Cover

ရယ်တော့ရယ်စရာပဲ။

အသိဉာဏ်ကြီးမားပါတယ်ဆိုတဲ့ လူတွေ ဟာ

ကိုယ့်နာကျင်မှု ကို ကိုယ့်ဘာသာ စိုက်ပျိုးမွေးမြူပြီး

မလွတ်တမ်းဖမ်းဆုပ်ကိုင်တွယ်ထားကြလေ့ရှိတယ်။

ပြီးတော့မှ. . .

မနိုင်မနင်းတွေ ဖြစ်လာတော့မှ. . .

တစ်ယောက် ယောက် ကြောင့် ပဲ ဒီလို ဖြစ်ရသလိုမျိုးတွေ

ညည်းတွားကြတယ်. . .

သနားလည်း သနားစရာပဲနော်။

အင်း. . . ဒါကပဲ လူသားပီသခြင်းရဲ့ . . .

မွေးရာပါ သင်္ကေတ ဖြစ်မယ် ထင်ပါရဲ့ ။

အလွမ်းဆိုတာ

ကိုယ့်ကိုယ်ကို အညှာအတာမဲ့ နှိပ်စက်နေတဲ့

စိတ်အလိုလိုက်မှု တစ်ခုပါပဲ။

•••

အခန်း (၁)

ခေတ်မီဖွံ့ဖြိုးသော မြို့တစ်မြို့. . .။ ထိုမြို့ရှိ ၀င့်ထည်ခန့်ငြားသော ဘူတာရုံ. . .။ ထိုဘူတာ ရုံ ထိုးဆိုက်လာသော ရထားတစ်စင်း. . . ။ ထိုရထားအတွင်းမှ ဆင်းထွက်လာကြသည့် ခရီးသည်များ . .။ ထိုခရီးသည်များ ကြားမှ မအူမလည်ဟန်ဖြင့် ဆယ်ကျော်သက်အရွယ် ကောင်မလေး တစ်ယောက် . . .။

သူမ မျက်နှာလေးက ၀လုံးလေးတစ်လုံးနှင့် အလားသဏ္ဌာန်တူ၏ ။ ခန္ဓာကိုယ် ဖွဲ့စည်း တည်ဆောက်ပုံကလည်း သွယ်သွယ်ပြည့်ပြည့်ကလေး။ အရပ်က ငါးပေလေးလက်မ ၀န်းကျင် ခန့်ရှိမည် ။ အသားအရည်မှာ ၀ါဝါညက်ညက် ၀င်းဝင်းဖန့်ဖန့်လေးနှင့် ရှင်းသန့်လို့နေပေသည်။ ကိုယ်နေဟန်လှုပ်ရှားသွားလာပုံ ကတော့ ဆင်မပျိုနှင့် သမင်ပျိုပေါင်းစပ်စပ်ထားသလိုမျိုးပင် ဖြစ်လေ၏ ။

သူမ ခြေထောက်တွေ က လမ်းပျောက်နေပုံရသည်။ သူမ၏ လက်အစုံမှာ လည်း အထုပ် အပိုးတွေ ကို မနိုင်မနင်း ဆွဲသယ်ထားရသေးသည်။ သူမ ပုံစံလေးက မ၀ံ့မရဲ ဖြစ်လျက်ရှိ၏ ။ သူမ၏ မျက်လုံးကလေးတွေ မှာ အားငယ်ဟန်ဖြင့် ချာချာလည်နေပါသည်။

နေလုံးသည် တဖြည်းဖြည်းချင်း အင်အားဆုတ်ယုတ်လာချေပြီ။ မကြာမီ အလင်းပြိုပျက် ကာ အမှော င် ဖြစ်လာပေတော့မည် ။ ၀လုံးနှင့် တူသော မျက်နှာပိုင်ရှင်ကောင်မလေးသည် ဘူတာရုံ အတွင်းမှ ထွက်လာခဲ့ပြီးသည့်နောက် မြို့ပြ၏ လမ်းတွေ ပေါ်မှာ တစ်ယောက် တည်း လျှောက်သွား နေပြန်ပါသည်။ သူမသည် လိပ်စာရေး ထားသော စာရွက်အပိုင်းကလေးကိုင်၍ အကူအညီတောင်း စရာလူ လိုက်ရှာနေသည်။

ထိုစဉ်မှာ ပင်. . . သူမနှင့် မလှမ်းမကမ်း တစ်နေရာ၌ လူတစ်စုကို တွေ့ မြင်လိုက်ရလေ သည်။ အကူအညီရလိုရငြား ထိုနေရာသို့ သူမသွားလိုက်သည်။ သို့ရာတွင် အနီးအနားရောက်စဉ် မှာ ပင် လှမ်းလက်စခြေလှမ်းတွေ တုံ့ဆိုင်းရပ်တန့်သွားတော့၏ ။

‘ဟိတ်ကောင်. . . မင်းခုနက ဘာအချိုး ချိုးသွားတာလဲ’

‘မင်းအလုံးက ကန်းနေလို့ ပထွေးကို ပြန်မေးနေတာလား. . .’

‘တောက်. . . မင်း ကတော့ နာချင်ပြီထင်တယ်. . .’

‘စမ်းကြည့်လေ. . . ဘယ်သူနာမလဲဆိုတာ. . .’

ကောင်လေးနှစ် ယောက် စကားများ နေကြခြင်း ဖြစ်သည်။ အသက် ကတော့ သူမနှင့် မတိမ်း မယိမ်းလောက်ပင် ရှိလိမ့်ဦးမည် ။ တစ်ယောက် က ပန့်ခ်ကေနှင့် ဖြစ်ပြီး တစ်ယောက် ကတော့ အီမို ကေနှင့် ။ ပန့်ခ်ကေနှင့် ကောင်လေးက အနည်းငယ် အသားညိုပြီး အီမိုကေနှင့် ကောင်လေးက တော့ အသားဖြူသည်ဟ ပြော၍ ရသည်။ နှစ် ယောက် စလုံးပဲ ကိုယ်လုံးကိုယ်ထည်ဖွံ့ထွားကာ အရပ်မြင့်မားကြ၏ ။ ရုပ်ရည်ကလည်း တစ်ယောက် တစ်မျိုးစီ ကြည့်ကောင်းပေသည်။

‘မင်းစော်ကားတာ မိုက်ရိုင်းအားကြီးတယ်. . .’

‘အဲဒီ တော့ ဘာ ဖြစ်လဲ’

‘တောက်. . .’

သူမ ရပ်ကြည့်နေစဉ်မှာ ပင် စကားပြောရင်း ခြေတွေ လက်တွေ ပါလာပြီး တစ်ယောက် နှင့် တစ်ယောက် ထိုးကြိတ်ကန်ကြောက်ြ ကတော့၏ ။ ထိုအခါ သူတို့နားမှာ ရပ်နေသည့် ကောင်လေး တွေ ကလည်း သူတို့အဖော်ဘက်မှ ၀င်ပါကြလေသည်။ ပန့်ခကေနှင့် ကောင်လေးဘက်က လေး ယောက် ဖြစ်ပြီး အီမိုကေနှင့် ကောင်လေးဘက်က ငါးယောက် ဖြစ်သည်။ ရန်ပွဲသည် ဟစ်အော် ကြိမ်းဝါးသံတွေ ဆူညံကာ ငရဲပျက်သလို ပွက်လောရိုက်နေပေသည်။

တားဆီးထိန်းချုပ်မည့် သူ မရှိသည့် အဖွဲ့နှစ် ဖွဲ့၏ ရန်ပွဲက တစ်စထက်တစ်စ ပိုမိုကြီးထွား ပြင်းထန်လို့လာ၏ ။ အခြေအနေက မနီးမဝေးရှိ သူမကိုပင် လာရောက်ထိခိုက်မိမှာ စိုးရိမ်ရသည်။ ဒါကြောင့် ကိုယ်နှင့် မဆိုင်တာကို မဆိုင်သလို ဥပေက္ခာပြုကာ. . . ထိုနေရာမှ သူမ အလျှင်မြန်ဆုံး ရွေ့လျားထွက်ခွာလာခဲ့တော့၏ ။

ညသည် အမှော င်ရည် စတင်၍ ဖျန်းပြီ။ မေးရင်းစမ်းရင်းနှင့် ပင် မျက်နှာဝိုင်းမလေးသည် သူမသွားလခိုရာခရီးဆုံးကို ရောက်ရှိခဲ့ပြီ ဖြစ်လေသည်။ သေသပ်သစ်လွင်သော အိမ်၏ ပိတ်ထား သော တံခါးချပ်ရှေ့ရမှာ ရပ်၍ နေရင်း ရင်တွေ တထိတ်ထိတ်ခုန်ကာ သူမ စိတ်လှုပ်ရှားနေပါသည်။

ခဏမျှကြာပြီးတော့မှ အနည်းငယ်တုန်ယင်နေသော လက်ချောင်းများ ဖြင့် တံခါးကိုခေါက် လိုက်ပါ၏ ။

‘ဒေါက်. . . ဒေါက်’

တံခါးသည် တစ်ဝက်တစ်ပျက်ပွင့်လာပြီး ချစ်စဖွယ်ကောင်းသော ကလေးငယ် တစ်ယောက် ၏ ဦးခေါင်းလေး ပြူထွက်လာသည်။ ကလေးငယ်ကို သူမ နှုတ်ဆက်လိုက်၏ ။

‘ဟိတ်. . . လူနေ. . .’

ကလေးငယ်၏ အမူအယာက သူမကို သိဟန်မပြ။

‘အန်တီက ဘယ်သူလဲဟင်. . .’

‘ငါက အန်တီမဟုတ်ပါဘူး. . .’

‘အန်တီ မဟုတ်ရင် ဘာလဲ. . .၊ အဲ. . . သိပြီ၊ အန်တီမဟုတ်ရင် အလှူခံပဲ ဖြစ်မယ်၊ ဒီနေ့ အလှူခံတွေ တစ်ခုပြီးတစ်ခု လာနေတာ၊ မာမီရေ. . . ဒီမှာ အလှူခံနောက်တစ်ခု လာပြန်ပြီ၊ မာမီ သင်ပေးထားတဲ့အတိုင်းပဲ လူကြီးတွေ မရှိဘူးဆိုပြီး တံခါးပိတ်ပစ်လိုက်မယ်နော်. . .’

‘လူနေ. . . မောင်လေး. . .’

‘လူကြီးတွေ မရှိဘူးဗျ၊ ကန်တော့ပါသေးရဲ့ . . .’

‘ဟဲ့. . . ငါက မင်းရဲ့ အစ်မတော် တယ်. . .’

သူမ စကားဆုံးအောင်ပင် မပြောလိုက်ရ။ တံခါးက ၀ုန်ခနဲပြန်ပိတ်သွားသည်။ ရယ်ချစ်စိတ် တစ်ဝက် စိုးရွံ့မှု တစ်ဝက်ဖြင့် ပင် တံခါးကို သူမ နောက်တစ်ကြိမ် ထပ်ခေါက်လိုက်ပြန်သည်။

‘ဒေါက်. . . ဒေါက်. . .’

‘ဒီအချိန်တော့ အလှူခံမလာလောက်တော့ပါဘူး လူနေရယ်. . .၊ သားတစ်ခုခု မှားတာ ဖြစ်ပါလိမ့်မယ်. . .’

ရေရွတ်သံနှင့် အတူ တံခါးပွင့်လာပြီး အသက်လေးဆယ်ခန့် အမျိုးသမီးကြီးတစ်ဦး ထွက်လာသည်။ ထိုအခါ သူမရင်ထဲမှာ စိမ့်ခနဲနေအောင်ပင် ကြည်နူးရှိန်းမြသွားရလေ၏ ။

‘မေမေ’

‘ဟင်. . . သမီး. . . ပြည့်’

အမျိုးသမီးကြီး၏ မျက်နှာထားသည် ပြုံးရွှင်တောက်ပသွားကာ မျက်နှာဝိုင်းမလေးကို အသေအချာကြည့်ပါသည်။

‘သမီး ရောက်လာပြီကိုး၊ အင်း. . . သမီးတောင် တော် တော် ကြီးပြီပဲ၊ ဒီနေ့ လာမယ်ဆိုတာ ဘာလို့ ဖုန်းကြိုမဆက်လဲ၊ ဖုန်းလှမ်းဆက်ထားရင် မေမေလာကြိုမှာ ပေါ့. . .’

‘ရပါတယ်. . . မေမေရယ်. . . သမီးကြောင့် မေမေတို့ အလုပ်ရှုပ်နေမှာ စိုးလို့ပါ. . .’

‘ဘာမှမ ဖြစ်ပါဘူး သမီးရယ်၊ လာ. . . လာ. . . အိမ်ထဲလာ. . .’

အမျိုးသမီးကြီး ပြည့်ဆိုသော မျက်နှာဝိုင်းမလေးကို နွေးထွေးယုယစွာ ဆက်ဆံကြိုဆို၏ ။ ပြည့်သည် သူမ၏ အထုပ်အပိုးများ ကို သယ်ပိုးယူငင်၍ အိမ်ထဲသို့ဝင်လေသည်။ အမျိုးသမီးကြီးက ကူညီကာ နေရာချထားပေး၏ ။

‘သမီးအဘွား ဒေါ်ခင်စန္ဒာကလည်း သြစတြေးလျက ပြန်လာတယ်လို့ ကြားလိုက်တယ် ဟုတ်လား. . .’

‘ဟုတ်ကဲ့. . .’

‘ဒီအိမ်မှာ သမီး လွတ်လွတ်လပ်လပ်သာနေ၊ လိုအပ်တာရှိရင်လည်း မေမေ့ကိုပြော၊ ဦးတင့် နိုင်ဝင်းကိုလည်း သမီးရဲ့ ပထွေးလို့ မတွေးနဲ့ပေါ့၊ ဒီက မောင်နှမတွေ နဲ့လည်း အဆင်ပြေအောင်နေ ကြားလား. . .’

‘ဟုတ်ကဲ့ပါ မေမေ. . .’

‘ပြောသာနေတာ. . . မေမေ့သမီးက လိမ္မာပြီးသားပါ၊ ဒါနဲ့ သမီး ဆုရည်ဝေနဲ့ တစ်ခန်း တည်းအတူနေလို့ ဖြစ်တယ်မို့လား’

‘ရပါတယ် မေမေ၊ ဖြစ်ပါတယ်. . .’

