Cover

အခန်း (၁)

လင်းညှို့သွေး

အသည်းခွဲဖက်ရှင်

သံချေးတက်နေသည့် ဓားစွေဓားပဲ့နှင့်

ထိုးဆွနေမည့် အစား ထက်မြသည့်

သံမဏိဓားသွားနှင့် သာ

ယတိပြတ် လှီးဖြတ်ပစ်လိုက်ပါ။

နောက်ဆုံး ထွက်သက်အထိ ရှင်သန်ခြင်း၌

ဂုဏ်ထည်ဝါစွာ မြင့်မြတ်ချင်၏ ။

ငါ့အား. . .

သတ်သင့်သတ်ထိုက်က သတ်လိုက်ပါ။

သို့ငြား. . .

ဝိဉာဉ်မကြွေလွင့်မီစပ်ကြားတွင်

ညှင်းပန်းဆော့ကစားခြင်း မပြုပါနှင့် ။

ရင်ကိုဖွင့်၍ တောင်းဆိုသည်။

(နိဒါန်းမဲ့ နိဒါန်း)

မိန်းကလေးရေ. . .

ငါကိုယ်တိုင် မရိပ်မိနိုင်လောက်အောင်

သိမ်မွေ့တဲ့ မျော်လင့်ချက်တွေ ရဲ့

ညင်သာစွာ တုပ်နှောင်မှု မှာ

ငါဟာ. . . တိတ်တဆိတ် ခြေချုပ်မိနေသူပါ။

ထိုနေ့က. . .

ဖော်ရွေ ကိုင်းညွှတ်လျက်ရှိသော ကောင်းကင်၏ ရင်ခွင်သည် ခြေဆော့ လက်ဆော့ နိုင်သော ပန်းချီဆရာပေါက်စတစ်ဦးလက်ထဲရောက်ရှိသွားသည့် ကင်း ဗတ်စ်စကဲ့သို့ အရောင် အသွေးစုံလင်စွာ စွန်းပေလွင့်လူးနေလေသည်။

ဖျော့တော့သော အဆင်းနှင့် နေရောင် ခြည်သည် နှုတ်ဆက်ခြင်းအလင်းဖြင့် တိမ်စိုင် တိမ်ခဲတွေ ကို တောက်လောင်စေ၏ ။ မြူခိုးတွေ ကလည်း ရိုးသားစွာ မှိုင်းပြာ မှု န်ရှိနေကြသည်။

မကြာမီ အမှော င်ဝတ်ရုံကို လွှမ်းခြုံ၍ ညဆိုတာ သားသားနားနားရောက်ရှိ လာပေ တော့မည် ။

လေညင်းကြေင့် တုန်ခါဝေ့ယိုင်နေသော ပန်းခင်းကိုကြည့်ရင်း နက်ရှိုင်းပျင်းနေ သည်။ သူသည် Butterfly ဟူသော အမည် ဖြင့် အကသင်တန်းတစ်ခု ဖွင့်လှစ်ထား လေရာ သင်တန်း ပိတ်ရက်များ က အကမက်သော သူ့အတွက် အဓိပ္ပာယ်တစ်စုံ တစ်ရာ ကင်းမဲ့လျက် ခြောက် သွေ့နေစေပါ၏ ။

ပျင်းရိမှု ကို ဖြေဖျောက်ဖို့ အပြင်ထွက်ရငန် စိတ်ကူးပြီးမှ မ ဖြစ်နိုင်သဖြင့် ပယ်ဖျက်ပစ် လိုက်သည်။ အိမ်မှလူအားလုံး အပြင်သွားနေသော ကြောင့် နက်ရှိုင်း တစ်ယောက် တည်း အိမ်စောင့်နေရတာ ဖြစ်သည်။ ပြန်လာချိန်၌ သူအိမ်မှာ ရှိမနေလျှင် ညည်းစော်နံအောင် အပွမ်ခံရမှာ သေချာလှ၏ ။

အိမ်ရှေ့မြက်ခင်းပြင်ထက်မှာ နက်ရှိုင်းတစ်ဆယော်ကတည်း ခြေရှုပ်နေပါ သည်။ ဆောက်တည်ရာမရစွာ လူးလာတုံ့ခေါက်လျှောက်ပြီးမှ မြက်ခင်းပြင်ပေါ် ထိုင်ချလိုက်သည်။ မြက်တွေ မှာ သာ မျက်စိရှိလျှင်တော့ အာရုံနောက်ပြီး ဆဲနေ လောက်ချေပြီ။

အပျင်းပြေလိုပြေငြား ကောင်းကင်ဆီ မျက်စိကစားကြည့်လိုက်ရာ ငှက်တစ်အုပ်က လေစီး မှာ တောင်ပံခတ်ကာ ဟီးတိုက၍ နေကြ၏ ။ ထိုမြင်ကွင်းကို နက်ရှိုင်း သဘောကျသွားသည်။

‘ကျွီ. . .’

ကောင်းကင်ကသိုဏ်းမျှော်နေခိုက်. . . ခြံဝင်းတံခါးအား တွန်းဖွင့်သံကို ကြား လိုက်ရပါ သည်။ သံပန်းတံခါးနှင့် တွဲ ချိတ်ထားသည့် ကြေးဝါသော့ ကြီးတို့၏ ထိခတ် သံက တိတ်ဆိတ်မှု ထဲ၌ တဂျွမ်းဂျွမ်းမြည် ဟီးသွားလေသည်။ ကောင်းကင်ထံမှ အကြည့်ကို သိမ်းရုတ်၍ ခြံတံခါးဝဆီ နက်ရှိုင်းမျက်လုံးတွေ ဦးတည်ပစ်လိုက်သည်။

အို. . . ဘုရားရေ. . .

နက်ရှိုင်း အံ့အားသင့်သွားသည်။ တိမ်စိုင်တိမ်မျှင်တွေ ကြားမှ နတ်မိမယ် တစ်ပါး သက်ဆင်းလေသလား. . . ဟုပင် ထင်မှတ်မှားသွားရ၏ ။ မှု န်ရီဝိုးတ၀ါးတွင် ခရမ်းရောင် ၀တ်စုံအား ၀တ်ဆင်ထားသည့် မိန်းမပျိုသည် ခရမ်းရောင် ပန်းတစ်ပွင့်ကို ကိုင်ကောင်၍ သူ့ထံ တရွေ့ရွေ့ လှမ်းလာနေသည်။ သူမ လှုပ်ရှားမှု က ကျည်ဆံ တစ်တောင့် ပျံသန်းလာသလိုမျိုး တည့် မတ်ရဲရင့်လွန်းလှ၏ ။

နက်ရှိုင်း ငုတ်တုတ်မေ့နေသည်။ ထိုအမျိုးသမီးကို သူမသိ။ ထိုအမျိုးသမီး သည် သူ့အတွက် မျက်နှာစိမ်း သက်သက် ဖြစ်နေသည်။ သို့သော် သူမ သိပ်လှတာ ကိုတော့ အထူး သတိပြုမိပါ၏ ။

ခရမ်းရောင် ပန်းပွင့်ကိုကိုင်ဆောင်လျက် လှမ်းလာနေသော မိန်းမပျိုသည် နက်ရှိုင်းနှင့် လက်တစ်ကမ်းအကွာသို့ရောက်သော အခါ ရပ်တန့် သွားပါသည်။

အနီးကပ်မြင်ရမှ. . . ခြယ်သမှု ကင်းစင်သော မျက်နှာပြင်သည် ရှင်းသန့်နုမွတ်လျက် သွေး ကြောစိမ်းစိမ်းကလေးတွေ ပင် ထင်းလင်းပေါ်လွင်နေသည်။ ဆံနွယ်ပင် တွေ ကလည်း လေပြည် ထဲမှာ လွင့်ဝဲလှုတ်ခတ်နေ၏ ။

သူမက နက်ရှိုင်းကို စူးစူးရဲရဲ စိုက်ကြည့်သည်။ အနက်ထည်မျက်ဝန်းထဲမှ အခိုးအငွေ့တွေ စိမ့်လျှံထွက်လာသလားပင် မှတ်ထင်ခံစားရသည်။ နက်ရှိုင်းသည် စုန်းကဝေတစ်ကောင် ညှို့မြူဖမ်းစားခံထားရသကဲ့သို့ အာရုံတွေ မှု န်ဝါးမှိုင်းပျနေလေ ပြီ။

‘ဘာ. . . ဘာကိစ္စ. . . ရှိ. . . ရှိလို့လဲ. . .’

ချောက်ချားနေသော နက်ရှိုင်း၏ မေးခွန်းကို ခရမ်းရောင် မိန်းမပျိုက ပြန်မဖြေချေ။ သူမလက်ချောင်းတွေ က ကချေသည်တစ်ဦး ကကြိုးတစ်ခုချိုးသလိုမျိုး သွဲ့ပျောင်းစွာ လျှပ် တစ်ပြက်လှုပ်ရှာိးုက်ဆလေသည်။ တဖျတ်ဖျတ်. . . လွင့်ဝဲလျက်. .။

‘ဟင်. . .’

ခရမ်းရောင် ပန်းပွင့်က လက်ရိပ်များ ကြားတွင် ချွန်မြဖွေးလက်သော ဓားတစ်လက် ဖြစ် သွား၏ ။ တမဟုတ်ချင်း ပြောင်းလဲသွားပုံကိုကြည့်၍ နက်ရှိုင်း မျက်လုံးပြူးသွားသည်။ မြင်ရ သည်က တစ္ဆေပြကွက်တစ်ခုနှယ် ခမ်းနားဆန်းကြယ်လွန်းနေ တော့၏ ။

‘ခင်ဗျား. . . ဘာ. . . ဘာလုပ်. . .’

နက်ရှိုင်း တုန်လှုပ်စွာ ဖြင့် ထိုင်ရာမှ ထလိုက်သည်။ မိန်းမပျိုက နက်ရှိုင်းကို စူးနက်စွာ စိုက်ကြည့်၏ ။ သွေးအေးလွန်းသော သူမ မျက်ဝန်းအကြည့်တွေ မှာ သူ မရှောင်လွှဲနိုင်ဘဲ ဖြစ်နေ ပါသည်။

‘ခင်ဗျား. . . ခင်ဗျား. . . ဘယ်သူလဲ. . .’

မိန်းမပျိုက (သားကောင်ကို ခုပ်အုပ်မည့်  ခြင်္သေ့ရိုင်း၏ မာန်မျိုးဖြင့် ) ပန်းပွင့်မှ ပုံပြောင်းလာသော ဓားကို ဆတ်ခနဲ မြှောက်လိုက်သည်။

နက်ရှိုင်း ထိတ်လန့်တကြား နောက်သို့ခုန်ဆုတ်လိုက်သည်။ (ဘာမသိ ညာမသိနှင့် ) ပြန်လည်တိုက်ခိုက်ရန်လည်း အသင့်ပြင်လိုက်၏ ။

မိန်းမပျိုက နွဲ့နှောင်းသော သူမလက်ချောင်းတွေ ကို ကကြိုးကကွက် တစ်ခု နှယ် မွှေ့ရမ်းလိုက်ပြန်သည်။ လှုပ်ရှားမှု ရပ်စဲသွားသည့်အခါမှာ တော့ သူမလက်ထဲ၌ ဓားပျောက်သွားပြီး ခရမ်းရောင် ပန်းပွင့်ပြန်ရောက်လာသည်။

သူမက ပန်းပွင့်ကို ဓားမြှောင်ကိုင်သလို ဆုပ်ကိုင်ပြီး လွင့်ခနဲလှုပ်ရှားကာ နက်ရှိုင်း ရင်ဘက်ရှိ နှလုံးသားနေရာတည့်တည့်ဆီသို့ လျင်မြန်စွာ ထိုးစိုက်ချလိုက်၏ ။ ဆစ်ခနဲပါပဲ။

‘ဟာ. . .’

နက်ရှိုင်းအငိုက်မိသွားသည်။ ရင်ထဲထိတ်ခနဲ ဖြစ်ပြီး မျက်စိကို မှိတ်လိုက်မိ၏ ။ ခဏကြာသည်အထိ မျှော်လင့်ထားသလို နာကျင်မှု ကို မခံစားရ။ ဘာအထာပါလိမ့်။

မျက်လုံးအစုံကို ထုံဝေမှိုင်းလဲ့စွာ ဖွင့်လိုက်တော့. . . သူမက မခို့တရို့အပြုံးဖြင့် သူ့အား ကြည့်နေလေသည်။ ခရမ်းရောင် ပန်းပွင့်ကလည်း ဘယ်ဘက်ရင်ဘတ်မှ သူ့အင်္ကျီအိတ်ကတ်ထဲ၌ အကျော့အမော့တည်ရှိနေချေ၏ ။ နက်ရှိုင်း ရူးချင် သွားပါ သည်။

‘အဲ့ဒါ. . . ရှင့်အတွက် ကျွန်မရဲ့ လက်ဆောင်ပဲ. . .’

မိန်းမပျိုက စကားကို အေးစက်ပြတ်သားစွာ ပြောပြီးတာနှင့် လှည့်ထွက်သွား ၏ ။

ဒီတော့မှ ၀ိဉာဉ်မဲ့သော ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေသည့် နက်ရှိုင်း သက် ၀င်လှုပ် ရှားလာ၏ ။

‘နေ. . . နေဦးလေ. . . ခင်ဗျားက ဘယ်သူလဲ. . . ဘယ်ကလဲဆိုတာ ပြောခဲ့ ဦးလေ. . .’

မိန်းမပျိုက ခေါင်းငဲ့ကာ လှည့်ကြည့်၏ ။ နှုတ်ခမ်းသားတွေ က တစ်ခုခု ရွတ်ဆို ပြောရန် လှုပ်ရှားဟန်ပြင်လိုက်စဉ်မှာ ပဲ ခြံထဲသို့ ကားတစ်စီး မောင်းဝင်လာသည်။

သူမ ဘာမှမပြောတော့ဘဲ နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်လျက် အမူအရာမပျက် ဆက်လက်လှမ်းထွက်သွားလေသည်။

ခရမ်းရောင် ပန်းပွင့်ကိုကိုင်ရင်း သရဲအခြောက်ခံလိုက်ရသူပမာ နက်ရှိုင်း ထုံပေ ပေကြီး ဖြစ် နေသည်။ အိပ်မက်မဟုတ်သော အံ့ဖွယ် ဖြစ်ရပ်က သူ့အား လန့်သွားစေ ၏ ။ တော် တန်ရုံလူဆိုပါက နှလုံးလေဟပ်ပြီး သေမည် ဆိုလျှင် သေလို့ရလောက် သည်။

နက်ရှိုင်းသည် သူ့လက်ထဲမှ ခရမ်းရောင် ပန်းပွင့်ကို အသေအချာစစ်ဆေး ကြည့် လိုက်ပါသည်။ ပန်းအစစ်နှင့် မခြားအောင် လက်ရာမြောက်စွာ ပြုလုပ်ထားသည့် နည်းပညာ၏ မထူးဆန်းသော ပန်းတစ်ပွင့်သာ ဖြစ်၏ ။

‘သား. . . ပန်းကြီးကိုင်ပြီး ဘာလုပ်နေတာလဲ. . .’

ကားပေါ်မှဆင်းလာသော အမျိုးသမီးကြီးကမေးတော့ နက်ရှိုင်းဟန်လုပ်၍ အသာအယာပြုံးပြလိုက်သည်။

‘ဘာမှ မလုပ်ပါဘူး မာမီရယ်. . . ဒီလိုပါပဲ. . . အဟင်း. . .’

မချိပြုံး ပြုံးရတာ စိတ်တော့ နည်းနည်း နုံးသည်။ နက်ရှိုင်း၏ ဖခင် ဖြစ်သူက ကားတံခါးကို ညင်သာစွာ ပိတ်ရင်း. . .

‘ခုနက ခြံထဲက ထွက်သွားတာ သားသူငယ်ချင်းလား. . .’

‘အင်း. . . အဲ. . . ဟုတ်တယ် ဒက်ဒီ. . . ဒီပန်းက သူပေးသွားတာလေ. . .’

အ ဖြစ်မှန်အားလုံးကို ပြောပြလိုက်လျှင် မိဘပီသစွာ ကြံဖန်စိတ်ပူနေကြဦးမှာ သေချာသဖြင့် ချော်လဲရာရောထိုင်လိုက်ရ၏ ။

‘ငါ့သား ကတော့ဟေ့. . . ကောင်မလေးကတောင် ပန်းတွေ ဘာတွေ လာပေး ရတယ်ဆို တော့. . . ဟင်း. . . ဟင်း. . . တယ်စန်းပွင့်နေပါလားကွဟေ. . .’

နက်ရှိုင်း အပြုံးနှင့် သာ နှုတ်ဆိတ်နေလိုက်ပါသည်။ ထိုမိန်းမ၏ အသိရခက်သည့် လုပ်ဆောင်ချက်ကြေင့် စဉ်းစားဉာဏ်တွေ ဘောင်ဘင်ရိုက်နေသည်။ နှလုံး အိမ်ထဲမှာ လည်း နွယ် တစ်နွယ်အမြစ်တွယ် ကိန်းဝပ်သွားလေသည်။

သူ့ရင်ဘတ်သည် ခရမ်းရောင် ၀တ်ရုံနှင့် ဆန့်ကျင်ဘက် လိင်၏ ညှို့ဓာတ်တွင် တုန်ခိုက် အောင် ချူချာသွားသည့် အရေး ပေါ် လူနာသစ် ဖြစ်သွားရှာ၏ ။

ခိုတွယ်လဲလျောင်းချင်သည့် လူနာဆောင်အ ဖြစ် အသုံးပြုရန်အတွက် ရနံ့မဲ့သော ပန်းပွင့် တွင် ကပ်ငြိကျန်ခဲ့သည့် ရနံ့အကျိုးအပဲ့တို့၏ ဧကရီကို အမြန်ဆုံးအလို ရှိနေသည်။

အင်း. . . ဒင်းတော့ ယဉ်ယဉ်လေးနဲ့ကို ရူးပြီ !!!

* * * * *


အခန်း (၂)

အမှတ်တရဆိုသည်မှာ အချိန်ကာလနှင့် တိုင်းတာ၍ မရဘဲ ဖြစ်တည်မှု ၌ သာ သက်ရောက် လေ့ရှိသည်။ နက်ရှိုင်းသည် ခရမ်းရောင် ပန်းပွင့်ကို တွေ တွေ ကြီးငေးစိုက်ကြည့်နေပါသည်။ အတွေး တွေ ကလည်း တောင်စဉ်ရေမရ မျောလွင့်ပျံသန်း၍ နေ၏ ။ သူ့ရင်ထဲမှာ အမှတ်တရတွေ သော င်းကျန်း နေလေသည်။

သူမ မည် သူနည်း. . .။

ဤပန်းအား အဘယ်ကြောင့် ပေးကမ်းသွားသနည်း. . .

သူမသည် တန်ခိုးရှင်တစ်ဦးများ ဖြစ်နေလေရော့သလား. . .

ပင့်သက်ရှိုက်ရင်း ခေါင်းကို ဘယ်ပြန်ညာပြန် ခါယမ်းပစ်လိုက်သည်။ သမားရိုးကျမဆန် သော ဖြစ်ရပ်က လွယ်လင့်တကူ လက်မခံတတ်သော နက်ရှိုင်းအား ထော်လော်ကန့်လန့် ဒုက္ခ ပေးနေချေပြီ။

‘ဟိတ်ကောင်. . . ပန်းပွင့်ကြီးထိုင်ကြည့်ပြီး ဘာလုပ်နေတာလဲ ပန်းဆိုင်ဖွင့်မလို့လား. . . ပန်းစိုက်စားမလို့လား. . .’

