Cover

အမှာ စာ

အက်ဆေးဆရာနှင့် အိမ်နီးချင်း

နောင်တော် ကြီး ဖြစ်ပါသည်။

၁၉၈၀ ၀န်းကျင်…။ မဂ္ဂဇင်းစာမျက်နှာတွေ ပေါ် ဖြတ်သန်းဖို့ ကျွန်တော် တို့ အားယူကြိုးပမ်း စကာလ။

ဒါးကမြစ်ကမ်းတစ်နေရာရှိ ကျွန်တော် တို့မြို့ကလေးမှ စာသမားတစ်သိုက်တို့သည် တစ်ဦး လျှင် လစဉ် မဂ္ဂဇင်းတစ်အုပ်စီဝယ်လျက် လဲလှယ်ဖတ်ရှုဖို့ တာဝန်ခွဲဝေကြလေရာ ကျွန်တော် ၀ယ် ရသည့်စာအုပ်မှာ ရှုမ၀ ဖြစ်ပါသည်။ ထိုစဉ်က ရှုမ၀သည် စာသမားတို့ အမြတ်တနိုးတန်ဖိုးထား သည့် မဂ္ဂဇင်းတစ်စောင်အ ဖြစ် တော် တော် အရှိန်အ၀ါကြီးခဲ့ပါသည်။ အဖုံးပန်းချီအစ၊ အဖြည့်ကဗျာ အဆုံး တရှိုက်မက်မက်ဖတ်ခဲ့ရသည့် မဂ္ဂဇင်းဆို၍ ရှုမ၀တစ်အုပ်ပဲရှိပါသည်။ “ရှုမ၀မှာ ကဗျာမရေး ဖူးရင် ကဗျာဆရာမ ဖြစ်ဘူး” ဟုပင် ကဗျာဆရာကြီးတစ်ဦးက အလွန်အကျွံပြောခဲ့ဖူးပါသည်။ ထိုကဗျာဆရာ၏ ကဗျာ ရှုမ၀၌ ပုံနှိပ်ဖော်ပြခြင်းမခံရမိကတည်းက မြေလတ်မောင်မြင့်သူကို ရှုမ၀ ၏ ကဗျာဆရာတစ်ဦးအ ဖြစ် အမှတ်ထင်ထင်သတိပြုမိခဲ့ပြီး ဖြစ်ပါသည်။ ချစ်ကိုယ်တွေ့ …. ၀တ္ထု တွေ ပင်လျှင် လက်သွက်သွက်နှင့် ၀င်၍ ရေး ခဲ့သေးဟု အောက်မေ့မိပါသည်။

၁၉၉၀ ၀န်းကျင်…။ စာရေး ဆရာမောင်ခိုင်နီ မိတ်ဖွဲ့ပေးသဖြင့် ရန်ကုန်မြို့အလယ်က ရုံးတစ်ရုံးမှာ သူ့ကို အရှင်လတ်လတ်တွေ့ ခဲ့ရပါသည်။ အလုပ်တွေ ရှုပ်နေသည့်ကြားက ပြုံးလွင်ချို ကြည်စွာ နှုတ်ဆက်လာသော သူ၏ မျက်နှာက သူ့အသက်ထက်ပို၍ နုနယ်နေသည်ဟု ထင်ရပါ သည်။ “ ခင်ဗျားသူငယ်ချင်းက ငယ်သေးတာပဲဗျ” ဟု ကိုခိုင်နီကိုပြောမိရာ “သူ့ရှေ့သွားမပြောနဲ့ဗျ သူက ခုတလောမှ ပိုပြီးနုချင်နေတာ၊ ဒါပေမဲ့ ခင်ဗျားထက် ခြောက်နှစ် လောက်တော့ ကြီးမယ် ထင်တယ်” ဟု ကိုခိုင်နီက ပြောပါသည်။ မကြာသေးခင်က ဖတ်လိုက်ရသော သူ၏ ရသစာတမ်း တစ်ပုဒ်တွင် သူ ယခုရောက်ရှိနေသော အသက်ကိုတွေ့ လိုက်ရတော့မှ ဟိုတုန်းက ကိုခိုင်နီ၏ ခန့်မှန်းချက် သိပ်မဆိုးလှဟု အောက်မေ့ရပါတော့သည်။

ပြောရလျှင် သူသည် စာသက်အရလည်းကောင်း၊ လူသက်အရလည်းကောင်း ကျွန်တော် ၏ နောင်တော် ကြီးပဲ ဖြစ်ပါသည်။

၂၀၀၀ ပြည့်အလွန်…။

ကျွန်တော် ရန်ကုန်သို့ ခိုနားခွင့်ရသဖြင့် သူနှင့် ပြန်ဆုံရပါသည်။

မဆုံမတွေ့ ခဲ့သည့် ဆယ်နှစ် ကျော်ကာလအတွင်း သူသည်နိုင်ငံတော် မှ ချိးမြှင့်သည့် စာပေ ဆုများ နှင့် အသင်းအပင်းတို့မှ ချီးမြှင့်သည့် ဆုများ အပါအ၀င် စာပေဆုတွေ တစ်ပွေ့ကြီးနှင့် ကဗျာ ဆရာ မြေလတ်မောင်မြင့်သူ ဖြစ်၍ နေခဲ့ပြီ ဖြစ်ပါသည်။

တစ်ချိန်တည်းမှာ ပင် သူသည် အစိုးရဌာနအလုပ်စားပွဲမှ ဖယ်ခွာလျက် မဂ္ဂဇင်းအယ်ဒီတာ အလုပ်စားပွဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။ တစ်ချိန်တည်းမှာ ပင်သူသည် အချိုးကဗျာ၊ အချိုအနွဲ့ ကဗျာတို့မှ ဖယ်ခွာလျက် ခေတ်လူငယ်တို့သို့နှယ် နာကျင်ပေါက်ကွဲတတ်သော ကဗျာတို့ကို ဖွဲ့ဆို နေခဲ့ပြီ ဖြစ်သည်။ ရသစာတမ်းကလေးတွေ ကို ကျွန်တော် လှိုင်လှိုင်ရေး ဖြစ်နေသည့် ကာလတချို့၌ သူ့မဂ္ဂဇင်းအတွက် လိုအပ်သည့် စာမူကို ကျွန်တော် ထံသို့ လှမ်း၍ လှမ်း၍ “အရေး ပေါ်” တောင်း တတ်ပါသည်။

“ကိုရင့်မာ…. ရှေ့လသုံးဖို့ အက်ဆေးမရှိသေးဘူး၊ မနက်ဖြန်လောက် လိုချင်တယ်” ဟု ဆို တတ်ပါသည်။

“ဟာ.. ကျွန်တော် အဲဒီ လောက်မမြန်ဘူးလေ၊ နည်းနည်း အချိန်ပေးဦးမှပေါ့ဗျ” ဟု ကျွန်တော် က ဈေးဆစ်တတ်ပါသည်။

သို့ဖြင့် ….

အယ်ဒီတာနှင့် အက်ဆေးဆရာအ ဖြစ် သူနှင့် ကျွန်တော် ပေါင်းဖွဲ့ ဖြစ်ပါသည်။ အခါများ စွာ လက်ဖက်ရည်ဆိုင် အတူထိုင် ဖြစ်ပါသည်။ အခါများ စွာ စကားအတူဆို ဖြစ်ပါသည်။ အခါများ စွာ ခရီး အတူသွား ဖြစ်ပါသည်။ နှစ် စဉ်နှစ် စဉ် နတ်တော် လတွင် ခင်းကျင်းသည့် ကျွန်တော် တို့မြို့ကလေးက စာပေတွေ့ ဆုံပွဲကလေးဆီသို့လည်း အခြားစာရေး ဆရာတို့နှင့် အတူ သူ့ကိုခေါ်သွား ဖြစ်ခဲ့ပါသည်။

၂၀၀၆ ခုနှစ် က ဖြစ်ပါသည်။ ကျောင်းကုန်းဧည့်မှူးနှင့် ကျွန်တော် ၊ သူငယ်ချင်းနှစ် ယောက် ကို ကဗျာဆရာမောင်နီဌေးက စာပေဟောပြောပွဲ ဖိတ်ပါသည်။ သူ့လေသံအရဆိုလျှင် ဖိတ်သည် ဆိုတာထက် တာဝန်ပေးသည်ဟု ပြောရမည် ထင်ပါသည်။ “တို့မြို့က ဟောပြောပွဲမှန်သမျှ မင်းတို့ ပဲ ဒိုင်ခံကျင်းပခဲ့တာများ လှပြီ၊ ဒီတစ်ခါတော့ မင်းတို့နှစ်ယောက် ထပ်ခေါ်ပါရေစေ” ဟု တောင်းဆို လျက် မြေလတ်မောင်မြင့်သူကိုပါ ကျွန်တော် က ခေါ်လာခဲ့ပါသည်။

ရွာ၌ နေသော ကျွန်တော့် အမေက ကျွန်တော် တို့သုံးဦးဟောသည့် တိပ်ခွေများ ကို အသေ အချာနားထောင်ပါသည်။ နောက်တစ်ခေါက် ရွာပြန်တော့ ကျွန်တော့် ကို ပြောပါသည်။

“သားရေ …နောက်တစ်ခါလာရင် သားသူငယ်ချင်း မောင်မြင့်သူကို ခေါ်လာခဲ့ပါဦး”

“ဘာ ဖြစ်လို့လဲ အမေ”

“သြော် …သူတို့ရွာက မိုးလည်းခေါင်သေး၊ အစာရေစာလည်းရှားသေး၊ ပြီးတော့လည်း သူငယ်ငယ်က မြေကြီးပေါက်ဘာပေါက်နဲ့ ပင်ပန်းလိုက်တာ၊ သူဟောတာနားထောင်ပြီး အမေ စိတ် မကောင်းလို့ သားရယ်၊ ဟင်းကောင်းကောင်းလေး အမေချက်ကျွေးချင်လို့ပါ”

သူ့ဟောပြောချက်ထဲမှာ သူငယ်ငယ်က ဆင်းရဲပင်ပန်းစွာ ပညာသင်ခဲ့ရတာ တွေ ပါသည်။ ရုန်းကန်ကြိုးပမ်းရတာာတွေ ပါသည်။ သူ့ဇာတိ စာရပေအနောက်စုရွာ၊ အောင်လံက ဒွေးလေးခင် စောတို့အိမ်၊ ဆာပါကျောင်း၊ ရန်ကုန်မြို့ နေနတ်သားစာသင်တိုက်… စသည်တို့မှာ အရိပ်ခိုရင်း ချို့ ချို့တဲ့တဲ့ ပညာရှာခဲ့ရသော ငယ်ဘ၀ဖြတ်သန်းချက်တွေ ပါသည်။ ကျေးတောသားလေသံဖြင့် ရိုးရိုး တာတာကြီးပြောခဲ့သော သူ၏ ဟောပြောချက်က ကျေးတောနေ ကျွန်တော့်မိခင်ကြီး၏ ကရုဏာ ကို လှုပ်နှိုးလိုက်နိုင်ပုံရပါသည်။



မဂ္ဂဇင်းစာမျက်နှာများ ပေါ် ပုံနှိပ်ဖော်ပြကတည်းက သူ၏ ရသစာတမ်းများ ကို ဖတ်ခဲ့ပြီ ဖြစ် သော်လည်း ခု “အမှာ စာ အမြန်ရေး ပေးပါ” ဟု ဆိုလေသော အခါ ကျွန်တော် နောက်တစ်ကြိမ်ပြန် ဖတ်ပါသည်။

ကျွန်တော် သည် ရသစာတမ်းများ ကို ချစ်၍ ဖတ်ပြီး ချစ်၍ ရေး သော သူတစ်ဦးမျှသာ ဖြစ်၍ ညီအစ်ကိုသူငယ်ချင်းကဲ့သို့ ချစ်ခင်ရင်းချာသော မြေလတ်မောင်မြင့်သူ၏ ရသစာတမ်းစာအုပ် အတွက် ကျွန်တော် ၏ အမှာ သည် ပိုင်းဖြတ်သုံးသပ်ချက်များ ထက် တစ်ရွာတည်းပေါက် အိမ်နီးချင်း တစ်ယောက် ၏ မုဒိတာစကားများ သာ ဖြစ်ဖွယ်ရှိပါလိမ့်မည် ။

မည် သို့ဆိုစေ….

ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကဲ့သို့သော အရေး အသားမျိုးမှအပ ကဗျာ၊ ၀တ္ထု၊ ပြဇာတ်၊ အက် ဆေး( ရသစာတမ်း) စသော ရသစာပေအရေး အဖွဲ့ အမျိုးမျိုးတို့အနက် စာရေး ဆရာ၏ ပကတိ ရုပ်သွင်နှင့် ပကတိအသံကို မြင်ခွင့်ကြားခွင့်အရရှိနိုင်ဆုံးသော အရေး အဖွဲ့မှာ “ရသစာတမ်း” ပဲ ဖြစ် မည် ထင်ပါသည်။ ရသစာတမ်းစုစည်းမှု စာအုပ်တစ်အုပ်တွင် စာတမ်းဆရာ၏ ဘ၀အမြင်နှင့် လောကအမြင်ကိုလည်းကောင်း၊ ဘ၀၀န်းကျင်နှင့် လောက၀န်းကျင်ကိုလည်းကောင်း ပို၍ နီးနီး ကပ်ကပ် ပို၍ ထဲထဲဝင်ဝင် တွေ့ မြင်ခွင့်ရနိုင်သည်ဟု အောက်မေ့မိပါသည်။

စင်စစ် ရသစာတမ်းဆရာသည်လည်း ဘ၀ခရီးသွားတစ်ဦးမျှသာ ဖြစ်ရာ ခေတ်တစ်ခေတ် တည်းကို သူနှင့် အတူ ဖြတ်သန်းနေရသော စာဖတ်သူထက်ပို၍ “ထူးခြား” “ဆန်းပြား” “ခမ်းနား” သော ခရီးအတွေ့ အကြုံကိုပြန်ပြောနိုင်လိမ့်မည် ဟု မျှော်လင့်အပ်သည်မဟုတ်ပါ။ သို့သော် သူသည် ခရီးအတွေ့ အကြုံတစ်ခုကို ဘယ်လိုခံစားသလဲဆိုတာ အရေး ကြီးပါသည်။ ဘယ်လိုတွေး မြင်သလဲဆိုတာ အရေး ကြီးပါသည်။ ဘယ်လိုသုံးသပ်၍ ဘယ်လိုကောက်ချက်ချသလဲဆိုတာ အရေး ကြီးပါသည်။ ကိုယ်ရေး ကိုယတာ ဆန်ကောင်းဆန်မည် ဖြစ်သော သူ၏ ခရီးအတွေ့ အကြုံ ကို လိုအပ်သလို ထုတ်နုတ်ခံစားသုံးသပ်ပြလိုက်သော သူ၏ ကောက်ချက်မှာ “အဆိုပြုချက်” တစ်ခု လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ စာဖတ်သူက သဘောတူနိုင်ပါသည်။ သဘောမတူလျှင်လည်း ငြင်းဆန်နိုင်ပါသည်။ ဤသည်မှာ ရသစာတမ်းဖတ်သူ၏ လွတ်လပ်မှု ဖြစ်ပြီး ရသစာတမ်း ဖတ်/ ရေး ခြင်း၏ အရသာလည်း ဖြစ်ပါသည်။

