Cover

အခန်း (၁)

“အားပါးပါး...ရေရေလည်လည်လှတယ်ကွာ”

လက်ဖက်ရည်ဆိုင်အတူထိုင်ပြီး စကားပြောနေရာမှ မဆီမဆိုင် ညိုခက်ပိုင်၏ ရေရွတ်သံကြောင့် လင်းဇော်ဝင်း ကြောင်အမ်းအမ်း ဖြစ်သွားပြီး ညိုခက်ပိုင်ပြုံးပြီးကြည့်နေရာဆီသို့ လည်ပြန်လှည့်ကြည့်လိုက်သည်။

“ဟိုက် - ပြဿနာပဲ”

လင်းဇော်ဝင်း ထိတ်လန့်တကြားရေရွတ်လိုက်ပြီး နေရာမှထရန်ပြင်လိုက်သည်ကို ညိုခက်ပိုင်က လက်ဖမ်းဆွဲလိုက်ပြီး

“ဟေ့ကောင် လင်းဇော်ဝင်း...အသာထိုင်ကြည့်နေစမ်းပါ”

“ဟား..မင်းဘာသိလို့လဲ...အဲဒီ ကောင်မလေးကတကယ့်မြွေမလေးကွ...ဒီအတိုင်းထိုင်ကြည့်နေလို့ ကတော့ ဟိုနှစ် ကောင် ဒုက္ခလှလှကြီးတွေ့ သွားလိမ့်မယ်”

လင်းဇော်ဝင်း နေရာတွင် ပြန်ထိုင်လိုက်သော်လည်း ဖင်တကြွကြွဖြင့် ကျော်သက်ဝင်းနှင့် မြတ်သူအတွက် စိုးရိမ်ပူပန်စကားဆို၏ ။ညိုခက်ပိုင် အကြည့်ကိုရွေ့လျားခြင်း အလျဉ်းမရှိသေးဘဲနှစ် ခြိုက်စွာ ပြုံးလျက်

“မင်းကလဲ...မိန်းကလေး တစ်ယောက် နဲ့ ယောက်ျားလေးနှစ် ယောက် ဖြစ်နေတာ...ယောက်ျားလေးနှစ် ယောက် ဘက်က အားနည်းတယ်ထင်ပြီး စစ်ကူသွားပေးဦးမလို့လား”

“အာ - အဲဒီ ဟာလေးက ယောက်ျားလေးစိတ်ပေါက်နေတဲ့မိန်းကလေးကွ...ဂျူဒိုတွေ ၊ ကရာတေးတွေ လည်း ရတယ်...လျှော့မတွက်နဲ့”

“ဒါဆို မင်းကသုံးယောက် တစ်ယောက် သွားချမလို့လား”

“ဒီလိုလည်းဘယ်ဟုတ်ပါ့မလဲကွ...ငါနဲ့ အဲဒီ ဟာမလေးနဲ့က တစ်ရပ်ကွက်တည်းသားချင်းတွေ ဆိုတော့ ကြားက၀င်ပြီး ဖျန်ဖြေပေးလို့ရတာ ပေါ့”

“ဘာမှလုပ်မနေနဲ့...ဒီအတိုင်းသာထိုင်ကြည့်နေ...ဘာမှမ ဖြစ်စေရဘူး...ငါ အာမခံတယ်”

ညိုခက်ပိုင်စကားကြောင့် လင်းဇော်ဝင်းမသက်မသာ စိတ်လျှော့ချလိုက်ပြီး မျက်လုံးကမူ သူငယ်ချင်းနှစ် ယောက် ဆီသို့ အလောတကြီးရောက်ရှိနေသည်။

ခဏအကြာတွင် ပြဿနာပြီးသွားသဖြင့် ဆိုင်ထဲသို့ မျက်နှာမူလာသော သူငယ်ချင်းနှစ် ယောက် ကိုတွေ့ မှ လင်းဇော်ဝင်းစိတ်သက်သာရာရသွားဟန်တူသည်။ စားပွဲထိုးလေးကိုလှမ်းခေါ်ပြီး လက်ဖက်ရည်နှစ် ခွက်ကြိုမှာ ပေးလိုက် ၏ ။

ညိုခက်ပိုင် ကတော့ ခပ်သွက်သွက်မောင်းထွက်သွားသော ကားလေးကိုသာ မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ မက်မက်မောမောလိုက်ကြည့်နေ၏ ။

ကျော်သက်ဝင်းနှင့် မြတ်သူတို့နှစ် ယောက် မျက်နှာကြီးတွေ မဲ့ပြီး ခေါင်းကိုယ်စီခါယမ်းလျက် လွတ်နေသော ခုံအသီးသီးတွင် ၀င်ထိုင်၏ ။

“ရေရေလည်လည်မိုက်တယ်ကွာ”

ညိုခက်ပိုင်၏ ရေရွတ်သံကို ထောက်ခံသော အားဖြင့် ကျော်သက်ဝင်းက

“ဟား..မိုက်တာ ကတော့မပြောနဲ့ ဟေ့ကောင်ရေ...ငါတို့ကို တစ်ယောက် ချင်းချမလား...ဒါမှမဟုတ် နှစ် ယောက် တစ်ယောက် ချမလို့လားဆိုပြီးတော့ကို စိန်ခေါ်တာ”

ကျော်သက်ဝင်းစကားကို အလိုမကျဟန်ဖြင့် ညိုခက်ပိုင်စုတ်တစ်ချက်သပ်လိုက်ပြီး

“ကျွတ် - ငါပြောတာ အဲဒီ လိုမိုက်မိုက်ကန်းကန်းကိုပြောတာမဟုတ်ဘူး...ကောင်မလေး လှတယ် မိတယ်လို့ပြောတာ”

မြတ်သူက သဘောမတွေ့ ဟန်ဖြင့် စီးကရက်မီးကိုညှိမည် ပြင်ပြီးမှ မညှိသေးဘဲ စီးကရက်ကိုလက်ကြားပြန်ညှပ်လိုက်ကာ ညိုခက်ပိုင်ကို ပေစောင်းစောင်းတစ်ချက်လှမ်းကြည့်သေး၏ ။ ပြီးမှ

“အရေး ထဲ မင်းက ရောဂါ လာထယ နေသေးတယ်...ဒီမှာ ဘာတွေ ဖြစ်လို့ ဘာတွေ ပေါက်ကွဲလာတယ်ဆိုတာလည်း နည်းနည်း ပါးပါး စနည်းနာဦး...တောက် - မိန်းမနဲ့ယောက်ျား ဖြစ်နေလို့ပေါ့ကွာ...ယောက်ျားချင်းသာဆို ဒီပွဲမျိုးကြည့်ကောင်းပြီ”

“အေးကွ...ငါလည်း ဒီလိုပဲမိန်းကလေးမို့ တမင်လျှော့ပေးလိုက်တာကို အဟုတ်ကြီးမှတ်နေတယ်”

မကျေနပ်မှု အတိုင်အဖောက်ညီနေသော ကျော်သက်ဝင်းနှင့် မြတ်သူကို လင်းဇော်ဝငါးက အားနာနှစ် သိမ့်ဟန်ဖြင့် တစ်လှည့်စီလိုက်ကြည့်ပြီး ပြဿနာရင်းမြစ်ကို တီးခေါက်မေးမြန်း၏ ။

“နေပါဦး...မင်းတို့နှစ် ယောက် နဲ့ ခင်ရဲရင့်နဲ့က ဘယ်လိုကဘယ်လို ဖြစ်ပြီး ပြဿနာတက်ကြရတာ လဲ...ငါတို့ကိုလည်း ပြောပြစမ်းပါဦး”

“ဒီလိုကွာ”

