(၁)
“အမေရေ……..အဖေ……..ကျွန်တော် စာမေးပွဲအောင်တယ်ဗျ……..စာမေးပွဲအောင်တယ်”
သူစာမေးပွဲအောင်ကြောင်း တစ်လမ်းလုံးကြားအောင် အသံပြဲကြီးနှင့်အော်ဟစ်ကြေညာ ရင်း ကျားလိုက်သလိုပြေးလာသော ၀င်းကျော်၏ အသံကို ကြားရခါမှ သည်ကနေ့ တက္ကသိုလ် အောင်စာရင်းထွက်သည့်နေ့ဆိုတာကို ကျွန်တော် သိလိုက်ရသည်။
ပို၍ သေချာစေရန် ၀င်းကျော်ကိုတော့ မေးမြန်းစုံစမ်းကြည့်ဦးမှပဲဆိုသော အတွေးဖြင့် အိမ် ရှေ့ထွက်ပြီး လူမရောက်ဘဲ အသံကအရင်ရောက်နှင့် နေသော ၀င်းကျော်အား အိမ်ခြံတံခါးဝနေပြီး ဆီးစောင့်နေလိုက်သည်။
“အမေရေ……..သား ပညာတတ်ကြီး ဖြစ်ပြီဗျ……..အဖေရေ……..သား ဘွဲ့ရပြီဗျ”
ဝမ်းမြောက်ဝမ်းသာ ဖြစ်မှု ကို မဖုံးနိုင်မဖိနိုင်ဘဲ လက်သီးလက်မောင်းတန်းကာ ခုန်ပေါက် ဟစ်ကြွေးလာသော ၀င်းကျော်ကိုကြည့်ရင်း ကျွန်တော် ရယ်ချင်သွားသည်။
ကျွန်တော် ရယ်ချင်ချင် ဖြစ်နေတုန်းမှာ ပင် ရယ်စရာကောင်းသည့်အကွက်က မျက်စိထဲ တန်းတန်းမတ်မတ်ရောက်လာသည်။ အခြားတော့မဟုတ်။ ၀င်းကျော် မြောက်ခနဲမြောက်ခနဲ ခုန်ပေါက်ပြေးလွှားရင်း ကိုယ့်ပုဆိုးစကိုကိုယ်နင်းမိကာ ပုဆိုးကွင်းလုံးကျွတ်သွားရသည်။ ၀င်းကျော် ကတော့ ပုဆိုးကွင်းလုံးကျွတ်ကျခဲ့သည်ကို သတိထားမိပုံမပေါ်။ သြော်……..ပျော်နေပုံများ ပြော ပါတယ်။
ဘယ့်နှယ့် အလယ်တန်းကျောင်းသားအရွယ်လည်း မဟုတ်။ အထက်တန်းကျောင်းသား အရွယ်လည်းမဟုတ်တော့ပါဘဲ တက္ကသိုလ်နောက်ဆုံးနှစ် စာမေးပွဲအောင်တာကိုပဲ ကြီးကောင် ကြီးမားအရွယ်ကြီးနဲ့ ကလေးငယ် တစ်ယောက် လို အိနြေ္ဒမရမြူးထူးနေသည့် ၀င်းကျော်ကိုကြည့်ရ သည်မှာ တစ်မျိုးကြီး ဖြစ်နေသည်။
လော်စပီကာပင် အရှုံးပေးရသော သူ့အသံပြဲကြီးကြောင့် လမ်းထဲရှိလူတိုင်းလိုလို အိမ်ရှေ့ ထွက်လာကြရသည်။
“ဟယ်……..၀င်းကျော် တစ်ယောက် စာမေးပွဲအောင်တယ်တဲံ”
“ဒါဆို ဘွဲ့ရပညာတတ်ကြီး ဖြစ်ပြီပေါ့”
“အင်းပေါ့……..ဒါကြောင့် သူ့ကြည့်ရတာ တော် တော် ပျော်နေပုံပဲ”
“သေချာတယ် သေချာတယ်……..ပျော်တာမှ ပုဆိုးကွင်းလုံးကျွတ်ခဲ့တာကိုတောင် မသိရ လောက်အောင် ပျော်နေတာ”
“၀ါး ဟား ဟား ဟား
“ခစ် ခစ် ခစ်”
အိမ်တိုင်းစေ့ထွက်ကြည့်ကြသည်ကိုပဲ ၀င်းကျော်က သူ့ရဲ့ အောင်မြင်မှု ကို ဂုဏ်ပြုထောပနာ ပြုကြပေသည်ဟု ထင်ရော့သလားမသိ။
“ငါကွ……..မှတ်ထား……..အဲဒါ ငါကွ”
ဆိုပြီး လက်သီးလက်မောင်းတန်းကာ ဟစ်ကြွေးလိုက်သေးသည်။
ကျွန်တော် လည်း ၀င်းကျော်ကိုကြည့်ပြီး မရယ်နိုင်ဘဲ မနေနိုင်သဖြင့် အများ နှင့် အတူ ရောနှောရယ်မောမိလေသည်။ ထိုအချိန်မှာ ပင် ၀င်းကျော်က ကျွန်တော့် ရှေ့ရောက်လာသဖြင့် ရယ်ရှိန်သတ်ပြီး လှမ်းခေါ်ရသည်။
“ဟိတ်……..ဟိတ်……..ကိုဝင်းကျော်……..ကိုဝင်းကျော်……..ခဏ……..ခဏလေး”
“ဘယ်ရမလဲ……..အဲဒါ ငါကွ……..အမေရေ၊ အဖေရေ သား စာမေးပွဲအောင်လို့ ဘွဲ့ရ ပညာတတ်ကြီး ဖြစ်ပြီဗျ……..သိရဲ့ လား”
သို့ သော် အပျော်တွေ အတိုင်းထက်အလွန် ဖုံးလွှမ်းနေဟန်တူသော ၀င်းကျော်က ကျွန်တော့် ခေါ်သံကို ကြားဟန်မတူသလို ကျွန်တော့် ကိုလည်း မြင်ဟန်မတူဘဲ ကျွန်တော့် အား ဖြတ်ကျော်သွားလျက် သူ့အိမ်ထဲသို့ ကဆုန်ပေါက်ပြေးဝင်သွား၏ ။
