Cover

(နိဒါန်း)

ရှင်သန်ခြင်းအတွက် ရှေ့ဆန်ရန်သာ ရည်စူးထားသော ခြေလှမ်းတို့က မိမိဖြတ်သန်းခဲ့ရ သည့် ခြေရာဟောင်းတွေ ကို ပြန်လည်မှန်းဆလျက် သတိရနေမိ၏ ။ သမိုင်းတစ်ခေတ်၌ ဖြစ်တည်ခဲ့ ဖူးသည့် ရွှေမင်းသမီးနှင့် ပျော်တော် ဆက်ကလေး၏ ဒဏ္ဍာရီဆန်သော ပုံရိပ်များ က မှတ်ဉာဏ်တို့ အား တစ်ဖန်လှုပ်နှိုးနေပြန်ပါပြီ။ ရင်တစ်ခြမ်း၌ လန်းဆန်းမွှေးမြဆဲ ပန်းကလေးတစ်ပွင့်နှင့် နွယ်ဆက်ပတ်သက်မှု အဖုံဖုံက ခံစားမှု အာရုံ၌ လင်းဖျစွာ နိုးထလို့လာ၏ ။

ထို့ကြောင့် . . .

ပုံပြင်ဆန်သော အ ဖြစ်အပျက်တစ်ခုအကြောင်းကို လွမ်းဆွတ်မှု များ ဖြင့် အမှတ်ရစွာ ဖွင့်ဟ လိုက်ပါရစေ. . .။

* * * * *


အခန်း (၁)

တစ်ခါက. . .

တိုးတက်မှု နည်းပညာထဲမှာ . . .

နာမ်ဝိဉာည်သက်သက်နဲ့

ငါတို့ ရင်ခုန်သံချင်း စက်ယှက်ခဲ့ကြတယ်။

တစ်ခါက. . .

ကြိုးပြတ်မယ်မှန်း သိပါလျက်. . .

အဲ့ဒီ့ စောင်းတစ်လက်တည်းကိုပဲ

ငါတို့ ထပ်တလဲလဲ တီးခတ်ခဲ့ကြတယ်။

တစ်ခါက. . .

တသီကလင်နိုင်လွန်းတဲ့

အသည်းကွဲသာရုံ အလွမ်းတွေ ကြောင့်

ငါတို့ စိမ်ပြေနပြေ ကျွမ်းမြိုက်ခဲ့ကြတယ်။

တစ်ခါက . . .

မက်မပြေ သစ်သီးတွေ ကို

မီးကြွေတိုက်အတွင်းမှာ စားသုံးရင်း

ငါတို့ မျှော်လင့်ခြင်းတွေ စားသုံးရင်း

ငါတို့ မျှော်လင့်ခြင်းတွေ သိမ်ဖျင်းခဲ့ကြတယ်။

တစ်ခါက. . .

ရင်ခုန်သံ သမိုင်းတစ်ခုအား ပြန်လည်တူးဖော်ခြင်း

ရွှေမင်းသမီးနှင့် ပျော်တော် ဆက်ကလေး၏ ဒဏ္ဍာရီဆန်သော ဇာတ်လမ်းလေးသည် ပတ်သက်မှု အစကို ပုံမှန်မဆန်ဘဲ ဆန်းကြယ်စွာ ဖြင့် အင်တာနက် (Internet) လောကထဲမှာ သန္ဓေတည်ခဲ့ကြတာပါ။ ကမ္ဘာပေါ်မှာ အကြီးဆုံး Computer System ဖြစ်သော Information Technology ခေတ်ကြီး၌ လူအများ အပြား သုံးစွဲနေကြသည့်အရာ ဖြစ်သည်။

ထိုကဲ့သို့သော လူပေါင်းများ စွာ ထဲမှပင် သူတို့နှစ် ဦးက ထူးခြားစွာ တွေ့ ဆုံ ဖြစ်ခဲ့ကြပါသည်။ သူရဟု အမည် တွင် သော ကောင်လေးသည် G-mail အသုံးပြုရင်း ပန်းကလေးဆိုသော ကောင်မ လေးနှင့် သိကျွမ်းသွား၏ ။ ဒါကပင်. . . ရှိန်ဟုန် ပြင်းပြင်းစီးဆင်းမည့်  မြစ်တစ်စင်း၏ အချက်ပေး ခရာသံ ဖြစ်၏ ။

ထိုမှစ၍ သူတို့နှစ် ဦးသည် G.talk စကားပြောလိုက် e-mail တွေ ပို့လိုက်နှင့် ရင်းနှီးမှု က တစ်နေ့တစ်ခြား ကြီးထွားလို့လာ၏ ။ ပန်းကလေး၏ အမည် ရင်းမှာ ပန်းမကိုဋ် ဖြစ်ပေမယ့် သူရက တော့ ‘ပန်း’ ဟုသာ ခေါ်လေသည်။ ပန်းကလေးကလည်း သူရအား ‘သူ’ ဟု တစ်လံးတည်းသာသုံး ၏ ။

ဓာတ်ပုံချင်း အလဲအလှယ်လုပ်ြ ကတော့ သူရက သူငယ်စဉ်းတုန်းက ရိုက်ထားသော ကလေးပိစိကွေး ဓာတ်ပုံလေးကို ရိုက်ထည့်လိုက်သကဲ့သို့ ပန်းကလေးကလည်း အားကျမခံ ယောဂီဝတ်စုံကြီးဖြင့် တရားထိုင်နေသော သူ့အဘွားပုံအား ပို့လိုက်၏ ။ ထိုမှစပြီး သူတို့နှစ် ဦးသည် တစ်ယောက် ကို တစ်ယောက် ပုံထပ်မတောင်ြး ကတော့ချေ။

လူချင်း မမြင်ဖူးသော်ငြားလည်း သူတို့သည် တစ်ယောက် အကြောင်းကို တစ်ယောက် က မသိတာဟူ၍ မရှိတော့သလောက် ပွင့်လင်းရင်းနှီးသွားကြလေသည်။ မထင်မှတ်ပါဘဲ တွေ့ ဆုံကာ အပျော်တမ်းသက်သက် စတင်ခဲ့သော သူတို့နှစ် ဦး၏ ပတ်သက်မှု မှာ တစ်စတစ်စဖြင့် လေးနက်မှု တို့ စွက်ဖက်လာ၏ ။

ပန်းကလေးဟာ ကိုယ့်ရှင်သန်မှု အား ကိုယ်မပိုင်ထားသော သူမဘ၀ကို ၀မ်းနည်းစိတ်ပျက် ကြောင်းတွေ ရင်ဖွင့်တတ်၏ ။ အမြဲလိုလို စိတ်ညစ်နေတတ်သော ပန်းကလေးသည် သူမပြုံးပျော် စေရန်အတွက် သူရ ပြောပြလေ့ရှိသည့် စိတ်ရွှင်စရာ ဟာသအကြောင်းလေးများ ကို အလွန်နှစ် သက်၏ ။ ဒါကလည်း သံယောဇဉ်ငြိတွယ်စေခြင်း၏ အကြောင်းတစ်ရပ်ပင် ဖြစ်ပေလိမ့်မည် ။

သူရ၏ ဗီဇအခံကိုက သနားစရာဆိုလျှင် သူတစ်ပါးထက် ပိုသနားတတ်ပြီး ခံစားစရာရှိ လျှင်လည်း သူများ တွေ ထက် ပိုခံစားတတ်လေ့ရှိသည့် ခံစားမှု ပြင်းထန်သူတစ်ဦး ဖြစ်သည်။ သို့သော် သူက သူ့ ခံစားချက်မှန်သမျှကို အစဉ်သိုဝှက်ထား၏ ။ ထို့ကြောင့် ရင်းနှီးစွာ ပတ်သက်ဖူး သူများ က သူ့ကို လျှို့ဝှက်လွန်းသူဟု ဆိုကြသည်။ ခံစားချက်အမှန်ကို မျိုသိပ်၍ အလွန်ဟန်ဆောင် ကောင်းသူဟုလည်း သမုတ်ကြသည်။

သူရသည် အသက်ငယ်ငယ်နှင့် စိတ်ဆင်းရဲနေရရှာသော ပန်းကလေးအား လွန်စွာ သနား နေသည်။ ထိုသနားမှု ကို အခြေတည်ကာ နောက်ဆက်တွဲ အကြောင်းအရာများ ဆင့်ကဲဆင့်ကဲ ဖြစ် ပေါ်လာလိမ့်မည် ဟုတော့ အစက သူ မတွေးမိခဲ့ချေ။

အမြဲလိုလို စိတ်ရှုပ်နေတတ်သော ပန်းကလေး ပျော်ရွှင်စေရန်အတွက် သူရက ကိုယ်တွေ့  ဖြစ်ရပ်များ နှင့် နိုင်ငံခြားဟာသလေးများ ကို e-mail ပို့၍ ဖြစ်စေ၊ Chat Box ထဲ၌ ဖြစ်စေ ပြောပြလေ့ ရှိသည်။ ကြာလာတော့ ပန်းကလေးကပင် သူနှင့် Online တွေ့ တိုင်း ဟာသလေးများ ပြောခိုင်းလာ ၏ ။

‘ဟေ့. . . သူ တို့ကို ဟာသပြောပြ’

‘အင်း. . . ပြောပြပါ့မယ်. . .’

‘ဘာအကြောင်း ပြောမှာ လဲ. . .’

‘ပြည့်ဖြိုးအောင်ဆိုတဲ့ ကိုယ့်သူငယ်ချင်း တစ်ယောက် အကြောင်းကိုပေါ့. . .’

‘အဲ့ဒီ ပြည့်ဖြိုးအောင်က ဘာ ဖြစ်လို့လဲဟင်. . .’

‘ဒီလို ပန်းရဲ့ ၊ တစ်နေ့မှာ ပြည့်ဖြိုးအောင်က သူ ၀မ်းချုပ်နေတယ်လို့ ကိုယ့်ကိုလာပြော တယ်၊ အဲ့ဒါကြောင့် ကိုယ်က ဆေးဆိုင်မှာ ၀မ်းချူတောင့်တွေ ဆယ်ခုတောင် ၀ယ်ပေးလိုက်တယ်’

‘အဲ့ဒါနဲ့ ဘာ ဖြစ်လဲ’

‘နောက်နေ့ကျတော့ ကိုယ့်ဆီကို သူ ထပ်ရောက်လာတယ်၊ ၀မ်းချုပ်နေတုန်းပဲတဲ့၊ အဲ့ဒါနဲ့ ကိုယ်က ၀မ်းချူတောင့်တွေ ရောလို့ မေးလိုက်တော့ ကုန်ပြီတဲ့. . .’

‘ဟင်. . . ဒီလောက် အများ ကြီးကို. . .’

‘အေးလေ. . . အဲ့ဒါကြောင့် ကိုယ်ကလည်း ရွဲ့ပြီးတော့ ဒီလောက်ဝမ်းချူတောင့်တွေ အများ ကြီးကို တစ်နေ့တည်းကုန်ရအောင် မင်းဖောက်သောက်ပစ်လိုက်လို့လားလို့ မေးလိုက်တယ်၊ အဲဒီ မှာ သူက ဘာပြန်ပြောတယ်ထင်လဲ’

‘ဘာပြန်ပြောလဲဟင်. . .’

‘မင်း ၀ယ်ပေးတာတွေ ကို ငါက ဖောက်မသောက်လို့ ဘာလုပ်ရမှာ လဲ၊ စအိုထဲ ထိုးထည့် ရမှာ လားတဲ့လေ. . .’

‘ဟယ်. . . ခစ်. . . ခစ်. . . ခစ်. . . အံ့ရောပဲ’

ပန်းကလေးပျော်ရွှင်နေလျှင် သူရသည် တိတ်တဆိတ် ကျေနပ်နေ၏ ။ မမြင်ဖူးပါဘဲနှင့် ပန်းကလေးက သူ့ကို နူးညံ့သိမ်မွေ့စွာ အပြည့်အ၀ ဖမ်းစားလို့ထား၏ ။ ပန်းကလေး၏ e-mail များ ကို စောင့်မျှော်ရင်းဖြင့် ပင် သူ့နေ့ရက်တို့ လှပသစ်လွင်လာခဲ့ပါသည်။

တစ်ခါတစ်ရံ Internet connection မကောင်းသော ကြောင့် အဆက်အသွယ်မရသော နေ့ရက်များ တွင် သူ့ရင်၌ တစ်ခုခုလိုအပ်နေသကဲ့သို့ မောလျလစ်ဟာကာ နေမထိ ထိုင်မသာ ဖြစ်ရ ၏ ။ မမြင်ဖူးသော လူ တစ်ယောက် အား ဤမျှထိ စုံမက်စွဲလမ်းနေမိသည့်အ ဖြစ်ကြောင့် ကိုယ့်ကိုယ် ကိုပင် စိတ်မှ မှန်သေးရဲ့ လားဟု စမ်းစစ်ကြည့်ရပါသေးသည်။

အချိန်တွေ ကြာလာတာနှင့် အမျှ စွဲလမ်းမှု များ ကြီးစိုးလာပြီး မြတ်နိုးခြင်းတို့က နှလုံးသား အား လက်ဝါးကြီးအုပ်လျက် ချစ်စိတ်များ က မရိုးမရွ ထကြွသော င်းကျန်းကြသဖြင့် မတတ်သာ တော့သည့်အဆုံးမှာ သူ့ရင်ခုန်သံတို့အကြောင်းကို ပန်းကလေးအား Online ပေါ်မှ လှစ်ဖော်ပြသ လိုက်ရတော့သည်။

ဘယ်လိုများ တုံ့ပြန်လေမလဲဟူသော စိုးတထိတ်ထိတ်စိတ်ဖြင့် ပန်းကလေးထံမှ e-mail ကို စောင့်မျှော်နေပေမယ့် e-mail က မပြန်။ G.talk သို့လည်း မလာ။

