ဟေ့ကောင် ဇီးကွက်
ဘယ်လိုနေသလဲကွ မင့်နန္ဒ၀န်၊ ငါတော့ မမတို့ မောင်ရွှေမြိုင်မှာ ဒ၀င်းသီး တ၀စားပြီး တအားဝနေပြီ။ (၀မှဝ ဟဲဟဲ)၊ ဒ၀င်းသီးဆိုတာကော သိရဲ့ လား။ ဒူးရင်းသီးလကွာ၊ ရွှေမြိုင်သား ဖြစ်စပြုပြီး…နောက် နောင်ပို၍ စစ်မည် ။ (ရွှေမြိုင်သူလေး တစ်ယောက် နဲ့ ဖူးစာဆုံပြီးတဲ့အခါ ပေါ့)၊ ဒီတော့ ရွှေမြိုင်လေသံနဲ့ပဲ အဲ ဟဲ ဟဲ။
အလုပ်အကိုင် ကတော့ အဆင်ပြေပါတယ်ကွာ။ မပြောပလောက်တဲ့ အဖုထစ်ကလေးတွေ ရှိပေမယ့်လည်း ငါက အားလုံးနဲ့ အဆင်ပြေတယ်လို့ ဂုဏ်ယူလေ့ရှိလေတော့ အဆင်ပြေအောင် အလုံးစုသော အဖုအထစ်တွေ ကို ပြုံးပြုံးကြီးကျော်ဖြတ်ပစ်ရတာ ပေါ့ ဘာရမတုန်း။ တိုင်းဆေးရုံကြီး မှာ အလုပ်စ၀င်တော့… နောက် တစ်ယောက် တည်း အုပ်ချုပ်ရတဲ့တိုက်နယ်၊ မြို့နယ်ရောက်သွာလဲ လုပ်ငန်းကျွမ်းကျင်သွားမှာ ကွ၊ မင်းတို့နန္ဒ၀န်ကလည်းခုတင် ၁၀၀ ဆံ့ဆေးရုံကြီးဆိုတော့ တို့များ လို ဆရာဝန်ပေါက်စတွေ ပညာယူနိုင်တာပေါ့ကွာ။
ခုထိ အိမ်မရသေးတာပဲ ခက်နေတာ။ အမေ့သူငယ်ချင်းအိမ်မို ခိုကပ်နေရတုန်းပဲ။ လိုချင်တဲ့ အိမ်က ဆေးခန်းဖွင့်ဖို့ အကွက်အကွင်းကောင်းဖို့လိုတယ်။ ဒါက ကြားကောင်းအောင်ပြောတာမှန်း မင်းသိမှာ ပါ။ မိန်းမရရင် နေရေး ထိုင်ရေး သင့်တင့်ဖို့ ပိုအရေး ကြီးတယ်ကွ။
ငါ့မှာ အလုပ်သင်ဆရာဝန်ဘ၀ကတည်းက အမြန်ဆုံး အိမ်ထောင်ရက်သားကျချင်လွန်းလို့ နည်းလမ်းမျိုးစုံနဲ့ ကြံစည်းကြိုးစားပေမယ့်ပေါ့ ခုချိန်ထိ ရည်းစားကလေး တစ်ယောက် တောင် မရရှာ သေးဘူး။ သူများ တွေ ကျတော့လည်း လွယ်မှလွယ်။ များ မှများ ။ ဟိုကောင် မွတ်ထားကြီးဆို ဆေးကျောင်းမှာ လေးနှစ် လုံးလုံး တွဲ လာတဲ့ ၀ါးလုံးတိုင်လေးကိုခေါက်ပြီး ပုသိမ်မှာ အလုပ်ဝင်တဲ့ လကပဲ ပုသိမ်သူနဲ့ ရ သွားပါရောလား (အားကျလေစွာ )။
မင်းကော ကျောင်းတုန်းကလို လါတော် ချစ်ဆယ်ရ အဂ္ဂမဟာပဏ္ဍိတ ဂိုက်ဖမ်းနေတုန်းပဲ လား။ ဒါမှမဟုတ် ငါ့လို အသေအလဲ မိန်းမလိုချင်လာပြီလား..
သောက်ပျင်း ထူမနေ စမ်းနဲ့ကွာ။ ငါ့ ဆီစာရေး ဦး….
နင့်ရဲ့
ဒိန်းဒေါင်
ဒေါက်တာစိုးသူသည် အနားမညီမညာဆုတ်ဖြဲထားသော ဗလာစာရွက်ဟောင်ညစ်စညစ်၊ ၀ါကြင်ကြာင်တရွက်တွင် ဟိုဘက်သည်ဘက် တမျက်နှာခွဲအပြည့် အသိပ်ရေး ထားသော သူငယ် ချင်း ဒေါက်တာသိန်းမောင်၏ မသေမသပ်လက်ရေး နှင့် စာကိုဖတ်ကာ ပြုံးနေမိလေ၏ ။
သိန်းမောင်နှင့် သူသည် ဆေးကျောင်းသား သက်တမ်းခြောက်နှစ် ခွဲလုံးလုံး တောက် လျှောက်တွဲ လာကြသော သူငယ်ချင်းများ ဖြစ်ကြလေသည် သူက ရန်ကုန်သား၊ သိန်းမောင်က တော့ ပျော်ဘွယ်ဇာတိ။ ကျောင်းရက်ရှည်ပိတ်၍ သိန်းမောင်နယ်ပြန်သွားချိန်မှအပ ကျန်အချိန်များ တွင် သူတို့နှစ် ယောက် ကြာကြာခွဲလေ့မရှိပေ။ ပျော်ပျော်ပါးပါး။ ဟေးလားဝါးလား နေတတ်သော သိန်းမောင်နှင့် စာအုပ်ကိုသာ ခင်တွယ်ရာ အဖော်ပြုရင်း အခန်းအောင်းနေတတ်သော သူသည် အပေါ်ယံစရိက်ခြားနာသော်လည်း ရိုးတားခြင်း၊ ကြိုးစားခြင်းတို့၌ အခြေခံတူညီသူများ ဖြစ်လေရ ကာ အပေးအယူမျှတစွာ ပေါင်းသင်းခင်မင်လာနိုင်ကြပေ၏
မခွဲတမ်းတွဲ သည့် ဘက်မှာ တော့ သိန်းမောင်သည် နာမည် ကိုပင် “သူ”တစ်လုံးထိုးကာ သိန်းမောင်သူတ ဖြစ်လဲလျက် ခုံနံပတ်ပူးတွဲ ကျအောင် ကြံဆောင်ခဲ့လေရာ အတန်းဖော်များ အား မျက်စိစပါးမွေးလည်း စူး၊ အားကျနှစ် လိုရင်း စွဲလည်းရှိသည်နှင့် “သူ”တို့လင်မယားဟု နာမည် ပြောင်မှည့်ခေါ်ခဲ့ကြချေသည်။
တကယ်တမ်း စတင်လမ်းခွဲကြရသည်မှာ အလုပ်သင်ဆရာဝန်သက်တမ်းပြီးဆုံး၍ ဆေးကု သခွင့်မှတ်ပုံတင်အမှတ် ကိုယ်စီရရှိကြပြီးနောက် သိန်းမောင် ပျော်ဘွယ်ပြန်ကာ ကိုယ်ပိုင်ဆေးကု ဂေဟာ ဖွင့်လှစ်တော့မှ ဖြစ်လေသည်။ သိန်းမောင်၏ ဆေးခန်းဖွင့်ပွဲသို့ သူလိုက်သွားသေးသည်။ ပျော်ဘွယ်သို့ ပထမအကြိမ် အလည်အပတ် ရောက်ရှိခြင်း ဖြစ်ရုံမက ရန်ကုန်မှ ပထမဆုံးအကြိမ် ထွက်ခွာခြင်းလည်း ဖြစ်လေသည်။ သိန်းမောင်တို့နေအိမ်တွင် တပတ်လောက်နေပြီး ပျင်းရိလာကာ သူအိမ်ပြန်လာခဲ့သည်။ ကိုယ်ပိုင်ဆေးခန်း ဖြစ်ရကား အထိန်းအချုပ်မရှိလှပဲ သိန်းမောင်သည် ပျင် ပျင်းရှိတိုင်း ဆေးဝယ်ယမည် ၊ အစိုးရအလုပ်ခေါ်ပြီလား။ စုံစမ်းမည် စသည်ြ့ဖင့် အကြောင်းရှာကာ ရန်ကုန်ဆင်းလာတတ်လေ၏
“မင်းဒီလိုပဲ မိဘလုပ်စာထိုင်စားနေမလားကွ၊ ဆေးခန်းထိုင်ဆို့ စိတ်ကူးဦး” ဟု သိန်းမောင် က တိုက်တွန်းနှိုးဆော်လေ့ရှိသည်။
“ဆေးခန်းတစ်ခုဖွင့်ဖို့ဆိုတာ မလွယ်ပါဘူးကွာ၊ မိဘဆီက အရင်းအနှီးတောင်းရဦးမယ်။ ဆေးဝယ်ဦး၊ နေရာရှာဦး၊ စဘော်ငွေ့ ဈေးကြီး၊ လခတွေ က တရာ့ငါးဆယ်။ နှစ် ရာ။ မီတာခက တစ်မျိုး၊ အမြတ်တော် ကြေးကြောက်ရသေးတယ်။ တခါ လူနာမ၀င်ပဲ ရှုံးနေပြန်တော့လည်း စဘော်ပြန်မရလို့ ကိုယ့်နေရာယူမယ့် ဇာတ်တူသား ဓားစားခံဆရာဝန် တစ်ယောက် ရှာရပြန်ရော။ ငါနဲ့ မ ဖြစ်ပါဘူးကွာ”
“ဒါလဲ ဟုတ်တာပဲ။ မင်းလို့ စကားလေးလုံးမကွဲတဲ့ ကောင် ကတော့ာ ဂျီပီလုပ်စားလို့ ဟန်မှာ မဟုတ်ဘူး။ ထိုင်နေရမှာ ပဲ” ဟု သိန်းမောင်က သူ့စကားကို ထောက်ခံသလိုနဲ့ သူ့ကို ချိုးနှိမ် လေ၏ ။
“ကဲကွာ…အရင်းအနှီး မစိုက်ရအောင် အုန်း (own) မဖွင့်နဲ့ အုံနာနဲ့လုပ်ကြည့်၊ မင်းမှာ ဘာတာဝန်မှ မရှိဘူးကွာ။ အချိန်တန် ဆေးခန်းသွား၊ ဆေးကု၊ အုံနာက သူ့ဘာသာငွေကြည့် တောင်းပြီး အချိန်တန်ရင် မင်းလေးဆယ်ရာခိုင်နှုန်းပိုက်ပြီး ပြန်လာခဲ့ရုံပဲ …ကဲ”
“ဒါလဲ ငါနဲ့ မကိုက်ဘူးကွ၊ အုံနာက ဆေးပေးတာနည်းတယ်။ များ တယ်နဲ့ ၀င်ဆရာလုပ် နေရင် ငါက ကြိုက်မှာ မဟုတ်ဘူး”
“ဒါဆိုလဲ မင်းအတွက် ငါ သမဆေးခန်းမှာ လျှောက်လွှာတင်ခဲ့တောမယ်။ ဘာမှမလုပ်လဲ ထိုင်နေရင် ဆရာဝန်နဲ့ မတူဘူးကွ မင်းမိဘက ကျွေးနိုင်လို့ ကျွေးပြီး မင်ကလည်း မရှက်လို့ စားပေ မယ့် ကြည့်မကောင်းပါဘူးကွာ”
ယင်းသို့ လျှင် အပြီးသတ် ထေ့ငေါ့ရင်း တကယ်ပင် သမ၀ါယမဆေးခန်း နှစ် ခုသုံးခုတွင် လျှောက်လွှာတင်ပေးခဲ့သော ကြောင့် သူသည် ရပ်ကွက်တစ်ခုမှာ အလုပ်တစ်နေရာရရှိကာ အခြေ ကျနေလေတော့၏ ။
လူ တစ်ယောက် ပြားခုနစ်ဆယ်နှုန်းနှင့် တနေ့ လူနာ နှစ် လောက်ဝင်သဖြင့် သူ့ဝင်ငွေမှာ လမ်းစရိတ်၊ သူ့စိးကရက်ဖိုးနှင့် စာအုပ်ဖိုး ကာမိရုံတော့ရှိပြီး မိခင် ဖြစ်သူကို လက်ဖြန့်တောင်ခံဖို့ မလိုအပ်တော့ပေ။ သိန်းမောင်ပြောသလို အမေအမေကျွေးသော ထမင်းကို အရှက်မရှိ စားနေခဲ့ သည်ထားလိုက်ပါစို့…]
ယခုမူ သူတို့နှစ် ယောက် စလုံး လက်ထောက်ဆရာဝန်များ အ ဖြစ် တမြေနယ်စီမှာ တာဝန် ထမ်းနေကြရလေပြီ။ သိန်းမောင်က တိုင်းဆေးရုံကြီးမှာ ခုတင်တစ်ရာဆံ့မြို့နယ်ဆေးရုံကြီးမှာ ။ စိတ်သွားတိုင်း ကိုယ်မပါ။ လိုရာရောက်အောင် မသွားနိုင်တော့ပဲ တာန်ကိုယ်စီနှောင်ဖွဲ့ထား လေပြီ။ ထို့ကြောင့် ပင်လျင် လူချင်းမတွေ့ ဆုံနိုင်သေးမီ သိန်းမောင် တစ်ယောက် စာမရေး စဖူး အရေး ထူးရခြင်း ဖြစ်ပါသည်။
ဒေါက်တာစိုးသူသည် လူနာအကြောအခြင်စမ်းသပ်သော တူကလေးနှင့် စားပွဲစွန်းကို ခပ်ဆ ဆခေါက်ရင်း သိန်းမောင်ထံ စာပြန်ရေး မည် ဟု စိတ်ကူးနှင့် အတွေးထဲတွင် စာစီကုံးနေလေသည်။
သူ့ရှေ့တါင် ဘောလ်ပင်တစ်ချောင်းနှင့် စာရေး စက္ကူတအုပ်အသင့်ရှိနေသည်။ လေယာဉ် ပျံစာအိတ် အစိတ်ထုပ်ကတစ်ထုပ်၊ ညနေက ဦးကြိုင်ကို စာရေး စက္ကူနှင့် စာအိတ်ဝယ်ပေးပါမှာ ကြားစဉ် ဦးကြိုင်၏ အမူအရာ ဘာလိုလိုတမျိုးကြီး ဖြစ်နေသည်ကို အခုလေးတင်မှ သူသဘော ပေါက်သည် သူရည်စားစာရေး တော့မည် ဟု ထင်နေပါပကောလား။ သူခွကျစွာ ရှက်ကိုးရှက်ကန်း အနေရခက်ချေသည်။
သူစာရေး လိုသူမှာ ကြိုင်သံသယလိုတော့ မလွင်မဟုတ် ရပါ။ သို့တစေ သိန်းမောင်ဆီ အတိုင်အားတိုက် စရေး ပစ်လိုက်ချင်နေစေသော တွန်းအား ကတော့ မလွင်ပဲ ဟုတ်မှန်နေပါလေ သည်။ လူချင်းသာတွေ့ ခွင့်ရရင် ရင်မှာ မဆံ့အောင် ပြည့်လျှံနေလုပြီ ဖြစ်သော စကားတွေ အားပါး တရပြောပြလိုက်ချင်ပါရဲ့ ၊ စာရေး ရန်ဆိုသည်မှာ စိတ်သာကူးရ ကိုယ်ရေး ကိုယ်တာစာဆို၍ ခွင့်စာမျှ ပင် မတိုင်ခဲ့ဖူးလေတော့ လက်တွေ့ အကောင်အထည်ဖော်ဖို့ မလွယ်လှပါ။ ကြိုးစားကြည့်ရမှာ ပါပဲ လေ။ ရေး ချင်စရာအကြောင်းက ရှိလာမှပဲ။
အလုပ်သင် ဆရာဝန်ဘ၀မှာ သိန်းမောင် တစ်ယောက် အပြင်းအထန် ရည်းစားလိုချင်ကာ တွေ့ မြင်ဆက်ဆံရသူအပျိုမှန်သမျှလက်မလွှတ်ရလေအောင် စိတ်နှင့် ပြစ်မှားနေခဲ့ပုံကို သူ သတိ တရပြုံးရပြန်လေသည်။
“ခြောက်နှစ် ခွဲလုံးလုံး ဆေးစာအုပ်ကြားမှာ ပဲ နစ်မြုပ်ရင် ကုန်ဆုံးခဲ့တဲ့အချိန်တွေ ကို ခုတော့ နှမြောလိုက်တာကွာ ကြည့်စမ်းပါသီး ဘယ်မိန်းကလေးကိုမှ မချစ်မကြိုက်ဖူးတဲ့ဘ၀၊ အသက်အ စိပ်ပဲ ရှိနေမှ။ လူ့ဘ၀သက်တမ်း သုံးပုံတစ်ပုံကုန်ဆုံးသွားပြီကော မ ဖြစ်ဘူး မ ဖြစ်ဘူး။ ရှာမှ ရှာမှ မာမီရယ် ရှာပေးကွယ် ရည်းစားလိုချင်တယ်”
ယင်းသို့လျှင် အာဘောင်အာရင်းသန်သန်ကြွေးကြော်ယင်း ကြေငြာယင်း ချစ်သူရည်စား လေး တစ်ယောက် ရရာရကြောင်းတွက် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ကာ ရှာပုံတော် ဖွင်ရှာလေ ၏ ။
“ဟ.. အတွဲ နဲ့ကွ လိုက်လို့မ ဖြစ်ပါဘူး”
“ကြစက လှတယ်ကွ၊ ကြည့်ရင်းကြည့်ရင်း မလှတော့ဘူးကွာ”
“နန့်တယ်ကွာ၊ တနေ့မှ စိတ်အေးရမယ်မထင်ဘူးဟေ့ ကန်တော့ဆွမ်း…”
“ဟာ မလှုပ်တလှုပ်နဲ့ အဘွားကြီးကျနေတာပဲ တော် ကြာ ငါတရားကျပြီး တောထွက်မိ လိမ့်မယ်”
တွေးရင်း တွေးရင်း စိတ်ပိုင်းဖြတ်မရလေသော ကြောင့် သိန်းမောင်ခမျာ ချစ်သူရည်းစားရဖို့ ပဏာမအဆင့် ဖြစ်သော ပိုးပန်းသမှု ပင် မပြုဖူးရှာသေး။
“မွတ်းတာက ပြောတယ်ကွာ၊ ငါ ဒီလောက် ရွေးချယ်စဉ်းစားနေတာကိုက အသက်ကြိးပြီး ရင့်ကျက်ပြီလို့ ညွှန်ပြနေတာတဲ့။ အသည်းနှလုံးထက် ဦးနှောက်ကို ဦးစားပေးတဲ့ အဆင့် ရောက်သွားပြီတဲ့ ဟုတ်နေသလားမသိဘူး ၀မ်းနည်းစရာကွာ”
“မပူပါနဲ့ လင်စံရွေး လင်ခွေးနဲ့ညားတဲ့ မင်းကျတော့ မှန်းတော့ ဒေ၀စ္စရာ၊ ရတော့ပြိတ္တာမ ပေါ့” ဟု မွတ်တားကြီးက နှိမ်လိုက်သဖြင့် ဆတ်ဆတ်ခါနာကျည်းရတာ က တစ်မျိုး။
“ငါကလည်း ဘယ်သူ့မှ ချစ်ကြည့်လို့မရ။ ငါ့ကို စပိုးမယ့်သူ ရှိလဲ ကောင်းသား။ ခုတော့ ငါ့ပုံစံကလည်း သိပ်ဆွဲဆောင်မှု မရှိတော့” ဟု သူ့ကိုယ်သူ ဟားလိုဟားနှင့် သြော်…သိန်းမောင်။
အချစ်ဆိုသည်မှာ တကူးတက အပန်းတကြီး ရှာဖွေယူ၍ လည်း တွေ့ ချင်မှတွေ့ ပြီး ရချင်မှ ရတတ်သည်ဟု သိန်းမောင်မသိရှာပါလား။
သူ့မှာ ဖြင့် လက်ရှိသူ့ဘ၀သူ့အခြေအနေ၊ သူ့အတွေ့ အကြုံမျှလောက်နှင့် ရောင့်ရဲ ကျေနပ် နေသေးပါလျက် မမျှော်လင့်ပါဘဲလျက် သူ့ရင်ထဲတွင် အချစ်သည် နိုးကြားအသက်င်ခဲ့ပြီဆိုလျှင် သိန်းမောင်အံ့သြမလား။
သိန်းမောင်သာ အနီးအနားမှာ ရှိနေပါလျှင် ချစ်ခြင်းအစ မျက်စိကဆိုတာ မှန်တယ်ကွ သိန်းမောင်” ဟု မြိန်ရေယှက်ရည် ပြောကြားမိပေမည် ။
အဲ…ဟုတ်ပြီ။ သိန်းမောင်ထံ ရေး သားမည့် စာ၏ နိဒါန်းကို အဲသလို အစချီရလိမ့်မည် ။
ဒေါက်တာစိုးသူသည် အကြောအခြင်စမ်းသော တူကလေးနှစ် ချောင်းကိုစားပွဲပေါ်ချကာ ဘောလ်ပင်ကောက်ကိုင်ပြီး လက်ရေး သော့ သော့ ဖြင့် စာလုံးများ ရေး ချလေတော့၏ ။
ချစ်ခြင်းအစ မျက်စိကဆိုတာ မှန်တယ်ကွ သိနးမောင်။
စာရေး ရင်း မလွင်၏ မျက်နှာလေးကို ကြည်နူးဖိုလှိုက်စွာ မြင်ယောင်လာလေသည်။
မြင်မြင်ချင်း စက္ခုအာရုံကို ချည်နှောင်ညို့ဆွဲကာ ချစ်ကြိုက်မိသည် ဆိုကတည်းက မလွင် လှတော့လှမည် မှာ အငြင်းပွာဖွယ်အကြောင်းတရပ် မ ဖြစ်နိုင်တော့ဘူးထင်သည်။
မလွင်လှပါသည်
မြင်သူတိုင်း ငေးရလောက်အောင်တော့လည်း လွန်လွန်ကဲကဲ လှပမနဘူးပေါ့လေ။
မလွင်ဆိုသော ခင်လေးသွင် အသားလတ်လတ်။ အရပ်က မနိမ့်မမြင့်ရယ်။ ကိုယ်နေကိုယ် ဟန် သွယ်လျ ပြေပြစ်သည်။ သွားဟန်လာဟန် နွဲ့နှောင်းညင်သာသည်။ ဦးထုပ်ဖြူ၊ ထဘီနီ နှင့် သူနာပြ၀တ်စုံသည်ခင်လေးလွင်နှင့် လိုက်ဖက်စေကာမူ သူမသည် သူနာပြုဆရာမ တစ်ဦး အသွင် ထက် အနုပညာသည် တစ်ဦးအသွင် ဆောင်နေလေ၏ ။
ဘာပဲ ဖြစ် ဖြစ် ခင်လေးလွင် မျက်မျှလျသည် မလှသည်က အကြောင်းမဟုတ်ဘဲ သူမ၏ အလှသည် ဒေါက်တာစိုးသူ စွဲငြိတိမ်းညွတ်စေနိုင်စွမ်းသော အလှမျိုး ဖြစ်နေသည်မှာ သေချာလှ ပေသည်။
မလွင်၏ မည်းနက်သော မျက်ခုံးများ မှာ အရင်းတုတ်၍ အဖျားသွယ်ကော့သည်။ စင်ရော် တောင်မျက်ခုံးဟု ဤမျက်ခုံးမျိုးကို တင်စားကြသည်ထင်၏ ။ နှာရောင် တွင် မွှေးညင်းကလေးများ ခပ်ထင်းထင်း ဆက်၍ နေသေးသည်။ မျက်ခုံးဆကလျှင် ရည်းစားများ တတ်သတဲ့။ မလွင်သည် ရည်းစားများ သော မိန်းကလေးမျိုးမ ဖြစ်နိုင်ပါ။ ချစ်သူ တစ်ယောက် တစ်လေ ရှိဖူးမလားတော့ မပြော နိုင်ဘူးပေါ့။ အခု ချစ်သူရှိနေရင် ကော….
ဒေါက်တာစိုးသူ ထိတ်လန့်တုန်လှုပ်သွားလေသည်။ ဘောလ်ပင်အသာချကာ သူ့စိတ်တွေ ငြိမ်သက်အောင် ကုလားထိုင်နောက်မှီဝယ် လျော့လျိလျိမှီကာ သက်တောင့်သက်သာထိုင်လျက် သက်ပြင်းတစ်ချက် မှု တ်ထုတ်လိုက်ရလေ၏ ။
သူနန္ဒ၀န်သို့ စတင်ရောက်ရှိသော နေ့မှာ ပင် မလွင်ကို တွေ့ ခဲ့ရသည်။ နှစ် လတင်းတင်း
ပြည့်ခဲ့ပြီ မလွင်ကို စိတ်ဝင်စားသည် မလွင်ကို ချစ်မိသည်။ မလွင်မှာ ချစ်သူရှိနေမလားဟု တစ်ခါမှ မတွေးမိစဖူး။
သိန်းမောင်ထံ စာရေး ပြီး အသိပေးမည် ပိုင်းဖြတ်ပြီးကာမှ အဘယ့်ကြောင့် သည်အတွေးက အလန့်တကြား ပေါ်ပေါက်လာရပါသလဲ။ သူ့မှာ စိတ်မသက်မသာ ဖြစ်နေရပါပြီ။
မလွင်၏ ချိုရွှင်အေးချမ်းသော မျက်နှာကလေးက ဆယ့်ရှစ်ဆယ့်ကိုးထက် မပိုသေးဘူးဟု ထင်ရလောက်အောင် နုနယ်နေသေးသော်လည်း သူနာပြု သက်တမ်းအရ တွက်ဆကြည့်လျှင် နှစ် ဆယ်ကျော် အစိတ်ပိုင်းမှန်း သိသာသမို့ အရွယ်တော် တဆိတ်ဟိုင်းနေမှပဲ ရည်ရွယ်ထားသူရှိချင် လည်း ရှိနိုင်ပေမှာ ပေါ့။
သူရေး ထားသော စာကြောင်းကလေးကို သူငေးကြည့်နေမိလေသည်။
ချစ်ချင်းအစ မျက်စိကဆိုတဲ့စကားဟာ မှန်တယ်သိန်းမောင်။
အမြင်မှု န်ဝါးဝါး ဖြစ်နေသော ကြောင့် မျက်မှန်ကိုချွတ်ကာ ပုဆိုးနှင့် ပွတ်တိုက်ပစ်ရသေး သည်။
ချစ်ခြင်းအစ မျက်စိကဟူသော စာလုံးများ ကို သူအဓိပ္ပာယ်စဉ်းစားရင်း မကြိုက်ချင်တော့။
“love at First Sihgt” မြင်မြင်ချင်း ချစ်သည်ဟု ပြောမှပို၍ အဓိပ္ပာယ်ပေါက်မည် ထင် သည်။ အချစ်တိုင်း၏ အစသည် မျက်စိမ ဖြစ်နိုင်။ မြင်မြင်ချင်းချစ်သည့်အချစ်သည် မျက်စိကစ သော အချစ်အမျိုးအစားတွင် ပါဝင်လိမ်မည် ။ များ စွာ သော အချစ်အမျိုးအစားများ အနက် မျက်စိက စသော အချစ်သည် ခေါင်းစဉ်ငယ်တစ်ခုမျှသာ။
သူ့အချစ် အမျိုးအစားသည် မြင်မြင်ချင်းချစ်မိသွားသည့်အချစ်မျိုးဆိုမှ တိကျမှန်ကန်ပေ လိမ့်မည် ။
“ဆရာ ဆရာ”
ဒေါက်တာစိုးသူမျက်မှော င်ကြုတ်သွားသည်။ သူနားကြားမလွှဲပါ။ သူ့အိပ်ခန်း ပြတင်းပေါက် အောက်တည့်တည့်မှ အသံ။ သူ့ ဆိုက်ကားဆရာ ဦးကြိုင်၏ အသံ၊ သေချာလိုက်သမျှ အနိမ့်အမြင့် အတက်အကျမရှိသော အသံအောအောကြီး။
“ဆရာ…ဆရာ”
ရေး လက်စစာကို ခေတ္တရပ်တန့်ထားကာ စာရေး စက္ကူစာအုပ်ကိုပိတ်လိုက်ရသည်။ ကုလာ ထိုင်မှဖင်ကြွကာ စားပွဲပေါ်ခါးကိုင်းညွှတ်လျက် ပိတ်ထားသော ပြတင်းပေါက်ကို ကန့်လန့်ဖြုတ်ပြီး တွန်းဖွင့်လိုက်လေသည်။ ပြတင်းတံခါးနှစ် ရွက်သည် ဦးကြိုင်၏ ပြောင်သော ဦးခေါင်းပေါ်မှ ကျော် ဖြတ်ပွင့်ဟသွားလေ၏ ။
ဦးကြိုင်၏ သူ့ခေါင်းတုံပြောင်ပြောင်ကို လက်တဘက်နှင့် ကပျာကသီအုပ်ရင်း ပြုံးဖြဲဖြဲနှင့် ဒေါက်တာစိုးသူမော့ကြည့်နေသည်ကို ပြတင်းသံတိုင်များ ကြားမှ လှမ်းမြင်နေရလေသည်။
“မထိပါဘူးဗျ။ ဦးကြိုင်အရပ်ထက် ပြတင်းပေါက်ဘောင်က တစ်ထွာလောက်မြင့်ပါတယ်”
ဤနေအိမ်မှာ ခြေတံရှည်သုံးပင်နှစ်ခန်း နှစ် ထပ်ပျသ်ထောင်အိမ် ဖြစ်ကာ အနံကျဉ်းကျဉ်း အလျားရှည်သည်။ အပေါ်ထပ်တွင် အိမ်ရှင်အဘွားကြီးသုံးယောက် နေထိုင်ကြလေသည်။ အောက် ထပ်တွင် မူ ဒေါက်တာစိုးသူ တစ်ယောက် တည်း။
“ကျွန်တော် တို့ ရပ်ကွက်ထဲက လူနာဆရာရေ့၊ ၀မ်းလျှေပြီး မြော့မြော့ကျန်လို့ ဆိုက်ကား ပေါ်မှာ လူနာရှင်ပါလာတယ်။ ဆရာ့ခေါ်ပေးပါ ဇွန်နားပူနေတာနဲ့…
“ညကြီးသန်းခေါင်ဗျာ ၁၂ နာရီပဲထိုးတောမယ်။
“ဟာ ရုတ်ချည်းထ ဖြစ်တာဆရာရဲ့ ”
“ရုတ်ခြည်း ဖြစ်ပြီး ဒီလောက် ဆိုးရင်း ၀မ်း ရောဂါ မှန်း မသိဘာမသိ။ ဆေးရုံတင်ရင်ကောင်း မယ်ဗျ”
“ရုတ်ခြည်းဆိုပေမယ့် သိပ်တော့ မရုတ်ခြည်းဘူး။ ညဦးပိုင်းက အသုပ်စား၊ သရက်သီး မှည့် စားနဲ့မို့ပါ”
ဦးကြိုင်၏ အပြောင်းအလဲစကားပရိယာတွင် ဒေါက်တာစိုးသူ ငြိတွယ်နေရပြီ။
“၀မ်းဘယ်နှခါသွားသလဲ။ အန်သေးသလား”
“၀မ်းသွားတာ ဆယ်ခါမကဘူး ဆရာ။ အန်လိုက်တာလဲ တဝေါဝေါ့ အတောမသတ်ဘူး
“၀မ်းဆယ်ခါမကသွားနေတာ မသေဘူးဆိုရင်တော့ ၀မ်း ရောဂါ ဟုတ်ပုံမရဘူး”
“နို့စို့ကလေးနဲ့ ပုစုခရုတပုံကြီးနဲ့မို့ ဆေးရုံတက်လို့ မ ဖြစ်လို့ပါဆရာရယ်၊ ဆရာ ဖလူး ကိုးလေး ဘာလေလေးလွတ်ဖို့တော့ ယူခဲ့ရင်ကောင်းမယ်”
ဆရာဝန်တို့၏ အစဉ်အဆက် လက်စွဲတော် ဆိုက်ကားဆရာကြီးပီသစွာ ဦးကြိုင်က ဆရာလုပ်နေပြန်လေ၏ ။
ကဲ… စိတ်ကူးတောင် ဘယ်ပျောက်သွားပြီမသိ။
သူက ဘာမပြော ညာမပြော ပြတင်းပေါက်ပြန်ပိတ်လိုက်လေ၏ ။ သူလိုက် မည် ဖြစ် ကြောင်း ဦးကြိုင် အလိုအလျောက်နားလည်ပြီး ဖြစ်လိမ့်မည် ဟု သူယူလေ၏ ။
နံရံရှိသံခွတ်တွင် ချိတ်ထားသော အဖြူရောင် တက်ထရွန်ရှပ်အင်္ကျီလက်ရှည်ကို ဖြုတ်ယူ ကာ ၀တ်လက်စ စွပ်ကျယ်အပေါ်မှ ထပ်စွပ်လိုက်လေသည်။ ခုတင်ခြေရင်းဘောင်တွင် လွှာထား သော ကချင်ပုဆိုးကို လဲလှယ်ဝတ်ဆင်လိုက်ပြန်သည်။ ထို့နောက် စားပွဲပေါ်မှ ဒူးယားစီးကရက်ဗူး နှင့် ယိမ်းမီးခြစ်ကိုကောက်ယူကာ ရှပ်အင်္ကျီ အိတ်ကပ်ထဲသို့ ထည့်လိုက်လေ၏ ။
အိပ်ခန်းမီးကို မမှိတ်တော့ဘဲ ထွက်ခဲ့သည်။ သူက လင်းလင်းရှင်းရှင်းနေရ နှစ် ခြိုက်ကာ မီး ခလုတ်များ ဂရုတစ်စိုက်ဖွင့်နေရမှာ ၀န်လေးလေ့ရှိသည်။ ခုရှင်းမှ နောင်ရှင်းအောင် တအိမ်လုံး မီးတာခကို သူပဲဆောင်မည် ။ စာချုပ်ထားလိုက်ရာ လျှပ်စစ်မီးအသုံးပြုရာတွင် သူ့စိတ်ကြိုက်၊ သူ့ သဘော၊ အိမ်ရှင်အဘွားကြီးသုံးယောက် ကတော့ လေးဆယ်အား မီးကလေးသုံးပွင့်လောက်ကို ည ရှစ်နာရီထိုးပြီးလောက် ဆိုလျှင် အပြီးမှိတ်ကာ အိပ်ရာဝင်ပြီ။
အိမ်ရှေ့ခန်ကို အလယ်မှ သစ်သားလိုက်ကာချကာ တခြမ်းတွင် ဧည့်ခန်းဖွဲ့ပြီးကျန်တစ် ခြမ်းမှာောတ့ အိမ်ရှေ့တစ်ဖက်ခြမ်းတွင် ပိတ်လိုက်ကာ အဖြူကလေး ကာဆီးထားခြင်းဖြင့် ဆေး ခန်းဖန်တီးထားရသည်။ သူ့ဧည့်ခန်းတွင် ပက်လက်ကုလားထိုင် ရှစ်လုံးနှင့် ခေါက်ကုလားထိုင် ကလေး နှစ် လုံးသာ ရှိသည်။ သူ့ဆေးခန်းကျပြန်တော့လည်း ကွပ်ပျစ်တစ်လုံး၊ ခုတန်းလျားတစ်ခု နှင့် စားပွဲတစ်လုံးသာရှိလေသည်။ စားပွဲပေါ်တွင် မရှိမ ဖြစ် ဆေးအချို့သည် ပြန့်ကျဲလျက်ရှိ၏ ။ သြော်.. စားပွဲဘေးတွင် ဆေးသတ္တာတစ်လုံးရှိသေးသည်။ သေတ္တာပေါ်တွင် ဖုန်အလိမ်လိမ်းနှင့် အတက်ချီကေ့စ်အမည်း တင်ထားလေ၏ ။
ဤမျှ သူ့ဆေးခန်း အဆင်အပြင်ကောင်းဖို့ကိုပင်လျှင် အိမ်ရှင်အဘွားကြီးတွေ က ပရိဘော ငှားရမ်းပေးထားရကာ သူ့အလိုအတိုင်းသာဆိုလျှင် သူ့ကုသမှု ကုမှ စွဲလမ်းစွာ ခံယူလိုသော သူနာရှိ ခဲ့ပါမူ ကြမ်းပြင်ပေါ်မှာ ဖျာခင်း၍ ဆေးကုသမှု ခံယူနေရရှာပေမည် ။
“ဆေးကုတယ်ဆိုတာ စီးပွားရှာတဲ့ သဘောဘယ်ဟုတ်ပါမလဲ ဆရာရယ်။ ဝေဒနာခံစား နေရရှာလို့ အားကိုးရှာတဲ့ လူတွေ ကိုကြည့်ရှုပြုစုပေးရတာ ပါ။ လောကီသားတွေ ကို တရားရေအေး တိုက်ကျွေးဆုံးနေတဲ့ ပုဂ္ဂိုလ်တွေ တောင်မှ ပစ္စည်းလေးပါး ဒါယကာရှိရသေးတာပဲ အဲဒီ လောက် မရင့်မာသေးတဲ့ ဆရာတို့ ကျန်းမာရေး ကြည့်ရှုစောင့်ရှောက်ပေးရတဲ့ သူတွေ အနေနဲ့ ၀မ်းခါး ဖြည့်ဖို့ ဆေးဖိုးဝါးခယူတော့မှာ ပေါ့။ ဆရာ့ဆေးခန်း မဖွင့်ဘူး ငြင်းလို့းမ ဖြစ်ဘူးနော်” ဟု အဘွားအိုများ က ၀ိုင်းဝန်းဖျောင်းဖျပြီး ဦးကြိုင်အား ဆေးခန်းပြင်ဆင်စေခဲ့လေ၏ ။
ဒေါက်တာစိုးသူက ဆေးခန်းထဲဝင်ကာ ဆေးအိပ်ကို ဖွင့်လျက် လိုအပ်မည့် ဆေးဝါးများ ပါ၊ မပါ စစ်ဆေးကြည့်ရှုပြီးနောက် အိတ်ဆောင်သွေးပေါင်ချိန် ကိရိယာနှင့် နားကျပ်ထည့်လျက် ဆေး အိတ်ပြန်ပိတ်လိုက်သည်။
ဦးကြိုင်နှင့် လူနာရှင်အမျိုးသားမှာ အိမ်ရှေ့လှေကားထစ်တွင် ရပ်၍ စောင့်ဆိုင်းနေကြ လေသည်။
တံခါးဝါတွင် ရပ်ကာ ဆေးအိတ်အောက်ချပြီး တံခါးကန့်လန့်ဖြုတ်ပြီးဖွင့်ရသည်။
“ဖလူးကိုး ဆရာဖလူးကိုး” ဟုဦးကြိုင်က ဆေးအိတ်လှမ်းယူရင်း သတိပေးသည်။ ဂလူးကိုး စ် ကို ဤတောနယ်မှာ တော့ ဖလူးကိုးဟုခေါ်ဝေါ်သမုတ်ကြလေသည်။
သူက ဆေးခန်းထဲက တဖန်ပြန်လှည့်ဝင်ကာ ဆေးသေတ္တာဖွင့်ပြီး ချောင်ချိစွာ လဲလျောင်းေ နေသော ဆေးပုလင်းများ အလယ်မှ မားမားရပ်နေသော ချိုငန်ဂလူးကိုးစ်အကြောဆေးပုလင်းကို ထုတ်ယူရသည်။ တစ်ခုတည်းသော ရှိနေသော အကြောဆေးသွင်းပိုက် တအိတ်နှင့် ပုလင်းစွပ် သော ပလတ်စတစ်ကွင်းတို့ကိုပါ ထုတ်ယူကာ သေတ္တာပြန်ပိတ်ခဲ့ရသည်။
လူနာရှင်သည် ဆေးအိတ်ဆွဲကာ ဆိုက်ကားအနီးတွင် စောင့်နေပြီ၊ ဦးကြိုင်က သူ့လက်ထဲ မှ ချိုငန်ပုလင်းနှင့် ပိုက်တို့ ပလစ်စတစ်ကွင်းတို့ကို လှမ်းယူကာ လှေကားထစ်မှ ဆင်းသွား နှင့် သည်။
သူက အိမ်တံခါးကို သော့ ခတ်လိုက်သည်။ နဖူးပေါ် ၀ဲကျနေသော ဆံပင်များ ကို လက်နှင့် သပ်တင်လိုက်ာ ဆံပင်ကြားသို့ လက်ချောင်းများ ထိုးသွင်းလျက် ခေါင်းဖြီးခြင်းအမှု ကို ပြုပြီးသ ကာလ မျက်နှာကို လ၀ါးပြင်နှင့် ပွတ်သပ်ရင်း ဦးကြိုင်၏ ဆိုက်ကားဆီသို့ လျှောက်ခဲ့လေတော့ သည်။
လူနာရှင်အမျိုးသားသည် လူလတ်ပိုင်းအရွယ်မျှ ရှိလျက် အ၀တ်အစား ခပ်သန့်သန့် နှင့် ရိုးရိုးသားသား မွန်မွန်ရည်ရည်ရှိလေသည်။
ဒေါက်တာစိုးသူက သူ့နေအိမ်နှင့် မျက်စောင်းထိုးလောက်တွင် တည်ရှိသော တိုက်ခံပျဉ် ထောင်အိမ်ကြီးဆီသို့ လှမ်းကြည့်မိသည်။ မလွင်တို့သားအမိသည် သူ့နည်းတူ အိမ်ငှားများ ဖြစ်ကြ လျက် အောက်ထပ်တစ်ခန်း ငှားရမ်းနေထိုင်ကြပြီး အောက်ထပ်တခြမ်းနှင့် အပေါ်ထပ်တွင် အိမ်ရှင် ကုန်သည်လင်မယားနှင့် သားသမီးများ နေထိုင်လေ၏ ။
