အချစ်နန်းတော် သွားတောလား
သည်နေ့က ဦးပီတာခင်မောင်နှင့် ဒေါ်ရိုစီညိုဝင်းတို့၏ သားနှင့် သမီး ဖြစ်သည့် ဒယ်နီ ယယ်ခင်မောင်နှင့် စင်သီယာမောင်တို့နှစ် ဦး အင်္ဂလန်၊ ဟားဗာတက္ကသိုလ်မှ စီးပွားရေး ဆိုင်ရာ မဟာဘွဲ့များ ရယူနိုင်ခဲ့ခြင်းအထိမ်းအမှတ်အ ဖြစ် မိဘများ က သူတို့နှစ်ယောက် အတွက် ဂုဏ်ပြု ဧည့်ခံပွဲတစ်ရပ်ကျင်းပရန်ရှိသည်ဆိုသော သတင်းကြားသိရစဉ်က မွန်မြတ်မောင်ထူးထူးခြားခြား စိတ်မ၀င်စားခဲ့ပါ။
စီးပွားရေး လောကတွင် အရှိန်အ၀ါကြီးမားသူမျာ ဆင်ယင်ကျင်းပသည့် အခမ်းအနားတစ် ရပ် ဖြစ်သဖြင့် သူတို့နှင့် မကင်းနိုင်သော စီးပွားရေး လောကသားတော် တော် များများ ထိုဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုကြမည် မှာ သေချာသည်။
စီးပွားရေး လောကတွင် အရှိန်အ၀ါကြီးမားသူများ ဆင်ယင်ကျင်းပသည့် အခမ်းအနားတစ် ရပ် ဖြစ်သဖြင့် သူတို့နှင့် မကင်းနိုင်သော စီးပွားရေး လောကသားတော် များများ ထိုဂုဏ်ပြုပွဲအခမ်း အနားသို့ တက်ရောက်ဂုဏ်ပြုကြမည် မှာ သေချာသည်။
ထို့အပြင် အလွတ်ကျက်မှတ်ထားသော ချီးမွမ်းမြှောက်ပင့်စကားတို့ကို သူ့ထက် ငါ ပိုပိုသာ သာပြောကြားကြရင်း ထိုမိသားစု၏ မျက်နှာသာပေးမှု ကို ရယူနိုင်ဖို့ အလုအယက်ကြိုးပမ်းကြမည် မှာ လည်း သေချာပါသည်။
ထိုသူများ ထဲတွင် မွန်မြတ်မောင်၏ မိဘနှစ်ပါး ဖြစ်သော သီးမြတ် ဟိန်းနှင့် ဒေါ်ဝေေ၀မွန်တို့သည်လည်း အပါအ၀င် ဖြစ်သည်ဆိုတာ ထိုဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက် ချီးမြှင့်ပေးပါရန်ဟူသော ဖိတ်ကြားလွှာကို အခေါက်ခေါက်အခါအခါဖတ်ရင်း အထူး တက်ကြွပြနေ သည်ကိုကြည့်ကာ တက်အပ်သေချာပြောနိုင်သည်။
ထို့အတွက် မွန်မြတ်မောင် အပြစ်မမြင်နိုင်ပါ။
စီးပွားရေး သမားပင် ဖြစ်သော ဖေဖေနှင့် မေမေသည်လည်း အခြားသော စီးပွားရေး သမား များ လိုပဲ ဟဲဗီးဝိတ်တန်း စူပါစီးပွားရေး သမားများ ဖြစ်သော ဦးပီတာခင်မောင်၊ ဒေါ်ရိုစီညိုဝင်းတို့ နှင့် အကြောင်းအမျိုးမျိုးဖန်ကာ ရင်းနှီးကျွမ်းဝင်မှု ကို ဆတိုးရယူရင်း အခွင့်အလမ်းကောင်းများ တိုးပွားပိုင်ဆိုင်လိုသ်ညမှာ ဆန်းသော ကိစ္စမဟုတ်ပါချေ။
ထိုမဆန်းသော ကိစ္စထဲမှာ အနည်းငယ်ဆန်းသယောင်ရှိသည် ကတော့ ဦးပီတာခင်မောင်နှင့် ဒေါ်ရိုစီညိုဝင်းတို့၏ သမီးချောစင်သီယာနှင့် မွန်မြတ်မောင်အား နီးစပ်လိုရင်း ပင် ဖြစ်သည်။
“သား - ရေသွားချိုးတော့.. ပြီးရင် မနေ့က မေမေ၀ယ်လာပေးတဲ့ ၀တ်စုံကိုဝတ်.. အိုကွယ်.. အသပ်ရပ်ဆုံး၊ အကောင်းဆုံး ဖြစ်အောင်သာ သေချာဖီးလိမ်းပြင်ဆင်ခဲ့..ကြားလား”
ရေမိုးချိုးဖီးလိမ်းပြင်ဆင်ရန် လောဆော်နေသော မိခင် ဖြစ်သူ ဒေါ်ဝေေ၀မွန်၏ စကား ကြောင့် မွန်မြတ်မောင် နှစ် ယောက် ထိုင်ဆိုဖာပေးတွင် လှဲရင်း သတင်းဂျာနယ်တစ်စောင်ဖတ်နေရာ မှ တစ်ခုခုပြန်မေးရန် မိခင်ကိုလှမ်းကြည့်၏ ။
“ကဲ .. သား မင်းမေမေပြောနေတာ ကြားတယ်မဟုတ်လား. ဂျာနယ်ကို နောက်ဖေးမှ အခု မင်းမေမေပြောတဲ့ အတိုင်း အရင်ထလုပ်လိုက်ဦး”
မွန်မြတ်မောင်ထံမှ စကားသံထွက်ပေါ်မလာခင်မှာ ပင် အိမ်ပေါ်ထပ်မှဆင်းလာသော ဖခင် ဦးမြတ်ဟိန်းက အပြုံးတစ်ဝက်ဖြင့် ထပ်ဆင့်လောဆော်လေရာ မွန်မြတ်မောင်လည်း အခြေအနေ ကို ရိပ်စားမိသလိုရှိသည်။ သို့သော် ပို၍ သေချာသွားစေရန် ဖတ်လက်စဂျာနယ်ကို ပိတ်သိမ်းကာ စားပွဲပေါ်လှမ်းတင်ရင်း….
“ဟင် . .ဖေဖေနဲ့ မေမေကလည်း ..ထူးထူးဆန်းဆန်းပါလား .. ဘာကိစ္စရှိလို့.. သားကို အတင်းကြီးရေမိုးချိုး အ၀တ်အစားလဲခိုင်း နေရတာ လဲ..သားက မနက်အိပ်ရာထတာနဲ့ ရေတန်းချိုး တတ်တာသိရဲ့ သားနဲ့”
“ရေချိုးပြီးလည်း ဘာ ဖြစ်လဲ ထပ်ချိုးပေါ့ သားရယ်… ဒီနေ့မှာ သားကို မေမေတို့က အသား နားဆုံး ဖြစ်စေချင်လွန်းလို့ ပြောတာပါသားရဲ့ ”
“ဟုတ်တယ်သားရဲ့ ကဲပါကွာ. မင်းမေမေစကားနားထော်တာ မမှာ ယပါဘူး ..ရေချိုးပြီး အသားနားဆုံး ဖြစ်အောင်သာ ပြင်ဆင်လာ အိုးကွာ… တွေ့ သမျှကောင်မလေးတွေ ငါ့သား ကို ကြီးပြီး တစ်ခါတည်းတန်းကြွေသွားအောင်သာပြင်ဆင်ခဲ့ ဟုတ်ပြီး ဟား ဟား ဟား ဟား”
“အိုတော် - အခြာကောင်မလေးတွေ ကြွေဖို့က အရေး မကြီးပါဘူး.. ဦပီတာခင်မောင်နဲ့ ဒေါ် ရိုစီတို့ရဲ့ သမီးလေး စင်သီယာကြွေသွားဖို့က အရေး အကြီးဆုံးပါနော်.. အဟင်း”
“အေးကွ.ဒါလည်းဟုတ်တာပဲ. ဟား ဟား ဟား”
သေချာ သွားပါပြီ သည်အတိုင်းဆို ဒယ်နီယယ်နှင့် စင်သီယာတို့မောင်နှမ ဦးပီတာခင် မောင်တို့ မောင်နှမ ဟားဗာက်တက္ကသိုလ် စီးပွားရေး ဆိုင်ရာ မဟာဘွဲ့ယူနိုင်ခြင်း ဂုဏ်ပြုပွဲအထိမ်း အမှတ်ဧည့်ခံပွဲသို့ မိမိကိုပါ တစ်ပါတည်းတက်ရောက်ဂုဏ်ပြုစေတော့မည် ဆိုတာ…
ပြီးတော့.. ဂုဏ်ပြုတာထက်ပိုသော စင်သီယာနှင့် မိမိကို ရင်းနှီးနီးစပ်စေလိုသည့်ဆန္ဒကိုပါ လွယ်ပိုးထားကြပြန်သေးသည်။
မွန်မြတ်မောင် ခေါင်းခါယမ်းမိသည်။ သည်နေ့ပွဲတွင် သည်လိုအကြံအစည်ဖြင့် ပွဲတက် လာမည့်  သားရှင်မိဘတွေ အတော် များများ ရှိမှာ ပဲဆိုပြီး မွန်မြတ်မောင်ဆက်တွေးမိပြန်သည်။ မွန် မြတ်မောင်အတွေးမဆုံးခင်မှာ ပင် ဧည့်ခန်းရှိတယ် ဖုန်းက အသံမြည် လာသည်။
“ကလင်.. ကလင်”
ဒေါ်ဝေေ၀မွန်က မွန်မြတ်မောင်ကိုတစ်ချက်ကြည့်ပြီးနောက်… တယ်လီဖုန်းစကားပြောခွက် ကို ကောက်ကိုင်ကာ ဖုန်းထူး၏ ။
“ဟယ်လို”
တစ်ဖက်မှ
“သြော်… အန်တီ.. ကျွန်တော် ရဲဝင်းပါ.. မွန်မြတ်မောင်နဲ့စကားပြောချင်လို့”
“သြော်.. အေး ခဏကိုင်ထားဦးနော်.. သားရေ မောင်ရဲဝင်းတဲ့”
“သြော်.. ဟုတ်ကဲ့ပါ မေမေ”
ဖုန်းခေါ်သူမှာ ရဲဝင်း ဖြစ်နေသဖြင့် မွန်မြတ်မောင်ပျော်သွားရသည်။ သို့သော် ထိုအပျော်ကို မမြင်သာစေရန် ဖုံးကွယ်ထားရသည်။
အစဉ်အလာစီးပွားရေး ၊ လူမှု ရေး ပြိုင်ဘက် ဖြစ်သော ဦးစင်ကြယ်၊ ဒေါ်ဖြူဖြူသန့်တို့၏ ဖြူစင် မနောနှင့် ချစ်သူ ဖြစ်နေကြပြီဆိုတာသိသွားကတည်းက မိဘများ က ဖုန်းလည်းပေးမကိုင်။ အင် တာနက်လည်း ပေးမထိ။ အပြင်လည်း ပေမထွက်တော့ဘဲ မျက်စိဒေါက်ထောက်ကြည့်နေကြသည် မှာ တစ်လနီးပါးပင်ရှိပြီ။
ယခု စိတ်ကူးနှင့် တစ်ဖက်သတ်ချွေးမတော် စပ်လိုက်သော စင်သီယာမျက်နျာကြာင့်သာ ထူးထူးခြားခြား သဘောတွေ ကောင်းပြကာ ပထမဆုံးအကြိမ် အ ဖြစ် ဖုန်းပြော ပေးပြောခြင်း ဖြစ် သည်။
ဒါတောင်မှပဲ ဘာတွေ ပြောကြမည် ဆိုတာကို စူးစမ်းလိုသော သဘောဖြင့် မျက်တောင် မခတ်ကြည့်နေကြသေးသည်ကို တွေ့ ရသည်။
မွန်မြတ်မောင် နေရာမှထကာ ဒေါ်ဝေမွန်ထံမှ တယ်လီဖုန်းစကားပြောခွက်ကို လက် ပြောင်းလွှဲယူပြီးနောက် ထူးမခြားနားသံဖြင့် ဖုန်းထူးလိုက်သည်။
“ဟယ်လို”
တစ်ဖက်မှ ရဲဝင်းကလေးသံနှိမ့်ကာ
“ဒီမယ် ..မွန်မြတ်မောင် ငါပြောတာကို အိနြေ္ဒမပျက် နားထောင်..ပြီးရင် မင်းအိမ်က မရိပ်မိ အောင် မဆီမဆိုင်ရယ်စရာတစ်ခုခုပြောပေး ဟုတ်ပြီလား”
ဟူ၍ ဆိုစကားကြိုခံနေလေရာ အရေး ကြီးနေပြီမှန်း မွန်မြတ်မောင်ရိပ်မိလိုက်သည်။ အထူး သဖြင့် ချစ်ရပါသော ဖြူစင်မနောနှင့် ပတ်သက်ပြီး တစ်ခုခု ကြားရတော့မည် ကို အလိုလို နားလည် လိုက်သည်။
ထို့ကြောင့် မိဘများ ကို မကြည့်မိအောင်ကြိုးစားရင်း ပါးစပ်ထဲတွေ့ ရာပြောလိုက်ရ သည်။
“အေး- မသာ ပြော..ပြော တကတည်း ဖုန်းလေးတစ်ခါလောက်မှ ဆက်ဖော်မရဘဲနဲ့များ အခုမှလာပြီး ရုပ်ကြမ်းကြီးနဲ့ နွဲ့နွဲ့ပြနေသေးတယ် ဟား ဟား”
“အန်.. ဘာပြောတယ် ဒိမှာ မင်းအတွက် စွန့်စွန့်စားစာဖုန်းဆက်ပြီး မင်းရဲ့ ဖြူစင်မနောနဲ့ ပတ်သက်ပြီး ရလာတဲ့ သတင်းကို တကူးတကပြောပြမလို့ လုပ်နေတဲ့ဟာကို ကျေးဇူးမတင်တဲ့ အ ပြင် ရုပ်ကြမ်းကြီးနဲ့နွဲ့နေတယ်လေးဘာလေးနဲ့ ဟင်း”
“ဟင်.. မင်းပဲ မဆီမဆိုင် ရယ်စရာတစ်ခုပြန်ပြောဆိုလို့ ပြန်ပြော အဲ အဟဲ ဟဲ စိတ်မဆိုး ပါနဲ့ကွာ. .ငါက မတွေ့ ရတာ ကြာပြီး အခုမှ ပထမဆုံးအကြိမ် ဖုန်းပြန်ပြောရလို့ ၀မ်းသာလုံးဆို့ ပြီး စတာပါကွာ စိတ်မဆိုးနဲ့နော်.. တိတ်.. တိတ်…
ပင်လယ်အစားအစာ ဆိုငကောင်းကောင်းမှာ လိပ်ခွံသုပ်နဲ့ ငါးမန်းစွယ်စင်းကောလိုက် ကျွေးပါ့မယ် ဟုတ်ပြီလား”
“အေး အဲဒီ လိုမှပေါ့ ဟား .. မင်းကြီးတော် လိပ်ခွံသုပ်နဲ့ ငါးမန်းစွယ်စင်းကောရမှာ လား”
“အင်းလေ မင်းပဲ မဆီမဆိုင်ရယ်စရာတစ်ခုပြောဆို”
“လေးပါကွာ ဟုတ်ပါတယ် ပြောမိတာကိုက ငါ့အမှား ပါ မင်းမမှားပါဘူး”
“အဲလို အမှန်အတိုင်းသိရင်လည်း ပြီးတာပဲ ဟား ဟား ဟား”
မွန်မြတ်မောင် ပိုပိုသာသာရယ်လိုက်ရပြန်သည်။ ဖြူစင်မနောနှင့် ပတ်သက်ပြီးတစ်ခုခု ကြားရ တော့မည် ဖြစ်သဖြင့် စိတ်က လှုပ်ရှားချင်တိုင်းလှုပ်ရှားနေသည်မို့ မိဘများ မရိပ်မိအောင် ကြိုးစားပြီး ချွန်းအုပ်နေရသည်။
အရေး ထဲမှာ ရဲဝင်းဆိုသည့်ကောင်ကလည်း ပြောစရာရှိတာကို မြန်မြန်မပြောဘူး။ အီလေး က ဆွဲနေသေးသဖြင့် မွန်မြတ်မောင်ရိပ်မိလို့ထင်။ လေသံကို ထပ်နှိမ့်ပြီး..