‘ဧကန္တ ဒီကောင် ဘုရားစောင်းတန်းမျာ ပန်းသွားရောင်းမလို့ ထင်တယ်ကွ. . . ဟုတ်လား နက်ရှိုင်း. . .’

မျိုးသီဟနှင့် ဇေဖြိုး အခန်းထဲသို့ ကဆုန်ပေါက်၍ ၀င်ရောက်လာကြသည်။ အပေါင်းအဖော် တွေ ကို မြင်ရတော့ နက်ရှိုင်းပျော်သွားသည်။

သူငယ်ချင်းဆိုသည်မှာ . . . အပွင့်လင်းဆုံး ရင်ဖွင့်ဖော် ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုချင် မိ၏ ။

မိဘနှင့် သားသမီးကြား မပြောဝံ့ မပြောအပ်တာတွေ ကို သူငယ်ချင်းအား တိုင်ပင်၍ ရသည်။ ချစ်သူရည်းစားအချင်းချင်း ညှိနှိုင်း၍ အဆင်မပြေလျှင် သူငယ်ချင်းနှင့် ဆွေနွေး၍ ရသည်။ စိတ်ညစ်စရာရှိလျှင်လည်း အချင်းချင်း ဖြေဖျောက်၍ ဖြစ်မြောက်သည်။

ထို့ကြောင့် သူငယ်ချင်း (ကောင်း) ဟူသည် ရှင့်သင့်ရှိထိုက်သည့် သက်ရှိပစ္စည်းတစ်မျိုး ဖြစ်၏ ။

နက်ရှိုင်းသည်. . . ခရမ်းရောင် ပန်းပွင့်၏ သမိုင်းကို သူငယ်ချင်းနှစ် ယောက် အား ဖောက် သည်ပေးလိုက် လေသည်။

နှစ် ကောင်သား မျက်မှော င်ကြီးတွေ ကုတ်ပြီး စိတ်ဝင်စားသွားကြသည်။

‘ဒါဆိုရင် မင်း စန်းပွင့်မလိုလို သေပန်းပွင့်မလိုလို ဖြစ်ခဲ့တာပေါ့လေ ဟုတ်လား. . .’

ဇေဖြိုးက ခရမ်းရောင် ပန်းပွင့်ကိုကြည့်လျက်ဖြင့် မညှာမတာမေးတော့ နက်ရှိုင်း မသက် မသာ ခေါင်းညိတ်ပြလိုက်ရသည်။ မျိုးသီဟက. . .

‘ဒီကိစ္စကို မင်း ဘယ်လိုသဘောရလဲ နက်ရှိုင်း. . .’

‘ပုစ္ဆာတစ်ပုဒ်ရှိလာပြီဆိုမှတော့ အဖြေထုတ်ရတော့မှာ ပေါ့ကွာ သူဘယ်သူလဲ. . . ဘယ်က လဲ. . . ဘာကြောင့် ငါ့ကို ဒီလိုလုပ်သွားရတာ လဲ ဆိုတာတွေ ကို ငါ အရမ်းသိချင်နေတယ်. . .။ အဲ့ဒါတွေ ကိုသာ ပြောပြနိုင်တဲ့သူရှိရင် ငါ ဦးကုန်းချပစ်လိုက်မယ်. . . တကယ်’

‘အင်း. . . မင်းအ ဖြစ်က တော် တော် ဆိုးဝါးနေပါလားနော်၊ မင်း ဇယားကြီးက တွေးကြည့်ရင် တကယ်လေလောက်စရာပဲ၊ ငါလည်း မကယ်နိုင်ဘူး. . .’

ဇေဖြိုးက စာနာဟန်ဖြင့် စိတ်ရှုပ်စွာ ပြောသည်။ သူလည်း နည်းနည်း တော့ အာရုံနောက် သွား၏ ။ မျိုးသီဟက ဆတ်ခနဲ လက်ဖျောက်တစ်ချက်တီးပြီး. . .

‘ဟုတ်ပြီ. . . အဲဒီ ကိစ္စကို ငါ ကယ်မယ်. . . နက်ရှိုင်း. . . ငါ့ကို မင်း အခု ချက်ချင်း ဦးကုန်းချ ပေတော့. . .’

‘ဟမ်. . . ဘာ. . . ဘာ ဖြစ်လို့ချရမှာ လဲ. . .’

နက်ရှိုင်း ယောင်နန ဖြစ်သွားသည်။ မျိုးသီဟ ကတော့ ဆရာကြီးစတိုင်လ်ဖြင့် ပြုံးလျက်. . .

‘ငါသိပြီ နက်ရှိုင်း. . . ငါသိသွားပြီ. . .’

‘ဘာသိတာလဲ. . .’

‘မင်းကို ပန်းပေးသွားတဲ့ အမျိုးသမီးဟာ ဘယ်သူလဲဆိုတာ ငါသိလိုက်ပြီ’

‘ဟေ. . . ဟုတ်လား၊ ဒါဆို ပြောစမ်း၊ အဲ့ဒီအမျိုးသမီးဟာ ဘယ်သူလဲ မြန်မြန်ပြောစမ်းပါ ကွာ. . .’

နက်ရှိုင်း အားတတ်သရော ဖြစ်သွားပြီး မျိုးသီဟ၏ ပခုံးကို လက်နှစ် ဖက်နှင့် ဆုပ်ကိုင်၍ လှုပ်မေးလိုက်၏ ။ မျိုးသီဟက အမွှေးမရှိသော မေးစေ့အားပွတ်လျက် အိုက်တင်ခံနေသေးသည်။

‘မျိုးသီဟတို့က ချက်ဆိုနားခွက်က မီးတောက်ပြီးသားပါ၊ အဲဒီ အမျိုးသမီးဘယ်သူလဲဆို တော့. . . ဟင်း. . . ဟင်း. . .’

‘ပြောလေ. . . ဘယ်သူလဲ. . .’

‘ဘယ်သူရှိရမှာ လဲကွာ. . . အဲဒီ အမျိုးသမီးဟာ မယ်ဝဏ္ဏပဲ ဖြစ်ရမယ်. . .’

‘ဘာ. . . မယ်ဝဏ္ဏ ဟုတ်လား. . .’

နက်ရှိုင်း ကြောင်စီစီ ဖြစ်သွားသည်။ နာမည် ကလည်း တစ်မျိုးကြီးပဲဟု တွေးလိုက်မိ၏ ။ ဇေဖြိုးက. . .

‘ဟိတ်ကောင် မျိုးသီဟ. . . အဲဒီ မယ်ဝဏ္ဏဆိုတာ ဘယ်သူလဲ မင်းသူငယ်ချင်းလား. . . မင်းနဲ့ငါလည်း ပေါင်းလာတာကြာပြီ အဲဒီ မယ်ဝဏ္ဏကိုတော့ ငါမသိသေးဘူး. . . ဒီဇိုင်းကကော လန်း ရဲ့ လား. . . ကြုံရင် ငါနဲ့ မိတ်ဆက်ပေးဦးနော်. . .’

‘ဇေဖြိုး. . . အဲ့ဒါ ငါ့ဇယားနော်. . . မင်း ၀င်မကပ်နဲ့. . . မျိုးသီဟ ဒီကောင့်ကို မယ်ဝဏ္ဏနဲ့ မိတ်ဆက်မပေးနဲ့. . . ငါနဲ့ပဲ မိတ်ဆက်ပေး. . . ဒါနဲ့ အဲ့ဒီမယ်ဝဏ္ဏလေးက ဘယ်မှာ နေတာလဲဟင်’

မပိုင်ဆိုင်ရာကို လုယက်နေသည့် ဇေဖြိုးနှင့် နက်ရှိုင်းအားကြည့်၍ မျိုးသီဟ၏ မျက်နှာရှုံ့တွ နေလေပြီ။

‘မင်းတို့ကလည်းကွာ. . . ငါ ဘယ်မယ်ဝဏ္ဏကို ပြောတာထင်လို့လဲ. . .’

‘ဘယ်မယ်ဝဏ္ဏကို ပြောနေတာလဲ. . .’

‘ပြောပြလေ. . .’

နက်ရှိုင်းနှင့် ဇေဖြိုးက တမေးတည်းမေးနေသည်။ မျိုးသီဟ သက်ပြင်းချကာ. . .

‘ငါက ပန်းစားဘီလူးမ မယ်ဝဏ္ဏကို ပြောနေတာကွ’

‘ဟေ’

‘တေဟ’

ဇေဖြိုးနှင့် နက်ရှိုင်း ပါးစပ်အဟောင်းသားဖြင့် မျက်လုံးတွေ ပြူးထွက်လာသည်။ စောစောက ရွက်နေတာတွေ လည်း ငြိမ်ကျသွား၏ ။

မျိုးသီဟ ကတော့ အရှိန်မပျက် ဆက်လိမ့်နေချေသည်။

‘နက်ရှိုင်း ဖြစ်တာက မှော င်ရီပျိုးဖျအချိန်ကြီးကွ. . . အဲဒီ လို အပုပ်ချိန်မျိုးမှာ သရဲခြောက် သလို ပန်းကနေ ဓား ဖြစ်လိုက် ဓားကနေ ပန်း ဖြစ်လိုက်နဲ့. . . အမျိုးမျိုးလုပ်ပြပြီးမှ ပန်းပေးသွားသော ဆိုတော့ ဒါဟာ သာမန်လူသားမိန်းကလေး တစ်ယောက် တော့ ဘယ်လိုမှ မ ဖြစ်နိုင်ဘူး. . .၊ ပန်းနဲ့ လည်း ပတ်သက်နေတာဆိုတော့ ငါထင်တဲ့အတိုင်း ပန်းစားဘီလူးမ မယ်ဝဏ္ဏပဲ ဖြစ်ရမယ်. . .’

‘တော် စမ်းပါကွာ. . . ပေါက်ကရတွေ . . .’

နက်ရှိုင်း စိတ်ပျက်လက်ပျက် ညည်းညူလိုက်ပါသည်။ မျိုးသီဟက ရယ်ကျဲကျဲနှင့် . . .

‘ဘယ်လိုလဲ. . . မင်း ငါ့ကို ဦးကုန်းချတော့မလား. . .’

‘မင်းလိုကောင်မျိုးကို ဦးတော့မချဘူးဟေ့. . . နဖူးပဲချမယ် ဟောသလို. . .’

နက်ရှိုင်းက ဖတ်ခနဲရိုက်ရန်ပြင်တော့ မျိုးသီဟက ရှောင်ထွက်သွားလေသည်။ မျက်နှာပိုး ကတော့ မသေချေ။ ခပ်လှမ်းလှမ်းမှာ ခြေဆင်းထိုင်ရင်း. . .

‘ခုန ကတော့ဖြင့် ဘီလူးမကို ဇယားလေးဆိုပြီး ချက်ချင်း ပဲ ငါ့ကို ဦးကုန်းချတော့မလိုရုပ်နဲ့. . ဟင်း. . . အခုရုပ်နဲ့ ဘာမှမဆိုင်ဘူး နေစမ်းပါဦး. . . ငါ ပြောတာကို လက်မခံဘူးဆိုတော့ ဒီကိစ္စကို မင်းက ဘယ်လိုထင်လို့လဲ. . .’

‘ဘယ်လိုမှ မထင်တတ်တော့ဘူး. . . တွေးရင်း ခေါင်းမီးတော ကတော့မယ်. . .’

နက်ရှိုင်း ဦးနှောက်ခြောက်နေပြီ။

မတွေးဘဲလည်း မနေနိုင်ပါ။ နှုတ်မရအောင် လျှပ်တစ်ပြက်အတွင်းမှာ ထုတ်ချင်းခတ် စူးနစ် စိုက်ဝင်ခဲ့တာမို့ သူမနှင့် ပတ်သက်မှု အား မေ့ပစ်ဖို့ဆိုတာ ခက်ခဲနေပါသည်။

ဇေဖြိုးက အနားရောက်လာပြီး နက်ရှိုင်း၏ ပခုံးကို နှစ် သိမ့်သလို ဖွဖွလေးပုတ်၍ . . .

‘အဲဒီ အကြောင်းတွေ ကို ခေါင်းရှုပ်ခံပြီး ဆက်တွေးမနေပါနဲ့တော့ နက်ရှိုင်းရယ်. . .’

‘ဘာ ဖြစ်လို့လဲ. . . ငါ့အတွက် စိုးရိမ်လို့လား. . .’

‘မဟုတ်ပါဘူးကွာ. . . တဏှာရူးရဲ့ ခေါင်းကို မီးလောင်တာ မကြည့်ချင်လို့ပါ. . .’

‘ဘာ. . . တောက်. . . မင်းကများ ငါ့ကို. . .’

ရုပ်တည်နှင့် လာဖဲ့နေသော ဇေဖြိုးကြောင့် နက်ရှိုင်း ဒေါခီးသွားသည်။ မတော် မတည့်ဆော် ကန်ထည့်လိုက်ရာ ဇေဖြိုး အောင့်အီးခံလိုက်ရပါသည်။ လမ်းကြုံတာနှင့် မျိုးသီဟကိုလည်း ဆွဲပစ် လိုက်သေး၏ ။

နှစ် ကောင်သား အူနုကျွဲခတ်သလို အီစလံဝေသွားကြလေသည်။

* * * * *


အခန်း (၃)

အမှော င်ထုသည် အရိုင်းဆန်နေချေ၏ ။ မြေပေါ်မှာ ပျောက်နေသော ညကာလ၏ မြေ အောက်တစ်နေရာသည် စုန်းမီးလိုတောက်နေသည်။ ထိုနေရာတွင် ပျော်မြူးချင်သလား. . . ဂွင်တူး ချင်သလား. . . လိုပါက လား၍ ရ၏ ။

သူတို့သုံးယောက် ကားပေါ်မှဆင်းလိုက်သည်နှင့် တူညီဝတ်စုံကိုယ်စီဝတ်ဆင်ထားသည့် မိန်းကလေးများ ကနွဲ့ကလျ ခါးညွှတ်၍ ကြိုဆိုကြသည်။

‘မင်္ဂလာပါရှင်. . .’

ချိုအီသော အပြုံးနှင့် အပြင်အဆင်တွေ က အနောက်တိုင်းဆန်လွန်းနေသည်။ သာမန်ထက် လျှံကျနေသော ဖော်ရွေမှု မျိုးဖြင့် ပြေးကပ်ကြသည်။ ၀င်လာသူမှန်သမျှကို မကြောင်မငေါင်အောင် ဧည့်ခံနိုင်စွမ်းတော့သူတို့မှာ အပြည့်ရှိ၏ ။ ဇေဖြိုးနှင့် မျိုးသီဟက ပြီတီတီနှင့် ငမ်းပါသည်။ နက်ရှိုင်း က နှာခေါင်းရှုံ့၏ ။

လှေကားထစ်များ အတိုင်း အနိမ့်တွင်းသို့ သူတို့ နင်းဆင်းသွားလိုက်ကြသည်။ ကောင်တာ၌ ကျသင့်ငွေကို ပေးရှင်းလိုက်၏ ။ အထဲဝင်ရန်ပြင်တော့ တာဝန်ရှိသူက စိတ်မပါတပါဟန်ဖြင့် ဟိုစမ်း ဒီစမ်း စစ်ဆေးသမှု ပြုပါသည်။ ထိုအဆင့်ကို လွန်မြောက်ပြီးသည်နှင့် သူတို့သုံးယောက် မြေ အောက်ခန်းမကျယ်ကြီး အတွင်းသို့ ရောက်ရှိသွားကြလေပြီ။

နိုက်ကလပ်သည် ဆန္ဒကို တောက်လောင်စေသော မှိန်ဖျော့ဖျော့မီးရောင် ခြည်နှင့် စတင် နေပါပြီ။ ၀ိတ်တာတစ်ဦး၏ လိုက်လံနေရာချထားပေးမှု တွင် နက်ရှိုင်းတို့က သီးသန့်ခြံအား ရွေးချယ် လိုက်ကြသည်။

ဇေဖြိုးနှင့် မျိုးသီဟက သုံးဆောင်ချက်တာကို ၀ိတ်တာအား ပွင့်ပွင့်လင်းလင်း မှာ လိုက် သည်။ ဒီကလပ်တွင် လိုအပ်တာ အကုန်ရှိ၏ ။ ခဏကြာတော့ သူတို့ထံသို့ မိန်းကလေးသုံးယောက် ဟိုပစ်ဒီပစ်နှင့် လှုပ်ခါ၍ ရောက်လာကြသည်။ သူမတို့၏ ရက်ရောသော ထုတ်ဖော်ပြသမှု တွေ က စိတ်နှလုံးကို ဘောင်ဘင်ခတ်စေ၏ ။

‘ဟယ်လို. . . ဒါလင်. . .’

‘မလိုဘူး. . .’

သူ့ဘေးနား စွေ့ခနဲဝင်ထိုင်သော မိန်းကလေးအား နက်ရှိုင်း ခါထုတ်ပစ်လိုက်သည်။ သူကလပ်တတ်သည်မှာ သွေးသားတောင့်တမှု ကို အမြင့်ဆုံးရောက်အောင် မြှင့်တင်ပြီး အဆင်သင့် ရှိရာ အပေအတေတွေ နှင့် စင်ကြယ်မှု အား ညစ်နွမ်းအောင် ဖျက်စီးရန် မဟုတ်။

မြူးကြွသော DJ (Disk Jocky) တီးလုံးများ နှင့် ဒစ်စကို မီးရောင် အောက်တွင် ဒန့်စ် (Dance) အကကို လွတ်လပ်စွာ ကခုန်ချင်သော ကြောင့် ရောက်လာခြင်း ဖြစ်သည်။

မျိုးသီဟနှင့် ဇေဖြိုး ကတော့ နှစ်သက် မှု မှာ ကိုယ်စီအလုပ် ဖြစ်နေသည်။ မိနစ်ပိုင်းအတွင်းမှာ ပင် မိန်းကလေးတွေ က သူတို့ရင်ခွင်အတွင်း ချဉ်းနင်းနေကြပြီ။ သူတို့သည် ကိုယ်စီကိုယ်ငှ နှူးနေ ကြ၏ ။

သူတို့ကိုကြည့်၍ (သွေးသားရှိသူပီပီ) ဒီအတိုင်းဆက်နေလျှင် သူလည်း စိတ်ပါလာတော့ မှာ ကြိုတွက်မိ၍ အခြားတစ်ဝိုင်းသို့ နက်ရှိုင်းပြောင်းထိုင်လိုက်ပါသည်။ အများ ကြားထဲတွင် ဗလာ သက်သက်ထိုင်ရတာ အဆင်မပြေသဖြင့် မကောင်းမှု ထဲမှ ကောင်းမှု ကို ရွေးချယ်၍ ဘီယာတစ်ဘူး မှာ လိုက်သည်။

ဝိတ်တာက ဘီယာဘူးကို သွက်သွက်လက်လက်ယူဆောင်လာပြီး ဖန်ခွက်ထဲ ငှဲ့ပေးရင်း. .

‘ညီလေး. . . တစ်ယောက် တည်း မပျင်းဘူးလား. . . အဖော်ခေါ်ပေးရမလား. . .’

