Cover

နိဒါန်း

သေလောက်အောင်

ကြွေလောက်တဲ့ စကားလုံးတွေ နဲ့

ငါ့ရင်ကို မွှေနှောက်ခဲ့တဲ့

ကင်းမြီးကောက်မလေးရေ……

တကယ်တော့

အချစ်ဆိုတာ အတ္တရဲ့ အသုံးချခံပါ။

လူတွေ ဟာ ကိုယ့်အတ္တပြည့်စုံဖို့

အခြားလူ တစ်ယောက် ဆီကနေ

ကိုယ်လိုချင်တာတွေ အရယူဖို့အတွက်

အချစ်ဆိုတာ စကားလုံးကို

ခပ်တည်တည်နဲ့ သုံးစွဲနေကြတာပါ။

♥ ♥ ♥


နိုင်မှတိုက်ရဲတာကို

သူရဲကောင်းလို့

ငါ့အဘိဓာန်မှာ မသတ်မှတ်နိုင်ဘူး

♥ ♥ ♥


နိဒါန်း (က)

ချစ်သူဆီက အပြန်

ဖိနပ်မှတ်လို့ ကောက်စီးလာတာ

ငါ့မာနတွေ ဖြစ်နေပါရောလား

သြော်…. တော် တော် ပါးနေပြီပဲ

ရှိပါစေတော့လေ

ငါကိုက ချစ်မိနေတာကိုး …..

ဇွဲထင်ရှား

(အင်တာနက်မှ စာစုများ မှ….)

♥ ♥ ♥


နိဒါန်း (ခ)

သို့

ဖေဖေနဲ့ မေမေ

သမီး သတိရခြင်းများ စွာ နဲ့ စာရေး လိုက်ပါတယ်။

ကျောင်းစဖွင့်ကတည်းက မအားတာနဲ့ မေမေဆီကို စာမရေး ဖြစ်ခဲ့ဘူး။ အခုမှပဲ ဖြစ် ဖြစ်သမျှ အကြောင်းတွေ ကို အားပါးတရ ပြောပြတော့မယ်။

ဒီစာဖတ်ပြီးတော့လည်း စိတ်ပူမနေနဲ့ဦးနော်

ဖြစ်ပုံက ဒီလိုပါ…

ဘာမှတော စိုးရိမ်စရာ မဟုတ်ပါဘူး။ ရောက်ပြီးတစ်ပတ်လောက်အကြာ ပါတီတစ်ခုကို သွားပြီအပြန်မှာ သမီးခေါင်းတွေ သွက်သွက်ခါလောက်အောင်ကိုမူးခဲ့တယ်။ ဒါကလည်း ဆေးမှား သောက်မိလို့ပါ။ အဲဒီ ဆေးကလည်း ပါတီမှာ တွေ့ တဲ့ ကောင်လေး တစ်ယောက် က သမီးကို စမ်းသောက်ကြည့်ဖို့ ပေးတာလေ။ ဒါပေမဲ့ အဲဒီ နေ့က အ ဖြစ်အပျက်တွေ ကိုတော့ ပြန်ပြောလို့ရ လောက်အောင် သိပ်ပြီးမမှတ်ချင်တော့မဘူး သမီးရဲ့ အ၀တ်အစားတွေ အကုန်လုံး နောက်နေ့မနက် မှာ ပြန်ရှာတွေ့ ပါတယ်။

အဲဒီ အတွက်တော့ ဘာမှစိတ်ပူစရာမလိုပါဘူး။ ဆေရုံရောက်မသွားတာပဲ တော် သေးတယ် လို့ ပြောရမယ်။ အခုတော့ တစ်နေ့သုံးကြိမ်လောက် ဆိုးဆိုးရွားရွား ခေါင်းထိုးကိုက်တာကလွဲလို့ ဘာမှမ ဖြစ်တော့ပါဘူး။

ကျောင်းတက်ခါစက အဆောင်မှာ နေတာဆိုတော့ ဆူဆူညံညံအသံတွေ ကြောင့် မလွတ် လပ်ဘူးပေါ့။ အခုတော့ ကောင်လေး တစ်ယောက် နဲ့ လိုက်နေတာ အားလုံးအဆင်ပြေပါတယ်။ သူက သမီးတို့ကျောင်းနားက ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်တယ်လေ။

ကလေကချေရယ်လို့တော့ မဟုတ်ပါဘူး။ ဖေဖေနဲ့ မေမေရယ်။ အဲဒီ ထက် နည်းနည်း တော့ သာလိမ့်မယ် ထင်ပါတယ်။

သူက သမီးအပေါ်မှာ ကောင်းရှာပါတယ်။ အခုလည်း သူက လက်ထပ်မယ်တဲ့လေ။ ဘယ်နေ့ဘယ်ရက်လို့တော့ အတိအကျမပြောဘူးပေါ့။ ဒါပေမဲ့ သမီး ကတော့ သိပ်ကြာကြာမစောင့် ချင်တော့ဘူး။ သမီးဗိုက်ကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုပူလာနေပြီ။

ဖေဖေနဲ့မေမေရေ .. ဖေဖေ မေမေတို့ရဲ့ သမီးက ကလေးအမေ ဖြစ်တော့မှာ ။ အာလုံးအဆင် ပြေပါတယ်။ ခေါင်းထဲတော့ မူးတူးတူးရှိတာပေါ့

ဒါပေမဲ့လည်း ဒါက အနာတွေ ပေါက်လို့ ဆေးသောက်နေရလို့ ဖြစ်တာပါ။ အနာတွေ က ဟို တစ်ယောက် ဆီကနေ ကူးတာလေ။ သူက သွေးသားတော့ သိပ်မသန့်ဘူး ဖေဖေနဲ့ မေမေရဲ့ ။

သူ့ကိုတော့ ဖေဖေနဲ့မေမေ မ ဖြစ်မနေ လက်ခံရလိမ့်မယ်။ သူက ဘာပညာမှတော့ မတတ် ပါဘူး။ ဒါပေမဲ့ အရမ်းရည်ရွယ်ချက်ကြီးတာ။ အခုလည်း သူက ကိုယ်ပိုင်ဓာတ်ဆီဆိုင်ဖွင့်မယ်တဲ့ လေ။ သမီးနာမည် နဲ့ ဘဏ်ကနေ ငွေချေးလို့ရရင်ပေါ့။

သူက အချုပ်ကျဖူးထားတော့ ဘဏ်မှာ သူ့နာမည် နဲ့ ငွေချေးလို့ မရဘူးတဲ့။

သူက လူကောင်း တစ်ယောက် ပါ။ ရန်ခဏခဏ ဖြစ်တာနဲ့ မူးယစ်ဆေးစွဲနေတာက လွဲလို့ ပေါ။ အရင်တစ်နေ့ညကတောင် သူ့ကိုသမီးကိုတင် ရဲစခန်းမှာ သွားပြီးရွေးခဲ့ရသေးတယ်။ ကြံဖန် ဂုဏ်ယူတတ်မယ်ဆိုရင် နေ့စဉ်နေ့တိုင်း အရက်အများ ကြီးသောက်နိုင်တာကိုက သူ့ရဲ့ အရည် အချင်းတစ်ခုပဲလေ။

သူကသမီးကို အရမ်းတန်ဖိုးထားပါတယ်။ အလုပ်လည်း အရမ်းကြီုးစားတာပဲ။ ညဘက် တွေ အိမ်ပြန်မအိပ်တာတောင် တော် တော် ကြာပြီ။

သူက သမီးအတွက် ဂုဏ်ယူတယ်တဲ့။ သမီးက သူ့အရင်မိန်းမတွေ ထက် ပိုပြီးကြည့်လှ တယ်တဲ့။

ကဲ…

ဒီလောက်ဆို သမီးရဲ့ လက်ရှိဘ၀အခြေအနေကို ဖေဖေနဲ့မေမေ သဘောပေါက်လောက် ပါပြီ။ အရမ်းစိတ်ဆင်းရဲသွားသလားဟင်။ စိတ်မဆင်းရဲပါနဲ့ ဖေဖေနဲ့မေမေရယ်။ အမှန်တော့ သမီးပြောခဲ့တဲ့ ခေါင်းကိုက်တာတို့၊ ဆေးမှားတာတို့၊ ကလေးရတာ တို့၊ အနာပေါက်တာတို့ ရည်းစား ရနေတာတို့ဆိုတာတွေ ဟာ တကယ်မဟုတ်ပါဘူး။

တကယ့်အ ဖြစ်မှန်က သမီး ဒီလဖြေခဲ့တဲ့ စာမေးပွဲမှာ ငါးဘာသာမှာ နှစ် ဘာသာကျပြီး နှစ် ဘာသာပြန်ဖြေရမှာ တဲ့။ ဒါပေမဲ့ အခုနက ပြောခဲ့တဲ့ အ ဖြစ်အပျက်တွေ နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ဒါဟာဘာမှ မပြောပလောက်ပါဘူးနော်။

ဖေဖေနဲ့ မေမေ ကျန်းမာပါစေ…

ခွင့်လွှတ်မယ်လို့ ယုံကြည်လျက်

ချစ်တဲ့သမီး

♥ ♥ ♥


သူမသည် ထိုကဲ့သို့သော လူစားမျိုး ဖြစ်၏ ။

♥ ♥ ♥


နိဒါန်း (ဂ)

အရိပ်တစ်ရပ်

သူ့နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာသည်။

ဒါ ဘယ်သူ ဖြစ်နိုင်မလဲ ?????

ထောင့်ချိုးတစ်သို့ အကွေ့…

ဖျတ်ခနဲရပ်၍ ဆတ်ခနဲ နောက်သို့ လှည့်ကြည့်လိုက်ပါသည်။

ထိုအခါတွင် ..

“ဟင်”

တုန်လှုပ်ချောက်ချားမှု နှင့်အတူ သူ့မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်သွားရ လေသည်။

♥ ♥ ♥


“နင် နင် ဘယ်သူလဲ”

ရဲစိုးစိုးနှုတ်ခမ်းဖျားမှာ မထိတရိအပြုံးတစ်ခု တွဲ လဲခိုနေသော သူကမ အေးစက်စက်ဖြေ သည်။

“ငါ ကောင်းကင်ချိုလေ၊ နင်က ငါ့ကိုတောင် မမှတ်မိတော့ဘူးလား ခက်ဆစ်ရဲ့ ။ သေချာ ကြည့်ပါသီးဟ။ ငါ ကောင်းကင်ချိုပါ”

မျက်နှာပြင်ပေါ်မှ နီကျင်ကျင် ကပိုကယို ဆံနွယ်မျှင်တွေ ကို ဆတ်ခနဲ ပင့်သပ်ခါတင်လျက် သူမပြော၏ ။

“မဟုတ်ဘူး နင် ကောင်းကင်ချိုလုံးဝမ ဖြစ်နိုင်ဘူး။ နင် ငါ့ကို တမင်ညာနေတာ”

“မယုံရင် ဒီမှာ ကြည့် ခက်ဆစ်”

ပြည့်ဖြိုးသော လည်တိုင်သွယ်သွယ်ကို စောင်းငဲ့၍ တစ်စုံတစ်ရာကိုသူမ လှစ်ဖော်ပြသ သည်။

မြင်လိုက်ရသည်က…

နက်မှော င်စိမ်းလဲ့နေသော ကင်းမြီးကောက်တစ်ကောင် (သို့မဟုတ်) Scorpion ရုပ်ပုံ Tattoo….။

“ဟာ”

ထိုနေရာမှ သူ သွေးရူးသွေးတန်း ပြေးထွက်လာခဲ့မိလေသည်။

♥ ♥ ♥


ဒီအ ဖြစ်အပျက်တွေ ဟာ

အမှိုက်ကစ ပြာသာဒ်မီးလောင်ဆိုသလိုပါပဲ..

အရာရာကို အလေးအနက်ထားတတ်တဲ့ တစ်ယူသန်ဆန်သူ တစ်ယောက် နဲ့

အချို့ကိစ္စတွေ မှာ လိုတာထက်ပိုပြီး အစွန်းရောက် ဇီဇာချဲ့သူတွေ ကို သရော်တတ်သူတစ် ယောက်

မရည်ရွယ်ဘဲ ထိပ်တိုက်တွေ့ တဲ့ပွဲပါပဲ။

♥ ♥ ♥


အပိုင်း (က)

အခန်း (၁)

မြောက်ဥက္ကလာပ ခေမာသီလမ်းမပေါ်ရှိ ဆေးတက္ကသိုလ် အမှတ် (၂) အတွင်း၌ ဖြစ်သည်။

ကျားသစ်ပျိုမတစ်ကောင်၏ စူးရှရဲရင့်မှု မျိုးနှင့် ရင်သပ်ရှုမောဖွယ်ရာ ညှိုးအားပြင်းပြင်း အလှတရားကို အချိုးတကျပေါင်းစပ်ဖွဲ့စည်းထားသော မိန်းမပျို တစ်ယောက် ..မိမိကိုယ်မိမိ ယုံကြည်မှု ပြည့်ဝနေသည့် ကိုယ်နေဟန်ကြောင့် သူမပုံစံက အများ ကြားမျာ ထင်းခနဲ လင်းခနဲ ဖြစ် နေသည်။

သူမသည် ကျောင်းကဲန်တွင်းတွင် ထိုင်၍ သူမ၏ သူငယ်ချင်းများ အား သြ၀ါဒစကားတွေ မြွက်ကြားနေ၏ ။

“နင်တို့တွေ ရည်စားမထားကြနဲ့နော်၊ ရည်းစားထားတာ မကောင်းဘူး”

ထို့စကားကြောင့် အချို့မှာ မအီမလည် ဖြစ်သွားကြသည်။

“ဘာမကောင်းတာလဲဟ။ သူများ တွေ ပြောတော့ ကောင်းတယ်ဆို”

သူတို့ခမျာမှာ လည်း သူတို့စိတ်ကူးနှင့် သူတို့ ကြံစည်ရည်ရွယ်ချက်တွေ ရှိပုံရသည်။ တက္ကသိုလ်ရောက်ရင် ဘာ ဖြစ်လိုက်မယ် ညာ ဖြစ်လိုက်မယ် လူငယ်တွေ သဘာဝလိုက်မယ် ဆိုပြီး တော့ပေါ့လေ။

အခုတော့..

“ရည်းစားထားမယ်ဆိုရင် နစ်နာဆုံးရှုံးမှု တွေ ရှိတယ်ဟ”

ဘာတွေ လည်း ဟု ဘယ်သူမှ မမေးပါဘဲ သူမဘာသာ ဆက်ပြောသည်။

“နံပါတ်(၁) - မုန့်ဖိုးပိုက်ဆံ ကုန်မယ်။

နံပါတ် (၂) - အကြိုအပို့ ကိစ္စ ဖယ်ရီတွေ နဲ့ အလုပ်ရှုပ်မယ်။

နံပါတ် (၃) - အထင်လွဲမှု တွေ ကို ဖြေရှင်းရ၊ စိတ်ကောက်ရင် ချော့ရနဲ့ စိတ်ပင်ပန်းဆင်း ရဲမှု ကြောင့် မြန်မြန်အရွယ်ကျနိုင်တယ်။

နံပါတ် (၄) - ရည်းစားက ဘီယာဖိုးလိုလို့ ထုတ်ပေးရတာ မျိုး၊ နှစ် ယောက် သား သွားလာ လည်ပတ်စရိတ်အတွက် ကုန်ကျတာမျိုးတွေ ကြောင့် မုန့်ဖိုးဘတ် ဂျက်ထိခိုက်မယ်။

နံပါတ် (၅) - တောက်တဲ့လို တွယ်ကပ်နေမှု တွေ ကြောင့် အချိန်မရေး လွတ်လွတ်လပ် လပ့် သွားလာလိုမှာ မဟုတ်ဘူး။

နံပါတ် (၆) - ညဉ့်နက်သန်းခေါင် ဖုန်းပြောရ။ ချိန်းရင်သွားရနဲ့ အအိပ်မမှန်အစားမမှန် ဒဏ်တွေ ကြောင့် ကြာရင် ကျန်းမာရေး ကော ပညာရေး ပါထိခိုက်လာမယ်။

နံပါတ် (၇) - ပါးစပ်နံမှာ စိုးတဲ့အတွက် ကြက်သွန်ဖြူတို့ ဒညင်းသီးတို့ ဆူးပုပ်ရွက်တို့ စားသုံးချင်းမှ ရှောင်းရှားရတောမယ်

နံပါတ် (၈) - ရည်းစားရှိတာနဲ့ သူငယ်ချင်းတွေ ကို ပြောဆိုရင်ဖွင့်ချင်မယ်၊ အဲဒီ အခါ နားပူတာမခံလို့ သူငယ်ချင်းတွေ က ကိုယ့်ကိုမြင်တာနဲ့ ရှောင်ပြေးမယ်၊ ဒါကြောင့် ရည်းစားထား တာနဲ့ အပေါင်းအသင်းကောင်းတွေ ကိုလည်း ဆုံးရှုံးရလိမ့်မယ်။

နံပါတ် (၉) - ဟိုလိုမ၀တ်နဲ့ ဒီလိုဝတ်၊ ဟိုဝှါ မလုပ်နဲ့ ဒီဟာလုပ်ကြမယ်၊ ဟိုလူနဲ့ မတွဲ နဲ့ ငါနဲ့ပဲတွဲ ဆိုတဲ့ အသံတွေ ကို နေ့စဉ်နဲ့အမျှ ကြားရမယ်။

နံပါတ် (၁၀) - ဒါ သဘာဝပဲဆိုပြီး တို့ကနန်း ဆိတ်ကနန်း လုပ်တာတွေ လည်း ခံရမယ်”

“ဟယ် အဲလိုကြီး”

“နို့ သိမှမသိတာကိုး”

“နို့သိ ချိုတာပေါ့လို့”

‘အယ်”

ရည်းစားထားခြင်း၏ ဆိုးကျိုးတွေ ပြောဆိုနေသည်ကို တစ်ဖက်ဝိုင်းမှ လူငယ်တစ်စုက လည်း အတိုင်းသားကြားနေရပါသည်။ ဒါကြောင့် ပဲ့တင်သံတွေ ပြန်လွှတ်ကြ၏ ။

ထိုအုပ်စုထဲမှ လူငယ် တစ်ယောက် က နှုတ်ခမ်းထောင့်ကို ညွှတ်သည်ဆိုရုံလေး တွန့်ကွေး၍

“ရည်းစားထားခြင်းရဲ့ ကောင်းကျိုးတွေ ရှိတယ်ကွ”

“ဘာတွေ လဲဟ”

“ပြောစမ်းပါဦး”

အခြားသူတွေ ကလည်း ဖော်လိုလိုက်ပေးကြသည်။ ထိုအခါ လူငယ်က လေသံကို အနည်းငယ်မြှင့်၍ ….

