အခန်း (၁)
“ဟေ့ကောင်- အောင်မြင်ကျော် … မင်း င့ါအိမ်ပေါ်က ဆင်းသွား … မင်းမျက်နှာ ငါမမြင်ချင် ဘူး”
“ကျွန်တော် က ဘာလို့အိမ်ပေါ်ကဆင်းရမှာ လဲ ဖေဖေ … ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ”
“ဘာအပြစ်ရှိလို့လဲ ဟုတ်လား … အေး - မင်းက မသိချင်ယောင်ဆောင်နေရင်လည်း ငါကပဲ ပြောပြရမှာ ပေါ့ … သွားလေသူ မင်းအမေက မင်းငယ်ငယ်လေးကတည်းက သဘောတူထားတဲ့ သည်းနုနဲ့မင်းနဲ့ လက်ထက်တဲ့နေ့ကျရင် သည်းနုရွယ်ရဲ့ လက်မှာ သူကိုယ်တိုင်စွပ်ပေးမယ်ဆိုပြီး တယုတယထိန်းသိမ်းထားခဲ့တဲ့ စိန်လက်စွပ်ကို မင်းက ငါမသိအောင် တိတ်တိတ်လေးခိုးပြီး မင်း ကောင်မကိုပေးလိုက် တာ ငါမသိဘူးများ မှတ်နေလား”
“ဟာ - မဟုတ်ပါဘူး … ကျွန်တော် က ဘာလို့အဲဒီ လိုလုပ်ရမှာ လဲ”
“မင်းခုမှလာပြီး မုန်လာဥလုပ်မနေနဲ့ … ဒီကိစ္စ ငါ့ကို သမီးသည်းနုရွယ်ကိုယ်တိုင် ဖုန်းဆက်ပြီး လှမ်းတိုင်တာကွ … ဒီကိစ္စကြောင့် သူ့မိဘတွေ လည်း တော် တော် စိတ်ဆိုးနေကြတယ် … နာမည် နဲ့ လိုက်အောင် လူရော၊ အသည်းရော အင်မတန်နုနယ်တဲ့ သူ့သမီးသည်းနုရွယ် တစ်ယောက် လုံးနဲ့ လူ ကြီးချင်းကလည်းသဘောတူ … လူငယ်ချင်းကလည်း သဘောမျှနေပါလျှက်နဲ့ လစ်လျှင်လစ်သလို ဗွေဖောက်တတ်တဲ့မင်းနဲ့ သူတို့သမီးနဲ့ သဘောမတူနိုင်တော့ဘူးတဲ့ … ဘယ်လောက်ရှက်ဖို့ကောင်းလိုက် သလဲ …အလကားကောင် … မိဘမျက်နှာကို အိုးမဲသုတ်တဲ့ကောင် … မင်းကွာ - မင်းမို့လုပ်ရက်တယ်
… အခုအချိန်ဆို မင်းကြောင့် သမီးလည်းသည်းနုရွယ်လည်း ဘယ်လောက်ခံစားနေရရှာမလဲ … သူ့ခ မျာ နာမည် နဲ့လိုက်အောင် တကယ့်ကို လူကလည်း နုနုနယ်နယ်လေး … စိတ်ကလည်း နုနုနယ်နယ် လေးရယ်”
“မဟုတ် … မဟုတ်သေးဘူးလေ ဖေဖေရဲ့ … ကျွန်တော် နဲ့သည်း …”
“တော် ပြီ - မပြောနဲ့တော့ … ငါ ဘာမှမကြားချင်တော့ဘူး … မင်းကို သမီးလေးသည်းနုရွယ် ရော … သည်းနုရွယ်ရဲ့ မိဘတွေ ကရော ကြည်ကြည်ဖြူဖြူနဲ့ လက်ခံနိုင်တဲ့တစ်နေ့မှ ငါလည်း မင်းကိုပြန် လက်ခံနိုင်တဲ့တစ်နေ့မှ ငါလည်း မင်းကိုပြန်လက်ခံမယ် … ဒါပဲ”
အောင်မြင်ကျော် တစ်ယောက် တည်း ခြေဦးတည့်ရာထွက်လာရင်း ဖခင် ဖြစ်သူ၏ ဒေါသတကြီး ပြောဆိုသံများ ကို ကြားယောင်ရင်း သက်ပြင်းရှိုက်လိုက်မိသည်။
သူနှင့် ငယ်စဉ်ကတည်းကပင် နှစ် ဖက်မိဘများ က အချိန်တန် အရွယ်ရောက်လျှင် ပေးစားမည် ဟု ကတိခံထားသလို လူငယ်ချင်းလည်း တုန်နေအောင်ချစ်ရသည့် ချစ်သူ သည်းနုရွယ်ထံ ဆက်သွယ်ဖြေရှင်းဖို့ကြိုးစားသော်လည်း
“ရှင့်အသံလည်းမကြားချင်ဘူး … ရှင့်မျက်နှာလည်း မတွေ့ ချင်ဘူး”
ဆိုသော ချစ်သူ၏ ယတိပြတ်ငြင်းဆိုမှု ကိုသာ ခါးခါးသီးသီးကြုံရသည်။
ပို၍ ဆိုးသည်က လူကလည်းနုသလို ခံစားမှု ကလည်းနုလွန်းရှာသည့် သူတို့သမီးအပေါ် အချစ် ပိုကြသည့် ယောက္ခမလောင်းများ ၏ တင်းမာခက်ထန်သော သဘောထား ဖြစ်သည်။
ချစ်သူနှင့် ပြန်ပြီးအဆင်ပြေအောင် ကြိုးစားနိုင်သည့်တိုင် ယောက္ခမလောင်းများ နှင့် ပြန်ပြီးအ ဆင်ပြေဖို့က တော် တော် နှင့် လွယ်ဦးမည် မထင်။
သူ့အပေါ် ယောက္ခမလောင်းများ ၏ သဘောထား ပျော့ပြောင်းလာပြီး ပြန်လည် လက်ခံနိုင်သည့် အခါမှသာ ဖခင်အရင်းခေါက်ခေါက်ကြီးကလည်း အိမ်ပေါ်ပြန်တက်ခံမည် ဟု တစ်ချက်လွှတ်အမိန့် ထုတ်ပြန်ထားသည်ဆိုတော့ …
အောင်မြင်ကျော် ဘယ်နေရာမှန်းမသိသော လမ်းကို လျှောက်လှမ်းရင်း ဘယ်နှကြိမ်မြောက်မှန်း မသိသော သက်ပြင်းကို ရှိုက်လိုက်မိပြန်လေသည်။
“ဟူး … ”
အောင်မြင်ကျော် ထိုသို့ နောက်ကြောင်းပြန်တွေးမိရင်း စိတ်နှင့် လူနှင့် မကပ်ဘဲ ခြေဦးတည့်ရာ လျှောက်လာချိန်မှာ ပင် ကားမောင်းရင်းပွမ်လာသော မြတ်မမက သူငယ်ချင်းများ နှင့် ရန်လှည့် ဖြစ်နေ တာနဲ့ပဲ လမ်းဖြတ်ကူးလာသည့်အောင်မြင်ကျော်ကို သတိမထားမိ။
ရွှေအဆင်းထိတ်လန့်တကြားလှမ်းသတိပေးလိုက် သော်လည်း အချိန်မမီတော့
“ဟဲ့ - ရှေ့မှာ လူ .. လူ”
“ကျွီ”
“ဒုံး”
“အောင်မလေး”
“ဟာ - သွားပြီ … တိုက်မိသွားပြီ … သေပြီလားမသိဘူး … ဒုက္ခပါပဲ”
မြတ်မမလည်း
သတိပေးသံများ ထိတ်လန့်တကြားအသံများ ကြားရခါမှ ကားဘရိတ်ကိုအလျင်အမြန်အုပ် လိုက်မိသည်။ သို့ သော် နောက်ကျသွားလေပြီ။ ကြောက်ပြီး စုံမှိတ်ထားသော မျက်လုံးကို ကြိုးစားဖွင့် ကြည့်လိုက်သည့်အခါမှာ တော့ ကားရှေ့တွင် ဆန့်ဆန့်ကြီးလဲနေသော လူ တစ်ယောက် ကိုတွေ့ ရသည်။
“အဲဒါ … အဲဒါပြောတာပေါ့ … နင်က ထစ်ခနဲရှိ စိတ်တိုနေဖို့ပဲတတ်တယ် … အဲလို ဘာမှမမြင်
ဘဲ ဒေါသချည်းပဲ ဖြစ်နေလို့ ခုလိုမ ဖြစ်သင့်တာ ဖြစ်ရတာ ”
“မဟုတ်ဘူး … အဲဒါ နင်တို့အသုံးမကျလို့ … နင်တို့နဲ့စကားများ နေရလို့ ဖြစ်ရတာ … ဒီကိစ္စမှာ ငါ တစ်ယောက် တည်းအပြစ်ရှိတာမဟုတ် … နင်တို့လည်းအပြစ်ရှိတယ် … အဖမ်းခံရင် အတူတူအဖမ်း ခံရမှာ ပဲ”
