အခန်း (၁)
၁။ ပန်းမိုးရွာတဲ့ အလှမြေ
ငါတို့နေသည်
ကိုယ့်ပြည်ကိုယ့်ရွာ၊ ကိုယ့်လယ်ယာကြောင့် …..။
ငါတို့မင်သည်
ယဉ်ကျေးသိမ်မွေ့၊ ရပ်ဓလေ့ကြောင့် …..။
ငါတို့ချစ်သည်
အုတ်မြစ်ခိုင်မာ၊ အနုပညာကြောင့် …..။
ငါတို့ပျော်သည်
သူတော် ကောင်းစိတ်၊ မေတ္တာရိပ်ကြောင့် …..။
အရှေ့ အနောက်
တောင် မြောက်မတိမ်း
အယိမ်းမခံ၊ ဇာတိမာန်နှင့်
အမှန်တရား၊ လေးမြတ်ထား၍
ကိုယ့်အားကိုယ်ယုံ၊ လိပ်ပြာလုံသည်
လှဂုဏ်ဝင့်ဖြာ ရွှေမြန်မာ …..။
ဘေးဘိုးတို့၏
မျိုးစေ့ကိုပွား၊ နှလုံးသားဖြင့်
အားအင်သစ်မွေး၊ ဓမ္မတေးနှင့်
သွေးစည်းညီညာ
ရွှေမြန်မာ ဟု
ပြည်ရွာတစ်ရိုး၊ ခေါင်းလောင်းထိုး၍
ပန်းမျိုးတစ်ရာ၊ ပန်းမိုးရွာပြီ
ကမ္ဘာဓွန့်ရှည် … တည် … တည် … ။
(၈-၄ - ၉၈)
၂။ တစ်ရောင် ထဲနော်
သူ့ကျွန်အ ဖြစ်
နွံမှာ နစ်၍ ၊ မသစ်ဘဝ
ခေတ်နောက်ကျကာ
နှစ် လ ရာချီ ကြာခဲ့၏ …..။
သဘောက်ကာလ
လူ့အောက်ကျရင်း၊ အလင်းလည်းမှော င်
အရောင် လည်းပြယ်၊ အလှကွယ်ခဲ့ …..။
အမှော င်ကိုခွင်း
အရောင် လင်းဖို့၊ ရင်းခဲ့ရသွေး
ဆပ်ရချွေးနှင့် ၊ ပေးရအသက်
ပြန်လည်တွက်လျှင်
လက်ချိုးမနိုင် မရေနိုင် …..။
အသက် ချွေး သွေး
မစတေးဘဲ၊ မနှေးအမြတ်
ရွှေရောင် ဟပ်သည့်
လွတ်လပ်ရေး လည်း မရနိုင် …..။
လွတ်လပ်ခြင်းကြောင့်
အလင်းလည်းသစ်၊ သီချင်းသစ်ပြီ
လောကလည်းသစ်၊ ဘ၀သစ်ပြီ
စနစ်လည်းသစ်၊ ခေတ်လည်းသစ်ပြီ
နှစ် ရှည် လကြာ၊ အလှဖြာရန်
ကာကွယ်ရမှာ ၊ တို့တာဝန်ပေါ့ …..။
သမိုင်းပေးသည့်
လေးမြတ်အမွန်၊ သည်တာဝန်ကို
ကျေပွန်အောင်ထမ်း၊ လက်ဆင့်ကမ်းရင်း
တို့လမ်း တို့သွား၊ တို့တရားနှင့်
တို့များ အသည်း၊ တစ်ရောင် ထဲသို့
ရဲစို့ တွဲ စို့ ညီကိုတို့ …..။ ။
( ၂၇ - ၃ - ၉၉ )
၃။ ရင်ထဲက ယမုံနာ
သနားစရာ၊ ကြုံလာလျှင်
ကြင်နာသနား၊ ရင်မှာ ဖွားသည်
အမှားလေလား … အမှန်လား ….. ။
ခံစားလွယ်သော ၊ သို့ကြောင့် လောဟု
သဘောတရား၊ မကွဲပြားမင့်
သနားစရာ၊ ကြုံ၍ လာလျှင်
ငုံအာထုံပွင့်၊ ကြင်နာဆင်ခဲ့ …..။
သနားငဲ့ညှာ၊ ကိုယ်ချင်းစာ၍
ခါးနာ ဖြစ်ရပ်၊ အကြိမ်ကြိမ်ထပ်လည်း
အမှတ်မထား ဘာ့ကြောင့် များ ….. ။
သနားစိတ်ထား
အရိပ်များ စွာ ၊ ပွားပွားလာလျှင်
အညှာလွယ်ချင်၊ တုန်ခါရင်မှ
ကြင်နာမကင်း၊ မြစ်တစ်စင်းသည်
သီချင်းဆိုလျက် စုန်မိပြန် …..။
သနားစရာ၊ ကြုံ၍ လာလျှင်
ကြင်နာသနား၊ ရင်မှဖွားသည်
မှား၏ မှန်၏ ကိုယ်မသိ ….. ။ ။
( ၁၅ - ၃ - ၉၉ )
၎။ ငါ … ချိုမြ
ငါမကောင်းလျှင်
စာကောင်းမ၀င်
ငါ … သင် သိမှသိပါစ။
ငါလျှင်ကောင်းမှ၊ စာကောင်းရဟု
ဆရာ့စကား၊ ငါတို့နားတွင်
ကြားနေတုန်းပ ယနေ့တိုင်
ထင်ရှား ဥပမာ မမေ့နိုင် …..။
ငါ့ နှလုံး ….. ငါ့ အပြုံး
ငါ့ အရှုံး ….. ငါ့ အမုန်း
ငါ မဖုံးမှ တော် ရုံကျ …..။