‘အင်း. . . ဆုရည်ဝေက သမီးဒီမှာ လာနေတော့မယ်ဆိုတာသိတော့ သူ အဖော်ရတော့ မယ်ဆိုပြီး ပျော်နေတာ. . .’

‘သြော်. . .’

ဆုရည်ဝေက ဦးတင့်နိုင်ဝင်း ပထမ မယားနှင့် ရသော သမီး ဖြစ်သည်။ အသက်က ပြည့် ထက် နှစ် နှစ် ကျော်ငယ်သည်။ လူနေ ကတော့ ဦးတင့်နိုင်ဝင်းနှင့် ပြည့်၏ မိခင် ဒေါ်တင်တင်အေးတို့ ညားကာမှရသော ကလေး ဖြစ်၏ ။ ထို့ကြောင့် အသက်က ပြည့်တို့နှင့် များ စွာ ကွာသည်။ လူနေ၏ အသက်က အခုမှ ငါးနှစ် ပင်မပြည့်သေးချေ။ သူ့နာမည် အရင်းမှာ စိုးသူရ ဖြစ်ပြီး လူလိုသူလိုမနေဘဲ ဆော့လွန်းသော ကြောင့် လူလိုသူလိုနေရင် သွန်သင်ဆုံးမရင်းနှင့် နှုတ်ကျိုးပြီး လူနေဟု အမည် တွင် သွားခြင်း ဖြစ်သည်။

ဦးတင့်နိုင်ဝင်းနှင့် ဆုရည်ဝေသည် အပြင်သွားရာမှ ပြန်ရောက်မလာကြသေးချေ။ ပြည့် သည်အခန်းထဲသို့ ပစ္စည်းပစ္စယတွေ ရွှေ့ပြောင်းပြီးသော အခါ ကုတင်ပေါ်မှာ ခဏထိုင်နားနေလိုက် သည်။ ပြီးတော့ အိတ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်၍ ကြည့်နေမိလေသည်။

ထိုအခါ လွှမ်းဆွေးဆွတ်ပျံ့ခြင်းများ သည် သူမရင်တွင်းသို့ တလိမ့်လိမ့် စီးဆင်းဝင်ရောက် လာပါတော့သည်။

‘ဖေဖေ. . . သမီးကို စိတ်မပူနဲ့နော်၊ သမီး အဆင်ပြေပါတယ် ဖေဖေရယ်. . .’

ဘ၀တစ်ပါးသို့ ကူး ပြောင်းသွား ခဲ့ပြီ ဖြစ်သော ဖခင် ဖြစ်သူသည် သူမအား ဓာတ်ပုံထဲမှ ပြုံး၍ ကြည့်နေသည်။ ပြည့်၏ မျက်ဝန်းအစုံသည် မျက်ရည်အစအနတို့ကြောင့် ရုတ်တရက် စွတ်စိုေ၀၀ါး လာသည်။ မငိုမိစေရန် သူမကြိုးစား၍ ထိန်းချုပ်ပစ်လိုက်ပါ၏ ။

ကျန်ရှိနေသေးသည့် ရင်ဆိုင်စရာ မနက်ဖြန်များ စွာ အတွက် သူမအားမွေးထားလိုက်ပါသည်။

•••

အခန်း (၂)

မြို့ပြ၏ လမ်းမများ ထက်မှာ ပြည့် တစ်ယောက် လျှောက်သွားနေပြန်ပါသည်။ ဒီမြို့က သူမ အတွက် အစိမ်းသက်သက်မဟုတ်ချေ။ ဒီမြို့မှာ နှစ် ကာလများ စွာ ကြာအောင် သူမ နေထိုင်ခဲ့ဖူးပါ သည်။ မိခင်နှင့် ဖခင် ကွဲကွာသွား၍ သာ သူမလည်း ဒီမြို့ကို ခွဲခွာကာ ထားရစ်ခဲ့ရတာ ဖြစ်သည်။

အခု. . . မတွေ့ မမြင်ရတာ နှစ် ကာလအတန်ကြာပြီ ဖြစ်သော မြို့၏ လက်ရှိအခြေအနေနှင့် အပြောင်းအလဲများ ကို စိတ်ဝင်တစား လေ့လာနေမိပါသည်။ ထိုစဉ်မှာ ပင် သူမအနီးအပါးသို့ ကောင်လေး တစ်ယောက် ကပ်လာ၏ ။

‘အစ်မ. . . အစ်မ အင်္ဂလိပ်လို တတ်လားဟင်. . .’

‘အင်း. . . နည်းနည်း ပါးပါးတော့ တတ်ပါတယ်. . .’

ပြည့် အလိုက်သင့် ပြန်ဖြေလိုက်သည်။ ထိုအခါ ကောင်လေးက တစ်ဆင့်တက်လာပြန် သည်။

‘ဒါဆို ကျွန်တော့်ကို တစ်ခုလောက် ကူညီပါလား. . .’

‘ဘာကူညီရမှာ လဲ. . .’

‘ကျွန်တော့် ကို အင်္ဂလိပ်လို စာလေးတစ်စောင်လောက် ရေး ပေးစမ်းပါ. . .’

‘ဘာစာလဲ’

‘ရည်း. . . ရည်းစားစာ’

‘ဘယ်လို. . .’

‘ဒီလိုပါ. . . ကျွန်တော် ကြိုက်တဲ့ ကောင်မလေးက အင်္ဂလိပ်လို အနည်းအပါး တတ်တယ် လေ၊ ကျွန်တော် က သူ့ကို ချစ်တဲ့ကြိုက်တဲ့အကြောင်း အင်္ဂလိပ်လိုရေး ပြီး စာပေးချင်တာ၊ အဲဒါ ကြောင့် ရေး ပေးပါလားလို့ အကူအညီတောင်းတာ. . .’

‘သြော်. . . အဲ့ဒါများ ကိုယ့်ဘာသာ ရေး ပေးလိုက်ပါလား. . .’

‘ကျွန်တော် က ကောင်းကောင်းမရေး တတလို့ပါ အစ်မရယ်၊ ကူညီပါဗျာ. . . နော်. . .’

ကောင်လေးက မျက်နှာငယ်လေးနှင့် ပြောတော့ ပြည့် အားနာသွားမိသည်။

‘ကဲ. . . ဒါဆိုလည်း ပေး. . . စာရွက်နဲ့ ဘောလ်ပင်. . .’

‘ဟုတ်. . . ဟုတ်. . . ကျေးဇူးပါပဲ’

ကောင်လေးက သူ၏ ဘေးလွယ်အိတ်ထဲမှ စာရွက်နှင့် ဘောလ်ပင်ထုတ်၍ ပျာပျာသလဲ ပေးသည်။ ပြည့်သည် ကောင်းမှု တစ်ခုပြုလုပ်သည်ဟုပင် သဘောပိုက်ကာ လမ်းနံဘေးမှာ စောင့် ကြောင့် ထိုင်လိုက်လေသည်။ ပြီးတော့မှ ဒူးပေါ်တွင် စာရွက်ကိုတင်၍ ဘော့လ်ပင်နှင့် တတ် သလောက် မှတ်သလောက် ဟိုရေး ဒီခြစ် လုပ်လိုက်လေ၏ ။

‘ကျွန်တော့်နာမည် လေးလည်း ပါအောင်ရေး ပေးပါနော်’

‘ပြော. . . နာမည် ’

‘၀င်းလွင်ဦး. . .’

ပြည့်သည် လက်မှတ်ပါ အဆစ်ထိုးပေးလိုက်သေးသည်။ ပြီးတာနှင့် ကောင်လေးကို ပြလိုက်၏ ။

‘ဒီလောက်ဆို ရပြီမို့လား. . .’

‘အဲ. . .’

ကောင်လေးက စာရွက်ကို အသေအချာကြည့်သည်။ ကြည့်ရင်းနှင့် သူ့အမူအယာပျက်လာ သည်။

‘ဟိုလေ. . .’

‘ပြော. . . ဘာလဲ’

‘ကူညီလက်စနဲ့ တစ်ခါတည်း လက်ရေး သည်းခံပါလို့လည်း ရေး ပေးပါဦး. . .’

‘ဘာ. . . ဘာပြောတယ်. . .’

ပြည့် ရှူးခနဲ ဒေါသထွက်သွားလေသည်။ ရှက်လည်း ရှက်သွားမိ၏ ။

‘နင်. . . ငါ့ကို တမင်သက်သက် အရှက်ခွဲနေတာလား. . .’

‘မ. . . မဟုတ်ပါဘူး အစ်မရယ်. . . အမှန်ကိုပြောတာပါ. . .’

‘အောင်မာ. . .’

ပြောကာမှ ပိုတောင်ဆိုးလာသည်။

‘လမ်းဘေးမှာ ဒူးပေါ်တင်ရေး ရတာ ပဲဟဲ့. . . ဒီလောက်တော့ ရှိမှာ ပေါ့. . .’

‘ဟုတ်တော့ ဟုတ်ပါတယ်. . .’

‘ဒါဆို. . . ရော့. . . ယူလေ. . .’

ပြည့်က စာရွက်ကို ထိုးပေးလိုက်သည်။ ကောင်လေးက မယူချေ။ မျက်နှာက ရှုံ့မဲ့မဲ့ လေး ဖြစ်နေသည်။

‘အဲဒီ စာရွက်ကို ကျွန်တော် မယူတော့ပါဘူး အစ်မရယ်. . .’

‘ဟင်. . . အစ ကတော့ ကောင်မလေးကို ပေးချင်လို့ဆို. . .’

‘ဟုတ်ပါတယ်. . .’

‘ဒါဆို ပေးလိုက်လေ. . .’

‘ဟင့်အင်း. . . ခုတော့ ပေးချင်တော့ဘူး. . .’

‘အပြောင်းအလဲကလည်း မြန်လိုက်တာ၊ ဘယ်လို ဖြစ်သွားရတာ လဲ. . .’

‘ပေးရင်လည်း သူဖတ်တတ်တာမှ မဟုတ်တာ. . .’

‘ဟင်းနော်. . .’

ပြည့် သည်းခံစိတ်ကို အတော် ပဲ မွေးမြူထားရလေသည်။ ကောင်လေး ကတော့ အလွန် စိတ်ဓာတ်ကျနေဟန်ရှိ၏ ။

‘အဲဒီ စာရွက်ကို အစ်မပဲ ယူလိုက်ပါလားဗျာ. . .’

‘ဟင်. . . ငါက ဘာကိစ္စယူရမှာ လဲ. . .’

‘တခြားလူပေးလည်း ဖတ်တတ်မှာ မှ မဟုတ်တာ၊ အဲဒါကြောင့် နားလည်တဲ့ အစ်မပဲ ယူလိုက်ပါနော်၊ မနစ်နာချင်ရင် အစ်မကို ကျွန်တော် စာပေးတယ်လို့ သဘောထားလိုက်ပေါ့. . .’

‘အောင်မာ. . . အောင်မာ ကြည့်စမ်း. . . နင်ကများ ငါ့ကို. . .’

ပြည့် စွေ့စွေ့ခုန်သွာရလေသည်။ ကောင်လေး ကတော့ တက်ကြွလာပုံရ၏ ။ လက်ဖျောက် ပင်တီးလိုက်ပါသေးသည်။

‘ဟုတ်တယ် အစ်မ. . . အဲဒီ အစီအစဉ် ကောင်းတယ်. . .’

‘ဟွန်း. . . ဘာကောင်းတာလဲ. . .’

‘သေချာကြည့်မှ သတိထားမိတယ်၊ အစ်မက ကျွန်တော့်ကောင်မလေးထက် ပိုလှတယ်၊ ကြည့်ရင်းကြည့်ရင်းနဲ့လည်း အစ်မကို ကျွန်တော် ချစ်လာပြီ. . .’

‘မြန်လိုက်တာ. . .’

‘အဲဒါကြောင့် ဟို တစ်ယောက် ကို စာမပေးတော့ဘူး၊ အစ်မကိုပဲပေးတော့မယ်. . .’

‘အောင်မာ. . . ငါက နင့်ကို မကြိုက်ပါဘူး. . .’

‘အေးအေးဆေးဆေး စဉ်းစားပါဦးလေ၊ အဖြေက အခု ချက်ချင်း မပေးသေးလည်း ရပါတယ်’

‘စဉ်းစားစရာကို မလိုတာ. . .’

‘အချိန်တွေ အများ ကြီး ရှိပါသေးတယ်ဗျာ. . .၊ ကျွန်တော် က စိတ်ရှည်ပါတယ်. . .’

ကောင်လေးက ဇွတ်ကြီးဝင်ပူးနေတော့သည်။ ပစ်မှတ်အသစ် ပြည့်ခမျာ ကိုယ့်ရှူးကိုယ် ပတ်ကာ ရူးချင်လာသည်။ ထိုစဉ်မှာ ပင် ကောင်မလေးသုံးယောက် နံဘေးနားမှ ဖြတ် သွားပါသည်။ အကူအညီရလိုရငြား ပြည့်ကြည့်လိုက်ရာ သူတို့မျက်လုံးတွေ က တစ်နေရာတည်းမှာ စုပြုံရောက်ရှိ လို့ နေကြ၏ ။

‘ဟိုမှာ . . . ဟိုမှာ . . . သူမို့လား. . . အက္ခရာလေ. . .’

‘ဟယ်. . . ဟုတ်တယ်. . . ဟုတ်တယ်. . . အဲ့ဒါ အက္ခရာ. . .’

‘သူ့ကြည့်ရတာ အရမ်းမိုက်တာပဲ. . .’