‘ရတယ် အစ်ကို. . . မခေါ်နဲ့. . . ကျွန်တော် အေးဆေးနေချင်လို့ပါ’

ဝိတ်တာ၏ မြှူဆွယ်မှု ကို ငြင်းပယ်ပစ်လိုက်သည်။ ကလပ်ဝင်းတစ်ခုလုံးသည် အပြင်အလှန် အကျိုးစီးပွားအတွက် အခန်းကဏ္ဍတစ်ခုစီအလိုက် တာဝန်ကျေပွန်စွာ အမျိုးမျိုး ညှစ်ထုတ်ယူငင် နေတာ ဖြစ်၏ ။

နီကျင်ကျင် မီးရောင် အောက်တွင် မိန်းကလေးတိုင်းသည် အသွင်ရိုင်းဖြင့် လှချင်ယောင် ဆောင်နေကြသည်။

အရှက်ဆိုတာ ဘယ်မှာ လဲ. . .။ တောက်ပြောင်သော ၀တ်စားခြယ်သမှု များ အားကြည့်၍ လမ်းဘေးမှ ရေခဲရေရောင်းနေသည့် စုတ်တိစုတ်ချာ မိန်းကလေးများ ကိုပင် အထင်ကြီးချင်သည်။ အထက်ပါအကြောင်းအရာနှင့် အောက်ပါအရည်အချင်းများ အား ရင်းနှီး၍ လုပ်စားနေသည်မှာ ရွံရှာ စက်ဆုတ်ဖွယ် ကောင်းလှချေ၏ ။

သူတို့မှာ သူတို့အခက်အခဲနှင့် သူတို့ရှိသော်လည်း အခြားထွက်ပေါက်တစ်ခုကို ရှိစေချင်မိ ပါသည်။

တစ်ယောက် တည်းထိုင်နေသော နက်ရှိုင်း အနီးတ၀ိုက်တွင် မိန်းကလေးများ ရစ်သီရစ်သီ လုပ်နေကြ၏ ။ ပြုံးပြလိုက်. . . လက်ညှိုးလေးတွေ ကွေးကောက်လိုက်နှင့် . . . အင်တာနေရှင်နယ် ဘာသာစကားဖြင့် ၀မ်းရေး အတွက် စိန်ခေါ်နေကြသည်။ ပေါ်နေသော သူတို့ချက်ကလေးတွေ မှာ ဂျီးရှိ မရှိတော့ ကြည့်ချင်မိပါ၏ ။

အတွင်းရေး တွေ ကိုပင် ထွင်းဖောက်မြင်နေရသော ဇာအင်္ကျီအနက်ကို ၀တ်ဆင်ထားသည့် ပျံတံတံ နန့်တန့်တန့် ကောင်မလေး တစ်ယောက် ကတော့ လှုပ်လီလှုပ်လဲ့ဖြင့် နက်ရှိုင်းထံပါး ရဲဝံ့စွာ တိုးကပ်လာသည်။

‘ဟိတ်. . . နိဗ္ဗာန်က ရောက်လာတာလားဟင်. . . ယူ့ကိုကြည့်ရတာ အထီးကျန်ဆန်လိုက် တာ. . .’

‘အထီးကျန်ဆန်ဆို အမမှမရှိတာ. . .’

‘ဒါဆို. . . တို့ အမ လုပ်ပေးရမလား. . .’

‘နေပါစေ. . . ကျေးဇူးတင်ပါတယ်. . .’

‘ဟွန်း. . . သူကပဲ မူရတယ်ရှိသေး. . .’

အလုပ်မ ဖြစ်သဖြင့် မျက်နှာစူပုပ်ပုပ်နှင့် ကောင်မလေးထွက်သွားသည်။ သူတို့နှင့် စာလျှင် အန္တရာယ်ကင်းသော ဘီယာကိုသာ နက်ရှိုင်းမျှင်းစုပ်နေလိုက်သည်။

ဖန်ခွက်ထဲမှ ဘီယာကုန်သွားချိန်မှာ ပင် မြူးကြွစေသော DJ တီးလုံးသံတွေ က သဲသဲမဲမဲ လွင့်စင်ပေါက်ကွဲလာ၏ ။

အကကို ရူးသွပ်ခုံမင်သော နက်ရှိုင်း မရိုးမရွတွေ ဖြစ်လာသည်။ သူ ကချင်သွားသည်။ သို့သော် တစ်ယောက် တည်း သွားကရမှာ လည်း မ၀ံ့မရဲ ဖြစ်နေမိ၏ ။

အဖော်ညှိရန်ကြည့်လိုက်တော့ မျိုးသီဟနှင့် ဇေဖြိုးက မိုးမမြင်လေမမြင်တွေ ခွေ့နေသည်။ သုံးယောက် အတူကကြမည် ဟု တိုင်ပင်လာပြီးမှ အချိုး ပြောင်းသွား သော ငနာဇောင်းနှစ် ကောင်ကို နက်ရှိုင်းစိတ်ထဲမှ ဆဲဆိုကြိမ်းဝါးပစ်လိုက်သည်။

ဖီလင်ပျက်သွားမှာ စိုးသဖြင့် မနှောင့်ယှက်တော့။

အားကောင်းစွာ ကဆုန်စိုင်းနေသော DJ တီးလုံးသံတွေ က နက်ရှိုင်း၏ သွေးကြောများ ထဲ အထိ စိမ့်ဝင်ကူးစက်လာသည်။ နက်ရှိုင်းမနေနိုင်တော့ဘဲ ထိုင်ရာမှထလိုက်သည်။ လူရှင်းနေသော ဒစ်စကိုမီးရောင် အောက်သို့ သူ ပျော်ရွှင်စွာ တိုးဝင်သွားလိုက်တော့၏ ။

အနည်းငယ် ထွေနေသော နက်ရှိုင်း တွေ ဝေမနေတော့ဘဲ လှုပ်ယိမ်းနေသော ရောင် စုံမိး ပွင့်များ နှင့် အတူ မြူးတူးစွာ အားပါးတရ ကခုန်လိုက်လေသည်။

DJ တီးလံးသံတွေ က မာန်တင်းပြင်းထန်လာသည်။ နက်ရှိုင်းသည်လည်း မြန်ဆန်စွာ အစွမ်းပြနေ၏ ။ ကဲနေရင်း မှော်ဝင်သွားသော နက်ရှိုင်းသည် ခြေကွက်ပြောင်းလဲ၍ ခါးကို ဆတ်ခနဲ ချိုးချလိုက်ပြီး ကြမ်းပြင်မှာ လက်ထောက်လိုက်သည်။

ထို့နောက် Under Ground ကကွက်ကို ကျွမ်းကျင်သပ်ရပ်စွာ ဖော်ကျူးလေတော့၏ ။

နက်ရှိုင်း၏ ခန္ဓကိုယ်သည် ဇောက်ထိုးကြီး ဖြစ်နေသည်။ ခြေတွေ လက်တွေ က လေထဲမှာ လွင့်ဝဲလှုပ်ခတ်လျက် ဦးခေါင်းက ကြမ်းပြင်မှာ ထောင်မတ်နေပြီး လူက စကြာလို တရစပ် လည်ပတ်နေသည်။ ခန်းမဆောင်ထဲသို့ လက်ခုပ်သံတွေ သော သော ညံအောင် လျှံကျလာကြ၏ ။

နက်ရှိုင်းသည် အကပညာရပ်ကို တပ်မက်လွန်းသော ကြောင့် ငယ်စဉ်ကတည်းက ဆည်းပူး လေ့လာ၍ အသေအချာ လေ့ကျင့်ထားသူ ဖြစ်သည်။ ပြိုင်ပွဲတွေ မှာ လည်း ဆုတွေ အကြိမ်ကြိမ်ရရှိ ဖူးသည်။

သူသည် တစ်ခါတလေ ဒီလိုပဲ ကြုံရာကလပ်တွေ မှာ ၀င်ပြီး စိတ်ပြေလက်ပျောက် ကခုန် တတ်၏ ။ ဂီတနှင့် တကွ လွတ်လပ်စွာ ကခုန်ရခြင်းသည် အပြစ်ကင်းသော စိတ်၏ ထွက်ပေါက်ဟု နက်ရှိုင်း ယူဆသည်။ ကခုန်ပြီးသော အခါ ချွေးဒီးဒီးကျလျက် မောပန်းနေပေမယ့် လေထဲမှာ လွင့်နေသလို သူ ပေါ့ပါးလန်းဆန်းသွား၏ ။

နက်ရှိုးအနီးသို့ လူငယ်တွေ စုအုံလာသည်။ ချီးကျူးသံများ နှင့် အားကျသော အကြည့်တွေ ကို အပြုံးဖြင့် ရင်ဆိုင်၍ ဒစ်စကိုစက်ကွင်းမှ နက်ရှိုင်း ထွက်လာခဲ့သည်။ နိဒါန်းပျိုးပြီးသား က ပွဲက တော့ ဆူညံစွာ ဆက်လက်အသက်ဝင်လျက်ရှိ၏ ။

‘ကရတာ မောသွားပြီလား. . . ရော့လေ အမောပြေလေး သောက်လိုက်ပါဦး. . .’

နှလုံးအိမ်ထဲမှာ တဖျပ်ဖျပ်ခုန်သွားည်။ သူ့အား ဘီယာဘူးကမ်းပေးနေသော မိန်းမပျိုကို ကြည့်၍ နက်ရှိုင်း အံ့သြ မင်သက်နေပါသည်။

‘ရှင်က တကယ် အကကောင်းတာပဲ. . . ဒီလောက်ကရတာ မောနေမှာ ပေါ့. . . သောက် လိုက်ပါဦးဆို. . . ရော့. . .’

‘သင့်ခ်ယူ. . .’

ဘီယာဘူးကို နက်ရှိုင်း ယူလိုက်သည်။ ခရမ်းရောင် မိန်းမပျိုသည် အခုတော့ဖြင့် ကိုယ်လုံး အလှကို ပေါ်လွင်စေသော အနက်ရောင် ကိုယ်ကြပ်ဝတ်စုံအား ၀တ်ဆင်ထားသည်။ သူမကို ဒီလို နေရာမျိုးမှာ တွေ့ ရလိမ့်မည် ဟု သူ လုံးဝ မထင်ခဲ့မိချေ။

‘ကျွန်တော် ခင်ဗျားကို မျှော်လင့်နေတာကြာပြီ. . .’

‘ဘာလဲ. . . ဟိုတစ်ခါ ကျွန်မလုပ်ရပ်က ထူးဆန်းနေလို့လား’

‘ကျွန်တော် က ခင်ဗျားလုပ်ရပ်ထက် ခင်ဗျားကို ပိုပြီး စိတ်ဝင်စားတာပါ. . .’

သူမက ခပ်ဖွဖွလေးပြုံးသည်။ ထိုအပြုံးကို ဆန်းသစ်သော DJ တေးသွားတစ်ပုဒ်ထပ်ပိုပြီး နက်ရှိုင်းစွဲမက်သွားသည်။ သူမသည် ညှို့အားပြင်းသော နှစ် လိုဖွယ် သတို့သမီး ဖြစ်၏ ။

ထိုအခိုက်. . .

‘ဟာ. . .’

Rapper စတိုင် ၀တ်ဆင်ထားသော လူငယ်လေး တစ်ယောက် ၀င်တိုက်လိုက်သဖြင့် နက်ရှိုင်း၏ လက်ထဲမှ ဘီယာဘူး လွတ်ကျသွားသည်။ သူမက ထိုလူငယ်လေးကို မကျေမနပ် ကြည့်၏ ။ ဟိုခမျာ ပြာသွားရှာသည်။

‘ဆောရီးပါဗျာ. . . အသစ်တစ်ဘူး သွားဝယ်ပေးပါမယ်နော်. . .’

‘ရတယ် ညီလေး. . . မ၀ယ်နဲ့တော့. . . ကိုယ်လည်း မသောက်ချင်တော့ပါဘူး. . . ကမလို့ လား. . . သွားကလေ’

‘ဟုတ်ကဲ့’

ထိုလူငယ်လေးသည် ကသုတ်ကယက်ထွက်သွား၏ ။ နက်ရှိုင်းသည် သူမနှင့် မျက်နှာချင်း ပြန်ဆိုင်လိုက်သည်။ အလင်းရိပ်တွေ ဟပ်နေသော သူမမျက်နှာတွင် အလိုမကျဟန်က သိသာစွာ ကပ်ချိန်သီဝေနေ၏ ။

‘ကျွန်မတို့ အေးအေးဆေးဆေး စကားပြောရအောင်လေ’

ထိုဖိတ်ခေါ်မှု ကို နက်ရှိုင်း သဘောကျသွားသည်။

‘ကျွန်တော် က ဟိုခြံထဲမှာ ထိုင်တာ. . . ခင်ဗျား အဲဒီ လို လိုက်နိုင်မလား. . .’

‘ဟင့်အင်း. . . ကျွန်မ ဒီအထဲမှာ စကားမပြောချင်ဘူး. . . တီးလုံးသံတွေ က ဆူညံလွန်း တယ်. . . အပြင်ထွက်ပြီး ညရှုခင်းကို ခံစားရင်း ပြောကြတာပေါ့. . . မကောင်းဘူးလား’

‘အင်း. . . ကောင်းသားပဲ. . .’

နက်မှိုင်း မှိုင်းမိသွားလေပြီ။ ငြင်းဆန်နိုင်မှု ကွယ်ပျောက်ပြီး သူမ ခေါ်ဆောင်ရာနောက်သို့ တစ်သွေမတိမ်း လိုက်ပါသွား၏ ။ သူမသည် ညဥ့်ငှက်တေလေတစ်ဦးများ လား. . .။ ဒါ အထာဆို. . သူ ရင်မော သွားပါသည်။ သူတို့နှစ် ယောက် ထွက်ပေါက်မှ ထွက်လိုက်ကြ၏ ။ မြေအောက်နှင့် လမ်းမဆီသွယ်ဆက်ထားသော ဆင်ခြေလျောအတိုင်း အပေါ်သို့ တက်ကြသည်။ မြေအောက်မှာ ဆူညံရှုပ်ထွေးနေသလောက် မြေပေါ်မှာ တော့တိတ်ဆိတ်ငြိမ်သက်နေသည်။

ညဥ့်နက်နေပြီမို့ ပြင်ပသည် ကြောက်စရာကောင်းလောက်အောင် မှော င်မိုက်နေလေပြီ။ လူရိပ်လူယောင်ဟူ၍ မတွေ့ မြင်ရတော့ချေ။ ချောင်ကျသော တစ်နေရာရောက်တော့ ရှေ့မှ ဦးဆောင်နေသော သူမ ရပ်တန့်သွားသဖြင့် နက်ရှိုင်းလည်း ရပ်လိုက်သည်။ သူ့အား သူမက စိမ်းစိမ်းကြီး စိုက်ကြည့်နေချေ၏ ။

‘ကျွန်မ ဘယ်သူလဲဆိုတာ ရှင်သိလား. . .’

သူမအသံက တစ်မျိုးကြီး ဖြစ်နေသည်။ သူမရပ်နေပုံကလည်း တောင်တောင့်မတ်မတ်ကြီး ဖြစ်သည်။ ဆံနွယ်ပင်တွေ ကိုလည်း ဖားလျားချထားသေးသည်။

ညအမှော င်တွင် အနက်ရောင် ၀တ်စုံနှင့် သူမကိုကြည့်ရတာ သွေးဆာနေသော တစ္ဆေ တစ်ကောင်နှင့် ပင်တူနေ၏ ။

လေပြေည်တစ်ချက် အဝှေ့မှာ နက်ရှိုင်း ကျောရိုးတစ်လျှောက်အေးစိမ့်သွားသည်။

‘ဒီ. . . ဒီနေရာက မှော င်လွန်းပါတယ်. . . ကျွန်တော် တို့ အထဲမှာ ပဲ ပြန်နေကြရင် ကောင်း မယ်ထင်တယ်. . .’

သူမက ဘာမှပြန်မပြောဘဲ နက်ရှိုင်းအနား တရွေ့ရွေ့တိုးကပ်လာသည်။ နက်ရှိုင်း တုန်လှုပ်နေစဉ်မှာ ပင် သူမ၏ လျှပ်တစ်ပြက်သိုင်းဖက်ခြင်းကို ခံလိုက်ရ၏ ။

မမျှော်လင့်သော အပြုအမူကြောင့် နက်ရှိုင်း ရင်ဖိုသွားသည်။ အတွေ့ အထိက နူးညံ့လွန်း ၏ ။

ကတုန်ကယင် ငေးကြောင်နေရာမှ မထိန်းချုပ်နိုင်တော့ဘဲ သူမ၏ ခါးသိမ်သိမ်ကို ပြန်လည် ပွေ့က်လိုက်မိပါသည်။ အစိမ်းသက်သက်မို့ ဖိန်းရှိန်းသွာရ၏ ။ အတွေ့ အထိဆန်းများ တွင် ပျော်ဝင် လျက် အရာအားလုံးကို သူ မေ့လျော့သွားလေသည်။

သူမ. . . ကြမ်းတမ်းဖို့ ကြိုးစားလိုက်၏ ။

ထိုစဉ်. . .

‘နက်ရှိုင်းရေ. . . နက်ရှိုင်း. . .’

အသံနှင့် အတူ မီးရောင် တ၀င့်ဝင့် လွင့်လာသည်။ သူ့ကိုယ်မှ သူမ ခန္ဓာကွာသွားသည်။ ခါးကို ဖက်ထားသော သူ့လက်ကို ရုန်းဖယ်၍ . . . သူ့ ရင်ဘတ်ကိုတွန်းကာ သူမ နောက်ဆုတ်သွား သည်။ သူ မဖယ်ခွာချင်ဘဲ ဖြစ်နေပါသည်။

သို့သော်. . . သူမသည် ပရလောကသားတစ်ဦးကဲ့သို့ အမှော င်ထုအတွင်းသို့ လျှင်မြန်စွာ တိုးဝင်ပျောက်ကွယ်သွားလေသည်။

‘ဟေ့. . . နေဦးလေ. . . နေပါဦး. . .’

နက်ရှိုင်းသည် သူမနောက်သို့ လိုက်ဖို့ပြင်သည်။ သို့ရာတွင် သူ့ ပခုံးအား ဖမ်းဆွဲခြင်းခံလိုက် ရ၏ ။

‘ဟိတ်ကောင်. . . နက်ရိုင်း. . . မင်း တစ်ယောက် တည်း ဘာတွေ ဖြစ်နေတာလဲ. . .’

ဇေဖြိုးနှင့် မျိုးသီဟသည် ဓာတ်မီးတစ်လက်ဖြင့် ရောက်လာကြ၏ ။ နက်ရှိုင်း ရင်ဖိုနေတာ တွေ မပျောက်သေးဘဲ ဖြစ်နေသည်။

‘သူ. . . သူ. . .’

‘ဘယ်သူလဲ. . . ဘာ ဖြစ်တာလဲ. . .’

‘သူ. . . ငါ့ကို ပန်းပေးသွားတဲ့သူ. . .’

‘သူ. . . ငါ့ကို ပန်းပေးသွားတဲ့သူ. . .’

‘ဘယ်မှာ လဲ. . .’

‘ခုနကပဲ ဒီနားမှာ ငါနဲ့အတူ ရှိနေတာလေ. . . မင်းတို့ မမြင်လိုက်ဘူးလား. . .’

ဇေဖြိုးနှင့် မျိုးသီဟ တစ်ယောက် ကို တစ်ယောက် ကြည့်သည်။ ပြီးတော့ တူညီစွာ ခေါင်းကို ခါယမ်းလိုက်ကြသည်။

‘ငါတို့တော့ ဘာမှမမြင်ဘူး. . . တစ်ခုခုတော့ မှားနေပြီ ထင်တယ်’

‘မမှားဘူး. . . သူနဲ့ ငါ ဒီနေရာမှာ အတူတူရပ်နေတာ. . . ငါတို့နှစ် ယောက် ဖက်တောင် ဖက်နေကြသေးတယ်. . .’

‘ဟေ. . .’