မှော င်နှင့် မည်းမည်း တိတ်ဆိတ်ငြိမ်သက်နေသော နေအိမ်ကြီးထဲတွင် မလွင် တစ်ယောက် အိပ်မောကျနေရှာရော့မည် အတွေးနှင့် ပင် သူ ဆိုက်ကားရှေ့ခုံတွင် ၀င်ထိုင်လိုက်လေ၏ ။
လူနာရှင်အမျိုးသား နောက်ခုံတွင် ၀င်ထိုင်ပြီးသည်နှင့် ဦးကြိုင်လည်း ဆိုက်ကားကို အသော့ နှင်လေတော့၏ ။
လမ်းဘေးမှ ခွေးဝင်စားတကောင်က တစ်ချက်နှစ် ချက် လှမ်းဟောင်သည်။
“အလာတုန်းကများ ခွေးတွေ ၀ိုင်းဟောင်လိုက်ကြတာ အ၀ီစိကိုပွက်လို့၊ ဆရာလန့်နိုး သွားမှာ ပဲထင်တယ်”
“ကျွန်တော် မကြားဘူးဗျ”
“မကြားဘူးလား ဆရာ့ကို ခါတိုင်းလောက်မနှိုးရတော့ ဆရာလန့်နိုးသွားတယ်မှတ်တာ”
“ကျွန်တော် မှ မအိပ်သေးပဲ”
“မအိပ်သေးဘဲနဲ့ ခွေးဟောင်သံမကြားရဘူးလား ဆရာ။ တော် တော် ဟောင်တာ”
ဒေါက်တာစိုးသူခေတ္တစဉ်းစားပြီးမှ… “ကျွန်တော် စာဖတ်နေတာ” ဟု ဖြေရှင်းချက် ထုတ် လိုက်သည်။
“ဟုတ်မယ်၊ ဟုတ်မယ်၊ ဆရာ စာဖတ်နေရင် နံဘေးက တော် ရုံခေါ်လို့ မကြားဘူးလို့ မလွင်က ပြောတယ်”
မလွင်၏ ချိုချွင်သော မျက်နှာသည် အာရုံတွင် ဖြတ်ခနဲပေါ်လာပြန်လေ၏ ။
“ဒါနဲ့ ညနေက ကျွန်တော် ၀ယ်လာတဲ့ စာရေး စက္ကူကြိုက်ရဲ့ လားဆရာ”
မလွင်နာမည် ပါလာသည်နှင့် မဆက်မစပ် စာရေး စက္ကူအကြောင်း ရောက်သွားပုံထောက်ရှု တော့ ဦးကြိုင်အတွေးချော်နေပြီဟု သူရိပ်မိသည်။
“အဲဒါ ကျွန်တော့်သူငယ်ချင်း ရေး မလို့ဗျ”
ဦးကြိုင်သည် မလွင်တို့သားအမိနှင့် ရော မလွင်တို့အိမ်ရှင် ဦးစစ်ရှင်နှင့် ပါ တရင်းတစ်နှီးရှိ သည်။ တစ်ဖန်ဒေါက်တာစိုးသူ၏ အိမ်ရှင်အဘွားကြီး သုံးယောက် ၏ လက်သုံးတော် လည်း ဖြစ်ပြန် သေးသည်။ သူတို့သူတို့၏ အဆက်အသွယ်အားဖြင့် သူနှင့် ဦးကြိုင်သိကျွမ်းခဲ့ရခြင်းပင်တည်း။
မလွင်။
နန္ဒ၀န်မှာ တော့ ဒေါ်ခင်လေးလွင်ဟု တခုတ်တရခေါ်ခေါ်မနြေ ကတော့ပဲ မလွင်ဟု၍ သာ တရင်းတနှီး နှုတ်ကျိုးနေကြလေပြီ။ မလွင်က နန္ဒ၀န်မှာ အနေကြာလျက် သုံးနှစ် သုးမိုးပင် မက တော့ပြီး။ သူကလည်း အများ နည်းတူ မလွင်ဟုသာ ခေါ် ဖြစ်လေသည်။ သူ့စိတ်ရင်းအတိုင်းသာဆို လျှင်ခင်လေးဟုသာ ခေါ်လိုက်ချင်သည်။ ယဉ်သော နွဲ့သော သူပေမို့ ခင်လေးခေါ်ပိုလိုက်ဖက်မည် ဟု ထင်မှတ်လေ၏ ။
မလွင် အမည် ကို သူထည့်သုံးလိုက်သော ကြောင့် သူ့အတွေးထဲမှ မလွင်ပြန်မထွက်တော့ ဘဲ တ၀ဲလည်လည် စိုးမိုးနေတော့သည်။ မလွင်မှာ ရည်မှန်းထားသူရှိနေမလားဟူသော အတွေးက ပြန်လည်လူးလွန်လာပြန်သည်။
ဘယ်နည်းဘယ်ပုံ စုံစမ်းကြည့်ရပါ့။
ဆိုက်ကားဆရာ ဦးကြိုင်ကိုမေးရမလး။ စိတ်ချရပါ့မလား။ မသေချာ။ သိတာမှ မကြာသေး ပဲနှင့် ယုံစား၍ မ ဖြစ်။
စစ္စတာ ဒေါလောရာ။ အင်း… စစ္စတာ သိလိုက်လျှင် မောင်းထုသည်နှင့်မခြား။
အိမ်ရှင်အဘွားကြီးတွေ ကော။ ပို၍ ပင်မ ဖြစ်သေး။ လူပျိုဆရာဝန် ဖြစ်သော “သူ” အိမ်ပေါ်သို့ ရောက်စဉ်ကတည်းကစ၍ အမေရီ၊ အမေစီ၊ အမေကြည် အပျိုကြီးသုံးယောက် သည် နန္ဒ၀န်ရှိ အပျို အားလုံး သူ့ကိုရည်မှန်းကာ ၀ိုင်းဝန်းပိုးပန်းနေကြနိုင်သည့် အယူအဆနှင့် မျက်လုံးဒေါက်ထောက် စောင့်ရှောက်နေကြလေသည်။ သူ့နည်းနည်း လှုပ်လျှင် စုံးစုံးမြုပ်သွားနိုင်လေ၏ ။
နန္ဒ၀န်တွင် သူသည် လူသစ် ဖြစ်နေလေရကား ယုံကြည်စိတ်ချစွာ ဖွင့်ဟတိုင်ပင်ရမည့်သူ မရှိသေးပေ။ သည်တော့ သူ့နှလုံးသားပြဿနာကို သူ့ဘာသာ ထိန်းသိမ်းဦးမှ တော် ပေမည် ။
သိန်းမောင်အပါအ၀င်သူငယ်ချင်းများ ကို လွမ်းမိသည်။ သူတို့သာရှိလျှင် “ငါ မလွင်ကို ကြိုက်တယ်” တစ်ခွန်းဝန်ခံလိုက်ရုံမျှနှင့် မလွင်နံပါတ်ချိတ်ပြီး၊ မပြီး စုံစမ်းမည့် သူ၊ ရွှေလမ်းငွေလမ်း ဖောက်ကာ အောင်သွယ်မည့် သူ ၀ိုင်းဝိုင်းလည်နေမှာ အသေအချာ။
“လမ်းက မှော င်တော့ အားနာတယ် ဆရာရယ်”
လူနာရှင်၏ စကားသံကြောင့် အတွေးမျှင် ပြတ်တောက်သွားရပြန်လေ၏ ။
“မိုးမရွာတာပဲ တော် သေးရဲ့ ” ဟု ဦးကြိုင်က ၀င်ပြောသည်။
“ထီးတောင် ယူမလာမိဘူးဗျ” ဟု ဒေါက်တာစိုးသူ သတိရလာသည်။
“ရွာမယ် မထင်ပါဘူး ဆရာရယ်” ဟု ဦးကြိုင်က မိုးပေါ်မော့ကြည့်ရင်း ထင်မြင်ချက် ပေး လေ၏ ။
ဒေါက်တာစိုးသူကလည်း မော့ကြည့်မိပြန်သည်။ ငွေလခြမ်းသည် မည်းမှော င်သော တိမ် တိုက်တို့ကြားမှ ခေါင်းပြူကြည့်နေသည်။ မှု န်မွှားသော ငွေကြယ်တစ်ပွင့်စနှစ် ပွင့်စလည်း အား နည်းစွာ အလင်းရောင် ဖြန့်ဖို့ ကြိုးပမ်းနေရရှာလေ၏ ။ မိုးထစ်ချုန်းရင်း လျှပ်စီးတစ်ချက် ၀င်းကနဲ လက်သွားလေသည်။ မိုး ကတော့ ရွာချင်လည်း ရွာမှာ ပါပဲ။ မိုးဦးကျမို့ မှန်းဆရခက်ပေသည်။
“ညကြီးမင်းကြီးဆိုတော့ ဆရာ့ကို ပင့်ရမှာ အားနာပြီး သက်သာနိုး စောင့်ကြည့်နေမိတာ မဟန်တာနဲ့ ဒီ့ထက်ဒီ ညဥ့်နက်ရုံရှိမယ်ဆိုပြီး ပြေးလာရတာ ”
“ဟုတ်ပါ့ဗျာ တကယ်ဆို ညဦးပိုင်း ဖြစ်စကတည်းက လာပင့်ရင် ပိုမကောင်းပါလား။ ဆရာ က ကျုပ်ပါလို့သာ လိုက်ဝံ့တာဗျ။ မဟုတ်ရင် အချိန်မတော် ကြီး ဘယ်သူဘယ်ဝါမသိဘဲ လိုက်ဝံ့ ပါ့ မလဲ”
ဦးကြိုင်က မသိမသာ သူ့ဘက်ယက်ကာ ပြောနေသော်လည်း သူပြောတာလည်း မှန်ပေ သည်။ လူဆိုးလူကောင်းခွဲခြားရ ခက်လေရကား ညဥ့်နက်သန်းခေါင် ခေါ်ရာလိုက်ဖို့ မလွယ်ကူလှ။
ဆိုက်ကား မိနစ်နှစ်ဆယ်လောက် နင်းလာရာ မြို့စွန်ပိုင်းကျကျက ဆင်းရဲသား ရပ်ကွက်က ကလေးထဲ ရောက်လာကြသည်။ ကံ့ကောင်းချင်တော့ လျှပ်စစ်မီးတော့ ရှိသည်။ မြင်မြင်ထင်ထင် လုပ်ကိုင်ရလျှင် တော် သေးသည်။ အောက်မေ့ရလေသည်။ လမ်း ကတော့ ချိုင့်ခွက်ခလုတ်တွေ နှင့် မိုးဦးမှာ ပင် ဤမျှဆိုးနေလျှင် မိုးနှောင်းကျလျှင်တော့ ဆိုဖွယ်မရှိပြီ။
ဓနိမိုးထရံကာ ဖြစ်သော်လည်း ခိုင်ခိုင်ခံ့ခံ့တောင့်တောင့်တင်းတင်းတော့ရှိသည်။
လူနာသည် အိမ်ရှေ့ခန်းကြမ်းပြင်ပေါ်ရှိ သင်ဖျူးဖျာပေါ်၌ လဲလျှောင်းနေသည်။ မျက်ကွင်း ချောင်ကျလျက် အရေခွံခြောက်သွေ့ရုံမှအပ သွေးခုန်နှုန်း သွေးပေါင်ချိန်အနေအထား စိုးရိမ်စရာ မရှိ။ သောက်ဆေး၊ ထိုးဆေး၊ ဓာတ်ဆားရည်ထုတ်။
“ဒီဓာတ်ဆားရည်ထုပ်ကို ငှက်ပျောဖူးပုလင်းနဲ့ နှစ် ပုလင်းဖျော် ရေကျက်အေးဖျော်ဗျ။ အစာ နည်းနည်း နဲ့ ဒီညကုန်အောင်သောက်။ နို့မသောက်ရဘူး။ ၀မ်းနူးစာတွေ မစားရဘူး။ ကိုယ်လက် သုတ်သင်ပြီးရင် လက်ကိုဆပ်ပြာနဲ့ သေချာဆေးနော်။ ခင်ဗျားဆီက ရောဂါ ပိုးတွေ နို့စို့ကလေး မကူး ဖို့ အရေး ကြီးတယ်”
“ဖလူးကိုးလေး လွတ်ပေးခဲ့ပါလား ဆရာရယ်။ ကျွန်တော် အားမရှိလွန်းလို့ပါ။ ”
“ကျွန်တော် အားဆေးထိုးပေးထားတယ်လေဗျာ။ အကြောဆေးက ဓာတ်ဆားရည်လို ပါပဲ ဗျ။ ခင်ဗျားဓာတ်ဆားရည်လိုအပ်နေတာပါ။ ပါးစပ်နဲ့သောက်နိုင်ရင် သောက်တာ ပိုပြီးကောင်း တယ်။ မသောက်နိုင်မှသာ အကြောက သွင်းရတာ ”
“အန်တယ် ဆရာ”
“သောက်ကြည့်ပါဦး ဗျ”
ဒေါက်တာစိုးသူက ဓာတ်ဆားရည်ကို သန့်သန့်ပြန့်ပြန့် ဖြစ်အောင် ကိုယ်တိုင်ညွှန်ကြား ဖျော် စပ်စေကာ အအေးခံ၍ သောက်ခိုင်းသည်။ လူနာက ရှုံ့ရှုံ့မဲ့မဲ့သောက်လေသည်။ ပြန်၍ ကား အန်မ ထွက်။ ဆရာဝန်ကိုယ်တိုင် ကြပ်မပြီး တိုက်သော ကြောင့် ကျေနပ်ဟန်၊ မျက်နှာလည်း လန်းဆန်း လာလေသည်။
“ကဲ… ဘာလို့ အကြောဆေးထိုးနေမလဲ။ မနက်ဖြန်အထိ ကျွန်တော် ညွှန်ကြားတဲ့အတိုင်း ဆေးဆက်စား၊ မနက်ဖြန် ညနေ ကျွန်တော့်အိမ်လာချင်လာ။ ပိုနီးတဲ့ဆေးခန်းရှိရင်လည်း ပြပါ။ ဆေးရုံ အပြင်လူနာဌာနမှာ လဲ ပြနိုင်တာပဲ။ ဒီည ပိုဆိုးလာရင်တော့ ဆေးရုံသာ တင်လိုက်ဗျ”
ဦးကြိုင်သည် “ဖလူးကိုး” ပုလင်းကလေး တကိုင်ကိုင်နှင့် အားမလိုအားမရ ဖြစ်နေလေ သည်။ တစ်စုံတစ်ရာမပြောဝံ့။ သူမသိလိုက်မသိဘာသာနှင့် ဆေးပုလင်းဆေးထိုးကိရိယာများ သိမ်း ဆည်းခိုက် လူနာရှင် တိုးတိုးကျိတ်ကျိန် ငွေစာရင်း ရှင်းနေကြသည်ကို တစ်စေ့တစ်စောင်း တွေ့ ရှိရသည်။
အပြန်လမ်းကျမှပင် ဦးကြိုင်သည် “သယ်ပဲ သယ်လာမှ ဆရာရယ်။ ဖလူးကိုးကြီး လွတ် ပေးလိုက်ရောပေါ့။ ဆရာဦးမင်းစိန်တို့များ တပည့်နဲ့ တစ်ညလုံးထိုင်စောင့်ခိုင်းပြီး နှစ် ပုလင်းသုံးပု လင်း လွှတ်ပစ်တာ။ ငွေအထပ်လိုက် ပိုက်သွားတာပဲ” ဟု အပြစ်ဆိုလေတော့သည်။
“အဲဒါ လိုအပ်နေတဲ့ လူနာ ဖြစ်မှာ ပေါ့ဗျာ။ ခုဟာ မသွင်းရင်လည်း ဖြစ်နေတာ။ သူတို့ ကြည့် ရတာ လဲ လက်လုပ်လက်စားမဟုတ်လား။ မလိုအပ်ဘဲနဲ့ ငွေမကုန်စေချင်ဘူးလေ။”
“သူတို့ကိုယ်က လွှတ်ချင်နေတာပဲဆရာရယ်”
“နားမလည်တော့ သွင်းရရင်ပိုကောင်းမယ်ချည်း ထင်နေတာကိုး ငွေကုန်ခံနိုင်တဲ့လူတွေ ဆိုရင်တော့လည်း အန္တရာယ်ကင်းသရွေ့တော့ အလိုလိုက်ပြီးလုပ်ပေးချင်ပါတယ်။ မရှိတဲ့လူတွေ ဆီ ကတော့ ကျွန်တော် မလိုချင်ဘူးဗျာ”
“ဒီလောက်ချို့ချို့ငဲ့ငဲ့လည်း မဟုတ်ပါဘူးဆရာရဲ့ ။ ဆရာတယ်သနားတတ်တာကို။ အိမ်က မိန်းမကိုတောင် ပြောမိပါရဲ့ ။ ငါ့ဆရာက တယ်ရိုးတယ်အေးတာပဲကွာ။ ငါသိပ်လေးစားတာပဲလို့၊ စေတနာကောင်းသလောက် ဆေးစွမ်းတာလဲ လက်ဖျားခါတယ်။ ဒါပေမဲ့စီးပွားရေး ကတော့ ဖြစ်လွန်းလှမယ်မဟုတ်ဘူးလို့ စိတ်မရှိနဲ့နော်ဆရာ မိကျောင်းမင်း ရေကင်းပြသလို ဖြစ်နေမ မလားမသိဘူး။ ကိုယ်ပိုင်ဆေးခန်းဖွင့်ရင် ဆေးစွမ်းဖို့ တ၀က်လိုပေမယ့် အာဝဇ္ဇန်း ရွှင်ဖို့ ဖိန့်ကောင်း လေ လူကြိုက်လေပဲ။ ဒါနဲ့ ဆရာအသက် ဘယ်လောက်ရှိပြီလဲ”
“အစိတ်”
“တော် တော် ငယ်သေးတာပဲကိုး ကျွန်တော့် သားအကြီးသာသာပဲ။ ပညာပါရမီ တယ်ထူး တာပဲနော်”
“ကျွန်တော် ဘွဲ့ရတော့ နှစ် ဆယ်သုံးနှစ် ဗျ။ အလုပ်သင် နှစ် နှစ် ။ ပြီးတော့ ကျွန်တော့်တို့ အသုတ်က သိပ်ကြာကြာအလုပ်မစောင့်လိုက်ရဘူး”
“ဆရာအိမ်မှာ ဆရာအငယ်ဆုံးလား။ ”
“နို့ညာ ညီမ တစ်ယောက် သေးတယ်”
“အကြီးတွေ ကတော့ အိမ်ထောင်ကွဲကုန်ပြီလား”
“ဟုတ်ကဲ့
သူ့အစ်ကိုကြီးက စက်မှု အင်ဂျင်နီယာ သူ့အစ်ကိုငယ်က အခွန်ဦးစီးမှူး၊ နှမငယ်ဥမ္မာက အထက်တန်းပြဆရာမ ”
“ဆရာတို့က ငယ်ကြသေးပုံထောက်တော့ မိစုံဘစုံရှိဦးမယ်ထင်တယ်နော်”
“ရှိပါတယ် နှစ် ဦးစလုံး အလုပ်လုပ်နေကြတုန်းပဲ။ ပင်စင်တော့ နီးလာပြီပေါ့ဗျာ”
သူ့မိဘများ မှာ တက္ကသိုလ်မှာ ကထိကများ ဖြစ်ကြလေသည်။ ကြို့ကုန်းတွင် တိုက်ပုံလေး တစ်လုံးရရှိထားခဲ့ကြပြီ။ စလုံးနံပတ် အိုပရယ်ကော့ဒ်တစီးလည်း စီးနေနိုင်သည်။ အိုစာမင်စာ အသင့်အတင့် စုဆောင်းထားငွေနှင့် ပင်စင်လစာပေါင်းလျှင် ရှေ့ရေး ပူပင်စရာမရှိ။ ညီမဥမ္မာသည် လည်း အစ်ကိုငယ်၏ သူငယ်ချင်းတတိယအတွင်းဝန်ကလေး ကိုကိုလွင်နှင့် စေ့စပ်လမ်းကြောင်း ထားပြီး လာမည့်  သိတင်းကျွတ်တွင် လက်ထပ်ပေးတော့မည် ။
“ကျွန်တော် ပေးမြန်းစပ်စုတာ ဘယ်လိုမှ မအောက်မေ့နဲ့နော်ဆရာ၊ ဆရာ့ကို တူလိုသားလို ခင်မင်လို့ပါ”
“မေးရပါတယ်ဗျာ။ ကိစ္စမရှိပါဘူး”
လမ်းမီးရောင် မှု န်ပျပျဝယ် အမူးသမား တစ်ယောက် ဒယိဒယိုင်လျှောက်လာသည်ကို မြင်ရ လေသည်။
“မြင်မြင်ချင် ဘာကြောင့် များ ချစ်ချင်တယ် ××× ယခင်ရှေးဆုတောင်းကြောင့် ထင်တယ် ×× ”ဟူသော ခေတ်ဟောင်းတေးတစ်ပုဒ်ကို အာလေးလျှာလေး ညည်းလာလေသည်။
စိတ်ဝယ် ရေရွတ်မိပြန်သည်။
“Love at First Sihgt” ဆိုတာမှနန်တယ်သိန်းမောင်
ငါကလည်း မြန်မာစာညံ့ကိုညံ့ပါတယ်။ ငယ်ငယ်ကဖတ်ဖူးတဲ့ကဗျာ စာနုယဉ်တွေ ကို အခု ဘယ်မှာ ပြန်ရှာရပါမလဲ။
တိုင်းတစ်စသတိရလာသည်မှာ “လမင်းထက် နှစ် လေးသာအေးမြလိုက်တာ၊ မြင်ရသူ ဖေသက်သာတယ် ရွှေမျက်နှာ ကြည်လွန်းလို့လေ”တဲ့။ မလွင်၏ မျက်နှာကလေး ကြည်လှတာ အမှန်။ ထို့ကြောင်ပင် မြင်ရသူ သူ့ရင်ထဲမှာ အေးမြရတာ ဖြစ်မှာ ရင်ခုန်ရတာ ကတော့ ဒါတော့ ချစ်လို့ ဖြစ်မှာ ။
“ဟာ.. မိုး ကတော့လုပ်ပြီ။ မရွာဘူးလိုလိုနဲ့ ဆရာရေ့၊ ကျွန်တော့်ပလတ်စတစ်ပြား သာ ခြုံ ထား”
မိုးစက်တဖွဲဖွဲကျလာသဖြင့် ဦးကြိုင်က ကပျာကယာ ပလတ်စတစ်မိုးကာစကို ဖြန့်နေလေ သည်။
“နေပါစေဗျာ.. ဦးကြိုင်ဘာသာခြုံထားပါ”
“ကျွန်တော် က မိုးထဲလေထဲသွားနေကျဆရာရဲ့ ၊ အကြောင်းမဟုတ်ဘူး။ ဆရာဖျားနာနေမှ အခက်”
“အိမ်ရောက်တော့မှာ ပဲ ဦးကြိုင်ရယ်၊ ဦးကြိုင်က အဝေးကြီးပြန်ရဦးမှာ ။ ခြုံသာထားပါဗျ”
လမ်းထိပ်မှ ခွေတစ်အုပ်က သဲသဲမဲမဲထိုးဟောင်နေသည်။ ခွေးတစ်ကောင်နှစ် ကောင် ဆိုက်ကားအနီးရောက်အောင်ပြေလားလေ၏ ။
“ဟဲ့ ခွေး၊ တောက်…ရှူး ..ရှူး”
ဦးကြိုင်သည် ပလတ်စတစ်ပြား တကားကားနှင့် ကိုးရိုးကားယား ဖြစ်နေလျက် လက်တစ် ဖက်ကလည်း အသင့်ပါလာသော တုတ်တချောင်းနှင့် ဝှေ့ယမ်းခြိမ်းခြောက်နေလေ၏ ။
သည်ကြားထဲက ဒေါက်တာစိုးသူ၏ မျက်လုံးများ သည် မလွင်တို့အိမ်ဆီသို့ ရောက် ဖြစ် အောင် ရောက်သွားလေသေး၏ ။
မလွင်တို့ အိမ်ရှေ့ခန်းမီးရောင် သည်ပိတ်ထားသော တံခါးဘောင်ကြားမှ တိုးထွက်နေလေ သည်။ ယထာဘူတမကျချင်တော့ပေ။
မိုးသည်းထန်စွာ ရွာသွန်းချလိုက်ချိန်တွင် ဒေါက်တာစိုးသူ အိမ်တံခါးသော့ ဖွင့်နေ လေပြီ။
“ဒီမှာ ဆရာ့ဖို့ သုံးဆယ့်ငါးကျပ်တောင်းခဲ့တယ်။ ဆေးဖိုးဆယ့်ငါးကျပ်၊ ခြေကြွခနှစ် ဆယ် ဆရာ”
ဒေါက်တာစိုးသူက ချက်ချင်း မယူဘဲ ဦးကြိုင်လက်မှငွေကိုကြည့်ကာ နေသဖြင့် ဦးကြိုင်က ဘာအကြောင်းများ လေလဲ ငံ့လင့်နေရသည်။
အတန်ကြာမှ “မများ ဘူးလား” ဟု မပွင့်တပွင့်မေးလိုက်သည်။
“ဘာကိုတုန်းဆရာ”
“သြော်.. ခြေကြွခနှစ် ဆယ်ဆိုတာ မများ လွန်းဘူးလား”လို့
“အမလေးဆရာရယ်၊ ကျွန်တော် ကာယလုပ်သားတောင်မှ ဘာအကြံဉာဉ်ဦးနှောက် အလုပ်မှ စိုက်မထုတ်လိုက်ရပဲနဲ့ ဆိုက်ကားခ တစ်ဆယ်ရတယ် ဆရာရဲ့ ။ ကြက်တစ်ပိဿာသုံး ဆယ်၊ ၀က်တစ်ပိဿာ နှစ် ဆယ့်ရှစ်ကျပ်၊ ဆီးတစ်ပိဿာလေးဆယ်ဆိုတဲ့ ဒီခေတ်ကြီးထဲမှာ ဆရာ ဟာ သူများ တကာအိပ်စက်အနားယူနေတဲ့အချိန် ညကြီးမင်းကြီးမိုးထဲလေထဲသွားပြီး အချိန်နှာ နာရီလောက်အကုန်ခံခဲ့ရတယ်။ ဘယ်နေရာမဆို လက်ဓဆို့ပေးရတာ သုံးဆယ့်ငါးကျပ်လေ ….ကဲ”
ဦစိုးသူတစ်စုံတစ်ရာ မချေပတော့ဘဲ အိမ်ထဲဝင်ခဲ့လေ၏ ။
အ၀တ်အစားလဲလှယ်ရင်း ဦးကြိုင်ပြောသလို နေရာတကာ ပညာတန်ဖိုး လက်ခဈေးနှုန်း ကြေးကြီးလှသည်ကို သတိပြုမိသည်။ သူတို့ဆရာဝန်တွေ များ ကျတော့ အသက်တွေ ကို ကိုင်တွယ် ထိန်းနေရသော်လည်း လက်ခသိပ်မကြီးသာ။ သြော်…. လူနာတစ်ဦးကို ဆေးကုသရခြင်းသည် ပစ္စည်းတစ်ခုကို အရောင်းအ၀ယ် လုပ်ခြင်းနှင့် တော့မတူညီနိုင်ပဲ လုံးဝခြားနားပေမည် ။ ဈေးသည် တစ်ဦးသည် ပစ္စည်းတစ်ခုကို ရောင်းချင်ရောင်းမည် ။ မရောင်းပဲ နေချင်နေမည် ။ ဆရာဝန်ကား လူနာမှန်လျှင် တတ်စွမ်းသမျှ ဆေးကုကိုကုရလိမ့်မည် ။ ကာလံဒေသံရွေးချယ်ပိုင်ခွင့်မရှိ။ ဝေဒနာ ကို ကုသခြင်းကား တန်းဖိုးမဖြတ်နိုင်ချ။ တန်းဖိုးထားလျှင် အဖိုးထိုက်တန်းပြီး တန်းဖိုးမထားအသိ အမှတ်မပြုလျှင်လည်း လျှစ်လျှူရှုသွားနိုင်သော အရာ ဖြစ်ပေမည် ။
သည်လို ညာဥ့်နက်သန်းခေါင်အိမ်လိုက်၍ ဆေးကုရန် သူစိတ်ပါလက်ပါမရှိလှပဲ ငွေရရှိရေး အတွက် သက်သက်သာ ဖြစ်ပါလျှင် မရလျှင်လည်းရှိစေ၊ သူအေးအေးချမ်းချမ်းအိပ်စက်၍ သာ နေ လိုက်ချင်ပါသည်။
သြော်… ကျန်းမာရေး ဆိုသည်ကလည်း အချိန်မရွေးချွတ်ယွင်းဖောက်ပြန်လာတတ်တာ တော့….။
အ၀တ်လဲလှယ်ပြီးနောက် အိမ်ရှေ့ထွက်လာကာ မလွင်တို့အိမ်ဘက်သို့ လှမ်းကြည့်မိ သည်။ မီးမှိတ်သွားလေပြီ။ သူလည်း အတွင်းဘက် သစ်သားတံခါးကို ပိတ်လိုက်ကာ အိပ်ခန်းထဲ ၀င်ခဲ့တော့လေသည်။
လူအပေါင်း ကျန်းမာရေး သုခံ၊ အာရောဂျံ၊ ဘာလံ ပြည့်စုံ ခညောင်းဖို့ ဆုတောင်းရမည် ။ နောက်ထပ်ဆရာဝန် လာမပင့်ပါစေနှင့် ။
ညဥ့်နှစ် ချက်တီးလေပြီး နံနက်ရှစ်နာရီအမီ အလုပ်သွားရမှာ မို့ သိန်းမောင်ထံသို့ နောက်များ မှပဲ စာရေး တော့မည် ။
အိပ်ငိုက်လှပေပြီ။ မလွင်နှင့် တွေ့ စကအကြောင်းတွေ့ ပြန်လည်တသရင်း အိပ်ရာဝင်လေ မှပါပဲ။
နန္ဒ၀န်သို့ မီးရထားစီးကာ ရောက်ရှိလာစဉ်က သူ့တွင် အိပ်ရာလိပ်တလိပ်နှင့် သားရေ သေတ္တာတစ်လုံးသာ ပါလာလေ၏ ။
သား ဖြစ်သူ ဆရာဝန်ပေါက်စသ၀ည် အလုပ်ဝင်စမှာ ပထမဆုံး တ၀န်ကျရာမြို့သို့ သွားရ တော့မည် ဆိုတော့ မေမေက ကိုယ်တိုင် လိုက်မပို့ရတောင်မှပဲ တပည့်လက်သား တစ်ယောက် လောက်တော့ အဖော်ထည့်ချင်ရှာသည်။
ဖေဖေကမူ အတောင်အလက်စုံ၍ အသိုက်အမြုံမှ ထွက်ခွာသွားသော အခါတွင် ရင်သွေး များ သည် လွတ်လပ်စွာ ပျံသန်းရင်း လောကအတွေ့ အကြုံကို ရဲရဲဝံ့ဝံ့ ရှာဖွေစူးစမ်းကြစေလိုပေ၏ ။
“နန္ဒ၀န်မှာ ငါမိတ်ဆွေ ဦးဦးဖေရှိပါတယ်ကွာ အဲဒီ ဆေးရုံကဆရာဝန်ပဲ။ သူ့အစ်ကိုနဲ့ ငါက ယူနီဗာစီတီတုန်းက တေဘက်ပွေဘက် သူငယ်ချင်းအရင်းခေါက်ခေါက်တွေ ၊ ငါစာရေး ပေး လိုက်မယ်။ ဒါဆို လုံလောက်ပြီ။ ငါတို့အလုပ်ကို ငါလျှောက်တယ် အလုပ်ဝင်တယ်ဆိုတာ နေရာ တကာကိုယ့်စွမ်း ကိုယ့်အား ကိုယ်ကိုးစေချင်တယ်လေ။ မင်းလိုက်ချင်ရင် သူနန္ဒ၀န်မှာ အခြေကျမှ သွားလည်ချေပေါ့”
“နေပါစေ မေမေရာ၊ ဟိုကျမှ ကျွန်တော် ကြည့်လုပ်ပါ့မယ်”
“ဟုတ်သားပဲ လှရဲ့ ။ တစ်ယောက် တည်း သမားပဲကွာ၊ ဒါနဲ့ ဦးဦးဖေက အခြေမကျခင် ကြည့်ကူညီမှာ ပါကွာ”
မေမေက လိုအပ်လျှင် သုံးစွဲရန် ငွေအတင်းထည့်ပေးလိုက်သေးသည်။
“ရှိပါသေးတယ် မေမေရ။ မလိုပါဘူး”
“ဘယ့်နှယ် ဟိုကျ ခုတင်တွေ ဘာတွေ ပြန်ဝယ်ရဦးမယ့်ဟာ။ ငွေပါသွားမှပေါ့။ အိမ်ငှားနေ ရင်လည်း စာဘော်တင်ချင်တင်ရဦးမှာ ၊ ထပ်လိုရင် မှာ ဦးနော်သား။ မေမေကိုအားမနာနဲ့။ ဖြုန်းဖို့ သာမရှိတာ သုံးဖို့တော့ ရှိပါတယ်။”
မေမေခမျာ မတုန်မလှုပ် အေးစက်စက်သားဆရာဝန်ကို စိတ်မချနိုင်ရှာပေ။ သူမအတွက်မူ ကား သူမ၏ ရင်သွေးသည် ကလေးသာသာမျှသာပဲ ရှိနေပေသေးတာကိုး။
အမြန်ရထားသည် ရန်ကုန်မှ နန္ဒ၀န်သို့ ရှစ်နာရီကြမှ ခုတ်မောင်းရသည်။ နေ့ခင်း နှစ် နာရီ တွင် နန္ဒ၀န်ဘူတာသို့ ရထားဆိုက်လေ၏ ။
ပူးပြင်းလှသော နွေရာသီတွင် လမ်းတစ်လျှောက် ခြေက်သွေ့သွေ့နိုင်လှစေကာမူ နန္ဒ၀န် နယ်ပယ်ထဲ ၀င်ရောက်လာသည်နှင့် သစ်ပင်ဝါးပင် အုပ်အုပ်ဆိုင်းဆိုင်း စိမ်းစိမ်းစိုစိုနှင့် အေးအေးမြ မြ ရင်အေး မျက်စိအေးသွားရလေသည်။
နန္ဒ၀န်တွင် ဆင်းသူတက်သူ အထိုက်အလျေက် များ ပြားသည်။ သူက လမ်းတစ်လျှောက် ဖတ်လာသော Eric Segal ၏ ၀တ္ထုစာအုပ်ကို အတက်ချီကေ့စ်ထဲ ထည့်သိမ်းကာ ရထားပေါ်မှ ဆင်းခဲ့ပြီး တန်ဆာလုပ်လာသော သေတ္တာနှင့် အိပ်ရာလိပ်ကို ရွေးယူရလေ၏ ။
“ဆိုက်ကားရမယ် ဆရာ၊ ဆိုက်ကားရမယ်” ဟု ပြောရင်းက လူရွယ် တစ်ယောက် အနား ကပ်လာသဖြင့် သူက ခေါင်းညိတ်ငှားရမ်းလိုက်လေသည်။
“ဆေးရုံ သွားမယ်ဗျာ”
ဘူတာလမ်းတစ်လျှောက်တွင် နန္ဒာဝန်ဈေး၊ ရုပ်ရှင်ရုံ၊ ပန်းခြံတို့ကို ဖြတ်သန်းလာရသည်။ ဟောင်းနွမ်းသော်လည်း အခိုင်အခံ့အမာဆောက်လုပ်ထားခဲ့သော တိုက်တာအဆောက်အအုံး အများ အပြားကြားတွင် ခေတ်မီတိုက်သစ်များ ကိုလည်း ဟိုတစ်လုံးသည်တစ်လုံးတွေ့ ရှိရလေ၏ ။ ကျယ်ဝန်းသော ၀န်းခြံကြီးများ အလယ်တွင် သပ်ရပ်ခန်းနားသော ဘုန်းတော် ကြီးကျောင်းများ ကို လည်း အရေအတွက်ခပ်များများ ကိုလည်း အကွက်အကွင်းစနစ်တကျရှိလျက် သပ်သပ်ရပ်ရပ် တည်ဆောက်ထားလေသည်။
မြို့ဝန်းကျင် တစ်ခွင်ဝယ် တောတောင်ပတ်လည် ၀န်းရံ စိမ်းလျက် အုန်းပင်ထန်းပင်တို့က တယိမ်းနွဲ့နွဲ့ တောင်ကုန်များ ပေါ်တွင် ထုံးဖြူဖွေးဖွေး စေတီကလေးများ လည်းအနှံ့အပြား။ မားမားမတ်မတ် တည်ရှိနေသော တောင်ထွတ်တစ်ခုပေါ်တွင် မူ ရွှေပြောင်ဝင်း သော စေတီတော် တစ်ဆူက အထင်ကရဖူးမြော်ရလေ၏ ။
“ဟိုတောင်ပေါ်က ဘာဘုရားလဲဗျ”
“လွမ်းစေတီ ဆရာ၊ အရင်က သိပ်မစည်ကားဘူး၊ ပြီးခဲ့တဲ့ နှစ် နှစ် လောက်ကမှ ပေါ် တော် မူဆင်းတုနှစ် ဆူကို ဘုန်းကြီးက အိပ်မက်အရ တူးဖော်ယူပြီး တစ်နယ်လုံး လာဖူးကြတာ၊ ခုတော့ တောင်ပေါ်လမ်းတစ်လျှောက် ဇရပ်နဲ့ ရေအိုးစင်နဲ့၊ တောင်ထိကပ်မှာ လဲ ဘုန်းကြီး ကျောင်းသစ်ကြီး ပြီးသွားလို့ အခု သိမ်ဆောက်နေပြီ ဆရာရဲ့ ”
ဘာကြောင့် လွမ်းစေတီအမည် တွင် ပါလိမ့်။ ဇာတ်ကြောင်းတစ်ခုတော့ရှိပေလိမ့်မည် ။ ဆိုက် ကားဆရာကလည်း ဆက်မပြော။ သူကလည်း မမေး ဖြစ်တော့ပေ။
“ဟောဒီခေမာလမ်းတည့်တည့်က ကောင်းမှု တော် စေတီဆရာ သမိုင်းဝင်ပဲ၊ မနေ့ကပဲ ဘုရားပွဲပြီးသွားတယ်။ မြို့လယ်ဘုရာပေါ့ ဆရာရယ်”
ဆိုက်ကားဆရာက လမ်းတစ်ဖက်ဘက်ကွေ့ချိုးရင်း တစ်ဖက်ကို ညွှန်ပြသည်။ ဉာဏ် တော် မြင့်မားသပ္ပာယ်သော ရွှေ့သင်္ကန်းကပ်စေတီတစ်ဆူကို ဖူးမြော်ရရပြန်လေ၏ ။
“ရုပ်ရှင်ရုံ ဘယ်နှရုံရှိလဲဗျ”
“နှစ် ရုံဆရာ၊ ခုနတွေ့ တာက ဆန်းသီရိ၊ မြို့လယ်ပိုင်းမှာ တော့ ထိပ်တန်း၊ ကောင်းမှု တော် စေတီ အလွန်လောက်မှာ ပဲ။ ဆရာက ရုပ်ရှင်ကြိက်တယ် မှတ်တယ်”
“မဟုတ်ပါဘူး မြို့အနေအထားကို ခန့်မှန်းကြည့်တာပါဗျာ”
“မြို့က စည်ကားပါတယ်ဆရာ၊ ပင်စင်စားတွေ အနေများ ခဲ့တော့ အရင်က အေးအေး ချမ်းချမ်းပေါ့ ဆရာရယ်။ ခုတော့ မှော င်ခိုလမ်းကြောင်းကျနေတော့ ကုန်းဈေးနှုန်းတွေ လည်း ကြီး လူလည်းစုံ၊ ဒါပေမဲ့ နေလို့ သင့်တင့်ပါသေးတယ်”
ဆိုက်ကားသည် ဆေးရုံလမ်းဟု ဆိုင်းဘုတ်လေးတစ်ခု လမ်းဘေးတွင် စိုက်ထူးထားသော လမ်းမကြီးအတိုင်း ကွေ့ချိုးသွားပြန်သည်။ ကုန်းတက် ဖြစ်ရကား ဆိုက်ကားဆရာလည်း ဖင်ကြွ အောင် အားစိုက်၍ နင်းနေရလေ၏ ။
နန္ဒ၀န်ဆေးရုံသည် တောင်ခြေတွင် တည်ရှိသော ကြောင့် သီးသီးသန့်သန့်ရှိကာ မြို့တော် ၏ အထက်စီးမှ မိုး၍ နေလေသည်။
ကျယ်ဝန်းသော ၀င်းအတွင်းတွင် နှစ် ထပ်တိုက်ရှည် အဆောက်အအုံကြီးသည် ထင်းထင်း ကြီး နေရာယူထားသည်။ ခယင်က ဆေးအ၀ါနုရောင် သုတ်ထားခဲ့ဖူးကြောင်းတော့ သိနိုင်နေပေ သေး၏ ။
“ပြည်သူ့ဆေးရုံကြီး နန္ဒ၀န်”ဟူသော ဆိုင်းဘုတ်ကြီးက သူ့ကို ကြိုဆိုနေသည်။ အကယ်၍ သာ ဆိုင်းဘုတ်ကြီးမှ ဆေးရောင် သည် ပျက်ပျယ်မနေပါလျှင်၊ စားလုံးများ သည် မှေးမှိန်မနေလျှင် ၊ ၀င်းတံခါးသည် ပျိုးပျက်မနေပါလျှင် ခြံစည်းရိုးတိုင်များ ယိုင်နဲ့ပြီး သွပ်နန်းကြိုးတွေ ပြုတ်မနေပါ လျှင် ဆေးရုံအဆောက်အအုံကြီးသည် အင်္ဂတေများ ကြွေကျညစ်ထေးမနေပါလျှင်…
အိုဟောင်းသော တိုက်တန်းလျားရှည်တစ်ခု၏ မျက်နှာစာတွင် ချိတ်ဆွဲထားသော ဓာတ်မှန် ဌာန၊ အပြင်လူနာဌာန၊ သွားဘက်ဆိုင်ရာဌာန၊ အစရှိသည့်ဆိုင်းဘုတ်များ သည် စောင်းရွဲ့မနေပါ လျှင်…
ဆေးရုံဝင်းအတွင်း မြက်ပင်ပေါင်းပင် ထူထပ်မနေပါလျှင် ….