“နံပါတ် (၁) - လူအများ ကြားမှာ ကြွားကြွားဝါ၀ါ နေနိုင်ခြင်း။

နံပါတ် (၂) - သူမရှိကိုယ်ပေး၊ ကိုယ်မရှိသူပေး နေနိုင်ခြင်း။

နံပါတ် (၃) - ပန်းခြံများ ၊ ကစားကွင်းများ အား ကြောင်ကြိုကြောင်ကြားပါမကျန် နှံ့နှံ့စပ် စပ် ရောက်ဖူးခြင်း။

နံပါန် (၄) - ကိုယ်ကို မောင်ချစ်မသဲအစရှိသဖြင့် ယုယစွာ စကားလုံးအကန့်အသတ် မရှိ ခေါ်ဝေါ်သုံးစွဲနိုင်ခြင်း။

နံပါတ် (၅) - အာရုံကြောများ ဖျတ်လတ်နိုးကြားခြင်းနှင့် လန်းဆန်းတက်ကြွနေခြင်း။

နံပါတ် (၆) - လက်သည်းခြေသည်ရှည်ခြင်းမှ ကင်းဝေးပြီး တစ်ကိုယ်ရေသန့်ရှင်းမှု ရှိခြင်း။

နံပါတ် (၇) - ရည်းစားမရှိသူအား နှိမ်၍ မင်းမှာ ကော ရည်းစားရှိလားဟု မေးလို့ရခြင်း။

နံပါတ် (၈) - ဖေဖော်ဝါရီ (၁၄) ရက်နေ့တွင် အထီးကျန်မဆန်ခြင်း။

နံ့ပါတ် (၉) - ပြဿနာတစ်စုံတစ်ခု ကြုံတွေ့ သည့်အခါ လက်ချင်းယှက်၍ တိုင်ပင်ဖော် တိုင်ပင်ဖက်ရခြင်း။

နံပါတ် (၁၀) - နောက်ဆုံးရုံတင်ရုပ်ရှင်ကားများ အဆက်မပြတ် ကြည့်ရှုရခြင်းတို့ပဲ ဖြစ်ပါ တယ်။

ပြီးသာသွားတယ် ဘာကားမှန်း မသိလိုက်တာ ကတော့ တစ်ပိုင်းပေါ့လေ”

“ရော် ..ဒီလိုကိုး”

“နို့ သိမှ မသိဘဲ”

“ချောချောထဲက ပေါပါလား”

“သိရင် ချို့ပစ်လိုက်မှာ ပေါ့”

ဟေးခနဲ အော်သံတွေ ဆူညံသွားလေသည်။ ဘာရယ်မဟုတ် သော်ငြားလည်း လူစုံလျှင် အော်ချင်ဟစ်ချင်တာကိုက လူငယ်ဘ၀၏ စရိုက်သင်္ကေတတစ်ခုသာ ဖြစ်။

ဆူညံသံတွေ မရပ်စဲသေးခင်မှာ ပင်…

ရည်းစားထားခြင်း၏ ကောင်းကျိုးတွေ ပြောဆိုသော လူငယ်သည် ခေါင်ကိုငဲ့စောင်း၍ တစ် ဖက်ဝိုင်းသို့ လှည့်ကြည့်လိုက်ပါသည်။ တစ်ခါတွင် မာနရောင် တွေ တဖိတ်ဖိတ်တောက်နေသော မျက်ဝန်းနက်တစ်စုံမှ အကြည့်ရိုင်းရိုးတို့နှင့် သူ ရင်ဆိုင်လိုက်ရလေသည်။

ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားမိ၏ ။

ထိုအကြည့်ရိုင်းတို့၏ ပိုင်ရှင်မှာ ..

ဆင်စွယ်နှစ် ကဲ့သို့ ဖြူဖွေးဝင်းမွတ်သော လည်တိုင်သွယ်သွယ်တွင် နက်မှော င်စိမ်းလဲ့သော စကော်ပီယံရုပ်ပုံ တက်တူးလေး ဆေးခြယ်ရေး ထိုးထားကြောင်း

မှတ်မှတ်ထင်ထင် သတိပြုမိလိုက်ပါ၏ ။

♥ ♥ ♥


အခန်း (၂)

ကျောင်းစာသင်ခန်းအတွင်း၌ ဖြစ်သည်။

စာသင်နှစ် တစ်နစ်၏ အဖွင့်စာမျက်နှဌာတို့၏ ထုံးစံအတိုင်း အရာရာသည် အေးဆေးသက် သာစွာ ရှိနေပါသည်။ ဌာနမှူးဆရာဦးမြင့်နိုင်က အတန်းသူအတန်းသားများ အား မိတ်ဆက်ဆုံးမ စကားတွေ ပြောကြာနေ၏ ။

စိတ်ဝင်စားသူတွေ ကော စိတ်မ၀င်စားသူတွေ ပါ စိတ်ဝင်စားသလိုပုံစံတွေ နှင့် ငြိမ်သက်စွာ ရှိနေခြင်းကြလေသည်။

“ဆေးကျောင်းဆိုတာ စာအရမ်းများ တယ်။ ဒါကြောင့် ပညာသင်ချိန်မှာ ပညာကိုပဲ အာရုံ စိုက်စေချင်တယ်။ တချို့တွေ က တက္ကသိုလ်ရောက်တာနဲ့ ရည်းစားလေး တစ်ယောက် ယောက် တော့ ထားပစ်လိုက်ဦးမယ်ဆိုတဲ့ စိတ်ကူးမျိုးရှိကြတယ်။ ဆရာပြောတာ ဟုတ်တယ်မဟုတ်လား”

အားလုံး ဘာမှပြန်မပြောဘဲ ပြုံးစိစိလုပ်နေကြသည်။ မျက်မှာ သွင်ပြင် ကြည်ကြည်လင်လင် နှင့် ဆရာ့အမူအရာကြည့်ရတာ ပျော်ရွှင်တတ်ပုံရ၏ ။

ဆရာက အတန်းသူအတန်းသားများ အား ဝေ့ကြည့်ပြီး…

“ကဲ.. အပျင်းပြေ ဉာဏ်စမ်းပွဲလေး ကျင်းပလိုက်ရအောင် ဆရာက ပညာသင်ချိန်မှာ အချစ်ကို ရှေ့တန်းမတင်စေချင်ဘူး။ မင်းတို့ကကော ဘယ်လိုယူဆသလဲ။ ကိုယ်ယူဆတဲ့ အချက် ကို အားလုါံ်လက်ခံအောင် သာဓကနဲ့ ဘယ်သူရှင်ပြနိုင်မလဲ”

လျှပ်တစ်ပြက် ငြိမ်သက်သွားသည်။

ခဏအကြာ..

ဖျတ်ခနဲ တစ်စုံ တစ်ယောက် မတ်တတ်ရပ်၏ ။ အားလုံး အာရုံက ထိုသူ့ထံ စုပုံသွားသည်။ Scorpion ရုပ်ပုံ Tattoo နှင့် ကင်းမြီးကောင်မလေး…

မိမိကိုယ် မိမိ ယုံကြည်မှု တွေ ပြည့်ဝနေသည့်ဟန်ပန်နှင့် သူမက စကားကို ရဲဝံ့စွာ ဆိုသည်။

“အချစ်ဆိုတာ တကယ်မရှိပါဘူး။ ရင်ခုန်နှုန်းတွေ ၊ တဒုန်းဒုန်းနဲ့ ဖြစ်နေတာ၊ ကတုန်ကယင် နဲ့ ဇောချွေးတွေ ပျံနေတာ၊ ပြောဖို့စကားတွေ ရင်ခေါင်းထဲကနေ မထွက်ဘဲ တစ်တစ်ဆို့ဆို့ ဖြစ် နေတာ.. အဲဒါ ရမ္မက်ပါ

သူ့ရဲ့ အ ဖြစ်တွေ ကိုခွင့်လွှတ်ပေးနိုင်တာ၊ သူ့အတွက် ကိုယ်ကြိုက်တဲ့အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး ဖြစ်တော အဲဒါလဲ လှယ်မှု ထိုက်တန်တယ်ထင်လို့ပါ၊ အနားမှာ နေပြီး လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးချင်တာ အချစ်မဟုတ်ပါဘူး။ အဲဒါ သနားစိတ်နဲ့ ငါဟာ သဘောထားကြီးသူပါဆိုတာကို ပြချင်တဲ့ ဗီဇကြောင့် ပါ။

အတွေးထဲမှာ အမြဲတမ်း မင်း တစ်ယောက် တည်းပဲ ရှိတယ်ဆိုရင် အဲဒါ လိမ်တာပါ။ အနား က တစ်ဖ၀ါးမှ မခွာစေချင်တာ။ မျက်စိအောက်က အပျောက်မခံနိုင်ဘူး ဖြစ်နေတာ အဲဒါ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု နည်းလွန်းလို့ ဖြစ်ပေါ်လာတဲ့ မှီခိုချင်စိတ်ပါ။

တကယ်တော့ အချစ်ဆိုတာ အတ္တရဲ့ အသုံးချခံပါ။ လူတွေ ဟာ ကိုယ့်အတ္တပြည့်စုံဖို့ အခြားလူ တစ်ယောက် ဆီကဆေန ကိုယ်လိုချင်တာတွေ အရယူဖို့အတွက် အချစ်ဆိုတဲ့ စကားလုံး ကို ခပ်တည်တည်န့ သုံးစွဲနေကြတာပါ။

ဒါကြောင့် ..သေချာခိုင်မာမှု မရှိတဲ့ အချစ်ဆိုတာကို ရှေ့တန်းမတင်ဘဲ ပညာရေး ကိုသာ အာရုံစိုက်သင့်ပါတယ်”

ဟေးခနဲ အော်ကြသည်။ အချို့က လက်ခုပ်တီးကြ၏ ။ ကင်းမြီးကောက်မလေး ကတော့ ပြောပြီးတာနှင့် ခပ်တည်ထည်ပဲ ပြန်ထိုင်လေသည်။

သူမထိုင်တာနှင့် ကျောင်းသား တစ်ယောက် မတ်တတ်ရပ်၏ ။ မျက်ပေါက်ကျဉ်း၍ မျက်လုံး အနည်းငယ် မှေးစင်းသည်မှအပ အသားဖြူဖြူ နှင့် လူချော တစ်ယောက် ဖြစ်သည်။

သူက လည်ချောင်းတစ်ချက်ရှင်းပြီး ကင်းမြီးကောက်မလေးထံအကြည့်ပို့လွှတ်ကာ…

“ကျွန်တော် က အချစ်ဆိုတာကို ယုံပါတယ်။ သူ့ရဲ့ အကြည့်တစ်ချက်မှာ တင် ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို တစ်ဘ၀လုံး ပုံအပ်ချင်စိတ်တွေ ဖြစ်ပေါ်မိပါတယ်။ သူမုန်းမှာ ကို ကျွန်တော် အသည်း ကြွေမတတ် စိုးရိမ်နေမိတယ်။ သူ့ရဲ့ အားသာချက်တင်မဟုတ်ဘဲ အားနည်း ချက်တွေ ကိုပါ သူရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ လက်ခံဖို့ အသင့်ပြင်ထားပါတယ်။ သူဟာ ကျွန်တော် ရဲ့ အမြတ်နိုးဆုံး တစ်ခုတည်းသော ကောင်းကင်ပါ။ သူ့ထက်ကိုယ့်ကို ဆွဲဆောင်နိုင်သူ ရှိရင်တောင်မှ သူ့ကိုပဲ သစ္စာရှိရှိ ဆက်ချစ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့်…ကိုယ် ချစ်တဲ့သူရှိတဲ့ ကျောင်းတော် ကြီးမှာ သူနဲ့အတူ ပညာတွေ သင်ရမှာ ကို ပျော်ပါတယ်”

ဇော်ရဲထက်ကွ.. ဟု ကျောင်းသား တစ်ယောက် က ထအော်သည်။ ဆရာကို ရှေ့ထားပြီး သွယ်ဝိုက်၍ ရည်းစားစကား ပြောပစ်လိုက်တာ…။

ဆရာကလည်း ရိပ်မိဟန်နှင့် ပြုံးပြီး..

“ချစ်တာလည်း ချစ်ပေါ့ကွာ ဆရာတို့လည်း ငယ်ရာက ကြီးလာတာဆိုတော့ အထိုက် အလျောက် ကတော့ အပြစ်မတင်ချင်ပါဘူး။ ဒါပေမဲ့ ပညာကိုလည်း ကြိုးစားသင်ဦး၊ တစ်ချစ် တည်းချစ်နေလို့ ဆရာဝန်မ ဖြစ်ဘဲ အသည်းကင်ဆာ ရောဂါ သည် ဖြစ်နေဦးမယ်”

အားလုံးပဲ ၀ါးခနဲရယ်ကြသည်။ ဇော်ရဲထက်ဆိုသော ကျောင်းသားမှာ ရှက်ရယ်ရယ်ပြီး ပြန်ထိုင်သွားလေသည်။

“ကဲ နောက် တစ်ယောက် ဘယ်သူဘာပြောဦးမလဲ”

ဂျိုဝီဂျိုဝီ ဆိုသော အသံတွေ ထွက်ပေါ်လာသည်။ အတန်း၏ နောက်ဘက်နားဆီမှ ကျောင်း သားတစ်စုက တစ်စုံ တစ်ယောက် ကို အတင်းပဲ မတ်တတ်ရပ်ခိုင်းနေ၏ ။

ဆရာက ထိုကျောင်းသားကို ကြည့်ပြီး..

