အခန်း(၁)
“မောင်မင်း”
“ဘုရား… အဲလေ… ဗျာ”
“အိမ်း… ကောင်းလေစွ… ကောင်းလေစွ”
“အန်”
ဦးတိုးဝင်းအိမ်ရှေ့မှ ဖြတ်အလျှောက် ခေါ်သံကြားသဖြင့် မင်းမူလည်း မိမိကိုခေါ် သည်ဟုဆိုပြီး တုံ့ခနဲရပ်ကာ ဗျာထူးရင်းလှည့် ကြည့်မိလိုက်စဉ်မှာ ဘုရားဒကာကြီးဦးတိုးဝင်းက ခေါင်းတညိတ်ညိတ်ဖြင့် ကောင်းလေစွနေလေရာ မင်းမူလည်း အောင့်သက်သက်ဖြင့် နင်သွားရသည်။ ထို့ကြောင့် ဦးတိုးဝင်းကို ဘုရှိုးတစ်ချက်ရှိုးပြီးနောက် ခြေလှမ်းဆက်ရန် ပြန်လိုက်သည်။
“မောင်မင်း”
ခေါ်သံကထွက်လာပြန်သည်။ မင်းမူလည်း ယောင်ပေါင်ပြီး ဗျာ ထူးမိတော့မလို ဖြစ်သွားသော ပါးစပ်ကို ကပျာကယာပိတ်လိုက်ပြီး ခြေလှမ်းကိုဆက်ရသည်။ နို့မဟုတ်လျှင် အကြောင်ရိုက်အနောက်ခံ ရဦးမှာ သေချာသည်။
“မောင်မင်း”
“. . . . . ”
“မောင်မင်းမူ”
“. . . . . ”
“ဟာ - ဒီလူပျိုကြီး. . . ဘယ်ကောင်မလေးအကြောင်းတွေးနေလို့ ဒီလောက်တောင် အော်မကြားခေါ် မကြား ဖြစ်နေရတာ လဲ”
“အန်”
မင်းမူ နင်သွားရပြန်သည်။ ကိုယ့်ဘာသာ ပြန်မထူးချင်လို့ မထူးတာကိုပဲ မဆီမဆိုင်လူပျိုကြီးဆိုပြီး ထည့်ပြောရသေးသည်။ ကိုယ့်ဘာသာအပူမရှာချင်လို့ အခုအချိန်ထိ အဖော်မရှာဘဲအေးဆေးနေတဲ့ဟာကို အစွမ်းအစမရှိတဲ့လူ အစွံမထုတ်နိုင်တဲ့လူရယ်လို့ သဘောထားပြီး ထစ်ခနဲရှိ လူပျိုးကြီးဆိုတာကိုပဲ ခလုတ်လာတိုက်နေသည် ကတော့ ခံပြင်းဖို့ကောင်းသည်။ မင်းမူတွေးရင်းတွေးရင်းတင်းလာရသည်။ ထို့ကြောင့် ခြေလှမ်းကို တုံ့ခနဲရပ်ကြီး မျက်မှော င်ကုတ်လျက် နောက်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။
သို့ ရာတွင် တွေ့ မြင်လိုက်ရသူမှာ အခြားသူမဟုတ်ဘဲ ရပ်ကွက်ဓမ္မာရုံလူကြီး ဦးမြကြီး ဖြစ်နေ၍ တင်းထားသော မျက်နှာကိုပြန်လည်ပြေလျှော့စေရင်းနှုတ်ဆက်စကားဆိုရသည်။
“သြော် - ဦးလေးမြပါလား… ဘယ်သွားမလို့လဲ”
“အေး - ဘယ်မှမ သွားပါဘူးကွာ… င့ါတူကြီးကိုလှမ်းမြင်လို့ လိုက်ခေါ်တာပါ”
“ဟုတ်လား… ဘာကိစ္စများ ရှိလို့လဲမသိဘူး”
“သြော် - ဒီလိုလေကွာ… တို့ရပ်ကွက်ဓမ္မာရုံက ၀ါတွင်းကာလဆိုရင် တနင်္ဂနွေအပတ်စဉ် ဆွမ်းလောင်းကုသိုလ်ပြုနေကျလေကွာ”
“သြော်… ဟုတ်... ဟုတ်ကဲ့”
ဦးမြကြီး ဘာဆက်ပြောတော့မည် ကို ကြိုတင်တါက်ဆမိလျက် မင်းမူရင်တွေ တုန်လာရသည်။ ပိုက်ဆံအိတ်ထဲက ငွေစက္ကူတွေ တလှုပ်လှုပ်တရွရွဖြင့် ဂနာမငြိမ် ဖြစ်လာကြသည်။
“အိမ်း - ဒီလိုကွ . . . င့ါတူကြီး နိုင်ငံခြားသွားနေတဲ့ကာလ လေးမှာ ပဲ ဦးလေးက ရပ်ကွက်မှာ မော်ကွန်းထိုးသမိုင်းတွင် စေလောက်တဲ့မှတ်တိုင် သစ်တစ်ခု စိုက်ထူလိုက်တာ အားလုံးအသိပေါ့”
ဦးလေးမြ၏ စကားအသွားအလာအရ အလှူခံခြင်းမဟုတ်ဘဲ သူ့စွမ်းဆောင်ချက်တွေ ကို လာပြောတာ ဖြစ်နေသဖြင့် မင်းမူ နေသာထိုင်သာရှိသွားရသည်။ မဲ့ချင်ချင် ဖြစ်နေသော မျက်နှာလည်း ရွှင်ပျဝင်းပလာလျက် ဖော်လိုလိုက်ပေးလိုက် သည်။
“သြော်.. စုတ် ဟုတ်ကဲ့. . . ကောင်းတာပေါ့ ဦးလေးမြရဲ့ . . . ဒါနဲ့. . . ဘယ်မှတ်တိုင်များ စိုက်ထူလိုက်တာလဲ ဦးလေမြရဲ့ ”
“ဘယ်မှတ်တိုင် ဖြစ်ရမှာ လဲ. . . ဓမ္မာရုံမှတ်တိုင်ပေါ့ကွာ”
“သြော်- ဦးလေးက ဓမ္မာရုံရှေ့မှာ ဘတ်စ်ကားမှတ်တိုင်လုပ်ဖို့ မထသကို တင်ပြလိုက်တာလား. . . ကောင်းတာပေါ့ ဦးလေးမြရယ်. . . ဒါမှလည်း ကျွန်တော် တို့ ရပ်ကွက်ကလူတွေ ဘတ်စ်ကားစီးချင်ရင် လမ်းမကြီး အထိထွက်နေစရာမလိုဘဲရပ်ကွက်ဓမ္မာရုံ မှတ်တိုင် က စောင့်စီးရုံပဲဆိုတော့ အဆင်ပြေတာပေါ့”
“ဟင်း - မဟုတ်. . မဟုတ်ဘူးလား. . . ဦးလေးပဲပြောပြီးတော့ ဦးလေးစိုက်ထူလိုက်တဲ့မှတ်တိုင်သစ်က ဓမ္မာရုံမှတ်တိုင်ဆိုတာလေ”
“ပေါက်ပေါက်ရှာရှာ. . . ဘယ့်နှယ့် ငါပြောတဲ့ ဓမ္မာရုံမှတ်တိုင်ဆိုတာ ဘတ်စ်ကားမှတ်တိုင် ကို ပြောတာမဟုတ်ဘူးကွ”
“သြော် - ဟုတ်လား. . . ဒါကြောင့် ထင်တော့ထင်သား. . . စောစောက ဓမ္မာရုံရှေ့ကဖြတ်လာတုန်းက အဲဒီ မှာ ဘတ်စ်ကားစောင့်နေတဲ့လူတွေ လည်း မတွေ့ မိပါဘူး. . အဟီး”
မင်းမူလည်း ဖော်လိုလိုက်တာလွဲသွားသဖြင့် ရှက်ပြီး ပိုပိုသာသာ မျက်နှာချိုသွေးကာ ရယ်ပြလိုက်ရသည်။ ဦးလေးမြက သိပ်ကျေနပ်သေးဟန်မတူသော အကြည့်ဖြင့် ခပ်တင်းတင်းတစ်ချက်ပြန်ကြည့်ပြီး မှ စကားကိုဆက်သည်။
“ကဲ. . တော် တော် . . . င့ါမှတ်တိုင်ကိစ္စ င့ါကိုယ်တိုင်ပဲရှင်းအောင်ပြောမှ ဖြစ်တော့မယ်. . . နို့မဟုတ်ရင် မောင်မင်းမူလူပျိုကြီး ပီပီ အူကြောင်ကြောင် ထင်ရာလျှောက်ပြောနေတာနဲ့ပဲ င့ါမှတ်တိုင် လည်းသမိုင်းမတွင် ဘဲ သမိုင်းတေကွးကိန်းဆိုက်ရတော့မယ်”
“အမ်”
“ခံလိုက်ပြန်ပြီ“ ဟုသာ မင်းမူအောင့်သက်သက်အသံတိတ် ရေရွတ်လိုက်မိသည်။ သူ့ဘာသာပေါက်ကွဲသွားတာနဲ့ မဆီမဆိုင် ဒီက ကောင်လူပျိုကြီး ဖြစ်နေတဲ့ ကိစ္စကိုပဲ တရားခံလုပ်လိုက်ရသေးသည်လို့။
“ဒီမယ် - မောင်မင်းမူ”
“ဟုတ်. . ဟုတ်ကဲ့ ဦးလေးမြ”
“မောင်ရင်နိုင်ငံခြားမသွားခင်တုန်းက ဒီရပ်ကွက်မှာ ဆွမ်းလောင်းဓမ္မာရုံရယ်လို့ ယောင်လို့များ တေါ့မိသလား”
“ဟင့်အင်း - မတွေ့ မိပါဘူး”
“အေး - ဒါဆို အခုနိုင်ငံခြားပြန်ေ၇ာက်တော့ေ၇ာ”
“ဟုတ်ကဲ့. . . တွေ့ ပါတယ်”
“ဖြောင်း”
“အေး - အဲဒါပဲ. . . ဦးလေးပြောချင်တာ. . . အဲဒါ. . အဲဒါ”
လက်ခုပ်တစ်ချက်တီးပြီးနောက် ပြုံးပြုံးကြီး မျက်နှာထားဖြင့် ခေါင်းတညိတ်ညိတ်လုပ်ကာ အဲဒါ ပဲနေသော ဦးလေးမြကို ကြည့်ပြီး မင်းမူနားမလည်နိုင်သလိုကြည့်ရင်း
