လမင်းဖြူရဲ့ ကောင်းကင်
``မောင်မယ်သစ်လွင်များ အား လှိုက်လှဲစွာ ကြိုဆိုပါ၏ ´´
ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) မုခ်ဦးဝမှ အထက်ပါ နှုတ်ခွန်းဆက်သမှု အား ကြည့်ရင်း လမင်းဖြူရင်ထဲ လှိုက်ခနဲ ခံစားလိုက်ရသည်။ မိမိ တက္ကသိုလ်ကျောင်းသူကြီး ဖြစ်ပြီဆိုသော သိစိတ်က ပီတိပွားစေသည်။ ကိုယ့်ကိုယ်ကိုလည်း အကြိမ်ကြိမ်အခါခါ ဂုဏ်ယူနေမိသည်။ သူငယ်ချင်းယုဇနနှင့်အတူ တက္ကသိုလ် ပရ၀ဏ်ထဲ မ၀ံ့မရဲ လှမ်းလာရင်း မြင်မြင်သမျှ အဆောက်အဦတွေ ကို မလွတ်တမ်း ငေးမောကြည့်ရှုနေမိသည်။
မိမိတက်ရမည့် အဆောင် ဘယ်နားမှာ ရှိမှန်းလည်း မသိ။ စမ်းတ၀ါးဝါးဖြင့် လျှောက်သွားနေမိသည်။ သူငယ်ချင်းနှစ် ယောက် စလုံး သူသိသလိုလို ကိုယ်သိသလိုလိုနဲ့ မာန်တင်းထားကြသော်လည်း တကယ်တော့ တစ်ယောက် ကို တစ်ယောက် အားကိုးနေမိကြသည်။ အားကိုးမည့် သာ အားကိုးသည်။ နှစ် ယောက် စလုံး၏ ခြေဖျားလက်ဖျားတွေ က အေးစက်စက်ဖြင့် ချွေးစေးတွေ ပြန်နေကြသည်။ ရင်တွေ လည်း တဒိတ်ဒိတ် ခုန်နေကြသည်။
``ဟဲ့…. ယုဇန အခု ဘယ်ကိုသွားနေတာလဲ´´
``ငါတို့ တက်ရမယ့် အခန်း T3 ကို သွားနေတာလေ´´
``အဲဒီ T3 ဆိုတာက ဘယ်နားမှာ လဲ´´
``ငါလည်း မသိဘူးလေ´´
``ဟယ်…. သေလိုက်ပါတော့… တကယ်ပဲ´´
လမင်းဖြူ ပို၍ ပင် စိတ်ပျက်အားငယ်သွားသည်။ စိတ်ထဲမှာ လည်း ယုဇနကို ကျိန်ဆဲမိသေးသည်။ သည်နယ်မြေကို ကျွမ်းသလိုလို ဘာလိုလို ဆရာကြီးလုပ် ပြောဆိုလာပြီး တကယ်တမ်းကျတော့ ဘာမှ သုံးမရ။ စမ်းတ၀ါးဝါးနှင့် တောင်ကြည့်မြောက်ကြည့်ဖို့သာ တတ်သည်။ ကျောင်းမရောက်ခင်တုန်း ကတော့ ဆရာမ ကြီးဂိုက်ဖြင့် စကားတွေ လှိုင်နေအောင် ပြောခဲ့ပြီး ယခုကျတော့လည်း မျက်နှာငယ်လေးနှင့်ရယ်။ အားမကိုးရသော်လည်း အားထားဆဲအကြည့်ဖြင့် ယုဇနကို လမင်းဖြူ လှမ်းကြည့်ရင်း ပိုစိတ်ပိန်သွားရသည်။ စိတ်ဓာတ်ကြီး (၄၆)ခါတိတိ ကျသည်ဟုပြောရမလိုပင်။ ယုဇနကိုယ်တိုင်ကလည်း လမင်းဖြူကို တိတ်တိတ်လေး ကျိန်ဆဲနေမိသည်။ သည်လောက်လေးတောင် အားမကိုးရတဲ့မိန်းမ အ ဖြစ်ကိုမရှိဘူး ဟူ၍ ဖြစ်သည်။ သည်မှာ က တွေ့ နေမြင်နေရသူအားလုံး မျက်နှာစိမ်းတွေ ချည်းပဲ။ သူတို့ကို အားကိုးတကြီးထားပြီးလည်း မမေးမြန်း မစုံစမ်းရဲ။ တက္ကသိုလ်မှာ က အကျီစယ်သန်သည့် အစဉ်အလာရှိသည်။ နေရာတလွဲတွေ ညွှန်ပြလိုက်ကြမှဖြင့် ခက်ပေဦးမည် ။
``ဟဲ့… ယုဇန… ဟိုမှာ ဘာစာရွက်တွေ ရောင်းနေတာလဲ မသိဘူး´´
``ဘယ်မှာ လဲဟဲ့´´
``ဟိုစားပွဲခုံတွေ ဆီမှာ လေ… ကျောင်းသားတွေ အလုအယက် ၀ယ်နေကြတာ မတွေ့ ဘူးလား´´
ဟုတ်သည်။ ကျောင်းသားရေး ရာရှေ့ သစ်ပင်ရိပ်အောက်ရှိ စားပွဲခုံလေးငါးခုံပေါ်တွင် စာရွက်စာတမ်းတွေ တင်ပြီး ရောင်းချနေသည်ကို တွေ့ ရသည်။ နှစ် ယောက် စလုံး အားတက်သွားပြီး ထိုနေရာသို့ ခပ်သွက်သွက် လှမ်းသွားကြသည်။
``အစ်မ…. အစ်မ… ဒါ ဒါ ဘာတွေ လဲဟင်´´
အရေး ထဲ ပါးစပ်က ထစ်နေသေးသည်။ အနီးမှ ကျောင်းသား တစ်ယောက် က…
``တက္ကသိုလ်ဗေဒင်ဟောစာတမ်းတွေ လေ ညီမရဲ့ ´´
ဟုဆို၏ ။ သူငယ်ချင်းနှစ် ယောက်
``ရှင်…. ဟုတ် ဟုတ်လို့လား´´ ဟု ပြိုင်တူဆိုမိရင်း ပုံလဲကျချင်စိတ်ပင် ပေါက်သွား၏ ။ ထိုသူကပင်
``ဟုတ်ပါတယ် ညီမရဲ့ … ကဲ.. ပြော…. ညီမတို့က ဘာနေ့သမီးတွေ လဲ… မှန်တာ အရမ်းကို မှန်တာနော်…. တစ်စုံမှ တစ်ရာတည်း ကျတယ်´´ဟု ဈေးဆွယ်နေပြန်၏ ။
``ရ… ရပါတယ်… ကျွန်မတို့ ဗေဒင်ဝါသနာ မပါလို့ပါ´´
``၀ါး ဟား ဟား ဟား´´
သူတို့ကိုကြည့်ပြီး အနီးရှိလူများ ၀ါးလုံးကွဲ ရယ်လိုက်ကြသဖြင့် နှစ် ယောက် သား ဒူးများ ပင် ပျော့ခွေသွားမတတ် ခံစားလိုက်ရသည်။ ထိုနေရာမှ အမြန်ဆုံးခွာရန် ပြင်ဆင်လိုက်ချိန်ကျမှပင် စာရွက်စာတမ်းရောင်းသူ အမျိုးသမီးက မျက်နှာပိုးသတ်ထားသော ရယ်ပြုံးပြုံးမျက်နှာဖြင့် ….
``ဗေဒင်ဟောစာတမ်း မဟုတ်ပါဘူး ညီမတို့ရဲ့ … တက္ကသိုလ်လမ်းညွှန် မြေပုံစာရွက်နဲ့ အတန်းတက် အချိန်စာရင်း စာရွက်တွေ ပါ´´
ဟု ရှင်းလင်းပြောဆိုပြ၏ ။
လမင်းဖြူ ထိုအခါမှ ရှက်စိတ်ပို၍ သူတို့အား နောက်ပြောင်လိုက်သူအား ရန်လိုစွာ ဖြင့် လှည့်ကြည့်လိုက်၏ ။ ထိုသူက ရယ်သံကျယ်ကြီးဖြင့် ရယ်မောရင်း သူတို့အား နောက်ကျောပေး လျှောက်သွားလေပြီ။ ယုဇနက `သေချင်းဆိုးကြီး´ ဟု ခပ်တိုးတိုး ဆဲ၏ ။ ပြီး ပါးစပ်ပွစိပွစိဖြင့် မျက်စောင်းတခဲခဲ ဖြစ်နေချေသေး၏ ။
လက်ထဲကို မြေပုံလမ်းညွှန် ရောက်လာချိန်မှာ တော့ တော် တော် လေး အားရှိသွားကြ၏ ။ လမ်းညွှန်မြေပုံကိုကြည့်လိုက်၊ ဘေးဘီဝဲယာကို ကြည့်လိုက်ဖြင့် နှစ် ယောက် စလုံး ပြည်တွင်း ဖြစ်တိုးရစ်တွေ ဖြစ်နေကြ၏ ။
``ဟဲ့… ယုဇနရဲ့ … တွေ့ လား… ဟိုမှာ ဟိုမှာ T3 လေ…. တို့တက်ရမယ့်အခန်း တွေ့ ပြီဟဲ့´´
လမင်းဖြူ ၀မ်းသာလွန်း၍ ခုန်ဆွခုန်ဆွပင် ဖြစ်မိချေ၏ ။
``မှန်း… အေးဟဲ့… တွေ့ မယ့်တွေ့ တော့ ဒီနားလေးတင်ပဲ…. စောစောက တို့ရှေ့နည်းနည်း ဆက်လျှောက်လိုက်ရင် တွေ့ နေပြီပဲဟ´´
ယုဇနလည်း ၀မ်းသာလွန်း၍ အသံကျယ်ကျယ်ဖြင့် အားပါးတရ တုံ့ပြန်ပြောဆိုမိလေသည်။ ပြီးမှ သူတို့အား ပြုံးစိစိဖြင့် လှည့်ကြည့်ကြကုန်သော ကျောင်းသားအချို့ကို သတိထားမိသွားပြီး လေသံနှိမ့်ကာ….