ကောင်မလေးတွေ မျက်လုံးဦးတည်ရာကို ပြည့်လည့် ကြည့်လိုက်မိ၏ ။ ထိုအခါတွင် မနေ့ ညနေက ရန်ပွဲမှာ တွေ့ ခဲ့ရသည့် ပန့်ခ်ကေနှင့် ကောာင်လေးကို မြင်လိုက်ရပါသည်။ ထိုကောင်လေး ကိုကြည့်၍ ကောင်မလေးတွေ သဲသဲလှုပ် ဖြစ်နေကြသည်။

အက္ခရာဆိုသော ကောင်လေး ကတော့ အေးအေးဆေးဆေးပင်။ ရေသန့်ဗူးကို မော့ကာ သောက်ရင်း ဘယ်သူ့မှ ဂရုမစိုက်ဟန်ဖြင့် လျှောက်လာနေသည်။ ပန့်ခ်စတိုင်လ်နှင့် မထီတရီ ဂျစ်ကန်ကန် သူ့ပုံစံက တစ်မျိုးတစ်ဖုံ စွဲမက်စရာကောင်းနေသည်။

အက္ခရာသောက်ပြီး၍ ကုန်စင်သွားသော ရေသန့်ဗူးကို လမ်းဘေးဝဲယာမကြည့်ဘဲ လွှင့်ပစ် လိုက်လေသည်။ ထိုရေသန့်ဗူးခွံက ၀ှီးခနဲပြေးထွက်သွားပြီး ရပ်၍ ငေးနေသော ပြည့်နဖူးကို ဒုတ်ခနဲပဲ ထိမှန်၏ ။

‘အ. . .’

ပြည့် ညည်းတွား ဖြစ်သွားသည်။

‘ဟာ. . . ဘာကောင်လဲကွ. . . မကြာခင်မှာ ငါ့ချစ်သူ ဖြစ်တော့မယ့် အလောင်းအလျာလေး ကို ရေသန့်ဗူးနဲ့ပေါက်တာ၊ သေချင်လို့လား. . .’

ဝင်းလွင်ဦးက မြွေပွေးပါးပျဉ်းထောင်သလိုမျိုး ငေါက်ခနဲမာနဖီသည်။ မရှိသည့် ဗလကို အတင်းညှစ်ထုတ်ပြီး အင်္ကျီလက်မောင်းကိုလည်း ပင့်တင်ထားလိုက်သေး၏ ။ သူ့ဟန်ပန်က တိုက် ခိုက်ရန်အဆင်သင့်။

‘ဟေ့. . . မေးနေတာ မကြာဘူးလား. . . ရေသန့်ဗူးနဲ့ပေါက်တာ ဘယ်ကောင်လဲ. . .’

‘ငါပဲ. . .’

‘ဟင်. . . အစ်ကို. . .’

အက္ခရာက တည်ငြိမ်စွာ တစ်လှမ်းချင်းလျှောက်လာသည်။ ထိုအခါ ၀င်းလွင်ဦး၏ မျက်နှာ သည် မြွေပွေးကိုမြင်လိုက်ရသော ဖားပြုတ်ကဲ့သို့ ဖြစ်သွားချေသည်။

‘ကို. . . ကိုအက္ခရာ. . .’

‘ခုနက ငါ့ကို သေချင်လို့လားလို့ပြောတာ မင်းလား. . .’

‘ဟို. . . ကိုအက္ခရာမှန်း မသိလို့. . . ပြော. . . ပြောလိုက်တာပါ. . .’

‘အခု သိပြီမို့လား. . .’

‘ဟုတ်. . . ဟုတ်ကဲ့. . . ကျွန်တော် တောင်းပန်ပါတယ်. . . သွား. . . သွားဦးမယ်နော်’

ဝင်းလွင်ဦးသည် ကုတ်ချောင်းကုတ်ချောင်းဖြင့် ကသုတ်ကရက်ထွက်သွားလေတော့သည်။ ပြည့်ကိုပင် တစ်ချက်ကလေးတောင်မှ ငဲ့ကြည့်မသွားချေ။

ပြည့်သည် နာသွားသော နဖူးလေးကို ပွတ်နေမိသည်။ အက္ခရာက ပြည့်ရှေ့၌ ရပ်၍ မေးပါသည်။

‘အရမ်းနာသွားလား’

‘ရပါတယ်’

‘ငါက တမင်ချိန်ပစ်လိုက်တာ မဟုတ်ပါဘူး၊ မင်းကိုက ကံဆိုးလို့ထိတာ. . .’

‘အောင်မာ. . .’

ပြည့် စိတ်တိုသွားရသည်။ သို့သော် ဘာမှပြန်မပြောဘဲ နေလိုက်သည်။ အက္ခရာက ပြည့်ကို တရစပ် ကြည့်လေ၏ ။

‘မင်းနာမည် ဘယ်လိုခေါ်လဲ. . .’

‘ပြည့်. . .’

‘တစ်လုံးတည်းလား. . .’

‘ဟုတ်တယ်. . .’

‘တစ်လုံးတည်းလား’

‘ဟုတ်တယ်. . .’

‘မင်းကို အရင်ကမမြင်ဖူးပါဘူး၊ တစ်နေရာရာက ပြောင်းလာတာလား’

‘အဲဒါ ရှင်နဲ့မဆိုင်ပါဘူး. . .’

ပြည့် ငေါက်ဆတ်ဆတ် ပြန်ဖြေလိုက်၏ ။ အက္ခရာက မျက်နှာသေ။

‘ငါမေးတာကို မင်းကောင်းကောင်းဖြေပါ’

‘ရှင်က ဘာမို့လို့ လူမိုက်လို လာမေးနေတာလဲ. . .’

‘ဘာမှ မဟုတ်ပါဘူး. . .’

‘အဲဒါ့ဆို ဖယ်. . . ကျွန်မ သွားတော့မယ်. . .’

ပြည့်သည် ရှေ့ရှိအက္ခရာကို တွန်းဖယ်၍ ထွက်လာခဲ့သည်။ ခြေလှမ်းများ ကို သူမ အစွမ်း ကုန်သွက်လက်ပစ်လိုက်ပါ၏ ။ မလှမ်းမကမ်းရောက်တော့မှ စိတ်၏ အလိုဆန္ဒအရ နောက်သို့ပြန် လှည့်ကြည့်လိုက်မိပါသည်။

ထိုအခါတွင် သူမ မျက်လုံးအစုံသည် အဓိပ္ပာယ်ပါသော အပြုံးတစ်ခုနှင့် မိတ်ဖွဲ့လိုက်ရ လေ၏ ။

•••


အခန်း (၃)

မိုးစက်များ သည် ကောင်းကင်ဆီမှ ခွန်အားကောင်းစွာ ဖြင့် ပန်းထွက်နေပါသည်။ ပြည့်နှင့် ဆုရည်ဝေသည် ထီးတစ်ချောင်းတည်းအောက်တွင် ခိုဝင်လျက် လမ်းလျှောက်နေကြချေ၏ ။

ဆုရည်ဝေက ပြည့်ကို သူမ၏ အရည်အချင်းတွေ ထုတ်ကြွားနေပါသည်။

‘ဟိုတစ်နေ့ကလေ. . . ဆုရည် ဒက်ဒီနဲ့ လိုက်သွားပြီး အလုပ်တွေ ကူလုပ်ပေးနေတာ. . .’

‘အဲဒါ ကောင်းတာပေါ့. . .’

‘ဒက်ဒီက ဆုရည်ကို ကုမ္ပဏီက စာရင်းတွေ စစ်ခိုင်းတယ်၊ အဲ့ဒါ ဆုရည်က ဆယ်ကြိမ် တောင် စစ်ပေးလိုက်တယ်. . .’

‘လုပ်ငန်းကို သေချာလုပ်တဲ့ သဘောပေါ့. . .’

‘အင်းလေ. . . အဲဒါ ဒက်ဒီက ဆုရည်ကိုဆူတယ်. . .’

‘ဟင်. . . ဘာ ဖြစ်လို့လဲ. . .’

‘ဆယ်ခါစစ်တာမှာ စာရင်းမှာ ဆယ်မျိုး ဖြစ်နေလို့တဲ့. . .’

‘အယ်. . .’

ရယ်သံနှင့် အတူ ပြည့်ပါးစပ်ကလေး ဟစိဟ၀ိ ဖြစ်သွားရ၏ ။ ကလေးဆန်ကာ သွက်လက် သော ဆုရည်ဝေကိုကြည့်၍ သူမပြုံးမိသည်။ ဆံပင်လိမ်ကော်ကောက်မျက်နှာသွယ်သွယ်လေးနှင့် ဆုရည်ဝေသည် ဟန်ဆောင်ခြင်း ကင်းရှင်းကာ ချစ်စဖွယ်ကောင်းပါသည်။ သူမနှင့် ဆက်ဆံရတာ လည်း အဆင်ပြေ၏ ။

‘ဟိတ်. . . ဆုရည်. . .’

မျက်နှာချင်းဆိုင်အရပ်မှ ထီးအပြာလေးကိုဆောင်း၍ လျှောက်လာသော ကောင်မလေး တစ်ယောက် က ဆုရည်ဝေကိုတွေ့ တော့ လှမ်းနှုတ်ဆက်သည်။ သူတို့နှစ် ဦးမှာ သူငယ်ချင်းတွေ ဖြစ်ပုံရ၏ ။

‘ဟဲ့. . . မေသက်စု. . . နင် အခုတလော. . . ပျောက်လှချည်လား. . .’

‘အေး. . . ငါ ဇယားအသစ်တွေ့ နေလို့. . .’

‘ဘယ်လိုလဲ. . . ပခုံးကောင်းသားပဲလား’

ဆုရည်ဝေက မေသက်စုဆိုသော ကောင်မလေး၏ ထီးအောက်ကို ၀င်သွားသည်။ သူတို့ နှစ် ယောက် လွတ်လွတ်လပ်လပ် စကားပြော၍ ရစေရန်အတွက် ပြည့်သည် ရှေ့ဆက်လျှောက် လာခဲ့သည်။ ဒီအခိုက်. . . ရိုက်နှက်သတ်ပုတ်နေသော ရန်ပွဲတစ်ခုကို သူမ တွေ့ မြင်လိုက်ရလေ သည်။ ဒါကြောင့် ဆက်မသွားဝံ့တော့ဘဲ သူမ ရပ်နေလိုက်ပါသည်။ ရန်ပွဲက လူများ ပြီး တော် တော် ပဲ ရမ်းကား၏ ။

ထိုစဉ်. . . ရဲကားတစ်စီး အပြင်းနှင်ကာ မောင်းဝင်လာသည်။ ဒီအတွက်ကြောင့် အရှိန် အဟုန်တက်နေသော ရန်ပွဲသည် ကစဥ့်ကလျား ဖြစ်ပျက်သွားတော့၏ ။ ၀ရုန်းသုန်းကား ပြေးထွက် လာသူအချို့သည် ငြိမ်ငြိမ်ဆိမ်ဆိမ်ရပ်နေသော သူမကိုပင် တိုးတိုက်လို့သွားကာလေသည်။ သူမ ခမျာ ကိုးရိုးကားရားတွေ ဖြစ်နေရရှာ၏ ။

မိုးက သည်းသည်းမဲမဲ ရွာနေမြဲ၊ ပြည့်သည် ထီးကလေးကိုကိုင်ကာ ကြောက်ရွံ့စွာ ဖြင့် ရပ်နေဆဲ့။ အဲဒီ လိုအချိန်အခါမှာ ပဲပေါ့။ သူမ ပခုံးကို လူ တစ်ယောက် က ပိုင်စိုးပိုင်နင်း လာဖက် လေ၏ ။

‘ဟင်’

ပြည့် လန့်သွားမိသည်။

ကြည့်လိုက်တော့ ဟိုတစ်နေ့က ရန်ပွဲမှာ တွေ့ သည့် အီမိုကေနှင့် ကောင်လေး. . .။ သူက သူမကို အသေအချာစိုက်ကြည့်နေသည်။ သူ့အကြည့်မှာ အံ့သြဟန် ပါဝင်လျက်ရှိ၏ ။

‘မင်းကိုငါ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ’

ပြည့်သည် ပခုံးပေါ်မှ လက်ကိုဖယ်ချလိုက်သည်။ လက်က ကွာကျသွားပေမယ့် အကြည့် တွေ ကတော့ တည်ရှိနေဆဲ။

‘မင်း ငါ့ကို သိတယ်မို့လား’

‘ဟင့်အင်း. . . မသိပါဘူး’

‘မင်း GTC ကလား’

‘မဟုတ်ဘူး. . .’

‘ဒါဆို ထူးဆန်းနေပြီ၊ မင်းကိုငါ ဘယ်နားမှာ မြင်ဖူးမှန်း မသိဘူး. . .’

ကောင်လေးက ခေါင်းကိုကုတ်သည်။ စဉ်းစားရင်း စိတ်ရှုပ်လာပုံရ၏ ။

‘ကျွန်မက ဟိုတစ်နေ့ကမှ ရန်ကုန်က ပြောင်းလာတာ’

‘ဘာ. . . ရန်ကုန်က. . .’

ကောင်လေး ပါးစပ်အစောင်းသား ဖြစ်သွားလေသည်။ သူ့အမူအယာကြောင့် ပြည့်ပင် ကြောင်သွားရသည်။ ထီးတစ်ချောင်းတည်းအောက်မှာ ရပ်လျက် နှစ် ယောက် သား ခဏတာမျှ ငြိမ် သက်နေမိကြ၏ ။

မိုးသည် မတိတ်သေးဘဲ သည်းနေဆဲ. . .။

ထိုအခိုက်တွင် . . . ဆုရည်ဝေနှင့် မေသက်စုသည်လည်း ရန်ပွဲကြောင့် လူကွဲသွား၏ ။ ဆုရည်ဝေသည် ဆောင်းစရာ ထီးမရှိသဖြင့် တစ်ကိုယ်လုံး မိုးရေတွေ စိုရွှဲနေပါသည်။ ထိုစဉ်မှာ ပင် အက္ခရာနှင့် သူငယ်ချင်း တစ်ယောက် ကို သူမ တွေ့ မြင်လိုက်ရလေ၏ ။

‘တောက်. . . ခွေးကောင်တွေ . . . တော် တော် အသုံးမကျတဲ့ပွဲပဲ’

အက္ခရာသည် စိတ်တိုနေ၏ ။

‘ဟဲ့. . . အက္ခရာ. . .’

‘ဟင်. . . ဆုရည်. . .’

အသံပြုလိုက်တော့မှ အက္ခရာက လှည့်ကြည့်ရင်း သူမကိုမြင်သွားသည်။ ဆုရည်ဝေနှင့် အက္ခရာသည် ငယ်သူငယ်ချင်း ဖြစ်၏ ။

‘ဆုရည်. . . နင်ဘာလို့ တစ်ယောက် တည်း ဖြစ်နေတာလဲ. . .’

