Cover

နိဒါန်း

ကြိုး. . . ကြိုးတွေ . . . ။

သွေးသောက်နွယ်ရှင်တွေ လို ကြိုးမျှင်တွေ က သူမခန္ဓာကိုယ်ကို ရစ်ပတ်ထိုးဖောက်လာသည်။ ဘာလဲ မိဘမေတ္တာတရား. . . ။ ဘယ်မှာ လဲ အကြင်နာဆိုတာ. . .။ မိဘဆိုတာ တစ်ချိန်တုန်းက သားသမီးပဲ မဟုတ်လား. . .။ဘာလို့ စာနာမှု မပေးနိုင်ရတာ လဲ. . .။

“ဒိဋ္ဌိမ”

ဖြန်းခနဲ. . .။ ပြင်းထန်သော လက်ဝါးရိုက်ချက်ကြောင့် သူမပါးစောင်အတွင်းသားတို့ ကွဲအက်သွားသည်။လုပ်လေ . . .။ ရိုက်လေ. . .။ ခင်ဗျားတို့ဟာ စိတ်သတ်သမားတွေ ။ စိတ်တွေ ကို အမဲဖျက်တာ ခင်ဗျားတို့ပဲ။ လူ တစ်ယောက် ရဲ့ ဘ၀ဆိုတာ အလွယ်တကူ ချေမွ မီးရှို့ပစ်လို့ရတဲ့ စက္ကူစုတ် မဟုတ်ဘူး။ အဲ့ဒါ ခင်ဗျားတို့ ငွေပင်ဖောက်ဦးနှောက်ကြီးတွေ တွေးမိရဲ့ လား။

“မိဘဆိုတာ တစ်ချိန်က သားသမီး ဖြစ်ခဲ့လို့ပဲ ကိုယ်မိဘပြန် ဖြစ်ချိန်မှာ ကိုယ့်သားသမီး တွေ ကို မ ဖြစ်သင့်တာ မ ဖြစ်စေဖို့ ဆုံးမတာ”

ဘာလဲ ဆုံးမတာ။ ဟား ဟား. . .။ ငါတို့တုန်းက လုပ်ချင်တာ လုပ်ခဲ့တယ်။ နင်တို့ မလုပ်နဲ့။ အဲဒါ မကောင်းဘူး။ဒါပဲမို့လား။ ကိုယ်လုပ်ချင်တာ လုပ်လို့ဝလို့တော့ ဒါမျိုးပြောမှ ပေါ့။ ရိုးနေပြီ။ ကောင်းတယ် မကောင်းဘူး၊ ဖြစ်သင့်တယ် မ ဖြစ်သင့်ဘူးဆိုတာ ဘာနဲ့ ခွဲခြားသတ်မှတ်တာလဲ. . .။ ပြောစမ်းပါဦး။

သားသမီးဆိုတာ လိုချင်လို့ မွေးဖွားလာတာကော ဟုတ်ရဲ့လား။ သွေးသားသော င်းကျန်းမှု ရဲ့ ရလဒ်ကော မ ဖြစ်နိုင်ဘူးလား။ တိုးတက်ကောင်းမွန်စေဖို့ဆိုတဲ့ စကားလုံးလှလှလေးတွေ နဲ့ တံဆိပ်ကပ်၊ ကိုယ် ဖြစ်ချင်တာတွေ ဖြစ်စေဖို့ လိုရာပုံသွင်းယူဖို့ တယုတယ ပြုစုခဲ့တာလား။ တိုးတက်ကောင်းမွန်မှု ဆိုတာကကော ဘာလဲ။ ဘယ်ပေတံနဲ့ တိုင်းတာတာလဲ။ ကိုယ်ပိုင်ဆန္ဒတွေ ကွယ်ပျောက်ပြီး စက်ရုပ်တစ်ရုပ်လို သံပတ်နဲ့ လည်ပတ်နေရတာ မိဘမေတ္တာတရားလား. . .။

“မိဘကိုတောင် ပြန်စော်ကားတဲ့ ဒီဒိဌိမကို ကြိုးတွေ နဲ့ အထပ်ထပ်တုပ်စမ်း၊ ပြီးရင် သူနဲ့ထိုက်တန်တဲ့နေရာပို့မယ်”

ကြိုးတွေ . . . ရစ်ပတ်မှု ပိုမိုတင်းကြပ်တာတဲ့ကြိုးတွေ ။ အသက်ရှူပင် ခက်ခဲစွာ ရပ်စဲချင်လာ၏ ။ ခွေးသေကောင်ပုပ်ကို တရွတ်တိုက် ဆွဲခေါ်မှု တွေ . . .။ သက်ညှာမှု ကင်းမဲ့လိုက်တာ. . .။

“တောက်. . . ”

ငါဟာ သိပ်တန်ဖိုးမဲ့နေပြီလား. . .။ တန်ဖိုးဆိုတာကကော ဘာကြီးလဲ. . .။

“နင် ဘုရားတရားသာ တပေတော့”

ဘာလို့ တရမှာ လဲ . . .။ ရွနေလို့ တရမှာ လား. ဘာလဲ ဘာသာတရား။ ဘာသာတရားဆိုတာ နည်းစနစ်ကျင့်ဝတ်တစ်ခုပဲ။ လိုက်နာရင်လိုက်နာမယ်. . . မလိုက်နာချင်ရင် မလိုက်နာဘူးပေါ့။

အတင်းကြီးတွေ စွတ်မခိုင်းစေနဲ့. . .။ စိတ်မပါရင် လိပ်ပြာဆိုတာ မစင်ကြယ်ဘူးရှင့်. . .။ စိတ်ပါတိုင်းလည်း စင်ကြယ်ချင်မှ စင်ကြယ်တာပါကွာ။ ဒါနဲ့ လိပ်ပြာဆိုတာ ဘာလဲဟင်။

“၀ုန်း” ခနဲ . . . ။

သူမခန္ဓာကိုယ် တစ်စုံတစ်ရာပေါ် ခပ်ကြမ်းကြမ်း တွန်းဆောင့်ပစ်တင်ခံလိုက်ရသည်။ သူမမျက်ဝန်းမှာ သော ကမျက်ရည်စက်တွေ ။ သွားစွယ်ဖြူချွန်ချွန်လေးတွေ ကိုက်ဖောက်မှု နှင့် ရိုက် ချက်တို့ကြောင့် နှုတ်ခမ်းသား ပြည့်ပြည့်ဖူးဖူးလေးမှာ စိုစိုရဲရဲ သွေးစတို့ ယိုစိမ့်လျက်။

သူမ ခေါင်းကို ဘယ်ညာရမ်းခါနေသည်။ နက်မှော င်သော ကပိုကယို ဆံနွယ်ရှည်မျှင်တွေ က သူမမျက်နှာပြင်နှင့် ကိုယ်ခန္ဓာ အထက်ပိုင်းတလျှောက် ကျယ်ပြန့်စွာ အုပ်လွှမ်းရှုပ်ထွေးနေချေ ၏ ။

“ကိုကိုရေ”

မီးခိုးငွေ့တွေ တလူလူ. . . ။ ဓမ္မတေးသံတွေ နားထဲမှာ ကြားနေရသည်။ ကြောက်လန့်တကြား မျက်ဝန်းကို မှိတ်ပစ်လိုက်လေတော့ မျက်နှာတည့်တည့်ဆီ ပြေးဝင်လာတာ ဆေးထိုးအပ်တစ်ချောင်း . . .။ လက်ယာလက်မှာ ဆုပ်ကိုင်ထားသော ဆေးထိုးအပ်သည် လက်ဝဲလက်ဖျံ သွေးကြောတလျှောက် စူးနစ် ၀င်ရောက်သွားသည်။ အရသာရှိလိုက်တာ။

ဟင်. . . ထိုလက်ဖျံမှာ မွေးညင်း စိမ်းစိမ်းလေးတွေ ပါလား . . .။

“အား......”

အာခေါင်ကိုခြစ်၍ ၀မ်းခေါင်းသံဖြင့် သူမ အော်ဟစ်ပစ်လိုက်၏ ။ အပ်တစ်စင်းက သူမ အသားတစ်နေရာမှာ စိုက်ဝင်နေချေပြီ။ ရုန်းသည်မရ. . . ။ လှုပ်သော်လည်း လွတ်မြောက်မှု သည် ဖြစ်မလာ။ ချုပ်နှောင်မှု တွေ က ဆိုးရွားလိုက်တာ။

အိပ်ချင်လာပြီ. . .။ အိပ်တော့မယ်. . .။ နာကျင်မောပန်းနေခဲ့ပြီပဲ။ ဘယ်မှာ အိပ်ရမှာ လဲ…။

အိမ်မက်ထဲမှာ သူမဆံပင်ရှည်တွေ ကို ကြွက်တွေ ကိုက်နေ၏ ။ ဒါအိမ်မက်လား တကယ်လား . . . ။ အိပ်ပျော်နေတာလား. . . နိုးထနေတာလား။ နေရထိုင်ရတာ အေးစက်စက်နှင့်။ ငါ ကြွက်တွင်းတစ်ခုထဲ ရောက်နေတာများ လား. . .။

တိမ်တွေ ပေါ်မှာ တစ်ယောက် တည်း လမ်းလျှောက်နေရသည်။ အဖော်မပါ။ သူ သူ ဘယ်မှာ လဲ။ ရှာသည်။ လိုက်ရှာသည်။ မတွေ့ ။ ရှာဖွေရင်း မောလာသည်။ ညောင်းလာသည်။ ရေငတ်လာ၏ ။ ရေ. . . ရေပေးပါ။

ဟင်. . . ဟိုရှေ့မှာ . . . သူ. . . ။ ကိုကိုရေ . . . ။ အော်ခေါ်သည်။ မကြား. . .။ နီးနီးလေး ကပ်ခေါ်နေတာဘာလို့ မကြားတာလဲ။ ပြေးသွားဖို့ ကြိုးစားလိုက်သည်။

ရုတ်တရက် ကြားမှာ ချောက်ကမ်းပါးကြီးတစ်ခု ဖြစ်ပေါ် လာ၏ ။

“ဒိဋ္ဌိမ”

နောက်မှ ဆူညံသော အသံတွေ ။ ဓားကြီးတွေ တ၀င့်ဝင့်နှင့် ပြေးလာနေကြသည်။ငါ့ကို အမဲလိုဖျက်တော့မယ်။ ပြေး . . . ပြေးစမ်း။ ငါ့သွေးဟာ နင်တို့ ယစ်ပူဇော်ဖို့ မဟုတ်ဘူး. . .။

ပြေးသည်. . .။ အားသွန်ခွန်စိုက် ပြေးသည်။ ပြေးနေရင်းမှ ၀ဲဂယက်ထပြီး တိမ်တွေ ပြိုပျက်သွားသည်။ သွက်လက်စွာ လှုပ်ရှားနေသော ခြေထောက်အစုံသည် အပေါက်ကျွံကာ တိမ်တွေ ပေါ် မှအောက်သို့ တရှိန်ထိုး ပြုတ်ကျသွားလေသည်။

အေးခနဲ. . . ။ အိုး ဟိုး . . . မိုးရွာတာလား. . .။

ဟင်. . . ။

ဒါ ဒါ ဘယ်နေရာလဲ။ ရောက်ရှိနေတာက ကမ္ဘာသစ် တစ်ခုဆီ။ငါအသက် ဆက်ရှင် နေသေးတာလား။ ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ကဘာလဲ။ ငါ ဘာဆက်လုပ် ရမလဲ။

ငါဆိုတာ သူ့အချစ်နဲ့ သံပတ်ပေးမှ အလုပ်လုပ်တဲ့ စက်ရုပ်။အခုတော့ . . . အခုတော့ . . .။

ကိုကိုရေ . . . ဒိဋ္ဌိမလေးအတွက် ကိုးကွယ်ရာ ပျောက်ဆုံးခဲ့ပြီပဲလေ။

* * * * *


(ပုံပြင် - က )

ဗီယက်နမ်နဲ့ စစ်ပွဲပြီးတော့ အမေရိကန်စစ်သားတစ်ဦးဟာ ဆန်ဖရန်စစ္စကိုကနေ မိဘ အိမ်ကို ဖုန်းဆက်ပါတယ်။

“ဖေဖေနဲ့ မေမေ သားပြန်လာပြီ၊ သားနဲ့အတူ သူငယ်ချင်း တစ်ယောက် လဲ ပါခဲ့တယ်၊ သူ့ကိုလည်း အိမ်ခေါ်ခဲ့မယ်နော်” လို့ပြောတော့ မိဘတွေ က ခေါ်ခဲ့ဖို့ သဘောတူလိုက်တယ်။ အဲဒီ မှာ စစ်သားက ဆက်ပြီးပြောပါတယ်။

“ဒါပေမယ့် သားသူငယ်ချင်းကြောင်း ကြိုပြောထားချင်တယ်။ စစ်ပွဲမှာ သူ အကြီးအကျယ် ဒဏ်ရာရခဲ့တယ်။ လက်မောင်းတစ်ဖက်နဲ့ ခြေတစ်ဖက် ဖြတ်လိုက်ရတယ်။ သူ့မှာ သွားစရာ၊ နေစရာ၊ မရှိလို့ သားနဲ့အတူ လိုက်နေမှာ ပါ”

“၀မ်နည်းပါတယ် သား၊ သူ့အတွက် တခြားနေရာမှာ နေဖို့ ဖေဖေတို့ စီစဉ်ပေးလို့ ရတယ်လေ”

“မဟုတ်ဘူး ဖေဖေ၊ သူ့ကိုသားနဲ့ပဲ အတူနေစေချင်တာပါ”

“သား ဘာတွေ ပြောနေသလဲဆိုတာ သားကိုယ်သား သိလား နားလည်ရဲ့ လား၊ ဒီလို ဒုက္ခိတ တစ်ယောက် က ဖေဖေတို့နဲ့ အတူနေရင် ဖေဖေတို့ကို တာဝန်ပိုစေတယ်ကွ၊ ဖေဖေတို့လည်း စားဝတ်နေရေး အတွက် ရုန်းကန်ရဦးမယ်၊ သူ့ကြောင့် ၀န်ပိုတွေ မ ဖြစ်စေချင်ဘူး၊ သားအရင်ပြန်လာခဲ့၊ နောက်ပြီး သူ့ကိုမေ့လိုက်၊ သူ့လမ်းသူသွားလိမ့်မယ်”

ဖခင် ဖြစ်သူစကားကြားတော့ စစ်သားလေးဟာ စိတ်မကောင်း ဖြစ်ပြီး ဖုန်းချလိုက်တယ်။ အဲဒီ နောက်မှာ သူ့ရဲ့ သတင်း အစ, အနကို မရတော့ပါဘူး။

ရက်အနည်းငယ်ကြာတော့ ဆန်ဖရန်စစ္စကို ရဲစခန်းကနေ မိဘ ဖြစ်သူတွေ ထံ ဖုန်းဆက် တယ်။ သတင်းက သူ့တို့သားလေး တိုက်ပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်သွားတဲ့အကြောင်းပါ။ လူသတ်မှု မဟုတ်ဘဲကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတယ်လို့ ရဲတွေ က ကောက်ချက်ချပါတယ်။

မိဘတွေ ဟာ ကြေကွဲဝမ်းနည်းစွာ ဆန်ဖရန်စစ္စကိုကို လိုက်သွားခဲ့တယ်။ သား ဖြစ်သူရဲ့ ရုပ်အလောင်းကို တွေ့ တဲ့အခါမှာ တော့ လက်မောင်းတစ်ဖက်နဲ့ ခြေတစ်ဖက် မရှိတာကို သူတို့ ယူကြုံးမရစွာ တွေ့ သိလိုက်ရပါတော့တယ်။

* * * * *


အခန်း (၁)

“အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးလေးတွေ ရှိကြတယ်တဲ့”

ဟေးခနဲ အော်သံသာသာလေးတွေ ကျေနပ်နှစ်သက် ဟန်ဖြင့် ထွက်ပေါ်လာကြသည်။ ကြိုးရင်မှာ ပီတိတွေ လှိုက်ခနဲ ဝေဖြာစွာ ။

“တစ်နေ့မှာ လာပြီး အဲဒီ အဖွဲ့ထဲက တန်ခိုးရှင် တစ်ယောက် က ကလေးလေးတွေ ကို ပုံပြင်လေးတစ်ပုဒ်ပြောဆိုရင်း တန်ခိုးတွေ ပေးခဲ့တယ်တဲ့။ ပုံပြင်လေးရဲ့ အမည် က “ အကြွေစေ့ နှစ် စေ့ပုံပြင်” ပါတဲ့ခင်ဗျာ”

ယနေ့ ကျောင်းသူကျောင်းသားတွေ ကို စာမသင်ဘူးဟု ဆရာတော် မှ မိန့်ကြားသဖြင့် စာသင်ဆောင်ထဲရှိကလေးငယ်တွေ ထံ ကြိုးရောက်လာပြီး ယခုလို ပုံပြင်ပြောပြ နေတာ ဖြစ်ပါ သည်။

“အဲဒီ ပုံပြင်လေးကို အပြုံးဖြင့် နားထောင်သူတွေ ဟာ လူချစ်လူခင်များ ခြင်းဆိုတဲ့ တန်ခိုးကို ရရှိမှာ ဖြစ်ပြီး အလေးအနက် အာရုံစူးစိုက် နားထောင်သူတွေ ကတော့ မှတ်ဉာဏ်စွမ်းရည် ထူးချွန်ခြင်းဆိုတဲ့ တန်ခိုးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်”

တချို့က မျက်နှာကလေးတွေ ပြုံးရွှင်ထားကြပြီး ၊ တချို့က မျက်မှော င်ကလေးတွေ ကြုတ် ကာ အာရုံစူးစိုက်ထားကြတာ တွေ့ ရ၏ ။ စာသင်ဆောင်နောက်ဘက်ခြမ်း ထောင့်တစ်နေရာ တွင် တော့ ကလေးငယ်တစ်စု စုရုံးစုရုံး ဖြစ်နေကြဆဲ။ ခဏအကြာမှာ သူတို့လေးတွေ လည်း ငြိမ်သွားကြပါသည်။

“၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambuco ပြည်နယ်က ရွာကလေး တစ်ရွာမှာ ရှိတဲ့ လယ်သမားမိသားစုတစ်စုကနေ ကောင်လေး တစ်ယောက် မွေးဖွား လာခဲ့တယ်၊ အဲဒီ မိသားစုဟာ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ ၄-နှစ် သားအရွယ်က တည်းက လမ်းပေါ်မှာ မြေပဲဆံ လိုက်ရောင်းခဲ့ရတယ်၊ ဒါတောင် အစားနပ်မှန်မှန် သူ မစားခဲ့ရသလို အ၀တ်အထည် လုံလုံလောက်လောက်လည်း မ၀တ်ဆင်ခဲ့ရဘူး”

ခစ်ခနဲ ရယ်သံဖွဖွကို ကြိုး နားစည်ဝမှ ကြားသိလိုက်ရသလိုလို။ စိတ်ကို သတိဖြင့်လွှဲ၍ အသိကို ပြောလက်စ စကားပေါ် ပြန်မျှောတင်လိုက်ပါသည်။

“ကျောင်းစတက်တဲ့အရွယ်မှ ကောင်လေးဟာ ကျောင်းအားလပ်ချိန်တိုင်း အဖော်သူငယ်ချင်း နှစ် ယောက် နဲ့ ဖိနပ်လိုက်တိုက်ခဲ့တယ်။ တကယ်လို့ ဖိနပ်တိုက်သူမရှိရင် သူတို့ ဗိုက်ငတ်ရပါတယ်။

ကောင်လေး ၁၂ နှစ် အရွယ် တစ်ညမှာ ပင်မင်းဆိုင်သူဌေးတစ်ဦး ဖိနပ် လာတိုက်တယ်။ ကောင်လေးနဲ့ အဖော်နှစ် ယောက် ဟာ သူ့ထက်ငါ ဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီ ၀ိုင်အုံသွားခဲ့ကြတယ်။ ကောင်လေးသုံးယောက် ရဲ့ တောင့်တနေတဲ့ မျက်ဝန်းအစုံကို ကြည့်ပြီး သူဌေး ဆုံးဖြတ်ရခက်သွားတယ်။ နောက်ဆုံး သူဌေးက အကြွေစေ့ နှစ် စေ့ထုတ်ပြီး “ဖိနပ်တိုက်ခ ၂-ကျပ်ပေးမယ်။ ဘယ်သူ ငါ့ဖိနပ်တိုက်ပေးမလဲ။ ဘယ်သူပိုက်ဆံ ပိုလိုချင်သလဲ” လို့ မေးပါတယ်။

အဲဒီ တုန်းက ဖိနပ်တစ်ခါတိုက်မှ ပြား ၂၀ ရတာ ပါ။ ယခု ၁၀ ဆလောက်ရမယ့် ပိုက်ဆံဟာ မိုးပေါ်က ကျလာတဲ့ မုန့်တွေ လိုပဲ ကောင်လေးသုံးယောက် ရဲ့ မျက်ဝန်းတွေ ကို အရောင် လက် သွားေးစခဲ့ပါတယ်။

အဖော်ကောင်လေး တစ်ယောက် ကတော့. . .

“ကျွန်တော် မနက်တည်းက အစာမစားရသေးပါဘူး၊ စားဖို့ပိုက်ဆံသာ ထပ်မရခဲ့ရင် ကျွန်တော် ဆာပြီး သေ သွားပါလိမ့်မယ်” လို့ ပြောတယ်။

နောက် အဖော်ကောင်လေး တစ်ယောက် ကတော့. . .

“ကျွန်တော် တို့အိမ်မှာ အစာပြတ်နေတာ ၃-ရက်ရှိ သွားပါပြီ၊ အမေကလည်း နေမကောင်း ဘူး ၊ အိမ်အတွက် ကျွန်တော် စားစရာဝယ်ပြန်ပေးရမယ်၊ ဒီလိုမှ မဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျွန်တော် အရိုက်ခံရတော့မယ်”

လို့ ငိုမဲ့မဲ့မျက်နှာနဲ့ဆိုပါတယ်။

နောက်ဆုံး ကျန်နေတဲ့ ကောင်လေး ကတော့ သူဌေးလက်ထဲက ပိုက်ဆံနှစ် ကျပ်ကို ကြည့်ပြီး ခဏလောက်စဉ်စားတယ်။ ပြီးမှ . . .

“တကယ်လို့ ဒီပိုက်ဆံနှစ် ကျပ်ကို ကျွန်တော် ရခဲ့မယ်ဆိုရင် သူတို့ နှစ် ယောက် ကို တစ်ယောက် တစ်ကျပ်စီ ပေးလိုက် မယ်”

လို့ ပြောတယ်။ ကောင်လေးရဲ့ အပြောကို ကြားတော့ သူဌေးကြီးနဲ့ကျန် အဖော်နှစ် ယောက် ပါ အံ့အားသင့်သွားကြတာပေါ့။

“သူတို့က ကျွန်တော့် ရဲ့ အကောင်းဆုံး သူငယ်ချင်းတွေ ပါ။ သူတို့တကယ် ဆာနေကြတာပါ၊ ကျွန်တော် ကတော့ နေ့လည်တုန်းက မြေပဲဆံလေး နည်းနည်း စားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိ နေပါသေးတယ်၊ သူဌေးရဲ့ ဖိနပ်ကို ကျွန်တော် တိုက်ပါရစေ၊ သူဌေး ကျေနပ်စေရပါမယ်”

လို့ ကောင်လေးက ဆက်ပြောပါတယ်။

ကောင်လေးစကားကြောင့် သူဌေးခံစားသွားရတယ်။ ကောင်လေးကို သူ ဖိနပ်တိုက်စေခဲ့ပြီး ငွေနှစ် ကျပ်ကို ပေးလိုက် တယ်။ ကောင်လေးက ဘာမှမပြောဘဲ ငွေနှစ် ကျပ်ကိုယူပြီး သူ့အဖော် နှစ် ယောက် ကို ချက်ချင်း ခွဲဝေပေးလိုက် ပါတယ်”

အခြေအနေကို အကဲခတ်ရင်းမှ ကြိုး စကားဆက်သည်။

“ရက်အနည်းငယ်ကြာတော့ သူဌေးက ကောင်လေးကို ရှာပြီး ကျောင်းအားလပ်ချိန်တိုင်း သူ့ပင်မင်းဆိုင်မှာ အလုပ်လုပ်စေခဲ့တယ်။ ညစာထမင်းပါ ကျွေးခဲ့တယ်။ လုပ်အားခ နည်းပေမယ့် ဖိနပ်လိုက်တိုက်တာနဲ့ စာရင်တော့ ပိုအဆင်ပြေခဲ့ပါတယ်။

ဒါဟာ ကိုယ့်ထက် ပိုနွမ်းပါးကြပ်တည်းသူတွေ ကို ကူညီခဲ့လို့ ရလာတဲ့ အခွင့်အရေး ဆိုတာကို ကောင်လေးသိတယ်။ ဒါကြောင့် နောက်နောင်တွေ မှာ အခက်အခဲရှိသူတွေ ကို တွေ တိုင်း သူ တတ်စွမ်းသလောက် ကူညီခဲ့ပါတယ်။

နောက်တော့ ကောင်လေးဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမား ၀င်လုပ်ခဲ့တယ်။ အလုပ်သမားတွေ အလုပ်သမား အခွင့်အရေး ရဖို့ သူတောင်းဆိုခဲ့တယ်။ အသက် ၂၁ မှာ အလုပ်သမားအသင်းထဲ သူဝင်ခဲ့တယ်။ အသက် ၄၅ နှစ် မှာ အလုပ်သမားပါတီကို သူ တည်ထောင်ခဲ့တယ်။

၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ “ဒီနိုင်ငံမှာ ရှိတဲ့ လူတွေ အားလုံး တစ်နေ့ကို ထမင်းသုံးနပ် မှန်မှန်စားစေရမယ်” ဆိုပြီး သူ ရွေးကောက်ပွဲ ၀င်ခဲ့တယ်။ ပြည်သူအများ ရဲ့ အားပေးထောက်ခံမှု ကို သူ ရရှိခဲ့ပြီး ဘရားဇီးနိုင်ငံရဲ့ ၃၅ ဦးမြောက် သမ္မတ ဖြစ်လာခဲ့တယ်။ စသူဟာ ဘရာဇီးသမိုင်းမှာ ပထမဦးဆုံး အလုပ်သမားကနေ သမ္မတ ဖြစ်လာသူပါ။ ၂၀၀၆ ခုနှစ် မှာ လည်း ဒုတိယအကြိမ် သမ္မတ ဖြစ် သူ ဆက်လက် အရွေးခံခဲ့ရပြန်ပါတယ်။

သူ သမ္မတ ဖြစ်တဲ့ ၈ နှစ် အတွင်းမှာ သူပြောခဲ့တဲ့ ကတိအတိုင်း လက်တွေ့  အကောင်အထည်ဖော်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ၉၃ ရာခိုင်နှုန်းသော ကလေးငယ်တွေ နဲ့ ၈၃ ရာခိုင်နှုန်းသော အရွယ်ရောက်သူတွေ ကို တစ်နေ့သုံးနပ် မှန်စေခဲ့တယ်။

သူ့ရဲ့ ဦးဆောင်မှု အောက်မှာ ဘရာဇီးနိုင်ငံကို `မြက်စားတဲ့ ဒိုင်နိုဆော´ ဘ၀ကနေ `အမေရိကားတိုက်ရဲ့ ခြင်္သေ` အ ဖြစ် တစ်ကမ္ဘာလုံးရဲ့ (၁၀)နိုင်ငံမြောက် စီးပွားရေး နိုင်ငံကြီး ဖြစ်စေခဲ့တယ်။

သူ ကတော့ တခြားလူမဟုတ်ပါဘူး ၂၀၁၀ နှစ် ကုန်ပိုင်းမှာ သမ္မတအ ဖြစ်က တာဝန် ရပ်နားခဲ့တဲ့ ဘရာဇီး သမ္မတဟောင်း Luiz Inacio Lula da Silva ပဲ ဖြစ်ပါတယ်”

အခြေအနေသည် ငြိမ်သက်နေဆဲ။ ကလေးငယ်တွေ ၏ မျက်ဝန်းလေးတွေ က ကြိုးထံမှာ သာ။ အာရုံတို့လည်း ပုံပြင်ထံမှာ ပဲ နစ်မျောနေပုံ ရပါ၏ ။ စိတ်ဝင်စားမှု အရှိန်အဟုန် မကျဆင်းခင် ရပ်နားပေးရမှာ က ပုံပြင်ပြောသူတို့၏ ပညာတစ်ရပ် ဖြစ်၏ ။

“ဒါကြောင့် ဘယ်လိုဘ၀ ဘယ်အခြေအနေမျိုးမှာ ပဲ ဖြစ်နေပါစေ. . . ကိုယ့်ကိုယ်ကို ဘယ်တော့မှ စိတ်မလျှော့နဲ့။ လူတိုင်းမှာ အောင်မြင်မှု ပန်းတိုင်ဆိုတာ ရှိနေပြီးသားပါ။ အဲဒီ ပန်းတိုင်ကို အရောက်သွားဖို့ ကြိုးစားရမှာ ကသာ မိမိတာဝန် ဖြစ်ပါတယ်။”

* * * * *


မျက်ရည်လွယ်သော ကောင်လေး ငိုချင်နေသည်။

မလတ်ဆတ်တော့သော အ၀တ်အထည်နွမ်းနွမ်းကလေးတွေ ကို ၀တ်ဆင်ထားရသော ကလေးငယ်တွေ ကို ကြည့်ရှုရင်း ၀ဲပြိုကျချင်နေသည့် မျက်ရည်စတွေ ကို ကြိုးစားထိန်းချုပ် ထားလိုက်ရပါ၏ ။ ကျောင်းသူ ကျောင်းသားကလေးငယ်တွေ ကို မြင်ပြန်တော့ သူ့ငယ်ဘ၀ိုက သတိရမိကာ ကြိုးရင်မှာ နင့်ခနဲ ဖြစ်ရပြန်ပါသည်။ သူ ငယ်စဉ်က အိမ်တွင်းစီးပွားရေး မပြေလည်မှု ကြောင့် အတန်းတစ်ပိုင်းတစ်စနှင့်ရပ်၍ ကျောင်းထွက် အလုပ်လုပ်ခဲ့ရသည်။ ပညာရှင် ပညာတတ် ကြီး ဖြစ်ချင်စိတ်ဖြင့် စွမ်းစွမ်း တမံ ကြိုးစားခဲ့သမျှ အခြေအနေ မပေးလို့ အထက်တန်းကျောင်းသား ဘ၀မှာ တင် ရပ်နားကာ ၀မ်းရေး အတွက် စွန့်လွှတ်စတေးခဲ့ရသည်။

ထို ဖြစ်ရပ်က သူ့အတွက် ရင်ကွဲမတတ်ပေါ့။

ထို့ကြောင့် ယခုအချိန်မှာ ပရဟိတတွေ လုပ်တော့ ချို့တဲ့နွမ်းပါးသော ကလေးငယ်တွေ ပညာရေး အတွက် အဓိကမဏ္ဍိုင်အ ဖြစ် သူ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါ၏ တစ်ဦး တစ်ယောက် တစ်စုတစ်ဖွဲ့၊ တစ်တိုင်းတစ်ပြည်၊ လူတို့နေရာ ဒီကမ္ဘာ တိုးတက်ဖွံ့ဖြိုးရေး အတွက် ဆုတ်ယုတ် ကျဆင်းမှု တွေ ကို ပြုပြင်ဖာထေး တားဆီးနိုင်ဖို့အတွက်က ပညာသာလျှင် အဓိက အုတ်မြစ် ဖြစ်ပါသည်။ အများ အကျိုးသယ်ပိုးရွက်ဆောင်နိုင်သည့် ပညာရှင် ပညာတတ်ကြီး မ ဖြစ်လျှင်တောင် လူသား တစ်ယောက် အဖို့ လူမှု ဘ၀တွင် ကျင်လည်နေထိုင်မည် ဆိုပါလျှင် ပေါင်း နှုတ် မြှော က် စား နားလည်ဖို့နှင့် သေစာရှင်စာ ဖတ်တတ်ဖို့လောက်တော့ အလွန်ပဲ အရေး ကြီးလိုအပ်သည် မဟုတ်လား။

မြန်မာနိုင်ငံ၏ ပညာရေး စနစ်ကို ကြိုး အားမရ။ လက်တွေ့  အားနည်းနေသလို ခံစားရသည်။ ကာယလေ့ကျင့်မှု ကိုလည်း သိပ်အလေးမထား။ ကိုယ်ကာယ လေ့ကျင့်ခြင်းက ကိုယ်ခန္ဓာသန်စွမ်း ကြံ့ခိုင်ရေး အတွက်သာ မဟုတ်ဘဲ ဦးနှောက်ဖွံ့ဖြိုး လန်းဆန်း၍ စိတ်ဓာတ်ခိုင်မာမှု ကိုပါ အထောက် အကူပြုသည်။ အခြေခံပညာကျောင်းတွေ မှာ ပိုလို့သာ လိုအပ်သေးသည်။ အင်မတန် နည်းလွန်းသည့် ကာယချိန်ဆိုတာတွင် လည်း ဖိဖိစီးစီးမရှိ။ မြန်မာတွေ တစ်နေ့ထက်တစ်နေ့ သေးညှက်လာတာ ထိုအချက်နှင့် အများ ကြီးသက်ဆိုင်၏ ။

အရည်အချင်းပြည့်ဝ ဉာဏ်ရည်ထက်မြက်ပြီး ကြံ့ခိုင်မှု နည်းလျက် အသက်တိုနေရင်ကော ကောင်းမလား။

ကျောင်းသားကျောင်းသူတွေ စည်းကမ်းလိုက်နာ အချိန်မှန်ကန်တိကျဖို့ လိုသလို ဆရာ ဆရာမ တွေ လည်း လိုတာပဲ။ ကျောင်းသား ကျောင်းသူတွေ ကို ဆရာ ဆရာမ တွေ က ဝေဖန်သလို ဆရာ ဆရာမ တွေ ကလည်း ကျာင်းသားကျောင်းသူတွေ ၏ အဝေဖန် အဆန်းစစ်ခံနိုင်ရမည် ။ ဆရာ ဆရာမ ဆိုတာ အနိမ့်ဆုံးအဆင့် ကျောင်းဝင်းအတွင်း၊ စာသင်ခန်းအတွင်းမှာ တော့ ကလေးငယ်တွေ အတွက် စံပြ ဖြစ်နေစေဖို့ ဂရုစိုက်သင့်သည်။ ကလေးငယ်တွေ ကို လက်သည်းနီ၊ နှုတ်ခမ်းနီ မဆိုးဖို့ တားမြစ်ပြီး ကိုယ်တိုင်က လက်သည်းဆေးဆိုး၍ နှုတ်ခမ်းမှာ ပြောင်ပြောင် ရဲရဲဆေးသုတ်ကာ ကျောင်းလာသော ဆရာမ တွေ ၊ ကလေးငယ်တွေ ကို ဆေးလိပ်မသောက် ကွမ်းမစား အရက်မသောက်ဖို့ သွန်သင်ပြီး ကျောင်းဝင်းအတွင်းမှာ ဆေးလိပ်သောက် ကွမ်းစား အရက်နံ့ သင်းနေသော ဆရာတွေ ကြိုး မြင်ဖူးသည်။