အက်ဆေးဆရာဆိုသည်မှာ ကျွန်တော် ကတော့ ဒီလိုလူပဲ၊ ဒီလိုမြင်တာပဲ၊ ခင်ဗျားရော ဘယ်လိုထင်သလဲဟု ပြောပြတတ်သူ ဖြစ်ကြောင်း (The Harrap Book of Modern Essays စာအုပ်နိဒါန်းရေး သူ) လီယွန်နယ်ဂိုးက ပြောခဲ့သည်ကို ဤနေရာတွင် အငြင်းပွားစရာမရှိဟု ကျွန်တော် ထင်ပါသည်။



သူ့စာများ ကို ခုလို တစ်စုတစ်စည်းတည်း ဖတ်လိုက်ရသော အခါ သူ၏ ဘ၀၀န်းကျင်နှင့် လောက၀န်းကျင်ကို ပို၍ မြင်ထင်လာရပါသည်။

မိုးခေါင်ရေရှားရပ်ဝန်းဒေသ စာရပေအနောက်စုရွာ၌ “စာမတတ်” သော အမေနှင့် “စာတတ်” သော အဖေတို့မှ ဖွားမြောက်ခဲ့သော ကျေးတောသာလေး တစ်ယောက် ရှင်သန်ကြီး မြောက်ခဲ့သည့် ခရီးတစ်လျှောက်လုံးကို အမြင်အာရုံတစ်ဆုံး ကြည့်မိပါသည်။ မျက်နှာငယ်ရ၊ သည်းခံရ၊ ရုန်းကန်ရ၊ ဇွဲခတ်ရ၊ အံခဲမာန်တင်းရနှင့် မောနွမ်းပင်ပန်းခဲ့သော ခရီးလမ်းတစ်ခုပဲ ဖြစ်ပါ သည်။ သူ့ခရီးလမ်းကို ဟိုတစ်ကွက်၊ သည်တစ်ကွက် ပြန်ပြောပြရာမှ သူ့အတွေ့ အကြုံကို သိရ ပါ သည်။ သူ့စားခံမှု ၊ သူ့နာကျင်မှု ကိုတွေ့ ရပါသည်။ ရိုးတံကျဲကျဲ နေအပူထဲ ဖြစ်သွားရင် အမောဖြေ နားနေခဲ့သည့် အရိပ်ကလေးတွေ ၊ ရေအိုးစင်ကလေးတွေ ကိုလည်းနှလုံးကြည်နူးစရာတွေ့ ရပါ သည်။

ဆာလောင်တတ်သော ဘုန်ကြီးကျောင်းသားလေးကို ဆွမ်းခိုးကျွေးတတ်သည့် ကိုရင်လေး သုစိတ္တ၊ တစ်ဘာသာကျလျှင် “ကလျာဏကြိမ်လုံးဆု” တစ်ဆုပေးတတ်သော ဆာပါကျောင်းဆရာ တော် နှင့် အသက်ငါးဆယ်ကျော်လာသည့် တပည့်ကိုပင် သံယောဇဉ်ကြီးစွာ မေးစမ်းမြဲ၊ ပေးကမ်း မြဲ ဖြစ်သော နေနတ်သာဆရာတော် ဦးကလျာဏ၊ သား ဖြစ်သူ၏ ကဗျာရှည်ကြီးတစ်ပုဒ်ကို အစ အဆုံးရွတ်ဆို၍ ဂုဏ်ပြုနှုတ်ဆက်ခဲ့သော ကျေးဇူးရှင်ဖခင်ကြီးနှင့် စာပေဆုယူ၍ ပြန်လာသော ငယ် တပည့်စာရေး ဆရာကို ပရိသတ်ဗိုလ်ပုံအလယ်၌ မြတ်သော နေရာပေး၍ ချီးမြှောက်ခဲ့သော ငယ် ဆရာ.. .. စသူစသူတို့မှာ သူ၏ အရိပ်ကလေးများ နှင့် သူ၏ ရေအိုးစင်ကလေးများ ဖြစ်ပါသည်။ နှလုံး ကြေကွဲကြည်နူးစရာ ရသစာတမ်းဆရာ၏ ကျေးဇူးဆပ်စာမျက်နှာများ ကိုလည်း ဖြစ်ပါသည်။

သူသည် ကဗျာဆရာက လာသူ ဖြစ်သဖြင့် ကဗျာလေးတွေ ကို မကြာမကြာ ကိုးကားလေ့ရှိ တာ တွေ့ ရပါသည်။ လေး၍ အီ၍ မသွားဘဲ ကဗျာစကာပြေကို အထေကအကူပြု၍ ချောပြေစွာ စီး ဆင်းသွားသည့်အခါ ရသစာတမ်းမှာ ပို၍ လှလာတတ်ပါသည်။ စကားပြေအဖွဲ့အနွဲ့ကို ကဗျာမှာ ကဲ့ သို့ တစ်လုံးချင်း၊ တစ်ပိုဒ်ချင်း ထုဆစ်ပွတ်သပ်လျက် အဆင်ပြေချောမွေ့သွားသည့်အခါ ရသစာ တမ်းမှာ ပို၍ ကြွလာတတ်ပါသည်။ “ဇာတိနှင့် ချက်ကြွေ” ဟူသော ရသစာတမ်းတွင် သူချက်မြှုပ် ရာ “ချင်းစု” ရွာကလေးကို အားတုံ့အားနာ ဖြစ်မိပုံရေး သားချက်၌ ကဗျာဆရာ တစ်ယောက် ၏ နူးညံ့မှု ကို တွေ့ ရပါသည်။ “ပြုံးထေ့ထေ့ပုစ္ဆာ” တွင် သူ၏ ရဲတင်းသော အပြုံးကို တွေ့ ရပြီး “သူငယ် ချင်း” နှင့် “လက်ဆောင်” တို့တွင် သူ၏ တိကျပြတ်သားမှု ကို တွေ့ ရပါသည်။ “ငှက်ကလေးကို ရှက်လို့ပါ” တွင် သူ၏ တာဝန်အသိ (လို) မှု ကိုတွေ့ ရပြီး “ လွမ်းလောက်စရာ”၊ “ဓူဝံကြယ်” နှင့် “တောင်လေနှင့် အတူ” တို့တွင် သူ၏ နာကျင်မှု ၊ ဆူးကလေးများ နှင့် မာနကို တွေ့ ရသည်ဟု အောက်မေ့မိပါသည်။

သူ၏ ရသစာတမ်းအတော် များများ ကို ကျွန်တော် နှစ်သက် ပါသည်။ ကနဦးရေး သော ကျေး ဇူးဆပ်စာမျက်နှာများ ဆီမှ တဖြည်းဖြည်းရင့်ကျက်လာသော ရသစာတမ်းဆရာ တစ်ယောက် ၏ ရင့်ကျက်မှု ကိုမူ သူ၏ ဘ၀အမြင်၊ လောကအမြင်တို့မှ တစ်ဆင့် စာဖတ်သူကိုယ်တိုင် ရှာဖွေကြည့် ဖို့ တိုက်တွန်းလိုပါသည်။

စာရေး ဆရာ တစ်ယောက် ၏ ရင့်ကျက်မှု သည် အချက်သုံးချက်တွင် တည်သည်ဟု ဆရာမြ သန်းတင့်က ပြောခဲ့ပါသည်။ ယင်းတို့မှာ စာရေး ဆရာ တစ်ယောက် အနေဖြင့် သူ့ကိုယ်သူတည် ဆောက်ဖို့ဘယ်လောက်သင်ယူခဲ့သလဲဆိုသော အချက်၊ ရသဗေဒကို ဘယ်လောက်သဘော ပေါက်သလဲဆိုသော အချက်နှင့် ဘ၀နှင့် ပတ်သက်သော ဒဿနသူ့မှာ ဘယ်လောက်စူးရှနက်ရှိုင်း သလဲဆိုသော အချက်တို့ ဖြစ်ပါသည်။

ရသစာတမ်းဆရာ တစ်ယောက် ၏ ဘ၀အမြင်၊ လောကအမြင်နှင့် ရင့်ကျက်မှု ကို ရှာဖွေစူး စမ်းဆင်ခြင်ကြည့်ဖို့ အခွင့်အရေး အရဆုံးသော သူမှာ ရသစာတမ်းဖတ်သူကိုယ်တိုင်ပဲ ဖြစ်ပါသည်။

မောရင့်မာ (ကျောင်းကုန်း)

(၁၉-၁၁-၂၀၁၀)



ကျေးဇူးမှတ်တမ်း

လွန်ခဲ့သော သုံးနှစ် ခန့်ကတည်းက ကြိုးပမ်းခဲ့သော စာအုပ် ဖြစ်ပါသည်။ အလွန်ပြင်းပြသော ဆန္ဒနှင့် အလွန်ခက်ခဲသော ဒုလ္လဘတို့ ရင်ဆိုင်ဆင်နွှဲရင်း ထုတ်ဝေသူတစ်ဦးပြီးတစ်ဦး ပြောင်းခဲ့ ရ၏ ။

ပထမထုတ်ဝေသူက မျက်နှာဖုံး အချောသပ်ပြီး ရှေ့မဆက် ဖြစ်၊ ဒုတိယထုတ်ဝေသူက အတွင်းစာဖောင်တွေ ဖလင်လုပ်ပြီးမှ သူကိုယ်တိုင်ဖော်ဖျက်သွား၏ ။ တတိယထုတ်ဝေသူက ငှက် ကလေး.. အတက်ဆေးကို ကြိုက်လွန်းလို့ ထုတ်ပေးမယ်ပြော၏ ခြောက်လခန့်ကြာသည်အထိ အကောင်အထည်မပေါ်ဘဲ လမ်းခွဲစရာကြုံရ၏ ။ စတုတ္ထထုတ်ဝေသူက သူ့စာအုပ်တိုက်ပုံစံနှင့် အံမ ၀င်၍ ကိုယ်တိုင်သာ ထုတ်လိုက်ပါ ငွေကြေးကူညီပါမည် ဆို၏ ။ ရှေ့မဆက် ဖြစ်ခဲ့။

စာအုပ်မ ဖြစ်ခြင်းအတွက် ၀မ်းမနည်းသော်လည်း အမှာ စာရေး ပေးသည့် သူငယ်ချင်း အက်ဆေးဆရာကို အားနာလွန်းလှစွာ ၏ ။ တကယ်တော့ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်တွင် ကျွမ်းကျင်လိမ္မာမှု နုံဖျင်းသော ကျွန်တော့် ကြောင့် လည်း ဖြစ်နိုင်ပါသည်။

မည် သို့ပင် ဖြစ်စေ ထုတ်ဝေသူ ငါးဦးမြောက်တွင် အဆင်ပြေသွားရသည်မှာ လည်း ကျွန် တော် စွမ်းလို့ မဟုတ်တာကိုတော့ ၀န်ခံရမှာ ပဲ ဖြစ်သည်။

သို့ပါ၍ အကြောင်းကြောင်းကြောင့် ကျွန်တော့်စာအုပ်ကို ထုတ်ဝေချင်ပါလျက် မထုတ်ဝေ ဖြစ်ခဲ့သော ထုတ်ဝေသူတို့အားလည်းကောင်ူး၊ ဤရသစာတမ်းများ ကို ကနဦးဖော်ပြပေးခဲ့သော မဂ္ဂဇင်းအယ်ဒီတာများ အားလည်းကောင်း အမှာ စာရေး သားချီးမြှင့်ပေးခဲ့သော သူငယ်ချင်း အက် ဆေးဆရာမောင်ရင့်မာ (ကျောင်းကုန်း) အားလည်းကောင်း၊ နောက်ဆုံး အကောင်အထည်ဖော် ပေးသော နန်းသပြေစာပေအားလည်းကောင်း…

အမှတ်ထင်ထင် ကျေးဇူးတင်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြေလတ်မောင်မြင်သူ

(၁၈-၉-၂၀၁၃)



အမေ့မျက်ရည်နှင့် လဲစားခဲ့ရသော

အင်တာနေရှင်နယ် မဂ္ဂဇင်း၊ ၂၀၀၉ ခု၊ ဖေဖော်ဝါရီလ

“ထူးခြားသည်မှာ ထိုနေ့နံနက်တွင် အမေ့ကိုမတွေ့ ရ။

အမေ ဘယ်သွားမှန်းလည်း ကျွန်တော် မသိ။

ခပ်နုံနုံကလေးတို့ဘာဝ အမေရှိ၊ မရှိလည်း မမေးမိ။

မျက်နှာကြောတင်းနေသော အဖေ့မျက်နှာနှင့်

အဖေ့လက်က နကန် (နွားရိုက်သော နှင်တံ)ကို

ကြောက်တာလည်း ပါပါလိမ့်မည် ။

ထိုနံနက်စောစောမှာ ပင် အဖေသည်

ကျွန်တော့်ကို လှည်းပေါ်တင်ကာ

ဘယ်သူ့မှ မပြောဆိုဘဲ ဘယ်သ့ကိုမှ နှုတ်မဆက်ဘဲ

လှည်းမောင်းထွက်ခဲ့ပါသည်။”



အမေ့မျက်ရည်နှင့် လဲစားခဲ့ရသော

“နွားငယ်သည် အမိကိုမြင်လျှင် နားရွက်နှစ် ဖက်ကိုချီ လည်ကိုဆန့်လျက် အမိဆီသို့ပြေး ကာ ကြိုဆိုမြူးထူးနေသကဲ့သို့ နေ့တိုင်းတွင် ငါ့သားသမီးတို့သည် ကြိုဆိုမြူးထူးကြ၏ ။ ယခုမူကား ငါ့သား၊ ငါ့သမီး ကဏှာဇိန် မောင်နှမကို မမြင်ခဲ့ရတကား”

“သာနုမည် သော တောင်ထိပ်၌ ဆင်တို့၏ ခြေရာ မထင်သကဲ့သို့၊ မြေမှု န့်နှင့်ရောသော သဲ ပြင်၌ ငါ့သား၊ ငါ့သမီးတို ခြေရာမထင်ခဲ့တကား”

“ယခုအခါ ငါ၏ သားမြတ်အစုံတို့သည်လည်း နို့ရည်ဖြင့် ပြည့်ကုန်၏ ။၊ ကဏှာဇိန်၊ ဇာလီ မောင်နှမတို့ကို မမြင်ခဲ့ရတကား”

“နေ့တိုင်းမှာ မူ သားသမီးများ နှင့် နေရခြင်းကြောင့် ကျောင်းသင်္ခမ်းသည် ပွဲသဘင်ကဲ့သို့ ဖြစ်၏ ။ ယခု သားသမီးများ ကို မမြင်ရသော ကြောင့် ကျောင်းသင်္ခမ်းသည် သုသာန်တစပြင်ကဲ့သို့ ခြောက်ခြောက်ကပ်ကပ် ဖြစ်ခဲ့၏ ”

“နေ့တိုင်းကား ကျီး၊ ဥသြအစရှိသော ငှက်တို့သည် တွန်မြူးကုန်၏ ။ ယခုမူကား ထိုငှက် အပေါင်းတို့သည် သေလေကုန်သလော”

(မင်းဘူးဆရာတော် ဦးသြဘာသ)

ဦးသြဘာသ၏ ဝေဿန္တရာဇာတ်တော် ကို ကျောင်းစာတွင် သင်ခဲ့ရစဉ်က မဒ္ဒီပဗ္ဗခန်း၌ သစ် သီးရှာရာမှ ကျောင်းသင်္ခမ်းသို့ ပြန်လာရာ သားနှင့် သမီးကို ခါတိုင်းလို တွေ့ မြင်နေကျ မမြင်ရသ ဖြင့် ပူပန်ဒုက္ခရောက်ခဲ့ရသော သားပျောက်မိခင် တစ်ယောက် ၏ သော ကကို ကျွန်တော် သည် စာ သိသာသိ၍ ငါသိ မသိခဲ့ပါ။ ငါသိ မသိသော ကြောင့် စာနာရကောင်းမှန်းလည်း မသိပါ။ ဆရာတော် ၏ အရေး အသားကောင်းတာလောက်ကိုသာသိသော အပေါ်ယံသိခြင်းမျိုးထက် မပိုခဲ့တာ သေချာ သည်။

