Cover

နတ်ဝှက်တဲ့ အိပ်မက်

အခန်း (၁)

ကြီးမြတ်သူ Mr. Net အမည် ရှိ အီလက်ထရောနစ်အရောင်းဆိုင်ထဲသို့ ၀င်ရောက်လိုက် သည်နှင့် မျက်နှာကောင်းစွာ ကျက်မိနေပြီ ဖြစ်သော အရောင်းစာရေး မလေးများ က ပြုံးပြကာ ခရီးဦး ကြိုပြုကြသည်။

ကြီးမြတ်သူလည်း အလိုက်သင့်ပြုံးပြခေါင်းညိတ်အသိအမှတ်ပြုပြီး မာတီမီဒီယာသာမက အင်တာနက်ပါ အသုံးပြုလို့ရသည့် ဟန်းဆက်အမျိုးအစားသစ် အကြောင်းစုံစမ်းမေးမြန်းမည် ပြုစဉ် မိတ်ဆွေဆိုင်ပိုင်ရှင်က အနားရောက်လာပြီး ရင်းနှီးဖော်ရွှေစွာ ဖြင့် …

“အလို .. ကိုကြီးမြတ်သူ.. နေကောင်းရဲ့ နော်”

“သြော် ဟုတ်ကဲ့ နေကောင်းပါတယ်.. ဒါနဲ့ ဦးကြည်လှရော အရောင်းအ၀ယ်ကောင်းရဲ့ မဟုတ်လား”

“ဒီလိုပါပဲ ..လည်ပတ်နေရုံပဲဆိုရမှာ ပေါ့လေ”

“အင်း…လည်ပတ်နေရုံပဲ ဆိုရမှာ ပေါ့… ဆိုရမှာ ပေါ့နဲ့ပဲ ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင်ဖွင့် နေတာ တခြားလူတွေ အတွက် ဆိုင်နေရာတောင် ကျန်ပါဦးမလား မသိဘူး”

“ဟား ဟား ဒါကလည်း ကျွန်တော် တို့ဆိုင်က ပစ္စည်းမှန်၊ ဈေးမှန် ၀န်ဆောင်မှု ကောင်းဖို့ အစွမ်းကုန်ကြိုးစားထားတာလည်း တစ်ပိုင်း၊ ကိုကြီးမြတ်သူတွေ လို ဘာပဲလိုလို ကျွန်တော့်ဆိုင်ပဲ အားပေးတတ်တဲ့ဖောက်သည်ကောင်းတွေ ရှိတာလည်း တစ်ပိုင်းကြောင့်ပေါ့”

“အဟား ..ချုပ်ချက် ကတော့ ကောင်းပါ့ဗျာ… ဦးကြည်လှ ချုပ်ချက်ကောင်းတာနဲ့ ကျွန်တော် လည်း ဆိုင်ထဲရှိပစ္စည်းတွေ သိမ်းကြုံးဝယ်သွားရမလို ဖြစ်နေပြီ .. ပိုက်ဆံပေါရင်ပေါ့ဗျာ”

“သြော်.. ဒီလူနဲ့ ဒီလူ ပိုက်ဆံစကားပြောစရာလား.. လို ချင်တာတွေ့ ရင် ယူသာယူသွား ပေးရာရှိတာ နောက်ကြုံတဲ့အချိန်မှ ပေးလို့ရတာ ပဲဟာပဲ အဲ ဒါနဲ့ ဟိုဟန်းဆက်ကော သုံးရတာ အဆင်ပြေတယ်မဟုတ်လား”

“ဗျာ ..သြော် အင်း အဆင်ပြေပါတယ်… ပြေပါတယ် အဟင်း”

ဦးကြည်လှစကားကြောင့် ကြီးမြတ်သူလည်း ဘယ်ဟန်းဆက်ပြောတာမှန်းမသိသဖြင့် တစ်ချက်ကြောင်သွားရသေးသည်။ ပြီးမှ မိမိကိုင်ထားသော ဟန်းဆက်ကိုပြောတာပဲ ဖြစ်မည် ဆိုပြီး ပြီးပြီးရော ခေါင်းညိတ်ပြလိုက်သည်။ တစ်ဆက်တည်းမှာ ပင်

“သြော် ဒါနဲ့ ကြိုးမဲ့စနစ်အင်တာနက်သုံးနိုင်တဲ့ မာတီမီဒီယာကိုရည်စူးတဲ့ ဟန်းဆက်အမျိုး အစားသစ်တွေ ၀င်တယ်ကြားလို့ လာကြည့်တာ.. ရှိတယ်မဟုတ်လား”

“ဟုတ်တယ် … ၀င်တာတစ်ပတ်ပဲရှိသေးတယ်.. VCD, DVD, EVD, Dictionary တင်မ ကူဘူး.. အင်တာနက်လိုက်ပြမယ်”

ကြီးမြတ်သူလည်း ဆိုင်ပိုင်ရှင်ဦးကြည်လှခေါ်ဆောင်ရာနောက်လိုက်သွားပြီး ဟန်းဆက် များ ကို ကြည့်ရှုသည်။

တစ်လုံးပြီးတစ်လုံး စမ်းသပ်အသုံးပြုကြည့်ပြီးနောက် ဘ၀င်တွေ့ သွားဟန်ဖြင့် စိတ်ကြိတ် တစ်လုံးကို ရွေးယူလက်ညှိုးညွှန်ပြရင်း

“ဒီကောင်ပဲယူလိုက်တော့မယ် Price က ဘယ်လောက်လဲ”

“ခုနစ်သိန်းခွဲပါ”

“ကမ္ဘာ့စီးပွားရေး ပျက်ကပ်နဲ့အတူ ကုန်ပစ္စည်းဈေးနှုန်းတွေ ဒီလောက်ထိုးကျနေတာ ခုနစ် သိန်းခွဲဆိုတော့ များ လွန်းမနေဘူးလား”

“မများ ပါဘူးဗျာ.. ဒီအချိန်မို့လည်း ဒီဈေးနှုန်းနဲ့ရောင်းရတာ ပါ အရင်ကလိုမျိုးဆိုရင် ဒီပစ္စည်း မျိုးတော့လား တစ်ဆယ့်ငါးသိန်းထက်မှာ ဒင်ဒင်မြည် ရှိတယ်”

“ဘာလဲ ဒီအချိန်ဝယ်သာ ၀ယ်ထား.. ၀ယ်သူတန်တယ်လို့ပြောချင်တာမဟုတ်လား”

“ဟား .. အဲဒါမှန်ပဲလေ …ဒါကြောင့်လည်း ခုတစ်လော ကိုကြီးမြတ်သူ ဟန်းဆက်တွေ တစ်လုံးပြီးတစ်လုံးလာကြည့်ပြီး ၀ယ်နေတာပေါ့.. ဘာလဲ ကျွန်တော် ပြောတာမမှန်လို့လား”

“ကဲပါလေ မှန်တယ်ဆိုရင် ပြီးတာပါပဲ.. ကျွန်တော့်ကို ဘောက်ချာလေးတစ်ချက်သာဖွင့် ထားပါ.. ကားထဲမှာ ပိုက်ဆံသွားယူဦးမယ်”

“အိုကေ စိတ်ချလုပ်ထားလိုက်မယ်… သြော်.. ဒါနဲ့ပြီးခဲ့တဲ့အပတ်က ၀ယ်သွားတဲ့ ဟန်း ဆက်အကြွေးကျန် ရှစ်သော င်းရော တစ်ခါတည်းရေး ပေးလိုက်ရမလား..”

“ဗျာ ဘယ်လို”

ပြီးခဲ့သည့်အပတ်က ၀ယ်သွားသည့်ဟန်းဆက်အကြွေးရှစ်သော င်းဆိုသော စကားကြောင့် ကြီးမြတ်သူ ကြောင်အမ်းသွားရသည်။ ဒါကိုပင် ဦးကြည်လှ တစ်မျိုးသဘောပေါက်သွားပြီး…

“သြော် .. ပိုက်ဆံမပါသေးရင်လည်း ကိစ္စမရှိပါဘူး.. ရပါတယ် … ဒီက ကျွန်တော့် ၀န်ထမ်း လေးက ဘောက်ချာတစ်ခါတည်းပေါင်းဖွင့်လိုက်ရမလားမေးလို့ပါ”

“ဟင်.. ကျွန်တော် က ဘယ်ဟန်းဆက်ဝယ်လို့ အကြွေးရှစ်သော င်း ဘယ်လိုကျန်ခဲ့ရတာ လဲ”

ကြီးမြတ်သူရှင်းလင်းသည်ကိုပဲ တမင်သက်သက်ရယ်စရာပြောနေသည်ထင်နေကြသလား မသိ။ အားလုံးက ပြုံးစိစိဖြင့် ကြည့်ကြသည်။ ဦးကြည်လှက ရယ်သံနှောပြီး..

“ကဲ .. ကဲ .. ဒီကိစ္စ ဘယ်သူတာဝန်ယူဖြေရှင်းမှာ လဲ… အဲဒီ နေ့က ဆိုင်မှာ ငါမရှိလို့ ငါနဲ့ မဆိုင်ဘူးနော်… ငါ့ကိုတော့ ဆွဲမထည့်ကြနဲ့ ငါမိတ်ပျက်မခံနိုင်ဘူး..”

