
စာဖတ်သူ မိတ်ဆွေများ သို့ မေတ္တာရပ်ခံချက်
ဤစာအုပ်နောက်ဆုံးစာမျက်နှာတွင် ပါရှိသော ရုပ်ပုံအား မဖျက်ဆီးရန်နှင့် စုတ်ဖြဲယူငင်ခြင်း မပြုရန် ကြိုတင်တောင်းပန်အပ်ပါသည်။
ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံးအနမ်းက ဘာလဲ…..?
အနမ်းဟာ အဘယ်ကဲ့သို့ အကျိုးအပြစ်တွေ ရှိပါသလဲ…..?
အနမ်းဆိုတာ ကောင်းတဲ့အရာလား ဆိုးတဲ့အရာလား…….?
နိဒါန်း
အဆိုတော် မလေး တစ်ယောက် …
စာရေး ဆရာမ လေး တစ်ယောက် ..
ရုပ်ရှင်မင်းသမီးလေး တစ်ယောက် …
သူတို့သုံးယောက် သည် အနမ်းနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုနေကြပါသည်။ ရေး ကြီး ခွင်ကျယ်သဖွယ်ပေါ့လေ…
ဤပြဿနာအစမှာ ..
အပျော်ဖတ်အချစ်ဝတ္ထုရေး ဆရာမ က သူမ၏ ၀တ္ထုထဲတွင် “မလွမ်းဖူးသေးတဲ့ချစ်သူတွေ ရှိသလို မနမ်းဖူးသေးတဲ့ ချစ်သူတွေ လည် မရှိပါဘူး” ဟု ရေး ထားသည်။
ဒါကိုဖတ်မိတော့ အဆိုတော် မလေးက စောဒကတက်၏
“မလွမ်းဖူးသေးတဲ့ ချစ်သူတွေ ရှိသလို မနမ်းဖူးသေးတဲ့ ချစ်သူတွေ လည်း ရှိပါတယ်ဟာ။ ငါနဲ့ ငါ့ဂတ်ဂတ်နဲ့ဆို လုံးဝမနမ်းဖူးဘူး။ တစ်ခါတစ်ရံ သတိရတာ ကလွဲလို့ သူ့ကိုငါ မလွမ်းဖူးဘူး”
“အဲဒါ တစ်ကယ်မချစ်လို့ ဖြစ်မှာ ပါဟာ တစ်ယောက် ကို တစ်ယောက် တကယ်ချစ်ရင် မနမ်း ဖူးရင်တောင်မှ လွမ်းတော့ လွမ်းဖူးရမယ်”
“အလဲ့ကွယ် တယ်ဆိုတဲ့စာပါလား။ တစ်ခါမျ ရည်းစားမထားဖူးဘဲနဲ့ အချစ်ဝတ္ထုရေး နေတဲ့ စာရေး ဆရာမ က အချစ်အကြောင်း ဒိုင်တွေ လွှတ်နေပါလားဟေ့”
အဆိုတော် မလေးက ခပ်ဟဟရယ်၍ ပြောသည်။ စကားလုံးသုံးစွဲပုံက နှိမ်သလိုလို ဘာလို လို..
“ရည်းစားမထားဘူးပေမယ့် ငါ့မှာ ခံစားတတ်တဲ့ အသည်းနှလုံး ရှိတယ်လေဟာ။ အနုပညာဆိုတာ ခံစားတတ်ရင် ဖန်တီးလို့ရပါတယ်”
စာရေး ဆရာမ ကလည်း အနုပညာနှင့် ကိုင်ပေါက်သည်။ ဒါပဲနိုင်ကွက်ရှိတာကိုး ထိုအခါ ရုပ် ရှင်မင်းသမီးက ပြုံးပြီး…
“အလွမ်းနဲ့ သတိရမှု ဆိုတာ မတူဘူး။ အချစ်စွက်လာရင် သတိရမှု ဟာ အလွမ်း ဖြစ်သွား တောတာပဲ”
“အိုးဟိုးဟိုး လာပြန်ပြီ။ နောက် တစ်ယောက် အတွေ့ အကြုံအကြွယ်ဝဆုံး ဖြစ်တဲ့ ပုဂ္ဂိုလ် ကြီးက လင်စမ်းပါဦး။ အလွမ်းပြီးတော့ အနမ်းနဲ့ ပတ်သက်တဲ့ ခံစာချက်ကလေး”
ရုပ်ရှင်မင်းသမီးမျက်နှာမှာ ရှုံ့မဲ့သွားပြီး..
“အနမ်းဆိုတာ ငါ့အတွက်တော့ အခုအချိန်မှာ တဖြည်းဖြည်းနဲ့ အရောင် မှိန်ဖျော့တဲ့ ဆေးဆိုးပန်းရိုက် အ၀တ်တစ်ထည်လိုပါပဲဟာ။ တကယ်တော့ လူ တစ်ယောက် နဲ့ တစ်ယောက် နမ်း တယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံအရပါ ချစ်ခင်နှစ် လိုခြင်းဆိုတဲ့ သက် ရောက်မှု ကို ဖွင့်ဆိုတာပါ။ လူ တစ်ယောက် ကို နမ်းပြီဆိုရင် နမ်းတဲ့ လူက အနမ်းခံရတဲ့လူလို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့”
ရုပ်ရှင်မင်းသမိးစားဆုံးတော့ အဆိုတော် မလေးက မျက်မှော င်တွန့်၍ …
“ချစ်သူနမ်းတာဟာ ကျန်းမာရေး ကို အထောက်အကူပြုတယ်ဆိုတာကော သိကြရဲ့ လား”
“ဘယ်လို နမ်းတာက ကျန်းမာရေး အတွက် အထောက်အကူပြုတယ် ဟုတ်လား”
စာရေး ဆရာမ ကော ရုပ်ရှင်မင်းသီးပါ ပြူးသွားသည် (မျက်လုံး)
“ဘာပဲ ဖြစ် ဖြစ် အနမ်းဆိုတာ သိမ်မွေ့နူးညံ့တဲ့ ချိုမြိန်ဖွယ် ဆက်သွယ်ချက်တစ်ခုပါပဲဟာ”
အနမ်း၏ အကျိုးကျေးဇူးနှင့် Definition တွေ ဆုံးသော အခါ အနမ်းဆိုတာ အရမ်းကြောက် စရာကောင်းတဲ့ လုပ်ဆောင်မှု တစ်ခု ဖြစ်သွားတယ်လေ။
“ဘယ်လို အနမ်းက ကြောက်စရာကောင်းတယ် ဟုတ်လား”
“နင်က ဘာကြောင့် ဒီလိုပြောရတာ လဲ”
ရုပ်ရှင်မင်းသမီးက မေးငေါ့ပြီး မေးတော့ စာရေး ဆရာမ နှုတ်ခမ်းနှစ် လွှာ တဖျတ်ဖျတ် ပွင့်အာလာသည်။
“သာဓကတစ်ခုရှိတယ်ဟ ကမ္ဘာမှာ ကြောက်စရာကောင်းတဲ့ အနမ်းတစ်ခု ပေါ်ပေါက်ခဲ့ ဖူးတယ်။ အဲဒီ ဖြစ်ရပ်ဟာ ထူးဆန်းလွန်းလို့ ဒဏ္ဍာရီပုံပြင်လို့တောင် ထင်မှတ်ရတယ်။ ကြားဖူးသူ တချို့ဆို ယုံတောင်မယုံကြဘူး”
“ဘယ်လိုအနမ်းမျိုးမို့လို့လဲ”
“ငါတို့ကို ပြောပြစမ်းပါဦး”
“ဂါလီလဲပြည် ဘုရင်တက်ထရပ်ခ်ျလက်ထက်မှာ ပေါ့… ဟိရောဒိယပ်စ်ဆိုတဲ့ အမျိုးသမီးကို မိဖုရားမြှောက်တယ်။ အဲဒီမှာ မြင်သူတကာငေးလောက်အောင်လှပြီး အကမှာ ပယောဂလို့ ဆိုရ လောက်တဲ့ မယားပါသမီးလေး ဆလိုမီအဆစ်ပါလာတယ်”
“အင်း”
“တစ်နေ့ နန်းတော် တွင်း ဧည့်ခံပွဲတစ်ခုကျင်းပတော့… ဘုရင့်ရဲ့ ပရောဟိတ်ဂျွန်က ဆလိုမီရဲ့ မိခင် ဟိရောဒီယပ်စ်ကို အသားရောင် နီးမြန်းတာကြောင့် မိန်းမမြတ် ကြန်အင်လက္ခ ဏာနဲ့ မညီဘူးဆိုပြီး ပြစ်တင်ရှုတ်ချရပါ့မလားဆိုပြီး ဂျွန်ကို ရေတွင်းပျက်တစ်ခုထဲ အကျဉ်းချထား လိုက်တယ်”
“သြော်..”
“ဆလိုမီဟာ အဲဒီ သတင်းကြားတော့ သူ့မိခင်ကို စော်ကားဝံ့တဲ့လူကို တွေ့ မြင်ချင်စိတ် ပြင်း ထန်လာတာကြောင့် .. သူ့ကို တစ်ဖက်သတ်ကြိုက်နေတဲ့ စစ်ဗိုလ်လေး ချာလီကို အကူအညီ တောင်းတယ်။ စစ်ဗိုလ်လေးချာလီကကလည်း သူချစ်ရတဲ့လူက အကူအညိတောင်းတာကြောင့် ချစ်သူရဲ့ အလိုကျ ဂျွန်ကို အကျဉ်းချထားတဲ့ ရေတွင်းပျက်ကြီးစီခေါ်သွားတယ်”
“အင်း”
“ရေး တွင်းပျက်မှာ မှော င်နေတာကြောင့် ဆလိုမီဟာဂျွန်ကို သဲသဲကွဲကွဲ မမြင်ရဘူး။ အဲဒါ ကြာင့် ချာလီကိုပြောပြီး ဂျွန်ကို ကုန်းပေါ်တင်ခိုင်းတယ်”
“အနမ်း ကတော့ မလာသေးဘူးလား”
“လာတော့မှာ ခဏစောင့်။ ဂျွန်ကုန်းပေါ်ရောက်တာနဲ့ အရင်ဘ၀က ပဋ္ဌာန်းဆက်ကြောင့် လား။ ဘာလားတော့ မသိဘူး။ ဆလိုမီဟာ ဂျွန်ကို မြင်မြင်ချင်း အရူးအမူးစွဲလမ်းသွားတယ်။ ချစ်မိ ပြီဆိုတာနဲ့ အပြစ်လည်း မမြင်တော့ဘူး။ မိခင်ကို စော်ကားထားတဲ့ နာကြည်းမှု တွေ လည်း ပျောက် ပြီး ဟန်မဆောင်နိုင်လေက်အောင် အငမ်းမရ ဖြစ်သွားတယ်။ အိနြေ္ဒတောင် မဆည်နိုင်တော့ဘဲ ဂျွန် ကို ချစ်တဲ့အကြောင်းနှုတ်ကပါ ဖွင့်ပြောတယ်”
“ဟင်”
“အဲဒီ အ ဖြစ်အပျက်ကို ရင်နာနာနဲ့ ကြည့်နေတာက စစ်ဗိုလ်လေးချာလီ”
“သနားပါတယ်”
“ဆလိုမီဟာ အရူးအမူး ဖြစ်နေပေမယ့် ဂျွန် ကတော့ ဆလိုမီကိုဖုတ်လေတဲ့ငါးပိ ရှိတယ်လို့ တောင်မထင်ဘူး။ တစ်စက်ကလေးမှ အဖက်ပြန်မလုပ်ဘူး။ ဆလိုမီရဲ့ အမူအရာကိုကြည့်ပြီး အော့နှလုံးနာလွန်းလို့ သူ့ကို ရေတွင်းပျက်ထဲ မြန်မြန်ပြန်ချပေးပါလို့တောင် တောင်းဆိုတယ်”
“သြော်”
“ဂျွန်ကို ရေတွင်းပျက်ထဲပြန်ချလိုက်တဲ့အခါမှာ ဆလိုမီဟာ အချစ်ဆိပ်တက်ပြီး မျက်ရည် စက်လက်နဲ့ မြေမှာ လူးနေတယ်။ အဲဒီ အ ဖြစ်ကိုကြည့်ပြီး မခံစားနိုင်တော့တဲ့ စစ်ဗိုလ်လေးချာလီ ဟာ ဓားနဲ့ သူ့ရင်ဝကို သူ ထိုးစိုက်ပြီး အဲဒီ နေရာမှာ တင် သေပွဲဝင်သွားတယ်”
“ဟယ်ရူးလိုက်တာ”
“အဲဒီ ထက် ရူးတာလာဦးမယ်။ အဲဒိအချိန်မှာ နန်းတော် ထဲမှာ စားသောက်ပွဲပြီးလို့ ကပွဲ ဆက်ရမယ့်အလှည့် ဘုရင်ကြီး တက်ထရပ်ခ်ျက အင်မတန်ချောမောလှပပြီး အင်မတန် အက ကောင်းတဲ့ သူ့ရဲ့ မယားပါသမီးလေး ဆလိုမီကို သံတမန်များ ရှေ့မှော က်မှာ ဖျော်ဖြေကပြစေပြီး ဂုဏ်ယူဝင့်ကြွားဖို့ စီစဉ်ထားတာ။ဒါကြောင့် ဆလိုမီကို ကပြဖျော်ဖြေရန် အချိန်တန်ပြီ ဖြစ်ကြောင်း မိန့်ကြားစေခိုင်းတော် မူတယ်”
“အင်း”
“အဲဒီ အချိန်မှာ အစောင့်စစ်သားတွေ ပြန်ခေါ်လာလို့ ဆလိုမီဟာ နန်းတော် ထဲ ပြန်ရောက် နေပြီ။ ဆလိုမီစိတ်ဖောက်နေတာကိုဘုရင်ကြီးက မသိရှာဘူး။ ကဖို့ပြောတော့ ဆလိုမီက ငြင်း တယ်။ အဲဒီ အခါ နိုင်ခြားသံတမန်တွေ ရှေ့မှာ အရှက်ရတော့မှာ မို့ ဘုရင်ကြီးဟာ ဆလိုမီကို ကဖို့ အမျိုးမျိုးချော့ပြောတယ်။ ဆုတော် အ ဖြစ် ကျောက်မျက်ရတနာတွေ များ စွာ ပေးပါမယ်ဆိုတာ လည်း မရဘူး”
“ဟိုစိတ်က ငယ်ထိပ်ရောက်နေတာကိုး”
“နောက်ဆုံး တိုင်းပြည်တစ်ဝက် ခွဲပေးမယ်။ ဧည့်သည်တွေ ရှေ့မှာ တော့ အရှက်မကွဲပါရစေ နဲ့ အနူးအညွတ်တောင်းပန်ပြီးပြောတော့မှ ဆလိုမီဟာ ပထွေးဘုရင်ရဲ့ အလိုကျ ကျပြပါတယ်။ ဧည့် ပရိသတ်တွေ က ဆလိုမီရဲ့ အက၊ ဆလိုမီရဲ့ အလှမှာ နစ်မြောယစ်မူးသွားကြတယ်။ အဲဒီ အ ဖြစ်အပျက်ကိုကြည့်ပြီး ဘုရင်ကြီးဟာ ကျေနပ်နေတယ်။ ရှေ့လျှောက်နိုင်ငံခြားသံတမန်တွေ ကို သူ သြဇာလွှမ်းမိုးနိုင်တောမှာ ကိုး”
“အင်း”
“ဆလိုမီရဲအက ပြီးဆုံးသွားတော့ အသက်ပြင်းရှူးသံတွေ ၊ လက်ခုပ်သံတွေ ၊ ချီးကျူးသံ တွေ ၊ သြဘာသံတွေ ဆူညံနေတာပဲ။ အဲဒီ အချိန်မှာ ပဲ ဆလိုမီဟာ ဘုရင်ကြီးထံ အပြေးအလွှား သွားခစားပြီး က ကြေးအတွက် ဆုပေးပါရန် တောင်းဆိုတယ်။ အဲဒီ အ ဖြစ်ကြောင့် ဆူညံနေတဲ့ အသံတွေ လည်း ရုတ်ချည်း တိတ်ဆိတ်သွားတယ်။ ဆလိုမီရဲ့ တောင်းဆိုမှု ကြောင့် ဘုရင်ကြီးလည်း အံ့သြတုန်လှုပ်သွားတယ်”
“ဘာ ဖြစ်လို့လဲ”
“တိုင်းပြည်တစ်ဝက်ကို ပေးရမှာ စိုးလို့လား”
“မဟုတ်ဘူး။ ဆလိုမီတောင်းတာက တိုင်းပြည်တစ်ဝက်မဟုတ်ဘဲ ပုရောဟိတ်ရဲ့ ဦးခေါင်း ပြတ် ဖြစ်နေလို့ပဲ”
“ဟင်”
“ဆလိုမီဟာ ငိုငိုယိုယိုနဲ ဧည့်သည်တော် တွေ ရှေ့မှာ ထပ်ကာထပ်ကာ တောင်းဆိုတော့ ဘုရင်ကြီးလည်း မနေသာတော့ဘူး။ ဆလိုမီဟာ သူ့မိခင်ကို စော်ထားတဲ့ ဂျွန်ကို ကလဲ့စားချေ လို တာကြောင့် ပဲ ဖြစ်ရမယ်ဆိုပြီး ဂျွန်ရဲ့ ဦးခေါင်းကို ဖြတ်ယူခဲ့ဖို့ အမိန့်ပေး စေခိုင်းလိုက်တယ်”
“ဟယ်”
“ခဏအကြာမှာ စစ်ဗိုလ်တစ်ဦးက သွေးစိမ်းရှင်ရှင်နဲ့ မျက်တော် ပင် မပျက်သေးတဲ့ ဂျွန်ရဲ့ ဦးခေါင်းပြတ်ကို ငွေလင်ပန်းထဲမှာ ထည့်ပြီး ယူဆောင်လာတယ်။ ဆလိုမီဟာ ဂျွန်ရဲ့ ဦးခေါင်းပြတ် ကို မြင်တာနဲ့ ငွေလင်ပန်းထဲကနေ မယူပြီး…. “ဂျွန်ရယ် .. ဂျွန့်ကို ချစ်လွန်းလို့ ခေါင်းကိုဖြတ်ခိုင်း ရတယ်။ ခွှင့်တော့ကွယ် ”ဆိုပြီးငိုကြွေးမြည် တမ်းတယ်”
အားလုံးပဲ ခဏတာ ငြိမ်သက်သွားကြပါတယ်။ ပြီးမှ…
“အင်မတန် ချောမောလှပတဲ့ ကချေသည် မင်းသမီး တစ်ယောက် ကတောင် အရူးအမူး ဖြစ်ရ တယ်ဆိုတော့ အဲဒီ ဂျွန်ဆိုတဲ့လူက အရမ်းချော အရမ်းလှလို့လားဟင်”
“လုံးဝမချော လုံးဝမလှပါဘူး။ ဂျွန်ဟာ အသားမည်းတဲ့အပြင် ရုပ်ဆိုးအကျည်းတန်တဲ့ လူ တစ်ယောက် ”
“ဟင်… အဲဒါနဲ့များ ဒီလောက်တောင် ဖြစ်ရတယ်လို့”
“အချစ်စိတ်ဆိုတာကြောင့် ဖြစ်မှာ ပေါ့ဟာ”
“ဟင့်အင်း ငါ ကတော့ အဲဒါကို အချစ်လို့ မသတ်မှတ်ဘူး။ ရမ္မလွှမ်းနေတဲ့ လိုချင်တပ်မက် မှု တဏှာလို့ပဲ ယူဆယ်”
“ဘာထူးလို့လဲ တရားစကားနဲ့ ကြီးကြီးကျယ်ကျယ် ပြောရရင် အချစ်ဆိုတာလည်း လိုချင် တပ်မက်မှု တဏှာပါပဲ”
ထိုနေ့က
အနမ်းနှင့် ပတ်သက်၍ အကျယ်တ၀င့် ပြောဆိုဆွေးနွေးနေကြသော သူတို့သုံးဦးသည်
မကြာမီကာလတစ်ခုမှာ …
အလွန်ကြောက်စရာကောင်းသော အနမ်းနှင့် ပက်ပင်းရင်းဆိုင်ရလိမ့်မည် ဟု စိုးစဉ်မျှ မတွေးမိခဲ့ကြပါ။
အသိတရားဆိုတဲ့ ငနဲကြီးကို ထော်လော်ကန့်လန့်လုပ်တဲ့နေရာမှာ တော့
နှလုံးသားဆိုတဲ့ ငနဲလေးက အကဲဆုံးပဲ။
အခန်း (၁)
သူသည် ထူးဆန်းသော လူ တစ်ယောက် ဖြစ်သည်။
သူသည် မည် သို့သော လူစား ဖြစ်သနည်း။
လောလောလတ်လတ် ဥပမာပြရလျှင်…
အဝေးပြေးရထား၏ နှစ် ယောက် ခန်းအိပ်စင်မှာ ပေါ့။ သူနှင့် အတူ အခြားခရီးသည်တစ်ဦးပါ စီးနင်းလိုက်ပါလာသည်။
ခရီးအတော် အတန် ပေါက်လာသော အခါ..