ဥပေက္ခာတရားများ ကို ပန်းကလေး ကျင့်သုံးသွားလေပြီလား. . .။

မှားသွားပြီ. . . ဆိုသော အတွေးလှိုင်းတို့ဖြင့် သူရ ရက်အတန်ကြာကြေကွဲသွားရသေး၏ ။ သို့ရာတွင် တစ်ညမှာ တော့ ခံစားမှု ချင်း ထပ်တူညီသည့် ပန်းကလေးထံမှ သူ့မေတ္တာကို ကြည်ဖြူစွာ လက်ခံကြောင်း e-mail ၀င်လာသဖြင့် သူရမေတ္တာကို ကြည်ဖြူစွာ လက်ခံကြောင်း e-mail ၀င်လာသဖြင့် သူရ အရမ်းတအား ပျော်ရွှင်ကြည်နူးသွားရလေသည်။

ဤသို့ဖြင့် အံ့သြဖွယ်ရာ ကောင်းလှစွာ သူတို့နှစ် ဦး ချစ်သူ ရည်းစားတွေ ဖြစ်သွားခဲ့ကြပါ သည်။ သူတို့သည် တစ်ယောက် ကို တစ်ယောက် မမြင်တွေ့ ဖူးကြပါပဲနှင့် မြတ်နိုးစုံမက်သွားကြ သည့် အချစ်သည် ဖြူစင်သန့်ရှင်းပြီး မွန်မြတ်စင်ကြယ်လွန်းလှပေသည်ဟု သူတို့အ ဖြစ်ကို ဂုဏ်ယူ ကျေနပ်နေခဲ့ကြ၏ ။

တကယ်တမ်းမှာ တော့. . . သူတို့နှစ် ဦးစလုံးသည် ပိုးဖလံဆန်သူတွေ သာ ဖြစ်ပါသည်။

* * * * *


အခန်း (၂)

လူငယ်တို့၏ ဖြစ်စဉ်၌ ချစ်သူရည်းစားထားခြင်းသ်ည လှပသော ခံစားမှု တစ်ခု ဖြစ်သည်။ သူရနှင့် ပန်းကလေးသည်လည်း ချစ်သူတွေ ဖြစ်သွားသော အခါ စောင့်မျှော်ရသော e-mail များ မှာ ပို၍ မက်မောမျှော်လင့်ချင်စရာကောင်းလာ၏ ။

ထိုအချိန်၌ ပန်းကလေးက နာမည် ဂုဏ်သတင်း ကျော်ကြားလှသည့် မော်ဒယ်အေဂျင်စီ တစ်ခုမှာ သူမ မော်ဒယ်သင်တန်းတက်နေကြောင်း သူရထံ Message ပေး၏ ။ ပန်းကလေးသည် အနုပညာအား ထက်သန်စွာ ဖြင့် အလွန်ဝါသနာပါသည်ကို သူမ e-mail တွေ ထဲမှာ မကြာခဏ ပါနေကျမို့ သူရက အားပေးစကားများ ဖြင့် တိုက်တွန်းပေးလေ့ရှိသည်။

တစ်နေ့တစ်ခါတော့ သူရက ပန်းကလေးကို ဟာသတွေ ပြောပြရ၏ ။

‘ကိုယ့်သူငယ်ချင်း ဖိုးချစ်ဆိုတဲ့ မော်ဒန်ပန်းချီဆရာ တစ်ယောက် ခု ဒုက္ခရောက်နေတယ် ပန်းရဲ့ . . .’

‘ဘာ ဖြစ်လို့လဲဟင်. . .’

‘သူ ပုံတူဆွဲပေးနေတဲ့ ကောင်မလေးက မျက်လုံးကို အပြာရောင် ပြောင်းပေးပါဆိုလို့တဲ့လေ’

‘အဲ့ဒါများ ပြောင်းဆွဲပေးလိုက်ရောပေါ့. . .’

‘ပန်း. . . ပြောသလို ကိုယ်လည်း ပြောသားပဲ၊ ဒါပေမယ့် သူက မျက်လုံးကို ဘယ်နေရာမှာ ဆွဲထားမိသလဲဆိုတာ မသိတော့လို့တဲ့. . .’

‘အို. . . ခစ်. . . ခစ် ဖြစ်ရလေ။ မော်ဒန်ပန်းချီကားတွေ ကို တို့လည်း ကြည့်ဖူးတယ်၊ ဒါပေမယ့် ဘာတွေ ဆွဲထားမှန်းကို မသိဘူး၊ ဘယ်လိုမှ ခံစားလို့ မရဘူး၊ အလကား ဥစ္စာတွေ ပါ. .’

‘ကိုယ် မသိ နားမလည်လို့ ခံစားမရတိုင်း အလကားဥစ္စာတွေ လို့ မပြောရဘူး ပန်းရဲ့ ၊ ဘယ် အရာမဆို သူ့ အဓိပ္ပာယ်နဲ့ သူတော့ ရှိကြတာချည်းပါပဲလေ. . .’

‘ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျွန်မ မှတ်ထားလိုက်ပါ့မယ်ရှင့်. . .’

အဲ့ဒီလိုတွေ နှင့် ပေါ့. . .

သူတို့နှစ် ဦး ကြည်ာနူးခဲ့ကြဖူးပါသည်။

* * * * *


တစ်ခုရလျှင် နှစ် ခုလိုချင်သော လောဘစိတ်က ပုထုဇဉ်တိုင်း၌ ရှိပေလိမ့်မည် ။ ထိုကဲ့သို့ မချစ်သင့်သည့်ကြားမှ ချစ်လိုက်ကြသော ချစ်သူနှစ် ဦးသည်လည်း ရှေ့တိုး၍ တစ်ဆင့်တက်ရန် ကြိုးစားလာကြပြန်သည်။

ထိုဆန္ဒကို အကောင်အထည်ပေါ်အောင်တောင်းဆိုသူ ကတော့ ပန်းကလေးပင် ဖြစ်သည်။

‘တို့လေ. . . သူနဲ့ အပြင်မှာ တွေ့ ချင်တယ်၊ တို့နှစ် ဦး အပြင်လောကမှာ တွေ့ ကြရအောင်’

‘ဒီအတုင်းလေးပဲ နေသွားကြရအောင်လား ပန်းရယ်၊ အဆုံးသတ်က ဘာမှ ပိုထူးမလာနိုင် တဲ့ အတူတူ သတိရစရာတွေ ပိုများ အောင် မလုပ်ချင်ပါနဲ့လားကွာ. . .’

‘အဲဒီ လို မပြောပါနဲ့ သူရယ်၊ တို့က ရတဲ့အချိန်အပိုင်းအခြားလေးမှာ ချစ်သူနဲ့ ပျော်ပျော်ရွှင် ရွှင် နေသွားချင်လို့ပါ၊ တစ်ဘ၀စာ စိတ်ညစ်စရာတွေ အတွက် ပျော်ရွှင်မှု တွေ ကို တို့ရသလောက် သိမ်းဆည်းသွားချင်တယ်၊ သူပဲ တို့ကို စိတ်ချမ်းသာစေချင်တယ်၊ ပျော်ရွှင်စေချင်တယ်ဆို၊ ပြောလေ. . . ဟေ့’

‘အေးပါလေ. . . ဒါဆိုလည်း ကျွန်တော် မျိုး ပျော်တော် ဆက်ကြီးက သခင်မပန်းမကိုဋ်ရဲ့ ရွှေသဘောတော် မြတ်အတိုင်းပါပဲဗျာ. . .’

‘အဟင်း. . . ခစ်. . . ခစ် အဲဒီ လို လုပ်စမ်းပါ ငယ်ကျွန်ကြီးရဲ့ . . .’

ချားလ်(စ်)ဒါဝင်သည် အီဗော်လူးရှင်းသီအိုရီအတွက် ဘာသာရေး ကို ဆန့်ကျင်ခဲ့ရသည်။ သူရသည်လည်း ချစ်သူ၏ ဆန္ဒအတွက် ဆင်ခြင်တုံတရားကို မျက်ကွယ်ပြုပစ်လိုက်လေတော့၏ ။

‘ပန်း သရဲကြောက်တတ်လား’

‘ဟင်. . . ဘာလို့ မေးတာလဲ’

‘သြော်. . . သရဲကြောက်တတ်ရင် ကိုယ်နဲ့တွေ့ လို့ ဖြစ်မှာ မဟုတ်ဘူး၊ ပန်းမှာ က နှလုံး ရောဂါ အခံကလည်း ရှိတယ်လေ၊ အဲ့ဒါကြောင့် ပါ. . .’

‘အမယ်. . . မယ်၊ သူက အရေး ကြီးတာပါနော်၊ ချစ်ပါတယ်ဆိုတဲ့ လူက တော် ကြာတို့ကို မြင်မှ ရုပ်ဆိုးတယ်ဆိုပြီး အပြစ်မတင်နဲ့ နော်. . .’

‘ဒါတွေ က အရေး မကြီးပါဘူးကွာ၊ ကိုယ် ပန်းကို ချစ်တယ်ဆိုတာက မမြင်ဖူးဘဲနဲ့ စိတ်ထဲ နှလုံးသားထဲကနေ သနားတွယ်တာပြီး တစိမ့်စိမ့်ချစ်သွားတာပါ၊ ရုပ်လှတယ် မလှဘူးဆိုတာ တွေ က အဓိက မကျပါဘူး၊ ခုတည်းက ကြိုပြောထားလိုက်မယ်၊ ပန်းအပေါ်မှာ ထားတဲ့ ကိုယ့် မေတ္တာက ဘယ်လိုအကြောင်းမျိုးနဲ့မှ ပြောင်းလဲပျက်စီးမသွားမှာ သေချာတယ်၊ နောက်ဆုံးအချိန် ထိ ချစ်သွားမယ့်လူပါ ပန်းရယ်. . .’

‘ရုပ်လှဖို့ မလိုဘူးဆိုပေမယ့် ဘယ်သူမဆို ကိုယ့်ချစ်သူကို ကြည့်ပျော်ရှုပျော်လေးလောက် တော့ ဖြစ်စေချင်မှာ ပေါ့၊ တို့က အဲဒီ လို ကြည့်ပျော်ရှုပျော်လေးလောက်တောင်မှ မလှဘူး၊ သူ့ကို ဓာတ်ပုံမပေးတာကလည်း ဓာတ်ပုံဆရာတွေ က တို့ရုပ်ကို ကြည့်မရိုက်ရဲဘူးဆိုလို့ပါ. . .’

‘ကိစ္စမရှိပါဘူး’

‘ဟုတ်ပါ့မလား၊ အလှမမက်တဲ့ ယောက်ျားဆိုတာ မရှိပါဘူး၊ တော် ကြာ တို့ကိုမြင်မှ ထွက်ပြေးနေဦးမယ်’

‘မပြေးပါဘူး၊ ကိုယ်က ငယ်ငယ်လေးကတည်းက သရဲကားဆို သိပ်ကြိုက်တာ၊ သရဲမလေး တွေ ဆို အရမ်းချစ်၊ တဗြစ်ဗြစ်မြည် အောင်ကို ဖက်နမ်းပစ်ချင်တာ. . .’

‘အို့ဟိုး. . . ကြောက်စရာကြီးပါလား. . .’

‘တကယ်ပြောနေတာ၊ အပြင်ကျမှ ပန်း ထွက်မပြေးနဲ့နော်. . .’

‘အင်းပါ. . . အင်းပါ. . . ဘယ်သူက ထွက်ပြေးရမှာ လဲဆိုတာ ကြည့်ရသေးတာပေါ့၊ ဒီအတိုင်းဆို ပန်းတို့ နှစ် ယောက် တွေ့ လို့ ဖြစ်ပြီပေါ့နော်. . .’

‘ဒါပေါ့. . .’

‘ဒါဆို သူ ဘယ်တော့ ရန်ကုန်ကို တက်လာမလဲ. . .’

‘သန်ဘက်ခါ’

‘ဘာနဲ့လာမှာ လဲ. . .’

‘လိုင်းကားစီးလာမှာ . . .’

‘ဘယ်အချိန်လောက် ရန်ကုန်ကို ရောက်မလဲဟင်. . .’

‘ဆယ့်နှစ် နာရီ ၀န်းကျင်လောက် ရောက်လိမ့်မယ်ထင်တယ် ပန်းရဲ့ ’

‘ဟုတ်ပြီလေ၊ ဒါဆို အဲဒီ နေ့ကျရင် အဝေးပြေးကားဝန်းထဲအထိ သူ့ကို တို့လာကြိုလှည့် မယ်၊ တို့က အင်္ကျီအနီရောင် ၀တ်ထားမယ်နော် သူကရော ဘာအရောင် ၀တ်လာမှာ လဲ. . .’

‘အနီရောင် ပဲ ၀တ်လာခဲ့မယ်လေ. . .’

‘ဒါဆိုပြီးရော၊ အပြင်မှာ တွေ့ ရင် သူ တို့ကို ဟာသတွေ အများ ကြီး ပြောပြရမယ်နော်. . .’

