Cover

ဒဏ်ရာစက်လက်ဒိုင်ယာရီ

မင့်လက်ချောင်းလေးတွေ ငါ့ခန္ဓာပေါ်နူးညံ့စွာ ပတ်သတ်တဲ့အခါ

မင်းအသက်ရှူသံတွေ ငါ့အပါးမှာ လေပြည်လို ပျံ့နှံ့တဲ့အခါ

မင်းအထိအတွေ့ တွေ ငါ့နှလုံးသားကို ရုန်းမရအောင် ဖမ်းစားတဲ့အခါ

ငါ့ဦးထိပ်ဆံစကနေ ခြေဖျားအထိ ခံစားမိလေတာ

နှစ် ကိုယ်စာရှင်သန်မှု ဟာ တစ်ကိုယ်စာ စုဝေး ဖြစ်တည်လို့

အရာရာ.. အားလုံး အနက်ရှိုင်းဆုံး

ချိုမြိန်စွာ တစိမ့်စိမ့်ပြည့်စုံ သွားပါရဲ့ ။

♥ ♥ ♥


ကျွန်တော့်နှလုံးသားဟာ သူစိမ်းမိန်းမသား တစ်ယောက် ကို နှစ် နှစ် ကာကာ

အရင်းနှီးဆုံးတောင့်တခဲ့တယ်။ သူမရဲ့ စေညွန်ရာဆန္ဒအလျောက်

ကျွန်တော့်ရဲ့ လုပ်ဆောင်မှု တွေ ကြီးပြင်းခဲ့တယ်။ ကျွန်တော့်ရဲ့ ရှင်သန်မှု ဟာ

သူမအတွက် လိုအပ်တဲ့အခါ အသုံးပြုဖို့ ရပ်တည်မှု ပါပဲ

သူမဟာ အသုရာနက်တဲ့ချောက်ကမ်းပါထဲ ကျရောက်နေရင်တောင်

ကျွန်တော့်မှာ နွယ်မြက်တစ်ပင်ပဲရှိပါစေ..

အစွမ်းကုန်ကြိုးစားကယ်တင်မှာ ပါ။

အာကာ

♥ ♥ ♥


စူးစမ်းရှာဖွေစရာတွေ များ ပြားလွန်းတဲ့ လောကမှာ ကျွန်မဟာ

ကိုယ့်ကိုယ်ကိုယ်သာ ပြန်လည်စူးစမ်းရှာဖွေနေရတယ်။

ဒါဟာ.. မဆုံးနိုင်တဲ့ ခရီးရှည်တစ်ခုကို သွားနေရတာ ပါပဲ။

ခြူးလဲ့နွယ်

♥ ♥ ♥


(အနာတရ နေ့စွဲများ )

“ဒုန်း …ခွမ်း.. ဂလမ်…”

“ဖျောင်း…ဖြန်း အား…အင့်…အဟင့်…..”

“ရှင် ကျွန်မကို ဘာကြောင့် နေ့တိုင်း နှိပ်စက်နေရတာ လဲ”

“မင်းဟာ ငါ့ကို တကယ်ချစ်တာ မဟုတ်ဘူး”

“ရှင့်အပေါ်မှာ မယားဝတ္တရား မပျက်ကွက်ပါဘဲနဲ့ ရှင်ဘာ ဖြစ်လို့ မိန်းမပျက်တွေ နဲ့ ဖောက် ပြန်တာလဲ”

“မင်းကကော အဲဒီ မိန်းမပျက်ဆိုတာနဲ့ ဘာကွာလို့လဲ”

“ရှင် ကျွန်မကို မစော်ကားနဲ့ ရှင်ပြောတာတွေ လွန်နေပြီနော် မူးမူးရူးရူးနဲ့ ပေါက်ကရတွေ အော်ပြီး ပြဿနာရှာမနေနဲ့”

“ပြဿနာရှာတော့ ဘာ ဖြစ်လဲကွာ။ ငါပေါက်ကရပြောတာ မဟုတ်ဘူး။ မှန်တာကိုပြော နေတာ။ ငါ မူးလည်း မူးနေတယ်။ ရူးလည်း ရူးနေတယ်။ အဲဒါ မင်းကြောင့်..မင်းကြောင့် မင်းကို ငါ သတ်မယ် သတ်မယ်…”

“ရှင် ရှေ့တိုးမလာနဲ့နော်။ မလာနဲ့ သွား ..သွား.. မလာနဲ့ သွားနော်”

“ဖျောင်း..အင့်… ၀ုန်း…”

“ဒုန်း…”

♥ ♥ ♥


မလာနဲ့ …..သွား….

♥ ♥ ♥


3rd, December, 2007

Yangon

နေခြည်ရောင် ငွေ့ငွေ့သည် အဖြူရောင် သုတ်လိမ်းထားသော ပုဂ္ဂလိက ဆေးရုံတစ်ရုံအား ၀င်းဝင်းစက်စက် ထိမှန်နေလေသည်။

တိုက်ရိုက်တိုက်ခတ်နေသော မြောက်ပြန်လေ၌ နှင်းမှု န်စတို့သည် လတ်ဆတ်ခြင်းနှင့်အတူ ရောယှက်နစ်မြှုပ်နေ၏ ။ ဆေးရုံးအတွင်းရှိ သန့်ရှင်းသပ်ရပ်သော လူနာဆောင်တစ်ခုတွင် အမယ် အိုတစ်ဦးသည် ပြတင်းတစ်ခါးအား လျော့ရဲရဲမှီတွယ်ကာ အပြင်ဘက်ဆီ ငေးမောလျက်ရှိချေ၏ ။

တွန့်ခေါက်အိတွဲ နေသော အရေပြားနှင့် အသားစိုင်တွေ က အမယ်အို၏ ဇရာကို ဖော်ပြနေ သည်။ အနည်းငယ် အညိုရောင် သန်းသော မျက်ဝန်းအစုံသည် အဓိပ္ပာယ်ကွယ်ပျောက်နေသကဲ့သို့ ယိုးမယ်ဖွဲ့ရခက်ခဲစေသည်။ အမယ်အို၏ အကြည့်တွေ က ပြင်ပမြင်ကွင်းကို ဦးစိုက်နေပေမယ့် စိတ် အစဉ် ကတော့ တိမ်းခိုးတိမ်မျှင်တွေ သဖွယ် ရောက်တတ်ရာရာလွင့်ဝဲနေဟန်ရှိ၏ ။

“မင်္ဂလာပါ အဖွား”

ပြုံးမြမြနှင့် နှုတ်ခွန်းဆက်ရင်း သက်လတ်ပိုင်းအရွယ် သူနာပြုဆရာမ သည် အခန်းတွင်းသို့ ၀င်လာသည်။ သူမနောက်တွင် ကြုံလှီသော အဘိုးအိုတစ်ဦးသည်လည်း စာအုပ်တစ်အုပ်ကိုကိုင် လျက်လာပါသည်၏ ။

သူနာပြုဆရာသည် တာဝန်ကျလူနာ ဖြစ်သော အမယ်အိုကို ခုတင်ပေါ်တွင် လှဲစေကာ လိုအပ်သည့် စစ်ဆေးပြုစုမှု များ ဆောင်ရွက်ပြုလုပ်လေသည်။

“အဖွား.. ဒီနေပ အပြင်မှာ သိပ်သာယာတယ်။ ကျွန်မတို့ လမ်းလျှောက်ထွက်ရအောင်”

“မသွားချင်ဘူး”

“လာပါအဖွားရဲ့ ဒီအခန်းထဲမှာ ချည်းပဲ အမြဲနေတော့ ဘယ်ကောင်းမလဲ။ အပြင်လေး ဘာလေး ထွက်သင့်တယ်။ ဒါမှ လေကောင်းလေသန့်တွေ နဲ့ ထိတွေ့ ပြီး ပိုနေကောင်းလာမှာ ။ လေကောင်းလေသန့်တွေ ကို ရှူရှိုက်ရတာ က စိတ်ကို ပေါ့ပါးလန်းဆန်းစေတယ် အဖွားရဲ့ ”

“နေစမ်းပါဦး အဲဒီ လေတွေ ဟာ လေကောင်းလေသန့်ပါလို့ ဘယ်သူက အာမခံပေးထားလို့ လဲ။ အာမခံပေးထားတာတွေ တောင်မှ စိတ်မချရသေးတာ။ အာမမခံတာဆိုတော့ ပိုဆိုးမှာ ပေါ့။ ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်လို့မရတဲ့ လောကမှာ ငါ ကတော့ ဘာကိုမှ မယုံကြည်တော့ဘူး။ အဲဒီ လေတွေ က လေကောင်းလေသန့်တွေ လို့ မင်းထင်တယ်ဆိုရင် မင်းဘာသာ တစ်ယောက် တည်း နှာခေါင်းကွဲအောင် သွားရှူချေ။ ငါတော့ မလိုက်ဘူး”

အမယ်အိုက ဘုကန့်လန့်တုံ့ပြန်သည်။ သူနာပြုဆရာမ သည်လူနာအပေါ်တွင် နားလည်မှု ထားရှိကာ ပြုံး၍ သာနေပါသည်။

အဖိုးအိုက ကရုဏာထန်သော အကြည့်တွေ ဖြင့် အမယ်အိုကို တစိုက်မတ်မတ်ငေး၍ ကြည့် ၏ ။ သူနာပြုဆရာမ က ကြားခံအ ဖြစ် ဆက်သွယ်ပေးလေသည်။

“အဖွား ဒီအဖိုးက စာဖတ်ပြမလို့လာတာ”

“စာဖတ်ပြမလို့ ဟုတ်လား”

အမယ်အိုက ဇဝေဇ၀ါရေရွတ်သည်။ အဖိုးကို အသေအချာကြည့်ကာ ခေါင်းကိုဘယ်ညာ ရမ်းခါသည်။

“သူ့ကို ငါ မသိပါလား”

“အဖွား သူ့ကိုသိပါတယ်။ ဒီအဖိုး စာဖတ်ပြရင် သိပ်နားထောင်လို့ ကောင်းတာ။ အဖွာ အပြင်ကိုမထွက်ချင်ဘူးဆိုရင် ဒီအခန်းထဲမှာ ပဲ စာဖတ်တာကို အပျင်းပြေ နားထောင်ပေါ့ ကျွန်မကို တော့ ခွင်ပြုပါဦး”

သူနာပြုဆရာမ က ရိုကျိုးစွာ နှုတ်ဆက်ပြီး အခန်းတွင်းမှ ထွက်ခွာသွားသည်။ အမယ်အို သည် သူနာပြုဆရာမ ပျောက်ကွယ်သွားပြီးသည့်တိုင်အောင် အခန်းဝကို ကြောင်တောင်ငေးကြည့် နေဆဲ ဖြစ်၏ ။

အဖိုးအိုသည် ထိုင်ခုံတစ်လုံးကို ခုတင်နံဘေးနားသို့ ဆွဲယူကာ ထိုင်သည်။ အမယ်အို၏ မျက်ဝန်းတွေ ကို သူဂရုတစ်စိုက်ကြည့်တော့ အရိပ်အယောင်တွေ ကင်းစင်ဆိတ်သုဉ်းနေတာတွေ့ ရှိလိုက်၏ ။

“ခင်ဗျားကို ကျုပ်စာဖတ်ပြပါ့မယ်။ သက်တောင့်သက်သာ အနားယူရင်း နားထောင်ပေါ့”

အဖိုးအိုသည် သူ့လက်ထဲမှာ ကိုင်ထားသော စာအုပ်ကိုဖွင့်လှစ်လိုက်လေသည်။ အရိုး ငေါ ငေါလက်ချောင်းတွေ ဖြင့် စာရွက်တွေ ကို တဖျတ်ဖျတ်လှန်နေ၏ ။

“ဟိုး လွန်ခဲ့တဲ့နှစ် ပေါင်း ငါးဆယ်လာက်တုန်းကပေါ့လေ”

အဖိုးအို၏ အသံတွေ တုန်အက်လှုပ်ခါနေသည်။ ဖျော့တော့သော မျက်လုံးအကြည့်တွေ က စာမျက်နှာထက်မှာ ခုန်ပေါက်ပြေးလွှား၍ နေသည်။ သူ့အမူအရာက စုန်းအိုတစ်ဦးလိုမျိုး မှိုင်းမှိုင်း ညို့ညို့ဖြင့် ပင် ၀င့်သန်စူးတောက်နေလေသည်။

“ကောင်မလေး တစ်ယောက် ဟာ ရေတံခွန်ဘေးမှာ ပန်းချီဆွဲနေတယ်”

♥ ♥ ♥


4th, March, 1956

Pyin Oo Lwin

ကောင်မလေး တစ်ယောက် ဟာ ရေတံခွန်နံဘေးမှာ ပန်းချီဆွဲနေတယ်။ ရွှေရောင် အလင်း တန်းတွေ က သွယ်နွဲ့ပြေပြစ်တဲ့ သူမကိုယ်ပေါ် စီးခြုံညွှတ်ဖြာကျလို့ပေါ့။ အရာရာဟာ စာဖွဲ့ပြလို့ မမီ အောင် တခမ်းတစ်နား လှပနေတော့တာပါပဲ။

ရေတံခွန်းမှ ရှိန်ဟုန်ပြင်းပြင်း ရေထုချင်းထိခတ်သံတွေ ဟာ အတောမသတ်စွာ တ၀ုန်းဝုန်း အော်မြည် ညံနေလေရဲ့ ။ ကောင်မလေးရဲ့ စိတ်အာရုံတွေ ကတော့ ဆွဲလက်စပန်းချီကားဆီမှာ သာ ကုတ်တွယ်နစ်ဝင်နေတယ်။ သူမအကြည့်တွေ အခြာတစ်ပါးသို့ မပျံ့လွင့်ဘဲ စုတ်တံကလေးက တော့  တဆတ်ဆတ်ပြောင်းရွှေ့လှုပ်ခါနေတယ်။

သူမနဲ့ အဖော်အ ဖြစ် လိုက်ပါလာတဲ့ ကောင်မလေး တစ်ယောက် မနီးမဝေးမြက်စိမ်းပြင် ထက်မှာ ပျင်းတွဲ တွဲ ထိုင်ရင်း ရေတံခွန်းကြီးကို ငေးကြည့်နေပါတယ်။

အဲဒီ အချိန်မှာ ပဲ ရေတံခွန်အောက်ခြေရှိ ရေအိုင်ထဲကနေ ရေစက်လက်နဲ့ ကောင်လေးနှစ် ယောက် တက်လာတယ်။ အဲဒီ ကောင်လေးတွေ ကို မြင်တော့ မြက်စိမ်းပြင်ပေါ်က ကောင်မလေး ဟာ ပျော်လို့ သွားပါတယ်။

“ဟေး ချမ်းသာနဲ့ အာကာ”

