ပို့စ်မော်ဒန် ပုံပြင်များ နှင့် ပတ်သက်၍ ……
မောင်မောင်ဇေယျ
"ဟိုး . . . ရှေးရှေးတုန်းက . . . . ."
အဲဒီ အသံမျိုးကို ငယ်ရာကနေ ကြီးရာဖြတ်သန်းလာဖူးတဲ့သူတိုင်း ကြားဖူးမှာ ပါ။ ငယ်ငယ်တုန်းက ကလေးဘဝမှာ ၊ ဘိုးဘွားမိဘတွေ ရဲ့ ရင်ခွင်ကြားမှာ နားနေအိပ်စက်ရင်း "ဟိုး ရှေးရှေးတုန်းက . . ." အစချီပြီး ပုံပြင်တစ်ပုဒ်ပြီး တစ်ပုဒ် နားထောင်ရင်း အိပ်ပျော်သွားရတဲ့ ရှေး ဖြစ်ဟောင်း အောက်မေ့ဘွယ်ကို လူတိုင်း စမြုံ့ပြန်ဖူးကြမယ် ထင်ပါတယ်။ ငယ်စဉ်က ဒီအရသာဟာဘာနဲ့မှမတူတဲ့ အလွန် စွဲလမ်းမြတ်နိုးခဲ့ရတဲ့ အတွေ့ အကြုံဟောင်း တစ်ခု ဖြစ်တာကိုတွေ့ ရပါတယ်။ ကျွန်တော် တို့ရဲ့ ငယ်စဉ်ဘဝ ဖြတ်သန်းမှု တွေ ထဲက ဒီပုံပြင်တွေ ဟာ ကျွန်တော် တို့အရွယ်ရောက်လာတဲ့အထိ ကျွန်တော် တို့ဘဝမှာ အရေး ပါနေတတ်ပြီး ကျွန်တော် တို့ကိုတစ်စုံတစ်ရာ စေ့ဆော်နေတဲ့ ပညာတွေ လို့ ယူဆရင် ရမယ်ထင်ပါတယ်။
ဟုတ်ပါတယ်။ ပုံပြင်တွေ ဟာ ကျွန်တော် တို့ရဲ့ ရှေးဦးမဆွကပဲ ကျွန်တော် တို့ကို သင်ကြားပေးနေတဲ့ ပညာတွေ ။ ကျွန်တော် တို့ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ကျွန်တော် တို့ ရရှိခဲ့တဲ့ ပညာသင်ကြားရေး ပုံသဏ္ဌာန် တစ်မျိုးပါပဲ။
တကယ်တော့ ပုံပြင်တွေ ဟာ လူကြီးတွေ က ကလေးတွေ ကို အိပ်ရာဝင် အပျင်းပြေ ချော့သိပ်စရာ ဇာတ်ကြောင်းလေးတွေ လို့ ထင်စရာ ရှိပါတယ်။ အဲဒါ မဟုတ်ပါဘူး။ ပုံပြင်တွေ ဟာ ကလေးတွေ အတွက် ပညာရစရာ နည်းလမ်းကောင်းတစ်ခု ဖြစ်သလို လူကြီးတွေ အတွက်လည်း ပညာသင်ကြားရေး ပုံသဏ္ဌာန်တစ်မျိုးပါပဲ။ ပုံပြင်ကို ပုံပြင်လို သဘောထားရင်တော့ ပုံပြင်ဟာ ပုံပြင်ပါပဲ။ ဒါပေမယ့် ပုံပြင်ကို ပညာရစရာ နည်းလမ်းကောင်းလို့ သဘောထားရင်တော့ ပုံပြင်တွေ ဟာ ပညာတွေ ။ ကလေးတွေ အတွက် ပညာတွေ ပါပဲ။ ပညာဆိုတာ လူသားရဲ့ အသိပညာကို တိုးချဲ့တာ၊ လူသားရဲ့ ဆင်ခြင်တုံတရားကို တိုးချဲ့တာ ဖြစ်ပါတယ်။ လူသားဟာ အသိပညာ တိုးချဲ့ဖို့ရာ၊ ဆင်ခြင်တုံတရားပြန့်ကားဖို့ရာ အမြဲလုပ်နေရတဲ့ သဘာဝ ရှိပါတယ်။ ဒီလို အသိပညာ ရရာ ရကြောင်းနဲ့ ဆင်ခြင်တုံတရား ပြန့်ကားပေါ်ထွက်လာရေး အတွက် လူသားမှာ သင်ကြားရေး ပုံသဏ္ဌာန်အမျိုးမျိုး ရှိနေတာကို တွေ့ ရပါတယ်။ ငယ်စဉ်တောင်ကျေး ကလေးဘဝမှာ တော့ ကလေးတွေ ပညာရဖို့နဲ့ ကလေးတွေ ဆင်ခြင်တုံတရား ပြန့်ကားထွက်ပေါ်လာဖို့အတွက် ပုံပြင်တွေ ဟာ အကောင်းဆုံးနဲ့ အလွန်သင့်တော် ဆုံး နည်းလမ်းတစ်ခုပါပဲ။
