Cover

နတ်သမီးချည်တိုင် အလွမ်းမဖောက်နိုင်

ရေး လို့ပဲ မကုန်နိုင်တဲ့

အချစ်အကြောင်းတွေ ကို ကျွန်တော် ရေး ဖွဲ့

ပြောလို့ပဲ မဆုံးနိုင်တဲ့

အချစ်အကြောင်းတွေ ကို ကျွန်တော် ပြောဆို

နေသာသလိုနေလို့မရတဲ့ အချစ်ရေး မှာ

ကျွန်တော် အလွယ်တကူ မသေဆုံးလို့……

ကျွန်တော့် ရင်ခွင်ထဲမှာ လာဝှက်ထားတဲ့လမင်းကို

ဘယ်တစ်နေ့များ သူမ ပြန်ယူမလဲရယ်လို့

စိုးစိတ်တွေ ပင့်ကူမျှင်လိုအိမ်ဖွဲ့ရင်း

အမှော င်ရဲ့ အနမ်းကိုကြောက်လေသူ။

အဖန်တစ်ရာတေအောင်ကြားချင်ပေမယ့်

ချစ်သူခေါ်သံဟာ

အိပ်မက်ဆန်တဲ့လွင်ပြင်ထဲမှာ

ဝိညာဉ်လို ၀ိုးတ၀ါးအရိပ်တစ်ခုနှယ်

တရွေ့ရွေ့နဲ့ ထွက်ခွာသွားရဲ့ ။

နှစ် ယောက် ပေါင်းမှ တစ်ယောက် ဆိုတဲ့ ဖြစ်ခွင့်

အာသာငမ်းငမ်းမျှော်လင့်မိပေမယ့်

တစ်ယောက် တည်းကပဲ နှစ် ယောက် ဖြစ်နေရဆဲ

ဒီနေ့မနက်အထိတိုင်

ဇာတ်ညွှန်းမဲ့ အထီးကျန်ပြဇာတ်တစ်ပုဒ်ရဲ့

ဒါရိုက်တာအလိုကျဇာတ်သိမ်းခန်းမှာ

ဝေးကွာခြင်းအခိုးအငွေ့တွေ

ကောင်းကင်မှာ အိုင်မဖွဲ့မိသေးဘူးထင်ရဲ့

ရင်ခွင်မှာ လမင်းကိုလာဝှက်ထားတဲ့သူမ

ပင်လယ်တစ်ခုစာမျှ ရူးသွပ်စေခဲ့။

အချစ်အကြောင်းတွေ ကို ကျွန်တော် ရေး ဖွဲ့

အချစ်အကြောင်းတွေ ကို ကျွန်တော် ပြောဆို

အချစ်ရေး မှာ ကျွန်တော် အလွယ်တူ မသေဆုံးလို……။

♥ ♥ ♥


အပိုင်း(၁)

(၁)

“ပြင်ဦးလွင်မြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ”

ဆိုသော မြို့အ၀င်မုခ်ဦးမှ ခရီးဦးကြိုမှု ကို ကြည့်ပြီး ပိုင်စိုး၏ ရင်သည်လည်း ပြင်ဦးလွင်မှ တိုက်ခတ်လာသော လေကဲ့သို့ပင် အေးချမ်းသလိုလိုရှိလာရသည်။ မြို့ပြတိုက်တာ၊ စက်ရုံ၊ အလုပ်ရုံများ ကိုသာ မြင်ကျင့်ရှိသော မျက်လုံးက သစ်ပင်သစ်တောများ ဖြင့် စိမ်းလန်းနေသည့် သဘာဝတောတောင်ရေမြေကို မြင်တွေ့ ခံစားရသည့်အခါမှာ တော့ တစ်မျိုးတစ်မည် ကြည်နူးသလို ရှိလာရသည်။

“အင်း…ကြည့်ပါဦး … ဘယ်လောက်များ သာယာလိုက်သလဲဆိုတာ… အခို ဇွတ်တရွတ် ထွက်လာလို့သာ ဒီလိုသဘာဝတောတောင်ရေမြေရဲ့ အလှကို မြင်တွေ့ ခံစားခွင့်ရတာ ပေါ့….. နို့မို့ဆိုရင် မြို့ပြရဲ့ မွန်းကြပ်မှု ထဲမှာ ပဲ ငါ့ဘ၀ကြီးနစ်နေရဦးမှာ ”

ပိုင်စိုး ကားကိုကျင်လည်စွာ မောင်းလာရင်းနှင့် မည် သူမျှအသိမပေးဘဲ ထွက်လာသော သူ၏ ခရီးအတွက်အားရကျေနပ်မှု ကိုထုတ်ဖော်ရေရွတ်မိလေသည်။ထို့နောက်

