
ကမ္ဘာမှာ လူသုံးအများ ဆုံးအရာဟာ ဘာ ဖြစ်နိုင်မလဲ…?အဲဒီ လို စဉ်းစားကြည့်ဖူးပါသလား…..။
ကမ္ဘာမှာ လူသုံးအများ ဆုံးအရာတစ်ခုဟာ`အချစ်´ လို့ပြောရင်ဘယ်သူ ငြင်းချင်ပါသလဲ….။
ကျောင်းသူလေး တစ်ယောက် …
လွယ်အိတ်ကြိုးကလေးကို ပခုံးထက်မှာ တွယ်ချိတ်လျက် ကျောင်းတော် ကြီးရှိရာဆီ သွားနေသည်။
သူမကို မြင်ရသည်မှာ …
အစွမ်းကုန် ပွင့်လန်းရန် အားယူစိုင်းပြင်းနေသော ပန်းအဖူးငုံလေးပမာ ချစ်စရာ ကောင်းနေပါသည်။
ထိုစဉ်…
သူမသွားရာ ရှေ့တည့်တည့်၌ ကောင်လေး တစ်ယောက် က ဆီးကာ၍ ပိတ်ရပ်၏ ။
ပြီးသော အခါ…
``ရွှေသဲဖြူ… ဒီစာလေးကို ယူ သွားပါနော်´´
ကောင်လေးက စာအိတ်လှလှလေးကို ထုတ်ပေးသည်။ ကျောင်းသူလေက မယူဘဲ ကောင်လေးကို တိမ်းရှောင်ကာ သူ့လမ်းသူ ဆက်လျှောက်၏ ။
ထိုအခါ ကောင်လေးက ဇွဲမလျော့ဘဲ ကျောင်းသူလေးနောက်သို့ တရစပ် ဆက်လိုက်ပြန်သည်။
``အဲဒီ လို မလုပ်ပါနဲ့ ရွှေသဲဖြူရယ်… ငါ့ရဲ့ မေတ္တာကို လက်ခံပေးပါ´´
``မနှောင့်ယှက်ပါနဲ့နော်၊ ကျောင်းနား နီးနေပြီ´´
``နှောင့်ယှက်တာ မဟုတ်ပါဘူးဟာ၊ နင့်ကို ငါ ချစ်လို့ပါ၊ ဒီစာထဲမှာ ငါ့ခံစားချက်တွေ ရေး ထားတယ်၊ ယူသွားနော်´´
ကောင်လေးက ကျောင်းသူလေး၏ လက်ကိုဆွဲ၍ စာအိတ်ကို အတင်းထိုးထည့်ပေးသည်။ ကျောင်းသူလေးက မယူဘဲ ရုန်းကန်ငြင်းဆန်နေသည်။
အခက်တွေ့ စွာ ဖြင့် သူမ စိတ်ကျဉ်းကြပ်နေပုံရ၏ ။
အဲဒီ အချိန်မှာ ပဲ…
``ဒီလောက်တောင် ဖြစ်နေတာ´´
``ကဲကွာ´´
``ခွပ်´´
``ခွပ်´´
လက်သီးနှစ် ချက်ထိပြီး စာပေးသူကောင်လေး ယိုင်ထွက်သွားသည်။ အလန့်တကြား ကြည့်မိတော့…
မြင်လိုက်ရတာ က…
ပုဆိုးတိုတိုစည်းပြီး လွယ်အိတ်ကို စလွယ်သိုင်း လွယ်ထားသည့် ရှူသိုးသိုး မျက်နှာထားနှင့် ကျောင်းသားနှစ် ယောက် ….။
``ဟယ်.. ဆက်ပိုင်နဲ့ စိုပြေ´´
ကျောင်းသူလေး၏ မျက်ဝန်းတောက်တောက်ကလေးတွေ ၀ိုင်းစက်သွား၏ ။ စိုးရိမ်ပူပန်မှု နှင့် အတူ သူမ ပျော်သွားပုံလည်း ရသည်။
ကျောင်းသားလေးနှစ် ယောက် ကတော့…
ကျောင်းသူလေးကို ဘာမှမတုံ့ပြန်သေးဘဲ…
စာပေးသူ ကောင်လေးကိုသာ ဒေါသတကြီး ထိုးကြိတ်နေကြလေ၏ ။
ကျောင်းသားလေးနှစ် ယောက် ……
ခေါင်းလေးငုံ့ကာ လက်ကလေးပိုက်လျက် အတန်းပိုင်ဆရာမ ရှေ့မှာ ရပ်နေပါသည်။
အတန်းပိုင်ဆရာမ က…
``စိုပြေနဲ့ ဆက်ပိုင်မှူး… မင်းတို့ရဲ့ အပြစ်ကို မင်းတို့ သိတယ်မို့လား´´
``ဟုတ်ကဲ့´´
``သိပါတယ် ဆရာမ ´´
ကျောင်းသားလေးနှစ် ယောက် က မ၀ံ့မရဲ ဖြေကြသည်။ အတန်းပိုင်ဆရာမ က ကြိမ်လုံးကို ဆွဲယူပြီး…
``အပြစ်ရှိတယ်ဆိုရင် အပြစ်ဒဏ်ပေးရမှာ ပေါ့၊ ကဲ… နှစ် ယောက် လုံး စတိတ်ပေါ်တက်´´
ကျောင်းသားလေးနှစ် ယောက် စတိတ်ခုံပေါ် တက်ကြ၏ ။ အတန်းပိုင်ဆရာမ က သူတို့ကို ရိုက်ရန်အတွက် လက်ထဲမှ ကြိမ်လုံးကို ချိန်ဆနေသည်။
အဲဒီ အချိန်မှာ ပဲ…
``ခဏနေပါဦး ဆရာမ ´´
ကျောင်းသူလေးတစ်ဦး အတန်းရှေ့ထွက်လာသည်။ အတန်းပိုင်ဆရာမ က ထိုကျောင်းသူကိုကြည့်ပြီး…
``သြော်…. ရွှေသဲဖြူပါလား… ဘာလဲ သမီး..´´
ကျောင်းသူလေးက လက်ကလေးပိုက်လျက်…
``စိုပြေနဲ့ ဆက်ပိုင် အခုလို ဖြစ်ရတာ သမီးကြောင့် ပါ ဆရာမ ၊ အဲ့ဒါကြောင့် သူတို့နှစ် ယောက် ကို မရိုက်ဘဲနဲ့ သမီးကိုပဲ ရိုက်ပါ´´
``ဟင်´´
အတန်းပိုင်ဆရာမ အံ့အားသင့်သွားသည်။ ပြီး… တွေ ခနဲ တစ်ချက်စဉ်းစားကာ….