“နေ..နေ..ပါဦး...သူ့နာမည် က ခင်ရဲရင့်ဟုတ်လား”

ပြဿနာကို စီကာပတ်ကုံးရှင်းပြမည် ပြုခါမှ ဖုတ်သွင်း ရထားတစ်စီး မိမိရှေ့မှာ လာဆိုက်သလိုမျက်နှာမျိုးဖြင့် အလောတကြီး စကားဖြတ်ဝင်ပြောသော ညိုခက်ပိုင်ကို ကျော်သက်ဝင်းဘုကြည့်ကြည့်ပြီးလက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ မြတ်သူက ဆေးလိပ်မီးကိုဆောင့်ကြီးအောင့်ကြီးညှိပြီး ခပ်ပြင်းပြင်းရှိုက်၏ ။လင်းဇော်ဝင်းကလည်း စိတ်မရှည်သလို လေသံဖြင့်

“အေး..ဟုတ်တယ်”

ဟူ၍ သံပြတ်ဖြေ၏ ။

“သြော် - ခင်ရဲရင့်တဲ့လား...အင်မတန်နူးညံ့သိမ်မွေ့တဲ့ခင်ဆိုတာလေးနဲ့ အင်မတန်မာကျောစူးရှတဲ့ ရဲရင့်ဆိုတာနဲ့ကိုပေါင်းစပ်လိုက်တဲ့အခါ ရိုးရိုးလေးနဲ့ ဆန်းကြယ်လှပတဲ့ ခင်ရဲရင့်ဆိုတဲ့နာမည် လေး ထူးခြားစွာ ပေါ်ပေါက်လာတာပဲ...သြော် - နာမည် နဲ့လူနဲ့လည်းလိုက်သကိုး...ဒါနဲ့ လင်းဇော်ဝင်း...”

အလိုက်ကန်းဆိုးမသိတတ်စွာ ရန်သူတော် ကို ချီးမွမ်းခန်းဖွင့်နေသော ညိုခက်ပိုင်ကို ကျော်သက်ဝင်းနှင့် မြတ်သူတို့က မကျေမချမ်းပြိုင်တူကြည့်လိုက်ကြရင်း တစ်ခုခုပြောရန်ပြင်လိုက်၏ ။ အခြေအနေအရိပ်အကဲကိုဖမ်းမိသော လင်းဇော်ဝင်းက သူတို့မပြောခင် သူကအလျင်ဦးအောင် ညိုခက်ပိုင်ကိုလှမ်းဟန့်ပြီး ကျော်သက်ဝင်းကို စကားဆက်တောင်း၏ ။

“ဟေ့ကောင် ညိုခက်ပိုင်...ဒီကောင်တွေ ပြောတာ အရင်နားထောင်လိုက်ပါဦး...ပြီးမှ မင်းသိချင်တာတွေ ငါအကုန်ပြောပြမယ်...ကဲ - ကျော်သက်ဝင်း ဆက်စမ်းပါဦး...မင်းတို့ ပြဿနာတက်ရတဲ့အကြောင်းကို”

ကျော်သက်ဝင်းကမပြောဘဲ မြတ်သူကိုပြောပြလိုက်ပါဆိုသော အကြည့်ဖြင့် လှမ်းကြည့်၏ ။ မြတ်သူက ဆေးလိပ်ခွက်တွင် စီးကရက်ပြာကိုခြွေလိုက်ပြီး ညိုခက်ပိုင်ကို တစ်ချက်ဝေ့ကြည့်သည်။ညိုခက်ပိုင်စိတ်ဝင်စားဟန်ဖြင့် နားစွင့်နေသည့်ပုံကိုတွေ့ ရမှ ကျေနပ်သွားဟန်ဖြင့် ခင်ရဲရင့်ဆိုသော မိန်းကလေးနှင့် ပြဿနာတက်ရပုံကိုပြောပြတော့သည်။

“ဒီလိုကွာ...ငါတို့က ကားပတ်ကင်ထိုးမလို့ နေရာရှာရင်းနဲ့ သူ့ကားရှေ့မှာ ပိတ်မိသလို ဖြစ်သွားတယ်...အဲဒါကို သူကဟွန်းတီးပြီး သူ့ကားရှေ့ကဖယ်ခိုင်းတယ်...အဲဒါနဲ့ ငါတို့ကခဏနေဦးဆိုပြီး လက်ကာပြပြီးပြန်ထွက်တော့မလိုပြင်နေတဲ့ ကားတစ်စီးရဲ့ နေရာကိုယူဖို့ ခဏစောင့်နေရတာ ပေါ့...အဲဒါကို သူကစိတ်မရှည်သလိုလိုနဲ့ ကားဟွန်းဆက်တီးပြန်တာနဲ့ ငါတို့လည်းလွတ်သွားတဲ့နေရာကို ချက်ချင်း မ၀င်သေးဘဲ ပညာပြန်ပြလိုက်တာပေါ့”

“အေး - ဒီကောင်ပညာအပြကောင်းလို့ ကားချင်းဝုန်းပြီးလူတွေ ပဲသေမလား...ဆေးရုံပဲရောက်မလားပဲ ဖြစ်တော့မလို့ ကံကောင်းလို့ပေါ့ကွာ”

မြတ်သူပြောနေသည်ကို ဖြည့်စွက်ဝင်ပြောလာသော ကျော်သက်ဝင်းကို လင်းဇော်ဝင်းက စိတ်ဝင်တစားကြည့်ရင်း

“ဟေ့ - ဘယ်လို ဖြစ်လို့လဲ”

“ဘယ်လို ဖြစ်ရမှာ လဲ...အဲဒီ ကောင်မလေးက ဒေါကြီးမောကြီးနဲ့ ကားကိုဝူးခနဲမောင်းထွက်လာတာများ ငါတော့တိုက်မိပြီထင်တာ... ဖြစ်ချင်တော့ မြတ်သူက ကားကိုနောက်ဆုတ်ပြီး ပတ်ကင်ဝင်လိုက်တဲ့အချိန်မို့ပေါ့ကွာ...တကယ့်ကို လက်မတင်လေး”

လင်းဇော်ဝင်းက ခင်ရဲရင့်၏ အကြောင်းသိပီပီ မျက်နှာမဲ့လျက် ပခုံးတစ်ချက်တွန့်လိုက်၏ ။ ညိုခက်ပိုင်က မြင်ကွင်းကိုပြန်ပုံဖော်ကြည့်ရင်း သဘောကျကာ ယောင်ယောင်လေးပြုံး၏ ။မြတ်သူက အစီခံရောက်နေပြီ ဖြစ်သော စီးကရက်မီးကို ပြာခွက်တွင် ထိုးချေငြှိမ်းသတ်ရင်း

“အေးဗျ...ဒါကိုပဲ မချောကမကျေမနပ် ဖြစ်ပြီး ငါတို့ကိုကားပေါ်ကနေ စိန်ခေါ်နေတာ...မိုက်လားတို့၊ သတ်္တိရှိလား၊ သွေးမရှိဘဲနဲ့ မိုက်ချင်ယောင်မဆောင်နဲ့တို့ ဘာတို့နဲ့စုံနေတာပါပဲကွာ...ငါတို့လည်း အဲဒီ လိုဘလိုင်းကြီးလာခွပ်နေတော့ တင်းတာပေါ့...ခက်တာက တစ်ဖက်ကမိန်းကလေး ဖြစ်နေတယ်...ဒါနဲ့ ငါတို့လည်းဖက်မ ဖြစ်ချင်တော့တာနဲ့ စကားကိုလျှော့ချပေးပြီး အလံဖြူထောင်ပြလိုက်ရတာ ပဲဟေ့”