“ပြင်ဦးလွင် ရောက်တာတော့ ဟုတ်ပြီ…..ဘယ်ဟိုတယ်မှာ တည်းရင် ကောင်းမလဲ’

ဟုစဉ်းစားလိုက်ပြီးနောက်တစ်ဆက်တည်းမှာ ပင်

“အင်း…… အကောင်းဆုံး ကတော့ပိုပြီးကမ်းတရီးစတိုင်လ်ရှိပြီး ပတ်ဝန်းကျင်သာ တောင့် သာယာရှိတဲ့ဟိုတယ်တမျိုးပဲ ရှာပြီးတည်းရမှာ ပဲ….’

ဟုတည်းရမည့် ဟိုတယ်ကို ရွေးချယ်ဆုံးဖြတ်လိုက်ပြီးနောက်ကားကိုဆက်လက်မောင်းနှင် ပြီး သူတတည်းရန်အဆင်ပြေနိုင်ကောင်းသည့် စုံစမ်းရှာဖွေလေသည်။

သိပ်ကြာကြာမစုံစမ်းလိုက်ရ မြင်းလည်းသမားများ ၏ လမ်းညွှန်မှု ဖြင့် ပိုင်စိုးမြင်တွေ့ သည် နှင့် သဘောကျနှစ် ခြိုက်သွားရသည်ပြင်ဦးလွင်ဟိုတယ်သို့ ဆိုက်ဆို်က်မြိုက်မြိုက်ေ၇ာက်ရှိသွားလေ သည်။

သဘာဝတောတောင်ေ၇မြေများ ကို မြင်တွေ့ ခံစားရနိုင်သည့်အခန်းကိုယူပြီးနောက် ပြတင်း ခန်းဆီးစကိုဖယ်ကာ သဘာဝပန်းချီကားချပ်ကို မက်မက်စက်စက်ကြည့်နေမိလေသည်။

“အစ်ကိုလေး…ဒီမှာ ခရီးဆောင်အိတ် ထားခဲ့ပါ ပြီ….လိုအပ်တာရှိ၇င်…..အချိန်မရွေးလှမ်း ခေါ်လိုက်ပါ….’

ခရီးဆောင်အိတ်ကိုထားပြီး…သွားခွင့်ပြုရန်ယဉ်ကျေးစွာ ပြောဆိုသော ….ဟိုတယ်ဝန်ထမ်း လေးအား…နောက်လှည့်ကြည့်ပြီး….ခေါင်းညိတ်ပြကာ အသိအမှတ်ပြုလိုက်သည်။

ထို့နောက် ခရီးပန်းလာသည်ကိုသတိထား မိပြီး ခုတင်ပေါ်သို့ ခုန်တက်ပစ်လှဲကာ မျက်လုံး စုံမှိတ်၇င်းအိပ်စက်ရန်ကြိုးစားလိုက်လေသည်။

♥ ♥ ♥


(၂)

“ဒေါက် ဒေါက် ဒေါက်”

ပိုင်စိုး စာရင်းအင်းများ ကိုကြည့်ရှုစစ်ဆေးနေစဉ် တံခါးခေါက်သံပေါ်လာသဖြင့်ခေါင်းထောင် ကြည့်ရင်း အတွင်းရေမှူး မလေးဖြူပြာအား ခေါင်းညိတ်ပြလိုက်သည်။ ဖြူပြာလည်း ပိုင်စိုးထံမှ ခွင့်ပြုချက်ရသည်နှင့်

“၀င်ခဲ့ပါ”

ဟုအသံပြုလိုက်ရာ လက်ထောက်မန်နေဂျာ ကျော်ကျော် ၀မ်းသာအားရမျက်နှာနှင့် တံခါးတွန်းဖွင့် ပြီးဝင်ရောက်လာသည်။ထိုကြောင့် ပိုင်စိုးစားပွဲရှေ့ ထိုင်ခုံတွင်ဝင်ထိုင်ပြီး

“အမ်ဒီရေ…၀မ်းသာစရာပဲ….ဒီမှာ ကျွန်တော် တို့ကုမ္ပဏီ ကိုစက်သုံးဆီ တင်သွင်းခွင့်ပါမစ် ချပေးလိုက်ပြီ”

ဟုဆိုရင်း လက်ထဲရှိသက်ဆိုင်ရာခွင့်ပြုချက်စာရွက်စာတမ်းဖိုင်ကို ပိုင်စိုးထံသို့ကမ်းပေး လေသည်။ပိုင်စိုးလည်း

“ဟေ…ဟုတ်လား”