အတုမြင် အတတ်သင်ဆိုသော စကားသည် အကြောင်းမဲ့ ဖြစ်ပေါ်လာတာ မဟုတ်။

ကျောင်းမပျော်သူ ကလေးတွေ ၊ စာသင်ရမှာ ကြောက်သော ကလေးတွေ ကြိုး မြင်ဖူးသည်။ ဒါ မိဘ၊ ဆရာတွေ နှင့် အများ ကြီး သက်ဆိုင်၏ ။ မိဘတွေ က ကျောင်းသွားချင်အောင် သွန်သင်တတ်ဖို့ လိုသလို၊ ဆရာတွေ ကလည်း ကျောင်းမှာ ဆွဲဆောင်တတ်ဖို့ လိုသည်။ ကလေးငယ်တွေ ၏ အခြေခံစိတ်ဓာတ်နှင့် ဘ၀အား နားလည်သိရှိဖို့ တတ်နိုင်သမျှ ကြိုးပမ်းအား ထုတ်သင့်သည်။ ကျောင်းသွားဆိုပြီး အတင်းတွန်းလွှတ်နေတာမျိုးပဲ မ ဖြစ်သင့်သလို ကျောင်းရောက်တာနှင့် စာတန်းသင်ဖို့လောက်သာ ဦးတည်ချက်ထားနေလို့ မရ။

နွေးထွေးစည်းရုံးမှု သည် အရေး ကြီး၏ ။

သင်ခန်းစာတွေ က ပုံသေကျလွန်း၏ ။ ပြဌာန်းချက်စာအုပ်တွေ ၏ သင်ရိုး ညွှန်းတမ်းများ ကိုသာ အရကျက်မှတ်ရသော ဓလေ့ထုံးစံ ဖြစ်နေသည်။ ဆရာ ဆရာမ တွေ ကလည်း သင်ရိုး ညွှန်းတမ်းကုန်အောင် သင်ကြားဖို့သာ ဦးတည်ချက်ထားကြ၏ ။ `သည်`၏ ` တစ်လုံးမကျန် မှန်ကန်မှ အမှတ်ပေးတာမျိုးတွေ ရှိသည်။ ဘာသာရပ်တိုင်း ထိုသို့ မလို။ တိကျဖို့ လိုအပ်သည့် အချက်အလက်မှအပ ကျန်တာက သဘောတရား နားလည်ဖို့ ပိုအရေး ကြီးသည် ထင်မိ၏ ။ စာတွေ ကို အလွတ်အာဂုံဆောင်နိုင်ပေမယ့် သဘောတရား အနှစ် သာရ နားမလည်လျှင် အလကားပဲ မဟုတ်လား။

အစဉ်အလာနှင့် ပတ်သက်လျှင် အဟောင်းကို စွန့်ပစ်၍ အသစ်ကို ကြိုဆိုလက်ခံဖို့ လူအ များ တွန့်ဆုတ်ဝန်လေးတတ်ကြ၏ ။

တပည့်မကောင်း ဆရာ့ခေါင်းတဲ့။

ဆရာမ ကောင်းလည်း တပည့်ခေါင်း ထိတာပါပဲ။

* * * * *


ပုံပြင်ကလေးတွေ ကို ကြိုး ချစ်သည်။ ပုံပြင်ကလေးတွေ ကပေးသော အတွေးအခေါ်၊ သင်ခန်းစာတွေ နှင့် ကြိုးဘ၀ကို ကြိုး ပြုပြင်ထောင်မတ်ခဲ့၏ ။ ယခုလို အသက်နှစ် ဆယ်ကျော်စ အရွယ်မှာ ကြိုး တစ်ယောက် စာပေတိုက်တစ်ခုထူထောင်ကာ စာအုပ်ထုတ်ဝေရေး လုပ်ငန်းများ ပြု လုပ်နေနိုင်သည်မှာ မိဘတွေ ကျးဇူးပါဝင်သလို ပုံပြင်လေးတွေ ကပေးသော တန်ခိုးများ ကြောင့်လည်း ဖြစ်၏ ။ စီးပွားရေး အတွက် အလုပ်လုပ်နေချိန်မှာ အားလပ်ချိန်တိုင်း စာဖတ်မပျက်ခဲ့သလို မိသားစုစီးပွားရေး အထိုက်အလျောက် ပြေလည်လာတော့ ကြိုးသည် သင်တန်းတွေ တက်၍ ပညာဆက်ရှာခဲ့သည်။ စာအုပ်ထုတ်ဝေရေး တွေ လုပ်ရင်း ၀ါသနာအရ ကိုယ်တိုင်လည်း စာရေး ၏ ကြိုးကို စာအုပ်ထုတ်ဝေသူ တစ်ယောက် ဆိုတာထက် စာရေး ဆရာ တစ်ယောက် အနေနှင့် ပိုမိုလူသိ များ ပါသည်။

ယနေ့ မှော်ဘီမြို့နယ်အတွင်းရှိ ဘုန်းတော် ကြီးသင် ပညာရေး ကျောင်းတွင် တွဲလက်မိသားစုမှ စာသင်ကျောင်းဆောင်တစ်ခု ဆောက်လုပ်လှူဒါန်းမှု အား ရေစက်ချ တရားနာယူမည် ။ ပြီးလျှင် ကျောင်းသားကျောင်းသူ ကလေးငယ်တွေ ကို ကျောင်းသုံးစာအုပ်နှင့် စာရေး ကိရိယာများ လှူဒါန်းပြီး အာဟာရကျွေးမွေးမည် ။ မကြာမီ တွဲလက်မိသားစုဝင်များ ရောက်လာကြပေတော့မည် ။ တစ်ဦး တစ်ယောက် တည်း နေထိုင်ရင်း ရန်ကုန်မှာ အခြေကျစ ပြုနေပြီ ဖြစ်သော ကြိုး သည် နယ်ရှိ မိဘရပ်ထံ ခဏသွားရာမှ ပြန်အလာ လမ်းသင့်သဖြင့် မနက်စောစောကတည်းက ဤကျောင်းကို တစ်ဦးတည်း ကြိုတင်ရောက်နှင့်နေခဲ့တာပေါ့။

အိမ်အကြောင်း စိတ်လည်ပြန်တော့လည်း ကြိုးရင်မှာ နင့်ခနဲ။ ထားလိုက်။ ခုလိုအချိန်မှာ ဒါတွေ ခဏမေ့ထားလိုက်။ လူတွေ အမြင်မှာ ကြိုးမျက်နှာကလေးက ပြုံးရွှင်နေပါသည်။

အဲဒါပဲ . . . ကြိုးဆိုတာ. . . အဲ့လို. . . ။ တွဲ လက်မိသားစုဝင် တစ်ဦး ဖြစ်သော အသဲကွဲမိုးက ကြိုးကို ကဗျာတစ်ပုဒ်ရေး ၍ လက်ဆောင်ပေးဖူးသည်။ မဗျာလေးခေါင်းစဉ်က “ JOKER” တဲ့။

“ JOKER”

မျက်ဝန်းညိုပြာလေးနဲ့

စူးစူးစိုက်စိုက်ကြည့်တတ်

ရင်ကိုခွင်းသော စကား သူပိုင်ဆိုင်လို့

အချိုသာဆုံး ပြုံးတတ်တယ်

မအား မနားကြား ပရဟိတ အပြေးကူလို့

နိမ့်ပါးသူကို ဖေးကူတွဲ

မနေးတဲ့လက် တွဲလက်တွေ ထဲ မြဲမြံတတ်တယ်

ဘ၀ကိုအချိနဲ့ဆုံး ခွန်အားတွေ နဲ့ ရုန်းကန်

အရှုံးဆိုတာ ဂျိုနဲ့လားကွဲ့

မမြင်ယောင်ဆောင်

လက်မမြှော က် ဒူးမထောက်

မ ဖြစ် ဖြစ်အောင် လက်မထောင်ထားတတ်တယ်

အပြင်မှာ တောက်တဲ့မီးအတွက်

သူ့ရင်တွင်းက မီးကိုဝှိက်လို့

သာယာဆုံး ငြိမ်းသတ်ပေး

အသွားအပြန်တွေ လည်းမလိုချင်တတ်ခဲ့သူ

အမှားအမှန်အတွက်ဆို

ညလုံးပေါက်လည်း ငြင်းခုန်ရဲတယ်

သူဟာဘယ်လဲ ဘယ်ဝါလဲ

မပြောပဲလည်း သိနိုင်ခဲ့

မတည်မြဲခြင်း တရားလက်ကိုင်ထားလို့…။

အများ အတွက်ဆိုအပြုံးပန်းတွေ သာ ပန်ဆင်ထားတတ်သူ

နှိမ့်ချခြင်းတွေ နဲ့ လှမ်းလျှောက် နေခဲ့တယ်

တစ်နေ့ထက်တစ်နေ့ဆိုတဲ့. . . ပန်းတိုင်တစ်ခုစီသို့ . . . ။

ကဗျာလေးတွေ ကိုဖတ်ပြီး မိုးကို ကြိုး ကျေးဇူးတင်စကား ပြောသည်။ လိုရင်းသုံး၊ မလိုရင် စွန့်ပယ်ခံ ဂျိုကာဖဲချပ်ကလေးတွေ ဘ၀ကို သူစာနာမြတ်နိုးကြောင်းဖွင့်ဟ၏ ။ သို့သော် ကဗျာထဲက ဂျိုကာလေးက သူ့ထက် ပိုချစ်ဖို့ ကောင်းနေကြောင်းနှင့် “အရာအားလုံး ခြွင်းချက်မရှိ ကောင်းနေရအောင် ငါဟာသဘာဝကို လွန်ဆန်ပြီး စင်လုံးချောပြုလုပ်ဖန်တီးထားတဲ့ ပုံပြင်စာအုပ်ထဲက ဇာတ်ကောင်မှ မဟုတ်တာ ” ဟူ၍ အပြုံးဖွဖွဖြင့် စောဒကတက်၏ ။

* * * * *


“ဟေး. . . ကောင်းတယ် ကောင်းတယ်၊ ပုံပြင်လေးသိပ်ကောင်းတယ်”

ထိခိုက်မှု မြန်သော လက်ခုတ်သံနှင့် အသံသာသာကလေးက တိတ်ဆိတ်မှု အား ဖြိုခွင်းပစ်လိုက်လေသည်။ အဲ့ဒီ လက်ခုတ်သံလေးနဲ့ နင် ငါ့ဘ၀ထဲ စတင်ဝင်ရောက်ခဲ့တာပေါ့။

“ဟဲ့ ကလေးတွေ . . . လက်ခုတ်တီးကြလေ၊ တိတ်ကောင်းတယ်လို့လည်း ပြောပြီး အားပေး လိုက်ကြလေ၊ မဟုတ်ရင် ပုံပြင်ပြောသူ ဆရာကြီး စိတ်အားငယ်သွားမှာ ပေါ့ဟဲ့”

ကတိုက်ကရိုက် လက်ခုတ်သံလေးတွေ ထွက်ပေါ်လာကြ၏ ။ သိပ်ကောင်းတယ် သိပ်ကောင်းတယ်ဆိုသော အသံစာစာကလေးများ လည်း စီစီညံလျက်။ ကြိုးအနည်းငယ်တော့ အောင့်သက်သက် ဖြစ်သွားရသည်။

အသံသာကြားနေရသည်။ လူလုံးကမမြင်ရသေး။ ကြိုး မျက်ဝန်းတွေ ဆော့ကစားပစ်လိုက် လေသည်။

ဟော တွေ့ ပြီ။ သစ်သားခုံတန်းလေး၏ ဘောင်ကို အောက်မှနေ၍ ဆုပ်ကိုင်လိုက်သည့် လက်တစ်ဖက်။ ရှည်ချွန်သော ထိပ်ခေါင်းဖျားကာ ဗာမှာ လိမ်မော်ရောင် တွေ သုတ်လိမ်း ခြယ်သထားသော ဆင်စွယ်နှစ်သားနှင့် ဂန့်ဂေါ်ဝတ်ဆံ ရေားစပ်ပေါင်းနယ် မွှေထားသကဲ့သို့ အရောင် အဆင်းရှိသည့် လက်ချောင်းဖောင်းဖောင်းလေးတွေ ။ နောက် အမွှေးစုတ်ဖွား မဟော်ဂနီရောင် အလုံးတစ်လုံး။ သြော် ဦးခေါင်း။ နောက်ဆံနွယ်မျင်အချို့ ပါးပါးလျလျ ဝေ့၀ဲကျနေသော နဖူးပြင် ၀င်းဝင်းကလေး။ ပြီး သေးသွယ်ထင်ရှားသော မျက်ခုံးတန်း နက်နက်ကလေး။ တစ်ခုချင်းစီ ဖြေညှင်းစွာ ပေါ်လွင်မြင့်တက်လာသည်။

အဲ့ဒီနောက် ပေါ်ထွက်လာသော ညိုညိုမှိုင်းမှိုင်း မျက်ဝန်းဝိုင်းဝိုင်းကလေးတစ်စုံက ကြိုးကို အချိန်အတော် ကြာ ပြူးပြူးလေး စိုကြည့်လျက်။ ထို့နောက်. . . သနပ်ခါး ပါးကွက်ကြားလေး. . . ။ ပြီးသော် ညင်သာစွာ လှုပ်ရှားမှု နှင့် ခုံအောက်မှ တိုးထွက်လာသော အချိုးအဆစ် ပြေပြစ်လှပစွာ သော ပုံရိပ်ကလေးတစ်ခု။ နွဲ့နှောင်းကျော့ရှင်းစွာ . . . ။ အဲဒီ မှာ ငါ စငြိတာပဲ။

အို လောက . . . ငါ့နှလုံးသားအား တည်ငြိမ်မှု ပေးပါ . . . ။ ခရမ်းရောင် ။ ကြိုး ယုံကြည်လေးမြတ်သည့် ခရမ်းရောင် … ခရမ်းရောင် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသော မိန်းမပျိုသည် ကြိုးထံသို့ သွယ်နွဲ့အေးဆေးစွာ လျှောက်လှမ်းလာလေသည်။ ထိုခဏ ကြိုး တံတွေး မျိုချ ဖြစ်သွား၏ ။

သူမက ကြိုးရှေ့တွင် ရပ်သည်။ နောက်. . . လက်ကလေးတစ်ဖက် မြောက်တတ်လာပြီး လက်ညှိုးနှင့်လက်ခလယ် လက်ချောင်းကလေးနှစ် ချောင်းပူး၍ အလေးပြုသလိုပုံစံ လုပ်ပြသည်။ သူမ လက်ဆစ်ကလေးတွေ ဟာ ပျိုမြစ်နုနယ်စွာ သိပ်လှပါလား။

ငေးနေမိသည်။

“ရှင် ပုံပြင်ပြောလို့ ပြီးသွားပြီလားဟင်”

“ဟုတ်၊ ပြီးပါပြီ ခင်ဗျ”

“ဒါဆို ကျွန်မတို့ ပြန်ကစားတော့မယ်နော်၊ ရတယ်မလားဟင်”

“ဟုတ်. . . ရပါတယ်ခင်ဗျ၊ ကစားလေ”

နှုတ်ခမ်းလေး မြင်ရတာ အူယားစရာလေး. . . ။

စိုရဲရဲ နှုတ်ခမ်းသား ပြည့်ပြည့်ဖူးဖူးလေးမှာ အပြုံးတစ်ချက် လင်းလက်စွာ သရုပ်ဖော်ပြသပြီး ကလေးငယ်တွေ ရှိရာ သူမ ပြန်လှည့်ထွက် သွားပါသည်။ ပန်းပေါင်းအဆီတစ်ခု ဆွတ်ဖျန်းထားပုံ ရသော သူမကိုယ်သင်းရနံ့က ကြိုးအနီးတ၀ိုက်ရှိ လေပြည်ထဲမှာ ဝေ့၀ဲစွန်းပေကျန် ရစ်ခဲ့၏ ။ ကြိုး နည်းနည်း တော့ အနေခက်သွားသည်။ ဒီစာသင်ဆောင်ထဲမှာ ကလေးငယ်တွေ သာ ရှိသည်ဟု ထင်မှတ်ခဲ့တာလေ။

လက်ကလေးတွေ နှင့် သူမ အလုပ်ရှုပ်နေပြန်သည်။

ဖြန့်ကားထားသော သူမ လက်ယာလက်ခုံးမောက်မောက်ကလေးမှာ ခါးသိမ်သိမ်ရှေ့တော် ထံပါးတွင် ဘယ်ညာယိမ်းနွဲ့လျက်. . . ။ ထို့နောက် သူမ၏ လက်ဝဲလက်ယာနှစ် ဖက် ဆန့်ထွက်လာပြီး လက်မနှင့်လက်သန်းသာ ထောင်၍ အလယ်သုံးချောင်းကို လှဲသိပ်လျက်။ အထက်အောက် လှုပ်ခါစွာ . . .။ ထူးဆန်းသော သူမ၏ လက်အမူအရာတွေ မှာ ကြိုး အာရုံမျောနေမိပါသည်။

“မမ တန်ခိုးပြမယ်၊ ဒီမှာ ကြည့်”

ကလေးငယ်တွေ ကြားထဲ တရင်းတနှီး ၀င်ရောက်ရောနှောထိုင်နေသော သူမအပြုအမူက ဆွတ်ပျံ့ကြည်နူးဖွယ်။ ဖြစ်နိုင်လျှင် ထိုအနေအထားလေးကို ဘောင်ကွပ်သိမ်းထားချင်မိပါ၏ ။ တကယ်ပါပဲလေ။ ကြိုးလည်း စိတ်ဝင်တစားဖြင့် သူမအပါး ရစ်သီရစ်သီ ဖြစ်သွားရတာ ပေါ့။

“ဒီဘက်မှာ အနီနော်၊ ဒီဘက်မှာ က အ၀ါ။ သေချာကြည့်ထားနော်၊ ဟော ဟပ်ချလောင်း”

အရောင် မတူသော သားရေကွင်းနှစ် ကွင်းကို လက်ဝဲလက်ယာ တစ်ကွင်းစီစွပ်လျက် ဟိုဘက်ဒီဘက် ချိန်းပြနေတာ။ သူမ လက်ချောင်းကလေးတွေ လှုပ်ရှားမှု ဟာ သိပ်လှပပါရဲ့. . . ။

ထိုကစားနည်း ပြီးသော အခါ အိမ်ပုံစံ ကြယ်ပုံစံတွေ ထပ်လုပ်ပြသည်။ တစ်ထပ်အိမ်၊ နှစ် ထပ်အိမ်၊ တစ်ထပ်ကြယ်၊ နှစ် ထပ်ကြယ်ဟူ၍ လည်း နှုတ်မှ တစာစာ ပြောနေသေး၏ သားကိုလည်း သင်ပေး၊ သမီးကိုလည်း သင်ပေးဟု ကလေးငယ်တွေ က တီတီတာတာ ၀ိုင်းဝန်းတောင်းဆိုပါသည်။ ထိုအခါ သမက ပါကင်ထုပ်လိုက် ၀ယ်ယူလာပုံရသော သားရေပင်တွေ ပေါပေါသီသီ ပေးဝေပြီး စိတ်ရှည်လက်ရှည် သင်ပြပေးနေ၏ ။ ချစ်စရာလေးရယ်. . .။

သူမပါးပြင်မှ ပျက်ပြယ်စ သနပ်ခါးပါးကွက်ကြားလေးကို ကြိုး ခိုးငေးနေတာလေ။ အဲသည်အခိုက် သူမလှည့်အကြည့်နှင့် ဆုံရာ ရှက်ကိုးရှက်ကန်းနှင့် ကြိုး ထူပူဖိန်းရှိန်းသွား၏ ။ အနေခက်လိုက်တာ။ ဒါပေမယ့် အရသာရှိသော အနေခက်မှု မျိုးပါ။ ဖီလင်က စွဲမက်ဖွယ် . . . ။

တစိမ့်စိမ့်နှင့် သိမ့်သိမ့်ငြိမ့်ငြိမ့်လေး။

“ရှင်က ဘာရပ်ကြည့်နေတာလဲ၊ ဘာလဲ ကျွန်မတို့ ကစားနည်းထဲပါချင်လို့လား”

မျက်ဆံနက်ကလေး ထောင့်ကပ်၍ ခေါင်းကလေး ငဲ့စောင်းကာ သူမ မေးတော့ ကြိုး အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်တာပေါ့။ သူမ လက်ယပ်ခေါ်ပါ၏ ။ ဖုံးဖုံးဖိဖိပဲ ကြိုး ပျော်သွားတာ. . .။ ထို့နောက် ကြိုးလည်း သူမနှင့်အတူ ကလေးငယ်တွေ ကြားထဲမှာ သားရေပင်လေးများ နှင့် ရောနှော ပျော်ဝင်သွားခဲ့ပါသည်။ ကဲကွယ်. . . ဘယ်လောက် မြတ်နိုးစုံမက်ဖို့ ကောင်းလိုက်တဲ့ ဆုံးစည်းမှု ဖြစ်ပါသလဲ။

“ခုနက ခုံအောက်ဝင်ပြီး ဘာလုပ်နေတာလဲ”

ကြိုးမေးခွန်းကြောင့် သူမ ပြုံးတာ ရှက်ဝဲ၀ဲလေး။

“ကျွန်မတို့ တူတူပုန်းတမ်း ကစားကြမလို့လေ၊ အဲ့အချိန် ရှင်ရောက်လာတော့ ကျွန်မက ဘာများ လဲ့လို့ လန့်ပြီး အကောခံရမှာ စိုးလို့ ပုန်းနေတာ ၊ ရှင်က ဒီကျောင်းက လုပ်အားပေး ဆရာ အသစ်လား”

“မဟုတ်ပါဘူး. . . ၊ ကျွန်တော် တို့ ပရဟိတအဖွဲ့ ဒီနေ့ ကျောင်းမှာ အလှူတစ်ခု လာလုပ်တာပါ၊ အဲဒါ အခြားသူတွေ မရောက်သေးလို့ စောင့်နေရင်း ဒီဘက်ရောက် လာတာပါ”

ကျောင်းဝင်းနယ်မြေက ကျယ်သည်။ သစ်ရိပ်ဝါးရိပ်လည်း သန့်ရှင်းစင်ကြယ်စွာ ထူထပ်သဖြင့် နေရထိုင်ရတာ စိမ်းလန်း၍ အေးချမ်းနေတာပဲ။ စာသင်ဆောင်တွေ နှင့် သံဃာတော် တွေ ထုတ်ယူ၍ ကလေးငယ်တွေ ကို ပေးဝေပြန်သည်။ ကလေးငယ်တချို့က ချက်ချင်း ပဲ ကိုယ့်ဘာသာ လေမှု တ်၍ ဆော့ကစားကြ၏ . လေမှု တ်မသွင်းတတ်သော ကလေးငယ်တွေ က မှု တ်ပေး မှု တ်ပေးနှင့် တဆာဆာတောင်းဆိုတော့ ကြိုး ကို ကူမှု တ်ခိုင်းသလို သူမကိုယ်တိုင်လည်း ပန်းသွေးရောင် ပါးပြင်ကလေးနှစ် ဖက် ဖူးဖောင်းနေအောင်ပဲမှု တ်သည်။ သူမ နှုတ်ခမ်းစူစူလေးထိပ်က ပူစီပေါင်းလေးတွေ တဖြည်းဖြည်း ပြည့်ဖောင်းလာတာကို ငေးကြည့်ရတာ လည်း အရသာရှိတာပဲ။

“ဒီက ကိုကိုနဲ့မမ နှစ် ယောက် လုံးက ချစ်ဖို့ကောင်းတယ်နော်”

ဦးခေါင်းရှိ အနက်ရောင် ဆံသားတွေ ကို ကျစ်ဆံမြီးလေးနှစ် ဖက်အ ဖြစ် စည်းနှောင်ထားသော ကျောင်းသူကလေးတစ်ဦး၏ စကားကြောင့် ကြိုး ထခုန်ချင်စိတ်ပင် ပေါက်သွားရသည်။ သူမနှင့် တူယှဉ်တွဲ အပြောခံရတာ သူ့အတွက်တော့ ဆုတော် လာဘ်တော် တစ်ခု ပိုင်ဆိုင်ရရှိလိုက်သလို ပါပဲ။ ထို့အတူ ပါးကွက်ကြားလေးနှင့် သူမကို ကျစ်ဆံမြီးလေးနှစ် ဖက် စည်းနှောင်ပေးလိုစိတ်က ကြိုးရင်မှာ အလိုလို ယိုဖိတ်လျှံကျလာသည်။

ကလေးငယ်တွေ ကြားထဲမှာ သူကော သူမပါ ရောင် စုံပူဖောင်း ကလေးတွေ နှင့် ပုတ်လွှား ဆော့ကစား ဖြစ်ကြတာ စွဲလမ်းသိမ်းဆည်းဖွယ် အမှတ်တရပါပဲလေ။

“နာမည် ဘယ်လိုခေါ်ရမလဲ”

“အမရာ”

သူမ သူ့ကို စူးစူးလေး ငေးသည်။

“ရှင့်နာမည် ကကော”

“ကြိုး”

“ဘယ်လို၊ ကြိုး. . . ဟုတ်လား၊ တစ်လုံးတည်းလား”

“ဟုတ်၊ နာမည် က ကြိုး တစ်လုံးတည်းပါဗျ၊ ဘာလို့လဲ”

“ကျွန်မ. . . ကျွန်မ. . . ကြိုးဆိုရင် ကြောက်တယ်”

“ဟင်. . .”

ကြိုးရင်မှာ ကျဉ်ခနဲ ဖြစ်သွားသည်။ သူမ အမူအယာက ကြိုးအပေါ် ရုတ်တရက် စိမ်းကား သွားသလိုပဲ။ နှစ် ဦးသားကြား စကားလုံးတို့ ပျောက်ရှသွား၏ ။ ခံစားရတာ မအီမလည်ကြီး။

လေပြည်က မလတ်ဆတ်တော့သလို စိတ်သည် ကျဉ်းကြပ်သွား၏ ဝေဒနာသည် ခေါင်းစဉ် မတပ်ရသေးခင်မှာ ပင် ရင်သို့ ရောက်နှင့်နေခဲ့ပြီ။ ထိုနွံ့၌ နေရထိုင်ရခက်ခဲနေရာ ခဏအကြာ ကြိုး၏ ဖုန်းက မြည် လာပါသည်။ ထူးအောင် နံပါတ်။ ကိုင်လိုက်တော့ သူတို့တွေ ကျောင်းကို ရောက်ခါနီး ပြီ ဖြစ်ကြောင်း ဖုန်းလှမ်းဆက်တာ ဖြစ်၏ ။ သူမကို နှုတ်ဆက်စားပြောပြီး ပရဟိတအဖွဲ့ကို ကြိုရန်အတွက် ကျောင်းရှေ့ သို့ ကြိုး ထွက်လာခဲ့ပါသည်။

ဆတ်ခနဲသာ ခေါင်းညိတ်ပြသည့် သူမ တုံ့ပြန်မှု က မျက်လွှာတစ်ချက်မျှ ပင့်မကြည့်ခဲ့။

အဲ့ဒီလို အသေးအမွှားလေးတွေ ကအစ နင်နဲ့ပတ်သက်ရင် တလေးတစား ခံစားတတ်တဲ့ လူရည်ချွန် မိုက်ရူးရဲ ငနဲပေါ့. . .။ ဒါ့ကြောင့်လည်း ခေါက်သိမ်းရှိုက်မှု မှု တွေ မှာ အောက်ခြေမမြဲဘဲ အခါခါ ကျကွဲခဲ့တာလေ. . .။

* * * * *


စည်းလုံးညီညာ အောင်ကြောင်းဖြာ ဆိုတာ ဒါပဲ။

ပြုမူလုပ်ဆောင်စရာရှိသည် တို့ကို တွဲလက်မိသားစုဝင် အားလုံး ပျော်ပျော်ရွှင်ရွှင် တက်တက် ကြွကြွ ဆောင်ရွက်ပြုလုပ်ကြလေသည်။ ဒီလိုစိတ်ရှိလို့သာ ပရဟိတ မိသားစုဝင်တွေ ဖြစ်နေကြသည်ပဲလေ။ ကြည်နူးပီတိ ရင်သို့ ထိ၏ ။

ဆရာတော် ထံမှ ကျောင်းရေစက်ချ တရားနာယူပြီး ကျောင်းသူ ကျောင်းသား ကလေးငယ်တွေ ကို ကျောင်းသုံးစာအုပ်နှင့် စာရေး ကိရိယာများ လှူဒါန်းကာ အာဟာရမုန့်တို့ ကျွေးမွေးသည်။ ကျစ်ဆံမြီးနှစ် ဖက်နှင့် ကျောင်းသူကလေးကို မြင်သော အခါ မနေနိုင် မထိုင်နိုင် ကြိုး သွားစပ်စုမိလေ၏ ။

“ချစ်ဖို့ကောင်းတဲ့ ခုန မမလှလှ ဘယ်ရောက်သွားလဲဟင် အဟဲ”

မကြီးမငယ်နှင့် ကလေးသွားမေးရတာ မို့ နည်းနည်း တော့ ရှက်တာပေါ့။ အများ ကြီးတော့လည်း မရှက်ပါဘူး။

“ဦ္ဖင်းလေး လာခေါ်လို့ သမီးတို့က ထွက်လာတာ၊ အဲဒီ မမက အဲ့နေရာမှာ ပဲ ကျန်ခဲ့တယ်၊ သမီးခေါ်တာ မမက မလိုက်ဘူး”

အာဟာရကျွေးတာက ဆွမ်းစားကျောင်းဆောင်ထဲမှာ ။ စာသင်ဆောင်ထဲမှာ သူပျင်းနေ မလားဟူသော အတွေးစိတ်ကလေးက ကြိုးကို သရိုးသရီ ဖြစ်နေစေ၏ ။ ဒါကြောင့် ဧည့်သည် တစ်ယောက် သွားခေါ်ဦးမယ်ဟု အိမ်မက်ကိုးအား တိုးတိုးလေး ကပ်ပြောပြီး သူမနှင့် စတင် ဆုံစည်းရာ စာသင်ဆောင်သို့ ကြိုး ထွက်လာခဲ့ပါသည်။

ရင်မှာ ဟာခနဲ . . . ။ မျက်စိဖွင့်အကြည့် အလင်းကွယ်ပျောက်နေသလိုမျိုး။

စာသင်ဆောင်ထဲမှာ မည် သူတစ်ဦး တစ်ယောက် မျှ မရှိချေ။ စာသင်ခုံတစ်ခုပေါ်တွင် တော့ အသည်းပုံ ခရမ်းရောင် ပူဖောင်းကလေး တစ်လုံး. . .။ အထီးကျန် သင်္ကေတလေးကို အသာယာပဲ ကြိုး ကောက်ယူ သိမ်းဆည်းလိုက်ပါသည်။ ကျောင်းဝင်းအတွင်း လှည့်ပတ်ရှာဖွေသော်လည်း သူမကို မတွေ့ ပါ။ ကြိုး အနေနှင့် အချိန်အကြာကြီး အများ မြင်ကွင်းက ပျောက်ကွယ်နေဖို့ မသင့်သဖြင့် အာဟာရကျွေးရာနေရာ ပြန်လာခဲ့ရသည်။ ရင်ထဲတော့ မကောင်းဘူး။

သိလိုစိတ်အား မတားဆီးနိုင်သဖြင့် ကလေးငယ်တွေ ကို အာဟာရ ကျွေးမွေးပြီးတော့ ဆရာ တော် ထံ လျှောက်ကာ အကျိုးအကြောင်း မေးမြန်ကြည့်လိုက်သေးသည်။

ဆရာတော် က သိသလောက် ဖြေပေး၏ ။

“အဲဒီ ဒကာမလေးက ထူးဆန်းတယ်ကွ၊ တစ်ခါတလေ ဒီလိုပဲ သူရောက်ရောက် လာတတ်တယ်၊ ပြီးရင် နှုတ်မဆက်ပဲ ပြန်သွားတတ်တယ်၊ လာရင်လည်း မုန့်တွေ ကစားစရာတွေ အ၀တ်အထည်တွေ စာအုပ်တွေ ယူလာပြီး ကလေးတွေ ကို ပေးဝေတယ်၊ ကလေးတွေ နဲ့ သူ ကစားတယ်၊ ဒါပေမယ့် တစ်ခါမှ ဘုရားဝတ်မပြုသလို ငါ့ကိုလည်း ဦးမချဘူးကွ”

အဲဒီ ကတည်းက စိတ်ဝင်စားမှု တွေ ဟာ နဂိုထက် အားစိုက်ပိုတာ။ ကာရံညီ ကြိုးကလေး တစ်ချောင်း ဖြစ်လေမလား. . . ထင်တွေးမိသေး၏ ။ သို့ သော် သူမက `ကြိုး` ကို ကြောက်သည်လေ။ ကိုယ့်အမည် က ကြိုး ဖြစ်နေတာပဲ ခါးရမလိုလို. . .။

ပြန်သာသွားရသည်။ စိတ်အစဉ်မှာ ကျောင်းတော် ဆီက ပုံရိပ်တွေ ပဲ မြင်နေ၏ ။

ခံစားမှု အသစ်တစ်ခု ရင်မှာ နင်နေသည်။ ခိုးလိုးခုလုနှင့် နေရထိုင်ရတာ မလတ်ဆတ်ဘူး။

ထိုနေ့က အိမ်ခန်းပြန်ရောက်သည်အထိ ကြိုးထံမှာ လေလျှော့ထားသော ခရမ်းရောင် ပူဖောင်းလေးတစ်လုံး ရှိနေပါသည်။

* * * * *


(ပုံပြင် - ခ)

တစ်ခါက ရေထမ်းသမားလေးတစ်ဦးမှာ ရေအိုးလေးနှစ် လုံးရှိတယ်။

တစ်အိုးက အနာအဆာမရှိပေမယ့် တစ်အိုး ကတော့ အလယ်လောက်မှာ ကွဲအက်ရာလေး ရှိနေတယ်။ ရေထမ်းသမားလေးဟာ ဆိုင်းထမ်းပြုလုပ်ပြီး အဲ့ဒီအိုးနှစ် လုံးနဲ့ ရွာအပြင်ဘက် စမ်းချောင်းလေးဆီကနေ ရေတွေ သယ်ပိုးပါတယ်။ အဲ့ဒီအခါ အနာအဆာမရှိတဲ့အိုးက မဖိတ် မစင်ဘဲနဲ့ ရေအပြည့် သယ်ယူပေးနိုင်ပေမယ့် အလယ်လောက်မှာ ကွဲအက်ရာလေးရှိနေတဲ့ အိုး ကတော့ လမ်းတစ်လျှောက်မှာ ရေတွေ ဖတ်စင်ပြီး တစ်ဝက်သာ သယ်ယူပေးနိုင်ပေးနိုင်ခဲ့ တယ်။