“မင်းနာမည် က ဂျိုဝီတဲ့လား”

“မဟုတ်ပါဘူးဆရာ ကျွန်တော့် နာမည် က ခက်ဆစ်ပါ”

အသားလတ်လတ်နှင့် ရုပ်ရည်ကာ သာမန်မျှသာ ဖြစ်သော်လည်း ထူထဲထင်ရှားသော မျက် ခုံးတန်းအောက်မှ သူ့မျက်လုံးတွေ က ထူးခြားသည်။ စူးရှသည့်အကြည့်တွေ က ထက်မြက်မှု ကို ဖော်ပြနေသဲ့သို့ရှိ၏ ။

“ဒါဆို မင်းကို ဘာလို့ ဂျိုဝီလို့ခေါ်ကြတာလဲ”

“အဲဒါက ဒီလိုပါ ဆရာ။ အင်္ဂလန်နိုင်ငံမှာ ဆို လူရွှင်တော် နဲ့ ပျော်တော် ဆက် တွေ ကို ဂျိုဝီ (Joey) လို့ သုံးနှုန်းခေါ်ဝေါ်ကြပါတယ်။ အဲဒါကလည်း ဂျိုးဇက်ဂရီမာလဒီဆိုတဲ့ နာမည် ကျော် လူရွင်တော် ကြီးကို ဂုဏ်ပြုသော အားဖြင့် တင်စားပြီး ခေါ်ကြတာပါ။ သူဟာ အနုပညာမြောက်တဲ့ လူရွှင်တော် တစ်ဦး ဖြစ်ရုံသာမကဘဲ အဆို၊ အကနဲ့၊ သရုပ်ဆောင်မှု တို့မှာ ပါ ထူးချွန်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို တစ်ခေတ် တစ်ယောက် အနုပညာရှင်လို့တောင် သဘောထားကြပါတယ်”

“အဲ ဒါနဲ့ မင်းနဲ့က ဘယ်လိုပတ်သက်သွားရတာ လဲ”

အင်္ဂန်အထိတောင် ရောက်သွားသဖြင့် ဆရာက အတွေးရခက်သွားပုံပေါ်သည်။

“သူက မင်းနဲ့ အမျိုးတော် တာလား။ မင်းရဲ့ အဘိုးလား”

“မဟုတ်ပါဘူး ဆရာ၊ သူနဲ့ကျွန်တော် ဘာမှ မတော် ပါဘူး။ ကျွန်တော် တို့အဘိုးလည်း မဟုတ်ပါဘူး။ အင်္ဂလိပ်တပ်တွေ မြန်မာပြည်ထဲဝင်တုန်းကလည်း ကျွန်တော့်အဘွားလည်း ဘေးကင်းရာမှ ရှိနေတယ်လို့ သိရပါတယ်”

ခက်ဆစ်အဖြေကြောင့် ရယ်သံတွေ ထွက်ပေါ်လာကြသည်။ ဆရာလည် ပြုံးပြီး..

“ဒါဆို မင်းကို ဂျီုဝီလို့ ဘာလို့ခေါ်တာလဲကွ ရှင်းစမ်းပါဦး”

“အလယ်တန်းနဲ့ အထက်တန်း တောက်လျှောက် ကျောင်းမှာ မိဘ၊ ဆရာ၊ ကျောင်းသား စုံညီပွဲတော် ကျင်းပရင် ကျွန်တော် က သီချင်းဝင်ဆိုလိုက်၊ မောင်ရွှေရိုးနဲ့ ချစ်စံပယ်အကမှာ လူရွှင် တော် ၀င်လုပ်လိုက်၊ ပြဇာတ်မှာ သရုပ်ဆောင်လိုက်နဲ့ နှစ် စဉ်နှစ် တိုင်းပါပဲ။ ဒါ့အပြင် ကဗျာ၊ စာစီစာ ကုံး၊ ဘောလုံး၊ ပန်းချီနဲ့ စကားရည်လုပွဲ ကျပန်းစကားပြောပွဲတွေ မှာ ပါ ကျွန်တော် အမြဲပါပါတယ်။ ဒါကြောင့် ကျောင်းက ဆရာ၊ ဆရာမ တွေ က ကျွန်တော် ကို ပါလေရာငါးပိချက် ဂျိုဝီလို့ ခေါ်ကြပါ တယ်”

“သြော်”

“ကျွန်တော့်အကို အတင်းထခိုင်းတဲ့ နှစ် ယောက် က ကျွန်တော် နဲ့ တစ်ကျောင်းတည်း ထွက်နေဖူးတဲ့ သူငယ်ချင်းနဲ့ ကျူရှင်မှာ ခင်တဲ့သူငယ်ချင်းပါ။ သူတို့က ဂျိုဝီ ဒီတစ်ခါလည်း ပါလေရာ ငါးပိချက် လုပ်လိုက်ဦးဆိုပြီးကျွန်တော့် ဖင်ကို မြှောက်တွန်းလိုက်ကြလို့ အခုလိုရာ ကျွန်တော် မတ် တတ်ကြီး ဖြစ်လာရတာ ပါ”

ဝါးခနဲ ရယ်ကြပြန်၏ ။ ဆရာလည်း ရယ်လျက်နှင့် ..

“မတ်တတ်ထလက်စနဲ့ ပါလေရာ ငါးပိချက် လုပ် သွားပါဦး မောင်ဂျိုဝီ၊ အချစ်နဲ့ပညာရေး ကို မင်း ဘယ်လိုသဘောထားသလဲ မင်းရဲထင်မြင်ယူဆချက်ကိုပြောပြစမ်းပါဦး”

မျက်နှာပိုးသတ်၍ ခဏမျှ စဉ်းစားပြီးမှ. ခက်ဆစ်က

“အချစ်ဆိုတာ တကယ်ရှိတယ်လို့ ကမ္ဘာတစ်ဝန်းလုံးက လက်ခံထားကြပါတယ်။ အချစ်နဲ့ ပတ်သက်ြ့ပီးတော့လည်း သုတေသနတွေ အမျိုးမျိုး ပြုလုပ်နေကြပါတယ်။ လူသား တစ်ယောက် အတွက် အချစ်ဆိုတာ တကယ်လိုအပ်ပါတယ်။

အချစ်ကြောင့် နာကျင်ခြင်းဝေဒနာတွေ ခံစားရနိုင်တယ်။ ဒါပေမဲ့ အချစ်ကြောင့် နာကျင် ခြင်းဝေဒနာတွေ လျော့ပါးသက်သာစေတယ်လို့ အမေရိကန်သုတေသီတွေ က ဆိုပါတယ်။ အချစ် ဟာ စိတ်ခံစားချက် ဖြစ်ပေမယ့် ပညာရှင်တွေ က သိပ္ပံနည်းကျသက်သေပြနိုင်ဖို့ ကြိုးပမ်းခဲ့ကြပါ တယ်။

စတန်းဖို့ဒ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေ ဟာ ကျောင်းသား (၁၅) ဦးကို လေ့လာခဲ့ပါ တယ်။ ချစ်သူသက်တမ်း ပထမကိုးလ ပြင်းပြတဲ့ ချစ်ခြင်းကာလအတွင်းမှာ ရှိနေသူတွေ ကိုသာ ရွေးချယ်ခဲ့တာပါ။ သူတို့ ချစ်သူတွေ ရဲ့ ဓာတ်ပုံတွေ နဲ့ အသိအကျွမ်းဓာတ်ပုံတွေ ကိုလည်း ယူလာခိုင်း ပါတယ်။

ဘယ်လိုစမ်သပ်သလဲဆိုတော့…

စမ်းသပ်ခံကျောင်းသားတွေ ရဲ့ လက်ကို ကွန်ပျူတာနဲ့ ထိန်းချုပ်ထားတဲ့ အပူပြားကပ်ပေး ထားပါတယ်။ အသင့်အတင့် နာကျင်ခြင်း ဝေဒနာ ဖြစ်ပေါ်စေဖို့အတွက်ပါ။ ဦးနှောက် အစိတ်အ ပိုင်းများ ပြောင်းလဲမှု ကိုလည်း Functional MRI စက်နဲ့ ရိုက်ကူးပြီး အချိန်နဲ့တစ်ပြေးညီ စောင့်ကြပါ တယ်။

အသည်းပေါက်မတတ်ချစ်တဲ့ ခံစားချက်ဟာ မတူညီတဲ့ ဦးနှောက် အစိတ်အပိုင်း အများ အပြားမှာ ပြင်းထန်တဲ့ လူပ်ရှားမှု တွေ ဖြစ်ပေါ်မှု နဲ့ ဆက်နွယ်နေပါတယ်။ အဲဒီ ဦးနှောက်အစိတ် အပိုင်းတွေ မှာ “ဒိုပါမင်း” လို့ခေါ်တဲ့ ဦးနှောက်ဓာတုပစ္စည်းတစ်မျိုးထွက်လာတဲ့အခါ ကောင်းမွန်တဲ့ ခံစားချက် ဖြစ်ပေါ်စေပါတယ်။ သကြားလုံး စားရင် ဒိုပါမင်ထွက်သလို၊ ကိုင်းသုံးရင်း ဒိုပါမင်ထွက် သလို.. လူ တစ်ယောက် ကိုချစ်တဲ့အခါမှာ လည်း ဒိုပါမင် ထွက်ပါတယ်

နာကျင်ခြင်းဝေနဒနာခံစားရတဲ့အခါ Functional MRI က ရိုက်ကူးထားတဲ့ ပုံရိပ်မှာ ဦးနှောက် ဧရိယာအချို့ လင်းလက်လာကြောင်းတွေ့  ရတယ်။ ပျော်ရွှင်ခြင်းခံစားရင် လင်းတဲ့ ဧရိယာတွေ နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ အဲဒီ အချိန်မှာ ချစ်သူရဲ့ ဓာတ်ပုံကို မြင်ရပြီး အချစ် စိတ်တွေ ဖြစ်လာရင် ဦးနှောက်ရဲ့ ရှေါ်ကျတဲ့ အခြေခံလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်လာပြီး နာကျင်မှု သက်သာသွားကြောင်း တွေ့ ရပါတယ်။ အချစ်ရဲ့ စွမ်းအားဟာ ဘိန်းပါဝင်တဲ့ အကိုက်အခဲပျောက် ဆေးတွေ နဲ့ လုပ်ဆောင်ပုံချင်းဆင်တူပါတယ်

ဒေါက်ာတာဂျရက်ရွန်ဂါက..

“ကိုကင်း၊ ဘိန်းနဲ့ ဆေးစွဲတဲ့အခါ အဓိကပါဝင်ပတ်သက်နေတဲ့ ဦးနှောက်ဧရိယာ Nucleus Accumbens ကပဲ အချစ်စိတ်နဲ့ ပတ်သက်နေပြန်တယ်” လို့ ရှင်းပြပါတယ်

ဒါဘီတက္ကသိုလ်က ဦးနှောက် အာရုံကြောနဲ့ စိတ်ကျန်းမာရေး ပါမောက္ခ ပေါလ်ဂီဖတ်က…

“စိတ်ခံစားချက်နဲ့ နာကျင်ခြင်းဝေဒနာ ဆက်နွယ်နေတာသိသာပါတယ်။ ဘောလုံးသမား တွေ ကိုကြည့်ပါလား ကစားနေရင်း နာကျင်ပြင်းထန်တဲ့ ဒဏ်ရာရသွားပေမယ့်လည်း စိတ်ခံစား ချက် ပြင်းထန်ပြီး ဇောကပ်နေတော့ ဆက်ကစားနိုင်ကြတယ်လေ”လို့ ပြောပါတယ်။

တကယ်တည်း အထီးကျန်ပြီး စိတ်ဓာတ်ကျနေသူတွေ ဟာ နာကျင်ခြင်းကို ခံနိုင်ရည် နည်းပါးကြပါတယ်။ လုံခြုံနွေးထွေးမှု ခံစားရရင် ဂရုစိုက်မှု ခံရရင် နာကျင်ခြင်းကို ခံနိုင်ရည်မြင့်ကြ တယ်။ ဒါကြောင့် တစ်ဦးနဲ့ တစ်ဦး ချစ်ခင်ဂရုစိုက်ကြပါ၊ သဲသဲလှုပ်ချစ်တဲ့ ပထမကာလလွန် မြောက်ပါလို့ အကြံပြုတိုက်တွန်းပါတယ်”

အချစ်ဆိုတာ စိတ်ပျက်စရာ ခါးသီးနာကျင်စရာတွေ ချည်းသက်သက်ဆိုရင် ခေတ်အဆက် ဆက် ဘာကြောင့် ကျင့်သုံးတည်မြဲနေမှာ လဲ။ Love ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကလေးတစ်ခုကို ကျွန်တော် တင်ပြချင်ပါတတယ်”

ခက်ဆစ်သည် စာရွက်နှင့် ဘောလ်ပင်ထုတ်၍ တစ်စုံတစ်ခုရေး ခြစ်သည်။ ထို့နောက် ထိုစာရွက်ကို ဆရာ့အား သွားပြ၍ တီးတိုးစကားဆိုပါသည်။

မကြာမီ..

အထက်မျက်နှာဆီမှ ကျဆင်းလာသည့် အဖြူရောင် ပိတ်ကားပေါ်တွင် Visual Projector ဖြင့် သွယ်ဆက်ထားသည့် စာသားများ ထင်ထင်ရှားရှား ထွက်ပေါ်လာလေသည်။

LOVE

L- not only for “Lust”

O- not only for “Over”

V- not only for “Vile things”

E- not only for “Emtion”

ခပ်ဆစ်က ထိုစာတမ်းအားပြသပြီး…

“အချစ်ဆိုတာ ရမ္မက်ဆန္ဒတစ်ခုတည်းအတွက်လည်း မဟုတ်ပါဘူး။ အချစ်ဆိုတာ ဟန် ဆောင်မှု ကင်းပြီး ပကတိရိုးရှင်းရမယ်။ အပေါ်ယံ သတ်မှတ်ချက်တွေ နဲ့ ဖွဲ့စည်းထားတဲ့အရာ မဟုတ်ပါဘူး။ အချစ်ဆိုတာ မသတီစရာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့အရာတစ်ခုလည်း မဟုတ်ပါ ဘူး။ အချစ်ဆိုတာ စိတ်ခံစားမှု တစ်ခုတည်းအတွက် ဖြစ်ပေါ်လာတဲ့အရာလည်း မဟုတ်ပါဘူး။ အချစ်မှာ ထူးခြားတဲ့တန်းခိုးစွမ်းအင်တွေ ကိန်းအောင်းပါဝင်နေပါတယ်။ ဒါကြောင့် လူ တစ်ယောက် မှာ အချစ်စိတ် ဖြစ်ပေါ်လာတယ်ဆိုတာ လူသားပီသခြင်းရဲ့ သင်္ကေတတစ်ခုသာ ဖြစ်ပါတယ်”

လက်ခုပ်သံတွေ တဖြောင်းဖြောင်း ထွက်ပေါ်လာကြသည်။ ခက်ဆစ်က သူ့စကား မပြီးသေး လက်ကာပြပြီး…

“လူသား တစ်ယောက် အတွက် အချစ်ဆိုတာ လိုအပ်ချက်တစ်ခု ဖြစ်ပေမယ့်အရေး ကြီးဆုံး အရာတစ်ခုလည်း မဟုတ်ပြန်ပါဘူး။ အရေး ကြီးဆုံးအရာတစ်ခုလည်း မဟုတ်ပြန်ပါဘူး။ အရေး ကြီးဆုံးဆိုတဲ့ သတ်မှတ်ချက်ဟာ အခြေအနေနဲ့ချိန်အခါ တိုက်ရိုက်ပတ်သက်မှု ရှိပါတယ်။ လတ်တလောအိမ်သာတက်ချင်နေသူ တစ်ယောက် အတွက် အိမ်သာဟာ အရေး ကြီးသလိုပေါ့။ အခု ကျွန်တော် တို့ ပညာသင်နေချိန်မှာ လည်း ပညာသာအရးကြီးဆုံးပါ ဖြစ်ပါတယ်”

ဒီတစ်ခါ လက်ခုပ်တီးတာက ဆရာကိုယ်တိုင် ဖြစ်သည်။

“ဖူးစာဟာ ဦးရာဆိုတဲ့စကားကြောင့် ကိုယ့်ချစ်တဲ့သူ သူများ နောက်ပါသွားမှာ ကို စိုးရိမ်နေ တဲ လူတွေ ရှိကြမှာ ပါ။ ဒါဟာ ခဏတာ သာယာမှု သာ ဖြစ်နိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲမယ်လို့ အာမမခံနိုင်ပါဘူး။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဟာ အချိန်ကာလကို စိန်ခေါ်ရဲရပါမယ်။

အချစ်စိတ်ဟာ နာကျင်မှု ဝေဒနာတွေ ကို လျော့ပါးသက်သာစေတယ်လို့ အတည်ပြုနိုင်ပြီး ဖြစ်ပေမယ့် အချစ်စိတ်ကြောင့် နာကျင်မှု ဝေဒနာတွေ ခံစားရတာ လည်း ရှိပါတယ်။ အချစ်စိတ်ဟာ လူကို မိန်းမောစေတယ် ယစ်မူးစေတယ် စွဲငြိစေတယ်။ ဒါကြောင့် ပညာသင်ချိန်မှာ အချစ်ကို မကိုး ကွယ်သင့်ပါဘူး။

အချစ်စိတ် ဖြစ်ပေါ်လာရင်လည်း ကိုယ့်ရဲ့ အချစ်ဟာ စစ်မှန်ရဲ့ လားဆိုတာ ပညာယူရင်း အချိန်ကာလနဲ့ မှတ်ကျောက်တင်ကြည့်သင့်ပါတယ်။ ဒါမှ နှစ် ဦးနှစ် ဖက် နာနစ်ဆုံးရှုံးမှု တွေ နည်းပါး မှာ ပါ”

ခက်ဆစ်သည် စာရွက်နှင့် ဘော်လ်ပင်ယူ၍ တစ်စုံတစ်ခုရေး ခြစ်ပြန်သည်။ ပြီးနောက် ဆရာ့အား ပေး၏ ။

အဖြူရာင်ပိတ်ကားပေါ်မှ အက္ခရာစာသားများ တဖျတ်ဖျတ် ပြောင်းလဲသွားပြန်ပါသည်။

A-1, B-2, C-3, D-4, E-5, F-6,

G-7, H-8, I-9, J-10, K-11, L-12,

M-13, N-14, O-15, P-16,Q- 17, R-18

S-19, T-20, U-21, V-22.W-23, X-24,

Y-25, Z-26

Love=?