“ကဲပါ … အခုအချိန်မှာ အဲဒါတွေ ပြောနေလို့ အရေး မပါပါဘူး … ကားတိုက်ခံရတဲ့လူရဲ့ အခြေအနေကို ဆင်းပြီးကြည့်ရအောင်”
“အေး - ဟုတ်တယ် … ကြည့်ရတာ တော့ သေဖို့များ တယ်ထင်တာပဲ”
ပျိုပျိုခင်လည်း ထစ်ခနဲရှိ သေဖို့များ တယ်ချည်းပဲပြောနေသော ရွှေအဆင်းကို မျက်စောင်းတစ် ချက်ထိုးကြည့်ပြီးနောက် ကားပေါ်မှဦးဆောင်ဆင်းလေသည်။
ပျိုပျိုခင် ကားပေါ်မှဆင်းသည်နှင့် ကျန်သုံးယောက် လည်း ကြောက်ကြောက်လန့်လန့်နှင့် ကား ပေါ်မှလိုက်ဆင်းပြီး ကားတိုက်ခံရပြီး လဲနေသူအနီးသို့ မဝံ့မရဲချဉ်းကပ်ကြည့်ကြသည်။
“ဟဲ့ - ကြည့်ရတာ ဆိုးဆိုးဝါးဝါးတော့ ဖြစ်ဟန်မတူဘူး … ဘာသွေးစသွေးနမှမတွေ့ ရဘူး သိလား”
“သြော် - နင်ကလဲ … ဒါမျိုးက သွေးထွက်မှရယ်မဟုတ်တာ … အတွင် ကြေဆိုတာမျိုးကရှိ သေးတယ်လေ … ဟုတ်ပါတယ် … ငါထင်တာမမှားဘူးဆိုရင်တော့ အတွင်းကြေကြေပြီး သေနေ လောက်ပြီ”
“ဟာ - နင်ပါးစပ်ပုပ်ကြီးကလဲ … အလကားနေရင်း သေခိုင်းနေတာပဲ … ငါစမ်းကြည့်ပါဦးမယ်”
“ဟင် - နင်က ဘယ်ကိုသွားစမ်းကြည့်မှာ လဲ”
“ဘယ်စမ်းကြည့်ရမှာ လဲ … နှလုံးခုန်သေးလား၊ မခုန်တော့ဘူးလားဆိုတာ စမ်းကြည့်ရမှာ ပေါ့ ဟဲ့”
ပျိုပျိုခင် ပြောရင်းဆိုရင်း လူတတ်ကြီးလုပ်ကာ ကားတိုက်ခံရသူ ဝဲဘက်ရင်ဘတ်ကို မဝံ့မရဲစမ်း ကြည့်ရန်ပြင်သည်။ပြီးမှ ဆေးမလူးဘဲ ဘာကိုမှကိုင်လေ့မရှိသော သူ့အကျင့်အတိုင်း လက်ကိုပြန်ရုတ် မိလေသည်။ ရွှေအဆင်းက
“ဟဲ့ - စမ်းမယ်ဆိုစမ်းလေ … ဘာလုပ်နေတာလဲ”
“နေဦး … ငါ သူ့ကိုအရမ်းကိုင်လို့မရဘူး … လက်ကို Hand Gel လူးလိုက်ဦးမယ်”
“ဟာ - အရေး ထဲမှ နင်ကလဲ … ဇီဇာကြောင်စရာမရှိ ကြောင်နေပြန်ပြီ … ဒီမှာ တကယ့်သေ ရေး ရှင်ရေး ကြုံနေရတဲ့ဟာကို”
“အေးလေး - သူ့ကို ဗူဗူဇီလာလို့နာမည် ပေးထားတာ နည်းတောင်နည်းသေးတယ် … တကယ်
ပဲ အာရုံကိုနောက်တယ်”
သူငယ်ချင်းများ ဝိုင်းပြီးကောကြခါမှ ပျိုပျိုခင်လည်း လက်မှာ ပိုးသတ်ဆေး လူးမည့် အစီအစဉ်ကို လက်လျှော့ကာ အောင်မြင်ကျော်၏ ရင်ဘတ်ကိုစမ်းရသည်။
ရင်ဘတ်ကိုစမ်းနေရင်းမှ ယောင်ယောင်လေးပြုံးလာသော ပျိုပျိုခင်၏ မျက်နှာကိုကြည့်ပြီး ရှုမဝ၊ ရွှေအဆင်းနှင့် မြတ်မမတို့လည်း မျှော်လင့်ချက်ရှိလာဟန်ဖြင့် မျက်လုံးတွေ အရောင် တောက်လာကြ
သည်။
ပျိုပျိုခင်လည်း အားတက်လာလျှက် လက်နှင့် စမ်းရုံနှင့် မကျေနပ်နိုင်သေးဘဲ ရင်ဘတ်မှာ နား ကပ်ပြီး စမ်းကြည့်ပြန်သည်။
“ဒုတ် ဒုတ် ဒုတ် ဒုတ်”
ဆိုသော နှလုံးခုန်သံကို အတိုင်းသားကြားရသည့်အခါမှာ တော့ မျက်နှာကြီးပီပီသသပြုံးလာ လျှက်
“ဟဲ့ - သူ .. သူ နှလုံးခုန်နေတယ် … သူမသေသေးဘူး သိလား”
ဟူ၍ ဝမ်းသာအားရပြောရာ မြတ်မမတို့လည်း မျက်နှာလေးတွေ ဝင်းပသွားတော့သည်။ ရှုမဝက
“ဟဲ့ - ဒါဆိုလည်း သူ့ကိုမြန်မြန်ကားပေါ်တင်ပြီး ဆေးရုံပို့ရအောင်လေ”
ဟုသတိပေးရာ ရွှေအဆင်းက
“အေး - ဟုတ်တယ် … လာ လာ … ဝိုင်းမကြရအောင်”
ဟူ၍ ဆိုရင်း ကားတိုက်ခံရသူလူငယ်ကိုမဖို့ ဦးဆောင်ပြင်ဆင်လေသည်။ ပြီးမှ တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် လက်ကိုပြန်ရုတ်လိုက်လေရာ မြတ်မမလည်း စိုးရိမ်သွားလျှက်
“ဟဲ့ - ဘာ … ဘာ ဖြစ်လို့လဲ”
“ဘာ ဖြစ်ရမှာ လဲ … သူ့ကို တို့ဆေးရုံပို့ရင် တို့တွေ ကားတိုက်မှု နဲ့ အဖမ်းခံရမှာ ပေါ့ဟဲ့”
“အေးဟဲ့ - ဒါ .. ဒါလည်းဟုတ်သားပဲ”
“ဟင် - ဒါ … ဒါဆို တို့ဘာလုပ်ကြမလဲဟင်”
ကားတိုက်မှု ဖြင့် အဖမ်းခံရမည် ဆိုတာကိုတွေးမိသွားသည်နှင့် မချောလေးယောက် လည်း မျက်နှာလေးတွေ ပိစိကွေးလေးတွေ ဖြစ်သွားကြရသည်။ ဘာဆက်လုပ် ရမှန်းမသိသလို တစ်ယောက် ကိုတစ်ယောင် ပြူးကြောင်ကြောင်ဖြင့် ကြည့်မိကြသည်။ လေးယောက် စလုံး၏ မျက်နှာမှာ ကြောက်ရွံ့ စိုးရိမ်စိတ်တွေ လွှမ်းနေသည်ကို အတိုင်းသားတွေ့ နေရသည်။ ပြီးမှ ဦးစွာ သတီဝင်လာသူ ရှုမဝက
“ဟဲ့ - ဒါဆိုရင်လည်း တို့တွေ ဒီအတိုင်းထိုင်ကြည့်နေလို့ မ ဖြစ်ဘူးလေ … ဘယ်သူမှမရိပ်မိခင်
ထွက်ပြေးကြရအောင်”
ဟုသတိပေးရင်း နေရာမှထဟန်ပြုလေသည်။ ကျန်သုံးယောက် လည်း ရှုမဝ ပြောသည့်အတိုင်း ယောင်ပေါင်ပြီး နေရာမှ ထမိကြလေသည်။ သို့ သော် ခြေမလှမ်းခင်မှာ ပင် ရွှေအဆင်းက တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့်
“အဲ - နေဦးဟဲ့ … တော် ကြာ တို့ထားခဲ့လို့သူသေသွားရင် တို့အမှု က ပိုကြီးနေဦးမယ် … ဒီမှာ သူ့ကိုတို့ကားနဲ့တိုက်မိတာ တစ်ယောက် မဟုတ် တစ်ယောက် မြင်ရင်လည်း မြင်သွားနိုင်တာ”