ဒီအတွက်ကြောင့် အနာအဆာကင်းတဲ့ အိုးဟာ ဂုဏ်ယူဝင့်ကြွားနေပါတယ်။ ကွဲအက်ရာလေးရှိတဲ့ အိုး ကတော့ ရှက်ရွံ့အားငယ်မှု တွေ နဲ့ စိတ်ဓာတ်တွေ ကျဆင်းနေတာပေါ့။

တစ်နေ့တော့ တမှိုင်မှိုင်တတွေ တွေ ဖြစ်နေတဲ့ ကွဲအက်ရာပါရှိတဲ့ အိုးလေးကို ရေထမ်းသမားလေးက ဘာ ဖြစ်နေတာလဲလို့ မေးတယ်။ ကွဲအက်ရာရှိနေတဲ့ အိုးလေးက သူ့ရဲ့ အားနည်းချက်ကြောင့် ရှက်ကြောင်း၊ စိတ်မကောင်း ဖြစ်ရ ၀မ်းနည်းရကြောင်း ပြောပြီး သူ ရေအပြည့် သယ်ယူ မပေးနှိုင်တဲ့အတွက်လည်း ရေထမ်းသမားလေးကို တောင်းပန်စကားဆိုပါတယ်။

အဲ့ဒီအခါ ရေထမ်းသမားလေးဟာ ရေအိုးလေးကို ခေါ်ပြီး ညနေခင်း အပြင်ထွက်လာခဲ့ တယ်။

ရွာထဲကနေ စမ်းချောင်းလေးစီ သွားတဲ့ လမ်းတစ်လျှောက်မှာ အရောင် စုံ ပန်းမျိုးစုံဟာ ဝေေ၀ဆာဆာ ဖူးပွင့်နေကြတယ်။ ညနေခင်း ဆည်းဆာအလှနဲ့ ပန်းရောင် စုံတွေ ကြားမှာ ပျော်ရွှင် နေကြတဲ့ ကလေးငယ်တွေ နဲ့ ရွာသူရွာသားတွေ ကိုလည်း တွေ့ မြင်ရပါတယ်။

“ရေအိုးလေးရေ. . . ရွာလယ်လမ်းပေါ်မှာ ပန်းမျိုးစုံတွေ ကြား ပျော်ရွှင်နေကြတဲ့ ရွာသူရွာသားတွေ ကို အသင် တွေ့ တယ် မဟုတ်လား၊ ရွာသူရွာသားတွေ ဟာ ပန်းအလှတွေ ကြောင့် စိတ်ချမ်းမြေ့ကြတယ်။ အိမ်မှာ ၊ ရွာဦးစေတီတော် မှာ ပန်းပူဇော်ရင်း ကုသိုလ်ယူကြတယ်၊ ရွာသား လုလင်ငယ်တွေ က ရွာသူလုံမပျိုတွေ ကို ကေသာထက်မှာ ပန်ဆင်ဖို့ ပန်းလက်ဆောင် ပေးကြတယ်၊ ကျောင်းသူကျောင်းသားတွေ က ကျောင်းမှာ အလှဆင်ဖို့ ၊ ဆရာဆရာမ တွေ ကို လက်ဆောင်ပေးဖို့နဲ့ စာသင်ခန်းတွင်း စားပွဲခုံပေါ် ပန်းအိုးထိုးစိုက်ဖို့ ပန်းတွေ ခူးယူကြတယ်။ အဲ့ဒါ အသင့်ကျေးဇူးတော် တွေ ပေါ့”

ရေထမ်းသမားလေးပြောစကားကို ရေအိုလေး နားမလည်နိုင် ဖြစ်နေပါတယ်။

“အသင့်မှာ အက်ရာရှိနေတာ အစကထဲက သိခဲ့ပါတယ်။ အဲ့ဒီအတွက် စိတ်ကူးရပြီး ရေထမ်းသယ်ရာ လမ်းတစ်လျှောက်မှာ ပန်းမျိုးစေ့တွေ ကြဲပက်ထားခဲ့တယ်၊ ဒီတော့ ရေသယ်ယူလာတဲ့ လမ်းတစ်လျှောက် အသင်က ပန်းမျိုးစေ့လေးတွေ ကို ရေလောင်းပေးခဲ့တာပေါ့ အသင့်မှာ အက်ရာလေးပါခဲ့လိုသာ အခုလို ပန်းပင်တွေ ရှင်သန်လာပြီး ပန်းလှလှတွေ ဖူးပွင့်ဝေဆာ နေတာလေ၊ တကယ်လို့ ရေအိုးလေးသာ ပုံမှန်အတိုင်း ရေအပြည့် သယ်ယူ နိုင်ခဲ့မယ်ဆိုရင် အခုလို ရွာကို အလှဆင်ဖို့ ဘယ်လွယ်လိမ့်မလဲ၊ အခုလို ရွာလမ်းလေးဟာ လှပပြီး ရွာသူရွာသားတွေ ပျော်ရွှင်နေရတာ အသင့်ရဲ့ ကျေးဇူးကြောင့်ပါ ရေအိုး လေး”

ရေထမ်းသမားလေးရဲ့ စကားအဆုံးသတ်တော့ ရေအိုးလေးဟာ ပျော်ရွှင်ကျေနပ် သွားပါတယ်။ ဉာဏ်ပညာ ကြီးမားတဲ့ ရေထမ်းသမားလေးကိုလည်း ကျေးဇူးတင်ကြောင်း တဖွဖွ ပြောတယ်။ ရွာလမ်းပေါ်မှာ လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို ငေးမောအရသာခံရင်း ပီတိတွေ တပြုံးပြုံးနဲ့ပေါ့။ ရှက်ရွံ့သိမ်ငယ်မှု တွေ စိတ်ဓာတ်ကျဆင်းမှု တွေ ကင်းစင်ဝေး သွားပါတယ်။ ခရီး လမ်းဆုံးအထိ ရေအပြည့် မသယ်ပေးနိုင်ပေမယ့် သူ့မှာ လည်း ဂုဏ်ယူစရာ ရှိနေပြီ မဟုတ်လား။

* * * * *


အခန်း (၂)

ခရမ်းရောင် ကောင်မလေးနှင့် နောက်တစ်ကြိမ် ပြန်ဆုံတွေ့ မှု သည် ကိုယ့်တံတောင်ဆစ် ကိုယ် လျှာနှင့်ပြန်လျှက်ရသလိုပါပဲ။

ထိုနေ့က ထူးအောင်၊ ကိုး၊ ကြိုးတို့ သုံးယောက် တွဲလက် Logo အမှတ်တံဆိပ်ပါ စတေကာ၊ ရင်ထိုးနှင့် အင်္ကျီများ သွားရောက်ပြုလုပ် အပ်နှံ ဖြစ်ကြသည်။ ထူးအောင်နှင့် ကိုးသည် တွဲလက်ပရဟိတ၏ အားအထားရဆုံး Admin နှစ် ဦး ဖြစ်သည်။ ထူးအောင်သည် ဥပဒေနှင့် ကျောင်းပြီးထားပြီး ကိုး ကတော့ နည်းပညာဖြင့် ကျောင်းပြီးထား၏ ။ ကိုး၏ facebook အမည် က အိမ်မက်ကိုး။

အိမ်မက်ကိုးဟု ဘာလို့ပေးတာလဲ မေးတော့ သူမသည် ကိုးဂဏန်း သမား ဖြစ်ပြီး သူမအိမ် မက်တွေ က မှန်တတ်လို့ ဟု ဖြေသည်။

“ညဥ့်ယံရဲ့ ပထမယံနဲ့ မဇ္ဈိမယံတွေ မှာ မြင်မက်တဲ့ အိမ်မက်တွေ က ကောင်းကျိုး ဆိုးကျိုး မပေးဘူး၊ လင်းအားကြီး အရုဏ်တက်စဉ်ကာလမှာ မြင်မက်တဲ့ အိမ်မက်မျိုးကသာ အကျိုးအပြစ် ဝေဖန်ခြင်းပြုအပ်တယ်၊ နိမိတ်ကောက်ယူအပ်တယ်လို့ စာပေကျမ်းဂန်တွေ မှာ တော့ တွေ့ ဖူးတယ်”

“လင်အားကြီး အရုဏ်တက်ခါနီး က ဘယ်အချိန်တွေ ဖြစ်မလဲ”

“မနက် သုံးနာရီခွဲကျော်ကနေ ငါးနာရီဝန်ကျင်လို့တော့ ပြောကြတာပဲ”

ကြိုး၊ ကိုး၊ ထူးအောင် . . . ဒီသုံးယောက် ပရဟိတတွေ လုပ်မှ တော် တော် တွဲ ဖြစ်ကြသည်။ ကိုးနှင့်ကြိုးက အသက်အတူတူ ဖြစ်ပြီး ထူးအောင်က ကြိုးတို့ ထက် တနှစ် ငယ်သည်။ သူတို့ရဲ့ ခင်မင်မှု ဟာ Facebook စာမျက်နှာမှ စတင်ခဲ့တာပေါ့။ ထူးအောင်က စာဖတ်ပရိသတ်အနေနှင့် မိတ်ဆက်ရာမှ ကြိုးနှင့် ခင်တာ ဖြစ်ပြီး ကိုး ကတော့ ပရဟိတကိစ္စအတွက် ကြိုး Post တစ်ခု တင်ရာမှ ဆွေးနွေးစကားပြောဆိုရင်း ပတ်သက်မိခဲ့ခြင်း ဖြစ်၏ ။

လူသားသန်း(၇)ထောင်ကျော် ရှိပြီ ဖြစ်သော ကမ္ဘာကြီးတွင် တူရာ လူစုလျှင် လူသားလေးမျိုးသာ ရှိပါ၏ ။

- ကိုယ့်အကျိုးအတွက်လည်း မဆောင်ရွက်၊ အများ အကျိုးအတွက်လည်း မဆောင်ရွက်သူ။

- ကိုယ့်အကျိုးအတွက်တော့ ဆောင်ရွက်ပြီး အများ အကျိုးအတွက် မဆောင်ရွက်သူ။

- အများ အကျိုးအတွက်တော့ ဆောင်ရွက်ပြီး ကိုယ့်အကျိုးအတွက် မဆောင်ရွက်သူ။

- ကိုယ့်အကျိုးအတွက်လည်း ဆောင်ရွက်၊ အများ အကျိုးအတွက်လည်း ဆောင်ရွက်သူဟူ၍ ရှိရာ ထိုအထဲတွင် `ကိုယ့်အကျိုးအတွက်လည်း ဆောင်ရွက်၊ အများ အကျိုးအတွက်လည်း ဆောင်ရွက်သူ` သည် အမြတ်ဆုံးဟု ဂေါတမဗုဒ္ဓက သတ်မှတ်တော် မူခဲ့ပါသည်။

တစ်ဦးကို တစ်ကျပ်ပဲ တတ်နိုင်ပါစေ၊ (၁၀)ဦးဆိုလျှင် (၁၀)ကျပ် ဖြစ်မည် ။ တစ်ယောက် ကို တစ်ပေါင်ပဲ သယ်ပိုးနိုင်ပါစေ (၁၀)ယောက် ဆိုလျှင် (၁၀)ပေါင် သယ်ပိုးနိုင်မည် ။ ထိုစိတ်ကူးဖြင့် ပရဟိတအဖွဲ့ကလေးကို ဖွဲ့စည်း ဖြစ်ခြင်းပေါ့။

တစ်ဦး တစ်ယောက် တည်း၏ ဆန္ဒနှင့်လည်း စိတ်ကူးသည် လက်တွေ့ အကောင်အထည် ဖြစ်ပေါ်မလာနိုင်ပါ။ ထိုဆန္ဒစိတ်ကူးတွေ ကိုက မိမိတို့ တတ်နိုင်စွမ်းသည့်ဘက်မှ တတ်နိုင်စွမ်းသလောက် လုပ်အားခငွေအား အကြံဉာဏ်အားတို့ ဖြင့် ပံ့ပိုးကူညီ အကောင်အထည် ဖော်ဆောင်ပေးသော စိတ်ဓာတ်တူသူ ၀ါသနာတူသူတွေ ကြောင့်သာ တွဲလက်ပရဟိတ လူမှု ကူညီရေး မိသားစုကလေး ရှင်သန်နေနိုင်ခြင်း ဖြစ်ပါ၏ ။ လက်တွဲမိသားစုကလေးသည် မကြီးကျယ် မထည်ဝါပေမယ့် မိမတို့ တတ်နိုင်စွမ်းသလောက် လူထုကောင်းကျိုးကို သယ်ပိုးပေးလျှက် ရှိပါ၏ ။

တွဲလက်မိသားစုသည် Facebook လူမှု ကွန်ယက် စာမျက်နှာအား အခြေပြု ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ အနေဝေးသူများ အဖို့လည်း Online မှ ဖြစ်စေ ၊ ဖုန်းနှင့်ဆက်သွယ်၍ ဖြစ်စေ၊ ပါဝင်နိုင်၏ ပရဟိတ (philanthropy) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော ဟု တိုက်ရိုက်အနက်ရပြီး အခြေခံပြဿနာများ ကို အဓိကကျသည့် ဖြေရှင်းမှု အတွက် ရင်းနှီးမြှပ်နှံမှု ဟု ပြန်ဆိုလေသည်။

အများ ပြည်သူအတွက် အချိန်၊ ငွေကြေးနှင့် အကူအညီပေးခြင်း ဖြစ်သည်။ ပရဟိတ ဝေါဟာရသည် ၂၁ ရာစုတွင် ပို၍ ခေတ်စားလာသည်။

Duke တက္ကသိုလ် ဆရာကြီး Gregdees က . . .

“ကျွန်ုပ်တို့အားလုံး နေထိုင်ကြတဲ့ ကမ္ဘာကြီး တိုးတက်ကောင်းမွန်ရေး အတွက် ငွေကြေး၊ အချိန်၊ ရင်းနှီးမြှပ်နှံမှု နှင့် ကျွမ်းကျင်သူများ ကို ရွှေ့ပြောင်းနေရာချထားခြင်း”

ဟု. . . အနက်ပြန်ထားပေသည်။

ကြိုး ကတော့ ပရဟိတစိတ်ဆိုတာ ကိုယ်ချင်းစာတရားဟု ရိုးကလေးသာ အဓိပ္ပာယ် ဖွင့်ဆို ချင်မိတာပဲ။

ကျောင်းသုံး ဗလာစာအုပ်များ တွင် ကပ်ရန် စတေကာ ဒီဇိုင်းပြုလုပ်အပ်နှံပြီးတော့ အထက်ပန်းဆိုးတမ်း လမ်းမတမ်းရှိ မြေစိုက် လက်ဘက်ရည်ဆိုင်ကလေး တစ်ဆိုင်မှာ ကြိုးတို့ သုံးဦး လက်ဘက်ရည် ထိုင်သောက် ဖြစ်ကြသည်။ ခရမ်းရောင် သင်္ကေတပါရှိသော လက်တွဲ Logo အကြောင်းပြောရင်း ကြိုး၏ ခရမ်းရောင် ဖီလင်ကို ထူးအောင်က မေးခွန်းထုတ်သည်။

“ကြိုးက ခရမ်းရောင် ကို တော် တော် ခရေဇီ ဖြစ်တာ သတိထားမိတယ်၊ တွဲလက်လိုဂိုလုပ် တော့လည်း ခရမ်းရောင် က မပါမ ဖြစ်ပဲ၊ ဘာလို့ ခရမ်းရောင် ကို အဲ့ လောက်ကြိုက်ရတာ လဲ”

“အဲဒီ ခံစားမှု က ပြောရခက်တယ်၊ အကြောင်းပြချက် ရေရေရာရာ မရှိတဲ့ စိတ်ရဲ့ အစွဲအလမ်းတစ်ခုပေါ့၊ ခရမ်းရောင် ကိုမြင်တာနဲ့ စိတ်ထဲမြတ်နိုးသလို ခံစားရတယ်၊ တိုက်ဆိုင်မှု တွေ ရှိတာလည်းပါတယ်၊ ငါ့ရဲ့ ဖြစ်တည်မှု တွေ ဟာ ခရမ်းရောင် နဲ့ စတင်လေ့ ရှိတယ်၊ ဥပမာ ပထမဆုံး မဂ္ဂဇင်းမှာ ပါတဲ့ ၀တ္ထုအမည် မှာ ဆို ခရမ်းရောင် ပါတယ်၊ အဲ့လိုပေါ့ ခရမ်းရောင် ကို သစ္စာတရားရဲ့ နိမိတ်ပုံအ ဖြစ် ခံစားရလို”

“ဒါဆို အချစ်ကို စတွေ့ ရင်လည်း အဲဒီ နေ့မှာ ကောင်မလေးက ခရမ်းရောင် ၀တ်စုံ ၀တ်ထား လိမ့်မယ်ထင်တယ်နော်”

ကိုးက ကြိုးကို စိုက်ကြည့်ပြီး ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာ ဖြစ်ပေမယ့် ကြိုးအတွက်တော့ မျိုးစေ့ကလေးကို ရေလောင်းပေးလိုက် သလိုပါပဲ။ ဆက်လက် ရှင်သန်စေမှာ လား မသေချာသော သစ်ပင်တစ်ပင်ကို မယုယချင်ပါ။ ပြန်ဆွဲနှုတ်သည့်အခါ ကိုယ်ယုယလို့ ကြီးထွားသလောက် ခံစားရမည် ။ ဒါမှမဟုတ် နောင် ဖြစ်လာမည့် အရာတွေ အတွက် ကြိုးမတွေးဘဲ ဖြစ်တည်မှု အား လွတ်လပ်ခွင့် ပေးလိုက် ရမည် လား။ မည် သို့ပင် ဖြစ်စေ ရှင်သန်မိမှတော့ နာကျင်ရမည် ပဲလေ။

“ကြိုး ခရမ်းရောင် အင်္ကျီ ၀တ်တာတော့ တစ်ခါမှ မမြင်ဖူးဘူး”

“ဟုတ်တယ်၊ အင်္ကျီ အ၀တ်အထည်ဆိုရင်တော့ ကိုယ်တိုင်ခရမ်းရောင် သုံးရတာ မကြိုက်ဘူး၊ သူများ ၀တ်ထားရင်တော့ လိုက်ဖက်မှု ရှိရင် သဘောကျတယ်၊ အခြား အသုံး အဆောင်ပစ္စည်း လိုဂိုသင်္ကေတ အမှတ်တံဆိပ်တွေ လိုမျိုးမှပဲ ခရမ်းရောင် ကို နှစ်သက် တာ”

ခရမ်းရောင် ၀တ်စုံနှင့် လိုက်ဖက်တင့်တယ်လေသာ သူမရုပ်လွှာက အာရုံမှာ ပေါ်လာပြန် သည်။ ခက်သားနော်။ ရိုးရိုးလေးပါပဲကွယ်။ ဒါပေမယ့် ခိုးခိုးဆွေးရတာ မောတယ်။

“ခရမ်းသီးကော မကြိုက်ဘူးလား”

“ကြိုက်တာပေါ့၊ ဒါပေမယ့် အမေ့လက်ရာ ခရမ်းသီးနှပ်ပဲ ကြိုက်တာ”

ထူးအောင်က စနောက်သလိုပြောတော့ ကြိုး ခပ်ဖွဖွပြုံး၍ တုံ့ပြန်ရင်း မမေ့လက်ရာ ခရမ်းသီး နှပ်ကလေးကို တကယ်ပဲ လွမ်းသွားမိသည်။ ဖေဖေ၊ မေမေ၊ ညီမလေးတို့ အဆင်ပြေကြ ရဲ့ လား။ အိမ်လွမ်းစိတ်သည် အသိတစ်ခုကြောင့် နာကျင်မှု တို့ ရောယှက်နေချေ၏ ရင်ထဲက ခံစားချက်တို့ကို မျက်နှာပြင်မှာ ဖော်ထုတ်ပြသလေ့ သိပ်မရှိတာ ကြိုး အကျင့်စရိုက် တစ်ခုပါပဲ။

ကြိုး ပြုံးသည်။ သိပ်ပြုံးသည်။ သို့ သော် ရယ်ခဲ၏ ။

“အရောင် တွေ မှာ အဓိပ္ပာယ်တွေ လျှို့ဝှက်ချက်တွေ ရှိတာ ကြားဖူးကြမှာ ပေါ့”

စိတ်ပြောင်းစိတ်လွှဲအနေနှင့် အရောင် တွေ အကြောင်း ပြော ဖြစ် သည်။ အရောင် တွေ ကို ကြိုး စိတ်ဝင်စားသည်။ အရောင် တွေ ၏ အနက်အဓိပ္ပာယ်နှင့် လျှို့ဝှက်မှု တို့ကို သိလိုစိတ် ပြင်းပြသည်။ စူးစမ်းလေ့လာ၏

ခရမ်းရောင် သည် အပြာရောင် ရဲ့ တည်ငြိမ်မှု နှင့်အနီရောင် ရဲ့ စွမ်းအင်တို့ ပေါင်းစပ်ထားခြင်း။ မင်းမျိုးမင်းနွယ်နှင့် သက်ဆိုင်ပြီး စွမ်းအား၊ မြင့်မြတ်မှု ၊ စည်းစိမ်၊ ပြင်းပြတဲ့ဆန္ဒတို့ကို ဖော်ပြသော သင်္ကေတ။ ချမ်းသာကြွယ်ဝမှု ၊ လက်ဖွာမှု ၊ ဉာဏ်အမြော်အမြင်၊ ဂုဏ်သိက္ခာ၊ လွတ်လပ်မှု ၊ ဖန်တီးနိုင်စွမ်း၊ လျှို့ဝှက်မှု ၊ မှော်ပညာတို့နှင့် သက်ဆိုင်သည်။ ခရမ်းနုသည် ချစ်ကြည်နူးဖွယ် ရာနှင့်အတိတ်ကိုလွမ်းဆွတ်သော ခံစားမှု ကို ရစေပြီး ခရမ်းရင့်သည် စိတ်အားငယ်ခြင်း၊ ၀မ်းနည်းမှု ၊ ခံစားမှု ၊ အားမလိုအားမရ ဖြစ်စေမှု တို့ကို ခံစားရစေသည်ဟု သိရသည်။

ခရမ်းရောင် ကိုနှစ်သက် သော ကြိုးဘ၀တလျှောက် ခရမ်းရောင် ရိပ်တွေ က ချယ်လှယ်လွှမ်း မိုးနေမှာ ပဲလား. . .။

* * * * *


“ဟင်. . . ရှင်. . . ကြိုး”

မျှော်လင့်ချက်မီးအိမ် တောက်ပမှု သည် ဒေါက်ဖိနပ်စီး၍ ဂျင်းဘောင်းဘီ အပြာရောင် နှင့် တီရှပ် အနက်ဝတ်ဆင်ကာ ရောက်ရှိလာသည်။

ထူးအောင်တို့နှင့် လမ်းခွဲပြီးနောက် ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းရှိ ဆိုင်တစ်ဆိုင်မှာ ထိုင်၍ စာအုပ်ဝင်မွှေရှာနေခိုက်ကြိုးနံဘေးသို့ သူမရောက်ရှိလာတာ ဖြစ်၏ ။

“သြော်. . . အမရာ”

ဒီလောက်ပါပဲ။ အကြည့်ချင်း တစ်ချက်ဆုံပြီးနောက် နှစ် ဦးသား တိတ်ဆိတ်သွားသည်။ ကြိုး နှလုံးခုန်သံ ကတော့ သာမန်ထက် လျှင်မြန်နေတာပေါ့။ သူမက စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ကောက်ကိုင်ကာ လှန်လှောကြည့်ရှုလိုက်၊ ပြန်နေရာချထားလိုက်နှင့်။ သူမ မျက်နှာကလေးကို ခိုးငေးမိတော့ ဖြူဖျော့ကာ နွမ်းနယ်ဟန် ပေါ်လွင်နေပါသည်။ ပါးကွက်ကြားကလေး ပါမလာတော့ပါလား. . .။ မျက်ဝန်းကလေးတွေ က တိမ်မည်းတွေ အုံ့သည်းနေသော ကောင်းကင်ပြင်သဖွယ်. . . ညိုမှိုင်းလျက်။

ဖတ်ချင်စိတ် ဖြစ်သွားစေသော စာအုပ်တစ်အုပ်ကိုယူ၍ ကျသင့်ငွေ ပေးချေပြီးတော့ ကြိုးဘာ ဆက်လုပ် ရမှန်းမသိ ဖြစ်နေသည်။ ထထွက်သွားရမှာ လား. . .။ အခွင့်အရေး ဆိုတာ ရတုန်းသုံးချမှ ဟုတော့ ပြောကြတာပဲလေ။ သူမအနားမှာ ဆက်ရှိနေချင်သေးသည်။ ဟိုလိုလိုဒီလိုလိုနှင့် စာအုပ်တွေ ဆက်ရွေးချင်ယောင်ဆောင်နေရင်ကော. . .။ ဒါလည်း ခဏပဲ ရမည် ။ သူမထထွက်မှ သူမနောက်က တကောက်ကောက် လိုက်ရမှာ လည်း ရှက်သည်။ သူမကို ပြန်ဆုံတွေ့ မှု အထိမ်း အမှတ်အ ဖြစ် ကော်ဖီတိုက်ပါရစေပြောပြီး အတင်းဝင်ရောရင်ကော. . . ။ ဘယ်လိုလုပ်ရင် ကောင်းမလဲ။

ညနေတစောင်း ကြိုး ချွေးပျံနေသည်။ လူအများ နှင့် ဆက်ဆံဖူးသားနှင့် သူမနဲ့ကျမှ ဘာလို့ ဒီလို ဖြစ်နေရတာ လဲ. . .။

မနေတတ်မထိုင်တတ်နှင့် ကြိုး မတ်တပ်ရပ်မိတော့ သူမ ဆတ်ခနဲ မော့ကြည့်ပါသည်။ သူမ၏ လက်ဝဲလက်ယာ လက်ချောင်းကလေးတွေ လှုပ်ရမ်းသွားပြီး ဝေ့တ်(Wait)ဟု သူမနှုတ်ဖျားမှ ရွတ်ဆိုသံထွက်လာသည်။ ကြိုး ပျော်သွားတာ တရကြမ်း. . .။ှ

ခဏကလေးပါပဲ။ ဘာစာအုပ်မှ မယူဘဲ ထိုင်ရာမှထ၍ သွားရအောင်ဟု သူမပြောသည်။ ကြိုးအတွက် လောကဟာ ရုတ်တရက် သာယာလာလိုက်တာ. . .။ ဖနောင့်သံစူးထားသလိုလည်း လူက မြောက်ကြွမြောက်ကြွ။ ကတုန်ကယင်နှင့် ပေါ့ပါးစွာ လေဟုန်စီးနေရသလိုပဲ။

ယနေ့ ရာသီဥတု အေးငြိမ်၏ ။ သူမှနှင့် ယခုလို တူယှဉ်တွဲလမ်းလျှောက်နေရတာ ဂုဏ်ဒြပ် တစ်ခုလို ကြိုး ခံစားနေရလေသည်။ ရှေ့မှာ မှန်တစ်ချပ်ထောင်၍ ပင် ကြည့်ချင်လာမိ၏ ။ လိုက်ဖက်မှာ ပါဟူသော အတွေးဖြင့် ကိုယ့်ဘာသာ တစ်ယောက် တည်း ပီတိဖြာ ကျေနပ်နေ ပြန်လေသည်။ အင်္ကျီ ဘောင်းဘီ အရောင် ဆင်တူလေးတွေ နှင့်မို့လား။ လူတွေ မြင်ရင် ဘယ်လို ထင်ကြမလဲ။ ကြိုးတော့ တွေးလေတွေးလေ ကြည်နူးလေ ဖြစ်နေတော့တာပါပဲ။

“စာအုပ်ဝယ်ပြီးရင် ရှင် ဘယ်သွားမယ်လို့ စိတ်ကူးထားလဲ”

“အစ ကတော့ ဆူးလေလမ်းမှာ မုန့်တီရခိုင်သုတ် သွားစားမလို့ပါပဲ၊ ခုတော့ ခင်ဗျား အနှောင့်အယှက် အ ဖြစ်ချိန်ထိ ခင်ဗျားနားမှ နေရရင်ပဲ ကျေနပ်ပါပြီ”

ဖျတ်ခနဲ. . . မျက်ဆံနက်ကလေးတွေ ညာထောင့် စုကပ်၍ ကြိုးကို သူမကြည့်သည်။ သူမ မျက်ဝန်းကလေးတွေ အရောင် တောက်ပသွားတာ သတိပြုမိလိုက်၏ ။ ပြီးတော့ ခပ်ဖွဖွ ပြုံးသည်။ ရယ်ခြင်းသည် လွတ်လပ်ပေါ့ပါးပွင့်လင်းမှု ကို ခံစားရစေပြီး အပြုံး ကတော့ လျှို့ဝှက်နက်နဲ ဖုံးကွယ်မှု ကို ခံစားရစေသည်ဟု ကြိုး ထင်သည်။ အထင်ဆိုတာ သေချာမှု တစ်ခုတော့ မဟုတ် ဘူးပေါ့လေ။

“ကျွန်မတို့ မုန့်တီဆိုင်ပဲ သွားရအောင်”

ဆူလေလမ်းမဆီ ခြေလှမ်းညီစွာ ဦးတည် ဖြစ်ကြ၏ ။ ကြိုးလက်ထဲမှ စာအုပ်ကို သမ ခွင့်တောင်း၍ ယူကြည့်သည်။`စနစ်တကျစုစည်းထားသော စိတ်၏ စွမ်းအားများ ' ဆိုသော စာအုပ် ဖြစ်ပါ၏ ။

“ရှင်က စိတ်စွမ်းအားတွေ စိတ်တန်ခိုးတွေ နဲ့ ပတ်သက်လို့ တော် တော် စိတ်ဝင်စား တယ် ထင်တယ်နော်”

“ဟုတ်”

“ရှင့်ကို သတိထားမိတယ်၊ စကားပြောရင် တဟုတ်ဟုတ်နဲ့နော်”

ကြိုး အသာယာပဲ ပြုံးနေလိုက်ပါသည်။ သူမက စာအုပ်ကို ကြိုး ထံပြန်ကမ်းပေး ရင်း. . .