လူမျိုးတိုင်း၊ လူမျိုးတိုင်းမှာ ပုံပြင်တွေ ဟာ ဒေသန္တရ၊ ဒေသိယ ဘာသာစကားတစ်ခုအနေနဲ့ နိုင်ငံတိုင်းမှာ တည်ရှိနေတတ်ပါတယ်။ ဒါဟာလည်း ဟိုးပဝေသဏီကတည်းက တည်ရှိလာတာ၊ ယခုကာလအထိအောင် တည်ရှိနေဆဲ ဖြစ်တာကို တွေ့ ရပါတယ်။ ဟိုး …… လွန်ခဲ့တဲ့နှစ် ပေါင်း နှစ် ထောင်ကျော်လောက်က စခဲ့တဲ့ အရှေ့ဖက် အိန္ဒိယ ပဉ္စတန္တရ (Panchatantra) ဒဏ္ဍာရီ ပုံပြင်တွေ ဟာ ယဉ်ကျေးမှု ကူးလူးဆက်ဆံရင်း အရှေ့အလယ်ပိုင်းကိုရောက်၊ အဲဒီ ကနေ အလယ်ခေတ်လောက်မှ ဥရောပအနောက်တိုင်းထိအောင် ပျံ့နှံ့သွားတာကို တွေ့ ရပါတယ်။ ရုရှားမှာ ရုရှားရဲ့ ယဉ်ကျေးမှု ပုံသဏ္ဌာန်အတိုင်း၊ အနောက်တိုင်းဥရောပမှ အနောက်တိုင်းဥရောပရဲ့ ပုံသဏ္ဌာန်အတိုင်း ပုံပြင်တွေ ဟာ လိုက်ပါပြောင်းလဲလို့ သူတို့ပုံသဏ္ဌာန်နဲ့ သူတို့ဟန်အရ ဖြစ်သွားခဲ့ကြတာကို တွေ့ ရပါတယ်။ ကြာလာတော့လည်း တစ်ယောက် စကား တစ်ယောက် နားကနေ သူတို့ကိုယ်ပိုင် ဒေသန္တရပုံပြင်တွေ အ ဖြစ် ကူး ပြောင်းသွား ပါတယ်။ ဒီလိုပုံသဏ္ဌာန်အရ၊ ဟန်အရ ပြောင်းလဲသွားပေမယ့်ပုံပြင်ရဲ့ အနှစ် သာရသဘော ကတော့ ပျောက်ပျက်ပြောင်းလဲမသွားဘဲ ဒီအတိုင်း ယခုကာလထိအောင် တည်ရှိနေတာကိုလည်း အံ့ဩဖွယ်ရာ တွေ့ ရှိရပါတယ်။ လူ့စရိုက် ကိုပုံဖော်တဲ့ တိရစ္ဆာန်ပုံပြင်ထဲက မြေခွေးဟာ ကောက်ကျစ်ဉာဏ်များ မယ်၊ ကျားဆိုရင်ကောက်ကျစ်စဉ်းလဲမယ်၊ ယုန်ဆိုရင် အားနည်းပေမယ့် ဉာဏ်ပညာ အမြော်အမြင်ရှိမယ်၊ ဇီးကွက် ဆိုရင် ပညာရှိ တရားသူကြီးလို ဉာဏ်ကြီးမယ်၊ သိုးငယ်ဆိုရင် အပြစ်လုပ်တတ် မှားတတ်ပေမယ့် ဘာမှနားမလည်အပြစ်မဲ့သလို နေတတ်တဲ့ စရိုက်လက္ခဏာဆောင်မယ်၊ . . . စတဲ့ စတဲ့ "ပြည်သူ့နီတိ" (civics) တွေ ၊ "ကိုယ်ကျင့်တရား" (လူ့ကျင့်ဝတ်) (moral) တွေ ကို ကိုယ်စားပြု ဖော်ကျူးလေ့ ရှိတတ်ပါတယ်။ ပုံပြင်တွေ ထဲမှာ ကနေ့ လူသားတွေ အတုယူစရာ၊ လိုက်နာစရာ၊ ရှောင်ကြဉ်စရာတွေ ကို သင်္ကေတတွေ ၊ နိမိတ်ပုံတွေ ၊ ကိုယ်စားပြုတာတွေ နဲ့ ရောထွေးယှက်သွယ် သရုပ်ဖော်ထားတာတွေ နဲ့ ပြည့်နှက်နေပါတယ်။ ဒီမှာ တရားတော် နဲ့အညီ မကောင်းတာကို မလုပ်မိအောင်၊ ကောင်းတာကို လိုက်နာလုပ်ဆောင်မိအောင်၊ ကောင်းတာနဲ့ မကောင်းတာ ခွဲခြားတတ်အောင်၊ ကောင်းတာကိုဆောင်၊ မကောင်းတာကို ရှောင်နိုင်အောင် ပုံပြင်တွေ ထဲမှာ သတိပေး အမှတ်ထားစရာတွေ ပါတာကို တွေ့ နေရပါတယ်။ ဒီနေရာမှာ ကျွန်တော် အထူးအားဖြင့် ပြောချင်တာကိုက ပုံပြင်တွေ ဟာ လူသားတွေ အတွက် တကယ် လိုအပ်တယ်ဆိုတာကိုပါပဲ။
ကနေ့ ကျွန်တော် တို့ရဲ့ နှစ် ဆယ့်တစ်ရာစု ကာလတရားထဲ ရောက်နေကြရတဲ့ လူသား အားလုံးဟာ နှစ် ဆယ့်တစ်ရာစုမတိုင်ခင်က ကာလတရားတွေ ရဲ့ သမိုင်းသင်ခန်းစာ၊ ယဉ်ကျေးမှု အမွေဆက်ခံစရာတွေ ကို ဆက်လက် ထွေးပွေ့သယ်ဆောင်နေကြရတာ ကို တွေ့ ရပါတယ်။ ဒီလို အမွေဆက်ခံစရာတွေ ထဲမှာ "ယဉ်ကျေးမှု " (culture) တွေ ဟာ ကျွန်တော် တို့အတွက် တန်ဖိုးဖြတ် လို့မရတဲ့ ဓနဥစ္စာတွေ ဖြစ်ပါတယ်။ ဒီ "ယဉ်ကျေးမှု " ဆိုတဲ့အထဲမှာ ကျွန်တော် တို့ရဲ့ မျိုးဆက် တစ်ခုပြီး တစ်ခု လက်ဆင့်ကမ်းလာတဲ့ ပုံပြင်တွေ ၊ ဒဏ္ဍာရီတွေ ပါနေပါတယ်။ ဒီပုံပြင်တွေ ၊ ဒဏ္ဍာရီတွေ ဟာ တကယ်ပြောမယ်ဆိုရင် ကျွန်တော် တို့ရဲ့ မျိုးဆက်တစ်ခုပြီး တစ်ခု လက်ဆင့်ကမ်းလာတဲ့ ပုံပြင်တွေ ၊ ဒဏ္ဍာရီတွေ ပါနေပါတယ်။ ဒီပုံပြင်တွေ ၊ဒဏ္ဍာရီတွေ ဟာ တကယ်ပြောမယ်ဆိုရင် ကျွန်တော် တို့ရဲ့ ဓနဥစ္စာလို့ ခေါ်ခေါ်၊ပညာလို့ ခေါ်ခေါ် ကြိုက်တဲ့တန်ဖိုး (value) သတ်မှတ်နိုင်တဲ့ ဆက်လက်သယ်ဆောင်ထိန်းသိမ်းရမယ့် အမွေအနှစ်တွေ ပါပဲ။
ယနေ့ကာလ နှစ် ဆယ့်တစ်ရာစုကို အနောက်တိုင်း စာပေပညာရှင်တွေ ၊ သမိုင်းပညာရှင်တွေ က "ပို့စ်မော်ဒန်ခေတ်" / "ပို့စ်မော်ဒန်ကာလ" (Post-modern era) လို့ ခေါ်ဆိုသတ်မှတ်ကြတာကို တွေ့ ရပါတယ်။ ဒီပို့စ်မော်ဒန်ကာလတရားထဲက အခြေအနေ (condition) အကြောင်း ပြောရမယ်ဆိုရင် ယဉ်ကျေးမှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော် တို့ အဓိကထား ပြောကြရမှာ ဖြစ်ပါတယ်။ ဒီယဉ်ကျေးမှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော် အခုပြောနေတဲ့ ပုံပြင်တွေ လည်း အကျုံးဝင်ပါတယ်။ဒီနေ့ ပို့စ်မော်ဒန်ကာလတရားထဲမှာ စာပေပညာရှင်တွေ ဟာ ပုံပြင်တွေ ကို တန်ဖိုးထားလာကြတာကို တွေ့ ရပါတယ်။ ဒီကနေ့ ကာလဟာ ပညာကို တန်ဖိုးထားတဲ့ ခေတ်၊ ပညာခေတ် (knowledge age) ဖြစ်ပါတယ်။ ပညာခေတ်မှာ ပညာ ရရာရကြောင်း မူလရင်းမြစ် ဖြစ်တဲ့ ပုံပြင်တွေ ဟာ တန်ဖိုးထားစရာ၊ ဖော်ထုတ်စရာ ဖြစ်လာပါတယ်။ တကယ်တော့ ပုံပြင်တွေ ဟာ စိတ်ကူးစိတ်သန်းတွေ (imagination)တွေ ပါပဲ။ ဒီစိတ်ကူးစိတ်သန်းတွေ ဟာ ကနေ့ ပို့စ်မော်ဒန်ခေတ်မှာ တကယ် ဖြစ်လာတဲ့ အရှိတရား (reality) အ ဖြစ် နေရာယူနေကြပါပြီ။ ပို့စ်မော်ဒန်ခေတ်ဟာ ဒီစိတ်ကူးစိတ်သန်းတွေ တကယ် ဖြစ်လာတဲ့ အရှိတရားအကြောင်းကို ဖော်ထုတ်ပြောပြနေတဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။
ပို့စ်မော်ဒန်ခေတ်ဟာ အလွန်လျင်မြန်တဲ့ အဟုန်နဲ့ ပြောင်းလဲ ဖြစ်ပေါ်နေတဲ့ ကာလတရား တစ်ခု ဖြစ်ပါတယ်။ ပို့စ်မော်ဒန်ခေတ်မှာ အထူးသဖြင့် အီလက်ထရောနစ်မီဒီယာ (Electronic Media) တွေ ဟာ လိုက်မမီလောက်အောင် လျင်မြန်စွာ တိုးတက် ဖြစ်ထွန်းနေတာမို့ လူသားရဲ့ ဦးနှောက်ဟာ အသိပညာတွေ နဲ့ ပြန့်ကားချဲ့ထွင်နိုင်သမျှ ချဲ့ထွင်နေရပါတယ်။ သတင်းမီဒီယာတွေ ရဲ့ အလွန်ကျယ်ပြန့်တဲ့ သတင်းပေးမှု ကြောင့် လူသားဟာ ကမ္ဘာလောကဆိုင်ရာ အချက် အလက်တွေ ကို မသိချင်လို့ မရတော့ပါဘူး၊ လျစ်လျူရှူလို့ မရတော့ပါဘူး။ မသိကျိုးကျွန် ဥပေက္ခာပြုလို့ မရတော့ပါဘူး။ လူသားဟာ မသိချင်လည်း သိနေရပါတယ်။ မသိစေချင်ရင်လည်း သိနေရပါတယ်။ အသိပေးသူ မရှိရင်လည်း သိနေရပါတယ်။လူသားဟာ အဲဒီ လို သတင်းအချက်အလက် တွေ ကိုသိလိုက်တော့ လူသားရဲ့ အသိဉာဏ်ဟာ ပွင့်ထွက်လာပါတယ်။ ပွင့်လင်းလာပါတယ်။ ဆက်စပ်စဉ်းစား လာပါတယ်။ ပိုင်းခြားဝေဖန်မှု တွေ ပြုလုပ်လာပါတယ်။ တန်ဖိုးဖြတ်မှု တွေ လုပ်လာပါတယ်။ မှန်၏ /မှား၏ ၊ ကောင်း၏ / ဆိုး၏ ဆိုတဲ့ တန်ဖိုးဆိုင်ရာ အကဲဖြတ်မှု တွေ နဲ့အတူ လူသားရဲ့ အသိတရားဟာ ပြန့်ကားချဲ့ထွင်လာတာကို တွေ့ ရပါတယ်။ တကယ်တော့ ပို့စ်မော်ဒန် ခေတ်ဟာ လူသားရဲ့ ဆင်ခြင်တုံတရား ပြန့်ကားချဲ့ထွင်လာတဲ့ခေတ်၊ လူသားရဲ့ အသိပညာ ပွင့်ထွက်လာတဲ့ခေတ်လို့ ဆိုရင် ရနိုင်ကောင်းပါတယ်။
အဲဒီ လို "လူသားရဲ့ ဆင်ခြင်တုံတရား / အသိပညာ"ပွင့်လင်းပြန့်ကားလာတာနဲ့အတူလူသားတွေ ရဲ့ နေမှု ထိုင်မှု ၊ စားသောက်မှု အခြေခံတွေ ဟာလည်း အရင့်အရင်ခေတ်ကာလနဲ့ မတူတော့ဘဲ နေမှု ထိုင်မှု ၊ စားမှု သောက်မှု အခြေခံတွေ ပြောင်းလဲ သွားပါတယ်။ လူသားရဲ့ နေထိုင်ရှင်သန်မှု ဟန် (Style of Living) အသစ် အသစ်တွေ တစ်နေ့တခြား ပေါ်ထွက် ဖြစ်ထွန်းနေတာကို ကျွန်တော် တို့ နေ့စဉ် တွေ့ နေရပါတယ်။ ဒီအခါမှာ လူသားရဲ့ စဉ်းစားနည်း/တွေးခေါ်နည်း (Way of Thinking) တွေ ဟာလည်း လိုက်ပါ ပြောင်းလဲ သွားပါတယ်။ အရင့် အရင်ခေတ်ဟောင်း (old age) တုန်းက စဉ်းစားပုံစဉ်းစားနည်း၊ တွေးခေါ်ပုံ တွေးခေါ်နည်းတွေ နဲ့ လုံးဝ (လုံးဝ) မတူတော့တဲ့၊ သမားရိုးကျမဟုတ်တော့တဲ့ အခုခေတ် ကာလတရားနဲ့ အံဝင်ခွင်ကျ လိုက်လျော ညီထွေတဲ့ "စဉ်းစားပုံ စဉ်းစားနည်း အသစ်"၊"တွေးခေါ်ပုံ တွေးခေါ်နည်း အသစ်" တွေ ဝင်ရောက် ဖြစ်ထွန်းလာပါတယ်။ ကျွန်တော့အနေနဲ့ ကတော့ ဒါဟာ ကောင်းတဲ့ တိုးတက် ဖြစ်ထွန်းမှု ဖြစ်သလို ကာလတရားနဲ့ ညီတဲ့ "လိုအပ်ချက်" (necessity) ဖြစ်တယ်လို့ မြင်ပါတယ်။
ကျွန်တော် အထက်မှာ ဆိုခဲ့တဲ့အတိုင်း ပုံပြင်တွေ ဟာ ကနေ့ကာလမှာ စိတ်ကူးစိတ်သန်း သက်သက်မဟုတ်တော့ဘဲ တကယ် ဖြစ်လာတဲ့ "အရှိတရား" တွေ ဖြစ်လို့ ပုံပြင်တွေ ကပေးတဲ့ အသိပညာဟာလည်း ကနေ့လူသားတွေ အတွက် လိုအပ်ချက်တစ်ရပ် ဖြစ်တာကို တွေ့ ရပါတယ်။ ဒီမှာ ကျွန်တော် တစ်ချက်လောက် ပြောစရာ ရှိပါတယ်။ ဒါဟာ သိပ်ကို အရေး ကြီးပါတယ်။ အဲဒါဟာ ဘာလဲဆိုတော့ ကနေ့ ပို့စ်မော်ဒန်ခေတ် ဒါမှမဟုတ် ပို့စ်မော်ဒန်ကာလတရားထဲက ပုံပြင် တွေ ဟာ အရင့် အရင်ခေတ်ဟောင်း /စနစ်ဟောင်း "ဟိုး . . . ရှေးရှေးတုန်းက" ဆိုတဲ့ ပုံပြင်တွေ နဲ့ လုံးဝ (လုံးဝ) မတူတော့ဘူးဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒါကို သတိထားပြီး ကြည့်စေချင်ပါတယ်။ ဒါဟာလည်း သဘာဝ ကျပါတယ်။ လူတွေ ရဲ့ နေမှု ထိုင်မှု ၊ စားမှု သောက်မှု ဆိုတဲ့ နေထိုင် ရှင်သန်ဟန်မတူ ခြားနားသွားတဲ့အခါမှာ "နေထိုင်ရှင်သန်ဟန်" အသစ်နဲ့ "စဉ်းစားတွေးခေါ်နည်းအသစ်" က ထွက်ပေါ်လာတဲ့ ပုံပြင်သစ်တွေ ဖြစ်လာတာဟာ သူ့အကျိုးနဲ့ သူ့အကြောင်း