Cover

(နိဒါန်း)

'တော့် ကိုဘထွေး...မြို့ကလူကြီးတွေ က ဘာကိစ္စအရေး ကြီးလို့ ရှင့်ကိုအားချင်းလာခိုင်းရတာ တုန်း''

မြင်သာရွာလူကြီး ဦးဘထွေး အိမ်ပေါ်တက်ရုံရှိသေးသည်။

ဇနီး ဖြစ်သူဒေါ်အေးစိန်က ခရီးရောက်မဆိုက် မေးလားမြန်းလာလုပ်နေသဖြင့် စိတ်အချဉ်ပေါက်သွားရသည်။ သို့ ပေမယ့် ငယ်လင်၊ ငယ်မယား၊ ငယ်ကြောက်ပီပီ စိတ်အချဉ်ပေါက်နေသည်ကို ဖွင့်ဟမပြရဲဘဲထုံးစံအတိုင်း

''ဘာရယ်မဟုတ်ပါဘူးကွာ...ခုနကပြောသလိုပေါ့''

ဟူ၍ စကားပြောလျှင် ဘာမှမပြောရသေးဘဲ 'ခုနကပြောသလိုပေါ့'ဟု စကားခံပြီး မေးသည်ကိုတစ်ခွန်းမကျန်ပြန်ဖြေရသည်။

''တို့ရွာအတွက် ဂျီတွေ မကြာခင်ချပေးတော့မယ်လို့ခေါ်ပြောတာပါ''

''သြော် - ဘာလဲ...မြို့က တော့်လူကြီးတွေ က တောပစ်ထွက်ပြီးပြန်လာလို့လား...ဒါဆိုလည်း ကောင်းပါပေါ့လေ...ဂျီသားမစားရတာ လည်း အတော် ကြာပြီ...တစ်ပိဿာ ဘယ်ဈေးတဲ့တုန်း''

''ဟာကွာ...ဘယ့်နှယ့် တောထဲကဂျီသားကိုချပေးရမှာ လဲ.ဂြိုဟ်ထုနဲ့ဆက်သွယ်ထားတယ်ဆိုတဲ့ ဟန်းဖုန်းဆိုတာတွေ ကိုပြောတာ''

''သြော် - ဟန်းဖုန်းဆိုလည်း ဟန်းဖုန်းလို့ ရှင်းရှင်းပြောရောပေါ့...ဘာလဲ...ဂျီတွေ ၊ ဆတ်တွေ လျှောက်ပြောနေတယ်''

''ဒါ ကတော့ သူတို့ပြောတဲ့အတိုင်း ပြောတာပေါ့ကွ...အဲဒီ တို့ရွာအတွက်လျှောက်ဆိုလို့ လျှောက်ထားကြတဲ့ ဂျီဆိုတဲ့ဟန်းဖုန်းတွေ မကြာခင်ရတော့မယ့်အကြောင်း ရွာကလူတွေ လည်း အသိပေးရဦးမယ်''

''ဒါနဲ့ အဲဒီ ဂျီဆိုတာရရင် ဘယ်နားထားမှာ တုန်း''

''ဘယ်နားထားထား ရတယ်...နေရာယူတာမှတ်လို့''

''အဲဒီ ရှင်ပြောတဲ့ဂျီက ဘယ်လိုပုံစံမျိုးလဲတော့''

''ဟိုလေကွာ...ဗီဒီယိုကားတွေ ထဲမှာ မင်းသားနဲ့မင်းသမီးပြောနေကြတဲ့ လက်ဝါးလောက်ဟာလေးလေကွာ''

''သြော် - ကျုပ်သိပြီ...မင်းသားက ကားမောင်းရင်းပြော...မင်းသမီးက အိပ်ရာထဲမှာ လှဲပြီးပြောနေကြတဲ့ဟာလေးတွေ လား''

''အေး ဟုတ်တယ်...ကားမောင်းရင်း၊ အိပ်ရာထဲလှဲရင်းနဲ့မှမဟုတ်ဘူး...ဘယ်နေရာပဲ ဖြစ် ဖြစ် ယူသွားပြီး အချိန်မရွေးဆက်လို့ရတယ်''

''ဟယ် - ပျော်စရာကြီးတော့...ဒါဆို ကျုပ်လည်း မြို့ကအမျိုးတွေ နဲ့ တခြားရွာကအမျိုးတွေ ဆီကို အချိန်မရွေးလှမ်းစကားပြောလို့ရပြီပေါ့''

''ရတာ ပေါ့ကွ...ရေချိုးဆိပ်ယူသွားပြီး ပြော ပြော...တောထိုင်ပြီးပဲ ပြော ပြော...လှည်းမောင်းရင်းပဲ ပြော ပြော...ပြောလို့ရတယ်ဆိုပဲ''

''ကောင်းတယ် ကောင်းတယ်...ဒါဆို အဆင်ပြေတာပေါဒီမယ်နော်..ကျုပ်ပြောထားမယ်...အဲဒီ ဖုန်းကို ကျုပ်တစ်လုံးသပ်သပ်ကိုင်မယ်...ရှင့်ဖုန်းကို ရှင့်ဘာသာကိုင်...ကျုပ်ဖုန်းကိုလာယူမကိုင်နဲ့...ဒါပဲ''

''အေးပါကွာ..မင်းသဘောပါ''

''အဲ - ဒါနဲ့နေဦး...ရှင် တစ်လက်စတည်း မြို့ရောက်ရင်းနဲ့ ရွာဘုရားပွဲကျရင် လာဖို့ လူကြီးတွေ ကိုဖိတ်ခဲ့သေးလား''

''ဖိတ်ခဲ့ပါသကောကွာ..သေချာဖိတ်ခဲ့တာပေါ့...လူကြီးတွေ ကလည်း ဝမ်းသာအားရ လာခဲ့မယ်လို့ပြောပါတယ်''

ဒေါ်အေးစိန် သူသိလိုသည်များ ကိုသိရသည့်အပြင် ဟန်းဖုန်းပါကိုင်ရတော့မည် ဆိုသည့်အတွက် မျက်နှာကြီးပြုံးဖြီးဖြီး ဖြစ်နေလေသည်။ ဒေါ်အေးစိန် မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး ဦးဘထွေးလည်း ဒေါ်အေးစိန်ရှေ့မှ ခွာရန်ပြင်လိုက်သည်။ သို့ သော် ချက်ချင်း ဆိုသလို ဒေါ်အေးစိန်၏ မျက်နှာက တည်တည်ကြီး ဖြစ်သွား၏ ။

'ဟိုက် - ဘာများ ဖြစ်ပြန်ပြီလဲ'ဆိုသော အတွေးဖြင့် ဦးဘထွေးခြေကိုဆက်မလှမ်းရဲဘဲ ဒေါ်အေးစိန်ဆက်ပြောလာမည့် စကားတွေ ကိုအသာနားစွင့်နေလိုက်သည်။ ဒေါ်အေးစိန်က ဦးဘထွေးကို တစ်ချက်ကြည့်ပြီး

''ဒီမယ်...''

