အခန်း (၁)
မင်္ဂလာ
* မေတ္တာဟူသည်
လရောင် ခြည်တည့်၊ မည် မျှဝေးဝေး
အေးမြဲအေး၏ ၊ အေးခြင်းကောင်းစွာ
မင်္ဂလာ . . . . . ။
* သစ္စာတန်ဖိုး
ကြယ်စင်မျိုးတည့်၊ ချိန်ထိုးစစ်ဆေး
ဖွေးမြဲဖွေး၏ ၊ ဖွေးခြင်းကောင်းစွာ
မင်္ဂလာ . . . . . ။
* ဘယ်ညအိုအို
ဘယ်လိုမှော င်မှော င်
လရောင် နှလုံး၊ လှအောင်ပြုံး၍
ကျင့်သုံးငွေကြယ်
မုန်းတိမ်ပယ်မှ . . . . . . ။
* ချစ်ဖွယ်လောက
ပစ္စက္ခနှင့်
ဘ၀ဆက်ရန်၊ မနက်ဖြန်တွင်
သံစဉ်ဆိုတေး၊ ပန်းချိုမွှေးလိမ့်
မွှေးခြင်းကောင်းစွာ
မင်္ဂလာ . . . . . ။
အဖြူချစ်သူ
* အနေရိုးသည်
လမျိုးဘိုးတူ နှလုံးဖြူ၍
* အယူဖြောင့်သည်
အမှော င့်ဉာဏ်ဝေး မေတ္တာမွေး၍
* အတွေးမှန်သည်
ရန်လိုအမုန်း မကျင့်သုံး၍
* အသွင်အေးသည်
ယဉ်ကျေးစိတ်ဓာတ် ကြင်နာတတ်၍
* အကျင့်မြတ်သည်
ယုံမှတ်သန့်စင်၊ တရားမင်၍
* အလှူမက်သည်
ရက်ရောနှစ် ထောင်း၊ သဒ္ဓါကောင်း၍
* အလှကြိုက်သည်
စရိုက်ဘာဝ ပင်ကိုယ်လှ၍
* အသွေးနီသည်
ဇာနည်မျိုးစစ်၊ နိုင်ငံချစ်၍
* ဘာလူမျိုးလဲ
အမေးမကဲနဲ့၊ အသွေးထဲအသားထဲ
အသည်းထဲထိ၊ စွဲငြိမှတ်ပါ
မြန်မာအစစ်
အဖြူချစ်သူ . . . . . ။
ရွှေမြန်မာရဲ့ စာမျက်နှာ
* အဘိုးမြန်မာ၊ ဘွားမြန်မာနှင့်
အမေမြန်မာ၊ ဖေမြန်မာတည့်
တို့နေသည်မှာ ၊ ပြည်မြန်မာ . . . . . ။
* အကြေအညာ၊ ပြည်မြန်မာမှာ
ခြေရာဗွေမှား၊ လာစော်ကားလျှင် . . . . . ။
* သားစဉ်မြေးဆက်၊ သွေးစည်းလက်နှင့်
အရှက်မကွဲ၊ အသက်လဲမည်
နီရဲသည်မှာ ၊ သေအချာ
ဇာတိမာန်စိတ်အရေး ပါ
ရွှေမြန်မာရဲ့ စာမျက်နှာ . . . . . ။
၊(၁၂-၁၂-၉၇)
တစ်ရွက်နှစ် လွှာ
* ကိုယ်စိတ်မကြည်
ကိုယ့်ဆီတစ်ခေါက်
သူမရောက် . . . . . ။
* သူမရောက်လာ
ကြာတော့ကြာလျှင်
မရွှင်ကိုယ့်စိတ်
ညိုးငယ်ထိတ် . . . . . ။
* ကိုယ်စိတ်ကြည်သာ
သူရောက်လာ၏
သူရောက်လာလျှင်
ကိုယ်စိတ်ရွှင်၏ . . . . . ။
* တစ်သက်တာဝယ်
တစ်ရွက်နှစ် လွှာ
ဘယ်ညာသွယ်ယှက်
စွယ်တော် ရွက်သို့
နှစ် ကိုယ့်တစ်စိတ်
ချစ်ရိပ်အသွင်
ချစ်ရင်ခွင်မှာ
ချစ်လိပ်ပြာဝဲ
မခွာခွဲပြီ
သူဆိုသည်မှာ ချစ်ကဗျာ
ကိုယ်ဆိုသည်မှာ ကဗျာဆရာ . . . . . ။
(၈-၁-၉၆)
ပွဲဝင်တဲ့ပန်း
* လှိုင်းတိုက်တော့
ငိုက် . . . . .
လှိုင်းရိုက်တော့
မြုပ် . . . . .
လှိုင်းပုတ်တော့
ပေါ် . . . . .
လှိုင်းကော်တော့
ရွေ့ . . . . .
လှိုင်းမွှေ့တော့
ရွှင် . . . . .