‘ဒီမယ်… မွန်မြန်မောင် ငါပြောတာ. သေသေချာချာ နားထောင် ဒိနေ့ ညနေ ဦးပီတာခင် မောင် ဒေါ်ရိုစီးညိုဝင်းတို့ရဲ့ သားနဲ့ သမီး အင်္ဂလန်ဟားဗက်တက္ကသိုလ်က စီးပွားရေး မဟာဘွဲ့ယူ နိုင်ခဲ့တဲ့အထိမ်းအမှတ်ဂုဏ်ပြုပွဲကို ဖြူစင်မနောလည်း သူ့မိဘတွေ နဲ့အတူ တက်ရောက်လိမ့်မယ်”
“ဟေ- အဟုတ် အဟုတ် မင်း မင်း.. တကယ်ပြောတာနော်”
“’ဒါနောက်စရာမှမဟုတ်တာကွ ဒီမယ်.. အဲဒီ ပွဲတက်ဖို့ အတွက်ဆိုပြီး ပွဲတက်ဝတ်စုံ သီးသန့် လာချုပ်သွားတယ်လို့ သူ့အမေအပ်နေကျ အထည်ဆိုင်က သေချာပြောပြထားတာကွ”
“ဒါ .. ဒါဆို သေချာပြီပေါ့ ကျေးဇူးပဲကွာ”
“နေဦး သိပ်လည်း ၀မ်းသာမနေနဲ့ဦး.. သူ့မိဘတွေ က ဖြူစင်မနောကို ဒီပွဲတက်ဖို့ မရအရ ခေါ်တာအကြောင်းရှိတယ်”
“ဟုတ်လား ဘာအကြောင်းလဲ”
“ဦးပီတာခင်မောင် ဒေါ်ရိုစီညိုဝင်းတို့ရဲ့ သား ဒယ်နီယယ်နဲ့ နီးစပ်သွားစေချင်လို့တဲ့လေ”
‘ဘာရယ်”
ကြားလိုက်ရသော စကားကြောင့် မွန်မြတ်အောင်တုန်လှုပ်သွာရသည်။ ပြီးမှ မိမိဖုန်းပြောနေ တာကို စက္ကန့်မလပ်အကဲခတ်နေသော မိဘနှစ် ပါးကို သတိထားမိသွားလျက် ပျက်ယွင်းလုလုမျက် နျာကို အချိန်မီအိနြေ္ဒပြန်ဆယ်ယူရင်း…
“ဟား ဟား ဟား မင်းတော် တော် ရယ်ရတဲ့ ကောင်းပဲကွ ဒါကြောင့် မင်းကို မျောက်ဖင်နီ လို့ ခေါ်တာဟား ဟား ဟား နည်းတောင်နည်းသေးတယ် ဟား ဟား”
ဟူ၍ အသားလွတ်ကြီးရယ်ပြီး နောက်ပြောင်ပြောင်စကားပြောကာ ဖုန်းချလိုက်လေရာ တစ်ဖက်မှ ရဲဝင်းလည်းမျက်နှာကြီး အီးမှန်ခံရသလို ရှုံ့မဲ့သွားလျက်
“ဟင်- တော် တော် ကျေးဇူးကန်တဲ့ကောင်.. သူ့အတွက်လည်း သတင်းထူးသတင်းဦးကို တကူးတက လှမ်းပို့ရသေးတယ်.. လူကိလည်း မျောက်ဖင်နီတဲ. တော် တော် မတရားတဲ့ကောင် သူ့အိမ်က မရိပ်မိစေဖို့ ပြန်ပြောစရာစကား ဒီလောက်တောင်ရှားလို့ လား. ဟား ကွာ”
ဟု မကျေမနေပ် ရေရွတ်ပြောဆိုမိလေသည်။ မွန်မြတ်မောင် တယ်လီဖုန်းစကား ပြောခွက်ကို တယ်လီဖုန်းအိမ်ပေါ်တင်ပြီး နေရာမှထမည့် အပြုတွင် မိခင် ဖြစ်သူ ဒေါ်ဝေေ၀မွန်က
“နေပါဦး ငါ့သားက မောင်ရဲဝင်းနဲ့ ဘာတွေ ပြောလို့ ဒီလောက်တောင်အူမြူးသွားရတာ လဲ”
ဟု သင်္ကာကင်းသလို စူးစမ်းလေရာ မွန်မြတ်မောင်လည်း ဘာပြန်ဖြေရမှန်းမသိဘဲ ကြောင် သွားရသည်။ ပြီးမှ
“သြော် - ဘာရယ်မဟုတ်ပါဘူး မေမေရဲ့ ဒီနေ့ပွဲ ဦးပီတာခင်မောင် ဒေါ်ရိုစီညိုဝင်းတို့ ရဲ့ ပွဲ ကို သူလည်းလာမယ်တဲ့ .. သူနဲ့ စင်သီယာနဲ့က ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ တဲ .. အဲဒါ အဲဒါ လှမ်းပြောတာပါ”
ဟူ၍ ပါးထဲတွေ့ ရာဖြေလိုက်ရသည်။ ဒါကိုပင် ဖခင်နှင့် မိခင်တို့က တကယ်ထင်ပြီး မျက်လုံး အရောင် တောက်ပလာကြသည်။
“အင်း ဒါဆိုကောင်းတာပေါ့ ကဲ သား ဟိုရောက်ရင် မောင်ရဲဝင်းကိုခေါ်ပြီး စင်သီယာနဲ့ မိတ်ဆက်ခိုင်း ပြီးရင် သားတို့သူငယ်ချင်းရင်းနှီးအောင် လုပ်ထားကြားလား”
ဆိုသော ဒေါ်ဝေေ၀မွန်၏ စကားကို ဦးမြတ်ဟိန်းက တစ်သဘောတည်းရှိပါကြောင်း ခေါင်း ညိတ်ပြသည်။ မွန်မြတ်မောင် မသိမသာပခုံးတွန့်မိသည်။ မတွေ့ မြင်ရတာ ကြာပြီ ဖြစ်သော ဖြူစင် မနောနှင့် ပြန်တွေ့ ဆုံရမည့်  အရေး ကို မျှော်တွေးပြီး ကိုယ့်အကြောင်းနှင့် ကိုယ် ပြုံးတုံတုံလုပ်ရင်း ခေါင်းညိတ်ပြလိုက်ရသည်။ ဆက်ပြီး ဒေါ်ဝေေ၀မွန်က
“ကဲ - သား ရေသွားချိုးတော့ ပြီးရင် အသပ်ရပ်ဆုံး အသားနားဆုံး ဖြစ်အောင် ပြင်ဆင် လာခဲ့”
“ဟုတ်ကဲ့ စိတ်ချပါ မေမေ”
“သြော် နေဦ.. မေမေ့အခန်းထဲမှာ သားရဲ့ ဟန်းဖုန်းနဲ့ ကားသော့ ရှိတယ်. အဲဒါ ၀င်ယူလိုက် ဦးမယ်”
ဗျာ သြော် ဟုတ် ဟုတ်ကဲ့”
ဖြူစင်မနောနှင် ချစ်သူတွေ ဖြစ်နေတာသိသွာပြီးကတည်းက ပြင်းထန်သော ကြိမ်းမောင်း မာန်မဲ့မှု များ နှင့် အတူ အဆက်အသွယ်လုပ်ခွင့်၊ သွားလာခွင့်ကိုပါ ပိတ်ပင်သော အားဖြင့် ဟန်းဖုန်း နှင့် ကားကို ပြန်သိမ်းယူထားခဲ့လေသည်။ ယခု ဟန်းဖုန်းနှင့် ကားကို ပြန်ပေးသည့် အတွက် မွန် မြတ်မောင် မယုံနိုင်သလို ဖြစ်နေသည်။ မွန်မြတ်မောင်စိတ်ကို ရိပ်မိဟန်တူသော ဒေါ်ဝေမွန်က အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်ပြီး..
