Cover

အခန်း (၁)

ကျောင်းဖယ်ရီကားပေါ်တွင် ရှိကြကုန်သော ကျောင်းသူအပေါင်းတို့သည် ကျောင်းသား တစ်ယောက် ၏ မူမမှန်သော အပြုအမူကြောင့် မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကြောက်ရွံ့ နေကြသည်။

“ရွှတ်…ရွှတ်”

ထိုကျောင်းသားက ခဲတံချွန်ဒါးဖြင့် ခဲတံကို ချွန်နေရာ၌ ခဲတံအသားကို ဓားဖြင့် လှီးဖြတ်ပြီး တိုင်း ပါးစပ်မှလည်း “ရွှတ်…ရွှတ်” ဆိုပြီးအသံထွက်လာသည်။ ထို့ပြင် ဓားကိုခဲတံထိပ်ဖျားထက် ကျော်လွန်ပြီး လက်ကို လွှဲလွှဲနေသည်မှာ အသည်းထိတ်စရာကောင်းသည်။ လူကသာ ခဲတံချွှန်နေတာ စိတ်က တရုတ်သိုင်းကားထဲ ရောက်နေသည်လား မသိ။ ပြီးတော့ တစ်ချိန်လုံးပြုံးထားသေးသည်။ ထို့ကြောင့် သူ့အနီးဝန်းကျင်မှာ မည် သည့်ကျောင်းသူမှ မထိုင်ရဲဘဲ သူနှင့် လှမ်းရာမှာ သွားထိုင်ကြရင်း အဆင်ပြေသလို စီးသွားကြရသည်။

“ဟဲ့…. အဲဒီ တစ်ယောက် ကို အရင်ကမမြင်ဖူးပါဘူး သူကဘယ်ကလဲ ကြည့်ရတာ သိပ်မဟန် သလိုဘဲနော်”

ဖယ်ရီကား၏ နောက်ဆုံးခုံတန်းတွင် ထိုင်နေ သော ငွေလမင်းက ဘေးမှဖယ်ရီစီးဖော် တစ်ဦးကို လေသံဖြင့် မေးမြန်း စုံစမ်းကြည့်၏ ။

“နည်းနည်း ဖောက်နေလို့ သူ့အိမ်ကိုပြန်လိုက်ပို့တာလို့ သူနဲ့ပါလာတဲ့ ကျောင်းသားနှစ် ယောက် က ကားဆရာကြီးကို ပြောနေတာတော့ ကြားလိုက်တယ်”

“ဟယ်…. ဒုက္ခပါပဲ”

ငွေလမင်း မျက်နှာလေးရှုံ့မဲ့လျက် ညည်းညူလိုက်ပြီးထိုကျောင်းသားကို လှမ်းကြည့်မိပြန်သည်။ သူ့ကို ထိန်းကျောင်းပြီး အိမ်ပြန်ပို့ရန် ပါလာသော ကျောင်းသားနှစ် ဦးက ဖယ်ရီပေါ်ရှိ ကျောင်းသူများ ကို အားနာပြုံး ပြုံးပြလျက် တောင်းပန်ကြောင်းပြသည်။ ကျောင်းသူများ မှာ နားလည်ကြောင်း ခေါင်းညိတ်ပြရသော်လည်း ကိုယ်စီကြောက်စိတ်တော့ ရှိနေကြသည်။သည် နေ့မှာ မှ တိုက်တိုက်ဆိုင်ဆိုင် ငွေလမင်းအိမ်က ကားမရှိ၍ ကျောင်းဖယ်ရီကား စီးပြန်မိသည်။ ယခင်က သည်ကျောင်းသားကို ဤဖယ်ရီကားစီးတာ မမြင်ဘူးဟု ဆိုကြသည်။

“ရွှတ် ရွှတ်”

ခဲတံချွန်လို့ပဲ မပြီးနိုင်သော ကျောင်းသားဆီ၌ သာ အားလုံး၏ မျက်လုံးများ က ရောက်နေကြသည်။ ထိုကျောင်းသားက ချွန်နေပြီးသော ခဲတံကို ကြည့်လိုက်၊ မကျေနပ်သေးသဖြင့် ဆက်ချွန်လိုက်လုပ်နေသည်။ ခဲတံချွန်တာက ပြဿနာ မဟုတ်သော်လည်း ခဲတံချွန်ဓားကို ကိုင်ထားသော လက်ကို တစ်ဖြောင့်တည်း ဖြစ်အောင် ဆန့်ဆန့် ထုတ်လာသည်က ဆိုးသည်။

သူ့ရှေ့မှာ ထိုင်နေသော ကျောင်းသူများ လည်း သူ့ဓားနှင့်ထိခိုက်လေမိမလား အသည်းယားလျက် သူ့ရှေ့မှာ မထိုင်ရဲတော့ဘဲ သူနှင့်ဝေးရာပြေြး ကတော့သည်။ ဒါကိုပင် သူသဘောကျဟန်ဖြင့် မိန့်မိန့်ကြီးပြုံးလျက် လူမရှိတော့သော ရှေ့ခုံပေါ်ခြေနှစ် ချောင်းတင်ပြီး ဒူးနန့်နေ၏ ။

“ကဲ သူငယ်ချင်း ဒီလောက်ဆိုရင်ရပါပြီ၊ ခဲတံလည်းအတော် ချွန်နေပါပြီကွာ” သူ၏ သူငယ်ချင်းတစ်ဦးက နှစ် သိမ့်စကားပြောပြီး သူ့လက်ထဲမှ ခဲတံနှင့်ဓားကိုယူသိမ်း၏ ။ သည်လိုဆိုတော့လည်း သူကအဟုတ်သားရယ်၊ သူငယ်ချင်း ဖြစ်သူ၏ စကားကိုနားထောင် ခေါင်းညိတ်ပြီး ဓားကို ရှောရှောရှူရှူပေး၏ ။ ခဲတံချွန်စရာမရှိတော့ အားလပ်သွားသော လက်နှစ် ဖက်ကို ထိုင်ခုံနောက်မှီပေါ် ဟန်ပါပါတင်၏ ။

ငွေလမင်းနှင့်တကွ ဖယ်ရီကားပေါ်ရှိ ကျောင်းသူအားလုံး သူ့ကို မကျေမနပ်စိတ်ဖြင့် မျက်စောင့်ထိုးလိုက်ကြသည်။

ဟုတ်လည်းဟုတ်ပါရဲ့ ။ မိန်းကလေးတွေ မှာ တော့ သူ့ကို ကြောက်ပြီးသူနှင့်ဝေးရာမှာ အဆင်ပြေသလို ထိုင်ကြရသည်။သို့ သော် ကြည့်ရသည်မှာ ရော ထိုင်ရသည်မှာ ပါ ဘယ်လိုမှ အဆင်မပြေပါ။ နှစ် ယောက် တွဲ သုံးယောက် တွဲထိုင်ခုံတွေ မှာ လေးငါးခြောက်ယောက် ပူးကပ်ညပ် ပြီး ထိုင်နေကြသည်။တချို့ ခင်ရာမင်ရာ သူငယ်ချင်းတွေ ၏ ပေါင်ပေါ်မှာ တက်ထိုင် နကြရသည်။ ကားစောင့်ပြီဆိုလျှင် ဒုက္ခများ လိုက်သည့် ဖြစ်ခြင်း။

သို့ သော် မောင်မင်းကြီးသာ ကတော့ အရူးလိုင်စင်ကိုင်ပြီး ဇိမ်ကျနေသည်မှာ ပြောဘဲမ ပြောချင်တော့။ လက်နှစ် ဖက်ကို ထိုင်ခုံနောက်မှီပေါ် ဟန်ပါပါတင်ပြီး ခြေနှစ် ချောင်းကို ရှေ့ထိုင်ခုံပေါ် အကျအနတင်ကာ ဇိမ်ကျနေလေသည်။

“ဟွန်း….ကြည့်ပါဦး၊ သူ ကတော့ ကောင်းစားချင်တိုင်းကောင်းစားနေပြီး တို့မိန်းကလေး တွေ ကျတော့ ဒုက္ခခံနေရတယ်၊ လူမြင်လို့မကောင်းဘူး….ဟင်း….”

မိန်းကလေးများ မကျေမနပ်ဖြင့် တီးတိုးတီးတိုး အတင်းစကားဆိုနေကြစဉ် ပုဂ္ဂိုလ် အကောင်းစားက ရှုတည်မျက်နှာထားဖြင့် လှည့်ကြည့်၍ အားလုံး တွန့်ခနဲ ဖြစ်သွားကြသည်။ မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မ၀ံ့မရဲပြန်ကြည့်ကြရှာသည်။

“အဟဲ….”

“အဟင်း….အဟဲ”

ထိုပုဂ္ဂိုလ်က ရှုတည်တည် မျက်နှာထားကို ပြင်ပြီး အသားလွတ် ရယ်ပြလေရာ မိန်းကလေး အားလုံးလည်း မနေသာဘဲ အလျင်စလို ပြန်ရယ်ပြကြရှာလေသည်။

“ဟင်း….”

“အန်….”

ထိုပုဂ္ဂိုလ် စိတ်လိုလက်ရ ရယ်ပြနေရာမှ ရာသီဥတု ချက်ချင်း ပြောင်းပြီး မျက်စိမျက်နှာ တည်တည်ဖြင့် အားလုံးကို မကြည်သလို ဘုကြည့် ကြည့်ကာ မျက်စောင်းထိုးလေသဖြင့် အားလုံးလည်း ဆက်ပဲရယ်ပြရမလို ရယ်ပြဖို့ မ၀ံ့တော့သလိုဖြင့် မျက်နှာငယ်လေးတွေ နှင့် ဖြစ်ကုန်ကြသည်။

မိန်းကလေးများ ၏ ရိုကျိုးသိမ်မွေ့သော အမူအရာကို တွေ့ ရပါမှပုဂ္ဂိုလ်လည်း ကျေနပ်အားရသွားဟန် ခေါင်းတစ်ညိတ်ညိတ်ပြုပြီး တစ်ဖက်သို့ ပြန်လှည့်သွားသည်။ ထိုအခါမှ အားလုံးလည်း စိတ်သက်သာရာ ရသလို ဖြစ်ပြီး သက်ပြင်းချနိုင်တော့သည်။

ထိုခဏမှပင် ထိုသူကို ထိန်းကျောင်းဖို့လိုက်လာပါသော ကျောင်းသားတစ်ဦးက နောက်လှည့်ပြီး အခြေအနေကိုရှင်းပြသည်။

“သူက စာအရမ်းတော် တာ ဆယ်တန်းမှာ လည်း ဘာသာစုံဂုဏ်ထူးထွက်ရေး ရည်မှန်းချက်နဲ့ မအိပ်မနေ ကြိုးစားလိုက်တာ ဒါနည်းနည်း ထိသွားတယ်”

“သြော်….သြော်”

ညာဘက်နာထင်ကို လက်ညှိုးဖြင့် အသာထောက်ပြီး လေသံနှိမ့်ကာ ပြောပြလိုက်သော ထိုကျောင်းသား၏ စကားကို မိန်းခလေးများ စာနာနားလည်သဘောပေါက်ရင်း ခေါင်းတဆတ်ဆတ် ညိတ်မိကြ၏ ။

“ဒါနဲ့….. ဘာသာစုံဂုဏ်ထူးရောထွက်ရဲ့လား”

ဟူ၍ ကျောင်းသားတစ်ဦးက သိလိုစိတ်ဖြင့် လေသံတိုးတိုးနှင့် ပြန်မေး၏ ။ထိုကျောင်းသားက ခေါင်းခါပြရင်း-

“ဟင့်အင်း…..တစ်ဘာသာမှ ဂုဏ်ထူးမထွက်ရှာပါဘူး၊ စိုးရိမ်လွန်ပြီး လျှမ်းကုန်တယ်နဲ့တူပါတယ်… ဆယ်တန်းကို နှစ်ချင်းပေါက် အောင်တာကပဲ ကံကောင်းတာပဲ၊ ကံကောင်းလှပြီပြောရမယ်နဲ့ တူပါတယ်”

သြော်….သူ့ခမျာ မှန်းချက်နဲ့နှမ်းထွက်မကိုက်လေတော့ ပိုခံစားရပြီး ဒါထိသွားတယ်နဲ့တူမှာ ပေါ့

ညာဘက်နားထင်ကို လက်ညှိုးထောက်ပြီးသုံးသပ် ပြောဆိုသော ကျောင်းသူ တစ်ယောက် ၏ စကားကို အားလုံးက သဘောတူလက်ခံကြောင်း ခေါင်းညိပ်ကြကုန်၏ ။

“ဒါတင် ဘယ်ကဦးမလဲ”

ထိုသနားစရာ ငနဲသားနှင့်အတူပါလာသော အခြားကျောင်းသားတစ်ဦးကလည်း နောက်လှည့်ပြောပြီး စကားဝိုင်းထဲဝင်လာ၏ ။ အားလုံးစိတ်ဝင်စားမှု တွေ ပိုလျက် ထိုကျောင်းသားဆက် ပြောလာမည့် စကားသံကို ဆက်လက်နားစွင့်မိကြသည်။

“ပြီးခဲ့တဲ့ တက္ကသိုလ်ဒုတိယနှစ် စာမေးပွဲတုန်းကလည်း ခရက်ဒစ်နဲ့ အောင်ရမယ်ဆိုပြီး စာကို အလွှတ်ကျက်တာ… သူ့ခမျာ ဂုဏ်ထူးတန်းကို သိပ်တက်ချင်တာကိုး”

“အဲဒီ တော့…..”

“အဲဒီ တော့……ဒီဘက်ကို ဆက်ထိသွားပြန်တာပေါ့”

“သြော်…… ဖြစ်ရပ်လေတယ်၊ သူ့ခမျာ ညာဘက်ရော ဘယ်ဘက်ရော ထိသွားတာကိုး” ဘယ်ဘက်နားထင်ကို ထောက်ပြပြီး ပြောဆိုလာသော အနှီကျောင်းသား၏ စကားကြောင့် အားလုံး စိတ်မကောင်း ဖြစ်ကြရသည်။

အများ နည်းတူ ငွေလမင်းလည်း မနေသာတော့ဘဲသိလိုသည်ကိုဝင်မေးမြန်း၏ ။

“ဒါ…..ဒါပေမယ့်…သူဂုဏ်ထူးတန်းတော့ တက်ခွင့်ရတယ် မဟုတ်လား”

“ဟင့်အင်း…သိပ်သနားစရာကောင်းပါတယ်၊ သူ့ခမျာ ဂုဏ်ထူးတန်းတက်ဖို့ အမှတ်မမီရှာလို့ ကျွန်တော် တို့နဲ့ အတူတူပဲ ရိုးရိုးတန်း တက်နေရရှာတယ်၊ အခုနောက်ဆုံးနှစ် ရောက်တော့ အခြေအနေက နည်းနည်း ပိုဆိုးလာတယ်”

“သြော်…သြော်…”

အားလုံး စာနာ နားလည်စိတ်တွေ ကိုယ်စီ ဖြစ်ပေါ်လျက် ထိုပုဂ္ဂိုလ်၏ နောက်ကျောကို ကရုနာသက်စွာ ကြည့်မိကြသည်။

ထိုအခိုက်မှာ ပင် ထိုပုဂ္ဂိုလ်က ရုတ်တရက် နောက်လှည့်ကြည့်သဖြင့် အားလုံးလန့်ဖျပ်ပြီး ခန္ဓာကိုယ် နောက်သို့ ယိုင်သွားကြ၏ ။

“အဟဲ”

“အဟင်း…အဟဲ….အဟွီး…အဟစ်”

ထိုပုဂ္ဂိုလ်ရယ်သဖြင့် အားလုံးလည်း ကြောက်ကြောက်လန့်လန့် ပြန်ရယ်ပြကြရသည်။

ရှစ်မိုင်လမ်းဆုံသို့ ရောက်သော အခါ ထိုသူနှင့် အဖော်ပါလာသော ကျောင်းသားတစ်ဦးက…

“ဟိုးထား ကားဆရာရေ…ကျွန်တော် တို့ဆင်းမယ်”

ဟု ဆိုသဖြင့် ကားဆရာလည်း စိတ်လက်ပေါ့ပါး သွားသလို ကားကို ချက်ချင်ျးထိုးရပ်ပေး၏ ။

“ကဲ… သူငယ်ချင်း…တို့ဆင်းကြရအောင်”

“အင်း… ဆင်းမယ်… ကောင်းတယ်”

သူ၏ သူငယ်ချင်းနှစ် ယောက် ၏ စကားကိုတော့ နားထောင်ပုံရသည်။ ချက်ချင်း ပင် နေရာမှထ,ကာ ကားတံခါးပေါက်ဆီ လျှောက်သွား၏ ။ ကားပေါ်မှဆင်းမည် ပြင်ပြီး မဆင်းသေးဘဲ အားလုံးကိုလှည့်ကြည့်၏ သူ ဘာများ လုပ်ဦးမှာ လဲဟူ၍ အားလုံး တွေးပူသွားကြသည်။

သို့ သော် ရုတ်ရုတ်သဲသဲ ဘာမျှမလုပ်ပါ။ လောကွတ်ကျေကာ နှုတ်ဆက်ချင်းမျှသာ၊ နှုတ်ဆက်ပုံကလည်း ကြည့်ဦး၊ တင်တင်စီးစီးရယ်။

“အချစ်ဆုံးတို့ရေ…တာ့တာ”

“အင်… အယ်… ဟုတ်… ဟုတ်… တာ့တာ”

တစ်မူးသာသော အရူးကို မကျေနပ်သော လည်း မတတ်သာသည်မို့ အားလုံး အောင့်အီး အောင့်သက်ဖြင့် ပြန်ပြီး လက်ပြနှုတ်ဆက်ကြရသည်။ အရူးကလည်း ပါးသလားတော့ မမေးနဲ့။ သည်လောက်နဲ့ ကျေနပ် ရောင့်ရဲသေးဟန်မတူ။ လက်ကိုပါးစပ်မှာ ကပ်ပြီး ဖလိုင်းကစ်တွေ ပေးနေပြန်သဖြင့် အားလုံးလည်း ဒီငနဲ ကားပေါ်က မြန်မြန်ဆင်းသွားရင် ပြီးရောဟု သဘောထားလျက် ဖလိုင်းကစ် ပြန်ပေးကြရသည်။ သို့ သော် ဟန်လုပ်ပြုံးထားသော မျက်နှာများ က ငိုမဲ့မဲ့ကြီးပုံတွေ ပေါက်နေကြသည်။

ဘာပဲပြောပြော ငနဲသား ကျေနပ်သွားဟန်တူပါသည်။ လက်နှစ် ဖက်ကို ဟန်ပါပါလွှဲပြီး ကားပေါ်မှ ဆင်းသွားလေ၏ ။ ဒါတောင် ငနဲသား စိတ်ရူးပေါက်ပြီး ကားပေါ်ပြန်တက်လာမှာ ကို တွေးပူပါသေးသည်။ ကားဆရာက ကားကိုမောင်းထွက်သွားကာမှ အားလုံးသက်ပြင်းချနိုင်ကြပြီး လစ်လပ်သွားသော နေရာမှာ သွားထိုင်သူတွေ က ထိုင်ကြပြီး ထိုအရူးပါးအကြောင်း အတင်းပြောသူက ပြော ကတော့သည်။

“၀ါး ဟား ဟား ဟား”

ကားမောင်းထွက်သွားကာမှ ရူးနေသည်ဆိုသော ငနဲသားနှင့် အဖော်နှစ် ယောက် တို့လည်း အသံပြဲကြီးတွေ ဖြင့် အားပါးတရ ရယ်ြ ကတော့သည်။