“ဘာ. . ဘာအဲဒါပဲလဲဟင် ဦးလေးမြ”
“အဲဒါပဲလေကွာ. . . ဦးလေးပြောတာ. . . အဲဒါ. . . အဲဒါ. . . အဟင်း ဟင်း”
“သြော် - ဟုတ် ဟုတ်ကဲ့ . . . ပေါက်ပြီ. . . ပေါက်ပြီ. . . လက်စသတ်တော့ ဦးလေးမြင့်ပြောတာ. . . အဲဒါကို အဲဒါ. . . ဟား- ကောင်းတယ်ဗျာ. . .ကောင်းတယ်”
“ဒါပေါ့. . . ကောင်းရမှာ ပေါ့ကွာ. . . တခြားလူမှမဟုတ်တာ. . . ဟား ဟား ဟား. . . သိတယ်မဟုတ်လား. . . ဦးမြကြီးပဲဥစ္စာ. . . ဟားဟား”
“သိတယ်. . သိတယ်. . . ကဲ - ဦးလေးမြရေ. . . စကားပြောလို့လည်းကောင်းတယ်. . . ကျွန်တော် လည်း သွားစရာရှိလို့ခါင့်ပြုပါဦး”
ဦးမြကြီး၏ မျက်နှာမှာ တင်းမာမှု တွေ ပျောက်သွားလျက် ရွှင်ပျဝင်းပလာသည်ကို တွေ့ ရသည်။
မင်းမူလည်း ဦးမြကြီးပြောတာ ဘာမှန်းညာမှန်းမသိပါဘဲ ပြီးပြီးရောဖော်လိုလိုက်ပြီးနောက် နေရာမှ ယောင်တောင်ပေါင်တောင် ပြု၍ ထါက်ခွာရန်ပြင်လေသည်။ သို့ သော် ဦးမြကြီးကထွက်ခွာ ခါင့်မပြုဘဲ ဘက်ကိုလှမ်းဆွဲကာ
“ဟင်း - မောင်ရင်က ပေါက်ပြီဆိုရင်လည်း ဒီအတိုင်းထွက်မသွားနဲ့ဦးလေ. . . ဦးလေးပြောတဲ့ စကား ဆုံးအောင်နားထောင်ဦးလေကွာ”
“ဗျာ - နား. . နားေးထာင်ရဦးမယ်. . . ဟို - ဟိုလေ. . . ကျွန်တော် ချိန်းထားတာလေး ရှိသေးလို့ပါ. . . နောက်ပြီး. . . ဦးလေးမြပြောတဲ့ အဲဒါပဲဆိုတာလည်း ကျွန်တော် ပေါက်သွားပြီဆိုတော့လေ . . . အဟင်း”
“နေပါဦး မောင်မင်းမူရဲ့ . . . ဦးလေးမြပြောတာ ဘာတွေ ပေါက်သွားလို့လဲ”
“ဟိုလေ - ဦးလေးမြရဲ့ . . . အဲဒါ. . အဲဒါဆိုတာကိုလေ. . . အဟင်း”
“ဟင်း - ဘာလဲကွ. . . အဲဒါ. . အဲဒါဆိုတာ”
“ဦးလေးမြပြောတဲ့ အဲဒါလေ ဦးလေးမြရဲ့ . . . အဲဒါ. . . ပြန်မေးနေတာလေ”
“အန်”
မင်းမူ သေသာသေလိုက်ချင်တော့သည်။ သည်ကကောင်က သူ့ကိုလူကြီးမို့လို့ ပြောသမျှနားထောင်ညိတ်ပြီး ဖော်လိုလိုက်ပေးနေတဲ့ဟာကိုပဲ ဈေးကထပ်ဆစ်ချင်နေသေးသည်။ အင်မတန် ကတ်သီးကပ်ဖဲ့နိုင်ပြီး ဂွကျလွန်းသည့်လူကြီးနှင့်မှ တည့်တည့်လာတိုးနေပါလားဆိုပြီး လူကညစ်ပြီးရင်းညစ်သွားရသည်။ ထို့ကြောင့်တင်းပြီး ဘုပြန်တောလိုက်ရသည်။
“မသိဘူးလေ. . . ဦးလေးမြပဲ အဲဒါ အဲဒါဆိုတော့ ကျွန်တော် လည်း အဲဒါဆိုပြီးလိုက်ပြောလိုက်တာပေါ့”
“ထင်သားပဲ. . . စကားပြောရင်းပြောရင်းနဲ့မှ ဦးလေးပြောနေတာ မောင်ရင်သေချာ နားမလည်သဘောမပေါက်ပါဘဲ ပြီးပြီးရော ဆိုပြီးလိုက်ပြောနေတယ်ဆိုတာ. . . ဒါကြောင့် မောင်ရင် အခုချိန်အထိ မိန်းမမရဘဲ လူပျိုကြီး ဖြစ်နေတာပေါ့”
“အန် - ဘာမှလည်းမဆိုင်ဘူး”
မင်းမူလည်း ဦးမြကြီးပြောကာမှ ထစ်ခနဲရှိ ခလုတ်တိုက်ခံ နေရသော လူပျိုကြီးဘ၀ ကိုစိတ်နာပြီး ကိုယ့်ကိုယ်ကိုယ်သတ်ပစ်ရမလို ဖြစ်နေသည်။
တစ်ဖက်သားကို နှိပ်ကွပ်ပြောဆိုလိုက်ရသဖြင့် နေသာထိုင်သာရှိသွားသော ဦးမြကြီး ခေါင်းတစ်ချက်ညိတ်လိုက်ပြီးနောက် စကားကိုဆက်သည်။
“ကဲပါလေ… မောင်ရင်နားရှင်းသွားအောင် ဦးလေးပဲဆက်ပြောပြပါ့မယ်”
သည်တစ်ခါတော့ မင်းမူစကားတစ်ခွန်းမျှမထောက်တော့ဘဲ စိတ်မရှည်ဟန်ဖြင့် လက်မှနာရီကို လိုအပ်သည်ထက်ပိုကြာကြာကြည့်ပြလိုက်သည်။
ထိုအခါမှ ဦးမြကြီးလည်းသဘောပေါက်သွားလျက်
“သြော် မောင်မင်းမူ အချိန်အရတော့ဘူးလား…. အေးလေဒါဆိုလည်းပြောစရာရှိတာ မြန်မြန် သွက်သွက်ပြောပါ့မယ်…..ဒီလိုကွယ့်…..မောင်မင်းမူလည်းအသိသားပဲ…တို့ရပ်ကွက်မှာ ဓမ္မာရုံလယ် လို့ အတည်တကျခန့်ခန့်ညားညားထည်ထည်ဝါ၀ါဘယ်တုန်းကများ ရှိဖူးလို့လဲ…ဦးလေးလည်း ဒါကို တွေးမိတိုင်းရင်ထုမနာအမြဲ ဖြစ်နေရတာ ……..နောက်ဆုံးတော့ မခံစားနိုင်တော့ဘဲ ဘာပဲ ဖြစ် ဖြစ်ငါတို့ ရပ်ကွက်မှာ ဓမ္မာရုံဆိုတာရှိရမယ်ဆိုပြီးဦးလေး ဆုံးဖြတ်ချက်ချလိုက်တယ်”
“သြော်…..ဟုတ်ကဲ့”
မင်းမူအလိုက်သင့်ခေါင်းသာညိတ်ပြလိုက်ရသော်လည်း စိတ်ထဲကမှု “ဟင်း- မြန်မြန်သွက်သွက် ပြောလို့သာပဲ…….အခုထိဓမ္မာရုံဆောက်တဲ့အပိုင်းမရောက်သေးဘူး…….ဆုံးဖြတ်ချက်ချတဲ့အထိ တောင်တော် တော် စောင့်နားထောင်ရတယ်” ဟုပြန်ပြောရင်း လက်မှနာရီကိုကြည့်လိုက်ပြန်သည် ထိုအခါမှာ လည်းဦးမြကြီးက
“သြော်-မောင်မင်းမူ အချိန်မရတော့ဘူးထင်တယ်…..အေးလေ-ဒီလိုဆိုလည်းပြောစရာရှိတာ မြန်မြန်သွက်သွက်ပြောပါ့မယ်…….အဒါနဲ့ရပ်ကွက်ဓမ္မာရုံ ဖြစ်မြောက်ရေး အတွက် ဦးလေးကိုယ်တိုင် ရှေ့ဆုံးကနေတက်တက်ကြွကြွဦးဆောင်ကမကထပြုတိုက်တွန်း လှုံ့ဆော်စည်းရုံးအလှူခံထွက်ရ တော့တာပေါ့. . . ဘယ့်နှယ့်. အဲဒီ အချိန်တုန်းက ဦးလေးရဲ့ အိုကြီးအိုမအသက်အရွယ်နဲ့မမျှအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သမိုင်းဝင်စီစဉ်လှုပ်ရှားဆောင်ရွက်နိုင်ခဲ့တဲ့ပုံရိပ်တွေ ကို မောင်မင်းမူကိုမြင်စေချင် တယ်ကွာ. . . အဲဒါတွေ ကိုမျက်မြင်ကိုယ်တွေ့ မကြုံလိုက်ရတဲ့ မောင်မင်းမူအဖို့ တစ်ဖူနာတာပဲကွ”
“ဗျာ. . .သြော်. ဟုတ် ဟုတ်ကဲ့. . . အဲဒီ တုန်းက ကျွန်တော် ကနိုင်ငံခြားမှာ သွားအလုပ်လုပ်နေ တဲ့အချိန်ဆိုတော့လေ. . . ဟင်း. ဦးလေးမြရဲ့ ဓမ္မာရုံတည်ဆောက်ရေး သမိုင်းဝင်ပုံရိပ်တွေ ကိုမြင်တွေ့  ခွင့်မရလိုက်ဘူး ဖြစ်သွားတယ်. . . ဦးလေးမြပြောတာ နားထောင်ပြီးမှပဲ ကိုယ့်ကိုယ်ကို တော် တော် ကံ ဆိုး သွားပါလားဆိုပြီးတောင် ခံစားလိုက်မိတယ်”