ကြီးမြတ်သူ မည် သို့ဆက်ရှင်းရမှန်းမသိ ဖြစ်နေစဉ်မှာ ပင် ဆိုင်ဝန်ထမ်းမလေးတစ်ဦးက ဟန်းဖုန်းဟန်းဆက်လက်ခံဘောက်ချာဖြတ်ပိုင်းကို လာပြသည်။

ရက်စွဲအတိအကျနှင့် တွက် ဟန်းဆက်အမျိုးအစားကျသင့်တန်ဖိုးပေးချေပြီး တန်ဖိုးနှင့် လက်ကျန်ငွေရှစ်သော င်းတိတိကို အရှင်းသားရေး ထားတာတွေ့ ရသည်။

နာမည် တစ်လုံးနှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေသော Mr.Net လိုဆိုင်မျိုး ကတော့ မ၀ယ် ဘနဲ့ဝယ်ပါတယ်၊ အကြွေးမကျန်ဘဲနှင့် အကြွေးကျန်ပါတယ်ဟု ဇာတ်ကွက်ထွင်မည် မဟုတ်။ ထို့ အပြင် သည်လိုဆိုင်မျိုးက ပစ္စည်းယူလျှင် ငွေအပြတ်ရှင်းရသည့်ဆိုင်မျိုး ဖြစ်သည်။ ကြီးမြတ်သူ နှင့် တကွ လက်ချိုးရေတွက်လို့ရသော လူရင်းအချို့သာ ပစ္စည်းကို အကြွေးပဲချန်ချန်၊ ကြုံမှပဲပေးပေး အဆင်ပြေသလို လုပ်ခွင့်ပြုထားသော ဆိုင် ဖြစ်သည်။ ယခုလည်း နာမည် တူ မရှား။ လူတူမရှားဆို သလို ဆိုင်ဝန်ထမ်းများ အနေဖြင့် မိမိနှင့် တူသူတစ်ဦးကို မိမိအမှတ်ဖြင့် ဟန်းဆက်ဝယ်ရာ ငွေ မပြည့်သည်ကို အကြွေးချန်ထားခွင့်ပြုလိုက်ခြင်းသာ ဖြစ်တန်ရာသည်ဟု ကြီးမြတ်သူတွေးလိုက်မိ သည်။

တစ်ဆက်တည်းမှာ ပင် မိမိကျန်အကြွေးမဟုတ်ပေမယ့်လည်း စိုက်ဆပ်ပေးရမည့်  ပမာဏ ကလည်း ဘာမျှမပြောပလောက်သည်မို့ သည်ဆိုင်နှင့် သည်လူ အထွေအထူးစောဒကာမတက် လိုတော့ဘဲ…

“အင် ရမလားလို့လုပ်ကြည့်တာ မရတော့လည်း ရှင်းရုံပဲပေါ့.. ကဲ ကဲ ရှင်းစရာရှိတာတွေ အားလုံးပေါင်းပြီးသာဘောက်ချာဖွင့်လိုက်.. ဒီနေ့ပဲရှင်းခဲ့မယ်.. နောက်နေ့ကူးရင် ဆိုင်ရှင်ပဲ စိုက်ရှင်း ပေးရမယ်..ဒါပဲ..”

ဟူ၍ ပြုံးစစမျက်နှာပေးဖြင့် ကြည့်ကောင်းအောင်ရောချပြောဆိုလိုက်လေရာ ဆိုင်ပိုင်ရှင် ဦးကြည်လှက…

“ရပါတယ် ကိစ္စမရှိပါဘူး… ဒီလူနဲ့ဒီလူ ပြောစရာလား ရှင်းစရာရှိတာ ဒီနေ့ပဲ ရှင်းနိုင်အောင် ကူညီပေးရမှာ ပေါ့. ဒါမှ ကျွန်တော် မစိုက်ရမှာ လေ … ဟား …ဟား … ဟား…”

ဟု ပြောလည်းပြော… ရယ်လည်းရယ်လေရာ ဆိုင်ဝန်ထမ်းများ လည်း ပြုံးရယ်ရယ်ကြ သည်။

ကြီးမြတ်သူလည်း ပြုံးရင်း ကျသင့်ငွေကိုရှင်းပေးရသည်။ သို့သော် အပြုံးက ခုလိုခုလုအပြုံး ဖြစ်နေသည်ကို ကိုယ်တိုင်သာအသိဆုံး ဖြစ်သည်။

♥ ♥ ♥


(၂)

“ဟက်ပီးဘတ်သ်ဒေးပါ ခေတ်”

“သိုင်းကျူးပါ ကိုကြီး”

လပြည့်ဝန်းပလာဇာရှိ Café Aroma တွင် ကြိုရောက်နှင့် နေသော မြတ်နိုးခေတ်အနီးရှိ ခုတစ်လုံးတွင် ၀င်ထိုင်ရင်း ကြီးမြတ်သူလက်ထဲမှ သေသပ်လှပစွာ ထုပ်ပိုးထားသော မွေးနေ့လက် ဆောင်ကို ကမ်းပေးလိုက်သည်။

ကြီးမြတ်သူဆိုင်ထဲဝင်လာသည်ကို မြင်ကတည်းက ကြည်လင်ဝင်းပသွားသော မြတ်နိုး ခေတ်၏ မျက်နှာလေး ကြီးမြတ်သူက လက်ဆောင်လေးမှတ်မှတ်ရရရေး ပေူးသော အခါ ပိုပြီး ပျော် ရွှင်ကြည်နူးလာလျက် မျက်ဝန်းလေးတစ်စုံမှာ သိသာထင်ရှားစွာ ရွှန်းလဲ့တောက်ပသွားသည်။

ကြီးမြတ်သူလည်း ကလေးငယ် တစ်ယောက် လို ရွှင်ပျသွားသော မြတ်နိုးခေတ်၏ မျက်နှာ လေးအား တွေ့ မြင်ခွင့်ရခြင်းနှင့် အတူ မိမိအတွက် မိမိကြိုက်တတ်သော Espresso ကော်ဖီကို မြတ်နိုးခေတ်က မှတ်မှတ်ရရကြိုတင်မှာ ပေးထားသည်ကို အသင့်တွေ့ လိုက်ရ၍ ကျေနပ်မှု လှိုင်း တွေ ရင်ထဲထန်သွားရသည်။

“ကိုကြီးပေးတဲ့လက်ဆောင်က ဘာလဲလို့သိချင်လှပြီ… ခုပဲဖွင့်ကြည့်ရင် ရမလား…”

“ရပါတယ် …ဖွင့်ကြည့်လေ”

ကြီးမြတ်သူပေးသော မွေးနေ့လက်ဆောင်ပစ္စည်းလေးကို ဂရုတစ်စိုက်ဖွင့်ကြည့်ပြီးနောက် မြတ်နိုးခေတ်ပျော်သွားရသည်။

“အို! ဟန်းဆက်လေးပါလား.. ဒါ မာတီမီဒီယာလိုသုံးလို့ရ တယ်ဟုတ်”

“ဟုတ်တယ်လေ ခေတ်ရဲ့ .. VCD, DVD, EVD တို့ ဖွင့်ကြည့်နို်င်ရုံတင်မကဘူး ဒစ်ရှင် နရီ လည်းကြည့်နိုင်တယ်… အသံလည်း ဖမ်းနိုင်တယ်.. ကိုယ် မန်မိုရီသွင်းထားချင်တာမှန်သမျှလည်း

သွင်းထားနိုင်တယ်.. တခြားလုပ်နိုင်တဲ့ဖန်ရှင်တွေ လည်း အများ ကြီးရှိသေးတယ်… အထူးခြားဆုံး ကတော့ အင်တာနက်ပါ ချိတ်ဆက်အသုံးပြုနိုင်တာပဲ”

“အားပါး မိုက်တာပေါ့… ဒါ လိတ်တက်စ်မော်ဒယ်လ်ပဲ ဖြစ်ရမယ်”

“သေချာတာပေါ့ .. ၀င်လာတာတောင်ရက်ပိုင်းပဲရှိသေးတယ်.. ဒါလေးကို ခေတ်သဘော ကျတယ်ဆိုရင်…….

‘မွေးနေ့လက်ဆောင်အ ဖြစ် ပေးရကျိုးနပ် သွားပါပြီ”

“အင်း… သဘောကျတယ်.. အရမ်းကို သဘောကျတယ်.. ခေတ်အတွက်လည်း အရမ်း ကို အသုံးတည့်တယ်.. ခေတ်ကို မွေးနေ့လက်ဆောင်လေး ၀ယ်ပေးလို့ ကိုကြီးကို ခေတ်အရမ်း ကျေးဇူးတင်တယ်.. သိလား”

“ဟုတ်ပါပြီဗျာ.. ဒါဆိုရင်လည်း ကော်ဖီအပြင် အခြားစားစရာတွေ လည်း မှာ ပေးဦးမှာ ပေါ့ နော်”

“အို.. မှာ ပေးမှာ ပေါ့.. ပြော ကိုကြီးဘာစားချင်လဲ ခေတ်မှာ ပေးမယ်”

“ဟား ဟား နေပါစေတော့ဗျာ… အလကားစတာပေါ .. ကိုယ်ကြိုက်တတ်တဲ့ကော်ဖီလေး ကိုယ်မရောက်ခင်ကတည်းက ကြိုမှာ ပေးထားတာနဲ့တင် ပြည့်စုံ သွားပါပြီ”

ကြီးမြတ်သူပြောလည်းပြော၊ စားပွဲပေါ်ရှိ ကော်ဖီခွက်ကိုယူပြီး တစ်ကျိုက်ငုံလိုက်တာ အရသာခံပြီးမှ အသာအယာမျိုချလိုက်သည်။