ဟူ၍ သတိပေးခါမှ အားလုံးလည်း ဟုတ်သားပဲဆိုသော အတွေးဖြင့် ထိုသူ၏ ဘေးတွင် ငုတ် တုတ်ပြန်ထိုင်လိုက်ကြ၏ ။
ကားတိုက်မိတဲ့ အဓိကတရားခံ ကားမောင်းသူမြတ်မမက အခြားသူများ ထက် အိနြေပျက်ကာ စိုးရိမ်ပူပန်မှု ပိုနေရလေသည်။
“တို့ ဘာလုပ်ကြမှာ လဲ … ဒီအတိုင်းပဲ သူ့ကိုဝိုင်းထိုင်ကြည့်နြေ ကတော့မှာ လား … တစ်ခုခုစဉ်း စားကြစမ်းပါဦးဟဲ့ … ငါတော့ထူပူနေလို့ ဘာမှစဉ်းစားလို့မရဘူး”
“မထူးပါဘူးဟယ် … သူ့ကို ဒီမှာ လည်းထားခဲ့လို့မရ … ဆေးရုံဆေးခန်းလည်း ပို့လို့မရမယ့်တူ တူတော့ အိမ်ပဲခေါ်သွားကြရအောင် … အိမ်ရောက်မှ တစ်ခုခုကြည့်စီစဉ်ကြတာပေါ့ … ဒီမှာ လည်း ကြာရင် တစ်ယောက် မဟုတ် တစ်ယောက် တွေ့ ပြီး ရဲစခန်းကို အကြောင်းကြားမှဖြင့် တို့လေးယောက် လုံး သံတိုင်ကြားကို တန်းရောက်သွားဦးမယ် … ကဲ ကဲ - ဝိုင်းမကြ … ကားထဲကို မြန်မြန်သွင်းလိုက် ကြရအောင်”
ပျိုပျိုခင်က အခြေအနေကို ပိုင်နိုင်စွာ စဉ်းစားသုံးသပ်မိဟန်ဖြင့် ပြောဆိုလိုက်ပြီး ဆုံးဖြတ်ချက်ချ
လေရာ ကျန်သုံးယောက် လည်း ပျိုပျိုခင်နှင့် တစ်သဘောတည်းဆောင်လျှက် ကားတိုက်ခံရသူအောင် မြင်ကျော်အား ဝိုင်းမကြလေသည်။
သို့ သော် ပျိုပျိုခင်က ဝိုင်းမ,မဘဲ ကားဆီသို့ အရင်ပြေးသဖြင့်
“ဟဲ့ - ဗူဗူဇီလာ ဘာလုပ်ပြန်ပြီလဲ … ဒီမှာ ဝိုင်းမမဘဲနဲ့”
”နေဦး … လက်ကို Hand Gel သွားလူးလိုက်ဦးမယ်”
“ဟာ - လုပ်ပြန်ပြီ … သေသာသေလိုက်ချင်တော့တယ် … အရေး ထဲမှာ ”
“ကဲ ကဲ - အဲဒါဆိုလည်း တံခါးသာအဆင့်သင့်ဖွင့်ထားပြီး ကားထဲကစောင့်နေတော့ … ရောက်လာမှ ကားထဲကဝိုင်းဆွဲပေး”
အားလုံးလည်း ပျိုပျိုခင်ကိုလက်လျော့ပေးလိုက် ပြီး ကားတိုက်ခံထားရသူကို သုံးယောက် အားနဲ့ ကားဆီသို့ ဝိုင်းမလာရသည်။ပြီး ကားထဲသို့အလျှင်အမြန်သွင်းပြီး ကားကိုအလျှင်အမြန်မောင်း ထွက် သွားကြရလေသည်။
“အား ကျွတ် ကျွတ်”
အောင်မြင်ကျော်လှဲနေရာမှ လူးလွန့်လာသည်ကိုတွေ့ သည်နှင့် ပျိုပျိုခင်က
“ဟယ် - ဟိုမှာ သူ … သူသတိရလာပြီ”
ဟု အားရဝမ်းသာအော်လေသည်။ ထိုအခါ ပါးစပ်ပွစိပွစိဖြင့် ဘုရားစာတွေ တစ်ပုဒ်ပြီး တစ်ပုဒ်
ရွတ်ဆိုဆုတောင်းနေသော မြတ်မမ၏ မျက်လုံးအစုံလည်း အရောင် တောက်သွားရသည်။
“မောင် … မောင်လေး သတိရလားပြီလားဟင်”
“နေဦး နေဦး … အရမ်းမထနဲ့ ဦး … အသာလေးလှဲနေလိုက်ဦးနော်”
ရွှေအဆင်းနှင့် ရှုမဝလည်း အောင်မြင်ကျော်လှဲနေသော ခုတင်တစ်ဖက်တစ်ချက်မှာ ထိုင်ပြီး အစွမ်းကုန်ပြုံးပြကာ ဂရုစိုက်ပြကြရလေသည်။
အောင်မြင်ကျော် မျက်လုံးကိုကြိုးစားဖွင့်ကြည့်ပြီးနောက် ပျိုပျိုခင်၊ မြတ်မမ၊ ရွှေအဆင်းနှင့် ရှုမဝတို့ကို တစ်ယောက် ချင်းစီကြည့်၏ ။ သူတို့လေးယောက် ကလည်း တစ်ယောက် ချင်းစီ ပြန်ရယ်ပြကြ ၏ ။
အောင်မြင်ကျော်လည်း ပြန်ရယ်ပြလေသည်။ ပြီးမှ လှဲနေရာမှ ဆတ်ခနဲထပြီး တစ်ယောက် ချင်းစီအား လက်ညှိုးထိုးကာ
“ခင်ဗျား … ခင်ဗျား … ခင်ဗျား … ခင်ဗျား … ခင်ဗျားတို့ ဘယ်သူတွေ လဲ”
“သြော် - တို့နာမည် က ပျိုပျိုခင်ပါ”
“တို့နာမည် ကတော့ မြတ်မမတဲ့”
“တို့နာမည် က ရွှေအဆင်းပါ”
“တို့က ရှုမဝ”
“သြော် - ဟုတ်ကဲ့ … ခုလိုတွေ့ ရတာ ဝမ်းသာပါတယ်”
“သြော် - အေး အေး … ဝမ်းသာပါတယ်”
အောင်မြင်ကျော်ကို တစ်ယောက် ချင်းစီလက်ဆွဲနှုတ်ဆက်ပြီး ဝမ်းသာစကားဆိုကြသည်။
ပျိုပျိုခင်တို့လည်း အောင်မြင်ကျော်၏ အခြေအနေကောင်းသဖြင့် ဝမ်းသာမည် ကြံရုံရိုသေး သည်။ ဆက်ပြောလာသော စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“ဒါနဲ့ ကျွန်တော် ကရော ဘယ်သူလဲဟင်”
“ဘာ ... ဘာ ဖြစ်တယ်”
”သြော် - ကျွန်တော့် နာမည် ကိုမေးတာလေ … ကျွန်တော့်နာမည် ဘယ်လိုခေါ်သလဲလို့”
“ဘုရားရေ”
“နောက်ပြီး ကျွန်တော် က မမတို့ဆီ ဘယ်လိုရောက်နေတာလဲ … မမတို့နဲ့ကျွန်တော် နဲ့က ဘယ်လိုကဘယ်လိုပတ်သက်နေလို့လဲ”
“မင်း … မင်း … တကယ်ကို ဘာမှမသိတော့ဘူးလား”
“ဟင့်အင်း - မသိဘူး … ဒါကြောင့် သိချင်လို့ မမတို့ကို မေးနေတာလေ”
“ဘုရားရေ”
ပျိုပျိုခင်တို့လေးယောက် သား ဘုရားတပြီး တစ်ယောက် ကို တစ်ယောက် ကြည့်မိကြသည်။ ထို့ နောက် မြတ်မမက
“ကဲပါလေ … အခုတော့ ဘာမှမတွေးပါနဲ့ဦး … နားနားနေနေသာ နေပါ … အချိန်တန်တော့ သိ ချင်တာတွေ အားလုံး သိလာမှာ ပေါ့ကွာ”
ဟူ၍ ကြည့်ကောင်းအောင်ပြောပြီးနောက် ကျန်သုံးယောက် ကို မျက်ရိပ်ပြ ခေါ်ထုတ်လာလေသည်။
ပျိုပျိုခင်၊ ရွှေအဆင်းနှင့် ရှုမဝတို့လည်း အလျှိုလျှိုထ-ကာ နောက်မှလိုက်လာပြီး ဧည့်ခန်းရှိ ဆိုဖာတွင် အသီးသီးဝင်ထိုင်ကြလေသည်။ ရှုမဝက မအောင့်အီးနိုင်တော့ဘဲ
“ကောင်းလေးကြည့်ရတာ အတိတ်မေ့သွားတာထင်တယ် … အဲဒါ တို့ဘာဆက်လုပ် ကြမလဲ ဟင်”
ဟူ၍ စိတ်ပူစွာ စကားပြောလေသည်။ရွှေအဆင်းက