''အေး - ပြောလေကွာ''

''ရွာဘုရားပွဲကျရင် မြို့ကကျုပ်တူမတွေ ပြောတဲ့ ဇာတ်မင်းသားလေး မင်းဘူးစိန်သက်ဇော်ရဲ့ ဇာတ်အဖွဲ့ကို သွင်းမယ်ဆိုတာလေ''

''အေးလေကွာ..ဟုတ်တယ်လေကွာ...အဲဒါဘာ ဖြစ်လို့လဲ''

''ရှင် မြို့သွားရင်းနဲ့ တစ်လက်စတည်း အဲဒီ ကိစ္စတွေ ရောတစ်ခါတည်းပြီးပြတ်အောင်စီစဉ်ခဲ့ရဲ့ လားလို့ သိချင်လို့မေးတာ''

''အေးပါကွာ စိတ်ချစမ်းပါ...ဇာတ်မင်းသားလေး မင်းဘူးစိန်သက်ဇော်နဲ့ လူချင်းတွေ့ ပြီး စကားစမြည် သေချာပြောခဲ့ပြီးပါပြီ...ဒီတစ်ရက်နှစ် ရက်အတွင်း ဇာတ်လာကဖို့ စရန်လာချပေးမယ့်အကြောင်းတောင် ပြောခဲ့သေးတယ်''

''ဒါဆိုလည်းပြီးရော''

ဒေါ်အေးစိန် ပြောစရာစကားကုန်သွားဟန်ဖြင့် တစ်ဖက်သို့ လှည့်ကာ ရွေးလက်စဆန်ကို ဆက်ရွေးရန်ပြင်လေ၏ ။ဦးဘထွေးလည်း ဒေါ်အေးစိန်၏ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီးနောက် သွားလို့ရပြီဆိုတာ သဘောပေါက်လျှက် နေရာမှထွက်ခွာသွားလေတော့သည်

* * * * *


အခန်း (၁)

'ကြွရောက်လာကြတဲ့ လူကြီးမင်းများ ကို မင်္ဂလာပါလို့ အခမ်းအနားမှူးအ ဖြစ်တာဝန်ယူထားတဲ့ ကျွန်တော် မောင်ဖိုးတုတ်က ဦးစွာ နှုတ်ဆက်ပါရစေလားခင်ဗျာ...

လိုရင်း ကို တိုရှင်းစွာ တင်ပြရရင်ဖြင့် ကျွန်တော် တို့ရွာရဲ့ ဘုရားပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် စုပေါင်းညီညာ အောင်ကြောင်းဖြာဆိုတဲ့အတိုင်းပေါ့ဗျာ...စုပေါင်း တိုင်ပင်ဆွေးနွေးအကြံပေးဖို့အတွက် ရွာရဲ့ ဂုဏ်သရေရှိလူကြီးမင်းများ ကိုတလေးတစားဖိတ်ခေါ်ပြီး ခုလိုအခမ်းအနားကို ကျင်းပရတာ ဖြစ်ပါတယ်...အားလုံးသိကြတဲ့အတိုင်းပါပဲ...ကျွန်တော် တို့ မြင်သာရွာဟာ အစဉ်အလာနဲ့နေတယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး''''ဟိတ်ကောင် ဖိုးတုတ်...ပြောနေစရာမလိုရင် ပြောမနေနဲ့တော့လေကွာ''

မိုက်သာကိုင်ပြီး ပြောနေဆိုနေရလို့ ကတော့ ဘယ်သူ့ကိုမှအလှည့်မပေးချင်တော့လောက်အောင် လေကြောရှည် မိုက်ပိုးထသူမို့'မိုက်ခဲ'ဟူသော ဘွဲ့ထူးကို ဖိုးတုတ် တစ်ယောက် ထိုက်ထိုက်တန်တန်ရရှိထားခြင်း ဖြစ်လေသည်။

ယခုလည်း မကြာခင်ကျင်းပတော့မည့်  ရွာဘုရားပွဲအတွက်အစည်းအဝေးခေါ်ယူဆွေးနွေးကြမည့် အရေး မှာ မိုက်ခဲဖိုးတုတ် နိဒါန်ပျိုး ပတ်စာထည့်နေသည်မှာ တော် တော် နှင့် မပြီးနိုင်သည်မို့ အားလုံးစိတ်မရှည်ချင်ြ ကတော့။ ရွာလူကြီး ဦးဘထွေးမျက်နှာကြောင့် သာ ငြိမ်နေကြရသည်။

အားလုံးနှင့် မတူ ရွာလူကြီး ဦးဘထွေး ကတော့ ဖိုးတုတ်ကိုအပြောကောင်းအဆိုကောင်းဆိုပြီး မြှောက်စားထားသဖြင့် ဖိုးတုတ်လည်း မိုက် စိတ်ကြိုက်ကိုင်ခွင့်လိုင်စင်ကို သက်ဆိုးရှည်နေရလေသည်။

ပြောကောင်းနေတုန်း လှမ်းဟန့်လိုက်သော ဆယ်အိမ်ခေါင်းဦးသာဒွန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖိုးတုတ်လည်း စကားဆက်ပြန်သည်။

''ဟုတ်ကဲ့..မပြောစေချင်ရင်လည်း မပြောတော့ပါဘူး...ဒါပေမဲ့လည်း မပြောမပြီး မတီးမမြည် ဆိုသလိုပေါ့ဗျာ...ကျွန်တော် တို့မြင်သာရွာရဲ့ ဘုရားပွဲကြီးဟာ နှစ် စဉ်နှစ် တိုင်း စည်စည်ကားကားခမ်းခမ်းနားနားကျင်းပနိုင်ခဲ့တာ အားလုံးအသိပါပဲ...ဒါကြောင့် ဒီနှစ် မှာ လည်း အရင်နှစ် များ လိုပဲ အစဉ်အလာကိုဆက်ထိန်းနိုင်ဖို့လိုပါတယ်...ဒီလိုအစဉ်အလာကောင်းကို ဆက်ထိန်းနိုင်ဖို့အတွက် ဘာတွေ ဘယ်လိုဆောင်ရွက်ကြရင်ကောင်းမယ်ဆိုတာ တစ်ဦးချင်းစီ စဉ်းစားအကြံပေးခြင်းဟာဖြင့် စုပေါင်းဆွေးနွေးအကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်...ဒါကြောင့် ကျွန်တော် တို့မြင်သာကျေးရွာဥက္ကဋ္ဌကြီးမှ အမှာ စကားပြောကြားပေးဖို့ မေတ္တာရပ်ခံပါတယ်''

ဦးဘထွေးလည်း တိုက်ပုံအင်္ကျီကိုဆွဲဆန့်ပြီး လည်ချောင်းတစ်ချက်ရှင်းလိုက်သေး၏ ။ ပြီးမှ ဖိုးတုတ်ပေးသော မိုက်ကိုယူကာ

''အဟမ်း - အခုနပြောသလိုပေါ့လေ ဟုတ်လား...ကိုယ့်ရွာရဲ့ ဘုရားပွဲဆိုတော့ ကိုယ့်ရွာသူရွာသားတွေ ကပဲ စည်ကားအောင်တာဝန်ယူဆောင်ရွက်ကြရမှာ ပေါ့...အခုနပြောသလိုပေါ့လေ ဟုတ်လား...ဒီတော့ အားလုံးဝိုင်းဝန်းဆွေးနွေးအကြံပေးကြပါလို့ ပြောကြားလိုပါတယ်...ဒါပါပဲ...ရော့ - ဖိုးတုတ်...မင်းမိုက် မင်းပြန်ယူလို့ရပြီ''

တိုတိုပြတ်ပြတ်ပြောပြီး ဖိုးတုတ်ကို မိုက်ပြန်ပေးလိုက်သော ရွာလူကြီးဦးဘထွေးကို အားလုံးက အကြောင်သားငေးနေမိကြသည်။ကုန်စုံဆိုင်ပိုင်ရှင် ဦးကျော်စံက

''ဟင် - ဥက္ကဋ္ဌကြီးကလည်း ဘာမှလည်းမပြောရသေးဘဲနဲ့ပြီးပြီဆိုတော့ ကျွန်တော် တို့က ဘာတွေ အကြံပေးပြီး ဘာတွေ ဆွေးနွေးပေးကြရမှာ လဲ''