``ဟဲ့… လမင်း… တို့ပုံစံက တောသားမြို့ရောက်သလို ဖြစ်နေတယ်… ဣနြေ္ဒလေး ဘာတွေ ဆောင်ထားဦး´´
လမင်းဖြူက အားကျမခံ….
``ငါက ဆောင်ထားပြီးသား…. နင့်ပုံကသာ သိသာနေတာ´´
ဟု ခန့်ခန့်ကြီး ဆို၏ ။ ယုဇန မခံချိမခံသာ ဖြစ်သွား၏ ။
``အံမယ်… ညည်းက အမှတ်ကပ်ယူနေပြန်ပြီ…. အတူတူနဲ့ အနူနူချည်းပဲကို´´
``ကဲပါ ထားပါတော့…. သွားမယ် လာ´´
ပြောလည်းပြော၊ သူ့လက်ကိုပါ ဆွဲယူလိုက်သော လမင်းဖြူနှင့် အတူ ယုဇနလည်း T3 ဆီသို့ လျှောက်လာကြ၏ ။ သည်တစ်ခါတော့ နှစ် ယောက် စလုံး ခပ်မှန်မှန်လေးဖြင့် ဣနြေ္ဒရရ လျှောက်လာကြ၏ ။
``ယဉ်ယဉ်လေးကွ…. နှစ် ယောက် စလုံး ယဉ်ယဉ်လေး´´
ထိုချီးမွမ်းသံကြောင့် လမင်းဖြူရော၊ ယုဇနမှာ ရင်ထိတ်ခနဲ ခုန်သွားသည်။ တက္ကသိုလ်မြေ ခြေချတာ ဘာမျှမကြာသေး။ သူတို့အလှကို ဖွင့်ဟချီးကျူးသံတွေ ထွက်ပေါ်လာသည်။ တက္ကသိုလ် စတက်သည့်နေ့မှာ ၀တ်ရမည့်  အ၀တ်အစားအတွက် မည် မျှခေါင်းခြောက်ခဲ့သည်ကို သူတို့ပဲ သိသည်။ တစ်စုံလဲကြည့်လိုက်၊ မှန်ရှေ့ပြေးကြည့်လိုက်၊ လမ်းလျှောက်ကြည့်လိုက်နှင့် မည် မျှ ဗျာများ ခဲ့ရပါသနည်း။ ယခုတော့ ထိုဗျာများ ခဲ့ရကျိုး နပ်ပေပြီ။
နှစ် ယောက် စလုံး အခြားမည် သူ့ကိုမျှ မကြည့်မိရလေအောင် ယဉ်လှပေ့ဟန် ဣနြေ္ဒအပြည့်ဆောင်၍ မျက်လွှာလေးတွေ ချထားပြီး အတန်းထဲသို့ ၀င်ရန်ပြင်လိုက်သည်။ သူတို့၏ အလှကို ချီးကျူးဖွင့်ဆိုလိုက်သော အသံရှင်နှင့် ဘေးချင်းယှဉ်လျက် အနေအထားရောက်ချိန်တွင် ထိုသူကပင်
``ယဉ်ယဉ်လေး ရူးနေတာ´´ဟု ဆိုလိုက်ချေသည်။ ကျန်သူများ တဟားဟား ၀ိုင်းရယ်ကြလေသည်။
လမင်းဖြူရော ယုဇနပါ ခြေလှမ်းတုံ့ခနဲရပ်ပြီး ဒေါသတကြီး လှည့်ကြည့်လိုက်သည်။ ဟင်… သူ… သူ.. သူပါပဲ။ စောစောတုန်းကလည်း သူတို့ကို လူအဟားခံရအောင် ပညာပြခဲ့ပြီးပြီ။ အခုလည်းကြည့်။ လမင်းဖြူ အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ပြီး ထိုသူကို စူးစူးဝါးဝါး ကြည့်လိုက်၏ ။ ယုဇနက လမင်းဖြူလက်ကို မသိမသာ ဆွဲရင်း အတန်းထဲဝင်ဖို့ ပြင်ဆင်၏ ။ တကယ်တော့ ယုဇနကိုယ်တိုင်လည်း ဒေါသထွက်နေပါပြီ။ သို့ပေမယ့် နင်လား၊ ငါလားဆိုလျှင် လမင်းဖြူလို သတ္တိမကောင်း။ ထိုသူ ကတော့ မျက်နှာမင်သေသေဖြင့် ရယ်ကျဲကျဲ ဖြစ်နေသေးသော သူ့အပေါင်းအဖော်များ ဘက် လှည့်၍ စကားကို ဆက်နေပြန်၏ ။
``မင်းတို့ကို ငါ မပြောဘူးလား…. ဒီ တစ်ယောက် က အဝေးကကြည့်တုန်းက မလှဘူးလိုလိုနဲ့´´
လမင်းဖြူ ဒေါသပြေချင်သလိုလို ဖြစ်သွား၏ ။ တကယ်လည်း လမင်းဖြူအနေနှင့် အချိန်များ စွာ ယူပြီး လှပအောင် ပြင်ဆင်ခဲ့ရသည်။ လိုက်ဖက်ရာ အ၀တ်အစားတွေ ကို စိတ်ကြိုက်ရွေးချယ်ခဲ့ရသည်။ ဗိုလ်ချုပ်ဈေးကို ခြေတိုလောက်အောင် လျှောက်ပြီးမှ စိတ်တိုင်းကျ အလှကုန်ပစ္စည်းတွေ ကို မွှေနှောက်ရှာဖွေခဲ့ရသည်။ ပြီးတော့ အဆင်ပြေသည် မထင်မချင်း ဖြီးလိမ်းပြင်ဆင်ခဲ့ရသည် မဟုတ်ပါလား။ မိမိကိုယ်တိုင်ကလည်း နဂိုရှိပြီးသားမို့ နဂိုင်းထွက်လာသည်မှာ လည်း မဆန်းပါ။ ထိုသူဆက်ပြောလာမည့်  စကားသံကို ကြည်နူးစိတ်တစ်ဝက်ဖြင့် ခပ်တည်တည် နားစွင့်နေလိုက်သည်။
``အနားရောက်မှ ရုပ်ဆိုးသွားတယ်´´
``၀ါး ဟား ဟား ဟား´´
``ဟင်… ရှင်… ရှင်´´
လမင်းဖြူ အသားတဆတ်ဆတ် တုန်လာသည်။ ယုဇနပင် တောက်ခေါက်သည်အထိ ဖြစ်လာသည်။ လမင်းဖြူ ထိုသူအား ဆုံးမရန် ရှေ့သို့ ခပ်သွက်သွက် တိုးသွားလိုက်သည်။ ဒေါဝ ဖြစ်လွန်း၍ သာ သူ့ရှေ့ကို တိုးသွားမိသည်။ ဘာလုပ်၍ ဘာကိုင်ရမည် မှန်းလည်း မသိ။ သူ့အပေါင်းအဖော်များ က အခြေအနေ မဟန်ကြောင်း သူ့အား မျက်ရိပ်ပြကြသည်။ လမင်းဖြူ သူ့ထံသို့ ရောက်လုလုတွင် ထိုသူကပင်
``ဟာ.. ဟိုမှာ ဆရာလာပြီဟေ့… ဆရာလာပြီ….. အတန်းထဲ မြန်မြန်ဝင်ကြ… မ၀င်သေးတဲ့လူ ဆရာရိုက်လိမ့်မယ်…. အဲဒီ ဆရာက နာမည် ကြီး အရိုက်ကြမ်းတယ်´´ဟု အော်ဟစ်သတိပေးရင်း အတန်းထဲသို့ ရှေ့ဆုံးမှ ပြေးဝင်လေ၏ ။ ကျန်ကျောင်းသားများ လည်း ကသုတ်ကရက် အတန်းထဲဝင်ကြသဖြင့် တွေ့ ရာခုံမှာ ၀င်ထိုင်လိုက်ရသည်။ ဒါတောင် မိမိက အတန်းထဲကို နောက်အကျဆုံး ၀င်မိသူကဲ့သို့ ခံစားရကာ ကြောက်စိတ်မပြေချင်။ ယုဇနကို မ၀ံ့မရဲရှာသော် အနီးရှိခုံတန်းများ တွင် မတွေ့ ရ။ သူ့ဘေးနားတွင် တွေ့ ရသူ ကတော့ ဟိုသေနာကောင်သာ ဖြစ်တော့သည်။ စောစောက ဒေါသများ ပြန်ထွက်ချင်သလို ဖြစ်လာသည်။ သို့သော် သူက မျက်နှာသေလေးဖြင့် အင်မတန် ရိုကျိုးသည့်အမူအရာပြကာ ခပ်ကုပ်ကုပ်ထိုင်နေသည်။ ဤမျှအပိုးမကျိုး မျက်နှာပြောင်သူပင် သည်လောက်ထိ ငြိမ်ကုပ်နေပုံထောက်လျှင် ယခု အတန်းထဲဝင်လာမည့်  ဆရာမှာ အတော် ဆိုးဟန် တူသည်။ လမင်းဖြူ တွေးကြောက်မိပြန်သည်။ ကြောက်မည် ဆိုလည်း ကြောက်စရာ ကောင်းလောက်သည်။ နှုတ်ခမ်းမွေးကားကား၊ မျက်လုံးပြူးပြူးနှင့် ထောင်ထောင်မောင်းမောင်း ထိုဆရာသည် မျက်နှာပေါက်ကလည်း ဆိုးပါသည်။
``ဒုက္ခပါပဲ…. အတန်းထဲကို ငါ နောက်ဆုံးမှဝင်တာ တွေ့ များ သွားလား မသိပါဘူး…. လူဒီလောက်များ တာ မမှတ်မိလောက်ပါဘူး… ဘုရား ဘုရား…. မမှတ်မိပါစေနဲ့´´
လမင်းဖြူကြိတ်ပြီး သော ကများ နေရသည်။ တစ်ယောက် တည်း ပွစိပွစိဖြင့် တီးတိုးရေရွတ်နေသော လမင်းဖြူ၏ မျက်နှာကို ဘေးမှထိုသူက စေ့စေ့လာကြည့်နေပြန်၏ ။ လမင်းဖြူ ထိုသူကိုသတိပြုမိသွားပြီး ဒေါသတွေ ပြန်ထွက်လာပြန်သည်။ သူ့ကို စူးစူးဝါးဝါး ကြည့်ပြီး ရန်တွေ့ ရန် ပြင်ဆင်လိုက်ချိန်မှာ ပင် ထိုသူ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး….
