Cover

နိဒါန်း

ရိုးသားတဲ့လိင်ဆန္ဒသွေးသားတောင့်တမှု က
ကျွန်တော် တို့ရဲ့ စိတ်တွေ မှာ မရိုးသားမှု တွေ
စွန်းပေစေခဲ့တာပေါ့။

''ငါဟာ သူနဲ့ ဘယ်တော့မှ Sex ကိစ္စ ဖြစ်မှာ မဟုတ်ဘူး။ ကုန်ကုန်ပြောမယ်ကွာ၊ လွတ်လပ် တဲ့ အခန်းတစ်ခုထဲမှာ နှစ် ယောက် တည်း နှစ် ဆယ့်လေးနာရီကာလကို ဖြတ်သန်းရမယ်ဆိုရင် တောင် သူ့အပေါ် ငါ စောင့်ထိန်းနိုင်လိမ့်မယ်လို့ ယုံတယ်''

အဲဒီ လို ကျွန်တော် ပြောတော့ မိန်းမကိစ္စတွေ မှာ ဆရာကျတဲ့ ဒိုးဇက်က မခိုးမခန့် ရယ်တယ်။ သူရယ်ပုံဟာ လှောင်သလိုတော့မဟုတ်။ ကျွန်တော့် စကားကို လက်မခံနိုင်တဲ့ သဘော လောက်ပဲ။

''ဆာလောင်နေချိန် ပေါင်မုန့် အနားမရှိတာ။ ပေါင်မုန့် အနားရှိချိန် မဆာလောင်တာ။ ဒါမှ မဟုတ် ပတ်ဝန်းကျင်အခြေအနေက အခွင့်အရေး မပေးတာ။ အသိစိတ်က မလျော်ဘူးဆိုပြီး ဆင်ခြင်ထိန်းချုပ်ထားတာ။ ဒါတွေ ကြောင့် ပဲ ဖြစ်မှာ ပါကွာ။ အခါအခွင့်ကြုံရင်တော့ အဲဒီ မီးတောင် ထပေါက်ကွဲပါလိမ့်မယ်''

''မဟုတ်ဘူး။ လုံးဝ အဲသလို မဟုတ်ဘူး။ မင်းပေးတဲ့ ဥပမာကိုက လွဲမှားနေတာ။ ပေါင်မုန့် က စားသောက်ကုန်။ သူဟာ ငါ့အတွက် စားသောက်ကုန်မှ မဟုတ်တာ။ သူ့အပေါ် ငါ အဲဒီ လို စိတ် မထားဘူး။ မီးတောင်လို ထပေါက်ကွဲရအောင် သူ့ကြောင့် ဖြစ်တဲ့ ချော်ရည်ပူတွေ က ငါ့မှာ ခိုအောင်း နေတာမှမဟုတ်ဘဲ။ မင်းပြောနေပုံက သူ့ရဲ့ စင်ကြယ်မှု ကိုပါ စော်ကားသလို ဖြစ်နေပြီ။ လူအားလုံး ကို မင်းလို အရာရာ Sex မျက်စိတစ်ခုတည်းနဲ့ပဲ ကြည့်နေတယ် ခံစားနေတယ် မထင်နဲ့ကွ''

ကျွန်တော် အော်ငေါက်ပြောတော့ ဒိုးဇက် တဟားဟား ရယ်တယ်။ ပြောတာကိုလည်း နာပုံမပေါ်ဘူး။ အဲဒီ ကောင်က အဲ့လိုအချက်ကြောင့် ပဲ သူ့ကို မစွန့်ပယ်နိုင်တာထင်ပါရဲ့ ။

''ကျန်းမာပြီး အနေနီးစပ်တဲ့ လွတ်လပ်တဲ့ အပျို လူပျို ဒီလိုစိတ်မ ဖြစ်ဘူးဆိုတော့ မင်းတို့က ဘာတွေ မို့လဲ''

သရိုးသရီရုပ်နှင့် ဒိုးဇက်ရဲ့ မေးခွန်းထုတ်မှု ဟာ ကျွန်တော့် ကို အထူးခေါင်းမခဲစေပါဘူး။ ဒါမျိုး ကြားနေကျပဲ။ အရွယ်ရောက် ယောကျာ်းလေး တစ်ယောက် နှင့် မိန်းကလေး တစ်ယောက် အနေနီးကပ်လွန်းရင် လူတွေ ဟာ အဲဒါကို သိပ်စိတ်ဝင်စားကြတာပဲလား။ တစ်မျိုးတွေ ထင်ကာ တစ်မျိုးအမြင်တွေ နှင့် ကြည့်မယ်။ နောက်ကွယ်ကို စနစ်တကျ နှိုက်မတွေြး ကတော့ဘူးလား။ မသေချာဘဲ တစ်ဖက်သား မညစ်နွမ်းစေဖို့ ဘာလို့ နှုတ်မစောင့်စည်းကြတာလဲ။

ကျွန်တော် တို့နှစ် ယောက် က ဘာတွေ လဲ။ ဒီမေးခွန်းဟာ ကျွန်တော် တို့နှစ် ယောက် နှင့် ပတ်သက်လို့ နီးစပ်ရာရပ်ဝန်းတွေ မှာ လူပြောသူပြောများ သော အကြောင်းအရာတစ်ခုပဲလေ။

ရကောက်လည်း ကျွန်တော့် ကို အဲဒီ လိုမေးဖူးတာပဲ။

''ငါတို့က ဘာတွေ လဲ''