‘နင်တို့ တွေ့ လိုက်လား. . . လူမိုက်တွေ ’

‘လူမိုက်. . . ဟုတ်လား၊ အဲ့ဒါ ခွေးလေခွေးလွင့်တွေ ၊ အောင်သူရကြွယ်တို့ အဖွဲ့လေ. . . သူတို့က အလုပ်မရှိတိုင်း ပြဿနာပဲ လိုက်ရှာနေတာ. . .’

အက္ခရာသည် တောက်တခေါက်ခေါက် ဖြစ်နေ၏ ။ အောင်သူရကြွယ်တို့အဖွဲ့က ဒီမြို့မှာ အဆိုးသွမ်းဆုံး၊ အမိုက်ဆုံး၊ အမိုက်ရိုင်းဆုံး၊ အင်အားအကြီးမားဆုံးအဖွဲ့ ဖြစ်သည်။ လူကောင် တွေ ထွားပြီး အသက်ကလည်း အက္ခရာတို့ထက်ကြီးကြသည်။ သူတို့အဖွဲ့က အက္ခရာတို့လို နောက်တက်လူငယ်လေးတွေ ဆိုလျှင် သူတို့ကို မကျော်ရဲအောင် အကြောင်းမရှိကြောင်းရှာပြီး ပါဝါ ပြနှိပ်စက်နေကြ ဖြစ်သည်။

ခြေလက်စရှိပြီးစွာ သော အက္ခရာ ကတော့ ငြိမ်မခံဘဲ သူတို့ကို တုံ့ပြန်လေ့ရှိ၏ ။

‘ဟာ. . . အက္ခရာ. . . ဟိုမှာ မင်းရဲ့ စိမ်းဘက်. . .’

‘ဘယ်သူလဲ. . .’

‘နိုင်တည်မြဲ’

အက္ခရာ၏ သူငယ်ချင်း၊ လက်ညှိုးထိုးပြရာကို ဆုရည်ဝေလည်းကြည့် လိုက်သည်။ ထိုအခါ တွင် အီမိုကေနှင့် နိုင်တည်မြဲကို အစ်မ ဖြစ်သူ ပြည့်နှင့် အတူ ထီးတစ်ချောင်းတည်းအောက်မှာ တွေ့ မြင်လိုက်ရလေသည်။

နိုင်တည်မြဲသည် အရာအားလုံးကို ဥပေက္ခာပြုလျက် ပြည့်နှင့် စကားကောင်းနေ၏ ။

‘ရန်ကုန်မှာ ငါသိတဲ့လူ တစ်ယောက် ရှိတယ်. . .’

‘ဟုတ်လား. . . အဲဒီ လူက ဘယ်မှာ နေတာလဲ. . .’

‘ဗဟန်းမှာ . . .’

‘ဗဟန်းဟုတ်လား. . . ငါလည်း ဗဟန်းမှာ နေတာ. . .’

‘သေချာလား. . . ဒါဆို မင်း. . . ဟို တစ်ယောက် ကို သိလား၊ မင်းတို့ အရွယ်လောက်ပါပဲ’

‘ဘယ်သူလဲ. . . နာမည် ပြောလေ. . .’

ပြည့်အမေးကို နိုင်တည်မြဲ ဖြေရန်ပြင်စဉ်မှာ ပင် အနားသို့ လူသုံးယောက် ရောက်လာသည်။ တစ်ယောက် ဖြစ်သော ဆုရည်ဝေက. . .

‘အစ်မ. . . အဲဒီ အလေနတ္တောနဲ့ ဘာလုပ်နေတာလဲ. . .’

‘ဟိတ်ကောင်. . . ဒီတစ်ခါ မင်းလူတွေ မပါဘူးလား. . .’

အက္ခရာမေးတာကို နိုင်တည်မြဲက အရေး မထား။ သူ့စိတ်ဝင်စားမှု များ က ပြည့်ဆီမှာ . . .။ ပြည့်ကိုသာ ကြည့်နေသော သူ့မျက်လုံးတွေ က အံ့သြဟန်ဖြင့် စူးရဲတောက်ပလို့နေပါသည်။

‘မင်း နာမည် က ပြည့်. . . ဟုတ်လား. . .’

‘ဟုတ်တယ်လေ. . . ဘာ ဖြစ်လို့လဲ. . .’

‘အဲ့ဒါဆို ငါ့ကို မမှတ်မိဘူးလား၊ ငါ တည်မြဲလေ. . . နိုင်တည်မြဲ၊ မမှတ်မိဘူးလား. . .’

ပြည့်သည် နိုင်တည်မြဲကို ငေါင်၍ ကြည့်နေမိ၏ ။ နိုင်တည်မြဲသည် ပြည့် ပခုံးနှစ် ဖက်ကို ဆုပ်ကိုင်လျက် တရစပ်မေးလေသည်။

‘ငါ့ကို တကယ်မသိဘူးလား၊ ငါ နိုင်တည်မြဲ. . .’

‘လာပြီး လုပ်ဇာတ်ခင်းမနေနဲ့၊ သွားတော့. . . နင် ငါ့အစ်မကို နှောင့်ယှက်နေတာမလား’

ဆုရည်ဝေက ၀င်ပြောတော့ နိုင်တည်မြဲ ကြောင်သွားပုံရသည်။

‘သူက နင့်အစ်မ. . . ဟုတ်လား. . .’

‘ဟုတ်တယ်. . .’

ဆုရည်ဝေက ငေါက်ဆတ်ဆတ် ပြန်ဖြေသည်။ အက္ခရာက နိုင်တည်မြဲ၏ လက်နှစ် ဖက်ကို ဆွဲဖြုတ်ပြီး ပြည့်ပခုံးကို စေးစေးပိုင်ပိုင် ၀င်၍ ဖက်လိုက်လေသည်။

‘မင်းတို့ကို အနှောင့်အယှက်ပေးရတာ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် သူက ငါ့ကောင် မလေး ဖြစ်တော့မှာ . . .’

‘ဟင်. . .’

ပြည့်သည် စိတ်ရှုပ်လာသည်။ သူမသည် အရုပ်တစ်ရုပ်လို ဖြစ်နေရ၏ ။ သို့သော် မလှုပ်ရဲ။ လူဆိုးလေးတွေ ဖြစ်သော သူတို့နှစ် ယောက် ကို ကြောက်လည်းကြောက်မိပါသည်။ ထိုစဉ်မှာ ပင်. . .

‘လာ. . . လိုက်ခဲ့. . .’

‘အို’

နိုင်တည်မြဲသည် ပြည့်၏ လက်တစ်ဖက်ကို ဆတ်ခနဲပဲ ဆောင့်ဆွဲပြီး ထွက်ပြေးလေသည်။ ရုတ်တရက်မို့ ပြည့်ခမျာ ယက်ကန်ယက်ကန်ဖြင့် ပါသွားရ၏ ။

‘ဟိတ်ကောင်. . . ရပ်စမ်း’

‘သေချင်းဆိုး ငါ့အစ်မကို ထားခဲ့. . .’

ဆုရည်ဝေနှင့် အက္ခရာက အော်ဟစ်တားမြစ်ကြသည်။ သို့သော် နိုင်တည်မြဲက မရပ်မနား ဘဲ ဆက်၍ သာပြေးလွှား၏ ။ ပြည့်ခမျာ မောလာသည်။

လမ်းကြားတစ်ခုကို ရောက်တော့မှ နိုင်တည်မြဲက ပြေးလွှားနေရာမှ ရပ်တန့်သည်။ ပြီးတော့ ပြည့်ကိုကြည့်၏ ။

‘ဒီမှာ . . . ငါ့နာမည် နိုင်တည်မြဲ၊ မှတ်မိတယ်မဟုတ်လားဟင်’

ပြည့်သည် တွေ ဝေနေတုန်းပင်။

‘သေချာစဉ်းစားပါဦး၊ နိုင်တည်မြဲလေ. . . မမှတ်မိဘူးလား၊ ငါ့ရုပ်ကို သေချာကြည့်စမ်းပါဦး’

‘ဟိတ်ကောင်. . . တိရစ္ဆာန်’

‘အစ်မ. . . ပြည့်. . .’

အက္ခရာနှင့် ဆုရည်ဝေသည် ပြေးလွှား၍ လိုက်လာကြ၏ ။ သူတို့နောက်ဘက်တွင် လူအုပ် တစ်အုပ်လည်းပါလာသည်။ အက္ခရာ၏ ဘော်ဒါတွေ ဖြစ်သည်။

ပြည့်သည် အခြေအနေကို အကဲခတ်ရင်း နိုင်တည်မြဲအား ကြည့်လိုက်သည်။ သွေးအေးစွာ ဖြင့် ရပ်နေသော နိုင်တည်မြဲ၏ မျက်လုံးတွေ က နွေးထွေးနူးညံ့လို့နေပါသည်။ မျက်နှာပြင်သည် လည်း ကျေနပ်ဟန်ဖြင့် ရွှင်ပြုံးလျက်ရှိ၏ ။

‘အစ်မ. . .’

မထင်မှတ်သော နိုင်တည်မြဲ၏ ခေါ်သံကြောင့် ပြည့်ရင်ထဲမှာ ရေခဲရေနှင့် အပက်ခံလုက်ရ သလိုမျိုး အေးခနဲပဲ ဖြစ်သွားသည်။ နိုင်တည်မြဲ၏ မျက်လုံးတွေ ကိုကြည့်ရတာ ပုစ္ဆာဆန်ကာ ထူးထွေဆန်းပြားလို့နေပါသည်။

‘နောက်မှတွေ့ မယ်နော်. . .’

နိုင်တည်မြဲသည် ရုတ်တရက်ပြေးထွက်သွားလေသည်။ မလှမ်းမကမ်းရောက်တော့မှ နောက်ဘက်သို့ ပြန်လှည့်ကြည့်ပြီး လက်ဝှေ့ရမ်းကာ ပြည့်ကို ပြုံးပြပါသည်။ နောက် မှု န်ဝါးပျောက် ကွယ်သည်အထိ ဆက်လက်ပြေးထွက်သွားလေတော့၏ ။

‘တည်မြဲ. . . နိုင်တည်မြဲ. . .’

သူ့အမည် ကို နှုတ်ဖျားမှ ပြည့် တိုးဖွဖွ ရွတ်ဆိုမိသည်။ အချိန်ပိုင်းအတွင်းမှာ ဖြစ်ပေါ်မှု များ က သမရိုးကျမဆန်လှ။ ထူးဆန်းအံ့သြမှု များ က သူမကိုယ်မှာ စီးပျော်ပူးဝင်နေပါပြီ။

‘အစ်မ. . . ဘာ ဖြစ်သွားသေးလဲ. . .’

အနားရောက်လာသော ဆုရည်ဝေက စိတ်ပူပင်စွာ မေးသည်။ အက္ခရာက. . .

‘မင်းက အဲဒီ နိုင်တည်မြဲဆိုတဲ့ကောင်နဲ့ ဘယ်လိုသိတာလဲ. . .’

‘ဟင်. . . ဘာလဲ. . .’

‘အက္ခရာ. . . သူ ဘာမှမသိဘူး. . .’

ဆုရည်ဝေက ၀င်ဖြေသည်။ အက္ခရာက ပြည့်ကို တည့်တည့်ကြည့်၍ . . .

‘အဲဒါဆို ငါ အကြံပေးမယ်၊ စိတ်သိပ်မလှုပ်ရှားနဲ့. . . နိုင်တည်မြဲကြည့်ရတာ မင်းကို ကြိုက် နေပုံရတယ်၊ နောက်ဆုံးတော့ မင်း စိတ်ညစ်ရလိမ့်မယ်၊ အဲဒီ ကောင်က ကောင်းတဲ့ကောင် မဟုတ် ဘူး၊ ခပ်ခွာခွာနေ. . .’

‘ငါ စိတ်မလှုပ်ရှားပါဘူး. . .’

‘သေချာလို့လား. . .’

‘ဘာပဲ ဖြစ် ဖြစ် အစ်မအခု အဲဒီ ကောင်နဲ့ ပတ်သက်မိပြီ၊ စိတ်ညစ်ရတော့မှာ ပဲ၊ အစ်မဘ၀ တစ်ခုလုံး အလကား ဖြစ်တော့မှာ နားလည်လား. . .’

အက္ခရာနှင့် ဆုရည်ဝေက ပြည့်ကို သတိပေး တားမြစ်နေကြ၏ ။ သူတို့ အသံတွေ နှင့် ပင် ပြည့်မှာ စိတ်ညစ်လှပါပြီ။

မိုးသည် တိတ်သွားပြီ ဖြစ်လေသည်။

ထိုအချိန်တွင် . . . နိုင်တည်မြဲသည်. . . သူ၏ ပိုက်ဆံအိတ်အတွင်းမှ ဟောင်းနွမ်းသော ဓာတ်ပုံတစ်ပုံထုတ်၍ ကြည့်နေလေသည်။

ထိုဓာတ်ပုံထဲတွင် ဂါဝန်ကလေး ၀တ်ဆင်ထားသော ကောင်မငယ်လေး တစ်ယောက် ပါ ရှိ၏ ။ သိုဝှက်ဖုံးကွယ်မှု ဆန်စွာ ပင် နိုင်တည်မြဲ၏ မျက်နှာသည် ပြုံးနေသည်။

ပျော်ရွှင်ဖွယ်ရာ ဝေဒနာများ သည် အရေပြားနှင့် အသားဆိုင်တွေ ကို ထွင်းဖောက်ကာ သူ၏ နှလုံးသားအတွင်းပိုင်းအထိတိုင်အောင် ခရီးပေါက်ရောက်ခဲ့ပြီ ဖြစ်လေသည်။

•••


အခန်း (၄)

ဒီနေ့. . . ပြည့် ကျောင်းသွားမှာ ဖြစ်သည်။ ဒါကြောင့် မနက်စောစောကတည်းက အိပ်ယာမှ ထကာ ပြင်ဆင်နေပါသည်။ ဒေါ်တင်တင်အေးက ပြည့်နှင့် ဆုရည်ဝေကို ဒီတစ်နေ့တော့ ဖယ်ရီနှင့် မသွားစေဘဲ အိမ်မှကားနှင့် လိုက်ပို့ပေးမည် ဟု ပြောထားသည်။

သွားခါနီး ကျမှ လူနေက ခွာမရဘဲ ငိုနေသည်။ ဒီတော့ ဒေါ်တင်တင်အေးခမျာ အခက်အခဲ တွေ့ နေရ၏ ။

‘ကလေး ဘာ ဖြစ်လို့လဲ. . .’