တကယ်တော့လည်း စာသိမှ ငါသိ ဖြစ်ဖို့နှင့် ငါသိမှ စာနာသိသို့ ဆိုက်ရောက်ဖို့ဆိုသည် မှာ .. တစ်စုံတစ်ရာသော ကာလတစ်ခု၌ ဘ၀နှင့် ရင်းရသော အကွာအဟတွေ ရှိပေလိမ့်မည် ။ ထို ကာလ၊ ထိုဘ၀၊ ကိုအကွာအဟတို့သည်….။



လူတိုင်းတွင် ဘ၀အစ ကနဦးမှတ်တမ်းများ ရှိကြမည် မှာ သေချာပါသည်။ ကျွန်တော့် ဘ၀ တွင် လည်း ကနဦးမှတ်တမ်းတွေ များ စွာ ရှိခဲ့၏ ။ ဘ၀အစကနဦးမှတ်တမ်းဆိုသည်မှာ လွမ်းစရာ ကောင်းသည်၊ လွမ်းစရာတွေ နှင့် ချုပ်ရိုးအပြည့်။

ထိုလွမ်းဆွတ်စရာကောင်းသော ကနဦးမှတ်တမ်းတွင် ကျွန်တော် ၏ အသက်အရွယ်သည် ဘယ်ရွေ့ဘယ်မျှဆိုသည်ကို တိကျအောင်ပြောနိုင်စွမ်းတော့မရှိပါ။ ထိုသို့ မပြောနိုင်သော်လည်း ထူးထူးခြားခြား မှတ်မိနေတာတော့ သေချာလှပါသည်။ အိပ်မက်ကို ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာ သော ပုံရိပ်များ သည် အိပ်မက်မဟုတ်တာလည်း အမှန်ပင် ဖြစ်သည်။

ဆိုပါတော့… ကျွန်တော့်အသက်သည် သုံးနှစ် နှင့် လေးနှစ် ကြားပဲ ဖြစ်လိမ့်မည် ။ ထိုစဉ်က ကျွန်တော် တို့ နေသည်မှာ ရွာမြောက်ပိုင်းရှိ ဘသိန်းတို့အိမ်တွင် ဖြစ်သည်။ ဘသိန်းဆိုသည်မှာ အဖေ၏ အဖေ ဦးဘိုးသိန်းကို ခေါ်သည်။ ကျွန်တော် တို့ မြေလတ်ဒေသုံး အခေါ်အဝေါ် ဖြစ်သည်။ အောက်ပြည်အောက်ရပ်လို အဖေအမေ၏ အဖေကို အဘိုးဟု မခေါ်ပါ။ ဘတော် သဖြင့် “ဘ” သို့ မဟုတ် “ဘဘ” ဟုသာ ခေါ်ပါသည်။ ကျွန်တော် တို့ ကတော့ ချစ်စနိုးနဲ့ ဘသိန်းလို့ပဲ နှုတ်ကျိုးခဲ့ပါ သည်။

ကျွန်တော် တို့နေသည်မှာ ဘသိန်းအိမ်ဟု ဆိုသော်လည်း အလွယ်ပြောလိုက်ခြင်း ဖြစ်၏ ။ တကယ်မှာ ဘသိန်းတို့ မိသားစုနေတာက အိမ် ဖြစ်ပြီး ကျွန်တော် တို့ နေရတာ က အိမ်မဟုတ်ပါ။ ဘသိန်းအိမ်ခြေရင်းတွင် ကပ်ဆောက်ထားသည့် တင်းကုပ်ပေါ်တွင် နေကြခြင်း ဖြစ်ပါသည်။

တင်းကုပ်ဆိုသည်မှာ အိမ်အသေးစားကဲ့သို့ ဆောက်လုပ်ထားသော်လည်း ခေါင်တိုင်မပါ ဘဲ ခေါင်ပျောက်အဆောက်အအုံ ဖြစ်သည်။ များ သော အားဖြင့် တင်းကုပ်အောက်တွင် လှည်းများ ၊ နွားများ ထားရန် ဖြစ်ပြီး တင်းကုပ်ပေါ်တွင် နွာစာမျက်များ ၊ ပြောင်းရိုး၊ ပဲရိုးများ နှင့် ယာသုံးပစ္စည်း များ ထားလေ့ရှိသည်။ အချို့ ချောင်လည်သော တောင်သူကြီးများ ကတော့ တင်းကုပ်အောက် တွင် ဆီကြိတ်သည့် ဆီဆုံကိုပါ တစ်ပါတည်း တည်ထားတတ်ကြပါသည်။

ကျွန်တော် ပြောချင်သည်မျာ ထိုတင်းကုပ်ပေါ်တွင် နေစဉ်က ဘ၀များ ၊ အ ဖြစ်အပျက်များ ၊ ကျွန်တော် မှတ်မိနေသည် ကတော့ တစ်ခုသော နံနက်ခင်း နံနက်စောစောတွင် ဖြစ်၏ ။ အိမ်ရှေ့တွင် ထူးထူးခြားခြား အဖေက လှည်းပြင်ထားသည်။ ခါတိုင်းလို ယာခင်းသွားဖို့ လှည်းပြင်ထားနည်းမျိုး မဟုတ်ပါ။ လှည်းပေါ်တွင် ပြောင်းရိုးတွေ ဖြန့်ခင်းထားသည်။ ပြောင်းရိုးတွေ ပေါ်မှမှ ဖျာကို ထပ်ခင်း ထားသည်။ ပြီးတော့ လှည်းဦးတွင် ကျွန်းသေတ္တာကြီးတစ်လုံးစကိုလည်းတွေ့ ရ၏ ။ ထိုကျွန်း သေတ္တာကြီးသည် အဖေနှင့် အမေတို့၏ တစ်ခုတည်းသော အိမ်ထောင်ဦး ပစ္စည်း ဖြစ်၏ ။ ထိုအပြင် အဆင်သည် ခရီးတစ်ခုခု သို့ မဟုတ် တစ်ရွာရွာသို့ သွားမည့် သဘောဆိုတာ မပြောဘဲနှင့် နော ကျေပြီးသား ဖြစ်ပါသည်။

ထူးခြားသည်မှာ ထိုနေ့နံနက်တွင် အမေ့ကို မတွေ့ ရ။ အမေသည် ဘယ်သွားမှန်းလည်း ကျွန်တော် မသိ။ ခပ်နုံနုံကလေးတို့ဘာဝ အမေရှိ၊ မရှိလည်း မမေးမိ၊ မျက်နှာကြောတင်းနေသော အဖေ့မျက်နှာနှင့် အဖေ့လက်က နကန် (နွားရိုက်သော နှင်တံ) ကို ကြောက်တာလည်း ပါပါလိမ့် မည် ။ ထိုနံနက်စောစောမှာ ပင် အဖေသည် ကျွန်တော့်ကို လှည်းပေါ်တင်ကာ ဘယ်သူ့မှ မပြောဆို ဘဲ၊ ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ လှည်းမောင်းထွက်ခဲ့ပါသည်။ အမေ ဘာလို့ မပါတာလဲ မသိ သော်လည်း အမေမပါတာတော့ ထူးခြားပါသည်။ ဘာကိစ္စမှန်းလည်း မသိဘဲ။ ဘယ်သွားမည် မှန်း လည်းမသိဘဲနှင့် အဖေခေါ်ဆောင်ရာ ကျွန်တော် လိုက်ပါခဲ့ရတာ လည်း သေချာသည်။

ကျွန်တော့်ကို တင်ဆောင်လာသော အဖေ့နွာလှည်းကြီးသည် တရွေ့ရွေ့နှင် တစ်တောဝင် တစ်တောင်ထွက်ကာ တစ်ကုန်းတက်၏ တစ်တောင်ကို ကျော်ခဲ့သည်။ အဖေ့လှည်းကြီးနှင့် လိုက် ပါလာခဲ့ရသော ကျွန်တော် သည် ထိုစဉ်က ကျွန်တော် တို့ရွာသားများ အကြိုက် အဆိုတော် တွံတေး သိန်းတန်၏ “တစ်တောဝင်ထွက် တစ်ကုန်းတက်၍ တစ်တောင်ကိုကျော် တစ်ပင်မှာ နားသော် အားငယ်ဖြေမချိ တွေ့ လိမ့်နိုးနိုးမျှော် ကိုးလို့သော်” ဆိုတဲ့ “တစ်နေ၀င်သော်” သီချင်းထဲက စာသား တွေ ကို သတိရနေမိပါသည်။

နံနက်ခင်းတွင် နူးညံ့ကျီစယ်သော လေညင်းရဲ့ ရနံ့နှင့် အတူ တိမ်လိပ်တိမ်တောင် တောရိပ် လျှိုမြောင်တို့၏ အငွေ့အသက်ကြောင့် လားမသိ။ ကျွန်တော် ကိုယ်တိုင်ပင်လျှင် ဘယ်ဝယ်လွမ်းမိ တပ်မသိ ဖြစ်ချင်လာပါသည်။ ကျွန်တော် မှတ်မိသမျှ ဤလမ်းဤခရီးသည် ကျွန်တော် တို့ရွာ၏ မြောက်စူးစူးစသို့ သွားရာလမ်း ဖြစ်သလို ရွာမှ သုံးမိုင်ကျော် လေးမိုင်လောက်မောင်းလိုက်လျှင် အဖေ့အမျိုးတွေ ရှိရာ “ဘော်မြင့်ရွာ” သို့ရောက်ပေမည် ။

အဖေသည် တစ်လမ်းလုံး ကျွန်တော့်ကို စကားတစ်ခွန်းမှမပြော။ အဖေ့မျက်နှာကြည့်ရတာ လည်း ခါတိုင်းလို မရွှင်မကြည်၊ ခါတိုင်းဆိုလျှင် သည်လိုမဟုတ်။ သည်လိုမျိုး သားအဖနှစ် ယောက် တည်းဆိုလို့ ကတော့ လူကသာ အလုပ်လုပ်နေမည် ၊ အဖေ့နှုတ်က အလကားမနေ၊ ကျွန်တော့်စိတ် ကို အအားမထား။ ဂုဏ်တော် ကိုးပါးရွတ်စမ်း၊ သမ္ဗုဒ္ဓေဆိုဦး၊ တန်ခူးသာကျော်၊ ထွန်းပေါ်ကဆုန်၊ နယုန်ညွတ်စ၊ ရက်ရာဇာရွေးနည်းတွေ လည်း မကျန်ရ။ ကျက်ပြီးသား အလီတွေ ကို ကွက်ကျော် မေးတာလည်းတွေ လည်း ပါသေး၏ ။ ပြီးတော့ တနင်္လာကျား တစ်ဆယ့်ငါး နေငြားရှေ့ရပ်က ဆိုသည့် ဂြိုဟ်သက်တွေ ကအစ အလပ်မရှိမေးလေ့ရှိ၏ ။

ခုတော့ ကျောက်ရုပ်လို ကြိုးတုပ်ထားသလို အဖေ့နှုတ်သည် တုတ်တုတ်မျှမလှုပ်၊ မဟုတ် မှလွဲရော အင်္ဂလိပ်အနုပညာနဲ့ သုခုမဝေဖန်ရေး ဆရာ “ဂျွန်ရပ်စတင်း” ပြောသလို ဖြစ်နေပြီလား မသိ။

“၀ိညာဉ်တစ်ခုရဲ သံချပ်အင်္ကျီကို အမျိုးသမီး တစ်ယောက် ရဲ့ လက်နဲ့ ထိကိုင်လိုက်ခြင်း မပြု ရင် ဒီသံချပ်အင်္ကျီဟာ နှလုံးသားနှင့် ဘယ်တော့မှ အံကိုက် ဖြစ်မနေတတ်ဘူး”တဲ့။

ဟုတ်မယ်ထင်ပါရဲ့ ၊ အမေ့နှုတ်ဆက်သံမပါဘဲ ထွက်ခွာလာခဲ့သည့်ခရီးမို့ အဖေ့စိတ်နှင့် ကိုယ် အံမကိုက်ဘဲ ဖြစ်နေတာ နေမှာ ပါပဲ။ သူ့နွားတွေ ကိုလည်း ဟဲတစ်ခွန်းမငေါက်၊ ရိုက်လည်း မရိုက်၊ ဆေးပေါ့လိပ်ကြီးကိုသာ တွင် တွင် ဖွာကာ နွားတွေ ကို နကန်နှင့် တို့ကာတို့ကာ မောင်းနေ၏ ။

အဖေ့လှည်းကိုစီးရသည်မှာ တအိအိနှင့် ပျင်းစရာကောင်းမှကောင်း၊ သိပ္ပံမောင်ဝ၏ လှည်း သမားထဲက လှည်းသမား မောင်ဘ မောင်းပုံနှင့် တော့ ကွာပ၊ မောင်ဘ လှည်းမောင်းပုံ ကတော့ ကက်ဆက်ဇာတ်လမ်းဖွင့်ထားသလား အောက်မေ့ရ၏ ။ နားအရသာရှိလှ၏ ။ သော တအရသာ ကြောင့် စိတ်ပါအရသာတွေ့ မည် မှာ မုချပါပဲ။

ခုတော့ အဖေ့လှည်းပေါ်မှာ အာဖရိကသဲကန္တာရကြီး တင်လာသလားအောက်မေ့ရ၏ ။ လှည်းတစ်စီးပေါ်တွင် သားအဖနှစ် ယောက် ကမ္ဘာခြားနေပုံမှာ ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနှင့်ပန်းလို ခံစားနေရ၏ ။ လှည်းတစ်စီးနှင့် သားအဖနှစ် ယောက် လား၊ သားအဖနှစ် ယောက် နှင့် လှည်းတစ်စီး လား၊ နွားအမြီးဖျားခတ်သံနှင့် လှည်းဝင်ရိုး ဆီမထိုးလို့ တစ်ခါတစ်ခါ ထွက်ပေါ်လာသည့် တကျွိကျွိ အသံသာလျှင် တစ်တောလုံးမင်းမူနေ၏ ။

လှည်းမောင်းတစ်လျှောက် ၀ဲယာမှတော့ ငှက်ကလေးတွေ က ဟိုပြေးသည်လွား၊ ဟိုပျံ သည်ဝဲ။ အများ ဆုံးတွေ့ ရသည်က ချိုးတိုးငှက်၊ စွေ့ငှက် (ဇွေ့ငှက်ဟုလည်းခေါ်၏ ) နှင့် ဗွတ်ချွဲ ငှက်တွေ ဖြစ်၏ ။ ဗွတ်ချွဲဆိုသည့်အတိုင်း သူတို့အော်သံက ချွဲသံပါ၏ ။ နားမသာယာ၊ အကောင် ငယ်သလောက် အသံစွာ သည့် နှံ့ပြည်စုတ်ငှက်လေးတွေ ကလည်း ဟိုချုံကူးလိုက်၊ သည်ချုံ ကူး လိုက်၊ တောပန်းလေးတွေ ပေါ်မှာ ၀ဲလိုက်နားလိုက်လုပ်နေသည့် လိပ်ပြာရောင် စုံတွေ က မရှား။