ဟူ၍ ဆိုသော အခါမှ ဦးဘထွေးလည်း

''ဟေ - ဟုတ်ပါရဲ့ ...ဟိုကောင်ဖိုးတုတ်...မိုက်ပြန်ပေးစမ်း''

ဆိုကာ ဖိုးတုတ်ဆီမှမိုက်ကိုပြန်ယူသည်။ ထို့နောက်''အခုနကပြောသလိုပေါ့လေ ဟုတ်လား...ကျုပ်တို့မြင်သာရွာဘုရားပွဲကြီးကို ဘယ်လိုစည်စည်ကားကား ခမ်းခမ်းနားနားကျင်းပမယ်ဆိုတာပေါ့လေ...အဲဒီ တော့ အခုနကပြောသလိုပေါ့လေ...ဟိုကောင် ဖိုးတုတ်ပြောသလိုပဲပေါ့...အဲ - ဟုတ်တာပေါ့...ကျုပ်ပြောရမယ့်စကားတွေ ကို ဖိုးတုတ်ဆိုတဲ့ကောင်ကအကုန်လျှောက်ပြောသွားတာကိုး...ကျုပ်ထပ်ပြောလည်း ဘာထူးမှာ လဲ...ဒီစကားပဲပြောရမှာ ...ခင်ဗျားတို့လည်း ကြားပြီးပြီမဟုတ်လား...ဒီတော့ အကြံပေးချင်တာရှိရင်သာ ပေးကြ...ဒါပဲ...ရော့ - ဟိတ်ကောင် ဖိုးတုတ်...မင်းမိုက် မင်းပြန်ယူ''

ဟူ၍ ဦးဘထွေး စကားအပြတ်ဆိုသည်ကိုကြည့်ပြီး အားလုံးပြုံးမိကြသည်။ မည် သူ့ထံကမှတော့ အကြံပေးစကားတွေ ထွက်မလာသေး။ ဖိုးတုတ်ကလည်း လက်ထဲမိုက်ပြန်ရောက်လာသည်နှင့် ဗီဇကပပြန်သည်။

''ဟုတ်ကဲ့...ဒါဆိုရင် ကျွန်တော် ကပဲ စတင်အကြံပေးပါရစေလားခင်ဗျာ...တကယ်တော့ ကျွန်တော် တို့မြင်သာရွာရဲ့ ကျက်သရေဆောင် သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော် ကြီးပူဇော်ပွဲဟာ အင်မတိအင်မတန်ကို အရေး ကြီးလှပါတယ်...ရွာဘုရားပွဲကို ကျွန်တော် တို့ မြင်သာရွာသူရွာသားတွေ သာမက အခြားသော ရွာတွေ ကလည်းလာရောက်ဖူးမြော်ကြမှာ ဖြစ်ပါတယ်...ဒါကြောင့် ကျွန်တော် တို့ရွာဘုရားပွဲကြီးကို စည်ကားခမ်းနားစွာ ကျင်းပနိုင်လေ ကျွန်တော် တို့ရွာလည်း ဂုဏ်ရှိလေ ဖြစ်မယ်ဆိုတာ အထူးပြောနေစရာမလိုပါဘူး''

''ဟိတ်ကောင် ဖိုးတုတ်...ပြောနေစရာမလိုရင်လည်း ပြောမနေနဲ့တော့လေကွာ''

ဆယ်အိမ်ခေါင်း ဦးသာဒွန်းက ဝင်ပြီးဘုတောသလို ကုန်စုံဆိုင်ပိုင်ရှင် ဦးကျော်စံကလည်း

''အေးလေကွာ...မင်းဟာက လိုရင်း ကိုမရောက်နိုင်ဘူး...ဟင်း''

ဟူ၍ နားကြားပြင်းကပ်မှု ကို ဖော်ထုတ်ပြသလေမှ မိုက်ခဲဖိုးတုတ် ဇက်ကလေးပုဝင်သွားရင်း

''သြော် - ဟုတ်ကဲ့ ဟုတ်ကဲ့...ကျွန်တော် အကြံပေးချင်တာ ဒီနှစ် ဘုရားပွဲမှာ ညလုံးပေါက်ဘောလုံးပြိုင်ပွဲတွေ လုပ်ရင် ကောင်းမလားလို့ပါ''

''ဟာ - ရူးများ ရူးနေသလား ဖိုးတုတ်ရ...ဘောလုံးပွဲကိုညလုံးပေါက်ကန်ရအောင် ဘယ်သူတွေ ကကန်မှာ လဲ...မင်းကြီးတော် ကြီးက ကန်မှာ မို့လားကွ...ဟေ''

''အေးလေ...အဓိပ္ပာယ်မရှိတာ...ရုပ်ရှင် ဗီဒီယိုပြမယ်ဆိုရင် ဟုတ်တုတ်တုတ်ရှိသေးတယ်...အဲ - ဟုတ်တယ်...ရုပ်ရှင်ဗီဒီယိုကို ဘုရားပွဲမှာ ပြမယ်ဆိုရင် စည်ကားမှာ သေချာတယ်''

''ဟွန်း - ဒေါ်တင်ကြည်ကလည်း ပြောရော့မယ်...ရုပ်ရှင်ဗီဒီယိုက ဘုရားပွဲမှာ တစ်နှစ် ခြားတစ်ခါလောက်ပြနေတဲ့ဟာကို...ဘာဆန်းလို့လဲ''

''ဒါဆိုရင် အငြိမ့်သွင်းပါလား...ကျွန်တော် တို့ရွာ ဘုရားပွဲမှာ အငြိမ့်မသွင်းတာကြာလှပြီ...မန္တလေးက နာမည် ကြီးလူရွှင်တော် တွေ က-တဲ့အငြိမ့်ဆိုရင် လူတွေ အရမ်းကြိုက်ကြမှာ သေချာတယ်...ဒါဆို ရွာဘုရားပွဲလည်း အရင်နှစ် တွေ က ထက်တောင် ပိုစည်ကားဦးမယ်''

အားလုံး တစ်ယောက် တစ်မျိုးစီ အကြံပေးဆွေးနွေးနေသည်ကို နားထောင်နေရင်းမှ ဦးဘထွေးလည်း ဖိုးတုတ်လက်ထဲမှမိုက်ကိုလှမ်းယူကာ 'အဟမ်း'ဆိုပြီး ချောင်းဟန့်သံပေးလိုက်သည်။ ကျွတ်စီညံနေသော စကားသံများ တိတ်သွားကြသည်။ အားလုံး၏ အာရုံများ သူ့ဆီရောက်နေပြီဆိုကာမှ ဦးဘထွေးက

''ကိုင်း - အခုပြောသလိုပေါ့လေ ဟုတ်လား...ဒီနှစ် ဘုရားပွဲမှာ ထူးထူးခြားခြား စည်စည်ကားကား ဖြစ်စေဖို့ ခင်ဗျားတို့အကြံပေးဆွေးနွေးသမျှကို ကျုပ်နားထောင်ပြီးပြီဆိုတော့ ဒီလိုဆုံးဖြတ်လိုက်ကြရအောင်...ဒီနှစ် ဘုရားပွဲမှာ ဇာတ်အဖွဲ့တစ်ဖွဲ့ပဲ သွင်းလိုက်ကြတာပေါ့...ဟုတ်ပြီလား''

ဟုဆိုလေရာ အားလုံးမျက်လုံးလေးတွေ ပေကလတ် ပေကလတ် ဖြစ်သွားကြသည်။ သို့ သော် ဆယ်အိမ်ခေါင်း ဦးသာဒွန်းကမူခေါင်းတစ်ချက်ခါယမ်းပြီး

''ဟာ - ဥက္ကဋ္ဌနှယ်...ဘုရားပွဲမှာ နှစ် တိုင်းလိုလို ဇာတ်အဖွဲ့တွေ ချည်းပဲငှားနေတာကို ဘာဆန်းလို့လဲ''