မြတ်နိုးခေတ်သည် ကလေးငယ်လေး တစ်ယောက် လို ရွှင်မြူးဝမ်းမြောက်မှု ကို အထင်းသား ဖော်ပြနေသော မျက်ဝန်းနက်လေးတစ်စုံဖြင့် ကြီးမြတ်သူအား ရွှန်းရွှန်းဝေကြည့်ပြီး စကားတွေ ပြော လိုက်၊ မာတီမီဒီယာအတွက် ရည်ရွယ်ထုတ်လုပ်ထားသော ဟန်းဆက်လေး၏ စွမ်းဆောင်ရည်များ ကို တစ်မျိုးပြီးတစ်မျိုးစမ်းသပ်ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေသည်ကိုကြည့်ပြီး ကြီးမြတ်သူလည်း ကြည်နူးပြုံးလေးမျက်နှာပေါ်မှာ အချိန်ပြည့်တပ်ဆင်ထားမိသည်။

အတန်ငယ်ကြာတော့ မြတ်နိုးခေတ်မျက်နှာတစ်ချက်မဲ့သွားပြီး ရှက်ကိုးရှက်ကန်းလေသံ ဖြင့် …

“ကိုကြီး ဆောရီးနော်.. ခေတ် .. ဟို ဟို သန့်စင်ခန်းဘက် ခဏသွားလိုက်ဦးမယ်”

“ဟင် သြော်.. သွားလေ ကိုကြီးဒင်မှာ ပဲစောင့်နေမယ်လေ”

“ဟုတ်”

မြတ်နိုးခေတ်လည်း စကားဆုံးသည်နှင့် နေရာမှသုတ်သီးသုတ်ပျာထွက်ခွာလေသည်။

မြတ်နိုးခေတ်ကိုကြည့်ပြီး ကြီးမြတ်သူရယ်ချင်သွားသည်။

တကယ့်ကို ပီဘီကလေးလေး တစ်ယောက် လိုပါပဲလား ဟူသော အတွေးဖြင့် မြတ်နိုးတွယ် တာစိတ်ပိုသွားရသလို မြတ်နိုးတွယ်တာမှု ထက်ပိုနေသော ရင်မှချစ်ခြင်းတရားကို ဖွင့်ဟလှစ်ပြော ဖို့ရာ ပိုပြီး မ၀ံ့မရဲ ဖြစ်သွားရပြန်သည်။

ကြီးမြတ်သူ သက်ပြင်းမောလေးတွေ ချမိပြန်သည်။

♥ ♥ ♥


မြတ်နိုးခေတ် သန့်စင်ခန်းမှထွက်လာပြီး ကြီးမြတ်သူစောင့်ဆိုင်းနေရာ Café Aroma ဆီ ပြန်သွားဖို့ ခြေလှမ်းပြင်ဆင်လိုက်သည်။

သို့ရာတွင် Cafe Aroma မရောက်ခင် ဖက်ရှင်ဆိုင်တစ်ဆိုင်ထဲတွင် ဂျင်းဘောင်းဘီရှည် ရွေးနေသော ကြီးမြတ်သူကိုတွေ့ လိုက်ရသဖြင့် အံ့သြသွားရသည်။

“သြော်… တော် တော် ဟုတ်တယ်.. ငါ့မှာ တော့ သူစောင့်နေမှာ ပဲဆိုပြီး အားနာပြီး အလော တကြီးနဲ့ ပြန်ထွက်လာတယ်… သူ ကတော့ ငါ့ကိုစောင့်မနေဘဲ ဖက်ရှင်ဆိုင်ထဲရောက်နေ တယ်”

မြတ်နိုးခေတ်နှုတ်ခမ်းလေးစူလျက် တစ်ယောက် တည်းပါးစပ်လေး ပွစိပွစိလှုပ်ကာ ရေရွတ် မိသည်။ တစ်ဆက်တည်းမှာ ပင် ကြီးမြတ်သူအတွက် အမှတ်တရလက်ဆောင်အ ဖြစ် ဂျင်းဘောင်း တစ်တည်ဝယ်ပေးချင်စိတ် ဖြစ်ပေါ်လာလျက် တစ်ချက်ပြုံးလိုက်မိသည်။

မြတ်နိုးခေတ် ကြီးမြတ်သူရှိရာ ဖက်ရှင်ဆိုင်ထဲသို့ ခြေလှမ်းဝင်လိုက်သည်။

“ဟိတ် ကိုကြီး ဘယ်လိုလဲ .. ဒီလောက်ဖွပြီးတာတောင် စိတ်ကြိုက်ဘောင်းဘီ မတွေ့  သေးဘူးလား”

မြတ်နိုးခေတ် ကြီးမြတ်သူ၏ နောက်မှာ ရပ်ပြီး ပခုံးကိုလက်လှမ်းတို့ကာ မခို့တရို့စကားဆို လိုက်သည်။

လင်းထည်ဝါလည်း ဘောင်းဘီများ ကို တစ်ထည်ပြီးတစ်ထည်ရွေးကြည့်နေရာမှ မိမိပခုံး အား ညင်သာထိတို့လျက် တရင်းတနှီးဆိုလာသော မိန်းကလေးတစ်ဦး၏ အသံချိုချိုလေးကြောင့် ဘယ်သများ ပါလိမ့်ဆိုပြီး နောက်လှည့်ကြည့်မိရာ တရင်းတနှီးပြုံးပြနေသည်ကို တွေ့ ရသည်။

သူမကသာ တရင်းတနှီးပြုံးပြနေသည်။ ကိုယ့်အဖို့တော့ သူမသည်ကိုယ်နှင့် တစ်ခါမျှ တွေ့  ကြုံသိကျွမ်းဖူးခြင်းမရှိသော မိန်းမလှလေးတစ်ဦး ဖြစ်နေသည်မို့ ခေတ္တမျှကြောင်အမ်းသွားသည်။

သို့သော်ကိုယ်တိုင်က မိန်းမလှလေးတွေ ကိုစိတ်ဝင်စားပြီး ထည်လဲတွဲ တတ်သလို မိန်းမလှ လေးများ ကလည်း ကိုယ့်ဆို သည်လိုဝင်ရောကြကာ မျက်နှာသာပေးတတ်သည်ဆိုတာ ဆင်ခြင်မိ လျက် မကြာမီကျင်းပရဦးမည့်  ရင်ခုန်သံကစားပွဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်သော အားဖြင့် ဟောလီးဝုဒ်ရုပ်ရှင်မင်းသားများ စတိုင် မျက်ခုံးပင့် ပခုံးတွန့်လျက် အလိုက်သင့်ပြန်ပြုံးပြလိုက် သည်။ ပြီးတော့…

“ဟုတ်တယ်နော်.. အံ့သြစရာပဲ. ဒီလောက်စတိုင်အမိုက်စား ဘောင်းဘီတွေ အများ ကြီးထဲ မှာ မှ ကိုယ်နဲ့လိုက်တဲ့တစ်ထည်ရှာရတာ တော် တော် ခက်တာပဲ .ကြည့်ရတာ ကိုယ်လည်း တော် တော် အကျည်းတန်နေလို့သာ ဖြစ်ရမယ်”

“အို မဟုတ်တာ .တကယ်က ကိုကြီးက အရမ်းချော၊ အရမ်းမိုက်နေတော့ ဒီစတိုင်လ်မိုက် ပါတယ်ဆိုတဲ့ ဘောင်းဘီတွေ က ကိုကြီးအတွက် တော် ရုံနဲ့မတိုးဘူး ဖြစ်နေလို့ပါ အဟင်း”

“အဟား.. ဒီနေ့ ကြားရတဲ့စကားတွေ ထဲမှာ တော့ ဒီစကားကို အကြိုက်ဆုံးပဲကွာ”

လင်းထည်ဝါတစ်ချက်ရယ်လိုက်ပြီးနောက် ရွှန်းရွှန်းဝေပြုံးပြီး ကြည့်နေသော မြတ်နိုးခေတ် အား အကဲခတ်သလိုတစ်ချက်ကြည့်လိုက်သည်။

သည်ကောင်မလေး၏ အပြုအမူ၊ အပြောအဆိုတို့က ရင်းနှီးရဲတင်းလွန်းလှသည်မို့ မိမိလို ပင်ရည်းစားတွေ ထည်လည်တွဲ ပြီး ချစ်တမ်းကစားရာမှာ ထိပ်တန်းပလေယာ တစ်ယောက် သာ ဖြစ် ရမည် ဟု လင်းထည်ဝါတွေးရင်း ခြေရည်တူချင်းတော့တွေ့ နေပြီဆိုပြီး ကြိတ်ပြုံးလိုက်မိသည်။

လင်းထည်ဝါအတွေးကို ဘာမျှမသိရှာသော မြတ်နိုးခေတ် ကတော့ ကြီးမြတ်သူအမှတ်နှင့် လိုရာစကားကိုဆက်သည်။

“ကဲ ဒါဆိုလည်း ဒီ့ထက်ကြီးရမယ့်စကာယးပြောရဦးမယ် .. ကိုကြီးရွေးနေလည်း ဒီပုံ အတိုင်းဆို တော် တော် နဲ့စိတ်ကြိုက်တွေ့ မှာ မဟုတ်ဘူး.. ဒါကြောင့် ခေတ်ပဲရွေးပေးမယ်”

“အိုး! ဒါအကောင်းဆုံးပေါ့.. ယောက်ျားလေး တစ်ယောက် နဲ့ လိုက်ဖက်မယ့်အ၀တ်အစား ဒီဇိုင်းကို မိန်းကလေး တစ်ယောက် က အမြင်တတ်ဆုံးဆိုတာ ကိုယ်လက်ခံပါတယ်”