“အေးဟာ - ခက်တာပဲ … သူ့ဆီမှာ လည်း မှတ်ပုံတင်တို့ ကျောင်းသားကတ်တို့လိုမျိုးဟာ တစ်ခုခုပါရင်တော့ သူ ဘယ်သူ ဘယ်ဝှါ … ဘယ်ဆီကဆိုတာ သိရမှာ ပဲ … အခုဟာက အထောက်အ ထားမပါတာ တကယ့်ပြဿနာပဲ”
မြတ်မမလည်း အိနြေ္ဒရရမထိုင်နိုင်ဘဲ
“ပြဿနာက တကယ့်ကိုကြီးကြီးပဲ … ဘယ်ကလာလို့ ဘယ်ကိုသွားမှန်းမသိတဲ့ လူစိမ်းတစ် ယောက် ကို အိမ်ပေါ်ခေါ်တင်ထားရတာ လွယ်တာမဟုတ်ဘူး … နောက်ပြီး သူက အတိတ်မေ့နေတဲ့ ဝေဒနာရှင်ဆိုတော့ ပြောဆိုဆက်ဆံရတာ လည်း တော် တော် လက်ပေါက်ကပ်မယ့် ကိစ္စတွေ အများ ကြီး ပေါ်လာနိုင်တယ် … ဒါကြောင့် ငါစဉ်းစားမိတာ ကတော့ သူ့ကိုတစ်နေရာရာခေါ်သွားပြီး မယောင်မ လည်နဲ့ထားခဲ့ရင် ကောင်းမယ်ထင်တယ်”
မြတ်မမကောင်းကို ရွှေအဆင်းနှင့် ရှုမဝက သဘောတူဟန်ဖြင့် ခေါင်းညိတ်မည် ပြုစဉ် ပျိုပျိုခင် ကတွေးတွေးဆဆဖြင့် ဝင်တားသည်။
“ဟဲ့ - ဒီလိုလုပ်လို့ဘယ် ဖြစ်မလဲ … သူ ခုလို ဖြစ်သွားရတာ က တို့ကြောင့် ဖြစ်သွားရတာ လေ …. တို့မှာ တာဝန်ရှိတာပေါ့ … နောက်ပြီး သူသတိရတဲ့အချိန်မှာ သူသိတာဆိုလို့ တို့မျက်နှာတွေ နဲ့ တို့ နာမည် တွေ ပဲရှိတယ် … အဲဒါကို နင်ပြောသလိုလုပ်လိုက်လို့ ကိစ္စက အေးအေးဆေးဆေး ပြီးသွားရင် ကောင်းရဲ့ … တော် ကြာ မပြီးဘဲအမှု က ပိုကြီးသွားမှခက်ဦးမယ်”
ပျိုပျိုခင်စကားကလည်း ယုတ္တိရှိသဖြင့် အားလုံးလည်း ဘာဆက်ပြောရမှန်းမသိဘဲ ဖြစ်သွား ရသည်။ထိုအချိန်မှာ ပင် သူမတို့လေးယောက် ပြောသမျှ စိတ်ပူစွာ နားထောင်နေသော ဒေါ်ညိုက
“ဒေါ်ညိုသဘော ကတော့ကွယ် … ကောင်လေးက အတိတ်မေ့ဝေဒနာရှင်လည်း ဖြစ်နေပြန် … နောက်ပြီးကြည့်ရတာ လည်း လူရည်မွန်လေးပါ … ရမ်းရမ်းကားကား မဟုတ်တရုတ်ထဲက ဖြစ်ဟန်မတူ ပါဘူး … ဒါကြောင့် လောလောဆယ်သူ့ကိုအိမ်မှာ ဒီအတိုင်းဆက်ထားပြီး စောင့်ကြည့်စေချင်တယ် … နောင်မှ သူ့အခြေအနေကြည့်ပြီး တစ်မျိုးတစ်မည် စဉ်းစားကြတာပေါ့ … ဘာမှမပူပါနဲ့ … ဒေါ်ညိုလည်း ရှိနေတာပဲ”
ဟူ၍ ဝင်ပြောရာ အားလုံးလည်း
“အင်း - ဒါလည်းဟုတ်တာပဲ”
ဟုခေါင်းညိတ်ပြီး ဒေါ်ညိုပြောသည့်အတိုင်းပင်လက်ခံရန် ဆုံးဖြတ်လိုက်ကြလေသည်။
အခန်း (၂)
“မမ မင်္ဂလာပါ”
မနက်မိုးလင်း အိပ်ရာမှနိုးသည်နှင့် အောင်မြင်ကျော်ကို တက်ကြွရွှင်လန်းစွာ တွေ့ ရသဖြင့် ပျိုပျိုခင်၊ မြတ်မမ၊ ရွှေအဆင်းနှင့် ရှုမဝတို့ တစ်မျိုးစိတ်အေးသွားကြရသည်။
“အေး - မင်္ဂလာပါကွယ်”
ရည်မွန်ယဉ်ကျေးသော အောင်မြင်ကျော်၏ ကိုယ်နှုတ် အမူအရာကိုလည်း ဘဝင်ကျမိကြပြန် သည်။
သူမတို့လေးယောက် အလုပ်သွားဖို့ပြင်ြ ကတော့လည်း
“ပေး - မမ … ကျွန်တော့် ကိုပေး … ကျွန်တော် သယ်ပေးမယ်”
ဆိုပြီး သူမတို့၏ ပစ္စည်းပစ္စယများ ကို ကူသယ်ပြီး ကားပေါ်တင်ပေးပြန်သည်။
“ကြည့်ရတာ ဒီပုံအတိုင်းဆိုရင် အတိတ်မေ့နေတာကလွဲလို့ သူ့ကျန်းမာရေး က စိတ်ချရပါတယ်”
“အေးဟ - အိမ်မှာ ဒေါ်ညိုနဲ့နှစ် ယောက် တည်းထားခဲ့လို့ အန္တရာယ်ရှိမယ့်ပုံ မပေါ်လောက်ပါ ဘူး”
“ဟုတ်ပါတယ် … သူ့ကြည့်ရတာ လူကောင်းသူကောင်းလေးပါ … ပြောတာဆိုတာလည်း ရည် ရည်မွန်မွန် သိမ်သိမ်မွေ့မွေ့ရှိတယ်”
“ဟုတ်တယ် … လူ့အရိပ်အကဲကြည့်တက်ပြီး အလိုက်လည်းသိတယ်”
ဟု အချင်းချင်းပြောရင်း အောင်မြင်ကျော်အား အမှတ်တွေ မပေးဘဲမနေနိုင်ကြပြန်။ ထို့ကြောင့် လည်း သူ့ကို အိမ်မှာ ထားခဲ့ဖို့ စိတ်အေးသွားကြသည်။
အပြင်သွားဖို့ မြတ်မမကားစက်နှိုးမရဘဲ ဖြစ်နေသည်ကို
“မမ ကျွန်တော် ကားတွန်းပေးမယ် .. စက် နှိုးကြည့်”
ဆိုပြီး ကားနောက်မြီးမှ ကားတွန်းပေးသဖြင့် ကားစက်ကိုနှိုးလို့ရသွားရာ မြတ်မမက
“ကဲ - ချာတိတ် … ကျေးဇူးပဲနော် … တို့အလုပ်သွားဦးမယ် … မင်း အိမ်မှာ ပဲ နားနားနေနေနေ ခဲ့ … စားချင်တာရှိရင် ဒေါ်ညို့ကိုပြော … ဒေါ်ညိုလုပ်ပေးလိမ့်မယ်”
“ဟုတ်ကဲ့ မမ”
“ကဲ - ဒေါ်ညို … မြတ်တို့သွားမယ်နော် … ကောင်လေးကို ဂရုစိုက်လိုက်ပါဦး”
“အေးကွယ် - စိတ်အေးအေး သွားပါ … ဒေါ်ညိုရှိပါတယ်”
အောင်မြင်ကျော် မြတ်မမတို့ကို လက်ပြနှုတ်ဆက်ကျန်ခဲ့ပြီးနောက် ဒေါ်ညိုက ခြံတံခါးပိတ် သည်ကို
“နေ နေ .. ရတယ် … ကျွန်တော် ပိတ်လိုက်ပါ့မယ်”
ဟုဆိုပြီး သွက်သွက်လက်လက်နှင့် ခြံတံခါးကိုပိတ်ပေးလိုက် သည်။ ထို့နောက် ဒေါ်ညိုအနား သို့ သွားကာ
“ဒေါ်ညို … သိချင်တာလေးရှိလို့ ကျွန်တော့် ကိုပြောပြပါလား”
“ဘာလဲ - မောင်ရင်လေးက ဘာသိချင်လို့လဲ … မေးလေ … ဒေါ်ညိုပြောပြမယ်”
“သြော် - တခြားတော့မဟုတ်ပါဘူး … ဒီအိမ်ပိုင်ရှင် မမတွေ ကိုကြည့်ရတာ သဘောကောင်းတဲ့ ပုံပဲနော်”