''ငါတို့က ဆေးဖော်ကြောဖက်တွေ လေ''

''နင်ပြောတာ ငါ မရှင်းဘူး''

''ငါတို့ဟာ တစ်ယောက် ဝေဒနာကို တစ်ယောက် ဆေးကြောပေးကြတယ်။ တစ်ယောက် လိုအပ်ချိန်မှာ တစ်ယောက် အဖော်ပြုပေးကြတယ်။ တစ်ယောက် ကို တစ်ယောက် လည်း ကြော တတ်ကြသေးတယ်။ ဘယ်သူတွေ ဘာပြောပြော တစ်ယောက် ကို တစ်ယောက် မစွန့်ပယ်ဘဲ တွယ်ဖက်နေကြတာမလား''

အဲဒီ လို ကျွန်တော် ပြန်ဖြေခဲ့တယ်။ ဟုတ်သလား အဲဒါ ဟုတ်သလား။ စဉ်းစားပါတယ်။

ဟုတ်တယ်လို့ ထင်တာပဲ။

× × ×

အခန်း(၁)

နေညိုညနေရဲ့ ကောင်းကင်မှာ တိမ်ရုပ်တွေ ပြေးဆော့နေကြတယ်။ မြစ်ဆိပ်ဘောတံတား ပေါ် ထိုင်ရင်း ကျွန်တော် နှင့် ရကောက် တိမ်တွေ ကို ကြည့်ကာ ပြိုင်ပွဲကျင်းပနေပါတယ်။ ဒါဟာ ကျွန်တော် တို့ ဆုံချိန် ညနေခင်းတချို့ရဲ့ ဖျော်ဖြေမှု တစ်ခုပဲလေ။

ရကောက်က 'သွက်ထား သွက်ထား' ဆိုပြီး ကောင်းကင်မှ သူ့တိမ်ရုပ်ကို အားပေးနေ တယ်။ မထိရောက်နိုင်မှန်းသိပါလျက် ပါးစပ်ကနေ လေတွေ တဖူးဖူး မှု တ်ကူနေတယ်။ ကျွန်တော် ကတော့ ကောင်းကင်မှတိမ်ရုပ်ကို ကြည့်ငေးလိုက်၊ ရကောက်ကို ကြည့်ငေးလိုက်ပေါ့။ ခုတလော သူ့မျက်နှာထားကို အလစ်မပေးစတမ်း အကဲဖြတ်နေ ဖြစ်ပါတယ်။

ဒီညနေ ရကောက်ဟာ သူ့တိမ်က နဂါးရုပ်နဲ့တူတယ်ဆိုပြီး 'ဖိုးနဂါး' လို့ အမည် ပေးထား တယ်။ ကျွန်တော် ကလည်း ကျားနဲ့ သိပ်မတူမှန်းသိလျက် ကျွန်တော့် တိမ်ကောင်ကို 'ရွှေကျား' လို့ အမည် ပေးထား ဖြစ်တယ်။ သေချာတွေးကြည့် ရယ်စရာပါပဲ။ ဒါပေမယ်လို့ ဒီ ဖြစ်စဉ်ကို ကျွန်တော် တို့ သဘောကျတယ်လေ။

လေစီးမှာ မျောရွေ့နေတဲ့ တိမ်စိုင်တချို့ဟာ ခရီးနှင်ရင်း မူလရုပ်သွင်မှ ပုံပျက်ပဲ့ထွက်လာ တယ်။ တိမ်ရုပ်တွေ အပြေးပြိုင်တိုင်း အဲဒီ လိုပဲ့ထွက်လာမှု မျိုးမြင်ရင် ကျွန်တော် စိတ်ထဲမကောင်း ဘူး။ ကြောင်တစ်ကောင်က ရင်ဘတ်ထောင့်ကို ကုတ်ခြစ်လိုက်သလိုပဲ။

''မူလအုပ်စုကနေ ပဲ့ထွက်လာတဲ့အိမ်ဟာ ဘာကြောင့် ဆိုပြီး နင် စဉ်းစားဖူးသလား။ မူလ အုပ်စုက လက်မခံလို့လား။ မူလအုပ်စုနဲ့သူ အစေးမကပ်လို့လား။ စရိုက်မတူလို့လား။ ပတ်ဝန်းကျင် လေထုကြောင့် လား။ ကိုယ်တိုင်က အခြေမခိုင်လို့ပဲလား''

ကောင်းကင်ထံမော့ငေးနေရင်းမှ နံဘေးက ရကောက်ကိုကြည့်တော့ သူ့မျက်နှာ ကျွန်တော့် ဘက်လှည့်နေတာ တွေ့ တယ်။ သူ့အကြည့်တွေ က ရီဝေဝေနဲ့။ အဲဒီ မျက်ဝန်းတွေ သူ့ထံ မှာ တွေ့ မြင်တိုင်း ကျွန်တော် ပူပင်စိတ် ဖြစ်တယ်။ ခုနကြည်လင်နေသော သူ့မျက်နှာ ခုလိုမှု န်မှိုင်း သွားတာ ကျွန်တော့်စကားကြောင့် များ လား။ အပြစ်သား တစ်ယောက် လို ခံစားလိုက်ရ။