ငါ့ဓား ….. ငါ့မြား
ငါ့စကား ….. ငါ့နွား
ငါ မမှားမှ အမှန်ရ …..။
ငါ့စံ ….. ငါ့ဟန်
ငါ့အကြံ ….. ငါ့မာန်
ငါမဆန်မှ တန်ကာကျ …..။
ငါ့အင် ငါ့အား
ငါ့ရင်ကြားဍ်၊ တရားအသိ
ငါထားရှိမှ၊ အိုးပြည့်ငါမှတ်
ဘောင်ဘင်ရပ်လိမ့် …..။
ငါဟာဘာလဲ၊ ငါမမြဲတဲ့
ငါစွဲ ငါခွာ၊ ငါမေတ္တာလောင်း
ငါစိတ်ကောင်းနေမွေး၊ စာကောင်းရေး မှ
စာတေးချိုချို၊ ကဗျာချို၍
ငါတွေ ချိုမြ လှမည် ပ …..။ ။
( ၅ - ၁၂ - ၉၈ )
၅။ ငှက်မိုက်
သံသရာ အရှည်မဆန့်ချင်နဲ့
ကံကြမ္မာဆိုတာ တစ်ပေခန့်ရယ်မို့
သန့်နိုင်မှ တော် ရုံပါ …..။
လောကဓံ မှန် မဟုတ်လေတော့
သဏ္ဍာန်ရုပ်ပုံ မပြတ်သား
မှု န်ဝါးနေမှာ …..။
အတုနယ် အရှုံးခရီးမှာ ဖြင့်
သမုတွယ် ပြုံးဖြီး ပြုံးဖြီးနဲ့
လုံးကြီးတင် ဇောတွေ ကပ်ပါလို့
အတောမသတ်တဲ့ ၀င်္ကဘာ
သခ်ာၤအတြက္မွာ း …..။
သိတဲ့သူဖော်ကာ စားပေမယ့်
မသိသူကျော်ကာလွှားပေလိမ့်
အပျော်အပါး တမင်မင်နဲ့
မဆင်ခြင် အမိုက်မက်ကြရင်ဖြင့်
တသွင်သွင် အရှိုက်ခက်မယ်ပ
အသိုက်ဖျက်မယ့်
စရိုက်ပျက်တွေ ရယ်
ရှက်ဖို့ မစဉ်းစား ….. ။ ။
(၂၇ - ၂ - ၉၉)
ခေတ္တ အောင်လံ
အခန်း (၂)
၆။ ဆန္ဒ
သစ်တစ်ပင်ကောင်း
ငှက်တစ်သော င်းနား …..တဲ့ ။
ကံမခိုင်နွဲ့၊ ဉာဏ်ယိုင်နဲ့လို့
ချို့တဲ့ နွမ်းပါး၊ ဘ၀ခါးသည့်
ဆွေသားမိတ်ဖက်၊ ခိုနားစက်ရန်
နှစ်သက် ခုံမင်၊ သစ်တစ်ပင်သို့
ငါလျှင် ဖြစ်ချင်၊ ဆန္ဒ၀င် ….. ။
တစ်ယောက် ကောင်းက
တစ်သော င်းဗိုလ်ခြေ၊ ညက်ညက်ကြေ ….. တဲ့ ။
ကိုယ့်ပြည် ကိုယ့်ရွာ
ကိုယ့်မြေချာတွက်
အသက်တစ်ချောင်း၊ မမှု ကောင်းဘဲ
တစ်သော င်းအဖျက်၊ ကြေကြေညက်ရန်
အောင်လံဝင့်ထူ၊ အနိုင်ယူသည့်
သူကောင်း တစ်ယောက် ငါ ဖြစ်ချင် ….. ။ ။
( ၄ - ၄ - ၉၉ )
၇။ မှန်စာမဲ့ ရင်တစ်ခုန်
အများ အမြင်
အလွယ်ထင်သမျှ
ကိုယ့်တွင် မုချ
ခက်ခဲ့ရ
ဘ၀အစ နိဒါန်းက …..။
ထို့နည်းတူစွ
ရခဲ့အပြုံး
အမြင့်ဆုံးအတွက်
အနက်ဆုံးတူးလျှက်
တက်ခဲ့ရ
ဘ၀သမိုင်း မှတ်တိုင်ပ ….. ။
ဟန်ပ ဟန်ပ … ဟန်ပကွနဲ့
ကံထသမုတ်
စံပြရုပ်ထဲ
ဉာဏ်ခွဲထိုးဖောက်
ပန်းတိုင်ရောက်လည်း ….. ။
ရောက်တဲ့ပန်းတိုင်
ဘယ်လောက်ခိုင်မလဲ ….. ။
ခိုင်တဲ့ချိန်ခါ
ဘယ်လောက်ကြာမလဲ ….. ။
ရဲရဲတွေးကာ အဖြေရှာ
ဘ၀ဆိုတာ ရယ်စရာ
မှန်စာမဲ့ ကြိုးတပ်စွန်ပမာ ….. ။ ။
( ၁၉ - ၇ - ၉၈ )
၈။ မြန်မာ့ဂုဏ်
မြန်မာပီသ၊ ဗီဇဂုဏ်အင်
ရတနာသုံးပါး၊ လေးစားဦးထိပ်တင်
သနားချစ်ခင်၊ သံယောဇဉ်ပွား
သစ္စာရှိသည်၊ ကတိတည်
ခိုင်ကြည် မေတ္တာထားသည်နှင့် လေး ….. ။
ဘာသာမခြား၊ လေးစားယုံကြည်
သူငါမူကွဲ၊ ယူစွဲမလိုပြီ
တရားနှင့် ညီ၊ ဦးတည်ဆောင်ရွက်
ကျင့်သုံးဟန်မူ၊ နှလုံးဖြူ
နိုင်ယူမမုန်းရက်သည်နှင့် လေး ….. ။
ဘိုးစဉ်ဘောင်ဆက်၊ မပျက်စဉ်လာ
လယ်ယာမြေမိုး၊ တန်ဖိုးထားလျက်ပါ