“ကောင်းတာပေါ့ကွယ် … လေးယောက် စလုံး ရုပ်ကလေးတွေ ကလည်းလှသလို စိတ်စေတနာ ကလည်း အင်မတန် ကောင်းကြတာပဲလား … နို့ နေပါဦး … မင်းက ဘာသိချင်တာတုန်း”
“ဟိုလေ စပ်စုတာတော့မဟုတ်ပါဘူး … အဲဒီ မမလေးယောက် အကြောင်းနဲ့ပတ်သက်ပြီး သိ သင့်သိထိုက်တာလေးတွေ သိထားရင် ကျွန်တော် လည်း ဒီမှာ နေရတာ ပိုပြီးအဆင်ပြေမလားလို့ပါ”
“သြော် - ဟုတ်ပြီ ဟုတ်ပြီ … မှန်တာပေါ့ … မင်းအနေနဲ့ သူတို့အကြောင်းသိထားတော့ သူတို့ နဲ့ အခက်အခဲမရှိပြောဆိုဆက်ဆံနိုင်ပြီး ဒီအိမ်မှာ မှီခိုနေထိုင်ရတဲ့အခိုက်မှာ လည်း မင်းအတွက်ပြဿနာ နည်းပြီး အဆင်ပြေပြေရှိနိုင်တာပေါ့ကွယ်”
“ဟုတ်ပါတယ် … ကျွန်တော် လည်း အဲဒီ သဘောနဲ့ပဲ သိချင်တာပါ”
“ကောင်းပါပြီ … ဒါဆိုရင်လည်း ဒေါ်ညိုပြောပြပါ့မယ် … အင်း - ပြောရရင် သူတို့လေးယောက် က တက္ကသိုလ်တက်ဖို့ အဆောင်တစ်ဆောင်မှာ အတူနေ ဖြစ်ရင်း သူငယ်ချင်းအရင်းကြီးတွေ ဖြစ်လာကြ တာပဲ … တစ်ယောက် အကြောင်း တစ်ယောက် နားလည်ပြီး တစ်ယောက် နဲ့ တစ်ယောက် လည်း အရမ်းချစ်ကြတဲ့အတွက် ကျောင်းပြီးတာတောင် ကိုယ့်နယ်ကိုယ် မပြန်ြ ကတော့ဘဲ ဒီတစ်အိမ်မှာ ပဲအတူစုနေ ပြီး ဒီကားတစ်စီးကိုပဲ အတူစီးကြတဲ့ အထိဆိုပါတော့”
ဒေါ်ညိုလည်း စကားကိုခဏရပ်ပြီး သူမတို့လေးယောက် ချစ်ခြင်းတရားကို လေးစားဘဝင်ကျ ဟန်ဖြင့် တစ်ချက်ပြုံးလိုက်သေးသည်။ ပြီးမှ
“အင်း - ပိုပြီးပြည့်ပြည့်စုံစုံသိဖို့ဆိုရင်တော့ ဒေါ်ညိုသိထားသလောက် သူတို့ တစ်ယောက် ချင်းစီ ရဲ့ အကြောင်းတွေ ကို ပြောပြပါ့မယ်”
“ဟား - သိချင်တာပေါ့ ဒေါ်ညိုရယ် … ပြောသာပြောပါ”
“အိမ်း - ဒီလိုကွယ့် … ဒီလို … ”
ပျိုပျိုခင်
မော်လမြိုင်သူ ပျိုပျိုခင်ဆိုတာကလည်း ခေသူတော့မဟုတ်ပါပေ။
မျက်နှာဝိုင်းဝိုင်း၊ အရပ်မြင့်မြင့်၊ ကိုယ်လုံးကိုယ်ထည်ပြည့်ပြည့်လေးနှင့် အများ ကြားမှာ ရောက်နေရင်တောင် ထင်းခနဲ ဖြစ်အောင် ပေါ်လွင်လှပသူ ဖြစ်သည်။ အထူးသဖြင့် သူမ၏ ဝိုင်းဝိုင်းစက်စက် ငွေလမင်းလိုမျက်နှာလေးက ပြုံးလိုက်ရယ်လိုက်လျှင် ချိုပြီးချစ်စရာ ကောင်းလွန်းလှသည်။
ထို့ကြောင့် တက္ကသိုလ်တက်စဉ်ကာလတစ်လျှောက် ပိုးသူပန်းသူ ချစ်ရေး ဆိုသူတွေ တစ်ပုံ တစ်ပင်ရှိခဲ့ဖူးသည်။
ကြည့်လိုက်လျှင် မျက်နှာလေးကချိုပြီး သဘောမနောကောင်းမည့် ရုပ်ဆိုပြီး လျှော့တွက်ကာ ရည်းစားစကားလိုက်ပြောမည် မကြံလေနှင့် ။လွယ်လွယ်နှင့် မရဘူးဆိုတာကို သဘောပေါက်သွားကြရ သည်သာ ဖြစ်သည်။
ပျိုပျိုခင်က ငယ်ငယ်လေးကတည်းက အင်မတန်အသန့်ကြိုက်ပြီး ဇီဇာကြောင်သည်။
ထိုသို့ သော ပျိုပျိုခင်ဆိုသည့် အသန့်ကြိုက်မ၊ ဇီဇာကြောင်မလေးကိုမှ အသည်းအသန်ချစ်ကြ ကြိုက်ကြ လိုက်ကြသူတွေ ထဲတွင် ဇွဲဆုပေးရမည့်  ပုဂ္ဂိုလ်နှစ် ယောက် ကတော့ မင်းဘူးသားသက်ထွေး နှင့် အောင်လံသားကျော်စိုးတို့ပဲ ဖြစ်ကြသည်။
သူတို့နှစ် ယောက် က တစ်ယောက် ကို တစ်ယောက် အလစ်မပေးဘဲ ပျိုပျိုခင်အပါး အနီးဆုံးချဉ်း ကပ်နိုင်ဖို့ အမြဲတမ်းချောင်းမြောင်းနေသူတွေ ဖြစ်သည်။
“ဟိတ် - ပျိုလေး … ခဏလောက် တို့ကိုစကားပြောခွင့်ပြုပါ”
ပျိုပျိုခင် အင်းလျားကန်ဘောင်ကို လမ်းလျောက်ထွက်မည် ကြံရုံရှိသေးသည်။ ဘယ်အချိန်က တည်းကချောင်းနေမှန်းမသိရအောင် အနားကိုလှစ်ခနဲရောက်လာသော ကျော်စိုးကိုတွေ့ ရသည်။
အနားလာရပ်ပြီး အသားကုန်ပြုံးပြထားသော ကျော်စိုး ငါးခူမျက်နှာကို တစ်ချက်ကြည့်ပြီး ပျိုပျိုခင်စိတ်ပိန်သွားလျှက် ခေါင်းကုတ်လိုက်မိသည်။
“ဟင် - ဒုက္ခပါဘဲ”
“သြော် - တွေ့ ချင်မြင်ချင်လွန်းလို့် တကူးတကရောက်လာတဲ့သူကို အမောဆို့ရအောင် စိမ်း ကားတဲ့စကားလုံးတွေ သုံးပြီး ဥပေက္ခာတံတိုင်းကြီး မကာရံလိုက်ချင်စမ်းပါနဲ့လား ပျိုလေးရယ် … ဒီက ကောင် ခံစားရလွန်းလို့ပါ”
ကဗျာကြောင် စာကြောင်ဒိုင်တွေ ခင်းပြီး ထုံးစံအတိုင်း ရင်ဖွင့်မြားတွေ တရစပ်ပစ်လွှတ်တော့မည့်  ကဗျာရူးစာရူးရုံသာမက အချစ်ပါရူးနေပြီ ဖြစ်သည့် ကျော်စိုးရန်မှ လွတ်ရာလွတ်ကြောင်း လမ်းစကို ထုံးစံအတိုင်း ပျိုပျိုခင်ရှာဖို့ကြံရပြန်သည်။
ကြံရပါများ လွန်းလို့ အသစ်တွေ သိပ်ပြီးထပ်မထွက်ချင်တော့။
ထိုအချိန်မှာ ပင် ကံကောင်းထောက်မစွာ လို့ ဆိုရမည် လား ကံနှစ် ထပ်ဆိုးကိန်း ဆိုက်သည်လို့ပဲ ပြောရမည် လားမသိ။
“ဟိတ် - ကောင်မလေးကိုလွှတ်လိုက်”
ဆိုသော ခေတ်ဟောင်းရုပ်ရှင်ဇာတ်ကားများ ထဲမှ ကယ်တင်ရှင်ဇာတ်လိုက်မင်းသား၏ မာန်ပါပါ အော်ဟစ်ဟန့်တားသံနှင့် အတူ ဘယ်ကဘယ်လိုထွက်ပေါ်လာသည်မသိဘဲ ထွက်ပေါ်လာသော သက်ထွေးကိုတွေ့ ရလေသည်။
ပျိုပျိုခင်လည်း
“ဘုရားရေ”
ဟုသာ ဘုရားတမိရင်း ရင်ဘတ်ကိုဖိလိုက်မိသည်။
ရုတ်တရက် ဟိန်းခနဲထွက်ပေါ်လာသော သက်ထွေးအသံကြောင့် ကျော်စိုးလည်း ယောင်ပေါင် ပြီး