“ကျုပ်တို့သွားရမယ့်ခရီးက အဝေးကြီးဗျ အပျင်းပြေ တစ်ယောက် ကို တစ်ယောက် ပဟေဠိ ၀ှက်ရရင် မကောင်းဘူးလား”
ခရီးဖော်က စကားစ၏ ။ သူက ငြင်းသည်။
သို့သော်မရ..။ ပဟေဠိဝါသနာအိုး ဖြစ်ဟန်တူသူက တစ်မျိုးတစ်ဖုံ ကမ်းလှမ်းပြန်သည်။
“ဒီလိုလုပ်ဗျာ။ ကျွန်တော် မေးတာကို ခင်ဗျား မဖြေနိုင်ရင် ကျွန်တော့်ကို တစ်ထောင်တန် တစ်ရွက်ပဲပေး။ အဲ ခင်ဗျားမေးတာကို ကျွန်တော် မဖြေနိုင်ရင် ခင်ဗျားကို ငါးထောင်တန်တစ်ရွက် ပေးမယ် ဘယ့်နှယ်လဲ”
မျက်မှော က်ကြုတ်၍ စဉ်းစားပြီး သူ သဘောတူလိုက်သည်။
“ကောင်းပြီ ခင်ဗျား ကျွန်တော့် ကို အရင်စမေး…”
ခရီးဖော်က စမေးသည်။
“ဒီနေ့အထိ ကမ္ဘာမှာ ကျော်ကြားပြီး အဖက်ဖက်က လူသုံးများ နေတဲ့ မှန်ပြောင်းကို စတင် တီထွင်ခဲ့တာ ဘယ်သူလဲ”
‘မသိဘူး ရော့ အစိမ်းတစ်ရွက်”
ငွေစက္ကူကိုလှမ်းယူပြီး ခရီးဖော်က အဖြေပြောပြသည်။
“ခင်ဗျားနှုတ်က ခုနကထွက်လိုက်တဲ့အသံပဲ။ မှန်ပြောင်းကို တီထွင်ခဲ့တာ ရော့စ်ဗျ ရော့စ်”
“နောက်တစ်ခု ထပ်မေးစမ်ပါဦး”
ခရီးဖော်က ထပ်မေး၏ ။
“အကြောင်းအရာတစ်ခုကို ကျွန်ုပ်ရှေ့တည့်တည့်မှာ ထားပြီး စဉ်းစားတယ်။ ကြည့်ရှုတယ်။ တွေးတောတယ်။ အလင်းရောင် တစ်ခု တဖြည်းဖြည်းချင်းကနေ အပြည့်အ၀ လင်းလက်လာတာ ကို စောင်းစားကြည့်ပါတယ် တဲ့ အဲဒီ စကားကို ပြောတာ ဘယ်သူလဲ”
“ဘယ်သိမလဲဗျ။ ကျွန်တော် က သူများ စကားပြောတာတွေ ချောင်းနားထောင်နေတာမှ မဟုတ်တာ။ ရော ရော့ နောက်တစ်ရွက်”
ခရီးဖော်က ပိုက်ဆံကိုယူပြီး ၀င့်ကြွားစွာ ပြုံးသည်။
“အဲဒီ စကားကို ပြောတာ အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှ် ဆာအိုက်ဇယ်နယူတန်ဗျ .. ဟဲ ဟဲ”
“ပိုက်ဆံယူရတာ တောင် အားနာလာပြီး ကျုပ်က အင်မတန် ဗဟုသုတရှိတာကိုးဗျ”
ခနဲ့မှု ကို သူက ဂရုမစိုက်ဘဲ
“ဒီတစ် ကျွန်တော် မေးမယ်”
“သေးသေးနဲ့ မည်းမည်း အင်မတန်ဆိုးရွားတဲ့ အနံ့ထွက်တယ်။ နံရံကို ခြေထောက်လေး ချောင်းနဲ့ တက်ပြီးတော့ ခြေထောက်သုံးချောင်းနဲ့ ပြန်ဆင်းတယ်။ နှာခေါင်းပေါက်ကနေ ရှူးရှူးပန်း ထွက်ပြီး စအိုကနေ အစာကိုသွင်းတယ်။ အဲဒါ ဘာကောင်လဲ”
“ဟာ…”
ခရီဖော် ဉာဏ်ကြီးရှင် ဦးနှောက်စားသွားသည်။ ရှိရှိသမျှ ဗဟုသုတကို အားကုန်ညှစ်ထုတ် ၍ အဖြေရရန် ကြိုးစားသည်။
တစ်နာရီ၊ နှစ် နာရီ…၊ သုံးနာရီ…
ဘယ်လိုပဲ စဉ်းစား စဉ်းစား.. အဖြေမရ။ နောက်ဆုံး ..ကတိအတိုင်း အနီတစ်ရွက် ထုတ်ပေး လိုက်ရသည်။
မကျေမချမ်းနှင့်…
“အဲဒီ အကောင်ကို ကျုပ်သိချင်တယ်ဗျာ။ အဲ့ဒါ ဘာကောင်လဲ”
သူက ငါးထောင်တန်ကို သိမ်းပြီး တစ်ထောင်တန်တစ်ရွက်ကို ဆွဲထုတ်ကာ ခရီးဖော် လက်ထဲ ထည့်ပေးလိုက် သည်။
ပြီးနော ပါးပါးရိပ်ရိပ် ပြုံး၍ ပြောသည်။
“အစိမ်းတစ်ရွက် ပြန်ယူဗျာ။ အဲဒီ အကောင်ကို ကျွန်တော် လည်း မသိဘူးဗျ။ ဟဲ ဟဲ အိပ်ချင်လာလို့ အိပ်တော့မယ်နော်”
ထို့နောက်တွင် တော့..
သူသည် အိပ်စင်ပေါ်တွင် လှဲကာ တခေါခေါနှင့် အိပ်မောကျသွားလေတော့သည်။
ခိုပြာရောင် ညနေခင်းသည် စွဲမက်စရာများ ကို ပွေ့ပိုက်ကိုက်ချိလျက် တမျှော်တခေါ် ပျံသန်း နေလေသည်။
ညနေခင်း၏ တလွင့်လွင့်တောင်ပံခတ်သံတွင် အင်းလျားကန်ဘောင်သည် လူသားဟု အမည် ရသော အခွံရောင် စုံ သွေးနွေးသတ္တ၀ါများ ဖြင့် အသက်ဝင်စည်ကာသိုက်မြိုက်လျက်ရှိ၏ ။ ဆည်းဆာရိပ်လွှမ်းမိုးနေသော ကန်ဘောင်ရိုးပေါ်ရှိ ခုံတန်းလျားတစ်ခုတွင် လည်း (ဦးရာလူ စနစ်ဖြင့် ) လူသားသွေးနွေးသတ္တ၀ါနှစ် ဦး နေရာယူထားကြသည်။
တစ်ဦးက ပုလ္လင် ဖြစ်၍ တစ်ဦက ဣတ္ထိလိင် ဖြစ်သည်။ သူတို့သည်နပုံထိုင်ပုံက တစ်ဦးနှင့် တစ်ဦး ဖောဌဗ္ဗာရုံချင်း ကင်းကင်းရှင်းရှင်း တည်ရှိနေကြ၏ ။
ကန်ရေပြင်အား နင်းဖြတ်လာသော လေညှင်းသွဲ့သွဲ့က သူတို့ နှစ် ဦးကြားမှာ လွတ်လပ်ကျယ်ပြန့်စွာ ဝှေ့သရမ်းခွင့်ကိုလိုင်စင်မဲ့ ရနေပါတော့သည်။
“ငါတို့နှစ် ယောက် လမ်းခွဲလိုက်ကြရအောင်”
“ဟင်”
ကောင်မလေး၏ နီရဲရဲနှုတ်ဖျားဆီမှ ခုန်ပေါက်၍ ထွက်လာသည့် သဒ္ဒါရုံကြေင့် ကောင် လေးသိသိသာသာ အထိတ်တလန့် ဖြစ်သွား၏ ။
“ငါတို့နှစ် ယောက် လမ်းခွဲရအောင် ဟုတ်လား။ နင်နောက်နေတာလား နဒီ။ ငါနင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ သိသားနဲ့… ဘာ ဖြစ်လို့လဲ အဲဒါမျိုးပြောရတာ လဲ”
“ဘာ ဖြစ်လို့လဲတွေ ဘာတွေ လုပ်မနေနဲ့။ အပိုတွေ ထပ်ပြီးကဗျာဆန်မနေန့တော့။ အခုအချိန်က စပြီး နင်နဲ့ငါ ပြတ်ပြီ။ အဲဒါကိုဘဲ နင့်ခေါင်းထဲထည့်ထား။ ဟုတ်ပြီလား”
ကောင်မလေး၏ အသံက ရေခဲစိမ်ထားသော သံမဏိဓားသွားနှင့် ခုတ်ထစ်လိုက်သကဲ့သို့ အေးစက်ပြတ်တောက်သည်။ ပခုံးနှစ်ဖက်မှ အစွန်းထွက်နေသည့် အတံနှစ်ချောင်းလှုပ်ရမ်းလာ သည်အထိ ကောင်းလေပျာယာခတ်သွား၏ ။
“ငါပြောပါရစေဦး နဒီရယ်၊ ငါပြောတာ နားထောင်ပါဦးဟာ။ ငါက မိန်းကလေတိုင်းကို စိတ် ကူးယဉ်တတ်ကြတဲ့ လူမျိုးမဟုတ်ဘူးဆိုတာ သိပါတယ်။ ငါက အောင်မြင်ကျော်ကြားမှု ကိုလည်း မပိုင်ဆိုင်ဘူး။ငါ့မှာ တောက်ပတဲ့ အနာဂတ်ဆိုတာလည်းမရှိဘူး။ ဒါပေမဲ့…”
“အဲဒါကိုပဲ ငါက မုန်းတာ။ ငါက ကြီးကျယ်တဲ့အနာဂတ်နဲ့ အောင်မြင်ကျော်ကြားပြီး ငါ့ကို မြေတောင်မြှောက်ပေးနိုင်မယ့် ယောက်ျားမျိုးကိုပဲ လိုချင်တာ။ နင့်လို သမားရိုးကျ လူ တစ်ယောက် နဲ့ မပတ်သက်ချင်တော့ဘူး”
“နဒီ… အဲဒီ လို မလုပ်ပါနဲ့။ နင့်ကိုငါ ဘယ်လောက်ထိ ချစ်တယ်ဆိုတာ နင်သိပါတယ်။ နင့်ကို ငါ ဘယ်တုန်းကမှ မလှည့်စားခဲ့ဘူး။ ငါ့ကို ရင်ကွဲအောင် မလုပ်ပါနဲ့ဟာ”
“ချစ်တာတွေ ၊သစ္စာရှိတာတွေ လက်တွေ့ ဘ၀မှာ အသုံမ၀င်ဘူး။ အာညောင်းခံပြီး မျက်ရည်ခံ ထိုးမနေစမ်းပါနဲ့ဟာ ကမ္ဘာပေါ်မှာ ငါ တစ်ယောက် တည်းမိန်းမမှ မဟုတ်တာ”
ကောင်မလေးက ထိုင်နေရာမှ တောင့်တောင့်မတ်မတ် ထ၍ ရပ်သည်။ ကောင်လေးက ကောင်မလေး၏ ပခုံးမှ အစွန်းထွက်နေသည့် သွယ်လျလျ အတံကို သူ့ပခုံးမှ အတံနှင့် ဖမ်း၍ ဆွဲထားလိုက်သည်။
“ငါ့ကိုထားမ သွားပါနဲ့ နဒီရယ်၊ ငါ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး နင်ဘာလိုချင်တယ်ဆို တာကို ပြောပါ။ ငါပြုပြင်ပါမယ်”
“တော် ပါတော့ ငါစိတ်ကုန်သွားပြီ။ နင်နဲ့တွဲ ရတာ ပျင်းလာပြီ နင့်ကိုငါ ရင်မခုန်တော့ဘူး”
“နင် ရင်ခုန်အောင် ငါ့ဘက်က ကြိုးစားပေးနိုင်ရင်ကော”
“အရစ်ရှည်မနေစမ်းပါနဲ့ဟာ ပြတ်ပြီဆိုမှဖြင့် ပြီးပြီပေါ့”
ကောင်မလေးက သူမ၏ အတံကို ဆွဲနှုတ်သည်။ ထို့နောက် ခါးအောက်မှ အရင်းတုတ်၍ အဖျားရှူးသော အတံရှည်နှစ် ချောင်းကို အသုံးပြု၍ ကော့တုန်ကော့တုန် ထွက်ခွာသွားလေသည်။
ကောင်လေးခမျာ သူ့အတံတွေ တရမ်းရမ်နှင့် စင်းစင်းငေါင်ငေါင် ဖြစ်ကျန်ရစ်ခဲ့ရှာ၏ ။ (ကြေကွဲစရာပဲနော်)
သူတို့နှစ် ဦး၏ ဖြစ်စဉ်ကို မလှမ်းမကမ်းမှ မျက်ဝန်းတစ်စုံက အသေအချာစိုက်၍ ကြည့်နေ ပါသည်။ ထိုအကြည့်က မမြင်သာသော ကျော့ကွင်းတစ်ခုလို အဓိပ္ပာယ်တွေ ပြည့်နှက်ကာ သိုသိပ် နက်နဲလှပေ၏ ။ ဒါ.. ဘာသဘောလဲ
အင်းလျားကန်ဘောင်သည် အခွံရောင် စုံ သွေးနွေးသတ္တ၀ါများ ဖြင့်အသက်ဝင် စည်ကား သိုက်မြိုက်လျက်ရှိတုန်းပင်။ မကြာခင် အမှော က်ရောက်လာဖို့အတွက် နေလုံးသည် ပြိုပျက် ပျောက်ကွယ်ရချေတော့မည် ။
ကောင်းကင်ယံထက်တွင် တိမ်ပျံတို့ ဖိတ်ဖိတ်လက်လက်တောက်နေကြလေပြီ။
“ဒါဆို နင်နဲ့ ၀ီရ ပြတ်သွားပြီပေါ့။ ဟုတ်လားနဒီ”
“အေး သူကတောင် ငါ့ကို မျက်ရည်ခံထိုးနေသေးတယ်”
“သူက ဘာလို့ မျက်ရည်ခံထိုးရတာ လဲ”
“သူ့ဘက်က မပြတ်နိုင်းလို့ပေါ့ဟဲ့ရတီရဲ့ ဒါလေးတောင် မသိဘူးလား”
နဒီဆိုသော မိန်းကလေး ကတော့ အသာစီးရသူပီပီ ဂုဏ်ယူဟန်ဖြင့် ပြော၏ ။ သူသာ ခံဖတ် ဆို ဘယ်လိုနေမလဲမသိဘူး။ ရတီဆိုသော မိန်းကလေးက သူမ၏ မျက်နှာပြင်ထက်မှ မျက်မှန် နက်ကလေးအား ပင်တင်ကာ နဒီ့ကို တွေ တွေ စူးစူးလေးကြည့်သည်။
“နင်နဲ့ ၀ီရတွဲ တာလည်း ကြာပြီ။ သူက နင့်အနွံအတာည်း တော် တော် ခံတယ်။ အဲဒါနဲ့ တောင်မှ နင်ဘာ ဖြစ်လို့ ၀ီရကို ဖြတ်ပစ်လိုက်တာလဲ”
“သူက ငါ့ဘ၀အတွက် လှေကားထစ်မ ဖြစ်နိုင်ဘူးဟ အဲဒါကြောင့်ဖြတ်ပစ်လိုက်တာ”
“၀ီရရဲ့ အဆင့်လည်း မနိမ့်ပါဘူး။ သူလည်းခေတ်ပညာတတ်လူငယ် တစ်ယောက် ပဲ ဟာ။ သူ့မိဘတွေ ဆိုလည်း အရမ်းအကြွယ်အချမ်းသားကြီးမဟုတ်ပေမယ့် တင့်တောင်းတင့်တယ်နေ နိုင်တာပဲ”
“ဒါပေမဲ့ ငါ့ဘ၀ကို ဆွဲတင်မပေးနိုင်ဘူးလေ။ ငါက ငါ့ဘ၀ကို အမြင့်ဆုံးရောက်အောင် ဆွဲ တင်ပေးနိုင်မယ့် လူမျိုးကိုဘဲ လိုချင်တာ။ သူ အနားမှာ ရှိတော့ ငါ့ကို ဘယ်သူမှ မကပ်တော့ဘူး။ အဲဒါကြောင့် သူ့ကိုဖြတ်ပစ်လိုက်တာ။ ပြီးတော့ သူက ဖျော်ဖြေရေး တစ်ခုလောက်တောင်မှ အသုံး မ၀င်ဘူး။ သူနဲ့တွဲ ရတာ ရေခဲတုံးကြီးကို ထိုင်ကြည့်နေရသလိုပဲ။ အရမ်း ပျင်းစရာကောင်းတယ် တကယ့် ငပိန်းကောင်”
“ဘာ ဖြစ်လို့လဲဟ”
“သူ့မှာ ရည်းစားထားပြီး ငါ့ကို “သတိ ဓာတ်လိုက်တတ်သည် ဗို့အား ၁၀၀၀ ရှိသည်”ဆိုတဲ့ လျှပ်စစ်မီးလိုမျိုး မတို့ရဲ မထိရဲနဲ့ ဖြစ်နေတာ”
“အယ် ဟုတ်ပါ့မလား”
ရတီက မယုံမရဲ မေးသည်။ နဒီက
“ဟုတ်ပါတယ်ဆို အရိပ်အကဲပြရင်တောင်မှ အဆင့်က တက်မလာဘူး။ တစ်ခါလည်း ငါ့က သူ့ကို စကားစလိုက်တယ်။ ယောက်ျား တစ်ယောက် ရဲ့ လက်အရှည်နဲ့ မိန်းမ တစ်ယောက် ရဲ့ ခါးအကျယ်ဝန်း ထပ်တူထပ်မျှ ရှိနိုင်ပ့ါမလားလို့…”
“အဲဒီ တော့သူက ဘာလုပ်လဲ”
“ဘာလုပ်တယ်လို့ နင်ထင်လဲ”
“အဲ”
ရတီ တစ်ချက် စဉ်းစားနေသည်။ ပြီးမှ.. မ၀ံ့မရဲနှင့် ..