“ကိုဝင်းကျော်……..ကို……..၀င်း……..ေ..ကျ……..ာ်……..ရော်…….. ဒီလူနှယ် နောက်ဆုံး နှစ် စာမေးပွဲအောင်လာတာကိုပဲ အော်မကြားခေါ်မကြားနဲ့ ဖြစ်ရလောက်အောင် ဘာသာစုံဂုဏ်ထူး နဲ့များ အောင်ပြီး မဟာတန်းတက်ခွင့်ရလာလို့များ လား……..အင်း…….. ဖြစ်တော့ မ ဖြစ်နိုင်ပါဘူး ……..သူ့အကြောင်း မသိတာကျနေတာပဲ……..ဘာပဲ ဖြစ် ဖြစ်လေ……..သေချာအောင် လိုက်မေး ကြည့်ဦးပါပဲ”
ကျွန်တော် လည်း ၀င်းကျော်၏ ပျော်ပုံထူးမှု ကို စိတ်ဝင်စားသွားရသည်က တစ်ကြောင်း၊ သည်ကနေ့ အောင်စာရင်းထွက်တာ ဟုတ်၊ မဟုတ်သေချာသိလိုသည်က တစ်ကြောင်းတို့ကြောင့် အိမ်ချင်းကပ်လျက်ရှိသော ၀င်းကျော်၏ အိမ်သို့ လိုက်ဝင်သွားရသည်။ အိမ်ထဲမရောက်မီပင် ၀င်းကျော်နှင့် သူ့မိဘများ ၏ စကားသံကို အတိုင်းသားကြားနေရသည်။
“အမေရေ……..အမေ……..သား စာမေးပွဲအောင်တယ်ဗျ သိလား”
“ဟယ်……..ကြည့်စမ်းပါဦး……..ငါ့သားလေးက တော် လိုက်တာကွယ်……..အရမ်းပဲ”
“အဖေရေ……..ကျွန်တော် အဖေတို့ ဖြစ်စေချင်သလို ဘွဲ့ရပညာတတ်ကြီး ဖြစ်သွားပြီ သိလား”
“အေးကွာ……..ငါ့သားအောင်မြင်မှု တွေ ကိုကြည့်ပြီး အဖေ ၀မ်းသာလိုက်တာ မပြောပါနဲ့ တော့”
“မပြောလို့တော့ မရဘူး အမေရဲ့ ”
“ဟေ……..ဘာကိုလဲ”
“ကျွန်တော် နဲ့ အဖေတို့ ကတိခံထားကြတဲ့ကိစ္စလေ”
“ဟေ ဟုတ်လား……..ဘာကိစ္စ ကတိခံထားကြလို့လဲ”
“ဟိုဟာလေ……..ဟိုဟာ……..အဟီး……..အဖေတို့ပဲ ပြောထားတယ်လေ……..ကျွန်တော့်  ကို နောက်ဆုံးနှစ် စာမေးပွဲကို အောင်အောင်ကြိုးစား……..စာမေးပွဲအောင်လို့ ဘွဲ့ရပညာတတ်ကြီး ဖြစ်ပြီဆိုရင် မိန်းမပေးစားမယ်ဆိုတာလေ……..အဟီး”
“ဟင်……..”
“သြော်……..ဒါလား”
“အဟီး……..ဟုတ်တယ်……..အဲဒါ……..အဲဒါ”
ဝင်းကျော် စာမေးပွဲအောင်လို့ပျော်တာ သာမန်ထက်ပိုနေပါတယ်လို့မှတ်တာ။ လက်စသတ် တော့ ဒါကြောင့် ကိုးဟု ကျွန်တော် သဘောပေါက်လိုက်ရသည်။ ဘာသာစုံဂုဏ်ထူးထွက်ပြီး မဟာ တန်းဆက်တက်ခွင့်ရလျှင်တောင် သည်လောက်ပျော်မည် မထင်။ မိန်းမရတော့မည် ဆိုသော အသိ ကြောင့် သာ အတိုင်းထက်အလွန်ပျော်နေခြင်း ဖြစ်ကြောင်း ကျွန်တော့် နည်းတူ လာရောက်စပ်စုကြ သူတစ်ရပ်ကွက်လုံးလည်း ရိပ်မိသိရှိသွားကြလျက်
“သြော်……..ဒါကြောင့် ကိုး”
ဟူ၍ ရေရွတ်ရင်း ပြုံးမိကြလျက် နေရာမှခွာဖို့ပြင်လိုက်ကြသည်။ သို့ သော် ထွက်ပေါ်လာ သော ၀င်းကျော်၏ ဖခင်စကားသံကြောင့် အားလုံးကိုယ်ရှိန်သတ်ကာ နားစွင့်မိကြပြန်သည်။
“မင်းရူးနေလား ဟင်……..ကိုယ့်မှာ ဖြင့် ဘာအလုပ်အကိုင်မှမရှိသေးဘဲနဲ့ မိန်းမယူရအောင် မင်းကိုယ်မင်း ဘာများ မှတ်နေလဲ……..အေး……..မင်းမိန်းမယူချင်တယ်ဆိုရင် မင်းဘာသာ မင်း လုပ်ကျွေးနိုင်ရင်ယူ……..ငါတို့ ကတော့ တင်မကျွေးထားနိုင်ဘူးကွာ……..ဒါပဲ”
“ဟင်……..မဟုတ်……..မဟုတ်သေးဘူးလေ……..အဖေတို့ပဲ ပြောထားပြီးတော့…….. အဖေတို့နော်……..လူကြီးတွေ ဖြစ်ပြီး လူကြီးစကားမဖျက်နဲ့……..ကျွန်တော် အော်ငိုလိုက်မှာ သိလား”
“အေး……..မင်းဘာသာ မင်းမရှက်လို့ အော်ငိုချင်လည်း ငိုပေါ့……..ငါတို့က အနေသာ ကြီးပဲ……..အဲ……..တစ်ခါတည်းရှင်းအောင် ပြောထားလိုက်ဦးမယ်……..ဒီနေ့ကစပြီး မင်းသုံးမယ့် ငွေ မင်းဘာသာရှာပေတော့……..ငါတို့ဆီ လက်ဖြန့်တောင်းဖို့တော့ မစဉ်းစားနဲ့……..သေမယ် သာမှတ်”
“ဟာ……..ဘာတွေ ဖြစ်ကုန်ပြီလဲ……..ခုတစ်မျိုး တော် ကြာတစ်မျိုးနဲ့……..အရင်တုန်းက ပြောတော့ ဒီလိုမဟုတ်ပါဘူး……..