“မေမေပြောမယ်နော်..သား မေမေတို့ဘက်က အခြေအနေအရ သားဆီက ကားတွေ ၊ ဖုန်းတွေ ပြန်ယူသိမ်းထားရပေမယ့် အခုဒါတွေ အားလုံးပြန်ပေးမယ်. ဒါဘာကြောင့် လဲဆိုရင် သားကို ယုံလို့ပဲ.. မေမေတို့ရဲ့ ယုံကြည်မှု ကို အလွဲသုံးစားပြုပြီး ဖြူစင်မနောနဲ့ သားပြန်ဆက် သွယ်မယ်ဆိုရင်တော့ မေမေတို့အလွန်မဟုတ်တော့ဘူး သူနဲ့သားနဲ့ဟာ ဘယ်လိုမှ လက်တွဲ လို့ မ ဖြစ်နိုင်ဘူးလို့ သားနားလည်အောင် ပြောပြပြီးသွားပြီ။ သူတို့မိသားစုဟာ မေမေတို့မိသားစုကို ဟို အစဉ်အဆက်ကတည်းက မကောင်းကြံပြီး ဒုက္ခပေးလာတဲ့ပြိုင်ဘက်တွေ ဆိုတာ သားလည်း သဘောပေါက်လောက်ရောပေါ့”
ဟု ချော့တစ်တန်၊ ခြောက်တစ်လှည့်ဆိုလေရာ မွန်မြတ်မောင်လည်း အလိုက်အထိုက် ခေါင်း ညိတ်ပြလိုက်ရသည်။ ဒေါ်ဝေေ၀မွန်ဆက်ပြောရန် ပြင်ဆဲမှာ ပင် ဦးမြတ်ဟိန်းက
“ကဲပါ မေကြီးရယ် သိပ်လည်း စိုးရိမ်မနေပါနဲ့.. သားလည် ခေတ်ပညာတတ် တစ်ယောက် ပဲဟာ . .ဒီလောက်ဆိုရင် တို့သဘော ဘယ်လိုရှိတယ်ဆိုတာ ကောင်းကောင်း နားလည် လောက် ပါပြီ.. နောက်ပြီး တစ်ဖက်ကလည်း တို့လိုပဲ သူတို့သမီးကို တို့သားနဲ့ ဘယ်လိုမှ ပတ်သက်စေချင် တာမဟုတ်ပါဘူး တို့တောင် သားယျော်းလေး ဖြစ်သသူကို ဒီလောက်တားမြစ်ထိန်းချုပ်နေမှတော့ သမီးမိန်းကလေးရှင် ဖြစ်တဲ့ သူတို့ဆို ပိုလို့တောင် တင်းကျပ်ဦးတော့မှာ ပေါ့”
ဟုကျိုးကြောင်း ဆင်ခြင်ပြောလေရာ ဒေါ်ဝေေ၀မွန် စိတ်သက်သာရာရသွားသော်လည်း မွန်မြတ်မောင်မှာ တော့ ချစ်သူခံစားရသော နာကျင်ဒုက္ခများ အတွက် စာနာစိတ်ဖြင့် ရင်ထဲဆစ်ခနဲ ဖြစ်သွားရသည်။
အားတင်းထားလိုက်စမ်းပါ ချစ်သူ။
နာကျင်မှု တွေ ကို အင်အားအ ဖြစ် ပြောင်းလဲယူပြီး ပန်းတိုင်ရောက်တဲ့အထိ ခရီးဆက်မယ်။
ချစ်သော သူနှစ် ယောက် တစ်ယောက် လက်ကို တစ်ယောက် ဆုပ်ကိုင်၊ တစ်လောကလုံး ကို နွေးထွေးစေမယ်။
ဒါဟာ အချစ်ရဲ့ ကျေးဇူးတော် ကြောင့် ပါလို့ လေညင်းလေးတွေ က ပန်လေးတွေ ကို ပြောပြတဲ့ စကား ငါတို့အားလုံး ကြားလိုက်ရတယ်။
“သမီး”
ကားအတူယှဉ်တွဲ စီးလာရင်းမှ ခေါ်လိုက်သော မိခင် ဖြစ်သူ ဒေါ်ဖြူဖြူသန့်၏ အသံကြောင့် ဖြူစင်မနော ငဲ့စောင်းကြည့်လိုက်ရသည်။ ဒေါ်ဖြူဖြူသန့်အဓိပ္ပာယ်ပါပါပြုံးကာ ပြောလိုရင်း ကို ဆက်သည်။
“သမီး.. ဦးပီတာခင်မောင်နဲ့ ဒေါ်ရိုစီညိုဝင်းတို့ဟာ ဘယ်လိုလူမျိုးတွေ ဆိုတာသိတယ်နော်”
ဖြူစင်မနော အသံမထွက်ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။
“အင်း သမီးသိတယ်ဆိုရင် မာမီဆက်ပြောမယ်.. ဦးပီတာခင်မောင်နဲ့ ဒေါ်ရိုညိုဝင်းတို့ ဟာ ဒိတ်ဒိတ်ကြဲစီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဖြစ်သလို ဟားဗက်တက္ကသိုလ်က စီးပွားရေး မဟာဘွဲ့ရ ဒယ်နီယယ်ဆိုတာ သူတို့အမွေကို ဆက်ခံရမယ့် သားကြီးသြရသပဲ ဒါကြောင့်သမီးရဲ့ ဂုဏ်သိက္ခာ မာမီတို့ရဲ့ ဂုဏ်သိက္ခာမြင့်မားသည်ထက် မြင့်မားစေဖို့ သမီးနဲ့ ဒယ်နီယယ်ခင်မောင်ကို နီးစပ် စေချင်တာမာမီတို့ရဲ့ ဆန္ဒပဲ.. ဒါမှလည်း သမီးကလည်း မာမီတို့ရဲ့ ကျေးဇူးကိုပြန်ဆပ်လိုက်တာနဲ့ အတူတူပဲ ဟုတ်ပြီလား”
ဒေါ်ဖြူဖြူသန့် မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နှင့် ပြောဆိုနေသည်ကို ကြည့်ပြီးဖြူ စင်မနောသက်ပြင်းရှိုက်မိသည်။
ရင်ထဲမှာ မွန်မြတ်မောင်မှလွဲ၍ မည် သူမျှမရှိဆိုသည်ကို ဖြူစင်မနောကိုယ်တိုင်သာ အသိ ဆုံး ဖြစ်သည်။
အတွေးတစ်စ၏ ရောင် ပြန်ဟပ်မှု ကြောင့် မတွေ့ ရတာ ကြာပြီ ဖြစ်သော မွန်မြတ်မောင်ကို လွမ်းစိတ်ပိုလာရသည်။
သည်ပွဲကို မွန်မြတ်မောင်သာရောက်လာလျှင် ဘယ်လောက် ကောင်း လိုက်လေမလဲဟူသော တိတ်တခိုးဆန္ဒ၏ စေ့စားရာအတိုင်း မွန်မြတ်မောင်ကို တွေ့ လို့တွေ့ ငြား မျက်လုံး ဟိုဒီဝေ့၀ဲကြည့်မိသည်။
ဦးပီတာခင်မောင် ဒေါ်ရိုညိုဝင်းတို့၏ ဧဒင်ဥယျာဉ်အိမ်ရာထဲတွင် ဥဒဟိုဝင်ထွက်သွားလာ နေကြသော ကားရောင် စုံများ ကို တွေ့ ရသလို ပြိုးပြက်တောက်ပစွာ ၀တ်စားဆင်ယင်လာကြကုန် သော လူများ ကို အစွမ်းကုန်ပြုံးထားသော မျက်နှာများ နှင့်အတူ တွေ့ လိုက်ရသည်။
“ကဲ. လာ သမီး ရောက်ပြီ ဆင်းကြရအောင်”
ဖြူစင်မနော ကိုယ့်အတွေးနှင့် ကိုယ် ရှိနေစဉ်မှာ ပင် မိခင် ဖြစ်သူ ဒေါ်ဖြူဖြူသန့်၏ အသံကို ကြားရ၏ ။ တစ်ဆက်တည်းမှာ ပင် အပြည့်အ၀တက်ကြွနေဟန်တူသော မိခင်မျက်လုံးများ က မိမိကို လူကြားထဲမှ အတင်းဆွဲထုတ်ပြီး သူတို့စိတ်ကူးနှင်သူတို့ သမက်ဖမ်းတော် ထားသော ဒယ်နီယယ် ခင်မောင်နှင့် မိတ်ဆက်ပေးကာ ရင်းနှီးစေအောင် ကြံဆောင်တော့မည် ဆိုတာ အထင်းသားပေါ် လွင်နေသည်။
ထိုအချိန်မှာ ပင် မွန်မြတ်မောင်မောင်းနှင်လာသော ကားက ဧဒင်ဥယျာဉ်အိမ်ရာထဲ ရောက်လာ သည်။
မွန်မြတ်မောင်သည် ကားကိုမောင်းနှင်လာရာက ကားပါကင်ထိုးဖို့နေရာရှာသလိုလိုလုပ်ရင်း ဖြူစင်မနောကိုလိုက်လံရှာဖွေနေမိသည်။
သိပ်ကြာကြာ မရှာလိုက်ရ။ ရှေ့မလှမ်းမကမ်းတွင် ဖြူစင်မနော၏ ဖခင်နှင့် မိခင်ကို သူတို့ စီးနင်းလာသော ကားအနီးတွင် တွေ့ လိုက်ရသည်။
ရုတ်တရက်တော့ ဖြူစင်မနောကို မတွေ့ ရသဖြင့် မွန်မြတ်မောင် စိတ်ပူသွားရသေးသည်။ နောက်မှ ကားထဲမှာ ရှိနေသည်ကို တွေ့ ရသဖြင့် ပျော်သွားရသည်။
မွန်မြတ်မောင်လည်း မိမိအကြံအစည်ကို ဖခင်၊ မိခင်တို့မရိပ်မိအောင် အိနြေ္ဒဆယ်လိုက် ပြီး
“ဖေဖေနဲ့ မေမေဒီမှာ ပင်ဆင်းလိုက်လေ.. သားကားပါကင် သွားထိုးပြီးရင်လာခဲ့မယ်”
ဟူ၍ ကြည့်အောင်ပြောဆိုလေရာ ဖခင်ဦးမြတ်ဟိန်းနှင့် မခင်ဒေါ်ဝေမွန်တို့လည်း
“သြော်- အင်း ကောင်းသားပဲ”
ဟုတုန့်ပြန်ပြောဆိုရင်း ကားတံခါးဖွင့်ကာ ဆင်းကြလေသည်။ ကားပေါ်မှ အသီးသီး ဆင်းကြပြီးနောက် မိခင်က
“သား - ကားပါကင်ထိုးပြီးတာနဲ့ ချက်ချင်း လာခဲ့နော်.. မေမေတို့ ဒိမှာ ပဲ စောင့်နေမယ်”
ဟူ၍ သတိပေးလေရော မွန်မြတ်မောင်လည်း ခေါင်းသွက်သွက်ညိတ်ပြပြီး ကားဘီး ကိုဖြည်းဖြည်းလှိမ်းပြလိုက်ရင်း ကားပါကင်ထိုးရန် နေရာရှာသလိုလိုနှင့် ဖြူစင်မနောကို လှမ်းကြည့် လိုက်သည်။ ပြီးတော့ လက်ကိုင်ဖုန်းကိုယူပြီး ဖြူစင်မနောဆီ မက်ဆေ့ခ်ျလှမ်းပို့လိုက်သည်။
“သမီးဘာလုပ်နေတာလဲ ကားပေါ်က ဆင်းတော့လေ”
ဆိုသော မိခင် ဖြစ်သူ၏ ထပ်မံသတိပေးသံကြောင့် ဖြူစင်မနောလည်း “ဟုတ်ကဲ့”လိုက်ရင်း ကားပေါ်မှစိတ်မပါဘဲ ဆင်းရန်ပြုစဉ် လက်ကိုင်ဖုန်းမှ မက်ဆေ့ခ်ျရောက်ရှိကြောင်း အချက်ပေးသံ ပေါ်လာသည်။
ကြည့်လိုက်တော့ မွန်မြတ်မောင်ထံမှ ဖြစ်နေ၍ စိတ်လှုပ်ရှားသွားရသည်။ တစ်ဆက်တည်း မှာ ပင် မိခင် ဖြစ်သူများ ရိပ်မိသွာမလားဟူ၍ မလုံမလဲပြန်ကြည့်မိသေးသည်။
ကံကောင်းသည်ဟုဆိုရမည် ။ ဖုန်းထဲမက်ဆေ့ခ်ျဝင်လာချိန်မှာ ပင်…
“ဟော - ဦးစင်ကြယ်၊ ဒေါ်ဖြူဖြူသန့်တို့တောင် ရောက်လာပါပကောလားဗျ”
ဆိုသော အသိအကျွမ်း တစ်ယောက် ၏ နှုတ်ဆက်သံကြောင့် ဒေါ်ဖြူဖြူသန့်လည်း ဖြူစင် မနောကို ဂရုတစိုက်ပြုနေရာမှ အာရုံပြောင်းကာ ခရီးဦးကြိုပြုလာသူကို တုန့်ပြန်နှုတ်ဆက် စကားဆိုရန် တစ်ဖက်သို့မျက်နှာမူသွား၏ ။
ဖြူစင်မနောလည်း အချိန်ရခိုက် ဖုန်းမက်ဆေခ်ျကို ကမန်းကတန်းဖွင့်ကြည့်ရာ
“အခု ချက်ချင်း လာခေါ်မယ် အဆင်သင့် ဖြစ်နေပါစေ”
ဆိုပြီး ဖြစ်နေသဖြင့် ရင်လည်းထိတ်ခနဲ ဖြစ်သွားရသလို လူကိုယ်တိုင်လည်း တစ်ဖက် ကားတံခါးပေါက်ကိုဖွင့်ပြီး ကားပေါ်က ကမန်းကတန်းဆင်းကာ အနီးအနားတွင် ရှိနေမှာ သေချာ နေသည်။ မွန်မြတ်မောင်ကိုမျက်လုံးဂဏှာမငြိမ်စွာ လိုက်ရှာကြည့်မိနေသည်။
ထိုစဉ်မှာ ပင်
“လာဦး သမိး ဒီမှာ သမီးနဲ့ မိတ်ဆက်ပေးရဦးမယ်”
ဆိုသည့် ဖခင်ဦးစင်ကြယ်၏ အသံကြောင့် ဖြူစင်မနောလည်း
“ရှင်..သြော် ဟုတ် ဟုတ်ကဲ့”
ဟူ၍ စိတ်လှုပ်ရှားနေတာကို ကြိုးစားဖုံးကွယ်ရင်း ခေါင်းညိတ်ပြမိသည်။ သို့သော် ခြေလှမ်းများ က နေရာမရွေးသေး။
ဒေါ်ဖြူဖြူသန့်လည်း သမီး၏ ထူးခြားမှု ကိုသတိပြုမိသလိုလို ရှိလျက်။
“သမီးလာလေ ဘာလုပ်နေတာလဲ ဒိမှာ သမီးဒက်ဒီခေါ်နေတယ်လေ”
ဟုထပ်ဆင့်တွန်းအားပေးပြန်သည်။ ဖြူစင်မနောလည်း မျက်စိပျက်မျက်နှာပျက်ဖြင့်..