“အာကာ…အာကာ…မင်းတော် တော် သရုပ်ဆောင်ကောင်းတဲ့ ကောင်ပဲ”

“ဟုတ်ပါ့ကွာ… ဒီလောက်တောင် ရူးချင်ယောင်ဆောင်တတ်တဲ့ကောင်… နောင်ကို အရူး ဇာတ်ကားတွေ ဘာတွေ ရိုက်ရင် ပင်ပင်ပန်းပန်း သွားရှာစရာ မလိုတော့ဘူး… အရူးက တို့နားမှာ တင် ရှိနေတာပဲကွ ဟား ဟား ဟား…”

“ဟား ဟား… ဟား ဟား…”

သူငယ်ချင်းသုံးယောက် သဘောကျပြီး တ၀ါးဝါး ရယ်နေကြသည်မှာ ပြီးပဲမပြီးနိုင်တော့။

“ဒီမှာ … မင်းအမည် ကို အာကာမှုးလို့ မခေါ်နဲ့တော့ အာကာအရှုးလို့သာ ပြောင်းလိုက်တော့၊ ဟုတ်ပြီလား… ဟား ဟား ဟား…”

“အောင်မာ…မင်းတို့က အခုတော့လည်း ကျေးဇူးရှင်ကို စော်ကားနေကြပြီပေါ့ ဟုတ်လား၊ င့ါအကြံကောင်းလို့သာ အခုလို သွားလိုရာခရီးကို သက်သာချောင်ချိစွာ နဲ့ အလျင်အမြန် သွားနိုင်တာ မဟုတ်ဘူးလား သေချင်းစိမ်းတွေ ရဲ့ … ဒီဘက်လမ်းကြောင်းအတိုင်း ပြန်တဲ့ဖယ်ရီ ဆိုလို့ ဒီတစ်စီးပဲ နောက်ဆုံးကျန်တာ၊ ဘက်စ်ကားစီးလာရရင် မလွယ်ကြောပဲ”

“မင်းပြောတာ မှန်ပါပေတယ် အာကာဥာဏ်ကြီးရှင်ရယ်… ဒါပေမယ့် မင်းသရုပ်ဆောင် ကောင်းရုံ တစ်ခုတည်းနဲ့တင် ဇာတ်က ပီပြင်သွားတာ မဟုတ်ဘူးနော်…. ငါတို့နှစ် ယောက် လည်း ဇာတ်ပို့ကောင်းလို့ဆိုတာ မမေ့နဲ့ဦး”

“ဟုတ်ပါတယ် ဇာတ်ပို့အကယ်ဒမီဆုရှင် ကျော်နိုင်ဦးနဲ့ တင့်ဆွေရယ်… မင်းတို့ဇာတ်ပို့ ကောင်းလွန်းအားကြီးလို့ င့ါမှာ နှစ် ထပ်ကွမ်း အရူးကို လုံးလုံး ဖြစ်ရော… နောက်နေ့ကျောင်းမှာ အဲဒီ ကျောင်းသူတွေ နဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရမယ်တောင် မသိတော့ဘူး… တက်ကယ်ပါပဲ”

“ဒါ ကတော့… မင်းကုသိုလ်နဲ့ မင်း ဖြစ်တာ… တို့က မနာလိုစရာ မရှိပါဘူးကွာ”

“လခွီး… င့ါကုသိုလ်နဲ့ငါလား”

“၀ါး… ဟား ဟား ဟား”

အာကာမှူး၊ကျော်ဦးနှင့် တင့်ဆွေတို့ တစ်ယောက် တစ်ပေါက် စကားဆိုရင်း ရယ်မိကြပြန် သည်။

ထိုနောက် အရယ်မပျက်ကြသေးဘဲ တစ်ယောက် ပခုံး တစ်ယောက် ဖက်ကာ ဥာဏ်လင်းရှိန် ချိန်းဆိုထားရာ ဘီယာဆိုင်ဆီသို့ ချီတက်ခြဲ့ ကတော့သည်။

သည်ကနေ့ ဥာဏ်လင်းရှိန်ကို ကောင်းမလေးက ချစ်အဖြေပေးသည့်အတွက် ကောင်မလေး နေထိုင်ရာ မရမ်းကုန်းမြို့နယ်မှာ ပင် အထူးအောင်ပွဲခံရန် ဥာဏ်လင်းရှိန်မှ စီစဉ်ထား သည် မဟုတ်ပါလား။

* * *


အခန်း (၂)

“ဟင်… ဟဲ့ … ဟိုမှာ … ဟိုမှာ ”

အင်းလျားကန်ပေါင်ပေါ်ရှိ ဘူးသီးကြော်ဆိုင်တွင် သူငယ်ချင်းများ နှင့် အတူထိုင်ပြီး ဘူးသီးကြော်စားနေရာမှ အထိတ်တလန့် ထွက်ပေါ်လာသော လွင်မာ့အသံကြောင့် ထက်ထက်၊ ငယ်ငယ်နှင့် ငွေလမင်းတို့ လွင်မာ့မျက်နှာကို ကြည့်မိကြသည်။ တစ်ဆက်တည်းမှာ ပင် လွင်မာ ပြူးပြူးပျာပျာကြည့်နေရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။်

“ဟယ်တော့… ဟုတ်ပါရဲ့ … သူ … သူပါလား… သူလည်း ဒီရောက်နေတယ်…ကြည့်”

ငွေလမင်းလည်း အာကာမှူးကို မြင်သည်နှင့် တစ္ဆေတွေ့ သလို ချောက်ချားသွားရသည်။ ငယ်ငယ်က နားမလည်နိုင်သလို အမူအရာဖြင့်…

“ဟဲ့… လွင်မာနဲ့ လမင်း၊ နင်တို့ဘာတွေ့ လို့ ဒီလောက်အလန့်တကြား ဖြစ်နေကြတာလဲ”

“မနေ့က ငါတို့ဖယ်ရီပေါ်မှာ ပါလာတဲ့ ကျောင်းသားဆိုတာလေ… စိတ်ဖောက်နေတဲ့ တစ်ယောက် ဆိုတာလေ… နင်တို့ကို ပြောပြပြီးပြီလေ… အဲဒီ တစ်ယောက် ပေါ့…တွေ့ လား”

ငွေလမင်း လက်ညှိုးလေး ခိုးပြီးထိုးပြရာဆီသို့ ငယ်ငယ်နဲ့ ထက်ထက် စူးစမ်းကြည့်၏ ။ ထက်ထက်က…

“စပို့ရှပ်အပြာရောင် လေး ၀တ်ထားတဲ့ တစ်ယောက် ကို ပြောတာလား”

“အေးလေဟယ်… ဂျင်းဘောင်းဘီ အပြာနဲ့လေ ဟိုမှာ ခေါင်းမှာ မုန့်ဗန်းရွက်ထားတဲ့ အမျိုးသမီးနဲ့ရပ်ပြီး ဘာတွေ ပြောနေလဲမသိဘူး၊ ကြည့်ရတာ တစ်ခုခုတော့ တစ်ခုခုပဲ”

ဖြည့်စွက်ပြောဆိုသော လွင်မာ့စကား အဆုံးမှာ တော့ ငယ်ငယ်နှင့် ထက်ထက် ဟန်မဆောင်တမ်း ရယ်ကြပါတော့သည်။

“သြော်… နင်တို့ ပြောနေတာ ဘယ်သူများ လဲလို့ လက်စသပ်တော့ သူ့ကို ပြောနေတာကိုး… ခစ် ခစ် ခစ် ခစ်…”

“ဟုတ်ပါရဲ့ ခစ် ခစ် ခစ် ခစ်…”

တော် တော် နှင့် အရယ်မသတ်နိုင်သော ငယ်ငယ်နှင့် ထက်ထက်ကို ကြည့်ပြီး ငွေလမင်းနှင့် လွင်မာ နားမလည်နိုင်သလို ဖြစ်ရသည်။

“ဟဲ့…နင်တို့ဘာရယ်တာလဲ”

“ခစ် ခစ်…ရယ်ရလို့ ရယ်တာပေါ့ဟဲ့ … နင်တို့ သူ့ကို မသိတာ အံ့သြပါရဲ့ … ခစ် ခစ်…”

“သူက ဘယ်သူမို့လို့လဲ”

“အာကာမှူးတဲ့၊ အင်မတန် အဆအနောက်သန်ပြီး အင်မတန် ဗရုတ်ကျတာ”

“အန်… သူက စာကျက်လွန်းလို့ စိတ်ဖောက်နေတာ မဟုတ်ဘူးလား”

“သူလား စိတ်ဖောက်မှာ … စိတ်ဖောက်ချင်းဖောက်ရင် သူ ကတော့ ဖောက်မှာ မဟုတ်ဘူး… သူနဲ့တွေ့ တဲ့သူပဲ စိတ်ဖောက်သွားလိမ့်မယ် သိလား”

“ဟင်… ဒါ…ဒါဆို… မနေ့က ဖယ်ရီပေါ်မှာ သူတကယ်မရူးဘဲနဲ့ ရူးချင်ယောင်ဆောင်ပြီး ငါတို့ကို တစ်ပတ်ရိုက်သွားတာပေါ့”

“သေချာတာပေါ့ဟဲ့… ခစ် ခစ် ခစ်…”

ငယ်ငယ်နှင့်ထက်ထက်က သဘောကျပြီး ရယ်မောနိုင်သလောက် ငွေလမင်းနှင့်လွင်မာတို့ ခမျာတော့ ခံပြင်းလွန်းလွန်းလို့ စကားပင်မပြောနိုင်ရှာတော့။ အာကာမှူးကို မီးထွက်မတတ် မျက်လုံးများ ဖြင့် စူးစူးဝါးဝါးကြည့်နေမိသည်။

ထိုသို့ ကြည့်နေဆဲမှာ ပင် အာကာမှူး တစ်ယောက် ခေါင်းတခါခါပြုလျက် ငွေလမင်းတို့နှင့် မလှမ်းမကမ်းစားပွဲမှာ ၀င်ထိုင်သည်ကိုတွေ့ ရသည်။ သူ့မျက်နှာကို ကြည့်ရသည်မှာ သိပ်ပြီး မသာယာ။

ဥာဏ်လင်းရှိန်က အကဲခတ်သလို တစ်ချက်ကြည့်ပြီး…

“ဟိတ်ကောင်… အာကာ ဘာ ဖြစ်နေတာလဲ… မင်းမျက်နှာကြည့်ရတာ မင်္ဂလာမရှိလိုက်တာ… င့ါချစ်သူမျက်နှာလေးနဲ့များ ကွာချင်တိုင်းကွာပ”

အောင်မြင့်ကလည်း…

“ဟုတ်ပါရဲ့ ကွာ…ကြည့်ရတာ သူများ သားသမီးတွေ လို မစွံလို့ စိတ်ညစ်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံချင်လို့ ထင်တယ်”

အောင်မြင့်စကားကို သဘောကျဟန်ဖြင့် ရည်းစား ပူပူနွေးနွေးရထားသော ဥာဏ်လင်းရှိန်က အင်္ကျီကော်လာကို ဟန်ပါပါဆွဲ၏ ။ ဥာဏ်လင်းရှိန် မြှောက်နေမည် ဆိုလျှင်လည်း မြှောက်စရာ။ သည်ကနေ့ သူငယ်ချင်းများ ကို သူ၏ ချစ်သူနှင့် ဂုဏ်ယူဝံ့ကြွားစွာ မိတ်ဆက်ပေးရန် အထူးအစီအစဉ် ရှိလေသည်ကိုး။

အာကာမှူးက သူ့စတိုင်လ်ကို အပျက်မခံပေ။ ခေါင်းတစ်ချက်ခါလျက် အသိခေါက်ခက် အ၀င်နက်ကာ ထောင်တန်စကား ပေါ့အောင်ပြုနေသည့် သူငယ်ချင်းနှစ် ယောက် ကို စိတ်မသက်သာစွာ ကြည့်၏ ။ ပြီးမှ…

“အေးပေါ့ကွာ… ခုတလော ဒီဝန်ကျင်မှာ မကြာမကြာ တွေ့ ရတတ်တဲ့ သော က ဗျာပါဒတွေ ကို ထွေးပိုက်ထားရတဲ့ သနားစရာ အမျိုးသမီး တစ်ယောက် အကြောင်းမှ မင်းတို့က မသိကြဘဲကိုး”

“ဟင်… ဟုတ်လား… ဘာ ဖြစ်လို့လဲ”

“ခမျာ သနားစရာပါ၊ ရုပ်ရည်လေးလှတပတနဲ့ တစ်နေကုန် တစ်နေ့ခန်း တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ မုန့်ပိုင်းတောင့်ရောင်းပြီး ယောက်ျားကို တက္ကသိုလ်တက်စေပေမယ့် ယောက်ျား ဖြစ်သူက သစ္စာမရှိဘူးကွ”

“ဟေ…ဒီလိုကိစ္စမျိုးတွေ ရှိလား”

“ရှိလို့ပဲ မင်းတို့ကို အခုလို ပြောပြနိုင်တာပေါ့ကွာ”

“ဒါဆိုလည်း ပြောစမ်းပါဦးကွာ၊ ယောက်ျားက ဘယ်လိုသစ္စာမရှိတာလဲ”

ဥာဏ်လင်းရှိန်နှင့် အောင်မြင့်တို့ သိလိုစိတ် ပြင်းပြလာကြသည်။ အာကာမှူးလည်း ခေါင်းသုံးချက်ခန့် ဆတ်ပြီး သက်ပြင်းရှည်ျဆွဲကာ စကားကိုဆက်၏ ။

“ဘယ်လို သစ္စာမရှိတာလဲဆိုတော့… ဒီကောင်က သူ့ကိုယ်သူ လူပျိုယောင်ဆောင်ပြီး သူ့အတန်းထဲက ကောင်မလေး တစ်ယောက် နဲ့ ချစ်ကြိုက်သတဲ့လေ”

“ဟာ… တော် တော် ဆိုးတဲ့ကောင်ပဲကွာ… ဒီကောင်က ဘယ်သူလဲ… ဘယ်ကလဲ”

“လွန်ခဲ့တဲ့ နှစ် နှစ် သုံးနှစ် လောက်က ဒီရန်ကုန် တက္ကသိုလ်မှာ တက်ခဲ့တဲ့ သမိုင်း ကျောင်းသား သော်ထွန်းဦးတဲ့… အဲဒီ သော်ထွန်းဦး ဆိုတဲ့ကောင်ဟာ ဘယ်လောက်တောင် ဆိုးသလဲဆိုရင်… သူ့မိန်းခမျာ မီးဖွားလို့ တစ်ပတ်တောင် မပြည့်သေးဘူး… သူနဲ့ချစ်ကြိုက်နေတဲ့ ကောင်မလေးကို ခိုးပြေးပါလေရော”

“ဟာ… မိုက်ရိုင်းလှချည်လား”

“အဲဒါပြောတာပေါ့…ခမျာ သွေးနုသားနုနဲ့ဆိုတော့ သူ့ယောက်ျားရဲ့ အကြံပက်စက်စကောလောက်မှ ဇောက်မနက်တဲ့လုပ်ရပ်ကြောင့် ရှော့ထိသွားတယ်…”

“အေးပေါ့ကွာထိပြိပေါ့ …ဘယ်ခံနိုင်မလဲ”

“ခက်တာက သနားစရာလည်းကောင်းတယ် ၊ စိတ်အနှောင့်အယှက်လည်း အတော် ဖြစ်ရတယ်ကွ”

“ဟေ….ဘယ်လိုမျိုးဂေါက်နေလို့လဲ”

“ဒီလိုကွ… သူကကလေးကိုခါးထစ်ခွင်ချီပြီး ဒီပတ်ဝန်းကျင်မှာ သူ့ယောက်ျား ရှိတန်ကောင်းရဲ့ဆိုပြီး လာလာရှာလေ့ရှိတယ်”

“အေးပေါ့ကွ….သူ့ယောက်ျားကတက္ကသိုလ် ကျောင်းသားဆိုတော့ ဒီနေရာတွေ က သူစိတ် စွဲနေမှာ ပေါ့၊ သနားပါတယ်”

“ဒါပေမယ့် ခက်တာက မိန်းကလေး တစ်ယောက် ယောက် နဲ့ အတူရှိနေတဲ့ မင်းတို့ ငါတို့လို ခပ်ချောချော ကောင်လေးတွေ ကို တွေ့ လို့ ကတော့ မလွယ်ဘူးသာမှတ်ပဲ”

“ဟေ…ဘယ်လို မလွယ်တာလဲ”

ဥာဏ်လင်းရှိန် ထိတ်လန့်တကြား ဖြစ်သွားဟန်တူသည်။ ထို့ပြင်သူလို ၀၀ဖိုင့်ဖိုင့် ခန္ဓာကိုယ် ပိုင်ရှင်ကိုလာကာမှူးက ခပ်ချောချော ကောင်လေးများ စရင်း တွင် ထည့်လိုက်၍ သဘောကျသွား ဟန်လည်း တူသည်။ ဆိတ်ကြီးဟု အမည် ပြောင်း ပေးခံထားရသူ အောင်မြင့်လည်း မဖုံးနိုင်မဖိနိုင်ပီ တိတွေ ဖြာလာမှန်း သိသာပေသည်။ ခပ်ချောချော စာရင်းတွင် တစ်သက်မှာ တစ်ခါ ကြုံတောင့်ကြုံခဲ ရလေသဖြင့် ပီတိတွေ ဖြာနေသည်ကို ဘေးလူများ မရိပ်မိအောင် အာကာမှုး ဆက်ပြောမယ့် စကားကို စိတ်ဝင်စားယောင်ပြပြီး မျက်မှော င် ကြီးကြုတ်ထားလေသည်။ အကြောင်းမသိလျှင် ကြားနေကျ စကားမို့ပဲ မဆန်းသလိုလို ဘာလိုလို။

အာကာမှုးလည်းနှစ်ယောက် စလုံးကို အကဲခတ်ပြီး စကားဆက်ပြောသည်။

“ဘယ်လို မလွယ်တာလဲဆိုတော့ … စောစောက ပြောသလို မင်းတို့ငါတို့လို ခပ်ချောချော ကောင်လေး တစ်ယောက် နဲ့ မိန်းကလေး တစ်ယောက် အတူထိုင်နေတာပဲ ဖြစ် ဖြစ် သွားလာနေတာပဲ ဖြစ် ဖြစ် တွေ့ လို့ ကတော့ အဲဒီ အမျိုးသမီးက အနားရောက်လာပြီး ယောက်ျားရယ် မျှော်လိုက်ရတာ မောနေတာပဲ ရှင့်ရဲ့ ပရက်တီကယ် မပြီးနိုင်သေးဘူး လား… လာပါ…. အိမ်အတူပြန်ကြရအောင်နော် သမီးလေးခမျာလည်း သူ့အဖေကို မတွေ့ ရလို့ တငိုငိုတရယ်ရယ်နဲ့ ဆိုပြီး လုပ်ပါလေရော ”

“ဟာ…ပြဿနာပဲ”

“ပြဿနာမှ သေးသေးလေး မဟုတ်ဘူးဟေ့ကောင်တွေ ရေ အကြီးကြီး….. အဲဒါ သူခေါ်တာ ရှောရှောရှူရှူ လိုက်သွားပြီး လမ်းတစ်ဝက်ရောက်မှချော့ပြီးပြန်လွှတ်လိုက်၊ ဒါဆိုရင်တော့အေး ဆေးပဲ …ဒါပေမယ့် သူ့အထာမသိဘဲ ၀ူးဝူးဝါးဝါး လုပ်လို့ ကတော့ မင်းရောမင်းချစ်သူရော သူ့ခါးကြားမှာ ၀ှက်ယူလာတဲ့ ဓားမြှော င်စာ မိပြီသာမှတ်”

“အားပါးကြောက်စရာကြီးပါလား”

ဥာဏ်လင်းရှိန်နှင့် အောင်မြင့်ကျော်တွန့်သွားကြသည်။

“တကယ်တော့ ဒီလိုကြောက်စရာကောင်းတဲ့မိန်းမ တစ်ယောက် ဖြစ်သွားရတာ ကလည်း သစ္စာမရှိတဲ့ ယောက်ျားလုပ်သူကြောင့် ပဲကွ”

အာကာမှုး၏ ပြောဆိုမှု ကို သဘောတူကြောင်းဥာဏ်လင်းရှိန်က ခေါင်းညိတ်ပြီး…

“အေးကွာ..အဲဒီ ကောင်မျိုးကြောင့် ဒို့တက္ကသိုလ်ကျောင်းတွေ ပါ ရောပြီး သိက္ခာကျရတယ်”

ဟု မကျေမချမ်းရေရွှတ်၏ ။ အောင်မြင့်ကမူ သူ၏ လေးငါးခြောက်ပင်ထက် မပိုသော မုတ်ဆိတ်မွေးများ ကို အသာဖိရင်း ဆွဲရင်း ..