သူတို့အမည် ကို အော်သံကြောင့် ကောင်လေးနှစ် ယောက် တောင်မြောက်လေးပါးဆီ မျက်စိတွေ ကစားကြည့်ကြသည်။ အဲဒီ မှာ သူ့တို့ကို လက်ယပ်ခေါ်နေတဲ့ ကောင်မလေးကို တွေ့  သွားတယ်။

“ချမ်းသာ ဟိုမှာ မင်းရဲ ဇင်မွန်ဝင်း ငါတို့ကို လှမ်းခေါ်နေတယ်”

“အေး..သူ့ဆီသွားကြမယ်”

ချမ်းသာနဲ့ အာကာဆိုတဲ့ ကောင်လေးနှစ် ယောက် က အပေါ်ပိုင်းဗလာကျင်းနဲ့ပဲ ကုန်းမြေ မြင့်ထက် ပြေးတက်လာတယ်။ သူတို့ အနားရောက်တော့ ဇင်မွန်ဝင်းဆိုတဲ့ကောင်မလေးက မေး တယ်။

“နင်တို့နှစ် ယောက် ဘာလာလုပ်တာလဲ”

“ရေလာဆော့တာလေ နင်ကကော”

“ဒီမှာ လေ ဧည့်သည် ပန်းချီဆွဲတာကို အဖော်လိုက်လာပေးရတာ ”

“သြော်”

ဇင်မွန်ဝင်းက သူတို့ကို လှည့်မကြည့်ဘဲ ပန်းချီဆွဲနေတဲ့ကောင်မလေးကို မေးဆတ်ပြတယ်။ သွယ်သွယ်ယိုင်ယိုင် စူးစူးစိုက်စိုက်ကလေး ရပ်နေတဲ့ ကောင်မလေးကို အာကာ စိတ်ဝင်တစ်စား ကြည့် ဖြစ်သွားတယ်။ ချမ်းသာ ကတော့ သူဂေါ်နေတဲ့ ဇင်မွန်ဝင်းထံမှာ ပဲ အာရုံသက်ရောက်နေ လေရဲ့ ။

အဲဒီ အခိုက်အတန့်မှာ ဘဲ ကောင်မလေးဟာ ခေါင်းကိုမော့တယ်။ ဆံနွယ်မျှင်တွေ ကို လွင့် ခနဲခါပြီး ပန်းချီရှေက မျက်လုံးကိုခွာတယ်။ အဲဒီ မှာ ကောင်မလေးနဲ့ အာကာမျက်လုံးချင်း ဆုံတွေ့  ဖြစ်ကြတယ်။ ဘယ်သူကမှ စတင်ပြီး အကြည့်ကို လွှဲမပစ်ကြဘူး။ လွှဲပစ်ချင်စိတ်တွေ လည်း သူတို့ မှာ မရှိကြဘူး။

နွေဦးဟာ အနူးညံ့ဆုံး ကဗျာတစ်ပုဒ် ဖြစ်လို့ သွားပါတော့တယ်။

“ခြူးလဲ့နွယ် သူငယ်ချင်းထပ်တိုးအောင် မိတ်ဆက်ပေးရဦးမယ်”

သူကချမ်းသာ၊ သူက အာကာ၊ နင်တို့လည်း မှတ်ထားကြပေါ့။ သူ့နာမည် က ခြူးလဲ့နွယ်တဲ့။ ရန်ကုန်သူ.. အခု သူတို့မိသားစု ငါ့ဦးလေးရဲ့ အိမ်တစ်လုံးကို ငှားနေကြတာ။ အပူဒဏ်ကိုရှောင်ရင်း ဒီမြို့မှာ နွေရာသီအပန်းလာဖြေတာလေ။

ဇင်မွန်ဝင်း မိတ်ဆက်ပေးတော့မှ ပူးကပ်နေတဲ့အကြည့်တွေ ကို သူတို့နှစ် ဦး ဆွဲခွာပစ်လိုက် ကြတယ်။ ရင်ခုန်သံအစအနတွေ တော့ ဖွားဖွားလျားလျား လွင့်ခါကျဲနေဆဲပါပဲ။

အာကာက အိုးတိုးအမ်းတမ်း ခြူးလဲ့နွယ် ရေး ခြယ်ထားတဲ့ပန်းချီကားဆီ အကြည့်ကို ပြောင်းလဲပစ်တယ်။ ပြီးတော့ ခပ်တည်တည်ပဲ ဝေဖန်တယ်။

“နင် ပန်းချီဆွဲတော့ ဆွဲတတ်သားပဲ ဒါပေမဲ့ လက်ရာက မသပ်ရပ်သေးဘူး”

“ဟုတ်တယ် ငါ ပန်းချီပညာကို သင်ထားတာ သိပ်မကြာသေးဘူး”

ခြူးလဲ့နွယ်ကလည်းအမှန်ကို ၀န်ခံတယ်။အာကာက မေးမြန်းတယ်။

“နင် ပန်းချီတစ်ခုဆွဲရင် ဘယ်လောက်ကြာတတ်လဲ”

“အဲ့ဒါ ကတော့ မမှန်ဘူး။ တစ်ခါတစ်လေ တစ်ရက်နဲ့ပြီးတယ်။ တစ်ခါတစ်လေကျရင် လေး၊ငါး၊ ဆယ်ရက်ကြာတတ်တယ်”

“ဟာ ဒါဆိုရင် တော် တော် လိုသေးတာပဲ ငါဆိုရင် ပန်းချီကားတစ်ချပ်ကို စက္ကန့်သုံးဆယ်နဲ့ အပြီးဆွဲတယ်”

“ဟယ်.. တကယ်”

မျက်လုံးကလေး အ၀ိုင်းသားနဲ့ အံ့အားသင့် သွားပါတယ်။ အာကာ ကတော့ ပြုံးထေ့ထေ့နဲ့။

“တကယ်ပေါ့ မယုံရင် ကင်းဘတ်စအသစ်တင်လိုက်။ စက္ကန့်သုံးဆယ်အတွင်း ပန်းချီ ကားတစ်ခု ပြီးအောင် ငါဆွဲပြမယ်။ နင်လည်း ပညာရတာ ပေါ့”

“အင်း….အင်း ကောင်းတယ်”

ခြူးလဲ့နွယ်က ချက်ချင်း ပဲ ရေး ခြယ်ထားတဲ့ ပန်းချီကားကို ဖယ်ပြီး ကင်းဘတ်အသစ် တင် လိုက်တယ်။ (အထုကောင်းတဲ့ မိုက်ကယ်အိန်ဂျလိုလက်ငြိမ်းတယ်ဆိုတာသူ ဓာတ်လိုက်နေသ လောက်ပဲ ရှိတယ်ဆိုတဲ့ ဒီဇိုင်းနဲ့) အာကာ ကင်းဘတ်စရှေ့မှာ မားမားကြီးရပ်တယ်။ ခြူးလဲ့နွယ် က စုတ်တံတွေ ကမ်းပေးတယ်။

“ရော့လေ.. ဒီမှာ စုတ်တံ”

“မလိုဘူး”

အာကာက လက်ခါပြတယ်။ ကျန်လူတွေ အားလုံး ကတော့ သူ့လှုပ်ရှားမှု ကိုသာစိတ်ဝင်တ စား စောင့်ကြည့်နေကြတယ်။ စုတ်တံမပါဘဲနဲ့ ပန်းချီဘယ်လို ဆွဲမလဲဆိုတာကိုသိချင်စိတ်နဲ့ပေါ့။

“ကြည့်ထား မျိုးမတူတဲ့ နဂါးငါးကောင် ရန်ထောင်နေတဲ့ ပုံဆွဲပြမယ်”

“အင်းပါ”

ခြူးလဲ့နွယ် ခေါင်းလေးတညိတ်ညိတ်နဲ့ အာကာ အရောင် မတူတဲ့ ဆေးခွက်ငါးထဲ သူ့လက် ချောင်းတွေ တစ်ချောင်းစီးထိုးနှစ် တယ်။ ပြီးတော့ ခပ်ကျဲကျဲကားပြီး ကင်းဘတ်စပေါ် တစ်ချက် တည်း တွန့်တွန့်လိမ်လိမ် ခြစ်ဆွဲချလိုက်တယ်။

“ပြီးသွားပြီ တွေ့ တယ်မို့လား စက္ကန့်သုံးဆယ်တောင် မကြာလိုက်ဘူး”

“အမ်..”

ခြူးလဲ့နွယ် ကြောင်အမ်းအမ်းလေး ဖြစ် သွားပါတယ်။ ကင်းဘတ်စပေါ်က အရောင် မတူတဲ့ တွန့်တွန့်လိမ်လိမ် လက်ငါးချောင်းရာကြီးကိုကြည့်ပြီး ရယ်ချင်ပက်ကျိရုပ်ကလေးနဲ့ မေးတယ်။

“အဲ အဲဒါက ရန်ထောင်နေတဲ့ နဂါးငါးကောင် ဟုတ်လား..”

“ဟုတ်တယ်လေ ဒေါသကြီးပြီး အမောက်တွေ ထောင်နေတာ မတွေ့ ဘူးလား ဒီဘက်ရွေ့ နေ တော် ကြာ မျက်စောင်းထိုးလို့ ပြာ ဖြစ်သွားဦးမယ်”

“ဟွန်း.. သူများ ကဖြင့် တကယ်မှတ်လို့”

ရန်ထောင်နေတဲ့ နဂါးငါးကောင်ကိုကြည့်ပြီး တသော သော ရယ်မော ဖြစ်သွားကြပါတယ်။ သူတို့လေးတွေ ရဲ့ လွတ်လပ်စွာ ရယ်သံတွေ က တောင်နံရံတွေ ကိုထိမှန်လို့ ပဲ့တင်သံတွေ အ ဖြစ် သူတို့ဆီ ပြန်ကန်လာကြတယ်။

ရေတံခွန်ကြီးကလည်း အားကျစွာ ဖြင့် တဝေါဝေါ တဟီးဟီး လိုက်ပါရယ်နေလေရဲ့ ။

♥ ♥ ♥


4th, Marc 1956

Pyin Oo Lwing

“အဲဒီ အာကာဆိုတဲ့ တစ်ယောက် တကယ်ပန်းချီဆရာလားဟင်”

“ဘယ်ကလာ မဟုတ်ပါဘူး”

ရေတံခွန်က အပြန် လူစုခွဲအပြီးမှာ ပါ။ ခြူးလဲ့နွယ်က အိမ်မရောက်ခင် သူမသိချင်တာလေး တွေ ဇင်မွန်ဝင်းကို မေးနေတယ်။

“သူက ကျောင်းသားပဲလား”

“ဟင့်အင်း သူက ကျောင်းမတက်တော့ဘူး စီးပွားရေး အဆင်မပြေလို့ ကျောင်းထွက်ပြီး အလုပ်လုပ်နေတာ။ သူ့မှာ က အမေမရှိတော့ဘူး အဖေပဲရှိတော့တယ်”

“သြော်”

ခြူးလဲ့နွယ်ဟာအာကာဆိုသူကို သနားသွားရှာတယ်။

“သူက ဘာအလုပ်လုပ်တာလဲ”

“အိမ်သုံးပရိဘောဂပစ္စည်းတွေ လုပ်တာ။ ပြီးမှ ဆိုင်တွေ ကို လိုက်သွင်းတာ။ ချမ်းသာနဲ့ သူ နှစ် ယောက် အတူတူလုပ်တာလေ”

ပြောနေရင်းပဲ ဇင်မွန်ဝင်းက ခြူးလဲ့နွယ်ကို ဖျတ်ခနဲစိုက်ကြည့်တယ်။

ပြီးတော့ လုပ်ချောင်းလေးဆိုးပြီး ပြုံးစစနဲ့ ဟန်တွေ ပန်တွေ နဲ့ စတယ်။

“အဟမ်း အဟမ်း မရိုးတော့ မရိုးသားဘူးနော် ဧကန္တတော့ ဧကန္တပဲ သိနေသလိုပဲ”

“ဘာကိုလဲဟင်”

ခြူးလဲ့နွယ်က ကုတ်ကမြင်းလေး လုပ်ဖို့ကြံတယ်။ ဒါပေမဲ့ သရုပ်ဆောင်မှု က မပီပြင်ပါဘူး။ ဇင်မွန်းဝင်းက ပေါ်တင်ပဲ ဒဲ့ကြီး ဖွင့်မေးတယ်။

“ခြူးလဲ့နွယ် အာကာ့ကို စိတ်ဝင်စားနေတာလား”

“အာ ဘာတွေ မှန်းလည်း မသိဘူးနော်”

ခြူးလဲ့နွယ် မျက်နှာလေးရှက်အမ်းအမ်း ဖြစ် သွားပါတယ်။ ချိုင်းကြားကို ကလိထိုးရင်း ယား သလိုမျိုး၊ အနာပေါ် တုတ်ကျရင် နာသလိုမျိုး၊ မစင်ပုံကို တက်နင်းမိရင် နံသလိုမျိုး အခုလည်း မှန်တာကို ပေါ်တင်ဒဲ့ အမေးခံလိုက်ရလို့ ရှက်သွားတယ်။ သူမရဲ့ မျက်နှာပေးလေးဟာ သိပ်တော့ မထူးဆန်းပါဘူးလေ။

အဲဒီ နေ့က အိမ်ပြန်ရောက်တေ့ ရန်ထောင်နေတဲ့ နဂါးငါးကောင်ပန်းချီကားကို ထပ်ကြည့်ပြီး သူမ တစ်ယောက် တည်း ပြုံးနေမိတယ်။ ပြောင်ချော်ချော်လက်ချောင်းရာတွေ ကိုကြည့်နေရင်းပဲ ကင်းဘတ်စထဲမှာ အပေါ်ပိုင်းဗလာကျင်းနေတဲ့ ပြည့်ဖြိုးတောင့်တင်းသူရဲ့ ရုပ်သွင်က ပြုံးထေ့ထေ့ ပေါ်လာတယ်။

စွမ်းတယ်..

သူမ အသည်းယားသွားရလောက်အောင်ပါပဲ။

ဟင်းနော်

တကယ်ပဲ..