ဓလေ့ရိုးရာ၊ ကြိုးကာလှူဒါန်း
ဗြောစည်သံဝေ၊ မစဲပေ
ကောင်းမွေ လက်ဆင့်ကမ်းသည်နှင့် လေး ….. ။
တစ်စိတ်တ၀မ်း၊ ခွင့်လမ်းတူစုံ
သခင်မျိုးဟေ့၊ မမေ့ရင်မှာ ခုန်
ဦးလည်မသုန်၊ မာန်ဟုန်ရဲရဲ
ထိပါးမခံ၊ အဖျက်ရန်
တော် လှန်ရင်ဆိုင်နွှဲသည်နှင့် လေး ….. ။
အောင်လံမလဲ၊ ခိုင်မြဲစေရန်
ဇာတိသွေးမျိုး၊ မြတ်နိုးစိတ် ရင့်သန်
တွဲ လက်ဝန်းရံ၊ နတ်ဖြန်ထိပြုံး
ညီရင်းအစ်ကို၊ မောင်ရင်းလို
တေးဆို ရွှင်ပျော် မဆုံးသည်နှင့် လေး ….. ။
မြန်မာ့ဂုဏ်ရောင် မှာ မျက်နှာပွင့်တော့သည်
အလှပုံဆောင်ကာ အက္ခရာတင့်ရော့မည် ….. ။ ။
( ၂၉ - ၃ - ၉၉ )
၉။ မြင်းမိုရ်ထိပ်က ဂန္တ၀င်
သား တစ်ယောက်
ပတ္တမြားငမောက်လို၊ ဖွားမြင်သန့်စင်
သမိုင်းတွင် ရေး ၊ အမေ့သွေးသာ
အခရာဟု၊ အလင်္ကာညှပ်
ကဗျာစပ်၍ ၊ မြတ်သော အမှု
ကောင်းချီးပြုသည်
သာဓု … သာဓု … ခေါ်စေချင်
သာဓုခေါ်ပါ … အိုမိခင် ….. ။
အငြင်းမပွား
ပြန်စဉ်းစားက၊ မြတ်ဘုရားပင်
မိခင်နှင့် ကင်း၊ လောကတွင်းသို့
အလျင်းပွင့်တော် မမူနိုင် ….. ။
ဘုရားနှင့် နှိုင်း
တစ်ဂိုဏ်းတည်းထား
ငါးပါးအနန္တ၊ မိနှင့် ဘတွင်
မိခင်သည်သာ၊ ရှေ့ကလာ၍
‘မာတာပီတု ဂုဏော၊ အနန္တော …’ ဟု
ထောပနာမှု အစပြုခဲ့ ….. ။
ဗဒ္ဓဟောထုတ်၊ မေတ္တာသုတ်တွင်
ဂုဏ်ပုဒ်မဟာ၊ ညွှန်းဆိုရာဍ်
‘မာတာယထာ နိယံ ပုတ္တ မာယုသာ’ဟု
ပညာနှင့် ယှဉ်၊ ရှေ့တန်းတင်၍
မိခင်မေတ္တာ ဖော်ကျူးခဲ့ …..
ထိုနည်းတူစွာ
‘မာတာပီတု၊ ဥပဌာနံ …’ တဲ့
ကျမ်းဂန်အလာ၊ ပြဆိုရာတွင်
မိခင်ကိုပင်၊ ဦးထပ်တင်သည့်
အစဉ်အလာရှိ၊ သမိုင်းရှိခဲ့ ….. ။
ထင်ရှားသရုပ်
တင်စားထုတ်လျှင်၊ ခလုတ်ထိမှ
အမိတသတဲ့၊ ဒုက္ခအနာ
ပူဗျာပါကို၊ နှုတ်လျှာဖွင့်ဟ
တ ရုံမျှနှင့် ၊ ခဏသက်သာ
လက်တွေ့ ပါတည့်
မေတ္တာသက်သေ၊ လောကမြေမှာ
အမေဟူသည် ဆေးတစ်ခွက်
သမီးအတွက် သားအတွက် ….. ။
မျှော်လင့်ချက်နှင့်
ငံ့လင့်ခဲ့ရာ၊ သားကမ္ဘာတွင်
မိခင်မျက်နှာ၊ လ၀န်းဝါတည့်
တိမ်ပြာတစ်စ မဖုံးခဲ့ ….. ။
ယုံစားချက်နှင့်
အခွင့်သင့်ရာ၊ သားကမ္ဘာတွင်
မိခင်ရင်ခွင်၊ အေးရိပ်ပင်တည့်
နေမျှင်တစ်ပြောက် မထိုးခဲ့ ….. ။
အားထားချက်နှင့်
လိုက်ဖက်သင့်ရာ၊ သားကမ္ဘာတွင်
မိခင်နှလုံ့း၊ ပျားရည်ပြုံးတည့်
အမုန်းတမာ မရောခဲ့ ….. ။
မြတ်နိုးချက်နှင့်
အလွမ်းသင့်ရာ၊ သားကမ္ဘာတွင်
မိခင်လက်မောင်း၊ သွယ်ပျောင်းနုညက်
လွှဲပုခက်တည့်
မှက် ခြင် ယင်တို့ မသန်းခဲ့ ….. ။
ကြောင်းကျိုးအစဉ်
ကောင်းဆိုးယှဉ်လျှင် ရင်ကမွေးဖွား
သမီးသားမို့၊ ဖ၀ါးလက်နှစ် လုံး
ပခုံးလက်နှစ် သစ်၊ ယုယချစ်နှင့်
လူ ဖြစ်အောင်မွေး၊ နို့ချိုကျွေးသည့်
မွေးမိကျေးဇူး၊ မြင်းမိုရ်ဦးကား
ကြည်နူးမကုန်၊ ဆပ်မကုန်ပြီ
အဟုန်စွမ်းအင် ကြီးပါပေ့ ….. ။
သုံးလူ့ထွတ်တင်၊ ဗုဒ္ဓရှင်ပင်