“မင်းတို့လျှော့ပေးလိုက်တာလည်း ကောင်းပါတယ်... နို့မို့မီးကတော် တော် နဲ့ငြိမ်းမှာ မဟုတ်ဘူး...ဒီကောင်မလေးကယောက်ျားစိတ်ပေါက်နေတာကွ...တို့ ဒီရပ်ကွက်ထဲ ကတော့ သူ့ကိုဆိုရင် အစောကြီးကတည်းက လက်မြှောက်ပေးထားရတယ်...ဘာပဲ ဖြစ် ဖြစ် သူကအနိုင်ရမှကျေနပ်တတ်တယ်ကွ”

လင်းဇော်ဝင်းက မြတ်သူကို စကားပြန်သလိုလိုနှင့် ညိုခက်ပိုင်ကို ခင်ရဲရင့်အကြောင်းပြောပြ၏ ။

“ကြိုက်တယ်...ငါ ကတော့ အဲဒီ လိုကောင်မလေးမျိုးကိုမှကြိုက်တာ”

ညိုခက်ပိုင် ကတော့ မကြုံဖူးသေးလို့ထင့်။ သွေး ကတော့ ပြောစမှတ်ပြုအောင်ကောင်းလွန်းနေသည်။

“ကြိုက်..ကြိုက်...ပြီးတော့မှ နွားများ အရေခွံနွှာခံရသလိုကြုံတော့မှ ဟိုလူကယ်ပါ...ဒီလူကယ်ပါမအော်လေနဲ့...ငါတို့လည်း တတ်နိုင်မှာ မဟုတ်ဘူး”

လင်းဇော်ဝင်း အငေါ်တူးပြောသည်ကိုသဘောကျပြီး ကျော်သက်ဝင်းနှင့် မြတ်သူ ပြုံးစိစိဖြင့် ညိုခက်ပိုင်ကိုကြည့်ကြသည်။ ညိုခက်ပိုင်က မဖြုံရေး ချမဖြုံဆိုသည့်သဘောဖြင့် လေပင်ချွန်ပြလိုက်သေးသည်။

“သြော် - ဟုတ်တာပေါ့ကွ လင်းဇော်ဝင်းရ...လက်ရုံးရည်မှာ ဒီကောင်က မင်းတို့ခင်ရဲရင့်လောက်တော့ ခေါင်းထဲဘယ်ထည့်ပါ့မလဲ...သူက မြန်မာ့လက်ဝှေ့ကျော် ရဲသီဟရဲ့ တပည့်ရင်းကြီးညိုခက်ပိုင်ပဲလေကွာ”

“အင်း - ဒါတော့ဟုတ်တယ်”

ညိုခက်ပိုင်နှင့် ပတ်သက်ပြီး မြတ်သူ၏ ကောက်ချက်ချမှု ကိုကျော်သက်ဝင်းက သဘောတူထောက်ခံစကားဆို၏ ။သို့ သော် လင်းဇော်ဝင်းကမူ အပြည့်အ၀ယုံကြည်သေးဟန်မတူ။ အထူးသဖြင့် ခင်ရဲရင့်၏ ပညာကို လျှော့တွက်ရဲဟန်မတူ။

“ဒါတော့ ပြောလို့မရဘူးကွ...ဟိုကလည်း ဂျူဒိုတို့၊ ကရာတေးတို့မှာ ခါးပတ်အညိုအဆင့်လောက်တော့ရှိတယ်”

“ဒီအစီအစဉ်မဆိုးဘူးကွ...တို့လည်း ရုံဝင်ခအပြင် ဗီဒီယိုခွေပြန်ထုတ်ရင်လည်း ပိုက်ဆံကထပ်ရဦးမယ်...သူတို့နှစ် ယောက် စလုံးလည်း အရေး ပေါ်မှာ ဖူးစာဆုံခွင့်ရဦးမယ်...ဟား ဟား ဟား”

“ဟား ဟား ဟား”

လင်းဇော်ဝင်းစကားပေါ်မူတည်ပြီး နောက်ပြောင်ဖြည့်စွက်ပြောကြရင်း ရယ်မောနေကြသော ကျော်သက်ဝင်းနှင့် မြတ်သူကိုညိုခက်ပိုင်ပါးစပ်လှုပ်ရုံ ဆဲရေး လိုက်၏ ။ လင်းဇော်ဝင်းလည်း အလိုက်သင့်ရယ်မောနေရင်းမှ တစ်စုံတစ်ရာကို ဖျတ်ခနဲသတိရသွားဟန်ဖြင့် ညိုခက်ပိုင်လက်ကိုလှမ်းတို့၏ ။ ညိုခက်ပိုင်က ဘာလဲဆိုသော သဘောဖြင့် မျက်ခုံးပင့်ပြ၏ ။

“ပြောနေဆိုနေရင်းနဲ့ သတိရလာလို့ မနေ့ကပွဲ ဘယ်သူနိုင်သွားသလဲ”

ညိုခက်ပိုင်နားမလည်သလို မျက်မှော င်တစ်ချက်ကြုတ်ပြီးပြန်မေးရ၏ ။

“မနေ့ကပွဲ ဟုတ်လား...မနေ့က ဘာပွဲရှိလို့လဲ”

“မင်းကလည်းဝေးလိုက်တာ...လက်ဝှေ့ပွဲလေကွာ...လင်းနော့လူးဝစ်နဲ့ ဟို ယူကရိန်းလူထွားကြီးရဲ့ ပွဲလေကွာ”

စကားလမ်းကြောင်း ရုတ်ခြည်းပြောင်းလဲသွားသဖြင့် ညိုခက်ပိုင် ဘ၀င်မကျသလို ဖြစ်မိသော်လည်း ၀ါသနာပါသည့် အားကစားသတင်းမို့ အလိုလိုက်လိုက်သည်။

“သြော် - ကလစ်ရှကိုနဲ့ လင်းနော့လူးဝစ်ပွဲလား...ဒိုင်ပွဲရပ်နဲ့ လူးဝစ်နိုင်သွားတယ်ကွ...ကလစ်ရှကို ၀ဲဘက်မျက်ခုံးကွဲသွားပြီး သွေးတွေ မနားတမ်းထွက်နေလို့ ဆရာဝန်ရဲ့ အကြံပေးချက်နဲ့ ပွဲကိုရပ်လိုက်ရတာ ”

ကျော်သက်ဝင်းကလည်း စိတ်ပါဝင်စားလျက် စကားဝိုင်းထဲဝင်လာ၏ ။

“သံမဏိ မိုက်တိုင်ဆန်ကြီး ကတော့ လူးဝစ်ကိုဖြိုပြီး ချန်ပီယံခါးပတ်ပြန်ပတ်မယ်ဆိုပြီး ကြိမ်းနေပါရောလားကွ... ဖြစ်ရော ဖြစ်နိုင်ပါ့မလား”

မြတ်သူက

“အိပ်မက်မက်နေတာပါကွာ...ကမ္ဘာ့ဟဲဗီးဝိတ်သမိုင်းမှာ မိုဟာမက်အလီရဲ့ စံချိန်ကိုမီနိုင်ဖို့ဆိုတာ ဘယ်လိုမှမ ဖြစ်နိုင်တဲ့ကိစ်္စပဲကွ”

“ဟေ - မိုဟာမက်အလီက ဘယ်လိုစံချိန်တင်ထားလို့လဲ”

သူ၏ စကားအပေါ် စိတ်ဝင်စားစွာ ဖြင့် ဂရုပြုမေးမြန်းလာသည့် လင်းဇော်ဝင်းကို မြတ်သူကကျေနပ်စွာ တစ်ချက်ဝေ့ကြည့်လိုက်သေး၏ ။ ပြီးမှ