ဒီနှစ် စာမေးပွဲကို အောင်အောင်သာကြိုးစား……..စာမေးပွဲအောင်ရင် သား ဖြစ်ချင်တာ မှန်သမျှ လိုလေသေးမရှိ ဖြစ်စေရမယ်……..ဒါ့အပြင် မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်ဆိုတဲ့ မိဘတို့ဝတ္တရားနဲ့အညီ ပညာ စုံရင် ကြင်ယာလေးပါးစုံမှ တင့်တယ်မှာ မို့ မိန်းမလည်းပေးစားမယ်ဆို……..ဟင်……..
ဘွဲ့ရရင် မိန်းမပေးစားမယ်ဆိုလို့ ကျွန်တော့် မှာ ဖြင့် ကုန်းရုန်းပြီးကြိုးစားလိုက်ရတာ …….. ကြိုးစားမှု ရလဒ်လေးတွေ ကို အပြည့်အ၀ခံစားမယ်လို့ ကျွန်တော့် မှာ ဖြင့် စိတ်ကူးယဉ်ထားလိုက်ရ တာ……..ခုတော့……..ခုတော့……..အဟင့်……..ဒါဖြင့် ……..ဒါဖြင့် ……..ကျွန်တော့် ကို ဘာလို့ အဲသလိုပြောထားသေးသလဲလို့……..အဟင့်”
ငိုသံပါကြီးဖြင့် ပြောနေသော ၀င်းကျော်၏ စကားကို နားထောင်ပြီး ကျွန်တော် တို့လည်း ရယ်ရခက်၊ ငိုရခက် ဖြစ်ကုန်ကြရသည်။ ကျွန်တော် တို့ ၀င်းကျော်ကို ကရုဏာသက်မည် ကြံရုံရှိ သေးသည်။ ၀င်းကျော်၏ မိခင်ပြောလိုက်သော စကားကြောင့် ရယ်ချင်သွားကြရပြန်သည်။
“ဟဲ့……..အဲဒီ လိုမပြောလို့ရမလား……..နင်က တစ်တန်းကို နှစ် နှစ် ၊ သုံးနှစ် တက်နေတာ လေ……..သူများ တွေ ဘွဲ့တစ်ဘွဲ့ရဖို့ တက္ကသိုလ်မှာ လေးနှစ် ပဲတက်ရတာ ……..နင့်ကျမှ ဆယ်နှစ် တောင်တက်ရတယ်လို့……..အံ့ပါရဲ့ ……..အင်း……..ဒါတောင် မိန်းမပေးစားမယ်ပြောလို့ ဆယ်နှစ် နဲ့ဘွဲ့ရတာ ……..မိန်းမပေးစားမယ်သာ မပြောရင် နင်ဘွဲ့ရဖို့ နောက်ထပ်ဘယ်နှစ် နှစ် စောင့်ရဦး မယ် မသိဘူး”
“အမေ……..အဲဒီ လိုတော့ မပြောပါနဲ့……..သားက တက္ကသိုလ်ကို သူများ တွေ လို ပေါ့ပေါ့ လေးရောက် ပေါ့ပေါ့လေးခွာမလုပ်နိုင်လို့…….. ခုလိုအချိန်ပေးတက်ပြီး တက္ကသိုလ်နဲ့ တစ်သား တည်းကျဖို့ သတ်တော် ရှည်ကျောင်းသားဘ၀နဲ့ တမင်တကာကြိုးစားခဲ့ရတာ ပါ”
“အေး……..ကြိုးစား ကြိုးစား…….. မင်းကျောင်းမပြီးမချင်း တို့မှာ တော့……..အေးလေ ……..ကျောင်းသားပဲလေ……..ဘယ်မှာ ၀င်ငွေရှိဦးမှာ လဲဆိုပြီး မင်းတောင်းသမျှ မရှိရှိတဲ့ကြားက ထုတ်ပေးနေရတာ ……..ဒီခေတ်ကာလ ငွေရှာရတာ လွယ်တယ်မှတ်လို့……..ဟော……..ခုတော့ မင်းကျောင်းပြီးသွားပြီဆိုတော့ တို့လည်း မင်းဒုက္ခကို ဆက်ခံစရာမလိုတော့ဘူး……..မင်းလည်း ဘွဲ့ရ တစ်ယောက် ဖြစ်ပြီဆိုတော့ အိမ်မှာ ကျောင်းသားဘ၀တုန်းကလို အခန့်သားထိုင်စားနေလို့ မကောင်းတော့ဘူး……..ပတ်ဝန်းကျင်က မေးငေါ့ကြမှာ သေချာတယ်……..ရှက်တတ်ရင် လဲသေဖို့ တောင်ကောင်းတယ်……..ဒါကြောင့် ဒီနေ့ကစပြီး မြန်မြန်အလုပ်ရှာ……..ပြီးရင် မိဘကိုတစ်လှည့် ပြန်လုပ်ကျွေးဦး……..ဒါမှ မွေးရကျိုးနပ်တဲ့ သားလိမ္မာ ဖြစ်မှာ ……..ဟုတ်ပြီလား”
“ဟင့်အင်း……..ဟင့်အင်း……..သားလိမ္မာမ ဖြစ်ချင်ဘူး……..မိန်းမပဲလိုချင်တယ်…….. ဒါပဲနော်……..ကတိအတိုင်း မိန်းမ မပေးစားလို့ ကတော့ ကတိဖောက်ဖျက်မှု နဲ့ အမေနဲ့အဖေကို ရပ်ကွက်လူကြီးဆီသွားတိုင်မယ်……..ဒါပဲ”
“အို……..တိုင် တိုင်ပေါ့”
