုက်လျှင် သွား တက်ကလေးတွေ ပေါ်လာတတ်၏ ။
ကယ်ရီကေးချား၏ သဘောသဘာဝမှာ ရုပ်ပြောင်ပင် ဖြစ်သည်။ ရုပ်ဆိုးသူတို့၏ ကယ်လ်ကေးချား သည် ပို၍ ရုပ်ပီပြင်ကာ မြင်ရသူ ပြုံးရဖို့ သေချာစေသည်။
ကျွန်မက အမော်မျက်လုံးကို ဆံချည်မျှင်လောက် မှေးထားပြီး သူ၏ နာမည် ကျော် သွားတတ်ကလေးများ ကို ပြူးငေါ်ချွန်းကြွအောင် လက်စွမ်းပြခဲ့သည်။
မော်စိတ်ကို ခံပြင်းခဲ့တာမို့ ကျွန်မလက်ရာမြောက်သည် ဆိုရာမှာ ပဲ မဟုတ်လား။
အမော့်ကို ဤမျှအတိုင်းအတာအထိ ကျွန်မ သတိရမနေတတ်တာ ကြာခဲ့ပါပြီ။ ဒဏ်ရာ သည် အချိန်က ကုစားပြီး အသားသေသယောင်နှင့် ခံစားမှု အာရုံကြောတွေ သည် ထုံထုံထိုင်းထိုင်း ဖြစ်နေခဲ့ပြီးသားပါ။
အမော့်သမီးလေး၏ မွေးဖွားခြင်းသတင်း ရောက်ရှိလာသော ကြောင့် သာ အစစအရာရာ ပြန်လည် ဆန်းသစ်ပြီး ကျွန်မ၏ ၀ဋ်ဆင်းရဲတွေ တဖန် ပြန်လည်ဝဲ့လှည့်လာခဲ့တာပါ။
ကျွန်မသည် လက်ထဲမှ ခါလ်၏ စာအုပ်ကို ကြည့်နေသော်လည်း စာလုံးတွေ ကို မမြင် မတွေ့ ဘဲ မျက်လုံးတွေ ဝေသီနေခဲ့သည်။ ကြေကွဲရိပ်တွေ လား၊ နာကြည်းငွေ့တွေ လား။
ကျွန်မ ကတော့ ခါလဲလ်ကို ကဗျာဆရာ တစ်ယောက် မဟုတ်ရလေပါ။
အပြုံးတွေ မရှိလျှင်နေပါစေ။ မျက်ရည်တွေ ကို ဖြတ်သည့်နည်းနှင့် အလျော်အစားပေးပြီး ပြန်အမ်းလိုက်ချင်လှပါလေသည်။
မပြုံးပါဘူးကွယ်။
ဒါပေမဲ့ မငိုပါရစေနဲ့လား။
ငိုခဲ့ရသော ကျွန်မ မ ဖြစ်ပါရစေနဲ့ လား………..
ပြုပြင်ပြောင်းလဲပြီး အသစ်တဖန် ပြန်မစနိုင်ခြင်းသည် ဘ၀တဲ့လား။
မျှော်မှန်းချင်များ စွာ နှင့် ကျွန်မကို ရန်ကုန်သို့ပို့ပြီး ကျောင်းထားပေးသော မေမေမှာ အပြစ်မရှိပါ။ မိတ္ထီလာနေရုံနှင့် အသိအမြင် မပွင့်လင်းနိုင်ဘူးဆိုသော ကျွန်မ၏ အကြောင်းပြချက် ကိုမေမေက လိုက်လျောရခြင်းသာ ဖြစ်ပါသည်။
ကိုးတန်းနှစ် မှာ ကတည်းက ကျူရှင် ကျောင်း ကောင်းတက်ထားပါမှ ဆယ်တန်းနှစ် မှာ လည်း အခြေခိုင်မည် ဟု ကျွန်မအခိုင်အမာပြောသည့်အခါ အစ်ကိုနှစ် ယောက် က ထောက်ခံသည်။ ထိုစဉ်က အစ်ကိုကြီး မှာ စက်မှု ဗိသုကာဘွဲ့ရပြီးနောက် မန္တလေးတွင် သူငယ်ချင်းများ စုပေါင်းပြီး ဆောက်လုပ်ရေး လုပ်ငန်းတွင် အခြေချလုံးပန်းနေခဲ့သည်။ အစ်ကိုလတ် ကတော့ ဘီနှင့် နှစ် နှစ် ဆက်တိုက်အောင်မြင်ပြီးသည့်နောက် သင်္ဘောလိုက်ဖို့ အဆက်အသွယ်ရှာနေ ခဲ့၏ ။ အစ်ကို ငယ်ကျတော့ကော သူ ကတော့ ကျောင်းကိုလည်း အပြစ်အဖို့သာလောက်အောင် လေးတန်း ကတည်းက တစ်တန်းလျှင် နှစ် နှစ် နေလာကာ ရှစ်တန်းတောင် မကျော်တော့။ သူကို ကျွန်မ မှီလာသော အခါ သူကျောင်း မနေတော့ဘဲ သူ့ဝါသနာအရ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတူထောင် ကာ ဘက်ထရီဆိုင် ဖွင့်သည်။
ကျွန်မကို ရေခြား မြေခြားသွားရောက် မနေချင်သူက အစ်ကိုကြီး ဖြစ်လေသည်။ ကိုယ့်မြို့ ကိုယ့်ကျောင်းမှာ ပဲ ကြိုးကြိုးကုတ်ကုတ် စာသင်ရင်လည်း တတ်ပါတယ်ဟာ။ စာမေးပွဲ အောင်တာ မအောင်တာ၊ အသိအမြင် မပွင့်လင်းတာ လင်းတာက ကိုယ့်အကြောင်းနဲ့ကိုယ်ပါဟု သူက သူ့ကိုယ်နှင့် သူနှိုင်းပြီး မရိုင်း အောင်ပြောဆိုသည်။
ဘာပဲ ဖြစ် ဖြစ် ရန်ကုန်တွင် ကျွန်မကျောင်းနေခွင့်ရခဲ့သည်။ မေမေ့သူငယ်ချင်း ကြီးကြီးစိန် သည် အသက်တို့နေအိမ်မှာ ကျွန်မ ကျောင်းတတ်နိုင်အောင် စီစဉ်ပေးခဲ့သည်။
ကြီးကြီးစိန်တို့အိမ်က သိပ်ကျဉ်းကြပ်တယ်။ လူအ၀င်အထွက်လည်း သိပ်များ တော့ မှု န်စာမကျက်နိုင်မှာ စိုးတယ်တဲ့။ ကိုယ့်ယောက် မအိမ်က သမိုင်းမှာ ၀ိုင်း ကျူရှင်ယူမယ်ဆိုရစ် ပတ်ဝန်းကျင်ကလည်း သိပ် မကွာဟဘူး။ မပိုကလေူ အတန်းတူတွေ လည်း နှစ် ယောက် ရှိတော့ အဖော်ရတာ ပေါ့တဲ့။
နယ်ကျောင်းသူ တစ်ယောက် ဟာ ရန်ကုန်နေ့ရက်တွေ ကို ဘယ်လောက်အထိမှန်းဆ အထင်ကြီး နိုင်ကြောင်းကို ကျွန်မကိုယ်တိုင်သာ ခံစား သိရှိနိုင်ပါသည်။
ကျွန်မသည် ရန်ကုန်သို့ လေးငါးခေါက်ထက် ပိုပြီး မရောက်ဘူးခဲ့ပါ။ မေမေနှင့် အတူ ရန်ကုန်သို့ ဆင်းလာလျှင် ကြီးကြီးစိန်တို့အိမ်တွင် တည်းခိုသည်။ ရွှေတိဂုံ၊ ကမ္ဘာအေး၊ တိရစ္ဆာန်ရုံ၊ ရုပ်ရှင်ရုံ၊ ကန်တော် ကြီးတို့သို့ အချွင်းမချန် လှည့်ပတ် ကြည့်ရှုကြရသည်။
လေယာဉ်ပျံကွင်းတစ်လှည့်။ ရထားတစ်လှည့်သွားဖူးလာဖူးသော ကြောင့် လေယာဉ်ပျံတို့ ဘူတာ ကြီးတို့ကိုလည်း ကျွန်မရောက်ခဲ့ဖူးသော နေရာများ စာရင်းတွင် ထည့်သွင်းရပါမည် ။ ကြီးကြီးပိုက်တွင် ထမင်း လခပေးပြီး နေထိုင်ရင်းမှပင် သူငယ်ချင်းတွေ နှင့် အတူ ခြေစမ်းရင်း လေ့လာစပ်စုရင်း ဟိုဟိုသည်သည် ရောက်ဖူးလာခဲ့ရသည်။
ကြီးကြီးစိန်သည် နှစ် ဆယ့်ခြောက်လမ်းတွင် ကျဉ်းကျဉ်းကြပ်ကြပ် နေထိုင်ကာ စီးပွားရေး ကျယ်ကျယ် ပြန့်ပြန့်လုပ်သည်။ ကြီးကြီးစိန်နှင့် ငွေပင်ငွေရင်း စိုက်ထုတ် ပူးပေါင်းကာသူသည် မေမာလာဝင်း၏ မိခင် ဖြစ်နေသည်ကို နောင်အတော် ကြီး ကြာမြင့်မှသာ ကျွန်မသိခွင့်ရခဲ့လေသည်။
ကြီးကြီးပိုမှာ မူ သွားလေသူ ခင်ပွန်းသည်၏ ပင်စင်လစာနှင့် စုငွေကလေးကို လှည့်ပတ် သုံးစွဲရင်း အခြေမပျက်အောင် ယောင်မကိုပဲတိုင်ပင် အားထားကာ နေရသည်။ ကျွန်မ၏ နေရေး ထိုင်ရေး ကို ကြီးကြီး စိန်က စီစဉ် တိုက်တွန်းလာသော အခါ သူမ ကြည်ဖြူရုံသာ ရှိလေ၏ ။
ကျွန်မမှတ်မိသေးသည်မှာ မေမေနှင့် ကျွန်မကို သမိုင်းနေအိမ်သို့ ကြီးကြီးစိန်ခေါ် သွားသည့်နေ့ ဖြစ်သည်။ ရန်ကုန်နဲ့ အဝေးကြီးပဲနော်။ မိတ္ထီလာလိုပါပဲဟု ကျွန်မတီးတိုး ငြီးတွား သော အခါ မေမေက ကျွန်မကို တဘောင်လောင်နှင့် တွက်ပြီး ဟန့်တားသည်။
ကြီးကြီးစိန်က ပါးနပ်စွာ ဘတ်စ်ကားနဲ့ တောင် ဆယ့်ငါးမိနစ်လောက်သွားရုံးနဲ့ တောင် ဆယ့်ငါးမိနစ်လောက် သွားရုံနဲ့ ရန်ကုန်မြို့လယ် ရောက်ပါတယ်သမီးရဲ့ ။ ကြီးကြီးတို့နေရတဲ့ နှစ် ခြောက်လမ်းက မွန်း ကြပ်တယ်။ စီးပွားရေး သမားသာ နေကောင်းတဲ့နေရာကွယ့်။ သမိုင်းမှာ နေသားကျသွားရင် သမီးနေရာချင်း လဲချင်မှာ ကို မဟုတ်တော့ဘူးဟု ရွှန်းရွှန်းဝေအောင် ပြောသည်။
ကြီးကြီးစိန်တွင် သမီးသုံးယောင်ရှိသည်။ ထိုစဉ်က တစ်ယောက် မှ အိမ်ထောင်မကျသေး။ တစ်ယောက် မှလည်း ဆယ်တန်းမအောင်ပါ။ သို့သော် ကြီးကြီးစိန်၏ စီးပွားရေး မှာ တော့ ကျွမ်းကျင်နှံ့စပ်နေကြပါပြီ။ ဘွဲ့ရှိရင် ဂုဏ်တစ်ခုပေါ့ညွန့်ရယ်။ အရေး ကြီးတာက အသက်မွေးဝမ်း ကြောင်း တတ်ဖို့ပါပဲဟု သူမ၏ ဒဿနကို မေမေ့အား ဖော်ထုတ်ခဲ့သေးသည်။ အဲသည်အရွယ် အတွေ့ အကြုံအရတော့ ကျွန်မကလည်း တိတ်တဆိတ် ပယ်ချပစ်ခဲ့ဖူးတာပေါ့။
ထိုနေ့က မိုး သဲသဲမဲမဲ ရွာနေခဲ့သည်။ အသက်တို့၏ နေအိမ်မှာ ဘူတာရုံလမ်းမနံဘေး တိုက်ခံပျဉ်ထောင်အိမ်နှစ် ထပ်။ ကျွန်မတို့ဆီမှာ လိုပင် လေးပင်သုံးခန်းပုံ ရိုးရိုးကြီးပါပဲ။
အောက်ထပ်တွင် တစ်ခန်းကိုဧည့်ခံကုလားထိုင် ခင်းကျင်းထားသည်။ ကျန်နှစ် ခန်းစာမှာ အလှပြင်ဆိုင်တစ်ခန်း စတိုးဆိုင်တစ်ခန်း ငှားရမ်းထား၏ ။
ဧည့်ခန်းထဲတွင် ကိုယ်လုံးပေါ်မှန် တပ်သားသော မတ်တပ်ဗီရိုကြီးတစ်လုံးရှိပြီး အလှပြ ဗီရို ထဲတွင် ပန်းကန်တွေ ဓာတ်ဘူးကြီးတွေ ထည့်ထားတာကို ကျွန်မ အံ့သြနေခဲ့သည်။ ရှေးရိုးကျ သော ရေဒီယိုကြီးတစ်လုံးကို တစ်ချောင်းထိုး ဇာပ၀ါအုပ်ပြီး အလှဆင်ထားသည်ကို ကြည့်ရင်း ကျွန်မစိတ်ဓာတ်ကျသည်။ အမယ် တိုင်ကပ်နာရီအိုကြီးကလည်း ချောက်ချက်ချောက်ချက်နှင့် အချိန်တော့ မှန်ရှာသားပါပဲ။
ကျွန်မတို့သည် နယ်မှာ နေထိုင်ရသော်လည်း ဖေဖေက ဒိုင်အိုကျောင်းထွက် ဖြစ်သော ကြောင့် အနေအထိုင် ခေတ်မီသပ်ရပ်သည်။ ကျွန်မတို့၏ ဧည့်ခန်းတွင် အသက်တို့အိမ်မှာ လို့ ရှိုးပြ ၀ါကြွားသော ပစ္စည်းတွေ မထားပါ။ ပြီးတော့ နံရံဗေးရှင်းရှိသည်။ စားပွဲတင် ပန်ကာရှိသည်။ ပြီးတော့နံရံတွင် ရှုခင်းပန်းချီကားကြီးတစ်ချပ် ချိတ်ဆွဲထားသည်။ ကျွန်မ၏ စိတ်ကူးစိတ်သန်းသည် ဖေဖေဘက်သို့ နွယ်သည်ဟု မေမေက ယူမှတ်ကာ ကျွန်မကလည်း ဤသို့ ယူမှတ်ခြင်း ခံရတာ ကို ဂုဏ်ယူကျေနပ်လေသည်။
ကျွန်မနေထိုင်ရမည့်  အိမ်ကို ကျွန်မသည် ပထမ အမြင်အတွေ့ မှာ ကို အလွန်အမင်း စိတ် ပျက်ခဲ့ရသည်။ ရှေ့ကြုံတွေ့ လာမည့်  အိမ်မက်ဆိုးတွေ ကို ကြိုတင်သိများ သိလျှင် ချက်ချင်း လှည့် မပြန်ရပေဘူးလား။
ထိုနေ့ကပင် ကျွန်မသည် အသက်နှင့် အတူတကွ နေထိုင် ကျောင်းတက်ကြရမှာ ကိုလည်း သိပ်ပြီးတက်တက်ကြွကြွမရှိခဲ့ပါ။ တွေ့ ကာစသိကာစမို့ စိမ်းနေသေးတာပဲ ဖြစ်မှာ ပါဟု ကျွန်မထင်မှတ်ခဲ့သော်လည်း နောက်နောင်မှာ လည်း အသက်နှင့် ကျွန်မပိုပြီး နားလည်ခြင်းမရှိခဲ့ပါ။
ဘာပဲ ဖြစ် ဖြစ် အသက်သည် ရိုးသား၍ စကားနည်းပြီး အနွံတာခံတတ်တဲ့ ငဲ့ညှာတတ်သူ လည်း ဖြစ်သော ကြောင့် အသက်နှင့် ပတ်သက်ပြီး ဘယ်သော အခါက ကျွန်မစိတ်ညစ်ညူးရခြင်း လည်း မရှိခဲ့ရပြန်ပါ။
အသက်က မိခင်နှင့် တူသည်။ ကြီးကြီးပိုက အရာရှိကတော် ဟောင်း တစ်ယောက် ဟုပင် မထင်မှတ်သာလောက်အောင်ရိုးစင်းထုံထိုင်းလွန်းနေတာတစ်ခုပဲ ပြောစရာရှိသည်။ သူမရှိနေသည့် အတွက် တစ်ခုကောင်းပြန်တာက ကြီးကြီးပိုသည် လောကကို အကောင်းမြင်ဝါဒနှင့် သာ ရှုမြင် တတ်သည်။
တရားအမြင်ကလေး စွက်ဖက်ပြီး ဘယ်လိုပြဿနာပဲရှိနေနေ ပေါ့ပေါ့ပါးပါးနည်းလမ်းရှာဖွေ လေ့ရှိသည်။ ကြီးကြီးပိုမှိုင်တွေ ငိုညည်းနေတာများ ကျွန်မဖြင့် လုံးလုံးလျားလျားမကြုံရဘူးပါ။
ကျွန်မကိုအိမ်ထောင်စုစာရင်းတွင် ထည့်သွင်းရန်နောက်နေ့ ကျောင်းအပ်ရန် စသည်ဖြင့် လူကြီးတွေ ကို တိုင်ပင်ဆွေးနွေးစဉ် ကျွန်မ၏ ပစ္စည်းတွေ ကို အသက်က သူမ၏ အခန်းထဲသို့ ကူသယ်ပေးပါသည်။
မောင်လေးက ဟိုဘက်ခန်းမှာ အိပ်တယ်ဟု လှေကားရင်းမှာ ကာရံထားသော တစ်ခုတည်း သော အခန်းကိုအသက်က မေးငေါ့ပြသည်။ အဲဒါ အသက်က ကျွန်မကို ပထမဆုံးပြော ဖြစ်သော စကား ဖြစ်သည်။
အသက်တို့မောင်နှမနှစ် ယောက် စလုံး ကိုးတန်းတက်ကြမည် ဖြစ်ကြောင်း ကျွန်မကြိုတင် သိထားပါသည်။အိမ်တွင် နေထိုင်ရကာမှ သူတို့နှင့် စတင်တွေ့ ဆုံဖူးရသော်လည်း သူတို့နာမည် တွေ ကို ကာလအတန်ကြာကပင် ကျွန်မကျွမ်းဝင်နားယဉ်ခဲ့တာပါ။ ရန်ကုန်မှာ ကျောင်းနေချင်သော ပိုးဝင်စကတည်းက ဆိုပါစို့။
အသက်သည် အိပ်ခန်းခေါင်းရင်း ပြတင်းပေါက်ကိုအနည်းငယ်ဟကြည့်ပြီး နောက်မိုးပက် တုန်းပဲဆိုကာ ပြန်ပိတ်လိုက်သည်ကို ကျွန်မသတိရနေသည်။ သူက ခလုတ်ဖွင့်လိုက်သော မီးသီး မှာ ရေနံချေးဝနေသော အခန်းများ မှ လုံလောက်သော ရောင် ပြန်ဟပ်မှု ကို မပေးနိုင်သော ကြောင့် အခန်းသည် ခပ်မှော င်မှော င် ဖြစ်နေသည်။ ထို့ကြောင့် ပင် မေမေပြန်ခါနီး ၌ နှစ် ပေမီးချောင်း ၀ယ်ပေး ခဲ့ပါဟု ကျွန်မအမှာ ပါး ဖြစ်ပါသည်။
မင်းဘယ်ခုတင်ကြိုက်သလဲဟင် ဟူသော စကားသည် အသက်ထံမှဒုတိယအ ဖြစ်ပေါ် ထွက်လာခဲ့သည်။ အဲဒီ မှာ မင်းအိပ်တာမဟုတ်လား။ တို့ဒီဘက်မှာ ပဲ အိပ်ပါ့မယ်ဟု ကျွန်မပြောသော အခါ မင်းကြိုက်တဲ့ဒီဘက်မှာ ပဲ အိပ်ပါ။ တို့ကသိပ်အစွဲအလမ်းမထားတတ်ပါဘူးဟု ပြော၏ ။
ကျွန်မခုတင်လွတ်မှာ ပဲ အ၀တ်သေတ္တာတင်လိုက်ပါသည်။ နောက်မှသိရတာ က ကျွန်မ ရောက်လာသော ကြောင့် သည်ကုတင်မှ ကြီးကြီးပိုဖယ်ကာ တစ်ခန်းသီးသန့် ပြောင်းသွား ခြင်း ဖြစ်သည်။ မိန်းကလေးနှစ် ယောက် အတူထားလိုသော အုပ်ထိန်းမှု အစီအစဉ်တစ်ရပ် ဖြစ်ပါလိမ့်မည် ။
သည်ပန်းချီကားလေးကို ခေါင်းရင်းမှာ ချိတ်မယ်နော်ဟု ကျွန်မကပြောသော အခါ အသက် သည် ကျွန်မ၏ သေတ္တာထဲမှ ဆွဲထုတ်လိုက်သော ကောက်ရိုးပန်းချီကားကို တအံ့တသြ ငေးကြည့် နေခဲ့သည်။ လှသားပဲ။ ဒါမျိုးတို့တစ်ခါမှ မမြင်ဖူးဘူးဟု အသက်ကပြောသော အခါမှာ ကျွန်မက လည်း သူမ၏ မျက်နှာကို တအံ့တသြငေးကြည့်နေမိခဲ့သည်ထင်၏ ။
ထိုစဉ်မှာ ပဲ ခြေသံတွေ ကြားနေရသည။ လှေကားထစ်များ ကို တစ်စုံ တစ်ယောက် နင်းတက် လာစဉ် ကျွီခနဲကျွီခနဲအိကျသွားလျက်ရှိလေ၏ ။
အဲဒါအမော်ပေါ့။ တို့မောင်လေးဟု အသက်ကတံခါးဘက်သို့ လှည့်မကြည့်ဘဲ ကျွန်မလက်မှ ကောက်ရိုးပန်းချီကိုသာ ကြည့်မြဲကြည့်ရင်း အတတ်ပြော၏ ။
အမော့်ကိုကျွန်မ ပထမဆုံးမြင်တွေ့ ရစဉ်တွင် ဘယ်လိုများ ထူးထူးခြားခြားခံစားရပါလိမ့်ဟု နောက်တော့ကျွန်မမကြာခဏစဉ်းစားကြည့်သည်။ တစ်မိုးအောက်အတူနေရမည့်  အိမ်ရှင်တစ်ဦး ဖြစ်သည်ဟု ကျွန်မစိတ်ဝင်စားခဲ့သည်မှာ သေချာသည်။ ပြီးတော့ အမော်ဟာအသက်နှင့် ရုပ်ချင်းဆင်သော်လည်း အသက်ထက် ပိုဖြူပြီး ပို၍ ချောမောသည်ဟု ကျွန်မယူဆ ဖြစ်ခဲ့သည်မှာ လည်း အများ စုလက်ခံယူဆထားသည်နှင့် မခြားနားခဲ့ပါ။
နင့်အိပ်ရာလိပ်ကြီးကတော် တော် လေးတယ်ဟာ။အလုပ်သမားခတော့ ပိုပေးရလိမ့်မယ်ဟူ သော အမော့်စကားအဆုံးတွင် ကျွန်မပြုံးမိ သွားပါသည်။ အမော်ဟာ အသက်ထက်သွက်လက် သော ကြောင့် မိတ်ဆွေ ဖြစ်လွယ်မည့် သူပေပဲဟု ကျွန်မမှတ်ချက်ချပေးမိပါသည်။
ဒါတော့ သေချာတာပေါ့။ ကဲပြောဘယ်လောက်လဲဟု ကျွန်မကရင်းရင်းနှီးနှီး ဖြစ်အောင် ခပ်သွက်သွက်တုံ့ပြန်ခဲ့ပါသည်။
“မိုးစဲရင် လမ်းထိပ်မှာ လက်ဖက်ရည်ထွက်သောက်ကြရအောင်။ အီစကိုက နှစ် ခွက်ပေါ့။” အီစကိုက နှစ် ခွက်ပေါ့။ ပြီးတော့ ပဲပလာတာစားမယ်။ ဒူးယားလဲ…”
သည်တော့မှ အသက်သည်ကျွန်မ၏ ပန်းချီးကားမှမျက်လုံးလွှဲဖယ်ကာ ပြုံးယောင်ပြုရင်း မော်တင်ပါးကို ချစ်စနိုးနှင့် ဖျက်ခနဲရိုက်ပါသည်။ ရုပ်ပြောင်ပဲတဲ့။
နင့်ပန်းချီကားမျိုးတွေ ဗိုလ်ချုပ်ဈေးမှာ တအားရောင်းတာပ၊ ဒါကိုနင်က မိတ္ထီလာကတောင် သယ်လာသလားဟု မော်ကမေးသည်။
ဗိုလ်ချုပ်ဈေးထဲက ဟာတွေ က တို့ပစ္စည်းမှမဟုတ်တာ။ ဒါကတို့ပစ္စည်းလေး။ တို့ကြိုက်လို့ အိပ်ခန်းထဲမှာ ချိတ်ထာတာ သုံးနှစ် ရှိနေပြီဟု ပြောသော အခါ အမော်က အဓိပ္ပာယ်ပေါက်သွား သလား မဆိုနိုင်သော်လည်း ခုတော့ဒါ နင့်အခန်း ဖြစ်သွားပြီ ဘယ်မှာ ချိတ်မလဲပြောလို့ သံရိုက်ပေး မယ်ဟု ဧည့်ဝတ်ပြုလေသည်။
ပြန်စဉ်းစားကြည့်လေသမျှ သူနှင့် ကျွန်မစတင်ဆုံတွေ့ ရခြင်းသည် ဘာတစ်ခုမှ ထူးထူးခြား ခြား ရင်ခုန်စရာမရှိခဲ့ပါ။ အသက်သည် သူမအောက်တစ်နှစ် ခွဲသာ ငယ်သော အမော့်ကို ဆယ်နှစ် မကငယ်ရွယ်တော့သလောက် အဆစ်ကဲ အလိုလိုက် အလျော့ပေးလေတော့ ကျွန်မအနေနှင့် လည်း ကျွန်မအောက်ခြောက်လသာ ငယ်သော အမော့်အပေါ်အငယ်ရယ်လို့ အလိုလိုက်အလျှော့ ပေးဖို့အလိုလို ဖြစ်သွားခဲ့ရတာ ပဲ ပြောစရာရှိလေသည်။
မရှိခဲ့ဖူးချင်လောက်သော အတိတ်တစ်ပိုင်းတစ်စသည် သူနှင့် လုံးဝပတ်သတ်ရလိမ့်မည် ဟု ကျွန်မဘယ်သိနိုင်ပါ့မလဲကွယ်။
လကွေးကလေးသာကာ တိမ်းမည်း ဖြန့်ကျက်သော ကောင်းကင်အောက်မှ မြစ်ပြင်ကျယ် တွင် လှေငယ်တစ်စင်းရွက်လွင့်မျောနေသော ကောင်းရိုးပန်းချီကားသည် ကျွန်မ၏ လွင့်မျောလေ မည့်  ဘ၀နိမိတ်ပုံလေလား။
သမိုင်းတွင် အတူနေထိုင်လာကြသည့် ကာလအတွင်း ကိုးတန်း၊ ဆယ်တန်းနှစ် တွေ ဟာ အဖြူစင်ဆုံး အပျော်ရွှင်ဆုံးနေ့ရက်တွေ ပါပဲ။
အသက်သည် စာအုပ်များ ၊ စက္ကူစများ နှင့် အစဉ်သဖြင့် ပွရှုပ်နေလေ့ရှိသော ကျွန်မ၏ သိုက်မြုံသို့ နယ်နမိတ်ကျော်ဝင်စွက်ဖက်လေ့မရှိပါ။
ခေါင်းရင်းပြတင်းသည် ကျွန်မဘက်ခြမ်းတွင် ရှိသည်။ မျက်နှာချင်းဆိုင်အိမ်သည်တစ်ထပ် မျှသာ ဖြစ်ပြီး ခြံဝင်းကလည်းကျယ်ဝန်းလျက် သရက်ပင်တွေ အုပ်ဆိုင်းနေသည်။ ရှေ့မြင်ကွင်းက ပိတ်ဆို့ကားဆီးထားသော ကြောင့် မိုးကောင်းကင်ကိုသာ ထင်ထင်ရှားရှား ကျွန်မမြင်ရသည်။
ကျွန်မ၏ စာရေး ခုံကို ပြတင်းနားတွင် ချထးကာနံနက်ခင်းတွေ မှာ ကျွန်မပန်းချီဆွဲသည်။ ညနေခင်းတွေ မှာ လည်း ပုန်းကွယ်လုဆဲ နေမင်းကြီးကိုလည်းကောင်း၊ တိမ်တောက်ကာ နီပြာမရမ်း ယှက်သွယ်နေသည်ကိုလည်းကောင်း၊ မိုးဖွဲဖွဲ ရွာစွေကာ မြင်ကွင်းမှိုင်းပျငြိမ်သက်နေသည်ကိုလည်း ကောင်းစုတ်တံကိုင်ရင်း ခဲတံကို နားရွက်ကြားမှာ ညှပ်ထားရင်း ကျွန်မငေးမောပျံ့လွင့်နေလေ့ရှိ၏ ။
ထိုအခါမျိုးမှာ အသက်ကစကားမဆို မနှောက်ယှက်ဘဲ အိပ်ခန်းတံခါးကို အသံမမြည် အောင်ဖွင့်လေ့ပိတ်လေ့ရှိသည်။
ညဥ့်နက်သန်းခေါင် မီးလင်းနေလျှင်လည်း အသက်သည် ဇာခြင်ထောင်ခါင်းရင်းပိုင်းတွင် မျက်နှာသုတ်ပ၀ါကြီး ဖြန့်ချထားပြီး နံရံဘက်မျက်နှာမူကာ အိပ်စက်နေလိုက်တာပါပဲ။
အစ ကတော့ အသက်နှင့် ကျွန်မကကျောင်းအတူသွားကြသည်။ သို့ ရာတွင် အသက်က ၀ိဇ္ဇာကျွန်မကသိပ္ပံမို့ သင်ယူကျက်မှတ်ရသော စာတွေ တိုင်ပင်တွဲ ဖက်ကြသော သူငယ်ချင်းတွေ မတူညီနိုင်ပါ။
ပြီးတော့လည်းအသက်က အချိန်မှန်မှန်အိမ်မှထွက်လေ့ရှိပြီး ကျွန်မကစောလိုက်၊ နောက်ကျလိုက်ပုံသေမရှိတတ်ပါ။ ထိုသို့အားဖြင့် ကျွန်မဘာသာ တစ်ယောက် တည်းကျောင်းသွား ဖြစ်တာကများ လာလေသည်။ အဲဒါကိုက လူပေါင်းစိတ်ခွာ သိပ်နားလည်ရင်းနှီးမှု မရနိုင်တာကို ဖော်ပြနေတာပဲမဟုတ်လား။ ကျွန်မတတ်သော ၀ိုင်းကျူရှင်ကိုလည်း အသက်တို့မောင်နှမ မတက် ကြပါ။ သင်္ချာနှင့် အင်္ဂလိပ်စာလောက်သာ အသက်က ကျူရှင်ယူသည်။ စာတကုတ် ကုတ်ကျက် မှတ်သော်လည်း သိပ်ပြီးလိုက်မီကြေညက်ဟန်မရှိပါ။
အမော်နှင့် မူကား အစကတည်းကပင် ကျောင်းအတူသွားလေ့သွားထမရှိသလောက်ပင်။ သူကသူငယ်ချင်းတွေ နှင့် အတူ ကောင်းနိုးရာရာ ကျူရှင်တွေ ဖြန့်ကျက်သင်ယူသည်။
မနက်မိုးလင်းသည်နှင့် လက်ဖက်ရည်ဆိုင်မှာ သူတို့ချိန်းထားပြီး ဖြစ်သည်။ ညနေစောင်း ဆိုလည်း စက်ဘီးနှင့် လမ်းသလားတတ်ကြသည်။ တစ်ခါတစ်ရံတော့လည်း မိုးသည်းနေ့တွေ မှာ အပြင်မထွက်သာဘဲ အောက်ထပ်ဧည့်ခန်းထဲမှာ ၀ိုင်းဖွဲ့ထိုင်ကာ စက်ရုံမှူးသမီးလေးကို ပိုးပန်း တာတို့။ သူတို့အုပ်စုထဲက တစ်ယောက် မိန်းမခိုးပြေးတာတို့ ထွေလာကေလာ ကြားရတတ်၏ ။ ရံဖန်ရံခါတွင် ကျွန်မလည်းပါဝင်နားစွင့်ရင်း ထင်မြင်ချက်ပေးဆွေးနွေးရင်း ပျော်စရာကောင်းသလို ရှိခဲ့လေသည်။
“ဖအေနာမည် ချင်းတူနေတော့ ဦးစံရွှေသားဆိုရင် ငါ့ချည့်ထင်နေကြတာ”
ဝက်ကြီးကရေနွေးကြမ်းကို ဂလုခနဲ ကျိုက်ချရင်း အားပါးတရပြောပြသည်။ ကျွန်မတို့ တတွေ စိတ်ဝင်တစားနားထောင်ကြရသည်။
“နင်တစ်ခါလုံးဖြေရှင်းနေရမှာ ပေါ့နော်”
ဝက်ကြီးကခေါင်းခါသည်။ သူကဖြူဖြူတုတ်တုတ်မျှစ်စို့ပေါက်ကြီးလို ထွားကျိုင်းသော ကြောင့် သူ့အမည် ရင်းပျောက်ကာ ၀က်ကြီးဟုသာ တွင် နေ၏ ။
“ငါ ပုန်းနေတာပေါ့”
“ဟင်.. ဘာ ဖြစ်လို့”
ကျွန်မစိုးရိမ်ပူပန်သွားသည် မိန်းကလေးဘက်မှမောင်ဘွားတွေ က လူမှားရန်ရှာနေရော့ သလား။
“ငါလို့အထင်ခံရနည်းလား မှု န်ရ”
အမော်သည် သူ့ပုံစံအတိုင်း အေးတိအေးစက်စိတ်မ၀င်စားသလို နေနေရာမှ သဲ့သဲ့ပြုံးလာ ရင်းဝက်ကြီး၏ ကျောကုန်းကို လှမ်းဖက်လှုပ်ယမ်းမိ၏ ။
ကျွန်မက ခွက်ထိုးခွက်လန် ရယ်မောမိသော အခါ အမော်က…
“ဟိတ်… အဘွားကြီး ပွမ်နေဦးမယ်။ သတိ” ဟု တီးတိုးဟန့်တား၏ ။
“နင်ကတခြားအပျိုတွေ လို ငါးခူပြုံးလေးလောက်ပြုံးပါလား” ဟု ဆက်သော အခါ ကျွန်မက
“ငါတော့ ၀ါးလုံးကွဲပဲရယ်တတ်တယ်” ဟု ခပ်ရွတ်ရွတ်အဖြေပေးလိုက်တာပါပဲ။
ထိုသို့ သော စကားဝိုင်းတွင် အသက်က ပါဝင်လေ့မရှိ။ အသက်၏ သူငယ်ချင်းတွေ မှာ ဆံပင် ဘယ်ပုံစံထားပြီး ဘယ်အင်္ကျီတွေ ခေတ်စားသည် ဆိုတာမျိုးကိုသာပြောလေ့ရှိကြသည်။ သူတို့ သည်ကိုမော်သူငယ်ချင်းတွေ နှင့် အကျွမ်းတ၀င် မရှိကြသည့်အပြင် ၀က်ကြီးဖဲရိုက်တာ၊ ကိုမော် စီးကရက် ခိုးသောက်တာတို့ကို မြိန်ရည်ယှက်ရည် စကားတင်းဖွဲ့တတ်ကြသည်။ ကိုမော်တို့ ကလည်းမသက်သူငယ်ချင်းတွေ က ဗျောက်အိုးတွေ ပါကွာဟု ချိုးနှိမ်မြဲ။
သည်ဝန်းကျင်မှာ ကျွန်မအထင်အကြီးဆုံး သူငယ်ချင်း၊ တစ်ယောက် ရှိကို ရှိရမည် ။ တောင်းဆိုလာပါလျှင် အသက်ကိုသာ လက်ညှိုးထိုးပြစရာရှိသည်။ အသက်သည် သူ သူငယ်ချင်း တွေ ၏ စကားကို စိတ်ဝင်တစား ရှိသော်လည်း သူ့သူငယ်ချင်းတွေ လုပ်သလို လိုက်လုပ်ခြင်း မရှိပါ။
အမော်ထက်အသက်တစ်နှစ် ခွဲသာ ပိုကြီးသော်လည်း လူကြီးသူမ တစ်ယောက် သဖွယ် အမော့်ကိုငဲ့ညှာသည်နှင့် အမျှ မိခင်မုဆိုးမကြီးကြီးပိုအပေါ်လည်း ပူပူပန်ပန်ဂရုတစိုက်ရှိသည်။
သူမ၏ သူငယ်ချင်းတွေ သယ်ယူလာသော အလှပြင်အသုံးအဆောင်တွေ ကို အသက်က စတ်ပါလက်ပါကိုင်တွယ် ကြည့်ရှုတတ်သော်လည်း အင်မတန်ဝယ်ယူခဲ့လေသည်။
“အမေ့မှာ ငွေပိုမရှိပါဘူးဟာ”ဆိုတာ အသက်၏ လက်သုံးဆင်ခြင်ပါပဲ။
မှတ်မှတ်ရရ ဆယ်တန်းအတက်ကျောင်းပြန်အဖွင့်မှာ ကျွန်မက ကြီးကြီးပိုနှင့် ကိုမော်ဖို့ တရုတ်မွေးပွမျက်နှာသုတ်သဘက် တစ်ထည်စီ လက်ဆောင်ယူလာခဲ့ပြီး အသက်အတွက် ယတ်ဒလီကိုယ်လိမ်းပေါင်ဒါနှင့် မျက်နှာလိမ်းပေါင်ဒါဘူး ပေါက်စကလေးလက်ဆောင်ပေးခဲ့သည်။ အသက်မှာ ၀မ်းသာခြင်းကို မဖုံးဖိနိုင်ဘဲ ကျွန်မပေးသော လက်ဆောင်ကို အဖန်တလဲလဲ ထုတ်ကြည့်ဖွင့်ကြည့် ဖြစ်နေခဲ့သည်။
မင်းကို တို့သူငယ်ချင်းတွေ က သိပ်အထင်ကြီးကြတာ။ မင်းကက ပိုက်ဆံသုံးနိုင်တဲ့သူမို့ပေါ့။ ဘာ ဖြစ်လို့သူတို့လောက် အလှပြင်မနေတာလဲဟင်ဟု ပထမဆုံးအကြိမ် အသက်ကျွန်မ၏ ရပ်တည်လှုပ်ရှားမှု နှင့် ပတ်သက်ပြီး စပ်စုမေးမြန်းသည်။
“တို့လား။ တို့ဘ၀င်က တစ်မျိုးပဲလေ။ သိပ်ဝတ်စားပြင်ဆင်နေဖို့ မလိုဘူးလို့ပဲ အောက်မေ့ နေတာ။ ခုလိုပုံစံလောက်နဲ့ပဲ စိတ်ဝင်စားစရာကောင်းနေပြီး အောက်မေ့တာပဲ….”