ဆီလျော် တယ်လို့ ကျွန်တော် ပြောလိုပါတယ်။ ဒီပုံပြင်တွေ ဟာ အရင်က ဟန်၊ အရင်က ခံယူချက်၊ အရင် က ရည်ရွယ်ချက်တွေ နဲ့ မတူတဲ့၊ ဒီထက်ပိုကောင်းပြီး ဒီထက် "အသိတရား / ဆင်ခြင်တုံတရား"ပွင့်လင်းပြန့်ကား ချဲ့ထွင်ရေး အတွက် အကျိုးများ စေတဲ့ ပုံပြင်တွေ ကို စာပေပညာရှင်တွေ ၊ စာရေး ဆရာတွေ ဟာ ရေး သားဖော်ထုတ်ခဲ့ ကြပါတယ်။ ရေး သားဖော်ထုတ်ခဲ့ကြပြီး ဖြစ်တာကိုလည်း တွေ့ ရပါတယ်။ ရေး သားဖော်ထုတ်နေကြဆဲလည်း ဖြစ်ပါတယ်။
အခု "မျိုးကိုမျိုးရဲ့ ပို့စ်မော်ဒန်ပုံပြင်များ " ဟာလည်း ပို့စ်မော်ဒန်ခေတ်နဲ့ လိုက်ဖက်ညီတဲ့ အတွေးအခေါ် အသစ်တွေ နဲ့ ဖန်တီးထားတဲ့ ခေတ်သစ်ပုံပြင်များ ဖြစ်ပါတယ်။ ဒါဟာလည်း ပို့စ် မော်ဒန်ခေတ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတယ်လို့ ကျွန်တော် ယူဆပါတယ်။ ပြီးတော့ ဒါဟာလည်း ပို့စ်မော်ဒန်ခေတ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတာမို့ ကျွန်တော် တို့ရဲ့ "မြန်မာစာပေ ဖြစ်ပေါ် တိုးတက်ရေး " ဆိုတဲ့ လိုအပ်ချက်ကိုလည်း "မျိုးကိုမျိုး" က တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးလိုက် တာ ဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်။
"မျိုးကိုမျိုး" ရဲ့ ပို့စ်မော်ဒန်ပုံပြင်များ ဟာ ကျွန်တော် တို့ စာဖတ်သူတွေ ကို ပို့စ်မော်ဒန်ခေတ်ရဲ့ ပုံပြင်တွေ ဟာ ဒီလို စဉ်းစားတွေးခေါ်တာပါလားဆိုတဲ့ စဉ်းစားပုံ စဉ်းစားနည်းအသစ်ကို ရစေပါတယ်။ စာဖတ်သူအနေနဲ့ မျိုးကိုမျိုးရဲ့ ပို့စ်မော်ဒန်ပုံပြင်များ ဟာ စာဖတ်သူနဲ့ အကြိုက် ညီချင်မှ ညီပါလိမ့်မယ်။ ညီတာမညီတာက ကနေ့ ပို့စ်မော်ဒန်ခေတ်ရဲ့ ဗဟုဝါဒ (Pluralism) တရားနဲ့ညီတာမို့ မိမိနှစ်သက် ရာ စံ(norm) ကို မိမိကြိုက်သလို ဆုပ်ကိုင်နိုင်ခွင့် ရှိတာကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ "ငါနဲ့မတူလို့ မကောင်းဘူး"၊"ငါမကြိုက်လို့ မှားတယ်"ဆိုတာမျိုးဟာ ဒီနေ့ကာလမှာ ခေတ်ကုန် သွားပါပြီ။ ကိုယ်ကြိုက်တာကို ကိုယ်ဖော်ထုတ် တင်ပြခွင့်ရှိသလို တခြား တပါးသူရဲ့ မတူခြားနားတဲ့ ဖော်ထုတ်တင်ပြမှု ကိုလည်းစိတ်ကောင်းစေတနာကောင်းနဲ့ လက်ခံနားလည်ပေးရေး ဟာ "ပို့စ်မော်ဒန်ခေတ်" ရဲ့ အလွန်ထူးခြား ပြောင်းလဲလာတဲ့ လက္ခဏာကောင်းတစ်ရပ် ဖြစ်ပါတယ်။
ကျွန်တော် နဲ့ စာရေး သားတာ ဝါသနာတူ၊ ရည်ရွယ်ချက်တူ၊ စေတနာတူတဲ့ မျိုးကိုမျိုးဟာစာရေး အားကောင်းတဲ့သူ တစ်ယောက် ဖြစ်တာကို ကျွန်တော် သတိထားမိပါတယ်။ စာပေရေး သားခြင်းနဲ့ပတ်သက်လို့ အလွန်အမင်း ခုံမင်မြတ်နိုးသူ တစ်ယောက် ဖြစ်ပါတယ်။ စာပေအပေါ်မှာ ယုံကြည်ကိုးစားလွန်းသူလည်း ဖြစ်ပါတယ်။ ပြီးတော့ သူဟာ ထူးခြားတဲ့ အသစ်ဖန်တီးလိုစိတ် ပြင်းပြသူလည်း ဖြစ်တာကို ကျွန်တော် သတိပြုမိပါတယ်။ သူ့မှာ အသစ်အသစ်ကို ဖန်တီးချင်တဲ့ စေတနာကောင်းရှိပြီး အသစ်အသစ်ကို ဖန်တီးနိုင်တဲ့ ဉာဏ်ပညာလည်းရှိတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော် ပြောတာတွေ "ဟုတ်၊မဟုတ်" ကတော့ စာဖတ်သူအနေနဲ့ သူ့ရဲ့ ပို့စ်မော်ဒန်ပုံပြင်များ ကို ဖတ်ကြည့်ရင် သိလာပါလိမ့်မယ်။