``အဓိက ဒီပြစ်မှု ကို ကျူးလွန်တာက သူတို့နှစ် ယောက် လေ သမီးရဲ့ ၊ တစ်ဖက်က ကလေးရဲ့ မိဘတွေ က ဆရာမ ကို လာတိုင်သွားကြတာ၊ ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းရင် ရပါလျက်နဲ့ လက်ပါခြေပါတွေ လုပ်ပစ်လိုက်တာ… ဒါကြောင့် နောက် ဒါမျိုးမ ဖြစ်အောင် သူတို့နှစ် ယောက် ကိုတော့ ဆုံးမရလိမ့်မယ်´´
ကျောင်းသူလေး ငိုင်သွားသည်။ ပြီးမှ… အတန်းပိုင်ဆရာမ ကို မ၀ံ့မရဲ မော့ကြည့်ပြီး…
``ဆရာမ …. သူတို့နှစ် ယောက် ကို ဘယ်နှချက်စီ ရိုက်မှာ လဲ ဟင်´´
``အဲ…´´
မထင်မှတ်သော မေးခွန်းမို့ ချက်ချင်း ပြန်မဖြေနိုင်ဘဲ ဆရာမ ဆွံ့အသွားသည်။ ခဏကြာမှ…
``ဒီကိစ္စက တစ်ဖက်ကစလို့ ဖြစ်ရတာ ဆိုတော့… သူတို့နှစ် ယောက် ကို ပေါ့ပေါ့လျော့လျော့ အပြစ်ပေးတဲ့အနေနဲ့ တစ်ယောက် သုံးချက်စီပဲ ရိုက်မှာ ပါ´´
ထိုအခါျေကာင်းသူလေးက တက်တက်ကြွကြွဖြင့် …
``ဒါဆို… ဒီလိုလုပ်ပါလား ဟင် ဆရာမ ´´
``ဘယ်လိုလဲ´´
``သူတို့နှစ် ယောက် ကို တစ်ချက်စီလျှော့ရိုက်ပြီး… သမီးကို သူတို့နဲ့ တူသွားအောင် နှစ် စီးစီပေါင်းရိုက်ပါ ဆရာမ ၊ ညီတူမျှတူ ဖြစ်သွားအောင်… သမီးလည်း သူတို့နဲ့အတူတူ အပြစ်ပေးခံချင်လို့ပါ´´
``ဟင်´´
ကျောင်းသူလေး၏ တောင်းဆိုမှု ကြောင့် အံ့သြလွန်းသဖြင့် အတန်းပိုင်ဆရာမ ပါးစပ်အဟောင်းသားပင် ဖြစ်သွားသည်။ စာသင်တန်းအတွင်းရှိ အတန်းသူအတန်းသားများ အားလုံးလည်း အံ့အားသင့်သွားကြလေသည်။
ကျောင်းသူလေး ကတော့ ခပ်တည်တည်ပင်၊ စတိတ်ခုံပေါ် တက်ပြီး ကျောင်းသားလေး နှစ် ယောက် ဘေးမှာ လက်ကလေးပိုက်လျက် မကြောက်မရွံ့ ၀င်ရပ်၏ ။
ထို ဖြစ်စဉ်ကို ကြည့်ပြီး အတန်းပိုင်ဆရာမ မျက်နှာ တဖြည်းဖြည်း ပြုံးလာသည်။ ပြီးတော့… မပွင့်တပွင့် မှတ်ချက်ချ၏ ။
``အင်း… မင်းတို့သုံးယောက် က တကယ်ချစ်ကြတဲ့ သူငယ်ချင်းတွေ ပဲကိုး´´
ထို့နောက်မှာ တော့…
ဆရာမ လက်ထဲမှာ ထားဝယ်ကြိမ်ပျော့ပျော့က တင်းပါသားနုနုလေးသုံးခုပေါ်သို့… တရွှမ်းရွှမ်းဖြင့် ကျရောက်လျက်…။
အဲဒီ လိုမျိုးပေါ့….။
ထောင့်တစ်ထောင့် ကျိုးပဲ့သွားရင်ပဲ တြိဂံ မမည် တော့သလို၊ တစ်ယောက် ယောက် မရှိရင်လည်း မပြည့်စုံတော့တဲ့ပမာ… သူတို့ဟာ သိပ်ကို တွယ်တာကြပါသည်။
ဟိုက်စကူးထဲက ညီညွတ်ခဲ့တဲ့ သူတို့သုံးယောက် ဟာ တက္ကသိုလ်ရောက်တဲ့ အထိတိုင် တွဲ လက်တွေ ခိုင်ခိုင်မြဲနေဆဲပါပဲ….။