ဇေဖြိုးနှင့် မျိုးသီဟ မျက်စိမျက်နှာပျက်သွားကြသည်။

မျိုးသီဟက အလန့်တကြားဖြင့် နက်ရှိုင်း တကိုယ်လုံးကို ဓာတ်မီးဖြင့် သိမ်းကျုံးထိုးရင်း. . .

‘နက်ရှိုင်း. . . မင်း. . . မင်း. . . ဥစ္စာစောင့်တွေ ဖုတ်စုပ်သွေးကောင်တွေ နဲ့များ တွေ့ လာ သလားကွာ. . .’

‘ဖုတ်စုပ်သွေးကောင် မဟုတ်ပါဘူးကွာ၊ မင်းကလဲ. . . သွေးစုတ်ဖုတ်ကောင်ပါ’

‘ဘာပဲ စုပ်စုပ်ကွာ. . . ဒီကိစ္စ သွေးရိုးသားရိုး မ ဖြစ်နိုင်ဘူး. . . ဟာ. . . ငါ. . . ငါ. . . ကြောက်လာပြီ. . .’

ဇေဖြိုးက နက်ရှိုင်းမမြင်အောင် မျိုးသီဟ၏ ပေါက်ကို ကုတ်၍ အချက်ပြလိုက်သည်။ ဒီတော့မှ မျိုးသီဟ ပါးစပ်ပိတ်သွား၏ ။ ဇေဖြိုးက ကျောချမ်းနေပေမယ့် နက်ရှိုင်းပခုံးကို အသာဖက် ၍ . . .

‘ကဲပါကွာ. . . အဲ့ဒါတွေ ပြောမနေပါနဲ့တော့. . . ငါတို့က မင်း ငါတို့ကို စိတ်ဆိုးပြီး ထွက် သွားတာမှတ်လို့ ဂိတ်စောင့်အဘိုးကြီးဆီက ဓာတ်မီးငှားပြီး လိုက်ရှာတာကွ. . . လာ. . . သူငယ် ချင်း. . . လာ. . . ဓာတ်မီးသွားပေးရအောင်. . . ပြီးရင်ပြန်ကြတာပေါ့. . . စိတ်အေးအေးထားနော် သူငယ်ချင်း. . .’

သူတို့နှင့် အတူ နက်ရှိုင်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပါသွားသည်။ ဂိတ်ဝသို့ရောက်သော အခါ ဓာတ်မီးပေးပြီးတာနှင့် တန်းပြန်လာခဲ့ကြသည်။ ဇေဖြိုးနှင့် မျိုးသီဟက နက်ရှိုင်း၏ လက်ကို တစ်ဖက်တစ်ချက်ဆွဲ၍ ကားဆီခေါ်လာ၏ ။ ကားပေါ်ရောက်တာတောင်မှ လက်ကို လွှတ်မပေးချေ။ မြဲမြဲမြံမြံ ချုပ်ကိုင်ထားလေသည်။

ဒီအချိန်ဆို ကလပ်မှာ ဖက်ရှင်ရှိုးစနေပြီ။ ပန်းကုံးစွပ်ရတာ ၀ါသနာပါသည့် ဇေဖြိုးနှင့် မျိုးသီဟ စောစောစီးစီး ပြန်ချလာသဖြင့် နက်ရှိုင်း နားမလည်နိုင်အောင် ဖြစ်နေသည်။ သို့သော် မလည်တဲ့နားကို ဒီအတိုင်းပင် ထားလိုက်သည်။

အခုလောလောဆယ်မှာ သူ့ကို မရှင်းမလင်း အ ဖြစ်စေဆုံးက အရသာအသစ်တွေ ပေးကျွေးပြီးမှ ချက်ချင်း လက်ငင်း ပြေးထွက်သွားသည့် ဆန်းကြယ်သော ညှို့ဓာတ်ပိုင်ရှင် သူမသာ ဖြစ်၏ ။

ဟူး. . . ဟူး. . . ဟူး. . .

အဟုတ်ပဲ. . . တကယ် စိတ်ရှုပ်တယ်. . .

ဒီမိန်းမ ကတော့ လုပ်ချလိုက်ပြန်ပါပြီ. . . !!!

* * * * *


အခန်း (၄)

တီးလုံးသံတိတ်သွားသည်နှင့် လိပ်ပြာလေးများ ကဲ့သို့ လူးဝဲ ကခုန်နေသူအားလုံး တိခနဲ ရပ်စဲသွားကြသည်။ အထူးတလည် ကြိုးစားကြသည့် သူ့သင်တန်းသားများ ကိုကြည့်၍ နက်ရှိုင်း အားရကျေနပ်နေ၏ ။

‘ကဲ. . . အားလုံးပဲ ခဏနားမယ်. . . အမောဖြေကြဦးပေါ့’

နက်ရှိုင်းသည် အတွင်းပိုင်းရှိ သူ၏ သီးသန့်၌ ၀င်နားနေလိုက်သည်။ သူ့ရှေ့စားပွဲခုံပေါ်မှ ပန်းအိုးထဲတွင် တော့ ခရမ်းရောင် ပန်းပွင့်က မားမားစွင့်စွင့်ရပ်နေသည်။

သူငတ်နေသည်။ မနေ့ညက မေ့မရစရာတွေ ကို ပြန်မှန်းဆရင်း တမ်းတနေမိသည်။

သူမသည် ဘယ်လိုလူစားပါလိမ့်. . .

ဒီမိန်းမကို ကြိုက်ရခိုက်ရတာ စိတ်အိုက်လှသည်။ လိုက်လံရှာဖွေဖို့ဆိုတာကလည်း ခြေ ကျိုးနေသော မျက်ကန်းကို လေထဲမှာ ပျံသန်းနေသည် ပိုးစုန်းကြူးဖမ်းခိုင်းတာထက်ပင် အကြောင်းဆိုးနိုင်သည်။

‘ဆရာ. . . အပြင်မှာ ဆရာ့ကို တွေ့ ချင်လို့တဲ့. . . လူသုံးယောက် ရောက်နေတယ်. . .’

ကောင်လေး တစ်ယောက် ၏ အကြောင်းကြားမှု ကြောင့် နက်ရှိုင်း တွေးလက်စတွေ ပျောက် သွားသည်။

‘ဘယ်သူတွေ လဲ. . . ’

‘မသိဘူး ခင်ဗျ. . . သုံးယောက် . . . အရေး ကြီးတယ်လို့တော့ ပြောတာပဲ. . . မတွေ့ ရတာ လည်း ကြာလို့တဲ့. . .’

‘အေး. . . ဒါဆို လွှတ်လိုက်လေ. . .’

လျော့တိလျော့ရဲထိုင်နေရာမှ ခန္ဓာကိုယ်ကို မတ်မတ်ပြင်ထိုင်လိုက်သည်။ ဘယ်သူတွေ များ ပါလိမ့်ဆိုပြီး စိတ်ဝင်စားသွားမိ၏ ။

ခဏကြာတော့ အခန်းတံခါးပွင့်ပြီး လူသုံးယောက် ၀င်လာသည်။

‘အဟီး မတွေ့ ရတာ ကြာလို့ပါကွာ. . .’

‘ဟာ. . . ခွေးသူတောင်းစားတွေ . . .’

ဇေဖြိုးနှင့် မျိုးသီဟကို စပ်ဖြီးဖြီးရုပ်တွေ နှင့် တွေ့ လိုက်ရသဖြင့် နက်ရှိုင်း စိတ်ညစ်သွား၏ ။ သင်တန်းသူများ အား ငမ်းမှာ စိုးသော ကြောင့် မျက်နှာမပျက်ချင်၍ ဇေဖြိုးနှင့် မျိုးသီဟကို သင်တန်း မလာဖို့ သူ မှာ ထားတာ ဖြစ်သည်။

‘မင်းတို့ ငါ့ဆီကို ဘာလာလုပ်ကြတာလဲကွာ. . . ငါ့အလုပ်ချိန်မှာ လာမနှောင့်ယှက်ပါနဲ့လို့ ပြောထားလိုက်သားနဲ့’

‘လာနှောင့်ယှက်တာ မဟုတ်ပါဘူးကွာ. . . မင်းအကြောင်းတွေ ပြောပြလိုက်တော့ ဒီအစ်ကိုကြီးက အရမ်းစိတ်ဝင်စားသွားတယ်. . . အဲ့ဒါ မင်းကိုတွေ့ ပြီး အနည်းအပါး မေးမြန်းချင် တယ်ဆိုလို့ ခေါ်လာတာ. . . ဒီ အစ်ကိုကြီးနာမည် က သက်နိုင်ဦးတဲ့. . . အစ်ကို. . . ဒါက ကျွန်တော် တို့ပြောတဲ့ နက်ရှိုင်းဆိုတာပေါ့. . .’

ဇေဖြိုးက သူတို့နှင့် အတူပါလာသူနှင့် မိတ်ဆက်ပေးသည်။ သက်နိုင်ဦးဆိုသူသည် သားနားသက်ရပ်သည့် လူရည်သန့်တစ်ဦး ဖြစ်၏ ။ နက်ရှိုင်းက အားနာစွာ ဖြင့် . . .

‘ဆောရီးနော် အစ်ကို. . . ဒီကောင်တွေ က ရှုပ်လွန်းအားကြီးလို့ ပြောလိုက်မိတာပါ. . . အစ်ကိုက ဘာသိချင်တာလဲ. . .’

သက်နိုင်ဦးက မျိုးသီဟနှင့် ဇေဖြိုးကိုကြည့်သည်။ မျိုးသီဟက ခရမ်ရောင် ပန်းပွင့်ကို လက်ညှိုးထိုး၍ . . .

‘ဒီအစ်ကိုက ဒီပန်းနဲ့ပတ်သက်ပြီး သိချင်တာပါ. . .’

‘ဗျာ. . .’

နက်ရှိုင်း ကြောင်တက်သွားရသည်။ သူက သူ့အလုပ်ကိစ္စနှင့် ပတ်သက်ပြီး မေးလိမ့်မည် ဟု ထင်ထားတာ. . . အခုတော့ အလွဲကြီးလွဲသွား၏ ။ မျိုးသီဟက. . .

‘သူငယ်ချင်း. . . သူမေးတာတွေ ကို စိတ်အေးအေးထားပြီး ဖြေပေးလိုက်ပါကွာ. . .’

‘အေးပါ. . . ငါ နားလည်ပါတယ်. . . အစ်ကိုကြီး. . . မေးလေ. . . ဘာမေးမလဲ. . . အေးဆေးပေါ့. . . ထိုင်ပါဦး. . .’

သူငယ်ချင်းတွေ မျက်နှာမပျက်ရအောင် နက်ရှိုင်းလောကွက်လုပ်လိုက်သည်။ သက်နိုင်ဦး က ခုံတစ်ခုံကို နက်ရှိုင်းရှေ့တည့်တည့်သို့ ရွှေ့၍ ထိုင်၏ ။ ထို့နောက် နက်ရှိုင်း မျက်နှာကို စိုက်ကြည့် ၍ . . .

‘ဒီပန်းကို ညီလေး ဘယ်ကနေ အလစ်သုတ်လာတာလဲ. . . ’

‘ဟာ. . . အလစ်သုတ်လာတာ မဟုတ်ပါဘူးဗျာ. . . မိန်းကလေး တစ်ယောက် ပေးသွားတာ ပါ. . .’

နက်ရှိုင်း အောင့်သက်သက်သက် ဖြစ်သွားသည်။ သက်နိုင်ဦးက. . .

‘ဒါဆိုရင် ညီလေးကို ဒီပန်းပေးသွားတာကစပြီး ညကအထိ ဖြစ်ပျက်သမျှအားလံး အစ်ကို့ကို ပြောပြပါဦး. . .’

တရားခံ စစ်စစ်နေတာကို အားနာမှု ၀တ္တရားလိုက်လျောမှု ဖြင့် နက်ရှိုင်းအကြောင်းစုံ ပြန်ပြောပြလိုက်သည်။

သူမ၏ လုပ်ဆောင်ချက်များ ကို ပြောနေရင်းမှပင် မှော်ဆန်သော သူမအား ပြင်းပြင်းထန် ထန်လွမ်းဆွတ်လာသည်။ ဒီနွယ်က ရင်ထဲမှာ နက်နက်နဲနဲ အမြစ်တွယ်နေပေပြီ။

နက်ရှိုင်း၏ စကားဆုံးသွားသော အခါ သက်နိုင်ဦး သက်ပြင်းချကာ. . .

‘အင်း. . . ဒါ ဟယ်လူစီနေးရှင်းပဲ. . .’

‘ဗျာ. . . ဘာ. . . ဘာပြောတာလဲ. . .’

‘သြော်. . . ညီလေး ညဘက်တွေ အိပ်ပျော်လားလို့ မေးတာပါ’

‘ဟုတ်ကဲ့. . . အိပ်ပျော်ပါတယ်. . . ဘာ ဖြစ်လို့လဲ. . .’

‘ဘာမှ မ ဖြစ်ပါဘူး. . .’

အမှန်တော့ သက်နိုင်ဦးသည် ဆရာဝန်ပေါက်စတစ်ဦး ဖြစ်သည်။ ဇေဖြိုးနှင့် မျိုးသီဟက နက်ရှိုင်းမူမမှန်ပုံကိုကြည့်၍ စိတ်ဝေဒနာ ဖြစ်နေပြီဟု ယူဆကာ အကျိုးအကြောင်းပြောပြပြီး ခေါ် လာတာ ဖြစ်၏ ။

သက်နိုင်ဦးသည် နက်ရှိုင်းအား ဟယ်လူစီနေရှင်း (Hallucination) ဟူသော ထင်ယောင် မြင်မှား ဖြစ်တတ်သည့် ရောဂါ ရပြီး စိတ်ကယောင်ချောက်ချား ဖြစ်နေတာဟု ထင်သွားသည်။ နက်ရှိုင်း ကတော့ ဘာမှမသိဘဲ ပြုံးပြုံးကြီးလုပ်နေ၏ ။

အခန်းပတ်ပတ်လည်မှာ ကပ်ထားသည့် ကမ္ဘာကျော် Dancer ပညာရှင်များ ၏ ဇောက်ထိုး မိုးမျှော် ပိုစတာရုံပုံတွေ ကို သက်နိုင်ဦးက အံ့သြစွာ ကြည့်၍ . . .

‘ညီလေးက အကသင်တန်းဖွင့်ထားတာဆိုတော့ ဒီလိုမျိုးတွေ ကော ကလား. . .’

‘ဟာ. . . ကတာပေါ့. . . ညတုန်းကတောင် ကလပ်မှာ သူ အဲ့လိုတွေ ခြေထောက်မိုးပေါ် ထောင်ပြီး ကသေးတယ်. . .’

မျိုးသီဟက ၀င်ပြောတော့ သက်နိုင်ဦးက ပိုမိုသေချာသွားဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်သည်။ နှုတ်မှ တိုးဖွဖွဖြင့် . . .

‘အင်း. . . ဟုတ်နေပါပြီ. . . ဒီလောက် ဖင်တစ်ပြန် ခေါင်းတစ်ပြန် ကမြင်းနေမှတော့ ဦးနှောက်တွေ ချောင်ကုန်ပြီပေါ့လေ. . .’

‘ဗျာ. . . အစ်ကို ဘာပြောလိုက်တာလဲဟင်. . .’

‘သြော်. . . အကပညာရှင်တွေ ကို လေးစားတယ်လို့ ပြောတာပါ. . .’

‘ဟုတ်ကဲ့. . . ကျေးဇူးအများ ကြီး တင်ပါတယ်ခင်ဗျ. . .’

မကြားတကြားမို့ နက်ရှိုင်း ဖောရှောလုပ်နေရ၏ ။ စိတ်ထဲမှာ တော့ မတင်မကျ ဖြစ်နေသည်။ သက်နိုင်ဦးက သူ့လက်ဆွဲအိတ်ထဲမှ ဆေးပြားတွေ ထုတ်၍ ဇေဖြိုးနှင့် မျိုးသီဟကို ပေးလိုက်သည်။ နောက်တော့ သူတို့သုံးယောက် တိုးစိတိုးစိတိုင်ပင်ကြ၏ ။

‘အခုလောလောဆယ်မှာ တော့ ဒီဆေးတွေ ကိုပဲ တိုက်ထားဦး. . . အခြေအနေ ဒီထက် ဆိုးဝါးလာရင်တော့ အစ်ကို့ဆီ အမြန်အကြောင်းကြား၊ ဟိုကိုပို့သင့်ရင်ပို့ပြီး ကြည့်လုပ်ကြတာပေါ့’

‘ဘယ်လဲ. . . ရွာသာကြီးလား. . .’

‘အင်း. . . ဟုတ်တယ်. . .’

အမူအရာတွေ က သူ့ကိုကြည့်လိုက် နားထင်ကို လက်နှင့် ထောက်လိုက် စကားပြောလိုက် နှင့် . . . ဂေါက်နေပြီဆိုတဲ့သဘော. . .

ရိပ်ဖမ်းသံဖမ်း အကဲခတ်ရင်း သူ့အနေအထားသူ နက်ရှိုင်း သဘောပေါက်သွားသည်။ ထိုင်ရာမှ ၀ုန်းခနဲထရပ်လိုက်သည်။

‘ဟိတ်ကောင်တွေ . . . မင်းတို့က ငါ့ကို အရူးလို့ သတ်မှတ်နေကြတာပေါ့လေဟုတ်လား. . တွေ့ မယ်. . . မင်းတို့နဲ့ ငါ တွေ့ မယ်. . .’

နက်ရှိုင်း ဒေါသထွက်ပြီး တရှူးရှူးနှင့် ၀ုန်းဒိုင်းကျဲတော့သည်။ ဇေဖြိုးနှင့် မျိုးသီဟ မျက်လုံး ပြူးသွားကြပါသည်။

‘ဆရာ. . . ဆရာ. . . လုပ်ပါဦး. . . စိတ်ဖောက်သွားပြီ. . .’

‘ချုပ်လိုက်. . . ချုပ်လိုက်. . . စိတ်ငြိမ်ဆေးထိုးပေးလိုက်မယ်. . . ဒီ ရောဂါ သည်တွေ က ဒီလိုပဲကွ. . . ညီလေး. . . စိတ်ထိန်း. . . စိတ်ထိန်း. . .’

‘သူငယ်ချင်း. . . စိတ်ကို လွှတ်မပေးလိုက်နဲ့လေ. . .’

ဇေဖြိုးနှင့် မျိုးသီဟက နက်ရှိုင်းကို ပြေးချုပ်သည်။ သက်နိုင်ဦးက ပုလင်းထဲမှ ဆေးရည်ကို ဆေးပိုက်ဖြင့် ကပျာကသီ စုပ်သည်။ ပြီးတာနှင့် အပ်ကြီးတရမ်းရမ်းဖြင့် နက်ရှိုင်းအနား ကပ်လာ လေသည်။

ကြောက်လန့်တကြားဖြင့် နက်ရှိုင်း ရုန်းကန်နေသည်။ ဆူညံသော အသံများ ကြောင့် အပြင်မှ သင်တန်းသားများ အထဲပြေးဝင်လာကြ၏ ။

‘ဘာ ဖြစ်တာလဲ. . . ဘာ ဖြစ်တာလဲ. . .’

‘ဒီလူတွေ ငါ့ကို ဆေးထိုးသတ်မလို့. . . အရူးတွေ . . . သုံးယောက် စလုံးကို အခန်းထဲက ဆွဲထုတ်ပစ်ကြစမ်း. . .’