ကျွန်မက ကိုယ့်ကိုကိုယ် ထင်တစ်လုံးနှင့် အဖြေပေးသည်ကိုလည်း အသက်ကဟားတတ် လှောင်တတ်သူ မဟုတ်ခဲ့ပါ။
“ဟုတ်ပါတယ်။ မင်းရဲ့ အခုအပြင်အဆင်အနေအထိုင်ဟာလည်း စိတ်ဝင်စားစရာ ကောင်း တာပါပဲ”
ယင်းသို့ အသက်က အရိုးခံချီးမွမ်းပြန်တော့ ကျွန်မနည်းနည်း ရှုပ်သွားသည်။
“မင်းက ကျောင်းနံရံကပ် စာစောင်တွေ အတွက် ပန်းချီဆွဲပေးမှာ ဆို”
ကျွန်မအရှက်ပြေကာ ပြန်လည် ဦးမော့လာပြန်၏ ။
“ပုံဆွဲမယ့်သူက အရမ်းနည်းနေတာ။ တို့က အဖြည့်ပါ။ ပင်တိုင်ဆွဲမယ့် လူနှစ် ယောက် ရှိ ပါတယ်။”
“ဘာပဲ ဖြစ် ဖြစ် တော် တာပေါ့။ သူများ မလုပ်တတ်တာကို မင်းလုပ်တတ်တာပေါ့”
ကျွန်မကခဲပန်းချီ ရေဆေးပန်းချီလောက် စိတ်ကူးတည့်သလို ရေး ဆွဲသူပါ။ သင်ဆရာမ ရှိဘဲ စာတွေ့ စိတ်ကူးမှန်းသာ တစ်ကိုယ်တော် ထင်ရာစိုင်းပြီး ကိုယ့်လက်ရာကိုယ့်ဖာသာကျေနပ်နှစ် သိမ့် နေခဲ့တာ။
“ဒါကလဲ အမော်သွားပြီး အားချောင်လို့ပါ အသက်ရာ။ တို့ဘာသာ အခန်းထဲမှာ ပုံဆွဲတာ ဘယ်သူသိတာလိုက်လို့။ သူပြောလို့သိသွားတာ”
“သိသွားတော့ ကျောင်းအတွက် မင်းဝင်ကူ ဖြစ်တာ အဲဒါမကောင်းဘူးလား”
“ကောင်းတော့ ကောင်းပါတယ်”
အမော်ကမူ သူလျှောက်ပြောသော ကြောင့် တခြားလူတွေ သိကုန်ပါသည်ဆိုသော စွဲချက်ကို လုံးဝပယ်ချသည်။
“မမမှု န်ရဲ့ … ခင်ဗျားဘာသာ လူတကာပုံကို ရုပ်ပြောင်းတွေ လျှောက်ရေး နေလို့ လက်သံ ပြောင်ကြောင်း လူသိနေတာ မဟုတ်ဘူးလား။ ကျုပ်မလဲ ပွေးကို ဖြစ်လို့ဗျာ။ ကောင်မလေးတွေ ကြွေတဲ့ ဒီသွားတက်ဘောင် ခင်ဗျားရဲ့ ကယ်ရီကေးချားမှာ ဂေါ်ပြား ဖြစ်မသွားဘူးလား”
အမော့ခံစားချက်တွေ ပွင့်ထွက်လာသော ကြောင့် ကျွန်မရယ်မောရသည်။
“အမော်ကလဲဟယ် … လူ တစ်ယောက် ရဲ့ ထူးခြားတဲ့ ဥပဓိရုပ်အစိတ်အပိုင်းကို ထင်းခနဲ ဖြစ်အောင် ရေး ဆွဲပါမှ လက်ရာပြောင်မြောက်တာတဲ့။ ဥပမာ ကာတွန်းဦးဖေသိန်းကြီးကိုဆို နားရွက်အကြီးကြီးဆွဲ။ သမ္မတနစ်ဆင်ကိုဆို နှာခေါင်းကိုပွပွကြီး အကြီးကြီးဆွဲ။ တော့ဟုမ်းကြီး ကိုကျတော့ မေးရိုးကျယ်ကျယ်ကားကားကြီးနဲ့ ပါးစပ်ရွဲ့ရွဲ့ကြီးဆွဲ”
“အေးပါ… အေးပါ။ ဒီမှာ နင့်ရဲ့ ကယ်ရီကေးချား။ ကြည့်…ကြည့်”
ကိုမော် ဇိုးဇိုးဇပ်ဇပ်နှင့် ကျွန်မ၏ စာရေး ခံပေါ်မှ ဗလာစာရွက် တစ်ရွက်ကိုဆွဲကာ ခဲတံနှင့် ခပ်ကြမ်းကြမ်းရေး ခြစ်သည်။
ကျွန်မနှင့်အသက်က အမော် စိတ်တိုတောင်းနေသည်သဘောတွေ့ နေကြ၏ ။
သို့သော် ကိုမော့် လက်ရာကို ကြည့်လိုက်ရသော အခါတွင် အသက်က အားတုံ့အားနာ ပြုံးစပ်စပ်လုပ်နေပြီး ကျွန်မ ကတော့ မချိတရိ “အယ်” ဟုမြည် တမ်းမိတော့သည်။
ကျွန်မက မေးချွန်သည်။ ပါးပြင် ပြည့်သော ကြောင့် မေးကလေးချွန်သည်မှာ အသည်း နှလုံးပုံနှင့်တူသည်ဟု တင်စားခံရလေ့ရှိသည်။ အမော့် လက်ရာတွင် ကျွန်မ၏ မေးစေ့ကလေး သုံးမြှောင့်ချွန်ထွက်နေလိုက်တာများ အဖျားတွင် တလက်လက် တောက်ပဖြာထွက်နေသေးရဲ့ ။
ပြီးတော့ ကျွန်မ၏ မျက်လုံးများ ။ မရမ်းသီးလို စွံပလွန်သီးလိုရှည်ဝန်းဝန်းမျက်လုံးများ ။ သမင်မျက်လုံးကြီးတွေ ၀င့်လိုက်ရင် ဘာညာဖွဲ့နွဲ့ကြသော သည်မျက်လုံးတွေ ဟာ အမော် လက်စွမ်းပြလိုက်ကာမှ မျက်နှာ၏ တစ်ဝက်ကျော်နေရာယူထားသော စက်ဝိုင်းကြီး နှစ် ၀ိုင်းတွင် မျက်ဆံတွေ က မခို့တရို့ အောက်ဘက်ထောင့်စွန်းမှာ ကပ်ပြီး မျက်တောင်ရှည်တွေ ခပ်စိုက်စိုက် နှင့် ရှက်နိုးဟန်ပြုကာနေ၏ ။
ကျွန်မ၏ ပါးလျလျ နှုတ်ခမ်းနှစ် လွှာ အထက်နှုတ်ခမ်းကလေးက အလယ်တွင် မဆို စလောက်ကလေးသာ ချွန်သလိုကလေးစုနေတာပါ။ ဒါကိုပဲသူက ကြက်နှုတ်သီးလိုလို ငှက်နှုတ်သီး လိုလို ကောက်ချိတ်နေစေလေသည်။
သူ့လက်ရာ ကောင်းမကောင်း ဝေဖန်စရာ မလိုပါ။ သူငယ်တန်း ကလေးသာသာလောက် ခဲ ကြောင်းတွေ သာ ရေး ခြစ်ထားတာပါ။ အရေး ကြီးတာက သူထင်ရှားပေါ်လွင်အောင်ရေး ခြစ်တတ် ဖို့ပါပဲ။ ဒါကို သူစွမ်းဆောင်နိုင်ခဲ့သည်။
အေးစက်လွန်းသော ၊ ရယ်တတ်ရဲ့ လား အထင်မှားလောက်သော အသက်သည် ကျွန်မကို အားနာလျက်ပဲရယ်မောမဆုံး ဖြစ်နေခဲ့သည်။
ကျွန်မမှာ လည်း ကျွန်မ၏ ကယ်ရီကေးချားကို မသက်မသာ ပြုံးမဲ့မဲ့ကြည့်နေရတော့သည်။
“အခန်းအောင်းပြီး သုံးယောက် သား ဘာတွေ ဟားတိုက်နေကြတာတုန်း။ အမေ လက်ဖက် သုပ်ထားတယ်။ ဇောင်းရမ်းလက်ဖက်ကလေးကွယ့်။ နုဖတ်ဆိမ့်မွှေးနေတာပဲ။ ကြက်သွန်ကြော် တွေ ကလဲ ကြွပ်လိုက်တာ”
နာမည် ကသာ ဒေါ်ပို ဖြစ်နေသော်လည်း စကားပုံမပြောတတ်ရှာပါ။ ရှိသမျှ ရှာဖွေရတတ် သမျှနှင့် လုံလောက်အောင် စေ့စပ်စေ့ငှရသော ကြောင့် ကပ်စေးနှဲ သယောင်ရှိသော်လည်း သိပ်တော့ စီးစီးပိုးပိုး မရှိတတ်ပါ။
ပြန်စဉ်းစားကြည့်လျှင် အခြေခံပညာ အထက်တန်းပညာဆည်းပူးရစဉ် အချိန်ကာလ တွေ ဟာပျာ်စရာကောင်းဆုံးနေ့ရက်များ ဖြစ်ခဲ့တာ အမှန်ပင်။
ကျွန်မ၏ အိမ်မက်ဆိုးသည် တက္ကသိုလ်ရောက်ကာမှ အစပျိုးခဲ့သည်။ တက္ကသိုလ် ဒုတိယနှစ် ၏ နောက်ဆုံးနေ့များ မှာ ပေါက်ကွဲ တောက်လောင်ခဲ့သည် ဆိုလျှင် ပိုပြီးတိကျမှာ ပါ။
စီးပွားရေး ကျသထက်ကျဆင်းကာ အိမ်မြေတွေ ရောင်းချပြီး တညင်းကုန်းသို့ ပြောင်းရွှေ့ နေထိုင်ရသော ကြီးကြီးပိုတို့၏ မိသားစု၏ ကံကြမ္မာသည် ကျွန်မနှင့်လည်း ဆက်စပ်ပတ်သက်စွာ ညှိုနွမ်းခဲ့ရသည် ထင်ရဲ့ လေ။
ဆယ်တန်းတွင် အသက် ကျကျန်ရစ်သည်။
အမော်နှင့်ကျွန်မက ဓာတုဗေဒ ဘာသာရပ်တွင် အဓိက။ ကျောင်းသို့ အတူသွား အတူပြန် ဖြစ်တာတွေ များ ခဲ့သည်။
ကျောင်းတွင် သူနှင့်ကျွန်မကို မောင်နှမအ ဖြစ်သိထားကြလေသည်။ တကယ်တော့လည်း သစ်လွင်ဘ၀ရက်ဦးကာလတွေ တုန်းက ကျွန်မတို့တတွေ ဟာ မောင်ရင်းနှမတွေ ပမာ ခင်ခင်မင်မင် ပွင့်ပွင့်လင်းလင်း တကယ်ကို ရိုးစင်းခဲ့ကြတာပါ။
“အီကိုကွင်းကို နင်ပန်းချီဆွဲပါလားဟင် မှု န်”ဟုအမော်က ပြုံးဖြဲဖြဲ အကြံပေးရာမှ ရှုပ်ထွေး ကြေအက်သော ဇာတ်လမ်း အစပျိုးခဲ့သလား မဆိုနိုင်။
အသက်နည်းတူ ဆယ်တန်းတွင် ကျစ်ရစ်ခဲ့သော ၀က်ကြီးက ကျွန်မတို့၏ မြကျွန်းသာ အကြောင်းကို အင်မတန်သိချင်သည်။
အီကို အလှဘုရင်မအကြောင်းကို ၀က်ကြီးက စိတ်ဝင်တစား စပ်စုလေသည်။
“ကျောင်းစတက်ကတည်းက အမော့်ကို အီကိုကွင်းဖမ်းစားလိုက်တယ်ဟ။ ငါမြင်ဖူးချင် တယ်ဟာ။ နင်နဲ့လိုက်ခဲ့ရမလား”
“ဘယ် ဖြစ်မလဲ။ ငါလာဘ်တိတ်သွားမှာ ပေါ့”
ကျွန်မက ၀က်ကြီးကို ကျီစယ်လိုက်သည်။
ဝက်ကြီးက ကျွန်မတို့နောက်ဘယ်နည်းနှင့် လိုက်ရမည် ကို ခေါင်းကုတ်ရင်း အကြံထုတ်နေ ခဲ့သည်။ ကျွန်မတို့က သူ့ကိုတမင် ညှဉ်းဆဲထားကြလေသည်။
“တော် တော် လှသလားဟင် မှု န်”ဟု ၀က်ကြီးက မေးသည်။
“ပြောကြတာပဲ”
ကိုမော်က ကျွန်မ၏ အဖြေကို မကျေမနပ်။
“ဘယ့်နှယ်ပြောကြတာပဲ ရမလဲ မှု န်ရဲ့ ။ လှကို လှလို့ကွင်း ဖြစ်တာပေါ့”
“အေးလေ…ဟုတ်မှာ ပေါ့။ တို့မှ မမြင်ဘူးသေးတာ”
သည်တော့မှပဲ အမော်ကျေလည်သည်။
“နင် လိုက်ကြည့်မလား။ အေးလေ … လိုက်မကြည့်ပါနဲ့”
ဝက်ကြီးက ၀င်ထောက်ရသည်။
“ဒါပေါ့ လိုက်မကြည့်ပါနဲ့။ သူလာဘ်တိတ်သွားမယ်”
ကျွန်မ၏ စကားလုံးကို ၀က်ကြီး ရွေးသုံးလိုက်တာကြောင့် ကျွန်မရယ်မိ၏ ။
“ဟုတ်ပါပြီလေ။ တို့ဘာသာပဲ သူငယ်ချင်းတွေ နဲ့ လျှောက်လည်ရင်း သွားကြည့်မှာ ပါ”
အမော်ကျေနပ်သွားသည်။
“ပန်းချီကား တစ်ချပ်ကို မြင်လိုက်ရသလို နင်ဘ၀င်အေးသွားမယ်”ဟုသူက ဖွဲ့နွဲ့သည်။
“ကယ်ရီကေးချား တစ်ပုံကောင်းကောင်း ရနိုင်ပါ့မလား” ဟုကျွန်မက ရွှတ်နောက်သော အခါမှာ တော့ အမော် မျက်နှာအိုလေ၏ ။
နောက် တစ်ရက် နှစ် ရက်အတွင်းမှာ ကျွန်မတို့ သူငယ်ချင်းတစ်သိုက်သည် အီကိုကင်းတီး သို့ နန်းကြီးသုတ် သွားစားကြရင်း အမော့် အီကိုကွင်းကို မြင်ဖူးရသည်။
“အမော်ရေ နင့် မေမာလာဝင်းက လှပါတယ်။ သူ့ရုပ်ရည်က ပြေပြစ်လွန်းတော့ ကယ်ရီ ကေးချား ကောင်းကောင်းတစ်ပုံ ထွက်မလာနိုင်တာ သေချာပါတယ်။ နင်လိုချင်ရင် ငါရေဆေး ပန်းချီတစ်ကား လက်စွမ်းပြ လက်ဆောင်ပေးပါ့မယ်”
“တစ်ကယ်လားမှု န်”
“တစ်ကယ်ပေါ့ အမော်ရဲ့ ”
အမော့်ကို မျက်နှာလုပ်ခင်သော သဘော အများ ဆုံးပါဝင်ခဲ့ပါသည်။ ယင်းသို့သော သဘောထားမှာ ဘယ်လိုပဲလှည့်ပတ်တွေးပါစေ၊ အမော့်ကို ခင်မင်ခြင်းနှင့် ကျွန်မမှီခိုနေထိုင်သော နေအိမ်ပိုင်ရှင်ကို ကျေနပ်နှစ် သိမ့်မှု တစ်ခုခုလုပ်ဆောင်ပေးလိုခြင်းထက် ပိုမိုနက်ရှိုင်းမှု မရှိခဲ့တာ သေချာပါသည်။
ယင်းကိစ္စကို အသာဘေးဖယ်ထားပစ်နိုင်သော်လည်း နောင်အချိန်မှာ သည်အချက် ကလည်း ကျွန်မ၏ ဘ၀တွင် ပါဝင်ရှုပ်ထွေးလာမည့်  အကြောင်းရပ်တစ်ခုအ ဖြစ် ကျွန်မ၏ မသိစိတ် ကကြိုတင် ရိပ်မိပူပန်နေခဲ့လေသလား မသိပါ။
“နင့်မေမာလာဝင်းရဲ့ ပုံတူကို တို့က နင်မျက်နှာ လုပ်ဖို့စေတနာနဲ့ ဆွဲပေးတာနော်။ ၀က်ကြီး အလှည့်ကျလည်း တို့ကဆွဲပေးမှာ ပဲ သိလား”
ဒါကိုပဲ ၀က်ကြီးက …
“ငါ ကတော့ မေမာလာဝင်းပုံမဆွဲခိုင်းပါဘူး။ အမော်ရာ စိတ်ချလက်ချ နေပါ”ဟု တစ်မျိုး စီးပိုးပြန်လေ၏ ။
မေမာလာဝင်းကို ကျွန်မက ဓာတ်ပုံဆွဲကြည့်ရတာ မဟုတ်သော ကြောင့် သူမ၏ အကြည့် ညှို့ဆွဲတတ်ပုံ၊ ပန်းပွားလွယ်အိတ် အနီလွယ်ပြီး လျှောက်လှမ်းသွားစဉ် ဆံပင်တွေ တင်ပါးအထိ အုပ်ဆိုင်းဝေ့၀ဲကျနေပုံနှင့် သူမ၏ ရှည်လျားသော ခြေတံများ ကို အသားပေးရေး ဆွဲပါသည်။ သူမ၏ တစ်ဝက်ပေါ်နေသော ခြေသလုံးတွေ ကြွကြွရွရွ လှမ်းနေပုံမှာ ကြည့်ကောင်းပါသည်။
အမော်က ကျွန်မ၏ ပန်းချီကားကို စေ့စေ့စပ်စပ်ကြည့်ကာ စိတ်တိုင်းမကျဘဲ ဖြစ်နေသည်။
“မတူပါဘူးဟာ”
“တူပါတယ်ဟ”
“ဒီလောက်အရပ်မရှည်ဘူး”
“နေရောင် ကြီးက သူနှင့် မျက်နှာချင်းဆိုင်ကနေ တည့်တည့်ထိုးနေတော့ သူ့ကိုကြည့်ရတာ ပိုပြီး အရှပ်ရှည်သလို ဖြစ်နေမှာ ပေါ့”
“ဒီလို လိမ္မော်ရောင် တောက်တောက် အ၀တ်အစားနဲ့လည်း ငါမတွေ့ ပါဘူးဟာ”
“ဒါ ကတော့ သူဟာ လူကြားထဲမှာ အမြဲတမ်း ထင်းခနဲ သိသာနေတဲ့ သဘောကို တို့က တင်စားတာ”
အမော်သည် ဘ၀င်ကျလှဟန်မတူ။ အင်းခနဲ အောင့်သီးအောင့်သက်အသံထွက်လာသည်။
“နင့်ပန်းချီကားက ပူလောင်လိုက်တာ”
“သြော်… နေရောင် ကို တို့က နောက်ခံထားမိသွားတာကိုး”
အသက်သည် ကျွန်၏ ပန်းချီကားကို ကြည့်ကာ လှပါတယ်ဟယ်ဟုပြေရာပြေကြောင်း ၀င်ပြောသည်။
အမော်သည် ချီတုံချတုံ တွေ ဝေနေသေးသည်။
သူမနှစ်သက် လျှင် နေစေတော့။ ကျွန်မ၏ လက်ရာကို ကျွန်မဘာသာ ကျေနပ်နေတာမို့ သေချာဘောင်သွင်းပြီး ကျွန်မခုတင်နံဘေးတွင် ချိတ်ဆွဲထားသည်။ တစ်ပေခွဲတစ်ပေ ပန်းချီကား သည်နေရာများများ မယူဘဲ ခပ်မှော င်မှော င် အခန်းကိုလင်းလင်းရှင်းရှင်း ရှိနေစေသည်။
အမော်သည် ညတိုင်းကျလျှင် ကျွန်မနှင့် အသက်တို့ထံ စွက်ကယ်စွက်ကယ် ရောက်ရှိ လာတတ်သည်။
“ငါ့ကို ထမင်းခူးပေးဦး” ဟု အသက်ကို ခိုင်းသည့်အခါ ခိုင်းပြီးစမူဆာ ၀ယ်လာသည် သုတ်ကြပါလားဟု လာခေါ်ချင် ခေါ်တတ်သည်။
တစ်ရက်မှာ တော့ ကျွန်မ၏ ပန်းချီကား ပျောက်ဆုံးသွားခဲ့သည်။ ဘယ်နေ့ကတည်းက မရှိတော့သည်ကို ကျွန်မမသိနိုင်ဘဲ ကျွန်မသတိထားမိသော အခါမရှိတော့တာ သုံးလေးရက် ရှိနေပြီပဲဟု အသက်ကပြောသည်။
“ဘယ်ရောက်သွားတာလဲဟင်”ဟု ကျွန်မက ရိပ်မိလျက်နှင့်သေချာမှု ရယူသည်။
“အမော်ယူသွားမှာ ပေါ့ မှု န်ရာ”ဟုအသက်က အေးစက်စက် အဖြေပေးသည်။
“သူတစ်ကယ် သဘောကျနေပြီလား”
ကျွန်မက တအံ့တသြ မေးခွန်းထုတ်သော အခါ အသက်က မျက်ခုံးပါးပါးကလေးကို ပင့်ပြီး ကြည့်၏ ။
“တကယ် သဘောကျနေရင်ကော ဘာ ဖြစ်သလဲမှု န်”
“မ ဖြစ်ပါဘူးလေ၊ တို့နားမလည်တတ်တာပါ။ ဟိုလေအဲသလို သဘောကျနေရင်…”
“ချစ်နေရင်…”
အသက်က ထောက်ပေးသော အခါ ကျွန်မက ခေါင်းသုံးလေးကြိမ် ဆက်တိုက် ညိတ်ရင်း နှစ် ထောင်းအားရ ဖြစ်မိ၏ ။
“အေးဟဲ့… ဟုတ်တယ်။ ချစ်နေရင် ဘယ်လို ဖြစ်မလဲ။ တို့သိပ်သိချင်လိုက်တာ”
အသက် ကတော့ ကျွန်မလို စပ်စပ်စုစု ရှိပုံမရပါ။
“သူချစ်တာ သူ့ရင်ထဲကပဲ သိတတ်မှာ ပေါ့ မှု န်ရယ်။ မင်းတို့ကိုယ်တို့လဲ ချစ်တတ်တဲ့အခါ ဘယ်လို ဖြစ်သလဲ သိလာမှာ ပေါ့”
“အို… အသက်ကလဲ။ တခြား တစ်ယောက် ယောက် ရင်ထဲမှာ ဘယ်လိုခံစားနေရသလဲ ဆိုတာ တို့က မေးကြည့်ပြီးသိနိုင်တာပေါ့”
“မသိနိုင်ဘူးထင်တယ်”
“မင်းထင်ရုံထင်တာပါ။ တို့စပ်စုပြမယ်”
ကျွန်မသည်ကျွန်မထံမှလက်တွေ့ မှတ်စုတွေ လာကူးသော အမော့်ကို စစ်စစ်ပေါက်ပေါက် မေးခွန်းထုတ်ခဲ့ဖူးသည်။
“ပန်းချီကားကို ဘာလို့ တို့ဆီက ခွင့်မတောင်းဘဲ ဖြုတ်ယူသွားရတာ လဲ”
အမော်က ကျွန်မကို ဟွန်းခနဲ နှာခေါင်းရှုံ့ကာ မထီမဲ့မြင်ဟန်ပြသည်။
“ငါ့အတွက်ဆွဲတဲ့ ပန်းချီကားပဲ။ လျှောက်လွှာတင်နေရဦးမှာ လားဟ”
“ဟုတ်ဘူးလေ။ တို့တွေ မသိအောင် ဖြုတ်ယူသွားတာဟာ နင့်ရင်ခုန်သံတွေ ကိုမကြား စေချင်တဲ့ အချစ်ရဲ့ သင်္ကေတတစ်ခုများ လားလို့ပါ”
“အရူးမ သိပ်ရူးတာပဲ”
အမော်က အူလှိုက် သည်းလှိုက် ဟားတိုက်ရယ်သော အခါကျွန်မအနည်းငယ် ရှက်သွား သည်။
ကျွန်မဟာ စာထဲမှာ ၊ ကဗျာထဲမှာ ပတ်ဝန်းကျင်မှာ တွေ့ ရှိသိမြင်နေရသော အချစ် ဆိုတာကို စိတ်ဝင်စားတတ်နေသည်။ ပန်းချီကားပေါ် ဆေးခြယ်သလျှင် အလှအပကို ခံစားရမြဲ ဖြစ်သည်။ သာယာမှု ကို ဖန်တီးသည့် အလှအပအ ဖြစ်နူးညံ့စွာ ကျေနပ်သည်။ ဝေဒနာကိုလည်း ပန်းချီ ဖန်တီးရင်းအလှအပအ ဖြစ် နာကျင်စွာ ကြည်နူးသည်။ အနိဋ္ဌာရုံကိုလည်းပီပြင်စွာ ဖန်းတီးရင်း ကြေကွဲစွာ နှစ် လိုသည်။
နောက်ဆုံးတော့ ဆေးမင်ခြယ်ယူရရှိသမျှသည် ပန်းချီဆရာ၏ ရင်မှာ ခံစားနားလည် နိုင်သမျှသော ၀ိသေသပင် ဖြစ်ချေ၏ ။
အမော်က သူ့ခံစားချက်တွေ ကို တခုတ်တရ ဖွဲ့နွဲ့မပြပါ။
သို့သော် သူပိုပြီး လှချင်တာကို ကျွန်မနှင့်အသက်ကြိတ်ပြုံးကြရမြဲ ဖြစ်သည်။
“နင်…လျှော်ပေးတာ လည်ကုတ်ကချေးတွေ မစင်ဘူးဟာ”ဟု သူအပြစ်ဆိုလျှင်အသက်က စိတ်ရှည်စွာ ပင်…
“ပေးပါ။ ငါပြန်လျှော်ပေးမယ်”ဟုပြောရင်းအမော်လက်မှ ရှပ်အင်္ကျီကို ဆွဲယူလေ့ရှိမြဲသာ ဖြစ်သည်။ ကျွန်မကသာ ခနိုခနဲ့ ချစ်မေမာလာဝင်းက နင့်ကော်လာကိုလာလှန်ကြည့်မှာ မှ မဟုတ်တာဟု ကိုမော် မခံချင်အောင် သရော်သည်။ “နင်ပြောနိုင်လား”ဟု အမော်က ခပ်မာမာ တုံ့ပြန်လျှင် ကျွန်မက မှန်းဆကြည့်တာပေါ့ဟယ်ဟု လေပျော့နှင့်ဆက်လက်တိုက်ခိုက်သည်။
ကျွန်မနှင့် အသက်က အမော့် အချစ် ရောဂါ သည် မကြာခင် ပျောက်ကင်းသွားပြီး နောက် တစ်ယောက် ကို စိတ်ဝင်စားသွားလိမ့်မည် ဟု ထင်မှတ်နေခဲ့သည်။
အမော် မိခင်ကလည်း သည်အရွယ် ကတော့ စိတ်ကစားတတ်တာပါပဲ။ လွှတ်ထားပေးရင် ရင့်ကျက်လာပါလိမ့်မယ် ဟုရေး ကြီးခွင်ကျယ်မရှိခဲ့။
အမော် တစ်ယောက် အီကိုဘက်သို့ချည်း ခြေဦးလှည့်နေခြင်းသည် ကျွန်မတို့အတွက် ပြုံးစရာ ရယ်စရာ ဖြစ်နေခဲ့သည်။
စောင့်ကြည့်ပါ။ အလိမ္မာ အိမ်ပါမှပါ မေမေရာဟု အမော်က နောက်ပြောလျှင် ကြီးကြီး ပိုပြုံးနေသော်လည်းအသက်က ဘုရားရေ… အိမ်ပါလာရင် ငါအလုပ်ပိုများ မှာ ပေါ့။ နင့်အ၀တ် အပြင်သူ့ထဘီပါ လျှော်နေရပါ့မယ်အမော်ရယ် စိုးရိမ်ပူပန်သည်။
အသက်က တွေးပူတတ်ရန်ကောဟု ကျွန်မက အပြစ်တင်သလို စကားစကာ အမော်က အားကိုးတကြီး လှမ်းကြည့်ခိုက်မှာ အတည်ပေါက်နှင့် အသက်ကို လျှော်ခိုင်းပါ့မလား။ အမော်က သူလျှော်ပေးမှာ တဲ့ဟု ဆက်ပြောပစ်သည်။
“မှု န်တော့ဗျာ… ဆီးဆေး၊ လေဆေးရောင်းတဲ့ လေဟာပြင်က ဦးမွတ်တားကြီးနဲ့ ဖူးစာဆုံ ပါစေဗျာ”ဟု အမော်က ရက်ရက်စက်စက် ကျိန်ဆဲလေ၏ ။
နိုင်းတူးနိုင်းနှင့် ကျောင်းတက်သူ မေမာလာဝင်းက တညင်းကုန်းသားလေး အမော့်ကို ချစ်လိမ့်မည် ဟု ဘယ်သူထင်ခဲ့မှာ တဲ့လဲ။
ကျွန်မတို့ အငိုက်မိခဲ့ကြလေသည်။
တညင်းကုန်းသို့တိုင် မေမာလာဝင်း အိမ်အလည်လိုက်ပါလာမည် ဟု ကျွန်မတို့ တွေးထင် ထားခြင်း မရှိသော်လည်း မထင်မှတ်သော အရာသည် ဖြစ်လာနိုင်ခဲ့သည်။
ထိုနေ့က ကျွန်မတို့ ရခိုင်မုန့်တီ ချက်နေကြသည်။
တညင်းကုန်းအိမ်မှာ ကားလမ်းမှ အတွင်းဘက်ဝင်ရသေးသည်။ ပျဉ်ထောင်နှစ် ထပ်အိမ် ပင်။ သည်အိမ်ပြောင်းလာပြီးကတည်းကကြီးကြီးပိုးမှာ နှာမွှန်လိုက်၊ချောင်းဆိုးလိုက်နှင့်အအေးပတ် ကာတရှောင်ရှောင် ဖြစ်နေခဲ့သည်။ နောက်ဆုံးတစ်ခေါက်ဖျားနာပြီးနောက် အစားအသောက် ပျက်ကာဘာချက်ကျွေးကျွေးခံတွင်းမတွေ့ ။ အသက်မှာ လည်း မိခင်ကြိုက်တတ်သော ကောင်းနိုး ရာရာကြံဆချက် ပြုတ်ရင်း ဦးနှောက်တွေ ခြောက်ခန်းခဲ့ပြီဟု ညည်းတွားနေရှာပြီ။ နေရာသစ်သို့ အပြောင်းမှာ ရေမြေကြောင့် ရော စိတ်လက်မကြည်သာတာလည်းပါမည် ။ ပြီတော့မျက်လုံးတွေ တိမ်စွဲလာသည်ကို ခွဲစိတ်ကုသခံဖို့ အတွင်းကြိတ် ထိတ်လန့်အားငယ်နေတာလည်း ပါလိမ့်မည် ဟု ဆရာဝန်က ဆိုထား၏ ။
ကြီးကြီးပိုသည် မိခင်အစားတစ်လုပ် ၀င်ပါစေတော့ဟု အပင်ပန်းရှာနေသော အသက်ကို ကြာတော့ သနားလာဟန်တူသည်။ ညတုန်းက စိတ်လိုလက်ရ ရခိုင်မုန့်တီလေးစားကြည့်ရင် ကောင်းမလားဘဲဟုဆိုသည်။
မနက်မိုးလင်းသည်နှင့် အသက် တစ်ယောက် ဈေးသို့ ပြေးပြီး ၀ယ်ခြမ်းပြင်ဆင်သည်။ ငါးရွှေပြုတ်ကာ အရိုးထုတ်ကာနှင့် အလုပ်ရှုပ်နေသလို ကျွန်မလည်း ငါးဖယ်ကို ခြစ်လိုက်ကပ်လိုက် ဆွဲခါလိုက် တခွပ်ခွပ်ထုထောင်းလိုက်နှင့် လုပ်နေကျမဟုတ်သော လက်များ သည် အသားမကျ နိုင်ဘဲရှိ၏ အသက်ကို ကူညီလိုသဖြင့် ကျွန်မက မနက်ပိုင်းအတန်းတွေ ဖျက်လိုက်သည်။ နေ့ခင်း လက်တွေ့ ခန်းဝင်ဖို့ပဲ သွားတော့မည် ဆုံးဖြတ်၏ ။
“ငရုပ်ကောင်း ထောင်းပြီးရင် နံနံပင်ရေဆေးပြီး လက်တစ်ဆစ်စာစီ ပါးပါးလှီးထား ပေးဦး နော်” ဟု အသက်ကလမ်းညွှန်သည်။ ပြီးတော့ ဟင်းခါးချက်ရ၊ ငါးရွှေအသားထွင်ပြီးသားတွေ ကို လှော်ရနှင့် အလုပ်ရှုပ်နေပြန်သည်။
ရခိုင်မုန့်တီချက်ကြမည် ဟု အမော် သိသွားတာမှန်သည်။ စားချိန်ကို မှန်းဆပြီးအိမ် ပြန်ရောက်လာမည် ဟုမူ လုံးဝမတွက်ဆထားကြ။ အမော်ဟာ ရခိုင်မုန့်တီကို နှစ် နှစ် ခြိုက်ခြိုက် မရှိပါ။
သို့ပါလျက် အိမ်ရှေ့ခန်းမှ သူ့အသံ ကြားလိုက်ရသော အခါ ကျွန်မနှင့် အသက်အံ့အားသင့် သွားကြရသည်။
“ဧည့်သည်ပါတယ် အမေ။ အသက်တို့မုန့်တီချက်လို့ သားဧည့်သည် ခေါ်လာတာ။ ကျက်ပလား”
“ဟေ… အေးအေး၊ ကျက်ရောပေါ့။ ခေါ်ဝင်လေ။ ခေါ်ပါဦး”
အမော်တွင် အဖော်ပါလာသူသည် မေမာလာဝင်း ဖြစ်မည် ဟု ကျွန်မတို့ လုံးဝမထင်မှတ် သေး။
“ထိုင်သမီး၊ အမောဖြေဦး။ အမေတို့နေရာက လိုင်းကာတွေ သိပ်ကြပ်တာပဲ။ သမီးထိုင်ရ ရဲ့ လား”
သမီးခေါ်သံကြားရသည်နှင့် အသက်သည် ဟင်းအိုးအမွှေရပ်သွားကာ နားစွင့်သည်။ သမီးတဲ့ဟု ကျွန်မ မကြားမှာ စိုးပြီး တိုးတိုးလှည့်ပြောသေးသည်။
“လေးဘီးနဲ့ခေါ်လာတာပေါ့ အမေရ။ အင်းစိန်ကနေငှားလာကြတယ်”
ကြီးကြီးပိုက နာမည် တွေ ဘာတွေ မေးမနေပါ။
ကျွန်မနှင့် အသက်တို့လည်း ကိုမော့် ဧည့်သည် မည် သူ ဖြစ်မည် ကို ခွဲခွဲခြားခြား မသိနိုင်စရာ မရှိပါ။
အမော်နှင့် အတူပါလာနိုင်သော မိန်းကလေးဧည့်သည်ဟာ မေမာလာဝင်းအပြင် ဘယ်သူရှိ ဦးမှာ လဲတဲ့။ အမော်ကလည်း အိမ်သို့ ရဲရဲဝံ့ဝံ့ ခေါ်လာနိုင်သူ ဖြစ်ရလိမ့်မည် ။ အမော်ခေါ်ရာနောက်သို့ မိမိအရည်အသွေးကို ယုံကြည်စိတ်ချမှု အပြည့်နှင့် လိုက်လာဝံ့သူလည်း ဖြစ်ရလိမ့်မည် ။ အဲသည် မိန်းကလေးဟာ မေမာလာဝင်းအပြင် ဘယ်သူ ဖြစ်နိုင်ပါမလဲ။
