Cover

`ယဉ်သူ´ သည် တစ်ထွာ သာသာမျှသာ ဖွင့်ဟထားသော ခေါက်တံခါးရွက်ကြားမှ ဖျော့ တော့စွာ တိုးဝင်နေသော နေရောင် ခြည်ကို ခံစားမှု ကင်းမဲ့စွာ ငေးကြည့်နေသည်။

ထိုမျှ ကျဉ်းမြောင်းသော ၀င်ပေါက်မှပင် မိုးစက်တွေ သည် အရှိန်အဟုန် ပြင်းပြင်းနှင့် ချဉ်းနင်း လွင့်စဉ်လာပြီး အင်္ဂတေခင်းကို ရွှဲရွှဲစိုနေစေခဲ့ပြီ။

အပြင်ဘက် ၀ရန်တာ တစ်ခုလုံးတောဖြင့် ရေပြင် အဖွေးသား လွှမ်းခြုံနေလေ တော့မည် ။

ယဉ်သူ့ ပေါင်ပေါ်တွင် စက်မှထုတ်ပေးလိုက် သော တစ်ဆယ့်နှစ် ခုမြောက် ဖောင်ပရုဖ် ရှိနေသည်။

လုံးချင်း ၀တ္ထုတွေ ကို ယဉ်သူ ပရုဖ်ဖတ်လေ့ မရှိဘဲ စာပြင်ဆရာနှင့် လွှဲထားလေ့ ရှိသည်။ သည်တစ်ဖောင်ကို စောစောကလေးပင် ဖိုမင် `ကိုအောင်မြင်´ လာထားသွား ခြင်း ဖြစ်၏ ။

ယဉ်သူ့အတွက် လက်ဖက်ရည်နှင့် မုန့်လာပို့သော `နန်းအိ´သည် ယဉ်သူ့ အလုပ် စားပွဲရှေ့၊ ဧည့်သည်ထိုင်သည့် ကုလားထိုင်တွင် မျက်နှာ မှော က်လျက်သား ငိုက်မြည်းနေသည်။

နှစ် ခွက်စာ ဓာတ်ဘူးနှင့် အ၀ါနုရောင် ပလပ်စတစ် မုန့်ဘူးပြားကလေးသည် မြမဉ္ဇူဟု စာလုံးအဖြူနှင့် ရေး ခြယ်ထားသော ကျွန်းသာ ဆိုင်းဘုတ်ကလေးနံဘေး စားပွဲအလယ် တွင် ယဉ် သူ့ကို စောင့်ဆိုင်းလျက်ရှိသည်။

သုံးဆယ့်သုံးလမ်းတွင် အနေကြာလာသည်နှင့် အမျှ လုပ်ငန်းကိစ္စအတွက် ရောက် လာသူ စာပေသမားတွေ ကို ဧည့်ခံရင်း၊ စကားပြောရင်း၊ ယဉ်သူ လက်ဖက်ရည် မှာ တိုက်လိုက်၊ အတူ ရောနှော သောက်လိုက်နှင့် ခုတော့ စွဲနေခဲ့ပြီ။

စစ်စီတတ်ခြင်းတော့ မဟုတ်။ ဆိုင်ဖျော် လက်ဖက်ရည်တွေ ကို ကျလွန်း အီလွန်းသည်ဟု စိတ်တိုင်းမကျ။ အောက်ထပ်မဆင်းမီ ကိုယ်တိုင်နှပ်လာသော လက်ဖက်ရည်ကို သီးခြားရောစပ်ခဲ့ သော နို့စိမ်း၊ သကြားတို့ဖြင့် နန်းအိက ထည့်လောင်းဖျော် စပ်လာစေရသည်။

ယဉ်သူသည် ပေါင်ပေါ်မှ သိုင်းဝတ္ထုစာဖောင် ပရုဖ်ကို နံရံတွင် တန်းထားသော သွပ်ကြိုးမှ စာဖော်ပရုဖ်တွဲ တွင် ကလစ်ဟကာ ပူးတွဲ ပြန်ကပ်ထားလိုက်သည်။

ရိုက်လက်စ စာဖောင် ပရုဖ်တွဲများ မှာ သွပ်ကြိုးတန်းတွင် စီတန်းနေသည်။ မဂ္ဂဇင်းတစ်ခု။ တင်ထုတ်နှစ် ခု။ လုံးချင်းဝတ္ထုက နှစ် အုပ်။

အခန်းအလယ် နံရံတွင် မျက်နှာကြက်နှင့် တစ်တောင်ခန့်ခွာပြီး တပ်ဆင်ထားသော ပန်ကာ ငယ်သည် အရှိန်အဟုန်ပြင်းစွာ လှည့်ဝေ့လည်ပတ်နေသည်။

မိုးငွေ့မိုးစက်တို့ကြောင့် ကျောရိုးထဲမှပင် စိမ့်ချမ်းလာသည်။ အနီရောင် ပိတ်ဖောက်ဇာ လက်ပြတ်ကလေးသာ ၀တ်ထားမိသဖြင့် ယဉ်သူ၏ ဖြူနှစ် သော လက်မောင်း ကလေးတွေ ကြက်သီးမွှေးညင်းထလာ၏ ။

``နန်းအိ´´

သွယ်လျသော မျက်နှာ၊ ပိန်းပါး နွဲ့ပျောင်းသည့် ကိုယ်လုံးကိုယ်ထည်နှင့် နှိုင်းစာကာ ယဉ်သူ့အသံသည် သေးသေးစူးစူးနိုင်မည် ထင်မှတ်သော်လည်း တကယ်တော့ အသံ လုံပြီး ခပ်သြသြနေကာ ယဉ်သူ့ကို ခန့်ထည်လာစေသလိုပင်။

မြမဉ္ဇူ ပုံနှိပ်တိုက် ပိုင်ရှင်အ ဖြစ် သင့်တင့်ထည်ဝါနေလိုသော ယဉ်သူသည် အနေအ ထိုင် အ၀တ်အစားမှ အစ သတိထားသည်။ ဆံပင်အရှည်ထားပြီး ဆံထုံးထုံးထားချင် သော်လည်း နွေရာသီရောက်လာတိုင်း အပူကြွကာ တစ်ခေါင်းလုံးအနာတွေ ပေါက်လာ တတ်သော ကြောင့် ဆန္ဒအပြည့်နိုင်။ အလုပ်ခွင်သို့ ဆင်းလာလျှင် ဆံပင်တိုကလေး ခေါက်တင်ပြီး ကလစ်ပြားကလေး ဖြစ် ဖြစ်၊ ဖဲပြားအနက်ကလေး ဖြစ် ဖြစ်တပ်ဆင်ကာ ဆံထုံးယောင်ပြုထားဖို့ပဲ တတ်နိုင်လေ၏ ။

ယဉ်သူ၏ ထူအိအိ နှုတ်ခမ်းကလေး မသိမသာ တွန့်လိုက်ပုံကို နန်းအိ ငေးကြည့် သည်။ ပန်းနုရောင် ဆိုးဆေးကလေးတင်လိုက်လျှင် ဖြူညက်သော အသားနှင့် ဟပ်မိ နေမည် ဟု တွေးသည်။

``ပန်ကာ ပိတ်လိုက်စမ်းပါ´´

ပန်ကာ ခလုတ် အကွာအဝေးမှာ သူတို့ နှစ် ယောက် ကြားတွင် တူညီသ လောက်ပင်။ ယဉ်သူနှင့် ပင် ပိုပြီး နီးကပ်နေနိုင်သေးသည်။

သို့ သော်လည်း နန်းအိသည် ယဉ်သူ၏ စီစဉ် ညွှန်ကြားချက်ကို လိုက်နာဆောင် ရွက်ရမည့်  သူသာ ဖြစ်သည်။

``ချမ်းလား အစ်မ၊ ဆွယ်တာသွားယူပေးမယ်လေ´´

နန်းအိက သွက်သွက်ကလေး ထပြီး ခလုတ်ပိတ်ရင်း အရိပ်ကြည့်ကာ မေးသည်။

``ရတယ်´´

မတ်တပ်ရပ်လိုက်ကာမှ နန်းအိ၏ ပုသော အရပ်ကြောင့် သိသိသာသာ ၀တုတ်ပုံ့ အိုင်ကျ သွားသည်။ အမွေးစုတ်ဖွား စထိုင်းစစ်ထဘီကို တိုတိုဝတ်ထားသော ကြောင့် တိုတုတ်သော ခြေသလုံးတွေ က ညိုမည်းသော အသားအရောင် ကို ဖေါ်ကောင်လုပ်နေလေ၏ ။

နန်းအိ ထဘီတိုတို ၀တ်ထားလျှင် ဒေါ်မွေးကြူက ပက်ပက်စက်စက် တိုင်းထွာ နေကျ။

နန်းအိကလည်း ဒေါ်မွှေးကြူ မမြင်ကွယ်ရာ ရောက်သည်နှင့် ထဘီဝတ်နေကျ။ တိုက်မှာ စာစီသမားတွေ ရှိနေတော့လည်း ခေတ်ပုံစံနှင့် ရှိုးပြင် ဟန်ရေး ပြချင်သော နန်းအိ အပျိုမကို ယဉ်သူ နားလည် ခွင့်လွှတ်ထားရပေသည်။

``တံခါး စေ့ထားလိုက်ရမလား အစ်မ´´

ယဉ်သူ ခေါင်းခါသည်။

``လက်ဖက်ရည် ပူပူကလေး သောက်လိုက်မလား´´

ယဉ်သူ အဖြေမပေးတော့ဘဲ တံခါးကြားမှ ပက်ဝင်နေသော မိုးစက်တွေ ကို အဓိပ္ပာယ်မဲ့ ငေးကြည့်နေသည်။

နန်းအိသည် ယဉ်သူ၏ ကျဲပါးသော မျက်ခုံးတွေ ကို စိတ်ကူးနှင့် ဆေးအညို ရောင် ခြယ် ပေးသည်။ နှုတ်သိမ်းပုံဖော်ဖို့ပင် မလိုဘဲ စင်ရော်တောင်လို လှပလာမည် ဟု သူမထင် မှတ်သည်။ နန်းအိကြိုက်သလို သုံးရက်လကွေး ရေး ဆွဲဖို့တော့ ယဉ်သူ အနှုတ်အသိမ်းခံမှာ လည်း မဟုတ်ပါ ဘူးဟု ကြိုတင်သိထား နှင့် လေသည်။ တိုလွန်း စင်းလွန်းသော မျက်တောင်တွေ ကိုတော့ အတု တပ်မှပဲ ကော့ကော့ပျံပျံ ဖြစ်နိုင်မည် ။ မျက်ရစ်မပါသော မျက်လုံးတွေ ဟာ ဆေးခြယ် လိုက်လျှင်၊ ဂျန်ပန်ရှပ်ရှင်မင်းသမီးကလေးတွေ နှင့် တူသွား နိုင်သည်။(ဒေါ်မွေးကြူက ဗီဒီယိုကို တစ်နေ့ နှစ် ခွေပုံမှန်ငှားကြည့်တာမို့ တစ်ချို့မင်းသား မင်းသမီး နာမည် တွေ ကို နန်းအိအ လွတ်ရနေပြီ။ ဒေါ်မွေးကြူ မလွတ်တမ်းငှားတာက ကုလားကားနှင့် စုန်းကား ဖြစ်ကာ မျက်စိမရှက် နားမ ရှက်ရဘူး။ နားလည်တယ်ဟု ဒေါ်မွှေးကြူ ယူဆ၏ ။)

မိုးပဇ္ဇုန်သည် သဲကြီးမဲကြီး ရွာသွန်းချနေသည်။

စေ့ထားသော တံခါးရွက်တစ်ဖက်သည် တစ်ထွာသာသာခန့်ဗြုန်းခနဲ လာသည်။ မိုးစက်မိုး ပေါက်တွေ ဖြာခနဲ့ တိုးဝင်ပက်ဖျန်းလေသည်။

ယဉ်သူသည် ပေတံတစ်ချောင်းနှင့် တိုင်းတာကာ ၊ ခဲတံနှင့် ရေး ခြစ်ကာ၊ အ၀တ်စ ကို အင်္ကျီရှေ့ ခြမ်းညှပ်ဖို့  ပြင်ဆင်လျှက်ရှိသည်။ ကျောခြမ်းကို ဖြတ်ညှပ်ပြီးစီးပြီ ဖြစ်၏ ။

အလျင်တစ်ပတ်က လူမမာ သတင်းသွားမေးသော အမေနှင့် အဖော်လိုက် သွားရင်း။ ထိုအိမ်နံရံ ကြွက်လျှောက်မှ ထိုးထွက်နေသော ၀က်အူ အစွန်းနှင့် ခြစ်မိပြီး၊ ယဉ်သူ့ မိုး လေး ရှန်ထဘီ ကန့်လန့်စုပ်ပြဲသွားခဲ့သည်။ အတွင်းခံဘောင်းဘီရောစကတ်ပါ ၀တ်ဆင်ထားသော ကြောင့် အသား မထိရှခဲ့။

သို့ သော် ထဘီကို ပြန်လည်ချုပ်ဖာလည်း၊ချုပ်ရိုးရောဖာထေးရာပါ လုံခြုံဖုံးဖိမိအောင် ဘယ်လိုမှ လှည့်ဝတ်၍ မရနိုင်တော့။

ရေညှိစိမ်း နောက်ခံတွင် အဖြူရောင် အတုံးအကွက်ကလေးတွေ နှင့် ထဘီ ဆင်ကလေးကို ယဉ်သူ အတော် နှစ်သက် သည်။

သည်တစ်နှစ် အတွင်းမှာ သည်ထဘီတစ်ထည်သာ အမေ၀ယ်ပေးခဲ့တာမို့ ယဉ်သူ အလွန်အမင်း နှမြောတသရလေသည်။

ထဘီအ ဖြစ် ပွဲဝင်မဆံနိုင်ပြီမို့၊ လက်စွမ်းလက်စ မဆိုးလှသည့် ယဉ်သူက ဘလောက်စ် တစ်ထည်နှင့် ရင်စေ့ ခါးတိုတစ်ထည်ရအောင် ကြိုးစား လျာထား ဖန်တီးနေခြင်း ဖြစ်လေသည်။

မိုးဒဏ်မှ ကာကွယ်ရန် အိမ်ရှေ့တံခါးကို စေ့ထားပြီး ဘေးပြတင်းပေါက်မှ ရတတ်သမျှ အလင်းရောင် နှင့် အ၀တ်ညှပ်နေသော ယဉ်သူမှာ တံခါး ပွင့်ဟလာသည်ကို မျက်မှော က်ကြုတ်ရင်း စိုက်ကြည့်မိ၏ ။

ဘယ့်နှယ် လေကော၊ မိုးကော။

အတွေးမဆုံးမီ တံခါးပိုဟလာပြီး ခြေတစ်ဖက် လှမ်းဝင်လာ၏ ။

``သြော်…. အမေရယ်၊ မိုးထဲမှာ ´´

ကိုယ်တစ်ပိုင်းနှင့် ခြင်းကိုင်ထားသော လက်တစ်ဖက် ၀င်လာပြန်ပြီး ခြင်းကို တံခါးနံ ဘေးတွင် ချထားလိုက်၏ ။

တစ်ဖန် နောက်လက်တစ်ဖက်က ထီးကို ပိတ်လျက်သားကိုင်ကာ ခြင်းနံဘေးတွင် ထောင်ထားပြန်သည်။ ပြီးတော့ စားပွဲပေါ်သို့ သားရေပိုက်ဆံအိတ်ကို ပစ်လိုက်၏ ။

ယဉ်သူက ကတ်ကြေးကို အစပေါ်ဖိတင်ချခဲ့ကာ နေရာမှ ထလာခဲ့သည်။

``၀င်လာလေအမေ၊ မိုးတွေ ရွှဲနေတော့မယ်´´

``အခုလည်း တုပ်တုပ် ရွှဲတာပါပဲအေ၊ မှော င်တော့မယ်အေ့၊ ဒီမိုးကလဲ စဲမယ့်ပုံမှ မပေါ်တာ၊ ဒါကြောင့် စိုပါစေတော့ဆိုပြီး ပြန်ချလာတာပဲ´´

``အိမ်ထဲဝင်လေ အမေရဲ့ ´´

``အေးပါ အိမ်ထဲ သိပ်စိုကုန်မှာ စိုးလို့ ထဘီရေညစ်နေလို့ပါ´´

``မထူးပါဘူး၊ ခုလဲ စိုနေပါပြီ၊ ကျွန်မ သုတ်လိုက်မှာ ပေါ့၊ လာပါ´´

ယဉ်သူက ခြင်းနှင့် ထီးကို အိမ်အနောက်ဆောင်သို့ ယူခဲ့သည်။

ခြင်းထဲမှာ ပါလာသော ဆေးပေါ့လိပ် စည်းမှာ ရေရွှဲရွှဲစိုနေသည်။ မနက်ဖြန်မှ မီးကင်ကြည့် ရမလားမသိ။ လောလောဆယ် အပူငွေ့ကျန်ရှိသေးသော မီးသွေးဖိုပေါ် တင်ထား လိုက်ရသည်။ လက်ဖက်ခြောက်ကိုတော့ ပလပ်စတစ်အိတ်နှင့် မို့ ကြောင်အိမ်ပေါ် တင်ထား လိုက်ရုံသာ။

ထီးကိုမဖွင့်သေးဘဲ ထမင်းစားခန်းထောင့်တွင် ရေစစ်ထားလိုက်သည်။ ကြမ်းပေါက် ကျဲမှ ရေတွေ ကျဆင်းသွားလိမ့်မည် ။

ဒေါ်မွေးကြူမှာ တစ်ကိုယ်လုံး တုပ်တုပ်ရွှဲလျက် ရှိသည်။ အဖြူရောင် အိရှန်အင်္ကျီ လက်စ ကသည် ၀ဖိုင့်ပြည့်ဖြိုးသော ကိုယ်ထည်တွင် ကပ်လျက် မည်းနက်သော အသားရောင် ကိုလည်း ကောင်း၊ ဖောက်ထွင်း မြင်တွေ့ နေရသည်။ နှင်းဆီပွင့်ရွှေကြယ်သီးတွေ မှာ ကြယ်သီး တံကွင်းလျှို စဉ် ပွတ်တိုက်ဖန်များ သော နေရာများ ၌ မှေးမှိန်ဖျော့တော့နေ၏ ။

တံခါးအပေါ်ချက်ကို မမီမကမ်း ခြေဖျား ထောက်ပြီးပိတ်နေစဉ် ရေအိုးလောက် တင်ပ ဆုံကြီးတွေ က နိမ့်မြင့်တုန်ခါနေကြသည်။

မွေးစားမိခင်ကို တစ်ချက်ကြည့်ကာ ယဉ်သူက အိပ်ခန်းထဲသို့ ချိုးကွေ့ ဝင်ခဲ့သည်။

ဒေါ်မွေးကြူ၏ ခုတင်ခြေရင်းတွင် အိမ်နေ၀တ်ထဘီဟောင်းတစ်ထည် ဖြန့်လွှားထားသည်။ ထဘီပေါ်၌ ယဉ်သူချုပ်ပေးထားသော တရုတ်ပိတ် ဘလောက်စ် ပွပွကြီးကို ဆင့်လွှားထား၏ ။ အပြင်ထွက်သွားလျှင် လုံးထွေးပစ်တင်ထားခဲ့လေ့ရှိသော ထိုအ၀တ်များ ကို ယဉ်သူကသာဖြန့်လွှား ပေးထားရမြဲ ဖြစ်လေသည်။

ယဉ်သူက ထိုထဘီနှင့် အင်္ကျီိကိုဆွဲယူရင်း အိပ်ရာပေါ်လွင့်ကျနေသော ကျပ်ခိုးတစ် ဖက်ကို လက်နှင့် တောက်ခါခဲ့သည်။

သည်အိပ်ရာကို တစ်နေ့လျှင် လေးငါးခါထက် မနည်းဆွဲဖြန့်ရတတ်သည်။ ဒေါ်မွေးကြူမို့ အိမ်မြဲနေလျှင် တစ်ဆိတ်ရှိ အိပ်ရာပေါ်သွားပြီး လဲလျောင်းနေတတ်၏ ။

ယဉ်သူ့ အိပ်ရာလိပ်မှာ ယဉ်သူ့ အ၀တ်သေတ္တာာပေါ်မှာ ရှိသည်။ သေတ္တာ ဘေးတွင် ဖျာလိပ် ထောင်ထား၏ ။ ယဉ်သူက ခုတင်နှင့် ယဉ်ကာ ကြမ်းပေါ်မှာ အိပ်စက်လေသည်။

အစ ကတော့ ယဉ်သူက အိပ်ရှေ့ ခန်းမှ နောက်ဖေးဆောင်အကူး စင်္ကြံမှာ အိပ်စက်ရသည်၊ ဒါမှ ဒေါ်မွှေးကြူတို့ အခန်းဝနှင့် နီးနီးကပ်ကပ်ရှိပြီး ယဉ်သူ့ကို မျက်ခြည် မပြတ်ရှိနိုင်သည်။

ဖခင်ဟုဆိုနိုင်သော ဦးအုန်းမောင် ကွယ်လွန်ပြီး နောက်မှာ မှ ဒေါ်မွှေးကြူ နှင့် တစ်ခန်း တည်းပြောင်းအိပ်ရလေသည်။

နှစ် ပေါင်းလေးဆယ် ပေါင်းသင်းလာသော ယောက်ျားကို သေသွားသော အခါ ကြောက်၍ တစ်ယောက် တည်းမအိပ်ဝံသော ဒေါ်မွှေးကြူကို ယဉ်သူ အံ့သြတာထက် စိတ်ပျက်တာက ပိုသည်။

တစ်သက်လုံးက သူမကိုသာ အလိုဖြည့်ခဲ့သော ယောက်ျားနှင့် အတူအိပ်စက်ခဲ့သည့် နှစ် ယောက် အိပ် ခုတင်ကိုပင် ဘုန်းကြီးကျောင်း လှူပစ်သည် အထိအကြောက်ကြီးလေ၏ ။

“အ၀တ်လဲထားလိုက် အမေ ၊ ကျွန်မ ရေနွေးကြမ်း ခပ်ပေးမယ်၊ နွေးသွားအောင်လို့”

ဒေါ်မွှေးကြူသည် ရွှေကိုင်းမျက်မှန်ကိုချွတ်ကာ မျက်လုံးတွေ ကို လက်ခုံနှင့် ပွတ်သည်။

“ နင့်အဘ ကတော့ အေးသွားပြီ၊ ငါ့မှာ သာ ဒုက္ခတွေ ဖုတ်သွင်းရထားနဲ့ ဆိုက်လာတာပဲ၊ ငါသေချင်သေ’’

ငိုသံပါနှင့် ညည်းညူရင်း လေးကန်စွာ အ၀တ်လဲလှယ်နေသည်။

ဒေါ်မွှေးကြူမှာ လက်ထဲတွင် သုံးစရာငွေ မရှိလျှင် ဤသို့ ပင် ခြူသံပါအောင် ညည်းကာ ကွယ်လွန်သူ ခင်ပွန်းကိုတမ်းတလျက်၊ အတန်အတင့် ပြေလည်ကာ ရုပ်ရှင်ကြည့်နိုင် လက်ဖက် ရည် သောက်နိုင်လျှင်တော့ စီးကရက် တခဲခဲနှင့် ကြည်တာနေတတ်လေသည်။

ဒေါ်မွေးကြူ ဘာဒုက္ခ တွေ့ နေသည်ကို ယဉ်သူ မမေးသည်မှာ သူမ၏ မိတ်ဆွေတွေ ထံမှ ငွေချေးမရလာတာလား၊ သူမကချေးပေးထားထာတွေ ပြန်တောင်းမရတာ လား၊ ဒါမှမဟုတ် အတိုးမရတာ လား၊ တစ်ခုခုတော့ ဖြစ်ရမည် ဟုမှန်းဆမိသော ကြောင့် ဖြစ်သည်။ ဒါတွေ ဟာ ဖြစ်ရိုး ဖြစ်စဉ်တွေ ပါပဲ။

ယဉ်သူ ရေး နွေးကြမ်းမတ်ခွက်နှင့် အကြမ်းပန်းကန်းလုံးကလေးကိုင်ပြီး အိမ်ရှေ့ ပြန်ရောက် လာသည့်အခါ ဒေါ်မွှေးကြူမှာ ငိုင်တွေ တွေ နှင့် ကုလားထိုင်ပေါ်မှာ တင်ပျဉ်ခွေ ထိုင်လျက်ရှိသည်။

ရေနွေးကြမ်း တစ်ပန်းကန် ငှဲ့ပေးလိုက်သည်။

ပြီးတော့ အင်္ကျီစက် ဆက်လက်ကိုက်ညှပ်လေသည်။

အလုပ်ထဲတွင် စိတ်ဝင်စားနေလိုက်သည်မှာ တအိအိရှိုက်သံကြားတော့မှပင် လှည့်ကြည့် ဖြစ်တော့၏ ။

ဒေါ်မွှေးကြူသည် လက်ခုံနှင့် မျက်ရည်သုတ်မနိုင်အောင် ငိုရှိုက်လျက်ရှိသည်။

ကုလားထိုင်လက်ရမ်းပေါ်တွင် အ၀တ်ရေစိုတွေ ကို စုပုံပြီးတင်ထားသည်။

ဦးအုန်းမောင် ကွယ်လွန်စဉ်က အလူးအလိမ့်ငိုကြွေးသော်လည်း ရက်လည်ပြီး နောက်တစ် နေ့ကျတော့ ငါမနေနိုင်တော့ဘူးအေ၊ ကျော်ဟိန်းကား ကောင်းတယ် တဲ့အေ့ဟုရုပ်ရှင်ရုံ ရောက် သွားခဲ့သည်။ အလွမ်းကာကြည့်ရင်း … သို့ မဟုတ် ငိုချင်းအချကောင်း သော နောက်ပိုင်းပြဇာတ် တစ်ခုခုကိုကြည့်ရင်းလည်း မျဂ်ာသုတ်မနိုင်ဘဲ ရှိတတ်လေသည်။ သူမ၏ မျက်ရည်မှာ တန်ဖိုးဖြတ်ရ ခက်ခဲလှပေ၏ ။ သူမ၏ မျက်ရည်မှာ တန်ဖိုး ဖြတ်ရ ခက်ခဲလှ ပေ၏ ။

ဘယ်သို့ ဖြစ်စေယဉ်သူသတင်းမေးရတော့မည် ။

“အမေဘာ ဖြစ်လို့လဲ”