“တိုင်မယ်……..တိုင်မယ်……..တိုင်ဆို အခုကိုသွားတိုင်မယ်……..အဟင့်……..အဟင့် …….. အဲဒီ လို ဖြစ်မယ်မှန်းသိရင် စာမေးပွဲအောင်ဖို့ မကြိုးစားခဲ့ပါဘူး……..အကျခံလိုက်ပါတယ် ……..ခုတော့ ကြည့်ပါဦး……..အိပ်ရေး ပျက်ခံပြီး စာကျက်ရကျိုးမနပ်လိုက်တာ……..အဟင့်”
ဝင်းကျော် ငိုယိုပြီးထွက်လာတာမြင်သည်နှင့် ကျွန်တော့် နည်းတူ လေ့လာစပ်စုသူ ရပ်ကွက် သူရပ်ကွက်သားတို့လည်း ၀င်းကျော်၏ သက်သေအ ဖြစ် ဆွဲထည့်ခံရမှာ စိုးရွံ့ကြဟန်ဖြင့် ကိုယ့်အိမ် ကိုယ့်ယာဆီ ခြေကုန်သုတ်ပြေးကြလေတော့သည်။
“ဟာ……..ဟိတ်……..ဟိတ်……..လစ်ကြဟေ့……..ဟိုမှာ ၀င်းကျော် တစ်ယောက် ဒေါနဲ့ မောနဲ့ထွက်လာပြီ”
“အေးဟ……..ဟုတ်တယ်……..တော် ကြာ တို့ပါအမှု ပတ်နေဦးမယ်”
“အမှု ပတ်တာ အရေး မကြီးဘူး……..တော် ကြာ ငါတို့ကိုပါ လာပြီးမိန်းမပေးစားခိုင်းနေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်”
“အေးကွ……..ဒါဆိုရင် ကွိုင်ပဲ……..ကိုယ့်ဟာကိုယ်တောင် မစွံလို့ လူပျိုကြီး ဖြစ်နေတဲ့ ဥစ္စာ”
“ဟား ဟား ဟား”
***
(၂)
ကျွန်တော် ခြံတံခါးကိုဆွဲပိတ်နေရင်းမှ ၀င်းကျော်အကြောင်းတွေးမိကာ တစ်ယောက် တည်း ရယ်မိပြန်သည်။
“အဟင်း……..ဒီလူနှယ် တော် တော် ရယ်ရတာ ပဲ……..သူလုပ်တာနဲ့ ငါ့မှာ အောင်စာရင်း ကိစ္စမေးဖို့ဟာ မမေးလိုက်ရဘူး…….. အေးလေ……..သူတို့နောက်ဆုံးနှစ် တွေ တောင် အောင် စာရင်းထွက်ပြီဆိုမှတော့ ငါတို့ဒုတိယနှစ် တွေ လည်း ထွက်လောက်ရောပေါ့……..ရေမိုးချိုး အ၀တ် စားလဲပြီး သွားကြည့်ဦးမှပဲ”
ကျွန်တော် ကိုယ့်အတွေးနဲ့ကိုယ် အစီအစဉ်တွေ ချပြီးကာမှ တစ်စုံတစ်ခုကို သတိရသွား လျက် “ဟိုက်” ခနဲ ဖြစ်သွားရသည်။
“အောင်စာရင်းထွက်လည်း ငါနဲ့ဘာဆိုင်တာမှတ်လို့……..ငါ့မှာ ကျောင်းလခကြွေးကျန်တွေ ရှိသေးတာပဲ……..ရော်……..အဲဒါမှ ပြဿနာပဲ”
ကျောင်းလခကြွေးကျန်ကိစ္စက ခေါင်းထဲရုတ်တရက်ရောက်လာသဖြင့် ကျွန်တော် ပျာသွား ရသည်။
ကျောင်းလခကြွေးကျန်လျှင် အောင်စာရင်းထုတ်ပြန်ပေးသည်မဟုတ်သော ကြောင့် ယခု ထုတ်ပြန်ကြေညာလိုက်သည့် အောင်စာရင်းနှင့် ကျောင်းလခကြွေးကျန်သူ ကျွန်တော် တစ်ယောက် နှင့် တော့ လုံးဝမပတ်သက်ခဲ့ပါ။
အိမ်ကလည်း လကုန်ပြီဆိုတာနှင့် ကျောင်းလခသွင်းရန် ကျောင်းလခငွေကို ကျွန်တော့်  အား ပုံမှန်ပေးပါသည်။ သို့ သော် လောလောဆယ်ကိစ္စကို အရင်ရှင်း၊ ကျောင်းလခကိစ္စကိုတော့ နောင်မှရှင်းမည် ဆိုတော “ခုရှင်းမှ နောင်ရှုပ်” ဆိုသော ကျွန်တော့် ပေါ်လစီအရ လစဉ်ကျောင်းလခ သည် ကျွန်တော့် သုံးငွေထဲ တစ်ပြားမကျန်ပါသွားရလေသည်။ အကျိုးဆက် ကတော့ အောင်စာရင်း နှင့်ကျွန်တော် ဘာမျှပတ်သက်ခွင့်မရဘဲ တံတိုင်းခြားသွားရခြင်းသာ ဖြစ်သည်။
သည်ကိစ္စ အိမ်ကမသိရန် အရေး ကြီးသည်။ အထူးသဖြင့် ကျွန်တော့် ဖခင်။ သဘော ကောင်းသည့်နေရာမှာ သူမတူသလို ဒေါသထွက်ပြီဆိုလျှင်လည်း မိုးမီးလောင်သွားနိုင်သည်။ ယခု လို ကျွန်တော် ကျောင်းလခမသွင်းဘဲ သုံးပစ်သည်ကိုသိပါက သူ့ယုံကြည်မှု ကို အလွဲသုံးစားပြုရ ကောင်းလားဆိုပြီး တွေ့ ရာသင်္ချိုင်း ဓားမဆိုင်းဘဲ အသေသတ်မှာ သေချာသည်။ ကျွန်တော် ရင်ဆိုင် ရမည့်  ဖခင်၏ ဒေါသမုန်တိုင်း အကြောင်းတွေးမိရင်း ဇောချွေးကပြန်ချင်လာသည်။