မိခင်ကျေးဇူး၊ မေတ္တာဦးကို
ရည်စူးထပ်ထပ် တုံ့ချေဆပ်လည်း
ဆပ်၍ မဆုံး၊ အံ့မဆုံးနိုင်
တစ်လုံးနို့ဖိုးသာ ကျေခဲ့၏ ….. ။
ကျေးဇူးတောင်မိုး၊ အမေမျိုးမို့
နို့ဖိုးကျေကျေ၊ မကျေကျေပါ
အမေစင်စစ်၊ အမေ ဖြစ်က
သားချစ်ပီပီ၊ သားချစ်ညီ၏
ပိုသည်မရှိ၊ လိုမရှိပေ
အမေဟူသည် အတူတူ
အမေဟူသည် အားလုံးအဖြူ ….. ။
ဘယ်မူနှင့် ကြည့်
ဘယ်မူညှိစေ၊ အသိဖွေတော့
ရွှေမရှိလည်း အမေရှိဖို့လိုပါသည်
ငွေမရှိလည်း အမေရှိဖို့လိုပါသည်
မြေမရှိလည်း အမေရှိဖို့လိုပါသည် ….. ။
အမေရှိလျှင်
ငါးပိလည်းချို၊ ဆားလည်းချို၏
မန်ကျည်းလည်းချို၊ ဇီးလည်းချို၏
တမာလည်းချို၊ ဂွေးတောက်ချို၏
ဒုက္ခလည်းချို၊ သော ကချို၏
လောကလည်းချို၊ ဘ၀ချို၏
အချိုပီတိ၊ နှိုင်းမရှိခဲ့
တိုင်းသိ ပြည်သိပါတကား ….. ။
အမေမရှိ၊ ဖြေမချိပြီ
နေထိပန်းနှယ်၊ ညှိုးသိမ်ငယ်ခဲ့
ရင်ဝယ် လွမ်းမိသယောင်ယောင် ….. ။
အမေနှင့် ဝေး၊ ဗျာပါဆွေးပြီ
ရေဝေးကြာနှယ်၊ နွမ်းသွေ့လွယ်ခဲ့
စိတ်ဝယ်တမ်းမိသယောင်ယောင် ….. ။
ကြောင်မကြီးနို့၊ ကြွက်ကလေးစို့သတဲ့
စို့သည့်ခြင်းရာ၊ အဖြေရှာသော်
မေတ္တာနိမိတ် မိခင်စိတ် ….. ။
တိုးအေးအ ဖြစ်၊ ရေထဲနစ်၏
နစ်သည့်အထဲမှာ ၊ အမေပါ၏
ပါသည့်လက်ထဲ၊ သားတွဲ လဲနှင့်
ရင်ကွဲစရာ၊ အဖြေရှာသော်
မေတ္တာနိမိတ် မိခင်စိတ် ….. ။
မိခင်စိတ်ကြောင့်
ယိုဖိတ်စီးလာ၊ အကြင်နာနှင့်
သေရွာလိုက်ရဲ၊ ကြောက်စိတ်လွဲသည့်
ထူးကဲစွမ်းအင်၊ သမိုင်းတွင် ခဲ့
ပုံပြင်မဟုတ်၊ ပြရုပ်မေတ္တာ
အံ့စရာ ….. ။
မိခင်စိတ်သည်
တောင်ထိပ်မှာ ပွင့်၊ တောင်မြင့်မှာ လန်း
တစ်ပွင့်ပန်းဆိုလျှင်
သည်ပန်းတစ်ပွင့်၊ မုန်တိုင်းသင့်လည်း
နွမ်းလွင့်ကြွေရိုး၊ မရှိနိုင်ပါ
လှမျိုးတစ်ရာ၊ သားကမ္ဘာတွက်
ဆက်၍ လန်းမှာ မွှေးဦးမှာ ….. ။
မိခင်စိတ်သည်
အတိတ်ကောင်းခြင်း၊ မြစ်တစ်စင်းဆိုလျှင်
သည်မြစ်တစ်စင်း
သူစီးဆင်းရာ၊ နေရာတလျှောက်
ကွေ့ကောက်ဟန့်တား၊ ပိတ်ဆီးထားလည်း
အားငယ်ရွံ့စိုး၊ မရှိနိုးပါ
ချစ်မိုးမကုန်၊ သားရင်ခုန်ရန်
စုန်ရေသီချင်း၊ ဖွဲ့ဆိုရင်းက
စီးဆင်းနေမှာ နှစ် များ စွာ ….. ။
တစ်စီးတပွား၊ သမီးသားတို့
သီးခြားတစ်မူ၊ အိုးအိမ်ထူလည်း
ပူပင်သော က၊ နှလုံးလှနှင့်
ငယ်ကပုံသွင်၊ ချစ်မြဲပင်တည့်
မိခင်မေတ္တာ ကြီးမားစွာ ….. ။
သားသမီးမြတ်၊ ပြတ်သိတတ်လို့
တစ်ဖက်ဟင်းလျာ၊ စားရပါမူ
မဟာနှင်းစက်၊ ဟင်းတစ်ခွက်သို့
နှစ်သက် ဂုဏ်တင်၊ အပြုံးရင်နှင့်
မိခင်မေတ္တာ ပီတိဖြာ ….. ။
တောင်းဆိုးပလုံးဆိုး၊ စွန့်ပစ်ရိုးမင့်
သားဆိုးသမီးဆိုး၊ အမိုက်မျိုးကို
စွန့်ရိုးမရှိ၊ ခွင့်လွှတ်သိနှင့်
မချိ ဖြစ်အင်၊ ပြစ်မတင်ရက်
မိခင်မေတ္တာ အံ့စရာ ….. ။
အမေစားဖို့
သားကြီးပို့လည်း၊ ချို့ငဲ့နွမ်းပါး