“နင်ဒီလောက် အထာပေးနေမှတော့ ဘယ်ယောက်ျားမဆို သူ့လက်နဲ့ နင့်ခါးကို ဖက်မှာ ပေါ့ဟ ဟုတ်တယ်မလား”
“နိုးပါ”
နဒီကပြုံး၍ ခေါင်းခါပြသည်။ ရတီက စိတ်ဝင်စားသွားပြီး..
“ဒါဆို သူက ဘာလုပ်လဲဟင်”
နဒီက အားပါးတရ အရင်ရယ်သည်။ ပြီးမှ ပြော၏ ။
“ပေကြိုးယူပြီး သူ့လက်နဲ့ ငါ့ခါးကို တလဲစီ တိုင်းကြည့်တယ်လေ”
“ဟဲ အဲ့လိုကြီး”
ရတီပါသဘောကျပြီး တခစ်ခစ်ရယ်တော့၏ ။ မျက်လုံးထဲမှာ လည်း ၀ီရ၏ အူကြောင်ကြောင် လုပ်ဆောင်မှု ကို ပုံဖော်ကြည့်မိလေသည်။ ငတုံးပဲ။
အရယ်ရပ်တော့မှ သူမ ဆင်ခြင်သုံးသပ်မိ၏ ။
“သူက နင့်ကို အရမ်းတန်ဖိုးထားပြီး အရမ်းချစ်လို့ ဖြစ်မှာ ပါဟာ”
ဒီဂျေဘားသည် ရင်ခုန်စရာ အတိပြီးနေပါသည်။ ယိမ်းထိုးလှုပ်ရှားမှု မျာနှင့် အတူ ဒစ်ကို ဆလိုက်မီးရောင် စုံတို့ ပွင့်ဖြာလျက် DJ မြည် တွန်သံတို့ဖြင့် . ဆူညံပွက်ထနေ၏ ။
နှုတ်ခမ်းအား ဆိုးဆေးနီရဲရဲဖြင့် လိမ်းကျံပြီး ကိုယ်ကြပ်အင်္ကျီနှင့် စပ်တိုနန့်နန့်ကို အကျော့ အမော့ ၀တ်ဆင်ထားသော နဒီ၏ ရီဝေေ၀မျက်လုံးတွေ သည် မှိန်ဖျော့ဖျော့ အလင်းရောင် ထဲတွင် တောင်မြောက်လေးပါးဆီ ပြေးဆော့လျက်ရှိ၏ ။
ကြည့်သော သူ မြင်၏ ။ ပြသော သူ ကုသိုလ်ရ၏ ဆိုသော စတိုင်လ်နှင့် ကိုယ်ခန္ဓာကို လှုပ်ယိမ်းရင်းသူမ၏ စိတ်တိုင်းမကျဘဲ ဖြစ်နေသည်။ ဒီညတွေ ခဲ့သမျှ ငနဲတွေ က တစ်ပွေမှ ပုံမလာ ချေ။
တစ်ယောက်မှ တွဲ ကချင်စရာ ရုပ်မပေါက်သဖြင့် ကပ်လာသမျှကို သူမ ခါထုတ်ပစ်ခဲ့သည်။ အိုးနင်းခွက်နင်းတွေ နှင့် တော့ တွဲ ၍ မကချင်ပါ။ မတော် လဲနေ ဘယ့်နှယ်လုပ်မလဲ..
နဒီ စိတ်ဆင်းရဲနေစဉ်မှာ ပင်…
ယခုမှ လကပ်စည်းဝိုင်းအတွင်း ၀င်လာသည့် ရုပ်ရည်သန့်သန့်ပြန့်ပြီး စမတ် Smart ကျ သည့် ယောက်ျားပျို တစ်ယောက် ကို တွေ့ မြင်လိုက်ရသဖြင့် သူမရင်ခုန်နှစ် လိုစိတ် ဖြစ်သွားသည်။ အကြိုက်တော့ တွေ့ ပြီ။
ထိုယောက်ျားပျိုကို နဒီက လှမ်းကြည့်နေမိရာ ခဏကြာတော့ သူကလည်း နဒီကို ပြန်ကြည့်ပြီး ပြုံးပြသည်။ နောက်တော့ ၀ိုင်းအလွတ်တစ်ခုမှာ ၀င်ထိုင်ပြီး နဒီကို လက်ယပ်ခေါ်၏ ။
ဟယ် မြင်မြင်ချင်းပဲ.. အေးပေါ့လေ အိုင်တီခေတ်ပဲ။
ခပ်ထွေထွေ ဖြစ်နေသော နဒီသည် အိုက်တင်ခံမနေတော့ဘဲ ကျေကျေနပ်နပ်ပင် သူရှိရာ ဆီသို့ အကျော့ရှင်းဆုံး ဖြစ်အောင် လျှောက်၍ သွားလိုက်လေသည်။
ရောက်တော…
“ဆို…ဘာကိတ်”
နဒီမေးတာကို ထိုပုဂ္ဂိုလ်က ချက်ချင်း မဖြေပဲ နဒီ့ကိုသာ ပြုံး၍ ကြည့်နေသည်။ မပီပြင်သော အလင်းမစို့မပို့မှာ ပင် ညှို့ဓာတ်ပါသော အပြုံးက စွဲမက်ချင်စရာကောင်းနေ၏ ။
“အဆိုတော် မကလေးက အကလည်းကောင်းသားပဲ”
“အိုးဂေါ့”
Q m heao m Dj သံနှင့် ရောယှက်ထွက်ပေါ်လာသော သူ့အသံသြရှရှကြောင့် နဒီ ငေးကြောင်သွားရသည်။
“ယူက တို့ကို သိနေတယ်”
“သိပ်သိတာပေါ့ အဆိုတော် မလေး ခေတ်နဒီရဲ့ ”
“တို့က နာမည် မှ မကြီးတာ”
“ဒါပေမဲ့ ကိုယ် ကတော့ မင်းကို အသေကြိုက်တာ”
“ဟို ဆရာ ဟိုး စကားကို ရှင်းရှင်းပြော။ ဘာကိုကြိုက်တာလဲ”
“အသံကိုရော လူကိုရော”
“ဟာကွာ”
နဒီ ခေါင်းလေးငုံ့ပြီး ရှက်ဟန်ဆောင်ပစ်လိုက်သည်။ ဒါလောက်တော့ တတ်မြောက်ကျွမ်း ကျင်ပြီးသား
သူမ ထိုင်ပုံကလည်းဖွက်ထားရင် ရန်များ တယ်ဆိုသော အနေအထားမျိုး။
ဒီပုဂ္ဂိုလ်ကိုကြည့်ရတာ အချဉ်တော့သိပ်မ ဖြစ်နိုင်။ အနေအထားက လိုင်စင်တပ်ချင်စရာမို့ ဆက်လက်၍ စကားရောဖောရော လုပ်ပစ်လိုက်၏ ။
“တို့ကိုတော့ ယူကသိနေတယ်။ ယူ့အကြောင်းကိုတော့ တို့က ဘာမှ မသိရပါလား”
“ကိုယ့်နာမည် က ဥက္ကာစိုး၊ နိုင်ငံခြားက ပြန်ရောက်တာ သိပ်မကြာသေးဘူး။ မြန်မာပြည်မှာ စီးပွားရေး တစ်ခုခု ဇောက်ချလုပ်ဖို့ ရည်မှန်းထားပေမယ့် အခုအချိန်ထိတော့ ဘာလုပ်ရမှန်း မသိဘ သေးဘူး”
“တစ်ခုခု မသောက်ဘူးလား”
“လာလိမ့်မယ်”
ခဏကြာတော့ မှာ ထားတာတွေ ရောက်လာသည်။ ဥက္ကာစိုးက ၀ိတ်တာကို ဖန်ခွက် အလွတ် ထပ်တောင်းလိုက်၏ ။
ဖန်ခွက်ရောက်လာတော့ ခွက်နှစ် ခွက်ထဲမှာ အဖျော်နှင့် ယမကာကို အချိုးကျ ရော စပ်သည်။
“ခေတ်နဒီ တစ်ကိုယ်တော် စီးရီးခွေ ထွက်ပြီးကတည်းက ထပ်မထွက်သေးဘူးနော်”
“အင်း ဟုတ်တယ် အခွေကြမ်းလုပ်ထားတာတော့ရှိတယ်”
“ဘာကြောင့် ဒီလောက် ကြာနေတာလဲဟင်၊ ခိုးကူးခွေတွေ ကြောင့် ဆိုင်ထားတာလား”
“အဲ့ဒါနဲ့လည်း ဆိုင်တယ်။ အဓိက ကတော့ ပရိုဂျူဆာမရှိလို့ပေါ့”
“အရင်ပရိုဂျူဆာကကော”
“ပထမခွေက အိမ်က ငွေထုတ်ပေးလို့လုပ်တာ။ အခု အရှုံးပေါ်လို့ ထပ်မထုတ်ပေး တော့ ဘူးလေ”
“နဒီက စိတ်လေးဟန်ဖြင့် ပြောတော့ ဥက္ကာစိုးက နှစ် သိမ့်သည်။
“အသစ် တစ်ယောက် ဆိုတော့ အစပိုင်းမှာ အနာတော့ခံရမှာ ပေါ့။ ပေါက်သွားရင်လည်း စားရမှာ လေ။ အနုပညာအလုပ် လုပ်တယ်ဆိုတာ ငွေကြေး အရှုံးအမြတ်ကိုချည်း တွက်နေလို့မရ ဘူး။ အနုပညာအရ အောင်မြင်မှု န့လည်း ဂုဏ်ယူကျေနပ်နိုင်ရတယ်”
“အဲဒီ လို နားလည်မှု ရှိတဲ့ ပရိုဂျူဆာမျိုးသားရရင် သိပ်ကောင်းမှာ ပဲ”
“ကိုယ် မင်းရဲ့ ပရိုဂျူဆာ လုပ်ပေးရမလား”
“အဲဒီ လိုသာ ဖြစ်လာရင်တော့ အတိုင်းထက်အလွန် အကောင်းဆုံးပေါ့ရှင်”
နဒီ၏ မျှော်လင့်ချက်ထက်သန်သော အကြည့်တွေ က ဥက္ကာစိုးထံမှာ သာ ရစ်ဝဲဆိုက်ကပ် နေသည်။ ဖိုသတ္တ၀ါတို့၏ အသည်းနှလုံးကိုက တိမ်းကပါး ဖြစ်စေနိုင်သည့် သူမ၏ မျက်လုံးရွဲကြီး များ ကိုလည်း တဖျတ်ဖျတ် ပုတ်ခတ်ဆော့ကစားပြလိုက်သေး၏ ။
ဥက္ကာစိုးက ကလူသလို မြူသလို ဆွဲဆောင်နေသည့် နဒီ၏ မို့ဆူဖြူဖြိုးသော ကိုယ်လုံးအလှ အား တိမ်းမူးတပ်မက်ဟန်ဖြင့် ကြည့်ကာ…
“ကိုယ်ဆုံးဖြတ်လိုက်ပြီ”
“ဘာကိုလဲ ဟင်”
“မင်းရဲ့ ရိုဂျူဆာလုပ်ဖို့ကိစ္စကိုပေါ့”
“တကယ်”
“တကယ်ပြောတာ။ မင်းအသံမှာ အထရက်ရှင် (attraction) ရှိတယ်လို့ ကိုယ်ယုံကြည် တယ်။ မင်္ဂလာရှိတဲ့ ကိုယ်တို့နှစ် ယောက် ရဲ့ တွေ့ ဆုံမှု အတွက်..”
ဥက္ကာစိုးက ဖန်ခွက်ကို မြှော က်သည်။ နဒီကလည်း သူမရှေ့ရှိဖန်ခွက်ကို ကောက်ကိုင်ကာ မြှောက်လိုက်သည်။
“ချီးယား”
“ချီးယား”
သူတို့နှစ်ယောက် ဖန်ခွက်နှုတ်ခမ်းချင်း ထလိုက်ကြသည်။ ထို့နောက် အာခံတွင်းထဲသို့ ပြိုင် တူပင် လောင်းထည့်လိုက်ကြသည်။ ကိုယ်စီကျေနပ်မှု နှင့် အတူ ရင်းခေါင်းတလျှောက် ရှိန်းမြ ပူဆင်း သွားရလေ၏ ။
ခေတ္တမျှ ငြိမ်သက်သွားရာမှ နဒီက စတင်လှုပ်ရှား လေသည်။
ရှင် အဒီအတိုင်းပဲ အချိန်ဖြုန်းတော့မှာ လား”
“ဘယ်လို ဖြစ်စေချင်တာလဲ”
“ကျွန်မတို့နှစ် ယောက် ကကြမယ်လေ”
“အိုကေ”
နဒီက သူမ၏ လက်ယာလက်ကို မတွန့်မတို ကမ်းပေးသည်။ ထိုလက်ကို ဥက္ကာစိုးက ရဲရဲ တင်းတင်းပင် စေးစေးပိုင်ပိုင် ဖမ်းအုပ်ဆုပ်ကိုင်သည်။ နောက်တော့ တွဲ လက်မဖြုတ်ဘဲ ကပွဲခန်းမ အလယ်သို့ ဆင်းလိုက်ကြလေသည်။
ခဏအကြာတွင် ..
သူတို့နှစ်ဦးသည် ဒစ်စကိုမီးရောင် အောက် ကပွဲကြမ်းပြင်ထက်၌ ရင်ချင်ဆက်အမြွှာသဖွယ် ဖြစ်ပျက်နြေ ကတော့၏ ။
“သူ့ကိုတော့ ငါခိုက်သွားပြီဟာ”
“မှတ်တောင်ထားရဦးမယ်။ ၀ီရတုန်းကလည်း နင်ဒီလိုဘဲ ပြောတာပဲ”
ရတီက စာဖတ်နေရင်းမှ အလေးမထားဘဲ ပေါ့ပျက်ပျက် တုံ့ပြန်တော့ နဒီအောင့်သီး အောင့်သက် ဖြစ်သွားရ၏ ။
“ဒီတစ်ခါတကယ်ပြောတာဟာ။ သူက ရုပ်ဖြောင့်တယ်။ ဘော်ဒီတောင့်တယ်။ စတိုင်လ် မိုက်တယ်။ ငါ့ကိုလည်း စီးရီုးထုတ်ပေးဦးမှာ ။ ပြီးတော့ သူက အကလည်းကောင်းတယ်ဟ။ သူနဲ့ ငါ စရိုက်ချင်းတူမယ်ထင်တယ်။ သူု့ကိုတော့ ငါ အရမ်းးသဘောကျသွားပြီ”
“ဒီလောက် ဖြစ်နေရင်လည်း လဲသေလိုက်တော့”
“မသေနိုင်သေးဘူးဟေ့။ သူ့ရင်ခွင်ထဲကို ၀င်ဖူးတယ်ရှိအောင် ၀င်ကြည့်ရဦးမယ်”
“ဟယ် နင်တော် တော် နန့်နေပါလား နဒီ”
“နန့်နန့်ပဲ”
“နင်က မိန်းကလေးဟဲ့ အရမ်းမနန့်နဲ့”
“နန့်မှာ ပဲ”
စပ်ဖြဲဖြဲလုပ်နေသော နဒီ့ကိုကြည့်ကာ ရတီ စိတ်တိုလာသည်။
“နင်တော် တော် အူမြူးနေတယ် ဟုတ်လား နဒီ။ နင့်ကိုကြည့်ရတာ အချိုးကို မပြေဘူး။ အဲဒီ ကောင်က ဘယ်လောက်မျာ ဖြောင့်လို့ နင်ဒီလောက် အ ဖြစ်သည်းနေတာလဲ”
“သူဒီအိမ်လာမှ နင်ကိုယ်တိုင် ကြည့်ကြည့်ပေါ့။ တော် ကြာဆို သူလာတော့မှာ ”
“ဘာကိစ္စလဲ”
“အလုပ်ကိစ္စအတွက် ငါ့ကိုလာခေါ်မှာ ”
“အဲ့ဒါကြောင့် နင်စပယ်ရှယိအလှတွေ ပြင်ထားတာပေါ့လေ”
“ဒါပေါ့ဟဲ့”
နဒီက နာရီကိုကြည့်ရင်း ခေါင်းညိတ်၍ ပြော၏ ။ ထိုစဉ်မှာ ပင် ဆူဆူညံညံ အသံများ နှင့် အ အတူ အိမ်တွင်းသို့လူသုံးဦး ၀င်လာသည်။ အားလပ်ရက်မို့ ဘရဏီတို့မိသားစု အိမ်လာလည်ကြ တာ ဖြစ်၏ ။
မီးဖိုခန်းထဲမှ ဒေါ်ထက်ထက်အောင်ပါထွက်လာပြီး မိသားဟု စုံညီစွာ စကားစမြည် ပြော ကြ၏ ။ အချိန်ခဏမျှကြာသော အခါ အိမ်အ၀င်ပေါက်ဝမှာ လူ တစ်ယောက် ၏ အသွင်သဏ္ဌာန် ပေါ်လာသည်။
ထိုလူကို မြင်တော့ နဒီ၏ မျက်နှာဝင်းပသွားသည်။ လျှပ်စီးလက်သလိုပါပဲ။
“ဟယ်.. ကိုဥက္ကာစိုး လာ လာ”
နဒီက ပျာပျာသလဲလဲ ဆီးကြိုပြီး ဥက္ကာစိုးကို သူမ၏ မိသားစုနှင့် မိတ်ဆက်ပေးလေသည်။
“မာမီ. ဒါ သမီးကို စီးရီးထုတ်ပေးမယ့် ပရိုဂျူဆာလေ။ ကိုဥက္ကာစိုး ဒါ နဒီ့မာမီ။ ဒေါ်ထက် ထက်အောင်တဲ့။ သူ ကတော့ နဒီအစ်မအကြီးဆုံး ဘရဏီ၊ သိတယ်မို့လား”
“သိပါတယ်။ ရုပ်ရှင်မင်းသမီး ခေတ်ဘရဏီ နာမည် ကြီးပဲဟာ”
ဘရဏီက ပြုံးပြုံးရွှင်ရွှင်ပင် တုံ့ပြန်သည်။ နဒီက ဘရဏီ၏ နံဘေးမှာ ထိုင်နေသည့် ၀၀ ဖိုင့် ဖိုင့်လူကို ပြကား…
“ဒါက ဘရဏီရဲ့ ခင်ပွန်း ကိုအောင်ထူးတဲ့”
“ဟုတ်ကဲ့ တွေ့ ရတာ ၀မ်းသာပါတယ်”
ဥက္ကာစိုးနှင့် ကိုအောင်ထူးလက်ဆွဲနှုတ်ဆက်ကြ၏ ။ ဒါ ထုံးစံပဲလေ။ မဆွဲချင် မကိုင်ချင် လည်း ဆွဲကိုင်လှုပ်ရမ်းနေတာ..။
“’ဒါ ကတော့ သူတို့ရဲ့ သားလေး လက်တေဇအောင်တဲ့”
“ကလေးက ချစ်စရာလေးပဲ”
သုံးနှစ် ရွယ် ကလေးငယ်လေးကိုကြည့်ကာ ဥက္ကာစိုးက ပြော၏ ။ အမှန်က ဖအေတူ ရုပ်ဆိုး လေးပါ…
“သူ ကတော့ အစ်မလတ်လေ။ စာရေး ဆရာမ ခေတ်ရတီဆိုတာ သူပေါ့”
“သြော် ဟုတ်ကဲ့ တွေ့ ရတာ ၀မ်းသာပါတယ်”
ရတီက မျက်နှာတစ်ချက်မော့ပြီး မျက်မှန်အောက်က မျက်လုံးတွေ ဖြင့် ဥက္ကာစိုးကို ခပ်တည် တည်ပင် ကြည့်သည်။ ကျွန်မဟာ တည်ငြိမ်သူ ဣနြေ္ဒရှင်ပါပေါ့လေ။ ဥက္ကာစိုးက ရတီ့ကို စူးစူး စိုက် စိုက်ကြည့်ကာ နူးညံ့စွာ ပြုံးပြ၏ ။
“ညီအစ်မတွေ အားလုံး အနုပညာသမားတွေ ချည်းပဲနော်. လေးစားပါတယ်ဗျာ။ ဒါနဲ့ ဒါမိ သားစု အကုန်ပဲလား”
“ဟုတ်တယ် ဒက်ဒီက နတ်ပြည်ရောက်သွားတာ သုံးနှစ် ရှိပြီ..”
