Cover

အခန်း (၁)

(နိဒါန်းမေးခွန်း)

ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်မချစ်ဆိုတာ

ဘယ်လိုပေတဲ့ စံနှုန်းမျိုးတွေ နဲ့ တိုင်းတာဆုံးဖြတ်မလဲ…။

???

??

?

ငှက်ပြာကလေးတွေ ဟာ လူတွေ ကို အကူအညီပေးကြပါတယ်။

အဲဒီ လိုပဲ…

ငှက်ပြာလေးတွေ ကဲ့သို့ လူတွေ ကို အကူအညီပေးတတ်ပြီ၊ ပုံပြင်တွေ ကို ချစ်မြတ်နိုးတဲ့ ကောင်လေးနဲ့ ကောင်မလေးရှိပါတယ်။

သူတို့နှစ် ဦးရဲ့ အ ဖြစ်ဟာလည်း ဆန်ကြယ်ထူးခြားတဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်သဖွယ်ပါပဲ……

(ငယ်ဘ၀ပုံရိပ်)

ကျောင်းစာသင်ခန်းထဲမှာ ပေါ့…..

ကျောင်းသားတစ်တစ်ဦးနှင့် ကျောင်းသူလေးတစ်ဦး အတန်းပိုင်ဆရာမ ရှေ့မှာ လက်ကလေးပိုက်လျက် ရပ်နေကြပါသည်။

အတန်းပိုင်ဆရာမ က သူတို့နှစ် ဦးကို စူးစိုက်၍ ကြည့်ကာ…

``စူးရှထက်နဲ့ သဲဝတ်လွှာ… မင်းတို့နှစ် ဦးဟာ ဒီအတန်းထဲမှာ စာအတော် ဆုံး စာရင်းဝင်တွေ ၊ အဲ့ဒါနဲ့တောင်မှ ဒီအပတ် လပတ်စာမေးပွဲမှာ ကျကြတယ်။ အဲဒါ ဘာ ဖြစ်လို့လဲ´´

နှစ် ယောက် စလုံးထံမှ စကားသံတွေ ထွက်မလာ။ နှုတ်ဆိတ်လျက် ခေါင်းလေးတွေ ကို ငုံ့မြဲငုံ့ထားကြ၏ ။

အတန်းပိုင်ဆရာမ က….

``မင်းတို့မဖြေလည်း မင်းတို့ဘာကြောင့် စာမွေးပွဲကျရသလဲဆိုတာ ဆရာမ သိပြီးပြီ။ စူးရှထက်က သင်္ချာနေ့က အားလုံးအပုဒ်စေ့ အမှန်ဖြေဆိုထားနိုင်တဲ့ သူရဲ့ အဖြေလွှာစာရွက်ကို နံဘေးနားက စာမရတဲ့ ကျောင်းသားရဲ့ အဖြေလွှာစာရွက်နဲ့ ခုံနံပါတ်ပြောင်းတပ်ပြီး အခန်းစောင့်ဆရာကို အပ်လိုက်တယ်။ ဆရာမ ပြောတာ ဟုတ်တယ်မလား စူးရှထက်´´

ကျောင်းသားလေး ငြိမ်နေသည်။

``ဘာသာရပ်ဆရာ လာပြောလို့ မသင်္ကာလာတာနဲ့ လက်ရေး ချင်တိုက်စစ်ကြည့်လို့ အဲဒါကို သိရတာ ။ သဲဝတ်လွှာ ကတော့ အင်္ဂလိပ်စာနေ့က နံဘေးကစာဖြေတဲ့ကျောင်းသူမှာ ဘောလ်ပင်ပါမလာတာကြောင့် သူ့ဘောလ်ပင်ကို ပေးပြီး အရင်ဖြေခိုင်းတယ်။ အဲဒီ ကျောင်းသူပြီးမှ သူဖြေတော့ အချိန်မလောက်တာကြောင့် အောင်မှတ်မရတာ ။ နံဘေးက ကျောင်းသူကို ခေါ်မေးကြည့်တော့ ပြောပြတယ်။ သဲဝတ်လွှာက စာမရလို့ မဖြေတာ မဟုတ်ဘူး။ သူမသိတဲ့ ပုစ္ဆာတွေ ကိုတောင်မှ ပြောပြသေးတယ်… တဲ့….´´

ကျောင်းသူလေးလည်း ငြိမ်နေသည်။ အတန်းပိုင်ဆရာက သူတို့နှစ် ဦးကို ကြည့်ကာ သက်ပြင်းချ၏ ။

``မင်းတို့တွေ ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ဖက်သားကို ကူညီချင်စိတ်ရှိကြတာ ကောင်းပါတယ်။ ဒါပေမယ့်… ကူညီတယ်ဆိုတာ စနစ်ကျဖို့ လိုတယ်။ စာမရတဲ့သူငယ်ချင်းကို စာမေးပွဲမတိုင်ခင်တည်းက နေ့စဉ်ပုံမှန် စာလုပ်ဖို့ပြော၊ မသိနားမလည်တာရှိရင် ရှင်းပြ၊ ကိုယ်ရှင်းမပြနိုင်ရင် ဘာသာရပ်ဆရာကို သွားမေးဖို့ တိုက်တွန်း၊ စာမေးပွဲခန်းမ၀င်ခင်မှာ ဘောလ်ပင်ခဲတံနဲ့ ကွန်ပါပစ္စည်း အစုံအလင်ပါရဲ့ လား အခန်းစောင့်တဲ့ဆရာကို ပွင့်ပွင့်လင်းလင်းပြောပြီး အကူအညီတောင်းပေါ့…။

ပြဿနာတစ်ခုကို ဖြစ်လာမှ ဖြေရှင်းဖို့ ကြိုးစားတာထက် ဖြစ်မလာခင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးနည်းလမ်းပဲ။ တစ်ဖက်လူကို ကူညီတဲ့အခါမှာ လည်း ကိုယ်နိုင်သလောက်ဝန်ကိုပဲ ကူညီသင့်တယ်။ မဟုတ်ရင် အဲဒီ ၀န်က ကိုယ့်ကိုပိပြီး ကိုယ့်မှာ စိတ်ဖိစီးမှု ဖြစ်ရတယ်။ ကူညီတဲ့အခါမှာ လည်း တစ်ဖက်စောင်းနင်းမ ဖြစ်ဖို့ ဂရုစိုက်ရတယ်။ တစ်ဖက်မှာ ကောင်းကျိုး ဖြစ်ပေမယ့် အခြားတစ်ဖက်မှာ ဆိုးကျိုးသွား ဖြစ်နေရင် အဲဒီ ကူညီမှု ဟာ မစင်ကြယ်ဘူး။ အဓိ ကတော့ ကိုယ့်ရဲ့ ကူညီမှု ကြောင့် ဘယ်သူတစ်ဦး တစ်ယောက် မှ ထိခိုက်နစ်နာဆုံးရှုံးမှု မ ဖြစ်ဖို့ အရေး ကြီးဆုံး´´

* * * * *


စူးရှထက်နှင့် သဲဝတ်လွှာ…။

ကျောင်းအဆောင်၏ နောက်ဘက်ရှိ မြက်ခင်းပြင်ထက်မှာ ဆောင့်ကြောင့် လေးတွေ ထိုင်ကာ သူတို့နှစ် ဦး မြက်နှုတ်နေရ၏ ။

ထိုအချိန်မှာ ….