မေးတော့မှ ပိုပြီးသည်းထန်စွာ ရှိုက်သည်။

“အမေ့ကိစ္စအဆင်မပြေဘူးထင်တယ်”

ဒေါ်မွှေးကြူ၏ ကိစ္စတွေ တို့တို့တိတိရှိသော်လည်း လောလောဆယ် ဧရာမပြဿနာ ဖြစ်နေ သော ငွေသုံးသော င်းကိစ္စသို့ ယဉ်သူအာရုံစူးစိုက်ပို့ထားလိုက်ရသည်။

“ငါ့စကားမှန်ဆယ်ဆိုတာ တစ်ရပ်ကွက်လုံးသိတယ်။ ဒါပေမယ့်ငါ့မှာ သက်သေအထောက်အထားပြစရာ ဘာတစ်ခုမှ မရှိတော့အရေး မပိုင်ဘူးတဲ့”

ယဉ်သူ့မျက်ခုံးကလေးတွေ မြင့်တက်သွားသော်လည်း သည်လိုတုံ့ပြန်ချက်ပဲ ရရှိုနိုင်ကြောင်း ကြိုတင်တွက်ဆထားပြီး ဖြစ်၍ အံ့သြစရာမရှိပေ။

“ဦးသြက ငါ့ကို တစ်ပတ်အချိန်ပေးတယ် ဒါပေမယ့် တစ်ပတ်အတွင်း ဘယ်လိုလုပ်ပြီး သုံးသော င်းရှာနိုင်ပါ့မလဲ”

ရွှေရည်စိမ် ကြယ်သီး ဓာတုဗေဒ စိန်နားကပ်နှင့် ဒေါ်မွှေးကြူ တစ်ယောက် ဘယ်နည်းနှင့် မျှ ထိုငွေကို မရှာနိုင်။ လက်ရှိနေအိမ်ကို ဖုတ်ပူမီးတိုက် ရောင်းရလျှင် ထိုမျှပင်ရနိုင် ဖွယ်မရှိ။

မှန်လှချအိမ်ပေါင်ရာပေါင် မယုံစားပါနဲ့လို့ အမေ့ကို ကျွန်မပြောတယ်လေ။ စမ်းမြည့် ဆို။ ဤသို့ လည်း ပြန်လှန်နူးနှပ်ပြီး စကားနာထိုးမနေချင်တော့ ထိုးမနေချင်တော့။

“သူ့အိမ်နဲ့ မြေကို ငွေလေးသော င်းနဲ့ ရောင်းတယ်ဆိုတဲ့ စာချုပ်ဟာ ပေါင်းထားတာပါ။ တစ်သော င်းကို နှစ် ရာ့ငါးဆယ်နှုန်း အတိုးပေးရတာ ပါလို့ စာတင်မယ်တဲ့။ သူအားလုံးဆပ်ပြီးခါမှ ငါက စာချုပ်ပြန်မပေးဘဲ လီဆယ်တာပါတဲ့။တစ်သော င်းပဲ ပြန်ရပါတယ် ဆိုတာ ခံငြင်းဖို့ ငါ့ဘက်က ပြစရာမရှိဘူး ယဉ်သူရယ်’’

ယဉ်သူသည် ဒေါ်မွှေးကြူ၏ ရေစိုအ၀တ်တွေ ကို ကောက်ယူပြီး၊ အိမ်နောက်ဖေး ၀ရန်တာ အထိ လျှောက်သွားသည်။ အပေါ်ကြိုးတန်းတွင် အင်္ကျီနှင့်ဘော်လီ၊ အောက်ကြိုးတန်းမှာ ထဘီဖြန့် လှန်းလိုက်သည်။

ဒေါ်မွှေးကြူ၏ ပို၍ ကျယ်လောင်လာသော ရှိုက်သံမှာ ယဉ်သူ့ထံမှ ကရုဏာကို ဇွတ် လိုက်ပြီး တောင်းခံနေသကဲ့သို့ရှိ၏ ။

ယဉ်သူသည် ရေမစိုသော ဘက် ကုလားထိုင် လက်ရမ်းကို အားပြုကိုင်ကာ ကြမ်းပေါ် ထိုင်ချလိုက်လေသည်။

“အမေ ဘယ်လိုဆက်လုပ် မလဲ”

ယဉ်သူ့ထံမှ စိတ်ဝင်စားမှု ရသည်နှင့် ဒေါ်မွှေးကြူအားတက်သရော မျက်ရည်သုတ် နှပ်ညှစ်သည်။

“ငါမှန်တယ်ဆိုတာ အားလုံးအသိပဲ၊ ငါဆက်ရင်ဆိုင်မယ်”

ယဉ်သူ့မျက်လုံးညိုများ တွင် စိတ်ပျက်ဟန်ရိုးတိုးရိပ်တိပ်ထင်ဟပ်သည်။

“ဘယ်လိုရင်ဆိုင်မှာ လဲ၊ အမေ့မှာ ဘာအထောက်အထားမှ မရှိဘူး”

ဒေါ်မွှေးကြူ ငိုင်ဆင်းသွားသည်။

မချင့်မရဲနှင့် ဆတ်ခနဲ ခေါင်းမော့တက်ခေါက်သည်။

“ကျေးဇူးရှိမှ ကျေးစွပ်၊ ငွေလိုတုန်း ကတော့ မျက်ရည်နဲ့မျက်ခွက်၊ ကယ်ပါယူပါနဲ့ အေးနေဦး၊ ကောင်မတော့ပါးဘယ်ပြန်ညာပြန် ဆွဲချပြီး”

ထိုင်ရာမှထကာ ထဘီကို ပေါင်လယ်အထိ ဆွဲမသည်။ မျက်မှန်နောက်မျ မျက်လုံးတွေ မီးဝင်းဝင်းတောက်နေသည်။

“ဟင်း တစ်ဆွေတစ်မျိုးလုံး ယောက်ျားခေါင်းမိန်းမအတန်းထဲက”

ဒေါ်မွှေးကြူ၏ လက်မောင်းကို အသာဆွဲချပြီး သူမရှေ့တွင် ပြန်ထိုင်ချစေရသည်။

“ဦးသြကို အချိန်ပိုပေးဖို့ တောင်းပန်ပါလား အမေ”

ဒေါ်မွှေးကြူ ဟီးချငိုပြန်သည်။

“သူ့ပိဋကတ်တိုက်ဆောက်မယ့်ငွေတွေ လည်း ပွားစေတော့ ဟိုကောင်မလဲ အဆင်ပြေစေ တော့ဆိုပြီး ဟိုဘက်ဒီဘက် အကျိုးဝင်ဆောင်မိတာ”

ဦးသြကိုနှစ် ကျပ်တိုးပေးကာ ဒေါ်စမ်းမြထံမှ နှစ် ကျပ်ခွဲတိုးယူသည်ကို ယဉ်သူ ထုတ်ဖေါ် သတိပေးစရာမလိုဘူးထင်ကာ နှုတ်ဆိတ်နေသည်။ အဘဆုံးကတည်းက ဒေါ်မွှေးကြူ တွင် ပုံမှန်ဝင်ငွေဆိုလို့ အိမ်အပေါ်ထပ်ငှားရမ်းထားခ ငွေတစ်ရာ့ငါးဆယ်သာ ရှိတော့တာ မဟုတ် လား။

ဒေါ်မွှေးကြူသည် မျက်မှန်ကို ဖြုတ်ကာ စားပွဲပေါ်တင်သည်။

မွဲခြောက်မှု န်သီသော မျက်လုံးများ က ယဉ်သူ့ကို တိုးလျှိုးစွာ ကြည့်သည်။

“ဦးကျင်စိမ်းနဲ့ တွေ့ ခဲ့တယ်”

နာမည် ကြားလိုက်သည်နှင့် ယဉ်သူ့ရင်ထဲ ကတုန်ကယင် ဖြစ်သွားခဲ့သည်။

ဒေါ်မွှေးကြူ အပူတပြင် ငွေလိုသည်။

ဦးကျင်စိမ်းနှင့်တွေ့ ခဲ့သည်။

ယဉ်သူ ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။ ဖြူနှစ် သော အသားသည် သွေးဆုတ် ကာ ကျောက်ရုပ်ပမာ ဖွေးသွား၏ ။

“ပိုက်ဆံသွားချေတာလား”

ကောက်ရိုးမျှင် လှမ်းဆွဲသည့် သဘောပင်။ စုံးစုံးမြုပ်ရတော့မည် ဟု ယဉ်သူခံစား သိရှိ နေခဲ့ပြီ။

ယဉ်သူ့ကိုကြည့်နေသော မျက်လုံးတွေ မှာ မျှော်လင့်ချက်ဖြင့် ရွှန်းလက်လာသည်။ နှစ် ရှည် လများ တပ်ဆင်ရသော မျက်မှန်ကြောင့် နှာရောင် တွင် အစင်းကြောင်း ချိုင့်ထင်ကာ မျက်ကြော သေ၏ ။

“ငွေဘယ်လောက်ပြောခဲ့သလဲအမေ”

ဒေါ်မွှေးကြူ မျက်လွှာချ၏ ။

“သုံးသော င်းပေါ့အေ၊ အတိုးတွေ ကို ဦးသြက လျှော်လိုက်ပါမယ်တဲ့၊ ဒါပေမယ့် ဦးကျင်စိမ်း က အတိုးကိုလည်း လိုက်ပါမယ်တဲ့၊ ဒါပေမယ့် ဦးကျင်ဦးကျင်စိမ်းက အတိုးကိုလည်း လှူတဲ့အနေနဲ့ ပေးမယ် ပြောတယ်”

ယဉ်သူငေးနေသည်။

သည်ငွေတွေ ဟာ လှောင်ချိုင့်တစ်ခု တည်ဆောက်ခြင်းသာ ဖြစ်သည်။ယဉ်သူ့ကို သော့ ခတ် ပြီး ပိတ်လှောင်ထားတော့မည် ။

“မနက်ဖြန် သူလာလိမ့်မည် ယဉ်သူ”

ဒေါ်မွှေးကြူက ယဉ်သူ့ ပခုံးကို ဖွဖွဆုပ်ကိုင်၏ ။

ယဉ်သူ မဆန့်ကျင်ဘူးဟု ဒေါ်မွှေးကြူ စိတ်ချပြီးသား ဖြစ်လေသည်။

ဦးအုန်းမောင် မရှိသည့် နောက် ဒေါ်မွှေးကြူ အနိုင်ယူဆိုးနွဲ့စရာ လူဆိုလို့ယဉ်သူ သာရှိသည်။ ယဉ်သူ့အပေါ် သူမအနိုင်ယူခဲ့တာ တင်းမာခဲ့တာတွေ ရှိကောင်းရှိနိုင် သော်လည်း ယဉ်သူ လူလားမြောက်အောင် သူမထိန်းသိမ်းစောင့်ရှောက်ခဲ့တာအမှန်ပင်။ အမြုံဟူသော စွဲနှိမ်ချက်ကို မိုးကြိုးပစ် ထန်းလက်ကာပြီး ယဉ်သူ့ကိုသူမ ဘယ်လိုဘယ်ပုံဗိုက်နာဘယ်လို ခက်ခက်ခဲခဲ မွေးဖွားခဲ့ရကြောင်းဖြင့် ရုပ်ရှင် တစ်ခုခုထဲမှ ဇာတ်လမ်းဇာတ်ကွက်အတိုင်း ဖွဲ့နွဲ့ပြော တတ်ခဲ့သည်။ ယဉ်သူ့ကို မွေးစားထားတာပါဟု အဘက ဖွင့်ဟ၀န်ခံထားပါလျက် အမေပြော သမျှကိုယုံကြည်လေဟန် ခေါင်းညိတ်ခဲ့ရသည်။

ဘာပဲ ဖြစ် ဖြစ် သံယောဇဉ်အနှောင်အဖွဲ့မှာ ယဉ်သူတွယ်ငြိခဲ့သည်လေ။

"သူ့ကို အမေ ထမင်းစားဖိတ်ခဲ့တယ်"

ဒေါ်မွှေးကြူသည် စားပွဲပေါ်ရှိ သူမ၏ သားရေပိုက်ဆံအိတ်ကို ကောက်ကိုင် လိုက်သည်။ ဇစ်ဖွင့်ကာ တစ်စုံတစ်ရာကို ဆွဲထုတ်လိုက်၏ ။

ငွေစက္ကူ တစ်ထပ်။

အချို့ကို သူမရေတွက်ကာ အိတ်ထဲပြန်ထည့်သည်။

ကျန်ငွေများ ကို ယဉ်သူ့ထံ ကမ်းပေးလိုက် ၏ ။

"ညည်း သုံးရာယူထား၊ မနက်ဖြန်ငါဈေးသွားမယ်၊ ဘာတွေ ၀ယ်ရမလဲ ညည်း စာရင်းတေး ထားမယ်နော်"

ငွေစက္ကူပေါ်တွင် ဦးကျင်စိမ်း၏ ထိပ်ပြောင်ကြီးကိုမြင်ယောင်လာသည်။ ဆံပင်လေးငါးပင် နှင့် ထိုထပ်ပြောင်ကြီးကိုဖုံးလွှမ်းဖို့ကြိုးစားလေ့ရှိလျက် လက်ဖ၀ါးနှင့် မကြာခဏ စမ်းသပ် ပြုပြင်တတ်သည်။

သူထိပ်ပြောင်တာဗိုက်ရွဲတာတွေ ကို အစကယဉ်သူဘယ်လိုမှ မခံစားခဲ့ရ။ သူ့အပေါ် ခင်မင်လေးစားထိုက်သော လူကြီးလူကောင်းအ ဖြစ် အသိအမှတ်ပြုကာ ရပ်မိရပ်ဖရယ်လို့အများ က ဦးစားပေးကြတာကိုလည်း ထိုက်ထိုက်တန်တန် နေရာအ ဖြစ် ယဉ်သူ လက်ခံထားခဲ့သည်။

ခုလည်းတခြားအာဃာတော့မရှိ။

ယဉ်သူ့ကို သူလိုချင်တာဟာလည်း မုဆိုးဖို တစ်ဦးက သားမှတ်မှတ် မယားမှတ် မှတ် လက်ထပ်ယူဖို့ပဲလေ။

နွားအိုမြက်နုကြိုက်တာတစ်ခုပဲ။

ထိုမြက်နုဟာ ယဉ်သူ ဖြစ်နေတာ တစ်ခုပဲ။

အပြင်ထွက်ခဲသော ယဉ်သူနှင့် ကြုံကြိုက်နိုင်ရန် ယဉ်သူတို့ အိမ်သို့ သူလာလည်ဖို့ တစ်နည်း သာရှိသည်။

ယဉ်သူသာမက အိမ်နီးနားချင်းတွေ ကလည်း အရွယ်ရှိသေးသော လုံးကြီးပေါက်လှ ဒေါ်မွှေးကြူကိုများ ဦးကျင်စိမ်း မျက်စိကျလေရော့သလားဟု ထင်မှတ်မှားခဲ့ကြသည်။

ဒေါ်မွှေးကြူကိုယ်တိုင်က ဟုတ်ယောင်ဟုတ်နိုး ထင်မှတ်ခဲ့သည်ပင်။ တစ်ပင်လဲ တစ်ပင်ထူ ဆိုပေမယ့်လည်း သွားလေသူကြီးကို ငါ့ဆိုးကျိုးခံနိုင်မယ် မထင်ပါဘူးအေ ဟုတ်လား။ ယဉ်သူ့အား ရင်ဖွင့်ခဲ့သေးသည်။

ကျော်တော့လှေသူကြီး။

ဦးကျင်စိမ်းက ယဉ်သူ့ကို မိသားဖသားပီပီ တောင်းရမ်း လက်ထပ်ယူလိုကြောင်းဖြင့် စက်သူဌေး ဦးစိန်ဝှာတို့မှတစ်ဆင့်နားဖောက်လာတော့မှ ယဉ်သူတို့တစ်တွေ ရယ်ရခက် ငိုရခက် ဖြစ်ခြဲ့ ကတော့သည်။

ဦးကျင်စိမ်းနှင့် ယဉ်သူက အသက်ချင်း အနှစ် သုံးဆယ်ကွာခြားလေသည်။

ယဉ်သူ မယူနိုင်ဘူးဟု ငြင်းဆန်ရင်း တစ်သက်တစ်ကိုယ်မကြုံစဖူး မျက်ရည်ပေါက် ကြီးတွေ တလိမ့်လိမ့်ကျလာခဲ့ခြင်းကြောင့် ထိုကိစ္စ ရပ်တန့်နေခဲ့သည်။

ယဉ်သူ့ဘက်က အပြီးအပြတ် ဆုံးဖြတ်ခဲ့တာပါ။

မပြတ်နိုင်ခဲ့တာက ဒေါ်မွှေးကြူ။

ပတ်ဝန်းကျင်က သူမနှင့် ထင်ကြေးပေးခဲ့ဖူးတာကိုအလွယ်တကူ မေးခဲ့ပြီး။

ဦးစိန်ဝှာတို့နည်းတူ မြို့မျက်နှာဖုံး ဖြစ်သော ဦးကျင်စိမ်း၏ စည်းစိမ်ဥစ္စာကို တမှန်းဆဆ တတမ်းတတ နှင့် ယဉ်သူ့ကို အခွင့်သင့်လျှင် သင့်သလို သွယ်ဝိုက်နားချ၏ ။ ကြီးရင်မှီ ငယ်ရင်ချီ။ သူ့သားသမီးတွေ လည်း အိမ်ထောင်ခွဲကုန်ပါပြီကွယ်။

ဒေါ်မွှေးကြူ စကားစလာတိုင်း ယဉ်သူသည် ရှောင်ထွက်မသွားနိုင်တောင် ပြန်မပြောနားမ ထောင် အသံတိတ်ဆန္ဒပြခဲ့၏ ။

ဒါပေမယ့်လည်း ပြေးစရာ မြေမရှိပါကလား။

အခြေအနေကလည်း ယဉ်သူ့ကို သည်တစ်လမ်းတည်းသာညွှန်ပြနေလေပြီလေ။

‘အထွန်း’ကိုသတိရလိုက်မိ၏ ။

သတိရတော့လည်း ရင်ထဲမှာ နင့်ခနဲ စစ်ခနဲ နာကျင်သွားရုံသာပါပဲလေ။

အထွန်းနှင့် မတွေ့ ခဲ့ကြတာ တစ်နှစ် ပင် ကျော်စွန်းခဲ့ပြီ။ တစ်ကျောင်းတည်း တစ်တန်း တည်း အတူနေခဲ့ကြသည့် သုံးလေးနှစ် အတွင်းမှာ ယဉ်သူနှင့် အထွန်းဟာ တစ်နှစ် နေလို့မှ စကားတစ်ခါပြော ဖြစ်ပါရဲ့ လား။

သူငယ်ချင်းတွေ စကြနောက်ကြသော ကြောင့်ပင် ရှက်တတ်သူ အထွန်းနှင့် အေးစက်သော ယဉ်သူတို့ပိုပြီး အနေစိမ်းခဲ့ကြရသည်။

ဆယ်တန်းဖြေပြီးနောက် အထွန်းတို့ ပြောင်းရွေ့သွားခဲ့ကြလေသည်။

ယဉ်သူနှင့် သူနှုတ်ဆက်ခွင့် ကြုံခဲ့သည်။

ဈေးထိပ်တွင် သူတို့ဂျစ်ကားကလေး ရပ်နေကာ ရှေ့ခန်းမှာ သူထိုင်နေတာကို ယဉ်သူ အဝေးမှပင် လှမ်းမြင်သည်။ ဈေးခြင်းတောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း ရင်တွင် ဗြောင်းဆန်အောင် လှုပ်ရှားခဲ့ရသည်။

ယဉ်သူ့ကိုတွေ့ တော့ သူကားပေါ်မှ ဆင်းလာလေသည်။

ယဉ်သူ ရပ်တန့်ကာ သူ့ကို မ၀ံ့မရဲ ကြည့်၏ ။

ခုပြန်တွေးလျှင် ခုသူ့ရုပ်သွင်ကို မှတ်မှတ်ထင်ထင် မြင်ယောင်သည်။ အသားညိုညို၊ မျက်နှာလုံးလုံး၊ မျက်ခုံးထူထူ၊ မျက်တောင်နက်နက်နှင့် ရှက်အမ်းအမ်း လုလင်ပျို။

“ငါတို့မနက်ဖြန်ပြောင်းတော့မယ်”

“သြော်”

သူတို့ပြောင်းတော့မည် ဟုယဉ်သူ သိထားပြီး ဖြစ်သည်။ ကြေကြေကွဲကွဲလည်းခံစားရ သည်။ သို့သော် ရင်ဆိုင်တွေ့ ချိန်တွင် ရင်ထဲရှိသမျှ တစ်လုံးတစ်ပါးဒမျှ ဖော်ထုတ် ပြောပြနိုင်စွမ်း မရှိခဲ့။

“သူငယ်ချင်းတွေ ကို ပြောလိုက်ပါဟာ၊ လက်လှမ်းမီသလောက် နှုတ်ဆက်ပေမယ့် တချို့လဲ တောပြန်နေလို့ မတွေ့ ရဘူး”

ယဉ်သူ နှုတ်ခမ်းကလေးကို တင်းတင်းစေ့ကာ ပင့်သက်ရှိုက်သည်။ မျက်လုံးကိုရွှေ့ပြောင်း လွှဲဖယ်စဉ် ကားရှေ့ခန်းထိုင်ခုံနှစ် ခုအလယ်မှ ခြင်းတောင်းထဲတွင် ထိုးထောင်စိမ်းဆတ်သော ဆလတ်ရွက်တွေ တွေ့ ၏ ။

“ပြောလိုက်ပါ့မယ်၊ သွားမယ်နော်”

ယဉ်သူ့အတွက် အချစ်နှင့်ပတ်သက်သည့် အတွေ့ အကြုံရင်ခုန်သံကလေးဟာ ဒါအကုန်အစင်ပါပဲ။

တမ်းတခဲ့သည်။

လွမ်းခဲ့သည်။

ယဉ်သူ့ စိတ်ကူး၊ ယဉ်သူ့ အိမ်မက်တွေ ထဲမှာ သူအမြဲပါဝင်ခဲ့သော်လည်း တစ်နေ့ပြန်လည် ဆုံတွေ့ နိုင်ဖို့ ဆိုတာ ဒဏ္ဍာရီမျှသာပါပဲ။

ခုတော့လည်း တမ်းတစရာ လွမ်းစရာတွေ ချန်ရစ်ခဲ့ပြီ။ လက်တွေ့ ဘ၀ကို ဘွားခနဲ ရင်ဆိုင်ရတော့မှာ ပါကလား။

“ရော့သမီးယူလေ”

ငွေသုံးရာကို ယဉ်သူလှမ်းယူလိုက်စဉ် လက်တွေ အပူလောင်သွားသည်ဟု ထင်မှတ် မိပေသည်။

ယဉ်သူတို့လမ်းထဲတွင် လမ်းဘေးတွေ မှာ နေရာလွတ်လျှင် လွတ်သလို ကားတွေ ထိုးဆိုက် ထားနေကျ ဖြစ်သည်။

သို့သော် နားထဲစူးခနဲ တိုးဝင်သွားသော ကားဟွန်းသံ မှာ ယဉ်သူတို့ ပုံနှိပ်တိုက်သို့ လာသည်ဟု မှန်းဆရသည်။ တိုက်တံခါး စေ့ထားတာကြောင့် အသံပြုတာပဲထင်ပါရဲ့ ။

ဇွဲနဲ့ပဲ ကြီးကြီးနှင့် မိုးထဲလေထဲလာနိုင်လောက်သူမှာ သုံးရာသီ မဂ္ဂဇင်း၏ တာဝန်ခံစား တည်း ‘ဦးမင်းဦး’သာ ဖြစ်ချိမ့်မည် ။

ဦးမင်းဦးကိုယ်တိုင် ကားဝယ်မစီးနိုင်သော်လည်း အလုပ်ကိစ္စ ပြေးရင်းလွှားရင်း နာရီနှင့် အငှားလိုက်သော ကိုယ်ပိုင်ကားတွေ ကို သတ်သတ်မှတ်မှတ်စီးသလို ကြုံရာကားနောက် ကြုံသလို လိုက်ပါလာတတ်သေးသည်။

ယဉ်သူက ပါး၍ ကားသော နားကိုစွင့်ကာ တံခါးဘယ်တော့ပွင့်ဟလာမလဲ၊ ဘယ်သူဝင်လာ မလဲ၊ စောင့်ကြည့်သည်။

“သြော်.. နင်ကို”

တံခါးကြားမှ ၀င်လာသူသည် နန်းအိ ဖြစ်နေသဖြင့် ယဉ်သူ အလိုမကျစွာ မျက်လုံး စွေကြည့် ၏ ။

“ဆွယ်တာလာပို့တာအစ်မရဲ့ ”

နန်းအိကမျက်နှာချိုသွေးရင်း တံခါးကို ပြန်စေ့မည် ပြုသည်။

“ဧည့်သည် လာတယ် အစ်မ”

“လမ်းဖယ်ပေးလိုက်လေ”

နန်းအိသည် တံခါးကို ပြန်ဟကာ အပြင်သို့ချောင်းကြည့်ဆဲ ဖြစ်သည်။

“ကရိုလာအ၀ါကလေးနဲ့ အစ်မမိတယ်”

ကားတံခါးပိတ်သံ ထပ်ခနဲ ကြားရသည်။

“၀င်စမ်း နန်းအိ”

သည်တစ်ခါတော့ နန်းအိ မြူးမြူးကြွကြွ ၀င်လာကာ လက်ထဲတွင် ပါလာသော ယုန်မွေး ဆွယ်တာ အနက်ကလေးကို ယဉ်သူ့ထံပေး၏ ။

“ချထားစမ်းပါ”

“ခြုံထားအစ်မရဲ့ ၊ လှလို့ပါ”

ပလပ်စတစ်အိတ်ထဲမှ ဆွဲထုတ်မည့် ဟန်ပြင်ကာ ယဉ်သူမျက်နှာတင်းလာတော့မှ စားပွဲပေါ် အသာချပြီး ဘေးလျှိုသွားတော့၏ ။

ခြေလှမ်းကျဲလှမ်းလာသော သားရေဖိနပ်သံ။

တံခါးကို တွန်းဖွင့်ကာ အထဲဝင်လာရင်း…

“မဂ္ဂဇင်း ပုံနှိပ်ဖို့ကိစ္စပါ ခင်ဗျာ”