“သြော်”
ဥက္ကာစိုး သဘောပေါက်သွားသည်။ အဘိုးကြီးက ရှောသွာပြီပဲ။ အားလုံးနှင့် မိတ်ဆက်ပေး ပြီးသော အခါ ခွင့်ပန်နှုတ်ဆက်ပြီး ဥက္ကာစိုး အိမ်ထဲမှ ထွက်လာခဲ့သည်။ သူ့နောက်တွင် နဒီက ကျော့ ကျော့မော့မော့ လိုက်ပါလာသည်။
ကော့လန် ကော့လန်နှင့် …
သူမ၀တ်ထားတာတွေ ကလည်း အတိုင်းအထက်အလွန်ပင် လန်ပျံနေချေ၏ ။
အိမ်ရှေ့မှာ ရပ်ထားသော အမိုးဖွင့်ပြိုင်ကားနီရဲရဲလေးကို တွေ့ သော အခါ ပြိုင်ကားမစီး ဖူးသော နဒီ ပျော်ရွှင်သွားမိသည်။ ဥက္ကာစိုးဖွင့်ပေးသော တံခါးမှ တက်ထိုင်ပြီး ဥက္ကာစိုးမောင်း သော ဒီကားလေးကို စီးရတာ သူမ ဂုဏ်ယူနေမိသည်။ ဒိလိုသာ တစ်သက်လုံးတကယ် ဖြစ်လိုက်ချင် မိတော့၏ ။
ထိုနေ့က သူတို့နှစ် ဦးသည် ပြေးလွှားနေသော ပြိုင်ကားနီရဲရဲလေးပေါ်မှာ ပင် နှီးနှေားရင်း အလုပ်ကိစ္စအား တိုင်ပင်ဆွေးနွေးကြသည်။ အပေးအယူချင်းလည်း ဖလှယ်ညှိနှိုင်းကြသည်။ အမိုး အကာမလုံခြုံသဖြင့် သည်းထန်သော လေတိုးနှုန်းက သူတို့ကို တ၀ှီးဝှီး အော်မြည် ထိခတ်လျက် ရှိ၏ ။ အ၀တ်စနှင့် ဆံနွယ်ပင်များ သည် သူတို့၏ စိတ်တွေ နှယ် တဖတ်ဖတ်လွင့်နေကြလေသည်။
တကယ်တော့…
နဒီသည် သင်္ချာကျွမ်းကျင်သော ပုစွန်တစ်ကောင် ဖြစ်သည်။ သူမ၏ နှလုံးသည် အတွက် အချက်တွေ နှင် ဦးခေါင်းတွင်းသို့ ရောက်ရှိနေချေ၏ ။ ပုစွန်ခေါင်းထဲမှာ ဘာတွေ ရှိသလဲဆိုတော့ သိ တယ်မလား။
“သူက တကယ်မိုက်တယ်မလား”
မေးပုံကိုက ကိုယ်လိုရာရဖို့ နားရွက်ဆွဲ မေးတာမျိုး…
“အေးပါ ၀ီရထက်တော့ သာတာအမှန်ပဲ”
“ဟုတ်တယ် သူက ပုပြင်ထဲက မင်းသားကျနေတာပဲ”
ဘရဏီနှင့် ရတီ၏ သတ်မှတ်ချက်ကြောင့် နဒီ ကျေနပ်သွားမိသည်။ အဲ့ဒါ ငါ့လူကွ.. ဟု ထမခုန်ရုံ တမယ်ပါပဲ. သူမ နှုတ်ဖျားမှလည်း ဂုဏ်ယူစွာ ထပ်ဆင့်အမွှန်းတင်လိုက်ပြန်သည်။
“သူက သိပ်ပြည့်စုံတာပဲနော်။ ပိုက်ဆံရှိတဲ့အပြင် ဆွဲဆောင်မှု လည်းရှိတယ်”
“သူ့ကြည့်ရတာ ကောင်းမယ်ပုံပါပဲ။ ဒါပေမယ့်..
“ဘာ ဖြစ်သလဲ”
“သူ့ကို သိပ်မယုံနဲ့”
“နင်က ဘာသိထားလို့လဲ”
နဒီက စိုးရိမ်တကြီးမေးတော့ ဘရဏီက တွေးတွေးဆဆ ပြော၏ ။ ပညာရှိ ဇီးကွက်ကြီး စတိုင်လ်နဲ့ပေါ့
“ယောက်ျားတိုင်းဟာ စတွေ့ တွေ့ ချင်းတော့ ကောင်းကြတာချည်းပဲ။ ဒါပေမဲ့ အချိန်ကြာ လာတာနဲ့အမျှ ပြောင်းလဲကုန်ရော။ အထူး သဖြင့် သူတို့လိုချင်တာ ရပြီးရင်ပေါ့”
“သူ ကတော့ အဲ့လို မ ဖြစ်နိုင်ပါဘူး။ ငါသူ့ကို ပိုပိုသဘောကျလာတယ်”
“အဲဒါက နင့်ကိစ္စလေ ငါပြောတာက ငါ့အတွေ့ အကြုံအရပြောပြတာ”
ဘရဏီကကို ရတီက မျက်မှန်အောက်မှာ မျက်လုံးတွေ ဖြင့် တွေ တွေ စူးစူးကြည့်သည်။ ကစမ်းက၀ါးအကြည့်ဆိုလည်း ဟုတ်တာပဲ။
“နင် အဆင်မပြေဘူးလားဟင်”
“ဘာလဲ”
“နင်တို့ အိမ်ထောင်ရေး အခြေအနေလေ”
“မပြေပါဘူးဟာ”
ဘရဏီက စိတ်ပျက်လက်ပျက် ခေါင်းကိုခါသည်။ ထိုအခါ ရတီက ဆက်လက်မေးမြန်း၏ ။ သိလိုစိတ် အပြည့်နဲ့ပေါ့…။
“ဘယ်လို ဖြစ်တာလဲ”
“သူ့ဘက်က စဖောက်တာဟ”
“ကိုအောင်ထူးကို ပြောတာလား”
“အင်းလေ သူပေါ့ အခု ငါနဲ့သူ အတူမအိပ်တော့ဘူး တစ်ယောက် တစ်ခန်းစီအိပ်တယ်”
“ဟင် ဘာ ဖြစ်လို့လဲ
“သူက တစ်ယောက် တည်း အိပ်ချင်လို့တဲ့ ”
“ဟယ် ကြံကြံဖန်ဖန်”
ရတီနှင့် နဒီ ၏ မျက်နှာမှာ အံ့သြဟန်တွေ လက်ဖြာသွားသည်။ သူတို့အတွက်တော့ ဒါဟာ အတွေ့ အကြုံသစ်ပဲလေ။
“မှန်း နင့်ကိုယ်နံ့က သိပ်များ ဆိုးနေလို့လား”
နဒီက ဘရဏီ၏ ကိုယ်လုံးကို တရှုံ့ရှုံ့နမ်းကြည့်သည် ပြီးမှ ..
“ကိုယ်နံ့ကလည်း သိပ်မဆိုးပါဘူး။ နင်တို့နှစ်ယောက် တခြားပြဿနာများ ဖြစ်ထားသေး လား”
“ဘာပြဿနာမှ မ ဖြစ်ပါဘူးဟယ်”
“ဒါဆိုလဲ တစ်ခုပဲရှိတယ်”
“ဘာလဲ”
နင့်ယောက်ျားက ကျန်းမာရေး အခြေအနေအရ အလေးအပင် မမချင်လို့ နင်နဲ့အတူ မအိပ် တာပဲ ဖြစ်ရမယ်“
“အယ်”
ဘရဏီ မျက်နှာပျက်သွားသည်။ ညောင်နာနာအသံနှင့်..
“ငါ့ကိုယ်လုံးက အဲဒီ လောက်ဆိုးနေလို့လား“
“စတာပါဟာ နင့်ဘောဒီက အလတ်ကြီးရှိပါသေးတယ်”
နဒီက အစ်မ ဖြစ်သူကို နှစ်သိမ့်၏ ။ ဘရဏီ ကတော့ တော် တော် ပဲ စိတ်ဆင်းရဲနေဟန်ရှိ သည်။
“သူ ငါ့ကို စိတ်ကုန်နေတာတော့ အမှန်ပဲဟ။ ကလေးရပြီးကတည်းက ပုံစံပြောင်းနေတာ။ ယောက်ျားတွေ ဟာ မိန်းမ တစ်ယောက် တည်းကိုပဲ ရေရှည်ဆက်ဆံရရင် ငြီးငွေ့သွားတတ်ပုံရ တယ်။ အသုံးအဆောင်ပစ္စည်းတွေ လိုပဲ အသုံးပြုပြီးလို့ ဟောင်းနွမ်းရိုးအီသွားရင် အသစ်လဲချင်ကြ တယ်”
“နင်ပြောသလိုဆိုရင် သစ္စာတွေ ၊ မေတ္တာတွေ က အလကား ဖြစ်ကုန်ပြီပေါ့။ အိမ်ထောင် တစ်စုကို သံယောဇဉ်နဲ့ ခိုင်မြဲအောင် လုပ်လို့ကော မရနိုင်တော့ဘူးလား”
“ရှိတော့ ရှိတယ်။ ရှားတယ်ဆိုတဲ စကားလိုပဲ။ မရဘူးလို့ မပြောနိုင်ပေမယ့် အခုခေတ်မှာ အဲဒါတွေ က ရှားပါးပစ္စည်း ဖြစ်နေပါပြီ ရတီရယ်။”
အထိနာနေသော ဘရဏီက ညည်းညည်းညူညူပြောရှာသည်။ ဘရဏီ ရှုတင်အားရက်မို့ ညီအစ်မ သုံးယောက် သား ဘရဏီတို့ အိမ်မှာ စုမိနေတာ ဖြစ်သ်။
ကိုအောင်ထူးက အလုပ်သွား၍ ကလေးက မူကြိုမှာ မို့ သူတို့ပြောရဆိုရတာ လွတ်လပ်နေ သည်။
“နဒီ နင့်ကို ဥက္ကာစိုးက ပရိုပို့စ် Propose လုပ်ပြီလား”
“ဟင်အင်း ဒါပေမဲ့ မဝေးတော့တာ သေချာပါတယ်”
အပိုင်တွက်ထားတာ…
“သူ့ကို နင် လက်ထပ်မှာ လားဟင်”
“ဒါတော့ သူက ငါ့ဘ၀ကို ပြောင်းလဲစေနိုင်လားဆိုတဲ့ အချက်ပေါ်မှာ မူတည်တယ်”
နဒီ့ကိုကြည့်ကာ ရတီက စိတ်ပျက်ဟန်ဖြင့် နှာခေါင်းရှုံ့သည်။
“နဒီ နင်က အံသြစရာပဲ။ ယောက်ျားတွေ ကို တွေ့ ရင် ကောက်ကြည့်လိုက် ပြန်ချထား လိုက်နဲ့ ဈေးဝယ်နေသလိုပဲ အဲဒါ အချစ်မှ ဟုတ်ရဲလား”
“ဈေးဝယ်တာ အချစ်မ ဟုတ်ပါဘူးဟာ။ ဒါပေမဲ့ အိမ်ထောင်ဖက်ရွေးချယ်တာနဲ့ ဈေးဝယ် တာ ကတော့ တူတယ်။ဈေးဝယ်ရင် နင်ကြိုက်တဲ့ပစ္စည်းကို လိုက်ရှာတယ်မဟုတ်လား။ မကြိုက် ဘူးဆိုရင် ထားခဲ့တယ်လေ။ တစ်ခါတစ်လေဆိုရင် ပိုက်ဆံမချေးသေးဘဲနဲ့ ပစ္စည်းက ကိုယ်နဲ့ အဆင်ပြေမပြေ သိရအောင် အစမ်းတ်ကြည့်တယ်လေ။ ငါလည်း အဲဒီ လိုပဲပေါ့”
“ဘုရားရေ ယောက်ျားတွေ ကိုလည်း ပစ္စည်းတွေ ကိုပဲ အဆင်ပြေ၊ မပြေသိရအောင် နင် ၀စမ်းဝတ်ကြည့်သေးလား နဒီ။ အဲ့လိုတော့ မလုပ်လိုက်ပါနဲ့ဟယ်”
ရတီက ရင်တုန်သွားဟန်ဖြင့် ရင်ဘတ်ကလေးဖိပြီးပြော့တော့ နဒီက တခစ်ခစ်ရယ်သည်။ သူတို့ ညီအစ်မသုံးယောက် သည် ငါးနှစ်ကြီး ငါးနှစ် ငယ်တွေ ဖြစ်ပေမယ့် သူငယ်ချင်းသဖွယ် ပေါင်း သင်းလို့ရနေသည်။ ကာရံညီလွန်းတာ မဟုတ်ပေမယ့် ကာရံညှိလို့ရတာ မျိုးပေါ့။
ဘရဏီက ရတီ့ကိုကြည့်ကာ..
“ရတီ သူများ ကိုပဲ ပြောမနေနဲ့။ နင့်အတွက်လည်း နင် စဉ်းစားဦ။ နင့်အသက်အရွယ်နဲ့ဆို အိမ်ထောင်ပြုဖို့သင့်ပြီ။ အသက်ကြီးမှ အိမ်ထောင်ပြုရင် မကောင်းဘူးဟ။ အိမ်ထောင်ပြုတာ စိတ် ညစ်စရာတွေ ရှိပေမယ့် မိန်းမ တစ်ယောက် ဟာ လူဝတ်ကြောင်နဲ့ နေမယ်ဆိုရင် လူရိုသေရှင်ရိုသေ အိမ်ထောင်ပြုသင့်တယ်။ အဲ့ဒါကြောင့် စာအုပ်ပုံထဲမှာ ပဲ ခေါင်းနှစ်မနေနဲ့။ ရည်းစားလေးဘာလေး ထားဖို့လည်း ကြိုးစားဦး”
“ငါမှ စိတ်မပါတာ”
ရတီ၏ အေးစက်စက် အမူအရာကိုကြည့်ကာ ဘရဏီအားမလိုအားမရ ဖြစ်မိ၏ ။ ဒါမျိုးတွေ ကွာတာဆိုသော အထာနဲ့…
“ဘာလဲ နင်က နင့်ဆီကို အလိုအလျောက် ဆိုက်ရောက်လာမယ့်ပုံပြင်ထဲက မင်းသားမျိုး ကို စောင့်မျှော်နေတာလား”
“မဟုတ်ပါဘူးဟယ်။ ငါ့ကိုယ်၌ ကိုက အိမ်ထောင်ပြုဖို့ စိတ်မ၀င်စားတာပါ”
“အိမ်ထောင်ပြုဖို့ စိတ်မ၀င်စားဘူး လုပ်မနေနဲ့။ အခုခေတ်မှာ ကင်ဆာ ရောဂါ တွေ က ခေတ် စားနေတာ”
ဘာဆိုင်လို့လဲ“
“အိမ်ထောင်မပြုတဲ့ အမျိုးသမီးတွေ ဟာ သားအိမ်ကင်ဆာ ဖြစ်နှုန်းပိုမြင့်တယ်တဲ့”
“ဟင် ဘာ ကင်ဆာ”
ကင်ဆာဆိုသော စကားကြောင့် ရတီ လန့်သွားလေသည်။ အေးစက်စက် အမူအရာ ပပျောက်၍ ချောက်ချောက်ချားချားလည်း ဖြစ်လာ\။
“အဲဒါ တ..တကယ်လား”
“ဘာကိုပြောတာလဲ”
“အိမ်ထောင်မပြုတဲ့ အမျိုးသမီးတွေ ဟာ သားအိမ်ကင်ဆာ ဖြစ်နှုန်း ပိုမြင့်တယ်ဆိုတာလေ”
“တယ်ပေါ့”
“ဟင်. ဘယ်လိုကြီးပါလိမ့်”
ရတီ မအီမလည် ဖြစ်သွားလေသည်။ ကျန်းမာရေး လိုက်စားသည့်အနေနှင့် အခု ချက်ချင်း ပဲ အိမ်ထောင်ထပြုရတော့မလိုလို..
ဒီကျန်းမာရေး လိုက်စားနည်းကြီးက မဂွတ်လိုက်တာ..
ဟယ်. ဘာပဲ ဖြစ် ဖြစ် ကျန်းမာရေး တောည့ လိုက်စားဦးမှပါပဲ…
ညသည် မှော င်မှော င်စမ်းစမ်း ဖြစ်နေပေပြီ။ စုံစီနဖာတိုလီမုတ်စ သံတို့ဖြင့် လမ်းပေါ်မှာ တော့ လူရောင် စုံ ရှုပ်ပွလို့နေဆဲပါပဲ.
