ကျောပိုးအိတ်လွယ်တဲ့ကောင်မလေး
တရူ - ၅၄၄ မေမာန်ဖူးမိုး
''ဟ - ဘယ်လိုနာမည် ကြီးလဲကွ''
''အေးလေကွာ''
ဘာရယ်မဟုတ်။ ကျွန်တော် တို့သူငယ်ချင်းနှစ် ယောက် သိပ္ပံဆောင်ရှိ သုံးထပ်သားပြားတစ်ခုတွင် ကပ်ထားသည့် ကျောင်းဝင်ခွင့်ခုံနံပါတ်စာရင်းများ ကို လိုက်ကြည့်နေရင်း အထက်ပါနာမည် ကိုတွေ့ ရ၍ ဘဝင်မကျစွာ ရေရွတ်မိကြခြင်း ဖြစ်၏ ။ ခုံနံပါတ်နှင့် တွဲ လျက်ရှိသည့်မိန်းကလေးများ နာမည် ကို (နာမည် လှရင် လူလည်းလှမှာ ပဲဟူသည့်အတွေးဖြင့် ) လိုက်ကြည့်နေရင်း မျက်စိက စောစောကနာမည် ဆီရောက်သွားပြန်သည်။
''နာမည် ကလည်း မေမာန်ဖူးမိုးတဲ့ကွာ...ဘယ်လိုစိတ်ကူးနဲ့ ကောက်မှည့်ထားတယ်မသိပါဘူး''
''ထူးရင်ပြီးရောဆိုပြီး စတန့်ထွင်ထားတာနေမှာ ပေါ့ကွာ...မသိရင် ဂျပန်နာမည် လိုလို ဘာလိုလိုပေါ့''
ကျွန်တော့် စကားကို ထောက်ခံဆွေးနွေးလိုက်သော ကျော်တင့်အမြင်ကို ကျွန်တော် သဘောကျစွာ လက်ခံခေါင်းညိတ်မိ၏ ။
''အေး - ဖြစ်နိုင်တယ်...ခေတ်ကာလမိန်းကလေးတွေ ကတစ်နည်းမဟုတ်တစ်နည်းနဲ့ ပေါ်လွင်ချင်တဲ့စိတ်က ကြီးစိုးနေတာ...ငါ့သဘောပြောရရင် ဒီမေမာန်ဖူးမိုးဆိုတဲ့ ဋ္ဌာန်ကရိုဏ်းမကျ ဘာမကျနဲ့...ခေါ်ရတာ ခပ်ထောင့်ထောင့် ဖြစ်နေတဲ့ ခိုးလိုးခုလုနာမည် မျိုးကိုမှည့်ပေးတာ သူ့အဖေလား...ဗေဒင်ဆရာလား...ဘယ်သူပဲ ဖြစ် ဖြစ် လာစမ်းပါဦး...ဒီလောက်နာမည် ပေးတော် တာ ဂုဏ်ပြုချင်လို့ဆိုပြီး ငယ်ထိပ်ကို သုံးချက်လောက်ထုပစ်ချင်...ချင်..''
''ဘာရှင့်''
ကျွန်တော့် စကားပင်မဆုံးလိုက်။ နောက်ကျောဘက်မှ အသံစူးစူးကြီးကြောင့် လန့်ဖျပ်ပြီးလှည့်ကြည့်ရသည်။ အားပါး..ကျွန်တော် အင်မတန်သဘောကျသည့် ချာလီ၏ နတ်မိမယ်များ ဇာတ်ကားမှနတ်မိမယ်တစ်ပါး ဖြစ်သော ဒရူးဘယ်ရီမိုး ကျောပိုးအိတ်လေးလွယ်လျက် မြန်မာပြည်လာလည်သလား မှတ်ရ၏ ။ ကျွန်တော့် အကြည့်ကိုသူမမျက်နှာမှ မခွာတမ်းငေးနေမိသည်ထင်၏ ။
''ဒီမှာ မေးနေတာမကြားဘူးလား...ဘာအူကြောင်ကြောင်ကြည့်နေတာလဲ''
''ဗျာ - ဘာမေးတာလဲ''
''လူကြီးမင်းတို့ ဝေဖန်ရေး လုပ်နေကြတဲ့ နာမည် ကိစ္စ''
ကျွန်တော် နားမလည်နိုင်စွာ ဖြစ်သွားရ၏ ။ ဘယ်လိုသဘောလဲဟူသော အကြည့်ဖြင့် ခေါင်းကုတ်လျက် ကျော်တင့်ကိုမေးထိုးပြလိုက်၏ ။ ကျော်တင့်က ပုခုံးပြန်တွန့်ပြ၏ ။
''နာမည် ဟုတ်လား...ကျွန်တော် တို့ ဘာဝေဖန်ရေး မှမလုပ်ပါဘူး''
''ဘာလို့ဗြောင်ငြင်းတာလဲ...မေမာန်ဖူးမိုးဆိုတဲ့ ဋ္ဌာန်ကရိုဏ်းမကျ ဘာမကျ နာမည် မျိုးပေးတဲ့လူကို ဘယ်လိုဂုဏ်ပြုချင်တယ်ဆိုတာလေ...ကြားချင်လို့ ပြန်ပြောစမ်းပါဦး''
ကျွန်တော် အခြေအနေကိုရိပ်မိသလိုရှိလာ၍ နှစ် ဖက်အင်အားကို ချိန်ဆရသည်။ သည်ဘက်မှာ က အီသီယိုးပီးယားဘော်ဒီမခေါ်သာရုံတစ်မယ် ပိန်ပိန်ပါးပါးနှစ် ယောက် တည်းရယ်။ သူတို့ဘက်က ငါးယောက် တောင်။ အထူးသဖြင့် သူတို့ထဲမှ ဆူမိုနပန်းသမားကဲ့သို့ သော မိန်းကလေးနှစ် ယောက် ၏ မျက်နှာက ကြိုးဝိုင်းပေါ်ရောက်နေသည့်အလား ကြွားကြွားရွားရွားရှိလှသည်။
ပြေးတော့မည် ပြင်နေသော ကျော်တင့်လက်ကို ဖမ်းကိုင်ထားရင်း ကျွန်တော် က ''အဲဒီ နာမည် နဲ့ဒီကနဲ့ ဘယ်လိုပတ်သက်နေလို့လဲ''
ဟု ခပ်တည်တည်မေးခွန်းပြန်ထုတ်လိုက်၏ ။ သို့ သော် မဝံ့မရဲနိုင်လှသည့်အသံနှင့် မျက်နှာကို ကိုယ်တိုင်အားမရ။
''မေမာန်ဖူးမိုးဆိုတာ တို့နာမည် ''
ဟန်အပြည့် မာန်အပြည့်ဖြင့် တစ်လုံးချင်းပြောချလိုက်သော သူ့အသံကြောင့် ကျွန်တော့် ခမျာမှာ ''ဗျာ - ဟုတ်ကဲ့..ဟုတ်ကဲ့''ဟူ၍ သာ ယောင်ရမ်းထွက်ဆိုမိလေသည်။
''ဘာလဲ...အခုမှ ဘာဟုတ်ကဲ့ ဟုတ်ကဲ့လဲ''
ဟု ဝင်ဟောက်လိုက်သော မိန်းကလေးတစ်ဦးအား မျက်နှာချိုသွေးရယ်ပြလိုက်ရင်း သူမဘက်သို့ ပြန်လှည့်ကာ
''သြော် - ဒီလိုပါ...မေမာန်ဖူးမိုးဆိုတဲ့ နာမည် လေးကသိပ်ခေတ်မီပြီး သိပ်လှတာပဲလို့...ဒီလိုနာမည် မျိုးတွေ မှည့်ပေးတတ်တဲ့လူကို တွေ့ ချင်လိုက်တာဆိုပြီး ကျွန်တော် တို့သူငယ်ချင်းနှစ် ယောက် ပြောနေကြတာ''
''တွေ့ ပြီးဘာလုပ်မလို့လဲ''
ဟု မချော တစ်ယောက် က ခြိမ်းခြောက်သံဖြင့် ဝင်ပြောပြန်၏ ။
''ရွာက ဘကြီးဘုန်းကြီးပေးထားတဲ့ ချက်ကြီးဆိုတဲ့ ကျွန်တော့် နာမည် ကို မကြိုက်လို့ပါ...အဲဒါ ခေတ်မီလှပတဲ့နာမည် လေး ဘာလေးပြောင်းရင် ကောင်းမလားဆိုပြီး အဟဲ..အဟဲ''
မေမာန်ဖူးမိုးဆိုတဲ့မိန်းကလေးက တမင်တင်းဟန်ဆောင်ထားသည့် ရယ်မယောင် ခပ်လှောင်လှောင်မျက်နှာပေးဖြင့်
''သြော် - ရှင့်နာမည် က ချက်ကြီးတဲ့လား...ဒါဆို ရှင့်နာမည် ခေတ်မီလှပသွားအောင် ဂျော်နီချက်ကြီးဆိုပြီး ပြောင်းလိုက်ပေါ့ ဟုတ်ပြီလား''
သူမစကားကြောင့် ကျွန်တော့် မှာ ရယ်ရမလို တည်ရမလိုကြောင်အအ ဖြစ်ကာ မျက်နှာကြီးရှုံ့မဲ့သွားရသည်။ တစ်အုပ်စုထဲဝင်အပေါင်းအဖော်မိန်းကလေးများ နှင့် အလိုတူအလိုပါ တဟားဟားရယ်မောနေရင်းမှ ဆူမိုနပန်းသမားသေလို့ ဝင်စားသည့် မိန်းကလေးနှစ် ဦး၏ မျက်နှာ ချက်ချင်း တည်သွားကာ အခုပဲ အလဲဖြိုတော့မည့် အမူအရာမျိုးဖြင့် ရှေ့တိုးထွက်လာရာ ကျွန်တော် တို့လည်း 'အဟဲ'ဟု ရယ်ပြရင်း သုတ်ခနဲလှည့်ပြေးရတော့သည်။ သူမတို့သဘောကျစွာ ရယ်မောကျန်ရစ်ခဲ့လေသည်။
''အဲဒါကြောင့် ပြောတာပေါ့ကွ...ရှေ့ပြောနောက်ကြည့်ဆိုတာ''
ကျွန်တော် က လက်ဖက်ရည်ခွက်ကိုပြန်ချရင်း
''နောက်ကြည့်လည်းသိတာမှမဟုတ်တာ...လူရောနာမည် ရော ဒီနေ့မှသိရတဲ့ဟာ''
''အေး - ဒါလည်း ဟုတ်တာပဲ''
ကျွန်တော့် စကားကို ကျော်တင့်က သဘောတူညီမှု ပြန်ပေးရင်း ဆေးပေါ့လိပ်ဖင်ကို လက်ပတ်နာရီကြိုးဖုံးနှင့် သုံးလေးချက်ဆောင့်လိုက်ပြီး မီးညှိ၏ ။ ထို့နောက် စောစောက အ ဖြစ်အပျက်ကိုပြန်မြင်ယောင်မိဟန်ဖြင့် ပြုံးတုံ့တုံ့လုပ်နေလေသည်။
''ကံကောင်းလို့ ပြေးပေါက်မမှားတာ''
''ပြေးပေါက်မှားတာ မမှားတာ အရေး မကြီးဘူး...ငါတော့ကျောပိုးအိတ်လေးကို ရေလည်ခိုက်သွားပြီ''
''နေရင်းထိုင်ရင်း ဘယ်ကျောပိုးအိတ်ကို ခိုက်ရတာ လဲ''
''မေမာန်ဖူးမိုးဆိုတဲ့ကောင်မလေး ကျောပိုးအိတ်လွယ်ထားတာ မတွေ့ ဘူးလား''
''ကြံကြံဖန်ဖန်ကြိုက်စရာရှားလို့ သူ့ကျောပိုးအိတ်ကိုမှ ခိုက်ရသလား...တောင်းဝယ်ကြည့်ပေါ့...ရမယ်တော့မထင်ဘူး''