“အေးပေါ့ကွာ. . . ဒါလည်း ရှေးဘ၀ကုသိုလ်နည်းခဲ့လို့သာမှတ်ပါ. . . ဘာမှစိတ်မကောင်း ဖြစ်မ နေနဲ့. . . ဦးလေးပြုသမျှကိုအမြင်နဲ့မှမဟုတ်ဘူး. . . အကြားနဲ့ သာဓုခေါ်ရင်လည်း ကုသိုလ်မြောက်ပါ တယ်ကွယ့်”
“ဗျာ. . . သြော်. ဟုတ် ဟုတ်”
မင်းမူစိတ်မရှည်နိုင်တော့သဖြင့် ရွဲ့ပြောလိုက်ခါမှပဲ ရွဲ့ပြောတဲ့စကားကို အဟုတ်ကြီးလုပ်ပြီး အ မှတ်ယူဆက်ပြောလိုက်သော ဦးမြကြီးစကားကြောင့် မင်းမူရင်ခံသွားရသည်။
“ဒီတော့ကာ. . . ချုပ်ပြောရရင်”
“အင်း. ချုပ်ပြောပြန်ပြီ. . . ဘယ်လောက်တောင် ချုပ်ပြောဦးမလဲမသိဘူး”
တစ်ဖက်သား၏ အရိပ်သုံးပါးကိုမကြည့်ပဲ ဂုဏ်ယူပြောနေသော ဦးမြကြီးအား မင်းမူခင်မျာ အသံတိတ်သာတုံ့ပြန်ပြောဆိုနိုင်တော့သည်။
“ခုနက ဦးလေးပြောတဲ့အတိုင်း ဦးလေးရဲ့ ဘာသာ၊ သာသနာနဲ့ ရပ်ကွက်သူရပ်ကွက်သားတွေ အတွက် အပင်ပန်းခံဆောင်ရွက်တဲ့ထက်သန်သဒ္ဓါစေတနာ အားမာန်တွေ ရောင် ပြန်ဟပ်ပြီး ကူညီရိုင်း ပင်းချင်တဲ့လူတွေ လှူချင်တန်းချင်တဲ့စေတနာရှင်တွေ အလျှိုလျှိုပေါ်လာပြီး ၀ိုင်းဝန်းလိုက်ကြတာ. . . ဘာကြာတာမှတ်လို့. . . ရပ်ကွက်ထဲမှာ အခုမောင်မင်းမူမြင်သားပဲ. . ရပ်ကွက်ဓမ္မာရုံရယ်လို့ လူရိုသေ ရှင်ရိုသေ ထည်ဝါခန့်ညားစွာ ပေါ်ထွက်လာခဲ့တာ နတ်လူသာဓုခေါ်စရာပဲမဟုတ်လား မောင်မင်းမူ”
“ဟုတ်တာပေါ့ ဦးလေးမြရယ်. . . ဒါကြောင့် လည်း ရပ်ကွက်ထဲကလူတွေ က ဦးလေးမြအ ကြောင်း ပြောမဆုံးပေါင်တောသုံးတောင် ဖြစ်နေကြတာပေါ့”
“ဟေ. ဟုတ်လား. . . မောင်မင်းမူက ဘာတွေ ကြားလို့လဲ”
“သြော်.တခြားတော့မဟုတ်ပါဘူး. . . ဦးလေးမြပြောသလို မော်ကွန်းထိုးသမိုင်းတွင် စေ လောက်တဲ့ မှတ်တိုင်သစ်အကြောင်းပါပဲ”
“အိမ်း. ဒါ ကတော့ ဦးလေးစေတနာ ဦးလေးအကျိုးပေးတာလို့ပဲ ခေါ်ရမှာ ပေါ့ကွာ”
ဦးမြကြီး သူ့ဂုဏ်ရည်ဂုဏ်သွေးအတွက် သာမန်ထက် ပီတိဖြာနေတုန်း လစ်ပြေးဖို့အချိန် ကောင်းပဲဟုတွက်မိပြီး မင်းမူလည်း
“သေချာတာပေါ့ ဦးလေးမြရာ. . . ဦးလေးမြလည်း ရပ်ကွက်ဓမ္မာရုံအကြောင်း ကျွန်တော့် ကို ရှင်းပြလိုက်လို့ မောရောပေါ့. . . ကျွန်တော် လည်း ဦးလေးမြဘာကြောင့် အဲဒါ. . . အဲဒါလို့ပြောတယ် ဆိုတာ ရှင်းသွားပြီဆိုတော့ ကျွန်တော့် ကိုလည်း အကြားကုသိုလ်ယူပြီး သွားခွင့်ပြုပါဦး”
ဟူ၍ စကားအလှသုံးကာ နေရာမှထွက်ခွာဖို့ ခြေဟန်ပြင်လိုက်ပြန်သည်။ သို့ သော် ဦးမြကြီးက
“သြော်. မောင်မင်းမူရယ်. . . မဂ္ဂင်လမ်းကို ဒီလောက်ဖြောင့်ဖြောင့်ကြီးမြင်ခွင့်ရပြီးမှတော့ ဘာ ကြောင့် အကြားကုသိုလ်လောက်နဲ့ သွားချင်ရတာ လဲကွယ့်. . .အတွေ့ ကုသိုလ်လေးပါ. . . တစ်ခါ တည်းယူပြီးသွားမှ အကျိုးပိုပေတော့မပေါ့”
“ဗျာ. . . အတွေ့ ကုသိုလ်. . . ဟုတ်လား”
မင်းမူခြေဆက်မလှမ်းနိုင်သေးဘဲ ဖြစ်သွားရပြန်သည်။ မင်းမူနားမရှင်းသလို ဖြစ်နေသည်ကို ရိပ် မိဟန်ဖြင့် ဦးမြကြီးမိန့်မိန့်ကြီးပြုံးရင်း လိုရင်းကိုဆက်သည်။
“ဒီလိုကွယ့် မောင်မင်းမူရဲ့ . . . သန်ဘက်ခါ တနင်္ဂနွေနေ့ဆိုရင် တို့ရပ်ကွက်ဓမ္မာရုံရဲ့ အပတ်စဉ် ဆွမ်းလောင်းရက်ကျပြီဆိုတော့. . . ဒီကနေ့ နေ့လည် ၀ယ်စရာရှိတာ ၀ယ်ကြပြုကြပြီးရင် မနက်ဖြန် စနေနေ့ညကျရင် တို့ရပ်ကွက်ဓမ္မာရုံမှာ ပဲ ဆွမ်းအတွက်ချက်ပြုတ်ကြော်လှော်ကြမယ်. . . အသီးအ ရွက်စုံကြော်အပြင် ကြက်ဘဲဝက် အမဲသားငါးဟင်းတွေ ပါ စုံစုံလင်လင်ဖွယ်ဖွယ်ရာရာစီစဉ်ထားတယ် ကွ သိလား”
“သြော်. ပေါက်ပြီ. . . ဦးလေးတို့ချက်တဲ့ ဆွမ်းဟင်းတွေ ရဲ့ အရသာကို နိုင်ငံတကာအဆင့်မီချင် တဲ့အတွက် နိုင်ငံခြားကဟိုတယ်ကြီးတွေ မှာ စားဖိုမှူးလုပ်လာတဲ့ ကျွန်တော့် ကိုမြည်းစမ်းစားသုံးကြည့် စေချင်တာကိုး. . . အိုကေ. စိတ်ချ. . . မနက်ဖြန်ကျရင် ဦးလေးတို့ဓမ္မာရုံ ကျွန်တော် လာပြီး ချက်သမျှ ဟင်းတွေ ရဲ့ အရသာကို လာမြည်းပေး. . . အဲလေ. ဦးလေးပြောတဲ့ အတွေ့ ကုသိုလ်ကို ဆက်ဆက် လာယူမယ် ဟုတ်ပြီလား. . . အဟီး”
အတွေ့ ကုသိုလ်၏ ကောင်းမှု ကိုကြိုတွေးမိပြီး မင်းမူပီတိတွေ ကော၊သွားရည်ပါယိုချင်ချင် ဖြစ်လာ သည်။ အိမ်မှာ ထမင်းတစ်နပ်ဖိုးသက်သာသည့်အပြင် ဟင်းအလျှံပယ်နှင့် ကောင်းကောင်းလွေးရမည့်  ထိုတစ်ညနေစာအတွက် ကြိုပြီးပျော်သွားရသည်။
သည်ပုံအတိုင်းဆို ကြည့်ရတာ တစ်ညစာမကနိုင်။ ဆွမ်းလောင်းတာက တနင်္ဂနွေအပတ်စဉ်ဆို တော့ ချက်ပြုတ်ကြော်လှော်သမျှဟင်းတွေ နိုင်ငံတကာအဆင့်မီဖို့ မြည်းစမ်းပေးရမှာ ကလည်း စနေ နေ့ညအပတ်စဉ်ပဲ ဖြစ်မှာ ကျိန်းသေသည်။ ကောင်းကွာ. . . တစ်ပတ်တစ်နပ်စာသက်သာရေး စနေနေ့ တိုင်း ဓမ္မာရုံမှာ လွေးဟူ၍ မင်းမူကိုယ်တိုင် ဆောင်ပုဒ်လေးရေး ပြီးရုံရှိသေးသည်။ ပြုံးပြုံးကြီးပြောလာ သော ဦးမြကြီးစကားကြောင့် ထမင်းတစ်လုတ်ဟင်းတစ်ဖတ်မစားရသေးပါပဲ စားပိုးနင့်သွားရသည်။
“ဟော.ကြည့်. . .ဒါကြောင့် မောင်ရင်လူပျိုကြီး ဖြစ်နေတာလို့ပြောရင် ဦးလေးလွန်ရာကျဦးမယ်”
“ဟင်း. ပြောပြီးခါမှပဲ”
ဟု အသံတိတ်ရေရွတ်ပြီးနောက် ဦးမြကြီးဆက်ပြောလာမည့် စကားကို ရင်တထိတ်ထိတ်ဖြင့် နားစွင့်နေမိသည်။
“ဒီမယ်. . . ဟင်းမြည်းတာ ကတော့ ဦးလေးလည်း ဓမ္မာရုံပေါင်းစုံ အလှူအိမ်ပေါင်းစုံလည်ပြီး ဟင်းမြည်းနေတဲ့သူပါကွ. . .ဒါကြောင့် ဒီအတွက်တော့ဖြင့် ဘာမှမပူနဲ့. . . ဦးလေး တစ်ယောက် လုံးရှိ တယ်. . . ဒီကိစ္စ ဦးလေးတာဝန်ယူတယ်”
“ဒါဆို. . ဒါဆို. . . ကျွန်. . ကျွန်တော် က ဘာတာဝန်ယူရမှာ လဲ”
“သြော် - ထွေထွေထူးထူးရယ်တော့မဟုတ်ပါဘူး. . .