“စွမ်းအားတွေ တန်ခိုးတွေ ကို စိတ်ဝင်စားရင် မှော်ပညာသင်ပါလား၊ ကျွန်မတောင် မှော်ပညာသိပ်တတ်ချင်တာ၊ မှော်ပညာတတ်ရင် အစာမစား ရေမသောက်ပဲနဲ့လည်း နေနိုင်တယ်၊ တစ္ဆေသရဲတွေ ကိုလည်း အမိန့်ပေး စေခိုင်းနိုင်တယ်၊ မှော်ပညာနဲ့ ရောဂါ တွေ ပျောက်ကင်းအောင် ကုသလို့ ရသလို သေပြီးသူတွေ ကိုလည်း ပြန်ရှင်စေနိုင်တယ်၊ မိုင်တစ်ထောင် အကွာအဝေးမှာ ရှိတဲ့ အရာတွေ ကိုလည်း မြင်နိုင်တယ်၊ ကိုဟန်ကျမ်းအဆို အရ အဲဒီ လို မှော်ပညာကို စွမ်းဆောင်ဖို့ ပါရမီမလိုအပ်ဘူး၊ ဆရာနဲ့ ကြပ်မတ်သင်ကြားပြီး အပြင်းအထန် လေ့ကျင့်ယူရင်ရတယ်”

သူမပြောတာက အေးဆေးပါသည်။ စာအုပ်ကို ပြန်ယူအပြီး ကြိုးလက်ထဲမှာ ပဲ တရိုတသေ ကိုင်တွယ်ထား၏ ။

အနက်ရောင် သည် စွမ်းအင်၊ ခွန်အား၊ အာဏာ၊ ဂုဏ်သိက္ခာ၊ ကျော့ရှင်းရည်မွန်မှု ၊ ကြီးကျယ်ခမ်းနားမှု ၊ သေခြင်းတရား၊ မကောင်းမှု နှင့် လျှို့ဝှက်နက်ရှိုင်းမှု တို့၏ အရောင် အ ဖြစ် သတ်မှတ်ခြင်းခံရသည်။ Heraldry (မျိုးရိုးစဉ်ဆက်ကို လေ့လာသည့်ပညာ) မှာ တော့ ပူဆွေးမှု သော ကရဲ့ သင်္ကေတတဲ့။ အနက်ရောင် သည် ကြောက်ရွံ့မှု နှင့် မသိခြင်း၊ နားလည်ရခက်ခြင်းတို့ ဒွန်တွဲနေ၏ ။ အာကာသတွင်းနက် -black hole၊ ဂယက်အနက်ရှိ နာမည် ပျက်စာရင်း- blacklist ၊ ကြောက်စရာကောင်းသော အရာတို့ကို ဟာသအ ဖြစ် ပြောခြင်း- black humon ၁၄ရာစုက ဥရောပတွင် ကျရောက်ခဲ့သော အသေအပျောက်များ ခဲ့သည့် ပုလိပ်ကပ် ရောဂါ ဆိုးကြီး -The Black Death ၊ ထိုအရာတွေ အမည် မှာ Black ပါသည်။

ယခု Black Colour အင်္ကျီ ၀တ်ဆင်ထားသော ကောင်မလေးကကော. . .။ သူမ မျက်ဝန်းလေးတွေ ဆီ အကဲခတ်ကြည့်တော့ နှင်းငွေ့တွေ ခဲအုံနေသလိုပါပဲ။

“မှော်အစွမ်းတွေ ကို အိန္ဒိယမှာ ရှိတဲ့ ယောဂီတွေ က လက်တွေ့ ပြသနိုင်ခဲ့တယ်၊ ဂျေနီဆိုတဲ့ သူတော် စင်တစ်ဦးဟာ အိန္ဒိယနိုင်ငံ အာမတ်အသာအတီမြို့တော် ရဲ့ အနောက်ပိုင်း ဆေးရုံမှာ ရက်ပေါင်း (၇၀) တိတိ အစာမစားရေမသောက်ပဲ အသက်ရှင် နေနိုင်ခဲ့တယ်၊ ၁၈၁၇ ခုနှစ် က ဟာရီဒတ်ဆိုတဲ့ ယောဂီတစ်ဦးဟာ လာဟိုမြို့မှာ မဟာရာဂျန်ရန်ဂျစ်ရှင်နဲ့ ဗြိတိသျှအရာရှိတွေ ရှေ့မှော က်မှာ အရှင်လတ်လတ် မြေမြုပ်ခံပြီး ပညာစိမ်းကို ပြသခဲ့တယ်၊ အဲဒီ လို ပြသတာကို ပန်ချာပီစစ်သားတွေ က စောင့်ကြည့်နေပြီးနောက် တူးဖော်ကြည့်တာ ယောဂီဟာ အသက်ရှင်လျက်ပဲ ရှိတာကို ထူးဆန်းအံ့သြဖွယ် တွေ့ ခဲ့ရတယ်တဲ့”

သူမ စကားပြောမပျက် လူကူးမျဉ်းကြားကို ကူးဖြတ်ဖို့ ပြင်သည်။ ကြိုး ချတ်ခနဲ သူမလက်ကို ဆွဲထားလိုက်၏ ။ ပိုင်စိုးပိုနင်းနော်. . .။ သူမက ထိယှက်သွားသော လက်နှစ် ဖက်ကို တစ်ချက်ငုံ့ကြည့်ပြီးနောက် ကြိုး မျက်နှာကို မျက်လွှာပင့်ကာ ကြည့်သည်။ သင်္ချာဂဏန်းများ တဖျတ်ဖျတ် ပြောင်းလဲနေပါသော လမ်းညွှန်မီးပွိုင့်ဆီ ကြိုးမျက်စပစ်ပြ လိုက်၏ ။ အနီရောင် ။

ကားတန်းရှည်ကြီး ဝေါခနဲ သူမရှေ့မှ ပွတ်ကာသီကာ ကူးဖြတ်သွားလေသည်။

“၁၉၁၈ုခနှစ် မှာ လည်း ပြင်သစ်ကိုလိုနီနယ် ဖြစ်တဲ့ အယ်ဂျီရီးယားပြည် အိန်ဆေး ဖရားမှာ ထူးခြားအံ့သြဖွယ်ကောင်းတဲ့ ယောဂီတစ်ဦးရှိခဲ့တယ်၊ အဲဒီ ယောဂီဟာ အသက်နှစ် ဆယ့်ကျော်လေးပဲ ရှိသေးတာတဲ့၊ ပြင်သစ်အစိုးရက အဲဒီ တန်းခိုးရှင်ကို အကြောင်းပြုပြီး နယ်မြေအတွင်းမှာ ဆူပူလှုံ့ဆော်မှု တွေ ဖြစ်လာမှာ စိုးရိမ်တာကြောင့် အဲဒီ အပြုအမူတွေ ကို အားမပေးခဲ့ဘူး၊ ဒါကြောင့် ပြင်သစ် အရေး ပိုင် ချယ်ဒီအဲနက်က ပြင်သစ်ခရစ်ယာန် ဘုန်းတော် ကြီး (၄)ဦးနဲ့အတူ အုပ်ချုပ်ရေအရာရှိ ရှစ်ဦး အပါအ၀င် မြစ်ကမ်းနဖူးပေါ်မှာ နေတဲ့ ယောဂီလေးဆီသွားပြီး ပညာ စမ်းကြ တယ်”

စကားပြောမပျက်ပါဘူး။ အာဂပဲ. . . ။ သူမ နှုတ်ထွက်ရေရွတ်သံတို့ ပီသသပ်ရပ်မှု အတွက်တော့ ကြိုး တိတ်တဆိတ် ချီးကျူး အတုယူမိပါ၏ ။

အနီရောင် သည် ၀ါပြီး၍ စိမ်းမှ ကြိုး စတင်လှမ်းသည်။ ကြိုးနံဘေးမှာ သူမ ကပ်ပါလာ၏ ။

“သူတို့က ယောဂီလေးကို မ ဖြစ်နိုင်တာ ခိုင်းတာ၊ စီးနေတဲ့ မြစ်ချောင်းရေကို ရပ်တန့်စေပြီး အဲဒီ အပေါ်မှာ ထမင်းဟင်းချက် ပြရမယ်တဲ့လေ။ ဒါပေမယ့် ယောဂီလေးကလည်း ခေသူမှ မဟုတ်ပဲ၊ တန်ခိုးရှိတာပဲဟာ၊ ကျောက်ခဲတစ်လုံးကို ဂါထာမန်းမှု တ်ပြီး မြစ်လယ်ပိုင်းကို ရောက်အောင် ပစ်လိုက်တယ်။ ကျောက်ခဲကျသွားတာနဲ့ စီးနေတဲ့မြစ်ရေက ချက်ချင်း ရပ်တန့်သွားတယ်၊ အဲဒီ တော့မှ ယောဂီလေးဟာ ရေပေါ်ကို လမ်းလျှောက်သွားပြီး သူ့အစွမ်းနဲ့လေထဲ လက်ဝှေ့ယမ်းပြီး ထမင်းဟင်းတွေ ကို ချက်ပြုတ်ပြတယ်၊ ပြီးတော့ အားလုံးကို စားစေပြီး မြို့ကိုပြန်ရောက်ရင် အဲဒီ ထမင်းဟင်းတွေ စစ်မစစ်ကို ဓာတ်ခွဲကြည့်နိုင်တယ်လို့လည်း မှာ လိုက်သေးတယ် တဲ့ ၊ အဲ လက်ကိုလည်း လွှတ်ဦး”

ဟိုတ်သားပဲ။ ကြိုး ရှက်သွားသည်။ သူမ ညာလက်ဖျားလေးကို ဆုပ်ကိုင်ထားရာမှ ဖြေလွှတ်ပေးလိုက် ၏ ။ ခန္ဓာဆီမှ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု ပြုတ်ကျသွားသလို ခံစားရ၏ ။ နူးညံ့နွေးထွေးသော အထိအတွေ့ လေး ဆုံးရှုံးသွားပြီပေါ့။ နှမျောလိုက်တာ။ စကားသာ မဲပြောနေတာ ဒါကျ သိသားနော်။

“ဟို ကားတိုက်မိမှာ စိုးလို့”

“အင်းပါ။ ဘာပြောလို့လဲ”

ကြိုးအမူအရာ အိုးတိုးအန်းတန်းကိုကြည့်ပြီး အမရာ ပြုံးပါသည်။ သူမပြုံးလျှင် ကြိုး အူးယားလာတတ်တာ ဘာအကျင့်မှန်းကို မသိဘူး။ ဆူးလေလမ်းမ ရောက်ခါနီး လေ လူတွေ ပိုမိုရှုပ်ထွေးလာလေ။ ကြားမှု အသံတွေ ကလည်း ပိုမိုဆူညံလာလေ၏ ။

ဆူးလေလမ်းမရောက်တော့ လမ်းနံဘေးမှာ ဆိုင်းထမ်းဖြင့် ချရောင်းသော ရခိုင်ညီအစ်ကိုလေး နှစ် ယောက် ဆီပဲ သွားလိုက်သည်။ သူ့တို့ဆီမှာ ကြိုးစားနေကြပေါ့။ ကော်ခုံပုလေးတစ်ခုံမှာ ကြိုးဝင်ထိုင်တော့ နံဘေးရှိ ခုံကလေးမှာ အမရာ ၀င်ထိုင်ပါသည်။ ကြိုးက မုန့်တီရခိုင်သုတ်တစ်ပွဲမှာ သည်။

သူမကိုဘာမှာ မလဲမေးတော့ . . .

“ရှင့်အထဲက နှိုက်စားမယ်လေ၊ ဘာလဲမရဘူးလား”

အဟား . . . ကြိုးမြူးကြွသွားတာပေါ့။ သိပ်ရတာ ပေါ့ဟု ခပ်ရွှင်ရွှင်ပြောလိုက်၏ ။ မုန့်တီသုတ်ရတော့ တကယ်ပဲ ဇွန်းကလေးတစ်ချောင်းတည်းဖြင့် နှစ် ယောက် အတူစားကြသည်။ ကြိုးပီတိဖြာကာ ကြိတ်ကျေနပ်နေ၏ ။ ပလုတ်ပလောင်းစားလိုက်၊ ဟင်းချိုလေး သောက်လိုက် လုပ်နေသော သူမကိုကြည့်ကာ ဒါလည်း လောကစည်းစိမ် တစ်မျိုးပါလား ဟု ခံစား ဖြစ်သည်။ တစ်ပွဲကုန်တော့ နောက်တစ်ပွဲထပ်မှာ သည်။ ဒီတခါ သူမက ငရုတ်သီးတွေ အများ ကြီး သူမဘာသာ ယူထည့်သည်။

“အား စပ်မှာ ပေါ့၊ အဲ့လောက် အမျာကြီး”

“မရ၀ူး၊ စပ် စပ် . . . စား၊ ခွံ့ကျွေးမယ်နော်၊ အဟဲ”

တကယ်ပဲ သူ့ကို သူမ ခွံ့ကျွေးပါသည်။ ကြိုး မငြင်းရက်ဘူးလေ။ ကြိတ်မှိတ်မျိုချ လိုက်သည်။ သူမလည်း စားသည်။ ကြိုး မျက်ရည်လည်ကာ နှာရည်တွေ ပါ ကျလာသည်။ သူမလည်း ထူးမခြားနား။ အမရာက ကြိုးကိုကြည့်ကာ တခစ်ခစ်ရယ်သည်။ တစ်ရှုးစဖြင့် ကြိုးကို သုတ်ပေးသည်။ သူမဘာသာလည်း သုတ်သည်။ ပြီးတော့ ကြိုးကိုအတင်းထပ်ခွံ့ ကျွေးပြီး သူမလည်း စားပြန်သည်။ တရှုးရှုးတရှဲရှဲနှင့် စားလိုက်၊တစ်ရှုးစဖြင့် ကြိုးမျက်နှာကို သန့်ရှင်းပေးလိုက် နှင့် သူမရယ်ပြန်သည်။ သူမပုံစံလေး သိသာစွာ ရွှင်လန်းလာသလိုပါပဲ။

အလို . . . သူမမျက်ဝန်းမှ မျက်ရည်တွေ ကျဆင်းနေပါလား။

“အမရာ . . . အရမ်းစပ်နေပြီမို့လား၊ တော် တော့လေ”

“ဟင့်အင်း . . . မတော် သေးဘူး၊ ဆက်စားဦးမယ်”

သူမ ဆက်စားပြန်သည်။ ကြိုးကို ခွံ့မကျွေးတော့ဘူး။ သူမဘာသာ တစ်ယောက် တည်း ပလုတ်ပလောင်းကလေး ဆက်စားနေသည်။ ပြီးတော့ တစ်ရှုးစဖြင့် ကြိုးမျက်နှာကို သုတ်ပေးပြန်သည်။ ဟင်း… ဘာမှလည်း မရှိပဲ … ။ ပြီးတော့ ရယ်ပြန်၏ ။ အိပ်မက် မက်နေသလိုပါ ပဲလား။ သူမဘာလို့ အခုလို ပြောင်းလဲသွားရတာ လဲ… ။ ရုတ်တရက် ကြီး…။ အဲဒါဘာကြောင့် လဲ။

သူမပါးပြင်မို့မို့မှာ မျက်ရည်စီးကြောင်းတွေ နှင့် . . . ။ မျက်ခွံ့လေးတွေ က ဖောင်းထူမို့ အစ်လို့. . . ။ နှာသီးဖျားကလေးက နီရဲချွန်ထက်လို့။ နှုတ်ခမ်းသား ပြည့်ပြည့်ဖူးဖူးကလေးကလည်း ရယ်သံလွင်လွင်လေးတွေ ထုတ်လွှတ်ကြေညာလို့. . . ။

ရယ်နေတာလား. . . ငိုနေတာလား. . .

တိမ်ညိုတွေ ကြားမှာ ငုက်တစ်အုပ် တောင်ပံပြန့်ထုတ်၍ လူးဝဲပျံသန်းနေကြသည်။ ငုက်ကလေးတို့မှာ နားခိုရာ အသိုက်အမြုံရှိမည် ပဲ။ ကြိုး ငုက်တစ်ကောင် ဖြစ်လိုက်ချင် သည်။ အမရာကို အသိုက်အမြုံလေး ဖြစ်စေချင်သည်။

သူမရင်ခွင်ဆီ အပြေးအလွှား ခိုဝင်ပစ်လိုက်ချင်သည်လေ။ နွေးအိနေမှာ ပဲ။

အပြာရောင် သည် ကောင်းကင်နှင့် ပင်လယ်၏ အရောင် ဖြစ်သည်။ တည်ငြိမ်မှု ၊ နက်ရှိုင်းမှု နှင့် သက်ဆိုင်သည်။ ယုံကြည်မှု ၊ သစ္စာ၊ အမြော်အမြင်၊ အသိဉာဏ်၊ သဒ္ဒါတရား၊ အမှန်တရား၊ ကောင်းကင်ဘုံတို့ကို ကိုယ်စားပြု၍ ဇီဝတွင်း ဖြစ်ပျက်မှု ကို နှေးကွေးစေပြီး စိတ်နှင့် ခန္ဓာကို ကောင်းကျိုးပြုသည်ဟု ယူဆကြသည်။ အပြာနုသည် ကျန်းမာရေး ၊ ကုစားမှု ၊ ဆိတ်ငြိမ်မှု ၊ ငြိမ်းချမ်းမှု ၊ နားလည်မှု ၊ နူးညံ့မှု တို့၏ သင်္ကေတ ဖြစ်ပြီး၊ အပြာရင့်သည် အသိပညာ၊ စွမ်းအား၊ သမာဓိ ၊ လေးနက်မှု တို့၏ သင်္ကေတ ဖြစ်သည်။ မျိုးရိုးစဉ်ဆက်ကို လေ့လာသည့် ပညာမှာ တော့ ဘာသာတရား ကိုင်းရှိုင်းမှု နှင့် ရိုးသားမှု ဆိုပဲ။

ကောင်းကင်နှင့် ပင်လယ်သည် နားလည်ရန် ခက်ခဲသော သဘောရှိ၏ ။ ဂျင်းဘောင်းဘီ အပြာရောင် နှင့် ကောင်းမလေးသည်လည်း ကောင်းကင်နှင့် ပင်လယ် ပေါင်းစပ်ထားသကဲ့သို့ ပါပဲ။

ယခု… သူနှင့် သူမ လိုင်းကားတစ်စီးပေါ် ရောက်ရှိနေကြပြီ။ နေ၀င်ရီတရော ဆည်းဆာကောင်းကင်၏ အနောက်ခြမ်း ထောင့်တစ်နေရာသည် နီစွေးအုံ့ပြာနေပါသည်။

“အခု ကြိုးကို မကြောက်တော့ဘူးလား”

“လောကမှာ ကြိုးအမျိုးမျိုးရှိတယ်၊ ကယ်တင်တဲ့ ကြိုး၊ နာကျင်စေတဲ့ကြိုး စသဖြင့် ပေါ့၊ ဒါပေမယ့် ဘယ်ကြိုးမဆို ချည်နှောင်ကြတာချည်းပါပဲ”

“ကျွန်တော် ကတော့ ခင်ဗျားအတွက် ဘယ်လိုကြိုးမျိုး ဖြစ်မလဲ”

“အဲဒါက ရှင့်အပေါ် မူတည်ပါတယ်၊ ကျွန်မ ကတော့ လတ်တလောမှာ ရှင့်ကို ကုသ ပေးမယ့် ကြိုးလေးတစ်ချောင်းအ ဖြစ်ပဲ မြင်တယ်”

အရာရာသည် နားလည်ရခက်ခဲစွာ လျင်မြန်နေချေ၏ ။

ဆူးလေလမ်းမှာ မုန့်တီသုပ်စားပြီးတော့ ဘတ်စကားလျှောက်စီးချင်တယ်ဟု သူမ ပူဆာသည်။ တော် တန်ရုံ မလိုအပ်ဘဲ ဘယ်သူမှ လိုင်းကားစီးချင်မှာ မဟုတ်ပါဘူး။ ရန်ကုန်မှာ လိုင်းကားတိုးစီးရသည့် ဒုက္ခက မသေးတာမို့ သူမ၏ ဇိမ်ခံလိုမှု အပေါ် ကြိုး ထပ်ဆင့် အံ့သြရပြန်ပါသည်။ ငြင်းဖို့တော့ ဝေးစပေါ့။

ဂိတ်စမှ စောင့်၍ စီးသဖြင့် ထိုင်ခုံရသည်။ အထူးကားဆိုပေမယ့် ကြာတော့ လူတွေ ပြည့်သိပ်လာတာပါပဲ။ ထိုင်ခုံမရသူတွေ ကတော့ မတ်တပ်ကလေးတွေ ပေါ့။ နံဘေးနား ခြင်းတောင်းဖြင့် အဒေါ်ကြီးတစ်ဦး လာရပ်တော့ ကြိုး ထိုင်ရာမှထ၍ နေရာ ဖယ်ပေးလိုက် သည်။ ကြိုးကို အမရာ တစ်ချက် မော့ကြည့်ပါသည်။ ပြီးတော့ သူမမျက်ဝန်း ကလေးတွေ ကားပြတင်းမှတဆင့် ပြင်ပကို ငေးနေလေ၏ ။

လမ်းမီးရောင် တွေ ၀ါကျင်ကျင် ထိန်လင်းပြီ။ နေရောင် ပက်ဖျန်းထားသော ဆီဆေး ပန်းချီကားတစ်ချပ်သဖွယ် ညမြင်ကွင်းတွေ ဖောင်းကြွသွား၏ ။ မှတ်တိုင်တစ်ခုအရောက် ကြိုးဖယ်ပေးသော နေရာတွင် ထိုင်သော အဒေါ်ကြီး ထထွက်ဆင်းသော အခါ အမရာ၏ နံ ဘေးမှာ ကြိုးပြန်ထိုင်ပါသည်။ ခဏအကြာ နံဘေးနား ကောင်မလေးတစ်ဦး လာရပ်လေ ၏ ။ အဲသည် ကောင်မလေး လက်ထဲမှာ ထမင်းဘူးနှင့် ဖိုင်စာအုပ်ကို ကြိုး ယူကိုင်ထားပေး လိုက်ပါသည်။

ကြိုးရဲ့ ညာဘက်ပခုံး အိခနဲ. . . ။

လေးဖင်မှု နှင့် အတူ မှီတွယ်ခံလိုက်ရသည်။ အမရာ အိပ်ငိုက်ပြီ။ အစာစားပြီးမို့ နွမ်း နယ်နေသူလေး မျက်ဝန်းတို့ မှေးစင်းချေပြီ။ နှုတ်ခမ်းဖူးဖူးလေး စူလို့. . . ။ သူမ အိပ်ပျော် နေပုံလေးဟာ ချစ်စရာ ကောင်းလွန်းလှချည်ရဲ့ ။ ယုန်ဖြူဖြူကလေးတစ်ကောင် ချမ်းအေးလွန်းလို့ ကုပ်ကုပ်ကလေးဝပ်နေသလိုမျိုး. . . ။ထွေးဖက်ထားချင်လိုက်တာ. . . ။ တကယ်မှာ တော့ ဖိုင်နှင့် ထမင်းဘူးကိုသာ ကြိုးလက်မှာ မြဲမြံစွာ ကိုင်ထားရပါ၏ ။ ကြာတော့ ပခုံးနည်းနည်း အောင့်နာလာသည်။ သို့ သော် မလှုပ်. . . ။ သူမ မှေးစက် အနားယူပါစေလေ။ ဖြစ်နိုင်ရင် ရင်ခွင်ကိုတောင် ကျောခင်းစေချင်တဲ့ ငနဲပါ . . . ။

ကားပြတင်းမှ လေတွေ တိုးဝင်နေတာ အေးစိမ့်စိမ့်။ အမရာ၏ ဆံချည်မျှင်တွေ က ကြိုးမျက်နှာပြင်ကို လာထိစင်၏ ။ နည်းနည်း တော့ ကြမ်းရှပါသည်။

ထိုစဉ်အခိုက် သူမကိုယ်လုံးလေး ဆတ်ခနဲ တုန်ခိုက်သွား၏ ။ မျက်ဝန်းတံခါးတို့ ဖျက် ခနဲပွင့်၍ မျက်ခုံးလေးမြင့်တက်လာလေတော့ သူမမျက်နှာပြင်ကို စိုက်ငေးနေသော ကြိုး အကြည့်တို့နှင့် ဆုံပါသည်။ သိမ်မွေ့နူးညံ့စွာ ကြိုး ပြုံးပြ၏ ။

နှင်းဆီငုံလေးမှ ပွင့်ချပ်တို့ လှစ်အာလာသလိုမျိုး. . . ။ သူမ နှုတ်ခမ်းသားတွေ တဖျတ်ဖျတ်နှင့် တောင်ပံခတ်လာသည်။

“ရှင်. . . ကျွန်မနဖူးကို. . . နမ်းလိုက်တာလားဟင်. . . ”

အမရာ၏ အသံက တိုးဖျော့ဖျော့လေး . . . ။ တုန်ယင်လှုပ်ခတ်စွာ ။ ညင်ညင်သာသာ. . . ။ ကြိုး ရင်ဘတ်ဘယ်ဘက်ထောင့်မှ ရုတ်တရက် ဆောင့်ခုန်နေ သည်။

“အား. . . မ မနမ်းပါဘူးဗျာ”

“သြော်. . . အင်း. . . အင်း . . . ပြီးရော. . . ”

မျက်ဝန်းတံခါးလေးတွေ မှေးမှိတ်ပြန်ပိတ်သွားသည်။ စိတ်ထဲမချင့်မရဲ ဖြစ်မိ၏ ။ ဘာသဘောနှင့် သူမ အခုလို မေးရတာ လဲ။ ညာဘက်ပခုံး၏ အထိအတွေ့ က နွေးထွေးတည်မြဲ ဆဲ... ။ နံဘေးနားမှ ကောင်မလေးက ရှေ့မှတ်တိုင် ဆင်းတော့မယ်ပြောပြီး ထမင်းဘူးနှင့် ဖိုင်ကို ယူဆင်းသွားသည်။

ဖုန်းသံမြည် လာ၏ ။ အမရာ ဆီမှ။ သူမ ကိုယ်လုံးလေး လူးလွန့်လာပြီး ဘောင်းဘီ အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကိုင်သည်။

“ဟယ်လို. . . ဟုတ်ကဲ့. . . ၊ ပြန်လာတော့မှာ ပါ။ ရတယ်၊ လိုက်မလာနဲ့၊ ဒါပဲနော်”

ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ပြန်ထိုးထည့်ပြီး အိပ်မှု န်စုန်ဝါး ပုံစံဖြင့် သူမ ပျင်း ကြောဆန့်လိုက်သေးသည်။ ပြီးတော့မှ ခေါင်းကို ဘယ်ညာရမ်းခါ ဇက်ကြောဖြေပြီး ဆောင့်နင့်နင့် ပြောလေ၏ ။

“ရှေ့မှတ်တိုင် ဆင်းရအောင်”

ဘာတွေ အလိုမကျ စိတ်တိုနေရတာ လဲကွာ။

* * * * *


သူမပြန်သွားခဲပြီ ဖြစ်သည်။

အငှားယာဉ်၏ နောက်မီးနီနီကိုငေးရင်း ဘတ်စ်ကားမှတ်တိုင်၏ အမိုးအောက်မှာ ကြိုး အတန်ကြာ ရပ်နေမိပါသေးသည်။ နီယွန်မီးရောင် တို့ လမ်းမထက် ပြန့်ကျဲဖွာကျနေချေ၏ ။

“အမေ ဖုန်းဆက်ခေါ်နေပြီ၊ ပြန်မှ ရတော့မယ်”

“လက်ယာဘက်ကို ရင်ဘတ်ရှေ့မှာ ၀ဲမှယာ ဝေ့၀ိုက်လှုပ်ရှားပြီး နှုတ်ဆက်ထွက်ခွာ သွားသော သူမကိုယ်ဟန်လေးက အာရုံထဲမှမထွက်။ ညဥ့်သည် နက်သထက် နက်ပေတော့မည် ။ ဒီကနေ့ဟာ ဒီငနဲကို အရှုးဆေးတွေ ကျွေးသလိုပဲ ။ အယ်လ်ကိုဟော မသုံးစွဲရပါဘဲနှင့် လည်း မူးထွေထွေ ဖြစ်ချင်နေသည်။ မက်မောစရာမို့လည်း မိန်းမောခဲ့တာ ဖြစ်မည် ။

လေပွေတစ်သိုက် ရှပ်တိုက်လို့ မျက်စိရှေ့မှ အမှိုက်တစ်စ လွင့်ထွက်သွားသည်။ သူမရဲ့ အထိအတွေ့ တွေ ၊ သူမရဲ့ ကိုယ်သင်းရနံ့တွေ လွင့်ပြယ်ထွက်ခွာ ပြေးလွှားမသွား ရလေအောင် ဖြစ်နိုင်ရင် အိတ်တစ်လုံးနှင့် သိမ်းထုပ်ထားချင်ပါသည်။ လွမ်းမောတောင့်တမိတိုင်း ထိရှိုက်ကြည့်ချင်လို့. . . ။

အငှားကားတစ်စီး ကြိုးအနီး ထိုးရပ်ပြီး ကားဆရာက ဘယ်သွားမလဲ မေးသည်။ ကြိုး ခေါင်းခါရမ်းပြလိုက်ပါ၏ ။ ခဏအကြာ ဘတ်စ်ကားတစ်စီး ထိုးဆိုက်လာသည်။ ကြိုး တက်လိုက်သွားသည်။

တက္ကစီနှင့် ဘတ်စ်ကား ကွာခြားပုံလောက်ဆိုရင်တောင် မမှု ပါဘူး. . . ။အခုတော့ နင်နဲ့ငါဆိုတာ ကိုယ်ပိုင်ကားနှင့် ခြေလျှင်သမား။

မသိခင်က နစ်ဝင်နေတဲ့ဆူး. . . ။ သိချိန်မှာ နှုတ်ဖယ်လို့ မရတော့ပါဘူး. . . ။ မြုပ်တွယ်နေတာက ဟိုး. . . အနက်ရှိုင်းဆုံး အပိုင်းထဲမှာ . . .။

ဒီလိုနဲ့ မျက်ရည်လွယ်သော ကောင်လေး ငိုပွဲတွေ ဆင်နွှဲခဲ့ရတာ အတောမသတ်ပေါ့။

“ဟာ. . . အစ်ကိုလေး လာပြီ”

ကြိုးကိုမြင်တာနှင့် ကောင်းလေး၏ မျက်လုံးကလေးတွေ အရောင် တောက်ပသွားတာ မျက်နှာ ကလေး ချိုမြပြုံးရွှင်သွားတာ သိသာသည်။ ညမီးရောင် ဖျော့ဖျော့ အလင်းရောက် လသည့် သစ်ပင်ငယ်တစ်ပင်အောက် မှော င်ရိပ်မှာ ရပ်နေသည့် ကောင်လေးပုံစံက အရင် နေ့တွေ ကအတိုင်းပါပဲ။ သူ့ကိုယ်နှင့် အတန်ငယ်ပွနေသော ညစ်နွမ်းနွမ်း အနက်ရောင် တီရှပ်အင်္ကျီ လက်ရှည်နှင့် အနက်ရောင် ဘောင်းရှုည်ကြပ်ကြပ်ကိုပဲ ၀တ်ဆင်ထားသည်။

“ညစာ စားပြီးပြီလား ညီလေး”

“မစားရသေးဘူး အစ်ကိုလေး”

ဝါကျင်ကျင်သွားလေးတွေ အဖြီးသားနှင့်ပဲ ကြိုးမေးတာကို ဖြေသည်။ ဆာလောင်နွမ်းနယ် နေမှန်းပေါ်လွင်သိသာ၏ ။ တစ်ထောင်တန်နှစ် ရွက်ကို ကြိုးထုတ်ပေးလိုက် တော့ အကြောတွေ အပြိုင်းပြိုင်းထနေသော လက်ကလေးနှစ် ဖက်နှင့် တရိုတသေ ယူသည်။ ၀မ်းသာအားရ ဖြစ်သွားဟန်က အရင်ညတွေ ကလိုပဲ ပီပြင်ထင်ရှားသည်။ လက်သည်းတွေ ရှည်နေပြီ ဖြစ်ကာ လက်ချောင်း ကလေးတွေ က ညစ်ထေးနေ၏ ။ အသားအရေညိုစိမ်စိမ့်နှင့် ပါးခွက်ခွက် ကလေးတွေ သာ ပြည့်သွားရင် ဒီကောင်လေး ဒီ့ထက် ပိုကြည့်ကောင်းမှာ ။

“ကျွန်တော် ပိုက်ဆံရှိရင်လေ အစ်ကိုလေး စားချင်တာတွေ ပြန်ဝယ်ကျွေးမယ်”

ဒါ ကောင်လေး ညစဉ်ပြောလေ့ရှိသော စကား။ ထိုစကာကြားရတိုင်း ဘာကြောင့်မှန်းမသိ ကြိုး ကြက်သီး တဖျင်းဖျင်းထ၍ အူတွေ အသည်းတွေ လှိုက်တုန်သည်အထိ ပျော်သည်။ ကြည်နူး ပီတိအား ထိရှစွာ ခံစားရ၏ ။

ကောင်လေးက အသက် ၁၄,၁၅ ၀န်းကျင်သာ ရှိဦးမည် ။ ၅ပေ၄လက်မလောက်ရှိမည့် အရပ်နှင့်စာလျှင် ခန္ဓာကိုယ်က အတော် ပိန်သည် ဟု ပြောရမည် ။ ဒီကောင်လေးနှင့် ကြိုး စတွေ့ တာ ယုခလိုညအချိန်အိမ်အပြန်လမ်းမှာ ပဲ ဖြစ်၏ ။

ထိုညက. . .

“ပိုက်ဆံလိုချင်တယ်ဆိုကွ၊ လိုချင် ဦးကုန်းချလေ၊ ဖေဖေကြီးတို့ရယ် သားကို ပိုက်ဆံပေးပါ လို့လည်း ပြောလေ”

“ဖေဖေကြီးတို့ရယ် သားကို ပိုက်ဆံပေးပါ”

“ထုပ်ပြောဦး”

“ဖေဖေကြီးတို့ရယ် သားကို ပိုက်ဆံပေးပါ”

အားငယ်ရှက်ရွံ့တုန်လှုပ်နေဟန် အသံတုန်တုန်ယင်ယင်ကလေးက ကြိုးကို ဖမ်းစားလိုက် တာ ဖြစ်၏ ။

“ဦးလည်းချလေကွာ”

လမ်းဘေး ပလက်ဖောင်း လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ပေါ့။ လူငယ်တစ်စုက ရယ်ရယ်မောမော ခိုင်းစေတော့ ကောင်လေးက တတွတ်တွတ် ရွတ်ဆိုတာ အကြိမ်ကြိမ် ဦးချ၍ နေသည်။ ကြိုး လျှောက်လက်စခြေလှမ်းတွေ ရပ်၍ မနီးမဝေးမှ အသာ ငေးကြည့်နေမိ ဖြစ်သည်။

“ကျွန်တော် အစ်ကိုကြီးတို့ ပြောခိုင်းသလိုလည်း ပြောပြီးပြီ၊ အစ်ကိုကြီးတို့ကိုလည်း ဦးချပြီးပြီ၊ ပိုက်ဆံပေးတော့လေ”

“ဘာလို့ပေးရမှာ လဲကွ၊ မင်းတို့လိုကောင်တွေ က ဒီလိုပဲညာတာ ပါတေးနဲ့ ပိုက်ဆံ လိုက် တောင်း၊ ပြီးရင် ကွမ်းဝယ်စားတဲ့ကောင်နဲ့ ဘီယြာဝယ်သောက်တဲ့ကောင်နဲ့၊ စီးကရက်လက် ကြားညှပ် ငြိမ့်နေတဲ့ကောင်နဲ့၊ မပေးနိုင်ဘူး၊ မင်းတို့ ကောင်တွေ ဒီလိုနှိမ်ထားမှ၊ သွားတော့”

“ကျွန်တော် က တကယ် ထမင်းမစားရသေးလို့ တောငးတာပါခင်ဗျာ၊ ဗိုက်အရမ်းဆာ နေလို့ပါ”

“မပေးနိုင်ဘူးလို့ ပြောနေတယ်လေကွာ ၊ သွားတော့ဆို၊ မသွားရင် ရေနွေးပူနဲ့ ပက်မှာ နော်”

ကောင်လေးက တအိအိနှင့်ရှိုက်ငိုနေသည်။ ဆိုင်ရှင် ဖြစ်ပုံရသူက “ငါ့ဆိုင်ရှေ့ လာငိုမနေနဲ့၊ ဆိုင်လာဘ်တိတ်တယ်ကွ၊ ထွက်သွားစမ်း” ဟူ၍ တွန်းလွှတ်မောင်းထုတ်မှ ပေရပ်နေသော ကောင်း၊ ယက်ကန်ယက်ကန်နှင့် ရှိုက်ငိုရင်း ထွက်သွားလေသည်။

ကြိုး ခြေလှမ်းတွေ ကောင်းလေးနောက်သို့ မျောပါသွားသည်။ အနားရောက်သော အခါ ကြိုးလက်တစ်ဖက်က ကောင်းလေးပုခံးပေါ် နွေးထွေးစွာ . . .။

ကောင်လေးခန္ဓာကိုယ် ဆတ်ခနဲ တုန်ယင်သွားသည်။

“မကြောက်ပါနဲ့ ညီလေး၊ အစ်ကို ညီလေးကို ဘာမှ မလုပ်ပါဘူး၊ ညီလေး တကယ် ဗိုက်အရမ်းဆာနေတာလား”

“ဟိုတ်ကဲ့ပါ အစ်ကို၊ ကျွန်တော် ဒီနေ့ တစ်နေကုန် ဘာမှ မစားရသေးလို့ပါ”

မျက်ရည်စီးကြောင်းတွေ က ကောင်လေးပါးပြင်မှာ အထင်းသား။ မျက်ဝန်လေးတွေ က မျှော်လင့်ချက်ကြီးစွာ ဖြင့် တစ်စုံတစ်ရာကို ငံ့လင့်လျက်။ ကြိုးထံမှ ငွေစက္ကူအချို့ ကောင်လေး လက်ထဲ ကြည်ဖြူစွာ ရောက်သွားတော့၏ ။

ဒီလိုနှင့်ပဲ ကြိုး၏ ညတွေ မှာ အနက်ရောင် လေးကောင်လေး ပါဝင်လာခဲ့လေ၏ ။

အရင်ညတွေ ကတော့ ဖြတ်သွားဖြတ်လာ တွေ့ ဆုံမှု လောက်သာ။ ဒီညတော့ ကောင်လေး နှင့်အတူ ကြိုးညစာစား ဖြစ်သည်။ ၁၇လမ်း ထိပ်ရှိ ပလက်ဖောင်းဆိုင်တစ်ဆိုင်မှာ ပဲ ဖြစ်၏ ။ ထိုဆိုင်က ဟင်းအရသာတွေ ကို ကြိုး သိပ်ကြိုက်သည်။ ကောင်လေးလည်း တော် တော် ခံတွင်းမြိန် ပုံပါပဲ။ စားလိုက်တာ အားရပါးရ ပလုတ်ပလောင်း။ ထိုမြင်ကွင်က ကြိုးကို အရမ်း ကြည်နူးစေ၏ ။

“ထည့်စား ညီလေး၊ လိုတာ ထပ်မှာ ”

“ကျွန်တော် ပိုက်ဆံရှိရင်လေ၊ အစ်ကိုလေး စားချင်တာတွေ လိုချင်တာတွေ အကုန်ဝယ် ပေးမယ်”

တသွတ်သွတ်စားရင်းပဲ ထိုစကားကို တတွတ်တွတ် ပြောနေ၏ ။

“ညီလေးနာမည် ဘယ်လိုခေါ်လဲ”

“အီစွတ်လို့ခေါ်ကြတယ် အစ်ကိုလေး”