လမ်းတစ်လျှောက်တွင် လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်၊ မုန့်ဟင်းခါးသည်နှင့် ခေါင်းရွက် ဗျပ်ထိုး ဈေးသည်များ ပြည့်သိပ်မနေပါလျှင်….
သံဃာ့ဆေးရုံဟူသော ဆိုင်းဘုတ်နှင့် တစ်ထပ်တိုက်ကလေး ကတော့ သစ်သစ်လွင်လေး ရှိ ပေသည်။
လူအ၀င်အထွက် ပျားပန်းခတ်လျက် မျက်စိထဲတွင် ရှုပ်ထေးနေသည့်အတက် ဒေါက်တာ စိုးသူဘ၀င်မကျသော်လည်း ရန်ကုန်တုန်းကလည်း ဒီလိုပါပဲလေဟု ဖြေသိမ့်လိုက်ရလေသည်။ နယ်ရောက်ကာမှ ဆေးရုံကြီးတစ်ရုံသည် ကျယ်ဝန်းသာယာသော ခြံကြီးထဲတွင် သစ်ပင်ပန်းမာလ် ဝေေ၀ဆာဆာ ၀န်းရံလျက် ထီးတည်းမားမာ ငြိမ်ငြိမ်သက်သက် တည်ရှိနေလိမ့်မည် ဟု သူက အဘယ့်ကြောင့် များ မျှော်လင့်ချင်ရပါသလဲ။ စိတ်ကူးယဉ်အိပ်မက်တွေ ကော အဘယ့်ကြောင့် မြင် မက်နေချင်ရပါသလဲ။
ဤနန္ဒ၀န်ပြည်သူ့ဆေးရုံကြီးသည် သူ၏ စိတ်ကူးထဲက ပုံပြဆေးရုံကြီးအတိုင်း မြင်လာနိုင် သော အခြေအနေကို ပိုင်ဆိုင်နေလျက် ပြုပြင်ထိန်းသိမ်းမှု သာ လိုအပ်နေသည်ဟု သူခံစားရသော ကြောင့် လေလား။
ဆေးရုံတံခါးဝတွင် ဆိုက်ကားထိုးဆိုက်လိုက်သည်။ ဆိုက်ကားဆရာက သူ့ပစ္စည်းများ ကို တံခါးဝသို့ သယ်ပို့ပေးလေသည်။
ဆိုက်ကားခရှင်းပေးပြီးနောက် ပိတ်ထားသော ဘာဂျာတံခါးတွင် ချိတ်ထားသည့် တရုတ်သော့ ခတ်လောက် ဧရာမကြီးကိုကြည့်ပြီးနောက် တံခါးစောင့်ဘယ်မှာ ပါ လိမ့် လေ့လာ ရလေသည်။
တံခါးစောင့်သည် မျက်နှာမှု န်တေတေနှင့် နံရံအကွယ်တွင် ခုံတစ်လုံးနှင့် ထိုင်ကာ သူ့ကို အကဲခတ်နေလေသည်။
“ကျွန်တော် ဒီဆေးရုံမှာ တာဝန်ကျတဲ့ ဆရာဝန်ပါ”
ပြောလိုက်မှပင် တံခါးစောင့်၏ မျက်နှာသည် ပျော့ပျောင်းချိုသာသွားလျက် ချက်ချင်း တံခါး လာဖွင့်လေတော့သည်။
“ပေး … ပေး ဆရာ့သေတ္တာ ကျွန်တော့်ကိုပေး ဆရာမ သယ်ပါနဲ့ အလုပ်သမားတွေ ရှိပါ တယ်။ ကျွန်တ်ာက တံခါးစောင့်၊ နာမည် က မောင်စောတဲ့ ဆရာ”
တဘက်ညစ်ထေးထေးကြီးကို ခေါင်းပေါင်းထားသော ပုဆိုးကြမ်းနွမ်းဖတ်ဖတ်နှင့် အသက် ခြောက်ဆယ်ကျော် အရွယ်အမျိုးသားကြီး တစ်ယောက် သည် တံခါးနားသို့ မသော င်မလည်ကပ်လာ သော တံခါးစောင့်အား ငွေတစ်ကျပ်ထိုးလေပးသည်။
“ကျုပ်သမီးဗိုက်ခွဲပြီး မွေးရတယ်ဆိုလို့ ခဏ၀င်ကြည့်ပါရစေ ဆရာကြီးရယ်၊ ဒီမှာ ၀င်ခ”
ဒေါက်တာစိုးသူရှေ့တွင် ဖြစ်ရသော ကြောင့် တံခါးစောင့်ခမျာမှာ အမျက်ဒေါသခြောင်း ခြောင်းထွက်ရရှာလျက် “ဘာတွေ လာပြောနေတာလဲဗျ၊ ၀င်ခပေးရအောင် ဒါ ရုပ်ရှင်ရုံလား ဟော ဟိုမယ်ဧည့်ချိန်ရေး ထားတယ် သွားဖတ်ချေ” ဟု အောက်ငေါက်လေ၏
မလှမ်းမကမ်းတွင် အသ်သုံးလေးဆယ်ခန့် သပ်သပ်ရပ်ရပ် ၀တ်စားထားသော အမျိုးသမီး က အဘိုးအိုကို မသိမသာလှမ်းတို့ကာ တားမြစ်ဟန် မျက်ရိပ်မျက်ကဲပြလေ၏ ။
ဒေါက်တာစိုးသူလည်း မပြေမပြစ်ထစ်ငေါ့နေသော ဆေးရုံတံခါးဝမှ ပြဿနာကို စိတ်ပျက် စွာ ကျောခိုင်းလျက်…
“ဒီအတိုင်း တည့်တည့်လျှောက်သွားရင် ဟောဟိုအစွန်နားမှာ ဆိုင်းဘုတ်ရှိတယ်ဆရာ၊ ဆင်နားရွက်တံခါးကလေးနဲ့ ကျွန်တော် လိုက်ပို့ပါ့မယ်”
“နေပါစေ… ခင်ဗျားအလုပ်ရှိရင် လုပ်ပါ၊ ကျွန်တော် သွားတတ်ပါပြီ”
ဆေးရုံအပေါ်ထပ်မှ လှေကားအတိုင်း ဆင်းလာသော လူရွယ်တစ်ယေက်ကို တံခါးစောင့် က “မောင်သန်းရေ ဒီမှာ တို့ဆေးရုံကို ဆရာအသစ်တစ်ရောက်တယ်ကွ၊ ဆရာဝြန်ကြီးဆီ ပို့ပေးပါ ဦး၊ အတော် ပဲဆရာ မောင်သန်းက ဆရာဝန်ကြီးရုံးခန်းက ရုံးလုလင်ပဲ။ ပစ္စည်းတွေ တော့ ထားသာ ထားခဲ့ ကျွန်တော် ကြည့်ထားလိုက်မယ်ဆရာ”
မောင်သန်းမှာ အသားဖြူဖြူ၊ အရပ်ပျပ်ပျပ်၊ မေးရိုးကားကားနှင့် အတော် ပင် ငယ်ရွယ်သေး လျက် အသက်နှစ် ဆယ်ပင် မပြည့်တတ်သေးပုံမရ။ လူ ကတော့ အနီရောင် အိရှန်ရှပ်အင်္ကျီနှင့် တက်ထရွန်ပုဆိုးနှင့် ရှိုးအပြည့်။
“ဘယ်က ပြောင်းလာတုန်းဆရာ”
“ကျွန်တော် က ခုမှ အလုပ်ဝင်တာပါ”
“ဦးဟယ်ရီ ကတော့ ကြာပြီဗျ.. ဦးဟယ်ရီဆိုတာ ဆရာအစားဝင်ရတဲ့ ဆရာဝန်လေ၊ ရခိုင် ဘက်ပြောင်းရမယ်။ မြို့ကလူတွေ က အတော် နှမြောကြတယ်။ အကုအသ မဆိုးဘူး။ လက်ရှိ ဆရာတွေ ထဲမတော့ ဦးမင်းစိန်ကို ဘယ်သူမှလိုက်မမီပါဘူး။ လူနာတွေ တိုးကြိတ်နေတာများ တို ကင်တောင် မလောက်ဘူး”
မောင်သန်းသည် ကိုယ်ပိုင်ဆေးကုခန်းအခြေအနေမျးကို မြိန်ရှက်စွ ပြောပြနေလေသည်။
“ဒါ ဆရာကြီး ရုံးခန်းဆရာ။ ၀င် သွားပါ ဦးမင်းစိန်ရှိတယ်”
“၀င်လို့ကောင်းပါ့မလား”
“ဟာ.. ရပါတယ်ဆရာ၊ ဆရာကြီးနဲ့ ဦးမင်းစိန်က သားအဖလို ဖြစ်နေတာ။ ဒီလို နေ့ခင်း အားလပ်ရင် ထိုင်စကားပြော ချက်စ်ကစားနဲ့ ဒါကိုရှောင်နေ စောင့်နေရင် အလုပ်မ ဖြစ်တော့ဘူး”
ဆရာဝန်ကြီး၏ အခန်းဝတွင် “ဒေါက်တာ ဂျေအင်ဆန်း”ဟူသော သစ်သားဆိုင်းဘုတ် ကလေးချိတ်ဆွဲထားသည်။ မှေးမှိန်သော ဆေးရုံကြီးနှင့် လိုက်လျောညီထွေပင် ဆရာဝန်ကြီး၏ ဆိုင်းဘုတ်သည်လည်း ပေါလစ်ပျက်ပြယ်မှေးမှိန်နေရှာလေ၏ ။
ဘေးဘက်အခန်းကျယ်ကြီးထဲတွင် မူ ရုံးအဖွဲ့သားများ စီးကရက်သောက်သူနှင့် Srabble ကြည်စားသူနှစ် ဦးက သဲသဲမဲမဲ ငြင်းခုန်နေသည်။ စာရေး မတစ်ဦးဘာစာအုပ်မှန်းမသိ အာရုံစူးစိုက် ဖတ်ရှုနေ၏ ။
ခပ်ငယ်ငယ်စာရေး မတစ်ဦး ကတော့ အမျိုးသားကြီးတစ်ဥိးကိုလိုက်၍ ကျောထုနေကာ အမျိုးသားကြီးက တဟဲဟဲသွားဖြဲနေရင်း မလွတ်တလွတ်စားပွဲများ ကြားတွင် လှည့်ပတ်ပြေးနေ သည်။ ဤသည်ကိုပင် ကျန်လူများ က တအုန်းအုန်းရယ်ပွဲဖွဲ့နေကျလေ၏ ။
သူကတံခါးအလျှင်ခေါက်ပြီး ဆင်နာရွက်တံခါးကို တွန်းဖွင့်ပြီးဝင်လိုက်သည်။
အသားဖြူဖြူ၀၀ဖိုင့်ဖိုင့် ဦးခေါင်းတွင် အညိုနုရောင် ပေါင်းထုတ်နှင့် အသက်ခြောက်ဆယ် နားနီးနေပြီ ဖြစ်သော ဆရာဝန်ကြီးဂျေအင်ဆင်းသည် မှန်ခင်းစားပွဲပေါ်ရှိ မြို့နယ်ဆရာဝန်ကြီး ဟူ သော ဆိုင်းဘုတ်ကလေးနောက်ဖက် ကုလားထိုင်တွင် ထိုင်နေသည်။ စားပွဲဘေးရှိ ထိုင်ခုံတွင် ဒေါက်တာမင်းစိန်ဟုခန့်မှန်းရသော ပိန်ပိန်ပါးပါးမျက်ပေါက်ကျဉ်းကျဉ်း မျက်နှာချိုချိုနှင့် လူရွယ်တစ် ဦးထိုင်နေလေသည်။
“ကျွန်တော့် နာမည် စိုးသူပါဆရာကြီး နန္ဒ၀န်ဆေးရုံမှာ ပို့စတင်ကျတဲ့ လက်ထောက်ဆရာ ၀န်ပါ။ ”
‘လာ ဆရာထိုင်”
“ဆရာတို့ရဲ့ အလုပ်ခန့်အပ်လွှာတွေ ကျွန်တော် ရထားပါပြီ”
ဆရာဝန်ကြီး ကုလားထိုင်တစ်လုံးကို လက်ညိုးညွှန်ကာ ထိုင်ရန်အမူအရာပြလေသည်။
ဒါက ဒေါက်တာမင်းစိန်ပါ လက်ထောက်ဆရာဝန်ပေါ့ နန္ဒ၀န်ရောက်တာ နှစ် နှစ် လောက် ရှိပြီ။
ဦးမင်းစိန်က ထိုင်ရာမှထကာ ညာဘက်လက်ကမ်းသဖြင့် သူလည်းမတ်တပ်ရပ်ပြီး လက် ဆွဲနှုတ်ဆက်လိုက်ရလေ၏ ။
“ဘာနဲ့လာသလဲဆရာ ရထားနဲ့လား၊ ကားနဲ့လား ရန်ကုန်ကပဲလား၊ ”
“ဟုတ်ကဲ့ခင်ဗျာ ရန်ကုန်ကပါ ရထားနဲ့လာတာပါ”
“နန္ဒ၀န် ကတော့ သွားရေလာရေး လွယ်ကူပါတယ်” ဆရာထမင်းစားပြီးပြီလာဟု ဆရာကြီး က မေးသည်။
“ဟုတ်ကဲ့ဆရာ ကျွန်တော် ရရထားပေါ်မှာ ၀ယ်စားလာ ဖြစ်ပါတယ်”
ဦးမင်းစိန်က အခန်းဝသို့ကြည့်ပြီး လက်ညိုးတစ်ချောင်းထောင်ပြီးခေါင်းညိတ်လိုက်သဖြင့် သူလှည့်ကြည့်လိုက်ရာ မောင်သန်း၏ နောက်ကျောကို မြင်လိုက်ရသည်။ သည်တော့မှ အခန်းဝ တွင် မောင်သန်းစောင့်ဆိုင်းနေခဲ့ကြောင်း သိရှိနေခဲ့ရ၏ ။
ဆရာဝန်ကြီး၏ ၀ဖောင်းသော မျက်နှာသည် နူးညံ့သိမ်မွေ့လေသည်။ သူပြောဆိုလှုပ်ရှား ဟန်များ သည်လည်း အထူးပင်ယဉ်ကျေးလှသည်။
“နန္ဒ၀န်ဆေးရုံမှာ လက်ရှိဆရာဝန် ခြောက်ယောက်၊ ဆရာအပါအ၀င် ခုနစ်ယောက် ပေါ့ဗျာ၊ ဦးဦးဖေ ကတော့ လုပ်သက်လည်း ရင့် နန္ဒ၀န်မှာ လည်း အနေကြာလို့ ကျွန်တော့် လက်ထောက် အ ဖြစ် ဆေးရုံအုပ်ချုပ်ရေး တွေ ကို တာဝန်ယူပါတယ်။ မြို့နယ်ကျန်းမာရေး အရာရှိအ ဖြစ် ကတော့ လက်ထောက်ဆရာဝန်တွေ အလှည့်ကျတာဝန်ယူကြပါတယ်။ တာဝန်ဝတ္တရားအသေးစိတ်ကို တော့ ဦးဦးဖေ ရှင်းပြမှာ ပါ ”
“ဆရာ ရန်ကုန်တစ်ခေါက်ပြန်ဦးမလား”
“မပြန်ပါဘူးဆရာ၊ ကျွန်တော် တစ်ခါတည်း အလုပ်ဝင်မှာ ပါ။”
“မိသားစု ပါသေးသလား ဆရာ နေရေး ထိုင်ရေး စီစဉ်ပြီးပလားဟု ဦးမင်းစိန်ကမေးသည်။”
“ကျွန်တော် လူလွတ်ပါ တစ်ယောက် တည်းပါပဲ လောလောဆယ်တော့ ကျွန်တော့်အဖေက သူ့မိတ်ဆွေ ဦးဦးဖေဆီ စာရေး ပေးလိုက်ပါတယ်။ ”
“ဒီမှာ အိမ်ငှားနေရမလား၊ ကွာတားစ်ရှိသလားမသိသေးဘဲနဲ့ ဒီရောက်မှပဲ စီစဉ်မလို့ပါ”
ဆရာဝန်ကြီးနှင့် ဦးမင်းစိန်သည် စက္ကန့်ပိုင်းမျှ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ တစ် မျိုးပဲဟု သတိထားမိလိုက်ရုံမှအပ သူ့စကားတွင် ဘာများ အဖုအထစ်ပါဝင်သွားမတွေးတတ်ပေ။
မောင်းသန်းက လက်ဖက်ရည်နှင့် မုန့်ပန်းကန်များ ကို သယ်ဆောင်လာကာ ဦးစိုးသူရှေ့ တွင် ချထားလေသည်။
“သောက်လိုက်ပါဦးဆရာ” ဟု ဦးမင်းစိန်ကပင် လောကွတ်ပြုလေ၏ ။ ဒါဆိုရင် ဆရာ ဒီနေ့ အလုပ်ဝင်ပြလိုက်နိုင်တာပဲ။ “
“တာဝန်ခွဲယူထားပြီး မနက်ဖြန်မှ အလုပ်ဆင်းရင် ဘယ့်နှယ်လဲ အဆင်ပြေမယ်ထင်လား အခက်အခဲရှိရင်လည်း ပြောပေါ့ဆရာ။ ကျွန်တော့် မှာ ကူညီဖို့ ၀တ္တရားရှိပါတယ်။ ဦးမင်းစိန်ကလ လည်း အကူအညီပေးမှာ ပါ။”
ဆရာဝန်ကြီးက စကားအဆုံးတွင် ဦးမင်းစိန်ဘက်လှည့်ကြည့်သဖြင့် ဦးမင်းစိန်က ထောက် ခံပြုံးပြလေ၏ ။
“ကျွန်တော် ဒီနေ့ နည်းနည်း လေ့လာပြီး မနက်ဖြန်အလုပ်ဝင်ပါ့မယ်ဆရာ”
ဆရာဝန်ကြီးရော ဦးစိုးသူပါ စကားနည်းကျသဖြင့် စကားဝိုင်းသည် စိုစိုပြည်ပြည်မရှိလှပဲ ဦးမင်းစိန်ကသာ အကြောင်းအရာရှာဖွေစကားပြောနေရလေ၏ ။
“ဆရာတို့ အလုပ်ရတာ အတော် မြန်တာပဲ”
“ဟုတ်ကဲ့ခင်ဗျ တစ်နှစ် လောက်ပဲ စောင့်လိုက်ရပါတယ်”
“ကျွန်တော် တို့တုန်းက နှစ် နှစ် ကျော်တယ်ဗျာ ကျွန်တော် က မြစ်ဝကျွန်းပေါ်တောကိုင်းတစ် နေရာမှာ အခြေစိုက်ပြီး နယ်လှည့်ဆေးကုသတာ ငွေလည်းဝင်၊ လူလည်းပင်ပန်း အသားကျနေ တုန်း အလုပ်ဝင်လိုက်ရတော့ ၀မ်းသာဝမ်းနည်းကြီးဗျ”
“ဆရာရော ဆေးခန်းဘယ်မှာ ဖွင့်သလဲ အုန်းလား”
“အုန်နာနဲ့လား”
“ကျွန်တော် သမဆေးခန်းပဲ ထိုင်ပါတယ်”
ဦးမင်းစိန်၏ မျက်ခုံးတစ်ဖက် မြင့်တက်သွားလေသည်။
“ဘယ့်နှယ်နေသလဲဗျ”
“မဆိုးပါဘူးဗျာ အေးအေးဆေးဆေးရှိတယ် အောက်မေ့တာပဲ”
“ကျွန်တော့် နေရာမှာ တစ်ညနေ လူနာနှစ် ဆယ် အစိပ်လောက်ဝင်တယ်။ တစ်ယောက် ပြား ၇၀ နှုန်း အကြောဆေးသွင်း၊… အိမ်လိုက်တွေ ကျ နှုန်းတစ်မျိုးပေါ့ဗျာ တာဝန်ပေါ့တယ် ကိုယ်က ငွေတောင်းဖို့ တွက်ချက်နေစရာမလိုတော့ဘူး။ ဆရာဝန်ကိုယ်တိုင် ဆေးထိုးဆေးတိုက်မှ ကျေနပ် မှာ မပူရဘူး။ ရောဂါ ရှာဖွေဖို့နဲ့ပေးမယ့် ကုသချက်အပေါ် ပိုပြီး အာရုံစိုက်နိုင်တာပေါ့ ဆရာ”
“တစ်ချို့သမဆေးခန်းတွေ လည်း မအောင်မြင်ကြဘူးဗျ။ အဲဒါ ၀ါးစေ … ဝေစားကြလို့ လား ဘယ်လိုထင်သလဲ”
“ သမလူကြီးတွေ နဲ့ ၀န်ထမ်းတွေ အပေါ် မူတည်တာပေါ့၊ စေတနာနဲ မှန်မှန်ကန်ကန် လုပ် နေတဲ့ အပိုင်းတွေ ကလည်း အောင်မြင်တာပါပဲ။ တစ်ခါတစ်လေ ဆေးမစုံတဲ့ အခက်အခဲမျိုးတွေ ရှိ တတ်ပေမယ့် ဆေးရုံတွေ မှာ လဲ အဲဒီ အခက်အခဲတွေ ကို ကျော်ဖြတ်ပြီး လူထုအားကိုးအားထား အ ဖြစ် ရပ်တည်နေနိုင်သားပဲ
“ဆက်ဆံရေး ကလည်း အရေး တကြီး ပါဝင်နေဦးမှာ ပဲ ထင်တယ်နော်။ နန္ဒ၀န် သမက ဆရာဝန်မ ကတော့ မနိုပ်လှဘူး သိပ်စိတ်တိုတယ်ဗျ”
ဦးစိုးသူ ပြုံးမိသည်။ ဤအခန်း ရောက်တည်းက ပမထအကြိမ် ပြုံးမိခြင် ဖြစ်သည်။
“အရေး ကြီးပါတယ်ဆရာ၊ ကျွန်တော့်  အရင်ထိုင်သွားတဲ့ ဆရာဝန်ဟာ အတ်ာလိုက်လိုက် လျောလျော ဆက်ဆံတတ်တယ်ဆိုပဲ၊ ကျွန်တော် က စကားနည်းတော့ လူနာ သုံးပုံတစ်ပုံလောက် လျော့ကျသွားသေးတယ်။ နောက်ပိုင်းမှ သေချာစမ်းသပ်တယ်။ ပျောက်ကင်းတာ များ တယ်ဆိုပြီး ပြန်တက်လာတာ။ ဆေးခန်းက ဆရာမ တွေ ၀န်ထမ်းတွေ ကလည်း တော် ကြလို့ပါပဲ”
ဦးမင်းစိန်က ခေါင်းတညိတ်ညိတ် နားထောင်ရင်း ဦးစိုးသူကို စူးစမ်းသော အကြည့်ဖြင့် ကြည့်နေတော့သည်။
သူက ဆရာဝန်ကြီးဘက်သို့လှည့်ကာ “ဆရာကြီး ကျွန်တော် ကို ခွင့်ပြုပါဦး၊ ကျွန်တော် ဦးဦးဖေကို သွားရှာလိုက်ဦးမယ်” ဟု ခွင့်တောင်းသည်။
“ကောင်းပြီ ကောင်းပြီ မနက်ဖြန်တွေ့ ကြသေးတာပေါ့၊ ဆရာ့ကို မောင်သန်းနဲ့ ကလေးောဆင်ကို ပို့ခိုင်းပါဦး ဦးမင်းစိန်၊ ဦးဦးဖေ ကလေးဆောင်မှာ ရှိပါလိမ့်မယ်”
ဦးမင်းစိန်က သူ့ကို ရုံးခန်းထဲခေါ်သွာကာ ရုံးအဖွဲ့နှင့် မိတ်ဆက်ပေးပြီးမှ မောင်သန်းအား ခေါ်ကာ ကလေးဆောင်လိုက်ပို့ပေးရန် ညွှန်ကြားလေ၏ ။
ကလေးဆောင်ထဲသို့ သူရောက်ရှိသွားစဉ်တွင် ဆံပင်တစ်ခေါင်းလုံးဖြူဖွေးလျက် မျက်မှန် ထူကြီး နှင့် ပင်နီတိုက်ပုံ၊ ယောပုဆိုးတို့ဖြင့် သတင်းစာဆရာ၊ စာရေး ဆရာကြီး ပမာ ခန့်ညာတည် ငြိမ်လှသော ဆရာဦးဦးဖေသည်စားပွဲ၊ ကုလားထိုင်တွင် ဆေးဆေးသက်သာထိုင်ကာ ထဘီနီဝတ် သူနာပြုဆရာမ ကလေးတစ်ဦး ပွေ့ချီထားသော အနှီးဖွေးဖွေး ထွေးထားသည့် မွေးကင်းစကလေး ငယ်တစ်ဦးကို စစ်ဆေးကြည့်ရှုနေလေ၏ ။
ဦးဦးဖေသည် “ညည်းကလေးက တော် တော် ၀ါနေပါလား မလွင်” ဟု ပြောနေရင်းမှ ၀င်လာသူ ဦးစိုးသူကို လှမ်းကြည့်မြင်တွေ့ သွားလေ၏ ။
“ကျွန်တော် စိုးသူပါဆရာ၊ နန္ဒ၀န်ဆေးရုံမှာ တာဝန်ကျပါတယ်။ ပထမဆုံး အလုပ်ဝင် တာပါပဲ”
သူစကားပြောလိုက်စဉ်တွင် စောစောက သူ့ကိုကျောခိုင်းထားသော သူနာပြုဆရာမ လေး ကတော့ သူ့ကိုလှည့်ကြည့်လေသည်။
ထိုတဒင်္ဂခဏလေးမှာ ပင် မြင်မြင်ချင်းချစ်လိုက်မိတာပါ။
ရှေးဟောင်းနှောင်း ဖြစ် ပြန်လည်တွေးကြည့်လိုက်တိုင်း ထိုအချိန် ထိုကာလအပိုင်းအခြား ကလေးသည် သူ့အဖို့ ရှိသမျှပုံအောပြီး ကံစမ်းအလောင်းအစားတစ်ခု ပြလိုက်မိသလိုပါပဲ။ ရှုံး လိုက်လျှင် ရေစုန်မျှောရလိမ့်မည် ။
ချစ်မိသည်က အလျှင်၊ အပျိုအအိုခွဲခြားသိရသည်က နောက်၊ ယခုပင်လျှင် ရည်ရွယ် ထားသူ ရှိနေနှင့် မလား။ ပူပန်နေရမလားတော့ သိန်းမောင်တို့သာ သိလျှင် “စိုးသူကိုတော့ဟေ့ မယုံမရှိနဲ့ ထိကနဲဆို ကွဲဖို့အသင့်” ဟု ဝေဖန်စရာ ဖြစ်မည် မလွဲ။
“လာပါ စိုးသူထိုင်ပါ”
ဦးစိုးသူသည် “မလွင်”ထံမှ မျက်လုံးသာလွှဲဖယ်လိုကရင်း “မလွင်” ၏ ပုံရိပ်ကိုတော့ စွဲမြဲ မြင်ယောင်နေရစ်ရင် တိုက်ပုံအင်္ကျီအိတ်ကပ်ထဲမှ ဖခင် ဖြစ်သူ ရေး ပေးလိုက်သော စာကို ခါးအနည်း ငယ်ကိုင်းလျက် လက်နှစ် ဖက်ဖြင့် ဦးဦးဖေဆီ ကမ်းပေးလိုက်ရလေသည်။
“ကျွန်တော် ဆရာဝန်ကြီးနဲ့ တွေ့ ခဲ့ပြီးပြီ။ ဆရာ ဒိမှာ ရှိတယ် ညွှန်ကြားလိုက်တာနဲ့… ၊ ကျွန်တော့်  အဖေက သင်္ချာကထိက ဦးစိုးမြင့်ပါဆရာ။ ဆရာ့ဆီ စာရေး ပေးလိုက်ပါတယ်”
ဦးဦးဖေ၏ လေငြိမ်ခိုက် လှိုင်းင်းမဲ့သော ရေပြင်ပမာငြိမ်သက်သော မျက်နှာတွင် ပြုံးရိပ် တစ်ချက် ထင်ဟပ်သည်။
“သြော် အစ်ကိုစိုးရဲ့ သားကို အကြီးဆုံးလား”
“တတိယသားပါဆရာ”
“ပြောမှ သတိထားမိတာက ဆရာက အစ်ကိုစိုးနဲ့ ရုပ်ချင်းဆင်သားပဲ။ ဒါပေမဲ့ မမလှနဲ့ ပိုတူတယ်။ ဆရာတို့ကလေးဘ၀တုန်းက အစ်ကိုစိုးတို့အိမ်ကို ကျွန်တော် ၀င်ထွက်နေခဲ့တာပဲ။ ခုတော့ မတွေ့ တာကြာလှပြီ။ ကျွန်တော့်အစ်ကိုလဲ မနှစ် က အစာအိမ်ကင်ဆာနဲ့ ဆုံးသွားတယ်။”
“ဟုတ်ကဲ့…ဖေဖေပြောပါတယ်ဆရာ”
ဦးဦးဖေ စာဖတ်နေစဉ် စာရွက်ကိုင်ထားသော ရှည်လျားသွယ်ပျောင်းလှသည့် လက်ချောင်း မျးကို သူတိပြုမိသည်။
သူက သူနာပြုဆရာမ လေးကို လှမ်းကြည့်မိလေသည်။
ဆရာမ လေး၏ မျက်နှာသည် မပြုံးဘဲနှင့် ပင် ချိုအေးလှသည်။ သူလှမ်းကြည့်စဉ် နန္ဒ၀န် ဆေးရုံရောက်လာသော လုပ်ဖော်ကိုင်ဖက်အထက်လူကြီးတစ်ဦးအ ဖြစ် လေးစားစွာ ကြိုဆိုသော အပြုံးကလေးသည် သူ့နှလုံးသားအလယ်ဗဟိုချက်သို့တိုင် စူးနစ်စွဲငြိသွားရချေ၏ ။
“ဆရာ့ပစ္စည်းတွေ ရော”
“ဆေးရုံတံခါးဝမှာ အပ်ထားခဲ့တယ်ဆရာ အိပ်ရာလိပ်တစ်လိပ်နဲ့ သေတ္တာတစ်လုံးပါပဲ”
“မောင်သန်းရေ ကျွန်တော့်အိမ်ပို့ခိုင်းလိုက်ပါလား။ ဒီဆရာ အိမ်မရခင် ကျွန်တော့်အိမ်မှာ တည်းလိမ့်မယ်”
မောင်းသန်းက ကိုယ်ကိုယို့ကာ ထွက်ခွာသွားတော့သည်။
“ဆရာက တစ်ယောက် တည်းသမားဆိုတော့ မလွင်ရေ ညည်းနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ ရတာ ဒီဆရာတော့ ဟန်ကျတာပဲ”
ဦးဦးဖေ သူ့ကိုပြောနေရာမှ မလွင်ဘက်လှည့်ကာ ပြောလိုက်သော စကားသည် ရိုးရိုးသား သား ဖြစ်ကြောင်း သိပါလျက် မရိုးသားသူ သူ့မှာ တော့ မလုံမလဲမျက်နှာအထားရခက်သွားလေ၏ ။
“ဆရာမ လေးတွေ က ဒေါ်ခင်လေးလွင်တဲ့ဗျ နန္ဒ၀န်မှာ အလုပ်ဝင်တာ သုံးနှစ် ရှိပြီဆိုတော့ မြို့နဲ့ အတော် အကျွမ်းဝင်နေပြီ ကျွန်တော် က နှစ် နှစ် ခွဲလောက်ဆိုတော့ မရှေးမနှောင်းရောက် ကြ တာပေါ့ဗျာ”
ဒေါ်ခင်လေးလွင်တဲ့ မလွင်၊ မခင်လေးလွင်လို့ မခေါ်ကြဘူးလား။ မခင်လေးဆိုတာက စိမ်း သည်။ ခင်လေးဆိုတာက နွဲ့မည် ။ ဒီတော့ မလွင်လို့ပေါ့လေ။
“ညည်းတို့အိမ်ရှေ့အိမ်က မန်နေဂျာ ပြောင်းသွား ပြီလာ မလွင်”
“ပြောင် သွားပါပြီဆရာ”
“လူငှားအသစ်တင်လိုက်ပြီလား”
“ဟင့်အင်းဆရာ လာတော့ ငှားနေကြတာပဲ။ အမေစီတို့ စိတ်တိုင်းမကျတာနဲ့ အသစ်မတင် ရသေးပါဘူး။” ဦးဦးဖေ ကျေနပ်စွာ ခေါင်းညိတ်သည်။
“မလွင်တို့အိမ်ရှေ့ မျက်စောင်းထိုးလောက်မှာ အိမ်တစ်လုံးရှိတယ်ဗျ၊ အပေါ်ထပ်က အဖွား ကြီးသုံးယောက် နေတယ် အောက်ထပ်က ငှားတာ။ အိမ်ကလည်းကောင်း၊ ရေမီးအိမ်သာ အားလုံး အိုကေပဲ၊ အကွက်အကွင်းလည်းကျ၊ ရပ်ကွက်ကလည်း သန့်၊ ဆေးရုံနဲ့လည်း မလှမ်းမကမ်းမှာ ။ ကျွန်တော် နန္ဒ၀န်ရောက်စ ငှားသေးတယ်။ မန်နေဂျာစရံသတ်ပြီးသွားလို့ မရလိုက်ဘူး။ အခုတော့ လည်း ဆေးရုံဝန်းထဲမှာ အခြေကျနေပြီလေ”
“အမေစီတို့က ဆရာ့ကိုလက်လွှတ်သွားလို့ တပျစ်တောက်တောက် ပြောမဆုံးဘူးဆရာ။ ဆရာဝန်ဆိုတော့ ကျန်းမာရေး အားကိုးရတယ်ဆိုပြီး သိပ်ငှားချင်တာ။ဆရာ တို့က အိမ်သားနှစ် ယောက် တည်းဆိုတော့ သိပ်သဘောကျသေးတာ။
မန်နေဂျာက မိသားစုခြောက်ယောက် မို့ လူရှုပ် သတဲ့လေ။ ဒါတောင် သားသမီးတွေ ကြီးပြီမို့ ကလေးတွေ ပါရင် နားပူတယ် ချေးများ သေးတာ။”
“ကျွန်တော် တို့ ဆရာ ကတော့ လူပျိုဗျာ။ အိမ်ကလည်း ဘယ်သူမှ လိုက်နေနိုင်မယ် မထင်ဘူး”
“ဟုတ်ပါတယ်ဆရာ ကျွန်တော် တစ်ယောက် တည်းပါပဲ” ဦးဦးဖေက ရုတ်တရက်ပြုံးရယ် လိုက်ကာ.