သံဃာတော် တွေ ကို ဆွမ်းလောင်းကုသိုလ်ပြုတဲ့ပွဲမှာ ကုသိုလ်ယူတဲ့ အနေနဲ့ ကိုယ်နိုင်သလောက်လေး ပါဝင်လှူဒါန်းပေးရုံပါပဲ”
“ဗျာ - နိုင်သလောက်လေး. . . ဟုတ်လား”
“အေးလေကွာ. . . ကဲ ပြော. . . ဘယ်လောက်လှူမလဲ”
မင်းမူ ဦးမြကြီး၏ မျက်နှာကို မျက်လုံးလေးပုတ်ခတ်ပုတ်ခတ် လုပ်ကာကြည့်ပြီးနောက် အင်္ကျီအိတ်ကပ်ထဲသို့ မျက်စိကစားလိုက်သည်။ ထို့နောက် အိတ်ကပ်ထဲတွင် သီးခြားတစ်ရွက်တည်း ရှိနေသော တစ်ရာတန်တစ်ရွက်ကို ညာဘက်လက်ညှိုးလက်မဖြင့်ညှပ်ကာ အသာ ထုတ်ယူ လိုက်သည်။
နှုတ်မှလည်း
“တစ်. . တစ်. . . ”
ဆိုပြီး တစ်ရာဟူ၍ု ပြောမည် ကြံရုံရှိသေးသည်။ စကားမဆုံးခင်မှာ ပင် ဦးမြကြီးက လက်ထဲမှတစ်ရာတန်ကိုကြည့်ပြီး တစ္ဆေသရဲ တစ်ကောင်ကိုတွေ့ ရသလို
“ဘာ တစ်ရာ”
ဟု အသံကျယ်ကျယ်လောင်လောင်ဖြင့် တအံ့တသြဆိုလေရာ မင်းမူလည်း ရှက်သွားလျှက်
“ဟာ - မဟုတ်တာ. . . ဦးလေးမြကလဲ. . . ဒီခေတ်ကြီးမှာ အထူးယာဉ်လို့ရေး ထားတဲ့ ဘတ်စ်ကားတွေ တောင် နှစ် ရာပေးမှစီးလို့ ရတဲ့ဥစ္စာ. . . တစ်ရာဘာလုပ်ရတာ မှတ်လို့. . . အဟင်း”
ဟုရောချရင်း တစ်ရာတန်လေးကို အိတ်ကပ်ထဲပြန်ထည့်ရသည်။ ထို့နောက် အင်္ကျီအိတ်ကပ်ထဲကို လက်ညှိုးလေးဖြင့် မွေနှောက်ရှာဖွေကြည့်သည်။ ငါးရာတန်နှစ် ရွက်ကို တွေ့ ရသည်။
ငါးရာတန်တစ်ရွက်လောက်တော့ လှူလိုက်ပါမည် လေဟုစဉ်စားမိချိန်မှာ ပင်
“သြော် ဦးမြကြီးနဲ့မောင်မူးကို လမ်းလယ်ခေါင်မှာ အကြာကြီးရပ်ပြီး ဘာတွေ ပြောနေကြပါလိမ့် ဆိုပြီး စိတ်ဝင်စားလာတာနဲ့ လာစနည်းနာလိုက်တာ. . . လက်စသတ်တော့ အလှူခံပုဂ္ဂိုလ်နဲ့ အလှူရှင်တို့တွေ့ နေကြတာကိုး. . . ကောင်းဗျာ”
ဆိုသော စကားသံနှင့်အတူ ဦးတိုးဝင်းအနားရောက်လာသည်ကိုတွေ့ ရသည်။
မင်းမူလည်း ငါးရာတန်တစ်ရွက်တည်းလှူရင် နှစ် ယောက် ပေါင်းလှောင်နေမှဖြင့် အခက် ဆိုသော အတွေးဖြင့် ငါးရာတန်နှစ် ရွက်ကို မနည်းထုတ်ယူရသည်။ ဒါတောင် လက်က တုန်ချင်ချင် ဖြစ်နေသဖြင့် အတော် လေးသတိထားထိန်းသိမ်းရသေးသည်။
ဦးတိုးဝင်းကို အဟဲ ဟုရယ်ပြလိုက်ရင်း အင်္ကျီအိတ်ကပ်အပြင်ရောက်လာသော ငါးရာတန်နှစ် ရွက်ကို နှမြောကြည့်ဖြင့်ကြည့်ရင်း
“ဒီ. . . ဒီမှာ . . . တစ်. . တစ်. . .”
ဆိုပြီး တစ်ထောင်လှူမယ်လို့ပြောမည် ကြံရုံရှိသေးသည်။ စကားမဆုံးခင်မှာ ပင် ဦးမြကြီးရော၊ ဦးတိုးဝင်းကပါ
“ဘာ တစ်ထောင်”
ဟူ၍ သံပြိုင် အံ့သြပြကြသည်။ တစ်ဆက်တည်းမှာ ပင် ဦးမြကြီးက
“မောင်းမင်းမူရယ်. . . စဉ်းစဉ်းစားစားလည်း လှူပါဦး. . . ဒီခေတ်ကြီးမှာ တက္ကစီငှားစီးတောင် ဟိုနား ဒီနားတစ်ထောင်နဲ့ မလိုက်တော့ဘူးကွယ့်”
ဟုဆိုသလို ဦးတိုးဝင်းကလည်း
“အေးလေကွာ. . . မောင်းမင်းမူနှယ်. . . ပြောတော့ နိုင်ငံခြားပြန်တဲ့. . . လှူတော့ လူရယ်စရာရယ်. . .မနက်မနက် လမ်းထဲပဲပြုတ်တောင်းရွက်ပြီး လိုက်ရောင်းတဲ့ပဲပြုတ်သည်မထား တောင်၊ အပတ်စဉ်တစ်ထောင့်ငါးရာလှူသေးတယ်. . . မောင်ရင်က တစ်ထောင်ဆိုတော့ ကျလည်းကျပါ့ကွာ. . . ဟား ဟား ဟား”
ဟူ၍ လှောင်ပြောင်ရယ်မောလေရာ မောင်းမင်းမူမျက်နှာ နွေးခနဲ ဖြစ်သွားရသည်။ လက်ထဲမှ ငါးရာတန်နှစ် ရွက်ကို အိတ်ကပ်ထဲ ကမန်းကတန်းပြန်ထည့်ပြီး ဘယ်လောက်လှူရရင် ကောင်းမလဲ ဆိုပြီး အိတ်ကပ်ထဲရှာဖွေစစ်ဆေးကြည့်မိပြန်သည်။ ဦးမြကြီးနှင့် ဦးတိုးဝင်းလည်း စိတ်ဝင်စား လာလျှက် မင်းမူ၏ အင်္ကျီအိတ်ကပ်ဆီသို့ ခေါင်းချင်းဆိုင်ကာ ပြူးပြဲငုံ့ကြည့်ကြသည်။
မင်းမူစဉ်းစားသည်။ ပဲပြုတ်သည်တောင် တစ်ထောင့်ငါးရာ လှူသည်ဆိုတော့ ကိုယ်က တစ်ထောင့်ကိုးရာလောက်လှူရင်မဆိုးလောက်ဟုတွေးမိပြီး ငါးရာတန်သုံးရွက်နှင့် နှစ် ရာတန်နှစ် ရွက် ကို လက်ဖြင့်တို့ထိလိုက်သည်။ထို့နောက် သူ့အင်္ကျီအိတ်ကပ်ထဲမှ ဘယ်လောက်တန်တွေ ထွက်လာမလဲ ဆိုပြီး စိတ်ဝင်တစားကြည့်နေသော ဦးမြကြီးနှင့်ဦးတိုးဝင်းကို အဟဲ ပြလိုက်ရင်း နှုတ်မှလည်း
“ဒါ… ဆို ကျွန်တော် က တစ်. . တစ်. . . ”
ဆိုပြီး တစ်ထောင့်ကိုးရာဟုပြောမည် ကြံရုံရှိသေးသည်။ စကားမဆုံးခင်မှာ ပင် ဦးမြကြီးနှင့် ဦးတိုးဝင်းက အံ့သြရေရွတ်သံကို အကျယ်လောင်ဆုံးပြုလိုက်ကြပြန်သည်။
“ဘာ လာပြန်ပြီလား. . . ဒီတစ်ထောင်”
“နိုင်ငံခြားပြန်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်မှ အားမနာ. . . ကိုယ့်ရပ်ကွက်အရေး တစ်ထောင်ပဲသဒ္ဓါတယ်ဆိုတော့လည်း နေပါစေတော့ မောင်မင်းမူရယ်. . . မောင်မင်းကိုအထင်ကြီးပြီး အလှူခံမိတာကိုက ဦလေးတို့အမှား”
သူတို့စကားများ ကြောင့် ပတ်ဝန်ကျင်ရှိလူများ စိတ်ဝင်စားကာ အနီးကပ်လာရောက်လေ့လာ ကြသည်။ ခေါင်းနပမ်းကြီးသွားရသည်။ ရှက်စိတ်ဖြင့် ဘေးဘီကိုဝေ့၀ဲကြည့်ပြီးနောက်
“အို - မဟုတ်တာ. . . ဦးလေးမြကလဲ. . . ကျွန်တော် က ကိုယ့်ရပ်ကွက်ကိစ္စပဲဥစ္စာ. . . တစ်ထောင်တည်းလှူပါ့မလား. . . ကျွန်တော် ပြောတာက. . . တစ်. . တစ်. . .”