သားလတ်သားငယ်၊ သမီးငယ်ကို
ခွဲဖယ်ကျွေးချင်၊ ချန်ထားချင်သည့်
မိခင်မေတ္တာ မှတ်စရာ ….. ။
မေတ္တာရေစုန်
အမေ့ဂုဏ်အင်၊ စုံအလင်ကို
ကုန်စင်အောင်ချဲ့၊ ကာရန်နွဲ့ဖြင့်
ရေး ဖွဲ့ခြင်းငှာ၊ မစွမ်းသာလည်း
အာရုံရည်မျှော်၊ စိတ်ကောက်ရော်၍
ပူဇော်ကဗျာ ဖွဲ့ခြင်းပါ ….. ။
အမေ့လုပ်ရပ်၊ ဂုဏ်ဒြပ်ကို
နှံ့စပ်အောင်တွေး၊ ကိုယ်ရည်သွေးကာ
ရေး ဖွဲ့ခြင်းငှာ၊ မဟုတ်ပါလည်း
သဒ္ဓါရိုကျိုး၊ ချစ်မြတ်နိုး၍
ရှိခိုးကဗျာ ဖွဲ့ခြင်းပါ ….. ။
လောကဤမြေ၊ သားထွေထွေတို့
လောကဤမြေ၊ သမီးထွေထွေတို့
အမေမိခင်၊ အသက်ရှင်ခိုက်
ဂရုစိုက်၍ ၊ လှိုက်လှဲဝမ်းသာ
စေတနာဖြင့် ၊ တုံ့ကာမနှေး
ပြန်လုပ်ကျွေးတတ်၊ ကျေးဇူးဆပ်ရန်
ရည်သန်ထိုထို၊ ဆန္ဒပို၍
စာချိုကဗျာဖွဲ့ခြင်း ….. ။
အမေကဗျာ၊ အမေစာကို
စီကာစဉ်ကာ၊ ရေး ဖွဲ့ပါရင်း
တောမှာ ရှိနေ၊ ကျွန့်အမေကို
ဝေးမြေရပ်က၊ သတိရ
အမေနေကောင်းပါလေစ ….. ။
သတိတရ၊ ရှိပါလှမင့်
လုပ်ခသပြာ၊ သားလစာမှ
မျှကာတစ်ချို့၊ လစဉ်ပို့ရန်
ပေးဖို့သန်လည်း၊ အကြံမမြောက်
မှန်မှန်မထောက်နိုင်၊ လေးငါးခေါက်လာ
လူကြုံပါမှ၊ တစ်ခါသာပို့
ချို့ငဲ့ဒုက္ခ၊ သားဘ၀ကို
တောကအမေခွင့်လွှတ်ပါ ….. ။
ခွင့်လွှတ်ဖို့ရန်၊ မတောင်းပန်လည်း
ဧကန်မုချ၊ သားဘ၀ကို
တောကမာတာ၊ ခွင့်လွှတ်မှာ ဟု
ကြိုကာတွေးဆ၊ နှောင်းနောင်တနဲ့
ဝန်ချမိရဲ့ အကြိမ်ကြိမ်သာ ….. ။
တစ်နှစ် တစ်ခေါက်
လူမရောက်လည်း၊ စိတ်ကောက်နေ့စဉ်
ဘုရားစင်ရှေ့၊ ဦးနှိမ်မွေ့တိုင်း
အမေ့ရင်ခွင် ရေချမ်းစဉ်မှာ
ထွက်ဝင်နေ့ည၊ ခိုနားရသည့်
ဘ၀ထိုထို၊ ဖြစ်စေလိုဟု
ဆုပိုတောင်းမိ အခါခါ ….. ။
အမေနှင့် သား
ဘ၀ခြား၍ ၊ သားကတစ်မြေ
အမေတစ်ရွာ၊ လူ ဖြစ်လာသည့်
ဖူးစာကံလပ်၊ ဘာဒဏ်ခတ်ဟု
ကံဇာတ်ဆရာကို ပြစ်မဆိုပါ ….. ။
အပြစ်ထိုထို၊ ရှိသည်ဆိုက
ငိုရယ်လောက၊ သည်ဘ၀မှာ
သည်မျှနှင့် ပင်၊ ကျေစေချင်လို့
မိခင်အမေနဲ့ မဝေးချင်လို့
မိခင်အမေနဲ့ နီးချင်လို့
သားရင်ထဲမှာ မျက်ရည်စို့ ….. ။
စို့မျက်ရည်ကို၊ ကြိတ်မှိတ်မျို၍
နေ့စဉ် ညစဉ်၊ လွမ်းငွေ့ရင်နှင့်
မိခင်အမေ ….. မာပါစေ ဟု
မိခင်အမေ ….. သာပါစေ ဟု
မိခင်အမေ ….. အေးပါစေ ဟု
မိခင်အမေ ….. မွှေးပါစေ ဟု
မိခင်အမေ ….. ပျော်ပါစေ ဟု
မိခင်အမေ ….. မော်ပါစေ ဟု
ဆုချွေရှိခိုး၊ စုံလက်မိုးရင်း
နို့ဖိုးတစ်စက်၊ ဆန်ရေတက်ဖို့
နှစ်သက် လန်းရွှင်၊ ဆန္ဒ၀င်သည်
မိခင်ကျေးဇူး ဂုဏ်ကိုတကား ….. ။
သြော် …..
ဘ၀အထပ်ထပ်၊ မည် မျှဆပ်လည်း
ဆပ်၍ မကုန်၊ ကျေးဇူးဂုဏ်ကို
တစ်မှု န်မြူမျှ၊ ဆပ်ခွင့်ရဟု
ဆန္ဒစေရာ၊ ဉာဏ်တစ်ထွာဖြင့်
လင်္ကာဆစ်ထု၊ ကဗျာပြုသည်
သာဓု ….. သာဓု ….. ခေါ်စေချင်
သာဓုစိတ်နှင့် ရင်ပဲ့တင်
မြင်းမိုရ်ထိပ်က ….. အို မိခင် ….. ။
မိခင်အပေါင်းသို့ ဦးညွှတ်လျက် …..