အလင်းသဲ့သဲ့နှင့် မြက်စိမ်းပြင်ပေါ်မှာ ခင်းကျင်းထားသော မြရိပ်ညိုဝင်းအတွင်းရှိ Sport Bar သည် စားသုံးသူများ နှင့် ပျော်ရွှင်ဖွယ်ရာ စည်ကားနေပါသည်။ လေအလာမှာ လှုပ်ယိမ်းနေ သော အုန်းလလက်များ ၏ ပွတ်တိုက်သံ၊ ၀ါးရွက်စိမ်းစိမ်းကလေးများ ၏ အော်မြည် သံတို့သည် ငြိမ့် ညောင်းသော ဂီတသံနှင့် တကွ ရောယှက်ထွက်ပေါ်နေလျက်ရှိပါ၏ ။
နဒီနှင့် သူမ၏ သူငယ်ချင်း ဖြစ်သူ အိအိဝင်းအောင်သည် ထင်သာမြင်သာရှိသော ၀ိုင်းတစ် ၀ိုင်းတွင် ထိုင်၍ အဖျော်ယမကာ မှီဝဲရင်း လေပစ်နေကြလေသည်။
“ဟဲ့ အခု ယောက်ျား တစ်ယောက် ရဲ့ တင်ပါးကို ဦးစားပေးထားတဲ့ကြော်ငြာတစ်ခု ထွက်နေပြီ သိလား”
“ပေါက်ပေါက်ရှာရှာဟယ် ယောာက်ျားရဲ့ တင်ပါးကိုများ ဦးစားပေးတဲ့ ကြော်ငြာရယ်လို့ ရှိလို့လား”
“တကယ်ပါဆို”
“ဘာကြော်ငြာလဲ”
“ပျော်ရွှင်မှု ဆိုတာ သင့်ရဲ့ အနိးကပ်ဆုံး အိတ်ကပ်ထဲမှာ ပါ..ဆိုတဲ့ Gran Royal ကြော်ငြာ လေ။ အဲဒီ ကြော်ငြာပိုစတာမှာ အင်္ကျီအနက်နဲ့ ဂျင်းဘောင်းဘီဝတ်တားတဲ့ ယောက်ျား တစ်ယောက် ရဲ့ တင်ပါးကို အနီးကပ်ရိုက်ပြထားတာ”
“ဟယ်”
“အဲဒီ ယောက်ျားရဲ့ ဘောင်းဘီနောက်အိတ်ကတ်ထဲမှာ Grand Royal ပုလင်းကို ထိုးထည့် ပေးထားတာလေ”
“သြော်”
“အနုပညာပုံစံသစ် ဖြစ်မှာ ပေါ့ဟာ”
မိန်းကလေးတွေ သည်လည်း ယောက်ျားလေးတွေ ကဲ့သို့ပင် လူစုံလွတ်လပ်လျှင် စပ်မိစပ် ရာ ပေါက်တတ်ကရလေးများ စုဝေးပြောဆိုလေ့ရှိကြပါ၏ ။ ၀ါသနာအရပေါ့လေ…
“အရမ်းထူးတဲ့ဟိုသတင်းကို နင် သိပြီးပြီလား”
“ဘာသတင်းလဲ”
“ကုရာနတ္ထိ ဆေးမရှိဆိုပြီး ကမ္ဘာ့လူထုကို အကြီးမားဆုံးခြိမ်းခြောက်နေတဲ့ အေအိုင်ဒီ အက်စ် ရောဂါ ဆိုးကြီးကို လုံးဝပျောက်ကင်းအောင် ကုသနိုင်နေပြီဆိုတာလေ”
“သေချာလို့လား”
“ငါလည်း Mail တစ်ခုမှာ တွေ့ တာ။ အမေရိကန်ဘာလင်က အသက် (၄၂) နှစ် အရွယ် လူရွယ် တစ်ယောက် မှာ အေအိုင်ဒီအက်စ်ကော သွေးကင်ဆာပါ ဖြစ်နေတာတဲ့။ အဲ့ဒါ သူ့ရဲ့ ဂျာမန် လူမျိုးဆရာဝန်က သွေးကင်ဆာအတွက် ရိုးတွင်းခြင်ဆီ အစားထိုးလဲလှယ်ပြီး ကုပေးတာ။ အဲဒါ သွေးကင်ဆာကော အေအိုင်ဒီအက်စ် ရောဂါ ပါ ပျောက်သွားတယ်တဲ့လေ”
“ဟင်”
“အဲဒီ ဆရာဝန်က အေအိုင်ဒီအက်စ်အထူးကုလည်း မဟုတ်ဘူး။ သွေးကင်ဆာအတွက် ရိုးတွင်းခြင်ဆီလဲပေးရင်းနဲ့ အေအိုင်ဒီအက်စ်ပါ ပျောက်သွားတာ။ ဒီလူနာပဲ ကံကောင်းတာလား။ ဒါမှ မဟုတ် ဒီ ရောဂါ ဆိုးကြီးအတွက် ကုသမှု နည်းလမ်းအသစ် တွေ့ သွးတာလားတော့ မပြောာ တတ်ဘူး”
“ကုပေးတဲ့ ဆရာဝန်နာမည် က ဘယ်သူတဲ့လဲ”
“ဒေါက်တာ Gero Huetter တဲ့။ German haematologist ပါတဲ့ အမေရိကန်လူနာကို သူ ရိုးတွင်းချဉ်ဆီအစားထိုးပေးပြီးတဲ့နောက် HIV ပိုးပျံ့နှံ့နှုန်းလျော့ကျသွာတာကို ဆရာဝန်တွေ က သတိထာမိတယ် အေအိုင်ဒီအက်စ်လုံးဝပျောက်ကင်းသွားတာကို တွေ့ ရတယ်တဲ့…။ အဲ့ဒါ ကြောင့် ကမ္ဘာကို ဒီသတင်းတင်ပြလိုက်တာဆိုပဲ”
“သြော်”
“ဒါပေမဲ့ ရိုးတွင်းခြင်ဆီ အစားထိုးတဲ့ နည်းလမ်းဟာ အကုန်အကျမျာသလိ အန္တရာယ် လည်း များ တယ်။ ပြီးတော့ ရိုးတွင်းခြင်ဆီတူတဲ့လူရှာဖို့လည်းအရမ်းခက်တယ်။ အဲ့ဒါကြောင့် AIDS ရောဂါ အတွက် ပုံသေကုသဖို့ နည်းလမ်းအ ဖြစ်တော့ မသတ်မှတ်နိုင်သေးဘူးတဲ့ ဒါပေမဲ့ ရေနစ်နေ တဲ့အချိန် ကောက်ရိုးတစ်မျှင်ပေါ့ဟယ်”
“ဒီသတင်းဟာ အမှန် ဖြစ်ပြီး ကုထုံးသာ တကယ်သေချာခိုင်မာတယ် ရောဂါ ပျောက် တယ် ဆိုရင် Dr. Huetter တော့ ကမ္ဘာကျော်ပြှီ နိုဗယ်ဆုကိုဆောင်ရဦးမယ်”
“အေးဟုတ်တယ်နော်”
“ဒါပေမဲ့ အလွန်လိုင်းမှာ ပေါ်မှာ နောင်ပြော်မှု တစ်ခုခုဆိုရင်တော့ ဒါဟာ တော် တော် ဆိုး ရွားတဲ့ကိစ္စပဲ..
“ဘာပဲ ဖြစ် ဖြစ် ဒီသတင်းကို သိရင်တော့ HIV ပိုးရှိသူတွေ AIDS ဝေဒနာရှင်တွေ အပြင် တစ်ကမ္ဘာလုံး ပျော်သွားကြမှာ မှာ အားတက်သွားကြမှာ သေချာပါတယ်။ မျှောင့်ချက် ရောင် ခြည်တွေ လင်းလက်ခွင့်ရတာ ပဲဟာ”
ထိုစဉ်အခိုက်မှာ ပင်.
ဝန်းကျင်တစ်ခွင် လေ့လာရေး ဆင်းနေသော နဒီ၏ မျက်လုံးအကြည့်တွေ က တစ်နေရာဆီ စိုက်ကျသွား၏ ။
အိအိဝင်းအောင်လည်း စိတ်ဝင်တစားကြည့်သည်။ ထိုအခါတွင် မလှမ်းမကမ်းမှ သူမတို့ဝိုင်း ဆီ ဆွေးမြေ့သော အကြည့်များ ပို့လွှတ်နေသော လူငယ်တစ်ဦးကို တွေ့ မြင်လိုက်ရလေသည်။
“နဒီ အဲဒီ ကောင် ၀ီရ မဟုတ်လား”
“အေး ဟုတ်တယ်”
“နင်နဲ့ သူ ဇယားပြတ်သွားပြီလား”
“ကြာလှပေါ့”
“သူ့ပုံစံကြည့်ရတာ နင့်ကိုသံယောဇဉ်မကုန်သေးတဲ့ ပုံပဲနော်”
“ဒီကောင်က အစွဲအလမ်းသာကြီးတာ။ မိန်းမ တစ်ယောက် ကို ပိုင်အောင် ဘယ်လို ကိုင်တွယ်ရမလဲတောင်မှ မသိတဲ့ကောင်ဟ။ တကယ့် ငတုံး ငဖျင်း”
နဒီ၏ ပါးစပ်က မှိုချိုးမျစ်ချိုးနေစဉ်မှာ ပင် ၀ီရက ခံစားမှု တွေ များ ပြားသော မျက်နှာထားနှင့် သူမတို့ဝိုင်းသို့ လျှောက်လာသည်။ ဗီဒီယိုထဲမှာ ဆို စလိုးမိုးရှင်းနဲ့ပေါ့
အနားရောက်သော အခါ နဒီ့မျက်နှာကို မက်မောစွာ ကြည့်၍ နူးညံ့စွာ ခေါ်သည်။
“နဒီ”
“ဘာလဲ”
ဆောင့်ဆောင့်အောင်အောင့်ထူးသံကြောင့် ၀ီရ တွန့်သွား၏ ။ စကားရှေ့ဆက်ဖို့ သူ့ခမျာ အတော် အားယူနေရဟန်ရှိသည်။ ခဏကြာမှ ဖျော့တော့စွာ အသံထွက်လာ၏ ။
“ငါ သိပါတယ် နဒီရယ်”
“ဘာသိတာလဲ”
“နင် ငါ့ဆီ ပြန်မလာချင်တော့တာ ငါ့ကိုသံယောဇဉ်ကုန်ခမ်းသွားပြီဆိုတာတွေ ကိုပေါ့”
“သိလည်း ပြီးတာပဲ”
နဒီက အရေး မစိုက်ဟန်ဖြင့် တုံ့ပြန်သည်။ ပြီးသော အခါ (နှုတ်ခမ်းနီပျက်မှာ စိုးသော ကြောင့် ) ဖျော်ရည်ကိုနှုတ်ခမ်းအတွင်းသားရဲရဲလေးနှင့် မျှင်း၍ စုပ်သောက်လေသည်။ ဒုက္ခ ဒုက္ခ..
ဝီရက နဒီနှင့်  မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ခပ်ရို့ရို့ဝင်ထိုင်၏ ။ ညှိုးငယ်သော မျက်နှာထားနှင့် သူ့ခံစားချက်တွေ ကို ဖွင့်ဟသည်။
“နင်က ငါ့ကို လွယ်လွယ်ကူကူ မေ့လို့ရနိုင်ပေမယ့် ငါ ကတော့ နင့်ကို ဘယ်လိုမှ မေ့လို့ မရဘူး ဖြစ်နေတယ်။ နင့်ကိုငါ မခွဲနိုင်ဘူး နဒီ။ နင် ငါ့ဆီ ပြန်လာခဲ့ပါ။ ငါ့အပေါ် သံယောဇဉ် မကုန်ခမ်းပါနဲဦး။ အဲ့ဒါက အရမ်းခက်မှန်း သိပါတယ်။ ဒါပေမဲ့ ငါ့ကို ညှာတာပါဦးဟာ”
အသည်းကွဲမင်းသားဟန်နှင့် ၀ီရ တတွတ်တွတ် ပြောနေတာတွေ ကို အလေးမထားဘဲ နဒီက လက်ကိုင်ဖုန်းကိုဖွင့်၍ နံပါတ်တစ်ခုအား သဲကြီးမဲကြီး နှိပ်နေ၏ ။
ခဏကြာတော့ သူမ ခေါ်လို့ရသွားသည်။]
“ဟယ်လို ကိုဥက္ကာစိုး အခုအားလား။ နဒီ သူငယ်ချင်း တစ်ယောက် နဲ့ Sport Bar မှာ ရောက်နေတာ။ အဲဒါအပြန် တစ်ယောက် တည်း ဖြစ်နေလို့ လာကြိုပေးပါလား ဒါဆို နဒီစောင့်နေ မယ်နော်”
အသံသာသာချိုမြမြနှင့် ပြောပြီး ဖုန်းကိုချလိုက်၏ ။ ထို့နောက် စကားလုံးတွေ တိုးလိုးတစ် လစ် ဖြစ်နေသော ၀ီရကို မျက်မှော င်တွန့်၍ ကြည့်ကာ..
“နင် အခုဘာတွေ ပြောနေတာလဲ”
“အဲ..”
ဝီရ အိုးတိုးအမ်းတမ်း ဖြစ်သွားသည်။ ရှက်စိတ်ကြောင့် မျက်ရည်နှာတစ်ပြင်လုံးလည်း ရဲ သွားသည်။ တစ်ဖက်သားကို အရူးလုပ်သည့် ဘာသာရပ်ကို နဒီတတ်မြောက်နေပြီ ဖြစ်၏ ။
သူမသည် ခနဲ့မှု ပါစွာ ပြုံးပြီး..
“နင် အသည်းကွဲနေတာလား”
နဒီမေးတာကို ၀ီရက ပြန်မဖြေချေ။ နဒီ့ကိုသာ တွေ တွေ ကြီး ကြည့်နေသည်။
“နင် အသည်းကွဲနေရင် အရက်သောက်လိုက်။ အသည်းကွဲရင် အရက်သောက်ကြတာ ကို ငါ့အစ်မလတ်ရဲ့ ၀တ္ထုထဲမှာ ဖတ်ဖူးသလို ငါ့အစ်မအကြီးဆုံးရဲ့ ဇာတ်ကားတွေ ထဲမှာ လည်း ကြည့်ဖူး တယ်။ မြန်မာပြည်ရဲ့ လူသုံးများ တဲ့ အသည်းကွဲသီအိုရီက အဲဒါပဲ။ ဒါကြောင့် အသည်းကွဲတာနဲ့ အရက်သောက်တာကို ငါ့မျက်လုံးထဲမှာ တွဲ မြင်နေပြီ။ အခုနင်အသည်းကွဲနေတာကြာပြီက အရက် ခွက်မပါတော့ သိပ်မပီပြင်ဘူး ဖြစ်နေတယ်။ အဲဒီ တော့ ပီပြင်သွားအောင် အရက်မှာ သောက်လိုက် ။ များများ သောက်လေ များများ ပီပြင်လေး အိုကေ…”
အချွန်နှင့် မပြီးနှင့် နဒီသည် အိအိဝင်အောင်ကို လက်ပြပြီး ကားပတ်လမ်းပေါ်ထွက်လာခဲ့ သည်။ ၀ီရ ကတော့ ထိုင်ခုံမှာ ထိုင်လျက် ခေါင်းငိုက်ဆိုက်ဖြင့် ကျန်ခဲ့၏ ။ ဝေဒနာတွေ ထိုးသတ်သ ဖြင့် သူ့ရင်ဘတ်တစ်ခုလုံးသည် မွစာကြဲ ယိုယွင်စုတ်ပြတ်နေပြီ ဖြစ်၏ ။
ဆယ်မိနစ်ခန့် ကြာသော အခါတွင် Land Cruiser ကားတစ်စီး ထိုးဆိုက်လာသည်။ ထိုကား ပေါ်သို့ ခါးကလေးလှုပ်၍ ပြုံးပျော်စွာ နွဲ့နွဲ့လေးလှမ်းတက်သွာတာက နဒီ…
ထွက်ခွာသွားသော ကားကိုမြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အထိ ရင်နာနာနှင့် ငေး ကြည့်နေသူက ၀ီရ…
လမ်းမမျာသည် ကားတွေ ကို ရှင်းထုတ်နေပါ၏ ။ညဉ့်နက်သန်းခေါင်းတွင် ကားတစ်စီးသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သယ်ဆောင်လာကာ တရိပ်ရိပ် ပြေးလွှားနေပါ သည်။
ထိုကားသည် မှော င်ရိပ်ကျသော လမ်းဘေးတစ်နေရာအရောက်မှာ ငြိမ့်ခနဲ ထိုးရပ်သွား သည်။
“ကားဘာ ဖြစ်သွားတာလဲ ကိုဥက္ကာစိုး”
“ကားက ဘာမှမ ဖြစ်ပါဘူး ကိုယ်သာ ဖြစ်နေတာပါ”
“ဟင် ကိုဥက္ကာစိုးက ဘာ ဖြစ်လို့လဲ”
နဒီ့ကို ချစ်လို့“
ဥက္ကာစိုး၏ လက်တစ်ဖက်သည် နဒီ၏ ပခုံးပေါ်သို့ ပြတ်ကျလာသည်။ ကျန်လက်တစ်ဖက်၏ လှုပ်ရှားမှု ကြောင့် ပွင့်နေသော ကားမှန်များ ပိတ်သွားကြ၏ ။
ကားမီးတော့ ပွင့်လျက်သား.
ကောင်းကင်မှာ ကြယ်စုံသီးနေကြလေပြီ။ မီးခိုးငွေ့တွေ ကြားမှာ ၀ိဉာဉ်နှင့် လိမ်ယှက်တွဲ က သလို စပွန်ဆာနှင့် အဆိုတော် မလေးသည် မှန်အလုံခန်းထဲတွင် အနမ်းဟု အမည် ရသော စုံတွဲ တေးသီချင်းတစ်ပုဒ် သီကျူးနေကြလေသည်။
“ဟယ်.. အပုန်းကောင်းလိုက်တာ”
စာအုပ်စင်တွင် သူမလိုချင်သော ဘာသာပြန်စာအုပ်တစ်အုပ်ကိုရတီ ရှာမတွေ ဘဲ ဖြစ်နေ သည်။
ရတီသည် စာဖတ်ဝါသနာပါသလို စာအုပ်စုဆောင်းရာတွင် လည်း ၀ါသနာထုံသည်။ သူမ တွင် ရှိသော စာအုပ်များ သည်ပင် စာကြည့်တိုက်အငယ်စားလေးတစ်ခုနီးပါးရှိသည်။ ထို့ကြောင့် ပင် သူမသည် အရွယ်နှင့်မျှအောင် ပါဝါမျက်မှန်ထူထူလေးကို မတပ်ချင်တပ်ချင်နှင့် တပ်ဆင်ထားရ တာ ဖြစ်၏ ။
ရတီ စာအုပ်ရှာနေစဉ်မှာ ပင် အိမ်ထဲသို့ လူတစ်ဦးဝင်လာသည်။ သူမ လှည့်ကြည့်လိုက်ရာ ဥက္ကာစိုး ဖြစ်နေလေသည်။
“သြော်.. ကိုဥက္ကာစိုးပါလား နဒီ့ဆီလာတာလား”
“ဟုတ်ကံ့ သူရှိလား”
“မရှိဘူးရှင့် အပြင်ထွက်သွားတယ်”
“ကြာမလား မသိဘူး”
“အဲဒါတော့ မပြောတတ်ဘူးရှင့်”
“ဒါဆို ကျွန်တော် ခဏထိုင်စောင့်မယ်နော်”
ဥက္ကာစိုးသည် ဆက်တီတစ်လုံးမှာ ၀င်ထိုင်သည်။ ပြီးလျှင် မျက်လုံးတွေ က အိမ်တွင်းမှာ စူးစမ်းသည်။ မေတ္တာပို့သလို အရပ်ဆယ်မျက်နှာအ နှံ့ပေါ့။
“အန်တီကော မရှိဘူးလား”
“မာမီလည်း အပြင်သွားတယ်”
“ဒါဆို တစ်ယောက် တည်း အိမ်မှာ ပျင်းနေမှာ ပေါ့”
“မပျင်းပါဘူး။ ကျွန်မအတွက်က ဖတ်စရာစာအုပ်တွေ ရှိရင်ပဲ ပြည့်စုံသလို ဖြစ်နေပါပြီ”
ရတီက တစ်ဖက်လှည့်၍ စာအုပ်ရှာနေရင်းမှ ပြန်ပြောသည်။ ဥက္ကာစိုးသည် သူ့အား ကျောခိုင်းလျက်ရှိသော စာအုပ်ရွေးနေသော ရတီ့ကို မမှိတ်မသုန်စိုက်ကြည့်နေချေ၏ ။ ဘယ်ကိုလဲ ဘယ်ကိုလဲ..