ဦးတင့်နိုင်ဝင်းက လာကြည့်ပြီးမေးတော့ ဒေါ်တင်တင်အေးက ရှင်းပြ၏ ။

‘အလကား ဂျီတိုက်နေတာပါတော် ၊ မျက်စိမှိတ်အိပ်ဆို မအိပ်ဘူး’

ဦးတင့်နိုင်ဝင်းက မေးစေ့ကိုပွတ်ကာ ခဏစဉ်းစားသည်။ ပြီးမှ. . .

‘ကလေး မျက်စိမှိတ်အိပ်အောင် လုပ်လို့ရတဲ့ နည်းရှိတယ်ကွ. . .’

‘ဘာနည်းလဲတော် . . . ပြောစမ်းပါ. . .’

‘သူ့ကို နေရောင် အောက်မှာ ပက်လက်လှန်ထားလိုက်ကွာ. . .’

‘ရှင်. . . ဘာ. . . ဘာဆိုင်လို့လဲ. . .’

‘ဆိုင်တာပေါ့ကွ၊ နေထိုးရင် မျက်စိတ်ကျိန်းလို့ မျက်စိဖွင့်မရတော့ဘူးလေ၊ အဲ့ဒါကြောင့် မျက်စိမှိတ်ထားရင်း သူ့အလိုလိုအိပ်ပျော်သွားလိမ့်မယ်. . .’

‘သြော်. . . သြော်. . .’

သူ့အတွေးအခေါ်နှင့် သူတော့ ဟုတ်သလိုလိုပါပဲ။ ဒီလိုနည်းဖြင့် ဦးတင့်နိုင်ဝင်းသည် ကလေးသိပ်ရင်း ကျန်ခဲ့လေ၏ ။ ဒေါ်တင်တင်အေးက ပြည့်နှင့် ဆုရည်ဝေကို ကျောင်းသို့ လိုက်ပို့ ပေးသည်။

ပြည့်နှင့် ဆုရည်ဝေသည် ကျောင်းတူပေမယ့် မေဂျာမတူသလို အတန်းလည်းမတူချေ။ ပြည့်က အင်္ဂလိပ်စာ နောက်ဆုံးနှစ် ဖြစ်ပြီး ဆုရည်ဝေက ဥပဒေဒုတိယနှစ် ဖြစ်သည်။ အက္ခရာနှင့် ဆုရည်ဝေ ကတော့ အတန်းလည်း တူသလိုအခန်းလည်းတူ၏ ။

ရိုးသားအေးဆေးကာ ဆက်ဆံရေး ကောင်းမွန်သော ပြည့်နှင့် ကျောင်းသည် အဆင်ပြေ ပါသည်။ ပထမဦးဆုံး ကျောင်းတက်ရက်သည် သိမ်သိမ်မွေ့မွေ့ပင် ပြီးဆုံးသွားလိမ့်မည် ဟု ပြည့် ထင်မြင်ယူဆခဲ့၏ ။ သို့ရာတွင် သူမ၏ ထင်မြင်ယူဆချက်ကို ဖျက်ဆီးပစ်မည့်  အကြောင်းအရာ တစ်ခုက မမျှော်လင့်ပါဘဲ ပေါ်ပေါက်လာခဲ့လေသည်။

‘ဟာ. . . ဟိုမှာ နိုင်တည်မြဲမို့လား’

‘ဟုတ်တယ်. . . ဟုတ်တယ်. . .’

‘အဲ့ဒါဆို. . . အက္ခရာကိုခေါ်. . .’

‘ဒီကောင် ငါတို့စည်းဝိုင်းထဲ မကြောက်မလန့် ဘာကိစ္စ၀င်လာတာလဲ မသိဘူး. . .’

ကျောင်းဝင်းထဲဝင်လာသော နိုင်တည်မြဲကို အက္ခရာ၏ သူငယ်ချင်းတွေ က မြင်သွားသည်။ နိုင်တည်မြဲ ကတော့ ဘယ်သူ့မှ ဂရုမစိုက်ဘဲ ထီမထင်ဟန်ဖြင့် ပြည့်ဆီသို့သာ တန်းတန်းမတ်မတ် သွားလေသည်။

ပထမဦးဆုံးနေ့မို့ အခန်းထဲမှာ ဆရာမ ရှိချေ။ လက်ထဲမှာ မုန့်တစ်ထုပ်ကိုကိုင်ထားသည့် နိုင်တည်မြဲက ပြည့်နှင့် မျက်နှာချင်းဆိုင် ခုံမှာ ခပ်တည်တည်ပင် ၀င်ထိုင်သည်။

ပြည့်မှာ အံ့သြနေရသည်။

‘အစ်မ. . . ငါပါ. . . နိုင်တည်မြဲလေ. . . နင် ငါ့ကိုတော့ မမေ့လောက်သေးပါဘူး၊ ဟုတ် တယ်မလား’

နိုင်တည်မြဲ၏ မျက်နှာက ရွှင်ပျနေသည်။ ပြည့်က. . .

‘နင် တစ်ယောက် ယောက် နဲ့ တွေ့ ဖို့လာတာလား’

‘ဟုတ်တယ်လေ. . . အစ်မကို လာတွေ့ တာ. . .’

‘ငါ့ကို. . .’

ပြည့် အံ့အားသင့်သွားသည်။ ထိုစဉ်မှာ ပင် ခပ်ကဲကဲ ကျောင်းသူတစ်အုပ် အနားမှာ ခြေလာ ရှုပ်နေသည်။

‘ဟုတ်တယ်. . . အဲဒါ တည်မြဲပါ၊ G.T.C က နိုင်တည်မြဲ အစစ်ပဲ. . .’

‘ချောလိုက်တာ. . . သူ ဘာလာလုပ်တာလဲ. . .’

‘ငါတို့အတန်းထဲက အသုံးမကျတဲ့ ဟိုကောင်မဆီလာတာထင်တယ်. . .’

‘ရွံစရာကောင်းလိုက်တာဟယ်. . .’

အသံတွေ ကြောင့် နိုင်တည်မြဲ၏ ခန္ဓာကိုယ် မတ်ခနဲ ဖြစ်သွားသည်။ မျက်နှာထားသည် လည်း ချက်ချင်း ပဲ တင်းမာသွားကာ နောက်ဘက်သို့လှည့်၍ သူဟောက်လေ့တော့၏ ။

‘မင်း ဘာပြောတာလဲ၊ ထပ်ပြောစမ်း. . .’

‘ဟယ်. . . သူက ငါ့ကို စကားစပြောတယ်. . . တွေ့ လား. . . အဟီဟီ. . .’

အရေး ထဲမှာ ဂုဏ်ယူနေပြန်သည်။ နံဘေးက သူငယ်ချင်းက သတိပေးလိုက် ရ၏ ။

‘ဟိုက. . . နင့်ကို သတ်မလို့ဟဲ့၊ ခြိမ်းခြောက်နေတာ. . .’

‘အယ်. . . တကယ်. . . ဒါဆိုရင်တော့ မီးမီးကြောက်ကြောက်. . .’

ဒီတော့မှ နန့်နန့်ထိုးနေသော ပိုးသည် ငြိမ်ကျသွားသည်။ နိုင်တည်မြဲ ကတော့ ဒေါသပုန်ထ တုန်း. . .။

‘မင်း ခုနကက ဘယ်သူ့ကို ပြောတာလဲ. . . စကားပြောတာကို ဆင်ခြင်၊ ဒါမှမဟုတ်ရင် မင်းကိုငါ တစ်စစီ ဆွဲဆုတ်ပစ်မယ်. . .’

‘ဟိတ်ကောင်. . . စကားများ မနေနဲ့၊ မင်း ထွက်ခဲ့စမ်း. . .’

အော်ဟစ်သံနှင့် အတူ အက္ခရာတို့အဖွဲ့ ရောက်ချလာသည်။ နိုင်တည်မြဲ ကတော့ အေးအေး ဆေးဆေးပါပဲ။ သူ့လက်ထဲမှ မုန့်ထုပ်ကို ပြည့်ရှေ့သို့ တွန်းပို့ပေးလိုက်ပြီး. . .

‘အစ်မ. . . ပီဇာစားလိုက်ပါဦး. . .’

ပြည့်သည် နိုင်တည်မြဲ၏ အေးစက်စက်ပုံစံကိုကြည့်ကာ အံ့သြနေရှာသည်။

‘တခြားလူတွေ ယူစားလို့ ကတော့ သေမယ်. . .’

နိုင်တည်မြဲသည် အက္ခရာတို့အုပ်စုနှင့် မျက်နှာချင်းဆိုင်သည်။ အက္ခရာတို့ဘက်က အယောက် နှစ် ဆယ်လောက်ရှိ၏ ။ နိုင်တည်မြဲ ကတော့ တစ်ယောက် တည်း။

ပွဲ ကတော့ တစ်ဖက်စောင်းနင်းပါပဲ။

‘ဟိတ်ကောင် အက္ခရာ. . . ကြည့်စမ်း. . . ဒါဘာလဲ. . .’

နိုင်တည်မြဲက လက်ခလယ်တစ်ချောင်းတည်း ထောင်ပြသည်။ အက္ခရာ မျက်နှာရဲခနဲ ဖြစ် သွားသည်။ သူ့လူတွေ ကို မျက်ရိပ်ပြလိုက်ရာ အားလုံးဝေါခနဲ ရှေ့တက်လာကြသည်။ ထိုအခါတွင် နိုင်တည်မြဲသည် လှစ်ခနဲပဲ ရွေ့လျားကာ ဖွင့်ထားသော ပြတင်းတံခါးမှ သွက်လက်စွာ ခုန်ကျော် ထွက်သွားလေ၏ ။

‘ဟေး. . .’

သေသပ်လှပသော သူ၏ လှုပ်ရှားဟန်ကြောင့် ကောင်မလေးအချို့၏ သြဘာသံများ ဆူညံ သွားပါတော့သည်။

‘ဟိတ်ကောင် အက္ခရာ. . . လိမ်လိမ်မာမာနေ ကြားလား. . . ဒါ ကျောင်းခန်းထဲမှာ မို့လို့ နောက်မှတွေ့ မယ်. . .’

နိုင်တည်မြဲသည် ခနဲ့တဲ့တဲ့ပြောပြီး ပခုံးတွန့်၍ ထွက်သွားလေသည်။ အက္ခရာသည် မခံချိ မခံသာ ဖြစ်၍ ကျန်ခဲ့ရ၏ ။

ထိုစဉ်မှာ ပင် ဆုရည်ဝေက အနားသို့ ကရောသော ပါး ရောက်လာသည်။

‘ဟိုကောင် နိုင်တည်မြဲမို့လား. . .’

‘ဟုတ်တယ်. . .’

‘ကျော်ကျော်ကျူးကျူး. . . ဒီကောင်က ဘာကိစ္စ ဒီကိုလာရဲတာလဲ. . .’

‘ဆုရည်. . . ဒီကောင် နင့်အစ်မကို တော် တော် ကျနေပြီ. . .’

‘စိတ်ဆင်းရဲရတဲ့ အရသာကို မြည်းကြည့်ချင်တယ်ထင်တယ်. . .’

အက္ခရာနှင့် ဆုရည်ဝေသည် စိတ်တိုနေကြသည်။ စူးရှသော သူတို့နှစ် ယောက် ၏ မျက်လုံး တွေ က ပြည့်ထံသို့တစ်ပြိုက်နက်တည်း ကျရောက်လို့လာလေသည်။

ချို့စရာမလိုဘဲ ပြည့် အနေကျုံ့ သွားပါတော့သည်။

•••


အခန်း (၅)

ညနေကျောင်းဆင်းချိန်တွင် နေလုံးအား တစ်ဝက်တစ်ပျက်တိမ်ဖုံးလျက်ရှိ၏ ။ စိတ်လက် မကြည်မလင် ဖြစ်နေသော ပြည့်သည် ကျောင်းခန်းအတွင်းမှ ခပ်သွက်သွက် ထွက်လာခဲ့ပါသည်။ ဒီညနေ အလုပ်ကိစ္စရှိသဖြင့် ဒေါ်တင်တင်အေးက လာမကြိုနိုင်ကြောင်း ပြောထားသည်။ ဒါကြောင့် ကိုယ့်အားသာကိုယ်ကိုး ရပေတော့မည် ။

‘ဟိတ်. . . အိမ်မ. . . နေဦးလေ. . .’

အတန်းဖြုတ်၍ ဆင်းလာသော ဆုရည်ဝေက ကျောပိုးအိတ်ကလေး တရမ်းရမ်းနှင့် ပြည့် အနားရောက်လာသည်။

‘ဘယ်လဲ’

‘အိမ်ပြန်မလို့ပေါ့. . .’

‘ဘယ်အိမ်လဲ. . .၊ နိုင်တည်မြဲအိမ်ကိုလား. . .’

‘မဟုတ်တာဟယ်. . . သူဘယ်မှာ နေလဲဆိုတာတောင် ငါ မသိပါဘူး. . .’

ပြုံးစစနှင့် စသော ဆုရည်ဝေ၏ စကားကို ပြည့်က ခပ်တည်တည်ပင် ချေပလိုက်သည်။ ထိုစဉ် သူမတို့ရှေ့သို့ ဆိုင်ကယ်တစ်စီး ထိုးဆိုက်လို့လာ၏ ။ ဆိုင်ကယ်ပေါ်မှ ပုဂ္ဂိုလ် ကတော့. . . နိုင်တည်မြဲ။

‘အစ်မ. . .’

‘ဟင်. . . နင်တော် တော် ဟုတ်နေပါလား၊ ဒီကျောင်းကို ဘာလို့အပြီး ပြောင်းမလာတာလဲ. .’

ဆုရည်ဝေက နိုင်တည်မြဲကို ရွဲ့၍ ခပ်မာမာပြောလိုက်သည်။ နိုင်တည်မြဲ ကတော့ အေးဆေး ပင်။ ထိုစဉ်. . . အခန်းတွင်းမှ ထွက်လာသည့် အက္ခရာတို့ အုပ်စုသည်လည်း အနားရောက်လာကြ ၏ ။

‘နိုင်တည်မြဲပါလား. . . ဒီကောင် ဘာအထာ ချိုးတာလဲ. . .’