“ရှင် သြော် ဟုတ် . ဟုတ်ကဲ့ လာ လာပါပြီ မာမီ”
ဟု အလိုက်အထိုက်တုန့်ပြန်ရင်း ခြေလှမ်းရွေ့ဟန်ပြု၏ ။
ထိုအချိန်မှာ ပင် ကားတစ်စီးက အနားမှာ ဝေါခနဲလာထိုးရပ်ပြီး
“မနော ကားပေါ်တက် ကားပေါ်တက် မြန်မြန်”
ဆိုသော အသံနှင့် အတူ ကားတံခါးကလည်းပွင့်လာ၏ ။ ဖြူစင်မနော၏ ရင်ဒိတ်ခနဲခုန်သွား လျက် နောက်သို့ဆတ်ခနဲလှည့်ကြည့်ရာ အလျင်စလိုနိုင်နေသော မွန်မြတ်မောင်ကိုတွေ့ လိုက်ရ သည်။
ဖြူစင်မနော ဘာမျှမစဉ်းစားမတော့ဘဲ ကားပေါ်သို့ တဟုန်ထိုးပြေးတက်လိုက် တော့သည်။
ထင်မှတ်မထားသော အ ဖြစ်အပျက်ကြောင့် ဦးစင်ကြယ်ဒေါ်ဖြူဖြူတို့နည်းတူ အနီးအနားရှိ သူတွေ မှင်တက်ကြောင်အမ်းသွားကြရသည်။
ဖြူစင်မနော ကားပေါ်ရော်ပြီဆိုသည်နှင့် မွန်မြတ်မောင်လည်း ကားကို တရကြမ်းမောင်း ပြေးတော့လေသည်။
ထိုအခါမှ ဦးစင်ကြယ်နှင့် ဒေါ်ဖြူဖြူသန့်တိုလည်း သမီးပါ သွားပြီကို သတိဝင်သွားလျက်
“သမီး .သမီး”
ဟုအသံကုန်ဟစ်ရင်း ကားနောက်သို့ အပြေးအလွှားလိုက်ကြ၏ ။
ဦးမြတ်ဟိန်းနှင့် ဒေါ်ဝေေ၀မွန်လည်း နီးစပ်သိကျွမ်းရာ မိတ်ဆွေများ နှင့် ပဋိသန္ဓာရစကား ဆိုရင်း သား ဖြစ်သူသအား အလာကို စောင့်နေရာမှ ရုတ်ရုတ်သဲသဲ ဖြစ်သွားသော အခြေအနေကို သတိထားမိသွား၏ ။
ထို့ကြောင့် ဘာများ ဖြစ်လို့ပါလိမ့်ဟူ၍ လှမ်းစူးစမ်းရာ အပြင်းမောင်းထွက်သွားသော ကားတစ်စီးနောက်သို့ ပြေးလိုက်သူက လိုက်လက်ညှိုးတထိုးထိုးပြုသူက ပြုနေသည်ကို တွေ့ ရ သဖြင့် စိတ်ပူပန်သွားရသည်။
ထိုကားမှာ မိမိတို့သား မွန်မြတ်မောင်၏ ကား ဖြစ်နေသည်ကြောင့်ပင်။ အခြေအနေကိုရိပ် မိ သလိုလိုရှိပြီ ဖြစ်သော်လည်း ပို၍ သေချာစေရန်စုံစမ်းကြည့်ရာ
“ဟိုမှာ လေ ဦးစင်ကြယ် ဒေါ်ဖြူဖြူသန့်သမီးလေး လေ သူ့ကောင်လေးလား ဘာလေးလား မသိဘူး ကားနဲ့ခေါ်ပြေတဲ့နောက်ကို သွားလို့”
ဆိုသော တိကျခိုင်မာသည့် အဖြေကိုရလေရာ ဦးမြတ်ဟိန်းနှင့် ဒေါ်ဝေေ၀မွန်တို့လည်း “ဘာရယ်”ဆိုပြီး ဘာမျှမပြောနိုင်တော့ဘဲ တောင်တောင့်ကြီး ဖြစ်သွာြး ကတော့သည်။ ပြီးမှ သတိ ၀င်လာလျက်
“ဟာ ဟေ့ ကူညီကြပါဦးပါဗျာ အဲဒီ ကောင်မလေးကို ခိုးပြေးတာ ကျွန်တော့သားဗျ ကျွန်တော် တို့ ဘယ်လိုမှ သဘောမတူနိုင်ဘူး အချိန်မီ လိုက်ခွဲမှ ဖြစ်မယ်”
ဟု စိုးရိမ်ပူပန်ကြလေရာ အားလုံးလည်း အံ့သြတကြီးဖြင့်
“ဘာရယ်”
ဟုမထိတ်သာမလန့်သာ ရေရွတ်မိကြပြီး ခန္ဓာကိုယ်တွေ တောင့်တောင့်ကြီး ဖြစ်သွားကြရ သည်။ ပြီးမှ သတိဝင်လာလျက်
“ဟာ ဒါဆို ဒီအတိုင်းလွှတ်ထာလို့ ဘယ် ဖြစ်မလဲ လိုက်မှ ဖြစ်မှာ ပေါ့”
“ဟုတ်တာပေါ့ အခုနေလိုက်ရင် မီနို်င်သေးတယ်. တက် တက်.. ကျွန်တော့်  ကားပေါ် တက် ကျွန်တော့်ကားနဲ့ လိုက်ကြရအောင်”
“ဟုတ်တယ်.. မ ဖြစ်သင့်တာတွေ မ ဖြစ်ရအောင် အချိန်မီ တားရအောင် ကျွန်တော် တို့ လည်း လိုက်ကူညီပါ့မယ်”
ဟူ၍ အသီးသီးဆိုကြပြီး မွန်မြတ်မောင်နှင့် ဖြူစင်မနောတို့နောက်သို့ ကားကိုယ်စီဖြင့် လိုက်ရန် ပြင်ဆင်ကြလေသည်။
ဧည့်သည်များ ကို ခရီးဦးကြိုပြုနှုတ်ဆက်ဖို့ ရောက်လာသူဦးပီတာခင်မောင်မိသားစုမှာ လည်း ဧည့်ခံပွဲကျင်းပရာ မိမိတို့ဧဒင်ဥယျာဉ်အိမ်ရာထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားရခြင်းအတွက် စိုးထိတ်သွားရသည်။ ပြီးမှ ဖြစ်ပွားရသည့် ကိစ္စအကြောင်းရင်းမှန်ကိုသိပြီး
“ဟောဗျ ဖြစ်မှ ဖြစ်ရပါလေတယ်”
ဟူ၍ ကိုယ့်နဖူးကိုယ်ပြန်ရိုက်မိပြီး ငိုရခက်၊ ရယ်ရခက်မျက်နှာဖြင့် ခေါင်းသာ တယမ်းယမ်းပြုမိလေတော့သည်။
မွန်မြတ်မောင် ကားကို ရန်ကုန်ပြည်လမ်းအတိုင်း သွက်လက်ကျင်လည်စွာ မောင်း နှင်နေရင်း ချစ်သူဖြူစင်မနောကို အားပေးပြုံးလေးလှည့်ပြုံးပြ၏ ။
ဖြူစင်မနောကလည်း အရာရာကိုရင်ဆိုင်မယ်ဆိုသော သတ္တိခွန်အားကိုပိုင်ဆိုင်ထားဟန် ဖြင့် ပြန်လည်ပြုံးပြ၏ ။ ထို့နောက် နောက်သို့ပြန်ကြည့်ပြီး
“ဟင် . မောင် ဒီထက်မြန်မြန်လေးမောင်းပါဦး.. နောက်မှာ ဒက်ဒီတို့ ကားက မီခါနီး နေပြီ ဒုက္ခပါပဲ”
ဟု၍ စိုးရိမ်မကင်းလေသံဖြင့် သတိပေးလေသည်။ မွန်မြတ်မောင်လည်း နောက်မှ လိုက်ပါ လာသော ကားများ ကို နောက်ကြည့်မှန်မှ တစ်ဆင့်လှမ်းကြည့်ရင်း လီဗာကို ဖိနင်းကာ စက်ကုန်ဖွင့် ဖို့ကြိုးစားရသည်။
သို့သော် ရှေ့မှကားတွေ က ပိတ်နေသဖြင့် လိုသလိုမောင်း လို့မရဘဲ ဖြစ်နေ၏ ။ နောက်မှ လိုက်လာသော ကားတွေ ကလည်း မီလုမီခင် ဖြစ်နေပြီမို့ မွန်မြတ်မောင်လည်း ထွေထွေထူးထူးစဉ်း စားမနေတော့ဘဲ အနီးရှိရှော့ပင်းမောလ်ရှေ့သို့ ကားကို ဆွဲကွေ့လိုက်ရသည်။
ဖြူစင်မနေလည်း မွန်မြတ်မောင်၏ အပြုအမူကို နားမလည်ဟန်ဖြင့် လှည့်ကြည့်၏ ။ မွန် မြတ်မောင် ကားကိုရှော့ပင်းမောလ်ရှေ့ကားပါကင်ထဲ အလျင်စလိုဝင်ထိုးပြီးနောက်
“မနော….လာ……မြန်မြန်….လောလောဆယ် အခြားနည်းလမ်းမရှိဘူး…ဒီအထဲမှာ ခဏ၀င် ပုန်းရအောင်”
ဟုပြောလည်းပြော၊ ကားပေါ်မှလည်း ခပ်သွက်သွက်ဆင်းလေရာ ဖြူစင်မနောလည်းခေါင်း ညိတ်ပြပြီး ကားပေါ်မှ ကပျာကယာဆင်းလိုက်စဉ်မှာ ပင် ထပ်ချပ်မကွာလိုက်လာသည့်ကားတွေ ကလည်း ရှော့ပင်မောလ်ဆီသို့ ဒရမန်းကြမ်းကွေ့ဝင်လိုက်ပါလာသည်ကိုတွေ့ ရ၍ စိုးရိမ်ကြီးသွား ရသည်။
“ဟင်….မောင်…..မောင်….ဟို….ဟိုမှာ …သူတို့လိုက်လာပြီ”
မွန်မြတ်မောင်နှင့် ဖြူစင်မနောတို့ ရှော့ပင်းမောလ်ထဲဝင်ပြေးသွားတာကိုတွေ့ ရသည်နှင့် နောက်မှလိုက်လာသော နှစ် ဖက်မိဘနှင့် သူတို့၏ မိတ်ဆွေတချို့လည်း ကားတွေ ပေါ်မှ ဒရော သော ပါးဆင်းကာ မွန်မြတ်မောင်တို့နောက်သို့ ပြေးလိုက်ကြပြန်သည်။
“သား….သား…..မပြေးနဲ့ လေ……..နေဦး”
“သမီး…..မပြေးနဲ့ လေ…ဘာလို့ ဒီလောက်မိုက်မဲချင်ရတာ လဲ”
“ကလေးတို့ မပြေးကြနဲ့ လေ….မိဘတွေ ရဲ့ မျက်နှာကို ဘာကြောင့်အိုးမဲ သုတ်ချင်ကြရ တာလဲကွယ်”
ဦးမြတ်ဟိန်းနှင့် ဒေါ်ဝေေ၀မွန်တို့က သူတို့သားမွန်မြတ်မောင် နာမည် ကို မနားတမ်းအော် ခေါ်ရင်း တားဆီးဖို့ကြိုးစားနေသလို ဦးစင်ကြယ်နှင့် ဒေါ်ဖြူဖြူသန်ု့တို့ကလည်း သူတို့သမီးဖြူစင်မ နော နာမည် ကို တစာစာခေါ်ရင်း နောက်မှ အပြေးလိုက်လာကြသည်။
မွန်မြတ်မောင်နှင့် ဖြူစင်မနောလည်း တစ်ယောက် လက်ကို တစ်ယောက် မလွတ်တမ်းဆုပ် ကိုင်ရင်း ရှော့ပင်းမောလ်အတွင်း ခြေဦးတည့်ရာထွက်ပြေးရင်း ပုန်းရှောင်နိုင်ဖို့ကြိုးစားကြရသည်။
“မနော…..လာ…..လာ……ဟိုမှာ သွားပုန်းရအောင်….မြန်မြန်”
မွန်မြတ်မောင်နှင့် ဖြူစင်မနောတို့ အီလက်ထရောနစ်ပစ္စည်းများ ထားရှိရာစင်များ အနီးသို့ ပြေးလွှားဝင်ရောက်ပြီး ကျုံ့ကျုံ့လေးထိုင်ချကာ ပုန်းကွယ်လိုက်ကာ နောက်မှလိုက်လာသူများ ကို ချောင်းကြည့်ရသည်။
“ဟင်း….ဘယ်ရောက်သွားလဲမသိဘူး”
“ဘယ်မှဝေးဝေးရောက်နိုင်သေးဘူး….သူတို့ဒီထဲမှာ ပဲ ရှိမှာ သေချာတယ်”
ပြောပြောဆိုဆိုဖြင့် အနားရောက်လာသော ဦးစင်ကြယ်နှင့် ဒေါ်ဖြူဖြူသန့်တို့အဖွဲ့ကို တွေ့ လိုက်ရသဖြင့် မွန်မြတ်မောင်နှင့်ဖြူစင်မနောလည်း ရင်ထိတ်သွားပြီး နေရာရွှေ့မည် ပြင်လိုက် ၏ ။ သို့ သော် အနားရောက်လာခါနီး မှ သူတို့နှင့် အတူပါလာသော မိတ်ဆွေတစ်ဦးက
“ကြည့်ရတာ သူတို့ဟိုဘက်မှာ သွားပုန်းနေတယ်ထင်တယ်”
ဟူ၍ အ၀တ်အထည်များ အရောင်းစင်တာဘက်သို့ လက်ညှိုးမှန်းဆပြရာ ဦးစင်ကြည်က
“ဟုတ်တယ်..သူတို့ အဲဒီ ဘက်ပြေးသွားတာ ကျုပ်လည်း တွေ့ လိုက်မိသလိုပဲ”
ဟု သဘောတူညိမှု ကို ပြန်ပေးရင်း အ၀တ်အထည်အရောင်းစင်တာဘက်သို့ ခြေဦးလှည့် လေရာကျနသူများ လည်းခေါင်းကိုယ်စီညိတ်ကာ ခြေလှမ်းသွက်လိုက်ကြလေသည်။
မွန်မြတ်မောင်နှင့် ဖြူစင်မနောလည်း သူတို့ပုန်းနေအောင်းနေသည့်နေရာကို ကျော် သွားသဖြင့် စိတ်သက်သာရာရပြီး သက်ပြင်းချမည် ကြံရုံရှိသေးသည်။ ဦးမြတ်ဟိန်းနှင့် ဒေါ် ဝေေ၀မွန်တို့အဖွဲ့က သူတို့ပုန်းအောင်းနေရာသို့ တန်းတန်းမတ်မတ်ကြီး လှမ်းလာကြသဖြင့် ပျာ သွားရသည်။
“ဟွန်း - ခွေးကောင် တွေ့ လို့ ကတော့ အသေပဲ ဘယ်တုန်းကမှ မကောင်းခဲ့တဲ့ အသိုင်း အ၀ိုင်းနဲ့ မပတ်သက်ချင်ပါနဲ့လို ဒီလောက်အာပေါက်အောင် သတိပေးထားတဲ့ကြားကကွာ ဟွန်”
“ကဲပါရှင်.. အဲဒါတွေ နောက်မှပြောပါ. အခုအနေရးကြီးတာက ကျွန်မတို့သားလေးကို ပြန်ရှာတွေ့ ဖိုပဲ အရငလုပ်ပါ”
ပစ္စည်းများ ကိုကွယ်ပြီးကြည့်နေဆဲမှာ ပင် ဦးမြတ်ဟိန်းတို့အဖွဲ့ သည်နေရာကို ကျိန်းသေ ရောက်တော့မည် ကို မွန်မြတ်မောင်ရော၊ဖြူစင်မနောပါသဘောပေါက်လိုက်ကြသည်။
ထို့ကြောင့် တစ်ယောက် နှင့် တစ်ယောက် ခေါင်းညိတ်အချပြပြီးနောက် နေရာမှထကာ အခြားလွတ်မည် ထင်သော နေရာသို့ ကုန်းကုန်း ကုန်းကုန်းနှင့် ခါးကိုင်းကာ ပြေးကြရပြန်သည်။
ဈေးဝယ်သူများ ကလည်း ဘာများ ဖြစ်လို့ပါလိမ့်ဟူသော အတွေးဖြင့် ရှာဖွေသူများ ကိုရော ပုန်း အောင်းသူများ ပါ စူးစမ်းကြည့်ကြည့်ကြ၏ ။
အရောင်းဝန်ထမ်းများ ကလည်း အခြေအနေကို အကဲခတ်နေရာမှ ရိပ်စားမိသလိုလိုရှိ လာကြသဖြင့် နှလုံးသားရေး ကို ကိုယ်ချင်းစာတတ်သည့် ငယ်ရွယ်သူချင်းပီပီ မွန်မြတ်မောင်နှင့် ဖြူစင်မနောကို မိဘများ လက်ထဲပြန်ပါမသွားစေနိုင်ရန် တတ်နိုင်သလောက်အကူအညီပေးကြ လေသည်။
“အစ်ကိုနဲ့အစ်မ ..ဒီမှာ လာပုန်းနေ ဟိုမှာ သူတို့လာနေကြပြီ.”