Friendship=?

Love=12+15+22+5=54

Friendship= 6+18+9+5+14+4+19+8+9+16=108

54+54=108

Love = Friendship

ခက်ဆစ်သည် ပိတ်ကားပြင်အား ညွှန်ပြ၍ ..

“Friendship ဆိုတဲ့ မိတ်ဆွေသူငယ်ချင်းဟာ Love ဆိုတဲ့အချစ်ရဲ့ နှစ် ဆတိတိရှိပါတယ်။ ဒါကြောင့် ကျွန်တော် တို့ ကျောင်းသူ၊ကျောင်းသားတွေ ဟာ ပညာသင်ချိန်မှာ Love ဆိုတဲ့ အချစ် စိတ်ကို ချိုးနှိမ်ပြီး Friendship ဆိုတဲ့မိတ်ဆွေသူငယ်ချင်းအ ဖြစ်နဲ့ အချင်းချင်းရိုင်းပင်းကူညီရင်း စာသင်နှစ် တွေ ကို ပျော်ရွှင်စွာ ဖြတ်သန်းကြရအောင်လို့ အဆိုပြုတိုက်တွန်းချင်ပါတယ်”

လက်ခုပ်သံတွေ တဖြောင်းဖြောင်း ကျယ်လောင်စွာ အော်မြည် ထစ်ချုန်းလာလေသည်။ ခပ်တင်းတင်းဖိဆုပ်ထားသည့် လက်ဖ၀ါးတစ်စုံ၏ ထိခိုက်ပွတ်တိုက်မှု တော့ မပါဝင်ပေ။

မာနဆိုတာ ကိုယ်စီကိုယ်ငှ အရောင် လက်ကြသည်ပဲလေ….

♥ ♥ ♥


“ဒီအခန်းထဲမှာ ရှိတဲ့ Roll-1 ဆိုတာ မင်းလား”

ဆရာမေးတော့ ခက်ဆစ် ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆို Roll-2 က ဘယ်သူလဲ”

လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိ။

“ကျောင်းမလာတာလား။ ရှိတယ်ဆို ဆရာ့ကို မတ်တတ်ရပ်ပြပါ”

Scorpion ရုပ်ပုံ tattoo …။

မျက်ဝန်းတွေ က စူးခနဲ..။

“သမီးနာမည် က ဘယ်သူလဲ”

“ကောင်းကင်ချို..”

♥ ♥ ♥


“တစ်” မ ဖြစ်ရရင်

“သုည ”ပဲ ဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကူး

ရူးတယ်လို့ပဲ ရှုတ်ချလိုက်ချင်တယ်။

ဂဏန်းအားလုံးဟာ

သူ့တန်ဖိုးနဲ့သူ နေရာရှိကြပြီးသားပါ။

♥ ♥ ♥


အခန်း (၃)

“ဒီနေ့ အတန်းထဲမှာ နင်ထွက်ပြတဲ့ ပစ္ဆာလေးက မိုက်တယ်နော်”

ညနေကျောင်းဆင်းချိန် စာသင်ခန်းထဲကအထွက်မှာ သူ့အနားယုဝါရောက်လာပြီး ပြော သည်။ ယုဝါနှင့် သူသည် ငယ်ငယ်ကတည်းက သူငယ်ချင်း ဖြစ်သည်။

ထို့ပြင်..

“အိမ်ကကား လာကြိုမှာ လား နင် ငါနဲ့ပဲ ပြန်လိုက်ခဲ့နော်”

“နေပါဟာ ငါ့ဟာငါ လိုင်းကားနဲ့ ပြန်ပါ့မယ်”

“လာပါ ..နင်ကလည်းဟာ ငါ တစ်ယောက် တည်းပြန်ရမှာ ပျင်းလို့ပါ။ မနက်ကလည်း နင့်ကို ၀င်ခေါ်သေးတယ်။ ထွက်သွားပြီဆိုလို့..”

သွေးကြောစိမ်းစိမ်းလေးတွေ ကိုပင် ဖောက်ထွင်းမြင်နေရသည့် လက်ချောင်းသွယ်သွယ် လေးတွေ နှင့် ယုဝါက သူ့လက်ကို အတင်းပဲဆွဲခေါ်သည်။ ယုဝါအထာဆိုတာ အဲဒါပဲ ဖြစ်သည်။ သူ့အပေါ် အရမ်းကောင်းလွန်းသည့် သူ့ရဲ့ သူငယ်ချင်းမလေး

အသားဖြူဖြူ ကိုယ်နေဟန်မတ်မတ်နှင့် ပါးပါးလှပ်လှပ် ပိုးဟပ်ဖြူမလေးပေါ…

သူမကိုယ်မှာ ထူးတာဆို၍ လမ်းလျှောက်လျှင် အိပဲ့အိပဲ့နှင့် တုန်ခါနေတတ်သော နက်မှော င်ပျော့ဆင်းသည့် ဆံနွယ်ခပ်ရှည်ရှည်တွေ သာရှိပါသည်။

ကျောင်းရှေ့ မလှမ်းမကမ်း ကုက္ကိုပင်အောက်မှာ ရပ်ထားသည့် ဆလွန်ကားအဖြူရောင် လေးဆီ ရောက်သော အခါ လာကြိုသော ကိုမျိုးကြီးအား တွေ့ လိုက်ရ၏ ။

“ဘယ်လိုလဲ သူငယ်ချင်းနှစ် ယောက် ကျောင်းတက်ခဲ့ရတာ အဆင်ပြေရဲ့ လား”

ယုဝါက ပြုံး၍ ခေါင်းညိတ်ပြသည်။ ခက်ဆစ်က..

“ပြေပါတယ်ဗျာ ဒါနဲ့ ဆိုင်ကို ဒီအတိုင်းပဲ ထားခဲ့တာလား”

“အေးပေါ့ကွာ၊ တခြားကောင်လေးတွေ နဲ့ ခဏလွှဲထားခဲ့ရတာ ပေါ့။ အလုပ်တွေ က အရမ်း ကျေနေတာ။ ဆရာသမားတွေ က ကျောင်းသွားကြိုချေဦးဆိုလို့ ထွက်လာခဲ့ရတာ ”

ကိုမျိုးကြီးသည် အသားညိုညို ဂင်တိုတိုနှင့် လူပျိုကြီး ဖြစ်သည်။ ဆရာသမားဆိုတာက ယုဝါ၏ ဖခင် ဦးကြူခင်ကိုပြောတာ ဖြစ်သည်။ ယုဝါကို သူ့မိဘတွေ က စိတ်မချသဖြင့် တစ်ယောက် တည်း ကားပေးမမောင်းချေ။

ကိုမျိုးကြီးသည် ယုဝါတို့အိမ်က ကားဝပ်ရှော့မှာ အလုပ်လုပ်သည့် စက်ဆရာ။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ဖြေဆိုပြီး ကျောင်းပိတ်ရက်မှာ ခက်စစ်သည် ယုဝါတို့အိမ် က ၀ပ်ရှော့မှာ ပညာသင်ရင်း အလုပ်ဝင်လုပ်သည်။ အဲဒီ မှာ .. ဆရာတစ်ဆူ ဖြစ်သော ကိုမျိုးကြီးနှင့် ခင်တာ ဖြစ်၏ ။

ကားမောင်းထွက်သော အခါ နောက်ခန်းမှာ ခက်ဆစ်နှင့် အတူ ထိုင်သော ယုဝါက..

“ဟဲ့ ..ဒီနေ့ Roll-2 နင့်ကို ရှိုးတဲ့အကြည့်က ဘုရှိုးကြီးနော်”

ခက်ဆစ်ဘာမှပြန်မပြော။ ရုတ်တရက်သူ့မျက်နှာ ညှိုးကျသွားသည်။ ယုဝါလည်း ရိပ်မိသွား ပြီး စကားလွှဲ၏ ။

“အန်တီချိုကော ကျန်းမာရေး ကောင်းရဲ့ လား နင် ဂရုစိုက်ဦးနော်”

“ဂရုစိုက်ပါတယ်ဟာ ။ငါတို့မှာ ဒီအမေနဲ့ ဒီသားပဲရှိတာကို”

နားလည်မှု အပြည့်ပါသော အကြည့်တွေ နှင့် ခက်စစ်ကို ယုဝါစူးစိုက်၍ ကြည့်သည်။ စကား တော့ မဆို ဖြစ်။ ခက်ဆစ်၏ မိခင် ဒေါ်ချိုချိုခိုင်ဟုခေါ်တာ အခုထိတိုင်ပါပဲ။

နှစ် ဦးသား ကားပြတင်းမှ ပြင်ပကိုငေးရင်း..

“ဟင်း.. ဒီခေတ်မိန်းကလေးတွေ များ နော်”

လေသလပ်ခံဝတ်စုံလေးတွေ နှင့် ကောင်မလေးတစ်စုကိုမြင်တော့ခက်ဆစ်က ကဗျာတစ် ပုဒ်ရွတ်သည်။

(ရေး သားသူအမည် ကို မသိရပေမယ့် နှစ် ခြိုက်မိသော ကဗျာလေး ဖြစ်၏ )

“မလုံတလုံ လုံမလေး

ချက်လေးဖော်ကာ ၀တ်လိုက်သေး

ဝတ်လိုက်ရင်လည်း ပေါင်ကပေါ်

ခြေသလုံးသားက ၀င်းလို့နော်

အင်္ကျီဝတ်တာ ရင်ကဟိုက်

မြင်လိုက်ရတာ အကွင်းလိုက်

ခေတ်နဲ့လိုက်အောင် ၀တ်စားထား

အနောက်တိုင်းက ပစ္စည်းများ

စဉ်ဆက်ဘိုးဘွား မွေနှစ် များ

မင်းတို့လေးတွေ ဖျက်တော့မလား

မိဘနှစ် ပါး မျက်ကွယ်ထား

မဟားဒယား လုပ်တော့မလား

လုံမလေးရယ် စိုးရိမ်တယ်

မလုပ်ပါနဲ့ကွယ်

တူနယ့်တယ်နယ့်တယ်…”

ကဗျာရွတ်သံဆုံးတော့ မျက်ဝန်းရောင် တောက်တောက်လေးတွေ နှင့် ယုဝါပြုံးပြသည်။ ယုဝါ ပြုံးသည်။ ယုဝါပြုံးလျှင် အလွန်လှသည်။ မြင်ရသူရင်ကို အေးချမ်းကြည်လင်သွားစေသည့် ဖော်ရွှေ သော အလှမျိုး…

ထိုအပြုံးမျိုးကို သူ့ဘ၀တစ်လျှောက် သက်ရှိလူသားသုံးယောက် ထံမှာ သာ တွေ့ မြင်ဖူးပါ ၏ ။ တစ်ယောက် က အမေ.. တစ်ယောက် က ယုဝါ..။

နောက် တစ်ယောက် က..

“ဟူး..”

သက်ပြင်းတွေ ကိုအထွေးလိုက် မှု တ်ထုတ်လိုက်မိပါသည်။

မကြာမီ…..

ကားသည် လမ်းကြားလေးတစ်ခုထဲ ကွေ့ဝင်သွားပြီး တစ်နေရာအရောက်မှာ ရပ်၏ ။

မုန့်ဟင်းခါးဆိုင်လေး..

ခစ်ဆစ် ကားပေါ်မှ ဆင်းလိုက်သည်။

“ငါ့သား ဆေးကျောင်းသားကြီးပြန်လာပြီဟေ့..”

အမေ့ဟစ်ကြွေးသံ..။

စားသုံးသူတွေ ကို အပြုံးချိုချိုနှင့် ပြင်ဆင်ပေးနေသည့် အမေ့မျက်နှာမှာ ပီတိတွေ လွှမ်းလို့…။

အမေတာဝန်ကျေပါတယ် အမေရယ်…

သား တာဝန်ကျေဖို့ပဲ ကျန်ပါတော့တယ်…

♥ ♥ ♥


ထိုညက..

အဖြူရောင် ပိုးပ၀ါတစ်စကို ဆုပ်ကိုင်၍

သူ အိပ်မပျော်နိုင် ဖြစ်ရလေသည်….။

♥ ♥ ♥


ကြယ်စင်နတ်သမီးလေးရေ

နင့်ရဲ့ မျက်ဝန်းရောင် တောက်တောက်လေးနဲ့

ကြည်လင်ဖော်ရွှေတဲ့ အပြုံးချိုချိုတွေ

ဘယ်ဆီရောက်နေပြီလဲ…..?...

♥ ♥ ♥


အခန်း (၄)

ကျောင်းတွေ ဖွင့်လှစ်ပြီး တစ်ပတ်အကြာ ကျောင်းမှာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ ပါသည်။

ထိုပွဲတွင် ထုံးစံအတိုင်း King နှင့် Queen ရွေးချယ်ြ ကတော့အများ ဆန္ဒအရ အလှဘုရင်မ မှာ “ကောင်းကင်ချို” ဖြစ်ပြီး အလှဘုရင် ကတော့ “ဇော်ရဲထက်” ဆိုသော ကျောင်းသား ဖြစ်သည်။ Miss Simle (အပြုံးအလှပိုင်ရှင်) ရွေးချယ်လျှင် ယုဝါသာ အသေအချာရလိမ့်မယ်ဟု ခက်ဆစ် တွက်ဆထားခဲ့သော်လည်း ဆေး-၂ မှာ Miss Smile ပေးသော အလေ့အထမရှိကြောင်း အဲဒီ နေ့ မှ သိရှိလိုက်ရ၏ ။

ဇော်ရဲထက်၏ ကိုယ်စိတ်နှစ် လုံး အလုံးစုံမှာ လည်း ကောင်းကင်ချိုအပေါ် သက်ရောက်မှု တွေ အလွန်အားကောင်းနေလေသည်။ သူ၏ ကား MARKII ခဲရောင် ကိုပင် ကောင်းကင်ချို၏ ကား နှင့် တူအောင် CYGUNUS အဖြူရောင် အ ဖြစ် ပြောင်းလဲပစ်လိုက်ပါ၏ ။

ကျောင်းဝင်းထဲမှာ ကောင်းကင်ချိုကို ကြွေသူတွေ ဒုနဲ့ဒေး။

သူမ သိပ်လှပါသည်။ ပျိုမြစ်နုနယ်မှု နှင့် အချိုးပေါင်းစပ်ထားသော သူမအလှက အပြစ်ဆို စရာမရှိလောက်အောင်ကို ရက်ရက်စက်စက် ဖူးဖူးကြွကြွ သူမ လှလွန်းပါသည်။

သို့သော် . ..ခက်ဆစ်အတွက်တော့ သူမအလှကို မြင်ရသည်မှာ တစ်စုံတစ်ခု လစ်ဟာနေ သလိုလို ..။ ထိုခံစားမှု တို့သည် သူမနှင့်ဆုံမိတိုင်း သူ့ရင်မှာ ပြင်းထန်းစွာ လှိုင်းခတ် ဖြစ်ပေါ်နေတတ် ၏ ။

ယုဝါ၏ ဖခင် အစီအစဉ်ကြောင့် ခက်ဆစ်နှင့် ယုဝါမှာ ကျောင်းအတူသွား၊ အတူပြန်သည်။ အကြိုအပို့ကိစ္စတွေ နှင့် မအားလပ်သော ကြောင့် ကျောင်းကို ကားယူသွားခိုင်းပြီး ၀ပ်ရှော့မှာ အလုပ် ၀င်လုပ်ရင်း ကားကောင်းကောင်း မောင်းတတ်နေပြီ ဖြစ်သော ခက်ဆစ်က ကားမောင်းပေး ရ၏ ။ ယုဝါတို့မိသားစုက သူ့အပေါ် နွေးထွေးသော်လည်း ခက်ဆစ်စိတ်ထဲမှာ တော့ သူ့ကိုယ်သူ သူငယ်ချင်းမလေးရဲ့ အလုပ်သမား ဒရိုင်ဘာအ ဖြစ်သာ ခံယူသတ်မှတ်ထားလေသည်။

အခွင့်အရေး ဆိုတာ .. အရေး ပေးတာကို အခွင့်ယူတတ်တာမျိုးကို ဆိုလိုတာလား။

အက္ခရာတွေ အလိုက် အခန်းခွဲတော့ ခက်ဆစ်နှင့် ယုဝါအခန်းကွဲမည် ဟု ထင်ကြသေး သည်။ သို့သော အမည် ရင်း နှင်းယုါ ဖြစ်သော “န” အုပ်စုထဲမှ ယုဝါသည်ပွတ်ကာသီကာ Section –A မှာ ကျန်ခဲ့၏ ။ ဒါကိုပဲ ယုဝါခမျာ ပျော်နေသည်။ သူမ စာမရှင်းတာရှိလျှင် ခက်ဆစ်ကို အလွယ် တကူ မေးနိုင်သော ကြောင့် ဖြစ်သည်။

ဒါဟာ ငယ်စဉ်ကလေးဘ၀ဲက သူတို့နှစ် ဦးကြားက အလေ့အထတစ်ခုသာ…။

♥ ♥ ♥


ကောင်းကင်ချို…

ကျောင်းရောက်၍ ကားတံခါးဖွင့်လိုက်သည်နှင့် သူမအနားသို့ ချဉ်းကပ်လာသော ကျောင်း သား တစ်ယောက် …။ ရုပ်ရည်က ခံစားလွယ်သည့် ကဗျာဆရာ မျက်နှာထား…၊

လက်ထဲမှာ လှပသော နှင်းဆီတစ်ပွင့်နှင့် ….