နက်ရှိုင်း အမိန့်ပေးလိုက်တာနှင့် ကောင်လေးတွေ က ဝေါခနဲရှေ့တက်လာပြီး ဇေဖြိုး၊ မျိုးသီဟ၊ သက်နိုင်ဦးတို့သုံးဦးစလုံးကို ၀ိုင်းဝန်းဆွဲထုတ်သွားကြသည်။

‘ငါတို့ဆရာကို နောက် လာမနှောင့်ယှက်နဲ့. . . အရူးတွေ နော်. . . သေသွားမယ်. . . နောက်တစ်ခါ ဒီအနားကပ်လာတာနဲ့ သတ်ပစ်မယ်. . .’

ပါးစပ်နှင့် ခြိမ်းခြောက်ကြသလို ခြေစလက်စ ရှိသူတွေ ကလည်း ထိုးကြိတ်ကန်ကျောက်ကြ ၏ ။ အရူးကုရန်လာသူများ သည် ဒဏ်ရာကိုယ်စီရပြီး ခွေးပြေးမြင်းပြေး ဆင်းပြေးသွားကြလေသည်။

တစ်ယောက် တစ်ပေါက် မေးမြန်းသံများ ကြားမှ နက်ရှိုင်းသာ စိတ်မောလူမောဖြင့် မူးဝေကျန်ခဲ့သည်။.

ပြောပါဦး. . .

သူဟာ တကယ်ပဲ ရူးနေပြီလား. . . ???

* * * * *


အခန်း (၅)

သင်တန်းပြီးတာနှင့် စိတ်ထဲမှ ချုံပုတ်တွေ ကို ခုတ်ထွင်ရှင်းလင်း၍ နက်ရှိုင်း အိမ်ပြန်လာခဲ့ သည်။ ခရမ်းရောင် ပန်းပွင့်လေးကိုတော့ အဖော်မဲ့စွာ မထားခဲ့ချင်၍ ယူဆောင်လာသည်။ ကျော ပိုးအိတ်ထဲထည့်လျှင် မညှိုးပန်းလေး နွမ်းကြေသွားမှာ စိုးကြောက်သဖြင့် လက်မှာ သာ ကိုင်လာ ခဲ့၏ ။

‘ဟော. . . သား. . . ပြန်လာပြီ၊ ဆရာဝိဇ္ဇာ. . . သူပါပဲရှင်. . .’

နက်ရှိုင်း အိမ်ထဲဝင်ဝင်ချင်း မိခင် ဖြစ်သူ၏ အသံကို ကြားလိုက်ရသည်။ ပြီးတော့ ဘိုးတော် လိုလို ရသေ့လိုလို ထွက်ရာပေါက် ပုဂ္ဂိုလ်လိုလိုနှင့် လိုလိုလိုလို လူ တစ်ယောက် ကို မလိုလားစွာ တွေ့ လိုက်ရသည်။ လည်ပင်းမှာ လည်း ဧရာမ ပုတီးကြီးတစ်ကုံးအား ဇက်ကျိုးမတတ် ဆွဲထားသေး ၏ ။

နက်ရှိုင်း၏ မိခင်က နက်ရှိုင်း၏ လက်ထဲမှ ခရမ်းရောင် ပန်းပွင့်ကို ကြည့်ပြီး. . .

‘အင်း. . . ဟုတ်နေပါပြီ၊ ဇေဖြိုးနှင့် မျိုးသီဟ လာပြောသွားတာတွေ က တကယ်အမှန်ပဲကိုး’

နက်ရှိုင်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

‘ဘာတွေ လဲ မာမီ. . . အဲဒီ ကောင်တွေ မာမီ့ကို ဘာမဟုတ်တာတွေ လာပြောသွားလဲ. . . သူတို့ ကျွန်တော့်ကို သင်တန်းအထိတောင်. . . အရှက်လာခွဲတယ်. . .’

‘တော် တော့ သား. . . ဘာမှ မပြောနဲ့တော့. . . မင်းလက်ထဲက ပန်းကို မြင်တာနဲ့တင် ဇေဖြိုးနဲ့ မျိုးသီဟပြောတာ အမှန်ဆိုတာ သေချာနေပြီ. . . ။ စောစောစီးစီးသိလို့ တော် သေးတာ ပေါ့. . . ဒီဆရာကြီးက အပမှီတာတွေ အောက်လမ်းနဲ့ ပတ်သက်တာတွေ ဆိုရင် အရမ်းနိုင်တာ သား ဖြစ်နေတဲ့ ရောဂါ ဝေဒနာတွေ ကို ဒီဆရာကြီး ကုပေးလိမ့်မယ်. . . ဆရာကြီးနာမည် က ၀ဇ္ဇာ တဲ့. . . ကဲ. . . သား ဆရာကြီးကို ကန်တော့လိုက်’

‘ဟာ. . . ဘာ ဖြစ်လို့ ကန်တော့ရမှာ လဲ၊ မကန်တော့နိုင်ပါဘူး. . .’

‘အလို. . . ဒီနာနာဘာဝ ဆောင့်ကြွားကြွား နိုင်လှချည်လား. . . ၀ဇ္ဇာတို့ကလည်းဒါမျိုးကို တွေ့ ချင်နေတာ. . .’

ဝိဇ္ဇာက သူ့လည်ပင်းမှ ကြက်ဥလုံးလောက်ရှိသည့် ပုတီးစေ့များ ဖြင့် ပုတီးကြီးကို ဖြုတ်ယူ လိုက်သည်။

‘အစ်မကြီး စိတ်သာချ. . . ခင်ဗျားသားမှာ ၀င်နေတဲ့ ဖုတ်ကို ထွက်အောင်လုပ်ပေးမယ်. . .’

‘လုပ်ပါ ဆရာရယ်. . . လုပ်ပါ. . . အားကိုးပါတယ်. . .’

‘ဘာဖုတ်လဲ. . . ကျွန်တော့် မှာ ဘာဖုတ်မှ မရှိဘူး. . .’

နက်ရှိုင်း စိတ်ရှုပ်ရှုပ်နှင့် အော်ပစ်လိုက်သည်။ ၀ိဇ္ဇာက ပုတီးကြီးကို တ၀ှီးဝှီး ဝှေ့ယမ်းပြီး. . .

‘ငါ့ကို ပြန်မပြောနဲ့. . . ဟဲ့ဖုတ်. . . နင့်လက်ထဲက ပန်း ငါ့ပေးစမ်း. . .’

‘ဘာလို့ ပေးရမှာ လဲ. . .’

‘အောင်မာ. . . ငါလိုဆရာကို အာခံတယ်ပေါ့လေ. . . ဟေ့ မိုးပေါ်မှာ နဂါး. . . မြေပြင်မှာ ကျား. . . လူ့ပြည်မှာ မှာ ငါဆရာဝိဇ္ဇာဆိုတာ မကြားဖူးဘူးလား’

‘ဟင့်အင်း. . . မကြားဖူးဘူး. . .’

‘ဘာ. . . တောက်. . . မကြားဘူးဦးဟာ. . . ကဲ. . .’

‘ဖြောင်း. . .’

‘အား. . .’

နက်ရှိုင်းသည် ပုတီးနှင့် ဖြတ်ရိုက်တာ ခံလိုက်ရ၏ ။ ပြင်းရှစပ်ဖျင်းသော နာကျင်မှု ကြောင့် နက်ရှိုင်း ဒေါသထွက်သွားသည်။

‘ခင်ဗျားက ကျွန်တော့်ကို ရိုက်တယ်ပေါ့လေ. . . ဟုတ်လား၊ တွေ့ မယ်. . . နက်ရှိုင်းတို့က ကိုယ့်အပေါ်မှာ မယဉ်ကျေးလို့ ကတော့ လူမရွေးဘူး၊ ခပ်ရိုင်းရိုင်းပဲ ဆက်ဆံတတ်တယ်. . . ခင်ဗျားက ၀ိဇ္ဇာ. . . ကျွန်တော် က သိပ္ပံနဲ့ ကျောင်းပြီးထားတဲ့ နက်ရှိုင်း၊ ကိုင်း. . . ဘယ်သူက သာမလဲဆိုတာ ကြည့်ကြသေးတာပေါ့ လာစမ်း. . .’

‘ဖုန်း. . .’

‘အဲ့ဒါ သိပ္ပံ နက်ရှိုင်းကွ’

‘ဟဲ့သား. . . ဆရာဝိဇ္ဇာကို မလုပ်နဲ့လေ. . .’

နက်ရှိုင်း၏ မိခင်က တားရန်အတွက် ကြားဝင်လာသည်။ ၀ိဇ္ဇာက တွန်းဖယ်ပစ်လိုက်၏ ။

‘အစ်မကြီးဘေးဖယ်နေ. . . ဒီဖုတ်ကို ကျုပ် နှိမ်နင်းလိုက်မယ်. . . ဖုတ်ရေ. . . သေဖို့သာ ပြင်. . .’

‘ဘာဖုတ်လဲ. . . လာပြန်ပြီလား. . . အဲဒီ ဖုတ်. . . မကြီးမငယ်နဲ့ ယုတ်ပတ်ဦးဟာ. . .’

‘ဖုန်း. . .’

နက်ရှိုင်းက ကျောပိုးအိတ်နှင့် အားကုန်လွှဲရိုက်ထည့်လိုက်ရာ ၀ိဇ္ဇာယိုင်ထွက်သွားသည်။ သို့သော် ချက်ချင်း ပဲ နက်ရှိုင်းအား ပုတီးဖြင့် ပြန်ရိုက်သည်။ နက်ရှိုင်းက ပုတီးကို ကျောပိုးအိတ်နှင့် ကာပြီး အရှိန်သေတော့မှ ဖမ်းပြီး ဆောင့်ဆွဲလိုက်၏ ။ ထိုအခါ ပုတီးက နက်ရှိုင်းလက်ထဲ ပါသွား တော့သည်။

‘ဟား. . . ဟား. . . ငါ့အလှည့်. . . ဒီတစ်ခါ ခင်ဗျား ဖုတ် ဖြစ်သွားပြီ. . . သေဖို့သာ ပြင်ပေ တော့. . .’

နက်ရှိုင်းက ပုတီးကြီးကို ၀ှီးခနဲ ၀ှီးခနဲ ဝှေ့ရမ်းပြီး ၀ိဇ္ဇာကို လိုက်ရိုက်လေသည်။ ၀ိဇ္ဇာကြီးသည် ကြောက်လန့်တကြား အိမ်ထဲမှာ ဟိုရှောင်ဒီတမ်းလုပ်နေသည်။

‘အစ်မကြီးရေ. . . ဒီဖုတ်ကို ကျုပ်မနိုင်တော့ဘူး. . . ဒီဖုတ်က ကျုပ်ကို ပြန်လုပ်နေပြီဗျို့. .’

‘လုပ်မှာ . . . လုပ်မှာ . . . စိတ်သာချ. . . ခင်ဗျားတို့လို ညာဝါးစားနေတဲ့လူတွေ ကို လုပ်ချင် နေတာ. . .’

‘ဟဲ့သား. . . မလုပ်နဲ့လေ. . . အို. . . ဒီကလေး ကယောင်ကတမ်းတွေ ဖြစ်နေပြီ ထင်ပါ တယ်. . .’

နက်ရှိုင်း၏ မိခင်က ၀င်ဆွဲသည်။ နက်ရှိုင်းက အတင်းလိုက်ရိုက်သည်။ ၀ိဇ္ဇာက ပိုသီပတ်သီ ပတ်ပြေးသည်။ အခြေအနေက စိမ်ပြေးတမ်းကစားနေသလိုမျိုး လုံးချာသည် ရှုပ်ထွေးနေချေ၏ ။

‘ဟေ့. . . ဘာတွေ ဖြစ်နေကြတာလဲ. . . တစ်အိမ်လုံး ဆူညံနေတာပဲ. . .’

ကျယ်လောင်သော အသံကြောင့် လှုပ်ရှားမှု များ အားလုံး ရပ်သွားကြ၏ ။ နက်ရှိုင်း၏ ဖခင် ဦးဇော်မင်း ကုမ္ပဏီမှ ပြန်လာပြီ ဖြစ်သည်။

‘ပြောစမ်း. . . ဘာတွေ ဖြစ်နေတာလဲ. . . ကစားနေကြတာလား’

‘မဟုတ်ပါဘူး. . . ဖုတ်. . . ဖုတ်. . . ကျုပ်ကိုလုပ်နေလို့. . .’

ဝိဇ္ဇာက ကာဘာယူသလို ဦးဇော်မင်းအနား ပြေးကပ်သွားသည်။ ဦးဇော်မင်းက အသွင်အပြင် ထူးခြားနေသော ၀ိဇ္ဇာကို ကြည့်၍ . . .

‘ခင်ဗျားက ဘယ်သူလဲ’

‘၀ိဇ္ဇာပါ. . .’

‘ဟာ. . . ဘာလဲဟ. . . စိတ်သိပ်မနှံ့ဘူးထင်တယ်. . . ဒီမှာ ၀ိဇ္ဇာတွေ ဇော်ဂျီလုပ်မနေနဲ့. . ခင်ဗျား ဒီအိမ်ထဲ ဘာဝင်လုပ်တာလဲ ပြောစမ်း. . .’

‘ဟို. . . ဟို. . . ဒီအစ်မကြီးခေါ်လို့လိုက်လာတာပါ. . .’

ဝိဇ္ဇာက နက်ရှိုင်း၏ မိခင်ကို လက်ညှိုးထိုးပြီး တုန်တုန်ရီရီ ပြောရှာသည်။ မျက်နှာကြော တင်းသော ဦးဇော်မင်းကို ၀ိဇ္ဇာလန့်နေ၏ ။ ဦးဇော်မင်းက သူ့မိန်းမဘက်လှည့်ကာ. . .

‘မယ်ထား. . . မင်းက ဘာ ဖြစ်လို့ အရူးကို အိမ်ခေါ်လာရတာ လဲ. . .’

‘ဟာ. . .’

ဝိဇ္ဇာခံနေရသည်။ သို့သော် သားအဖနှစ် ယောက် ၀ိတ်ကြောင့် ပြန်မပြောဝံ့ချေ။

နက်ရှိုင်း ကတော့ ကြိတ်ဝမ်းသာနေသည်။

‘ငါ မေးတာပြောလေ မယ်ထား. . . မင်းက အရူးကို ဘာကြောင့် အိမ်ပေါ်ခေါ်လာတာလဲ. . သူက မင်းအစ်ကိုမို့လို့လား. . .’

‘အို. . . မဟုတ်ပါဘူး. . .’

‘ဒါဆို. . . ဘာလို့ ခေါ်လာတာလဲ. . .’

‘ရှင့်သားလေ. . . ရှင့်သားကို အပမှီနေလို့ ကုဖို့ခေါ်လာတာ. . . သူက အရူးမဟုတ်ပါဘူး. . ဆေးဆရာပါ. . .’

ဝိဇ္ဇာက ရင်ကော့ပြီး ရှေ့တိုးလာသည်။

‘ဟုတ်ပါတယ်. . . ကျုပ်က အရူးမဟုတ်ပါဘူး. . . ဆေးဆရာပါ’

‘သွားစမ်းပါဗျာ. . . အထင်မကြီးပါဘူး. . .’

ဦးဇော်မင်းက ခပ်တင်းတင်းပြောလိုက်ရာ ၀ိဇ္ဇာရှုံ့မဲ့မဲ့ကြီး ဖြစ်သွားသည်။ ဦးဇော်မင်းသည် သူ့သား နက်ရှိုင်းအား ခြေဆုံး ခေါင်းဆုံး သေချာအကဲခတ်၍ ကြည့်၏ ။ ပြီးမှ. . .

‘သား. . . မင်းမာမီပြောတာ ဟုတ်လား. . .’

‘မဟုတ်ဘူး. . . ဒက်ဒီ. . . သားကို အထင်လွဲနေကြတာပါ. . . ဘယ်အပမှ မမှီပါဘူး. . .’

လိပ်ပတ်လည်အောင် အခြေအနေကို လိုတိုးပိုလျော့ အကျူဉ်းချုပ်၍ နက်ရှိုင်း ပြောပြ လိုက်၏ ။

နှိုင်းချင့်စဉ်းစားတတ်သော ဦးဇော်မင်းက အမှန်တရားကို ရိပ်မိသွားပြီး သူ့မိန်းမအား မန်မဲ သည်။

‘ဘယ်အရာမဆို သေချာ ဝေဖန်ပိုင်းခြားပြီးမှ လုပ်မှပေါ့ မယ်ထားရယ်. . . မင်းတို့လိုလူမျိုး တွေ ရှိလို့ လူလိမ်လူညာတွေ အလုပ် ဖြစ်နေတာ. . . ကံကောင်းလို့ ငါ့သား ဘာမှမ ဖြစ်တယ်. . . အပမှီတာဆိုပြီး အဲဒီ လို ရိုက်နှက်ကုရင်း လက်လွန်ပြီး သေသွားတဲ့ လူတွေ ရှိတယ်ကွ. . . သေကာ မှ သိုက်ကပဲ ပြန်ခေါ်သွားသလိုလိုတွေ လျှောက်ပြောကြရော. . . အလကား အဓိပ္ပာယ်မရှိတာ တွေ . . . သွား. . . ခင်ဗျားလည်း ပြန်တော့. . .’

ဦးဇော်မင်းက ၀ိဇ္ဇာကို ပေါ်တင်မောင်းထုတ်လိုက်သည်။ သူသည် မမောက်မာပေမယ့် လိုအပ်လျှင် ခွဲခြား၍ ပြတ်သားတတ်သူ ဖြစ်သည်။ ၀ိဇ္ဇာက မျက်လုံးလေး ကလယ်ကလယ်နှင့် လက်ကလေးဖြန့်ပြီး. . .

‘ဟို. . . ဟို. . . ပ. . . ပုတီးလေးတော့ ပြန်ပေးပါဦး. . . ဒါလေးနဲ့ လုပ်စားနေရတာ မို့ပါ. . .’

‘ရော့. . .’

ပုတီးကုံးကို နက်ရှိုင်း ပစ်ပေးလိုက်သည်။ ၀ိဇ္ဇာသည် ပုတီးရတာ နှင့် ကပျာကယာ သုတ် ခြေတင် သွားတော့၏ ။

နက်ရှိုင်း၏ စိတ်ထဲမှာ ရယ်ချင်သလိုလို ငိုချင်သလိုလို ဖြစ်နေသည်။ ဒီပုံအတိုင်းသာ ဆက်စခန်းသွားရလျှင် သူတကယ် ရူးတော့မည် ထင်ပါသည်။

ဒါမှမဟုတ်. . .

သူဟာ. . .

ရူးနှင့် နေပြီးသားလည်း ဖြစ်နိုင်၏ ။

* * * * *


အခန်း (၆)

ခရမ်းရောင် ပန်းပွင့်၏ ထိုးခွဲဝင်ရောက်မှု သည် ကွယ်ဝါးပျောက်ပျက်နေ၏ ။ နောက်ဆက်တွဲ အကြောင်းအရာများ ဆက်လက် ဖြစ်ပေါ်လာလိမ့်မည် ဟု မျှော်လင့်ထားရာ ထင်သလို ဖြစ်မလာဘဲ ရပ်စဲငြိမ်ဝပ်လျက်သာရှိသည်။

နက်ရှိုင်း စိတ်ဓာတ်ကျနေသည်။ သူမကို တွေ့ မြင်ချင်ပါလျက်နှင့် မတွေ့ မမြင်ရဘဲ ဖြစ်နေ သည်။ သူမနှင့် ပလူးခွင့်ရခဲ့သည့် ကလပ်သွားပြီး စောင့်ကြည့်ပေမယ့် အစအနတောင် ရှာမရဘဲ အကျိုးမဲ့နေ၏ ။ ရေနောက်စရာမလိုဘဲ ခြေရာကပျောက်နေတာ ဖြစ်သည်။ မှော်ဆန်သော သူမ သည် ထူးဆန်းမှု များ ပြည့်နှက်နေသည့် ၀င်္ကဘာတောနက်တစ်ခုပင် ဖြစ်၏ ။

‘ဟေး. . . ကိုကို. . . ဘာတွေ တွေးနေတာလဲ. . .’

ညနေတစောင်း နက်ရှိုင်းအိမ်ရှေ့မှာ လမ်းလျှောက်နေစဉ်တွင် ခြံထဲသို့ ကောင်မလေးနှစ် ယောက် ၀င်လာသည်။ သူတို့သည် နက်ရှိုင်း၏ ၀မ်းကွဲညီမတွေ ဖြစ်သည်။

‘ရူပနဲ့ သဲအိ မှော င်ခါနီး ကြီးမှာ ဘာလာလုပ်တာလဲ. . .’

‘မေးမနေနဲ့ ကိုကို. . . သွား. . . အ၀တ်အစားသွားလဲချေ. . .’

ရူပနဲ့ သဲအိက နက်ရှိုင်းကို အိမ်ထဲ အတင်းတွန်းလွှတ်ကြသည်။ အစ်ကို (အရင်းအချာ) မရှိ သော သူတို့နှစ် ယောက် သည် ညီမ (အရင်းအချာ) မရှိသော နက်ရှိုင်းကို ဂျီကျနေကျ ဖြစ်၏ ။ နက်ရှိုင်းက. . .

‘နေစမ်းပါဦးဟ. . . ငါက ဘာ ဖြစ်လို့ အ၀တ်အစားသွားလဲရမှာ လဲ၊ အကျိုးအကြောင်းလေး ပြောပြကြပါဦး. . .’

‘အကျိုးအကြောင်းက သဲအိတို့ ဆပ်ကပ်သွားကြည့်မလို့. . . အဲဒါ အဖော်မရှိတာကြောင့် ကိုကို့ကို လာခေါ်တာ. . .’

‘ဟာ. . . ငါမှ ၀ါသနာမပါတာ. . . မလိုက်ချင်ဘူး’

ဆပ်ကပ်ဆိုသော အသံအားကြားတာနှင့် တင် မကြည့်ချင်၍ နက်ရှိုင်း ငြင်းလိုက်သည်။ သို့သော် မရ။ ဂျီကျနေကျတွေ က အကျင့်ပါစွာ ဂျီကျပြန်သည်။

‘မလိုက်လို့. . . မ ဖြစ်ဘူးနော် ကိုကို. . . ဒက်ဒီနဲ့ မာမီက ကိုကို့ကို ခေါ်သွားလို့ပြောတာ. . . နှစ်ယောက် တည်းတော့ မသွားရဘူးတဲ့’

‘ဟုတ်ပါတယ် ကိုကိုရာ. . . ရူပတို့နဲ့ လိုက်ခဲ့ပါနော်. . .’

နက်ရှိုင်း စိတ်ရှုပ်သွားသည်။ လူကြီးတွေ က ကိုယ့်ကိုစိတ်ချပြီး လွှတ်လိုက်တာမို့ လိုက်မသွားလို့ မကောင်းတော့။ ဒါကြောင့် မိဘနှစ် ပါးကို ခွင့်ပြုချက်တောင်းပြီး အ၀တ်လဲကာ မောင်နှမ သုံးယောက် ထွက်လာခဲ့ကြ၏ ။

ဆပ်ကပ်သည် အံ့သြဖွယ်ကောင်းသော ပညာရပ် ဖြစ်သည်။ စနစ်တကျလေ့ကျင့်မှု ၏ လူ့စွမ်းအားကို ဒီနေရာမှာ အသေအချာ တွေ့ မြင်ရ၏ ။

ဆပ်ကပ်အဖွဲ့က အစီအစဉ်တွေ တစ်မျိုးပြီးတစ်မျိုး တင်ဆင်နေပါသည်။ ထူးခြားသော ပြကွက်များ မို့ ပရိသတ်များ အထူးတလည်စိတ်ဝင်စားကြသည်။

‘လူဟာ မျောက်က ဆင်းသက်လာတယ်ဆိုတာကို ဒီလူတွေ က အပင်ပန်းခံပြီး သက်သေ ပြနေကြတာဟာ. . .’

ကောင်းကင်ဂျွမ်းဘား ကစားနေသူများ ကိုကြည့်၍ ပြောလိုက်သော နက်ရှိုင်းစကားကြောင့် သဲအိနှင့် ရူပက ရယ်သည်။ သူတို့ကို ကြည့်ရသည်မှာ လည်း တကယ့်ကိုပဲ မျောက်လွှဲကျော်များ နှင့် တူလှ၏ ။ ကောင်းကင်ဂျွမ်းဘားပြကွက်များ ပြီးသွားသော အခါ. . .

‘ယခုတစ်ဖန် တင်ဆက်မယ့် အစီအစဉ် ကတော့ ဓားပညာရှင် ထွဋ်ခေါင်ရဲ့ ဓားစွမ်းရည်ပြ ကွက်ပဲ ဖြစ်ပါတယ်ရှင်. . .’

အစီအစဉ်ကြေညာပြီးတော့ စင်မြင့်ပေါ်သို့ လူတစ်စုက ပျဉ်ကပ်တစ်ချပ်သယ်လာပြီး ထောင်သည်။ ထိုပျဉ်ချပ်မှာ မိန်းမ တစ်ယောက် က လာရပ်သည်။ ပြီးတော့ ပေါက်ဓား အစင်းပေါင်း များ စွာ ကိုင်ဆောင်ထားသော လူ တစ်ယောက် ထွက်လာသည်။ ထိုလူ၏ မျက်လုံးကို အခြားတစ် ယောက် က ပ၀ါဖြင့် စည်း၏ ။

နောက်တော့ ဘေးမှ လူ တစ်ယောက် က ပျဉ်ချပ်မှာ ကပ်နေသော မိန်းမ၏ ခန္ဓာကိုယ်နှင့် တစ်လက်မလောက် အကွာနေရာကို လက်ဖြင့် ဘုန်းခနဲ ပုတ်ပြသည်။ ထိုအခါ ထွဋ်ခေါင်၏ လက်ထဲမှ ပေါက်ဓားက ၀ှီးခနဲ ပြေးထွက်သွားသည်။ အားလုံး ဟာခနဲ ဖြစ်သွားကြ၏ ။ ဟိုမိန်းမ တော့ ဂန့်ပြီဟု ထင်မိလိုက်ကြသည်။

သို့သော် ပေါက်ဓားက ပုတ်ပြသည့်နေရာမှာ ဒုတ်ခနဲပဲ စူးစိုက်၏ ။ လက်ခုပ်သံတွေ ကျယ် လောင်စွာ ဆူညံ သွားပါသည်။

ဤနည်းဖြင့် ထွဋ်ခေါင်က ဓားတွေ တစ်စင်းပြီးတစ်စင်း ပစ်လွှတ်ရာ အပြီးသပ်သွားသော အခါ ရပ်နေသော မိန်းမက ပျဉ်ချပ်မှ ခွာသည်။ ထိုအခါ ပျဉ်ချပ်ဘေးသားပေါ်မှ ဓားတွေ က သူမ ခန္ဓာကိုယ် အချိုးအစားကို ဖော်ပြနေပါသည်။ မျက်လုံးကို ပ၀ါစည်းထားသည့် ကြားမှပင် ထက်မြက်နေသည့် ထွဋ်ခေါင်၏ ဓားပညာက ကျွမ်းကျင်တိကျလှပါပေ၏ ။

‘ဓားပေါက်တဲ့ အစ်ကိုကြီးက အရမ်းတော် တာပဲနော်. . . သူ အဲဒီ လိုလုပ်ရတာ မကြောက် ဘူးလား မသိဘူး. . .’

‘ကြောက်ရမှာ က သူ မဟုတ်ဘူးဟ. . . ရပ်နေတဲ့ မိန်းမကမှ ကြောက်ရမှာ . . . သူ့အသက် ကို ထွဋ်ခေါင်ဆိုတဲ့ လူရဲ့ လက်ထဲမှာ ၀ကွပ်အပ်ထားရတာ . . . သူ့နေရာမှာ ငါသာဆို လန့်တာနဲ့ တင် သေပြီ’

ရူပနှင့် သဲအိက ဆန္ဒအလိုက် ကိုယ်စီဝေဖန်နေကြသည်။

‘အဲ့ဒါ ယုံကြည်မှု နဲ့ ဆိုင်တယ်. . . ထွဋ်ခေါင်ရဲ့ အရည်အချင်းကို ယုံလို့ သူ ဒီလိုရပ်ရဲတာ ပေါ့. . . မယုံရင် ဘယ်ရပ်ရဲပါ့မလဲ. . . အသက်တောင်ရင်းရဲတဲ့ ဒီအ ဖြစ်ကိုကြည့်ပြီး ကိုယ့်မှာ သာ တကယ် အရည်အချင်းရှိရင် ယုံကြည်အားကိုးတဲ့လူ မရှားဘူးဆိုတာ မှတ်ထားပေါ့. . .’

နက်ရှိုင်းက ကြုံရာမြင်ရာမှာ အသိပညာယူတတ်ရန် ညီမနှစ် ယောက် အား သွန်သင်ဆုံးမ လိုက်၏ ။ ထွဋ်ခေါင်က ဓားစွမ်းရည်တွေ တစ်မျိုးပြီးတစ်မျိုး ဆက်လက်ပြသည်။ အားလုံး သဲထိပ် ရင်ဖိုစရာတွေ ချည်းပါပဲ။ ထွဋ်ခေါင်၏ ပြကွက်များ ပြီးဆုံးသွားသော အခါတွင် . . .

‘ယခုတစ်ဖန် အလှည့်ကျတာ ကတော့ မှော်ဘုရင်မလေး သုန္ဒရီရဲ့ ပညာစွမ်းကို ရှုစားရမှာ ပဲ ဖြစ်ပါတယ်ရှင်. . .’

အစီအစဉ်ကြေညာပြီးတာနှင့် စင်မြင့်ပေါ်မှာ ရုတ်ချည်းမှော င်သွားလေသည်။ တဖြည်းဖြည်း မီးများ ပြန်လင်းလာသော အခါ စင်မြင့်ပေါ်၌ မှော င်သွားလေသည်။ မီးခိုးငွေ့တွေ ရိပ်ရိပ်လေး ပြေးနေသည်။ ထိုမီးခိုးငွေ့များ အကြားတွင် ပိတ်ဖြူခင်းထားသည့် ခုံတစ်လုံးကို နောက်ခံထားပြီး အဖြူရောင် ၀တ်စုံ ၀တ်ဆင်ထားသော မိန်းကလေးသုံးယောက် တောင့်တောင့်မတ်မတ် ရပ်၍ နေကြသည်။

မီးခိုးငွေ့များ က တစ်စတစ်စ အင်အားကြီးမားလာပြီး အဖြူရောင် မိန်းကလေးများ ကိုပင် လွှမ်းခြုံကာ ဇာတ်စင်တစ်ခုလုံးကို ဖုံးအုပ် သွားပါတော့သည်။ မြင်ရသည်မှာ ဒဏ္ဍာရီ ဆန်လှသည်။ တိမ်နွယ် တိမ်မျှင်တွေ ယှက်သန်းနေသည့် နတ်ဘုံနတ်နန်း တစ်ခုနှယ် အလားသဏ္ဌာန် တူလှ၏ ။

မီးခိုးငွေ့များ လွင့်ပါးပျောက်ပြယ်သွားသည့်အခါမှာ တော့ စင်မြင့်အလယ်မှာ အနက်ရောင် ၀တ်စုံ ၀တ်ဆင်ထားသည့် မိန်းကလေး တစ်ယောက် ပေါ်လွင်လာ၏ ။ တဖြည်းဖြည်းနှင့် ထိုမိန်း ကလေး၏ သဏ္ဌာန်သွင်ပြင်က ထင်းလင်းပြတ်သားလာသည်။

‘ဟာ. . .’

နက်ရှိုင်း ရင်ခုန်သံတွေ ဆူညံပူညံ ဖြစ်သွားသည်။ စင်မြင့်ပေါ်မှ အနက်ရောင် မိန်းမပျိုကို သီရီငေးမောရင်း အံ့သြမီတွေ ခန္ဓာကိုယ် သွေးကြောတစ်လျှောက် ယိုစိမ့်စီးပျံ့နေ၏ ။ ခရမ်း ရောင် ပန်းပွင့်၏ သခင်မကို သူ ပြန်တွေ့ ရပါပြီ. . .

နက်ရှိုင်း ထိုင်ခုံမှ ဆတ်ခနဲ ထလိုက်သည်။ ရူပက. . .

‘ကိုကို ဘယ်သွားမလို့လဲ. . .’

‘ဟို. . . ဟို. . . ဟိုကို. . .’

နက်ရှိုင်း လက်ညှိုးထိုးပြရာကိုကြည့်ပြီး ရူပတို့ညီအစ်မ မျက်လုံး ပြူးသွားကြသည်။

‘ဘာ. . . ကိုကိုက ဇာတ်စင်ပေါ် သွားမလို့ ဟုတ်လား. . . ဘာသွားလုပ်မှာ လဲ. . .’

‘ဟို. . . ဟိုအမျိုးသမီးဆီ သွားမလို့. . .’

‘ဟာ. . . ကိုကိုကလည်း. . . သူ့ဆီသွားရအောင်. . . သူနဲ့ ကိုကို သိလို့လား. . .’

‘သိ. . . သိတယ်. . .’

‘ဒါဆိုလည်း ပြီးမှ သွားပါ ကိုကိုရာ. . . မျက်လှည့်ပြခါနီး ကြီးမှာ သွားရင် နှောင့်ယှက်သလို ဖြစ်နေမှာ ပေါ့. . . အေးဆေး ထိုင်ကြည့်ပါဦး. . .’

ညီမနှစ် ယောက် ၏ သြ၀ါဒကို တစ်လှည့်ခံယူပြီး နက်ရှိုင်း ထိုင်ခုံမှာ ပြန်ထိုင်လိုက်ရသည်။ စိတ် ကတော့ ဂနာမငြိမ်။ ရင်က တဒိတ်ဒိတ် ခုန်ပေါက်နေလေသည်။

သွေးအေးသော မျက်ဝန်းပိုင်ရှင် သူမသည် စင်မြင့်ထက်မှာ မှော်ဆရာ တစ်ယောက် လို တည်ငြိမ်ခန့်ညားစွာ ရွေ့လျားနေလျက်ရှိ၏ ။

သုန္နရီက အဖြူရောင် ၀တ်စုံနှင့် မိန်းကလေး တစ်ယောက် အား ခေါ်ငင်ကာ ပိတ်ဖြူခင်းထား သည့် ခုံပေါ်၌ လဲလျောင်းစေလိုက်သည်။ ထို့နောက် သူမနှုတ်ဖျားမှ တတွတ်တွတ်ရွတ်ဆိုမန်းမှု တ် လျက် သူမ လက်ချောင်းတွေ က ဝေ့ကာဝိုက်ကာဖြင့် မြောက်သွားသည်။ ထိုအခါ အဖြူရောင် မိန်းကလေး၏ ခန္ဓာကိုယ်က ကြွတက်လာသည်။

အဖြူရောင် မိန်းကလေးသည် ၀ိဉာဉ်အနှုတ်ခံလိုက်ရသည့်အလား ငြိမ်သက်နေ၏ ။ လှပကော့ညွှတ်စွာ ယိမ်းထိုးလှုပ်ရှားနေသော သုန္နရီ၏ လက်ချောင်းတွေ က ဝေ့ကာဝိုက်ကာဖြင့် မြောက်သွားသည်။ ထိုအခါ အဖြူရောင် မိန်းလေး၏ ခန္ဓာကိုယ်က ကြွတက်လာသည်။

သုန္နရီက လက်နှစ် ဖက်ကို မြင့်သည်ထက်မြင့်အောင် မြှောက်လိုက်ပြန်သည်။ အဖြူရောင် မိန်းကလေး၏ ခန္ဓာကိုယ်ကလည်း ပက်လက်အိပ်လျက်အနေအထားဖြင့် လေထဲ လွတ်လွတ် ကျွတ်ကျွတ် မြောက်ပါလာသည်။

နောက်ဆုံးမှာ ခုံ၏ အပေါ်ဘက် လူတစ်ရပ်ခန့်အကွာ၌ လူသေအလောင်းကောင်ကဲ့သို့ အထိန်းအကွပ်မဲ့စွာ ဆန့်ဆန့်ကြီး ရပ်တန့်နေလေတော့၏ ။ ရင်သပ်ရှုမောဖွယ်ပြကွက်က အားလုံး၏ အာရုံကို အပြည့်အ၀ ဖမ်းစားထားလေသည်။

သုန္နရီက အဖြူရောင် မိန်းကလေး၏ ခန္ဓာကိုယ်ကို (ဘာအတွယ်အချိတ်မှမရှိကြောင်း ပြသည့်အနေနှင့် ) ငွေရောင် ကွင်းကြီးဖြင့် တစ်ပတ်လည် စွတ်ပြသည်။ ရှင်းလင်းသော ပြကွက်က မြင်ရတာ ထင်းနေ၏ ။

မိနစ်အနည်းငယ်ကြာမှ သုန္နရီက လက်ချောင်းတွေ ကို လှုပ်ရှားကာ အဖြူရောင် မိန်းကလေးအား လေထဲမှ ညင်သာစွာ ပြန်ချလိုက်ပါသည်။

သူမ ပြကွက်ပြီးတော့မှ အချို့ဆိုလျှင် မေ့လျော့နေသော အသက်ရှူဖို့ကို သတိရကြ၏ ။

‘အဲ့ဒါ. . . တကယ်လား မသိဘူးနော်. . . အံ့သြဖို့ကောင်းလိုက်တာ. . .’

‘အေးဟယ်. . . မတော် တဆသာ ပြုတ်ကျလို့ ကတော့ အသက်နဲ့ခန္ဓာ အိုးစားကွဲပြီပဲ. . .’

သဲအိနှင့် ရူပ စုတ်တသပ်သပ် ဖြစ်နေကြသည်။ နက်ရှိုင်း ကတော့ သုန္နရီ၏ ပြကွက်ထက် သူမကိုသာ စိတ်ဝင်စားမှု ပိုကဲနေသည်။ ဒီလိုမိန်းမစားက သူ့အား ဘာကြောင့် များ လာနွယ်ယှက် ရတာ ပါလိမ့်. . .။

နက်ရှိုင်း ဦးနှောက်ထဲမှာ ပဟေဠိတွေ ပြည့်နေသည်။ လူမှားနေသလားဆိုပြီး သေချာကြည့် ပေမယ့် စွဲမက်ဖွယ်အယုအယတွေ ပေးခဲ့သည့်သူမမှ သူမအစစ် ဖြစ်၏ ။

သူမ၏ ပဉ္စလက်ပြကွက်များ ပြီးဆုံးတာနှင့် နက်ရှိုင်းကသော ကမျောထ၍ ဇာတ်စင်နောက် သို့သွားလိုက်သည်။ တာဝန်ရှိသူများ အား ပြေလည်အောင် ပြောပြပြီး အထဲသို့ ၀င်လိုက်၏ ။

‘ဘာကိစ္စရှိလို့လဲ ခင်ဗျာ. . .’

ထွဋ်ခေါင်ဆိုသူ နက်ရှိုင်းအနား ရောက်လာသည်။ နက်ရှိုင်းက ခပ်တည်တည်ဖြင့် . . .