‘ဟုတ်လား ကျေးဇူးပဲနော်”
မွန်မြတ်မောင်နှင့်ဖြူစင်မနောလည်း ရှော့ပင်းမောလ်ဝယ် ဟို ပြေးဒီပြေးလုပ်ရင်း အပြင် ထွက်နိုင်ဖို့လမ်းစကို ရှာကြရသည်။
သို့ရာတွင် ဇောကပ်ပြီး ဒေါင်းတောက်အောင်ရှာဖွေနေကြသော နှစ် ဖက်မိဘများ ကြောင့် ပြေးလမ်းကမတွေ့ နိုင်သေးဘဲ ဖြစ်နေရသည်။
“မနော- မကြည့်နဲ့ ငုံ့ထား. .မြင်သွားဦးမယ်”
‘ဟုတ် ဟုတ်.. ဟင်း ဒုက္ခပါပဲ တွေ့ သွားပြီထင်တယ်”
ကလေးကလေးစားစရာ အရုပ်များ ရောင်းသည့်နေရာတွင် ပုန်းအောင်းနေစဉ် ဖြူစင် မနော၏ ။ မိဘများ က ထိုနေရာကိုရောက်ရှိလာသည်နှင့်ကြုံကြိုက်သဖြင့် နှစ် ယောက် သား ဇော ချွေးပြန်သွားရသည်။
တော် ပါသေးသည်။ ဆိုင်ဝန်ထမ်းလေးတစ်ဦးက စင်ပေးမှ ၀က်ဝံရုပ်ကြီးကို အလျင်အမြန် ဆွဲယူချပြီးကွယ်ပေးလိုက်သည့်အတွက် လက်မတင်လေးလွတ်မြောက်သွားရပြန်သည်။
ထိုဝန်ထမ်းလေး၏ စေတနာကို အသိအမှတ်ပြုသော အားဖြင့် မွန်မြတ်မောင်နှင့် ဖြူစင်မနော ကျေးဇူးတင်ကြည့်ကြည့်ရင်း ပြုံးပြလိုက်သည်။ ဆိုင်ဝန်ထမ်းလေးလည်း ယောင်ယောင်လေးပြန် ပြုံး ပြရင်း မျက်နှာရုတ်ချည်းတည်သွားကာ
“ဟာ နောက်တစ်ဖွဲ့ထပ်လာနေပြန်ပြီ သွား သွား ဒိမှာ မပုန်းနဲ့တော့ ဟိုဘက် မြန်မြန် ပြေးတော့ ”
ဟုအလောတကြီးလေသံဖြင့် သတိပေးလေသည်။ မွန်မြတ်မောင်နှင့် ဖြူစင်မနောလည်း ထွေ ထွေထူးထူးစဉ်းစာမးနေအား ပိတ်စများ ရောင်းသည့် နေရာဘက်သို့ လေးဘက် ထောက် မတတ် ပြေးကြရသည်။
ပိတ်စများ ကြားသို့ ချောမောစွာ ရောက်သည့်တိုင် စိတ်မအေးနိုင်ဘဲ ခေါင်းပြူကြည့်ရသေး သည်။ ခေါင်းပြူကြည့်ချိန်နှင့် တိုက်ဆိုင်စွာ ပင် မွန်မြတ်မောင်၏ မိဘများ နှင် မိတ်ဆွေများ က အနီးမှာ ရောက်ရှိနေသည့်အပြင် ပိတ်စလိပ်များ အကြားသို့ စေ့စေ့စပ်စပ် ရှာဖွေကြည့်ရှုနေချိန်နှင့် ကြံကြိုက်သဖြင့် “ သွားပါပြီ” ဆိုပြီး ထိတ်ထိတ်ပျာပျာ ဖြစ်သွားရသည်။
မွန်မြတ်မောင်နှင့် ဖြူစင်မနောတို့ပုန်းအောင်းနေသည့်နေရာကို လှမ်းကြည့်ချိန်မှာ ပင် ဆိုင် ၀န် ထမ်းလေးတစ်ဦးက ပိတ်စတစ်စကို ဆတ်ခနဲဆွဲယူကာ ဖြန့်ကွယ်ကွယ်ပေးလိုက်သဖြင့် ကံကောင်းသွားရသည်။
မွန်မြတ်မောင်နှင့် ဖြူစင်မနောတို့လည်း ထိုဆိုင်ဝန်ထမ်းလေးကို ကျေးဇူးတင်သော အကြည့် ဖြင့် ကြည့်ရာ ဆိုင်ဝန်ထမ်းလေးက သည်နေရာမှအမြန်ပြေးရန် မျက်ရိပ်ပြသည့်အတွက် မွန်မြတ် မောင်နှင့် ဖြူစင်မနောတို့လည်း အချိန်မဆွဲဘဲပြေးကြရ၏ ။ သို့သော် ကံဆိုးချင်တော့ ဦးမြတ်ဟိန်း တို့၏ မိတ်ဆွေ ဖြစ်သူက မြင်သွားပြီး။
“ကိုမြတ်ဟိန်း ဟိုမှာ ခင်ဗျားသားမဟုတ်လား”
ဟုလက်ညှိုးညွှန်ပြလေရာ ဦးမြတ်ဟိန်းလည်း..
“ဟာ ဟုတ်တယ် ဟုတ်တယ် ဟိတ်ကောင် မွန်မြတ်မောင် ဘယ်ပြေးမလို့လဲ ဒီကိုလာခဲ့ စမ်း”
ဆိုပြီး ပါးစပ်ကလည်း အော်၊ လူကိုယ်တိုင်ကလည်း အပြေးလိုက်လေရာ မွန်မြတ်မောင် လည်း ဘာမှပြောမနေတော့ဘဲ ဖြူစင်မနောလက်ကိုသာ မြဲမြဲဆွဲပြီးထွက်ပြေးလေသည်။
“သား သား မပြေးနဲ့လေ မေမေ့ကို မသနားတော့ဘူးလား သားရယ်”
ဒေါ်ဝေေ၀မွန်လည်း သားဇောဖြင့် အသက်အရွယ်ကို မထောက်နိုင်ဘဲ မမောတမ်းနောက် က ပြေးလိုက်လေသည်။
ဦးမြတ်ဟိန်းတို့၏ ရုတ်ရုတ်သဲသဲအပြုအမူများ နှင့် အော်ဟစ်သံမျာကြောင့် မလှမ်းမကမ်းရှိ ဦးစင်ကြယ်တို့လည်း သတိပြုမိသွားပြီး လှည့်ကြည့်ရာ မွန်မြတ်မောင်နောက် ဖ၀ါးထပ်မျှ လိုက်နေ သော သမီးချောဖြူစင်မနောကို တွေ့ ရှိသွားလေသည်။ ထို့ကြောင့်
‘ဟင် - ဟိုမှာ မင်သမီးအလိမ္မာတုံးလေး တွေ့ မယ် ခွေးထက်မိုက်တဲ့ သမီးမိုက်”
“သမီးရေ သမိးရေ . .သမီး မာမိ့မှာ နှလုံး ရောဂါ ရှိတာ သမီးသိတယ်နော် .မာမီ့ကို အသက် ရှင်ရက်တွေ့ ချင်ရင် မာမိ့ဆီ ပြန်လာခဲ့ပါကွယ်”
ဦးစင်ကြယ်က ဓားကြိမ်းကြိမ်းသလို ဒေါ်ဖြူဖြူသန့်ကလည်း ရောဂါ ဖြင့် ခြိမ်းခြောက်ပြီး ဖြူစင် မနောကို လှမ်းဟန့်၏ ။ သို့သော် ဖြူစင်မနော၏ ခြေလှမ်းတို့က ရပ်တန့်၍ မရတော့ပြီ။
“မောင် ပြေး ပြေး ဟိုမှာ ဒက်ဒီတို့ မာမီတို့လည်း လာပြီ”
“ဟုတ်လား ဒါဆို လာ လာ ဒီဘက်ကိုပြေးရအောင်”
မွန်မြတ်မောင်နှင့် ဖြူစင်မနောတို့ လွတ်ရာလွတ်ကြောင်း ပြေးလွှားကြရန်ပြန်သည်။
သို့ပေမယ့် ကံကြမ္မာက သည်တစ်ခါတော့ မျက်နှာသာမပေးတော့ပြီထင့်။ ထွက်ပေါက် တံခါးနှင့် မလှမ်းမက်းနေရာသို့ ရောက်ခါမှပဲ ပြေးပေါက်ပိတ်သွာရသည်။ နှစ် ဖက်မိဘများ က ဟိုဘက် သည်ဘက်ညှပ်ပိတ်လိုက်သလို ဖြစ်သွားဖြင့် သည်တစ်ခါတော့ လွတ်လမ်းမမြင်တော့ဘူး ဆိုပြီး နှစ် ယောက် သားစိတ်ဓာတ်ကျချင် သလို ဖြစ်သွားရသည်။
ဘယ်လိုလုပ်မလဲဆိုသည့်အကြည့်ဖြင့် တစ်ယောက် ကို တစ်ယောက် ကြည့်မိစဉ်မှာ ပင် သူတို့ရှိနေရာဆီသို့ နှစ် ဖက်မိဘနှင့် မိတ်ဆွေအချို့တို့က တန်းတန်းမတ်မတ် ရောက်လာကြသည်။
မွန်မြတ်မောင်နှင့် ဖြူစင်မနောလည်း အ၀တ်အစားဒီဇိုင်းများ ၀တ်ဆင်ပြသထားသော အရုပ်များ ကိုကွယ်ကာ ပုန်းနေရာက ဆောက်တည်ရာမရ ဖြစ်လာရသည်။ မွန်မြတ်မောင် လှုပ်ရှား နေသော စိတ်ကို ကြိုးစားထိန်းချုပ်ရင်း လွတ်အောင်ဘယ်လိုကြံရပါ့မလဲဟူသော အတွေးဖြင့် ဟို ဒီမျက်လုံး ကစားကြည့်မိသည်။
ဖြူစင်မနောလည်းပဲ ငိုချင်လာသော မျက်နှာလေးဖြင့် မွန်မြတ်မောင်ကို မျက်တောင်မခတ် ကြည့်နေလေ၏ ။ ထိုအခိုက်မှာ ပင် မွန်မြတ်မောင် ခေါင်းထဲသို့ အကြံကောင်းတစ်ချက်ဝင်လာလျက် မျက်နှာလည်း မျှော်လင့်ချက်ကြောင့် ၀င်းပသွားရသည်။
မွန်မြတ်မောင်မျက်နှာကို တစ်ချိန်လုံးအလွတ်မပေးဘဲ အကဲခတ်နေသော ဖြူစင်မနော လည်း မွန်မြတ်မောင် တစ်ယောက် လွတ်ရာလွတ်ကြောင်း တစ်ခုခုစဉ်းစားမိပြီဆိုတာ ရိပ်မိလျက် ဘာလုပ်မှာ လဲဆိုသည့်သဘောဖြင့် မျက်ခုံးပင့်ပြ၏ ။ မွန်မြတ်မောင် ပါးစပ်ကမဖြေဘဲ သူတို့ကွယ် ပုန်းနေသော အရုပ်များ ကို မသိမသာလက်ညှိုးထိုးပြ၏ ။
မွန်မြတ်မောင်ဘာဆိုလိုသည်ကို ပေါက်သည်နှင့် ဖြူစင်မနောလည်း အနားရှိ အရုပ်မ ခေါင်းပေါ်မှ ဦးထုပ်ကို ဆတ်ခနဲ ယူဆောင်ကာ တင်ပစ်ရင်ကော့ပြီး ခါးနှစ် ဖက်ထောက်ကာ ပို့စ် ထုတ်လိုက်၏ ။