ဟု စောဒကတက်သည်ကို ဦးဘထွေးက

''အို - ဆန်းပါသကောလား...ဒီနှစ် ငှားမယ့်ဇာတ်အဖွဲ့ကအရင်နှစ် တွေ က က-ခဲ့တဲ့ဇာတ်အဖွဲ့မှမဟုတ်တာ...ကျုပ်မိန်းမအေးစိန်ပြောတာ ကတော့ ဇာတ်မင်းသားလေး မင်းဘူးစိန်သက်ဇော်ရဲ့ ဇာတ်အဖွဲ့ဟာဖြင့် အတော် ကောင်းဆိုပဲ...ကြည့်ဖူးတဲ့သူ့တူမတွေ က သူ့ကိုသေချာပြန်ပြောထားတာကိုး...ဒါကြောင့် ရွာဘုရားပွဲမှာ ဇာတ်မင်းသားလေး မင်းဘူးစိန်သက်ဇော်ရဲ့ ဇာတ်အဖွဲ့ကိုပဲ ငှားလိုက်ကြတာပေါ့...အားလုံးသဘောတူတယ်မဟုတ်လား''

''တူပါတယ်''

ရွာလူကြီးကိုယ်တိုင်က ဆန္ဒရှိနေမှတော့ အားလုံးလည်းလိုက်လျောရမည် မှန်း သဘောပေါက်လျက် အပြိုင်အဆိုင်ခေါင်းညိတ်ပြကြလေသည်။ အရန်မီးသတ်ဗိုလ် ပိစိကမူ အများ နှင့် မတူဘဲ နေရာမှဆတ်ခနဲထ-လေသည်။ ဦးဘထွေးမျက်မှော င်ကြုတ်ပြီး''ဆို ပိစိ...မင်းက သဘောမတူလို့လား''

''တူပါတယ်''

''ဒါဆိုရင် ဘာပြောချင်လို့မတ်တတ်ရပ်ရတာ လဲ''

''ဘုရားပွဲတော် ကာလအတွင်း မီးဘေးကြိုတင်ကာကွယ်တားဆီးရေး ကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရေး အတွက် ထော်လာဂျီငါးစီးလိုချင်တဲ့အကြောင်း ပြောမလို့ပါ''

''ဟေ - မီးဘေးကာကွယ်ရေး နဲ့ ထော်လာဂျီငါးစီးနဲ့က ဘာဆိုင်လို့လဲ''

''ရေတိုင်ကီတွေ ကို ရေဖြည့်ပြီး ထော်လာဂျီပေါ်မှာ တင်ထားမလို့ပါ...ဒါဆိုရင် အရေး ကိစ္စပေါ်ပေါက်လာရင် အလျင်အမြန်ဖြေရှင်းနိုင်ပါလိမ့်မယ်''

''အေးကွ..မင်းပြောသလိုဆိုတော့လည်း ဟုတ်ပေသားပဲ...ဒီတော့ကာ...ကဲ - ကိုကျော်စံ...ခင်ဗျားရဲ့ ထော်လာဂျီနှစ် စီးရယ်...ဦးသာဒွန်းရဲ့ ထော်လာဂျီတစ်စီးရယ်...ဒေါ်တင်ကြည်ရဲ့ ထော်လာဂျီတစ်စီးရယ်...မောင်သာလှရဲ့ ထော်လာဂျီတစ်စီးရယ်ကို ဘုရားပွဲကာလအတွင်းမှာ မီးဘေးကြိုတင်ကာကွယ် တားဆီးရေး အတွက် ခဏသုံးချင်တယ်...ရတယ် မဟုတ်လား''

''ရရမှာ ပေါ့..ဥက္ကဋ္ဌကြီးကလဲ...ကိုယ့်ရွာအကျိုးပဲ ဥစ္စာ''

မီးသတ်ဗိုလ်ပိစိ ကျေနပ်သွားလျက် နေရာတွင် ပြန်ထိုင်လိုက်သည်နှင့် ချက်ချင်း ဆိုသလို ကြက်ခြေနီသင်တန်းဆင်း ဘာဘူက မတ်တတ်ထရပ်သည်။ ဦးဘထွေး မျက်မှော င်ကြုတ်ရပြန်သည်။

''ဘာဘူ...မင်းကရော ဘာကိစ္စလဲ''

''ကျွန်တော် လည်း ဘုရားပွဲတော် ကာလအတွင်းမှာ ထော်လာဂျီတစ်စီးလိုချင်ပါတယ်''

''ဟေ - မင်းနဲ့ထော်လာဂျီနဲ့က ဘာဆိုင်လို့တုန်း''

''ဆိုင်ပါတယ် ဥက္ကဋ္ဌကြီး...ရှူဆေးပေးရုံ၊ ဆေးထည့်ပတ်တီးစည်းပေးရုံနဲ့မလုံလောက်တဲ့ အရေး ပေါ်လူနာတွေ ပေါ်ပေါက်လာရင် မြို့ကဆေးရုံကိုပို့ပေးနိုင်ဖို့ ကျွန်တော့် မှာ ထော်လာဂျီတစ်စီးတော့ရှိမှ ဖြစ်မှာ ပါ''

''ဟေ - မင်းပြောတာလည်းဟုတ်သားပဲ...ကိုင်းကွာ...ငါ့အိမ်က ထော်လာဂျီကိုသာ ယူသုံးပေါ့ကွာ...ဒါဆိုရင် အဆင်ပြေရဲ့ မဟုတ်လား ဘာဘူ''

''ဟုတ်ကဲ့...ပြေပါတယ် ဥက္ကဋ္ဌကြီး''

ကြက်ခြေနီသင်တန်းဆင်း ဘာဘူ ကျေနပ်စွာ ဖြင့် နေရာမှာ ပြန်ထိုင်၏ ။ ဆယ်အိမ်ခေါင်းဦးသာဒွန်း စကားပြောရန်အတွက်'အဟမ်း'ဟူ၍ ချောင်းဟန့်သံပြုရုံရှိသေးသည်။ မိုက်ခဲဖိုးတုတ်ကမတ်တတ်ထရပ်ပြန်သည်။ အားလုံး၏ အကြည့်များ ဖိုးတုတ်ဆီ စုပြုံရောက်ရှိသွားသည်။

သည်တစ်ခါတော့ ဦးဘထွေးမျက်မှော င်ကြုတ်ပြီးမကြည့်တော့။ မျက်လုံးကြီး စုံပြူးပြီးကြည့်ကာ

''ဖိုးတုတ်...မင်းကရော ဘာကိစ္စလဲ''

ဖိုးတုတ် မိုက်ကိုဟန်ပါပါကိုင်ရင်း''ကျွန်တော် လည်း ထော်လာဂျီတစ်စီးလိုအပ်တဲ့အကြောင်းတင်ပြချင်လို့ပါ''

''ဟေ - လာပြန်ပြီလား ထော်လာဂျီ''

''ဒါကဒီလိုရှိပါတယ် ဥက္ကဋ္ဌကြီး...ကျွန်တော့် အနေနဲ့ ရွာဘုရားပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် ရပ်ဝေးရပ်နီးကို လိုက်လံအသိပေးကြေညာနှိုးဆော်ရမှာ မို့ ခရီးမဖင့်ရလေအောင် သယ်ဆောင်ပေးပို့နိုင်တဲ့ ထော်လာဂျီတစ်စီးတော့ မ ဖြစ်မနေလိုအပ်တာ အမှန်ပါပဲခင်ဗျာ''