“ကြည့်ရတာ ….အဲဒီ သော်ထွန်းဦးဆိုတဲ့ ငနဲက တို့လိုပဲခပ်ချောချော ဖြောင့်ဖြောင့် နေမှာ ပေါ့နော်”

ဟုခန့်ခန့်ကြီးဆို၏ ။ အာကာမှုးဗလာချည်ပြီး မြှော က်ပြောနေသည်ကို သိသိကြီးနှင့် သဘော တွေ ကျပြီး အောင်မြင့် တစ်ယောက် လူချောလူလှစရာင်းက ထွက်ချင်တော့ဟန်မတူ။ အာကာမှုးက သူငယ်ချင်းနှစ်ယောက် ကိုဖြင့် သူ့ကိုယ်သူ အရမြှော က်ပင့်သွားသကဲ့သို့ အောင်မြင့်သည်လည်း အာကာမှုးနည်းကိုသုံးလျက် သူ့ကိုယ်သူ အရမြှော က်ပင့်လေသည်။

အာကာမှုးရယ်ချင်သွားသော်လည်း မရယ်မိအောင်ကြိုးစားရင်း….

“အားပါးပါး…. ချောပါပေ့… လှပေါပေ့… ချစ်စရာကောင်းပါပေ့ ပါရမီထူးပါပေ့ကွယ်“

ဟုရှေးတူယူကိုကြည့်ကာ အားပါးတရရေရွတ်လေသည်။ အာကာမှုးကို အရွဲ့တိုက်နေသည်ထင်ပြီး အောင်မြင့်ဘုကြည့်ကြည့်၏ ။ သို့ ရာတွင် အာကာမှုး၏ မျက်လုံးများ အဝေးတစ်နေရာသို့ ရောက် နေသည်ကို သတိပြု၍ အောင်မြင့်လည်း အာကာမှုးကြည့် ရာဆီသို့ ကြည့်မိသည်။

“အေးကွ …. အမိုက်စားလေးပဲ…ဟိ”

ရုတ်ခြည်းပြောင်းလဲသွားသော အာကာမှုးနှင့် အောင်မြင့်တို့၏ အမှု အရာကို ကြည့်ပြီး ဥာဏ်လင်းရှိန်လည်း စိတ်ဝင်စားသွားလျက် နောက်ကျောဘက်ဆီသို့ လည်ပြန်ကြည့်၏ ။

“မှန်း…ငါလည်းမျှဝေခံစားဦးမယ်ကွာ အေးကွ ရေရေလည်လည်မိတာ… ဟာ…အဲဒါ ငါ့ရည်းစားကွ လခွီးလား”

“ဟင်…ဟုတ်လား… သေလိုက်ပါတော့ကွာ”

“ဟား ဟား ဟား ဟား”

ရယ်သံတွေ စည်ဝေသွားသည်။ ရယ်သံကြောင့် ဥာဏ်လင်းရှန်၏ ကောင်မလေး ခမျာလည်း ရှက်စိတ်ကြောင့် ခြေလှမ်းဆက်မလှမ်းရဲဘဲ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွားသည်ကို သတိပြုမိသည်။

သူလေးနှင့်ပတ်သက်ပြီးဥာဏ်လင်းရှိန်ကို သူငယ်ချင်းများ က ရယ်စရာ ၀ိုင်းစ နောက်နေကြ ည်ဟု ထင်မှတ်သွားပုံရသည်။

ထို့ကြောင့် ဥာဏ်လင်းရှ်န်လည်း အရယ်သတ်ရန် သူငယ်ချင်းများ ကို သတိပေးစကားဆိုပြီး နေရာမှ ကပျာကယာထကာ ချစ်သူကို ခရီးဦးကြိုပြုပြီး….

“ဟေ့ကောင်တွေ လွှတ်ရယ်မနေကြနဲ့… ဟိုမှာ မင်းတို့ရယ်သံပြဲကြီးတွေ ကြောင့် လန့်ဖျတ်ပြီး ဒီကိုမလာရဲဘဲ ဖြစ်နေဦးမယ်”

“အေးပါကွာ…..အေးပါ၊ မရယ်နဲ့ဆိုလည်း မရယ်ပါဘူး၊ ဟား ဟား ဟား”

သူငယ်ချင်းများ ကို မရယ်မောရန်ဟန့်တားလိုက်သော ဥာဏ်လင်းရှိန် ကိုယ်တိုင်က ချစ်သူ ကိုတွေ့ ရသဖြင့် ပီတိတွေ ဖြာပြီး ပြုံးဖြီးဖြီး ဖြစ်နေသည် ကတော့ နားလည်မှု ပေးရမည် သာထင်၏ ။

“စမ်း…လာ…ဒီမှာ ထိုင်”

“ဟုတ်”

ဥာဏ်လင်းရှိန်က ခုံလွတ်တစ်လုံးကို အနားသို့ ဆွဲယူ ပြီး သူ၏ ချစ်သူကိုထိုင်စေ၏ ။ အားလုံးက တစ်ခုခုစချင်နောက်ချင်ဟန်ဖြင့်  ပြုံးစိစိ ဖြစ်နေကြ၍ ဥာဏ်လင်းရှိန် ကောင်မလေးလည်း ရှက်ရွံနေ ဟန်တူသည်။ ဥာဏ်လင်းရှိန်က အားလုံးကိုဂုဏ်ယူစွာ တစ်ချက်ဝေ့ကြည့်ပြီးမှ သူငယ်ချင်းများ နှင့် ချစ်သူကို မိတ်ဆက်ပေး၏ ။

“စိမ်းကို ကိုယ့်သူငယ်ချင်းတွေ နဲ့ မိတ်ဆက်ပေးရဦးမယ်၊ သူ့နာမည် က အာကာမှုးတဲ့ ယနေ့ ကိုယ်တို့ဒဂုံတက္ကသိုလ်ရဲ့ အထင်ရှားဆုံး အကျော်ကြားဆုံးသော ဗရုတ်သုတ်ခဗလွတ်ရွှတ်တ ကောင်ပေါ့”

“ဟိတ်ကောင် မင်းဘယ်လောက်ပဲ မြှော က်ပြောပြော ငါဘယ်လိုမှ မမြှော က်တတ်ဘူးဆိုတာ မင်းလည်း သိပြီးသားပဲဟာ”

“ခစ် ခစ် ခစ်”

အာကာမှုးနဲ့ ဥာဏ်လင်းရှိန် စကားကို နားထောင်ပြီး ဥာဏ်လင်းရှိန်၏ ချစ်သူထံမှ ရယ်သံ လေးထွက်ပေါ်လာသည်။ ဥာဏ်လင်းရှိန်လည်း ကျေနပ်ပြီးပြုံး ရယ်လေသည်။

“စိမ်း…သူ့နာမည် ကတော့ အောင်မြင့်တဲ့၊ ကိုယ်တို့သူငယ်ချင်းတွေ အားလုံး ကတော့ သူ့ရဲ့ ပညာရှိပုံစံပေါက်နေတဲ့ ရပ်သွင်ပြင်ကိုကြည့်ပြီး တင်စားခေါ်ဆိုကြတာ ကတော့ ဆိတ်ကြီးတဲ့လေ”

“ဟယ်…..ကိုဥာဏ်ကလည်း….ခစ် ခစ် ခစ်”

ဥာဏ်လင်းရှိန်စကားကြောင့် အောင်မြင့်ခမျာ လည်ချောင်း ငါးရိုးစူးသလို ဖြစ်သွားရသည်။ ဥာဏ်လင်းရှိန်၏ ချစ်သူ ကတော့အားလည်းနာ ရယ်လည်းရယ်ချင် ဖြစ်သွားရသည်။

အာကာမှူး ပြုံးစေ့စေ့ဖြင့် အားလုံးကို တစ်ချက်ဝေ့ကြည့်ရင်း တစ်ခုခုပြောရန် ပြင်စဉ် ဥာဏ်လင်းရှိန်က လက်ဦးမှု ယူပြီး စကားလမ်းကြောင်း ပြောင်းရသည်။ နို့မဟုတ်လျှင် အာကာမှူး၏ နှိပ်ကွပ်မှု ကို ကောင်းစွာ ခံစားသွားရနိုင်သည်။

“ကဲ… အာကာရော အောင်မြင့်ရော မိတ်ဆက်ပေးရဦးမယ်… စိမ်းရဲ့ နာမည် အပြည့်အစုံက မြစိမ်းလွင်လွင်တဲ့၊ မနှစ် ကပဲ ကျောင်းပြီးသွားလို့ အခု ဆည်မြောင်းဦးစီးဌာနမှာ အလုပ်ဝင်နေတယ်”

“သြော်… ဟုတ်ကဲ့၊ မမြစိမ်းလွင်လွင်နဲ့ အခုလို သိကျွမ်းခွင့်ရတဲ့အတွက် မျက်စိကိုအေး သွားတာပဲ”

“ရှင်…”

အာကာမှူးစကားကြောင့် မြစိမ်းလွင်လွင် ကြောင်သွားရသလို ဥာဏ်လင်းရှိန်လည်း အာကာမှူး ဘာထ,ဖောက်လေဦးမလဲဟူ၍ လန့်ဖျပ်သွားရသည်။ အာကာမှူး ကတော့ အရယ် အပြုံးမပျက်ဘဲ စကားဆက်သည်။

“သြော်… ဒီလိုပါ၊ နာမည် ကလည်း မြစိမ်းလွင်လွင် ဆိုတော့ စိမ်းစိုလန်းဆန်းတဲ့သဘောကို ဆောင်တယ်မဟုတ်လား၊ နောက်ပြီး သိပ္ပံပညာရှင်တွေ ရဲ့ တွေ့ ရှိချက်အရ အစိမ်းရောင် ဟာ မျက်စိကို အေးစေတဲ့အတွက် အခုဆိုရင် ကျောင်းစာသင်ခန်းတွေ မှာ ကျောက်သင်ပုန်း အမည်းရောင် အစား အစိမ်းရောင် ကိုပဲ အစားထိုးသုံးနေရတာ သာ ကြည့်လေ၊ နောက်ပြီး၊ မြစိမ်းလွင်လွင် အလုပ်ဝင်နေတဲ့ ဌာနကလည်း ဆည်မြောင်းဦးစီးဌာနဆိုတော့လလေ နာမည် နဲ့အလုပ် သဟဇာတ ဖြစ်ပြီး မမြစိမ်းလွင်လွင်ရဲ့ အမည် ကို ကြားရသူအဖို့ မျက်စိရော နားရော ဘယ်လောက်များ အေးချမ်းသွားလိုက်လေမလဲ ဆိုတာကို စဉ်းစားသာကြည့်ပေတော့”

အာကာမှူးစကားကြောင့် မြစိမ်းလွင်လွင် ရှက်လည်းရှက်၊ သဘောလည်း ခွေ့သွားဟန်တူသည်။ ဥာဏ်လင်းရှိန်လည်း မဖုံးနိုင် မဖိနိုင် သွားကြီးအသားကုန် ဖြီးထားလေသည်။

သို့ သော် အကွက်ကောင်းစောင့်ပြီး ရိုက်ချလိုက်သော အောင်မြင့်စကားကြောင့် ဥာဏ်လင်းရှိန် ပျာသွားရသည်။

“အာကာရယ်…မင်းပြောသလိုသာဆိုရင် ကျောက်သင်ပုန်း အစိမ်းရောင် မလဲရသေးတဲ့ ငါတို့စာသင်ခန်းမှာ အတန်းသူ အတန်းသားတွေ မျက်စိအေးစေဖို့အတွက် မမြစိမ်းလွင်လွင်ကိုပဲ အတန်းထိပ်မှာ မတ်တတ်ရပ်ခိုင်းထားရမလို ဖြစ်နေပြီ”

“ရှင်…”

မြစိမ်းလွင်လွင် ပါးစပ်အဟောင်းသားလေးဖြင့် ဥာဏ်လင်းရှိန်ကို အားကိုးတကြီး လှည့်ကြည့်သည်။ ဥာဏ်လင်းရှိန်လည်း ရုတ်တရက် ဘာပြောရမည် မှန်း မသိသော မျက်နှာဖြင့် အောင်မြင့်ကို တင်းကြည့် ကြည့်၏ ။ အောင်မြင့် ကတော့ သူ့စကား သူသဘောကျပြီး ခပ်ကျဲကျဲရယ်သည်။ အာကာမှူးလည်း မနေသာပြီမို့ အခွင့်ရခိုက် အောင်မြင့်ကို ၀င်ဆုံးမရသည်။

“အောင်မြင့်…အောင်မြင့်…မင်းပြောတဲ့စကားကို ကြည့်ပြီး မင်းနံဘေးမှာ ကြည်ဖြူစရာ ရည်စားသနာဆိုလို့ ဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုတာ သိပ်သိသာတယ်၊ မမြစိမ်းလွင်လွင်ရဲ့ အလှအပကို တစ်ဦးတည်း ခံစားခွင့်မူပိုင်ရှိတာဆိုလို့ ဒီကမ္ဘာပေါ်မှာ တို့သူငယ်ချင်းကြီး ဥာဏ်လင်းရှိန် တစ်ယောက် ပဲရှိတယ်၊ သဘောပေါက်”

“အေးလေကွာ… ဒါလေးတောင် နားမလည်ရင် ဒီတစ်သက် မိန်းမရမှာ မဟုတ်ဘူး၊ ငှက်ပျောတုံးဖက်သေရမယ့် ကောင်မှန်း အင်္ဂါရုပ်ကြည့်ရုံနဲ့သိတယ်၊ ချစ်သူငယ်ချင်းကြီး အာကာနဲ့များ ကွာချင်တိုင်း ကွာပါ့”

ဥာဏ်လင်းရှိန်လည်း နာကျည်းရင်းစွဲရှိဟန်တူပါသည်။ အာကာမှူးစကားကို ထောက်ခံ ဖြည့်စွက်ပြီး ခပ်ဆတ်ဆတ်လေး ၀င်ထွက်လေရာ အောင်မြင့်ခမျာ သားသတ်ရုံရောက်သည့် ဆိတ်တစ်ကောင်နှယ် ဘာဆက်ပြောရမှန်း မသိဘဲ တအျဲအဲ ဖြစ်နေရှာတော့သည်။

အားကာမှူးလည်း ဥာဏ်လင်းရှိန် မြှော က်ပင့်ပြောဆိုမှု ကို ဘ၀င်တွေ့ ကာ ဂုဏ်ယူဟန်ပြရင်း အင်္ကျီကော်လာကို လက်နှစ် ဖက်ဖြင့် ဟန်ပါပါဆွဲ၏ ။

“ခစ်…“

အာကာမှူးတို့ကိုကြည့်ပြီး မြစိမ်းလွင်လွင်လည်း ရယ်မောလေသည်။ သို့ သော် ရယ်မောသံမှ မဆုံးသေး ရုတ်တရက်ပေါ်လာသော မိန်းမ တစ်ယောက် ၏ အသံကြောင့် အားလုံးအံ့အားသင့်လျက် လှည့်ကြည့်မိကြသည်။

“ယောက်ျား”

“အန်…”

ဥာဏ်လင်းရှိန် အင်္ကျီလက်မောင်းစကို ကိုင်ပြီး ပိုင်စိုးပိုင်နင်း ခေါ်ဆိုလိုက်သော မိန်းမငယ်ကို ကြည့်ပြီး ဥာဏ်လင်းရှိန် ကြောင်အမ်းသွားသလို မြစိမ်းလွင်လွင်လည်း မျက်စိမျက်နှာ ပျက်သွားရသည်။ အောင်မြင့် ထိုမိန်းမငယ်ကို မကျေနပ်သလို ခပ်တင်းတင်းကြည့်၏ ။

“ယောက်ျားရယ်…ဒီနေ့ သမီးလေးသိပ်နေမကောင်းလို့ အိမ်ကိုစောစောပြန်လာမယ်ပြောပြီး ဘာကြောင့် ပြန်မလာနိုင်သေးရတာ လဲ၊ ရှင့်ပရယ်တီကယ်က ပြီးပဲမပြီးနိုင်သေးဘူးလား… သမီး လေးခမျာ ဖအေကို မတွေ့ ရလို့ တငိုငို တရယ်ရယ်နဲ့ ဖြစ်နေရှာတာ”

“အန်…မင်း…မင်း ဘာတွေ လာပြောနေတာလဲ”

ဥာဏ်လင်းရှိန်ခမျာ တစ်ကြိမ်တစ်ခါမျှ တွေ့ ဆုံပတ်သက်ခဲ့ဖူးခြင်း အလျဉ်းမရှိပါဘဲ အကြောင်လာရိုက်နေသော မိန်းမငယ်၏ လုပ်ရပ်အပေါ် အံ့လည်းသြ ဒေါသလည်း ထွက်ရသည်။ အထူးသဖြင့် ချစ်သော မြစိမ်းလွင်လွင်ရှေ့မှာ မို့ ပိုပြီးပေါက်ကွဲသွားသည်။

အခြေအနေကို ရိပ်မိသော အာကာမှူးက ဥာဏ်လင်းရှိန် လက်ကို အသာလှမ်းကုတ်၏ ။ ဥာဏ်လင်းရှိန် ရှူးသိုးသိုး မျက်နှာထားဖြင့် အာကာမှူးကို လှည့်ကြည့်၏ ။

အားကာမှူးက လေသံနှိမ့်ပြီး…

“အဲဒီ တစ်ယောက် လေ… စောစောက မင်းတို့ကို ငါပြောတာ အဲဒီ တစ်ယောက် ပေါ့”

ဥာဏ်လင်းရှိန် နားမလည်ဟန်ဖြင့် မျက်လုံးပင့်ပြ၏ ။ အာကာမှူး လက်သီးဆုပ်ပြပြီး ဓားထိုးသည့်ဟန်ပြမှ ဥာဏ်လင်းရှိန်သဘောပေါက်သွားကာ ထိတ်လန့်သွားလေသည်။ မျက်နှာ ငယ်လေးဖြင့် သူငယ်ချင်းများ ကို အားကိုးတကြီး ကြည့်ရှာသည်။ ချစ်သော မြစိမ်းလွင်လွင် အတွက်လည်း စိုးရိမ်ပူပန်နေကြောင်း ဥာဏ်လင်းရှိန် မျက်နှာက အထင်းသား ဖော်ပြနေသည်။