( ၂၄ - ၁၁ - ၉၇ မှ ၁၇ - ၄ - ၉၉ )
အခန်း (၃)
၁၀။ ဧရာကမ်းက ၀ီရသံစဉ်
အနာဂတ်ကြမ္မာ၊ စာမျက်နှာကို
ဇာတာဖတ်ရန်၊ အနက်ပြန်ဖို့
ပစ္စုပ္ပန်တိုင်း၊ ကံမရိုင်းအောင်
ဆစ်ပိုင်းသုံးသပ်၊ တံဆပ်ကပ်လို့
အတိတ် ဖြစ်ရပ်၊ အတိတ်ဇာတ်ကား
သော့ ခတ်ထားရမည့် အရာမဟုတ် ….. ။
သမိုင်းတန်ဖိုး၊ ဂုဏ်ရှိန်ဖြိုးရေး
ဘိုးဘေးသွေးသောက်၊ ချွေးနှင့် ဆောက်ခဲ့
အံ့လောက်စရာ၊ သည်လက်ရာလေ
တပ်ခ်ျမဟာနှင့် မလဲနိုင်
ဂရိတ်ဝေါနှင့် မလဲနိုင်
………………..မလဲနိုင်
………………..မလဲနိုင်
အသည်းစိုင်မှာ ၊ မြဲခိုင်ဝင့်ကြွား
မြန်မာ့ လှံ ….. မြန်မာ့ဓား
မြန်မာ့ မာန် ….. မြန်မာ့ တရား
မြန်မာ့စံ၊ ….. မြန်မာ့တရား
ထင်ရှားခဲ့တာ သေချာ ….. ။
ကမ္ဘာမှာ
မြန်မာအ ဖြစ်
သစ်ခဲ့မော်ကွန်း၊ ထွန်းခဲ့အလင်း
ဝင်းခဲ့သမိုင်း၊ ဂုဏ်တံတိုင်းနဲ့
တုနှိုင်းမဲ့စွာ ၊ စာတစ်မျက်နှာ
အခါခါမှတ်၊ အခါခါဖတ်
ဟောဒီ ….. မင်းလှ ခံတပ်ပေါ့ ….. ။
သူ့ကျွန်မခံ
သူ့ဟန်မယူ၊ သူ့မူမကြည့်
ကိုယ့်အသိဖြင့် ၊ ဇာတိမာန်သွေး
စွေးစွေးနီမောင်း၊ ကိန်းအောင်းမပြတ်
စိတ်ဓာတ်ညီညီ၊ ဘာမထီထုံး
အာဇာနည် နှလုံးနဲ့
ဧရာဝတီရဲ့ပခုံးပေါ်
ပြုံးပျော်စွာ ရပ်၊ စောင့်သိကြပ်ရင်း
သီချင်းဆိုနေ၊ တာဝန်ကျေသည်
အမိမြေ၏ သားကောင်းအ ဖြစ်
အမိမြေ၏ အမွေအနှစ်
အမိမြေကို မြတ်နိုးချစ် ….. ။
( ၉ - ၉ - ၉၆ မှ ၂၄ - ၁ - ၉၉ )
၁၁။ ပဌာန်းမိုး
ပဌာန်းစကြာ၊ ဒေသနာကို
နှုတ်လွှာတွတ်တွတ်၊ နေ့စဉ်ရွတ်၏
ရွတ်မိတိုင်းမှာ မင်္ဂလာ ….. ။
ပဌာန်းရွတ်ရင်း
ငါ့ရင်တွင်းဍ်၊ ချင်ခြင်းတစ်ခု
အစပြုကာ၊ မြင်ယောင်လာသည်
တောမှာ ရှိကြ ….. မိနှင့် ဖ ….. ။
အခုချိန်ဆို၊ ဖမိအိုပြီ
နေညိုချိန်လည်း နီးခဲ့ပေါ့ ….. ။
လက်ရှိအခြေ၊ တောမှာ နေသည်
ပြေလည်မရှိ နွမ်းချိချိ ….. ။
အနေဆင်းရဲ၊ အစားမွဲ၍
ရွာခွဲမြို့ထံ၊ ထားဖို့ကြံကာ
နက်ဖြန်တိုင်းကို မျှော်လင့်ခဲ့ ….. ။
မျှော်ခဲ့နက်ဖြန်
ဘယ်နတ်ဖန်၍ ဧကန်မုချ
မိနှင့် ဖကို၊ မြို့ပြမှာ ပို့
မချို့စေရန်၊ တုန့်လှည့်ပြန်သည်
ဆန်ရေတစ်စက် တက်ခဲ့တကား ….. ။
ပဌာန်း တန်ခိုး
ပဌာန်း မိုးကြောင့်
ကောင်းကြိုးချမ်းသာ၊ ရခဲ့ပါပြီ
မဟာကျေးဇူး ကြီးပါပေ့ ….. ။
ငါ့မိ ငါ့ဖ၊ ဘ၀လှသလို
သူ့မိ သူ့ဖ၊ ဘ၀လှရန်
မြို့ပြကျေးရွာ၊ နေရာအနှံ့
ပြည်ခွင်ပျံ့အောင်၊ ဖြန့်ကျက်အုပ်စိုး
ပဌာန်း မိုးတို့
ဖြိုးဖြိုး ဖြိုင်ဖြိုင် ရွာပါစေ ….. ။
( ၁၃ - ၁၂ - ၉၈ )
၁၂။ အဖော်ကောင်း
ဂါထာထုတ်ဖွေ
သံဗုဒ္ဓေကို၊ နှုတ်ခြွေမပြတ်
ရွတ်ဖတ်ပူဇော်၊ ကျွန်တော် ရော်လျက်
ရွှင်ပျော်ခရီးဆက်ခဲ့၏ ….. ။
ဂင်္ဂါဝါဠု
သဲစုမက၊ ပွင့်ခဲ့ကြသော
ဗုဒ္ဓဘုရား၊ ဂုဏ်တော် များ ကို
ပွားများ ကြည်ညို၊ သဒ္ဓါပိုလျက်
အနက်လည်းကြည့်၊ အသိလည်းကပ်
အကျင့်မြတ်ဟု၊ ဆုံးဖြတ်စဉ်းစား
အလေးအနက်ထားသော်
အမှားကင်းမည် စိတ်ယုံကြည် ….. ။
ကြည်ညိုမိခြင်း
ယုံကြည်မိခြင်းကြောင့် ၊ ရင်တွင်းချမ်းမြ
နှလုံးလှခဲ့ ….. ။
အားထုတ်မိခြင်း
ပွားများ ခြင်းကြောင့် ၊ ကင်းပရန်ဘေး
နှလုံး အေးခဲ့ ….. ။