နှစ် ဦးနှစ် ဖက်အတွက် အကောင်းဆုံး ကတော့ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ဆိုသလို ကျောင်းလခကြွေးကျန်ကိစ္စ မဖြေရှင်းနိုင်သေးမီ အောင်စာရင်းထွက်ပြီဆိုတာ အိမ်က လုံးဝမသိရှိအောင် ဖုံးကွယ်ထားနိုင်သရွေ့ ထားရန် ဖြစ်သည်။ ထို့ကြောင့် လတ်တလော အိမ်မှာ မည် သည့်ထူးခြားသည့် အရိပ်လက္ခဏာမှမပြဘဲ မှင်ကောင်းကောင်းဖြင့် နေထိုင်သွားနိုင်ဖို့ အထူး ဆင်ခြင်သတိရှိရမည် ကို ကျွန်တော် နားလည်ထားသည်။ ကျွန်တော် ချွေးစို့နေသော မျက်နှာကို လက်ဖမိုးဖြင့် သုတ်လိုက်ပြီးနောက်
“အိုကေ……..မောင်ခေတ်ကောင်း……..မင်းသိထားဖို့က ဒီနေ့ ဘာအောင်စာရင်းမှ မထွက် သေးဘူး……..ဒါကြောင့် အောင်စာရင်းထွက်ပြီဆိုပြီး ဘယ်သူ့ကိုမှလျှောက်နေစရာမလိုဘူး…….. အေးဆေး…….. အားလုံးအေးဆေး……..ဒါပဲ”
ဟူ၍ ကိုယ့်ကိုယ်ကိုယ် နှစ် သိမ့်အားပေးလိုက်ပြီးနောက် အိမ်ထဲသို့ အိနြေ္ဒရရ ၀င်သွားလိုက် သည်။
သို့ သော် အိမ်ထဲဝင်မိရုံရှိသေးသည်။ အိမ်ရှေ့ဧည့်ခန်းတွင် ခန့်ခန့်ကြီးထိုင်ပြီး ကျွန်တော့်  အား စူးစမ်းသလို ခပ်စူးစူးကြည့်နေသော ဖခင် ဖြစ်သူကိုတွေ့ လိုက်ရသဖြင့် ကျွန်တော် လည်း ကြောက်စိတ်ဝင်ကာ ရင်တုန်ခနဲ ဖြစ်သွားရသည်။
မစစ်မေးခင် အကုန်ဖော်မည့်  ကျွန်တော့် ပျော့ညံ့ချက်ကို ကျွန်တော် ကြိတ်ကာ ပြန်အပြစ် တင်လိုက်ရင်း ဖခင်ကြည့်နေသည်ကို မသိကျိုးကျွံပြုကာ ကျွန်တော့် အိပ်ခန်းဆီသို့ အိနြေ္ဒရရ ဆက် လျှောက်သွားလိုက်သည်။
သို့ သော် ခြေလှမ်းသုံးလှမ်းပင်မပြည့်တတ်သေးခင်မှာ
“ဟိတ်……..ခဏနေဦး”
ဆိုသော ဖခင်၏ မာန်ပါသည့်ဟန့်တားသံကြောင့် ကျွန်တော် လည်း ကြောက်ဒူးတဆတ် ဆတ်တုန်သွားလျက် ရှေ့ဆက်မလှမ်းနိုင်တော့ဘဲ
“ဗျာ……..အ……..အဖေ……..ဘာ……..ဘာလုပ်မလို့”
ဟူ၍ အသံတုန်တုန်ရင်ရင်ဖြင့် ပြန်ထူးရင်း မျက်နှာသေလေးနှင့် ကြည့်လိုက်ရသည်။ ဖခင် က ကျွန်တော့် အား တစ်ခုခုပြောရန် ပြုဆဲမှာ ပင် ဈေးဝယ်ပြန်လာသော မိခင်က
“ဟဲ့ သား……..ဟိုမှာ ၀င်းကျော် တစ်ယောက် နောက်ဆုံးနှစ် စာမေးပွဲအောင်လို့တဲ့လေ …….. ဘွဲ့ရပညာတတ် ဖြစ်ပြီဆိုပြီး အော်ဟစ်နေလိုက်တာ တစ်ရပ်ကွက်လုံးကို ထွက်ကြည့်ကြ ရရောပဲ……..အဲ……..ဘာတဲ့ ……..ရှိသေးတယ်……..သူ့အိမ်က သူစာမေးပွဲအောင်ရင် မိန်းမ ပေးစားမယ်ဆိုပြီး မပေးစားလို့တဲ့လေ……..ဒေါသတွေ ဖြစ်ပြီး အော်ဟစ်ပြေးထွက်သွားလိုက်တာ လည်း တစ်ရပ်ကွက်လုံး ထွက်ကြည့်ကြရတဲ့အထိ ဖြစ်ရောပဲ……..အဟင်း ဟင်း”
ဟူ၍ ခရီးရောက်မဆိုက် ဖောက်သည်ချလိုက်လေရာ ကျွန်တော် လည်း ဘာပြောလို့ ပြောရမှန်းမသိဘဲ
“သြော်……..အဟင်း”
ဟူ၍ ရောချလိုက်ရသည်။ ဘာပဲပြောပြော ၀င်းကျော်မောင်းထုကောင်းတာနှင့်ပင် သည် ကနေ့ တက္ကသိုလ်အောင်စာရင်းတွေ ထွက်ပြီဆိုတာ ကျွန်တော် တို့အိမ်တင်သာမက တစ်ရပ်ကွက် လုံးပါ သိပြီး ဖြစ်သွားပေပြီ။ သည်ကိစ္စကို ဖုံးကွယ်ဖို့ကြိုးစားလျှင်လည်း အချည်းနှီးသာ ဖြစ်မည် ကို ကျွန်တော် ကောင်းစွာ သဘောပေါက်လိုက်သည်။
“ဒါနဲ့……..သားရော……..ဘယ်လိုလဲ……..သွားကြည့်ပြီး……..”