ဟု အားတတ်သရောဆိုပြီး ကျော်ကျော်ထံမှ သက်ဆိုင်ရာခွင့်ပြုချက်စာရွက်စာတမ်းဖိုင်ကို ယူကြည့်သည်။

ထို့နောက်ကြည်နူးပီတီမျက်နှာဖြင့် ခေါင်းနှစ် ချက်ခန့်ညိတ်ပြီး တစ်ခုခုပြောရန်ပြုဆဲမှာ ပင် ခွင့်ပြုချက်မတောင်းဘဲ အခန်းထဲသို့ ရေး ကြီးသုတ်ပျာဝင်ရောက်လာသော မန်နေဂျာကိုသက်ထွန်း ကိုတွေ့ ရ….ဘာများ အရေး ပေါ် လာပါလိမ့်ဆိုပြီး စူးစမ်းကြည့်ကြည့်မိသည်။ကိုသက်ထွန်းအနား ရောက်သည်နှင့် ထိုင်ခုံ တွင် ပင်မထိုင်နိုင်ဘဲ သတင်းပို့လေသည်။

“အမ်ဒီရေ….အရေး တော့ ပေါ်နေပြီ…ကျွန်တော် တို့ အိန္ဒိယကိုတင်ပို့လိုက်တဲ့ပဲတွေ မှာ အရည်အသွေးပိုင်ဆိုင် ပြဿနာတွေ ပေါ်လာလို့ ရောင်းလို့မရဘဲ ဒီအတိုင်းလှည့်ပြန်လာရမယ့် ကိန်း ဆိုက်နေပြီလို့ အရောင်းတာဝန်ခံက သတင်းပို့လာတယ်…အဲဒါ ဘာဆက်လုပ် ရမလဲဆိုတာ ညွှန်ကြားချက် အမြန်ဆုံးပေးပါ’

“ဘာ”

ပိုင်စိုး ကုတင်ပေါ်မှာ အိပ်ပျော်နေရာမှ ဆတ်ခနဲထထိုင်လိုက်မိသည်။ထို့နောက်

“ဟား….ဘာတွေ လဲကွာ…ဒီအလုပ်တွေ ရဲ့ ဖိစီးမှု အောက်မှာ မနေနိုင်တော့လို ဘယ်သူ့မှ မသိအောင် လွတ်ရာလွတ်ကြောင်းထွက်ပြးလာပါတယ်ဆိုမှ ဒီပြင်ဦးလွင်ဟိုတယ်အထိလိုက်ပြီး ဖိစိမှု တွေ ပေးနေတုန်းပဲလားကွ….ဒုက္ခ..ပါပဲ”

ဟူ..စိတ်မသက်မသာလေသံဖြင့် ရေရွတ်ကာ ခေါင်းကိုခါးယမ်းမိသည်။ဟိုတယ်ဧည့်ကြို ဌာနသို့ဖုန်းဆက်ပြီး ၀န်ထမ်း တစ်ယောက် ယောက် အားလွှတ်ပေးရန် လှမ်းပြောမည့် အကြံနှင့် ဖုန်းကိုကောက်ကိုင်လိုက်မိသည်။

“ကလင် ကလင် ကလင်”

ဖုန်းမြည် လာသဖြင့် ပိုင်စိုးကောက်ကိုင်ပြီးဖုန်းထူးလိုက်ရသည်။

“ဟယ်လို”

တဖက်မှမန်နေဂျာမင်းမောင်က

“အမ်ဒီ..ကျွန်တော် မန်နေဂျာမင်းမောင်ပါ”

“သြော်အေး…မင်းမောင်ပြော….ဘာကိစ္စရှိလို့လဲ”

“ပြောရမှာ တော့ ၀မ်းသာစရာကိစ.ပဲ အမ်ဒီ…အမ်ဒီမျက်စိကျနေတဲ့ မြို့လယ်ခေါင်က လေလံဝင်ဆွဲတာ လေလံအောင်သွားတဲ့အကြောင်း လှမ်းသတင်းပို့တာ”

“ဟေ..ဟုတ်လား…ကောင်းတာပေါ့ကွာ…မင်္ဂလာသတင်းပဲ”

မန်နေဂျာ မင်းမောင်ထံမှ မင်္ဂလာသတင်းကြားရသဖြင့် ပိုင်စိုးသဘောကျစွာ ပြုံးရင်း ခေါင်း

သာာဆတ်ဆတ်ညိတ်မိနေစဉ်နောက်ထပ်ဖုန်းတလုံးကအသံ့မည် လာပြန်သည်။ပိုင်စိုးဖုန်းကို ကောက်ပြီးဖုန်းထူးရပြန်သည်။

“ဟယ်လို”

တဖက်မှ အထွေထွေမန်နေဂျာဦးတင်အောင်က

“အမ်ဒီ….ကျွန်တော် အထွေထွေမန်နေဂျာတင်အောင်ပါ”

ပိုင်စိုးလည်း ဦးတင်အောင်အား တာဝန်ပေးထားသည့်ကိစ..ကိုသတိရသွားလျှက်

“သြော်….ဦးတင်အောင်လား……အတော် ပဲ ကျွန်တော် လည်း အခုပဲဆက်တော့မလို့..