တက္ကသိုလ်ရိပ်သာလမ်းရှိ U.F.L (နိုင်ငံခြားဘာသာတက္ကသိုလ်) ကျောင်းမှာ သူတို့သူငယ်ချင်းသုံးယောက် အတူတကွ တက်ရောက်ပညာ သင်ကြားခွင့်ရတော့ သုံးယောက် စလုံးပင် ပျော်ရွှင်စွာ ကြည်နူးပီတိ ဖြစ်ရ၏ ။
အိမ်နီးနားချင်းလည်း ဖြစ်သော သူတို့သုံးယောက် သည် ငယ်စဉ်ကတည်းက သွားအတူ၊ စားအတူ၊ ကစားအတူ၊ စာကျက်လည်း အတူတူ နေလာခဲ့ကြတာ…။
ဆယ်တန်းအောင်၍ တက္ကသိုလ်တက်ရန် ပြင်ဆင်တော့လည်း မခွဲမခွာဘဲ ကျောင်းတစ်ကျောင်းထဲ၌ သာ အတူတကွ တက်ခွင့်ရရန် တိုင်ပင်ပြီး U.F.L တက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏ ။
ဝါသနာပါရာ အဆင်ပြေအားသန်ရာ ကိုယ်စီရွေးချယ်ပြီး ဆက်ပိုင်မှူးက ဂျပန်၊ စိုပြေက ဂျာမန်၊ ရွှေသဲဖြူ ကတော့ အင်္ဂလိပ် ယူသည်။ မေဂျာ (Major) ကွဲသော်ငြားလည်း သိပ်မကျယ်ဝန်းသော ကျောင်းဝင်းအတွင်းမှာ သူတို့သုံးယောက် ဟာ တတွဲ တွဲ ပါပဲ…။
ငယ်စဉ်ကတည်းက သပ်သပ်ရပ်ရပ် နေတတ်သော ဆက်ပိုင်မှူးသည် အနေတည်၍ စမတ်ကျသူတစ်ဦး အ ဖြစ် မိန်းကလေးတွေ ကြားမှာ ကျော်ကြားသည်။ ငယ်စဉ်ကတည်းက ဟိုစပ်စပ် ဒီစပ်စပ် ၀ါသနာပါကာ ကပိုကရိုနှင့် ပျော်ပျော်နေတတ်သော စိုပြေသည် ဂျိုကာတစ်ကောင်အ ဖြစ် ကျောင်းသူကျောင်းသားတွေ ကြားမှာ ထင်ရှားသည်။
အပျိုဖော်ဝင်စကပင် ပိုင်ဆိုင်ချင်သူတွေ ၀ိုင်းဝိုင်းလည်နေသော ရွှေသဲဖြူ ကတော့ အလှဘုရင်မတစ်ပါးအ ဖြစ် ယောက်ျားလေးတွေ နှုတ်ဖျားမှာ ရေပန်းစားသည်။
သို့ပါသော်ငြား…
မဉ္ဇူသကနတ်ပန်းကို ယက္ခနှင့်ဂုမ္ဘာန် စောင့်ကြပ်သကဲ့သို့… သူမအနားမှာ အချိန်ပြည့်နီးပါး ရှိနေသည့် စိုပြေနှင့် ဆက်ပိုင်မှူးကြောင့် ရွှေသဲဖြူကို မည် သူမှ ထိကပါး ရိကပါး မလုပ်ရဲကြချေ။
ထို့ကြောင့် ပင်…
စည်းကမ်းကြီးသော … စနစ်ကျသော … အတန်းလစ်သော ကျောင်းသူကျောင်းသားများ ကို လိုက်ဖမ်းတတ်သော … ကင်တင်းသုံးခုသာရှိသော … ကျောင်းထဲဝင်ပြီးလျှင် အတန်းချိန်မပြီးမချင်း အပြင်ပြန်ထွက်၍ မရသော …
U.F.L ကျောင်းဝင်းအတွင်းတွင် …
သူတို့သူငယ်ချင်းသုံးယောက် ၏ သံယောဇဉ်သတင်းသည် လူပြောများသော အကြောင်းအရာတစ်ခု ဖြစ်နေပါလေသည်။
ကျောင်းအတွင်းရှိ `ကျား´ အိမ်သာတစ်ခုနှင့် `မ´အိမ်သာတစ်ခုရှေ့၌ ကျောင်းသူကျောင်းသားတွေ စုရုံးစုရုံး ဖြစ်နေကြသည်။
အခြားအိမ်သာအလွတ်တွေ ရှိပါလျက် ဒီအိမ်သာနှစ် ခုရှေ့ကျမှ ဘာကြောင့် ဒီလောက် လူတွေ များ နေရတာ လဲ…
အကြောင်းရင်းကား….