ရုပ်ရည်ပျိုမျစ်သန့်စင်သည်နှင့်အမျှ စကားပြော ရည်မွန်ညင်သာသော လုလင် တစ်ဦး။

ယဉ်သူ ကြက်သေသေကာ နေသည်။

မြင်မြင်ချင်းပင် သူကို ယဉ်သူ မှတ်မိလေသည်။

မတွေ့ ကြတာ ခုနစ်နှစ် ။

ကတုံးဆံတောက်ကလေးနှင့် အထွန်းမဟုတ်တော့ဘဲ ခေတ်လူငယ်ပုံစံ ပန့်ကေနှင့် ဖြစ်နေ ပြီ။ ရင်အုပ် ပခုံး ပိုကျယ်ကာလူအလုံးအထည်ပိုပြီးထွားကျိုင်းလာသည်။ အရပ်လည်း အနည်းဆုံး နှစ် လက်မလောက်တော့ ပိုမြင့်လာသလိုပင်။

ငယ်စဉ်ကတည်းက သန့်စင်အေးဆေးသော သူ့မျက်နှာမှာ မူ လုံးဝမပြောင်းလဲ။ အသက်အရွယ်အရ ပိုပြီးတည်ငြိမ်ရင့်ကျက်လာတာပဲ ရှိသည်။ ပြီးတော့ ရောင် ပြေးကိုင်း တပ်ဖိုတိုဆန်း ပါဝါမျက်မှန်နှင့် ဖြစ်နေတာတစ်ခု ထူးခြားသည်။

သူသည် နက်ပြာစင်း ရှပ်လက်ရှည်နှင့် ခရေပွင့် အဖြူဖောက် ရေနံရောင် ယောလုံချည်ကို ၀တ်ဆင်ကာ လက်တွင် အတက်ချီအိတ် ဆိုက်သေးကို ဆွဲကိုင်ထားလေသည်။

ယဉ်သူ့ပါးတွေ သွေးရောင် ဖြန်းကာ နှလုံးတဒိတ်ဒိတ် အခုန်မြန်လာသည်။

အထွန်း၏ မျက်လုံးတွေ ထဲမှာ ကော ဘာအပြောင်းအလဲရှိလေမလဲဟု မျှော်လင့်စွာ အကဲခတ်ရင်း ပက်လက်ကုလားထိုင်မှ ထကာ အလုပ်စားပွဲနောက် ကုလားထိုင်သို့ ရွှေ့သွားသည်။

“ထိုင်ပါရှင်”

စောစောက နန်းအိ ထိုင်ငိုင်နေသော ကုလားထိုင်ဆီလက်ညှိုးညွှန်ပြလိုက်သည်။ ယဉ်သူ့ အသံတိမ်ဝင်ချင်ကြောင်းယဉ်သူ့ဘာသာ သတိထားမိ၏ ။

နန်းအိသည် ယဉ်သူ ခြေထောက်တင်သော ကြိမ်ခုံပုကလေးကိုဆွဲကာ နံရံနားတွင် ကပ် ထိုင်ပြီး ရုပ်ရှင်စာအုပ်တစ်အုပ်ကို လှန်လှောရင်း ဧည့်သည်ကို အကဲခတ်စပ်စုသည်။

“မဂ္ဂဇင်းပုံနှိပ်ဖို့ ကိစ္စပါခင်ဗျာ”

သူ့မျက်မှန်ဟာ အတော် ပါဝါများ လေရော့သလား။ ဤမျှနီးနီးကပ်ကပ် စားပွဲတစ်လုံးသာ ခြားပြီး မျက်နှာချင်းထိုင်မိကြပါလျက် ယဉ်သူ့ကို သူမမှတ်မိလေရော့သလား။ သူမသိလောက် အောင် ယဉ်သူ့ ပြောင်းလဲမသွား တန်ရာဟု ယဉ်သူ မခံချိမခံသာ ဖြစ်မိ၏ ။

“ကျွန်မ ယဉ်သူလေ အထွန်း”

သူ့ဘာသာ မှတ်မိလာသည်အထိ စောင့်ဆိုင်းနေနိုင်စွမ်းမရှိသော ယဉ်သူက ခပ်မြန်မြန် ကလေးပဲ ဖော်ထုတ်လိုက်မိသည်။

အံ့သြရိပ်ကို မြင်တွေ့ သည်။

တလက်လက်တောက်ပလာသော မျက်လုံးတွေ ၌ ၀မ်းသာရိပ်ကိုမြင်တွေ့ သည်။

“ယဉ်သူ”

ဘာစကားစရမည် မသိလောက်အောင်ပင် သူတုတ်လှုပ်အံ့သြလျက် ရှိသည်တွင် မှ ယဉ်သူသည် အောင့်ထားသည့်အသက်ကို မျှဉ်းမျှဉ်းမှု တ်ထုတ်ရင်း၊ ပင့်ထားသော ရင်သည် အသာအယာ ပြန်လျှောသွားလေ၏ ။

နန်းအိသည် ဧည့်သည်နှင့် အစ်မတို့ချင်း သိကျွမ်းပြီး ဖြစ်သည်ကို အထူးစိတ်ဝင်စားကာ ဖွင့်ထားသော စာအုပ်ကိုပင် မကြည့် ဖြစ်ဘဲ ရှိတော့သည်။

“သိပ်သိတယ်လို့ ကျွန်တော် တွေးနေမိတာ တကယ်ပါ ယဉ်သူရယ်၊ဒါပေမယ့် ဒီနေရာမှာ ပြန်တွေ့ ကြမယ်လို့ လုံးဝ ထင်မထားတော့ ယဉ်သူကိုယ်တိုင်က ယဉ်သူပါလို့ ဖွင့်ပြောတာတောင် မယုံနိုင်ဘဲ ဖြစ်နေတယ်”

“အပြောကောင်းတာနဲ့ပဲ ကျေနပ်လိုက်ရတော့မှာ ပါလေ”

“ဟာအပြောကောင်းတာမဟုတ်ရပါဘူး၊ ဒါပေမယ့် ကျွန်တော် လာရှာတဲ့ မြမဉ္စူပုံနှိပ်တိုက် မှာ ယဉ်သူရှိနေမယ်လို့ ကျွန်တော် ဘယ်လိုလုပ် တွေးတတ်မလဲ”

သူကသူ့လက်ဆွဲသေတ္တာကို စားပွဲပေါ် တင်ထားလိုက်လေသည်။

အထွန်း ကတော့ ယဉ်သူဆိုသော မြစ်ဝကျွန်းပေါ်သူကလေးကို ထိုမြို့မှာ ပဲ မေ့ထားရစ်ခဲ့ တာပါဟု ယဉ်သူကြေကွဲ တွေးသည်။ လွမ်းဆွတ်တမ်းတနေစရာအကြောင်းမရှိစေခဲ့ဦး၊ သည်ထက် နည်းနည်း ကလေးပိုပြီး အမှတ်တရရှိနေစေချင်တာပေါ့။

ယဉ်သူ့အိမ်မက်တွေ မှာ သူမပါဝင်ခဲ့သော အိမ်မက်မရှိသလောက် ဖြစ်ခဲ့ရကြောင်း သူနား လည်နိုင်ပါလေစ။ ယဉ်သူဝမ်းပန်းတနည်း ညည်းတွားလိုက်ချင်မိလေသည်။

“ကျွန်တော့် အဖေက ‘ဖက်ဖူးရောင် ’ဆိုတဲ့ မဂ္ဂဇင်းထုတ်ဝေခွင့်ရတယ်။ သူက အယ်ဒီတာ ချုပ်၊ ကျွန်တော် က စာတည်းအဖွဲ့ဝင်ပေါ့ဗျာ။ မဂ္ဂဇင်းထုတ်မယ်ဆိုတော့ ဆက်သွယ်လာတဲ့သူတွေ အများ ကြီးပဲ။ စာမူစုပေးမယ့်သူ၊ ဒက်ကရိတ်လုပ်ပေးမယ့်သူ၊ ပုံနှိပ်ပေးမယ့်သူ၊ ဖြန့်ချိပေးမယ့်လူ၊ ကျွန်တော် တို့က ဒီလောကနဲ့ အစိမ်းသက်သက်ပဲ။ဒါပေမယ့် ကျွန်တော် သူငယ်ချင်းက နတ်သျှင် စာပေ တိုက်ပိုင်ရှင်လွမ်းဆွေ”

“သြော်”

“ယဉ်သူ အဲ မယဉ်သူ”

ယဉ်သူမချိပြုံးနှင့်…

“ယဉ်သူပါပဲ အထွန်းရယ်”

ကျောင်းတုန်းက တရင်းတနှီးမရှိခဲ့ရသော်လည်း ယဉ်သူ့ရင်ထဲမှာ နှစ် ရှည်လများ နေရာယူ ထားခဲ့သူမို့ ယဉ်သူ့ဘက် ကတော့ အကျွမ်းဝင်နေခဲ့သည်။ ဟိုတုန်းက သူ့သူငယ်ချင်းတွေ ခေါ်ပြော ဆက်ဆံသလို အထွန်းဟုသာ ယဉ်သူကလည်းစိတ်ထဲမှာ သတ်မှတ် ခေါ်ဆိုလာခဲ့သည်မှာ အသား ကျနေပြီမို့ ယနေ့ လက်တွေ့  ရင်ဆိုင်ရသော အခါ မတွန့်မဆုတ်ရှောရှောရှူရှူ အထွန်းဟု ထွက်သွား သည်ကို ယဉ်သူ့ဘာသာပင် သတိမထားမိတော့။

“လွမ်းဆွေကို ယဉ်သူသိသလားဟင်”

“ဟုတ်ကဲ့သိပါတယ်၊ သူ့တိုက်ထုတ်တဲ့ စာစောင်တွေ ၀တ္ထုတွေ အတော် များများ ပဲ မြမဉ္စူ မှာ ရိုက်ခဲ့တာ”

အထွန်းသည် သူ့သူငယ်ချင်း ဖြစ်သော လွမ်းဆွေကိုယဉ်သူသိသည်ဆိုသော ကြောင့် တစ်ဘက်က အားတက်သလိုတစ်ဘက်ကလည်း ဝေခွဲမရသလို မျက်မှော င်ချီကာလည်းနေ၏ ။

“သူပြောပြောနေလို့ မဂ္ဂဇင်း တစ်အုပ် ထုတ်ဝေရတဲ့ ပြဿနာတွေ ကို ကျွန်တော် ကြားဖူး နေတယ်၊ ၀တ္ထုထုတ်ရတာ ကိုသူပိုကြိုက်တယ်တဲ့၊ ရှုထောင့်တစ်ခုတည်းချင်းမှာ တစ်ယောက် ချင်း ဆက်ဆံရတယ်တဲ့၊ ခုတော့ သူပြောတာ တွေ ကို ပိုသတိရစရာ ဖြစ်လာတာပေါ့ဗျာ”

ယဉ်သူသည် သူမရှေ့တွင် အထွန်းထိုင်ကာ တမ်းတမ်းတတ ပြောနေပုံကို ငေးကြည့်ရင်း ကိုလွမ်းဆွေကိုပင် မနာလိုရမလို ဖြစ်လာ၏ ။ နှစ် ပေါင်းကြာမြင့်ရှည်လျားစွာ တွယ်တာလာခဲ့သေ ယဉ်သူ့ကိုမူ အထွန်းသည် ဖုတ်လေသည့်ငါးပိရှိလေသည်မှ အောက်မေ့ပုံမရဟု စိတ်ခုချင်မိတော့ သည်။

“ကိုလွမ်းဆွေဟာ လုပ်ငန်း အတော် ကျွမ်းကျင်တဲ့သူပါ၊ စာပေနယ်က တွဲ လုပ်ဖူးတဲ့လူတွေ ကသူ့ကိုအတော် ကြီးကို နှမြောကြပါတယ်”

သူကခေါင်းညိတ်သည်။

“သူ လက်ဆောင်ပေးတဲ့စာအုပ်တွေ မှာ မြမဉ္စူနာမည် ခဏခဏပါတယ်”

သူသည် ယဉ်သူ့ကို တွေးတွေးဆဆ ငေးကြည့်သည်။

“သူနဲ့ကျွန်တော် တက္ကသိုလ်မှာ တွေ့ ကြတာ”

ပခုံးတွန့်ကာတစ်ချက်ရယ်သည်။

“ကျွန်တော် နဲ့ သိခဲ့တဲ့ ယဉ်သူ့ကိုမှ သူမသိတာ၊ မြမဉ္စူမှာ ယဉ်သူရှိတယ်လို့ ဘယ်ပြောပြ ဖြစ်မလဲ၊ အေးဗျာ… မဟုတ်ရင် ကျွန်တော် တို့ ပြန်တွေ့ ကြတာ ကြာလှရော့မယ်နော်”

ယဉ်သူမလုံမခြုံပြုံးသည်။ ပြန်တွေ့ ချိန်သည်ထက် စောချင်သော စကားလုံးကလေးတွေ ကို ထွေးပွေ့ ထားလိုက်ချင်သော်လည်း မလုံမခြုံသာ ပြုံးရမည့်  ဘ၀လေ။

“လွမ်းဆွေရှိရင်တော့ မဂ္ဂဇင်းကိုသူ့လက်ဝက်ကွက်အပ်လိုက်ရုံပါပဲဗျာ၊ ခုတော့ ကျွန်တော့်  ခေါင်းပေါ် ၀န်ထုပ်ဝန်ပိုးကြီးရောက်လာတာပေါ့”

ကိုလွမ်းဆွေ ကွယ်လွန်သည်မှာ နှစ် နှစ် ရှိခဲ့ပြီ။ သူကွယ်လွန်ပြီးနောက်မှ ယဉ်သူက မြမဉ္စူ လုပ်ငန်းခွင်ထဲသို့ ၀င်ရောက်လာခဲ့တာမို့ ယခုယဉ်သူ့ကိုလည်း သူသိမသွားခဲ့။ သို့ တစေပုံနှိပ်တိုက် နှင့် ပတ်သက်လာသမျှ လူတိုင်းလိုလို၏ နှုတ်ဖျားမှာ ကိုလွမ်းဆွေ ဆိုတာကို ယဉ်သူ ကြားကြား နေခဲ့ရသည်။ သူသည် စာအုပ်လောကတွင် နှစ် တိုတိုနှင့် သရဖူဆောင်းခဲ့သူပေပဲ။

“ဒီကောင်က ကားမောင်းသိပ်ကြမ်းတယ်၊ မင်းမမောင်းနဲ့ကွာ ငါမစီးရဲဘူးဆိုပြီး ကျွန်တော် လုမောင်းခဲ့ရတာ ၊ တစ်နေ့ဒုက္ခရောက်မယ်နော်လို့ အကြိမ်ကြိမ် သတိပေးလျက်နဲ့ဗျာ”

အထွန်းက အရေး ပေါ်ဌာနသို့ သူလိုက်သွားခဲ့ကြောင်း၊ လွမ်းဆွေ၏ နောက်ဆုံအချိန်အထိ စောင့်ဆိုင်းနေခဲ့ကြောင်းဖြင့် ယဉ်သူအားဇာတ်ကြောင်း ပြန်ပြောပြနေသည်။

ယဉ်သူအိမ်မက်တွေ ထဲတွင် စိုးမိုးနေခဲ့သူ၏ ပုံသဏ္ဍာန်သည် ယခုမှ တစ်စွန်းတစ်ဆ ပီပြင်လာသည်။ သူငယ်ချင်းကိုခင်တွယ်တတ်သူ တစ်ယောက် ။

အထွန်းက…

“မဂ္ဂဇင်းကို တစ်ယောက် ယောက် လက်ကို အပြီးလွှဲထားချင်ရင်လဲ ကျွန်မဆက်သွယ်ပေး နိုင်ပါတယ် အထွန်း၊ ဟို… တစ်လကို ဘယ်လောက်သတ်မှတ်ပြီး၊ အထွန်းက ပိုင်ရှင်ဆိုတော့ မဂ္ဂဇင်းထဲ ပါလာတဲ့စာမူတွေ နဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်း တွေ အမျိုးမျိုးပေါ့လေ”

ပြောရင်း သတိရကာ ပြုံးလိုက်သည်။

“အကြံပေးတဲ့သူ ကူညီမည့် သူတွေ အများ ကြီးလို့ အထွန်းပြောသားပဲနော်၊ ကျွန်မမေ့လို့”

အထွန်း ပြာပြာသလဲ လက်ကာသည်။

“မြမဉ္စူမှာ လွမ်းဆွေအမြဲလိုလို ပုံနှိပ်တယ်လို့ ကျွန်တော် ပြောပါပြီကော၊ ယုံကြည်ထိုက်တဲ့ တိုက်တစ်ခုလို့ ကျွန်တော် အားထားပြီး ရောက်လာတာ၊ယဉ်သူ့ကိုတွေ့ လိုက်တော့ အမှန်အတိုင်း ၀န်ခံရရင် ကျွန်တော် ပိုအားတက်သွားတယ် ခင်ဗျ”

ယဉ်သူ ပထမဆုံးအကြိမ် ကျေနပ်သွားသည်။

``ကျေးဇူး တင်ပါတယ် အထွန်းရယ်´´

သူ့ နာမည် က `ထွန်းတိုးထွန်း´ ဖြစ်၍ သူ့ဖခင်နာမည် သည် ဦးချစ်ထွန်း ဖြစ်ကြောင်း ယဉ်သူ သိထားသည်။ ဦး ချန်းထွန်းလို လူ တစ်ယောက် မဂ္ဂဇင်းထုတ်တော့မည် ဆိုခြင်းမှာ ဘုန်းကြီးနှင် ဘီးလို မအပ်မရာ ဖြစ်နေသလား ။ လုပ်ငန်း ဆိုတာကို အဆင်တင့် ပြောင်းလဲ လုပ်ကိုင်နိုင်သည်ဟု သဘောထားလျှင်လည်း အဆန်းတကြယ် ဖြစ်နေစရာ ရှိမည် မထင်။

``အစ ကတော့ ယဉ်သူ ပြောသလိုပဲ ဖိုင်နင်စီယာ တစ်ယောက် ယောက် လက်ထဲ လွှဲလိုက် မယ်လို့ ဖေဖေက ရတာ ကို ၀ါသနာမပါလှတော့ မဂ္ဂဇင်း လုပ်ကြည့်မလို့ ကျွန်တော် တောင်း ဆိုတာ´´

သူ့ဘာသာ သဘောကျသလို ပြုံးသည်။

``တစ်သိန်းလောက် ပေးထားမယ်လို့ ဖေဖေကပြောတယ်။ဆိုလိုတာက ဒီထက်ပိုအရှုံးမခံ ဘူးပေါ့ဗျာ´´

ယဉ်သူသည် နန်းအိ တစ်ယောက် အငေးကြီးငေးကာ စကားဆက်နာနေသည်ကို ဖြတ် တောက်လျက် နံရံကပ် ဗီရိုမှ လက်ဖက်ရည်အချိုပန်းကန်းနှစ် လုံးထုတ်ယူစေသည်။ လက်သုတ် ပပါ ထုတ်ပေးဦးဟု စေခိုင်းလိုက်ပြီးတော့ ကိုယ်တိုင် ကိုယ်ကျ ဓာတ်ဘူးထဲမှ လက်ဖက် ရည်ငှဲ့ ကာ သူ့ရှေ့သို့ ပို့ပေးသည်။

``လစဉ် ထုတ် မဂ္ဂဇင်းဆိုတော့ သုံးလေးလစာ စာမူတွေ ရှိထားပြီးမှ စလည်ရင် ကောင်းတယ် အထွန်း၊ အဲဒီ လို စာမူတော့တောင်းနိုင် စုနိုင်ဖို့ အယ်ဒီတာ ကောင်းကောင်း လိုတယ်၊ ရထားပြီလား´´

``ကမ်းလှမ်းတဲ့ အောင်သွယ်တွေ တော့ အများ ကြီးလို့ ယဉ်သူ့ကိုကျွန်တော် ပြောတယ် လေ´´



``ဟုတ်တော့ ဟုတ်ပါတယ်´´

``ဘယ်သူက တော် တယ်ဆိုတာ ကျွန်တော် သိမထားလို့ ခက်နေတာပေါ့ဗျာ´´

ဒါတော့ ယဉ်သူလည်း လတ်တလော အကြံမပြုနိုင်။ယဉ်သူ ကိုယ်တိုင်ကလည်း မြမဉ္ဇူ၏ လုပ်ငန်းခွင်ထဲသို့ မနေ့တစ်နေ့ကမှ မမျှော်လင့်ဘဲ ရောက်လာတာကလား။

``စာကောင်းစာသန့်ရွေးတတ်တဲ့သူလိုသလို၊စီးပွားရေး အကွက်မြင်တဲ့သူလလိုမှာ ဒီလောက်တော့ယဉ်သူသိနေပြီ´´

အထွန်း ရှေ့မှ လက်ဖက်ရည်ပန်းကန်ကို လက်ဖ၀ါးနှင့် စမ်းကြည့်ရင့်း့ သောက်လိုက်ပါ ဦး၊ အေးကုန်မယ်ဟု ပြောသည်။

တစ်ကျိုက်ချင်း သောက်နေသော သူ့ကို ကြည့်နေမိလျက် သူဟာ ယနေထက်တိုင် ကြောင့် ကြမဲ့နေရဆဲ ဖြစ်မည် ဟု တွေးနေသည်။ ဆရာဆိုသော်လည်း သူသည် ကျောင်းသား တစ်ယောက် အသွင်နှင့် ဘာမှ ခွဲခြားမရအောင် နုနယ် ငယ်ရွယ်ဆဲပင်။

``လက်ဖက်ရည် သိပ်ကျရင် ကျွန်တော် လေခံတယ်၊ အခုဖျော်ထားသော အဆင်ပြေ တယ်ခင်ဗျာ´´

``ကျေးဇူးပါပဲ၊ ယဉ်သူက အဲသလို ချီးမွမ်းတာကို ကြိုက်တတ်တယ်၊ပြီးတော့ ၃၃ လမ်းမှာ လမ်းမှာ အသားကျလာရင် လက်ဖက်ရည်လဲ စွဲလာမှာ အထွန်းရဲ့ ´´

အထွန်း သဘောကျစွာ ဟက်ဟက်ပက်ပက် ရယ်မောသည်။ ငယ်ငယ်တုန်းက သူငယ်ချင်း တွေ ဖြစ်သည်ဆိုသာ အသိတရားသည် ပြန်လည်ဆုံတွေ့ ကြသော တစ်နေ့တွင် ၀မ်းမြောက်ဝမ်း သာနှင့် ခင်မင်မှု တွေ ပိုလာတတ်ကြတာ ဓမ္မတာပေပဲ။ ယခု အထွန်းသည် ရှက်ကိုးရှက်ကန်း တွန့် ဆုတ်သော လူပျိုပေါက်ကလေး မဟုတ်တော့တာမို့ တစ်ကြောင်း၊ ဤ တဒင်္ဂအတွင်းမှာ ပင် တရင်း တနှီး ရှိလာခဲ့ပြီ။

``ယဉ်သူ့ထိုက်က ကျွန်တော် ဖက်ဖူးရောင် ကို လက်ခံနိုင်တယ်မဟုတ်လား။

ယဉ်သူ ချက်ချင်း ခေါင်းညိတ်လိုက်ဖို့ အသင့်ရှိသည်။ သို့သော်လည်း စာစီဖို့ စက်တင်ဖို့ အလုပ်သမားအင်အားနဲ့ အချိန်ကို မတွက်ဆလို့မ ဖြစ်။ လုပ်ငန်းသဘော ရှိသေးသည်။

``ခဏလေးနော် အထွန်း၊ ဖိုမင်နဲ့ညှိလိုက်ပါရစေ´´

အထွန်းသည် ယဉ်သူ့စကားကို နားဝင်စိမ်းဟန်ရှိသည်ဘဲစောင့်ဆိုင်းလေ့လာဦးမည့် အသွင် တစ်စုံတစ်ရာ ထပ်မစုံစမ်းဘဲ နှုတ်ဆက်သွားသည်။

``ကိုအောင်မြင်ကိုခေါ်ချေ နန်းအိ´´

``ဟုတ်´´

နန်းအိသည် အထွန်းနောက်ပါးမှ ဖြတ်လျှောက်သွားကာ စက်ခန်းတံခါးကို တွန်းဖွင့်သည်။ သစ်သားတံခါးကို တွန်းဖွင့်သည်။ သစ်သားတံခါးကို ရှေ့ခန်းနှင့် တိုးလျှိုပေါက် မြင်သော အောင် အလယ်ပိုင်းမှာ မှန်တရုပ်ကပ် ထပ်ထားသည်။

ပုံနှိပ်စက်လည်သံ ဟိန်းပြီးထွက်လာသည်။ တံခါးရွက် ပြန်စေ့သွားမှပင် နားခံသာသွား တော့သည်။

``လောလောဆယ် ရိုက်နေသော သုံးရာသီ မဂ္ဂဇင်းနဲ့ တင်ထုတ် နှစ် အုပ်ရှိတယ်၊အဲဒါတွေ လျာထားချက်မီအောင် သတ်မှတ်ရိုက်ရတာ ။ ဒါတောင် ပန်းနွယ်နီကို ငါးဖောင်လုပ်ပေးနိုင်တယ်၊ ၀တ္ထုတွေ ကတော့ အချိန် အလျော့အတင်း လုပ်လို့ရတယ်လေ၊ လစဉ်ထုတ်တွေ ကတော့ နှစ် ဆယ် နှစ် ဆယ့်တစ်လောက်ဆိုရင် ဖောင်ပိတ်ပြီး စိစစ်ရေး တင်ကြရတာ ကိုး´´

ယဉ်သူ့စကားကို သူစိတ်ဝင်စားစွာ နားထောင်နေသည်။

``တစ်ဖောင်နှစ် ဖောင် ဆိုတာတွေ တော့ အထွန်း သိနေရောပေါ့´´

ဒါကိုလည်း ကလေးငယ် တစ်ယောက် ပမာ သူ နှစ် ခြိုက်ပွင်းလင်းစွာ ပြုံးရယ်သည်။

မဂ္ဂဇင်းဆို ရှစ်ချိုး၊ ၀တ္ထုဆိုက်ဆို ဆယ့်ခြောက်ချိုး၊ ဒါလောက်တော့ ကျွန်တော် အကြမ်း ဖျင်း မှတ်သားထားပါပြီ´´