ဆိုပြီး တစ်ထောင့်ကိုးရာဟူ၍ ပြောမည် ကြံရုံရှိသေးသည်။ နှမြောစိတ်နှင့် ရှက်စိတ်ကြောင့် ကိုယ်တိုင်ကစကားအဆုံးမှာ အသံတိမ်ဝင်သွားသလို ဦးတိုးဝင်းက ထုံးစံအတိုင်းကားမဆုံးခင်မှာ ပင်
“သြော် - ဒါဆို တစ်သော င်းလှူမယ်လို့ပြောတာလား” ဟူ၍ သူ့အထက်ကိုပြောလေရာ မင်းမူလည်း အသက်ရှူကြပ်သွားလျက် အလျင်အမြန်ရှင်းရသည်။
“မ မဟု. . ကျွန်တော် ပြောတာက. . . တစ်. . တစ်. . .”
“ဘာ. . ဒါ. . ဒါဆို တစ်သိန်းပေါ့. . . ဟုတ်လား”
ဦးမြကြီးဝမ်းသာအယ်လဲ ဖြစ်ကာ မင်းမူအား လေးစားအထင်ကြီးသော အကြည့်များ ဖြင့် ကြည့်ရင်း မင်းမူရှင်းပြခွင့်မသာခင်မှာ ပင်ဆုတွေ တစ်သီကြီးပေးလေသည်။
“အေးကွာ. . . မောင်မင်းမူရဲ့ ဒါနအား သဒ္ဒါအားက မြင့်မြတ်ပါပေတယ်. . . မောင်မင်းမူတစ်ဦးတည်းက တစ်သိန်းလှူတယ် ဆိုတော့ ဒီအပတ်ဆွမ်းလောင်းပွဲ ပိုပြီးဖွယ်ဖွယ်ရာရာ စုံစုံလင်လင် အားပါးတရလှူနိုင်တာပေါ့ကွာ. . . မောင်းမင်းမူရဲ့ မွန်မြတ်တဲ့အလှူကို တမလွန်က မောင်မင်းမူရဲ့ မိဘနှစ် ပါးကလည်းသာဓုခေါ်မှာ ဧကန်မလွဲပါပဲ. . .သာဓုပါဗျာ. . .ဤသို့ ပြုရတဲ့ ဒါနကုသိုလ်ကြောင့် မောင်မင်းမူလေး. . .နိုင်ငံခြားပြန်စားဖိုမှူးလေး ကြံတိုင်းအောင်ဆောင်တိုင်းမြောက်လို့ ဒီထက်ဒီတိုးပွားချမ်းသာပြီး ဘုရားကျောင်း ဒါယကာ သာသနာဒါယကာအ ဖြစ်နဲ့ အမျိုးဘာသာ သာသနာကို ချီးမြှော က်သယ်ပိုးနိုင်တဲ့ အမျိုးကောင်းသာကီနွယ်အ ဖြစ် ထာဝရထွန်းလင်းတောက်ပနိုင်ပါစေ. . . ဤကောင်းမှု ကုသိုလ်ကံ စေတနာတို့ကို မောင်မင်းမူ၏ မိဘနှစ် ပါးကလည်း ရောက်ရာဘုံဘ၀က သာဓု ခေါ်သလို တို့တွေ က လည်း သာဓုခေါ်လိုက်ပါတယ်ကွယ်”
“သာဓု သာဓု သာဓု”
မထင်မှတ်ဘဲ အထမြောက်သွားသော မဟာဒါနကို ဦးမြကြီး ဦးဆောင်၍ အနီးရှိလူအားလုံးက ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နေကြပြီ ဖြစ်သဖြင့် မင်းမူလည်း ဘာမျှအထွန့်မတက်နိုင်ဘဲ ချိုင်းကြား ညှပ်ထားသော ပိုက်ဆံအိတ်ထဲမှ အသင့်ပါလာသော တစ်ထောင်တန် တစ်သိန်းအုပ် အသစ်စက်စက် တစ်အုပ်ကိုထုတ်ယူကာ ဦးမြကြီးလက်ထဲထည့်ပေးလိုက် ရသည်။ ဦးမြကြီးက အလှူငွေကို အခမ်းအနားဖြင့် ဓာတ်ပုံဗီဒီယိုရိုက်ပြီး လက်ခံရယူသည့်နှယ် လက်ခံယူသည်။ ပြီးတော့အားမနာ လျှိုမကျိုးဘဲ
“အိမ်း- မောင်မင်းမူ ခုလိုလှူချင်တန်းချင်စိတ်ပေါက်လာရတယ်ဆိုတာကလည်း ပြောရရင် ဒါဦးလေးမြစေတနာ ဦးလေးမြကို အကျိုးပေးတာပဲ”
ဟုခန့်ခန့်ကြီးမိန့်နေသေး၏ ။ အနီးရှိလူများ ကလည်း သည်လိုအခမ်းအနားမျိုးတွေ တက်နေကျ ထင်သည်။ အလိုက်သင့်ပင် လက်ခုပ်တီးပေးကြသည်။
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
မင်းမူခမျာ လက်ခုပ်သံဆုံးအောင်ပင်နားထောင်နိုင်စွမ်းမရှိတော့ဘဲ လစ်ပြေးရန်ပြင်တော့ သည်။
“ကဲ - ဒါဆို အချိန်မရတော့လို့ကျွန်တော့် ကို ခွင့်ပြုပါဦး”
“အေး - အေး. . . ကောင်းပါပြီးကွယ်. . . သြော် - ဒါနဲ့ နိုင်ငံခြားပြန်သူတော် ကောင်းလေး မောင်မင်းမူရေ”
“ခ. . ခင်ဗျာ. . . ကျွန်တော် သွား. . သွား”
ဦးမြကြီး ချိုသာပြေပြစ်သော လေယူလေသိမ်းနှင့်မျက်နှာအမူအရာတို့ကို ကြည့်ပြီး နောက်ဆက်တွဲရလာဒ်များ ကို တွေးမိလျှက် မင်းမူဇောချွေးတွေ ပြန်လာရသည်။
“အေးပါလေ. . . သွားတာသွားပေါ့ကွယ်. . . ဒါနဲ့ နောက် တနင်္ဂနွေအပတ်စဉ်တွေ လည်း နိုင်သလောက်လေးတော့ ဆက်လှူဦးကွယ့်နော်”
“ဗျာ. . . နိုင်. . နိုင်သလောက်. . .”
“အေးလေကွယ်. . . ၀ါတွင်းသုံးလကာလပတ်လေး ကုသိုလ်ပြုရတာ . . . ဦးလေးက မောင်မင်းမူလှူလက်စနဲ့ ကုသိုလ်ဆက်သွားအောင် စေတနာနဲ့ပြောရတာ . . . သေရင် ကိုယ့်နောက်ပါမှာ မောင်မင်းမူ နိုင်ငံခြားသွားရှာလာတဲ့ဒေါ်လာတွေ မဟုတ်ဘူး. . . အခုပြုတဲ့ဒါနကုသိုလ်ပဲကွယ်. . . ဒါကြောင့်ပြောတာ. . . ခုလိုပဲ နိုင်သလောက်တော့ ဆက်လှူသွားပေါ့”
“ဗျာ. . . ခုလိုပဲ နိုင်သလောက်. . .ဒါ. . ဒါဆိုလည်း. . . တစ်. . တစ်. . .”
“ဘာလဲ. . . တစ်သိန်းလား. . .ဒါ. . ဆိုလည်း. . .သာ. . .ဓု. .ဓု”
“နေ. . နေပါဦး. . .မလောပါနဲ့ဦး. . .ကျွန်တော် ပြောတာက တစ်. . တစ်. . .
“သြော် - တစ်သော င်းလား. . . အင်း - အပတ်စဉ် တစ်သော င်းဆိုတော့လည်း နည်းတဲ့အလှူဒါနလား. . . သာဓုဗျာ. . . သာဓု. . .သာဓု”
“မ…..မ…ဟု…”
“သာဓု….သာဓု…..သာဓု”
တစ်ထောင်လို့ ပြောမည် ပြုတာကို စကားမဆုံးခင် အားလုံးက သာဓုဝိုင်းခေါ်ကြပြန်သည့်အ တွက် မင်းမူ အချိသွားဖြဲရယ်ပြလိုက်ရပြန်သည်။ တစ်ဆက်ထည်းမှာ ပင်နေရာမှတစ်ချိုးတည်းလစ် ပြေးလေသည်။
“ကဲ….ကဲ…..အားလုံးပဲသွားပြီဗျို့”
“မောင်မင်းမူ…..ဟေ့…ဟေ့…..မောင်မင်းမူ”
ဒါတောင်တစ်စုံ တစ်ယောက် ကပြေးလိုက်လာပြီးလက်ဖမ်းဆွဲလေရာ မင်းမူရင်ထိတ်ခနဲ ဖြစ်သွား ပြီးလှည့်ကြည့်ရာ ဦးမြကြီးကိုတွေ့ ရသဖြင့် သွေးစုတ်ဖုတ်ကောင်ကိုတွေ့ လိုက်ရသလို ချက်ချင်း မျက် နှာဖြူရော်သွားလျက် လဲကျမတတ် ဖြစ်သွားရသည်။ ဦးမြကြီးက တော့ပြုံးပြုံးကြီးကြည့်လျှက် နာမည် ကိုခေါ်ကောင်းတိုင်းခေါ်နေတော့သည်။
“မောင်မင်းမူရေ”
“ခ…..ခ….ဗျာ…..ဥ…..လေး….အဲလေ…..ဦးလေး”
“တခြားတော့မဟုတ်ပါဘူး…..အလှူငွေဖြတ်ပိုင်းကို ညနေကျမှအိမ်လာပို့ပေးမယ်လို့ပြောမလို့”
“ဗျာ…..တော် …တော် သေးတာပေါ့…..အဲလေ…ရပါတယ် ဦးလေးရဲ့အချင်းချင်းတွေ ပဲဟာ….. အဟင်းသွားတော့မယ်နော်”
“သြော်အေး ….ဒါဆိုလည်းကောင်းပြီလေ….သြော်ဒါနဲ့မောင်မင်းမူ”