အီလက်ထရောနစ်ပစည်း အရောင်းပြခန်းကို ပြင်ဆင်မွမ်းမံနေ တာပြီးပြီလား… ပစ္စည်း တွေ က နိုင်ငံ ခြားကနောက်တစ်ပတ်ဆိုရောက်လာတော့မှာ နော်….အဲဒါဒီတစ်ပတ်အတွင်း မွမ်း မံပြင်ဆင်ရေး ကိစ္စတွေ အားလုံးလက်စသတ်မှ ဖြစ်မှာ …ကျွန်တော် ကိုယ်တိုင်လည်းအဲဒီ ကိုနေ့လယ် နှစ် နာရီမှာ လာ ကြည့်မယ်”

“ ဟုတ်..ဟုတ်ကဲ့….ကျွန်တော် လည်း အဲဒါပြောမလို့ပါ..မွမ်းမံပြင်ဆင်ရေး အပိုင်း ကတော့ အားလုံးပြီးပါပြီ..ဒါ..ဒါပေမဲ့ ကျွန်တော် တို့ငွေကြေးကျအများ ကြီးခံပြီးဆောင်ရွက်ပြီးခါမှ ကျွန်တော် တို့ အရောင်းပြခန်းအပါအ၀င် တစ်တိုက်လုံးကို အန္တရာယ်ရှိ အဆောက်အဦးအ ဖြစ် သက်ဆိုင်ရာ သတ်မှတ်လိုက်လို့ ကျွန်တော် တို့လည်း ဌားထားတဲ့ အဲဒီ တိုက်ခန်းကနေ သုံးရက်အတွင်း ဖယ်ပေးရမယ်..အဲဒါဘာဆက်လုပ် ၇မလဲ…ဆို..ဆို..တာ”

“ဘာ”

ပိုင်စိုးဖုန်းဆက်ဖို့ကိုင်ထားသော ဖုန်းကို ဆတ်ခနဲပြန်ချလိုက်မိသည်။ ပြီးမှ သူရောက် နေသော နေရာသည် သူ၏ ကုမ္ပဏီရံးခန်း မဟုတ်ဘဲ ပြင်ဦးလွင်ဟိုတယ်မှ အိပ်ခန်းတစ်ခန်းအတွင်း ဖြစ်နေသည်ကို သတိရလျှက် အိပ်ရာပေါ် အရုပ်ကြိုးပြတ်လှဲချလိုက်သည်။

“ဟား..ဘယ်လိုဖြစ်တာလဲ…မနက်မိုးလင်းကနေ ညမိုးချုပ်တဲ့အထိ ငါ့ကိုဖိစီးနေတဲ့ဒီ အလုပ်ကိစ္စ.တွေ ကို ငါ့ခေါင်းထဲကဖယ်ထုတ်ပေးနိုင်တဲ့နေရာမျိုး ဒီကမာကြီးမှာ မရှိတော့ဘူးလား...

မွန်းကြပ်နေတဲ့ငါ့အလုပ်၊ငါ့အိမ်၊ငါ့ပတ်ဝန်းကျင်နေဘာမှလုပ်စရာမရှိတဲ့ဝန်းကျင်သစ်ကိုေ၇ာက်နေ ပြီပဲဟာ…ဘာကြောင့် စိတ်မှာ ပေါ့မနေ၇သေးတာလဲ…ဘာကြောင့် ဒီအထိလိုက်ပြီး ကိန်း ဂဏန်း တွေ ၊စာရင်းဇယားတွေ ၊အရှုံးအမြတ်တွေ က ခြောက်လှန့်နေရသေးတာလဲ..ဟာကွာ”

ပိုင်စိုး ကိုယ့်ကိုယ်ကိုယ်ဒေါသဖြစ်လာဟန် ဖြင့် ကိုယ့်ခေါင်းကိုယ်တစ်ချက်ထု၏ ။ထို့နောက် လှဲနေရာမှ ဆတ်ခနဲထ ပြီး ရေသောက်ရန် အတွက်ခုတင်ဘေးစားပွဲပေါ်ရှိ ခွက်ကိုလှမ်းယူလေ လေသည်။