''အင်း - မင်းပြောတာလည်း အဟုတ်သားရယ်...ဒီတော့ဒီကိစ္စကို ပွဲစားကြီးဦးမြပဲ အကူအညီတောင်းရမှာ ပဲ...ဘယ့်နှယ့်လဲ ဦးမြ...ထော်လာဂျီတစ်စီးတော့ ကူပေးနိုင်ရဲ့ မဟုတ်လား''

''ရပါတယ် ဥက္ကဋ္ဌကြီးရဲ့ ...ကိုယ့်ရွာအရေး ပဲ...ပြောနေစရာမလိုပါဘူး''

သီးနှံပွဲစားကြီးဦးမြ အများ ရှေ့မှာ အားတက်သရောပြောရသော်လည်း စိတ်ထဲမှာ တော့ ဆီဖိုးတွက်ပြီး နှမြောနေသည်ကိုအားလုံးရိပ်မိပြီး ဖြစ်သည်။

ရွာလူကြီးဦးဘထွေးလည်း အရာရာကိုအဆင်ပြေစွာ စီမံဆောင်ရွက်နိုင်သည်မို့ ဘဝင်ကျပြီး ဟန်ပါပါချောင်းတစ်ချက်ဟန့်သည်။ ထို့နောက် ဖိုးတုတ်ထံမှ မိုက်ကိုလှမ်းတောင်း၏ ။

''အဟမ်း - ဖိုးတုတ်...မင်းမိုက် ငါ့ပေးစမ်း''

''ဟုတ်ကဲ့ပါ ဥက္ကဋ္ဌကြီး'

ဖိုးတုတ်ပေးသော မိုက်ကိုယူပြီး စကားပြောမည် ကြံရုံရှိသေးသည်။ ရွာကာလသား တိမ်ညိုက ဆတ်ခနဲမတ်တတ်ထရပ်ပြန်သည်။ဦးဘထွေး ကျောတွန့်ခနဲ ဖြစ်သွားရသည်။

''ဟေ့ - တိမ်ညို...မင်းကရော ထော်လာဂျီလိုချင်ပြန်ပြီလား''

''မလိုပါဘူး ဥက္ကဋ္ဌကြီး''

''အေး - လိုချင်ရင်လည်း မရတော့ဘူး...ကျန်တဲ့ထော်လာဂျီတွေ လည်း တခြားကိစ္စတွေ မှာ သုံးစရာရှိသေးတယ်''

''ဟုတ်ကဲ့...ဒါကို ကျွန်တော် တို့သိပါတယ် ဥက္ကဋ္ဌကြီး''

''သိရင် ဘာကိစ္စ မတ်တတ်ထရပ်တာလဲ''

''ဒီလိုပါ ဥက္ကဋ္ဌကြီး...ဥက္ကဋ္ဌကြီးလည်းသိပါတယ်...ကျွန်တော် ဟာ စာပေဝါသနာပါပြီး ကဗျာတို့၊ ပြဇာတ်တို့ရေး နေတယ်ဆိုတာလေ''

''ဟေ - ဟုတ်လား...ငါလည်းမသိရပါလားကွ''

တိမ်ညိုလည်း ဦးဘထွေး၏ တုံ့ပြန်စကားကြောင့် မျက်နှာကြီးရှုံ့မဲ့လျက် ခေါင်းကုတ်လိုက်မိသည်။ ရယ်မောနောက်ပြောင်သံများ ခပ်ကျဲကျဲထွက်ပေါ်လာသည်။

ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိတာ မှားပြီဟု သိသိကြီးနဲ့တိမ်ညို တစ်ယောက် နောက်မဆုတ်ဘဲ ရှေ့တိုးလို့သာလာချေသည်။

''ဟုတ်ကဲ့...အရင်ကမသိလည်းဘဲ အခု ကျွန်တော် ပြောပြလို့ ဥက္ကဋ္ဌကြီးသိသွားပြီမဟုတ်လား''

''အေးကွ သိသွားပြီ...အဲ - နေစမ်းပါဦး...အခု ငါတို့ဆွေးနွေးတိုင်ပင်နေတာက ရွာဘုရားပွဲကိစ္စကွ...မင်း စာပေဝါသနာပါတဲ့ကိစ္စနဲ့ ဘာဆိုင်လို့တုန်း''

''ဆိုင်ပါတယ်ခင်ဗျာ'

''ဆိုင်ရင်လည်း ပြောကြည့်လေကွာ''

''ဒီလိုပါ...ကျွန်တော် တို့ရွာက လူငယ်တွေ ဟာလည်း အနုပညာဝါသနာကြီးကြတယ်ဆိုတာ ရွာက လူကြီးသူမတွေ အားလုံးသိကြပါတယ်''

''ဟေ ဟုတ်လား''

''ဟုတ်ပါတယ်ခင်ဗျာ...ဒါကြောင့် ရွာဘုရားပွဲမှာ ကျွန်တော် တို့ရွာကလူငယ်တွေ ကိုလည်း တင်ဆက်ဖျော်ဖြေခွင့်ပေးဖို့ ဥက္ကဋ္ဌကြီးကိုတင်ပြချင်ပါတယ်''

ရွာလူကြီးဦးဘထွေး မယုံကြည်သော မျက်နှာပေးဖြင့် တိမ်ညိုကိုကြည့်၏ ။ တိမ်ညို ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိနေဟန်တူသည်။ အခြားကာလသားအချို့ကလည်း မတ်တတ်ထရပ်လိုက်ပြီး တိမ်ညိုနှင့် တစ်သဘောတည်းရှိကြောင်းပြသကြသည်။

''ဥက္ကဋ္ဌကြီးခင်ဗျာ...တိမ်ညိုရဲ့ ဆန္ဒကို လိုက်လျောပေးခြင်းအားဖြင့် ရွာရဲ့ ရွက်ပုန်းသီး အနုပညာရှင်လေးတွေ ကို မြေတောင်မြှောက်ပေးရာလည်းကျပါတယ်...ဒါကြောင့် ကျွန်တော် တို့ကို ရွာဘုရားပွဲမှာ ကပြဖျော်ဖြေခွင့်ပေးပါ''

ရွာလူကြီးဦးဘထွေး စဉ်းစားရကျပ်ဟန်ဖြင့် ဆယ်အိမ်ခေါင်းဦးသာဒွန်းကိုလှမ်းကြည့်သည်။

ဆယ်အိမ်ခေါင်းဦးသာဒွန်းက ကုန်စုံဆိုင်ပိုင်ရှင် ဦးကျော်စံကိုလှမ်းကြည့်သည်။

ကုန်စုံဆိုင်ပိုင်ရှင်ဦးကျော်စံက သီးနှံပွဲစားဦးမြကိုလှမ်းကြည့်သည်။

သီးနှံပွဲစားဦးမြက ဗီဒီယိုရုံပိုင်ရှင်ဦးရွှေထွန်းကို လှမ်းကြည့်သည်။

ဗီဒီယိုရုံပိုင်ရှင် ဦးရွှေထွန်းက မိုက်ခဲဖိုးတုတ်ကိုလှမ်းကြည်သည်။

မိုက်ခဲဖိုးတုတ်က ရွာလူကြီးဦးဘထွေးလက်ထဲမှမိုက်ကို လှမ်းကြည့်သည်။ ထို့နောက် မိုက်ကို ဦးဘထွေးလက်ထဲမှပြန်ယူပြီး စကားပြောရန်ပြင်သဖြင့် ဦးဘထွေးလည်း မိုက်ကိုပြန်လုပြီး

''ဟေ့ကောင် ဖိုးတုတ်...နေဦး...ငါစကားပြောလို့မပြီးသေးဘူး''

''သြော် - ဟုတ်ကဲ့ ဟုတ်ကဲ့...ကျွန်တော် က ပြီးသွားပြီလို့ထင်လို့''