“ဗျာ…..ဥ…ဥလေ..အဲလေ…ဦးလေး”
“သြော်-တခြားတော့မဟုတ်ပါဘူး”
“ဘာ……..ဘာများ လဲဟင်”
“သြော်မောင်မင်းမူမျက်နှာမှာ ချွေးတွေ ရွှဲနေတာမြင်မကောင်းလို့ ဦးလေးမှာ ပါတဲ့ တစ်ရှူးထုပ် လေးလိုက်ပေးတာပါကွယ့်…..ရော့-ယူပြီးသုတ်လိုက်ပါဦး”
“ဟုတ်….ဟုတ်ကဲ့”
“မောင်မင်းမူနှယ်….ချွေးထွက်ကလည်းသန်ပါရောပဲ……. အေးလေ ဒါကြောင့် လည်း ကျန်းမာ ရေး ကောင်းနေတာနေမှာ ပေါ့”
“ဟုတ်ဟုတ် …. ကျေးဇူးပဲသွားပြီနော်”
သည်တစ်ခါတော့ မောင်မင်းမူပြောလည်းပြော ပြေးလည်းပြေးတော့သည်။ဒါတောင် ဦးမြကြီး ကပြောစရာစကားကျန်သေးဟန်ဖြင့်
“မောင်မင်းမူ”
ဆိုပြီးလှမ်းခေါ်နေတော့သည်။
မင်းမူခမျာမှာ တော့ ဦးမြကြီးနှုတ်မှနာမည် ခေါ်သံတစ်ခါကြားတိုင်း ကျောတစ်ခါတွန့်ကာ နှလုံး ရောဂါ ရချင်သွားသည်။
ဒါကြောင့် ဦးမြကြီးမျက်ကွယ်အရပ်ကို မြန်မြန်ရောက်မှသာ ရောဂါ သက်သာနိုင်ပေလိမ့်မည် ။ နို့မဟုတ်လျှင်ကိုယ့်နာမည် ခေါ်သံကြားပြီးနှလုံး ရောဂါ ရကာ သေသွားရှာသည့်မသာရယ်လို့ ရပ်ကွက် ထဲ ထူးထူးခြားခြားသမိုင်းတွင် သွားနိုင်မှာ တော့ဧကန်မုချပင် ဖြစ်တော့သည်။
အခန်း(၂)
“ဟင်း နေရင်းထိုင်ရင်းကွာ……….ထီကလာပေါက်နေရတယ်…..ပေါက်တာတောင် ဆုသေး သေးလေးမဟုတ်ဘူး……တစ်သိန်းဆုကြီး…..ဦးလေးမြ….တော် တော် ဟုတ်တဲ့လူကြီး……ကိုယ့်ဘာ သာနေတဲ့ဟာ အကောင်းကြီး…..သူလုပ်တာနဲ့ဘဲ…..ပါသမျှပြောင်ပြီ….သာဓုခေါ်ပြန်ရအောင်ကလည်း ကိုယ့်စိတ်ကိုယ့်သဘောနဲ့မဟုတ်…..ဟင်းပြောတော့ဖြင့် နိုင်သလောက်လှူပါ…..နိုင်သလောက်ဆို တော့သာတော် တော့တယ်…..ဟင်း တကတည်း မပြောလိုက်ချင်ဘူး”
မင်းမူ တစ်ယောက် ထည်းပွစိပွစိပြောရင်းလျှောက်လာရာကားအသွားအလာရပ်ကွက်ထိပ် လမ်းမကြီးပေါ်သို့ ရောက်လာသည်။
လမ်းမကြီးပေါ်ရောက်သည်နှင့် အနီးသို့ ဦးတည်မောင်းနှင်လာနေသည့်ကားရှိမရှိမျက်မှော င် ကုတ်ကြည့်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ကိုဆန့်တန်းပြီး ကားတားလိုက်သည်။ တက္ကစီတစ် စီးကျွီခနဲထိုးရပ်လာသည်။
“အစ်ကိုလေး ဘယ်သွားမလို့လဲ”
“မြို့ထဲ”
“မြို့ထဲ ဘယ်နားလဲ”
“ပန်းဆိုးတန်းနား”
“ဘယ်ဘလောက်လဲ”
“အပေါ်ဘလောက်”
“ရတယ်တက် အကိုလေး …သုံးထောင်ပဲပေး”
“ဟင်ရတယ် နေပါစေ …..ဟိုမှာ ဘတ်စ်ကားလာနေပြီ…ဘတ်စ်ကားစီးသွားမယ်”
မင်းမူစကားကြောင့် ကားဆရာဒေါကန်သွားရသည်။
“ဟင်ဒါဆိုဘာလို့တက္ကစီတားသေးလဲ”
“အိုမဟုတ်တာ…ကျုပ်တားတာ အခုလာနေတဲ့ဘတ်စ်ကားကို ကျုပ်လိုက်မယ်ဆိုတဲ့သဘော နဲ့ အချက်ပြထားတာ”
“ဟင်ဒါဒါဆို မြိုထဲသွားမယ်တို့….ပန်းဆိုးတန်းလမ်းသွားမယ်တို့ အပေါ်ဘလောက်တို့ဘာ ကြောင့် ပြောသလဲ”
“ဒါလည်းခင်ဗျားမေးလို့ပြောတာလေ…. သြော်- ခင်ဗျားကိုရှင်းပြနေရတာ နဲ့ ဘတ်စ်ကား တောင်ပြန်ထွက်တော့မယ်…..ခက်တော့တာပဲ”
မင်းမူတက္ကစီဆရာကိုအပြစ်တင်ပြီးနောက် တက္ကစီနောက်ရှိဘတ်စ်ကားပေါ် ပြေးတက်သွား သည်။
တက္ကစီဆရာလည်းဘတ်စ်ကားပေါ်ပြေးတက်သွားသော မင်းမူကိုလည်ပြန်ကြည့် ဘုရှိုးရှိုးရင်း
“ဟဘယ်လိုလူလဲဟ ….. ကြောင်တောင်တောင်နဲ့….. တကယ်အူကြောင်ကျားပဲ….တက္ကစီ တားပြီး ဘတ်စ်ကားပေါ်တက်သွားတယ်…..ကိုယ်ဝတ်စားထားတာကိုမှ အားမနာကွာ ….အေး ငါမှား တာ ဒီလိုအူကြောင်ကြောင်ကောင်မျိုးကားတားတာကို ဈေးဦးပေါက်ပြီဆိုပြီး ၀မ်းသာအားရကားရပ် ပေးမိတာကိုကငါ့အမှား”
ဟု တစ်ယောက် ထည်းမကျေမချမ်းရေရွတ်ပြီးနောက်ကားကိုဝူးခနဲဒေါသတကြီးမောင်းထွက် သွားတော့သည်။
အခန်း(၃)
“ဒီမှာ - ဘောင်းဘီလက်ရှည်နဲ့အစ်ကိုကြီး ဘယ်ဆင်းမှာ လဲ”
မင်းမူ တစ်ယောက် မှတ်တိုင်ရောက်လျှင် ဆင်းရလွယ်အောင် ဆိုပြီး ဘတ်စ်ကားအပေါက်ဝနားတွင် ပေရပ်နေသည်။ စပါယ်ယာက မျက်စိနောက်လာဟန်တူပါသည်။ ဒါပေမဲ့ မင်းမူ ကတော့ မထင်မှတ်ဘဲ အထမြောက်သွားသည့် ကိုယ့်အလှူဒါနကြီးအကြောင်း၌ သာ အတွေးတ၀ဲလည်ည် ဖြစ်နေသဖြင့် စပါယ်ယာပြောလို့ပြောနေမှန်း မသိဘဲ ဆက်ရပ်နေသည်။ စပါယ်ယာလည်း သူပြောတာအရေး မလုပ်ရကောင်းလားဆိုပြီး ပိုတင်းသွားရသည်။
“ပြောရင် မကြားသလိုလိုဘာလိုလိုနဲ့. . . ကိုယ်ဝတ်စားထားတာမှ အားမနာ. . . ပေကပ်ကပ်ညစ်တစ်တစ်လုပ်ချင်တဲ့သူက ရှိသေးတယ်. . . ဒဲ့လက်ညှိုးထိုးပြီးမှပြောတော့လည်း ကားစပါယ်ယာတွေ ရိုင်းတယ် ဖြစ်ဦးမယ်”
စပါယ်ယာပြောလည်းပြောပဲရှိသည်။ မင်းမူ ကတော့ သူဘာပြောလို့ပြောနေသည်ဆိုတာလည်း မကြား။ လူတွေ ကွက်ကြည့်ကွက်ကြည့်နှင့် ၀ိုင်းကြည့်ကြတာလည်း ဂရုမထားမိပဲ
“အခုလှူလိုက်ရတာ နင့်ခနဲတစ်သိန်း. . . နောက်အပတ်စဉ်တစ်ပတ်တစ်သော င်းဆိုတော့ တစ်လလေးသော င်းပေါ့. . . သုံးလဆိုတော့ တစ်သိန်းနှစ် သော င်း. . . အားလုံးပေါင်းလိုက်တော့ နှစ် သိန်းနှစ် သော င်း. . . အမလေး - သေ သေရချည်ရဲ့ . . . ဟင်းဟင်း”
ဟူ၍ ၀မ်းနည်းပက်လက်တွေးရင်း သက်ပြင်းတွေ သာ လှိမ့်ချနေမိသည်။
ခရီးသည်အချို့ပင် မင်းမူကို သိပ်မကြည့်ချင်တော့။ စပါယ်ယာဘက်မှရပ်တည်ကာ ပွစိပွစိပြောဆိုလာကြသည်။ တံခါးပေါက်နားမှာ ပေရပ်နေသည့်အပြင် ရပ်နေပုံကလည်း ကိုးယိုးကားယားနိုင်သဖြင့် အနီးရှိခရီးသည်အချို့မှာ အခက်တွေ့ ရသည်။ အထူးသဖြင့် မင်းမူဘေးတွင် ရပ်နေသော မမမောင်အဖို့ ပို၍ အနေရဆိုးသည်။ သူ့နောက်မှာ လည်း ရပ်မရ။ ဘေးမှာ လည်းရပ်လို့မရ သဖြင့် မျက်စောင်းတထိုးထိုးပြုလာရသည်။ ဘယ်သူတွေ သူ့ပေါ် ဘယ်လိုသဘောရှိပါစေ။ မင်းမူတို့ ကတော့ အေးဆေး။