“ အိုကေ…၀မ်းသာတယ်ဗျာ…ဒီကနေရွှေရောင် ကောင်းကင်ကုမ္ပဏီရဲ့ အမ်ဒီပိုင်စိုးက ကျွန်တော် တို့ရှယ်ယာ ငွေတွေ ကို လက်ခံပြီး အကျိုးတူပူးပေါင်းဆောင်ရွက်ခွင့်ပြုတဲ့ အတွက်”

“ချီးယားစ်”

“ချီးယားစ်”

“ဦးပိုင်စိုးရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အမြော်အမြင်ရှိမှု ကြောင့် အောင်မြင် ပြီးသားရွှေရောင် ကောင်းကင်ကုမ္ပဏီကြီး ဒီ့ထက် အဆ တစ်ရာမကတိုးတက်အောင်မြင်ပါစေ”

“အောင်မြင်ပါစေ”

ဖန်ခွက်ချင်း ထိသံများ ကိုပိုင်စိုးနားဝင်ချိုစွာ နားထောင်ပြီးနောက် လက်ထဲမှ ၀ီစကီ ခွက်ကို ပါးစပ်မှာ တေ့ပြီးမော့သောက်မည် ပြူလိုက်သည်။

ထိုအခိုက်မှာ ဖုန်းပြောနေသော အတွင်းရေး မှူးမလေး ဖြူပြာမျက်စိပျက်မျက်နှာပျက် ဖြင့် ပိုင်စိုးနားနားကပ်ပြီးနောက် ပိုင်ကိုလည်း..

“ဘာ ဖြစ်တယ်….တို့ဆီကပစ္စည်းတွေ ယူမယ်ဆိုပြီး စရန်ပေးစာချုပ် ချုပ်ထားတဲ့ ကိုးရီး ယားလုပ်ငန်းရှင်က စရန် အရှူံးခံပြီး တခြားကုမ္ပဏီတစ်ခုနဲ့ စာချုပ်ပြောင်းချူပ်ပြီး ပစ္စည်းတွေ ၀ယ် သွားတယ်ဟုတ်လား”

“ဟုတ်ပါတယ် အမ်ဒီ”

“တောက် …ဒါ သက်သက်လုပ်ကြံတာ..ရည်ရွယ်ချက်ရှိရှိနဲ့စော်ကားသွားတာ….သူတို့ဆီ ပို့ဖို့ဆို ပြီး နယ်ဈေးကွက်မှာ သူများ ထက်ပို ပြီး လိုက်ဝယ်လှောင်ထားရတာ တွေ အားလုံးသွားပြီပေါ့.

သူက စရန်လေးပဲအ ရှူံးခံလိုက်ရတာ …ငါတို့မှာ ကအဲဒီ အတွက် ရင်းလိုက်ရတဲ့စွေ တွေ ရော၊ နာမည် ပျက်မရှိဘူးတဲ့ကုမ္ပဏီရဲ့ အစဉ်လာကောင်းတွေ ရော အားလုံးကိုထိခိုက်ကုန် တာ….အေး လုပ်ထား ဦးပေါ့ကွာ…နောက်တစ်ခါ ငါ့ခွင်ထဲရောက်လာစေနဲ့… ရောက်လာလို့က တော့ ဟောဒီလိုတစ်စစီ ဖြစ်အောင် ရိုက်ခွဲပြလိုက်မယ်…ကဲကွာ”

“ခွမ်း”

“ဟင် ဆရာ…ဘာဖြစ်လို့လဲ”

ပိုင်စိုး ဒေါသတကြီးကြိမ်းဝါးပြီး ဖန်ခွက်ကို ပစ်ပေါက်လိုက်ရာ အခန်းပြင်ပတွင် ရှိသော ဟိုတယ်ဝန်ထမ်းလေးတစ်ဦးလည်းဘာမျာဖြစ်လို့ပါလိမ့်ဆိုပြီး အခန်းထဲသို့ကြည့်လေသည်။ ထိုအခါမှ ပိုင်စိုး လည်းကိုယ့်အဖြစ်ကိုယ် ဆင်ခြင်မိလျှက်

“ဘာမှမဖြစ်ပါဘူးကွာ…အမှတ်တမဲ့ လွတ်ကျသွားတာပါ..ဆောရီး ”

“ရပါတယ်ဆရာ…ကိစ္စမရှိပါဘူး…….ဒါတွေ ကို ကျွန်တော် ရှင်းလိုက်ပါမယ်…..ဆရာအေး အေးဆေးဆေးသာ အနားယူလိုက်ပါ”

“အေးကွာ..ကျေးဇူးပါပဲ…အားနာပါတယ်..ဒါနဲ့မင်းနာမည် က…”