''လခွီး...ဘယ်လိုလုပ်ပြီးရဦးမှာ လဲ...ဟိုမှာ တိမ်ညိုတို့ပြောတဲ့ကိစ္စကို ပြန်အဖြေပေးရဦးမှာ မင်းမသိဘူးလား''

''ဟုတ်ကဲ့...သိပါတယ် ဥက္ကဋ္ဌကြီး''

ဖိုးတုတ်ဇက်ပုသွားသော်လည်း အကြည့် ကတော့ မိုက်ဆီမှလုံးဝမရွေ့။

တိမ်ညိုတို့ကလည်း ဦးဘထွေး ဘာပြောမလဲဆိုသည်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်စားနေကြရသည်။ ဦးဘထွေး ဟန်ပါပါခေါင်းတစ်ချက်ညိတ်ပြီးနောက်

''အင်း - အခုနကပြောသလိုပေါ့လေ ဟုတ်လား...ကိုယ့်ရွာဘုရားပွဲမှာ ကိုယ့်ရွာရှိလူအားလုံးက တက်ညီလက်ညီနဲ့ ကိုယ်နိုင်ရာနိုင်ရာကဏ္ဍကနေ ကုသိုလ်ပြုကြတာဟာ အင်မတန်ကျေနပ်စရာကောင်းပါတယ်...အခုနကပြောသလိုပေါ့လေ ဟုတ်လား...တိမ်ညိုတို့လို စာယောင်ယောင်ပေယောင်ယောင်လူငယ်တွေ နဲ့ ဇာတ်ရူး ဓာတ်ရှင်ရူးလူငယ်တွေ ကလည်း ရွာဘုရားပွဲမှာ သူတို့တတ်သလောက်မှတ်သလောက် အနုပညာဒါနပြု ကုသိုလ်ယူမယ်ဆိုတာကြားရတော့ ကျုပ်ဝမ်းသာရပြန်ရော''

''ဟေး - ဒါမှ တို့ဥက္ကဋ္ဌကြီးကွ''

ရွာလူကြီးဦးဘထွေး၏ ချီးမွမ်းစကားမှာ နာလိုခံခက် ဖြစ်ရသော်လည်း မိမိတို့ဆန္ဒပြည့်ဝရသည်မို့ တိမ်ညိုတို့အဖွဲ့ ဝမ်းသာအားရထခုန်မိကြလေသည်။

တိမ်ညိုက ရွှင်မြူးသော မျက်နှာဖြင့် ရွာလူကြီး ဦးဘထွေးရှေ့ပြေးသွားပြီး

''ဒါ..ဒါဆို ဥက္ကဋ္ဌကြီးက ကျွန်တော် တို့လူငယ်တွေ ကို ရွာဘုရားပွဲမှာ ကပြဖျော်ဖြေခွင့်ပြုတယ်ပေါ့နော်''

ဟု ဝမ်းသာစကားဆိုသည်ကို ဦးဘထွေးခေါင်းခါပြလျက်

''ဟင့်အင်း - ခွင့်မပြုဘူး''

ဟု ခပ်ပြတ်ပြတ်အကြောင်းပြန်လိုက်လေရာ တိမ်ညိုတို့ခမျာ'ခင်ဗျာ'ဟူ၍ သာ အသံထွက်နိုင်ြ ကတော့သည်။

ရွာလူကြီးဦးဘထွေးလည်း အားလုံးကို တစ်ချက်ဝေ့ကြည့်ပြီးစကားဆက်၏ ။

''ဘာကြောင့် လဲဆိုတော့ ဒီနှစ် ရွာဘုရားပွဲမှာ ဇာတ်မင်းသားမင်းဘူးစိန်သက်ဇော်ရဲ့ ဇာတ်အဖွဲ့ကို သွင်းမှာ မို့ပဲ''

ဦးဘထွေး၏ စကားကြောင့် အားလုံးခေါင်းတညိတ်ညိတ်ဖြင့် 'သြော် - ဟုတ်သားပဲ' ဖြစ်ကုန်ကြသည်။

သို့ သော် တိမ်ညို ကတော့ အလျှော့ပေးလိုဟန်မတူဘဲ အလိုရှိရာကိုဆက်ပြောသည်။

''ဟုတ်ပါတယ်ခင်ဗျာ...ဥက္ကဋ္ဌကြီးပြောတဲ့ ဇာတ်မင်းသားလေး မင်းဘူးစိန်သက်ဇော်ရဲ့ အဖွဲ့ ဒီနှစ် ရွာဘုရားပွဲမှာ ကပြဖျော်ဖြေမှာ ကို ကျွန်တော် တို့လည်း သဘောကျပါတယ်''

''ကျတယ်ဆိုရင်လည်း မင်းတို့က ဘာပိုးထချင်တာတုန်း''

''ကျွန်တော့် အစီအစဉ်က ဒီလိုပါ ဥက္ကဋ္ဌကြီး...ဇာတ်မင်းသားလေး မင်းဘူးစိန်သက်ဇော်ရဲ့ ဖျော်ဖြေမှု အစီအစဉ်ထဲမှာ ပဲ ကျွန်တော် တို့ရွာလူငယ်အနုပညာရှင်လေးတွေ ကို ထည့်သွင်းစင်တင်ပေးချင်တာပါ''

''ဘယ်လိုကွ...ရှင်းအောင်ပြောစမ်းပါဦး''

''ဒီလိုပါ ဥက္ကဋ္ဌကြီး...ကျွန်တော် ရေး ထားတဲ့ (၁၅)မိနစ်စာပြဇာတ်တိုလေးတစ်ပုဒ်ရယ်...သီတာဒေဝီရဲ့ အချစ်ကိုရဖို့ကြိုးစားကြတဲ့ လေးတော် တင်ခန်းအကရယ်ကို ဇာတ်မင်းသားလေး စိန်သက်ဇော်ရဲ့ ဖျော်ဖြေရေး အစီအစဉ်ထဲမှာ ပဲ အဆင်ပြေသလိုထည့်သွင်းပေးဖို့ ဖြစ်ပါတယ်...အားလုံးပေါင်းမှ နာရီဝက်စာတောင်မရှိပါဘူး ဥက္ကဋ္ဌကြီး...ပြီးတော့ ကျွန်တော် တို့လည်း သေချာလေ့ကျင့်ထားပြီးပါပြီ''

''အေး - ဒီလောက်ဆိုရင်တော့ ပြဿနာမရှိလောက်ပါဘူး...အေးလေ..ငါလည်း ဇာတ်မင်းသားလေး မင်းဘူးစိန်သက်ဇော်နဲ့တိုင်ပင်ညှိနှိုင်းကြည့်ပါဦးမယ်...သူက ရတယ်ဆိုရင်တော့ ငါ့ဘက်က ခွင့်မပြုနိုင်စရာဘယ်ရှိမှာ လဲ...ကိုယ့်ရွာက ဇာတ်ရူး ဓာတ်ရှင်ရူးတွေ အတွေ့ အကြုံရ နည်းလား''

''ဟေး - ဒါမှ တို့ဥက္ကဋ္ဌကြီးကွ''

သည်တစ်ခါတော့ အားလုံးအမှန်တကယ်ပျော်သွားကြလေသည်။

အားလုံးထက် ပိုပျော်နေသူ ကတော့ ပြဇာတ်ရေး ဆရာအသစ်စက်စက်ကလေး တိမ်ညို ဖြစ်ကြောင်းကိုတော့ အထူးညွှန်းနေစရာ လိုမည် မထင်။

* * * * *


အခန်း (၂)

''ဇာတ်အဖွဲ့လာပြီဟေ့''