လှိုင်းရင်ခွင်
အချစ်နန်း . . . . . ။
* ဒီအတက်မှာ
သူဆန်လို့
ဒီပြန်ရင်
သူမငြင်းပါဘု
သီချင်းယမုံနာနဲ့
ဘုံဓမ္မတာ ရေဇလာဝဲမှာ ဖြင့်
စုန်ဆန်ခါ ဗေဒါရခဲ့တယ်
ပွဲဝင်တဲ့ ပန်း . . . . . ။
(၅-၁၁-၉၇)
ဆုံရပ်ဒီမှာ
* ပြိုကွဲခြင်းကို
နှစ်သက် လိုလျှင်
ငါနှင့် အသင် ကျောနှင့် ရင် . . . . . ။
* ပေါင်းစည်းခြင်းကို
ချစ်မက်ပိုလျှင်
အသင်နှင့် ငါ အသည်းနှစ် မွှာ
* ပြိုကွဲနိဂုံး
အလှပျက်သုဉ်းဖို့၊ အမုန်းဗီဇ
သန္ဓေစသလို
* ပေါင်းစည်းအနှစ်
ကောင်းခြီးသစ်ဖို့၊ အချစ်ဗီဇ
သန္ဓေစတယ် . . . . . ။
* ချစ်မုန်းစည်းခြား
အခြေခံထားရင်း
‘အများ သည်အား၊ အားသည်အများ ’ . . . . တဲ့
ခံစားသိကဲ နှလုံးစွဲလျှင်
* ဘ၀သမိုင်း
ပုံခိုင်းထင်ဟပ်
ဆုံရပ်ဒီမှာ ၊ စာမျက်နှာတွင်
ငါနှင့် အသင် . . . ကျောနှင့် ရင်လား
အသင်နှင့် ငါ . . . အသည်းနှစ် မြွှာလား
(၉-၈-၉၇)
ဆီတစ်မီး ရေတစ်အိုး ပျိုးတစ်ရာ
* အမှော င်စခန်း
အရောင် မကန်းဘဲ
အောင်နန်းစိန်သီး
ထိန်ထိန်ညီးရန်
ဆီမီးတစ်တိုင် ထွန်းခဲ့၏ . . . . . ။
* မောသူလည်းလန်း
နွမ်းသူလည်းရွှင်
အေးစေချင်၍
ရေစင်တစ်အိုးတည်းခဲ့၏ . . . . . ။
* ရွာမဆုံးပါ
နာသုံးနာမိုး
ခါမညှိုးဘဲ
ပန်းမျိုးတစ်ရာပျိုးခဲ့၏ . . . . . ။
* ဆီမီးတန်ခိုး
ရေတစ်အိုးဖြင့်
ပန်းမျိုးတစ်ရာ
ပွင့်ဝေဆာလျှင်
ရင်မှာ လှိုင်းအိ
နှိုင်းမရှိအောင်
ပီတိရွှန်းဝေနေတကား . . . . . ။
(ဆရာသခင် ကျေးဇူးရှင်များ သို့) (၂၀-၁၁-၉၇)
အရုဏ်ဦးနဲ့ပန်းဖူးချိန်
* နေ့စဉ်ရက်ဆက်
ဝတ်မပျက်ဘဲ၊ စိတ်လက်ရွှင်မြောက်
ကျန်းမာထောက်၍
လမ်းလျှောက်ထွက်ခဲ့ကြာပါပြီ . . . . . ။
* နံနက်အရုဏ်
နှင်းဝတ်မှု န်နှင့် ၊ သုန်သုန်လေညှင်း
ရှုရှိုက်သွင်းသည်၊ ရင်တွင်းချမ်းမြ
ထိုခဏ . . . . . ။
* ဘုရားစာရွတ်
တတွတ်တွတ်နှင့် ၊ ကင်းလွတ်မြူတိမ်
နှလုံးအိမ်တွင် ရိပ်ငြိမ်သာစွ
တရားရ . . . . . ။
* ကိုယ်လက်ကျန်းမာ
စိတ်ချမ်းသာလျှင်၊ မေတ္တာလမင်း
အမှော င်ကင်းလျက်၊ လင်းလက်ရောင် ၀ါ
ဝန်းကျင်သာ၏ . . . . . ။
* ကျန်းမာရေး စစ်
ဆေးလည်း ဖြစ်၍ ၊ နေ့သစ်လည်းပျိုး
ကျေးငှက်နိုးထ၊ ပန်းဖူးစ
သော ကစင်ဝေး၊ မောဟပြေးလျက်
ငြိမ်းအေးသက်သာ၊ တေးကဗျာနှင့်
ရှည်ကြာနှစ်သက် ၊ လမ်းလျှောက်ထွက်သည်
နံနက်မိုးသောက်၊ နေ့တိုင်းပါ
အရုဏ်ဦးရဲ့နေ့တိုင်းပါ
အခန်း (၂)
တီးကြအောင်မောင်း
* ပြည်မြန်မာ
လယ်ယာနဲ့ ကန်ဆည်မြောင်း
စပါးဆန်ရေနှင့်
ဘုရားစေတီ မွေသရီတောမှာ
တရားဝေစည် အလှူပေါတယ်
ဗြောသံငြိမ့်ညောင်း . . . . . ။
* တို့မြန်မာ
ပြည်သာဖို့အောင်ကြောင်း။
ယဉ်ကျေးအစဉ်အလာနဲ့
ဘ၀င်အေးစရာ မှန်သမျှကို
အထင်သေးကာ ရန်လာစလျှင်
ခံချမယ် ညီညာဇွဲနဲ့
ရဲတဲ့ဖော်ပေါင်း . . . . . ။
* အောင်မြန်မာ။
အောင်ပါစေ အောင်နိမိတ်နဲ့
အောင်စိတ်ဆောင် အောင်မြေနန်းမှာ
အောင်ပန်းဝေဖြာ . . . . . ။
အောင်အတိတ် ဆင်ယင်ကာ
အောင်အစဉ်လာ သရဖူဆောင်း
အောင်ကြောင်းရည်မျှော်ပါလို့
အောင်မင်္ဂလာ ၀ဠာတုန်ဟီးအောင်
တီးကြအောင်မောင်း . . . . . ။
၂၃-၁၀-၉၇
နှင်းဆီရူး
* နှင်းဆီဖူးမှ
ခူးလို့လှသတဲ့ . . . . . ။
* နှင်းဆီပန်းမှ
နမ်းလိုသတဲ့ . . . . . ။
* နှင်းဆီဆင်မှ
အမြင်လှမတဲ့
ဆိုခဲ့သူရယ် . . . . . ။
* သို့သော် . . . . .