တစ်ခါတစ်ရံ လှည်းလမ်းနံဘေး မြက်ဖုတ်ခြောက်လေးထဲက အလန့်တကြား ထပျံသွား တတ်သော ဘီးလုံးငှက်လေးတွေ လည်း တွေ့ ရ၏ ။ ဘီလုံးငှက်လေးတွေ ကိုတွေ့ ရတော့ အဖေ စိတ်လိုလက်ရရှိစဉ်က ပြောပြခဲ့ဖူးသော ယောအတွင်းဝန်ဦးဘိုးလှိုင်ရဲ့ ဥတုဘောဇနသင်္ဂဟကျမ်း လာ ဘီလုံးငှက်လေးမျိုးကို သွားသတိရ၏ ။

“မြေကြီးအဆင်းရှိသော “ပံသုလ” ဘီလုံးငှက်၊ အရုဏ်ဆင်းနှင့် တူသော “ဂေါရ” ဘီလုံး ငှက်၊ ဖြူသော အဆင်းရှိသော “ပုဏ္ဍာရိက” ဘီလုံးငှက်၊ ကြောင်သော အဆင်းရှိသော “ဒမ္ဘရ” ဘီ လုံးငှက်”တို့ ဖြစ်၏ ။

ကျွန်တော် တို့အရပ်မှာ အတွေ့ များ ကတော့ မြေကြီးအဆင်းရှိသော ဘီလုံးငှက်မျိုးတွေ ပဲ ဖြစ်မည် ထင်ပါသည်။

ယာခင်အစပ် ရှားပင်ပေါ်မှာ တော့ အမြီးနှစ် ခွနှင့် လင်းမြီးစွဲ ငှက်မောင်နှံသည် လေထဲဝဲ လိုက် အပင်ပေါ်နားလိုက်နှင့် ကစားနေ၏ ။ အချို့ ကတော့ ယင်းငှက်ကို “ငှက်တော် ” ဟုခေါ်သည်။ ကိုယ်လုံးကိုယ်ထည်က ကျီးကန်းထက်ငယ်ပြီး ဆက်ရက်ထက်လည်းကြီး၏ ။ နှုတ်သီးက ရှည်ရှည် ကောက်ကောက်၊ တစ်ကိုယ်လုံးအမည်း၊ အမြိးက ရှည်ပြီးနှစ်ခါ၊ သူ့အရောင် မည်းပုံက ကျီးကန်းလို မွဲခြောက်ခြောက်မည်းနည်းမျိုးမဟုတ်။ မဟူရာခဲလို မည်းနက်ပြီးပြောင်နေ၏ ။ သတ္တိ ကတော့ ဘာကောင်းသလဲမပြောနှင့် သူ့နယ်မို ကျီးကန်းလာလျှင် လာသည့်ကျီးကန်းကို နားခွင့်မပေးဘဲ အဝေးကြီးသို့ရောက်အောင် ထိုးဆိတ်လွှတ်လေ့ရှိ၏ ။

ငှက်တော် အကြောင်း စဉ်းစားလိုက်တော့ အဖေသဘောကောင်းစဉ်က ဆိုပြလေ့ရှိသည့် ကြိုးသိချင်းတစ်ပုဒ်က ခေါင်းထဲပေါ်လာပါသည်။

မဟာဂီတထဲမှာ ၀န်ကြီးပဒေသရာဇာ ရေး ခဲ့သည့် ကလပ်ကြီး ကြိုးသီချင်းတစ်ပုဒ်…

“(သီတာ သီတာ မြသား ကြာ ကြာ ကြာ ငါးပါး)၂ (ကမ်းနားကမ်းနား ၀န်းကျင် ငွေသဲ ပြင်လေတည့်မှ၊ ပျော်တည့်ပျော်ချင်ဘွယ်)၂ (မြစ်တွေ မြစ်တွေ စင်ရော်၊ မြူးတည့်မြူးစံပျော်)၂ (ငှက်တော် လေး ကြိုးကြာ၊ ကျူးရင့်ရင့်သာ)” ဟူ၍ ဖြစ်ပါသည်။

တစ်တောလုံးတွင် ငုံးပူသံ မကြားရ၊ ဘုတ်ငှက်အော်သံ တပူပူက နားအူလှ၏ ။ လှည်း လမ်းနှင့် ခပ်လှမ်းလှမ်း ခင်တန်းလေးဆီက တစ်ချက်တစ်ချက် ခါတွန်သံကြားရ၏ ။ ဟိုအဝေး သမုန်းပင်ပေါ်မှာ ချိုးနှစ် ကောင်နေစာလှုံနေပုံရ၏ ။ ကူသံမကြားရသဖြင့် ချိုးလင်းပြာလား၊ ချိုးလည် ပြောက်လား မကွဲပြား။

ကုန်းပြောင်ပြောင်အရပ် ခြောက်သယောင်တောလည်း ဘယ်ဆီကိုကြည့်ကြည့် အ၀ါ တစ် ၀က်နှင် ကွက်တိကွက်ကြား၊ မြင်ကွင်းတွေ က ခြောက်ကပ်ကပ်နိုင်သလို ကျွန်တော် တို့ လှည်းပေါ် မှာ လည်း ခြောက်သွေ့နေ၏ ။ ပူသလိုလို ခေါင်သလိုလို၊ ဆာသလိုလို လောင်သလိုလို ဗိုက်ထဲက လည်း တဂွီဂွီမြည် လာပြီ။ နေကလည်း မြင့်စပြုပြီ။

နံနက် အိမ်ကထွက်လာကတည်းက ဘာမှမစားခဲ့ရတာ ကို ခုမှသတိရ၏ ။ အဖေကလည်း သူ့စိတ်ကူးနှင့် သူ ဘာတွေ ဖြစ်လာသည်မသိ။ လမ်းမှာ ခဏလေးတောင် လှည်းကိုရပ်ပြီး မနား၊ နွားတွေ ကို မသနားတော့ဘူးလား မသိ။ သူ့နွားတွေ ကို မသနားချင်နေပေါ့။ ကျွန်တော့်ကိုတော့ သနားဖို့ကောင်းသည်။ ငဲ့ညှာဖို့ကောင်းသည်။ ခုတော့ တစ်လမ်းလုံး ရေတစ်ပေါက်တောင် မသောက်ခဲ့ရပေ။ အဖေက အဲဒီ လိုအဖေ။

ခဏကြာတော့ အဖေ့လှည်းသည် လမ်းရိုးမှခွဲထွက်ကာ ယာခင်းကြီးတစ်ခုထဲဖြတ်မောင်း လာပြီး တဲကြီးတစ်လုံးရှေ့တွင် လှည်းရပ်လိုက်၏ ။ ယာထဲမှာ နေပြီး ယာလုပ်နေကြသော မိသား ဖြစ်၏ ။ ကျွန်တော့်အထင်တော့ ဘော်မြင့်ရွာက အဖေ့အမျိုးတွေ ဖြစ်ပုံရပါသည်။ အဖေ့ကိုမြင်တော့ အားလုံးက ထူးဆန်းဝမ်းသာ ထွက်ကြိုကြသည်။ လှည်းကူဖြုတ်သည်။ နွားတွေ ကို သင့်တော် ရာ သွားချည်ပြီး အစာကျွေးသည်။

ယာတဲကြီးက ၀ါးကွပ်ပျစ်ပေါ်ထိုင်မိသည်နှင့် ချက်ချင်း ပင် ရေနွေးကြမ်း၊ ထမင်းပူပူနွေးနွေး နှင့် မြေပဲပြုတ်များ ရောက်လာ၏ ။ အခွံသင်ထားသော မြေပဲပြုတ်အဆန်ကို နှမ်းဆီရွှဲနစ်နေအောင် ဆမ်းပြီး ဆားလေးဖြူထားတော့ စာချင်းစရာမွှေးနေသည်။

ကျွန်တော့် ကိုလည်း ထမင်းပူပူတွင် မြေပဲပြုတ်အဆန်ကို နှမ်းဆီရွှဲရွှဲလေးနှင့် နယ်ပြီး တစ် ပန်းကန်ချကျွေး၏ ။ ဆာနေလို့လားမသိ။ သည်တစ်ခါ ရှက်ဖို့ပင် အချိန်မရလိုက်။ ကျွန်တော် သည် ထမင်းပူပူ မြေပဲဆိမ့်ဆိမ့် နှမ်းဆီမွှေးမွှေးလေးကြောင့် ခေါင်းမဖော်ဘဲ လွေးပစ်လိုက်၏ ။ အရသာ ရှိလိုက်တာ ဘာပြောကောင်းမလဲ။ ထိုနေ့နံနက်က စားလိုက်ရသော ထမင်းလုတ်များ သည် ကျွန်တော် အဖို့တော့ တစ်နပ်ဆို ဆိုသလောက် တစ်သက်စာမမေ့နိုင်ပါ။

အဖေ့မျက်နှာကိုကြည့်၍ အပြုံးတစ်ဝက် အဆူတစ်ဝက်နှင့် ပြောနေကြသော အဖေ့နှမ၀မ်း ကွဲတွေ ၏ စကားကိုလည်း ကျွန်တော် ဟုတ်တိပတ်တိနားမလည်ပါ။ သူတို့မျက်နှာပေါ်က လိုက်မ မီသည့် အရာရာသည် ပဟေဠိ။ ကျွန်တော် သိသည်မှာ အမှတ်မထင်ခရီးတစ်ခုက ဗိုက်ဆာနေ သော အချိန်တွင် ဆာဆာလောင်လောင်နှင့် စားလိုက်ရသော ထမင်းလုတ်များ ၏ အရသာ။ ပြီး တော့ ထိုထမင်းလုတ်များ က ပေးသော ပီတိပင် ဖြစ်ပါသည်။



လောက၌ နှလုံးကို လှအောင်ပြုပြင်ရာတွင် အဆုံးအမတို့သည် အခရာ ဖြစ်၏ ။ အဆုံးအမ တို့ကို ဖတ်၍ မှတ်၍ နာ၍ နှလုံးလှအောင်ကြိုးကြသူတွေ ထဲတွင် ကျွန်တော် လည်းပါချင်သည်။ ထို့ ကြောင့် ဖတ်ထားဖူးသည့် တိုင်းရင်းသားစကားပုံလေးကို ကျွန်တော် မမေ့။

“မိမိပြုဖူးသော ကျေးဇူးကို မေ့ပစ်ပါ။

သူတစ်ပါးက ပြုပေးသော ကျေးဇူးကိုမှတ်ထားပါ”

ကျေးနှင့် ပတ်သက်သော အဆုံးအမတွင် အလွန်လျသော အဆုံးအမ။ ထိုအဆုံးအမဖြင့် နှလုံးလှအောင် ကိုယ့်ကိုယ်ကို မောင်းနှင်လေတိုင်း တစ်နပ်တစ်ခါ သို့မဟုတ် တစ်လုတ် တစ်ဆုပ် စားခဲ့ရသော ထမင်းကျေးဇူးတွေ ကိုသာ ဦးစွာ အမှတ်ရတတ်တာလည်း အကျင့်တစ်ခု ဖြစ်နေပါပြီ။

ထိုအသိ.. ထိုသတိ။ ထိုကျေးဇူးတရားတို့ကို အနန္တငါးပါးနှင် တစ်ဂိုဏ်းတည်းထား၍ အောက်မေ့ရင်း အလျားလိုက် ကူးခတ်နေရသာ ကျွန်တော် ၏ ဘ၀တွင် ဇနီးမယား သမီးများ နှင့် ပွားစည်းလို့နေပါပြီ။ ဘ၀ဟူသည် ဘယ်အရာမှ အတည်မကျ၊ မညီမျှသော ညီမျှခြင်းတွေ ကို ညီမျှ လို့ရအောင် ရုန်းကန်နေရဆဲကာလ။ ဌာနတစ်ခုက အငြိမ်းစားယူခဲ့သော်လည်း လက်တွေ့ တွင် တကယ်မငြိမ်းနိုင်သေး။ ခုထိ မြို့ထဲသို့ ပြေးလိုက်လွှားလိုက်ဖြင့် ကျင်လည်နေရဆဲ။ ပို၍ ဆိုးသည်မှာ အလုပ်ခွင်မြို့ထဲမှ ကျွန်တော် နေထိုင်ရာ မြို့သစ်လေးသို့ အချိန်မီကြိုးစား၍ ပြန် ရောက်နိုင်ခဲ့သော်လည်း မှော င်ရီဝိုးတ၀ါးအထိ အလုပ်ခွင်အသီးသီးမှ အိပ်ပြန်မရောက်ကြသေး သော သမီးပျိုများ အတွက် တိုးပွားရသည့် သော ကသည် မအေးနိုင်၊ မဆေးနိုင်၊ တစ်နေ့တစ် ရက် မဟုတ် နိစ္စဓူဝ သံသရာ။ ညမီးတွေ ထိန်ထိန်လင်းနေသည့် အချိန်မျိုးမှာ ပင် ဓာတ်မီးတကိုင်ကိုင်နှင့် ထိုင်မရ၊ ထမရ။ စိတ်မချနိုင်လျှင် မီးမလင်းသည့် အမှော င်ညများ ဆိုလျှင် ဘယ့်နှယ်ရှိပ။ ကိုယ် ကျင့်အဘိဓမ္မာထဲက အရှင်ဇနကာဘိဝံသ၏ “သော က” နှင့် ကွက်တိပါပဲ။

ကိုယ်ကျင့်အဘိဓမ္မာ။ စာမျက်နှာ ၅၁-၅၃ တွင် “၀မ်းနည်းမှု ကို သော က” ဟုခေါ်သည်။ ဒေါမနဿဝေဒနာစေတသိက်ကိုပင် ၀မ်းနည်းစရာတွေ့ ၍ စိတ်မချမ်းမသာ ဖြစ်ရာ၌ “သော က” ဟုခေါ်ရလေသည်။”

“သော က” ဟု ထင်မှားနေသော ဒေါမနဿတစ်မျိုးလည်း ရှိသေး၏ ။ ချစ်ခင်သူများ ဖျားနာ မည် ကိုစိုးရိမ်ခြင်း၊ အရပ်တစ်ပါးသွားသော အခါ ပြန်ချိန်တန်လျက် မပြန်လာသဖြင့် စိုးရိမ်ခြင်းဟု ဆက်စပ်၍ ရှင်းပြထား၏ ။

ကျွန်တော် ကိုယ်တိုင်ပင် ဤအပူသော က ခံစားရလျှင် သမီးတို့အမေ၏ ရင်ထဲကသော က သည် အဘယ်မှာ ဆိုဖွယ်ရာရှိမည် နည်း။

လူဆိုသည်ကလည်း ခက်သား၊ ကိုယ့်လောင်မှ ပူမှန်းသိသည့်သတ္တ၀ါလိုပြောလိုက ပြော စေတော့။ ခုမှ ဝေဿန္တရာဇာတ်တော် ထဲက မဒ္ဒီဒေ၀ီ၏ သားပျောက်သမီးပျောက် ဆောက်တည်ရာ မဲ့ မိခင်သော ကဖွဲ့ စာအရေး အသားကို ကျော်လွန်ကာ တကယ့်မဒ္ဒီဒေ၀ီ၏ ရင်ထဲက ခံစားချက်ဆီ သို့ စာနာသိဆိုက်ရောက် သွားပါတော့သည်။

ထိုအခါ ခံစားချက်မှ ကူးစက်လာသော ဝေဒနာသည် အတိတ်ဆီသို့ ရိုတ်ခတ်သွား၏ ။ ထိုအတိတ်ထဲတွင် အိပ်မက်မဟုတ်သော ပုံရိပ်တို့သည် ဖျတ်ခနဲဖျတ်ခနဲ၊ တစ်ကန့်ပြီးတစ်ကန့်၊ တစ်ရက်သော မနက်ခင်း။ တစ်ခုသော ခရီး၊ လှည်းတစ်စီးနှင့် သားအဖနှစ် ယောက် ၊ ယာခင်းကြီး ထဲက တဲကြီးတစ်တဲ၊ ထိုတဲကြီးထဲတွင် ဆာဆာလောင်လောင်နှင့် အားပါးတရစားခဲ့မိသော ထမင်း လုတ်များ ။