“ရတီက စာဖတ်အရမ်းဝါသနာပါတယ် ထင်တယ်နော်”
“ဟုတ်တယ် ကျွန်မ ငယ်ငယ်တည်းက စာဖတ်ဝါသနာပါတယ်။ ကျောင်းစာတင်မဟုတ်ဘဲ အပြင်စာတွေ ပါ ဖတ်ရင်း စာအုပ်ပုံထဲမှာ ပဲ ကြီးပြင်းခဲ့တာ”
“ဒါကြောင့် လည်း စာရေး ဆရာမ ဖြစ်တာပေါ့။ အင်း.. ကျွန်တော် မြင်ဖူးသမျှ စာရေး ဆရာ မ တွေ ထဲမှာ တော့ ရတီက အလှဆုံးပဲ။ စာရေး ဆရာမ ဆိုရင် အညောင်းထိုင်တာ များ လို့ထင်တယ်။ အပျိုပဲ ဖြစ် ဖြစ် အိမ်ထောင်သည်ပဲ ဖြစ် ဖြစ် အကုန်လုံး ခါးတုတ်တုတ်တွေ ချည်းပဲ။ ရတီ ကတော့ အဲဒီ လို မဟုတ်ဘူး။ ကိုယ်လုံးကိုယ်ပေါက သိပ်လှတာပဲ”
ဥက္ကာစိုး၏ ချီးကျူးစကားကြောင့် ရတီ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ မနေတတ်မထိုင် တတ်နှင့် ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုတွေ ဖြစ်ကုန်သည်။ (စာရေး ဆရာမ တွေ ကို ခါးတုတ် တယ်ပြောတာ ဥက္ကာစိုးပြောတာနော်။ လင်းညှို့သွေးနဲ့ ဘာမှမဆိုင်ဘူး သားက သားဟာသားနေ တာ)
ခဏကြာတော့ သူမရှာနေသော စာအုပ်ကို တွေ့ သွားသဖြင့် ယူငယ်ကာ ဆက်တီတစ် လုံးမျာ ရတီလာထိုင်သည်။
“ရတီရေး တဲ့ စာအုပ်တွေ ကို ကျွန်တော် ဖတ်ဖူးပါတယ်။ လူ ငယ်ကြိုက် အချစ်ဝတ္ထုချိုချို လေး တွေ နော်”
“ဟုတ်ကဲ့ရှင့်”
“၀တ္ထုတိုင်းလိုလိုပဲ ဇာတ်သိမ်းခန်းမှာ မင်းသားနဲ့မင်းသမိးကို ပေါင်းပေးတာ သတိထားမိ တယ်။ အဲ့ဒါ ဘာ ဖြစ်လို့လဲဟင်”
လျှာရှည်လိုက်တာ..
“မြန်မာပြည်ရဲ့ စာဖတ်ပရိသတ်က မိန်းကလေးအင်အားစုများ တယ်လေ။ မိန်းကလေး တွေ က အချစ်ဝတ္ထုဖတ်ရင် ညားမှကြိုက်ကြတာ။ မညားပေးရင်း စာရေး တဲ့လူကိုတောင် အပြစ် မြင် ကြသေးတယ်။ ဒါဟာလည်း မိန်းမသားတွေ ရဲ့ စိတ်ပိုင်းဆိုင်ရာ တောင့်တမှု တစ်မျိုးပေါ့လေ”
“၀တ္ထုတစ်ပုဒ်ရဲ့ ကောင်းခြင်းဆိုးခြင်းဟာ ဇာတ်သိမ်းမှာ ညားခြင်း၊ မညားခြင်းဆိုတဲ့ အချက်နဲ့ ဆိုင်လို့လား”
ရှည်ပြန်ပြီ..
“ဆိုင်တော့ မဆိုင်ပါဘူး. ဘယ်လိုပြောရမလဲဆိုတော့ စာအုပ်တွေ ဟာ တစ်အုပ်နဲ့တစ် အုပ် မတူညီကြသလိုပဲ စာဖတ်သူတွေ ဟာလည်း တစ်ယောက် နဲ့ တစ်ယောက် မတူညီကြပါဘူး။ အသိပညာ အနိမ့်အမြင်နဲ့ လိုက်ပြီး ပြောင်းလဲကြသလို ကိုယ်စီနှစ်သက် ရာ ခံစားချက်ရသကိုလိုက ပြီး ပြောင်းလဲတာမျိုးလည်း ရှိပါတယ်”
“အခုနောက်ပိုင်း မြန်မာပြည်မှာ ဟာသတွေ ခေတ်စားလာတယ်နော်။ အဲဒါကိုကော ဘယ်လို မြင်လဲ”
ဟာသပါဆို ဟာသလိုပဲ မြင်ရမှာ ပေါ့…။
“လူတွေ က လူမှု ရေး စီးပွားရေး ဖိစီးပိတ်ဆို့မှု တွေ များ တော့ စိတ်ကို ထွက်ပေါက်ပေးချင် ကြတယ်လေ။ ရယ်မောလိုက်ရတယ်ဆိုရင် ခဏတာပဲ ဖြစ် ဖြစ် စိတ်အပမ်းဖြေသွားကြတယ်။ အဲဒီ သဘောပဲပေါ့”
“အနောက်တိုင်းဟာသတစ်ခုမှာ ကျွန်တော် တွေ့ ဖူးတယ်။ ဟာသဆိုတာ အမျိုးသမီးတွေ အတွင်းခံလိုပဲ တိုရမယ်၊ ထွင်းဖောက်မြင်နိုင်ရမယ်တဲ့”
“ဟင်”
“ဒါနဲ့ ရတီ စာရေး ရင် ဘယ်လိုနည်းစနစ်မျိုးနဲ့ ရေး လဲ”
မဆိုင်တာလည်း ဂလိုင်ဝင်ခေါက်တာပဲဟာ..
“နည်းစနစ်ရယ်လို့တော့ အတိအကျ မရှိပါဘူး။ စိတ်ကူးထဲ ပေါ်လာတဲ့အတိုင်း ရင်ထဲမှာ ခံစားရတဲ့အတိုင်း ချရေး လိုက်တာပဲ”
“စာရေး တာနဲ့ပတ်သက်ပြီး သီအိုရီတစ်ခု ရှိတယ်ဗျ။ ရတိသိမလားတော့ မသိဘူး”
“ဘယ်လို သီအိုရီလဲ”
“စွဲဆောင်မှု ရှိတဲ့ ၀တ္ထုတစ်ပုဒ် ဖြစ်စေဖို့အတွက် (၁) စိန်ခေါ်သံ၊ (၂) ကြီးကျယ်ခမ်းနားမှု (၃) အာမေဋိတ်၊ (၄) လျှိုက်ဝှက်သည်းဖိုဆန်မှု (၅) လိင်ကိစ္စတွေ ပါဝင်ဖို့ လိုအပ်တယ်တဲ့။ အဲဒါနဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ခုတောင် ရှိတယ်”
“ပြောပြပါဦး ကျွန်မ စိတ်ဝင်စားတယ်”
မမေးလည်း ပြောမှာ သိသာပဲ ဒါပေမဲ့ မကောင်းတတ်တော့မေးရတာ ပေါ့။
“တစ်နေ့ ရတနာတွေ စီခြယ်ထားတဲ့ ရွှေပလ္လင်ထက်မှာ ထိုင်နေချိန်ပေါ့။ အသက်ငယ်ဆုံး မိဖုရားလေးက သူမပေါင်ကို လာပွတ်တဲ့ ဘုရင်ကြီးရဲ့ လက်ကို ဆုပ်ကိုင်ပြီး တိုးဖွဖွ ရေရွတ်တယ် တဲ့”
“ဘာကိုလဲ”
“သူ့မှာ ကိုယ်ဝန်ရှိနေပြိလို့ ပြောတာ”
“ဟင်”
နားရှက်စရာ စကားဆက်ဖို့အရေး ကြားလိုက်တာ…
“အဲဒီ မှာ ဘုရင်ကြီး ပျော်သွားတယ်။ သူ့ရဲ့ မျိုးဆက် ထီးမွေနန်းမွေခံရပြီပေါ့။ ဒါပေမဲ့ မိဖုရားငယ် ဆက်ပြောတဲ့ စကားကြောင့် ဘုရင်ကြီးနင်သွားတယ်”
“ဟိုက ဘာပြောလို့လဲ”
“ဒီကိုယ်ဝန် ဘယ်သူနဲ့ရတာ လဲ မသိဘူးနော် တဲ့..”
“ဟယ်”
ကွိုင်ရှော့ပေါ့..
“အဲဒိမှာ ဘုရင်ကြီးပေါက်ကွဲပြီး စိန်ခေါ်သံတွေ ဘာတွေ ပါလာတော့တာပေါ့”
“သြော်”
ရတီ တခစ်ခစ် ရယ်ပါတော့သည်။ ဘောကျသွားတာလေ.. ဥက္ကာစိုးက ရတီဒ လက်ထဲမှ စာအုပ်ကိုကြည့်ကာ…
“ရတီက စာဖတ်အားကောင်းတဲ့လူဆိုတော့ မေးကြည့်ရဦးမယ် လူဆိုတာဘာလဲ ရတီ သိလား”
“လူဆိုတာ လူပဲပေါ့ရှင့်”
ရှင်က လူကို ဘာထင်နေသလဲဟုပဲ အော်မေးရတော့မလိုလို.
“မဟုတ်သေးဘူးလေ ရတီရဲ့ ။ တွေးခေါ်ရှင်ကြီး ပလေတိုက လူဆိုတာ အမွေးအတောင် မပါတဲ့ ခြေနှစ် ချောင်းသတ္တ၀ါလို့ ပြောဖူးတယ်”
“သူပြောတာလည်း ဟုတ်သားပဲ”
“အဲ့ဒါကို ဒိုင်အောဂျီးနီးဇ်က လက်မခံဘူး။ သူက ကြက်ကို အမွှေးနှုတ်ပြီး ပလေတိုရဲ့ အကယ်ဒမီကျောင်းကို ယူသွားပြီးတော့ ဒါ ပလေတိုရဲ့ လူကွဆိုပြီး သရော်ခဲ့တယ်။ ဒါဟာ ဒိုင်အာဂျီးနီးဇ်က လူ တစ်ယောက် ရဲ့ တန်ဖိုးကို ဘာနဲ့ တိုင်းတာရမယ်ဆိုတာ ပြသွားတာပဲ။ ရတီ သဘောပေါက်ရဲ့ လား”
“အဲ . ပေါက် ပေါက်ပါတယ်”
အားနာ၍ သာ ပြောလိုက်ရတာ ဖြစ်သည်။ တကယ်တော့ သူမ နားမလည်ပါ။”
‘သဘောပေါက်တယ်ဆိုရင် ရတီ့ကို မေးမယ်နော်”
“ဟုတ်ကဲ့ မေး မေးပါ..”
ဒုက္ခပဲ..
“ရတီကကော”
“ဟုတ်ကဲ့”
“”အမွှေးပါတဲ့လူလား၊ အမွှေးမပါတဲ့လူလား
“ရှင် ..”
ပါးစပ်ကလေး အဟောင်းသားနှင့် ရတီ မျက်နှာလေး ရဲဗလောင်းခတ်သွားသည်။ ဥက္ကာစိုး ကတော့ တွေးခေါ်ရှင်စတိုင်လ်အပြည့်နှင် မင်သေသေပါပဲ။
“ပြောလေ ရတီရဲ့ ”
“ဟို .. ဟို”
“ဖြေပါ ရတီရဲ့ သိရတာ ပေါ့”
“ဟိုလေ ဟိုဥစ္စာ အမွေးပါ အဲ ဟို ဟိုဒင်းမှာ အမွေးမပါ အယ် ဟို တ တခြားအကြောင်း လေးတွေ ပဲ ပြောရအောင်နော်”
ရှက်မျက်နှာဖြင့် ရတီ ခေါင်းလေးငုံ့ကျသွား၏ ။ မျက်မှန်လေးကို ချွတ်ကာ ဟိုပွတ်ဒီပွတ်နဲ့ လုပ်နေလေသည်။ ဘယ့်နှယ်ဟာတွေ မေးမှန်းလည်း မသိဘူးနော်
သူမ၏ အပြုအမူများ ကို ဥက္ကာစိုးက တစိမ့်စိမ့်အကဲခတ်ကြည့်ရှုနေပါသည်။
“ရတီက အရမ်းစွဲဆောင်မှု ရှိတာပဲ”
ဥက္ကာစိုး၏ သြရှရှအသံကြောင့် မျက်မှန်လေးကိုပြန်တပ်ပါပြီး ရတီ ဦးမော့လာသည်။ မှန် အကြည်သားအောက်မှ မျက်ဝန်းလေးတွေ က ဝေရီစွာ ဖြင့် စိုးရွံ့နေဟန်ရှိ၏ ။ ဥက္ကာစိုးသည် ရတီ့ကို ရိပ်ရိပ်ကလေး ပြုံးပြလိုက်လေသည်။ သူမခေါင်းကလေးပြန်၍ ငုံ့ကျ သွားပါ၏ ။
ဒါ ဘာသဘောလဲ..
ရတီသည် သူမလက်ထဲရှိ စာအုပ်ကို ဟိုလျှောက်လှန် ဒီလျှောက်လှန်လုပ်နေပါသည်။ ဥက္ကာစိုးသည် ထိုင်ရာမှထ၏ သူဦးတည်ရာက ရတီရှိရာ ထိုင်ခုံဆီသို့…
တစ်အိမ်လုံးသည် တိတ်ဆိတ်ခ်ြငးမက တိတ်ဆိတ်နေချေ၏ ။ ဘာမဆို ဖြစ်လွယ် ပျက်လွယ် နေပါသည်။
ထိုစဉ်မှာ ပင်..
“ဟိတ် ဘယ်အချိန်ထဲက ရောက်နေတာလဲ”
အိမ်ထဲသို့ အပြေးတစ်ပိုင်းဝင်လာသော နဒီကြောင့် ဥက္ကာစိုးကိုယ်ရှိန်သတ်လိုက်၏ ။ ရုပ်က ငြိမ်သည်။
“သိပ်မကြာသေးပါဘူး”
“ရှေ့မှာ ကားတွေ ကတည်းက ရောက်နေပြီ လို့ ထင်သားပဲ”
“ဘာလုပ်တာလဲ”
“နဒီ့ကို လာခေါ်တာပါ”
“ဒါဆို သွားကြမယ်လေ”
“အ၀တ်မလဲတော့ဘူးလာ”
“ဘာလဲ.. ဒီအတိုင်းက မလှလို့လား”
“လှပါတယ်”
အဲ့ဒါဆို အပိုတွေ ပြောမနေနဲ့ ဒီအတိုင်းပဲ သွားမယ်
နဒီက ဥက္ကာစိုး၏ လက်တစ်ဖက်ကို ဆွဲကာ ရှေ့မှ လှုပ်လီလှုပ်လဲ့ ဦးဆောင်ထွက်သွား သည်။ ဥက္ကာစိုးသည် နောက်ဘက်သို့ ပြန်လှည့်ကာ ရတီကို မမှီမကမ်း ပြုံးပြလိုက်သေး၏ ။ ပြီးသော် ယက်ကန်ယက်ကန်ဖြင့် ပါသွားလေတော့၏ ။
ရတီသည် ဥက္ကာစိုးနှင့် နဒီကို မျက်ဝန်းကလေးအကြောင်သာ နှင့် လိုက်ငေးနေလေသည်။ ခံစားမှု တစ်ခုအား သူမသည် လှိုင်းကဲ့သို့ စီးတွယ်နေမိတော၏ ။
ဤသို့ဖြင့် ..
သာမန်မဆန်သော မရှင်းမလင်းအခြေအနေသည် သမားရိုးကျနံနက်ခင်းတွင် စတင်ပေါက် ဖွားလာခဲ့ခြင်း ဖြစ်ပါသည်။
“ရတီ”
“ရှင်”
နေ့လယ်စာ စားနေရင်းမှ မိခင် ဖြစ်သူ၏ ခေါ်သံကြောင့် ရတီလန့်သွားသည်။
“ဘာလဲဟင် မာမီ”
“နင် ဘာ ဖြစ်လို့ ဟင်းခွက်ထဲ လက်ကြီးနှိုက်ထားတာလဲ”
“အဲ..”
ဒေါ်ထက်ထက်အောင်ပြောမှ ရတီ သတိပြုမိသွားပြီး ဟင်းခွက်ထဲမှ လက်ကိုပြတ်နှုတ် လိုက်သည်။ သူမ ထမင်းကို ဟန်မပျက်ဆက်စား၏ ။ စိတ်အစဉ်သည် လေကဲ့သို့ ၀ဲလွင့်သွားပြန် သည်။
ဒိအချိန်ဆို ဥက္ကာစိုးနှင့် နဒီသည် ပျော်ပျော်ပါးပါး လျှောက်လည်နေကြလောက်ပြီ ဒါမှ မဟုတ် အခြားတစ်ခုခုလည်း ဖြစ်ကောင်း ဖြစ်နေနိုင်သည်။ သေချာတာ ကတော့ သူတို့တွေ ပျော်နေ ကြပေလိမ့်မည် ။
ငါ့မှာ တော့ တစ်ယောက် တည်းရယ်..
ထမင်းစားရင်း တစ်ခုခု ငတ်နေသလိုလို..
“ဟဲ့ ရတီ”
“ရှင် ရှင် မာမီ”
“ငါ့ပန်းကန်ထဲက ထမင်းတွေ ကို ဘာလို့ နှိုက်စားနေတာလဲ နင့်ဟာနင် စားပါလား”
“ဟုတ် ဟုတ်ကဲ့။ မှားသွားလို့ပါ”
ရတီသည် ဒေါ်ထက်ထက်အောင် ပန်းကန်ထဲရောက်နေသော လက်ကို သူ ပန်းကန်ထဲ ပြည်ထည့်လိုက်သည်။
မနက်က ဥက္ကာစိုး၏ အပြုအမူများ သည် နားလည်ရခက်လှပါသည်။ သူနှင့် နဒီ ဆက်ဆံရေး က ဘယ်လိုလဲ။ သူ့ဘက်က အလုပ်သဘောအရ ဆက်ဆံနေတာကို နဒီက တစ်ဖက်သတ် သဲသဲ လှုပ်နေတာ ဖြစ်နိုင်သည်
ဥက္ကာစိုး၏ အကြည့်တွေ က နက်ရှိုင်းလွန်းလှ၏ ။ ရင်ဘတ်ထဲသို့ စူးဝင်လာတော့မတတ် ခံစားရသည်။
“ရတီ”
“ရှင်..”
“နင် ဘယ်လို ဖြစ်နေတာလဲ”
“ဘာ ဖြစ်လို့လဲ မာမီရဲ့ ၊ ကိုယ့်ဘာသာ ဟင်းချိုသောက်နေတာကို”
“ငါ လုပ်လိုက်ရ သေတော့မယ် နင် သောက်နေတာ ဟင်းချိုမဟုတ်ဘူးဟဲ့ လက်ဆေး ရည်တွေ ”
“ရှမ်”
ရတီ တအုအုနှင့် အန်ပါတော့သည်။ အစားအသောက်ပျက်ရသဖြင့် ဒေါ်ထက်ထက်အောင် စိတ်တိုသွားရသည်။
“ရတီ..နင့်ကြည့်ရတာ မူမမှန်ဘူး”
“မှန်ပါတယ် မာမီရယ်”
“ဘာမှန်တာလဲ”
“မူမှန်တယ်လို့ပြောတာပါ”
“ငါ့ကို မလိမ်နဲ့ နင်တစ်ခုခု ဖြစ်နေတာ သေချာတယ်။ မှန်မှန်ပြောစမ်း”
“သမီးဘာသာ ရိုးရိုးသားသား အန်တာပါ မာမီရယ်။ ကိုယ်ဝန်ရှိနေတာ မဟုတ်ပါဘူး..”