နှင်းဆီညှာတံ၊ ၀န်းရံဆူးယှက်
ရှိုက်ပင့်သက်နှင့် ၊ ရှေ့ဆက်ဝံ့ရေး
တွန့်လက်နှေးလျက် . . . . . ။
* အဆင်းနီနီ
သင်းကြည်ကြည်နှင့်
နှင်းဆီယဉ်ယဉ်၊ နှင်းဆီမြင်တိုင်း
ရင်လှိုင်းဘောင်ဘင်၊ ခါလှုပ်ချင်သည်
အသင်ရှိုက်မူး
နှင်းဆီရူး . . . . . ။
အနမ်းဦး
* ရင်ထဲစွဲနင့်
လှတစ်ပွင့်ပန်း၊ အခွင့်ကမ်းလျှင်
ဆွတ်နမ်းကြည်နူး၊ ရူးချင်ရူးစေ
လက်ဦးမွန်က
ချစ်ခဲ့ရလို့ . . . . . ။
* ဖူးစာအရံသင့်
ကံအမြင့်မှာ ၊ အခွင့်သာစဉ်
အလျင်လက်ဦး၊ ချစ်စိတ်မူးခဲ့
ခူးဆွတ်မိပန်း နွမ်းယဲ့ယဲ့
ရူးသွပ်မိပန်း လွမ်းသဲ့သဲ့ . . . . . ။
* အသည်းစစ်စစ်
အချစ်ကဲကဲ
အစွဲစွဲအလန်းလန်း
ရူးအောင်လွမ်းသည့်
နွမ်းပန်းကိုကြည့်
ရင်မချိဘူး
အနမ်းဦးသူ မှားပြီလား . . . . . ။
ပိတောက်ရွာက ရင်ပဲ့တင်
* အတာနှစ် ကူးလည်း
နှစ် ဦးအခါ ငြိမ်းချမ်းသာမှ . . . . . ။
ဒါနပြုလည်း
ကောင်းမှု ရည်မျှော် သာဓုခေါ်မှ . . . . . ။
ရေစင်ဖျန်းလည်း
ရွှင်လန်းမောပြေ ပီတိဝေမှ . . . . . ။
ပိတောက်လှိုင်လည်း
ကြိုင်လှောက်နံ့သာ ထိန်ထိန်ဝါမှ . . . . . .။
* ပိတောက်ဝါ၀ါ
အတာကူးကူး
မြူးမြူးသင်္ကြန်
ဟန်ယဉ်ကျေးကျေး
လှူပေးဝေေ၀
ရွှေဝါမြေတည့် . . . . . ။
* ဘုရားရောင် ၀ါ
သင်္ကန်းဝါနှင့် ၊ ရွှေဝါလယ်ကွင်း
ရွှေနှံဝင်း၍ ၊ ပန်းမင်းရွှေဝါ
ပိတောက်ရွာ မြန်မာ ဖြစ်ခြင်း
နှလုံးသွင်းတိုင်း၊ ဘေးကင်းရန်ကွာ
မင်္ဂလာဟု၊ မေတ္တာဝင်ဖူး
အလှထူးသည်
ကြည်နူးရင်ဝယ် တသိမ့်သိမ့်
ဘုရားဈေးက တေးချိုချို
* ဘုရားစောင်းတန်း
စင်္ကြန်လမ်းဍ်၊ ပန်းဝယ်ယူပါ
ပန်းလှူပါဟု၊ ပျူငှာဟစ်ကြွေး
ချိုသာမေးသည်
ဘုရားဈေးက . . . အိုပန်းသည် . . . . .။
မေးလို့မ၀ယ်
ဘေးသို့ဖယ်လည်း၊ ညှိုးငယ်မသုံး
ဖြူနှလုံးနှင့် ၊ အပြုံးမပျက်
ခွင့်လွှတ်လျက် . . . . . ။
ဘုရားဈေးဍ်
နွေးထွေးမူရာ၊ ပန်းရောင်းရှာသည်
သမ္မာဇီဝ ထိုလုပ်ငန်း . . . . .။
ဘုရားဈေးဍ်
ချိုအေးသံသာ၊ မင်္ဂလာကြောင့်
ဆရာမောင်ယဉ်မှူး၊ ဖွဲ့သီဖူးသည့်
ကြည်နူးထံတျာ၊ ကဗျာအလှ
တေးတစ်စကို၊ ဖွဖွဆိုရင်း
ကိုယ့်ရင်တွင်းဍ်၊ ချက်ချင်း အေးမြ
ထိုခဏ . . . . . ။
ဘုရားတစ်ခေါက်
ဖူးဖို့ရောက်တိုင်း၊ နှစ် ခေါက်ဖြတ်သန်း
ပန်းဈေးတန်းက၊ ပန်းသည်မတို့
ပန်းလှသလို၊ နှုတ်ဟချို၍
ကုသိုလ်လည်းရ၊ ၀မ်းလည်းဝသည့်
မျှတလျှောက်လှမ်း၊ သူတို့လမ်းဝယ်
ငြိမ်းချမ်းပါစေ၊ ဖြောင့်တန်းစေဟု
ခွန်းခြွေဆုတောင်းမိတကား . . . . . ။
(ဆရာမောင်ယဉ်မှူးနှင့် ရွှေတိဂုံဘုရားဈေးသို့ အမှတ်တရ) (၂၉-၁၁-၉၇)
မှန်မကြည့်တဲ့ မျက်နှာ
* သူကြည့်ကိုယ်ကြည့်
နှစ် ကိုယ်ကြည့်ခိုက်
မသိသလို သိသလိုနှင့်
ကိုယ့်ကိုသူပြုံး၊ ကိုယ်ပြန်ပြုံးရင်း
လုံးလုံးသတိ၊ မမှတ်မိချေ
သိဟောင်း ကျွမ်းဟောင်းမိတ်ဆွေစစ် . . . . . ။
* ကိုယ်ကြည့်သူကြည့်
နှစ် ကိုယ်ကြည့်ခိုက်
သိသလိုလို၊ မသိသလိုနှင့်