ရကောက် သက်ပြင်းဖွဖွချတာ ကြားတယ်။

''လန်းဆန်း . . . တိမ်တွေ ကို တိမ်တွေ လိုပဲ နင် မမြင်နိုင်သေးဘူးနော်။ ခုကော တိမ်တွေ ကို ကြည့်ရင်း နင် မြင်တွေးနေတာ နင့်မိသားစုအကြောင်းလား။ ဇွန့်အကြောင်းလား။ ဒါမှမဟုတ် အောအော အကြောင်းလား''

ရကောက် တော် တာပဲ။ တိမ်တွေ ကိုကြည့်ငေးရင်း ကျွန်တော့် အတွေးမှာ မိသားစု အကြောင်းကော ဇွန့်ကိုပါ ပုံရိပ်ဖော်နေမိတယ်လေ။ ရကောက်ရဲ့ မိသားစုအကြောင်းလည်း ပါတယ်။ အောအောလည်း ပါတာပေါ့။ ဒါပေမယ့် အဲဒီ အကြောင်းတွေ မပြောချင်ဘူး။ ပြောလိုက်ရင် ရကောက် စိတ်မကောင်း ဖြစ်မှာ ။

''ဟာ . . . နင့်တိမ် ပန်းဝင်သွားပြီ''

ရကောက်ရဲ့ လေသံစူးစူး ပျံ့ထွက်လာတယ်။ ဒီတိုက်ဆိုင်မှု က ရကောက် ကျွန်တော့် ကို အာရုံလွှဲစေဖို့ ဖြစ်လာတာလား။ ရကောက်ထံမှအကြည့်ကို ကောင်းကင်ဆီ ပြောင်းရွှေ့ ဖြစ်တဲ့အခါ နှစ် ဦးသဘောတူ သတ်မှတ်ထားတဲ့စည်းမျဉ်းမှာ ကျွန်တော့် တိမ် 'ရွှေကျား' က ရကောက်ရဲ့ တိမ် 'ဖိုးနဂါး' ထက်စောစွာ ပန်းဝင်သွားခဲ့ပြီ။ ဒီလိုဆို ထုံးစံအတိုင်း ဒီညနေစာရဲ့ ဒကာဟာ ရကောက်ပဲ ဖြစ်ပြန်ပြီပေါ့။

တိမ်တွေ ဆီ စိတ်ရောက်သွားတဲ့ကျွန်တော် တို့ရဲ့ စကားဝိုင်းဟာ တိမ်ပြိုင်ပွဲရဲ့ နောက်ဆက် တွဲ စားသောက်ဖို့ နေရာရွေးချယ်မှု နှင့် အငြင်းပွား ဖြစ်ပါတယ်။ ရကောက်ကပဲ အလျော့ပေးတော့ ကျွန်တော် စားချင်တဲ့ဆိုင်ဆီသွားဖို့ ဖြစ်လာတယ်။ မြစ်ဆိပ်မှ ထွက်ခွာချိန် ရကောက်ကို ကျွန်တော် ဆရာလုပ် ဖြစ်တယ်။

''ငါနဲ့ တိမ်ပြိုင်တိုင်း နင် ဘာလို့ရှုံးသလဲ သိလား ရကောက်''

ပြောစမ်းပါဦးဆိုတဲ့သဘောနဲ့ ရကောက် မျက်ခုံးပင့်ကာ မေးဆတ်ပြတယ်။

''နင်က လှပတဲ့ ထုထည်ကြီးမားတဲ့တိမ်တွေ ကိုပဲ အမြဲရွေးချယ်တာကိုးဟ။ ငါ ကတော့ အဲဒီ လို မဟုတ်ဘူးလေ''

ရကောက် ဖွဖွရယ်တယ်။ သူ တုံ့ပြန်ပုံက ယဉ်ကျေးပေမယ့် မာကြောတယ်။

''ထုထည်ကြီးတိုင်း လှပတိုင်း မပေါ့ပါးဘူးဆိုတာ သေချာလို့လား''

သူပြောမှ ကျွန်တော် ဇဝေဇဝါ ဖြစ်သွားတယ်။ လမ်းလျှောက်နေရင်း ဖျတ်ခနဲ ကောင်းကင် ဆီအကြည့်ရောက်သွားတယ်။ အဖြေမရခင် ရကောက်ပြောစကားအား ကြားလိုက်ရတယ်။

''ရှုံးဖို့ နိုင်ဖို့ထက် ကိုယ်နှစ်သက် တာနဲ့ပဲ ပြိုင်ပွဲဝင်ရတာ ငါ ကြိုက်တယ် လန်းဆန်း။ အနိုင်ရ လိုစိတ်နဲ့ ကိုယ်မနှစ်သက် တာကိုတော့ ငါ ဘယ်တော့မှ ရွေးချယ်မှာ မဟုတ်ဘူး''

× × ×

အခန်း(၂)

ပုံနှိပ်စက်မှပြန်အလာ တိုက်ခန်းအောက်ရောက်ချိန်မှာ ပဲ 'ဟေး လန်းဆန်း' ဆိုသော လှမ်းခေါ်နှုတ်ဆက်တဲ့ ကနွဲ့ကလျသံ ကြားလိုက်ရတယ်။ ကြည့်စရာမလို။ ဒါ ကိတ်ဝင်းစလက် ဆိုတာ ကျွန်တော် သိနေတာပဲ။ မကြားဟန်ပြုပြီး တိုက်ခန်းပေါ်တက်လာခဲ့တယ်။