တစ်ယောက် တည်း အ ဖြစ်သည်းနေမိတယ်။

♥ ♥ ♥


6th, March, 1956

Pyin Oo Lwin

“ဟိတ်ကောင်.. ဘာလုပ်နေတာလဲဟ”

ကုန်းညောင်ညော်နဲ့ နှာခေါင်းရှုံ့ပွရှုံ့ပွလုပ်နေတဲ့ ချမ်းသာကို အာကာက မေးတယ်။

ချမ်းသာက နှားခေါင်းရှုံ့ပွရှုံ့ပွလုပ်ရင်းပဲ ဖြေတယ်။

“ငါ အခုနက မနေနိုင်လွန်းလို့ လေတစ်ချက်လည်လိုက်မယ်တယ်။ ငါ့ ခန္ဓာကိုယ်ထဲက ထွက်သွားတဲ့ အဲဒီ လေကို နှမြောလွန်းလို့ ငါ အခုပြန်ရှူနေတာ”

“ဟာကွာ ..ထွီး မင်းတော် တော် စုတ်ပဲ့တဲ့ကောင်ပဲ”

အာကာက ရွံရှာဟန်နဲ့ သူ့အသက်ရှူတံကို လက်နဲ့ဖျစ်ထားတယ်။ အနံ့အသက်ကင်းစင် လောက်မှ လက်ကိုလွှတ်ပြီးပြောတယ်။

“မင်း လေကိုအဲဒီ လောက် နှမြောမနနဲ့ ငါတို့က ဆင်းရဲတယ်ဆိုပေမယ့် လေတွေ ကတော့ မျက်နှာမလိုက်ပါဘူးကွာ လူသားအားလုံး ၀၀လင်လင် အသက်ရှူဖို့အတွက် အဆင့်အတန်း မခွဲ ခြားဘဲ ပေါပေါသီသီ ပေးထားပါတယ်။ လူတွေ ကို အဆင့်အတန်း ခွဲခြားတာ ကတော့ လေမဟုတ် ဘူး။ ငွေကွ ။ အဲဒီ ငွေကို ရဖို့ ငါတို့လုပ်ပြီးသား ပစ္စည်းလေးတွေ သွားပို့ရအောင် လာကွာ…”

“အင်း အင်း ရှလူး”

ချမ်းသာက နှာခေါင်းကို ကျုံ့ပြီး အလကားရတဲ့လေကို အားပါးတရရှူသွင်းလိုက်ပါသေး တယ်။ နောက်တော့ နာမည် နဲ့မလိုက်တဲ့ ငမွဲချမ်းသာနဲ့ အာကာတို့ဟာ ပရိဘောပစ္စည်းတွေ ကို သူတို့ကိုယ်တိုင် ထမ်းပိုးသယ်ရွက်ပြီး ဆိုင်မှာ သွားသွင်းကြပါတယ်။

အပြီးမှာ တော့ ရရှိလာတဲ့ ငွေစကြေးစလေးတွေ ကို ရေတွက်ပြီး အညီအမျှခွဲဝေလို့ ယူကြ တာပေါ့.။ သူတို့အတွက်တော့ ရှင်သန်မှု ဆိုတာ အကျပ်အတည်းရုန်းကန်ခြင်းပါပဲ။

“အာကာ ဟိုမှာ ဟိုတစ်နေ့က ရေတံခွန်းမှာ တွေ့ ခဲ့တဲ့ ကောင်မလေး”

“ဟာ..”

ချမ်းသာ လက်ညှိးညွှန်ပြရာ ကြည့်မိတော့ အာကာပျော်ရွှင်လို့သွားတယ်။ ခြူးလဲ့နွယ်ဆိုတဲ့ ကောင်မလေးက သူတို့နဲ့ မလှမ်းမကမ်း လမ်းကွေ့ကလေးတစ်ခုထဲ ချိုးကွေ့ဝင်သွားနေတာကို မြင်လိုက်ရလို့ပေါ့။

သွက်သွက်လက်လက်ပဲ အာကာ ပြေးထွက်ပြီးခြူးလဲ့နွယ် အနားကပ်သွားတယ်။

“ဟိတ် ငါ့ကို မှတ်မိလား”

အသံကြောင့် ခြူးလဲ့နွယ် လန့်သွားတယ်။ လှည့်အကြည့်မှာ အာကာကိုတွေ့ တော့မှ သူမ မျက်နှာလေးဟာ ပြုံးရောင် တွေ ယှက်သန်း သွားပါတော့တယ်။

“မှတ်မိပါတယ်။ နင်က စက္ကန့်သုံးဆယ်ပန်းချီဆရာလေ”

ခြူးလဲ့နွယ်ရဲ့ အဖြေကြောင့် အာကာက ပြုံးထေ့ထေ့ရယ်ပါတယ်။

“ငါ့ ပန်းချီကားကို နင် လွှတ်ပစ်လိုက်ပြီလား”

“ဟင့်အင်း လွှင်မပစ်ပါဘူး။ အမှတ်တရအနေနဲ့ ငါ သေချာသိမ်းထားပါတယ်”

အဲဒီ စကားဟာ အာကာ့ကို ပီတိ ဖြစ်သွားစေပါတယ်။ သူ့ရဲ့ အမှတ်တမဲ့လုပ်ဆောင်မှု ကို အသိအမှတ်ပြုခံရတော့ သူကျေနပ်သွားတာပေါ့။

“ငါတို့ မြို့မှာ နေရတာ နင်ပျော်ရဲ့ လား”

“ပျော်ပါတယ်။ နင်တို့မြို့လေးက သိပ်လှတယ်။ ပန်းတွေ လည်း ပေါတယ်။ ရာသီဥတု ကလည်း သာယာတယ်။ ကြည့်စရာ ရှုခင်းတွေ လည်းအများ ကြီးပဲ”

“ငါက ဒီမြို့မှာ အမြဲပျော်စေချင်တာ”

“ဒါ ကတော့ ဧည့်ခံသူနဲ့လည်းဆိုင်တယ်လေ”

သူတို့စကားအသွားအလာတွေ မှာ အဓိပ္ပာယ်တွေ ဝေ့ယိုင်ပါဝင်နေတယ်။ သူတို့ဟာ ခံစားချက်အတွက် တစ်ယောက် တစ်ယောက် မသိမသာ သွေးတိုးစမ်းနေကြလေရဲ့ ။

“နင် ညဘက် အပြင်ထွက်လို့ရလား”

“ဘာ ဖြစ်လို့လဲ”

“အပန်းမကြီးဘူးဆိုရင် အခုည ငါတို့ရုပ်ရှင်သွားကြရအောင်လေ”

“နှစ် ယောက် တည်းလား”

“ချမ်းသာနဲ့ ဇင်မွန်ဝင်းကိုပါ ခေါ်မှာ ပေါ့။ အရေး ကြီးတာက နင်ပဲ။ ဖြစ်နိုင်ပါ့မလား”

“ ဖြစ်အောင် စီစဉ်လိုက်မယ်လေ”

အာကာက လမ်းဘေးဝဲယာမှာ အပြိုင်းအရိုင်း ပွင့်အာနေကြတဲ ပန်းတွေ ထဲကမှ သန်စွမ်း ဝေဆာတဲ့ ပန်းကလေးတွေ တစ်ပွင့်ကို တယုတယခူးပြီး ခြူးလဲ့နွယ်ကိုပေးတယ်။ အဲဒီ ပန်းကလေး ကို ခြူးလဲ့နွယ်က တမြတ်တနိုးယူပြီး သူမရဲ့ ဆံကေသာထက်မှာ အကျအန ပန်ဆင်ချိတ်ဆွဲထား လိုက်ပါတယ်။

အဲဒီ အခါ သူမရဲ့ အလှဟာ သူ့အတွက် အနုပညာဆန်တဲ့ ပန်းချီကားတစ်ချပ် ဖြစ် သွားပါ တော့တယ်။

♥ ♥ ♥


6th, March, 1956

Pyin Oo Lwin

တောင်ပေါ်မြို့ကလေးနဲ့ ညချမ်းဟာ ပန်းရနံ့တွေ သင်းရှထုံဝေနေတယ်။ မြူခိုးတွေ တွေ ၀ဲ့ပြီး နှင်းငွေ့မစင်သေးတဲ့ လေအေးအေးက ကသုတ်ကရက် လူးခတ်နေတယ်။ အဖျားချွန် အရောင် စိမ်း တဲ့ ထင်းရှုးရွက်တွေ ဟာလည်း တရှဲရှဲမြည် သံပေးပြီး စည်းချက်ညီညာစွာ မမောနိုင် မပန်းနိုင် ယိမ်း နွဲ့ကခုန်နေရှာရဲ့ ။

လရောင် ဖျန်းခံထားရတဲ့ မြို့ကလေးဟာ အလင်းစက်စက်နဲ့ ဒဏ္ဍာရီဆန်ဆန် မှုံရီလှပလို့နေ ပါတယ်။

“သူတို့လာမှာ သေချာလို့လား”

“လာလောက်ပါတယ်”

လည်ပင်းရှည်နေတဲ့ အာကာ့ကိုကြည့်ပြီး ချမ်းသာသက်ပြင်း ဖွဖွချတယ်။

“မင်း ခြူးလဲ့နွယ်ကို ချစ်နေတာလား”

“ဟုတ်တယ် သူ့ကိုငါ ချစ်သွားမိတယ်”

“လူတွေ ကို အဆင့်အတန်းခွဲတာ ငွေလို့ မင်းပြောတာနော်။ မင်းနဲ့ ခြူးလဲ့နွယ်ဟာလည်း အဆင့်အတန်းဆိုတဲ့ ငွေကြေးဓနအင်အားချင်း အရမ်းကွာခြားနေတယ်။ ငါတို့က ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး မူးစုပဲစု စုနေချိန်မှာ သူတို့က ဘာအလုပ်မှ မလုပ်ဘဲ တစ်ရာသီ ဒီမှာ လာအပန်းဖြေ နေကြတယ်။ အောက်က လူတွေ အထက်ကိုမော့ကြည့်တတ်ကြပေမယ့် အထက်က လူတွေ က တော့ အောက်ကိုငုံ့မကြည့်တတ်ကြဘူးကွ”

ချမ်းသာရဲ့ သတိပေးစကားကြောင့် ပင့်သက်ရှိုက်ရင်း အာကာ့ရင်ထဲမှာ မောဟိုက်သွား တယ်။ သူမက ငွေကို ရေလိုလေလို သုံးစွဲနေချိန်မှာ သူက တစ်ပြားကိုနှစ်ပြား ဖြစ်အောင် ခွာနေရ တဲ့ဘ၀။

လနဲ့ကြယ်တွေ သာနေပေမယ့် သူ့ည ကတော့ အလင်းကွယ်နေတယ်။ မျှော်လင့်ချက်တွေ နဲ သူဟာ ဒီကနေ့အထိ သဟဇာတ ဖြစ်မလာဘူး။ ခဲရာခဲဆစ်နေ့ရက်တွေ ထဲ အိပ်မက်စောင်းကြိုးမျှင် တွေ စည်းဝါးမကိုက်ဘဲ အပိုင်းအပိုင်းဖြတ်တောက်နေဆဲပါပဲ။

အာကာ တစ်ယောက် သိမ်ငယ်မှု တွေ နဲ့ အငြိငြိအယှက်ယှက် လုံးထွေးနေစဉ်မှာ ပဲ သူမျှော် နေသူက အဖော်နဲ့ရောက်လာတယ်။ ခြူးလဲ့နွယ်က ဇင်မွန်ဝင်းလက်ကလေးကို ဆွဲလို့ပေါ့။ အာကာ့ ကို မေးဖျားလေး ငေါ့မေးတယ်။

“စောင့်နေတာ ကြသွားလာ။ ခွင့်ပြုချက်ယူနေရလို့ နော်ကျသွားတယ်”

“ရပါတယ်”

စောတယ်နောက်ကျတယ်ဆိုတာတွေ ထက် သူမရောက်လာတာကိုပဲ အာကာ့မှာ ၀မ်း မြောက်လှပါပြီ။ မြင်ချင်သူလေးဟာ ပြင်ဆင်မှု တွေ နဲ့ အကြွအရွတောက်ပနေတယ်။ အာကာ့ရင်ထဲ မှာ မက်မောစိတ်တွေ တရှိန်ထိုး စီးပျံ့နားခိုသွားမိပါရဲ့ ။

ရုပ်ရှင်ကြည့်တော့လည်း အာကာ့စိတ်တွေ ဟာ ပိတ်ကားပြင်ပေါ်က အဖြူအမည်း ရုပ်ပုံလွှာ တွေ ရွေ့လျားမှု မှာ အာရုံမကျပါဘူး။ ခိုးကြောင်းခိုးဝှက်အကြည့်တွေ က သူမထံမှသာ တရစပ် တွယ် ကယ်ငြိစွန်းနေပါတော့တယ်။

ရုပ်ရှင်ပြီးတော့ သူသိတာဆိုလို မှု န်ပျပျ အလင်းဖျိုးဖျမှာ တောင် သူမအလှက ၀င်းစိုရွှန်းမြ ကာ ထင်းနေတယ်ဆိုတာပါပဲ။

ရုပ်ရှင်ဖြုတ်လို့ ပြန်မယ်အလုပ်မှာ ချမ်းသာနဲ့ ဇင်မွန်ဝင်းက တစ်ယောက် ကို တစ်ယောက် ဗဂျီပတ်ချွဲတွေ လုပ်နေပါတယ်။

“ဟေ့..နင့်တို့ ကြိုက်သွားကြပြီလား”

အာကာက မသင်္ကာလို့မေးတော့ နှစ် ယောက် စလုံး ရှက်ကိုးရှက်ကန်းရယ်နေတယ်။ ငြင်း တော့ မငြင်းကြဘူး။

“သေချာပါတယ်။ နင်တို့နှစ် ယောက် ကြိုက်နေကြပြီ”

အာကာက မှတ်ချက်ချတော့ ခြူးလဲ့နွယ်က လက်ညှိုးကလေး ကရော်ကရော်လုပ်ပြီး ဇင်မွန်ဝင်းကို စတယ်။ ဇင်မွန်ဝင်းကလည်း ဘယ်ရမလဲ.. အာကာ့ကို မေးငေါ့ပြပြီး ခြူးလဲ့နွယ်ကို ကရော်ကရော် ပြန်လုပ်တယ်။ ရှုပ်တော့ ရှုပ်နေတာပါပဲ။

“ဟိတ်ကောင်အာကာ ငါမပြန်ချင်သေးဘူးကွာ ငါတို့ လမ်းလျှောက်ရအောင်”

“ဒါဆို မင်းတို့နှစ် ယောက် ဟိုဘက်ကလျှောက်၊ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး စကားပြောကြပေါ့။ ငါတို့နှစ် ယောက် ကတော့ ဒီဘက်ကို လျှောက်မယ် လာ .. ခြူးလဲ့နွယ် အလိုက်တသိ ရှောင်ပေးလိုက်ရအောင်”

အာကာက ခြူးလဲ့နွယ်ကိုခေါ်ပြီး ညာဘက်ခြမ်း ကားလမ်းအတိုင်းစုန်ဆင်းသွားလိုက်တယ်။ လေညှင်းသွဲ့သွဲ့က ပန်းရနံ့တွေ ကို သူတို့ထံ ဆွတ်ဆွတ်ပျံ့ပျံ့ သယ်လောင်လာလေရဲ့ ။ ညဟာ သိပ်ကိုလှနေပါတယ်။