‘အင်းပါ ပန်းရဲ့ ’

တားမြစ်ထားသော အဆိပ်သီးအား စားသုံးပြီးသည့် နောက်မှာ တော့ ကမ္ဘာဦးမောင်နှံတို့ ပမာ ရူးမိုက်စွာ ဖြင့် ရှေ့ဆက်ရန်သာ သူတို့ အားသန်နေကြပါတော့သည်။

မှန်သလား. . . မှားသလား. . . ဆိုတာတွေ ကတော့ စဉ်းစားဉာဏ်၏ အပြင်ဘက်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။

* * * * *


အခန်း (၃)

ချစ်သူရှိပါလျက်နှင့် ချစ်သူကို မတွေ့ မမြင်ရသော ဝေဒနာကို မည် သူမှ ခံစားချင်ကြမှာ မဟုတ်ချေ။ ထို့ကြောင့် ပြည်မှာ နေသော သူရသည် ချစ်သူနှင့် တွေ့ ဆုံရန်ဟူသော ရည်ရွယ်ချက် သက်သက်ဖြင့် ရန်ကုန်သို့ ရင်ခုန်စွာ ထွက်လာခဲ့လေသည်။

အောင်မင်္ဂလာ အဝေးပြေးကားဝန်းထဲသို့ ကားရောက်တော့ ချစ်သူနှင့် တွေ့ ရတော့မည် ဆိုသော အသိကြောင့် သူသည် လန်းဆန်းတက်ကြွလျက် ရွှင်ပျနေ၏ ။ ကားပေါ်မှ ဆင်းသည်နှင့် မတည်ငြိမ်သော စိတ်နှလုံး၊ ဂနာမငြိမ်သော မျက်လုံးတို့ဖြင့် ချစ်သူကို လှိုက်ဖိုစွာ လိုက်ရှာနေမိ သည်။

သတ်မှတ်ထားသော အချိန်းအချက်များ အရ လာကြိုမည့်  ပန်းကလေးကလည်း သူ့လိုပင် အင်္ကျီအနီရောင် ၀တ်ဆင်ထားပေလိမ့်မည် ။

‘ဟာ. . . ဟိုမျာ အင်္ကျီအနီရောင် ၀တ်ထားတဲ့ အမျိုးသမီး တစ်ယောက် . . . ဟိုက်ရှားဘား’

အင်္ကျီအနီရောင် ၀တ်ဆင်ထားသည့် ရာဝင်စဥ့်အိုးကြီးနှင့် သဏ္ဌာန်တူသော အမျိုးသမီး တစ်ဦးအား တွေ့ မြင်လိုက်ရတော့ သူရ ချောက်ချားသွားမိ၏ ။

သြော်. . . ပန်းကလေးရယ်၊ နည်းတာကြီးမဟုတ်ပါလားကွယ်. . .၊ အာဟာရတွေ အကျွေး ကောင်းလွန်းလို့ ထင်ပါရဲ့ . . .၊ မင်းလေးဟာ တော် တော့ကို အပွင့်ကြီးပါလားကွာ. . . ၊ ကျွတ်. . . ကျွတ်. . . အို. . . ဒါတွေ က အရေး မကြီးပါဘူးလေ. . . ငါ သူ့ကို ချစ်တာက ရုပ်ပိုင်းဆိုင်ရာ မက် မောစိတ်နဲ့ ချစ်တာမှ မဟုတ်တာ. . .၊ စိတ်ပိုင်းဆုင်ရာ ဆက်သွယ်မှု နဲ့ သူ့ အ ဖြစ်ကို စာနာသနား ပြီး ချစ်ခဲ့တာပဲဥစ္စာ. . .၊ ဟွန်း ပန်းကလေးရယ် စိတ်ညစ်တိုင်း အစားတွေ ချည်း ဖိစားနေမိတာ ထင် ပါရဲ့ . . .၊ သနားပါတယ်. . .၊ ဟူး. . .။

ရင်လည် မောမိသည်။

ဆင်ခန္ဓာကိုယ်၌ ပုရွတ်ဆိတ်ခေါင်း တပ်ဆင်ထားသည့်အလား အပွင့်ကြီးထွားသော ပန်းကလေးထံပါးသို့ ကယောင်ချောက်ချားဖြင့် သူရ လှမ်းသွားလိုက်ပါသည်။

ထိုအမျိုးသမီးမှာ မျက်နှာလေး ကတော့ နုနုဖတ်ဖတ်နှင့် ချစ်စရာလေးပါ။ ကိုယ်ခန္ဓာမပါဘဲ မျက်နှာချည်းသက်သက်ဆိုပါက အတော် ပင် ကြည့်ကောင်းပေလိမ့်မည် ။

‘ဟေ့. . . ဒီမှာ ကြည့်စမ်း. . .’

‘ဟယ်. . . ဘာတွေ ပုတ်ပြနေတာလည်း မသိဘူး. . .’

သူရက သူဝတ်ထားသော အင်္ကျီအနီရောင် ကို ပုတ်ပြလိုက်တာပါ။

‘ကိုယ်လေ. . . ကိုယ်. . . ဟိုလေ. . . ဒီက ကိုယ့်ကိုလာကြိုတဲ့ ပန်းလေးလား မသိဘူး’

‘မသိရင်လည်း ဆက်မပြောနဲ့၊ ဂျောင်းတော့. . . ပန်းတာတွေ မပန်းတာတွေ လာလုပ် မနေနဲ့၊ ဒီလိုအထာမျိုးတွေ နဲ့ လာရောဖို့မကြိုးစားနဲ့နော်၊ ဒါမျိုးတွေ နောကြေနေပြီ’

အမယ်လေးနော်. . . သူကပဲ ပြောရတယ်ရှိသေး. . .။

ထင်မှတ်ထားသည်နှင့် ဆန့်ကျင်စွာ မတန်မရာပမာ အဟောက်ခံလိုက်ရသဖြင့် သူရ နည်း နည်းတော့ အောင့်သက်သက် ဖြစ်သွားသည်။ ထိုစဉ်မှာ ပင်. . .

‘ဟေ့. . . ဟေ့. . . လူမှားနေပြီ၊ သူ့ကိုလာကြိုတဲ့ တို့က ဒီမှာ . . .’

အသံစူးစူးလေး ထွက်ပေါ်လာရာဆီသို့ ကြည့်လိုက်တော့ အင်္ကျီအနီရောင် ၀တ်ဆင်ထား သော ကောင်မလေး တစ်ယောက် ။

သူရ ရင်တွင်း၌ (ခုတ်မောင်းနေသော မီးရထားအိမ်သာထဲမှာ ဆီးသွားရသကဲ့သို့) ကတိမ်း ကပါး လှုပ်ရှားသွားရ၏ ။

‘ဟ. . . ဒါ. . . ဒါက ပန်း. . . ပန်းလေးပေါ့. . .’

‘သူက ပြည်က သူရ ဟုတ်ပါတယ်နာ်. . .’

‘ဟုတ်. . . ဟုတ်ပါတယ်. . .’

‘တို့က ပန်းမကိုဋ်ပါ’

ကောင်မလေးကို မြင်ရတာ တစ်စက်မှ စိတ်ချမ်းသာစရာမရှိ။ သွားကြားထိုးတံအား အ၀တ် ပတ်ပေးထားသလို ခန္ဓာကိုယ်နှင့် မျက်နှာကလည်း ကျောက်ပေါက်မာ အမာရွတ်တွေ ထူလဗြစ်။ အပေါ်ရှေ့သွားတွေ ကလည်း အောက်နှုတ်ခမ်းနှင့် မေးစေ့ကို လေလုံမိုးလုံရှိစေရန် အဖီဆွဲပေးထား ပါသေး၏ ။

သူမဖုန်းထဲမှာ ပြောတုန်းက ကောလာဟလထင်မှန်ခဲ့တာ။ လက်တွေ့ မှာ လည်း သဘော ကျစရာ ဘာမှမရှိသဖြင့် ပုထုဇဉ်ပီပီ မချိတင်ကဲတော့ ဖြစ်သွားမိသေး၏ ။

သို့သော် အားနည်းနိမ့်ပါးသူတွေ ဆိုပါက သနားကြင်နာတတ်သည့် သူ့အကျင့်အတိုင်း သူရ သည် ဖြေသိမ့်စရာ မရှိတာကြီးကိုပင် ကြံဖန်ဖြေသိမ့်ပစ်လိုက်လေသည်။

အို. . . ဒါတွေ က အရေပြားတစ်ထောက်စာကိစ္စပါလေ. . .။ စစ်မှန်တဲ့ အချစ်မှာ ဒါတွေ က အဓိကမကျပါဘူး. . .။ ပန်းကလေး စိတ်ချမ်းသာဖို့သာ အရေး ကြီးတာပါ. . .။

စိတ်အားငယ်တတ်သူလေးကို သူကြောင့် စိတ်မဆင်းရဲစေလိုပါ။

‘ဟေ့. . . စကားမပြောဘဲ ဘာလို့ ဒီလောက်စိုက်ကြည့်နေတာလဲ၊ ဘာလဲ. . . ငိုချင်သွားပြီ မဟုတ်လား. . .’

‘ငို. . . ငိုချင်ပါဘူးကွာ၊ အဟဲ ပန်း. . . ပန်းကိုတွေ့ တော့ ကိုယ် ၀မ်းသာလွန်းလို့ စကားကို ဘယ်ကဘယ်လို စပြောရမှန်းမသိ ဖြစ်နေလို့ပါ. . .’

ကောင်မလေး၏ အသွင်အပြင်က ပိုးကိုက်ခံထားရသည့် ပန်းတစ်ပွင့်ပမာ ကပိုကရိုဖြင့် ညှိုးနွမ်းနေ၏ ။ သူမက သူရကိုကြည့်၍ . . .

‘တို့ကိုမြင်တော့ သူ စိတ်ပျက်သွားမှာ ပေါ့နော်. . .’

‘ဟာ. . . ဘယ်ကလာ. . . မဟုတ်ပါဘူး၊ ပန်းအပေါ်မှာ ကိုယ့်မေတ္တာက ထာဝရအတွက် ခိုင်မြဲနေပြီးသားပါ၊ ပန်းနဲ့ မတွေ့ ခင်ကတည်းက ကိုယ်ပြောခဲ့သားပဲ၊ အရ်ုတုန်းကလည်း ကိုယ့် အချစ်က ဒီအတိုင်းပဲ၊ အခုလည်း ဒီအတိုင်းပဲ၊ နောင်လည်း ဒီအတိုင်းပဲ ရှိနေမှာ ပဲ၊ ဒါဟာ ပန်း အတွက် တစ်ဘ၀စာ ကိုယ့်ရဲ့ သစ္စာပါ၊ ကိုယ့်အချစ်က အပေါ်ယံကြောကို ကြည့်ပြီး ပြောင်းလဲ တတ်တဲ့ အရာမျိုးမဟုတ်ပါဘူးကွာ. . .’

ပိုးကိုက်ပန်းကလေး၏ မျက်နှာ ရွှင်လန်း သွားပါသည်။

‘သူ တကယ်ပြောနေတာလားဟင်’

‘တကယ်ပေါ့ ပန်းရဲ့ ၊ ကဲ. . . လာ. . . ကိုယ်တို့နှစ် ယောက် တွေ့ ဆုံချိန်မှာ ပန်းဘ၀ရဲ့ စိတ်ညစ်စရာတွေ ကို ဘေးဖယ်ပြီး ပျော်ပျော်ကြီး နေလိုက်ကြရအောင်နော်. . .’

သူရက ခြေလှမ်းပြင်တော့ ပိုးကိုက်ပန်းကလေး တုံ့ဆုငိင်းလို့ သွားသည်။

‘အဲ. . . နေဦး. . . နေဦး၊ ခဏနေဦး. . .’

‘ဘာလုပ်မလို့လဲ ပန်းရဲ့ . . .’

‘ဟို. . . မုန့်ဆိုင်ကိုသွားမလို့၊ လာလေ. . . လိုက်ခဲ့. . .’

‘ပန်း. . . မုန့်စားချင်လို့လား၊ ဒါဆိုသွားလေ. . .’

ကားဝန်းအတွင်းမှ မုန့်ဆိုင်သေးသေးလေး တစ်ဆိုင်ဆီသို့ သူတို့နှစ် ဦး ထွက်လာခဲ့ကြပါ သည်။ မုန့်ဆိုင်သို့ရောက်သော အခါ မုန့်ဆိုင်မှ ကောင်မလေးက မလိုက်ဖက်သော သူတို့စုံတွဲ ကို ကြည့်၍ ပြုံးနေပါ၏ ။ ပြုံးလည်း ပြုံးလောက်စရာပဲလေ. . .။

‘ပန်း. . . ဘာမုန့်စားမှာ လဲ. . .’

ပိုးကိုက်ပန်းကလေးက သူရ၏ မေးခွန်းကို ပြန်မဖြေဘဲ မုန့်ဆိုင်မှ ကောင်မလေးကိုသာ နှုတ်ဆက်နေလေသည်။

‘မမလေး အဆင်ပြေလား. . .’

‘ပြေပါတယ်ဟာ၊ မုန့်ရောင်းရတာ ပျော်စရာတောင်ကောင်းသေးတယ်၊ နင်ရော အဆင်ပြေ ရဲ့ လား. . .’

‘ပြေချက် ကတော့ ကျွန်မတောင် ပစ်စလက်ခတ်လေးစားသွားတယ် မမလေးရေ. . .’

ပိုးကိုက်ပန်းကလေးက သူမအင်္ကျီအပေါ်ထပ်၏ အောက်ဘက်ချိုင်းကြးမှ ပစ္စည်းတစ်ခုကို ထုတ်၍ မုန့်ဆိုင်မှ ကောင်မလေးအား ပေးလိုက်သည်။ သူနှင့် မဆိုင်ဟု ထင်သဖြင့် သူရ ဂရုမစိုက်မိ။

ခဏကြာတော့ မုန့်ဆိုင်မှ ကောင်မလေးကိုင်ထားသော ပစ္စည်းလေးဆီမှ အသံများ ထွက် ပေါ်၍ လာသေည်။

ဟေ့. . . စကားမပြောဘဲ ဘာလို့ဒီလောက် စိုက်ကြည့်နေတာလဲ. . . ဘာလဲ ငိုချင်သွား ပြီ မဟုတ်လား. . . ငို. . . ငိုချင်ပါဘူးကွာ. . . အဟဲ. . . ပန်း. . . ပန်းကိုတွေ့ တော့ ကိုယ်ဝမ်းသာ လွန်းလို့ စကားကိုဘယ်ကဘယ်လို စပြောရမှန်းမသိ ဖြစ်နေလို့ပါ. . .