“ခင်ဗျားအမေလည်း သဘောကျမှာ ပါဗျာ အ မေကြီးတွေ ကသူ့ကိုယ်စား ခင်ဗျားကို စောင့် ရှောက်ကြလိမ့်မည် ဗျ” မလွင်က ဦးဦးဖေစကားကို သဘောတူညီစွာ ခေါင်းကလေးညိတ်ရင်း ပြုံး ရယ်လိုက်လေသည်။ သူလည်းရောရယ်ပြုံးရင်း ရင်းနှီးခင်မှု အစပျိုးမိကြလေ၏ ။
“ညနေပြန်ရင် မလွင်ပြောထားနှင့် ပါ။ ကျွန်တော် တို့ ညစာစားပြီးလောက် လျှောက်လာ ခဲ့ မယ်။ ”
“ဟုတ်ကဲ့ဆရာ အိမ်ကရမှာ ပါ။ ဆရာကြိုက်၊ မကြိုက် ကြည့်ရုံပါပဲ”
ဦးစိုးသူက အိမ်သည်မလွင်တို့အိမ်နားမှာ ရှိသည်ဆိုကတည်းက ငှားမည် စိတ်ကူးနေသည်။ သိန်းမောင်သာ နဘေးမှာ ရှိနေပါမူ “မင်းကွာ နွားသိုးကြိုးပြတ်” ဟု ချိုးနှိမ်ကဲ့ရဲ့ ဦးတောမှာ ပါ။
မလွင်က လက်ပတ်နာရီကလေးကို တစ်ချက်ကြည့်ကာ
“ကလေးကို ပိုတိုဂရပ်ဖီပေးရမလား” ဟု အလုပ်ကိစ္စကို အစပြန်ဖော်လေ၏ ။
“မနက်ခင်း နေရောင် ပြဦးကွာ။ ရေကျအေး များများ တိုက်ခိုင်း၊ နို့လည်း ၀င်ပါစေ ပို-၀ါလာရင်တော့ မီးချောင်းပြကြတာပေါ့” ဦးဦးဖေသ သူ့ဘက်လှည့်ကာ
“ကလေးက သုံးပတ် လောက် စောမွေးတာ။ ဒါကြောင့် ပါ” ဟု ပြောပြကာ သူလည်း ခေါင်း ညိတ်သဘောတူလိုက်လေ၏ ။
“ပြစရာရှိသေးလား မလွင်”
“နှစ် ယောက် ဆရာ”
မလွင်က တစ်ကိုယ်လုံး ပြည်တည်နာကလေးများ ပြည့်နှက်နေသော ကလေးငယ် တစ်ဦးကို ပွေ့ချိလာပြန်သည်။
ဦးဦးဖေက ဆေးဝါးညွှန်ကြားရင်း
“အဲဒီ ပြည်တည်နာကြောင့် နမိုးနီးယားဝင်နိုင်တာ၊ သွေးဆိပ်တက်နိုင်တာတွေ ကလေး အမေကို ရှင်းပြပညာပေးဦးနောဦး” ဟု မှာ ကြားလေသည်။
“ကလေးအိမ်က လာကိုမကြည့်ဘူး ဆရာ။ ကလေးအမေက ချုပ်ရိုးမကျက်ဘဲ အနာ ဖြစ် နေတယ်တဲ့ရာ။ သားဖွာဆောင်ကို အကြောင်းကြားလေ။ ဆေးရုံမဆင်းခင် အမေကို ကျွန်တော် တွေ့ ချင်သေးတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေး ဘာလေး ပညာပေးရအောင်လို့”
“နောက်ဆုံးပွေ့ချီလာသော ကလေးမှာ နှာရည်ယိုပြီး လျှပ်နှုတ်ခမ်းတစ်ဝိုက် အက်ကွဲ ကြောင်းများ တစ်ကိုယ်လုံးမှ အရေခွံများ အဖတ်ဖတ်ကွာ၍ လန်နေလေသည်။”
မွေးရာပါ စစ်ပလေ့ကာလသား ရောဂါ ဟု ဦးဦးဖေက ရောဂါ အမည် တပ်ကာ ဦးစိုးသူက ခေါင်းညိတ်ထောက်ခံလေသည်။
“ကလေးအဖေက အတော် ပွေတယ်တဲ့ဆရာ။ ဒီကလေးအမေက ဒုတိယမယား တတိယ စတုတ္တတွေ ရှိသေးတယ်တဲ့။”
“သူဌေးလား”
“ကုန်စုံဆိုင်စာရေး ပါပဲဆရာ”
ဦးဦးဖေနှင့် ဦးစိုးသူ တစ်ယောက် ကို တစ်ယောက် ကြည့်ကာ ပြုံးမိကြသည်။
“မိန်းမ များများ ယူတယ်ဆိုတာ ငွေနဲ့ သိပ်မဆိုင်ဘူးထင်ပါရဲ့ ဗျာ” ဟု မှတ်ချက်ချသည်။
“ဆိုင်သင့်သလောက် ဆိုင်မှာ ပါဆရာ ငွေရှိတော့လုပ်ချင်တာတွေ ပို ဖြစ်နိုင်ကုန်မှာ ပေါ့ မှားမှားမှန်မှန်ပေါ့ဆရာ”
ဒီစကားကို မလွင်က ၀င်ပြောလိုက်သဖြင့် ဆရာဝန်နှစ် ယောက် လုံးအံ့သြသွားရသလိုရှိ သွားကြသည်။
ဦးဦးဖေက လက်ခံတွေးဆဟန် လေးလေးစားစားခေါင်းညိတ်လေသည်။
ဦးစိုးသူ ကတော့ မလွင်ခံစားချက် အရင်းတစ်ခုခံကာ ၀င်ပြော ဖြစ်သည်တွေးမိချေ၏ ။
“ကလေးရော အဖေအမေပါ ကာလသား ရောဂါ ရှိ၊ မရှိသွေးစစ်ခိုင်းမှာ ပဲ”
“သုံးယောက် လုံးကို ကုသမှု ပေးကြရမယ်။ ပြီးတော့ ကလေးရဲ့ ခြေစစ်လက်စစ်တွေ ဓာတ် မှန်ရိုက်ကြည့်ရအောင်”
“ဦးအေးသန့် စိတ်စားမယ့်လူနာပဲ မလွင်ပြောပြလိုက်ပါဦး”
ဦးစိုးသူဘက်လှည့်ကာ “ဦးအေးသန့်ဆိုတာက ကလေးဘာသာကို အတော် ပဲ စိတ်ဝင်စား တယ်။ လာမဲ့နှစ် မှာ ဘွဲ့လွန်ဝင်ဖြေမယ် အားခဲနေတာဗျ၊ ဓာတ်မှန်က သူလေ့လာဖို့ ရည်ရွယ်တာ ပါ”
“ ရောဂါ နာမည် တပ်ဖို့ဆိုရင်တော့ အခုလောက် မြင်ရုံသိရုံနဲ့ လုံလောက်နေပြီပဲ။” ဦးဦးဖေ က လူနာမှတ်တမ်းတွင် ကုသချက် ညွှန်ကြားချက်များ ရေး ပေးနေသည်။
ဦးစိုးသူသည် ဦးဦးဖေအပေါ် ယုံကြည်လေးစားစပြုလာလေသည်။ နန္ဒ၀န်၌ ကုသခြင်းကို ရုပ်ဝတ္ထုကရိယာအပြည့်အစုံအသုံးမပြုနိုင်သည့်တိုင် စေတနာစိတ်ဝင်စားမှုနှင့် ပညာအရင်းခံကာ တစ်စုံတစ်ရာသော အတိုင်းအတာအထိတော့ ထိထိရောက်ရောက်စွမ်းဆောင်နိုင်လိမ့်မည် ဟု သူကျေနပ်မိလေ၏ ။
“ကလေးမိဘတွေ ကို ကျွန်တော် တွေ့ ချင်တယ် မလွင်။ ကျန်းမာရေး ပညာပေးဖို လိုတယ်။ ဒီ ရောဂါ ဟာ အမေမှာ ရှိလို့ ကလေးကိုကူးတယ်ဆိုတာနဲ့ အမေကလည်း အဖေဆီက ရဖို့များ တာ တွေ ပေါ့ မကုသရင် ကိုယ်ဝန်ပျက်နိုင်တာ။ ကလေးလူစင်မမှီမှာ ။ လူကြီးလည်း အာရုံကြောတွေ ၊ နှလုံး ရောဂါ ကပ်နိုင်တာ အဓိကအားဖြင့် ဒါမျိုးဟာ ဒီလို ရောဂါ ရနိုင်တယ်။ ရှောင်ပါ။ အဲ ဖြစ်လာမှ တောလည်း စောစောကုရင် ပျောက်တယ်ဆိုတာလောက် သဘောပေါက်စေချင်တာပါပဲ”
ဦးဦးဖေသည် ညနေလေးနာရီမထိုးမီ ကျန်ရှိနေသေးသော အချိန်အပိုင်းအတွင်း ဆေးရုံ အဆောင်များ သို့ လှည့်လည်ပြသသည်။
ကလေးဆောင်၊ သားဖွားမီးယပ်ဆောင်၊ ဖျားနာဆောင် သံဃာံဆောင်
သားဖွားမီးယပ်ဆောင်တွင် တာဝန်ကျနေသူမှာ ဒေါက်တာဒေါ်သန္တာတင်။ မပြောလျှင် ဆရာဝန်ဟု မထင်ဘဲ ကိုယ်လာအပ်သော လူနာ၊ သာမန်အိမ်ရှင်မတစ်ဥိးထင်မှတ်ရလောက် အောင် ရိုးရိုးစင်းစင်းကြီးနှင့် အဋ္ဌမမြောက်ဆိုသော ကိုယ်ဝန်အရင့်အမာကို ပိုက်လွယ်ထားလေ သည်။
“ဆရာဝန်သစ်ရောက်မယ်ဆိုလို့ မျှော်နေတာဆရာရေ ကျွန်မ မီးဖွားခွင့် ယူတော့မလို့”
အသက်လေးဆယ်မှာ ကိုယ်ဝန်ယူနေသေးသော ဤဆရာဝန်သည် မိသားစုကန့်သတ် ထိမ်းလေ့ရှိသော ဆရာဝန်အများ စုနှင့် အသွင်မတူပဲ ဦးစိုးသူ တတံ့တသြတွေ့ ဆုံရလေသည်။
“ဟဲ ဟဲ နန္ဒ၀န်ရောက်ရင် စွန်တာပဲဆိုတဲ့ လူပျိုဆရာဝန်တွေ ထဲမှာ ကျွန်တော် မပါ သေးဘူးဗျ၊ ရောက်တာတစ်နှစ် ကျော်ပြီ။
ဆရာ့အလှည့်တော့ ဘယ်လိုနေမလဲ ကြည့်ရဦးမှာ ” ဟု ခပ်ရွှန်းရွှန်းကလေး ကြိုဆိုသူ ဦးအေးသန့် ကတော့ ဆံပင်ကောက်ကောက်၊ ထိပ်ပြောင်ပြောင်။ ဗိုက်ရွှဲရွှဲ၊ ဇက်ကလေးပုတိုတိုနှင် ဇော်ဝမ်းအမည် တွင် သူဆို၏ ။
ထိုနေ့က ဒေါ်မေနွဲ့ကေသီနှင့် မဆုံဆည်းလိုက်ရပါ။ မိခင်နှင့် ကလေးစောင့်ရှောက်ရေး သို့ သွားနေသည် သိရသည်။ နောက်တစ်နေ့ဆေးရုံမှာ မိတ်ဆက်ပေးသူမရှိဘဲ တွေ့ ရသော အခါ နန္ဒ ၀န်မှာ လေဒီဒိုင်ယာနာဆံပင်၊ ခြောက်လက်မထောက်ဖိနပ်၊ ဆေးဆိုးပန်းရိုက်မျက်နှာနှင့် အမျိုး သမီးမျိုးရှိသားပဲ မှတ်ချက်ချမိကာ တအောင့်အကြာ ခါးကိုဂျူတီကုတ်ကလေးဝတ်၊ နားကျပ် လည်ပင်းချိတ်လျက် ခွဲစိပ်ဆောင်တွင် လူနာကြည့်နေခိုက် ပြန်ဆုံတော့မှ ဒေါက်တာဒေါ်မေနွဲ့ကေ သီကို ဟု သိရလေ၏ ။
သူနာပြုဆရာမ ကြီး ဒေါ်လော်ရာကိုတော့ သူမ၏ ရုံးခန်းကလေးတွင် စာရင်းစာအုပ် တစ် ထပ်ကြီးနှင့် အလုပ်ရှုပ်နေသည်ကိုတွေ့ ရလေသည်။
ထိုဆေးစရင်း စားဆေးစရင်း၊ အထည်အ၀တ်စာရင်း၊ ပစ္စည်းကိရိယာစာရင်း “အမလေး ခေါင်းမူးနေပြီ ဆရာရေ၊ ”
“အလုပ်တွေ ထားပါဦး စစ္စတာရဲ့ ”
“ကျွန်တော် တို့ ဆေးရုံရောက်လာတဲ့ ဒေါက်တာစိုးသူနဲ့ မိတ်ဆက်ပေးပါရစေဦး”
“ကျွန်တော် တို့ ဆေးရုံ ကတော့ စစ္စတာရှိလို့ စိုပြည်နေတာဆရာရေ”
စစ္စတာဒေါ်လောရာက “မိသားစုတစ်ပါတည်း ပါလာသလားဆရာ။ တစ်ခေါက် သွားရ ဦးမလား” ဟုမေးသည်။
“လူပျိုပါဗျာ အဖော်ရှာပေးဖို့ စစ္စတာမှာ တာဝန်ရှိလာပြီ” ဟု ဦးဦးဖေကပြောသည်။
“နန္ဒ၀န်မှာ လူပျိုဆရာဝန် ဈေးကောင်းတယ် ဆရာ၊ ဆရာဦးအေးသား အရိုးများ ချေးခါး တော် ကြာမှ …အင်း…
“ ပြောပါချင်ပါဘူးလေ”
“ လူပျိုဆရာဝန် ကတော့ ဘယ်မှာ ဖြစ် ဖြစ် ဈေး ကောင်း ပါတယ်။
“ မဟုတ်ဘူးလာ ဆရာဖေ”
ဒေါ်လောရာသည် လက်ကအလုပ်လုပ်ရင်း လူကုဟိုမှ သည်မှ ကူးသန်းလှုပ်ရှားနေလေရာ ၀ဖိုင်သော ခန္ဓာကိုယ်နှင့် မလိုက်ဖက်အောင် ပေါ့ပါးဖျတ်လတ်နေသည်နှင့် အမျှ တက်တုံ ဆင်းတုံ တင်ပါးဆုံကြီးနှစ် ဖက်သည် ဟန်ချက်ကျ တုံ့ခါလှုပ်ယမ်းလျက်ရှိကြောင်းတမင်တကာ သိတိထားစ ရမလိုပဲ တွေ့ မြင်နေရလေသသတည်း။
ခင်လေးနွယ်သည် သနပ်ခါးမခြောက်တစ်ခြောက်မျက်နှာကို တို့ဖတ်ပါကလေးဖြန့်ကာ တစ်ချက်နှစ် ချက် ခပ်ဖွဖွတို့ရိုက်သည်။ ၀င်းစက်သော မျက်နှာသည် ဟုတ်ဟုတ်ထွေးထွေး နူးညက် သွားလေသည်။
ကျွဲချိုးဘီအနီးကြီးနှင့် သန်စွာ သော ဆံပင်များ ကို ခပ်သွက်သွက်ဖြီးသပ်ရသည်။ ဆံများ မှာ ကျောတစ်ဝက်မျှသာရှည်လျားလျက် အလယ်တည့်တည့်ခွဲကာ နောက်ကျောလည်ကုတ်တွင် ကော်ကလစ်အနက်ကလေးနှင့် ဖမ်းချုပ်ထားလိုက်ရုံမျှနှင့် ဆံပင်အလှပြုပြင်ရေး ကိစ္စ ပြီးပြတ်လေ၏ ။
မျက်လုံးပေါ်တွင် ကပ်ငြိနေသော သခါနပ်စလေးကို ဒီဇင်ဘာခြစ်တံကလေးဖြင့် ခြစ်ထုတ်ပစ်ရသေးသည်။
ခင်လေးနွယ်၏ မှန်ခုံကလေးမှာ အကျယ်တစ်ထောင့်ထွာမျှသာရှိလျက် ခြေတံသည် ကြမ်းပြင်မှ ခြောက်လက်မသာ မြင့်ရာ ဖျာကလေးနှင့် ကြမ်းပေါ်ထိုင်ပြီး ဖြိးလိမ်းရလေသည်။
အံဆွဲကလေးဖွင့်ကာ သနပ်ခါးတုံး။ သနပ်ခြစ်တံ သနပ်ခါးတို့ကို ထည့်သိုပြီးနောက် ပြန်လည်တွန်းပိတ်လိုက်လေသည်။
တံတောင်အမြင့်ရှိသော ကြည့်မှန်တွင် အရိပ်ထင်ဟပ်နေသာ သူမမျက်နှာကို တစ်ချက် ကြည့်လိုက်သည်နှင့် တော့ လက်ထဲမှ တို့ဖတ်ပ၀ါကို လေသလပ်ခြောက်သွေ့စေရန် မှတ်ထက်တွင် ဖြန့်လွှာထားလိုက်လေ၏ ။
ခင်လေးလွင်သည် ပေါင်ပေါ်မှ ကြောင်မကြီးပေါ် အသာအယာချီမ၍ အိပ်ရာပေါ်တက် လိုက်ပြီးနောက် အခန်းလေးထောင့်ဘက်သို့ ရွှေ့ကာ အ၀တ်သေတ္တာကိုဖွင့်လိုက်လေသည်။
တက်ထရွှန်ဘော်လီတစ်ထည်ကို အလျင်ဆုံးထုတ်ယူလိုက်သည်။ အဖြူရောင် ပုံပျော့ ဇမပါ။ ဇမပါလျှင် ဈေးသက်သာပြီး ခင်လေးလွင်၏ အင်္ကျီများ ကလည်း ထူထူထဲထဲလုံလုံခြုံခြုံမို့ ဘော်လီလှဖို့မလို။
အင်္ကျီပုံထဲမှ လဆန်းတုန်းက အမေ၀ယ်ပေးထားသော နီညိုရောင် အိရှိလက်ရှည် အင်္ကျီလေးကို ရွေးထုတ်လိုက်လေသည်။ ဆေးရုံတွင် ခင်လေးလွင် ကြုံဆုံပြုစုပေးလိုက်သော အရာရှိကတော် တစ်ယောက် က အမှတ်တရလက်ဆောင်ပေးလိုက်သော စိမ်း၊ ၀ါ၊ ညို၊ နီ ရောင် စုံ ယှက်သော တမူးလုံချည်ကလေးနှင့် လိုက်ဖက်အောင် အမေက သည်အင်္ကျီစကလေးကို ရွေးဝယ်လာခြင်း ဖြစ်လေသည်။
ခါးမှ ရေလဲထဘီကို ထဘီကြိုးတန်းပေါ်မှ တစ်ပတ်ရစ်ပါတိတ်လုံချည်နှင့် လဲလှယ်ဝတ်ဆင်ကာ ရေလဲထဘီကိုတော့ ကြိုးတန်းတွင် ဖြန့်လွှာထားလိုက်ရသည်။
အသင့် မီးခလုတ်ဖွင့်ထားသဖြင့် ပူနေပြီ ဖြစ်သော မီးပူကို ကြမ်းပြင်ပေါ်မှ လှမ်းယူကာ ခုတင် ပေါ်ဖြန့်ထားသော စောင်ကြမ်းပေါ်တွင် တမူးထဘီကိုဖြန့်၍ မီးပူတိုက်ရလေသည်။
မီးပူကလေးမှာ အတော် ပင် အိုဟောင်းလျက် နီကယ်များ ပျက်ပြယ်ကာ သံချေးလည်း တက်လှပေပြီ။
ထဘီ မီးပူးထိုးစဉ် မီးခလုတ် ပိတ်လိုက်ကာ ကျန်ကြွင်သော မီးအပူရှိန်အားဖြင့် အိရှန် အင်္ကျီလေးကို ဆက်လက်မီးပူထိုးရသည်။ ပြန့်ပြီးသား ဖြစ်သော်လည်း ခေါက်ရိုး မကျိုးစေရန် အလုပ် သွားခါနီး တိုင်းမီပူတိုက်ရမည် မြဲ။
မီးပူကို ကြိုးဖြတ်ပြီး ခုတင်အောက်တွင် ထောင်လျက်သိမ်းလိုက်သည်။ ဘော်လီနှင့် အင်္ကျီကို ၀တ်ဆင်လိုက်ကာ ထဘီကိုတော့ သွားခါနီမှ ၀တ်မည် ဟု သေတ္တာပေါ် ဖြန့်လွှာထား လိုက်လေသည်။
ခုတင်အောက်မှ ထင်းရှူးသေတ္တာဖုံးခွံထဲတွင် ရက်သားမျှရှိသေးသော ကြောင်ပေါက်စ သုံးကောင်သည် လုံးထွေးသတ်ပုတ်တိုးဝှေ့ရင်း အော်မြိနို့တောင်းနေကြသဖြင့် ခင်လေးလွင်မှာ ခုတင်ပေါ်မှ ကြောင်မကြီးကို ပွေ့ချီကာ သူ့ကလေးများ အနီးတွင် ချထားပေးလိုက်လိုက်ရ၏ ။
သေတ္တာနံဘေးမှ ကြိမ်ခြင်းကလေးကိုယူကာ ခြင်းထဲမှ ပစ္စည်းကို စိစစ်ကြည့်ရသည်။ တက် ထရွန်အင်္ကျီအဖြူနှင့် ထက်ထရွှန်လုံချည်အနီ၊ သွားတိုက်ဆေးသွားတိုက်တံ၊ ဆပ်ပြာခွက်၊ မျက်နှာ သုတ်ပါဝါနှင့် သွေးပြီးသားသနပ်ခါး ထည့်ထားသော ပုလင်းကလေး၊ ဘောလ်ပင်၊ သူနာပြု ဦးထုပ် ကတော့ ဆေးရုံမှာ ။
အိပ်ခန်းမှာ အခန်းရှည်ကြီး၏ လက်ယာဘက်တွင် သုံးထပ်သားဖြင့် ကာရံပြီး အခန်းဖွဲ့ထားသည်။ အရှေ့ဘက်တွင် ဧည့်ခန်းအနောက်ဘက်တွင် ထမင်းစားခန်းနှင့် မီးဖိုခန်း၊ တဆင့်နိမ့်ထားသော အိမ်သာ၊ ရေချိုးခန်းတို့ဖြင့် အိမ်ကျဉ်းသော်လည်း သပ်သပ်ရပ်ရပ်ရှိပေသည်။
အိမ်ရှေခန်းကြမ်းပြင်တွင် ခင်လေးလွင်၏ မိခင် ဒေါ်ခင်သွယ်သည် သင်ဖြူးခင်း၍ ထိုင်ကာ သိုးမွေးချည် ပန်းရောင် ဖြင့် တချောင်ထိုးထိုးနေလေသည်။
အိမ်ရှင်ကုန်စုံဆိုင်ပိုင်ရှင်၏ ဇနီးဒေါ်နုနုသည် အသက်ဆယ့်နှစ် အရွယ် သမီးငယ်အပု၏ ခေါင်းကို ဘီးစိပ်တိုက်ကာ သန်းချပေးနေရင်း ဒေါ်ခင်သွယ်နှင့် စကားလက်ဆုံကျနေလေ၏ ။
“မလွင်တို့အမေက တကယ်လက်ရာမမြောက်တာပဲနော်။ ကြည့်ပါဦး မလါင်ဖို့ ဖွယ်တာကို တစ်ချောင်းထိုးနဲ့ အပွင့်တွေ ဖော်ပြီး ထိုးနေတာ။ အန်တီဖြင့် နံဘေးကထိုင်ကြည့်ပြီး သွားရည်ယို နေရတယ်”
“မနှစ် မိုးတွင်းတုန်းက ဆောင်းအမီသူဝတ်ဖို့ ထိုးကြည့်မယ်ဆိုတာနဲ့ သိုးမွေးတစ်ပေါင်ဝယ် ပေးထားတာနဲ့ နုနုရဲ့ ။ လက်သုံးလုံးလောက်လဲရရော မျက်ရိုးကိုက်တော် မူသတဲ့။ နှိပ်ပေးလိုက်ရ တာဆိုတာ သိုးမွေးလဲ သေတ္တာထဲမှာ ကျွန်မလုံးပေးထားတဲ့အတိုင်း တစ်နှစ် အောင်းတော့တာပဲ ။ ဒါနဲ့ လာမယ့်ဆောင်းဝတ်ရအောင် ထိုးပေးနေရတာ ”
ခင်လေလွင်သည် ဒေါ်ခင်သွယ် မဲ့မဲ့ရွဲ့ရွဲ့ စကားတင်းဆိုသည်ကို အပြုံးအရယ်မပျက်ပဲ ခံနေရလေသည်။
“တနေ့တနေ့ သူ့မှာ ခါးညောင်းရ၊ ဇက်ကြောတက်ရ၊ မျက်ရိုးကိုက်ရနဲ့၊ အမေက ဘာမှ မ ဖြစ်အားဘူး။ သူ့ပဲ အရိပ်ကြည့်နေရတာ ။ နုနုအသိဘဲ၊ အဲ.. အလွင် ညည်းကြောင်အကျားဟာ ဘုရားစင်အောက်မှာ ချေးပါထားတယ်နော်၊ အလုပ်မသွာယးခင်ကျုံးသွားဦး ကြောင်ချေးတော့ မကျုံးနိုင်ဘူး နုနုရဲ့ ၊ နှလုံးနာလွန်းလို့”
ပြောရင်းဆိုရင်း နံဘေးမှာ ၀င်ထိုက်သော ခင်လွေးလွင်၏ နှာတံဘေးမှ သနပ်ခါးစင်ကို ဒေါ်ခင်သွယ်က လက်သည်းနှင့် အသာအယာခြစ်ဖျက်ပေးနေရာ ခင်လေးလွင်မျက်တောင်စင်း၍ ငြိမ်ခံနေလေ၏ ။
“အစ်မသွယ်တို့အိမ်က ကြောင်ကျားဟာ ကျွန်မထမင်းဝိုင်းက အုပ်ဆောင်းကို လှန်ပြီးနှိုက်တတ်တယ် အစ်မသွယ်၊ အတော် သတိထားရတယ်”
“ပေးပစ်ပါဆိုတာ မချောက မပေးဘူး”
“အို.. အမေကလည်း ယူမယ့်သူမှမရှိတာ”
“နုနုတို့အိမ် အ၀တ်လာလျှော်တဲ့ ကုလားမ တောင်းတော့ဖြင့် မပေးဘနဲ့”
“သူတို့က ၀၀ကျွေးနိုင်မှာ မဟုတ်ဘူး အမေရဲ့ ”
ဒေါ်ခင်သွယ်က လုပ်မျက်စောင်းထိုးကာ
“မွေးထုတ်တဲ့ မအေကြောင်မက နောက်ထပ်လင်ရ လို့ ကလေးသုံးကောင်တောင် ထွက်နေပြီ။ ဒီအပျိုကြီးက သည်းတုံး” ဟု ရွတ်မြည် ပြန်လေ၏ ။
ခင်လေးလွင် ရယ်ကျဲကျဲထသွားကာ သွပ်ပြားဟောင်းလေးတစ်စနှင့် စက္ကူစုပ်များ ရှာလာကာ ကြောင်ချေးကျုံးလေ၏ ။
“မသွင် ကတော့ မလွင်ကို ကလေးလိုအရိပ်ကြည့်နေတော့တာပဲနော်”
“သူကလည်း ကလေးလိုပဲနုရဲ့ အမေမပါရင် သူမှာ ဘာမှမ ဖြစ်မြောက်တော့ဘူး”
“အစ်မသွယ် တစ်သက်လုံးစောင့်လျှောက်နေနိုင်မှာ မို့လို့လား”
“စိတ်ပူရင် စိတ်ချရအောင် စီစဉ်မှပေါ့… အဲဒါ ဘယ့်နှယ်လဲ ဟဲ ဟဲ”
ဒေါ်နုနုက အိမ်ရှေ့ဘက် မျက်စပြစ်ပြရင် တ ဟဲဟဲရယ်ပြန်သည်။
အနီးပြန်ရောက်လာသော ခင်လေးလွင်သည် ဒေါ်နုနု၏ တင်ပါးကိုအသာရိုက်ကာ “အန်ီတီနော် အန်တီ” ဟန့်တားရင် မျက်နှာကလေး နီသွားသည်။
“အဲဒီ ဘက်မှာ လည်း အမေမပါဘဲ သူ့ခမျာ ခရီးရောက်ဦးမှာ မဟုတ်ပါဘူးတော် သူ့ဘာသာ အကြိုက်တွေ့ ပြီး ယူလိုက်လဲ တစ်မျိုးအေးမယ် ခုတော့ အမေ့သဘောဆိုပြီး ပုံထားတော့ကျွန်မမှာ ခေါင်းခဲရတာ ပေါ့”
“ကာလသားသမိးများ ကလည်း စိတ်တိုင်းကျဖို့ ခဲယဉ်းသားကလား၊”
“အလွင့်ဘာသာ ကြိုက်တာရွေးရင် သတ်ပစ်မယ်ဆိုလို့ ” ဟု ခင်လေးလွင်က ချက်ချင်း စကားထောက်သည်။
“ဒါတော့ ငါ့စိတ်ကြိုက် မတွေ့ ရင်ပေါ့အေ”
“ခုတော့ အစ်မစိတ်ကြိုက်မတွေ့ သေးဘူးလား” ဟု ဒေါ်နုနုက စကားတောင်း စပ်စုနေ သည်။
“မိန်းကလေးရှင်ဆိုတာ စဉ်းစားနိုင်မှ၊ အချိန်ယူနိုင်မှ နုနုရဲ့ ၊ အိမ်ထောင်ပြု ဘုရားတည်၊ ဆေးမင်ရည်စုပ်ထိုး သည်သုံးမျိုး၊ ချက်မပိုင်ရင် နောင်ပြင်နိုင်ခဲလိမ့်မည် ” ဟု ဒေါ်ခင်သွယ်က လိမ္မာပါးနပ်စွာ ဖြေကြားလေ၏ ။
ခင်လေးလွင်က အပု၏ အပါးကပို ကျီစယ်ဆွလိမ်ရင် သန်ချဆေးနဲ့ ချပါလားအန်တီ၊ အလွင်ဆေးရုံက တောင်းခဲ့ပေးမယ်။
ခေါင်းသေချာလျှော်၊ ခြောက်အောင်လုပ် ပြီးမှ ဆေးရည်လူပြီး အောင်းထား၊ သုံးရက်ကြာမှ သန်းဥတောင်မကျန်ဘူး ပိန်ကုန်တာ။
“လုပ်စမ်းပါဦး မလွင်ရယ်၊ သန်းချပြီး သန်းဥဆွဲပေးရတာ အလုပ်တစ်ခုလို ဖြစ်နေတာ”
“သူက ကျောင်းကနေသယ်လာတော့ အစ်မတွေ ကိုကူးပြီး တစ်းစူစူတစ်ကျက်ကျက်”
ဒေါ်ခင်သွယ်သည် သွယ်လျနူးညံ့သော သမီး ဖြစ်သူကို ခေတ္တစိုက်ငေးနေသည်။ တစ်ဦး တည်းသော သမီးကလေးမို့ အစစအရာရာ ပူပန်ကြောင့်ကြ လိုက်ကြည့်နေမိသော ကြောင့် သာ မဟုတ်၍ မူ အလွင်ကိုနှိုက်က ရုပ်ရည်ငယ်နုသလို စိတ်က ဖြူစင်ရိုးသားကာ ကလေးပမာ အတွေးသိ ဖြောင့်စင်းလွန်းလှပေသည်။
“ခြောက်နာရီထိုးပြီး အလွင် ထမင်းစားကြရအောင်၊ မစားခင် အညာထောင်းတစ်ဝက် ခွဲထည့် ပေးစမ်း ဆရာဦးစိုးသူကို အမေလာပို့မယ်ပြောထားလို့ ငါးခြောက်ဖုတ်ကလေးပါထည့်”
“ဟင်းကဖြင့် မကောင်းဘဲနဲ့”
“ငါရံ့ခြောက်နဲ့ အညာထောင်းပဲ ဘာလို့မကောင်းရမှာ လဲ”
“သူ့မှာ ဆိုင်ထမင်း ဆိုင်ဟင်းငြီးငွေ့နေတာ။ သူကိုက အညာထောင်းစားချင်တယ် ပြောလို့ ဟာကို”
“သူက ပြောတယ်ဟုတ်ရဲ့ လား အမေရဲ့ ထူးထူးဆန်းဆန်း”
ဒေါ်ခင်သွယ် စိတ်မရှည်စွာ ဖြင့် ကဲ သွားခူးခပ်ချေတော့ဟု ပြောမိတော့သည်။
“ဒေါက်တာစိုးသူလို စကားလေးလုံးကွဲအောင် မပြောချင်သူက တတန်တက အညာ ထောင်း စားချင်တယ် ပြောပါ့မလား”
မနက်ကဈေးမှအပြန် ဒေါက်တာစိုးသူ ဆေးရုံသွားရန် အိမ်မှာ အထွက်နှင့် ဆုံကြုံခိုက် ဒေါ်ခင်သွယ်ကပင် လောကွတ်လုပ်လိုက်ကြောင်းကိုတော့ ဒေါ်နုနုရှေ့တွင် ရှင်းမပြချင်။
“ဆရာက အစားရွေးတယ်။ ဆေးရုံမှာ လက်ဖက်သုတ်တို့ ၊ မုန့်ဟင်းခါးတို့ဆိုလဲ စားတာ မဟုတ်ဘူး”
“မသန့်လို့ ဖြစ်မှာ ပေါ့၊”
“ငါပြင်ပေးတဲ့ လက်ဖက်ဆီစိမ်ကလေး၊နှမ်းကြက်သွန်ကြော် ပုဇွန်ခြောက်တစ်ပုံစီ လှအောင် ပြင်ပေးတော့စားပါ့တော် ”
ခင်လေးလွင် စောဒကမတက်တော့ဘဲ မီးဖိုထဲဝင်သွားကာ ဒေါ်နုနုလွင် အပုကို ရင်ခွင်ထဲမှ တွန်းလွှတ်ရင်း …
“ကျွန်မလဲ ထမင်းပွဲပြင်မှ တော် ကြာကျူရှင်သမားတွေ မဟားတရားဆာလောင်ပြီး ပြန်လာ တော့မှာ ” ဟု နေရာမှထလေသည်။
ဒေါ်နုနုလွင်မှာ အသက်လေးဆယ် နီးသော်လည်း ကိုယ်လုံးကိုယ်ပေါက် အချိုးအဆက် တုတ်တုတ်ခဲခဲ ပြေပြစ်ဆဲ။ ဆံပင်ကလည်း တရုတ်ကပြားပီပီ တိုတိုကပ်ကပ်လို့ ဖြတ်ခနဲကြည့်ရင် ငယ်ရွယ်ပုံဖမ်းလျက်၊ သေချာကြည့်မှပင် မျက်လုံးထောင့်စွန်းမှ ကျီးခြေရာ အစင်းကြောင်းများ တွေ့ မြင်ရလေသည်။
ကိုယ်ကျပ်စပို့ရှပ်ကလေးနှင့် လှုပ်လှုပ်ခါခါ လျှောက်သွားသော အခါ ပါးလှပ်လှပ် မာစရိုက်ထဘီ ၀ါဖျော့ဖျော့အောက်မှ ပေါင်၊နှစ် ချောင်းအထင်းသားမြင်နေရလေ၏ ။
ဒေါ်ခင်သွယ်၏ နှုတ်ခမ်းတစ်ချက် တွန့်ရွဲ့သွားသည်။ မိန်းမမှန်လျှင် ပိပိပြားပြား ၀တ်စား နေထိုင်မှပဲ ဒေါ်ခင်သွယ် စိတ်တိုင်းကျပေသည်။ ထို့ကြောင့် ပင် ခင်လေးလွင်ကို သမီး တစ်ယောက် သာရှိသော်လည်း အလိုမလိုက်ဘဲ အပြောအဆို၊ အနေအထိုင်၊ အိမ်ထောင်ထိန်းသိမ်းမှု အစစ အရာရာ စိတ်ကြိုက်သွန်သင်ပုံသွင်းခဲ့သည်။
သမီးငယ်သည် မိခင်အလိုကျ ကြိုးဆွဲသလို ကပြသော ရုပ်သေးရုပ်ကလေးသဖွယ် ပုံစံ ၀င်လာပြန်တော့လည်း အားမလိုအားမရနှင့် သည့်ထက် သွက်လက်ထက်မြက်စေချင်မိပြန်၏ ။
ခုလည် ကြည့်ဦး ဆရာဝန်ကလေးဦးစိုးသူသည် အလွင့်ကိုအလူးအလဲ မေတ္တာသက်ဝင် နေပြီ ဖြစ်ကြောင်း အမေရီတို့ ညီအစ်မလဲသိ၊ ဒေါ်ခင်သွယ်လည်းသိ။ အိမ်နီးချင်းတွေ လည်း ရိပ်မိရုံ မက ဆေးရုံအဖွဲ့သားများ ကလည်း စလိုက်၊ နောက်လိုက် ဖြစ်နေကြပြီ။ ကာယကံရှင် အလွင် တစ်ယောက် သာ မရိပ်မိ။
“အပျိုနဲ့ လူပျိုဆိုတိုင်း လိုက်စနေကြတာ ဘယ်ကောင်းမှာ လဲနော် အမေ၊ စစ္စတာအကဲဆုံး ပဲ တစ်ခါတစ်လေ မျက်နှာချင်းဆိုင်ရှိတုန်း ပေါ်တင်ကြီးစကြ၊ နောက်ကျတော့ ထပြေးရခက်၊ ထိုင် နေရခက် ရယ်ရမလား၊ စိတ်ဆိုးရမလားနဲ့ အနေရခက် ကုန်ရော” ဟု လွင်က ညည်းညူသေးသည်။
“အလိုက်အထိုက်ပေါ့ အလွင်ရယ်၊ ပဲ့ ပါသွားတာလိုက်လို့”
“ဆရာ့ကိုလဲ အားနာစရာ အမေရဲ့ ”
ဒေါ်ခင်သွယ်သည် ဗြောင်ဖွင့်ပြောမှ ရိပ်မိရုံရှိမည့်  သမီးကို
“ဟဲ့.. အလွင်… သူက ညည်းကိုကြိုက်နေတာ အသိသာကြီး၊ ညည်းကိုသာ သူက အားနာ ချင်နာရမှာ ” ဟု ပြောပြခဲ့ရလေ၏ ။
ဒေါက်တာစိုးသူလို လူတော် လူကောင်း တစ်ယောက် ကို နောက်ထပ် ဘယ်မှာ ရှာတွေ့ နိုင် မလဲ။ အလွင်သာ ခပ်ရဲရဲ ခပ်ကဲကဲဆိုလျှင် ခုလောက်ရှိ သပိတ်ဝင် အိတ်ဝင် ဖြစ်ပြီးအတွေးရောက် သည်။
“တစ်ဘက်လှည့်စဉ်းစားတောလည်း ငါ့သမိးက ခပ်ရဲရဲ ခပ်ကဲကဲ မိန်းမစားမျိုး မဟုတ်လိုပ သာ ဦးစိုးသူကကလေးက တန်ဖိုးထားသဘောကျတာ ဖြစ်မှာ ပဲလေ”
ဒေါ်ခင်သွယ်သည် မိန်းမလည်း ကြီး တစ်ယောက် တော့ မဟုတ်ပါ။ သို့ တစေ ကြုံတောင် ကြုံခဲ ရေစက်ဆုံလာရမှာ တော့ ဤဆရာဝန်ကလေးကို လက်မလွှတ်နိုင်ပဲ အကြံဉာဏ်အစုံအလင် လွာ၍ သုံးနေရတော့သည်။
ခင်လေးလွင်သည် အညာထောင်းကို ဟင်းပန်းကန်ကလေးတွင် ထည့်ကာ အပေါ်မှ ငါ့ရံ့ ခြောက် ပန်းကန်းကိုတင်ပြီး လက်ဖက်ရည်ပန်းကန် အုပ်ဆိုင်ထားပေးသည်။ ဒေါ်ခင်သွယ်က ပန်း ကန်ကိုငကာ လမ်းဖြတ်ကူးသွားလေ၏ ။ ဘယ်သူဘာပြောမလဲ ပြောကြပါစေ။
ဒေါက်တာစိုးသူသည် သူ့ဆေးခန်းထဲတွင် လူနာ တစ်ယောက် ကို စမ်းသပ်နေသည်။ သူ့အိမ် တွင် ညနေတိုင်း လူနာသုံးယောက် ထက် ပိုမလာပေ။ သူ၏ အေးတိအေးစက်ခြင်းကို လျစ်လျူရှု ကာ သူ့ပညာနှင့် စေတနာကို နားလည်နိုင်သူများ သာလျှင် သူ့ထံ စိတ်ရှည်လက်ရှည် လာရောက်၍ ကုသမှု ခံယူကြလေ၏ ။
“ဆရာရေ အညာထောင်းကလေး စားပွဲပေါ် တင်ခဲ့မနော်။ ထမင်းချိုင့်လဲ ရောက်နေမှပဲ။ ဒေါ်ဒေါ်အဆင့်တွေ ဖြုတ်ပေးခဲ့မယ်”
“ဟုတ်ကဲ့ ခင်ဗျ ကျေးဇူးပါပဲ ဒေါ်ဒေါ်”
ဤမျှ ပြောဖော်ရသည်ကိုပင် ဒေါ်ခင်သွယ် ကျေနပ်လျက် ချိုင့်များ ပန်းကန်များ ကို အုပ်ဆိုင်ပေးခဲ့လေသည်
အမိုးမှ ပင့်ကူအိမ်များ ၊ ကြမ်းမှ ဖုန်မှု များ ကို ကြည့်ကာ ဦးစိုးသူအတွက် လက်တိုလက် တောင်းခိုင်းစေရန် လူငယ် တစ်ယောက် ရှာဖို့ အမေစီတို့ ညစ်အစ်မတွေ ကို တိုင်ပင်ဦးမည် စိတ်ကူး မိသည်။
တောမှ လူ တစ်ယောက် ခေါ်ပေးမည် ဟု ဦးကြိုင် ကတော့ ပြောဖူးသည်။ ပြန်သတိပေး လေဦးမှ။ ကိုယ်တိုင် လှည်းကျင်း သန့်ရှင်းပေးလိုက်ချင်သော စိတ်စေတနာရှိသော်လည်း လူ ပြောစရာ ဖြစ်နေမှာ စိုးသော ကြောင့် ဆရာ့ကိုနှုတ်ဆက်ကာ ပြန်ဆင်းလာခဲ့လေသည်။
ပန်းကန်ကို ထားခဲ့သော ကြောင့် သူ ဖြစ် ဖြစ်ကိုယ် ဖြစ် ဖြစ် နောက်တစ်ခေါက်လာ ရောက်ဖို့ မျိုးစေ့ကျန်မှာ ပေါ့