ကျွန်မရောအသက်ပါ အကြောင်းရှာ၍ အပြင်ထွက်ပြီး မေမာလာဝင်းကို ကြည့်ချင်ကြ သည်။
“အသက်သွားလေ”
သူ့ယောက် မလောင်းကို သူကပိုပြီး သက်ဆိုင်သည်။ ကျွန်မနားလည်ဦးစားပေးသည်။ ပြီးတော့ကျွန်မကျောင်းမှာ မြင်တွေ့ ဖူးနေသားပဲမဟုတ်လား။
“မျက်နှာပူတယ်ဟာ”
အသက်ကရယ်နေ၏ ။ ပြီးတော့မီးဖိုချောင်တံခါးကြားမှ စောင်းကာငဲ့ကာ ချောင်းဖို့ကြိုးစား သည်။
“တော် တော် ဝေးတယ်နော်”
ငါးဖယ်ဆုပ်ကြော်နေသော ကျွန်မသည် မေမာလာဝင်း၏ အသံကို ယခုမှကြားဖူးရကာ အတန်ငယ် စိတ်ပျက်လက်ပျက် ဖြစ်သွာသည်။ အသံခပ်သြသြ ခက်အက်အက်နှင့် မေမာလာဝင်း ၏ ဆွဲဆောင်မှု ကို ဟန့်တားလျော့ရဲသွားစေလေသည်။
ထိုအချိန်မှာ ပင် အမော်က မီးဖိုချောင်ထဲသို့ ခြေလှမ်းကြဲဖြင့် ၀င်လာသည်။
“မှု န်ရေ၊ မေကနင့်ကိုတွေ့ ချင်လို့ဟ။ ထွက်ခဲ့ပါဦး။ သူ့ပုံတူဆွဲပေးတာကို ကျေးဇူးတင် စကားပြောချင်လို့တဲ့”
“တကယ်ပဲလားဟင်”
ကျွန်မ၀မ်းသာ သွားပါသည်။ကျွန်မ၏ လက်ရာကိုချီးမွမ်းမည့် သူအားပေးမည့် သူရှိလျှင် ကျွန်မ ဘယ်လိုအားတက်မှန်းမသိ။ အမြှောက်ကြိုက်သည်ပဲဆိုဆို၊ မရင့်ကျက်သေးဘူးပဲပြောပြော ကျွန်မကို ဖေးဖေးမမ အားပေးမည့် သူကို ကျွန်မအမြဲတမ်း ကြိုဆိုနေခဲ့သည်။
အသက်လက်သို့ ကြော်တဲလှမ်းပေးကာ လက်မှာ ကပ်ရပ်နေသည့်ဆီတွေ ကို ဆံပင်မှာ ပွတ်သတ်ချလိုက်ရင်း အမော်ထံ လျှောက်သွားရာ ကျွန်မ၏ အပြုအမူကို သတိထားမိသွားဟန်တူ သော အမော်က နှုတ်ခမ်းတစ်ချက်မဲ့ကာ ဟွန်းခနဲ မကျေနပ်သံပြုသည်။ ကျွန်မ ကတော့ သူ့ကို ဂရုမစိုက်နိုင်တော့ဘူးလေ။ ကျွန်မ၏ လက်ရာကို သဘောကျသော သူက ဧည့်ခန်းထဲသို့ ရောက်နေ ပြီမို့ ဧည့်ခံကြိုဆိုဖို့ အရေး ကြီးနေပြီ။
“ထဘီပြင်ဝတ်လိုက်ဦး”ဟု အသက်က သတိပေးသည်။
ကျွန်မခြေလှမ်းတန့်ကာ ကိုယ်ကိုလိမ်ပြီး နောက်ပြန်လှည့်ကြည့်ဖို့ ကြိုးစားသည်။
“ခါးမှာ လိပ်တက်ပြီး တစောင်းကြီးစွေနေလို့ ပြောတာ”
“ဒါလား၊ ထားစမ်းပါ”
ကျွန်မသည် ကျွန်မ၏ ပျံ့လွင့်ပျော့ပျောင်းလွန်းသည်ဆိုသော မျက်နှာအမူအရာကို အတတ်နိုင်ဆုံး မြင်သာရုံကလေးအပြုံးဆင်မြန်းပြီး ခန်းဆီးဖယ်မ၊ ကာ အိမ်ရှေ့သို့ ထွက်လာခဲ့ သည်။
မေမာလာဝင်းနှင့် ဆုံတွေ့ ဖို့ လာရောက်ခဲ့လျှင် ကျွန်မသည် အိမ်ရှင်တို့၏ ၀တ္တရား ကျေပြွန်စွာ ဧည့်ခံရလိမ့်မည် ဟု ကျွန်မသဘောပိုက်ပြီးသားပါ။
သို့ သော် သူမ၏ စူးရှသော မျက်အလုံးအစုံသည် ကျွန်မတွင် စိုက်စိုက်နစ်နစ် ကျရောက်နေ သော ကြောင့် ကျွန်မ၏ ခြေလှမ်းပျက်ချင်ချင် ဖြစ်ရခြင်းမှ အစပြုကာ ကျွန်မ၏ ချစ်ကြည်ရေး ရည်မှန်း ချက်တွေ ယိုင်နဲ့ချင်လေသည်။
“မေ့ပန်းချီကို မှု န်ဆွဲထားတာပေါ့။ ဒီလောက်လက်ရာ ညံ့တာ အရော်တောင်းဖို့လို အပ်နေပြီ”ဟု အမော်က စကား စရှာ ပေးသည်။
ကျွန်မသည် ကြီးကြီးပိုနံဘေးတွင် ၀င်ထိုင်ရင်း မေမာလာဝင်းထံ မှ မှတ်ချက်ကို ငံ့လင့်နေ သည်။
“ယူ့လက်ရာက ကောင်းပါတယ်။ အိုင့်ဆံပင်တွေ ကို အသားပေးပြီး ဆွဲထားကာ အိုင် သဘောကျပါတယ်။ ပြီးတော့ ယူဆင်ထားတဲ့ အရောင် ကို အိုင်သဘောကျလို့ ချက်ချင်း ပဲ ၀မ်းဆက်ချုပ်လိုက်တယ်လေ”
ဒါကြောင့် မေမာလာဝင်းကိုကြည့်ရတာ ပိုပြီးကျိန်းတောက်နေတာကိုးဟု ကျွန်မမှာ အဲသည်မှာ တော့မှ သူ့အ၀တ်အစားတွေ ဆီသို့ အာရုံရောက် ဖြစ်သည်။ ဒါဟာ အ၀တ်အစားအဆင် အပြင်တွေ ကို ကျွန်မစိတ်ဝင်စားခြင်းမရှိသော ကြောင့် ဖြစ်သည်။ ပန်းချီဆွဲချင်သော ကျွန်မအနေ နှင့် စူးစမ်းလေ့လာမှု အားကောင်းနေဖို့ လိုအပ်မည် ထင်သည်။ သို့ စင်လျက် ကျွန်မသည် အခါများ စွာ ပင် အများ မြင်တွေ့ သိရှိလိုက်သော အချက်အလက်တွေ ကို သတိလက်လွတ် ဖြစ်သွားလေ့ ရှိသည်။
ကျွန်မသည် မေမာလာဝင်း၏ ၀တ်စားဆင်ယင်မှု ကို အထူးပင်လေ့လာကြည့်လိုက်သည်။ လိမ္မော်ဝါရောင် အိရှိန်ဘလောက်စ်လက်ရှည်သည် ပွ၊ ယောင်းယောင်းပေမယ့်လည်း အိအိပျောင်း ပျောင်းရှိသော ကြောင့် သူမ၏ ကိုယ်လုံးကို လျော့ရဲရဲ ထိတွေ နေသည်။ လည်ပင်းမှ ကော်လာအစရှည်ထုတ်ကာ ပန်းပွင့်သဖွယ်ပုံဖော်စည်းနှောင်လျက် အစွန်းနှစ် စကို ရင်ဘတ်ပေါ် မညီမညာ ကပိုကယိုချထားသည်။ သူမ၏ လုံချည်မှာ အုန်းခွံရောင်ပေါ်တွင် ရောင် စုံကာတွန်းရုပ် ကလေးတွေ ခပ်ကျဲကျဲဆော့ကစားနေကြ၏ ။ အင်း…ရွေးချယ်ပုံပန်းချီဆန်သည် ပြောရမလား၊ ဖက်ရှင်ကျသည် ဆိုလျှင်ပိုပြီး မှန်ကန်မည် ။ ဒါတောင်မှပဲ ကျွန်မကဘာကြောင့် သတိမထားမိတာ ပါလိမ့်။ သူမက အစေဖော်ပေးမှ ဘာကြောင့် လေ့လာကြည့်ရှု ဖြစ်ရတာ ပါလိမ့်။
ကျွန်မ သတိထားမိတာတွေ က အတန်ငယ် ယွင်းချော်နေသလား မသိနိုင်ပါ။ မေမာလာဝင်း၏ မထူမပါး ထွေးအိသော နှုတ်ခမ်းကလေးဟာ ဤမျှတန်ပြီး တင်းတင်းစေ့မနေလျှင် အင်မတန် ကြည့်ကောင်းမှာ ပဲဟု နှမြေတသနေမိသည်။
“သမီးနဲ့ သိပ်လိုက်တာပဲ။ မရွှေမှု န်တို့ အသက်တို့တွေ က အဲသလိုများ မရွေးတတ် မ၀တ်ကြ ဘူးကွယ်”
ကြီးကြီးပိုက မိတ် ဖြစ်ဆွေ ဖြစ်လာကွဘ် စကားဆိုနေ့သည်ဟု ကျွန်မနားလည်ပါသည်။ မရွေးချယ်တတ်တာလှည်းအမှန်ပါပဲ။ တစ်ခုရှိတာက အဲသလိုဆင်ယင်ထုံးဖွဲ့မှု တွေ ကို ကျွန်မတို့ မခုံမင်ကြတာ။ ကျွန်မက အတော် ကြီးစားကြည့်ရှုမှ မြင်တွေ့ တတ်သူ၊ အသက်ကစိစစ်ချွေတာခြင်း ဖြင့် တစ်ပါးသူကို ငေးကြည့်အားကျရုံနှင့် ပဲ ကျေနပ်သူ။ ကျွန်မတို့သည် ကိုယ့်အကြောင်းနှင့် ကိုယ် မရွေးချယ်ဘဲ နေနိုင်ကြပါသည်။
အမော်သည်နေစရာထိုင်စရာ မရှိတော့သလောက် မေမာလာဝင်းကိုသာ အရိပ်အကဲကြည့် ကာနေသည်။ သူ့ကိုထောက်ထားငဲ့ကွက်ပြီး ကျွန်မနှင့် အသက်မှာ လည်း လက်ဆေးဇလုံးပြေးရှာ ရ လျှော်ပြီးသည့် သစ်သစ်လွင်လွင် လက်သုပ၀ါ ပြေးငှားရ၊ သွားကြားထိုးတံပြေးဝယ်ရနှင့် အလုပ် ရှုပ်ကုန်သည်။ ငါးပဲဟာ သွားကြားထိုးတံမလိုပါဘူး အသက်ရယ် လမ်းထိပ်တွင် ၀ယ်လို့ရပါ ဟု ကျွန်မခြေကုန်သုတ်ခဲ့သည်။
နေ့ခင်းကျောင်းသွားတတ်မည့်  ကျွန်မ၏ အစီအစဉ်လည်း ပျက်ခဲ့ကာ သူတို့စုံတွဲ ပြန်သွား သော အခါ ခြေကုန်လက်ပန်းကျပြီး ကျန်ရစ်၏ ။ မျက်နှာလုပ်ချင်ဇောနှင့် ကျွန်တို့ မောရစ်တာ ကြောင့် ကြီးကြီးပိုပင်ရယ်မော်မဆုံးခဲ့။
ထိုညက ကြီးကြီးပိုဘုရားရှိခိုးနေခိုက် ကျွန်မတို့သုံးယောက် မှာ ကျွန်မတို့၏ အိပ်ခန်းထဲတွင် စုဝေးဆွေးနွေးလျက်ရှိကြသည်။
အသက်၏ ခုတင်ပေါ်တွင် စန့်စန့်ကြီးလဲပြိုကာနဖူးပေါ်လက်နှစ် ဘက်ယှက်တင်ပြီး သက်ပြင်းတချချ ဖြစ်နေသော အမော့်ကို ကျွန်မတို့ အားပေးနှစ် သိမ့်နေကြရ၏ ။
“အမော်ကလဲဟာ နင့်ကို သူတကယ်ချစ်ရင် နင့်ဘ၀အခြေအနေကို လက်ခံရမှာ ပေါ့။ စောစောကလဲ နင်ပြောပြထားသားပဲ မဟုတ်လား”
“ပြောတော့ပြောတာပေါ့မှု န်ရ၊ ဒါပေမယ့် ခုလိုနဖူးတွေ့ ဒူးတွေ့ ကျတော့ သူဘယ်လို သဘောထားမလဲမှ မသိတာပဲ”
“ဒါလောက်လဲ စုတ်ပြတ်နေတာမှ မဟုတ်တာနော်” ဟု အသက်ကမသေမချာကလေး မေးခွန်းထုတ်သည်။
“ဒါပေါ့ ဒါလောက်လဲ မွဲတေနေတာမှ မဟုတ်ဘဲ။ ဒီရပ်ကွက်မှာ ဆို မင်းတို့အိမ်ဟာ အကောင်းဆုံးထဲမှာ ပါတာပဲ”
ကိုမော်က “ကျွတ်”ခနဲ စုတ်သပ်ကန့်ကွက်သည်။
“ဒီရပ်ကွက်နဲ့ ၀င်ဒါမီယာ နင်မို့နှိုင်းတတ်ပလေ ပန်းချီဆရာမ ရယ်။ မေတို့ရဲ့ အလုပ်သမား တန်းလျားတောင်တိုက်အိမ်ဟ။ မျက်နှာသစ်ခွက်နဲ့၊ ပန်းကန်ဆေးခွက်နဲ့ အကျ။ အိမ်သာဆိုလဲ ကြွေခွက်၊ ငါဖြင့် မေအိမ်သာတတ်မှာ စိုးလိုက်တာဟာ”
ကျွန်မသည် ကြားထဲမှ အသက်ကို အားတုံ့အားနာ ဖြစ်မိသည်။
“နင့်နှယ်ဟာ။ အဲဒီ လိုမှန်းသိ ငါက လက်ဖက်ရည်ပြေးဝယ်မတိုက်ပါဘူး။ ပြေးဝယ်တဲ့ လက်ဖက်ရည်ဆိုတော့ ပိုပြီးအောက်တယ်ဟ။ အိမ်ဖျော်မှမဟုတ်ဘဲ”
အသက် ကတော့ တွေ တွေ ငေးငေးကလေးနှင့် ။ မေမာလာဝင်းတို့၏ အလုပ်သမားတန်း လျားကို သူမ၏ ခြင်ထောင်အမိုးပေါ်မှာ ပုံဖော်ကြည့်နေရှာသည်။
“မေမာလာဝင်းက နင် စိတ်ပူသလောက်လဲ အထင်သေး စိတ်ပျက်သွားပုံမရပါဘူး။ ပြုံးပြုံးရွှင်ရွှင် ရင်းရင်းနှီးနှီးပါပဲ”
“နင်တို့မသိပါဘူးဟာ။ သူက သိပ်ယဉ်ကျေးတာ။ သိပ်ဟန်ဆောင်ကောင်းတယ်”
ကျွန်မ မျက်ခုံးတွေ ရှုံ့တွ၍ သွားသည်။ သိပ်ဟန်ဆောင်ခြင်းသည် သိပ်ယဉ်ကျေးခြင်းမည် ပါ သလား။ ဒါဟာ ကျွန်မ လေ့လာရဦးမည့်  အချက် ဖြစ်သည်ဟု စိတ်မှာ အသာတေးမှတ်ထားလိုက်ရ သည်။
“နင့်ကိုတော့ အထင်ကြီး ချစ်ပုံရပါတယ်ဟာ”ဟု သူသဘောအကျနိုင်ဆုံးဟု ယူဆသည့် အားပေးသမှု ကို ပြုလိုက်ရသည်။
ကျွန်မ၏ တွက်ကိန်းမှန်သည်။
အမော်သည် ခေါင်းတစ်ချက်ညိတ်ရင်း မှိတ်ထားသော မျက်လုံးတွေ ပွင့်လာ၏ ။
“မှု န်ကတော် တယ်ဟေ့။ ဒီတစ်ခါ မှန်သော သစ္စာစကားဆိုတယ်”
ကျွန်မနှင့် အသက်သည် မျက်လုံးချင်း စကားဆိုတာ အမောအသည်းအသန် အချစ် ရောဂါ ထနေသည်ကို လှောင်သရော်၏ ။
ပါးစပ်မှာ အသံထွက်၍ မူ…
“ကဲ အချစ်သည် အရာခပ်သိမ်းကို ဖြောင့်ဖြူးစေနိုင်၏ လို့ နှလုံးသွင်း တရားမှတ်ပြီး အိပ်ချေတော့။ တို့တွေ လည်း အိပ်တော့မယ်”
“ဟုတ်ပေါ့။ ငါ့မှာ မနက်ငါးနာရီထပြီး နင်တို့ဖို့ ထမင်းဘူး ပြင်ရဦးမှာ ”
မေမာလ၀င်း၏ အချစ်သည် သူမနှင့် ကိုမော်အတွက် အရာခပ်သိမ်းကို ဖြောင့်ဖြူးစေနိုင် လိမ့် ဖြစ်သော်လည်း နီးစပ်ပတ်သတ်သူတို့ကို အဖျားရိုက်ခတ် လှုပ်ခါစေလိမ့်မည် ဟု ကျွန်မ ဘယ်မှာ ကြိုသိမြင်နိုင်ပါ့မလဲလေ။
တက္ကသိုလ်ပထမနှစ် သည် အမှတ်မထင် တစ်နေ့ပြီး တစ်နေ့ ရွှေ့လျားရင်းပင် ပြီးဆုံးသွားခဲ့ သည်။
ကျွန်မနှင့် အမော်က ဒုတိယနှစ် အသီးသီးရောက်ရှိလာချိန်တွင် အသက်ခမျာလည်း ဒုတိယ အကြိမ် ဆယ်တန်းကျရှုံးနေခဲ့ရပြန်လေသည်။
ကျွန်မသည် ပန်းချီအသင်းတွင် ပါဝင်လှုပ်ရှားရင်း သီအိုရီတွေ ကြားမှာ နစ်မြှုပ်နေပြန်သည်။ ဆရာစာတို့ ဆရာချုံတို့အကြောင်း၊ ကုန်းဘောင်ခေတ် ပန်းချီရိုးရာ ပန်းချီဟန်၊ ဂန္တ၀င်ပန်းချီ၊ ကူဗစ်ဇင်ဟန်သစ်၊ သက်ငြိမ်၊ ဘာဆိုဘာမှ မတတ်လေ၊ ကျွန်မငြိမ်သက်နိုင်လေ။
အမော်အသည်းကွဲသော နေ့။
နေ့စွဲအတိအကျတော့ ကျွန်မမသိရပါ။
ကျွန်မသည် လီယိုနာဒိုဒါဗင်ချီ၏ ပန်းချီကားပုံတူနှစ် ခုကိုယှဉ်၍ ကြည့်နေခဲ့ကြောင်း မှတ်မှတ်ရရရှိသည်။
မဂ္ဂဇင်းနှစ် အုပ်ကိုဖွင့် ကာပန်းချီဆရာက ဘာကိုပြောပြချင်သလဲ။ ခံစားရသူက ဘယ်လိုအ ဓိပ္ပာယ်ဖွင့်ဆိုမလဲနှင့် အတွေးတိမ်တိုက်တွေ လွင့်မျောနေခဲ့သည်။
မိုနာလီဇာ၏ အပြုံးကိုတအံ့တသြချီးမွမ်းဖွဲ့ဆိုကြသည်။ ဘယ်လိုခံစားချက်နှင့် ပြုံးလေ သလဲဟု ကျွန်မ၏ စိတ်ကူးနှင့် ညီ မညီ တိုက်ဆိုင်ကြည့်ချင်လှသည်။
ကျွန်မ၏ အမြင်ကိုဖွင့်ဆိုပြရလျှင် ထိုအပြုံးသည် မထိတရီအပြုံးပဲ ဖြစ်ရလိမ့်မည် ။ တရားမမျှ သော လောကကြီးကို အံတုစိမ်ခေါ်နေသော အပြုံးဟုကျွန်မဆိုချင်သည်။ ကျွန်မသည် ပန်းချီပညာ ရှင်တစ်ဦးမဟုတ်ရလေပါ။ ကကြီးခခွေးတန်းကိုသော်မှ ဖြစ် ဖြစ်မြောက်မြောက် မကျော်လွှားနိုင် သူပါ။ ကျွန်မ၏ ဆရာများ သည် ပန်းချီကားချပ်များ သာပဲ ဖြစ်သည်။ ပန်းချီကားတွေ က ကျွန်မခံစားရ သည့်အတိုင်း ခံစားထင်မြင်နိုင်သော လွတ်လပ်ခွင့်ကိုပေးထားကြလေသည်။
နယ်ကျောင်းသားကလေး ကျွန်မသည် ပန်းချီကားစစ်စစ်ကိုပင် လက်ချိုးရေတွက် ပြနိုင် လောက်အောင် အမြင်အတွေ့ နည်းပါးလှသည်။ စာအုပ်တွေ ထဲတွင် ဖော်ပြထားသော ပန်းချီတွေ ဟာမူရင်းပန်းချီတွင် ဘယ်လိုအရောင် အသွေးတွေ ခြယ်စပ်ထားသည်ဟု တိတိပပမသိရ အောင်ကွဲပြားနေတတ်လေသည်။
သည်တစ်ပုံက ဂျနီဗရာဆီဆေး ပန်းချီကားချပ် ဖြစ်သည်။ သံယောဇဉ်ပြတ်တောက်ဟန်ဟု အဓိပ္ပာယ်ဖွင့်ဆိုခံစားကြသည်။ အင်္ဂလိပ်ကဗျာဆရာကြီး ယို့စ်က ဘ၀နှင့် သေခြင်းကို စိမ်းကားစွာ ကြည့်နေသော ဂျနီဗရာအ ဖြစ်ရှုမြင်ခဲ့သည်ဆို၏ ။ ကျွန်မ ကတော့ စိမ်းကားပြတ်တောက်နိုင်ဖို့ မာနဖြင့် တံတိုင်းဆင်ကာ တင်းထားသော အမျိုးသမီးကောင်း တစ်ယောက် အ ဖြစ် ခံစားအထင်ကြီး နေမိသည်။ ဒါဟာလည်း ကျွန်မ၏ မရင့်ကျက်သေးသော အတွေးအမြင် ဖြစ်ချင် ဖြစ်နေမည် ။
ကိုယ့်ကမ္ဘာလေးမှာ လွင့်မျောနေပြီဆိုမှဖြင့် ပတ်ဝန်းကျင်ကို ကျွန်မမေ့ပျောက်နေတတ် သည်။
အိပ်ခန်းထဲသို့ တစ်စုံ တစ်ယောက် ၀င်လာသည်ကို သိလျက်နှင့် ကျွန်မအမှတ်မထင် လစ်လျူရှုထားသည်။ အသက်၏ ခုတင်အနီးတွင် ခြေသံပျောက်သွားကြောင်းလည်း သိတော့ သိလိုက်သည်ပင်။ ခုတင်ပေါ်လှဲအိပ်လိုက်သည်အထိ ကျွန်မသည် သတိမထားမိတော့ဘဲ ကျွန်မ၏ ပန်းချီကားတွေ ထဲမှာ သာ အာရုံစူးစိုက် နစ်မြှုပ်နေတော့သည်။ မိုနာလီဇာနှင့် ဂျနီဗာရာ။
“ထမင်းလာစားဦးလေ”
အသက်၏ ခုတင်ဘက်ဆီမှ အသက်၏ ကရုဏာနှင့် ဒေါသရောနှောသော အသံကို ကြားရတော့မှ ကျွန်မဖျတ်ခနဲ သတိပင်သည်။
“တို့စားပြီးပြီပဲ”
အဖြေလည်းပေး မျက်လုံးလည်း အသက်ထံအရောက်…. “မင်းကိုမေးတာမဟုတ်ပါဘူး”
အသက်ကခုတင်ပေါ်မေးငေါ့ပြတော့မှ ကျွန်မမှာ အမော့်ကို မှော က်လျက်သား လှမ်းမြင် တွေ့ သည်။
“ဟင် အမော်ကိုး။ တို့ကဖြင့် အသက်အောက်မေ့နေတာ။ သူ ထမင်းမစားရသေးဘူးလား”
အသက်က မောင် ဖြစ်သူအတွက် အလွန်တရာ ပူပန်သော ကရောက်နေဟန်ဖြင့် မကြည် မသာကြည့်ကာ ခေါင်းခါယမ်းပြသည်။ ပြီးတော့ လက်တစ်ဖက်ကို နှာခေါင်းရှေ့တွင် ဝှေ့ယမ်း ပြသည်။
“ဟယ်… အမော်သောက်လာတယ်”
ကျွန်မ ဘယ်လောက်များ နမော်နမဲ့ နိုင်လိုက်ပါသလဲ။
အသက်ထံမှ သတင်းရတာ မှ ယမကာရနံ့သည် ကျွန်မ၏ နှာခေါင်းထဲသို့ တိုးဝှေ့ နှောက်ယှက်ခွင့်ရတော့သည်။ မဟုတ်လျှင် အမော်သာ အခန်းထဲမှ ထွက်ခွာသွားရော၊ ကျွန်မ တော့ ပန်းချီရနံ့သာပဲ ထုံအီမွှေးပျံ့နေဦးမှာ ပဲ ဖြစ်သည်။
“ထမင်းစားဦးမယ်မဟုတ်လားအမော်”
“အင့်ဟင်း”
“ဘာလို့အရည်တွေ လျှောက်သောက်ရတာ လဲ”
“သောက်ချင်လို့ပေါ့အသက်ရာ” အမော်အာလေးလျှာလေး ဖြစ်နေသည်။
“အမေသိရင် စိတ်ဆင်းရဲဦးတော့မယ်”
“မသိအောင်အပြောနဲ့ပပေါ့ဟာ” အသက်က သူ့နံဘေးတွင် စိတ်ပျက်လက်ပျက် ထိုင်ချ လိုက်သည်။
“ဒီနေ့ဘာလို့ကျောင်းမတတ်တာလဲ”
“မတက်ချင်လို့ပေါ့ဟာ” အသက်သည် သက်ပြင်းကလေးဟင်းခနဲချကာ အမော့်ကျောပြင် ကိုသာ အသာအယာ ပွတ်သပ်နှစ် သိမ့်ပေးသည်။
သူတို့မောင်နှမဟာ တော် တော် ချစ်ကြတာပဲဟု ကျွန်မသည် အားကျနှစ် လိုစွာ ငေးကြည့်ခဲ့ သည်။ အသက်က အမော့်ကိုချစ်သော အချစ်သည် နှစ် ပြန်နှစ် လေးသာမှာ ပါပဲ။ ကျွန်မကကေ ကျွန်မ၏ အစ်ကိုတွေ မောင်တွေ ကို ဘာကြောင့် အသက်လိုတွယ်တွယ်တာတာ အနွံအတာမခံပါ လိမ့်။ ကျွန်မတို့မောင်နှမတစ်တွေ ဟာ သူတို့မောင်နှမလို တရင်းတနှီးချစ်ကျွမ်းတ၀င် မရှိကြပါ လားဟု ယခု ကျွန်မတအံ့တသြ ဖြစ်ကာနေသည်။ အစ်ကိုကြီးနှင့် မဆုံတွ့ရတာ နှစ် နှစ် ကျော်ပေါ့။ ကျွန်မမိတ္ထီလာပြန်သွားတိုင်းသူနှင့် လွဲနေတာချည်းပင်။ ပြီးတော့ သူက မန္တလေး သူနှင့် ယူတော့မှာ လေ။
“အမော် ဘာ ဖြစ်နေတာလဲဟင်”
ကျွန်မအသက်ကို ညင်သာတိုးတိတ်စွာ မေးမိသည်။
“အသည်းကွဲနေတာ”ဟု အသက်က မချိပြုံးကလေးနှင့် အဖြေပေးသည်။
ကျွန်မနားမလည်လိုက်ပါ။
“အမော်ကလေ”
“အင်းလေသူအသည်းကွဲနေတယ်” အသက်သည် မောင် ဖြစ်သူ၏ ကျောပြင်ကို အသာ အယာပွတ်သပ်ပေးလျက်ပင် ရှိသေးသည်။
ကျွန်မသည် အမော့်ကို အံ့အားသင့်စွာ ငေးကြည့်နေဆဲ။
ဘာကြောင့် သူအသည်းကွဲရမှာ လဲ။
အနီးကပ်ဆုံး နေထိုင်ရသူတွေ ကိုပင် ကျွန်မစိတ်မ၀င်စားနိုင်သည်ကို ကျွန်မဘာသာ သတိထားမိလာသည်။
“ကော်ဖီခါးခါးကလေး သောက်လိုက်နော်။ ငါသွားဖျော်ပေးမယ်၊ သံပရာသီးညှစ်ပေးမယ်”
အမော်မလှုပ်မယှက် ငြိမ်သက်နေသည်ကိုပင် လက်ခံသည်ဟု ယူဆဟန်နှင့် အသက် သည် အိပ်ခန်းထဲမှ ထွက်ခွာသွားသည်။
တစ်ဖက်အိပ်ခန်းဆီက ခြေသံဖွဖွကြားရသည်။ ဟော… ကြီးကြီးပိုလာတော့မည် ။ အမော် သည်လိုမှော က်နေတာသိများ သိလျှင် စိတ်ထိခိုက်ဦးတော့မှာ ပါလား။
ကျွန်မသည် စာရေး ခုံအတွင်းမှ လက်သင့်ရာ မှတ်စုစာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ အခန်းထဲတွင် ခေါက်တုံ့လမ်းလျှောက် ကျက်မှတ်နေဟန်ပြုသည်။ ကြီးကြီးပိုများ လာကြည့်ခဲ့လျှင် မ၀င်သာအောင် တားဆီးထားမည် ။ အမော့်ထံမှ သေရည်ရနံ့တွေ ကို မရှူရှိုက်ရစေချင်ပါ။
ကံအားလျော်စွာ ပင် ကြီးကြီးပိုသည် သူမထွန်းညှိထားသော ဘုရားမီးရောင် စုံ မီးခလုတ်ကို ပိတ်ပြီးနောက် အိပ်ခန်းထဲ ပြန်ဝင်သွားသည်။ ပြာလဲ့လဲ့မီးတစ်လုံးကိုသာ ထွန်းညှိမြဲအတိုင်း ညလုံး ပေါက်ပူဇော်ထားတော့မှာ ဖြစ်သည်။
ထိုမျှမက ကံကောင်းထောက်မသည်မှာ ကြီးကြီးပိုအိပ်ရာထဲ ရောက်လာချိန်မှာ မှ အမော်က အော့ခနဲ အော့ခနဲ လေချဉ်တက်လာခြင်း ဖြစ်သည်။
“တိုးတိုးအမော်။ ကြီးကြီးကြားသွားမယ်”
အမော်သည် အနားတိုးကပ်လာသော ကျွန်မကို မျက်ထောင့်နီနီကြီးနှင့် တစ်ချက်ကြည့်ပြီး သကာလ ခုတင်နံဘေးသို့ ခေါင်းခေါင်းထိုးအန်ချတော့သည်။
ကျွန်မသည် ခြေထောက်တွေ ကို အဝေးနိုင်ဆုံး ဖယ်ရှားရှောင်တိမ်းရတာ တစ်ဖက်၊ အမော့ ကျောကုန်းကို ဖိနှိပ်ပေးရတာ က တစ်ဖက်။ ချဉ်းစူးသော အန်ဖတ်တွေ ၏ ရနံ့နှင့် မြင်ကွင်းကို ရှောင် လွှဲ၍ မရနိုင်တာကတစ်ဖုံ၊ ကျီးကန်းတောင်းမှော က်ယောက် ယက်ခပ်ကာနေ၏ ။
အမော်သည် အတော် ကလေးကြာအောင် ဆက်အော့နေသော်လည်းမအန်တော့ပါ။ ချွေးသီး ချွေးပေါက်တွေ နဖူးမှာ သီးပြီး တစ်ကိုယ်လုံးလည်း ရွှဲနစ်နေတော့သည်။
ကျွန်မက ခြင်ထောင်တန်းပေါ် တန်းလန်းကျနေသော အသက်၏ တဘက်ကိုဖြုတ်ယူကာ အမော့် မျက်နှာမှ ချွေးတွေ ကို သုတ်ပေးသည်။ သူ့ကျောပြင်ကိုပါ စွပ်ကျယ်လှန်ပြီး သုတ်ပေးရသည်။
“အတွင်းဘက်တိုးလိုက်ပါလား။ အမော်ပလက်လက်လှန်လိုက်”
သူသည် ကျွန်မ၏ မျက်နှာကို အားကိုးရာမဲ့ငေးစိုက်ကြည့်ကာနေသည်။ သူ့ရင်ဘက်ကိုချွေး သုတ်ပေးနေခိုက် ကြည့်ကာနေသည်။ သူ့ရင်ဘက်ကို ချွေးသုတ်ပေးနေခိုက် သူ့နှလုံးဖုတ်လှိုက်၊ ဖုတ်လှိုက် ခုန်နေသည်ကို မသက်သာစွာ မြင်တွေ့ နေရသည်။ အသက်ရှူမြန်တိမ်လှပ်ကာနေ၏ ။
“အော့တာကိုး၊ မောသွားတာပေါ့”
“တမင်အော့မလားဟ။ ပြီးတော့လည်း တိုးလို့ရမလားအော့တဲ့ဟာကို”
“အေးပါး… တို့မှားသွားတယ်”
တကယ်တော့ ထိုအချိန်လောက်ဆိုလျှင် သူ့မျက်လုံးတွေ ကို သူမှိတ်ထားလိုက်သင့်ပြီ။ သို့ သော် သူက ရီရီဝေေ၀ဆက်ကြည့်နေဆဲ ဖြစ်သည်။ ကျွန်မသည် ချွေးသုတ်ပေးခြင်းကို ရပ်တန့် ကာ သူ့ကိုမေးခွန်းထုတ်သော အကြည့်ဖြင့် တုံ့ပြန်လိုက်မိသည်။
“နင့်ကိုအသက်မပြောပြဘူးလား”
“ဘာကိုလဲ”
“ငါအသည်းကွဲတဲ့ အကြောင်းလေ”
“ဟင့်အင်း”
ရုတ်တရက်ကျွန်မရိပ်မိသွားသည်။
“နင်နဲ့ မေမာလာဝင်း ဘာ ဖြစ်ကြလို့လဲ”
“ငါ့ကိုကန်သွားပြီ”
“ဟင်”
ကျွန်မသည် အမော့်ကို သနားခြင်းပြင်းပြစွာ ဖြင့် စကားမဆိုတတ်အောင် ဆို့နင့်သွားသည်။ ဤမျှလှပပြည့်စုံသော မိန်းကလေးတယောက် ၏ အချစ်ကို ရရှိပိုင်ဆိုင်သည်အ ဖြစ် အမော်ကို ကျွန်မတို့တတွေ အထင်တကြီးရှိခဲ့ကြသည်။ ကြီးကြီးပိုကဆိုလျှင် ဒီကောင်မလေးရဲ့ အဆင့် အတန်း မျိုးမီအာင် မင်းထားနိုင်ပါ့မလားသားရယ် ဆိုသည်အထိ တွေးတောမြော်မြင်ခဲ့တာကလား။