ဟူသော အသံက မြင်သာတစ်ရွာလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။

ဇာတ်မင်းသားလေး မင်းဘူးစိန်သက်ဇော်ဦးစီးသော

'မန်းချောင်းလရောင် ' ဇာတ်သဘင်အဖွဲ့ကြီးကို တင်ဆောင်လာသည့်ကုန်ကားကြီးနှစ် စီး၏ ပတ်ပတ်လည်တွင် ရွာရှိကလေးလူငယ်အားလုံးစိတ်ဝင်စားမှု ကိုယ်စီဖြင့် ဝန်းရံနေကြသည်။

''ဟယ်..ဟိုမှာ ဇာတ်မင်းသားလေး စိန်သက်ဇော် ကားပေါ်ကဆင်းလာပြီတော့် ''

''ဟယ် - ဟုတ်ပါရဲ့ ...လက်ပြင်ကုန်းကုန်း မျက်လုံးမှေးမှေးလေးနဲ့ ချစ်စရာလေးတော့်''

''ဟဲ့ - ကောင်မတွေ ...လာကြလေ...သွားမိတ်ဆက်ကြရအောင်''

ဇာတ်မင်းသားလေး စိန်သက်ဇော်အနီးတွင် မိန်းမပျို၊ မိန်းမအိုတွေ ကြိတ်ကြိတ်တိုးနေသဖြင့် ရွာလူကြီးဦးဘထွေးနှင့် မီးသတ်ရဲဘော်များ လာရောက်ပြီး စိန်သက်ဇော်ကို အမျိုးသမီးတွေ ကြားထဲမှမနည်းဆွဲထုတ်ယူရသည်။

ထို့အတူ မင်းသမီးတွေ ၊ ယိမ်းအဖွဲ့တွေ အနီးမှာ လည်း ကာလသားတစ်သိုက် စေတနာပိုပြီး ဟိုဟာသယ်ပေးချင်၊ ဒီဟာထမ်းပိုးပေးချင် ဖြစ်နေကြသည်။

အထူးသဖြင့် ရှေ့ထွက်မင်းသမီးချောလေး မေဇော်အနားကမခွာနိုင် ဖြစ်နေကြသည့်အတွက် ဆယ်အိမ်ခေါင်းဦးသာဒွန်းနှင့် ရွာလူကြီးအချို့လာရောက်ပြီး ကြိမ်းမောင်းသင့်တန် ကြိမ်းမောင်း၊ ချော့မော့သင့်တန် ချော့မော့ရင်း နှင်လွှတ်ရသည်။

''တောက်! လှချက် ကတော့ ဗီဒီယိုမင်းသမီး မျိုးစန္ဒီကျော်လား မှတ်ရတယ်''

''ဟုတ်ပါ့ကွာ...အသားလေး နည်းနည်း မည်းပြီး ဝနေတာကလွဲရင် တကယ့်မျိုးစန္ဒီကျော်ပဲ''

''အသားက မမည်းပါဘူးကွာ...မင်းတို့ကလဲ...ညိုတာပါ...အသားညိုတဲ့သူမှ ကင်မရာပိုစားတာတဲ့ကွ...မင်းတို့ မကြားဖူးဘူးလား''

''ဟေ - ဟုတ်လား...တစ်ခါစားရင် ကင်မရာဘယ်နှလုံးလောက်ကုန်သတဲ့လဲ''

''လေးငါးလုံးလောက်တော့ ကုန်မှာ ပေါ့ကွ''

''အို - သူ့ဘာသာသူ အဲဒီ ကင်မရာတွေ ဘယ်နှလုံးပဲစားစားငါ ကတော့ကြိုက်တယ်...ဒါကြောင့် ဇာတ်စင်ရှေ့ဆုံးမှာ ဖျာနေရာဦးပြီး အပြတ်ကိုအားပေးဦးမယ်''

''အို - မင်း တစ်ယောက် တည်း ရမလား...ငါတို့က မင်းထက်တောင် ပိုအားပေးလိုက်ဦးမယ်...နောက်ပြီး မင်းသမီးပန်ဖို့ပန်းတွေ နေ့တိုင်းဝယ်ပို့ရဦးမယ်''

''အေး...ငါက မင်းသမီးစားဖို့ မုန့်တွေ နေ့တိုင်းဝယ်ပို့မယ်''

''ငါ ကတော့ မင်းသမီးအတွက် ဟင်းကောင်းကောင်းချက်ပို့မယ်...အိမ်မှာ မွေးထားတဲ့ ကြက်တွေ ၊ ဘဲတွေ ဘာလုပ်ဖို့လဲ...ဟွန့်''

သို့ ကလို သည်ကလို ကာလသားတစ်သိုက်၏ နှုတ်ဖျားမှာ လည်း ရှေ့ထွက်မင်းသမီးလေး မေဇော်သာ ရေပန်းစားချင်တိုင်း စားနေကြသည်။ ရှေ့ထွက်မင်းသမီးလေး မေဇော် ပိုပြီးရေပန်းစားစေသော အကြောင်းကလည်း ရှိသေးသည်။

အခြားမဟုတ်။ ဇာတ်မင်းသားလေး မင်းဘူးစိန်သက်ဇော်၏ ညီမ ဖြစ်သည်ဆိုသော သတင်းကြောင့် ပင်။

ထို့ကြောင့် ကာလသားများ က ဇာတ်မင်းသားလေး မင်းဘူးစိန်သက်ဇော်နှင့် ပြောဆိုဆက်ဆံသည့်အခါ အစ်ကိုကြီး တစ်ယောက် လို လွှတ်ပြီးရိုသေလေးစားနေကြသည်။

ကာလသမီးများ က ရှေ့ထွက်မင်းသမီးလေး မေဇော်နှင့် ပြောဆိုဆက်ဆံသည့်အခါ ညီမလေး တစ်ယောက် လိုသဘောထားပြီး ကြင်နာသိမ့်မွေ့မှု အစွမ်းကုန်ထုတ်ပြနေကြသည်။

သည်လိုအချိန် သည်လိုအခြေအနေမှာ ဇာတ်မင်းသားလေးမင်းဘူးစိန်သက်ဇော်ကို အနီးကပ်ပေါင်းနိုင်စွမ်းရှိသူ ကတော့ တိမ်ညိုပဲ ဖြစ်သည်။

ညနေပိုင်းလေးရောက်လာပြီဆိုလျှင် ဝီစကီပုလင်းနှင့် မြည်းစရာအစုံအလင်ကိုယူလာပြီး စည်းရုံးရေး အပိုင်ဆင်းခဲ့သည်ကိုး။

''အစ်ကိုကြီးရဲ့ အနုပညာကို လေးစားပြီး ဂါရဝပြုချင်လွန်းအားကြီးလို့...ဟိုလေ..ဝီစကီတစ်လုံးနဲ့ ကြက်သားကာလသားချက်လေးရယ်...လက်ဖက်သုပ်ရယ်...ငါးကြော်ရယ် လာပို့တာခင်ဗျ''

''ဟေ..ဘာလို့ ဒါတွေ လျှောက်လုပ်လာရတာ လဲကွာ''

''ခင်ဗျာ...စိတ်..စိတ်မရှိပါနဲ့...အစ်ကိုကြီးမသောက်တတ်တာကို မသိလို့ပါ''

'သြော် - မသောက်တတ်ဘူးတော့ မဟုတ်ပါဘူး...အာစွတ်ရုံ နည်းနည်း ပါးပါးတော့ သောက်တတ်ပါတယ်ကွ''