သူတို့နှစ် ဦးကြားရှိ မြေပြင်ပေါ်သို့ တစ်စုံတစ်ရာ ဖုတ်ခနဲပြုတ်ကျလာ၏ ။

``ဟယ်.. ငှက်ကလေး´´

နှစ် ဦးသား ထိုနေရာသို့ ကတိုက်ကရိုက် သွားလိုက်ကြသည်။ ငှက်ကလေးဟာ သူတို့ကိုမြင်တော့ ထိတ်လန့်သွားဟန်နှင့် အတောင်ပံ တိုတိုလေးနှစ် ဖက်အား တဖျတ်ဖျတ်ခတ်လာသည်။

သို့သော် ပျံသန်း၍ မရဘဲ ယက်ကန်ယက်ကန် ဖြစ်နေရှာ၏ ။

``ငှက်ကလေး သနားပါတယ်ဟုယ်။ ဘယ်ကနေ ပြုတ်ကျလာတာလဲ မသိဘူး´´

``အပျံသင်ရင်း ပြုတ်ကျလာတာ ဖြစ်ရမယ်ဟ´´

ငှက်ကလေးမှာ အမွေးအတောင်ပင် မဆုံသေး။

``အသိုက်ထဲက ထွက်ကျတာလည်း ဖြစ်နိုင်တာပဲ´´

``အသိုက်ရွှေ့ရင်း ငှက်မကြီး လွတ်ကျတာလား မသိဘူးနော်´´

ဘေးဘီဝဲယာဆီ သူတို့ လျှောက်ကြည့်မိကြသည်။ ငှက်မကြီးကိုလည်း မမြင်၊ ငှက်သိုက်ကိုလည်း မတွေ့ ။

ငှက်ကလေးမှာ အမြင့်မှပြုတ်ကျလာသဖြင့် နာကျင်နေဟန်ရှိသည်။

``ဒီငှက်ကလေးကို ဘယ်လိုလုပ်ပေးရင် ကောင်းမလဲဟင်´´

``အိမ်ခေါ်သွားပြီး ဆေးကုပေးလိုက်ရင်ကော။ သူ နေကောင်းလာပြီး ပျံနိုင်မှ လွှတ်ပေးလိုက်မယ်လေ´´

``အဲဒါဆို ငှက်မကြီးက သူ့သားလေးပျောက်လို့ စိတ်ပူနေမှာ ဟ´´

``အဲဒါဆို ဘယ်လိုလုပ်ကြမလဲ´´

သူတို့နှစ် ဦး စဉ်းစားကြသည်။

``ငှက်မကြီးလာရှာရင် သူတို့သားအမိ ပြန်တွေ့ အောင် ငှက်ကလေးကို ဒီနားမှာ ပဲ ထားလိုက်မယ်ဟာ´´

``အဲဒါဆို သူ နေဖို့ထိုင်ဖို့နဲ့ စားဖို့သောက်ဖို့ကို ငါတို့ စီစဉ်ပေးရမှာ ပေါ့။ သူက ကလေးဆိုတော့ ဘာမှ လုပ်တတ်ဦးမှာ မဟုတ်ဘူး´´

``အေး… ဟုတ်တယ်´´

သူတို့နှစ် ဦး မြက်ခြောက်တွေ ကောက်ပြီး တတ်သလောက် မှတ်သလောက် အသိုက်ပြုလုပ်ကြသည်။ ပြီးတော့… ငှက်ကလေးကို အသိုက်ထဲထည့်သည်။ နောက်… စူးရှထက်က ကျောင်းစိမ်းပုဆိုးကို ခါးဆောင်းကျိုက်ပြီး အနီးရှီ ရေတမာပင်ပေါ်တက်ကာ အသိုက်ကို သစ်ကိုင်းခွဆုံတစ်နေရာမှ တင်ထားလိုက်၏ ။

ပြီးသော အခါ…

နှစ် ဦးသား သူတို့လုပ်ရပ်အတွက် သူတို့ ကျေနပ်ပီတိ ဖြစ်နေကြပါ၏ ။

``ငှက်ကလေးရေ… တော် ကြာမှ မင်းကို ထမင်းလာကျွေးမယ်နော်´´

``ရေပါခပ်ခဲ့မယ်.. သိလား…..။ ဗိုက်ဆာရင် ခဏလေး အိပ်ပြီးစောင့်နေ´´

* * * * *


နေ့လယ်ထမင်းစားကျောင်းဆင်းချိန်…

စူးရှထက်နှင့် သဲဝတ်လွှာသည် သူတို့နှစ် ဦး ထမင်းအရင်မစားဘဲ ထမင်းချိုင့်ကိုယ်စီနှင့် ရေဘူးကလေးကိုင်ပြီး ငှက်ကလေးရှိရာ ထွက်လာခဲ့ကြသည်။

ငှက်ကလေးကိုထားရာ သစ်ပင်ဆီရောက်တော့….

စူးရှထက်က သစ်ပင်ပေါ်တက်ပြီး အသိုက်ထဲမှ ငှက်ကလေးကို ထုတ်ယူကာ မြေသို့ချသည်။ ပြီးတော့…. ငှက်ကလေးကို နှစ် ယောက် အတူ ထမင်းကျွေးကြလေသည်။

ငှက်ကလေးက မစား…။

``သူ ဘာလို့ မစားတာလည်း မသိဘူးနော်´´

``ဗိုက်ပြည့်နေလို့ ထင်တယ်ဟ´´

``သူ့အိမ်နဲ့ သူ့အမေကို လွမ်းလို့မစားနိုင် မသောက်နိုင် ဖြစ်နေတာ ထင်ပါတယ်ဟယ်´´

``နေမကောင်လို့ မစားနိုင်တာလည်း ဖြစ်နိုင်တာပဲ´´

သူတို့ တွေးတောမိသလို ပြောနေကြ၏ ။

``ငါတို့မရှိတဲ့အချိန်မှ သူဆာနေရင် ဒုက္ခပဲနော်´´

``သူဆာတဲ့အချိန် စားလို့သောက်လို့ရအောင် စီစဉ်ပေးခဲ့မယ်လေ´´

``ငါတို့မှာ သူ့အတွက် ပန်းကန်မှပါမလာတာ၊ ဘယ်လိုလုပ်မလဲ´´

``သူ့အတွက် ပန်းကန်ရှိပါတယ်ဟ´´

``ဘယ်မှာ လဲ´´

``ဒီမှာ လေ´´

စူးရှထက်က သူ့ထမင်းချိုင့်ထဲမှ စတီးလ်ဇွန်းကို ထုတ်ပြသည်။ ထိုဇွန်းထဲသို့ ထမင်းဖြူအနည်းငယ်နှင့် ရေကို သမအောင် ရောမွှေ၍ ထည့်၏ ။ ပြီးတော့.. ငှက်လေးနှင့် ထိုဇွန်းကို အသိုက်ထဲသို့ နေရာတကျ ထားလိုက်လေသည်။