ကျွန်တော် ကြိုးစားမှာ ပေါ့အမေဟု အမော်ကလည်းအားမာန်အပြည့် ယုံကြည်ချက်အခိုင် အမာဖြင့် ဖြေကြားခဲ့သည်။ သူတို့မိသားစုသည် အမော့်အတွက် ကျေနပ်စွာ ပူပင်စွာ ရင်ဖိုခဲ့ကြလေ သည်။
ခုတော့ မေမာလာဝင်းက အမော့်ကို အဆက်ဖြတ်လိုက်ပြီ ဆိုပါရောလား။
“ဟုတ်ရဲ့ လားအမော်ရယ်”
“မဟုတ်ဘဲရှိမလားမှု န်ရဲ့ ။ အလုပ်ရကာစ နည်းပြဆရာအသစ်စက်စက်ကလေးနဲ့ ပေါ်တင် တွဲ နေကြပြီပဲ။ နင်တို့မကြားကြသေးဘူးလား”
“ဟင့်အင်း”
သူများ တွေ ကြားချင်ကြားကြမှာ ပါ။ ကျွန်မ၏ အပေါင်းအသင်းတွေ က မေမာလာဝင်းတို့နှင့် စိမ်းသည်။ ပြီးတော့ သည်သတင်းက သိပ်ကိုစောလွန်းနေသေးတာလည်း ဖြစ်၍ ဖြစ်နေသည် လေ။
“အဲဒါနဲ့ပဲ နင်က အရက်တွေ သောက်ရရောလားဟင်” အမော်အနည်းငယ် ရှက်စနိုး ဖြစ်သွား ဟန်ရှိသည်။
“နင်ကလဲငါ့ဖာသာ ၀က်ကြီးတို့နဲ့ ၀ိုင်းကြတာပါ”
“နင်ကရောကောသော ကောနဲ့ အမူးသောက်ပြီး အန်ထွက်ပစ်တယ်ပေါ့”
“ဆောရီးဟာ”
အမော်ပြုံးယဲ့ယဲ့နှင့် မျက်လုံးတွေ မှိတ်သွးသည်။
ကျွန်မသည် ခြေသံမကြားအောင်ချွတ်နင်းကာ အပြင်ဘုရားခန်းထောင့်မှ ပလပ်စတစ် အမှိုက်ကော်ပြားကို သွားယူသည်။ ကော်ပြားတော့ရပါပြီ။ ကော်ပြားထဲသို့ အဘယ်ပစ္စည်းသုံးပြီး ကျုံး၍ ထည့်ရပါ့မယ်။
တကယ်ဆိုလျှင် ကျွန်မကအင်မတန်ရွံ့တတ်သည်။ ခုနေခါမှာ ကျွန်မကပ်ဖဲ့နေလျှင်အသက် တစ်ယောက် တည်း ကျုံး၍ ရှင်းလင်းရတော့မည် မဟုတ်လား။ ကျွန်မသိတတ်အားနာတတ်ရ မည် လေ။
သက်ပြင်းတစ်ရှိုက်နှင့် အတူ ကျွန်မသည် ခဲကြောင်းတွေ တောင်ခြစ်မြောက်ခြစ်သုံးပြီးသား စက္ကူတွေ ကိုလုံးချေကာ အန်ဖတ်ပုံနံဘေးတွင် ဆောင့်ဆောင့်ထိုင်ချလိုက်လေသည်။
အမော်မျက်လုံးဖွင့်ကြည့်ကာ မွေ့ရာကို တံတောင်နှင့် ထောက်ပြီးခေါင်းထောင်လာ၏ ။
“ဟာ…မှု န်ထားစမ်းပါ။ ငါ့ဖာသာ ကျုံးပါ့မယ်”
“နေပါ…အသာလှဲနေစမ်းပါ။ ငါ့ဖာသာ ကျုံးပါ့မယ်”
“နေပါ… အသာလှဲနေစမ်းပါ။ တို့လုပ်ပေးမှာ ပေါ့”
“ဖယ်စမ်းပါ မှု န်ရာ”
အလွန်တရာ နွမ်းနယ်ပျော့ဖတ်နေချိန်မှာ ပင်လျှင် ယောင်္ကျားကလေး တစ်ယောက် သည် အားအင်သန်စွမ်းဆဲ ဖြစ်သည်။ သူအသာအယာ တွန်းဖယ်လိုက်ခြင်းပင် ပြင်းထန်တူသော်လည်း မျှော်လင့်မထားသော ကြောင့် ကျွန်မဒယီးဒယိုင် ဖြစ်သွားကာ ဟန်ချက်ရှာရင်း သူ့အန်ဖက်ပုံပေါ်သို့ လက်တစ်ဘက်ပွတ်ရှပ်သွားမိလျက်သား ဖြစ်သွားသည်။
“ဟောတော့”
ရွှံရှာခြင်းကို မဖုံးနိုင် မဖိနိုင် ဖြစ်သွားမှာ ပဲထင်သည်။
“ဒုက္ခပါလားမှု န်ရာ”
အမော်ကညည်းညည်းတွားတွားနှင့် အိပ်ရာမှကုန်းကုန်းထပြန်သည်။
အခန်းထဲသို့ ၀င်လာသော အသက်က ဟွန်းခနဲ အာမေဍိတ်ပြုသည်မှာ ကျွန်မက ကြမ်းပေါ်မှာ ကို့ရို့ကားရားမြင်ရသော ကြောင့် ဟုတ်ဟန်မတူဘဲ အမော့်ကိစ္စတွေ ပြန့်ကြဲနေခြင်းကို စိတ်ပျက်လက်ပျက် ဖြစ်သွားတာပဲ ဖြစ်ရမည် ။
ကော်ဖီကြမ်းကို စာရေး ခုံးပေါ်တင်ပြီး အသက်က ကျွန်မထံ စစ်ကူလာသည်။
ကျွန်မက ကော်ပြားထဲသို့ အမော်အန်ဖက်တွေ ကျုံးထည့်နေပါပြီ။
“ငြိမ်ငြိမ်နေစမ်း အမော်။ နင်မူးနေတာ။ ဘာမှလဲလုပ်နိုင်မှာ မဟုတ်ဘူး။ အကောင်းဆုံး ကတော့ နင်နံရံကို မှီထိုင်ပြီး ကော်ဖီကြမ်းသောက်နေလိုက်ဖို့ပဲ”
အသက်သည် သူမ၏ မောင်ကို ကရုဏာဒေါသော ဖြင့် ခပ်မာန်မာန်ထန်ထန်လေး အမိန့် ပေးသည်။
“ကော်ဖီကြမ်း မသောက်ခင် သူတစ်ခု လုပ်သင့်တယ် အသက်”
“ဘာလဲမှု န်”
“သူ့ကိုပါးလိုက်ကျင်းခိုင်းပါဦးလား။ အန်ဖက်တွေ ပါးစောင်မှာ ကပ်လို့”
ကျွန်မသည် သူ့အန်ဖက်တွေ ကို ကြမ်းပြင်ပေါ်မှာ သေချာသုတ်သင်နေရင်း သူ့ကို ခနိုးခနဲ့ ပြုံးပြီးကြည့်မိသည်။
သူတော် တော် ရှက်သွားဟန်တူသည်။ မခံချိမခံသာလည်း ဖြစ်သွားဟန်နှင့် ကျွန်မ၏ ဦးခေါင်းကို မမှီမကမ်း လှမ်းပုတ်လေသည်။
အမော်နှင့် ကျွန်မသည် ထိုခဏအတွင်း သုံးနှစ် တာအတူနေလာသော နေ့ရက်များ ထက် နှစ် ဆသုံးဆမက ပိုမိုရင်းနှီးသွားကြသလိုပင်။
ပြီးတော့လည်း သူ့အပေါ် ကြင်နာသနားစိတ်တွေ ဖြိုးမောက်လျှံဖိတ်နေခဲ့မိကြောင်း ကျွန်မကိုယ်ကျွန်မ သတိထားမိသည်။ စိတ်ရှင်းသန့်စင်စွာ ပင် သတိထားမိနေခဲ့သည်။ ကျေနပ်၍ လည်းနေသည်လေ။ တမိုးတည်းအောက်မှာ အတူနေသူချင်း ကြင်နာယိုင်းပင်းကြခြင်းဟာ ကျေနပ်စရာပဲမဟုတ်လား။
သည်လိုသနား ကြင်နာစိတ်တွေ လွန်ကဲဘောင်ကျော်လာလျှင်ဖြင့် ကျွန်မ၏ ဘ၀ ဇောက်ထိုးမိုးမျှော် ပြောင်းလဲသွားရလိမ့်မည် ဟူ၍ တော့ ရှေ့ ဖြစ်အနာဂါတ်ကို ကျွန်မဘယ်မှာ တွက်ဆနိုင်မှာ တဲ့လဲ။
မိုက်လည်းမိုက်မဲခဲ့မိပါသည်။
မှားလည်းမှားယွင်းခဲ့မိပါသည်။
ဒါပေမယ့် ကျွန်မ၏ အရွယ်၊ ကျွန်မ၏ ပတ်ဝန်းကျင်နှင့် ကျွန်မ၏ အသိတရားနှင့် တွက်ချင့် ကြည့်ပါလျှင် ကျွန်မမိုက်မဲမှားယွင်းခဲမိတာဟာ အပြစ်အရှိကြီး ရှိမနေနိုင်တန်ရာပါဘူးထင်ပါရဲ့ ။
ဘယ်သို့ ပင် မိမိကိုယ်မိမိ သက်သာရာသက်သာကြောင်း ဖြေလျှော့ တွေးပါသော်လည်း အသည်းကွဲနေသော ယောက်ျား တစ်ယောက် ကို သနားမိခြင်းဖြင့် အချစ်ဟုဆိုသလား၊ မဆိုသလားပင် ခွဲခြားမသိနိုင်သည့် ချောက်ကမ်းပါး နှုတ်ခမ်းကို ကျွန်မနင်းခဲ့မိတာ အမှန်ပါ။ အသူရကယ် နက်ရှိုင်းသော ချောက်အတွင်းသို့ ကျွန်မစုန်းစုန်းချော်ကျသက်ဆင်းခဲ့ရတာ အမှန်ပါပဲ။
အမော်ရယ်….
အမော့်ကို သနားမိသော ကြောင့် ကျွန်မဤမျှအထိခံစားနစ်နာရသည် ကတော့ ကျွန်မလွန် ကျူးသည့် အပြစ်ဒဏ်သည် မတန်တဆ ကြီးမားလွန်းမနေပေဘူးလား ရှင်ရယ်။
ကျွန်မနှင့် အမော်ဘယ်နည်းဘယ်ပုံ ချစ်သူရည်းစား ဖြစ်သွားကြသည်ဟု ကျွန်မစမြုံ့ပြန်မ နေချင်တော့ပါ။ ဆုံးရှုံးလိုက်ရသော ရင်ခွင်တစ်ခုနေရာမှာ အစားထိုးဖို့တစ်တရှာဖွေနေသော ယောင်္ကျား တစ်ယောက် သည် လောကကြီးအလယ်မှာ စိတ်ကူးယဉ်စွာ လွင့်မျော်နေသော မိန်းမ တစ်ယောက် နှင့် ဆိုက်ဆိုက်မြိုက်မြိုက် အနီးကပ်ဆုံးဆုံစည်းလိုက်ရသည်ပဲ ထားလိုက်ကြပါစို့။
ကြီးကြီးပိုကရိုးသားအေးဆေးသလောက် အသက်သည်လည်း မိခင်နှင့် ထပ်တူထပ်မျှ တစ်ချိုးတည်း၊ တစ်ပုံစံတည်း ကျသူပါ။ လူတစ်ဖက်သားအပေါ်အမြင်အကြည်လင်ဆုံး အသန့်ရှင်း လင်းဆုံးအသန့်ရှင်းဆုံး မြင်တတ်သော သားအမိပါပဲ။
ကျွန်မနှင့် အမော်အပေါ်တွင် သူတို့သားအမိခမျာ စိုးစဉ်းမျှ သံသယမရှိကြရှာပါ။
တစ်မိုးအောက်တစ်အိမ်တည်းမှာ နေထိုင်ကြရသော အမော်နှင့် ကျွန်မသည် ဘယ်လောက် ကြာကြာ စည်းတွေ စောင့်ထိန်းနေကြမှာ လဲ။ အထူးသဖြင့် အမော်အပေါ်အဓိပ္ပာယ် ကင်းမဲ့လှစွာ သနားကရုဏာရေစီးကမ်းပြိုလိုက်နေသော ကျွန်မသည် ဘယ်လိုတောင်းဆိုမှု မျိုးကိုမဆို ပစ်ပစ် ခါခါ ငြင်းဆန်ဖို့ ဘယ်စိတ်ကူးခဲ့ပါ့မလဲ။
ကျွန်မတို့၏ အိပ်ခန်းသည်ပင် အသက်လစ်လျှင် လစ်သလို ကျွန်မတို့ ချစ်စခန်းသာ ဖြစ်ခဲ့သည်။
အသက်ခဗျာ ပက်ပင်းတွေ့ မှပဲ မျက်စိမျက်နှာပျက်ငိုကြီးချက်မသိရရှာတော့သည်။
ထိုနေ့က ကျောင်းသွားခါနီး ဆဲဆဲ စာအုပ်တွေ ထည့်သိုနေသော ကျွန်မထံသို့ လှစ်ခနဲဆို အမော်ရောက်လာကာ စလိုက်နောက်လိုက် ဖက်နမ်းလိုက်နှင့် နှောင့်ယှက်ကျီစယ်နေခဲ့သည်။
ကျွန်မအတွက် ထမင်းဘူးထည့်ပေးပြီးနောက် ဆင်းမလာနိုင်သည့်အဆုံး လွယ်အိတ်ထဲ တစ်ပါတည်း ထည့်ပေးတော့မည် ဟု အသက်ခမျာ သဘောရိုးနှင့် အပေါ်ထပ်သို့ ရောက်ရှိလာခဲ့၏ ။
အသက်၏ လွှတ်ခနဲအော်သံအဆုံးတွင် ကျွန်မကို လွှတ်ဖြည်ကာ အမော်သည်လေအဟုန် ဖြင့် လစ်ပြေးတော့သည်။
တရှိုက်ငင်ငင်ငိုကြွေးနေသော အသက်ကို ကျွန်မဘယ်လိုမှ ဖြေရှင်းချက်မပေး ဖြစ်ခဲ့ပါ။ လွတ်လပ်သော ယောင်္ကျား တစ်ယောက် နှင့် မိန်းမ တစ်ယောက် ၏ ယဉ်ပါးမှု ကို ဘယ်လိုနည်းနှင့် ဖြေရှင်းပြရမှာ တဲ့လဲ။
လွယ်အိတ်ကလေးပိုက်ပြီး ကျွန်မမှာ အသက်ကို ငုတ်တုတ်ထိုင်ကြည့်နေခဲ့ရတာ အနည်း ဆုံးဆယ့်ငါးမိနစ်လောက်ကြာသွားသည်ထင်၏ ။ ကျွန်မခံစားရည့် အတိုင်းတာဆိုလျှင်တော့ နာရီ လက်တံတွေ ကို နောက်ပြန်ဆွဲဆိုင်းထားလေဘိသကဲ့သို့ ။
နောက်ဆုံးတော့အသက်ဘာသာပဲ အငိုတိတ်ကာ မျက်ရည်သုတ်ပြီး အောက်ထပ်ပြန်ဆင်း သွားသည်။
ခဏအကြာမှာ ကျွန်မလည်း အိမ်မှထွက်ကာ ကျောင်းသို့သွား၏ ။ အတန်းနှစ် ချိန်တိတိ လွှတ်လိုက်ရလေသည်။
ဟုတ်ပါရဲ့ ။ အတန်းသစ်မစမီအတန်းဟောင်းပြီးအောင် ကင်တင်းတွင် အအေးသောက်ရင်း အချိန်ဖြူန်းနေဆဲ၊ မေမာလာဝင်းတို့အတွဲကို တွေ့ လိုက်သေးတာအဲသည်နေ့ကပါပဲ။ အမော်တွေ့  လျှင် စိတ်မကောင်း ဖြစ်လေမလားဟု ကျွန်မသံသယ၀င်ခဲ့သော်လည်း ဖွင့်ဟပြီးတော့ မမေး မြန်း ဖြစ်ခဲ့ပါ။ မေးလည်းအမော်က ငြင်းမှာ ပဲမဟုတ်လား။
ပြီးခဲ့ပါပြီဟု သူကယတိပြတ်အဖြေပေးမှာ လေ။ ကျွန်မယုံကြည်ခဲ့ပါသလား။ ခေါင်းမညိတ် နိုင်ပါ။ ခေါင်းညိတ်နိုင်လောက်အောင် ကျွန်မမသေချာခဲ့ပါဘူးလေ။ ကျွန်မ လေးလေးနက်နက် မစဉ်းစားခဲ့တာပဲ။
မပီပြင်သော ထိုဇာတ်လမ်းထဲတွင် မဆင်မခြင် မျှော်လိုက်နေခဲ့ချိန်တွေ မှာ ကျွန်မ ပျော်ရွှင် နေခဲ့ပါသလား။ ကျွန်မရင်ခုန်နေခဲ့ပါသလား။ ဒါတွေ ကိုလည်း ကျွန်မအမှတ်မရတော့ပါ။ ထိုအချိန် တွေ မှာ ကျွန်မကို တစ်စုံတစ်ရာသော အမိုက်မှော င်စွမ်းအင်က မိနှိပ်ကြိုးကိုင်နေသည် ဟုသာ ကျွန်မလွှဲချလိုက်ချင်တော့သည်။
ကျွန်မအိပ်မက်မက်နေခဲ့သည်။
ကျွန်မလွင့်မျောနေခဲ့သည်။
တစ်ချိန်တည်းမှာ တော့ဖြင့် အိပ်မက်မှ လန့်နိုးရပေမည် ။
တစ်ချိန်တစ်ခါမှာ တော့ဖြင့် အဆီးအတားတစ်စုံတစ်ရာနှင့် ထိတွေ့ ရပ်တန့်ရပေသည်။
ကျွန်မ တစ်ယောက် တည်း ကြိတ်မှိတ်တွေ ဝေနေရသည်ကိုက မရှိဘူးဆို အနည်းဆုံး သီတင်းသုံးလေးပတ်လောက်တော့ ကြာသွားခဲ့သည်။ လကျော်တာများ လား။ ဟုတ်နိုင်ပ့ါမလားနှင့် မဆုံးဖြတ်နိုင်တာကိုက ရက်ပေါင်းမနည်းလှပါ။
သေချာလာလေအသက်ရှူကျပ်လေ။
ကျွန်မ၏ ရူးမိုက်မှု ရက်စွဲများ ကို နိဂုံးချုပ်စာရင်းပိတ်ဖို့ အချိန်တန်ပါပကော။
အခက်အခဲကို ပင်ပန်းတကြီးဖြတ်သန်းလွန်မြောက်ကာ ပထမဆုံး ကျွန်မရင်ဆိုင်လိုက် သည်မှာ အမော်နှင့် ဆွေးနွေးတိုင်ပင်ခြင်းကိစ္စပင် ဖြစ်သည်။
“သေချာလားဟင် မှု န်”
သူထိတ်လန့်ညှိုးငယ်သွားလိုက်ပုံများ ကျွန်မကပဲ သနားမိရပြန်သေးတော့သည်။
သူ့အပေါ်သက်သက်ညှာညှာနှင့် ကျွန်မလေးလေးတွဲ့ တွဲ့ ခေါင်းညိတ်ပြလိုက်ရပါသည်။ ပြီးတာ့သူ့ထံမှ ဘာစကားများ ကြားရလေမလဲဟု မျှော်လင့်ကြီးစွာ လင့်နေခဲ့သည်။ ဒါဟာလည်း တကယ်တော့ ကျွန်မ၏ ထပ်ဆင့်မိုက်မဲမှု သာ ဖြစ်ပေသည်။
သူ့တွင် အစွမ်းအစမရှိကြောင်း မသိမဟုတ်ပါ။ သို့ သော် ဖြစ်လာသည့် ပြဿနာတွင် တိုင်တိုင်ပင်ပင်ညှိညှိနှိုင်းနှိုင်းကလေးတော့ ဖြစ်ချင်သည်။ ငါတို့ ဘာလုပ်ကြမလဲဆိုလျှင် တဆိတ် ကလေး နားဝင်မချောမောပေဘူးလား။ ခုတော့ “နင်ဘယ်လိုလုပ်မလဲ မှု န်” တဲ့။ နားတွင် မက အသည်းနှလုံးတွင် သို့ တိုင် ထွင်းဖောက်စူးရှသွားလေသည်။
ကျွန်မစိတ်ရှိတိုင်းသာ လုပ်ခွင့်ရှိလျှင် ငါဘာပဲလုပ်လုပ်နင့်အပူမပါဘူးဟု ကလေးကလား ပြောပစ်ချင်တော့သည်။
သို့ သော် ရင်ဆိုင်နေရသည်က ကလေးကလားကိစ္စမဟုတ်။ သည်တော့ ကလေးကလား စီစဉ်ဆုံးဖြတ်နိုင်တာမှ မဟုတ်တာပဲလေ။
ကျွန်မသည်လည်ချောင်းထဲ ဆောင့်တက်လာသော ဒေါသနှင့် မကျေချမ်းမှု အစိုင်အခဲကို တံတွေး တနင်နင် မျိုချလိုက်ရသည်။
“တို့တွေ လက်ထပ်ကြရမှာ ပေါ့ အမော်”
“ဟာ… မှု န်ကလဲကွာ”
ကျွန်မ ပေါက်ကွဲအော်ဟစ်မိမှာ စိုးသဖြင့် လက်ထဲတွင် ရှိနေခဲ့သော စုတ်တံတွင် ရေဆေး အ၀ါထိန်ထိန်တွေ ထူထူသုတ်ကာ ခပ်ကြမ်းကြမ်းရေး ခြစ်နေခဲ့မိသည်။
ကျွန်မ ပန်းချီမရေး ဆွဲ ဖြစ်ခဲ့တာ ကြာပါပြီ။ စိတ်လွတ်လူလွတ် ဖြစ်ခဲ့သည်က စမည် ထင်၏ ။ အဲ့သည်နောက်မှာ မှတစ်ကိုယ်တည်း ကြိတ်မှိတ်ရင်ဆိုင်နေရသော ဝေဒနာသည် အချိန်တိုင်းမှာ တမြေ့မြေ့ဖိစီးလှိုက်စားနေခဲ့သည်။ ဘာပဲလုပ်လုပ်၊ ဘာပဲတွေးတွေး နောက်ဆုံးသည် ဗဟိုချက်ဆီ သို့ သာ ဦးတည်လေသည့်အ ဖြစ်။
အမော်သည် ကျွန်မ၏ ခုတင်ပေါ်တွင် ထိုင်ကာ ကျွန်မ၏ စာရေး ခုံပေါ်လက်ထောက်ပြီး ကျွန်မ၏ မျက်နှာကို ရင်ဆိုင်ကြည့်ဖို့ ကြိုးစားသည်။ ကျွန်မကို အသနားခံကာ သူ့တာဝန်မှ ရုန်းထွက်လျှင် ကျွန်မက တစ်ဖန်သနားမိပြန်ပြီး အရေး မယူ ဖြစ်လိုက်မှာ ကို ကျွန်မစိုးရိမ်တက်နေပါ ပြီ။
ကျွန်မက ဆေးချက်အ၀ါတွေ ကြားတွင် အနီရောင် တွေ ကို ခပ်ရှည်ရှည်ဆွဲလိုက်သည်။ လေးငါးချက်အရတွင် ကျွန်မသိမှတ်မဲ့ ရေး ဆွဲနည်းမှာ မီးတောက်မီးလျှံ တွေ ဖြစ်ကြောင်း သတိပြုမိ လာ၏ ။
ကျွန်မသည် အမော့်ထံမှ တစ်စုံတစ်ရာထွက်ပေါ်လာရေး ကို စောင့်စားရင်း ကျွန်မလက်ရာ ကို ပီပီပြင်ပြင် ဖြစ်လာအောင် ဆက်လက်ခြယ်မှု န်းသည်။
ခြောက်သယောင်းသော ထင်းချောက်တွေ ကို ကစဥ့်ကလျားလောင်စာဖြည့်ပေးသည်။ မီးခိုး ငွေ့တွေ ကိုပုံ၏ လက်ယာဘက်ဆီသို့ ဝေ့သွားလွင့်သွားစေခိုက် စိတ်ကူးတစ်မျိုးပေါက်ကာ ထိုနောက်ဘက်တွင် ဘဲအိတ်တစ်စုကို တည်ဆောက်သည်။ ခန်ာနီခနော်နဲ့ နောက်ခံအရောင် ကို လည်း လိမ္မော်ရောင် ၊ ၀ါကြားအရောင် များ စူးစူးရဲရဲ သုံးစွဲပစ်သည်။ မီးလောင်နေသော ၀န်းကျင် သည် နေရှိန်အောက်တွင် ပူပြင်းတောက်ပနေရမှာ မဟုတ်လား။
“မှု န်… ငါ့ကို စကားပြောပါဦး။ နင့်စုပ်တံကြီးကို ဘေးချထားလိုက်စမ်းပါဟာ”
အမော်သည် ပြောပြောဆိုဆို ကျွန်မလက်မှ စုတ်တံကိုယူပြီး ဆေးစပ်ပြားကလေးပေါ်တွင် ထားလိုက်သည်။
“ငါတို့ ဘယ်လိုလုပ်ကြမလဲ”
ပထမဆုံးအကြိမ်အ ဖြစ် ကျွန်မ စိတ်သက်သာရာ ရသွားသည်။ ဤ၀န်ထုပ်ဝန်ပိုးသည် ကျွန်မ တစ်ယောက် တည်းက ပြစ်မှု ကျူးလွန်ခြင်းကြောင့် ပေါ်ပေါက်လာရသည်ဆိုသည်အထိတော့ အမော်ကိုယ်လွှတ်ရုန်းမသွားသေးပါဘူး။
သူဟာ ငယ်ရွယ်သေးသော ကျောင်းသားကလေး တစ်ယောက် မျှသာ ဖြစ်လေ၍ သည်ပြ ဿနာကို ဦးဆောင်ဖြေရှင်းတက်ခြင်းမရှိရှာတာဘဲဟု သနားမြဲသနားကာ ကျွန်မအရည်ပျော် သည်။
“ကလေးရှိနေမှတော့ လက်ထပ်ရမှာ ပေါ့အမော်ရယ်”
ကျွန်မသည် သူ၏ လက်ဖျံကို နှစ် သိမ့်အားပေးသော သဘောဖြင့် ဖွဖွဆုပ်ကိုင်သည်။
အမော်သည် ကြံရာမရသော မျက်လုံးကြီးများ ဖြင့် ကျွန်မကို အငေးသားကြည့်ကာနေ၏ ။
“ဘယ်လိုလက်ထပ်ကြမလဲ”
“တရားရုံးမှာ လက်ထပ်ရမှာ ပေါ့”
“အမော်ရှုပ်ထွေးတွေ ဝေသည်”
“ ဖြစ်ပါ့မလား”
“ဘာလို့မ ဖြစ်ရမှာ လဲ”
သူ့ကို စိတ်ဆိုးရမည့် အစား ကျွန်မပြုံးချင်ရယ်ချင် ဖြစ်လာသည်။
“ဒါဖြင့် နင် မိန်းမခိုးပြေးမလား”
အမော်တုန်လှုပ်သွားပြန်သည်။
“ဘယ်ကို ခိုးပြေးမှာ လဲ”
ကျွန်မသည် သူ့ကိုမကျီစယ်ရက်တော့ပါ။ ဆုပ်ကိုင်ထားဆဲ သူ့လက်ဖျံကို အသာအယာ ဖျစ်ညှစ်လိုက်တော့သည်။
“နောက်တာပါဟာ။ ခိုးမပြေးပါဘူး။ ဖွင့်ပြောရမှာ ပေါ့…”
အမော်မျက်လု့းတွေ ပြူးကျယ်ဝိုင်းစက်လာပြန်သည်။ရင်ဆိုင်ရမည့် ဘေးကို သူတွေးလေကြောက်လေ ဖြစ်နေပုံပါပဲ။
“ဘယ်သူ့ကိုဖွင့်ပြောရမှာ လဲမှု န်”
“ဘယ်သူ့ကို ဖွင့်ပြောရကောင်းမလဲ”
သူအကြံမပေးတတ်မှန်း သိသော ကြောင့် သူ့အဖြေကို ကျွန်မစောင့်ဆိုင်းမနေတော့ပါဘူး။ သူ့ကိုလည်း တိုင်ပင်အသိပေးမနေတော့ပါ။
စာမေးပွဲမဖြေနိုင်ဘူးဟု မှိုင်ပုံချသော အသက်ကိုမသနား၍ မဟုတ်ရပါ။ သို့ သော် ကျွန်မ၏ ပြဿနာက ကြာကြာရွှေ့ဆိုင်းထားနိုင်ကောင်းသော အရာမဟုတ်။
ထိုနေ့ကညရောက်သည်အထိ ကျွန်မအတန်တန်အောင့်အည်းစောင့်ဆိုင်းနေခဲ့ရသည်။
ဆယ်တန်းစာမေးပွဲကို တတိယအကြိမ် ဖြေဆိုလာပြီးသည့်နောက် ထမင်းပင် မစားနိုင်ဘဲ အိပ်ရာပေါ် ခွေခွေကလေးလဲပြိုနေသော အသက်သည် ကျွန်မဘာတွေ ရည်ရွယ်ချိန်ဆနေကြောင်း အလျဉ်းမရိပ်မိရှာပါ။
ကျွန်မသည် စာရေး ခုံပေါ်တွင် ခဲတံတစ်ချောင်းနှင့် တဒေါက်ဒေါက်နေရင်းအားယူကာ နေသည်။ ဘုရားခန်းဆီမှ ကြီးကြီးပို၏ ဘုရားရှိခိုးသံသည် နားမှလျှံကာ ရှပ်တိုက်သွားဘာသာ နေ၏ ။
“မှု န်ရေ… တတောက်တောက်နဲ့ ဘာလုပ်နေတာလဲ ဟင် တို့ခေါင်းကိုက်လွန်းလို့ကွာ”
“ဆော်ရီး…ဆော်ရီး…”
ကျွန်မသည် ခဲတံအခေါက်ရပ်ကာ ဗလာစာအုပ်နေက်ဆုံးစာမျက်နှာတွင် ခဲကြောင်းများ ရေး ခြစ်နေမိပြန်သည်။ ခပ်ရိပ်ရိပ်ခပ်ဖွဖွကလေး။
“အသက်”
“ဟင်”
ခဲခြစ်ရာတွေ ကျွဲပါးတုံ့နေးသည်။
ကျွန်မသည် တံတွေးတနင်နင်နှင့် အသံရှာမတွေ့ အောင် ဆွံ့အ လျက်ရှိ၏ ။
ကြီးကြီးပို၏ ကြေးစည်ခတ်သံသည် ကျွန်မကို ပြန်လည်လှုပ်ရှားအသက်ဝင်လာစေသည်။
“တို့နဲ့အမော်လက်ထပ်ရတော့မယ်”
သည့်ထက်အံ့သြချောက်ချားဖွယ် စကားမျိုးကို အသက်ကြားဖူးခဲ့မည် ဟု ကျွန်မ မတွေး ထင်နိုင်တော့ပါ။
အိပ်ရာမှ ငေါက်ခနဲဆိုငုတ်တုတ်ထထိုင်ကာ ကျွန်မအားအစိမ်းသဘက် မြင်ရသူပမာ မျက်လုံးအပြူးသား အထိတ်တလန့် စိုက်ကြည့်သည်။
ကျွန်မသည် မျက်လွှာချကာ ခဲရိပ်တွေ ဆက်ခြယ်နေမိသည်။ မရည်ရွယ်ပါဘဲမိုးသက်ရိပ် မှော င်ထည့်ကြားတွင် ဖုံးကွယ်မှေးမှန်နေသော လကွေးကလေးသည် မပီမပြင်ဖျော့တော့ကာနေ ၏ ။ မသိစိတ်၏ တွန်းအားပေးမှု ကြောင့် လေလားမသိနိုင်ဘဲ အလန့်တကြား ထပျံသော ဇီးကွက် တစ်ကောင် တဟုန်ထိုးထပျံတက်နေဟန် ရေး ခြစ်နေမိပြန်သည်။
“မေမာလာဝင်း”
သည်နာမည် သည် ကျွန်မနားအုံသို့ ဖိနှိပ်နင်းဆောင့်လိုက်သည့်နှယ် ပြင်းထန်စွာ တိုက်ခတ် တိုးဝင်သွား၏ ။ အသက်က စိတ်မှတ်မဲ့ ရေရွတ်လိုက်ခြင်းသာ ဖြစ်မှာ ပါ။
“သူသိရင် ဘာပြောမလဲ”
အသက်သည် မေမာလာဝင်းအပေါ် မည် မျှညွတ်နူးတွယ်တာနေကြောင်း ကို ထိုခဏမှာ မှ ကျွန်မသိရှိလိုက်ရသည်။ ခံပြင်းကြေကွဲရသည်နှင့် အမျှ ပါဝင်အသုံးတော် ခံခဲ့မိသော ကယ်တင်ရှင် ကရုဏာရှင်ကဏ္ဍ၏ ပေါကြောင်ကြောင်အူတူတူ နိုင်လှပုံကို ရှက်ရွံ့စိတ်ပျက်ခြင်းများ စွာ ဖြင့် နှလုံးသားဆတ်ဆတ်ခါမျှ နာကျင်သည်။
“ဘာပြောရမှာ လဲကွယ်။ အမော့်ကိုသူမလိုချင်တော့လို့ လွှတ်ပစ်ခဲ့တာပါ။ တို့က ကောက်ယူထားခဲ့တာပါ”
တကယ်တော့ အသက်သည် ရက်စက်မာကြောသူ မဟုတ်ရပါ။ မေမာလာဝင်း သိလျှင် ဘာပြောမည် ။ဘာတွေးမည် ဟုသူမမမှန်းဆတတ်သော ကြောင့် သာသည်စကားလုံးတွေ ပြောထွက်သွားခဲ့ခြင်း ဖြစ်ပါလိမ့်မည် ။ မေမာလာဝင်းအပေါ် အထင်တကြီးနှစ် လိုတွယ်တာနေခဲ့သော သံယော ဇဉ်ဖြင့် စိတ်ထိခိုက်သွားလေမလား စိုးရိမ်ပူပန်မိခြင်းသာ ဖြစ်ပါလိမ့်မည် ။
ကျွန်မထိခိုက်နာကျင်စေတော့ဟု ရည်ရွယ်ရင်းစွဲ မရှိခဲ့ကြောင်း ကျွန်မနားလည်ပါသည်။ သို့တစေးခံပြင်းကြေကွဲရတာ တော့အမှန်ပါပဲ။ ရှက်ရွံ့စိတ်ပျက်ရတာ လည်း အမှန်ပါပဲ။ နှလုံးသား ဆတ်ဆတ်ခါမျှ နာကျင်ရတာ လည်း အမှန်ပါပဲကွယ်။
“ဟုတ်ပါတယ်လေ။ အမော့်ကို သူမှမလိုချင်တာ။ တို့မှားသွားတယ်။ မှု န်စိတ်မဆိုးနဲ့နော်”
ကျွန်မခေါင်းယမ်းရင်းပြုံးဖိုးကြိုးစားသည်။နှုတ်ခမ်းတွေ ဟာတစ်စုံတစ်ရာကဖိနှိပ် ထားသည် နှယ်လုံးဝလှုပ်ရှား၍ မရ။
“မင်းတို့ဘာလို့ယူရမှာ လဲ။ နှစ် ယောက် စလုံး ကျောင်းနေကြတုန်းပဲ ရှိသေးတာ။ ဒုတိယ နှစ် တောင် မဖြေရသေးဘူး။ ဘွဲ့ရမှယူကြရင် ကောင်းတာပေါ့ကွယ်။ နှစ် ဘက်ဆွေမျိုးတွေ ကလဲ သဘောမတူစရာမှ မရှိဘဲ”
အသက်ကို ကျွန်မအားနာလှသည်။
သို့ သော်လည် ကျွန်မရင်ဆိုင်မှ ဖြစ်တော့မည် ။ ဖွင့်ပြောမှ ဖြစ်တော့မည် ။