``မင်္ဂလာပါ ဆရာ´´ဟု ဆိုလိုက်သဖြင့် ကျန်သူများ နှင့်အတူ လမင်းဖြူ ကမန်းကတန်းထပြီး ``မင်္ဂလာပါ ဆရာ´´ဟု ဒရောသော ပါး နှုတ်းခွန်းဆက်သရ၏ ။
``အေး…. မင်္ဂလာပါ… ထိုင်ကြ ထိုင်ကြ´´
``ကျေးဇူးတင်ပါတယ် ဆရာ´´
မျက်နှာပေါက်ဆိုးသလို အသံပြတ်လည်းပြတ်၊ မာလည်းမာသော ဆရာကိုကြည့်ပြီး လမင်းဖြူ ကြောက်စိတ်တွေ ၀င်လာပြန်သည်။ ဒူးပင် တဆတ်ဆတ် တုန်၏ ။ ဆရာက မိမိကိုချည်းပဲ လှမ်းလှမ်းကြည့်နေသည်ဟု ထင်မိသဖြင့် လမင်းဖြူ နေရထိုင်ရခက်ကာ ငိုချင်စိတ်ပင် ပေါက်လာသည်။ ဆရာ ဘာတွေ ပြောနေသည်ပင် မကြားသလို ဖြစ်နေအောင် လမင်းဖြူ အာရုံချောက်ချားနေရသည်။ ပြောရင်းဆိုရင်း ဆရာ မိမိအနားသို့ လျှောက်လာသည်ကို တွေ့ ရသည်။ လမင်းဖြူ မသိမသာ ခေါင်းငုံ့ထားလိုက်သည်။ ယခုမှဆုံဖူးသော လူပေါင်းများ စွာ ရှေ့မှာ ခေါ်ထုတ်ပြီး ရိုက်နှက်မည် ၊ ဗိုက်ခေါက်ဆွဲလိမ်မည် ၊ ထိုင်ထ လုပ်ခိုင်းမည် ဆိုလျှင်လည်း ရှက်ပြီးနေရာတွင် ပင် လဲသေသွားနိုင်သည်။
``မင်းနာမည် ဘယ်လိုခေါ်လဲ´´
ဟော… ဆရာက မိမိနာမည် ကို မေးနေချေပြီ။ ဒုက္ခတော့ တွေ့ ပြီထင်ပါရဲ့ ။
လမင်းဖြူ မျက်နှာငယ်လေးဖြင့် ဆရာ့ကို ကြောင်ကြည့်နေမိ၏ ။
``မင်းနာမည် ဘယ်လိုခေါ်လဲ´´
ဆရာက ထပ်မေးပြန်သည်။ တစ်တန်းလုံး၏ အကြည့်များ မိမိထံ ရောက်လာကြမှန်း လမင်းဖြူ ခံစားမိ၏ ။ ဘေးနားမှ ထိုသူက လမင်းဖြူ၏ လက်ကို လှမ်းကိုင်ရင်း သတိပေး၏ ။
``နာမည် ဘယ်လိုခေါ်လဲလို့ ဆရာမေးနေတယ်… မတ်တပ်ရပ်ဖြေလိုက်လေ´´
လမင်းဖြူ သတိဝင်သွားပြီး ကြိုးစားထရပ်ကာ လက်ကလေးပိုက်လျက် ဖြေ၏ ။ အသံက အနိမ့်အမြင့်မညီ။ တုန်ယင်နေ၏ ။
``လ… လ… မင်းဖြူပါ ဆရာ´´
``ဘယ်သူ´´
``လမင်းဖြူပါ ဆရာ´´
``သြော်… လမင်းဖြူတဲ့လား… ငါ့တပည့်တွေ တော့ကွာ… နာမည် ကလည်း လှသလို… လူကလည်း လှပါပေတယ်´´
ဆရာ၏ ညင်သာပျော့ပျောင်းသော လေသံကြောင့် လမင်းဖြူ မယုံနိုင်သလို ဖြစ်သွားသော်လည်း ရင်မှာ တော့ အနည်းငယ် ပေါ့ပါးသက်သာသွားသည်။ ကြောက်စိတ် ကတော့ ရှိနေဆဲပင်။ ဘေးမှ ထိုသူ၏ သတိပေးသံက ထွက်ပေါ်လာပြန်သည်။
``မင်းကို ဆရာက ချီးကျူးနေတယ်… အမြန် ကျေးဇူးတင်လိုက်လေ´´
``ဟုတ်… ဟုတ်ကဲ့… အမြန်ကျေးဇူးတင်ပါတယ် ဆရာ´´
တစ်တန်းလုံး အတောမသတ်နိုင်အောင် ရယ်ြ ကတော့သည်။ ဆရာကိုယ်တိုင်ပင် ဗိုက်နှိပ်၍ ခွက်ထိုးခွက်လန် ရယ်နေသည်မှာ တော် တော် နှင့် မပြီး။ လမင်းဖြူလည်း သူတို့နှင့်အတူလိုက်ပြီး ရယ်လိုက်ရမည် လား၊ ငိုပဲငိုချလိုက်ရမည် လား။ ဝေခွဲရခက်သော မျက်နှာလေးဖြင့် တစ်တန်းလုံးကို လိုက်ကြည့်နေမိ၏ ။ ထိုအခါမှ မိမိရဲ့ ရှေ့ ခပ်ကျကျ တစ်ဖက်ခုံတန်းတွင် သေနာမ ယုဇနကို တွေ့ ရတော့သည်။ ယုဇနကိုယ်တိုင်ကလည်း သူငယ်ချင်းချင်း ငဲ့ညှာရကောင်းမှန်းမသိ။ အားလုံးနှင့်အတူ မျက်ရည်ထွက်မတတ် ရယ်မောနေသေးသည်။ ဘေးနားမှ ပုဂ္ဂိုလ် ကတော့ သူနှင့်ဘာမျှ မဆိုင်သလို မှင်သေသေနှင့် ထိုင်နေ၏ ။ အတန်ကြာမှ ဆရာလည်း အရယ်ကို ကြိုးစားသတ်ပြီး လမင်းဖြူဘေးမှ ထိုသူအား လက်ညှိုးထိုးနာမည် ခေါ်၍ မတ်တပ်ရပ်ခိုင်းလေသည်။
``ဟို တစ်ယောက် ဘုန်းသုခ…. မင်း ထစမ်းပါဦး´´
``ဟုတ်ကဲ့ဆရာ´´