တို့ကိုမြင်တော့ သူ စိတ်ပျက်သွားမှာ ပေါ့နော်. . . ဟာ. . . ဘယ်ကလာ မဟုတ်ပါဘူး. . . ပန်းအပေါ်မှာ ကိုယ့်မေတ္တာက ထာဝရအတွက် ခိုင်မြဲနေပြီးသားပါ. . . ပန်းနဲ့ မတွေ့ ခင်တည်းက ကိုယ်ပြောခဲ့သားပဲ. . . အရင်တုန်းကလည်း ကိုယ့်အချစ်က ဒီအတိုင်းပဲ၊ အခုလည်း ဒီအတိုင်းပဲ. . . နောင်လည်း ဒီအတိုင်းပဲ ရှိနေမှာ ပဲ. . . ဒါဟာ ပန်းအတွက် တစ်ဘ၀စာ ကိုယ့်ရဲ့ သစ္စာပါ. . . ကိုယ့် အချစ်က အပေါ်ယံကြောကိုကြည့်ပြီး ပြောင်းလဲတတ်တဲ့ အရာမျိုး မဟုတ်ပါဘူးကွာ. . .

သူ တကယ်ပြောနေတာလားဟင်. . . တကယ်ပေါ့ ပန်းရဲ့ . . . ကဲ. . . လာ . . . ကိုယ်တို့ နှစ် ယောက် တွေ့ ဆုံချိန်မှာ ပန်းဘ၀ရဲ့ စိတ်ညစ်စရာတွေ ကို ဘေးဖယ်ပြီး ပျော်ပျော်ကြီး နေလိုက် ကြရအောင်နော်. . .

သူရ လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။

‘ဟာ. . . ဒါ. . . ဒါ. . . ငါ့အသံ၊ ငါပြောခဲ့တဲ့ စကားတွေ . . .’

မုန့်ဆိုင်မှ ကောင်မလေး၏ မျက်နှာက ပြုံးရွှင်ချိုမြလို့နေပါသည်။

‘မိယုရေ. . . ကျေးဇူးပဲသိလား. . .’

‘ဒါလေး ကူညီရတာ ဘာမှမ ဖြစ်လောက်ပါဘူး မမလေးရယ်၊ မမလေးရဲ့ ကျေးဇူးတွေ က ကျွန်မတို့အပေါ်မှာ အများ ကြီးပါ၊ နောက်လည်း ခိုင်းစရာရှိရင် ပြောပါနော်. . .’

သူရ၏ ဦးနှောက်မှာ စဉ်းစားဉာဏ်တို့ဖြင့် ရှုပ်ထွေးသွားရလေသည်။

‘ဘာ. . . ဘာတွေ လဲ. . .’

အခုမှ သေချာကြည့်မိသည်။ မုန့်ဆိုင်မှ ကောင်မလေးဝတ်ထားသော အင်္ကျီကလည်း အနီ ရောင် . . . ဒါဆို. . .

‘သူ့ကို အခုလိုလုပ်မိတာ ခွင့်လွှတ်ပါနော်၊ သူ့ရဲ့ ချစ်သူအစစ် ပန်းမကိုဋ်ဆိုတာ ဟောဒီက ကျွန်မပါပဲရှင့်’

‘ဟင်. . .’

အပြောင်းအလဲများ သော ကြောင့် သူရ အံ့အားသင့်သွားမိသည်။ ပျော်ရွှင်ကြည်နူးခြင်းတို့ ကလည်း ရင်၌ ပက်ပက်စက်စက် ဖြစ်သွားမိ၏ ။ ချစ်သူကို အ၀အလင်ကြည့်ကာ. . .

‘ပန်း ဘာကြောင် အခုလိုလုပ်ရတာ လဲကွာ. . .’

‘တို့ သူ့စိတ်ကို စမ်းကြည့်တာပါ၊ တို့က တကယ်ရုပ်ဆိုးတဲ့ မိန်းကလေး တစ်ယောက် ဆိုရင် တို့အပေါ်မှာ ထားတဲ့ သူ့သဘောထား ပြောင်းများ ပြောင်းလဲသွားမလားလို့ပါ’

‘ဒါ ကတော့ ပန်း ကိုယ့်ကို အထင်သေးလွန်းတာပဲ’

‘စိတ်မဆိုးပါနဲ့ သူရယ်၊ တို့တောင်းပန်ပါတယ်၊ တို့ဘက်ကလည်း စဉ်းစားကြည့်ပေးပါဦး၊ တို့က မိန်းကလေးလေ. . .၊ တစ်ခါမှ မမြင်ဖူးဘဲနဲ့ ကိုယ့်ကိုချစ်တယ်လို့ ပြောလာတဲ့ယောက်ျား တစ်ယောက် ရဲ့ အချစ်ကို အစစ်အမှန်ဟုတ်မဟုတ် ဘယ်လိုယုံကြည်ရမှာ လဲ၊ နှလုံးသားတစ်ခုလုံး၊ ပျော်ရွှင်မှု ဆိုတဲ့ မျှော်လင့်ချက်တွေ အကုန်လုံးအတွက် ယုံကြည်ကိုးကွယ်ရဲဖို့ ဒီလိုမျိုး စမ်းသပ်မိ တာပါ၊ ဒါကို သူက အပြစ်တင်ချင်လို့လား၊ အခုဆို သူ့ကို တို့ အပြည့်အ၀ ယုံကြည်စိတ်ချသွားပြီ သိလား၊ သူ တို့ကို ခွင့်လွှတ်တယ် မဟုတ်လားဟင်၊ ခွင့်လွှတ်ပါနော်. . .၊ နော်လို့. . . အနန့်. . .’

ခခယယ တောင်းပနနေသော ပန်းကလေး၏ ‘အနန့်’ ဆိုသော အပြောလေးကို သူရ ရယ်ချင်သွားမိ၏ ။ သူ့ကြောင့် ချစ်သူလေးအား အနည်းငယ်မျှပင် စိတ်မခုစေလိုပါ။ ဒါကြောင့် . . .

‘အင်းပါ. . . အင်းပါ၊ ခွင့်လွှတ်ပါတယ်၊ သူ့နယ်ပဲ လုပ်ပေါ့. . .’

သူရက ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ပြောတော့ ပန်းကလေးက ပြုံးသည်။

‘ဟွန်း. . . ပြောပုံကလည်း စူပုပ်ပုပ်ကြီးနဲ့၊ အသက်မပါလိုက်တာ၊ စိတ်ပါလက်ပါပုံစံနဲ့ ပြုံး ရယ်ပြီး ခွင့်လွှတ်တယ်လို့ ပြောစမ်းပါ. . .’

‘ရပါတယ်. . . ရပါတယ်၊ ဒါမျိုးလည်း ရပါတယ်၊ ဟဲ. . . ဟဲ. . . ခွင့်လွှတ်ပါတယ်ဗျာ၊ ခွင့် လွှတ်ပါတယ်၊ တကယ်ခွင့်လွှတ်တာပါ၊ ဟဲ. . .ဟဲ’

ချစ်သူ၏ အလိုကျ သူရ စွမ်းဆောင်ပေးလိုက်ပါသည်။ အခြေအနေအရ ဖြစ်၍ နည်းနည်း တော့ ပေါပေးရတာ ပေါ့။

‘ကဲ. . . ကျေနပ်ပြီလား. . .’

‘ခစ်. . . ခစ်. . . အင်း. . . ကျေနပ်ပြီ. . . ကျေနပ်ပြီ၊ ကဲ. . . လာ. . . သွားကြရအောင်. . .’

‘နေဦး. . . ကိုယ် တက္ကစီ ငှားလိုက်ဦးမယ်. . .’

‘မငှားနဲ့. . . တို့မှာ ကားပါလာတယ်. . .’

‘သြော်. . .’

သူတို့နှစ် ဦး တူယှဉ်တွဲ ၍ ကားရှိရာသို့ သွားကြသည်။ ကားဆီသို့ရောက်သော အခါ ပန်းကလေးက သူရအား ကားသော့ ကို ကမ်းပေး၏ ။

‘သူ ကားမောင်းတတ်တယ် မဟုတ်လား၊ ရော့. . . မောင်းလေ. . .’

စိတ်ထဲ၌ နွမ်းလျစွာ သိမ်ငယ်သွားမိသည်။

‘ဟင့်အင်း. . . ကိုယ် ကားမမောင်းတတ်ဘူး’

‘သြော်. . . ဒါဆိုလည်း တက်၊ မမောင်းတတ်ဘူးဆိုတော့လည်း ဘေးကနေ အခန့်သား လေး ထိုင်လိုက်ရတာ ပေါ့လေ၊ တို့ ကတော့ မိန်းမ ဒရိုင်ဘာကြီးပေါ့. . .’

ကိုင်ပိုင်ကားလေး ကိုယ်တိုင်မောင်းနှင်ပြီး ဟမ်းဖုန်းလေးကို ကိုင်ဆောင်လျက် လန်းဆန်း တောက်ပြောင်နေသည့် စတိုင်အပျံစားနှင့် လှတပတ ပန်းကလေးအား မြင်လိုက်ရသော အခါ အား ငယ်ခြင်းများ ကို သူရ ရင်မှာ တိတ်တဆိတ်ခံစားလိုက်ရပါသည်။ သူ့အပြင်အဆင်က အရမ်းနွမ်းပါး စုတ်ပြတ်နေ၍ တော့မဟုတ်။ ကိုယ့်ချစ်သူနှင့် ပထမဆုံးတွေ့ ရမည့်  ဆယ်ကျော်သက် လူငယ် တစ်ဦးပီသစွာ ကိုယ့်ကိုယ်ကို အကောင်းဆုံး အနေအထား ဖြစ်အောင် ဆင်ယင်မွမ်းမံလာခဲ့တာပါ။ သို့ရာတွင် အသိကြောင့် ရင်ခွင်၌ ချိနဲ့သွားရ၏ ။

သူတို့မိသားစုသည် ဆင်းရဲနွမ်းပါးသူများ မဟုတ်ကြပေမယ့် အရမ်းကြွယ်ဝချမ်းသာသူများ ဟုလည်း မဆိုနိုင်ချေ။

ချစ်သူနှင့် တွေ့ ပါက အတိုးချပြီး ရင်းနှီးနွေးထွေးစွာ အားပါးတရ ပြောဆိုဆက်ဆံလိုက်မည် ဟု အားခဲထားလေသမျှ ပန်းကလေးနှင့် တွေ့ လိုက်ရချိန်တွင် အရှိန်အ၀ါတို့၏ တားဆီးမှု က သူ့အား စိုးရွံ့တွန့်ဆုတ်သွားစေ၏ ။

‘တို့ ချစ်သူလေးက နယ်ကဆိုပေမယ့် ဒီဇိုင်းက လန်းသားပဲ၊ စိတ်ချင်းဆက်သွယ်နေလို့ လား မသိဘူး၊ သူ့ရုပ်က တို့စိတ်ကူးနဲ့ မှန်းပြီး ပုံဖော်ထားတာနဲ့ သိပ်မကွာဘူး သိလား’

ပန်းကလေး ကတော့ ဖော်ရွေစွာ ဖြင့် လိုလားဟန်အပြည့်နှင့် ရယ်ပါ။

‘ဟေ့. . . သူ. . . ဆွံ့အနားမကြားကြီး လုပ်နေပါလား၊ ဘာလဲ. . . တို့ကို စိတ်ဆိုးနေတာ လား. . .’

‘မဟုတ်ပါဘူး. . .’

‘ဒါဆို ဘာ ဖြစ်နေတာလဲ၊ သူ့ပုံစံက ရေခဲတိုက်ထဲက ထွက်လာတာကြီး ကျနေတာပဲ၊ မမိုက် ပါဘူးကွာ၊ တို့နဲ့ အပြင်မှာ တွေ့ ရင် ဟာသတွေ အများ ကြီးပြောပြမယ်ဆို. . .ပြောပြလေ. . . ဘာလို့ ငြိမ်နေတာလဲ. . .’

ကိုယ့်အ ဖြစ်ကို မကျေနပ်ဘဲ အမြဲလို စိတ်ညစ်နေတတ်သော ပန်းကလေးကို သူနှင့် တွေ့  ဆုံခိုက်မှာ ပျော်ရွှင်နေစေချင်ပါသည်။ သူမသည်လည်း လူငယ်ပီပီ လွတ်လပ်ပွင့်လင်းသော လူငယ်ဆန်မှု ကိုသာ လိုလားတောင့်တပေလိမ့်မည် ။ ဒါကြောင့် ဟန်ဆောင်မှု ကို သူ ကျင့်ကြံပစ် လိုက်တော့၏ ။

‘ကိုယ် ငြိမ်နေတာကို ပန်းမကြိုက်ဘူးပေါ့လေ၊ ဘာလဲ. . . ပန်းက ဖက်လဲတကင်း လက်ပွန်းတတီး မနေလို့ အစာမကြေ ဖြစ်နေတာပေါ့ ဟုတ်လား. . .’

သူ့စကားကြောင့် ပန်းကလေးမျက်နှာမှာ ရှက်သွေးတို့ဖြင့် လက်ဖြာသွား၏ ။ ပန်းကလေးနှင့် သူ့ကြားမှာ ပြောမနာဆိုမနာ ရင်းနှီးနေကြတာက Online ပေါ်မှ ဟိုးအရင် သူငယ်ချင်းဘ၀က တည်းကပါ။

‘ဟယ်. . . ကြည့်စမ်း. . . ကြည့်စမ်း. . . သူနော်. . .’

မီးပွိုင့်မှာ မိနေချိန်မို့ ပန်းကလေးက သူရ၏ ဗိုက်ခေါက်ကို ခပ်ဆတ်ဆတ် ဆွဲလိမ်လေသည်။

‘အာ့လားလား. . . ဟော့ဒီမှာ ဗျို့၊ ကောင်မလေး တစ်ယောက် ကျွန်တော့်ကို သူ့မြို့ခေါ်ပြီး နှိပ်စက်နေတယ်. . .’