ကျွန်မမျက်နှာ မော့လိုက်သည်။
“တို့ကိုယ်ဝန်ရှိနေပြီအသက်ရဲ့ ”
အသက်၏ ပြောင်းလဲသွားသော အမူအရာကြောင့် ကျွန်မရှက်သွားသည်။
အသက်သည် မျက်နှာကလေး ဖြူလျော်ကာ မကြားဝံ့မနာသာ လေသည့် အသွင်နား ကလေးနှစ် ဖက်ကို လက်ဝါးကာပြီး ပိတ်လေသည်။
ကျွန်မ၏ ဦးခေါင်းကို ပြန်လည်ငုံ့လျှိုးလိုက်ရသည်။ မဆင်ခြင်ခဲ့လေသော ၊ အမိုက်တိုက်ဖုံးခဲ့ လေသော နေ့ရက်တွေ ရုတ်တရက်ကုန်ဆုံးသွားသော အခါ ဝေဒနာတို့ အုံကြွလွှမ်းခြုံလာကြလေ သည် တကား။
ကျွန်မသည် ခဲတံတစောင်းကိုင်ကာ ဇီးကွက်တောင်ပံကို ရုပ်လုံးကြွလာအောင်ခြယ်မှု န်း သည်။ ရေး ဆွဲနေရင်း သရုပ်ပေါ်လာသည်မှာ အလန့်တကြား ထပျံနေသော ညဥ့်ငှက်ငယ်ကို လကွေးကလေးက မကြည့်ရက်လေသော ကြောင့် တိမ်ညိုတိုက်က ဖုံးအုပ်ပေးရလေသည့် ပုံသွင်။
အသက်ကပင် တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်လေသည်။
“ကောင်းပြီလေ။ မေမေ့ကိုပြောရမှာ ပေါ့။”
လမ်းမတန်းမှ လေးလံသော ကားကြီးတစ်စီး လိမ့်သွားသံသည် အသက်၏ စကားတွေ ကို တိုးညင်းမြုပ်ဝင်သွားစေခဲ့လေ၏ ။
အညာသူကလေးမလာတာကြာပြီဟု ဦးနန်းဝေကဂရုတစိုက်သတိမူမေးမြန်းကြောင့် ဖြင့် တစ်ဆင့်စကားကြားရသော်လည်း သည်ရက်များ တွင် ပန်းချီပန်းပုအသင်းများ နှင့် ကျွန်မဝေးကွာ နေခဲ့သည်။
မိုးအကုန်ဆောင်းဦးပေါက်တွင် ဆန်းဆန်းကို ကျွန်မမွေးဖွားလေသည်။ သားဦးမို့ဆေးရုံမှာ မွေးသင့်သည်။ အသက်က လေ့လာမှတ်သားထားကာ ကျွန်မဗိုက်နာပြီဆိုသည်နှင့် ဆေးရုံ ကားသွားငှားဖို့ တိုက်တွန်းနေတော့သည်။
“နေပါဦးဟာ။ မှု န်က မွေးချင်းမှ မွေးဦးမှာ ပါ”ဟု အမော်က ဇဝေဇ၀ါနှင့် အသက်ကို တားမြစ် သည်။ နောက်ဆုံးကြီးကြီးပို၏ အဆုံးအဖြတ်နှင့် ကျွန်မကို သူတို့မောင်နှမကဆေးရုံပို့ရလေသည်။
ထိုစဉ်က ကြီးကြီးပိုမှာ မျက်လုံးခွဲပြီးစ ဖြစ်သည်။ ဆေးရုံသို့ ကိုယ်တိုင် မလိုက်သည်မှအပ လိုအပ်မည် ထင်သမျှ လိုလေသေးမရှိအောင် စီစဉ်ညွှန်ကြားလမ်းပြပေးခဲ့သည်။
သိပ်ခက်ခဲမည် မယူဆသော်လည်း အင်းစိန်သားဖွားဆောင်တွင် ကျွန်မ နှစ် ညနှင့် တစ်နေ့ ကြာသွားခဲ့ပါသည်။
ဆန်းဆန်းကို လေစုပ်ပြီးမွေးရသည်။
သူ့ခေါင်းကြီး ရှည်မျောမျော ဖြစ်နေတာကို ကြည့်ပြီး အသက်ကငိုသေး၏ ။
ဗိုက်ထဲမှာ နှစ် ပတ်ပိုနေလိုက်သော ကြောင့် ထင်ရဲ့ ။ဆန်းဆန်းဆံပင်တွေ သည်ကုတ်ထောက်အောင်ရှည်သည်။ ခြေသည်းလက်သည်းတွေ က ရှည်ရုံမက ကုတ်ကွေး၍ နေသေးသည်။ ဒါတောင်မှ ခြောက်ပေါက်မပြည့်ချင်။ နှစ် အောင်စနီးနီးလိုနေသေး၏ ။
ဆန်းဆန်းဝမ်းမှ ကျွတ်ချိန်တွင် အမော်သည် ဆေးရုံတွင် ရှိမနေဘဲ လက်ဖက်ရည်ဆိုင် ရောက်နေ၏ ။ သူ့အပေါင်းပါဝက်ကြီးတို့လူသိုက်က အင်အားဖြည့်တင်း ရောက်ရှိနေကာ သူ့ကို လက်ဖက်ရည်တိုက်နေကြသည်ဆို၏ ။
သည်ယောက် မမျိုးကိုတော့ ရွှေချထားရမှာ ပဲဟု ၀မ်းဆွဲဆရာမ က အသက်ကို ချီးမွမ်းသော အခါ ကျွန်မလည်းနှစ် လိုစွာ ထောက်ခံမိပါသည်။ ကျွန်မကို မချစ်သည့်တိုင်သူပြုသင့်သည့် ဝတ္တရား တွေ ကျေပွန်ရုံမက ကျော်လွန်နေခဲ့ပြီပဲ။ ကျွန်မကလည်း သူမကို မချစ်လေတော့ သူမက မချစ်တာ ကို ယိုးမယ်ဖွဲ့မနေသင့်ဘူးလေ။ သူမလို တုံ့ပြန်တာဝန်ကျေနိုင်အောင်တောင် မနည်းကြိုးစားရဦး မှာ ကလား။
အမော်သည်ကျွန်မကိုယ်ဝန်ဆောင်နေစဉ်အတူတွဲ ပြီးကျောင်းသွားရမှာ ရှက်ခဲ့သည်။ ကျောင်းနေတုန်း မိန်းမရှိတာတစ်မျိုးကြီးပဲဟု ကလေးဆန်စွာ သူပြော၏ ။ ကျွန်မလျစ်လျူရှုခဲ့ရပါ သည်။ ကျွန်မထက်အသက် ခြောက်လမျှသာ ငယ်ရွယ်သော်လည်း ခြောက်နှစ် စာ မကအောင်ပင် သူကကလေးဆန်သည်။ ခြောက်နှစ် စာ မကအောင်ပင် သူကကလေးဆန်သည်။ ယောင်္ကျားတွေ ထက်စောပြီး မိန်းမတွေ ဟာကြီးကောင်ဝင် ရင့်ကျက်လေ့ရှိကြသည်ဆိုခြင်းမှာ ဟုတ်များ ဟုတ်နေရော့သလား။
ဆန်းဆန်းလေးကို အမော်မကြည့်သေးဘဲ ကျွန်မ၏ ခုတင်နံဘေးမှာ ပြုံးကျဲကျဲရပ်နေ သည်ကို ကျွန်မနားလည်ပေးရပြန်ပါသည်။
သူသည်ပင်ပန်းနွမ်းနယ်နေသော ကျွန်မကို ကြင်နာသနားနေမည် ဟု ကျွန်မယုံကြည်ပါ သည်။ သူ့နှုတ်မှအားပေးနှစ် သိမ့်စကား တစ်ခွန်းတလေမှ မကြားရတာ ကိုလည်း သူရှက်နေတာပါ ဟု သဘောပိုက်ကျေနပ်လိုက်နိုင်ပါသည်။
တစ်ခုပဲ မကျေလည်နိုင်သည်မှာ အသက်က ခုတင်ကလေးအထက်မှ အုပ်မိုးထားသော ပိတ်ဇာစကလေး မဖယ်ပြီး နင့်သားကလေးကို ကြည့်ပါဦးအမော်ဟုပြသော အခါ အမော်သည် တွန့်ဆုတ်ဆုတ်ရှောင်ဖယ်ဖယ် လုပ်နေပါသည်။ ပြီးမှ ခါးတစ်ချက်ဆန့်ပြီးလည်ကိုရှေ့တိုး၍ ၀တ်ကျေတမ်းကျေ လှမ်းကြည့်သည်။ ဟက်ခနဲအူကြောင်ကြောင် ရယ်သံပြုကာမျောက်ကလေး ကျနေတာပဲနော် အမွှေးတွေ နဲ့တဲ့။
ကျွန်မသည် မျက်လုံးစုံမှတ်ကာ အမော့်ထံမှ မျက်နှာလွှဲပြီး တစ်ဖက်သို့ စောင်းငဲ့လိုက်ရပါ သည်။
အဲသလို မပြောကောင်းဘူးလေ အမော်ဟု အသက်က ပျာပျာသလဲ တားမြစ်ကာ ကျွန်မဘက်သို့ လှည့်ပြီး အမော်က မွေးကင်းစကလေးမမြင်ဖူးလို့ ပြောတာဟု နှစ် သိမ့်သည်။
ကျွန်မမချိပြုံးနှင့် ခေါင်းဆက်ပြလိုက်ပါသည်။
အမော်ပြန်သွားပြီးနောက် ခုတင်နံဘေးမှ မီးနေသည် အစ်မကြီးက ကျွန်မကိုဖျောင်းဖျ အားပေးပါသေးသည်။
“သမီးယောက်ျားက ငယ်သေးတာကို။ သူကိုယ်တိုင် ကလေး ဖြစ်နေတာ။ နောက်တော့လဲ သားအဖတွေ ဟာ ညီအစ်ကိုလို အတူဆော့ကစားနေကြမှာ ပါ” ဟူသော စကားအတိုင်း ကျွန်မ မျှော်လင့်ချင်လှပါသည်။
“အစ်မကဘယ်အရွယ်တုန်းက အိမ်ထောင်ကျတာလဲဟင်”
နှစ် ဆယ့်သုံးနှစ် ။ လူကြီးတွေ ပေးစားတာပါ
အစ်မနဲ့ ရွယ်တူပဲလား။ ဟင့်အင်း… ငါးနှစ် ကြီးတယ်။ ယောင်္ကျားဆိုတာ အသက်နည်းနည်း ကြီးရင် ပိုကောင်းတာပေါ့။ ဦးဆောင်နိုင်တာပေါ့။
ကျွန်မမျက်နှာပျက်သွားသည်ထင်ပါရဲ့ ။
“ဒါလဲလူအပေါ်မူတည်ပါတယ် ညီမရယ်။ အချို့များ အသက်သာကြီးပြီး အချိန်မစီးပါဘူး”
သူမစကားပြင်ကာ ပြောပါသည်။
ကျွန်မသည် သူမ၏ စကားကိုလက်ခံသွားသည်ဟု သူမယူဆနိုင်အောင် ယဲ့ယဲ့ပြုံးလိုက်ရပါ ၏ ။
“ဒါဟာ ငါးယောက် မြောက်ပဲကွယ်။ အစ်မမဆင်းရသေးဘူး။ နက်ဖြန်သားကြောဖြတ်ရ မယ်”
“ရှင်”
“အသက်လဲ သုံးဆယ့်ငါးနှစ် ရှိပြီလေ။ နှစ် ခါပျက်တယ်။ ကလေးဆက်မယူနဲ့တော့ဆိုပြီး ဆရာဝန်မကြီးတွေ က လျှောက်လွှာတင်ခိုင်းတာ”
ဟုတ်ပါရဲ့ သူ့ခမျာ ထိုမျှမက အရွယ်ရင့်နေရှာပါပြီ။ ဘာကြောင့် သည်လောက်များများ မွေးရသလဲ။ ကျွန်မမစဉ်းစားတတ်။
သို့ သော် ကျွန်မမိခင်လည်းငါးယောက် မွေးခဲ့တာပဲ မဟုတ်လား။ ကျွန်မအထက်က အစ်မ သာမဆုံးပါးသွားလျှင် ကျွန်မတို့လည်း မောင်နှမ ငါးယောက် ဖြစ်လိမ့်မည် ။
အမော်နှင့် လက်ထပ်လိုက်ပြီးကတည်းက အမေ့ထံမှ အဆက်အသွယ်မရတော့ပါ။ ရပ်ကွက်လူကြီးတွေ ရှေ့မှော က်မှာ မင်္ဂလာဆွမ်းကျွေးပြီး လက်ထပ်ရသော ကျွန်မထံကျွန်မဘက်မှ ဆွေမျိုး တစ်ယောက် တလေပင် ရောက်မလာခဲ့။
အမှန်အတိုင်းဝန်ခံရလျှင် လက်ထပ်မင်္ဂလာဟူ၍ ကျွန်မက ကြီးကြီးကျယ်ကျယ် အထွက် အမြတ်မထားမိဘဲ ပေါ့ပေါ့ဆဆသာ ရှိခဲ့ပါသည်။ မိခင်မရောက်လာသည်ကို ကျွန်မစိတ် မကောင်း ဖြစ်သည့်တိုင် ကြေကြေကွဲကွဲ မရှိခဲ့ကြောင်းဝန်ခံရပါလိမ့်မည် ။
အဲဒါဟာလည်း ငယ်သေးသည့်အရွယ်မို့သာ ဖြစ်မှာ ပါပဲ ထင်ပါရဲ့ ။ ဆန်းဆန်းကလေး၏ ကိုယ်ဝန်ကြောင့် အရှက်တကွဲ မ ဖြစ်ရတော့တာကိုသာ ကျွန်မ စိတ်သက်သာရာ ရနေခဲ့တာပါပဲ။
မီးနေဆောင်တွင် နေစဉ်တုန်းက ကျွန်မ၏ အာရုံတွင် တွယ်ငြိသည်မှာ မိခင်တို့ခံစားရသော အာဝေနိက ဒုက္ခပင် ဖြစ်သည်။ နာကျင်မှု ဒဏ်ကို ရှုံ့မဲ့ညည်းတွားရင်း ကိုယ်နေဟန်ပျက်နေသော မိခင်ပုံကို ဆွဲ ဖြစ်အောင်ဆွဲမည် ဟု ကျွန်မအားခဲမိသည်။
တကယ်တမ်းကျတော့လည်း ကျွန်မ၏ လက်တွေ ဟာ စုတ်တံကို ထိတွေ့ နိုင်ခြင်း မရှိတော့ ပါ။
ကျောင်းတွင် အရင်ကလိုပင် အချိန်ပြည့်မနေနိုင်တော့။ ပန်းချီပြခန်း မှာ လည်း ပါဝင်ဆင်နွဲ မနေအား။အခွင့်အရေး ရသည်နှင့် တစ်ပြိုင်နက် ကျောင်းလစ်ပြီး အိမ်ပြန်ပြေးဖို့ပဲချောင်းနေရသည်။
ဒါလည်း ဆန်းဆန်းကိုတွယ်တာလွန်း၍ မဟုတ်ပါ။ ဆန်းဆန်းတာဝန်ကိုယူထားရသော အသက်ကို အားနာထောက်ထားရသော ကြောင့် သာ ဖြစ်ပါသည်။
“ဟောဒီဆန်းဆန်းကလေးဟာ နို့ဘူးကုန်တာနဲ့ ချက်ချင်း လွှင့်ပစ်ပြီး နောက်တစ်ဘူး ထပ်ထပ်တော့တာပဲ။ အသင့်မရှိရင် ကော့လန်ပြီး ငိုတော့တာ။”
အသက်ကကျွန်မကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြသော အခါ ငြူစူခြင်း ညည်းထွားခြင်းကင်းကာ မျက်နှာကလေး ၀င်းပနေ၏ ။
အမော် ကတော့ ကျောင်းချိန်ပြည့် ကျောင်းမှာ နေနိုင်သည်။ ကျွန်မသည် အိမ်ထောင်သည် နှင့် တသွေမတိမ်းတူညီကာ ဆံပင်မဖြီးနိုင်၊ ကျောင်းချိန်မမှီနိုင်ဘဲ ဖတ်သီလိုက်ရသလောက် သူ ကတော့ လူပျိုဘ၀နှင့် မခြား အေးချမ်းလွတ်လပ်နေသေးသည်။
ကျွန်မမှာ အမော့်ကို မနာလိုချုပ်ချယ်ချင်၍ ဘယ် ဖြစ်ပါ့မလဲ။ သူ့မိခင် သူ့အစ်မက သူ့ကိုယ်စားအိမ်ထောင့်တာဝန်ကို သိမ်းကြုံးယူထားသည်မှာ တကယ်တော့ သူ့မျက်နှာကြောင့် ပဲ မဟုတ်ပါလား။
ကျောင်းသို့ အတူတွဲ သွားရခြင်းသည် အစ်စစရှားပါးလာသည်။ အစ ကတော့ သူကစောင့် ရှောက်သား။ ကျွန်မမှာ ထမင်းဟင်း ၀ိုင်းဝန်းချက်ရ၊ ဆန်းဆန်း ၀ယျာဝစ္စ၀ိုင်းဝန်းလုပ်ရနှင့် တစ်ခါမှ အချိန်မီသည်မရှိ။အမော် သွားပါ။တို့အတန်းဖျက်လိုက်တော့မယ်။တို့ဒီတစ်ရက်တော့ ကျောင်းလစ်မှပါပဲနှင့် သူနှင့် ကျွန်မအလှမ်းဝေးစ ပြုသည်။
အမှတ်မထင် သတိမထားမိချိန်တွေ မှာ အမော်သည် ကျွန်မအနီးမှ တစစဖဲကြဉ်ခဲ့ပါသည်။ ကျွန်မသည် ဆန်းဆန်းနှင့် အာရုံစုန်းစုန်းနစ်မြှုပ်နေလိုက်သည်မှာ အမော်ခြေလှမ်းပျက်တာတွေ ဘာတစ်ခုမှမရိပ်မိလိုက်။
သနားခြင်းဖြင့် စခဲ့သော အချစ်မို့ ထိုအချိန်အထိလည်း သူ့သက်မှသာ ကြည့်ရှုစာနာနေဆဲ ဖြစ်ခဲ့သည်။
“မှု န် … အမော် တစ်ယောက် အီကိုဘက်ကို စက်ကျနေပြန်ပြီ သတိထားဦး”
“အီကိုမှာ ဘယ်သူရှိလို့လဲ”
“မှု န် ကတော့ ရှားတယ်ဟေ့။ ဘယ်သူရှိရမလဲ။ မေမာလာဝင်းပေါ့”
“မေမာလာဝင်းက ဆရာဦးအောင်နဲ့မဟုတ်လား”
“မဟုတ်ဘူး။ မဟုတ်တော့ဘူး။ ဆရာက ဆရာမ ဒေါ်မြင့်မြင့်ရီနဲ့ ယူတော့မှာ ။ စေ့စပ် ကြောင်းလမ်းပြီး နေပြီ” ကျွန်မအံ့အားသင့်သွားသည်။
“ဟုတ်ပါ့မလား”
“ဟုတ်လို့ပြောတာပေါ့ မှု န်ရယ်။ အိမ်မှာ ပဲ ကလေး တစ်ယောက် နဲ့ ကုပ်မနေနဲ့။ အမော့် နောက်ကို လိုက်ဦး။”
ကျွန်မမယုံနိုင်ပါ။ မေမာလာဝင်းကို ဆရာဦးအောင်က ထားခဲ့လိမ့်မည် ဟု မယုံကြည်သလို မေမာလာဝင်းက အမော့်ဘက်ကိုခြေဦးပြန်လှည့်လိမ့်မည် ဟုလည်း မယုံကြည်ခဲ့ပါ။ အမော်သည် ရိုးသား၍ သဘောကောင်းစိတ်ရှည်သော လူငယ် တစ်ယောက် မှန်ပါရဲ့ ။ ရုပ်ဆင်းအင်္ဂါလည်း ပြေပြစ်သင့်တယ်ပါရဲ့ ။
သို့ သော်လူတွေ တန်ဖိုးထားမက်မောလောက်သော ပကာသနအဆောင်အယောင်တစ်ခု တလေပင်လျှင် အမော်မပိုင်ဆိုင်ပါ။ သူမစွန့်ပစ်ခဲ့ပြီးကာမှ ဘာကြောင့် ပြန်လည်တိမ်းညွတ်ဦးမှာ လဲ။
“မေမာလာဝင်းဟာ စိတ်ပုပ်တယ်။ အမော်နဲ့နင် တွဲ နြေ ကတော့ လှောင်သေးသတဲ့။ မှု န်မို့ ဒီငတုံးကိုစိတ်ကူးတယ်လို့ပြောတတဲ့။ နောက်တော့တစ်ခါပွဲလန့်တုန်းဖျာခင်းတာပါလို့ ပြောပြန်သ တဲ့။ ခုတော့ သူ့နေရာသူ ပြန်ယူတာလို့ ပြောနေမှာ ပေါ့လေ”
မရိုးနိုင်သော အိမ်ထောင်ရေး ပဋိပက္ခတွေ အနက်မှ တစ်နည်းတစ်လမ်းကို ရယူကာ ကျွန်မ သည် အမော်နှင့် ပထမဆုံးအကြိမ် ခွန်းကြီးခွန်းငယ် စကားများ ကြရသည်။ ရယ်စရာကောင်းပြီး စိတ်မောနာကျင်ရသည်မှာ ကျွန်မဘက်မှလှုပ်လှုပ်ခတ်ခတ်တိုက်ခိုက်သလောက် အမော်က မလွှဲ မကင်းသာ အကာအကွယ်ယူပြီး ခံစစ်မှနေလေသည်။
“ငါက မေ့ကို သနားလို့ပါ”
ကျွန်မသည် သနားခြင်း၏ အတိမ်အနက်တန်ခိုးပမာဏကို မတွက်ဆတတ်ခဲ့ပါ။
“ဘာသနားစရာရှိလို့လဲအမော်။ နင့်အပေါ်သူသစ္စာဖောက်ခဲ့လို့ ၀ဋ်လည်တာပဲ”
“အေးပါဟာ။ ဟုတ်ပါတယ်။”
ယင်းကြောင်းကျိုးဆက်စပ်မှု သည် အမော်၏ သနားခြင်းကို ဘယ်လိုမှ လျော့ပါးအားနည်း သွားစေလိမ့်မည် မဟုတ်ကြောင်း မရိပ်မိနိုင်အောင်ပင် ကျွန်မ၏ အသိတရားသည်တိမ်လှစ်နိုင် လွန်းခဲ့ပါသည်။
သူနှင့် ကျွန်မသည် သူစိမ်းပြင်ပြင် ဖြစ်သွားခဲ့ပြီဟု ကျွန်မတုန်လှုပ်ချောက်ချားစွာ သတိထား မိလာသည်။
စကားပြောကြသည်။
တစ်အိမ်တည်းအတူအိပ်ကြသည်။
ရံဖန်ရန်ခါဆန်းဆန်းကလေးကို အတူတူမြူးကြကျီစယ်ကြသည်။ ဒါဟာအေးစက်သော ၊ ပြောင်းလဲသော ဆက်ဆံရေး ကို ပြန်လည်ပြုပြင်နိုင်ကြဦးမလားအသီးသီးကြိုးစားနေကြတာပါ။
ဆန်းဆန်းကလေးဟာ အမော့်ထက်လည်းကောင်း၊ ကျွန်မထက်လည်းကောင်း အသက်ကို သာ ပိုပြီးခင်တွယ်နေတာဟာလည်း ကျွန်မတို့ အိမ်ထောင်ရေး အအက်အကွဲကို ပြန်လည်ဆက်စပ် မရသော အကြောင်းရပ်တစ်ခု ဖြစ်ချင် ဖြစ်နေပါလိမ့်မည် ။
ဖခင်၊ မိခင် နှင်ရင်သွေးဆိုသော နှောင်ကြိုးသည် လျော့ရဲလျော့ပြေနေခဲ့သည်လေ။
ကျွန်မ၏ မျက်ရည်သည် ကြွေခဲကျခဲပါသည်။ ခိုးပြေးထွက်ပြေးသွားသည်ဆိုသော သတင်း ကို အခိုင်အမာကားသိရချိန်မှာ တော့ မျက်ရည်မကျရအောင်ကျွန်မအသည်းနှလုံးက ဘာသားနှင့် ထုထားတာမို့လဲ။
အသက်က ဆန်းဆန်းကိုပွေ့ပိုက်ပြီး ရှိုက်ကြီးတငင်ငိုကြွေးသည်။
“ကြီးကြီးကို အသက်ပဲပြောပြပါဦး။ အသက်က နားဝင်သက်သာအောင် ပြောတတ်ပါတယ်။ ကြည့်ပြောလိုက်တော့နော်”
ကျွန်မ၏ ပါးပြင်ပေါ်သို့ မျက်ရည်တွေ လိမ့်ဆင်းကာစာရေး ခုံပေါ်သို့ တောက်ခနဲ တောက်ခနဲ ကျဆင်းခဲ့ရပါသည်။
“သူပြန်လာမှာ ပါ”
အသက်က မယုံမရဲတိုးတိုး ရေရွတ်သည်။
ကျွန်မသည် ရှားရှားပါးပါး စဉ်းစားဥာဏ် ရှိခဲ့ပါသည်။
မဲ့ပြုံးနှင့်အတူ ခေါင်းကိုခါယမ်းမိသည်။
“မလာပါဘူးကွယ်။ သူပြန်မလာတော့ပါဘူး။ တို့သိပါတယ်”
မျက်ရည်တို့ကိုကျွန်မမုန်းတီးပါသည်။သည်မျက်ရည်တွေ မကျရဘူးဆိုပါလျှင်ကျွန်မပိုင်ဆိုင်သည့်အထဲက ဘယ်အရာနှင့်လဲရလဲရ ကျွန်မလဲလှယ်ပစ်နိုင်မှာ ပါ။
လူ တစ်ယောက် ကို ရူးနှမ်းမိုက်မဲစွာ သနားမိရခြင်းသည် အချစ်မမည် ကြောင်းနောက်ကျစွာ ကျွန်မ သိရှိလိုက်ရပါပြီကော။
ရထားငြိမ့်ခနဲထိုးဆိုက်ကာ လူတွေ ရုတ်ရုတ်သဲသဲဆင်းကြတက်ြ ကတော့မှ ကျွန်မသည် ဘယ်ရောက်နေပြီလဲလေ့လာရတော့သည်။
လှည်းတန်းဘူတာ ရောက်နေပါပေါ့လား။
ကဗျာစာအုပ်ကို လွယ်အိတ်ထဲ ကပျာကသီ ထည့်လည်းထည့်၊ ကမန်းကတန်းလည်း နေရာမှထ,ကာ တံခါးပေါက်ဆီသို့ ပြေးသည်။
သတင်းစာထဲတွင် တွေ့ ထားသော တစ်ကိုယ်တော် ပန်းချီပြပွဲကို ကျွန်မလွယ်လင့်တကူ ရောက်သွားနိုင်ပါသည်။ ဗိုလ်ချုပ်ဈေး အရှေ့ဘက်တန်းမှ သည်ပန်းချီပြခန်းသို့ ကျွန်မတစ်ခေါက် ရောက်ဖူးသည်။ ဆန်းဆန်းကလေး မီးဖွားပြီးသည့်နောက်မှာ တော့ တောက်လျှောက် လက်လွှတ် ခဲ့ရလေသည်။
ယခုတစ်ကြိမ် ကျွန်မ အရောက်သွားမည် ဟု စိတ်ပိုင်းဖြတ်ထားခဲ့သည်။ ပျံ့ပျံ့လွင့်လွင့် စိတ်လေနေသော လူ တစ်ယောက် သည် ညှို့ဆွဲသော နေရာသို့အရောက်သွားလိုက်ပါမှ သက်သာ ရာရမည် ထင်ပါသည်။
သို့တစေ လှည်းတန်းဘူတာ အရောက်တွင် ရုတ်တရက်ကျွန်မစိတ်ပြောင်းလဲသွားသည်။ ဒါဟာလည်း စိတ်မတည်မငြိမ် ဖြစ်နေသော လူ တစ်ယောက် အတွက် သဘာဝကျလျက်ရှိနေ လိမ့်မည် ထင်ပါသည်။
မရောက်တာကြာခဲ့ပြီးသော ကျောင်းဆီသို့ ကျွန်မအလွမ်းပြေတစ်ခေါက် သွားရောက် ကြည့်ရှုရလိမ့်မည် ထင်ပါသည်။
ကျွန်မ၏ မလှပခဲ့သော အတိတ်ဘ၀သည် ကျောင်းတော် နှင့် မသက်ဆိုင်ပါ။
ဘွဲ့ရပြီးကတည်းက ခွဲခွာခဲ့ရသော ကျွန်မတို့၏ ကျောင်းအနီးသို့ မသိလိုက်မသိဖာသာ ကလေး ပြန်သွားဦးမည် ။
ကျွန်မသည် လှည်းတန်းဈေးရှေ့ ရောက်လျှင် စိတ်ကူးတစ်မျိုး ပြောင်းသွား ပြန်ပါသည်။ ကျောင်းကို သွားကြည့်နေလည်း ဘာအကျိုးရှိမျာမို့လို့လဲကွယ်။ ဆန်းဆန်းအတွက် မုန့်ကလေး ၀ယ်ပြီး အိမ်ပြန်သွားတာက ပိုပြီး သင့်တင့်လျောက်ပါတ်မှာ ပါ။
ရုတ်တရက် အနီးကပ်လျက် တီးနှိပ်လိုက်သော ကားဟွန်းသံနှင့်အတူ ကျွန်မ၏ လက်ကလေးကို ဆောင့်ဆွဲလိုက်သဖြင့် လမ်းဘေးသို့ ယိုင်ထွက်သွားသည်။
အသိမ၀င်နိုင်မီ ကျွန်မရှေ့မှ ကားတစ်စီးသည် သေချင်လို့လားဟုကျယ်လောင် မာကြော စွာ ကြိမ်းဝါးသွားတော့သည်။
ကားတိုက်လူဆဲမို့ကျွန်မကို ဆွဲယူလိုက်တာမှန်း သဘောပေါက်သွားကာ ရှက်ရှက်နှင့် ပြုံးရင်း ကျွန်မ၏ လက်ကို ဆွဲကိုင်ထားမြဲသူကို မျက်လွှာပင့်ကြည့်လိုက်ရသည်။
ထိုသူအရပ်သည် ကျွန်မကို ခေါင်းတစ်လုံးစာမိုးနေကာ ကျွန်မကသူ့နားရွက်အောက်ဖျား လောက်ပဲရောက်လေသည်။ ကျွန်မသတိထားမိသော အချက်မှာ သူ၏ ညိုဝင်းသော မျက်နှာသည် ထူထဲသော မျက်ခုံးများ အောက်မှနက်မှော င်စူးရှသော မျက်လုံးများ ကြောင့် အဆင်ပြေ ကြည့်ကောင်းနေခြင်းပင် ဖြစ်သည်။ နှာတံစင်းစင်း နှုတ်ခမ်းပိပိပြားပြားနှင့် ယောက်ျားပီသသော သွင်ပြင်လည်းရှိသည်။
ကျွန်မစိတ်တိုင်းမကျတာ တစ်ခုမှာ သူ့မေးရိုးတွေ က ကျယ်ပြန့်ခြင်း၊ ထောင့်ကျခြင်း၊ ခိုင်ခံ့ခြင်း နည်းပါးနေသည်။ သည်မေးရိုးသာ ခိုင်ခံ့လျှင် ခေါမရုပ်တုတစ်ခု အလားအပြစ်ဆိုစရာ လုံးဝကင်းရှင်းနေမှာ ဖြစ်သည်။ ဒါဟာ စိတ်ဓာတ်မခိုင်ကျည်မှု ၏ လက္ခဏာတစ်ရပ် ဖြစ်သည် ဟုပြောလေ့ရှိကြသည် မဟုတ်လား။
လောလောဆယ် ကျွန်မ၏ ခြေတစ်ဘက် ခွေခေါက်ပွတ်တိုင်လည်နေတာက ပြဿနာ။
သူလွှတ်လိုက်သည်နှင့် ယင်းညာခြေပေါ် အားပြုလိုက်ရသော ခဏတွင် ကျွန်မသည်စူးခနဲ နာကျင်မှု ကြောင့် အားခနဲ ညည်းတွားရင်း သူ့လက်ကိုဖမ်းဆွဲမှီလိုက်ရလေသည်။
“မင်းဘာ ဖြစ်သွားသလဲဟင်။ ကားနဲ့ပွတ်ဆွဲမိသွားသေးလား”
သူ၏ သန်မာသော လက်တွေ သည် ကျွန်မကို ပြန်လည်တွဲ ယူဖေးမကာ ကျွန်မ၏ ဒဏ်ရာ ကိုလက်မှန်းရမ်းဆ ရှာဖွေနေသည်။
“ခြေထာက် တကယ်နာတာပါ”
ရုပ်ရှင်တွေ ထဲမှာ ခြေထောက်နာသွားသော ပြကွက်တွေ သည် ရံဖန်ရံခါ အစစ်အမှန်။ ရံဖန်ရံခါပရိယာယ်မာယာဖန်တစ်ရာထပ်နေပါလျက် မရိုးမအီနိုင်သေးအောင်အသုံးတည့် နေသေး သည်။ အန်မတန်ကြုံဆုံလွယ်ပြီး အလွန်တရာသဘာဝကျသော ပြကွင်းပြကွက်မို့သာဤမျှ ဓာတ်ကျနေကြတာပဲဟု ကိုယ့်တွေ့ ကြုံမှယုံရတော့သည်။ တလက်စတည်းမှာ ပင် ပရိယာယ်မာယာ မဟုတ်ကြောင်း အာမခံချက်ပေးဖို့ သတိရ ဖြစ်သေးသည်။
ကျွန်မ၏ စကားကို သူသည် သဘောတွေ့ သွားဟန် သွားများ ပေါ်အောင် ပြုံးရယ်လေ သည်။
ထိုခဏမှာ ပင် သူနှင့် ကျွန်မသည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခင်မင်ရင်းနှီးမှု ရရှိ သွားကြသည် ထင်ပါသည်။
“ပလက်ဖောင်းပေါ် တက်လိုက်ပါလား။ ဘတ်စ်ကားတစ်စီးလာနေတယ်”
သူ့ကိုမှီတွယ်ကာ ခြေထောက်ကို ဖော့ညှာပြီးလှမ်းရသည်။
နံဘေးနဘီမှ လမ်းသွားလမ်းလာများ က အမှု မဲ့ဖြတ်လျှောက်သွားကြသလိုအချို့လည်း ဘာ ဖြစ်ပါလိမ့် စူးစမ်းစပ်စုသော အကြည့်တွေ နှင့် ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။ တိုက်စကပ်ဝတ်ထားသော ကလေးမနှစ် ယောက် က တစ်မျိုးတမည် အထင်လွဲမှားကာ ခိုးခိုး ခွက်ခွက်ရယ်သံပြုကျီစယ်သွားကြသေး၏ ။
“ဒီနားမှာ ပဲ ကျွန်မနေခဲ့ပါ့မယ်။ ကျေးဇူးပါပဲ”
ရတနာထွန်း မရောက်မီကလေးတွင် ကျွန်မရပ်တန့်ကာလက်များ ကို ဖြုတ်ဖြည်လိုက်ပါ သည်။