ကိတ်ဝင်းစလက်က နာမည် ကျော် အလှဖန်တီးရှင်။ အမှတ်တမဲ့ကြည့်ရင် မိန်းကလေး တစ်ယောက် နှင့် ထင်မှတ်မှားစေလောက်အောင် ကျော့ရှင်းတယ်။ ခန္ဓာကိုယ်အသားစိုင်တချို့ ပြုပြင်ထားပုံပဲ။ သူဟာ ကျွန်တော် နေတဲ့လမ်းထဲမှပဲ ကျွန်တော် နေတဲ့ ဘလောက်မှာ ပဲနေတာ။

လမ်းထဲမှ ဗျူးတီးဆလွန်းမှာ ကျွန်တော် ဆံပင်ညှပ် ခေါင်းသွားလျှော်ချိန် သူကလည်း တစ်ခါတစ်ရံ ခေါင်းလာလျှော်တာနဲ့ ဆုံရင်း သိတာပေါ့။ သူဟာ အဓိက နာမည် ကျော် မင်းသား မင်းသမီးတွေ ကို ဇာတ်ရုပ်နှင့် လိုက်ဖက်အောင် ပြင်ဆင် ဖြီးလိမ်းပေးတာတွေ လုပ်တယ်။

သူနှင့် ကျွန်တော် ရှုတင်တစ်ခုမှာ လည်း ဆုံဖူးရဲ့ ။ ဒါရိုက်တာ တစ်ယောက် ဖိတ်လို့ ရုပ်ရှင် ရိုက်ကွင်းတစ်ခုကို ကျွန်တော် သွားတာ။ ဟိုရောက်တော့ ဒါရိုက်တာက ကျွန်တော့် ကို ဇာတ်ညွှန်း တစ်ပုဒ်ရေး ပေးဖို့ ပြောတယ်။

ကျွန်တော် ငြင်းလိုက်တယ်။ အဓိ ကတော့ ဇာတ်ညွှန်းရေး တဲ့အလုပ်ကို မလုပ်ချင်သော စိတ်ကြောင့် ။ ဒါလည်း ကျွန်တော့် ရဲ့ အားနည်းချက်ပဲ ဖြစ်မယ်။ အများ နဲ့ညှိနှိုင်း ဆောင်ရွက်ရသော ကိစ္စတွေ လုပ်ဖို့ ကျွန်တော့် စိတ်ကမပါဘူး။ ကိုယ့်သဘောနှင့် ကိုယ် လျှောက်နင်းရတာ ပဲ ကြိုက်တယ်။

ဒီလိုဆိုတော့ ကျွန်တော် ဇာတ်ညွှန်းမရေး ဘူးပေါ့ ပြောစရာ ဖြစ်မယ်။ ရေး ဖူးပါတယ်။ ရေး ဖူး လို့ပဲ ငြီးငွေ့သွားတာ။ မူလအချောသပ်ရေး ထားပေမယ့် ရှုတင်လိုကေးရှင်းပြောင်းရင် ဖြစ် ဖြစ်၊ အခြေအနေတစ်ခုကြောင့် ဖြစ်စေ ရေး ပြီးသားဇာတ်ကွက်ကို ပြန်လည်ပြုပြင်ပေးရတာ တွေ မကြာခဏ ကြုံတယ်။ ကျွန်တော် ရှုတင်လိုက်ရင်လည်း ရတဲ့ဇာတ်ညွှန်းခထက် အဆမတန် ပိုကုန် တယ်။ အများ နဲ့သိပ်မရောနှောတတ်တဲ့ ကျွန်တော် နှင့် ရှုတင်ဟာ သိပ်တော့ အစေးမကပ်သလိုပဲ။ မလိုအပ်ဘဲ ကိုယ့်ကိုစကားတွေ ဇွတ်လာပြောနေရင်လည်း အနေကျုံ့တယ်။

မျက်စိရှုပ် နားရှုပ်နယ်မြေမှာ အစပိုင်းပျော်သလိုရှိပေမယ့် နောက်ပိုင်း ငြီးငွေ့လာတယ်။ ဇာတ်ညွှန်းကို ရှုတင်မလိုက်ဘဲ ကိုယ့်အိမ်မှာ ပဲ အပြီးရေး ပေးလိုက် ရင်လည်း ရပါတယ်။

ခက်တာက ကျွန်တော် ။ ကျွန်တော် က အနုပညာကို အချိန်ကာလသတ်မှတ်ချက်နှင့် ပြုလုပ်ရလျှင် ကြိုက်တာမဟုတ်။ ကိုယ်မလုပ်ချင်ရင် နိုင်ငံတော် သမ္မတမကလို့ ဘုရားသခင်ဆိုတာ လာအမိန့်ပေးစေခိုင်းလျှင်တောင် လုပ်မှာ မဟုတ်။ တစ်ခုခုလုပ်ချင်ပြီဆိုရင်လည်း ဘယ်သူ ဘယ်လိုတားတား လုပ်တာပဲ။ အဲဒါကြောင့် မို့ ခုစာအုပ်ကို ကိုယ့်ဘာသာထုတ်နေတာ။ ထုတ်ဝေသူ နဲ့ဆို ဘယ်နှလမှာ ဘယ်နှအုပ်အပ်ပါ ဘာညာတွေ ကျွန်တော် နှင့် အဆင်မပြေဘူးလေ။