အထွန်းအကြောင်းကို ယဉ်သူပိုသိချင်သည်။ ယဉ်သူတို့ မြို့မှ သူ့ဖခင် ပြောင်းရွှေ့သွားပြီး နောက်၊ တစ်နေရာပြီး တစ်နေရာ နယ်လှည့် နေရသည်ကို တစ်စွန်းတစ်စ ကြားရသည်။ သူ မန္တလေးတက္ကသိုလ် တက် ဖြစ်တာကိုလည်း အညာသို့ ကုန်ကူးသွားသော အတန်းဖော် လူမော် ပြန်လာခိုက် သိလိုက်ရ၏ ။ ယဉ်သူ သိချင်သေးတာက အထွန်းဟာ အိမ်ထောင်ရက်သား ကျသွားပြီလား။ ပညာစုံခဲ့ပြီလေ။ ကြင်ရာစုံမည် ဆိုလည်း အံ့သြစရာတော့ မဟုတ် မေးကြည့် လျှင် လည်း ရိုင်းရာ မကျဘူးထင်သည်။သူငယ်ချင်းတွေ ပဲ မဟုတ်လား။

စိတ်ကူးနှင့် လက်တွေ့ ဘ၀ကို တစ်ကန့်စီ၊ တစ်ကဏ္ဍစီ ခွဲခြားထားသော အတတ်ပညာကို အတန်အသင့် ပိုင်နိုင်တတ်မြောက်ခဲ့ပြီမို့ ယဉ်သူ ရင်ဆိုင်နိုင်သည်။ လက်ခံနိုင်သည်။

ယဉ်သူမမေးဝံသာက သူ့ကိုမေးလျှင် သူကလည်း မေးလာတော့မည် ။

ခုနေခါမှာ တော့ ဖြစ်ကြောင်းကုန်စင် နက်သံနှောပြီး ပြောမပြချင်သေး။ တစ်ခစတာ သာယာကြည်နူးမှု ကလေးသည် သီးခြားရှိနေပါစေဦးလေ။

``သုံးရာသီမဂ္ဂဇင်းက ရောင်းပန်းအတွက်ဆုံးပဲလို့ ပြောကြတယ်။ နှင်းဆီခိုင် မဂ္ဂဇင်းနဲ့ သပြေတေး မဂ္ဂဇင်းကလွဲလို့ ပေါ့လေ´´

``ဟုတ်တယ်၊ ပေဖူးလွှာ၊ ချယ်ရီ၊ မဟေသီ ဒါတွေ လဲသွက်တာပါပဲ၊ ကလျာကပဲ အတော် ကလေး အမီလိုက်တယ်´´

အထွန်းသည် စိတ်အားထက်သန်စွာ ဖြင့် ခါးရှေ့ကိုင်းကာ လက်နှစ် ဖက်ကို စားပွဲပေါ် တင်ယှက်လိုက်၏ ။

``စာရိပ်သွင်က နာမည် ခန့်ပေမယ့် အပျော်ဖတ်တွေ မများ လွန်းဘူးလားဟင် ယဉ်သူ´´

``လူငယ်ကြိုက်တွေ ပေါ့လေ´´

``လူငယ်တွေ အတွက် ပိုပြီးအကျိုးရှိမယ့်စာတွေ ၊ စိတ်ဝင်စားစရာလဲ ဖြစ်ရမယ်ပေါ့ဗျာ၊ အဲ ဒီလို စာအုပ်မျိုး ထုတ်ဝေချင်တယ်´´

စက်သံ တ၀ုန်းဝုန်း ကြားလိုက်ရသဖြင့် စက်ခန်းတံခါးပွင့်လာပြီဟု သိလိုက်သည်။

ဖိုမင် ကိုအောင်မြင်သည် သူ့လက်တွေ ကို စက္ကူစုတ်တစ်ခုနှင့် သုတ်သင်နေရင်း ယဉ်သူ့ကို မေးခွန်းထုတ်သော မျက်လုံးများ နှင့် ကြည့်၏ ။

သူသည် အတော် ပင် အသားဖြူကာ မျက်လုံးပြူး၊ မျက်တောင်ကော့ပြီး နှာတံပေါ်သည်။ ကရင်စကား၊ ဟိန္ဒူစကား အတော် ကလေး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်ကာ ဘာတွေးစပ်သလဲ ဆိုတာ သို့ လောသို့ လော တွေးစရာ ဖြစ်သည်။ သူ့ကိုယ်သူတော့ ဗမာဟု ယတိ ပြတ် သတ်မှတ်ထားသည်။

``မဂ္ဂဇင်းလဲ ရိုက်ပေးဖို့ ကိစ္စ´´

``ဘယ် မဂ္ဂဇင်းလဲ ဒေါ်သူ´´

``ခုမှ ထုတ်ဝေခွင့် ရလာတာ၊ ဖတ်ဖူးရောင် တဲ့၊ ဒါက ကျွန်မသူငယ်ချင်း ဦးထွန်းတိုးထွန်း၊ သူ ကတော့ ကျွန်မတို့ ဖိုမင် ကိုအောင်မြင်´´

တစ်ယောက် ကို တစ်ယောက် ခေါင်းဆတ် အသိအမှတ် ပြုရင်း အကဲခတ်လျက်ရှိကြ သည်။ ထွန်းတိုးထွန်းအဖို့ ဖိုမင် တစ်ယောက် သည် ပုံနှိပ်စက်တွင် အရေး ပါဆုံး လူ တစ်ယောက် ဖြစ်သည်ဟု သိထားသော်လည်း ဘယ်အဆင့် ဘယ်အနေထားအထိ ရင်းနှီးဆက်ဆံရမည် ဟု မပိုင်းဖြတ်ရသေး၊ ကိုအောင်မြင်ကလည်း မဂ္ဂဇင်း ထုတ်မည့် သူသည် အုပ်ချုပ်ရေး မှူး လုပ်မှာ လား၊ စာတည်း အဖွဲ့ဝင်လား။

စာတည်းချုပ်အထိ တက်လုပ်မလား၊ လုပ်တတ်ရဲ့ လားနှင့် အကဲခတ်နေသည်။

``ထိုင်ပါဦး ကိုအောင်မြင်ရဲ့ ၊ ကျွန်မတို့ဆီမှာ ၀တ္ထုတာရယ် ပုံမှန်ကိုင်နေတဲ့ စာစောင်နဲ့ မဂ္ဂဇင်း ရယ်၊ အဲဒါအခု ကိုထွန်းတိုးထွန်းတို့ရဲ့ ဖက်ဖူးရောင် ကို ထပ်လက်မခံလို့ ဖြစ်မ ဖြစ်´´

ကိုအောင်မြင်သည် ချက်ဆို နားခွက်က မီးတောက်သည် ဖြစ်သည်။ သည်မဂ္ဂဇင်းကို မ ဖြစ် ဖြစ်အောင် ယဉ်သူ လက်ခံမည် ဟု သူမှန်းဆနိုင်သည်။

ပင်ကို ပါးနပ်သူလည်း ဖြစ်သည်။ စာပုံနှိပ် လုပ်ငန်းတွင် လည်း တစ်သက်တာပတ်လုံး မြှုပ်နှံ နေခဲ့သည်။

ယဉ်သူက ယခုအချိန်အထိ စပိတ်တို့ ၀ါနင်တို့ကို ခွဲခြားသုံးနှုန်းတတ်သေးသည်မဟုတ် ၊ ၁၂ ပွိုင့် ၁၆ ပွိုင့် လောက် ခွဲခြားတတ်ရုံ ရှိသေးသည်။

သည် လုပ်ငန်းခွင်တွင် ယဉ်သူ ပါဝင်ဦးစီးလာသည်မှာ နှစ် နှစ် ပင် မကြာသေး။

ဘာပဲ ဖြစ် ဖြစ် ယဉ်သူက လုပ်ငန်းရှင်၊ သည်တော့ ယဉ်သူ အလိုကျ ဖြစ်အောင် အတတ်နိုင် ဆုံးစီစဉ်ရလိမ့်မည် ။

`အစ်ကိုက ထုတ်ဝေခွင့် ရထားတယ်ဆိုတော့ ´

`` ကျွန်တော့် အဖေ ရတာ ပေါ့၊ ဒါပေမယ့် ကျွန်တော် တာဝန်ယူ လုပ်ကိုင်သွားရမှာ ပေါ့´´

``ဘယ်လ စထုတ်မလဲ´´

ကျွန်တော် ကတော့ ဒီဇင်ဘာ မှန်းတာပါပဲ၊ စက္ကူနဲ့ စာစီခ ပုံနှိပ်ခတွေ ကို အလုပ် ဖြစ်မယ် ဆိုရင် ဆက်ပြီး ဆွေးနွေးကြ ညှိုကြတာပေါ့။ ကိုအောင်မြင်တို့ဘက်က လုပ်နိုင် အောင် ၊လုပ် ဖြစ် အောင် ကူညီကြပါဗျာ´´

ထွန်းတိုးထွန်းသည် သူ့သူငယ်ချင်း ကိုလွမ်းဆွေက ချီးမွမ်းဖူးသော ဖိုမင်ဟာ ကိုအောင် မြင် ဟုတ်ပါ့မလား ဇဝေဇ၀ါ ဖြစ်နေသည်။

``စာစီသမားတွေ က ဘယ်မှာ စီကြသလဲခင်ဗျ´´

``အထဲမှာ ပါပဲ၊ စက်ခန်းအပေါ်ထပ်မှာ စာစီခုံတွေ ထားတယ်´´

``ဒီနေ့ အလုပ်မဆင်းကြဘူးထင်တယ်´´

``ဆင်းပါတယ်၊ စာစီနေကြတယ်´´

``အတော် ငြိမ်နေကြတယ်နော်၊ ဘယ်သူမှ မရှိကြဘူး အောက်မေ့နေတာ´´

``အလုပ်ချိန်မှာ အကြောင်းမရှိဘဲ မထွက်ကြဘူး အစ်ကို၊ စီပြီးရင် ပြီးသလောက် ပိုက်ဆံ ဖြစ်တာဆိုတော့ ဖိဖိစီးစီး ရှိကြပါတယ်၊ စကား မပြောကြဖို့တော့ အထူး စည်းကမ်း ကြပ်မတ်ထားရ တာပေါ့၊ မဟုတ်ရင် အကုန်တလွဲ စီကုန်ရော´´

ထွန်းတိုးထွန်းသည် စာပေနယ်၏ အရေး ပါသော အခန်းကဏ္ဍတစ်ခုကို အပြေးအလွှား နာကြားမှတ်သားနေရသည်။

စာအုပ်စာပေဟာ သူ့မိဆွေ ဖြစ်ခဲ့တာ မှန်သော်လည်း စာအုပ်စာပေကို စာဖတ်ရှု လေ့လာ သူ လက်ထဲသို့ ရောက်ရှိလာစေသော နည်းလမ်းအဆင့်ဆင့်မှာ မူ သူ့အတွက် စိမ်းနေသည်။

``ဒီဇင်ဘာ ထုတ်မယ်ဆိုရင် အစ်ကိုက ဘယ်ရက်လောက်ဖောင်ပိတ်မယ် စိတ်ကူး သလဲ´´

ထွန်းတိုးထွန်းတွင် အဖြေ အဆင်သင့် ရှိမနေပေ။

``လဆန်းမှ မဂ္ဂဇင်း ထွက်မယ်လို့ ပုံသေမထာြး ကတော့ဘူးလေ အစ်ကိုရဲ့ ၊ နှစ်ဆယ့်နှစ် ဆယ်တစ်မှာ ကို တချို့ထွက်နေကြတာ၊ ဖောင်ပိတ် စိစစ်ရေး တင် ခွင့်ပြုချက်ရတော့မှ စာအုပ်ဖြန့် နိုင်မှာ ၊ ဆိုပါတော့  ဒီဇင်ဘာ လဆန်းပိုင်းရက်ထွက် မယ်ဆိုရင် နိုဝင်ဘာ နှစ် ဆယ့်ခွန်၊ နှစ် ဆယ့်ရှစ်လောက် ဖောင်ပိတ်ရမှာ ပေါ့´´

ထွန်းတိုးထွန်း သဘောပေါက်သွားသည်။

``ကျွန်တော် က ဒီဇင်ဘာလဆန်းထွက်နိုင်ရင် ပြီးတာပါပဲ၊လလယ်ကြီးလဲ တစ်မူထူးပြီး မထွက်ချင်ပါဘူး၊ ပုံနှိပ်တိုက်နဲ့ ညှိပြီး အဆင်ပြေမယ့်ရက်ကို ဖောင်ပိတ်ရမှာ ပေါ့´´

ကိုအောင်မြင်က အလုပ်ရှင် ယဉ်သူ့အား တစ်ချက်ကြည့်ကာ သဘောတူညီဟန် ခေါင်း တစ်ချက် ဆတ်၏ ။

``အုပ်ရေ ဘယ်လောက်ရို်က်မလဲ အစ်ကို´´

``သုံးထောင်နဲ့ စရမှာ ပါပဲ၊ ကျန်လဲ သိမ်းထားရုံပဲလို့ ပြောကြတယ်၊ တချို့ကလဲ လျှော့ရိုက်ဖို့ အကြံပြုကြတာပေါ့။ မလျှော့ပါဘူးဗျာ၊ အပိုင်းအရှုံးခံလိုက်မယ်၊ အရည်အသွေး ကောင်းရင် နာမည် ထွက်လာပြီး အရောင်းသွက်လာမယ် မဟုတ်လား၊ သိပ်မမြတ်ချင်နေပါစေ စာသန့်ဖို့ အရေး ကြီးတာပဲ´´

စီးပွားဆန်ဆန် လုပ်ကိုင်နေသော မြမဉ္ဇူစာပုံနှိပ်တိုက်တွင် အခြေချထားသော ယဉ်သူ သည် အထွန်ဟာ ရိုးသားလွန်းသည်ဟု ကောက်ချက်ချတတ်နေပြီ။

``အပြင်စက္ကူနဲ့ စရိုက်မလား´´

``အဲဒါလဲပေးမှ ရိုက်မယ်ပဲ စိတ်ကူးတယ်ခင်ဗျ၊ အစစ်ဆေးခံရသေးတယ်ဆိုတော့ ဘာမှ မငြိစွန်းချင်ဘူးဗျာ´´

နော်ဝေးစက္ကူတွေ စိုက်ထုတ်ထားပေး နိုင်ကြောင်းပြောဖို့ နောက်တစ်ခေါက် လာသည် အထိ ဆိုင်းထားသင့်သည်ဟု ယဉ်သူ အောင့်အည်းထားရသည်။

``ရုတ်တရက် ထုတ်ဝေခွင့်ရလိုက်တော့ ဘာမှ အဆင်သင့် မ ဖြစ်ဘူးပေါ့ဗျာ၊ ဘယ်ကစလို့ စရမှန်းမသိ ဖြစ်နေတော့တယ်´´

ကိုအောင်မြင် နှင့် ယဉ်သူသည် သူ့စကားကို ပြုံးမိကြသည်။

``အော့ဖ်ဆက် များများ သုံးမယ် မဟုတ်လားအစ်ကို´´

ထွန်းကိုထွန်း မျက်မှော င်တွန့်ကာ ချိန်ချိန်ဆဆ ဖြေသည်။

``သားသားနားနား ဖြစ်ချင်တော့ လိုအပ်သလောက် သုံးရမှာ ပဲ ကိုအောင်မြင်´´

``ဒါဆိုရင် စာဖောင်က ဆယ်ဖောင် ဆယ့်နှစ်ဖောင်အလွန်ပါပဲ၊ မတတ်သာရင် ကျွန်တော် တို့ ညဆိုင်းခေါ်ရမှာ ပေါ့၊ လုပ်နိုင်ပါလိမ့်မယ် မသူ´´

ယဉ်သူ စိတ်လက် ပေါ့ပါးသွာကြောင်း မျက်နှာ ကြည့်ပြီး သိနိုင်လေသည်။

``စာတည်းချုပ်က အစ်ကို့အဖေ ဟုတ်ပါပြီ၊ တာဝန်ခံ စာတည်းက့ ´´

ကိုအောင်မြင် စကားတစ်ပိုင်းတစ်စနှင့် ရပ်ထားကာ အဖြေကို စောင့်သည်။

ထွန်းတိုးထွန်း ရှက်ပြုံးနှင့့် ။

``စာပေသမားစစ်စစ် တစ်ယောက် ကို ရွေးနေတုန်းပဲခင်ဗျာ၊ ကျွန်တော် ကတော့ စာတည်း အဖွဲ့ထဲမှာ တစ်နေရာ ၀င်ယူရမှာ ပေါ့´´

``စာမူ လိုက်စုဖို့ နယ်ခံလူ လိုမယ် အစ်ကို´´

``အဲဒါလဲ ဘယ်လောက် အားကိုးရပြီး ဘယ်လောက်ယုံကြည်ရမယ် ဆိုတဲ့အပေါ် မူတည် ပြီး စုလုပ်ကြရမှာ ပေါခင်ဗျာ´´

``အော့ဖ်ဆက်ကော စကားပြောပြီးပြီလား´´

``ပုံနှိပ်တိုက်နဲ့နီးရင် လုပ်ငန်းပိုပြီး အဆင်ပြေတယ် ပြောတယ်၊ အသိက ကန်တော် က လေးမှာ ဖြစ်နေတယ်ခင်ဗျာ၊ စိတ်တိုင်းကျမယ့် အော့ဖဆက်ကို ဦးစားပေးရမှာ ပေါ့´´

သူမနည်းတူ စာပေနယ်ထဲ စမ်းတ၀ါးဝါး ရောက်လာသော ထွန်းတိုးထွန်းကို ယဉ်သူ ကရု ဏာ သက်မိသည်။

``စာစီခ ပုံနှိပ်ခတွေ က ဘယ်လိုအဖိုးနှုန်းထားရှိသလဲ ယဉ်သူ´´

ယဉ်သူ သွက်လက်စွာ ရှင်းပြခိုက် ကိုအောင်မြင်က စက်ခန်းထဲ ပြန်လည်ဝင်ရောက်သွား သည်။

``လုပ်ငန်းအတွက် စရန်ဘယ်လောက့့် ´´

အလုပ်သဘောအရ စရန်ငွေ လက်ခံရယူရိုး ထုံးစံရှိသော်လည်း မကင်းရာမကင်းကြောင်း တွေ ကျတော့လည်း ဆံထုံးစိုက်ဆီစိုက်ကိန်း ကြုံရတတ်သည်သာ။

``မလိုပါဘူး အထွန်းရယ်၊ အထွန်းပဲ ဥစ္စာ´´

``ဟာ လက်ခံပါ ယဉ်သူရယ်၊အလုပ်ဆိုတာ တိတိကျကျ ရှိရင် ခင်မင်မှု ကို တိုးတက် စေပါတယ်။ ပြောပါ ထုံးစံရှိသလို ယူပါ ယဉ်သူရဲ့ ´´

သူ့ အတက်ချီကေ့စ်ကို ဖွင့်ကာ ယဉ်သူ ပြောပြမည် လဲ စောင့်သည်။

ယဉ်သူ့မှာ အင်မတန်အားနာ အနေခက်လျက် တစ်ဖက်ကလည်း သူတခြားတိုက်သို့ ပြောင်းရွှေ့မသွား ဖြစ်စေမည့်  အနှောင်အဖွဲ့ ဖြစ်နိုင်သည်ဆိုသော အတွေးက ငွေကို ယူလိုက်ပါ ဟု သွေးဆောင်နေသည်။

``ငွေသုံးထောင် ထားခဲ့ရင်၊ နည်းနေမလား ယဉ်သူ´

ကိုအောင်မြင် အပြင်ထွက်လာပြန်သည်။ သူ့လက်ထဲတွင် ဂယ်ရီဖရုဖ် ပါလာ၏ ။ ယဉ်သူက လှမ်းယူလိုက်သည်။

ထွန်းတိုးထွန်းသည် ထိုစာရွက်ရှည်ကို စိတ်ဝင်စားစွာ ကြည့်ရင်း သူကေ့စ်ထဲမှ ငွေစက္ကူ အထပ်လိုက် ဆွဲထုတ်သည်။

ကိုအောင်မြင်သည် မကြုံစဖူး ယဉ်သူ တွန့်ဆုတ်အားနာ နေသည်ကို သတိထားမိကာ မျက်စချီသည်။

ယဉ်သူက ဂယ်ရီပရုဖ်ကို ချထားလျက် ဘောက်ချာ စာအုပ်ကို အံဆွဲထဲမှ ယဉ်သူ´´

သည်တော့မှ ယဉ်သူက ကိုအောင်မြင်ကို စစ်ကူတောင်းဟန် မော့ကြည့်သည်။

ကိုအောင်မြင် ၀င်ထိုင်လိုက်ပြီး ငွေစက္ကူများ ကို သူ့ဘက်သို့ ဆွဲယူ၏ ။

``ဒီစာရွက်ရှည်တွေ က စာစီထားတာလား ယဉ်သူ´´

ယဉ်သူက ဂယ်ရီပရုဖ်ကို အထွန်းကြည့်ဖို့ ပေးသည်။

``စာစီတာက စာစီခုံမှာ ၊ ခဲစာစီတွေ နဲ့ စီတာလေ အထွန်း၊ ဒါက စာစီထားတာကို မင်သုတ်၊ စက္ကူတင်ပြီး ရိုက်ထားတာ၊ စက်နဲ့ ရိုက်တာ မဟုတ်ဘူး။ မင်ညီအောင် လက်လှိမ့်တလိမ့်တုံးနဲ့ အနှံ့ လှိမ့်ယူရတာ ၊ နောက်တော့ ယဉ်သူ ပြမယ်လေ´´

``တစ်ဖော်တို့ ဘာတို့က ဒီအရှည်နဲ့ ထွက်တာလား´´

``ဟင်အင်း မဂ္ဂဇင်းက အသေးစိတ် ပြင်ရတယ်။ စာပြင်ပြီးမှ ဖောင်ထဲ့ထည့်ရတာ ၊ အဲဒီ တော့မှဖောင်ပရုဖ်ထုတ်တာ၊အဲဒီ ကနေမှစက်ပရုဖ်ထုတ်၊ မှန်ပြီဆိုမှစက်လှည့်တာပေါ´´ ထွန်းတိုးထွန်း နားမရှင်းသော်လည်း ထပ်မမေးတော့။

``စာစီတဲ့ကောင်လေးတွေ က မဂ္ဂဇင်းဆိုရင် သိပ်မကြိုက်ချင်ဘူး။ တော် တော် နဲ့ တစ်ဖောင် မပြည့်ဘူးပေါ့။ မြိုင်မျိုးမြင့်တို့ ၀တ္ထုမျိုးဆို သူတို့ဓာတ်စာပဲ။ ရှင့့်  အမယ့့်  ကြည့့် သွား ဒါဆို လေးကြောင်းဗျ။ တစ်နေ့တစ်ဖောင် အသာကလေးပဲ။

ကိုအောင်မြင်က ငွေထုတ်တွေ ကို ယဉ်သူ့ဘက် ပို့လိုက်သည်။

``အသစ်တွေ ချည်းပဲ´´

``မဂ္ဂဇင်း အတွက် ထုတ်လာတာဗျ၊ လက်ဖက်ရည်ဖိုး ပေးထားခဲ့တယ်´´

``လက်ဖက်ရည် တစ်ပေပါဖိုးလား အစ်ကို´´

ထွန်းတိုးထွန်း ပြုံးနေသည်။

ကိုအောင်မြင်သည် သူ့ထက် အသက်ပိုငယ်သည် ထင်သော ထွန်းတိုးထွန်းကို ခင်မင်လေး စားအလို့ငှာ အစ်ကို ခေါ်သည်။ ဘယ်သူ့ ကိုမဆို အစ်ကိုခေါ်တတ်တာ သူ့ညီပင်။

အထွန်းတို့တွင် အရင်းနှီးအလို့ငှာ ငွေကြေး ပြည့်စုံကြောင်း ယဉ်သူ မှန်းဆနိုင်သည့် ။မြစ်ဝကျွန်းပေါ် မြို့ကလေးတုန်းကတည်းက အထွန်းတို့အပြင် ကားစီး နိုင်သူဟာ ဦးစိန်ဝှာနှင့် ဦးကျင်စိမ်း တို့သာ ရှိခဲ့သည်။ ယခုဆိုနန်းအိ အပြောအရ အထွန်းသည် ကရိုလာ ကိုယ်တိုင် မောင်းလာနိုင်သူ ဖြစ်နေပြီး။ ဘယ်လိုပဲ ဖြစ် ဖြစ် မကျွမ်းမကျင် ကယောင်ကတမ်း ဖြစ်နေသောု အထွန်းကို ယဉ်သူက အစွမ်းကုန် ကူညီချင်နေမိသည်.။

မိုးသံကျဲပါးစ ပြုလေပြီ။

``ဆရာခေါင်းဖြူ လာတယ် အစ်မ´´

အနီးနား နန်းအိရှိနေကြောင်းကို အသံပြုလိုက်မှပဲ ယဉ်သူသတိရတော့သည်။

``မသူ၊ မိုးမိုးအေးနဲ့ ငိုက်များ နေကြသလားလို့၊ အလုပ်အကိုင် ကောင်းနေတာကိုး၊ ဒါဆို လက်ဖက်ရည် သောက်ရဦးတော့မှာ ပေါ့´´

အထွန်းသည် ယဉ်သူ ရေး ပေးသော စရန်ငွေ လက်ခံဘောက်ချာကို ဒိုင်ယာရီအနက်ကြား တွင် သေချာထည့်သည်။

``သောက်ရမှာ ပေါ့ ဆရာ၊ မိုးထဲလေထဲ ဆရာရယ်´´

ယဉ်သူက နန်းအိအား လက်ညှိုးတစ်ချောင်း ထောင်သည်။ ဓာတ်ဘူးထဲမှာ လက်ဖက်ရည် ကုန်နေလေပြီ။

နန်းအိက ဖြတ်ခနဲထကာ တိုက်ရှေ့ထွက်သွားပြီး မျက်စောင်းထိုး လက်ဖက်ရည်ဆိုင်သို့ လက်ခုပ်တီးနေ၏ ။

``မောင်သော်က ဆောင်းပါးရလာလို့ဗျာ၊ သစ္စာ မောင်မောင် အခန်းဆက်ပြီးရင် ဖောင်ပိတ်နိုင်ပြီ၊ အဲဒါ ကတော့ မေ့စေ့အောက် ဒေါက်ထောက်ပြီး မျှော်ရဦးမှာ ပေါ့၊ အခု နှစ် မျက်နှာ ပဲရလာတယ်၊တော် ပြီဗျာ စာမူ စဆုံးရမထားရင်၊ အခန်းဆက် မထည့်ဖို့ စာတည်းချုပ်ကို ပြတ်ပြတ်သားသား တောင်းဆိုမှ ဖြစ်တော့မယ်´´