“နာမည် က အမိုက်စားပဲကွ”

“ဘာလို့လဲဟင် အစ်ကိုလေး၊ သူများ တွေ ပြောတော့ အစေခံနာမည် ဆို”

“အီစွတ်ဆိုတာ ကမ္ဘာကျော်ပုံပြင်ဆရာ ပညာရှိကြီးရဲ့ အမည် ပါ”

ထမင်းဟင်းစားပြီးတော့ ကောင်လေးကို ပုံပပြင်ဆရာကြီးအီစွတ် (Aesop) အကြောင်း ကြိုး ပြောပြလိုက်သည်။ အီစွတ်ပုံပြင်များ (AESOP FABLES) သည် ကမ္ဘာ့ပုံပြင်လောကတွင် အထင်ရှားဆုံးသော ပုံပြင်များ ဖြစ်သည်။ အမေရိကန်သမ္မတကြီး လင်ကွန်းသည် အီစွတ်ပုံပြင် စာအုပ်ကို လက်စွဲပြုခဲ့၏ ။ ဆိုကရေး တီး၊ ပလေတိုတို့ စကားထဲမှာ လည်း အီစွတ်ပုံပြင်တွေ ပါဝင်နေတာ လေ့လာတွေ့ ရှိရ၏ ။ ဆိုကရေး တီး အကျဉ်းကျ နေခဲ့စဉ်က အီစွတ်ပုံပြင်ထဲမှ ဇာတ်လမ်းတွေ သူ့ကဗျာမှာ ပါဝင်လေသည်။

ပုံပြင်ဆရာကြီး အီစွတ်သည် ခရစ်မပေါ်မီ အနှစ် ၆၀၀ လောက်က ပေါ်ထွန်းခဲ့သည်ဟု ဆို၏ ။ ဂရိလူမျိုး ကျေးကျွန် တစ်ယောက် ဖြစ်ပြီး ရုပ်ဆိုး၍ အရပ်ပုသော်လည်း ထက်မြက်သော ဉာဏ်ရှိသည့် ပုဂ္ဂိုလ်ထူး ဖြစ်၏ ။ အီစွတ်သည် ပုံပြင်များ စွာ ကို တီထွင်ဟောပြောကာ လူသားတို့ကို ဆုံးမခဲ့လေ၏ ။

ပုံပြင်ဆရာကြီး အီစွတ်၏ နိမ့်ကျသော ဘ၀နှင့် ထူးချွန်မှု တို့ ယှဉ်နှိုင်းကာ ကောင်လေးကို မသိမသာ အားပေးစကားတွေ ပြောဆိုနေလိုက်ပါ၏ ။ ဘ၀ကို စိတ်ပျက်ခြင်း၊ အားမလိုအားမရ ဖြစ် ခြင်းဆိုတာ အခြေအနေ အတန်းအစားမရွေး လူသားတိုင်း ရင်ဆိုင်ခံစားရသည့် သော ကပဲလေ။

“ညီလေး ညအိပ်တော့ ဘယ်မှာ အိမ်လဲ”

“ကမ်းနားမှ အိပ်တာ အစ်ကိုလေး”

“အရင်က ဘာအုလပ်လုပ်လဲ”

“လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုး”

ပန်းကန်လွတ်ကျကွဲ၍ သောက်သုံးသူကိုလည်း ထိစင်သွားသည့်အတွက် ဆိုင်ပိုင်ရှင်မှ အလုပ်ထုတ်ပစ်လိုက်သည့် အကြောင်းအပြင် မိဘမဲ့ ကလေးတစ်ဦး ဖြစ်ကြောင်းပါ သိလိုက်ရ သည်။

“ညီလေးမိဘတွေ က ညီလေးငယ်ငယ်ကတည်းက ဆုံးသွားကြတာလား”

“မဟုတ်ဘူး အစ်ကိုလေး ၊ အဖေ ကတော့ တိုက်ပွဲမှာ ကျတာ၊ အမေ ကတော့ ပြေးရင်း လွှားရင်း ဗုံးဆံထိဆုံးတာ”

အီစွတ်သည် စစ်မက်၏ သားကောင်၊ ယမ်းခိုးတွေ ကြားက မြေဇာပင်ကလေး။ မိဘတွေ ဆုံးပါးသွားတော့ ခိုတွယ်ရာ ပျောက်ဆုံးလျက်အသက်ရှင်ရပ်တည်နိုင်ဖို့ အလူးလူးအလိမ့်လိမ့် ကြိုးစားရင်း တ၀ဲလည်လည်ဖြင့် ရန်ကုန်မြေရောက်လာခဲ့တာ ဖြစ်ကြောင်း သိရသည်။ ငယ်ငယ် ရွယ်ရွယ် မိမဲ့ဖမဲ့ မျက်နှာငယ်စွာ သူ့ဘ၀ကလေး အဘယ်မျှ ခက်ခဲကြမ်းတမ်းရှာလေမလဲ။ ဘ၀ဒဏ်ရာတွေ ကြောင့် လူသာမက စိတ်ဒဏ်ရာတွေ ကော ဘယ်လောက်များ ပြားနေရှာမလဲ။

အခြားနိုင်ငံတွေ မှာ စစ်ပွဲတွေ ဖြစ်သလို မြန်မာနိုင်ငံမှာ လည်း စစ်ပွဲတွေ ဖြစ်သည်။ ပြည်တွင်းစစ်၊ တရားသော စစ်၊ မတရားသော စစ်၊ ဘယ်စစ်မဆို အနိဋ္ဌာရုံတွေ သာပဲ မဟုတ်လား။ စစ်ပွဲ၏ အကျိုးဆက်သည် စစ်တလင်းမှာ တင် ပြီးဆုံးသွားတျာမဟုတ်။

အိုးပြစ်အိမ်ပြစ် မိတကွဲဖတကွဲ ဆိုးဝါးစုတ်ပြတ်သွားသော စစ်ဘေးဒုက္ခသည်တွေ အများ ကြီးပါပဲ။

“ညီလေးကို အစ်ကို ပြန်လိုက်ပို့ပေးမယ်”

အီစွတ်ပခုံးကိုဖက်၍ သူအိပ်စက်ရာ ကမ်းနားအထိ ကြိုး ပြန်လိုက်ပို့ ဖြစ်သည်။ ဘုန်းကြီး လမ်းအောက်လမ်းအတိုင်း စုန်ဆင်းလျှောက်လာတော့ ကမ်းနားလမ်း မြစ်ဘက်ခြမ်းရှိ လမ်းပေါ်မှာ လမ်းမကို ကျောခင်း၍ အိပ်စက်နေသူတို့အား အံ့သြဖွယ် တွေ့ မြင်လိုက်ရလေသည်။ ဒီတစ်ဝိုက်တွင် နေထိုင်သွားလာနေပေမယ့် ယခုလို ညအချိန် ဒီနေရာ တစ်ခါမှ မရောက်ဖူးသဖြင့် မြင်းကွင်း က ကြိုးကို တုန်လှုပ်သွားစေ၏ ။

“ညီ ညီလေးအိပ်တာက. . . ”

“အဲ့လမ်းပေါ်မှာ ပဲ အိပ်တာလေ အစ်ကိုလေး၊ အဲဒီ လမ်းမကြီးက ကျွန်တော် တို့လို အိမ်ယာမရှိသူတွေ အတွက် ကျောခင်းစရာ အိပ်ရာပါပဲ”

ရင်မှာ ဆူး စူးသွားသည်။

စိန်ရွှေရတာ နာဆိုင်ကြီးတွေ ၊ စတိုးဆိုင် စူပါမားကတ်ကြီးတွေ ၊ တည်းခိုခန်းနှင့် ဟိုတယ်ကြီးတွေ ၊ မီးရောင် မှိန်မှိန်နှင့် ငွေပေးရင် အကုန် ဖြစ်လို့ရတယ်ဆိုသော အနှိပ်ခန်း ဇိမ်ခန်းတွေ ၊ ၁၉ လမ်းမှ ယမကာနှင့် အသားကင်နံ့တွေ ၊ ထူးဆန်းထွေလာ စားဖွယ်စုံတွေ ၊ စင်တင်တေးဂီတပါ စားသောက်ဆိုင်ကြီးတွေ နှင့် ပြည့်တန်ဆာကနေ မူးယစ်ဆေးအထိရသည့် ကလပ်တွေ ၊ ဆေးရုံဆေးခန်းတွေ ၊ ရပ်ကွက်ရုံးနှင့် ရဲစခန်း တွေ ဘုန်းကြီးကျောင်းဆောင်တွေ အများ ကြီးရှိသည့် သရက်တောကျောင်းတိုက် ၀င်းကြီးနှင့် တုတ်တန်းမှ အလန်းလေးတွေ ဆိုတာကအစ ရန်ကုန်မြို့မှာ ဒီတစ်ဝိုက် မှာ နီးစပ်ရာ မြင်တွေ့ ကြားဖူးသမျှ အာရုံထဲ တရိပ်ရိပ်ပေါ် လာသည်။

ရာသီဥတုသည် ပူခြင်းအေးခြင်း အပြောင်းအလဲရှိ၏ ။ မြေပြင် တမံတလင်း ကတ္တရာလမ်း ကွန်ကရစ်လမ်းတို့သည် အပူအအေး စုပ်ယူသော အငွေ့ပျံသော သဘောရှိ၏ ။ ရောဂါ ဘယသည် သဘာဝမှ လာ၍ ခန္ဓာတွင် သန္ဓေတည်၏ ။

တစ်ဘက်ခြမ်း လမ်းမတွင် ကားတွေ တ၀ီဝီ ကူးဖြတ်သွားလာနေကြသည်။ လမ်းကို ခေါင်းတင်ခင်၍ အိပ်စက်နေသူတွေ ကတော့ ဟန်မပျက်ချေ။

သူတို့ နားမညည်းကြဘူးလား။

သူတို့ရင်ထဲ နှလုံးသားထဲ ဦးနှောက်ထဲမှာ အော်ဟစ်ပြေးလွှားနေသော ကားသံတွေ ထက် ဆူညံသော အသံတွေ အော်မြည် လှုပ်ရှားနေလေမလား။

အာရှတိုက်တွင် မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းသည် အမြင့်မားဆုံး ဖြစ်နေသည့်အချက်က အောက်ခြေလူတန်းစားတွေ အတွက် လှုပ်လေမြုပ်လေ ၀ဲဂယက်တစ်ခုပေပဲလား။

* * * * *


(ပုံပြင် - ဂ )

တစ်နေ့ပေါ့. . . ။

တွေးခေါ် ပညာရင်ကြီး ကွေဂျင်သပ်က ကျေးကျွန် ဖြစ်သူ အီစွတ်ကို ရေချိုးဆိပ်မှာ လူသိပ် များ ,မများ သွားကြည့်ခိုင်းတယ်။

အီစွတ် ရေချိုးဆိပ်ကို သွားတော့ ရေချိုးဆိပ်သွားရာလမ်း တံခါးပေါက်မှ ကျောက်တုံး တစ်တုံးရှိနေတယ်။ လူအများ က ကျောက်တုံးနှင့် တိုက်မိပြီး ဆဲဆိုသွားကြတယ်။ မည် သူကမှ ကျောက်တုံးကို မဖယ်ရှားကြဘူး။

ခဏနေတော့ လူ တစ်ယောက် ရောက်လာတယ်။ အဲဒီ လူဟာ ကျောက်တုံးနှင့် တိုက်မိပြီး နောက် ကျောက်တုံးကို ဖယ်ပစ်လိုက်တယ်။

အီစွတ် အိမ်ပြန်ရောက်သော အခါ ပြောပါတယ်။

“မြစ်ဆိပ်မှာ လူ တစ်ယောက် တည်းရှိတယ်”

* * * * *


ဒီကနေ့ တနင်္ဂနွေသည် တွဲလက်မိသားစု၏ လစဉ်တွေ့  ဆုံပွဲနေ့ရက် ဖြစ်၏ ။ တွေ့ ဆုံပွဲသို့ အီစွတ်ကိုပါ ကြိုး ခေါ်ဆောင်လာခဲ့သည်။ ယခုတော့ ကောင်လေးက အ၀တ်အစားသစ်များ နှင့် သန့်ရှင်းစွာ ။ အ၀တ်ထုပ်ကလေးကိုလည်း လက်မှာ ပွေ့ပိုက်လို့။ ကျော့ကျော့မော့မော့ လေးပေါ့။

ကြိုးတို့နှစ် ယောက် တွေ့ ဆုံပွဲရောက်တော့ တွဲလက်မိသားစုဝင် တချို့ ဦးစွာ ရောက်နှင့်နေကြပြီ။ တွဲလက်မိသားစုဝင်တစ်ဦး ဖြစ်သူ မယဉ်မျိုးခိုင်ထံ အီစွတ်ကို အပ်နှံလိုက်၏ အကျိုးအကြောင်းတွေ ကြိုတင် ပြောဆိုပြီးသား။ မယဉ်မျိုးခိုင်သည် မြန်မာထမင်းဆိုင် ဖွင့်ထားသော အပျိုကြီး မမတစ်ဦး ဖြစ်၏ ။ နွေးထွေးကြည်လင်သော အပြုံးက ဖော်ရွေဟန်အပြည့်နှင့်။

အီစွတ်ကလေးအတွက် ကြိုး စိတ်အေး သွားပါသည်။

“ကျွန်တော့် ကို ညစဉ် ထမင်းဖိုး လာပေးခဲ့တာတွေ အတွက်ကော၊ အခုလို အလုပ်ရှာပေးတဲ့ အတွက်ကော၊ အစ်ကိုလေးအိမ်မှာ ခေါ်ပြီး ကျွေးမွေးစောင့်ရှောက် ထားတဲ့အတွက်ကော၊ အ၀တ်အစားတွေ ဆင်ပေးတဲ့အတွက်ကော၊ အိပ်ရာဝင်ခါနီး ပုံပြင်တွေ ပြောပြသိပ်တဲ့ အတွက်ကော. . . အစစအရာရာအတွက် အစ်ကိုလေး ကျေးဇူးကို ကျွန်တော် ဒီတစ်သက် မမေ့ပါ၊ အစ်ကိုလေးအတွက်ဆို ဘာပဲ ဖြစ် ဖြစ် ကျွန်တော် လုပ်ပေးဖို့အသင့်ပဲ”

အီစွတ် မျက်ရည်လေးတွေ ၀ဲကာ လူအများ ရှေ့မှာ ပဲ ကြိုးကို ကန်တော့သည်။ ကြိုး ထိုင်နေရာမှထ၍ အီစွတ်ကို တား၏ ။

“အစ်ကို့ကို ကန်တော့ဖို့မလိုပါဘူး ညီလေးရယ်၊ ညီလေး လိမ်လိမ်မာမာပဲ နေပါ၊ ပြောစကား နားထောင်ပြီး အလုပ်ကြိုးစားနော်”

“အစ်ကိုလေးနဲ့ ခွဲရမှာ ကျွန်တော် ငိုချင်တယ်ဗျာ၊ ကျွန်တော် အစ်ကိုလေးနဲ့ပဲ နေလို့မရဘူးလား ဟင်”

အီစွတ်အမူအရာနှင့် ပြောစကားတွေ က ကြိုးကို ထိသည်။ နင့်နဲစွာ ခံစားမိစေ၏ ရက်ကာလ အတန်ကြာ တစ်အိမ်တည်းအူတနေထိုင်ခဲသော အီစွတ်နှင့်ခွဲရမှာ ကြိုးလည်း စိတ်မကောင်းဘူး။

“ဒီအစ်မနဲ့ လိုက်သွားတာက ညီလေးအတွက် ပိုအဆင်ပြေမှာ မို့ပါ ညီလေးရယ်”

ရင်မှာ မချိသည်မို့ အီစွတ်ကို မျက်နှာလွှဲ၍ ကြိုး ပြောဆိုလက်၏ ။ နောင်ရေး ကို ကြိုတွေးမှု တို့ဖြင့် ကြိုးရင်ဘတ် တင်းကြပ်နေတာတော့ အခြားသူတို့ သိကြမည် မဟုတ်ပါဘူး လေ။

“မမကြီးကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်ဗျာ”

အီစွတ်က မယဉ်မျိုးခိုင်ကိုလည်း ကန်တော့သည်။ မယဉ်မျိုးခိုင်ကလည်း မကန်တော့ဖို့ တား၏ ။ အားလုံး အီစွတ်ကို ငေးနေကြချေ၏ ။

“ကျွန်တော် ရန်ကုန်မြေမှာ ဆက်နေ ဖြစ်ဖို့ဆိုတာ မသေချာလို့ပါ အစ်မရယ်၊ အစ်မကို ၀န်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေမှာ အရမ်း အားနာတယ်”

“မဟုတ်တာပဲ သားရယ်၊ အစ်မလည်း ဆိုင်အတွက် လူလိုနေတာ၊ အဆင်ပြေသွားတာပေါ့၊ ဆိုင်ကို ညစောင့်အိပ်ဖို့ လူလည်း ရတာ ပေါ့၊ သားကိုတောင် ကျေးဇူးတင်ရဦးမယ်”

မယဉ်မျိုးခိုင်က ကြိုးကို သားဟု ခေါ် လေ့ရှိသည်။

“ကြိုးက ရန်ကုန်မှာ ဆက်မနေတော့ဘူးလား”

“ဘာလို့လဲ၊ တခြားနေရာ ပြောင်းမလို့လား၊ နယ်ပြန်မလို့လား”

“စာအုပ်ထုတ်ဝေရေး နဲ့ ပရဟိတကိစ္စတွေ ကကော”

“မသေချာသေးပါဘူး၊ သေချာရင် ပြောပါမယ်”

မေးခွန်းတွေ ကို ပြုံးပြုံးရွှင်ရွှင်ပဲ ကြိုး တုံ့ပြန်ဖြေသည်။ အီစွတ် အကြောင်း မေြး ကတော့ အနည်းအပါး ပြောပြလိုက်၏ ။ အမှတ်မရှိဘူးနော်ဟု တစ်ယောက် က ပြုံး၍ ပြောသည်။ ပြောလည်း ပြောချင်စရာပါလေ။

တစ်ခါက နယ်မှတက်လာသည် အခက်အခဲ ဖြစ်နေသည်ဆိုသော သားအမိနှစ် ဦးကို ကြိုးအိမ်မှာ ခေါ်ထားဖူးသည်။ အ၀တ်အပိုမပါ၍ အ၀တ်ဝယ်ပေးသည်။ ဖိနပ်မကောင်းတော့ ဆို၍ ဖိနပ်ဝယ်ပေးသည်။ သုံးစွဲစရာ ငွေကြေးအထိုက်အလျှောက်ပေး၍ အိမ်မှာ ပဲ ချက်ပြုတ်စားစေ သည်။ ကြိုးအပြင်မှ ပြန်လာလျှင်လည်း စားသောက်စရာ တစ်ခုမဟုတ်တစ်ခု ၀ယ်ယူလာပေးခဲ့၏ ။ လူစိမ်းတွေ နှင့်ဆို မနေတတ်တာလည်း ပါသလို၊ တိုက်ခန်းက ကျဉ်းသည်မို့ သူတို့မလွတ်လပ်မှာ စိုး၍ ညအိပ်ချိန်ထိ အနေနီးသည့် သူငယ်ချင်း သရုပ်ဆောင်မင်းသား တစ်ယောက် အိမ်မှာ ပဲ ကြိုး သွားအိပ်သည်။ ရေချိုး အ၀တ်လဲချိန်လောက်သာ အိမ်အ၀င်အထွက်ရှိသည်။ ထိုရက်ပိုင်းတွေ မှာ ရင်းနှီးသော ပရိုဂျူဆာ တစ်ဦး၏ အကူအညီတောင်းမှု ကြောင့် DVD ကားကြီးတစ်ကား ရိုက်ကူးရေး တွင် စီမံကွပ်ကဲပေးရသလို ဇာတ်ညွှန်ဒလည်း ပါဝင်ရေး သားပေးရ၏ ။

ထို့အတွက် နေ့ဘက်လည်း အိမ်မကပ်နိုင်။

တစ်ရက် ကြိုး ရှုတင်သွားရာမှ ပြန်လာတော့ အိမ်တစ်ခုလုံးဗြောင်းဆန်နေသည်။ ပစ္စည်းပစ္စယတွေ ဖရိုဖရဲ မွစာကြဲနေ၏ ။ TV နှင့် အ၀တ်အထည် အပါအ၀င် ပစ္စည်းတချို့နှင့် လက်ကျန်ငွေ အနည်းငယ်ပါ မရှိတော့ ။ သော့ တွေ လည်း အကုန်ဖျက်ထားသည်။ မွေ့ယာကြီး ရွဲ့စောင်းလို့ ဘီရိုနှင့် သေတ္တာလေးက ဟောင်းလောင်း။ ရယ်ရမလို ငိုရမလိုပါပဲ။ ထိုရက်တွေ က စာအုပ်အသစ်ဖြန့်စမို့ ငွေက လက်ထဲမှာ မရှိ။ ဆိုင်တွေ မှ အချိန်တန် ပြန်တောင်းယူရမည့် ဘောင် ချာတွေ သာ ရှိသည်။ အဲဒီ ဘောင်ချာကလေးတွေ မ,မသွားတာပဲ ကျေးဇူးတင်ရမလိုပါ။

သူတို့မရောက်ခင် ရက်တွေ က နယ်မှသူငယ်ချင်းတွေ တစ်လလောက် လာနေသွားတာမို့ ထိုရက်ပိုင်းငွေကြေးအခက်အခဲ တော်ော် ဖြစ်နေတာ။ ရန်ကုန်ရှိ သူငယ်ချင်း တစ်ယောက် ထံမှ ချေးငှားပြီး သူတို့ကို နေ့စဉ်သုံးစရိတ် ထုတ်ပေးခဲ့ရတာ ထိုသားအမိဆိုသူနှစ် ယောက် သိမည် မဟုတ်. . .။ လိုက်လံရှာဖွေဖို့၊ အပြစ်ပေးဖို့ မကြိုးစားတော့ပါ။ သူတို့လိပ်ပြာညကပသာ သတို့ကို အစဉ်အမြဲ ခြောက်လှန့်နေမည် မဟုတ်လား။ သူတို့လည်း မလိုအပ်လျှင် လုပ်မည် မထင်။ လိုအပ်တိုင်းကော ထိုသို့ လုပ်သင့်ပါသလား။ အတ္တနှင့်ပရ ယှဉ်လာလျှင် အတ္တကိုသာ ရှေ့တန်းတင်တတ်သော ဓလေ့က လူသားရပ်ကွက်မှာ အလွန် ခေတ်စားလေသည်။

ထိုကဲ့သို့ သော စာရိတ္တပျက်ပြားမှု တွေ ဖြစ်ပေါ်လာတာ ဘာ့ကြောင့်လဲ. . .။

မျိုးရိုးဗီဇကြောင့်လား. . .။ အစဉ်အလာကြောင့်လား. . . ။ ဆင်းရဲကြပ်တည်းမှု တွေ ကြောင့် လား. . . ။ ဒါမှမဟုတ် အခြား ဘာလဲ. . . ။

ထိုစဉ်က ကြိုးတောတော် ဒုက္ခတွေ့ ခဲ့သည်။ သို့ သော် မိမိလိုအပ်လစ်ဟာချက်တွေ လည်း များ စွာ ပါသည်မို့ ဘ၀၏ အတွေ့ အကြုံ သင်ခန်းစာဟုသာ သတ်မှတ်လိုက်ရတော့၏ ။ နာကျင် တာတော့ နာကျင်ရသည်ပဲပေါ့။ ဒါဟာ တကယ့် ဖြစ်ရပ်မှန်မို့ အခြားသူတွေ ဆင်ခြင်နိုင်စေရန် ဗဟုသုတအလို့ငှာ တွဲလက် တွေ့ ဆုံပွဲတစ်ခုမှာ ပဲ ကြိုး ပြောပြခဲ့တာ ဖြစ်၏ ။

ကြိုးဆိုတာ တခါမက ထင်ရာစိုင်းတတ်သည့် အဲသည်လို ပေါ့ဆညံ့ဖျင်းသူလည်း ဖြစ်ပေသေးရဲ့ ။

အရင်က ကြိုး အမြဲလို ပြောလေ့ရှိသည်။ ကိုယ် တစ်ခုခုလိုချင်ရင် အရင်ပေးပါ ဟူ၍ ။ ယခု နောက်ပိုင်းတော့ ထိုစကားကို သိပ်မကိုးကွယ်ချင်တော့။ ကိုယ် အပြုံးပေးလို့ အပြုံးပြန်ရတာ တွေ ရှိသလို အမုန်းပြန်ရတာ တွေ လည်း ရှိတတ်သည်မို့လား။ ကိုယ်ပေးလိုက် သည့် တစ်စုံတရာမှာ မျှော်လင့်ခြင်း မပါဝင်စေဖို့သာ လေ့ကျင့်ကြိုးစားနေပါတော့သည်။ လောကဓံတွေ ကပဲ လူကို သတိရှိစေခဲ့၏ ။ နာကျင်ရင့်ကျက်စေခဲ့၏ ။ သံသယဆိုတာ ဖြစ်ပေါ်စေခဲ့၏ ။ အမျက် ဒေါသ အာဃာတတို့ ပေါ်ပေါက်စေတတ်၏ ။

ပိတ်ပင်တားဆီးမှု ၊ အခက်အခဲ၊ အကြပ်အတည်း၊ လောကဓံကြမ်းကြမ်းတို့နှင့် တွေ့ ကြုံရင် ဆိုင်ရလေတိုင်း ကြိုးနှုတ်မှ အမြဲ ရွေတ်လေ့ရှိသည်။ “ငါဟာ တနိခိုးရှိတာပဲ” ဟူ၍ ။

“ဟယ် အတိုဂျိုး . . . ရောက်နေနီနား၊ ဒီနာ အတိုဂျိုးအနွက် နမနေး နွန်း နောက်နောနွေးနေ ယူနာနယ်၊ အဲ့နောက်နှော မနီးသေးနို့ နောင့်ယူရနာ နယ်နယ် နောက်နသွားနာ၊ စောလွီးနော်”

ဘ၀ပေးအရ အပေါ် နှုတ်ခမ်းသားကလေးကွဲအက်နေ၍ စကားပြောလျှင် အသံထွက် မပီ သသော ကျောက်ကျောသည်မလေး ယွန်းပါလေ။ ရောက်ရောက်ချင်းပဲ ကြွပ်ကြွပ်အိတ်က လေးဖြင့်ထည့်ယူလာသော ကျောက်ကျောတုံးကလေးတွေ ကြိုးထံ ကမ်းပေးသည်။ ကြိုး အားပါးတရ စားပြလိုက်တော့ သူမ ပျော်သွားဟန်က အထင်းသား။

“စားကောင်းနား အတိုဂျိုး၊ အဲနာ နီမလေး နွန်း တိုနိုင် နှုတ်ထားတာ”

“ဟား သိပ်ကောင်းပဗျာ၊ ငါ့ညီမလေးလက်ရာက တော် တော် ကောင်းတာပဲ”

ကြိုး ချီးကျူးလိုက်တော့ ယွန်းမျက်နှာက ပြုံးဖြီးဖြီးလေး။ မနောခွေ့တယ်ဆိုသလို ရုပ်မျိုး။ တကယ်လည်း ကြိုး ကျောက်ကျောကြိုက်သည်။ လုံးဝ ရှောင်ကျဉ်တာ မဟုတ်ပေမယ့် သိပ်မကြိုက်သဖြင့် အသားဟင်း သိပ်မစားသော ကြိုးသည် အသီးအရွက်ဟင်းလျာတွေ နှင့် အသီးအနှံတွေ အစားများ သည်။ တခြား သွားရေစာတွေ ကျ စားခဲပေမယ့် တစ်ခါတရံ ရခိုင်မုန့်တီသုတ်နှင့် အုန်းနို့ ကျောက်ကျောကိုတော့ ၀ယ်စားတတ်သည်။ ကြိုး ကျောက်ကျော စားချင်လျှင် ရွှေ့ဘုံသာအထက်လမ်းတွင် ညနေတစောင်း ဗန်းကလေးဖြင့် ထိုင်ရောင်းလေ့ရှိသည့် ယွန်းထံမှ ၀ယ် ဖြစ်တာ များ သည်။ ကွဲအက်ရာပါသော နှုတ်ခမ်းလေးနှင့် မပီကလာ ပီကလာအသံလေးကြောင့်ပဲ ယွန်းကို ကြိုး မှတ်မှတ်ထင်ထင် ရှိခဲ့တာပေါ့။

တစ်နေ့ ကြိုး ကျောက်ကျောသွားဝယ်တော့ ယွန်း တသိမ့်သိမ့် ရှိုက်ငိုနေပါသည်။ ၀ယ်နေကျမို့ မျက်မှန်းတန်းမိနေပြီ ဖြစ်သော ကြိုးက ချော့မေးတော့ သူမက အ ဖြစ်သနစ်ကို ပြောပြ သည်။ နားလည်ဖို့တော့ အတော် ကြိုးစားရတာ ပေါ့။ ကောင်လေးတစ်စုက သူတို့ပြောသလို အသံထွက်ပီသအောင် လိုက်ပြောနိုင်လျှင် ကျောက်ကျောတစ်ဗန်းလုံး ၀ယ်ယူမည် ဟု ပြောကြောင်း၊ ယွန်းလည်း ကြိုးစား၍ ပြောပေမယ့် သူတို့လို မပြောနိုင်ကြောင်း၊ ထိုအခါ ကောင်လေးတွေ က ကျောက်ကျော မ၀ယ်သည့် အပြင် လှောင်ပြောင်သရော်၍ ထွက်သွားကြောင်း သိရ၏ ။

မိမိ၏ အမှတ်မထင် လုပ်ရပ်ဟာ အခြားသူအဖို့ နာကျင်စွဲထင်စေကြောင်း၊ မိမိ၏ ဖျော်ဖြေ ရေး ဟာ အခြားသူကို ထိခိုက်နစ်နာမှု မ ဖြစ်စေဖို့ ဂရုပြုသင့်ကြောင်း မေ့လျော့တတ်တာ လူ့သဘာဝတစ်ခုပေပဲလား။

နိုင်ငံကြီးသား ပီသမှု ဆိုတာ အဘယ်အရာကို ဆိုလိုပါသနည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံထက် အရွယ်အစားကြီးမားသော နိုင်ငံများ မှာ ၃၉ နိုင်ငံသာရှိပြီး၊ မြန်မာနိုင်ငံထက် လူဦးရေနည်းသော နိုင်ငံစုစုပေါင်း ၂၁၆ နိုင်ငံရှိ၏ ဟု သိရသည်။

ကြိုး ကတော့ နိုင်ငံအကျယ်အ၀န်း ကြီးခြင်းငယ်ခြင်း၊ လူဦးရေ နည်းခြင်းများ ခြင်းထက် နိုင်ငံသားတိုင်း လူသားတိုင်းတွင် ကိုယ်ချင်းစာတရားလက်ကိုင်ထားကြမည် ဆိုလျှင် ကမ္ဘာကြီး အေးချမ်းသာယာ လိမ့်မည် ဟု ယုံကြည်မိပါ၏ ။

ကိုယ်ချင်းစာတရားရှိဖို့ဆိုတာကလည်း အပြောလွယ်သလောက် အလုပ်ခက်နေကြသည် မဟုတ်လား။

ထိုနေ့က ယွန်းကို ရေအိုးကလေးနှစ် လုံးပုံပြင် ကြိုး ပြောပြ ဖြစ်သည်။ ကွဲအက်ရာပါရှိသော ရေအိုးကလေးသည်လည်း လောကကောင်းကျိုးကို မိမိတတ်စွမ်းနိုင်သည့်ဘက်မှ ဖန်ဆင်းပေးနိုင် ကြောင်း သာဓကနှင့် ယွန်းကို အားပေးစကားပြောလိုက်သည်။

ယခုဆို ယွန်းသည် တွဲလက်မိသားသစုဝင်တစ်ဦး ဖြစ်နေပေပြီ။ အလှူတွေ မှာ လိုအပ်လျှင် မုန့်ပဲသွားရေစာနှင့် ကျောက်ကျောလုပ်ပေးခြင်းတို့ကို သူမ တာဝန်ယူဆောင်ရွက်ပေး၏ ။ သူမ၏ ချွေးနည်းစာလေးထဲမှ လည်း တတ်နိုင်သလောက် အလှူငွေထည့်ဝင်သည်။ တွဲလက်တွေ့ ဆုံပွဲ တွေ ကိုလည်း အမြဲလို လာ၏ ။ လာတိုင်းလည်း ကြိုးအတွက် ကျောက်ကျောလေးတွေ အမြဲ ယူလာတ်၏ ။ အခြားမိသားစုဝင်တွေ ကလည်း နွေးထွေးစွာ ကြိုဆိုလေတော့ တွဲလက်မိသားစု အသိုက်အမြုံလေးက သူ့အတွက် ကမ္ဘာသစ်ကလေးသဖွယ် ထွန်းသာယာပျော်ရွှင်နေပါသည်။

တွေ့ ဆုံပွဲတွင် အသစ်ထပ်တိုးလာသော မိသားစုဝင်များ နှင့် မိတ်ဆက်ခြင်း၊ ငွေစာရင်းရှင်း တမ်း တင်ပြခြင်း၊ ဆက်လက်ပြုလုပ်မည့် ပရဟိတကိစ္စများ အတွက် တိုင်ပင်ဆွေးနွေးခြင်းများ ဆောင်ရွက်ပြုလုပ်ကြသည်။ ပြီးသော အခါ မိသားစုဝင်များ အချင်းချင်း ခင်မင်ရင်းနှီးမှု တိုးပွားစေ ရန် Game ကစားကြ၏ ။ ရယ်ရယ်မောမော ပျော်ပျော်ပါးပါးပဲပေါ့။

ဖျော်ဖြေရေး ဆိုတာကလည်း လိုအပ်သည်ပဲ မဟုတ်လား။

* * * * *


အခန်း (၃)

ဒီကနေ့ တနင်္ဂနွေသည် တွဲလက်မိသားစု၏ လစဉ်တွေ့  ဆုံပွဲနေ့ရက် ဖြစ်၏ ။ တွေ့ ဆုံပွဲသို့ အီစွတ်ကိုပါ ကြိုး ခေါ်ဆောင်လာခဲ့သည်။ ယခုတော့ ကောင်လေးက အ၀တ်အစားသစ်များ နှင့် သန့်ရှင်းစွာ ။ အ၀တ်ထုပ်ကလေးကိုလည်း လက်မှာ ပွေ့ပိုက်လို့။ ကျော့ကျော့မော့မော့ လေးပေါ့။

ကြိုးတို့နှစ် ယောက် တွေ့ ဆုံပွဲရောက်တော့ တွဲလက်မိသားစုဝင် တချို့ ဦးစွာ ရောက်နှင့်နေကြပြီ။ တွဲလက်မိသားစုဝင်တစ်ဦး ဖြစ်သူ မယဉ်မျိုးခိုင်ထံ အီစွတ်ကို အပ်နှံလိုက်၏ အကျိုးအကြောင်းတွေ ကြိုတင် ပြောဆိုပြီးသား။ မယဉ်မျိုးခိုင်သည် မြန်မာထမင်းဆိုင် ဖွင့်ထားသော အပျိုကြီး မမတစ်ဦး ဖြစ်၏ ။ နွေးထွေးကြည်လင်သော အပြုံးက ဖော်ရွေဟန်အပြည့်နှင့်။