ခင်လေးလွင်မှာ ငါ့ရံ့ခြောက်မီးဖုတ်ဆီးဆမ်းကလည်း အနံ့တသင်းသင်း၊ မီးငွေ့ကျန်သော မီးဖိုပေါ်မျာ တင်နွေးထားသော ပဲကြီးဟင်းချိုကလည်း အငွေ့တထောင်းထောင်း အညာထောင်းကလည်း ဖိတ်ခေါ်မြူဆွယ်နေပြန်ရကာ အူတကြုတ်ကြုတ်ဆာလောင်လာလေတော့သည်။ ထမင်း ပြင်ပြီးလျှင် အမေ့ထမင်းပန်းကန်ထဲ ဟင်းဦးချထားလိုက်ပြီးနောက် အမေပြန်အလာမစောင့်တော့ဘဲ ထမင်းငုံ့လွေးနှင့် တော့သည်။
ခင်လေးလွင်၏ ထမင်းပန်းကန်ထဲတွင် ထမင်းတစ်ဝက်ကျိုးကာမှ ဒေါ်ခင်သွယ်ပြန်ရောက လာလေသည်။
“ငါးခြောက်ကိုတော့ ရေနွေးနဲ့ မြည်းပေါ့လို့မှာ ခဲ့ရတယ်။ ဆိုင်က ကြက်သားဟင်းနဲ့ ချဉ် ပေါင်ဟန်းချိုဆိုတော့ အညာထောင်းနဲ့ အလိုက်ပဲ”
“အလွင်တော့ ဆာလွန်းလို့ စာနှင့် ပြီ အမေ”
“စား… စားညည်းက ညဂျူတီသွားရဦးမှာ ညလယ်စာစားဖို့ ထမင်းဗူးလေး ထုတ်သွားဦး မလား”
“ထမင်းဖြူပဲ ယူ သွားပါ့မယ် အမေ၊ ဟိုကျ လက်ဖက်သုတ်နဲ့ စားမယ်”
ဒေါ်ခင်သွယ်က ထမင်းကို တစ်ပန်းကန်လှလှစားပြီးလျှင် ဗိုက်ပြည့်မြဲ။ နှစ် ရှည်လများ ပုံစံနှင့် စားနေကျမို့ အကျင့်ပါနေသည်။
“ငါ့ရံ့ခြောက်က ဆားပေါ့ခြောက်ကလေးဆိုတော့ ရေနွေးကြမ်းနဲ့မြည်းလို့ တယ်ကောင်း တာပဲ၊ နန္ဒ၀န်မှာ က ရထားလမ်း၊ ကားလမ်းပဲ အဆင်ပြေ၊ မြစ်ချောင်းနီးတော့ ငါးပုစွန်လဲ လှိုင်တယ်။ အညာနေတုန်းကများ အစားအသောက် တယ်ရှားပါးတာပဲ”
“ဟိုမှာ က တိုင်းဆေးရုံကြီးကို အမေရဲ့ ၊ အထူးကုကြီးတွေ ခြေချင်းလိမ်နေတဲ့ နေရာမျိုးမှာ သမီးလို အညတရ သူနာပြုဆရာမ ကလေးကို ဘယ်သူက အရေး လုပ်မှာ လဲ၊ နန္ဒ၀န်မှာ တော့ ဆရာဝန်ဆိုတာ ပြေးရေလို့မှ လက်တစ်ဆုပ်စာရယ်။
အလွင်တို့ သူနာပြုတွေ မျက်နှာရှိတော့တာပေါ့။ လူတွေ ကလည်း ချောင်လည်ကြတာ၊ အလွင်တို့လည်းစားစရာ သောက်စရာတွေ ရကြတာပေါ့”
“အဲဒီ ငါ့ခြောက်လာပို့တဲ့ အဒေါ်ကြီးက မလက်တိုမှာ ငါးပိငါးခြောက် အကုန်ချုပ်ထားပြီး ဖောက်သည်ပေးတာဆိုပဲ”
“အဲဒါ အသည်းရောင် အသားဝါ ဖြစ်ပြီး ဆေးရုံတက်တာ ကောင်းသွားလို့ ကျေးဇူးတင်ပြီး လာပို့တာ၊ ဆရာ့အိမ်လဲ ပို့တယ်ထင်တယ် အမေရဲ့ ”
“ကြောင်အိမ်ထဲမှာ တွေ့ ခဲ့ပါ့တော် ၊ ပိုးလိုးပက်လက်ပဲ၊ သူ့လူနာကြည့်နတာနဲ့ ဘာမှ မပြော ခဲ့ရဘူး။ နောက်နေ့မှ ယူပြီး ဖုတ်ထောင်းကြော်ပေးရမယ်”
ခင်လေးလွင်သည် မိခင် ဖြစ်သူကို မျက်လွှာပင်ကြည့်သော်လည်း ဘာမှမပြောပေ။
ဒေါ်ခင်သွယ်ကသာ သူ့အတွေးနှင့် သူ
“ အင်း.. နန္ဒ၀န်ရောက်တဲ့ ဆရာဝန်တွေ ကတော့ ငွေထုတ်ပိုက်ပြီး ပြန်တာပါပဲ” ဟု အဆက်အစပ်မရှိသိုပြောသည်။ အမှန်တော့ သူ့စိတ်ကပူးထဲမှာ ချိတ်ဆက်မိကာနေလေ၏ ။
“ဆရာဦးစိုးသူမှပဲ အစဉ်အလာပျက်တော့မယ်ထင်တယ်နော် အမေ။ ဦးကြိုင်ကိုလဲ မှား ထားသတဲ့ တခြားဆရာဝန်ခေါ်ပေးရမှ ပြီးတော့ သေရေး ရှင်ရေး ဆိုမှ သူ့ကို အိမ်ပင့်ပါတဲ့။ ဦးကြိုင် လည်း အတော် ညည်းတယ်”
“ဒါ ကတော့အေ အသုံးအဖြုန်းကလည်း မရှိ။ သူ့တမ၀်းတစ်ခါးကလွဲလို့ ပူပန်စရာမရှိတော့ ငွေရဖို့ ၀ီရိယမစိုက်သေးဘူးပေါ့” ဟု ဒေါ်ခင်သွယ်က အားမလျှော့သေး။
“ငါက လူကိုလေးစားတာပါ။ အသက်ငယ်ငယ်နဲ့ နေထိုင်တာ သိက္ခာရှိသလောက် စေတ နာပြည့် အလုပ်လဲကြိုးစားတာကိုး။ ဆရာဝန်ဆိုရင် ပိုက်ဆံပေါရမယ့် သဘောမဟုတ်ပါဘူး”
“ဆရာက လူနာတွေ ကိုတော့ အစိမ်းအကျက်မရွေး။ ဆင်းရဲချမ်းသာမရွေး ဂရုစိုက်တယ် အမေ။ နှုတ်နည်းတာပဲ ခက်နေတာ။”
“ဆရာဝန် အပြောအဟောကောင်းရင် လူနာ ရောဂါ တစ်ဝက်သက်သာတာတော့ အမှန်ပဲ အေ့။ ဒီနေရာမှာ တော့ဦးမင်းစိန်ကို ဘယ်သူမှမမီပါဘူးအေး”
ခင်လေးလွင်က ပန်းကန်ဆေးကြောရင်း…
“ဒါပေမဲ့ အမေရာ.. အပြောချိုသလောက် ငွေချူတာရက်စက်တယ် လူနာများ လွန်းတော့ ဖိဖိစီးစီးမရှိပဲ တစ်ချို့ ရောဂါ တွေ မတွေ့ ဘဲ လွတ်ကုန်ကာ မနည်းဘူး”
ထမင်းပွဲသိမ်းဆည်းပြီးသော အခါ ခြောက်နာရီခွဲလေပြီး သည်နာရီကိုကြည့်တိုင်း ကိုကို့ကို သတိရသည်။ ခင်လေးလွင် ခြောက်တန်းအောင်စဉ်က ကိုယ်ကိုယ်ဝယ်ပေးသော ရိုးမားနာရီကလေး။
“ငါးခြောက်နဲ့ ရေနွေး အိမ်ရှေ့ယူသွားပေးမယ် အမေ”
ခင်လေးလွင်က ဆေးရုံယူသွားမည် ထမင်းဗူးကလေးပါ သယ်ယူလာသည်။
ငါးမိနစ်အတွင် အ၀တ်အစားလဲလှယ်ပြီးစီးလျက် ကြိမ်ခြင်းကလေးဆွဲ၍ ထွက်လာသည်။
“ညဂျူတီဆင်းရမှာ စိတ်မောလိုက်တာ”
“ခုမှ ပထမညရှိသေးတာ၊ စိတ်မောနေလို့ကော ညဂျူတီမင်ရမှာ မိုလို့လား”
ခင်လေးလွင်က ငါးခြောက်ဖုတ် ကောက်ဝါးလိုက်ရင်း ညှပ်ဖိနပ်အဖြူကလေးကို စွပ်လိုက် လေသည်။
“အင်း.. ငါးခြောက်ဖုတ်ကောင်းကောင်းကလေး စားရတော့ မိုးကိုအမှတ်ရသကွယ်။ ကြီးမေးရေ မိုးကို နခြောက်ချီချမ်းနဲ့ ဟမင်းကျွေးပါနော်လို့ မပီကလာပီလာချွဲတတ်တာ ငါးပိထောင်း ပြီးပြီးလာဆို၊ ငရုတ်ဆုံအကပ်ထဲကို ထမင်းပူပူ ထည့်ထောင်းပြီး ဆုပ်ပေးရတယ် ခုတော့ ဘယ်ရောက်လို့ ဘယ်လိုနေပါလိမ့်မလဲ”
ခင်လေးလွင် ငိုင်တွေ တွေ ကလေး ဖြစ်သွားကာ အိမ်မှထွက်ခဲလေ့သည်။
အမေ့ရဲ့ မိုး၊ ခင်လေးရဲ့ ကိုကိုဟုတ်ပါရဲ့ ခုတော့  ဘယ်ရောက်လို့ ဘယ်လိုနေပါလိမ့် မလဲ
ခင်လေးတို့ သားအမိမှာ တော့ ကိုကို့အကြောင်း တိုက်ဆိုင်တိုင်း သတိရတာ ပါပဲ။ လွမ်း တယ်မဆိုသာတောင်မှ တိုက်ဆိုင်တဲ့အကြောင်းတွေ က အများ သားဆိုတော့….။
ကိုကို ကတော့ ခင်လေးတို့သားအမိကို သတိရနိုင်တော့မှာ မဟုတ်ပါ။ ကိုကို့အလုပ်တာ ၀န်တွေ သားကိစ္စ၊ မယားကိစ္စ၊ ကိစ္စတွေ ကြားမှာ မအားလပ်နိုင်အောင် စုံးစုံးနစ်မြုပ်နေရှာမှာ ပါပဲ။
“ညဂျူတီလားမလွင်”
ဆရာဦးစိုးသူ၏ အသံသည် ခင်လေးလွင်နံဘေးမှ အနီးကပ်စွာ ပေါ်ထွက်လာသော ကြောင့် ခင်လေးလွင် လန့်သွားသည်။
“သြော်..ဆရာ၊ ဟုတ်ကဲ့..အလွင် ခုနစ်နာရီ ဂျူတီဝင်ရမှာ ပါ”
“ကျွန်တော် လည်း စောစောကပဲ ဆေးရုံကပြန်လာလာပြီး လူနာတစ်ယေက် ကြည့်ပြီးတာ နဲ့ ရေချိုးထမင်းစားတာ။ ဒါတောင် ဆေးရုံက လာခေါ်တော့ ထမင်းစားရပ်ပြီးလိုက်လာရတာ ။ ဗိုက်အောင့်တဲ့လူနာရောက်လို့တဲ့”
“ဆရာ ထမင်းမ၀ခဲ့ဘူးပေါ့”
“မ၀တ၀နဲ့ ခုတော့လည်း တဖြည်းဖြည်း ပြည့် သွားပါပြီ။ ထပ်လဲ မစားနိုင်တော့ဘူး။ အညာ ထောင်းကလေးကောင်းလိုက်တာဗျာ မလွင်ထောင်းတာလား”
ခင်လေးလွင် ရှက်ပြုံးနှင့် ခေါင်းညိတ်သည်။ ငရုတ်သီးများ လွန်းသည်ဟု အမေက ဆူတာ ကြက်သွန်ဖြူထပ်ရောရသေးကြောင်း ပြောပြမနေတော့။ ဘာပဲ ဖြစ် ဖြစ် ခင်လေးလွင်ထောင်းသော အညာထောင်းတော့ ဟုတ်နေသားပဲလေ။
“မလွင် ဘာတွေ စဉ်းစားလာတာလဲ၊ ကျွန်တော် မလွင်နဲ့ ရှေ့ဆင့်နောက်ဆင့် ထွက်လာ တာပဲ။ မလွင်မမြင်ဘူသး”
ခင်လေးလွင်နောက်မှာ သူတောက်လျှောက်ပါလာတာကိုး ခင်လေးလွင် ဘာစဉ်းစားနေခဲ့သလဲ့။ သြော်… ကိုကို့ဘယ်များ ရောက်နေပါလိမ့်လို့…
“ညဂျူတီတလကျမှာ တွေးပြီး စိတ်ညစ်နေတာဆရာ”
“တစ်လဆက်တိုက်နော် ပင်ပန်းမှာ ပဲ”
“ပင်ပန်းတာထက် နေ့နဲ့ညလွဲနေတာက ပိုဆိုးတာဆရာရဲ့ ။ ညမအိပ်ရပဲ နေ့အိပ်တော့ လူတကာ နိုးကြား အလုပ်လုပ်နေတဲ့ အချိန်ကြီးမှာ ကောင်းကောင်းလဲ အိပ်မပျော်နိုင်ပါဘူးဆရာရယ်။ တစ်ပတ်နှစ် ပတ်တော့ ဟုတ်သေးတယ်။
နောက်ပိုင်း ဦးနှောက်ချောင်ချင်လာရော၊ တပြည့် လို့ ၀န်ထုပ်ကြီးကျသွားပေမယ့် လတစ်ဝက်လောက်ပဲ စိတ်လက်ပေါ့ပါးတာ။ လလယ်လောက် ရောက်လာရင် မကြာခင်တစ်လ ညဂျူတီဆင်းရဦးတော့မယ်ဆိုပြီးစိတ်ညစ်လာပြန်ရော”
ဦးစိုးသူသည် ခင်လေးလွင် နံဘေးမှ ယဉ်လျှောက်ရင်း “ခြင်ပေးလေ မလွင်” ဟုတောင်း လေ၏ ။
“အို..နေပါစေ ဆရာ၊ ပေါ့ပေါ့ကလေးပါ”
လမ်းမီးများ ထွန်းလင်းနေပြီ ဖြစ်သော်လည်း မိုးလယ်မို့ နေ့တာရှည်ကာ မမှော င် တတ်သေး။ မှု န်ရီစဆည်းဆာချိန်ဝယ် ကောင်းင်သည် နီပြာပြာ ၀ါညို့ညို့နှင် ငုက်တစ်အုပ် တောင်ပံဖြန့်ဝဲကာ အိပ်တန်းပြသွားနေကြလေ၏ ။
“သူနာပြုအလုပ်ကို ၀ါသနာပါလို့ လုပ်တာလား မလွင်”
“ဟုတ်ကဲ့ အမှန်တော့ အလွင်က ဆရာဝန် ဖြစ်ချင်တာ။ ဒါပေမဲ့ အလွင်က ဉာဏ်ထိုင်း တယ်ဆရာ၊ ပြီးတော့ အမေတို့လဲ အလွင့်ကို ဆေးကျောင်းပို့နိုင်တဲ့ အင်အာမရှိပါဘူး။ ဒါနဲ့ သူနာပြု သင်တန်းပဲ တက်လိုက်တာပါ။
ဒီအလုပ်မှာ အလွင်မပျော်တာ မဟုတ်ဘူးဆရာ၊ တစ်လလုံးလုံး ညမအိပ်ရတဲ့ အခါ စိတ်ညစ်တာ တစ်ခုပါပဲ”
ဦးစိုးသူသည် ခင်လေးလွင် ရှင်းပြနေပုံကို နားလည်စွာ ခေါင်ညိတ်လေ၏ ။
“ကျွန်တော် တစ်ပါတ်တစ်ခါလောက် ဂျူတီကျတာတောင် အတော် အိပ်ရေး ပျက်တယ် ထင်သေးတာပဲလေ။ အလုပ်သင်ဆရာဝန်ဘ၀တုန်းက အခြေအနေအေးပြီလားဆို သူနာပြုတွေ အိပ်ဖို့ စိုင်းပြင်ရတာ ကို ကျွန်တော် ကြည့်မရ ဖြစ်ခဲ့ဖူးတယ်။ မလွင်ရဲ့ သားဖွားဆောင်ရောက်တော့ ကျွန်တော် တို့ ညဂျူတီတစ်ပတ်တစ်ခါကို တစ်ပတ်ဆက်တိုက် စိုင်းရယ်။ ဟာ.. အဲဒီ တော့မှ နေ့ စဉ်ယန္တရားပုံမှန်လည်ပတ်နိုင်အောင်ကို ထိခိုက်တော့တာပဲ သူနာပြုတွေ ကိုလည်း စာနာတတ်သွား တော့တာပါပဲဗျာ”
“ဒေါက်တာစိုးသူက စကာရှည်ရှည်ဝေးဝေ ပြောသည်ကို ခင်လေးလွင် အထူးအဆန်း ဖြစ်နေရင်း ကြည်ကြည်နူးနုးနားထောင်နေမိလေ၏ ။”
“မလွင် ညဂျူတီဆို ဒေါ်ဒေါ်လဲ အလုပ်ပိုတာပဲဆို”
“ဘာအုပ်ပိုတာလဲဆရာ”
“မလွင်ကို နင်းပေး၊ နှိပ်ပေးရတဲ့အလုပ်တဲ့”
“ဟော့တော့ အမေ ကတော့ ပြောရော့မယ်”
ခင်လေးလွင် ရှက်သွားသည်ကို ဒေါက်တာစိုးသူက စောင်းငဲ့ကြည့်ရင်း သဘောကျစွာ ရယ်မောနေသည်။
အုန်းပင်များ သည်လေအဝှေ့ဝယ် တနွဲ့နွဲ့ယိမ်းနေကြလေသည်။ မိုးရေပက်ဖျန်းထားသဖြင့် မြင်မြင်သမျှ စိမ်းစိုလှပနေလေ၏ ။
“နန္ဒ၀န်မှာ ပျော်ရဲ့ လား မလွင်”
“ဟုတ်ကဲ့ အ လွင်က ရောက်ရာမှာ ပျော်တာပါပဲ။ နန္ဒ၀န်မှာ တော့ အစားအသောက်လဲ ပေါတော့ ပိုတော့ ပျော်စရာကောင်းတာပေါ့လေ။ ဆရာ ကတော့ ရန်ကုန်လွမ်းမှာ ပဲ ထင်တယ်။ ဒေါမေနွဲ့သေီဆို ရန်ကုန်ခဏခဏပြန်တာပဲ။ နန္ဒ၀န်မှာ ဆက်နေနိုင်အောင် သူအားမွေးရတာ တဲ့”
“ကျွန်တော် က ရန်ကုန်မှာ နေလည်း အလုပ်နဲ့ အိမ်ပါပဲ။ ရန်ကုန်တော့ မလွမ်းပါဘူး။ ကျွန်တော့် စိတ်ထဲမှာ ဘ၀င်မကျတာပဲ ရှိတယ်”
“ဘာကိုဘ၀င်မကျတာလဲ ဟင် ဆရာ”
“ဆေးရုံလေ ဆေးရုံက ကျွန်တော် ဖြစ်စေချင်တဲ့ပုံစံ မ၀င်ဘူး”
“ဆရာက ဘယ်လိုပုံစံ ဖြစ်စေချင်တာလဲ သန့်သန့်ရှင်းရှင်းပေါ့နော်”
ခင်လေးလွင်သည် နန္ဒ၀န်ဆေးရုံ၏ သိသာထင်ရှားသော ချွတ်ယွင်းချက် ဖြစ်သည့် ညစ်ပတ် ခြင်းကြောင့် ဦးစိုးသူ ဘ၀င်မကျတာ ဖြစ်မှာ ပဲအတွေးနှင့် မေးမြန်းကြည့်လေ၏ ။
“ဆိုပါတော့ဗျာ။ ကျွန်တော် နန္ဒ၀န်ရောက်လာတဲ့တော့ ဒီဆေးရုံကြီးရဲ့ အနေအထားကို သိပ် သဘောကျသွားခဲ့တယ်။ တောင်စောင်းကလေးမှာ ထီးထီးမားမားတည်ထောင်ထားပုံကိုက တကယ့်ကို ကျန်းမာခြင်းသုခ ပေးနိုင်မယ့် အသွင်အပြင် အနေအထားရထားတာ။
ဒါပေမဲ့ မြင်တဲ့ အတိုင်းပဲလေ.. အကုန် ယိုယွင်းပျက်စီးပြီး ထိန်းသိမ်းမယ့်သူ စိတ်ဝင်းစားမယ့်သူ ကင်းမဲ့နေလိုက် တာ။ ကျွန်တော် က နှမြောပြီး ဘ၀င်မကျတာပါ။ ရနိုင်လျက်နဲ့ မရတဲ့အကြောင်းကို နှာမြောတာ။ ဆရာဝန်တွေ ၀န်ထမ်းတွေ က စေတနာအပြည့်နဲ့ အကောင်းဆုံး ကုသမှုပေး၊ လူတွေ လ ကလည်း ကျန်းမာရေး အသိစိတ်ဓာတ်အပြည့်နဲ့ ကုသမံခံယူ ..အဲဒါမျိုး ကျွန်တော် လိုချင်တာ”
ခင်လေးလွင်သည် ဒေါက်တာစိုးသူ၏ စကားတွေ ကိုမနည်းကြီး အဓိပ္ပာယ်ဖော်ကြည့်နေ သည်။ ခင်လးလွင် ကတော့ ရောက်ရာအရပ်တွင် ပေးအပ်သည့် တာဝန်ကို အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ကိုင်လျှင် တာဝန်ကျေပြီထင်မှတ်တာပါပဲ။
လုပ်ဖောင်ကိုင်ဖက်များ ဆိုးသည် ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ အလိုက်အထိုက် နေထိုင် ကာ ပြဿာနာနည်းအော် သည်းခံနေလိုက်မြဲ။
“ဆရာဝန်ကြီး ပင်စင်နီးပြီနော် မလွင်။ စည်းကမ်ကိုင်တတ်ပြီး အုပ်ချုပ်ရေး ကောင်းတဲ့ လူကြီး တစ်ယောက် ရောက်လာရင် ကောင်းမှာ ပဲ ”
ခင်လေးလွင် ရောင် ယမ်းပြီး ခေါင်းညိတ်သည်။
“ဟုတ် ကဲ့ဆရာ…စစ္စတာကြီးကလည်း အမြဲအဲသလိုပြောတယ် သူကဆရာကြီး ဆင်းကို ခင်လည်း ခင်လျက်နဲ့”
“ကျွန်တော် လည်း ဆရာကြီး ဆင်းကို လေးစားပါတယ်။ ဒါပေမဲ့ သူက အလုပ်ထဲကို စိတ်မပါတော့ဘူး မလွင်”
“မြန်မြန်ပင်စင်သွားပြီး ရန်ကုန်မှာ ရှိတဲ့ မိသားစုဆီ ပြောင်းရွှေ့နိုင်ဖို့ စဉ်းစားတော့တယ်။ သူ့ကိုလည်း အဆိုးမဆိုချင်ပါဘူး။ ကုသရေး ဟာ သူ့အတွက်တော့ ကာလံဒေသံ မကိုက်ညီနိုင် တော့ဘူးလေ”
ခင်လေးနွယ်သည် ပွဲဈေးတန်းတစ်ခုပမာ စည်ကားသိုက်မြိုက်နေသော ဆေးရုံဝန်းဆီသို မျှော်ငေးကြည့်မိလေသည်။
ဆေးရုံဝန်းတစ်ဖက်တစ်ချက်စီတွင် သွပ်မိုးပျဉ်ထောင်အိမ်တစ်လုံးဆီ ရှိသည်။ ဘယ်ဘက် မှအိမ်သည် ဦးဦးဖေ၏ အိမ်။ ညာဘက်ကအိမ်သည် ဦးမင်စိန်အိမ်။ ဦးဦးဖေ၏ နေအိမ်က ငြိမ့်ညောင်းအေးချမ်းသော ပတ္တလားသံကို ကြားရသည်။ ခန်းစည်းပြာလုလုတို့သည် လေ၀ယ်လူး လွန့်လျက်။ အိမ်ရှေ့ပန်းခင်းလေးထဲတွင် ဒေစီပန်းတို့ ရောင် စုံပွင့်လန်းနေသည်။ လူနာမူကာ တစ်ယောက် ပင် မမြင်ရ။
ဦးမင်းစိန်၏ အိမ်ရှေ့တွင် တော့ ဆိုက်ကားများ မှာ ဂိတ်ပမာလား ဆယ်စီးမက ထိုးဆိုက် ကြပ်ညပ်နေသည်။ ဧည့်ခန်းထဲတွင် လူနာအပြည့်အသိပ်။
ကျွန်တော် ရောက်စက ဦးဦးဖေအိမ်မှာ တစ်ပတ်လောက်ကြာသွားတယ်။ ဆရာကတော် က အေးတယ်နော်။ သူတို့တစ်ခါမှ ရန် ဖြစ်ကြပုံမပေါ်ဘူးနော် မလွင်။
“ဟုတ်မှာ ပဲ ဆရာဦးဦးဖေကလည်း သိပ်အေးတာပဲ အေးလွန်းတော့လည်း လူတွေ က အဆိပ်မရှိဘူးဆိုပြီး မလေးမခန့် ဖြစ်တတ်ပြန်ရော”
“ရှင် ခင်လေးလွင် နားမလည်လိုက် ဒေါက်တာစိုးသူကလည်း ဘာမှဆက်မပြောပေ”
နော်တိုင်လီနှင့် ဒေါ်လော်ရာရယ်မောပွဲကျတတ်ပုံကို ခင်လေးလွင် ကြားယောင်လာသည်။
“ဦးဦးဖေက လူနာ တစ်ယောက် ကို ခေါင်းဖျားကနေ ခြေဖျားအထိ စမ်းသပ်တယ်။ ရာဇ၀င် အူပေါက် စုံအောင်မေးတယ်၊ ပြီးရင် ဆေးမထိုးဘဲ ပြန်လွှတ်ချင် လွှတ်တာဟဲ့ ဆယ်ယောက် တစ်ယောက် ဆေးထိုးရရင် ကံကောင်း”
“အံမယ် ဆေးထိုးခံရပြန်တော့လည်း ဆေးပတ်လည်အောင် လာမထိုးရင် ပိုက်ဆံရရ မရရ အိမ်လိုက်ရှာပြီး ထိုးပေးပါရော။ ပညာပေးဟောပြောတာကလည်း အကြာကြီး၊ ကြာတော့လူတွေ လည်း မလာတော့ဘူး”
“အဲဒါကောင်းတာလုပ်ပေးတာပဲ စစ္စတာ ဘာလို့ လိုတွေ မကြိုက်တာတုန်း”
“သူက လှေကြီးထိုးရိုးရိုးလိုက် အတုံးအတစ်လိုက်ဆိုတော့ ကောင်းတော့ကောင်းပါရဲ့ လူကြိုက်နည်းတာပေါ့။ အခု မလွင်ရဲ့ လူလည်း အဲဒီ ပုံပဲ ဆင်တူယိုးမှာ ကလေးပေါ့”
ခင်လေးလွင်သည် ထိုစဉ်က ရှက်ပြိငြိမ်နေလိုက်ရသဖြင့် ဒေါက်တာဦးဦးဖေနှင့် ဒေါက်တာစိုးသူ ဘာတွေ ဆင်တူနေသလဲ မမေးလိုက်ရ။ ဘာရယ်ညာရယ် အတိအကျမဆိုတတ် သော်လည်း အခြေခံတူညီရမည် ဟူ၍ တော့ ခင်လေးလွင် ခံစားနားလည်ရသည်။
ဘာပဲ ဖြစ် ဖြစ် ဤဆရာနှစ် ယောက် သည် ဆေးရုံမှာ တော့ လူနာတွေ က လေးစားချစ်ခင်ကြ တာပါပဲ။
ဦးဦးဖေ၏ နေအိမ်နာဘေးတွင် စစ္စတာဒေါ်လော်ရာ၏ နေအိမ်ရှိလေသည်။
“ဟေ့ ဆရာနှင့် မလွင် နှစ် ယောက် သား ညဂျူတီဆင်းဖို့ အတူတူဆင်းလာကြပြီကိုး”
စစ္စတာအသံပြဲကြီးသည် စည်ခနဲညံခဲ ပေါ်ထွက်လာလေသည်။ အသံကြားပြီးမှ စစ္စတာ ခန္ဓာကိုယ်အတ္တဘောကြီးက အိမ်နောက်ဖေးမှ ကွေ့ပတ်ပေါ်ထွက်လာလေ၏ ။ ထိမီစိမ်းကို ရင်ချား ရင်း စစ္စတာမျက်နှာက စပ်ဖြဲဖြဲ
“မလွင်ရဲ့ ညဆိုရှုပ်တတ်ပါဘိသနဲ့ ဆရာစိုးသူကလည်း မတရားကေ့စ်လိုက်တာ ပြီးပြီ ဆရာတို့နှစ် ယောက် တော့ မအိပ်ရတော့ပါဘူး”
ကဲ မခက်လား စကားကို ဟိုလို သည်လို ဝေ့လည်ကြောင်ပတ် ပြောတတ်သည့်နေရာမှာ တော့ စစ္စတာ့ကို မည် သူမျှ အန်တုမရနိုင်ပေ။
“ခွဲစိပ်ခန်းဖွင့်မယ်တော့ မကြံနဲ့ ဆရာစိုးရယ် ကျွန်မယောက် ကြား ဒီနေ့ပဲရောက်လို့ အခုရေချိုး သနပ်ခါးလိမ်းမလို့”
စစ္စတာအမျိုးသား ကျောင်းဆရာမှာ နန္ဒ၀န်နှင့် မိုင်နှစ် ဆယ်ဝေးသော ပုလောရွာ မူလတန် ကျောင်းအုပ် ဖြစ်လျက် စနေ၊ တနင်္ဂနွေကျောင်းပိတ်မှ အိမ်ပြန်လာတတ်လေသည်။ တစ်ခါတစ်ရံမှ တွေ့ ဆုံရရိုးမှန်သော်လည်း စစ္စတာ့ယောက် ကျားမှ ဘာသာတရား ရက်မှု ရွာရေး ကိစ္စနှင့် မအား လပ်နိုင်သလို စစ္စတာသည်လည်း လူမှု ရေး ကျင့်ဝတ်သိက္ခာများ ကို လေးလေးနက်နက် လိုက်နာ ကျင့်သုံးတတ်သူပါ။
ပါးစပ်အကျင့်ပါကာ အနှောင့်အသွားမလွတ်အောင် တောင်စဉ်ရေမရ လျှောက်ပြော နေတတ်တာ ကတော့ စစ္စတာ့ကိုရယ်စရာခင်စရာကောင်း စေသလို စိတ်ပျက်စရာ လည်း ကောင်းစေပါသည်။
စစ္စတာသည် အာရုံ ပြောင်းသွား ကာ အိမ်ရှေ့တွင် မြေကြီးလိမ့်လိမ့် ဖုတ်သဲအလူလူဆော့ ကစားနေသော သားငယ်ကို ဆူပူကြိမ်းမောင်းလျက် ရေချိုးရန်စေခိုင်းနေသည်။
ခင်လေးလွင်မှာ စစ္စတာကျီစယ်မှု အန္တရာယ်မှ ကင်းလွတ်ပြီဟု ယခုမှ သက်ပြင်းချနိုင်သည်။
ဒေါက်တာစိုးသူကလည်း နားလည် စာနာစွာ လှည့်၍ ပြုံးပြလေ၏ ။
ဆေးရုံတံခါးဝတွင် ၀င်သူ ထွက်သူ ရုပ်ရုပ်သဲသဲ……။
ဆရာဝန်လာတယ်….ဘေးဖယ်ကြဗျို့။ တံခါးစောင့် မောင်စောက ဟိန်းဟောက်ဖယ်ရှားစေ သော ကြောင့် တံခါးဝတွင် လူတစ်ကိုယ်စား ရှဲပေးကြလေ၏ ။
ဒေါက်တာစိုးသူ လှေးကားအတိုင်း ခြေလှမ်းကျဲနှင့် တက်သွားသည်။ ခင်လေးလွင် ခပ်ခွာ ခွာလိုက်လာလေ၏ ။ လှေကားဘေးရှိ ဓာတ်ခွဲခန်းအတွင်း၌ ဓာတ်ခွဲခန်းမှူး ကိုခင်ဌေးသည်စားပွဲပေါ် မှော က်နေ၏ ။ အိပ်ပျော်နေတာလား။ မူးနေတာလား၊ နှစ် ခုလုံး ဖြစ်ဖို့များ လေသည်။ ဒေါက်တာစိုးသူပြောသည့် စည်းကမ်းကို ခင်လေးလွင် သတိရလိုက်မိလေ၏ ။
ယောက်ျားလူနာတစ်ဦး၏ အမယ်လေး အဘလေးညည်းညူအော်ဟစ်သံတွေ က ခင်လေးလွင်တို့ကို ဆီးကြိုနေလေသည်။
ညနစ်ခုနာရီတွင် တာဝန်ကုန်ဆုံးမည့်  သူနာပြု နော်တိုင်းနီက “အစာအိမ်ရောပေါက် တာထင်တယ်၊ ဗိုက်တာပျဉ်ပြားလိုပဲ မာနေတာ။ ဆရာတို့ ဗိုက်ဖွင့်ရမှာ ပါပဲ” ဟု သတင်းပေးသည်။
ဒေါက်တာစိုးသူက “လူနာသွားကြည့်ရအောင်” ဟု နော်တိုင်နီးကို ခေါ်ကာ ရှေ့သွားနှင့် သည်။
နော်တိုင်နိးသည် “မြန်မြန်အ၀တ်လဲလွင်၊ ငါ့ကလေးနို့ဆာလှရော့မယ်” ဟု ကပျာကယာ လှည့်၍ မှာ ကြားပြီး ဒေါက်တာစိုးသူနောက်သို့ အပြေးကလေးလိုက်သွားလေသည်။
နော်တိုင်နီ၏ ဖြူလွသော အင်္ကျီတွင် နို့သက်စွတ်စိုနေသည်ကို တွေ့ လိုက်ရသော ကြောင့် ခင်လေးလွင်သည် ဆေးသိုလှောင်ခန်းကလေးထဲဝင်ကာ ကပျာကသီယူနီဖောင်းလဲလှယ်ရလေ သည်။ သူနာပြုတွေ အတွက် အ၀တ်လဲရန် နားနေရန် အခန်းသီးသန့်မရှိပေ။ တာဝန်ရှိချိန်အတွင်း အချိန်ပြည့်တာပဲရှိလေ၏ ။
ဆံပင်ကို ကော်ကလစ်ကလေးနှင့် သိမ်းညှပ်ပြီးနောက် ဗီရိုထဲမှ ကော်တောင့်သော သူနာ ပြုဦးထုပ်အဖြူကို ကလစ်တစ်ဖက်စီမှညှပ်၍ ဆောင်းရင်း အခန်းထဲမှ ပြန်ထွက်ကာ တံခါးသော့ ခတ်ခဲ့ရလေသည်။
အရေး ပေါ် လူနာခန်းတွင် ရပ်နေသော နော်တိုင်နီသည် ခင်လေးလွင်၏ လက်ထဲသို့ လူနာမှတ်တမ်းစာအုပ်ကို ဖြတ်ကာထိုးထည့်ပေးလိုက်သည
“ငါ နှာခေါင်းပိုက်ပြုတ်ထားပေးတယ်အလွင်၊ ဟိုတစ်ဖက်ခုတင်က အူအတက်ခွဲထားတဲ့ ဒေါ်ဘုမကို သွင်းလက်စ ပုလင်းကုန်ရင် ဖြုတ်တယ်။ အခန်းငယ်ထဲက ဦးဘာဘာအတွက် အစ် ၀ယ်ထားတဲ ထိုးဆေးတွေ ကို ငါမှတ်ထားတယ်။ ည ဆယ့်နှစ်နာရီဆေးပါတယ် သိလား”
“သွေးအန်တဲ့ လူနာလား”
“အေး.. ညခြောက်နာရီဆေးတွေ ထိုးပြီးသား”
“သိပြိ.. သိပြီ ကဲ …ပြန်လေ”
သူနာပြုနော်တိုင်းနီ၏ အတွေ့ အကြုံအရမှန်းဆထားသလို အစာအိပ်ပေါက်သည်ဟုပင် ဦးစိုးသူလည်း သဘောတူလေ၏ ။
“ဒီအချိန်ဆို စပါးသိမ်းခါနီး လာတော့ လယ်သမားတွေ စိတ်မောလူမောနဲ့ အစာအိမ်သွေးထွက် အစာအိမ်ပေါက်ပြီး ဆေးရုံရောက်ြ ကတော့တာပဲ။ ကဲ ဓာတ်မှန်ရိုက်ရအောင်မလွင်။ နှာ ခေါင်းပိုက်သွင်း ဒီအက်စ်တစ်ပုလင်းစထား”
ဆရာဦးစိုးသူ လူနာဦးကြီးပိုက်၏ ရောဂါ ရာဇ၀င်နှင့် စမ်းသပ်တွေ့ ရှိချက်၊ လုပ်ဆောင်ချက်များ မှတ်တမ်းတင်ခိုက်… ခင်လေးလွင်ကလည်း ဓာတ်မှတ်ကျွမ်းကျင်သူခေါ်ခိုင်းရ၊ လူနာကို သွေး ကြောရှာရ၊ နှာခေါင်းပိုကသွင်းရနှင့် အလုပ်ရှုပ်သွားလေ၏ ။
“ဟ… မရွှေတိုး ကျပ်ပြန်ပြီလား”
အပြင်လူနာဌာနတွင် ကုသမှု ခံယူနေကျ ရောဂါ မှတ်တမ်းစာအုပ်ကလေးကို ကိုင်ကာ တာဝန်ကျ အခန်းထဲသို့ ၀င်လာသော ပိန်သေးသေး ကလေးမလေးသည် ရှူးရှဲကျပ်ဆို့ မောဆိုက် နေကာ ဆီးကြိုနှုတ်ဆက်သူ ဒေါက်တာစိုးသူကို စကားမပြန်နိုင်ပေ။
ခင်လေးလွင်သည် မတိုးကို ကုလားထိုင်တစ်လုံးတွင် ထိုင်ခိုင်းလျက် “ဘာလို့ ဒီလောက် ကျပ်မှ လာရတာ လဲ မရွှေတိုးရဲ့ အရင်တစ်ခေါက်အောင်စီဂျင်ပေးရ၊ ဆော်လူတက်ဖ်တင်ရနဲ့ မဟားဒရား ဖြစ်ကုန်တာ မမှတ်သေးဘဲနဲ့”
ဆိုက်ကား… ဆိုက်ကားက ရှာနေလို့ပါဟူသော စကားမျှကိုပင် ပြတ်တောင်းပြတ်တောင်း အားခဲ၍ ပြောရှာလေသည်။
ဆေးအလကာထိုးရတာ တောင်မှ လာဖို့မလွယ်သေးဘူးလား မရွှေတိုး ရယ်ဟု ညည်းရင်း မရွှေတိုး၏ ရောဂါ မှတ်တမ်းစာအုပ်ကို လှန်လှောဖတ်ရှုသည်။
သူ့ကြည့်တော့ ဆယ့်နှစ် ၊ ဆယ့်သုံးလောက်ထင်ရတာ ။ မရွှေတိုးက ဆယ့်ခုနစ်နှစ် တောင်ရှိမှပဲ။
ခင်လေးလွင်က မတိုးအား အကြောဆေးတစ်လုံး ဖြည်းဖြည်းသွင်းပေးရသည်။ ဒေါက်တာ စိုးသူက ပေးရမည့် ဆေးဝါးများ ကို ညွှန်ကြားလေ၏ ။
“နည်းနည်း နေမကောင်းတာနဲ့ ဆေးရုံလာ မရွှေတိုး။ အဖျားဝင် ချောင်းဆိုးလာရင် ရင်ကြပ် သမားက ရောဂါ ထလာတာပဲ” ဟု မတ်ရွှေတိုအားမှာ ကြားကာ ဒီကောင်မလေးကို ပရန်နီတစ်လုံး ပြန်တင် မလွင်။ ဖြတ်လို့မရတော့ဘူး ခင်လေးလွင်ကို စေခိုင်းသည်။
“အဲဒါကြောင့် မလိုအပ်ဘဲ ပရမ်နီစလုံးတင်ရင် ဦးဦးဖေ သိပ်စိတ်ဆိုးတာနော်ဆရာ တစ်လောက ကောင်လေး တစ်ယောက် ကို သူကု့နေတာ သုံးရက်လောက်ရှိလို့ သက်သာကာမှ တခြားဆရာက ပရမ်နီစလုံးဝင်တင်သွားတော့ မျက်နှာကြီးမှု န်ပြီး တစ်နာရီလောက် စကားမပြော နိုင်ဘဲ ငုတ်တုတ်ထိုင်နေတယ်။ ”
ယင်းဆေးကြောင့် လောလောဆယ် ရောဂါ ယူပစ်သလို ပျောက်ကင်းကာ ဦးမင်းစိန်ပိုပြီး နာမည် ရသွားအမှန်ပဲ။ ဆေးကိုမှီတွယ်နေရရုံမက ငုပ်လျှို ရောဂါ ပျံ့နှံ့သွားနိုင်တာတွေ ၊ မျက်နှာ ဖောသွပ်သွပ် ဖြစ်လာနိုင်တောတွေ ၊ သွေလည်ပတ်မှု အဖွဲ့အစည်းလုပ်ငန်းထိပါးနိုင်တာတွေ ဒါတွေ ကို လူနာက နားမလည်။ လုံးလုံးလျားလျား ပျောက်ကင်းခဲသော ပန်းနာရင်ကျပ် ရောဂါ ကကို သက် ညှာလိုပါလျှင် ဤ ရောဂါ နှင့် လူကောင်းနီးပါး အသက်ရှည်စွာ နေသွားနိုင်အောင် စိတ်ရှည် လက်ရှည် ဖေးမဖို့လိုအပ်လေသည်။ မလိုအပ်ဘဲနဲ့ ပရမ်နီစလုံးဆေးကို မသုံးစွဲသင့်ပေ။
“ဆရာမ .. ပလူးကိုစ်ကုန်နေပြီ” ဟု အဒေါ်ကြီး တစ်ယောက် က လာရောက် အကြောင်းကြား လေသည်။
“ဘယ်လူနာလဲ အဒေါ်”
“ဗိုက်ခွဲထားတဲ့ ဒေါ်ဘုမပါ”
“ခလုတ်ပိတ်ထားနော် ပိတ်တတ်တယ်မို့လား ကျွန်မအခုလာခဲ့မယ်။ အကြောဆေးကုန်ရင် မရွှေတိုး နေသာထိုင်ရှိလာလေ၏ ။
“ထိုင်နေဦးနော် သက်သာမှပြန်”
လူနာဆောင်အတွင်း၌ ဆေးလိပ်သောက် ကွမ်းစားရင် ထမင်းမြိန်ရေယှက်ရေး စားသူ မနည်းလှပေ။
ဒေါ်ဘုမလက်မှ အကြောဆေးပိုက်ဖြုတ်ပေးရင်း….