“ချမ်းသာနဲ့ ဇင်မွန်ဝင်း ကတော့ အဆင်ပြေသွားကြပြီနော်”

“သူတို့နှစ် ယောက် က ရုံထဲမှာ ကတည်းက ဘေးချင်းကပ်ထိုင်ပြီး တွတ်ထိုးနေကြတာ”

“သူတို့ကို အားမကျဘူးလားဟင်”

“အမယ်.. အားကျစရာလား”

“အားကျစရာပေါ့”

အာကာက စကားလုံးတွေ နဲ့ ဖြားယောင်းဖို့ ကြိုးစားလာတယ်။ ခြူးလဲ့နွယ် ကတော့ မအူ မလည်လေးလုပ်နေတယ်။ ခုန်ခုန်ပေါက်ပေါက်ကလေး လမ်းလျှောက်ရင်း အခုလို သွားလာနေရ တာကို နှစ်သက် ဟန်နဲ့ပေါ့။

“ပျော်စရာကြီးနော် ငါ အခုလို တစ်ခါမှ လွတ်လွတ်လပ်လပ် လျှောက်မသွားဖူးဘူး”

“တကယ်”

“တကယ်ပြောတာ ရန်ကုန်မှာ ဆို ငါ့မှာ လျှောက်သွားဖို့ အချိန်မှ မရှိတာ”

“အချိန်မရှိဘူး ဟုတ်လား ဘယ်လို အချိန်မရှိတာလဲ”

“ငါက နေ့တိုင်း အချိန်ဇယားနဲ့ နေရတာ ။ မနက် အိပ်ယာနိုးလို့ မနက်စာ စားပြီးတာနဲ့ သင်္ချာနဲ့ အင်္ဂလိပ်စာ သင်ရတယ်။ ပြီးရင် နေ့လည်စာ စားချိန်ရောက်ပြီ။ စားပြီးရင် စန္ဒယားတီး သင်တယ်။ ပန်းချီသင်တယ်။ ညနေစောင်းရင် တင်းနစ်လေ့ကျင့်ရတယ်။ ပြီးတော့ ရေမိုးချိုး ညစာ စားတယ်။ နောက်မိသားစုနဲ့ စကားပြောတယ်။ ပြီးရင် ညဥ့်နက်တဲ့အထိအ ဗဟုသုတ ဖြစ်စေမယ့် စာအုပ်တွေ ဖတ်တယ်”

“ဟူး နင့်အစား ငါတောင် ခေါင်းမူးသွားတယ်”

အာကာက တမင်မျက်လုံးပြူးပြီး ခြူးလဲ့နွယ်ရှေ့မှာ ခေါင်းကို ဘယ်ညာခါပြတယ်။

“ဘာလို့ နင် အဲဒီ လောက် ကြိုးစားနေရတာ လဲ”

“ငါက တက္ကသိုလ်တက်ရမှာ လေဟာ။ ပြီးတော့ လူကုံထံ အသိုင်းအ၀ိုင်းမှာ ၀င်ဆံ့အောင် ဆိုပြီး ငါ့မိဘတွေ က စီစဉ်ပေးထားတာ။ ငါ့မိဘတွေ က အရမ်းစည်းကမ်းကြီးတာဟ။ အခု ရုပ်ရှင် ကြည့်တာတောင် မနည်းပြောထွက်လာရတာ ။ ဒါတောင် အပန်းဖြေရက်မို့လို့ရတာ ”

ခြူးလဲ့နွယ် အေးဆေးသက်သာပဲ ပြောလိုက်တာပါ။ ဒါပေမဲ့ အာကာက ခေါင်းငိုက်စိုက် ကျ သွားပါတယ်။ ရင်ထဲမှာ လည်း တုန်ခိုက်လှိုက်မောသွားမိတယ်။

“ငါထင်တာက နင်က အဲဒိလို ပုံစံမျိုးမဟုတ်ဘူး”

ဘယ်လို ပုံစံမျိုးထင်ထားလို့လဲ“

“လွတ်လပ်မယ် ထင်တာ ထားလိုက်ပါ အဲဒါတွေ ”

အာကာက လမ်းလျှောက်နေရင်း ရုတ်တရက် ကတ္တရာလမ်းပေါ် ပက်လက်လှန်လှဲအိပ်ချ လိုက်တယ်။ ပြီးတော့ ခြူးလဲ့နွယ်ကို လက်ယပ်ခေါ်တယ်။

“လာ ဒီကို”

“ဟင်ဘာလုပ်မလို့လဲ”

ခြူးလဲ့နွယ် နည်းနည်း တောင်စိတ်လှုပ်ရှားနေတယ်။ အာကာကလည်း အတင်းစွတ်ရွတ် ခေါ်နေတာဘဲလေ။

“လာစမ်းပါဟာ”

“ဘာလုပ်မလို့ ခေါ်နေတာလဲ”

“ပြစရာရှိလို့”

‘ဘာပြမှာ လဲ ”

“ကောင်းကင်ကြီးကို ပြမလို့။ ဒီလို ပက်လက်လှန်ပြီး ကြည့်ရတာ အရမ်းအရသာရှိတာ။ ငါနဲ့ ချမ်းသာဆို ကြည့်နေကျ။ ရှုခင်းက တအားလှတယ်။ လာလုပ်ကြည့်ပါလား”

“အင်း ..စမ်းကြည့်မယ်”

ခြူးလဲ့နွယ်လည်း စိတ်ပါဝင်စားသွားပြီး အာကာ့နံဘေးနားမှာ ပက်လက်ကလေး လာလှဲ အိပ်တယ်။ ပြီးတော့

ကောင်းကင်ပြင်ကြီးကို ခပ်စူးစူးလေးမော့ကြည့်တယ်။

လကတစ်ခြမ်းပဲ့။ ကြယ်တွေ က ဖွေးဖွေးလက်လက်။ တိမ်တွေ က ပြိုမလိုအိတွဲ နေတယ်။ ကြည့်ရင်းပဲ အလင်းတစ်စက်စက်နဲ့ ကောင်းကင်ရှုခင်းကို သူမသဘောကျနှစ် ခြိုက် သွားပါတယ်။

“ဟုတ်တယ်နော် အရမ်းလှတာပဲ။ ပန်းချီဆွဲချင်စိတ်တောင် ပေါက်လာပြီ”

ကောင်ကင်ပြင်ကြီးကို စူးစူးစိုက်စိုက်ကလေး မော့ကြည့်နေတဲ ကောင်မလေးကိုဘေးတစ် စောင်း ငေးရင်း အာကာရဲ့ စိတ်တွေ မငြိမ်မသက် ဖြစ်လာတယ်။ သူမ လှဲနေတာကို သူ့အတွက် တော့ တကယ့် ခက်ဖွယ်..

အခွေအလိပ်တွေ နဲ့ ဆံနွယ်ရှည်တွေ က တက္ကတရာလမ်းပေါ်မှာ ကပိုကရိုပုံကျနေတယ်။ ဆင်စွယ်နှစ် လို ဖြူနုဝင်းမွတ်တဲ့ အသားအရည်က လရောင် ခြည်ကို လုံလုံခြုံခြုံ လှုံနေတယ်။

မျက်အိမ်ကျယ်ကျယ်၊ နှာတံသွယ်သွယ်၊ မျက်တောင်ကော့ကော့ နှုတ်ခမ်းပါးက စိုစိုပြည် ပြည် မက်မောစရာတွေ က သူမကိုယ်မှာ ပြည့်စုံလှချည်ရဲ့ ။

သူအထိန်းအကွပ်မဲ့သွားတယ်။

“ချစ်တယ်”

“အို”

ကောင်းကင်ကြီးကို ကြည့်နေတဲ့ ကောင်မလေးရဲ့ ခန္ဓာကိုယ် ဆတ်ခနဲတုန်သွားတယ်။ အကြည့်တွေ က ပြောင်းရွှေ့ပြီး လူက ဘေးတစ်စောင်းလေးလှည့်လာတယ်။

“ခုနက ဘာပြောလိုက်တာလဲ”

“ချစ်တယ်လို့ ပြောလိုက်တာ”

“ဘယ်သူ့ကိုလဲ”

“သူ့ကိုပေါ့”

ကောင်လေးရဲ့ လက်ညှိုးလေးက ကောင်မလေးရဲ့ နှုတ်ခမ်း စုစုကလေးပေါ် ကျရောက် သွားတယ်။

“ပြောစမ်းပါဦး တို့ကို ပြန်ချစ်မယ်မို့လားဟင်”

ကောင်မလေးက ဘာမှပြန်မဖြေဘဲ လဲ့လဲ့လေးပြုံးနေတယ်။ ကောင်လေးက ကောင်မလေး ရဲ့ မျက်နှာပေါ် ဖွာကျနေတဲ့ ဆံနွယ်အခွေအလိပ်ကလေးတွေ ကို တယုတယ သပ်တင်ပေးလိုက် တယ်။ ပြီးတော့ တရွေ့ရွေ့တိုးကပ်လို့သွားတယ်။

ကောင်မလေးကလည်း အသာတကြည်ပါပဲ။

သူတို့ ပိုမိုနီးစပ်သွားကြတယ်။

အဲဒီ လို အချိန်အခါမှာ ပဲပေါ့။

“၀ူး”

“ဟင် ကား ကားလာတယ်”

“ဟိုက် ခွပဲ”

နှစ် ယောက် သား ကတိုက်ကရိုက် အပြေးအလွှား ၀ရုန်းသုန်းကားပေါ့။

ကားက သူတို့နံဘေးနားက ၀ူးခနဲ ဖြတ်၍ ပြေးသွားတယ်။

“ဟူး တော် ပါသေးရဲ့ ”

ကောင်မလေးက ရင်ဘတ်ကလေးဖိပြီး ဘုရားတတယ်။ (ဖီးလ်ပျက်သွားသလာတော့ မသိဘူး)

“ကဗျာဆန်နေ့တာ ကံကောင်းလို့ ကားတိုက်မခံရတယ်နော်”

“အဟင်း ..ဟုတ်တယ်”

နှစ် ယောက် သား တစ်ယောက် ကို တစ်ယောက် ကြည့်ပြီး တသိမ့်သိမ့်ရယ်ကြတယ်။ တစ် လောကလုံး အိပ်ပျော်နေသလို တိတ်ဆိတ်နေချိန်မျိုးမှာ ပေါ်ထွက်လာတဲ့ သူတို့ရဲ့ ရယ်သံဟာ မြတ်နိုးဖွယ် ဂီတသံစဉ်တစ်ခုကို ဖြစ်ထွန်းနေလေရဲ့ ။

နွေဦးဟာပျံလွှားငှက်တွေ နဲ့အတူ သူတို့အတွက် ချစ်ခြင်းတွေ ကိုပါ ယူဆောင်လို့လာပါ တယ်။

♥ ♥ ♥


3rd, December, 2007

Yangon

“သူတို့ချစ်သွားကြတယ် မဟုတ်လား”

အမယ်အိုက ခြောက်ကပ်အေးစက်သော လေသံဖြင့် မေးလိုက်၏ ။ အဖိုးအိုက အမယ်အို၏ မျက်ဝန်းတွေ ကို တစ်ချက်စိုက်ကြည့်ပြီးမှ ခေါင်းညိတ်ပြသည်။

“ဟုတ်တယ် သူတို့ချစ်သွားကြတယ်”

“ကောင်းတယ် အဲဒီ လို ဇာတ်လမ်းမျိုးပဲ ငါကြိုက်တယ်။ ဆက်ပြောပါဦး”

အမယ်အို၏ တောင်းဆိုမှု ကြောင့် အဘိုးအို၏ မျက်နှာပြင်တွင် ကျေနပ်အားရဟန်က အတိုင်းသား ပေါ်လွင်လာလေသည်။ အဖိုးအိုသည် အရိုးငေါငေါလက်ချောင်းတွေ ဖြင့် စာမျက်နှာ တစ်ရွက်ကို ဖျတ်ခနဲလှန်သည်။ ဖျော့တော့ဝေါ၀ါးသော အကြည့်တွေ က စာမျက်နှာထက်သို့ ပြန်လည်စိုက်ကျသွားတော့၏ ။

“သူတို့နှစ် ယောက် ဟာ နောက်နေ့ကစပြီး တတွဲ တွဲ ပဲ။ အားလပ်ချိန်တိုင်းကို အတူတကွ ကုန်ဆုံးကြတယ်။ ရေတံခွန်မှာ ကောင်မလေးက ပန်းချီသွားဆွဲရင် ကောင်လေးကလည်း ရေ ဆော့ရင်း အဖော်လိုက်ပေးတယ်။ သူတို့နှစ်ယောက် ဟာ ၀ါသနာအကျင့်စရိုက် အဆင့်အတန်း ချင်း မတူညီကြပေမယ့် တူညီတာ တစ်ခု ကတော့ တစ်ယောက် ကို တစ်ယောက် အရူးအမူး ချစ်ကြတာပါပဲ”

သူတို့ချစ်သူ ဖြစ်ချိန်မှာ အာကာဆိုတဲ့ ကောင်လေးရဲ့ အသက်က ဆယ့်နှစ်နှစ် ။ ခြူးလဲ့နွယ် ဆိုတဲ့ကောင်မလေးရဲ့ အသက် ကတော့ ဆယ့်ခုနစ်နှစ်ပဲရှိသေးတယ်။ ငယ်ရွယ်သူတွေ ပီပီ သူတို့ ဟာ အချစ်ကို အရမ်းကိုးကွယ်ကြပါတယ်။

တစ်ညနေမှာ တော့ ခြူးလဲ့နွယ်က ပန်းချီကားချပ်တွေ ကို ကိုင်ပြီး အကာကိုတို့ အိမ်ကို သွားလည်တယ်။ အာကာက ခြူးလဲ့နွယ်နဲ့ သူ့အဖေကို မိတ်ဆက်ပေးတယ်

♥ ♥ ♥


13rd, March, 1956

Pyon Oo Lwin

“အဖေ ဒါ ကျွန်တော် ပြောပြောနေတဲ့ ခြူးလဲ့နွယ်ဆိုတာပေါ့။ နွယ် ဒါ ငါ့အဖေလေ”

“တွေ့ ရတာ ၀မ်းသာပါတယ် အန်ကယ်”

“ငါ့နာမည် က အန်ဂလယ်မဟုတ်ပါဘူးဟ။ ဟိန်းထွဋ်ပါ။ သေချာမှတ်ထား ဟိန်းထွဋ်.. ဦးဟိန်းထွဋ်တဲ့။ အန်ဂလယ်မဟုတ်ဘူး”

“ရှမ်”

ခြူးလဲ့နွယ်အမှတ်တမဲ့ ကြောင်အမ်းအမ်းလေး ဖြစ် သွားပါတယ်။ ပြီးမှ အခြေအနေကို သဘောပေါက်ပြီး နားလည်အောင်ရှင်းပြရတယ်

“အန်ကယ်ဆိုတာက အင်္ဂလိပ်လို ခေါ်တာပါ။ ဗမာလိုဆိုရင် ဦးလေးလို့အဓိပ္ပာယ်ရပါ တယ်”

“ဟေ ဟုတ်လား ငါတို့ ငယ်ငယ်က ရွာဦးကျောင်းဆရာတော် က သင်ပေးတဲ့ အထဲမှာ တော့ အဲဒီ အန်ဂလယ်ဆိုတာ မပါဘူးကွဲ့”

“အဲ…”

ရှင်းလေးရှုပ်လေ ဖြစ်မှာ စိုးတာကြောင့် ခြူးလဲ့နွယ်ဘာမှဆက်မပြောရဲတော့ဘူး။ လျှာလေး သာ တစ်စောင်းကိုက်နေလိုက်ရတယ်။ နည်းနည်း တော့ ငုပ်တာပေါ့။

“ခြူးလဲ့နွယ်က တော် တော် လှတာပဲ။ သားပြောတာထက်တောင် ပိုလှနေပါတယ်။ ငယ်ငယ်က ကြည့်ဖူးတဲ့ မယ်ကုဝဏ်ဇာတ်ထုပ်ထဲက မင်းသမီးကျနေတာပဲ”

“အယ်..”