‘ဟယ်. . . ခုနစ်ချီသံကြီးနဲ့ အော်နေတယ်၊ မအော်နဲ့ တိတ်လေ’

‘တိတ်စေချင်ရင် မဆိတ်နဲ့ပေါ့ဗျာ၊ အာ့ပါးပါး. . . ရည်းစားလေး တစ်ယောက် ထားမိပါတယ်၊ ဂဏန်းလက်မနဲ့ လာတိုးနေတယ်. . .’

‘ဟေ့. . . ဘေးကားတွေ က ၀ိုင်းကြည့်နေပြီ၊ တိတ်ဆို. . . မရှက်ဘူးလား. . .’

ပန်းကလေးပြောမှ ပတ်ဝန်းကျင်အခြေအနေကို သူရ အကဲခတ်မိသည်။

အခြားကားတွေ ထဲမှ လူများ က သူတို့ကိုကြည့်၍ ရယ်နေကြသည်ကို တွေ့ မြင်လိုက်ရ သဖြင့် သူ ရှက်သွား၏ ။ အချိုးကလည်း ချက်ချင်း ပြောင်းသွား ကာ လေသံမာကျယ်ကျယ်ဖြင့် ပန်းကလေးကို ဟောက်လေသည်။

‘ဟာကွာ. . . တောက်. . . ဒရိုင်ဘာက ဒရိုင်ဘာလို မနေဘူး၊ သူဌေးကိုလာပြီး ပွတ်သီး ပွတ်သပ်နဲ့၊ ငါ မင်းကို မချစ်နိုင်ပါဘူးလို့ ဘယ်နှခါပြောရမလဲ၊ ဘာ. . . ဒီလောက်ပြောနေတာ တောင်မှ မင်းက စိတ်မပျက်ဘဲ ထပ်ကြိုးစားဦးမယ် ဟုတ်လား. . .၊ မင်း ငါ့ကို ဘယ်အစားထဲက မှတ်နေလို့လဲ. . . ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးပွားချမ်းသာနေပေမယ့် ကိုယ့်သိက္ခာနဲ့ ကိုယ်နေတဲ့ လူကွ၊ ဒီခေတ် မိန်းကလေးတွေ များ တယ်ခက်တာပဲ၊ နောက်နေ့ကစပြီး ဒရိုင်ဘာပြောင်းပစ်ရမယ်’

ဟန်နှင့် မာန်နှင့် ရုပ်တည်ကြီးလုပ်၍ ပြောနေသော သူရကိုကြည့်၍ ပန်းကလေးသည် တခစ်ခစ်ရယ်၏ ။

‘ဟယ်. . . အရမ်းကြွနေတယ်ပေါ့လေ ဟုတ်လား. . . တွေ့ ဦးမယ်. . .’

ပန်းကလေးက သူရကို ဆိတ်ရန် တိုးအလာ၊ မီးပွိုင့်မှ မီးက စိမ်းသွားသဖြင့် သူရ ကံကောင်း သွားပါသည်။ ဒါတောင်မှ လေသံက မလျှော့သေး။

‘အမယ်. . . ဒီလောက် ပြောနေတာတောင်မှ အနားကပ်လာ ပြန်ပြီ၊ ငါ့ကို ပြန်ကြည့်မနေနဲ့ ရှေ့ကိုသာ သေချာကြည့်မောင်း၊ ဒရိုင်ဘာက ဒရိုင်ဘာအလုပ်မလုပ်ဘူး. . . တောက်. . . ငါလုပ် လိုက်ရ. . . နာတော့မယ်. . .’

‘ခစ်ခစ်. . . တွေ့ မယ်. . . တွေ့ မယ်၊ ကားရပ်မှ တွေ့ မယ်. . .’

* * * * *


ကော်ဖီဆိုင်တစ်ဆိုင်ရှေ့သို့ရောက်သော အခါ ပန်းကလေးသည် ကားကိုရပ်လိုက်၏ ။ ကားပေါ်မှ ဆင်းလျှင်ဆင်းချင်းပင် ပန်းကလေးက သူရလက်မောင်းကို ဆွဲဆိတ်သည်။

‘အဲဒါ ခုနကအတွက် ဒဏ်ခတ်တာ. . .’

‘ဟာ. . . ပွတ်သီးပွတ်သပ်လုပ်ပြန်ပြီ၊ ငါ မကြိုက်ဘူးဆိုမှကွာ၊ ဒီကောင်မလေးတော့ တယ် ခက်တာပဲ’

သူရအပြောကြောင့် လူတစ်ချို့က သူတို့နှစ် ယောက် ကို အထူးအဆန်းသဖွယ် ငေးကြည့် လို့သွားကြ၏ ။ ပန်းကလေးမျက်နှာကတောည့ အပျော်ရိပ်တို့ဖြင့် လန်းနေပါသည်။

‘ဟင်း. . . သိပ်ကြွမနေနဲ့နော်. . .’

‘ဟဲ ဟဲ. . . ရသလောက်လေး အသားယူကြည့်တာပါ ပန်းရဲ့ ’

သူရ၏ ဟာသတို့နှင့် ပန်းကလေး၏ ရယ်သံလွင်လွင် အသံသာသာလေးများ မှာ တခဏ အတွင်း၌ ပင် သဟဇာတ ဖြစ်သွားကြပါသည်။ နဂိုနားလည်မှု ရှိရင်းစွဲသူတို့နှစ် ဦးကြား၌ အခြေ အနေခြားနားမှု ကြောင့် လစ်လပ်နေသည့် ကွာဟမှု လေးကို အလျှင်မြန်ဆုံး စေ့စပ်ပေးလိုက် တာက ဟာသ ဖြစ်သည်။

ဟာသ၏ တန်ခိုးက ထိုမျှ ကြီး၏ ။ ကော်ဖီဆိုင်ထဲသို့ ရောက်သော အခါ ပန်းကလေးက ချောကလက်မစ်ရှိတ်နှင့် ပီဇာကိုမှာ ပြီး သူရ ကတော့ သူနှစ်သက် စွာ သောက်နေကျ ဘလက်ကော် ဖီကိုသာမှာ သည်။

ထို့နောက် သူတို့ချစ်သူနှစ် ဦးသည် တစ်ဦးမျက်နှာကိုတစ်ဦး စူးစူးနစ်နစ်ကြည့် ဖြစ်၏ ။

‘ကိုယ်တို့နှစ် ယောက် တစ်ယောက် ကို တစ်ယောက် တကယ်ချစ်ကြတယ်ဆိုတာ ကိုယ်တော့ ယုံသွားပြီ. . .’

‘ဘာလို့လဲဟင်’

‘သြော်. . . အတူတူ မရယ်ဖူးတဲ့လူကို အမှန်တကယ်ချစ်ဖို့ရာ မလွယ်ဘူးလို့ အမေရိကန် စာရေး ဆရာမ ကြီး အက်ဂနက်ရပ်ပလိုင်းယားက ဆိုခဲ့ဖူးတယ်၊ အခုဆို ကိုယ်တို့ချစ်သူနှစ် ဦးက အတူတူ ရယ်ဖူးသွားကြပြီလေ. . .’

‘အင်း. . . ဟုတ်တယ်နော်၊ တို့ဘ၀မှာ ဒီနေ့လောက် တစ်ခါမှ မပျော်ဖူးသေးဘူး၊ တို့က စိတ်ညစ်တာနဲ့ အင်တာနက်ထဲဝင်ပြီး အွန်လိုင်းပေါ်မှာ အချိန်ဖြုန်းပစ်လိုက်တာချည်းပဲ၊ အဲဒီ လို တို့ရဲ့ သမရိုးကျနေ့ရက်တွေ ကို ဖယ်ထုတ်ပြီး တို့ကို ပျော်ရွှင်မှု တွေ ဖန်ဆင်းပေးတဲ့အတွက် သူ့ကို အရမ်းကျေးဇူးတင်ပါတယ်. . .’

‘ကိုယ်တို့ ချစ်သူနှ်းဦးကြားမှာ သူစိမ်းဆန်တဲ့ ကျေးဇူးဆိုတဲ့ စကားလုံးကို မသုံပါနဲ့လား ပန်းရယ်. . .’

‘အင်းပါ. . . သူမကြိုက်ရင် ဘွာတေးနော်. . .’

မှာ ထားတာတွေ ရောက်လာတော့ သူရက ချစ်သူအတွက် ဂရုတစိုက်ဖြင့် အရင် ပြင်ဆင် ပေး၏ ။ ပြီးမှ သူ့အတွက် ဘလက်ကော်ဖီခွက်ထဲသို့ သကြားထုပ်လေးကိုဖောက်ထည့်၍ သောက်သည်။ ကော်ဖီအား အရသာခံ၍ တစိမ့်စိမ့်သောက်နေသော သူရကို ပန်းကလေးက ငေးကြည့်ပြီး. . .

‘အဲဒီ ဥစ္စာကို တို့နည်းနည်း လောက် သောက်ကြည့်ချင်တယ်’

‘ရော့လေ’

သူရ တွန်းပို့ပေးလိုက်သော ကော်ဖိခွက်ကို ပန်းကလေးက ယူ၍ သောက်လေသည်။ သကြားအနည်းငယ်သာ ဖောက်ထည့်ထားသည် ဖြစ်ရာ ခါးသက်လွန်းသော အရသာကြောင့် ပန်းကလေး၏ မျက်နှာဖူးဖူးလေး မဲ့ရွဲ့ သွားပါ၏ ။

‘အို. . . ခါးတူးနေတာပဲ၊ အရသာလည်း မကောင်းဘဲနဲ့ အဲ့ဒါကြီးကို သူဘာလို့ သောက် တာလဲ. . .’

‘ကြိုက်လို့ပေါ့ ပန်းရဲ့ ၊ ကိုယ်က ဘလက်ကော်ဖီ သိပ်ကြိုက်တာ. . .’

‘ကြိုက်ကြိုက်. . . မကြိုက်ကြိုက် အဲဒါကြီးကို နောက်မသောက်နဲ့တော့၊ ဘလက်ကော်ဖီ အသောက်များ ရင် ဆံပင်ဖြူတတ်တယ်လို့ တို့ကြားဖူးတယ်၊ တော် ကြာ ငယ်ငယ်လေးနဲ့ သူ့ဆံပင် တွေ ဖြူကုန်ပါဦးမယ်. . .’

ဘလက်ကော်ဖီဆိုတာက စွဲသောက်ကြည့်မှသာ အရသာကို ခံစားတတ်တာမျိုး၊ ချက်ချင်း သောက်ပြီး ချက်ချင်း ကြိုက်သွားတာ ရှားသည်။ ကြိုက်သွားပြီဆိုလျှင်လည်း တခြားကော်ဖီတွေ ကို ခံတွင်းမတွေ့ တော့ဘဲ ဖြတ်ရခက်၏ ။

သို့သော် ထိုနေ့က ဘလက်ကော်ဖီသည် သူရ နောက်ဆုံးသောက်ခဲ့သော ဘလက်ကော်ဖီ ဖြစ်ပါသည်။

* * * * *


အခန်း (၄)

ကဗျာမရေး သော သူရသည် အချစ်ကြောင့် ကဗျာဆရာ ဖြစ်မလာပေမယ့် ချစ်သူနှင့် တွေ့ ဆုံပြီးကတည်းက ကဗျာဆန်တတ်လာပါသည်။ စိတ်ညစ်ညူးမှု များ ကို Internet ပေါ်မှာ နှစ် မြုပ်၍ စိတ်ဖြေလေ့ရှိသော ပန်းကလေးအား အပြင်လောက၌ ပျော်စရာတွေ ဆောင်ကျဉ်းပေး စွမ်းနိုင်သော ကြောင့် ပီတိတို့ဖြင့် သူ ကျေနပ်နေ၏ ။

ညအိပ်တော့ သူရသည် တည်းခိုခန်းမှာ အိပ်၏ ။ မနက်လင်းတာနှင့် ပန်းကလေးက သူ့ကို လာခေါ်ကာ နှစ် ဦးသား သွားလာလည်ပတ်ကြလေသည်။

ပန်းကလေးသည် သူနှင့် သွားလာလည်ပတ်နေရသည်ကို အလွန်ပျော်ရွှင်ကျေနပ်ပုံရ၏ ။ ခိုမလေး၏ ညည်းညူသံလေးများ ကို သိပ်မကြားရတော့။ သူကလည်း ပန်းကလေးအား စိတ်ချမ်း သာအောင်ထားသည်။ တစ်စက်ကလေးမှ အငြိုငြင်မခံ။ လွတ်လပ်စွာ ရှင်သန်ခွင့်ရနေသည့် ချစ်သူ ၏ ခဏတာ အချိန်များ အတွက် သူမ ဆန္ဒနှင့် ထပ်တူထပ်မျှ သူ့ဘ၀ကို မြှုပ်နှံထားလိုက်ပါ၏ ။

မြကျွန်းသာ၏ လူရှင်းသော သစ်ပင်ရိပ်တစ်ခုအောက်၌ သူရနှင့် ပန်းကလေး ရောက်ရှိနေ ကြပါသည်။ နူးညံ့အိထွေးသော ပန်းကလေး ခန္ဓာကိုယ်လေးက သူရ၏ ရင်ခွင်တွင် လျော့တိ လျော့ရဲ ခိုဝင်လျက်ရှိ၏ ။

‘သူ. . . တို့ကို ဟာသ ပြောပြဦးလေ. . .’

‘အင်းပါ ပန်းရဲ့ ၊ ကိုယ့်သူငယ်ချင်း အောင်စိုးထက်အကြောင်း ပြောပြမယ်၊ အဲဒီ အောင်စိုး ထက်ကလေ မနက်ငါးနာရီဆိုရင် နေ့တိုင်းပုံမှန် ဆီးသွားလေ့ရှိတယ် ပန်းရဲ့ ’

‘အဲဒါ ကောင်းတာပေါ့ သူရဲ့ ၊ ကျန်းမာရေး နဲ့ ညီညွတ်တာပေါ့. . .’