သူကမျက်မှော င်ကြုတ်ကာ ကျွန်မမျက်နှာကိုကြည့်သည်။ မျက်ခုံးထူကြီးတွေ ရှုံ့ကာ နဖူး ရည်အတွန့်အစင်းကလေးတွေ ထင်လာရခြင်းကိုက သူ့ကို တစ်နည်းတစ်ဖုံခန့်ညားစေပြန် သည်။ သူကြည့်ကောင်းသည်ဟု ကျွန်မက နောက်ထပ်တစ်ဖန်မဲတင်းပေးနေမိပြန်ပါ၏ ။
သူသည် အဖြူခံတွင် စိတ်စိတ်စင်းထားသော ရှပ်အင်္ကျီလက်ရှည်ကို လက်ဖျံတွင် သပ်သပ် ရပ်ရပ် ခေါက်တင်ထားသည်။ အနက်ခံတွင် အဖြူစက်ကလေးတွေ ဖောက်ထားသော နှစ် နံစပ် ယောလုံချည်နှင့် ။
သူ၏ ဘယ်ဘက်လက်ထဲတွင် သားရေအိတ်အနက်ကို ကိုင်ထားကြောင်း ယခုမှ သတိထား မိသည်။
“မင်း ဘယ်သွားမှာ လဲ”
နောက်ဆုံးစိတ်ကူးအရဆိုလျှင်လှည်းတန်းဈေးထဲ ၀င်ပြီးဆန်းဆန်းဖို့ မုန့်ထုပ်ဝယ်ဖို့ ဖြစ် သည်။ ယခုလို ခြေထောက်နာနေပုံမျိုးနှင့်တော့ သည်လမ်းမကိုဖြတ်ကူးပြီး ဈေးထဲဝင်နိုင်မည် မထင်။
စိတ်ကူးတည့်ရာ တစ်ခုတော့ ပြောချလိုက်ပါမှ။
“အင်းလျားလမ်းဘက်ပါ”
ထွက်ခွာသွားသော ဘတ်စ်ကားကိုကြည့်ရင်း ကျွန်မအတွေးပေါက်သည်။ ဘတ်စ်ကား တစ်စီးသွားနိုင်မည့် နေရာကိုပြောလိုက်ခြင်းဖြင့် သည်နေရာတွင် ကျွန်မကျန်ရစ်ခဲ့သည်မှာ သဘာဝ ကျလိမ့်မည် ။ သူလည်းကယ်တင် ကူညီထားပြီးသည့်နောက် ဖြတ်ချလမ်းခွဲရသည်ကို စိတ်ချ လက်ချစိတ်လုံနိုင်ပါသည်။
“မင်းဘာနဲ့သွားမှာ လဲ”
ကျွန်မအံ့သြသွားသည်။ ကျွန်မသည် သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်ထားသော်လည်း ကိုယ်ပိုင်ကားမောင်းလာသူ ဖြစ်နိုင်သည်ဟူ၍ တော့ တွေးထင်ယူစရာမရှိပါ။ ရထားစီးလာ၊ ကုန်းကြောင်းလျှောက်လာနှင့် ချွေးသံရွှဲရွှဲ၊ ဆံပင်တွေ ဖွာလန်ကြဲနေခဲ့ပြီပဲ။ ဘယ်လိုမှတော့ စတိုင်ပြည့်မနေခဲ့ပါ။
ကျွန်မ လိုင်းကားစီးသွားမယ်ဟု သူတွက်ဆထားပုံပေါ်သည်။
“မင်းမလျှောက်နိုင်ပါဘူး။ လာ-ကိုယ်နဲ့လိုက်ခဲ့”
အဖြေကို စဉ်းစားဆုံးဖြတ်နေဖို့အချိန်မရဘဲ သူဦးဆောင်တွဲ ခေါ်ရာသို့ ထော့နင်း ထော့နင်း လိုက်ပါလာသည်။
ရတနာထွန်းနှင့် မျက်စောင်းထိုးကလေးတွင် ရပ်ထားသော အမိုးမပါသည့်နောက် ပွင့်ကား အစိမ်းနုကလေးနံဘေးတွင် သူရပ်တန့်လိုက်သည်။
“ခဏလေးနော်။ ကိုယ်တံခါးဖွင့်လိုက်ဦးမယ်”
ကျွန်မသည် ညာခြေကိုဖော့ကာ ကားနံဘေးကိုအသာကိုင်ပြီး အားပြုထားလိုက်သည်။
ကားသော့ ကိုဖွင့်နေစဉ် သူ့ခေါင်နံဘေးမှငွေရောင် စာလုံးများ ကို ကျွန်မ ဖတ်ကြည့်မိသည်။ ပတ်ပလစ်ကား။ သူ့ကားနံပါတ်ကိုတော့ကျွန်မမှတ်မထားမိသေး။ ကားပေါ်မှ အဆင်းကျမှပဲ မှတ်သားထားလိုက်မည် ဟု စိတ်ဝယ်တေးထားသည်။
“မင်းဟိုဘက်က တစ်ပတ်ပတ်သွားရမှာ ပဲ။ လာ-ကိုယ်တွဲ ပို့မယ်။ ပို့မယ့်ပို့ ကူးတို့ရောက် အောင်”
သူ့ကိုအားနာသော်လည်း ကျွန်မ၏ ခြေထောက်မှာ အနာ လျော့ပါးမသွားသေးပါ။
သူ့ကားပေါ်ရောက်ပြီ သူ့ကားတံခါး တွန်းပိတ်လိုက်သော အခါမှာ မှ မျက်နှာစိမ်းတစ် ယောက် ခေါ်ရာသို့ ဘုမသိဘမသိ လိုက်ပါသွားတော့မည် ကျွန်မ၏ အ ဖြစ်ကို ကျွန်မထိတ်လန့် သည်။
ကားထဲရောက်ပြီးသော်လည်း သူသည် ချက်ချင်း စက်မနှိုးသေးဘဲစီးကရက် တစ်လိပ်ထုတ် ယူမီးညှိသည်။
သူ၏ လက်ချောင်းတွေ ရှည်လျား သွယ်ပျောင်းလှကြောင်းကို ကျွန်မအံ့တသြတွေ့ ရှိပြန် သည်။ ဒါဟာ အနုပညာလက်ချောင်းတွေ ပဲဟု ကျွန်မ နှစ် လိုအားရ ငေးကြည့်မိသည်။
အနုပညာလက်ပိုင်ရှင်ဟာ မေးရိုးကြီးတွေ ကားမနေတာ စိတ်မခိုင်ကြည်တာလည်း သဘာဝကျနေမှာ ပဲ မဟုတ်လား။
သူသည် စတီယာရင်ကို လက်တစ်ဖက်တည်းနှင့်တောက်လျှောက်နီးပါး မောင်းသည်။ ကားကိုက မြန်တာလား။ ကျွန်မကိုက သည်ကားမျိုးတွေးစီးလေစီးထ မရှိသော ကြောင့် လား မပြော တတ်နိုင်ဘဲ အင်းလျားလမ်းဆီသို့ လျှပ်တစ်ပြက်အတွင်းမှာ ကို ချဉ်းကပ်လာတော့သည်။
“မင်းဘယ်ဘက်သွားမှာ လဲ။ ဘယ်ဘက်လား၊ ညာဘက်လား”
ကျွန်မ အဖြေခက်နေသည်။
“အဆင်ပြေမယ့် တစ်နေရာမှာ သာထားခဲ့ပါ။ ကျွန်မဘာသာရှာပါ့မယ်”
“မဟုတ်ဘူးလေ။ မင်းသွားမယ့် အိမ်နံပါတ်ကို ပြောပေါ့။ ဒီလမ်းကို ကိုယ်ကျွမ်းပါတယ်”
ခက်တာပဲ။ အိမ်နံပါတ်သည် ကျွန်မ၏ စာအုပ်ထဲမှာ ပဲရှိသည်။
လွယ်အိတ်ထဲမှ စာအုပ်ကို လက်နှိုက်စမ်းရင်း ဆွဲထုတ်ရန် ဆုတ်ဆိုင်းနေပြန်သည်။
“ကိုယ်ဘယ်လမ်းကြော ယူရမယ် မသိဘူး။ ကဲ… လာလေ့”
သူသည်ကားကို ဘယ်ဘက်ကပ်ကာ ဘယ်ဘက်သို့ ချိုးကွေ့ဝင်သည်။
“ရပါတယ်။ မင်းလိပ်စာပြောမှ ကိုယ်ရှာပေးပါ့မယ်”
ကျွန်မသည် သူ့ကိုအားနာလွန်း၍ မျက်နှာ မထားတတ်ဘဲရှိသည်။ ဗလာစာအုပ်ကို ဆွဲထုတ်ကာ လိပ်စာကို တစ်ရွက်ချင်းလှန်လှောရှာဖွေသော အခါ ကျွန်မရေး ခြစ်ထားသော ခဲကြောင်းတွေ့ သည်ရုပ်ရှင်ပြသလို တစ်မျိုးပြီးတစ်မျိုး လှစ်ခနဲ ဖျတ်ခနဲ ကူးပြောင်းသွားသည်။
“ဟာ… မင်းက ပန်းချီဆရာမ ပဲ”
ကျွန်မ ပါးပြင်တွေ ပူနွေးသွားပြီးစာအုပ်ကို ဖျတ်ခနဲပိတ်ရင်း သူ့ကိုရှက်စနိုး ကြည့်မိသည်။
“ဒါဆိုရင် မင်းသွားချင်တဲ့နေရာကို မှန်းဆကြည့်ပါရစေ။ အင်းလျား အတ်ဂယ်လယ်ရီ။ မှန်လား”
သူ့ကိုကျွန်မ အံ့သြစွာ ငေးကြည့်ရင်း ခေါင်းညိတ်မိသည်။
“ရောက်ဖူးသလား”
ကျွန်မခေါင်းခါသည်။ တကယ်တော့ ကျွန်မက အညာသူဘ၀မှ အရေခွံ ချွတ်လဲပြန်တော့ တညင်းကုန်းသူသာ ဖြစ်ခဲ့ရသည်ပဲ။ ရန်ကုန်မြို့တွင် ဘယ်နေရာကိုမှ ကျွန်မအကျွမ်းတ၀င်မရှိဘူး လေ။
“ကိုယ် လိုက်ပို့ ပေးပါ့မယ်”
သူသည် ဤလမ်းတွင် နေထိုင်သူတစ်ဦး ဖြစ်နိုင်သည်ဟု ကျွန်မမှန်းဆကြည့်နမိသည်။ အင်းလျားလမ်းတွင် နေထိုင်ပြီး ကိုယ်ပိုင်ကားနှင့်လည်း ဖြစ်ပြန်တော့ ကြေးရည်တတ် တစ်ဦး ဖြစ် မှာ ပဲဟုလည်း ထင်ကြေးတွေ ပေးမိပြန်သည်။
အင်းလျားပန်းချီပြခန်းဆိုသော ဆိုင်းဘုတ်ကလေးကိုလှမ်းမြင်လိုက်သော အခါ ကျွန်မဆင်း ရတော့မည် အထင်နှင့် လွယ်အိတ် အသင့်လွယ်သည်။
သို့သော် သူကလမ်းသွယ်ထဲသို့ကား ချိုးဝင်လာသည်။ ကုန်းမြင့်အတိုင်းတက်လာပြီး ညာဘက်သို့ တဖန်ချိုးကွေ့ပြန်၏ ။
တက္ကသိုလ်မှာ လေးနှစ် ကြာပြီ ဘွဲ့သာရရော ကျွန်မဖြင့်ဤပန်းချီပြခန်းသို့ တစ်ခါမှ မရောက် ဖြစ်ခဲ့။ ပန်းချီပန်းပုအသင်းမှာ ပါဝင်ဖူးသည် မည် ကာမတ္တနှင့် ကျွန်မမှာ လင်ယူသားမွေး ကိစ္စလုံးပမ်းရင်း လေ့လာရေး အလှမ်းဝေးကွာခဲ့လေသည်။
ကျွန်မဘာသာ လက်လှမ်းမှီသရွေ့ စိတ်ကူးတည့်သလိုရေး ဆွဲနေသူက ပန်းချီပြခန်းသွား ကြည့်ဖို့ ကြံစည်တတ်ပလေဟု အကြောင်းသိလျှင် သူရယ်ချင် လှောင်ချင်မှာ ပဲ ထင်သည်။
“ရောက်ပြီ။ ဒီပန်းချီပြခန်းမှာ က ဟန်သစ် ခေတ်သစ်လက်ရာတွေ များ တယ်”
ကျွန်မ တစ်ယောက် တည်းသာဆို ရေမြေ အဟန့်နှင့် သည်နေရာသို့ ရောက် ဖြစ်မှာ တောင်မ ဟုတ်။ ဆိုင်းဘုတ်ဆီမှ တစ်လှမ်းနှစ် လှမ်းလျှောက်ပြီးလျှင် နောက်ကြောင်းပြန်လှည့် ဖြစ်မှာ ပါ။ ခြေကျင်လျှောက်သူ မတွေ့ ရသလောက် လူသူပြတ်လပ်သည်။ ရံဖန်ရံခါ ဖြတ်သန်းသွားသော ကိုယ်ပိုင်ကားတွေ သည် ဟီးနေသော တိုက်အိမ်ခြံဝင်းတွေ ထဲသို့ ကွေ့ချိုးဝင်ရောက်ပျောက်ကွယ် သွားတတ်လေသည်။
ကားတံခါးဖွင့်ပြီး ဆင်းရန်ဟန်ပြင်ရင်း သူ့ကိုနှုတ်ဆက်သည်။
“ကျေးဇူးတင်ပါသည်။ ကျွန်မဘာသာဆိုလာတတ်မှာ မဟုတ်ဘူး”
“မင်းဘယ်လာနိုင်မှာ လဲ။ ခြေထောက်နားကြီးနဲ့”
မင်းက ကားတံခါးကို ဖွင့်ကာဘယ်ခြေထောက်နှင့်အရင်အားပြုထောက်ပြီးမှ ညာခြေကို ဖွဖွနင်းကာ မတ်တတ်ရပ်သည်။
ကားပြန်လှည့်ထွက်တော့မည် အမှတ်နှင့်သူ့ကိုနှုတ်ဆက်ဖို့ ရပ်စောင့်နေသည်။ နောက်တစ် ကြောင်းကလည်းလူသူအရိပ်အယောင်မတွေ့ မမြင်ရဘဲကျန်ရစ်ရမှာ တွန့်ဆုတ်နေသေး သည်။
မဆင်မခြင် လိုက်လာမိသည်ကို နောင်တရရမလို။ အိုဘာလို့ လိုက်မလာရမှာ လဲ။ တကယ် တော့ပန်းချီကားချပ်တွေ ကို ကျွန်မကြည့်ချင်မြင်ချင်နေတာပဲလေ။ အခုလိုအင်ပြည့်ဝပြီ မဟုတ်ဘူး လား။ ဘယ်လောက် အဆင်ပြေလိုက်သလဲ။
သူသည် ကားထဲမှ ဆင်းလာကာ ကားအမိုးပေါ်မှ ဆီး၍ ကျွန်မကို ကြည့်သည်။ သူ့မျက်လုံး တွေ ထဲမှာ ကျွန်မကိုကျီစယ်သလို အရိပ်ကလေး လက်ခနဲ ဖြစ်သွားသည်။
“မင်းကို မိတ်ဆက်ပေးခဲ့ပါဦးမယ်”
သူ့အကြည့်တွေ သည် ကျွန်မနံဘေးမှ ဖြတ်သန်းသွားသည်။ တစ်စုံတစ်ရာ ကိုအသိအမှတ် ပြုသော အပြုံးသည် သူ့နှုတ်ခမ်းတွင် သဲ့သဲ့ ခိုးနားသည်။
“ကိုအောင်မြင်ရှိသလား သမီး”
“ဟုတ်ကဲ့ ရှိပါတယ်။ လာပါ”
“ဦးဦးတို့ ပန်းချီခန်း လာကြည့်တယ်လို့ ကိုအောင်မြင့်ကို ပြောလိုက်ပါဦး”
ကျွန်မလည်းပြန်လှည့်ကြည့်လိုက်စဉ်တွင် ကလေးမလေးသည် အိမ်ထဲသို့ လှစ်ခနဲ ၀င်ရောက်ပျောက်ကွယ်သွားလေသည်။
“လာ”
သူသည် ကျွန်မ၏ ခြေလှမ်းကို ဂရုတစိုက်ကြည့်သည့်။ ဖြစ်စတုန်းကလောက် အခြေအနေ မဆိုးရွားတော့ဘဲ ညှာပြီးထောက်လျှင် လမ်းလျှောက်နိုင်နေပါပြီ။
“နေပါဦး။ မင်းနာမည် ကလေးတော့ ကိုယ့်ကို တဆိတ်ပြောပါဦး”
“ဟုတ်ကဲ့… မှု န်ပါ”
“သြော်တစ်လုံးတည်းပဲလားဟင် မှု န်”
“ဟုတ်ကဲ့”
သည်နေရာသည် သူနှင့် အကျွမ်းတ၀င်ရှိသည် ဟု ကျွန်မသတိပြုမိလာသည်။
ဟင်းလင်းဖွင့်ထားသော ပြခန်းတံခါးမှ မြင်ရသော ပန်းချီကားချပ်တွေ သည် ကျွန်မ၏ အာရုံကို ညှို့ဆွဲလေသည်။
သူသည် ခြေလှမ်းကျဲနှင့် လျှောက်သွားနှင့်ကာတံခါးဝတွင် ရပ်ဆိုင်းပြီး ကျွန်မ၀င်သာ အောင် လမ်းဖွင့်ထားပေးသည်။
ကျွန်မသည် ပညာနှင့် အညှို့ခံ အပြုစားခံရသူပါပဲ။
တံခါးဝမှ ထော့နင်းထော့နင်း တစိုက်စိုက် လျှောက်သွားကာ ရှေ့တူရှူတွင် တွေ့ နေရသော မြင်ကွင်းနှင့် အနီးကပ်နိုင်ဆုံးနေရာတွင် ရပ်တန့်လိုက်သည်။
“ဟာ…ကိုအောင်မြင့် ဘယ့်နှယ်လဲ။ အိမ်မြဲနေသလား”
“ခင်ဗျားကိုမတွေ့ တာကြာမှဘဲ။ ပုဂံဘက် ခရီးထွက်သွားကြတယ်ဆို။ ကိုမြင့်မောင်ကျော် တို့လည်းပါသွားတတ်ဆိုလားလို့”
“ကြာပါပြီဗျာ။ ဟိုမှာ တစ်ပတ်ပါပဲ။ လဆန်းတုန်းက အောက်ဒိုးဆင်းကြတာပါ”
ကျွန်မသည် ကျွန်မကို ဤပြခန်းသို့ အရောက်ခေါ်ဆောင်လာသူသည် မည် သူ ဖြစ်ပါ လိမ့်မည် ဟု ယခုမှ စိတ်ဝင်စားရကောင်းမှန်းသိတော့သည်။ သူကိုယ်တိုင် ပန်းချီဆရာ တစ်ယောက် လေလော။ ဘုရားရေ… ပန်းချီဆရာကိုမှ ကျွန်မပန်းချီပြခန်းကြည့်မည် ဟု ဟန်တစ်လုံးပန်တစ်လုံး ကြွားဝါမိလေရော့သလား။ ကျွန်မမှာ ရှက်စရာ တစ်ခုပြီးတစ်ခု တစ်ကြိမ် တစ်မျိုးမရိုးနိုင်အောင် ဆန်းသစ်နေရပါပေါ့လား။
“ဦးအောင်မြင့်က မိုဒန်အတ်တွေ ဖန်တီးတဲ့ အား တစ်ယောက် ပဲ မှု န်”
“ဒီက ကျွန်တော့် နှမကလေး မှု န်တဲ့။ ခင်ဗျားရဲ့ ပြခန်းကိုလေ့လာဖို့ ကျွန်တော် ခေါ်လာခဲ့ တယ်”
ဦးအောင်မြင့်သည်…
“ရပါတယ်… အေးအေးဆေးဆေးပေါ့။ ကျွန်တော် အအေးလုပ်ခိုင်းလိုက်ဦးမယ်”
ကျွန်မသည် ဦးအောင်မြင့်၏ ဖြူလျလျပိန်သွယ်သွယ် ပုံပန်းကိုကြည့်ကာ အနုပညာသည် ပုံပန်းဟာ သည်လို ဖြစ်မှာ ပဲဟု စိတ်ဝင်စားနေသည်။
ကျွန်မ၏ ရှေ့တူရူမှ ပန်းပုကားချပ်ဆီသို့ မျက်စိအာရုံ ပြန်လည်စူးစိုက်သွားသည်။ ထောင်ချောက် တွေ ၊ကြွက်ထောင်ချောက်တွေ ၊ ပြီးတော့ တောတွင်းသားရဲတွေ ထောင်ချောက်တွေ ဆေးဖြူသုတ်ထားသည်။ ခေါင်စဉ်က ဆိုလိုရင်း အဓိပ္ပာယ် တစ်စုံတစ်ရာကိုသဲလွန်စပေးလိမ့်မည် ။ သဗ္ဗေသတ္တာကမ္မသကာတဲ့။ လက်ရာရှင်၏ လက်မှတ်ကို ဖတ်ကြည့်၏ ။ ဆန်နီညိမ်း၊ သြော်… သူ့ပန်းချီတွေ ကို မဂ္ဂဇင်းတွေ မှာ ကျွန်မတွေ့ ဖူးနေသည်ပဲ။ တစ်ခါတစ်ရံ ဂမ္ဘီရ ဖြစ်သည်။ တစ်ခါ တစ်ရံလည်း သဲလွန်စပေးထားသည်။
“ခုနက ဦးအောင်မြင့်ကကော ပန်းချီရော၊ ပန်းပုရောပဲလားဟင်”
သူသည် ဂမ္ဘီရ ပန်းချီကားတစ်ချပ် အာရုံဝင်စားနေပုံရသည်။ ကျွန်မ၏ မေးခွန်းကြောင့် သူဖြတ်ခနဲ လှည့်ကြည့်သည်။
“စိတ်အနှောက်အယှက် ဖြစ်သွားပြီထင်ပါရဲ့ ။ ကျွန်မက တစ်မျိုးပြီးတစ်မျိုး ဒုက္ခပေးနေပြီ”
“ဒုက္ခမဟုတ်ပါဘူးကွာ။ လမ်းပေါ်မှာ နှမ တစ်ယောက် ကောက်ရတာ ပျော်စရာကောင်း ပါတယ်။ အဲဒီ နှမကလေးကို ပန်းချီပြခန်းလိုက်ပို့ရတာ ပျော်စရာ အကောင်းဆုံးပဲ”၏
သူသည်ကျွန်မကို ပန်းပုလက်ရာ ကားတစ်ချပ် လက်ညှိုးထိုးပြသည်။
“အဲဒါကိုအောင်မြင့်လက်ရာ”
ကျွန်မသည် ၀င်လာသော တံခါးရှိရာ နံရံဘက်သို့ လျှောက်သွားကာ ကျွန်မမြင်တွေ့ နေရ သော ပန်းပုပညာရှင်၏ လက်ရာကို စိတ်ဝင်တစား ကြည့်မိသည်။
“အဲဒါဘာပုံ ဖြစ်မလဲ။ ကျွန်မတော့ နားမလည်ပါဘူး။ နာမည် လည်းမပါတော့ သဲလွန်စ မရ ဘူးပေါ့”
ဆဲဗင်းအပ်လား၊ ဘီယာလားမသိသော ဘူးခွံတစ်ခု၏ အဖုံးတွေ ကို ပုံစံပြုပြင်ဖြတ်တောက် ထားသော အပိုင်းအစများ ၊ ကျွန်မအမြင်မရှင်းပါ။
“နေဦး။ နာမည် တွေ က ပြုတ်ကျနေလို့ပါ။ ကိုယ်ရှာပေးမယ်”
သူကအတွင်းခန်းသို့ ၀င်သွားသည်။တံခါးမရှိပါ။ ပြီတော့ နံရံမှာ လည်း ပန်းချီကား တွေ ရှိနေ သေးသည်။
တစ်ချက်လှည့်ကြည့်ပြီးနောက် ဦးအောင်မြင့်၏ လက်ရာကိုပဲ ကျွန်မ အဖြေရှာဖွေကြည့် နေမိပြန်သည်။ အင်း… ဒါ ကတော့ ပန်းကလေးနှစ် ပွင့် ဖြစ်မှာ ပဲ ထင်ပါရဲ့ ။
သူသည်စာရွက်ဖြူကလေးတစ်ခုကို ပန်းချီကားထောင့်တွင် ကပ်လိုက်သည်။
လေဒီ
ကျွန်မ၏ အတွေးသည် လုံးဝ အံချော်သွားတာမို့ တစ်ယောက် တည်း ရှက်နိုးစိတ်ပျက် မိသည်။ ပန်းချီစိတ်ကူးဥာဏ် နည်းပါးလွန်းသည်ဟု စိတ်ဓာတ်ကျသွားတာက ပိုလေသည်။
“မင်း… ပန်းချီကျောင်း တက်ဖူးသလား”
ကျွန်မခေါင်းခါမိသည်။ ရွှေဂုံတိုင်နားမှာ ပန်းချီကျောင်း ရှိကြောင်း၊ ကျွန်မတွေ့ ဖူး မြင်ဖူး သည်။ တကယ်တော့ ကျွန်မဟာ ပန်းချီကို ၀ါသနာအရ လိုက်စားနေရုံသာရှိပြီး ပညာတစ်ရပ် အနေနှင့် ဘယ်မှာ ဆည်းပူးရတာ မို့လဲ။
“မင်းလက်ရာတွေ မဆိုးပါဘူး”
“ဟင်”
ကျွန်မက သူ့ကိုနားမလည်စွာ လှည့်ကြည့်မိသည်။
“ကျွန်မလက်ရာ”
“ဟုတ်တယ်လေ… ခုနက မင်းဗလာစာအုပ်ထဲမှာ ကိုယ်ဖျတ်ခနဲ တွေ့ လိုက်ပါတယ်”
သူနှင့်တွေ့ ကတည်းက သည်တစ်ခါကျွန်မ အသံထွက်အောင်ပင် ရယ်မောမိသွားသည်။
“အဲဒါတော့ ကျွန်မကိုသက်သက်လှောင်တာပဲ။ ဒါပေမယ့်ရပါတယ်လေ။ ကျေးဇူးရှိတော့ စိတ်ဆိုးလို့ ဘယ် ဖြစ်မလဲ”
သူခေါင်းခါသည်။
“မလှောင်ပါဘူးကွာ။ ပန်းချီကျောင်းဝင်ခွင့်မှာ ပုံဆွဲခိုင်တယ်ဆိုတာ မင်းသိမှာ ပေါ့။ ပန်းချီ ဆရာလို မတတ်ဘူးဆိုတာ နားလည်ပြီးသားပါ။ ဒါပေမယ့် လက်ကိုကြည့်ပြီး ဖြစ်မယ် မ ဖြစ်မယ် ပိုင်းဖြတ်လို့ရတယ်။ သူ့ပါရမီနဲ့ သူလာတာကွ”
ကျွန်မကျေနပ်ဝမ်းသာသွားသည်။ သည့်ထက်သာ ပိုမိုကျွမ်းဝင်မည် ဆိုလျှင် ကျွန်မ၏ ဗလာစာအုပ်ကို ဖွင့်ပြကာ ဝေဖန်သမှု ပြုခိုင်းချင်မိသည်အထိ။
ဦးအောင်မြင့်က အအေး တစ်ဗန်းနှင့် ပြန်ရောက်လာသည်။
“ခင်ဗျားလက်ရာဆိုသူနားလည်ပုံမရဘူး။ ကျွန်တော် နာမည် ရှာပြီး ကပ်ပေးလိုက်ရတယ်”
“အို… မဟုတ်ပါဘူး။ ကျွန်မက အက်စထရက်တွေ ဆိုနားမလည်တတ်လို့ပါ။ ကျွန်မကိုက ခေတ်မမီတာ။ မိုဒန်နိုက်ဇ် မ ဖြစ်တာပါ”
သူတို့နှစ် ယောက် ပြုံးရယ်နေကြသည်။
“ခင်ဗျားနှမကို ဦးသုခဆီပို့ပေးရမယ်”
ဒါလောက်တော့ ကျွန်မသိသည်။ စာရေး ဆရာ ဒါရိုက်တာ ဦးသုခတော့ မ ဖြစ်နိုင်။ ပန်းချီ ကျောင်းအုပ်ကြီး ဦးသုခကိုရည်ရွယ်ခြင်း ဖြစ်လိမ့်မည် ။
“ဆရာကြီးတို့ကရိုးရာဒထရယ်ဒစ်ရှင်နယ်မက်သတ်သမားတွေ ။ သူတို့နည်းလမ်းတွေ ပညာ တွေ ကို မင်းပိုပြီး သဘောကျမယ်လို့ ကိုအောင်မြင့်က ပြောနေတာ”
အဲဒါဟာကျွန်မကို ချီးမွမ်းတာလား၊ လှောင်သရော်နေကြတာလား ကျွန်မ မခွဲခြားတတ်ပါ။ ပန်းချီကား တွေ ကိုကြည့်ပြီး အဓိပ္ပာယ် ဖွေရှာနေတာပဲ ကောင်းလိမ့်မ်။ အဓိပ္ပာယ် သပြီးထင်မှ အရသာကိုခံစားတတ်မှာ လေ။
မိုဒန်သမားတွေ ၏ လက်ရာတွေ မို့ ရွေးချယ်ထားသော အရောင် တွေ က စူးရဲသည်။ ဘာပဲ ဖြစ် ဖြစ်သည်ရေး ဆွဲနည်းကို ကျွန်မ တုပ ကြိုးစားကြည့်နိုင်လိမ့်မည် ထင်သည်။
ဇော်မင်းတဲ့။ မောင်ဒီတဲ့။ ကြားဖူးမြင်ဖူးနေကျ။ ပန်းချီဆရာများ ၏ လက်ရာတွေ ကို ကျွန်မ နှိုင်းယှဉ်ကြည့်သည်။ သူတို့ခံစားချက်၊ သူတို့သရုပ်ဖော်နှင့် သူတို့ တစ်မျိုးတစ်ဖုံစီ ဖြစ်နေမှာ ပါပဲ လေ။
ကူဗစ်ဇင်။ ဒါကိုလည်း ကျွန်မမခံစားတတ်သေး။ မျက်လုံးများ ပင် ဝေလာယစ်လာသလိုပင်။ သူတို့သည် သဘာဝ အမြင်အတိုင်း မဟုတ်တော့ဘဲ ရှေ့နောက်ဝဲယာဘယ်မှာ ရှိရှိ ပြောချင်ပြချင် ရေး ဆွဲသမျှပါအောင် စီစဉ်ရေး ဆွဲထားကြ၏ ။
ကျွန်မကိုယ်ကျွန်မ စိတ်ပျက် အထင်သေးသွားလေသည်။ ပန်းချီကျောင်းလည်း မတက်ဖူး၊ အခြေခံဘာသာရပ်များ ကိုလည်း မသင်ယူဖူးပါပဲလျက် ပန်းချီကားတွေ ကြည့်ရုံ၊ စိတ်ကူးတည့် သလို ရေး ဆွဲနေရုံနှင့် ကျွန်မဟာ ပန်းချီဆရာ ဖြစ်လာနိုင်မှာ မို့လား။
ကျွန်မသည် ပန်းချီကားချပ်ရှေ့တွင် ခပ်ငိုင်ငိုင်ရပ်နေမိရာမှ သတိဝင်လှုပ်ရှားလာကာ ပန်းချီကား၏ အမည် ကို ဦးစွာ ဖတ်သည်။ သဲလွန်စကို ရမှ ဖြစ်မည် ။ ပန်းချီဆရာတဲ့။ ပန်းချီဆရာကို ဘယ်လိုသရုပ်ဖော် ခြယ်မှု န်းထားပါသလဲ။ အဟင်း… ကျွန်မ ပြုံးမိသွားသည်။ ရစ်လိမ်နေသော နွယ်ကြိုးသည် သစ်ကိုင်းခြောက်ဆီမှ တွဲ ကျလှုပ်ရှားနေသည်။ ရစ်ဖမ်းချည်နှောင်ခံရတော့မည့်  ကျားသစ်နက်သည် သူ့အန္တရာယ်ကို သတိမမူဘဲ မျောက်တစ်ကောင်ကို ချောင်းနေ၏ ။ ထိုမျောက် သည်နီမြန်းသော ပန်းတစ်ပွင့်ကိုပွင့်ချပ်တစ်ခုချင်း ခြွေချနေသည်။
“ဒီပန်းချီကားကို နားမလည်ရင်တော့ ရှင်းပြမယ့် ပန်းချီဆရာဟာ အနားမှာ အသင့်ပဲဗျာ”
ဦးအောင်မြင့်က ခပ်မြူးမြူးပြောလိုက် သော ကြောင့်ကျွန်မသည် အခန်းထဲသို့ တစ်စုံ တစ်ယောက် ထပ်မံဝင်ရောက်လာသလား လှည့်ကြည့်မိသည်။ တံခါးမှာ လည်း မည် သူမှမရှိပါ ကလား။
“ကဲလေ… ကိုဝေလင်း လုပ်ပါဗျ။ ခင်ဗျားနှမကို နည်းနည်း ရှင်းပြလိုက်စမ်းပါ။ ခင်ဗျားရဲ့ ဆီမီးအက်ဘ်စထရက်တို့ အက်စင်စထရက်တို့ ဘာညာ ကွိကွတွေ ကို…”
ကျွန်မသည် ကျွန်မကို သည်ပန်းချီပြခန်းသို့ ခေါ်ဆောင်လာသူ၏ အမည် အားယခုမှပင် ကြားဖူးရခြင်း ဖြစ်သည်။
ပန်းချီဆရာ၊ ပန်းချီကားချပ်ကို ရေး ဆွဲထားသူ၏ အမည် ကို အဆောတလျင် ရှာဖွေသည်။ မှိုင်းတဲ့။ အခုတလောမဂ္ဂဇင်း စာမျက်နှာတွေ မှာ ရံဖန်ရံခါ ဖော်ပြဝေဖန်ခံနေရသော မိုဒန်သမား တစ်ဦးပါပဲလား။ စိမ်းတော့စိမ်းသည့် အမည် တစ်ခု။ ဘာပဲ ဖြစ် ဖြစ် ကျွန်မသိထားသော အမည် ဖြစ် သည်။
ပန်းချီဆရာ တစ်ယောက် နှင့် ဤမျှအကျွမ်းတ၀င် ဖြစ်ခွင့်ရသည်ကို ကျွန်မ၀မ်းမြောက် ၀မ်းသာပြုံးနေမိလေ၏ ။
“ကဲ… မင်းမူးသွားပြီ မဟုတ်လား။ မင်းနားလည်နိုင်မယ့် ဂယ်လယ်ရီတစ်ခုကို လိုက်ကြည့် မလားဟင်”
ကျွန်မသည် ခေါင်းညိတ်မည် ပြုပြီးမှ ခေတ္တတွေ ဝေစဉ်းစားကာ အားတုံ့အားနာခေါင်းခါ ယမ်းရသည်။
“ကျွန်မအပြန် သိပ်နောက်ကျသွားလိမ့်မည် ။ နောက်တစ်ခေါက်မှပဲ”
အတင်းအဓမ္မခေါ်ဆောင်နေမလားဟုကျွန်မ ပူပန်နေသေးသော်လည်း ကိုဝေလင်းဆိုသော ပန်းချီဆရာမှိုင်းက လိုက်လိုက်လျောလျောပင် ခေါင်းညိတ်လက်ခံသည်။
“မင်းကို ကိုယ် ဘယ်ပြန်ပို့ပေးရမလဲ”
ကျွန်မသည် အားနာပြီးရင်း အားနာရပြန်ရင်းနှင့်မို့ငြင်းဆန်ဖို့ စိတ်ကူးသော်လည်း သည် နေရာမှ လမ်းမအရောက်ပြန်ထွက်ဖို့ခက်ခဲသည်။
“ဆရာက ဘယ်ပြန်မှာ လဲဟင်”
“ကိုယ်ကလား။ ကိုယ်က ကန်တော် ကလေးပြန်မှာ ။ လမ်းကြုံသလား”
“ဟင့်အင်း… ရပါတယ်”
“မရနဲ့လေ။ မင်းကို အဆင်ပြေဆုံး ကားဂိတ်တစ်ခုတော့ ကိုယ်ပို့ပေးပါရစေ”