ဆိုသော မိခင်၏ စကားမဆုံးခင်မှာ ပင် ဖခင်က
“ဒီနေ့……..မင်းတို့တက္ကသိုလ် အောင်စာရင်းတွေ ထွက်နေပြီ မင်းမသိဘူးလား”
ဟု မာကြောကြောလေသံဖြင့် မေးလာလေရာ ကျွန်တော် ကျောချမ်းသွားရသည်။ သို့ သော် အခြေအနေက နောက်ဆုတ်ရှောင်လွှဲ၍ မရတော့ပြီမို့ ဖြစ်ချင်ရာ ဖြစ် အမှန်အတိုင်းဖွင့်ပြောပြီး ပြဿနာကို ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကို အိနြေ္ဒ မလျော့ အောင် ထိန်းကျောင်းရင်း
“ဟုတ်ကဲ့……..သိပါတယ်”
“ဟေ……..အဲဒါဆို ဘာလို့သွားမကြည့်တာလဲ……..သွားကြည့်လေကွာ”
“နေပါစေ……..မကြည့်တော့ပါဘူး အဖေ”
“ဟေ”
အောင်စာရင်းထွက်သည်ကို ကိုယ်နှင့် မဆိုင်သလို ပြောဆိုနေသည့်အတွက် ကျွန်တော့်  အား ကျွန်တော့် ဖခင်သည် အံ့သြသွားဟန်တူ၏ ။ ထို့အတူ မိခင်ကလည်း ဘာများ ဖြစ်လို့ပါလိမ့် ဟူသော သိလိုစိတ်ဖြင့် ကျွန်တော့် အနီးတွင် လာရပ်ပြီး ကျွန်တော့် အား အကဲခတ်သလိုကြည့်၏ ။ ဒီအခြေအနေထိရောက်ရှိသွားချိန်မှာ တော့ ကျွန်တော် လည်း ပြဿနာကို သွေးအေးအေးဖြင့် ရင်ဆိုင်ဖြေရှင်းရန် ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာ၏ ။ ကျွန်တော့် ဖခင်က မျက်မှော င်ကြုတ် လိုက်ရင်း
“ပြောစမ်းပါဦး……..ဘာ ဖြစ်လို့ သွားမကြည့်ရတာ လဲ……..ဘာလဲ……..ကြိုပြီးသိထားနှင့် ပြီမို့လား”
“မဟုတ်ပါဘူး……..သွားကြည့်ရင်လည်းပဲ ထူးမှာ မဟုတ်တဲ့အတွက်ပါပဲ”
“ဘယ်လို မထူးတာလဲကွ……..စကားကို ရှင်းအောင်ပြောစမ်း”
ဖခင် ဒေါသထွက်ချင်လာပြီမှန်း မာကျောလာသော လေသံက သက်သေခံနေလေပြီ။ ထို့ကြောင့် ကျွန်တော် လည်း မျက်နှာသေလေးဖြင့် ကြိုတင်ဇာတ်နာထားပြလိုက်သည်။
“ဟို……..ဟို……..ကျောင်းလခကြွေးကျန်လို့ပါ အဖေ”
“ဘာကွ……..ကျောင်းလခကြွေးက ဘာကြောင့် ကျန်တာတုန်း……..မင်းကိုငါ လကုန်တိုင်း ကျောင်းလခသွင်းဖို့ငွေ သေသေချာချာပေးနေတာပဲ မဟုတ်လားကွ”
“ဟုတ်……..ဟုတ်တော့ ဟုတ်ပါတယ်……..ဒါပေမဲ့ မဆိုစလောက် လက်နည်းနည်း လေး လွန်သွားလို့ပါ”
“ဘာကွ……..မင်းတော့လားကွာ……..ဟင်း ဟင်း”
ဖခင်ဒေါသထွက်သွားပြီဆိုတာကို တွက်ချက်မိလိုက်သည်နှင့် ကျွန်တော် လည်း ပြေးပေါက် ကို မသိမသာရှာထားလိုက်ရသည်။ မိခင်က အခြေအနေကိုဝင်ထိန်းသော အားဖြင့်
“သြော်……..ဘာကြောင့် များ လဲလို့ အမေဖြင့် ရင်ထိတ်သွားတာပဲ……..ကဲ ပြော…….. ကျောင်းလခကြွေးက ဘယ်လောက်ကျန်လို့လဲ……..အမေပေးပါ့မယ်”
ဟူ၍ ပြောဆိုလေရာ ကျွန်တော် အားတက်သွားရသည်။ ထို့ကြောင့် မိခင်ဘက်သို့ လှည့်ပြီး ကျောင်းလခကြွေးကျန်ပမာဏကို ပြောရသည်။
“သုံးရာတည်းပါ အမေ”
“ဟင်……..သုံးရာတောင်”
“ဘာကွ……..သုံးရာတည်းပါ ဟုတ်လား”
ကျွန်တော် ၏ သုံးရာတည်းပါဆိုသော အဖြေကြောင့် ကျွန်တော့်မိခင် ပါးစပ်အဟောင်းသား ဖြစ်သွားသလို ကျွန်တော့် ဖခင်လည်း နေရာမှ ၀ုန်းခနဲထရပ်ကာ ဒေါသမီးတောက်သွားပြီ ဖြစ် ကြောင်း သက်သေပြသည်။
တကယ်တမ်း သည်လို ဖြစ်ရတာ လည်း ကျွန်တော့် မိဘများ မှာ အလွန်မရှိ။ ကျွန်တော့် ဘက် ကသာ တင်းပြည့်ကျပ်ပြည့်လွန်ခြင်း ဖြစ်သည်။
ကျောင်းလခအတွက် တစ်လကို ငွေကျပ်သုံးဆယ်တိတိ ကျသင့်ရာ စာသင်နှစ် တစ်နှစ် စာ (၁၀-လ) အတွက် ငွေကျပ်သုံးရာတိတိ ကျသင့်ပေသည်။ ကျောင်းလခကြွေးကျန်က တစ်လ နှစ် လ စာမဟုတ်ဘဲ တစ်နှစ် စာလုံးလုံးကျန်တာဆိုတော့လည်း……..ကျန်တာဆိုတော့လည်း……..။