ထိုအိမ်သာနှစ် ခု၏ နံရံတွင် ရေး ကပ်ထားသော စာတမ်းနှစ် စောင်ကြောင့် ဖြစ်ပါသည်။
`ကျား´ အိမ်သာတွင် ရေး ကပ်ထားသော စာတမ်းမှာ …
၁။ မိန်းမ တစ်ယောက် တစ်နေ့မှာ `အီး´ ဘယ်နှကြိမ်ပေါက်သလဲဟု စဉ်းစားနေတာနှင့် စာလျှင် … အိမ်သာတက်သည့်အခါ၌ မိမိ၏ `၀မ်း´ အနည်းအများ နှင့် အရောင် အဆင်းကို အကဲခတ်လေ့လာခြင်းက ကျန်းမာရေး အတွက် အထောက်အကူ ပြုနိုင်ပါသည်။
၂။ ခပ်ညံ့ညံ့ ဟာသဇတ်ကားတစ်ကားကို ကြည့်ပြီး အကုသိုလ် များ နေတာနှင့် စာလျှင်… လိင်ပညာပေးဇာတ်ကားတစ်ကားကို အရသာခံကြည့်ရှုနေတာက မိမိအိမ်ထောင်ပြုသည့်အခါ၌ အိမ်ထောင်ရေး သုခကို အပြည့်အ၀ ရရှိစေနိုင်ပါသည်။
၃။ ကိုယ့်ကို ပြန်ကြိုက်မှာ မဟုတ်သော မိန်းကလေး တစ်ယောက် ကို ပေးဖို့ ရည်းစားစာ ထိုင်ရေး နေတာနှင့် စာလျှင်… အသည်းကွဲဝတ္ထုတစ်ပုဒ် ချရေး လိုက်ပါက မြန်မာပြည်မှာ ဈေးကွက်ဝင်ကလောင်တစ်လက် ဖြစ်လာနိုင်ချေ ရှိပါသည်။
၎။ အမျိုးသမီးများ ကိုလိုက်လံ ငေးမောပြီး အားမလို အားမရ ဖြစ်နေတာနှင့် စာလျှင်…. မိမိ၏ ခန္ဓာကိုယ် ကြွက်သားများ ကို လက်နှစ် ဖက်နှင့် အားပါးတရ ဖျစ်ညှစ်ဆုပ်နယ်နေခြင်းက အညောင်းအညာ ပြေစေနိုင်ပါသည်။
ပုံ - အမည် မသိ ရှေးစာဆို
ထိုစာတမ်းကိုဖတ်ပြီး ယောက်ျားလေးတွေ ကတော့ သဘောကျနေကြသည်။ ဟုတ်သလိုလိုပဲ… ဟုလည်း မှတ်ချက်ပေးကြသည်။
ပေါက်ပေါက်ရှာရှာ တွေးတတ်လေခြင်း… ဆိုပြီး အချို့ ကတော့ ရယ်မောကြ၏ ။
ပြဿနာက `မ´ အိမ်သာရှေ့မှာ ကပ်ထားသော စာတမ်း ဖြစ်၏ ။
ကြည့်ပါဦး…
ရေး ထားပုံက….
သုဒ္ဓါ ထရဇာသော သုဉ်ဒဿအဆာတရ မုနိမမ ဒေဟိ
(မောင်ကြွေးရှင်)
ထိုသို့ရေး သားထားသဖြင့် ဖတ်မိသူတွေ အားလုံး အူကြောင်ကြောင် ဖြစ်ကုန်ကြသည်။ အဓိပ္ပါယ်ကို သိလည်း သိချင်နေကြသည်။
ဒါ… ဘာ ဖြစ်နိုင်မလဲ…။
ဒါ… ဘာ ဖြစ်နိုင်မလဲ…။
U.F.L ကျောင်းသူကျောင်းသားများ ပါဠိဆန်ဆန်စာသားကို ဘာသာမပြန်နိုင်ဘဲ ဖြစ်နေကြသည်။ ဆရာ ဆရာမ တွေ လည်း ခေါင်းစားကုန်ကြသည်။
`ကျား´ အိမ်သာမှ စာသား၏ ဆိုလိုရင်း က ရှင်းလင်းသော်လည်း `မ´အိမ်သာမှ စာသား၏ ဆိုလိုရင်း ကိုတော့ သူတို့လည်း မသိကြချေ။
ဆရာ ဆရာမ တွေ အချင်းချင်း တိုးတိုးတိတ်တိတ် တိုင်ပင်ပြီး အဖြေရှာကြည့်တော့လည်း မရ။
ဤသို့ဖြင့် …
ထိုစာနှစ် စောင်ကြောင့် အလုပ်တွေ များ နေရလေသည်။
အဲသည်အချိန်မှာ ပဲ….