သြော်… အချိန်ကာလ၊ အကွာအဟ၊ အရွယ်အသိတို့ကို ရင်းပြီးမှ ဆင်ခြင်မိသော အခါ.. အမေ့ကို စိတ်ဆိုးပြီး အိမ်ကထွက်ခဲ့သည့်အဖေ။ ဘုမသိဘမသိ အဖေခေါ်ဆောင်ရာလိုက်ပါခဲ့ သည့် ကျွန်တော် ။ လင်နှင်မယား စိတ်ဆိုးတိုင်း အဖေ ရိုက်သမျှငုံ့၊ အဖေဆူသမျှခံ၊ ဘာတစ်ခွန်းမှ နှုတ်လှန်ရဲသည့်အမေ။ ထားရာနေ၊ စေရာသွား၊ သားပျောက်မှာ သိလျက် သားနောက်လိုက်မခေါ် ရဲသည့်အမေ၊ သားနှင့် ဝေးရသည့်အတွက် မကြေကွဲသော အမေ ရှိပါ့မလား။

အတွေးနှင့် အမျှ ကျေးဇူးသိ စာမျက်နှာတွေ ကို တစ်ရွက်ချင်းလှန်ကြည့်မိသော အခါ ငယ် စဉ်ဘ၀ ယာတဲကြီးတစ်တဲမှာ မြိန်ယှက်ခဲ့ဖူးသည့်ထမင်းက အမေ့မျက်ဝန်းများ ဆီကိုသာ သံသယ စိတ်ဖြင့် ငေးရင်း ကျွန်တော့် ရင်ထဲ မိုးတွေ ညို့ညို့လာတတ်ပါသည်။



ဟိုးဝေးဝေးက လွမ်းငွေ့မှု န်ရီ

ပန်းအလင်္ကာမဂ္ဂဇင်း၊ ၂၀၀၆ ခု၊ နိုဝင်ဘာ

“ဒီကမ္ဘာပေါ်မှာ

ကျေးဇူးတရားဆိုတဲ့ မျိုးစေ့တွေ

ရှင်သန်ထွန်းကားနေသမျှ

ကျွန်တော့်အသိ၊ ကျွန်တော့် နှလုံးသား၏

အိမ်ဦးခန်းတွင်

ဒွေးလေးနှင့် ဦးလေးဆိုတာ

အညွှန့်တလူလူ အဖူးတဝေေ၀

ရှိနေဦးမှာ ပါ။”



ဟိုးဝေးဝေးက လွမ်းငွေ့မှု န်ရီ

လူတိုင်းတွင် မမေ့နိုင်စရာဘ၀တွေ အမျိုးမျိုးရှိကြလိမ့်မည် ထင်ပါသည်။ ကျွန်တော့် ဘ၀ တွင် လည်း မမေ့နိုင်စရာပုံရိပ်တွေ အမျိုးမျိုးအထွေထွေရှိပါ၏ ထိုသို့သော မမေ့နိုင်စရာများ အန် မိုးရွာသော နေ့များ လည်း အပါအ၀င် ဖြစ်သည်ဟုဆိုပါလျှင် အမှန်ပင်ထိုနေ့သည် မိုးရွာသော နေ့များ ထဲက နေ့တစ်နေ့ ဖြစ်ပါ၏ ။

မိုးရွာသော နေ့တစ်နေ့…

ထိုနေ့က ကျွန်တော် သည် ရွာမှ အဖော်များ နှင့် မြို့ကို ဈေးဝယ်လိုက်ခဲ့၏ ။ ကျွန်တော့်ဘ၀ တွင် အဖေအမေက လူလူသူသိုလုပ်ကာ တစ်မြို့တစ်ရွာသို့ အဖော်များ နှင့် ဈေးဝယ်ခိုင်းခြင်းမှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပါသည်။

ကျွန်တော့်ဇာတိ စာရပေအနောက်စုရွာနှင့် အောင်လံမြို့သည် မိုင်အားဖြင့် ၂၅ မိုင်ခန့် ဝေး ပါသည်။ ရွာမှ ခွေးချိုကားဆိပ်သို့ ငါးမိုင်ခရီး၊ နွားလှည်းစီး သို့မဟုတ် ခြေလျှင်လျှောက်၊ ခွေးချို ကားဆိပ်မှသည် အောင်လံသို့ မိုင် ၂၀။ လမ်းတိုကား စီးမလား၊ လမ်းရှည်ကားစီးမလား၊ ကြိုက်ရာ စီးနိုင်သည်။ ကျွန်တော် တို့ရွာသားတွေ ကတော့ ခွေးချိုနှင့် အောင်လံကို နေ့ချင်းပြန် ပြေးဆွဲနေသော ဧကရာဇ်ရွာက ကိုအောင်ကြိုင်တို့ကား၊ လမ်းတိုကားကိုပဲ အားပေးကြစမြဲပါ။

မိဘနှင့် အိုးမခွဲအိမ်မကွာအတူနေစဉ် အိမ်အလုပ်တွင် လူရာဝင်အောင် ဆောင်ရွက်ခဲ့ရ သော ထိုနေ့သည် ပထမဦးဆု့းသော အတွေ့ အကြုံ ဖြစ်သလို ဘ၀၏ အရေး ပါသော အချိုးအကွေ့ တစ်ခု ဖြစ်လိမ့်မည် ဟု ဘယ်သူတွေးမိမှာ လဲ။ သို့သော် မထင်မှတ်ဘဲ အချိုးအကွေ့တစ်ခုသည် ကျွန်တော့်မြစ်ကျဉ်းထဲ ဇွတ်ဆင်းဝင်ရောက်လာပြီဆိုသော အခါ…

အဲသည်နေ့က ဒွေးလေးဆိုသူကို ကျွန်တော် အမှတ်ထင်ထင် စတင်တွေ့ ဖူးခြင်းပါ။ တိတိ ကျကျဆိုရလျှင် အမေမှာ လိုက်သည့်အတိုင်း ၀ယ်စရာခြမ်းစရာ စာရင်းလေးကို ဒွေးလေးထံ အရင် ပြရင်း ဆိုပါစို့။ ကျွန်တော် နှုတ်ကနောင် ကျိုးနွံစွာ ခေါ်ဆိုရမည့်  ဒွေးလေး၏ အနွတ္ထအမည် သညာ မှာ ဒေါ်ခင်စော။ နာမည် လေးထည့်ခေါ်လျှင်တော့ ဒွေးလေးခင်စောပေါ့။ ကျွန်တော့်အမေနှင့် ညီအစ်မ၀မ်းကွဲမို့ ကျွန်တော် နှင့် ဆိုသော် တူဝရီဝမ်းကွဲ။

အောင်လံမြို့၏ တစ်ခုတည်းသော မြူနီးပါယ်ဈေးကြီးထဲတွင် ကျွန်တော့်ဒွေးလေးသည် လည်း နာမည် တစ်လုံးနှင့် ခေသူမဟုတ်ပါ။ မြောက်ဘက်တန်းအပေါက်ဝတွင် ထီးထီးမားမား ဈေး ဆိုင်ကြီးရဲ့ ပိုင်ရှင်။ ဆိုင်နံရံတွင် “ကိုအောင်မြင်၊ မခင်စော မုန့်ဆိုင်” ဟုဆိုင်းဘုတ်တပ်ထားသော် လည်း နေရာင်းတာတွေ က မုန့်ပဲသရေစာတစ်မျိုးတည်းမဟုတ်။ ဘဲဥ၊ ဆေးပေါ့လိပ်မှအစ အလှ ကုန်ပစ္စည်း တိုလီမိုလီစုံလို့ပါပဲ။

ဒွေးလေး၏ ဈေးသည်ပီပီ စပ်စုသော စကားတစ်ခွန်းက ကျွန်တော် အဖို့ ပျာရည်တစ်ဇွန်း လား။ သကြားတစ်ဇွန်းလားမသိ။

“ဟဲ… ဖိုးခင်မောင်မြင့် မင်းဘယ်နှစ် တန်ေးအာင်ပြီလဲ”

“လေးတန်းမောင်ပြီးပါပြီ ဒွေးလေး”

“ဟင်း… ကျောင်းဆက်မနေဘူးလား”

“အိမ်က ဆက်မထားနိုင်ဘူးတဲ့”

“ထားမယ့်သူရှိရင်ရော နေမလား”

“နေချင်တာပေါ့ဗျာ”

“အေ… ဒါဆိုရင် အမေနဲ့ အဖေ့ကိုပြန်ပြော ငါကျောင်းထားပေးမယ်။ ဒါပေမဲ့ အိမ်အလုပ် ၀ိုင်းလုပ်ရမယ် ဈေးကူရောင်းရမယ် ဟုတ်လား”

“ကျောင်းနေရရင် ဘာပဲလုပ်ရလုပ်ပါ ဒွေးလေးရယ်”

မျှော်လင့်မထားသော စကား မထင်မှတ်ဘဲ ကြားလိုက်ရသော အကြားအာရုံကိုပင် မယုံနိုင် စရာ။ မျဉ်းတစ်ဖြောင့်တည်း ပြေးဝင်လာသော ကံကြမ္မာသည် ပုံပြင်မဟုတ်။ အမှတ်တကယ် ရေငတ်တုန်း ရေတွင်းထဲကျခဲ့တာပါ။ ကျေးဇူးတင်လိုက်တာ ဒွေးလေးရယ်၊ ၀မ်းသာလိုက်တာ လည်း ဘာပြောကောင်းမတုံး၊ ရွာပြန်ရောက်လို့ အကြောင်းစုံပြန်ပြောပြတော့ အမေ့မျက်နှာက ပပ ၀င်း၊ အဖေ့နှုတ်ခမ်းမှာ တော့ ပျာရည်သင်္ဘောဘယ်နှစင်းဆိုက်နေလဲ မသိ။

နောက်တစ်နေ့တွင် အဖေသည် ချက်ချင်း ပင် ကျွန်တော့်ကို ဒွေးလေးရှိရာ အောင်လံမြို့သို့ လိုက်ပို့ပါလေတော့သည်။ ဒွေးလေးက ဈေးရောင်းနေရာမှ ကျွန်တော် တို့ သားအဖကိုမြင့်တော့…

“အံမယ်… ကိုကြီးအောင်ချစ် ဒီတစ်ခါ တယ်ပြီး ၀ီရိယ ကောင်းပါလားတော့..”

“အေးပေါ့ ခင်စောရာ ငါကလည်း မထားနိုင်လို့သာပဲဟ၊ ကျောင်းတွေ က ဖွင့်နေတာ နှစ် လ တောင်ကျော်ပြီမို့လား”

“ဟုတ်ပါပြီတော် ဟုတ်ပါပြီ၊ ဒါပေမဲ့ ကျွန်မက ရှင်တို့သားကို ခုနစ်တန်းအထိပဲ ထားပေး မှာ နော်”

ဒွေးလေးအပြောနှင့် အပြုံးက ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့လေး။ အဖေက ပညာလိုလားမှန်းသိလို့ တမင်စသည်လား၊ နောက်တာလား။

“အေးပါဟာ ဒါလောက်ဆိုရင်ပဲ ညည်းကျေးဇူးတွေ မနည်းပါဘူး”

အဖေကလည်း အပြောကြွယ် စကားလည်ပါပေ့။ အဖေ့သဘောက အခုကျောင်းထားရရင် ပြီးရော။ နောက်ကိစ္စ နောက်မှရှင်း။ ကျိုးပြတ်တဲ့ကန်သင်းမှာ ဝေါခနဲဆင်းလာတဲ့ ရေလိုပဲ။

တကယ်ပါ အဲဒီ အချိန်က ကျောင်းတွေ ဖွင့်နေတာ နှစ် လကျော်ပြီ။ ကုသိုလ်ကံကောင်းချင် တော့ ဒွေးလေးတို့အိမ်နှင့် နီးသည့် ဆားတည်းအုတ်ကျောင်းခေါ် အလယ်တန်းကျောင်းတွင် ဆရာ ဦးအေးမြင့်ရှိသည်။ အဖေနှင့် လည်း ညီအစ်ကိုလိုခင်သည်။

ပညာလိုလားသော မိဘ၏ ဒုက္ခကို နားလည်ပေးရှာသော ဆရာဦးအေးမြင့်၏ အကူအညီ ဖြင့် ကျွန်တော် ကျောင်းနေခွင့်ရသည်။ ဆရာဦးအေးမြင့်ကိုလည်း အထူးကျေးဇူးတင်ရပါသည်။ ကျေးဇူးတင်စရာ တိုးပြန်ပြီ။ ပမာဆိုပါစို့။ ကျွန်တော့်အဖို့ ဒွေးလေးသည် ဘ၀နွေထဲက ရေတစ် ပေါက်ဆိုလျှင် ဆရာဦးအေးမြင့်သည် နေခြည်ထဲက နှင်းတစ်စက်။ သြော်… ရေတစ်ပေါက်နှင့် နှင်း တစ်စက်။

ဤရေတစ်ပေါက် နှင်းတစ်စက်ဖြင့် ဘ၀အခက်အခဲကို စတက်ခဲ့သော ကျွန်တော် ။ နောက် ထပ် ဘာအခက် ဘာအတက်တွေ ရဦးမည် နည်း။ ကြိုမသိခဲ့ပါ။ သိနိုင်စွမ်းလည်းမရှိပါ။ လောလော ဆယ်မှာ တော့ ပန်းနုရောင် ပုဆိုးလေးဝတ်ပြီး ကျောင်းတက်နေရတဲ့ ကျောင်းသားလေး ကျွန်တော့်  အ ဖြစ်က ပန်းရောင် ဆန်ပါရဲ့ လား။ တစ်ဆင့်တက်ပြီး ခံစားပြောရမည် ဆိုလျှင် ကဗျာရော ဆန်နိုင်ပါ ရဲ့ လား။

သဘောတရားကို လက်တွေ့ နဲ့စားကြည့်လိုက်တော့ မျက်စိနှလုံးဖွင့်လို့ အိပ်ရာကထပြီဆို ကတည်းက သင်ခန်းစာတွေ က အစီအစီ၊ တစ်နှစ် သုံးလေး စသည် စသည်။ ဟုတ်ပါပြီ နံနက် ၆ နာရီအိပ်ရာထ။ သွားတိုက်၊ မျက်နှာသစ်၊ ပြီးတာနဲ့ ဈေးသော့ ယူ၊ ဈေးဆိုင်ဖွင့်၊ ဆိုင်ခင်း၊ ဈေးကူ ရောင်း ၇ နာရီမထိုးခင် အိမ်ကနောက်လူလိုက်လာပြီဆိုတော့မှ မုန့်ဖိုးဆယ့်ငါးပြားယူ။ အိမ်ပြန်၊ လွယ်အိတ်လွယ်၊ ကျောင်းတက်သွား၊ ကျောင်တက်သွားရင်း မုန့်ဝယ်စား။ ထိုစဉ်က ဘူးသီးကြော် နှင့် မုန့်ဟင်းခါးတစ်ပွဲသည် ဆယ့်ငါးပြားသာ ပေးရသည်။