ကျွန်မအတန်ငယ် တုံ့နှေးနေပြီးမှ…
“ကန်တော် ကလေးဆိုရင် သိမ်ဖြူမှတ်တိုင်နဲ့ နီးမလား”
“သိပ်နီးတာပေါ့”
ဦအောင်မြင့်သည် ကျွန်မနှင့် သူ့မိတ်ဆွေကို ရယ်စရာတစ်ခု တွေ့ နေရသလို ဘာသဘော ကျမှန်းမသိ ပြုံးစစလုပ်ကာနေသည်။
ထိုနေ့က သိမ်ဖြူဂိတ်မှ ကျွန်မ လေးဆယ့်ရှစ်စီးပြီး ပြန်ခဲ့သည်။
ကျွန်မလေးဆယ့်ရှစ်စီးမည် ဟု သူသိသည်။ ကားပေါ်ရောက်မှလည်း သူပြန်သွားသည်။ သို့ သော် ကျွန်မကျေးဇူးတင်မဆုံးနိုင်သည်မှာ ကျွန်မ၏ နေရပ်လိပ်စာကို သူမမေးမြန်းမစုံစမ်းသော ကြောင့် ဖြစ်သည်။ သူခန့်မှန်းနိုင်လှကျွန်မအင်းစိန်လမ်းအတိုင်း ပြန်သွားသည်ဆိုတာလောက်ပဲ ပေါ့။ တညင်းကုန်းအထိ မိုင်ပေါင်းများ စွာ ခရီးနှင်သွားရသည်ဟု သူဘယ်သိနိုင်ပါ့မလဲ။
ကျွန်မ၏ လှောင်ချိုင့်စံ အပြန်ခရီးကို မလိုအပ်ပါဘဲလူသူ သူစိမ်းတရံစာ မသိချင်ပါဘူးလေ။
ဒါဟာလည်း အမှတ်မထင် လွင့်ပြယ် မှေးမှိန်သွားမည့်  စုတ်ချက်များ သာပါပဲ မဟုတ်လား။
အနည်းဆုံး ကျွန်မ ကတော့ အဲသလိုပဲ ထင်မှတ်ခဲ့မိပါသည်လေ။
“ဒီနေ့ တို့ပန်းချီပြခန်းကိုရောက်ခဲ့တယ်”
အသက်သည် ငရုပ်သီးကြိတ်စက်သံ တဝေါဝေါညံနေသည့်ကြားမှ ကျွန်မ၏ စကားကို ကြားရအောင် လည်ကလေးဆန့်ကာ နားစွင့်သည်။
“ပန်းချီပြခန်း ရောက်ခဲ့တယ်လို့ ပြောတာ”
“သြော်… သြော်”
အမှု န်မလွင့်အောင် အုပ်ဆောင်းကို နေရာတကျပြုပြင်ရင်း တစ်ဘက်သို့ မျက်နှာလွှဲကာ အသက် ဟပ်ချို ချေသည်။
“ထားခဲ့လေ အသက်။ တို့ဆက်လုပ် ထားပါ့မယ်”
“လေးပိသာတစ်ထုပ်၊နှစ် ပိသာတစ်ထုပ် ကျန်သေးတယ်”
“ရတယ်။ တို့ လုပ်ထားပါ့မယ်”
“ဆန်းဆန်းကို သွားကြိုတော့မယ်နော်”
“သွားလေ…….. သွားပါ”
အသက်ခမျာ သည်ငရုပ်သီးမှု န့် ကြိတ်စက်အနီးတွင် နေ့စဉ်နှင့် အမျှ အလုပ်လုပ်ရင်း ရင် ကျပ်ခြင်း နာမွှန်ချင်နှင့် ။
ကျွန်မပြန်ရောက်ချိန်သည် ညနေသုံးနာရီလောက် ရှိနေပါပြီ။ သို့တိုင် နေသည် ပြင်းပြင်း ပျပျ ပူလောင် ရှိန်ညီးဆဲ ဖြစ်သည်။ ထိုစဉ်က အသက်သည် ကြိတ်စက်နားမှာ ။ လွယ်အိတ်ထား အ၀တ်အစားလဲပြီး ပြန်ဆင်းလာပြန်တော့လည်း သည်နေရာမှ မခွာရသေး။
ကျွန်မပြောသော ပန်းချီပြခန်းကို အသက် စိတ်မ၀င်စားနိုင်ပါ။ မီးလာလျှင် ကုန်ကျစရိတ် ငွေစထွက်လာဖို့ လိုအပ်သည်လေ။
ကျွန်မက တာဝန်လက်လွှဲယူလိုက်သည်နှင့် တပြိုင်နက် အသက်ခမျာ ဟန်မှမလုပ်နိုင်ဘဲ နှာခေါင်းလေးကို လက်ကိုင်ပုဝါ ညစ်ထေးထေးကလေးနှင့် အုပ်မြဲအုပ်ထားလျက် ထွက်ခွာသည်။
“ငရုပ်သီးတွေ လျှောက်မကိုင်မိစေနဲ့နော် မှု န်။ လက်ပူနေမယ်”
“အင်းပါ”
ဆန်းဆန်းကို မူကြိုပို့ထားသည်မှာ နောက်တစ်ခါ ကျွန်မအလုပ်ရမည့် အချိန်ကို ကြိုတင် မျှော်မှန်း ပြင်ဆင်ခြင်း ဖြစ်သည်။ ဘွဲ့ရကတည်းက လျှောက်လွှာတင်လိုက်သမျှ ဌာနပေါင်းစုံခဲ့ပြီ။ အလုပ်နှင့် ကျွန်မကမနီးစပ်သေး။
ခွဲစိတ်ကုသထားသော်လည်း ပြန်ကောင်းမလာတော့ဘဲ အလျဉ်း မမြင်ရသည့်နှင့် စာလျှင် ၀ိုးတိုးဝါးတာ မြင်ရသည်ကမှ တိတ်ဆိတ်တော် သေးသည်။ အောက်မေ့ရတော့တာကလား။
အမြင်အာရုံနည်းလေ ကြီးကြီးပိုစိတ်ငယ်လေမို့ အရင်လို တစ်ယောက် တည်း မအိပ်တော့ဘဲ အသက်က ဆန်းဆန်းပါခေါ်ကာ မိခင်ကြီးအိပ်ခန်းသို့ ပြောင်းရွှေ့သွားခဲ့တာကြာပါပြီ။ ဆန်းဆန်း အခါလည်ကျော်ကတည်းက ဆိုပါစို့။
အသက်၏ အိပ်ခန်းကို ယခုအခါ ကျွန်မ အပိုင်စားရထားလေသည်။ အိမ်နီးချင်းတွေ က အသက်ကို ကလေးအမေ၊ ကျွန်မကို အပျိုးကြီှးနှင့် ကျီစယ်ထေ့ငေါ့စရာ ဖြစ်နေတော့သည်။
ကျွန်မသည် တဝေါဝေါ လည်ပတ်နေသော စက်သံကို နားထောင်နေရင်း မျက်လုံးထဲတွင် ကျွန်မတို့ ငယ်ငယ်က ဖတ်ရှုရဖူးသော ပုံပြင်စာအုပ်ကလေးကို သတိတရ မြင်ယောင်သည်။
ကောက်ရိုးတွေ ကို ဗိုင်းငင်ပြီးရွှေမျှင် ရွှေတန်းတွေ ဖြစ်စေသည့်တန်ခိုးဣဒ္ဓိပါဒ်ရှင် ကုလားမ ခြေထောက် လူပုကလေးကို တမ်းတမိ၏ ။ ငရုပ်သီးကို အမှု န်ကြိတ်ပြီး ပိုက်ဆံ ဖြစ်အောင် ကြိုးစား နေရတာ ဟာ ပင်ပန်းသည်။ ကောက်ရိုးလို့စက်ထဲလှည့်ကြိတ်ပြီး ရွှေမှု န့်တွေ ဖြစ်လာလျှင် ဘယ် လောက်ကောင်းလိုက်မလဲ။
စိတ်ကူးဆိုတာ လက်တွေ့  အကောင်အထည်ဖော်နိုင်ခဲ့သားကလား။
ဖြစ်သင့်တာ ကတော့ ကျွန်မဟာ ကြိတ်ပြီး ငရုပ်သီးမှု န့်တွေ ကို စာလုံးရေး မှတ်ထားခဲ့သော စက္ကူအိတ်တွင် ထည့်ပိတ်။ တဖန် အမှတ်စဉ်ကြည့်ကာ ငရုပ်သီးတစ်ထုပ်ကို ဆက်ကြိတ်။
အသက်နည်းတူ ကျွန်မလည်း နှာခေါင်းနှင့် ပါးစပ်ကိုလက်ကိုင်ပ၀ါတစ်ထည်နှင့် စည်းနှောင်အုပ်ဆိုင်းထားသည်။ သည်လက်ကိုင်ပ၀ါဟာ ကျွန်မမွေးနေ့တစ်နေ့မှာ အမော်က လက်ဆောင်ပေးခဲ့တာပါ။ ငါးထည်ထင်ပါရဲ့ ။အစ ကတော့ ကျွန်မ မြတ်နိုးခဲ့ရပါသည်။ ပလပ်စတစ် အိတ်ကလေးထဲ သိမ်းကာ မထိရက်၊ မကိုင်ရက် မသုံးရက် မစွဲရက် အလှကြည့်ခဲ့ရပါသည်။
ပထမဆုံးတစ်ထည်ကို မှတ်မှတ်ရရ ဖြစ်အောင် ဆန်းဆန်းကိုမွေးဖွားဖို့ ဆေးရုံအသွားမှာ ယူ သွားသည်။ နေရာပြောင်းရွှေ့ရင်း အ၀တ်လဲလှယ်ရင်း ဘယ်လို ပျောက်ဆုံးသွားမှန်းမသိ။ သူမ၏ မောင်ကချစ်သက်လက်ဆောင်ပေးထားသည့် လက်ကိုင်ပ၀ါဟု မမှန်းဆတတ်နိုင်ပါဘဲ စေးနည်း ခြင်းသက်သက်ဖြင့် အသက်ခမျာ ၀ိုင်ဝန်းနှမျောခဲ့ရှာသေးသည်။
အမော်မရှိသည့် နောက်ပိုင်းတော့ စိတ်ထဲ နာနာကျင်ကျင် ရှိသည်နှင့် တစ်ထည်ပြီးတစ် ထည် အကြမ်းသုံးပစ်သည်။ နွမ်းပါးကြပ်တည်းခြင်းသည် အဓိက မဟုတ်ခဲ့ဘဲနာကျင်ခြင်းကြောင့် သာမမြတ်နိုးနိုငိ၊ မသိမ်းဆည်းနိုင်ခြင်း ဖြစ်ခဲ့သည်။
အိမ်နီးနားချင်းကလေးမလေး မွေးနေ့မှာ ပင် ငွေကုန်ခံ မနေတော့ဘူးဟု အမော်ပေးထား သော လက်ကိုင်ပ၀ါနှစ် ထည်ကိုပဲ ထပ်ဆင့်လက်ဆောင် ပေး ဖြစ်သည်။
ဖြစ်နိုင်လျှင် သည်ပစ္စည်းတွေ ကိုပင် မမြင်မတွေ့ ချင်။ ခက်တာက အကြောင်းမဲ့ လွှင့်ပစ် ဖျောက်ဖျက် လိုက်ရမှာ ကိုလည်း ကျွန်မာ ပျော့ညံ့လွန်းသူ ဖြစ်သွားမှာ စိုးလေသည်။
ကျွန်မလို ကြပ်တည်းနေသူ တစ်ယောက် ဟာ ဘယ်ပစ္စည်းကိုမှ အလဟဿ ဖြုန်းတီးပစ်ဖို့ မသင့်ဘူးဟူသော ဆင်ခြေနှင့်။ နောက်ဆုံးတော့လည်း မိမိကိုယ်ကို ဆုံးမဒဏ်ခတ်နေမိခြင်း ဖြစ်လေမလား။
ငရုပ်သီးထုပ်အားလုံး မပြီးပြတ်ခင်မှာ ပင် ကြိတ်စက်အလည်ရပ်သွားသည်။
အဲဒါကို ကျွန်မ ချက်ချင်း မသိဘဲ ကျွန်မ၏ အတွေးမှာ နစ်မြှုပ်နေသေးသည်။
“မီးပျက်သွားပြန်ပြီ။ ပြီးရဲ့ လားမှု န်”
ကြီးကြီးပိုသည် အိမ်ရှေ့တံခါးဆီသို့ လာရပ်ကာ ကျွန်မရှိရာသို့ လက်မှန်းရမ်းဆ မျှော်ကြည့် မေးမြန်းသည်။
သည်တော့မှ မီးခလုတ်ပိတ်လိုက်ရင်း…
“တစ်ထုပ်ကျန်တယ် ကြီးကြီး။ မီးပြန်လာမှ ဆက်လုပ် ရမှာ ပဲ။ ညနေမမီလဲ မနက်ဖြန် ချိန်း ရမှာ ပေါ့”ဟု အဖြေပေးကာ ဖြည်ပြီးသော အထုပ်ကို သေချာပြန်ထုပ် သိမ်းရသည်။
ရွှေမျှင် ဖြစ်စေသော ကောက်ရိုးကြိတ်စက်ကြီးဟာ သည်လိုမျိုးတော့ဖြင့် မီးပျက်ပြီး မရပ် တန့်ရလေဘူးဟု တစ်ကိုယ်တည်း ပြုံးမဲ့မဲ့ မလိုတမာ တွေးမိလေသည်။
“မှု န် ဘယ်တွေ ရောက်ခဲ့သလဲ”
စိတ်လေလွင့်ရတာ ကို အမှန် ကတော့ ကျွန်မ ရှက်မိသည်။
ကြီးကြီးပို၏ မေးခွန်းကို အဖြေပေးရမှာ တုံ့နှေးနေသည်။ သို့ ပေမယ့် ဘယ်လို ရှောင်လွှဲနိုင် ပါ့မလဲ။
“ကျွန်မ ပန်းချီပြခန်းသွားတာ”
“ တစ်ယောက် တည်းလား”
“ဟုတ်ကဲ့။ အဖော်မှမရှိတာ”
ပြောပြီးကာမှ အားမလိုအားမရ ဖြစ်မိသည်။
“သူငယ်ချင်းတွေ ကလဲ တစ်ကွဲစီ ဖြစ်ကုန်ကြပြီလေ။ အနီးအနားက လူတွေ ကလဲ ကိုယ့် ဘာသာ မအားမလပ် ဖြစ်နြေ ကတော့…”
အိမ်ထောင်ရက်သား ကျသူနှင့်၊ ကိုယ်ပိုင်စီးပွားရှာဖွေသူနှင့် ၀န်ထမ်း ဖြစ်သူ ဖြစ်၊ အနည်း ဆုံးအိမ်မှာ တစ်တပ်တစ်အား ပါဝင်လုပ်အားပေးနေကြရတာ ။ အသက်လိုပေါ့။ အင်းလေ… ကျွန်မ လည်းအားလပ်သည် မရှိလှပါဘူး။ ချက်ပြုတ် လျှောက်ဖွတ် ဈေးသွားရတာ တစ်နေ့တစ်နေ့ အချိန် တွေ ဟာ တအိအိကုန်ဆုံးနေခဲ့တာ။
ကျွန်မသည် အလုပ်ခန်း ပြတင်းတံခါးတွေ ကို လုံခြုံအောင်ပိတ်ဆို့နေသည်။ စက်သံနှင့် ငရုပ်သီးမှု န့်ရောနှော သော လေ၏ ဒဏ်ကို နေ့စဉ် မခံမရပ်နိုင်သော ကြောင့် အိမ်နံဘေးမှာ အဖီထုတ်ကာ အလုပ်ခန်းဖွဲ့ထားရသည်။
အိမ်အောက်ထပ်မှာ တော့ အမော်မရှိကတည်းက ရှိုးမကျလည်း ရှိစေတော့ဟု ထင်းတွေ အပြည့် လှောင်ထား၏ ။ နွေမှာ စုသိမ်းထားပြီး မိုးမှာ ရောင်းချကြသည်လေ။ ထင်းဒိုင်လုပ်ငန်းကို ကြီးကြီးပိုးတို့ ဇောက်ချလုပ်သည်။ ကျွန်မက ခွဲဝေရရှိသော အမွေစုဖြင့် ဆန်းဆန်းအတွက် ၀င်ငွေ ပိုလာအောင် ရည်ရွယ်ပြီး အမှု န့်ကြိတ်စက် ဆင်သည်။ ကုန်ဈေးနှုန်းတရိပ်ရိပ် တက်လာသည်ကို လိုက်မီဖို့ ကြိုးပန်းခြင်း တစ်ခု ဖြစ်သလို ဘွဲ့ရ အလုပ်လက်မဲ့ ကျွန်မဟာ ကလေး တစ်ယောက် တော့ မွေးထားတတ်သည်မို့ကိုယ်ပိုင် လုပ်ငန်းတစ်ခုရှိသင့်သည်လေ။
“ထင်းတွေ ထပ်ရောက်လိမ့်ဦးမယ်လို့ အသက်က ပြောတယ်။ ဒီတစ်ရက်နှစ် ရက်အတွင်း ရောက်ပါမှပဲ။ ရောက်မှလဲ မိုးလွတ်မှာ လေ။ မိုးကျတော့မှာ ”
“အောက်ထပ်တော့ ပြည့်နေပြီ။ အလုပ်ခန်း နံဘေးမှာ ဆက်ပြီးပုံရမှာ ။ ဓနိမိုးဖို့ လက်သမား ခေါ်ဦးမှပါ။ အမလေးသစ်ဈေးကကြီး ဓနိပျစ်တွေ ကလဲ တစ်ရာ့ရှစ်ဆယ်ဈေး ပေါက်နေပြီတဲ့။ ရှေ့နှစ် ခါ ပိုဆိုးမှာ ပဲနော်”
စားဝတ်နေရေး ပူပန်မိသော အခါတွေ မှာ တော့ ကျွန်မ၏ ရောင် စုံဆေးတွေ ၊ စုတ်တံတွေ ၊ စက္ကူကားချပ်တွေ ဟာလွတ်ကင်းရာတချောင်ချောင်ကပ်ပြီးတိတ်ဆိတ်ငြိမ်သက်နေရမြဲ ဖြစ်လေ သည်။
ပြီးတော့လည်း ဆီဆေး မဆိုသားနှင့်။ ရေဆေးတစ်ဘူးတလေပင် ၀ယ်ယူရန် ငွေကြေးအပို မရှိမရှိသည့် ရက်တွေ က များ ခဲ့တာ မဟုတ်လား။
သည်အိမ်မှာ တော့ ဆန်းဆန်းကလေးသာ ၀တ်ရဖို့၊ စားရဖို့ ပထမဦးစားပေး အဆင့်မှာ ထားကြသည်။ ဆန်းဆန်းနှင့် ယှဉ်လာလျှင် ကြီးကြီးပိုသည် သူမအတွက် ဆေးဖိုးဝါးခကိုပင် အကုန်မခံချင်ဘဲရှိသည်။
အမော်ဟာ ဂျပန်ကုမ္ပဏီတစ်ခုမှာ အမြဲတမ်း ၀န်ထမ်းတစ်ဦး ဖြစ်နေပါပြီ။ သို့စဉ်လျက် ဆန်းဆန်း အတွက်ရယ်လို့စားစရာလေးပင် မပို့စဖူး။ ကျွန်မတို့ ဤမျှ ချို့ချို့ငဲ့ငဲ့ မဟုတ်ကြသည့် တိုင်းသူ့သွေားကို သတိတရမရှိလေခြင်းဆိုသော ထိုးနှက်ချက်က ပြင်းထန်စွာ ရင်နင့်နာကျင် စေသည်။
“မိတ္ထီလာက အခုတလော တိတ်ဆိတ် နေလိုက်တာနော်”
ကြီးကြီးပိုသည် ဘာစိတ်ကူးရသည်မသိဘဲ ကျွန်မ၏ မောင်တွေ နှင့် ပတ်သက်ပြီး စကား စသည်။
“ဟုတ်ကဲ့”
ဘာကြောင့် ပဲ ဖြစ် ဖြစ် ကျွန်မမှာ ဆွေးနွေစရာ မရှိလှပါ။ ကျွန်မ၏ မိခင် ကွယ်လွန်ပြီးသည့် နောက်ပိုင်းမှာ နဂိုကမှ တရင်းတနှီး မခင်တွယ်လှသည့် မောင်နှမတွေ ဟာ အဆက်အသွယ် မယ်မယ်ရရ မရှိဘဲ ခပ်စိမ်းစိမ်း မေ့ပျောက်နြေ ကတော့သည်။
ရန်ကုန်မှာ ကျောင်းနေမှ အသိအမြင် ပွင့်လင်းနိုင်မည် ကြွေးကြော်ခဲ့သော ကျွန်မ၏ ကျဆုံး ခန်းအတွက် မောင်တွေ စိတ်ခုနေကြောင်း ကျွန်မ ရိပ်မိပါသည်။
မေမေစိတ်ပျက်ပစ်ခွာထားခဲ့တာကို ကျွန်မ ၀မ်းနည်းသည်။ သို့ သော် ခံယူထိုက်သော အပြစ်ဒဏ်ပါပဲဟု ကျေနပ်စွာ ပဲ လည်စင်းခံနေခဲ့ရပါသည်။
မေမေဆုံးကာမှ အလောင်းကို ဦးချ တောင်းပန်ရတာ ကိုသာ ကျွန်မစိတ်ထိခိုက်၏ ။
မေမေစိတ်ချမ်းသာမှု အတွက် ကျွန်မ ဘာများ စွမ်းဆောင်ခဲ့ပါသလဲ။
ကုန်တင်ကား တစ်စီးသည် အိမ်ရှေ့တွင် ထိုးဆိုက်လာ၏ ။
“ဟာကြီးကြီးရေ ထင်းကားရောက်လာပြီ”
သမီး ယောက္ခမတွေ ၀မ်းသာအာရ ဖြစ်သွားကြသည်။ အင်းလေ… ယောက္ခမဟောင်း ချွေမဟောင်းတွေ ပဲဆိုကြပါစို့ရဲ့ ။
ထင်းကားသည် ကျွန်မတို့အိမ်ဘက်သို့ ဖင်ထိုးဖို့ ရှေ့တိုးနောက်ငင်ကြိုးစား နေလေတော့၏ ။
“အမော်က ကြီးကြီးကို ဂျပန်အလည်ခေါ်မလို့တဲ့”
ရုတ်တရက် ကြီးကြီးပြောလိုက်သော စကားသည် ကျွန်မ၏ နားဝယ်ကျယ်လောင်စွာ ပေါက်ကွဲသွားခဲ့သည်။
“ရှေ့လထဲ သူပြန်လာမယ်တဲ့။ အလုပ်ကိစ္စပေါ့လေ။ အပြန်မှာ ကြီးကြီးကို ခေါ်သွားမယ်”
ကျွန်မ၏ နှလုံးအိမ် ရှေ့တိုးနောက်ငင် မြည် ဟည်း ကြိတ်နင်းနေသည်ကဲ့သို့ ကျွန်မမှာ နှုတ်ခမ်းတုန်တုန် ခိုက်လျက် မချိတင်ကဲ နာကျင်ကြေမွနေခဲ့လေ၏ ။
ဆန်းဆန်းကို အသက်က သနပ်ခါး ပါးကွက်ကလေးကွက်ကာ ဘီးနှင့်ခြစ်ပေးသည်။ ယားကျိကျိ ဖြစ်နေဟန်ရယ်ချင်နေသော်လည်း အလှပျက်မှာ စိုးရိမ်လှစွာ မျက်နှာကို ဇွတ်တည် ကြည်ထားရှာလေရာ အသက်၏ အကြည့်တွင် သူမ၏ တူအပေါ်ချစ်စနိုးပီတိတွေ ဝေဆာလျက်ရှိ လေ၏ ။
ကြီးကြီးပိုသည် ပရုပ်လုံးနှင့် ပလပ်စတစ်အိတ်နှင့် အထပ်ထပ် နေလှန်းကာ သိမ်းဆည်း ကာတယုတယထားသော ကြိုးကြိတ်ချိတ်ထဘီနှင့် အိရှန် လက်ရှည်အဖြူနှင့် ရှိုးကျနေသည်။ ဖြူအိသော အသားသည် သနပ်ခါး ဖုံဖုံ ခြယ်မှု န်းထားသည်ထက် ၀မ်းမြောက် ကြည်နူးသည်၏ အရှိန်အဟုန်ဖြင့် ၀င်းပကြည်မြနေ၏ ။
အဖြူလွှမ်းသော ဆံပင်ပါးပါးကို လိပ်ခွံဘီးနှင့် ကျော်ပတ်ထားသည်မှာ လည်း သပ်သပ်ရပ် ရပ်ကျက်သဆောင်နေသည်။ ရွှေကိုင်းမျက်မှန်နှင့် ခန့် ညားရည်မွန်နေ၏ ။
အသက်ကိုတိုင်သည်လည်းမနေ့ ကအင်းစိန်ဈေးသို့ပြေးကာ ဘီဘဲလ်ပိတောက်ခြောက် ရောင် လေးဝယ်လာသည်။ ချုပ်ခငါးကျပ်ကို နှမြောနေသေးသော်လည်း ကုန်သင့်ကုန်ထိုက်သည် ဟုဖြေသာဟန်တော့ရှိသည်။
မိသားစုဝင်ငွေမှာ ခြိုးခြိုးခြံခြံ ခြစ်ခြစ်ကုပ်ကုပ် သုံးစွဲပြီး တင့်တယ်ရုံ ကြိုးပမ်းကြရသည်။
သို့ သော် ယနေ သူတို့ မြေးအဘွား တူဝရီးတစ်သိုက် လေယာဉ်ကွင်းသို့ သွားဖို့ ပရိုက်ဗိတ် တက္ကစီငှားထားပြီးသား။ ဓာတ်ဆီဈေးကလည်း ဈေးကြီးဘိသနှင့် ။ တစ်နာရီလျှင် ရှစ်ဆယ်နှုန်း နောက်မှကြည့်ကာ ညှိကာ ဈေးဆစ်တော့မည် ဟုဆိုသည်။
ဆန်းဆန်းသည် သူ့ကိုပေါ်မှ အင်္ကျီကို တစ်ချိန်လုံးငုံ့ ကြည့်ကာနေသည်။ ဂျန်ဒါ စပို့ ရှပ်တဲ့။ ဘောင်းဘီတိုကလည်း ဂျွိုင်းတဲ့။ (ဘုစ်နှင့် ဆိုလျှင် ဆန်းဆန်း အလှပြင်စရိတ်ဟာ ငါးရာကျော် စွန်းနေခဲ့ပြီ။)
အသက်က ရက်ရက်ရောရော ၀ယ်ခြမ်း အလှဆင်သလောက် ကြီးကြီးပိုကလည်း အထုပ် ဖြည်ကာ ကျေနပ်နှစ် သိမ့်နေကြလေသည်။ ဒါဆိုလည်း ကုန်ရကျိုးနပ်တာပါပဲ မဟုတ်လား။
မနက်ခြောက်နာရီလောက် ကတည်းက မီးပျက်သွားသဖြင့် ကျွန်မသည် ငရုပ်သီးကြိတ် နေဖို့မလိုပါ။ အိပ်မပျော်တိုင်း စောစောစီးစီး ထပြီးချက်ပြုတ်ပြီးနေခဲ့ပြီ။ မနေ့ကကျန်သော ငါးကြော် လေးကိုဖဲ့ရွဲ့ပြီး ကန်စွန်းရွက်ရိုးနီနှင့် ချဉ်ရည်တစ်ခွက်ချက်ထားသေးသည်။ မနက်လင်းမှဈေးသွား ကာထင်းမီးဖိုပြီး ကြက်သားတစ်ခွက် ချက်ရသေးသည်။
အမော် တစ်ယောက် သည်အိမ်မှာ တည်းခိုမည် ဟု ကြီးကြီးပိုက မျှော်လင့်နေလေသည်။ ဒါကြောင့် ခါတိုင်းထက် ပိုပြီးဖွယ်ဖွယ်ရာရာ မြန်မာဆန်ဆန်ပြင်ဆင်စေတာမှန်း ကျွန်မသိသည်။ ခြံထဲက သရက်သီးပင်မှည့်ကလေးကိုပင် ချန်ထားစေသေးရဲ့ ။
ဟိုတည်မှာ တည်းမှာ ပါ။ ဒါမှမဟုတ် မေမာလာဝင်း၏ မိဘတွေ အိမ်မှာ တည်းရမှာ ပေါ့ဟု အသက်က ကျွန်မစိတ်အေးသက်သာအောင် ပြောပါသည်။
ကျွန်မရှေ့တွင် အမော့်အကြောင်းမပြောဖို့ဆန်းဆန်းကလေးကို သူတို့သွန်သင်ထား ကြောင်းကျွန်မရိပ်မိနေသည်။ ကလေးဆိုတော့ သဏ္ဍာန်လုပ် သရုပ်မပီနိုင်ဘဲ ကျွန်မကိုမျက်လုံး ကလေးစွေ့ကြည့်၊ ပါးစပ်ကို လက်ကလေးနှင့် အုပ်ပြီး လေယာဉ်ပျံအသံကြားတယ် ဒေါ်လေးဟု အသံနှိမ့်ပြီး ပြောလေသည်။
အသက်က ကျွန်မကို အားနာစွာ မျက်လုံးဝင့်ကြည့်ပြီး ဆန်းဆန်းကလေး၏ ပါးစပ်ကိုသူမ ၏ ပါးနှင့် အပ်ကာကသုတ်ကရက် အိမ်ရှေ့သို့  ပွေ့ ခေါ်ထုတ်သွားခဲ့သည်။
သူတို့ ထွက်ခွားသွားပြီး နောက် အိမ်ကြီးတစ်လုံးထဲတွင် ကျွန်မ တစ်ယောက် တည်း ကျန်ခဲ့ ပါသည်။ ထင်းဝယ်သမားတွေ သည် နံနက်ပိုင်းက တစ်သုတ်ပြတ် သွားပါပြီ။ ညနေဈေး မတိုင်မီမှာ တစ်ဖွဲဖွဲ ရောက်လာကြလိမ့်မည် ။
ပန်း ချီသော င်းဟန်၏ အခြေခံ ပန်းချီပညာ စာအုပ်ကလေးကိုပဲ ကျွန်မ ပြန်လည် လေ့လာ ဖတ်ရှုနေရပါသည်။ ဒါဟာ ကျွန်မရဲ့ အဖော်၊ ကျွန်မရဲ့ မျှော်လင့်ချက်တွေ ကို ဖြည့်သည်။ ပံပိုး လမ်းညွန်ပေးနေသော စာအုပ်ကလေးအဟောင်းဆိုင်မှ ကျွန်မ ရှာဝယ်ထားရသည်။
စားရေး ခုံတွင် ခဏထိုင်ပြီး နောက် ပုံဆွဲချင်စိတ် ပေါ်မလာသည့်အတိုင်း စာအုပ်ကလေး ရင်မှာ ပိုက်ကာ ကျွန်မပက်လက် လဲပြိုနေပြန်ပါသည်။
မစဉ်းစားမိဘူး။ အမော့်အကြောင်း၊ အမော့် သမီးအကြောင်း ကျွန်မ မစဉ်းစားမိပါဘူး။ မေမာလာဝင်းအကြောင်းဆို ပိုပြီး မစဉ်းစားနဲ့။ အားလုံး မေ့ထားရလိမ့်မယ်။ မေ့လိုက့့်  မေ့လိုက်။
တကယ်ဆို ကျွန်မခွင့်လွှတ်နိုင်သည်ထင်ပါသည်။ အမော်ဟာ ကျွန်မ၏ ချစ်သူ ဖြစ်သည် ကိုကျွန်မယူဆဖူးသည်လေ။ ကျွန်မ၏ လင်ယောက်ျားလည်း ဖြစ်ခဲ့သူ မဟုတ်ဘူးလား။
တရားဥပဒေ အကြောင်းအရ ပြတ်စဲသွားကြသည့်တိုင် သံယောဇဉ် တငွေ့ငွေ့ ဝေ့မနေရစ် သင့်ပေဘူးလား။
ကျွန်မသည် နှုတ်ခမ်းတင်းတင်းစေ့ကာ ခေါင်းခါယမ်းမိသည်။ ဟင်အင့်း့  သူ့ကို ကျွန်မ အပြစ်တင်စရာ မလို။ ဘာကြောင့် ကော သံယောဇဉ် တွယ်နေရဦးမှာ လဲ။ အစကလည်း တစိမ်း တွေ ၊ အခု တစ်လမ်းစီ ခွဲခွာသွားပြီးမှတော့ တစိမ်း ပြန် ဖြစ်သွားကြပြီပေါ့။
ကျွန်မ ဖြေဖြောက်မရနိုင်တာက ကျွန်မ၏ မလှပသော အတိတ်ကဏ္ဍကလေးကိုပါ။ ဘယ်လိုမှ ဖျောက်ဖျက်မရသည့်မိုက်မဲမှု တွေ ရယ် ကျွန်မသည် ဒဏ်ရာရ တရိစ္ဆာန် တစ်ကောင်ပမာ နာကျင်စွာ ညဉ်းတွားစုတ်သပ်ကာ နေမိသည်။
ကျွန်မ ကြာကြာ လဲပြိုမနေနိုင်ပါ
``မပိုရေ့  အသက်ရေ´´
ခေါ်သံကြားသဖြင့် အိမ်ထဲမှ ထွက်ရပြန်သည်။ ဘယ်သွားကြတာလဲ ဆိုတာ ကျွန်မ အဖြေ ပေးဦးမယ်။ မသိဘူးလည်းညာ၍ မ ဖြစ်၊ သည်လူတွေ က နေတဓူဝ တွေ့ ဆုံဆက်ဆံနေရတာ ။
``ငရုတ်သီး ကြိတ်ပြီးပလားလို့အေ။ မီးကလဲ ပျက်နိုင်ပါပေရဲ့။ ညဉ်းတို့ အိမ်တွင်းမှု လုပ်ငန်းတွေ တော့ ဒုက္ခပဲ။ ညဉ်းတို့ကို မီရတဲ့ ငါတို့ ထမင်းဆိုင်တွေ မလဲ ပြဿနာ´´
ဘာညာ လေပြေထိုးကာ စကားစရှာကာနှင့် နောက်ဆုံးတော့လည်း ဘူတာကြီးဆိုက်ကာ အမော့်စခန်းမှာ အဆုံးသတ်သည်။ မပိုတို့က တော် ပါတယ်။ အမော် ကတော့ အတော် ကလေး ရက်ရက်စက်စက် လုပ်တာပဲတဲ့။ သို့ ပေတဲ့ အချိုသတ် ပေါင်းရမှာ ပေါ့။ ကိုယ်က သပိတ်ဝင် အိတ် ၀င်ပါ။ ဘာညာ။ ကျွန်မတို့ ကွာရှင်းပြီးသားပါ ဆိုတာ ဒေါ်သိန်း မေ့ပျောက်သွားပုံရသည်။ ကျွန်မ တို့မြန်မာလူမျိုးမှာ ကွာရှင်းခြင်းမည် သည် အရေး ပါ အရာထင်လှခြင်း မရှိဘူးထင်ပါရဲ့ ။
ကျွန်မ ငူငူစင်းစင်းကြီးပဲ နားထောင်နေလိုက်တော့သည်။ တောင်စဉ်ရေမရ ပြောဆို၍ အား ရမှာ ပင် နေ့ခင်းတစ်ခေါက် လှည့်လာဦးမယ်။ ညနေစာ ဟင်းချက်မှု န့် လုံးဝမရှိတော့ဘူးအေ။ ညဉ်း ဆီမှာ ကြိတ်မရရင် ငါတော့ဝယ်ချက်ရပါပြီ။ ဒုက္ခ ဒုက္ခနှင့် ညဉ်းညူထွက်ခွာသွားတော့ မှပဲ ကျွန်မမှာ နားအေးရတော့သည်။
ဘာလုပ်ရမှန်း ဘာကိုင်ရမှန်း မသိသည့်အဆုံး ပုံဆွဲစက္ကူ စာရွက်နှင့် ပုံဆွဲခံတံတစ်ချောင်း ဆွဲကိုင်မိပြန်သည်။ကျွန်မတွင် နံပါတ် ၂နှင့် ၃ သာ ရှိပါသည်။ နံပါတ်ကြီးတွေ ကို အသုံးပြုနိုင်တော့ လိုက်အောင် ကျွန်မ မကျွမ်းကျင်သေးပါ။