“ဟုတ် .. ဟုတ်ကဲ့”
ဟူ၍ လက်မြှော က်ခြေမြှော က်ပြု၍ နောက်သို့ သုံးလေးလှမ်းခန့် ခုန်ထွက်မိလေသည်။
ဒါကိုကြည့်ပြီး သက်ထွေးအားရရောင့် တက်သွားဟန်တူပါသည်။ ချက်ချင်း ဆိုသလို ပျိုပျိုခင် နံဘေးမှာ ယှဉ်ရပ်လိုက်ရင်း ဓာတ်ရှင်လူစွမ်းကောင်းစကားကို ဆိုလေသည်။
“ပျိုပျိုခင် ဘာမှမကြောက်နဲ့သိလား … ပျိုပျိုခင်ရှေ့မှာ ဒိုင်းတစ်ခုလိုကာကွယ်ပေးသွားမယ် သိလား”
“ဟုတ်ကဲ့ - ကျေးဇူးပါ … အဲ - မဟုတ်သေးပါဘူး … ဒီမယ် ကိုသက်ထွေး …. ရှင်က ကျွန်မရှေ့ကနေ ဒိုင်းတစ်ခုလို ကာကွယ်ပေးရအောင် ရှင်နဲ့ကျွန်မဘာဆိုင်လို့လဲ”
“အဟင်း - ဒါ ကတော့ … အဟင်း”
ပျိုပျိုခင်၏ တုံ့ပြန်စကားကြောင့် သက်ထွေးသည် ဘာပြန်ပြောရမှန်းမသိဘဲ ကြောင်အမ်းသွားရသည်၊ ပြီးမှ ကျော်စိုးကို လက်ညွှန်ပြရင်း
“အဲ - ဟို .. ဟိုမှာ လေ … ဟိုကောင် ကျော်စိုး … ပျိုပျိုခင်ကိုနှောင့်ယှက်နေတယ်လေ … အဲဒါကြောင့် တို့ကကူညီပေးချင်လို့ အချိန်မီရောက်လာတာ … အဲဒါပြောတာ အဲဒါ .. အဟဲ”
“တကယ်တော့ ရှင်အခုလိုရောက်လာတာလည်း ကျွန်မကို နှောင့်ယှက်တာပါပဲ … ဘာမှမထူး ဘူး”
သက်ထွေးကို ကျေးဇူးတင်စကားမဆိုဘဲ အပြစ်ပြောဖို့စကားဆိုသည်နှင့် ကျော်စိုးလည်း ကိုယ့်ဘက်ကိုယ်ယက်အတွေးပေါက်လျှက် အားတက်သွားရလေသည်။
“ဟုတ်တယ် .. ဟုတ်တယ် … ပျိုလေးပြောတာ မှန်တယ် … တကယ်တော့ ဒီကောင်က ကိုယ် တို့နှစ် ယောက် အေးဆေးစကားပြောနေတဲ့ဟာကို သက်သက်လာနှောင့်ယှက်တာပဲ … နော် နော် … ဟုတ်တယ်နော် ပျိုလေးနော်”
သို့ သော် သက်ထွေး ကတော့ ပြိုင်ဘက်ကို အထင်ကြီးလေ့မရှိသူပီပီ
“ဟေ့ကောင် - ငကြောင် … ပျိုပျိုခင်ပြောတာကို မင်းဘာသာမင်း တွေးချင်ရာယူတွေးပြီး အရူး ထမနေနဲ့ … တကယ်တော့ ပျိုပျိုခင်အတွက် မင်းကမှ တကယ့်အနှောင့်အယှက်ကောင်ကွ သိလား”
“အောင်မာ - ငပေါကများ တစ်ပြန်ကြီးပြောရတယ်ရှိသေးတယ် … ဒီမယ် - ဒီနေ့ ဒီနေရာမှာ တစ်ခါတည်းရှင်းအောင်ပြောလိုက်မယ် … မင်း ပျိုလေးနား တောက်တဲ့ကပ်သလို လိုက်ကပ်ဖို့ ကြိုးစား နေတာကို ပျိုလေးကလည်း လုံးဝသဘောမကျသလို ငါလည်း နည်းနည်း မှကြည့်မရဘူးကွ သိလား”
“အေး - မင်းလိုပဲပေါ့ကွ ကျော်စိုးရ … မင်း ပျိုပျိုခင်နားမှာ ကပ်ပါးကောင်တစ်ကောင်လို အသေရရအရှင်ရရ လိုက်ပြီးတွယ်ကပ်ဖို့ကြိုးစားနေတာကို ခင်လေးကလည်း လုံးဝဆိုလုံးဝမကြည်ဖြူ သလို ငါ့မျက်စိထဲမှာ လည်း ခရော့စ် ဖြစ်နေတယ် ရှင်းလား”
“အောင်မယ် - အဲဒီ တော့ မင်းကဘာလုပ်ချင်သလဲ ပြောစမ်းပါ … သက်ထွေးက သွေးမနည်း ဘူးကွနော်”
“အေး - ကျော်စိုးတို့ကလည်း မျက်မှန်မှာ တင် ပါဝါတင်ထားတာမဟုတ်ဘူး … လက်သီးမှာ လည်း ပါဝါတင်ထားပြီးသားပဲ”
အခြေနေက ထင်မထားဘဲ ခိုက်ရန် ဖြစ်ပွားတော့မည့်  အသွင်ဆောင်လာသဖြင့် ပျိုပျိုခင်လည်း စိုးရိမ်ထိတ်လန့်သွားရသည်။သူမကြောင့် ယောကျာ်းလေးနှစ် ယောက် ထိုးကြကြိတ်ကြသည့် သတင်းသာ ပြန့် သွားပါက မျက်နှာ ဘယ်နားသွားဝှက်ထားရမှန်း မသိအောင်ကို ရှက်ဖို့ကောင်းလိုက်မည့်  ဖြစ် ခြင်း။ ထို့ကြောင့် အလိမ္မာသုံးကာ ဖြေရှင်းရသည်။
“ဒီမယ် ဒီမယ် .. နေကြပါဦး … ကိုကျော်စိုးနဲ့ ကိုသက်ထွေးရယ် … အဲသလို စိတ်လိုက်မာန်ပါ မလုပ်လိုက်ကြပါနဲ့ … ကျွန်မဘက်ကိုလည်း ထည့်တွက်ပေးကြစမ်းပါဦး”
“မရဘူး … မဆွဲနဲ့တော့ ပျိုလေး … ကိုယ်နဲ့ဒီကောင်နဲ့က တစ်ကွေ့မဟုတ်တစ်ကွေ့ ဒီလိုမျိုး ဖြေရှင်းရမယ့်အတူတူ အခုတစ်လက်စတည်းဖြေရှင်းလိုက်တာ အကောင်းဆုံးပဲ”
“ဟုတ်တယ် … ပျိုပျိုခင် အသာနောက်ဆုတ်ကြည့်နေ … ဒီပွဲက တို့နှစ် ယောက် ထဲက တစ်ယောက် မရှိမှပဲ အေးမှာ ”
“ကောင်းပြီလေ … ဒါဆိုလည်း ဒီလိုဆုံးဖြတ်လိုက်ကြရအောင် … ရှင်တို့နှစ် ယောက် ထဲက တစ်
ယောက် ကို ကျွန်မရွေးချယ်မယ်ဆိုရင် ကျန် တစ်ယောက် နားလည်မှု အပြည့်ပေးပြီး မနှောင့်ယှက်တော့ ဘူးမဟုတ်လား”
“အင်း - ဟုတ်တယ် .. ဟုတ်တယ် … အဲဒီ အတိုင်းပဲ”
“သေချာတာပေါ့ … ဒါမျိုးပဲ ဖြစ်ရမှာ ပေါ့”
ပျိုပျိုခင်၏ နှစ် ယောက် ထဲက တစ်ယောက် ရွေးချယ်တော့မည် ဆိုသော စကားကြောင့် ကျော်စိုး နှင့် သက်ထွေးတို့ မျှော်လင့်ချက်ကိုယ်စီဖြင့် စိတ်လှုပ်ရှားတက်ကြွလာကြသည်။ ရင်ခုန်သံတွေ လည်း အပြိုင်အဆိုင်မြန်လာကြရသည်။
ပျိုပျိုခင် အဓိပာယ်ပါပါတစ်ချက်ပြုံးလိုက်ပြီးနောက်
“ဟုတ်ပြီလေ .. ဒါဆိုရင် ကျွန်မတို့သုံးယောက် စလုံးအတွက် မျှတတဲ့အဖြေရရှိဖို့အတွက် ဒီလို ဆုံးဖြတ်ကြတာပေါ့”
“ဘယ် .. ဘယ်လိုဆုံးဖြတ်မှာ လဲဟင်”
“တခြားခက်ခက်ခဲခဲကိစ္စတော့ မဟုတ်ပါဘူး … အခု ကျွန်မတို့သုံးယောက် တစ်ခုခုသွားစားကြ ရအောင်”
“စားလေ … ကိုယ်ကျွေးမှာ ပေါ့”