အရင်အခြေအနေနဲ့ဆို ပိုဆိုးခဲ့တာပေါ့။ သူတို့ကလည်း အလုပ်သဘောအရ တောင်းဆိုတာ မလွန်ဘူး။ အဲ့လိုကြောင့် မို့ စာအုပ်တွေ အထွက်ကျဲလို့ ကျွန်တော် ဟာ ရောက်သင့်သလောက် ခရီး မရောက်တာလို့ အပြောများ ပါတယ်။ ကြားမှာ လည်း ခါးဆက်က အကြာကြီးပြတ်ခဲ့တာကိုး။ ဘယ်သူတွေ ဘာပြောပြော ပြုပြင်ဖို့ စိတ်မကူးဘူး။ ဒဏ်ရာတွေ နှင့် နာကျင်ခဲ့ဖူးပြီ။ နာကျင်နေ ရတုန်းပါလေ။ အောင်မြင်ဖူးပြီ။ ဆုံးရှုံးဖူးပြီ။

ဘယ်အရာတွေ က ဘယ်လောက်ကြာကြာ တည်မြဲမှာ မို့လို့လဲ။ သက်သာသလိုသာ နေလို ပါတော့တယ်။ ကိုယ့်ရဲ့ စိတ်နှင့် ကိုယ်ကို ကိုယ့်ဘာသာမနှိပ်စက်မိစေဖို့ပဲ ဂရုစိုက် ဖြစ်ပါတော့တယ်။ တတ်နိုင်သမျှ ကိုယ်စိတ်မပါတာကြီးကို ဝဋ်ဆင်းရဲတစ်ခုသဖွယ် အလေးလံမခံချင်တော့ဘူး။ လမစေ့သေးဘဲ ရင်သွေးကို အတင်းညှစ်ထုတ်မွေးဖို့လည်း ကျွန်တော် က မစွမ်းဘူးလေ။ တစ်ပုဒ်နဲ့ တစ်ပုဒ် ဖန်တရာတေနေမှာ လည်း ကျွန်တော် က ကြောက်တယ်။ အင်တာဗျူး တစ်ခုမှာ ပြောဖူး သလိုပေါ့။

''ကျွန်တော် က ဆင်ရဲ့ အမြီး ဖြစ်ရတာ နဲ့စာရင် ပုရွက်ဆိတ်ရဲ့ ဦးခေါင်းကို အထင်ကြီးတယ်''

အဲဒီ နေ့ရှုတင်မှာ ကိတ်ဝင်းစလက်ဟာ မြန်မာပြည်ရဲ့ လက်ရှိ လျှမ်းလျှမ်းတောက် မင်းသား တစ်ယောက် ကို မိတ်ကပ်လိမ်းခြယ်ပေးနေတာ။ ဒါရိုက်တာနှင့် ကျွန်တော် စကားမပြတ်ခင် ကိတ်ဝင်းစလက် အနးရောက်လာတာ။

'ဒါက ဝင်းရဲ့ ချစ်ချစ်လေ' ဆိုပြီး ဒါရိုက်တာရဲ့ ရှေ့မှာ ကျွန်တော့် ပေါင်ကြားကို လက်နှိုက် ဖျစ်ထားတယ်။ နံဘေးမှာ မင်းသား မင်းသမီးတွေ ကော စက်အဖွဲ့နဲပ အခြားသရုပ်ဆောင်တွေ ပါ ရှိနေတာ ကျွန်တော် ဘယ်လိုမျက်နှာထားရမှန်း မသိဘူး။ ဒေါပွသွားတယ်။ အောင့်လည်း အောင့် သွားတာကိုး။

''ထွန်းဝင်း . . . အသားမနာချင်ရင် ငြိမ်ငြိမ်နေစမ်း''

ဆိုပြီး ကျွန်တော် သူ့လက်ကို ပုတ်ထုတ်ပစ်လိုက်ရတယ်။ သူ မျက်စိမျက်နှာ ပျက်သွား တယ်။ ကျွန်တော့် ပါးစပ်ထံ သူ့လက် ဖျတ်ခနဲ ပြေးရောက်လာပြီး သွက်သွက်လက်လက် ပိတ်တယ်။

''ဝင်းကို အာ့လို မခေါ်ပါနဲ့'' တဲ့။

ပါးစပ်လာထိနေတဲ့ သူ့လက်ကို ကျွန်တော် ပုတ်ချလိုက်တယ်။ ဘယ်လောက်စိတ်တိုဖို့ ကောင်းလိုက်သလဲ။ လက်က ဟိုရောက်ဒီရောက်။

''မခေါ်စေချင်ရင် မင်း လက်ငြိမ်ငြိမ်နေ။ ပြောတာဆိုတာလည်း ဆင်ခြင်''

ကျွန်တော် ဆံပင်ညှပ်နေကျ ဗျူတီဆလွန်းမှ အစ်မပြော၍ သိနေတာပါ။ အဲဒီ အစ်မနှင့် သူက သင်တန်းအတူတူ ဆင်းခဲ့တာတဲ့။ သူ့အမည် ကို ကိတ်ဝင်းစလက်လို့ ပြောင်းထားပေမယ့် သူ့မှတ်ပုံတင်အမည် မှန်က ထွန်းဝင်းတဲ့။