‘ကျွန်တော် သုန္နရီရဲ့ မိတ်ဆွေပါ. . . သူနဲ့ အရေး ကြီးတဲ့ကိစ္စတစ်ခု ဆွေးနွေးစရာရှိလို့. . . အဲဒါ သုန္နရီကို ခေါ်ပေးစမ်းပါ’

‘ဒါဆို. . . ခဏစောင့်. . .’

ထွဋ်ခေါင်က နက်ရှိုင်းအား ခပ်စူးစူးတစ်ချက်ကြည့်ပြီး ထွက်သွားသည်။ သုန္နရီလာလျှင် ဆက်ဆံမည့် အရေး ကို နက်ရှိုင်း တွေးပူနေမိသည်။ သူမကသာ သူ့ကို မသိဘူးဟု ငြင်းလိုက်လျှင် တော့ မောပြီ။

ခဏကြာတော့ပမှ ထွဋ်ခေါင်နှင့် အတူ သုန္နရီပါလာသည်။ နက်ရှိုင်းကိုမြင်တော့ သူမ မျက်ဝန်းအစုံ ၀ိုင်းစက်သွား၏ ။

‘ဟင်. . . ရှင်. . . ရှင်. . . ’

‘ဟုတ်ပါတယ်. . . ရှင်ဆိုတဲ့ ကျွန်တော် ပါ. . . မှတ်မိတယ် မဟုတ်လား. . .’

‘ရှင်. . . ဒီကို ဘာလာလုပ်တာလဲ. . .’

‘သုန္နရီဆိုတဲ့ ခင်ဗျားနဲ့ စကားပြောချင်လို့ပါ. . .’

သုန္နရီက ထွဋ်ခေါင်ကိုကြည့်သည်။ ထွဋ်ခေါင်က တစ်ဘက်လှည့်နေ၏ ။ သုန္နရီသည် ပင့်သက်ရှိုက်ရင်း နက်ရှိုင်းထံ အကြည့်ရွှေ့ကာ. . .

‘ကျွန်မ အခုည မအားဘူးရှင့်. . . အဲဒါကြောင့် မနက်ဖြန်မှ ရှင်နဲ့ကျွန်မ အေးအေးဆေး ဆေး တွေ့ ကြတာပေါ့’

‘ခင်ဗျား ထွက်မပြေးဘူးလို့ ကတိပေးလား. . .’

‘ပေးပါတယ်ရှင်. . . ပေးပါတယ်. . . တကယ် ကတိပေးပါတယ်. . .’

နက်ရှိုင်း၏ အမေးကို သုန္နရီက အပြုံးဖြင့် ဖြေလေသည်။ နက်ရှိုင်းကလည်း ပြန်ပြုံးပြရင်း. .

‘ကျွန်တော် ခင်ဗျားဆို လန့်လို့ပါဗျာ. . . ဒါဆိုရင် မနက်ဖြန် ကျွန်တော် ဘယ်လာတွေ့ ရ မှာ လဲ. . .’

သုန္နရီက စဉ်းစားပြီး အချိန်နာရီသတ်မှတ်ကာ ဆိုင်တစ်ဆိုင်မှာ ချိန်းဆိုသည်။ ပြီးတာနှင့် နှုတ်ဆက်၍ ထွက်သွားသည်။ ယောင်ပေပေနှင့် ပင် နက်ရှိုင်း သူ့နေရာသူ ပြန်လာခဲ့ရ၏ ။

ဆက်ကပ်ပွဲက အစီအစဉ်သစ်တစ်မျိုးဖြင့် ပရိသတ်များ ကို မရိုးအီအောင် ဖမ်းစားမြဲ ဖမ်းစား ထားလေသည်။

‘ကိုကို အဆင်ပြေလား’

‘ပြေပါတယ်’

သဲအိကို တုံ့ပြန်ရင်း ထိုင်ခုံမှာ နက်ရှိုင်း ၀င်ထိုင်လိုက်သည်။ သိချင်တာကို မသိခဲ့ရ၍ အားမလိုအားမရ ဖြစ်နေသည်။ ကယောက် ကယက်နှင့် စိတ်တွေ စောနေ၏ ။

‘တောက်. . . ကြာလိုက်တာကွာ. . . ရောက်ကို မရောက်နိုင်တော့ဘူး. . .’

‘ဟင်. . .’

ထိုင်နေရင်း အကောင်းသားမှ ထပြောလိုက်သော နက်ရှိုင်းစကားကြောင့် သဲအိနှင့် ရူပ ကြောင်သွားကြသည်။ ရူပက. . .

‘ကိုကိုက ဘာအစီအစဉ်ကို ကြည့်ချင်နေတာလဲ’

‘ဘာအစီအစဉ်မှ မကြည့်ချင်ဘူး’

‘ဒါဆို ဘာ ဖြစ်လို့ ကြာလိုက်တာတွေ ၊ ရောက်ကို မရောက်နိုင်တော့ဘူးတွေ ပြောနေတာလဲ’

‘ငါက မနက်ဖြန်ကို အခု ချက်ချင်း ရောက်ချင်နေလို့ဟေ့. . . အဲ့ဒါ ဒီနေ့က ကုန်ခဲလို့ပြောနေ တာ. . .’

‘အမ်’

သဲအိနှင့် ရူပ ပါးစပ်ကလေးတွေ ပြဲသွားကြသည်။

‘ကိုကိုတော့ မှော်ဆရာမ နဲ့ သွားတွေ့ တာ အပြုစားခံရပြီး ဂေါက်လာပြီ ထင်တယ်ဟေ့’

‘အေး. . . ဖြစ်နိုင်တယ်’

သဲအိနှင့် ရူပက အစ်ကို ဖြစ်သူကို စလိုက်ကြသည်။ နက်ရှိုင်းမှာ တော့ မအီမလည်ကြီး ဖြစ်သွားရ၏ ။ သုန္နရီကိုပင် စိတ်ဆိုးချင်သွားသည်။ သူ့ခမျာ သူမနှင့် ပတ်သက်တိုင်းမှာ အရူးဂေါက် ကြောင်ဟူ၍ သာ အနှိုင်းခံနေရသည် မဟုတ်ပါလား. . .။

* * * * *


အခန်း (၇)

မနက်ဖြန်အတွက် မနေ့ကဟူ၍ ဖြစ်သွားမည့်  ဒီနေ့သည် မနေ့က သူရောက်ချင်နေသည့် မနက်ဖြန် ဖြစ်ပါသည်။ ချိန်းဆိုထားရာဆိုင်မှာ ထိုင်စောင့်မျှော်ရင်း နက်ရှိုင်းလည်ပင်းရှည်နေပြီ။ သူမ ရောက်မလာမှာ ကို စိုးရိမ်ကြောင့်ကြ နေရသည်။ သို့သော် လည်ပင်းရှည်ရကျိုး နပ်ပါသည်။ သူမက ကတိစကား မှန်ကန်စွာ ရောက်ရှိလာ၏ ။

‘ဘယ်လိုလဲ စောင့်ရတာ မကြာသေးဘူး မဟုတ်လား. . .’

‘ဟင့်အင်း. . . ကြာပြီ. . .’

သုန္နရီက နက်ရှိုင်းနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ၀င်ထိုင်သည်။ နက်ရှိုင်းက သူမကို ကြည့်၍ . . .

‘ခင်ဗျားက ဒီလိုကျတော့လည်း လူလိုသူလို ၀တ်တတ်သားပဲ’

‘ဘာရှင့်. . . ရှင် ဘာစကားပြောတာလဲ. . .’

သုန္နရီ၏ ခန္ဓာကိုယ်သည် (မတ်ထားသည်ထက်) မတ်သွားသည်။ နက်ရှိုင်းက အပြုံးဖြင့် . .

‘သြော်. . . ခင်ဗျားက ညတုန်းကဆိုရင် မှော်ဆရာလိုလို သရဲမလိုလိုနဲ့မို့ပါ. . . အခုလိုဝတ် ထားတော့လည်း လူနဲ့ တူပါတယ်. . .’

‘အောင်မာ. . .’

သုန္နရီက ဘာမှမတုံ့ပြန်တော့ဘဲ ၀ိတ်တာကိုခေါ်ကာ လိုချင်တာ မှာ သည်။

ရိုးရှင်းသော ဆင်ယင်မှု နှင့် အကြွအရွအပီအပြင်လှနေသည့် သူမကိုကြည့်ကာ နက်ရှိုင်း ဆန္ဒတွေ အခဲလိုက် မျိုချနေရသည်။

မှာ ထားတာတွေ ရောက်လာတော့မှ သုန္နရီက စားသောက်ရင်း. . .

‘ဆိုစမ်းပါဦး. . . ရှင်က ကျွန်မနဲ့ စကားပြောချင်တယ်ဆိုတော့ ဘာပြောချင်တာလဲ. . .’

‘ပြောချင်တယ်ဆိုတာထက် သိချင်တာဆိုရင် ပိုမှန်လိမ့်မယ် ထင်တယ်. . .’

‘ဒါဆို. . . ပြောလေ ဘာသိချင်တာလဲ’

သူမ အမူအရာသည် သူမမျက်ဝန်းတွေ ကဲ့သို့ သွေးအေးလျက်ရှိသည်။ အထိအတွေ့ ချင်း ခလုတ်တိုက်ဖူးသည့် ယောက်ျားသား တစ်ယောက် ကို ဒီလိုမျိုးဆက်ဆံတာ သူမ တဆိတ်လွန်လွန်း နေပြီ ထင်၏ ။

‘သုန္နရီ. . . ကျွန်တော် တို့ မကွယ်မ၀ှက်ဘဲ ပြောကြရအောင်. . .’

‘ဘာကိုလဲ. . .’

‘ကျွန်တော့်ကို လာပတ်သက်တဲ့ ခင်ဗျားရဲ့ ဆက်ဆံရေး အခြေအနေကိုပေါ့. . .’

‘သြော်. . . ဒါလား. . .’

သုန္နရီက အေးစက်စွာ ဖြင့် တစ်ချက်ရယ်သည်။ ရယ်နေသော ထိုမိန်းမကို ‘ကဲဟယ်. . . ကဲဟယ်. . .’ ဆိုပြီး ပယ်ပယ်နယ်နယ် ခါယမ်းပစ်လိုက်ချင်သည်။ သူမ၏ မထီတရီပုံစံက အဲဒီ လောက်အထိ အသည်းယားစရာကောင်းနေပါ၏ ။

သုန္နရီက မျက်နှာထားကို တည်ပစ်လိုက်ပြီး. . .

‘အေးပေါ့လေ. . . အဲဒီ ကိစ္စကို ရှင့်စိတ်ထဲမှာ မရှင်းမလင်း ဖြစ်မယ်ဆိုရင်လည်း ဖြစ်လောက် ပါတယ်. . . အဲ့ဒါက ဒီလိုပါ. . . ကျွန်မကို ကျွန်မ သူငယ်ချင်း တစ်ယောက် က ကိရိယာအကူအညီ တွေ ပါတဲ့ ဇာတ်ခုံပေါ်မှာ မဟုတ်ဘဲနဲ့ အပြင်ဘက်မှာ လူ တစ်ယောက် ကို မျက်လှည့်ပညာနဲ့ ချောက်ချားအောင် လုပ်နိုင်ပါ့မလားလို့ စသလို နောက်သလို စိန်ခေါ်တယ်. . . အဲ့ဒါကို ကျွန်မက မခံချင်စိတ်နဲ့ ဖြစ်အောင်လုပ်ပြမယ်ဆိုပြီး ပြန်ပြောလိုက်တယ်. . . အဲဒီ မှာ ရှင်ဟာ မထင်မှတ်ဘဲ ကျွန်မရဲ့ ပစ်မှတ် ဖြစ်သွားတာပါ. . .’

‘ဒါဆို ကျွန်တော့ကို ပန်းပေးတုန်းက ဓား ဖြစ်လိုက် ပန်း ဖြစ်လိုက်လုပ်တာ ခင်ဗျားရဲ့ ပညာ ကို ပြတာပေါ့ဟုတ်လား. . .’

‘ဟုတ်တယ်. . . အဲ့ဒါ လက်လှည့်ပညာကို သုံးလိုက်တာပါ. . .’

‘ဒါဆို. . . ကလပ်မှာ တွေ့ တဲ့ညကသုံးတာ ဘာပညာလဲ. . . အဲဒီ ပညာကို ကျွန်တော် အရမ်းကြိုက်သွားတာဗျ. . .’

သူမက စတင်ပွေ့ဖက်မှု ကို ရည်ညွှန်းလိုက်တာ ဖြစ်သည်။ သူမက ရှက်သွားလိမ့်မည် ဟု နက်ရှိုင်းထင်လိုက်သည်။ သို့သော် သုန္နရီက ရှက်ရွံ့တွန့်ဆုတ်သွားခြင်း လုံးဝမရှိဘဲ အမူအရာ မပျက် ဆက်လက်တည်ရှိနေ၏ ။

‘အဲဒီ ညက ကျွန်မ ရှင့်ကို မထင်မှတ်ဘဲ တွေ့ လိုက်တာပါ. . . အဲဒီ မှာ ရှင့်ကို ချောက်လှန့် ချင်လို့ အပြင်ခေါ်ထုတ်လာတာ. . . ဒါပေမယ့် မမျှော်လင့်ဘဲ ရှင့်နာမည် ခေါ်သံတွေ ကြားလို့ ကျွန်မ ထွက်သွားလိုက်တာပါ. . .’

ဘယ်လိုမိန်းမပါလိမ့်. . . အခွက်ပြောင်လိုက်တာ. . .။

တကယ့်မိန်းပွိုင့်ကိုကျတော့ ကျော်လွှားပြီး ပြောသွားသော စကားတွေ ကြောင့် နက်ရှိုင်း မကျေမနပ် ဖြစ်နေသည်။ ငါ့မျှော်လင့်ချက်တွေ ကို မသတ်ပါနဲ့ မိန်းကလေးရယ်. . .။

‘ဒါဆို ကျွန်တော် က ခင်ဗျားရဲ့ အသုံးချခံကြီးပေါ့နော်. . . ဟုတ်လား’

‘အဲဒီ လို မယူဆပါနဲ့ရှင်. . . ကျွန်မက ရှင့်ကို အတွေ့ အကြုံထူးတွေ ပေးခဲ့တာလို့ အကောင်းဘက်ကတွေးပြီး ဂုဏ်ယူလိုက်စမ်းပါ. . .’

အောင်မာ အပြောကောင်းလိုက်တာ. . .။

ဟိုတစ်ညက သူမ သဘောကောင်းခဲ့တာတွေ ကို နက်ရှိုင်း မေ့မရဘဲ တသသ ဖြစ်နေတော့ ခက်သည်။

‘ခင်ဗျား ကတော့ စိန်ခေါ်မှု တစ်ခုအတွက် မကျေနပ်လို့ မထင်မှတ်ဘဲ လုပ်လိုက်တာပါ. . . ဒါပေမဲ့ ခုတုံးလုပ်ခံလိုက်ရတဲ့ ကျွန်တော့် မှာ တော် တော် အထိနာသွားတယ်’

‘ဒီလိုပါပဲရှင်. . . ဒါမျိုးက ဖြစ်တတ်ပါတယ်. . . လူ တစ်ယောက် ရဲ့ မထင်မှတ်တဲ့ အသွေး အမွှားအပြုအမူတစ်ခုက တစ်ဖက်မှာ အကြီးမားဆုံး ထိခိုက်နစ်နာမှု တောင် ဖြစ်သွားနိုင်တာပဲလေ’

‘ခင်ဗျားက ဒဿနတွေ လည်း ပြောတတ်သားပဲ. . .’

‘ဒါဟာ ဒဿနပါလို့ ရှင်သတ်မှတ်ရင်တောင် ကျွန်မဘ၀နဲ့ ရင်းထားရတဲ့ အသိတရားတစ်ခု ပါရှင်. . .’

သူမမျက်နှာသည် တည်ငြိမ်မှု ထက် ညှိုးနွမ်းမှု ဘက် ရုတ်တရက်ရောက်သွားသည်။ နက်ရှိုင်း မရိုးမရွ ဖြစ်သွားရ၏ ။

‘ခင်ဗျားဟာလေ. . . တစ်ဘက်လူ စိတ်ဝင်စားအောင် အရမ်းလုပ်တတ်တာပဲ. . . ကဲ. . . ပြောစမ်းပါဦး. . . အဲဒိအသိကို ရခဲ့တဲ့ ခင်ဗျားရဲ့ ဘ၀အကြောင်းကို. . .’

‘ပျင်းစရာကောင်းတဲ့ ကျွန်မဘ၀အကြောင်းကို ထားလိုက်ပါ. . . ရှင် စိတ်ဝင်စားမယ်ဆိုရင် အဲဒီ အသိကို မှန်ကန်မှု လို့ သက်သေထူနိုင်တဲ့ သာဓကတစ်ခု ကျွန်မပြောပြမယ်. . . နားထောင် မလား. . .’

နက်ရှိုင်း ခေါင်းညိတ်ပြလိုက်သည်။ သုန္နရီက. . .

‘ကျွန်မ အခုပြောမယ့် ဖြစ်ရပ်က ရယ်စရာကောင်းသလို သနားစရာကေင်းတဲ့ အကြီးအကျယ်မှားယွင်းမှု တစ်ခုပဲ. . . ၁၈၅၁ ခုနှစ် တတိယမြောက် နပိုလီယံ အာဏာသိမ်းနေတဲ့ ကာလတုန်းကပေါ့. . . ကောင်ဒီစိန့်အာနော့ဆိုတဲ့ အမတ်ကြီးဟာ ချောင်းဆိုးတဲ့ ဝေဒနာကို အပြင်းအထန် ခံစားနေရတယ်. . . အမတ်ကြီး ချောင်းအရမ်းဆိုးနေချိန်မှာ သူရဲ့ လက်ထောက် အရာရှိက ‘လူထုအုပ်ကြီး ဘုရင့်အစောင့်တပ်ဖွဲ့နဲ့ မျက်နှာချင်းဆိုင် တွေ့ နေပြီ’ လို့ သတင်းပို့ လျှောက်ထားတယ်. . . အဲဒီ မှာ ချောင်းဆိုးလွန်းလို့ စိတ်ညစ်နေတဲ့ အမတ်ကြီးက Ma Sacee toux (သေခြင်းဆိုးချောင်း) လို့ ကိုယ့်ဟာကိုယ် ပြောလိုက်မိတယ်. . .

အဲဒီ လိုပြောတာကို သူ့ရဲ့ လက်ထောက်အရာရှိက Massacrez Tous (လူတိုင်းကို သတ်ပစ် လိုက်. . . အစုလိုက် သတ်ပစ်လိုက်) လို့ ကြားပြီး ဘုရင့်အစောင့်တပ်ကို ပစ်မိန့်ပေးလိုက်တယ်. . . အဲဒီ မှာ လူထောင်ပေါင်းမြောက်များ စွာ ရဲ့ အသက်တွေ သေကြေပျက်စီးခဲ့ရတယ်. . . အသံထွက် ချင်းဆင်တဲ့ နားကြားလွဲမှု လေးတစ်ခုကြောင့် ပေးဆပ်လိုက်ရတဲ့ ဆုံးရှုံးမှု က ရင်နင့်စရာပဲ. . .

ကဲ. . . ဒီအ ဖြစ်အပျက်ကိုကြည့်ပြီး စောစောက ကျွန်မပြောတဲ့ လူ တစ်ယောက် ရဲ့ မထင်မှတ်တဲ့ အသေးအမွှား အပြုအမူတစ်ခုက တစ်ဖက်မှာ အကြီးမားဆံး ထိခိုက်နစ်နာမှု ဖြစ် သွားနိုင်တယ်ဆိုတဲ့စကားကို အမှန်တရားအ ဖြစ် ရှင်လက်ခံလား. . .’