ရတီက ဇက်ကလေးပုတိုပြီးပြောတော့ ဒေါ်ထက်ထက်အောင်က သူမခေါင်းကို ဒေါက်ခနဲ ခေါက်သည်။
“တယ်လေ နင့်ခေါင်းကေ ဘာတွေ တွေးနေတာလဲ။ နင် ရေး တဲ့ ၀တ္ထုထဲက ဇာတ်ကွက် တွေ လာရွတ်ပြမနေနဲ့ ငါက နင့်ပုံစံ ငူငူငိုင်ငိုင်နဲ့ စိတ်နဲ့လူ မကပ်သလို ဖြစ်နေလို့မေးတာ”
“သမီး ဘာမှမ ဖြစ်ပါဘူး မာမီရယ်။ စိတ်မပူပါနဲ့”
“ဒါဆို ဘာလို့ ငူငိုင်နေတာလဲ”
“အဲဒါက သမီး လူ တစ်ယောက် အကြောင်းတွေးနေမိလို့ပါ”
“ဘယ်ကလူလဲ”
“ကိုအုပ် အုပ် အုပ် အဲ”
“ဘာအုပ်လဲဟဲ့”
“ဟို ဟို သမီးအခုဖတ်နေတဲ့ စာအုပ်ထဲက အုတ်ဖုတ်သမားလေး သွန်းနေစိုးကို ပြောတာပါ မာမီ။ သူ အသားမည်းတာကနဂိုမည်းလား ဒါမှမဟုတ် အုတ်ဖုတ်ရင်း မီးဟပ်ပြီး မဲသွား တာလားဆိုတာ စဉ်းစားနေတာပါ”
“အေး စဉ်းစး စဉ်းစား ကြပ်ကြပ်စဉ်းစား စဉ်းစားရင်းနဲ့ ဓာတ်ကူးပြီးတော့ နင်ပါ အသား မည်းပြီး ရူးသွားဦးမယ် ကြံကြံဖန်ဖန် တော် စာအုပ်ထဲက အုတ်ဖုတ်သမားကိုများ အရေး လုပ်နေရ သေးတယ်”
ဒေါ်ထက်ထက်အောင်သည် ဗျစ်တောက်ဗျစ်တောက် ပြောပြီး ထမင်းစားပွဲမှ ထထွက်သွား သည်။ ရတီသည် ဆက်မစားတော့ဘဲရှင်းသိမ်း ဆေးကြောစရာရှိသည်များ ကို ရှင်းသိမ်းဆေး ကြောလိုက်သည်။ ပြီးတာနှင့် စာရေး စားပွဲမှာ ထိုင်သည်။ သို့သော် သူမ စာရေး ၍ မရ။
ဒါကြောင့် စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ စိတ်ပြလက်ပျောက် ဖတ်ရန် ကြိုးစား သည်။ သို့သော် စာလည်းဖတ်လို့မရချေ။
ယောက် ယက်ခတ်နေသော စိတ်များ သည်တစ်နေရာတည်းဆီသို့ ဦးတည်ပျံသန်းနေလေ သည်။ ခုတင်ပေါ်တွင် ဘယ်ညာလူးလိမ့်ရင်း စာအုပ်တွေ ထက် မိုပိုထိရောက်သည့်အရသာရှိသော ပြည့်စုံမှု မျိုးကို သူမ တောင့်တနေမိသည်။ မသက်ဆိုင်သလို နေခဲ့မိသော အထီးကျန်ဆန်ခြင်းက ခန္ဓာကိုယ်သွေးကြောများ တစ်လျှောက် မွှေနောက်ထိုးဆွလျက်ရှိပါ၏ ။
ရတီ တစ်ယောက် ကိုယ့်အနေအထားကိုယ် အလိုမကျ ဖြစ်နေစဉ်မှာ လည်း ဘရဏီ ရောက် လာပြီး Shopping ထွက်ရန်ခေါ်သည်။ ရတီလည်း မငြင်းတော့ဘဲ အ၀တ်အစားလဲလှယ်ကာ လိုက်ပါလာခဲ့သည်။
ဒဂုံစင်တာကိုရောက်တော့လူတွေ ၏ အာရုံစိုက်မှု ကို အနည်းငယ်ရင်ဆိုင်ရသည်မှအပ အဆင်ပြေပါသည်။
ညီအစ်မနှစ် နှစ် ယောက် သား ဆိုင်ပေါက်စေ့နီးပါးဝင်ကာ အ၀တ်အထည်တွေ ကို စိတ်ကြိုက် ရွေးချယ်ကြ၏ ။ ရတီက တံဆိပ်၏ နာမည် ကြီးမှု ကို အဓိကထား၍ ဘရဏီက ဖက်ရှင်ကျမှု မကို ဦး စားပေးသည်။
“ဟင်”
ရတီသည် ဟိုဒီငေးရင်း ဖိနပ်ဆိုင်တစ်ဆိုင်အတွင်းမှ ထွက်လာသော နဒီနှင့် ဥက္ကာစိုးကို လှမ်းမြင်လိုက်သည်။ နဒီက ဥက္ကာစိုး၏ လက်တစ်ဖက်အား ဆွဲထား၏ ။ ဥက္ကာစိုးကလည်း အလန်း ဇယားတွေ အလာများ သော စင်တာအတွင်းမှ အဖော်မိန်းကလေးကို နံဘေးထားပြီး ယောက်ျားပီ သ စွာ မျက်လုံးကစားရင်း ရတီ့ကို တွေ့ သွားသည်။ နဒီ ကတော့ ရှေ့မဲနေသဖြင့် မမြင်ချေ။
ဥက္ကာစိုးသည် ရတီ့ကို ငဲ့ကြည့်ပြီး ပြုံး၍ လှခနဲ ဖလိုင်းကစ်လွှတ်သည်။ ပြီးသော် လက်ညှိုး နှင့် လက်မကို ဆန့်ကား၍ အလယ်သုံးချောင်းကို ကွေးကာ နားမှာ ကပ်ပြီး ဖုန်းဆက်လို့ အမူအရာ လုပ်ပြသည်။ ပြီးတော့မှ နဒီ့ကို အမြန်အဆန်ဆုံးခေါ်ကာ ခပ်သွက်သွက်ထွက်သွားလေသည်။
ရတီသည် မသက်ရင်မောကာ ငူငူကြီး ဖြစ်ကျန်ခဲ့ရှာ၏
“ဟဲ့ ရတီ ဘာတွေ ကြည့်နေတာလဲ”
ဘရဏီက အင်္ကျီတစ်ထည်ကို ကိုင်ကြည့်နေရင်းမှ မေးသည်။ ဒီတော့မှ ရတီ အသိ ၀င်လာ သည်။
“ဟိုဟာ အဲ ဘာမှ မဟုတ်ပါဘူး”
ဘရဏီက အင်္ကျီထံမှ မျက်စိလွှဲ၍ ရတီ့ကို သေချာကြည့်သည်။
“နင်ဘာ ဖြစ်နေတာလဲ ရတီ”
“ဘာ ဖြစ်လို့လဲ”
“နင့္ကိုၾကည့္ရတာ ဂနာမၿငိမ္ဘူး”
“နင်ထင်လို့ ဖြစ်မှာ ပါဟာ ငါ့ ဂနာက ငြိမ်ပြီးသား”
အဲဒီ လို ခပ်ပြတ်ပြတ်ပဲ ပြောပစ်လိုက်သည်။ ဘရဏီဘာမှ ထပ်မစိစစ်တော့။ ၀ယ်ခြမ်းပြီး သော အခါ ရတီသည် မျက်မှန်ကလေးကို ပင်တင်ကာ ရှေ့မှ ကော့ကော့ ကော့ကော့ ထွက်သွား လေသည်။
သူမ၏ ရင်တစ်ခြမ်းသည် ဖလိုင်းကစ်ဖြင့် မွန်းမွန်းနစ်နစ် ဖြစ်နေ။
အစစ်သာဆို..
ဟူး ရင်မောလိုက်တာ…
မိုးစက်များ သည် လှပစွာ သွန်းဖွဲနေပါသည်။ ရတီသည် အိပ်ခန်းပြတင်းမှ မိုးစက်ကလေး များ ကိုငေးရင်း အတွေးတွေ လွန်နေလေသည်။
သူသည် မိုးစက်တွေ လိုပဲ သူမနှလုံးသားကို အေးမြစိုစွတ်စေခဲ့၏ ။ မွတ်သိပ်မှု များ သည် လျှပ်ပြက်သကဲ့သို့ တ၀င်းဝင်းလက်နေသည်။ အသိတရားက တားပေမယ့် ဦးနှောက်ကလည်း မကူ ညီနိုင်လောက်အောင် သူမ ကျဆုံးနေချေပြီ။
ဘုရားသခင်…ကြာရင်တော့ ရူးတော့မှာ ပဲ…
ရတီသည် အရင်တစ်နေ့ စင်တာအတွင်းမှာ တုန်းက ဖုန်းဆက်ဖို့လုပ်ပြသည့် ဥက္ကာစိုး၏ အမူ အရာကို သတိရလိုက်မိပါသည်။ သူ ဘာများ ပြောမလို့ပါလိမ့်…။
ခြေသံဖွဖွနင်းကာ အခန်းအပြင်သို့ ရတီ ထွက်လိုက်ပါသည်။ နဒီ၏ အခန်းထဲသို့ ၀င်ကြည့်တော့ နဒီ မရှိတော့။ ဒါကြောင့် အိပ်ရာပေါ်မှာ တွေ့ သော Handset ကို ဖွင့်၍ Contacts ထဲမှ ဥက္ကာစိုး၏ ဖုန်းနံပါတ်ကို သူမ ဖုန်းထဲ ကူးယူလိုက်သည်။ ပြီးနောက် သူမ အခန်းထဲသို့ ပြန်လာခဲ့ပါ၏ ။
ခုတင်ပေါ်တွင် အကျအန လှဲအိပ်ပြီး ကူးယူသိမ်းမှတ်သော ဥက္ကာစိုး၏ ဖုန်းနံပါတ်ကို နှိပ်ခေါ်လိုက်သည်။ သူမ၏ လက်ချောင်းကလေးများ တဆတ်ဆတ် တုန်ယင်နေချေ၏ ။ သူမ မျက်နှာကလေး ကတော့ ပြုံးနေပါသည်။
ထိုစဉ်မှာ ပင်….
“ဟဲ့….နင် ဘာလုပ်နေတာလဲ”
“အမယ်လေး”
ရုတ်တရက် တံခါးကို ဆွဲဖွင့်ထားသော နဒီ့ကို မြင်လိုက်ရသဖြင့် ရတီ လန့်အော်မိသည်။ ခေါ်လက်စ ဖုန်းခလုတ်ကိုပိတ်ကာ လှဲအိပ်နေရာမှ ငုတ်တုတ်ထထိုက်လိုက်၏ ။ လက်တစ်ဖက်က လည်း ရင်ဘတ်ကို ဖိထားမိလေသည်။
“နင် ဘာလို့ အဲဒီ လောက် အထိ လန့်နေရတာ လဲ”
နဒီက ရတီ၏ ရှေ့တွင် ခါးကလေးထောက်၍ မေးသည်။ ရတီ၏ မျက်နှာက တုန်လှုပ်ဟန် ဖြင့် စူပုပ်နေချေ၏ ။
“နင်က နည်းနည်းမှ လူမှု ရေး မရှိဘူး”
“ဘာဆိုင်လို့လဲ”
“ဘာကိစ္စတံခါးမခေါ်ဘဲ ၀င်လာတာလဲ”
“ငါက နင့်ညီမပဲ။ တံခါးမခေါက်ဘဲ ၀င်လာတော့ရော ဘာ ဖြစ်လဲ”
“ဒါ ကိုယ်ပိုင် လွတ်လပ်ခွင့်ဟဲ့”
ရန်တွေ့ သကဲ့သို့ ရတီ အော်ငေါက်ပစ်လိုက်သည်။ တံခါးကို လော့ခ် (Lock) မချမိသော သူမကိုယ်သူမလည်း စိတ်ထဲမှ ကျိန်ဆဲမိ၏ ။
“နင် အဲဒီ လောက် အော်မနေနဲ့ ။ နင့်ခန္ဓာကိုယ်က အကင်လုပ်စားလို့မရတာ တွေ ကျွတ်ထွက်ကုန်ဦးမယ်”
နဒီက သိမ်သိမ်မွေ့မွေ့လေးပြောဆိုရင်း ခုတင်အစပ်မှာ ၀င်ထိုင်သည်။ ရတီ၏ လက်ထဲမှ ဖုန်းကိုလည်း စူးစိုက်၍ ကြည့်သည်။
“နင် ဘယ်သူ့ဆီ ဆက်နေတာလဲ”
“င့ါဟာငါ ဘယ်သူ့ဆီ ဆက်ဆက်ပေါ့”
ရတီက ဖုန်းကို သူမ ပေါင်ကြားထဲ ညှပ်ထားလိုက်သည်။
“မှန်းစမ်း…..ကြည့်ရအောင်”
နဒီက နှိုက်ယူဖို့ ကြိုးစားတော့ ရတီက လက်ကိုပုတ်ထုတ်ပစ်လိုက်သည်။
“အဲ့ဒါ နင့်ကိစ္စလား”
“သိချင်လို့ပါ”
“နင်သိချင်တိုင်း သံတော် ဦးတင်ရမှာ လား၊ ၀တ်တာ စားတာ အိမ်သာတက်တာတောင် နင့်ကို လျှောက်တင်ရဦးမလား”
“ငါက နင်တွဲ ဘက်များ ရနေပြီလား သိချင်လို့ပါ”
“အဲ့ဒါ နင်နဲ့ မဆိုင်ပါဘူး”
နဒီက ရတီ့ကို အသေအချာ ကြည့်သည်။
“နင် ဘာ ဖြစ်နေတာလဲ”
“လျှာရှည်လိုက်တာဟာ”
ရတီသည် ဖုန်းကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ခုတင်ပေါ်မှဆင်း၏ ။ ပြီးတော့ တန်းမှာ ချိတ်ထားသော မိုးကာအင်္ကျီ အသားရောက်လေးကိုယူကာ သူမကိုယ်မှာ ၀တ်ဆင်သည်။ မှန်ကိုလည်း ကြည့် ဖြစ်အောင် ကြည့်လိုက်ပါသေးသည်။
ဆူညံပူညံအသံများ ကြောင့် ဒေါ်ထက်ထက်အောင်လည်း အနားသို့ ရောက်လာ၏ ။ အပြင်ထွက်ရန် တာစူနေသော ရတီ့ကိုမြင်သော အခါ မိဘမေတ္တာက မနေနိုင်သဖြင့် မေးမိသည်။
“ရတီ…ဘယ်သွားမလို့လဲ။ မိုးတွေ ရွာနေတာကို”
“ဘယ်သွားသွား”
ရတီသည် ချေချေငံငံ ပြန်ဖြေပြီး မိုးကာအင်္ကျီမှ ခေါင်းဆောင်းလေးကို သူမခေါင်း တွင် စွပ်ကာ မိုးရေထဲသို့ ကသုတ်ကရက် ထွက်သွားလေသည်။
ဒေါ်ထက်ထက်အောင် မကြည်မသာ ဖြစ်သွားရ၏ ။
“နဒီ”
“ရှင် မာမီ”
“ရတီ ဘာ ဖြစ်တာလဲ”
“မသိဘူးလေ”
“နင် ဘာသွားပြောလို့လဲ”
“ဘာမှမဟုတ်ပါဘူး။ သူ့ဟာသူ ဘာ ဖြစ်နေမှန်ကို မသိတာ”
“အင်း….ဒီကောင်မလေးကို ကြည့်ရတာ အခုတလောတစ်မျိုးပဲ”
ဒေါ်ထက်ထက်အောင်နှင့် နဒီ နဝေတိမ်တောင် ဖြစ်ကျန်ခဲ့ကြ၏ ။ နဂိုကတည်ငြိမ်အေး ဆေးသော ရတီ၏ ယခု ဆတ်ဆတ်ထိမခံ ဖြစ်နေပုံက သူတို့အတွက် ထူးဆန်းနေလေသည်။
အဖြေကိုမူ…မသိကြချေ…။
မိုးသည် ရွာသွန်းဖြိုဆဲ..
ရတီသည် မိုးသည်းထဲမှာ လျှောက်သွားနေမိသည်း။ သူမကိုယ်အား မိုးစက်များ က ခပ်ကြမ်းကြမ်းပက်ဖျန်း၏ ။ သူမစိတ်တျွေသည်တွယ်ရာမဲ့ တိမ်တွေ သဖွယ် ဆောက်တည်ရာမဲ့နေ လေသည်။
အရိပ်တစ်ခုအောက်ရောက်တော့ ဖုန်းလေးကို ထုတ်ကိုင်လိုက်သည်။ ခဏမျှ တွေ ဝေနေ သေး၏ ။ပြီးတော့မှ ကတုန်ကယင်ဖြင့် နံပါတ်တစ်ခုကို နှိပ်ခေါ်လိုကသည်။
တီခနဲ သံရှည်မြည် ၍ တစ်ဖက်ဖုန်းကို တန်းဝင်သွားကာ သြရှရှအသံထွက်ပေါ်လာပါ၏ ။
“ဟယ်လို”
နှုတ်မရဲသဖြင့် ရတီငြိမ်နေမိ၏ ။ ဒီတော့ တစ်ဖက်က ထပ်အသံပြုသည်။
“ဟယ်လို ပြောပါခင်ဗျာ”
ရတီ ရဲဆေးတင်ပစ်လိုက်သည်။
“ကိုဥက္ကာစိုးလားဟင်”
လားမဟုတ်ဘူး လူလို့ မဖြေပါ။
ညင်သာစွာ ဖြင့် ထပ်တူတုံ့ပြန်မေးသည်။
“ရတီလားဟင်”
“ရှင်”
သူမ တယ်ပဲ အံ့သြသွားသည်။ လျှာဖျားလေးပင် ထစ်ငေါ့နေ၏ ။
“ရ..ရတီမှန်း ရှင် ရှင် ဘယ်လိုလုပ်သိလဲဟင်”
ပျော်သွားတာ ပျော်သွားတာ။
“ကျွန်တော် က ရတီဖုန်းကို မျှော်နေတာ”
သူမ ကျေနပ်သွားမိသည်။ အတိုင်းမသိပေါ့။
“ရတီ အခုဘယ်မှာ လဲ”
“အဲဒါ အရေး မကြီးပါဘူး”
“ကြီးတယ်”
“ဘာလို့လဲ”
“ကျွန်တော် ရတီ့ကို တွေ့ ချင်တယ်”
“ဘာ ဖြစ်တယ်”
“ရတီ့ကို တွေ့ ချင်တယ်လို့ပြောတာ။ အခုလို မိုးတွေ ရွာနေချိန်မှာ ရတီနဲ့ အတူ ထိုင်စကား ပြောရရင် သိပ်ကောင်းမှာ ပဲ။ အခုကျွန်တော် အားနာတယ်။ ရတီ ကျွန်တော့်ဆီ လာခဲ့ပါလား”
သူမ၏ နှုတ်ခမ်းသားတွေ က မလှုပ်မယှက်..