ထိုစာတမ်းနှစ် စောင်ကို ရေး သားချိတ်ဆွဲသူမှာ ဂျာမန်မေဂျာမှ `စိုပြေ´ ဖြစ်သည်ဟု ကျောင်းသား တစ်ယောက် က လာ၍ သတင်းပေးသည်။
ထို့ကြောင့် …
ဆရာ ဆရာမ များ သည် `စိုပြေ´ အား ကျောင်းရုံးခန်းဆီသို့ ဆင့်ခေါ်လိုက်ကြသည်။
``ဒီစာနှစ် စောင်ကို မင်းရေး တယ်ဆိုတာ… ဟုတ်လား…´´
``ဟုတ်ပါတယ်ခင်ဗျ´´
ဌာနမှူးက စာနှစ် စောင်ကိုပြပြီး မေးတော့ စိုပြေက ခေါင်းညိတ်၍ အဖြေပေးသည်။ ထိုအခါ ဌာနမှူးက `ကျား´ အိမ်သာရှေ့မှ စာကို ကိုင်ပြီး
``ဒီစာကို ဘာသဘောနဲ့ ရေး ပြီး မင်း ကပ်ထားတာလဲ´´
``ကျွန်တော် တွေးမိတာကို အခြားသူတွေ လည်း သိစေချင်လို့ မျှဝေတဲ့ သဘောပါ´´
``ဒါဆို ဒီစာကကော ဘာသဘောနဲ့ ရေး ထားတာလဲ´´
ဌာနမှူးက `မ´အိမ်သာရှေ့မှ စာအကြောင်း မေးသည်။ ဤတွင် အဖြေကို သိချင်စိတ်ဖြင့် လာနားထောင်ကြသည့် ဆရာ ဆရာမ များ လည်း စိတ်ဝင်တစား နားစွင့်နေကြ၏ ။
စိုပြေက `မ´အိမ်သာရှေ့မှ စာရွက်ကို ကြည့်ပြီး…. တုံ့နှေးနှေးနှင့် …
``ဒီစာက … ကျွန်တော် အကြွေးတောင်းတဲ့စာပါခင်ဗျ´´
``ဘယ်လို… အကြွေးတောင်းတဲ့စာ… ဟုတ်လား´´
``ဟုတ်ပါတယ် ခင်ဗျ´´
စိုပြေ၏ အဖြေကြောင့် ဌာနမှူး မျက်မှော င်ကြုတ်သွားသည်။
``မင်းက အကြွေးတောင်တဲ့စာကို ဘာကြောင့် မိန်းကလေးအိမ်သာရှေ့မှာ သွားကပ်ထားရတာ လဲ´´
``မိနုက ကျွန်တော့် ကို ရှောင်နေလို့ပါ ဆရာ´´
``ဘယ်က မိနုလဲ´´
``မိနုဆိုတာ ကျွန်တော့် ကို အကြွေးပေးရမယ့် သူပါ၊ သူက သာဓုတ်ဆီကရလာတဲ့ ပိုက်ဆံ ကျွန်တော့် ကို မပေးဘူး´´
``ဟင်… ဘယ်က သာဓုတ်က ပါလာရတာ တုန်း´´
``သာဓုတ်ဆိုတာ မိနုဆီက တစ်ဆင့် ထမင်းခြောက်တွေ ၀ယ်သွားတဲ့ ကောင်လေးပါ ဆရာ´´
``ဟာ… ထမင်းခြောက်တွေ ပါ ပါလာပါလား…´´
ဌာနမှူး အကြီးအကျယ် ခေါင်းစားသွားသည်။ နားထောင်နေသူတွေ လည်း ပိုမိုစိတ်ဝင်စားလာကြ၏ ။
``ခဏ… ခဏလေး နေပါဦးကွာ… မင်းရဲ့ ကိစ္စကို ငါ နားလည်အောင် လုံးစေ့ပတ်စေ့ ပြောပြစမ်းပါဦး´´
ဌာနမှူး၏ တောင်းဆိုမှုကြောင့် စိုပြေက အကျဉ်းချုံး၍ ဇာတ်စုံ ခင်းပြရန် ပြင်သည်။
``ဒီလိုပါ ဆရာ.. ကျွန်တော့် မိဘတွေ က ၀န်ထမ်းတွေ ပါ´´
``ဟင်… အဲဒါနဲ့ ဒီကိစ္စ ဘာဆိုင်လို့တုန်း´´
``တဖြည်းဖြည်း ဆိုင်လာပါလိမ့်မယ် ဆရာ´´
``သြော်… အေး… အေး… ဆက်ပြော´´
ဌာနမှူး စိတ်ရှည်ရှည်ထားပြီး နားထောင်လိုက်၏ ။ စိုပြေက ဆက်ပြေသည်။