‘မဟုတ်သေးဘူး ပန်းရဲ့ ၊ အဲဒီ အောင်စိုးထက်က မနက်ရှစ်နာရီထက်စောပြီး ဘယ်တော့မှ အိပ်ယာက နိုးလေ့မရှိဘူး’

‘ဟင်. . . ဒါဆို အဲဒီ လူက နေ့တိုင်းအိပ်ယာထဲမှာ ရှူးရှူးတွေ ထွက်ကျနေတာပေါ့ ဟုတ် လား. . .’

‘ဟုတ်တယ် ပန်းရဲ့ ’

‘ဟယ်. . . ခစ်. . . ခစ်. . . မကြီးမငယ်နဲ့. . . အရှက်ကို မရှိဘူး’

ပန်းကလေးသည် ကိုယ်လုံးလေး တလှုပ်လှုပ် ဖြစ်သည်အထိ တသိမ့်သိမ့်ရယ်လေသည်။ ဒါကိုကြည့်၍ သူရ ကျေနပ်နေပါသည်။

‘ပန်း ကိုယ်နဲ့ အခုလိုနေရတာ ပျော်လားဟင်. . .’

‘ပျော်တာပေါ့၊ ပျော်တာမှ အရမ်းကိုပျော်တာ၊ သူက ရယ်စရာ ဟာသလေးတွေ လည်း ပြောပြတတ်တယ်၊ တို့ကိုလည်း ဂရုတစိုက်နဲ့ အလိုက်လိုက်တယ်၊ ပြီးတော့. . .’

‘ပြီးတော့ ဖက်လည်း နမ်းတတ်တယ်. . .’

‘ဟာကွာ တို့က အကောင်းပြောမလို့ဟာကို. . .’

‘ဟင်ကွာ. . . တို့ကလည်း အကောင်းနမ်းမလို့ဟာကို’

သူရ အမူအယာကို ကြည့်ကာ ပန်းကလေးက ရယ်ပြန်သည်။

‘သူကလေ တကယ်ပဲ. . . အမြဲတမ်း ပြုံးရွှင်လန်းဆန်းနေတာပဲ၊ သူ့မှာ စိတ်ညစ်တယ်ဆို တာ ရှိရဲ့ လားဟင်. . .’

ပန်းကလေး၏ မေးခွန်းကြောင့် သူရမျက်နှာက ရုတ်တရက်တည်ကြည်သွား၏ ။

‘ပုထုဇဉ်မှန်ရင် ဘယ်လိုလူမျိုးမဆို တစ်ယောက် တစ်မျိုး စိတ်ညစ်စရာတွေ ကတော့ ရှိကြ တဲ့လူတွေ ချည်းပါပဲ ပန်းရယ်၊ ကိုယ်ကကျတော့ အဲဒီ စိတ်ညစ်စရာတွေ ကို တတ်နိုင်သလောက် ဖြေ ဖျောက်ပစ်ပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်အောင် ကြိုးစားတယ်၊ ပြီးတော့ ကိုယ်နဲ့ တွေ့ တဲ့လူတိုင်းကို လည်း စိတ်ချမ်းသာစေချင်တယ်၊ ပျော်ရွှင်စေချင်တယ်၊ အဲဒါ ကိုယ့်ဆန္ဒပဲ’

စကားတွေ ကို လေးနက်စွာ ဖြင့် ပြောနေသော သူရကို ရင်ခွင်ထဲမှ ပန်းကလေးက ပခုံးစွန်း လေးပေါ် ခေါင်းတင်ရင်း ဘေးတစ်စောင်းလေးကြည့်နေ၏ ။

‘ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ပေါက်နေသူကို ဟာသပြောပါလို့ အင်္ဂလိပ်စာရေး ဆရာ ကြီး ဘားနတ်ရှောက အကြံပေးခဲ့တယ်၊ ဟာသကောင်းကောင်းကို ကြားရရင် သေချင်စိတ်ပေါက် နေတဲ့လူတောင် သေချင်စိတ်ပျောက်သွားနိုင်တဲ့အထိ ဟာသက တန်ဖိုးရှိတယ် ပန်းရဲ့ ၊ ဟာသ အမြင်နဲ့ ကြည့်ရင် လောကကြီးက ပျော်စရာကြီးပါကွာ၊ ဟာသအမြင်ရှိသူတွေ ဟာ စိတ်ညစ်စရာ ရှိရင်တောင်မှ တခြားလူတွေ လောက် စိတ်မညစ်ရဘူး. . .’

‘သူပြောတာ ဟုတ်ပါတယ်၊ စိတ်ပျက်စရာတွေ ကြောင့် ခြောက်သွေ့အထီးကျန်နေတဲ့ တို့ဘ၀ဟာလည်း သူ့ရဲ့ အားပေးမှု တွေ ၊ ဟာသလေးတွေ ကြောင့် စိုပြေလာခဲ့တာပါ၊ တို့ဘ၀မှာ ပျော်ရွှင်စရာတွေ ပျောက်ဆုံးသွားခဲ့တာ ကြာပါပြီ၊ ဒက်ဒီဆုံးပါးသွားကတည်းက ဆိုပါတော့လေ’

ပန်းကလေးမျက်နှာ နွမ်းဆွေးနေသည်ကို သူရ မကြည့်ရက်နိုင်ပါ။ ဖြစ်နိုင်လျှင် ချစ်သူ ကိုယ်စား သူမ၏ ဝေဒနာများ ကို သူသာခံစားပစ်လိုက်ချင်ပါသည်။

‘မသေချာတဲ့ မနက်ဖြန်တွေ အတွက် ကြိုတင်ပြီး နာကျင်မနေပါနဲ့ ပန်းရယ်၊ ဖြစ်မလာ သေးတာကို မေ့ထားပြီး လက်ရှိအချိန်မှာ ပျော်ပျော်နေလိုက်စမ်းပါ၊ ကိုယ်နဲ့တွေ့ ချိန်မှာ အဲဒီ စိတ်ညစ်စရာတွေ ကို ပန်းခေါင်းထဲက ထုတ်ထားလိုက်နော်. . .’

‘တို့လည်း အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောနဲ့နေချင်တာပေါ့သူရယ်၊ ဒါပေမယ့် မေ့ထားတဲ့ကြားက သတိရလိုက်မိရင် ကိုယ့်ဘ၀၊ ကိုယ့်အနာဂတ်ကို ကိုယ်မပိုင်တဲ့အ ဖြစ်ကြီး ကြောင့် တို့လေ. . . ၀မ်းနည်းပြီး စိတ်တွေ ကို တအားညစ်ညစ်သွားတာပဲ’

ပူးကပ်ရန် ဟန်ပြင်နေသော ၀မ်းနည်းမှု စက်ကွင်းထဲမှ ပန်းကလေးအားကယ်တင်ရန် သူရ ကြံစည်လိုက်သည်။ ချစ်သူကို ပြုံးရွှင်ပျော်မြူးနေစေချင်တာက သူ့ဆန္ဒအမှန်ပင် ဖြစ်သည်။

‘ကဲ. . . ကဲ. . . စိတ်ညစ်မနေနဲ့တော့၊ ပန်း ပျော်ပျော်ရွှင်ရွှင်ရယ်ရယ်မောမော ဖြစ်လာအောင် ကိုယ်လုပ်ပေးမယ်. . .’

‘အယ်. . . ဘယ်လိုလုပ်ပေးမှာ လဲ’

‘ပန်းကို ကိုယ် ကလိထိုးပေးမယ်လေ၊ ပြောနေတာ ကြာပါတယ်၊ ကဲ. . . စပြီ၊ ကျီးဖြူကျီးမဲ တစ်ကောင်တည်း. . . ကျီးဖြူအိမ် ဘယ်မှာ ဆောက် အာလောက်လောက်. . . အာလောက် လောက်’

သူရ ကလိထိုးတော့ ပန်းကလေးခန္ဓာကိုယ်လေး ထွန့်ထွန့်ထူးသွားလေသည်။

‘ဟေ့. . . ဟေ့. . . သူ. . . ကလေးလေးတွေ ကျနေတာပဲ၊ အို. . . ဟင့်. . . ခစ် ခစ် ခစ် ခစ်’

ပန်းကလေးစကားကြောင့် သူရအသွင်က ချက်ချင်း ပြောင်းသွား ၏ ။

‘ဒါဆို လူကြီးဆန်ပြမယ်လေ၊ ဟောဒီမှာ ကိုယ့်နှာခေါင်းလေး ဘယ်မှာ ဆောက်. . . ပန်းလေး ပါးမှာ ဆောက်. . . အာလောက်လောက်. . . အာလောက်လောက်. . .’

‘အို’

ချိုမြိန်ရှိန်းမြသည့် နူးညံ့မှု လေးတစ်ခု လှိုက်ဖိုစွာ ဖြစ်ထွန်းသွားလေတော့သည်။ ချစ်သူ၏ မျက်နှာပြင်၌ စွန်းထင်းလာသော ကြေကွဲရိပ်တို့ကို သူရက ကြိုးစား၍ ဖယ်ရှားပေးလိုက် ပါ၏ ။ ထိုစဉ်တုန်း ကတော့ ဟာသဓာတ်ခံရှိသော သူသည် ဘယ်လိုအခြေအနေမျိုးတွင် မဆို ကိုယ့်ကိုယ် ကို ဆင်ခြင်၍ ဖြေသိမ့်နိုင်လိမ့်မည် ဟု ယုံစားခဲ့မိပါသည်။

* * * * *


ရန်ကုန်မှာ ရက်အနည်းငယ်နေပြီး ပြည်သို့ သူရ ပြန်သော အခါ ပန်းကလေးက အဝေးပြေး ကားဝန်းထဲအထိ လိုက်ပို့ပေး၏ ။ ကားမထွက်ခင်အချိန်ထိ စကားတွေ က ပြောမ၀၊ မှာ တမ်းတွေ တဖွဖွ။ တွေ့ ဆုံရသည့် ခဏတာကို အားမရကြ။

‘သူ့ကို တို့ အရမ်းချစ်တာပဲ၊ တို့ သူနဲ့ မခွဲချင်ဘူးကွယ်’

‘မခွဲလို့မှ မ ဖြစ်တာပဲ ပန်းရယ်၊ ဘ၀ဆိုတာ ကိုယ် ဖြစ်ချင်သလို ဖြစ်လို့မှ မရတာ ပဲဥစ္စာ. . .’

‘ဟုတ်တော့ ဟုတ်ပါတယ်လေ. . . ဒါပေမယ့် တို့ သူနဲ့နေရတာ ပျော်တယ်၊ သူနဲ့ မခွဲချင် သေးဘူး၊ အဲဒါကြောင့် နောက်ဆုံးနေလို့ရသမျှ အချိန်အထိ ပန်းတို့နှစ် ဦး ချစ်သူဘ၀နဲ့ပဲ နေသွား ကြရအောင်နော်၊ နော်လို့. . . အနန့်. . .’

‘အင်းပါ၊ ပန်း စိတ်ချမ်းသာမယ်ဆိုရင် ဘာမဆို ကိုယ်လိုက်လျောဖြည့်ဆည်းပေးဖို့ အသင့် ပါပဲကွာ. . .’

‘လာမှာ ပေါ့’

‘အီးမေးလ် ပို့ဖို့လည်း မမေ့နဲ့နော်’

‘စိတ်ချပါ ပန်းလေးရဲ့ ’

ကားထွက်၍ သာ သူရ ပြန်လာခဲ့ရသည်။ စိတ်အစဉ်က ပန်းကလေးဆီမှာ သာ ကပ်ငြိ ကျန်ရစ်ခဲ့၏ ။ ၀မ်းနည်းသံ စွက်ဖက်နေသော ချစ်သူ၏ စကားသံတို့က သူ့ရင်ကို ထိရှလှသည်။

ပြန်ဆုံခွင့် ရနိုင်သေးသည့် ခဏတာခွဲခွာခြင်းကတောင် ဤမျှလောက် လွမ်းမောဖွယ် ကောင်းနေလျှင် တစ်ဘ၀စာဆိုပါက မည် မျှပင် ခံစားရမည် နည်း. . .။

ကြိုတင်မှန်းဆကြည့်ရုံနှင့် တင် ပူလောင်လွန်းလှပါပြီ။

* * * * *


အခန်း (၅)

လူငယ်များ သည် အစဉ်တွင်းအောင်လိုသော သတ္တ၀ါများ မဟုတ်ချေ။ မည် မျှ ရိုးစင်းသူပဲ ဖြစ်ပါစေ၊ အဖော်အပေါင်းနှင့် လွတ်လပ်သော အခွင့်အရေး ကောင်းရလျှင် တစ်ခါတစ်လေတော့မွှေ ချင်ကြပေလိမ့်မည် ။

‘ဟိတ်ကောင် သူရ၊ ငါတို့ဒီမှာ . . . လာစမ်းပါဦးကွ’

လမ်းဆုံလမ်းခွ အချက်အချာကျသော နေရာတွင် ထိုင်၍ မျက်စိအစာကျွေးနေကြသည့် ကျော်ဇင်ဦးတို့အုပ်စုက လှမ်းခေါ်သဖြင့် သူရ သွားလိုက်သည်။

သူရသည် လူကသာ ပြည်မှာ ပြန်ရောက်နေပေမယ့် စိတ်အစဉ် ကတော့ ရန်ကုန်မြေမှ ချစ်သူလေးဆီသာ ၀ဲပျံလျက် လွမ်းဆွေမှု တို့ဖြင့် ဝေ့သွဆွတ်ပျံ့နေ၏ ။

‘မင်း ဘယ်သွားမလို့လဲ သူရ’