ဘာပဲပြောပြော သည်လိုအခြေအနေ အချိန်အခါမှာ ဖုံးကွယ်ထားရန်မ ဖြစ်နိုင်တော့သည့် ကိစ္စကို ဖွင့်ပြောလိုက်ရသဖြင့် ကျွန်တော် စိတ်ပေါ့ပါးသလို ခံစားသွားရလျက်
“ဟုတ်ပါတယ်……..သုံးရာတည်းပါ”
ဟူ၍ တည်ငြိမ်သော လေသံဖြင့် တုံ့ပြန်ဖြေကြားလိုက်သည်။
ကျွန်တော် သည်လိုပြောလိုက်သည့်အတွက် ကျွန်တော့် ဘက်က တာဝန်ကျေသွားပြီဟု ထင်သည်။ ဒါကိုမှပေါက်ကွဲပြီး ကျောင်းလခကြွေးကျန်ကိစ္စဖြေရှင်းဖို့ ငွေမထုတ်ပေးဘူးဆိုလျှင် လည်း ပြဿနာမရှိတော့။ ကျွန်တော် စာမေးပွဲအောင်သလား၊ ကျသလားဆိုတာကို ကျွန်တော့်  ထက် ကျွန်တော့် မိဘနှစ် ပါး ပို၍ သိချင်စိတ်စောနေပြီ ဖြစ်ကြောင်းကို ကျွန်တော် အချိန်တိုအတွင်း ရိပ်မိလိုက်သည်။
သြော်……..ဘယ်မိဘကများ ကိုယ့်သားသမီးအရေး အတွက် လက်တွန့်ဖူးလို့လဲ။ သားသမီး ဖြစ်ရတာ ကံထူးပေစွတကား။ ကျွန်တော် သားသမီး ဖြစ်ခွင့်ရခြင်း၏ ကံထူးမှု ရေချိန်ကို တိုင်းတာ ကျေနပ်နေဆဲမှာ ပင် ဖခင်ထံမှ စကားသံထွက်ပေါ်လာပြန်သည်။
“ကောင်းကွာ……..ဒါဆို မင်းကျောင်းလခတွေ ကို တစ်လမှမသွင်းဘဲ အကုန်သုံးပစ်လိုက် တာပေါ့ ဟုတ်လား”
“သုံးပစ်တယ်ရယ်လို့လည်း မဟုတ်ပါဘူး အဖေ……..မမျှော်လင့်ဘဲ ပေါ်ပေါက်လာတဲ့ အရေး ပေါ်ကိစ္စလေးတွေ ကို ဖြေရှင်းရင်း မဆိုစလောက် နည်းနည်း လေးလက်လွန်သွားတာပါ”
“တော် ……..တော် ……..ဟေ့ကောင်……..မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ …….. တောက်……..တော် တော် အသုံးမကျတဲ့ကောင်…….. ဒီမယ် နု”
“ရှင်”
ကျွန်တော့် ဖခင်လည်း ကျွန်တော့် ကိုကြိမ်းမောင်းပြစ်တင်နေရာမှ ကျွန်တော့် မိခင်နာမည် ကို လှမ်းခေါ်လေသည်။
ကျွန်တော် လည်း ထမင်းခုနစ်ရက်လောက် မစားရသော မျက်နှာထားဖြင့် ခေါင်းငိုက်စိုက် ချထားရာမှ နားစွင့်ရ၏ ။
သူ့ဒေါသမီးကို သူ့ဘာသာကြိုးစားငြှိမ်းသတ်လိုက်ပြီ ဖြစ်သော ဖခင်၏ အနေအထားကို ရိပ်မိ ပြီး ကျွန်တော် စိတ်အေးသွားရသည်တော့ အမှန်ပင် ဖြစ်သည်။
“ဒီကောင့်ကျောင်းလခကြွေးကျန်တွေ ဆပ်ဖို့ ပိုက်ဆံထုတ်ပေးလိုက်”
“ဟုတ်ကဲ့”
ပိုက်ဆံသွားယူရန် ကျွန်တော့် မိခင် ဒေါ်နုနုဝေထွက်ခွာသွားသည်နှင့် ဖခင်က ကျွန်တော့်  နာမည် ပြန်ခေါ်သဖြင့် ပျာပျာသလဲထူးရသည်။
“ဒီမယ် ခေတ်ကောင်း”
“ဗျာ……..ဟုတ်ကဲ့”
“မင်းကို ပိုက်ဆံသုံးရာပေးလိုက်မယ်……..ကျောင်းလခ ကြွေးကျန်သွားသွင်းလိုက်”
“ဟုတ်ကဲ့”
“သေချာသွင်း ဖြစ်အောင် သွင်းနော်……..နောက်ထပ် ဘာဘာညာညာအသံတွေ ငါထပ် မကြားချင်ဘူး”
“ဟုတ်ကဲ့……..ဒီတစ်ခါတော့ လုံးဝစိတ်ချပါ”
“အေး တစ်ခါတည်းကြိုပြောထားလိုက်ဦးမယ်……..စာမေးပွဲမအောင်လို့ ကတော့ အိမ်ရိပ် တောင်နင်းဖို့စိတ်မကူးနဲ့……..မိုးကောင်းအကြောင်း မင်းသိတယ်……..ဒါပဲ”
“ဗျာ……..သြော်……..ဟုတ်……..ဟုတ်……..ဟုတ်ကဲ့”
ကျွန်တော့်ဖခင်က သူ့အမည် ကိုဖော်ကာ ကြိမ်းဝါးပြသည့်အချက် ကတော့ ကျွန်တော် စိတ်အပူဆုံးအချက် ဖြစ်သည်။ ခေါင်းညိတ်ပြီး ဟုတ်သာဟုတ်ကဲ့လိုက်ရသော်လည်း အသံက သိပ်ပြီးအားမရှိလှသည်ကို ကိုယ်တိုင်သာအသိဆုံး ဖြစ်သည်။
ကျွန်တော် စိတ်မသက်မသာဖြင့် အီလည်လည်ခံစားနေရစဉ်မှာ ပင် ပိုက်ဆံသွားယူနေ သော ကျွန်တော့် မိခင်က အနားပြန်ရောက်လာသဖြင့် ကျွန်တော် လည်း အာရုံပြောင်းပြီး ပေါ့ပေါ့ ပါးပါးပြန် ဖြစ်သွားရသည်။
“ရော့ သား……..ဒီမှာ ပိုက်ဆံသုံးရာ……..အခုပဲ ကျောင်းလခသွားသွင်းလိုက်တော့နော်”