“ရတီ ကျွန်တော့်ဆီ လာခဲ့ပါလာနော်။ ကျွန်တော် မျှော်နေမယ်”
ဥက္ကာစိုးက အိမ်လိပ်စာကို ပြောပြသည်။ ရတီသည် အင်းမလုပ်အဲမလုပ်ဘဲ တွေ ဝေစဉ်း စားရင်းပင် သူမ၏ ခြေလှမ်းများ က ရွေ့လျားသွားပြီး သူမ၏ လက်တစ်ဖက်က တက္ကစီကားကို တားမိလျက်သား ဖြစ်နေတော့သည်။ အဲဒါတွေ ကြောင့် ပဲ ခန္ဓာကို စိတ်က ဦးဆောင်တယ်လို့ ပြော တာပေါ့။
မိုးကားအင်္ကျီလေး၏ မလုံခြုံမှု ကြောင့် ရေစိုနေသော ရတီ၏ တစ်ကိုယ်လုံး အေးစက်နေ သည်။ ဖိတ်ခေါ်ရာသို့ ရောက်ရှိသွားသော အခါ ဥက္ကာစိုးထီးတစ်ချောင်းနှင့် အိမ်ရှေ့မှာ ရပ်စောင့် ကြိုနေလေသည်။ ကားတံခါးကို သူကိုယ်တိုင်လာဖွင့်ပေးပြီး ရတီ့ကို ထီးဆောင်းပေးကာ အိမ်ထဲ သို့ ခေါ်လာခဲ့သည်။
ရတီသည် ဆိုဖာရှည်တစ်ခုပေါ်တွင် ၀င်ထိုင်ရင်း မျက်မှန်မှ ရေစက်ရေမှု န်များ ကို ပြောင်စင် အောင် သုတ်၏ ။ ပြီးနောက် ခေတ်မီစွာ ကျယ်ဝန်းသပ်ယပ်သော အိမ်အပြင်အဆင်ကို မိန်းမပီသ စွာ လေ့လာမိပါသည်။
“ တစ်ယောက် တည်း နေတာလား”
“အင်းလေ တစ်ယောက် တည်းပေါ့”
ဥက္ကာစိုးက ပြန်ဖြေရင်း ရေခဲသေတ္တာဆီသွားကာ အထဲမှ မာဒီးနီပုလင်းနှင့် ဖန်ခွက်တစ် ခွက်ကို ယူ၍ ရတီရှေ့သို့ ချပေး၏ ။
“အချမ်းပြေ သွားအောင်”
“ဟင့်အင်း ကျွန်မ မသောက်တတ်ဘူး။ အနံ့တောင် မခံနိုင်ဘူး”
ရတီက ခေါင်လေးခါပြီး ငြင်းတော့ ဥက္ကာစိုး အံ့သြသလို ဖြစ်သွားသည်။
“ညီမနဲ့တော့ တခြားစီပဲ”
ရတီ ဘာမှ မတုံ့ပြန်တော့ဘဲ မိုးကာအင်္ကျီလေးကို ချွတ်လိုက်သည်။ ထိုအခါ ရေစိုနေသော သူမ၏ ကိုယ်လုံးအလှက ပီပိပြင်ပြင် ထင်ပေါ်လာလေသည်။ ဥက္ကာစိုး ငေးသွားရ၏ ။ ငတိ ကတော့ ဒါပဲ..
အကြည့်စူးစူးများ ကို ရတီ ရင်မဆိုင်ရဲဘဲ ဖြစ်နေသည်။ ချမ်းအေးနေသော ကိုယ်လုံးလေး ကို ကျုံ့ထားမိ၏ ။ ဥက္ကာစိုးက ရတီနှင့် ဘေးချင်းကပ်လျက်မှာ ၀င်ထိုင်လေသည်။
“ကျွန်တော် လေ ရတီ့အကြောင်းတွေ ကို အများ ကြီးတွေး ဖြစ်တယ်သိလား။ တစ်ကြိမ်တုန်း က ဆိုရင် အင်း ထားပါတောလေ”
ဥက္ကာစိုးသည် စကားကိုပြောနေရာမှ ရပ်ထားလိုက်သည်။ ရတီရင့်ထဲ ကျလိကျလိ ဖြစ်သွား ၏ ။
“ဘာ ဖြစ်လဲဟင်”
“ထားလိုက်ပါ မပြောသင့်ဘူး”
“ပြောစမ်းပါ။ ဘာ ဖြစ်လို့လဲ”
“အဲဒါ သိသွားရင် ရတီ ကျွန်တော့်ကို မကောင်းထင်သွားမှာ ”
“မထင်ပါဘူး။ ပြောသာပြောပါ”
မပြောတာကိုမှ ရတီကလည်း ပိုပြီးသိချင်နေ၏ ။ (မိန်းကလေးတွေ များ အဲဒီ လိုပဲ) ထိုအထာ တွေ ကို ဥက္ကာစိုးက ကျေညက်သည်။
“ပြောလို့ မသင့်တော် ဘူးထင်လို့ပါ ရတီရယ်”
“ကျွန်မ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး။ ကတိပေးပါတယ်။ ရှင်နဲ့ ကျွန်မက အေးဆေးပဲဟာ။ ဘာ ဖြစ် ဖြစ် ပြောလို့ရပါတယ် ဟုတ်ပြီလား။ ပြောပြပါနော် ကျွန်မ သိချင်လို့ပါ။”
ရတီက ပေါ်တင်ဖွင်ဟတောင်းဆိုသည်။ ဒီတော့မှ ဥက္ကာစိုးက မလွှဲသာမရှောင်သာ၍ ပြောရ သလိုမျိုး ခပ်ရွံရွံ့ပြောသည်။
“ကျွန်တော် လေ”
“အင်း..”
“နဒီနဲ့ တွဲ သွားနေရင်းက”
“ဘာ ဖြစ်လို့လဲ”
“အဲဒါ ရတီသာဆိုရင် သိပ်ကောင်းမှာ ပဲလို့ တွေးမိတယ်”
“အယ်”
ရှက်သွေးဖြန်းသဖြင့် ရတီ၏ မျက်နှာလေး နီးမြန်းသွားသည်။ သူမ ခေါင်းလေးလည်းငုံ့ကျ သွားပါ၏ ။
“တွေ့ လာ ကျွန်တော် မပြောသင့်ဘူးဆိုတာ ပြောမိပြီ”
ဥက္ကာစိုးက နောင်တရသလိုလို လုပ်နေပြန်သည်။ အမှန်က ဒီအဆင်လိုချင်လို့ တမင် ဒီချုံထွင်တာ ဖြစ်သည်။ ရည်းစားစကားပြောတာကို ဟိုက အတင်းပြောခိုင်းလို့ပဲ အားနာပါးနာ ပြောရသလိုမျိုး.. ဒါတောင်မှ အကွေ့အ၀ိုက်ကလေးနှင့် …
ဆုတ်သာတက်သာရှိအောင် ကြံတန်ဖန်တတ်သည်။
“ရတီ ကျွန်တော့်ကို စိတ်ဆိုးသွားလားဟင်”
ဥက္ကာစိုး၏ မေးခွန်းကို ရတီက လှုပ်ခတ်စွာ တိုးတိုးလေးဖြေ သည်။
“မ မဆိုးပါဘူး”
ဥက္ကာစိုးက ရတီ့အနားသို့ တိုးသည်။
“ဘာ မကြားလိုက်လို့”
“မဆိုးပါဘူးလို့ ပြောတာ”
ရတီက အသံကို နည်းနည်း ကျယ်ပေး၏ ။ အတွေ့ အထိကြောင့် ကြည့်လိုက်တော့ ဥက္ကာစိုး ၏ ကိုယ်လုံးနှင့် သူမ၏ ကိုယ်လုံးသည် နယ်နိမိတ်ချင်း ထိစပ်နေပြီ ဖြစ်၏ ။ (ဥက္ကာစိုးသည် ပထမ ပြောတာကိုကြားပါလျက် လူနေရာရွှေ့ချင်သဖြင့် တမင်မကြားဟန်ပြုကာ ရှေ့တိုးရင်းနှင့် ထပ်မေး လိုက်တာ ဖြစ်သည်။)
သကောင့်သား ဉာဏ် ကတော့ များ သည်။ အနေအထားက နယ်ခြားမှတ်တိုင်ကိုပင် ကျော် လွန်စပြုနေလေပြီ။
“ရတီ့ကိုယ်လုံးလေး အေးနေတယ်။ နွေးသွားအောင် လုပ်ပေးမယ်”
ဥက္ကာစိုးသည် ပြောပြောဆိုဆို ရတီ၏ ကိုယ်လုံးလေးအား ဆွဲပွေ့သည်။ အစိမ်းလေးမို့ ဖိန်းရှိန်းသွား၏ နှာဘူးကြီးဟုတော့ မအော်။
“အား ဘာလုပ်တာလဲ”
ဥက္ကာစိုးသည် အနမ်းဆိုတာ မသိသေးသော နှုတ်ခမ်းထူပြည့်ပြည့်လေးအား အနမ်းဟူ သော ဘာသာရပ်ကိုသင်ကြားပို့ချပေးလိုက်လေသည်။
ဝိတ်တွေ တော့ လျော့ဦးမယ်….
အခုခေတ် မိုးရာသီလူငယ်တွေ ထီးဆောင်းကာ ဖက်ရှင်တစ်ခုလိုပါပဲ။
ဝီရသည်လည်း အစိမ်းပုပ်ရောင် ထီးရွက်အပြန့်ကားကားကြီးကိုဆောင်းပြီး မိုးရွာထဲမှာ လမ်းလျှောက်အလာ တစ်နေရာအရောက် ရှေ့မှမြင်ကွင်းကြောင့် သူ့ခြေလှမ်းတွေ တုံ့ခနဲ ဖြစ်သွား သည်။
အိမ်တစ်အိမ်ထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထွက်လာကြသည်။ မသဲမကွဲ မိုးဖွဲတွေ ကြားမှ အမျိုးသားတစ်ဦးနှင့် အမျိုးသားက အမျိုးသမီးကို ထီးဖြင့် အုပ်မိုးကွယ်ာပေးထား ၏ ။ ထိုအမျိုးသားကို သူမြင်ဖူးသလိုရှိသည်။ အမျိုးသမီး ကတော့ သူ့ဘက်အခြမ်းက ကြည့်လျှင် အမျိုးသားကိုယ်နှင့် ကွယ်နေသဖြင့် ကောင်းစွာ မမြင်တွေ့ ရချေ။
အမျိုးသားက အမျိုးသမီးကို ကားငှားပြီးတင်ပေးလိုက်သည်။ သူလည်း ကိုယ်လမ်းကိုယ် ဆက်လျှောက်လာရာ ထွက်ခွာသွားသော ကားကို ရပ်ကြည့်နေသော အမျိုးသားအနားသို့ ရောက် လာသည်။
လမ်းလျှောက်မပျက် အမှတ်တမဲ့ ငဲ့ကြည့်လိုက်မိပါ၏ ။ ထိုအခါ..တွင် ..
“ဟင်”
အနီးကပ်မြင်လိုက်ရသော မျက်နှာကြောင့် ပ ၀ီရရင်ထဲ ဒိတ်ခနဲဆောင့်ခုန်သွားသည်။ ဒီ ဒီလူဟာ နဒီ အခုလက်ရှိတွဲ နေတဲ့ ..လူ လတ်တလောမှာ နဒီနှင့် ပတ်သက်၍ အင်မတန် နာမည် ကြီးနေသူ ဖြစ်သည်။ အပေါင်းအသင်းတွေ ၏ သတင်းပေးမှု ကြောင့် သူလိုက်လံစုံစမ်းကြည့်ရင်း ဒီပုဂ္ဂိုလ်ကို ကောင်းစွာ မြင်ဖူးထားသည်။ ရုပ်ကလည်း နှာဘူးရုပ်
အခု ဒီလူ ဘာအချိုးချိုးနေတာလဲ
ဟို အမျိုးသမီးနဲ့ ဒီပုဂ္ဂိုလ်၏ ဆက်ဆံရေး သည် သမားရိုးကျမ ဖြစ်နိုင်။ ဒါတွေ ကို နဒီသိပါရဲ့ လား။
ချစ်သူအတွက် စိုးရိမ်ခြင်းတွေ ၀ီရကိုယ်ထဲ ရုတ်တရက် တိုးဝင်လာသည်။ နဒီ့ဆီ သူဖုန်း ခေါ်လိုက်၏ ။ သို့သော် ဖုန်းမကိုင်၊ လက်မှာ နာရီကိုကြည့်လိုက်၏ ။
ဒီအချိန်ဆို နဒီအင်တာနက်ဆိုင်မှာ ပဲ ရှိပေလိမ့်မည် ။ ခြေလှမ်းတွေ ကို မြန်ဆန်စွာ ဦးတည် ချက်ပြောင်းပစ်လိုက်ပါ၏ ။
အင်တာနက်ကဖေးသို့ ရောက်သော အခါ ထင်သည့်အတိုင်း နဒီ့ကိုတွေ့ ရသည်။ သူ့ကို မြင်သော အခါ အွန်လိုင်းပေါ်မှာ ဘဲတစ်ပွေနှင့် သံယောဇဉ် လေလံဆွဲနေသော နဒီ၏ မျက်နှာ အထားအသို တင်းမာသွားသည်။
“နင် ဘာလာရှုပ်တာလဲ”
“ငါ လာရှုပ်တာ မဟုတ်ဘူး နဒီ။ နင့်ကို ပြောစရာရှိလို့လားတာ”
နဒီ မထိတရိ ပြုံး၏
“ဘာလဲ နင့်ရဲ့ အသည်းကွဲဓာတ်ပြားကြီးကို ဖွင့်ပြဦးမလို့လား။ တော် ပါတော့ဟာ ဟောင်း လွန်းလို့် အပ်ကြောင်းထပ်နေပါပြီ။ နားထောင်ရတာ တောင် ပျင်းစရာကောင်းပါတယ်”
“မဟုတ်ဘူး နဒီ ငါ နင့်ကို အသိပေးစရာရှိလို့လာတာ”
အနီးအနားမှ အခြားလူတွေ ရှိသဖြင့် ၀ီရ အသံအုပ်အုပ်နှင့် ပြောလိက်သည်။
“နင်နဲ့ အခုတွဲ နေတဲ့ ဘဲကြီးက လုံးဝမရိုးသားဘူး နင့်အပြင် အခြား တစ်ယောက် နဲ့ပါ ခြေပုန်း ခုတ်နေတာ။ သူငယ်ချင်း တစ်ယောက် ဆီသွားရင် ငါမြင်ခဲ့တာ”
အပြည့်အစုံ ပြောပြဖို့ ၀ီရရည်ရွယ်လိုက်သည်။ သို့သော် နဒီက မျက်မှော က်တွန့်၍ ၀ီရကို ခပ်နက်နက် စိုက်ကြည့်ကာ..
“ဒီမှာ ၀ီရ နင့်ကိုငါ အရင်တုန်းက ငပိန်း တစ်ယောက် လို့ပဲ ထင်ခဲ့တာ။ အခုမှ နင်ဟာ စဉ်း လဲတဲ့ လူ တစ်ယောက် ဆိုတာပါ သိလိုက်ရတယ်။ မစားရတဲ့အမဲ သဲနဲ့ပက်ဆိုတဲ့ စကားပုံကို ရှေးလူတွေ အလကားထားခဲ့တာ မဟုတ်မှန်းလည်း ငါ နားလည်သွားပြီ”
ဝီရ ပျာသွား၏ ။
“မဟုတ်သေးဘူး နဒီ ငါ့ကို အထင်မလွဲပါနဲ့ ငါ နင့်ကို ညာနေတာ မဟုတ်ဘူး အမှန် ပြောနေတာ”
“နားလိုက်တော့ ၀ီရ၊ ငါ စိတ်မပါတော့ဘူး”
ကွန်ပျူတာကို ပိတ်ကာ ထထွက်သွားတော့သည်။ ကောင်တာမှာ ငွေရှင်းပြီး ဆိုင်ထဲမှ အထွက် အပြင်မှာ မိုးတွေ ရှာနေတာ တွေ့ လိုက်ရ၏ ။
အိမ်ပြန်ရင် ကူးဖြတ်ဖို့ အခက်အခဲ ဖြစ်နေစဉ်မှာ ပင်..
“နဒီ”
ဆိုင်ရှေ့တံစက်မြိတ်အောက်မှာ တွေ ဝေစွာ ရပ်နေသော သူမအနားသို့ ထီးတစ်လက်အား ကိုင်လျက် ၀ီရရောက်လာ၏ ။
“နင် ဘာထုပ်ရှုပ်ဦးလို့လဲ ၀ီရ”
“ငါ ရှုပ်နေတာမဟုတ်ဘူး နဒီ အမှန်ကို နင်သိဖို့ ရှင်းပြနေတာ။ ငါ့ကို နင် ပြန်မချစ်ရင်နေပါ။ ဒါပေမဲ့ ငါပြောတဲ့ စကားကိုတော့ ယုံကြည့်ပေးပါ။ ဟိုလူကို နင်အပြည့်အ၀ မယုံကြည်မိပါစေနဲ့ အဲဒါ နင့်ဘ၀တွက် ငါ ပြောတာပါ”
နဒီက ၀ီရကို မျက်ဆံနက်ကလေး ထောင့်ကပ်၍ ငဲ့ကြည့်ကာ
“ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို နင်ကြားချင်နေတာလား။ အဲဒါဆိုလည်း ငါ ပြောပေး မယ်။ကျေးဇူးပဲဟယ် ဒါပေမဲ့ ငါ နားငြီးလို့ သွားတော့မယ်”
တံစက်မြိတ်အောက်မှ နဒီ လှမ်းထွက်သွားသည်။ မိုးဖွဲတွေ ကြားမှ နဒီရှိရာဆီ ၀ီရ အပြေး လိုက်သွား၏ ။ အနားရောက်တော့ သူ့လက်ထဲမှ ထီးကိုဖွင့်၍ နဒီ့အား ဆောင်းပေးသည်။
နဒီက မာကြောခက်ထန်သော မျက်နှထားနှင့် ..
“နင် ဘာလိုက်လုပ်တာလဲ ၀ီရ”
“နင့်ကို မိုးရေတွေ စိုကုန်မှာ စိုးလို့ပါဟာ။ ငါလိုက်ပို့ပါရစေ”
“မလိုပါဘူး ငါ့ဘာသာ ငါသွားမယ်”
“အရင်တုန်းကလည်းနင့်ကို ဒီလိုမျိုး ငါလိုက်ပို့နေကျပဲဟာ ဘာ ဖြစ်လို့လဲ”
“အရင်တုန်းကနဲ့ အခု အခြေအနေချင်း မတူတော့ဘူးလေ။ နင်နဲငါ ထီးတစ်ချောင်း တည်း အတူဆောင်းလာတာကို တစ်ယောက် ယောက် မြင်သွားရင် ငါ့ကိုတစ်မျိုးထင်သွားနိုင်တယ်။ အဲဒါ ကြောင့် လိုက်မပို့နဲ့”
“ဒါဆိုလည်း ထီးယူ သွားပါ နဒီရယ်။ နင် နေမကောင်း ဖြစ်မှာ စိုးလို့ပါ”
ဝီရက နဒီ့လက်ထဲသို့ ထီးထည့်ပေးသည်။ နဒီက စိတ်ရှုပ်န်ဖြင့်..
“နင် တော် တော် ဇယားရှုပ်တာပဲ ၀ီရ။ ဒီမှာ နင် ရှင်းအောင် ငါ့ပြောမယ် နင် ပေးတဲ့ ထီးကို ဆောင်းမှ ကျန်းမာမယ်ဆိုရင်တောင် ငါ အအေးမိပြီး အသေပဲခံလိုက်တော့မယ်။ ဟုတ်ပြီလား နင် ရှေ့ဆက်တိုးလိုက်မလာနဲ့တော့”
နဒီသည် ပြောလည်းပြော ၀ီရပေးသော ထီးကိုလည်း လွှင်ပစ်သည်။ ပြီးနောက် မိုးရွာထဲမှာ အကာအကွယ်မဲ့စွာ ထွက်သွားလေသည်။
လမ်းမထက် မိုးသည်းထဲမှာ ထီးကလေး ပက်လက်. မျက်ဝန်းအိမ်မှာ မျက်ရည်တွေ သည်း ထန်လာသည့် ၀ီရသည်လည်း ရင်ကွဲပက်လက်..
စိတ်နာစရာကောင်းသည့် ရည်းစားဟောင်းကို စိတ်မနာနိုင်တာကပဲ သူ့ရဲ့ အားနည်းချက် တစ်ခု ဖြစ်ပါသည်။
![]() အသည်းခွဲဖက်ရှင် | ![]() အလင်းဖျောက်ကြယ် | ![]() တိမ်တိုက်တို့ရဲ့အသွင်ကွဲရာသီ |