အပြောမတတ်တော့ ဆဲသလို။ အနေမတတ်တော့ ဖြဲသလိုဆိုတဲ့စကားလိုဘဲ ဒါလည်း တစ်မျိုးတော့ တစ်မျိုးပဲ။ နင်တော့ နင်တယ်။ မြှောက်လိုက်တာဆိုပေမယ့် ခံရသူမှာ တော့ အောက် သွားတယ်။

“သမီးလက်ထဲက ဘာတွေ လဲ”

“ပန်းချီကားတွေ ပါ အန်ကယ် အဲ ဦးလေး”

“မှန်း ဒါဆိုကြည့်ရအောင်”

ဦးဟိန်းထွဋ်က လက်ဖြန့်တောင်းတော့ ခြူးလဲ့နွယ်က ပန်းချီကားတွေ ကို ပေးလိုက်တယ်။ ဦးဟိန်းထွဋ်က ပန်းချီကားတွေ ယူပြီး သေချာကြည့်ပါတယ်။

“ဒါတွေ က ၀ယ်လာတာလား”

“မဟုတ်ပါဘူး ဦးလေး သမီးကိုယ်တိုင် ဆွဲထားတာတွေ ပါ”

“မကြီးမငယ်နဲ့ သမီးက တော် တော် ဆော့တာပဲ”

“အဲ”

သူမရဲ့ အနုပညာစွမ်းဆောင်ချက်ကို ဆော့တယ်လို့ သုံးနှုန်းခံလိုက်ရတာ ကြောင့် ခြူးလဲ့ နွယ် အောင့်သက်သက် ဖြစ်သွားတယ်။ မသိရင်ဘဲ ဖဲ့သလိုပဲ။

ဦးဟိန်းထွဋ်က ပန်းချီကားနောက်တစ်ချပ်ကို ကြည့်ပြန်တယ်။ ဒီတစ်ခါတော့ သူမျက်နှာကြီး ပြုံးလားတယ်။

“အမယ် ဒီလိုပုံတွေ ကျတော့ သမီးလက်ရာက ဘယ်ဆိုးလို့တုန်း။ ဒီမျောက်ခေါင်းပုံကို ဆွဲ ထားတာကျတော့ ပီပြင်သားပဲ”

“မျောက်ခေါင်းပုံ ဟုတ်လား၊ ဘယ်မှာ လဲ မျောက်ခေါင်းပုံ”

“ဒီမှာ လေ ကြည့်ပါလား တော် တော် ပီပြင်တာ”

“ဟင်”

ခြူးလဲ့နွယ် သောက်သောက်လဲ စိတ်ဆင်းရဲ သွားပါတယ်။

“အဲ့ဒါ မျောက်ခေါင်းပုံဆွဲထားတာ မဟုတ်ဘူး ဦးလေးရဲ့၊ အာကာ့ပုံကို ဆွဲထားတာ”

“ဟေ ဒါ ငါ့သားပုံ ဟုတ်လား။ ငါ့သားက ဒီပုံထဲမှာ ကျတော့လည်း ရုပ်ဖြောင့်သားပဲကွ”

“အင်

အာကာပါ ခံစားလိုက်ရတယ်။ ပုံက မျောက်ခေါင်းနဲ့တူတယ်ပြောပြီး ပုံထဲမှာ ကကျတော့ ရုပ် ဖြောင့်သားပဲဆိုတော့ အာကာ့ခမျာ အပြင်မှာ မျောက်ထက် အရုပ်ဆိုးနေသလိုလိုပေါ့လေ။

ဦးဟိန်းထွဋ်နှင့် ပတ်နှက်နေပါတယ်။ ခြူးလဲ့နွယ် ကတော့ အခံရအခက်ဆုံးပေါ့။ သူမလက် ရာကိုကြည့်ပြီး တစ်ခုပြီးတစ်ခု ဒေါက်ဖြုတ်နေတာ ကြားရတာ နားကို အီစိမ့်နေတာပဲ။ စိတ်ဓာတ် တောင်ကျလာတယ်။

ဦးဟိန်းထွဋ်က ပန်းချီကားတွေ ကို သူကြည့်ပြီးသွားတော့ ခြူးလဲ့နွယ်ကို ပြန်ပေးတယ်။ ခြူးလဲ့နွယ်က အဲဒီ ပန်းချီကားတွေ ကို အာကာ့ကို အမှတ်တရလက်ဆောင်အ ဖြစ် ပေးလိုက်ပါ တယ်။

အာကာက ဓနိမိုးထရံကာထားတဲ့ သူတို့အိမ်ကလေးအတွင်းမှာ ခြူးလဲ့နွယ်ရဲ့ ပန်းချီကား တွေ ကို ဘယ်နေရာဘယ်လို ချိတ်ဆွဲရမှန်းမသိ ဖြစ်နေတယ်။ နောက်တော့ ကြံရာမရတာ နဲ့ ပန်းချီ ကားတွေ ကို ၀ါးကြမ်းခင်းထားတဲ့ သူ့အိပ်ရာကွပ်ပျစ်ကလေးပေါ်ပဲ သွားတင်ထားလိုက်ပါတယ်။

အဲဒီ အချိန်မှာ ပဲ ဦးဟိန်းထွဋ်က မီးတောက်အရက်ကို ကောက်ကာငင်ကာ တစ်ခွက်တစ်ဖ လာမော့ပြီး ထမင်းစားဖို့ပြင်တယ်။ ဧည့်သည် ဖြစ်တဲ့ ခြူလဲ့နွယ်ကိုလည်း သတိတရ ခေါ်ပါတယ်။

“ခြူးလဲ့နွယ် သမီး ငါတို့နဲ့အတူ မနက်စာ စားနိုင်မလား”

“မနက်စာ ဟုတ်လား”

ခြူးလဲ့နွယ် ကြောင်သွားတယ်။ အပြင်မှာ ဖြင့် မှော င်တော့မယ်လေ။ အာကာက ၀င်ပြောပါ တယ်။

“အဖေ အဖေ မူးနေပြီထင်တယ်။ အခု စားရမှာ က ညစာလေ။ မနက်စာ မဟုတ်ဘူး”

“အဲဒါ ဘာ ဖြစ်လဲ မနက်စာလည်း ဒါ ညစာလည်း ဒါပဲဥစ္စာ။ ဘာထူးလို့လဲကွာ”

သူပြောတာလည်း ဟုတ်တုတ်တုတ်ပါပဲ။ သူတို့သားအဖ ဘ၀ကမနက်စာနဲ့ ညစာဆိုတာ အခေါ်အဝေါ်ပဲ ကွာတာပါ။ စားသုံးရတဲ့ ဆန်နီကြမ်းထမင်းနဲ့ ငပိရည် တို့စရာ ဟင် ကတော့ မပြောင်းလဲ ဖြစ်တာ ကြာပါပြီ။

ဒါပေမဲ့ အဲဒီ တစ်နပ်ကိုတော့ ခြူးလဲ့နွယ်က သူတို့နဲ့အတူ စားမယ်ဆိုတာကြောင့် ပဲပုပ်မီး ဖုတ်ဆီစမ်းနဲ့ ဂျူးမြစ်ထောင်းကို အလျင်အမြန်စီစဉ်လိုက်ပါတယ်။ သူ့လက်ရာဟင်းလျာလေး မစို့မပို့ကို ခြူးလဲ့နွယ်က အားပါးတရအလုအယက် စားသောက်နေတာမြင်ရတော့ အကာ့ အပျော်ချက်က ၀က်ဝက်ကွဲပေါ့။

ဒါတွေ ဟာ တကယ့်ကို မထင်မှတ်တဲ့ အမှတ်တရတွေ ပါပဲ။

ခြူးလဲ့နွယ် ပြန်မယ်လုပ်တော့ မှော င်ရီဝိုးတ၀ါးနဲ့ အလင်းအား ဆိတ်သုဉ်းနေပြီမို့ သူမကို လိုက်ပို့ပေးပါတယ်။

သူမတို့ ငှားရမ်းနေထိုင်တဲ့ အိမ်ရှေ့ကို အရောက်မှာ တော့ လက်ပြနှုတ်ဆက် ပြီး အာကာဟာ တစ်ယောက် တည်းပဲ ပြန်သွားခဲ့တယ်။ ခြူးလဲ့နွယ် ကတော့ အာကာ့ကျောပြင်လေး ကို ငေးလို့ပေါ့။

သူမအမြင်မှာ တော့ အာကာ့အသွင်သဏ္ဌာန် လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့မှ အိမ်တွင်းကို ၀င် ဖြစ်တယ်။

ကံကြမ္မာက သူတို့ကို တောက်လျှောက်တော့ မျက်နှာသာ မပေးခဲ့ပါဘူး။

“ခြူးလဲ့နွယ်”

“ဟယ်.. ဒယ်ဒီ”

တံခါးရဲ့ နံဘေးမှာ ဖခင် ဖြစ်သူကိုမြင်လိုက်ရလို့ ခြူးလဲ့နွယ် လန့်သွားတယ်။

“အဲဒီ ကောင်လေးက ဘယ်သူလဲ”

“ဟို ဟို သူ သူငယ်ချင်းပါ ဒယ်ဒီ”

“ဟုတ် .. ဟုတ်ပါတယ် ဒက်ဒီ”

မဟုတ်တာ လုပ်ထားသူတွေ ရဲ့ ထုံးစံအတိုင်း ခြူးလဲ့နွယ် တုန်တုန်လှုပ်လှုပ်ကြောက်ရွံ့နေ တယ်။ သူမရဲ့ ဖခင်က သူမကို အကဲခတ်သလို စူးစူးရဲရဲကြည့်တယ်။

“မနက်ဖြန်ကျရင် အဲဒီ ကောင်လေးကို အိမ်ခေါ်ခဲ့ သူ့ကို ငါ တွေ့ ချင်တယ်”

“ဟုတ် ဟုတ်ကဲ့”

ခြူးလဲ့နွယ် သွက်သွက်လက်လက်ပဲ ခေါင်းညိတ်ပြလိုက်ရတယ်။ ဖခင်က စကားဆက်မ ပြောတော့မှ သူမ မ၀ံ့မရဲလေး လှမ်းထွက်လာခဲ့ပါတယ်။

ညဟာ မမမ်းကတမ်း အုံပျလို့….။

♥ ♥ ♥


14rd, March, 1956

Pyin Oo Lwin

သူကြွယ်တို့ရဲ့ နေ့လည်စာ ထမင်းဝိုင်းက အလျှံပယ်ဟင်းလျာတွေ နဲ့ ပြည့်စုံနေပါတယ်။ အမယ်စုံဟင်းလျာတွေ ကို ကြည့်ပြီးအာကာ တံတွေးကိုမျိုချနေရတယ်။

အိမ်က ထမင်းပွဲနှင့် တော့ ကွာလှပါပေ့။

‘စားပါ မောင်ရင် ထည့်စားပါ”

“ဟုတ်ကဲ့ခင်ဗျ”

“မောင်ရင်က သမီးရဲ့ သူငယ်ချင်းဆိုလို့ အခုလို ထမင်းဖိတ်ကျွေးတာပါ”

“ကျေးဇူးအများ ကြီးတင်ပါတယ်ခင်ဗျ”

အာကာက လူဆင်းရဲပေမယ့် ယဉ်ကျေးမှု တော့ မဆင်းရဲပါဘူး။ အခြေအနေနဲ့ အချိန် အခါကို ကြည့်ပြီး အဆင်ပြေအောင် ဆက်ဆံတတ်ပါတယ်။ ထမင်းစားတော့လည်း ဣနြေ္ဒမပျက် စေဘဲ သေသေ၀ပ်ဝပ်ကလေး စားတယ်။

အတူစားနေရင်း ခြူးလဲ့နွယ်က အာကာ့ကို ဟင်းတွေ ဆယ်ထည့်ပေးတယ်။ ခြူးလဲ့နွယ်ကို ဖခင်ဦးအံ့ကျော်နဲ့ မိခင်ဒေါ်သိင်္ဂီနွယ်တို့ ကတော့ ကလေးနှစ်ယောက် ရဲ့ ဆက်ဆံရေး အခြေအနေ ကို မသိမသာအကဲခတ်နေကြတာပေါ့။

“မောင်အာကာက အခု ဘာအလုပ်လုပ်နေလဲ”

ဦးအံကျော်ရဲ့ မေးခွန်းကြောင့် အာကာ လည်ချောင်းနင်သွားရတယ်။

“ကျွန်တော် က ကျွန်တော် က အခု ပရိဘောဂ ပစ္စည်းလေးတွေ လုပ်ပါတယ်။ အဓိက ကတော့ အမှာ ရှိတာတွေ လုပ်ပေးရတာ ပေါ့”

“ဒါဆို မောင်အာကာက လက်သမား အဲ လက်သမားဆရာလေးဟုတ်လား”

“ဟုတ်.. ဟုတ်ပါတယ်ခင်ဗျား”

အာကာ ခေါင်းငုံ့ကျ သွားပါတယ်။ စားရင်းတန်းလန်း တစ်တစ်ဆို့ဆို့ ရင်ပြည့်သလိုလည်း ဖြစ်သွားတယ်။

“မောင်ရင့် အဖေနာမည် က ဘယ်သူများ လဲကွဲ့”

“ဦးဟိန်းထွဋ်ပါ ခင်ဗျ”

“အင်.. ဒီမြို့ မျက်နှာကြီးပိုင်းတွေ ကိုတော့ အန်ကယ်သိပါတယ်ကွယ်။ ဒါပေမဲ့ ဦးဟိန်းထွဋ် ဆိုတာကိုတော့ မကြားမိဘူး။ မောင်ရင့်အဖေက ဘာအလုပ်လုပ်လဲ မသိဘူး”

“ဟို ဟို”

သိမ်ငယ်စိတ်က ငယ်ထိပ်အထိ တက်ဆောင့်တယ်။ အာကာ့လည်ချောင်းတစ်လျှောက်ဟာ ခြောက်ကပ်နင့်သီးလျက် အသံတွေ က ကွဲကွဲအက်အက်..။

“အဖေ အဖေက ဘာ ဘာအလုပ်မှ မလုပ်ပါဘူး”

“သြော် သြော်

ခနဲ့သလို အသံထဲမှာ အဓိပ္ပာယ်သက်ရောက်မှု တွေ အစုံအလင် ပါဝင်နေတယ်။ အာကာ့ တစ်ကိုယ်လုံးဟာ သေးနုတ်ရိရဲ သွားပါတော့တယ်။ ဒါတောင် အဖေက အရက်သမားကြီး လုံးလုံး ဖြစ်နေပြီဆိုတာ ဖွင့်မပြောရသေးဘူး။

ဟင်းလျာတွေ ဖွယ်ရာပါလျက် အာကာထမင်းဆက်စားလို့ မရတော့ဘူး ဖြစ်နေတယ်။ ဒါကြောင့် တစ်ဝက်ကျိုးရုံပဲရှိသေးတဲ့ ထမင်းပွဲကို လက်စသတ်ပစ်လိုက်ပါတော့တယ်။

“ဟယ် အာကာ နင်ဝပြီဟုတ်လား”

“အင်း..”