သြော်… သည်သေနာကောင်ရဲ့နာမည် က ဘုန်းသုခဆိုပါလား။ ဆရာနှင့်သူနှင့် သိကျွမ်းနေကြသည်ကိုးဟု လမင်းဖြူ ကြိတ်တွေးလိုက်သည်။ ဆရာ့လေသံနှင့် အမူအရာကို ကြည့်ရသည်မှာ ဘုန်းသုခ ဆိုသည့်ကောင်ကို အပြတ်တွယ်တော့မည့် သဘော ရှိသည်။ လမင်းဖြူ ကြိတ်ပြီး ၀မ်းသာသွားသည်။ ဆရာ့လက်ထဲတွင် ကြိမ်လုံးပါမလာသည့်အတွက် တင်ပါးကိုတော့ ရိုက်လို့ရမည် မဟုတ်။ ဒါဆိုလည်း အဲဒီ ငတိမျက်နှာကို ဆရာ့လက်သီးကြီးနှင့် (၁၈)ချက်လောက် အနားတမ်း အားရပါးရ ထိုးပစ်လိုက်ပါစေဟု လမင်းဖြူ ကြိတ်ဆုတောင်းမိသည်။ မဖုံးနိုင် မဖိနိုင် မျက်စောင်းပြင်းပြင်းတစ်ချက် ထိုးလိုက်မိချေသေး၏ ။ ဘုရားရေ…. မိမိမျက်စောင်းထိုးတာ ဆရာမြင်သွားပြီ။ ဒုက္ခပါပဲ။ ဆရာက သူ့ကို မျက်စောင်းထိုးသည် ထင်သွားက ခက် ခက်ရချည်ရဲ့ ။ လက်သီးက ဘုန်းသုခဆီ ရောက်ရမည့် အစား မိမိဆီ ရောက်လာရင်… ဘုရား…. ဘုရား….။
``အလကားကောင်… မင်း စာမေးပွဲ ကျပြန်ပြီမို့လား´´
``ဟုတ်ပါတယ်… ဆရာ့တပည့် စာမေးပွဲ ကျပါတယ်´´
``ပထမနှစ် တောင် ကျအောင်ဖြေတယ်လို့ကွာ… မင်း အစ်မက ငါ့ကို သေသေချာချာ အပ်ထားတာ…. မောင်ရယ်…. မောင့်ယောက် ဖ ကျွန်မမောင်လေးကို ဂရုစိုက်ပါနော်ဆိုပြီး သူ့ခမျာ အားကိုးတကြီးနဲ့ သေချာအပ်ထားတာ…. မင်းက ငါ့မျက်နှာကို အိုးမဲသုတ်တယ်ပေါ့လေ´´
``ဒီလိုပါ ဆရာ… ဒီနှစ် စာမေးပွဲအောင်ရင် ဆရာ့ညီမက သူ့ကိုလက်ထပ်ယူရမယ် ပြောပါတယ်… ကျွန်မ မယူချင်တာနဲ့ စာမေးပွဲကျအောင် ဖြေလိုက်တာပါ ဆရာ´´
``၀ါး ဟား ဟား´´
တစ်တန်းလုံး ၀ိုင်းရယ်ကြပြန်သည်။
လမင်းဖြူ ပါးစပ်အဟောင်းသားဖြင့် နားမလည်နိုင်တော့။ ဆရာ့ကိုတစ်လှည့်၊ သူ့ကိုတစ်လှည့်၊ အနီးရှိ ကျောင်းသားများ ကိုတစ်လှည့် အစုန်အဆန် ကြည့်နေမိ၏ ။
``အေး…. ဒါလည်း ဟုတ်တာပဲ… မင်းလို ချောချောကောင်လေးနဲ့ ငါ့ညီမ ခင်သန္တာသက်ချိုပြုံး.. ဆင်ခန္ဓာ ၀က်ကိုယ်လုံးနဲ့က ဘယ်လိုက်ဖက်ပါ့မလဲ… အခု မင်းနဲ့ယှဉ်ရပ်နေတဲ့ ဖြူဖြူသွယ်သွယ် ချောချောလှလှ လမင်းဖြူနဲ့ မင်းနဲ့မှ တကယ်လိုက်ဖက်တာ´´
``ရှင်….´´
``ဟုတ်ပါတယ် ဆရာ…. ဟုတ်ပါတယ်´´
လုံးဝမျှော်လင့်မထားသော စကားကြောင့် လမင်းဖြူ အံ့သြသွားရသည်။ ဆရာ့စကားကို သူက မဆိုင်းမတွ လက်ခံ၏ ။ အတန်းထဲရှိ ကျောင်းသားတစ်ချို့ကလည်း လက်ခုပ်လက်ဝါးတီးပြီး အားပေးကြသည်။ လမင်းဖြူမျက်နှာ နုနုလေးလည်း ပူရှိန်းရှိန်း ခံစားလိုက်ရသည်။ အမြင်ကတ်လောက်အောင် ပြုံးဖြဲဖြဲကြီး ဖြစ်နေသော သူ့မျက်နှာကြီးကို လမင်းဖြူ စိတ်ရှိလက်ရှိ ကုတ်ဖဲ့ချင်စိတ် ပေါက်လာသည်။ ဆရာ့အပေါ် မထွက်ရဲသော ဒေါသတသီတစ်တန်းကြီးကို သူ့အပေါ် ပုံချလိုက်ချင်သည်။
``ရှင် ရှင် ဘာဟုတ်ပါတယ်လဲ…. လူကိုလာပြီး အူကြောင်ကြောင် မလုပ်နဲ့နော်´´
``ဆရာက စေတနာနဲ့ ပြောနေတာ… အမြန်ကျေးဇူးတင်လိုက်လေ ကလေးမရဲ့ ´´
``ဘာလို့တင်ရမလဲ… ဘာလို့တင်ရမလဲ´´
``ဆရာ့ကို သူ ကျေးဇူးမတင်ဘူးတဲ့ ဆရာ´´
ဆရာနှင့် လှည့်ခြောက်လိုက်သဖြင့် လမင်းဖြူ ထိတ်လန့်သွားရပြန်သည်။ ဆရာ့ကို လှည့်ကြည့်တော့ ဆရာ့မျက်နှာထား တင်းနေသဖြင့် လမင်းဖြူ ရင်တုန်ပန်းတုန် ဖြစ်သွားရသည်။
``သူပြောတာ ဟုတ်လား လမင်းဖြူ´´
``မဟုတ်… မဟုတ်ပါဘူး ဆရာ´´
လမင်းဖြူ မျက်နှာငယ်လေးဖြင့် ဆရာ့ကို တောင်းပန်သလို ကြည့်ရင်း စကားကိုဖြေရ၏ ။
``ဒါဆိုလည်း ဆရာ့ကို အမြန်ကျေးဇူးတင်လေကွယ် င့ါတပည့်ရဲ့ ´´
``ဟုတ်ကဲ့ ဆရာ…. အမြန် အမြန်ပါ ဆရာ´´
``ဘာအမြန်လဲ လမင်းဖြူ… အမြန်ယာဉ်ပေါ်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တာကို ပြောတာလား´´
``မဟုတ် မဟုတ်ပါဘူး…. ကျေးဇူးတင်တာကို ပြော… ပြောတာပါ´´
``၀ါး ဟား ဟား ဟား´´
လမင်းဖြူ ထိုင်သာငိုလိုက်ချင်တော့သည်။ မျက်နှာလေးပင် မဲ့တဲ့တဲ့ ဖြစ်နေရှာပေပြီ။ ဘုန်းသုခဆိုသည့် အလွန်မုန်းစရာကောင်းသော သူ ကတော့ မချိုမချဉ် မျက်နှာပေးဖြင့် ကော်လာကို လက်နှစ် ဖက်ဖြင့် ဟန်ပါပါဆွဲတင်းနေချေ၏ ။ ဖြစ်နိုင်လျှင် ထိုမျက်နှာရူးကို စိတ်ရှိလက်ရှိ ကိုင်ဆွဲဆောင့်ပစ်လိုက်ချသည်။ ထိုအချိန်မှာ ပင်….