''ဟေ့ကောင် - ဝင်္ကဝုတ္တိသဘောနဲ့ ကဗျာဆန်ဆန်ပြောနေတာ နားမလည်ရလောက်အောင် အနုပညာမဲ့လှချည်လား''
''ဘယ်လို''
''ဟုတ်တယ်...မေမာန်ဖူးမိုးကို ငါခိုက်နေပြီလို့ပြောတာ''
''ကြည့်လည်းလုပ်ပါ ဂျော်နီချက်ကြီးရယ်''
''ဟာ - မင်းကလဲ...ဒီနာမည် ကြီးမခေါ်စမ်းပါနဲ့''
အကောင်းပြောနေသည်ကို အရွှန်းဖောက်လိုက်သော ကျော်တင့်အား ကျွန်တော် မကျေမနပ်ကြည့်ကာ ထိုနာမည် ကို ပျာပျာသလဲငြင်းရသည်။ ကျော်တင့် တစ်စုံတစ်ရာကိုစဉ်းစားမိဟန်ဖြင့် ကျွန်တော့် ကို စူးစိုက်ကြည့်ကာ အကြံပေးလေ၏ ။
''ဒါဆို မင်းဒီလိုလုပ်ပါလား...နာမည် ကိုအကြောင်းပြုပြီးမှသူ့ကိုတွေ့ တာဆိုတော့ တူနှစ် ကိုယ်နီးစပ်ရေး မှာ လည်း အဲဒီ နာမည် ကိုပဲ ဆက်လက်အကြောင်းရှာပြီး အကျိုးယူပေါ့''
ကျွန်တော် တစ်ချက်တွေ စဉ်းစားလိုက်ပြီး သဘောပေါက်သွားကာ လက်ဖျောက်တစ်ချက် ခပ်ကျယ်ကျယ်တီးလိုက်ရင်း အူမြူးသွားရသည်။
''ဟား - ဟုတ်ပြီ...ဒါကြောင့် ဟောဒီပညာရှိကြီးကို အားကိုးနေရတာ ...ကဲ ကဲ - အခုလက်ဖက်ရည်ဝိုင်းဖိုး အီဖေကိုယ်ရှင်းလိုက်ပါ့မယ်ဗျား''
စာသင်ခန်းထဲသို့ ဝေ့ဝဲကြည့်လိုက်ရာ အနောက်ဘက်ဆုံးတန်းရှိ စာသင်ခုံတစ်ခုံတွင် စာအုပ်တစ်အုပ်ကို သဲကြီးမဲကြီးဖတ်နေသော သူမကိုတွေ့ ရသည်။ ရှေ့တွင် လည်း စားလက်စအချဉ်ထုပ်တစ်ထုပ်ကိုချထားသေး၏ ။ သူမဖတ်နေသည့်စာအုပ်မျက်နှာဖုံးကိုလှမ်းမြင်လိုက်မှ ဝတ္ထုစာအုပ်မှန်းသိကာ ''အတော့်ကိုကြိုးစားနေတာပဲကိုး...ပညာတွေ အရမ်းထူးချွန်ကုန်မှာ စိုးရတယ်''ဟုတွေးမိရင်းကြိတ်ပြုံးရသေးသည်။ အတန်းအားချိန်မို့ ကျောင်းသား၊ ကျောင်းသူအနည်းအကျဉ်းသာရှိသည်။
''ခဏထိုင်မယ်နော်''
အသံကြား၍ မော့ကြည့်လိုက်ရာ ကျွန်တော် မှန်းသိသွားသဖြင့် ဖတ်လက်စစာမျက်နှာကို လက်ညှိုးနှင့် ခေါက်ညှပ်လိုက်ပြီးစာအုပ်ကိုပိတ်ကာ ပြုံးလေ၏ ။ ထို့နောက်
''သြော် - ဘယ်သူများ လဲလို့...ကိုချက်ကြီးကိုး''
ကျွန်တော် မျက်နှာကြီးရှုံ့မဲ့သွားပြီး မအီမလည် ဖြစ်သွားရ၏ ။ထို့နောက် အလိုမကျသံဖြင့်
''ကျွန်တော့် နာမည် ချက်ကြီးမဟုတ်ပါဘူးဗျာ...အဲ့တုန်း ကပါးစပ်ထဲ ကြုံရာပြောချလိုက်တာ''
သဘောကျစွာ ပါးစပ်ပိတ်ရယ်နေသော သူမဘေးတွင် ခွင့်ပြုချက်မစောင့်တော့ဘဲ ဝင်ထိုင်လိုက်သည်။ သူမက ရှေ့တွင် ရှိသော အချဉ်ထုပ်ကိုလှမ်းယူစားရင်း
''ကဲ - ဆိုပါဦး...လာရင်းကိစ္စက''
''နာမည် ကိစ္စပါ''
''သြော် - နာမည် ပြောင်းချင်လို့လား...ဒါဆို နာမည် အမှည့်ကောင်းတဲ့ ဗေဒင်ဆရာ တစ်ယောက် လိပ်စာရေး ပေးလိုက်မယ်လေ''
ပြောရင်း သူမအသံထွက်အောင်ရယ်နေပြန်လေသည်။ ရှူတည်တည်ကြီး ဖြစ်သွားသော ကျွန်တော့် မျက်နှာက ပို၍ နောက်ပြောင်ချင်စရာကောင်းနေသည်လားမသိ။ သည်အတိုင်းဆို လိုရင်း ရောက်တော့မည် မဟုတ်။ အဟားခံဘဝထဲ နစ်မွန်းသထက်နစ်မွန်းရင်း ရည်မှန်းချက်ပျောက်သွားနိုင်သည်။ ကျွန်တော် စိတ်ကိုတင်းလိုက်ရင်း
''မဟုတ်ပါဘူး...ဒီလိုပါ...ဟိုတစ်နေ့က ကျွန်တော် မမေမာန်ဖူးမိုးနာမည် ရဲ့ အနက်အဓိပ္ပာယ်နဲ့ အကျိုးအကြောင်းကိုသေချာခွဲခြမ်းစိတ်ဖြာ နားလည်နိုင်ခြင်းမရှိဘဲ ဆန္ဒစောပြီး မှားယွင်းစွာ ဝေဖန်ခဲ့မိတာကို တောင်းပန်ချင်လို့ပါ''
''အလဲ - တယ်စာတဲ့ဆိုပါလား''
''မမေမာန်ဖူးမိုးက ကျွန်တော့် ထက် ခြောက်လနဲ့ တစ်ဆယ့်ရှစ်ရက်တိတိငယ်တဲ့ ကြာသပတေးသမီးဆိုတာ ကျွန်တော် သိပြီးပါပြီ''သူမ ပါးစပ်အဟောင်းသား ဖြစ်သွားကာ 'မဆီမဆိုင် ဘာတွေ လာပြောနေပါလိမ့်'ဟု တွေးနေမည် ထင်ရဲ့ ။ ကျွန်တော် က စကားကို ပို၍ လေးနက်သွားစေရန် သံနေသံထားဖြင့် ဆက်ပြော၏ ။
''ကျွန်တော့် တစ်သက် တစ်ဦး တစ်ယောက် ရဲ့ နာမည် ကို ထူးထူးခြားခြားစိတ်ဝင်စားမိတာ ဒါပထမဆုံးအကြိမ်ပါ...စိတ်ဝင်စားမှု ကို ကာယကံရှင်ရှေ့မှာ ပဲ အပေါ်ယံရှပ်ကြည့်ပြီး ထုတ်ဖော်မိလို့အားလည်းနာ စိတ်လည်းမကောင်း ဖြစ်ရပါတယ်...ဒါနဲ့ ဒီနာမည် ကို အဓိပ္ပာယ်မဲ့တော့ မမှည့်တန်ရာဘူးလို့ စဉ်းစားမိတာနဲ့ ကျောင်းသားရေး ရာဌာနသွားပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ မမေမာန်ဖူးမိုးရဲ့ မွေးသက္ကရာဇ်ကို စုံစမ်းကြည့်တာ''
''အလိုတော် စပ်စပ်စုစု''
သူမ အလိုမကျရေရွတ်၏ ။
''အဲဒီ မွေးဖွားတဲ့ ခရစ်သက္ကရာဇ်နဲ့ ကောဇာသက္ကရာဇ်ညှိကြည့်ပြီး ဘုတ်တိုင်တွေ ဘာတွေ ထူ...နောက်ပြီး ကျမ်းပေါင်းရှစ်ကျမ်းနဲ့ ဂြိုဟ်ခွင်တွေ ပါမကျန် ချိန်စက်တွက်လိုက်တော့...အားပါးပါး - တကယ့်ကို ထူးထူးရှားရှားဇာတာရှင်ပဲ''
သူမ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်လျက်ရှိ၏ ။
''မမေမာန်ဖူးမိုးက အထွန်းဘွားဗျ သိလား...ရှေးဖူးစာကံထူးလို့ တိုင်ဦးပါတဲ့မွေးနံပါဆိုတဲ့အတိုင်း လူက အထွဋ်အထိပ်ရောက်ဦးမှာ ...ပညာရေး ကလည်း သိုက်ထဲရောက်နေလေတော့ ဘွဲ့တွေ တစ်ဘွဲ့ပြီးတစ်ဘွဲ့ရဖို့ရှိတယ်''
ပြောရင်း ကျွန်တော့် မျက်လုံးက သူမ၏ ဖတ်လက်စဝတ္ထုစာအုပ်ဆီ ရောက် ဖြစ်အောင်ရောက်သွားလိုက်သေး၏ ။
''ပညာတော် သင်အတွက် နိုင်ငံရပ်ခြားဆို ခဏခဏသွားရလွန်းလို့ ညည်းတောင်ယူရမယ်...ရာဇနက္ခတ်နဲ့ယှဉ်ပြီး ကြီးပြင်းတာကြောင့် မင်းစိုးရာဇာ ကြီးကြီးပိုင်းကို ဖြစ်လိမ့်ဦးမယ်...နောက်ပြီးနောက်ပြီး မေထုံ ကရကဋ်...မိစ္ဆာ ပြိတ္တာ...အဲ အဲ..''
ဟိုက် - ဒုက္ခပဲ။ ဟိုကောင် ဗေဒင်လက္ခဏာရူး မောင်မောင်လတ်သင်ပေးလိုက်တဲ့ အခေါ်အဝေါ်တွေ ရော ဟောစာတမ်းတွေ ပါမေ့ကုန်ပြီ။ မထူး။ ဆက်၍ လှိမ့်ရုံသာရှိတော့သည်။
''အဲဒါတွေ အားလုံးကောင်းတယ်...ပိုကောင်းသွားစေတာက ဖွားရာဇာတာနဲ့ယှဉ်ပြီးပေးထားတဲ့ နာမည် ကြောင့် ပဲ...နာမက္ခရကိန်းစဉ်အရ နာမည် က ကြာသပတေးနံတွေ ချည်းပဲဆိုတော့ ဂျူပီတာဂြိုဟ် လေးထပ်ကွမ်းလောက် စွမ်းအားကြီးတယ်...နောက်ပြီးတော့နာမည် တစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ရော အတွဲ လိုက်ရဲ့ အဓိပ္ပာယ်ရောနက်ရှိုင်းကျယ်ပြောပြီး သိပ်အားပါတယ်...မေလဆိုတာကလည်းနွေနဲ့မိုးတို့စစ်ခင်းတဲ့လ...အဲဒီ မှာ ဘွားခနဲသွားတွေ့ လိုက်ရတဲ့ မေလရဲ့ အားမာန်သတ္တိဟာ အဖူးအငုံအနေနဲ့ မိုး..မိုး...''