“ဟုတ်ကဲ့ အမေ”
ကျွန်တော် မိခင်ကမ်းပေးသော ပိုက်ဆံကို လှမ်းယူစဉ်မှာ ပင် မိခင်က
“သား……..ကျောင်းလခကြွေးကျန်သွင်းရင်းလည်း ကျောင်းကိုအရင် တည့်တည့်မတ်မတ် သွားနော်……..သွားစရာလာစရာရှိတဲ့နေရာတွေ ကို နောက်မှသွားလာနော်……..ဟုတ်ပြီလား”
ဟူ၍ စိတ်မချနိုင်သလို သတိပေးပြန်သေး၏ ။ ကျွန်တော် လည်း
“ဟုတ်ကဲ့……..စိတ်ချပါ”
ဟူ၍ ထပ်ပြီးစိတ်ချခိုင်းလိုက်ပြီး ပိုက်ဆံကိုရေတွက်၏ ။ ရေတွက်ပြီးခါမှ
“အမေ……..ငါးကျပ်လိုသေးတယ်”
ဟုပြောရာ မိခင်က
“ဟင် ဟုတ်လို့လား……..အမေ သေသေချာချာရေတွက်ပြီးမှ ပေးတာပါ”
ဟု တုံ့ပြန်သလို ကျွန်တော့် အား သင်္ကာမကင်းစွာ တစ်ချိန်လုံးစောင့်ကြည့်နေသော ဖခင် ကလည်း တစ်ခုခုဝင်ပြောရန်ပြင်၏ ။ သို့ သော် လက်ဦးမှု ရယူကာ ရှင်းပြလိုက်သော ကျွန်တော့်  စကားကြောင့် ကျွန်တော့်ဖခင် ဘာမှမပြောသာတော့သလို ကျွန်တော့် မိခင်ကလည်း “သြော်…….. ဒီလိုလား” ဟူ၍ သာ ဆိုနိုင်တော့၏ ။
“ဒီလိုလေ အမေရဲ့ ……..ကျောင်းလခကြွေးကျန်ရင် ဒဏ်ကြေးအ ဖြစ် ဒဏ်ကြေးငွေ ငါးကျပ်ပေးဆောင်ရတယ်လေ……..အဲဒါ……..အဲဒါကြောင့် ……..အဟီး”
“သြော်……..ဒီလိုလား……..ကဲ……..ရော့ ရော့”
“ဟုတ်ကဲ့ အမေ”
ကျွန်တော် မိခင်ထံမှ ပိုက်ဆံငါးကျပ်ကိုလှမ်းယူပြီး နေရာမှမထွက်ခွာသေးဘဲ ယောင်လည် လည်ဆက်လုပ် နေသဖြင့် မိခင်က
“သွားတော့လေ……..ဘာ ဖြစ်လို့ မသွားသေးတာလဲ”
ဟု လောဆော်သလို ဖခင်ကလည်း မျက်မှော င်ကြုတ်ကြည့်လေသည်။ ကျွန်တော် လည်း လက်တစ်ဖက်ဖြန့်ပြရင်း
ဟို……..ဟိုလေ……..ကျောင်းသွားဖို့ ကားခလိုသေးလို့”
ဟု အသံညောင်နာနာဖြင့် ဆိုလေရာ မိခင်က
“သြော်……..ဟုတ်သားပဲ”
ဆိုပြီး ကားခထုတ်ပေးဖို့ပြင်ရာ ကျွန်တော့် ဖခင်က ကျွန်တော် မိခင်အား
“ကဲ နု……..ကျောင်းရောက်ရင် ကန်တင်းထိုင်ဖို့မုန့်ဖိုးပါ တစ်ခါတည်းထုတ်ပေးလိုက်…….. နို့မဟုတ်ရင် ကျောင်းလခကြွေးကျန်သွားသွင်းဖို့အရေး ကျောင်းကိုတော် တော် နဲ့ရောက်မှာ မဟုတ် ဘူး……..ဟင်း……..ဘယ်လိုကောင်လဲမသိဘူး……..တစ်စက်ကလေးမှအချိုးမပြေဘူး…….. ရုက္ခဗေဒကျောင်းသားမဟုတ်ဘူး……..ဗရုတ်သုခဗေဒကျောင်းသား”
ဆိုပြီး ကျွန်တော့် အတွက် လမ်းစရိတ်အပြင် လက်ဖက်ရည်ဖိုးပါအပိုဆောင်းပေးခိုင်းပြီး ဗျစ်တောက်ဗျစ်တောက်ပြောဆိုကာ အိပ်ခန်းဆီထွက်သွားရာ ကျွန်တော့် မိခင်လည်းပြုံးလျက် မျက်ခုံးပင့်ပြ၏ ။ သဘော ကတော့ “တွေ့ တယ်မဟုတ်လား……..နင့်အဖေက ပါးစပ်ကသာပြောတာ ……..နေနိုင်တာလည်းမဟုတ်ဘူး” ဟူ၍
ကျွန်တော် လည်း သိတယ်ဆိုသော သဘောဖြင့် ပခုံးတွန့်ပြရင်း မိခင်ထပ်ပေးသော ပိုက်ဆံ ကိုလှမ်းယူကာ ကျောင်းလခကြွေးကျန်များ ဖြေရှင်းရန် ကျောင်းတော် ကြီးဆီ ခြေလှမ်းပြင်ရ လေသည်။
ကျွန်တော် ပညာသင်ကြားရာ ကျောင်းတော် ကြီး ဖြစ်သည့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) သည်လည်း ကျွန်တော့် ထံမှ ရရန်ရှိသည့်အကြွေးများ ပြန်ရတော့မည် ဆို၍ ကျောက်ခဲရေပေါ်သည်ဆိုပြီး ယခုချိန်လောက်ဆို ထများ ကနေပြီလားမပြောတတ်။
သိတယ် မဟုတ်လား။
ကျွန်တော် ဆိုတဲ့ကောင်က အကြွေးသာရမယ်ဆိုလို့ ကတော့ ကျောင်းတောင် အကြွေး တက်သည့်ကောင်မျိုး……..။
***
![]() နတ်ဝှက်တဲ့ အိပ်မက် | ![]() အချစ်နန်းတော်သွား တောလား | ![]() အချစ်လွှမ်းသော နှလုံးသားခေတ်တစ်ခေတ် |