“OK လက်ခံတယ်ဆိုလည်း ခေတ်ကြိုက်တာ ရွေးလိုက်တော့မယ်နော်.. အဲ ပြီးတော့ ခေတ်ဝယ်ပြီးလက်ဆောင်ပေးတာကို လက်ခံရမယ်နော်”

“အားပါ .. ဒါမျိုးက ငြင်းရကောင်းတာမှမဟုတ်တာ.. ဒါနဲ့နေပါဦး..နာမည် လေးက ခေတ် တဲ့လား…. မွေးနေ့ကရော ဘယ်နှနှစ် မြောက်မွေးနေ့လဲ”

“ဟာကိုကြီးကလည်း အတည်ပေါက်ကြီးနဲ့ လာနောက်နေပြန်ပြီ”

“သြော် အကောင်းပြောတာပါ.. ကိုယ်ကလည်း မွေးနေ့ရှင်ကို အမှတ်တရအ ဖြစ် တစ်ခုခု ပြန်ဝယ်ပေးပြီး တစ်ခုခုလိုက်ကျွေးချင်လို့ပါ”

“ကြည့်..ပြောလေကဲလေနဲ့ …သူ့ကိုယ်သူ ရုပ်ရှင်ရိုက်နေတယ်များ ထင်နေလားမသိဘူး.. ရုပ်တည်ကြီးနဲ့.. အဟီး”

မြတ်နိုးခေတ်က လင်းထည်ဝါ သူ့အားပြန်ပြီး အီစီကလီရိုက်နေသည်ကို ကြီးမြတ်သူအ တည်ပေါက်နှင့် နောက်နေသည်ပဲထင်ပြီး ရယ်ချင်နေမိသည်။ ပြီးတော့ သူမမွေးကတည်းက April

တစ်ရက်နေ့ ဖြစ်သည့်အတွက် April Fool များ လုပ်နေတာလားဟု တွေးမိလိုက်သည်။

ဘာပဲပြောပြော ကြီးမြတ်သူ တစ်ယောက် သည်ကနေ့မှာ ယခင်ကနှင့် မတူ နှုတ်သွက်လျှာ သက်ဖြင့် အာဝဇ္ဇန်းရွှင်ကာ နောက်တတ်ပြောင်တတ်နေသည်က ထူးဆန်းသလိုလိုရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။

မည် သို့ပင် ဖြစ် သူမ၏ မွေးနေ့မို့ ကြီးမြတ်သူပျော်ရွှင်နေတာပဲဟူသော အတွေးဖြင့် မြတ်နိုး ခေတ်ကြည်နူးသွားရသည်။ မြတ်နိုးခေတ်ရွှင်ပျအတွေးလေးနှင့်အတူ ဂျင်းဘောင်းဘီနက်ပြာ ရောင် လေးတစ်ထည်ကို မျက်စိကရောက်သွားသည်။

ထို့ကြောင့် ထိုနက်ပြာရောင် ဂျင်းဘောင်းဘီလေးကို လှမ်းဆွဲယူပြီး လင်းထည်ဝါထံကမ်း ပေးလိုက် သည်။

“ကဲ .ကိုကြီး ဒီနက်ပြာရောင် ဂျင်းဘောင်းဘီတော့ မဆိုးလောက်ဘူးထင်တာပဲ”

“အားပါ.. ဟုတ်တာပေါ့.. ကြည့်စမ်းပါဦး ..ဒီလောက် မိုက်တဲ့ဂျင်းဘောင်းဘီတစ်ထည်လုံး မျက်စိရှေ့မှာ ရှိနေတာကို မတွေ့ ရအောင် ကိုယ်ဘာကြောင့် ဒီလောက်တောင်မျက်စိလျှမ်း သွာပါ လိမ့်.. ဧကန္တ မိန်းမလှလေးတွေ ကသာ အလှတရားကို အလွယ်တကူရှာဖွေတွေ့ ရှိနိုင်တယ်ဆိုတဲ့ စကားက မှန်နေပြီထင်ပါရဲ့ ”

“အဟင်း ဟင်း ကိုကြီးနော်.. ဒီနေ့ စကားတွေ တော် တော် တတ်နေတယ်… ဒီမှာ ရယ်ရ လွန်းလို့ အူတက်သေတော့မယ်.. ကဲပါ ဒီဘောင်းဘီ အဆင်ပြေ၊ မပြေသိရအောင် Fitting room ထဲ သွားဝတ်ကြည့်ပါဦး”

“Ok… Ok… ဒါဆို ကိုယ်သွားဝတ်ကြည့်ပြီး ချက်ချင်း ပြန်လာခဲ့မယ် ..သုံးမိနစ်ပဲစောင့်”

လင်းထည်ဝါ မာမားကြော်ငြာထဲက အိန္ဒြာကျော်ဇင်အိုက်တင်ဖြင့် လက်သုံးချောင်းထောင် ပြပြီး Fitting room ရှိရာဆီ အပြေးကလေးထွက်သွားရာ မြတ်နိုးခေတ်လည်း သဘောကျပြီး ပါးစပ်အုပ်ရယ်မိတော့သည်။

♥ ♥ ♥


ကြီးမြတ်သူ Cafe Aroma ထဲတွင် ကော်ဖီသောက်ရင်း မြတ်နိုးခေတ်ကို ထိုင်စောင့်နေရာမှ ဆိုင်အပြင်ထွက်တွင် မိတ်ဆွေ တစ်ယောက် ကိုတွေ့ သဖြင့် သွားရောက်နှုတ်ဆက်စကားပြော၏ ။ မိတ်ဆွေ ဖြစ်သူနှင့် စကားပြောရင်း ခပ်လှမ်းလှမ်းရှိုဆိုင်တစ်ဆိုင်ထဲတွင် မြတ်နိုးခေတ်ကို ရိပ်ခနဲ တွေ့ လိုက်မိသဖြင့် …

“ဟင် ဟိုမှာ ခေတ်ပါလား ဘာများ ၀ယ်ချင်လို့လဲ.. မိသဘူး..သူလိုခင်ျတာကို ဒီနေ့အမှတ် တရလေးဝယ်ပြီး လက်ဆောင်ပေးဦးမှပဲ”

ဟူသော စေတနာရေစီးကမ်းပြိုအတွေးဖြင့် ကြီးမြတ်သူလည်း မိတ်ဆွေ ဖြစ်သူနှင့် စကား ဖြတ်ပြီးနောက် မြတ်နိုးခေတ်ရှိရာဆိုင်သို့ သွက်သွက်လှမ်းသွားလိုက်သည်။ အနားရောက်သည် နှင့် အသံပေးလိုက်သည်။

“ဟေ့ ခေတ်”

“ဟင် ကိုကြီး စောစောကစတိုင်မျိုး မကြိုက်လို့လား ..ကိုကြီးနဲ့လိုက်ပါတယ်.. ခေတ်ရွေး ပေးတဲ့ဘောင်းဘီရေ.. ၀တ်ကြည့်တာ အဆင်မပြေလို့လား.. ဘာလို့ အိမ်က ၀ယ်လာတဲ့ အ၀တ် အစားပဲ ပြန်ဝတ်ထားရတာ လဲ”

“ဟင် ဘယ်အ၀တ်အစားလဲ ဘာစတိုင်ကိုပြောတာလဲ ခေတ်က ဘာတွေ ရွေးပေးထားလို့ လဲ”

ကြီးမြတ်သူ အူကြောင်ကြောင် ဖြစ်သွားရသည်။ ဒါကိုပင် မြတ်နိုးခေတ်က ကြီးမြတ်သူ တစ်ယောက် သူမအပေါ် April Fool လုပ်တာလွန်လွန်းနေပြီဟူသော အတွေးဖြင့် ဒေါသ ဖြစ်ချင်လာ ရသည်။

မြတ်နိုးခေတ်မှာ သာ April Fool လုပ်ခံရသည်မဟုတ်။ ဆိုင်ဝန်ထမ်းလေးများ လည်း မိနစ် ပိုင်းအတွင်းမှာ ပင် လူ တစ်ယောက် တည်းက အ၀တ်အစားအမျိုးမျိုးပြောင်း၊ စကားအမူအရာအမျိုး မျိုးပြောင်းပြီး မျက်စိရှေ့မှာ ပေါ်ပေါက်လာသဖြင့် အံ့သြမင်တက်မိနေကြသည်။

ထိုအံ့သြမင်သက်စိတ်ဖြင့် ဆိုင်ဝန်ထမ်းလေးများ ဘာစကားမှ မပြောနိုင်ဘဲ လင်းထည်ဝါ ၀င်သွားရာ Fitting room သို့ လှမ်းကြည့်လိုက်၊ ကြီးမြတ်သူကို အငေးသားကြည့်လို်က်ဖြင့် လုပ်နေ သည်ကို မြတ်နိုးခေတ်သတိပြုမိလျက် အတွေးတစ်မျိုးပေါက်ပြီး ရှက်စိတ်မွန်သွားရ သည်။

April Fool လုပ်တာကို နားလည်သော်လည်း ဘေးလူများ ကပါ လှောင်ပြောင်ရယ်မောချင် စိတ်ပေါက်လာအောင် တစ်ခဏအတွင်းမှာ ပင် ပုံသဏ္ဌာန်အမျိုးမျိုးပြောင်းပြီးလုပ်ပြနေသည်က တော့ တဆိတ်လွန်လွန်းလှသည်ဟုလည်း မြတ်နိုးခေတ်တွေးထင်ကာ ဒေါသထွက်သွားရသည်။ ထို့ကြောင့် သည်နေရာမှမြန်မြန်ထွက်ခွာမှ ဖြစ်တော့မည် ဟူသော စိတ်ဖြင့် …

“ကဲ .. ကဲ .. အဲဒါဆိုလည်း နေပါစေတော့ သွားမယ်”

ဆိုပြီး ရှေ့မှ ဆတ်တောက်ဆတ်တောက်ဖြင့် ထွက်ခွာသွားရာ ကြီးမြတ်သူလည်း..