သူ့ကိုကိုယ်ပြုံး၊ သူပြန်ပြုံးလည်း
နောက်ဆုံးသတိ၊ ပြန်မှတ်မိပြီ
အသိအကျွမ်း မဟုတ်ခဲ့ . . . . . ။
* ငါးဆယ်ခရီး
အနီးလည်းမှု န်၊ အဝေးမှု န်က
အကြားလည်းထုံ၊ နားလည်းအုံပေါ့
မယုံချင်လည်း မရတော့ . . . . . ။
* ယုံဖွယ်အတိ
ဘယ်မရှိဘဲ
သတိပိုလို၊ မပြည့်ကိုယ်နှင့်
နုပျိုဆဲသွင်၊ စိတ်ကြီးဝင်ကာ
အမြင်အကြား၊ မှားပေါင်းများ မှ
မှန်က ဟားတိုက်ရယ်သတည်း . . . . . ။
(၃-၁၁-၉၇)
တစ်ကျော့ပြန်အအလှ
* အမှန်သဘောမမြင် ဉာဏ်အနုတ်တွေ နဲ့
ပြန်ပြောလျှင် တမင်ပြုတ်စေဖို့
အပင်ခုတ်လို့ သတ်ခဲ့သည်။
* အမြစ်မပြတ်လေတော့
အသစ်ထပ်ကာ ဖြာဖြာဝေဖို့
နွေကန္တာအပူလမ်း
ဖြတ်သန်းခဲ့ပြီ။
* မိုးစက်နဲ့ နှင်းရည်
တစ်ကြော့စီ ပြန်ဆုံတော့။
* နဂိုမဟုတ်ပေမယ့်
ထိုငုတ်တွင်
ပျိုရုပ်ဆင် ငယ်မူရာနဲ့
နေခြည်မှာ ရွှေရည်လောင်းကာ
ခေါင်းမော့ကြည်မွေ့ . . . . . ။
ရွာချစ် ယာချစ်
* တောတောင်ကတုံး
ကြပ်တီးကုန်းနှင့် ၊ ဖုန်းဆိုးလျှိုမြောင်း
ကွင်းကပြောင်သည့်၊ မိုးခေါင်ရေရှား
ဖုန်တွေ များ လည်း၊ အဘွားရဲ့ရွာ
အဘိုးရွာဟု၊ ရိုးရာအ ဖြစ်
ရွာကိုချစ်ခဲ့ . . . . . ။
* မိမွေဖမွေ
ဘိုးဘွားမွေဟု၊ အမွေဆက်ခံ
ဇာတိမှန်ရဲ့၊ ဘယ်ကံအဆိုး
ဘယ်အငြိုးကြောင့် ၊ လေမိုးဖောက်ပြန်
အမှော က်အလှန်နဲ့၊ ကော်နှံမ ဖြစ်
ဖွတ်ရင်းညစ်လည်း၊ ယာမြေချစ်သည်း
ရွာချစ်ဆဲပါ . . . . . ။
* ရွာရဲ့အလွန်
တောအစွန်တစ်ဝိုက်၊ မိုးခေါင်လိုက်တော့
စိုက်ခင်းယာပျက်၊ သီးနှံမထွက်လို့
တောကြက်မညံ၊ ခါတွန်သံတုံး
ငုံးလည်းမပူ၊ ချိုးမကူလည်း
ရွာသူချစ်သည်း၊ ယာချစ်ဆဲနော်
လာမခေါ်နဲ့ . . . . . ။
* ဟိုး . . . မိုးမြင့်ပေါ်
မျှော်လင့်ခိုးဖွဲ့၊ စိုက်ပျိုးခဲ့ကြ
ကြိုးသမျှတို့၊ မရမျိုးဆုံး
ဘ၀တုံးလို့၊ အရှုံးနွံနစ်
ကြွေးကျွန် ဖြစ်လည်း
ယာမြေချစ်သည်း ရွာမခွဲနိုင်
* ဟောသည့်ရွာကို
အဖေရှိရာ . . . အမေ့ရွာမို့
အစ်ကိုရှိရာ . . . အစ်မရွာမို့
ညီငယ်ရှိရာ . . . ညီမရွာမို့
ပေါင်းသင်းရှိရာ . . . ပေါင်းရင်းရွာမို့
ချစ်သူရှိရာ . . . အချစ်ရွာမို့
ဘယ်မြို့သာခေါင်၊ ရွှေ့သို့ပြောင်လည်း
မောင်မသွားဘူး နောင်အစဉ်
သည်ယာကိုပဲ မောင်ချစ်ခင်
သည်ရွာမှာ ပဲ မောင်ပျော်ချင်
ရွာချစ် ယာချစ် သံယောဇဉ် . . . . . ။
အခန်း (၃)
ရွှေပေးလို့ မရ
* ပြည်တွင်းပိုးချည်
ချိပ်ထဘီနှင့်
တည်ငြိမ်ပေစွ က္ကနြေ္ဒရ
မြန်မာအလှ မြန်မာမ . . . . . ။
အက်ီၤရင္ဖုံး
ဆင်ယင်ထုံးနှင့်
အပြုံးချိုမြ က္ကနြေ္ဒရ
မြန်မာအလှ မြန်မာမ . . . . . ။
ဆံမြိတ်ချထား
ပါးကွက်ကြားနှင့်
ခံ့ညားပေစွ က္ကနြေ္ဒရ
မြန်မာအလှ မြန်မာမ . . . . . ။
လည်မှာ ပုတီး
ပုသိမ်ထီးနှင့်
မငြီးအောင်ပ က္ကနြေ္ဒရ
မြန်မာအလှ မြန်မာမ . . . . . ။
ကတ္တီပါဖိနပ်
ခြေမှာ ညှပ်လျက်
သပ်ရပ်ပေစွ က္ကနြေ္ဒရ
မြန်မာအလှ မြန်မာမ . . . . . ။
ရွှေပေးမရ
အလှက္ကနြေ္ဒ
ကျက်သရေနှင့်
တင့်လိုက်ဖက်စွာ