''ကဲ - ဒီလောက်ဆိုတော် ပါပြီ...အခု လူကြီးမင်းရဲ့ ဟောစာတမ်းတွေ အတွက် ဘယ်လောက်ပေးရမလဲ''
လက်နှစ် ဖက် ကွေးချည်ဆန့်ချည်ဖြင့် သရုပ်ပါပါပြောဆိုနေမှု သည် သူမ၏ ဟန့်တားမှု ကြောင့် ကားစက်ရှိန်ကိုမြှင့်လိုက်ပြီးကာမှမီးပွိုင့်ကပ်မိခံလိုက်ရသည့်နှယ် ခံစားလိုက်ရသည်။
''မလိုပါဘူး''
ခပ်ဆတ်ဆတ်ပြန်ပြောလိုက်သော ကျွန်တော့် ကို သူမက မချိုမချဉ်မျက်နှာဖြင့် ကြည့်ရင်း
''ယူ လက္ခဏာကောကြည့်တတ်သလား''
သူမ၏ ကောက်ကာငင်ကာအမေးကြောင့် ကျွန်တော် ဘာဖြေရမှန်းမသိ။ ယောင်ပေါင်ပြီး ခေါင်းညိတ်ပြလိုက်မိသည်ထင်၏ ။
''ဒါဆို ကျေးဇူးပြုပြီး ကြည့်ပေးပါလား''
ပြောပြောဆိုဆို ကျွန်တော့် မျက်နှာရှေ့၌ လက်ဖဝါးနှစ် ဖက်ထိုးဖြန့်ပေးလေ၏ ။ သည်လိုပုံကြုံမယ်မှန်း ကြိုသိခဲ့ရင် မောင်မောင်လတ်ဆီမှာ အနီးကပ်သင်တန်းတက်ခဲ့ပါရဲ့ ။ ကျွန်တော် ကြံရာမရ ဖြစ်ကာ သူမ၏ လက်ဖဝါးတွေ ကိုသာ ကြောင်ကြည့်နေမိသည်။
လှလိုက်သည့်လက်ကလေးတွေ ။ တင်းပြည့်ဖူးစိုကာ ချောမွတ်နုနယ်သည့် လက်ဖဝါးပြင်ပေါ်က အရေး အကြောင်းလေးတွေ ကအဓိပ္ပာယ်ပြည့်ဝသည့် ပန်းချီကောက်ကြောင်းလေးတွေ ရယ်လို့ ခံစားသိ သိနေလေရဲ့ ။ နူးညံ့သွယ်ပြောင်းတဲ့လက်ချောင်းလေးတွေ နဲ့သာကျွန်တော့် ဆံပင်ကို ထိုးဖွသပ်တင်ပေးမည် ဆိုပါလျှင် ကမ္ဘာကြီးရုတ်ချည်းပြားသွားမည့် အရေး ကြုံနေတာတောင် အရေး မဟုတ်။ကျွန်တော့် သဘော ကတော့ လက္ခဏာဗေဒင်ဆရာများ ၏ ကြော်ငြာတွေ ထဲတွင် ခတ်နှိပ်ဖော်ပြထားသကဲ့သို့ လက်ဝါးပြင်ကို မိတ္တူကူးပြီးကျွန်တော့် အိမ်ဧည့်ခန်း၌ မှန်ဘောင်သွင်း ချိတ်ဆွဲထားလိုက်ချင်သည်။
''ဟောတော့လေ...ဘာလို့ ဒီလောက်အကြာကြီးကြည့်နေရတာ လဲ''
''သြော် - အင်း...ဟို အရေး ကြီးတဲ့မြှုပ်ကွက်တွေ ရှာနေလို့ပါ''
ကျွန်တော် အင်္ကျီအိတ်ကပ်ထဲမှ ဘောလ်ပင်ကိုဆွဲယူလိုက်ပြီး လက်ဖဝါးပြင်ရှိလမ်းကြောင်းနှင့် ဂြိုဟ်ခုံများ ပေါ်ထောက်ကာထောက်ကာဖြင့် ကြားဖူးနားဝရှိတာတွေ ရော၊ မရှိတာတွေ ရောပါးစပ်ထဲ တွေ့ ရာရွတ် ၍ ဟောတော့သည်။
''ရာဟုဂြိုဟ်ခုံမှာ ရာဇမတ်ကွက်ပါတဲ့အတွက် ဥပစ္ဆေဒကကံလို့ခေါ်တဲ့ အ ဖြစ်ဆိုးနဲ့သေခြင်းမျိုး ဘယ်တော့မှမကြုံရဘူး...တနင်္လာဂြိုဟ်ခုံမှာ ကြယ်ပွင့်ပါတဲ့အတွက် ပညာရေး မဟားဒရားအကျိုးပေးမယ်...အာယုဘောဇနလမ်းကြောင်း ရှည်တဲ့အတွက်အသက်ရှည်ရှည် ကျန်းမာစွာ နေရမယ်တဲ့...Óဏလေညာရပ်လမ်းကြောင်းက ဖြာထွက်သွားတဲ့ အာဝါဟလမ်းကြောင်းဟာ စနေဂြိုဟ်ခုံမှာ ရှိတဲ့ ဝိဝါဟလမ်းကြောင်းကို သွားဦးခိုက်တဲ့အတွက် အိမ်ထောင်ဖက်ကောင်းနဲ့ မလွဲမသွေတွေ့ ရလိမ့်မယ်''
''ဆရာ့ဖောကိန်းတွေ ကလည်း ကောင်းတာတွေ ချည်းပါပဲလား''
''အန် - ဖောကိန်းမဟုတ်ပါဘူး...ဟောကိန်းပါ''
''ထားပါလေ...အခုလိုမေးနေတာ ဗေဒင်လက္ခဏာကို ယုံကြည်လို့ မေးနေတာလို့ထင်လား''
''မဟုတ်..မဟုတ်ဘူးလား''
''မဟုတ်ဘူး...ယူ့စိတ်ကို စာမေးပွဲစစ်လိုက်တာ''
''စိတ်ကို စာမေးပွဲစစ်လိုက်တာ ဟုတ်လား''
''အင်းပေါ့...လက္ခဏာကြည့်ခိုင်းတာကို ပိုင်ပြီဆိုပြီးအခွင့်ကောင်းယူ လက်ကိုင်လို့ ကတော့ ကျောပိုးအိတ်နဲ့ထုပစ်မယ်ဆိုပြီး ကြံစည်ထားတာ''
ဘုရား..ဘုရား...တော် ပါသေးရဲ့ ။ ကံသီပေလို့။ အိတ်ထဲလည်း ဘာစာအုပ်တွေ ဘယ်လောက်တောင်ထည့်ထားတယ် မသိ။စည်းစည်းပိုးပိုးကြီး။
''တခြားယောက်ျားလေးတွေ ဆို မိန်းကလေး တစ်ယောက် အပေါ် ဘယ်လိုအခွင့်အရေး ယူရမလဲပဲ ချောင်းနေတာ...ယူကတော့ ဒါမျိုးမဟုတ်ဘူး...ရိုးသားတယ်''
အမလေး လေး...တကယ့်ကို ကံကောင်းလို့ပါလား။အမှန်ဆို သူ့လက်နှစ် ဖက် ကျွန်တော့် ရှေ့ရောက်လာကတည်းက ဖျစ်ညှစ်ဆုပ်ကိုင်လိုက်ချင်တာမှ အသည်းကိုယားလို့ရယ်။ ကောလိပ်ဂျင်ဇာတ်ကားကားထဲက ကိုသိန်းဖေထက်ပင် ဆယ်ဆပိုလိုက်ချင်သေး။ကိုင်ရကောင်းနိုးနိုး၊ မကိုင်ရကောင်းနိုးနိုးနှင့် နိုးတွေ ဖောင်းပွပြီးကြောက် စိတ်ပိုလျက် ဘောလ်ပင်လေးကို ကြားခံပစ္စည်းအ ဖြစ်မချင့်မရဲထားလိုက်ရလေသည်။ ဤသည်ကို သူမသာသိလျှင်မည် သို့ တုံ့ပြန်မည် မသိ။ အခုတော့ စိုင်ကော်လို့ ခြုံပေါ်ရောက်ဆိုတာမျိုး ကျွန်တော့် လာအကျိုးပေးနေပါရောလား။
''ဒါကြောင့် ယူ့ကို တို့ရဲ့ ပထမဦးဆုံးနဲ့ အရင်းနှီးဆုံးသော ယောက်ျားလေးသူငယ်ချင်းအ ဖြစ် စာရင်းသွင်းအောင်မှတ်ပေးလိုက်ပြီ''''တကယ်''
ကျွန်တော့် နားပင် ကျွန်တော် မယုံကြည်နိုင်။ သူမကပြုံးလျက်ခေါင်းအသာညိတ်ပြ၏ ။ ကုသိုလ်ကံများ အကျိုးပေးလာပြန်တော့လည်း ချက်ချင်း ။ မောင်မောင်လတ်ဟောထားတဲ့ မမျှော်လင့်ဘဲ စုပ်တွေ ၊ လာဘ်တွေ ဝင်မည် ဆိုတာ မှန်နေပြီလားမသိ။
ကျွန်တော် ၏ နည်းဗျူဟာသည် မျှော်လင့်ထားသည်ထက်ပိုမိုလွယ်ကူအောင်မြင်ခဲ့ကြောင်း ကျေနပ်အားရစွာ သုံးသပ်မိခဲ့သည်။သို့ ရာတွင် ထိုသုံးသပ်ချက်သည် မှားယွင်းနေကြောင်း တစ်စတစ်စနဲ့သိလာရ၏ ။ ကျွန်တော့် အနေအထားမှာ အမြင်လှပြီး အကြည့်ခက်၊တိမ်မယောင်နဲ့နက်ဟု ဆိုရမည် သာ။
သူမ၏ အရင်းနှီးဆုံးသော ယောက်ျားလေးသူငယ်ချင်းအ ဖြစ်စတင်သတ်မှတ်ခံရသည့်နေ့က ကျွန်တော့် မှာ ပျော်လိုက်တာဖြင့် ဘယ်အရာနှင့် မှ သာဓကမပြုနိုင်။ ပထမအဆင့်အောင်မြင်မှု အတွက်ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြုပွဲကျင်းပနေရင်း ရှုံးနိမ့်နေကြောင်းတွေ့ မြင်လာရ၏ ။
ကျွန်တော့် နှလုံးသားကို တင်ကြိုထူးခတ်ထားသည့် 'ယူကတခြားယောက်ျားလေးတွေ လို အခွင့်အရေး မယူတတ်ဘူး...ရိုးသားတယ်'ဟူသော သူမ၏ စကားကို တတ်နိုင်သလောက်နာကျည်းနေမိတော့သည်။
ကျွန်တော့် မှာ သူ့ညွှန်းချက်နှင့် ပြည့်မိကိုက်ညီလေအောင်မရိုးမသားနှင့် ရိုးသားပြနေလိုက်ရတာ ကြာတော့ ကိုယ့်ကိုယ်ကိုယ်တောင် အမြင်ကတ်လာသည်။ တကယ်ဆို သူမသိဖို့ကောင်းသည်ပဲ။ယောကျာ်းလေး တစ်ယောက် မိန်းကလေး တစ်ယောက် ထံ တစ်နည်းနည်းဖြင့် ချဉ်းကပ်ဝင်ရောက်လာပြီဆိုကတည်းက။ ခက်သည်ကသူမတကယ်မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလားဆိုသည်ပင်။ သို့ ပေမယ့် သူမမသိဆိုသည်မှာ မ ဖြစ်နိုင်။ အဘယ်ကြောင့် ဆိုသော် ဤမိန်းကလေးမှာ ခေသူမဟုတ်သော ကြောင့် ...။
ဒါဖြင့် မသိချင်ယောင်ဆောင်နေခြင်းသာ ဖြစ်ရပေတော့မည် ။ မသိချင်ယောင်ဆောင်နေခြင်းဖြင့် အကြောင်းနှစ် ရပ်ရှိနိုင်၏ ။တစ်ကြောင်းက ကျွန်တော့် ကိုဆန်းစစ်နေခြင်း ဖြစ်ပြီး၊ တစ်ကြောင်းကကျွန်တော့် အပေါ်စိတ်ဝင်စားမှု မရှိနိုင်၍ သာ။