``ကျွန်တော် တို့က မိသားစု သုံးဦးထဲ ရှိတာပါ။ ကျွန်တော့် အမေ ကျောင်းဆရာမ က ကျောင်းဖွင့်ရက်တွေ မှာ မနက်စောစောထပြီး ထမင်းဟင်း ချက်လေ့ရှိပါတယ်၊ ပြီးတော့ နေ့လယ်စာအတွက် သူကိုယ်တိုင် ထမင်းချိုင့်ယူသလို ရုံးသွားမယ့် အဖေ့ကိုလည်း ထမင်းချိုင့် ထည့်ပေးလိုက်ပါတယ်၊ နံနက်စာကို အမေက အိမ်မှာ စားပေမယ့်… အဖေနဲ့ ကျွန်တော် ကတော့ တစ်ခါတလေ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ပဲ ပြီးသွားကြတယ်။ အဲဒါကြောင့် … အဖေနဲ့ ကျွန်တော် နံနက်စာ မစားတဲ့နေ့ဆို အိမ်မှာ ထမင်းတွေ အများ ကြီး ပိုနေတတ်ပါတယ်´´
``သြော်… အေး…အေး´´
``ကျွန်တော့် အမေ ကျောင်းဆရာမ က ကျန်းမာရေး အတွက် မကောင်းဘူးဆိုပြီး ထမင်းအကျန်တွေ ကို မစားခိုင်းပါဘူး၊ အလဟဿလည်း မ ဖြစ်ရအောင်ဆိုပြီး ညမနက်ကျန်တဲ့ ထမင်းတွေ ကို အခြောက်လှန်းထားလေ့ ရှိပါတယ်။ ထမင်းတွေ ခြောက်သွားတဲ့အခါ အိုးကင်းပူပေါ်တင်လှော်၊ ဆီစိမ်းဆမ်း ဆားဖြူးပြီး ကျွန်တော် တို့ကို ကျွေးပါတယ်၊ အဲဒီ ထမင်းခြောက်လှောက်က စားလို့ကောင်းတယ် ဆရာရဲ့ ´´
``သြော်… အေး… အေး´´
``တစ်နေ့ ကျွန်တော် က ကင်တင်းမှာ သူငယ်ချင်းတွေ နဲ့ ထိုင်နေတုန်း ထမင်းခြောက်လှော်က စားကောင်းကြောင်း ပြောလိုက်မိတယ်။ အဲဒါကိုကြားပြီး တရုတ်တန်းက နုနုလွင်က သူတစ်ခါမှ ထမင်းခြောက်လှော် မစားဖူးကြောင်း၊ သူလည်း စားကြည့်ချင်ကြောင်း ကျွန်တော့် ကို ပြောပါတယ်၊ အဲ့ဒါနဲ့ ကျွန်တော် လည်း သူစားဖူးအောင် အိမ်က ထမင်းခြောက်လှော် နည်းနည်း ယူလာပြီး ပေးလိုက်ပါတယ်´´
``သြော်… အေး… အေး… ဒါနဲ့ သာဓုတ်ကကော´´
``သာဓုတ်က ကျောင်းရှေ့မှာ ဘယာကြော်ရောင်းတဲ့ ကုလားလေးပါ ဆရာ၊ သူက ကျောင်းရှေ့က ကုက္ကိုပင်အောက်မှာ နုနုလွင် ထမင်းခြောက်လှော် စားနေတာတွေ့ တော့ တောင်းစားတယ်… တဲ့။ အဲဒီ မှာ ကြိုက်သွားပြီး သူ့ကို ဒါမျိုး ရောင်းပါလို့ နုနုလွင်ကို ပြောတယ်… တဲ့´´
``သြော်´´
``အဲဒါနဲ့ နုနုလွင်က ကျွန်တော့် ကို လာပြောတာ၊ ကျွန်တော် က သနားသဖြင့် ကုလားလေး ဗမာစာ စားဖူးပါစေဆိုပြီး… အိမ်ကနေ ထမင်းခြောက်လှော်တွေ အကုန်လုံး ထည့်ယူလာခဲ့လိုက်တယ်။ အဲ့ဒါကို နုနုလွင်ကတစ်ဆင့် သာဓုတ်ကို ရောင်းပေးတာ´´
``သြော်… အေး… အေး´´
``နုနုလွင်က အဲဒီ ထမင်းခြောက်လှော်ဖိုး ပိုက်ဆံ ကျွန်တော့် ကို လာမပေးဘူး ဆရာ၊ သာဓုတ်ကို မေးကြည့်တော့လည်း နုနုလွင်ကို ငွေ တစ်ထောင်ပေးလိုက်ပြီလို့ ပြောတယ်၊ နုနုလွင်နဲ့ ကျွန်တော် က မေဂျာမတူဘူး၊ သူ့အတန်းကို သွားတောင်းရင်လည်း သူရှက်မှာ စိုးလို့… ။ အဲဒါကြောင့် တခြားသူတွေ လည်း မရိပ်မိဘဲ သူလည်းသိအောင် အရိပ်အခြေကြည့်ပြီး… သူတက်နေကျ အိမ်သာရှေ့မှာ စာသွားကပ်ထားတာပါ´´
``သြော်´´
``ပိုက်ဆံတစ်ထောင်ကို ကျွန်တော် ကပ်တာ မဟုတ်ပါဘူး ဆရာ၊ မိနု ကျောတာကို မခံချင်လို့ပါ´´
စိုပြေ၏ ။ စကားဆုံးတော့ ဌာနမှူး ဇာတ်ရည်လည်သွားသည်။ သို့သော် အဓိကကျသော အချက်ကို မရှင်းလင်းသဖြင့် …