“ချို .. ချို့ကို ဒီပန်းလေး ပေးချင်လို့ပါ”

“ဆောရီပဲ . ကျွန်မ ပန်းမကြိုက်ဘူး”

“ဒါဆိုလည်း အမှတ်တရအနေနဲ့ ယူ သွားပါနော်။ ချို့အတွက် ရည်စူးပြီး ခြံထဲက နှင်းဆီခင်း ထဲက အလှုဆုံးပန်းကလေးကို ရွေးခူးလာခဲ့တာပါ”

“ကျွန်မ ပန်းမကြိုက်တတ်ဘူးလို့ ပြောပြီးပြီလေ”

“ယူပါ ချိုရယ် ..ချိုမှ မရယူရင် ဒီပန်းလေးဟာပိုင်ရှင်မဲ့နေမှာ ပါ”

ကားပေါ်မှ ဆင်း၍ ကားတံတခါးကိုဂျိန်းခနဲမြည် အောင် သူမ ဆောင့်ပိတ်သည်။ ပြီးနောက် ဆတ်ခနဲ နှင်းဆီကို ဆွဲယူသည်။

ကျောင်းသားမျက်နှာ ပြုံးသွားသည်။ အတိုင်းမသိ ကြည်နူးပျော်ရွှင်ကျေနပ်နေသော အပြုံး..

သို့သော် ..ခဏသာ…

လှပသော နှင်းဆီငုံဝါ၀ါလေးမှာ လှပသော ဒေါက်ဖိနပ်ချွန်ချွန်လေးအောက်တွင် အညှာ အတာမဲ့စွာ တတ်စစီ..

“ဟာ မင်း … မင် ဘယ်လိုလုပ်လိုက်တာလဲ”

“မြင်တဲ့အတိုင်းပဲလေ။ ကျွန်မ မယူချင်တာကို ရှင်က အတင်းပေးတာကိုး။ နောက်တစ်ခါ ဒါမျိုးထပ်ပေးဖို့ ကြိုးစားရင်လည်း ဒီလိုအဆင့်မျိုးပဲ ကြံမယ်ဆိုတာ မှတ်ထားလိုက်”

ကြွရွစွာ ဖြင့် သူမ လှမ်ထွက်သွားလေသည်။ အရာရာကို ဂရုမစိုက်သည့် ထီမထင်ဟန်တွေ က သူမကိုယ်မှာ တစ်သားတည်းကပ်ပါနေ၏ ။

ကားပါကင်မှာ မလှမ်းမကမ်းရောက်ရုံရှိသေး…

“ကောင်းကင် ညီမလေး”

ကရုဏာဆန်သော အသံက ကြွေလောက်သည်။ သားနားသပ်ရပ်သော ရုပ်ရည်ပြင်ဆင်မှု နှင့် ကျောင်းသားကြီး တစ်ယောက် …

“ကိုယ့်နာမည် က မြတ်စိုးပါ။ ဖိုင်နယ် ပတ်ဘူးက”

“အဲဒါ ကျွန်မနဲ့ ဘာဆိုင်လို့ လာပြောနေရတာ လဲ”

“ကိုယ့်ဘက်က ဆိုင်ချင်လို့ အခုလို ရောက်လာတာပေါ့ ညီမလေးရယ်။ ဆေးပညာအ ကြောင်း သိလာလေလေ… မိန်းမတွေ ဟာ ရွံစရာကြီးပါလားလို့ တွေးမိလေလေမို့ ဘယ်မိန်းကိုမှ စိတ်မ၀င်စားဘဲနေလာတာ။ ဒါပေမဲ့ ညီမလေးနဲ့ တွေ တော့ မရတော့ဘူး။ ကိုယ်တောင့်မခံနိုင် တော့ဘူး။ အဲဒါကြောင့် ဖြစ်ချင်ရာ ဖြစ်ဆိုပြီး ချစ်ခွင့်ပန်ဖို့အတွက် ကိုယ်ရောက်လာတာပါ။ ညီမလေးကို ကိုယ်ချစ်တယ်။ ကိုယ့်အချစ်ကို လက်ခံစဉ်းစားပေးပါနော်”

“ဒီမှာ .. တစ်ခါတည်း အဖြေပေးလိုက်မယ်”

“၀မ်းသာလိုက်တာ ညီမလေးရယ်”

“မိန်းမတွေ ကို ရှင် ရွံတယ်မဟုတ်လား”

“အင်း.. အဲ .. အဲ့ဒါက အရင်ကပါ။ တခြား မိန်းမတွေ ကို ပါ.. ။ ညီမလေး မပါဘူး။ ညီမ လေး ကိုယ်က မရွံမရှာချစ်တာ”

“ရှင့်ဘာသာ ရှင် ဘယ်လိုပဲချစ်ချစ် ရှင် သိအောင် ကျွန်မ ပြောပြမယ်။ ရှင်တို့ယောက်ျား တွေ ဆီမန်းမန်းသလို တတွတ်တွတ်ရွတ်နေတဲ့ အချစ်ဆိုတာ ကို ကျွန်မ အယုံအကြည်မရှိဘူး။ ပြီးတော့ မိန်းမတွေ ကို ရှင် ရွံသလို ကျွန်မကလည်း ယောက်ျားတွေ ဆို ရွံတယ်။ ရွံတာမှ အော်ဂ လီဆန်လောက်အောင်ကို ပက်ပက်စက်စက်ရွံ့တာ ရှင်းပြီလား။ ဒါကြောင့် ဒီနေ့ကစပြီး .. ကျွန်မနဲ့ ပတ်သက်ဖို့ ရှင် .. မကြိုးစားပါနဲ့တော့။ ဒါဟာ စီနီယာ တစ်ယောက် မို့လို့ အယဉ်ကျေးဆုံး ဆက်ဆံ ခြင်းလို့လည်း မှတ်သွားလိုက်ပါ”

မျှော်လင့်စရာ မြူမှု န်တစ်ပွင့်တောင် လွင့်ပါမလာသော ယတိပြတ်အဖြေစကား.. ဒါဟာ အယဉ်ကျေးဆုံးဆို မယဉ်မကျေးသာဆက်ဆံလျှင်..

မြတ်စိုး တုံဏှီဘာဝေ ဖြစ်သွားရလေသည်။

အဲသည်အခိုက်မှာ ပဲ

“ဘာတွေ ဖြစ်နေကြတာလဲ ဘာကူညီရမလဲ”

ခေါင်းလိမ်းဆီရွဲနစ်နေသော ဆံပင်တွေ ကို လက်ချောင်းတွေ နှင့် သပ်တင်ကာတင်ကာဖြင့် မော့မော့ကျော့ကျော့ ရောက်လာတာက စူပါကင်း ဇော်ရဲထက်။ မင်းသမီးကို လူဆိုးနှောင့်ယှက် နေတုန်း ကယ်တင်ရှင် သူရဲကောင်းမင်းသား ဘွားခနဲ ရောက်ရှိလာသလိုမျိုး…

ဆိုဒ် ကတော့ အပြည့်။ (ဘာဆိုဒ်မှန်းတော့ မသိ)

ကောင်းကင်ချိုက ဇော်ရဲထက်ကိုကြည့်ပြီး..

“နင်ကကော ဘာလာရှုပ်တာလဲ”

ဇော်ရဲထက်က ဆံပင်တွေ ပုံကျစေရန် လက်ချောင်းတွေ နှင့် တခမ်းတနား သပ်တင်လိုက် ပြန်၏ ။ ကင်းဆိုတော့လည်း သိတယ်မလား။

ပြီးမှ မြတ်စိုးကို စောင်းခေခေနှင့် ကြည့်ကာ..

“Sky ကို ဒီလူနှောင့်ယှက်နေတာ မြင်လို့ အဲဒါကြောင့် အတန်းဖော်အချင်းချင်း အကူ အညီပေးမလို့ လာတာပါ”

ကောင်းကင်ချိုက နှုတ်ခမ်းကိုမဲ့ပြီ…

“မလိုဘူး ဘယ်သူ့အကူအညီမှ ငါ မယူတတ်ဘူး။ အထူးသဖြင့် ယောက်ျားတွေ ရဲ့ အကူ အညီကို ယူဖို့ ၀ါသနာမပါဆုံးပဲ။ ကူညီပြီး ရင်းနှီးမှု ယူမယ်။ ပြီးရင် လိုချင်တာတွေ အနီးကပ် တောင်းဆိုမယ်။ ဒီအကွက်တွေ က ဆွေးပါတယ်။ မဆိုင်းတာကို ၀င်ပါရင် ဇယားရှုပ်တတ်တယ်။ ကိုယ့်လမ်းကိုယ်လျှောက်တာ အကောင်းဆုံးပဲ။ ယောက်ျားလေးမိတ်ဆွေ မလိုချင်သလို ရန်သူ လည်း မလိုချင်ဘူး။ အဲ့ဒါကြောင့် ဒီလောက်ပဲ ပြောတာ ဟုတ်ပြီလား”

အမှန်ဆို ဒီထက်မက ပြောချင်သည့်သဘော ကျွတ်ကျဲစရာ..

ဇော်ရဲထက်ခမျာ မျက်နှာမရဘဲ စီနီယာကျောင်းသားကြီး၏ မှု န်ကုပ်ကုပ်အကြည့်တွေ နှင့် သာ ရင်ဆိုင်လိုက်ရလေသည်။ အရေး ထဲ ဆံပင်လေး သပ်တင်လိုက်ရသေး၏ ။ ဟင်း.. (ဆိုဒ် .. တော့ အပျက်မခံ)

သူ့ခမျာလည်း ဒုက္ခ.. (ကင်း ဖြစ်ရတဲ့ ဒုက္ခပဲဟုဆိုတော့ မလိုပါ)

ကောင်းကင်ချို ကတော့ ပြောပြီးတာနှင့် စာသင်ဆောင်တွေ ရှိရာဘက်ဆီသို့ လျှောက်လှမ်း သွားလေသည်။ ပျာယာခတ်ခြင်း မရှိ.. အမူအရာ ပျက်ယွင်းခြင်းမရှိ.. ။ ပကတိတည်ငြိမ်စွာ စည်း ချက်ညီညာလျှောက်လှမ်းသွားဟန်က ရင်ခုန်မြတ်နိုးစရာ…။

♥ ♥ ♥


ထိုမြင်ကွင်းအားလုံးကိုကြည့်၍

ကျောင်းသား တစ်ယောက် ဘယ်ပြန်ညာပြန် ခေါင်းခါရမ်းနေပါသည်။

♥ ♥ ♥


အခန်း (၅)

ကျောင်းကဲန်တင်းမှာ Section-A သမားများ ဖြစ်ကြသော ခက်ဆစ်၊ ကျော်ကျော်နိုင်၊ ဇင်ဂို (Zingo)၊ နှင်းယုဝါ၊ ညိုမီလှိုင်တို့ အတူတကွ ထိုင်နေကြပါသည်။

အားလုံး ငြိမ်ချက်သားကောင်းစွာ ထိုင်နေရာမှ…

စားပွဲခုံပေါ်မှာ တရွေ့ရွေ့ပြေးလွှားနေသော ပုရွက်ဆိတ်အရှင်တစ်ကောင်ကိုမြင်တော့ ခက်ဆစ်က ဆတ်ခနဲ ဖမ်းယူပြီး ဖင်တပြန် ခေါင်းတစ်ပြန်ကြည့်သည်။

ပြီးသော အခါ..

“ဟင် .. ဗလလည်း မတောင့်ဘဲနဲ့”

“ဟ… ဘာလဲဟ”

“ဘာ ဖြစ်တာလဲ ကောက်ကာငင်ကာကြီး”

ဇင်ဂိုနှင့် ကျော်ကျော်နိုင် မေးတော့ ခက်ဆစ်က ပုရွတ်ဆိတ်ကိုပြပြီး…

“ဒီကောင်တွေ က အင်မတန် သန်စွမ်းတယ်ဆိုလို့ပါ။ အဲဒါကြောင့် ဗလရှိ၊ မရှိကြည့်နေ တာ။ ပုရွက်ဆိတ်တစ်ကောင်ဟာ သူ့ခန္ဓာကိုယ်အလေးချိန်ထက် အဆ ၅၀ ပိုမိုလေးလံတဲ့ အရာ ၀တ္ထုကို သယ်ယူချီးပို့နိုင်တယ်တဲ့..”

“ဟုတ်လို့လားဟယ် ဒီညှက်စိပက်စိလေးက..”

ယုဝါက မယုံမရဲပြောတော့ ခက်ဆစ်ခေါင်းညိတ်ပြလိုက်သည်။

“ကျမ်းဂန်တွေ ထဲမှာ တော့ အဲဒီ အတိုင်း ရေး ထားတာပဲ”

ပုရွက်ဆိတ်ကို ညိုမီလှိုင် မနာလို ဖြစ်သွားပုံရသည်။ သူ ကတော့ အစားပုပ်သလောက် အား ယုတ်သူလေ…။

“ဒီကောင်တွေ က အင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်တဲ့ဟ။ အင်းဆက်ပိုးတွေ ရဲ့ စိတ် ကို လေ့လာတဲ့ ဆွစ်လူမျိုးစိတ်ပညာရှင် သြဂတ်ဖောရယ် (ခရစ်-၁၈၄၈-၁၉၃၁ ) က “ပုရွက်ဆိတ် တို့ရဲ့ ပေါင်းသင်းဆက်ဆံရေး လောက”ဆိုတဲ့ ကျမ်းကို ၇၅ နှစ် တိုင်တိုင် လေ့လာစူးစမ်းပြီး ရေး သား ပြုစုခဲ့တာတဲ့”

“ဟယ်…ပုရွက်ဆိတ်ကိုများ အရေး လုပ်လို့”

“အထင်မသေးနဲ့နော် အဲဒီ ကျမ်းက သြဂတ်ဖောရယ်ရဲ့ အထင်ရှားဆုံးကျမ်း..တဲ့”

“အေးပါဟယ် အေးပါ.. အထင်မသေးပါဘူး။ အဟုတ်ကြီးကြီး အကြီးကြီး အကြီး ကြီး ဟောဒီလောက်ကြီး လေးစားပါတယ်..ဟုတ်ပြီလား”

ညိုမိလှိုင်က ပါးဖောင်းဖောင်းကြီးတွေ လှုပ်ခါပြီး လက်နှစ် ဖက်ကို ကား၍ ကား၍ ပြတော့ အားလုံးရယ်မိကြသည်။

ရယ်နေရင်းမှ..