မြင်ချင်ပါသည်
မြန်မာပီသ မြန်မာမ
ယဉ်ယဉ်စစ ရှုမ၀ . . . . . ။
ကမ်းဝေးငှက်
* အမေ့အိမ်တွင်
မမှိန်အဆင်း၊ ထိန်သာလင်းသည့်
လမင်းတစ်မင်း ရှိပါသည် . . . . . ။
* အမေ့အိမ်တွင်
အရှိန်မယွင်း၊ အစဉ်စီးဆင်းသည့်
စမ်းတွင်းတစ်တွင်းရှိပါသည်။
* အမေ့အိမ်တွင်
ချိုမြိန်ထုံသင်း၊ ဖြူပြာဝင်းသည့်
ပန်းခင်းတစ်ခင်း ရှိပါသည် . . . . . ။
* လမင်းထံမှော က်
စမ်းရေသောက်၍ ၊ ပန်းကောက်မွေ့ကာ
နေလိုပါလည်း
မေတ္တာကမ္ဘာခြားခဲ့ရ
ငယ်ကတည်းက သားဘ၀ . . . . . ။
* အမေ့အိမ်ကို
အချိန်မရွေး၊ ငယ်မူသွေးနှင့်
တွေးမိတိုင်းတ၊ တမိတိုင်းလွမ်း
လွမ်းမိတိုင်းပင်၊ ဖြေမရွှင်ပြီ
မိခင်ရင်နှင့် ဝေးခဲ့၍ . . . . . ။
ခလုတ်တိုက်နေကြသူများ
သတိမဖွေ အသိမနိုးတာကြောင့်
မပြည့်အိုးတွေ က ဘောင်ဘင် . . . . . ။
ပစ္စုပ္ပန်တဒင်္ဂကို
အနှစ် ချုပ်ရန် မပြင်ကြလေတော့
အလှမမြင် ဘ၀င်မလန်း
ကမ်းစပ်သော င်တင် . . . . . ။
သော တာပန် မဟုတ်ကြပေမယ့်
လောကဓံ အရှုပ်တွင်းမှာ ဖြင့်
ရှင်းအောင်ပ မနေလျှင် . . . . .
မသေခင် ခလုတ်တွေ တိုက်။
အသွားကမမှန်
အလျားအနံ မသေချာတော့
မရေရာ အမှော င်ခရီးမှာ
နီးမလို ပိုပိုဝေးတဲ့အပြင်
အဆွေးရင် နေ၀င်စောတာကြောင့်
မောမောပြီးဟိုက် . . . . . ။ ။
ဈေးသည်
* သိက္ခာဈေးကွက်
နှစ် ဆမက်၍ ၊ အရှက်ဗလာ
မြောင်မျက်နှာနှင့်
လိပ်ပြာဈေးလျော့ရောင်းလိုက်၏ . . . . . ။
* ရိက္ခာဈေးကွက်
သိဆမက်၍ ၊ အရှက်ဗလာ
ပြောင်မျက်နှာနှင့်
သိက္ခာဈေးလျော့ရောင်းပြန်၏ . . . . . ။
* သတိလည်လာ
ခုတစ်ခါမူ
လိပ်ပြာအတွက်၊ မျှော်လင့်ချက်ဖြင့်
ဆက်၍ ရောင်းရန်၊ သူတို့ထံတွင်
လက်ကျန်ဘာရှိ မသိပြီ . . . . . ။
တံခါးတစ်ချပ်၏ ဟိုဘက်သည်ဘက်
* လာစေချင်၍
တမင်ကြိုလင့်၊ တံခါးဖွင့်လည်း
အခွင့်မသာ ဝေးခဲ့၏ . . . . . ။
* ဝေးပင်ဝေးလည်း
ဝေးသည့်ခြင်းရာ၊ ချစ်မေတ္တာမို့
ရင်မှာ ကြိတ်ပြီး နီးသည်ထင် . . . . . ။
* နီးပင်နီးလည်း
နီးသည့်ခြင်းရာ၊ ဥပက္ခာမို့
ရင်မှာ ပိတ်ဆီးဝေးသည်ထင်
* ဝေးလျက်နီးရာ
ကိုယ့်ကမ္ဘာသို့ မေတ္တာတွေ သာ
ဝင်ခဲ့ပါဟု၊ ပျူငှာဖိတ်ခေါ်
အကြိုမျှော်မင့်၊ မပေါ်ထွက်ပြေး
ဝေးနေဆဲ . . . . . ။
* နီးလျက်ဝေးကွာ
ကိုယ့်ကမ္ဘာမှ၊ ဥပေက္ခာတွေ
သွားပါစေချင်၊ တွင် တွင် နှင်လည်း
ဝင်လာမစဲ တသဲသဲ . . . . . ။
ပါးကွက်ပြုံးနဲ့ ငှက်ကြီးတောင်
* သမီးခင် ပါးကွက်ပြုံး
အလှဆုံးလို့ ဂုဏ်ယူလျှင် . . . . . ။
* သားဆိုလျှင် တအားသက်
ဓားတစ်လက်အသွင် . . . . . ။
* မြန်မာမျိုးပေမို့
ရိုးရိုးနဲ့ အမြဲယဉ်
သည်းဘ၀င် ပါးကွက်ဆင် အမြင်အေး . . . . . ။
* သမိုင်းတစ်ခွင်မှာ
အရိုင်းအယဉ် မမှားရအောင်
မ တစ်ထောင် တစ်ကောင်ဘွားမို့
လာစတောင် ကွေ့ရှောင်မ သွားပါတဲ့
အာဂမောင် အဖေ့သားရယ်လို့
ငှက်ကြီးတောင် အားအပြည့်နဲ့
ဓားမြည့် မြည့် သွေး . . . . . ။
အရိပ်တစေ
* နေပူကလာ