ဖြူစင်မနောပို့စ်ဖမ်းလိုက်သည်နှင့် တစ်ချိန်တည်းမှာ ပင် မွန်မြတ်မောင်လည်း မျက်မှန်တပ် ပြီး ဘေးနားရှိယောက်ျားခေါင်းပေါ်မှ ဦးထုပ်ကိုယူကာ ခပ်ငိုက်ငိုက်ဆောင်းလိုက်၏ ။ ထို့နောက် လက်တစ်ဖက်ကို ဖြူစင်မနော၏ ပခုံးတစ်ဖက်ပေါ်တင်ပြီး ကျန်လက်တစ်ဖက်က ဖြူစင် မနော၏ ခါးကိုဖက်ထားလိုက်၏ ။
မွန်မြတ်မောင်နှင့် ဖြူစင်မနောတို့ အ၀တ်အစားဒီဇိုင်းဝတ်ပြသထားသော အရုပ်များ ကြား တွင် အရုပ်များ နှင့် မခြား ပုံမှားရိုက် ပို့စ်ထုတ်ပြီးချိန်မှာ ပင် အနီးသို့ မွန်မြတ်မောင်၏ မိဘများ ရောက်ရှိလာသည်။
ဟိုရှာကြည့်ဒီရှာကြည့်ဖြင့် ရှေ့တည့်တည့်ရောက်ရှိလာချိန်မှာ နှစ် ယောက် စလုံး ဇောချွေးက ပျံချင်လာသည်။
ဦးမြတ်ဟိန်း ဒေါ်ဝေေ၀မွန်တို့လည်း မွန်မြတ်မောင်တို့ နှစ် ယောက် စလုံးရှေ့တည့်တည့်မှာ ရှိနေပါလျက် မော်ဒယ်အရုပ်မျးအမှတ်နှင့် တစ်ချက်ကြည့်ပြီးနောက် သူတို့ကို ကျော်ပြီး လျှောက် သွားလေသည်။
“ဟင် ခွေးမသား ဘယ်ရောက် သွားပါလိမ့်။ စောစောကပဲ ငါ့မျက်စိနဲ့ တပ်အပ်မြင်လိုက် တာပါ”
“ဟုတ်ပါရဲ့ မျက်စိရှေ့တင်ပျောက်သွားရတယ်လို့”
“ကြည့်ရတာ ဟိုဘက်ရောက်သွားပြီထင်တယ်”
“ဟုတ်တယ် ဖြစ်နိုင်တယ်ဗျ”
ဦးမြတ်ဟိန်းတို့အဖွဲ့ မွန်မြတ်မောင်နှင့် ဖြူစင်မနောကို အခြားသော အရုပ်များ ကဲ့သို့ပင် ထင်မှတ်ပြီး အမှတ်တမဲ့သာကြည့်မိလျက် အကြိုအကြားများ သို့သာ သဲသဲမဲမဲရှာဖွေကြည့်ရှုလေ သည်။ ထိုအချိန်မှာ ပင် ဦးစင်ကြယ်တို့အဖွဲ့က အနီးသို့ ကသုတ်ကယက်ရောက်လာကြ၏ ။
မွန်မြတ်မောင်နှင့် ဖြူစင်မနောတို့အနီးမှာ ပင် ဆုံမိကြလျက် တစ်ဖက်ကိုတစ်ဖက် ရန်လို မုန်းတီးသော အကြည့်များ ဖြင့် ကြည့်ကြ၏ ။
“တောက်”
“တောက်”
ဦးမြတ်ဟိန်းနှင့် ဦးစင်ကြယ်တို့ထံမှ ကျယ်လောင်သော “တက်”ခေါက်သံများ ပြိုင်တူထွက် ပေါ်လာ၏ ။
“တက်”ခေါက်ပြီးနောက် တစ်ယောက် ကိုတစ်ယောာက် ပေစောင်းစောင်းကြည်ကြပြန် သည်။
ဦးမြတ်ဟိန်းနှင့် ဦးစင်ကြယ်နည်းတူ ဒေါ်ဝေေ၀မွန်နှင့် ဒေါ်ဖြူဖြူသန့်ကလည်း တစ်ယောက် ကို တစ်ယောက် မျက်ထောင့်နီနီကြီးတွေ နှင့် ကြည့်ပြီးနောက် မလိုလားဟန်ဖြင့် မဲ့ရွဲ့ ပြကြ၏ ။
“အမေကြီး လာ ဟိုဘက်သွားကြည့်မယ် ဒီနေရာက မြေခွေးစော်နံတယ်”
ဆိုသော ဦးမြတ်ဟိန်း၏ စကားသံနှင့် မရှေးမနှောင်းပင် ဦးစင်ကြယ်ကလည်း အကျော မပေးတမ်း ထပြောလေသည်။
“လာ မိန်းမ ဒိဘက်သွားရှာရအောင် ဒီနေရာက ၀ံပုလွေစော်နံတယ်”
“ဘာကွ မင်း ဒါ ဘာလူပါးဝတာလဲ”
‘အေး ၀တယ်ကွာ ၀တော့ ဘာလုပ်ချင်လဲ”
တစ်ယောက် ကို တစ်ယောက် စောင်းချိတ်ပြောဆိုရင်း ဒဲ့ကစ်ြ ကတော့မည့်  ကိန်းဆိုက်လာ သည်ကိုကြည့်ပြီး မွန်မြတ်မောင်ရော၊ ဖြူစင်မနောပါ စိုးရိမ်လျက် ဆွဲလွဲဖျောင်းဖျရန် ဆတ်ခနဲ လှည့်ကြည့်မိကြသည်။
အနီးဝန်ထမ်းမလေးက လက်လှမ်းတို့ပြီး မသိမသာခေါင်းခါယမ်းပြကာ အရုပ်ဆောင် ယောင်ထားသော အ ဖြစ်ကို ပြန်လည်သတိရသွားပြီး မှင်မပျက်ပြန်နေရ၏ ။ ဒါတောင် မျက်လုံးတွေ က သိပ်ဂဏှာမငြိမ်ချင်။
“ကဲပါဗျာ တော် ကြပါတော့.. ခင်ဗျားတို့အဆင့်အတန်းမျိုးနဲ့ ဒိလို ဖြစ်ဖို့မကောင်းပါဘူး။ အခုအချိန်မှာ အရေး ကြီးတာက ခင်ဗျားတို့သားနဲ့သမီးကို ပြန်ရှာတွေ့ ဖို့ပဲမဟုတ်လား”
“ဟုတ်ပါတယ်ဗျာ။ စိတ်လျှော့လိုက်ပါ.. ဒီမှာ ခင်ဗျားတို့စကားများ နေတာနဲ့ပဲ ကလေးတွေ ထပ်ပြီးထွက်ပြေးလို့ရသွားဦးမယ်”
အတူပါလာသော နှစ် ဖက်မိတ်ဆွေများ က သူ့လူကိယ့်လူ ၀င်ထိန်းရင်း ဖျောင်းဖျပြောဆို သတိပေးကာမှ သူတို့လည်း သားသမီးအရေး ကို သတိရသွားကြလျက် ဟိုဒီကြည့်ကြသည်။ နှစ် ဖက်မိဘများ ၏ အာရုံသည် သူတို့ဆီသို့ပြန်လှည့်လာပြန်ပြီ ဖြစ်သဖြင့် မွန်မြတ်မောင်နှင့် ဖြူစင် မနောအဖို့ စိုးရိမ်ရေမှတ်ကို ရောက်သွားရပြန်သည်။
ရတထိတ်ထိတ် အသည်းတယားယားရှိနေစဉ်မှာ ပင် ဒေါ်ဖြူဖြူသန့်၏ လက်တစ်ဖက် ကျော ပေါ်ရောက်လာသဖြင့် ဖြူစင်မနောလန့်ပြီးအော်မိသလို ဖြစ်သွားသေးသည်။ အချိန်မီ ဘရိတ် အုတ်မိ၍ သာ တော် တော့သည်။ အသည်းယားစရာ တကယ့်ကိုအသည်းယားစရာကြီးရယ်။
“သေချာတယ် သူတို့ ဒိမှာ မရှိတော့ဘူး”
‘ဟုတ်တယ် သူတို့ပုန်းစရာဆိုလို့ ဟိုနားလေးပဲရှိတော့တယ်”
“သေချာတယ် အဲဒီ နေရာသွားရှာရအောင်”
နှစ် ဖက်မိဘများ သည်နေရာမှာ ရှာလို့မတွေ့ ပြီမို့ အခြားနေရာမှ ဆက်ရှာရန်ထွက်ခွာသွာ ကာမှ မွန်မြတ်မောင်၊ဖြူစင်မနောတို့ ဟင်းချနိုင်တော့သည်။
မိဘများ ကျောပေးသွားသည်နှင့် မွန်မြတ်မောင်နှင့်ဖြူစင်မနောလည်း အချိန်မဆိုင်းရဲဘဲ နေရာမှ ခြေဖျားထောက်ပြေးထွက်ရလေသည်။ သူတို့တံခါးပေါက်ကိုကျော်ပြီး ထွက်သည်ကိုမြင်မှ ရင်တမမရှိနေကြသော ၀န်ထမ်းလေးများ လည်း သက်မချကာ ပြုံးလာနိုင်ကြလေသည်။
“အဲ နေပါဦး. စောစောက အရုပ်စုံတွဲ က တခြားအရုပ်တွေ ထက် ထူးခြားနေသလိုပဲ”
‘ဟုတ်တယ်.. အဲဒိအရုပ်နှစ် ရုပ်နဲ့ မျက်နှာတွေ ကို ရင်းနှီးနေသလားလို့”
မွန်မြတ်မောင်နှင့် ဖြူစင်မနော ကားနားရောက်ရှိသွားချိန်လောက်မှ သူတို့ကို လိုက်ရှာ နေသော နှစ် ဖက်မိဘများ လည်း စောစောက တွေ့ ခဲ့ရသော အရုပ်စုံတွဲ ၏ မျက်နှာကို မြင်ဖူးသလို လိုရှိသည်ဟုတွေးမိလျက်။
‘ဟင် ဟိုစုံတွဲ အရုပ်နဲ့ မျက်နှာတွေ က တစ်မျိုးပဲ”
“ဟာ နေပါဦး ခုနက အရုပ်မက ဘာလဲဟ ဟင် သွားပြန်ကြည့်ဦးမှပဲ”
အားလုံးတိုင်ပင်ထားသည့်အလား လှမ်းနေသည့်ခြေလှမ်းများ တုံ့ခနဲ ရပ်ကာ နောက် ကြောင်းပြန်လှည့်လာကြသည်။
သို့သော် ထိုအရုပ်စုံတွဲ က နေရာမှာ မရှိတော့ပြီ။ ထို့ကြောင့် ပိုပြီးခံပြင်းစိတ်ပေါက်သွားရ ပြန်သည်။
“ခွေးကောင် လူလည်လုပ်သွားပြန်ပြီ ဟင်းနော် ဟင်း”
“ဟင်း ခွေးထက်မိုက်တဲ့သမီး မိဘကို မျက်စိရှေ့မှာ တင် တစ်ပတ်ရိုက်ရဲသေးတယ် လို့ကွာ”
ပေါက်ကွဲရေရွတ်စဉ်မှာ ပင် မိတ်ဆွေ တစ်ယောက် က
“ကိုမြတ်ဟိန်း - ဟိုမှာ အပြင်မှာ ခင်ဗျားသား ကားပေါ်ရောက်သွားပြီ”
ဟုအသိပေးလေသဖြင့် အားလုံးကားပါကင်ဆီ ချာခနဲလျည့်ကြည့်မိကြ သည်။ သူတို့ချာခနဲ လှည့်ကြည့်မိစဉ်မှာ ပင် မွန်မြတ်မောင်ကလည်း ဖြူစင်နောကို နံဘေးမှာ ထားပြီး ကားကိုဝူးခနဲ မောင်းထွက်သွားသည်ကို တွေ့ ရသည်။
“ဟာ ကားမောင်းပြေးပြီ.. မြန်မြန်လိုက်ရအောင်”