“ကဲပါ… ယောက်ျားရယ်…ပရက်တီကယ်လ်ပြီးလို့ပဲ ဒီမှာ သူငယ်ချင်းတွေ နဲ့ ထိုင်ပြီး စကားပြောနေတာ မဟုတ်လား… သမီးလေးမျှော်နေပြီ၊ အိမ်ပြန်ကြရအောင်နော်… နော်… ယောက်ျားနော်”

“ဟို… ဟိုလေ… ဒီလိုလေ”

ဥာဏ်လင်းရှိန် အိုးတိုးအတဖြင့် ဘာပြောရမှန်းမသိဘဲ အာကာမှူးကို အကြံဥာဏ် တောင်းသလို လှမ်းကြည့်သည်။ အာကာမှူးက လိုက်သွားလိုက်ပါ ဆိုသည့် အရိပ်အကဲကို ပြသဖြင့် ဥာဏ်လင်းရှိန်လည်း နေရာမှ ယောင်နနထ,ရရှာသည်။ အောင်မြင့်သည် လည်း ဘေးမှ ကြည့်ပြီး အူယားနေဟန်တူသည်။

“သြော်… ယောက်ျားကလည်း ဟိုလိုတွေ ဒီလိုတွေ လုပ်မနေပါနဲ့တော့၊ သမီးလေးအတွက် စိတ်ပူလှပြီ”

“ဟင်…အင်း…အင်းပါ”

ဥာဏ်လင်းရှိန်လည်း ထိုမိန်းမငယ် ဆွဲခေါ်ရာနောက် စိတ်လက်လေးလံစွာ လိုက်ပါရန်ပြင်ရင်း မြစိမ်းလွင်လွင်ကို ငိုမဲ့မဲ့ကြည့်ကာ…

“စိမ်း… ခဏလေးနော်… ချက်ချင်း ပြန်လာခဲ့မယ် သိလား”

ဟု တီးတိုးစကားဆို၏ ။ ပြီးတော့ မျက်ခုံးပင့်ပြလိုက်၊ မျက်လုံးကို ဟိုဘက်ထောင့် ဒီဘက်ထောင့်ပြေးကပ်လိုက်နှင့် အမူအရာတွေ လည်း တစ်လှေကြီး ပြချေသေးသည်။ မြစိမ်လွင်လွင် ကတော့ ဥာဏ်လင်းရှိန် ဘာပြောလိုသည်ကို သဘောပေါက်ဟန်မတူ။ ဒေါသ ချောင်းချောင်းထွက်ကာ ပြူးထွက်မတတ် မျက်လုံးများ ဖြင့် ဥာဏ်လင်းရှိန်ကို စိုက်ကြည့်နေ လေသည်။

လတ်တလော အနေအထားအရ ချစ်သူ နားလည်အောင် ရှင်းခွင့်မသာသော ဥာဏ်လင်းရှိန်သည် ထိုမိန်းမငယ်ဆွဲခေါ်သွားရာ ကန့်လန့် ကန့်လန့် ပါသွားရင်း…

“ဟိတ်ကောင်တွေ … စိမ်းကို သေချာပြောပြလိုက်ဦးနော်”

ဟူ၍ သူငယ်ချင်းတွေ ကို အားကိုးတကြီး အကူအညီတောင်းသွားရှာ၏ ။ အာကာမှူးနှင့် အောင်မြင့်လည်း “ဘာမှစိတ်မပူနဲ့၊ ငါတို့ရှိတယ်” ဆိုသော သဘောဖြင့် ခေါင်းညိတ်လက်ကာပြကြ သည်။

သို့ သော်…မည် သို့ ပင် ဖြစ်စေ မြစိမ်းလွင်လွင် ကတော့အရှင်လတ်လတ်ကြီး ပေါက်ကွဲလေပြီ။

“တောက်”

မြစိမ်းလွင်လွင်၏ ခံပြင်း နာကျည်းသော တက်ခေါက်သံကြောင့် အောင်မြင့်လည်း ဇက်ကလေးပုပြီး အာကာမှူးကို လှည့်ကြည့်သည်။ အာကာမှူး လည်ချောင်း တစ်ချက်ရှင်းပြီးမှ …

“အဟန်း… ဟိုလေ… မမြစိမ်းလွင်လွင်လည်း ကျွန်တော့် သူငယ်ချင်းအပေါ် အထင်အမြင် လွဲပြီး ဒေါသအထွက် မစောလိုက်ပါနဲ့ဗျာ၊ ကျွန်တော် အခြေအနေကို သေချာရှင်း..ပြ…”

“ဘာရှင့်… ဒီလောက်ကိစ္စက ရှင်းလင်းနေတာတောင် ရှင်တို့က ရှင်တို့ သူငယ်ချင်းဘက်က ၀ိုင်းပြီး မုန်လာဥ လုပ်ကြဦးမလား… ကိုယ့်မှာ သားကြီး မယားကြီး ရှိနေလျက်နဲ့ နှမချင်း မစာနာတဲ့ သေနာကောင်… တွေ့ မယ် ဟွန်း… တောက်”

``ဒီလိုလည်း မဟုတ်သေးဘူးလေ၊ ကျွန်တော် တို့ပြောချင်တာက ဘယ်လိုလဲဆိုတော့ ဒီလိုလေ… အေးဗျာ… ဒီနေ့ ဒီရက်မှာ တိုက်တိုက်ဆိုင်ဆိုင် လာကြုံကြိုက်ရတယ်လို့… ဟင်း… ခက်တော့လည်း ခက်သားပဲဗျာ”

“ဒီမယ် ရှင်တို့ ဘာမှပြောမနေနဲ့တော့ ၊ နားမထောင်ချင်ဘူး၊ ရှင်တို့သူငယ်ချင်းကို တစ်သက်မကျေဘူး မှတ်ထား၊ ဒါပဲ…သွားမယ်”

“မမြစိမ်းလွင်လွင်… ခဏနေပါဦး… မမြစိမ်းလွင်လွင်”

မြစိမ်းလွင်လွင် တစ်ယောက် ရှက်လည်းရှက် ဒေါသလည်းထွက်ကာ စကားသံတွေ ပင် တုန်ယင်နေသည်။ ပတ်ဝန်းကျင်တွင် လူများ ရှိနေသည်ကို သတိပြုမိသဖြင့်သာ စိတ်ကို အတတ်နိုင်ဆုံး ချုပ်တီးထားရကြောင်း ထင်ရှားသည်။ တက် ပြင်းပြင်း တစ်ချက်ခေါက်ပြီး နေရာမှ ချာခနဲ လှည့်ထွက်သွားတော့သည်။ အောင်မြင့် တစ်ယောက် ဥာဏ်လင်းရှိန်ကိုယ်စား ရှင်းပြရန် လှမ်းအော်ခေါ်ပါသော်လည်း မြစိမ်းလွင်လွင် ကတော့ လှည့်မကြည့်စတမ်း တရကြမ်း ထွက်ခွာ သွားတော့သည်။

မိန်းမငယ်နှင့် အတူလိုက်ပါသွားရသော ဥာဏ်လင်းရှိန်ခမျာ စိတ်မဖြောင့်နိုင်သည်မို့ နောက်ကို တလှည့်လှည့်ကြည့်နေမိရာ ချစ်သူအငိုမျက်ရည်နှင့် အပြေးတစ်ပိုင်း ထွက်ခွာသွား သည်ကို မြင်လိုက်လေသည်။ ထို့ကြောင့် အင်္ကျီလက်မောင်းစကို ဆွဲထားသော မိန်းမငယ်၏ လက်ကို ခပ်သွက်သွက် ပုတ်ချပြီး ချစ်သူနောက် အပြေးကလေး လိုက်တော့သည်။ စိုးစိတ်နှင့် လိုက်သော ပြေးလိုက်ရသည်။ နောက်ကြောင်းကလည်း မအေးသည်မို့ သူ့နောက်သို့ မိန်းမငယ် လိုက်လာသည် မလိုက်လာသည်ကို ထိတ်လန့်တကြား လှည့်လှည့်ကြည့်ရသေးသည်။ သူ့ခန္ဓာ ကိုယ်ကြီးနှင့် ထိုသို့ ပြေးလွှားနေသည်မှာ မျက်စိထဲ တစ်မျိုးကြီးရယ်။

မိန်းမငယ်ကားဥာဏ်လင်းရှိန်နောက်သို့ မလိုက်တော့ပါ။ အာကာမှူးရှိရာဆီသို့ တစ်ချက် လှမ်းကြည့်ပြီး ခွီးခနဲ ရယ်ကာ မုန့်ဗန်းလေး ခေါင်းပေါ်ပြန်တင်ပြီး နေရာမှ ပြုံးစေ့စေ့ဖြင့် ထွက်ခွာသွားလေသည်။ အာကာမှူး ကျေနပ်စွာ ခေါင်းတညိတ်ညိတ် ပြုံးပြီးရယ်လေသည်။

“ဟီး ဟီး ဟီး”

သည်လောက် အခြေအနေ ရှုပ်ထွေးနေသည့်ကြားထဲ ထွက်ပေါ်လာသော အာကာမှူး၏ အားပါးတရ ရယ်မောသံကြောင့် အောင်မြင့် နားမလည်နိုင် ဖြစ်ကာ အာကာမှူးကို မျက်မှော င် ကြုတ်ကြည့်သည်။ ထို့နောက်…

“ဟိတ်ကောင် အာကာ… သူများ က ဒီလောက် အသည်းအသန် ဖြစ်နေတာကို မြင်လျက်သားနဲ့ မင်းက ဘာအရူးထပြီး ရယ်တာလဲကွ”

“ရယ်စရာရှိလို့ ရယ်တာပေါ့ကွာ… အဟီး … မင်းမတွေ့ ဘူးလား၊ ဒီလောက် ရယ်စရာ ကောင်းတဲ့ ဟာကို… ဟား ဟား ဟား ”

“ဘာရယ်စရာကောင်းလို့ ငါကတွေ့ ရမှာ လဲ”

“သြော်… ဥာဏ်လင်းရှိန် တစ်ယောက် စွံလိုက်ပုံများ သြချယူရမယ်၊ တကယ်ပါပဲ… ဟား ဟား ဟား”

“ဟင်…ဧကန္တ… ဒါ မင်းလက်ချက်ပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မဟုတ်လား အာကာ”

“ပါးပါးလေးပါကွာ… ဆရာမှန်း သမားမှန်းသိပြီး နောင်ကို လေးလေးစားစား ဆက်ဆံတတ်အောင် သင်ကြားပေးလိုက် တာပါ၊ ဟား ဟား ဟား”

“အေး… ကောင်းတယ်၊ ကောင်းတယ်… ရည်းစားလေး တစ်ယောက် ရတာ နဲ့ မကာမိအောင် ကြွားဝါမောက်မာလွန်းတဲ့ကောင်… ခံပေဦးပေါ့ကွာ၊ နှစ် ရက်သုံးရက်လောက်တော့…ဟား ဟား ဟား… သူကပဲ ချော့နိုင်မလား၊ ဟိုကပဲ ပျော့နိုင်မလား… ဟား ဟား ဟား”

အောင်မြင့်လည်း နောက်ဆုံးနှစ် ကျောင်းသားချင်း အတူတူ သူ့ထက်ထူးကာ ချစ်သူရည်စားရသွားသော ဥာဏ်လင်းရှိန်အပေါ် မနာလိုစိတ် ရှိဟန်တူပါသည်။ ထို့ကြောင့် အာကာမှူးလုပ်ရပ်ကို အပြည့်အ၀ ထောက်ခံလိုက်ခြင်း ဖြစ်တန်ရာသည်။ ပြောမည့်သာပြောရ သည် အာကာမှူးသည်လည်း အောင်မြင်နှင့် ထူးမခြားနားစွာ မူးလို့ရှူစရာ ရည်းစားသနာ တစ်ယောက် တလေတောင် ရသေးသည်မဟုတ်ပါ။ ထို့ကြောင့်လည်း သည်အရေး မှာ နှစ် ဦးသား သဘောချင်းနှောကာ ပျော်လို့မဆုံးနိုင်အောင် ရယ်တပြုံးပြုံး ဖြစ်နေကြသည်ချိမ့်။

ကိုယ့်ပြက်လုံးနှင့်ကိုယ် သဘောကျ ရယ်မောနေသော အာကာမှူးမှာ နောက်ကျောဖက်ရှိ ငွေလမင်းတို့၏ တအံ့တသြ ဖြစ်နေမှု ကိုတော့ သတိထားမိလိမ့်မည် မဟုတ်ပေ။

“ဟယ်တော့… သူ့စ,တာ နောက်တာကြီးကလည်း ကြမ်းလိုက်တာ ကြည့်ပါဦး´´

အာကာမှူး၏ နောက်ပြောင်မှု ကို မျက်ဝါးထင်ထင် တွေ့ မြင့်ရသည်ကို ကြည့်ပြီး လွင်မာ တအံ့တသြ ရေရွတ်မိသည်။

ငွေလမင်း ကတော့ ပါးစပ်လေး အဟောင်းသားနဲ့သာ အာကာမှူးကို မယုံနိုင်သလိုကြည့် နေမိသည်။ ထက်ထက်က ငွေလမင်းကို လက်လှမ်းတို့ပြီး “တွေ့ တယ်မဟုတ်လား… သူ ဘယ်လောက် ဗရုတ်ကျတယ်ဆိုတာ” ဟု ပြုံးစေ့စေ့ဆိုရာ ငယ်ငယ်က “အမလေး… သူ့အတွက်က ဒီလောက်တော့ အကင်းပဲရှိသေးတယ်” ဟူ၍ မဲ့ကာရွဲ့ကာဖြင့် ဖြည့်စွက်ပြောဆို၏ ။

“ဒါတောင် အကင်းပဲရှိသေးတယ်၊ ဟုတ်လား… အမလေး သူလိုလူမျိုးကို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်မှပဲ၊ နို့မို့ မလွယ်ဘူးဟေ့”

ထိတ်လန့်ဟန်ဖြင့် ကျောကလေးတွန့်ပြီး ပြောလိုက်သော လွင်မာ့စကားကို ငယ်ငယ်နှင့် ထက်ထက်လည်း သဘောကျပြီး ရယ်မိကြလေသည်။

“ခစ်ခစ် ခစ်ခစ်”

သူငယ်ချင်းများ နှင့် အတူလိုက်ပါ ရယ်မောခြင်း မပြုနိုင်သူ ကတော့ ငွေလမင်း ဖြစ်သည်။ လွင်မာပြောသည်ကို သံယောင်လိုက်ပြီး ခေါင်းတညိတ်ညိတ်ပြုကာ

“ဟုတ်တယ်… သူ့လိုလူမျိုးကို ဝေးဝေးရှောင်ရမယ်”

ဟူ၍ သာ ရေရွတ်နေမိလေသည်။ နေရင်းထိုင်းရင်း အာကာမှူး ကြောက် ရောဂါ ရရှိသွားသော ငွေလမင်းအ ဖြစ်ကို ကြည့်ပြီး သူငယ်ချင်းများ ခပ်ဖွဖွရယ်မိကြ၏ ။

ထိုအခါမှ ငွေလမင်းလည်း ကိုယ့်အခြေအနေကိုယ် ရိပ်မိသွားပြီး ရှက်ပြုံး ပြုံးကာ သူငယ်ချင်းများ ကို ဟန်ပါပါ မျက်စောင်းထိုးလေသည်။ အားလုံး ရယ်မိကြပြန်သည်။

သည်ကနေ့ ကျောင်းပိတ်ရက်မို့ ဒဂုံတက္ကသိုလ် ကျောင်းသူများ ဖြစ်သော ငွေလမင်းကို သူငယ်ချင်းတစ်စု ရန်ကုန်တက္ကသိုလ်နှင့် နာမည် ကျော် အင်းလျားကန်တို့ဆီ လာရောက် လည်ပတ်ကြရာမှ တွေ့ ရှိလိုက်သော မှတ်သားဖွယ်ရာ နေရာမရွေး လူမရွေးဘဲ ဗရုတ်ကျ မျက်နှာပြောင်ဝံ့သည့် အာကာမှူး၏ သတ္တိထူးများ ပင် ဖြစ်သည်။

* * *


အခန်း (၃)

အတန်းအားချိန်မို့ ငွေလမင်းနဲ့ ငယ်ငယ်လည်း သင်္ချာကင်တင်းန်မှ အအေးသောက်ရင်း လေဖောနေမိကြသည်။

“အားပါးပါး….. ကိုယ့်လူရေ ဟောဒီကျောင်းတော် ကြီးမှာ မောင်ဠုတဟု အမည် တွင် သော ဂီတစာဆိုကြီးလောက် ကံကောင်းတဲ့လူ မရှိတော့ဘူး”

နောက်ကျောဆီမှ ကျယ်လောင်စွာ ပြောဆိုနေသော စကားသံကြောင့် ငယ်ငယ် ခေါင်း လေးငဲ့စောင်း ကြည့်မိပြီးနောက် ငွေလမင်းကို လက်လှမ်းတို့၏ ။

ငွေလမင်း မျက်ခုံးလေးပင့်ပြီး “ဘာလဲဟင်” ဟုဆိုရာ ငယ်ငယ်က “ဟိုဘက်ဝိုင်းမှာ အာကာမှုးတို့ ရှိတယ်” ဟု လေသံနှိမ့်ကာ အသိပေး၏ ။

ငွေလမင်း လှည့်ကြည့်ရာ အာပေါင်အာရင်းသန်သန်နဲ့ စကားပြောဆိုနေသော အာကာမှုးကို တန်းတန်းမတ်မတ်ပင် တွေ့ ရပါသည်။ အာကာမှုးရှေ့တည့်တည့်မှာ တော့ နဖှုးခပ်ပြောင်ပြောင်နှင့် ကျောင်းသား တစ်ယောက် ကို သွားကြီးအဖြီးသားနှုင့် တွေ့ ရပါသည်။ ပြီးတော့ မျက်နှာအတည်ပေါက် ဖြစ်အောင် တမင်လုပ်ထားကြရသော အာကာမှုး၏ သူငယ်ချင်းနှစ် ယောက် ကိုလည်း တွေ့ ရပါသေးသည်။

ငွေလမင်း ငယ်ငယ်နှင့် မျက်နှာချင်းပြန်ဆိုင် လိုက်ပြီး-

“နင်ကလည်း ဘာများ လဲလို့… အာကာမှုးကို တွေ့ တာပဲ အထူးအဆန်းလုပ်လို့”

“သြော် … အထူးအဆန်းရယ်တော့ မဟုတ်ဘူးပေါ့၊ ဒါပေမယ့် သူ့ပြောပေါက်ဆိုပေါက်ကို နားထောင်ကြည့်တာနဲ့ သူ့ရှေ့ကငနဲတော့ ဒုက္ခလှလှတွေ့ တော့မှာ သေချာတယ်”

ငယ်ငယ်ပြောသည်ကို ငွေလမင်းစိတ်ဝင်စားသွားပြီး ခေါင်းနှစ်ချက်ညိတ်ပြကာ အာကာမှုး တို့ဝိုင်းဆီ မသိမသာ လှမ်းအကဲခတ်မိသည်။

“သပြေနုနုက ပြောတယ်”

အာကာမှုး ထံမှ ဆက်လက်ထွက်ပေါ်လာမည့် စကားကို ဠုတ တစ်ယောက် နဖူးအပြောင်သားနဲ့ ငံ့လင့်တကြီး နားစွင့်နေ၏ ။ သို့ သော် အာကာမှုးက ဆက်မပြောဘဲ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး တစ်ကျိုက်သောက်၏ ။