“မိုဟာမက်အလီဟာ ဟဲဗီးဝိတ်သရဖူကို သုံးကြိမ်သုံးခါတိတိယူနိုင်ခဲ့တဲ့ အာဂလက်ဝှေ့ကျော်ပဲ...တခြား ဘယ်လက်ဝှေ့သမားကိုကြည့်ကြည့် သရဖူတစ်ခါဆောင်းပြီးလို့ စိန်ခေါ်သူကိုရှုံးနိမ့်သွားပြီးရင် နောက်ထပ်ဘယ်တော့မှ သရဖူနားပြန်မကပ်နိုင်တော့ဘူး...အလီ ကတော့ သရဖူတစ်ခါဆောင်းပြီး ရှုံးနိမ့်သွားတယ်...ဒါပေမဲ့သိပ်မကြာဘူး...သရဖူကို ပြန်လုယူနိုင်ခဲ့တယ်...နောက်တစ်ခါထပ်စွန့်လွှတ်ရပြန်တယ်...ဒါပေမဲ့မလျှော့ဘူး...ထပ်ပြန်ယူနိုင်ခဲ့တယ်...အလီရဲ့ ကမ္ဘာကျော်ဆောင်ပုဒ်တစ်ခုရှိပါတယ်...လိပ်ပြာလိုပျံဝဲပြီး ပျားပိတုန်းလိုတုပ်မယ်ဆိုတာ...ဟား - တကယ့်ကို သူ့ဆောင်ပုဒ်နဲ့ညီအောင် လှလှပပ ရက်ရက်စက်စက်ထိုးသတ်နိုင်တဲ့လက်ဝှေ့သမားပဲ...ဒါကြောင့် ၂၀ ရာစုရဲ့ အကျော်ကြားဆုံး အားကစားဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့တာသာကြည့်ပေတော့”

မိုဟာမက်အလီထိုးသတ်တာကိုပဲ သူကိုယ်တိုင်မြင်တွေ့ ခဲ့ရသလို အားပါးတရပြောနေသော မြတ်သူကိုကြည့်ပြီး ညိုခက်ပိုင်ရယ်ချင်လာ၏ ။ လင်းဇော်ဝင်းနှင့် ကျော်သက်ဝင်း ကတော့ မြတ်သူကိုလေးစားအထင်ကြီးသော အကြည့်များ ဖြင့် ကြည့်ရင်း ညိုခက်ပိုင်ကိုလည်း “ကဲ - မင်းဘာတတ်နိုင်သေးလဲ”ဆိုသော မျက်လုံးများ ဖြင့် စွေစောင်းရန်စ၏ ။

မြတ်သူကလည်း သူရရှိထားသော ထိုအောင်မြင်မှု လောက်နှင့် ပင် ရောင့် ရဲလိုဟန်မတူ။ ပြောဆိုချက်မှန်ကန်ကြောင်း ထပ်မံပေါ်လွင်စေရန် ညိုခက်ပိုင်ဆီမှ ထောက်ခံမဲကိုထပ်တောင်း၏ ။

“ငါပြောတာဟုတ်တယ်မဟုတ်လား ညိုခက်ပိုင်”

“ဟုတ်တော့ဟုတ်ပါတယ်...ဒါပေမဲ့ အပြီးအပြတ်ခေါင်းညိတ်လက်ခံဖို့ အချက်နှစ် ချက်ထပ်ဖြည့်ရမယ်ကွ”

“ဘာအချက်နှစ် ချက်လဲ”

“နံပါတ်တစ်အချက်က မိုဟာမက်အလီမတိုင်ခင်က ဖလွိုက်ပင်ဒါဆန်ဆိုတဲ့ ဟဲဗီးဝိတ်လက်ဝှေ့ကျော်ဟာ သရဖူကို နှစ် ကြိမ်နှစ် ခါတိတိဆောင်းဖူးတယ်...နံပါတ်နှစ် အချက်က မင်းတို့ငါတို့နဲ့ အလှမ်းမဝေးတဲ့ လက်ဝှေ့ကျော်ဟိုလီဖီးလေကွာ...သူ လေးကြိမ်လေးခါတိတိကို သရဖူဆောင်းနိုင်ခဲ့တယ်...အဲ..အဲဒီ နှစ် ချက်ထပ်ဖြည့်လိုက်ရင် မင်းပြောသမျှအားလုံးမှန်သွားပြီလို့ပြောလို့ရပြီ”မြတ်သူ ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားပြီး ခေတ္တကြောင်သွားသေး၏ ။ ပြီးမှ

“အဟီး - ဒါ ကတော့ ပညာရှိ သတိ ဖြစ်ခဲဆိုသလိုပေါ့ကွာ”

ဟူ၍ အရှက်ပြေဆိုရာ အားလုံးခပ်အုပ်အုပ်ရယ်မိကြသည်။

“သြော် - ဒါနဲ့ လင်းဇော်ဝင်း...စောစောက ဟိုကောင်မလေး ခင်ရဲရင့်နဲ့ မိုဟာမက်အလီရဲ့ သမီး လိုင်လာအလီနဲ့ဖိုက်ရင်ဘယ်သူနိုင်မယ်ထင်သလဲ”

အားလုံးနှင့် ထပ်တူ လိုက်ပါရယ်မောနေရင်းမှ အရယ်ရပ်ပြီးစကားကိုအတည်ကြီးလုပ်ပြောလာသော ကျော်သက်ဝင်းကို လင်းဇော်ဝင်းက “ဘာထကြောင်တာလဲ”ဟူသော အကြည့်ဖြင့် ပြန်ကြည့်၏ ။ ပြီးမှ

“ဒါတော့ ငါမပြောတတ်ဘူး...ဒါပေမဲ့ ငါကြိုပြောနိုင်တဲ့ပွဲတစ်ပွဲတော့ရှိတယ်”

“ဘယ်ပွဲလဲ”

အားလုံး သိချင်စိတ်ကြီးစွာ ဖြင့် လင်းဇော်ဝင်းကို သံပြိုင်ပြန်မေးကြ၏ ။

လင်းဇော်ဝင်းက

“မြန်မာ့လက်ဝှေ့ကျော် ရဲသီဟရဲ့ တပည့်ရင်း တပည့်ချာကြီးညိုခက်ပိုင်နဲ့ ဂျူဒို၊ ကရာတေးမယ်လေး ခင်ရဲရင့်တို့ရဲ့ ပွဲပဲ...သူတို့နှစ် ယောက် ဆုံရင် ဘယ်သူနိုင်မယ်လို့ မင်းတို့ထင်သလဲ”

အားလုံး ပြုံးစစဖြင့် ခေါင်းကုတ်ကြရင်း “မင်းကရောဘယ်သူနိုင်မယ်လို့ထင်သလဲ”ဟု လင်းဇော်ဝင်းကိုသာ ပြန်ခန့်မှန်းခိုင်းကြသည်။

“ငါလည်း မထင်တတ်လို့ မင်းတို့ကိုမေးကြည့်တာပေါ့ကွ”

“ချီးတဲ့မှပဲ”

“ဟား ဟား ဟား”

လင်းဇော်ဝင်း၏ စကားကြောင့် အားလုံးရယ်စရာသိပ်မဟုတ်ပါဘဲ သဘောကျပြီး ရယ်မောကြ၏ ။ ညိုခက်ပိုင်လည်း ပြုံးရယ်ရယ်နေမိသည်။ ညိုခက်ပိုင် ပြုံးရယ်မိခြင်းမှာ သူတို့တတွေ နှင့် မတူညီသော အကြောင်းတစ်ရပ်ကြောင့် သာ ဖြစ်သည်။ ယင်းမှာ ခင်ရဲရင့်ဆိုသော အမည် လေးကိုကြားရ၍ ဖြစ်သည်။