“ကျွန်တော် နာမည် ဆန်းဘိုပါ”

“သြော်…အေး အေး”

ပိုင်စိုး အသိအမှတ်ပြု ခေါင်းညိတ် ပြုံးပြပြီး အခန်းတွင်းရှိဆိုဖာတွင် သွားထိုင်ရန်ပြုလေ သည် ။

ဆိုဖာတွင် ထိုင်ရန်ပြုပြီးမှ မိမိပယောဂကြောင့် ကွဲသွားသော ဖန်ခွက်စများ နှင့် မှော က်ကျ သွားသော ရေများ ကို ၀န်ထမ်းဆန်းဘို ကရှင်းလင်းနေရသည်ကို ထိုင်ကြည့်နေရတာ အားနာ ဟန် ဖြင့် ဟူးခနဲ သက်ပြင်းတစ်ချက်ရှိုက်ကာ ပြတင်းတံခါးအနီးလျှောက်သွားလိုက်၏ ။

ထို့နောက် ခန်းဆီးစကိုဖယ်ပြီး ပြတင်းမှန်မှတဆင့် အပြင်သို့ကြည်လိုက်ရာ ကောင်းမလေး လေးယောက် ဟိုတယ်ဝန်းထဲတွင် အချင်းချင်း ပျော်ရွှင်စွာ ရေပက်ကစားနေသည်ကိုတွေ့ ရသည်။

ကြည့်ရတာ ဟိုတယ် ၀န်ထမ်းတွေ မဖြစ်နိုင် သလို ဟိုတယ်တွင် လာရောက် တည်းခို သူများ လည်းမ ဖြစ်နိုင်။

သာမန်ထက်မပိုသော သူတို့၏ ၀တ်စားဆင်ယင်မှု ကိုကြည့်ခြင်းအားဖြင့် ငွေကြေးပိုပိုလျှံလျှံ သုံးနိုင်သူများ မဟုတ်မှန်းသိနိုင်သည်။သည်လိုငွေမသုံးနိုင်ပါဘဲနှင့် သူမတို့ ဘာကြောင့် ယခုလို ပျော်ပျော်ရွှင်ရွှင်နှင့် တစ်ယောက် ကို တစ်ယောက် နောက်ပြောင်ကျီစယ်နိုင်အား သည်ကိုသိချင် လာမိသည်။

ထို့ကြောင့် သိလိုစိတ်ကိုမမြိုသိပ်နိုင်တော့ဘဲ ဆန်းဘိုအားလှမ်းခေါ် ပြီးစပ်စုရလေသည်။

“ငါ့ညီ ခဏလောက်”

“ဟုတ်ကဲ့ ဆရာ..ဘာများ ခိုင်းစရာရှိလို့ပါလဲ”

“ဘာမှခိုင်းစရာမရှိပါဘူး…သိချင်တာလေးပေါ်လာလို့”

“ဘာမှခိုင်းစရာမရှိပါဘူး …သိချင်တာလေးပေါ်လာလို့”

“ဟုတ်ကဲ့..ဘာများ သိချင်လို့လို့လဲ”

“ဟိုကောင်မလေးတွေ လေ…ကြည့်ရတာ ဟိုတယ်ဝန်ထမ်းလည်းဟုတ်ပုံမပေါ်ဘူး…ဒီ ဟိုတယ်မှာ လာတည်းကြတဲ့သူတွေ လား”

“သြော် ..အချင်းချင်းရေပက်ပြီး ဆော့နေကြတဲ့ကောင်မလေးတွေ ကိုပြောတာလား’

“ အင်း ဟုတ်တယ်…သူတို့ကိုပြောတာ”

“သြော် ..သစ္စာဖြူတို့ကိုပြောတာကိုး…..သူတို့ကပန်းခြံကကောင်မလေးတွေ ပါ..ဒီ ဟိုတယ်မှာ ပန်းစိုက်ဖို့လိုတိုင်း သူတိုကို ပဲလှမ်းခေါ်နေရတာ ”

“ဟုတ်လား..ဒီလိုလာလာလုပ်ပေးရင် သူတို့ကို ပိုက်ဆံတော် တော် ပေးရလား”

“အာ..ဆရာကလည်းနောက်နေပြန်ပြီ …ပန်းပင်လေးစိုက်ပျိုးပြုပြင်ပေးတာပဲ..ဘယ်လို လုပ်ပိုက်ဆံ များများ စားစားရမှာ လဲ…နည်းနည်း ပါးပါးပဲရမှာ ပေါ့”

“ဟင်….အဲဒါကိုတောင် သူတို့ကပျော်နေကြတယ်”

“ဗျာ”