နှစ် ချိန်ကျောင်းမို့ ၁၁ နာရီကျောင်းဆင်းတာနှင့် အိမ်မြန်မြန်ပြန်။ နံနက်စာ ထမင်းတစ်အိုး တည်၊ ထမင်းအိုးတည်နေတုန်း ဈေးခြင်းတောင်းနှင့် ဦးလေးပြန်လာလျှင်လာ၊ မလာလဆင် ဈေး လိုက်၊ ဈေးခြင်းတောင်းယူပြီး အိမ်ပြန်နှင့် ခုတ်တန်တာ ခုတ်၊ ထစ်တန်တာ ထစ်၊ နွှာတန်တာ နွှာ၊ ထောင်းတန်တာ ထောင်း။

တစ်ခါတစ်ရံ နေ့ခင်းကျောင်းသာ ပြန်တက်ပါလေရော ထမင်းမကျက်သေးလို့ စားမသွားရ ပေမယ့် ပျော်စရာတော့ ကောင်းပါသည်။ အကြောင်းမှာ ကျွန်တော့်ဒွေးလေးယောက်ျား ဦးလေး အောင်မြင့်သည် ဟင်းချက်အင်မတန် ကောင်းသလို သီချင်းဆိုလည်း အလွန်ကောင်းပါသည်။ သူများ တွေ အဖို့ ရေချိုးရင်း သီးချင်းသံနားထောင်ဖူးကြသလို ကျွန်တော့်မှာ လည်း ထမင်းဟင်းကူ ချက်ရင်း သီချင်းပေါင်းစုံ ကြားရသည်မှာ နားအရသာရှိလိုက်ပါဘိ။ ထူးကဲ့တဲ့ ဇာတာရှင်ပါပဲ။ သီချင်းတွေ ကလည်း စုံလို့၊ ခင်မောင်ရင်၊ ပြည်လှဖေ၊ ဥသြဘသော င်၊ တစ်ခါတစ်ရံတွင် မေရှင်နဲ့ ကြည်ကြည်ဌေးတို့ပင် အဆစ်ပါလိုက်သေး။ ကောင်းမှကောင်း။

သို့သော် မုန့်စားကျောင်းဆင်းလို့ မနက်စာစားဖို့ အိမ်အပြန်အလာ အလွယ်တန်းစားရလျှင် တော် ပါရဲ့ ။ ဒါမှမဟုတ်လို့ ဦးလေးကမေ့ပြီး သော့ ကိုထားနေကျနေရာ မထားခဲ့လျှင်တော့ ခက် တော့တာပါပဲ။ ငါးကြော်နံ့ရပြီး ကြောင်အိမ်ဖွင့်မရတဲ့ ကြောင်တစ်ကောင်လို အိမ်ထဲကို ပြတင်း ပေါက်က ရတဲ့နည်းနဲ့ ၀င်ဖို့ကြိုးစားရတာ ပြဿနာ။ ဒါလည်း တစ်ဒုက္ခပေါ့။

ညနေ ၄ နာရီထိုးတော့ ကျောင်းကအပြီးဆင်းသည်။ သူငယ်ချင်းတွေ နှင့် ဟေးလားဝါး လား မလုပ်အား။ အိမ်သုတ်သုတ်ပြန်။ ညစာထမင်းတစ်အိုး မြန်မြန်ချက်၊ ပြီးလျှင် ခပ်သွက်သွက် ဈေးလိုက်သွား၊ ဆိုင်ကူသိမ်း၊ ညနေ ၆ နာရီထိုးလို့ ဈေးတံခါးကြီးပိတ်ခါနီး မှ ဆိုင်သိမ်းတာ လတ်စ သတ်တော့သည်။ ကလေး တစ်ယောက် ခါးမှာ ချီ၊ ငါးဆင့်ချိုင့် လက်ကဆွဲ၊ အိမ်ပြန်နှင့် ဟင်းအိုး နွှေးနှင့် ၊ ကလေးတွေ ထမင်းကျွေးနှင့် ၊ ကလေးတွေ ကိစ္စပြီးတော့မှ ဦးလေးနှင့် ဒွေးလေးစားဖို့ ထမင်းပွဲပြင်။ အတူဝင်စား၊ စားပြီးတော့မှ ပန်းကန်ဆေး၊ အိုးတိုက်၊ မီးဖိုချောင်ကိစ္စပြီးပြိတော့ ည ၈ နာရီ၊ ရေဒီယိုက သတင်းကြေညာပြီ။ သည်တော့မှ ခါးကတင်းနေသော ပုဆိုးကို ပြန်လျှော့ဝတ်၊ သက်ပြင်းကလေး ဟူးခနဲ။

သက်ပြင်းကလေး ငြိမ်သွားတော့မှ စာဖတ်ဖို့ပြင်ရသည်။ စာအကုန်ဘယ်ကျက်နိုင်တော့မ လဲ။ သင်္ချာအကုန် ဘယ်တွက်နိုင်တော့မလဲ။ ဒါတောင် မနက် ဈေးရောင်းဖို့ စက္ကူအိတ်မကပ်ရလို့ တော် သေး။ စက္ကအိတ်ကပ်ရတဲ့နေ့တွေ ဆိုလျှင် ည ၉ နာရီထိုးမှ ကိစ္စပြီးတော့သည်။ လူလည်း နုံးပြီး ခြေပစ်လက်ပစ် အိပ်ပစ်လိုက်ဖို့ကလွဲလို့ ဘာကောင်းတော့မည် နည်း။

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များ သည် အခြားကျောင်းသားများ အဖို့ ပျော်စရာကောင်း သော်လည်း ကျွန်တော် အဖို့တော့ ပျော်စရာတစ်စက်မှ မကောင်းခဲပါ။ တစ်နေကုန် ဈေးကူရောင်း ရင်း အချိန်ကုန်ရတာ များ ပါသည်။ ဈေးပိတ် ကျောင်းပိတ် တနင်္ဂနွေဆို ပိုဆိုး၏ ။ တစ်အိမ်လုံးဝတ် သမျှ အ၀တ်အစားအားလုံး ကမ်းနားဆင်းပြီး လျှော်ရဖွပ်ရသည်။ ကလေး အညစ်အကြေးကအစ ဒွေးလေး၏ အတွင်းအင်္ကျီပင် ပါသည်။ ကျွန်တော် ညည်းဖို့အချိန်မရပါ။ ဒီအိမ်မှာ တော့ “အလုပ် တွေ က မပြီးနိုင်ပါ။ ကိုယ့်မှာ တော့ တစ်ယောက် တည်း ကူမယ့်သူ လက်မကမ်းသော်လည်း ပန်း ပန်လျက်ပဲ” လို့ ကဗျာတွေ ဘာတွေ စပ်ပစ်လိုက်ချင်သည်။

အညာဆန် သင်္ဘောကြီးများ ဆိုက်လျှင် ပိုလို့ပင်ဆိုးသေးရဲ့ ။ ညည ၂ နာရီလောက်မှ ဆိုက် တတ်သည့် သင်္ဘောကြီးဆီက ဥသြသံကြားပြီဆိုတာနဲ့ အိပ်ချင်မူးတူးနှင့် ထ၊ ဓာတ်မီးလေးကိုင်၊ သော့ တွဲ လေးဆွဲ ဒွေးလေးနောက်က တကောက်ကောက်။ တစ်လမ်းလုံး ခွေးတွေ က တစီစီ၊ ဒွေး မလေးမပါဘဲ တစ်ယောက် တည်းဆင်းရသော ညမျိုးဆိုလျှင် ဟစ်လို့သာငိုလိုက်ချင်ပါရဲ့ ။

အဲသည်လို အငို အမောတွေ ကြားက ကြံကြံဖန်ဖန် အားကျမိတာ တစ်ခုရှိပါသည်။ စိတ်ကူး ယဉ်သည်ပဲ ဆိုဆိုပေါပ့။ စိတ်ကူးယဉ်တယ်ဆိုတာ အသိဉာဏ်ထက် ပိုအရေး ပါတယ်လို့ အိုင်း စတိုင်းက ဆိုတယ်မဟုတ်လား။ တခြားတော့ မဟုတ်ပါဘူး။ ဒွေးလေးရဲ့ သားကြီး သြရသကိုပေါ့။ သူ့မှာ တော့ ရုပ်ရှင်ကားထဲက သူဌေးသားလို၊ ကျောင်းသွားချိန်သွား၊ နားချိန်နား၊ ကစားချိန် ကစား။ စားချိန်စား၊ အများ အားဖြင့် အိမ်မှု တာဝန်၊ ဆိုင်တာဝန်၊ ဘာမျှမရှိ၊ ယောက်ျားပီပီ အားအကျဆုံးက တော့ စပို့ရှပ်အဖြူ၊ ဘောင်းဘီတိုအဖြူ၊ ကင်းပတ်အဖြူလေးနဲ့ ကိုယ်ပိုင်ဘောလုံးလေး ပိုက်ပိုက် သွားလေ့ရှိတဲ့ ညနေခင်းများ စွာ ကိုပါပဲ။ သည်ကတည်းက ညနေခင်းဆိုတာ ဒီလိုဝတ်စုံ ဖြူဖြူကြွကြွ ရွရွလေးနဲ့မှ ပိုလိုက်ဖက်တာလား။ ဒီလိုခံစားရင်း နောက်ဘ၀ကျလျှင် ဒွေးလေးလိုအမေမျိုးနှင့် ဒွေးလေးရဲ့ သားလို သားမျိုး ဖြစ်ချင်သည်မှာ အခါခါ။

ဒါပေမဲ့ ဒွေးလေးကိုလည်းကောင်း၊ ဒွေးလေးသားကိုလည်းကောင်း အားကျတာကလွဲလို့ တစ်ခါမျှ မနာလိုစိတ်မ ဖြစ်ခဲပါ။ ပြောရလျှင် ထပ်ပွားလာတဲ့ ကျေးဇူးတွေ ကတောင် အများ ကြီးမို့ လား၊ ဒွေးလေးနဲ့ ခဏခဏ ကြည့်ခွင့်ရလို့ ရုပ်ရှင်ထဲက ရွှေဘကို ကျွန်တော် ကြိုက်တာ။ ဒွေးလေး ယူယူဖတ်တဲ့ စာအုပ်တွေ ထဲက အောင်လင်းဝတ္ထုတွေ ရွေးပြီး ကျွန်တော် သဘောကျခဲ့တာ။ တစ်နှစ် တစ်တန်းအောင်ခဲ့တာတွေ နဲ့ပါ ထပ်ပေါင်းရင် နည်းတာတွေ လားဗျာ။

ဒါထက်ပိုပြီး ဒွေးလေးအပေါ် ကပ်သီးကပ်သပ် ကျေးဇူးတင်မိတာလေးလည်း ပြောပြချင်ပါ တယ်။ ချန်ထားခဲ့ရမှာ မ ဖြစ်လို့ပါ။ ဒွေးလေးအိမ်မှာ နေရတဲ့အကြောင်းကြောင့် ခြေရင်းအိမ်က မခင်ပန်းနွယ်နဲ့ သိကျွမ်းခွင့်ရခဲ့တဲ့ အကျိုးလေးဆိုပါတော့။ ကျွန်တော့်ထက် အသက်သုံးနှစ် ကြီးပြီး အတန်းစားကလည်း နှစ် တန်းကြီးပါတယ်။ အနေအထိုင် ရိုးရိုး၊ အ၀တ်အစားယဉ်ယဉ်၊ တင်တင်စီး စီး ပပလွှားလွှားမရှိ၊ မပြုံးဘဲနေလျှင် ကြိုက်ဖို့ကောင်းသလောက် ပြုံးလိုက်လျှင် ပါးချိုင့်ကလေးနှင့် အလွန်ချစ်ဖို့ကောင်းပါသည်။

စာလည်းသင်ပေး၏ ။ စာလည်းကူးပေး၏ ။ စာလည်း ကျက်ပေး၏ ။ သီချင်းလေးတွေ ရေး ပေးသေး၏ ။ ကျွန်တော့်အားဆေး၊ ကျွန်တော့်ကောင်းကင်၊ ကျွန်တော့်လမင်း၊ ကျွန်တော့်တိုး တိုးဖော်၊ အဖော်မဲ့လို့ အားငယ်သည်လား၊ အားငယ်စိတ်ကြေင့် အရိပ်ရှာသည်လား။

ကျွန်တော် မှတ်မိတာ ကတော့ ဒွေးလေးဈေးဆိုင်က မုန့်ထည့်သိမ်းသည့် ထင်းရှူးသေတ္တာ ချောချောပွပွ နံရံမှာ “ကျွန်တော် မခင်ပန်းနွယ်ကိုချစ်ပါသည်” ဆိုတဲ့ ကျွန်တော့်လက်ရေး ကို ဒွေး လေးတွေ့ သွာပြီး ၀ယ်ယူသူတွေ ကြား ၀ါးလုံးကွဲ ဟားတိုက်ခံလိုက်ရတဲ့နေ့ပါပဲ။ ခိုးထုတ်ခိုးထည်နဲ့ လူမိတဲ့အ ဖြစ်လိုပါ။

နောင်အခါ ဒွေးလေး ကျွန်တော့်ကို သဘောမတွေ့ လို့ ဆူပူလေတိုင်း “စိတ်က နင့်ဟာမ ဆီ ရောက်နေတာပဲ” ဆိုတဲ့ ဝေါဟာရအသစ်တစ်ခု တိုးခဲ့တာကိုလည်း ကျွန်တော် မမေ့ပါဘူး ဒွေး လေးရယ်။

သို့သော် မေ့မရတိုင်း အနာတရမဟုတ်သလို အနာတရတိုင်းဟာလည်း အမှတ်တရတွေ မ ဖြစ်ချင်ပါ။ သည်အခါ ရင်ထဲတွင် စူးနစ်ဝင်နေသည့် ပုံရိပ်က အမှတ်ထင်ထင်၊ ကြေးမုံပြင်မှာ မြင် လေတိုင်း နဖူးက အမာရွတ်အတွက် အဟောသဓကို မျက်မိသော ကေ၀ဋ်ပုဏ္ဏားလို ကျွန်တော် သည်….