ညိုခက်ပိုင် မျက်စိထဲတွင် နူးညံ့မာကျောသော ဆံပင်တိုတိုမိန်းမချောလေး၏ မျက်နှာက ပီပီပြင်ပြင်ပေါ်လွင်လာသည်။ညိုခက်ပိုင် ကိုယ့်အမြင်အာရုံ ကိုယ့်အကြားအာရုံနှင့် ကိုယ်ခံစားလို့ကောင်းတုန်းရှိသေးသည်။ ကျော်သက်ဝင်းက စားပွဲထိုးလေးကိုလှမ်းခေါ်ပြီး ကျသင့်ငွေရှင်းပေးလျက်

“ကဲ ကဲ..ငါတို့သွားကြရအောင်...ဒီအချိန်ဆို အေးကိုအိမ်မှာ ဝေလင်းတို့ သော င်းကျော်လွင်တို့ သင်းမြတ်အောင်တို့ရောက်နှင့် နေလောက်ပြီ”

“ဟုတ်ပါရဲ့ ...စကားပြောကောင်းနေတာနဲ့ ချိန်းထားတဲ့အချိန်ထက်တောင်ကျော်သွားပြီ...အေ့ - ပြောရင်းဆိုရင်း လေချဉ်တောင်တက်လာပြီ”

“ဟိုကောင်တွေ ငါတို့ကိုမစောင့်ဘဲ ၀ိုင်းစနှင့် လို့ ကတော့ကွာ..တွေ့ ပြီသာမှတ်...အမြည်းတွေ ချည်းပဲ...တစ်ထိုင်တည်းနဲ့ကုန်အောင်စားပစ်လိုက်မယ်”

မြတ်သူနှင့် လင်းဇော်ဝင်းလည်း တစ်ယောက် တစ်ခွန်း စကားဆိုရင်း နေရာမှထကြလေသဖြင့် ညိုခက်ပိုင် ခံစားချက်ကို ရောက်သည့်နေရာတွင် မှတ်သားထားလိုက်ပြီး ထ-ရလေတော့သည်။

ကိုင်း..အားလုံး ကတော့ ပွဲတောင်းနေကြပြီ...။မင်းနဲ့ငါရဲ့ စီးချင်းထိုးပွဲမှာ ဘယ်သူအလေးသာမလဲရယ်လို့ လောင်းကြေးထပ်နေသူတွေ ကို ငါကိုယ်တိုင်ပဲပြောလိုက်တော့မယ်...။

ခွင့်လွှတ်ပါ ကောင်မလေးရယ်...။မင်းကို ငါအနိုင်ယူခြင်းဖြင့် အရှုံးပေးပါရစေလားကွယ်...

* * * * *


အခန်း (၂)

ညိုခက်ပိုင် ဆိုင်အပေါက်ဝကိုလှမ်းကြည့်မိပြီး စိတ်နည်းနည်း ညစ်ချင်သွားသည်။ ယခုအချိန်မှတော့ ရှောင်တိမ်းဖို့လည်း မကောင်းတော့ပြီမို့ ခွေစာရင်းစာအုပ်ကိုကြည့်ပြီး အလုပ်များ ချင်ယောင်ဆောင်နေလိုက်သည်။

“ဟိတ် - ကိုညို”

နာမည် ခေါ်သံကြားသဖြင့် ကြည့်သည့်ပုံမျိုးဖမ်းပြီး ငုံ့ထားသော ခေါင်းကို မော့ကြည့်ရသည်။ ပြီးတော့ ယခုမှတွေ့ သည့်အမူအရာဖြင့်

“ဟော - မဆွေဆွေခင်ပါလား”

“ဟုတ်တယ်...အခု charlie's angel II ကားသစ်ထွက်တယ်ကြားလို့ ရုံးကဆင်းဆင်းချင်း အိမ်တောင်မ၀င်သေးဘဲနဲ့ ဒီကိုတန်းလာတာလေ...တော် ကြာ သူများ ဦးသွားမှာ စိုးလို့”

“သြော် - ရပါသေးတယ်...ဒီခွေထွက်မှန်းသိတဲ့လူ သိပ်မရှိကြသေးဘူးလေ”

ညိုခက်ပိုင် အလိုက်သင့်ပြန်ပြောရင်း ဆိုင်အကူလေး မောင်မောင်မြကို တစ်ဆက်တည်းလှည့်ပြောရသည်။

“မောင်မောင်မြရေ...နတ်မိမယ်ခွေသစ်လေး လုပ်ပေးလိုက်စမ်းပါဦးဟေ့”

“ဟုတ်ကဲ့ အစ်ကို”

မောင်မောင်မြ အဆင်သင့်ပင် ခွေကိုထုတ်ပြီး မဆွေဆွေခင်အား လှမ်းပေးလိုက်သည်။ မဆွေဆွေခင်က မောင်မောင်မြပေးသော ခွေအားလှမ်းယူပြီး ညိုခက်ပိုင်ကိုကြည့်ကာ

“ကိုညို - ဒီကားကြည့်ပြီးပြီလားဟင်”

“ဟုတ်ကဲ့..ကြည့်ပြီးပါပြီ”

“ကောင်းလားဟင်”

“ဟုတ်ကဲ့..ကောင်းပါတယ်”

“ကိုညိုနဲ့မဆွေက အကြိုက်ချင်းအရမ်းတူတယ် သိလား”

“ခင်ဗျာ”

“သြော် - ကိုညိုက ရုပ်ရှင်တို့၊ ဗီဒီယိုတို့ဆိုရင် အက်ရှင်ကားတွေ မှကြိုက်တာမဟုတ်လား...မဆွေလည်း ကိုညိုလိုပဲ အက်ရှင်ကားတွေ မှကြိုက်တာ”

“ဟုတ်တာပေါ့...ဟုတ်တာပေါ့”

ညိုခက်ပိုင် စကားကိုဖြတ်ချင်လာပြီ ဖြစ်သော်လည်း အလုပ်သဘောကရှိသေးသည်မဟုတ်လား။

“ဒီ ထဲမှာ ဒယ်မီမိုး ဗီလိန်နေရာက သရုပ်ဆောင်တာအရမ်းကောင်းတယ်ဆို”

“ဟုတ်တယ်...ဒယ်မီမိုးတင်မကဘူး...ဒရူးဘယ်ရီမိုးတို့၊ ကင်မရွန်းဒိုင်းယက်ဇ်တို့၊ လူစီလူးတို့ရော အကုန်လုံးပဲ သရုပ်ဆောင်ကောင်းပါတယ်...ဖိုက်တင်ပေးခန်းတွေ ကောင်းလွန်းလို့မဆွေဆွေခင်အကြိုက်တွေ့ မှာ ပါ”

“သေချာတယ်...ကြိုက်မှာ ကြိုက်မှာ ...မဆွေကလည်းအဲလိုမိန်းကလေးတန်မယ့် ယောက်ျားတွေ နဲ့ရင်ပေါင်တန်းပြီး ဖိုက်ရဲမိုက်ရဲတာဆို အရမ်းသဘောကျတာ...မဆွေကိုယ်တိုင်ကလည်းသိတယ်မဟုတ်လား...မိန်းကလေးပေမယ့် သွေး ကတော့ ဘာရဲသလဲမမေး..မမေး..အမလေး..ပိုးဟပ်..ပိုးဟပ်..လုပ် လုပ်ပါဦး”