သူမ ကျွန်တော့် အပေါ်တွင် မေတ္တာသက်ဝင်စိတ် ရိုးတိုးရိပ်တိတ်လေးများ ရှိလေမလားဟု အကဲစမ်းဖူး၏ ။ သူမရှေ့တွင် ဆေးလိပ်တစ်လိပ်ပြီးတစ်လိပ် မီးခိုးတထောင်းထောင်းထွက်အောင်သောက်ပြ၏ ။ ဝတ္ထုတွေ ၊ ရုပ်ရှင်တွေ ထဲမှာ ရော၊ ပြင်ပသမီးရည်းစားလောကမှာ ပါ ချစ်သူယောက်ျားလေး ဆေးလိပ်သောက်ခြင်းကို ချစ်သူမိန်းကလေးက မေတ္တာစိတ်ဖြင့် ပိတ်ပင်တားမြစ်လေ့ရှိကြောင်း ကြားဖူးနားဝရှိ၏ ။ ကျွန်တော့် မှာ သာ ချောင်းတဟွတ်ဟွတ်ဆိုးလာသော်လည်းသူမထံမှ ကျွန်တော် ကြားချင်သော စကားကို မကြားရ။ မကြားချင်သော စကားကိုသာ ကြားရ၏ ။
''ယူ ဆေးလိပ်အဲလောက်ကြိုက်တတ်ရင် တို့အသိဆေးလိပ်ခုံပိုင်ရှင်သမီး တစ်ယောက် ရှိတယ်...နောက်နေ့ကျ မိတ်ဆက်ပေးမယ်...စိတ်ကူးမလွဲနဲ့ သိလား''
ကြည့် - ဘယ်လောက်များ မေတ္တာပျက်ဖို့ကောင်းသလဲဆိုတာ။ သည်ကကောင်ရဲ့ အချစ်အရင့်အမာကြီး ဘယ်နားသွားထားရမှန်းမသိတော့။ စစ်ကြေငြာပြီးမှ တပ်ရုပ်သိမ်းနေရသည့် ကမ္ဘာ့ရှုခင်းပေါ်က လူသားတစ်ဦးအ ဖြစ် အားလုံးကဝိုင်းသရော်ြ ကတော့မည် ။ကြာတော့ ကျွန်တော့် ခမျာ စိတ်ထောင်းလို့ကိုယ်ကြေကိန်းဆိုက်လာ၏ ။ သူမနှင့် တွေ့ တိုင်းပဲ ရိုးသားမှု တွေ ပြရလွန်းလို့ အပေါင်းအဖော်များ ကတောင် မေးငေါ့လှောင်ပြောင်ကြပေပြီ။ တစ်ခါကမျက်နှာလိုမျက်နှာရဖြင့် (အပေါင်းအသင်းများ အထင်ကြီးစေရန်လည်းပါသည်) လမ်းအတူလျှောက်နေရင်း ''ကျောပိုးအိတ်ကြီးထဲစာအုပ်တွေ ဒီလောက်အများ ကြီးထည့်ထားတာ လေးမှာ ပေါ့...တို့လွယ်ပေးမယ် ပေးလေ''ဟုဆိုသော အခါ သူမက ''တို့ချစ်သူကလွဲပြီးဒီ ကျောပိုးအိတ်ကို ဘယ်သူ့မှပေးမလွယ်ဘူးလို့ ဆုံးဖြတ်ထားတယ်''ဟုအားမနာတမ်းငြင်းပယ်ဖူး၏ ။ (ကျွန်တော့် အနေအထားက ဤမျှလောက်အားရစရာကောင်း၏ ။)
ရုပ်ရှင်သွားကြည့်ရအောင် အဖော်ခေါ်သော နေ့ကဆို ရုပ်ရှင်ရုံထဲမှ ကျွန်တော့် အ ဖြစ်ကိုမြင်စေချင်သည်။ ထိုင်ခုံလက်ရန်းပေါ်လည်းလက်မတင်ရဲ။ မတော် တဆ လက်ချင်းထိမိသည်ကိုပဲ သူ့လက်ကိုကိုင်ဖို့ကြိုးစားပါသည်ဆိုပြီး လူလည်ခေါင် ကျောပိုးအိတ်နဲ့ထတီးနေမှဒုက္ခ။ မျက်နှာလည်း သူ့ဘက်လှည့် စကားမပြောရဲ။ တော် ကြာသူ့ကိုနမ်းဖို့ကြိုးစားပါသည်ဆိုပြီး တစ်ခုခုထလုပ်မှဖြင့် ခက်ပေတော့မည် ။ ကျွန်တော့် မှာ ရုပ်ရှင်ပိတ်ကားတည့်တည့်သာ မျက်နှာမူထားလျက် လက်ပိုက်မဖျက်ရဲဘဲ ရုပ်ရှင် မပြီးမချင်းဒုက္ခခံနေရတော့သည်။
ဒီအ ဖြစ်အပျက်ကိုသိသော အပေါင်းအသင်းများ က ကျွန်တော့် ကို ငတုံးငအဟု အားမလိုအားမရဆိုကြ၏ ။ မိန်းကလေး ဖြစ်သူက ရုပ်ရှင်အတူကြည့်ဖို့ခေါ်ကတည်းက မီးစိမ်းပြအချက်ပေးလိုက်သည်ကို သိဖို့ကောင်းသည်တဲ့။ တကယ်ဆို သူတို့ပြောသလောက်ကြီးကျွန်တော် မအမှန်းကို သူတို့လည်းသိကြပါသည်။ ခက်သည်က ခန့်မှန်း၍ မရနိုင်စွမ်းသော သူမ။
ကြည့်လေ။ မနေ့က မြေနီကုန်းမှာ ရှိတဲ့ သူ့သူငယ်ချင်းတစ်ယောက် နေထိုင်မကောင်းတာကို သတင်းမေးပြီး ကျောင်းပြန်အလာသူလုပ်လိုက်ပုံက။ ဘတ်စ်ကားဂိတ်ရောက်လို့ အသင့်ထိုးရပ်ထားတဲ့အထူးဘတ်စ်ကားတစ်စီးပေါ်လည်းတက်ရော ကိုရွှေစပယ်ယာတို့ထုံးစံအတိုင်း(မိန်းကလေးများ ဆိုလျှင်) နောက်ကျောကို လက်နှင့် တွန်းတင်ပေးဖို့ပြင်ပါလေရော။ သည်မှာ တင် မရွှေချောတုန့်ပြန်လိုက်ပုံက ကျွန်တော် ဘယ်လိုကြားဝင်ရမှန်းမသိတော့။
ခြေနင်းခုံပေါ် ခြေထောက်နှစ် ဖက်ရောက်သည်နှင့် ကိုယ်ကိုတစ်ပတ်ပြန်လှည့်ပြီး လက်နှစ် ဖက်ကိုကာလျက်အနေအထားဖြင့်
''နေ..နေ အလကားနေရင်း စေတနာမပိုချင်နဲ့...ကားလည်းရပ်ထားတယ်...လူလည်းချောင်တယ်...ကျွန်မလည်းကိုယ်လက်အင်္ဂါချို့တဲ့နေတာမဟုတ်ဘူး...ကိုယ့်လက် ကိုယ့်ခြေနဲ့တက်နိုင်ဆင်းနိုင်တယ်''
သူမစကားကြောင့် ကားတံခါးပေါက်အနီးဝန်းကျင်မှ ခရီးသည်များ သဘောကျစွာ ရယ်မောကြလေ၊ စပယ်ယာမှာ မျက်နှာပျက်လေဖြင့် 'မောင်းဆရာရေ...နောက်ကားပါတယ်'ဟုသာ ကြုံးအော်နိုင်တော့၏ ။ သူမ ကတော့ မျက်နှာထားခပ်တည်တည်ဖြင့် လွတ်နေသော နှစ် ယောက် တွဲ ထိုင်ခုံတွင် ဝင်ထိုင်ရင်း ကျွန်တော့် ကိုလည်း သူမဘေးတွင် ဝင်ထိုင်ရန် မေးငေါ့အသိပေးလိုက် သေး၏ ။
သူမကား မိန်းကလေးထဲကမိန်းကလေးမဟုတ်သည်မို့ကျွန်တော် လွယ်လွယ်မစွန့်စားရဲပါ။ ကျွန်တော့် ကိုလည်း ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေအပေါင်းအသင်းအ ဖြစ်သာ ပြောဆိုဆက်ဆံနေလေရာ ကျွန်တော့် အနာဂတ်မျှော်လင့်ချက်မှာ မှိန်သထက်ကွယ်လာသည်ဟု ခံစားနေရသည်။
သည်လိုနှင့် နောက်ဆုံးနှစ် စာမေးပွဲကြီးပင် နီးလာပေပြီ။ကျွန်တော့် အခြေအနေက ဘာမျှတိုးတက်မှု မပြ။ တစ်ခါတွင် သူမက''ဘယ်လိုလဲ...စာမေးပွဲနီးနေပြီ...ဖြေဖို့ အဆင်သင့် ဖြစ်ပြီလား''ဟု မှတ်မှတ်ရရမေးလာလေ၏ ။ ကျွန်တော် က အခြေအနေကိုအလွတ်မပေးဘဲ စိုးရိမ်စိတ်နှင့် ယှဉ်လျက်ရှိသော ချစ်ခြင်းမေတ္တာတရားကို သူမထံမှ အမိဖမ်းရန်ဟူသော အကြံဖြင့်
''ဖြေနိုင်မယ်မထင်ပါဘူး...အတန်းပျက်တာကလည်းများ ...ပရက်တီကယ်ကလည်း မမှန်...နုတ်စ်ကလည်းမစုံဆိုတော့...''ဟု စိတ်ပျက်လက်ပျက်အားလျော့ကြေကွဲသော အမူအရာ၊သံနေသံထားဖြင့် ရုပ်ရှင်ရိုက်ကြည့်လိုက်သည်။
''မဖြေနိုင်လည်း ဘာအရေး လဲ...တက္ကသိုလ်မှာ တစ်နှစ် ပိုနေရရင် တစ်နှစ် ပိုပျော်ရတာ ပေါ့...သူများ တွေ ဆို နေချင်တိုင်းနေလို့ရတာ မဟုတ်ဘူး''
သြော် - ချစ်သူ၏ မေတ္တာထားပုံကဖြင့် သင်းပျံ့လွန်းပါဘိတော့တယ်။
နောက်ဆုံးနှစ် စာမေးပွဲ၏ နောက်ဆုံးဘာသာရပ်ဖြေဆိုချိန်ပြီးလျှင် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ သူမအားစောင့်နေရန် ကျွန်တော့် အား အမှာ တော် ထားသဖြင့် ဘာတွေ များ ပြောချင်လို့ပါလိမ့်ဟူသော အတွေးဖြင့် ဘွဲ့နှင်းသဘင်ခန်းမ၏ ရှေ့ဝင်ပေါက် ပထမဆုံးလှေခါးထစ်တွင် ထိုင်လျက်နေမိ၏ ။ ကျွန်တော့် အား နောက်ဆုံးအခွင့်အရေး အနေဖြင့် လိုရာဆုတောင်းစေဟုဆိုလျှင် အဘယ်မျှကောင်းလိမ့်မည် နည်း။
ကျွန်တော့် စိတ်ကူးယဉ် စဉ်းစားခန်းမှမဆုံးသေး။ အနားတွင် ကားတစ်စီး ကျွီခနဲထိုးရပ်သံကြားသဖြင့် မော်ကြည့်မိသည်။
ဟိုက် - သွားပါပြီ။ နောက်ဆုံးပေါ်ကားတစ်စီးကို မောင်းနှင်လာသော အသက်သုံးဆယ်ဝန်းကျင် သန့်သန့်ပြန့်ပြန့်လူရွယ် တစ်ယောက် ၊ ထိုသူနှင့် အတူ ယှဉ်တွဲ စီးနင်းလိုက်ပါလာသည့် ဖူး သို့ မဟုတ်မေမာန်ဖူးမိုး။
ကျွန်တော် အားငယ်ထိတ်လန့်စွာ ကြောင်ကြည့်နေစဉ်မှာ ပင်ကားတံခါးဖွင့်၍ ကျွန်တော့် ထံလျှောက်လှမ်းလာကြသည်။ သူမကတော့ ပြုံးထားတာမှ လှလှပပ။ အင်းပေါ့လေ..ပြုံးအားရှိလို့ ပြုံးပေတာပဲ။ သည်ကောင်ကသာ ပြုံးအားမရှိတာ။
''ဟေ့ - ယူ...ရောက်နေတာကြာပြီလား''
သွက်လက်ပေါ့ပါးသော သူမစကားသံကြောင့် အသိတရားတို့ကို ခန္ဓာအတွင်းမှ ပြေးပေါက်မပေးတမ်းပိတ်ဆို့ရင်း မတ်တပ်ထရပ်လျက် ဟန်မပျက်တုန့်ပြန်ရ၏ ။
''မကြာသေးပါဘူး...ခုနလေးတင်ရောက်တာ''
''သြော် - ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်...သူ့နာမည် ကကိုခင်မောင်လွင်တဲ့...နိုင်ငံခြားသင်္ဘောအင်ဂျင်နီယာ''