“ဟာ တွေ့ ပြန်ပြီ”

ခါချဉ်အရှင်တစ်ကောင်…

“ဒီကောင်က ပိုကြီးတော့ ပိုလေ့လာလို့ ကောင်းမယ်”

ခက်ဆစ်သည် ပုရွက်ဆိတ်ကို လွှတ်၍ ခါချဉ်ကို ဖမ်းကာ ဖင်တစ်ပြန် ခေါင်းတစ်ပြန်ကြည့် ပြန်သည်။ ဒိနေ့အဖို့ ခက်ဆစ်ရှေ့ကျလာသည့် အင်းဆက်ပိုးများ တွေ ခမျာ ၀ဋ်ပေါ့လေ…

အဲသည်အချိန်မှာ ပဲ…

ကဲန်တင်းထဲသို့ ကောင်းကင်ချိုနှင့် သူမ၏ သူငယ်ချင်း ဖြစ်သူ နန်းခမ်းမွန် ဆုလဲ့ရည်ကျော်၊ ချမ်းခြိမ့်ရည်ကျော်၊ ချမ်းငြိမ့်သူတို့ ၀င်ရောက်လာကြသည်။ လေးယောက် သား အအေးမှာ သောက် ပြီးနောက် ကောင်းကင်ချိုက သူမ ရှာမှီးထားသော ဗဟုသုတတို့အား ထုတ်ပြန်ကြေညာသည်။

စာအုပ်နှင့် ဘောလ်ပင်ထုတ်၍ ပုံတွေ ဆွဲပြပြီး..

“လှည်းဦးတိုက် လှေဦးတိုက်နေရာမှာ ရှိတဲ့ အိမ်တွေ ၀ိုင်းမြေတွေ က ပိုင်ရှင်၊ နေသူကို ခိုက်ပြီး စီးပွားလာဘ်လာဘ မရရှိဘူးလို့ ယုံကြည်လက်ခံထားကြတယ်။ ဒါပေမဲ့ ဂမ္ဗီရစာအုပ်တစ် အုပ်ထဲမှာ ငါတွေ့ တာ ကတော့ အင်္ဂလိပ်အက္ခရာ T ပုံစံတစ်ခုသာ နေသူကိုခိုက်စေပြီး ကျန် I, J, L ပုံစံတွေ က သူနေသူကို စီးပွား ဖြစ်စေတယ်တယ်တဲ့ဟ။ ဒါကြောင့် ကိုယ်နေတဲ့ အိမ်နေရာဟာ ဘယ်လိုအမျိုးအစားထဲမှာ ပါဝင်သလဲဆိုတာ သိထားသင့်တယ်။ ဒီမှာ ကြည့်…”

ပုံ စာမျက်နှာ ၄၈

အားလုံးပဲ စိတ်ဝင်တစ်စားကြည့်ရှုကြရသည်။

ဣတ္ထိယနွယ်ဝင်မှန်သမျှ ၁၀၀% မှာ ၉၉၉% က ဒီလို ကိစ္စရပ်တွေ ကို စိတ်ပါဝင်စားတတ်ကြ သည်မဟုတ်လား…။

အားလုံးကြည့်ပြီးသော အခါ ကောင်းကင်ချိုက စာအုပ်ကို ပြန်သိမ်းပြီး…

“လူတွေ မှာ ကိုယ့်အတွက် ကံကောင်းစေတဲ့အရောင် Luky Colour ဆိုတာလည်း ရှိတယ် ဟ။ အဲဒီ လို ဆင်မြန်သုံးစွဲမယ်ဆိုရင် အဲဒီ လူဟာ ကံဇာတာတွေ တက်လာလိမ့်မယ်တဲ့…

(၁) ဂဏန်းသမားတွေ အတွက်က ရွှေအိုရောင် နဲ့ ကြေးနီရောင် ။

(၂) ဂဏန်းသမားတွေ အတွက်က အစိမ်းရောင် နဲ့ အဖြူရောင်

(၃) ဂဏန်းသမားတွေ အတွက်က ခရမ်းရောင် နဲ့ မရမ်းရောင်

(၄) ဂဏန်းသမားတွေ အတွက်က မီးခိုးရောင် နဲ့ မှိန်ဖျော့ဖျော့အရောင် တွေ ။

(၅) ဂဏန်းသမားတွေ အတွက်က ငွေရောင် ၊ အညိုရောင် ၊ အညိုရောင် ၊ အဖြူရောင် နဲ့ ပြောင်လက်တဲ့အရောင် တွေ ။

(၆) ဂဏန်းသမားတွေ အတွက်က အပြာရောင် အမျိုးမျိုး။

(၇) ဂဏန်းသမာတွေ အတွက်က အဖြူနဲ့ အစိမ်းရောင် အမျိုး။

(၈) ဂဏန်းသမားတွေ အတွက်က အနက်ရောင် ၊ ညိုပုပ်ပုပ် အရောင် တွေ နဲ့ အရောင် ရင့် ရင့်တွေ ”

(၉) ဂဏန်းသမားတွေ အတွက် ပန်းရောင် နဲ့ ကြက်သွေးရောင် ။

ဒီတော့ ကိုယ်က ဘာဂဏန်းသမားလဲ၊ ဘာအရောင် တွေ ၀တ်ဆင်ရမလဲဆိုတာ ကိုယ့်ဘာ သာ တိုက်ကြည့်ပေါ့”

“မ ” သုံးယောက် အလုပ်ရှုပ်သွားကြသည်။

“ငါက ဇန်န၀ါရီ (၂) ရက်နေ့မှာ မွေးတာဆိုတော့ (၂) ဂဏန်းသမား”

“ငါက ဇူလိုင် (၇) ရက်ဆိုတော့ လပ်ကီးဆဲဗင်း”

“ဟဲ့.. ငါက ဒီဇင်ဘာ (၃၁) ရက်မှာ မွေးတာဆိုတော့ ၃၁ သမားပေါ့။ ဟင် နင်ပြောတဲ့အထဲ မှာ ၃၁ ရက်မှာ မပါဘူး”

“ဟာ ..နင်ကလည်း ၃၁ ဆိုရင် ၃ နဲ့ ၁ နဲ့ပေါင်းလေ။ အဲဒီ ကရတာ ကို အတည်ယူရတာ ။ နင်က ၄ ဂဏန်းသမာပေါ့”

“သြော် ဂလိုလာ ပွင်ပြီ ပွင့်ပြီ အခန်းပွင့်ပြီ..”

“ပေါက်ပြီ ပြောစမ်းပါဟဲ့”

“ပွင့်တာနဲ့ ပေါက်တာအတူတူပါပဲဟယ် မထူးပါဘူး”

ရှမ်းတိုင်းရင်းသူမလေး နန်းခမ်းမွန်သည် တစ်ခါတစ်ခါ အဲဒီ လိုပဲ ဖြစ်၏ ။ ကြောင်စီပူးလေး ပေါ့…။ ချမ်းငြိမ့်သူ၊ ဆုလဲ့ရည်ကျော်၊ နန်းခမ်းမွန်တို့က မေးလိုက်၊ ကောင်းကင်ချိုက ဖြေလိုက်နှင့် သူတို့စကားလေးမှာ စိုပြည်စည်ဝေနေပါသည်။

သူတို့အဖွဲ့ထိုင်နေတာက ခက်ဆစ်၏ နောက်ကျောဘက်နားတွင် ဖြစ်သည်။ ခက်ဆစ်က သူတို့ကို သတိမပြုမိဘဲ သူ့အာရုံနှင့် သူ ခါချဉ်တစ်ကောင်နှင့် အလုပ်ရှုပ်နေပါ၏ ။

ကပ်လျက်ထိုင်နေသော ယုဝါက ခက်ဆစ်ကို လက်ကုတ်ပြီး

“ခက်ဆစ် နင် ဗေဒင်ယုံလားဟင်”

“ဟမ် ဘာ”

“ဗေဒင်ယတြာတွေ ကို နင် ယုံလားလို့ မေးနေတာ”

“သြော်”

ခက်ဆစ်က ခါချဉ်ကောင်ထံမှ အကြည့်ကိုမလွှဲဘဲ..

“ငါပြောမယ်”

“အင်း ပြော”

“တစ်ခါက သင်္ဘောတစ်စင်းဟာပင်လယ်သမုဒ္ဒရာထဲမှာ နစ်မြုပ်လုဆဲဆဲနေတယ်တဲ့။ အဲဒီ အချိန်ကပ္ပတိန်က သဘောင်္ာသားအားလုံးကြားအောင် အော်မေးတယ်။ မင်းတို့အထဲမှာ အန္တရာ ကင်းဂါထာရွတ်တတ်တဲ့ လူရှိသလားတဲ့”

“အဲဒီ တော့”

“လူ တစ်ယောက် က ၀မ်းသာအားရထပြီး ကျွန်တော် ရွတ်တပါတယ်ခင်ဗျလို့ အော်တယ်”

အဲဒီ တော့”

“အေး အဲ့ဒါဆို မင်းရွတ်ပြီး နေရစ်ခဲ့။ ကျန်တဲ့လူတွေ အားလုံး သက်ကယ်အင်္ကျီအမြန် ဆုံး ၀တ်ကြ၊ သက်ကယ်အင်္ကျီတစ်ထည်လိုနေလို့ တဲ့”

“ဟယ် သေရော”

“အဲ့ဒါပဲ ဗေဒင်ယတြာတွေ ကို ငါ ယုံတယ်လည်း မဟုတ်ဘူး။ မယုံဘူးလည်း မဟုတ်ဘူး။ ဗေဒင်ပညာကိုတော့ လေးစားတယ်။ ဗေဒင်ဆရာတိုင်းကိုတော့ လေးစားလို့ မရဘူး။တချို့ ဆရာ တွေ က တကယ်လေးစားဖို့ကောင်းပေမယ့် တချို့တွေ ကျတော့ ကိုယ်သိတာလေး မစို့မပို့နဲ့ တတ်ယောင်ကား ရွှီးလုံးတွေ လျှောက်ထုတ်နေကြတာ။

ဒါကြောင့် ချင့်ချိန်စဉ်းစားပြီးမှ အထိုက် အလျောက်သာ ယုံသင့်တယ်။ ပြီးတော့ ဗေဒင်ပညာဆိုတာ ဗုဒ္ဓ၀ါဒီ မဟုတ်ဘူး။

ပုဏ္ဏားမျိုးရိုးက ဆင်းသင်လာတဲ့ပညာရပ်။ အဲဒီ နှစ် ခုကို ရောထွေးနေတဲ့လူတွေ လည်း အများ ကြီးရှိတယ်”

ခက်ဆစ်ပြောဆိုနေတာတွေ ကို သူနှင့်ကျောခင်းကျပ်လျက်ခုံမှာ ထိုင်နေသော ကောင်းကင် ချို ကြားသွားသည်။ ရုတ်ချည်း သူမမျက်နှာ တင်းခနဲ ဖြစ်သွားပြီး သူမ မျက်ဝန်းနက်အစုံမှာ အရောင် အချို့ လက်ဖြာသွားသည်။

“မာနရောင် ”

“ငါတို့ထိုင်နေတာလည်းကြာပြီ သွားရအောင်”

ဇင်ဂိုက ပြောပြောဆိုဆို ပိုက်ဆံရှင်းသည်။ သူတို့အဖွဲ့ထဲမှာ တော့ ဇင်ဂိုက ဘောစိ၊ ဆိုင်ထိုင်လျှင် သူပဲ ရှင်းတာများ သည်။

ခက်ဆစ်သည် သူငယ်ချင်းတွေ ခေါ်သဖြင့် ကဲင်တင်းတွင် လိုက်ထိုင်လေ့ရှိသော်လည်း ဘယ်သူသော အခါမှ သွားရည်စာ စားသောက်သော အလေ့အထမရှိ။ သူငယ်ချင်းတွေ အတင်း ကျွေးလျှင်လည်း မစား။ နေ့လည်စာအတွက်လည်း အမြဲတမ်း အိမ်မှ ထမင်းဘူး ထည့်ထုပ်လာလေ့ ရှိသည်။

သူ တစ်ခုခုအတွက် ငွေကြေးသုံးစွဲမည် ပြင်တိုင်း မုန့်ဟင်းခါးသည် မိခင်ကြီး၏ မျက်နှာကို မြင်ယောင်မိသော ကြောင့် ဖြစ်လေသည်။

“လာ ထ လိမ့်မယ်”

ကျော်ကျော်နိုင်က ခက်ဆစ်ပခုံးကို ဖက်ခေါ်သည်။ ဆစ်ခစ်သည် သူ့လက်ထဲမှ ခါချဉ် ကောင်ကို နောက်ဆုံးအကြိမ် မြောက်ကြည့်ပြီးနောက်..

“ဟင်း.. ငါ့အမြင်မှာ တော့ ဖင်ကြီးတာပဲရှိတယ်။ ဘာမှ မထူးခြားပါဘူး”

လက်ခလယ်နှင့် လက်မကို အသုံးပြု၍ ခါချဉ်ကောင်ကို ဆတ်ခနဲ တောက်ထုတ်လိုက်လေ သည်။ ပြီးနောက် ကျော်ကျော်နိုင်၏ ပခုံးကို ပြန်ဖက်ပြီး ကဲန်တင်းထဲမှ ထွက်ခွာသွားလေသည်။

အဲ့ဒီမှာ ကွိုင်ရှော့ပေါ့။

ခက်ဆစ် တောက်ထုတ်လိုက်သော ခါချဉ်ကောင် လွင့်စင်ကျသွားသည့်ဒေသမှာ …

ကောင်းကင်ချို၏ ရင်ညွှန့်အစပ်…။

“ဟာ”

ဆွဲမိဆွဲရာ ကုပ်တွယ်ကိုက်ခဲထားသော ခါချဉ်ကောင်ခမျာ ခဏသာ အသက်ရှင်သန်ခွင့် ရလိုက်သည်။ ပန်းသွေးရောင် လက်ချောင်းတွေ ၏ ရက်စက်စွာ ဖိချေမှု ကြောင့် အသားဆိုင်တွေ စိစိညက်ညက်ကြေလျက်…။

“တောက်”

မြွေဟောက်တစ်ကောင် ပါးပျဉ်းထောင်၍ ရှူးခနဲ မာန်ဖီလိုက်သလိုမျိုး။

“ဒါ.. ဟိုကောင် တမင်သက်သက်လုပ်သွားတာ”

အံ့သွားတွေ ကို ဖိကြိုက်ထားသည့်ကြားမှ ထွက်ပေါ်လာသော စကားသံ..

နန်းခမ်းမွန်က..

“ဟိုဟာလည်း နင့်ကိုစောင်းပြောသွားတာပဲ ဖြစ်ရမယ်”

“ဘယ်ဟာလဲ”

“သူ နောက်ဆုံးပြောသွားတဲ့ စကားလေ”

♥ ♥ ♥


အခန်း (၆)

ဇီဝဓာတုဌာနမှ ဒေါက်တာနေစေးသည် Test tube လေးကို ကိုင်၍ စာသင်ခန်းထဲ ၀င်လာ သည်။ ဒေါက်တာနေစေးသည် ပထမနှစ် သမားတွေ ကို သင်ကြားသော ဆရာမ ဟုတ် သော်လည်း တစ်ခါတစ်ခါ ဒီလိုပဲ ဆရာတွေ လက်ချာ (Lecture) ၀င်ပေးလေ့ရှိပါသည်။

ဒေါက်တာနေစေးသည် ရုပ်တည်နှင့် ကြပ်တတ်သူအ ဖြစ် နာမည် ကြီးသော ဆရာတစ် ယောက် ဖြစ်သည်။ အခန်းတစ်ခန်းကို သူဝင်လျှင် ပြောစရာတစ်ခုမဟုတ် တစ်ခု ကျန်ခဲ့တတ်၏ ။

ဒေါက်တာနေစေးက အာဝဇ္ဇန်းရွှင်ရွှင်နှင့် သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက်..

“လူသားကို ဘုရားသခင် ဖန်ဆင်းလိုက်တဲ့အခါ မည် သူအဓိကကျသနည်း ဆိုတာနဲ့ ပတ် သက်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အချင်းချင်းအငြင်းပွားကြပါတယ်။

အဲဒီ အခါ ဦးနှောက်က စပြောတယ်။

“လူ့ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို ကျုပ်ကပဲ ထိန်းကျောင်းပေးရတယ်။ ဒါကြောင့် ကျုပ်သာ အဓိကအကျဆုံး”တဲ့။

ခြေထောက်တွေ ကလည်း…

“လူသွားချင်တဲ့နေရာကို ကျုပ်တို့ကပဲ သယ်ဆောင်ပေးရတယ်။ ဒါကြောင့် ကျုပ်တို့ကသာ အဓိက” လို့ပြောတယ်။

အစာအိမ်ကလည်း ..

“လူစားတဲ့အစာတွေ ကို ကျုပ်က မကျေချက်ပေးရင် လူအသက်မရှင်နိုင်ဘူး ဒါကြောင့် ကျုပ်သာ အခရာဗျ” လို့ စောဒကတက်တယ်။

မျက်လုံးတွေ ကလည်း..