“ငါတောင် မ၀သေးဘူး နင်ကလည်း စားပါဦးဟဲ့”

“တော် ပါပြီဟာ”

“ဘာလဲ စားမကောင်းဘူးလား”

“ကောင်းပါတယ် ငါကိုက မဆာလို့ပါ

ခြူးလဲ့နွယ်က ဖော်ရွေနေပေမယ့် ဦးအံ့ကျော်နဲ့ ဒေါ်သိင်္ဂီနွယ်တို့ ကတော့ ဆက်စားဖို့ကို မတိုက်တွန်းကြပါဘူး။ အာကာက အလိုက်တသိပဲ လက်ဆေးပြီး လက်သုတ်လိုက်ပါတော့တယ်။

သူငယ်ချင်းဆိုတဲ့ပြယုဂ်နဲ့ လျှို့ဝှက်ထားရတဲ့ သူနဲ့ ခြူးလဲ့နွယ်တိုရဲ့ ချစ်သူဆိုတဲ့ ဖြစ်စဉ် အမှန်ဟာ ဒီလိုနဲ့ပဲ ပြီးဆုံးသွားရတော့မှာ လား။

အာကာ တိတ်တဆိတ်ကြေကွဲနေပါတယ်။ အခြေအနေကို တွက်ဆကြည့်လို့ ရနေပေမယ့် သူကိုယ်တိုင်က ခြူးလဲ့နွယ်ကို သိပ်ငြိတွယ်လွန်းနေတယ်။ သံယောဇဉ်ဆိုတာ ကိုယ့်ရင်ကို မညှာ တမ်း ပြန်ခွဲတဲ့ စိတ်နွယ်မျှင် ဓားတစ်လက်ပါပဲ။

ခဏကြားလို့ ခြူးလဲ့နွယ် ထမင်းစားပြီးတော့ အာကာက သူပြန်ဖို့ ပြောပါတယ်။ အဲဒီ အခါ ခြူးလ့နွယ်က အိမ်ရှေ့အထိ လိုက်ပို့ပေးတယ်။ အနီးကပ်စကားလေးတွေ ပြော လက်ပြကာ နှုတ်ဆက် တာ့တာပေါ့။

သူတို့နှစ် ယောက် ရဲ့ အနေအထားကို ဦးအံ့ကျော်နဲ့ ဒေါ်သိင်္ဂီနွယ်တို့က ကိုယ်စီကိုယ်င ခန့်မှန်းကြပါတယ်။

“သူတို့ တစ်ယောက် နဲ့ တစ်ယောက် သံယောဇဉ် တွယ်နေကြပုံပဲ။ ဒီကိစ္စကို ရှင် ဘယ်လို လုပ်မှာ လဲ”

“မသိသလိုပဲ နေလိုက်ပါ။ သိသိသာသာကြီး တား ဖြစ်ချုပ်ချယ်လိုက်မှ အခြေအနေက ပိုဆိုးသွားဦးမယ်။ နွေရာသီပြီးတာနဲ့ သူတို့ရဲ့ ဇာတ်လမ်းကလေးလည်း ပြီးသွားမှာ ပါကွာ”

ဦးအံ့ကျော်က သူ့အယူအဆနဲ့သူ တွေးတွေးဆဆ ပြောပါတယ်။ ဒေါ်သိင်္ဂီနွယ် ကတော့ စဉ်းစားရင်း စိတ်ရှုပ်ရင်း စဉ်းစားရင်း စိတ်ရှုပ်ရင်းနဲ့ပဲ စဉ်းစားရင်း စိတ်ရှုပ်စွာ ခေါင်းကို ခါယမ်း တယ်။

သားသမီးဆိုတာ မိဘတွေ အတွက်တော့ ရေခဲနဲ့ ညှိထားတဲ့ မီးတောက်တစ်ခုပဲပေါ့။

♥ ♥ ♥


27th, March, 1956

Pyin Oo Lwin

နွေဦးရာသီဟာ လူငယ်တွေ ရဲ့ အချစ်နဲ့ ဘာမှမထူးခြားပါဘူး။ အာကာနဲ့ ခြူးလဲ့နွယ်တို့ဟာ ဘာတွေ ရလာမလားဆိုတာ မသိတဲ့အခြေအနေကြီးကို တစ်ယောက် နဲ့ တစ်ယောက် ထွေးပိုက်ရင်း ရှေ့ဆက်ဖြတ်သန်းနေကြလေရဲ့ ။

ကောင်းကင်ကြီး အရမ်းသာယာတဲ့ ဒီနေ့ညနေလေးမှာ တော့ သူတို့နှစ်ယောက် ဟာ မြက်စိမ်းပြင်ပေါ်မှာ အကျအနထိုင်ပြီး ကောင်းကင်ကြီးရဲ့ အရောင် အသွေးကိုမော့ကြည့်နေကြ တယ်။ ထွေရီရီ စကားတွေ လည်း ပြော ဖြစ်ကြတယ်။

“အာကာ ကောင်းကင်မှာ ငှက်တွေ ပျံနေတာ သိပ်လှတာပဲနော် ငါလည်း ငှက် ဖြစ်ချင်တယ်”

“ဘာ ဖြစ်လို့လဲ နွယ်ရဲ့ ”

“လမ်းလျှောက်ရတာ ညောင်းလို့”

ဟင် ဘယ်လို လမ်းလျှောက်ရတာ ညောင်းလို့ ငှက် ဖြစ်ချင်တာ ဟုတ်လား“

“အင်းလေ ငှက်တွေ ဆိုရင် လမ်းမှ သိပ်မလျှောက်ရတာ ။ ကိုယ်သွားချင်တဲ့နေ၇ာကို အတောင်လေး တဖျတ်ဖျတ်ခတ်ပြီး သွားလိုက်ရုံပဲ ဒီလို လေးလေ ဒီလိုလေး အဟဲ ဟဲ

ခြူးလဲ့နွယ်က ထိုင်နေရာမှထပြီး လက်ကလေးနှစ် ဖက်ကို အတောင်လုပ်ပြီးတော့ ငှက်တွေ ပျံသလိုမျိုး တဖတ်ဖတ် ခတ်ပြတယ်။ သူမရဲ့ ချစ်စဖွယ် အမူအရာလေးက အာကာ့ကို သိမ်မွေ့စွာ ရစ်နှောင်ဖမ်းစားလေတယ်။

အာကာ ဆတ်ခနဲ ထပြီး ခုန်ဆွခုန်ဆွလုပ်နေတဲ့ သူမကို အတင်းပဲ ကျောပေါ်တင်ကာ ချီးပို လိုက်တယ်။ ဇွတ်တရွတ်ကြီုးဆိုတော့ ခြူးလဲ့နွယ် လန့်သွားရှာတာပေါ့။”

“ဟာ အာကာ အို ဘာလုပ်တာလဲ”

“နင်ပဲ လမ်းလျှောက်ရတာ ညောင်းလို့ ငှက် ဖြစ်ချင်တယ်ဆို။ အဲဒါကြောင့် လမ်းမလျှောက် ရအောင် ကုန်းပိုးလိုက်တာလေ။ နင် အခု ငှက် ဖြစ်သွားပြီမို့လား”

“အင်း ဟုတ်တယ် ငါ ငှက် ဖြစ်သွားပြီ”

ခြူးလဲ့နွယ်က အာကာ့ကျောပြင်မှာ ပါးကလေးအပ်ပြီး ဇိမ်ရှိစွာ ပျော်မွေ့ သွားပါတယ်။ အာကာက ခြူးလဲ့နွယ်ကို လွယ်ပိုးပြီး တဟူးဟူးတဟေးဟေးအော်မြည် ကာ လျှောက်ပြေးနေချေ တော့ရဲ့ ။

အာကာလည်း ပျော်နေပါတယ်။ သူက ဒီကောင်မလေးကို ဖြစ်နိုင်မယ်ဆိုရင် တစ်သက်လုံး ပဲ လွယ်ပိုးဖက်တွယ်ထားချင်တာ မဟုတ်လား။

“နွယ် နုင့်ကို ငါ ပြချင်တာ တစ်ခုရှိတယ်”

“ဘာများ လဲ”

“သိချင်ရင် မျက်စိလေးမှိတ်ပြီး အသာလိုက်ခဲ့။ ငါ ဖွင့်ဆိုမှ ဖွင့်နော်”

“အင်းပါ အာကာရဲ့ ”

ခြူးလဲ့နွယ်က နာခံစွာ မျက်လုံးလက်လက်ကလေးတွေ ကို မှိတ်ပစ်လိုက်ပါတယ်။ အာကာ က သူမကိုချီပိုးလျက်ပဲ အရှေ့စူးစူးကို ပြေးထွက်သွားတယ်။ သူတို့ကို လမ်းနံဘေးမှ ပန်းကလေး တွေ က ငေးလို့နေကြပါရဲ့ ။

အတန်ကြာမှ အာကာက ပြေးလွှားနေရာက ရပ်တန့်လိုက်ပါရဲ့ ။

“နွယ် မျက်လုံးဖွင့်လို့ရပြီ”

“ဟယ်”

ခြူးလဲ့နွယ်မျက်လုံးဖွင့်ဖွင့်ချင်း တွေ့ မြင်လိုက်ရတာ က ပျက်စီးယိုယွင်းနေတဲ့ အိမ်အိုကြီး တစ်လုံးပါ။ သူမ ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်လို့ သွားပါတယ်။ အာကာက ရှင်းပြ တယ်။

“နွယ် ဒီအိမ်ကြီးကို ငါ့ရဲ့ စိတ်ကူးထဲက တိုင်းပြည်ကြီး တစ်ခုပေါ့။ ငါ ပိုက်ဆံရှိတဲ့အခါကျ ရင် ဒီအိမ်ကြီးကို ၀ယ်ပြီး ကိုယ်တိုင်ပြန်ပြင်မလို့။ အားလပ်ချိန်တွေ ဆိုရင် ချမ်းသာကို ဒီခေါ်လာပြီး ဘယ်နေရာတွေ ကို ဘယ်လိုပြင်ရင် ကောင်းမလဲလို့ တိုင်ပင်ရတာ အမောပဲ။ အခုအချိန်ထိတော့ ငါ့စိတ်ကူးဟာ လက်တွေ့ ဘ၀နဲ့ အရမ်းကွာခြားလွန်းနေပါတယ်ဟာ။ ငါ့ကို နင် အရူးလို့ ထင်သွား ပြီလားနွယ်”

“မထင်ပါဘူး အာကာရယ်။ လူတိုင်းဟာ တစ်ယောက် တစ်မျိုး စိတ်ကူးတွေ နဲ့ လုံးထွေးနေ ကြတာပဲ မဟုတ်လား။ လောကမှာ မ ဖြစ်နိုင်တာမရှိဘူး။ မ ဖြစ်သေးတာပဲရှိတယ်ဆိုတဲ့ စကား ရှိ သားပဲ။ နင် ကြိုးစားရင် နင့်စိတ်ကူးတွေ ဟာ တစ်နေ့တော့ အကောင်အထည် ပေါ်လာမှာ ပါ”

“အဲဒီ တစ်နေ့အထိ နင်က ငါ့နံ့ဘေးမှာ ရှိနေပေးမှာ လား နွယ်”

“ရှိနေပေးမှာ ပေါ့ အာကာရယ်”

ခြူးလဲ့နွယ်ရဲ့ အဖြေစကားကြောင့် အာကာ ကျေနပ်လို့ သွားပါတယ်။ အချစ်ဆိုတာ ထုထည် မရှိပေမယ့် ကြီးမားသိပ်သည်းတဲ့ အင်အားတစ်ရပ်ပါပဲ။

“နွယ် နင့်ကိုငါ အတွင်းထဲ လိုက်ပြမယ် ကြည့်မလား”

“ကြည့်မယ်လေ”

အာကာက ခြူးလဲ့နွယ်ကို ကျောပေါ်ကနေ အသာအယာမြေပေါ်ချပေးလိုက်တယ်။ ပြီးတော့ နှစ် ယောက် သား သော့ မရှိတဲ့ တံခါးမကြီးကို တွန်းဖွင့်ပြီး အိမ်အတွင်းထဲ ၀င်သွားလိုက် ကြတယ်။

အိမ်ကြီးက ကျယ်ပေမယ့် တော် တော် အိုဟောင်းနေပါပြီ။ အချို့အစိတ်အပိုင်းတွေ ဆိုရင် ပြိုလဲကျိုးပဲ့လို့တောင် နေပါပြီ။ ပြတင်းတံခါးတွေ အားလုံး ပိတ်ဆို့ထားတာမို့ အလင်းရောင် အား နည်းပြီး အမှော င်မှာ တွယ်နေတဲ့ ပင့်ကူအိမ်တွေ ကလည်း ရှုပ်ယှက်ငြိတွေးလျက် ရှိနေပါတယ်။