စပါယ်ယာကလည်း မှတ်တိုင်တစ်မှတ်တိုင်ရောက်လည်း အပေါက်ဝကမဖယ်။ နှစ် မှတ်တိုင်လည်း အပေါက်ဝမှာ သာ ပေရပ်နေသည့်အပြင် ပြောတာလည်းအရေး ထားဟန်မပြသော မင်းမူကို လုံးဝလုံးဝတင်းသွားလေပြီ။ ထို့ကြောင့် မြင်းမူလက်မောင်းကို လက်ညှိုးဖြင့် ခပ်ကြမ်းကြမ်းတို့လိုက်လေသည်။ ထိုအခါမှ မင်းမူလည်း လှည့်ကြည့်ပြီး
“ဟင် - ဘာလဲ”
ဟူ၍ မျက်ခုံးပင့်ပြရာ စပါယ်ယာက အလိုမကျလေသံဖြင့်
“ဦးလေးက ဘယ်မှာ ဆင်းရမှာ လဲ”
ဟုမေးလေသည်။ ဒီတစ်ခေါက်တင်းသွားရသူက မင်းမူ ဖြစ်သည်။ ဒီကဖြင့် အသက်ဘက်လောက်မှကြီးသေးသော မဟုတ်ဘဲ ဦးလေးဟု ခေါ်နေသည်။ လူကိုဦးလေးခေါ်ရအောင် ဦးလေးခေါ်တဲ့ရုပ်ကိုကြည့်တော့လည်း ငါးကျည်းခြောက်အိုကြီး မီးပြင်းတိုက်ခံထားတဲ့ရုပ်နဲ့။ ထို့ကြောင့် အမြင်ကတ်ကတ်နှင့် ပြန်ရွဲ့ ပေးလိုက် သည်။
“ဦးလေးဘယ်မှာ ဆင်းမှာ လဲမေးပြီး င့ါတူကြီးက ဘာလုပ်မလို့လဲဟင်. . . ပြောစမ်းပါဦး င့ါတူကြီးရဲ့ . . . အေးပါ. . . သိချင်ပြောပါ့မယ် တူကြီးရယ်. . . ဦးလေးက မြို့ထဲပန်းဆိုးတန်းမှတ်တိုင်မှာ ဆင်းမှာ တူကြီးရဲ့ . . . သိပြီလား”
စပါယ်ယာလည်း ဦးလေးခေါ် တုန်းကသွားခေါ်ပြီး င့ါတူကြီးဆိုပြီး တစ်ပြန်ဖိ အခေါ်ခံရသည့်အခါမှာ တော့ ဆတ်ဆတ်ခါနာသွားရသည်။ နာဆို ခရီးသည်အချို့ မင်းမူစကားကို သဘောကျပြီး ရယ်မိကြသည်ကိုး။
“ဒါဆို အဝေးကြီးလိုသေးတယ်. . . အထဲဝင်စီးပါ”
“သြော် - ဒီနေရာလေးကမှတ်တိုင်ရောက်တဲ့အခါ ဆင်းရလွယ်လို့ ရပ်နေတာပါ တူကြီးရယ်. . . ရှင်းပြီလား”
“ခစ် ခစ် ခစ်”
“ဟစ် ဟစ်
သရောလှောင်ပြောင်လိုသော မျက်နှာထားဖြင့် ပြောနေသော မင်းမူကိုကြည့်ပြီး မမမောင်လည်း အခြားသူများ နည်းတူ ဒေါသလည်းထွက်၊ ရယ်လည်းရယ်ချင်မိလေသည်ကိုး။
“ဒါဆို အဝေးကြီးလိုသေးတယ်. . . အထဲဝင်စီးပါ”
“သြော်- ဒီနေရာလေးကမှတ်တိုင်ရောက်တဲ့အခါ ဆင်းရလွယ်လို့ ရပ်နေတာပါ တူကြီးရယ်. . . ရှင်းပြီလား”
“ခစ် ခစ် ခစ်”
“ဟစ် ဟစ်”
သရောလှောင်ပြောင်လိုသော မျက်နှာထားဖြင့် ပြောနေသော မင်းမူကိုကြည့်ပြီး မမမောင်လည်း အခြားသူများ နည်းတူ ဒေါသလည်းထွက်၊ ရယ်လည်းရယ်ချင်မိလေသည်။
“ဒီမယ် - ကျွန်တော် တို့မှာ ဒီအချိန်လေးပဲ ဒီအပေါက်လေးတစ်ပေါက်နဲ့လုပ်စားနေရတာ ပါ. . . လူဘယ်လောက်ကျပ်ကျပ် မှတ်တိုင် ကျော်ပါးသွားတဲ့ခရီးသည်ဆိုတာ မရှိဘူး. . . ဒါကြောင့် ဟို အနောက်ထဲသွားစီးပေးပါ”
“ဒါဆိုရင် လူတိုးရမှာ ပေါ့ကွ”
“လူတိုးရမှာ ကြောက်ရင် ဘတ်စ်ကားမစီးနဲ့. . . တက္ကစီငှားစီးပေါ့ဗျ. . . ခင်ဗျားကလဲ”
“အေးပါ. . . ငါကလည်း တက္ကစီငှားစီးမလို့ပဲ. . . ဒါပေမဲ့စောစောစီးစီး အေးဓားပြတိုက်ခံလိုက်ရလို့ တက္ကစီမစီးနိုင်တော့ဘဲ ဘတ်စ်ကားစီးလာရတာ ပေါ့ကွ. . . ရှင်းရဲ့ လား တူကြီးရဲ့ ”
“အိုဗျာ - ဒါတွေ ကျုပ်တို့နဲ့ မဆိုင်ဘူး. . . ဘတ်စ်ကားစီးရင်တော့ ကိုယ့် တစ်ယောက် တည်း မဟုတ်ဘူး. . . တခြားခရီးသည်တွေ လည်းရှိတယ်. . . ကျုပ်တို့တွေ ကိုမငဲ့တောင် ခရီးသည်အချင်းချင်း ငဲ့ညှာစိတ်နဲ့ အဆင်ပြေအောင်စီးပေးပါ. . . ရှေ့မှတ်တိုင်ရောက်ရင် ခရီးသည်တွေ တက်လာကြဦးမယ်. . . သူတို့လည်း ကိုယ့်လိုပဲလိုက်ချင်ကြမှာ ပေါ့. . . ကိုယ်ကားပေါ်ရောက်ပြီဆိုတာနဲ့ နောက်တက်လာမယ့် လူတွေ ကို မငဲ့ဘဲ ထင်သလိုနေလို့ရမလားဗျ”
စပါယ်ယာစကားက နည်းလမ်းကျသဖြင့် မမမောင်က
“အင်းလေ - ယောက်ျားကြီး ဖြစ်ပြီး ကိုယ်ချင်းစာစိတ်လည်း မရှိဘူး. . . သူ အထဲမှာ မစီးချင်နေပါစေ. . .ကျွန်မတို့မိန်းခလေးတွေ ပဲ အတွင်းထဲတိုးစီးပေးမယ်”
ဟုရေရွတ်ပြောဆိုရင်း ကားနောက်ထဲသို့ တိုးဝှေ့သွားသည်။ထိုအခါမှမင်းမူလည်း
“အေးကွ…ဒီတစ်ခါတော့ငါ့တူကြီးပြောတာတရားနည်းလမ်းကျတယ်…….အထဲတိုးစီးပေးမယ်ဟုတ်ပြီလား…..ဒါပေမယ့်တစ်ခုတော့ရှိတယ်နော်……မှတ်တိုင်ကျော်ပြီးပါသွားရင်တော့ဘတ်စ်ကားခ နှစ်ဆပြန်လျော်ပေးဖို့သာပြင်ထား…..ဒါပဲ”
ဟုဆိုရင်း ကားနောက်ခန်းထဲသို့ တိုးဝှေ့ရောက်ရှိသွားလေသည်။ ဒါတောင်ပါးစပ်က
“ဟင်း - ဆေးရုံသွားတော့လည်းတံခါးပေါက်စောင့်နဲ့နာစ်မကြောက်ရ … စတိုးဆိုင်သွားတော့ လည်းအရောင်းစရေး မကြောက်ရ…..ဘတ်ကားစီးတော့လည်းစပါယ်ယာကြောက်ရနဲ့အားလုံးကို ကြောက်နေရတော့တာပဲ”
ဟူ၍ ပွစိပွစိပြောနေသေးသည်။
လေးငါးမှတ်တိုင်စာမျှ အိနြေ္ဒရရစီးသွားနိုင်သည်ဆိုသော်လည်း တကယ်တမ်းကျတော့တစ် မှတ်တိုင်ရောက်တိုင်း ဆင်းချည်တက်ချည်လူတွေ ကြောင့် မင်းမူလည်းရှေ့တိုးနောက်ဆုတ်ပေးရ၊ဘယ် ညာဘေးကပ်ပေးရသဖြင့် စိတ်ကိုအတော် ချုပ်တီးပြီးသည်းခံနေရသည်။ဒီလောက်အလိုက်သင့်စီးပေး နေတာတောင် ပြဿနာက ပေါ် ဖြစ်အောင်ပေါ်လာသေးသည်။
မမမောင်လည်းမင်းမူ တစ်ယောက် သူမဘေးနားရောက်လာပြီးတွန်းထုတ်လိုက် တော် ကြာ နောက်ရောက်လာပြီး ဖိချသလိုလုပ်လိုက် ဆိုတာတွေ က များ လာတော့ သည်းမခံနိုင်တော့။
“သြော်ဒုက္ခပါပဲ ….ဘတ်စ်ကားစီးတာဘယ်လိုစီးမှန်းကိုမသိဘူး”
ဟုတိုးတိုးတိတ်တိတ်ပွစိပွစိရေရွတ်နေရာက သည်းမခံနိုင်တော့ပြီ ကားကလည်းလသာမှတ် တိုင်ကျော်လာပြီမို့ဆင်းသူများ ကာ ကားအနည်းငယ်ချောင်ချိသွားသည်နှင့်ကိုယ်တစ်ပတ်လှည့်ကာမင်း မူကိုဆောင့်တွန်းပြီးရန်တွေ့ လေတော့သည်။
“ဒီမယ်….ရှင့်မှာ နှမတွေ မရှိဘူးလားဟင်”
“ဟင့်အင်း…………မရှိဘူး…...ဘာ ဖြစ်လို့မေးတာလဲဟင်”
မင်းမူတုံ့ပြန်စကားကြောင့် မမမောင်ပိုပေါက်ကွဲသွားရသည်။