“ဟင် နေရင်းထိုင်ရင်း အကောင်းကြီးကနေ ဘာထ ဖြစ်ရတာ တုန်း မိန်းမတွေ များ နားကို မလည်နိုင်ဘူး”

ဟူသော အတွေးဖြင့် ခေါင်းတစ်ချက် ကုတ်ကာ မြတ်နိုးခေတ်နောက်သို့ အပြေးတစ်ပိုင်း လိုက်ရသည်။

ဆိုင်ဝန်ထမ်းလေးတစ်ဦးလည်း ဘောင်းဘီဝတ်ကြည့်ပြီး ယူမည် လည်းမပြော၊ မယူဘူး လည်းမပြော၊ ဘောင်းဘီကိုလည်း ပြန်လာထားသည်ကိုမတွေ့ ၊ ထိုသူ့ထံပါသွားသည်ကိုလည်း မမြင်ရသဖြင့် Fitting room ထဲများ ထားခဲ့လေသလားဆိုပြီး ဆူဆောင့်လိုသော စိတ်ဖြင့် Fitting room တံခါးကို ဖွင့်ကြည့်လိုက်သည်။

ထိုအချိန်မှာ ပင် လင်းထည်ဝါ Fitting room ထဲမှ ပြုံးရွှင်စွာ ထွက်လာရာ ဆိုင်ဝန်ထမ်းလေး လည်း သရဲခြောက်ခံရသလို ပါးစပ်အဟောင်းသားဖြင့် တောင့်တောင့်ကြီးရပ်နေမိသည်။

“ဟင်!”

ထို့အတူ အခြားဆိုင်ဝန်ထမ်းလေးများ လည်း စိတ်ကောက်သားသော မိန်းကလေးနောက်သို့ ချော့ရန်အပြေးလိုက်သွားသော ကိုကြီးမြတ်သူကို ပြုံးစေ့စေ့ဖြင့် လိုက်ကြည့်ရာနေရာမှ Fitting room ထဲမှထွက်လာသော လင်းထည်ဝါကို တွေ့ လိုက်ရသည့်အခါမှာ မပြုံးနိုင်တော့ဘဲ လက်ညှိုး တထိုးထိုးဖြင့် သာ ကြောင်အမ်းနေမိတော့သည်။

ဆိုင်ဝန်ထမ်းများ ထက်ပို၍ အံ့သြရသူ ကတော့ လင်းထည်ဝါပင် ဖြစ်သည်။

လင်ထည်ဝါ နက်ပြာရောင် ဂျင်းဘောင်းဘီကို စတိုင်ကျကျဝတ်ဆင်ပြီးနောက် ခေတ်ဆို သော မိန်းကလေးရှေ့တွင် စတိုင်ထုတ်ရန်ဟူသော အတွေးဖြင့် ပြုံးရွှင်စွာ ထွက်လာရာက ဆိုင်ထဲမှ

ထွက်ခွာသွားသော ခေတ်ဆိုသည့်မိန်းကလေး၏ ဘေးတွင် မိမိနှင့် ရုပ်ချင်းခွဲမရအောင် တူလွန်းသူ တစ်ယောက် ကို တွေ့ လိုက်ရသော ကြောင့် ဖြစ်သည်။

လင်းထည်ဝါအံ့သြစိတ်ဖြင့် ထိုသူ့ကို လိုကကြည့်မိသလို မိမိရုပ်ကို မိမိလည်း Fitting room ထဲရှိ မှန်ရှေ့တွင် အပြေးသွားကြည့်မိပြန်သည်။

တစ်ဆက်တည်းမှာ ပင် သဘောပေါက်လိုက်သည်က ခေတ်ဆိုသော မိန်းကလေးသည် အခြားမိမိတွေ့ ကြုံဖူးသော မိန်းကလေးများ ကဲ့သို့ မိမိအားလာရောခြင်းမဟုတ်ဘဲ သွေးရိုးသားရိုး လူမှားပြီး လာပြောခြင်းသာ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ထူးဆန်းသည်က မိမိအနေဖြင့် မိမိနှင့် ရုပ်ချင်းတူလွန်းသည့် ထိုပုဂ္ဂိုလ်အပေါ် အနိုင်ရလို စိတ်တွေ အလိုအလျောက်ပေါ်ပေါက်လာခြင်းပင် ဖြစ်တော့သည်။

ပြီးတော့ သူပိုင်ဆိုင်သမျှအရာအားလုံး မိမိပိုင်ဆိုင်ရမည် ဟူသော အတွေးကလည်း အလိုလို ပေါက်ဖွားလာသည်။ အထူးသဖြင့် ထိုပုဂ္ဂိုလ်အင်မတန်တန်ဖိုးထားဟန်တူသော ခေတ်ဆိုသည့် မိန်းကလေိးု မိမိကိုယ်တိုင်လည်း သည်စက္ကန့်ပိုင်းလေးအတွင်းမှာ င် တန်ဖိုးထားမိနေပြန်သည်။

ဘာကြောင့်ရယ်တော့မသိ ထူးဆန်းတာ ကတော့ အမှတ်တယ်ကိုပဲ ထူးဆန်းလွန်းနေပါ သည်။

လင်းထည်ဝါ ကျသင့်ငွေရှင်းပေးနေစဉ်မှာ ပင် မိန်းမချောလေးတစ်ဦး အနားရောက် လာ၏ ။

“ဟေ့ လင်း”

“ဟင် .. ရိုစိ”

“အံမယ် အခုမှ ဘာရိုစီလဲ တစ်ယောက် တည်း ထွက်လာတုန်းကထွက်လာပြီး ဟင်း ..ဖုန်း ခေါ်တော့လည်း သူ့ကိုယ်စား လူကြီးမင်းကိုပဲ ဖြေခိုင်းထားပြီးတော့”

“ဆောရီး……. ကိုယ် အစီအစဉ်မရှိဘဲထွက်လာလို့ပါ… ဒါနဲ့ ဒီမှာ တို့ရှိတာ ဘယ်လိုသိလဲ”

“သြော် ဒီရှေ့က ကားဖြတ်မောင်းသွားရင်း လင်းကားကို ယောမင်းကြီးလမ်းထဲမှာ ရပ်ထား တာ တွေ့ လိုက်လို့ ဒီမှာ ရှိမှာ ပဲဆိုပြီး ကျိန်းသေတွက်လိုက်တာ .. ထင်တဲ့အတိုင်း ကွက်တိပဲ”

“တော် ပါပေတယ်ဗျာ.. ဒါကြောင့်လည်း လင်းထည်ဝါရဲ့ ချစ်သူ ဖြစ်နေတာပေါ့”

“တော် တယ်ဆိုရင်လည်း တစ်ခုခုသွားကြမယ် ..လာ”

“ကောင်းသားပဲ တို့လည်း ဗိုက်ဆာနေတာနဲပအတော် ပဲ”

လင်းထည်ဝါ ကောင်တာမှပစ္စည်းများ ကို လက်တစ်ဖက်ဖြင့် ယူပြီး ကျန်လက်တစ်ဖြင့် ရိုစီ့ခါး ကို စွေ့ခနဲဖက်လိုက်တာ ဆိုင်ပြင်သို့ထွက်ခွာသွားလေသည်။

သတိထားမိသူများ ကတော့ ကောင်လေး တစ်ယောက် တည်းက နေရာတစ်ခုတည်းမှာ ကောင်မလေးနှစ် ယောက် နှင့် တစ်ပြိုင်တည်းချိန်းတွေ့ ပြီး တွဲ နေသည်ဟု တအံ့တသြမှတ်ချက် ပေးနေမည် ဆိုတာ ကတော့ ယုံမှားသံသယရှိစရာမလိုပေ။

♥ ♥ ♥


(၃)

“ကဲ …ကြီးမြတ်သူ အခြေအနေဘယ်လိုလဲ”

“ဘာကိုလဲ ဟိုတစ်နေ့ကလာကြည့်သွားတဲ့ကားကိစ္စလား”

ကြီးမြတ်သူ ရှမ်းခေါက်ဆွဲစားနေရာမှ မဆီမဆိုင်မေးခွန်းထုတ်လာသော ကျော်ခိုင်စကား ကြောင့် မျက်စိလှန်ကြည့်ပြီး ပြန်မေးလိုက်သည်။ ကျော်ခိုင်က

“ဟ ဒီအချိန် ကားဈေးကွက်အေးနေတဲ့အချိန် ကားအကြောင်းမေးမလားကွ.. မင်းနှလုံး သွေးကို နွေးစေတဲ့ကိစ္စ မေးနေတာ”

“ဟင် မင်းကလည်း ရှင်းလေရှုပ်လေပဲ.. ဘယ်က ငါ့နှလုံးသွေးက နွေးရပြန်တာလဲ”

မိုးဝင်းက

“သြော် မင်းတို့ကလည်း အထူအပါးမသိတတ်လိုက်ကြတာ .. ဒီကိစ္စမျိုးကို မေးစေချင်လို့ အိုက်တင်ခံနေတဲ့ကောင်ကို ကိုယ့်ဘက်က သွားပြီးစကားမပေးရဘူး”

ကြီးမြတ်သူ ရှမ်းခေါက်ဆွဲကိုလက်စဖြတ်စားလိုက်ပြီးနောက် ပါးစပ်ကို တစ်ရှူးဖြင့် သုတ် လိုက်သည်။ ထို့နောက်.. ရေနွေးကြမ်းတစ်ကျိုက်မော့သောက်လိုက်ပြီးမှ…

“ဟ မင်းတို့ဟာကလည်း ဘာတွေ လဲကွာ ကားဈေးကွက်ပြန်မကောင်းရသေးတဲ့ မနက် စောစောစီးစီး ဘာတွေ လာပြောနေကြတာလဲ.. ငါက ဘာကိစ္စအိုက်တင်ခံနေရမှာ လဲ….”