‘ဘယ်ရယ် မဟုတ်ပါဘူးကွာ၊ ဒီလိုပဲ အပြင်ထွက်လာတာပါ’

ချစ်မိုးအောင်၏ မေးခွန်းကိုပြန်ဖြေရင်း သူတို့ဘေးနားမှာ သူရ ၀င်ထိုင်လိုက်သည်။

လူငယ်ဘ၀ဆိုတာကလည်း အပေါင်းအသင်း သူငယ်ချင်းတွေ ရှိမှသာ အနှစ် သာရ အပြည့်အ၀ ခံစားခွင့်ရနိုင်၏ ။ သို့ရာတွင် ထိုအပေါင်းအသင်းတွေ ကြားမှာ ပေတေလွင့်ပါးရင်း တန်ဖိုး ရှိသည့် အချန်များ စွာ ကို အလဟဿဖြုန်းတီးမပစ်မိဖို့ကလည်း လွန်စွာ အရေး ကြီးပါသည်။

ကျော်ဇင်ဦးတို့အုပ်စုသည် လမ်းမဘက်လှည့်၍ ဣတ္ထိယ ကသိုဏ်းရှုရင်း ဦးတည်ချက် ကင်းမဲ့နေသော ရောက်တတ်ရာရာ စကားတွေ ကိုသာ ပြောဆိုနေကြသည်။ သူတို့စကားများ ထဲ တွင် ဆဲဆိုသံတွေ က သော သော ညံနေ၏ ။ ယနေ့ခေတ်လူငယ်တော် တော် များများ သည် စကားမှ မပြောရသေး။ အဆဲအဆိုက အရင်စသည်။ ပြောပါကလည်း အဆဲအဆို အယုတ်အကန်းတွေ မပါဘဲနှင့် မပြီး။

မရှက်တတ်ကြ။ အလွန်စိတ်ပျက်ဖွယ်ကောင်းသည်။

လူရှေ့သူရှေ့ (အထူးသဖြင့် ၎င်းတို့ပိုးပန်းနေသော မိန်းကလေးတွေ ရှေ့) ဆိုလျှင်လည်း ဟုတ်တာမဟုတ်တာ အပထား၊ စကားကြီး စကားကျယ်တွေ ကို လူအထင်ကြီးအောင် လျှောက်ပြော တတ်ကြသည်။ အမှန်တော့ စကားဆိုတာ ကြီးကြီးကျယ်ကျယ်ပြောတိုင်း တန်ဖိုးရှိ တာမဟုတ်။ အဓိပ္ပာယ်ရှိဖို့သာ အဓိကကျ၏ ။

‘ချစ်မိုး ဟိုမှာ ကြည့်စမ်း၊ ဂေါက်ကြောင်ကဲနေတာ၊ တကယ့်အရူးကွာ’

နေသူ လက်ညှိုးညွှန်ပြရာ ခပ်လှမ်းလှမ်းကို ကြည့်လိုက်တော့ မြင်ရတာ က ကိုးရိုကားရား။

စက်ဘီးဖြင့် သွားနေသော ကောင်မလေး တစ်ယောက် နောက်သို့ တစ္ဆေကို သရဲမျက်နှာဖုံး စွပ်ပေးထားသလို ရုပ်ရည်မျိုး ပိုင်ဆိုင်ထားသည့် မျက်နှာမှာ အမာရွတ်ဗရပွဖြင့် လူ တစ်ယောက် က ပြေးလိုက်နေ၏ ။ လိုက်တာကလည်း ရိုးရိုးမဟုတ်။

လက်သီးဆုပ်ထားသော လက်နှစ် ဖက်ကို ဆန့်တန်းလျက် ခြေထောက်နှစ် ဖက်ကလည်း ကွေး၍ ယက်ကန်ယက်ကန်ဖြင့် စက်ဘိးနင်းနေသလို ပုံစံမျိုးလုပ်ပြီး ခြေလျင်ပြေးလိုက်နေတာ ဖြစ်သည်။ ပါးစပ်ကလည်း အငြိမ်မနေ။

‘ဟေ့ နင့်ကိုငါ တကယ်ယူမျာပါဟာ၊ ဒီမြို့ရဲ့ အလှဘုရင် ဖြစ်တဲ့ ငါလို လူမျိုး တစ်ယောက် က ခုလိုလိုက်ပြီး ဒီလိုစကားမျိုးပြောတာကို နင် ဂုဏ်ယူလိုက်စမ်းပါ၊ ဟူး. . . စက်ဘီးနင်းရတာ မောလိုက်တာ၊ ကလင်. . . ကလင်. . . အဟွတ် အဟွတ် တောက် အရေး ထဲကျမှ ဘဲကလည်း ကပ်နေတယ်၊ အဟွတ်. . . ကလင်. . . ကလင်. . အဲ ဟုတ်သွားပြီ. . .’

ခရားရေလအတ် တတွတ်တွတ်ပြောရင်း စက်ဘိးဘဲလ်တီးသလို ပုံစံမျိုးကို ပါးစပ်မှ လည်း လုပ်ပြနေပြန်သည်။ ကောင်မလေးကလည်း ကြောက်လန့်ရှက်ရွံ့ဟန်ဖြင့် စက်ဘီးကို တအားစွတ် နင်းနေ၏ ။ ဒါကို ဟိုငတိကလည်း ကားယားကားယားဖြင့် ဇွတ်ကြီးပြေးလိုက်နေဆဲပင်။

ကောင်မလေးသည် ဒေါသထွက်လာပုံရ၏ ။

‘ရှင် ဆက်လိုက်မလာနဲ့နော်၊ ဆင်းပြီး ပါးခါပစ်လိုက်မယ်. .’

‘အိုး. . . ချချင်ရင် ချလိုက်စမ်းပါ၊ လုပ်လေ. . . ချမှာ ဆိုရင် နင့်စက်ဘီးကို ရပ်လိုက်၊ ငါ့စက်ဘီးကိုလည်း ငါရပ်လိုက်မယ်၊ ဘရိတ် ကတော့ တိခနဲပဲနော်၊ ဟဲ. . . ဟဲ. . .’

စက်ဘီးကို ရပ်လိုက်မည် သာပြောနေတာ၊ တကယ်တမ်းမှာ တော့ သူက လူချည်းသက် သက်ဖြင့် ကွတတကြီး ပြေးနေတာ ဖြစ်သည်။

‘ဒီမှာ . . . အသည်းလေး. .. မိန်းကလေးပေါင်း မြောက်မြားစွာ က အရူးအမူး နမ်းရှိုက်ဖို့ ကြိုးစားနေတဲ့ ငါ့ရဲ့ နူးညံ့ချောမွတ်တဲ့ ဟောဒီ့ ပါးပြင်လေးကို ချစ်စိတ်ကြောင့် နင့်လက်ဖ၀ါးနဲ့ ထိတွေ့ ခွင့် ငါပေးလိုက်ပါ့မယ်. . .’

ဒူးရင်းသီး၏ မျက်နှာပြင်ကဲ့သို့ အမာရွတ်တွေ ဗရပွပြည့်နှက်နေသော သူ့ပါးပြင်ကို တင်စား ပစ်လိုက်ပုံက ပြောင်မြောက်လွန်းလှပေသည်။

‘လုပ်လေ. . . နင်သာ စိတ်ကျေနပ်မယ်ဆိုရင် ငါ့ပါးကို စင်းကောကောပစ်လိုက်စမ်းပါ၊ လုပ်လိုက်စမ်းပါ၊ နင် အင်မတန် ကံထူးလို့ ဒီလိုအခွင့်အရေး မျိုးရတာ နော်၊ ဟူး. . . ကလင် ကလင်’

သူ့ခမျာ စက်ဘီးနောက်သို့ ခြေလျက်ပြေးလိုက်ရတာ လည်း အတော် မောပန်းနေပုံရသည်။ ကောင်မလေးကလည်း လူတွေ ငေးကြည့်နေကြသဖြင့် ရှက်နေသည်။

‘ရှင်နော်. . . ကျွန်မကို ဘာမှတ်နေလို့လဲ’

‘နင့်ကို ငါ့ရဲ့ မယားလေးလို့ မှတ်တာပေါ့ဟ. . .’

‘အင်. . . လျှာရှည်ချင်ဦးဟဲ့ ဒီပါးစပ်. . .’

အဖြေကြောင့် ကောင်မလေး နင်သွား၏ ။

ထိုနှစ် ယောက် မှာ ပြေးရင်းလိုက်ရင်းနှင့် သူရတို့ရှေ့နားရောက်လာသည်။ ထိုအချင်းအရာ ကိုကြည့်၍ ကျော်ဇင်ဦးတို့ ကတော့ တခွိခွိရယ်နေကြ၏ ။

‘ဂေါက်ကြောင်တော့ သော င်းကျန်းနေပြီ ချစ်မိုးရေ၊ ဟို ကောင်မလေးကို ငါတို့ ကယ်တင်မှ ဖြစ်တော့မယ်. . .’

ကျော်ဇင်ဦးက ပြောပြီးတာနှင့် လက်ခုပ်တီး၍ အော်ခေါ်လေသည်။

‘ဟေ့. . . ရန်နိုင်’

ကောင်မလေးနောက်သို့ လေစက်ဘီးကို စီးရင်း ပြေးလိုက်နေသူက ပြေးနေရာမှရပ်၍ လှည့်ကြည့်၏ ။ ထိုအခိုက်မှာ ပင် ကောင်မလေးက စက်ဘိးကို တအားနင်းပြီး ထွက်ပြေးသွားလေ တော့သည်။

‘ငါတို့ဆီ လာပါဦးကွ’

ထိုလူ ရှုတင်းတင်းမျက်နှာဖြင့် လျှောက်လာ၏ ။ ချစ်မိုးတို့တော့ ပြဿနာရှာပြီဟု သူရ ထင် လိုက်သည်။

‘ဘာလဲ. . . ဘာကိစ္စ ငါ့ကို ခေါ်တာလဲ. . .’

‘တွေ့ ချင်လို့ပေါ့ဗျာ. . .’

ချစ်မိုးကလည်း ရုပ်တည်တည်နှင့် လုပ်နေ၏ ။

‘မင်းတို့တွေ့ ချင်တာ အရေး မကြီးဘူး၊ မင်းတို့လုပ်တာနဲ့ ဟိုမှာ ငါ့ကောင်မလေး ထွက်သွား ပြီ၊ ငါတို့ ချစ်သူနှစ် ယောက် စက်ဘီးစီးရင်း စကားပြောနေကြတာ၊ အခုတော့ မင်းတို့ကြောင့် သွားပါပြီကွာ၊ တောက်. . . ငါ့ ကောင်မလေး. . . ငါ့ကို စိတ်ကောက်သွားပြီထင်တယ်. . .’

‘ဒီ တစ်ယောက် စိတ်ကောက်တော့လည်း ဘာ ဖြစ်လဲကွာ၊ မင်းက ကြည်တာပဲ ဥစ္စာ၊ မင်းမှာ တခြားကောင်မလေးတွေ အများ ကြီး ကျန်သေးတာပဲ၊ ဟုတ်တယ် မဟုတ်လား. . .’

ကျော်ဇင်ဦးစကားကြောင့် ထိုလူ့မျက်နှာမှာ ပြုံးဖြီးဖြီးကြီး ဖြစ်သွားလေသည်။

‘ဟ. . . မင်းက တော် သားပဲ၊ အမှန်တရားတွေ ကို သိလှချည်လား၊ မင်း ပြောတာလည်း ဟုတ်နေတော့ ငါတောင် ဘာပြန်ပြောရမှန်း မသိတော့ဘူး၊ ဟဲ. . . ဟဲ. . . ငါလို လူ တစ်ယောက် အတွက် ကောင်မလေးတွေ မရှားတာ ကတော့ အမှန်ပဲကွ၊ များ လွန်းလို့ ခါတောင်ချနေရတယ်၊ အဲဒါတွေ ကိုပဲ ငါ စိတ်ညစ်နေတာ၊ ခက်တယ်ကွာ၊ ငါ့အမေကလည်း ငါ့ကို ဘာကြောင့် များ ဒီလောက်လှအောင် မွေးပေးထားသလဲ မသိပါဘူး၊ ခက်တယ်. . . ခက်တယ်. . . ငါ့အလှနဲ့ ကောင်မလေးတွေ က လက်ရဲဇက်ရဲနိုင်တာနဲ့တော့ ခက်နေပါပြီ၊ ဟူး. . . စိတ်ညစ်တယ်ကွာ. . .’

ကိုယ့်ကို ကြပ်လို့ကြပ်နေမှန်း မသိဘဲ ပီတိဖြာနေကျေနပ်နေသည့် ရန်နိုင်ဆိုသူ ကိုရုပ်ဆိုး အား ကြည့်ကာ သူရ သနားသွားမိသည်။ အပြင်ထွက်လေ့ထွက်ထ သိပ်မရှိသော သူရသည် ထိုလူ့ကို အရင်က တစ်ခါမှ မမြင်ဖူးချေ။

ကိုရုပ်ဆိုးက လေကြောကိုမလျှော့. . .

‘ဟိုတစ်လောကလည်း တခြားမြို့က ကောင်မလေးချောချောလှလှနုနုထွတ်ထွတ်လေး တစ်ယောက် က ငါ့ကို လာတောင်းတယ်ကွ ဒါပေမယ့် ငါက လက်မခံလိုက်ပါဘူး၊ မင်းတို့တွေ လည်း ဦးနှောက်ရှိမှာ ပါ၊ စဉ်းစားကြည့်လေ. . .’

အရူးက တစ်မူးသာဆိုတာ ဒါမျိုးပင် ဖြစ်ရမည် ။

‘ဒီမြို့ရဲ့ အချောဆုံးအလှဆုံးက ဖြစ်တဲ့ ငါလိုလူ တစ်ယောက် က တခြားမြို့က ကောင်မ လေး တစ်ယောက် ကို ယူလိုက်ရင် ဘာတွေ ဖြစ်ကုန်မလဲဆိုတာ. . .’