ပိုင်စိုး ကိုယ့်အတွေးနှင့် ကိုယ် ရေရွတ်လိုက်သည့်စကားကို ကြားပြီ ဆန်းဘို အံ့သြသွား ဟန် ဖြင့် “ဗျာ”တ-မိသည်။

ပိုင်စိုး ဘာကြောင့် ယခုလိုပြောသည်ကို စဉ်းစားမရဟန်ဖြင့် ခေါင်းတစ်ချက်ကုတ်ပြီး ကိုယ့် အလုပ်ကိုယ်ဆက်လုပ် ရန် ထွက်ခွါသွား၏ ။

ပိုင်စိုးလည်း ပိုက်ဆံလေးမစို့မပို့ရသည့်အလုပ် လုပ်ပြီးရုံနှင့် အတိုင်းမသိ ပျော်ရွှင် လွတ် လပ်စွာ နေ နိုင်ကြသော သစ္စာဖြူတို့ကိုကြည့်ပြီး ထူးဆန်းသလို ခံစားမိ၏ ။

ထို့ကြောင့် သူတို့ ဘာကြောင့် ဒီလိုပျော်နေသည်ကို သိလို ..သွားရောက်လေ့လာ အကဲ ခတ်ရန် အိပ်ခန်း ထဲမှထွက်ခွါသွား လိုက်၏ ။

ပိုင်စိုး ဟိုတယ်ကို ပတ်ပြီးသစ္စာဖြူတို့ ရှိနေသည့်နေရာသို့ လျှောက်သွား ၏ ။

ထိုအချိန်မှာ ပင် မျက်နှာမှာ အိုးမည်းတွပေနေသော သစ္စာဖြူကလည်း သူ့အား အိုးမည်း သုတ်သွားသော နန်းနန်းမွှေးအား အိုးမည်း ပြန်သုတ်ရန် အကြံနှင့် နံရံကပ်ခြေဖော့ပြီး ဟိုတယ်ကို ပတ်လျှောက်လာလေသည်။

ထိုသို့လျှောက်လာရင်းနှင့် မှ ဟိုတယ်ထောင့်သို့ အရောက် တွင် ခြေသံ ကြား သဖြင့်အ သာလေးရပ်နေလိုက်သည်။

ထို့နောက် လူရိပ်တွေ့ သည် နှင့် ဖျတ်ခနဲပြေးထွက်ကာ

“ဟား… ဒီလိုဘယ်ရမလဲ…..မိပြီ”

ဆိုပြီး မျက်နှာအား အားပါးတရ အိုးမည်းသုတ်လိုက်လေသည်။

ပိုင်စိုးလည်း မထင်မှတ်ဘဲ ဘွားခနဲလူရိပ် ပေါ်လာပြီး မျက်နှာ အိုးမည်းသုတ်ခံရသဖြင့် “ဟင်” ဆိုပြီး လန့်သွားရသည်။

ပိုင်စိုး နည်းသူ သစ္စာဖြူသည်လည်း သူမအိုးမည်းသုတ်လိုက်သူမှာ နန်းနန်းမွှေးမဟုတ်ဘဲ လူစိမ်း ယောကျာ်း တစ်ယောက် ဖြစ်နေ သဖြင့် ထိတ်လန် အံ့သြသွား ရသည်။

“ဟင်”

ပိုင်စိုး မျက်နှာကိုအိုးမည်းကို လက်ဖြင့် တို့ယူကြည့်ပြီး

“ဟင်..မင်း..မင်း… ငါ့မျက်နှာကိုအိုးမည်းသုတ်တယ် ဟုတ်လား”

“ကန်တော့..ကန်တော့ပါရှင်….လူမှားသွားလို့ပါ”

သစ္စာဖြူလက်အုပ်ကလေး ချီပြီး မျက်နှာကိုသနားကမားပြုကာ သူ့အမှားအတွက် ကပျာ ကယာတောင်း ပန်၇ှာသည်။

“ကန်တော့ပါရှင် လူမှားသွားလို့ပါဆိုတာနဲ့ မင်းလိုပ်တဲ့ အမှားက ပြီးသွားေ၇ာလား”

ပိုင်စိုးက ခွှင့်လွှတ်စကားမဆိုဘဲ အပြစ်တင် စကားသာ ဆိုနေသဖြင့် သစ္စာဖြူလည်း လက်အုပ် ချီထား သည်ကို ဖျက်ပြီး မဲ့ကာ ရွဲ့ကာနှင့်

“သြော်…ဦးလေးကြီးကလည်း တွက်ကပ်စရာ မရှိတွက်ကပ်နေတယ်…တကယ်ဆို ဒီလို အိုးမည်းသုတ်ခံရတဲ့အတွက် ဦးလေး ကြီးအနေနဲ့ စိတ်မဆိုးသင့်ဘဲ ပျော်တောင်ရဦးမှာ ”