``ဟေ့… အရှုပ်နှစ် ကောင် ဘာတွေ ဘရုတ်ကျနေတာလဲ´´
ဆိုသည့် တည်ငြိမ်ခံ့ညားသော အသံကြောင့် လမင်းဖြူအားကိုးရာ အားကိုးကြောင်း လှည့်ကြည့်မိသည်။ အသက်လေးဆယ်ဝန်းကျင် ၀၀ခန့်ခန့် လူတစ်ဦးကို တွေ့ ရသည်။ ဆရာတစ်ဦးပင် ဖြစ်လိမ့်မည် ဟု ခန့်မှန်းမိရင်း စိတ်သက်သာရာ ရသလို ခံစားမိသည်။ ယခုရောက်လာသည့် ဆရာကိုတော့ ဘုန်းသုခဆိုသည့်ငရဲရော မျက်နှာပေါက်ဆိုးဆိုးဆရာပါ အတော် ကြောက်ရဟန် တူသည်။ သူတို့အမူအရာတွေ ချက်ချင်း ပြောင်းလဲသွားသည်။ အလုအယက် မျက်နှာချို သွေးနေကြသည်။
``ဟာ… ဆရာ… ဆရာပါလား´´
``မတွေ့ တာကြာလို့ထင်တယ်… တို့ဆရာ ပိုပြီးတောင် ခန့်လာချောလာလိုက်သေးတယ်´´
``ဟေ့ကောင်တွေ ဘာမှ လာဖားမနေနဲ့… မင်းတို့ ဘရုတ်ကျနေတာ ငါ မသိဘူးမှတ်နေလား´´
``မဟုတ်ပါဘူး ဆရာရယ်… ဘာမှ ဘရုတ်မကျပါဘူး´´
``ဘာမဟုတ်ပါဘူးလဲ… မင်းတို့အကြောင်း ငါ ကောင်းကောင်းသိတာပေါ့´´
လမင်းဖြူ လက်ပိုက်မဖျက်သေးဘဲ အခြေအနေကို အကဲခတ်နေမိ၏ ။ အခြားကျောင်းသားများ ကလည်း ပြုံးစေ့စေ့ဖြင့် လှမ်းကြည့်နေကြ၏ ။
``မင်းတို့နှစ် ယောက် စလုံး ဘရုတ်ကျကောင်းလို့ စာမေးပွဲကျသွားတယ် မဟုတ်လား´´
``ဟုတ်… ဟုတ်ပါတယ် ဆရာ´´
``ကဲ… သစ္စာမောင်… မင်းက ဆယ်တန်းမှာ ဆယ်နှစ် နေခဲ့ပြီးပြီ…. တက္ကသိုလ်မှာ ကော တစ်တန်းကို ဘယ်နှနှစ် နေမှာ လဲ´´
``ဒုတိယနှစ် ကစပြီး တစ်တန်းတစ်နှစ် ပဲ နေပါမယ် ဆရာ´´
လမင်းဖြူ ပို၍ အံ့သြသွားရသည်။ ဒါဆိုလျှင် မိမိသွေးပျက်လုမခန်း ကြောက်လန့်ခဲ့ရသော ဆရာဆိုသူမှာ ဆရာအတု ဖြစ်နေချေပြီပေါ့၏ ။ လမင်းဖြူ အံကိုတင်းတင်း ကြိတ်လိုက်မိသည်။ မိမိကို သူတို့ ၀ိုင်းပြီး အရူးလုပ်လိုက်ကြလေပြီ။
``ကဲ… ဘုန်းသုခ ပြောစမ်း… ဒီနှစ် ကော စာမေးပွဲ ထပ်ကျချင်သေးလို့လား´´
``မကျချင်တော့ပါဘူး ဆရာ… ဆရာ့တပည့် ဒီနှစ် အောင်အောင် ကြိုးစားမှာ ပါ´´
``အေးပေါ့… ဒါမျိုး ဖြစ်ရမှာ ပေါ့… ဆယ်တန်းတောင် နှစ် ချင်းပေါက် အောင်လာသေးတာပဲ… တက္ကသိုလ်ရောက်ခါမှပဲ… ဘယ့်နှယ့်ကွာ….´´
``ကျွန်တော် လူပေါင်းမှားသွားလို့ပါ ဆရာ´´
``ဟေ… ဘယ်လို လူပေါင်းမှားသွားတာလဲ´´
``ဆယ်တန်းကို ဆယ်နှစ် လောက်ဖြေပြီးမှ တက္ကသိုလ်ရောက်လာတဲ့ ဦးကျည်ပွေ့.. သို့မဟုတ် ပေလွန်းတေလွန်းအားကြီးကို ပေတရာဘွဲ့ပါရထားတဲ့ ပေတစ်ရာကိုသစ္စာနဲ့ ပေါင်းမိလို့ပါ ဆရာ´´
စောစောက ဆရာအယောင်ဆောင်ထားသူမှာ ဘုန်းသုခစကားကြောင့် မခံမရပ်နိုင် ဖြစ်သွားသည်။ နှုတ်ခမ်းမွေးကြီးများ ထောင်လာကာ ဘုကြည့်ကြည့်နေလေ၏ ။ တစ်တန်းလုံး ရယ်မောသံများ ဖြင့် စည်ဝေသွားပြန်သည်။
``ဘာကွ… မင်း မင်း မင်းကပဲ ပြောရတယ်ရှိသေး… မင်းနဲ့ ပေါင်းမိလို့သာ ငါ ပျက်စီးရတာ … ဆယ်တန်းကို ဆယ်နှစ် ဖြေခဲ့ရတဲ့ ငါ့ရာဇ၀င်အမည်းစက်ကို တက္ကသိုလ်မှာ ပြောင်းပြန်လှန်ဆေးကြောပြီး Ph.D ရတဲ့အထိ တစ်တန်းကို တစ်နှစ် ပဲနေသွားမယ်ဆိုတဲ့ ငါ့အဓိဋ္ဌာန်ဟာ မင်းနဲ့ပေါင်းမိလို့ ပျက်သွားရတာ ကွ´´
``ကဲ… ကဲ.. တော်ြ ကတော့ … ကိုယ့်နေရာကိုယ် ပြန်ထိုင်ြ ကတော့… ဆရာ မောင်မယ်သစ်လွင်လေးတွေ နဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ရင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောရဦးမယ်… ဟုတ်ပြီလား´´
``ဟုတ်ကဲ့ပါ ဆရာ´´
လမင်းဖြူ နေရာမှထိုင်ကာ သူခံခဲ့ရသည်များ ကို တွေးရင်းတွေးရင်း ဒေါသတွေ ကြီးသထက် ကြီးလာမိသည်။ အတန်းရှေ့မှာ ဆရာဘာတွေ ပြောနေသည်ကိုပင် မကြားတစ်ချက် ကြားတစ်ချက်။ ဘေးမှ ဘုန်းသုခဆိုသည့် သရဲပြိတ္တာကောင်က လူလိမ္မာသားသမီး ပီသပြနေသည်။ ဆရာပြောသမျှကို တစ်ချိန်လုံးငြိမ်ပြီး စိတ်ဝင်တစား နားထောင်နေသည်။ သူ့ပုံစံကိုကြည့်ပြီး လမင်းဖြူ တစ်ခုခုလုပ်ပစ်ချင်စိတ် ပေါက်သွားသည်။
``အောင်မယ်လေး…. နာတယ်ဗျ´´
လမင်းဖြူ ဘာလုပ်လို့ လုပ်လိုက်မိမှန်း မသိ။ အော်သံပြဲကြီးကြားမှ မိမိသူ့ခါးကို စိတ်ရှိလက်ရှိ ဆွဲလိမ်ပစ်မိမှန်း သတိထားမိတော့သည်။ ဆရာရော တစ်တန်းလုံးရှိ ကျောင်းသားများ ပါ အော်သံကြားရာ ရုတ်ခနဲ လှည့်ကြည့်ကြသည်။
``မင်း ဘာထဖောက်ပြန်ပြီလဲ ဘုန်းသုခ´´
လမင်းဖြူ စိုးရိမ်သွားသည်။ သူ့ကို အလန့်တကြားလေး ကြည့်နေမိသည်။ သူ သူ ဆရာ့ကို ဘာပြန်ပြောမည် နည်း။ လမင်းဖြူ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိတော့။
``ပု… ပုရွက်ဆိတ်တွေ အင်္ကျီထဲ ဘယ်သူထည့်လိုက်သလဲ မသိဘူး… ၀ိုင်းကိုက်နေကြလို့ပါ ဆရာ… အားပါးပါး နာလိုက်တာ ကျွတ် ကျွတ်´´
ပါးစပ်က ပြောလည်းပြော၊ ခါးကိုလည်း မပြတ်ပွတ်သပ်နေသော မချိုမချဉ် သူ့မျက်နှာကြီးကို လမင်းဖြူ မုန်းလိုက်သည်မှာ မပြောပါနဲ့တော့။
ဆရာက အကြောင်းသိမို့ထင့်။ ဘုန်းသုခကို အတန်းပြင် ထွက်ခိုင်းရင်းနှင့် တစ်တန်းလုံးကိုလည်း အရွှန်းဖောက် သတိပေးလိုက်သေး၏ ။
``ကဲ… ဒါဆိုလည်း အတန်းပြင်ထွက်ပြီး မင်းဒုက္ခ မင်းပြတ်အောင်သာ သွားရှင်း…. ဒီအတန်းထဲက ဘယ်သူ့ကိုမှ ဒုက္ခမပေးရင် ပြီးတာပဲ… အဟမ်း… တစ်တန်းလုံးလည်း သတိပေးလိုက်ဦးမယ်… အဲဒီ နှစ် ကျနှစ် ကောင် ဖြစ်တဲ့ ဘုန်းသုခနဲ့ သစ္စာမောင်တို့နဲ့ ယောင်လို့များ မပေါင်းမိလေနဲ့… ဘိန်းစားနဲ့ပေါင်းမိလို့ ဒုက္ခရောက်ရတဲ့ ရုက္ခစိုးမင်းလို ဖြစ်သွားလိမ့်မယ်…. ဒီကောင်တွေ က ရုက္ခဗေဒဘာသာနဲ့ ဘရုတ်သုတ်ခဘာသာ မှားယူထားတဲ့ကောင်တွေ ´´
``၀ါး ဟား ဟား´´
ဆရာ့စကားကို အားလုံးပွဲကျကုန်လေသည်။ အတန်းထဲတွင် ကျန်ရစ်ခဲ့သည့် ဦးကျည်ပွေ့ခေါ် ပေတစ်ရာကိုသစ္စာခမျာ မချိသွားဖြဲ လိုက်ရယ်မောရင်း ခေါင်းသာတွင် တွင် ကုတ်နေလေ၏ ။
လမင်းဖြူ ကတော့ အားလုံးနှင့်ရောပြီး လိုက်မရယ်နိုင်။ ဘုန်းသုခ ထွက်သွားသည့် အခန်းတံခါးပေါက်ဆီသို့သာ မျက်စောင်းပြင်းပြင်း ထိုးထားလိုက်တော့သည်။
``ခစ် ခစ် ခစ်´´
``အဟင်း အဟိ… အဟိ ခစ် ခစ်´´
စံရိပ်ငြိမ်ရှိ အမျိုးသမီး ဘော်ဒါဆောင်ထဲတွင် ရယ်သံများ စည်ပင်ဝေဆာလျက် ရှိသည်။ ထိုရယ်သံများ ကို အောင့်သက်သက်ဖြင့် နာခံရင်း မရှုဆိတ်နိုင်သူမှာ လမင်းဖြူ တစ်ယောက် သာလျှင် ဖြစ်သည်။ ရယ်သံများ ကျယ်လောင်စေသော အဓိကလက်သည်မှာ အသေအကြေ မုန်းဖို့ကောင်းသော ဘုန်းသုခမှလွဲ၍ အခြားမည် သူမှ ဖြစ်လိမ့်မည် မဟုတ်ပါ။
``တကယ်… ငါ အဲဒီ ဘုန်းသုခဆိုတဲ့ကောင်ကို တစ်သက်မကြေဘူး´´
လမင်းဖြူ မကျေမချမ်း မြည် တွန်ရေရွတ်နေသည်ကို ကြည့်ပြီး သီသီချို၊ သန္တာဦး၊ ၀င်းဝင်းကျော်နှင့် သူဇာတို့ ပြုံးစိစိဖြင့် နေကြသည်။ လက်ဖက်သုတ်ပန်းကန်ကိုယူပြီး စကားဝိုင်းဆီ ၀င်လာသော သက်နုမာက နေရာတွင် မထိုင်အားသေးဘဲ အားလုံးစိတ်ဝင်စားမည့် စကားကို စလိုက်၏ ။
``အဲဒီ ဘုန်းသုခဆိုတဲ့ကောင်က နာမည် ကြီးဟ သိလား… အခု စက္ကင်းယီးယားတက်နေတဲ့ ငါ့အစ်မ တစ်ယောက် ပြောထားလို့ သူ့အကြောင်း ငါ သိနေတာ´´
``ဘယ်လို နာမည် ကြီးတာလဲ´´
ဟု မီးမီးက ခွန်းထောက်မေးရင်း သက်နုမာလက်ထဲမှ လက်ဖက်သုပ်ပန်းကန်အား လှမ်းကဲကြည့်၏ ။ တစ်ဆက်တည်းမှာ ပင်….