ကိတ်ဝင်းစလက်အ ဖြစ် လူသိများ တဲ့ထွန်းဝင်းဟာ အမှတ်လည်း မရှိပါဘူး။ ခဏပဲ အကြောငြိမ်သွားပေမယ့် နောက်ဆို ကျွန်တော့် ကို လမ်းတွေ့ ရင် ခေါ်ပြောနှုတ်ဆက်နေတာပဲ။ သူနဲ့ တွေ့ ရင် အနားမကပ်ရဲဘူး။ ဖက်တတ်လို့။ တစ်ခါတလေ သူတို့ တိုက်ခန်းအောက်မှ ဖြတ်သွားရင် လည်း 'ရွှတ် ရွှတ်' လို့ အသံပြုတတ်တယ်။ မော့များ ကြည့်မိရင် အပေါ်လာဆိုသည့် သဘောနှင့် လက်ယပ်ခေါ်တတ်တယ်။ နှစ် ခါလောက်ပဲ မော့ကြည့် ဖြစ်ပါတယ်။ နောက်တော့ အဲဒီ နားရောက်လို့ ရွှတ်ရွှတ်သံကြားရင် မကြည့် ဖြစ်အောင် သတိထား ဖြစ်တာ အလိုအလျောက် ကျင့်သားရနေပြီ။

အများ ကြီးမသိပေမယ့် ကျွန်တော် မြင်ဖူး တွေ့ ကြုံဖူးသမျှ မင်းသား မင်းသမီးနောက်လိုက် တဲ့ အလှဖန်တီးရှင်တွေ ဟာ အဲဒီ လိုတွေ ချည်းပဲ။ တချို့ဆို 'ခဏ' ဆိုပြီး ခေါ်လို့လိုက်မိတာ ကွန်ဒုံး ထုတ်ပေးသူနဲ့၊ ပါးစပ်ကလေး ကွင်းဝိုင်းပြသူနဲ့၊ လက်ကို စုန်ချည်ဆန်ချည် ထက်အောက် ဆော့ပင့် ကစားပြသူနဲ့ စိတ်လေစရာပဲ။

× × ×

အခန်း(၃)

ညဦးပိုင်းမှာ ဒိုးဇက် ကျွန်တော့် အခန်း ရောက်လာတယ်။ တွေ့ တွေ့ ချင်း ဘီယာသောက်ချင် နေကြောင်း ခိုလိုညည်းပါတယ်။ ကျွန်တော် လည်း ခန်းခြောက်နေတဲ့အကြောင်း ပြောလိုက်တယ်။ လက်ရှိမှာ ကျွန်တော် ပိုင်ဆိုင်တာ ဘောင်ချာစာရွက်ပဲ ရှိတယ်လေ။ အဲဒီ ဘောင်ချာစာရွက်က နေ့စွဲရက်စေ့မှ ဖြန့်ချိရေး ဆီက ငွေရမှာ ။ ဒီရက်ပိုင်းအသုံးစရိတ်အတွက်တောင် ရကောက်ဆီမှ အတိုးမပါဘဲ ဆွဲထားရတာ ။ ကျွန်တော် က စာအုပ်ကို ကိုယ့်ဘာသာ ပုံနှိပ်ထုတ်ဝေပေမယ့် ဖြန့်ချိမှု ကိုတော့ ဖြန့်ချိရေး နဲ့ လွှဲထားတယ်။ စာအုပ်ဆိုင်တွေ မျာ ပိုက်ဆံတောင်းရတဲ့ ဝဋ်ဆင်းရဲ မခံနိုင်လို့။

ဒိုးဇက်ခေါ်လို့ အပြင်ထွက်လိုက်လာခဲ့တယ်။ ကိတ်ဝင်းစလက်တို့ တိုက်ခန်းအောက်ရောက် ချိန်မှာ 'ရွှတ် ရွှတ်' ဆိုတဲ့ ခေါ်သံ ကြားတယ်။ ကျွန်တော် မော့မကြည့်ဘူး။ ဒိုးဇက် ကတော့ မော့ကြည့်တယ်။ လက်တွေ ဘာတွေ တောင် ထောင်ပြလိုက်သေး။ ရွတာ။

'လန်းဆန်း . . . ဟိုမှာ မင်းစော်ကြီး' လို့ ဒိုးဇက်စတော့ ကျွန်တော် ဒိုးဇက်ကို လက်သီး ထောင်ပြလိုက်တယ်။

သစ်သီးဝလံတွေ ရောင်းတဲ့ လမ်းတစ်နေရာဆီရောက်တော့ မင်းဂွတ်သီးလေးတွေ မြင်တဲ့ အခါ စားချင်လိုက်တာလို့ ကျွန်တော် ညည်းမိတယ်။ ဒိုးဇက် နှုတ်က ဘာမှမပြောဘူး။ လူရှုပ်ရှုပ် ကြားထဲမှာ အတူတွဲ လျှောက်နေရင်း ဒိုးဇက် နောက်ဘက်မှာ ကျန်ရစ်ခဲ့တယ်။

ခဏကြာတော့ 'ရော့' ဆိုပြီး ကျွန်တော့် လက်ထဲ အညိုရောင် မင်းဂွတ်သီးလေးတစ်လုံး လာထည့်ပေးတယ်။ မင်း ဘယ်လိုရလာတာလဲမေးတော့ ဒိုးဇက် မဖြေ။ ပြုံးပဲ ပြုံးနေတယ်။ ကျွန်တော် ထင်လိုက်ပါတယ်။ ဒီကောင် အလစ်သုတ်လာတာပဲ ဖြစ်ရမယ်။