‘ဘာတွေ ဖြစ်ကုန်မလဲဟင်. . . ပြောစမ်းပါဦး. . .’

နေသူက အဆင်းမှာ ဘီးတပ်ပေးနေပြန်သည်။ ဒီတော့ ဟိုလူက ပို၍ တက်ကြွသွား၏ ။

‘ဟ. . . ဘာ ဖြစ်ရမလဲ ငတုံးရ၊ ငါ့ကို မရလို့ ဒီမြို့က ကောင်မလေးတွေ အသဲကွဲပြီး သေကုန်ကြမှာ ပေါ့ကွ’

‘အင်. . .’

လျှာရှည်ချင်သော နေသူမှာ ကိုရုပ်ဆိုး၏ နှိပ်ကွပ်မှု ကို ခံလိုက်ရသည်။ ကိုရုပ်ဆိုး ကတော့ သူပြောချင်တာတွေ ကိုသာ စွတ်ပြောနေ၏ ။

‘အဲ့ဒါကြောင့် ငါ့ကို လက်ထပ်ခွင့်တောင်းသမျှ မိန်းကလေးတွေ ကို ငါ ငြင်းပစ်လိုက်တာပေါ့၊ တချို့မိန်းကလေးတွေ ဆို ငါနဲ့ တစ်ညလောက်ပေါင်းရရင် သေပျော်ပါပြီတဲ့ကွာ၊ ဘယ်လောက် တောင် သနားစရာကောင်းလိုက်သလဲ၊ ငါ့အ ဖြစ်ကလည်း မလွယ်ဘူးဟေ့၊ လူချောဆိုတော့ အပြင် ထွက်တာနဲ့ ဘယ်ချက် ဘယ်မိန်းကလေးက အတင်းအဓမ္မ ခိုးပြေးမလဲဆိုတာကိုပဲ စိုးရိမ်နေရတာ ’

လေလုံးထွားနေသော ကိုရုပ်ဆိုးကိုကြည့်၍ နားကြားပြင်းကတ်လာပုံရသည့် ချစ်မိုးအောင် က မျက်လုံးပြူးမျက်ဆံပြူးနှင့် ထအော်လေသည်။

‘ဟေ့. . . ဟေ့. . . ဟေ့လူ မလုပ်နဲ့လေ. . . ဟာ. . . ပါသွားပြီ. . .’

‘အဲ. . . ဘာလဲဟ’

ချတစ်မိုးအောင်၏ အလန့်တာကားပုံစံကြောင့် ကိုရုပ်ဆိုး ကြောင်တက်တက် ဖြစ်သွား သည်။ ချစ်မိုးအောင် ကတော့ ခပ်တည်တည်ပါပဲ။

‘လူချောကြီးရေ. . . မင်းစက်ဘိးကို သူများ ခိုးသွားပြီဟေ့၊ လိုက်. . . လိုက်. . . အမြန်ပြေး လိုက်. . .’

ချစ်မိုးအောင် စကားကြောင့် ကိုရုပ်ဆိုးက သူ့ပေါင်ခွကြား အောက်ကို ပြန်ငုံ့ကြည့်သည်။

‘ဟာ. . . ဟုတ်တယ်၊ ငါ့ စက်ဘီးမရှိတော့ဘူး၊ တောက်. . . ငါ့ စက်ဘီးခိုးတဲ့ကောင် ကတော့ကွာ၊ တွေ့ တဲ့နေရာမှာ အရေခွံစုတ်ပြီး မီးဖုတ်စားပစ်မယ်. . . ဟင်း. . .’

ချစ်မိုးအောင်၏ ဖိန့်ကြောင့် နဂိုထဲက မရှိသည့် စက်ဘီးကို သူခိုးနောက်ပါသွားပြီဟု ကိုရုပ်ဆိုးထင်သွားကာ အော်ဟစ်ကြိမ်းမောင်းပြီး ပြေးထွက်သွားလေသည်။ ထိုအ ဖြစ်ကိုကြည့်၍ သူတို့အားလုံး တသော သော ဖြင့် ရယ်မော ဖြစ်သွားကြပါသည်။

လူအများ စု၏ အကျင့်ကိုက ကိုယ့်ဒုက္ခကိုသာ စိုးရိမ်ပူပန်တတ်ကြလေ့ရှိပြီး သူတစ်ပါး ဒုက္ခ ဆိုပါက ဟာသ ဖြစ်သွားတတ်တာ သဘာဝကဲ့သို့ပင် ဖြစ်နေပေပြီ။

‘သူက ဘယ်ကလဲ’

‘ငါတို့ ရပ်ကွက်ထဲက ငနဲကွ၊ နာမည် က ရန်နိုင်တဲ့၊ အလကား ဂေါက်ကြောင်ပါကွာ’

ကိုရုပ်ဆိုးအကြေင်း သိလိုစိတ်ဖြင့် သူရမေးလိုက်တော့ ကျော်ဇင်ဦးက ပြောပြသည်။

‘သူ့အခြေအနေက တော် တော် ဆိုးနေပါလား. . .’

‘အမြဲတမ်းကြီးတော့ အဲ့ဒီလိုမဟုတ်ဘူးကွ၊ တစ်ကြောတစ်ကြောမှ ထဖောက်တာ’

‘သူ့အိမ်က လူကြီးတွေ က ဆေးကုမပေးကြဘူးလား’

‘သူတို့ တစ်မိသားစုလုံးက ကျပ်မပြည့်ကြဘူးကွ၊ အရမ်း အဆိုးကြီးတွေ တော့ မဟုတ် ဘူး၊ ယဉ်ယဉ်လေးတွေ ရယ်၊ သူတို့ဟာက မျိုးရိုးလိုက်တာထင်တယ်ကွ၊ သေသွားတဲ့ သူ့အဘကြီး ကလည်း အရူးကြီး၊ သူ့အဖေနဲ့ သူ့အစ်ကိုကလည်း ကြောင်တောင်တောင်၊ သူ့အမေကမှ တော် သေးတယ်၊ အခု လက်ရှိ မိသားစုထဲမှာ တော့ အငယ်ဆုံး ဖြစ်တဲ့ ဒီကောင်က အဆိုးဆုံးပဲ၊ သူ့အဘခြေရာ နင်းနိုင်မဲ့ကောင်ကွ’

အရူးမျိုးဆက် မပြတ်စေဘဲ အစဉ်အဆက် ထိန်းသိမ်းလာကြသော သူတို့မိသားစုအား လေးစားချီးကျူးရမလိုပင် ဖြစ်နေသည်။

‘မင်း ပြောသလို ဆေးကုဖို့ဆိုတာကို သူတို့ ဂေါက်ကြောင် အချင်းချင်းက ဘယ်လိုလုပ် တွေးမိပါ့မလဲ၊ တစ်အိမ်ထဲနေတဲ့ ဂေါက်ကြောင်ချင်းဆိုတော့ သူတို့အထာနဲ့ သူတို့ဟုတ်နေမှာ ပေါ့ ကွာ. . .’

‘မင်းတို့ ပတ်ဝန်းကျင်က လူတွေ ကလည်း ဒီအတိုင်းပဲ ကြည့်နေကြတာပဲလား၊ ဆေးလေး ဘာလေးကုဖို့ ပြောဆိုသတိပေးကြပါလား. . .’

သူရ စကားဆုံးတော့ ကျော်ဇင်ဦးမှာ လစတ်ခါခါနှင့် ပြိုးတိုးပြာတာ ဖြစ်သွားသည်။

‘အမယ်လေး. . . လေး. . . ပေးပါတယ်ဗျာ၊ ပေးတာမှ တခြားလူ မဟုတ်ပါဘူး၊ ငါ့ အဖေ ကိုယ်တိုင်ပါပဲ၊ မိသားစုအားလုံး ဆေးကုသမှု ခံယူသင့်တဲ့အကြောင်းလေး သွားပြောတာ၊ သူတို့ မိသားစုကို ရူးနေတယ်လို့ ပြောရပါ့မလားဆိုပြီး သားအဖသုံးယောက် ဓားနဲ့လိုက်ခုတ်လို့ လွတ် အောင်မနည်းထွက်ပြေးလာခဲ့ရတာ ၊ အိမ်ရောက်တော့ ငါ့အဖေ ပုဆိုးတောင်မပါတော့ဘူး၊ အဲဒီ ကတည်းကစလို့ အဲဒီ သတင်းကြားပြီးတော့ အမြင်မတော် ပေမယ့် ကြောက်လို့ ဘယ်သူမှ သွားမပြောရြဲ ကတော့ဘူးဟေ့. . .’

ကျော်ဇင်ဦး ပြောနေတာတွေ ကို နားထောင်ရင်း သူရ ရယ်မိသည်။

‘ဒီပုံ ဒီအတိုင်းဆို သူတို့အိမ်ရဲ့ စီးပွားရေး အခြေအနေကရော ဘယ်လိုရှိလဲ. . .’

‘ဂေါက်ကြောင်တွေ ဆိုပြီး စီးပွားရေး မှာ အထင်တော့ သွားမသေးနဲ့ဟေ့၊ သူတို့အိမ်ရဲ့ စီးပွား ရေး အအခြေအနေက မင်းတို့ငါတို့ထက်တောင်မှ သာသေးတယ်’

‘ဟေ. . . ဒီလိုလူမျိုးတွေ က စီးပွားရေး ကို ဘယ်လိုလုပ်ရှာလဲ’

မယုံကြည်စွာ ဖြင့် သူရ မေးလိုက်မိ၏ ။ ကျော်ဇင်ဦးကလည်း စိတ်ရှည်လက်ရှည်ပင် ရှင်းပြ သည်။

‘သူတို့က စီးပွားရေး ကို သူတို့ကိုယ်တိုင် လုပ်တာမှမဟုတ်တာ၊ ရှေ့နေတွေ က တစ်ဦးစီ အဆင့်ဆင့် လွှဲပြောင်းတာဝန်ယူထားရတာ ၊ လူယုံတော် တွေ က လုပ်ငန်းတွေ ကို ဦးစီးပြီး အမြတ် ငွေကျမှ သူတို့ကို အပ်တာ၊ အဲဒီ လူတွေ ကလည်း ဖြောင်မှာ ပေါ့ကွာ၊ ယဉ်ယဉ်လေးသမားတွေ ဆို တော့ လုပ်ချင်သလို လုပ်နေတာပဲဥစ္စာ၊ ဒါတောင် သူတို့အခြေအနေက လျော့သွားတာနော်၊ အရင် တုန်းကဆို ဒီထက်တောင် သာသေးတယ်တဲ့၊ သူတို့က မျိုးရိုးစဉ်ဆက် ချမ်းသာတဲ့ လူတွေ လို့ ပြောကြတာပဲ. . .’

‘အေးကွာ. . . ဒီလို အဆင့်အတန်းမျိုးရှိတဲ့ လူတွေ က ဘာကြောင့် များ အခုလို ဖြစ်နေရ တာလဲ မသိဘူး၊ ရန်နိုင်ဆိုတဲ့ကောင်ရဲ့ ရုပ်ကလည်း တော် တော် ပျက်နေတယ်နော်’

‘အေး. . . ဟုတ်တယ်၊ ဒါတောင်မှ ဒီကောင်က သူ့ကိုယ်သူ ဒီမြို့မှာ သူအချောဆုံး အလှ ဆံးလို့ ထင်နေတာကွ၊ အတော် ရယ်ရတဲ့ ကောင်. . .’

‘အင်း. . . သူပအ ဖြစ်က သနားစရာလည်း ကောင်းပါတယ်ကွာ. . .’

သူရက ရင်ထဲမှလာသော အသံဖြင့် ပြော၏ ။ ထိုစဉ်မှာ ပင် နေသူ၏ အသံက ထွက်လာ သည်။

‘ဟိတ်ကောင်တွေ . . . ကိုယ်နဲ့မဆိုင်တာတွေ ခေါင်းရှုပ်ခံ စဉ်းစားမနေနဲ့၊ ဂေါက်ကြောင် တွေ အကြောင်း စဉ်းစားရင်း မင်းတို့ပါ ဂေါက်သီးတွေ ဖြစ်သွားဦးမယ်၊ ဟိုမှာ . . . တကယ်လန်းတဲ့ အဆင်လေးတွေ ရွေ့နေကြတယ်၊ စိတ်နှလုံး ကြည်ရွှင်ပြုံးစေဖို့ အပီအပြင် ရှိုးလိုက်ကြစို့. . .’

‘အေးစို့’

နေသူ၏ လှုံ့ဆော်မှု ကြောင့် ကျော်ဇင်ဦးမျက်နှာက လမ်းမပေါ်သို့ ပြန်လည်ရောက်ရှိသွား တော့သည်။ လမ်းမထက်၌ ရာစုသစ်၏ မိန်းမပျိုလေးတစ်စု ကိုယ်ပိုင်ဟန်အသွယ်သွယ်ဖြင့် လှပ ကျော့ရှင်းစွာ ရွေ့လျားနေကြသည်။ သူရ အာရုံထဲမှာ တော့ ရန်နိုင်ဆိုသော ကိုရုပ်ဆိုးကိုသာ ပြန်လည် မြင်ယောင်ကာ ကရုဏာတွေ ပွားနေမိ၏ ။

မေတ္တာတရားဆိုသည်မှာ ဥပဒေမရှိသော ယဉ်ကျေးမှု တစ်ခုပင် ဖြစ်ပါသည်။

* * * * *




ဝန်ဇင်းချစ်သူများ လင်းညို့သွေး ၏ “ ရွှေမင်းသမီးရဲ့ ပျော်တော်ဆက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရင်ဝှက်တမ်းကဗျာ

အနမ်းစက်ဝိုင်း

နယ်ခြားမှတ်တိုင်