အီစွတ်ကလေးအတွက် ကြိုး စိတ်အေး သွားပါသည်။

“ကျွန်တော့် ကို ညစဉ် ထမင်းဖိုးလာပေးခဲ့တာတွေ အတွက်ကော၊ အခုလို အလုပ်ရှာပေးတဲ့အတွက်ကော၊ အစ်ကိုလေးအိမ်မှာ ခေါ်ပြီး ကျွေးမွေးစောင့်ရှောက်ထားတဲ့အတွက်ကော၊ အ၀တ်အစားတွေ ဆင်ပေးတဲ့အတွက်ကော၊ အိပ်ရာဝင်ခါနီး ပုံပြင်တွေ ပြောပြသိပ်တဲ့ အတွက်ကော. . . အစစအရာရာအတွက် အစ်ကိုလေး ကျေးဇူးကို ကျွန်တော် ဒီတစ်သက် မမေ့ပါ၊ အစ်ကိုလေးအတွက်ဆို ဘာပဲ ဖြစ် ဖြစ် ကျွန်တော် လုပ်ပေးဖို့အသင့်ပဲ”

အီစွတ် မျက်ရည်လေးတွေ ၀ဲကာ လူအများ ရှေ့မှာ ပဲ ကြိုးကို ကန်တော့သည်။ ကြိုး ထိုင်နေရာမှထ၍ အီစွတ်ကို တား၏ ။

“အစ်ကို့ကို ကန်တော့ဖို့မလိုပါဘူး ညီလေးရယ်၊ ညီလေး လိမ်လိမ်မာမာပဲ နေပါ၊ ပြောစကား နားထောင်ပြီး အလုပ်ကြိုးစားနော်”

“အစ်ကိုလေးနဲ့ ခွဲရမှာ ကျွန်တော် ငိုချင်တယ်ဗျာ၊ ကျွန်တော် အစ်ကိုလေးနဲ့ပဲ နေလို့မရဘူးလား ဟင်”

အီစွတ်အမူအရာနှင့် ပြောစကားတွေ က ကြိုးကို ထိသည်။ နင့်နဲစွာ ခံစားမိစေ၏ ရက်ကာလ အတန်ကြာ တစ်အိမ်တည်းအူတနေထိုင်ခဲသော အီစွတ်နှင့်ခွဲရမှာ ကြိုးလည်း စိတ်မကောင်းဘူး။

“ဒီအစ်မနဲ့ လိုက်သွားတာက ညီလေးအတွက် ပိုအဆင်ပြေမှာ မို့ပါ ညီလေးရယ်”

ရင်မှာ မချိသည်မို့ အီစွတ်ကို မျက်နှာလွှဲ၍ ကြိုး ပြောဆိုလက်၏ ။ နောင်ရေး ကို ကြိုတွေးမှု တို့ဖြင့် ကြိုးရင်ဘတ် တင်းကြပ်နေတာတော့ အခြားသူတို့ သိကြမည် မဟုတ်ပါဘူး လေ။

“မမကြီးကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်ဗျာ”

အီစွတ်က မယဉ်မျိုးခိုင်ကိုလည်း ကန်တော့သည်။ မယဉ်မျိုးခိုင်ကလည်းမကန်တော့ဖို့ တား၏ ။ အားလုံး အီစွတ်ကို ငေးနေကြချေ၏ ။

“ကျွန်တော် ရန်ကုန်မြေမှာ ဆက်နေ ဖြစ်ဖို့ဆိုတာ မသေချာလို့ပါ အစ်မရယ်၊ အစ်မကို ၀န်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေမှာ အရမ်း အားနာတယ်”

“မဟုတ်တာပဲ သားရယ်၊ အစ်မလည်း ဆိုင်အတွက် လူလိုနေတာ၊ အဆင်ပြေသွားတာပေါ့၊ဆိုင်ကို ညစောင့်အိပ်ဖို့ လူလည်း ရတာ ပေါ့၊ သားကိုတောင် ကျေးဇူးတင်ရဦးမယ်”

မယဉ်မျိုးခိုင်က ကြိုးကို သားဟု ခေါ် လေ့ရှိသည်။

“ကြိုးက ရန်ကုန်မှာ ဆက်မနေတော့ဘူးလား”

“ဘာလို့လဲ၊ တခြားနေရာ ပြောင်းမလို့လား၊ နယ်ပြန်မလို့လား”

“စာအုပ်ထုတ်ဝေရေး နဲ့ ပရဟိတကိစ္စတွေ ကကော”

“မသေချာသေးပါဘူး၊ သေချာရင် ပြောပါမယ်”

မေးခွန်းတွေ ကို ပြုံးပြုံးရွှင်ရွှင်ပဲ ကြိုး တုံ့ပြန်ဖြေသည်။ အီစွတ် အကြောင်း မေြး ကတော့ အနည်းအပါးပြောပြလိုက်၏ ။ အမှတ်မရှိဘူးနော်ဟု တစ်ယောက် က ပြုံး၍ ပြောသည်။ ပြောလည်း ပြောချင်စရာပါလေ။

တစ်ခါက နယ်မှတက်လာသည် အခက်အခဲ ဖြစ်နေသည်ဆိုသော သားအမိနှစ် ဦးကို ကြိုးအိမ်မှာ ခေါ်ထားဖူးသည်။ အ၀တ်အပိုမပါ၍ အ၀တ်ဝယ်ပေးသည်။ ဖိနပ်မကောင်းတော့ ဆို၍ ဖိနပ်ဝယ်ပေးသည်။ သုံးစွဲစရာ ငွေကြေးအထိုက်အလျှောက်ပေး၍ အိမ်မှာ ပဲ ချက်ပြုတ်စားစေ သည်။ ကြိုးအပြင်မှ ပြန်လာလျှင်လည်း စားသောက်စရာ တစ်ခုမဟုတ်တစ်ခု ၀ယ်ယူလာပေးခဲ့၏ ။ လူစိမ်းတွေ နှင့်ဆို မနေတတ်တာလည်း ပါသလို၊ တိုက်ခန်းက ကျဉ်းသည်မို့ သူတို့မလွတ်လပ်မှာ စိုး၍ ညအိပ်ချိန်ထိ အနေနီးသည့် သူငယ်ချင်း သရုပ်ဆောင်မင်းသား တစ်ယောက် အိမ်မှာ ပဲ ကြိုး သွားအိပ်သည်။ ရေချိုး အ၀တ်လဲချိန်လောက်သာ အိမ်အ၀င်အထွက်ရှိသည်။ ထိုရက်ပိုင်းတွေ မှာ ရင်းနှီးသော ပရိုဂျူဆာ တစ်ဦး၏ အကူအညီတောင်းမှု ကြောင့် DVD ကားကြီးတစ်ကား ရိုက်ကူးရေး တွင် စီမံကွပ်ကဲပေးရသလို ဇာတ်ညွှန်ဒလည်း ပါဝင်ရေး သားပေးရ၏ ။

ထို့အတွက် နေ့ဘက်လည်း အိမ်မကပ်နိုင်။

တစ်ရက် ကြိုး ရှုတင်သွားရာမှ ပြန်လာတော့ အိမ်တစ်ခုလုံးဗြောင်းဆန်နေသည်။ ပစ္စည်းပစ္စယတွေ ဖရိုဖရဲ မွစာကြဲနေ၏ ။ TVနှင့် အ၀တ်အထည် အပါအ၀င် ပစ္စည်းတချို့နှင့် လက်ကျန်ငွေ အနည်းငယ်ပါ မရှိတော့ ။ သော့ တွေ လည်း အကုန်ဖျက်ထားသည်။ မွေ့ယာကြီး ရွဲ့စောင်းလို့ ဘီရိုနှင့် သေတ္တာလေးက ဟောင်းလောင်း။ ရယ်ရမလို ငိုရမလိုပါပဲ။ ထိုရက်တွေ က စာအုပ်အသစ်ဖြန့်စမို့ ငွေက လက်ထဲမှာ မရှိ။ ဆိုင်တွေ မှ အချိန်တန် ပြန်တောင်းယူရမည့် ဘောင် ချာတွေ သာ ရှိသည်။ အဲဒီ ဘောင်ချာကလေးတွေ မ,မသွားတာပဲ ကျေးဇူးတင်ရမလိုပါ။

သူတို့မရောက်ခင် ရက်တွေ က နယ်မှသူငယ်ချင်းတွေ တစ်လလောက် လာနေသွားတာမို့ ထိုရက်ပိုင်းငွေကြေးအခက်အခဲ တော်ော် ဖြစ်နေတာ။ ရန်ကုန်ရှိ သူငယ်ချင်း တစ်ယောက် ထံမှ ချေးငှားပြီး သူတို့ကို နေ့စဉ်သုံးစရိတ် ထုတ်ပေးခဲ့ရတာ ထိုသားအမိဆိုသူနှစ် ယောက် သိမည် မဟုတ်. . .။ လိုက်လံရှာဖွေဖို့၊ အပြစ်ပေးဖို့ မကြိုးစားတော့ပါ။ သူတို့လိပ်ပြာညကပသာ သတို့ကို အစဉ်အမြဲ ခြောက်လှန့်နေမည် မဟုတ်လား။ သူတို့လည်း မလိုအပ်လျှင် လုပ်မည် မထင်။ လိုအပ်တိုင်းကော ထိုသို့ လုပ်သင့်ပါသလား။ အတ္တနှင့်ပရ ယှဉ်လာလျှင် အတ္တကိုသာ ရှေ့တန်းတင်တတ်သော ဓလေ့က လူသားရပ်ကွက်မှာ အလွန် ခေတ်စားလေသည်။

ထိုကဲ့သို့ သော စာရိတ္တပျက်ပြားမှု တွေ ဖြစ်ပေါ်လာတာ ဘာ့ကြောင့်လဲ. . .။

မျိုးရိုးဗီဇကြောင့်လား. . .။ အစဉ်အလာကြောင့်လား. . . ။ ဆင်းရဲကြပ်တည်းမှု တွေ ကြောင့် လား. . . ။ ဒါမှမဟုတ် အခြား ဘာလဲ. . . ။

ထိုစဉ်က ကြိုးတောတော် ဒုက္ခတွေ့ ခဲ့သည်။ သို့ သော် မိမိလိုအပ်လစ်ဟာချက်တွေ လည်း များ စွာ ပါသည်မို့ ဘ၀၏ အတွေ့ အကြုံ သင်ခန်းစာဟုသာ သတ်မှတ်လိုက်ရတော့၏ ။ နာကျင် တာတော့ နာကျင်ရသည်ပဲပေါ့။ ဒါဟာ တကယ့် ဖြစ်ရပ်မှန်မို့ အခြားသူတွေ ဆင်ခြင်နိုင်စေရန် ဗဟုသုတအလို့ငှာ တွဲလက် တွေ့ ဆုံပွဲတစ်ခုမှာ ပဲ ကြိုး ပြောပြခဲ့တာ ဖြစ်၏ ။

ကြိုးဆိုတာ တခါမက ထင်ရာစိုင်းတတ်သည့် အဲသည်လို ပေါ့ဆညံ့ဖျင်းသူလည်း ဖြစ်ပေသေးရဲ့ ။

အရင်က ကြိုး အမြဲလို ပြောလေ့ရှိသည်။ ကိုယ် တစ်ခုခုလိုချင်ရင် အရင်ပေးပါ ဟူ၍ ။ ယခု နောက်ပိုင်းတော့ ထိုစကားကို သိပ်မကိုးကွယ်ချင်တော့။ ကိုယ် အပြုံးပေးလို့ အပြုံးပြန်ရတာ တွေ ရှိသလို အမုန်းပြန်ရတာ တွေ လည်း ရှိတတ်သည်မို့လား။ ကိုယ်ပေးလိုက် သည့် တစ်စုံတရာမှာ မျှော်လင့်ခြင်း မပါဝင်စေဖို့သာ လေ့ကျင့်ကြိုးစားနေပါတော့သည်။ လောကဓံတွေ ကပဲ လူကို သတိရှိစေခဲ့၏ ။ နာကျင်ရင့်ကျက်စေခဲ့၏ ။ သံသယဆိုတာ ဖြစ်ပေါ်စေခဲ့၏ ။ အမျက် ဒေါသ အာဃာတတို့ ပေါ်ပေါက်စေတတ်၏ ။

ပိတ်ပင်တားဆီးမှု ၊ အခက်အခဲ၊ အကြပ်အတည်း၊ လောကဓံကြမ်းကြမ်းတို့နှင့် တွေ့ ကြုံရင် ဆိုင်ရလေတိုင်း ကြိုးနှုတ်မှ အမြဲ ရွေတ်လေ့ရှိသည်။ “ငါဟာ တနိခိုးရှိတာပဲ” ဟူ၍ ။

“ဟယ် အတိုဂျိုး . . . ရောက်နေနီနား၊ ဒီနာ အတိုဂျိုးအနွက် နမနေး နွန်း နောက်နောနွေးနေ ယူနာနယ်၊ အဲ့နောက်နှော မနီးသေးနို့ နောင့်ယူရနာ နယ်နယ် နောက်နသွားနာ၊ စောလွီးနော်”

ဘ၀ပေးအရ အပေါ် နှုတ်ခမ်းသားကလေးကွဲအက်နေ၍ စကားပြောလျှင် အသံထွက် မပီ သသော ကျောက်ကျောသည်မလေး ယွန်းပါလေ။ ရောက်ရောက်ချင်းပဲ ကြွပ်ကြွပ်အိတ်က လေးဖြင့်ထည့်ယူလာသော ကျောက်ကျောတုံးကလေးတွေ ကြိုးထံ ကမ်းပေးသည်။ ကြိုး အားပါးတရစားပြလိုက်တော့ သူမ ပျော်သွားဟန်က အထင်းသား။

“စားကောင်းနား အတိုဂျိုး၊ အဲနာ နီမလေး နွန်း တိုနိုင် နှုတ်ထားတာ”

“ဟား သိပ်ကောင်းပဗျာ၊ ငါ့ညီမလေးလက်ရာက တော် တော် ကောင်းတာပဲ”

ကြိုး ချီးကျူးလိုက်တော့ ယွန်းမျက်နှာက ပြုံးဖြီးဖြီးလေး။ မနောခွေ့တယ်ဆိုသလို ရုပ်မျိုး။ တကယ်လည်း ကြိုး ကျောက်ကျောကြိုက်သည်။ လုံးဝ ရှောင်ကျဉ်တာ မဟုတ်ပေမယ့် သိပ်မကြိုက်သဖြင့် အသားဟင်း သိပ်မစားသော ကြိုးသည် အသီးအရွက်ဟင်းလျာတွေ နှင့် အသီးအနှံတွေ အစားများ သည်။ တခြား သွားရေစာတွေ ကျ စားခဲပေမယ့် တစ်ခါတရံ ရခိုင်မုန့်တီသုတ်နှင့် အုန်းနို့ကျောက်ကျောကိုတော့ ၀ယ်စားတတ်သည်။ ကြိုး ကျောက်ကျောစားချင်လျှင် ရွှေ့ဘုံသာအထက်လမ်းတွင် ညနေတစောင်း ဗန်းကလေးဖြင့် ထိုင်ရောင်းလေ့ရှိသည့် ယွန်းထံမှ ၀ယ် ဖြစ်တာများ သည်။ ကွဲအက်ရာပါသော နှုတ်ခမ်းလေးနှင့်မပီကလာ ပီကလာအသံလေးကြောင့်ပဲ ယွန်းကို ကြိုး မှတ်မှတ်ထင်ထင် ရှိခဲ့တာပေါ့။

တစ်နေ့ ကြိုး ကျောက်ကျောသွားဝယ်တော့ ယွန်း တသိမ့်သိမ့် ရှိုက်ငိုနေပါသည်။ ၀ယ်နေကျမို့ မျက်မှန်းတန်းမိနေပြီ ဖြစ်သော ကြိုးက ချော့မေးတော့ သူမက အ ဖြစ်သနစ်ကိုပြောပြ သည်။ နားလည်ဖို့တော့ အတော် ကြိုးစားရတာ ပေါ့။ ကောင်လေးတစ်စုက သူတို့ပြောသလို အသံထွက်ပီသအောင် လိုက်ပြောနိုင်လျှင် ကျောက်ကျောတစ်ဗန်းလုံး ၀ယ်ယူမည် ဟု ပြောကြောင်း၊ ယွန်းလည်း ကြိုးစား၍ ပြောပေမယ့် သူတို့လို မပြောနိုင်ကြောင်း၊ ထိုအခါ ကောင်လေးတွေ က ကျောက်ကျော မ၀ယ်သည့် အပြင် လှောင်ပြောင်သရော်၍ ထွက်သွားကြောင်း သိရ၏ ။

မိမိ၏ အမှတ်မထင် လုပ်ရပ်ဟာ အခြားသူအဖို့ နာကျင်စွဲထင်စေကြောင်း၊ မိမိ၏ ဖျော်ဖြေ ရေး ဟာ အခြားသူကို ထိခိုက်နစ်နာမှု မ ဖြစ်စေဖို့ ဂရုပြုသင့်ကြောင်း မေ့လျော့တတ်တာ လူ့သဘာဝတစ်ခုပေပဲလား။

နိုင်ငံကြီးသားပီသမှု ဆိုတာ အဘယ်အရာကို ဆိုလိုပါသနည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံထက် အရွယ်အစားကြီးမားသော နိုင်ငံများ မှာ ၃၉ နိုင်ငံသာရှိပြီး၊ မြန်မာနိုင်ငံထက် လူဦးရေနည်းသော နိုင်ငံစုစုပေါင်း ၂၁၆ နိုင်ငံရှိ၏ ဟု သိရသည်။

ကြိုး ကတော့ နိုင်ငံအကျယ်အ၀န်း ကြီးခြင်းငယ်ခြင်း၊ လူဦးရေ နည်းခြင်းများ ခြင်းထက် နိုင်ငံသားတိုင်း လူသားတိုင်းတွင် ကိုယ်ချင်းစာတရားလက်ကိုင်ထားကြမည် ဆိုလျှင် ကမ္ဘာကြီး အေးချမ်းသာယာ လိမ့်မည် ဟု ယုံကြည်မိပါ၏ ။

ကိုယ်ချင်းစာတရားရှိဖို့ဆိုတာကလည်း အပြောလွယ်သလောက် အလုပ်ခက်နေကြသည် မဟုတ်လား။

ထိုနေ့က ယွန်းကို ရေအိုးကလေးနှစ် လုံးပုံပြင် ကြိုး ပြောပြ ဖြစ်သည်။ ကွဲအက်ရာပါရှိသော ရေအိုးကလေးသည်လည်း လောကကောင်းကျိုးကို မိမိတတ်စွမ်းနိုင်သည့်ဘက်မှ ဖန်ဆင်းပေးနိုင် ကြောင်း သာဓကနှင့် ယွန်းကို အားပေးစကားပြောလိုက်သည်။

ယခုဆို ယွန်းသည် တွဲလက်မိသားသစုဝင်တစ်ဦး ဖြစ်နေပေပြီ။ အလှူတွေ မှာ လိုအပ်လျှင် မုန့်ပဲသွားရေစာနှင့် ကျောက်ကျောလုပ်ပေးခြင်းတို့ကို သူမ တာဝန်ယူဆောင်ရွက်ပေး၏ ။ သူမ၏ ချွေးနည်းစာလေးထဲမှ လည်း တတ်နိုင်သလောက် အလှူငွေထည့်ဝင်သည်။ တွဲလက်တွေ့ ဆုံပွဲ တွေ ကိုလည်း အမြဲလို လာ၏ ။ လာတိုင်းလည်း ကြိုးအတွက် ကျောက်ကျောလေးတွေ အမြဲ ယူလာတ်၏ ။ အခြားမိသားစုဝင်တွေ ကလည်း နွေးထွေးစွာ ကြိုဆိုလေတော့ တွဲလက်မိသားစု အသိုက်အမြုံလေးက သူ့အတွက် ကမ္ဘာသစ်ကလေးသဖွယ် ထွန်းသာယာပျော်ရွှင်နေပါသည်။

တွေ့ ဆုံပွဲတွင် အသစ်ထပ်တိုးလာသော မိသားစုဝင်များ နှင့် မိတ်ဆက်ခြင်း၊ ငွေစာရင်းရှင်း တမ်း တင်ပြခြင်း၊ ဆက်လက်ပြုလုပ်မည့် ပရဟိတကိစ္စများ အတွက် တိုင်ပင်ဆွေးနွေးခြင်းများ ဆောင်ရွက်ပြုလုပ်ကြသည်။ ပြီးသော အခါ မိသားစုဝင်များ အချင်းချင်း ခင်မင်ရင်းနှီးမှု တိုးပွားစေ ရန် Game ကစားကြ၏ ။ ရယ်ရယ်မောမော ပျော်ပျော်ပါးပါးပဲပေါ့။

ဖျော်ဖြေရေး ဆိုတာကလည်း လိုအပ်သည်ပဲ မဟုတ်လား။

* * * * *


ယနေ့ ညနေ အမရာနှင့် တွေ့ ရမည် ။

နောက်ဆုံးတွေ့ ခဲ့ကြသည့်ညက လမ်းခွဲခါနီး ဖုန်းနံပါတ်နှင့် Gtalk account,Facebook account များ ဖလှယ် ဖြစ်ခဲ့ကြသဖြင့် ဖန်ဆင်းထားသော Viberဖြင့်message တွေ အပြန်အလှန် ပို့ ဖြစ်ကြသည်။ တစ်ခါတရံ ဖုန်းပြော ဖြစ်ကြ၏ ။ အပြင်မှာ သာ ထပ်မတွေ့  ဖြစ်တာ တစ်ယောက် နှင့် တစ်ယောက် ပိုမိုရင်းနှီးနေကြပြီ။ နင်တွေ ငါတွေ ပင် ဖြစ်နေကြပြီ။

အမရာက ကြိုးထက် တစ်နှစ် သာငယ်၏ ။

“မလွှဲသာလို့ အစဉ်အလာ ယဉ်ကျေးမှု အရသာ ပြောဆိုနေရပေမယ့် ကျွန်တော် ကျွန်မဆိုတဲ့ အသုံးအနှုန်းကို သဘောကျဘူး၊ ကိုယ့်ကိုယ်ကို`ကျွန်` နဲ့ ခိုင်းနှိုင်းနေသလိုပဲ ၊ကျနော် ကျမလို့ သုံးစွဲရေး သားပြန်တော့လည်း`ကျ` မယ့် သဘောကြီး၊ မြန်မာတွေ က ဘာတွေ လဲ မသိဘူးနော်၊ ခစ် ခစ်”

ကျွန်တော် ၊ ကျွန်မဟု သုံးစွဲပြောဆိုခြင်းသည် မိမိကိုယ်ကို နှိမ့်ချခြင်းဟု ဆိုကြ၏ ။ သူမပြော မှ ဇမ္ဗူဒီပါလက်ယာတောင်ကျွှန်း သြဘာနိမိတ်ထွန်းတဲ့ကျွန်းဆိုပြီး အယူရှိလေတော့ မြန်မာတွေ တစ်ပါးကျွန်ဘ၀ ရောက်ခဲ့တာ၊ မြန်မာလူမျိုးအများ စု ကျွန်စိတ်မပျောက်လို့ တိုးတက်သင့် သလောက် မတိုးတက်တာဟု ဝေဖန်ခံရတာ တွေ ဆက်စပ်ဆင့်ပွားတွေးမိ သည်။

“သခင်မျိုးဟေ့ တို့ဗမာ” ဟု ထထကြွေးကြော်ပြီး “ကျွန်တော် ကလေ” “ကျွန်မကလေ” ဟုပြောကြတာ တွေးကြည့်လျှင် ရယ်စရာတော့ ကောင်းသား။ အဟက်။

ဘာပဲပြောပြော သူတို့နှစ် ယောက် ကတော့ နင်ငါ ဖြစ်သွားကြတာ ပါပဲ။

ဒီကြားထဲ ထပ်မံဆုံတွေ့ ခွင့်ကို ကြိုးဘက်က တောင်းဆိုပေမယ့် အမရာက သူမ မအားသဖြင့် အဆင်မပြေကြောင်းသာ တုံ့ပြန်လေ့ရှိုသည်။ ယနေ့ အိပ်ရာနိုး၍ ဖုန်းဖွင့်သော အခါ မှသာ-

“ဒီညနေ တွေ့ ကြမယ်၊ ဗိုလ်တစ်ထောင်ကမ်းနားကို အင်္ကျီ အဖြူရောင် ၀တ်လာခဲ့”

ဆိုသော message ရ၏ ။

သူမနှင့် ရင်းနှီးမှု ပိုလာသည်အမျှ သူမ၏ ထူးခြားသော စရိုက်သဘာဝ အယူဝါဒကိုလည်း သတိပြုသိရှိခွင့် ရခဲ့၏ ။ သူမ၏ အယူအဆ အရ ပြောရလျှင် သူမသည် ဘာသာမဲ့တစ်ဦးပင်။ တစ်သီးတစ်သန့် အမိုးအကာအောက်မှာ ယုံကြည်ကိုးကွယ်မှု မထားရှိသူကလေး ဖြစ်၏ ။

“ကျွန်မက ဒီဌိမ” ဟု ရယ်သံဖွဖွဖြင့် ပြောတတ်၏ ။

“ရင်ကကော ဘာအယူဝါဒလဲ”

ဖုန်းပြော ဖြစ်သော ညတစ်ညက အမရာမေးတော့ ကြိုးဖြေသည်။

“ကျွန်တော် က Free Thinken လွတ်လပ်စွာ တွေးခေါ်မှု ကို နှစ်သက် သူပါ”

Free Thinker ဆိုသည်မှာ ဘာသာရေး အယူဝါဒ တစ်ခုတည်းနှင့်သာ စွဲမြဲသက်ဆိုင်နေ ခြင်းမျိုးမဟုတ်။ Free Thinker တစ်ယောက် သည် အယူဝါဒတွေ ထဲက အစိတ်အပိုင်းမှန်သမျှကို လက်မခံဘဲ အားလုံး လိုက်ပယ်တေတာမျိုးလည်းမဟုတ်။ တန်ဖိုးရှိသည်ဟု ယူဆသော အပိုင်းကို လက်ခံပြီး တန်းဖိုးမရှိဘူးဟု ယူဆသော အပိုင်းကို ပစ်ပယ်တာ ဖြစ်သည်။ တန်ဖိုးဖြတ်မှု ကိုတော့ မိမိခံစားမှု ၊ အသိဉာဏ်၊ ယုံကြည်ချက်၊အတွေးအမြင်တို့နှင့်သာ တိုင်းတာသည်။

လွတ်လပ်စွာ တွေးခေါ်မှု နှင့် ပတ်သက်၍ ကာလာမသုတ်သည် ကျော်ကြား၏ ။ “ပြောသံ ကြားရုံနဲ့ အတည်မယူနဲ့၊ အစဉ်အဆက်စကား ဖြစ်ရုံ၊ စာအုပ်ထဲမှာ ပါရုံ၊ ကြံဆတွေးတောလို့ရရုံ၊ ဆရာသမားစကား ဖြစ်ရုံတွေ နဲ့ အတည်မယူနဲ့၊ မိမိကိုယ်တိုင် သိအောင်ကြိုးစား” ဆိုတာမျိုး။ တကယ့် Free thinker တစ်ယောက် သည်။ကာလာမသုတ်ကိုတောင် ဘယ်လောက်အတိုင်း အတာအထိ အဓိပ္ပာယ်ဖွင့်ဆိုမှု တွေ မှန်ကန်သလဲ ဆိုတာ ပြန်သုံးသပ်မယ့်သူမျိုးပါ။

Free Thinker တစ်ယောက် သည် ဘာသာရေး ကိုသာ မဟုတ်ပဲ နိုင်ငံရေး ၊ လူမျိုးရေး ၊ အနုပညာနှင့် အရာရာကို လွတ်လပ်စွာ တွေးတောလေ့ရှိ၏ ။ သိပံ္ပတွေ ၊ လောဂျစ်တွေ ကို လက်ခံ တယ်ဆိုပေမယ့် သိပံ္ပတွေ လောဂျစ်တွေ ရဲ့ ဘောင်ခတ်ခံထားရသော ရုပ်ဝါဒီ တစ်ယောက် မဟုတ်။ အယူဝါဒအားလုံးကို tool တွေ အ ဖြစ်ပဲ မြင်သည်။ အနုပညာနှင့်ပတ်သက်၍ ဆိုရလျှင် ဂန္တ၀င်ပုံစံမှ အနုပညာဆိုတာမျိုး၊ မော်ဒန်၊ပို့စ်မော်ဒန်မှ အနုပညာဆိုတာမျိုး၊Fock မှဂီတ၊ Pop မှ ဂီတ၊ Hip Hop မှဂီတဟူ၍ ဘောင်ခတ်နေမည် မဟုတ်ပါ။ အနုပညာ ဖြစ်မြောက်ရေး အတွက် နည်းစနစ်အမျိုးမျိး၊ tool အမျိုးမျိုးကို ဖန်တီသူ ပိုင်နိုင်သလို အဆင်ပြေသလို အသုံးချဖို့ပဲ လိုအပ် သည်ဟု ယူဆ၏ ။ ဂန္ထ၀င်နည်းစနစ်လည်း ဖြစ်ချင် ဖြစ်မည် ။ surrealism ဖြစ်ချင် ဖြစ်မယ်။ tool တွေ အမျိုးမျိုး ပေါင်းစပ်ရောမွှေပြီး ဖန်တီးထားတာလည်း ဖြစ်ချင် ဖြစ်မည် ။

Free Thinker သည် စဉ်းစားစရာတွေ နှင့် မွေ့လျော်နေတတ်၏ ။ မေးခွန်းတွေ ကို ဆက်တိုက် ထုတ်ရင်း အဖြေရှာရင်း တတ်နိုင်သမျှ အသိဉာဏ်ဘောင်ကို ချဲ့ထွင်နေလေ့ရှိ၏ ။ အစဉ်အလာတွေ ကို လက်ခံတာရှိတာ ရှိမည် ။ အမှန်အမှားဆိုတာလည်း သတ်မှတ်ချက်တစ်ခုအ ဖြစ်သာပဲ ထပ်၍ သတ်မှတ်၏ ။

အမရာ Free Thinker တစ်ယောက် ၏ တွေးခေါ်မှု အား သာဓကတစ်ခုပြဖို့ တောင်းဆိုတော့ ကြိုး ဥပမာတစ်ခုပြောပြ ဖြစ်ခဲ့လေသည်။

“ဝေသန္တရာဇာတ်တော် မှဆိုရင်. . . ပါရမီ ဖြည့်ကျင့်တဲ့ နေရာမှာ အယုတ်အလတ်အမြတ် ရွေးမနေဘဲ သူကောင်းမှ ကိုယ်ပြန်ကောင်းတာမျိုး၊ သူတော် ကောင်းကိုမှ လှူတာမျိုး မဟုတ်ဘဲ ဘယ်သူ့ကိုမဆို ကိုယ်ကောင်းတယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရအောင် ဘာကိုမှ စွဲလမ်းတွယ်ငြိမနေစေဖို့ သင်ခန်းစာပေးတာ မဟုတ်လား၊ ဒါပေမယ့် လစ်ဟာချို့ယွင်းချက် ပျော့ကွက်လိုက်ရှာတွေးရင် ငယ်ရွယ်နုနယ်တဲ့ သက်ရှိ သားသမီးတွေ ကို ကိုယ်ပိုင် ပစ္စည်းဥစ္စာသဖွယ် ပေးလှူလိုက်တာ စွန့်ကြဲ လိုက်တာ ရက်စက်လွန်းအားကြီး မနေဘူးလား၊ အဲဒီ ခေတ်ရဲ့ စံနဲ့တော့ ရက်စက်မှု မမည် ဘူးဆိုရင် တောင် ခုခေတ်စံနဲ့ဆိုရင်တော့ Human trafficking တွေ child rights တွေ နဲ့ ငြိမှာ အမှန်ပဲ၊ ပြီးတော မိဘမေတ္တာဆိုတာ ကြီးကကော၊ ယစ်ပူဇော်မှု မဆန်နေပေဘူးလား”

အမရာကလည်း သူမ တွေ့ ရှိယူဆချက်ကို တုံ့ပြန်ဆွေးနွေး၏ ။

“ကမ္ဘာဦးကျမ်းကို ဖတ်ပြီးတော့ ဘုရားသခင်ဟာ တော် တော် အလုပ်မရှိ အလုပ်ရှာတာပဲလို့ ကျွန်မမြင်တယ်၊ အစက ဘာမှ မရှိတာတွေ သူ့ဘာသာ ဖန်ဆင်းတယ်၊ နောက် ဟိုဟာမလုပ်နဲ့ ဟိုမသွားနဲ့ ဒီဟာမစားနဲ့ တားမြစ်ပိတ်ပင်တယ်၊ အဲဒီ လို တားမြစ်ပိတ်ပင် မယ့်အတူတူ အဲ့အရာတွေ ဘာလို့ ထည့်သွင်းဖန်ဆင်းခဲ့သေးသဲလ၊ ကြိုတွေး သိမြင် ဆင်ခြင်နိုင်တဲ့ စွမ်းရည်ဉာဏ်အမျှော်အမြင် မရှိလို့လား၊ မလိုက်နာတော့ ဒဏ်ခတ်တယ်၊ နော် တို့ တွေ ကျ သင်္ဘောကြီးနဲ့ လွတ်မြောက်စေပြီး ကျန်တာတွေ ကျရေနှစ် သတ်ပစ်တယ်၊ မျက်နှာကလည်း လိုက်တတ်သေးတယ်၊ မှားယွင်း နေတယ်ဆိုလည်း ဉာဏ်အလင်း ပွင့်အောင် သွန်သင်ရှင်းပြ ကူညီကယ်တင်မယ် မစဉ်းစား ဘူး၊ အဲဒီ လိုပဲ မတတ်နိုင်လို့လား၊ သူ့ဇာတ်သူ မနိုင်တာလား၊ သူပဲ ဖန်ဆင်းလိုက်၊ သူပဲ ဖျက်ဆီးလိုက်နဲ့ အလုပ်ကို ရှုပ်နေတာပဲ၊ သင်္ဘောတွင်းက ထွက်ဆင်းလွတ်မြောက်လာတဲ့ ကျေးငှက်တိရစ္ဆာန် လေးတွေ ရဲ့ အသွေးအသားအသက်နဲ့ လဲလှယ်ရင်းနှီးထားရတဲ့ ယစ်ပူဇော်မှု ကိုလည်း ခံယူအနံ့ရှူလိုက်သေးတယ်၊ ဘုရားသခင်ဆိုတဲ့ အမြင်ကို ခွာချပြီး ရိုးရိုး ကလေး တွေးကြည့်ရင် ထင်ရက်စရာတွေ အများ ကြီးပဲ”

သူမအပြောကိုကြားတော့ ဗုဒ္ဒ၀ါဒပြဿနာများ စာအုပ်တွင် ဖတ်ရှု့ မှတ်သားဖူးသော ခရစ်တော် အသက် ၁၂နှစ် အရယ်က နွေရာသီပွဲတော် အတွင်း ရဟူဒီဘုန်းတော် ကြီးများ အား မေးမြန်းချက်တွေ ကိုသတိုသည်။

ခရစ်တော် ၏ မေးမြန်းချက်များ မှာ -

“ယေဟောဝါသည် အချို့ကို လူချမ်းသာ၊ အချို့ကို လူဆင်းရဲ၊ အချို့ကို ပညာရှိ၊ အချို့ကို လူအ လူနုံ၊ အချို့ကို လူကောင်း၊ အချို့ကို လူယုတ်မာ၊ အချိုကို ရုပ်ရည်လှပ၊ အချို့ကို အရုပ် ဆိုးအကျည်းတန်၊ အချိုကို အသက်ရှည်ရှည်၊ အချို့ကို အသက်တိုတို၊ အချို့ကို မျက်စိကောင်း၊ အချို့ကိုမျက်စိကန်း၊ အချို့ကိုကျန်းကျန်းမာမာ၊ အချို့ကို ရောဂါ သည်၊ အချို့ကို အားအင်ကောင်းကောင်း ၊အချိုကို အင်အားချိနဲ့ အစရှိသဖြင့် လူအချင်းချင်း ကွဲ ပြားခြားနားစွာ အဘယ့်ကြောင့် ဖန်ဆင်းထားပါသလဲ”

ထိုမေးခွန်းကြောင့် ရဟူဒီဘုန်းတော် ကြီးများ နှင့်ပရိတ်သတ်အားလုံး အံ့အားသင့်သွားကြ ပြီး. .