လူနာဆောင်ဘက်သို့ “ဧည့်ချိန်ကုန်တာ ကြာလှပြီ။ ဧည့်သည်တွေ မနေကြနဲ့တော့လေ။ တော် ကြာ ဆရာလှည့်စစ်ဆေးတော့မှာ ” ဟု ခပ်ကျယ်ကျယ်အော်ပြောသော်လည်း စကားသံ နည်းနည်း တိုးသွားရုံမှ နေရာမှ မရွေ့ကြပေ။
တာဝန်ကျအခန်းသို့ ဓာတ်မှန်ရိုက်မည့်  လူနာကိုပို့၊ ယနေ့ည လူနာများ အတွက် ထိုးဆေး သောက်ဆေးများ အသင့်ပြင်ဆင်
“မောင်စောရေ ဧည့်သည်တွေ ကို နှင်ပါဦး” ဟု တံခါးစောင့်ကို လှေကားထိပ်မှ လှန်း၍ အော်ပြောရသေးသည်။
ဒေါက်တာစိုးသူ ရေး မှတ်စရာကိစ္စပြတ်လျှင် ခွဲစိပ်လူနာဆောင်ကို လှည့်လည်ကြည်ရှုစဉ်မှာ တော့ လူနာများ သည် ခုတင်များ တွင် နေရာတကျရှိကြလေပြီ။ လေအောင့်၊ အူကျ၊ မီးလောင်၊ ဂရင်ဂျီနာ၊ မုတ္တကြီး၊ ကင်ဆာ။
ကျွန်တော် ဟိုဘက်အဆောင်တွေ လိုက်ကြည့်လိုက်ဦးမယ် မလွင် ဓာတ်မှန်ရရင် လိုက်ပို့ ခိုင်းလိုက်ပါ။ ကုသချက်အပြောင်းအလဲများ ကို မှတ်သားပြီးနောက် တာန်ကျအခန်းတွင် ပြန်ထိုင် ကာ ဆေးအသုံး စာရင်းတွေ မှတ်ရသည်။
လူနာစောင့်ဦးကြည် ဓာတ်မှန်ကိုင်ကာ ပြန်ရောက်လာလေသည်။ ခင်လေးလွင်က ဓာတ် ကို ယူကြည့်သည်။ ဘာကိုကြည့်ရတာ လဲ မလွင်။
“ဟော့ဒီ ရင်ဘတ်နဲ့ ၀မ်းကို ပိုင်းခွဲထားတဲ့ ကြွက်သားပြားအောက် ညာဘက်မှာ လေရှိ သလားကြည့်ရတာ လို့ ဆရာက သင်ထားတာ။ ရှိတယ် ထင်တာပဲ မည်းနေတယ်”
“ဒါပေါ့ဗျာ ဆရာကြိုက်ဖို့ အရေး ကြီးတယ် မလွင်ရဲ့ ”
ခင်လေးလွင်ရှက်သွားကာ
“ဦးလေးနော် တွေ့ ကရာတွေ ”
“ကဲ ခုလောက်ရှိ မွေးဖွားဆောင်ရောက်မလားမသိဘူး ရော့သွားချေဦး” ဟု နှင်လွှတ်ရလေသည်။
လူနာစောင့်နှင့် သူနာပြုမို့ ရာထူးအဆင့်ကွာသည် မသတ်မှတ်နိုင်ပဲ ရှစ်လရှည်ကြာ အတူ အလုပ်လုပ်ရင်း ဦးလေး၊ တူမပမာ ခင်းမင်ရင်းနှီးလြာ ကတော့လည်း စသည်နောက်သည် ကို ရေး ကြီးခွင်ကြယ် စိတ်မဆိုးနိုင်ပေ။
ဟော… ဆူဆူညံညံ ၀ုန်းဝုန်းဒိုင်းဒိုင်း လူနာလာပြန်ပါပြီ။
လျှပ်စစ်မီးဖိုပေါ်မှ ဆေးထိုးပိုက်များ နှင့် အပ်များ ပြုတ်ထားသော အိုး ဆူပွက်နေသဖြင့် မီးခလုတ်ပိတ်ရင်း လှေကားဆီသို့ လှမ်းကြည့်မိလေသည်။
ရှေ့ဆုံးမှ ဒေါက်တာမင်းစိန်ခြေလှမ်းကြဲကြီးဖြင့် တက်လာလေသည်။ သူ့နောက်တွင် လူနှစ် ယောက် က အမျိုးသားလူနာတစ်ဦးကို ကပ်ဖြင့် သယ်မလာလေသည်။ လူနာ၏ ကပ်နောက်ရှိ အမျိုးသမိး အမျိုးသား ဆယ့်လေးငါးယောက် လိုက်ပါလာကြလေ၏ ။
“မလွင်ရေ ဒီလူနာကို ဒီအက်စ်တစ်လုံးတင်ပြီး အမြန်ဖွင့်ချလိုက်ကြရအောင်၊ ဆရာ ဆော် လူကောတက်ဖစ်တစ်လုံး ပေးခဲ့ပြီးသား ခြောက်နာရီခြား ဆက်ပေးကြမယ်။ စီပင်နဲ့ ဂါရာလက် ဖျား အေးစက်လျက် သွေးလန့်ဖြူဖျော့လေသည်။
ခင်လေးလွင်ကို အလုပ် တွင် ကျယ်စေရန် ဦးမင်းစိန်ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်ကူညီ နေသည်။ ဦးကျင်စွိ၏ ဇနီးတရုတ် မ၀၀ကြီးသည် ဦးမင်းစိန်၏ မျက်နှာကို အားကိုတစ်ကြိး မျက် ခြည်မပြတ်အကဲခတ်ကြည့်ရှုနေရှာလေ၏ ။
“ထိုးဆေးတွေ သွားယူခဲ့ပါ မလွင်။ ဘေးပိုက်ကလေ သွင်းလိုက်ကြရအောင်”
ခင်လေးလွင် ဆေးဖျော် ဆေးစုပ်ပြီးနောက် ဆေးထိုးပိုက်ကလေး ကိုင်ကာ အပြေးကလေး ပြန်အလာ ဒေါက်တာစိုးသူဘွားခနဲ ပြန်ရောက်လာလေသည်။
“ဘာအရေး ပေါ်လို့လဲ မလွင်၊ သြော်… ဦးမင်းစိန်”
“ဆရာမ ရှိတာနဲ့ ကျွန်တော် ဆေးပေးထားနှင့် တယ် ဆရာရေ..” ဟု ဦးမင်းစိန်က ပြုံးရွင်စွာ ဆီးကြို၍ ပြောလေ၏ ။
“ကျွန်တော် ရှိနေပါတယ်။ အိမ်ကို ရေချိုးထမင်းစားရုံ နာရီဝက်လောက်လောက်ပဲ ပြန်တာ။ ညနေ ခုနစ်နာရီမထိုးခင်ကတည်းက ပြန်ရောက်နေတာပဲ” ဟု ဒေါက်တာစိုးသူက မပြုံးမရယ် ခပ်တည်တည် အဖြေပေးလေ၏ ။
ဒေါက်တာမင်းစိတ်က အပြုံးမပျက် “လူနာဦးကျင်စွိက ကျွန်တော့်မိတ်ဆွေလေ၊ ဆေးရုံ မတက်ချင်ဘူး ငြင်းနေတာနဲ့ ကိုယ်တိုင် လာပို့ရတာ ဗျ၊ တိုက်တွန်းနေတာ ကြာပြီး အူအတက် ရောင် ရာကနေ အလုံး ဖြစ်သွားတယ်။အခု အဖျာဝင်လာတာနဲ့” ဟုရှင်းပြနေသည်။
“ဒီလူနာကို လူနာအသစ် လက်ခံစာရင်းထဲ ထည့်ပြီးပြီလာ ဆရာမ ”
ခင်လေးလွင် ကြောင်တက်တက် ခေါင်းခါယမ်းရင်း ပြန်အလှည့် …
“ဘယ်သွားမလို့လဲ ဆရာမ ” ဟုမေးပြန်၏ ။
“ရှင် ..ဟို လူနာ လက်ခံဖို့စာရွက်”
ခင်လေးလွင်သည်ဆရာဝန်နှစ် ယောက် ကြားတွင် ဘာဆက်လုပ် ရမည် မသိ။ အမိန့်နာခံ တတ်သော စိတ်က ခေါက်ရိုးကျိုးအသားကျနေကာ ခိုင်းသမျှ သိမ်းကျုံးလုပ်ကိုင်ဖို့က ပထမ ဖြစ်ပြီး ယခုမှပင် ဒေါက်တာစိုးသူ၏ လူနာဆောင်၊ ဒေါက်တာစိုးသူ၏ တာဝန်ချိန်တါင် ဒေါက်တာမင်းစိန် ၀င် ရောက်စွက်ဖက်နေပြီဟု သတိထားထားမိလေ၏ ။
ဒေါက်တာမင်းစိန် စည်းစောင့်လေ့မရှိဘဲ ကုသရေး နယ်ပယ်ကျော်လွန်လေ့ရှိကြောင်း စစ္စတာတို့ ကဲ့ရဲ့ သင်္ဂြိုဟ်စကားတင်းဆိုကြသည်ကို ခင်လေးလွင်ကြားဖူးလှပြီ။ သို့တစေ ဦးဦးဖေက စ၍ ကျန်ဆရာဝန်အားလုံးပင် ပြဿနာမ ဖြစ်လိုသော ကြောင့် သည်းခံရှောင်လွှဲနေကြလေ၏ ။
“ကျွန်တော် ခွဲစိတ်ဆောင်လည်း ရောက်လာ၊ ကျွန်တော့်  တာဝန်ချိန်လည်း ဖြစ်နေတော့ လူနာရဲ့ ရောဂါ ရာဇ၀င် အပြည့်အစုံ ယူရဦးမယ် ခင်ဗျ။ အတိအကျလဲ စမ်းသပ်ရဦးမယ်၊ ဒါပေမဲ့ ဆရာ့ဆီက လက်ပြောင်းယူရမျာဆိုတော့ ဆရာသီးထာ၊ လုပ်ပေးထားတာလေးတွေ ဆွေးနွေးညှိ နှိုင်းခဲ့နိုင်ပါတယ်”
ဆရာစိုးသူသည် နှုတ်နည်းသည်ဆိုသော်လည်း ယဉ်ကျေးဖွယ်ရာနှင့် ပြတ်သားတိကျသော စကားကို ဆိုနိုင်စွမ်းသာပါလားဟု ခင်လေးလွင်အံ့သြရလေ၏ ။
ဒေါက်တာမင်းစိန်၏ အလွန်ပင် ဖြစ်သော်ငြားလည်း ဒေါက်တာစိုးသူက ယင်းသို့ စည်းကို ထောက်ပြသော အခါ အနာပေါ်တုတ်ကျကာ ဆတ်ဆတ်ခါ သွားမလားဟု ခင်လေးလွင် အသက် ပင် ပြင်းပြင်း မရှူဝံ့။
သို့သော် ဒေါက်တာမင်းစိန်သည် “ဆရာ့ကို ကျော်လွန်သွားသလိုများ ဖြစ်ခဲ့ရင် ခွင့်လွှတ်ပါ ဗျာ။ ကျွန်တော် လည်း စိတ်ပူလောကြီးသွားတယ်။ ကဲ ဦးကျင်စွိ ဘာမှာ အားမငယ်နဲ့ဗျ၊ ဒေါက်တာ စိုးသူဟာ အသက်ငယ်ပေမယ့် ပညာစွမ်းသိပ်ထက်တဲ့လူ၊ ခင်ဗျား ကောင်းသွားမှာ ပါ” ဟု ဦးစိုးသူ ကို ပြောင်တောင်းပန်ကာ လူနာကိုလည်း လှည့်ပြီးအားပေးလိုက်လေ၏ ။
ခင်လေးလွင်သည်ဒေါက်တာစိုးသူ၏ မျက်နှာ မသိမသာ ပျော့ပျောင်းသွားသည်ကို တွေ့  လိုက်ရသည်။
“လူနာစောင့်ဖို့ တစ်ယောက် ထားခဲ့ပြီးကျန်တဲ့ လူတွေ ကို တော့ပြန်ခေါ် သွားပါဦးဆရာ”
သည်စကားကို မလွဲမရှောင်သာ ထပ်ပြောလိုက်ရဟန် ဒေါက်တာစိုးသူသည် ဒေါက်တာ မင်းစိန်၏ မျက်နှာကိုမကြည့်တော့ဘဲ လူနာ၏ သွေးခုန်နှုန်းကိုကိုင်စမ်းနေလေ၏
ဒေါက်တာမင်းစိန်သည် …..
“ဒေါ်လွမ်း နေခဲ့ ကျွန်တော် တို့ ပြန်ကြရအောင် သွားမယ်ဆရာရေ၊ မလွင်ရေး သွား မယ်ဗျ”ဟု အားလုံးကို စေ့ငှအောင် နှုတ်ဆက်ပြောဆိုရင်း ဒေါ်လွမ်း၏ ပခုံးကို ပွေ့ဖက်အား ပေးခဲ့သည်။
ဒေါက်တာမင်းစိန်အား ဒေါ်လွှမ်းက မျက်ရည်ဝဲလျက်……
“သိပ်ကို ကျေးဇူးတင်တာပဲ ဆရာရယ်၊ ကျွန်မ မနက်ကျမှ ဆရာ့အိမ်ကို ထပ်လာခဲ့ပါဦး မယ်” ဟုပြောလေ၏ ။
“ခွကျတဲ့လူ” ဟု တစ်စုံ တစ်ယောက် ၏ ရေရွတ်သံမသဲမကွဲ ပျံ့လွင့်ကျန်ရစ်သည်။ ဒေါက်တာစိုးသူကို ဆိုလိုမှန်း ခင်လေးလွင် သိလိုက်၏ ။ ထိုသူသည် ဒေါက်တာစိုးသူမှန်ကန်နေ ကြောင်း နားမလည်။ ဘာပဲ ဖြစ် ဖြစ် ဒေါက်တာမင်းစိန်သည်လည်း ထင်သလောက် မဆိုးပါဘူးဟု ခင်လေးလွင် ခွင့်လွှတ်ချင်မိလျက်။ နောက်ဆုံး ဆရာနှစ် ယောက် အခြေအတင်မ ဖြစ်ရသည်ကို ၀မ်းသာရစ်ရသည်။ ဒေါက်တာမင်းစိန်သည် အဆိုးချည်းရှိမနေသော ကြောင့်လည်း ဤသို့ လူကြိုက် များ နေနိုင်တာ ဖြစ်မှာ ပဲတွေးမိလေ၏ ။
“သွေးပေါင်ချိန်ကြရအောင် မလွင်”
ခင်လေးလွင်က သွေးပေါင်ချိန်ကိရိယကို ပြေးယူကာ လူနာလက်မှာ ရစ်ပတ်ပေးရလေ သည်။
“ခုတော့လဲ လက်ဖျားဖြေဖျားတွေ နွေးလာသားပဲ။ အဖျားပြင်းလာလို့ ကြောက်ပြီး သွေးလန့်ချင်တယ် ထင်တယ်။ ဒါကို သွေးဆိပ်တက်ပြီးမှတ်ပြီး ဦးမင်းစိန် ဆေးရုံပြေးလာတာ ဖြစ်မှာ ပဲ စောင့်ကြည့်သေးတာပေါ့”
ဦးစိုးသူရေး ပေးထားသော ကုသချက်များ ကို ခင်လေးလွင်အကောင်အထည်ဖော်ရင်း အလုပ်ရှုပ်နေခိုက် စစ္စတာ ဒေါ်လောရာရောက်လာလေသည်။
“ဘယ့်နှယ် မလွင်၊ မလွင်တို့နှစ် ယောက် ပေါင်းရင် ရှုပ်ကုန်မယ်ပြောလို့ မဆုံးခင် ခွဲခန်း ဖွင့်ကြပြိမဟုတ်လား ခွဲစိတ်ခန်းက ဆရာမ လေးလဲ ရောက်ပြီ။ ဆောင်ကြီးအောင့်ကြီးပေါင်းစက် ဖွင့်နေပြီလေ… ဟောကြားလား”
ခွဲစိတ်ခန်းမှ ပေါင်းစက်လည်သံ တဝေါဝေါကြားရလေ၏ ။
“ခွဲခန်းအသင့် ဖြစ်ရင် ခေါ်ခိုင်လိုက်နော် မလွင်၊ မွေးလူနာ တစ်ယောက် ညှပ်ဆွဲဖို့လိုနေမ လာလို့၊ ကောင်မလေးက အရပ်ပုတယ်။ ကလေးသိပ်မထွားတော့ ထွက်မလားစောင့်ကြည့်ခိုင်းထာ ခဲ့သေးတယ်”
“ပရစ်ဆေးလား ညှပ်ဆွဲတတ်ပါတယ် ဆရာရဲ့ ” ဟု စစ္စတာက ပြောသော်လည်း ဦးစိုးသူ က စီးကရ်တစ်လိပ် မီးညှိရှိုက်ဖွာရင် အဖြေမပေးဘဲ ထွက်သွားသည်။
“အမှန်တော့ ၀မ်းဆွဲတွေ ညှပ်မဆွဲရဘူး။ ဆရာဝန်အလုပ်၊ နားလည်မှု နဲ့ လုပ်နေကြရတာ ။ မနိုင်မနင်းလို့ ဦးစိုးသူ ကတော့ သူ့တာဝန်ချိန်ဆို သူလုပ်နိုင်ရင် သူပဲလုပ်တယ်။ ဒါကို ပရစ်ဆေး လာက သူ့ကိုအထင်သေးတယ်ထင်လို့ ဒါကိုရှင်းပြရသေးတယ်။ ခုတော့လည်း ကျေနပ်လို့ ဒါနဲ့ ခုနက ဦးမင်းစိန်ဘာလာရှုပ်သွားတာလဲ”
ခင်လေးလွင်က ရှင်းပြရသည်။
“ဦးမင်းစိန် လူမှု ဆက်ဆံရေး က ပညာ ကတော့ စွမ်းတယ်မလွင်။ တို့မှာ လဲ လုပ်ပုံကိုင်ပုံ မကြိုက်လို့သာ ပြောရေ လူကိုတော့ မခင်ချင်လို့ မရဘူး။ တို့သာ နေမကောင်းတုန်းကဆို တစ်ခါ တည်း တညလုံး ထိုင်စောင့်ပြီး ရေခဲအုပ်ပေးတာ အဲဒါ ကျ ငွေရလို့ မဟုတ်ပြန်ဘူး”
စစ္စတာသည် ထိုင်ရာမှထကာ “ခွဲခန်းထဲ ပြေးလိုက်ရမှပါပဲ။ တော် ကြာ ခွဲစိတ်ခန်းက တပင် တိုင်မင်းသမီးဆောင့်အောင့်တာနဲ့ ဆေးရုံပြိုမှာ စိုးရတယ်” ဟု ထင်ပါးကြီး နိမ့်တုံမြင်တုံဖြင့် ခွဲ စိမ်းခန်းဘက် ခြေကုန်သုတ်သွားလေတော့၏ ။
မ၀တ်ရည်၏ မျက်နှာသည် သုန်မှု န်နေသည်။
လူနာတွေ ကိုကလည်း တနေကုန်အချိန်ရှိပါလျက်နဲ့ ညဘက်ကျမှ ရောက်ရောက် လာတတ်လေခြင်းဟု မကျေမချမ်း ဖြစ်နေသည်။
ဇလုံငယ်များ အတွင်းသို့ အရက်ပြန်၊ အိုင်အိုဒင်းတစ်ခွက်ချင်းလောင်းထည့်နေသည်။
စစ္စတာဒေါ်လော်ရာကာ သီးချင်းတစ်အေးအေးနှင့် လူနာကို မေးဆေးပေးရန် အသင့် ပြင် ဆင်နေလေ၏ ။
“အာကာလုံနန်းရဲ့ အမြင့်ကို××× အချစ်စွမ်းအားနဲ့ သူတင်ကာပေးသလို ×××× မေရယ် မေရယမောင်ရယ် တွေ့ မြင်ကာ ချစ်ခဲ့ကြစဉ်တုန်းကတည်းက ကိုယ်နှလုံးသားကလေး အမြင်ဘုံဝယ်××××”
Even since you’ve been around
You’ve put me on top of the world
မြန်မာလိုတစ်လှည့် အင်္ဂလိပ်လိုတစ်လှည့် ကိုယ်လုံးကြီးတနွဲ့နွဲ့ယိမ်းကာ သီဆိုနေသော စစ္စတာနောက်ကျောကို မ၀တ်ရည် မျက်စောင်းနှင်း ကြည့်မိသည်။
“ဟင်း.. သူ့ကိုယ်လုံးလိုလား၊ အာကာဘုံနန်း အမြင့်အထက်ကိုမပြောနဲ့ သူ့အိမ်လှေကားထစ် သုံးထစ်ပဲ တင်ခိုင်းကြည့်ပါဦး”
မ၀တ်ရည်မှာ ခွဲခန်းဖွင့်ရ။ ခွဲစိတ်ကိရိယာများ ပြင်ရဆင်ရပေါင်းရပြုတ်ရနှင့် စိတ်မအား လူမအား ရသည့်အထဲ စစ္စတာတို့များ မြူးပဲမြူးနိုင်ပေဟု မရှုဆိတ်နိုင်ပေ။
ယနေ့ည ဆရာစိုးသူ၏ ဂျူတီ၊ ခွဲစိတ်လျှင် အချိန်သိပ်ကုန်သည်။ အခွဲအစိတ်မှ မကျွမ်းသေး တာပဲ။ နန္ဒ၀န်ရောက်ကာမှ ဦးဦးဖေက သင်ပြနေရသည်။ အလုပ်သင် ဆရာဝန်ဘ၀ ကိုယ်တိုင် ကိုယ်ကြပ်ခွဲစိတ်ခွင့်ရ နည်းပါးခဲ့ပြီး အကူအညီပေးရုံသာ အခွင့်အရေး ရခဲ့သည်ဆိုတော့ အခုမှ ဓားစမ်းတုန်း။ သင်ကြားသူ ဆရာကြီး ဦးဦးဖေးကိုယ်နှိုက်က တုံ့နှေးဖင့်လေးတော့ သူ့တည့်ကား အဘယ်မှာ ဆိုဖွယ်ရာရှိတော့အံ့နည်း။
မ၀တ်ရည် ရန်ကုန်တမ်းတမိသည်။ ရန်ကုန်တုန်းကများ ဤအစာအိမ်ပေါက်သော အသေး အဖွဲခွဲစိတ်မှု မျိုးလောက်တေ့ ခွဲစိတ်အထူးကုဆရာကြီးများ ခွဲစိတ်လိုက်လျှင် နာရီဝက်ပင်မကြာ။ အသင်ဆရာဝန်ကလေးများ ခွဲစိတ်လျှင်လည်း မ၀တ်ရည် ၀င်စရာမလို။ တန်သင့်သလို လက် အောက်ဆရာမ များ နှင့် လွှတ်ပေးလိုက်ရုံသာ။
ခွဲခန်းရောက်လာသော တာဝန်ကျ ဆရာမ လေးများ ကို မ၀တ်ရ် အကွက်စေ့အောင် ခိုင်းစေ သင်ကြားသည်။ စိတ်တိုင်းမကျလျှင် အော်ငေါက် မာန်မလဲပစ်သည်။ မ၀တ်ရည်ကို မည် သူမျှ မလွန်ဆန်ဝံ့။ ခွဲခန်းတာဝန်ကျ စစ္စတာကြီးပင်လျှင် မ၀တ်ရည်နှင့် ပြဿနာထိပ်တိုက် မတွေ့ ရ အောင် ရှောင်ကွေ့မြဲ။
မ၀တ်ရည်ကလည်း ပိုင်သည်လေ။ မ၀တ်ရည်စိတိုသည်၊ မျက်နှာထားတင်းသည်။ အပြော အဆိုကြမ်းတမ်းသည်ဆိုသည်မှာ အထူးကုဆရာဝန်ကြီးများ နှင့် လားလားမှမဆိုင်။အထူးကုကြီများ နှင့် ပတ်သက်လာလျှင် မ၀တ်ရည် အရိပ်အကဲသိသည်။ မည် သူ့အကြိုက်က မည် သို့ဆိုသည်ကို မ၀တ်ရည်အရည်ကျို သောက်ထားပြီးသား သူတို့ရှေ့တွင် မ၀တ်ရည်ချိုသည်။ ပြုံးသည်၊ ချိုပြုး။ သူတို့၏ အချစ်တော် များ အပေါ်တွင် လည်း မ၀တ်ရည် ကြည်သည်။ အေးသည်။ ကြည်အေး။ ကြီး ကြီးမားစတာများ ၏ ဘညာကွိကွများ နှင့် ဆက်ဆံရန်ပြန်တော့လည်း မ၀တ်ရည်ပျာသည်။ ပိုသည်၊ ပျာပို။
နန္ဒ၀န်သို့ လွင့်မလာမီကအကြောင်းရပ်များ ကို မ၀တ်ရည်မကြာခဏ တစိမ့်စိမ့်တွေးရင်း တနုံ့နုံ့ဆွေးရတတ်လေသည်။
မ၀တ်ရည် အလုပ်လုပ်သော ဆေးရုံကြီးသို့ “မဲမဲသဲသဲ ကုပ်ချောင်ချောင်း၊ အလုပ်သင် ဆရာဝန်ကလေး တစ်ယောက် ရောက်လာစဉ်က မသားနားလိုက်တာလေ” ဟု သတိထားလိုက်မိ သော်လည်း ယင်းဆရာဝန် အမဲရိုးကလေး၏ ချစ်သူသည် မ၀တ်ရည်အသေအလဲမျက်နှာလုပ် ကျေ အတူးကုကြီး၏ သမီး ဖြစ်ကြောင်းကိုတော့ မ၀တ်ရည်မျက်ချည်ပြတ်ခဲ့သည်။ အချိန်ကလည်း ဆရာဝန်ကြီးကိုယ်တိုင် သားမက်လောင်းကို မသိရသေးပဲကို။
ခွဲခန်းစ၀င်သည့် နေ့မှာ ပင် ဦးကျိုးစေတော့ဟူသော ရည်ရွယ်ချက်ဖြင့် “လက်အိတ်မှ ဖြောင့်ဖြောင့်မစွပ်တတ်သေးပဲနဲ့ ခွဲစိတ်လို့ ဖြစ်ပါ့မလား။ လူနာတွေ ဘက်လဲ စဉ်းစား” ဟု ဟိန်း ဟောက်ထားသည်။
အမဲရိုးကလေး၏ သူငယ်ချင်းမီးသွေးခဲကလေးက “ကျွန်တော် တို့ကလည်း မတတ်သေးလို့ လာသင်နေတာပါဗျာ” ဟု အတည်လိုလို ငေါ့သလိုလိုပြောတော့ မ၀တ်ရည်မှာ အောင့်သက်သက်။
“လက်အိတ်စွပ်တတ်၊ ကြိုးချည်တတ်အောင် သင်ခဲ့ပြီးမှ ခွဲခန်းဝင်ကြ၊ ဘာမှမတတ်ပဲ လာတော့ အလုပ်လည်း ဖင့်နှေးတယ်၊ ရောဂါ ပိုးမွှားသန့်စင်ဖို့ ဘယ်လောက်အရေး ကြီးတယ်ဆိုတာ ဆရာဝန်တွေ ပိုနားလည်တာပဲ ကျွန်မတို့ ကတော့ လက်အိတ်စွပ်တာရော ခွဲစိတ်ကိရိယာကိုင်တာ ရော ၀တ္တရာကျေးအောင် သင်ရမှာ ပဲရှင့်”
“သင်ပါဗျာ၊ အသင်ခံဖို့ လာပါတယ် ပြောမှပဲ”
မ၀တ်ရည်သည် အမြင်ကတ်ကတ်နှင့် မို့ အထူးကုဆရာဝန်ကြီးခွဲစိတ်ရာတွင် အလုပ်သင် ဆရာဝန်ကလေး ကူညီခိုက် “အမလေး ညှပ်တွေ ကို ဒီလို ဟပြဲကြီး ပြန်မပေးပါနဲ ဆရာကြီး တပည့်ကလည်း ဘာမှမတတ်ပါလား။ ကတ်ကြေးကိုင်တာကလည်း ကျွန်လက်အိတ် ညှပ်မိတော့မယ်” စသည်ဖြင့် အဆင်းတွန်းပေးလိုက်သည်။
ဆရာကြီးက “ကိုယ့်ဘာသာကြိုးချည်ကျင့်ထားရင် ခွဲစိတ်ရာမှာ ပြန်တာပေါ့ကွာ၊ ကတ် ကြေးဖြတ်ရင် ဒီလိုအဖျားကလေးတင်ဟပြီး လက်ဆစ်နဲ့ ထိန်းဖြတ်ရမှာ ပေါ့” စသည်ဖြင့် မ၀တ် ရည်အလိုကျ တပည့်များ ကို ဆုံးမရင်း တစ်ဖက်ကလည်း ပညာသင်ကြားပေးသွားလေ၏
နောက်တစ်ကြိမ်မှာ တော့ ခွဲစိတ်ပြီးစလူနာကို တွန်းလှည်းပေါ် ပြောင်းရွှေ့သယ်ထုတ်ဖို့ ပြင်ဆင်ဆဲ။ ဆရာဝန်မဲမဲသဲသဲကလေး လူနာလကတွင် အကြောဆေးသွင်းထားသော နေရာမှ ဖူရောင် လာသည်ကို ကိုင်ကြည့်လေ၏ ။ “နောက်မှ လုပ်ဆရာ” ဟုတားမြစ်လျှင် ဖယ်သွားမည် ဖြစ် လျက်နှင့် မ၀တ်ရည်က ဆရာဝန်ကလေး၏ လက်ကို ဖြတ်ကခနဲ ရိုက်ချကာ “အချိန်မရှိဘူးရှင့် နောက် တစ်ယောက် သွင်းရမယ် ကြည့်ချင်ရင် အပြင်ရောက်မှကြည့်” ဟု ခပ်ကျောကျောငေါက်ငမ်း လိုက်သည်။
အမဲရိုးကလေးသည် သူ့ဘာသာဆို လူနာဝိုင်းရွှေ့မှာ ပဲဟု နောက်မှ မ၀တ်ရည် စဉ်းစားမိ သည်။ ထိုစဉ် ကတော့ “ကဲ.. လူနာဝိုင်းရွှေ့ကြဦး၊ အလုပ်သမားရှိတာ မဟုတ်ဘူး။” ဟု အထက်ဆီးမှ ပြောလိုက်မိသည်။ ဤတွင်း မီးသွေးခဲ့ကလေးက ခပ်စောင်းစောင်းကြည့်ကာ အမဲရိုးကလေး ကို ပခုံးဖက်၍ မထေမဲ့မြင် ထွက်သွားလေသည်။
မ၀တ်ရည် နန္ဒ၀န်ပြောင်းရတော့ တုန်လှုပ်ချောက်ခြားကာ ဆရာဝန်ကြီးထံ ပြေးသွားခဲ့သည်။ ဆရာကြီးက…
“အဲ…….”