“ဒီအိမ်ကြီးက အရင်တုန်းက ရှမ်းစော်ဘွားတစ်ဦး နေခဲ့တဲ့ အိမ်ကြီးပေါ့။ အခုတော့ ဒီမြို့ စက်သူဌေးတစ်ဦးပိုင်တယ်။ ဘယ်သူမှလည်း မနေဘဲ ပစ်ထားတာ။ ပြန်ဝယ်ရင် ဈေးပေါပေါနဲ့ရမှာ ငါသာ ဒါကြီးကို ၀ယ်ပြီးသွားရင် ကြမ်းခင်းအသစ် လဲရမယ်။ ခေါင်မိုးရော၊ နံရံရော အားလုံးပြင် ရမှာ ဒီမှာ က ရေလည်း အဆင်ပြေတယ်။ အိမ်နောက်ဖေးမှာ ရေကန်ကြီး တစ်ကန်ရှိတယ်ဟ”

အားတက်သရောပြောနေတဲ့ အာကာ့ကို ခြူးလဲ့နွယ် စာနာမိစွာ ကရုဏာသက် သွားပါ တယ်။ တဲအိုထဲမှာ နေရတဲ့ အာကာ့အတွက်တော့ ဒီအိမ်ပျက်ကြီးဟာ စိတ်နဲ့မှန်းတဲ့ ကောင်းကင်ဘုံ က နတ်နန်းပေါ့။

“အိမ်ကြီးကို ပြင်ပြီးသွားရင် အိမ်ထဲမှာ ထားရမယ့် ပရိဘောဂပစ္စည်းတွေ လည်းလုပ်ရဦး မယ်။ အဲ့ဒါတွေ ကိုလည်း ငါကိုယ်တိုင် လုပ်မယ်။ အားလုံးကို ငါ့စိတ်ကြိုက်ချည်းပဲ လုပ်မယ်”

“ဒါဆို ငါကရော ငါ့ကိုကျတော့ စကားထဲတောင် ထည့်မပြောဘူး”

“နင်က ပြောစေချင်လို့လား”

“ပြောစေချင်တာပေါ့ ဒီအိမ်ကြီးကို ပြင်တဲ့အခါကျရင် ငါ့ အိုင်ဒီယာလည်း ပါချင်တာပေါ့ ဟ”

ခြူးလဲ့နွယ်က ငေါက်ဆတ်ဆတ်ကလေးပြောတော့ အာကာက သဘောကျ သွားပါတယ်။

“ကဲ ဒါဆိုလည်း ပြော နင်က ဘယ်လို ဖြစ်စေချင်လဲ”

“ငါက အိမ်ကို အဖြူရောင် ပဲ ကြိုက်တယ်။ ခေါင်းမိုးကိုတော့ အနီရောင် အုတ်ကြွပ်တွေ မိုးမယ်။ ရေကန်ထဲမှာ လည်း ကြာပန်းတွေ စိုက်မယ်။ အိပ်ခန်းထဲကနေ ကြည့်လိုက်ရင် ကန်ရေ ပြင်ကို လှမ်းမြင်နေရမယ်။ အဲ့ဒါမှ ငါ့ပန်းချီဆွဲလို့ ကောင်းမှာ ”

“ဟုတ်ပါပြီ ဆက်ပြောပါဦး ဘာကျန်သေးလဲ”

“ပြီးတော့ အိမ်ပတ်ပတ်လည်မှာ ၀ရန်တာ ထုတ်ထားမယ် အဲဒါဆိုရင် ငါတို့ကော်ဖီသောက် ရင်း ရှုခင်းတွေ ကြည့်လို့ရတယ်။ နေထွက်တာကိုလည်း ကြည့်နိုင်တယ်။ နေ၀င်တာကိုလည်း ကြည့်နိုင်တယ်။ နောက်ထပ်တစ်ခုက အရမ်းအေးတဲ့ အချိန်တွေ ကျရင် အသုံးပြုဖို့ မီးလင်းဖိုတစ်ခု လုပ်ထားရမယ်။ ဘယ်လိုလဲ နင် ငါပြောသလို လုပ်မှာ လား”

“အင်းလုပ်မယ်လေ”

“နင် ကတိပေးလား”

“အင်းပါ ကတိပေးပါတယ်”

“ဒါဆိုပြီးရော”

နေလုံးဟာ စုံးစုံးမြှုပ်လုပါပြီ။ အိမ်အတွင်းမှာ အရမ်းမှော င်နေတာကြောင့် ခြူးလဲ့နွယ်က ပြတင်းတံခါးတစ်ခုကိုဖွင့်ဖို့ ကြိုးစာတယ်။ ဒါပေမဲ့ မလွယ်ကူဘူး ဖြစ်နေပါတယ်။

အဲဒီ အချိန်မှာ ပဲ..

“ကျိ ကျိ”

“အမယ်လေး”

မြေကြွက်ကြီးတစ်ကောင်က သူမခြေထောက်နှစ် ချောင်း ကြားကဖြတ်ပြေးသွားတာ ကြောင့် ခြူးလဲ့နွယ်က အလန့်တကြား ခုန်ရှောင်လိုက်တယ်။ ခြေလွတ်လက်လွတ် ဖြစ်သွားပြီးတော့ ပြန်အကျမှာ အောက်ကြမ်းခင်းမညီတာကြောင့် ခြေချော်ပြီး သူမယိုင်လဲ သွားပါတယ်။

အဲဒီ အခါ အနားမှာ ရှိတဲ့ အာကာက သူမလက်မောင်းသားနုနုကို အလျှင်အမြန်ဖမ်းဆွဲထား လိုက်တယ်။ ဒါပေမဲ့ ကတိုက်ကရိုက်မို့ သူမရဲ့ ကိုယ်အလေးချိန်ကို မနိုင်ဘဲ သူပါ သူမအပေါ် ထပ်လို့ လဲပြိုကျ သွားပါတယ်။

အရာရာက တပ်မက်ဖွယ် နူးညံ့လို့ သွားပါရဲ့ ။

အငွေ့အသက်တွေ က နွေးထွေးစွာ မြူဆွယ်ရိုက်ခတ်နေတယ်။ သူတို့နှစ် ယောက် စလုံးရဲ့ ငြိမ်သက်မှု က တိတ်ဆိတ်ခြင်းကို ပိုမိုကြီးစိုးလာစေပါတယ်။ အမှော င်ဟာ လွတ်လပ်ခြင်းနှင့် အတူ သွေးဆောင်ဖြားယောင်းရင်း ခံစားမှု ကို အမြင့်ဆုံးအထိရောက်အောင် ဆွဲခေါ်နေတယ်။ သွေးသား ဆန္ဒရဲ့ သိမ်သွင်းမှု မှာ သူတို့ရဲ့ ဆင်ခြင် ချုပ်ထိန်းနိုင်စွမ်းဟာ အမှော င်တိကျ သွားပါတယ်။

ပင့်သက်ရှိုက်သံ တုန်ယင်မောဟိုက်သံ..

ဆွဲငင်အားကြီးမားတဲ့ စက်ကွင်းတစ်ခုတွင်း သူတို့အတူတကွ ကျရောက် သွားပါ တော့တယ်။

♥ ♥ ♥


27th, March, 1956

Pyin Oo Lwin

ညဟာ တဖြည်းဖြည်းနှင့် နက်မှော င်ရင့်ရော်လို့လာပါပြီ။ လရောင် တစ်ဝက်တစ်ပျက်က အိမ်နံရံအပေါက်အပြဲတွေ ထဲမှ ထိုးဆင်းချောင်းမြောင်းနေတယ်။

မီးစာမရှိရင်တောင်မှ တောက်လောင်တတ်တဲ့ ရမ္မက်မီးလျံဟာ မီးစာရှိနေတော့ ငြိမ်းသတ် လို့မရနိုင်အောင် ဖြစ်နေတော့တာပေါ့။ အချိန်နာရီ နေရာဒေသအားလုံးကို သူတို့နှစ် ဦး လျစ်လျူရှု ထားကြလေရဲ့ ။

သူတို့ဟာ ဒီညကို ဒီအတိုင်းပဲ ကူးဖြတ်တော့မယ်လို့ စိတ်ဒုံးဒုံးချထားလိုက်ကြပါတယ်။ ဒါပေမဲ့ အခြေအနေက သူတိုစီစဉ်သလို ဖြစ်ခွင့်မပေးပါဘူး။

အာကာရေ အာကာ မင်း ဒီမှာ ရှိနေလား“

ခေါ်သံနှင့် အတူ မီးရောင် တ၀င့်ဝင်နဲ့ အိမ်အိုကြီးအတွင်းသို့ ချမ်းသာဝင်ရောက်လာပါတယ်။ သူတို့နှစ် ဦး ကပျာကယာ လူးလဲထလိုက်ရရဲ့ ။

အာကာ နည်းနည်း တော့ ရှုတင်းတင်း ဖြစ် သွားပါတယ်။

“ချမ်းသာ မင်းဘာလုပ်တာလဲကွာ”

“ငါတောင်းပန်ပါတယ် အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပါကွာ။ မင်းတို့ကို ငါလိုက်ရှာ နေတာ နှံ့နေပြီ နောက်ဆုံး ဘယ်မှာ မှ မတွေ့ လို့ ရှိလိမ့်နိုးနိုးနဲ့ ဒီလာကြည့်တာ”

“မင်းက ငါတို့ကို ဘာလို့ လိုက်ရှာနေတာလဲ”

“ခြူးလဲ့နွယ်ရဲ့ မိဘတွေ အရမ်းစိတ်ပူနေပြီ အခုအချိန်ထိ သူတို့သမီး ပြန်မရောက်သေးလို့ ဆိုပြီး မင်းအိမ်ကို လိုက်လာတယ်။ ငါ့ကိုလည်း လာမေးတယ်။ မင်းကောခြူးလဲ့နွယ်ကော ပျောက်နေတာကြောင့် ရဲ အကြောင်းကြားပြီးတစ်မြို့လုံး လိုက်ရှာနေပြီ”

“ဟင် ဒါဆိုဒုက္ခပါပဲ”

ခြူးလဲ့နွယ် ထိတ်လန့် သွားပါတယ်။ အာကာ့မျက်လုံးကို သူမ တုန်တုန်လှုပ်လှုပ်ကြည့် တယ်။

“ဒါဆို ငါ အိမ်ပြန်မှ ဖြစ်မှာ ပေါ့့။ အာကာ ငါအိမ်ပြန်လိုက်ဦးမယ်နော်”

“ပြန်မနေပါနဲ့တော့နွယ်ရယ် ငါတို့နှစ် ယောက် ပေါင်းပြီး ဘ၀အသစ်တစ်ခုကို တည်ဆောက် လိုက်ကြရအောင်လေ”

“မ ဖြစ်ဘူး အာကာ အခုအချိန်မှာ ဘယ်လိုမှ မ ဖြစ်နိုင်သေးဘူး”

“ဘာ ဖြစ်လို့လဲနွယ် ငါက ဆင်းရဲလို့လား”

“မဟုတ်ဘူး အာကာ ငါဆိုလိုတာက အဲဒါမဟုတ်ဘူး။ အခုအချိန်မှာ ငါက အသက်မပြည့် သေးဘူး။ အဲဒါကြောင့် ငါ ဘယ်လောက်ပဲကြည်ဖြူ ကြည်ဖြူ ငါ့မိဘတွေ သဘောမတူရင် နင် အကြီးအကျယ် ဒုက္ခရောက်သွားမှာ ပေါ့။ ငါက မိန်းမသားပါဟာနာစရာရှိရင် ငါက နာရတာ ပါ။ ဒါပေမဲ့ နင် ဒုက္ခရောက်မယ်ဆိုတာကို ကြိုသိနေပါရက်နဲ့ ဇွတ်မတိုးချင်ဘူး။ နင်ဒုက္ခရောက်မှာ ကို ငါမလိုလားဘူး။ နင် ဒုက္ခမရောက်ရင် ငါ ကျေနပ်တယ်အာကာ”

မိန်းမသား တစ်ယောက် အနေနဲ့ ကြီးမားတဲ့ခြူးလဲ့နွယ်ရဲ့ ပေးဆပ်ခြင်းဟာ ရဲရဲတောက်ပါပဲ။ အာကာ ခေါင်းငိုက်စိုက်ကျ သွားပါတယ်။ သူ့ရင်ဟာ ပြင်းပြင်းထန်ထန် စူးကျဉ်လို့သာ နေလေတော့ ရဲ့ ။

“ငါတို့ရဲ့ အချစ်ဟာ စစ်မှန်တယ်ဆိုရင် တစ်နေ့မှာ ငါတို့ မလွဲမသွေပေါင်းရမှာ ပေါ့ ဟာ အကာရယ်”

ခြူးလဲ့နွယ်က အနာဂတ်အတွက် နိမိတ်ဖတ်ပါတယ်။ အာကာ ကတော့ စကားမဆိုနိုင်ရှာဘဲ တနုံ့နုံ့ဝမ်းနည်းနေတယ်။ ချမ်းသာက သူတို့နှစ် ယောက် ရဲ့ ဖြစ်ပွားမှု ကို သုံးသပ်ကြည့်တယ်။ အနေအထားက ခန့်မှန်းရ သိပ်လွယ်ကူနေပါတယ်။

ခြူးလဲ့နွယ်က သူမအ၀တ်အစားတွေ မှာ ပေကျံနေတဲ့ ဖုန်မှု န်တွေ ကို စင်အောင် ခါထုတ် တယ်။ ပြီးတော့မလှမ်းချင် လျမ်းချင်ခြေလှမ်းတွေ နဲ့ အိပ်ခန်းတွင်းက တရွေ့ရွေ့ထွက်သွားတယ်။ ချမ်းသာက အာကာ့ပခုံးကိုဖက်ပြီး နှစ် သိမ့်အားပေးရင်း နှစ် ယောက် သား ခြူးလဲ့နွယ်နောက်က လိုက်လို့ ပို့ဆောင်ပေးကြပါတယ်။

တိတ်ဆိတ်မှု ရဲ့ အခင်းအကျင်းက ဝေဒနာအမှိုက်သရိုက်တွေ နဲ့ ကြပ်ဆို့လေးလံနေ ချေရဲ့ ။

အချိန်က ညဥ့်ဦးယံကိုလွန်မြောက်လာ နီပါပြီ။ ခြူးလဲ့နွယ်တို့မိသားစု ငှားရမ်းနေထိုင်တဲ့ အိမ်ရှေ့ကို သူတို့သုံးယောက် ရောက်သွားတော့ ရဲတွေ လူကြီးတွေ ရှုပ်ယှက်ခတ်နေ ပါတယ်။

ခြူးလဲ့နွယ်က သူမ မိခင်ဒေါ်သိင်္ဂီနွယ်ထံ အပြေးတစ်ပိုင်း ချဉ်းကပ်လို့ သွားပါတယ်။

“မာမီ သမီးကို လိုက်ရှာနေတယ်ဆို”