ဦးမင်းဦးသည် သူ့ထီးကိုပိတ်ကာ တံခါးအပြင်ဘက်မှာ ထောင်မည် ပြုသည်။

``အထဲယူခဲ့ဆရာ၊ ပျောက်မယ်၊ အခန်းထောင့်က ရေပုံးမှာ ထည့်´´

သူ့ဦးခေါင်းမှာ ဆံပင်ဆွတ်ဆွတ်ဖြူနေသည်။ မျက်နှာမှာ မူ အရေး အကြောင်း မထင်သေးဘဲ နုပျိုဆဲ ဖြစ်သည်။ အရပ်ရှည်ပြီး အတော် ကြီး ပိန်ပါးသဖြင့် ကလန်ကလားကြီး ဖြစ်နေသည့်အထဲ မိုးအန္တရာယ်ကြောင့် ပုဆိုးကို ခြေသလုံးတစ်ဝက်အထိ မြှင့်ဝတ်ထားသေးသည်။မိုးမရွာလည်း ပုဆိုး ကတော့သည်ထက် မဆိုစလောက်သာ ရှည်သည်။

``သုံးရာသီ မဂ္ဂဇင်းရဲ့ တာဝန်ခံစာတည်း ဦးမင်းဦးတဲ့ အထွန်း´´

ယဉ်သူက မိတ်ဆက်ပေးသည်။

``အသစ်ထုတ်ဝေမယ့် ဖက်ဖူးရောင် မဂ္ဂဇင်းက ထွန်းတိုးထွန်းပါ ဆရာ´´

ထွန်းတိုးထွန်းက မတ်တတ်ရပ်ကာ လက်ဆွဲနှုတ်ဆက်လျက် လေးစာပါတယ် ဆရာဟု ဆိုသည်။

``ကြားတယ်ဗျ၊ ဘယ်သူတွေ နဲ့ လက်တွဲလုပ် ဖြစ်မလဲလို့ ကျွန်တော် တို့ နားစွင့်နေ ကြတယ်´´

ဦးမင်းဦး အနီးရောက်လာသည်နှင့် လေကလည်း အဝှေ့လိုက် မို့ထင်ပါရဲ့ ။ အသူရာ ရနံ့ ထောင်းခနဲ ပျံ့လွင့်လာသည်။

``ကျွန်တော် အင်အားရှာဖွေ စုစည်းတုန်းပါပဲ ဆရာ´´

``စာမူတွေ စုနေပြီလား၊ စူပါ တွေ ဆီ တန်းစီရမှာ နော်အဟဲ´´

``ပြောရတာ တောင် ရှက်စရာပဲ၊ စာမူလဲ လက်ထဲကိုတစ်ခုမှ မရောက်သေးပါဘူး။ စာသန့်သန့်ကိုစာမူခကြိုတင်ပူဇော်ပြီးတောင်းယူဖို့ ကျွန်တော် ရည်ရွယ်ပါတယ် ဆရာ”

ဦးမင်းဦး မျက်နှာတည်ကြည်သွားကာ ပထမအ ဖြစ်ထွန်းတိုးထွန်းကို လေးလေးနက်နက် ကြည့်သည်။ ကိုအောင်မြင်ကိုလည်း သူတို့ချင်း နားလည်သော အဓိပ္ပာယ်ပါသော အကြည့်နှင့် ကြည့်သည်။

“အင်း…”

အတော် ကလေး နက်ရှိုင်းတာသွားသော အင်းရှည်ကြီး ဖြစ်၏ ။

“စာမူသန့်သန့်ကို တောင်းရတာ စိတ်ရှည်ရတယ်၊ အရည်အချင်းမီလေ၊ အရေအတွက်နည်း လေ”

“ဟုတ်ကဲ့၊ ကျွန်တော် ဒါလောက်တော့ မှန်းဆထားပါတယ်၊ စက္ကူရမှတော့ အခြေခိုင်နေပြီ ပဲခင်ဗျာ၊ စရိတ်စကကာမိပြီ သူ့ဘာသာ လည်ပတ်သွားမယ်ဆိုရင် စာအုပ်ထုတ်ရကျိုးနပ်မှာ ပါ”

ဦးမင်းဦးခေါင်းတဆတ်ဆတ်ညိတ်၏ ။

“ခံယူချက်ကိုလေးစားသွားပြီဗျို့ ဆက်လုပ် ၊ ဆက်လုပ် ’’

ပြောလည်းပြောရင်း ကိုအောင်မြင်လက်သို့ စာမူလှမ်းပေးလိုက်သည်။

“သစ္စာမောင်မောင် စာမူ ကတော့ ခြစ်ရာ ဖျက်ရာတစ်ထောင်နဲ့ဗျာ၊ မောင်အောင်မြင်မှပဲ စိတ်ရှည်မယ်။ ကျုပ်ဖြင့် စာတစ်ကြောင်းဖတ်ရင်း အကြိမ်တစ်ရာ ဆဲရင်းနဲ့ အကုသိုလ်များ လွန်းလို့”

ကိုအောင်မြင်က စာမူတွေ ကို ဖြန့်ကြည့်ရင်း နေရာမှ ထ၏ ။

“မောင်သော်က လက်ရေး ပဲ”

“ဟုတ်တယ်လေ၊ ကိုယ်တော် သစ္စာဆီ ကတော့ အပြီးမရလာဘူး”

ကိုအောင်မြင်က ယဉ်သူ့ထံ ဂယ်ရီပရုဖ် နောက်တစ်ရွက်ထပ်ပေးသည်။

“ကျွန်တော် ဖောင်သွင်းလက်စမို့ မသူဖတ်ထားပါဦး”

ကိုအောင်မြင်စက်ခန်းထဲ ၀င်ရောက်ပျောက်ကွယ်သွားသည်။

ထွန်းတိုးထွန်းက ဦးမင်းဦးကိုရော ယဉ်သူ့ကိုပါ ခြုံငုံနှုတ်ဆက်သည်။

“ကျွန်တော့် ကိုပြန်ခွင့်ပြုပါ”

“အိုကေ အိုကေ၊ ဆုံကြသေးတာပေါ့”

ဦးမင်းဦးက လက်ပြနှုတ်ဆက်သည်။

ယဉ်သူက ခေါင်းကလေး ဆတ်ပြရင်း ကျောခိုင်းထွက်ခွာသွားသော ထွန်းတိုးထွန်းကို အငေးသားကြည့်လျက်ကျန်ရစ်သည်။

တိုက်တံခါးဝတွင် သူသည် လက်ဖက်ရည်လာပို့သော လူငယ်ကလေးနှင့် ဆုံမိကာ ခေတ္တ ဘေးကပ်ပေးရသည်။

တစ်စုံတစ်ရာကို သတိရကာ သူလည်ပြန်ကြည့်၏ ။

ယဉ်သူ့အကြည့်ခိုးကလေး ပက်ပင်းမိသည်။

“ဘယ်ပုံနှိပ်တိုက်မှာ ရိုက်နှိပ်မယ်ဆိုတာ လက်မှတ်ထိုး ရမယ်လို့ ပြောတယ်”

“ဟုတ်”

“ထုံးစံပဲ၊ ထုံးစံပဲ၊ ၀တ္တုတင်ရင်လဲ ဘယ်ထုတ်ဝေသူနဲ့ဘယ် ပုံနှိပ်တိုက်နဲ့ရိုက်မယ်ဆိုတာ တင်ပြီးမှ စက္ကူလျှောက်ရတယ်၊ နောက်ပိုင်းတော့ ၀တ္ထုအတွက် စက္ကူမရတော့ပါဘူး”

ဦးမင်းဦးက ၀င်ရောက်ရှင်းပြသည်။

“မဂ္ဂဇင် အဟောင်းတွေ တောင် ပုံနှိပ်တိုက် ပြောင်းချင်ရင် မနှိပ်တော့ပါဘူးဆိုတာ၊ အဟောင်းနဲ့ လက်မှတ်ထိုးပြီးမှ အသစ်နဲ့တစ်ခါ လက်မှတ်ထိုးရတာ ”

သူ့ဘာသာ အတွေးပေါက်ကာ တဟားဟား ရယ်၏ ။

“ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုတော့ ဇနီးဟောင်းနဲ့တရားဝင် ကွာရှင်းပြတ်စဲပြီးမှ နောက် တစ်ယောက် နဲ့ လက်မှတ်ထိုး လက်ထပ်ခွင့် ရသလိုပါပဲဗျား”

ထွန်းတိုးထွန်း ပြုံးပြုံးရယ်ရယ် ထွက်ခွာသွားသည်။ ဦးမင်းဦးသည် လက်ဖက်ရည်ပန်းကန် ကို ကောက်ကိုင်ရင်း ကားစက်နှိုးသံ ကားထွက်သွားသံကို နားစွင့်နေသည်။

ဦးမင်းဦးထံမှ အရက်နံ့ ရပါလျက် လက်ဖက်ရည်လည်းသောက်တာပါပဲလား ဟုနန်းအိ အံ့သြကာနေသည်။ အယစ်ပြေသွားနိုင်သည်ဟု နန်းအိ မှန်းဆကြည့်၏ ။

ဦးမင်းဦး ကတော့ ယဉ်သူ စတင်ဖတ်ရှုသော ဂယ်ရီပရုဖ်ကို ကဲမိုး ကြည့်ရှုသည်။

“စာပြင်ဆရာ မလာဘူးလား မသူ”

“အလုပ်ရသွားလို့ ဆရာ”

“အစိုးရ၀န်ထမ်း အလုပ်လား”

“ဟုတ်”

ဦးမင်းဦးက နှမြောတသဟန် စုတ်သပ်၏ ။ ဘွဲ့ရ တစ်ယောက် အတွက် စာပြင်ဆရာအလုပ် သည် သေးသိမ်သည်ဟူသော ယဉ်သူ့ စာပြင်ဆရာ၏ အယူအဆနှင့် ဦးမင်းဦး၏ ရှု့ထောင့် ကွာဟနေဟန်တူလေ၏ ။

သုံးထပ်တိုက်လှေကားအတိုင်း တက်လာရသည်မှာ အပေါ်နားရောက်လေ ခြေကုန်လက် ပန်းကျလေပင်။

ယဉ်သူက လက်ရမ်းသံပိုက်လုံးကို အားပြုဆုပ်ကိုင်ကာ ခဏရပ်နားသည်။

နောက်ကြောင်းပြန်လှည့် ကြည့်သော အခါ လှေကားရင်းဝင်ပေါက်မှသာလျှင် နေ၏ အလင်းရောင် ကို မြင်ရသည်။

လျှပ်စစ်မီး ဖွင့်မထားလျှင် လှေကားတောက်လျှောက်မှော င်ပိန်းနေပေမည် ။

အတက်အဆင်း ပင်ပန်းလှသဖြင့် ဒေါ်မွှေးကြူပင်လျှင် တစ်ပတ်နေလို့ တစ်ခေါက်မဆင်း ဖြစ်ဘဲ၊ အိမ်တွင်းအောင်းရသည်။ သူမ၏ နှလုံးသွေးကြောကျဉ်းသော ဝေဒနာကြောင့်ပင်ပန်းမှု ဒဏ် ကို ခံနိုင်ရည်မရှိ။

ယဉ်သူတို့ အိမ်ခန်းတံခါးဖွင့်သံ ချောက်ခနဲကြားကာတံခါးဟလာသည်။

နန်းအိ။

နန်းအိ၏ လက်ထဲတွင် တစ်လုံးချိုင့်ကလေး ကိုင်ထားသည်။

ဒေါ်မွှေးကြူအတွက် လက်ဖက်ရည်သွားဝယ်ဖို့ ဖြစ်သည်။ ဆိုင်ဖျော်ကိုမှ နှစ်သက် သော သူမသည် နန်းအိကို တစ်နေ့လေးငါးခေါက် လက်ဖက်ရည်ဆိုင် လွှတ်လေ့ရှိလေသည်။

“ဘာမှာ ဦးမလဲ အစ်မ”

ညနေစာကို ထမင်းမစားချင်တတ်သော ယဉ်သူ့ အလေ့အထကို နန်းအိက အလိုက်သိစွာ မေးသည်။

ယဉ်သူ ခေတ္တ တွေ ဝေစဉ်းစားသည်။

ညနေစာအ ဖြစ် ကြက်အသည်းအမြစ် ပြုတ်ကြော် လုပ်ထားသည်။ ကြက်ရိုးပြုတ်ရည်တွင် ပဲကြာဆန်နှင့် မှိုခြောက်ပန်းခြောက်ခပ်ထားသည်။ လူမမာစားရန် သင့်လျော်အောင်ချက်ပြုတ်စီမံ ထားရသည်။

“ငါ့အတွက် ရှောက်သီးသုတ်ဝယ်ခဲ့”

“ရွှေဇီးကွက် သွားဝယ်ခဲ့မယ်နော်”

“လမ်းထိပ်တင်ပဲ ၀ယ်ပါဟယ်၊ တော် ကြာ မိုးချုပ်တောင်ပြန်ရောက်မှာ မဟုတ်ဘူး”

နန်းအိက ယဉ်သူ့အနီးသို့ ရောက်လာသည်။

“အဖေကြီး အတွက်လဲ ပန်းသီးသွားဝယ်ပေးရဦးမှာ အစ်မရဲ့ ”

“ကုန်နေပြီလား”

“အမေစားပစ်တာ”

“ဒါဖြင့်လဲ ကြွ၊ သြော်… ပိုက်ဆံပါရင် စပတ်ကလင်နှစ် ပုလင်း ၀ယ်ခဲ့ဦး၊ ဧည့်သည်တိုက်ဖို့”

ဇောင်းကလွှတ်သော မြင်းနှယ် နန်းအိ သွက်သွက်ကလေး ပြေးဆင်းသွားသည်။ ဘယ်ဧည့် သည်လာမလဲ စပ်စုမသွားသည့်အတွက် ယဉ်သူမလုံမလဲ သက်ပြင်းချရစ်၏ ။

သည်အချိန် စာစီသမားကလေးတွေ အပြန်နှင့် တိုက်နေသည်ဟု သတိရသော်လည်း နန်းအိကို အခါခပ်သိမ်း ချုပ်ချယ်မထားနိုင်ပေ။

နန်းအိ စေ့သွားသော ဘာဂျာတံခါးနံဘေး အုတ်နံရံမှာ ထွင်းမြှုပ်ထားသော အမည် ဆိုင်းဘုတ်ကို ယဉ်သူ မျက်နှာချင်းဆိုင် ဖြစ်သည်။

ဦးကျင်စိမ်း။

အတူနေလာကြတာ ငါးနှစ် တိုင်ခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ သူသည် ယဉ်သူ့ အတွက် လူစိမ်း တစ်ယောက် သာ ဖြစ်သည်။

သူ့အရိပ်အာဝါသမှာ မှီခိုပြီးလူသက်တောင့်သက်သာ ချမ်းသာ ကုလုံလင့်ကစား ယဉ်သူ့ ဘက်မှလည်း ဘ၀၏ ပျိုမျစ်သန့်စင်ခြင်းနှင့် စိတ်ကူးယဉ်မျှော်လင့်ချက်တွေ ဆုံးရှုံးခဲ့ရသည်။

အပေးအယူရှိသည်ဟု ယဉ်သူက ယူဆတာမို့ မောင်မင်းကြီးသား ကျေးဇူးတွေ ပါပဲအေဟု ဒေါ်မွှေးကြူ ဘာမဆိုအမွှမ်းတင်သလိုတော့ ပနံ ပြူမနေ ဖြစ်။

အိမ်ထဲမှ ဗွီဒီယိုပြသံသဲ့သဲ့ ကြားနေရသည်။

တံခါးတွန်းဖွင့် ၀င်လိုက်သော အခါ ဘေးစောင်းနေရာလောက်တွင် ထိုင်ပြီး ဗွီဒီယိုကြည့်နေ သော ဒေါ်မွှေးကြူကို တွေ့ ရ၏ ။

“မိကျောင်းစုန်းတဲ့အေ့၊ မလေးရှားစုန်းကား၊ ထမင်းစားပြီးရင် ကိုကျင်စိမ်း တရားခွေ နားထောင်မယ် ဆိုတာနဲ့ ငါ့ဇာတ်ကားကို အခုကြည့်နေရတာ အေ့”

သံတံခါး ပြန်ပိတ်ခဲ့သည်။

တစ်နေ့တခြား အသားတွေ တိုးပြီး အဆီတွေ အစ်လာသည့် ဒေါ်မွှေးကြူကို ယဉ်သူ အဖြေပေးမနေတော့ဘဲ ၀ရန်တာဆီသို့ လျှောက်ခဲ့သည်။

ဦးကျင်စိမ်းသည် သုံးပေလောက် ကျယ်သော ၀ရန်တာတွင် ယိုးဒယားပက်လက်ကုလား ထိုင်နှင့် ထိုင်ကာ ယဉ်သူဝင်လာတာကို ကြည့်နေသည်။

ဆီးချို ရောဂါ ဖိစီးမှု ကြောင့် သူ၏ လက်ဝဲဘက်မျက်လုံးပျက်သွားပြီး ဖြစ်သည်။ ယဉ်သူနှင့် ရပြီး နှစ် နှစ် အတွင်းထိုမျက်လုံးတွေ က တောက်လျှောက်ဒုက္ခပေးခဲ့သည်။ ကျန်ရစ်သော လက်ယာ ဘက်မျက်လုံးတွင် လည်း တိမ် ဖြစ်လျက် ခွဲစိပ်ကုသသည့်တိုင်တစ်တောင် အကွာထက်ပိုပြီး အမြင် မသဲကွဲတော့ပေ။

သွေးထဲ သကြားဓာတ်သိပ်တက်ပြီး ကိုမာဝင်သွားစဉ်က ပြန်မရတော့ဘူး ထင်မှတ်ခဲ့သည်။ ဆေးရုံကြီးတွင် တစ်လနီးပါး အကြိတ်အနယ်ကုခဲ့ရလေသည်။ ဆေးရုံမှ ဆင်းလာနိုင်ခဲ့သည့်တိုင် နဂိုအခြေအနေ ပြန်မရတော့။

“ပြန်လာပြီလား ယဉ်သူ”

မျက်စိမကောင်းသော ကြောင့်ပင် ဦးကျင်စိမ်းသည် ပိုပြီးနားပါးလာလေသည်။

“ပြန်လာပြီ အစ်ကိုကြီး”

“ဒီနေ့ မီးမပျက်တော့ အလုပ်တွင် မှာ ပေါ့၊ အလုပ်သမား တွေ စုံရဲ့ လား”

“စုံပါတယ်၊ စာပြင်ဆရာ မရသေးတာနဲ့ ယဉ်သူပဲပြင်လိုက်တယ်၊ စိတ်တိုင်းကျတဲ့လူကိုမှ ခေါ်ပါလို့ ပြောထားတယ်”

ဖိုမင်ကိုပြောထားကြောင်းရှင်းပြစရာမလိုလောက်အောင်ပင် ကိုအောင်မြင်က သည်ပုံနှိပ် တိုက်တွင် အရေး ပါနေသည်။

တကယ်တော့လည်း မြမဉ္ဇူနှင့် အကြာဆုံးဒိုးတူပေါင်ဖက်လုပ်ကိုင်လာခဲ့သူမှာ ကိုအောင်မြင် ဖြစ်သည်။

ဦးကျင်စိမ်းက သူ့ညီကွယ်လွန်သွားမှသာ သည်လုပ်ငန်းကိုခယ်မထံမှ တောင်းသည့်ဈေး ပေးပြီး ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။ ဇာတိမြို့ကိုစွန့်ခွာကာ ရန်ကုန်မှာ လာရောက် အခြေစိုက်လိုက် သည်မှာ လည်း၊ ဒုတိယအိုးအိမ်ထူထောင်သည်ကို သားကြီး သမီးကြီးတွေ က ဆန့်ကျင်ကန့်ကွက် ရင်း၊ ထင်သည်ထက်ပိုပြီး ပြဿနာကြီးခဲ့ခြင်းကြောင့်ပင်တည်း။

ကိုအောင်မြင်၏ ဖခင်သည် အလုပ်ရှင်၏ လက်ကသုံးတောင်ဝှေး သဖွယ် အားထားရသော ဖိုမင်းကြီး ဖြစ်သည်။ ဖခင်၏ လက်စလက်နကို ထပ်ကြပ်မီသော ကိုအောင်မြင်သည် သူနှစ် ဆယ့်သုံး နှစ် အရွယ် ဖခင်သေဆုံးပြီးသည့် နောက်တွင် တရားဝင်ဖိုမင်းရာထူး ဆက်ခံခဲ့ပေသည်။

ဗြုန်းဒိုင်းဆို ကိုအောင်မြင်၏ ဖခင်သေဆုံးသွားသော အခါ ဦးကျင်စိမ်း၏ ညီက ကိုအောင် မြင်ကို စိတ်ချယုံကြည်စွာ အားကိုးခဲ့သည်။ အစမှာ တော့ ဦးကျင်စိမ်းသည် ကြားဖူးနားဝ နှင့် ဖိုမင်ဆိုတာ အသက်အရွယ်ကြီးရင့်မှ လုပ်ငန်းပိုင်နိုင်ကျွမ်းကျင်မည် ယုံမှားခဲ့သေးသည်။

သို့ သော်လည်း ဦးကျင်စိမ်းသည် စာပုံနှိပ်လုပ်ငန်းမလုပ်ဖူးခဲ့သည့်တိုင် စီးပွားရေး အရာမှာ ပါးနပ်လိမ္မာသည်။

မကြာမြင့်လှသော ကာလအပိုင်းအခြားအတွင်းမှာ ပင်အလုပ်ဆက်သွယ် လာသူတွေ သည် ကိုအောင်မြင်၏ နာမည် ကိုသာ ဦးတည်လာရောက်သည်ကို သူသတိပြုမိလာ၏ ။

သူ့ကျန်းမာရေး အခြေအမေအရ သည်သုံးထပ်တိုက်ကိုပင်တွဲ သူမပါဘဲ မဆင်းနိုင် မတက်နိုင်တော့သော အခါ တိုက်ပိုင်ရှင်အမည် ကို ယဉ်သူ့အမည် သို့ ဦးကျင်စိမ်းမှ လွှဲပြောင်းပေးခဲ့ သည်။

ဒေါ်မွှေးကြူလိုဗွီဒီယိုနှင့် အပျင်းမဖြေနိုင်သော သူသည် တရားခွေ နားထောင်ခြင်းဖြင့်သာ အချိန်တွေ ပျင်းရိစဖွယ်ကုန်ဆုံးရလေတော့၏ ။

“ဒီမှာ မရှုမေဆီကစာ အစ်ကိုကြီး”

ယဉ်သူ့ နံဘေးတွင် ခွေးခြေကလေး ဆွဲကာထိုင်ပြီး၊ စာတစ်စောင်ကို သူ့မျက်လုံးနား ထောင်ပြသည်။

မျက်မှန်တပ်လျှင် ကြိုးစားပြီး စာဖတ်နိုင်သော်လည်း “ဖတ်စမ်းပါဦးယဉ်သူ၊ ဒီကောင်မက ရေး ခဲတယ်”

“စာအိတ်ထောင့်မှာ နာမည် ထိုးထားတယ် အစ်ကိုကြီး သူ့လက်ရေး ကိုလည်း ယဉ်သူသိ ပါတယ်”

ယဉ်သူက စာအိတ်ထောင့်မှ ဆွဲဖြဲကာ စာရွက်ခေါက်ကို ထုတ်လိုက်သည်။ သူမ၏ ကလေး တစ်ယောက် ယောက် ၏ ကျောင်းစာအုပ်ထဲမှ ဆွဲထုတ်ထားလေဟန် မညီမညာ ဖြစ်နေ သည့် စာရွက်ကိုဖြန့်လိုက်၏ ။

“အပါးရှင့် …”

အပါးအတွက် ၀တို့ ယတြာချေကုသိုလ်ကောင်းမှု ပြုပြီး လပြည့်နေ့က ငါးသက်စေ့ လွှတ်ကြတယ်။ အပါးဇာတာညံ့နေတုန်းပဲလို့ တွက်ကြလို့ ၀တို့မောင်နှမတွေ စိတ်ပူနေပါတယ်။

ဝတို့ သားသမီးတွေ ကတော့ အပါးပြန်လာစေချင်တယ်။ ၀တို့ အနီးကပ် ပြုစုချင် တယ်။ အပါးပြန်လာမယ်ဆိုရင် ကျင်တိတ်လာကြိုမှာ ပါ။ မြေးတွေ ကလဲ အဖိုးကိုမေးကြတယ်။

အပါးစိတ်ကူးမလွဲပါနဲ့ ၀တို့ကို သနားရင်ပြန်လာစေချင်တယ်။ အပါးအကြောင်းပြော ရင်း သားသမီးတွေ မကြာခဏမျက်ရည်ကျရပါတယ်။

အပါးပြန်လာမယ်ဆိုရင် စာရေး ပါ။ ကျင်တိတ် ဆက်ဆက် ချက်ချင်း လာပါလိမ့်မယ်။

အပါး အမြန်ဆုံး ကိုယ်စိတ်နှစ် ဖြာ ကျန်းမာချမ်းသာပါစေ။

ရှုမေ

ကျင်တိတ်ဆိုသည်က ဦးကျင်စိမ်း၏ သားထွေး ဖြစ်သည်။

“ကလေးတွေ က တယ်ခက်တာပဲကွယ်”

ဦးကျင်စိမ်းသည် စာရွက်ကို ပြန်ခေါက်ကာ အိတ်ထဲထည့်နေသော ယဉ်သူ့ကို အားတုံအား နာ ဖြစ်နေသည်။

“ဒါ ကတော့ အဖေနဲ့ မခွဲမခွာနေချင်မှာ ပေါ့ အစ်ကိုကြီးရယ်၊ ယဉ်သူ နားလည်ပါ တယ်”

“မခွဲမခွာနေဖို့ကြိုးစားတာပဲ မဟုတ်လားကွယ်၊ သူတို့က ခါးခါးသီးသီး ဆက်ဆံရိုင်းပျကြ တာကိုး”