“မျက်လုံးမရှိရင် လူဟာအကာအကွယ်မဲ့တဲ့ သတ္တ၀ါပဲ။ ဒါကြောင့် ငါတို့သာ အဓိက”လို့ ဟစ်ကြွေးပြန်တယ်။ အဲဒီ အခါ တစ်ချိန်လုံး ဘာမှမပြောဘဲ ငြိမ်နေတဲ့စအိုက အလုံပိတ်ပြီး နေ လိုက်ပါတယ်။ ”

ရက်အနည်းငယ်ကြာတော့…

ဦးနှောက်ဟာလည်း လန်းလန်းဆန်းဆန်း မရှိဘဲ ထုံထုံထိုင်းထိုင်း ဖြစ်လာတယ်။ ခြေ ထောက်တွေ လည်း မခိုင်တော့ဘဲ ယိုင်ချင်သလို ဖြစ်လာတယ်။ အစာအိမ်ခမျာလည်း မအီမလည် ဖြစ်လာတယ်။ မျက်လုံးတွေ လည်း မကြည်လင်တော့ဘဲ မြင်သမျှ ၀ိုးတ၀ါး ဖြစ်လာတယ်”

ကိုင်း ဒီအတိုင်းဆို လူ့ခန္ဓာကိုယ်မှာ ဘယ်သူအဓိကအကျဆုံးလဲ”

ခဏတာ တိတ်ဆိတ်ပြီးမှ..

“စအို အဓိက အကျဆုံးပါ ဆရာ”

ထိုမေးခွန်းကို ထဖြေလိုက်တာက ကျော်ကျော်နိုင် ဖြစ်သည်။ အတန်းသူအတန်းသားများ အားလုံးပြုံးသွားကြ၏ ။

ဒေါက်တာနေစေးလည်းပြုံးပြီး..

“ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အားလုံး ညီညီညွတ်ညွတ် မျှမျှတတနဲ့ ကိုယ့်တာဝန် ကိုယ်ကျေပွန်မှ လူဟာရွှင်ရွှင်လန်းလန်းနဲ့ ကျန်းမာပါလိမ့်မယ်။ လူမှာ အခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ အရေး ကြီးသလိုပဲ ဆီးနဲ့ဝမ်း မှန်ဖိုကလည်း အင်မတန် အရေး ကြီးပါတယ်။ ဒီ အကြောင်းတွေ ကို ဒုတိယနှစ် ရောက်ရင် မင်းတို့ကောင်းကောင်းသင်ရမယ် အခုတော့ ဆရာ အကြမ်းဖျင်း ရှင်းပြမယ်”

ဒေါက်တာနေစေးက ဆီးထဲမှာ Calcium, Protein, Ketonebaties အစရှိသော ဓာတ်တို့ ပါဝင်ကြောင်းနှင့် ၀မ်းအကြောင်း အခြေခံသဘောတရားတို့အား သင်ကြားပို့ချသည်။ ပြီးသော အခါ ကျောင်းသား၊ ကျောင်းသူများ အား သိချင်တာရှိပါက မေးစေသည်။

ကျောင်းသူကျောင်းသားအချို့လည်း တက်ကြွစွာ ဖြင့် ထမေးကြပါ၏ ။

“ပဋိဇီဆေးဆိုတာ ဘာလဲဆရာ”

“ပဋိဇီဝဆေးဆိုတာ အဏုဇီဝလို့ခေါ်တဲ့ သွေးမွှားတဲ့ သတ္တ၀ါကနေ ထုတ်လုပ်ပေးတဲ့ ဓာတ်ပစ္စည်း။ အဒီဓာတ်ပစ္စည်းတွေ က ဗက်တီးရီးယားပိုးတွေ မပွားများ စေဖို့၊ အန္တရာယ်ပြုမယ့် အခြားဗက်တီးရီးယားပိုးတွေ ကို သေကျေစေအောင် ပြုလုပ်ပေးနိုင်တယ်။ ပဋိဇီးဆေးကို ရှာဖွေ တွေ့ ရှိ အသုံးချနိုင်ခြင်းဟာ ပိုးမွှားကြောင့် ဖြစ်တဲ့ ရောဂါ တွေ ကုသရေး မှာ အလွန်အရေး ပါတဲ့ ပြောင်းလဲမှု ပဲ ဖြစ်ပါတယ်”

“အိပ်စရေး ရောင် ခြည်ကို ဘယ်အချိန်က စတွေ့ ခဲ့တာပါလဲဆရာ”

“ခရစ်နှစ် ၁၈၉၅ ခုနှစ်က ဂျာမန်သိပ္ပံပညာရှင် ၀ီလဟင်ဗန်ရွန်ဂျင်ဆိုသူက လျှပ်စစ်ဓာတ် ရဲ့ သဘာဝတစ်မျိုးကို ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်ရင်း တွေ့ ခဲ့တာ။ သူ စမ်းသပ်နေတဲ့ ဖန်ပြွန်ထဲက မမြင်ရတဲ့ရောင် ခြည်ကို “မသိသော ရောင် ခြည်”လို့ အဓိပ္ပာယ်ရတဲ့ “X- Ray ” ရောင် ခြည်လို့ အမည် ပေးခဲ့တာ။ အဒီ ရောင် ခြည်ဟာ ကတ်ထူပြားနဲ့ သစ်သားပြားတွေ ကို ဖောက်ထွင်းနိုင်ပြီး ခဲသတ္တုအရိုးတွေ သာ မဖောက်ထွင်းနိုင်တာကြောင့် ဆေးဝါးကုသရာ ရောဂါ စမ်းသပ်မှု မှာ အရေး ပါလိမ့်မယ်လို့ ရွန်ဂျင်က ချက်ချင်း သဘောပေါက်ခဲ့တယ်။ အခုဆို ဆေးရုံကြီးတွေ က အထူးကု ဆေးခန်းကြီးတွေ မှာ အိပ်စရေး ရောင် ခြည်နဲ့ ရောဂါ စမ်းသပ်တဲ့ စက်ကိရိယာတွေ ရှိနေပါပြီ”

“ဆရာဝန်သုံးနားကြပ်ကို ဘယ်သူတီးထွင်ခဲ့တာလဲ သိချင်ပါတယ်”

“ဆရာဝန်သုံးနာကြပ် Stethoscope ကို ပြင်သစ်ဆရာဝန် ရီနေးသီယိုဖိုင်လေးနက်က စတင်တီထွင်ခဲ့တာပါ။ တီထွင်စက အခုလို မဟုတ်ဘဲ အရှည် ၃၀ စင်တီမီတာ၊ လက်မအားဖြင့် ၁၂ လက်မရှိတဲ့ သစ်သားနဲ့ ပြုလုပ်ထားတဲ့ ပိုက်လုံးပေါ့”

“အနက်ရောင် ကပ် ရောဂါ ဆိုတာ ဘာလဲဆရာ”

“အနက်ရောင် ကပ် ရောဂါ Black Death ဆိုတာ ခရစ်နှစ် ၁၄ ရာစုအတွင်း အာရှတိုက်နဲ့ ဥရောပတိုက်တစ်ခွင် ဖြစ်ပွားခဲ့တဲ့ ပလိပ် ရောဂါ ကို ဆိုလိုတာပါ။ အဲဒီ ရောဂါ ဟာ ကမ္ဘာ့အရှေ့ဖျားက နေ ခုတ်မောင်းလာတဲ့သင်္ဘောတွေ ပေါ်မှာ တွေ့ ရတဲ့ ကြွက်တွေ မှာ ပါလာတာပါ။ ကြွက်တွေ ရဲ့ ကိုယ်က ကြွက်သန်းတွေ ကြောင့် ရောဂါ ပိုးတစ်ဝက်နဲ့ လေးပုံပုံရင် တစ်ပုံခန့် အရေအတွက်တို့ သေဆုခံးခဲ့ရတယ်”

အသီးသီး ထမေးကြရင်းမှ..

“လူဟာ ဦးနှောက်မရှိဘဲ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်ပါသလဲ ဆရာ”

ထိုမေးခွန်းကို ထမေးလိုက်တာက ရှမ်းတိုင်းရင်းသူမလေး နန်းခမ်းမွန် ဖြစ်သည်။ ဒေါက်တာ နေစေး ပါးစပ်အဟောင်းသာ ဖြစ် သွားပါ၏ ။

မျက်လုံးအပြူးသားနှင့် နန်းခမ်းမွန်ကိုကြည့်ပြီး..

“သမီးအသက် ဘယ်လောက်ရှိသွားပြီလဲ”

အတန်းသူအတန်းသားများ အားလုံး ၀ါးခနဲ ထရယ်ကြသည်။ ဒီတော့မှ နန်းခမ်းမွန်လည်း (သူ့စကားနှင့် ဆိုရလျှင်) ပွင့်သွားပြီ ရှက်ရယ်ရယ်က ပြန်ထိုင်သွားလေသည်။

မေးမြန်းမှု တွေ ရပ်တန့်သွားတော့ ဒေါက်တာနေစေးက Test tuble လေးထဲက လက်တစ် ချောင်းနှိုက်၍ အတန်းသူအတန်းသားများ အား ဝေ့ကြည့်ကာ…

“ဆရာဝန်ဆိုတာ မရွံရှာတတ်ရဘူး။ အမြင်စူးရှရတယ်။ အခု ကြည့်.. ဟောဒီ ဖန်ပြွန်ထဲ ကို ဆရာ လက်ချောင်းနဲ့ နှိုက်လိုက်တယ်။ ပြီးတော့ လက်ချောင်းကိုထုတ်ပြီး ဟောသလို ဆရာ လျှာနဲ့ လျက်လိုက်တယ်။ တပည့်တို့အထဲက ဘယ်သူ ဆရာ့အတိုင်း လိုက်လုပ်နိုင်ကြသလဲ ပြောပါ”

ကျောင်းသူကျောင်းသားများ အားလုံး ငြိမ်နေကြသည်။ အတန်ကြာမှ ကျောင်းသား တစ် ယောက် ထရပ်၏ ။

ဇော်ရဲထက်…

ဆံပင်တွေ ကို တခမ်းတနား သပ်တင်ပြီးနောက်..

ဂုဏ်ယူဝင့်ကြွားသော ခြေလှမ်းတွေ နှင့် ဒေါက်တာနေစေးထံ မားမားမတ်မတ် လျှောက် လှမ်းသွာပြီး Test tuble ထဲသို့ လက်နှိုက်၍ ကပ်ပါလာသော အရည်တွေ ကို လျှာနှင့် ပယ်ပယ် နယ်နယ်လျက်ပြပါသည်။

“ဟာ”

ဒေါက်တာနေဒေးက ဇော်ရဲထက်ကို တအံ့တသြကြည့်ပြီး..

“တပည့်ဟာ မရွံရှာတတ်တဲ့အတွက် ဆရာ အများ ကြီးချီးကျူးပါတယ်။ ဒါပေမဲ့ အမြင်စူးရှ တဲ့အပိုင်းမှာ တော့ တပည့်ဟာ အားနည်းနေပါသေးတယ်။ ဖန်ပြွန်ထဲကို ဆရာ ထိုးထည့်တာက လက်ညှိုး၊ ဆရာလျာနဲ့လျက်လိုက်တာက လက်ခလယ်။ တပည့် ကတော့ အဲဒီ လိုမဟုတ်ဘူး လက် ညှိုးနဲ့ ဖန်ပြွန်ထဲထိုးနှိုက်ပြီး အဲဒီ လက်ညှိုးကိုပဲ တပြွတ်ပြွတ်နဲ့ လျက်နေတယ်။ ဒီစမ်းသပ်မှု မှာ ဓားစားခံ ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းပါဘူး။ တပည့်သိအောင်ပြောပြရရင် ဒီဖန်ပြွန်ထဲက အရည်တွေ ဟာ ဆရာ ဓာတ်ခွဲခန်းပို့ဖို့ ယူလာတဲ့ ဆီးတွေ ပါ”

“ ဗျာ..”

ဟီးရိုး

ဟီးရိုး

ဟီးရိုး..

ကင်းဟီးရိုး ဆိုသော အသံတွေ ဆူညံသွားလေသည်။

♥ ♥ ♥


အခန်း (၇)

ဒေါက်တာနေစေး ထွက်သွားပြီး ခဏအကြာ..

စာသင်ခန်းထဲမှာ လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာပါသည်။ ထုတ်လွှတ်သော အနံ့က တော် တော် ပဲပြင်းထန်ပါသည်။ အသံတိတ် ဖောက်ခွဲမှု ဖြစ်သဖြင့် တရားခံကို မဖမ်းမိကြချေ။

ကာယကံရှင်တော့ သိမပေါ့လေ.

သို့သော် ဘယ်ပြောမလဲ…

အချို့ နှာခေါင်းကို လက်နှင့် ပိတ်ထားကြသည်။ အချို့က စာအုပ်တွေ ကို ထုတ်၍ ယပ်ခတ် ကြသည်။ အချို့ကို ရနံ့သခင်ကို အပြစ်တင်ကဲ့ရဲကြသည်။ အချို့ မျက်နှာပြောင်ပြောင်နှင့် “လေညာရပ်က အချစ်”သီချင်းကို သီဟိုဟစ်ကြွေးကြသည်။ အီး အီး ဘယ်သူပေါက် ပေါက်တဲ့လူ မှန်မှန်ပြော ဆိုပြီး အီးဘွတ်တရားဟောနေကြသူတွေ လည်းရှိသည်။

ဆရာ မ၀င်သေးသဖြင့် အခန်းထဲမှာ လွတ်လပ်နေကြပါသည်။

ထိုစဉ်..

ခက်ဆစ်က ရုတ်တရက်ထပြီး..

“၀စီပိတ်မကျင့်နိုင်လို့ လေလည်တဲ့လူကို အပြစ်မတင်ကြပါနဲ့ဗျာ။ ခုကနလည်း ဆရာပြော သွားတယ်မဟုတ်လား။ ဒါလည်း ကျန်းမာရေး အတွက် လိုအပ်ချက်တစ်ခုပါပဲလေ။ ဒါကြောင့် အင် မတန်ကျန်းမာရေး လိုက်စားတဲ့ ပုဂ္ဂိုလ် တစ်ယောက် ငါတို့အခန်းထဲမှာ ရှိနေပါလားဆိုပြီး ဂုဏ် ယူလေးစားလိုက်ကြစမ်းပါဗျာ”

ခက်ဆစ်သည် အတန်းရှေ့လျှောက်သွားပြီးနောက်..

“ကြုံတုန်း အီးပေါက်ခြင်းနဲ့ပတ်သက်ပြီး တွေ့ ရှိထားတဲ့ သုတေသနပြုလုပ်ချက်ကလေး တွေ တင်ပြချင်ပါတယ်”

တစ်ခုခုတော့ ဗရုတ်ကျတော့မည် ဟု အားလုံးထင်လိုက်သည်။ ခက်ဆစ်က ခပ်တည်တည် ပဲ Make ယူ၍ Whiteboard မှာ စာသားများ ရေး ခြစ်လေသည်။

ခေါင်းစဉ်က “အီးပေါက်ကြသူများ အကြောင်း သိကောင်းစရာပဒေသာ”တဲ့..။

(သင်လည်း မည် သို့သော လူစား ဖြစ်ကြောင်း လေ့လာကြည့်ပါ)

အီးပေါက်ကြသူများ အကြောင်း သိကောင်းစရာ ပဒေသာ

၁။ ယဉ်ကျေးသူ - အီးမပေါက်ခင် “ခွင့်ပြုပါနော်” ဟု ပြောပြီး အီးပေါက်ပြီးသော အခါ “ဆောရီး” ဟု ပြောတတ်သူ။

၂။ မရိုးသားသူ - ကိုယ်က အီးပေါက်သော်လည်း ၀န်မခံဘဲ နံဘေးမှလူအား လွှဲချ တတ်သူ။

၃။ မိုက်မဲသူ - အီးပေါက်ချင်သော်လည်း မပေါက်ဘဲ အတင်းကြိတ်မှိတ်အောင့် ထားသူ။

၎။ ဗဟုသုတကြွယ်ဝသူ - ဘယ်အချိန် ဘယ်နေရာတွင် အီးပေါက်ရမလဲ သိသူ။

၅။ ဒုက္ခသည် - အီးအလွန်ပေါက်ချင်သော်လည်း ပေါက်၍ မရနိုင်ဘဲ အားမလို အားမရ ဖြစ်နေသူ။

၆။ အုံ့ပုန်း - လည်သည်မပေါက်အောင် (သို့) သူ့လက်ချက်မှန်း ဘယ်သူမှမ သိအောင် ညင်သာဖွဖွ အီးပေါက်သူများ ။

၇။ ကြွားဝါသူ - အီးကျယ်ကျယ်ပေါက်ရခြင်း၌ ဂုဏ်ယူတတ်သူ။

ဂ။ နှိပ်စက်တတ်သူ - လူများ သော နေရာတို့တွင် ရွေးပြီးအီးပေါက်သူ (ဥပမာ- ရုပ်ရှင်ရုံ၊ အခုလို စာသင်ခန်းပေါ့)