“ဟုတ်တယ် အမီလိုက်မှ ဖြစ်မယ်”
“ဟိတ်ကောင်တွေ ဘာကြောင်ကြည့်နေတာလဲ . ကားပေါ် မြန်မြန်တက်ပြီး လိုက်ကြလေ ကွာ တယ်ကွာ”
ဦးမြတ်ဟိန်းတို့ ဦးစင်ကြယ်တို့ ဆောက်တည်ရာမရဘဲ ညာသံပေးလိုက်သလို သူတို့၏ တပည့်ကျော်များ ကိုလည်း တပ်လှန့်ပြီး ကားပေါ်ပြေးတက်ကြလေသည်။
ဆိုင်ထဲမှ မွန်မြတ်မောင်နှင့် ဖြူစင်မနောတို့၏ ပရိသတ် ဖြစ်သွားသော စားသုံးသူအချို့နှင့် ရှော့ပင်မောလ်ဝန်ထမ်းလေးများ က မွန်မြတ်မောင်တို့အတွက် ၀မ်းမြောက်ဝမ်းသာဖြင့် ဂုဏ်ပြုလက် ခုပ်တီးပေးမိကြသည်။
“၀မ်းစမိုး”
“ဟေး”
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
“မနော သိပ်ကြောက်နေသလားဟင်”
မွန်မြတ်မောင်ကားမောင်းနေရင်းမှ ဖြူစင်မနောကို အကဲခတ်သလို တစ်ချက်ကြည့်ရင်း မေးသည်ကို ဖြူစင်မနောက
“ဟင်အင်း မကြောက်ပါဘူး စိတ်လှုပ်ရှားနေတာ တစ်ခုပါပဲ”
ဟု ပြန်ဖြေရင်း မွန်မြတ်မောင်ကို ချစ်ခင်တပ်မက်စွာ ကြည့်သည်။ မွန်မြတ်မောင် ဖြူစင်မနော၏ စကားကြောင့် ကျေနပ်သွားသည်။ တစ်ဆက်တည်းမှာ ပင် ရှေ့ရင်ဆိုင်ရမည့်  ပြဿနာအတွက် ခံနိုင်ရည်ရှိ၊ မရှိကို သိလိုသေးသည်မို့
“မောင်တို့ ခုလိုဇွတ်တရွတ်လုပ်ပစ်တဲ့အတွက် မိဘတွေ ကတေ့ မောင်တို့ကို မရရအောင် လိုက်ရှာပြီး အတင်းရအောင်ခွဲမှာ သေချာတယ်။. ခွဲမရရင်လည်း မောင့်ကိုရော၊ မနောကိုရော အမွေပြတ်စွန့်လွှတ်မှာ သေချာတယ်”
“သေချာတာပေါ့ မောင်ရယ်”
‘ဒီအတွက် မနောနောင်တရနေမှာ ကိုပဲ မောင်စိတ်ပူတယ်”
“စိတ်ချပါ အဲဒီ အတွက်တော့ နောင်တစရာမရှိပါဘူး အဲ.. မနောတို့ ပြေးမလွတ်ဘဲ ဒက်ဒီ တို့ မိသွားခဲ့ရင် သာ တစ်သက်လုံး ယူကြုံးမရ ဖြစ်ပြီး နောင်တရမိမှာ ”
“အိုကေ ကြိုက်သွားပြီ စိတ်ချ .. မနောရော၊ မောင်ရော နောင်တရနေမယ့်အ ဖြစ်မျိုး ကြုံကို မကြုံစေရပါဘူး။ မောင်အစွမ်းကုန် ကြိုးစား ဟင် နောက်မှာ ကားတွေ မီလာပြန်ပြီ”
“အို ဟုတ်လား ဒုက္ခပါပဲ”
သူတို့နှစ် ဦးစွန့်စားရဲရင့်မှု တို့အတွက် ကြည်နူးစကားလေးများ ဖွဲ့သီလို့ကောင်းမည် ကြံ တုန်းရှိသေးသည်။ နောက်ကြည့်မှန်မှတစ်ဆင့် မြင်တွေ့ လိုက်ရသော ကားများ ကြောင့် မွန်မြတ် မောင်ရင်ထိတ်သွားရသလို ဖြူစင်မနောလည်း နောက်သို့ချာခနဲလှည့်ကြည့်ပြီး စိုးရိမ်ပူပန်သွားရ သည်။
မွန်မြတ်မောင်ကားကို လီဗာနင်းရင်း အရှိန်ကို အစွမ်းကုန်မြှင့်တင်ရသည်။ နောက်မှ လိုက် ပါလာသော ကားများ ကလည်း မိုင်ကုန်နင်းလာကြသည်မှန်း သေချာနေလေသည်။
မွန်မြတ်မောင် ခြေလက်မျက်စိနှင့် ဦးခေါင်းကို အငြိမ်မထားဘဲ သွက်လက်စွာ လှုပ်ရှားရင်း ကားကို ကျင်လည်စွာ မောင်းနှင်နေရာမှ ရှေ့ခပ်လှမ်းလှမ်းတစ်နေရာကို သတိထားမိလိုက်မိသည်။ ထိုပူဇော်ပွဲရှိ လူတန်းကြီးက ကားကိုလမ်းကို ကန့်လန့်ဖြတ်ကူးနေသည်ကို လည်းတွေ့ ရသည်။
“ဟာ ဒုက္ခပါပဲ ဘယ်လိုလုပ်ရပါ့မလဲမသိဘူး”
မွန်မြတ်မောင်အကြံအိုက်သွားဟန်ဖြင့် အသံတိတ်ညည်းလိုက်မိသည်။
ကားလမ်းဖြတ်ကူးနေသော လူတန်းကြီးကို တွေ့ မြင်သွားသော ဖြူစင်မနောသည် လည်း ပျက်သွားဟန်ဖြင့် လက်ညှိုးထိုးညွှန်ပြရင်း..
“မောင် ဟို ဟိုမှာ လူတွေ ရှိတယ် တိုက်မိကုန်မယ်နော် . .သတိထားဦး”
ဟုစိုးရိမ်တကြီး သတိပေးစကားဆို၏ ။ မွန်မြတ်မောင်လည်း သတိရှိပါကြောင်း ခေါင်းညိတ်ပြ ရင်း ဘေးဘီဝဲယာကိုမျက်လုံးကစားရင်း ပြေးလမ်းကိုရှာမိ၏ ။
ဘုရားပွဲလှည့်နေသော လူအုပ်ကြီးထံ ရောက်လုရောက်ခင် ကားလမ်းညာဘက်ဘေးတွင် စားသောက်ဆိုင်လေးတစ်ဆိုင်ကို သတိပြုမိလိုက်၏ ။
အားကိုးစရာ ကောက်ရိုးတစ်မျှင်တွေ့ သလို မွန်မြတ်မောင်ခံစားလိုက်လျက် ကားကို လမ်းဘေးထိုးရပ်လိုက်၏ ။
“မောင် ကားကို ဘာလို့ရပ်လိုက်ရတာ လဲ ဆက်မောင်း လေ”
‘ရှေ့မှာ လူတွေ နဲ့ မောင်းလို့မရတော့ဘူးလေ ကဲ လာပါ ကားပေါ်က မြန်မြန်ဆင်း .. မောင်တို့ ဒီစားသောက်ဆိုင်လေးထဲ ခဏ၀င်ပြေးပုန်းကြရအောင်”
အရေး ကြီးနေချိန်မှာ မှာ ကားကိုရပ်လိုက်သည့်အတွက်နားမလည်နိုင် ဖြစ်သော ဖြူစင်မနော ကို မွန်မြတ်မောင်ခပ်တိုတို ရှင်းပြပြီး ကားပေါ်မှခပ်သွက်သွက် ဆင်း၏ ။
ဖြူစင်မနောလည်း ချီတုံချတုံစိတ်ကိုဖြတ်လိုက်ပြီး ကားတံခါးဝုန်းခနဲတွန်းဖွင့်ကာ ကသုတ်ကယက်ဆင်းရသည်။
“လာ မနော မြန်မြန်ပြေးကြရအောင်”
မွန်မြတ်မောင် ဖြူစင်မနောလက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲ တဟုန်ထိုးဝင်ပြေးသည်။
စားသောက်ဆိုင်အတွင်းရှိ လူတွေ လည်း ကျားလိုက်ခံရသလို ကမူးရှူးထိုးပြေးလာသော မွန်မြတ်မောင်နှင့်ဖြူစင်မနောကိုကြည့်ပြီး ဘာများ ဖြစ်လို့ပါလိမ့်ဟူ၍ စူးစမ်းကြည့်ကြည့်ကြသည်။
ဆိုင်အနောက်ဘက်အတွင်းဆီကို အလောတကြီး ၀င်ပြေးသွာေးသာ မွန်မြတ်မောင်တို့ စုံတွဲ ကို လိုက်လံကြည့်ရှုရန်ပြုစဉ်မှာ ပင်ဆိုင်ရှေ့သို့ ခပ်ပြင်းပြင်းဘရိတ်အုပ်သံများ နှင့်အတူ ကားလေးစီး ထိုးဆိုက်လာကိုတွေ့ ရသဖြင့် အာရုံက ဆိုင်ရှေ့သို့ရောက်သွားကြပြန်သည်။
တုံ့ခနဲထိုးရပ်သွားသော ကားတွေ ပေါ်မှ လူတွေ အားလုံး ဆိုင်ထဲသို့ ဒရောသော ပါး ပြေးဝင် လာကြသည်ကိုပါ ဆက်တိုက်တွေ့ လိုက်ရပြန်သည်။ ဆိုင်ရှိလူများ လည်း ဘာမှန်းမသိဘဲ ရော ယောင်ထိတ်လန့်သွားကြရသည်။
“ဟာ ဟ ဘာတွေ ဖြစ်နေလို့လဲဟ”
‘အေး ဟုတ်ပါရဲ့ တစ်ခုခုတော့ တစ်ခုခု ဖြစ်နေတာသေချာနေပြီ”
“ဟုတ်တယ် . သူတို့ကိုကြည့်ရတာ ဧကန္တတော့ ဧကန္တပဲ”
ဘာမှန်းမသိသဖြင့် ဘာမှန်းမသိသော ခန့်မှန်းချက်တွေ တစ်ယောက် တစ်ပေါက်ရွတ်နေကြ သူများ ထံသို့ ဦးမြတ်ဟိန်းတို့အဖွဲ့နှင့် ဦးစင်ကြယ်တို့အဖွဲ့ ရှူးရှူးရှဲရှိ ရောက်ရှိလာကြပြီး ဟိုရှာဒီရှာဖြင့် ရှာဖွေရေး လုပ်ကြလေသည်။
ဆိုင်တွင်းရှိလူများ လည်း ဘုမသိဘမသိနှင့် စားပွဲအောက်ကုလားထိုင်အောက်တွေ လိုက်ငုံ့ကြည့်မိကြသည်။
သူတို့လုပ်သလို တစ်ဆိုင်လုံးရှိသူများ ကလည်း ဆောင့်ကြောင့်ထိုင်ချမတတ် ကုန်းကုန်း ကုန်း ကုန်းဖြင့် ဟိုရှာဒီကြည့်လုပ်နေကြသည်ကို တွေ့ ရမှ ဦးမြတ်ဟိန်းလည်းဒေါသပိုထွက်သွား လျက်။
“နေပါဦး ခင်ဗျားတိုကရော ဘာလိုက်ရှာနေကြတာလဲ”
ဟု ဟိန်းဟောက်ရာ အနီးရှိလူက..