“အဲ…” တောလုပ်ကကာ သည်ထက် ဘာမှလှုပ်ရှားမလာ။ မကြာမီ အမဲရိုးကလေးနှင့် ဆ ရာကြီး၏ သမီးစုလျားရစ်ပတ် လက်ထက်လိုက်လေသတတ်။
မိန်းကလေးနှယ် …လှလှပပလေး ဖြစ်လျက်နဲ့ ….သည်လို မည်းမည်းကြုတ်ကြုတ် ပိန်တာရိုးကလေးကိုမှ ကြိုက်တာလေခြင်းဟု ညည်းတွာရင်း မ၀တ်ရည်အထုပ်အပိုး ပိုက်ကာ နန္ဒ၀န်သို့ ဆိုက်ရောက်သော င်တင်ရတော့သည်မှာ သုံးနှစ် ကြခဲ့လေပြီတကား။
နယ်ဆေးရုံမို့ ရန်ကုန်မှာ လို့ ပြည့်စုံခမ်းနားခြင်း မရှိ။ မ၀တ်ရည်မှာ တပည့်သား ပြစရာ အလုပ်သမားမောင်မြင့် တစ်ယောက် သာရှိသည်။ လူနာစောင့် ဒေါ်ဆွဲမိကာ ရှိလိုက် မရှိလိုက် လိုသည့် နေရာမှာ ဖြည့်နေရသည့် စစ္စတာ ကတော့ မေ့ဆေးပေးရင်း ပစ္စည်းသိမ်းပိုက်အုပ်ချုပ် သည်။ တဆေးရုံလုံးကို အုပ်ထိန်းထားသည်နှင့် အညီ ခွဲခန်းသည်လည်း စစ္စတာ့ ပိုင်နက်မှာ ပဲ အကျုံးဝင်နေပြန်၏ ။
မ၀တ်ရည်၏ အစွမ်းအစ မ၀တ်ရည်၏ ပညာရပ်တွေ သည် နန္ဒ၀န်တွင် မှေးမှိန်ပျောက်ကွယ် နေရပြီး မ၀တ်ရည်တော် ကြောင်း တတ်ကြောင်း သိနားလည်လောက်အောင် ခွဲစိတ်မှု တတ်ကျွမ်း သူလည်း ရှိမှမရှိတာပဲလေ။
ဆရာဝန်ကြီး ဆင်းဆိုလျှင် ခွဲစိတ်ခန်းဘက်သို့ ခြေဦးပင် မလှည့်။ အသက်ကြီးလို့လား၊ အရက်ချိုးကပ်လို့လား အတိအကျမဆိုနိုင်စေကာမူ ခွဲစိတ်ဓားကိုင်ရန် မဆိုထားဘိ လက်မှတ်ထိုးရန် ဖောင်တိတ်ကိုင်လျှင်ပင် လက်တုန်ချင်သူပေပဲ။
ဦးဦးဖေကျပြန်တော့ နှေးကွေးလိုက်ပုံမှာ လိပ်ကပင် အဘခေါ်ရမတတ်။ အသက်ကလည်း ကြီး၊ ပညာကလည်း သမ္ဘာရင့်လေတော့ မ၀တ်ရည်သိပ်တော့ မထိခတ်ဝံပေ။ မသိမသာ စောင်းချိန်ပြန်တော့လည်း အဆိပ်အတောက်မရှိသော ရေမြွေပမာ အရာရာသည်းခံနိုင်စွမ်း ရှိလွန်း လှသော ကြောင့် မ၀တ်ရည်သာ တစ်ဘက်သတ်လူဆိုးကြီး ဖြစ်နေရပြန်လေသည်။
ဦးမင်းစိန်ကား အတော် ဓားသရမ်းသည့်ဆရာဝန်၊သားဖျက်နေသလား အောက်မေ့ရ လောက်အောင် မြန်ဆန်သော်လည်း လုံးဝမသေသပ်။ ကုသိုလ်ကံလိုက်ချင်တော့ သူ့ချုပ်ရိုးများ သည် ဒုက္ခမပေးဘဲ ကျက်လွယ်မြဲ ဖြစ်ချေသည်။ သူနှင့် မ၀တ်ရည်ပြဿနာမရှိ။ ဘယ်ပြဿနာ ရှိမလဲ။ ပိုက်ဆံပေါသူပီပီ သူခွဲစိတ်တိုင်း မ၀တ်တို့ကို စားကောင်းသောက်ဖွယ်တွေ ကျွေးမွေးမြဲ ဖြစ် ရုံမက။ သူ့ယောက္ခမကြီးက ရာထူးကြီးနှင့် မို့ မ၀တ်ရည် ရန်မစပဲ တစ်ခါသေဖူး၍ ပျဉ်ဖိုးနှမြောတသ နေလေ၏ ။
လက်ရှိအမျိုးသမီးဆရာဝန်နှစ် ယောက် တွင် ဒေါ်သန္တာတင်ကား ဘယ်လိုဆရာဝန်မှန်းမသိ ပဲ သွေးမြင်လျှင် မူးတတ်သတဲ့။ အခု အဋ္ဌမမြောက် ကလေးမွေးဖွားပြီးခဲ့ပြီ။ အိမ်ထောင်စုဦးရေကို ဘာစိတ်ကူးကြောင့် မကန့်သတ်ကြောင်း မ၀တ်ရည် မစသ်းစားတတ်။
ဒေါ်မေနွဲ့ကေသီကျတော့ကော နာမည် ကိုက အူကြောင်ကြောင်၊ သားအိမ်ပင်ဖြောင်ဖြောင့် မခြစ်တတ်ဘူး ထင်ရဲ့ ။ နန္ဒ၀န်က လူတွေ ကတော့ ဆံပင်တိုနှင့် မျက်ခုံးအညိုရောင် အကွေးသားဆွဲ ကာ လိုင်နာထူလပျစ်ဆိုးလေ့ရှိသော မေနွဲ့ကေသီကို အထူးအဆန်းသဖွယ် တခုတ်တရလိုက် ကြည့်ကြလေသည်။ ဆေးကျောင်းတုန်းက စတားသာဆိုရ။ အပြင်အဆင်သာများ ကား လှမှ လှပဲ ရည်းစားသက်စေ့ ထားသည်ဆိုတာတော့ ဟုတ်လောက်သည်။ နန္ဒ၀န်လို နေရာမျိုးမှာ ပင် တော် နေ တစ်ယောက် လိုက်လာ။ တော် နေ တစ်ယောက် လိုက်လာ။
ဦးအေးသန့်ကျတော့လည်း ကလေးအထူးကု ဖြစ်ချင်ဇောနှင့် စာအုပ် လက်မှမချ။ ကျောင်း တုန်းက ကလေးသူငယ်ဆိုင်ရာ ဘာသာရပ် ဂုဏ်ထူးထွက်သည်။ မကြာခဏ ကြွားလုံးထုတ် တတ် သည်။ အခွဲအစိတ် ၀ါသနာမပါဘူး တိုက်ပွဲ မဆင်ရတတ်ပေ။ အညစ်အပတ် ရွှတ်နောက်ရာမှ စစ္စတာနှင့် အပြိင်ကြဲပြီဆိုမှဖြင့် အပျိုကြီး မ၀တ်ရည် ရှက်ရှက်နှင့် ကုပ်နေရသည် လွန်လွန်းသည်။ မုန်းစရာ။
“မောင်မြင့် ဆရာဝန်အကြောင်းကြားပြီးပြီလား လူနာခေါ်လေ”
“အကြောင်းကြားပြီပါပြီ အစ်မရဲ့ ၊ လူနာလဲ ခေါ်ထားပါပြီ”
“ဘယ်သူ့ဂျူတီလဲ ခင်လေးလွင်လား။ လူနာခေါ်လိုက်ရင် တော် တော် နဲ့ မလွှတ်ဘူး။ ပြင်ဆင်နေတာက ဟန်တခါပြင် ရွှေင်စင်ဆယ်အိတ်”
မောင်မြင့်မျက်နှာ ရှုံတွသွားသည်ကို မ၀တ်ရည် မြင် ဖြစ်အောင်မြင်လိုက်ပြန်လေ၏ ။
“ဘာလဲ နင်ကနာ တယ်ပေါ့လေ”
“ဘာဆိုင်လို့လဲအစ်မရာ” ဟု ညည်းရင်း မောင်မြင့်မျကှ်ာ လွဲဖယ်သွားလေသည်။
“ဆရာ.. မွေးခန်းမှာ ညှပ်ဆွဲနေပြီထင်တယ် မ၀တ်ရည်၊ လာမှာ ပါ၊ မပူနဲ့ ဟော…ပြောရင်း ဆိုရင်း.. လူနာတော့ ရောက်လာပြီ”
စစ္စတာဒေါ်လောရာသည် ခွဲခန်းထဲသို့ တွန်းဝင်လာသော လက်တွန်းလှည်းပေါ်မှ လူနာကို နဖူးစမ်းလက်ကောက်ဝတ် စမ်းနှင့် လိုက်သွားလေ၏ ။
“မောင်မြင့်က ဘာလို့ရပ်ကြည့်နေတာတုန်း၊ ခွဲစိတ်ခုံပေါ်ရွှေ့လေ၊ အမယ် ဦကြည်က ၀ိုင်းမမပဲ မင်းသားလို ကော့ပြန်လို့ ဖြစ်မလား”
ဦးကြည် မျက်နှာ သုန်မှု န်ကာ “ကျုပ်က ၀ိုင်းမမပဲ နေပါ့မလာ ဆရာမ ရဲ့ ၊ ပြီးတော့ ဘယ့် နှယ်မင်းသားလိုကော့ပြန်နေမလဲ။ မင်းသားလဲ မကော့ဘူးမှတ်တယ်။ ကျုပ်လဲ မကော့ပါဘူး” ဟု ဘုတောလေ၏ ။
အပျိုကြီး မ၀တ်ရည် လေသံမာကျောစွာ နှင့် “အဘိုကြီး က ကဲကဲဆတ်နေလိုက်တာ ရှင်တို့က လိုက်ပြောနိုင်မှာ တော် ကာကျာတာ။ မနေ့က သွေးတောင်းဖို့ လိုက်ခေါ်လို့ မရတာ ကျ တော့ကော ဟင်း…” ဟု ထပ်ဖိအားပေးလိုက်မှပင် ဦးကြည်မာန်လျှော့ကာ တွန်းလှည်းကို ခပ်ကြမ်း ကြမ်းတွန်းလျက် ပြန်ထွက်သွားလေတော့၏ ။
ဒေါက်တာစိုးသူ ခွဲတံခါးဝတွင် ဖိနပ်ရှာနေသည်ကို မ၀တ်ရည် မြင်နေရသည်။ စစ္စတာ လည်း လှမ်းမြင်ရဟန် “တံခါးကြားမှာ ဖိနပ်တရံ ၀ှက်ထားတယ်ဆရာရေ၊ ရှိသမျှထဲမှာ အကောင်း ဆုံးချန်ထားပေးတာ ၊ ခွဲခန်းထဲစီးဖို့ ဖိနပ်တွေ ၀ယ်ဖို့ အစည်းအဝေးမှာ တင်ပြထားတာ အကြိမ်ကြိမ် ။ မရပါဘူး” ဟု အော်ပြောလေသည်။
“ဆရာခွဲမလို့လား” ဟုမ၀တ်ရည်က လှမ်းမေးလိုက်သည်။
ဒေါ်လောရာက အူကြောင်ကြောင် ဖြစ်သွားကာ မ၀တ်ရည်ကို လှမ်းကြည့်သည်။ မ၀တ်ရည် က ခပ်တည်တည်။ သူခွဲမှာ သိသားပဲလေ။ တမင်ရွဲ့မေးတာ။
ဦးစိုးသူ၏ နားရွက်ဖျားများ နီရဲသွားသော်လည်း မ၀တ်ရည်၏ မျက်လုံးများ ကိုတော့ တည့်တည့်မတ်မတ် ရင်ဆိုင်ကာ ….
“ဟုတ်တယ်” ဟု အသံမှန်မှန်နှင့် အဖြေပေးလေသည်။
မ၀တ်ရည် ပင့်သက်ကလေးရှိုက်ကာ “မေ့ဆေးပေးရတာ စက်က သိပ်မကောင်းတော့ ကြာကြာပေးရတာ သိပ်စိတ်မချရဘူး” ဟု ခပ်ညည်းညည်း ပြောရင်း လက်ဆေးနေလိုက်လေ၏
ဦးစိုးသူခွဲစိတ်လျှင် ကြာသည်ဟု ထိခတ်လိုက်တာပါပဲ။ ဟုတ်သင့်သလောက်လည်း ဟုတ် မှန်နေလေတော့ ဦးစိုးသူ မခံချင်လျက်နှင့် မချေပသာပဲ နှုတ်ဆိတ်နေရှာကို မ၀တ်ရည်ကျေနပ် သွားလေ၏ ။
ခွဲစိတ်ခန်းဝတ်စုံ အပြည့်အစုံ ၀တ်ဆင်ပြီးနောက် မ၀တ်ရည်သည် လူနာခြေရင်းသို့ ခွဲစိတ် ကရိယာတင်သော တွန်းလျည်းကိုရွေ့လာသည်။
အသင့် ဖြစ်ပြိးသော ဦးစိုးသူသည်လည်း လူနာ၏ လက်ယာဘက်တွင် ရပ်ကာ လူနာဝမ်း ဗိုက်ကို ဆေးကြာသန့်စင်နေ၏ ။
စစ္စတာက “ဆေးထိုးပေးမယ်နော် ဦးကြီးပိုက်၊ မျက်လုံး အပေါ်ကိုကြည့်၊ ဖွင့်ထား၊ မျက်ခွံ လေးလာသလား၊ ဖွင့်ထားလေ ဦးကြီးပိုက်ရဲ့ အဲ..ရပြီ” ဟုမေ့ဆေးကို သွေးပြန်ကြောမှ တဖြည်း ဖြည်း သွင်းလိုက်လေ၏ ။
မေ့ဆေးပေးစက်နှင့် ဆက်သွယ်ထားသော မျက်နှာဖုံးခွက်ဖြင့် လူနာ၏ နှာခေါင်းပါးစပ်တို့ ကို အုပ်ဆိုင်းထားပြီးနောက် “မောင်မြင့် လာကိုင်ထားဦး ငါ သွေးပေါင်ချိန်မလို့” ဟု တာဝန်ခေတ္တ လွှဲကာ လူနာအခြေအနေကို ဆန်းစစ်ရလေ၏ ။
“ရပြီဆရာရေ စပေတော့”
မ၀တ်ရည်နှင့် ဒေါက်တာစိုးသူတို့သည် ပေါင်းတင်ပိုးသတ်ထာေးသာ အ၀တ်ဖြူကို တစ်စီ ကိုင်ကာ လူနာကို လွှမ်းခြုံအုပ်ဆိုင်းလျက် ၀မ်းဗိုက်၏ ခွဲစိတ်ရည့် အစိတ်အပိုင်းတနေရာသာ လှစ်လှပ်ထားခဲ့လေ၏ ။
“အက်ထရိုပင်း ပေးပြီးသားလား စစ္စတာ”
“ပေးပြီးသား ဆရာစိုး ခင်လေးလွင် ထိုးပေးလိုက်”
“စမယ်နော်”
“အိုကေ စတော့ ဆရာရေ့”
ဒေါက်တာစိုးသူသည် ရင်ညန့်အောက်ချယ်အပေါ်ပိုင်း ၀မ်းဗိုက်အလယ်မှ ညာဘက်တစ် လက်မခန့်အကွာတွင် ဓားချက်ပေးကာ ခွဲစိတ်မှု စတင်လေ၏ ။
ယိုစိမ့်လာသော သွေးများ ကို သုတ်ရင်း မ၀တ်ရည်က “သွေးဖုံးလွမ်းတဲ့ ခွဲစိတ်မှု ဖြစ်နေပြီ” ဟု အလွတ်မပေးဘဲ ထိုးနှက်လိုက်လေသည်။
ခင်လေးလွင်သည် ခွဲခန်းတံခါးဝမှ ခေါင်းပြု၍ ချောင်းကြည့်လေသည်။
“ဆရာ ညနေကရောက်တဲ့ ရေနစ်တဲ့အလောင်းကို မနက်ဖြန်ခွဲမလားတဲ့။ သူ့အမျိုး ရဲအုပ်လိုက်လာလို့”
“ခွဲ့မယ် မလွင်၊ အချိန်အတိအကျတော့ မပြောနိုင်ဘူး မနက်ပိုင်းတော့ ခွဲမှာ ပဲ”
အမယ်လေးလေး ချစ်ကြည်နေလိုက်ကြတာ။ မလွင်တဲ့။ မ၀တ်ရည် ကတော့ ခင်လေးလွင် ကို အစကတည်းက ကြည့်မရ။ ရိုးသလို၊ အေးသလို ကြောက်သလို လန့်သလိုနှင့် ဘယ်နေရာမှ သွက်သွက်လက်လက ထက်ထက်မြက်မြက် မရှိ။ မျက်နှာကလည်း ဘယ်သူ့တွေ့ တွေ့  ပျားရည် ခွက်ထဲ မှော က်လျက်လဲကျထားသည့်နှယ် မလိုလည်း လိုလည်း ချိုအီမြဲ။
မျက်စောင်းတစ်ချက် အောက်ခုတ်လိုက်ချင်သော်လည်း မ၀တ်ရည် အောင့်အည်ထား လိုက်သည်။ နေရင်းထိုင်ရင်း မနာလို ၀န်တိုနေသည်အထင်မခံနိုင်။ အပျိုကြီး ဖြစ်ရသည်မှာ အထိအပါးများ တတ်ပါဘိသနဲ့
“ခဏ၀င်လာပြီး သွေးပေါင်ချိန်ပေးစမ်းပါမလွင်” ဟု စစ္စတာတာက လှမ်းခေါ်သည်။
“ဒီအတိုင်းတော့ ၀င်မလာနဲ့၊ အဲဒီ ထောင့်မှာ အင်္ကျီချိတ်ထားတယ်”ဟု မ၀တ်ရည်က စည်းကမ်းကြေငြာသည်။
သူ့ပိုင်နက်မှာ သူ့ဥပဒေလိုက်နာကာ ခင်လေးလွင်သည် ခွဲခန်းဝတ်စုံစွပ်၍ ၀င်လာလေ၏ ။
“တရာ့ငါးဆယ်၊ ကိုးဆယ်စစ္စတာ”
“မခွဲခင်က တရားနှစ် ၊ ရှစ်ဆယ်၊ သွေးပေါင်တက်နေတားကို၊ ဒါကြောင့် သွေးထက်များ တာ ဆရာရေ”
စစ္စတာသည် စောစောက ….
“သွေးဖုံးလွှမ်းတဲ့ ခွဲစိတ်ခြင်း” ဟု မ၀တ်ရည်လှောင်ထားသည်ကို သူ့ဆရာဘက်မှ ချေပလေရာ မ၀တ်ရည်က ရှေ့နေခ မျက်စောင်းတစ်ချက်ပေးလိုက်ရလေ၏ ။
ခင်လေးလွင်က ခွဲစိတ်ခန်းထဲမှ မပြေးရုံတမည် သုတ်သုတ်ပြာပြာထွက်သွားသည်။ သူ့မျာ ဘယ်သူက ရန်လုပ်မှာ လိုက်လို့၊ တကတည်း။
စစ္စတာသည် မေ့ဆေးခွက်ထဲမှ ပတ်တီးကျဲစပေါ်သို့ အီသာအနည်းငယ်လောင်းဆွတ်ပြီး နောက် မေ့ဆေးခွက်ပြန်အုပ်သည်။
“ဒီမေ့ဆေးပေးပုံမျိုးသာ ကျွန်မတို့ ရန်ကုန်ကလူတွေ မြင်ရင် တကယ့်ရှောခ်ပဲ”
“ရန်ကုန်ဟာ အခြေအနေအကောင်းဆုံး ကုသမှု တွေ ရနိုင်ပေမယ့် မြန်မာတပြည်လုံးနဲ့ နှိုင်းစာလိုက်ရင် နေရာကျဉ်းကျဉ်းကလေးဟယ်။ ရန်ကုန်လို အခြေအနေရမှ ခွဲစိတ်ကြရစတမ်းဆို ရင် နယ်က အရေး ပေါ်လူနာတွေ အကုန်သေကုန်မှာ ပဲ။ ငါ့ဆ၇ာတွေ ညွှန်ကြားမှု နဲ့ ငါမေ့ဆေးပေး လာတာ ဘယ်လူနာမှ မသေသေးဘူး။ ပေးတဲ့ အခြေအနေမှာ ရှိတဲ့ ပစ္စည်းနဲ့ အကောင်းဆုံး လုပ်နိုင်ဖို့ အရေး ကြီးတယ်”
မ၀တ်ရည်ရေစကားမတုံ့ပြန်နိုင်မီ ဦးစိုးသူက ….
“ဗိုက်ပိတ်မယ်၊ ဆွာ့ဗ်တွေ ရေပါ” ဟု ပြောသဖြင့် သုံးထားသော ပတ်တီးကျဲစများ ကို ရေတွက်ရသည်
“စစ္စတာရေ ချက်ပါဦး၊ တစ်၊ နှစ် ..သုံး…လေး”
စစ္စတာက တန်ပြန်စစ်ဆေးပေးပြီးလျှင် ဗိုက်စပိတ်ဆလေသည်။
ထိုအခိုက် မ၀တ်ရည်က ခြေထောက်များ ကို ဗယ်ညာပြောင်း၍ အားပြုရင်း….
“နန္ဒ၀န်မှာ ကြာကြာနေရင် ကျွန်မခြေသလုံးတွေ တော့ အကြောထုံးတော့မှာ ပဲ” ဟု ရေရွတ် ဆောင့်အောင့်သည်။
အဆီပြင်ကို ကြိုးချည်၍ ချုပ်ရာတွင် အားလွန်ကာ ကြိုးပြတ်သဖြင့် တစ်ချက်ပြန်ချုပ်နေရ သော ဦးစိုးသူသည် မ၀တ်ရည်ကို တည့်တည့်မတ်မတ်စူးစိုက်ကြည့်လေ၏ ။ သူ၏ စူးရှတည်ကြည် သော မျက်လုံးများ ကို မထီမဲ့မြင်ပြန်လည် ရင်ဆိုင်၍ ကြည့်သော်လည်း ရင်ဝယ်တစ်မျိုးတမည် တင်းကျပ်ကျပ် ဖြစ်လာရလေသည်။
“ဆရာမ ခွဲစိတ်ရာမှာ အကူအညီအပေးအယူ တော် မှန်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့အား ကိုယ်ကျိုးအတွက်မဟုတ်ဘဲ လူနာတွေ အတွက် လုပ်နေကြတာပဲဗျာ။ ဆရာမ တစ်ယောက် တည်းနဲ့လည်း အလုပ်မ ဖြစ်နိုင်ပါဘူး”
မ၀တ်ရည်၏ ဦးနှောက် နှင့် ပါးစပ် ခေတ္တတုံ့ဆိုင်းထုံထိုင်းသွားပြန်သည်။
ပြန်လည်ခြေပရန်အားယူခိုက်….
စစ္စတာက“ဒါပေါ့… ဒါပေါ့ တစ်ယောက် တည်း လုပ်လို့ဘယ် ဖြစ်မှာ လဲ” ဟု ၀င်ပြောလိုက်ပြီးနောက်…
“ကျွန်မ လူနာကို ဗိုက်ပိတ်ပြီးတာနဲ့ နှိုးလိုရစေရမယ်၊ မယုံဘူးလားဆရာ ” ဟု စကားလမ်း လွှဲလိုက်လေသည်။
စစ္စတာ့စကား ညစ်ညမ်းလှချည့်ဟု စစ္စတာကို ရှက်ဒေါသထွက်ကာ မ၀တ်ရည်မှာ စကား သံထွက်မလာနိုင်။ စစ္စတာက ပါးနပ်စွာ စကားလမ်းလွဲပြီးကာမှလည်း စောစောက စကားစ ပြန်ရော်အောင် ဘယ်လိုပြန်ရောက်ရမည် မသိ။
“ဦးကြီးပိုက်၊ …အိုး.. ဦးကြီးပိုက်” ဟု စစ္စတာက လူနာကို အားပါးတရခေါ်နှိုးနေသည်။
ဒေါက်တာစိုးသူနှင့် မ၀တ်ရည် ခပ်အမ်းအမ်းရပ်နေဆဲ လူနာကအင်း.. အဲ လူးလွန့် ညည်းညူလာသည်။
“မိုးအေးအေးနဲ့ ဒီကအပြန် ယောက်ျားနဲ့ ဖက်အိပ်ရုံပဲ×××× အိစက်ညက်ညောတဲ့ ဖဲမွေ့ ရာပေါ်ဝယ်××× ချစ်တလင်းခေါ်မယ်××× ချစ်ဗျူဟာကျင်းစို့ တူမောင်မယ်×××”
စစ္စတာသီချင်းတအေးအေးနှင့် ခွဲစိတ်ခန်းအပြင်ထွက်သွားလျှင် ဒေါက်တာစိုးသူ သုတ်ချေ တင်ကာ လိုက်သွားတော့သည်။
မ၀တ်ရည်၏ တစ်ကိုယ်တည်းအပျိုကြီးဘကို သက်သက်စောင်းချိတ်သရော်သွားတာပဲဟု အခံရခက်စွာ ကျန်ရစ်ခဲ့သည်။
ငယ်ငယ် ကတော့ အလုပ်မှာ သာ ဂုဏ်ယူနစ်မွန်းကာ အချစ်ရေး ၊ အိမ်ထောင်ရေး ကို မတွေး ဖြစ်ခဲ့တာ အမှန်။ အရွယ်ရလာသည့်တိုင် ရန်ကုန်မှာ တုန်းက သူမဘ၀မှာ ကျေနပ်နေခဲ့သေးသည်။ နန္ဒ၀န်ရောက်ကာမှ ပြည်တန်ပတ္တမြားလား၊ ကျောက်စရစ်ခဲ့လား၊ ခွဲခြားမသိသူတို့ အလယ်တွင် မ၀တ်ရည်စိတ်ပျက်လက်ပျက် ဖြစ်လာရသည်။ ဤတွင် … ခြောက်သွေ့သော အထီးကျန်ဘ၀ကို ငြီးငွေ့စပြုလာ၏ ။ ငယ်ငယ်ကလို ပိုးပန်းသူတွေ လည်း အနားမှာ ရှာမတွေ့ ။
မ၀တ်ရည် ၏ ဇွဲမျိုး ခံနိုင်သူ မိခင်ကြီးလည်း ကွယ်လွန်ခဲ့ပြီ။ ငယ်ကတည်းက မသင့်မြတ် သော ညီမကလည်း သူ့အိုးသူ့အိမ်နှင့် မ၀တ်ရည်နေထိုင်မကောင်း၍ မှ လာတွေ့ ဖော်မရပဘဲ စိမ်းကားလှသည်။
ဒေါက်တာစိုးသူသည် မည် သည့်ရည်ရွယ်ချက်နှင့် ထည့်ပြောပြော မ၀တ်ရည် တော် ကြောင်း၊ ထည့်ပြောဖော်ရသဖြင့် မ၀တ်ရည်ဝမ်းမြောက် ကြည်နူးမိကြောင်း ကိုယ့်ကိုယ်ကိုယ် သာ သိလေသည်။ ထို့ကြောင့် လည်း စစ္စတာ့သရော်ချက်မှာ မလုံမလဲ ဒေါသမီးရဲကနဲ ထတောက် မိပေတာပေါ့။
“ဟဲ…မောင်မြင့် ငိုက်မနေစမ်းနဲ့၊ လူနာ ရွှေ့၊ မြန်မြန် သယ်၊ တွေ့ လား… ပြောရင်သာ မကြိုက်တာ၊ ဘယ်မှာ လဲ ဦးကြည်၊ ပေါ်မလာသေးဘူးမဟုတ်လား”
နီးရာလူကိုပဲ မ၀တ်ရည်မဲ၍ ငေါက်ငမ်းပစ်လိုက်နိုင်လေသတည်း။
“ဂွတ်မောနင်း ဆရာ”
အသံ စူးစူးကြည်ကြည်ကလေး ကြားလိုက်ရသဖြင့် လှည့်အကြည့်တွင် ဒေါက်တာဟန်တင် မှာ လက်ထဲမှ ဆေးထိုးပိုက်လွှတ်မကျအောင် မနည်းထိန်းလိုက်ရလေသည်။
သွားဆရာဝန်ခမျာ လူနာဟထားသော ပါးစပ်အတွင်းသို့ မကြည့် ဖြစ်တော့ဘဲ တံခါးဝဆီသို့ သာခပ်ကြောင်ကြောင် ငေးနေမိတော့၏ ။
“ဒါ နောက်ဆုံးလူနာပဲလို့ ယူ့နပ်စ်က ပြောလို့ အိုင်ဝင်လာတာ။ အပြင်မှာ ထိုင်စရာလည်း မရှိလို့လေ ရပါတယ်နော်”
ဒေါက်တာ ဒေါ်မေနွဲ့ကေသီသည် ခန်းဆီးပြာကို လက်တစ်ဖက်နှင့် တွန်းဖယ်ကာ ချိုရွှင်စွာ ပြုံးနေသည်။ အသားဖြူဖြူ၊ အရပ်ပျပ်ပျပ်၊ ၀တုတ်တုတ်ကလေး၊ လေဒီဒိုင်းနာဆံပင်နှင့် မျက်ခုံး အညိုရောင် နှုတ်ခမ်းနီဆိုးထာသော ကြောင့် နှုတ်ခမ်းထူထူစုစုသည် ထင်းထင်းရှင်းရှင်းလှပနေ ညသည်။
ပန်းနုရောင် နောက်ခံတွင် အညိုနုရင့် ပန်းပွင့်စိပ်စိပ်ကြဲပက်ထားသော အင်္ကျီ၊ ထဘီ ထက် အောက်တစ်စုံစာ ၀တ်ဆင်လျက် ဖြူဖွေးသော ဂျူတီကုတ်မှာ တင်ပါးမဖုံးတဖုံး၊တိုနန့်န့န်ကလေး ဂျူတီကုပ်အိတ်ကပ်ထဲမှ နားကျပ်ကလေးတ်ဝက် တစ်ပျက်ထွက်ပေါ်နေလေ၏ ။
အလှကိုမြင်ရသည်မှာ မင်္ဂလာတဲ့။ ယူယနေ့ မင်္ဂလာရှိ သွားပါပကော။
“အိုင့်သွားတွေ ပြချင်လို့ယူရေ၊ သွားကိုက်လွန်းလို့၊ ဘာမှဝါးလို့မရဘူး။ အိုင့်သွားတေါက အကုန်ပိုးစားနေတာ၊ ခုဆို ကြည့်ပါဦး ပါးတစ်ဖက်ရောင် နေပြီယူရဲ့ ”
ဒေါက်တာဟန်တင် ကြောင်တက်တက်ငေးနေဆဲ။
“ပါးစပ် ခဏပိတ်ထားမယ်နော်ဆရာ”
ပါးစပ်ဟရထားရသည်မှာ ပါးညောင်းလာပြီ ဖြစ်ဟန်နှင့် လူနာအမျိုးသမီးကြီး မ၀ံ့မရဲ ခွင့်ပန် ရှာလေသည်။ သည်တော့မှ ဒေါက်တာဟန်တင်သည် သူ့လူနာကို ငုံ့ကြည့်မိလေ၏ ။
“ပိတ်ထားပါ အဒေါ်၊ ပိတ်ထားပါ”
ထို့နောက် ဒေါ်မေနွဲ့ကေသီကို ရှက်အမ်းအမ်းလှည့်ကြည်ကာ…..