ဟူ၍ စကားထူးစကားဆန်းကို ဆိုလေသည်။

ပိုင်စိုးလည်း သစ္စာဖြူစကားကြောင့် အူကြောင်ကြောင်ဖြစ်သွား၇သည်။

“ဟင်..မျက်နှာမှာ တစ်ခုလုံး အိုးမဲတွေ အပေခံရတဲ့သူက ဘာကြောင့် ပျော်ရ မှာ လဲ”

“ဒီနေ့က သင်္ကြန်နောက်ဆုံးရက်လေ…..သင်္ကြန်ရက်အတွင်းမှာ ခုလို တစ်ယောက် နဲ့ တစ်ယောက် ရေပက်ကြ၊အိုးမည်းသုတ်ကြနဲ့နေရတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲ……. ဘယ်

နှယ့်ဦးလေးကြီးကျမှ ထူးထူးဆန်းဆန်း သင်္ကြန်တွင်းကြီး အလိုမကျတဲ့ မျက်နှာကြီးနဲ့ တစ် လောကလုံးကိုရန်လိုနေတဲ့ပုံပဲ”

“တော် …တော် …မင်း ငါ့မျက်နှာကိုလည်း အိုးမည်းသုတ်သေးတယ်..ငါ့ကိုလည်း ပြောလိုက် တာရစရာ မရှိဘူး..နောက်ပြီးမင်း ငါ့ကိုဦးလေးကြီး ဦးလေးကြီးနဲ့မခေါ်ပါနဲ့…… ငါ့အသက်က ဘယ်လောက်မှကြီးသေးတာမဟုတ်ဘူး”

“ဟော ကြည့်…….ကိုယ့်ကိုယ်ကိုယ် အသက်ကြီးတယ်ထင်မှာ တော့ ကြောက်တယ် … စိတ်ကကျတော့ လူငယ်တွေ လိုလွတ်လပ်ပေါ့ပါးမှု မရှိဘူး”

သစ္စာဖြူစကားကြောင့် ပိုင်စိုးကိုယ့်မျက်နှာကိုယ်ယောင်ပြီး ကိုင်ကြည့်လိုက်မိသည်။ လက်မှာ အိုးမည်းတွေ က ပါလာ ပြန်သည်။

ပိုင်စိုးမျက်နှာမဲ့သွားသည်ကိုကြည့်ပြီး အနားသို့ရောက်လာသော သစ္စာဖြူ၏ သူငယ်ချင်း များ က

“ဟဲ့…ဘာဖြစ်နေ ….ဟင်…နင် ဘယ်သူ့ကိုအိုးမဲသုတ်လိုက်တာလဲ”

“မသိဘူးလေ….နင်ထင်ပြီးသုတ်လိုက်တာ..အဟိ”

“ဟယ်..သစ္စာဖြူတို့ ကတော့ လုပ်လိုက်ရင်အရမ်းကြီးပဲ…ကြည့်ပါအုံး…ဧည့်သည်ကို အားနာစရာကြီး…ခစ် ခစ်”

“အေးလေ…တော် ကြာ စိတ်ဆိုးပြီး သိကြားမင်းနဲ့ သွားတိုင်ပြောရင် ဘယ်လိုလုပ်မ လဲ”

“ခစ် ခစ် ခစ် ခစ်”

ပိုင်စိုးလည်း သူ့ကုဝိုင်းဟားနေကြသော မချောလေးယောက် ကို ရှူတည်တည်ပြန်ကြည့် မိ၏ ။ မချောလေးယောက် လုံး၏ မျက်နှာ မှာ လည်း အိုးမည်းတွေ ညစ်ပတ်နေသလို တစ်ကိုယ်လုံး လည်း ကြွက်စုတ်တွေ လို ရေတွေ ရွှဲရွှဲစိုနေသည်ကို တွေ့ ရသည်။

ပိုင်စိုး အိနြေ္ဒ မဆောင်နိုင်တော့ဘဲ သစ္စာဖြူတို့နည်းတူ သစ္စာဖြူတို့အား လက်ညှိုးကာ ပြန်လည်ရယ်မောမိတော့သည်။

“ဟား ဟား ဟား ဟား”

“ခစ် ခစ် ခစ် ခစ် ”

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မျိုးကိုမျိုး ၏ “ နတ်သမီးချည်တိုင် အလွမ်းမဖောက်နိုင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပို့ စ်မော်ဒန်ပုံပြင်များ

အချစ်နန်းတော်သွား တောလား

ပန်းလေးပွင့်ရဲ့ ချစ်သူ