‘ငါ အစ်မနဲ့ အေးအေးဆေးဆေး စကားပြေချင်လို့ လာတာပါကွာ၊ မင်းတို့ သွားကြပါလား’

‘မင်းပြောတာ ပြည့်နဲ့လား၊ ငါ သူနဲ့ သွားစရာရှိတယ်. . .’

ရှေ့တိုး၍ ပြောလာသော အက္ခရာ စကားကြောင့် ပြည့်ကြောင်သွားသည်။

‘ငါက. . . ဘယ်သွားရမှာ လဲ. . . ဘာလို့သွားရမှာ လဲ. . .’

‘တွေ့ လား. . . သူ မသွားချင်ဘူး၊ မင်းပြောတာ ဘာ ဖြစ်တယ်. . . ‘ပြည့်’ ဟုတ်လား. . . အရိုအသေမရှိပါလား၊ သူက မင်းထက် အသက်ကြီးတယ်ကွ. . .’

နိုင်တည်မြဲက ဆရာကြီးလေသံဖြင့် အက္ခရာကို ဆုံးမလိုက်၏ ။ အက္ခရာက အရေး မစိုက် ဟန်ဖြင့် ပြည့်ပခုံးကို ပိုင်ပိုင်နိုင်နိုင် သိုင်းဖက်လိုက်လေသည်။

‘မင်းကိုငါ ပြောပြီးပြီမလား. . . သူက ငါ့ကောင်မလေးလို့. . . သတ္တိရှိရင် လာခေါ်ကြည့် လိုက်. . .’

အက္ခရာက မျက်စပင့်၍ စိန်ခေါ်သည်။ နိုင်တည်မြဲကလည်း ရဲရဲတင်းတင်းပင် ရှေ့တိုးလာ သည်။ အက္ခရာ၏ လူတွေ က နိုင်တည်မြဲကို ပတ်ချာလည် ၀န်းရံလိုက်ကြ၏ ။

ပြည့်သည် ရုန်း၏ ။ သို့သော်မရ။

ကြောက်တတ်သူနှင့် ခပ်အေးအေးနေလိုသူတွေ က ရှောင်ထွက်သွားကြသည်။ ၀ါသနာပါ သူနှင့် စူးစမ်းလိုသူတွေ က ရပ်ကြည့်ကြသည်။ အချို့ မိန်းကလေးတွေ ဆိုလျှင် နာမည် ကြီးနှစ် ယောက် ၏ ပွဲမို့ ဖြစ်စဉ်ကို ဟမ်းဖုန်းမှ ကင်မရာဖြင့် ရိုက်၍ ပင် မှတ်တမ်းတင်ကြလေသည်။

ခန္ဓာကို်တစ်ခု. . . လေထဲတွင် ပျံဝဲသွားသည်။

နိုင်တည်မြဲက သူ့အနားကပ်လာသူနှစ် ယောက် ကို ဆင့်ကာဆင့်ကာ ခုန်ကန်လိုက်လေ သည်။ ထိသည်၊ လဲသည်။ နောက်လူတွေ ထပ်တက်လာပြန်၏ ။ သို့ရာတွင် နိုင်တည်မြဲလက်ချက် ဖြင့် မှော က်ကုန်ကြသည်။

တစ်ယောက် လက်ကို နိုင်တည်မြဲက ဖမ်းချုပ်၍ လိမ်ချိုးနေတုန်း. . . အက္ခရာက ခုန်ဝင် လာပြီး နိုင်တည်မြဲမေးဖျားကို ခြေစောင်းနှင့် ၀ိုက်ကန်လိုက်ရာ. . . နိုင်တည်မြဲ ဇက်လည်ထွက် သွားလေသည်။ အက္ခရာက နောက်တစ်ချက်ထပ်ကန်ပြန်သည်။ ရှောင်ချိန်မရ၍ ထိကာနိုင်တည်မြဲ လဲကျသွားချေတော့၏ ။

အက္ခရာက ထပ်ကန်ရန် ရှေ့တိုးလိုက်ပြန်သည်။ သို့သော် မရတော့။ လဲကျနေသော နိုင်တည်မြဲရှေ့မှ ပြည့်က ပိတ်ရပ်နေပါသည်။ သူမသည် လက်နှစ် ဖက်ကို တား၍ အက္ခရာ အားတားသည်။

‘တော် တော့. . . မလုပ်နဲ့တော့. . .’

‘မင်း ဘာဝင်ရှုပ်တာလဲ၊ ဘေးဖယ်. . .’

‘မဖယ်ဘူး၊ သူ့ကို မလုပ်နဲ့တော့. . .’

‘သူ ဒီကိုလာရင် ဒီလို ဖြစ်မယ်ဆိုတာ သိသားပဲ၊ မင်း. . . ဖယ်. . .’

‘မဖယ်ဘူးဆို မဖယ်ဘူး၊ တရားမှ မတရားတာ၊ နင်တို့က အများ ကြီးပဲ၊ သူက တစ်ယောက် တည်းရယ်. . . တည်မြဲကို မလုပ်နဲ့. . .’

လဲကျနေသော နိုင်တည်မြဲ၏ ရှေ့မှာ မားမားမတ်မတ်ရပ်နေသော ပြည့် အသံက ရဲဝံ့ပြတ် သားနေသည်။ အက္ခရာသည် ပြည့်ကိုစိုက်၍ ကြည့်၏ ။ သူ့မျက်လုံးတွေ ကို ၀မ်းနည်းဟန်ဖြင့် ဖျော့ တော့ဝေရီနေလေသည်။ ထို့နောက် အက္ခရာသည် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ရပ်နေရာမှ အံကြိတ်၍ ကျောခိုင်းကာ လေးလေးပင်ပင် ထွက်ခွာသွားလေတော့သည်။

သူ့ပုံစံက ဆွေးမြေ့နေမှန်း အရမ်းသိသာ၏ ။ ဆုရည်ဝေနှင့် အခြားလူတွေ လည်း ဆိတ်ငြိမ် စွာ ဖြင့် အလိုက်တသိ နောက်မှလိုက်ပါသွာြး ကတော့၏ ။

ဝန်းကျင်တစ်ခွင်သည် ငြိမ်သက်တိတ်ဆိတ်သွားပြီ ဖြစ်သည်။

ကျောင်းဝင်းထဲမှ နိုင်တည်မြဲနှင့် ပြည့်သည့် ဆိုင်ကယ်ဖြင့် ပန်းခြံသို့ သွားကြလေသည်။ ပန်းခြံထဲရောက်သော အခါ ထိုင်ခုံတစ်ခုတွင် ထိုင်၍ ပြည့်က နိုင်တည်မြဲမျက်နှာမှ သွေးစတွေ ကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးလေ၏ ။

နိုင်တည်မြဲသည် လိုချင်တာရသော ကလေးငယ်တစ်ယေက်ကဲ့သို့ပင် ရွှင်မြူးနေပါတော့ သည်။

‘အစ်မ. . . အခုလို ငါ့ဘက်က ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်. . .’

‘ရပါတယ်. . . ငါလည်း အနေအထားအရ လုပ်လိုက်တာပါ. . .’

‘ဘာပဲ ဖြစ် ဖြစ်လေ. . . ငါ ကတော့ ပျော်တယ်. . .’

‘ဟွန်း. . . ဒဏ်ရာရတာ တောင်မှ ပျော်နိုင်သေးလား. . .’

‘ဒီဒဏ်ရာလောက် ကတော့ အသေးအမွှားပါ၊ အစ်မနဲ့ ရင်နှီးခွင့်ရတဲ့အတွက် ငါ ကတော့ တန်တယ်လို့ ယူဆတယ်. . .’

‘ငါ့ကို အစ်မလို့ခေါ်ရအောင် ငါတကယ်ပဲ နင့်ထက် ကြီးလို့လား’

‘ဟုတ်တယ်. . .’

နိုင်တည်မြဲက ခေါင်းညိတ်ပြသည်။ ပြည့်သည် နိုင်တည်မြဲကိုကြည့်ရင်း ဘာကြောင့် မှန်း မသိဘဲ အသနားပိုနေမိ၏ ။

‘ဒါနဲ့ နင်ဘာလို့ ငါ့ကို စောင့်နေတာလဲ. . .’

‘အစ်မကို သဘောကျလို့. . .’

‘အဲဒီ ဟာသက ရယ်စရာမကောင်းဘူး. . .’

‘တကယ်ပြောဟာ. . .’

‘နင် ရယ်စရာလုပ်မနေနဲ့ ကျောင်းသား တစ်ယောက် က ဒီလိုလုပ်စရာလား၊ စာကြိုးစားပါ လား’

ပြည့်က နှုတ်ခမ်းစူ၍ ပြောတော့ နိုင်တည်မြဲက ရယ်သည်။

‘ဟဲ့. . . ရီမနေနဲ့. . .’

နိုင်တည်မြဲက သူ့ရုပ်ကို ရုတ်တရက်တည်ပစ်၏ ။ တမင်တကာ လုပ်မှန်းသိသာသော ကြောင့် သူ့ကိုကြည့်ကာ ပြည့်ပင် ရယ်ချင်လာသည်။

‘အစ်မ. . . ငါ့ကို ညစာဝယ်ကျွေး’

‘အံမယ်. . . ငါက ဘာလို့ ၀ယ်ကျွေးရမှာ လဲ’

‘နင်က အကြီးပဲဟာ. . .’

‘ငါ့မှာ ပိုက်ဆံမရှိဘူး’

‘မရဘူးဟာ. . . ၀ယ်ကျွေး’

‘ငါ့မှာ တကယ်မရှိတာ. . .’

‘အဲဒါဆို ငါ့ပိုက်ဆံပေးမယ်. . . ၀ယ်ပဲကျွေး. . .’

နိုင်တည်မြဲက ဂျီတိုက်နေသည်။ ပြည့်သည် နာရီကို ကြည့်လိုက်၏ ။ ပြီးတော့ ထိုင်နေရာမှ ထသည်။

‘ငါ အိမ်ပြန်တော့မယ်. . .’

‘မပြန်ပါနဲ့ဦး အစ်မရဲ့ ’

‘အချိန်မရှိတော့ဘူး. . . သွားပြီ. . .’

‘အစ်မ. . .’

နှုတ်ဆက်ပြီးထွက်သွားသော ပြည့်လက်ကို နိုင်တည်မြဲက ဖမ်းဆွဲလိုက်သည်။ ပြည့်သည် တုန့်ခနဲပဲ ဖြစ်သွား၏ ။

‘အစ်မလက်ကလေးက ကိုင်ကောင်းလိုက်တာ၊ နွေးနေတာပဲ. . .’

နိုင်တည်မြဲက ပြည့်လက်ကို တယုတယ ပွတ်သပ်၍ ကိုင်ကြည့်နေသည်။ ပြည့် ခဏတာ ငြိမ်နေမိ၏ ။ ပြီးတော့မှ အသာအယာရုန်း၍ ထွက်လာခဲ့ပါသည်။ နောက်ပြန်လှည့်မကြည့်ဘဲနှင့် နိုင်တည်မြဲ သူမကို ကြည့်နေမည် ဆိုတာတော့ စိတ်က အတိအကျ သိနေသလိုရှိ၏ ။

‘အစ်မ. . . နေဦး. . . ငါ လိုက်ပို့ပေးမယ်. . .’

နိုင်တည်မြဲနှင့် ဆိုင်ကယ်သည် သူမ နံဘေးရောက်လာသည်။ ပြည့် မငြင်တော့ဘဲ ဆိုင် ကယ်ပေါ်သို့ တက်လိုက်၏ ။ ထုထည်ရှိသည့် အရှိန်အဟုန်တစ်ခုသည် လေပြင်အား သွက်သွက် လက်လက် ထိုးခွဲလို့ သွားပါတော့သည်။

ပြည့်သည် နိုင်တည်မြဲ၏ ကျောပြင်ကိုကြည့်ရင်း အက္ခရာကို မြင်ယောင်နေမိပြန်သည်။ ဒီနေ့အဖို့ သူမ၏ လုပ်ဆောင်မှု များ ကို သူမ ကိုယ်တိုင်ပဲ နားမလည်နိုင်အောင် ဖြစ်နေပါတော့ သည်။

•••


အခန်း (၆)

ကျောင်းပိတ်ရက် တနင်္ဂနွေနံနက်တွင် တိမ်ဆိုင်တွေ ကျဲပါးလျက်ရှိ၏ ။ ပြည့်သည် နိုင်တည် မြဲနှင့် ချိန်းဆိုထားသဖြင့် အိမ်မှ ခိုးကြောင်ခိုးဝှက် ထွက်လာခဲ့ပါသည်။ ဟိုတစ်နေ့က အိမ်အပြန် နောက်ကျသဖြင့် ပြည့် အဆူခံလိုက်ရသေးသည်။ ဒါတောင်မှ ဆုရည်ဝေက အ ဖြစ်မှန်အားလံးကို ဖွင့်မပြောဘဲ ထိမ်ချိန်ပေးထားသဖြင့် သူမ သက်သာရာရခဲ့တာ ဖြစ်သည်။

တွေ့ ဆုံရန် သတ်မှတ်ထားသည့် နေရာရောက်တော့ နိုင်တည်မြဲက မရှိ။ ဒါကြောင့် အနီး အပါးမှ ဖုန်းရုံတစ်ခုထဲဝင်၍ သူမ ဖုန်းဆက်ကြည့်လိုက်သည်။ မရ. . .၊ တစ်ဖက်မှ ပိတ်ထားသည် ဟု ထင်၏ ။

ဖုန်းကိုချကာ သူမ လှည့်ထွက်လာခဲ့ပါသည်။

‘ပြည့်’

အရိပ်တစ်ခုက သူမရှေ့မှာ လျှပ်တစ်ပြက်လာပိတ်လေသည်။ ရှုသိုးသိုး မျက်နှားထားနှင့် အက္ခရာ။

ဟိုတစ်နေ့က ကိစ္စကိုသတိရကာ အားနာသွားပြီး သူ့ကို သူမ မချိသွားဖြဲလေး ရယ်ပြလိုက် သည်။ အက္ခရာရုပ် ကတော့အတည်။

‘မင်း ငါ့ကို ရယ်ပြမနေနဲ့. . .’

‘ဘာ ဖြစ်လို့လဲ. . .’