ထိုနေ့က ရုံးပိတ်၏ ။ ကျောင်းပိတ်၏ ။ ဈေးပိတ်၏ ။ တိုက်ဆိုင်မှု တွေ ကို သယ်ဆောင်လာ သော ထိုနေ့၊ နှစ် အိမ်ကျော် ဇယ်တောက်ဝိုင်း၊ ပွဲစဉ်က ရှုံးထွက်ဇယား၊ ဇိုင်နယ်တက်လာတဲ့ပြိုင် ဘက် ဒွေးလေးသားကြီး သြရသ၊ ပြိုင်ဘက်ကို ယှဉ်ရမှာ ကျွန်တော် ။

ဖြစ်နိုင်မည် ဆိုလျှင် ဒီလိုပွဲမျိုး ကျွန်တော် မဆုံချင်ပါ။ ညီအစ်ကိုစိတ်ထက် ကျွန်တော့်အပေါ် အမြဲတစေ အဆိပ်တက်နေသော ဒွေးလေးသားကို အတတ်နိုင်ဆုံး ထိပ်တိုက်မ ဖြစ်အောင် ရှောင်ခဲ့ သည်သာ ဖြစ်ပါသည်။ သည်ကြားထဲ ခုလို မလွဲသာသော အခြေအနေမျိုး ကြုံလာရသော အခါ ယောက်ျားမာနက အသိစိတ်နှင့် ယှဉ်ပြိုင်ရင်ဆိုင်ချင်သည်။

အနိုင်ရလိုသော စိတ်အောက်တွင် အမှားအမှန်လမ်းပျောက်နေသူနှင့် မမှန်တာ ဘာမျှမလုပ် ခဲ့သလို မဟုတ်လျှင်လည်း လုံးဝမခံတတ်သော နှလုံးသားသည် စော်ကားမခံလိုမှု နှင့် သည်တစ်ခါ ဆုံချက်မှားပြီးလား မသိ။ မီးနှင့် ယမ်းငြိသည့်ပွဲ၊ ဘာတတ်နိုင်မလဲ၊ နှစ် ယောက် သား ထွေးလုံး သတ်ပုတ်ရင်း ဆွဲလား၊ ရုန်လား ၀ရုန်းသုန်းကားတွေ ဖြစ်ကုန်သည်။ ကျော်မကောင်း ကြားမ ကောင်းတွေ ဖြစ်ကုန်သည်။ အရှက်တကွဲတွေ ဖြစ်ကုန်သည်။

အဖြေထုတ်ကြည့်သည့် ဒီပွဲကို ဦးအေးက အံ့သြရုံထက် မပိုပါ။ သည်နေရာတွင် မိန်းမသာ ပီသသော ဒွေးလေး ကတော့ ဦးလေးလိုမဟုတ်။ အရှက်နှင့် ဒေါသတွင် သားနှင့် တူဆိုသော အသိ၊ အိုး.. ဘာပြောကောင်းမလဲ၊ ပွဲကြမ်းလိုက်ပုံများ ရစရာမရှိတော့။ ကျွန်တော် စဉ်းစားမရသည်မှာ ကျွန်တော် က ခြောက်လခုနစ်လကြီးများ တောင် ကြီးလျက် မရှောင်ဘဲ ပြိုင်မိုက်မိလို့လား၊ ဒါမှ မဟုတ် သားမျက်နှာပေါ်က အရောင် အကိုင်း ဒဏ်ရာတွေ ကြောင့် လား၊ ဒွေးလေး၏ ဒေါသမြား အောက်တွင် ကျွန်တော့်မှာ မလူးသား မလွန့်သာ။ ကျွန်တော် နှလုံးအိမ်တွင် နောက်ထပ်မြှားစိုက်စ ရာ နေရာမှ ကျန်သေးရဲ့ လား မပြောတတ်။

မြွေဆိပ်နှင့် တူသော ဒေါသ၊ ပခြုပ်နှင့် တူသော အသိ၊ လားရာမဲ့ အထားအသိုတစ်ချက် အလွဲတွင် မြွေတခြား၊ ပခြုပ်တခြား၊ ဒေါသတခြား၊ အသိတခြား၊ ကျွန်တော် သည် လောကဓံဘော လုံးကွင်းလွယ်တွင် လူသိထင်ရှား တစ်ချက်မှားခဲ့၏ ။ ဘ၀ဆိုတာ ဘောလုံးပွဲတစ်ပွဲစာဆိုလျှင်တော့ ကျွန်တော် ပွဲမပြီးခင် အနီကတ်ထိခဲ့ရသော ဘောလုံးသမား မှားပြီဆိုတော့ မှားပြီးဆိုတော့။

ဟိုတုန်းက ပျော်စေပြက်စေပြောခဲ့သော စကားသည် ခုတော့ အမှန်တရားလို သေချာသွား ခဲ့ပါပြီ။ သြော် ကျောင်းပိတ်လို့ အိမ်ပြန်ခွင့်တောင်းလျှင် မကြိုက်တဲ့ဒွေးလေး၊ ရွာမှာ ပြောသွားသည့် ရက်ထက် ကြာနေမိလို့ မြို့ပြန်လာလျှင် မျက်နှာမရွင်သာတဲ့ ဒွေးလေး၊ ခုတော့ အတန်းစာရင်းပင် မထွက်သေး၊ ဒွေးလေးကိုယ်တိုင် ရွာပြန်ပို့ခဲ့ပါပြီ။ အရိပ်ကြောင့် လှခဲ့သော အရောင် သည်….

အိပ်ရာလိပ်နှင့် သေတ္တာကို အပြီးထမ်းပြန်လာသော သားကိုကြိုမယ့် အမေနဲ့ အဖေ့မျက်နှာ ကို ကျွန်တော် မကြည့်ရဲတော့ပါ။ အဖေက တွေ တွေ ကြီးကြည့်ပြီး ဆေးပေါ့လိပ်ကိုသာ တွင် တွင် ဖွာနေ၏ ။ အမေကသာ ကျွန်တော့်ခေါင်းလေးကို အသာအယာပွတ်ရင်း “နောင် ဒီလို မမိုက်မိစေနဲ့ သားရယ်”တဲ့။

ကျွန်တော့်အမေကို ဘာမျှမရှင်းပြချင်တော့။ အံကို တင်းနေအောင်ကြိတ်ထားသည့်ကြား က မျက်ဝန်းတစ်ခိုတွင် ပိုးပိုးပေါက်ပေါက်။ ဆောက်တည်ရာမဲ့ရှိုက်သံကိုအံတုရင်း အမေ့ရင်ထဲဝှက် ထားတဲ့ ကျွန်တော့် မျက်နှာမှာ ပါးမိုတွေ တစ်ဝကြီး။

ကျွန်တော် ဒွေးလေးကို အပြစ်မတင်ပါ။

ဒီကမ္ဘာပေါ်မှာ ကျေးဇူးတရားဆိုတဲ့ မျိုးစေ့တွေ ကို ရှင်သန်ထွန်းကားနေသမျှ ကျွန်တော့် အသိ၊ ကျွန်တော့် အသိ၊ ကျွန်တော် နှလုံးသား၏ အိမ်ဦးခန်းတွင် ဒွေးလေးနှင့် ဦးလေးဆိုတာ အညွှန်တလူတူ အဖူးတဝေေ၀ ရှိနေဦမှာ ပါ။

ဒါပေမဲ့ ဒွေးလေးရယ်… လူမြင်သာတဲ့ ဒွေးလေးသားရဲ့ ပါးပြင်ပေါ်က ကျွန်တော့် အမှား ကြောင့် အညိုအမည်းစွဲခဲ့ရသလို လူမမြင်သာတဲ့ ကျွန်တော် နှလုံးသားတစ်နေရာမှာ လည်း…

ကျွန်တော် ပြောမထွက်ရက်ခဲ့ပါ။ မိုးဖြိုင်ဖြိုင်ရွာသော နေ့တစ်နေ့တွင် စခဲ့သော ကျွန်တော် နှင့် ဒွေးလေး၏ နိဒါန်းသည် လွမ်းမောဖွယ်ရာ နွေခေါင်ခေါင် လောင်မြိုက်သော နေ့တစ်နေ့တွင် …။



ဆီးစေ့နှင့် မြင်းမိုရ်တောင် (သို့မဟုတ် ကျေးဇူးတပ် ရင်တစ်ခုန်

ဂန္ထ၀င်မဂ္ဂဇင်း၊ ၂၀၀၄ ခု၊ ဇူလိုင်လ

“ကိုရင်လေး သုစိတ္တသည်

မိမိပန်းကန်းဆေးရသော နေ့များ တွင်

အရုဏ်ဆွမ်းကို ခါတိုင်းလို ပန်းကန်ပြားနှင့် မစား။

လွယ်တာနှင့် စားသည်ဟူသော သဘောဖြင့်

ဒန်ချိုင့်နှင့် သာ စားသည်။ သူစားပြီးပြီတော့မှ

ဒန်ချိုင့်ထဲတွင် ဘယ်သူမမြင်အောင်

လက်ဖက်ရည်ပန်းကန်တစ်လုံးစာ ဆွမ်းလေးကို

ဟင်းနှင့် နယ်၍ မိမိအား တိတ်တိတ်ကျွေးခဲ့သည်။

အို ဘာပြောကောင်းမလဲ

ညကတည်းက အလိုမပြည့်ခဲ့သော ၀မ်းသည်

ခုမှပဲ ရေထိပန်းနှယ် လန်းသွားတော့၏ ”



ဆီးစေ့နှင့် မြင်းမိုတောင် (သို့မဟုတ်) ကျေးဇူးဆပ်ရင်တစ်ခုန်

မှတ်မှတ်ရရ တစ်ခုသော တနင်္လာနေ့။

တိတိကျကျ ဆိုရသော် ၂၀၀၄ ခု၊ ဇန်န၀ါရီ (၂၆) ရက်ပေါ့။ ၂၀၀၄ ဆိုတဲ့အတိုင်း မိမိအဖို့ အရာအားလုံး လေးလေးပင်ပင်တွေ ဖြစ်နေသလား။ ရေရေရာရာ မပြောနိုင်သော်လည်း စိတ်တွေ လေး၊ လူလည်းလေး၊ ခြေလှမ်းတွေ လည်း နှေးနေတာတော့ အမှန်ပဲ။

ရာသီက အုံ့ပျဝေဆိုင်းမှိုင်းမှိုင်းရီရီ၊ ဆောင်းပန်းချိသည် စုတ်ချက်အနားမသတ်သေးဘဲနှင့် နွေရတုကို ယွန်းတော့မလို အခါသမယ၊ ဆောင်းမပီ၊ နွေမမည် ၊ ဒီလိုအချိန်မျိုးတွင် ပန်းဆိုးတန်း လမ်းနှင့် မိမိခြေလှမ်းတို့ မိတ်ဆက်မ ဖြစ်သည်မှာ လည်း ကြာခဲ့လေပြီ။

ဟိုအရင်တုန်း ကတော့ အိမ်ကလည်း မင်္ဂလာတောင်ညွှန့်မှာ ၊ ရုံးကလည်း ပန်းဆိုးတန်းမြို့ လယ်ကောင်မှာ ၊ အိမ်နှင့် ရုံး အလှမ်းမဝေး အနီးကလေးမို့ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များ မှာ ပင် ဤပန်းဆိုးတန်း၏ ရင်ငွေ့ကို တရှိုက်မြေ့မြေ့ထိတွေ့ ခဲ့သည်မှာ အကြိမ်ကြိမ်။

ခုတော့ သည်လိုမဟုတ်ပြီ။ အနားမညီသော ဘ၀တို့၏ ဥတုရာသီကျင်လည်စက်ဝန်းအ တိုင်း ရွေ့လျားရင်း နေတာက မြောက်ဒဂုံ၊ ရုံးတက်ရတာ က ယုဇနဆိပ်ကမ်း။ ဒါကြောင့် လွမ်းမော ဖွယ် ပန်းဆိုးတန်းသည် မိမိနှင့် သူစိမ်းဆန်ခဲ့ရသည်မှာ ဆန်းတော့မဆန်း။

တိုင်းရုံးသို့ ကိစ္စရှိ၍ လာရပြန်တော့လည်း စာအုပ်တန်းကိုပင် နားနားနေနေ မ၀င်အား။ သုတ်သုတ်နှင့် သုတ်သုတ်သွား။ အဲဒီ လို လှုပ်ရှားနိုင်မှ အိမ်အပြန်တန်ကာကျသည်မို့။ အလေ့အထ တစ်ခုလို ကျင့်သားရနေတာကြာပါပြီ။ ဒီအတွေ့ ဒီအငွေ့နှင့် ပန်းဆိုးတန်းက ရွေ့မယ်လို့အပြင်၊ အမှတ်မထင် ဆုံလိုက်ရသည့် အပြုံးနှစ် ခုကြောင့် ခြေလှမ်းတို့သည် တုံ့သွား၏ ။

“ဟာ.. ဆရာနဲ့ တွေ့ တာအတော် ပဲ၊ နေနတ်သားက ဦးသုစိတ္တဘွဲ့တံဆိပ် ဆက်ကပ်ခံရ တယ်ဗျ၊ ဂုဏ်ပြုပွဲလည်း လုပ်မယ်၊ အမှတ်တရစာအုပ်လည်း ထုတ်မယ်၊ ဆရာအားရင် အမှတ်တရ စာမူလေးပေးပါဦး”

ကဗျာဆရာ စာရေး ဆရာ မြေလတ်မင်းလွင်၊ အညာသံ အညာဟန်နဲ့ အားပါးတရ ဘေးက ပါလာသူ ကိုရွှေသော င်းဝင်း ကတော့ ရယ်ကျဲကျဲ။

“အေးဗျာ ၀မ်းသာပါတယ် ကြိုးစားပြီး ရေး မယ်ဗျာ”

ပြောပြောဆိုဆို နှစ် သိမ့်ရင်း လမ်းခွဲခဲ့၏ ။

အမှန်တကယ်တော့လည်း စာတစ်ပုဒ် ကဗျာတစ်ပုဒ်ကို မိမိလွယ်လွယ်နှင့် ဘယ်တုန်းကမှ မရေး တတ်ခဲ့ပါ။ ခံစားမှု နှင့် စေတနာ (သို့မဟုတ်) ဝေဒနာစမ်းရေလေး တစိမ့်စိမ့် ယိုစီးလာမှသာ ကြိုးစားပမ်းစား ရေး ချင်သူ ဖြစ်ပါ၏ ။ ခက်ပြီ။ ဒီစာမူ ဘယ်ကစရပါမလဲ။ အခုလို စိတ်ရှုပ်အလုပ်ရှုပ် ဘ၀ကြီးနဲ့ စာမူတစ်ပုဒ်လောက်လိုပြီးမလဲ။

ဒဂုံအပြန်ကားကျပ်ကျပ်တွင် မတ်တတ်စီးရင်း စာမူကလေးရေး ပေးချင်သည့် စိတ်ဆန္ဒက လည်း နေရာမရ။ ဟိုပြေးသည်ကပ်၊ လူမတ်တတ်၊ စိတ်မတ်တတ်၊ သြော်… ဦးပဉ္စင်း ဦးသုစိတ္တ (သို့မဟုတ်) ဆရာတော် ဘဒ္ဒန္တသုစိတ္တတောင် “အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ” ဘွဲ့တံဆိပ်ဆက်ကပ် ခြင်းခံရပါပကောလား။

မိမိကို အလုပ်ပေးခဲ့သော စိတ်သည် လွန်ခဲ့သော နှစ် ပေါင်း ၃၀ ကျော် ၄၀ ဆီသို့ စုန်ချီ ဆန်ချီ။ နီးတစ်ခါ ဝေးတစ်လှည့်။ စဉ်းစားလိုက်တော့ ကိုရင်လေး သုစိတ္တနှင့် မိမိ၏ သံသရာတစ် ကွေ့က အတွေ့ အကြုံသည် မေ့မည် ထင်မှား ထပ်ထပ်သာပွားပေရော့မည် ။

သည်အခါ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုတွင် မိမိကဗျာတွေ ငါးကြိမ်ဝင်ပြိုင်ရင်း ငါးခါဆုရခဲ့ တာကို သွားသတိရမိ၏ ။ ကြံကြံဖန်ဖန် တွေးသည်ဟုပဲ ထင်ထင် “ကျေးဇူးရှင်အများ ဆုံးလူသားဆု” ၀င်ပြိုင်လျှင်လည်း မိမိဆုရဦးမှာ သေချာပါသည်။

များ လှသည့် ကျေးဇူးရှင်တွေ ထဲမှာ ကိုရင်လေး သုစိတ္တကို ချန်ထားလို့မရ။ “ကျေးဇူးရှိ လျက် အသိခက်၊ ကျေးဇူးသိလျက် အဆပ်ခက်၊ ရှိလျက် သိလျက် ဖွင့်ဟခက်” တဲ့။ အဲဒီ အခက်သုံး မျိုးထဲတွင် မိမိဘယ်နေရာမှ မပါချင်။ သည်တော့ သံယောဇဉ်နှင့် ယှဉ်သော နှောင်းအရိပ်တို့ကို ကောင်းစိတ်နှင့် မြင်ကြည့်လိုက်တိုင်း ပင်ခြေဆိုင်းဆိုင်း၊ အကိုင်းစိုပြည်။ ရွက်ဝေဖားဖား၊ မြပ၀ါလွှာ ထားသည်သို့ အေးလို့မြလို့နေပါ၏ ။