ထိုကိစ္စတွေ ပြီးသော အခါ သဲဝတ်လွှာက…

``ဗိုက်ဆာပြီဟာ… ငါတို့လည်း ထမင်းစားရအောင်´´

``ငှက်ကလေး အဖော်ရအောင် ဒီမှာ ပဲ စားကြမယ်လေ´´

``အေး.. ကောင်းသားပဲ´´

ငှက်ကလေးရှိရာ ရေတမာပင်အောက် မြက်ခင်ပြင်ထက်မှာ ပဲ သူတို့နှစ် ဦး ထမင်းစားဖို့ ပြင်ဆင်ကြသည်။ ချိုင့်တွေ ဖွင့်ပြီး ထမင်းစားမယ်လုပ်တော့ ဇွန်းမရှိသဖြင့် စူးရှထက် အခက်တွေ့ နေသည်။

ဒါကို သဲဝတ်လွှာ သတိပြုမိသွား၏ ။

``ရော … ဒီဇွန်းနဲ့စား´´

သဲဝတ်လွှာက သူမကိုင်ထားသော ဇွန်းကို စူးရှထက်အားပေး၏ ။ စူးရှထက်က သဲဝတ်လွှာ၏ ထမင်းချိုင့်ထဲ ကဲကြည့်လိုက်သေးသည်။

ပြီးတော့မှ… ခေါင်းခါသည်။

``နင့်မှာ လည်း ဒီဇွန်းတစ်ချောင်းထဲပါတာ။ နင်ပဲ စားပါတော့။ ငါက လက်နဲ့ပဲစားလိုက်ပါ့မယ်´´

စူးရှထက်က ရေဘူးကိုဖွင့်ပြီး လက်ရေဆေးဖို့ပြင်သည်။ သဲဝတ်လွှာက စူးရှထက်လက်ကို ဆွဲထားပြီး…

``လက်နဲ့ မစားပါနဲ့ဟာ။ ခါတိုင်းလည်း နင် ဇွန်းနဲ့ပဲစားတာ ငါတွေ့ နေတာပဲ။ လက်နဲ့စားပြီးရင် လက်ဆေးစရာ ဆပ်ပြာလည်း ရှိတာမဟုတ်ဘူး။ အဲဒါဆို လက်မှာ ဆီတွေ ကပ်၊ ဟင်းနံ့တွေ စွဲပြီး နေရထိုင်ရတာ အဆင်မပြေ ဖြစ်နေမှာ ပေါ့။ စာရေး စာဖတ်တဲ့အခါကျရင်လည်း ခဲတံလောလ်ပင်ကိုင်ရတာ လက်ကချောတာနဲ့.. ဟင်းနံ့တွေ နှာခေါင်းထဲ ၀င်တာနဲ့ စာထဲ ကောင်းကောင်းအာရုံမရောက်တော့ဘူးဟ။ ငါ ဖြစ်ဖူးဖို့ နင့်ကို ပြောနေတာ။ ဇွန်းနဲ့ပဲ စားလိုက်နော်.. ရော့…´´

သဲဝတ်လွှာက ဇွန်းကို ကမ်းပေးပြန်၏ ။ စူးရှထက်က ကနုတ်ပြန်းတွေ နှင့် ကြွေဇွန်းလေးကို ကြည့်လိုက်၊ သဲဝတ်လွှာမျက်နှာကို ကြည့်လိုက်နှင့် …။

သဲဝတ်လွှာက

``ဘာလဲ.. နင်က ငါ့ဇွန်းနဲ့စားရမှာ ရွံလို့လား´´

``မဟုတ်ပါဘူးဟာ။ နင့်ကိုငါ အားနာလို့ပါ´´

``အားမနာပါနဲ့.. စားပါဟဲ့…´´

``ခုနက ပြောတော့ ဗိုက်ဆာနေတာဆို။ နင်အရင်စားလေ´´

``နင်ပဲ အရင်စားပါ´´

``နင် အရင်စားလိုက်ပါဟ။ ငါက မဆာသေးဘူး´´

`ဟင့်အင်းဟာ… နင် အရင်စားရမယ်။ မစားရင် နင့်ကိုငါ မခေါ်တော့ဘူးနော်။ စိတ်ဆိုးမှာ ´´

``စိတ်တော့ မဆိုးပါနဲ့ဟာ… စားဆို စားပါ့မယ်…..´´

ကြွေဇွန်းလေးကို ယူပြီး စူးရှထက် ထမင်းတစ်လုတ်စားသည်။ ပြီးတော့ သူ ဆက်မစားဘဲ သဲဝတ်လွှာထံ ဇွန်းလေ ပြန်ကမ်းပေး၏ ။

`` တစ်ယောက် တလဲ စားကြမယ်လေ.. နော်…´´

``ဘာ ဖြစ်လို့လဲ´´

``ဟို… ဟို…. အဲ.. . ငါ ထမင်းဝါးချိန်ရအောင်လို့ပါ´´

သဲဝတ်လွှာက စူးရှထက်ကို ကြည့်ကာ ညင်သာစွာ ချစ်စဖွယ် ပြုံးသည်။ ပြီး.. ဇွန်းလေးကိုယူ၍ ထမင်းတစ်လုတ် ခပ်စားသည်။ နောက် စူးရှထက်အား ဇွန်းလေး ပြန်ကမ်းပေးလိုက်ပါ၏ ။

ဤသို့သော နည်းဖြင့် …

သူတို့နှစ် ဦးသည် တစ်ယောက် တစ်လဲ ဇွန်းဖလှယ်ရင်း တစ်ယောက် ကို တစ်ယောက် ဟင်းလျာလေးတွေ အပြန်အလှန်ထည့်ပေးရင် ပျော်ရွှင်စွာ အတူတကွ ထမင်းစား ဖြစ်ကြလေသည်။

ဒီလိုနှင့် ပင်…

အမှတ်မထင်တွေ့ သော ငှက်ကလေး တစ်ယောက် အား အခြေပြုကာ

သာမန်အတန်းဖော်တွေ အ ဖြစ်မှ သူတို့နှစ် ဦးသည် ရင်းနှီးကျွမ်းဝင်သော သူငယ်ချင်းတွေ အ ဖြစ်သို့ ရောက်မှန်းမသိ ပြောင်းလဲရောက်ရှိသွားခဲ့ခြင်း ဖြစ်ပါသည်။

* * * * *


အရင်ကဆို ကျောင်းရောက်တာနှင့် ကျောင်းဝေယျဝစ္စတွေ လုပ်စရာရှိတာလုပ်၊ ဒါမှမဟုတ် စာအုပ်နှင့် မျက်နှာမခွာဘဲ စာကိုသာ အာရုံစိုက်လေ့ရှိသော သူတို့နှစ် ဦးအတွက် ငှက်ကလေးမှာ အဖော်သစ် ဖြစ်လာသည်။

အခုဆို … သူတို့နှစ် ဦးကို မြင်တာနှင့် ငှက်လေးမှာ တကျိကျိအော်နေတတ်ပြီး သူတို့ကျွေးတာ ထမင်းနှင့်ရေ ဖျော်နယ်ထားသော အစာကိုလည်း ကောင်းစွာ စားသုံးတတ်နေလေပြီ။

ရက် ကြာလာတာနှင့် အမျှ…

ငှက်ကလေးနှင့် သူတို့နှစ် ဦးကြားရှိ သံယောဇဉ်မှာ ပိုမိုခိုင်မာလာသည့်အတွက် ငှက်ကလေး သူတို့အား ထားသွားမည့်  အရေး ကို တွေးတောပူပင်နေမိကြ၏ ။ ငှက်ကလေးအား ငှက်မကြီးလာခေါ်သွားမည့် အချိန်၊ ငှက်ကလေး အတောင်အလက်စုံလင်၍ ပျံသန်းထွက်ခွားသွားမည့်  နေ့ရက်ကို သူတို့နှစ် ဦး ရင်ခုန်စိုးထိတ်စွာ စောင့်စားနေမိကြပါ၏ ။

တစ်နေ့မှာ တော့….