“ဟုတ်တယ် အခု ညဆယ်နာရီ ကျော်နေပြီ မပြောမဆိုနဲ့ ဘယ်လျှောက်သွားနေတာလဲ”

“အဲ့ဒါ သူ့အပြစ်မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော့်အပြစ်ပါ ကျွန်တော် နာရီမကြည့်မိလို့ အခုလို ဖြစ်သွားရတာ ပါ။ ကျွန်တော့်  ပေါ့ဆမှု အတွက် တောင်းပန်ပါတယ်”

အာကာက ချစ်သူရှေ့မှ ရပ်တည်ကာ အနူးအညွတ်ကာကွယ်ပေးပါတယ်။ အဲဒီ မှာ ခြူးလဲ့နွယ်ရဲ့ ဖခင် ဦးအံ့ကျော်က အာကာ့ကို တွန်းထုတ်ပစ်လိုက်ပါတယ်။

“ငါတို့ မိသားစုချင်းပဲ စကားပြောချင်တယ်။ မင်း ၀င်မပါနဲ့ ဘေးဖယ်နေ”

အာကာ့ကို ချမ်းသာက ဆွဲထားလိုက်ရတယ်။ ဦးအံ့ကျော်က ခြူးလဲ့နွယ် မျက်နှာကို ခပ်မာမာ ကြည့်ပါတယ်။

“ဒီအချိန်မှ ပြန်လာရအောင် နင်တို့ ဘယ်တွေ သွားပြီး ဘာတွေ လုပ်နေကြတာလဲ ငါ့ကို ပြောစမ်း”

သမီးဇောနဲ့ ဦးအံ့ကျော်တော် တော် ဒေါသထွက်နေပါပြီ။ ခြူးလဲ့နွယ်ခမျာမှာ တော့ ခပ်ရို့ရို့ရပ် ရင်း ခေါင်းလေးငုံ့ထားပါတယ်။ ရဲအရာရှိတွေ ရှေ့မှာ လည်း ဖြစ်တာမို့ ဒေါ်သိဂိံနွယ်ဆို ရှက်လို့ မဆုံး ဖြစ်နေပါတော့တယ်။

“ဒီကောင်လေးနဲ့ တွဲ တာကိုကို သမီးရပ်သင့်ပြီ။ သူစိမ်းယောက်ျားလေး တစ်ယောက် နဲ့ ည ဆယ်နာရီကျော်အထိ လျှောက်သွားတယ်ဆိုတာဟာ မိန်းကလေး တစ်ယောက် အနေနဲ့ ဘယ်လိုမှ မသင့်လျှော်ဘူး။ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးပြီး ဆယ့်ခုနစ်နှစ် လုံးလုံး ပိုးမွေးသလို မွေး ပြီးတော့ ပြုစုပျိုးထောင်လာခဲ့တာ။ ဘာမဟုတ်တဲ့ ကောင်လေး တစ်ယောက် လက်ထဲကို ထိုးအပ် လိုက်ဖို့ မဟုတ်ဘူး”

“အာကာက ဘာ ဖြစ်နေလို့လဲ မာမီရယ်၊ အာကာက လူကောင်း တစ်ယောက် ပါ”

ခြူးလဲ့နွယ် မ၀ံ့မရဲလေးပြန်ပြောတယ်။ သူမ ပြောတာဟာ အမှန်တရာတစ်ခုဆိုရင် တောင် ဒေါ်သိင်္ဂီနွယ်က လက်သင့်မခံပါဘူး။

“သူက သမီးနဲ့မှ မတန်ဘဲ သမီးရယ်”

“တန်ပါတယ် မာမီရယ် ဘာလို့ မတန်ရမှာ လဲ”

“သူနဲ့သမီးက အဆင့်အတန်းချင်း မတူဘူး”

“ဒါပေမဲ့ သူ့ကိုပဲ သမီးချစ်တယ်။ လက်ထပ်ရင်လည်း သူနဲ့ပဲ လက်ထပ်မယ်”

“စိတ်ကူးမယဉ်စမ်းပါနဲ့ သမီးရယ်။ သမီးအသက်က အခုမှ ငယ်ငယ်လေးပဲ ရှိပါသေး တယ်။ ဘ၀အကြောင်း ခံစားမှု အကြောင်းတွေ ဘာမှ မသိသေးပါဘူး။ တကယ်တော့ လူငယ်တွေ ရဲ့ အချစ်ဟာ ကောက်ရိုးမီးလိုပါပဲ။ တရှိန်ထိုး တဟုန်းဟုန်း တောက်လောင်ပြီး ကြာတော့လည်း ဘာမှမဟုတ်တော့ဘဲ မေ့ပျောက်ငြိမ်းသေသွားကြတာပါ။ သမီးလည်း အခုခံစားနေရ တာတွေ ဟာ နောင်တစ်ချိန်မှာ ရယ်စရာ ဖြစ် သွားပါလိမ့်မယ်”

“ဟင့်အင်း မာမီ အာကာနဲ့ ပတ်သက်တဲ့သမိးရဲ့ ခံစားမှု တွေ ဟာ ရယ်စရာ ဖြစ်သွားရ လောက်တဲ့အထိ မသေးနုတ်ပါဘူး။ သမီးရင်ထဲမှာ သူ့ကိုဘယ်တော့မှ မေ့ပျောက်မသွားမှာ သိပ်ကို သေချာတယ်။သူ့ကို သမီး အရမ်းချစ်တယ်။သူ့ကိုပဲ သမီးလက်ထပ်မယ်”

“တိတ်စမ်း သမီး မ ဖြစ်နိုင်တာတွေ မပြောစမ်းပါနဲ့ သမီးနဲ့ သူ့ကို လုံးဝ သဘောမတူ နိုင်ဘူး။ သမီးက သူ့အတွက် မဟုတ်ဘူး။ သမီးက ရွှေပေါ်မြတင် မွေးထားတာ။ သူက အဆင့်မရှိ တဲ့ ကလေကချေ အောက်တန်းစား..”

ကလေးကချေ အောက်တန်းစား ကလေကချေ အောက်တန်းစား..

အဲဒီ စကားသံဟာအာကာ့နားထဲမှာ ထစ်ချုန်းပြီး နှလုံးသားကို အဆိပ်ဆူးတစ်ချောင်းလို စိုက်ဝင်ထိုးမွေး သွားပါလေရဲ့ ။

အာကာ အောင့်အောင့်မျက်မျက် ရှနာရှက်ရွံ့ သွားပါတယ်။ အခံရခက်စွာ တစ်ခုခု ပြန်ပြော ဖို့ ရှေ့တိုးလိုက်စဉ်မှာ ပဲ ချမ်းသာက သူ့လက်ကို ဆွဲကာ တားထားတယ်။ ဒါကြောင့် စိတ်ကိုထိန်း ပြီး ဘာမှ ပြန်ပြောတော့ဘဲ ဒီနေရာက ခွာဖို့ လှည့်ထွက်လိုက်တယ်။

အဲဒီ အခါ ခြူးလဲ့နွယ်က သူ့အနား အပြေးရောက်လို့ လာပါတယ်။

“အာကာ နင်သွားတော့မလို့လား”

“ဟုတ်တယ် ငါသွားတော့မယ်။ အဆင့်ရှိတဲ့ လူတွေ နေတဲ့နေရာမှာ အဆင့်မရှိတဲ့ ငါလို ကလေကချေ အောက်တန်းစားက ဆက်ရှိနေဖို့မှ မလိုအပ်တာ။ အပို ဖြစ်နေတဲ့ အတူတူ ငါထွက် သွားတာက အားလုံးအတွက် အကောင်းဆုံး ဖြစ်မှာ ပါ”

အာကာက ခေါင်းငုံရင်း ဆက်လျှောက်သွားတယ်။ ခြူးလဲ့နွယ်က အာကာ့လက်ကို ဆောင့် ဆွဲပြီး အာကာ့ရှေ့မှာ ပိတ်ရပ်လိုက်ပါတယ်။

“နင့်ကို မလိုတဲ့ လူတွေ ထဲမှာ ငါ တစ်ယောက် မပါဘူးလေဟာ။ အာကာ နင့်ကိုငါ တောင်း ပန်ပါတယ်။ ဘယ်လို တောင်းပန်ရမယ်ဆိုတာတောင် မသိတော့ဘူး”

“ရပါတယ် ကိစ္စမရှိပါဘူး။ ဖယ်ပါ ငါသွားတော့မယ်”

“နင့်ကိုငါ မသွားစေချင်ဘူး။ နင်ထွက်သွားရင် နင်နဲ့ငါ တစ်သက်လုံး ဝေးသွားရမှာ လိုမျိုး ငါကြောက်နေမိတယ်။ ပြင်လို့မရတော့တဲ့ ငါ့ရဲ့ ဆုံးဖြတ်ချက်ဟာ မှားသွားပြီလား ပြောစမ်းပါဦး အာကာရယ်။ နင့်စကားကို နားမထောင်ဘဲ ငါဒီလို ပြန်လာမိတာ မှားသွားပြီလား…”

“နင်မမှားပါဘူးဟာ။ နင် ဆုံးဖြတ်တာ မှန်ပါတယ်။ နင်နဲ့ ငါဟာ တကယ်လည်း အဆင့် အတန်းချင်းကွာခြားလွန်းပါတယ်။ နင်က ဘ၀မှာ တက်လမ်းတွေ ရှိတယ်။ အကောင်းဆုံးဆိုတာ တွေ ကို ပိုင်ဆိုင်တယ်။ ငါ့မှာ တော့ အကောင်းဆုံး ဆိုတာတွေ တစ်ခုမှမရှိဘူး။ အဖျင်းဆုံး အညံ့ ဆုံးဆိုတာတွေ ပဲ ရှိတယ်။ပြီးတော့ ငါ့မှာ ငါ့ကို ပြည့်ပြည့်စုံစုံ ထားနိုင်တဲ့ ပိုက်ဆံဆိုတာလည်း မရှိ ဘူး..”

ပြောနေရင်းတန်းလန်း အာကာ့အသံတွေ တုန်ယင်အက်ကွဲလာတယ်။ သူ့ကိုကြည့်ပြီး ခြူး လဲ့နွယ်ရဲ့ မျက်ဝန်းမှာ လည်း မျက်ရည်တွေ စိုလဲ့စိမ်းအိုင်လာပါတယ်။ သူမဟာ အာကာ့လက်ကို မလွတ်ဘဲတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လို့ထားဆဲပါပဲ။

“အဲဒီ ငွေတွေ ဂုဏ်တွေ ကို ငါ မမက်မောပါဘူး။ အာကာရယ်။ ငါ တကယ်တမ်း မက်မောတာ နင့်ကိုပါဟာ။ နင်နဲ့နင့်အချစ် ရှိနေရင်ဘဲ ငါ့အတွက် ပြည့်စုံနေပါပြီ။ နင့်ကို ငါ အဆုံး ရှုံးမခံနိုင်ဘူး။ ငါ ဘာပြောချင်တယ်ဆိုတာ နင်နားလည်မှာ ပါ”

“ငါ နားလည်ပါတယ်။ နွယ်ရယ်၊ ဒါပေမဲ့ ငါတို့ တစ်ယောက် ကို တစ်ယောက် နားလည်သ လိုမျိုး တခြားလူတွေ က ငါတို့ကိုမှ နားလည်မပေးနိုင်တာ။ ငါတို့အတွက် ပျော်ရွှင်စရာ အခွင့်အခါ ဆိုတာတွေ ရှိလာဦးမှာ ပါဟာ။ အခုလောလောဆယ်တော့ ဒီနေရာကလေ ကလေကချေ အောက် တန်းစား ငါ့ကို သွားခွင့်ပြုပါဦးနွယ်”

အာကာက ဒဏ်ရာရနတဲ့ မျက်ဝန်းတွေ ခြူးလဲ့နွယ်ကို စိမ့်စိမ့်စူးစူးကြည့်တယ်။ ပြီးတော့ သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ သူမလက်ချောင်းလေးတွေ ကို ဆွဲဖြည်တယ်။

နောက်သူမကို ဖယ်ကာ ရပ်ထားတဲ့ ခြေထောက်တွေ ကို အသွက်လက်ဆုံး လှုပ်ရှားပစ် လိုက်ပါတော့တယ်။

“အာကာ နေဦးလေ”

ခြူးလဲ့နွယ်က အာကာ့နောက်ကို ပြေးလိုက်ဖို့ စတင်ခြေလှမ်းတယ်။ ဒါပေမဲ့ သူမ လက်ချောင်းတွေ ဟာခပ်ကြမ်းကြမ်း ဖမ်းဆွဲခြင်းခံလိုက်ရပါတယ်။ သူမကို ဆွဲယူသူ ကတော့ သူမရဲ့ ဖခင်ပဲပေါ့။

ခြူးလဲ့နွယ်က အတင်းဘဲ ရုန်းကန်ပါတယ်။

“မဆွဲနဲ့ဟာ လွှတ်…”

“တော် လောက်ပြီ နင် သူနဲ့ ဆက်မတွေ့ ရတော့ဘူး ဒါနောက်ဆုံးပဲ”

“မဟုတ်ဘူး ဒါနောက်ဆုံး မဟုတ်ဘူး ဘယ်တော့မှ မဆုံးဘူး လွှတ်ဟာ လွတ် အာကာ အာကာ”

လွတ်မြောက် မရုန်းကန်နိုင်ရှာဘဲ ခြူးလဲ့နွယ်ဟာ အာကာ့နောက်ကို မလိုက်နိုင်ပေမယ့် သူမရဲ့ အော်သံစူးစူးလေး ကတော့ အာကာ့နောက်ကို အလျှင်မြန်ဆုံးနှုန်းနဲ့ အပြေးလိုက် သွားပါ တော့တယ်။

အာကာဟာ ခြေလှမ်းတွေ တုံပြီး နောက်ကို ပြန်လှည့်ကြည့်ပါတယ်။ ခြူးလဲ့နွယ်ကလည်း သနားစဖွယ် တွန်းထိုးရုန်းကန်နေရင်းပဲ အာကာ့ကို လှမ်းကြည့်တယ်။

လမ်းခုလတ်မှာ ဝေဒနာအရိပ်လွှမ်းနေတဲ့ အကြည့်ချင်း ဆုံတွေ့  ဖြစ်ကြပါတယ်။

မိနစ်ဝက်တစ်ပျက်မျှသာ..

အလင်းကွဲညဟာ ဒဏ်ရာတွေ နဲ့ တစက်စက်နဲ့

အာကာ ဆက်လက်ပြေးထွက် သွားပါတယ်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ လင်းညှို့သွေး ၏ “ ဒဏ်ရာစက်လက် ဒိုင်ယာရီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ချစ်သူခိုင်းဖတ်

သူငယ်ချင်းအတု

ရွှေမင်းသမီးရဲ့ ပျော်တော်ဆက်