“အဟမ်း”

လက်ဖက်ရည်ကို စားပွဲပေါ်ပြန်ချပြီး လည်ချောင်းရှင်းသဖြင့် အာကာမှုးဆက်ပြောပြီထင်ပြီး ဠုတ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ခန္ဓာကိုယ်ကို ရှေ့သို့ ထပ်ကိုင်းလိုက်သေး။

သို့ သော်အာကာမှုးက အကြမ်းပန်းကန်လုံးထဲ ရေနွေးကြမ်း ဖြည့်ထည့်ကာ ရေနွေးကြမ်း အပူဓာတ် လျော့သွားအောင်တဖူးဖူးမှု တ်နေပြန်သည်။ ဠုတ တစ်ယောက် မချင့်မရဲ ဖြစ်သည်ထက် ဖြစ်လာရသည်။

အာကာမှုး ရေနွေးကြမ်းတစ်ငုံ သောက်လိုက်ပြီးမှ-

“သပြေနုနုက ပြောတယ်”

“သပြေနုနုက ဘာပြောသလဲဟင် …… အမလေး…… နာမည် လေးကိုက သပြေနုနုတဲ့… လှလိုက်တဲ့နာမည် လေး…..လှလိုက်တဲ့နာမည် လေး…..ဂလု”

“ဟား…ကိုယ့်လူနှယ် ….. သပြေနုနုဆိုတာ နာမည် လှတာ လာဟုတ်သေးလဲ…..လူကမှ လှတာမှ ဒီနေ့မြန်မာပြည်ရဲ့ နာမည် အကြီးဆုံး မင်းသမီးလောက်တော့ ပျင်းတောင်ပျင်းသေးတယ်”

“အဟီး…ဂလု”

ဘာကြောင့် မှန်းမသိ ဠုတ တစ်ယောက် မမြင်ဖူးသော သပြေနုနုကို အငမ်းမရသဘောကျကာ လည်ချောင်းထဲမှာ “ဂလု…..ဂလု” မြည် နေသည်။

“သပြေနုနုက ပြောတယ်၊ ကိုဠုတရဲ့သီချင်းစာသားတွေ ကို အရမ်းအရမ်းကြွေတာပဲတဲ့”

“အဟီး … ဂလု”

“ပြီးတော့ ကိုဠုတရဲ့ မဟာနဖူးကလည်း အရမ်းကြည့်လို့ကောင်းတာပဲတဲ့…. ဒါကြောင့် ချစ်စနိုးနဲ့ ကိုဠုတ နဖူးကို ဟောသလိုဟောသလို သိပ်ကျီစယ်ချင်တာပဲတဲ့”

“ဖတ်….ဖတ်”

“အဟီး….ဂလု”

အာကာမှုးပြောရင်းဆိုရင်း ဠုတ ၏ နဖူးကိုခပ်ဖွဖွ နှစ်ချက်တိတိ ရိုက်လိုက်သည်။ ဠုတ ပီတိတွေ ဖြာပြီးရင်းဖြာသွားသည်။

“ပြောသေးတယ် ဟောဒီ ဒဂုံတက္ကသိုလ်မှာ ကိုဠုတ တစ်ယောက် ပဲ ဘောင်းဘီရှည်ဝတ်တာ စတိုင်လ်အကျဆုံး အလိုက်ဖက်ဆုံးတဲ့လေ”

“အဟီး…… ဒါ ကတော့ ဘာရယ်မဟုတ်ပါဘူး၊ ဒီလိုပဲဝတ်လိုက်တာပဲ၊ သူ့ဟာသူစမတ်ကျ သွားတာ ကတော့ ငါ့အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက်က ဟန်ချက်ညီနေလို့ ဖြစ်မှာ ပါ….အဟီး”

ဠုတ မဖုံးနိုင်မဖိနိုင် ပီတိတွေ ဖြာပြီး ဘောင်းဘီခါးကို ဆွဲတင်မိသည်လောက် ပိန်ကပ် ကြုံလှီနေတဲ့ သူ့ခန္ဓာကိုယ်နှင့် လူညှပ်ကလေးများ အားမနာ လျှာမကျိုးပြောထွက်ရက်တာများ အံ့ပါ ရဲ့ဟူ၍ ငွေလမင်း မဲ့ရွဲ့ကာ အသံတိတ် ပြောမိသေးသည်။

“ဒီတော့ ပြောရရင် သပြေနုနုအနေနဲ့ သူတစ်ဖက်သတ် တိတ်တိတ်လေး ခိုးပြီး ကြွေနေရတဲ့ ကိုဠုတကိုယ်တိုင် သူ့ကိုချစ်စာလွှာလေးပါးပြီး ချစ်ရေး ဆိုရမှာ ကို မယုံရဲလောက်အောင်ပါပဲတဲ့ သူ့ခမျာ အိပ်မက်လေလား…. ၀ိုးတ၀ါး ဖြစ်ရပါတယ်တဲ့လေ”

“အိပ်မက်မဟုတ် ပါဘူး၊ တကယ်ပါလို့ သေချာမပြောလိုက်ဘူးလား”

“ပြောတာပေါ့ကွ၊ ဒီလောက်အရေး ကြီးတဲ့ ကိစ္စကြီးပဲဟာ၊ ဒါကြောင့် လည်း သပြေနုနုရဲ့နှလုံး သားနုနုလေးဟာ ရင်ခုန်သံလှိုင်းတွေ ထပြီး ကိုကိုဠုတ မချွတ်ခင်ကတည်းကသူက ကျွတ်ချင်နေ တာပါတဲ့လေ”

“အဟီး….ဂလု”

အောင်မြင့်က စိတ်ထဲ မြှော က်လို့မြှော က်မှန်းမသိ၊ ဂျောက်ချလို့ချမှန်းမသိသော ဠုတဆို သော ငနဲကိုနံပြားဖိုထဲသာ ထည့်ပြီးရိုက်ပစ်ချင်တော့သည်ဟု တွေးမိ၏ ။

“ဟာ..အာကာကလည်း လုပ်ချလိုက်ပြန်ပြီ၊ ဘယ့်နှယ် မချွတ်ခင်ကျွတ်ချင်ရတာ လဲ မဆွတ်ခင် ညွှတ်ချင်ရတယ်လုပ်စမ်းပါ”

အရေး ထဲ တင့်ဆွေက အာကာမှုး၏ ပမာပေးသော စကားကို အမှားပြင်ဆင်ချက် ပေးနေသေးသည်။ အာကာမှုး ကတော့ မလျှော့ရေး ချ မလျှော့ပေ။ ပြောလိုသည်ကို ဆက်သည်။

“အို……ငါကလိုရင်းတိုရှင်း ပြောတာပဲဥစ္စာ ဠုတ ငါဆိုလိုတာကို မင်းပေါက်တယ်နော်”

“ပေါက်တယ်….ပေါက်တယ်…..အဟီး…….ဂလု”

“ကဲ…ဒါဆို သပြေနုနုကို မင်း ကြွေပြထားတဲ့စာ ငါ့ကိုပေး၊ ရေး ကော ရေး ပြီးပြီမဟုတ်လား”

“ရေး ပြီးပါပြီကွာ… ညက တစ်ညလုံးဟောဒီရင်ဘတ်ကြီးနဲ့ အပြည့်အသိပ် ခံစားပြီးရေး ဖွဲ့ ထားတာ၊ ဒါနဲ့ မင်းတို့ ပြောနေတဲ့ သပြေနုနုက မိုက်တယ်ဆိုတာ သေချာတယ်နော်”

“သြော်… မင်းကလည်း မိုက်တာမှ တော် တော် မိုက်ပါတယ်၊ မယ်ကမ္ဘာအဆင့် ရှိပါတယ်ဆိုတာ အခါတစ်ထောင်လောက် အော်ပြောပြနေရမှာ လား”

“အဟီး… ဂလု… ငါက အလှအပကိုသာ မြတ်နိုးတတ်တဲ့ ငါ့နှလုံးသားအကြောင်းကို သိလို့ သေချာအောင် ထပ်မေးရတာ ပါကွာ၊ စိတ်မဆိုးပါနဲ့ … ရော့…ဒီမှာ င့ါရင်တွင်းစာ… သပြေနုနုလေး လက်ထဲ ဆက်ဆက်ရောင် အောင် ကူညီပေးနော်… ဒီလက်ဖက်ရည်ဖိုး ငါရှင်းလိုက်ပါ့မယ်”

“အေကေ… စိတ်ချ၊ ညနေ အတန်းဆင်းချိန်ကျရင် ဒီမှာ ပဲ ပြန်ဆုံမယ်၊ သပြေနုနုရဲ့ နှလုံးသားနုနု ပြန်ကြားလွှာကို မင်းလက်ထဲ ငါထည့်ပေးမယ်၊ အိုကေ”

“အိုကေဗျာ… အိုကေ”

“ကဲ… ဒါဆို ပရက်တီကယ်လ်ခန်းဝင်ဖို့ အချိန်ကျပြီ ဆိုတော့ တို့လည်း သွားကြရအောင်”

ပြောပြောဆိုဆို နေရာမှထ,ပြီး ဆော်သြလိုက်သော အောင်မြင့်စကးကို အားလုံး သဘော တူကြောင်း ခေါင်းညိတ်ပြပြီး နေရာမှထ,ကြသည်။

သူတို့မျက်နှာတွေ အားလုံးပြုံးနေကြသည်။ အတူသဖြင့် လက်ဖက်ရည်ဖိုးရှင်းပြီး ပြန်အမ်း ငွေကို စောင့်ယူနေသော ဠုတဆိုတဲ့ ခပ်ပြောင်ပြောင် လူကို တစ်ဖက်သတ် ကြွေနေတယ်ဆိုတာ ဟုတ်ပါ့မလား”

ငယ်ငယ်က…

“အေး… သူ့လို ကျီးကန်း အရိုးနင်နေပုံကြီးများ ”

ဟု မညှာတမ်း ဝေဖန်နှိပ်ကွပ်ပြီးကာမှ သူ့စကား သဘောကျပြီး ရယ်လေသည်။

“အဟီး… ခစ်ခစ်”

ငွေလမင်းလည်း လိုက်ရယ်လျက်…

“ သူများ သားသမီးကိုများ ပြောရမယ်ဆိုရင်တော့လား ဒေါ်ငယ်ငယ်တို့ ကတော့ စံပါပဲ” ဟုဆိုရင်း ငယ်ငယ့်လက်မောင်းကို မနာအောင်လှမ်းထု၏ ။

ငယ်ငယ်ကလည်း ရယ်လို့ဝကာမှ

“ဒါပေမယ့် ပြောလို့တော့မရဘူးဟဲ့… တချို့ ငနဲတွေ ကြည့်ပါလား… လူကသာ ပုံမလာတာ၊ တွဲလိုက်ရင် ကောင်မလေးတွေ က အမိုက်စားလေးတွေ ချည်းပဲ”

ငွေလမင်းလည်း ခေါင်းသုံးလေးချက်ခန့် ဆတ်ပြီး…

“အေး… ဒါလည်းဟုတ်တာပဲ… ဘာပဲ ဖြစ် ဖြစ်ဟယ် ညနေအတန်းဆင်းချိန်ကျရင် တို့လည်း အခြေအနေကို လာလေ့လာကြတာပေါ့”

“အင်း… ကောင်းတယ်၊ လေ့လာစပ်စုကြတာပေါ့”

“အင်း… ကောင်းတယ်၊ လေ့လာစပ်စုကြတာပေါ့၊ ထက်ထက်နဲ့ လွင်မာပါ တစ်ခါတည်း ခေါ်လာရမယ်ဟဲ့ သိလား”

“ဒါပေါ့… ကောင်းတယ်၊ လေ့လာစပ်စုကြတာပေါ့၊ ထက်ထက်နဲ့ လွင်မာပါ တစ်ခါတည်း ခေါ်လာရမယ်ဟဲ့ သိလား”

“ဒါပေါ့… သူတို့လည်း စိတ်ဝင်စားမှာ သေချာတယ်”

“အိုကေ… လောလောဆယ်တော့ အတန်းဘက်ချီတက်ကြရအောင်”

“ဟင်… ဟုတ်သားပဲ၊ သူများ ကိစ္စ စပ်စုနေတာနဲ့ အတန်းတက်ချိန်တောင် မေ့တော့မလို”

ငွေလမင်း စားပွဲထိုးလေးကို လှမ်းခေါ်ကာ ကျသင့်ငွေ ရှင်းပေးပြီးနောက် ငယ်ငယ့်လက်တစ်ဖက်ဆွဲလျက် အတန်းဘက်သို့ ချီတက်တော့သည်။

* * *


အခန်း (၄)

“ဟဲ့………ဟိုမှာ ဟိုမှာ လာပြီ”

ထက်ထက်၏ တပ်လန့်သတိပေးမှု ကြောင့် ငွေလမင်း တို့အားလုံး၏ မျက်ဆံနက်ကလေး များ ထောင့်ကပ်သွားကြကာ အာကာမှုးတို့အုပ်စုကို မသိမသာဝေ့၀ဲကြည့်မိသည်။ သည်အချိန် သည်ဆိုင် အာကာမှုးတို့ ထက်စောစွာ ငွေလမင်းတို့က ရောက်နင့်နေကြ၏ ။

ဠုတလည်း ပါလာသည်ကို တွေ့ မှ ငွေလမင်တို့ ဘ၀င်ကျလို ဖြစ်သွားကြသည်။ ငွေလမင်းတို့ ယနေ့စိတ်အ၀င်စားဆုံးဇာတ်ကောင်မှာ ဠုတ ဖြစ်သည်။ ဠုတကို ဘယ်လိုကောင်မလေးမျိုးကများ ကြိုတ်နှစ်သက် နေပါလိမ့် ဆိုတာကို လွှတ်သိချင်နေကြသည် အဟုတ်လား။

အာကာမှုးတို့ ကတော့ ထုံးစံအတိုင်းပင် အော်ကြီးဟစ်ကျယ် ပြောဆိုရင်းဖြင့် ဆိုင်ထဲသို့ ၀င် လာကာ စားပွဲအလွှတ်တစ်လုံးတွင် ၀ိုင်းဖွဲ့ ထိုင်ကြသည်။

“သပြေနု ကတော့ မင်းပေးလိုက် တဲ့စာထဲမှာ ပါတဲ့ဟိုဟာကွာ…ဘာတဲ့ သြော်….ကိုယ့်အချစ် ပင်လယ် လှိုင်းတံပိုးတွေ ကို ဘယ်လိုနတ်ဆိုး ဘယ်လိုခွေးသူခိုးကမှ နှောင့်ယှက်ဖျက်ဆီးလို့ မရဘူးကွယ်…. ဆိုတဲ့စာသားက သူ့ရင်ကို တန်းခနဲထိသွားတယ်ဆိုပဲကွ”

“အေးကွ ……ငါတို့ကိုလည်း ပြောတယ် မင်းရဲ့ခိုင်မာတဲ့ချစ်ခြင်းကို ဖော်ပြတဲ့ စာသားတွေ က ဟာတဲ့ သူ့ရဲ့မိန်းမသိက္ခာကိုတောင် မငဲ့ကွက်နိုင်တော့ဘဲ ချက်ချင်း ပြန်အဖြေပေးရကိန်းဆိုက် သွားတာပဲတဲ့လေ”

“ဒါ ကတော့ကွာ ဠုတရဲ့ စာသားတွေ က မြောက်လွန်းအားကြီးတော့ သပြေနုနုမဟုတ်ဘဲ တခြားမိန်းကလေး တစ်ယောက် ဆိုရင်လည်း ဒီလိုပဲ ဟတ်ထိသွားမှာ ပဲ”

“ငါတို့လည်း ဠုတကို ရည်းစားစာ အရေး ခိုင်းမှဟေ့ ဒါမှသူ့လိုပဲ နေ့မကူးဘဲ ဖြစ်မှာ ”

အာကာမှုးပြောစကားနှင့် တစ်သားတည်း ဖြစ်အောင် ကျန်သူငယ်ချင်းများ အားဖြည့် ၀ိုင်းပို့ ကြလေရာ ဠုတ တစ်ယောက် ပါးစပ်နှင့် နားရွက် ထိစပ်မိသည်အထိ တဟီးဟီး ဖြစ်နေသည်။

အေးကွာမင်းတို့ပြောမယ်ဆိုလည်း ပြောရအောင်ငါ့ဘ၀ပေး ပါရမီကလည်းလွှတ်ကောင်း နေတာကိုး …..အဟီး.. ဂလု…. ငါ့ကိုယ်ငါတောင် အံ့သြမိပါရဲ့…. အဟီး…ဂလု.. ဒါနဲ့သူလေးရဲ့ပြန်စာ ….ပေးတော့လေကွာ၊ ဒီမှာ ဖတ်ချင်လှပြီကွ၊ အဟီး ဂလု…”

“ဟားဖတ်ရမယ်၊ ဖတ်ရမယ်၊ စိတ်ချ၊ ဒါပေမယ့် ငါတို့ကိုတော့ မပေးလိုက် ဘူးကွ”

ဟင်….ဆို ဘယ်သူနဲ့ပေးလိုက် သလဲ သူ့ပြန်စာကို…”

“မင်းကိုထပ်ပြောပြရင် မင်းထပ်အံ့သြသွားဦးမယ်၊ ကျော်နိုင်ဦးနဲ့ တင့်ဆွေရေ ဒီကောင့်ကို သွားဆွဲထားဦး၊ တော် ကြာ ငါပြောမယ့်စကား ကြားပြီး မိုးပေါ်ကို တက်သွားမှာ စိုးလို့”

အာကာမှုးစကားကို အကြောင်းပြုပြီး ကျော်နိုင်ဦးနှင့် တင့်ဆွေကဠုက ပခုံးတစ်ဖက်တစ် ကျစီကို ဟန်ပါပါဖြင့် ဆွဲဖိထားကြသည်။ ဠုတ သဘောကျသထက် ကျသွားရသည်။ အာကာမှုး ပြုံးလျက်…..