‘စကားလည်း မပြောနဲ့၊ ငါ့ရှေ့မှာ လည်း မနေနဲ့. . .’

‘ဟင်. . . သူကပဲ လာပိတ်နေပြီးတော့. . .၊ အဲဒါဆို. . . သွားတော့မယ်. . .’

ပြည့်သည် အက္ခရာကို ကွေ့ရှောင်ကာ ထွက်လာခဲ့သည်။ သို့သော် သူမလက်သည် ဖမ်းဆွဲခြင်အား ခံလိုက်ရပါသည်။ သူမ ကြည့်လိုက်ရာ အက္ခရာ မျက်နှာပြင်တွင် ခံစားမှု တို့ စုံလင် ပြည့်သိပ်လို့နေပါသည်။

‘ငါ ဘာဆက်လုပ် ရမလဲ၊ မင်းကိုငါ ကြိုက်နေတယ်. . .’

‘ဟိုက်. . . ဒဲ့ကြီးပါလား. . .’

ပြည့် အသာငြိမ်နေလိုက်သည်။

‘လာ. . . လိုက်ခဲ့. . .’

‘ဘယ်ကိုလဲ. . .’

‘လာစမ်းပါ. . .’

အက္ခရာက ပြည့်လက်ကို အတင်းပဲဆွဲခေါ်သည်။ ငြင်းလို့လည်း မရ။ တွန့်ဆုတ်တွန့်ဆုတ် နှင့် ပင် ပြည့်လိုက်ပါသွားရလေ၏ ။ ကားတစ်စီးဆီရောက်တော့မှ အက္ခရာက လျှောက်နေတာကို ရပ်သည်။ ပြီးတော့မှ. . .

‘မေသက်စု ထွက်စမ်း. . .’

ကားတံခါးကိုဖွင့်ပြီး ကားထဲမှ ကောင်မလေးကို ဆွဲထုတ်သည်။ ဟိုက အူလည်လည်ရုပ် နှင့် . . .

‘ဘာလဲ အက္ခရာရဲ့ . . . အတင်းကြီးပဲ. . .’

‘အမေးမြန်း ထူမနေစမ်းနဲ့. . . ထွက်ဆိုထွက်. . .’

မေသက်စုဆိုသော ကောင်မလေး အပြင်ရောက်တာနှင့် အက္ခရာက ပြည့်ကိုကားထဲဆွဲ သွင်းသည်။ ပြီးတော့ သူပါအထဲဝင်ကာ ကားတံခါးကို စောင့် ပိတ်ပစ်လိုက်လေသည်။

‘အက္ခရာ. . . ဘယ်သွားမှာ လဲ၊ အသက်ကို မထားခဲ့နဲ့လေ၊ ဘာလုပ်တာလဲ. . . ဟေ့. . .’

မေသက်စု အပြင်ဘက်မှ ကားတံခါးကို တဘုန်းဘုန်းထုသည်။ အက္ခရာက လုံးဝဂရုမစိုက် ဘဲ ကားကိုတရကြမ်း မောင်းနှင်ထွက်လိုက်လေတော့သည်။ ထိုအခါ မေသက်စုသည် လမ်းပေါ်မှာ အော်ဟစ်ခုန်ပေါက်လျက်ကျန်ရစ်ခဲ့တော့၏ ။

ကားသည် လျှင်မြန်စွာ ပြေးလွှားနေပါသည်။ အက္ခရာက. . .

‘မင်း အိမ်ရောက်ဖို့ ငါးမိနစ်ပဲ လိုတော့တယ်၊ အဲ့ဒါကြောင့် အခုဖြေ၊ မင်းငါ့ကို ချစ်သလား မချစ်ဘူးလား. . .’

ဘာပြန်ဖြေရမှန်းမသိ. . .။ ပြည့်သည် တိတ်ဆိတ်လျက်ရှိ၏ ။

‘မင်းအခု ငါးမိနစ်အတွင်း မဖြေရင် ငါ ကားကို မရပ်တော့ဘဲ ဆီကုန်တဲ့အထိ မောင်းသွား မယ်. . .’

‘ဆီကုန်တဲ့အထိ. . . ဟုတ်လား. . .’

သူမ လန့်သွားမိသည်။

‘ဆီက ဘယ်လောက်ကျန်သေးလို့လဲ. . .’

‘အပြည့်ပဲ. . .’

အက္ခရာက လီဗာကိုဖိနင်းလိုက်သည်။ ကား၏ ပြေးလွှားနှုန်းသည်တရိပ်ရိပ် ဖြစ်လာ၏ ။

‘ခဏနေပါဦး. . .’

‘ဘာကိစ္စနေရမှာ လဲ. . .’

‘နင်နဲ့ မေသက်စုဆိုတဲ့ ကောင်မလေးနဲ့ ဘာလဲ. . .’

‘ငါ့ဘက် ကတော့ ဘာမှမဟုတ်ဘူး. . .’

‘ဒါဆို အခုကားပေါ်ပါလာတာကျတော့ရော. . .’

‘လမ်းကြုံလိုက်ချင်တယ်ဆိုလို့ တင်လာတာ၊ ဘာလဲ. . . မင်း သ၀န်တိုနေတာလား. . .’

‘မဆိုင်လိုက်တာ. . .’

ပြည့်က မျက်နှာကို တစ်ဖက်လှည့်ပစ်၏ ။ အက္ခရာက ပြည့်မျက်နှာကို လက်တစ်ဖက်နှင့် သူ့ဘက်ပြန်ဆွဲလှည့်သည်။

‘အခု လေးမိနစ်နဲ့ ဆယ့်ရှစ်စက္ကန့်ရှိပြီ၊ ဆီကုန်တဲ့အထိ မောင်းရမှာ လား. . . ပြော. . .’

အက္ခရာက လီဗာကို ထပ်မံဖိနင်းလိုက်ပြန်သည်။ ကား၏ အရှိန်အဟုန်သည် ကြောက် စရာကောင်းလောက်အောင် လျှင်မြန်လာ၏ ။

‘ဖိုက်. . . ဖိုး. . . သရီး. . . တူး. . . ၀မ်း. . .’

‘ရပ်’

ပြည့်အသံက စူးစိုက်ထွက်လာသည်။ ကားသည် တိခနဲပဲ ရပ်သွား၏ ။ ပြည့်သည် ကားထဲမှာ သွက်လက်စွာ ထွက်လိုက်ပါသည်။

အက္ခရာသည် သူ့တွက်ကိန်းနှင့် သူတော့ ဟုတ်နေသည်။ ကားတည်ရှိနေရာက သူမတို့ အိမ်ရှေ့တွင် ဖြစ်၏ ။

‘ငါ အထဲဝင်တော့မယ်၊ ကားကို ဖြည်းဖြည်းမောင်းဦး. . .’

‘မင်း ငါ့ကို အဖြေပေးသွားတာလား’

‘ငါက နင့်ကို ကားဖြည်းဖြည်း မောင်းဖို့ပဲ ပြောတာ. . .’

‘အဲ့ဒါ အဖြေပေးတာနဲ့ အတူတူပဲမဟုတ်လား၊ ငါတော့ အဲဒီ လိုပဲ ယူဆတယ်. . .’

‘သေပါလား. . .’

‘မသေနိုင်သေးဘူး၊ မင်းကိုချစ်ဖို့ ဆက်လက်ရှင်သန်ရဦးမယ်ရော့. . .’

အက္ခရာက သူ့ဟမ်းဖုန်းကို ၀ှီးခနဲပစ်ပေးသည်။ ပြည့် ကမန်းကတန်းဖမ်းလိုက်ရ၏ ။ မိလို့ တောပါသေးသည်။

‘အခုည မင်းဆီ ငါဖုန်းဆက်မယ်. . .’

ပြောပြီးတာနှင့် အက္ခရာသည် ကားကိုမောင်းထွက်သွားလေသည်။ ပြည့်သည် တွေ ဝေ ငေးငေါင်စွာ ဖြင့် ကျန်ရစ်ခဲ့၏ ။ သူမရင်ထဲမှာ တော့. . . မျဉ်းပြိုင်နှစ် ကြောင်း ရေး ဆွဲလျက်ရှိပေသည်။

တစ်ယောက် တည်း ကပေါက်တိကပေါက်ချာ ဖြစ်နေသော ပြည့်အနားသို့ ဆုရည်ဝေရောက် လာပြီး. . .

‘အစ်မအတွက် ဂုဏ်ယူပါတယ်. . .’

‘ဘာကိုလဲ. . .’

‘အက္ခရာနဲ့ ပျော်နေတယ်ပေါ့လေ. . .’

‘ဘာပြောတယ်. . .’

‘အစ်မက ဘာလို့ဟန်ဆောင်နေတာလဲ၊ ခုနက အက္ခရာကို ကားနဲ့ တွေ့ လိုက်သားပဲ၊ အစ်မတို့နှစ် ယောက် ချိန်းပြီးအပြင် သွားကြတာမလား. . .’

‘ဝေးသေးတယ်၊ ငါက ရူးနေလို့ သူနဲ့ချိန်းပြီး အပြင်သွားရမှာ လား. . .’

ပြည့်က ဘုတောတော့ ဆုရည်ဝေကပြုံးလေသည်။

‘အက္ခရာနဲ့ အပြင်ထွက်ဖို့က နည်းနည်း တော့ ရူးမှရတယ် အစ်မရဲ့ . . .’

‘ငါ ကတော့ မရူးသေးပါဘူးဟယ်. . .’

‘ဒါပေမယ့် အခုအချိန်ကစပြီး အစ်မသတိထားသာနေတော့. . .’

‘ဘာ ဖြစ်လို့လဲ. . .’

‘အက္ခရာအနား ကပ်ချင်နေတဲ့ကောင်မတွေ ကသာ အစ်မအကြောင်း သိသွားခဲ့ရင် မလွယ် ဘူး. . .’

‘ဘယ်လို မလွယ်တာလဲ. . .’

‘မနှစ် က အက္ခရာကြိုက်သလို ဖြစ်နေတဲ့ ကောင်မလေး တစ်ယောက် ခဲနဲ့အပစ်ခံရလို့ ဆေးရုံ ရောက်သွားဖူးတယ်၊ အစိမ်းချုပ် ငါးချက်ချုပ်လိုက်ရတယ်ဆိုလားပဲ. . .’

‘အဲ. . .’

ပြည့် ခေါင်းကြိမ်းသွားမိသည်။ အက္ခရာနှင့် လည်း ဆက်လက်ပတ်သက်ချင်စိတ် ကုန်ခမ်း သွားတော့၏ ။

ထိုညက အက္ခရာဖုန်းဆက်တော့ ပြည့် မကိုင်ဘဲ ဖုန်းကို ပိတ်ပစ်လိုက်သည်။ နိုင်တည်မြဲ ဆီကိုတော့ သူမဘက်မှစ၍ ဖုန်းခေါ်လိုက်သည်။ သို့သော် ဖုန်းကခေါ်မရဘဲ ပိတ်မြဲပိတ်ထားဆဲ. .။

ပြည့် နားလည်ရခက်ခဲ သွားပါသည်။

နိုင်တည်မြဲ ဘာ ဖြစ်နေတာလဲ. . .။

အမှန်မှာ . . . ထိုနေ့က နိုင်တည်မြဲသည် တစ်ကိုယ်တော် ငိုပွဲဆင်နေတာ ဖြစ်သည်။ အကြောင်းရင်းက သူ့အဘွားဆုံးပါးသွား၍ ဖြစ်၏ ။

တွယ်တာသူများ သည် သူ့အား တစ်ယောက် ပြီး တစ်ယောက် ချန်ထားရစ်ခဲ့ကြသည်။ အမေ. . . ပြီးတော့ အဖေ. . .။ အခု အဘွား. . .။ သဘာဝတရားကြီးဆိုတာကြီးက သူ့ကို တစ်ကောင်ကြွက် တစ်မျက်နှာ ဖြစ်သွားစေခဲ့ပါပြီ။

လူငယ် တစ်ယောက် ၏ ခိုကိုးရာမဲ့ စိတ်ခံစားချက်များ သည် အလုံပိတ်အခန်းထဲ၌ ပျံ့လွင့် နေသည့် မီးခိုးငွေ့များ နှင့် ခပ်ဆင်ဆင်တူလှပေသည်။

•••


အခန်း (၇)

ညနေခင်းကောင်းကင်တွင် မိုးသားများ အထူးပျော်ရွှင်နေကြလေ၏ ။ ပြည့်နှင့် ဆုရည်ဝေ သည် မိန်းကလေးတို့၏ ဘာသာဘာဝ အာယားပြေ သွားရေစာလျှောက်စားနေကြလေသည်။

ထိုစဉ်မှာ ပင် ပြည့်လက်ထဲမှ ဖုန်းက အသံမြည် လာသည်။ အရင်နေ့တွေ လိုပဲ ပိတ်ပစ်ရန် ဟန်ပြင်ပြီးမှ မပိတ်တော့ဘဲ ပြန်ပြောလိုက်သည်။ တိုတိုတုတ်တုတ်ပါပဲ။

‘ဖုန်းလာယူတော့. . .’

‘အခုဘယ်မှာ လဲ. . .’

နေရာကို ပြောပြီးတာနှင့် ပြည့် ဖုန်းကို ပိတ်ပစ်လိုက်တော့၏ ။ ဆုရည်ဝေက သိချင်စွာ မေး သည်။

‘ဘယ်သူဆက်တာလဲ. . .’

‘ဘယ်သူရှိရမှာ လဲ၊ အက္ခရာပဲပေါ့. . .’

‘ဘာတဲ့လဲ. . .’

‘ဒီကိုလာလိမ့်မယ်. . .’

ဆယ်မိနစ်လောက်ကြာတော့ သူမတို့ရှိရာသို့ အက္ခရာရောက်ချလာသည်။ ပြည့်က ဖုန်းကို ပြန်ပေးလိုက် ၏ ။ အက္ခရာကမယူချေ။

‘ငါ့မှာ ဖုန်းတစ်လုံးရှိတယ်၊ ငါ့ ဆက်ချင်တဲ့အချိန် ဆက်လို့ရအောင် ဒီဖုန်းကို မင်း ယူထား လိုက်. . .’

‘သူများ ပစ္စည်း မယူချင်ပါဘူး. . .’

‘မယူလို့ မရဘူး၊ ယူဆိုယူထား. . .’