စာအိတ်ကလေးကို ဦးကျင်စိမ်းလက်ထဲထည့်ပေးသည်။

“စာထဲမှာ ယဉ်သူ့နာမည် မပါလို့ အစ်ကိုကြီးစိတ်မကောင်း ဖြစ်နေတယ်ထင်ထယ်၊ ကိစ္စမရှိ ပါဘူး အစ်ကိုကြီးရဲ့ ၊ သူတို့အမေနေရာကို ၀င်ယူတဲ့မိန်းမကို ဘယ်ကြည်ဖြူပါ့မလဲ။ ဒါ လောက သဘာဝပဲ”

ယဉ်သူက သာမန်အတိုင်း ခပ်သြသြအသံကလေးနှင့် ခပ်သွက်သွက်ပြောသည်။

ဦးကျင်စိမ်းက ချစ်ခင်ယုံစားစွာ သူမ၏ လက်ကလေးကိုဖမ်းဆုပ်ထားသည်။

“ယဉ်သူဟာ အစ်ကိုကြီးရဲ့ အဖေါ်ကောင်းကလေးပါကွယ်၊ ယဉ်သူ့ကို ယူမိတဲ့အတွက် အစ်ကိုကြီးဘက်က အမြတ်ချည်းပါပဲ၊ ကလေးကို အစ်ကိုကြီး သနားတယ်၊ ချစ်တယ်၊ အားကိုး တယ်”

သူ သဲသဲကွဲကွဲ မမြင်နိုင်တာမို့ ယဉ်သူက ညှိုးလျသော မျက်နှာကို မပူရုပ် အမူလုပ်ကာ ပြုံးဖို့ကြိုးစားမနေတော့။

ဦးကျင်စိမ်း၏ သားသမီးများ ခါးခါးသီးသီးဆက်ဆံရိုင်းပျကြပုံကို ယဉ်သူ ဘယ်မေ့ပါ့မလဲ။

လူကြီးစုံရာနှင့် လာမြန်းသည့်နေ့။

ထိုနေ့က ဒေါ်မွှေးကြူတွက်ချက် ရွေးချယ်ထားသည့်အရောင် အတိုင်း ယဉ်သူက ခရမ်းပြာ ပိုးပျော့သားတစ်ဆင်စာကို ၀တ်ဆင်ခဲ့သည်။ ဆံပင်တို့ကို စုသိမ်းကာ ဆံထုံးတုကပ်ပြီး စံပယ်ပွင့် တွေ ပန်ဆင်ထားသည့်တိုင် နှစ် ဆယ်အောက်အသက်အရွယ် ပျိုမြစ်ခြင်းကိုတော့ မဖုံးကွယ်နိုင်ခဲ့ ပေ။

ဒေါ်မွှေးကြူက ယဉ်သူပြင်ဆင်ဖို့ နီလာတစ်ဆင်စာငှားချင်သည်။ ယဉ်သူက အငှားအရမ်း ပစ္စည်းနှင့် အလှမပြင်ချင်တာကတစ်ကြောင်း၊ လက်ဝတ်လက်စား မပါဘဲလည်း ပြည့်စုံသော သူမ၏ အလှကျက်သရေကို ယုံကြည်တာကတစ်ကြောင်း၊ ဒေါ်မွှေးကြူ၏ ဆွယ်တရားကို နားမ၀င်ဘဲ ပယ်ချသည်။

ဒေါ်မွှေးကြူက စကားကြောင်းပေးတာကို ပါးနပ်သော ဦးကျင်စိမ်းက ရိပ်မိကာ မကြောင်း လမ်းမီ ညနေမှာ ဒေါ်မွှေးကြူလက်ထဲသို့ ပုလဲတစ်ဆင်စာ လာထည့်သွား၏ ။

ပြောဆိုစေ့စပ်ပြီးစီးကြ၍ နှစ် ဘက်လူကြီး ရပ်မိရပ်ဖများ လက်ဖက်ရည်နှင့် မုန့် သုံးဆောင် ခိုက်ဝယ် မရှုမေတို့ညီအစ်မ ရုတ်တရက်ရောက်ရှိလာကာ စေ့စပ်ပွဲရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။

လူကြီးတွေ ဇွတ်တားမြစ်ကာဆီးကြသဖြင့် ယဉ်သူတို့အိမ်ထဲအထိ သူတို့ညီအမ ရောက်မလာနိုင်။

သို့ သော် ယဉ်သူဆင်မြန်းထားသော ပုလဲသွယ်တွေ ဟာခိုးရာပါဟု စွပ်စွဲသည်။ ပစ္စည်းယူ လူလည်းကြံသည်ဟု ပစ်ပစ်ခါခါ ဆဲရေး သည်။

အားလုံးက ၀ိုင်းဝန်း တောင်းပန်ကြစဉ် ယဉ်သူအပြင်းအထန် စဉ်းစားရသည်မှာ ဤချိုးနှိမ်မှု မျိုးကို ရေရှည်ခံယူနိုင်မလား။

ဒေါ်မွှေးကြူ၏ မျက်ရည်လည်ရွှဲ မျက်နှာကပင် အဆုံးအဖြတ်ပေးပြန်လေသည်။

ဧည့်သည်တွေ ပြန်သွားကြသော အခါ ဧည့်ခန်းတွင် ယဉ်သူနှင့် ဦးကျင်စိမ်းသာ ကျန်ရစ်၏ ။ ဒေါ်မွှေးကြူသည် မီးဖိုချောင်နှင့် အိမ်ခန်းဘက် ဟိုသွားသည်လုပ်နှင့် မလှမ်းမကမ်းမှ အကဲခတ်နေ သည်။

လက်ဝတ်တစ်ဆင်စာကို ဖြည်းဖြည်းချင်းချွတ်ကာ စက္ကူအိတ်ကလေးတွင် ထည့်ပြီး သူ့နံဘေးစားပွဲပေါ်မှာ ချပေးသည်။

“ဦး ပြန်ယူသွားဖို့”

အကျင့်ပါနေသည့်အတိုင်း `ဦး´ဟု လွှတ်ခနဲခေါ်မိသည်။

ဦးကျင်စိမ်းသည် စိတ်ပူပန်ခြင်းကြီးစွာ ဖြင့် ယဉ်သူ့အရိပ်အကဲကိုကြည့်နေရာမှ ထိတ်ထိတ် ပျာပျာ ဖြစ်သွားသည်။

“ဘယ့်နှယ် ယဉ်သူရယ်၊ ဘာလို့ ယူသွားရမလဲ၊ ယဉ်သူ့အတွက် အစ်ကိုကြီးရဲ့ လက်ဆောင်ပါကွယ်”

“အဲဒါ မပေးပါနဲ့ အစ်ကိုကြီး၊ ယဉ်သူ မလိုချင်ပါဘူး။ အစ်ကိုကြီး ဇနီးရဲ့ ပစ္စည်းတွေ ဆို တော့ သမီးတွေ နှမြောမှာ ပေါ့၊ သူတို့ ရထိုက်ပါတယ်”

“မဟုတ်တာပဲ ယဉ်သူရယ်”

ယဉ်သူက သူ့ကို စေ့စေ့ကြည့်သည်။

“ယဉ်သူတို့ လက်ထက်ပြီးရင် တခြားတစ်နေရာ ပြောင်းရွှေ့သွားကြရအောင်”

ဦးကျင်စိမ်းသည် မလုံမလဲ ပြုံးသည်။

“ယဉ်သူ စားထားနှင့် သည်ဟု သိလိုက်သည်။ သူ့ ရောဂါ မှာ ၊ အစာကို အတိုင်း အတာ ပုံစံ တွေ နှင့် စားသောက်ရန်လိုအပ်သည်။ သို့ သော်၊ အစာကြူးသော ဦးကျင်စိမ်းသည် ရှောင်ရန်အစား များ ကို တစ်မျိုးပြီးတစ်မျိုး ခိုးစားသည်။ အပြင်ထွက်ချင်သော နန်းအိနှင့် တော့ အ၀ယ်တော် အလုပ် က သည်းခြေကြိုက် အံကိုက်ပင် ဖြစ်နေသည်။”

“မင်ပုံးတွေ ရပြီလား ယဉ်သူ”

သူစကားလွှဲသည်ကို ယဉ်သူအလိုက်သင့် ဖြေလိုက်တော့သည်။

“ရပါတယ်၊ စက်ဆရာအသစ်ရဲ့ မင်စပ်တဲ့အချိုးက မညီလှဘူးထင်တယ်၊ အစွန်းတွေ များ လို့ စက္ကူအတော် လေသွားတယ်”

“စက်အထာ မကျွမ်းသေးတော့ ဖြန့်လုံးတွေ ကို အရွှေ့အံမကိုက်သေးတာလဲ ပါမှာ ပါ ယဉ်သူရယ်”

ယဉ်သူသည် အိမ်ထဲဝင်ခဲ့တာ အ၀တ်လွှားစင်ပေါ်မှ ဦးကျင်စိမ်း၏ ဖလန်နယ် အနွေးထည်ကို ယူခဲ့သည်။

“အေးလာပြီ အစ်ကိုကြီး၊ အနွေးထည် ၀တ်ထားဦး”

“အေး အေး”

ယဉ်သူ အ၀တ်လဲပြီး ထွက်အလာတွင် နန်းအိပြန်အရောက်နှင့် ဆုံသည်

တံခါးခေါင်းလောင်းနှိပ်သံကြောင့် ချောင်းကြည့်ပေါက်မှ စစ်ဆေးကာ တံခါးဖွင့်ပေး လိုက်လေသည်။

“နန်းအိ၊ ဦးကျင်စိမ်း ၀ယ်ခိုင်းတိုင်းဝယ်ပေးမနေနဲ့နော်၊ စေတနာက ဝေဒနာ ဖြစ် သွားလိမ့်မယ်”

နန်းအိကမျက်လုံးပေကလပ် ပေကလပ်နှင့် တံခါးပြန်ပိတ်နေသည်။

နန်းအိ လက်ထဲတွင် အထုပ်အပိုးတွေ လေးငါးခုထက်မနည်းပါလာသည်။

ဝတ္တရားရှိသည့်အတိုင်း နန်းအိကို သတိပေး ပိတ်ပင်ရစေကာမူ ဦးကျင်စိမ်း စေခိုင်းသည် ကိုနန်းအိ ဘယ်နည်းဘယ်ပုံငြင်းဆန်နိုင်မည် ကို ယဉ်သူမစဉ်းစာ တတ်ဘဲ ရှိနေ၏ ။

နန်းအိက ယဉ်သူ့ရှေ့မှ ခပ်ယို့ယို့ ဖြတ်ဝင်သွားသည်။



ဗွီဒီယိုကား ပြီးဆုံးသွားပြီ ဖြစ်၍ နေရာမှ အိပဲ့အိပဲ့ ထလာပြီး၊ ခလုပ်ပိတ်နေသော ဒေါ်မွှေးကြူ ကလည်း ယဉ်သူကိုတစ်စုံတစ်ရာ မျက်နှာလုပ်လိုဟန်ရှိ၏ ။

“ဒီနေ့ကော မောင်ဘယ်သူ… မောင်ထွန်း၊ အဲ… သမီးသူငယ်ချင်းလာသေးသလား”

ယဉ်သူသည် ကျိုးကြောင်းမဆက်စပ်သော ဒေါ်မွှေးကြူ၏ စကားကို နားဝင်ထောင့်၏ ။

“ကိစ္စမရှိဘဲ ဘယ်လာမှာ လဲ အမေရယ်၊ စိစစ်ရေး မှာ လက်မှတ်သွားထိုးဖို့ တော့ရှိတယ်၊ ဟိုကရက်ချိန်းရရင် ယဉ်သူကို သူလာအကြောင်းကြားမှာ ပေါ့”

“အဲဒီ ကလေးက အိမ်ထောင်ကျပြီလား”

“မေးလို့ကောင်းမလား အမေရဲ့ ”

“သူငယ်ချင်းတွေ ပဲအေ”

သို့သော် အ၀တ်အစားလဲရင်း သည်တစ်ခါလာလျှင် ဘယ်လိုနည်းနှင့် သူ့အိမ် ထောင်ရေး အခြေအနေကို မေးမြန်းကြည့်ရပါ့မလဲဟုတွေးသည်။

ယဉ်သူ့အကြောင်းကိုတော့ စာပေနယ်ထဲတိုးဝင်လာလေ ယဉ်ပါးလေနှင့် မကြာမီသူသိ သွားတော့မှာ ပါ ဟုလည်း စိတ်မသက်မသာ ဖြစ်ချင်သည်။

ဆင်သေကို ဆိတ်ရေနှင့် ဖုံးဖို့ မကြိုးစားပါဘူးလေဟု သက်ပြင်းချသည်။

ယဉ်သူဟာဦးကျင်စိမ်း၏ ဇနီးပါဆိုတာ သူသိသွားတော့လည်း အမှန်တရားပေမို့ ရင်ဆိုင် လိုက်ရုံသာပါပဲ။

ယဉ်သူ ပခုံးတွန့်လိုက်မိလေ၏ ။

စက်လည်ပတ်နေသံကို အစက ယဉ်သူနားမခံသာခဲ့။ အပျင်းပြေနားထောင်ဖို့ ယူဆင်းလာ သော ကက်ဆက်မှ တေးသံက တခြား၊ စက်သံက တခြား၊နားထဲမှာ လုံးဝသယံ ဇာတမ ဖြစ်။

ခုတော့လည်း စက်လည်နေမှ ယဉ်သူ နေသာထိုင်သာရှိသည်။ သက်တောင့် သက်သာ ဖြစ်သည်။

စက်လည်နေရာမှငါးမိနစ်လောက်ကြာလိုက်သည်နှင့် ယဉ်သူစက်ခန်းထဲသို့ လိုအ လျောက်ရောက်ရှိသွားကာ အကြောင်းရင်း စုံစမ်းမြဲ ဖြစ်လေသည်။

ခုလည်း အရှိန်ကောင်းစွာ လည်ပတ်နေရာမှ ဗြုန်းခနဲစက်ရပ်သွားကာ တော် တော် နှင့် ပြန်မလည်သော ကြောင့် ယဉ်သူစက်ခန်းထဲ သွားကြည့်လေသည်။

မောင်ထူးနှင့် ကိုအောင်မြင်သည် အမှိုက်သရိုက်နှင့် လုံးထွေးနေသော စက္ကူအစုတ်အပိုင်း တွေ ထည့်ထားသည့်ခြင်းတောင်းကြီး အနီး၌ ရပ်ကာ တစ်စုံတစ်ရာ ကို ကြည့်ရှုဆွေးနွေးကြသည်။

“ဘာ ဖြစ်နေကြတာလဲ”

ယဉ်သူ့ကို လှည့်ကြည့်သော ကိုအောင်မြင်သည် အိုနေသော မျက်နှာကို ပြုပြင်ကာ အမှိုက် တောင်းအနီးခြေတစ်လှမ်းခွာသည်။

အကင်းပါးသော ယဉ်သူသည် ရိုးရိုးသားသား စက်ရပ်တာလား၊ ပြဿနာတစ်ခုခု ရှိနေသ လားဆိုတာလောက်တော့ ခန့်မှန်းနိုင်သည်။

“စက္ကူစုတ်တွေ ခုတလောလာမ၀ယ်လို့ စုပုံနေတာနဲ့ ဒေါ်သူရာ”

သူတို့ နှစ် ယောက် စလုံးပင် အပေါက်အပြဲ များ စွာ နှင့် စွပ်ကြယ်လက်ပြတ်ကိုယ်စီ ၀တ်ကာ ပုဆိုးတိုတို စည်းထားကြသည်။

မောင်ထူးကလည်း စက်နံဘေးသို့စွေ့ခနဲ ပြန်ရောက်ကာ ခေတ္တ ရပ်ဆိုင်းထားသော စက်ခလုတ်ကိုပြန်ဖွင့်သည်။ စက္ကူကို စက်ထဲထည့်ရိုက်ရင်းယဉ်သူ ဘာပြန်ပြောမလဲ စောင်းငန်းစောင်း ငန်း နားစွင့်၏ ။

ယဉ်သူသည် စောစောက ကိုအောင်မြင် ရပ်နေခဲ့သော အမှိုက်တောင်းအနီးကို ချဉ်းကပ် သွားသည်။

စက်ဆီ စွန်းပေနေသော လက်တွေ ကို သုတ်သင်ထားသဖြင့် လည်းကောင်း၊ စက်ခုံပေါ် သန့်စင် သုတ်သင်ထားသဖြင့်လည်းကောင်း၊ စက္ကူစုတ်တွေ ၌ များ သော အားဖြင့် ဆီချေး စွန်းထင် နေသည်။ တောင်းတွေ လျှံမောက်ကာ အနီးကြမ်းပြင်တစ်ဝိုက်မှာ ပြန့်ကျဲလျက် ရှိသည်။

တစ်ခါတစ်ရံ စာစီသမား တစ်ယောက် တလေက စားကြွင်းစားကျန်များ ကို လာပစ်ထား တတ်သည်။ စားကြွင်း ရှိလျှင် ကြွက်သော င်းကျန်းကာ နံရံထိလုနီးပါး ပုံထားသော စက္ကူထုပ်များ ၊ အစီအရီချထားသော ရိုက်ပြီးဖောင်များ တို့ကိုပါကိုက်ဖဲ့ ဖျက်ဆီးပစ်မှာ စိုးရ၏ ။

အင်္ဂတေခင်း ပေါ်သို့ ယဉ်သူ မျက်စိရောက်သွားသည်။

ဆီချေးမကင်းနိုင်ဘဲ မည်းညစ်ညစ် ဖြစ်နေသော အင်္ဂတေခင်းတွင် ဖြူသော အရာ တစ်ခု သည် အထင်းသားပေါ်လွင်နေ၏ ။

ဘာပါလိမ့်။

ယဉ်သူ ခါးကိုင်းကာ သေချာကြည့်သည်။

မီးခြစ်ဆံတစ်ချောင်း။ တစ်ချောင်း မဟုတ်တော့ထက်ပိုင်းကျိုး။

ယဉ်သူ ကောက်ယူလိုက်သည်။

ကိုအောင်မြင်သည် ကျဉ်းထဲကျပ်ထဲ ကျရောက်နေသလို အနေခက်နေသည်။

"အစ်ကိုရေ ဗျို့ အစ်ကို၊ ကြော်ငြာထည့်မယ်ဆို၊ အဲဒါ တစ်ခုပဲကျန်တော့တယ်ဗျ"

ပြတင်းပေါက်အနီးတွင် ဖောင်သွင်းနေသော မောင်နီကလှမ်းခေါ်သည်။

"ထားလိုက်၊ ငါလာခဲ့မယ်"

"နေရာပြောလိုက်လေ၊ ကျွန်တော့် ဘာသာ ရှာယူလိုက်မယ်"

"နေစမ်းပါဦးကွ၊ ငါလာပါ့မယ်"

မရွေ့မလျား တစ်နေရာတည်းငြိမ်သက်နေသော ကိုအောင်မြင်ကို ယဉ်သူ သံသယ ၀င်သည်။

"မီးခြစ်ဆံရှိလိမ့်ဦးမည် ကိုအောင်မြင်၊ ရှင် နင်းထားသလားမသိဘူး၊ ဟိုဘက်နည်း နည်းရွှေ့ပါလား"

ကိုအောင်မြင်မှာ မငြင်းဆန်သာတော့သည့် အတူတူ၊ သူ့ခြေထောက်အောက်မှ မီးခြစ်ဆံကို ကောက်ယူကာ ထောင်ပြရင်း ပခုံးတွန့်သည်။ သူ့ဟန်မှာ ခိုးရာပါပစ္စည်းနှင့် ပက်ပင်း မိသည့်တရားခံ နှင့် အလားသဏ္ဌာန်တူနေသည်။

"ဘယ်သူ့လက်ချက်ဆိုတာ ကိုအောင်မြင်သိတယ် မဟုတ်လား"

သူမပေးချင်သော အဖြေကို ယဉ်သူစောင့်ဆိုင်းနေ၍ အကြောင်းမထူးမှန်းသိသည်။

"ဘယ်သူဆိုတာ ကျွန်မ မသိစေချင်ဘူးမဟုတ်လား၊ ကောင်းပြီလေ၊ ရှင့်ဘာသာပဲ စည်းကမ်းတင်းကျပ်လိုက်၊ သတိပေးလိုက် ပါဦး၊ စာပုံနှိပ်တိုက်တစ်ခုလုံး မီးလောင်သွားနိုင်တယ် ဆိုတာ တစ်ခေါက်ထပ်ရှင်းပြလိုက်ဦးပေါ့"

မီးခြစ်ဆံကို မီးမှု တ်ငြိမ်းသတ်ပြီးမှ အမှတ်မထင် နမော်နမဲ့ပစ်ချခဲ့တာပဲ ဖြစ်မည် ။ တမင် တကာ ရည်ရွယ်ချက်ဖြင့် လောင်စာကြားသို့ မီးပစ်သွင်းသွားခြင်း ဖြစ်မည် မထင်။ သို့ သော် တင်းတင်းကျပ်ကျပ်စည်းကမ်းကိုင်ထားနိုင်ဖို့ လိုပေသည်။

“ဒီကလေးတွေ ဟာ အတော် အပြောရအဆိုရ လက်ဝင်တယ် ဒေါ်သူရာ၊ သူတို့ကို အလုပ်ခွင်မှာ ဆေးလိပ်သောက်ခွင့် မပြုတဲ့ကြားက…ခုလို”

ယဉ်သူက ကိုအောင်မြင်၏ မျက်နှာကိုအေးစက်မာကျောစွာ ကြည့်သည်။ မီးခြစ်ဆံ ပစ်သူသည် သူမ ဖြစ်နိုင်ကြောင်း ယဉ်သူသိသည်။ သူဆေးလိပ်မသောက်တတ်။ ထို့ပြင်သူသည် စည်းကမ်းရှိသူလည်း ဖြစ်သည်။

သို့သော် သူပင်လျှင် တရားခံ ဖြစ်တော့သည့် အလားမျက်နှာအပျက်ကြီးပျက် နေတော့ သည်။

အလုပ်သမား မကောင်းလျှင် သူ့တွင် တာဝန်ရှိသည်ဟုသူကမှတ်သူပင်တည်း။

ယဉ်သူသည် သူမ၏ ထိုင်ခုံတွင် နေရာတကျ ပြန်ထိုင်ကာ စက်ပရုဖ်ကို ဖတ်မည် ကောက် ကိုင်သည်။

လွယ်အိတ်ကိုယ်စီနှင့် လူနှစ် ယောက် ၀င်လာသည်။ တစ်ယောက် မှာ ဦးမင်းဦး။

သူနှင့်အတူ ပါလာသူကိုမူဓာတ်ပုံထဲမှာ မြင်ဖူးသည်။ ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်လေသည်။

ရုပ်ရှင်သရုပ်ဆောင်ဆိုသော်လည်း သူသည် ခေါင်းဆောင်မင်းသား မ ဖြစ်ခဲ့ဘဲ ဇာတ်ရန် ဇာတ်ပို့ အ ဖြစ်သာ သရုပ်ဆောင်ခဲ့သည်။

သူအောင်မြင်ခဲ့သည်မှာ ဒါရိုက်တာလိုင်း။

သူ့နာမည် က ယဉ်သူ့ ဦးနှောက်ထဲမှ ဖြည်းဖြည်းချင်းထွက်ပေါ်လာသည်။

အကယ်ဒမီ ‘မင်းမိုးစက်’။

ဦးမင်းဦးသည် အကယ်ဒမီ မင်းမိုးစက်အတွက် ထိုင်ခုံတစ်လုံး ရှေ့တိုးပေး လိုက်ကာ သူကိုယ်တိုင်လည်း ၀င်ထိုင်သည်။

“သူ့ကို မသူ သိမှာ ပါ”

“ဟုတ်”

သူ့ရုပ်ရှင်သက်တမ်းအရ မှန်းဆကြည့်ရလျှင် မင်းမိုးစက်မှာ ဦးမင်းဦးနှင့် သက်တူရွယ်တူ လောက် ဖြစ်လိမ့်မည် ။ သို့သော် ဆေးဆိုးထားတာပဲလားမသိနိုင်ဘဲ သူ့ဆံပင်တွေ ကနက်မှော င် သည်။ သေချာတာက မျက်နှာအရေး အကြောင်းမထင်သလို တောင့်တင်း ကျစ်လျစ်ဆဲ ကိုယ်လုံး ကိုယ်ထည် ရှိနေသေးခြင်းပင် ဖြစ်သည်။

သူ့ကိုယဉ်သူသိနေသည့်အတွက်သူက ကျေနပ်ပြုံးပြုံးလေ၏ ။

“သူက ရုပ်ရှင်ပုလဲငုံကို ကိုင်နေပြီ မသူ၊ အဲဒါ မြမဉ္ဇူမှာ ပြောင်းရိုက်ချင်လို့”

ဒါ ကတော့ အလုပ်သဘော။

“မ ဖြစ်ဘူးထင်တယ်ဆရာ၊ဆရာတို့သုံးရာသီရယ်၊တင်ထုတ်နှစ် ခု အပြင်အခုဖက်ဖူး ရောင် လဲလက်ခံထားသေးတယ်။ အစကတည်းက ပန်းနွယ်နီ ၀တ္ထုတို မဂ္ဂဇင်းကို ငါးဖောင်ပဲ ပေးနိုင်တာ၊ မဂ္ဂဇင်းထပ်လက်ခံတော့ ၀တ္ထုထပ်လက်မခံဘဲ ထားရတော့မှာ ပေါ့”

“မသူဒီလိုတော့ မရက်စက်နဲ့လေ၊ မင်းမိုးစက်နဲ့ကျုပ်ဟာ လင်မယားထက် ပိုချစ်တဲ့သူတွေ ဗျ၊ အ ဖြစ်နိုင်ဆုံးကြည့်လုပ်ပေးစမ်းပါဦး၊ မင်းမိုးစက်ကိုင်ရင် ထူးခြားရမယ်လို့ ကျုပ်ကြွားလုံးထုတ်ထားတာ”

မင်းမိုးစက်ပြုံးနေသည်။

“ကျွန်မ အထင်တော့ မနိုင်တော့ဘူးဆရာ”

“မထင်ပါနဲ့ ဦး မသူရယ်၊ တောင်းပန်ပါရစေ၊ မောင်အောင်မြင်နဲ့ညှိပြီး ကြည့်လုပ်ပါဦး၊ မသူ မကူညီရင် အတော် အခက်အခဲ တွေ့ မှာ မို့ပါ”