ညီထွေးက

“အေးပေါ့ကွာ.. အိပ်ချင်ယောင်ဆောင်တဲ့လူကို ငါတို့ကလည်း အတင်းမနှိုက်တော့ပါ ဘူး… ခေတ်က ကောင်းမှမကောင်းဘဲကိုး…”

“ဟား ဟား ဟား ဟား ဟုတ်တယ် ခေတ်က ကောင်းကိုမကောင်းတာ ဒါကြောင့် ဒီကောင်ကြီးမြတ်သူ စားရမှာ လည်း သဲတရှပ်ရှပ်.. ပစ်ရမှာ လဲ အဆီနဲ့တ၀င်းဝင်းဆိုသလို ဒုက္ခ တွေ့ နေတာပေါ့ကွာ….”

“ဟား ဟား ဟား ဟား”

သည်ကောင်တွေ သည်လိုပြောကြခါမှာ အထူးသဖြင့် ခေတ်ဆိုသည့်အမည် နာမကို ထည့် ပြောလာခါမှ ကြီးမြတ်သူလည်း သည်ကောင်တွေ ဘာကိုဆိုလိုသည်ဆိုတာကို သဘောပေါက် သွားလျက်အားလုံးကို ရှူတည်တည်ကြည့်လိုက်သည်။

သည်ကောင်တွေ ကတော့ စလိုက်ရသဖြင့် ကျေနပ်သွားလျက် စပ်ဖြီးဖြီးမျက်နှာကိုယ်စီဖြင့် တစ်ယောက် ကို တစ်ယောက် ကြည့်ပြီး ခေါင်းညိတ်ပြကြသည်။

ကြီးမြတ်သူ မျက်နှာတည်ကြီးဖြင့် …

“ဟေ့ကောင်တွေ တော် တော် ခေတ်က မင်းတို့အတွက်သာမကောင်းရင်ရှိလိမ့်မယ်.. ငါ့အတွက်က အမြဲတမ်းကောင်းပြီးသားကွ”

ပိုးဖြူက ရယ်စမသတ်ဘဲ…

“ဒါဆိုလည်း မင်းအခြေအနေက ဘာများ တိုးတက်လို့လဲ ပြောစမ်းပါဦးကွာ… ငါတို့လည်း မင်းအတွက် မင်းသာချင်လို့ပါ”

ဟုပြောသည်ကို ကျော်ခိုင်က၀င်ဖြည့်ပြောလိုက်ရာ အားလုံးအတောမသတ်ရယ်ကြလေ သည်။

“သြော် ဒီကောင်ကြီး တိုးတက်တာ ကတော့ တိုးတက်တယ်ကွ .. အရင်တုန်းက ပို့ကြို ကျွေးအဆင့်ပဲရှိရာကနေ အခုပို့ကြိုကျွေးပေးအဆင့်ကိုတက်သွားပြီး.. ဟား ဟား ဟား ဟား”

‘ဟား ဟား ဟား ဟား”

သည်စကားကိုတော့ ကြီးမြတ်သူတင်းသွားရသည်။ မိမိကိုသာမက မြတ်နိုးခေတ်၏ သိက္ခာ ကိုပါ စော်ကားရာရောက်သည်ဟုထင်သည်။ ထို့ကြောင့်

“မင်းတို့ အဲလိုတော့မပြောသင့်ဘူးကွာ… တကယ်တော့ ခေတ်ကို ငါဘယ်လောက်ချစ် တယ်ဆိုတာ မင်းတို့လည်းသိတယ်.. ပြီးတော့ ခေတ်ကိုယ်တိုင်ကလည်း ယောက်ျား တစ်ယောက် ကို ကြိုးရှည်ရှည်နဲ့လှန်ထားပြီး ခိုင်းစား၊ ချူစားနေတတ်သူမဟုတ်ဘူးဆိုတာ မင်းတို့လည်း သိ တယ်”

ကြီးမြတ်သူ မခံမရပ်နိုင်သွားသည်ကို ရိပ်မိခါမှ သူငယ်ချင်းများ လည်း ရယ်ရှိန်သတ်လိုက် ကြရင်း သူတို့စိတ်ရင်းအမှန်ကို လှစ်ဟပြသည်။

“ဆောရီးပါကွာ.. ငါတို့က အဲဒီ သဘောမျိုးပြောတာ မဟုတ်ပါဘူး.. မင်းသွေးအေးနေတာ ကို အားမရလွန်းလို့ မချင့်မရဲ ဖြစ်ပြီး မခံချင်အောင်ပြောတာပါကွာ..”

“ဟုတ်တယ်ကွ.. တကယ်ဆို မြတ်နိုးခေတ်ကလည်း မင်းအပေါ် သံယောဇဉ်ဘယ် လောက်ရှိတယ်ဆိုတာ ငါတို့လည်း သိနေတာပဲ ခက်တာက မင်းဘက်က ချစ်ရင်ချစ်တယ်လို့ ပွင့် ပွင့်လင်းလင်း ဖွင့်မပြောရဲသေးတာပဲ”

ပိုးဖြူပြောသည်ကို ဖြည့်စွက်ပြောဆိုလိုက်သော ညီထွေးစကားက ကြီးမြတ်သူ၏ အရှိုက် ထည့်တည့်ကိုထိမှန်စေသည်။

ဟုတ်တော့လည်းဟုတ်သည်။ မြတ်နိုးခေတ်နှင့် ခင်မင်ရင်းနှီးနေသည်မှာ ကြာပြီ ဖြစ်သလို ချစ်နေသည်ကိုဖွင့်မပြောဘဲ ကြိတ်ခံစားနေရသည်မှာ လည်း ကြာပြီ ဖြစ်သည်။ သည်လောက် သတ္တိနည်းရကောင်းလားဟု ကြီးမြတ်သူကိုယ့်ကိုယ်ကိုယ် ဒေါသ ဖြစ်ရသည့်အကြိမ်ပေါင်းလည်း မနည်းတော့ပြီ။

“ကဲပါလေ..ထားပါတော့ ဒါနဲ့မနေ့က မြတ်နိုးအောင် မွေးနေ့မှာ မင်းဖွင့်ပြောမယ်ဆိုတာ ရော ဖွင့်ပြော ဖြစ်ခဲ့လား”

ကောက်ကာငင်ကာမေးလိုက်သော မိုးဝင်းစကားကြောင့် ကြီးမြတ်သူဘာဖြေရမှန်းမသိ ဖြစ် သွားသည်။ ပြီးမှ ခေါင်းကိုအသာအယာခါယမ်းရင်း…

“ပြောဖို့နေနေသာသာကွာ နေရင်းထိုင်ရင်း အကောင်းကြီးကနေ ဘာစိတ်ဆိုးသွားမှန်း မသိလို့ ငါလည်းတော် တော် ဦးနှောက်စားနေတာ”

ဟူ၍ ခံစားချက်အတိုင်းပြောရာ သူငယ်ချင်းများ က

“ဒီအတိုင်းပဲ ဖြစ်မှာ ပဲဆိုတော့ သိပြီးသားပဲ”

ဟု အချင်းချင်းပြောသလိုနှင့် ကြီးမြတ်သူကို အားမလိုအားရပြောဆိုကြ၏ ။ ကြီးမြတ်သူက..

“အေး မင်းတို့ပြောလည်း ပြောစရာပဲ ငါက သူ့ကို မွန်မွန်မြတ်မြတ် ဖြူဖြူစင်စင်လေးချစ် တာ.. အခြေအနေတစ်ခုပေါ်မှာ အခွင့်အရေး ယူပြီး သူ့အချစ်ကို အရောင် ဆိုးချင်တာမဟုတ် ဘူး။”

ဟု စိတ်ရင်းအတိုင်းဆိုရာ ပိုးဖြူက မဲ့မဲ့ရွဲ့ရွဲ့ဖြင့် ..