* * * * *


အခန်း (၂)

မုန့်စားကျောင်းဆင်းချိန်…။

ကျောင်းသူကျောင်းသားကလေးငယ်တွေ ပျော်ရွှင်စွာ တဟေးဟေး တဟားဟားနှင့် အခန်းအပြင်ထွက်၍ မုန့်ဝယ်စားကြသည်။

သူတို့နှစ် ဦး ကတော့ အတန်းထဲမှာ သာ စာကျက်ရင်း အိမ်က ပေးလိုက်သော မုန့်တွေ ကို စားနေကြ၏ ။ စာရတော့လည်း အပြန်အလှန် စာပြန်ကြသည်။

သူတို့နှစ် ဦး စာထိုင်ကျက်နေသည့်ခုံပေါ်သို့ စာအုပ်တွေ အပြင် မုန့်တွေ က တစ်ပုံတစ်ပင်။

အဲဒီ အချိန်..

မလှမ်မကမ်းမှ ကျောင်းသားလေးနှစ် ဦးနှင့် ကျောင်းသူလေးနှစ် ဦးက သူတို့အား ငေးကြည့်နေကြချေ၏ ။ အားကျသော အကြည့်တွေ နှင့် ဖြစ်ပါ၏ ။

ထိုအကြည့်တွေ ကို ခဏအကြာမှာ သူတိ့နှစ် ဦး သတိပြုမိသွားသည်။

ဒါကြောင့် ..

သူတို့နှစ် ဦး တိုင်ပင်ပြီး သူတို့တွင် ရှိသော မုန့်တွေ ကို ထိုလေးယောက် အား သွားပေးလိုက်ပါသည်။

ပြီးသော အခါ

``ငါတို့ရဲ့ ငှက်ကလေးလည်း ဒီအချိန်ဆို ဆာနေမလား မသိဘူးနော်´´

``အချိန်ရသေးတာပဲ၊ ငှက်ကလေးဆီ သွားရအောင်လေ´´

သူတို့နှစ် ဦး ငှက်ကလေးရှိရာ ထွက်လာခဲ့ကြသည်။

ထိုအချိန်…

ငှက်ကလေးရှိရာ ရေတမာပင်အောက်၌ ကျောင်းသားတစ်စု ရောက်နေကြသည်။ ကျောင်းသား တစ်ယောက် က သစ်ပင်ပေါ်မော့ကြည့်မိရင် ငှက်သိုက်ကိုတွေ့ မြင်သွားလေ၏ ။

``သစ်ပင်ပေါ်မျာ ငှက်သိုက်ရှိတယ်ကွ´´

``အဲဒါဆို ငှက်ဥတက်နှိုက်ကွာ။ ဖောက်သောက်ရတာ ပေါ့´´

``ငါ သစ်ပင်မတက်တတ်ဘူးကွ´´

``အဲ့ဒါဆို ခဲနဲ့ထုမယ်ကွာ´´

ကျောင်းသား တစ်ယောက် က ပြောပြောဆိုဆို ခဲခပ်ကြီးကြီးတစ်လုံးကောက်ယူပြီး ငှက်သိုက်ကို အားနှင့်လွှဲပစ်သည်။ ကျိခနဲ အော်မြည် သံတစ်ချက် ကြားရပြီး ငှက်သိုက်ကို ခဲမှန်ကာ ငှက်ကလေးအောက်သို့ လွင့်စင်ပြုတ်ကျလာ၏ ။

ထို ဖြစ်စဉ်ကို စူးရှထက်နှင့် သဲဝတ်လွှာ အဝေးမှ လှမ်းမြင်လိုက်ရသည်။ သူတို့နှစ် ဦး ကရောသော ပါး ပြေးလာကြ၏ ။

``မလုပ်ကြပါနဲ့ဟယ်… မလုပ်ကြပါနဲ့… ။ အဲဒီ ငှက်ကလေးကို ငါတို့မွေးထားတာပါ´´

``ငှက်ကလေး ဘာ ဖြစ်သွားပြီလဲ မသိဘူး´´

စူးရှထက်နှင့် သဲဝတ်လွှာ ငှက်ကလေးထံ သွားလိုက်ကြသည်။ သူတို့နှစ် ဦးကိုကြည့်ကာ ငှက်ဥသောက်ဖို့ ကြိုးစားသည့် ကျောင်းသားတွေ က ပွစိပွစိနှင့်…

``အ ဖြစ်သည်းနေလိုက်တာ.. သစ်ပင်ပေါ်က ငှက်ကိုများ …´´

``သူတို့ကို သွားမထိနဲ့။ သူတို့က ဆရာဆရာမ အချစ်တော် တွေ ´´

ထိုကျောင်းသားတွေ သူတို့အနီးမှ ထွက်ခွာသွားကြသည်။ စူးရှထက်နှင့် သဲဝတ်လွှာ ကတော့ သူတို့တွေ ကို ဂရုမစိုက်ဘဲ ငှက်ကလေးထံမှာ သာ အာရုံရေက်နေကြသည်။

ခဲလုံးက ငှက်ကလေး၏ ဦးခေါင်းပိုင်းကို ထိမှန်သွားပုံရပါ၏ ။ ငှက်ကလေးမှာ မျက်စိတစ်ဖက်ပျက်ပြီး သွေးစတွေ နှင့် ဆန့်ငင်ဆန့်ငင် ဖြစ်နေရှာ၏ ။

``အ ဖြစ်ဆိုးလိုက်တာ ငှက်ကလေးရယ်..´´

``ငါတို့ အရောက်နောက်ကျလို့ သူ အခုလို ဖြစ်ရတာ …´´

သူတို့နှစ် ဦး ၀မ်းနည်းနေကြ၏ ။ ငှက်ကလေး အသက်ဆက်ရှင်ရေး အတွက် သူုတို့တတ်စွမ်းသမျှ ကြိုးစားကြလေသည်။

သို့ပါသော်လည်း..

သူတို့လက်ထဲရောက်ရှိပြီး မကြာမီမှာ

ပူနွေးနူးညံ့သော ကိုယ်ခန္ဓာလေး အေးစက်တောင့်တင်းလျက် ငှက်ကလေး သေဆုံးသွားခဲ့ပါသည်။

* * * * *


မျက်ရည်လေးတွေ ၀ဲနေသော သူတို့နှစ် ဦးသည် မြေပြင်အား သစ်ကိုင်းခြောက်နှင့် တူးဆွ၍ …. ငှက်ကလေး၏ ခန္ဓာကိုယ်အား ရေတမာပင် ခြေရင်းမှာ ပင် မြှုပ်နှံပေးလိုက်ပါသည်။

* * * * *


ငှက်ကလေး သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း…..