အက္ခရာက ပြောပြီးတာနှင့် ဆုရည်ဝေကို မျက်စပစ်ပြလိုက်သည်။ ဆုရည်ဝေက အလိုက် သိစွာ ရှောင်ထွက်သွား၏ ။

ပြည့်သည် စိတ်ရှုပ်စွာ ဖြင့် ခေါင်းကိုသာ ကုတ်နေမိတော့သည်။

‘နေမကောင်းဘူးလား. . .’

‘ကောင်းပါတယ်. . .’

‘ဒါဆို ဘာ ဖြစ်နေတာလဲ. . .’

‘ဘာမှ မ ဖြစ်ပါဘူး’

အက္ခရာက ပြည့်ကို တည့်မတ်စွာ ကြည့်၏ ။

‘အရင်နေ့တွေ က ဖုန်းဆက်တိုင်း ဖုန်းကို ဘာလို့ပိတ်ပစ်တာလဲ’

‘ဘေလ်တက်နေမှာ စိုးလို့ပါ’

‘အပိုတွေ လျှောက်ပြောမနေနဲ့၊ မင်းက ငါဆက်တဲ့ဖုန်းကို မကိုင်တဲ့ ပထမဆုံး မိန်းကလေး ပဲ၊ ငါ ခွင့်လွှတ်တယ်ဆိုတာလည်း မသိဘူး၊ ကြင်နာတယ်ဆိုတာလည်း နားမလည်ဘူး. . .’

ပြည့်သည် ငြိမ်နေမိ၏ ။

‘လာ. . . တစ်ခုခုသွားစားရအောင်. . .’

‘ဟင့်အင်း. . . မလိုက်တော့ဘူး’

‘မလိုက်လို့မရဘူး၊ လာ. . . လိုက်ခဲ့. . .’

အက္ခရာ ပြည့်ကို အတင်းပဲ ဆွဲခေါ်သည်။ ပြည့် ရုန်းသော်လည်း မရ။ ဒီလိုနှင့် ပင် ယက်ယက်ဖြင့် ပါသွားရပြန်သည်။ အက္ခရာနှင့် ထိပ်တိုက်တွေ့ လျှင် ဒီလိုပဲ သူမ၌ ဆန့်ကျင်နိုင် စွမ်းတွေ ကျဲပါးသွားလေ့ရှိ၏ ။ အဲဒါ ဘာကြောင့် များ ပါလိမ့်. . .။

မှော င်စပြုနေပြီ ဖြစ်သော ညနေခင်းလမ်းမများ သည် မီးရောင် တို့ကြောင့် ရုတ်တရက်လင်း လာသည်။ အက္ခရာသည် ပြည့်လက်ကိုဆွဲလျက် ဆိုင်တစ်ဆိုင်ထဲသို့ ၀င်ရန်ပြင်သည်။ ထိုစဉ် ဆိုင်အတွင်းမှ လူတစ်အုပ်လမ်းမပေါ်သို့ ပြိုကျဆင်းလာ၏ ။

‘သေသွားမယ်. . . နောက်ဆို ထောင်ထောင်ထောင်ထောင် မလုပ်နဲ့ကြားလား. . .’

‘ဟိတ်ကောင်. . . ငါ့တို့ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိပြီလား. . .’

‘မှတ်သွားအောင် ထပ်ဆော်ကွာ. . .’

လူ တစ်ယောက် ကို လူလေးယောက် က ၀ိုင်းဝန်းနှိပ်စက်နေကြခြင်း ဖြစ်သည်။ တစ်ယောက် တည်းသမားမှာ လမ်းပေါ်မှာ လဲကျနေပြီး လေးယောက် ၏ ထိုးကြိတ်ရိုက်နှက်မှု ကိုအလူးအလိမ့်ခံ နေရသည်။

ပြည့် ဂရုတစိုက်ကြည့်လိုက်ရာ. . .

‘ဟင်. . . နိုင်တည်မြဲ. . .’

ပြည့်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

‘အက္ခရာ. . . ဟိုမှာ နိုင်တည်မြဲရယ်. . . တစ်ခုခုလုပ်ပါဦး. . .’

အက္ခရာက ရန်ပွဲကို အသေအချာကြည့်၏ ။

‘အဲ့ဒါ အောင်သူရကြွယ်တို့ အုပ်စု. . . ရက်စက်တဲ့နေရာမှာ တော့ နာမည် ကြီးပဲ၊ ရန်မ ဖြစ် ရရင် မနေနိုင်တဲ့ကောင်တွေ ၊ အလကားနေရင်းကို ရန်လိုက်ရှာနေတာ၊ ဟိုကောင်တော့ သေတော့ မှာ ပဲ’

‘အက္ခရာရယ်. . . တားပေးပါဦး. . .’

‘ငါနဲ့ အဲဒီ ကောင်တွေ နဲ့လည်း မတည့်ဘူး. . .’

‘ဒါဆို ဘယ်လိုလုပ်မလဲ၊ ဟိုက သေတော့မယ်. . .’

ပြည့် ပျာယာခတ်နေပြီ၊ ဒါကို ကြည့်ရင်း အက္ခရာရင်တွင်းသို့ လူသားဆန်သော စိတ်တစ်ခု ရုတ်တရက် တိုးဝင်လို့လာသည်။ သူ ဆုပ်ကိုင်ထားသော ပြည့်လက်ကိုလွှတ်ကာ. . .

‘ငါ သူတို့ကိုထိန်းထားမယ်. . . မင်း နိုင်တည်မြဲကို ခေါ်သွားလိုက်’

အက္ခရာသည် ရန်ပွဲအတွင်းသို့ လျှပ်ပြက်သလို ပြေးဝင်သွားလေတော့သည်။

‘ဟေ့. . . မင်းတို့ဟာက လေးယောက် တစ်ယောက် မမျှပါလား’

‘အောင်မာ. . . ဒီကောင်က လူစွမ်းကောင်း လာလုပ်နေတယ်. . .’

‘သေချင်လို့လား’

အာရုံတွေ က အက္ခရာဆီ စုပြုံရောက်ရှိလာလေသည်။ အက္ခရာသည် အားလုံးကို သိမ်းကျုံး၍ တရစပ်တိုက်ခိုက်လိုက်၏ ။ နိုင်တည်မြဲ ကတော့ အခြေအနေအရပ်ရပ်ကို အံ့အားသင့် နေပုံရသည်။

အက္ခရာ နောက်ပြန်လှည့်ကြည့်လိုက်ရာ ပြည့်သည် မျက်လုံးကလေးအပြူးသားနှင့် ရန်ပွဲ ကို ရပ်ကြည့်နေတာ တွေ့ ရသည်။

‘ဟေ့. . . ပြည့် ဘာလုပ်နေတာလဲ. . . နိုင်တည်မြဲကို ခေါ်ပြီးသွားတော့လေ. . .’

အက္ခရာက သတိပေးမှ ပြည့်အသိဝင်လာပြီး နိုင်တည်မြဲကို မနိုင်မနင်းတွဲ ထူကာ ထွက်လာ ခဲ့လေသည်။ အက္ခရာ ကတော့ အများ နှင့် တစ်ယောက် အသည်းအသန် ဆက်လက်သတ်ပုတ်နေ ရဆဲ. . .။

ညသည် မှော င်မဲလို့လာချေပြီ။

ပြည့်နှင့် နိုင်တည်မြဲသည် အိမ်တစ်လုံးအတွင်း၌ ရောက်ရှိနေကြပြီ ဖြစ်ပါသည်။ ထိုအိမ်က နိုင်တည်မြဲနေထိုင်ရာ အိမ် ဖြစ်၏ ။

နိုင်တည်မြဲသည် အိထဲရောက်တာနှင့် သူ၏ စာကြည့်စားပွဲဆီသို့ အရင်ဦးဆုံးသွားကာ စားပွဲပေါ်မှ ဓာတ်ပုံတစ်ပုံကို ဖွက်၍ သိမ်းဆည်းလိုက်လေသည်။

ထိုအချင်းအရာကို ပြည့်က မမြင်ချေ။ အခြား ဟိုဟိုဒီဒီတွေ သာ သူမ လျှောက်ကြည့်နေ လေသည်။

‘အိမ်က အကျယ်ကြီးပဲ၊ တစ်ယောက် တည်းနေတာလား’

‘အရင်က အဘွားနဲ့နေတာပါ’

‘အခု အဲဒီ အဘွားကကော. . .’

‘ဆုံးသွားတာ မကြာသေးဘူး၊ အစ်မနဲ့တွေ့ ဖို့ ချိန်းထားတဲ့နေ့ကပဲ ဆုံးသွားတာလေ၊ အဲဒါကြောင့် အစ်မဆီ မလာနိုင်တာ. . .’

နိုင်တည်မြဲသည် ထိုင်ခုံတစ်ခုံမှာ မှီထိုင်သည် ပြည့်က သူ့ဒဏ်ရာတွေ ကို တယုတယဆေး လိမ်းပေးရှာ၏ ။ နှုတ်ကလည်း မိန်းမပီသစွာ တဗျစ်တောက်တောက် လုပ်နေလေသည်။

‘တစ်ကိုယ်လုံးကို ညိုမဲစွဲပြီး ဖူးယောင်ကွဲပြဲနေတာပဲ၊ မျက်နှာမှာ လည်း ရစရာကို မရှိဘူး၊ ဘာကိစ္စ ရန် ဖြစ်တာလဲ. . .’

‘လာစလို့ ပြန်ချတာ. . .’

‘အေး. . . ချ. . . ချ. . . အခုတောင် ကံကောင်းလို့ မသေတာ၊ မမှတ်သေးဘူးလား’

‘ဟင့်အင်း. . . မမှတ်သေးဘူး’

‘ကဲဟယ်. . . မမှတ်နဲ့ဦး. . .’

ပြောင်စပ်စပ်လုပ်နေသော နိုင်တည်မြဲ၏ နဖူးကို ပြည့်က စိတ်ပေါက်ပေါက်နှင့် ခွပ်ခနဲ မြည် အောင် ခေါက်ထည့်လိုက်၏ ။ ဒီလိုကျတော့ အော်သည်။

‘အား. . . နာတယ် အစ်မရဲ့ ’

‘နာမှာ ပေါ့၊ နာအောင်ခေါက်တာပဲဟာ. . .’

‘အဲဒီ နေရာကို ဆေးပြန်လိမ်းပေး’

‘တော် ပြီ မလိမ်းပေးတော့ဘူး၊ ငါ ပြန်တော့မယ်၊ အချိန်မရှိတော့ဘူး၊ အရမ်းနောက်ကျရင် အိမ်က ဆူလိမ့်မယ်. . .’

ပြည့်သည် ထိုင်ရာမှ ထလိုက်၏ ။ နိုင်တည်မြဲက ပြည့်ကို စူးစိုက်၍ ကြည့်သည်။ သူ့မျက်လုံး တွေ က နူးညံ့နေလေသည်။

‘အစ်မ’

‘ဘာလဲ’

‘မပြန်တော့ဘဲနဲ့ ဒီမှာ ပဲ နေလိုက်ပါလား. . .’

‘အောင်မာ. . . ရမယ်. . . အားကြီးကြီး. . .’

‘ဘာလို့ မရရမှာ လဲ၊ ငါ ခေါ်ထားရင် ဖြစ်တာပဲဟာ. . .’

‘သေတောင်သွားဦးမယ်. . .’

ပြည့်သည် နှုတ်ခမ်းစူ၍ ပြောပြီး လက်သီးနှင့် ရွယ်သည်။ သူမ အမူအယာကို ကြည့်၍ သဘောကျကာ နိုင်တည်မြဲက ရယ်လေသည်။ တည်မြဲရယ်နေတာကို ကြည့်ပြီး ပြည့်လည်း လိုက်ရယ်မိ၏ ။ ပြီးတော့မှ လက်ပြ၍ နှုတ်ဆက်ကာ သူမ ပြန်လာခဲ့ပါသည်။

အိမ်ရောက်လို့ နောက်ကျရခြင်း အကြောင်းရင်းကို မေးလာလျှင်တော့ သူငယ်ချင်းတစ် ယောက် အိမ်မှာ စာသွားကြည့်နေတာဟု ညာဖြေရန် ကြိုကြိုတင်တင် စဉ်းစားထားလိုက်ပါ၏ ။

ပြည့် ပြန်သွားတော့ နိုင်တည်မြဲသည် တစ်ယောက် တည်းပြုံး၍ ကျန်ခဲ့လေသည်။ သူ့မျက်လုံးထဲမှာ သေဆုံးသွားပြီ ဖြစ်သော ဖခင် ဖြစ်သူ၏ ရုပ်သွင်က ရုတ်တရက်ပေါ်လာသည်။ စိတ်ထဲမှာ ၀မ်းနည်းအားငယ်သွားမိ၏ ။ ဒါကြောင့် ဘာမှမမြင်ရစေရန် သူ့မျက်လုံးတွေ ကို မှိတ် ပစ်လိုက်၏ ။ သို့ရာတွင် အမှော င်တွေ ကိုတော့ မြင်နေရဆဲ ဖြစ်ပါသည်။

အမှော င်တွေ ၏ အစကို ရောက်နေမှတော့ အလင်းရောင် ကို မကြာမီ ခြေရာခံမိတော့မည် ဟု သူ ထင်မိလေသည်။

ညဥ့်က တဖြည်းဖြည်း တိတ်ဆိတ်လို့လာ၏ ။ မြို့ပြသည် တစ္ဆေတစ်ကောင်နှင့် တူလာ သည်။ ပူလောင်သော ထိုညက လမ်းဘေးပလက်ဖောင်းပေါ်မှာ ဒစ်ရာဗရပွနှင့် စွန့်ပစ်ခံထားရသော လူငယ် တစ်ယောက် ကိုမူ မည် သူကမှ သတိမပြုမိခဲ့ကြပါချေ။

လေထုထဲမှာ သွေးရနံ့တို့ တလှိုင်လှိုင် ပျံ့လွင့်လျက်ရှိပေသည်။

•••




ဝန်ဇင်းချစ်သူများ လင်းညှို့သွေး ၏ “ ဂျစ်ပစီသင်ခန်းစာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နတ်သမီး ချည်တိုင်

ကိုယ်တိုင်ရိုက်ချိုးတဲ့ ပဉ္စမံ နံရိုး

အသည်းခွဲဖက်ရှင်