အက်ရှင်ကားတွေ ကိုမှ ကြိုက်လေသည်ဆိုသော အာဇာနည်ကြီးမှာ ခြေထောက်ပေါ် ပိုးဟပ်ဖြတ်ပြေးသည်နှင့် မျက်စိစုံမှိတ်ပြီးကြောက်လန့်တကြား အော်ဟစ်ခုန်ပေါက်နေတော့သည်။မောင်မောင်မြ အလျင်အမြန်ထွက်သွားပြီး ပိုးဟပ်ကိုဖမ်းယူကာ ဆိုင်ပြင်ပသို့ လွှင့်ပစ်လိုက်ရသည်။ ညိုခက်ပိုင် မရယ်မိအောင်သတိထားပြီး

“မဆွေဆွေခင် ပိုးဟပ်မရှိတော့ပါဘူး...ဟိုမှာ မောင်မောင်မြယူပြီးပစ်လိုက်ပြီ”

“ဟုတ်..ဟုတ်လို့လား”

မဆွေဆွေခင် မ၀ံ့မရဲမျက်လုံးဖွင့်ကြည့်ပြီး ပိုးဟပ်ကိုမတွေ့ ရကာမှ သက်ပြင်းချ၏ ။ ထို့နောက် ရှက်ကိုးရှက်ကန်းမျက်နှာဖြင့်

“မဆွေကလေ ဘာဆိုဘာမှ..ကြောက်တတ်တာမဟုတ်ဘူး...အဲ..အဲဒီ ပိုးဟပ်တော့လည်း ဘာကြောင့် မှန်းမသိဘူး...အရမ်းကြောက်တာ...အဟဲ”

“ဘယ်လောက်သတ်္တိကောင်းတဲ့လူပဲ ဖြစ် ဖြစ် သူတို့ကြံဖန်ကြောက်ရတဲ့အကောင်တစ်ကောင်တော့ရှိတာပဲ...တချို့က ခူယားကြောက်တယ်”

“အင်း - မဆွေလည်း ခူယားကြောက်တယ်”

“တချို့က ကြွက်ပေါက်စနီတာရဲလေးကို ကြောက်တယ်”

“အမလေး - အဲဒီ ကြွက်ကောင်ပေါက်လေးတွေ ကို မဆွေအရမ်းအသည်းယားတာပဲ”

ညိုခက်ပိုင် ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားသည်။ စောစော ကတော့ ပိုးဟပ်တစ်မျိုးပဲကြောက်သည်ဆိုသော မဆွေဆွေခင်သည် ယခုတော့ ညိုခက်ပိုင်ပြောသမျှ ခူယားလည်းကြောက်၊ ကြွက်လည်းကြောက်နေသည်။ ညိုခက်ပိုင် မသိကျိုးကျွန်ပြုရင်း ဆက်ပြော၏ ။

“ကျွန်တော့် သူငယ်ချင်း တစ်ယောက် ကျတော့ ကြံကြံဖန်ဖန်တီကောင်ကိုကြောက်တယ်”

“ဟယ် - မဆွေရောပဲ”

“နောက် တစ်ယောက် ကျတော့ ကျွတ်ဆိုရင် သေမတတ်ပဲ”

“ကျွတ် ဟုတ်လား...အမလေး - ပျော့စိစိနဲ့ သွားတာလာတာကိုက တကယ်ပဲ...အရမ်းအသည်းယားဖို့ကောင်းတယ်...မဆွေ ကျွတ်တစ်ခါတွယ်ခံရဖူးတယ်...တစ်လလောက်ကို အိပ်မရစားမရ ဖြစ်ရော”

နောက်ဆက်ပြောလျှင် နောက်ဆက်ကြောက်ဦးမယ့် မဆွေဆွေခင်ကိုကြည့်ပြီး ညိုခက်ပိုင်ပြုံးချင်ချင် ဖြစ်လာသည်။ မဆွေဆွေခင်လည်း ယခုမှအရှက်ပြေပြောသည်။

“မဆွေကလေ...ဂေါ်ဇီလာတို့၊ ဒိုင်နိုဆောတို့ကိုသာမကြောက်ရင်ရှိမယ်...အဲဒီ အကောင်သေးသေးလေးတွေ ကိုတော့အဟဲ - နည်းနည်း ကြောက်သလိုပဲ”

တကယ်မရှိသည့် ဂေါ်ဇီလာတို့၊ ဒိုင်နိုဆောတို့ကိုမှရွေးပြီးမကြောက်တတ်သော မဆွေဆွေခင်ကား အာဂသတ်္တိခဲပေပဲဟုညိုခက်ပိုင်တွေးလိုက်မိသည်။ သို့ သော် မဆွေဆွေခင် နေသာထိုင်သာရှိစေရန် စကားဆက်ပေးလိုက်၏ ။

“သြော် - ဒါ ကတော့ မဆွေဆွေခင်မှရယ်မဟုတ်ပါဘူး...အာနိုးတို့၊ စတားလုံးတို့တောင် ပိုးဟပ်တို့၊ ခူယားတို့ကြောက်တယ်ဆိုလားပဲ

“ဟယ်..တကယ်...ဘယ်..ဘယ်စာအုပ်ထဲမှာ ရေး ထားတာလဲဟင်”

ဆွေဆွေခင် ကြောက်ဖော်ရသွားသဖြင့် အတော် အားတက်သွားဟန်တူသည်။ ညိုခက်ပိုင်လည်း ပါးစပ်ထဲ တွေ့ ရာပြောချလိုက်ခြင်းသာ ဖြစ်လေသဖြင့် တကယ်တမ်းအတိအကျသိလိုသည်ဆိုသော အခါ အကျပ်ရိုက်သွားသည်။

“အင်း - ဘယ်စာအုပ်လဲဆိုတော့ ဖတ်တော့ဖတ်ဖူးတယ်...မှတ်တော့မမှတ်မိတော့ဘူး”

“မမှတ်မိလည်း ကိစ္စမရှိပါဘူး...ဒါနဲ့ ကိုညိုရော မဆွေတို့၊ အာနိုးတို့လိုပဲ အဲဒီ အကောင်တွေ ကိုကြောက်တတ်သလားဟင်”

“ကျွန်တော် ..ကျွန်..တော် ...အဲ..”

ထင်မှတ်မထားသော ညာညှိသံကြောင့် ညိုခက်ပိုင်ပြောရန်စကားလုံးများ ရွေးရခက်သွားသည်။ ကြောက်တတ်ပါတယ်ပြောရအောင်လည်း မ ဖြစ်၊ မကြောက်တတ်ဘူးဆိုရအောင်လည်း မကောင်းပြန်။ ခက်တော့ ခက်ချေပြီ။

“ကျွန်တော် က အင်း..ဘယ်လိုလဲဆိုတော့...ဟား -လင်းဇော်ဝင်း...လာ လာ..နေ့လယ်ကတည်းက လာမယ်ဆိုပြီးဘာလို့ အခုမှရောက်လာတာလဲ...ငါ့မှာ ဖုန်းဆက်ပြီးကတည်းကမျှော်နေတာ”

ညိုခက်ပိုင် ကယ်တင်ရှင်တွေ သဖြင့် ၀မ်းသာသွားသည်။

လင်းဇော်ဝင်း ပြုံးလျက် လက်တစ်ဖက်မြှောက်ပြပြီး

“ဆောရီးကွာ...အလုပ်က ထင်သလို ချက်ချင်း မပြတ်သေးလို့”

“ဒါပေမဲ့ ပွဲ ကတော့ပြတ်သွားတယ်မဟုတ်လား”

“ပြတ်အောင်လုပ်ရတာ ပေါ့”

“ဒါဆို မင်း ရေ-ခိုင်လာပြီပေါ့”

“ဒါပေါ့..ဒါပေါ့”