``သေချာနားထောင်နော် ဠုတ၊ မင်းမှာ ဘ၀င်မြင့်ပြီး မူးလဲတတ်တဲ့ ရောဂါ မရှိလောက်ပါဘူးနော်´´

“အဟီး….မရှိပါဘူးကွ၊ ပြောပါရပါတယ်”

“ဒါဆိုပြောပြီ ချစ်နှမတော် သပြေနုနုက သူ့ရဲ့ ချစ်ပြန်ကြားလွှာကို ချစ်တော် မောင် ဠုတရဲ့ လက်ထဲသူကိုယ်တိုင် ဆက်သမယ်တဲ့ဗျား”

“ဟေ…တ….တ….တ…ဒယ်လား”

“တဒယ်ပေါ့ကွ…..အဲလေ…တကယ်ပေါ့ကွ”

“ဟိုက်ရှလပတ်… ဠုတ တဲ့ကွ မှတ်ထားကြ တစ်ဠု တည်း တစ်တ တည်းရှိတယ်၊ နှစ် ဠု နှစ် တရှိရင် အိမ်က ခွေးနဲ့ ရှူးတိုက်ပစ်မယ်ကွ၊ ဟေး……”

“ဠုတ…..ဠုတ…. စိတ်တင်းထားဦး တော် ကြာ မင်းမြောက်တက်သွားရင် ငါတို့ပါ မိုးပေါ် ကန့်လန့် ကန့်လန့် နဲ့ ပါသွားပြီ၊ ပြန်မဆင်းတတ်လို့ ဒုက္ခတွေ့ နေဦးမယ်”

“ကိစ္စမရှိဘူး……ရတယ် ရတယ်…..အဟီး အဟီး…..ဂလု ဂလု”

ဠုတ တစ်ယောက် ကြားရသော စကားကြောင့် အပျော်လုံးဆို့ပြီး ရှော့တ် ဖြစ်သွားလေ သည်လားမသိ။ မျက်လုံးများ ပင် လည်ချင်ချင်ရယ်။ အတန်ကြာမှ ဠုတလည်း မိုးပေါ်ကပြန်ဆင်းလာပြီး အာကာမှုးကိုကြည့်ကာ…

“ဒါနဲ့သူက ဘယ်တော့လာမှာ လဲ”

“မလောပါနဲ့ လာမှာ ပေါ့ ဟောဗျာ…..ပြောရင်းဆိုရင်းနဲ့ လာပါပြီ မရွှေချော”

အာကာမှုးနောက်လှည့်ကြည့်ရင်း ပြောလိုက်သော စကားကြောင့် ဠုတ ရင်ဒိတ်ခနဲခုန်ပြီး အာကာမှုးကြည့်ရာဆီသို့ လည်ဆန့်ကြည့်သည်။

အခြေအနေကို စိတ်ပါဝင်စာစွာ အကဲခတ်နေသော တစ်ဖက်ဝိုင်းမှ ငွေလမင်းတို့လည်း ဆိုင်ထဲဝင်လာသော မိန်းကလေးသုံးယောက် ကို ဂရုတစိုက်ကြည့်မိကြသည်။ အရပ်မြင့်မြင့် ဆံပင် ရှည်ရှည်နှင့် တစ်ယောက် ဖြစ်နိုင်သည်။ ရှက်ပြုံးလေးပြုံးနေသည်မှာ ပါးချိုင့်ကလေးနှစ်ဖက် ၀င်းပြက်နေသည်မို့ အာကာမှုး ပြောသလောက်ကြီး မယ်ကမ္ဘာ အဆင့်အလှရှင် မဟုတ်သော်လည်း ချစ်စရာတော့ ကောင်းသည်။ သေချာသည် ကတော့ ဠုတလို အဘိုးကြီးအိုပေါက်စ ဒီဇိုင်းနဲ့တော့ ဘယ်လိုမှ မလိုက်ဖက်။ သူမို့ပဲ ကြံကြံဖန်ဖန် ငယ်ထိပ်အထိတက်ပြီး ပြောင်နေသော နဖူးပိုင်ရှင် မဲမဲသဲသဲ ငနဲကိုမှ တစ်ဖက်သတ် ကြွေနေရသည်လို့။ ကြည့်ရတာ သည်ကောင်မလေးကျပ်မှ ပြည့်ရဲ့လားမသိ။

ငွေလမင်းတို့ အုပ်စု တီးတိုးဝေဖန်အတင်းပြောကြရင်း ကောင်မလေးကိုယ်စား နှမြောပေး နေကြသော်လည်း ဠုတလက်ထဲ ရက်ရောစွာ ထည့်ပေးဖို့တက်ကြွ နေသူတို့ ကတော့ အာကာမှုးတို့ ပင်။

“အဟီး……..ဂလု”

“ဟာ …. ဟိတ်ကောင် ဠုတ မင်းတံတွေးမျိုချသံကြီးကလည်း နည်းနည်း ထိန်းစမ်းပါဦးကွာ တော် ကြာ ကြောက်ပြီး ထွက်ပြေး သွားပါဦးမယ်”

အောင်မြင့် လေသံနှိမ့်ပြီး သတိပေးစကားဆိုတာတောင် ဠုတ မျက်နှာပိုးက အတော် နှင့် သတ်မရချင်။

ရောက်လာပါပြီ ကောင်မလေးသုံးယောက် အပြုံးလေးတွေ တောက်လို့။

“ကဲမချောတို့လာ ဒီမှာ ထိုင်ကြ မျှော်နေတဲ့သူက မျှော်လိုက်တာများ မျှော်စင်ကြီးကို လုံးလုံး ဖြစ်နေပါရော”

“အဟင်း……အဟင်း”

အာကာမှုးက သွက်လက်စွာ ခရီးဦးကြိုပြုရင်း ထိုင်ခုံတွေ လှမ်းဆွဲယူပေး၏ ။ ကောင်မလေး သုံးယောက် အာကာမှုးအနီးရှိ ခုံများ တွင် ၀င်ထိုင်ရင်း တစ်ယောက် ကို တစ်ယောက် ပြုံးပြကြသည်။

ဠုတ၏ မျက်လုံး ကတော့ ဆဲပင်ရှည်ရှည် အရပ်မြင့်မြင့် ချစ်သူအပါးက ခွာမရတော့။

“ကဲ….နင်တို့ ဘာသောက်ကြမလဲ လက်ဖက်ရည်လား ကော်ဖီလား”

“ဟင့်အင်း မသောက်တော့ဘူး၊ သွားစရာလေး ရှိသေးလို့”

သပြေနုနုဟု ယူဆရသော ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကောင်မလေးက တုံ့ပြန်ပြောကြာရင်း အာကာမှုးတို့အားလုံးကို တစ်ချက်ဝေ့ကြည့်သည်။ ဠုတက ပိုပိုသာသာ ပြုံးပြလိုက်သည်။ ကောင်မလေးလည်း ပြန်ပြုံးပြရင်း လွယ်အိတ်ထဲမှ ပန်းနုရောင် စာအိတ်လေးကိုထုတ်ပြီး အာကာမှုး လက်ထဲ အသာလှမ်းထည့်ပေးလိုက် သည်။ ဠုတ၏ မျက်နှာကြီး အလှုခံမဏ္ဍပ် ရှေ့မှာ ထားသော ပြုံးချိုရုပ်လို မျက်လုံးပြူးကျယ်ပြီး နှုတ်ခမ်းပြဲလန်သွားတော့သည်။

“တို့…သွားတော့မယ်”

ကောင်မလေး ပြောပြောဆိုဆို နေရာမှထသဖြင့် ကျန်ကောင်မလေးနှစ်ယောက် လည်း အားလုံးကိုပြုံးပြရင်း နေရာမှထကာ ထွက်သွားကြသည်။ သပြေနုနုဟု ယူဆရသူက အာကာမှုး လက်မောင်းကို အသာလှမ်းတို့ ပြီး “ဟဲ့…….အာကာ ခဏ” ဟုဆိုကာ ရှေ့မှဦးဆောင်ထွက်သဖြင့် အာကာမှုးလည်း ခေါင်းညိတ်ပြရင်း လိုက်သွားရသည်။

စားပွဲခုံနှစ်ခုံကျော်လောက်ရောက်မှ ကောင်မလေးက လေသံတိုးတိုးဖြင့်….

“ဟဲ့….နင်ပြောတဲ့ ဠုတဆိုတာရော မတွေ့ ပါလား”

“ဟယ်တော့…..”

ကောင်မလေး၏ စကားကြောင့် အာမေဍိတ်သံထွက်ပြီး ကိုယ့်နဖူးကို ရိုက်မိမတတ် ဖြစ် သွားကြရသူတို့မှာ ငွေလမင်းတို့သူငယ်ချင်း တစ်စုပင် ဖြစ်သည်။

အံ့ပါရဲ့။ အာကာမှုး အပြောတစ်ခုတည်းကို ယုံပြီး တစ်ခါမှမတွေ့ ဖူးတဲ့ ယောက်ျားတစ် ယောက် ရဲ့အချစ်ကို လက်ခံဝံ့တဲ့ မိန်းခလေးဆိုလို့ သည် တစ်ယောက် သာ တွေ့ ဖူးသေးသည်။

အာကာမှုး ကတော့ ဘာမျှမထူးခြားသလို အေးဆေးပဲ ဖြစ်သည်။

“ဒီဆိုင်ထဲမှာ ပဲရှိပါတယ်ဟ…..ဘာလို့မတွေ့ ရမှာ လဲ”

ကောင်မလေးသုံးယောက် ဆိုင်ထဲသို့ တစ်ပြိုင်တည်းဝေ့၀ဲ ကြည့်ကြသည်။ ပြီးတော့ အာကာမှုးဘက်မျက်နှာပြန်လှည့်ပြီး……………

“နင်ပြောတာ ဘယ် တစ်ယောက် လည်း ”

“မတွေ့ ဘူးလား”

“ဟင့်အင်း”

“ငါတို့နဲ့ တစ်ဝိုင်းတည်းထိုင်နေတဲ့ တစ်ယောက် လေဟာ”

“ဟင်ဘယ်လို”

အာကာမှုးနောက်သို့ ပြန်လှည့်ပြီး ညာဘက်လက်မဖြင့် အသာ ညွှန်ပြလျက်-

“ဟင်……..နင်နင် ……. ကဲပါလေ ထားပါတော့ ဒါဆို စနှိုးဝှိုက်မင်းသမီးလေး ပြန်နိုးထပြီး အသက်ဝင်လာအောင် စွမ်းဆောင်ပေးနိုင်တဲ့ မင်းသားလေးနဲ့ အဲဒီ ဠုတနဲ့လည်း ခွဲမရအောင် တူ ပြန်တယ်ဆိုတာကရော”

“ဟုတ်တယ်လေ ၊ ငါမှန်တာပြောတာပဲဥစ္စာ”

“ဘာလဲ ….. စနှိုးဝှိုက် ကာတွန်းစာအုပ်ထဲမှာ ပဲလား”

“အင်း…..နင်မဆိုးဘူး တော် တော် မြင်တတ်လာပြီပဲ”

“အေး မြင်တတ်တာမှ နင့်ရှေ့စကားနဲ့နောက်စကားနဲ့ မညီတာလည်း မြင်တတ်လာပြီ မှတ် ပါ”

“ဘယ်လိုမညီတာလဲ”

“ဠုတဆိုတဲ့ မျက်နှာရူးကောင်ပြောင်ကြီးကို ကြံဖန်မြှော က်ပြောချင်တာနဲ့ ဟိုမင်းသားနဲ့တူ ခိုင်းလိုက် ဒီမင်းသားနဲ့ တူခိုင်းလိုက် အဓိပ္ပါယ်မရှိတာ၊ ပြီးတော့ စင်ဒရဲလားထဲက ရွှေမင်းသားနဲ့ စနှိုးဝှိုက်ထဲက မင်းသားလေးက ဘယ်လိုရုပ်ချင်း တူနိုင်ပါ့မလဲ၊ ဠုတဆိုတဲ့ကောင်နဲ့တူရင် ပိုတောင် ဆိုးသေး”

“သြော်.....ဒါ ကတော့ အဲဒီ ကာတွန်းစာအုပ် နှစ် အုပ်စလုံးကို ရေး ဆွဲတဲ့သူက သူ့အဖေပဲ ဟာ၊ ဒီတော့ အဲဒီ မင်းသားလေးတွေ လည်း သူ့သားနဲ့ တူတာပေါ့လို့”

“ဟင် ...... နင်.....နင်....တော် ပြီ တော် ပြီ...နင်ဘာသာ နင့်ယောက် ဖတွေ ကို တူချင်တာနဲ့ တူခိုင်း ငါနဲ့မဆိုင်ဘူး ပေး....ပေး......အဲဒီ စာပြန်ပေး၊ သွားမယ်.....ဟွန်း”

အာကာမှုးနှင့်စကားယှဉ် ပြောမရသည့်အဆုံး ထိုဘုမလေးလည်း အာကာမှုးလက်ထဲမှ သပြေနုနု၏ ပြန်စာကို ဆတ်ခနဲဆွဲယူပြီး ရှေ့မှဆတ်တောက်ဆတ်တောက်ဖြင့် ထွက်ခွာသွားသည်။

သပြေနုနုလည်း ဘာဝင်ပြောရမှန်းမသိသော မျက်နှာဖြင့် အာကာမှုးကိုတစ်ချက် ကြည့်လိုက် ဠုတကို တစ်ချက်ကြည့်လိုက် သူငယ်ချင်းဘုမကို တစ်ချက်ကြည့်လိုက် လုပ်ပြီးနောက် ကျန်သူငယ်ချင်းများ ၏ လက်ဆွဲရာ မဘုမလေးနောက် အပြေးတစ်ပိုင်း လိုက်တော့သည်။

အာကာမှုးက ဘာမှအရေး မကြီသလို ရယ်ချင်ပြုံးချင်မျက်နှာဖြင့် .....

“ဟဲ့....ဟဲ့....နေဦးလေ စနှိုးဝှိုက်မင်းသမီးတို့ စင်ဒရဲလားတို့ ဖြစ်ခွင့်လိုင်စင် မလျှောက်တော့ဘူးလား၊ ဒီလိုအခွင့်အရေး မျိုး နောက်ထပ်တစ်ကြိမ် ကြုံရဖို့ဆိုတာ လွယ်တာမဟုတ်ဘူးနော် ၊ဟဲ ဟဲ ဟဲ”

ဟူ၍ နောက်မှလှမ်းအော် နောက် ဖြစ်အောင် နောက်လိုက်သေးသည်။

အခြေအနေကိုမျက်ခြေမပြတ် အကဲခတ်နေသော ဠုတ၏ မျက်နှာပေါ်မှ ငါးဖယ်ပြုံးလေး ရုတ်ခြည်းပျောက်ကွယ်သွားပြီး အာကာမှုးထံသို့ အလောတကြီး လျှောက်လှမ်းလာသည်။

“ ဟိတ်…..အာကာ ဘာ ဖြစ်တာလဲ”

“တွေ့ တဲ့အတိုင်းဘဲလေ”

“တွေ့ တာ ကတော့ တွေ့ တာပေါ့ကွ၊ ဒါပေမယ့် သပြေနုန ငါ့ကိုပေးထားတဲ့စာကို ဟိုဘီလူးမ ရှောက်သီးစားတဲ့ ရုပ်လောက်မှမသားနားတဲ့ မိန်းမကဘာ ဖြစ်လို့ယူသွားရတာ လဲ”

“သြော်ဒါလား၊ သူကပြောတယ် မင်းရုပ်က ငါးရှဥ့်ဂဏန်း ညှပ်ခံထားရတဲ့ ရုပ်နဲ့တူလို့တဲ့”

“ဟေ …. ဘာကွ အေး…..ငါ့ဘာသာ ငါးရှဥ့်ဂဏန်းညှပ်ခံထားရတဲ့ ရုပ်မကလို့ တောဇီးကွက် မျောက်ကုတ်ခံထားရတဲ့ ရုပ်ပဲ ဖြစ် ဖြစ် အဲဒီ ဘီလူးမနဲ့ ဘာဆိုင်သလဲ သူကဘာဆိုင်လို့ ကြားကနေ ၀င်နှောင့်ယှက်ရတာ လဲ”

“အဲဒီ လိုတော့လည်း အပြတ်ပြောလို့မရဘူးကွ ဠုတရဲ့”

“ပြောတယ်ကွာ….ပြောတယ်၊ အခါတစ်ထောင်တိတိ အပြတ်ပြောတယ်၊ ဘာ ဖြစ်လဲ”

“မင်းဘက်က အဲလိုပြောရင် မင်းဘဲ နှစ်နာမှာ ပေါ့ကွာ ခဏတော့ သည်းခံလိုက်ပါကွာဟုတ် ပြီလား”

“ဒီမယ်……… ချစ်သော သပြေနု တစ်ယောက် တည်းကိုသာ သည်းခံနိုင်မယ်၊ ဘာမှမဆိုင်တဲ့ ကြားက ၀င်စွက်ဖက်တဲ့ သူတွေ ကိုတော့ လုံးဝဆောရီးပဲ”

“ဒါဆိုစိတ်ချ လက်ချသာ သည်းခံလိုက်ပေတော့ကွာ”

“ဘာ……ဘာရယ်”

“သပြေနုနုဆိုတာ မင်းပြောတဲ့ ဘီလူးရှောက်သီးစားတဲ့ ရုပ်အလှပိုင်ရှင်လေးလေကွာ”

“အေးလေကွာ…. သူ့စာသူပြန်ယူတာပဲဟာ၊ ဒါကလည်း စိတ်ဆိုးတုန်းခဏပါကွာ၊ မကြာခင် စိတ်ပြေသွားမှာ ပါ သူလည်းမျက်စိစွန်မှာ တော့ ကြောက်မှာ ပါ”

“တော် ….တန်တိတ် ၊ စွန်ပါလေ့စေ၊ တစ်သက်လုံး စွန်ပါလေ့စေ၊ အဲဒီ မျက်စိ…ဟင်းကွာ”

ဠုတ တစ်ယောက် ဒေါသတွေ ကွန်တိန်နာ တစ်စီးတိုက်လောက်ထွက်သွားရသည်။ ပေါက်ကွဲလွန်းသဖြင့် ဘာဆက်ပြောရမှန်းမသိသော မျက်နှာထားနှင့် အတန်လှမ်းနေပြီ ဖြစ်သော သပြေနုနုနောက်ကျောကို မှု န်ကုပ်ကုပ်ကြည့်နေမိသည်။

နောက်ဆုံးထွက်ပေါ်လာသော အဖြေမှန်ကို ကြည့်ပြီး ငွေလမင်းတို့လည်း “ဟယ်တော့” ဟူ၍ တစ်ပြိုင်နက်တည်း ရေရွတ်မိကြပြန်သည်။

တတ်လည်းတတ်နိုင်တဲ့ ကောင်စုတ်လေးဟု ငွေလမင်း တစ်ယောက် အာကာမှုးကို လှမ်းကြည့်ပြီး ကျိတ်ပြောမိစဉ်မှာ ဠုတ၏ အသံနာနာကြီးက ပေါ်ထွက်လာပြန်သည်။

“ဟိတ်ကောင် အာကာ….. မင်းပြောတော့ သပြေနုနုက မယ်ကမ္ဘာအဆင့်မှီအလှရှင်ဆိုကွ”

“ဟုတ်တယ်လေ…..ဒီနှစ်မယ်ကမ္ဘာရွေးပွဲဝင်ပြိုင်တဲ့ ကင်မရွန်းနိုင်ငံ အလှမယ်နဲ့ သပြေနုနုနဲ့က အသားမည်းတာရော၊ မျက်လုံးပြူးပြီး ပါးစပ်ပြဲတာရော လုံးဝချွတ်ဆွတ်ပဲ၊ အဲဒါတောင် သပြေနုနုက အဲဒီ အလှမယ်ထက် တစ်ပန်းသာတာ ရှိသေးတယ်”

“သူကတောင် တစ်ပန်းသာတာ ရှိသေးတယ်”

“ဟုတ်တယ် ပုလဲရောင် သွားတွေ လူတကာမြင်သာအောင် အပြင်ကိုနည်းနည်း ခေါထွက်နေပြီး ဂျိုင်းပတ်နံ့လေး အမြဲသင်းနေတတ်တာလေ”

“အော့ ဟေ့ကောင် တော် ပြီတော် ပြီ ဆက်မပြောနဲ့တော့ ငါ့ရုပ်ငါ့ရည် ငါ့အနေအထားနဲ့ ကြည့်စမ်းပါအုံး… မင်းမို့လုပ်ရက်တယ်ကွာ အသည်းနာတယ် အသည်းနာတယ် အခုပဲပြတ်စာရေး ပြီး ပို့လိုက်တော့မယ်”

“ဟင်….မင်းကပြတ်ရအောင် သူနဲ့မင်းနဲ့က ချစ်သူတွေ ဖြစ်ခဲ့ပြီးပြီမို့လို့လား”

“ငါ့အနေအထား ငါ့ရုပ်ရည်နဲ့ ဒီလိုမိန်းမမျိုးကို ချစ်သူထားစရာလား… ခုရှုပ်မှနောင်ရှင်းတဲ့ ဘာပဲပြောပြော…. ငါ ကတော့ ပြတ်စာရေး ပေးလိုက် မှာ ပဲ”

“ဒါဆိုလည်း ရေး စေဗျာ၊ ရေး စေ၊ ရောက်လေရာအရပ်မျာ စွံနိုင်တဲ့သူဆိုတော့ ပြောအား ရှိတာပေါ့လေ”

“ခစ် ခစ် ခစ်”

အာကာမှုးနှင့် ဠုတတို့ရဲ့ အပြန်အလှန်ပြောစကားများ နှင့် ဖြစ်စဉ်တို့ကို မျက်ဝါးထင်ထင် တွေ့ မြင်ကြားသိနေရသော ငွေလမင်းတို့အဖို့ မရယ်ဘဲ မနေနိုင်ြ ကတော့ပါ။ သူငယ်ချင်းတွေ တိုင်ပင်စည်းဝါး တိုက်စရာမလိုဘဲ အသံထွက်ရယ်မောမိကြသည်။

အယ်…ရယ်မိတာမှားပြီလားမသိ၊

ရင်မှာ ဝေဒနာတွေ ကို အရှင်လတ်လတ် ပိုက်ထွေးထားရသော ဠုတ တစ်ယောက် ရယ်သံ များ ကြောင့် ခန္ဓာကိုယ်တစ်ပတ်လည်ပြီး လှည့်ရှိုးသည်။ မျက်နှာကြီးက မှု န်ကုတ်လို့ရယ်။ သူ့ကို ၀ိုင်းလှောင်သည်ထင်ပြီး ပွဲထကြမ်းမှ ဒုက္ခဟူသော အတွေးဖြင့် ရယ်သံတွေ အရေး ပေါရပ်စဲသွားရသည်။

ငွေလမင်းလည်း ဆက်ရယ်ရအခက် မရယ်ရအခက်ဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ် ခတ်လုပ်ပြီး ဠုတကို ရှိုးတိုးရှန်းတန်းပြန်ကြည့်ရသည်။

ချက်ချင်း ဆိုသလို ဠုတ၏ မှု န်ကုပ်နေသော မျက်နှာကြီး ပြုံးဖြီးဖြီး ဖြစ်သွားလျက် အာကာမှုး လက်ကိုလှမ်းဆွဲရင်း…..