၉။ သိပ္ပံဆရာ - အီးမှန်မှန်ပေါက်သော်လည်း လေထုညစ်ညမ်းမှာ ကို စိုးရိမ်သူ။

၁၀။ ရှက်တတ်သူ - အီးပေါက်ပြီး မျက်နှာတစ်လုံး နီရဲလာသူ။

၁၁။ အကြံပိုင်သူ - အီးပေါက်သော်လည်း သူ၏ အီးပေါက်သကို သူတစ်ပါးကြာစေ ရန် အာလူးကြော်၊ ငါးမုန့်ကြော်တို့ကို တကျွတ်ကျွတ်ဝါး၍ အီးပေါက်သူ။

၁၂။ ကျပ်မပြည့်သူ - အီးပေါက်လိုက်လို့ ငါ့ခန္ဓာကိုယ်ထဲကလေတွေ လျော့သွားပြီဟု ထင်မှတ်လျက် Balance ဖြစ်အောင် လေကိုတစ်ဝကြီး တရှူးရှူး ရှူသွင်းတတ်သူ။

၁၃။ ကပ်စေးနဲသူ - အီးကို အကုန်တစ်ရှိန်ထိုး မပေါက်ဘဲ ဖြည်းဖြည်းချင်း တစ်ဆစ် ချင်း မျှင်း၍ ပေါက်သူ။

၁၄။ အတ္တကြီးသူ - င့ါအီး တယ်မွှေးပါလားဟု ယုံကြည်သူ။

၁၅။ အပေါင်းအသင်းချစ်သူ - သူတစ်ပါးကို အီးပေါက်ခြင်းကို လည်း နှစ်သက်သူ။

၁၆။ အပေါင်းအသင်း မချစ်သူ - ဆိတ်ကွယ်ရာသို့သွားပြီးမှ အီးပေါက်သူ။

၁၇။ ဇိမ်သမား - ရေချိုးကြွေဇလုံတွင် ရေစိမ်ချိုးရင်း အီးပေါက်သူ။

၁၈။ အားကစားသမား - ပင်ပင်ပန်းပန်း အားမစိုက်ရဘဲ အီးပေါက်နိုင်သူ။

၁၉။ ဆဋ္ဌမအာရုံရှိသူ - အသံကြားရရုံဖြင့် ဘယ်သူအီးပေါက်သလဲဆိုတာ ဖော်ထုတ်နိုင် သူ။

၂၀။ စိတ်ပျော့သူ - အီးပေါက်ရန် ကြိုးစားရင်း ချီးယိုသူ။

တ၀ါးဝါးတဟားဟား ရယ်သံတွေ ထွက်ပေါ်နေကြသည်။ ခက်ဆစ် စာစရေး ကတည်းက ထွက်ပေါ်နေသော ရယ်သံတွေ မှာ အားလုံး ရေး ပြီးသွားသော အခါ ပို၍ ကျယ်လောင်လာ၏ ။

ခက်ဆစ်အတန်းရှေ့ထွက်ပြီးကတည်းက ကောင်းကင်ချိုက စိတ်မ၀င်စားသည့်ဟန်မျိုးဖြင့် တစ်ဖက်သို့ မျက်နှာလွှဲနေသည်။ ဆရာထွက်သွားပြီးနောက် သူမစားမလို့ လွယ်အိတ်ထဲမှ ထုတ် ထားသော ဖောင်းကြွအာလူးကြော်ထုပ်ကလေးကို လက်မှာ ကိုင်ရင်း ရနံ့ကြောင့် ဘယ်လိုရှေ့ ဆက်ရမလဲမသိ တွေ ဝေနေချိန်လည်း ဖြစ်သည်။

အဲသည်အချိန်မှာ ပဲ..

အီးကွင်း..

အီးကွင်း..

အီးကွင်း..

အကြံပိုင်သူ အီးကွင်း ဆိုသော အသံတွေ လည်း ရယ်သံတွေ ကြားမှာ ညပ်လျက် ထွက် ပေါ်လာကြသည်။ ဘာများ ပါလိမ့်..ဆိုပြီး သူမ လှမ်းကြည့်လိုက်သော ကျောင်းသားအချို့ ၀ှိုက် ဘုတ်မှစာကို အသံထွက်ရွတ်ဖတ်လိုက်၊ သူမကို လက်ညှိုးထိုးလိုက်နှင့် အူလိုက်သည်လှိုက် ရယ် မောသဘောကျနေကြလေသည်။

ဆက်လက် သိလိုစိတ်နှင့် ၀ှိုက်ဘုတ်မှ စာများ ကို သူမ ဖတ်ရှုကြည့်လိုက်ပါသည်။

ထိုအခါတွင် ..

“ဟင်”

အချို့သော တိုက်ဆိုင်မှု များ သည် တမင်တကာ လုပ်ကြံဖန်တီးယူသည်ထက်ပင် ပိုမို ထိရောက်လေ့ရှိကြောင်း…

သင်တို့လည်း ဘ၀မှာ …

မကြာခဏ ကြုံတွေ့ ဖူးပါလိမ့်မည် …

♥ ♥ ♥


“ယုဝါ.. ခက်ဆစ်က အရမ်းရယ်ရတာ ပဲနော်”

အတူထိုင်သော သူငယ်ချင်းတွေ က ယုဝါကို လာပြောသည်။ ယုဝါက ကြည်လင်ဖော်ရွှေ သော သူမ၏ မူပိုင်အပြုံးလေးကိုပြုံးပြီး..

“ ဟုတ်တယ်ဟ ခက်ဆစ်က ငယ်ငယ်ကလေးကတည်းက အဲဒီ အတိုင်းပဲ။ သူက ကျောင်း ကို သူရဲ့ ပျော်စရာကမ္ဘာတစ်ခုလို သဘောထားတာ”

“ပျော်စရာ ကမ္ဘာ ဟုတ်လား။ ဘာလို့လဲဟင်”

“ခက်ဆစ်က အိမ်မှာ ဆိုရင် နားချိန်မရှိသလောက်ပဲ။ ငယ်ငယ်ကတည်းက အိမ်အလုပ် တွေ ကူလုပ်ရတာ ။ တခြားကလေးတွေ လို လွတ်လွတ်လပ်လပ်ဆော့ကစားဖို့တောင် သူ့မှာ အချိန် ရတာ မဟုတ်ဘူး။ အဲဒါကြောင့် ကျောင်းရောက်တာနဲ့ စာလုပ်စရာရှိတာလုပ် ပြီးရင် ကစားတယ်။ ဒါမှ မဟုတ် သူငယ်ချင်းတွေ ကို စလိုက်နောက်လိုက်နဲ့ အဲလို မဟုတ်လည်း ကျောင်းစာကြည့် တိုက်ထဲသွားပြီး စာထိုင်ဖတ်နေတာမျိုးဟ”

ခက်ဆစ်က စာဖတ်ဝါသနာပါသလောက် ယုဝါ ကတော့ အပြင်စာတွေ ဖတ်ရမှာ ပျင်းသည်။ စာဖတ်ဝါသနာပါသော အကျင့်က ခက်ဆစ်ကို ဗဟုသုတကြွယ်ဝသူ တစ်ယောက် ဖြစ်စေခဲ့ပါ၏ ။

အခုဆိုလျှင် ကျောင်းမှာ ရုပ်အဆင်းဖြင့် နာမည် ကြီးသော King ထက်ပင် အရည်အချင်း ကြောင့် ခက်ဆစ်မှာ ပါရမီရှင် တစ်ယောက် သဖွယ် ပိုမိုလူသိများ ထင်ရှားနေပါသည်။

“ခက်ဆစ်က IQ အရမ်းမြင့်တယ်နော်၊ စာတော် သလို ဗဟုသုတနဲ့လည်း ပြည့်စုံတယ်။ ငါတို့မှာ ဆေးလိုင်းဝင်ဖို့ မနည်းကြိုးစားခဲ့ရတာ ”

“ဟုတ်ပါ ငါဆို တင်းပါးကျွတ်တက်ရောဘဲ”

“Roll 1 ဆိုတာ နည်းနည်း နှောနှော ဉာဏ်ကောင်းတာ မဟုတ်ဘူးနော်။ တကယ့် ပါရမီ ရှင်ဘဲ”

ယုဝါက သူငယ်ချင်း ဖြစ်သူအတွက် ဂုစ်ယူဟန်ဖြင့် ပြုံးကာ..

“ခက်ဆစ်က ငါ့ကို စာရှင်းပြရင်း ပြောဖူးတယ်ဟ။ ဉာဏ်ကောင်းတယ်၊ မကောင်းဘူးဆို တာထက် ကြိုးစားမှု နဲ့ အာရုံစိုက်မှု က အဓိကပဲတဲ့။ ဉာဏ်ကောင်းပေမယ့် မကြိုးစားရင်၊ ကြိုးစား ပေမယ့်လည်း အာရုံစိုက်မှု မရှိရင် အလကားပဲတဲ့။ ပင်ကိုယ်ဉာဏ်မကောင်းရင်တောင်မှ အာရုံစူး စိုက်ပြီး လေ့လာကြိုးစားရင် ထူးချွန်သူ တစ်ယောက် ဖြစ်နိုင်တယ်တဲ့”

“ခက်ဆစ်က ငယ်ငယ်ထဲက စာတော် တာလားဟင်”

“အရင် ကတော့ သူဟာသာမန်ပဲ။ တီဘိ ရောဂါ နဲ့ သူ့အဖေ ဆုံးသွားကတည်းက ဆရာဝန် ဖြစ်ချင်စိတ်နဲ့ သူ အရမ်းကြိုးစားခဲ့တာ”

ခက်ဆစ်၏ ဖခင် ပန်းရံအလုပ်သာမား ဦးမောင်ညွှန့်.. ဖခင်၏ ရုပ်အလောင်းကို ဖက်ငိုနေ သည့် မူလတန်းကျောင်းသားလေးခက်ဆစ်၏ ရုပ်ပုံလွှာ..။ မျက်ရည်စက်လက်နှင့် သား ဖြစ်သူကို ပညာတတ်ကြီး ဖြစ်အောင် ကြိုးစားဖို့ တတွတ်တွတ် ပြောနေရှာသော အန်တီချို။

ကျောင်းမှာ သူငယ်ချင်းတွေ က ကစားဖို့ သွားခေါ်တော့…

“အရင်လို ငါ ခဏခဏမစားတော့ဘူး ဆရာဝန်ကြီး ဖြစ်ဖို့ ငါ ကြိုးစားရဦးမယ်” ဆိုသော ခက်ဆစ် စကားသံ..

အပြောနှင့်ညီစွာ အတန်းထဲက စာသင်ခုံမှာ တကုပ်ကုပ်နှင့် စာလုပ်နေသော ကျောင်း သား လေး တစ်ယောက် ။

“မင်းက ကျောင်းရောက်တာနဲ့ စာပဲလုပ်နေတယ်။ အိမ်မှာ ထဲက အပြီးမလုပ်ခဲ့ဘူးလား”

“ငါက စာတွေ အကုန်လုံးကို ရချင်တာ။ ငါ့အတွက် အချိန်က မလုံလောက်ဘူး။ အိမ် ပြန်ချိန်ရောက်ရင် အမေ့ကို အလုပ်တွေ ကူလုပ်ပေးရသေးတယ်။ ငါ့ကိုကျောင်းထားနိုင်ဖို့ အမေ့ ခမျာ အရမ်းပင်ပန်းတာ။ ငါ့မှာ က အဖေမရှိတော့ဘူးကွ”

ညှိုးညှိုးငယ်ငယ် စကားသံများ

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေ ထွက်တော့ ယုဝါက လေးဘာသာဂုဏ် ထူး.. ခက်ဆစ်က ဘာသာစုံ ဂုဏ်ထူးနှင့် တစ်နိုင်ငံလုံး အဆင့်မှာ နံပါတ် တစ်..

ဇွဲလုံ့လနှင့် ကြောက်စရာကောင်းလောက်အောင်ကြိုးစားမှု တွေ ၏ ရလဒ်

အဲဒီ နေ့က.

“ဒါမှ ငါ့သား ငါ့သား ဆရာဝန်ကြီး ဖြစ်တဲ့အထိ အမေ မုန့်ဟင်းခါးရောင်းပြီး ကျောင်းထား ပေးမယ် အိုးကွယ် အမေ သေရင်တောင်မှ ငါ့သား ဆရာဝန်ကြီး ဖြစ်မှ သေမယ်”

လက်သီးလက်မောင်းဆန့်တန်း၍ ပြုံးပျော်နေသော မုန့်ဟင်းခါးသည် မုဆိုးမကြီး၏ ကြွေး ကြော်သံ..

ပြန်တွေးရင်းပင် ယုဝါ ကြက်သီးထဖြန်းဖြန်း ထသွားမိပါသည်။

♥ ♥ ♥


ညနေခင်း ကျောင်းဆင်းတော့ သူငယ်ချင်းတွေ နှင့် လမ်းခွဲကာ အိမ်ပြန်ရန်အတွက် ကောင်းကင်ချို ကားပါကင်ဆီသို့ လျှောက်လာခဲ့သည်။

ကားဆီသို့ရောက်သော အခါ…

“ဟင်”

ကားရှေ့မှန်မှာ တိပ်နှင့် ကပ်ထားသော စာတစ်စောင်ကို တွေ့ မြင်လိုက်ရပါ၏ ။ အီစီကလီ မူလဂျီစာတစ်စောင်သာ ဖြစ်လိမ့်မည် ဟု ထင်မှတ်လိုက်မိသည်။

လွှင့်ပစ်ရန်အတွက် ဆွဲအခွာ…

“ဟာ”

မြင်လိုက်ရသော စာသားတွေ ကြောင့် သူမ ရုတ်တရက် ရှော့ခ်ရကာ ကြက်သေသေသွားမိ လေသည်။

မပေါင်းအပ်သော မိန်းမများ

၁။ အဆင်း၌ မန်တက်သော မိန်းမ။

၂။ အနွယ်၌ မန်တက်သော မိန်းမ။

၃။ ဥစ္စာ၌ မန်တက်သော မိန်းမ။

၎။ ဥစ္စာ၌ လော်လီသော မိန်းမ။

၅။ တန်ဆာဆင်ခြင်း၌ လော်လီသော မိန်းမ။

၆။ ပွဲသဘင်၌ လော်လီသော မိန်းမ။

၇။ ယောက်ျားတစ်ပါးနှင့် လော်လီသော မိန်းမ။

၈။ သေသောက်ကြူးသော မိန်းမ။

၉။ အိမ်ထောင်ခမ်းနားကို မဆောင်သော မိန်းမ။

၁၀။ လင်ကို ရန်တွေ့ တတ်သော မိန်းမ။

၁၁။ ယောက်ျားတစ်ပါးနှင့် ရောနှော၍ နေတတ်သော မိန်း။

၁၂။ သူ့အိမ်သူ့ယာကို လှည့်လည်တတ်သော မိန်းမ။

၁၃။ လင်လာလျှင် ရုတ်တရက် မ၀င်နိုင်အောင် အိမ်တံခါးကို ပိတ်၍ ထားတတ် သော မိန်းမ။

ထိုမိန်းမမျိုးတို့အား ရှောင်ကြဉ်ထိုက်၏ ရှေးပညာရှိတို့က မိန့်မှာ ခဲ့ပါတယ်။ ဒါပေမဲ့ လူ အများ ဟာ မလိုက်နာနိုင်ကြပါဘူး။ အချို့ မသိလို့ မလိုက်နာနိုင်ကြပါဘူး။ အချို့က မသိလို့ မလိုက် နာတာ ဖြစ်ပေမယ့် အချို့တော့ သိလျက်နဲ့ မလိုက်နာနိုင်ကြတာပါ။

အဲဒိအချက်ကို မလိုက်နာနိုင်တဲ့ လူ တစ်ယောက် ဘ၀ပျက်ခဲ့ရပါတယ်။ အဲဒီ အတွက် သက်ဆိုင်သူ ကာယကံရှင်ဆီကနေ ညီမျှတဲ့ လျော်ကြေး မ ဖြစ်မနေ ပြန်ယူရပါလိမ့်မယ်။

အကြွေး ပြန်ဆပ်ဖို့အတွက် အချိန်တိုင်း အသင့်ပြင်ထားပေးပါ။

(ဇွဲထင်ရှား)

♥ ♥ ♥




ဝန်ဇင်းချစ်သူများ လင်းညှို့သွေး ၏ “ အရိပ်စစ်ကကြိုး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သူငယ်ချင်းအတု

နယ်ခြားမှတ်တိုင်

တိမ်တိုက်တို့ရဲ့အသွင်ကွဲရာသီ