စာဖတ်သူအတွက် ကျွန်တော် အာမခံချက်ပေးနိုင်တာ တစ်ခုတော့ ရှိပါတယ်။ အဲဒါဟာတခြားမဟုတ်ပါဘူး။
စာဖတ်သူ . . . မျိုးကိုမျိုးရဲ့ "ပို့စ်မော်ဒန်ပုံပြင်များ " ကို ဖတ်ကြည့်ပါ။ ပြီးတော့ ပိုင်းခြား သုံးသပ် တန်ဖိုး ဖြတ်ကြည့်ပါ။ အဲဒီ အခါမှာ မျိုးကိုမျိုးရဲ့ စာအုပ်ဟာ မကောင်းဘူး (ဒါမှမဟုတ်) ကောင်းတယ်လို့ ကောက်ချက်ဆွဲလို့ရတယ်ဆိုရင် စာဖတ်သူအတွက် စာပေအကျိုးအမြတ် တစ်စုံတစ်ရာရသွားတာ ဖြစ်ပါတယ်။ မျိုးကိုမျိုးရဲ့ ပို့စ်မော်ဒန်ပုံပြင်များ ဟာစာဖတ်သူအတွက် စာပေအကျိုးအမြတ် တစ်စုံတစ်ရာ ရနိုင်ကြောင်း ကျွန်တော် အာမခံပါတယ်။
မောင်မောင်ဇေယျ
(၂၁-၅-၂ဝဝ၂)
အလင်းယိုင်
(၁)
မောင်ကကြီးနှင့် မောင်ခခွေးတို့သည် အငြင်းအခုံမှာ ဝါသနာထုံသူများ ဖြစ်ကြ၏ ။ အရပ်ထဲ ငြင်းခုံစကားနိုင်လုပွဲများ ဖြစ်နေလျှင် မည် သူမည် ဝါတွေ ရယ်လို့ သွားကြည့်နေစရာမလို၊မောင်ကကြီးနှင့် မောင်ခခွေးမှလွဲ၍ အခြားသူ ဖြစ်နိုင်ရိုးမရှိ။ ယခုလည်း နှစ် ဦးဆုံမိသည်မှာ မကြာသေး၊ ထုံးစံအတိုင်း ငြင်းခုံစကားနိုင်လုနေကြပြန်လေပြီ။
မောင်ကကြီး။ ။ သစ်ပင်ပိရင်သာ သေမယ်၊ လူ့အောက်ကျို့လို့ ဘယ်တော့မှမသေဘူးကိုယ့်လူ။
မောင်ခခွေး ။ ။ သစ်ပင်ပိတိုင်း သေမယ်လို့ တထစ်ချပြောလို့ဘယ်ရမလဲ၊ ကံကောင်းရင် လည်း ရှင်မှာ ပေါ့။ အဲ. . .လူ့အောက်ကျို့မှသာ အဲဒီ လူတွေ ရဲ့ ဒဏ်ပိပြီးသေမှာ ကတော့ မြေကြီး လက်ခတ် မလွဲရေး ချ မလွဲပဲဗျား။
ကံမကောင်း အကြောင်းမလှသော တစ်နေ့တွင် မောင်ခခွေးခမျာ ကျိုးကျသည့် သစ်ပင် ကြီးတစ်ပင် ပိပြီး သေဆုံးသွားရလေသည်။
သေလွန်ပြီးနောက် ယမမင်းထံတွင် ကိုယ်ရေး ရာဇဝင်ဆိုင်ရာ စစ်ဆေးမေးမြန်းခြင်းခံယူရန် အတွက် ယမမင်း၏ အခန်းရှေ့တွင် တန်းစီစောင့် ဆိုင်းနေရလေ၏ ။
ထိုစဉ် သူ့အား "ဟေ့လူ . . . ခင်ဗျားနှယ် ဘယ်လို ဖြစ်ပြီး ဒီကိုရောက်လာရတယ်" ဟူ၍ လွန်စွာ ရင်းနှီးမှု ရှိသည့် နှုတ်ဆက်သံကို ကြားရလေသည်။ နှုတ်ဆက်လာသူကို ခြေဆုံးခေါင်းဆုံးအထပ်ထပ် ကြည့်သော်လည်း သိရှိဖူးခြင်းမရှိဟုသာ ထင်၏ ။ သူ၏ မိတ်ဆွေအပေါင်းအသင်း ထဲတွင် ဤမျှ ရုပ်ဆိုးအကျည်းတန်သူ တစ်ဦး တစ်ယောက် မျှ မရှိသည်မှာ လည်း သေချာပါသည်။ ထို့ကြောင့် အားနာဟန်ပြုကာ "မိတ်ဆွေရဲ့ လေသံကိုတော့ ကောင်းကောင်းရင်းနှီးနေသလိုပါပဲ၊ လူကို မမှတ်မိတာတော့ စိတ်မရှိပါနဲ့ခင်ဗျာ" ဟု ဆိုရ၏ ။