အရိပ်ဆာ၍ ၊ ခက်မြွာရွက်စိပ်
တချွေးသိပ်ဖို့၊ မှေးမှိတ်ခိုဝင်
သစ်တစ်ပင်အောက် . . . . . ။
* သစ်ရိပ်အောက်လူ
ရောက်နှင့် သူက၊ မတူမတန်
ငြူစူမာန်ဝင်၊ မောင်းထုတ်နှင်သော်
ဘယ်ရင်ချမ်းမြေ့ပျော်ပါအံ့ . . . . . ။
* ခဏခိုနား
ခရီးသွားချင်း၊ စာနာကင်းသည့်
ကြောင်းရင်းဘယ်သို့ ဖြစ်ပါလိမ့် . . . . . ။
* မပိုင်ဘဝ
တဒင်္ဂကို၊ ထာဝရပဲ
အတ္တစွဲ၍
တလွဲအသိဝင်သည်လား . . . . . ။
* အရိပ်ထဲမှာ
အနေကြာလည်း
မေတ္တာခေါင်းပါး၊ နှလုံးသားကြောင့်
မခြားသူ့သွင်၊ စိတ်ဝယ်မြင်မိ
နေတွင် လောင်မြိုက်နေဘိသို့ . . . . . ။
* အရိပ်ထဲတွင်
မနေချင်ပြီ
ရင်မှာ မအေးတော့ပါ၍ . . . . . ။
စွန့်ခြင်းရသ
* နောင်ရိုးနှလုံး
သတ္တိထုံးနှင့် ၊ အရှုံးမခံ
အလံမလှဲ၊ ငါသေရဲဟု
တိုက်ပွဲခေါ်လျက်၊ လှေဖောင်ပျက်သည့်
သက်စွန့်မရှောင်၊ ဘုရင့်နောင်၏
ပြောင်ပေ့သူ့သွေး၊ စေ့စေ့တွေးရင်း . . . . . ။
* သူရဲကောင်းရွေး
လက်မသွေးဖောက်၊ သံချွန်ထောက်ခိုက်
နောက်တွန့်သွေးကြောင်၊ အများ လှောင်၍
အရှက်မှော င်ကဲ၊ ငါသေရဲဟု
ဗိုက်ခွဲအူဆွ၊ သတ္တိပြသည့်
ဗလမင်းထင်၊ သူ့ ဖြစ်အင်၏
ရာဇ၀င်တစ်ခန်း ပြန်စူးစမ်းတော့ . . . . . ။
* နှစ် ဦးသွေးသောက်
ရဲရဲတောက်၍ ၊ ရွံ့ကြောက်မဲ့ကင်း
အသက်ရင်းကာ၊ ၀ံ့ခြင်းတူညီ
သေဖို့ရည်လည်း၊ မညီစွန့်စား
တစ်ခုခြားခဲ့ . . . . . ။
* ဘ၀တစ်ပွက်
တစ်သက်သာသေ၊ ရှိပစေဟု
မတွေ မရွံ့၊ ရဲရဲဝံ့လည်း
စွန့်ခြင်းပီမှ၊ သမိုင်းလှမည်
အာဂသတ္တိနီစေချင် . . . . . ။
ကချေသည်များ
* ထိုင်နေသခိုက်
စိတ်ဍ်တစ်ဖန်၊ ထချင်ပြန်၏
ထိုင်မိထခက် ဒွိဟစွက် . . . . . ။
* ထခဲ့ပြန်လည်း
စိတ်ထဲနှိုးဆွ၊ ခဏနှင့် ပင်
ပြန်ထိုင်ချင်၏
ထမိထိုင်ခက် ဒွိဟစွက်
* လက် ဖြစ်သရုပ်
ခက်ဆစ်ထုတ်တော့
ရုပ်တစ်ခု စိတ်နှစ် ခြမ်း
အကဲဖမ်းခက်၊ စွဲလန်းချက်နှင့်
ပင့်သက်ရှတ၊ မျိုမျိုချရင်း
စဉ်းစားမိရဲ့ ခဏ ခဏ . . . . . ။
* အကဇာတ်ခုံတွင်
ငါတို့ရွှင်ဖို့
နှစ် ကိုယ့်တစ်စိတ်ကြည့်ခဲ့ရ. . . . . ။
* ဘ၀ဇာတ်ခုံတွင်
ဘယ်သူရွှင်ဖို့
တစ်ကိုယ့်နှစ် စိတ် ကနေကြ . . . . . ။
အမွေစံ သီဝရ
* အမေဆိုတာ အဖြူ
* ဘယ်ညကိုမှ အမှော င်မဖုံး
အလှဆုံးဖြူခဲ့သူ . . . . . ။
* နိမိတ်ဖတ်မလွဲမှားကြပါနဲ့
သိဒ္ဓတ္ထလည်းသညး
ဒေ၀ဒတ်လည်း သားပါပဲ
ခွဲခြားရင် သားမမည် လို့
သားဟူသည် ကျောနဲ့ရင် မရွေးပါဘု
နှလုံးသားအဖြူ သန့်သန့်လေးနဲ့
အမေပေးခဲ့တာ အတူတူ
ရသူတွေ သာ မတူမျှ . . . . . ။
* အမျိုးမှန်ပေမယ့်
အဖိုးတန်အောင် မယူတတ်တဲ့အပြင်
စိတ်ဓာတ်အခံ မတူလွဲတာကြောင့်
အမွေစံ အဖြူအမည်း
မူကွဲနေကြ . . . . . ။
ပန်းသီးတစ်ကိုက်ရဲ့ မနက်ဖြန်
* ဘယ်သူတွေ
ဘယ်အခြေကြီးလို့
ခရီးဘယ်လောက် တွင် တွင် ပါ . . . . . ။
* ပန်းသီးတစ်ကိုက်ရဲ့
ခိုက်တံ့ကာလ
တစ်ဒင်္ဂ
ဘ၀ဆိုလျှင် . . . . . ။
* သမုဒယမီးလောင်ပြင်
မိုးမခေါင်စေချင် . . . . .