“မဟုတ်တာနော် ပျိုလေး … ဒီနေ့ ပျိုလေးစားသမျှသောက်သမျှ ကိုယ်ဒကာခံမယ်နော်”
“သြော် - နေပါဦးလေ .. မလောကြပါနဲ့ဦး … ဒီနေ့တော့ သဒ္ဒါစိတ်ပေါက်နေတဲ့အတွက် ကျွန်မ ရဲ့ အထူးဧည့်သည်တော် များ ကျွန်မကပဲဖိတ်ကြားကျွေးမွေးပါ့မယ်”
“အို - ဒီအခွင့်အရေး မျိုးကိုငြင်းရင် မိုက်မဲရာကျမှာ ပေါ့”
“ပျိုလေးရဲ့ ဖိတ်ကြားမှု ကို ဝမ်းသာဂုဏ်ယူစွာ နဲ့ လက်ခံပါတယ်ဗျာ”
“ကောင်းပါပြီရှင် - ဒါဆိုလည်း သွားလိုက်ကြရအောင်”
ပျိုပျိုခင် စကားကိုဖြတ်လိုက်ပြီးနောက် ပြုံးပြပြီး ရှေ့မှထွက်ခွာသွားလေရာ ကျော်စိုးနှင့် သက်ထွေးတို့လည်း တစ်ယောက် ကို တစ်ယောက် ဗိုလ်လုပွဲရောက်ပြိုင်ဘက်ချင်း ကြည့်သော အကြည့်ဖြင့် ပေစောင်းစောင်းကြည့်ပြီး ပျိုပျိုခင်နောက် တက်ကြွစွာ လိုက်ပါသွားကြလေသည်။
ပျိုပျိုခင် စားသောက်ဆိုင်ထဲရောက်၍ နေရာယူလိုက်သည်နှင့် ကျော်စိုးနှင့် သက်ထွေးသည် လည်း ပျိုပျိုခင်၏ တစ်ဖက်တစ်ချက်တွင် ခပ်တည်တည်ဝင်ထိုင်ကာ နေရာဝင်ယူကြလေသည်။
သူမနှင့် အတူ ထမင်းလက်ဆုံစားခွင့်ရသဖြင့် တက်ကြွနေသော ကျော်စိုးနှင့် သက်ထွေးကို ကြည့်ပြီးနောက် ပျိုပျိုခင်လည်း စားပွဲထိုးလေးအား ထမင်းနှင့် ဟင်းများ မှာ လေသည်။
“ကဲ - ကျွန်မတော့မှာ ပြီးပြီ … ရှင်တို့နှစ် ယောက် လည်း ကြိုက်သလိုမှာ ကြပါ … ပဲမများ ကြနဲ့
နော် … ပွင့်ပွင့်လင်းလင်းပဲ ကိုယ်စားချင်တာမှာ စားကြ … ကျွန်မက အဲဒါမျိုးပဲသဘောကျတာ”
ကျော်စိုးနှင့် သက်ထွေးတို့ကလည်း ပျိုပျိုခင်စကားဆုံးသည်နှင့် သူတို့နှစ်သက် ရာ ဟင်းများ ကို မှာ ပြီး ပျိုပျိုခင်နှင့် ထမ်းလက်ဆုံ စားပွဲကိုဆင်နွှဲကြလေသည်။
ပြီး အကြောင်းမရှိအကြောင်းရှာ စကားကိုအလုအယက်ပြောကြသည်။
ပျိုပျိုခင်ကအလိုက်သင့်ပြုံးပြလိုက်၊ ခေါင်းညိတ်လိုက် လုပ်ပြရုံကလွဲပြီး စကားသိပ်မပြော။ ကျော်စိုးနှင့် သက်ထွေးတို့ကိုသာ အကဲခတ်သလိုကြည့်နေလေသည်။
စားသောက်ပြီးသည်နှင့် ပျိုပျိုခင်က ကျော်စိုးကိုစူးစိုက်ကြည့်ပြီး
“ကိုကျော်စိုး”
“ဟင် - ပျိုလေး ဘာလဲ … ပြောလေ … ဘာပြောချင်လို့လဲ”
“အင်း - ကျွန်မအမြင်ကိုပြောရရင်တော့ ကိုသက်ထွေးနဲ့ကိုကျော်စိုးမှာ ကိုသက်ထွေးက ကျန်းမာရေး အသိအများ ကြီးရှိတယ်လို့ ကျွန်မထင်တယ်”
“ဟင် - ဘာ .. ဘာ ဖြစ်လို့လဲ”
ပျိုလေးနှင့် အတူ ထမင်းလက်ဆုံစားခွင့်ရသည့်ပွဲတွင် အမှတ်အလျော့ခံရသည့်အတွက် ကျော်စိုးပျာပျာသလဲ ဖြစ်သွားရသည်။
အမှတ်ပေးခံရသည့်သက်ထွေး ကတော့ အပျော်လွန်ပြီး အင်္ကျီကော်လာကို ဟန်ပါပါဆွဲနေလေသည်။
ပျိုပျိုခင် ကျော်စိုးကို ခပ်တည်တည်ကြည့်ပြီး လိုရင်းကိုပြောလေသည်။
“ဒီမယ် ကိုကျော်စိုး … ကျွန်မ ရှင်တို့နှစ် ယောက် နဲ့အတူ ထမင်းစားတယ်ဆိုတာ အလကားစား တာမဟုတ်ပါဘူး … ရှင်တို့နှစ် ယောက် ကို အကဲခတ်ချင်လို့ပါ … ပြောရရင် ကျွန်မကိုစိတ်ဝင်စားကြတဲ့ အထဲမှာ ရှင်တို့နှစ် ယောက် က ဇွဲအရှိဆုံးလည်း ဖြစ်သလို ကျန်တဲ့သူတွေ ထက်လည်း အပြောအဆို အနေအထိုင် ပိုပြီးသန့်ပြန့်ပါတယ် … ဒါကြောင့် ကျွန်မလည်း ရှင်တို့နှစ် ယောက် ထဲက ဘယ်သူ့ကို အခွင့်အရေး ပေးရမယ်ဆိုတာ စဉ်းစားရ တော် တော် ကျပ်ပါတယ်”
ပျိုပျိုခင် စကားကိုခေတ္တရပ်ပြီးနောက် ကျော်စိုးနှင့် သက်ထွေးကို တစ်လှည့်စီကြည့်၏ ။ နှစ် ယောက် စလုံး အသက်ရှုမှားမတတ် စိတ်ဝင်တစားနားထောင်နေကြသည်ကိုတွေ့ ရသည်။
ပျိုပျိုခင် စကားကိုဆက်သည်။
“ဒီလိုအခြေအနေမျိုးမှာ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့တော့ ကျွန်မရှင်တို့နှစ် ယောက် စလုံးနဲ့ ထမင်းလက်ဆုံစားရင်း အနီးကပ်အကဲခတ်ခွင့်ရလိုက်ပါတယ် … အဲဒီ မှာ ကိုကျော်စိုးက ကျန်းမာရေး အမြင်အတော် နည်းတာကိုတွေ့ ရတယ် … မှာ လိုက်တာများ ဝက်သားလို အဆီအဆိမ့်များ တဲ့ဟင်းကိုမှ ရွေးမှာ ပြီး အဆီအခေါက်တွေ ကို မက်မက်စက်စက်စားနိုင်တာများ အံ့ပါရဲ့ … နောက်ပြီး တက်စာ ဖြစ် တဲ့ ဒညင်းသီးလိုဟာမျိုးတွေ ကို နှစ် နှစ် ခြိုက်ခြိုက်တို့စားတာတွေ … ပြောရရင်တော့ အများ ကြီးပါပဲ … အဲ - ကိုသက်ထွေး ကတော့ အဆီအဆိမ့်မပါတဲ့ ငါးဟင်းလိုဟာမျိုး … တို့စရာဆိုလည်း တက်စာတွေ ကိုရှောင်တယ်”
“ဒါ … ဒါ ကတော့ …”
“နေဦး … ဒီ့ထက် အရေး ကြီးတာရှိသေးတယ် … တကယ်ဆို ကိုယ်စားမယ့်သောက်မယ့်ဇွန်း တို့ ခက်ရင်းတို့ဆိုတာ ကိုယ်တိုင်ရေနွေးနဲ့ဆေးပြီး တစ်ရှုးတို့၊ လက်သုတ်ပဝါသန့်သန့်တို့နဲ့ သေချာ သုတ်ပြီးမှ စားသင့်တာပေါ့ … ပြီးတော့ ဟင်းချိုယူသောက်တဲ့အခါမှာ လည်း ဟင်းချိုခွက်ထဲမှာ ထည့် ထားတဲ့ဇွန်းနဲ့ပဲ တစ်ခါတည်းယူသောက်မယ့်အစား ကိုယ်ထမင်းစားတဲ့ဇွန်းထဲကို တစ်ဆင့်ထည့်ပြီးမှ သောက်သင့်ပါတယ် … ကိုယ့်ပါးစပ်ထဲရောက်ပြီးသားဇွန်းကို အများ သုံးဆောင်နေကြတဲ့ ဟင်းခွက်ထဲ ပြန်ထည့်တာ ဘယ်လိုမှ မသင့်တော် ပါဘူး”