အရေး ကြီးဆုံး
စိတ်နှလုံးတည့်၊ နှလုံးသန်မှ
ကုသိုလ်ရဟု၊ ဆုံးမသွန်သင်
အလင်းမြင်ခဲ့ ….. ။
ဂါထာထုတ်ဖွေ
သံဗုဒ္ဓကို၊ နှုတ်ခြွေမပြတ်
ရွတ်ဖတ်ပူဇော်၊ ကျွန်တော် ရော်သည်
အဖော်ကောင်းနှင့် ပါတကား ….. ။ ။
(၂၂ - ၃ - ၉၉)
၁၃။ ခန္ဓာပရိတ်ဖြင့် ရှင်သန်ခြင်း
ခန္ဓာပရိတ်ကို
နေ့ညဆို၍ ၊ စိတ်ကိုဆုံးမ
ခဏ ခဏ ….. ။
ခန္ဓာပရိတ်လာ
ဒေသနာ၏ ၊ မေတ္တာလက်နက်
ထိုအချက်ကား
အဆိပ်များ ကို အောင်နိုင်၏ ….. ။
အဆိပ်များ စွာ
သတ္တ၀ါတွင် ၊ ကျင်လည်ကျက်စား
မာယာများ သည့်၊ လူသား၏ စိတ်
အတ္တအဆိပ်သည်၊ မြွေဆိပ်ထက်သာ
ကြောက်စရာ ….. ။
ခန္ဓ ပရိတ်ကို
နေ့ည ဆို၍ ၊ စိတ်ကိုဆုံးမ
အပြုံးမြဖြင့် ၊ လောကထဲမှာ
နေခဲ့ကြပြီး၊ မေတ္တာပန်းတို့
လန်းထုံလျက် ….. ။ ။
( ၂၄ - ၃ - ၉၉ )
၁၄။ ပန်းခင်းရှာသူ
မောရသုတ်ကို
နှုတ်ကဆိုကာ၊ အိပ်ယာသို့လျှင်
အမြဲဝင်ခဲ့ ….. ။
မောရသုတ်ကို
နှုတ်ကဆိုကာ၊ အိပ်ယာထက်မှ
အမြဲထခဲ့ ….. ။
မောရသုတ်ဖြင့်
ကျွန်ုပ် ဘ၀၊ အိပ်နိုးထရင်း
လောကညွှတ်ကွင်း
နေ့ညဆင်းကာ
ပန်းခင်း ဖွေရှာခဲ့တကား ….. ။ ။
( ၂၀ - ၃ - ၉၉ )
၁၅။ ပိတောက်နဲ့ဗေဒါ
ရေလွှာပေါ်
ပျော်ပါပေ့ ဗေဒါပန်း။
နွေအခါ ရေလွှာခြောက်သော်လည်း
မကြောက်ပေါင် မြေကမ္ဘာထက်မှာ
နားရွက်ထောင် ပြုံးရောင် မပျက်တယ်
စိမ်းလျက်စိုလန်း ….. ။
နွေမှာ ပျော်
မော်ပါပေ့ ပိတောက်ပန်း။
ကြွေရွက်တွေ မြေတစ်လျှောက်မှာ ဖြင့်
သွေပျက်ခွေ အခြေပျောက်သော်လည်း
မကြောက်ပေါင် ဆယ်နေပြင်းစေတော့
အမောက်ထောင်ရွှေအဆင်းနဲ့
ဝင်းဝါလို့လန်း …..
ဗေဒါက ဇွဲသခင်
ပွဲအ၀င် အစဉ်လှ။
နွေအ၀င်မကြောက်လမ်းမှာ
ရွှေသခင် ပိတောက်ပန်းတွေ က
ရွှင်လန်းတက်ကြွ ….. ။
ပိတောက်လို သတ္တိဖြာ
ဗေဒါလို ဇွဲမာန်သွင်း။
အမောခံဉာဏ် အသည်းတွေ နဲ့
လောကဓံ အလံမလဲအောင်
အံခဲကာ အနိုင်နွှဲ
ရဲကြစေမင်း ….. ။
( ၂၆ - ၃ - ၉၉ )
အခန်း (၄)
၁၆။ လမင်းနှင့် မီလျှံ
(၁)
သူ မြင့်သွား၏
မြင့်သည့်အလျောက်၊ မိုးပေါ်ရောက်ဟု
ဝမ်းမြောက်ဝမ်းသာ
ပီတိဖြာမိ ….. ။
ဖြာသည့်ခဏ
တဒင်္ဂတွင် ၊ လမင်းရင်မှာ
အလင်းဖြာ ….. ။
(၂)
သူ မြင့်သွား၏
မြင့်သည့်မိုးလွှာ၊ ကိုယ်နှင့် ကွာဟု
ဝမ်းသာမရှိ၊ ညှိုးငယ်မိ ….. ။
ညှိုးသည့်ခဏ
တဒင်္ဂတွင် ၊ သော ကရင်မှာ
လောင်မီးဖြာ ….. ။
(၃)
ကိုယ်မမြင့်၍
မြင့်စိတ်မယှဉ်၊ ငုံ့စိတ်ဝင်လျှင်
မရွှင်နှလုံး၊ မီးလျှံဖုံးကာ
အပြုံးငွေလ ကွယ်မည် သာ ….. ။ ။
( ၈ - ၃ - ၉၈ )
၁၇။ အောင်သပြေ
သူ့ အိမ်မှာ လည်း သပြေညို
တို့ အိမ်မှာ လည်း သပြေညို
သပြေစိမ်းစိုစို
သပြေညို အလှဆန်း
မြန်မာ့ နိမိတ်ပန်း ….. ။
ဘုရားပန်းလည်း သပြေတင်
အောင်အိုးမှာ လည်း သပြေတင်
သပြေ ဝေအောင်ဆင်
သပြေ အမြင်သွင်မရိုး
အိမ့်ကျက်သရေတိုး ….. ။
ရိုးရိုးလေးနဲ့ အဖိုးတန်
အောင်သပြေမို့ အမျိုးမှန်
သပြေအောင်စိတ်ကြံ
ရန်ဘေးဘယာ ဝေးစေကြောင်း
ပန်းသပြေနဲ့ ညောင်ရေလောင်း
သပြေ အတိတ်ကောင်း ….. ။
မင်္ဂလာအပေါင်း ခညောင်းစေ
သပြေနုနဲ့ ပန်ဆုချွေ
သပြေ မေတ္တာဝေ
အောင်သပြေနဲ့ အောင်မြေစခန်း