“အိုသူငယ် ဤအချက်ကို ယေဟောဝါသာလျှင် သိနိုင်သည်”

ဟု ရဟူဒီဘုန်တော် ကြီးများ က ပြန်ပြောကြသည်။

“ယေဟောဝါသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ သုံးပါးသော ကာလတို့ကို သိပါလျက် နဲ့ အဘယ်ကြောင့် ငရဲဘုံကို ဖန်ဆင်းခဲ့ပါသလဲ”

ခရစ်တော် က ထပ်မေးလေရာ ရဟူဒီဘုန်းတော် ကြီးများ က . . .

“ယုတ်မာညစ်ညမ်းသူတို့ကို အပြစ်ပေးရန် ငရဲဘုံကို ဖန်ဆင်းခဲ့သည်”ဟုဖြေ၏ ။

“ယေဟောဝါသည် သူ၏ ဖန်ဆင်းမှု နှင့်ဆိုင်ရာ အနာဂတ်ကာ၏ သဘောကို သိမြင်ပါလျက် နှင့် အဘယ်ကြောင့် ယုတ်မာညစ်ညမ်းသူတို့ကို ဖန်ဆင်းရပါသလဲ”

ထိုအခါအားလုံးသော ရဟူဒီဘုန်းတော် ကြီးများ မည် သို့ မျှ မဖြေနိုင် ကတော့ဘဲ ခရစ်တော် အားသူတို့အားလုံး၏ ဂိုဏ်းချုပ်အ ဖြစ် ရွေးကောက်တင်မြှော က်လိုက်ကြသတဲ့။

ဓမ္မဟောင်းကျမ်းစာထဲိမှာ ထာဝရဘုရားသခင်က အဗြဟံအား. . .

“အကယ်၍ တစ်စုံ တစ်ယောက် သော သူက သင်၏ မျက်လုံးကို ထိုးဖောက်၍ ယူသွားခဲ့သည်ရှိသော်ထိုသူ၏ မျက်လုံးကိုလည်း ထိုးဖောက်၍ ယူလေ၊ အကယ်၍ တစ်စုံတစ် ယောက် သော သူက သင်၏ နှာခေါင်းကို လှီးဖြတ်ပစ်သည်ရှိသော် ထိုသူ၏ နှာခေါင်းကို သင်ကလည်း လှီးဖြတ်ပစ်ပါလေ၊ အကယ်၍ တစ်စုံ တစ်ယောက် သော သူက သင်၏ အသက်ကို သတ်ပါလေ၊ ငါကားဒေါသတရားဖြင့် ထုံအပ်သော ထာဝရဘုရားသခင်တည်း၊ ငါသည် သင့်အား လက်စားချေရေး တရားအမြိုက်ဆေးကို တိုက်ကျွေးတော် မူ၏ ”

ဟု ဟောပြောခဲ့၏ ။

ခရစ်တော် ကတော့. . .

“အကယ်၍ တစ်စုံ တစ်ယောက် သော သူက သင်၏ ခြုံစောင်ကို ယူသွားခဲ့သည်ရှိသော် ထိုသူအား သင်၏ အင်္ကျီပါချွတ်၍ လှူဒါန်း ပေးကမ်းပါလေ၊ အကယ်၍ တစ်စုံ တစ်ယောက် သော သူက သင်၏ လက်ျာပါးကို ရိုက်ခဲ့သည်ရှိသော် သင်၏ လက်ဝဲဘက် ပါးကိုပါရိုက်ပါစေ၊ အစစအရာအရာကို သည်းခံပါ၊ သည်းခံခြင်းသည်သာလျှင် ကုသိုလ် တရားကို ပွားများ ပေးစေ နိုင်သည်၊ သင်၏ အိမ်နီးချင်းများ ကို သင့်ကိုယ်သင် ချစ်ခင် သကဲ့သို့ ချစ်ခင်ပါ၊ မည် သည့် သက်ရှိသတ္တ၀ါကိုမျှ မန္တရာယ်မပြုပါနှင့်”

ဟူ၍ သူ၏ နောက်လိုက်များ ကို ဟောပြောသွန်သင်ခဲ့၏ ။

ထိုနှစ် ချက်ကို ယှဉ်ပြ၍ ခရစ်တော် သည် ထာဝရဘုရားသခင်၏ သားတော် မဟုတ်ဘဲ ထာဝရဘုရားသခင်အား ဆန့်ကျင်သူဟူ၍ ထိုစာအုပ်တွင် ဖော်ပြရေး သားထားလေသည်။

“ကျွန်ုပ်သည် ယေဟောဝါထာဝရဘုရားသခင်၏ ဓမ္မဟောင်းကို ပယ်ဖျက်ပြီး ဓမ္မသစ်ကို တီထွင်သည်၊ ကျွန်ုပ်သည် ဘုရားတန်ဆောင်းအဟောင်းကို ဖြိုဖျက်၍ ဘုရားတန်ဆောင်း အသစ် ကို တည်ဆောက်သည်၊ ကျွန်ုပ်သည် အရေကိုဖြတ်လှီး၍ ဘာသာအယူ ၀ါဒရေး ရာအရ ကင်ပွန်းတပ်သည့် ထုံးထမ်းဓလေ့ကို ပယ်ဖျက်သည်”

ဟူသော ခရစ်တော် ၏ သုံးခွန်းသော စကားတို့ကို သူ၏ တပည့်နော်လိုက်များ က မှားယွင်း စွာ ဖြင့်အနက်အဓိပ္ပယ် ကောက်ယူခဲ့ကြသည်ဟု ဆိုထား၏ ။

ဆူဖီတို့၏ အမူအကျင့်နှင့် ပတ်သက်၍ လည်း ကြိုးနှင့်အမရာပြော ဖြစ်၏ ။

ဆူဖီသည် ရှောင်ခွာထွက်ပြေးသူမဟုတ်။ ရှောင်ခွာထွက်ပြေးခြင်း ၀ါဒကို ဆူဖီတို့၏ အစဉ်အလာက အပြည့်အ၀ ဆန့်ကျင်သည်။ လောကတွင် ချမ်မြေ့ ကြည်ရွှင်စွာ နေထိုင်ခြင်း၊ ဖြစ်တည်သည်ကို ဖြစ်တည်သည့်အတိုင်း ကြည်နူးနှစ် သိမ့်ခြင်း၊ ဘ၀၌ မွေ့ပျော်ခြင်းသည် ဆူဖီတို့၏ အခြေခံကျသော အမူအကျင့် ဖြစ်သည်။

လောက၌ ဖန်ဆင်းရှင်ဆီသို့ ဆိုက်ရောက်ရန် အကြောင်းသည် ဖန်ဆင်းထားရှိသည့် အရာတို့၌ အပြည့်အ၀ နေထိုင်ခြင်းမှတစ်ပါး အခြားမရှိကြောင်း ဆူဖီတို့လက်ခံသည်။ ဘုရား သခင် ဖန်ဆင်းထားပြီးသည်တို့ကိ ရှောင်ခွာပစ်ခြင်းသည် ဘုရားသခင်ကို သွယ်ဝိုက်သော နည်း အားဖြင့် ဆန့်ကျင်ခြင်းဟူ၍ ယူဆ၏ ။

မတူညီသော အယူဝါဒကွာဟမှု တွေ အကြောင်း သူနှင့်သူမ နှိုင်းယှဉ်ဖလှယ်ဆွေးနွေး ဖြစ်ခဲ့ ကြ၏ ။

သက်ရှိပစ္စည်းအားလုံးကို အနန္တတန်ခိုးတော် ရှင် ဖန်ဆင်းသည် ဆိုသော အချက်နှင့် ဘုရားသခင်ရှိခြင်းကို ငြင်းပယ်ထားသည့် အီဗော်လူးရှင်း သီအိုရီ ကတော့ မပါမ ဖြစ်ပေါ့။ အီဗော်လူး ရှင်းသီအိုရီသည်“သက်ရှိအရာများ သည် သက်မဲ့ပစ္စည်းများ မှ တစ်စတစ်စ ဖြစ်ပေါ် တိုးတက် လာသည်” ဟူသော ဇီဝဗေဒပညာရှင် ဖြစ်သည့် ချားလ်ဒါဝင်၏ အတွေးအခေါ် ဖြစ်သည်။

နှစ် ဆယ်ရာစုနှစ် သည် ဒုက္ခဆင်းရဲခြင်း၊ နာကြည်းဖွယ်ကောင်းသည့် သေကြေပျက်စီးခြင်း နှင့် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်၊ ပဋိပက္ခ ဖြစ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ဆင်းရဲနွမ်း ပါး၍ ဆုံးရှုံးမှု များ ခြင်း စသည်တို့နှင့် ပြည့်နှက်ခဲ့သော ရာစုနှစ် ဖြစ်ခဲ့ခြင်းမှာ ဒါဝင်ဝါဒ၏ ရိုက်ခတ်မှု ဂယက်အ ဖြစ် THE DISASTERS DARWINISM BROUGHT TO HUMANITY စာအုပ် တွင် အကျယ်တ၀င့် ရေး သားတင်ပြထားသည်။

ထိုစာရေး သူ၏ ကလောင်အမည် မှာ အလ္လာဟ်ရှင်မြတ်ကို မယုံကြည်မှု တွင် အတိုက်အခံ လုပ်ခဲ့ရာ၌ ကျော်ကြားသော တမန်တော် နှစ် ပါး ဖြစ်သည့် ဟာရွန်(အာရွန်)နှင့် ယဟ်ယာ (ယောဟန်)တို့၏ အမည် နှစ် ခုကို ပေါင်းစပ်ထားသော အမည် ဖြစ်ပေသည်။

* * * * *


“ဘုရားသခင်ကို မြင်ဖူးလား”

“မမြင်ဖူးဘူး”

“ဘုရားသခင်ကို ခင်ဗျား တို့ထိဖူးလား”

“ဟင့်အင်း”

“ဒါဆို ဘုရားသခင်မရှိဘူး”

ဘုရားမဲ့ဝါဒီတစ်ဦးနှင့် ဘုရားရှိဝါဒီတစ်ဦးတို့၏ စကားစစ်ထိုးပွဲ။

“အသိဉာဏ်ကိုမြင်ရလား”

“မမြင်ရဘူး”

အသိဉာဏ်ကို ခင်ဗျား တို့ ထိလို့ရလား”

“ဟင့်အင်း”

“ဒါဆို ခင်ဗျားမှာ အသိဉာဏ်မရှိဘူး”

အဟက်. . .။ ထိုပြောဆိုမှု လေးတွေ သွားသတိရကာ ပြုံးမိသည်။ ဖတ်ဖူးတာမှာ ယှဉ်ပြရေး သားထားတာ ကတော့ `ဘုရားသခင်` နှင့်`ဦးနှောက်`။ ဦးနှောက်က ခွဲစိတ် ကြည့်မည် ဆိုလျှင် မြင်လို့ တို့ထိလို့ရသေးသဖြင့် အသိဉာဏ်နှင့် အစားထိုးပေးလိုက် ခြင်း ဖြစ် ၏ ။

အဘွားဆုံးသွားတာ ကြာပြီ ဖြစ်ပေမယ့် အဘွားသည် ရှိခဲ့သည်။ အာလာဒင်၏ ဆီမီးခွက် စောင့်ဘီလူးကြီး လိုချင်ပေမယ့် ပုံပြင်တွေ ထဲမှာ သာ ဖတ်ဖူးခဲ့ပါသည်။

* * * * *


ငယ်စဉ်ကျောင်းသားဘ၀က ကျောင်းရောက်လို့ သူငယ်ချင်းတွေ ဆုံတာနှင့် ကမ္ဘာကြီး ဘယ်တော့ မီးလောင်မလဲ၊ ဘယ်တော့ ရေလွှမ်းမိုးခံရမှာ လဲ၊ အလုအယက် တစ်ယောက် တစ် ပေါက် ငြင်းခုံပြောဆိုမှု တွေ ခေတ်စားခဲ့သော သက္ကရာဇ်တစ်ခုကို ပြန်အောက်မေ့သည်။

မည် သူမှ ရေရာ တိကျစွာ မပြောနိုင်ခဲ့ကြ။ ဆရာဆရာမ တွေ သွားမေးတော့လည်း သေချာလိပ်ပတ်လည်အောင် ရှင်းမပြနိုင်။ အဲသည်တုန်းက ကြိုး ကြီးလာလျှင် ထိုအကြောင်းတွေ ဂဃနဏသိဖို့ ကြိုးစားမည် ဟု ရည်ရွယ်ချက် အားခဲထားခဲ့ဖူး၏ ။

ကမ္ဘာကြီးရေလွှမ်းမိုးမှု သည် ကမ္ဘာအနှံ့အပြား၊ ဘာသာတရားတိုင်းလိုလို၊ လူမျိုးစုအများ အပြား၏ အယူဝါဒ အစွဲတို့ တွင် ဒဏ္ဍာရီဆန်ဆန် တွေ့ ရလေသည်။

ကမ္ဘာကြီးရေလွှမ်းမိုးမှု ကို မဟာလင်္ကာကြီး ရွှံ့စေးချပ်အမှတ်-၉ မှာ ရေး ထားသည်။

မဟာလင်္ကာကြီးဆိုသည်မှ အတိတ်နှစ် ပေါင်း လေးထောင်ကျော်ဆီမှ အက်ခါးဒီးယန်းတွေ ရဲ့ ဒဏ္ဍာရီမဟာလင်္ကာကြီး Epic of Gilgamesh ကို ခေါ်၏ ။ ထိုလင်္ကကာကြီးကို ရွှံ့စေးပြားပေါ်မှာ ကျူနီဖောငး Cuneiform လို့ ခေါ်တဲ့ မြားသွားသဏ္ဌာန် ရှေးဟောင်း အာရှုရိယအက္ခရာတွေ နှင့် ရေး ထားခြင်း ဖြစ်သသည်။ ထိုလင်္ကာကြီးရေး ထားသော ရွှံ့စေးပြားတွေ ကို ရှေးဟောင်း Nineveh မြို့ပြနိုင်ငံမှာ ဘီစီ ၆၆၈-၆၂၇ အတွင်း နန်းစံခဲ့သည့် ဘုရင် Ashurabanipal ရဲ့ စာကြည့်တိုက်မှာ ထားရှိခဲ့သတဲ့။ လင်္ကာကြီးမှာ နတ်ဘုရားနဲ့လူကပြား Gilgamesh ရဲ့ အညွန့်ခူးစားလုပ်ရပ်တွေ ရေး ထားခြင်း ဖြစ်လေသည်။

ဆူမားရီးယန်းတို့ရဲ့ Ziusudra မှာ တော့ ဘာသာရေး ကိုင်းရှိုင်းပြီး ဘုရားကိုကြောက်ရွံ့ရို သေတဲ့ ဘုရင်ကြီး Ziusudra ကို ကမ္ဘာချီရေလွှမ်းမိုးမယ့်အကြောင်း ဘုရားက အာရုံနိမိတ်နဲ့ အိမ်မက်မှာ ပြောသတဲ့။ အလားတူဒဏ္ဍာရီကို ဘေဘီလုံနှင့် အဆီရီးယန်းဒဏ္ဍာရီ သြဇာမကင်း ဘူးဟု ဆို၏ ။

လက်တင်အမေရိက ယဉ်ကျေးမှု တွေ ထဲမှာ လည်း တွေ့ ရသည်။ အေဒီ ၁၅ နှင့် ၁၆ ရာစုအတွင်း မက္ကဆီကို နိုင်ငံ အက်ဇတက်ဒဏ္ဍာရီမှာ တွေ့ ရတာ ဆိုပဲ။

အင်ကာတွေ ရဲ့ ကမ္ဘာချီရေလွှမ်းဒဏ္ဍာရီနှင့် ပတ်သက်၍ ဗြိတိသျှ စာရေး ဆရာ Harold Osborne က. . .

“တောင်အမေရိကတိုက်ရဲ့ ဒဏ္ဍာရီတွေ မှာ တစ်ချိန်တစ်ခေတ်တစ်ပြိုင်တည်း ကမ္ဘာချီ ရေလွှမ်းဇာတ်လမ်းကို ဖော်ပြခဲ့တာ ဖြစ်နိုင်တယ်၊ ကမ္ဘချီရေလွှမ်း ဒဏ္ဍာရီတွေ ဟာ ကုန်းမြင့် ဒေသနေသူတွေ နဲ့ အပူပိုင်းဒေသရဲ့ အနိမ့်ပိုင်းနေသူတွေ အားလုံးထဲ ပျံ့နှံ့နေတယ်”

ဟု မှတ်ချက်ပြုထား၏ ။

တရုတ်မှာ လည်း အလားတူ ဒဏ္ဍာရီရှိပြန်သည်။China-A Historyin Art စာအုပ်မှာ တရုတ်ဘုရင်ကြီး ယွီဟာ ရေလွှမ်းဘေးကို အောင် နိုင်သူတဲ့။ တရုတ်ဒဏ္ဍာရီလာ မဟာဧကရာဇ် (၁၀)ပါးဆိုတာ ဆူမားရီးယန်း ဒဏ္ဍာရီလာ ဘုရင်စာရင်းကို ဒေသနှင့် ဆီလျော်အောင်ပုံပြောင်း ထားတာဟုဆို၏ ။ တရုတ်တို့ရဲ့ အခြားဒဏ္ဍာရီတွေ မှာ လည်း မူလရင်းမြစ်ဟာ ဆူမားရီးယန်းက လာတာ၊ မက်ဆိုပိုတေးမီးယားကလာတာ မဟုတ်ဘူးဆိုသော အဆိုကို အားဖြည့်ရာရောက်တဲ့ အချက်တွေ တွေ့ ရတယ်လို့ Camp bell က မှတ်ချက်ချ၏ ။ တရုတ်ဒဏ္ဍာရီတွေ ဟာ အခြေခံမူလ တစ်ခုတည်းက လာတာဆိုတာလည်း တွေ့ နိုင်ပြန်သတဲ့ . . .။

ဗုဒ္ဒဘာသာဝင်တွေ လက်ခံထားသော အာဒိကပ္ပကျမ်းမှာ ကမ္ဘာပျက်မိုးကြီးကြောင့် ကမ္ဘာ ကြီးရေလွှမ်းသွားရပုံ၊ နေခုနစ်စင်းထွက်ပြီး ကမ္ဘာကြီး မီးလောင်ပျက်စီးပုံတွေ ရေး ထား၏ ။

မာယာလူမျိုးတွေ နှင့် ဗဟိုအမေရိကမှာ လည်း အလားတူ မြေကြီးကို ရေလွှမ်းသော Haiyococah ဆိုတဲ့ ဒဏ္ဍာရီတွေ ရှိပြန်သတဲ့။ ကာတို လိပ်ဂိုဏ်းအုပ် ခင်ကြီး Las casas ရေး သော ကမ္ဘာ ချီရေလွှမ်း ဒဏ္ဍာရီရှိ၏ ။ သူတို့ ဘာသာစကားဖြင့် Butic ဟုခေါ်၏ ။ ကမ္ဘာချီရေလွှမ်းမိုးခြင်းနှင့် နောက်ဆုံးတရားစီရင်ခန်းလို့ အန်ကထွက်သည်။ ဒီလိုမျိုး နောက်ထပ် ဖြစ်ဦးမယ်၊ သို့ ပေမယ့် ရေမဟုတ်ဘဲ မီးနဲ့စီရင်မယ် လို့ ယုံကြည်နေကြ၏ ။

ကြိုး ကတော့ ထိုအရာတွေ ကို အမယ်ဘုတ် ချည်ခင်ထွေးကြီးသဖွယ် ဒဏ္ဍာရီပုံပြင်တွေ စီး ဆင်းကူးလူးယှက်နွယ်မှု လည်း ဖြစ်နိုင်သည်ဟုယူဆ ၏ ။

မြန်မာ့ရိုးရာပုံပြင်ဟု မြန်မာနိုင်ငံသား အများ စု မှတ်ထင်နေကြသော ဒေါင်းယောင်ဆောင် သော ကျီး၊ ၀ံပုလွေနှင့် သိုးငယ်၊ ပုရွက်ဆိတ်နှင့် နှံကောင်၊ ရွှေဥဥသော ငန်းပုံပြင်၊ ထင်းကို တစ်ချောင်းချင်း ချိုးလျှင်ကျိုးနိုင်သည်၊ အစည်းလိုက်ချိုလျှင် မကျိုးနိုင်ဟူ၍ စည်းလုံးညီညွတ်ခြင်း အကြောင်း သင်ခန်းစာပေးသည့် အဘိုးအိုနှင့် သားသုံးယောက် ပုံပပြင်၊အကြောင်းအကျိုးမသိတတ်သော သမင်ပုံပြင်၊ အမြီးပြတ်သော မြေခွေး၊ ငန်းကိုတုသော ကျီးပုံပြင်၊ မြစ်စောင့်နတ်နှင့် သစ်ခုတ်သမား၊ ကျေးဇူးသိတတ်သော ကြွက်ငယ်၊ နေနတ်သားနှင့်လနတ်သားတန်ခိုးပြိုင်ခြင်း၊ မြေခွေးနှင့် ငှက်ကျား စသည့် ပုံပြင်မျာသည် အီစွတ်ပုံပြင် ဘာသာပြန်များ ဖြစ်၏ ။

အီစွတ်ပုံပြင်တွေ ကဲ့သို့ ကမ္ဘာအနှံအပြား ပြန့်ပွားနေသော ပုံပြင်တွေ အများ ကြီး မဟုတ်လား. . . ။

အသုရာရဲ့သမီးတွေ ကို ရယူထားတဲ့ ဣန္ဒက အသုရာနဲ့ နောက်လိုက်တွေ ကို တိုက်ခိုက်ပြီး တာဝတိံသာကို သိမ်းပိုက်၊ အသုရာတွေ ကို တာဝတိံသာရဲ့ အောက်ဆီ မောင်းထုတ်ဆိုသော ဒဏ္ဍာရီကို တော် တော် များများ ကြားဖူးကြပါလိမ့်မည် ။ ဣန္ဒ၊ အသုရာ ဆိုတာတွေ ဟာ ဟိန္ဒူ ဗြဟ္မဏ ဒဏ္ဍာရီကလာတာ။ တာဝတိံသာဆိုတာသုံးဆယ့်သုံးဦးပါ ကောင်စီနှင့် အုပ်ချုပ်စီမံသော ဘုံဌာန။ အသုရာတို့ ထွက်ပြေးရာနေရာက မိုဟင်ဂျိုဒါရို။ ဣန္ဒဆိုတာစစ်နတ်ဘုရား God of the war ဖြစ်သည် ဟု The world`s Greatest Books in Outline စာအုပ်မှာ ရှင်းပြထားသည်။

ထိုပုံပြင်ကို မြန်မာ့ရိုးရာပုံပြင်ဟု မှတ်ထင်မှု တွေ ရှိ၏ ။

လူမျိုးတိုင်းက ကိုယ့်ဒဏ္ဍာရီကို ကိုယ်ပိုင်ဥစ္စာလို့ထင်တတ်ကြတာချည်းပါပဲ၊ တခြားမှာ အလားတူတွေ့ ရရင် ကိုယ့်ဆီကယူထား ထင်တတ်ပြန်ကော။ ဘာသာရေး ယုံကြည်မှု နှင့် ထွေးရော ယှက်လိမ်နေသော ဒဏ္ဍာရီမျိးကို ဒဏ္ဍာရီပါလို့ ပြောလျှင် လက်မခံချင်ကြပေ။

ဗုဒ္ဓဘာသာရဲ့ အ၀ဒါနစာပေမျိုးကို ဒဏ္ဍာရီလို့ဆိုမိလျှင် ဘာသာတရားရဲ့ အန္တရာယ် ကောင်းလို့ သတ်မှတ်ခံရနိုင်သည်။ ခရစ်ယာန် တစ်ယောက် အား ကမ္ဘာချီရေလွှမ်းမိုးခြင်းအကြောင်း ကို ဒဏ္ဍာရီလို့ပြောရင်ကမ္ဘာဦးကျမ်းကိုပြကာ ကန့်ကွက်ပါလိမ့်မည် ။ လူမျိုးတိုင်းလိုလိုမှာ ကမ္ဘာချီ ရေလွှမ်းဒဏ္ဍာရီ ကျန်ရစ်နေတာ ယေဟောဝါဘုရားက ကမ္ဘာကြီးကို ဦးကျမ်းဆိုတာ ကမ္ဘာ ဖြစ်တည်းဦးက တကယ် ဖြစ်ခဲ့တာတွေ လို့ စွဲမြဲယုံကြည်ထားကြတာကိုး။

အဘယ်မျှ သေချာပါသနည်း. . .။

ထူးဆန်းသော ဒဏ္ဍာရီတွေ မှာ ဂရိတွေ မှ ဆင်းသက်ကာ ဂရိတွေ က ဆူမားရီးယန်း လူမျိုးတွေ ဆီက အခြေခံပုံရ၏ ။ မက်ဆိုပိုတေးမီးယားနှင့် ဘေဘီလုံဒဏ္ဍာရီတွေ ရဲ့ ရင်းမြစ်မူလကို ကြည့်ဖို့လည်း လိုအပ်သည်။

ဒဏ္ဍာရီတွေ ရဲ့ အစောပိုင်းကာလတွေ မှာ ပဝေသဏီရှေးလူတွေ ယုံကြည်ကိုးကွယ်မှု ရှာဖွေကြတာ၊ ဘ၀အဓိပ္ပာယ်ကို ရှာဖွေကြတာတွေ တွေ့ မြင်ရ၏ ။ ဖန်ဆင်းခြင်း၊ မသေနိုင်တဲ့ ၀ိဥာဉ်နတ်ဘုရား၊ နေကိုးကွယ်မှု ၊ သင်းကွပ်ခြင်း(၀ါ)ဘ၀ကိုဖျက်ပစ်ခြင်း၊ ကျောက်တုံးတစ်တုံးက နည်းလမ်းအမျိုးမျိုး နဲ့ ဘ၀အထွေထွေ ဖြစ်တာတွေ စသဖြင့် သွင်တူဆင်ကွဲ အမျိုးမျိုးရောယှက် နေချေ၏ ။

အစဦးမှာ ဒဏ္ဍာရီတွေ ကို နှုတ်ဆင့်ကမ်းခဲ့ကြတာပါ။ နံရံရေး ပန်းချီတွေ လည်း ရှိ၏ ။ နောက်တော့မှ ဂရိတွေ က ရှေ့ဦးပထမ အက္ခရာတင်ခဲ့ကြ၏ ။

ကမ္ဘာကြီး စ ဖြစ်လာပုံ၊ နတ်ဘုရားတွေ ပေါ်လာပုံ Theogony ကို ဘီစီ ၁၈ရာစုမှာ Heriod ကရေး ၏ ။ အစဦးပထမမှာ Gaea ခေါ်တဲ့ မြေကြီး ဖြစ်ပေါ်လာပြီး၊ နောက်မှာ Uranus ခေါ်တဲ့ ကောင်းကင်ကို မွေးဖွားတာဟု ရေး သားထားသည်။

ထိုရေး သားချက်တွေ ကကော အမှန်တကယ် ဖြစ်ခဲ့တာတွေ ပါလို့ အပြည့်အ၀ ယုံကြည်သင့် ပါသလား …။

ထို ဖြစ်တည်ပေါ်ပေါက်မှု တွေ ကို ပြောဆိုရေသားသူကိုယ်တိုင်ရှုမြင်ခဲ့ရလေသလား…။

ကန့်ကွက်ပစ်ပယ်သည်မဟုတ်။ ချိန်ညှိမိခြင်းသာလျှင် ဖြစ်၏ ။

စာပေနှင့်စကားဆိုသည်မှာ အမှန်တကယ် ဖြစ်ခဲ့တာတွေ လည်းရှိသည်။ စိတ်ကူးယဉ်မှု မှ ထွက်ပေါ်လာတွလည်းရှိသည်။ ဆင့်ပွားချဲ့ကားရင်း မူလသဏ္ဌာန် ပျက်ယွင်းသွားမျိုးလည်း ဖြစ်တတ်သည် မဟုတ်လား…။

နောင် နှစ် ပေါင်း ၂၀၀ ဆိုရင် ကမ္ဘာမှာ ထင်မှတ်မထားတဲ့ပြောင်းလဲမှု ကြီးတွေ ဖြစ်ပေါ်လာ မည် ။ ကမ္ဘာကြီးဟာ နှစ် ခြမ်းကွဲသွားနိုင်သည်။ မြေထုပေါ်ကနေ နေလုံးကြီးကို မြင်ရတော့မည် မဟုတ်ဘဲ အကာအကွယ်မရှိသော နေရောင် ခြည်ရဲ့ တိုက်ရိုက်ထိတွေ့ မှု မှာ သက်ရှိသတ္တ၀ါမှန် သမျှ အသက်ဆက်ရှင်ဖိုဆိုတာ ကမ္ဘာ့အခက်ခဲဆုံး ပြဿနာတစ်ရပ် ဖြစ်လာနိုင်ကြောင်း သိပ္ပံပညာရှင် တွေ သုံးသပ်ကြ၏ ။

ကြိုတင်ဟောကိန်းထုတ်သလို တစ်နေ့တစ်ချိန်မှာ ကမ္ဘာဟာ တကယ်ပဲ ပျက်စီးသွားမှာ လား…။

ဒီလိုဆို ခေတ်အဆက်ဆက် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားစွမ်းဆောင်ခဲ့သမျှ၏ နိဂုံးက ပျက်သုဉ်းခြင်းပဲပေါ့။ လောကသည် ဘာအဓိပ္ပာယ်ရှိပါသနည်း…။ ရှင်သန်မှု ၊ ရုန်းကန်မှု ၊ ကြိုးစားမှု ၊ ဖွံ့ဖြိုးတိုးတက်မှု တို့သည် တဒင်္ဂအတွက်ပဲပေါ့။ ဒါကပဲ မတည်မြဲခြင်းတရားရဲ့ အကြီးမားဆုံး ပြယုဂ်လား …။

သက်ရှိသတ္တ၀ါတို့ မှီခိုနေထိုင်သော ကမ္ဘာကြီးသည် သက်ရှိသတ္တ၀ါတို့၏ ရမ်းကားမှု ၊ စည်းကမ်းမဲ့မှု ၊ လက်တလော အလိုကိုသာ ကြည့်မှု ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရှောက်ရေး ကို အလေးမထား ဂရုမစိုက်မှု တို့ကြောင့်ပဲ တစ်စတစ်စနှင့် ယိုယွင်းပျက်စီးလာနေပြီ။ တိုးတက်မှု နှင့် အပြိုင် ဖြစ်ပေါ်နေသော ဘေးထွက်ဆိုးကျိုးတွေ က ကမ္ဘာကြီးကိုနှိပ်စက်သည်။ ကမ္ဘာကြီးပျက်စီးလျှင်သက်ရှိသတ္တ၀ါတွေ ပဲ ဒုက္ခရောက်မည် ။

ကျေးဇူးရှင်ကမ္ဘာကြီးကို ကယ်တင်စောင့်ရှောက်ဖို့ နည်းလမ်းမရှိတော့ဘူးလား. . . ။ ဒီ့ထက်ပို၍ မကြိုးစာြး ကတော့ဘူးလား. . . ။

ဖြစ်ချင်သလို ဖြစ်ဖို့ မလွယ်တဲ့အထဲမှာ အဲဒါလည်းပါမယ်။

ညနေခင်းတိမ်စိုင်တွေ တသည် လေလိုက်၍ ပြေးလွှားနေ၏ ။

အဖြူရောင် တီရှပ်နှင့် ဂျင်းဘောင်းဘီ နက်ပြာရောင် ကိုဝတ်ဆင်ကာ ဗိုလ်တစ်ထောင် ကမ်းနားကို ကြိုး သွားသည်။ ဖုန်းနှင့် တစ်ယောက် ကို တစ်ယောက် ရှာဖွေရင်း တွေ့ သော အခါ အမရာသည် အဖြူရောင် ညနေခင်းဝတ်စုံအား ဆင်မြန်းထားတာ ရှုမြင်ရ၏ ။

မြင်မြင်ချင်း သူမက လက်ကလေးတစ်ဖက်မြှော က်၍ ဝှေ့ရမ်းပြသည်။ ပြီးတော့ ကြိုးဆီ အပြေးလှမ်းလာ၏ ။ လေသယ်ဆောင် မျောလွင့်ပါလာသော ကာတွန်းကားထဲက ချစ်စရာ နှင်းခဲ နတ်မိမယ်လေးတစ်ပါးလိုပါပဲ။

သူမ ကိုယ်လုံး သိပ်လှသည်။

စွဲမက်ဖွယ်ကောင်းလှချည်လား ဒိဌိမလေးရယ်. . .။

အဖြူရောင် သည် အလင်းရောင် ၊ ကြင်နာမှု ၊ အန္တရာယ်ကင်းမှု ၊ အပြစ်ကင်းစင်မှု ၊ အပျိုလူပျို စစ်မှု တို့၏ အရောင် ၊ ခြောက်ပြစ်ကင်း သဲလဲစင်သော အရောင် ဟု ယူဆကြသည်။ မျိုးရိုး စဉ်ဆက်ကို လေ့လာသည့် ပညာမှာ တော့ ယုံကြည်ကိုးစားမှု နှင့် သန့်ရှင်းစင်ကြယ်မှု ဟုဆို၏ ။ ပကတိစင်ကြယ်သော အဖြူရောင် ရှိသလို ရောင် စဉ်များ စွာ ပေါင်းစပ်၍ ဖြစ်ပေါ် လာတတ်သည့် အဖြူရောင် လည်း ရှိသည်ဟု ကြားဖူး၏ ။