ဒိုးဇက်က ၁၉ လမ်း သွားရအောင်လို့ ပြောတယ်။ မင်းမှာ ပိုက်ဆံပါလို့လားမေးတော့ 'အေးဆေးပါ' ဟု တုံ့ပြန်တယ်။ ဒိုးဇက်က ဒေါ်လာအရောင်းအဝယ်လုပ်တာ။ ကျွန်တော် နေတဲ့ လမ်းရဲ့ တစ်လမ်းကျော်မှာ နေတာ။ နိုင်ငံခြားငွေ လဲလှယ်ရင်းနဲ့ပဲ သူနှင့် ခင်ခဲ့တာပေါ့။ ဒီကောင်က ဝင်ငွေရှိပေမယ့် ငွေကုန်မြန်တယ်။

သူ့ကြည့်လိုက်ရင် အမြဲလို ပိုက်ဆံပြတ်နေတာကများ ။ သူ ဘာတွေ ကြောင့် ကုန်နေသလဲ ကျွန်တော် သိတာပေါ့။ စော်တွေ ကို ပိုးကြေးပန်းကြေးပေးရတာ နဲ့ ကလပ်ဖိုး၊ ကလပ်အပြန် သယ်ယူလာတာလေးတွေ နဲ့ ဟိုတယ်ခတွေ ကြောင့် ကုန်နေတာလေ။ သူက မိဘတွေ နှင့် အတူနေ တဲ့လူလွတ်။ တစ်ည ပါဆယ်ဆွဲလာတာလေးနဲ့ ကျွန်တော့် ဆီ ရောက်လာဖူးတယ်။ ကျွန်တော် ငေါက်လွှတ်လိုက်လို့ ဟိုတယ်ခ ပိုက်ဆံတောင်းပြီး ပြန်ထွက်သွားတာ။

ဒိုးဖက်ပုံစံက မျက်နှာမှာ ကျောက်ပေါက်နာလို အမာရွတ်တချို့ ထင်ရှားစွာ ရှိတယ်။ အသားညိုညို ဂင်တိုတိုနဲ့။

၁၉ လမ်းရောက်တော့ ဒိုးဇက်က ဘီယာနှင့် အကင်တွေ မှာ တယ်။ စားသောက်နေရင်း 'မင်း ကိတ်ဝင်းစလက်ကြီးကို ဖန်လိုက်ပါလား။ အဲဒါဆို ငါတို့ စားဖို့ သောက်ဖို့ မပူပင်ရတော့' လို့ ပြောတယ်။

''ခုကော ငါတို့က ငတ်နေလို့လား''

''ငါက ပျော်စရာကောင်းအောင် ပြောတာပါ''

လို့ ဒိုးဇက်က သူ့စကားကို လျောချတယ်။ ပြီးတော့ အခြောက်တွေ ဟာ မိန်းမတွေ ထက် ပိုချစ်တတ်တဲ့အကြောင်း၊ ပိုပေးဆပ် အနွံတာခံတဲ့အကြောင်း ပြောတယ်။

''သူတို့နာပြီဆိုရင်လည်း မိန်းမတွေ ထက် ပိုကြောက်ဖို့ ကောင်းတယ်မလား''

ကျွန်တော် ပြောတော့ ဒိုးဇက် ရယ်တယ်။

'မင်းသိသားပဲ' တဲ့။

ကိတ်ဝင်းစလက်က ဝင်ငွေတော် တော် ဖြောင့်တယ်လို့ ပြောကြတယ်။ နာမည် ကြီး မင်းသား မင်းသမီးတွေ ကားတွေ တဝီဝီနဲ့ သူ့ထံလာခေါ်နေတာတွေ တွေ့ မိသားပဲ။ ဂေးတွေ ကို ချူစားသူ တွေ အား ကျွန်တော် မသတီတာအမှန်။ ဂေးတွေ ကို ကျွန်တော် မမုန်းပါဘူး။ ရှုတင်မှာ မဟုတ်တဲ့ ပြင်ပမှာ ကျွန်တော် နှင့် ခင်တဲ့ ဂေးတွေ လည်း ရှိနေတာပဲ။

အဲဒီ ထဲက တချို့ဟာ ကျွန်တော် နှင့် ဆက်ဆံရာမှာ မညစ်ပတ်ဘူး။ အဲဒီ လိုလူမျိုးတွေ ကို ဘော်ဒါလိုပဲ စိတ်သန့်စွာ ပေါင်းနိုင်တယ်။ အခါမလပ် သတိတော့ ထားနေမိတာပေါ့လေ။ မေးခွန်း ထုတ်ကြတဲ့ ဂေးဟန်ဆောင်သော ဂေးမျိုးနဲ့တော့ ကျွန်တော် မသိဖူးသေးဘူး။ သိသလောက်တော့ ဂေးတွေ ဟာ သုံးဖက်ချွန်ကများ ။ ဒါလည်း အစ်အောက်မေးရင်း အတွင်းကျကျသိခဲ့တာပါ။ စော်နှင့် လည်း ဆက်ဆံတယ်။ ဘဲနှင့် လည်း ဆက်ဆံတယ်။ ဇာတ်တူသားလည်း စားလိုက်တာပဲ။ အဲဒီ အချက်မသိလို့ ဂေးဆိုပြီး ယုံမှတ်ပေါင်းမိတဲ့ မိန်းကလေးတွေ အပျိုရည်ပျက်တာလည်း ရှိတယ်။