“ဟေ့အာကာ၊ ပြီးခဲ့တာ ကန့်လန့်ကာချလို့ ငါ့ရဲ့အချစ်စာမျက်နှာသစ်ကို ဒီနေ့အချိန်ကစလို့ ဖွင့်လှစ်လိုက်ပြီကွ”

“ဟေမြန်လှချည်လား ၊ အဲလေ တယ်ဟုတ်ပါလား၊ ဘယ်မှာ လဲ သင့်ရဲ့အချစ်စာမျက်နှာသစ် ငါလည်း ဖတ်ကြည့်ချင်လို့”

“ဟိုမှာ လေကွာ….ငါ့ရှေ့တည့်တည့်က ခေါင်းမှာ ဘီးကုတ်အစိမ်းရောင် လေးနဲ့ မဒီလေး”

“ဟိုက်ဒုက္ခတော့ လှလှတွေ့ ပါပြီ” ဟုသာ ငွေလမင်း ရေရွှတ်မိရင်း ငိုချင်သလို ဖြစ်သွားရ သည်။

အာကာမှုးလည်း ဠုတညွှန်ပြရာဆီသို့ ဟန်ပါပါလှမ်းကြည့်ရင်း အားပေးအားမြှော က်ပြု လိုက်ပုံကလည်း လှီးသတ်ပြစ်ဖို့သာ ကောင်းတော့သည်။

“ဟိုက်… ရှားပါး…. နန်းထိုက်တဲ့ ပန်းမကိုဋ်ဆိုတဲ့ ဒီလိုတော် ၀င်တဲ့ အလှပိုင်ရှင်မျိုးကို ပြောတာပေါ့ကွာ….. ဒီလိုအလှထွတ်ခေါင် နတ်ဖုရားမလေးဟာ ဠုတဆိုတဲ့ အကျော်အဒေးယျ ယောက်ျားကောင်းက လွဲပြီး ထိုက်တန်တဲ့သူ ဘယ်မှာ ရှိပါ့ဦးမလဲကွာ”

“မင်း….. မင်းတကယ်ပြောတာနော်”

“နှစ် ခါမပြောဘူး၊ ဒီတစ်ခါတော့ အသေအချာပဲ”

“ဒါဆိုငါလှုပ်ရှားတော့မယ်”

“လှုပ်ရှားမှ မုန့်စားရမယ်ဆိုတာ အလကားနေ အလကားပြောဖို့ သက်သက်ထွက်ပေါ်လာတာမှ မဟုတ်တာကွာ”

“အိုကေ….ဒါဆိုလှုပ်ရှားပြီ”

“ရဲရင့်သူအတွက်အောင်ပွဲကွာ၊ ဘာလို့အချိန်တွေ စောင့်နေမှာ လဲ”

အာကာမှုး ကတော့ ပြောင်စပ်စပ်မျက်နှာပေးဖြင့် ဠုတကို တွန်းပို့ခဲ့ပြီးနောက် သူ ကတော့ သူငယ်ချင်းများ ဆီ ပြန်သွားပြီး တဟီးဟီးတဟားဟား ရယ်နေလေသည်။

အခက်တွေ့ နေရသူမှာ တော့ ငွေလမင်းရယ်။

ငွေလမင်းကို ဠုတက အရှက်မရှိ ပြုံးပြုံးကြီးစိုက်ကြည့်နေသည်မို့ နေရခက်လှသည်။ ၀ူးဝူး ၀ါးဝါးလည်းထ မလုပ်ရဲသည်မို့ သူငယ်ချင်းများ ကို လက်ကုတ်ပြီး “ဟဲ့…အခြေအနေမကောင်းဘူး၊ လစ်ကြရအောင်” ဟု တိုးတိုးဆိုကာ စားပွဲထိုးလေးကို ကျသင့်ငွေရှင်းပေးရသည်။ ထို့နောက် ပြုံးပြုံးကြီး စိုက်ကြည့်နေသော ဠုတရှေ့မှ ခပ်သုတ်သုတ် လစ်ရတော့သည်။

ငွေလမင်းတို့ ထွက်ခွာသွားသည်နှင့် ဠုတလည်း အားကာမှူးတို့ဆီ အပြေးအလွှား အကြံဥာဏ် တောင်းတော့သည်။

“ဟိတ်… အာကာ… ငါရှိုးတာနဲ့ အသည်းလေး လစ်ပြေးသွားပြီကွ၊ ကြည့်ရတာ ငါ့ကို မကြည့်ဘူးနဲ့တူတယ်”

“ဘယ်ကလာ လစ်ပြေးသွားရမှာ လဲ၊ မင်းရဲ့ အကြည့်တွေ ကြောင့် ထွက်ပေါ်လာတဲ့ သူ့ရန်ခုန်သံကို သူကိုယ်တိုင် မထိန်းနိုင်တော့လို့… ရှင်းရှင်းပြောရရင် မိန်းမသားတန်မဲ့ မင်းအချစ်ကို ချက်ချင်း ကြီး လက်ခံပေးမိမှာ စိုးလို့… မိန်းမ သိက္ခာထိန်းတဲ့အနေနဲ့ ရသလောက်မူ ကြည့်တာကွ”

“ဒိုဆို င့ါအခြေအနေကဂွတ်တယ်ပေါ့”

“ဂွတ်တာမှ တော် တော် လေးဂွတ်တယ်… ဒါ့ကြောင့်သူ့အတန်းရှေ့မှာ လမ်းသလားပြီး မင်းအချစ်ကို ကြေညာနိုင်ဖို့အတွက် မနက်ဖြန်ကစပြီး သူတက်တဲ့စာသင်ခန်းတွေ ကို ရအောင်စုံစမ်းပြီး လှုပ်ရှားပေတော့ဟေ့… လှုပ်ရှားမှ မုန့်စား ရမှာ နော်… လှုပ်ရှားမှ မုန့်စားရမှာ … ဟားဟားဟား”

“ဟားဟား… ဟားဟား”

ဒါတောင် ကြား ဖြစ်အောင် ကြားလိုက်ရသေးသော ဠုတကို မြှော က်ပေးနေသည့် အာကာမှူး၏ စကားများ ကြောင့်ငွေလမင်း ဒေါသထွက်လိုက်သည်မှာ မပြောပါနဲ့တော့လေ။

* * *


ငွေလမင်းရဲ့ အနီးဆုံးလူ

အတူနေချင်တယ်

အတူနေချင်တယ်… လို့

ကျယ်လောင်စွာ မြည် ဟိန်း

ကိန်းခန်းကြီးလွန်တဲ့ ဗဟိဒ္ဓအရေပြားအောက်

အော်မြည် ပေါက်ကွဲနေတဲ့ဆန္ဒ

အိပ်ခက်တဲ့ ညတလင်းပြင်မှာ

အပြင်းစားတမ်းတမှု လက်နက်

စွဲကိုင်ချီတက်

ခံစားချက်ပြင်းသူ တစ်ယောက် ရဲ့

ပြတင်းတံခါးခေါက်သံ

လေပြေထန်နေတဲ့ညမို့

ကာရန်မျှချင်မှမျှမယ်

ဘာပဲ ဖြစ်စြဖ်

ကျွန်တော် ချစ်တယ်

မမငွေလမင်းကို ကျွန်တော် ချစ်တယ်…

* * *


အခန်း (၅)

ငွေလမင်း လွင်မာနှင့် ထက်ထက်တို့သုံးယောက် သား မနေ့က အာကာမှူး၏ ဗရုတ်ကျမှု များ ကို ပြန်ပြောင်းပြောဆို ဝေဖန်ရင်း မိမိတို့၏ စာသင်ခန်းဆီသို့ တရွေ့ရွေ့ လျှောက် လာကြသည်။

သူတို့နောက်မှ ကိုယ်ဖော့ပညာသုံးပြီး လိုက်ပါလာသော ဠုတကိုမူ သူတို့သုံးယောက် စလုံး သတိမပြုမိကြ၊ ဠုတကလည်း လာလျင်သလဲလို့မမေးနဲ့။ ကားဂိတ်မှာ စောစောစီးစီး လာစောင့်နေပြီး ငွေလမင်းတို့နောက်မှ ခြေရာခံလိုက်ကာ ငွေလမင်း အတန်းတက်ရာ စာသင်ခန်းကို လိုက်လံစုံစမ်းခြင်း ဖြစ်သည်။

“မနေ့က အာကာမှူးလုပ်ပုံကြီးက မမိုက်ပါဘူးကွာ ဟိုနှစ် ယောက် ကလည်း ဘာမှန်းမသိ ညာမှန်းမသိ အာကာမှူး စကားကိုယုံပြီး ရည်စားစာပေးတဲ့လူကပေး… စာပြန်တဲ့သူကပြန်နဲ့… ဘေးကကြည့်ပြီး ကိုယ်တောင် ရယ်ပဲရယ်ရမှာ လား သူတို့အစား ဒေါသပဲ ထွက်ပေးရမှာ လား မသိ ဖြစ်ရတယ်”

“ဒါ ကတော့ဟယ် သူတို့ကလည်း သူတို့… ရည်းစား ထားချင်တဲ့ ရောဂါ က ဘယ်လောက်တောင် သည်းနေသလဲမှ မသိတာ… အာကာမှူးကလည်း ဗရုတ်က ခပ်ကျကျဆိုတော့ ကောင်းကြရောပေါ့… ခင်ခင်”

“သိပ်လည်း ရယ်မနေနဲပဦး… မနေ့က ဠုတဆိုတဲ့ မဟာနဖူးပိုင်ရှင်က သပြေနုနုကို ပြတ်စာတောင်မရေး ရသေးဘူး… လမင်းကို ပြူးပြီး စိုက်ကြညြ့်နေရာ တွေ့ တယ်မဟုတ်လား… တော် ကြာ သူ့ပစ်မှတ်က အခြားမရောက်တော့ဘဲ လမင်းဆီ တန်းခနဲရောက်လာလို့ ကတော့ ဟုတ်ပေ့ ဖြစ်နေဦးမယ်”

“ဟယ်… ဟုတ်ပါရဲ့ ၊ အဲဒါဆို ဒုက္ခပဲ၊ ဖွဟဲ့… လွဲပါစေ ဖယ်ပါစေ”

ထက်ထက်၏ သတိပေးစကားကြောင့် ငွေလမင်း ရင်ဘတ်လေးဖိပြီး ဘုရားတ,မိတော့ သည်။ ထက်ထက်နှင့် လွင်မာ သဘောကျပြီး ရယ်မိကြသည်။

“ခစ် ခစ် ခစ်”

ရယ်ရင်းမောင်ရင်းစာသင်ခန်းရှေ့ရောက်တော့ ကြိုရောက်နှင့်နေသော ငယ်ငယ်ကို တွေ့  ရသည်။ ငယ်ငယ်ကပြုံးစစဖြင့်…

“ဟဲ့… မိန်းမတွေ … မနက်စောစောစီးစီး ဘယ်သူ့အတင်း ပြောလာကြလို့ ဒီလောက်တောင် အူမြူးနေကြရတာ လဲ”

ဟူ၍ လှမ်းစသည်ကို လွင်မာက…

“ဘယ်သူ့အတင်း ဖြစ်ရမှာ လဲ၊ ညည်းအဆက်ကြီး အာကာမှူးအကြောင်းပဲပေါ့”

ဟု အရွှန်းပြန်ဖောက်လိုက်သည်။ ငယ်ငယ် မျက်ခု့းနှစ် ဖက်ပင့်ပြီး ကိုယ့်ကိုယ်ကို လက်ညှိုးထိုးလျက်…

“ဘာရယ်… ညည်းတို့ င့ါရဲ့ မှူးကိုကို အတင်းတွေ ကို ပြောလာကြတယ်ပေါ့ ဟုတ်လား… တွေ့ မယ်… ညည်းတို့တော့ မှူးကိုကိုရဲ့ ဂိုဏ်းတူညီအစ်ကို ဠုကိုကိုနဲ့ကိုတွေ့ … တွေ့ …ဟင်…”

“ဟဲ့… ငယ်ငယ် ဆက်ပြောလေ၊ ဘာတွေ့ လို့လဲ၊ သရဲရစ္ဆေတွေ့ လိုလား…လား…ဟင်”

ရယ်စရာပြောနေရာမှ စကားမဆက်နိုင်ဘဲမျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားသော ငယ်ငယ့် အမူအရာကြောင့် ကျန်သူငယ်ချင်းသုံးယောက် လည်း ကြောင်သွားရသည်။ တစ်ခုခုတော့ ထူးခြားပြီ ထင်၍ နောက်ကိုလှည့်ကြည့်ရာ မောင်မင်းကြီးသား မောင်ဠုတကို ကားယားကြီးရပ်လျက် တွေ့ ရသဖြင့် အားလုံး မျက်နှာလေးတွေ ငယ်သွားကြသည်။ဠုတ ကတော့ အလိုက်မသိစွာ ပြုံးပြထားလေသည်။

ငွေလမင်းခမျာ လွင်မာ့လက်ကို အားကိုးတကြီးဆုပ်ကိုင်ရင်း…

“ဟဲ့… ဘယ်… ဘယ်လိုလုပ်ရမလဲ”

လွင်မာက

“ငါ… ငါလည်း အဲဒါပဲ စဉ်းစားနေတာ”

ထက်ထက်က…

“ဒုက္ခပါပဲ… တို့နောက်က ဘယ်တုန်းကတည်းက လိုက်လာတာလဲမသိဘူး”

ငယ်ငယ်က ခန္ဓာကိုယ် တစ်ပတ်လှည့်ပြီး အတန်းထဲသို့ ဦးဆောင်ဝင်ကာ…

“အတန်းထဲဝင်ထိုင်နေတာ အကောင်းဆုံးပဲ… သွားကြရအောင်”

ကျန်သုံးယောက် လည်း လတ်တလောမှာ ငယ်ငယ်ပြောသည့်အတိုင်းသာ အကောင်း ဟုသဘောရလျက် အတန်းထဲသို့ အလျှိုလျှိုဝင်လိုက်ကြသည်။

ဠုတ အတန်းထဲလိုက်မ၀င်လာသော်လည်း ပြတင်းပေါက်မှတစ်ဆင့် ငွေလမင်း၏ အလှအပကို အပြတ်ခံစားနေလေသည်။ လက်ချာချိန်နှစ် ချိန်သာပြီးသွားသည်။ ဠုတက ပြတင်းပေါက် နားမှ မောင်ကြီးမခွာနိုင် ဖြစ်နေသည်။

လက်ပိုက်လိုက်၊ ခါးထောက်လိုက်၊ ဇက်စောင်းလိုက်၊ ခါးကိုင်းလိုက်၊ တိုင်ကိုကျောမှီလိုက်ဖြင့် ပို့စ်အမျိုးမျိုးပေးပြီး ငွေလမင်းကို ကြည့်ရှုအားပေးနေသည်မှ မမောနိုင် မပန်းနိုင်ရယ်။ ငွေလမင်းခမျာတော့ စိတ်ကျဉ်းကျပ်ကာ နေရခက်နေပေသည်။

ထို့ကြောင့် လွင်မာ့ကို တံတောင်ဖြင့် အသာလှမ်းတို့ရင်း…

“ဟဲ့… ဟို မျက်နှာရူးနဲ့တော့ဒုက္ခပဲ၊ ဘာလိုလုပ်ရင်ကောင်းမလဲ”

လွင်မာ မျက်မှော င်ကုတ်၍ အတန်းငယ်စဉ်းစားပြီးမှ…

“ဒီလိုလုပ်ဟာ… တို့လေးယောက် စလုံး မျက်နှာခပ်တင်းတင်းနဲ့ ဒီကောင့်ကို မိုက်ကြည့် ပြန်ကြည့်မယ် ဒါဆို ဒီကောင် တို့တင်းနေမှန်းသိပြီး လစ်မှာ ပဲ”

“ ဖြစ်… ဖြစ်ပါ့မလား”

“ ဖြစ်ပါတယ်… အရေး ကြီးတာက တို့လေးယောက် စလု့း ညီဖို့ပဲ”

“ဟုတ်ပြီလေ… ဒါဆို ငယ်ငယ်နဲ့ ထက်ထက်ရောပဲနော်… လုံးဝမျက်နှာမလွဲကြေး”

“စိမ်လိုက်လေ… စမယ်… ၀မ်း တူး သရီး”

ငယ်ငယ်၏ တိုင်ပင်ခေါ်သံဆုံးသည်နှင့် လေးယောက် စလုံး မျက်နှာ ချာခနဲလှည့်ကာ ဠုတကို တန်ပြန်ရင်ဆိုင်လိုက်ကြသည်။

ဠုတလည်း ထင်မှတ်မထားသော တိုက်ကွက်ကြောင့်ကြောင်သွားဟန်တူသည်။

စ,စ,ချင်းတုန်း ကတော့ ဘာမျှမ ဖြစ်ဟန်ဖြင့် အပြုံးမပျက် အကြည့်ချင်းဆိုင်နေသေးသည်။ ကြာတော့ တဖြည်းဖြည်းနဲ့ သွေးပျက်လာဟန်တူပါသည်။ ဠုတ သွေးပျက်မည် ဆိုလည်း ပျက်စရာ ရယ်။ ထိုမိန်းကလေးလေးယောက် သရဲစီး နေသလို မျက်နှာထားကိုယ်စီဖြင့် ယခုပင် သူ့ကိုလည်ပင်း လာညှစ်သတ်တော့မယ့်ပုံတွေ ပေါက်နေသည်။