ကျွန်တော့် စိတ်ထဲ ထင့်ခနဲ ဖြစ်သွားသည်။ ယခုလိုကျောင်းပြီးမည် ကြံရုံရှိသေးသော ကျွန်တော် လိုလူ တစ်ယောက် ကို ရာထူးဂုဏ်ရှိန် ဘဝအာမခံချက်ရှိသူတစ်ဦးနှင့် မိတ်ဆက်ပေးခြင်းမှာ သွေးရိုးသားရိုးမ ဖြစ်နိုင်။ အဆင့်နှစ် ခု၏ ကွာခြားချက်ကို နှိုင်းယှဉ်ပြသရင်းမြင်တွေ့ စေခြင်းသာ ဖြစ်ရပေမည် ။
''ဟုတ်ကဲ့ - အခုလိုတွေ့ ရတာ ဝမ်းသာပါတယ်''
ဟု ဟန်မပျက်လက်ဆွဲနှုတ်ဆက်ပြီး သူမကိုလှည့်ကြည့်မိသည်။ သူမက ချိုသာစွာ ပြုံးလျက်
''ယူ စာမေးပွဲဖြေနိုင်လား''
''အင်း - ဖြေနိုင်ပါတယ်''
''ဒါနဲ့ ယူကျောင်းပြီးရင် ဘာလုပ်မယ်စဉ်းစားလဲ''ကျွန်တော် သူမကိုနားမလည်နိုင်စွာ ကြည့်မိ၏ ။ ပြီးမှ အသက်ပါပါတစ်ချက်ပြုံးလိုက်ရင်း''ကျောင်းပြီးရင် ဘာလုပ်မယ်ဆိုတာ လောလောဆယ်စဉ်းစားမထားသေးဘူး...အောင်စာရင်းထွက်ပြီးမှ ဘွဲ့လက်မှတ်ကိုင်ခွင့်ရှိပြီဆိုမှ ဘာလုပ်ရမယ်...ဘာလုပ်နိုင်မယ်ဆိုတာ လေ့လာဆုံးဖြတ်မယ်''
''သြော် - အင်း အင်း''
သူမက ကျွန်တော့် စကားကို ခေါင်းတညိတ်ညိတ်ဖြင့် အလေးတယူပြုနေဟန်သည် တမင်တကာသရော်နေသည့်အလား ခံစားရသည်။ သူမအပြုံး လက်ခနဲမြင်တိုင်း ဓားသွားထက်ထက် ဆတ်ခနဲဝင့်လိုက်လေသလားဟု ထင်မှတ်နေရပေပြီ။
''ဒါနဲ့ ယူသိအောင်ပြောရဦးမယ် သိလား...အဲဒါ ကတော့ဒီက ကိုခင်မောင်လွင်နဲ့ တို့နဲ့ကို တို့ကျောင်းပြီးရင် လက်ထပ်ပေးဖို့လူကြီးချင်းသဘောတူထားကြတယ်''
ကျွန်တော် ဘာမျှမပြောတတ်တော့ပါ။ ကျွန်တော် မတောင်းဘဲပေးနေသော သူမ၏ အဖြေသည်ကား ဘဝရဲ့ မှတ်စုစာအုပ်၌ အရုပ်ဆိုးအကျည်းတန်စွာ ရှိနေပေတော့မည် ။ တကယ်ဆို ကျွန်တော့် ကို သူမအနေနှင့် (မည် သည့်သဘောနှင့် ဖြစ်စေ) သုံးဦးတွေ့ ဆုံပွဲပြုလုပ်၍ သည်လိုပြုမူပြောဆိုခြင်းမပြုသင့်ပါ။ ကျွန်တော် သည်နေရာမှာ ဆက်ရပ်နေရန်မလိုတော့ဟုထင်၏ ။ သို့ ပေမယ့် ကျွန်တော့် ကိုကျွန်တော် အတတ်နိုင်ဆုံးတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။
''ဟုတ်ကဲ့ - ထပ်ဆင့်ဝမ်းသာဂုဏ်ယူပါတယ် ကိုခင်မောင်လွင်''
ကျွန်တော် လက်ကမ်းနှုတ်ဆက်ရင်း ဂုဏ်ပြုစကားပြောကြားသည်ကို ထိုသူက အပြုံးဖြင့် တုန့်ပြန်၏ ။ ထိုစဉ် သူမထံမှ စကားသံပေါ်လာပြန်၏ ။
''ဝမ်းသာချင် နောက်မှဝမ်းသာ...အခုလောလောဆယ်ယူ့ကို တို့အရေး ကြီးဆုံးစကားမေးစရာရှိတယ်''
ကျွန်တော် လွယ်အိတ်ကို စလွယ်သိုင်းထားရာမှ ဘေးတိုက်ပြောင်းလွယ်လိုက်ရင်း သူမကိုလှည့်ကြည့်၏ ။ မှု န်တည်တည်သူမမျက်နှာထားက ကျွန်တော့် တည်ငြိမ်မှု ကို အံ့သြနေသလားမပြောတတ်။
''ယူ တက္ကသိုလ်မှာ တို့နဲ့နှစ် နှစ် လုံးလုံး တရင်းတနှီးတွဲ လာခဲ့တဲ့တစ်လျှောက်မှာ ရော...အထူးသဖြင့် အခုလိုနေ့မျိုး...တက္ကသိုလ်နဲ့ရော တို့နဲ့ရော တကယ်ခွဲခွာ ဝေးကွာရတော့မယ့်နေ့မျိုးမှာ တို့ကိုပြောချင်တဲ့စကားတစ်ခွန်းရှိမယ်ဆိုတာ သိပ်သေချာတယ်...အဲဒါ တို့ကြားချင်တယ်''
ရော် - ခက်ချေပြီ။ သည်လိုအခြေ သည်အချိန်မျိုးမှာ သည်စကားမျိုးတွေ ပြောလို့၊ ကြားလို့သင့်ပါ့မလားတဲ့။ ကျွန်တော် သူမအပေါ် နားမလည်နိုင်မှု သည် ယခင်ကထက်ပိုနေကြောင်း သိလာရသည်။ သေချာပြန်စဉ်းစားကြည့်တော့လည်း နားလည်သယောင်ယောင်ရှိလာ၏ ။
သူမဘက်က ဤမျှပွင့်လင်းစွာ လမ်းဖွင့်ပေးမှတော့ ကျွန်တော် ဘာကြောင့် နောက်တွန့်နေရမည် နည်း။ ပြောချင်သည့်စကားကိုရင်ထဲအရှိတိုင်းပြောချလိုက်ရုံသာ။ သူမနှစ်သက် သလို သတ်မှတ်ပါစေတော့ရယ်။ ကျွန်တော့် အတွက် ကတော့ သည်လိုပြောခွင့်ရတာ ကိုပဲ ကြံဖန်ကျေနပ်ရပေတော့မည် ။ ကျွန်တော် သူ၏ ကြင်လျာတော် လောင်းလျာကို မျက်နှာပူစွာ တစ်ချက်ကြည့်ရင်း အားနာနာဖြင့် ဇွတ်မှိတ်ပြောလိုက်တော့၏ ။
''ပြောချင်တဲ့စကားတစ်ခွန်း ရင်ထဲမှာ အမြဲတမ်းရှိတယ်...အဲဒါ ကတော့ ဖူးကို တို့သိပ်ချစ်တယ်ဆိုတာပဲ...အင်း - ဒါပေမဲ့မ ဖြစ်သင့်တော့ပါဘူးလေ...တို့စကားမှားသွားရင် တောင်းပန်ပါတယ်''
ပြောမယ့်ပြောတော့လည်း ခံစားမှု ၏ စီးမျောရာအတိုင်း နစ်ဝင်လိုက်ပါလျက် ရင်ဖိုလှိုက်ငင်စွာ ပဲ့တင်ထပ်စေတော့သည်။
''စကားမှ မမှားတာ...တောင်းပန်စရာမလိုပါဘူး''
ကျွန်တော် သူမ၏ တုန့်ပြန်စကားသံကို နားလည်ရခက်စွာ ခွဲခြမ်းစိတ်ဖြာနေမိ၏ ။ ကျွန်တော် ၏ အကြားအာရုံ မှု န်ဝါးမှု ကို ကိုခင်မောင်လွင်က ရှင်းလင်းထင်ရှားပေးလေသည်။
''ဒီလိုကွ ညီလေးရ...ကိုယ်တို့က လူကြီးချင်းသဘောတူထားတာမှန်ပေမယ့် လူငယ်တွေ က တစ်ယောက် အပေါ် တစ်ယောက် မောင်လိုနှမလို ခင်မင်မှု ထက်အဆင့်မပိုဖို့ နားလည်မှု ယူထားကြတယ်လေ''
''ဗျာ..တ..တကယ်''
ကျွန်တော် အံ့သြမှု နှင့် အလိုလိုဝမ်းသာသလို ဖြစ်လာရသည်ကိုလည်း တားဆီးမရနိုင်ခဲ့ပေ။ ကိုခင်မောင်လွင်သဘောကျသလိုခေါင်းတစ်ချက်ညိတ်ကာ အဓိပ္ပာယ်ပါပါပြုံးပြရင်း စကားကိုဆက်သည်။
''အဟင်း...ပြီးတော့ ဒီ့ထက်ပိုပြီးအရေး ပါတဲ့စကားကိုဆက်ရရင် ဒီက ညီလေးအကြောင်းကို ညီမလေးဖူးက ခဏခဏပြောပြ လွန်းလို့ မမြင်ဖူးခင်ကတည်းက ရင်းနှီးနေတာ''
ကျွန်တော် 'ဟုတ်ကဲ့'ဆိုသော သဘောဖြင့် သူမကိုလှည့်ကြည့်မိသည်။ သူမက လွယ်နေကျကျောပိုးအိတ်ကို ကျွန်တော့် ထံကမ်းပေးလေ၏ ။ ကျွန်တော် ကြောင်အမ်းအမ်းလှမ်းယူရင်း နားမလည်စွာ ဖြစ်ရ၏ ။ သူမကိုလှမ်းကြည့်တော့ ချိုသာစွာ ပြုံးလျက် နှာခေါင်းရှုံ့ပြ၏ ။ ကျွန်တော့် ခေါင်းထဲ လျှပ်စီးကြောင်းတစ်ချက် ဝင်းလက်သွားလေသည်။
ကျွန်တော် တစ်လောကလုံးကို ကျေးဇူးတင်စကားပြောချင်သည်။ ဘယ်လိုပြောရမှန်းမသိတဲ့ ကျေးဇူးတင်ခြင်းတွေ နဲ့ ကျွန်တော့် ချစ်သူ၏ နူးညံ့သွယ်ပျောင်းသော လက်ချောင်းလေးများ ကို အလိုလိုသွားဆုပ်ကိုင်မိလေသည်။ ရုန်းဖယ်ငြင်းဆန်ခြင်းမရှိသော ချစ်သူကိုကျေးဇူးတင်သော အားဖြင့် လက်ကိုရုတ်ခနဲဆွဲယူရင်း ခပ်ဖွဖွနမ်းလိုက်မိပြန်သည်။
''အို - ဘယ်လို ဖြစ်တာလဲ...အနားမှာ လူတွေ နဲ့''
ဟုတ်ပါရဲ့ ။ မိန်းကလေးထဲကမိန်းကလေး ဖြစ်သွားပြီ ဖြစ်သော ချစ်သူ၏ ချစ်စရာ့ရှက်စနိုးအသံလေးကြားမှ အနီးဝန်းကျင်ကိုပြူးပြဲကြည့်မိသည်။ ကားတံခါးဖွင့်နေရာမှ နောက်ပြန်လှည့်ကြည့်နေသော ကိုခင်မောင်လွင်၏ မျက်နှာ၊ ဖြတ်သွားဖြတ်လာပြုနေကြကုန်သော ကျောင်းသား၊ ကျောင်းသူအချို့၏ မျက်နှာ၊ ကျွန်တော် တို့ကိုစိတ်ဝင်စားစွာ ဖြင့် မသိမသာအကဲခတ်နေသော ဓာတ်ပုံဆရာတစ်ဦး၏ မျက်နှာတို့ကို တွေ့ လိုက်ရသည်။ ထိုမျက်နှာများ အားလုံး ပြုံးနေကြသည်။
ကျွန်တော် ဟေးခနဲ အသံကျယ်ကျယ်တစ်ချက် ဝမ်းသာအားရပြုလျက် ချစ်သူ၏ လက်ကိုဆွဲယူဆုပ်ကိုင်ကာ ဘွဲ့နှင်းသဘင်နောက်ဘက်ဆီသို့ လှည့်ပတ်ပြေးမိလေတော့သည်။ဟုတ်ကဲ့။