သစ္စာရေစင်တစ်စက်
တွင်းမနက်စေချင် . . . . .
မုဒိတာ အပြုံးတရား
လုံးပါး မပါးစေချင်
* သို့မဟုတ်လျှင်
ကောင်းကင်မြေလွှာ
စေရာလက်ညှိုး၊ တန်ဖိုးကြီးမြတ်
မေတ္တာဓာတ်နဲ့၊ ရစ်ပတ်နှောင်ထုံး
အချစ်တတ်ဆုံးလူသည် . . . . . ။
* ကြောက်စရာအကောင်းဆုံး
အသည်းနှလုံးနဲ့
ရွံ့မုန်းစရာ၊ သတ္တ၀ါအ ဖြစ်
တွင် ရစ်မယ့် သမိုင်း
တွေးတိုင်းရင်မှာ . . . . . ။
အခန်း (၄)
မိုးနဲ့မြေ
* အလွမ်းပြေစမ်းရေ မအေးတာကြောင့်
အနမ်းတွေ ပန်းလိုမမွှေးပြီဘု
ဆွေးဗျာထု ဖြေမဆည် . . . . . ။
* စေတနာ အပင်ပျိုးပေမယ့်
ဝေဒနာဉာဉ် အမြင်ဆိုးတွေ ကြောင့်
မိုးလည်းနွေ
ဆောင်းလည်းနွေ
နွေလည်းနွေ
ရာသီတွေ အသွင်ပြောင်း
အကြောင်းမညီ . . . . . ။
* ဗဟုတောမှာ ဖြင့်
အညုသဘောတွေ နဲ့
အတုပေါတာကြောင့်
လူ့လောကီ လူ့ဇာတ်လမ်းတွေ က
ဆန်းပေသကွဲ့ ထွေလီပွေလီ
သွေဖီချင်လို့ လွတ်မတဲ့လား . . . . . ။
* ကတိဗလာနဲ့ ဇွတ်မငြင်းပါဘု
ဝိဘာဂ၀ဋ် မကင်းလေတော့
ကရွတ်ကင်း သံသရာမှာ ဖြင့်
အပြန်တစ်ရာ အတိုးနယ်ချဲ့တာကြောင့်
ကံကြမ္မာယိုးမယ်ဖွဲ့ပါလို့
(အမေရယ် သားမှာ တော့)
မိုးနဲ့မြေမှား . . . . . ။
စိတ်ကောက်တဲ့ည
* ဗိုင်းငင်နေတုန်း လရောင် ဖုန်း
ကျွန်မမုန်းတယ် မောင်ကြီးရယ် . . . . . ။
* လသာနေတုန်း တိမ်ပြာဖုံး
ကျွန်မမုန်းတယ် မောင်ကြီးရယ် . . . . . ။
* ညရိပ်မှော င်တုန်း ကြယ်ဆိတ်သုဉ်း
ကျွန်မမုန်းတယ် မောင်ကြီးရယ် . . . . . ။
* စိတ်ကူးယဉ်တုန်း လှုပ်မျက်ခုံး
ကျွန်မမုန်းတယ် မောင်ကြီးရယ် . . . . . ။
* ရင်ခုန်မြန်တုန်း ပလွေသံဆုံး
ကျွန်မမုန်းတယ် မောင်ကြီးရယ် . . . . . ။
* ခြေသံစွင့်တုန်း ခွေးဟောင်ချုန်း
ကျွန်မမုန်းတယ် မောင်ကြီးရယ် . . . . . ။
* လည်ပင်းရှည်တုန်း ဉာဥ့်ဝက်ဆုံး
ကျွန်မမုန်းတယ် မောင်ကြီးရယ် . . . . . ။
* မျက်လုံးကြောင်တုန်း မျက်ရည်ဖုံး
ကျွန်မမုန်းတယ် မောင်ကြီးရယ် . . . . . ။
* အိပ်မက်မျှော်တုန်း ပင့်သက်ရှုံး
ကျွန်မမုန်းတယ် မောင်ကြီးရယ် . . . . . ။
* ရှက်မ၀တုန်း ညကပြုံး
ကျွန်မမုန်းတယ် မောင်ကြီးရယ် . . . . . ။
* မောင်ကြီးသိရင် မလှောင်နဲ့ကွယ်
မောင့်ရင်ထုလို့ ငိုမိမယ် . . . . . ။
ပုဂံတစ်ခေါက်
* ပုဂံတစ်ခေါက်
ဖူးခွင့်ရောက်ခဲ့၊ ကွန်းထောက်ဘဝ
ပြန်ပြောရလျှင်၊ ခဏအိပ်မက်
မက်သည်သို့ . . . . . ။
* ရသည့်ခွင့်ရက်
တစ်ရက်နှစ် ရက်မို့ ကြက်ယက်အစာရှာ
ပျာကယာပင့်၊ ထွက်ဝင်မနား
ပြေးရင်းလွှားရင်း၊ ခံစားကြည်နူး
ပီတိထူးနှင့် ၊ ဖူးမြင်မဝ
အားမရခင်၊ မပြန်ချင်လည်း
နှင်တံလက်တို့၊ အိမ်ပြန်ပို့ခဲ့
ဝန်ထမ်းဘ၀၊ လွတ်လပ်မဲ့
ဝမ်းသာတစ်ဝက်၊ ၀မ်းနည်းခဲ့ . . . . . ။
* လှည်းဝင်ရိုးသံ၊ တညံညံ . . . တဲ့
ပုဂံဘုရား၊ များ လည်းများ ဘိ
များ သည့်အလျောက်၊ အရောက်ခြေဆန့်
အနှံ့ဖူးချင်၊ ရင်ခုန်မင်၍
တွင် တွင် မျှော်တမ်း လွမ်းမိရဲ့ . . . . . ။
* ပုဂံတစ်ခေါက်၊ ပြန်ဖူးရောက်မို့
လွတ်မြောက်ငှက်သွင်၊ အတောင်ဖြန့်ချင်သည်
စိတ်ရင်ချမ်းမြေ့ . . . ခွင့်လမ်းတွေ့ 
ချိုးလက်ရေ၍ . . . ဘယ်တစ်နေ့ . . . ။
အလိုတော် ပြည့်ရင်ခွင်မှာ
* ကြမ္မာကံမြောက်
မဲလာပေါက်၍
တစ်ခေါက်ပုဂံရောက်ခဲ့သည် . . . . . ။
* ပုဂံသွားလျှင်၊ မှာ ကြားချင်သည်
အလျင်ဖူးဘိ၊ အလိုတော် ပြည့် . . . တဲ့
မှာ သည့်စကား၊ နာမှတ်သား၍
ဘုရားဖူးရန်၊ ရောက်ခဲ့ပြန်သည်
ပုဂံအလှ ထိုဒေသ
ဘုရားစေတီများ ပေစွ . . .