“လာပါ ဒေါ်မေနွဲ့ကေသီ၊ ထိုင်ပါဦး” ဟု ဖိတ်ခေါ်လိုက်လေသည်။
ဒေါက်တာမေနွဲ့ကေသီသည် ဒေါက်မြင့်ဖိနပ်အဖြူကလေး တဒေါက်ဒေါက်မြည် အောင်နင်း ကာ ခြေလှမ်းခပ်သွက်သွက်လှမ်းလာပြီးနောက် ဒေါက်တာဟန်တင်၏ ကုလားထိုင်တွင် စွေ့ခနဲ ၀င်ထိုင်လိုက်လေ၏ ။
သွားဌာနတစ်ခုလုံး မျက်လုံးဝေ့ကြည့်လိုက်သော ဒေါ်မေနွဲ့ကေသီသည် သွားကျန်းမာရေး ပညာပေးနံရံကပ်ပိုစတာတစ်ခုကို ဖတ်ရှုနေသည်။ ၀တုတ်တုတ် ကလေးငယ်သည် ညအိပ်ရာ ၀င် သွားမှန်မှန်မတိုက်ပဲ အချိုအဆီစားလွန်းသော ကြောင့် သွားကိုက်ကာ သွားဆရာဝန်ထံ ပြသဆေး ကုရပုံများ ကို လက်ရာမြောက်စွာ ရေး ဆွဲထားလေရာ ဒေါ်မေနွဲ့ကေသိက သဘောကျစွာ ရယ်မော နေလေသည်။
ဒေါက်တာဟန်တင်မှာ လူနာနံဘေးတွင် ရပ်ကာ ပြုံးတော့မလို၊ စကားဆိုတော့ မလို၊ မငျြိမ် မသက် ဖြစ်နေရပြန်သည်။
“အိုင်လဲ အဲဒီ ကလေးလို ဖြစ်နေပြီ၊ ညအိပ်ရာဝင် သွားတိုက်သိပ်ပျင်းတာ၊ အချိုကလည်း သိပ်ကြိုက်၊ ချော့ကလက်၊ ထန်းလျက်၊ ဖရုံယို”
ဒေါက်တာမေနွဲ့ကေသီက ညာခြေထောက်ကို ဗယ်ဘက်ဒူးပေါ် ချိတ်တင်ကာ ခြေဖျား ကလေးလှုပ်ယမ်းရင်း ခေါင်းခါခါ လည်ခါခါ စကားပြောနေရှာလေ၏ ။
“လူနာကိုဆက်ကြည့်ပေးပါဦးဆရာ ပြီးမှ အိုင့်ကို ကြည့်တာပေါ့”
ဒေါ်မေနွဲ့ကေသီက လူနာကိုအလျှင်ကြည့်ရှုကုသပေးပြီးမှသာ သူ့ကိုကုသကြည့်ရှုပါ ပြော ဆိုခြင်း ဖြစ်သော်ငြားလည်း အလှမှာ ယစ်မူးနေခဲ့မိသော ဒေါက်တာဟန်တင် ရှက်ကိုးရှက်ကန်း ဖြစ်သွားရလေသည်
သူက လူနာကိုငုံ့ကြည့်ကာ “ဟဲ” ဟု အခြောက်တိုက်ပြုံးရယ်ပြု “ပါးစပ်ဟအဒေါ်” ဟု ပြောကာ ဘယ်ဘက်ပထမအံသွားကို စမ်းသပ်ကြည့်သည်။
လူနာက “အင်း.. ဟင့်အင်း” နှင့် ၀ူးဝူး ၀ါးဝါး အသံပြုကာ ညာဘက်အံသွားကို လက်ညှိုး ညွှန်ပြနေသည်။
“သိပါတယ်အဒေါ်၊ ကျွန်တော် က ဘယ်နဲ့ညာယှဉ်ကြည့်နေတာပါ”
ဒေါက်တာမေနွဲ့ကေသီက သူ့လှုပ်ရှားကုသမှု များ ကို ထိုင်ကြည့်နေလေရာ ဒေါက်တာ ဟန်တင်မှာ အယောင်ယောင်အမှားမှာ ဖြစ်နေကော ထမင်းစား ရေသောက်လုပ်ဆောင်နေကျ သွားနုတ်သော အလုပ်ကိုပင် မနည်းအာရုံစိုက်နေရလေတော့၏
ဒေါတာမေနွဲကေသီသည် သူနှင့် တနှစ် တည်းအတူ တက္ကသိုလ်ရောက်ခဲ့သည်။ ဆေးတက္ကသိုလ်တစ်ခွင်မှာ မေနွဲကေသီဆိုသော နာမည် သည်ထင်ပေါ်ကျော်ကြားလျက် သူငယ်ချင်းတွေ ပါစမှာ ရေပန်းစားခဲ့လေသည်။ သူ့မှာ တော့ ချို့ချို့ငဲ့ငဲ့နှင့် ကောလိပ်ရောက်လာရသူပီပီ အစိုးရထောက်ပံ့ကြေးနှင့် အမေ့ပို့ငွေကို မည် သို့မည် ပုံ ခွဲတမ်းချပြီး လုံလောက်အောင် သုံးစွဲမည် အပြန်ပြန်အလှန်လှန် ဝေဖန်သုံးသပ်ရင်း ဆန့်ကင်ျဘက်လိင်ကို စိတ်မ၀င်စားနိုင်ခဲ့။
မေနွဲကေသီကို သူတက္ကသိုလ်ရောက်ပြီး သုံးနှစ် ကြာမှ စတင်ကာ တွေ့ မြင်ဖူးခဲ့ရသည်။ သူတို့ အတန်းထဲမှ အရာရှိကြီးတစ်ဦး၏ သားက သူ့ကားပေါ်မှ မေနွဲ့ကေသီကို တင်လာတတ်လေ သည်။ မကြာမီ အတန်းဖော်ခမျာ ကိုးယောက် မြောက်ရာထူးမှ လျော့ကျကာ ဖျပ်ဖျပ်လူး အသည်း ကွဲရစ်လျက် ကျန်ရစ်ပြန်လေသည်။ မေနွဲ့ကေသီက အထူးကုဆရာဝန်ကြီးတစ်ဦးနှင့် တွဲ နေပြန်ေ လေ၏ ။ ဤသို့ဖြင့် ယောက်ျားလေးတွေ ၀ိုင်းဖွဲ့ပြောဆိုကြသော မိန်းကလေးတို့အကြောင်းထဲတွင် မေနွဲ့ကေသီနာမည် အမြဲပါဝင်နေမြဲ။
ယခုလို နန္ဒ၀န်ဆေးရုံတွင် အလုပ်အတူလ်ုပနေကြရသည်မှာ အံ့သြစရာတော့အကောင်း သား၊ ဒေါက်တာဟန်တင်သည် ဤဆေးရုံတွင် လူသစ်လည်း ဖြစ်ပြန်၊ သူ့ကုသရေး အပိုင်းကဏ္ဍက တသီးတခြားလည်း ဖြစ်ပြန်ရကာ သူနှင့် အကျွမ်းတ၀င်မရှိသေး။ မေနွဲ့ကေသီနှင့် တွေ့ လျှင်ပြုံးပြ နှုတ်ဆက်ရုံမျှသာ။ ယနေ့မှ…
“ဆေး ငါရက်ဆက်ထိုးပါ အဒေါ်၊ အပြင်လူနာ ဌာနမှာ လာလာထိုးပါ”
အဒေါ်ကြီးထွက်သွားသည်နှင့် တစ်ပြိုင်နက် ဒေါက်တာမေနွဲ့ကေသီသည် အခေါ်အဖိတ် စောင့်မနေတော့ဘဲ သွားကြည့်ရှုကုသရာ ကုလားထိုင်ပေါ် စွေ့ကနဲ ၀င်ထိုင်လိုက်လေသည်။
“အံသွားအားလုံး အပေါက်တွေ ချည်ပဲ ဆရာ၊ အဖာအထေးတွေ နဲ့ချည်ပဲ၊ အခုရောင် နေ တာက ဗယ်ဘက်က”
ဒေါက်တာမေနွဲ့ကေသီ၏ မလှပသော တနေရာကို ဒေါက်တာဟန်တင် တွေ့ မြင်နရပြီ။ အထိန်းအသိမ်းကင်းမဲ့သော သွားများ မှာ ပျက်စီးယိုယွင်းလျက် အဖာအထေးများ ပြည့်နှက်နေသည်။ အားပါ… ဘယ်ဘက်အံသွားသည် ဟောင်းလောင်းပေါက်နေရုံမက ပြည်တည်နေပါ ပြီ။
“ဘက်ဘက်အံသွားအတွက်တော့ ဆေးထိုးပါဦး ဒေါ်မေနွဲ့ကေသီ၊ ဖာလို့မရသေးဘူး။ ရောင် လည်း ရောင် ၊ ပြည်လည်းတည်နေတယ်။ ညာဘက်တစ်ချောင်းက နဂိုဖာထားတာပဲ သွားပြီ။ ပြန်ဖာပေးမယ်၊ နည်းနည်း ညှိစားပစ်ရမှာ နော်”
“အမယ်လေး…တဂျိဂျိနဲ့ အိုင် ..သိပ်အသည်းယားတာပဲ နာမလား…ဟင်”
“မနာပါဘူးဗျာ”
“အိုင့်မှာ သွားကြောင့် အမြဲဒုက္ခရောက်နေရတာ ၊ သွားဆရာန်နဲ့ ကင်းရတယ်မရှိဘူး သိလား”
သွားကို ဂရုစိုက်ပြုပြင်ကုသနေချိန်တွင် ဒေါ်မေနွဲ့ကေသီ၏ အလှအပကို ခေတ္တမေ့ ဖျောက် ထားလေ၏ ။
“ကျေးဇူးပဲဆရာ ၊ အိုင် တက်ထရာနဲ့ ကီးမို့စ်ပဲ သောက်လိုက်မယ် ဆေးမထိုးချင်ဘူး”
“သြော်.. ဟုတ်ကဲ၊ ဒေါ်မေနွဲ့ကေသီသဘောပါပဲ”
“ကေသီလို့ပဲ ခေါ်ပါဆရာရဲ့ ၊ အိုင့်နာမည် ကြီးက တမျှော်တစ်ခေါ် ရှည်လျားလိုက်တာ စိတ်ပျက်စရာနော်”
“ဒေါ်…အဲ.. ကေသီနာမည် က လှပါတယ်”
ဒေါက်တာဟန်တင်မှာ ပြောပြီးကာမှ ရှက်အမ်းအမ်း ဖြစ်နေသော်လည်း ဒေါ်နွဲ့ကေသီ ကတော့ မသိလိုက်ဘာသာ ပြုံးပြုံးရွှင်ရွှင်ပါပဲ။
“နန္ဒ၀န်မှာ မပျင်းဘူးလားဆရာ”
“မပျင်းပါဘူးကေသီ”
“နှစ် နှစ် ပြည့်ပြီလားဟင်”
“တစ်နှစ် ခွဲရှိပြီ နှစ် နှစ် လောက်ဆိုရင် ပြောင်းရဖို့ နီးလာပြန်ရော၊ ဘယ်ရောက်ဦးမယ် မသိ ပါဘူး။ ဒီမှာ က အသွားအလာလည်း အဆင်ပြေ၊ နယ်မြေကလည်း အေးအေးချမ်းချမ်း”
“အိုင်တော့ ဒီက ပြောင်းကိုပြောင်းချင်တာ သိပ်ပျင်းတာပဲ”
“ကေသီက ဒီထက်အခြေအနေဆိုးတဲ့နေရာတွေ ကို မရောက်ဖူးသေးလို့ပါ”
“ယူကော ရောက်ဖူးလို့လား”
“ကျွန်တော့် ဇာတိရပ်ရွာက ဒီထက်ချောင်ကျပြီး နယ်မြေလည်း မငြိမ်မအေး၊ မီးလည်း မရှိတဲ့နေရာဗျ”
ဒေါက်တာဟန်တင်သည် တနင်္သာရီတိုင်းတနေရာရှိ သူပရွာကလေးကို သတိရလွမ်းဆွတ် လာသည်။ တနေ့တော့ သူ့ရပ်ရွာတွင် ပြန်လည်အခြေချမည် ဟု အားခဲထားခဲ့သည်။ ယခုအခါမှာ တော့ အစိုးရအလုပ်ခွင်တွင် ထားရာနေ၊ စေရာသွားရလိမ့်မည် ။ သူ့ရွာသို့ ပင်စင်ယူမှပဲ ပြန်ရောက် နိုင်မည် ထင်၏ ။
“အိုင်တော့ ရန်ကုန်မှာ ပဲ ပျော်တယ်။ တလတစ်ခါလောက် အကြောင်းရှာပြီး ရန်ကုန်ပြေး တဲာ၊ သူငယ်ချင်းတွေ ဆီ လျှောက်လည်၊ ဖုန်းဆက်၊ တီဗွီကြည့်၊ စတိတ်ရှိုးကောင်းရင် ပြေးရသေး တာ”
ဂွမ်းပမာ ပေါ့ပါးသော မေနွဲကေသီကို ဒေါက်တာဟန်တင်နှမြောသလိုလို၊ သနားကြင်နာ သလိုလို ခံစားရသည်။ တစ်ဘက်ကလည်း အပူအပင်ကင်းမဲ့ခြင်းသည် စိတ်ချမ်းသာခြင်းပါပဲဟု ခွင့်လွှတ်နေမိလေသည်။
“အိုင်တို့ မြို့နယ်ဆရာဝန်ကြီးလည်း ပင်စင်သွားတော့မယ်နော်”
“ဘယ်သူများ အသစ်ရောက်မလဲမသိဘူး”
“မပြောတတ်ပါဘူး၊ ဒါပေမဲ့ ဦးမင်းစိန် ကတော့ ပြောင်းရတော့မယ်။ သူက ကြာပြီဆိုတော့ ပြောင်းရမယ့်အတူတူ မြစ်ဝကျွန်းပေါ်ဘက် ရောက်အောင် ကြိုးစားနေတာ”
“ဟုတ်လား.. ကြိုးစားလို့ရသလား”
မေနွဲ့ကေသီသည် ဒေါက်တာဟန်တင်ကို တအံ့တသြကြည့်ကာ ရယ်စရာဟသတစ်ခု တွေ့ လိုက်ရသလို တဟိဟိရယ်တော့၏ ။
“ဆရာကလေ…. အိုင်ထင်တာထက်တောင် ရိုးသားသေးတယ်နော်၊ ဦးစိုးသူလည်း ဆရာ့လိုပဲ ရိုးတော့ရိုးတယ်၊ ဒါပေမဲ့ သူက ပါးတယ်ယူရဲ့ ”
ဒေါက်တာဟန်တင် ကတော့ ထူည် ဆိုပါစို့ရဲ့ ။ ထားပါလေ.. သူငယ်ချင်းများ ကလည်း တောသား၊ ဂျန်ဂလိဟု နှိမ်နေကျပါပဲ။ ကိုယ့်ဘာသာ ရိုးအနေတာ ဘာ ဖြစ်သလဲ သူမခံချင် မ ဖြစ်မိပါပေ။
“အိုင်လည်း ကြိုးစားနေတာပဲ၊ ဒါပေမဲ့ ဒီမှာ တစ်နှစ် လောက် မနေဘဲ ပြန်ပြောင်းလို့ ယူရဲ့ ”
ဒေါက်တာဟန်တင်သည် ဒေါ်မေနွဲ့ကေသီ ပြောင်းရွှေ့မသွားစေချင်ြောင်း မပြောရဲဘဲ ခပ်ငိုင်ငိုင်စဉ်းစားနေလေ၏ ။
မေနွဲ့ကေသီက နာရီကိုကြည့်ကာ “ဆယ့်နှစ် နာရီခွဲတော့မယ် ယူတော့ အိုင်ကရှုပ်တာနဲ့ နောက်ကျနေပါပြီ” ဟု ဆိုသည်။
“ကိစ္စမရှိပါဘူးဗျာ”
“နက်ဖြန်လာရဦးမယ် မဟုတ်လားဟင်၊ အဲဒီ တော့ ဆုံသေးတာပေါ့၊ သွားမယ်နော်…အိုင်”
ကေသီက လက်ကလေးပြကာ နှုတ်ဆက်သွားလေရာ ဒေါက်တာဟန်တင်ခမျာ လက်ပြန်ပြ ရမလိုနှင့် လက်ပြနေကျ မဟုန်ပြန်ရကား လက်ကိုမြှောက်မလို့ ပြုပြီးမှ ပြန်ချလိုက်ရကား ပြုံးပြုံးကြီး ကျန်ရစ်ရလေတော့၏ ။
“သွားနှင့် ခံတွင်း” ရောဂါ ကုဌာနမှ ပြုံးစစနှင့် ထွက်ခွာသွားသော ဒေါ်မေနွဲ့ကေသီကို ထဘီနီနှင့် သူနာပြု ဆရာမ ကလေး နော်ဆွိတီက စပ်စုစွာ လိုက်ကြည့်နေရစ်လေသည်။
ရိုးအအ၊ အူကြောင်ကြောင် ဒေါက်တာဟန်တင်ကို မေနွဲ့ကေသီ ရယ်ချင်လှသည်။ ဒေါက်တာ ဟန်တင် အယောင်အယောင်အမှားမှား ဖြစ်နေပုံတွေ မှာ မေနွဲ့ကေသီကျိတ်၍ ဟားစရာ ချည်းပါပဲ…။
နန္ဒ၀န်ရောက်သည်မှာ တစ်နှစ် ပြည့်လုပြီ ဖြစ်သော်ည်း ဒေါက်တာဟန်တင်နှင့် ယခုကဲ့သို့ နှစ် ယောက် ချင်း တကြိမ်တစ်ခါမှစကားပြောဆိုဖူးခြင်းမရှိခဲ့။
ဒေါက်တာဟန်တင်မှာ လည်း ဆရာဝန် မို့သာ ဆရာဝန်။ လမ်းမှာ တွေ့ လျှင် မည် သို့မျှ စိတ်ဝင်စားချင်စရာမရှိလောက်အောင် အသားညို ညို၊ ဂင်တိုတိုတွင် မျက်နှာမှာ လည်း ကျောက် ပေါက်မာသက်သက်နှင့် ၊ တဆင့်စကား တစ်ဆင့်နားနှင့် နာမည် ပြောင် ဂျန့်ဂလိဇာတိ တောသားဟူ၍ သိထားရန်ပြန်သေးသည်။ သည်ပုံစံမျိုးကိုရန်ကုန် မှာ တုန်း ကတော့ မေနွဲကေသီ၏ အလှကိုယ်ရံတော် စာရင်းထဲမှာ ဘယ်ထည့်သွင်းစဉ်းစားပါ့မလဲ…။
နန္ဒ၀န်မှာ အနေကြာတော့ မေနွဲ့ကေသီလည်း ပျင်းရိနေပြီ။ သို့တစေ ရန်ကုန်တုန်းက ကျေးကျွန်တို့သည် ရန်ကုန်မှာ ပဲ ကျန်ရစ်လေပြီ။ နန္ဒ၀န်မှာ လူတကာကို သမားတစ်ဆူအ ဖြစ် အရေး တယူလေးစားကြည်ညိုလိုကြသော နန္ဒ၀န်မြို့သူမြို့သားတွေ ကို ထောက်ထားပြီး သမားသိက္ခာနှင့် ကိုက်ညီအောင် အနေအထိုင်ဆင်ခြင်နေရသည်နှင့် ချစ်သက်တမ်းမကစားဝံ့။
ဤမြို့ငယ်လေးတွင် အမျိုးသမီး ဆရာဝန်ဆို၍ ဒေါ်သန္တာတင်က ကလေးတစ်လှေတစ် မကြီးနှင့် အိမ်ထောင်ရှင်ဆိုတော့ မေနွဲ့ကေသီသည် မြို့၏ စိတ်ဝင်စားရာ ဖြစ်နေလေ၏ ။
ယခု သွားကိုက်၍ သွားဆရာဝန်ထံလာပြရင်း ဘဲငန်းတွေ့ သဖြင့် မေနွဲ့ကေသီကြည်မွေ့ လာလေသည်။ ၀ါသနာကို မတားနဲ့တော့ရှင်…
မေနွဲ့ကေသီသည် သွားနှင့် ခံတွင်းဌာမှထွက်လာကာ အပြင်လူနာဌာနရှေ့မှ ဖြတ်သန်း ထွက်ခဲ့ပြီးနောက် သံဃာ့ဆေးရုံ ဖြစ်သော တထပ်တိုက်ပုလေးအလွန်ရှိ ပင်မအဆောက်အအုံ ဟောင်းကြီးဆီသို့ ပြန်ခဲ့လေသည်။
မေနွဲ့ကေသီမှာ ဖျားနာဆောင်ထဲရောက်ရှိသော အခါ အမျိုးသမီးလူနာဆောင်ထဲ၌ ခင်လေးလွင် တစ်ယောက် ဗျာများ နေသည်ကို တွေ့ ရလေ၏ ။ အလုပ်သမား ဦးကျားကြီးမှာ လည်း အောက်စီဂျင်ပုံးကြီးကို တွန်းယူလာလျက်ရှိလေ၏ ။
“မလွင်တို့ဘာ ဖြစ်နေကြတာလဲ”
ခင်လေးလွင်၏ မျက်နှာသည် မေနွဲ့ကေသီကို မြင်လျှင် အားတက်သွားဟန် အထင်သား မြင်ရသည်။ နေရာပေးလေးစားမှု ကို ခင်လေးလွင်၏ မျက်လုံးများ တွင် နှစ် ခြိုက်စွာ သတိပြုမိသည် နန္ဒ၀န်ဆေးရုံရောက်စကတည်းကပါပဲ။
“အောက်ဆီဂျင်လိုနေတာက နှစ် ယောက် ဒေါက်တာ… တစ်ခုပဲ ရှိနေလို့ ကလေးဆောင် ကနေ တစ်ခုငှားထားတာ၊ အခု ကလေးဆောင်ကလည်း အလျှင်လိုလို ပြန်တောင်းနေတယ်”
ဒေါက်တာမေနွဲ့ကေသီမှာ စောစောက အူမြူးလာသမျှ တစ်ခန်းတစ်ကဏ္ဍ ရပ်တန့်လျက် အောက်စီဂျင်လိုအပ်နေသည်ဆိုသော လူနာနှစ် ယောက် ကို ကြည့်ရှုစစ်ဆေးရတော့သည်။
တစ်ယောက် က အသက် ငါးဆယ်ကျော်အရွယ် ကုလားမကြီး၊ အဆုတ်တွင် ဖြစ်ပေါ်လာ သော ဝေဒနာမှာ အခြေပြုမြစ်ဖျားခံကာ ထပ်ဆင့်ဖိစီးလာသော နှလုံး ရောဂါ ၏ ဒဏ်ကို ခံစားနေရ သူ။ မျက်နှာအမ်းအမ်း၊ နှုတ်ခမ်းများ က ပြာနှမ်းနှိမ်းနှင့် ခြေထောက်များ သည် ဖောကားလျက် ဖားခုံ ညင်းကျောပြင်ပမာ တင်းပြောင်နေလေသည်။
ပက်လက်မနေနိုင်ဘဲ ခုတင်နောက်မှီထိုင်ကာ ပင် ပန်းကြီးစွာ အသက်ရှူရင်း ဒေါ်မေနွဲ့ ကေသီအာ အားကိုးတစ်ကြီး ကြည့်နေရှာလေသည်။ နှာခေါင်း တွင် အောက်စီဂျင်ပိုက်တန်းလန်း။ နှလုံးသားသည် ရင်အုံထဲမှ အပြင်သို့ပေါက်ကွဲခုန်ထွက်လာ တော့မတတ် ဒိုင်း မြန်ဆန် ထန်ပြင်းစဒွာခုန်ပေါက်နေလေ၏ ။
“အင်း… သူ့တေ့ ဖြုတ်လို့ မ ဖြစ်သေးပါဘူး”
ခင်လေးလွင်က ခေါင်ကလေးညိတ်ကာ …..
“နှင်း ဆီကို ဖြုတ်ထားတယ် ဒေါက်တာ၊ ပိုက်ကို သူဆွဲဆွဲဖြုတ်တာနဲ့ ကျွန်မပြန်တပ်ပေး ရတာ နှစ် ခါသုံးခါးရှိပြီ။ သူအနေရခက်လို့ မကပ်ချင်ဘူးတဲ့။ အခု ကလေးဆောင်က လာတောင်းတော့ သူကပေးလိုက်ပါတဲ့ သူ့အမေကလည်း ပေးပါဆိုတာနဲ့…”
“နှင်းဆိလား.. သူလဲ ဖြုတ်လို့ မ ဖြစ်သေးဘူး မလွင်၊ အခြေအနေက သိတဲ့အတိုင်း”
နှင်းဆီကိုတော့ နန္ဒ၀န်ဆေးရုံက ရင်းနှီးကျွမ်းဝင်နေလေပြီ။ နှလုံးအဆို့ရှင်များ ပျက်စီးသည့် ဝေဒနာကို နှင်းဆီခံစားလာရသည့် လေး၊ ငါးနှစ် အတွင်း အိမ်မှာ နေချိန်ထက် ဆေးရုံမှာ နေချိန်က ပို၍ များ ခဲ့ပေလိမ့်မည် ။ ချောင်လည်သော မိဘများ က ရန်ကုန်ရှိ နာမည် ကျော် သမားတော် ကြီး များ ထံ အကြိမ်ကြိမ်ပြသအပ်နှံ့ကာ ဆေးဝါးကုသမှု ခံယူခဲ့ပြီးပြီ။
ကြာတော့ နှင်းဆီးစိတ်လျှော့ကာ ရန်ကုန်မသွားတော့ပေ။ သမားကြီးတော် များ ထံ ဝေးဝေး လံလံ တကူးကတကသွားရောက်၍ ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းပြီးမှာ က တဒင်္ဂမိနစ်ပိုင်းမျှ စမ်း သပ်ခံပြီး ပြန်ထွက်လာရခြင်းထက် ဦးမင်းစိန်၏ အပြုံးအရယ်၊ ရွယ်ရွှင်ဖွယ် သော လုံးများ နှင့် အချိန် အခါမရွေး အိမ်လိုက်လာပြီး ကြည့်ရှုပေးသော ကုသနှစ် သိမ့်မှု ကြားဝယ် နောက်ဆုံးအချိန်ကို စောင့် စာနေရှာတော့သည် ဝေဒနာ သည်းထန်လာတိုင်းလည်း နန္ဒ၀န်ဆေးရုံကြီးသို့ တက်ရောက်လာရမြဲ။
“ဆွေမျိုးတွေ ကို ရှင်းပြမထားဘူးလားမလွင်”
“ဟုတ်ကဲ…ဒေါက်တာ ဝေဒနာခံစားလာရတာ ကြာပြီဆိုတော့ တနေ့ဒီလို ဖြစ်မယ်ဆိုတာ မျှော်လင့်ထားပီးသားပါတဲ့”
မေနွဲ့ကေသီ သက်ပြင်းချရင်း ကြိုတင်ရှင်းပြထားသူ ခင်လေးလွင်ကို ကျိတ်၍ ကျေးဇူးတင် မိသွားသည်။ ကောင်းသတင်းကိုသာ အားပါးတရ ပြေးပြီး ပြောလိုက်ချင်ကာ မကောင်းသတင်း ပြောဖို့ မေနွဲ့ကေသီ တွန့်ဆုတ်ပင်ပန်းလှချေသည်။
“အေးလေ.. သူတို့ နားလည်သဘောပေါက်ရင် တော် သေတာပေါ့။ ဒါပေမဲ့ ကွယ် အောက် စီဂျင်ဖြုတ်ထားရတာ ကတော့ မဟန်သေးပါဘူး”
“ပိုက်ကြီးကို နှာခေါင်းထဲ ထည့်မထားချင်တဲ့ဆန္ဒကို လိုက်လျောတဲ့သဘောနဲ့ သူ့အမေက ဖြုတ်ပါပြောတ စိတ်ချမ်သာသလို ရှိပါစေတော့တဲ့”
“သူတို့ ကျေနပ်တာ သေချာတယ်နော်”
“သေချာပါတယ် ဒေါက်တာ”
“အင်း…အိုင့်သဘော ကတော့ ဘာပဲ ဖြစ် ဖြစ် အတင်းရှူခိုင်း အို…မပြောတော့ပါဘူး. ဟာ .. ကလေးဆောင်ကကော ဘာ ဖြစ်တာလဲ”
“ဘရွန်ကို နမိုးနီးယား ကလေးတဲ့ ဒေါက်တာ၊ နှလုံးက အလုပ်မလုပ်ချင်တော့ဘူးတဲ့”
“အင်း… ဒုက္ခ…”
မေနွဲ့ကေသီက ခင်လေးလွင်နှင့် နှစ် ကိုယ်ကြား ဆွေးနွေးတိုင်ပင်ရာမှခွာကာ လူနာများ ကို သွားကြည့်ရလေသည်။
နှင်းဆီကလည်း အသက်ဆယ့်ခြောက်နှစ် အရွယ် အပျိုမလေး၊ မျက်တောင်ကလေးများ က မည်းနက်ကော့ပျံနေသည်မှာ မီးခြစ်တဆံ ကောင်းကောင်းကြီးတင်ထား နိုင်လောက်ပါရဲ့ ။ မျက်နှာကလေးက သွေးဆုတ်ဖြူဖပ်နေသည် ကတော့ ကြွေလုဆဲနှင်းဆီပွင့်ကလေးပမာ ကြည့်ရက်စရာပင် မရှိပါလေ။
နှင်းဆီ၏ နှလုံးသာယးမှ အဆို့ရှင်များ သည် ရောဂါ ဒဏ်ကြောင့် မာကျောလျက်လုံလောက် တိကျစွာ ဖွင့်ပိတ်ပေးနိုင်စွမ်း မရှိတော့ပေ။
ထိုအခါ ခန္ဓာကိုသို့ သွေးလည်ပတ်ပျံ့နှံ့ရေး အတွက် နှလုံး၏ ညှစ်ထုတ်လှုပ်ရှားမှု သည် ပုမ မှန်နိုင်တော့။ အဆိုးရွားဆုံး ထိုးနှက်ချက်ကား သူကလေး၏ နှလုံးသား အဆို့ရှင်များ တွင် အခြား ရောဂါ ပိုးတစ်မျိုး ကပ်တွယ်ငြိစွန်းကာ အနာ ဖြစ်၍ နေလေ၏ ။
အကောင်းဆုံး အစွမ်းအထက်ဆုံး ဈေးအကြီးဆုံး ဆေးများ ကိုပေးထားခဲ့ပြီ။ ဆေးစွမ်းမည် မည် ရရ ပြသလာခြင်း မတွေ့ ရ။ ဝေဒနာကျွမ်းခဲ့ပြီမို့ မျှော်လင့်ချက်မရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်နေရှာပေပြီ။
မေနွဲ့ကေသီသည် လူနာမိန်းကလေးအနီးသို့ တိုးကပ်သွားလေသည်။ မိန်းကလေး သည် ခုတင်ပေါ်တွင် နောက်မီပျဉ်တစ်ချပ်၌ မှီ၍ ထိုင်ကာ ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှူနေလေ၏ ။
နှင်းဆီက မေနွဲ့ကေသီ၏ လက်တစ်ဖက်ကို ပိန်လှီသော လက်ကလေးဖြင့် ဖမ်းဆုပ်ကာ …
“ဒေါက်တာ …နှင်းဆီလေ ဟိုစားပွဲပေါ်မှာ လက်တင်ပြီး မှော က်နေချင်တယ်။ နှလုံးက လည်းခုန်လိုက်တာ။ နှလုံးအခုန်နှေးအောင်လုပ်ပေးပါလား ဒေါက်တာရယ်…” ဟု လေသံသဲ့သဲ့နှင့် ပြောလေ၏ ။
ခင်လေးလွင်သည် ဗြက်ကျယ်၍ ခြေတံမြင့်သော စားပွဲခုံကလေးကို ခုတင်အလယ်နားသို့ တိုင် တွန်းရွှေ့လာသည်။ နှင်းဆီကို ခင်လေးလွင်နှင့် နှင်းဆီ၏ မိခင်တို့ ထူမပေးနေသည်ကို မေနွဲ့ ကေသီလည်းပါဝင်ဖေးမပေးမိလေသည်။
ပေးသင့်ပေးထိုက်သော ဆေးမှန်သမျှ အန္တရာယ်ကင်းအမြင့်ဆုံးပမာဏအထိ ပေးပြီးနေပြီမို့ ဆေးဆရာလက်ပိုက်ကာ မျက်နှာလွဲနေရတော့မှာ ပါကလား..
“နှင်းဆီကျေးဇူးတင်လိုက်တာ ဒါပေမဲ့ နှင်းဆီသိနေပါပြီ မရတော့ပါဘူး….”
နှင်းဆီ၏ အသံသည် တုန်ယင်ကြေကွဲနေသည်။
“အမေ”
“အမေရှိပါတယ် သမီးလေးရဲ့ ၊ စကားတွေ သိပ်မပြောနဲ့လေ သမီးမောနေပါမှာ ပေါ့”
“ဆရာ့ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါနော် အမေ။ နှင်းဆီသွားရတော့မယ်”
လူ ဖြစ်လာရသော ဘ၀ကို စိတ်နာနေလေသလား မဆိုနိုင်။ နှုတ်ခမ်းကလေးတစ်ချက်မဲ့ကာ စားပွဲပေါ်မှော က်လျက်ကလေး ခွေကျသွားတော့သည်။
မိခင် ဖြစ်သူ၏ မျက်နှာသည် အိုမင်းမှိင်းမှု န်သွားတော့၏ ။
မေနွဲ့ကေသီက ရင်ဘတ်ကို နားကျပ်နှင် ထောက်ကြည့်သည်။ စောစောက ရင်တုန်သိမ့် သိမ့်ခါအောင် လှုပ်ရှားလှိုက်ခုန်၍ ကဆုန်စိုင်းနေသေ နှင်းဆီး၏ နှလုံးသားသည် လုံးဝရပ်တန့် အနားယူသွားလေပြီ။
ဂျူတီကုတ် အိတ်ကပ်ထဲမှ အသင့်ပါလာသော လက်နှိပ်ဓာတ်မီးကိုယူကာ မှေးမှိတ်သွား သော နှင်းဆီ၏ မျက်လုံးကိုအသာဖွင့်လျက် မီးထိုးကြည့်ရာ မျက်ဆန်ကျယ်ကာ အလင်းရောင် တုန့် ပြန်မှု ကင်းမဲ့နေလေသည်။
ကျန်ရစ်သူ မိသးစုအနေဖြင့် ဤသို့သော အဆိုးရွားဆုံး အ ဖြစ်မျိုး ကို ကြိုတင်မျှော်လင့် ထားခြင်းမရှိခဲ့ပါလျှင် ကျေနပ်မှု ရရှိအောင် ပြီးတော့ ဖြေသိမ့်ဆီးတန့်နိုင်အောင် အချိန်ယူစဉ်းစားပြီး စကားလုံရွေးချယ်နှစ် သိမ့်ရှင်းပြရသည်ကို မေနွဲ့ကေသီစိတ်မှာ ပင်ပန်းရစမြဲ…..
နှင်းဆီ၏ မိခင်သည် သမီးငယ်၏ အရှုံးပေးစွန့်ခွာသွားရသော အ ဖြစ်ကို သိနားလည်စွာ နှင့် နှင်းဆီ၏ ကျုံလှီသော ခန္ဓာကိုယ်လေးကို ပွေ့ဖက်ပြီး မျက်လုံးအိမ်မှ မျက်ရည်ပေါက်များ တလိမ့်လိမ့်ကျဆင်းနေလေပြီ။
မေနွဲကေသီက အဒေါ်ကြီး၏ ပခုံးပေါ်သို့ လက်ကလေးတင်ကာ နှစ် သိမ့်မိသည်။
“ကျွန်မတို့လည်း အတတ်နိုင်ဆုံး ကြိုးစားတာပဲ အဒေါ်ရယ်၊ ဒါပေမဲ့ နှင်းဆီလေခများ က …”
“သိပါတယ် ဒေါက်တာရယ်၊ ဒေါက်တာတို့အားလုံး အစွမ်းကုန်ပြုစုခဲ့ကြတာ ကျွန်မသိပါ တယ်။ သမီးရ့ ဝေဒနာကိုက ကြီးလွန်းလို့ပါ။ ခံစားလာရတဲ့ နှစ် ကြာလှပြီပဲ။ ခုတော့ ၀ဋ်ကျွတ်သွားပြီအောက်မေ့ပါတယ် ဒေါက်တာရယ်”
မေနွဲ့ကေသီသည် မျက်နှာမရွှင်မပျနှင့် လူနာဆောင်အတွင်း မှ ထွက်လာခဲ့သည်။ တာဝန် ကျဆရာမ များ အခန်းရောက်မှပင် ခြေပစ်လက်ပစ် ထိုင်ချလိုက်လေသည်။ ရင်ထဲတွင် တနင့်နင့်နှင့် လည်း နာသည်။ ပေါ့ပေါ့ပါးပါးလည်းရှိသည်။ ရင်တနင့်နင့်နာရသည်က ရောက်ကတည်းက နှင်းဆီ နှင့် ကြုံဆုံကုသပေးနေရသည်မို့ သံယောဇဉ်တွယ်နေမိသော ကြောင့် ၊ ပေါ့ပေါ့ပါးပါးရှိရသည် ကတော့ နှင်းဆီ၏ မိခင်ပြောသလိုပင် နှင်းဆီကလေးဝဋ်ကျွတ်သွားသော ကြောင့် ။
“ဒက်ဒီ ကတော့ ဘာမှမသိတော့ဘူးနော်၊ ဒက်ဒီကြောင့် ကေသီ ဘယ်လောက်စိတ်ညစ် နေပြီလဲ…”
ဟု စားပွဲပေါ်လက်ထောက်ရင်း အသံထွက်ကာ ညည်းညူနေမိသည်။
“ဟယ်လို.. ဒေါ်ကေသီ ဘယ့်နှယ် အဖေတပြီး ညည်းနေရတယ်လို့ဗျာ”
ဒေါက်တာဦးအေးသန်းက ကလေးသူငယ်ကျန်းမာရေး ဆိုင်ရာ စာအုပ်ကလေးကိုင်ရင်း ၀င်လာကာ ကုလားထိုင် အလွတ်တလုံးတွင် ၀င်ထိုင်လိုက်လေသည်။
“ကိုင်က ဆရာဝန် ဖြစ်ချင်တာမှ မဟုတ်ဘူး ဒက်ဒီက အတင်းကျူရှင်တွေ ပေး၊ ဆယ်တန်းကို တစ်နှစ် ပြန်နေခိုင်းပြီး အမှတ်ကောင်းအောင်လုပ်တာ။ ဆေးကျောင်းတက်ရတော့ အိုင်ဖြင့် ငိုလိုက်ရတာ လေ။ အိမ်မှာ ဆိုရင် အိုင့်ကိုသာ သူများ တွေ က ချော့ရနှစ် သိမ့်ရနဲ့ အိုင် ဆရာဝန် ဖြစ်လာကတည်းက အိုင်ကချည်းပဲ လူနာတွေ ကို ချော့ရနှစ် သိမ့်ရတယ်။ ခုလည်းကြည့် လေ… နှင်းဆီကလေးဆုံးသွားတော့ အိုင့်ဘာသာ စိတ်ညစ်ရတဲ့အထဲ အိုင်ကပဲ တရားပြ ဖျောင်းဖျ ပေးနေရသေးတယ်”
“ ဖြစ်ရလေဗျာ.. ဟား ဟား ဟား…”
ဦးအေးသန်းက အရေး ထဲပွဲကျနေပြန်၏ ။
“ယူ့ကလေးဆောင်က အောက်စီဂျင်ဘာလို့ တောင်းတာလဲ”
“ကလေးက တစ်ကိုယ်လုံး ပြာနေတာဗျာ၊ ခုတော့ ပန်းရောင် သန်းပြီး အမေ့နို့တောင် စို့နေ ပြီဗျာ.. အဲ လိုနေတဲ့လူကို ပေးရမှာ ပေါ့ ဒေါ်ကေသီရယ်။ ကျွန်တော် တို့ စေတနာ သန့်ရင်ပြီးတာပါပဲ ။ အောက်စီဂျင် မရရင် ကလေးသေမှာ ဗျ”
ဦးအေးသန်းစကားအဆုံးတွင် မေနွဲကေသီ ချက်ချင်း ပြုံးလာတော့သည်။
“ဟုတ်လား ဟင်....လူနာ ကောင်းလာပြီလား”
“ဒါပေါ့ဗျာ… ကျွန်တော် တို့တွေ ဟာ တန်းခိုးရှင်မှ မဟုတ်ကြတာပဲ ပျောက်နိုင်လောက်တဲ့ ဝေဒနာကို ပျောက်အောင်ကုနိုင်ပြီး မပျောက်နိုင်လောက်တာ ကျတော့လည်း လက်လျှော့ရမှာ ပဲ အရေး ကြီးတာက အခုပြောသလို စေတနာသန့်ဖို့ပါပဲ”
ဦးအေးသန့်လို့ စာအုပ်ပွေ့ပိုက်ကာ သူ့ကိုယ်သူ က၀ိတဆူပမာ ဘ၀င်ခိုက်နေသူမျိုးနှင့် မေနွဲကေသီ အစေးမကပ်သေးလည်း လောလောဆယ်တော့ ဦးအေးသန်း၏ စကားမျာသည် ကေသီရင့်ကို အေးချမ်းလေ၏ ။
“နေပါဦးဗျ၊ ဒေါ်ကေသီက ဆရာဝန် မလုပ်ချင်ဘူး ဆိုတော့ ဘာလုပ်ချင်တာမို့လဲ”
“အိုင်လား… အိုင် ဘာမှမလုပ်ချင်ဘူး”
“ကျွန်တော် ထင်သားပဲ”
မေနွဲ့ကေသီ စိတ်မဆိုးနိုင်ပဲ ရောနှောရယ်မောမိလေသည်။
အမှန်ပင် ကေသီ့မှာ ရည်မှန်းချက် ရေရေရာရာ မရှိခဲ့ပေ။ ဒက်ဒီက စာကျက် စာကျက်ဆို တော့ စာကျက်သည်။
ပြည့်စုံငြိမ်းချမ်းသော ဘ၀တွင် ကေသီ့လိုအင်ဆန္ဒမှန်သမျှ မိဘများ က ဖြည်း ဆည်းပေးနေခဲ့ကြလေတော့ ကေသီမှာ ယုတ်စွအဆုံး အတွင်းခံဘောင်းဘီကလေးကိုပင် မလျှော်ဖွပ်ခဲ့ရပေ။ ကေသီ့ဘက်က ပြန်လည်ပေးဆပ်ရန် တာဝန်တစ်ခုသာရှိသည်။
“စားကျက်၊ စားကျက်” ယူလိုက်ရသည့် ကျူရှင်၊ ကျူရှင်ခက တစ်လတစ်ထောင်ကုန် သည်။ ဆယ်တန်း ပထမအကြိမ် ဖြေတော့ သင်္ချာဖြေလာသည်ကို အားမရဘူးဟု ဒက်ဒီက ဆက်မဖြဘဲ အရှုံးခံစေသည်။ ဒုတိယအကြိမ် ဖြေဆိုတော့မှ အမှတ်ကောင်းကာ ဆေးကျောင်း ရောက်လေ၏ ။
ကေသီဘွဲ့ယူသော နေ့မှာ ဒက်ဒီက “သမီးဟာ ဒက်ဒီကို မွေးကျေးဇူး ကျွေးကျေးဇူး အကျေအလည် ပေးဆပ်ပြီးပြီမှတ်လိုက်တော့ ဒက်ဒီ လုံးဝ အားရကျေနပါတယ်။” ဟု ပြောခဲ့သည်။
ယခု ဒက်ဒီမရှိတော့ပြီ။ ကေသီလည်း စာကျက်စရာမလိုတော့ ။ ဦးအေးသန့်တို့ရည်မှန်းသော ဘွဲ့လွန်သည် ကေသီနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း။
ဒက်ဒီဘာကြောင့် ကေသီ့ကို ဆရာဝန် ဖြစ်စေချင်ခဲ့ကြောင်း စောကြောင်ခဲ့မိသည်ကို တစ်ခါတရံ နောင်တရသည်။ ကေသီ့ဘာသာလည်း မည် သို့သော ဦးတည်ချက် ရည်မှန်းချက်တွေ ထားရမည် မသိ။
“ဒေါ်ကေသီက ဟိုသီချင်းလို နေချင်တယ် ထင်တယ်၊ လောကမျာလဲ အလျားလိက် အိပ် လို့နေချင်တယ် ဆိုတာလေ”
“ဟုတ်တယ် ဆရာ၊ အိုင်ဆရာဝန် ဖြစ်ရတာ သိပ်စိတ်ပင်ပန်းတာပဲ လူနာတွေ ရဲ့ ဒုက္ခ သော ကဝေဒနာတွေ ကို အိုင် ဝေမျှခံစားချင်လို့မှ မရတာ ။ နှင်းဆီ ကလေးဟာလေး ပန်းကလေး ကြွေသွားသလိုပဲ ပိုးကိုက်ထားတဲ့ ပန်းကလေးလို…”
မေနွဲကေသီ စကားအဆုံးမသတ်ပဲ ငိုင်တွေ နေသည်။
ဦးအေးသန်း တစ်ယောက် စာအုပ် ချိုင်းကြားညှပ်ကာ ထွက်ခွာသွားသည်ကိုပင် မေနွဲ့ကေ သီ ကျေနပ်သလိုလို။ ခေတ္တခဏတော့ တစ်ယောက် တည်း ဆွေးနေငေးနေချင်လိုက်တာ…။
“ဒေါက်တာ .. မနက်က ရောက်တဲ့ ငှက်ဖျားလူနာတက်လို့နေ”
ကဲ.. ဆရာဝန်တွင် ငေးစရာ ဆွေးစရာ အချိန်မရှိ။
ဖျားနာဆောင်ထဲသို့ နားကျပ်ကလး ဆွဲရင်း အပြေးဝင်သွားရပြန်လေ၏ ။
![]() အသည်းပန်းမှာ ဆူးတွေနဲ့ရယ် | ![]() လိပ်ပြာစိမ်း၍… | ![]() လွင့်မျောပန်းချီ |