ဒိုးဇက်က ကန်တော် ကြီးထဲမှာ သူတွေ့ ခဲ့တဲ့ ဂေး တစ်ယောက် အကြောင်း ပြောပြန်တယ်။ ဒါလည်း အမြည်းတစ်ခု။ ယောက်ျားလေးတွေ ဟာ စားသောက်နေရင်း သူတို့ရဲ့ အတွေ့ အကြုံတွေ ကို အမြည်းလုပ်လေ့ရှိကြတယ်။ အထူးသဖြင့် ပါးစပ်အရသာခံလို့ကောင်းမယ့် အကြောင်းတွေ ပေါ့။

အဲဒီ ညက ဒိုးဇက် ပိုက်ဆံပြတ် အရက်သောက်ချင်နေချိန် ဂေး တစ်ယောက် ပရောပရီ လာလုပ်သတဲ့။ အဲဒါနဲ့ ဒိုးဇက်က ညှိနှိုင်းပြီး အရင်အရက်လိုက်တိုက်ခိုင်းတယ်။ စားချင်တာတွေ လည်း ဗိုက်ကားအောင် စားလိုက်တယ်။ ပြီးတဲ့အခါ ဒိုးဇက်ဟာ ဂေးကို ရေစပ်ခေါ်သွားသတဲ့။ ဘောင်းဘီရှည်နှင့် အတွင်းခံကို ဒူးဆစ်လောက်ထိအောင် အဆင်သင့်လျောဆင်းချထားတဲ့ဂေးကို ရေစပ်မှော င်ရိပ်မှာ တစ်ဖက်လှည့်ရပ်စေတယ်။ ခါးကိုလည်း ကိုင်းထားခိုင်းတယ်။

ဂေးက 'ဖြည်းဖြည်း' လို့ ဖွဖွရွတ်နေတယ်။ အဲဒီ အချိန်မှာ ဒိုးဇက်က သွက်လက်စွာ လှုပ်ရှား လိုက်တယ်။ အစွမ်းကုန် မြှော က်ကော့ပင့်တင်ပေးထားတဲ့ ဂေးရဲ့ တင်ပါးကို ခြေထောက်နဲ့ အားကုန် ဆောင့်ကန်ပြီး ခြေကုန်သုတ် ထွက်ပြေးခဲ့သတဲ့လေ။ ဂေးခမျာ ခေါင်းငိုက်စိုက်နဲ့ ရေပြင်ထဲကျသွားတာ 'ဗွမ်း' ခနဲတောင် အသံမြည် ဆိုပဲ။

အဲဒီ အကြောင်းပြောပြီး ဒိုးဇက် တဟားဟား ရယ်နေတယ်။ ကျွန်တော် မကြိုက်လိုက်တာ။ ဒိုးဇက် တော် တော် ရက်စက်ပါလား။ ဂေးလည်း ခံစားမှု နှင့် လူပဲ။ မနှစ်သက် မပတ်သက်နဲ့ပေါ့။ ကိုယ့်ရဲ့ လိုအပ်ချက်တစ်ခုအတွက် သူတစ်ပါးရဲ့ ဆာလောင်မှု ကို အသုံးမချသင့်ပါဘူး။ သူကျွေး တာလည်း စားသေးတယ်။ ဒီလိုတော့ မလုပ်သင့်ဘူးထင်တာပဲ။ ဒိုးဇက်ဟာ တစ်ဦးတည်းသော သားဆိုတော့ အိမ်မှာ နေရတာ ငြီးငွေ့ပြီး လမ်းပျော် ဖြစ်နေသလိုပဲ။ စိတ်ထင်ရာလည်း သိပ်လုပ် တယ်။ အတ္တကိုရှေ့တန်းတင်လွန်းတယ်လို့ သတ်မှတ်မိတယ်။ သြော် သူများ ပြောနေ ကျွန်တော် ကကော ဘာထူးလို့လဲ။ သံတူကြောင်ကွဲ အတ္တကြီးသူပါပဲ။

စားသောက်ပြီးအတော် ကြာတော့ 'ဝပြီလား ထပ်မှာ ဦးမလား' လို့ ဒိုးဇက် မေးတယ်။ တော် ပြီ ဖြစ်ကြောင်း ကျွန်တော် စကားပြန်လိုက်တယ်။ အဲဒီ တော့ ကျွန်တော့် ကို အရင်သွားနှင့် ဖို့ ပြောတယ်။ အတူသွားမယ်ဆိုတော့ အရင်ပဲသွားခိုင်းတာနဲ့ ထွက်လာခဲ့တာ။ ခဏနေတော့ နောက်ကနေ ဒိုးဇက် တဖုတ်ဖုတ် ပြေးလာတယ်။ လမ်းထိပ်မှာ ရပ်နေတဲ့ ကျွန်တော် နဲ့တွေ့ တော့ လက်ဆွဲပြေးတယ်။

''ငါ ဒီအတိုင်းထလာတာ ဆိုင်က စားပွဲထိုးမြင်သွားလို့'' တဲ့။

ကောင်းရောပဲ။ ကျွန်တော် လည်း ပြေးတာပေါ့။ ကိုယ့်မှာ ရှင်းစရာပိုက်ဆံမှ မရှိဘဲ။ နောက်ရက် ပိုက်ဆံရှိတဲ့အခါ အဲဒီ ဆိုင်ကိုပေးဖို့ သတိရပေမယ့် သွားမပေး ဖြစ်။ ကျွန်တော် လည်း သိပ်မကောင်းပါလား။

× × ×



ဝန်ဇင်းချစ်သူများ လင်းညှို့ သွေး ၏ “ သူငယ်ချင်းအတု ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကြိုး

နတ်သမီး ချည်တိုင်

အနမ်းစက်ဝိုင်း