မသုံး ဖြစ်ဘဲ မေ့လျော့ထားတာက များ သော ၊ နံရံမှခေါင်လောင်းဘုကလေးကို ယဉ်သူနှိပ် လိုက်ရသည်။ နန်အိအနားမှာ ရှိမနေမှလည်း သည်လူခေါ်ခေါင်းလောင်းကိုသတိရ ဖြစ်ပေသည်။

ကိုအောင်မြင်သည် ပုဆိုးတိုတိုပြင်ဝတ်ရင်း ချက်ချင်း ဆိုသလိုရောက်လာသည်။ အရှေ့ခန်း မှခေါ်လျှင်သူ့ကိုအလိုရှိတာကများ ပြီး တချို့ကိစ္စတွေ မှာ လည်း သူကတစ်ဆင့် စီစဉ်ညွှန်ကြားပေးဖို့ လိုအပ်နေလေ့ရှိပေသည်။

“ရုပ်ရှင် ပုလဲငုံ ကိစ္စပဲ မောင်အောင်မြင်ရေ”

“ဆရာ မင်းမိုးစက် ကိုင်ပြီလို့ ရုပ်ရှင်အမြုတေ ထဲမှာ ဖတ်လိုက်ရပါတယ် ဆရာ”

“ဟုတ်ပါ့ဗျား၊ ဒါပေမယ့် ပုံနှိပ်စက်အခဲအခဲနဲ့ ထိပ်တိုက်တိုးနေလို့ ကျုပ်ဆီရောက်လာ တယ်၊ ကျုပ်မှာ လဲ မြမဉ္ဇူပဲ အားကိုရှိသဗျ၊ ဒီတော့ မောင် မငြင်းနဲ့၊ ဖြစ်အောင်လုပ်ပေးပေတော့”

ကိုအောင်မြင်သည် စိတ်ရှုပ်ထွေးသွားသည်ကို သိပ်မသိသာအောင်ဖုံးဖိ ချင်လျက်က နှုတ်ခမ်းပါးကို မဲ့တဲ့လုပ်ကု ခေါင်းကို လက်နှစ် ဖက် စုံကုပ်ဖွသည်။

“လက်ခံထားတာတွေ နဲ့ဆို ၀န်နဲ့အားမမျှတော့ဘူးဆရာ၊ ဒီနေ့ ၀တ္ထုစာအုပ်ဖောင် ပိတ်မယ်၊

ဒါပေမယ့် နားမယ် မကြံနဲ့ နှစ် အုပ်ထပ်ဝင်မယ်”

“မြိုင်မျိုးမြင့်ရဲ့ ၀တ္ထုစာအုပ်ပဲ ၀င်မှာ မဟုတ်လား ကိုအောင်မြင်”

ယဉ်သူ မျက်မှော င်ကြုတ်ပြီး မေးသည်။

“သိုင်း တစ်အုပ် ထပ်ဆက်ရမယ်လေ ဒေါ်သူ၊ ဆယ်အုပ်တွဲ ဆိုတာ ဒေါ်သူ မေ့သွားတယ် ထင်တယ်”

“သြော်…ဟုတ်ပါရဲ့ ”

ဦးမင်းဦးသည် နံရံတွင် တွဲ ချိတ်ထားသော မဂ္ဂဇင်းဖောင်များ ကို စာရွက်ဖျားဆီမှ လှန်လှော စစ်ဆေးနေသည်။

သို့သော် သူ့အာရုံသည် ရုပ်ရှင်သူ့အာရုံသည် ရုပ်ရှင်ပုလဲဂုံမှလမ်းလွဲမသွားပေ၊

“ကဲ… မသူ၊ လက်ခံနိုင်မယ့်နည်းလမ်းကို သာစဉ်းစား၊ငြင်းလို့ မ ဖြစ်ဘူးဗျ”

ယဉ်သူ ကိုအောင်မြင်ကိုသာ ဘယ်လိုလဲ မေးငေါ့ရတော့သည်။

“ဆရာက အာမခံခေါ်လာမှတော့ ငါးဖောင်လောက် ဖြစ်အောင် လုပ်ပေးလိုက်ရမှပဲ ဒေါ်သူ၊ ပိတ်ရက်ပါမနားဘဲ ဆင်းကြရမှာ ပဲ”

“ဆယ်ဖောင်တော့လုပ်ပါမသူရယ်၊ ကျန်တာ တခြားမှာ ညှိလိုက်ပါ့မယ်၊ ဆယ်ဖောင်လုံး မရိုက်ဘူး၊ သုံးဖောင်လောက်က ပရုဖ်ပဲ ထုတ်မယ်၊ အော့ဖ်စက်ရိုက်မယ်”

မင်းမိုးစက်သည် တစ်ခဏချင်းမှာ ပင် ဦးမင်းဦးနှင့် မခြားတရင်းတနှီးခေါ်ဝေါ်ဆက်ဆံလာ သည်။

“စာစီဖို့က အဓိကပြဿနာဆရာရဲ့ ၊ လက်ရှိအင်အားနဲ့ဆို မနိုင်ဘူး၊ ညဆိုင်းပါ ဆင်းနိုင်ရင် ကျွန်တော် တို့ သိပ်ကြိုက်ပေါ့၊ဒါပေမယ့် လူရှာရဦးမယ်၊ လူမရခင် သည်းခံပါဆရာရယ်၊ ငါးဖောင် ဖြစ်အောင် ကျွန်တော် တို့ ရိုက်ပေးပါ့မယ်”

ဦးမင်းဦးနှင့် မင်းမိုးစက်သည် တိုင်ပင်သော အကြည့်ချင်းဖလှယ်သည်။

“မောင်အောင်မြင် ကတော့ ဒီထက်ပိုညှစ်ထုတ်လဲထွက်တော့ မယ် မထင်ဘူး ကိုစက်”

မင်းမိုးစက်၏ ရယ်ဟန်မှာ ရုပ်ရှင်ထဲတွင် သူအများ ဆုံးသရုပ်ဆောင်လေ့ရှိသော လူရိုးကျန် ရစ်ကြီး၏ အသွင်ဖမ်းစေသည်။

စာပုံနှိပ်တိုက်ထဲသို့ သည်တစ်ကြိမ် ၀င်ရောက်လာသူမှာ ဦးခင်မောင်ထိန် ဖြစ်သည်။

သားရေအိတ် အနက်ကြီးကို ချိုင်းကြားညှပ်ကာ နောက်ပိတ်ရှူး အညိုနှင့် စတိုင်တစ်မျိုး ကျလေသည်။

သူကဦးမင်းဦးတို့ကို လက်တစ်ဖက်မြှောက်ပြီးနှုတ်ဆက်သည်။

ကိုအောင်မြင်က ဦးခင်မောင်ထိန်ထိုင်ရန် ထိုင်ခုံ ဖယ်ပေးသည်။

“အစ်ကို့ကို ကျွန်တော် တို့ မျှော်နေတာဗျ”

“သတိရပါတယ်ဗျာ၊ ပြီးပြီ မဟုတ်လား”

ဒေါ်သူ စက်ပရုဖ်ဖတ်ပြီးတာနဲ့စက်ပေါ်တင်မှာ အစ်ကို၊ နေ့ခင်းအပြီးပဲ”

“ဒါဆိုရင် ဘိုင်းဒင်းပို့ဖို့ ကျွန်တော် အယူလွတ်လိုက်မယ်။ ကျွန်တော် တော့ မလာတော့ဘူး”

သူ့အိတ်ထဲမှ သားရေကွင်း စည်းနှောင်ထားသော ငွေစက္ကူထုပ်ကို စားပွဲပေါ်တင်သည်။

“ဒေါ်သူ့ကို ပေးစရာရှိတာပြတ်ပြီနော်”

ယဉ်သူ ပိုက်ဆံရေတွက် ဘောက်ချာရေး မှတ်သည်။

“ကိုအောင်မြင်ရဲ့ လူတွေ အတွက်”

ဦးခင်မောင်ထိန်က ဆယ်တန် ခေါက်ချိုးနှင့် ထပ်ထားသော လေးဆယ့်ငါးကျပ်တန် နှစ် ရွက် ကိုလှမ်းပေးသည်။

“အူစိုပြီ အစ်ကိုရေ၊ ကျေးဇူးပဲခင်ဗျ”

ဦးခင်မောင်ထိန်၏ စာပေတိုက်မှာ အရောင်းအသွက်ဆုံးဝတ္ထုရေး ဆရာ ဘက်ဆဲ လား နှစ် ယောက် ရှိသည်။ တစ်လတစ်အုပ် နှစ် လတစ်အုပ် မှန်မှန်ထွက်သည်။ ထို့ကြောင့် ဖောင်ပိတ်ပွဲ အ ဖြစ် စာစီသမားများ ကို ကျွေးမွေးသည့်အစဉ်အလာသည် သူနှင့် ပတ်သက်လျှင် တည်မြဲလျှက် ရှိနေနိုင်ပေသည်။

မဂ္ဂဇင်းထဲမှာ တတိယလောက်ပြေးနေသော သုံးရာသီကလည်း ဖောင်ပတ်လျှင် လက်ဖက်ရည်နှင့် မုန့်လောက်တော့ကျွေးမွေးလေသည်။

ပြင်ပစက္ကူဖြင့် ထုတ်ဝေကာ အပြိုင်အဆိုင်အပန်းတကြီးရုန်းကန် ကြိုးစားရဆဲ တင်ထုတ်စာ စောင်တွေ က ဖောင်ပိတ်ပွဲကို မသိလျက်ဘာသာ အမှတ်တမဲ့ လျစ်လျူရှုထားရသည်ကိုတော့ သူတို့ပုံနှိပ်စက်လုပ်သားတွေ ကလည်း နားလည်နိုင်ကြသည်။

“ဆဋ္ဌမတွဲ လက်ရေး မူပါ တစ်ပါးတည်း ယူလာခဲ့တယ်၊ ကားထဲကနေ သွားယူလိုက်ဦးမယ်”

သူ့သားရေအိတ် အနက်ကြီးကို မခြွင်းချန် ထားခဲ့ဘဲပါယူကာ နေရာမှထသည်။

“ကျွန်တော် လိုက်ယူမယ်လေ အစ်ကို”

“ကျေးဇူးပဲဗျာ”

အားလုံးခြုံငုံနှုတ်ဆက်ကာ ထွက်ခွာသွားသော သူ့နောက်ကျောသို့ ၊ကိုအောင်မြင် ထပ်ကြပ် လိုက်ပါသွားသည်။

“အဲဒီ အိတ်ကြီး ဒီဘက် လွှင့်ပစ်ခဲ့တာ မဟုတ်ဘူးဗျာ”

ဦးမင်းဦးကရွှတ်သည်။

မင်းမိုးစက်က သဲ့သဲ့ရယ်ရင်း ယဉ်သူ့ကို ရွှန်းရွှန်းစားစားကြည့်သည်။

ယဉ်သူ ချက်ချင်း မျက်လုံး လွှဲပစ်သည်။ ရုပ်ရှင်ထဲမှ လူရိုးလူကောင်းကြီးနှင့် အပြင်က လူကိုယ်တိုင်ဟာ မတူပါဘဲကလား။

ကိုအောင်မြင်သည် ၀တ္ထုကော်ပီပိုက်ကာ စက်ခန်းထဲဝင်ဖို့ပြင်၏ ။

“စက်ပရုဖ်ဖတ်ပြီးရင်ဘဲလ်နှိပ်လိုက် ဒေါ်သူ၊ ပန်းနွယ်နီဓမ္မီချပေးတာထက် ၀တ္ထုက ပိုနေလို့ ကျွန်တော် ထက်အောက် နေရာခိုးနေရတယ်၊ သွားလုပ်လိုက်ဦးမယ်”

ယဉ်သူက စက်ပရုဖ်ကို လှမ်းပေးလိုက်သည်။

“စက်ပရုဖ်လဲ ကိုအောင်မြင်ပဲ ဖတ်လိုက်ပါတော့၊ ၀တ္ထုပဲ အမှားနည်းသားပဲ”

စက်ခန်းထဲ ၀င်တော့မည့်  ကိုအောင်မြင်ကို ဦးမင်းဦးကလှမ်းမှာ သည်။

“ကိုယ်တို့ အောဖ်စက်အပ်ဖို့ ပရုဖ်တွေ ပြီးသလောက်ယူသွားမယ် မောင်ရင်ရေ”

“ခဏလေး ဆရာ၊ ကျွန်တော် လာပို့မယ်”

အလုပ်ကိစ္စ အတော် ပြီးပြတ်မှပင် ဦးမင်းဦးက လူမှု ရေး ကို သတိရသည်။

“ဦးကျင်စိမ်း တစ်ယောက် ဘယ်လိုလဲမသူ”

“သက်သာပါတယ်၊ သူ့မျက်လုံးကို စိတ်မချတော့ အိမ်ပေါ်ကကို ဆင်းမလာ တော့ဘူး”

“ကျွန်တော် လည်း တစ်နေ့တစ်နေ့ ဗာဟီရတွေ နဲ့မအားတော့ သူ့ဆီ တစ်ခေါက်မှ မရောက်ဘူးဗျာ၊ မေးတယ်ပြောလိုက်ပါဦးနော”

“ဟုတ်ကဲ့ဆရာ၊ သူ့ကိုမေးတယ်ဆိုရင် ၀မ်းသာမှာ ၊ တစ်ခါတစ်ရံတော့ မိတ်ဆွေ အပေါင်းအသင်းတွေ နဲ့ စကားစမြည်းပြောချင်မှာ ပေါ့၊ ကျွန်မတို့ အိမ်သားတွေ နဲ့ချည်း ပြောရတာ တစ်ခါတစ်လေ ငြီးငွေ့မှာ ဆရာရယ်”

ယဉ်သူက သိုင်းသိုင်း ၀န်းဝန်းကလေး တုံ့ပြန်သည်။ မင်းမိုးစက်၏ အကြည့်ကို ရဲတင်း လွန်းသည်ဟု မနှစ် မြို့သော ကြောင့် လည်းအကာအကွယ်ယူသည့်သဘော ဖြစ်လေသည်။

ဒါတောင်မှ ပြန်ခါနီး တွင် မင်းမိုးစက်က ယဉ်သူ့ကိုရွှန်းရွှန်းစားစားကြည့်ပြီး နှုတ် ဆက်သွား သေးသည်။

“ကျွန်တော့် ရုပ်စုံမဂ္ဂဇင်းကို မသူဆီမှာ ပဲ အစအဆုံးရိုက်နိုင်ပါစေလို့ မျှော်လင့်နေ ရမှာ ပဲ၊ အကြောင်းကံ ဆုံပါစေလို့ဆုတောင်းပါတယ်ဗျာ”

သူက အသာဦးညွှတ်သွားသည်။

စီးပွားရေး တွဲ ဖက် လုပ်ကိုင်နေရသော စာပေနယ်သားအချင်းချင်း အကြောင်းကံ ဆုံလျှင် အဆင်ပြေ လုပ်ငန်းချောမွေ့မည် ဆိုသည်မှာ ယုံမှားစရာမရှိ။

ယဉ်သူ မကျေနပ်တာကသူ့အကြည့်။ ဤမျှရဲတင်းလွန်းတော့လည်း မလေးခန့်ရာ ရောက်သည်ဟု ယဉ်သူယူဆသည်။

တချို့ယောက်ျားတွေ ဟာ အပျိုအအို မခွဲခြားထိန်းသိမ်းမှု မရှိဘဲ ယေဘုယျခြုံငုံ ပြစ်မှား လိုက်တာပဲ ဖြစ်သည်။

ယဉ်သူ ကတော့ အငုံ့စိတ်ဖြင့် သိမ်ငယ်တတ်သူတည်း။

သက်ကြီးရွယ်အို လင်ယောက်ျား မမာမချာ ဖြစ်နေတာကိုပဲ ယဉ်သူ့အပေါ် အမြင်တစ်မျိုး နှင့် ဆက်ဆံစရာအ ဖြစ်သတ်မှတ်ကြသူတွေ ရှိလည်း ရှိတာအမှန်ပင်။

စက်ခန်းတံခါး ပွင့်လာကြပြန်သည်။

“ဆေးပုလင်းဘူးခွံ စက္ကူပတ်ပုံစံ အရောင် စပ်ထားတာကြည့်ပါဦး ဒေါ်သူ”

ကွက်တိ ဖြတ်ညှိထားသော ကတ်ထူ အဖြူတွင် နမူနာရရှိထားသော ပုံစံအတိုင်း ပြင်ဆင် ထားသည်ကို လာပြခြင်း ဖြစ်သည်။

“အနီရောင် က စပ်ဖြဲဖြဲကြီးမနေဘူးလား”

ကိုအောင်မြင်က သူ့ပုံစံကို သူပြန်ကြည့်၏ ။

“နဂိုအရောင် ထက် နည်းနည်း လွင်ပေးပါလို့ တစ်ကောင်ဘွားဆရာကြီးက ပြောသွားတယ် လေ ဒေါ်သူ”

“ဒါလွင်တာလား၊ ကျွန်မအထင် စပ်ဖြဲဖြဲကြီးလားလို့”

ကိုအောင်မြင် ကသိကအောက် ဖြစ်သွားသည်။

“နည်းနည်း ပြန်ရောလိုက်မယ်လေ”

“ကောင်းတယ်ထင်လဲ ဒီအတိုင်းသာ ထားပါ။ကျွန်မက အရောင် ရင့်ရင့်ကြိုက် တတ်လို့ ဖြစ်မှာ ၊ ဒါကြောင့် အမေက ကျွန်မကို အဘွားကြီးလို့ခေါ်တာ”

အမှတ်မထင် လွှတ်ခနဲ ပြောမိသည့် စကားကို ပြန်လည်ရုပ်သိမ်းချင်သည်။

ကိုအောင်မြင် ဖြတ်ခနဲ အကြည့်တွင် ယဉ်သူ့အပေါ်ကရုဏာ မကင်းဟန် ပါလာသည်။

“မဟုတ်ပါဘူးဒေါ်သူ၊ ကျွန်တော် ထပ်ရောလိုက်ပါ့မယ်”

သည်တစ်ခါ မကျေနပ်မှု သည် ယဉ်သူ့ဘ၀အပေါ်မှာ မချင့်မရဲ ဖြစ်ရခြင်းနှင့် သက်ဆိုင် သည်။

ကိုအောင်မြင်သည် လူကောင်း တစ်ယောက် ဖြစ်သည်။ လုပ်ငန်းကျွမ်းကျင်ပြီး ဖြတ်ထိုး ဥာဏ်လည်းရှိသည်။

သူသာမရှိလျှင် သည်လုပ်ငန်း လည်ပတ်မှု အခက်အခဲကြုံရမှာ သေချာသည်။

ဖိုမင်ဆိုတာ အလုပ်သမား အစုတစ်ခု၏ အကြီးအကဲ ဖြစ်သည်ဟု ယဉ်သူ နားလည်သည်။

စာပုံနှိပ်တိုက်ကို ဦးကျင်စိမ်း အုပ်ချုပ်နေစဉ်က တစ်ခါတစ်ခေါက်မှ ၀င်ထွက်ခြင်း မရှိသော ယဉ်သူသည် ဦးကျင်စိမ်း အုပ်ချုပ်နေစဉ်က တစ်ခါတစ်ခေါက်မှ ၀င်ထွက်ခြင်းမရှိသော ယဉ်သူသည် ဦးကျင်စိမ်း နာမကျန်း ဖြစ်မှပဲ ကိုအောင်မြင်ကို တွေ့ ကြုံဆက်ခံခဲ့ရသည်။

ကိုအောင်မြင်သည် နာမည် မဖေါ်သော မန်နေဂျာ ဖြစ်နေပေသည်။

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သော ဘ၀ကို သူ့ကို ယဉ်သူ ဘာကြောင့် မရခဲ့ပါ သလဲ။

မြမဉ္ဇူပုံနှိပ်တိုက်ပိုင်ရှင် ယဉ်သူသည် တဂျိန်းဂျိန်း စက်သံကို ကြားတစ်လှည့် မကြားတစ် လှည့်နှင့် တစ်ကိုယ်တည်း ငိုင်နေရစ်လေ၏ ။

အသည်းကွဲရောင် ဟု ခုခေတ်ကာလ အခေါ်အဝေါ် ဆန်းနေသော ပန်းခရမ်းရင့်ရင့် အင်္ကျီ လက်ရှည်သည် ယဉ်သူ၏ ရှည်သွယ်သော အရပ်အမောင်းနှင့် အညီ သွဲ့ပျောင်းရှည်လျားသော လက်တံတွေ နှင့် မလိုက်ဖက်ဘူးဟု ပြောမည် ဆိုလည်း ပြောနိုင်သည်။ ကြည့်ကောင်းပြီး အဆင်ပြေ သည်ဟု ပြောလာလျှင်လည်း မဟုတ်ဘူး ဘယ်သူငြင်းမှာ လဲ။

သနပ်ခါးရောင် ၀ါဖန့်ဖန့် ညိုဖျော့ဖျော့ နောက်ခံတွင် ပန်းခရမ်းရောင် ဇော်မွှားပန်းများ အဆုပ်အခဲလိုက် ပြန့်ကျဲနေသော ရှန်ထဘီ ကတော့ ယဉ်သူ အကြိုက်ပေပဲ။

ယဉ်သူ့ မျက်နှာကလည်း ခပ်ဖုံဖုံ။ မိတ်ကပ်ကို ကြိုးစားပမ်းစား လိမ်းခြယ်ထားသည်။

ယဉ်သူ့နှုတ်ခမ်းသည် ခါတိုင်းထက် ပိုပြီး နီထွေးသည် ဒေါ်မွှေးကြူ အောက်မေ့မိသည်။ နီတာမဟုတ်။ ပန်းရောင် ဖျော့ဖျော့။ ဩော့့်  ယဉ်သူဟာ မရဲတရဲလေး နှုတ်ခမ်းဆိုးပြီးခါမှ ပြန် လည်ပွတ်ဖျက်ထားခဲ့တာကပဲ။

``ညည်း တစ်ယောက် တည်း ဖြစ်ပါ့မလား ယဉ်သူရယ် ငါအဖော် လိုက်ခဲ့မှာ ပေါ့´´

ယဉ်သူသည် ဆံပင်အတိုတို ပန်းခရမ်းရောင် သစ်ရွက်သဏ္ဍာန် ကော်ကလစ်နှင့် တပ်ပြီး စုစည်းနေရာမှ ဒေါ်မွှေးကြူအား မှန်ထဲမှာ တစ်ဆင့် မျက်လုံး စွေကြည့်သည်။

``ဘာလို့မ ဖြစ်ရမှာ ပဲအမေ၊ အထွန်းရဲ့ ကားနဲ့သွားမှာ ပဲ၊ ခါတိုင်းလဲ စိစစ်ရေး ရုံးကို ရောက်ဖူး နေသားပဲ´´

``ခါတိုင်းတော့ ငါပါတာကိုး အေ´´

``မရောက်ဘူးခင် ကတော့ ဟုတ်တာပေါ့၊ ခုတော့ ယဉ်သူသွားတတ်လာတတ် ဖြစ်နေပါပြီ´´

``ကောင်းပါ့မလားအေ၊ နှစ် ယောက် တွဲ သွားရင်ပြောစရာ ဖြစ်နေမှာ စိုးလို့ပါ´´

ဒေါ်မွှေးကြူက အသံကိုနှိပ်ပြီး ပြောသည်။

``အိုး အမေကလဲ၊ ရန်ကုန်မှာ နှစ် ယောက် တွဲ သွားတာလောက်တော့ ရိုးနေပါပြီ´´

ယဉ်သူက ခပ်ဆက်ဆက် ပြောသည်။ ဒေါ်မွှေးကြူသည် ရန်ကုန်ရောက်စ ယဉ်သူနှင့် ပင် မတူညီအောင် လုပ်ငန်းရှင် ယဉ်သူ ပြောင်းလဲခဲ့ပြီဟု သတိပြုလိုက်ရတော့သည်။

ကျော့ကျော့ရှင်းရှင်း လှပနေသော ယဉ်သူ့ကို ကြည့်ရင်းဒေါ်မွှေးကြူမှာ ပီတိလည်း ဖြစ်မိ သည်။

သည်ကလေးကို မွေးစားဖို့ စိတ်မပါခဲ့သော သူမကိုအဘိုးကြီး ဦးအုန်းမောင်က အတော် ကြီး ဖျောင်းဖျ သွေးဆောင်ယူခဲ့ရသည်။

ခုတော့လည်း သည်ကလေးကြောင့် ပဲ အိမ်ကောင်းရာကောင်း စားကောင်းသောက်ဖွယ်နှင့် တခမ်းတနား နေထိုင်နေရပြီ။

ယဉ်သူသည် အိမ်ရှေ့ထွက်သွားသည်။ အိမ်၏ အကျယ်အ၀န်းဆုံး အခန်း ဖြစ်သော ဧည့် ခန်းကို ဗဟိုပြုပြီး မီးဖိုနှင့် ၀ရန်တာ အထိ ရှည်လျားသော လမ်းကြော တစ်လျှောက်ခေါက်တုံ့ လမ်းလျှောက်နေသော ဦးကျင်စိမ်းကို သွားနှုတ်ဆက်သည်။

``ယဉ်သူ သွားမယ် အစ်ကိုကြီး´´

ဦးကျင်စိမ်း ပြုံးကာ ယဉ်သူ့ကိုပါးတစ်ချက် တို့ထိသည်။

``တိုက်မှာ မောင်အောင်မြင် ရှိနေမလား´´

``ဟုတ်ကဲ့ သူရောက်မှ ယဉ်သူသွားမှာ ပါ၊ ခဏပဲ၊ မကြာပါဘူး´´

ဦးကျင်စိမ်းသည် ယဉ်သူ့ ထံမှ ပျံ့လွင့် ကျန်ရစ်သော ရေမွှေးနံ့ကို ရှုရှိုက်မိသည်။ ခါတိုင်း သည်လို အမွှေးနံ့သာတွေ သုံးစွဲလေ မရှိပါဘူးဟု သူ သတိပြုမိလေသည်။

သူ့ရင်ထဲတွင် ဆို့နင့်သည်။

သူ၏ သည်းထန်သော ဆီးချိုဝေဒနာသည် သူ၏ အာရုံခံစားမှု အကြောအခြင်တွေ ကို အားနည်းထုံထိုင်းစေခဲ့သည်။ သမား အကျော်အမော်တွေ ကို အိမ်ပင့်ကာ ဆေးခန်းသွားကာနှင့် ဖွင့်ဟ၀န်ခံ အကုအသ တောင်းဆိုစေကာမူ သူ့မှာ စိတ်သွားတိုင်း ကိုယ်မပါတော့။

ယဉ်သူ့ကို သူ ယုံကြည်သည်။ အင်မတန် သိက္ခာရှိတည်ကြည် သော မိန်းကလေး။ ယင်ဖို မှမသန်းရခင် သူက ပန်းဦးပန်ခဲ့သည်။ သူ့လက်ထဲမှာ အပျောက်မခံဘဲ ထိန်းသိမ်းထားခဲ့သည်။

သည် ရောဂါ ဆိုသည်က ယဉ်သူ တောင်းဆိုသလိုစီးပွားရေး အရှိန်အဟုန် မပျက်အောင် အလုပ်ခွင်ဝင်ဖို့ သူခွင့်ပြုခဲ့မိသည်ကို ခုတော့ နောင်တ ရချင်သည်။

စာပုံနှိပ်တိုက် ဆိုသည်က ယောက်ျားများ အများ ဆုံးသွားလာဝင်ထွက် လှုပ်ရှားကြသည့် နေရာ။

သူ ဘယ်လို ဆက်ပြီး ပြဿနာကို ကိုယ်တွယ် ဖြေရှင်းရပါ့မလဲ။

ယဉ်သူသည် အိမ်ရှေ့တံခါးဆီ လျှောက်သွားရင်း လက်ထဲရှိ တစ်ထောင်ခန့် လက်ပွေ့ အိတ် အဖြူကို ဖွင့်ကာ၊ တစ်စုံတစ်ရာ ပါမပါ စစ်ဆေးကြည့်၏ ။

``ကျန်ခဲ့ပြီ´´

စိတ်မရှည်စွာ ညည်းထွားရင်း ပြန်လှည့်လာသည်။ တစ်ဖန်အိတ်ထောင့်မှ တစ်စုံတစ်ရာကို ဆွဲထုတ်ကာ ခပ်အမ်းအမ်း အမူအရာနှင့် ဦးကျင်စိမ်းကို လှည့်ကြည့်သည်။

``ပါသားပဲ´´

ချက်ချင်း ယဉ်သူ ပြန်ထည့်လိုက်သော ပစ္စည်းကို အမြင်မသဲကွဲသော ဦးကျင်စိမ်း မမြင် လိုက်သော်လည်း မျက်မှန်အိတ်မှန်း ဒေါ်မွှေးကြူ သိလိုက်သည်။ ဦးကျင်စိမ်းက ၀ယ်ပေးထားပြီး ယဉ်သူ တစ်ခါမှ ထုတ်မသုံးဘူးသော နေကာမျက်မှန်။ အတော် ဈေးကြီးပြီး အဖိုးထိုက်တန်သည် ဟု ဆိုသည်။

ပြန်လှည့်လာကာ ဒေါ်မွှေးကြူ နံဘေးမှ ဖြတ်ပြီးအိပ်ခန်းထဲ ၀င်သွားပြန်သည်။

သည်တစ်ခါ ပြန်အထွက်လာမှာ ယဉ်သူ့ လက်ထဲတွင် စက္ကူအိတ်တစ်ခု ပါလာ သည်။

တံခါးဝ ရောက်တော့မှ စက္ကူအိတ်ကို ဇောက်ထိုးခါချသည်။

ညှပ်ဖိနပ်တစ်ရံ ဖတ်ခနဲ ပြုတ်ကျသွားသည်။

က္ကုနြေ္ဒလည်းရ လှလည်းလှသော သစ်ရွက်စိမ်းသဏ္ဍာန် သဲကြိုးကလေးနှင့် ။

ဒါကိုလည်း ဒေါ်မွှေးကြူ အကဲခက် အံ့သြနေပြန်သည်။ ခါတိုင်းဆို ဖိနပ် အဖြူနှင့် အနက် ကလွဲလျှင် အသားရောင် ပင်ဝယ်စီးခဲလှသည့် ယဉ်သူ။

ယဉ်သူ တံခါးအပြင် ရောက်ခါမှ . . . .