“သြော် - ဟုတ်ကဲ့ .. ဟုတ်ကဲ့”
“နောက်ပြီး ထမင်းစားရင်းစကားပြောတာလည်း မ ဖြစ်သင့်ဘူး ထင်ပါတယ် … နောက်ပြီး ကိုယ်စားနေတဲ့ခက်ရင်းနဲ့ တို့စရာတွေ ကိုထိုးပြီး အများ သုံးငါးပိရည်ခွက်ထဲ လှမ်းထည့်ပြီးမှ ယူစားတာလည်း ကျန်တဲ့လူတွေ အဖို့ ယူစားရမှာ မသိုးမသန့် ဖြစ်စေတဲ့အတွက် ဆင်ခြင်သင့်ပါတယ်”
“သြော် - ဟုတ်ကဲ့ .. ဟုတ်ကဲ့ .. ဟုတ်ကဲ့ .. ဟုတ်ကဲ့”
“နောက်ပြီး ထမင်းစားပြီးလို့ အချိုပွဲသုံးဆောင်တဲ့အခါမှာ လည်း ကိုကျော်စိုးက မလိုင်ကိုတော် တော် နှစ် နှစ် ခြိုက်ခြိုက်စားတာတွေ့ ရတယ် … ဒီပုံအတိုင်းဆိုရင် ကိုကျော်စိုးက အဆီအဆိမ့်တင်မကဘူး … အချိုလည်းတော် တော် ကြိုက်ပုံရတယ် … အိမ်မှာ လည်း ဒီလိုစားနေကြထင်တယ် ဟုတ်လား … ဒါဆို ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါ ထူပြီး သက်တမ်းစေ့နေရကိန်းမမြင်ဘူး”
“တော် တော် … ဆက်မပြောနဲ့တော့ … ဆက်ပြောရင် မင်းပါးစပ်က အပြစ်ပေါင်းစုံထွက်လာဦး မယ်ဆိုတာ ငါသိတယ်”
“သြော် - ကျွန်မပြောတာ အဲဒီ သဘောမဟုတ်ပါဘူး .. အမှတ်တမဲ့ ပြုမူနေထိုင်စားသောက်နေပုံတွေ ကို သတိမူမိစေချင်လို့ စေတနာနဲ့ …”
“ရပါပြီ ရပါပြီ … စေတနာတွေ က ဝေဒနာတွေ ပြောမနေနဲ့တော့ … တကယ်တော့ မင်းကရုပ် ကလေးလှသလောက် အင်မတန်ဇီဇာကြောင်တဲ့ အူကြောင်ဂေါက်မလေးဆိုတာ မထင်မှတ်ဘဲသိလိုက် ရတဲ့အတွက် မင်းကိုငါကပြန်ပြီးကျေးဇူးတင်ပါသေးတယ် … နောက်ကိုလည်း ဘယ်တော့မှ ငါ့မျက်နှာ ကိုလည်း မင်းမတွေ့ စေရဘူး … မင်းမျက်နှာကိုလည်း ငါဘယ်တော့မှမတွေ့ ချင်တော့ပါဘူး … မင်းတင်မကဘူး … မင်းနဲ့အတူတွဲ ပြီး တွေ့ ရတဲ့လူမှန်သမျှဟာလည်း မင်းလိုပဲ အူကြောင် ဂေါက်တွေ ချည်းပဲဆိုတာ ငါသဘောပေါက်သွားပြီ … သွားပြီ တာ့ တာ”
“ကြွ … ကြွ”
“အေး - ဟုတ်တယ် … ကြွ ကြွ … အဲ - ဒီကောင်သွားတာတောင် ရိုးရိုးမသွားဘူး … ငါ့ကိုအ သားလွတ်ကစ်သွားသေးတယ် ကြည့်စမ်း … ရပါတယ် … ကစ်ပလေ့စေ … မနာလိုလို့ပြောတဲ့ဟာပဲ ဟာပဲ ..နော့”
သက်ထွေး ကတော့ သူ့ကို ပျိုပျိုခင်ကရွေးချယ်လိုက်ပြီဆိုပြီး ဝမ်းသာအားရ ဖြစ်သွားကာ စကား ရောဖောရေဖြင့် ပျိုပျိုခင်၏ လက်ကို လှမ်းဆုပ်ကိုင်လိုက်လေသည်။ ပျိုပျိုခင်လည်း
“အို”
ဆိုပြီး လက်ကိုဆတ်ခနဲဆွဲရုတ်လိုက်သည်။
ထို့နောက် မျက်စိပျက်မျက်နှာပျက်ဖြင့် ပိုက်ဆံအိတ်ကိုဖွင့်ပြီး ပိုက်ဆံအိတ်ထဲမှ အရက်ပြန်ကဲ့ သို့ သော အရေပြားလူးပိုးသတ်ဆေး (Hand Gel) ကို အရေး တကြီး ဆွဲထုတ်လေသည်။ ထို့နောက် သက်ထွေးကိုင်ထားသော လက်ဖမိုးနှစ် ဖက်ကို ဖြန်းပြီး ပွတ်သပ်လိုက်လေသည်။
သက်ထွေးလည်း ပျိုပျိုခင်၏ အပြုအမူကိုကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ရှက် လည်းရှက်သွားရသည်။ ထို့ကြောင့် နေရာမှဆက်ခနဲထပြီး
“ပျိုပျိုခင် - မင်းက ဟိုကောင်ကျော်စိုးပြောသွားတဲ့အတိုင်း တကယ့်ကိုဇီဇာကြောင်တဲ့ အူကြောင်ဂေါက်မပဲကွ … အေး - ဒါကြောင့် ငါကလည်း မင်းကိုကျော်စိုးပြောသလိုပဲ ပြောလိုက်တော့မယ် … အရင်က မင်းအကြောင်းကိုမသိလို့မင်းကိုချစ်ခဲ့မိတာ … ဒီနေ့တော့ မင်းအကြောင်းကို မင်း ကိုယ်တိုင်ပြောပြလိုက်လို့သိသွားပြီ … ကျေးဇူးပဲ … နောက်ကို ငါ့မျက်ကိုလည်း မင်းမတွေ့ စေရဘူး … မင်းမျက်နှာကိုလည်း ငါမတွေ့ ချင်တော့ဘူး … ဒီပုံမျိုးနဲ့ မင်းဘယ်တော့မှယောကျာ်းရမှာ မဟုတ်ဘူး … အေး - ရရင်လည်း အဲဒီ ယောက်ျားဟာ မင်းလိုပဲ အူကြောင်ဂေါက်ပဲဆိုတာ ငါသဘောပေါက်သွားပြီ … သွားပြီ တာ့တာ”
ဟူ၍ နာကျည်းစွ ပြောဆိုပြီး နေရာမှထွက်ခွာသွာလေသည်။
“သွားပေါ့ သွားပေါ့ … ကျွန်မကလည်း ရှင်တို့အကြောင်းတွေ သိလိုက်ရလို့ ရှင်တို့ကိုကျေးဇူး တင်တာမှ တင်တင်တင်တင်နဲ့တောင် နေနေသေးတယ် … ဟွန့်”
ဘာပဲပြောပြော ပျိုပျိုခင် ကတော့ ထိုနေ့အဖိုမှာ တော့ သူ့အတွက် ခလုတ်နှစ် ခုကို တစ်ခါတည်း ရှင်းပြီး ဖြစ်သလို ထိုသတင်းကိုလည်း တစ်မုဟုတ်ချင်း တစ်ကျောင်းလုံးသို့ ပျံ့နှံ့သွားလေသည်။
ပြီးတော့ ထိုမှစ၍ ပျိုပျိုခင်သည်လည်း အပျိုကြီး ဖြစ်ဖို့ သေချာခဲ့သည်သာ ဖြစ်သည်။
ကျောင်းပြီးသည့်အခါ ဆေးကုမဏီမှာ မန်နေဂျာ ဖြစ်သွားလေသည်။ နောင်သော အခါ ဇီဇာ ကြောင်တာကိုအကြောင်းပြု၍ ကမ္ဘာ့ဖလားတွင် နာမည် ကျော်ခဲ့သော နှဲနာမည် အတိုင်း ဗူဗူဇီလာဟု တွင် လေသည်။
![]() ဗီးနပ်စ်ရဲ့ ကကြိုးသစ် | ![]() ပို့ စ်မော်ဒန်ပုံပြင်များ | ![]() ငွေလမင်းရဲ့ အနီးဆုံးလူ |