‘အင်းပါ. . . လက်ခံပါတယ်. . .’

‘လက်မခံလို့လည်း မရဘူးလေ. . .’

ဟာ. . . တော် တော် ထော်လော်ကန့်လန့်နိုင်တဲ့ မိန်းမပဲ. . . လက်ခံပါတယ်ဆိုတာတောင် မှ ရန်လုပ်နေသေးသည်။ သူမသာ စာကလေးတစ်ကောင်ဆိုလျှင် အမြင်ကတ်တာနှင့် အမွေးနှုတ် ပြီး ကြော်စားတာခံနေရလောက်ပြီ၊ ထိုစဉ်. . .

‘ဟိတ်ကောင်. . . မှတ်ကြီး. . မင်း တယ်ကောင်းစားနေပါလား. . .’

ပခုံးကိုပုတ်ပြီး ပြောလိုက်သော အသံကြောင့် နက်ရှိုင်း လှည့်ကြည့်လိုက်သည်။ ထိုအခါ ငယ်သူငယ်ချင်းတစ်ဦးအား တွေ့ ရ၏ ။

‘ဟာ. . . ကျော်စွာ မြင့်. . . လာထိုင်လေကွာ. . .’

‘မထိုင်တော့ဘူး. . . မင်းကိုမြင်လို့ လာနှုတ်ဆက်တာ. . . ငါ ပြန်တော့မှာ . . . မှတ်ကြီး. . . မင်းက ကြင်ဖော်သက်လျာတွေ ဘာတွေ နဲ့ဆိုတော့ ဟိုဘက်ဝိုင်းမှာ ထိုင်နေတဲ့ ငါ့ကိုတောင် မမြင် ဘူးပေါ့လေ. . .’

‘ဟာ. . . မဟုတ်ဘူး. . . ဟိတ်ကောင်. . . ဒါ ငါ့မိတ်ဆွေကွ. . .’

‘ဟုတ်လား. . . ဆောရီးနော်. . . ကျွန်တော် တောင်းပန်ပါတယ်၊ မသိလို့ပြောမိတာပါ. . . မှတ်ကြီး . . . ငါသွားလိုက်ဦးမယ်. . .’

ကျော်စွာ မြင့်က သုန္နရီအားတောင်းပန်ပြီး နက်ရှိုင်းကို နှုတ်ဆက်ကာ ထွက်သွားသည်။ နက်ရှိုင်းသည် သုန္နရီနှင့် သူအား တမျိုးတစ်မည် အထင်ခံလိုက်ရတာ ကိုပင် ပီတိ ဖြစ်နေ၏ ။ သံယော ဇဉ်ကြိုးမျှင်ချင်း ထိုသို့တကယ်အဟုတ်ငြိချင်နေမိသည်။ သုန္နရီက နက်ရှိုင်းအားကြည့်၍ . . .

‘ရှင့်နာမည် က မှတ်ကြီးတဲ့လား. . .’

‘ဟာ. . . မဟုတ်ပါဘူးဗျာ. . . ကျွန်တော့် နာမည် က နက်ရှိုင်းပါ’

‘ဒါဆို ခုနကလူက ဘာ ဖြစ်လို့ မှတ်ကြီးလို့ ခေါ်တာလဲ’

‘အဲ. . . အဲ့ဒါက ဒီလိုပါ. . . ကျွန်တော့်မှာ စာနီအမှတ်တစ်ခုရှိတယ်၊ အဲ့ဒါကိုသိတဲ့ သူငယ်ချင်းတချို့က မှတ်ကြီးလို့ခေါ်ကြတာပါ. . . ကျွန်တော့်  အမှတ်ကိုပြမယ်. . . ခင်ဗျားကြည့် မလား. . .’

‘အို. . . မကြည့်ချင်ပါဘူး. . . လာမပြနဲ့. . .’

သုန္နရီ တစ်ဖက်လှည့်သွားသည်။ နက်ရှိုင်းကလည်း ပြချင်နေသည်။

‘ကြည့်ပါ. . .’

‘မကြည့်ချင်ပါဘူး. . .’

‘ကြည့်ပါဗျာ. . .’

‘မကြည့်ချင်ပါဘူးဆို. . .’

‘နည်းနည်း လောက်တော့ ကြည့်လိုက်ပါ. . . ဒီမှာ လှန်ထားရကျိုးလေးနပ်သွားအောင်လို့. .’

‘ဟင်. . . ရှင်. . . ဘယ်လို ဖြစ်နေတာလဲ. . . ဒီလောက်တောင်ပြချင်နေရင်လည်း တခြား လူတွေ ကို သွားပြ. . . ကျွန်မ ကတော့ ရှင့်ဟာကြီးကို မကြည့်ချင်ဘူး. . . အရေး ကြီးတဲ့ကိစ္စတစ်ခု လည်း ရှိသေးလို့ ကျွန်မ ပြန်လိုက်ပါဦးမယ် ကိုမှတ်ကြီး. . .’

သုန္နရီက နှုတ်ဆက်တာတောင်မှ နက်ရှိုင်းကိုမကြည့်ဘဲ နှုတ်ဆက်ပြီး ထထွက်သွားသည်။ ထိုအခါ လည်ပင်းမှ အမှတ်ကိုပြဖို့ အင်္ကျီကော်လံအား လှန်ချထားသည့် နက်ရှိုင်း အူကြောင် ကြောင်ဖြင့် ကျန်ခဲ့ရသည်။

ဒီမိန်းမ မူတာများ သွားပြီဟုသာ သူ ယူဆလိုက်တော့၏ ။

* * * * *


အခန်း (၈)

တိမ်ကင်းစင်သော မိုးသားများ ပမာ နက်ရှိုင်း၏ စိတ်တွေ ရှင်းပြာနေသည်။ ဇေဖြိုးနှင့် မျိုးသီဟကို သုန္နရီ၏ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်လေရာ သူ မရူးကြောင်း လက်ခံသွားကြ၏ ။ သူတို့၏ အမှားအယွင်းအတွက်လည်း တိတိလင်းလင်း တောင်းပန်ကြသည်။

‘ဒီလိုဆိုရင်တော့ ဆောရီးပဲကွာ. . . ငါတို့က မင်းကို တကယ်ဂေါက်သွားပြီလို့ ထင်နေတာ ကွ. . .’

‘ဟုတ်တယ်. . . အဲဒါကြောင့် နှစ် ယောက် တိုင်ပင်ပြီး အခြေအနေ မဆိုးဝါးခင် ကြိတ်ကုမယ် ဆိုပြီး ရင်းနှီးတဲ့ဆရာဝန်ကို ခေါ်လာတာကွ၊ စိတ်ပူတာနဲ့ပဲ မ ဖြစ်သင့်တာ မ ဖြစ်ရအောင် မင်းမား သားကြီးကိုလည်း ပြောပြလိုက်တာ. . .’

‘အေး. . . မင်းတို့လုပ်မှ မ ဖြစ်သင့်တာတွေ ဖြစ်ကုန်တာကွ. . . ငါ့မှာ အကောင်းသားကြီးနဲ့ စိတ်ငြိမ်ဆေးအထိုးခံရတော့မလို. . . အရူးပျောက်ဆေးသောက်ရတော့မလိုနဲ့ အပမှီတာဆိုပြီး ပုတီးကြီးနဲ့တောင် အတီးခံလိုက်ရသေးတယ်. . . ခွီးတဲ့မှပဲ. . .’

နက်ရှိုင်းက ရှုံ့မဲ့မဲ့ပြောတော့ မျိုးသီဟနှင့် ဇေဖြိုး ရယ်ကြသည်။ မျိုးသီဟက. . .

‘မင်းကြောင့် . . . ငါတို့တွေ လည်း အနွှာခံရတာ ပါပဲကွာ. . . ဟိုဆရာဆို ဖုဖိန့်သွားတာပဲ. . .’

‘အေးလေ. . . မင်းကို ကုဖို့လာရင်း သူ့ကိုယ်သူ ပြန်ကုလိုက်ရတယ်. . .’

‘အဲဒီ အတွက် ငါက မင်းတို့ကို တလဲတောင်းပန်ပါတယ်ကွာ. . . အဲဒီ တုန်းက ငါ့သင်တန်း သားတွေ ရှေ့မှာ ဆိုတော့ ရှက်လည်းရှက် ဒေါသလည်းထွက်ပြီး ပြောမိပြောရာ ပြောလိုက်မိတာပါ’

တောင်းပန်သံက အပြန်အလှန် လုံးချာလည်နေသည်။ ဘာပဲပြောပြော သူတို့ချင်း အဆင်ပြေ သင့်မြတ်သွားကြ၏ ။ ထို့နောက် ဇေဖြိုးနှင့် မျိုးသီဟက မရောက်တာကြာပြီဆိုပြီး နက်ရှိုင်းအိမ်သို့ လိုက်လာခဲ့သည်။

အိမ်ရောက်သော အခါ ဧည့်ခန်းထဲမှာ နက်ရှိုင်း၏ မိဘနှစ် ပါးစလုံး ထိုင်နေကြသည်။ နက်ရှိုင်းတို့ အိမ်ပေါ်တက်ရန်ပြင်တော့. . .

‘သားတို့ ခဏလာကြဦး. . .’

နက်ရှိုင်းမိခင်၏ ခေါ်သံကြောင့် သူတို့သုံးယောက် သွားထိုင်လိုက်ကြသည်။ မျိုးသီဟနှင့် ဇေဖြိုးက အမှားကျူးလွန်ထားတာမို့ မလုံမလဲ ဖြစ်နေသည်။ သူတို့ကို ဆူမှာ ကြောက်လန့်နေ၏ ။

‘ဟိုလေ. . . ဟိုတစ်ခါကိစ္စမှာ နက်ရှိုင်းကို ကျွန်တော် တို့ အထင်လွဲပြီး ပြောလိုက်မိပါတယ် အဲဒီ အတွက် တောင်းပန်ပါတယ် ခင်ဗျ. . .’

‘ဟုတ်ပါတယ်ခင်ဗျာ. . . ကျွန်တော် တို့ မှား သွားပါတယ်. . . ခင်ဗျ. . . ကျွန်တော် တို့ကို ခွင့်လွှတ်ပါ. . .’

ဇေဖြိုးနှင့် မျိုးသီဟသည် ပါးစပ်ကလေးတွေ ဖြဲပြီး ညောင်နာနာအသံလေးတွေ ဖြင့် တောင်း ပန်နေကြ၏ ။ ဦးဇော်မင်းက. . .

‘အေးပါကွာ. . . ခွင့်လွှတ်ပါတယ်. . . နောက်ဆိုရင် ဘယ်ကိစ္စမဆို သေချာစဉ်းစားဆုံးဖြတ်ပြီးမှ လုပ်ပေါ့ကွာ. . .’

‘ဟုတ်ကဲ့ပါ ခင်ဗျ. . .’

‘ဟုတ်ကဲ့ပါ ခင်ဗျ. . .’

အလွန်ယဉ်ကျေးနေကြသော သူငယ်ချင်းနှစ် ယောက် ကိုကြည့်ပြီး နက်ရှိုင်းရယ်ချင်နေသည်။ နက်ရှိုင်း၏ မိခင်က. . .

‘သားတို့ လူစုံနေတာနဲ့ အတော် ပဲ. . . ဒီမှာ မာမီတို့ကိစ္စတစ်ခု တိုင်ပင်နေတာ. . . သားတို့ ပါ ကူစဉ်းစားပေးကြပါဦး. . .’

‘ပြောပါခင်ဗျ. . . ကျွန်တော် တို့ အကောင်းဆုံး ဖြစ်အောင် စဉ်းစားပေးပါမယ်’

‘စိတ်ချပါခင်ဗျ. . .’

‘ငါ ကတော့ မင်းတို့နှစ် ယောက် ကို သိပ်စိတ်မချဘူး. . . ဟိုတစ်ခါလို ပေါက်ကရ တလွဲစဉ်း စားပေးလိုက်ရင် ဘယ့်နှယ်လုပ်မလဲ. . .’

‘အဲ. . .’

ဦးဇော်မင်းအပြောကြောင့် ဇေဖြိုးနှင့် မျိုးသီဟ ငုပ်သွားကြသည်။ နက်ရှိုင်းက ရယ်ရင်း. . .

‘ပြောလေ. . . ဒက်ဒီ. . . ဘာကိစ္စလဲ’

‘တခြားတော့ မဟုတ်ပါဘူး. . . ဒက်ဒီ့ကုမ္ပဏီကိစ္စပါ. . . ဒီနှစ် ကုမ္ပဏီနှစ် ပတ်လည်နေ့မှာ ၀န်ထမ်းတွေ ကျေနပ်သွားအောင် ပျော်ပွဲရွှင်ပွဲတစ်ခုခု စီစဉ်ပေးရကောင်းမယ်လို့ ဒါရိုက်တာ အဖွဲ့ဝင်တွေ က ဒက်ဒီ့ကို ပြောကြတယ်. . . အဲ့ဒါ ဘာပွဲစီစဉ်ပေးရင် ကောင်းမလဲဆိုတာ စဉ်းစား နေတာ. . .’

‘ဟာ. . . ဟုတ်ပြီအန်ကယ်. . . ကျွန်တော် အကြံရပြီ. . .’

‘ဘာများ လဲကွ. . .’

‘အဲဒီ နေ့မှာ အားလုံး ကုသိုလ်ရသွားအောင် ဘုန်းကြီးတစ်ပါးပင့်ပြီး တရားပွဲ စီစဉ်ပေးလိုက် ပါလား. . .’

‘ဟေ. . .’

မျိုးသီဟ စကာကြောင့် ဦးဇော်မင်း တွေ တွေ ကြီး ဖြစ်သွားသည်။ ပြီးမှ မျက်ထောင့်နီကြီး နှင့် . . .

‘နင့်အမေကလွှားတဲ့မှပဲ. . . ပျော်ပွဲရွှင်ပွှဲပါဆိုမှ တရားပွဲ လာလုပ်ခိုင်းနေတယ်. . . တော် တော် မင်းပါးစပ်ပိတ်နေတော့. . .’

ဦးဇော်မင်းက ဟောက်လိုက်ရာ မျိုးသီဟ မျက်နှာမဲ့မဲ့ကြီး ဖြစ်သွားသည်။ သူ့ကိုကြည့်ပြီး အားလုံးက ရယ်ကြ၏ ။ ထိုအခိုက် နက်ရှိုင်းခေါင်းထဲမှာ စိတ်ကူးတစ်ခု ၀င်းဖိတ်ပြိုးပြက်လာသည်။

‘ဒက်ဒီ. . . အဲဒီ နေ့မှာ မျက်လှည့်ပြပါလား. . . ကျွန်တော့် မှာ အရမ်းတော် တဲ့ မျက်လှည့် ဆရာမ အသိ တစ်ယောက် ရှိတယ်. . . သူ့ကို အကူအညီတောင်းလိုက်ရင် ဖြစ်နိုင်တယ်. . . မျက်လှည့်ဆိုတော့ ဆန်းတာကြောင့် အားလုံး ကြိုက်ကြမှာ ပါ. . .’

‘သားပြောတာ ကောင်းသားပဲရှင့်. . .’

နက်ရှိုင်း မိခင်က သူ့သားအဆိုကို ထောက်ခံပေးနေသည်။ ဦးဇော်မင်းက ခဏစဉ်းစား ပြီး. . .

‘မျက်လှည့်ပြတာတော့ မဆိုးပါဘူး. . . ဒါပေမဲ့ မျက်လှည့်သက်သက်ဆိုတော့ ပွဲက အေးနေလိမ့်မယ်ထင်တယ်. . .’

‘ဒါဆို. . . ကျွန်တော် တစ်ခုပြောပါရစေခင်ဗျာ. . .’

မျိုးသီဟ အသံထွက်လာပြန်သဖြင့် ဦးဇော်မင်းက. . .

‘မင်း. . . ဘာဝင်ရှုပ်ဦးမလို့လဲ. . .’

‘မရှုပ်ပါဘူးခင်ဗျ. . . ဒီတစ်ခါတော့ အကောင်းပြောမှာ ပါ. . . မျက်လှည့်ပွဲသက်သက်က အေးမယ်ထင်ရင် နက်ရှိုင်းရဲ့ အကအဖွဲ့နဲ့ မြူးမြူးကြွကြွ အရင်ဖွင့်လိုက်ပါလား. . . အကအဖွဲ့ အလှည့်ပြီးမှ မျက်လှည့်ပွဲကို စလိုက်ပေါ့. . .’

မျိုးသီဟစကားကြောင့် ဦးဇော်မင်း မျက်နှာပြုံးသွားသည်။

‘ဒီလိုကျတော့လည်း မင်းက ဘယ်ဆိုးလို့လဲကွ. . .’

‘ဟဲ. . . ဟဲ. . . ခုနက တမင်လျှိုထားတာပါ အန်ကယ်ရယ်. . . ကျွန်တ်ာက ချက်ဆို နား ခွက်မီးတောက်ပြီးသားပါ. . .’

အချီးကျူးခံလိုက်ရသဖြင့် မျိုးသီဟ မြောက်ကြွမြောက်ကြွ ဖြစ်သွားသည်။ ဇေဖြိုးက. . .

‘မျိုးသီဟ. . . မီးပြတ်တဲ့ညတွေ ဆိုရင် မင်း ငါ့အိမ် လာအိပ်စမ်းကွာ. . .’

‘ဟမ်. . . ဘာ ဘာပြုမလို့လဲ. . .’

‘မင်းက နားခွက်က မီးတောက်တယ်လို့ ခဏခဏ ပြောနေလို့ပါ. . . အဲဒါကြောင့် မင်းရှိရင် ဖယောင်းတိုင်ဖိုးအကုန်သက်သာတာပေါ့ကွာ. . . မင်းနားနှစ် ဖက်နဲ့ဆို ငါတို့အိမ် တော် တော် လင်း ပြီကွ. . .’

‘ဟင်. . . တိရစ္ဆာန်ကောင်. . .’

အခြားနေရာမှာ ဆိုလျှင် ရန် ဖြစ်ကောင်းမည့် အပေါက် ဖြစ်သည်။ အခုတော့ လူကြီးတွေ ရှေ့မှာ မို့ ဒီလောက်နှင့် ပြီးစီးသွားသည်။ ဦးဇော်မင်က နက်ရှိုင်းအားကြည့်၍ . . .

‘ကဲ. . . ဒီလိုဆိုရင် ပွဲကိစ္စကို နားခွက်က မီးတောက်တဲ့ ကောင်လေးပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့. . . သားရေ. . . အဲဒီ ကိစ္စအားလုံးကို မင်းပဲ ကြည့်စီစဉ်လိုက်ကွာ. . .’

‘စိတ်ချပါ ဒက်ဒီ. . .’

နက်ရှိုင်း တက်ကြွသွားလေသည်။ သူမနှင့် တွေ့ ရဦးမှာ မို့ ရင်တွေ ခုန်ကာ လူက ရွှင်မြူးသည်။ သူ့အတွက်တော့ သူမသည် အယ်လ်ကိုဟောမပါဘဲ ရွှင်မြူးစေတတ်သော ဆေးရည် တစ်မျိုး ဖြစ်၏ ။

ထိုဆေးရည်ကို အစို့ပါမကျန်အောင် နက်ရှိုင်း တစ်ပုလင်းလိုက် မျိုချပစ်ချင်နေမိသည်။

* * * * *




ဝန်ဇင်းချစ်သူများ လင်းညှို့သွေး ၏ “ အသည်းခွဲဖက်ရှင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရယ်သံထွက်နေတဲ့ မျက်ရည်စက်

အရိပ်စစ်ကကြိုး

မိန်းမလိုချင်တယ်