``ဒါနဲ့ .. ဒီစာမှာ ရေး ထားတဲ့ `သုဒ္ဓါ ထရာဇာသော သုဉ်ဒဿအဆာတရ မုနိမမ ဒေဟိ´ ဆိုတာ ဘာလဲကွ´´
``ဒီလိုပါ ဆရာ´´
စိုပြေက `မ´အိမ်သာရှေ့မှ စာရွက်ကို ရှေ့ချပြီး သေချာရှင်းပြသည်။
``သုဒ္ဓါဆိုတာက… သာဓုတ်ကို ပြောတာပါ´´
``ဟင်´´
``ထ… ဆိုတာက `ထ´ပါပဲ၊ ရာဇာဆိုတာ ကတော့ `မင်း´ ပေါ့၊ သော ဆိုတာက `ခြောက်´ဆိုတော့… ထရာဇာသော ဆိုတာ `ထမင်းခြောက်´ ကို ပြောတာပါ ဆရာ´´
``သြော်´´
ဌာနမှူးပင် ပညာပြန်ယူရမလို ဖြစ်သွားသည်။
``သုဉ်ဒဿဆိုတာ ကတော့ ကိုးကြောင်းအခေါ် ငွေတစ်ဆယ်ကို ပြောတာပါ။ အဆာတရဆိုတာက အဆတစ်ရာ။ ငွေတစ်ဆယ်ရဲ့ အဆတစ်ရာဆိုတော့ ငွေတစ်ထောင့်ပေါ့ ဆရာရယ်´´
``အင်း… အင်း… ဆက်ပြောစမ်းပါဦး´´
``မုနိဆိုတာက `မိနု´ ။ မမဆိုတာက `ငါ့အား´။ ဒေဟိဆိုတာက `ပေးပါ´ လို့ အဓိပ္ပါယ် ထွက်တယ်´´
``သြော်´´
``သာဓုတ်ဆီက ထမင်းခြောက်ဖိုး ငွေတစ်ထောင် မိနု ငါ့အားပေးပါ… လို့ ရေး ထားတာပါ ဆရာ´´
``ဒီလိုကိုး…´´
စိုပြေ ရှင်းပြလိုက်မှ ဌာနမှူး ကွက်ကွက်ကွင်းကွင်း သဘောပေါက်သွားလေသည်။ အဖြေကိုသိချင်စိတ်ဖြင့် ရင်တမမနှင့် နားထောင်နေသော ဆရာဆရာမ များ လည်း အခုမှ သက်ပြင်းချလိုက်တော့၏ ။
သူတို့ခမျာ.. ဘာများ ပါလိမ့်… ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ ၀ိုင်းစဉ်းစားနေလိုက်ရတာ …။ နောက်ဆုံးတော့ ထမင်းခြောက်ဖိုး တောင်းသော စာ ဖြစ်နေသဖြင့် မအီမလည်တွေ ဖြစ်ကုန်ကြ၏ ။
ဌာနမှူးက စိုပြေကို ကြည့်ပြီး…
``မင်းက လွယ်လွယ်လေးနဲ့ ခက်အောင်လုပ်တဲ့ အကောင်ပဲ၊ နောက် အဲဒီ လိုတွေ လျှောက်မလုပ်နဲ့… ကြားလား…´´
ဆုံးမစကားတွေ ပြောကြားကာ ၀န်ခံကတိ လက်မှတ်ရေး ထိုးခိုင်းပြီး `အမည် မသိရှေးစာဆို မောင်ကြွေးရှင်´ အား ပြန်လွှတ်ပေးလိုက်လေသည်။
ဌာနမှူး ရုံးခန်းထဲမှ စိုပြေထွက်လာတော့… ဆက်ပိုင်မှူးနှင့် ရွှေသဲဖြူက စိုးရိမ်ပူပန်ဟန် မျက်နှာထားတွေ နှင့် ကတိုက်ကရိုက် အနားရောက်လာသည်။
ဆက်ပိုင်မှူးက…
``ဟိတ်ကောင်… အခြေအနေ ဘယ်လိုလဲ။ မင်းသတင်းကြားလို့ လိုက်လာတာ´´
``အေးဆေးပါကွာ၊ ဌာနမှူးက အော်တိုရေး ခိုင်းလို့ လာရေး ပေးတာပါ၊ သူ မသိတာလေးလည်း ရှင်းပြရင်းနဲ့ပေါ့´´
``ဟွန်း…. ပြောပုံကိုက … စိတ်ပူရကျိုး မနပ်လိုက်တာ´´
ရွှေသဲဖြူက နှုတ်ခမ်းစူ၍ မျက်စောင်းထိုးသည်။ စိုပြေ ကတော့ သူ့ဝသီအတိုင်း ပြုံးပြုံးရွှင်ရွှင်ပင်။
``ဒါနဲ့ နေစမ်းပါဦး၊ အဲဒီ့ စာတွေ ကို မင်း ဘယ်တုန်းက သွားကပ်ထားလိုက်တာလဲ၊ ငါတို့လည်း မသိရပါလား´´
ဆက်ပိုင်မှူးကမေးတော့ စိုပြေက…