သည်နေ့မှစ၍ ကျွန်တော် သည် ချစ်သူ၏ ကျောပိုးအိတ်ထဲတွင် အမြဲတမ်းလိုအပ်နေမည့်  စာအုပ်တစ်အုပ်အ ဖြစ်သို့ သက်ဝင်ရောက်ရှိ သွားပါလေတော့သည်။
ဘွာ
သူနှင့် ကျွန်တော် ရဲ့ ဇာတ်လမ်း ကတော့ တစ်ခန်းရပ် သွားပါပြီ။ သည်တစ်ခါတော့ ကျွန်တော့် ဘက်ကအလျှော့ပေးရန် လုံးဝမစဉ်းစားဟု ဆုံးဖြတ်ထားသည်။ ကျွန်တော် ကသာ နေရာတိုင်း သူ့သဘောကျလိုက်လျောလေ့ရှိသော်လည်း သူ ကတော့ ကျွန်တော့် ဘက် ထည့်မတွက်။ ဆေးလိပ်သောက်တာမကြိုက်ဟုဆို၍ ကျွန်တော် ဆေးလိပ်မသောက်တော့။ လက်ဆက်ရည်ဆိုင်ကြာကြာထိုင်တာသဘောမကျဟုဆိုသဖြင့် လက်ဖက်ရည်ဆိုင်နှင့် ကျွန်တော် ဆက်ဆံရေး အေးတိအေးစက် ဖြစ်သွားရသည်။ ကျွန်တော် သည်လောက်ထိသူ့သဘောကျလိုက်လျောပေးကတည်းက ကျွန်တော့် အချစ်ကို နားလည်ဖို့ကောင်းသည်။
သူနှင့် ကျွန်တော် ရဲ့ အချစ်ပွဲကိုသာ ဈေးကွက်တစ်ခုလိုသဘောထားမည် ဆိုလျှင် ချိန်ခွင်လျှာက သူ့ဘက်ကဲနေကြောင်းသိသာလွန်း၏ ။
ကျွန်တော့် မှာ ချစ်ဖို့ပဲသိသည့်အသည်းနှလုံးသာရှိသည်ဟုချစ်ဖြူဖြူဆိုသော မိန်းကလေးထင်နေသည်လားမသိ။ စဉ်းစားတတ်တဲ့ဦးနှောက်က ပင်စင်ယူထားတာမှမဟုတ်ဘဲ။
''မိဖြူက မင်းချော့ရင် နှစ် ခါမချော့ရပါဘူး...ပြန်ချော့ကြည့်လိုက်ပါကွာ''
''မရဘူး ကိုအောင်ခင်...ကျွန်တော် ချော့ပြီးပြီ...သူကလမ်းခွဲဖို့တောင်းဆိုနေမှတော့ ကျွန်တော် ကလည်း တစ်လမ်းတည်းမလျှောက်ချင်တော့ပါဘူး...ကိုအောင်ခင်ရှေ့မှာ ပဲ ကျွန်တော့် ကိုစွတ်ကောနေတာသိသားနဲ့''
''သွေးပူနေတုန်းမို့ပါကွာ...ပြီးတော့လည်း မင်းတို့ဟာကဘာမှလည်းဟုတ်တာမဟုတ်ဘူး...ကလေးတွေ ကျနေတာပဲ''ကိုအောင်ခင့်စကားကို ကျွန်တော် နည်းနည်း လက်ခံချင်သလို ဖြစ်သွားသည်။ ဟုတ်တော့လည်းဟုတ်၏ ။ သူနှင့် ကျွန်တော် ရဲ့ ချစ်သူသက်တမ်း(၂)နှစ် အတွင်း ခဏခဏစိတ်ကောက်လိုက်၊ ပြန်ခေါ်လိုက်ဖြင့် သံသရာလည်နေလေ့ရှိ၏ ။ တစ်ခါတလေတော့လည်း ချစ်သူဘဝဆိုတာကြီးကို စိတ်ပျက်မိ၏ ။ သူငယ်ချင်းတွေ နှင့် နေရတာ က ပျော်စရာကောင်းသေးသည်။
သူနှင့် ကျွန်တော် ကြား မပြေလည်စရာအကြောင်းရပ်ထဲတွေ မှာ သူငယ်ချင်းတွေ ကိစ္စလည်း ကဏ္ဍတစ်ခုပါဝင်သည်။ သူငယ်ချင်းတွေ နှင့် အုပ်စုဖွဲ့နေလေ့ရှိသည်ကို သူကမကြိုက်။ ကျွန်တော့် အနေဖြင့် လည်း သူငယ်ချင်းတွေ ကို မစွန့်ခွာနိုင်။ အင်မတန်ခင်စရာကောင်းသော သူငယ်ချင်းတွေ အကြောင်း ကျွန်တော် သာသိသည်။ကျွန်တော် တို့ သူငယ်ချင်းတွေ စုပြီး ''မျှမျှတတအားပေးခြင်းအဖွဲ့''ဟုအမည် ရသော အဖွဲ့ကို ဖွဲ့ထားသည်။
ကျွန်တော် တို့မှီတင်းနေထိုင်ရာ ကံ့ကော်တောတွင် ရှိသည့်မြောက်မြားစွာ သော ကံ့ကော်တောသူများ ကို ကျွန်တော် တို့ကံ့ကော်တောသားများ က မျက်စိအစာကျွေးလေ့ရှိခြင်းကို အားပေးခြင်းဟုခေါ်တွင် စေသည်။ အားပေးသည့်အခါ ပုဂ္ဂိုလ်စွဲမထားဘဲ မျက်စိရှေ့တွင် ရှိသမျှသော ကံ့ကော်တောသူမှန်သမျှကို အားပေးတတ်ကြသဖြင့် ကျွန်တော် တို့အဖွဲ့ကို ''မျှမျှတတအားပေးခြင်းအဖွဲ့''ဟု ခေါ်ဝေါ်သမုတ်ရခြင်း ဖြစ်ပေ၏ ။ မိန်းကလေးများများ ရှိတတ်သော စာသင်ခန်းများ ၊ နေရာများ တွင် ကျွန်တော် တို့ကို သွားကြီးအဖြီးသားဖြင့် တွေ့ ရပေလိမ့်မည် ။ သည်အဖွဲ့တွင် ကျွန်တော့် ကို နာယကတင်မြှောက်ထားသည့်အတွက် အားပေးရန်ခြေဆန့်သည့်အခါတိုင်း ကျွန်တော့် မှာ မျက်နှာလွှဲခဲပစ်လုပ်၍ မရ။
ကျွန်တော် တို့အမြင်တွင် အားပေးသူနှင့် အားပေးခံရသူတို့သည် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီသဘောဆောင်၏ ။ ကြည့်စေချင်၍ အချိန်ကုန်ခံ၊ ပိုက်ဆံအကုန်ခံပြီး အတတ်နိုင်ဆုံးလှအောင်ပအောင်ပြင်ဆင်ထုံးဖွဲ့လာကြသည့်ဖက်ရှင်မယ် သူတို့လေးတွေ ကို ကျွန်တော် တို့က မသိကျိုးကျွံပြုနေပါလျှင် သူတို့ခမျာ အဘယ်မျှဝမ်းနည်းစိတ်ထိခိုက်လိမ့်ပါအံ့နည်း။ ကျွန်တော် တို့၏ အင်တိုက်အားတိုက်အားပေးခြင်းကို ခံယူလိုက်ရခြင်းဖြင့် သူတို့စိတ်ထဲတွင် ကျေနပ်ကြည်နူးမှု ပီတိအဟုန်က ရောင် စဉ်အမျိုးမျိုးဖြာထွက်ကွန့်မြူးနေမည် မှာ မြေကြီးလက်ခတ်မလွဲ။ ထို့ကြောင့် ကျွန်တော် တို့ကလည်းအများ အကျိုးဆောင်သည့်အနေဖြင့် အပန်းမကြီးသော ဤအားပေးခြင်းအမှု ကို ပြုကြလေ၏ ။
သူတို့ကိုအားပေးလိုက်ခြင်းအားဖြင့် ကျွန်တော် တို့သည်လည်း စိတ်ချမ်းသာရ၍ အသက်ရှည်စေသည်ဟုယုံကြည်ကြသည်။သည်အကြောင်းများ ကိုထောက်ရှုခြင်းအားဖြင့် နှစ် ဦးနှစ် ဖက် အပြန်အလှန်အကျိုးပြုနေသည်မှာ ထင်ရှား၏ ။
ဒါတွေ ကိုသိနေ၍ သူငယ်ချင်းတွေ နှင့် နေသည်ကို သူမကမကြိုက်။ ယခုလည်း သည်ကိစ္စကြောင့် ပင် ကျွန်တော့် ကိုလမ်းခွဲစကားဆိုလာ၏ ။ ပြဿနာက သည်နေ့မှ ဖြစ်၍ ပူပူနွေးနွေးရှိသေးသည်။ ကျွန်တော် တို့အဖွဲ့ မြကျွန်းညိုခေါ် စီးပွားရေး တက္ကသိုလ်တွင် တစ်မနက်ခင်းလုံးအားပေးနေသည် ကို သူ့သူငယ်ချင်း တစ်ယောက် သတင်းပေးလိုက်၍ သူသိသွားခြင်း ဖြစ်သည်။
ညနေ သူ့အတန်းပြီးချိန်တိုင်း ကျွန်တော် သွားတွေ့ နေကျ ဖြစ်၍ ဝတ္တရားမပျက်သွားတွေ့ မိ၏ ။ သည်နေ့မှ ကိုအောင်ခင်ကလည်း
''မင်းကောင်မလေးကိုတွေ့ ပြီးရင် မြို့ထဲကဆိုင်တစ်ဆိုင်မှာ ပါးပါးလေးသွားပုတ်ရအောင်...ဘယ်လိုသဘောရလဲ''
ဟုဆိုလာသည်။ ကိုအောင်ခင် အစီအစဉ်ကို ကျွန်တော် လည်း သဘောကျသဖြင့် ပထမအစီအစဉ်အရ သူ့ကိုသွားတွေ့ ချိန်မှာ မျှော်လင့်မထားသော အနေအထားများ နှင့် ရင်ဆိုင်ကြုံတွေ့ လိုက်ရသည်။
''မြကျွန်းညိုမှာ နတ်သမီးဘယ်နှပါးလောက်တွေ့ ခဲ့လဲ''
ခရီးရောက်မဆိုက် နှုတ်ဆက်လာသော သူ့စကားကြောင့် ကျွန်တော် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွား၏ ။
''အာ - ဒီနေ့ အဲဒီ ဘက်ခြေဦးလှည့်ဖို့ စိတ်တောင်မကူးအားဘူး...အတန်းတွေ စွတ်တက်နေရတယ်...မယုံရင် ကိုအောင်ခင့်ကိုမေးကြည့်ပါလား''
ဟု ပြန်ပြောရင်း ကိုအောင်ခင်ထံ စစ်ကူတောင်းရသည်။
ကိုအောင်ခင်က မကြားသလိုလုပ်ပြီး ဆေးလိပ်မီးညှိနေသဖြင့် ကျွန်တော် အကြံအိုက်သွားရ၏ ။ ကိုအောင်ခင်လည်း ကျွန်တော့် အတွက်လိမ်ပေးရပေါင်းများ ပြီဆိုတော့ မျက်နှာပူနေပြီထင်ပါရဲ့ ။
''မတက်စဖူး အတန်းတွေ ဘာတွေ စွတ်တက်နေပြီဆိုတော့ဂုဏ်ထူးတွေ တစ်လှေကြီးနဲ့အောင်ဦးမှာ ပဲ''
ဟု ပြန်ခနဲ့လိုက်ပြီး ကျွန်တော် တို့အဖွဲ့ ဘယ်နှယောက် ဘယ်အတန်းရှေ့မှာ ဘယ်လောက်အထိကြာကြာရပ်ပြီး ဘယ်ကောင်မလေးကို ဘယ်နှမှတ်ပေးသည်၊ အင်္ကျီဘာအရောင် ဝတ်ထားသည့်ကောင်မလေးကို ဘာတွေ အီစီကလီရိုက်သည် စသည်စသည်ဖြင့် အတိအကျပြောလာ၍ ကျွန်တော် ဘယ်လိုဆင်ခြေတက်ရမှန်းမသိ ဖြစ်သွား၏ ။ သတင်းပေးကောင်းသူကိုလည်း စိတ်ထဲမှကျိတ်ပြီးမေတ္တာတွေ အတုံးလိုက်အတစ်လိုက်လှိမ့်ပို့လိုက်မိသည်။
''သူငယ်ချင်းတွေ အတင်းခေါ်လို့ပါ...ကိုကိုငြင်းပါသေး...ငြင်းပါ...သေး..''