“ကြိုး. . . ငါ့ကို ဟိုဝေဖာ ၀ယ်ကျွေးကွာ”

တွေ့ တွေ့ ချင်းပဲ သူမက ပူဆာသည်။ကမ်းနားလမ်းပေါ်မှာ တွန်းလှည်းကလေးဖြင့် ရောင်း သော ဝေဖာအား ကြိုး သွားဝယ်ပေးလိုက် ပါသည်။ ထိုအချိန် သူမက လမ်းနံဘေးမှာ ထိုင်ရောင်း နေသည့် ဘယာကြော်တွေ သွားဝယ်၏ ။

ဝေဖာထုပ်ကလေးကို ကြိုးပေးတော့ အမရာက ဘယာကြောထုပ်ကလေး ပြန်ပေးသည်။

“ဘာလုပ်ရမှာ လဲ”

“စားလေ၊ နင်စားဖို့ ၀ယ်တာ”

“အာ ငါမှ ဘယာကြော် မကြိုက်တာ”

“မကြိုက်လည်းစားရမယ်၊ ငါကျွေးရင်စားမှ ငါက သဘောကျတာ”

“ဘာလဲ၊ ဘေးဘယာတွေ လွှားကျော်အောင် ဘယာကြော် ကျွေးတောလား“

“တော် စမ်းပါဟာ၊ အဲဒီ အယူအဆတွေ ငါ အယုံအကြည်ကို မရှိတာ”

ရယ်သံတချို့ ကမ်းနားတစ်လျှောက်ကပျံ့လွင့်သွားသည်။

ဗိုလ်တစ်ထောင်ကမ်းနား၏ ညနေခင်းသည် သာယာစွာ စည်းကားနေပါ၏ ။ လမ်းပေါ်မှာ လမ်းလျှောက်နေသူတွေ များ သလို၊ ပလက်ဖောင်းနံဘေး ခုံကလေးတွေ မှာ လည်း လူအပြည့်။ မတ်တပ်ရပ်၍ ပတ်ဝန်းကျင်ရှုခင်းကို ငေးမောနေသူတွေ ၊ ကိုယ်လက် လှုပ်ရှား မှု ပြုနေသူတွေ လည်းရှိ၏ ။ ဆိပ်ခံဘောတံတားပေါ်မှာ လည်း လူမနည်းပါဘူး။မြစ်ပြင်နှင့် အနီးကပ်ဆုံးတစ်နေရာအား ရွေးချယ်၍ လေလာရာဘက် မျက်နှာမူကာ ဘောတံတားပေါ်မှာ နှစ် ဦးအတူ ယှဉ်လျက်ထိုင် ဖြစ်ကြ၏ ။ အနေနီးတော့ သွေးသားတွေ ပူနွေးလာသည်။

အမရာ ဝေဖာစားနေတော့ ကြိုးလည်းဘယာကြော်စားနေလိုက်သည်။

“ငရုပ်သီးကြော်တောင့်လေးပါ ကိုက်စားလေ၊ နီနီရဲရဲ ချစ်စရာလေးဟ၊ စားပစ်လိုက်”

သူမက မြှော က်ပေးနေ၏ ။

“စပ်မှာ ပေါ့ဟ”

“ဒီလောက်လှတာ စပ်မလားဟ၊ အဲဒီ ငရုပ်သီးကြော်ရဖို့ မနည်းတောင်းခဲ့ရတာ ၊ ငါက ငါကျွေးရင် စားမှ သဘောကျတာပါဆို၊ ပြောတာမှတ်မထားဘူး“

“အေးပါဟာ၊ စားပါမယ်”

ဘယာကြော်ထုပ်ထဲမှ ငရုပ်သီးတောင့်ကလေးတစ်တောင့်ကို နှိုက်ယူ၍ ကြိုး ကိုက်စားပြလိုက်တော့ အမရာ၊ မျက်နှာလေး ပြုံးရွှင်သွား၏ ။ ကြော်ထားသော ငရုပ်သီး ရနံ့ကလေးက ဆွဲဆောင်မှု အားကောင်းလေတော့ တစ်တောင့်လုံးစားလိုက်မိရာ အစပ် သိပ်မစားနိုင်သော ကြိုးတရှူးရှူးတရှဲရှဲ ဖြစ်ကာ မျက်ရည်ဝဲလာပါတော့သည်။ ထိုအခါ အမရာ ရယ်၍ တစ်ရှူးစကလေးထုတ်ကာ ကြိုးကို သုတ်ပေးသည်။

“နင် အဲ့လို စပ်သွားတဲ့ပုံလေးကိုကြည့်ချင်လို့ ငါက တမင်း စာခိုင်းတာဟ”

ကြိုးကိုကြည့်ကာ တခိခိနှင့် သူမ သဘောကျနေပါသည်။

“ရော့ အစပ်ပြေ ဝေဖာချိုချိုလေး စားလိုက်”

ချော့သလို ပြုံးစိစိနှင့် ဝေဖာခွံ့ကျွေးသည်။ ဇိမ်ပေါ့။ ကြိုး စားတာပေါ့။ ခွံ့ကျွေးအပြီးသူမ လက်ယာလက်ကလေး လှုပ်ရှားသွားသည်။ ကချေသည်တစ်ဦး သွဲ့ပျောင်းစွာ ကကြိုးတစ် ချိုးသလိုပဲ။ လှပသည်။ သပ်ရပ်သည်။ နဂိုရင်သပ်ရှုမောစရာလေးဆိုတော့ ဘာလုပ်လုပ် ဖြစ်ထွန်းမှု တွေ က ဆွဲဆောင်မှု အားကောင်းနေတာပါပဲလား။

“အဲဒါ ဘာလုပ်တာလဲ”

“ဝေဖာ ခွံ့ကျွေးတာလေ”

“အဲ့ဒါပြောတာ မဟုတ်ဘူး၊ နင့်လက်ကလေးလှုပ်ရှားသွားတဲ့ပုံစံကို ပြောတာ၊ စတွေ့ တဲ့နေ့ ကတည်းက နင့်လက် အမူအယာတွေ ထူးခြားတာ ငါသတိထားမိနေတာ၊ အဲ့ဒါ ဘာလဲ ဟင်”

အမရာ ငေးငိုင်သွားတာ ခဏကေလေးပါ။

“သြော်၊ အဲဒါ Sign Language လေ၊ နားမကြားသူတွေ သုံးတဲ့ သင်္ကေတ ဘာသာ စကားပေါ့၊ ငါက အကျင့်ပါနေတာ”

“နင်က. . .”

ကြိုး စကားကို တစ်ဝက်တစ်ပျက်နှင့်ပဲရပ်လိုက်သည်။ အမရာ၏ နားနှစ် ဖက်ကို အကဲ ခတ်ကြည့်မိ၏ ။ နားရွက်နီတျာတျာလေးတွေ ဆီမှာ နားကြားကိရိယာနှင့်တူတာ ဘာတစ်ခုမှ မတွေ့ မြင်ပါ။

“ဘာလဲ နင်က. . . ဆက်ပြောလေ”

“သြော် အဲဒီ ပညာကို နင်ဘယ်ကတတ်တာလဲ သိချင်လို့ပါ”

“ဒီလိုပဲပေါ့ဟာ၊ ဘာလဲ နင်စိတ်ဝင်စားလို့လား၊ အဲဒီ ပညာက တတ်ထားသင့်တယ်နော်၊နင် တတ်ချင်ရင် ငါသင်ပေးမယ်လေ၊ ဆရာကြီးလို့ ခေါ်စရာမလိုပါဘူးဟ”

အမယ် အမယ်. . . တော် ကီက. . . ။ဝါးပင်စိမ်းစိမ်းလို အကြောကလေးနှင့် . . . ။ မေးစေ့ကို ပွတ်သပ်လိုက်သေးသည်။ဟိတ်နဲ့ဟန်နဲ့ပေါ့လေ။ သူ့မေးစေ့လုံးလုံးလေးမှာ အမွေးလည်းမရှိပဲနဲ့များ . . . ။

ကမ္ဘာတွင် အကြားအာရုံသန်စွမ်းသော လူအဖွဲ့အစည်းနှင့် အကြားအာရုံ အသန်စွမ်းသော လူအဖွဲ့အစည်းဟူ၍ ရှိရာ နားကြားသူများ အဓိကပြောဆိုသုံးစွဲနေသော ဘာသာစကားမှာ အသံ ထွက်ဘာသာစကား (Spoken Language) ဖြစ်၍ နားမကြားသူများ နေ့စဉ်သုံးစွဲနေသော ဘာသာ စကားမှာ လက်ဟန်သင်္ကေတပြ ဘာသာစကား (Sign Language) ဖြစ်ကြောင်း၊ နားကြားသော လူအဖွဲ့အစည်းမှာ လူများ စု ဖြစ်ကာ နားမကြားသော လူအဖွဲ့အစည်းမှာ လူနည်းစု ဖြစ်၍ ထိုလူတန်း စားနှစ် ခု ဆုံတွေ့ ရာတွင် ကြီးမားသော အတားအဆီးမှာ ဘာသာစကား ဆက်သွယ်မှု (Barrier Communicate) ဖြစ်ကြောင်း၊ ထိုသို့ သော အတားအဆီးများ ကြောင့် လူနည်းစု ဖြစ်သော နားမ ကြားသူများ မှာ အစစအရာရာ ကဏ္ဍအသီးသီးတွင် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ရသည်မှာ အဓိက အကြောင်းအရင်း ဖြစ်ကြောင်း၊ Sign Language တတ်မြောက်ထားပါက အကြားအာရုံမသန်စွမ်း သူများ နှင့် တွေ့ လျှင် ဆက်ဆံရေး အဆင်ပြေချောမွေ့မည် ဖြစ်ကြောင်း သူမက အကျယ်တ၀င့် ရှင်း လင်းပြောလေသည်။

တကယ် မှတ်သားစရာတွေ ပါပဲ။ ပြီးသော်. . .

“ရှင်းပြရတာ အာခြောက်တယ်ကွာ၊ ဝေဖာစားရတာ လည်း အာကပ်တယ်၊ နင်လည်း စပ်နေ တော့မယ်”

ဟုဆိုကာ နှစ် ယောက် အတူ ရေသန့်သွားဝယ်ရင်း ဗလာစာအုပ်နှင့် ဘောလ်ပင်ကလေးတစ်ချောင်းပါ ၀ယ်၏ ။ စောစောက ထိုင်သည့်နေမှာ ပဲ ပြန်ထိုင်ြ ကတော့ သူမက သူ့ကို Sign Language အ ခြေခံအဆင့်ကို စတင်သက်ကြားပေးပါတော့သည်။

သင်မယ်လည်းမပြောပဲနဲ့. . . ။ဇွတ်နော်. . . ။ဒါလည်းတစ်ဖက်သတ်ပဲ။ဗလာစာအုပ်မှာ ဘောလ်ပင်နှင့် ပုံဆွဲပြသလို လက်အမူအယာ ကိုယ်အမူအယာတွေ လုပ်ပြ၍ လည်း နှုတ်မှ တဖွဖွသင်ကြား၏ ။ တပည့်ကလေး တစ်ယောက် ရပြီဟူ၍ လည်း ကလိပါသေး၏ ။

“ဆရာလို့မခေါ်ရပေသော်ငြား ဆရာကဆရာပဲလေ” ဟူ၍ လည်း တဟဲဟဲနှင့် ပြောသေး၏ ။ ညစ် ကျယ်ကျယ်ရုပ်ကလေးနှင့် ။ တကယ်ပဲ ဆရာလုပ်ရလို့ ရွှင်မြူးနေပုံပါပဲ။

ကြိုးကလည်း သူမအနားမှာ နေရရင် ကျေနပ်နေတာ မဟုတ်လား။

ရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်းကို ရီလေတစ်ဗီတီ သီအိုရီအကြောင်း ရှင်းပြပေးပါရန် မေးရာ ၎င်းက ဥပမာပေး၍ ရှင်းပြသည်။

“မိန်းမချော တစ်ယောက် ကို ခင်ဗျား ပေါင်ပေါ်မှာ တစ်နာရီကြာတင်ထားတဲ့အခါမှာ တစ်မိနစ်ပဲရှိသေးတယ်လို့ ထင်မယ်၊ ဒါပေမယ့် မီးဖိုပေါ်မှာ တစ်မိနစ်ကြာ ခင်ဗျား တက်ထိုင်လိုက်၊ တစ်နာရီလောက်ကြာမယ်လို့ထင်မယ်၊ အဲဒါ ရီလေတစ်ဗီတီ သီအိုရီရဲ့ အဓိပ္ပာယ်ပဲ”

သီအိုရီနှင့် ပတ်သက်၍ ထိုဥပမာ၏ ဆိုလိုရင်း ကို ခံစား၍ ရသော်ငြား အပြည့်အ၀လက်မခံချင်ဘဲအနည်းငယ် ကလန်ကဆန် ငြင်းချက်ထုတ်ချင်တာတွေ ရှိ၏ ။ မိန်းမချောမိန်းမလှပင် ဖြစ်သော်ငြား ကိုယ့်ပေါင်ပေါ် တစ်နာရီလောက် တက်ထိုင်နေလျှင် အောင့်နာညောင်းမျက်မှာ ပဲ မဟုတ်လား။

သာယာမှု မှာ မိန်းမောနစ်မျောတတ်သည့် သဘောကိုတော့ လက်ခံ၏ ။ ယခုပဲကြည့်လေ။

ပုံမှန်လည်ပတ်နေသော အချိန်တွေ က စိတ်အထင်မှာ အကုန်မြန်လိုက်တာ။

မာကျူရီမီးရောင် ဖြာကျနေသော ဘောတံတားပေါ်မှာ မြစ်ပြင်ကို ဖြတ်တိုက်ခတ်လာသော လေအေးတဟူးဟူးနှင့် နှစ် ကိုယ်တူ နီးစပ်စွာ နေထိုင်ခွင့်လေးက ပြီးဆုံးသွားခဲ့ပြီ။ သွေးအေးရတော့ မှာ လား . . . ။ ထိုင်ရာမှထလိုက်ကြပါစို့ ။ ထုံးစံအတိုင်း သူမအိမ်က ဖုန်းဆက်ခေါ် သဖြင့် သူမပြန်ရပေတော့မည် ။

နာရီကြည့်မိတော့ ညရှစ်နာရီကျော်ပြီ။

“နောက်နေ့တွေ တွေ့ သေးတာပေါ့၊ အခုနေ့ပြတာတွေ သေချာလေ့ကျင့်ထားနော်”

“ဟုတ်”

“တပည့်လို့ မခေါ်ဝူးနော်”

“ဟုတ်ပါပြီဗျာ၊ ကျေးဇူးအရမ်းကြီးတင်ပါတယ်”

သူမနှင့် ဆက်ဆံရတာ စပရိန်ပေါ် တက်ခုန်နေရသလိုပဲ။ ရင်ဘတ်တွေ အောင့်၍ အူတွေ အသည်းတွေ ဆောင့်ကာဆောင့်ကာ တုန်သည်။ ဂွမ်းစကလေးဖြင့် နားကြပ်ခံနေရတာ နှင့် လည်းတူပေသေး ရဲ့ ။ယားကျိယားကျိနဲ့လေ။

လမ်းမရောက်တော့ ကားခဏစောင့်ရသည်။ သူမဖုန်းက ထပ်မြန်လာပြန်၏ ။ ခုပဲ ပြန်လာ နေပြီပြောပြီး ကြိုး တားပေးထားသော တက္ကစီပေါ် အမြန်တက်၍ အလျှင်စလိုပုံစံဖြင့် အမရာ ပြန်သွားလေသည်။

ယနေ့အဖို့ ဤမျှနှင့် ပဲ တစ်ခန်းရပ်ပြီပေါ့။ ကားပြတင်းမှ ပေါ်ထွက်နေသော လက်ကလေးတစ်ဖက်က ယိမ်းနွဲ့ဝှေ့ယမ်းလျက်. . . ။ တဖြည်းဖြည်းမြင်ကွင်းမှ ကားကလေး မှု န်ဝါးပျောက်ကွယ်သွားသည်အထိ ကြိုးအလှုပ်မယှက် ရပ်နေမိဆဲ. . . ။

စွဲလမ်းမှု သည် ငါးကြော်အရသာကို သိသွားသော ကြောင်ကလေးတစ်ကောင် ဖြစ်၏ ။

ဝလင်အောင် မကျွန်းနိုင်ဘဲ အမြည်းကလေးတွေ တို့ကနန်း ဆိတ်ကနန်း ပစ်ချမပေးပါနဲ့ လား. . . ။ကောက်ကောက်စာရင်း အရသာမှာ တွယ်ငြိနေမိလို့ပါ. . .။

“ဟေ့ ကြိုး”

“သြော်. . . မိုး . . . ”

အသဲကွဲမိုး ဖြစ်သည်။ ကြိုးလက်ကိုကိုင်လှုပ်၍ လာနှုတ်ဆက်သည်။ တွေ့ လျှင် သူမ ဆက် ဆံပုံက အဲသည်လို တရင်းတနှီး။

“နင် တစ်ယောက် ထဲတည်းလားမိုး”

“မဟုတ်ဘူး၊ အဖော်တွေ ပါတယ်၊ နင့်မြင်လို့ လာနှုတ်ဆက်တာ၊ စောစောတည်းကပဲ၊ နင် အလွမ်းသယ်နေတာ အနှောင့်အယှက် ဖြစ်မှာ စိုးလို့ စောင့်ကြည့်နေတာ၊ အဲ့ဒါ အမရာ မဟုတ်လား”

“နင်သူ့ကို သိလို့လား”

“သိတာပေါ့ ဟ၊ သူတို့ကလည်း ငါတို့လိုပဲ Construction လုပ်တာပဲဟာ”

“ဟုတ်လား”

“နင်မသိဘူးလား”

“မသိဘူး”

မိုးသည် အသဲမိုး ကလောင်အမည် ဖြင့် ၀ါသနာအရ Online မှာ ကဗျာတွေ ရေး သလို၊ မိဘ၏ အလုပ် ဖြစ်သော ဆောက်လုပ်ရေး ကုမ္ပဏီမှာ လည်း သူ့အဖေပြီးလျှင် သူပဲ ဦးစီးလုပ်ကိုင် နေတာ ဖြစ်သည်။

“နင်နဲ့သူက ဘယ်လိုအခြေအနေလဲ”

“အသိမိတ်ဆွေဆိုတာထက် အမျာကြီးမပိုပါဘူး၊ ဒါ ခုလက်ရှိအခြေအနေပေါ့”

“သတိတော့ထားစေချင်တယ်ဟာ၊ သူ့မိဘတွေ က တော် တော် မောက်မာကြတယ်၊ တန်း လည်းအရမ်းခွဲတယ်၊ construction ချင်းတူတာတောင် သူတို့ ကုမ္ပဏီက ငါတို့ထက် အမျာကြီးမြင့် တယ်၊ ပြီးတော့ သူကလည်း ငါ့လိုပဲ၊ ကုမ္ပဏီမှာ သူ့အဖေပြီးရင်သူပဲ”

သိသလောက် မိုးတို့ကုမ္ပဏီသည်ပင် နိုင်ငံတကာနှင့် ဆက်နွယ်မှု ရှိပြီး၊ ရန်ကုန်မြို့ စီးပွား ရေး လောကတွင် အကြီးပိုင်းစာရင်းဝင်၏ ။

မိုးက အမရာတို့ကုမ္ပဏီအမည် ပြောပြသည်။ တကယ့် အကိတ်ကြီးပဲ။ စီးပွားရေး လောက မှာ ဒိတ်ဒိတ်ကြဲ။ ကြိုး ကြားဖူးတာပေါ့။ ရုတ်တရက် ဘယ်လိုကြီး ဖြစ်သွားမှန်းကိုမသိ။ အဲ့စကား တွေ ကြားတော့တကယ် တစ်မျိုးကြီး ဖြစ်သွားတာအမှန်။ အထင်ကြီးသွားတာလား။ ၀မ်းနည်းသွား တာလား။ အားငယ်သွားတာလား။ ဒါမှမဟုတ် ခံစားမှု အစုံ ပေါင်းစုခံစားလိုက်ရတာ လား။

လူ့သဘောဝအရ ကိုယ့်ထက်ကြီးမြတ်ထည်ဝါမှု ကို သိမြင်လျှင် သိစိတ်မသိ စိတ်၏ ယှဉ် နှိုင်းခြင်းနှင့် တကွ စိတ်အားတက်မှု နှင့် စိတ်အားကျမှု ဟူ၍ ဖြစ်ပေါ်လေ့ရှိ၏ ။ အခုဟာက စိတ်အား ထက်တာတော့မဟုတ်။ ခန္ဓာကိုယ်မှ အားအင်တွေ စုပ်နှုတ်ခံလိုက်ရသလို နွမ်းဖျော့သွားတာမို့ စိတ်အားကျသွားတာ ဖြစ်နိုင်သည်။

ငါတို့ကြားမှာ ခရီးက အဝေးကြီးပါပဲလား. . . ။

“နင်ကော အလုပ်တွေ အဆင်ပြေရဲ့ လား”

“မပြေပါဘူးဟာ၊ စာအုပ်ဈေးကွက်က တော် တော် ပျက်နေတာ”

ခေတ်ကောင်းချိန်က ငွေရင်း၍ စာချုပ်ချုပ်ထားတာတွေ က အခုချိန်မှာ ထုတ်လျှင် အရင်း ပြန်ရသည့်အပြင် အရှုံးပြနေ၏ ။ လူဦးရေ သန်း ၆၀ ၀န်းကျင်ရှိသော မြန်မာပြည်တွင် စာအုပ် အုပ်ရေ ၁၀၀၀ ကုန်ဖို့တောင်မလွယ်ဘူး။ အုပ်ရေ ၂၀၀၀ လောက် ရောင်းရလျှင်ပင် အရောင်းရဆုံး စာရင်းဝင် ဘတ်ဆဲလား ဖြစ်နေသည့်ခေတ်။ စောင်ရေ ၂၀၀၀ ကျော်သည့်ကလောင်ဆိုတာ ရှားရှားပါးပါး လက်ချိုးရေတွက်၍ ရသည်။

အရင်းပြုတ်သွားသည့် ထုတ်ဝေသူတွေ ၊ စာအုပ်အရောင်းဆိုင်တွေ ၊ စာအုပ်အငှားဆိုင်တွေ ပေါမှပေါ။ ဘ၀ဟက်ပဲ့ ဖြစ်သွားသော စာရေး သူတွေ လည်း ရှိမှာ အသေအချာ။

ဒါဟာ ခေတ်စနစ်ကြောင့် လား. . . ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေ စာသိပ်မဖတ်ကြတာ လား. . . ။ ရေး သားတင်ပြမှု တွေ ကပဲ ဆွဲဆောင်မှု အားနည်းနေတာလား. . . ။ ဒါမှမဟုတ် အခြား ပါလဲ။

လောကသည် မေးခွန်းများ ဖြင့် ရှုပ်ထွေးစည်းကားလွန်ပါ၏ ။

အနုပညာကိစ္စရပ်တွေ ဖွံ့ဖြိုးအားနည်းမှု မှာ စီးပွားရေး ကြပ်တည်းမှု သည် အခြေခံပြဿ နာတစ်ရပ်ဟု ကြိုးမြင်သည်။ စာပေတွင် ကြည့်လေ။ အားလုံးမဟုတ်ပေမယ့် အများ စုမှာ စီးပွားရေး ကြပ်တည်းတော့ ငွေလိုသည်။ အေးဆေးစွာ အနုပညာဖန်တီးမှု ကို အားမထုတ် နိုင်။ ငွေလိုတော့ စာတွေ အမြန်ပြီးအောင်ရေး သည်။ ပင်ကိုယ်အရည်အချင်းရှိသူတွေ ပင် ဖန်တီးမှု အရည်အသွေးပိုင်း ဆုတ်ယုတ်ကျဆင်းလာတာတွေ တွေ့ မြင်ရသည်။ စာဖတ်သူလူထုက စိတ်ဝင်စားသင့်လောက် စိတ်ဝင်စားမှု မရြှိ ကတော့။ ဒီတော့ စောင်ရေတွေ ပိုကျ၍ ငွေအရပိုနည်းသည်။ ငွေထပ်လိုတော့ စာတွေ အမြန်ရေး ပြန်၏ ။ သံသရာကလည်နေတာ။ မြန်မာဗီဒီယိုဇာတ်ကား အများ စုလည်း ထိုနည်း၎င်းပါပဲ။

ယခုခေတ်မှာ စာပေထက် အခြားဖျော်ဖြေရေး တွေ ဘက် အာရုံရောက်နေကြတာ များ ၏ ။ စာတစ်အုပ်ထက် ဈေးနှုန်းသက်သာ၍ မိသားစု တစ်ပြိုင်နက်ကြည့်ရှုနိုင်သော နိုင်ငံခြားရုပ်သံ ဇာတ်လမ်းတွဲ အခွေတွေ ၊ အင်တာနက် အသုံးပြုမှု တွေ စသဖြင့်။ယနေ့ လူငယ်အများ စုသည် အင်တာနက်ကို ဗဟုသုတနှင့် မိမိအတွက်ကောင်းကျိုး ဖြစ်စေဖို့ထက် ဖွန်ကြောင်ဖို့၊ဖျော်ဖြေရေး နှင့် အချိန်ဖြုန်းမှု အတွက်လောက်သာအသုံးပြုမှု များ နေတာ သတိပြုမိ၏ ။ တချို့သော မိဘတွေ က လည်း ကွန်ပျူတာရှေ့ထိုင်ပြီး ကိုယ့်သားသမီး အင်တာနက်သုံးနေတယ်ဆို အဟုတ်ကြီးထင်နေ တာ။ ခေတ်နှင့် မျက်ချည်ပြတ်သော လူကြီးတွေ နှင့် လူငယ်တွေ ကြားကွာဟမှု ၏ ဆိုးချက်တစ်ခု ဖြစ်၏ ။

ဖျော်ဖြေရေး ဆိုတာလည်း လိုအပ်သမို့ ကြိုးတော့ အသုံးပြုမှု မျှတစေရန် သတိပြုဆင်ခြင် ၏ ။

ကမ္ဘာ့လူဦးရေ သန်းပေါင်းများ စွာ ကို ခြိမ်းခြောက်လျက်ရှိသည့် စားနပ်ရိက္ခာ ပြဿနာ၊ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်မှု ၊ဖောင်းပွသလောက် ရှားပါးနေသော ငွေကြေးကြပ်တည်း မှု အခက်အခဲတို့သည် စီးပွားရေး ၊ပညာရေး ၊အနုပညာ၊လူနေမှု နှင့် စိတ်ဓာတ်ရေး ရာ အစစအရာရာ ကို ဂယက်ရိုက်ထိခိုင်စေလလေ၏ ။

ဆင်းရဲသားလူဦးရေ များ ပြားသော တိုင်းပြည်တစ်ပြည်မှာ စီးပွားရေး လုပ်ငန်းတွေ ရုတ်တရက် လျှင်မြန်စွာ ဖွံ့ဖြိုးပေါ် ပေါက်လာသည့်အခါမျိုးတွင် ၊ အသစ် ဖြစ်ပေါ်လာသော စီးပွားရေး ဖွံ့ဖြိုးမှု ၏ အကျိုးအမြတ်ကို လူတစ်ဝက်ခန့်ကသာ ခံစားရလေ့ရှိသည်။ ထိုခံစားရသူတို့သည် ရရှိလာသည့်ဝင်ငွေသစ်များ ကို စားနပ်ရိက္ခာရောင်းအား အလျှင်အမြန်တိုးတက် မလာပါကဈေးနှုန်း များ ထိုးတက်သွားကြမည် ဖြစ်သည်။ ထိုအခါ ၀င်ငွေအသစ် တိုးမလာသည့် ကျန်ဆင်းရဲသားများ မှာ စားသောက်ကုန်ဈေးနှုန်း တိုးမြှင့်ခြင်း၏ ဒဏ်ကို တစ်ဖက်သတ်ခံရကာ ငတ်မွတ်မှု များ ဖြစ်ပေါ်လာပေမည် ။ အဲသည်နည်းမျိုးဖြင့် ဖြစ်သည့် ဘေးဒုက္ခများ မှာ ကမ္ဘာ၌ ကြိမ်ဖန်များ စွာ ပေါ် ပေါက်ခဲ့ပြီး ဖြစ်၏ ။ ဆိုးဆိုးဝါးဝါးသာဓကတစ်ခုမှာ ဗြိတိသျှအုပ်ချုပ်ရေး နှောင်းပိုင်းကာလ အိန္ဒိယတွင် ဖြစ်ပွားခဲ့သည့် ၁၉၄၃ခုနှစ် ဘင်္ဂလားအငတ်ဘေးကြီးပေါ့။

ကမ္ဘာ့စားနပ်ရိက္ခာပြဿနာသည် တစ်ဦးချင်းအတွက် စားနပ်ရိက္ခာ ထုတ်လုပ်မှု နှုန်းထား ကျဆင်းသွားခြင်းကြောင့်သာ ထိုပြဿနာ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ထိုပြဿနာကို တစ်ကမ္ဘာလုံး ယခုထက် ပိုမိုပူးပေါင်း၍ စားနပ်ရိက္ခာထုတ်လုပ်မှု လျှင်မြန်စွာ တိုးချဲ့သော နည်းဖြင့် ဖြေရှင်းနိုင်သည်ဟု ဟားဗတ်တက္ကသိုလ်မှာ စီးပွားရေး ပညာနဲ့ ဒဿနိကပညာရပ်ကို သင်ကြားပို့ချ လျက်ရှိသော ၁၉၉၈ ခုနှစ် က စီးပွားရေး ပညာရပ်ဆိုင်ရာ နိုင်ဗယ်လ်ဆုချီးမြှင့်ခြင်းခံရသူ အမတြာဆင်း (Amartya Aen) က ဆို၏ ။

အမြတ်အစွန်း မျှော်ကိုး၍ ကုန်ပစ္စည်းတွေ လက်ဝယ်သိုလှောင် သိမ်းဆည်းထားမှု တို့ပါ အထိုက်အလျောက် လျှော့ချဖို့ လိုအပ်သည်ဟု ကြိုး ယူဆသည်။

မိုးနှင့်ကfacebookစသုံးကတည်းက Online မှာ ရင်းနှီးတာ ဖြစ်ပြီး ခင်တာကြာပြီမို့ တစ်ယောက် အကြောင်း တစ်ယောက် တော် တော် သိကြ၏ ။ အထိုက်အလျောက် ပွင့်လင်းမှု တွေ ရှိကြ၏ ။ အတော် ကြာ စကားပြောပြီး သူ့အဖော်တွေ လာခေါ်သဖြင့် မိုး ထွက်သွားတော့ ငှားရမ်း နေထိုင်ရာ တိုက်ခန်းကျဉ်းကလေးဆီ ကြိုး ပြန်လာခဲ့ပါသည်။

အထက်မှာ မော့ကြည့်စာတွေ ရှိသလို အောက်မှာ ငုံ့ကြည့်စရာတွေ ရှိသည်ဆိုသော သဘောတရားကို ထိုညက ကြိုး နှလုံးသွင်းလေ့ကျင့်နေမိလေသည်။

ဒီညတော့ လွမ်းရတာ တောင် မရဲတရဲပါပဲလား. . .။

* * * * *


(ပုံပြင် - ဃ )

တစ်ခါတုန်းက လူငယ် တစ်ယောက် ဟာ ဆိုခရေး တီးထံ သွားမေးတယ်။

“ကျွန်တော် အောင်မြင်ခြင်းရဲ့ သော့ ချက်ကို သိချင်ပါတယ်”

ဆိုခရေး တီးက လူငယ်ကို မနက်ဖြန်မနက် မြစ်ကမ်းဘေးလာဖို့ မှာ လိုက်တယ်။

နောက်တစ်နေ့မနက်ရောက်တဲ့အခါ လူငယ်နဲ့ဆိုခရေး တီးဟာ မြစ်ကမ်းဘေးမှာ တွေ့ ဆုံကြတယ်။“အောင်မြင်ခြင်းရဲ့ သော့ ချက်ကို သိချင်ရင် ငါနဲ့အတူ မြစ်ထဲကို ဆင်းရဲလား”လို့ ဆိုခရေး တီးက မေးတော့လူငယ်က“ ဆင်းရဲပါတယ်” လို့ဖြေတယ်။

ဒီလိုနဲ မြစ်ထဲကို ဆိုခရေး တီးနဲ့လူငယ် ဆင်းသွားကြတယ်။

တဖြည်းဖြည်း ရေက နက်သထက်နက်လာပြီး လည်ပင်းပေါ် ရုံလောက်အထိရောက်လာ ခဲ့တယ်။ အဲဒီ အချိန်မှာ ရုတ်တရက် ဆိုခရေး တီး လူငယ်ကို ကိုင်ချုပ်ပြီး ခေါင်းကို ရေထဲ နှစ် ချလိုက်တယ်။ လူငယ်က ကြောက်လန့်တကြား ရုန်းကန်ပါတယ်။ ဒါပေမယ့် ဆိုခရေး တီးက ပိုသန်မာတဲ့အတွက် လူငယ် ဘယ်လိုမှ ရုန်းထွက်လို့ မလွတ်မြောက်ဘူး ဖြစ်နေခဲ့တယ်။

အသက်ရှူမရ ဖြစ်ပြီး မျက်နှာတွေ ပြာနှမ်းလာတဲ့အချိန်ရောက်မှ ဆိုခရေး တီးက လူငယ် ကို ရေထဲက ဆွဲဖော်ပေးတယ်။ ဦးခေါင်းရေပေါ် ရောက်ရောက်ချင်း လူငယ်ဟာ လေကို အသည်း အသန်ရှူလို့ မောပန်းနေပါတယ်။

ဆိုခရေး တီးက လူငယ်ကိုမေးတယ်။

“ရေထဲမှာ ဦးခေါင်းနစ်နေတဲ့အချိန်တုန်းက မင်း အတောင့်တဆုံးအရာက ဘာလဲ”

“လေကို ရှူဖို့ပါ”

“အောင်မြင်ခြင်းရဲ့ သော့ ချက်ဆိုတာ အဲဒါပါပဲ။ မင်းဟာ ရေထဲနစ်နေတဲ့အချိန်တုန်းက လေကို တောင့်တသလို ပြင်းပြတဲ့ဆန္ဒ အာသီသမျိုးအောင်မြင်ခြင်းကို လိုချင်တယ်ဆိုရင် မင်း အောင်မြင်ပါပြီ”

* * * * *




ဝန်ဇင်းချစ်သူများ လင်းညှို့သွေး ၏ “ ကြိုး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နယ်ခြားမှတ်တိုင်

ဂျစ်ပစီသင်ခန်းစာ

သူငယ်ချင်းအတု