ညိုခက်ပိုင်နှင့် လင်းဇော်ဝင်းတို့ပြောနေသော စကားကို နားမလည်စွာ လိုက်နားထောင်နေရင်း စိတ်ရှုပ်လာဟန်ဖြင့် ဆွေဆွေခင်က

“ကိုညို..သွားမယ်နော်”

ဟုဆိုကာ ထွက်ခွာသွားသည်။ ညိုခက်ပိုင်လည်း ယခုမှအသက်၀၀ရှူနိုင်တော့သည်။

“ကဲ - မောင်မောင်မြရေ...ငါ အပြင်ခဏသွားလိုက်ဦးမယ်ဟေ့”

ဟုဆိုကာ အပြင်ထွက်ရန်ပြင်၏ ။လင်းဇော်ဝင်းက လက်ညှိုးတွင် စွပ်ထားသော ကားသော့ ကိုဝှေ့ယမ်းရင်း

“ဘယ်ရွေ့ဖို့အစီအစဉ်ရှိလဲ”

“မော်ဒန်မှာ ပဲ လက်ဖက်ရည်သွားသောက်ကြတာပေါ့”

“အေး - ကောင်းတယ်...ငါလည်း မော်ဒန်မှာ မထိုင် ဖြစ်တာကြာပြီ”

လင်းဇော်ဝင်းက ကားသော့ ကို ညိုခက်ပိုင်လက်ထဲလှည့်ထည့်ပေးပြီး

“ကဲ - မင်းမောင်းကွာ...ငါတော့ ကားမောင်းရတာ ပျင်းတောင်ပျင်းလာပြီ”

“ကားပွဲစားပဲ...ဒီလောက်တော့ ရှိမှာ ပေါ့”

ညိုခက်ပိုင် ကားမောင်းသူနေရာတွင် ၀င်ထိုင်ပြီး ကားစက်နှိုးလိုက်၏ ။ လင်းဇော်ဝင်း ၀င်ထိုင်ပြီးသည်နှင့် ကားကို မော်ဒန်လက်ဖက်ရည်ဆိုင်ဆီသို့ မောင်းနှင်သွားတော့သည်။ မော်ဒန်လက်ဖက်ရည်ဆိုင်ရှိ စားပွဲခုံလွတ်တစ်လုံးတွင် ၀င်ထိုင်မိရုံရှိသေးသည်။ ညိုခက်ပိုင်ပီတိလွှမ်းလျက် တအံ့တသြလေသံဖြင့်

“ဟော - ဟိုမှာ ..ဟိုမှာ ”

“ဟင် - ဘာလဲ”

ညိုခက်ပိုင် ပြူးပြဲကြည့်ရာဆီသို့ လင်းဇော်ဝင်းစောင်းငဲ့လိုက်ကြည့်ပြီး “သြော်”ဟူ၍ သိပ်မထူးဆန်းဟန်ပြု၏ ။ ညိုခက်ပိုင်ကမူတက်ကြွစွာ ဖြင့် လင်းဇော်ဝင်း၏ ဒူးခေါင်းကိုလှမ်းတို့ပြီး

“ဟေ့ကောင် တွေ့ လား...တွေ့ လား”

“အင်း - တွေ့ တယ်”

“ငါပြောတာ ခင်ရဲရင့်ကိုပြောတာ”

“ဟုတ်ပါတယ်...ငါလည်း ခင်ရဲရင့်ကိုပြောတာပဲ”

မော်ဒန်လက်ဖက်ရည်ဆိုင်ဝင်းထဲမှ ကားမောင်းထွက်သွားပြီ ဖြစ်သော ခင်ရဲရင့်ကို ညိုခက်ပိုင် မြတ်နိုးစွာ လိုက်ကြည့်နေမိသည်။မြင်ကွင်းမှပျောက်သွားသည့်တိုင် စိတ်ကူးဖြင့် လိုက်ကြည့်လို့ကောင်းတုန်း စားပွဲထိုးလေးက လက်ဖက်ရည်ခွက်လာချပေးသွားသည်ကိုပင်သတိမထားမိလိုက်။

“ဟေ့ကောင်”

“ဟေ့ကောင် - ညိုခက်ပိုင်”

“ဟေ..ဘာ..ဘာလဲ”

လင်းဇော်ဝင်းမျက်နှာမဲ့လျက် ခေါင်းကိုခါယမ်း၏ ။ ညိုခက်ပိုင်က လင်းဇော်ဝင်း၏ ပြစ်တင်သရော်မှု ကို အရေး မလုပ်ဟန်ဖြင့် “ဒီနေ့ မင်းကိုငါတွေ့ ချင်တယ်လို့ပြောတဲ့ကိစ္စက ဒီကိစ္စပဲ”

“ဘာကိစ္စလဲ”

“ခင်ရဲရင့်ကိစ္စ”

လင်းဇော်ဝင်း ညိုခက်ပိုင်ကို မယုံသလိုခပ်စူးစူးကြည့်ပြီး“ခင်ရဲရင့်ကို မင်းတကယ်စိတ်ဝင်စားနေလို့လား”

နားမလည်နိုင်သလိုမေးလာသော လင်းဇော်ဝင်းကို ညိုခက်ပိုင် နှုတ်ဖြင့် ပြန်မဖြေတော့ဘဲ ခေါင်းကိုသာတည်တည်ငြိမ်ငြိမ်ညိတ်ပြလိုက်၏ ။

“မင်းကို ငါအကောင်းဆုံးအကြံတစ်ခုပေးမယ်”

လင်းဇော်ဝင်းစကားကို စိတ်ဝင်စားဟန်ဖြင့် ညိုခက်ပိုင်ဘယ်ဘက်မျက်ခုံးကို အနည်းငယ်နှိမ့်ပြီး နားစွင့်လိုက်၏ ။

“စောစောက ခင်ရဲရင့်နဲ့အတူတူပါသွားတဲ့ ဖြူဖြူမြင့်မြင့်ကောင်မချောချောလေးကို တွေ့ တယ်မဟုတ်လား”

ညိုခက်ပိုင် တွေ့ ရှိပါကြောင်း ခေါင်းညိတ်ပြလိုက်သည်။

“သူ့နာမည် က မဉ္ဇူလို့ခေါ်တယ်”

“အဲဒါဘာ ဖြစ်လဲ”

“ခင်ရဲရင့်ကိုကြိုက်မယ့်အစား မဉ္ဇူကိုကြိုက်ရင် မင်းအတွက် ဖြစ်နိုင်ချေအများ ကြီးရှိသေးတယ်”

“ငါ့နှလုံးသားက မင်းပြောသလောက် အပြောင်းအလဲမမြန်ဘူးကွ”

လင်းဇော်ဝင်း ပေစောင်းစောင်းဖြင့် ကြည့်ရင်း ညိုခက်ပိုင်ကိုဆဲရေး ဟန်ပြု၏ ။ ပြီးမှ

“ပြောမယ့်သာပြောတာပါ...မဉ္ဇူကို မင်းသွားကြိုက်လည်း ဖြစ်နိုင်မယ်မထင်ပါဘူး”

“ဟေ့ - မင်းကလည်း တစ်ထိုင်တည်းကို စကားအမျိုးမျိုးပြောနေပါရောလား...စောစောက ဖြစ်နိုင်တယ်ဆိုပြီး အခုဘာကြောင့် မ ဖြစ်နိုင်ဘူးဆိုရပြန်တာလဲ”

“မင်းပဲစဉ်းစားကြည့်လေကွာ...ယောက်ျားလျာ တစ်ယောက် နဲ့ မိန်းမချောလေး တစ်ယောက် တတွဲ တွဲ နေတာ သာမန်ရင်းနှီးမှု မ ဖြစ်နိုင်ဘူးကွ...အချစ်တော် ဖွဲ့ထားကြလို့သာ ဖြစ်ရမယ်...အချစ်တော် ကိုသွားထိရင်တော့ ဓားချက်မိမှာ သေချာတယ်”