``ဟဲ့ မိသက်…. ငရုတ်သီးစိမ်းရော ပါရဲ့ လား´´ ဟု မေးလိုက်သေး၏ ။
မာလာမြင့်က
``ဟဲ့… မိသက်… နင်က ထိုင်ပြီးပြောရင်လည်း ပြောတာမဟုတ်ဘူး´´
ဟု စိတ်မရှည်နိုင်သလိုဆိုရင်း သက်နုမာလက်ထဲမှ လက်ဖက်သုပ်ပန်းကန်ကို လှမ်းယူလိုက်သည်။ ဥမ္မာက ``အေးလေ… ဘာမှန်းလဲမသိဘူး´´ ဟု ရေရွတ်ရင်း မာလာမြင့်လက်ထဲရှိ လက်ဖက်သုပ်ပန်းကန်ထဲမှ လက်ဖက်သုပ်ကို လှမ်းယူစားလိုက်၏ ။
``အေးပါ…. ငါက ပြောချင်လွန်းအားကြီးလို့ လက်ဖက်သုပ်ထဲ ဘာတွေ ထည့်မိလို့ ဘာတွေ ကျန်ခဲ့မှန်းတောင် မသိဘူး´´ ဟု တုံ့ပြန်ပြောကြားရင်း နေရာတွင် ထိုင်ရန်ပြင်လိုက်စဉ်မှာ ပင် အလောတကြီး ပြန်ပြေးလာသော တင်တင်ဝင်းက ``ဟိုဘက်နည်းနည်း တိုး´´ ဟု ဆိုရင်း ပူးပူးကပ်ကပ် ၀င်ထိုင်လိုက်လေ၏ ။
ယုဇနက ``လက်ဖက်သုပ်လေးက ကောင်းသားပဲ´´ဟု ဆိုရင်း နောက်တစ်ဇွန်း ထပ်နှိုက်စားလိုက်ပြန်သည်။
လမင်းဖြူ ကတော့ သူ့အား ကောင်းစွာ ပညာပြခဲ့သော ဘုန်းသုခ နာမည် ကြီးပုံကို သိလိုသော်လည်း စကားလုပ်ပြီး သိပ်မပြောချင်တော့။ အသာပင်မှေး၍ နားစွင့်နေလိုက်သည်။
သူတို့အားလုံး နယ်မှကျောင်းလာတက်ကြသည့် တက္ကသိုလ် ကျောင်းသူလေးများ ပင် ဖြစ်သည်။ ကျောင်းတွင်းဘော်ဒါဆောင် မရသေးသဖြင့် အပြင်ဘော်ဒါဆောင်မှာ ပင် နေထိုင်ကြရင်း တစ်ယောက် နှင့် တစ်ယောက် အချိန်တိုအတွင်း ရင်းနှီးခင်မင်သွားကြသည်။ ယခုလို ညမျိုးဆိုလျှင် မအိပ်ခင် စုဖွဲ့စားသောက်ပြီး ရောက်တတ်ရာရာ စကားပြောဆိုနေတတ်ကြသည်။ သည်နေ့ ကျောင်းစဖွင့်သည့်နေ့မို့ ကျောင်းအကြောင်းက စကားဝိုင်းကို လွှမ်းမိုးနေသည်။ ကျောင်းအကြောင်းထဲမှာ မှ ဘုန်းသုခနှင့် လမင်းဖြူတို့၏ ဖြစ်မှု ဖြစ်ခင်းက နံပါတ်တစ် နေရာကို ယူထားသည်။
``ဒီလိုဟ…. အဲဒီ ဘုန်းသုခဆိုတဲ့ကောင်ကလေ… ဟဲ့… မာလာမြင့် လက်ဖက်သုပ် ပန်းကန်လေးလည်း ငါ့ဘက်လှည့်ပေးပါဦး… ကိုယ်သုပ်ထားတဲ့လက်ဖက် ချဉ်လား၊ ငံလားတောင် မသိလိုက်ဘူး… ကုန်သွားမယ့်သဘော ရှိတယ်´´
သက်နုမာ လက်ဖက်သုပ်ကို အရသာခံ စားလိုက်ပြီးမှ စကားကို ဆက်၏ ။
``သူက ရီပီတာတဲ့ သိလား…. ကျောင်းမှာ သူ ရည်းစားစကား လိုက်မပြောဖူးတဲ့ မိန်းကလေးမရှိဘူး…. မျက်နှာလည်း အရမ်းပြောင်တယ်… အစအနောက်လည်း အရမ်းသန်တယ်´´
``ဟုတ်မှာ … အဲဒါကြောင့် စာမေးပွဲကျတာ နေမှာ ပေါ့´´ ဟု တင်တင်ဝင်းက စကားထောက် ဖြည့်ပေးရင်း တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့်….