“အေးပေါ့ကွာ.. ဒါဆိုလည်း ဒီအတိုင်းလေးပဲပေါ့… အဲသလို အရောင်းဆိုးရဲတဲ့လူနောက်ပါ သွားတဲ့နေကျမှ ဒူးနဲ့မျက်ရည်သုတ်နေရတဲ့ မင်းမျက်ခွက်ကြီးကို ငါတို့ရှေ့လာမပြနဲ့ အအိပ်အစား ပျက်မှာ စိုးလို့”

ဟူ၍ ကရုဏာဒေါသော ဖြင့် မညှာမတာတုန့်ပြန်ပြောဆိုရာ ကျန်သူငယ်ချင်းများ က ပိုးဖြူနှင့် တစ်သဘောတည်းဟူသော အမူအရာဖြင့် မဲ့ပြုံးပြုံးကာ ခေါင်းတညိတ်ညိတ်ပြုကြ၏ ။

ဘယ်သူတွေ ဘာပြောပြော၊ ကြီးမြတ်သူ ကတော့ ချစ်သော မြတ်နိုးခေတ်အပေါ် စွဲလန်းချစ် စိတ် ကတော့ အရောင် လွင့်ပျယ်မည် မဟုတ်ဆိုတာ ကိုယ်တိုင်သာ အသိဆုံး ဖြစ်သည်။

ချစ်သော မြတ်နိုးခေတ်၏ မျက်နှာလေး ထာဝစဉ်မညှိုးနွမ်းဘဲ ရွှင်လန်းနေစေဖို့အရေး

အတွက် ဘ၀နှင့် အသက်ကိုပေးမည့်  ယောက်ျားကောင်း တစ်ယောက် ကို ရွေးထုတ်ပါဆိုလျှင် မိမိ ကိုယ်တိုင်သာလျှင် မားမားမတ်မတ်ရှိနေမည် ဟု ကြီးမြတ်သူယုံသည်။

ချစ်သော ခေတ် အစဉ်ထာဝရကျန်းမာပျော်ရွှင်နေပါစေ။

♥ ♥ ♥


(၄)

DJ တေးသွားများ ပျံ့လွင့်နေသော Pioneer Club ထဲသို့ လင်းထည်ဝါ ၀င်လိုက်သည်နှင့် ကြိုရောက်နှင့် နေသော ဆွေကိုနှင့် လင်းမောင်က လင်းထည်ဝါမြင်သာစေရန် လက်ထောင်ပြ၏ ။

လင်းထည်ဝါလက်လှမ်းပြပြီး သူတို့ရောက်ရှိရာလျှောက်သွားကာ ခုံလွတ်တစ်လုံးတွင် ၀င် ထိုင်လိုက်သည်။

“ဘယ်လိုလဲ ..ထုံးစံအတိုင်းပဲ မဟုတ်လား”

ဆွေကိုက ..လင်းထည်ဝါခေါင်းပြသည်နှင့် ၀ီစကီတစ်ခွက်မှာ လိုက်ပြီး လင်းထည်ဝါထံ ကမ်းပေးလိုက်သည်။ လင်းထည်ဝါ ၀ီစကီကို အရသာခံသောက်လိုက်ပြီးမှ…

“ဒါနဲ့ မြင့်သူရရော မရောက်သေးဘူးလား”

ဟု ဆိုရင်း ဘေးဘီကိုမျက်စိဝေ့ကြည့်သည်။

“အေးကွ.. ဒီကောင် ဒီညဒင်နာတစ်ခုသွားဖို့ရှိတယ်လို့ ပြောတယ်.. အဲဒီ ဒင်နာပြီးမှ လှည့် ၀င်လာမယ်တဲ့”

လင်းမောင်က ရှင်ပြရင်း တစ်ဆက်တည်းမှာ ပင် ကခုန်နေသူများ ကိုကြည့်ပြီး…

“ကဲ ဘယ်လိုလဲ ၀င် Dance လိုက်မလား”

ဟု ပြောပြောဆိုဆို မြူးကြွတေးသွားနှင့် အတူ ကခုန်ရန်အတွက် နေရာမှထွက်ခွာသွားရာ လင်းထည်ဝါနှင့် ဆွေကိုလည်း တစ်ကို တစ်ယောက် မျက်စပစ်ပြပြီးနောက် လက်ကျန်ဝီစကီကို ကို ကုန်အောင်မော့ချလိုက်ပြီး Dico မီးရောင် အောက်သို့ ခြေလှမ်းများ ကို ရွေ့လျားလိုက်သည်။

လင်းထည်ဝါ ကပွဲထဲဝင်လာသည်အထိ မိန်းကလေးတချို့လည်း လင်းလည်ဝါအနီးသို့ ရောက်လာပြီး လင်းထည်ဝါနှင့် တွဲ ကြ ကတော့သည်။

လင်းထည်ဝါ တေးသွားနှင့် အတူ လှပညက်ညောစွာ ကခုန်နေရင်းမှ ခေတ်ဆိုသော မိန်းက ကလေးကို ဖျတ်ခနဲတွေ့ လိုက်ရသည့်အတွက် ရင်ဖျတ်ခနဲခုန်သွားလျက် အံ့သြပျော်ရွှင်သွားရ သည်။

ထို့ကြောင့် သူ့အား ဖက်ပြီးတွက်နေသော မိန်းကလေး၏ လက်နှစ် ဖက်ကို ဖယ်ရှားပြီး ခေတ်ဆိုသည့်မိန်းကလေးနောက်သို့ အပြေးလိုက်သွားလိုက်သည်။ အနားရောက်သည်နှင့် ..

“ဟိတ် ခေတ်ဆိုတဲ့မိန်းကလေး”

ဆိုပြီး ထိုမိန်းကလေး၏ လက်ကိုလှမ်းဆွဲပြီး ခန္ဓာကိုယ်ကို ဆွဲလှည့်လိုက်သည်။

မိန်းကလေးပြုံးပြသည်။

သို့သော် ခေတ်ဆိုသော မိန်းကလေးမဟုတ်ဘဲ အခြားမိန်းကလေး တစ်ယောက် ဖြစ်နေ သည်ကို တွေ့ ရ၏ ။

“ဟင်”

လင်းထည်ဝါကိုသိနှင့် နေဟန်တူသော မိန်းကလေးက ညုတုတုပြုံးပြရင်း ဘာလဲဆိုသည့် သဘောဖြင့် မျက်ခုံးတစ်ချက်ပင့်ပြ၏ ။ လင်းထည်ဝါ ဘာပြောရမှန်းမသိဘဲ ကြောင်အမ်းသွားစဉ် မိန်းကလေးနှင့် အတူတွဲ လာသော ယောက်ျားသားက

“ကိုယ့်လူ..ကိုယ့်ကောင်မလေးကို မင်းကဆွဲလားရမ်းလားနဲ့ ရင့်လှချည်လား ဒါ ဘာသ ဘောလဲကွ”

ဟုဆိုပြီး ပေါက်ကွဲပြလေရာ လင်းထည်ဝါကလည်း သည်လိုအရေး ဆို နောက်တွန့်တတ်သူ မဟုတ်တတ်သည့်အတွက် တန်ပြန်စိန်ခေါ်လိုက်သည်။

“ဒါဘာသလောလဲဆိုတာ မင်းလိုအူကြောင်ကြားကောင်ကို ငါက ရှင်းပြနေရဦးမှာ လား ဘာလဲ မင်းက မကျေနပ်ဘူးလား”

“အေး ဟုတ်တယ် မကျေနပ်ဘူး ကဲကွာ”

“ဒုတ်”

“အင့်”

“ဒုန်း”

ကောင်မလေးနှင့် တွဲ လာသော ပုဂ္ဂိုလ်က လင်းထည်ဝါထိုးရာ လင်းထည်ဝါအသာရှောင်တိမ်း ပြီး ရင်ဝကိုဒူးနှင့် တိုက်ချလိုက်သဖြင့် ထိုပုဂ္ဂိုလ်နောက်လန်ကာ ဖင်ထိုင်ကျသွားသည်။

ထိုပုဂ္ဂိုလ်လဲပြိုသွားသည်နှင့် ထိုပုဂ္ဂိုလ်၏ သူငယ်ချင်းအချိုပြေးလာပြီး လင်းထည်ဝါကို ၀ိုင်း ၀န်းတိုက်ခိုက်ကြသည်။

လင်းထည်ဝါ၏ သူငယ်ချင်းများ ကလည်း လင်းထည်ဝါရှိရာသို့ အလျင်အမြန်ရောက်ရှိလာ ပြီး လင်းထည်ဝါနှင့် အပြိုင် လက်စွမ်းပြ ကတော့သည်။

“ဖုန်း”

“ဒိုင်း”

“ခွမ်း”

“အား”

“အင့်”

နှစ် ဖက်ရန်ပွဲကြောင့် ထွက်ပြေးသူပြေး၊ ထိခိုက်ဒဏ်ရာရသူရ၊ ပစ္စည်းများ လဲကျပြိုကွဲဖြင့် DJ တေးသွားမှသည် ဘီဘူးဆိုင်းသို့ ပြောင်းသွား ရသော ညကပွဲရုံလေးလည်း ဖရိုဖရဲဖြင့် ရုန်းရင်းဆန် ခတ် ဖြစ်သွားရသည်။

ကပွဲရုံမန်နေဂျာလည်း အခြေအနေကို ကိုယ်တိုင်ဝင်ရောက်ထိန်းသိမ်းရန် မစွမ်းဆောင်နိုင် သူမို့ သက်ဆိုင်ရာသို့ ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားလိုက်ရတော့သည်။

♥ ♥ ♥


(၅)

မြတ်နိုးခေတ် အင်္ဂလိပ်ဝတ္ထုတစ်အုပ်ဖတ်နေရာမှ ဝေါဟာရတစ်လုံး၏ အဓိပ္ပာယ်ကို မသိ သဖြင့် ဟန်းဖုန်းလေးကိုထုတ်ပြီး ဒစ်ရှင်နရီကြည့်ရသည်။

“အံမယ်…အံမယ်…သူက သူ့ဂတ်ဂတ်ကြီးပေးထားတဲ့ ဟန်းဆက်လေးနဲ့ တော် တော် အဆင်ပြေနေတာပေါ့လေ…ဟုတ်လား”

“ဘာလဲဟဲ့….သူ့ဂတ်ဂတ်ကြီးဆိုတာ”