လင်းဇော်ဝင်းစကားကြောင့် ညိုခက်ပိုင်မသက်မသာခံစားလိုက်ရသည်။ လင်းဇော်ဝင်းကမူ သူ့စကားကို သူသဘောကျဟန်ဖြင့် တစ်ချက်ပြုံးလိုက်သေးသည်။

“ဒီတော့ကွာ မင်းကိုအကောင်းဆုံးအကြံပေးချင်တာက ဟိုမင်းကိုကြွေပြီး မင်းဆိုင်မှာ တစ်နေ့သုံးခေါက်လောက် ခွေလာလာငှားနေတဲ့ မဆွေဆွေခင်ကိုစဉ်းစားရင် သေချာပေါက်အဆင်ပြေမယ်ကွ”

ညိုခက်ပိုင် ဒေါသထွက်ချင်လာသည်။ လင်းဇော်ဝင်းကို ချက်ချင်း စကားမပြန်သေးဘဲ အလိုမကျသလို ခပ်စူးစူးတစ်ချက်ကြည့်လိုက်သည်။ ပြီးမှ

“ဟေ့ကောင် - လင်းဇော်ဝင်း မင်းစကားပြောတာဆင်ခြင်ဦး...မင်းပြောပုံက ငါကပဲရည်းစား တစ်ယောက် မ ဖြစ်မနေလိုချင်လို့ ရရာလျှောက်ကြံရာကျနေပြီ”

“မဟုတ်ဘူးလား...မင်းတက်္ကသိုလ်တုန်းကလည်း ရည်းစား တစ်ယောက် မှမရှိခဲ့ရှာဘူး...ကျောင်းပြီးသွားပေမယ့်လည်း အခုထိမစွံသေးဘူးဆိုတော့...”

“တော် တော် ဟိတ်ကောင်...ဒီနေ့ ကတော့ မင်းနဲ့ငါနဲ့စကားပြောလို့ကို အပေါက်အလမ်းတည့်မှာ မဟုတ်ဘူး”

ညိုခက်ပိုင် မျက်နှာရှူတည်တည်လုပ်ပြီး လက်ဖက်ရည်ကိုတစ်ကျိုက်တည်းနှင့် ကုန်အောင်သောက်ပစ်လိုက်သည်။လင်းဇော်ဝင်း အသံမထွက်အောင်ရယ်ရင်း

“အလကားနောက်တာပါကွာ...အရိုးများ သလေး ချေးခါးသလေးနဲ့ ဂျီးများ ခဲ့လို့သာ ငါ့သူငယ်ချင်းရည်းစားမရသေးသလို ငါတို့အားလုံးသိပါတယ်ကွာ...ကဲ ပြော..မင်း ခင်ရဲရင့်ကို တကယ်ကြွေနေပြီလား”

ညိုခက်ပိုင် ချက်ချင်း ပင် မျက်နှာပြန်လည်ကြည်လင်လာသည်။ တက်ကြွလှုပ်ရှားသော လေသံဖြင့်

“တကယ်ကြွေနေလို့ပြောတာပေါ့ကွ...ငါ အခုလို မိန်းကလေး တစ်ယောက် ကိုကြွေတဲ့အကြောင်း မင်းတို့ရှေ့မှာ ဘယ်နှခါပြောဖူးလို့လဲ”

“ဟုတ်ပါတယ်...မပြောဖူးပါဘူး...ဒါပေမဲ့ ပြောမယ့်ပြောတော့လည်း မိန်းကလေးမဟုတ်ဘဲ ယောက်ျားလျာလေး ဖြစ်နေလို့ ငါအံ့သြနေတာ”

“ဒါ ကတော့ ဘယ်တတ်နိုင်မလဲကွာ...နှလုံးသားရဲ့ တောင်းဆိုချက်ကိုး”

“ဟုတ်ပါပြီ..ဟုတ်ပါပြီ”

လင်းဇော်ဝင်း ခေါင်းတညိတ်ညိတ်ဖြင့် အလေးအနက်ပြု၏ ။ထို့နောက် ချိန်ဆစဉ်းစားဟန်ဖြင့်

“တစ်ခုတော့ရှိတယ်ကွ...ခင်ရဲရင့်နဲ့မဉ္ဇူရဲ့ ပတ်သက်မှု အတိုင်းအတာကိုတော့ သိဖို့လိုအပ်တယ်”

ညိုခက်ပိုင်လည်း လင်းဇော်ဝင်းနှင့် တစ်သဘောတည်းရကြောင်း မျက်နှာအမူအရာဖြင့် ဖော်ပြ၏ ။

လင်းဇော်ဝင်းကပင် ဆက်၍

“ကိစ္စမရှိပါဘူး...နှစ် ယောက် စလုံးက ငါနဲ့တစ်ရပ်ကွက်တည်းမို့လို့ သေချာစုံစမ်းလိုက်ရင် အခြေအနေသိရမှာ ပဲ...သူတို့နှစ် ယောက် က တွဲ တာတော့တော် တော် တွဲ ကြတယ်ကွ”

ညိုခက်ပိုင် အားကိုးအားထားမျက်လုံးများ ဖြင့် လင်းဇော်ဝင်းကိုကြည့်၏ ။ လင်းဇော်ဝင်းလည်း သူ၏ အရေး ပါမှု ကို ကျေနပ်သွားဟန်ဖြင့် စကားကိုဆက်၏ ။

“မင်းသိတဲ့အတိုင်းပဲ...တချို့က ဆန့်ကျင်ဘက်ကို စိတ်မ၀င်စားတတ်ကြဘူး...သဘာဝတူချင်းသာ စိတ်ဝင်စားတတ်ကြတာလေ...ဒါပေမဲ့ ကိစ္စမရှိဘူး...ဒါက စုံစမ်းလိုက်ရင်သိရမှာ ပဲ”

“စုံစမ်းမယ်ဆိုရင်လည်း မြန်မြန်သာစုံစမ်းပေးပါ ကျေးဇူးရှင်ရယ်...အဲဒီ အခါကျမှ ကိစ္စရှိတယ် မရှိဘူး သေချာသိရမှာ မို့လား”

“စိတ်ချ...ငါ့တာဝန်ထား”

နှစ် ယောက် စလုံး ကျေနပ်မှု အတွေးကိုယ်စီဖြင့် ပြုံးမိကြသည်။ ခဏအကြာတွင် ကျသင့်ငွေကိုရှင်းပေးလိုက် ပြီး လက်ဖက်ရည်ဆိုင်မှ ထွက်ခွာလိုက်ြ ကတော့သည်။

ခင်ရဲရင့်ရေ...

မင်းလေးကို တွေ့ လိုက်ရတဲ့ အခိုက်အတန့်ခဏမှာ ပဲ ငါ့ရင်ဘတ်ထဲမှာ နှလုံးသားရှိကြောင်း တစ်သက်လုံးလက်ခံလိုက်ပါပြီကွယ်။

ချစ်မိပြီဆိုမှဖြင့် ..ကွယ်...မြေစမ်း ခရမ်းပျိုး ရင်ခုန်သံနဲ့...နှလုံးသားကို သွေးတိုးမစမ်းဘူးကွယ့်...။

* * * * *




ဝန်ဇင်းချစ်သူများ မျိုးကိုမျိုး ၏ “ ဗီးနပ်စ်ရဲ့ ကကြိုးသစ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပန်းလေးပွင့်ရဲ့ ချစ်သူ

အချစ်ရှိရာ အချစ်လာသည်

အလွမ်းဥတုနှင့် မတည့်သူများ