သူတို့နှစ် ဦး၏ ရင်ထဲမှာ ငှက်ကလေးတစ်ကောင် အစဉ်အမြဲ ကိန်းအောင်တည်ရှိနေဆဲ ဖြစ်လေသည်။

* * * * *


မီးလျှံတွေ … မီးလျှံတွေ ….

ဖျိုးဖျိုးဖျစ်ဖျစ် မြည် သံပေးလျက် မီးခိုးငွေ့တွေ အလိပ်လိုက်တက်ကာ မီးလျှံတွေ လောင်ကျွမ်းနေချေ၏ ။

အော်ဟစ်ငိုယိုနေသူတွေ ၊ အထုပ်အပိုးတွေ ဆွဲကာ ပြေးလွှားနေသူတွေ ၊ မီးငြိမ်းသတ်ရန် လှုပ်ရှားကြိုးစားနေသူတွေ ၊ ဘာတစ်ခုမှ ကူညီမှု မပြုဘဲ လာရောက်ငေးကြည့်နေသူတွေ .. အားလုံး… အားလုံး….. လမ်းပေးမှ စုပြုံရှုပ်ထွေးနေကြလေ၏ ။

ကျောင်းရှေ့မှ အဆောက်အဦတစ်ခုကို မီးလောင်ကျွမ်းနေတာ ဖြစ်ပါသည်။

ဆရာ ဆရာမ တွေ က ကျောင်းသူကျောင်းသားတွေ ကို ကျောင်းဝင်းအပြင် မထွက်စေဘဲ စာသင်ခန်းထဲမှာ သာနေထိုင်ရန် ကြီးကြပ်နေကြ၏ ။ ကျောင်းသူကျောင်းသားအချို့က ကြောက်ကြောက်ရွံ့ရွံ့နှင့် ကျောင်းကို မီးကူးမလာစေရန် ဘုရားစာရွတ် ဆုတောင်းနေကြပြီး၊ ကျောင်းသူကျောင်းသားအချို့ ကတော့ စာသင်းခန်းပြုတင်းဝမှ ပြင်ပသို့ ငေးကြည့်နေကြလေသည်။

ထိုအုပ်စုထဲမှာ စူးရှထက်နှင့် သဲဝတ်လွှာလည်း ပါသည်။

သူတို့ ငေးကြည့်နေစဉ်မှာ ပင်…

မီးလောင်ကျွမ်းရာနေရာသို့ ပိတ်အင်္ကျီအဖြူ၊ လုံချည်အပြာ၊ ဖိနပ်အနက် ၀တ်ဆင်ထားသူတွေ ရုတ်တရက် ရောက်လာပြီး ကူညီကြသည်။

အိမ်အတွင်းရှိ လူများ ကို အော်ဟစ်သတိပေးသည်။ မီးသတ်ဌာနနှင့် ရဲဌာနသို့ အလျင်အမြန်ဖုန်းဆက်အကြောင်းကြားသည်။ အိမ်နီးနားချင်းများ ထဲမှ လှေကားများ ၊ ခုန်ချရန် မွေ့ရာ ကော်ဇောများ သယ်ယူလာဖို့ အလောတကြီး ပြောဆိုသည်။

အချို့က… မီး ကူညီငြိမ်းသတ်ကြသည်။ အချို့က ရေဆွတ်ထားသော လက်ကိုင်ပ၀ါကို ပါးစပ်နှင့် နှာခေါင်းအား စည်းနှောင်၍ ရေဆွတ်ထားသော မိုးကာနှင့် စောင်ကို ခြုံကာ ၀ပ်တွား၍ သွားပြီး အိမ်အတွင်းရှိ လူများ ကို ကယ်ထုတ်ကြသည်။

မီးသတ်ကားများ ရောက်ရှိလာသော အခါ…

သူတို့လူစုက အုံနေသော လူထုကို လမ်းရှင်းပေးပြီး သူတို့အချင်းချင်း တစ်ယောက် ခါးကို တစ်ယောက် ဖက်ကာ တခြားလူများ ၀င်မတိုးရအောင် တံတိုင်းသဖွယ် တားဆီး၍ ကာရံထားပေးလေသည်။

ထိုအချင်းအရာကိုကြည့်ပြီး သဲဝတ်လွှာက အနီးရှိ ဆရာမ အား မေးသည်။

``ဆရာမ .. သူတို့က ဘာတွေ လဲဟင်´´

သဲဝတ်လွှာ၏ လက်ညှိုးညွှန်ရာကိုကြည့်ပြီး ဆရာမ က….

``အဲဒါ လူသားငှက်ကလေးတွေ လေ သမီးရဲ့ ´´

ငှက်ကလေး…ဆိုသော အသံကြောင့် စူးရှထက်ခေါင်းလေးပါ ဆရာမ ဘက် လှည့်လာသည်။ သူလည်း သိလိုစွာ မေးလိုက်၏ ။

``ဘယ်လို ဆရာမ .. အဲ့ဒါ လူသားငှက်ကလေးတွေ .. ဟုတ်လားဟင်´´

``ဟုတ်တယ်ကွဲ့.. သူတို့ဟာ လူသားငှက်ပြာကလေးတွေ ။ ငှက်ပြာကလေးတွေ ဟာ သူတွေ ကို အကူအညီပေးကြတယ်။ သူတို့ဟာ ငှက်ပြာကင်းထောက် အသင်းဝင်တွေ ပေါ့။ လူတွေ ကို ကူညီဖို့အတွက်ဆိုပြီး ငှက်ပြာကင်းထောက်အသင်းကို စနစ်တကျ ဖွဲ့စည်းထားတာ´´

``သြော်´´

ခဏကြာတော့…

ရေအေား လူအား နိုင်သလို၊ တက်တက်ကြွကြွနှင့် စည်းလုံးညီညွတ်စွာ ကြိုးစားမှု ကြောင့် မီးစွယ်ကျိုးပြီး မီးငြိမ်းသွားလေသည်။

ဆရာမ က ကျောင်းသူကျောင်းသားတွေ အားလုံး ကိုယ့်နေရာကိုယ် ပြန်ထိုင်စေသည်။ အားလုံး စုံညီငြိမ်သက်သော အခါ လေးစားအတုယူဖွယ်ကောင်းသည့် ငှက်ပြာကင်းထောက်အသင်းအကြောင်း ရှင်းပြပြီး ထိုငှက်ပြာကလေးများ ၏ ပုံပြင်ကို ပြောပြလေသည်။

* * * * *


``တစ်ခါက ဆင်းရဲနွမ်းပါးတဲ့ လင်မယားနှစ် ယောက် ဟာ တောစပ်မှာ အိမ်ကလေးတစ်လုံးဆောက်ပြီး နေထိုင်ကြတယ်…တဲ့…။

သူတို့မှာ သားလေး တစ်ယောက် ၊ သမီးလေး တစ်ယောက် ရှိတယ်။ အဲဒီ ကလေးငယ်တွေ ဟာ ပျင်းရိဆိုးသွမ်းပြီး အိမ်အလုပ်ကိုလည်း မကူညီကြဘူး။ နေ့စဉ်နှင့် အမျှ အော်ဟစ်ရန် ဖြစ်ပြီး အိမ်က ရှိစုမဲ့စုပစ္စည်းလေးတွေ ကိုလည်း ဖျက်ဆီးဖျောက်ဖျက်ပစ်ကြတယ်။