''တော် ပါပြီ...ဘာဆင်ခြေမှမပေးနဲ့တော့...နောက်လည်း ကျွန်မကို ရှင်လာတွေ့ စရာမလိုတော့ဘူး''ပြင်းထန်မာကျောသော သူ့စကားများ က ကျွန်တော့် တစ်ကိုယ်လုံး ဓာတ်လိုက်ခံရသလိုခံစားရစေ၏ ။ ဟိုအရင်တွေ တုန်းကစိတ်ဆိုးစကားတွေ ပြောခဲ့ဖူးသော်လည်း ကိုကိုနှင့် ဖြူဆိုသော နာမ်စားတွေ ကိုသာသုံးခဲ့၏ ။ ရှင်နှင့် ကျွန်မဆိုသော အသုံးအနှုန်းက နားထဲသို့ အက်စစ်စီးကြောင်းတစ်ခုနှယ်။
''ကိုယ့်မှာ ချစ်သူ တစ်ယောက် လုံးရှိသေးတယ်ဆိုတာလည်းသိဦးမှပေါ့...တစ်ခါတည်း ဘူးလို့ကိုမဝနိုင်ဘူး''
ဆိုသည့်စကားက အရှိုက်တည့်တည့်ကို မိုက်တိုင်ဆန်၏ လက်သီးငှားပြီးထိုးလိုက်သလို ထိရောက်မှု ရှိလှ၏ ။ မသုံးစဖူး တင်းမာရင့်သီးသော စကားလုံးတွေ ကြောင့် ကျွန်တော့် မှာ အံ့သြတကြီး။ မျက်ရည်ဝဲပြီး ငိုသံဖြင့် သာ ရန်တွေ့ လေ့ရှိသော ချစ်ဖြူဖြူသည် သည်တစ်ခါတော့ ပြတ်သားသော စကားများ ဖြင့် မျက်နှာထားတင်းလွန်းလှချေတကား။ ကျွန်တော့် ကိုရန်တွေ့ သော အခါ သည်နည်းဗျူဟာများ ကိုအသုံးပြုရန် အဘယ်သို့ သော သူကများ အနီးကပ်သင်တန်းပို့ချလိုက်ပါလိမ့်။
''ချစ်သူချင်း အဲလောက်ကြီးထိ ပြောစရာမလိုပါဘူး ဖြူရာ...ဖြူကျေနပ်တဲ့အထိ ဘယ်လိုတောင်းပန်ရမလဲ ပြော''
''တော် ပြီ...ဘာမှမပြောချင် မသိချင်တော့ဘူး...လိမ်ညာပြောတိုင်း ကြိတ်မှိတ်ယုံခဲ့တဲ့ မနေ့က မိဖြူမဟုတ်တော့ဘူး...မိန်းကလေးမြင်တိုင်း လိုက်ငမ်းနေတတ်တဲ့လူ တစ်ယောက် ရဲ့ ချစ်သူ ဖြစ်ရတာ ရှက်ဖို့သိပ်ကောင်းတယ် သိလား''
ပြောရင်းပြောရင်း ရင့်သီးလာသော သူ့စကားများ ကြောင့် ထွက်ပေါ်ချင်နေသည့် ကျွန်တော့် ဒေါသများ ကို ချွန်းအုပ်ထားရသည်။ကိုအောင်ခင့်ရှေ့မှာ အပြောခံနေရသဖြင့် ကျွန်တော် လည်းပိုရှက်မိသလို ဖြစ်ရ၏ ။
''မနက်ဖြန်ကျရင် ရှင့်ကို ကျွန်မပေးထားတဲ့စာနဲ့ဓာတ်ပုံတွေ ပြန်လိုချင်တယ်...အဲဒါလာပို့ပေးပါ''
သူ့ဘက်က ကျွန်တော့် အချစ်တွေ ကို ဆင်ဆာဖြတ်ပြီဆိုတာသေချာသွားပြီ။ ပြန်တောင်းလေ့မရှိသော စာတို့၊ ဓာတ်ပုံတို့ကို ပြန်တောင်းနေပြီဆိုမှတော့ ကျွန်တော် နှင့် လမ်းခွဲလိုက်ဖို့ ပိုင်ပိုင်ဆုံးဖြတ်လိုက်ဟန်တူသည်။ သူကတောင် ပြတ်သားနိုင်မှ ကျွန်တော် က ဘဇာကြောင့် မပြတ်သားနိုင်ရမည် နည်း။ ကျွန်တော့် မှာ လည်း မာနနှင့် ဆိုတာ ဖြူဖြူဆိုသော မိန်းကလေးသိရစေရမည် ။
''ဖြူ့ဆုံးဖြတ်ချက်တွေ ကို မပြင်တော့ဘူးလား''
''နောက်ပြောနေတယ်လို့များ ထင်လို့လား''
''ကောင်းပြီလေ...ဒါဆိုရင် မနက်ဖြန်ဆယ်နာရီ အတန်းမရှိဘူး...လိုချင်တာကို တို့အတန်းမှာ လာယူပေါ့ ဟုတ်လား...တို့ ကတော့ လာပို့မပေးနိုင်ဘူး''
ဟု စကားဖြတ်ကာ ကျွန်တော် တို့နှစ် ယောက် ကြားတွင် စေ့စပ်ရေး မှူးလုပ်ရန် ဟန်ပြင်လာသော ကိုအောင်ခင်ကိုလှမ်းခေါ်ပြီးသူ့အနားမှခွာလိုက်သည်။ နောက်ကျောဘက်တွင် ကျန်ရစ်ခဲ့သည့်ရှိုက်သံဟုယူဆရသော အသံသဲ့သဲ့ကိုကြိုးစား၍ ဥပေက္ခာပြုလိုက်၏ ။
''မင်းကလည်း သူပြောမယ်ဆို ပြောစရာကိုးကွ''
ဟူသော ကိုအောင်ခင့်စကားသံကြားမှ ကျွန်တော် သတိပြန်ဝင်လာ၏ ။ လတ်ဆတ်သော အတိတ်ရေပြင်တွင် ကျွန်တော့် စိတ်လှေငယ်ကို ရွက်လွှင့်မိလိုက်ကြောင်းဆင်ခြင်မိ၏ ။
''ဗျာ..ကျွန်တော် က ဘာပြောစရာ ဖြစ်နေလို့လဲ''
''သူ မကြိုက်ဆုံးဆိုတာကိုမှ မင်းကလုပ်နေတာကိုး...မင်းမှာ လည်းပဲ အားပေးလို့ကိုမပြီးနိုင်ဘူး''
''အားပေးတယ်ဆိုတာလည်း သူငယ်ချင်းတွေ ဆုံတဲ့အချိန်ပျော်စရာဖန်တီးတာပါဗျာ...မရိုးသားတဲ့စိတ် လုံးဝမရှိဘူး''
ကျွန်တော် သက်ပြင်းရှည်ကြီးချမိ၏ ။ တကယ်ဆို ကျွန်တော် ချစ်တာ သူ တစ်ယောက် တည်းမှန်းသိလျက်နဲ့။
သူ ကျွန်တော့် အနားတွင် ရှိနေချိန်မှာ ဟောလီးဝုဒ်က မင်းသမီးတွေ တန်းစီလျှောက်ပြကြဦးတော့။ ကျွန်တော် ဆိုတဲ့ကောင်ကယောင်လို့တောင်လှည့်ကြည့်မည် မဟုတ်ဆိုတာ သူ မသိလေရော့သလား။ ချစ်သူဘဝမှာ တောင် သည်လိုအစာမကြေ ခဏခဏ ဖြစ်နေလျှင် နှစ် ဦးပေါင်းပြီး ဘဝတစ်ခုထူထောင်တဲ့အခါ..အင်း - နေမမြင့်ခင် လမ်းခွဲထားတာ အကောင်းဆုံးဟူ၍ သာ စဉ်းစားမိတော့သည်။
''ဆက်ရန်ရှိသေးသည်ဆိုတာကြီးကိုလည်း ကျွန်တော် မျှော်လင့်မနေချင်တော့ဘူး''
''ဒါ ကတော့ မင်းတို့ကဏ္ဍပဲ...ငါ့သဘော ကတော့ မင်းတို့နှစ် ယောက် စလုံး စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းမှာ ထိုင်စေချင်တယ်''
''ကျွန်တော့် ဘက် ကတော့ အယူခံဝင်ဖို့ အစီအစဉ်မရှိဘူး''
''မိန်းကလေး ဖြစ်တဲ့ သူ့ဘက်ကလည်း ဝင်စဉ်းစားပေးဦးပေါ့ကွာ''
ပြောလည်းပြော၊ လက်ကျန်အပက်ကိုလည်း မော့လိုက်သော ကိုအောင်ခင်ကိုကြည့်ပြီး ကျွန်တော် စိတ်လေသွား၏ ။ ဆယ်တန်းစာမေးပွဲကို ကိုးနှစ် ဆက်တိုက် ဇွဲရှိစွာ ဖြေဆိုခဲ့ပြီး တက္ကသိုလ်ရောက်လာသည့် ကိုအောင်ခင်သည် ကျွန်တော် တို့အဖွဲ့တွင် အသက်အကြီးဆုံး ဖြစ်၍ အားလုံးက ခင်မင်လေးစားကြသည်။
ဖြူ့ကို ကျွန်တော် အချစ်ကြေညာပြီး လိုက်တော့လည်းကိုအောင်ခင်၏ အကြံဉာဏ်နှင့် အကူအညီများ စွာ ယူခဲ့ရသည်။ ကျွန်တော် နှင့် ပတ်သက်လျှင် မညီးညူတတ်သော ကိုအောင်ခင်သည် ဖြူနှင့် လည်း ခင်မင်ရင်းနှီးနေသဖြင့် ကျွန်တော် တို့နှစ် ယောက် လမ်းခွဲလိုက်မှာ ကို လိုလားဟန်မတူ။
ပထမတော့ ကျွန်တော် ပါ ရီဝေဖို့အစီအစဉ်ရှိသော်လည်းမမျှော်လင့်ထားသော ပြဿနာကြောင့် သည်ဝိုင်းမှာ ကျွန်တော် ဘေးထိုင်နေလိုက်သည်။ အသည်းကွဲလို့ အရက်သောက်တယ်ဆိုတာမျိုးတော့ အပြောမခံနိုင်ပါ။ ကျွန်တော့် ကြောင့် ပျော်စရာစကားလေးများ နှင့် ကင်းဝေးနေသည့်ဝိုင်းလေး မစိုပြေသည်ကိုတော့ စိတ်မကောင်း။
အိမ်ပြန်ရောက်တော့ ထမင်းလည်းစားလို့မဝင်၊ လွမ်းချက်က ပြင်းထန်လွန်းပါဘိ။ တကယ်တမ်းပြတ်သားကြပြီဆိုတော့လည်းကျွန်တော့် ဘက်က မပြတ်သားနိုင်။ ခံရခက်သည့် သူ့စကားကြောင့် သာ မာနစကားဆိုခဲ့မိ၏ ။
သူပေးထားသည့်ဓာတ်ပုံတို့၊ စာတို့ကို အကြိမ်ပေါင်းမရေနိုင်အောင် အပြန်ပြန်အလှန်လှန်ကြည့်နေမိ၏ ။ ဓာတ်ပုံထဲမှ ဖြူ့အပြုံးလှလှလေးများ က ရင်ထဲဝင်ရောက်တပ်စွဲနေ၏ ။ ဖြူ့အချစ်က ရာသက်ပန်အာမခံအချစ်ဟူသော အပြာရောင် စာလွှာထဲမှ စကားလုံးများ ၏ အဓိပ္ပာယ်ကိုလည်း စစ်ကြောနေမိ၏ ။
ကြည်ဖြူတော့လည်း သူ။
ငြူစူတော့လည်း သူ။
တတ်လည်းတတ်နိုင်ပါပေ့ ဖြူရယ်။
တစ်ညလုံး အိပ်လို့မရဘဲ နှလုံးသားမှာ ထမင်းလုံးတစ္ဆေခြောက်ခံနေရပေပြီ။
တကယ်ဆို ကျွန်တော့် ကို ပြတ်ချင်တာတောင် သူ့အနွံတာတွေ ခံခဲ့တဲ့မျက်နှာကိုတော့ ထောက်ထားသင့်သည်။ သူ့လွယ်အိတ်အလေးကြီးကို လက်ညောင်းခံပြီး ကိုင်ပေးလွယ်ပေးလေ့ရှိတာ၊ အချဉ်ထုပ်စားချင်သည် ဆို၍ တကူးတကပြေးဝယ်ပေးလေ့ရှိတာ၊ သူနေထိုင်မကောင်း၍ ကျောင်းမတက်နိုင်သည့်အခါ ကိုယ့်အတန်းပင်ကိုယ်မတက်တဲ့ ကျွန်တော် က သူ့အတန်းကိုသွားတက်ပြီး ပို့ချချက်တွေ လိုက်ကူးပေး လေ့ရှိတာ၊ သူနားဆင်ပါစေတော့ဟူသော စေတနာဖြင့် သူ့အဆောင်ရှေ့မှာ ဂစ်တာလွယ်ပြီး ခေတ်စားနေသည့်သီချင်းတွေ ကို အသံအနာခံအော်ဟစ်သီဆိုပေးလေ့ရှိတာ...စသည့်ကျေးဇူးတွေ ကိုမှတ်မိသင့်သည်။ ကမ္ဘာပတ်ပြီးရှာကြည့်ဦးတော့။ကျွန်တော့် လောက် သူ့အပေါ်အနွံတာ ခံနိုင်သည့်လူ ချစ်တတ်သည့်လူ မတွေ့ စေရဟု အာမခံရဲသည်။ သည်လိုလူမျိုးကိုမှ သူမို့ရက်ရက်စက်စက်ကွယ်။
သူ့အကြောင်းတွေ ဦးနှောက်ထဲမှထွက်သွားရန် နယ်နှင်ကြည့်သော်လည်း မအောင်မြင်။ တကယ်ဝေးကြပြီဆိုသည့်အသိကကျွန်တော့် အားထိတ်လန့်တုန်လှုပ်စေသည်။ အတိုင်းအဆမရှိ ကျယ်ပြန့်စွာ ခံစားနေရသော ဝေဒနာတို့ ပြေပျောက်သွားရန်နည်းလမ်းရှာကြည့်သော်လည်း အရိပ်အယောင်ပင်မတွေ့ ရ။ အခုတောင် သည်လောက်ခံစားနေရလျှင် နောင်လာမည့် နေ့ရက်များ ကို ရင်ဆိုင်ရန်ကျွန်တော် မတွေးဝံ့တော့။