``ကျောင်းမှာ သူ ရည်းစားစကား လိုက်ပြောဖူးတဲ့ မိန်းကလေး မရှိဘူးဆိုတာ ဟုတ်ကောဟုတ်ရဲ့ လား´´ ဟူ၍ သံသယစကား ဆို၏ ။ သက်နုမာကလည်း အလျှော့မပေး။
``မဟုတ်ဘဲနဲ့ ဒီသတင်း ငါ့ဆီ ဘယ်ရောက်ပါ့မလဲ´´
ယုဇနက
``ကျောင်းမှာ မိန်းကလေးတွေ ဒီလောက်များ တာ တစ်ယောက် မကျန် ရည်းစားစကား လိုက်ပြောဖို့ဆိုတာ လွယ်တော့ မလွယ်ဘူးနော်´´
သန္တာဦးက…
``သြော်… နင်တို့ကလည်း ဒါ ကတော့ စကားအ ဖြစ် ပြောတာပေါ့… ကျောင်းမှာ ရှိသမျှ မိန်းကလေးတိုင်းကို လိုက်ပြောနေတာတော့ မဟုတ်ဘူးပေါ့… လေးငါးဆယ်လောက်ကို လိုက်ပြောဖူးတယ်ဆိုရင်ပဲ အဲဒီ လို တင်စားပြောလို့ရနေတာပဲဟာ´´
မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ဘာဆက်ပြောရမှန်းမသိ ဖြစ်နေသော သက်နုမာလည်း စိတ်သက်သာရာရပြီး သန္တာဦးစကားကို နင်း၍ အပေါ်စီးမှဆက်ပြော၏ ။
``အေးလေ… နင်တို့ကလဲ… မြန်မာစာ မြန်မာစကားကို ဒါလောက်လေးတော့ နားလည်မှု ပေးကြမှပေါ့ဟဲ့´´
``ဟဲ့… အဲဒီ ထဲက သူ့ကို ဘယ်နှယောက် က ပြန်အဖြေပေးတဲ့သလဲ´´
မာလာမြင့်မေးခွန်းကို အားလုံး စိတ်ဝင်စားသွားကြသည်။ မာလာမြင့်နည်းတူ သူတို့ကိုယ်တိုင်လည်း သိချင်နေကြသည်။ ယုဇနဆိုလျှင် စားမည် ပြင်နေသော လက်ဖက်သုပ်ဇွန်းကို မစားတော့ဘဲ ပန်းကန်ထဲသို့ ပြန်ချလိုက်သည်။ လမင်းဖြူသည်ပင်လျှင် နံရံကို ကျောမှီထိုင်နေရာမှ ခွာလိုက်ပြီး သက်နုမာဆက်ပြေမည့် စကားကို နားစွင့်နေ၏ ။ သည်အခြေအနေကို သက်နုမာ သဘောကျသွားသည်။
``သူလိုက်ပြောတဲ့ ကောင်မလေးတွေ အားလုံးက သူ့ကို ပြန်အဖြေပေးလိုက်ကြတယ်တဲ့´´
``ဟယ်´´
``ဘယ်လို´´
``တကယ်´´
``ဟယ်… အံ့သြစရာကြီးတော့် ´´
အားလုံး အံ့သြသွားကြသည်။ သည်လို ဘရုတ်သုတ်ခကောင်ကို ဘယ်လိုသတ္တိမျိုးတွေ နဲ့ ပြန်ချစ်ရဲ၊ ပြန်ကြိုက်ရဲကြပါသနည်း။ မာလာမြင့်က တွေးတွေးဆဆဖြင့် …
``သြော်… သူက ပေါပေမယ့် ချောတယ်ထင်ပါတယ်´´ ဟု ရေရွတ်လိုက်၏ ။
ဒါကိုပင် လမင်းဖြူ မကျေနပ်နိုင်ပါ။ လုံးဝမကျေနပ်နိုင်ပါ။ မိမိတို့ မိန်းကလေးတွေ ဘက်က နစ်နာသည်။ သည်လိုကောင်ကို ချစ်ကြိုက်မိသည့် မိန်းကလေးအတွက် ဘာအကျိုးထူးမျှ မရနိုင်။ အကျိုးယုတ်ဖို့သာ ရှိသည်။ မိန်းကလေးတွေ ကလည်း ဒါလောက်လေးမှ စဉ်းစားဉာဏ် မရှိကြဘူးလားဟု တွေးတောပေါက်ကွဲနေမိသည်။
``ဟဲ့ ဟဲ့… ဒါဆို ကောင်မလေးတွေ က တစ်ယောက် နဲ့ တစ်ယောက် မသိကြဘူးလား… ဒီလိုလေဟယ်… ဘုန်းသုခဟာ ကိုယ့် တစ်ယောက် တည်းကိုပဲ ရည်းစားထားတာ မဟုတ်ဘူးဆိုတာ မသိကြဘူးလား´´
``မသိဘဲတော့ ဘယ်နေမလဲဟ…. တစ်နည်းနည်း နဲ့တော့ သိသွားကြမှာ ပေါ့´´
အားလုံး အသံတွေ တိတ်ပြီး သက်နုမာ နှုတ်ဖျားဆီသို့ စိုက်ကြည့်နေကြ၏ ။ သူတို့ ပိုပြီး စိတ်ဝင်တစား သိလိုသော အရာကို ပြောမည့် အရေး ကျမှ သက်နုမာက တော် တော် နှင့်မပြော အိုက်တင်ခံနေသည်။
``ဘယ်လိုလဲဆိုတော့ ဒီလိုလေဟာ´´
``ဘာကို ဘယ်လိုလဲ၊ ဒီလိုလဲ လုပ်နေရတာ လဲ… သိရင်လည်း ပြောစမ်းပါ´´
ပြောမည့် အရေး ကို ဝေ့လည်ကြောင်ပတ် လုပ်နေသော သက်နုမာကို ဘယ်သူမှ စိတ်မရှည်ချင်ြ ကတော့။ ထိုအချိန် အိပ်ခန်းထဲမှ ထွက်လာသော အနွှီးက စကားဝိုင်းတွင် ၀င်ထိုင်ပြီး အားလုံးကို တစ်ချက်ဝေ့ကြည့်ချက်….
``အဟင်း…. နင်တို့ကလဲ…. ဘုန်းသုခကို ကောင်မလေးတွေ က ပေးတဲ့အဖြေက ဘယ်လိုအဖြေမျိုးလဲဆိုတာလည်း အရင်မေးကြဦးလေဟာ´´ ဟု ဆိုလိုက်၏ ။ ထိုအခါ အားလုံးကလည်း အလုအယက် လောကြပြန်သည်။
``အေးလေ… ဟုတ်သားပဲ´´
``ဘယ်လိုအဖြေ ပြန်ပေးလိုက်ကြလဲဟဲ့´´
သက်နုမာ မျက်နှာတည်ပေးဖြင့် စကားကို ဆက်၏ ။
``ပြန်မချစ်နိုင်ပါဘူး… လုံးဝပါပဲတဲ့ရှင်´´
အားလုံး ဒေါသတွေ ထွက်သွားကြသည်။ သက်နုမာအပေါ် စုပုံရန်တွေ့ြ ကတော့သည်။
``ဟယ်… သေနာမ… အဲဒါဆိုလည်း အဲဒါပေါ့… တစ်ခါတည်း စောစော မပြောဘူး´´
``အေးလေ… သူပြောတဲ့ပုံက အဆင်ပြေသွားကြသလိုလို ဘာလိုလိုနဲ့´´
``ဟုတ်ပ… သွားသေလိုက်ပါလား မိသက်ရဲ့ ´´
``တို့ ကတော့ လျှောက်တွေးလိုက်ရတာ ခရီးကိုဆုံးရော´´
လမင်းဖြူ သူ့သူငယ်ချင်းကို ကြည့်ရင်း တခစ်ခစ်ရယ်နေလိုက်သည်။ သက်နုမာက ``ဟဲ့.. ဒေါသတွေ နေရာရွေ့နေတယ်… နင်တို့ပေါက်ကွဲရမှာ က ဘုန်းသုခကိုလေဟာ´´ ဟုဆိုရင် သူ့ဘာသာ သဘောကျကာ ပါးစပ်ကို လက်ဝါးနှင့်ပိတ်ပြီး ရယ်နေလေသည်။
ယုဇနက…
``အေးလေ… သူ့လိုကောင်မျိုး ဘယ်သူက စိတ်ဝင်စားမှာ လဲ´´ ဟု ၀င်ပြောရင်း ``ဒါပေမယ့် ချောတော့ ချောတယ်ဟ´´ ဟု မှတ်ချက်ချလိုက်လေသည်။ အနွှီးက…
``စိတ်မ၀င်စားတာတော့ မဟုတ်ဘူးဟ… သူ့လုပ်ပုံတွေ ကိုက မမိုက်တာ´´
ဝင်းဝင်းကျော်က
``ဘယ်လိုမမိုက်တာလဲ´´
အနွှီးက
``မမိုက်တာတွေ ကတော့ အများ ကြီးပေါ့ဟာ… သူကိုယ်တိုင်ကလည်း တကယ်ချစ်လို့ ကြိုက်လို့ လိုက်တာမဟုတ်ဘူးဟ…. အပျော်လို ဖြစ်နေတယ်… မနှစ် ကဆို T4 ထဲက အမြွှာညီအစ်မ နှစ် ယောက် စလုံးကို လိုက်တာဆို ရယ်ဖို့လည်း ကောင်းတယ်… စိတ်ဆိုးဖို့လည်း ကောင်းတယ်´´
အနွှီးစကားကို သူတို့ စိတ်ဝင်စားသွားကြပြန်သည်။
``ကျွန်မတို့နှစ် ယောက် ထဲက ရှင် ဘယ်သူ့ကို ကြိုက်တာလဲလို့ ဟိုကမေးတယ်… သူတို့ထင်တာက ဘုန်းသုကကြိုက်နေတာက သူတို့ညီအစ်မ နှစ် ယောက် ထဲက တစ်ယောက် ကို ကြိုက်နေတယ်… ဒါပေမယ့် ခွဲလို့မရလို့ လူမှားပြီး နှစ် ယောက် စလုံးကို လိုက်ပြောနေတာလို့ ထင်နေတာ… ဟုတ်လည်း ဟုတ်တယ်… သူတို့အမြွှာညီအစ်မ နှစ် ယောက် က ရုပ်ချင်း ဘယ်လိုမှ ခွဲလို့မရဘူး…. သူတို့က အ၀တ်အစား ၀တ်ရင်လည်း ဆင်တူပဲ ၀တ်လေ့ရှိတယ်… အဲဒါ ရှင် ကျွန်မတို့ထဲက ရှင်ကြိုက်နေတဲ့သူ ဘယ်သူဆိုတာ နာမည် နဲ့လူ ခွဲခွဲခြားခြား သိပြီဆိုရင် ရှင့်ကို ပြန်ကြိုက်မယ်လို့ ဆိုပြီးတော့ကို ပြောတာ´´