သူတို့ကို ဆိုဆုံးမလို့မရတာ ကြောင့် မိဘနှစ် ပါးဟာ နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲနေရရှာတယ်။ တစ်နေ့တော မိခင် ဖြစ်သူက သားသမီးတွေ နားဝင်အောင် ကြံဖန်ပြောဖို့ ကြိုးစားတယ်။

`သြော်.. ဒို့ရဲအိမ်ယာဖြင့် သိမ်ပြီး ရှုပ်ပွေညစ်ပတ်နေပြီ။ လာပြီး သိမ်းဆည်းရှင်းလင်းပေးမယ့် ငှက်ပြာလေးတစ်ကောငးများ ရရင် သိပ်ကောင်းမှာ ပဲ… ´လို့ညည်းတွားရင်း ငှက်ပြာကလေးတွေ အိမ်အတွက် အသုံးဝင်ပုံကို သားနဲ့သမီးသိအောင် ပြောပြတယ်။

ဒီလိုနဲ့ပဲ…

ကလေးနှစ် ယောက် ဟာ သူတို့ခိုင်းစေဖို့အတွက် ငှက်ပြာလေးတစ်ကောင် တွေ့ လိုတွေ့ ငြား တောစပ်ကို ထွက်ပြီး လိုက်ရှာကြတယ်။ အဲဒီ မှာ ပညာရှိဇီးကွက်ကြီးနဲ့တွေ့ တော့ အကျိုးအကြောင်းပြောပြပြီး မေးတယ်။ ဇီးကွက်ကြီးက မြောက်ဘက်ရေကန်မှာ သွားရှာဖို့ ပြောလိုက်ပါတယ်။

ကလေးနှစ် ယောက် ဟာ ဇီးကွက်ကြီးပြောတဲ့အတိုင်း မြောက်ဘက်ရေကန်ဆီသွားပြီး `ငှက်ပြာလေးရေ… လာ.. လာ..´လို့ ရေမှာ ငုံ့ပြီး သုံးကြိမ်သုံးခါခေါ်ပါတယ်။ ဒါပေမယ့် ငှက်ပြာလေးကိုတော့ မတွေ့ ရဘဲ သူတို့အရိပ်ကိုသာ ရေပေါ်မှာ မြင်နေရတဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။

အဲဒီ အချိန်မှာ ပညာရှိဇီးကွက်ကြီး ရောက်လာပြီး..

`ငှက်ပြာကလေးဆိုတာ တခြား ဟုတ်ပါရိုးလား။ မောင်တို့ သမီးတို့ပဲ ဖြစ်တယ်။ ကိုယ့်အိမ်ကိုပြန်ပြီး ငှက်ပြားအလုပ်ကိုလုပ်ကြ´… လို့ ဆုံးမစကားတွေ ပြောပြီး ပြန်လွှတ်လိုက်တယ်… တဲ့….။

အဲဒီ အချိန်ကစပြီး ကလေးနှစ် ယောက် ဟာ အသိတရားရသွားပြီးတော့ ငှက်ပြာလေးတွေ လိုပဲ ပေါ့ပါးလျင်မြန်တဲ့ လူလိမ္မာလေးတွေ ဖြစ်သွားကြတယ်… တဲ့..´´

* * * * *


ထိုနေ့ညနေ ကျောင်းဆင်းချိန်မှာ …

ကျောင်းရုံးခန်းဆီ အလံတိုင်နှင့် ကျောင်းခေါ်ချိန်စာအုပ်အတူ သွားပို့ရင်း စူးရှင်ထက်က သဲဝတ်လွှာကို ပြောသည်။

``ဒီနေ့ ဆရာမ ပြောပြတဲ့ ပုံပြင်လေးက ကောင်းတယ်နော်´´

``အေး…. ဟုတ်တယ်။ ငါလည်း အဲဒီ ပုံပြင်လေးကို အရမ်းကြိုက်တာပဲ´´

``ငါတို့နှစ် ယောက် လည်း ပုံပြင်ထဲက ကလေးလေးတွေ လို လိမ္မာအောင် ကြိုးစားမယ်နော်´´

``ငှက်ပြာလေးတွေ လိုလည်း လူတွေ ကို အကူအညီပေးကြမယ်လေ´´

``အေး… ဟုတ်တယ်။ အဲ့ဒါဆို ငါတို့ရဲ့ ငှက်ကလေးလည်း ၀မ်းသာမှာ ဟ။ ငါတို့လူတွေ ကို တစ်ခါကူညီပြီးတိုင်း ငှက်ကလေးတွေ အတွက် ဆုတောင်းပေးကြမယ်လေ´´

``အေး… ကောင်းတယ်´´

* * * * *


ထိုအချိန်မှ စတင်ကာ

နဂိုဗီဇအခံမှာ ပင် ကူညီချင်စိတ် ထက်သန်သော သူတို့နှစ် ဦးသည်

ငှက်ပြာကလေးတွေ သဖွယ် အခက်အခဲရှိသူတွေ ကို ကူညီကယ်တင်နိုင်ဖို့ အာရုံစိုက်ကြိုးပမ်းကြလေသည်။

* * * * *


အခန်း (၃)

မှတ်ချက်။ ။စာမျက်နှာ အခက်အခဲနှင့် (ထုတ်ဝေသူ ဦးစိန်တိုး၏ မအီမလည်မျက်နှာကြီးကို မြင်ယောင်မိပါသော ကြောင့် ) စာဖတ်သူများ လည်း ပျင်းရိငြီးငွေ့မည် စိုးပါသဖြင့် …

ငှက်ပြာကင်းထောက်အသင်းနှင့် ပတ်သက်၍ အသေးစိတ် မရှင်းပြတော့ပါ။

သို့သော်….

ငှက်ပြာကင်းထောက်အသင်းဝင်များ စုရုံဆုံတွေ့ သည်အခါ အသုံးပြုလေ့ရှိသော နတ်သမီးစည်းဝိုင်းအား ဖော်ပြအပ်ပါသည်။

နတ်သမီးကျောက်ဖျာဟုခေါ်ဆိုသော မှိုပွင့်သဏ္ဌာန် အမှတ်အသားတစ်ခုကို သစ်သားနှင့် ပြုလုပ်၍ စိုက်ထူထားရှိသည်။ ငှက်ပြာကင်းထောက်ဆရာမ က ထိုနတ်သမီးကျောက်ဖျာရှေ့တွင် ရပ်ကာ၊ ငှက်ပြာကလေးများ က ကျောက်ဖျာကို ပတ်လည်ဝိုင်း၍ စည်းဝေးကြသည်။

ငှက်ပြာတစ်စုတွင် (၆)ယောက် စီခွဲထား၍ ရွှေပြည်စိုး၊ ကြိုးကြာ၊ ဇင်ယော်၊ ဟင်္သာ၊ ဇာမဏီ… စသည်ဖြင့် ငှက်နာမည် များ ပေးထားကြသည်။ ကိုယ့်အစုနှင့် ကိုယ် လက်မောင်းချင်ထိကာ ညီညာစွာ ရပ်၍ ငှက်ပြာဆရာမ ၏ စကားကို နားထောင်ကြရသည်။ ငှက်ပြာတစ်ခု ခေါင်းဆောင် တစ်ယောက် အုပ်ချုပ်လေ၏ ။

ငှက်ပြာဆရာမ မှာ ကြားသော စကားများ ကို နားထောင်ရသည့်အခါ အတွင်းစည်းဝိုင်းတွင် တွေ့ ဆုံကြ၍ နတ်သမီးစည်းဝိုင်းဆိုသည်မှာ ကျယ်နိုင်သမျှကျယ်အောင် လက်နှစ် ဘက်ဆန့်တန်း၍ ဆက်ထားရသော စည်းဝိုင်းကိုဆိုလိုပါသည်။

* * * * *


လူ့ဘ၀ဆိုတာ

အပေါ်ယံအလွှာမှာ

ရယ်သံတွေ နဲ့ တန်ဆာဆင်ထားတဲ့

မျက်ရည်စက်တွေ ပါပဲ….