တွေးမိသမျှ အဆွေးမဟုတ်၊ ငေးမဟုတ်၊ အမောမဟုတ်။ အသော မဟုတ်။ ဘ၀သရုပ် နွေ လွေးတစ်နွေထဲက တစ်စိတ်တစ်ဒေသ အေးမြမြအရိပ်ကလေး။ ဘယ်အတွေးနဲ့ကြည့်ကြည့် ဘယ် တော့မှ ဖုန်မတက်သည့် ရင်ထဲက ကြေးမုံပြင်လိုပါပဲ။ အစဉ်အမြဲ ကြည်လင်နေဆဲပါပဲဟု တကယ လည်း မိမိကိုယ်မိမိ ယုံကြည်ပါသည်။

ပုံရိပ်တို့သည် အတိတ်ဆီသို့ သမင်လည်ပြန် တရွေ့ရွေ့ပို၍ တိကျအောင်ဆိုရလျှင် ၁၉၆၆- ၆၇ ခုနှစ်များ က ဖြစ်ပါ၏ ။ မကွေးတိုင်း၊ အောင်လံမြို့၊ ရွာတောင်ရွာ ဆာပါကျောင်းတိုက်၊ ထိုစဉ်က မိမိတို့အား ရင်ဝယ်သားလို ရင်အုပ်မကွာ စောင့်ရှောက်ခဲ့သူမှာ ဆရာတော် ဦးကလျာဏ ဖြစ်၏ ။

ဆရာတော် ဦးကလျာဏ၏ ဆာပါကျောင်းတိုက်ကြီးတွင် ဆုံခဲ့ကြသည့် ရေစက်သည် အနက်ကျယ်လှစွာ ၏ ။ မိမိက ဘ၀အခက်ကို တက်ဖို့ လောကဓာတ်ပညာလာသင်သော ကျောင်း သား၊ ကိုးတန်း၊ ဟိုက်စကူးဖိုင်နယ်နောက်ဆုံးနှစ် ပါပဲ။ ကိုရင်သုစိတ္တက ဘ၀အနက်ကိုတူးဆွဖို့ လောကုတ္တရာစာပေလာသင်သော ကိုရင်ပေါက်စ။

တစ်နယ်တည်းသားတွေ ဟု ဆိုသော်ငြား။ သူက တစ်ရွာ၊ မိမိက တစ်ရွာ။ တစ်ဦးနှင့်တစ်ဦး ယခင်က မမြင်ဖူး၊ မသိဖူး။ လောကစက်ဝိုင်းကြီးထဲက အစက်အမှု န်ပေါင်း မြောက်မြားစွာ အနက် အမှတ်ထင်ထင်ဆုံရသည့် ရေတစ်စက်ဖြင့် ဖို့ လွယ်ပါ့မလား။ ဟိုးနောက်က အကြောင်းတွေ ရှိလို့ သာ။ တွေးကြမ်းစမ်းပါ။ ဆုံတွေ့ ကြသည့် လူတွေ အများ ကြီး၊ ကျောင်းသားတွေ အများ ကြီး၊ ကိုရင် တွေ လည်း အများ ကြီး။ အဲဒီ အများ ကြီးတွေ ထဲမှာ ပြောပြစရာ၊ ပြောပြလောက်စရာက အများ ကြီး ဟုတ်ရဲ့ လား။ အလျားလိုက် ဆန့်ထုတ်လိုက်သော အခါ အမှတ်တရတစ်ခု၏ တန်ဖိုးသည် မည် မျှ နက်ရှိုင်းသွားသည်ကို ခံစားမိသူတွေ သာ အသိဆုံး ဖြစ်ပေလိမ့်မည် ။

သည်တုန်းက မိမိတို့ဘ၀များ သည် တစ်စုံတစ်ရာ အကျည်းတန်သည်ဟု မဆိုနိုင်ငြား။ လှကြသူများ မဟုတ်ပါ။ လှချင်လျက် မလှနိုင်သူကြသူများ ဖြစ်ပါ၏ ။ အခြေမခိုင်ကြသူတွေ မို့လည်း ဘုန်းကြီးကျောင်းရိပ်မှာ ခိုနားကြရတာ မဟုတ်လား။

အရွယ်တွေ က စားကောင်းသည့်အရွယ်၊ ဆော့ကောင်းသည့်အရွယ်၊ အိပ်ကောင်းသည့် အရွယ်၊ နံနက်စောစော အလှည့်ကျ ဝေယျာဝစ္စ ဆောင်ရွက်ရသည့် ကျောင်းသားပင်လျှင် မနက် ၉ နာရီ ကျောင်းတက်သွားခါနီး မှ သံချောင်းခေါက်ပြိး ထမင်းစားကျောင်းတက်ကြရသော ဘ၀များ ပေါ့။

ဤတွင် ကိုရင်လည်း သုစိတ္တနှင့် မိမိ၏ ဆက်နွယ်မှု သည် မည် သို့သော အတိတ်ဘ၀ အကြောင်းဆက်ကြောင့် ဟု မပြောနိုင်သော်လည်း အကျိုးသက်ရောက်ခဲ့တာ ကတော့ အမှတ်ထင် ထင် မမေ့နိုင်စရာပါ။

မှတ်မှတ်ရရ။ တကယ့်ကို မှတ်မှတ်ရရပါ။ အထူးသဖြင့် မိမိအလှည့်ကျ စောစောထ၍ ဝေယျာဝစ္စဆောင်ရွက်ရသော နေ့ရက်များ ။ အဲဒီ လို နေ့မျိုးတွင် အလှည့်ကျထရသည့်သူများ သည် အများအားဖြင့် ရေနွေးအိုးကျိုတာ၊ လက်ဖက်ရည်ပွဲပြင်တာမျိုးသာ လုပ်ချင်ကြ၏ ။ စောစောစီးစီး ဘယ်သူမှ ပန်းကန်မဆေးချင်။ ထို့ကြောင့် ဒိုင်ခံပန်းကန်ဆေးသူမှာ မိမိ။

ကိုရင်လေးသုစိတ္တသည် မိမိပန်းကန်ဆေးရသော နေ့များ တွင် အရုဏ်ဆွမ်းကို ခါတိုင်းလို ပန်းကန်ပြားနှင့် မစား။ လွယ်တာနှင့် စားသည်ဟူသော သဘောဖြင့် ဒန်ချိုင့်နှင့် သာ စားသည်။ သူ စားပြီးပြီဆိုတော့မှ ဒန်ချိုင့်ထဲတွင် ဘယ်သူမှမမြင်အောင် လက်ဖက်ရည်ပန်းကန်တစ်လုံးစာ ဆွမ်း လေးကို ဟင်းနှင့်နယ်၍ တိတ်တိတ်ကျွေးခဲ့သည်။

အို..ဘာပြောကောင်းမလဲ။ ညကတည်းက အလိုမပြည့်ခဲ့သော ၀မ်းသည် ခုမှပဲ ရေထိပန်း နှယ် လန်းသွားတော့၏ ။ တောင့်သွားတော့၏ ။ မြိန်ရေယှက်ရေရှိလိုက်ပါဘိ။ အရသာရှိလိုက်ပါဘိ။ ဒီလိုရှားပါးချိုမြိန်လျသည့် ကိုရင်လေးကျွေးတဲ့ တိုးတိတ်တိတ် ဆွမ်းကျန်လေးကို မိမိစားခွင့်ရခဲ့တာ တစ်ခါနှစ် ခါ မဟုတ်ပါ။ သုံးလေးခါလည်း မကပါ။ အကြိမ်ကြိမ်အခါအခါ။

တွေးလိုက်မိတဲ့အခိုက်မှာ ပင် မိမိရင်ထဲတွင် အငွေ့တလူလူ ခံစားနေရဆဲ။ တစ်လုတ်စားဖူး သူ့ကျေးဇူးတဲ့။ တစ်လုတ်မှ မကဘဲ ကိုရင်လေးရယ်။ အဲဒီ တုန်းက ကိုရင်လေးမှ ၀ရဲ့ လား။ ကိုရင်လေးဝအောင် မစားဘဲ ကိုရင်လေး စားမယ့်အထဲက တမင်ချန်ကျွေးတာလား။ အခုစဉ်းစား လိုက်တော့ ရင်ထဲမှာ ကြယ်တွေ တလက်လက်။ မျက်ဝန်းမှာ နှင်းရည်တွေ တစ်စက်နှစ် စက်။

“တင်ပေဖူးသည့် ကျေးဇူးရှိလျက် အဆပ်ခက်” တဲ့ ဆရာ့ဆရာတွေ မိန့်ခဲ့၊ ဆိုခဲ့။ မိမိ အဆပ်ချင်မခက်ချင်ပါ။ ဘာလို့ အဆပ်မခက်ရမှာ လဲ။ တစ်လုတ်စားဖူးသူ့ကျေးဇူးကိုမေ့ရင် ခင်ပွန်း ကြီးဆယ်ပါးကို စော်ကားရာကျမှာ ပေါ့။ တစ်လုတ်တစ်ဇွန်းကျေးဖူးတဲ့သူဆိုတာ ခင်ပွန်းကြီးဆယ်ပါး မှာ တစ်ပါးအပါအ၀င် မဟုတ်လား ကိုရင်လေးရယ်။

ကျေးဇူးနဲ့ယှဉ်ပြီး အသိတစ်ခုဝင်လိုက်တော့ ကျေးဇူးနဲ့ပတ်သက်တဲ့ ဖတ်စရာမှတ်စရာတွေ ကလည်း အများ ကြီး။ ပညာရှင်တို့ မည် သို့မိန့်ဆိုခဲ့ကြပါသနည်။

ပုဂံကျောက်စာတွင် မူလရင်းမြစ် “က္လဉ္စော” ဟူ၍ တွေ့ ရ၏ ။ အချို့သော ပညာရှင်တို့၏ မိန့် ဆိုချက်တွင် မူ သက္ကရာဇ် ၈၀၀ အတွင်း ကျောက်စာများ ၌ ကျည်စူးဟုရေး ပြီး သက္ကရာဇ် ၈၀၀ ကျော်တွင် “ကျည်ဇူ” ဟု ရေး ထိုးသည်။ မူရင်းမှာ “က္လဉ္စ” ဖြစ်၏ ။ ပုဂံခေတ် “လ” သည် အခုခေတ်၌ ယပင့်သော်လည်းကောင်း၊ ရရစ်သော်လည်းကောင်း ဖြစ်၏ ဟု မိမိမှတ်သားဖူး၏ ။

မြန်မာစာအဖွဲ့က ပြုစုသော မြန်မာအဘိဓာန်အကျဉ်းချုပ်၌ “ကျေးဇူး” ဟူသော ဝေါဟာရ နှင်ပတ်သက်၍ ..

(၁) သူတစ်ဦးက သူတစ်ဦးအပေါ်တွင် ပြုအပ်သော ကောင်းမှု ဟူ၍ လည်းကောင်း။

(၂) ကောင်းသော အရည်အချင်း၊ အစွမ်းသတ္တိ၊ ဂုဏ်ဟူ၍ လည်းကောင်း၊

(၃) ကောင်းကျိုး၊ အကျိုးထူးဟူ၍ လည်းကောင်း အနက်ဖွင့်ထား၏ ။

ဒါကြောင့် မန်လည်ဆရာတော် ဘုရားကြီး မဃဒေ၀လင်္ကာသစ် ၂၅၅ တွင် “မေတ္တာရှေးဦး၊ ပြုပေးဖူးကို၊ ကျေးဇူးသိမူ၊ ကတညုတတည်၊ ထိုသူထက်ပင်၊ ကျေးဇူးအင်ကို၊ ထင်ထင်မချွတ်၊ ပြောဆိုတတ်က၊ သူမြတ်မှန်လှ၊ ကတဝေဒီ” ဟု မိန့်ဆိုခဲ့ခြင်း ဖြစ်၏ ။

မိမိ သူမြတ်မ ဖြစ်ချင်နေပါ။ မဆပ်နိုင်သေးလျှင်လည်း ရှိပါစေ သို့သော် သူ့ကျေးဇူးကို မသိ ပေါ့ပေါ့ မေ့လျော့ တိတ်တိတ်နှုတ်ဆိတ်နေသူမျိုးတော့ လုံးဝမ ဖြစ်လိုပါ။ ဤစိတ်ဝေဒနာကြောင့် ပင် တစ်ထွာတစ်ညှို ဖြစ်စေဦးတော့ ဤခံစားမှု စာစာကလေးဖြင့် ကိုရင်လေးရဲ့ ကျေးဇူးကို ဖွင့်ဟလိုက် မိပါပြီ။ ကိုရင်လေးပြုခဲ့ဖူးသော ကျေးဇူးမြင့်မိုရ်နှင့်စာလျှင် မိမိ၏ ခံစားမှု အလင်္ကာသည် ဆီးစေ့ငယ် လောက်သာ ရှိပေလိမ့်မ်ဟုလည်း တစိမ့်စိမ့်ခံယူမိပါ၏ ။

မည် သို့ပင် ဖြစ်စေ ယခုလို နိုင်ငံတော် က ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုလိုက်သော အခါသမယ မျိုးတွင် မိမိကလည်း ကျေးဇူးဆပ်ထိုက်သူကို ဤသို့ဖွင့်ဟလိုက်ရခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည် ၏ ဟု ယုံကြည်သည့်အလျှောက် ဆီးစေ့ငယ်၏ နှလုံးသားမှန်တစ်ချပ်ကို အမှတ်တရ လှပ်ကြည့်လိုက်ရင်း။

တစ်ခါက မိမိရေး ခဲ့ဖူးသည့် ကျေးဇူးဆပ်ကဗျာတစ်ပုဒ်မှ စာပိုဒ်အချို့သည် အာရုံထဲတွင် တရစ်ဝဲ၀ဲ ဖျပ်ခနဲ ဖျပ်ခနဲ။

“ကျေးဇူးကြီးမား

သိသော်ငြားလည်း

ငါကား ခုတိုင်၊ မဆပ်နိုင်ခဲ့

ဆပ်နိုင်ဖို့ရေး ၊ ရှေ့ကို ငေး၍

အတွေးနှင့် ဖြေ၊ ပင့်သက်ဝေသည်

မသေခင်တော့ ဆပ်ဦးမှ…။

ဤသို့ တွေးဆ၊ ညခါကျတိုင်

အနန္တငါးပါး၊ ရှိဝပ်တွားရင်း

တစ်ပါးထပ်လောင်း၊

ကျေးဇူးရှင်အပေါင်းကို

ညွတ်ပျောင်းမာန်လျော့

ငါကန်တော့မိ

ကန်တော့သည့်ခါတိုငး

ရင်လှိုင်းခတ်တုန်၊ ကျေးဇူးဂုဏ်ကို

ကြည်ယုံအောက်မေ့

မျက်ရည်ဝေ့သည်

လွမ်းငွေ့မဆုံးနိုင်တကား….”





ဝန်ဇင်းချစ်သူများ မြေလတ်မောင်မြင့်သူ ၏ “ ငှက်ကလေးတွေကို ရှက်လို့ပါ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အိပ်မက်ဦးကဖူးတဲ့ပန်း (ကဗျာပေါင်းချုပ်)

အလှကိုယ်စီ ပန်းလိုသီ ကလေးကဗျာများ

ရွှေပြည်စိုးရဲ့တေးသံသာ