* များ လှပေသည်
စေတီဘုရား၊ အစားစားနှင့်
ထင်ရှားထူးသည့်၊ အလိုတော် ပြည့်တွင်
ဖူးဖို့ဝင်သည်၊ အလျင်ရောက်သူ
ခုရောက်သူနှင့် ၊ နောက်လူမစဲ
တဖွဲဖွဲတည့်
ဝင်ထွက်ကြသူ လူအပြည့်
လှူဒါန်းကြသူ လူအပြည့်
ကြည်ညိုကြသူ လူအပြည့်
တရားထိုင်သူ လူအပြည့်
ပုတီးစိပ်သူ လူအပြည့် . . . ။
* သြော်
ဘာအလိုရှိ၊ ဘာအလိုပြည့်ရန်
ဆုထူးပန်၏ ကိုယ်မသိ
ဘုရားဖူးတွေ စည်ပါဘိ
ပုဂံဘုရား အလိုတော် ပြည့် . . . ။
(၁၃-၁၂-၉၇)
တံဆိပ်မဲ့နယ်နိမိတ်
* စိတ် . . .
တိတ်တိတ်လေးမြုံ
ပန်းလိုငုံ . . . ။
* စိတ် . . .
ထိတ်လန့်ပေါက်ကွဲ
ဗုံးလိုကြဲ။
* စိတ် . . .
အရိပ်ကိုပင်
တစ္ဆေထင်
* စိတ် . . .
အဆိပ်ဆူးလိုမူး
ဆူးလိုစူး။
* စိတ် . . .
အတိတ် ပစ္စုပ္ပန်
မနက်ဖြန်ကို
ရန်ထောင်ရင်း နှုတ်ဆက်
ဖက်နမ်းရင်း စိတ်ကောက်
မြှော က်တင်ရင်း ဆွဲနှစ်
ဖြစ်လိုက် ပျက်လိုက်
ပြန် ဖြစ်လိုက်နဲ့
စရိုက်ဖောက်ပြန်
မြန်မှမြန် . . . ။
* အဲဒီ စိတ်ပေါ့ . . .
တံဆိပ်မကပ်၊ မှတ်ပုံမတင်
ပိုင်ရှင်ထိန်းခက်
ချင့်တွယ်မလွယ်
နယ်နိမိတ်ကျယ်သည်
ပင်လယ်ထက် . . .
ကောင်းကင်ထက် . . .
မြေပြင်ထက် . . .
(၂၇-၂-၉၇)
မေ့သူ
* ငယ်စဉ်ကာလ၊ နှလုံးလှခဲ့
ဓနဂုဏ်ရောင် မရှိချိန်
သူနှင့် ကျွန်တော် တွေ့ စအချိန် . . . ။
* ငယ်စဉ်ကာလ၊ အပြုံးလှခဲ့
ဘ၀ဂုဏ်ရောင် မရှိချိန်
သူနှင့် ကျွန်တော် တွေ့ စအချိန် . . . ။
* တွေ့ စအချိန်၊ မရှိချိန်မှာ
အသိထိန်လင်း၊ လှအဆင်းနှင့်
ပ၀င်းမီးအိမ် ဆီအပြည့် . . . ။
* ယခုအချိန်၊ နှလုံးမှိန်ပြီ
စည်းစိမ်မိုးထိ၊ သူ့မှာ ရှိ၍ . . . ။
* ယခုအချိန်၊ အပြုံးမှိန်ပြီ
ဂုဏ်သိန်မိုးထိ၊ သူ့မှာ ရှိ၍ . . . ။
* ဖြိုးဖြိုးပြည့်ပြည့်
မိုးထိအားလုံး၊ ရှိမဆုံးမှ
နှလုံးမထိန်၊ အပြုံးမှိန်ကာ
မီးအိမ်ဆီခန်း၊ အလင်းကန်းပြီ
လာလမ်း သူမေ့ရော့သလား . . . ။ ။
(၆-၂-၉၇)
ကျွန်တော့် အမေ
* ဆိုးသမျှ
အတိုးချအချစ်ပို . . . ။
* မိုက်သမျှဆိုလည်း
ရိုက်ပြီးမှငို . . . ။
* တောင်းဆိုးလည်း မဟုတ်ပြီကို
ပလုံးဆိုးလိုလည်း သဘောမထား။
* ရင်ခွင်ကို ခေါင်းတစ်ခါဝှေ့လျှင်
မကောင်းတာ အကုန်မေ့ပါလို့
ဝေ့မျက်ရည် ကြည်နှလုံးနဲ့
ပြုံးပီတိပွား . . . ။
![]() ပန်းမိုးရွာတဲ့ အလှမြေ | ![]() ငှက်ကလေးတွေကို ရှက်လို့ပါ | ![]() ကဗျာဖတ်စာချစ်စရာ ကလေးကဗျာများ |