``မနေ့ကပါကွာ… ကျောင်းထဲရောက်ပြီးမှ ငါ အတန်းတက်ရမှာ ပျင်းနေတာ၊ အဲ့ဒါနဲ့ ကျောင်းပြင်လည်း ပြန်ထွက်လို့ မရတာ ကြောင့် အတန်းလစ်ပြီး အိမ်သာထဲမှာ ဘောလုံးဂျာနယ် သွားထိုင်ဖတ်နေတာ။ ဂျာနယ်ဖတ်ပြီးတော့လည်း အတန်းမတက်ချင်သေးတာကြောင့် စိတ်ကူးပေါ်လာတာနဲ့ အဲဒီ လို လုပ်ထည့်လိုက်တာ´´
``အေး… လုပ်… လုပ်.. တော် ကြာမှ ကျောင်းထုတ်ခံရလို့ ဟုတ်ပေ့ ဖြစ်နေဦးမယ်၊ ရုပ်ကိုက ပြောင်ချော်ချော်နဲ့…´´
ရွှေသဲဖြူက ပွစိပွစိ လုပ်နေသည်။ စိုပြေက ရယ်လျက်…
``နင့်နှုတ်သီးကြီးကို နောက်ဘက်နည်းနည်း လောက် ရုပ်ထားစမ်းပါ ရွှေသဲရယ်၊ တော် ကြာ ငါ့မျက်လုံး ထိုးမိနေပါဦးမယ်´´
``နင်နော်…´´
``နင့်နာမည် ကို ရွှေသဲ မဟုတ်ဘဲ ရွှေဂဲလို့ ပြောင်းပစ်လိုက်ပါလား၊ အဲ့ဒါမှ နှုတ်သီးနဲ့ လိုက်ဖက်ညီမှာ ဟ´´
``တော် ပြီ… တော် ပြီ…. နင့်ကို ဘာမှမပြောတော့ဘူး၊ နင်က စေတနာနဲ့ မတန်ဘူး´´
နှုတ်ခမ်းစူလျက်ဖြင့် ရွှေသဲဖြူ တစ်ဖက်လှည့်သွားသည်။ ထိုအခါ ဆက်ပိုင်မှူးက စိုပြေကို မျက်စိတစ်ဖက် မှိတ်ပြပြီး…
``ဟုတ်တကယ်.. မင်းကလည်း မင်းပဲ၊ ငါတို့မှာ စိတ်ပူလို့ လိုက်လာရတာ ၊ စေတနာကို နားမလည်ဘူး´´
ထိုသို့ပြောပြီး ဆက်ပိုင်မှူးက စိတ်ကောက်နေသော ရွှေသဲဖြူအား ချော့ရန် မျက်ရိပ်ပြလိုက်သည်။ ဒီတော့မှ စိုပြေက…
``ငါက စတာပါကွ၊ ငါ့သူငယ်ချင်းတွေ စိတ်ပူရကျိုးနပ်အောင် ဒီနေ့နေ့လယ်စာကို ငါကျွေးမယ်.. ဟုတ်ပြီလား…။ လာကြ… တော် ကြာ နောက်ကျလို့ ဘာမှ မစားရဘဲ ဖြစ်နေဦးမယ်´´
စိုပြေက ဆက်ပိုင်မှူးကို ရွှေသဲဖြူ၏ ပခုံးတစ်ဖက်တစ်ချက်ကို ဖက်ပြီး ဆွဲခေါ်သည်။ ထိုအခါ ရွှေသဲဖြူက ပေကပ်ရပ်နေပြီး…
``သွား… ငါ မလိုကဘူး၊ ငါ့ထမင်းဘူးနဲ့ငါပဲ စားမယ်´´
``ဘာ ဖြစ်လို့လဲဟ´´
``ဘာ ဖြစ်ရမှာ လဲ… နင်က ငါ့နှုတ်ခမ်းကို ကြက်တူရွေးနှုတ်သီးနဲ့ နှိုင်းထားတာကြီးကိုး၊ လုံးဝ မစားဘူး´´
ရွှေသဲဖြူ တမင်ရပ်နေတာမှန်း စိုပြေ သိလိုက်သည်။ ဒါကြောင့် မျက်နှာချိုသွေး၍ …
``ငါ စတာပါဆို ရွှေသဲရယ်၊ တကယ်တော့ နင့်နှုတ်ခမ်းက ကြက်တူရွေးနှုတ်သီးနဲ့ မတူပါဘူးဟ´´
``တကယ်ပြောတာလား´´
``တကယ်ပြောတာပါဟာ၊ နင့်နှုတ်ခမ်းက ကြက်တူရွေးနှုတ်ခမ်းနဲ့ လုံးဝမတူဘူး၊ စိတ်ချ´´
``ဒါဆို ဘာနဲ့ တူလဲဟင်´´
``၀က်ဖင်နဲ့´´
``ဘာ…´´
ရွှေသဲဖြူ စွေ့စွေ့ခုန်သွားသည်။ စိုပြေ ကတော့ ပြောလည်းပြော ပြေးလည်းပြေးပါပဲ။
ရွှေသဲဖြူက နောက်မှ အတင်းလိုက်ပြီး စိုပြေကို ထုရိုက်၏ ။
သူတို့နှစ် ယောက် ကို ကြည့်ကာ ဆက်ပိုင်မှူးက ပြုံးနေပါသည်။
သူငယ်ချင်းဆိုတာ…
အနူးညံ့ဆုံး ကဗျာတစ်ပုဒ်ပဲ မဟုတ်လား…။
![]() တစ်ယောက်တစ်ခြမ်း | ![]() ရည်းစားရဲ့ ရည်းစား | ![]() ဒဏ်ရာစက်လက် ဒိုင်ယာရီ |