ထိုသူက"ကျွန်တော် မောင်ကကြီးလေဗျာ" ဟု ဆိုကာမှ မောင်ခခွေးလည်း မိတ်ဟောင်းဆွေဟောင်းနှင့် မထင်မှတ်ထားသော နေရာတွင် အမှတ်မထင် ဆုံဆည်းရသဖြင့် လွန်စွာ ဝမ်းသာသွားလေသည်။ သို့ သော် မိမိတို့ ရောက်ရှိနေသော နေရာမှာ ဝမ်းသာရမည့်  နေရာမဟုတ်ရကား၊ တစ်ဦးအကြောင်း တစ်ဦး မျက်ရည်စက်လက်ဖြင့် ရင်ဖွင့်ကြလေသည်။
မောင်ခခွေး ။ ။ ကျွန်တော် သစ်ပင်ပိလို့ သေပြီး ဒီရောက်လာတာဗျ၊ တစ်ချိန်တုန်းက ခင်ဗျား ပြောခဲ့ဖူးတဲ့ စကားက သေအောင်ကို မှန်လွန်းလှသဗျာ။
မောင်ကကြီး ။ ။ ကျွန်တော် ကတော့ လူ့အောက်ကျို့ မိလွန်းလို့ လူပိတဲ့ ဒဏ်တွေ ခံစားရပြီး ဒီရောက်လာရတာ ပဲ၊ ခင်ဗျား ကျွန်တော့် ကို ပြောဖူးခဲ့တဲ့စကား သွေးထွက်အောင်ကို မှန်မှန်း အခုတော့ လက်ခံရပြီပေါ့ဗျား။
မောင်ခခွေး ။ ။ ဘာပဲပြောပြော သေတာချင်း အတူတူ ခင်ဗျားက ခံရသက်သာသေးတာပေါ့။ စဉ်းစားကြည့်၊ ကျုပ်မှ တကယ့်ကို ဧရာမသစ်ပင်ကြီး ပိပြီး သေရတာ ၊ ဘယ်လောက်ဆိုးလိုက် သလဲ ဆိုတာ။
မောင်ကကြီး ။ ။ နို့. . . ဘယ်ဟုတ်လိမ့်မတုန်းဗျ၊ ခင်ဗျားက သစ်ပင်တစ်ခါပိပြီး တစ်ခါတည်းနဲ့ သေခွင့်ရခဲ့တာ၊ ဒဏ်ရာဆိုလည်း တစ်ချက်တည်းရယ်၊ ကျုပ်မှာ တော့ အခါခါလည်းသေရ၊ ဒဏ်ရာဒဏ်ချက်လည်း များ မှများ ၊ ဒါကြောင့် ခုလို အသက်ပါဆုံးတဲ့အချိန်ကျတော့ ရုပ်ပျက်ဆင်းပျက်နဲ့ ခင်ဗျားတောင် ကျုပ်ကို မမှတ်မိဘူးလေ၊ ကျုပ်က ခင်ဗျားထက် အသေဆိုးပါတယ်ဗျာ။
မောင်ခခွေး ။ ။ . . . . . . . . . . .
မောင်ကကြီး ။ ။ . . . . . . . . . . .
သေတာချင်းအတူတူပင် မည် သူက မည် သူ့ထက် သေကံဆိုးပုံကို ငြင်းခုံစကားနိုင်လုနေကြသော မောင်ကကြီးနှင့် မောင်ခခွေးတို့ကို ယမမင်းကြီး၏ စာရေး က ယမမင်း၏ ရှေ့မှော က် ဝင်ရောက်ရန် နာမည် အော်ခေါ်လေကာမှ နှစ် ဦးသား ထိတ်လန့်ပြီးအငြင်းအခုံ ရပ်လေ၏ ။ ထို့နောက် တစ်ဦးကိုတစ်ဦး အားပေးရင်း ရှိုက်ကြီးတငင် ငိုကြွေးကြ၏ ။ အတန်ကြာသော် လူချင်းခွာပြီး တစ်ယောက် ကို တစ်ယောက် ကြည့်ကာ အားပါးတရ ရယ်မောကြလေတော့သည်။
ကင်ဆာညရဲ့ သတ်ပုံ
သိပံ္ပပညာရပ်၏ တိုးတက်မှု ကား အံ့မခန်း ရင်သပ်ရှုမောရ၏ ။ ယခုဆိုလျှင် အာကာသရှိနတ်ပြည်အထပ်ထပ်ကိုပင် စူးစမ်းလေ့လာနိုင်ပေပြီ။ သိပံ္ပပညာရပ်၏ သည်မျှ ဂုဏ်ယူဖွယ် အောင်မြင်မှု ကပင် လူသားတို့အား အလွန်အမင်း ထိတ်လန့် တုန်လှုပ်စေပြန်သည်။အဘယ်ကြောင့် နည်း။
တစ်နေ့သော် နတ်ပြည် စုံစမ်းထောက်လှမ်းရေး ဂြိုဟ်တုမှ ကမ္ဘာမြေသို့ ချောက်ချားဖွယ် သတင်းတစ်ရပ် ပေးပို့လေ၏ ။ ယင်းမှာ ပရိုမက်ဖီးယားနတ်မင်း၏ ဦးခေါင်းကိုအလှည့်ကျ ကိုင်ဆောင်ရသော အေသီးယက်စ် နတ်သမီးလေး၏ လက်မှာ ထူးဆန်းစွာ တုန်ယင်နေပြီ ဖြစ်ကြောင်းနှင့် မကြာမီ အချိန်လေးအတွင်းမှာ ပင် ယင်းနတ်သမီး၏ လက်မှ ပရိုမက်ဖီးယား နတ်မင်း၏ ဦးခေါင်းသည် ကမ္ဘာမြေပေါ်သို့ ကျရောက်လာတော့မည် ဖြစ်ကြောင်း. . .။