ကိုအောင်ခင်ပြောသလို ကျွန်တော် ကလည်း ကျွန်တော် ပါပဲ။ မနက်ဖြန်တော့ ''မျှမျှတတအားပေးခြင်းအဖွဲ့၏ နာယက''အ ဖြစ်မှ နုတ်ထွက်ရန်ဆုံးဖြတ်လိုက်သည်။ သူ့ဆီမှာ ပြန်လည်ဒူးထောက်ရန်မဟုတ်ငြားလည်း သူမကြိုက်ဆုံးသော အလုပ်ကို မလုပ်လိုတော့။ကျွန်တော့် ကို ညှဉ်းစဉ်များ စွာ ပေးအပ်နေသည့် ညတာရှည်သည် ညှဉ်း၍ အားရသွားဟန်ဖြင့် ပြင်ပကမ္ဘာသို့ တိုင် ပြေးထွက်သွားလေသည်။
မနက်စောစော အိမ်မှထွက်ခဲ့ပြီး လှည်းတန်းရှိ စေတနာရှင်လက်ဖက်ရည်ဆိုင်တွင် ဝင်ထိုင်ရင်း အချိန်ဖြုန်းမိသည်။ သောက်နေကျ လက်ဖက်ရည်ချိုပေါ့၏ အရသာသည် လျှာဖျား၌ မတိုး။ ဝေးနေတာကြာပြီ ဖြစ်သော စီးကရက်တစ်လိပ်ကို မီးညှိရှိုက်ဖွာကြည့်တော့ချဉ်ခြင်းမတွေ့ ။ နောက်ကျနေသော စိတ်အာရုံကိုကြည်လင်စေရန်ဆိုင်ရှေ့မှဖြတ်သွား ဖြတ်လာပြုနေကြသည့် မိန်းမလှလေးများ ကလည်းမစွမ်းဆောင်နိုင်။ ခက်တော့ခက်နေပါပြီ။
အတန်ကြာအောင်ထိုင်ပြီးနောက် လက်ဖက်ရည်ဖိုးရှင်းပေးပြီး ကျောင်းထဲသို့ ခြေဦးလှည့်လိုက်၏ ။ သူငယ်ချင်းများ ဆုံနေကျအာစီဘက်သို့ ရောက် သည့်အခါ လူအတော် စုံနေပြီကိုသတိပြုမိ၏ ။အားလုံးကို ဟန်လုပ်ပြုံးပြရင်း ကိုအောင်ခင့်ဘေးမှာ ဝင်ထိုင်လိုက်သည်။ ချဉ်ခြင်းမတွေ့ သော စီးကရက်ကို ဘူးထဲမှထုတ်ကာ မီးညှိမိပြန်သည်။ ကိုအောင်ခင်ပြောပြထား၍ သူငယ်ချင်းများ က ကျွန်တော် နှင့် ဖြူရဲ့ ဇာတ်လမ်းကို သိနှင့် ပြီးဟန်တူ၏ ။ တိတ်ဆိတ်နေသော စကားဝိုင်းကို ကျွန်တော့် ကိုအဖွဲ့၏ အတွင်းရေး မှူး ဖြစ်သော ကမ္ဘာကျော်ကစတင်ဖြိုခွဲလိုက်သည်။
''မင်းကို ငါတစ်ခုပြောချင်တယ်''
ကျွန်တော် က ဘာပြောမှာ လဲဆိုသည့်သဘောဖြင့် မျက်ခုံးပင့်ပြလိုက်၏ ။
''တခြားမဟုတ်ပါဘူး...ငါတို့အဖွဲ့ကို ဖျက်သိမ်းလိုက်ဖို့ပါပဲ''
''ဟင် - ဘာ ဖြစ်လို့''
''ဘာ ဖြစ်လို့လဲဆိုတော့ ငါတို့အားပေးလာတာ တက္ကသိုလ်မှာ သုံးနှစ် ရှိပြီ...ငါတို့က နက်ရှိုင်းတဲ့အတွေးအခေါ်တစ်ရပ်ကိုအခြေပြုအားပေးပေမယ့် အမြင်မကျယ်သူတွေ က ငါတို့ကို ယူနီဗာစတီဘူးတွေ ဆိုပြီး နာမည် ပေးသရော်ကြတယ်...နောက်တစ်ခုကငါတို့ အခုထိ အတန်းကိုသေသေချာချာမတက် ဖြစ်သေးဘူး...စာအုပ်ထဲမှာ ဆို စာတစ်လုံးတောင်မရှိသေးဘူး...ဒီတော့ ငါတို့အားလုံး လက်တွဲ မဖြုတ်ဘဲ အတန်းမှန်မှန်တက်ပြီး အပျော်အပါးလျှော့ကြမယ် ဘယ့်နှယ့်လဲ''
အကျိုးအကြောင်းဖြင့် တင်ပြလာသော အဆိုကို သူငယ်ချင်းအားလုံးက ကန့်ကွက်သူမရှိ တစ်ခဲနက်ထောက်ခံကြ၍ အတည်ပြုပြီး ဖြစ်သွားသည်။ နာရီကြည့်လိုက်တော့ (၁၁)နာရီထိုးဖို့ (၅)မိနစ်သာလို၏ ။ ကိုအောင်ခင်ကိုအတင်းခေါ်ပြီး အတန်းဘက်သွားရသည်။နောက်ဆုံးတွေ့ ဆုံခြင်းဟုတွေးမိလျက် ရင်မှာ ပြင်းစွာ နာကျင်ရ၏ ။
''မင်း တကယ်ပြတ်ဖို့ ဆုံးဖြတ်လိုက်ပြီလား''
''ဆုံးဖြတ်လိုက်ပြီ...ဒီမိန်းမနဲ့က အခုအဆင်ပြေလည်းနောက်ထပ်ကွိုင်တစ်မျိုး ထပ်တက်ဦးမှာ ပဲ''
''သူ မကြိုက်တာမလုပ်တော့ရင် ဒါမျိုး ဖြစ်စရာအကြောင်းမှမရှိတော့ဘဲ''
''တော် ပြီဗျာ...အဲဒီ ကွိုင်ရှာမယ်တော် နဲ့ ဘာမှကိုမပတ်သက်ချင်တော့ဘူး''
''နှစ် ယောက် စလုံးတင်းနေလို့တော့ ဘယ် ဖြစ်မလဲ... တစ်ယောက် ယောက် က အလျှော့ပေးလိုက် ရင် ပြေလည်သွားမှာ ပါ...ငါ မိဖြူကို ဘာပြောပေးရမလဲ''
''ဘာမှမပြောပေးနဲ့တော့...ကိုအောင်ခင့်စေတနာကိုကျွန်တော် နားလည်တယ်...သူ့ကိုတော့ သေတဲ့အထိဆောရီးပဲ''
ပြောသာပြောရသည်။ စကားသံတို့က မိုင်ထောင်ချီ၍ ခရီးပြင်းနှင်လာရသူ တစ်ယောက် ကဲ့သို့ အင်အားတို့ကင်းမဲ့လျက်။ သည်လိုစကားတစ်ခွန်း ပါးစပ်ကတစ်ခါထွက်တိုင်း အသည်းကို မာန်ကြီးသည့်ခါချဉ်အုပ်ထဲ တစ်ခါပစ်ချခံရသလို မချိမဆန့်ခံစားနေရသည်ကို ဘယ်သူမှရိပ်မိကြဟန်မတူ။
''ဟော - အတန်းထဲမှာ မိဖြူတောင်ရောက်နှင့် နေပြီ...မင်းသွားတော့''
ဟူသော ကိုအောင်ခင့်စကားသံကြောင့် ရင်ထိတ်ခနဲ ဖြစ်သွားပြီး အတန်းထဲကို ကမန်းကတမ်းလှမ်းကြည့်မိသည်။ အထက်အောက်အပြာရောင် ဆင်တူကိုဝတ်ဆင်ထားသော တစ်ချိန်က ကျွန်တော့် ရဲ့ ဖြူသည် ခါတိုင်းနေ့များ ထက် ပို၍ လှနေသလိုပင်။ လူယောင်ဆောင်လာသည့် နတ်သမီးတစ်ပါးကို စွန့်လွှတ်ရပြီဆိုသော အသိက ရင်ထဲဟာခနဲ ဖြစ်သွား၏ ။ ပြုံးစေ့စေ့မျက်နှာနှင့် အရောင် ရွှန်းလက်နေသော မျက်ဝန်းနက်တစ်စုံက ကျွန်တော့် အား လှောင်ပြောင်နေသကဲ့သို့ ခံစားရသည်။
'နှစ် နှစ် ကြီးများ တောင် ချစ်ခဲ့ပြီးမှ ချစ်ဖြူဖြူရယ်...အခုကျမှ ဘာကြောင့် များ အချစ်ပေါ့ချင်ရပါလိမ့်'ဟု အသံမဲ့ပြောမိ၏ ။မလှမ်းမကမ်းမှာ ရပ်ကျန်ခဲ့သော ကိုအောင်ခင့်စကားကို ပြန်လည်ကြားယောင်မိ၏ ။
''အပြာရောင် ဝမ်းဆက်ဝတ်လာတာဆိုတော့ ငြိမ်းချမ်းရေး နိမိတ်ပဲကွ''
သည်အတိုင်းပဲ ဖြစ်ပါစေဟူ၍ ကြိတ်ဆုတောင်းမိသေးသည်'အို - မလိုပါဘူး...သူကြင်မှ ကိုယ်ကြင်မယ်...ချင်းစိမ်းနဲ့မိဿလင်...တွမ်နဲ့ဂျယ်ရီပဲ'ဟု ကိုယ့်ကိုယ်ကိုယ်အားပေးရင်းသူ့ရှေ့ရောက်အောင်သွားရသည်။ သူပေးခဲ့ဖူးသော အပြာရောင် စာလွှာများ နဲ့ ဓာတ်ပုံတို့ကို လွယ်အိတ်ထဲမှထုတ်ယူရင်း လှမ်းပေးလိုက်၏ ။ လက်တို့သည်တုန်ယင်နေ၏ ။ မျက်နှာကို တစ်ဖက်သို့ လွှဲထားရသည်။ နို့မဟုတ်ရင် အငိုရောင် သန်းနေသည့်မျက်ဝန်းတို့ကိုသူတွေ့  သွားပါက သည်ပွဲတွင် ကျွန်တော် ရှုံးပြီဟုသတ်မှတ်ခြင်းခံရပေလိမ့်မည် ။ မာနတို့က အုံကြွနေ၏ ။
''ကိုကိုက တကယ်ပြတ်နိုင်လို့ ဒီစာတွေ ၊ ဓာတ်ပုံတွေ ပြန်ပေးတာလား''
ဟူသော အသံကြောင့် ကျွန်တော် အံ့သြတကြီး သူ့ကိုပြန်ကြည့်မိသည်။ ကျွန်တော် ဘာပြန်ပြောရမှန်းမသိ ဖြစ်နေစဉ် လက်ညှိုးပေါ် လက်ခလယ်တင်ကာ ကွင်းပုံသဏ္ဍာန်လုပ်ထားသည့် ဖြူသွယ်သော သူ၏ ညာဘက်လက်သည် ကျွန်တော့် ရှေ့သို့ ရောက်လာပြီး
''ညက ဖြူ လုံးဝအိပ်လို့မရဘူး သိလား...ကိုကို့ကို စွတ်ပြောမိတာ စိတ်မကောင်း ဖြစ်ပြီး ငိုရသေးတယ်...မနေ့က ဖြူပြောသမျှတွေ အားလုံး ဘွာခတ်ပါတယ်နော်''
ဟု စကားတို့ကို အဆက် မပြတ်ပြောလာ၏ ။
ကျွန်တော့် လက်တစ်ဖက်က ဖြူ၏ ညာဘက်လက်ချောင်းလေးများ ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ ရာထောင်ချီသော ဂျိုးဖြူငှက်ငယ်တွေ ပျံဝဲနေကြသည်ကို စက္ခုအာရုံမှာ မြင်နေရ၏ ။ ရင်ထဲမှာ လည်း ငြိမ်းချမ်းရေး သံစဉ်လှိုင်းများ ၏ အဟုန်ပြင်းစွာ ရိုက်ခတ်သံကို အတိုင်းသားကြားနေရ၏ ။
''ကိုကိုက သာတောင်မပြတ်နိုင်သေးတယ်...ဖြူပြောလိုက်ပြီးကတည်းက ဘယ်လိုခံစားနေရတယ်ဆိုတာ ရင်ထဲဝင်ကြည့်စေချင်လိုက်တာမှ ဟစိဟစိကို ဖြစ်နေတာ''
''အဟား - ပိုပြီဟေ့''
''မပိုပါဘူး...လိုတောင်လိုသေးတယ်''
''ကိုအောင်ခင်ရေ...စောစောက ကျွန်တော် ပြောခဲ့သမျှတွေ အားလုံးဘွာခတ်တယ်ဗျာ နော့''
ဟူ၍ ချစ်သော ဖြူနှင့် ငြိမ်းချမ်းရေး ရယူနေရင်းနှင့် ပင်နောက်ကျောဘက်ရှိ ပြုံးဖြီးဖြီးရပ်ကြည့်နေသော ကိုအောင်ခင်ဘက်လှည့်ပြောရသေးသည်။
''အေးပါကွာ...မင်းတို့က ဘွာဆိုတော့လည်း ဘွာလိုက်တာပေါ့...ဘာတတ်နိုင်တာမှတ်လို့''
ဟူသော ကိုအောင်ခင့်စကားကြောင့် ကျွန်တော် နှင့် ချစ်ဖြူဖြူဆိုသည့် ချစ်သူနှစ် ဦး အသံထွက်အောင်ပင် လွတ်လပ်ပေါ့ပါးစွာ ရယ်မောမိကြပါတော့သည်။
![]() မောင်ရေးခဲ့တဲ့ မောင့်ရဲ့သမိုင်း | ![]() ပို့ စ်မော်ဒန်ပုံပြင်များ | ![]() လရောင်အနမ်းနဲ့ ပွင့်တဲ့အိပ်မက် |