အနွှီးစကားစကို ခေတ္တဖြတ်ပြီး အားလုံးကို ဝေ့ကြည့်လိုက်သည်။ အားလုံး၏ သိလိုစိတ်ပြင်းပြင်နေသော မျက်လုံးတွေ ကို တွေ့ မှ သဘောကျပြီး စကားဆက်၏ ။
``အဲဒါ သူက ဘာပြန်ပြောတယ် မှတ်လဲ… ကျွန်တော် နှစ် ယောက် စလုံးကို ကြိုက်နေတာပါ… ဒီလောက် ရုပ်ချင်းခွဲမရအောင်တူတဲ့ နှစ် ယောက် ထဲမှာ တစ်ယောက် တည်းကို ရွေးပြီး ချစ်လိုက်ရင် ကျန် တစ်ယောက် ကို အားနာဖို့လည်း ကောင်း၊ နှမြောဖို့လည်း ကောင်းလို့ပါတဲ့လေ´´
``ဟယ်… အဲလိုကို ပြောလိုက်တယ် သေရော´´
``ရယ်ရတယ်… ခစ် ခစ် ခစ်´´
ရယ်သံများ တစ်ယောက် တစ်ခွန်း ကောက်ချက်ချ စကားပြောသံများ ဖြင့် အဆောင်၏ ဧည့်ခန်းမှာ ဆူညံပွက်လောရိုက်သွားလေသည်။ လမင်းဖြူ ကတော့ သည်ကောင့်ကို ပေါင်ဒါဘူးထဲ ထည့်သိပ်လို့ရသည်အထိ စိစိညက်ညက် အမှု န့်ချေပစ်လိုက်ချင်သည်။ မိန်းကလေးများ အပေါ် စာနာငဲ့ညှာရကောင်းမှန်း တန်ဖိုးထားရကောင်းမှန်း မသိဘူး။ ကိုယ်ပျော်ရွှင်လိုမှု တစ်ခုတည်းသက်သက်အတွက် ကိုယ်လုပ်လိုသည့် ကိစ္စရပ်တစ်ခုတည်းအတွက် မိန်းကလေးများ ၏ အရှက်တရားနှင့် သိက္ခာကို စော်ကားဖို့ ၀န်မလေးသူ။ ထိုသူကို မုန်းသည်။ ဘုန်းသုခကို မုန်းသည်။
ယုဇနက
``အဲဒီ ကောင် ကတော့ ယုံပါတယ်… ဒီနေ့ပဲ ကြည့်ပါလား…. လမင်းဖြူကို နှိပ်ကွပ်လိုက်တာ အရမ်းမုန်းဖို့ ကောင်းတယ်´´
လမင်းဖြူက
``မိယုဇန အခုမှ မုန်းနေတယ် ဟုတ်လား… အဲဒီ တုန်း ကတော့ အတန်းထဲမှာ အသံပြဲကြီးနဲ့ လိုက်အော်ရယ်နေပြီးတော့ တစ်ခါတည်း ဘာမှကို အားမကိုးရဘူး… ငါ့မှာ တော့ ငိုချင်စိတ်ကို မနည်းအားတင်းထိန်းလိုက်ရတာ သေမတတ်ပဲ´´
ယုဇနက
``သြော်… သူငယ်ချင်းရယ်… ငါက နင့်သူငယ်ချင်းပဲ…. နင့်ဘက်က နာတာပေါ့.. ဒါပေမယ့် ရယ်စရာတွေ့ ရင်တော့လည်း ဘယ်အောင့်ထားနိုင်မလဲ… ရယ်မိတာပေါ့…. နောက်ပြီး နောက်ပြီး နင်ကိုယ်တိုင်ကလည်း အူကြောင်ကြောင်နဲ့ သူတို့ပြောခိုင်းတဲ့အတိုင်း လိုက်ပြောနေတာကိုးဟဲ့´´
လမင်းဖြူက
``ဒါ ကတော့ဟယ်…. အဲဒီ ဘရုတ်နှစ် ကောင်ပေါင်းပြီး အကြောင်ရိုက်နေတာလည်း ပီပြင်တာကိုးဟဲ့…. အံမယ်… မိယုဇန ညည်းကိုယ်တိုင်ကလည်း ဆယ်တန်းကို ဆယ်နှစ် လောက် ဖြေပြီးမှ တက္ကသိုလ် ရောက်လာတဲ့ ဦးကျည်ပွေ့ကြီးကို ဆရာထင်ပြီး လက်ကလေးပိုက် မတ်တပ်ရပ်ပြီး မင်္ဂလာပါဆရာတွေ ဘာတွေ လုပ်ခဲ့သေးတာပဲ မဟုတ်လား´´
သည်စကားကိုတော့ ယုဇန နည်းနည်း မခံချင် ဖြစ်မိသည်။
``အဲဒါ ကတော့ ငါမှ မဟုတ်ပါဘူး… တစ်တန်းလုံး ခံလိုက်ရတာ … တကယ် ဦးကျည်ပွေ့ဆိုတဲ့ သေနာကြီးလည်း မုန်းဖို့ကောင်းတယ်´´ဟု မကျေမချမ်း ပြောလိုက်မိ၏ ။ အားလုံး တခွီးခွီး ရယ်မိကြပြန်သည်။ မရယ်နိုင်သူက လမင်းဖြူ တစ်ယောက် သာလျှင် ဖြစ်သည်။
အားလုံး ကိုယ့်အိပ်ခန်းအသီးသီး ၀င်ရောက်အိပ်စက်ကုန်ပြီ ဖြစ်သော်လည်း အိပ်ရာထက်မှာ အိပ်မပျော်နိုင်သူမှာ လမင်းဖြူ တစ်ယောက် သာလျှင် ဖြစ်သည်။ သူတို့၏ အိပ်ခန်းလေးတွေ မှာ နှစ် ယောက် တစ်ခန်း ဖြစ်၍ ခုတင်နှစ် လုံး ထားရှိပေးသည်။ တစ်နယ်တည်းသား ငယ်သူငယ်ချင်း နှစ် ယောက် ဖြစ်သည့် လမင်းဖြူနှင့် ယုဇနက တစ်ခန်းတည်း အတူနေကြသည်။ ယုဇန၏ ဖခင်မှာ သာယာဝတီမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာ အရာရှိတစ်ဦး ဖြစ်၍ မိခင်မှာ အငြိမ်းစား အထက်တန်းပြ ကျောင်းဆရာမ တစ်ဦး ဖြစ်သည်။
လမင်းဖြူတို့၏ မိဘများ ကတော့ ကုန်သည်များ ဖြစ်ကြသည်။ ဆီစက်၊ ဆန်စက်ပိုင်သည်။ ပွဲရုံလုပ်ငန်းရှိသည်။ လယ်ယာမြေ တော် တော် များများ လည်း ပိုင်သည်။ သူတို့၏ တစ်ဦးတည်းသော သမီးလေးကို ဖူးဖူးမှု တ်ချစ်ကြသလို သူတို့လိုကုန်သည်တစ်ဦးပင် ဖြစ်လာစေလိုသော ဆန္ဒ ရှိသည်။ သို့သော် လမင်းဖြူ ကတော့ ကုန်သည်ဘ၀ကို စိတ်မ၀င်စား။ သူ၏ အပြင်းပြဆုံးဆန္ဒ ကတော့ တက္ကသိုလ်မှာ ဆရာမ တစ်ဦးအ ဖြစ် ၀င်ရောက် တာဝန်ထမ်းဆောင်လိုခြင်းပင်။
သည့်အတွက် မိဘနှစ် ပါးနှင့် သူမအကြား ဘာပြဿနာမှ မပေါ်ပေါက်ခဲ့ပါ။ မိဘများ က ချစ်သမီးလေးဆန္ဒကို သူတို့၏ ဆန္ဒထက် အမြဲဦးစားပေးပြီးသား ဖြစ်သည်။ ချစ်သမီးလေး မျက်နှာတစ်ချက် မညှိုးစေရေး သည် သူတို့အဓိကထား ထမ်းရွက်ရမည့်  တာဝန်တစ်ရပ်ဟု ခံယူထားသည်။
မိမိပတ်ဝန်းကျင်မှာ မည် သူ့ကိုမဆို အနိုင်ယူဗိုလ်ကျခွင့် အလွယ်တကူ ရရှိထားသော ရွှေမင်းသမီးလေးမှာ ဘုန်းသုခဆိုသည့် ကောင်နှင့်တွေ့ မှ လူးလိမ့်ခံလိုက်ရတော့သည်။
မကျေ…. ဘုန်းသုခကို ဘယ်တော့မှ မကျေ။
တက္ကသိုလ်ကျောင်းသူ အသစ်စက်စက်လေး တစ်ယောက် အနေနှင့် တက္ကသိုလ်စတက်ရသည့် အရသာလေးကို ကျေနပ်ဂုဏ်ယူစွာ ရင်တဖိုဖို ခံစားရမည့် လား အောက်မေ့ခဲ့မိသည်။ အခုတော့…။
``တောက်´´
လမင်းဖြူ တက်တစ်ချက် ကျယ်ကျယ်ခေါက်လိုက်မိသည်။ တက္ကသိုလ်မှာ အသည်းနင့်အောင် ချစ်ရမည့် သူကို တွေ့ မည် ၊ မတွေ့ မည် မသေချာသေးသော်လည်း သေချာသွားသည် ကတော့ တူးတူးခါးခါး မုန်းတီရမည့် သူ တစ်ယောက် ကိုတော့ ကျောင်းဖွင့်ရက်မှာ ပင် တွေ့ ရှိလိုက်ရလေပြီတကား….။
![]() လရောင်အနမ်းနဲ့ ပွင့်တဲ့အိပ်မက် | ![]() ကျွန်တော်နဲ့ မျိုးကွဲအိမ်မက် | ![]() နတ်သမီးချည်တိုင် အလွမ်းမဖောက်နိုင် |