''ဟူး..တော် သေးတာပေါ့ အစ်ကိုကြီးရာ...ကျွန်တော် ချက်ပြုတ်လုပ်ကိုင်ရကျိုးနပ်လို့...ဒါနဲ့ ကျွန်တော့် ကိုယ်ကျွန်တော် မိတ်ဆက်ပေးရဦးမယ်...ကျွန်တော့် နာမည် တိမ်ညိုလို့ခေါ်ပါတယ်''''သြော် - တိမ်ညို...ဟုတ်ပြီ...ဥက္ကဋ္ဌကြီးပြောတဲ့ စာတိုပေစလေးရေး တယ်ဆိုတဲ့ တစ်ယောက် ပေါ့''

''ဟုတ်..ဟုတ်တယ် အစ်ကို...ကျွန်တော် ရေး တဲ့ပြဇာတ်တိုလေးကိစ္စရော ဥက္ကဋ္ဌကြီးပြောပြီးပြီလားမသိဘူး''

''ခရီးရောက်မဆိုက်ကို ပြောပြီးပါပကောလားကွာ...ငါ့ညီတို့လို အနုပညာပွင့်သစ်တွေ ကို အစ်ကိုကလည်း လှိုက်လှဲစွာ ကြိုဆိုပါတယ်ကွာ''

''ဟာ...ဝမ်း ဝမ်းသာလိုက်တာ အစ်ကိုရာ''

''ဟုတ်ပြီ...ဝမ်းသာရင် ရိုးရိုးဝမ်းသာတာမထူးဘူးကွ...ထူးပြီးဝမ်းသာနိုင်အောင် ညီလေးပါလာတဲ့ပုလင်းလေး ဖွင့်လိုက်ရင်ပိုကောင်းသွားမယ်ထင်ရဲ့ ကွာ''

''ဟာ..ဟုတ်ကဲ့ ဟုတ်ကဲ့...ကောင်းတယ် အစ်ကို...ကောင်းတယ်''

တိမ်ညိုလည်း ဇာတ်မင်းသားစိန်သက်ဇော်ကို ပြုစုခွင့်ရသော အခွင့်အရေး ကို လက်လွတ်မခံ ပျာပျာသလဲလုပ်ကိုင်ပေးတော့သည်။

ထို့အတွက် ဇာတ်မင်းသားလေးစိန်သက်ဇော်ထံမှလည်း စာပေနှင့် ဇာတ်သဘင်ဆိုင်ရာ ပညာရပ်အချို့ကို နာယူမှတ်သားခွင့်ရခဲ့ပါသည်။

ဇာတ်မင်းသားလေးစိန်သက်ဇော်လည်း အနုပညာသမားချင်း တွေ့ ဆုံကြသည်မို့လားမသိ။ ပြောကောင်းကောင်းနှင့် စကားတွေ ပြောနေလေရာ ပုလင်းသာလဲသွားသည်။ လူက လဲမသွားသေး။ အာစွတ်ရုံ နည်းနည်း ပါးပါးလောက်သာသောက်တတ်၍ တော် သေးသည်။

များများ စားစားသောက်တတ်ရင်တော့ အရက်ကိုးမောင်းသောက်နိုင်သည့် နာဠာဂီရိဆင်လောက်တော့ သနားတယ်ပြောဦးမလားမသိ။

ဤသို့ ဤနှယ် ဇာတ်မင်းသားလေးစိန်သက်ဇော်နှင့် တိမ်ညိုတို့ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေနေသလို ရွာရှိအခြားသူများ ကလည်း ဇာတ်အဖွဲ့သူအဖွဲ့သားများ ၏ လိုအပ်ချက်မှန်သမျှကို မလစ်မဟင်းဖြည့်တင်းပေးကြလေသည်။

ပိစိဦးဆောင်သော မီးဘေးကြိုတင်ကာကွယ်ရေး အဖွဲ့မှ ရေတင်ထော်လာဂျီငါးစီးလုံး အနားမနေရပါ။ ဇာတ်အဖွဲ့ အဝတ်လျှော်၊ရေချိုး၊ ထမင်းချက်ဖို့ လိုအပ်သည့်ရေကို တစ်စက်လေးမှအလျော့မခံဘဲ ဖြည့်ပေးနေကြသည်။ ဇာတ်အဖွဲ့သားများ ထက် ဇာတ်အဖွဲ့သူများ ၏ မျက်နှာညိုမှာ ကို ပိုလို့စိုးကြသည်ထင့်။ အထူးသဖြင့် ရှေ့ထွက်မင်းသမီးလေး မေဇော် မျက်နှာမညှိုးရေး ကို ပိစိတို့ ပိုလို့အရေး စိုက်ရသည်။ အကြောင်းမရှိ အကြောင်းရှာ မင်းသမီးလေးမေဇော်အနားကပ်ပြီး

''မင်းသမီး...ရေနဲ့ပတ်သက်လို့ ကတော့ အားမနာနဲ့...လိုသလောက်ပြော သိလား...မင်းသမီးကသာ ကိုပိစိရေ..ကျွန်မရေလိုချင်တယ်ဆိုရင် မင်းသမီးဇာတ်ကတဲ့ ဘယ်မြို့ဘယ်ရွာကိုမဆိုအရောက်ပို့ပေးမယ် သိလား''

ဆိုသည်ကိုသာ တွင် တွင် ပြောတတ်လေသည်။

ထို့ထက်ပို၍ အကဲပိုသူများ လည်း ရှိပါသေးသည်။ သီးနှံပွဲစားကြီး ဦးမြရဲ့ သား ဘူးသီးနှင့် အပေါင်းပါများ ဖြစ်သည်။မည် သူကမျှ တာဝန်မပေးဘဲနဲ့ ရှေ့ထွက်မင်းသမီးချောလေးမေဇော်၏ လုံခြုံရေး အတွက်ဟုဆိုကာ ဆိုင်ကယ်သံတစ်ဖုံးဖုံးပေးပြီးဇာတ်ရုံတစ်ဝိုက်မှာ သာရှိနေတတ်သည်သူတို့ဝတ်စားထားတာကလည်း နိုင်ငံခြားရုပ်ရှင်ကားထဲကလူကြမ်းတွေ လို လောင်းကုတ်အနက်၊ ဘောင်းဘီရှည်အနက်၊ မျက်မှန်အနက်တို့ကို နေ့ညမရွေးဝတ်ဆင်ထားကြသည်။ လစ်ရင်လစ်သလိုမင်းသမီးမေဇော်အနားကပ်လာပြီး

''မင်းသမီး ဘာမှမကြောက်နဲ့ သိလား...မင်းသမီးရဲ့ လုံခြုံရေး ကို ကျွန်တော် တို့အပြည့်အဝတာဝန်ယူထားတယ်''

ဟု ဂုဏ်ယူစွာ ဆိုတတ်ပြန်သေးသည်။ မင်းသမီးလည်း

''ဟုတ်ကဲ့ပါ...ကျွန်မကြောက်တာကလည်း အစ်ကိုတို့ပဲရှိတယ်''

ဟုဆိုသည့်အခါ ဘူးသီးသဘောကျပြီး တဟီးဟီးတဟားဟားရယ်နေတတ်လေသည်။ အံမယ် - ရယ်တာတောင် လောင်းကုတ်အင်္ကျီဘေးအိပ်ကပ်ထဲ လက်နှစ် ဖက်ထည့်ပြီး မျက်နှာမော့ကာ ရယ်တတ်ပြန်သေးသည်။ ရယ်ပုံရယ်နည်းနှင့် ရယ်သံကိုက ရွာနာသည်ဟုသာသာထိုးထိုးပြောရမည် လား မသိ။

* * * * *




ဝန်ဇင်းချစ်သူများ မျိုးကိုမျိုး ၏ “ အချစ်အော်သံ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နတ်သမီးချည်တိုင် အလွမ်းမဖောက်နိုင်

ကျွန်တော်နဲ့ မျိုးကွဲအိမ်မက်

အချစ်လွှမ်းသော နှလုံးသားခေတ်တစ်ခေတ်