သိပံ္ပပညာရှင်တို့လည်း ပရိုမက်ဖီးယားနတ်မင်း၏ ဦးခေါင်း ကမ္ဘာမြေပေါ်သို့ မကျရောက်မီ ဆယ်မထိန်းကျောင်းနိုင်ရန် အစွမ်းကုန် ကြိုးပမ်ြး ကတော့သည်။ သို့ သော် အဘယ်အကြောင်းကြောင့် မသိ၊ ထို ပရိုမက်ဖီးယားနတ်မင်း၏ ဦးခေါင်းကို မည် သို့ မှ ဖမ်းယူထိန်းချုပ်၍ မရနိုင်ဘဲ ကမ္ဘာမြေပေါ်သို့ တိတိပပ ပြုတ်ကျလာတော့သည်။ ပြေးစရာ မြေမရှိတော့သော လူသားများ ခမျာ အဘယ်မျှ အစိုးမရနိုင်လောက်အောင် အားငယ်ထိတ်လန့်ကြမည် မှာ ဆိုဖွယ်ရာမရှိ။
ကမ္ဘာမြေပြင် တစ်နေရာပေါ်ရှိ ပရိုမက်ဖီးယားနတ်မင်း၏ ဦးခေါင်းကို သိပံ္ပပညာရှင်များ နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ က လိုအပ်မည့်  ကာကွယ်မှုများ စူးစမ်းရေး ကိရိယာများ ဖြင့် ရဲတင်းစွာ ကိုင်တွယ်ကြည့်ကြသော်လည်း မည် သို့ သော အစွမ်းသတ္တိမျှမရှိ။ ထိုအခါမှ အားလုံးသက်ပြင်းချကာ အားပါးတရ ရယ်မြော ကတော့သည်။
"အမယ်လေးလေး၊ တို့မှာ တော့ ကြောက်လိုက်ရတာ ၊ ဇောချွေးကို ပြန်လို့၊ ပရိုမက်ဖီးယားနတ်မင်း၏ ဦးခေါင်း မြေကြီးပေါ်ကျရင်ပဲ ကမ္ဘာမီးလောင်မယ်လေး ဘာလေးနဲ့ ဟား ဟား ဟား ဟား"
ထိုခဏ၌ ပင် အရောင် အဆင်း တောက်ပစွာ သော နတ်တို့၏ အချုပ်အခေါင် ဇုနတ်မင်းသည် ကိုယ်ထင်ပြလျက် ဤသို့ ဆိုလေ၏ ။
"အသင်လူသားတို့၊ ယခုကျလာသော ပရိုမက်ဖီးယားနတ်မင်း၏ ဦးခေါင်းကား အစစ် မဟုတ်ချေ။ ပရိုမက်ဖီးယားနတ်မင်း၏ ဦးခေါင်းအစစ်ကား ဤကမ္ဘာမြေပေါ်သို့ ဟိုးနှစ် ပေါင်း များ စွာ ကတည်းက ကျခဲ့ပြီးလေပြီ"
ကိုယ်ထင်ပြမှု ကို ရုတ်သိမ်းသွားပြီ ဖြစ်သော ဇုနတ်မင်း၏ စကားမှန် မမှန် သိပံ္ပပညာရပ် အသီးသီးဖြင့် ခြေရာကောက် လေ့လာတွက်ချက်ကြရာမှန်သည်ကို တွေ့ ရ၏ ။ အံ့ဖွယ်ပါတကား။ ပရိုမက်ဖီးယားနတ်မင်း၏ ဦးခေါင်းကား ဤကမ္ဘာမြေပေါ်သို့ သမိုင်းဦးဘုံမြေခေတ် အနှောင်းပိုင်းကတည်းက ကျရောက်ခဲ့လေပြီးလေပြီ။ ထိုစဉ်ကတည်းက လောင်ကျွမ်းခဲ့သော မီးသည် မငြိမ်းနိုင်သေးပဲ တိုးလို့သာ လာသည်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပါတကား။
သည်အချိန်အခါကျမှ လူသားတို့လည်း တစ်ဦးကို တစ်ဦး သားကောင်ဆန်သည့် မျက်လုံးများ ဖြင့် သေချာစွာ အပြန်အလှန် ကြည့်မိကြ၏ ။ တစ်ဦးမျက်စိထဲတွင် တစ်ဦးသည် မီးခိုးငွေ့များ အူထွက်နေသကဲ့သို့ မိမိကိုယ်တိုင်လည်း ပူလောင်မှု ဝေဒနာကို တစစ်စစ် ခံစားနေရမှန်း သတိထားမိတော့၏ ။ သည်မီးခိုးများ ကား မည် သို့ ငြိမ်းသတ်ရမည် ကို သေချာစွာ မသိတန်ရာ။ ရင်မောလှပါဘိတော့တယ်။
![]() နတ်ဝှက်တဲ့ အိပ်မက် | ![]() နတ်သမီးချည်တိုင် အလွမ်းမဖောက်နိုင် | ![]() အချစ်လွှမ်းသော နှလုံးသားခေတ်တစ်ခေတ် |