“မသိဘူးလေ အန်ကယ်တို့ကြည့်လို့ ကျွန်တော် တို့လည်း ဘာများ ရှာနေတာလဲ ဆိုပြီး သိချင်လို့ လိုက်ကြည့်နေကြတာ”
ဟူ၍ ပြန်ဖြေရာ ဦးမြတ်ဟိန်းသာမက ဦးစင်ကြယ်ပါ ဒေါသပိုထွက်သွားရသည်။
“ဟာ အရေး ထဲမှ ဒီလူတွေ က တစ်မှော င့်ကွာ”
ဦးစင်ကြယ် အလိုမကျသလို ရေရွတ်ပြီး ကိုင်းထားသော ခါးကို ပြန်မတ်ကာ ဟိုဟို ဒီဒီ လည်ဆန့်ပြီး လျှောက်ကြည့်လေသည်။
ထိုအခါ ကျန်လူများ အားလုံးလည်း ကို်င်းထားသော ခါးတွေ ကိုပြန်မတ်ပြီး ဦးစင်ကြယ် ကြည့်ရာဆီသို့ လည်ဆန့်ပြီးလိုက်ကြည့်ကြပြန်သည်။
သည်လူတွေ တမင်သက်သက်များ လိုက်လံနောက်ပြောင်နေတာလားဟူသော အတွေးဖြင့် ဦးစင်ကြယ်ဒေါသတွေ အထွတ်အထိပ်ရောက်သွားရသည်။
ဒေါ်ဖြူဖြူသန့်လည်း ယောက်ျားအကြောင်းကို သိသူပီပီ မလိုအပ်ဘဲ ဆိုင်ရှိလူများ နှင့် ပြဿနာမတက်စေရန် အတွက် ဦးစင်ကြယ်၏ အင်္ကျီလက်မောင်းစကိုဆောင့်ဆွဲလိုက်၏
ဆိုင်ရှိလူများ ကို ခြိမ်းခြောက်ဟိန်းဟောက်မည် ပြုသော ဦးစင်ကြယ်လည်းမျက်နှာနီကြီးဖြင့် ဇနီးဒေါ်ဖြူဖြူသန့်ကို လှည့်ကြည့်ပြီး “ဘာလဲ” မေး၏ ။
“ဘာလဲ”
မလွန်သင့်တန်မလွန်ဖို့ အခြေအနေကို ထိန်းသိမ်းနို်င်ရန် အကျီလက်မောင်းစကို ဆွဲသာ ဆွဲလိုက်ရသည်။ ဘာပြောလို့ပြောရမှန်းမသိ။
ထို့ကြောင့် ပြူးပြူးပျာပျာဖြင့် ဟိုဒီကြည့်ရာ သူတို့ရှေ့မှ ဖြတ်လျှောက်သွားသော ကုလားစုံတွဲ တစ်တွဲ ကို တွေ့ သဖြင့် အကြံရသွားသည်။
ထို့ကြောင့် ဆာရီခြုံထားသော ကုလားမလေကို ပခုံးလှမ်းတို့ပြီး
“ဟိတ်.. ဟိတ် ခဏလေး ဒိဆိုင်ထဲကို ဟိုကားပေါ်က ကောင်လေးနဲ့ ကောင်မလေးနဲ့ တစ်ယောက် ၀င်ပြောလာတာ တွေ မိသလား”
ဟု စုံစမ်းလေသည်။
ကုလားမလေးက ခေါင်းညိတ်ပြသဖြင့် အားလုံးအားတက်သွားပြီး
“ဟုတ် ဟုတ်လား ဒါ ဒါဆို သူတို့အခုဘယ်မှာ လဲ တွေ့ မိသလား”
“ရှင် သြော် ဟုတ် ဟုတ်”
“ဒါဆို ပြောစမ်းပါဦး မြန်မြန်လေး ဒီမှာ သေရေး ရှင်ရေး လောက်ကို အရေး ကြီးနေလို့ပါ”
“ဟုတ်တယ်.. တို့ သူတို့ကို တွေ့ မှ ဖြစ်မယ်”
ဦးစင်ကြယ်တို့အဖွဲ့ရော၊ ဦးမြတ်ဟိန်းတို့အဖွဲ့ပါ တရားခံစစ်သလို တစ်ယောက် တစ် ပေါက် ၀ိုင်းမေးလာကြသဖြင့် ကုလားမလေးလည်း ကြောက်လန့်သွားဟန်ဖြင့် ဘာမျှပြန်မဖြေနိုင်။ ခေါင်းသာ တညိတ်ညိတ်ပြနေမိ၏ ။
“ရှင် .. ဟုတ် ဟုတ်”
“သြော် ဒီကုလားမလေးက မေးတာမဖြေဘဲ ခေါင်းချည်းပဲ ညိတ်ပြနေတာပဲ ဒုက္ခပါပဲ ဘယ်လို ဟာနဲ့လာတွေ့ နေရတယ်မသိဘူး”
မေးရတာ လက်ပေါက်ကပ်လှသော ကုလားမလေးအပေါ် ဦးမြတ်ဟိန်းဒေါသတွေ လွှဲ ပြောင်းရောက်ရှိလာသည်ကို ရိပ်မိလိုက်သည်နှင့် ကုလားမလေး၏ ခင်ပွန်း ဖြစ်ဟန်တူသော ကုလားလေးအခြေအနေကို အချိန်မီဝင်ရောက်ဖြေရှင်းပေး၏ ။
“ဟုတ်ကဲ့ လူဂျီမင်းတို့ပြောတဲ့ ကန်းမကလေးချောချော တစ်ယောက် နဲ့ ကန်းကလေးချော ချော တစ်ယောက် နော် ကုလားတို့ ဟောဒီမျက်စိနှလုံးနဲ့ တေတေချာချာမြင်လိုက်တယ်”
“ဟေ ဟုတ်လား ဒါဆို အခုသူတို့ ဘယ်မှာ လဲ မောင်ရင် သိရင်ပြောစမ်းပါဦး မြန်မြန်”
“ဟတ်ကဲ့ ကန်းမကလေးချောချောနဲ့ ကန်းကလေးချောချောနော် ဒီဆိုင်နောက်ဘက်က နေ ထွက်ပြေးသွားတာ . ကုလားဟောဒီမျက်စိနှစ် လုံးနဲ့ တေတေချာချာမြင်လိုက်တယ်။ ကန်းက လေး ချောချောကနော် ကန်းမကလေးချောချောရဲ့ လက်ကို ဟောဒီလို ဆွဲပြီး ထွက်ပြေးသွား တာ ကုလားမျက်စိနှစ် လုံးနဲ့ တေတေချာချာမြင်လိုက်ရတယ် ကုလားနော် အဲဒီ ကန်ကလေးနဲ့ကန်မ ကလေး ကို အရမ်းတနား…”
“ဟာ တော် ပါပြီ တော် တော် ပေရှည်တဲ့ကုလားပါပဲ လား”
အရေး ထဲ သတင်းပေးတာနှင့် မကာမိအောင် လေကြောရှည်နေသော ကုလားကို ဦးစင် ကြယ်ရော ဦးမြတ်ဟိန်းပါ ကျေးဇူးမတင်သည့်အပြင် ဒေါသူပုန်ထချင်သွားရသည်။
တစ်ဖက်တည်းမှာ ပင် “ဒီကုလားလေးကို မြင်ဖူးသလိုရှိတယ်” ဟု စဉ်းစားမိသော်လည်း မွန် မြတ်မောင်နှင့် ဖြူစင်မနောတို့ ထွက်ပြေးလွတ်မြောက်သွားမှာ ကို စိုးရိမ်မိသည့်အတွက် စကားဖြတ် ပြီး ဆိုင်အနောက်ဘက်သို့ အလောတကြီးပြေးကြည့်ရသည်။
‘ဟင် ဟုတ်တယ် ဟိုမှာ ဟိုမှာ တွေ့ လား”
တစ်ယောက် လက် တစ်ယောက် လက်ကို ဆွဲပြီး ပြေးနေကြသော မွန်မြန်မောင်နှင့် ဖြူစင် မနောတို့ကို မျက်ဝါးထင်ထင်တွေ့ မြင်လိုက်ရသဖြင့် နှစ် ဖက်မိဘများ အားတက်ပြီး အတင်း ထိုး လိုက်ကြသည်။
“သား မပြေးနဲ့”
“သမီးရေး သမီး မပြေးနဲ့ အမေတို့စကားကို နားထောင်နော်”
“ဟာရေ ကုလား နော် ဘယ်မှမပြေးပါဘူး စိတ်ချ”
ဦးမြတ်ဟိန်းတို့ ဦးစင်ကြယ်တို့အဖွဲ့ သူတို့သားနှင့် သမီးနောက်သို့ ပြေးလိုက်သွားတာတွေ့  သည်နှင့် ကုလားလေးက ဆိုင်ရှိလူတွေ ကို ပြုံးပြကာ
“နမားစတေး”
ဆိုပြီး လက်အုပ်ချီနှုတ်ဆက်ပြီးနောက် ကားဆီသို့ ပြေးသွားလေသည်။
ထိုအခါမှ ဆို်င်အတွင်းရှိလူများ လည်း ယခုမြင်တွေ့ ရသည့် ကုလားလေးနှင့် ကုလားမလေး တို့သည် စောစောက ဆိုင်ထဲပြေးဝင်လာကြသော ခပ်ချောချောကောင်လေးနှင့် ခပ်လှလှကောင် မလေးတို့ပင် ဖြစ်ကြောင်း နားလည်သဘောပေါက်လိုက်ကြသည်။
ထို့ကြောင့် လည်း ပဲ ထိုကောင်မလေးနှင့် ကောင်လေး ကားပေါ်ရောက်ပြီး ကားမောင်း ထွက်သွားသည်နှင့် ၀မ်းသာအားရ လက်ခုပ်သြဘာပေးလိုက်မိကြသည်။
“ဘရာဗိုး”
“ဟေး”
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
စားသောက်ဆိုင်အတွင်းမှာ လက်ခုပ်သံတွေ ညံသွားချိန်မှာ ပင် ဆိုင်အနောက်ဘက် မလှမ်း မကမ်းနေရာတွင် လည်း မွန်မြတ်မောင်နှင့် ဖြူစင်မနောတို့ နှစ် ဖက်မိဘများ လက်ရပြန်လည်ဖမ်းမိ လိုက်ကြချိန် ဖြစ်သည်။
“သား မပြေးနဲ့”
“သမီ မပြေးနဲ့”
“ဟုတ်ဒယ် အပ္ပနာဒေ၀ီနော် မာမွတ်အဘိုင်လိုပဲ ဒီကနေတစ်ဖါးမခွာဘူး စိတ်ချ”
“ဟင်”
“ဟာ”
“အလို”
“အို ဘာတွေ ဖြစ်ကုန်ပြီလဲဟ”
မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့သြမင်တက်သွားကြရသည်။
မွန်မြတ်မောင်နှင့် ဖြူစင်မောင်မနောမှတ်ပြီး ကြည့်လိုက်သော အခါမှာ တကယ်တမ်းမြင်တွေ့  လိုက်ရသည်က တကယ့်ကုလားလေးနှင့် ကုလားမလေး ဖြစ်လို့နေသည်။ အားလုံးမျက်လှည့် ပြခံလိုက်ရသဖြင့် ခံပြင်းသွားကြရပြန်သည်။
“ခွေးကောင် ဒီသောက်သုံးမကျတဲ့ ဉာဏ်နီဉာဏ်နက်တွေ ဘယ်က တတ်လာရတာ လဲ မသိဘူး တွေ့ မယ် ဟင်း တွေ့ မယ်”
“ဒါဆို ဒါဆို စောစောကတွေ့ ခဲ့တဲ့ ကုလားလေးနဲ့ ကုလားမလေးဟာ သြော် ဒါကြောင့် ဒီကုလားလေးမြင်ဖူးသလို လိုရှိပါတယ်လို့ မှတ်နေတာ လက်စသတ်တော့ ဒင်းကိုး ဟင်း ဟင်း”
ခံပြင်းဒေါသက ရှေ့မှာ ရှိသော ကုလားစုံတွဲ လေးဆီ ကျရောက်သွားသည်။ မီးကုန်ယမ်းကုန် ပေါက်ကွဲမည် ပြုစဉ်မှာ ပင် ဦးစင်ကြယ်၏ ကားဒရိုင်ဘာလေး အပြေးအလွှားရောက်လာပြီး မွန်မြတ် မောင်နှင့် ဖြူစင်မနောတို့ ကားမောင်းထွက်ပြေးသွားပြီ ဖြစ်ကြောင်း အပြေးအလွှား သတင်းလာပို့ သည်။
“အန်ကယ်လ် ဟို ဟိုမှာ မမလေးတို့ ကားနဲ့ထွက်ပြေးသွားကြပြီ”
“ဟေ ဟုတ်လား”
“ဟာ ဒါဆိုမြန်မြန်လိုက်မှ ဖြစ်မှာ ပေါ့”
“ဟုတ်တယ် ကဲ လာလာ ကားဆီပြန်ပြေးကြရအောင်”
စိတ်မြန်လက်မြန်ရှိသူ ဦးစင်ကြယ်နှင့် ဦးမြတ်ဟိန်းတို့တို့ တစ်ယောက် ကို တစ်ယောက် အခဲမကြေးသလိုကြည့်ကြပြီးနောက် မိမိတို့၏ ကားများ ရှိရာဆီို့ ပြေးလေရာ ကျန်လူများ အပြေး လိုက်ကြရသည်။
ဒေါ်ဝေေ၀မွန်နှင့် ဒေါ်ဖြူဖြူသန့်တို့နှစ် ဦးမှာ မိန်းမသားတေါလည်း ဖြစ်ပြန်၊ အသက်တွေ ကလည်း ရလာပြီ ဖြစ်ပြန်မို့ သည်လိုပြေးလွှားရတာ ကို တယ်ပြီးမသက်သာလှ။ အမောပင် ဖောက် ချင်ချင် ဖြစ်နေသည်။ သို့သော် သားဇောသမီးဇောကပ်နေသည်မို့ မောတော့မောတာပေါ့ ဒါပေမဲ့ မမောနိုင်ဘူး ဖြစ်နေရလေသည်။
![]() တစ်ခါတုန်းက တက္ကသိုလ်မှာ | ![]() မောင်ရေးခဲ့တဲ့ မောင့်ရဲ့သမိုင်း | ![]() နတ်သမီးချည်တိုင် အလွမ်းမဖောက်နိုင် |