တကယ်တမ်းကျတော့ ဘာပုံမှ ရေး ဆွဲချင်စိတ် မရှိတြော့ပန်ပါ။ ခဲတံစက္ကူ ရှားပါးတာမို့ အလဟဿတော့လည်းကျွန်မ လျှောက်ရေး ခြစ်မနေ ဖြစ်ဘဲ ခဲတံ ဖင်မြီးနှင့် သာ စာရေး ခုံကို တတောက်တောက် ခေါက်နေမိတော့သည်။
အဲသလိုနှင့် အချိန်တော် တော် ကြာသွားသည်။
တကယ်တမ်း ကျွန်မ ရေး ဆွဲ ဖြစ်သော ပန်းချီကားကို မည် သူမျှ နားလည်မှာ မဟုတ် ဘူးထင်သည်။
ဥမင်လှိုဏ်ခေါင်း တစ်ခု၏ အ၀င်ဝကို ဟင်းလင်းပြင် ကန္တရမှ လှမ်းမျှော်မြင်တွေ့ ရသော ရှုခင်းကို ကျွန်မ ရေး ဆွဲပါသည်။
ရေဆေးကို ကျွန်မအသုံးပြုသည်။ ဆီဆေး ရှားပါးသော ကတစ်ကြောင်း ပြီးတော့ ကျွန်မ မနိုင်နှင်းသေးဘူးဟုသေ ချာတပ်အပ် သိနေတာက တစ်ကြောင်း၊ ကျွန်မလို ပညာအဆင့်နှင့် ဆို လျှင်ဆေးရောင် တစ်ရောင် တည်းသာ သုံးစွဲသင့်မည် ဟု နားလည်နေသော် လည်း ကျွန်မ ကတော့ ဟန်သစ်နည်းသစ်လမ်းအတိုင်း စူးစူးရဲရဲအရောင် တွေ ကိုသာ အသုံးပြုပစ်သည်။ အညိုလေးရောင် ကိုနေရာတကျ စုတ်ချက်ပိုင်ပိုင် ပြည့်ပြည့်၀၀ ခြယ်မှု န်းသည်။
ကျွန်မ တော်တော် စိတ်တိုင်းကျပါသည်။
အသည်းကွဲခြင်းကို နာမည် တပ်သည် စိတ်ကူးပြီးနောက် ချက်ချင်း ပယ်ဖျက်ပစ်သည်။
အသည်းကွဲတာ မဟုတ်ပါဘူး။
ဒါဖြင့် ဘယ်လိုနာမည် တပ်မှာ လဲ။
မော်ဒန် ပန်းချီမှာ ပန်းချီဆရာစိတ်ကူးကို သူတပ်သော အမည် ဖြင့် သရုပ်ဖော်ခံစားကြည့်မှ နီးစပ်သော အဖြေကို ရမည် ထင်ပါသည်။
မရင့်ကျက်မီ။
ကျွန်မ ခေါင်းညိတ်သည်။
ကြည့်လေ ကျွန်မ၏ ပန်းချီကားကို နာရီပိုင်းအတွင်းမှာ အပြီး ရေး ဆွဲလိုက်နိုင်သည်။ ပျပျ သာမြင်ရသော ဥမင်လိုဏ်ခေါင်းကို နည်းနည်း ဂရုစိုက် အချိန်ပေးလိုက်ရုံပါပဲ။ ကျန်တာက ဟင်းလင်းပြင်ကြီးပဲ ဥစ္စာ။ ဆေးများများ သုံးလိုက်ရတာ တစ်ခုပေါ့။ ရေဆေးတွေ ဈေးကြီးသော် လည်းကျွန်မနှမြောမနေတော့ပါ။ ဒါဟာ ကျွန်မ၏ ပထမဆုံး မော်ဒန် လက်ရာ မဟုတ်လား။
အပြင်မီးလုံးသည် ဖျက်ခနဲ ပွင့်လာလေသည်။
ခါးဆန့်ရင်း နာရီကြည့်မိတော့ ကျွန်မ မျက်လုံးပြူးသွားသည်။ သုံးနာရီခွဲပါပေါ့လာ။
သည်အချိန်အထိ ကျွန်မ ထမင်းမေ့ ဟင်းမေ့ ပန်းချီဆွဲနိုင်တာကို ၀မ်းသာကျေနပ်နေဖို့ မသင့်တော် ဘူးထင်သည်။ ဆန်းဆန်းတို့တတွေ ပြန်မရောက်ဘဲ နောက်ကျလွန်းနေသည်ကို ကျွန်မ စိတ်ပူပင်ကြောင့်ကြ သင့်ပေတာပေါ့။
ကျွန်မသည် အောက်ထပ်သို့ ဆင်းလာသော အလုပ်ခန်းသို့ ၀င်ပြီး ငရုတ်သီးကြိတ်ရပြန် သည်။
နှစ် ဦးသုံးဦး ပြန်သွားကြတယ်။ ထင်းဝယ်လား ငရုတ်သီးရွေးလား။ မသိပါဘူး။ အိမ်တံခါး ကြီးပိတ်နေတော့ မရှိဘူး မှတ်လို့ဟု နံဘေးအိမ်မှ လှမ်းအော်ပြောသည်။
ကြိတ်ပြီး ရွေးပြီးသွားကြသည်အထိ ဆင်းဆန်းတို့ ပြန်မရောက်သေးပါ။ ဖြစ်နိုင်သည်မှာ အမော်တို့လေယာဉ် အမော့် ယောက္ခမအိမ်သို့ ပါသွားနိုင်သည်။ ဒါမှမဟုတ် လမ်းမှာ တစ်ခုခု
ကျွန်မ တကယ်စိတ်ပူလာသည်။
သည်အိမ်မှာ ကျွန်မ ဘာကြောင့် ဆက်လက် တွယ်ကပ်ရပ်တည်နေသလဲဆိုတာကိုလည်း ရုတ်တရက် ပြတ်ပြတ်သားသား အဖြေရသည်။ ဆန်းဆန်းသာ မရှိလျှင် သည်နေရာ ကျွန်မရှိနေဖို့မှ မလိုတာ ဆန်းဆန်းသည်သာ ကျွန်မ၏ အနှောင်အဖွဲ့။
ငရုတ်သီးမှု န့်ကပ်ငြိနေသော ကျွန်မကိုယ်ကျွန်မ သန့်စင်ရေး ချိုးသည်။ အရင်ကလည်း အလှပြင်ဖို့ အချိန်မယူတတ်လှသော ကျွန်မသည် ယခုလည်းစက်သွေး သနပ်ခါးခဲ ခပ်ကျဲကျဲ သွေးပြီး လူလိုက်ပွတ်လိုက်ရုံနှင့် လုံလောက်သည်။ အရှည်ထားမည် ဟု စိတ်ကူးရှိသော်လည်း ယခုတိုင်အကောင်အထည်မဖော် ဖြစ်သေးတဲ့နွေပေါက်လာလျှင်ပခုံးလောက်ဖြတ်တောက်ပစ်မြဲ ဆံပင်တွေ ဟာ သည်နွေနှောင်းမှာ လည်း သည့်ထက် ပိုရှည်လျား ခွင့် မရသေးဘဲ ပခုံးနားတစ်ဝိုက် မှာ ပဲ သားရေပင်နှင့် စုစည်းခံရဆဲ ဖြစ်သည်။
ရှပ်အင်္ကျီတွေ ကို ကျွန်မ နှစ်သက်သည်။ အစ်ကို တွေ ဆီက ရတတ်သလို ကျွန်မ ၀ယ်ယူပြီး လည်း ချုပ်လုပ်ယူလေ့ရှိသည်။ ကျွန်မတွင် အမော့် ရှပ်အင်္ကျီတစ်ထည် နှစ် ထည်လည်း ကျန်နေ သေးသည်။ မမြတ်နိုးတော့သည့်တိုင် ပေးကမ်းပစ်ဖို့လည်း နှမြောချွေတာရသော ကြောင့် အိမ်နေ ၀တ် ဖြစ်နေသေးတာဟာ မရှိမရှား ကျွန်မအတွက် သိပ်ကို သဘာဝကျနေပါသည်။
အမော့် ရှပ်အင်္ကျီဟောင်းကိုပဲ ကောက်စွပ်ကာ အိမ်သော့ ပိတ်ပြီး လမ်းထိပ်သို့ ထွက်လာခဲ့သည်။
အဲသည်အချိန်မှာ ဆရာ ကိုဝေလင်းမှိုင်းနှင့် တစ်ဖန် ပြန်လည်ဆုံတွေ ရလိမ့်မည် ဟု ကျွန်မ လုံးဝမမျှော်လင့်ခဲ့မိသည်မှာ လည်း မဆန်းကြယ်သော ဖြစ်ရပ်တစ်ခုပင် ဖြစ်ပေသည်။ သူစိမ်းပြင် ပြင်လူနှစ် ယောက် ဟာ အကြောင်း ဆက်စပ်မှု မရှိပါဘဲ ပြန်လည် ဆုံစည်းဖို့လွယ်ကူတာမှ မဟုတ်တာဘဲလေ။
ဆရာဝေလင်းမှိုင်း ပါလာသော ကားကလည်း ကျွန်မနှင့် တွေ့ ဆုံခဲ့သော နေ့က ပတ်ဘလစ်ကာအစိမ်းနုကလေး မဟုတ်ပြန်ပါ။ သည်တစ်ခါ ဆလွန်း နက်ပြာနှင့်ပါသော ဖတ်ရှုမိပါရဲ့ ။ သူပါ လာမှန်းလည်း မသိလေတော့ ထိုကားကို စပရင်တာ နက်ပြာကလေး ဆိုတာလောက်ပဲ ကျွန်မ စိတ်ဝင်စား ဖြစ်သည်။
``မဂ်လာလမ်းဆိုတာ ဘယ်မှာ ပါလဲ ခင်ဗျား´´
ယာဉ်မောင်းလာသူက ကျွန်မ နံဘေးကားရပ်ပြီး မေးတာတောင်မှ ကျွန်မက သေချာပြန် ကြည့် ဖြစ်တာ မဟုတ်ဘဲ တရုတ်လိုလို လူလတ်ပိုင်း ဖြစ်ကြောင်းသာ အကြမ်းဖျင်း မြင်သည်။ ဒေါ်သိန်း၏ ထမင်းဆိုင်မှာ ထိုင်ပြီး ဆန်းဆန်းတို့ အပြန်ကို မျှော်ဖို့သာ ကျွန်မ စိတ်စောနေခဲ့လေ သည်။
``ရှေ့က လမ်းပါ´´
သည်စကား လေးလုံးနှင့်ပင် သူတို့သိချင်တာ ပြီးပြည့်စုံပြီပဲ
မြေရောင်းဖို့ရှိတယ် ဆိုလို့ပါ။ ကြားများ ကြားမိသေးသလားခင်မျာ´´
ဒါကိုလည်း ကျွန်မက ခေါင်းခါပြီး မြန်မြန်ပဲ အဖြေပေးလိုက် တယ်။
သူတို့ ဆက်လက် ထွက်ခွာသွားတော့မည် ထင်မှတ်နေဆဲ။
``မှု န် မဟုတ်လား´´
သူ့အသံမှန်း ကျွန်မ ကောင်းကောင်းကြီးမှတ်မိကာဒိတ်ခနဲ ရင်သိမ့်ခုန်သည်။ မ ဖြစ်နိုင်တာ။ သည်နေရာမှာ သူနှင့် ပြည်လည် ဆုံတွေ့ ရ သတဲ့လား။ စိတ်စွဲလမ်းနေမိလေသလား။
ကျွန်မ ပျော်သွားသည်။
ဘာကြောင့် ပျော်သွားသလဲဆိုတာ မေးများ မေးလာလျှင် ကျွန်မ ရှင်းပြရ ခက်ပါလိမ့်မည် ။ အဲသလို မပျော်နိုင်ခဲ့တာ ကြာလွန်းလှပြီဆိုတာ တစ်ခုပဲ ကျွန်မမှာ ပြောစရာရှိမှာ ပါ။
``မင်း ဘယ်လိုလုပ်ပြီး ဒီနေရာ ရောက်နေတာလဲ မှု န်´´
သူ့လေသံမှာ တစ်သက်တာပတ်လုံးရင်းနှီးကျွမ်းဝင်လာဘိသကဲ့သို့ ။ ပြီးတော့လည်း သည် နေရာသို့ ကျွန်မရောက်ရှိနေတာကို သူဘ၀င်မကျဘူး ထင်ပါသည်။
``ကျွန်မတို့အိမ်က ဒီလမ်းထဲမှာ လေ´´
အပြုံးကို ဖုံးမိရင်း ကျွန်မက ကိုယ်တိုင် အတန်ငယ်စောင်းငဲ့ပြီး လမ်းထဲဘက်သို့ လက်ညှိုး ထိုးပြလိုက်ရပါသည်။
သူသည် ခရီးဝေးတစ်ခုမှ ပြန်လာသလို ဆံပင်တွေ ပွယောင်းနေပြီး အ၀တ်အစားတွေ လည်း နွမ်းကြွေ နေခဲ့သည်။
မစစ်ဆေးပါဘဲ ဆရာ ဝေးလင်းမှိုင်းက ဖြောင့်ဖျက်ပေးလေသည်။
``ကိုယ်တို့ ပဲခူးဘက်ကို အောက်ဒိုး ထွက်သွားကြတာ။
ဒေးစွန်းပါဘက်ပေါ့။ စိတ်ကူးလို့ ကောင်းတဲ့ နေရာပဲ။ ရှုခင်းလဲကောင်းတယ်ကွာ၊ ကိုယ်မင်း ကို သတိရမိသေးတယ်ကွ´´
သတိရမိသေးသည် ဆိုသည်မှာ ဖြစ်တော့လည်း ဖြစ်နို်င်ပါရဲ့ ။ ကျွန်မ မယုံကြည်လှပါ။ ကျွန်မဟာ လျှာဖျားကလေးမှ အလွယ်ပြောတတ်လေသော ပုရိဿယောက်ျားမြတ်ကြီးများ ကို အထင်သေးနေပြီလား။
``ဘာလို့ပြုံးတာလဲမှု န်၊ မင်းက မယုံလို့လား။
သူစီးလာသော ကားသည် စက်တပ်ထားလိုက်ပါပြီ။
သူကကားထဲကို လှည့်ကြည့်သဖြင့် ကျွန်မလည်း ကားထဲပါလာသူတွေ ကို မျက်လုံးဝေ့ ကြည့် ဖြစ်သည်။
ရှေ့ခန်းမှာ က ဆရာဝေလင်းမှိုင်းတို့အရွယ်အမျိုးတစ်သားယောက် ။ နောက်ခန်းမှာ တစ်ဆယ့်သုံးလေးနှစ် အရွယ်ကလေးမ တစ်ယောက် နှင့် အသက်လေးဆယ်ဝန်းကျင် အမျိုးသမီးကြီး တစ်ယောက် ။
``ဒေးစွန်ပါတုန်းက ပန်းချီဆရာမ လေး တစ်ယောက် အကြောင်း ကျွန်တော် ပြောဘူးလားဟင်။ မမချို´´
``မပြောပေါင်´´
ဒါက ကလေးမ၏ အသံ။ နှုတ်ခမ်းပါးကလေးနှင့် မဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့နှင့် ခနဲ့ကျီစယ်သလို။ မျက်လုံးတောက်တောက်လေးတွေ ကတော့ပြုံးနေသည်။
``သမီးကလဲကွယ်´´
အမျိုးသမီးကြီးသည် ထိုင်ခုံအလယ်မှာ သက်တောင့်သက်သာ ခြေပစ်လက်ပစ် ထိုင်နေ သော ကလေးမ၏ ပခုံးကို ပွေ့ ဖက်ရင်း ဟန့် တားထားသည်။
``မိကေသီတော့ကွယ် ငါ့ဆို ဖြုတ်ဖို့ ပဲ ကြည့်နေတယ်´´
ဆရာဝေလင်းမှိုင်းက လက်သီးဆုပ်ကာ ကားဆီလှမ်းသွားတော့မလို ဟန်ရေး ပြတုံ့ပြန်ရင်း အသံမထွက်ဘဲရယ်မောနေ၏ ။
``ဒါ ကတော့ ကိုယောက် ဖတော် ကြီးလေမှု န်။ ဦးဖေသန်းတဲ့။ သူကကိုယ့်ဘော်ဒါ။ပန်းချီဆွဲဖက် ဟန်သာအောင်တဲ့။ ဖိုးသာအောင်ရေဆို ဗျိုဗျို ထူးတတ်တာ သူပေါ့´´
ရှေ့ခန်းမှ ဖြူဖြူ၀၀ ချောချောခန့်ခန့်လူကြီးရော၊ ယာဉ်မောင်းလာသူ တရုတ်လိုလိုသူ့ မိတ် ဆွေကိုပါ မိတ်ဆက်ပေးနေသည်။
``ကိုယ်ရဲ့ ဒီတစ်ဦးတည်းသော အချစ်ဆုံး အစ်မ ကတော့ ဒေါ်ချိုချိုလင်းတဲ့။ အဲဒီ သိပ်ချစ် စရာကောင်းသလောက် သိပ်ဆိုးတဲ့ ကောင်မလေးက ကိုတူမ ကလေးပေါ့။ ကေသီတဲ့။ ကေသီ ဖေသန်းပေါ့ကွာ´´
ကျွန်မသည် ပြုံးပြရုံထက် ပိုပြီး ပဋိသန္ဓာရ စကားတွေ ကို လောကွတ်ပျူငှာ မဆိုတတ်ပါ။ နောက်တစ်ကြိမ်တွေ့ ဆုံ ဆက်ဆံရဦးမည့် သူတွေ အ ဖြစ်လည်း ကျွန်မ မျှော်လင့်ခြင်းမှ မရှိတော့ပဲ။
ဆရာဝေလင်းမှိုင်း၏ ယောက် ဖနှင့်  အစ်မသည် သူ့ကို လိုက်လျောသည့် သဘောနှင့် သာ ကျွန်မကိုအသိအမှတ်ပြုနေရဟန် ရှိပါသည်။ ကျွန်မကလည်း သူတို့တတွေ ကို စိတ်မ၀င်စားပါ။
ဆရာ ဝေလင်းမှိုင်း၏ ဘော်ဒါကြီး ဟန်သာအောင်ကိုသာ အထင်တကြီးနှင့် အဖန်တလဲလဲ ခိုးကြည့် အကဲဖြတ်နေပါသည်။
ဟန်သာအောင်သည် ယနေ့ မဂ္ဂဇင်း၊ လုံးချင်းတွေ ၏ မျက်နှာဖုံးတွေ ၊ စာမျက်နှာတွေ မှာ ဟန်တစ်လုံးပန်တစ်လုံး နေရာယူထားသူ၊ ဖြစ်သည်။ သူမှ သူပါပဲ။ သူ့ကို ကျွန်မသည်မဂ္ဂဇင်း စာမျက်နှာများ တွင် တွေ မြင်ဖူးနေသည်။ နာမည် ကြီး ပန်းချီဆရာ ဘယ်လောက်ရှိတာလိုက်လို့၊ လက်ချိုးရေတွက်လျှင် လက်ဆယ်ချောင်း၊ မပိုချင်ဘူး မဟုတ်လား။ မောင်မောင်သိုက် ၊ မျိုးမြင့်၊ ၀သုန်၊ ကျော်သော င်း၊ စံတိုး၊ မောင်ညိုဝင်း၊ မြင့်မောင်ကျော်၊ ဟန်သာအောင် ၊ ဝေယံ၊ မောင်ကျော်ညွန့်နှင့် အဖွဲ့။ ကဲလေ ။
``ကိုယ်ပြောပြချင်နေလို့ပါ။ ယုဒဿန် ခန်းမမှာ ပါတိတ်ပန်းချီပြပွဲတစ်ခု ရှိမယ်ကွ၊ မင်းလာ ခဲ့ပါလား။ ဇဝေဇ၀ါနှင့် ။
``ရှင့့်  ကျွန်မလား´´
``အေးလေ။ ဟိုမှာ မင်း ပန်းချီးဆရာတွေ နဲ့ မိတ်ဆွေ ဖြစ်ရမှာ ပေါ့။ ပညာယူရင်း၊ နှီးနှော ဖလှယ်ရင်း´´
သူသည် ကျွန်မ၏ မျက်နှာကို စေ့စေ့ကြည့်ကာ တစ်စုံတစ်ရာ ရှာဖွေနေသည်။ ဘာကို တွေ့ ရှိသလဲ ဆိုတာကိုတော့ ကျွန်မမသိနားမလည်နိုင်ဘူးပေါ့လေ။
``လာနိုင်ရင် လာခဲ့နော်။ ကိုယ်တို့ ရှိနေကြမှာ ´´
ဆရာ ဟန်သာအောင်က ကားကို စက်နှိုးနေပြီမို့ သူက ကားပေါ်ပြန်တက်သွားတော့သည်။
ကားထွက်သွားသည် အထိ ကျွန်မ စောင့်ဆိုင်းမနေတော့ဘဲ ဆန့်ကျင်ဘက်သို့ ရှေ့ရှု ထွက်ခွာလာခဲ့ပါသည်။ ကျွန်မ ရည်ရွယ်ထားသည့်အတိုင်း လမ်းထိပ်သံဖြူဆိုင်သို့ ၀င်ခဲ့စဉ် ဆရာ ဝေလင်းမှိုင်း လိုက်ပါ သွားသော ကားစက်သံသည်လည်း တဖြည်းဖြည်း ဝေးလျက် အခြားသော ယာဉ်သွား ယာဉ်လာ အသံဗလံတွေ ကြားမှာ ရောထွေးပျောက်ကွယ်သွား တော့သည်။
စိတ်ကိုပဲ ကိုယ်လွမ်းမိုး၍ မရ။ အမိန့်ပေး ချုပ်ချယ်နိုင်ခဲသည်။ စိတ်စေစားရာသို့ သာ အသိမဲ့ ဖြစ် ဖြစ်။ သိလျက်နှင့် ပဲ ဖြစ် ဖြစ် တိုး၍ သာ ကျူးလွန်မိတတ်၏ ။
ယခုပဲ ကြည့်လေ။
ကျွန်မသည် ဆရာ့ကို ကျောခိုင်းထားသည်။
ကျွန်မ၏ စိတ် ကတော့ ဆရာ့နောက်သို့ ဆက်ကြပ်မကွာ ငြိပါသွား၏ ။
ထိုခဏ၌ ဆန်းဆန်းကို မျှော်နေပူပန်နေသော စိတ်သည် ငုပ်လျှိုးရှောင်ဖယ် နေရဟန် တူသည်။
ယုဒဿန်ခန်းမတို့ ကျွန်မဘယ်အချိန် နံနက်ဆယ်နာရီ ထိုးလောက်ဆိုလျှင် ကျွန်မ မရှိသည့် အတွက် အိမ်မှာ သိပ်ပြီး လစ်ဟာနေမှာ မဟုတ်။ နေ့ခင်းကြောဆို မီးဖြတ်ထားမှာ မို့ ငရုတ် သီး ကြိတ်စရာတွေ အတွက် နောက်ဆံတင်းဖို့ မလိုပါ။
မသွားခင်အထိတော့ ကျွန်မ ကြိတ်သွားပေးမည် ။ ကြားထဲမှာ အပ်ကုန်ဝင်လာလျှင်တော့ အသက် အလုပ်နည်းနည်း ပိုသွားမှာ ပေါ့။
ကိုယ်ပိုင်ကားမှ မဟုတ်လေတော့ အမှတ်မဲ့နှင့် အနားရောက်လာသည့်တိုင် ဆန်းဆန်းတို့ ငှားထားသော ကားကို ဂရုမပြုမိ။
လမ်းထဲသို့ ကား ကွေ့ချိုးအ၀င်မှာ ဆန်းဆန်းက ကျွန်မကို အရင်ဆုံး လှမ်းမြင်ကာ အော်ဟစ် နှုတ်ဆက်သည်။ သူ၏ စူးစူးရှရှ အသံကလေးကြောင့် ကျွန်မ ကပျာကယာ နေရာမှ ထ လိုက်မိသလို ကားရှေ့ခန်းမှ ကြီးကြိီးပိုကလည်း လှည့်ကြည့်သည်။
ဆန်းဆန်းသည် ကားနောက်ခန်းတွင် အသက်၏ ရင်ခွင်ထဲမှ ကုန်းရုန်းထပြီး ကျွန်မကို တစ်စုံတစ်ရာပြဖို့ ကြိုးစားနေ၏ ။
``လေဇာ သေနတ်၊ လေဇာသေနတ်၊ မေမှု န် လက်မြှောက်စမ်း´´
သေနတ်ကလေးမှ တဒက်ဒက် အသံမြည် ကာပြောင်းတွင် မီးရောင် နီနီရဲရဲ တလက်လက် လည်ပတ်လျက် ရှိသည်။
သံဖြူဆိုင်ရှင် ဦးသန်းလှိုင်နှင့် ဒေါ်ညွန့်တို့အား သေဘောကျစွာ ရယ်မောနေကြ၏ ။
ကျွန်မသည် ကားနောက်မှ တစ်လှန်းချင်း လိုက်ပါသွားသည်။
အမော်ပါမလာသည့်အတွက် စိတ်ထဲမှာ ချောင်ချိပေါ့သွားသည်။
တစ်လက်စတည်းမှာ ပဲ ဒေါ်ညွန့်ုတို့က အမော့် အကြောင်း တစ်ခွန်းတစ်ပါဒ မဟမမေး မဆွေးနွေးကြသည့် အတွက် ကျေးဇူးတင်လိုက်မိသည်။
ဆန်းဆန်းကို မေ့ သွားလောက်အောင်ပင် မနက်ဖြန်ယုဒဿန်ခန်းမသို့ သွားမည့် ဟု အားခဲ တွက်ချက်နေမိတာကိုတော့ ကျွန်မ မလုံမလဲ ဖြစ်ရသည်။
ဒါဟာ ကျွန်မ၏ စိတ်တွေ ကစား လှုပ်ရှားခြင်းတော့ မဟုတ်တန်ရာပါဘူးဟု တုန်တုန်လှုပ် လှုပ်သည် ဖြစ်နေမိလေသည်။
ကျွန်မ၀ါဒနာပါရာ သံယောဇဉ်ငင်ရာ။ ပန်းချီ၏ ဆွဲဆောင်မှု များ သာပါပဲဟု လျှောက်လဲချက် တွေ ပေးပြီး အကာအကွယ် ယူနေမိပြန်သည်။
ကျွန်မလည်း အိမ်ရှေ့ အရောက်ကားကလည်း ပြန်လှည့်ထွက်ခွာသည်။
ကားနံဘေးမှ ကွေ့ရှောင်ပြီး အိမ်ထဲ ၀င်လာခဲ့သည်။ ဆန်းဆန်းကလေးက ကားပေါ်တက် သွားရင် တတွတ်တွတ် ပြောနေသံတစာစာကြားရသော ခဏမှာ တော့ ရင်ထဲဆို့နှင့် ကြေကွဲရပြန် လေသည်။
``ပေဂျီးကဆန်းတို့ရှေ့မှာ ဘာယို့ မအိပ်တာယဲဟင်။ ဟိုတိုက်ကျီးက ကောင်ယို့လား။ ဆန်းကိုယေ ဘာယို့ မခေါ်တွားတာလဲယင်၊ ဟိုအဒေါ်ဂျီးကို ကြောက်ယို့လာ´´
သူ့ယောက္ခမတွေ အိမ်မှာ အမော် တည်းခိုးသည်ဟု သိထိုက်သည်။
သူတို့ သားအမိ မနိုင်မနင်း သယ်ဆောင်သွားကြသော လက်ဆောင်ပစ္စည်းတွေ ကို နေရာ ချထားနှင့် ပါစေဦးဟု ကျွန်မသည် ချက်ချင်း မသွားသေးဘဲ လှေကားရင်းမှာ ပေပြီးရပ် နေမိသည်။
အမော့်ကို လွမ်းဆွေးနာကျင်နေတာ မဟုတ်ကြောင်း ကျွန်မ ကျိန်ပြောရဲပါသည်။
ကျွန်မကို ကျွန်မ သနားနေခြင်းသာ ဖြစ်သည်။ ကျွန်မ လှပသော အ ဖြစ်တွေ အတွက် နာကျင်ခံစားနေရခြင်းသာ ဖြစ်သည်။
အို့  တစ်ယောက် ယောက် ကို ကျွန်မ မှီတွယ်တိုင်တည်လိုက်ချင် စမ်းလှသည်။
ဘယ်သူလဲ။ ဘယ် တစ်ယောက် လဲ။
ရှက်ဒေါသဖြင့် ကျွန်မ၏ နှုတ်ခမ်းအတွင်းသားကိုကိုက်ရင်း မျက်ရည်ရစ်ဝဲ လာမိလေသည်။
မြေးအဘွားတစ်တွေ ၏ ရယ်သံသည် ကျွန်မမခံချိအောင် ကျယ်လောင် မြူးရွင်လွန်း လှသည်။
နားခိုစရာ တစ်နေရာ ဘယ်မှာ ရှိမလဲ။ ဘယ်မှာ လဲကွယ်။
ပူလောင် ကျွမ်းမြိုက်ခြင်းဖြင့် ၀ဲရစ်သော မျက်ရည်သည် အငွေ့ပျံ ခြောက်ခန်းသွားခဲ့ပြီ ထင် သည်။
ကျွန်မသည် လှေကားရင်း ကျွန်းတိုင်လုံးတွင် နဖူးစိုက်ကာ ရပ်တည်နို်င်အောင် ခံယူနိုင် အောင်ကြိုးစားနေခဲ့ရပါ၏ ။
ယုဒဿန်ခန်းမသို့ မရောက်တာကြာခဲ့ပြီပဲ။ ကျောင်းမပြီး ခင်ကလည်း ကင်းကွာသည်။ ကျောင်းပြီးသွားတော့ ပို၍ ပင် အလှမ်းဝေးခဲ့၏ ။ ခုတော့ဖြင့် ယုဒဿန်မှာ ပျော်ခဲ့သော ရက်တွေ ဟာ လည်းဆေးသား လွင့်ပြယ်သော ပန်းချီကားတစ်ချပ်သဖွယ် မပီမပြင် မှု န်ဝါးခဲ့ပြီပဲ မဟုတ်လား။
ကျွန်မသည် လွယ်အိတ်ကြိုးကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ခြေလှမ်းတွေ တွန့်ဆုတ်ကာ နေသည်။
ကျောင်းသူ ကျောင်းသား အရပ်သူအရပ်သားတွေ လည်း ၀င်ကာထွက်ကာ စည်စည်ကား ကားပျားပန်းခတ်လျက် ရှိသားနှင့်ကို ကျွန်မက အလိုလိုနေရင်း အားငယ်သေးသိမ်နေ ရပြန် လေသည်။
ပြပွဲအညွန်းစာအုပ်ကလေးတွေ ကို အ၀င်ဝမှ မိန်းကလေးတွေ က ကမ်းသည်ကို ယောင်နန လက်လှမ်းယူသည်။ သူတို့ မျက်နှာတွေ ကို စေ့စေ့ကြည့် ဖြစ် ထိုစဉ်တုန်း ကတော့လေ ဘာရယ်မသိ အမြဲအစဉ်လိုလို ညှိုးနွမ်း သိမ်ငယ်နေမိခဲ့တာပါပဲ။
မောင်မောင်စောတဲ့။ ပုလဲတဲ့။ မမွှေးတဲ့ သည်နာမည် တွေ ကို ကျွန်မ တက္ကသိုလ် ရောက်စ ကတည်းက ကျွမ်းဝင်နေခဲ့သည်။ သူတို့တတွေ ကို ခပ်လှမ်းလှမ်းမှ မြင်တွေ့ ရစဉ်မှာ အား ကျ အထင်ကြီးပုံများ ပြော စရာရှိ။ တစ်နေ့နေ့ သူတို့နည်းတူ ပန်းချီကားတွေ တင်သွင်းနိုင်၊ ခင်းကျင်း ပြသနိုင်လိမ့်မည် မျှော်လင့်ခဲ့လေသမျှ ခုတော့လည်း စာအုပ်လေးတွေ ဖတ်လိုက်၊ စိတ်ကူးထည့် သလို ရေး ဆွဲလိုက် အဆင့်က တက်ပဲ တက်မလာနိုင်ခဲ့။
ကျွန်မသည် ကျွန်မတို့ခေတ်တွင် ရေပန်းစားလာသော ပါတိတ်ပန်းချီနှင့် အတော် ကြီး စိမ်း နေသည်။ ကိုယ်တိုင်ရေး ဆွဲကြည့်ဖို့လုံ့လ မစိုက်နိုင်ရုံမက ဖြစ် ဖြစ်မြောက်မြောက် ပင်လေ့လာ ကြည့်ရှု ဖြစ်သည်မဟုတ်။
မောင်မောင်အောင်၏ ဇီးကွက်ဆိုသော လက်ရာရှေ့တွင် ကျွန်မသည် အတော် ကြာ ကြာ ရပ်တန့် ငေးမောနေမိ၏ ။ သူ ဖန်းတီးနိုင်လွန်းလှသည့်ဟု အံဩကာနေသည်။ ဇီးကွက်၏ မျက်လုံး တွေ ကကြည်ပြီး လင်းလက်သည်။ ဇီးကွက်၏ အမွှေးပေါ်တွင် အလင်းရောင် သက်ရောက် တောက်ကြွားသည်။
``မောင်မောင်အောင်က ပါတိတ်မှာ တော့ စူပါပဲမှု န်ရဲ့ ။ သူက ထရယ်ဒင်ရှင်နယ် မက်သက် အတိုင်းသွားတာများ တယ်´´
ကျွန်မ၏ ဆံပင်ကလေးတွပင် သူ၏ စကား ပြောလိုက်သော လေသံကြောင့် လှုပ်ရှားလွင့်ပျံ သွားသလိုပင်။
အလွင့်ပျံ့ဆုံး အလှုပ်ရှာဆုံး ကတော့ ကျွန်မ၏ နှလုံးသားကလေးပဲ ဖြစ်မည် ထင်ရဲ့ ။
``မင်း ဘယ်တုန်းကရောက်နေသလဲမှု န်၊ ကိုယ့်ဆရာကြီးတွေ ရောက်နေလို့ ကိုယ်လိုက်ပြီး ဧည့်ခံနေလိုက်ပြနေရတာ နဲ့ မင်းကို မတွေ့ လိုက်တာ´´
``ကျွန်မ ခုလေးတင်ပဲ ရောက်တာပါ´´
ခုချိန်ထိ သူ့ကို ကျွန်မ လှည့်မကြည့်ပါ။ လှည့်ကြည့်ဖို့လည်းမလိုပါ။သူမကျွန်မသိသည် သူရောက်လာချိန်မှစပြီး ကျွန်မ လုံခြုံရဲပံ့လာခဲ့ပါသည်။ ကျွန်မ မှန်းဆနိုင်စွမ်း မရှိသော အတိုင်း အတာတစ်ခုအထိ သူသည် ကျွန်မကို သေချာပြတ်သားမှု တစ်စုံတစ်ရာကို ပေးစွမ်းနိုင်နေသည်။
မျှော်လင့်ခြင်းဖြင့် ကျွန်မ ပူနွေးနိုးကြွားလာခဲ့ပါပကော။
သူသည် ပန်းချီကားတွေ ကို ကျွန်မနှင့် အတူလိုက်ကြည့်သည်။ တကယ့်တော့ ကျွန်မကို သူပြောပြရှင်းပြ ဝေဖန်ပြခြင်းသာ ဖြစ်၏ ။
``အမြင်အာရုံပြပြီး နိမိတ်ပုံ အသားပေးတာ မှု န်ရဲ့ ။ မိန်းရောင် ပြင် အလေးထားတယ်။ မောင်မောင်စောတို့ပုလဲတို့က ဒီလမ်းဘက် လိုက်ကြတယ်။
ကျွန်မသည် ပုလဲ၏ ခြံစည်းရိုး ပန်းချီကားကို သဘောကျ တွယ်ငြိကာနေသည်။
![]() ငွေဗျိုင်းဖြူလေး ဖြစ်ချင်တယ် | ![]() အိမ်မက်ဆည်းဆာ | ![]() ဒုတိယလူလို့ မောင်မပြောစေချင် |