“သြော်……ဒါကြောင့် ရှင်နှမချင်းစာနာတတ်တာပေါ့ ဟုတ်လား”
“စာနာတတ်ပါတယ်…ဒါနဲ့ အခုဘာ ဖြစ်နေလို့လဲ”
“ဘာ ဖြစ်ရမှာ လဲ……ရှင်ဘတ်စ်ကားပေါ်စတက်လာကတည်းက နည်းနည်း လေးမှအပိုးမကျိုး ဘူး….တကယ်ပြောတာ….တစ်စက်ကလေးမှကြည့်လို့မရဘူး…သိလား”
ဗလာကြီးလာခွပ်နေသော မရန်လိုကိုကြည့်ပြီးမင်းမူပထမကြောင်အမ်းသွားရသည်။ လူရှေ့သူ ရှေ့အသားလွတ်ကောခံရသဖြင့် ရှက်လည်းရှက်ဒေါသလည်းထွက်သွားရသည်။ သို့ သော် မိန်းကလေး နှင့် ယောက်ျားလေး ဖြစ်နေသလို နားလည်မှု လွဲမှားနေတာ ဖြစ်နိုင်သဖြင့် စိတ်ကိုလျှော့ချထားလိုက် သည်။
“ရော်….ဒါဆိုလည်း ဘာကြောင့် အပင်ပန်းခံပြီးကြည့်နေသေးလဲ….မကြည့်နဲ့ပေါ့ဟုတ်ပြီလား …စပါယ်ရာရေ-ပန်းဆိုးတန်းမှတ်တိုင်ရောက်ပြီလားဟေ့”
ဒီလောက်ရန်တွေ့ နေတာကို အရေး မပါသလိုသဘောထားပြီး စပါယ်ယာကိုမှတ်တိုင်လှမ်း မေးသော မင်းမူကိုမမမောင်သတ်ပြစ်ချင်စိတ်ပေါက်သွားသည်။
“ဒီမယ်……ရှင်….ရှင် လူကိုနှမချင်းမစာမနာလုပ်တုန်းကလုပ်ပြီး အခုမှရူးချင်ယောင်ဆောင်မ နေနဲ့….မရဘူးသိလား”
“ရော်ခက်နေပါပြီ…ငါကမင်းကို ဘာတွေ နှမချင်းမစာမနာလုပ်နေလို့လဲ……ပြောစမ်းပါဦး”
“ရှင်….ရှင် မောင့်ကိုနောက်ကနေ အတင်းကြီးဖိကပ်ထားတာ နှမချင်းမစာမနာလုပ်တာ မဟုတ်လို့ဘာလဲ”
“ဟင်ဘယ်ကမောင်လဲ…မတွေ့ မိပါဘူး….ဘယ်မှာ လဲမင်းပြောတဲ့မောင်”
မမမောင်စကားပြောရင် ကိုယ့်ကိုကိုယ်မောင်လို့ပြောတတ်သည်မို့ ယခုလည်းယောင်ပြီးပြောမိ သည့်အတွက် ဆင်ခြင်ပြီးပြင်ပြောရသည်။
“ကျွန်မကိုပြောတာ…ကျွန်မ….ကျွန်မ…. ရှင်းပြီလား”
“သြော်မင်းကလည်း…အရေး မဟုတ်တာ အရေး လုပ်နေပြန်ပါပြီ…ဘတ်စ်ကားပေါ်လူဒီလောက် ကျပ်တာ တစ်ယောက် နဲ့ တစ်ယောက် နဲ့ တစ်ယောက် ဒီလိုပဲ ထိမိခိုက်မိ ဖိမိကပ်မိရှိမှာ ပေါ့….ပမာပြော ရရင်တို့တွေ ဟာ ဘတ်စ်ကားစီးတဲ့အချိန်မှာ ခြင်းထဲကကြက်တွေ လိုပဲ…ငါလဲကြက်၊ မင်းလည်းကြက်ပဲ”
“ဘာရှင့်! ဘာပြောတယ်…ကဲဟယ်…..လူကိုကြက်လို့ပြောဦး”
“ဖြန်း”
“ဟာ”
“ဟင်”
မမမောင်စိတ်မထိန်းနိုင်တော့ပဲ မင်းမူ၏ ပါးပြင်တစ်ဖက်စီလက်ဖ၀ါးတစ်ဖက် ခပ်ပြင်းပြင်းပေးပို့ လိုက်မိသည်။
မင်းမူလည်းရုတ်တရက်ထူပူသွားသော ပါးပြင်ကိုလက်ဖြင့် ပွတ်သပ်ရင်း မမမောင်ကိုမယုံကြည် နိုင်သလို ကြောင်ကြည့်နေမိသည်။
ထိုအခါမှမမမောင်လည်းလွန်သွားပြီမှန်းကိုယ့်ကိုကိုယ်ဆင်ခြင်လိုက်မိသည်။ သို့ သော်ဘာမှမ တတ်နိုင်သည့်အတူတူမာန်တင်းပြီး ဆက်ဖြဲရသည်။
“ဘာကြည့်တာလဲ မကျေနပ်လို့လား မိန်းကလေး တစ်ယောက် တည်းဆိုပြီး စော်ကားမယ်တော့ မကြံနဲ့…လူကနေပေမယ့် လက်ဝါးကမနေဘူး….သဘောပေါက်”
“ရော် - မင်းက လူကိုလည်းကိုယ်ထိလက်ရောက်ကျူးလွန်သေးတယ်…ပြီးတော့မတောင်းပန် တဲ့အပြင်ဆက်ပြီးရန်ထောင်နေသေးတယ်….မင်းဘယ်လိုမိန်းကလေးလည်း…..ကိုယ့်ကိုကိုယ်လွန်နေ ပြီဆိုတာကော သတိထားမိရဲ့ လားဟင်”
“ဒါဆိုရှင်ကရော ကျွန်မကို ဘာကြောင့် မဟုတ်မဟတ်တွေ နဲ့လာခိုင်းနှိုင်းရသလဲ”
“ဟာ - ဒုက္ခပါပဲ ….. ငါပြောတာက ရှင်းရှင်းလေး….. ဘတ်စ်ကားကို ကျပ်ကျပ်သိပ်သိပ်စီးရ တဲ့အ ဖြစ်ဟာ ခြင်းထဲက ကြက်တွေ လိုပဲ….ဒါကြောင့် ငါရောမင်းရော…”
“ကြည့်ကြည့်…ရှင်ပြောပြန်ပြီလား … ကျန်တဲ့ပါးတစ်ဖက် လက်ဝါးမရသေးလို့ တောင်းနေတာ လား”
“ကဲ ကဲ….ငါ့ညီတော် ပါတော့ကွာ … ခရီးသည်အချင်းချင်းအခန့်မသင့်လို့ ဖြစ်တာ…. ဘာမှမ ပြောပါနဲ့တော့….မင်းရှင်းရင်ပိုရှုပ်လွန်းလို့ပါ”
“ဟုတ်ပါတယ်…ဟောဒီကတူမကြီးလည်းဒီကတူမောင်ကြီးကသဘောရိုးနဲ့ပြောပေမယ့်အပြော မတတ်လို့ဆဲသလိုဆိုတာကို နားလည်ခွင့်လွတ်ပေးလိုက် ပါ”
အနီးရှိခရီးသည်မျာလည်းမနေသာတော့ပဲ ၀င်ရောက်ဆွဲ လွဲဖျောင်းဖျကြသလို ဆင်းရမည့်  ပန်းဆိုးတန်းမှတ်တိုင် ရောက်ပြီ ဖြစ်ကြောင်း စပါယ်ယာကလည်းအသိပေးလာသဖြင့် မင်းမူလည်း ပြေလည်အောင်ဆက်လက်ရှင်းပြချင်သေးသော စကားကို ဆက်မရှင်းတော့ဘဲ ကြိုးစားမျက်နှာလွဲ လိုက်သည်။
“ကဲ..ပန်းဆိုးတန်းဆင်းမယ့်အကိုအမများ ပြင်ထားမယ်…. မကျေလည်တာရှိသေးရင်အောက် မှဆက်ရှင်းကြ….ကားပေါ်မှာ ခြေလွန်လက်လွန်မလုပ်ကြပါနဲ့… ကိုယ့်ထမင်းကိုယ်စားပြီး သက်သေ မလိုက်ချင်လို့ပါ”
ပြောင်စပ်စပ် မျက်နှာပေးဖြင့် အော်ဟစ်ပြောဆိုနေသော စပါယ်ယာကိုကြည့်ရသည်မှာ သူ့ကို တူကြီးဟုမနားတမ်းခေါ်ဆိုခဲ့သည့် မင်းမူပါးရိုက်ခံရသည့်အပေါ် အတော် ကျေနပ်အားရနေဟန်ရှိသည်။
မင်းမူ စပါယ်ယာတူကြီးကိုတစ်ချက်ကြည့်ပြီးနောက်
“ဒီနေ့ကံမကောင်းပါလား”
ဟုတစ်ဦးတည်းရေရွတ်ပြောဆိုပြီး ကားပေါ်မှဆင်းသွားလေသည်။
အမှန်က မမမောင်သည်လည်း ပန်းဆိုးတန်းမှတ်တိုင်ဆင်းရမည် ဖြစ်သော်လည်း မင်းမူပြန်တုံ့ ပြန်မှာ စိုးကြောက်ပြီး မှတ်တိုင်ကျော်စီးရလေသည်။ ဘတ်စ်ကားပေါ်မှနေ၍ ကျန်ခဲ့သော ပန်းဆိုးတန်း မှတ်တိုင်အနီးတစ်ဝိုက်ကိုမသိမသာ ဝေ့၀ဲ ကြည့်ရာ စောစောကအူကြောင်ကြားငနဲကြီး ခေါင်းငိုက်စိုက် ငိုက်စိုက်ဖြင့် လမ်းဖြတ်ကူးသွားသည်ကိုတွေ့ ရသည်။ သည်လိုဆိုတော့လည်း ရှက်ရမ်းရမ်းပြီး တစ်ဖက်သားနာကျင်အောင်ပြုမိသည်ကို စိတ်မကောင်း ဖြစ်ရသည်။ ထို့ကြောင့် သက်ပြင်း ပုန်းလေး ခိုးချပြီးမြိုင်ရာဇာတွတ်ပီညည်းသလိုသာ ညည်းလိုက်မိတော့သည်။
“ဟူး - ဒီနေ့ကံမကောင်းပါလား”
![]() ပို့ စ်မော်ဒန်ပုံပြင်များ | ![]() မောင်ရေးခဲ့တဲ့ မောင့်ရဲ့သမိုင်း | ![]() အချစ်နန်းတော်သွား တောလား |