``ဒီ စက္ကူအိတ် ယူမသွားတော့ဘူးလား သမီး´´

ဒေါ်မွှေးကြူက လှမ်းပြောရင်း မီးဖိုထဲမှ ထွက်လာသော နန်းအိလား . . .

``သွားပေးလိုက်စမ်း´´ဟု ညွှန်ကြားသည်။

``ဟုတ်ပါရဲ့ ၊ အဲဒါ ကျွန်မရဲ့ ပုံနှိပ်ခွင့် ကတ်ပြား´´

ယဉ်သူ လှေကားထစ်မှ ဆင်းသွားသည်ကို နန်းအိလိုက်ငေးနေသော ကြောင့် ဒေါ်မွှေးကြိုင် ကလှမ်းခေါ်ရသည်။

``ပုံနှိပ်တိုက် ၀င်ဦးမလားမသိဘူးနော် အမေ´´

ဒေါ်မွှေးကြူ မျက်စောင်းခဲကာ ``ညည်း အ၀တ်လျှော်မလို့ မဟုတ်လား၊ သွားလျှော်ချေ´´ ဟုငေါက်ငမ်းပစ်သည်။

နန်းအိမှာ အောက်ထပ် ဆင်းခွင့်မရသည့် အတူတူ ဒေါ်မွှေးကြူ ကြည့်မည့်  ဗွီဒီယို မြွေကား ကို မီအောင် ချိန်ဆပြီး ကသုတ်ကရက် ပြေးဝင်သွားပြန်လေ၏ ။

``ကြာပြီလားဟင်၊ တစ်ယောက် တည်း ထိုင်နေရတယ်။ အားနာလိုက်တာ´´

``ခုလေးတင် ရောက်တာပါ၊ ရလာတဲ့ စာမူတွေ ကို ခုပဲကိုအောင်မြင် ယူသွားတယ်၊ ကျွန်တော့်  တာဝန်ခံစာတည်း ဦးသိန်းမှန် ပေးတဲ့ဓမ္မီလဲ ပေးလိုက်တယ်´´

ပုံနှိပ်တိုက်နှင့် ယနေ့မှ လက်မှတ်ထိုး အတည်ပြုရမည် ဖြစ်သော်လည်း တွန်းထိုး၏ ဖက်ဖူး ရောင် သည် စာတည်း အဖွဲ့ စုံစုံညီညီ ရရှိနေပြီ။

``ကျွန်တော် တို့ သွားကြမလား´´

``သွားမယ်လေ၊ ယဉ်သူမှာ ခဲ့ဦးမယ်´´

စစ်ဆေးသည့် သဘောနှင့် စက်ခန်းတံခါးကို တွန်းဖွင့်ဝင်ရောက်သွားသည်။

စက်ဆရာ မောင်ထူး၏ တစ်ပါးသူသာ ပန်ပါစေတော့ရယ်လို့ ကိုယ့်ခွန်အားနဲ့ ရင်းနှီးပေး ရတယ်ကွယ် . . . ဟု ချွဲချွဲပျစ်ပျစ် သီချင်းဟဲသံသည် စက်သံကြားမှ ပီပီသသ ကြည်ကြည်လင် လင်ကြီး ပေါ်ထွက်လာ၏ ။

``ဟေ့ကောင် သောက်ရှုး၊ ကြားသွားမယ်ကွ´´

တိုင်ကွယ်နေသဖြင့် ကိုအောင်မြင်က ယဉ်သူ ၀င်လာသည်ကို မသိဘဲ မောင်ထူးကို လှမ်း မာန်မဲသည်။

မောင်ထူးက သီချင်းရပ်ကာ၊ ဆင်ခြေကြံဆပြီး . . .

``အဟီး . . . ကိုအောင်မြင်က ဒီည မိုးအလင်း စက်လည်မှ ဦးမင်းဦးတို့မဂ္ဂဇင်း ဖောင်ပိတ် နိုင်မယ်ဆိုလို့´´ ဟု ဆိုသည်။

``ကျွန်မ သွားမယ်ကိုအောင်မြင်၊ ရှေ့မှာ တစ်ယောက် နေလိုက်ဦးလို့ ၀င်ပြော တာ´´

ကိုအောင်မြင်ထံမှ ချက်ချင်း တုံပြန်မှု မရ။

ယဉ်သူ တံခါး ပြန်ပိတ်နေဆဲမှာ မှ . . .

``စိတ်ချ ဒေါ်သူ´´

ဟု ကသော ကမျော ပြောသံကြားရသည်။

တွန်းထိုးထွန်း ဖွင့်ပေးသည့် ရှေ့တံခါးမှ ကားထဲ ၀င်လိုက်သော ယဉ်သူသည် အဲလစ်၏ ထူးဆန်း ထွေလာတို့တိုင်းပြည်သို့ သွားတော့မည့် ပမာ ရင်တလှပ်လှပ် အသည်း တအေးအေး ဖြစ်နေသည်။

ဘာပဲ ဖြစ် ဖြစ်ဘ၀ဟာ သာထောင့်သာယာ မက်မောစရာ အကောင်းသားပေပဲ ဟု ထိုခဏ မှာ ယဉ်သူ ထင်ချင်သည်။

သုံးဆယ့်သုံးလမ်းနှင့် ၀င်္ကပါလမ်းမှာ ဆယ့်ငါးမိနစ်ခရီးမျှသာ ဖြစ်သည်။

ထွန်းတိုးထွန်းသည် ကားကို မှန်မှန်နှင့် သတိကြီးကြီးထားပြီး မောင်းနှင် လျက်ရှိသည်။ မျက်မှန်ထူအောက်မှ မျက်လုံးများ က ရှေ့တူရှုသို့ အထူးအာရုံ စူးစိုက်ထား လေသည်။

မျက်မှန်ကို ပါဝါပြန်စစ်ဆေးဖို့ လိုနေပြီလားဟု ပူပန်အကြံပြုချက်စိတ်ကို ယဉ်သူ မျိုသိပ် ထားလိုက်ရသည်။

``ကားလာနေတယ် အထွန်း´´

ရှေ့မှ ဟီးနိုး နှစ် စီးတွဲ ဘက်စကား တစ်စီးကို ကျော်တက်ဖို့ ကြိုးစားနေသော အထွန်းသည် ယဉ်သူလည်း သတိပေး သူလည်း လက်ယာ လမ်းကြောဘက် ပြန်ကွေ့နေရာ ယူပြီးသွားသည်။

``မှန်ထဲမှာ တွေ့ တယ် ယဉ်သူ´´

ယဉ်သူက သူ့ကို မျက်လုံးကလေး စွေပြီး ခိုးကြည့်သည်။

အားမရသဖြင့် ခေါင်းကို မသိမသာ စောင်းငဲ့ ကြည့်မိပြန်သည်။

သူ့ကို ယဉ်သူ ဘယ်လောက် စွဲစွဲလမ်းလမ်း သတိရလာခဲ့ကြောင်း၊ သူ သိစေချင်စိတ်တွေ ဟာရင်ထဲမှာ ပြည့်သိပ်လာလျက် ခဲခဲယဉ်းယဉ်း မျိုသိပ်ထားရသည်။

ဖူးစက ကြွေခဲ့ရပေမယ့် ယဉ်သူ့ အသည်းနှလုံး ပလ္လင်မှာ အထွန်းသာပဲ အမြဲ ထာဝရ နန်း သိမ်းစိုးစံနေခဲ့တာပါ။ အဲသလို နှုတ်ရဲလျှာရဲ မစောင့်မထိန်း ပြောတက်လျှင်။ နန်းအိတို့လို ရဲရဲတင်း တင်း မဆင်မခြင် ဆတ်ကော့လက်ကော့။

``ကလေးတွေ အထွန်း၊ ဖြည်းဖြည်း´´

ဆယ့်သုံးလေးနှစ် သား အရွယ် ကလေး တစ်ယောက် က ဆယ်နှစ် သား ကလေးကို လက်ဆွဲ ကာ ဥဒကို သွားလာနေသော ယာဉ်ကြောအလယ်မှာ ပိတ်မိလျက် ရှေ့မတိုးတက် နောက်မဆုတ် တက်နှင့် ယောင်ချာချာ ဖြစ်နေတော့သည်။

``တောက်´´

ပြင်းထန်သော တက်ခေါက်သံကြောင့် ယဉ်သူ အံ့အား သင့်သွားသည်။

ကားအရှိန် လျော့နည်းသွား၏ ။

သူ ထောင်းခနဲ စိတ်တိုထောင်းသည်ကို သူ့ဘာသာအနေခက် သွားဟန်နှင့် ပြုံးယောင် ယောက် ပြုကာ ယဉ်သူ့ကို တစ်ချက်လှည့်ကြည့်သည်။

``ကားမောင်းရင် ကိုယ် စိတ်တိုတတ်တယ်´´

``စိတ်က သတိအနေအထားမှာ တင်းကျပ်လွန်းလို့ ထင်တယ်နော်´´

ယဉ်သူက သွားပေါ်အောင် ပြုံးရင်း အလိုက်အထိုက်ပြောသည်။

ဦးကျင်စိမ်း နာမကျန်းပြီးနောက်ပိုင်း လုပ်ငန်းကိစ္စနှင့် နာရေး သာရေး ဒိုင်ခံသွား ခဲ့ရသော ယဉ်သူမှာ သီးသန့်အငှားယာဉ် ထည်လဲသုံးရသည်။ ယာဉ်မောင်းသူခပ်များများ ပင် အခြားယာဉ် မောင်းသူတွေ ကို ဖြစ်စေ၊ လမ်းမြတ်ကူးသူတွေ ကို ဖြစ်စေ၊ ဟွန်းသံပေးပါလျက် လမ်းဘေး လွတ် လွတ် ကင်းကင်း ရှောင်မပေးသူကို ဖြစ်စေ၊ စိတ်တိုတောင်းစွာ ငေါက်ငမ်းတိုင်း ထွာတတ်ကြသည်။ တစ်ခါတစ်ရံလည်း အခြားယာဉ်များ မှာ ယာဉ်မောင်းများ က တစ်ပြန်စီး ဖရုဿဝါစာဆဲရေး သွား ကြပြန်ချေသည်။

``စာပေစိစစ်ရေး ကို ခဏခဏလာရသလား ယဉ်သူ´´

``ဟင့်အင်း၊ နှစ် ခေါက် သုံးခေါက် ဒါပါပဲ၊ အလျင် ကတော့ ယဉ်သူ ပုံနှိပ်တိုက် မကိုင်ဘူး လေ´´

သူနှင့် စကားပြောချင်ဇောနှင့် ဖွင့်ဟ မဆွေးနွေးချင်သော လူသိရှင်ကြား တရားဝင်ကိစ္စ တစ်ခု၏ လမ်းစသည်ပွင့်ထွက်သွားခဲ့၏ ။

``ဦးကျင်စိမ်းရဲ့ မျက်စိက ခွဲစိတ်ကုသလို့ မရဘူးလား´´

ရင်ထဲတွင် နင့်ခနဲ နာကျင်လျက်နှင့် ပင် အတားအဆီးတစ်ခုကို လွန်မြောက်သွားခဲ့ သည့် အတွက် စိတ်လက်ပေါ့ပါးသွားခဲ့သည်။

ယဉ်သူ၏ အချုပ်အနှောင် သံကွန်ယက်သဖွယ် ဖြစ်သော သူ တစ်ယောက် နှင့် ပတ်သက်ပြီး အထွန်းအား ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်လောက်အောင် ခံနိုင်ရည်ရှိ သွားပြီမို့ ယဉ်သူ ၀မ်းမြောက်သည်။ အပြစ်မှ စင်ကြယ်သွားသည်ဟုလည်း ကျေနပ်မိ၏ ။

``သူ့ ဆီးချိုကို သွေးထဲကနေ သာမန် ဖြစ်အောင် ချလို့မရဘဲ ဖြစ်နေတယ် အထွန်းရဲ့ ၊ သူက အစားမက်တယ်၊ ပုံစံနဲ့ ကျွေးပေမယ့် မရဘူး၊ ကလေးဆိုရင် စည်းကမ်းကိုင်လို့ လွယ်တာ ပေါ့၊ ခုတော့ သူ့အသိစိတ်ဓာတ်နဲ့မှ မဆင်ခြင်တာ ဘယ်လိုလုပ်ကုမလဲ”

``ချော့မော့ပြောပေါ့ ယဉ်သူ၊ သူက မကျန်းမာတဲ့သူဆိုတော့ သူ့အပေါ် စိတ်ရှည်ရှည်နဲ့ သိမ်းသွင်းယူရမှာ ပေါ့´´

ထွန်းတိုးထွန်းက ယဉ်သူ့ကို အားပေးနေသည်ဟု ယဉ်သူခံစားရကာ အဖော်ကင်းမဲ့ အထီး ကျန် ဆန်လွန်းသော သူ တစ်ယောက် အနေနှင့် အားရှိလာ အားတက်လာလေသည်။

သူက တစ်မျိုး အမေက တစ်မျိုး၊ အစားအသောက်မက်တာချင်း တူပေမယ့် သူက ဆေးမှန် မှန် သောက်တယ်။ အမေ ကတော့ ဆေးသောက်ဖို့ ဘယ်အချိန်မှ သတိရသလဲဆိုရင် ရင်ပတ်တွေ အောင် အသက်ရှု ကျပ်ပိတ်ပြီး ချွေးသီးချွေးပေါက် ကျတော့မှ . . .´´

ယဉ်သူက သရော်သလို ဟက်ခနဲ ရယ်သည်။

အထွန်းကလည်း လိုက်ရယ်သည်။

``ယဉ်သူတို့ ရန်ကုန်ရောက်တာကြာပြီလား´´

``ငါးနှစ် ရှိပြီ´´

``ဦးကျင်စိမ်းက ရန်ကုန်က ထင်တယ်နော်´´

``အထွန်း မမှတ်မိလို့ပါ၊ အထွန်းအဖေနဲ့တော့ သိချင်သိမှာ ၊ ယဉ်သူတို့ မြို့ကပဲလေ´´

``ဟုတ်လား၊ သိမှာ ပေါ့၊ ကိုယ်က အဲဒီ တုန်းက ငယ်သေးတယ်၊ ကိုယ့်ဘာသာ အေးအေး လဲနေတတ်တာကိုး´´

ယဉ်သူ သူ့ကို ပြုံးထေ့ထေ့နှင့် မျက်လုံးစွေကြည့်ပြန်သည်။

``ရှက်လဲ ရှက်တာကိုး´´

ရယ်သံစွက်သွားသည်တွင် သူကလည်း ယဉ်သူ့ကို ကျီစယ်လိုက်ကာမှ ငယ်စဉ်က ဇာတ် ကြောင်းကလေးကို ပြန်သတိရကာ ရှက်ရယ် ရယ်လေ၏ ။

``ဟုတ်တယ်နော်၊ ကိုယ်က ရှက်တတ်တယ်´´

သူသာ မရှက်တတ်ဘဲ ရဲရဲတင်းတင်း ရှိခဲ့လျှင်လည်း ယဉ်သူတို့ ဇာတ်ကြောင်းက တစ်မျိုး တစ်မည် ပြောင်းလဲသွားခဲ့မှာ မဟုတ်။ အဘယ်ကြောင့် ဆိုသော် သူကဆိုသော ငြိမ်သက် အေး ဆေးသော လုလင်ပျိုကိုသာ ယဉ်သူက စွဲလမ်းခဲ့ရတာ ပါ။ ရဲတင်း သူ တစ်ယောက် သာ ဖြစ်လျှင် ယဉ်သူဘယ် စွဲလမ်းမိမှာ တဲ့လဲ။

``မညွန့်မေကြီးလဲ ရန်ကုန်ရောက်နေတယ် ယဉ်သူ၊ မှတ်မိလား၊ ကျောင်းတုန်းက ၀၀ကြီး ဟာကော´´

``မှတ်မိတာပေါ့၊ သူ ဘယ်မှာ နေလဲ ဟင်´´

``စိန်ဂျွန်းမှာ ဈေးရောင်းတယ်၊ ကိုယ်က ကတ်ဆက်သွားဝယ်ရင်း တွေ့ ကြတာ၊ သူ့ အမျိုးသားက ကတ်ဆက် ကိုင်တယ်၊ မရောက်တာကြာပြီ၊ မဂ္ဂဇင်း ရလိုက်ကတည်းက ခြေချုပ်မိ သွားတာပဲ´´

``သူကလဲ အရမ်း ပျော်တတ်တယ်´´

``အခုလဲ ဗလွတ်ရွတ်တပဲ၊ ကိုယ့်ကို မစွံနိုင်သေးလို့ သူရှာပေးမလို့တဲ့´´

ယဉ်သူ သဘောကျစွာ ရယ်လိုက်သည်။ သိလိုက်ရမှာ ကို ရင်မဆိုင်ဝံသဖြင့် မမေးဘဲ နေခဲ့ ရသော အဖြေကို အလိုလို ရရှိပြီမို့ ယဉ်သူ ကျေနပ်မဆုံးနိုင်တော့။

သြော် . . . ကိုယ်တိုင်လည်း မပန်ဆင်နိုင်၊ သူတစ်ပါး ပန်ဆင်သွားမှာ ကိုလည်း တွန့်တိုနှ မြော နေခြင်းသည် တစ်ကိုယ်ကောင်းဆန်ရာ ကျနေမှာ တော့ အမှန်ပင်။

``ဘာ ဖြစ်လို့ ခုထိ မစွံသေးတာလဲ´´

``မတွေ့ သေးလို့ပေါ့ ယဉ်သူ´´

``ဟုတ်နိုင်ပါ့မလား အထွန်းရယ်၊ ဒီအရွယ်ရောက်မှတော့ . . . ´´

``ဟုတ်လွန်းလို့ဗျာ၊ သဘောကျတာ တွေ့ တာလဲ မစရဲ၊ မပြောရဲ၊ ကျောင်းမပြီးသေးလို့ ကျောင်းပြီးမှ စဉ်းစားမယ် အချိန်ရွှေ့၊ တစ်ခါ မိဘတွေ ရှာလာတော့လဲ အကြိုက်မတွေ့ ´´

``အထွန်းက ဘယ်လိုမျိုးမှ ကြိုက်မှာ လဲ´´

``အဲဒါလား၊ ဘယ်လိုပြောရမလဲ၊ မေမေတို့ရွေးထားတာက မိဘမျိုးရိုး ဂုဏ်သိက္ခာ၊ ပညာ၊ အနေအထိုင် ဒါမျိုးတွေ ပေါ့၊ ဒါပေမယ့် ယဉ်သူ တွေးကြည့်လေ၊ တစ်နေ့လုံး ကြည့်နေ မြင်နေရမယ့် ဟာ လှတော့လှဦးမှာ ပေါ့´´

နှစ် ယောက် သားပြိုင်တူရယ် ဖြစ်သည်။

``လှရင် ကြိုက်တယ်ပေါ့´´

``လှရုံနဲ့လဲမ ဖြစ်ဘူးပေါ့ ယဉ်သူရယ်၊ အင်း…. အင်တာဗျူး ကို အတော် ကွေ့ဝိုက်ပြီး ရှောင် နေရပါကလား´´

လက်ဖမိုးနှင့် ပါးစပ်ကို ၀ှက်ကွယ်ကာ သည်းထန်စွာ ရယ်မောမိသည်။ သည်လို စိတ်လွတ် လက်လွတ် ရယ်လေ့မရှိပါဘဲလျက် ယခုအခါ ယဉ်သူ့စိတ်တွေ ဖမ်းမရနိုင်အောင် မြူးရွှင်လျက် နေပေသည်။

``ဖက်ဖူးရောင် တိုက်က ယဉ်သူတို့ မြမဉ္ဖူနဲ့ လေးငါးခန်းပဲကွာလိမ့်မယ်၊ မနေ့က ပြောဆိုပြီး ပြတ်သွားပြီး´´

``ပေဖူးလွှာနားမှာ လား´´

``မျက်စောင်းထိုးပေါ့၊ မြေညီထပ်မရဘူး၊ ဒါပေမယ့် ပထမထပ်ဆိုတော့ မဆိုးလှ ပါဘူး၊ ကျယ်တယ်၊ သန့်တယ်၊ ဧည့်ခန်းကို ကာပေးတာပါပဲ၊ ဖုန်းလဲရှိတယ်၊ အတော် အဆင်ပြေပါတယ်။ အဘိုးကြီး ဗုဒ္ဓဂါယာက ပြန်လာမှ ခေါ်လာပြရဦးမယ်´´

``သွားတာ ကြာပြီလား´´

``နှစ် ပတ်ရှိပြီ၊ ရောက်တော့မှာ ပါ´´

ဂျပန်သံရုံးနံဘေးမှ ကွေ့ချိုးဝင်လာခဲ့သည်။

ယဉ်သူသည် ပုံနှိပ်တိုက်ပိုင်ရှင်အ ဖြစ် ဦးကျင်စိမ်းအမည် မှ ယဉ်သူ့အမည် သို့ ပြောင်းလဲ ရန်အတွက် ပထမဆုံး အကြိမ်အ ဖြစ် သည်နေရာသို့ ရောက်ခဲ့ရဖူးသည်။

``ဆင်းလို့ရပြီ ယဉ်သူ´´

ကားမှန်တွေ ကို သူပိတ်ခိုက် ယဉ်သူက သစ်ပင်ရိပ်ခိုရင်း စောင့်ဆိုင်းသည်။

မျက်မှန်ထူနှင့် တိုက်ပုံနှင့် သူသည် တက္ကသိုလ်ဆရာဂိုက်ဖမ်းနေမြဲ ဖြစ်သည်။

ယဉ်သူသည် နိုးကြားလာမည့်  မကျေနပ်မှု တွေ ကို ပုတ်ခါဖိနှိပ်လျက် သာယာလှပသော သည်အချိန် အတွင်းမှာ သာ အာရုံ မြှုပ်နှံထားလိုက်မိလေ၏ ။

အလုပ်ဝင်၍ နှစ် လမပြည့်ခင် အညာမှ မိခင်မမာဘူးဆိုကာ မြမဉ္ဇူမှ စာပြင်ဆရာ နှုတ်ထွက်သွား ပြန်လေပြီ။

စာပြင်သော အလုပ်သည် ယဉ်သူ့ထံ ထပ်မံရောက်ရှိလာသည်။





ဝန်ဇင်းချစ်သူများ မြနှောင်းညို ၏ “ အိမ်မက်ဆည်းဆာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အကြွင်းအက္ခရာသင်္ချာတစ်ပုဒ်

သံယောဇဉ် ငွေသောင်ဦး

ကံ့ကော်ရိပ်က ကြိုနေမယ်