ဠုတ သည်မှာ ဆက်ပြီးရပ်မနေရဲတော့ပြီ။ ထို့ကြောင့် မျက်နှာလွဲကာ ဘေးဘီဝဲယာကို လျှောက်ကြည့်၏ ။ ထို့နောက် သူ့ကိုပဲ သူငယ်ချင်း တစ်ယောက် ယောက် က လှမ်းခေါ် သယောင်ပြုပြီး “ ဟာ… ဟိတ်ကောင်… အေးအေး…ငါလာပြီ၊ ဆောရီးကွာ မေ့သွားလို့” ဟု မဆီမဆိုင်အသံပေးကာ ခပ်သုတ်သုတ် လစ်တော့သည်။ လှမ်းကြည့်တော့ သူ့သူငယ်ချင်းဆိုတာ လည်း မတွေ့ ရပါဘဲနဲ့။

ထိုအခါမှ သူငယ်ချင်းလေးယောက် သက်ပြင်းချနိုင်ြ ကတော့သည်။

“ဟူး… တော့ပါသေးရဲ့ ၊ တို့နည်းဗျူဟာ အောင်မြင်သွားလို့”

“ဟုတ်ပါရဲ့ … နို့မဟုတ်ရင် ဘာဆက်လုပ် ရမှန်းတောင်မသိတော့ဘူး”

“အေးလေ… ငါလည်း မိုက်ကြည့်သာ ကြည့်နေရတယ်၊ ရင်တထိတ်ထိတ်နဲ့ရယ်”

စိတ်သက်သာရာရမှု ကို တစ်ယောက် တစ်ခွန်းဆိုကြပြီး နောက် ငွေလမင်းမျက်နှာ ကျန်သုံးယောက် က ၀ိုင်းကြည့်ကြလေသည်။ ငွေလမ်ငးလည်း သူငယ်ချင်းများ ကို ပြန်ဝေ့ကြည့်ရင်း…

“ညည်းတို့က ဘာ ဖြစ်လို့ င့ါကိုကြည့်နေကြတာလဲ”

လွင်မာက မျက်စမျက်နဖြင့်…

“ဘယလိုလဲ မငွေလမ်ငး… နေရာတကာ လိုက်စပ်စုချင်တဲ့ အကျိုးရလဒ်ကို အခုတော့ မြက်မြက်ကလေး ခံစား လိုက်ရပြီမဟုတ်လား… ပြောစမ်းပါဦး”

“အမလေး… ကြောက်ပါပြီ၊ နောင်များ တော့ နေရာတကာ လိုက်မစပ်စုရဲတော့… အံမယ် အံမယ်… ညည်းတို့က ငါ့ပဲပြောနေကြတယ်… စပ်စုချင်ုတန်း ကတော့ လေးယောက် စလု့းအလိုတူ အလိုပါ စပ်စုခဲ့ကြတာမဟုတ်လို့လား”

“အဟဲ… ဒါ ကတော့… ဒါ ကတော့ ဘယ်လိုပြောရမလဲ… ၀ါသနာကိုးဟဲ့… ခစ်ခစ်”

“ခစ် ခစ် ခစ် ခစ်”

အခုတော့လည်း သူငယ်ချင်း လေးယောက် စလုံး တစ်ယောက် ကို တစ်ယောက် ကြည့်ကာ ပေါ့ပေါ့ပါးပါး ရယ်မြိ ကတော့သည်။

* * *


အခန်း (၆)

လက်ချာချိန်ပြီးသွား၍ တာဝန်ကျဆရာမ စာသင်ခန်း ပြင်ပသို့ ထွက်သွားသည်နှင့် ငယ်ငယ်က ငွေလမင်းကို ပခုံးချင်းအသာတွန်းတိုက်လိုက်ပြီး…

“ဟဲ့…ဗိုက်နည်းနည်း ဆာသလိုပဲ၊ ကန်တင်းန်သွားပြီး ၀မ်းစာလေး ဘာလေး ဖြည့်တင်းရင် ကောင်းမယ်ထင်တယ်”

ဟု အဆိုတင်သွင်းလာသဖြင့် ငွေလမင်းလည်း…

“ကောင်းသားပဲ… နောက် အတန်းတက်ချိန်က လေးဆယ့်ငါးမိနစ် တိတိကြီးများ တောင် လိုသေးတယ်၊ ဒီအတိုင်း ထိုင်စောင့်မယ့်အတူတူ ကန်တင်းန်ထိုင်ပြီး လေလေးဘာလေး ဖောရင်း စောင့်ရတာ ပိုကောင်းတာပေါ့”

ဟု ထောက်ခံဆွေးနွေးရင်း စားပွဲပေါ်မှ လက်ချာစာအုပ်များ ကို လွယ်အိတ်ထဲယူထည့်ပြီး နေရာမှထလေသဖြင့် လွင်မာနှင့် ထက်ထက်ည်း နောက်ကျမခံစတမ်း နေရာမှ ပြိုင်တူ ထကြသည်။

သို့ သော် ကန်တင်းန်သွားဖို့ စတင်ဆော်သြသူ ငယ်ငယ်ကမူ လွယ်အိတ်ထဲသို့ ထည့်လက်စ, လက်ချာစာအုပ်များ ကို ဆက်မထည့်နိုင်ဘဲ အတန်းအပြင်သို့ ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်ကိုသာ တွေ့ ရသည်။ ထက်ထက်က ငယ်ငယ်ကို စိတ်မရှည်နိုင် သလိုကြည့်ပြီး…

“ဟဲ့… ငယ်ငယ်… ထလေ သွားမယ်၊ ဘာလုပ်နေတာလဲ”

ဟျုဘုဆတ်ဆတ်ပြောသလို လွင်မာကလည်း…

“အေးလေ… ကန်တင်းန်သွားဖို့ သူပဲစ,ပြောပြီးတော့ ကြည့်ရတာ အိမ်က ပိုက်ဆံမပါ လာတာ အခုမှသတိရသွားလို့ထင်တယ် ခစ်ခစ်”

ဟူ၍ ငယ်ငယ့်မေးဖျားလေးကို ကိုင်လှုပ်ပြီး ချစ်စနိုး ကျီစယ်သည်။ ငွေလမင်းလည်း ပြုံးလျက် တစ်ခုခုဝင်ပြောရန် ပြင်ပြီး အတန်းအပြင်သို့ အမှတ်မထင်ဝေ့ကြည့်မိရာ အရေး ပေါ် နှလုံး ရောဂါ ရချင်သွားသည်။

“ဟယ်တော့… ဒုက္ခပါပဲ”

ငွေလမင်း၏ အထိတ်တလန့် ရေရွတ်သံကြောင့် လွင်မာနှင့် ထက်ထက်လည်း ငွေလမင်းကို ချာခနဲလှည့်ကြည့်ပြီးနောက် ငွေလမင်းကြည့်နေရာဆီ တစ်ဆက်တည်း ကြည့်မိကြသည်။ ထိုအခါမှ ငယ်ငယ် ဘာကြောင့် ဆွံ့အ သွားရသည်ကို လက်ငင်းသဘောပေါက်လိုက်ပြီး သူတို့ကိုယတိုင်လည်း နှုတ်မှ “ဘုရားရေ” ဟုသာ တ မြိ ကတော့သည်။

ဟုတ်ပါသည်။ မောင်မင်းကြီးသား မောင်ဠုတကို ပြုံးဖြီးဖြီး မျက်နှာကြီးနှင့်တကွ တွေ့ လိုက်ရသဖြင့် မချောတို့ ရုတ်တရက် အမောဖောက်သွားကြရသည်။

ဤအရေး မှာ ဦးစွာ သတိဝင်လာသူ လွင်မာက သတ္တိသွေးရဲရဲမွေးရင်း…

“ဟဲ့… သူ့ကို အရေး လုပ်မနေနဲ့၊ တို့သွားစရာရှိတာသာ သွားကြရအောင်”

ငွေလမင်းက မျက်နှာငယ်လေးနဲ့

“ ဖြစ်… ဖြစ်ပါ့မလား၊ တော် ကြာ နောက်ကနေ တကောက်ကောက် လိုက်နေဦးမယ်”

“အို… လိုက်ရဲလိုက်ကြည့်ပါလား၊ ဟိုနေ့ကလို တို့လေးယောက် စလုံး ခါးထောက်ပြီး မိုက်ကြည့် ၀ိုင်းကြည့်လိုက်မှာ ပေါ့… ဒါဆို ဒီကောင် ဖြုံသွားမှာ သေချာတယ်”

လွင်မာပြောတာလည်း ဟုတ်သလိုလိုတော့ရှိသား။ ဟိုတစ်နေ့က ငွေလမင်းတို့ မျက်နှာပြောင်တိုက်ပြီး လာအားပေးနေလို့ သူငယ်ချင်းလေးယောက် ၀ိုင်းပြီး ဘုကြည့် ကြည့်လိုက်ကြတာ ဠုတ ကြောက်ဖျား ဖျားကာ လစ်ပြေးသွားရသည်။

“အေး… လွင်မာပြောတဲ့အစီအစဉ်… ကောင်းအဲ… မကောင်းတော့ဘူး”

“ဟင်… ဘာ ဖြစ်လို့ ”

ထောက်ခံစကားဆိုပြီးမှ အလျင်စလို ပြန်ရုပ်သိမ်းသွားသော ငယ်ငယ်၏ ထူးခြားချက် ကြောင့် သူငယ်ချင်းများ နားမလည်းနိုင် ဖြစ်သွားရသည်။

သို့ သော် ငယ်ငယ် မေးထိုးပြရာဆီသို့ လှမ်းကြည့်မိကြရာ အားလုံးသဘောပေါက် သွားရတော့သည်။ ထို့ကြောင့်…

“ဟင်… အာကာမှူးတို့ အုပ်စုလည်း ပါလာတယ်”

ဟူ၍ သာ သံပြိုင်ရေရွတ်နိုင်တော့သည်။

လန့်ဖျား ဖျားပြီး နှစ် ရက် သုံးရက်လောက် ပျောက်ချက်သားကောင်းနေသော ဠုတ တစ်ယောက် သည်ကနေ့ဘာကြောင့် ရဲရင့်ဝင့်ကြွားစွာ ပြန်လည်ပေါ်ထွက်လာရသည်ဆိုတာကို အဖြေရှာနေရာ မလိုတော့ပါ။

“ငါတို့… ငါတို့… ဘယ်မှမသွားဘဲ အတန်းထဲမှာ ပဲ ထိုင်နေတာ ပိုကောင်းမယ် ထင်တယ်နော်”

အားငယ်စွာ ထွက်ပေါ်လာသော ငွေလမ်ငး၏ သနား စရာ့အသံလေးမှာ မဆုံးသေး လွင်မာနှင့် ထက်ထက်က နေရာတွင် ကုပ်ချောင်းချောင်း ပြန်ထိုင်မိပြီး ဖြစ်သည်။

ငယ်ငယ်က ယခုအထိ နေရာတွင် မထိုင်မိသေးသော ငွေလမင်းလက်ကို လှမ်းဆွဲပြီး…

“ဟဲ့… လမင်း၊ ထိုင်လေ… တောကြာ ဟိုအကောင် အာကာမှူးက လှမ်းနောက်နေဦးမယ်”

“ဟု သတိပေးကာ ငွေလမ်ငးလည်း ခေါင်းသုံးလေးချက် ညိတ်ပြပြီး ကတုန်ကယင်ထိုင်ချ သည်။

“ဟဲ့... လမင်း သူတို့ကိုရှိတယ်လို့ကို စိတ်ထဲမထားနဲ့၊ တို့အချင်းချင်း ပြောစရာရှိတာ ပြောနေကြမယ်၊ တော် ကြာသူတို့ကို လှည့်ကြည့်မိနေရင် ကြံဖန် ပဏာယူနေဦးမယ်”

လွင်မာပြောတာ ဟုတ်သလိုလိုတော့ရှိသည်။ သို့ ပေမယ့် တစ်ဦး တစ်ယောက် က မိမိကို မျက်တောင်တစ်ခတ်စာမျှပင်အလွတ်မပေး သဲသဲမဲမဲ စိုက်ကြည့်နေတာ သိသိကြီးနဲ့ မို့မည် သို့ နေ တတ်မည် နည်း။ အင်မတန် ခွတီးခွကျနိုင်တဲ့ကိစ္စပင် ဖြစ်သည်။ ထို့ကြောင့် ငွေလမင်းခမျာလွတ် လပ်ပေါ့ပါးစွာ မနေရဲရှာဘဲ မလုံမလဲစိတ်ဖြင့် ဠုတကိုတစ်ချက် တစ်ချက် လှမ်းလှမ်းကြည့်မိသည်။

ထင်သည့်အတိုင်းပင် သူ့ကိုပြန်ကြည့်မိတာကို ငနဲသားမ ကြံဖန်အမှတ်ယူပြီး အာကာမှူး အားကိုးနဲ့ မျက်စိတွေ စွတ်မှိတ်ပြနေသည်။ ငွေလမင်းအမှားပင်။ ကြံရာမရသည့်အဆုံးလက်နှစ် ဖက်ခေါင်းမှာ ခုပြီး စာရေး စားပွဲပေါ်မျက်နှာမောက်လျက် မျက်စိကိုစုံမှိတ်ရင်း ဠုတဆိုသည့်ငပြောင် ကောင်ကို ကြိတ်ကျိန်ဆဲနေလိုက်သည်။

“ဟင်….သူလေး ငါ့ကို စိမ်းကားတဲ့နိမိတ်တွေ ပြကုန်ပြီ၊ ငါဘယ်လိုလုပ်ရမလဲ”

ငွေလမင်း၏ အပြုအမူကြောင့် ဠုတညစ်သွားဟန်တူပါသည်။ မိမိ၏ ထိရောက်သော တုံ့ပြန်မှု ကို ကျေနပ်မည် ကြံရုံရှိသေးသည်။ အာကာမှူးနှင့် အပေါင်းအပါများ ၏ အားပေးအားမြှော က် စကားများ ကြောင့် ငွေလမင်း ငိုချင်သွားရသည်။

“အား….မင်းကလည်း ခေတ်ကာလသားသမီး လုပ်နေပြီး ညံ့လိုက်တာကလည်း လွန်ပါရော၊ အဲဒါ အချစ်ကို တစိမ့်စိမ့်ခံစာခြင်းလို့ခေါ်တယ်”

“ဟုတ်တယ်ကွ …….သူက မျက်စိမှိတ်ပြီး ရင်ခုန်စရာ မင်းရဲ့အကြည့်တွေ ကို ပြန်ပုံဖော်ကြည့် နေတာ”

“တစ်နည်းလားဖြင့် လည်း ဒီလို ပြောလို့ရတယ်ကွ…..သူဒီလိုမင်းကို မသိကျိုးကျွံပြုလိုက်တာ ဟာ မင်းဘယ်လိုခံစာသွားရမလဲ ဆိုတာကို လှလှပပ စမ်းသပ်လိုက်တာပဲ၊ အဲဒီ တော့ ချစ်လို့ကျီစယ်တယ် မှတ်ပါ”

“အဟီး.........အဟီး……. ဂလု…….ဂလု”

အာကာမှူးတို့၏ တွန်းပို့စကားများ ကို ပီတိပွားယုံစား ပြီးပေါ်ထွက်လာသော ဠုတ၏ မူပိုင် ရယ်သံကြီးကြောင့် ငွေလမင်း ရင်တုန်ပန်းတုန် ဖြစ်သွားရသည်။

ငွေလမင်း၏ စိတ်ဒုက္ခကို ကိုယ်ချင်းစာမိသည့် လွင်မာထက်ထက်နှင့် ငယ်ငယ်တို့သည်လည်း သည်းခံနိုင်မှု မရှိတော့ကြောင်း ပြသသည့်အနေဖြင့် အာကာမှူးတို့ကို စူးစူးဝါးဝါး လှည့်ကြည့်လိုက်ကြသည်။ သို့ သော်……..

“ဟိုက်…ဟိုသုံးယောက် က သူ့ထက်ငါ မျက်လုံးပြူးပြနေကြပါလား….ကြည့်ရတာ မျက်လုံးအ လှပြိုင်ပွဲဝင်နေကြတာ ထင်တယ်ကွ”

“မှန်း…သြော်…. ဟုတ်ဟန်မတူပါဘူး ငါ့အထင်တော့ မျက်တောင်မခတ်ပုံ ထောက်ရင် ဧကန် စင်စစ် ဘီလူးလေးတွဘဲ ဖြစ်ရမယ်ကွ”

“ဟေဟုတ်လား၊ အံမယ် ဒီဘီလူးမလေးတွေ ကျတော့ ချစ်စရာလေးတွေ ကွနော်”

“အဟီး…..ဒီလိုဆိုရင် ငါတို့လည်း ဠုတကို လိုက်ကူညီရင်းနဲ့ အများ အကျိုးဆောင် ကိုယ့်အကျိုးအောင် ဆိုသလိုပဲ တို့ပါစွံတော့မယ့်ကိန်းပဲ”

“အိမ်း ….. ဂလိုဆိုရင်လည်း အိုရချည်သေးရဲ့ ….အိုရချည်သေးရဲ့ ဟားဟားဟား”

“ဟား ဟား ဟား ဟား”

မိုက်ကြည့်ကြည့်သည်ကိုနောက်မတွန့်သွားသည့်အပြင် တစ်ယောက် တစ်ပေါက် ရယ်စရာ တွေ ရယ်စရာတွေ ပြောပြီး ၀ိုင်းဟားနေကြသဖြင့် လွင်မာတို့လည်း ဘာဆက်လုပ် ရမှန်းမသိဘဲ အလျှိုလျှို ဇက်ကလေးတွေ ပုသွားကြသည်။

တော် ပါသေးသည်။

“အဟမ်း”ဆိုသော ချောင်းဟန့်သံနှင့်အတူ လက်ချာပို့မည့် ဆရာ အတန်းထဲဝင်လာသည့် အတွက်ရယ်။

စိတ်အနှောင့်အယှက် ကြုံနေရသည့် အတွက် အတန်းတက်ချိန် ရောက်လို့ ရောက်မှန်းပင် သတိမထားမိလိုက်ကြ။အခုမှ ငွေလမင်းတို့သူငယ်ချင်းတစ်သိုက် ထွက်ပေါက် တွေ့ သလို စိတ် လက်ပေါ့ပါးသွားပြီး အတန်းအပြင်သို့ ကိုယ်စီ မျက်လုံးဝေ့ ကြည့်မိ ကြသည်။ အာကာမှူးတို့ကိုအ ရိပ်အရောင် ပင် အတွေ့ မြင်ရတော့။ ငရဲတွေ လစ်သွားကြပြီထင်သည် ငွေလမင်းတို့ သူငယ်ချင်း လေးယောက် အချင်းချင်းကြည့်ပြီး ပခုံးတွန့် မျက်နှာမဲ့လျက်ခေါင်းခါရမ်းမြိ ကတော့သည်။

* * *




ဝန်ဇင်းချစ်သူများ မျိုးကိုမျိုး ၏ “ ငွေလမင်းရဲ့ အနီးဆုံးလူ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အချစ်(သို့မဟုတ်) စေတန်ပြုခဲ့တဲ့ ကောင်းမှု

အချစ်နန်းတော်သွား တောလား

ပို့ စ်မော်ဒန်ပုံပြင်များ