အခန်း (၁)

ကောင်လေး တစ်ယောက် နှင့် ကောင်မလေး တစ်ယောက် …..

တစ်ဦးလက်ကို တစ်ဦး ယုယစွာ ဆုပ်ကိုင်လျက် ပလက်ဖောင်းပေါ်မှာ ယိုဒီငေးရင်း လမ်းလျှောက်နေကြလေသည်။

အချိန်ရာသီသည် မိုးဝတ်မိုးမြူတွေ ၀ဲဝေ့နေသော ၀ဿန်ကာလ နံနက်ခင်း ဖြစ်၏ ။

မြင်ကွင်းတစ်လျှောက် တောက်ပစိုစမ်းနေသည်။ လတ်ဆတ်သော လေညှင်သည် သိမ်မွေ့စွာ ကူးချည်သန်းချည် ပြုလုပ်လျက်ရှိ၏ ။ နံနက်ခင်း၏ ။ သာယာမှု ၌ လူသူကျဲပါးဆိတ်ငြိမ်နေပါသည်။

နှစ် ဦးသား ဖြည်းဖြည်းချင်း ရွေ့လျားနေရာမှ….

``ဟဲ့.. စူးရှ.. ဟိုမှာ တွေ့ လား´´

``ဘာလဲဟ´´

`ဟိုမှာ လေဟယ်´´

ကောင်မလေးက ရှေ့တစ်နေရာကို လက်ညှိုးညွှန်ပြသည်။ ထိုနေရာတွင် မျက်မှော င်ကြုတ်လိုက်၊ ခေါင်းကုတ်လိုက်နှင့် အကြံအိုက်နေဟန်ရှိသော လူတစ်ဦးအား တွေ့ ရသည်။

ထိုလူကိုကြည့်ပြီး ကောင်လေးက နားမလည်ဟန်ဖြင့် …

``ဘာလဲ သဲရဲ့ ။ နင် ဘာကိုဆိုလိုတာလဲ´´

ကောင်မလေးက..

``အဲဒီ လူကိုကြည့်ရတာ အခက်အခဲတစ်ခုခု တွေ့ နေပုံရတယ်´´

``အဲဒီ တော့´´

``သူ့ကို ငါတို့နှစ် ယောက် သွားကူညီကြမယ်လေဟာ.. နော်´´

ကောင်မလေးက မျက်လွှာလေးအား ပင့်၍ ခွင့်တောင်းသလို ပြော၏ ။ ထိုအခါ ကောင်လေးက ကောင်မလေးကို နူးညံ့စွာ စိုက်ကြည့်ပြီး ပြုံး၍ ခေါင်းညိတ်ပြပါသည်။

``သွားကူညီကြတာပေါ့ သဲရယ်။ ဒါပေမယ့် သူ့အခက်အခဲက ငါတို့ကူညီနိုင်တာမျိုး ဖြစ်ဖို့တော့ လိုတယ်´´

ကောင်လေးက ချင့်ချိန်၍ ပြောရာ ကောင်မလေးက ချစ်စဖွယ်ပြုံး၍ …

``ဘာပဲ ဖြစ် ဖြစ်ပေါ့ဟာ၊ ပြဿနာတစ်ခုကို ခေါင်းတစ်လုံးထဲ စဉ်းစားတာနဲ့စာရင် ခေါင်းသုံးလုံးနဲ့စဉ်းစားတာက လမ်းကြောင်းမှန်နဲ့ ပိုနီးစပ်နိုင်ပါတယ်´´

``အေး… အဲဒါတော့ ဟုတ်တယ်´´

ကောင်မလေးစကားကို ကောင်လေးက သဘောတူထောက်ခံ၏ ။

ထို့နောက်…

သူတို့နှစ် ဦးသည် ထိုလူရှိရာဆီ ခပ်သွက်သွက် လျှောက်လမ်းသွားလိုက်ကြလေ၏ ။

* * * * *


Cover

``ပြဿနာက အဲဒီ အလံတွေ ပဲကွ´´

``သြော်´´

ပတ်ပတ်လည်မှာ အထိမ်းအမှတ် အလံတွေ လွှင့်ထူထားရှိသော အဆောက်အဦ တစ်ခုကိုပြ၍ ထိုသူက ညည်းသည်။

``အလံက ၁၂ ခုတည်းရယ်´´

``အင်း´´

``အဲဒီ ၁၂ ခုတည်းနဲ့ ဘယ်ဘက်ကပဲကြည့်ကြည့် အလံငါးခုစီ မြင်ရအောင် လုပ်ထား… တဲ့´´

``ဟင်´´

``အခု ငါလုပ်တာ တစ်ဖက်ကို လေးခုစီပဲ မြင်ရတယ်´´

``အင်း´´

``အဲ့ဒါကြောင့် ငါ အကြပ်ရိုက်နေတာ´´

``သြော်´´

ကောင်လေးနှင့် ကောင်မလေး ဖြစ်စဉ်ကို သဘောပေါက်သွားသည်။ တစ်ဦးနှင့် တစ်ဦး အဓိပ္ပါယ်ပါပါ ကြည့်ကြ၏ ။

ပြီးနောက်…

နှစ် ဦးသား ခေါင်းချင်ဆိုင် တိုင်ပင်လေသည်။ မြေပြင်ပေါ်တွင် လည်း တုတ်ဖြင့် ရေး ခြစ်ကြလေ၏ ။

ခဏမျှကြာသော အခါ…

``ဒီကိစ္စကို ဒီလိုလုပ်လိုက်ဗျာ´´

``ဘယ်လိုလဲ´´

``ဒီလို…´´

ကောင်လေးနှင့် ကောင်မလေးက အေးဆေးစွာ ပြောပြသည်။ နားထောင်ရင်း ထိုလူ့မျက်နှာ ပြုံးလာသည်။

မကြာမီတွင်

အဆောက်အဦပတ်ပတ်လည်ရှိ အလံလွင့်ထူပုံမှ ပြောင်းလဲသွားသည်။

အောက်ပါအတိုင်း ဖြစ်၏ ။

ဤသို့ဖြင့် …

လူငယ်နှစ် ဦး၏ ကူညီမှု ကြောင့် လူရွယ်တစ်ဦး အခက်အခဲမှ လွတ်မြောက်သွားခဲ့လေသည်။

* * * * *


မကြာမီ

လူငယ်နှစ် ဦး၏ နှုတ်ဖျားဆီမှ တိုးဖွဖွ ရေရွတ်ဆုတောင်းသံလေးတစ်ခု ထွက်ပေါ်လာပါ၏ ။

``ငှက်ကလေး ကောင်းရာဘုံဘ၀ ရောက်ပါစေ´´

* * * * *


အခန်း (၂)