“ဘာ ဖြစ်ရမှာ လဲ…ဂတ်ဂတ်ကြီးဆိုတာ ဘဲဘဲကြီးကိုပြောတာလေ”

“သြော်….ဟုတ်သားပဲ….ခစ် ခစ် ခစ်”

အသံများ ကိုကြားရကတည်းက အိမ့်၊ မျက်သွယ်နှင့် စန္ဒီတို့မှန်း လှည့်မကြည့်ဘဲ တန်းသိလိုက်ရသည်။ သို့ သော် ထုံးစံအတိုင်း လှည့်ကြည့်ပြီး မျက်စောင်းတော့ထိုး ဖြစ်အောင် ထိုး လိုက်ရသေးသည်။

“မှန်တာပြောတော့ နာတယ်ပေါ့လေ”

ဆိုသော အိမ့်၏ ကျီစယ်လိုသော အသံနှင့်အတူ

“နာတာမဟုတ်ပါဘူး…သာယာနေတာ….သာယာနေတာ”

ဟူ၍ ဖြည့်စွက်ပြောလိုက်သော မျက်သွယ်စကားကြောင့် မြတ်နိုးခေတ်ဘာမှမပြောတော့ ဘဲ ဒစ်ရှင်နရီသာဆက်ကြည့်လိုက်တော့သည်။

“ဟဲ့…ခေတ်…ဒီဟန်းဆက်ထဲကဒစ်ရှင်နရီက အခြားဒစ်ရှင်နရီထက် ပိုမှန်လို့ ညည်းအမြဲ တမ်းကြည့်နေတာလားဟင်”

“အေး….ဟုတ်တယ်”

အနားလာထိုင်ပြီး ဆက်စနေသော စန္ဒီကို မြတ်နိုးခေတ်ပြီးပြီးရောဆိုပြီး ဆောင့်အောင့်ပြီး ဖြေလိုက်သည်။ အိမ့်၊ မျက်သွယ်နှင့် စန္ဓီတို့ တစ်ယောက် ကို တစ်ယောက် ကြည့်ပြီး ပြုံးမိကြသည်။ ပြီးမှ စန္ဒီတို့ တစ်ယောက် ကို တစ်ယောက် ကြည့်ပြီး ပြုံးမိကြသည်။ ပြီးမှ စန္ဒီက

“ကဲပါ…စိတ်လည်းမဆိုးဘဲနဲ့ စိတ်ဆိုးချင်ယောင်ဆောင်မနေပါနဲ့ …ကြည့်လို့လည်းမလှပါဘူး…ဒီမှာ စကားကောင်းပြောမလို့”

ဟုဆိုလေရာ မြတ်နိုးခေတ်လည်း ဘာပြောမှာ လဲဆိုသည့်သဘောဖြင့် လှည့်ကြည့်ပြီး မျက်ခုံးပင့်ပြ၏ ။ စန္ဒှီက

“ဟိုလေ..ငါလိုချင်တဲ့ကားရပြီလားလို့….နင့်ဂတ်ဂတ်ကြီးကို ဖုန်းတစ်ချက်လောက်ဆက် ပေးပါလား”

“အို ….နင့်ကိစ္စ နင့်ဘာသာနင် ဆက်ပါလား….ငါနဲ့ဘာဆိုင်တာမှတ်လို့”

“အေးပါ…..နင်ကမဆိုင်ပေမယ့် နင့်ဂတ်ဂတ်ကြီးကြည့်ရတာ ဆိုင်ချင်နေသလားမှမသိတာ”

“မိန်းမနော်”

စကားအကောင်းပြောမည် ဆိုပြီး ဆက်စနေသော စန္ဒှီကို မြတ်နိုးခေတ် မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး လက်ကမူ ဟန်းဖုန်းကိုယူပြီး ကြီးမြတ်သူ၏ ဖုန်းနံပါတ်လေးများ ကို နှိမ်မိလျက်သား ဖြစ် နေလေသည်။

ဖုန်းခေါ်နေသည်ကိုတွေ့ ခါမှ မိမိဘာလုပ်မိသည်ကို သတိရကာ ဖုန်းပြန်ပိတ်ဖို့ စိတ်ကူးလိုက်သေးသည်။ ဤသည်ကို သတိထားမိလိုက်သော သူငယ်ချင်းများ က တစ်ခုခုပြောဆိုကျီစယ်လိုဟန်ဖြင့် ပါးစပ်ပြင်လာကြသည်ကိုတွေ့ ရ၍ သူတို့မပြောခင် သူမကဖုန်း ကို မပိတ်ရဲတော့ဘဲ လှမ်းပြောလိုက်ရသည်။

“ကိုကြီး….ဒီမှာ စန္ဒီက ကားတွေ့ ပြီးလားတဲ့…မေးနေလို့”

“……….”

“သြော်….ဟုတ်လား …ဒီနေ့ပဲကြည့်ရမှာ လား…ဘယ်မှာ သွားကြည့်ရမှာ လဲ”

“……….”

“ဟုတ်ပြီလေ….အဲဒါဆိုရင် စန္ဒီကိုပြောလိုက်မယ်….စန္ဒီရေ….တို့သင်တန်းပြီးချိန်လောက် ကို ကိုကြီးက ကားပြဖို့လာခေါ်မယ်တဲ့…အဆင်ပြေလား”

“ပြေတယ်လေ……..နင်အဆင်ပြေတယ်ထင်ရင် လုပ်လိုက်”

“ကိုကြီး….စန္ဒီက အဆင်ပြေတယ်တဲ့”

“………..”

“ဟင်…..ခေတ်က ဘာလိုက်လုပ်ရဦးမှာ လဲ”

“သြော်…..အရောင်းအ၀ယ် ဖြစ်ရင် သက်သေနေရာက လက်မှတ်ထိုးပေးဖို့လား….ဒါဆို လည်းရတယ်လေ….သက်သေခတော့ တစ်ခုခုလိုက်ကျွေးရမယ်”

“…..”

“အိုကေ….ဒါဆိုဒါပဲနော်….ခဏနေမှတွေ့ ကြတာပေါ့”

မြတ်နိုးခေတ် ကြီးမြတ်သူနှင့် ဖုန်းပြောပြီးနောက် ဘာကြောင့်ရယ်မသိ ပြုံးနေမိသည်ကို ကြည့်ပြီး သူငယ်ချင်းများ က ခေါင်းချင်းဆိုင်တီးတိုးပြောလျက် တခစ်ခစ်ရယ်နေကြသည်ကို တွေ့ ရလေသည်။

“ဟဲ့….ညည်းတို့က ဘာရယ်နေကြတာလဲ”

“သြော်…ရယ်တာပေါ့…….တစ်ခါတည်း ဟိုက ဖုန်းထဲက ဘာပြောလိုက်တယ်မသိဘူး……. မျက်နှာကိုဖြီးနေလိုက်တာ မပြီးတော့ဘူး”

“သြော်…..ဒါတော့ ချစ်တာကိုး”

“ဟုတ်မယ်….ဟုတ်မယ်………ခစ် ခစ် ခစ်”

သူငယ်ချင်းများ က တစ်ယောက် တစ်ပေါက် နောက်ပြီးရယ်နေကြရာ မြတ်နိုးခေတ်လည်း ဒါကိုပဲ ပျော်နေမိသည်မှာ ထူးဆန်းအံ့သြဖွယ်ရာတော့ ဟုတ်ဟန်မတူ။

“ပြောလို့ပြောတာမဟုတ်ဘူးဟဲ့…..သူ့ကိုကြီးက ခေတ်ကြွေမယ်ဆိုလည်း ကြွေချင်စရာ…. ရုပ်ဖြောင့်ရုံတင်မကဘူး…..လမ်းလျှောက်ရင်လည်း အရမ်းစတိုင်လ်ကျတယ်….အရမ်းကြည့်လို့ ကောင်းတာပဲ”

“အေးဟဲ့……အဲဒါတော့ ဟုတ်တယ်….ငါလည်း သူလမ်းလျှောက်တာမြင်ရင် ငေးကြည့်နေ မိတာအမှန်ပဲ”

မျက်သွယ်စကားဟုတ်မှန်ကြောင်း မြတ်နိုးခေတ်ထောက်ခံပြောဆိုလိုက်သည်။ ဒါကပင် သူငယ်ချင်းများ အတွက် စစရာ ဖြစ်သွားရသည်။

“အေး…အဲဒါဆို ငါတို့လည်း ဒီနေ့ကစပြီး တင်မိုးလွင်ဆီမှာ မော်ဒယ်သင်တန်းသွားတက်ပြီး ကြောင်လျှောက်လျှောက်နည်းသွားသင်မယ်….အဲဒါမှ ဂတ်ဂတ်ကြီးက ဘဲလျှောက်လျှောက်တာနဲ့ ရှေ့သွားနောက်လိုက်ညီမှာ ”

“ဟုတ်တယ်….ဟုတ်တယ်……ခစ် ခစ် ခစ်”

“ခစ် ခစ် ခစ်”

မြတ်နိုးခေတ် သူငယ်ချင်းများ စကားကြောင့် အတူမရယ်ဘဲ မနေနိုင်သလို မျက်စောင်းလေး ကိုလည်း ချစ်စဖွယ်ထိုးလိုက်မိပြန်သည်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မျိုးကိုမျိုး ၏ “ နတ်ဝှက်တဲ့ အိပ်မက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လရောင်အနမ်းနဲ့ ပွင့်တဲ့အိပ်မက်

ထောင်နံရံမှတ်တမ်း

ပန်းလေးပွင့်ရဲ့ ချစ်သူ