အောင်ပါစေကွဲ့အောင်မြေနန်း
သပြေဟူသည် မညှိုးပန်း
မြန်မာပြည်လုံးလန်း ….. ။ ။
( ၁၃ - ၄ - ၉၉ )
၁၈။ အကြွေး
စုန်ဆန်လောက
ကြုံသမျှကို၊ ဘ၀နှင့် ယှဉ်
နှိုင်းဆင်ခြင်ခဲ့ ….. ။
ကြုံတွေ့သမျှ
ဘုံဘ၀အား၊ ရင်ကခံစား
နှလုံးပွားခဲ့ ….. ။
ခံစားသမျှ
အတွေးစကို၊ အလှစာနွဲ့
ကဗျာဖွဲ့ခဲ့ ….. ။
ကဗျာအလှ
စာအလှတွေ ၊ ငှအောင်ဝေဖြန့်
တောင်ပံဆန့်၍ ၊ အနှံ့ပို့ဆောင်
အလင်းရောင် ဖြင့် ၊ စုံအောင်မနှေး
အရောက်ပေးသည်
အကြွေး လုံးဝစင်ခဲ့ပြီ ….. ။
( ၂၈ - ၃ - ၉၉ )
၁၉။ ဓားသွားပေါ်က ပန်းတစ်ပွင့်
ဓားအိမ်ကနှုတ်
ဓားကိုထုတ်၍
ခုတ်မည့် ကြံရွယ် ပြီးကာမှ ….. ။
တစ်လုတ်ထမင်း
တစ်မြှုပ်ဟင်း၏ ရင်းနှီးခဲ့ဖူး
ကျေးဇူးတရား၊ မျှော်ထောက်ထား၍
ဓားကိုချိန်ဆပြီးသည့်နောက် ….. ။
ကျေးဇူးရှင်ကို
ငါလျှင်မသတ်၊ ငါ့ကိုသတ်စေ
ငါသေမည် မှာ ၊ တစ်သက်တာ … တည့် ….. ။
ကျေးဇူးရှင်အား
သတ်မိမှားက၊ ရှည်လျားသက်လုံး
သေမဆုံးဟု၊ နှလုံးသားတွင်
အသိဝင်သော် ….. ။
ဓားအိမ်မနုတ်
ဓားမထုတ်ဘဲ၊ သုတ်သုတ်ဆောလျှင်
ပြေးခိုဝင်ကာ၊ အရှင့်ထံပါး
ပန်လျှောက်ထားလျက်
ပတ္တမြားဓားကို ဆက်သ၏ ….. ။
ကျေးဇူးတန်ဖိုး
မြတ်နိုးလေးစား၊ နှလုံးသားကြောင့်
အသွားထက်ထက်၊ ဓားတစ်လက်က
ပန်းပွင့်ပြသည့်၊ မြန်မာ့ဂုဏ်ရည်
တုမမီပါ
သူ့ ပြည်ရှာ၍ ရမည် လား ….. ။ ။
(ငခင်ညို၏ ကျေးဇူးသိနှလုံးသားကို ဦးညွှတ်လျက်)
(၈ - ၄ - ၉၉)
၂၀။ သန်ချေးတက် ဓားတစ်လက်ရာဇ၀င်
မွေးကင်းစမြင်
ဆံတစ်ပင်ကြောင့် ၊ ခေါ်တွင် မြည် ဟည်း
တပင်ရွှေထီး … ဟု ….. ။
တောင်ငူတစ်ခေတ်
ပြောထုံး ဖြစ်အောင်၊ ဦးဆောင်ထင်ရှား
တန်ခိုးထွားသည်
တိုင်းခြားအထိ ကျယ်ပြန့်ခဲ့ ….. ။
သတ္တိအရာ
မခေပါဘူး၊ နေရာမရွေး
ကြောက်သွေးမမူ၊ မထောက်ရှုဘဲ
ရန်သူ့နယ်သော ၊ လာမပြောနှင့်
ရွှေမောဓောခြေရင်း၊ နားတော် ထွင်း၍
သေမင်းစိန်ခေါ်၊ တိုက်ပွဲပျော်၏
ပီတိယောက်ျား ရှာမှရှား ….. ။
မင်းရွှေထီးကား
စစ်အားလည်းညီ၊ စစ်ချီလည်းသွက်
စစ်တက်လည်းလျင်၊ စစ်ဆင်လည်းကြွယ်
စစ်ဆွယ်လည်းကောင်း၊ စစ်တိုက်ကောင်း၍
စစ်ကြောင်းကျယ်ပြန့်၊ စစ်နယ်ဖြန့်မိုး
စစ်ရှိန်ဖြိုးကာ၊ ကျော်ဟိုးတလူလူ
တံခွန်ထူခဲ့ …..
ရွှေထီးဇာနည်
ဘာမထီဟု၊ စစ်ရည်စစ်မောင်း
မည် မျှကောင်းလည်း၊ တစ်ကြောင်းမကောက်
တစ်ကြောင်းဖောက်၍ ၊ မှော က်မှော က်မှားမှား
အနောက်သားကို၊ ဆွေသားရင်းနှယ်
ပေါင်းမှားလွယ်၍ ၊ ခင်တွယ်အရက်
ကျင်လည်မက်ရင်း၊ မိုးမလင်းဘဲ
မိုက်တွင်းမဆုံး၊ မိုက်မှော င်ဖုံးခဲ့ ….. ။
မသူတော် နှင့်
မပျော်သင့်ဘဲ၊ တလွဲဆံကောင်း
အပျော်ပေါင်း၍ ၊ ဓားကောင်းတစ်လက်
သံချေးတက်သို့၊ ပင့်သက်နင့်ကြွေ
ဖြစ်ရလေသည်
သေခြင်းမလှခဲ့တကား ….. ။
မည် မျှတော် စေ
မလျော်အမိုက်၊ ပျော်နှစ် ခြိုက်၍
တိုင်းရင်းမသေ၊ မိုက်ရင်းကြွေသည်
ရွှေထီးမင်းအ ဖြစ် ရင်နာစရာ
ရာဇ၀င်ထဲက သင်ခန်းစာ ….. ။ ။
( ၁၀ - ၄ - ၉၉ )
![]() ကဗျာဖတ်စာချစ်စရာ ကလေးကဗျာများ | ![]() လူငယ်ရနံ့အက်ဆေးများ | ![]() ရွှေပြည်စိုးရဲ့တေးသံသာ |