ကျောင်းကင်တင်းမှာ လူငယ်တစ်စု ထိုင်နေကြသည်။ သူတို့ အမူအရာတွေ ကြည့်ရတာ ပြဿနာတစ်စုံတစ်ခု ကြုံတွေ့ နေပုံရ၏ ။

ကောင်လေးသုံးယောက် ကတော့ သိသိသာသာပင် စိတ်ရှုပ်ဟန် ပေါ်လွင်ထင်ရှားနေပါသည်။

``နင်တို့ ရောဂါ ကလည်းဟယ်… ဆေးစပ်ပေးဖို့ ခက်လိုက်တာ´´

ကော်ငမလေး တစ်ယောက် ခေါင်းကုတ်ရင်း ညည်း၏ ။ ကောင်လေးသုံးယောက် က မျက်မှော င်ကြုတ်လျက် ငြိမ်နေကြသည်။

အခြားကောင်မလေး တစ်ယောက် က တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် …

``ဟဲ့.. ဝေမာ.. ဒီကိစ္စ ဟိုနှစ် ယောက် ကို ပြောကြည့်ရင် မကောင်းဘူလား´´

``ဘယ်နှစ် ယောက် လဲ သန္တာရဲ့ ´´

``စူးရှထက်နဲ့ သဲဝတ်လွှာလေ´´

``အေး ဟုတ်သားပဲ။ သူတို့နှစ် ယောက် က လူတွေ ကို ကူညီချင်နေတာ။ ပြီးတော့ နှစ် ယောက် စလုံးက ဉာဏ်လည်းကောင်းတယ်။ ဗဟုသုတလည်း ရှိတယ်ဟ။ သူတို့ကို အကြံဉာဏ်တောင်းကြည့်ရင် တစ်ခုခု ထူးခြားနိုင်တယ်´´

ဝေမာဆိုသော ကောင်မလေး၏ စကားဆုံးတော့ သန္တာဆိုသော ကောင်မလေးက…

``ဒါဆို ငါတို့တွေ သူတို့နှစ် ယောက် ကို လိုက်ရှာကြမယ်လေ´´

``အေး.. ကောင်းတယ်´´

အားလုံး သဘောတူညီမှု ရတော့..

သူတို့လူစု ကင်တင်းထဲမှ ထွက်လာခဲ့ကြပါသည်။ ခြေလှမ်းတွေ က သွက်လက်ဖျတ်လတ်နေကြချေ၏ ။

ဦးတည်ရာက

စူးရှထက်နှင့် သဲဝတ်လွှာဆီသို့…။

* * * * *


အခန်း (၄)

ထိုအချိန်တွင် …

စူးရှထက်နှင့် သဲဝတ်လွှာသည် ရဲခေါင်စိုးနှင့် အားမာန်ဆိုသော ကောင်လေးနှစ် ယောက် စကားပြောတာကို ထိုင်နားထောင်နေတာ ဖြစ်၏ ။

ရဲခေါင်စိုက အားမာန်ကို မေးသည်။

``မိန်းကလေး တစ်ယောက် ကို ရေကူး ဘယ်လိုသင်ပေးရင် ကောင်းမလဲကွ´´

အားမာန်က ခြေဟန်လက်ဟန်နှင့် အားရပါးရဖြေသည်။

``ပထမဆုံး သူ့ရဲ့ ခါးလေးကို လက်ဝဲလက်နဲ့ ခပ်တင်းတင်းလေးဖက်၊ ပြီးရင် သူ့ရဲ့ လက်ကို ဆွဲပြီး ကိုယ့်လက်နဲ့ ဖျစ်ညှစ်ထား။ အဲဒီ နောက်မှာ တော့… ဂလု…´´

တံတွေးပင် မျိုချလိုက်သေးသည်။

``ဟိတ်ကောင်… ငါ့ညီမကို သင်ပေးမလို့ မေးတာနော်´´

``ဟာကွာ… အဲ့ဒါများ စောစောထဲက ပြောပါလား။ သူ့ကို ရေထဲကန်ချလိုက်ပြီးနေတာကို´´

``အေပေး´´

ရဲခေါင်စိုးက အားမန်လက်မောင်းကို လက်သီးနှင့် ထိုး၏ ။ သူတို့နှစ် ဦးအား ကြည့်ကာ စူးရှထက်နှင့် သဲဝတ်လွှာ ရယ် ဖြစ်ကြလေသည်။

ထိုစဉ်မှာ ပင်…

``သြ.. နင်တို့က ဒီမှာ ရောက်နေတာကိုး။ ငါတို့က လိုက်ရှာနေတာ´´

သူတို့ထိုင်နေရာ သစ်ပင်အောက်သို့ ဝေမာတို့လူစု ရောက်လာကြသည်။ အင်အားတောင့်တင်းစွာ နှင့်ပေါ့။

``ကိစ္စရှိလို့လား´´

သဲဝတ်လွှာမေးတော့ သန္တာက သူတို့နှင့် အတူပါလာသော ကောင်လေးသုံးယောက် ကိုပြကာ…

``သူတို့သုံးယောက် ကလေ´´

``အင်း.´´

``ငါတို့အတန်းထဲက ငွေသော်တာကို ကြိုက်လို့…. တဲ့´´

``သြော်´´

``သုံးယောက် စလုံးက သူငယ်ချင်းတွေ ဖြစ်နေတော့ ပြိုင်မလိုက်ချင်ကြဘူး။ ဒါပေမယ့် ဘယ်သူတွေ က နောက်ဆုတ်ပေးရမှန်းလည်း ဝေခွဲမရဘူး ဖြစ်နေတယ်။ အဲ့ဒါကြောင့် နင်နဲ့စူးရှကို လာစဉ်းစားခိုင်းတာ´´

``သြော်´´

စူးရှထက်နှင့် သဲဝတ်လွှာ တ်စယောက် ကို တစ်ယောက် ကြည့် ဖြစ်ကြသည်။ သဲဝတ်လွှာက မျက်ဝန်တောက်တောက်ကလေးတွေ ကို ၀င့်ကာ

``ဒီကိစ္စကို သုဓမ္မစာရီ ဖြတ်ထုံးထဲက သူဌေးသားသုံးဦးလိုမျိုး မေးလိုက်ရင် မကောင်းဘူးလား´´

``အင်း.. ကောင်းသားပဲ´´

စူးရှထက်က ခေါင်းညိတ်၍ အတည်ပြုပေးသည်။ ထိုအခါ သဲဝတ်လွှာက ကောင်လေးသုံးယောက် ကို ကြည့်ကာ..

``ရှင်တို့ သဘောတူမယ်ဆိုရင် ရှင်တို့သုံးယောက် ကို ကျွန်မ မေးခွန်းတစ်ခု မေးချင်တယ်။ ရမလား´´

``ရပါတယ်´´

``မေးပါ´´

``သဘောတူပါတယ်´´

မျှော်လင့်ချက်နှင့် လာသူတွေ မို့ ကောင်လေးသုံးယောက် က ကျေကျေနပ်နပ်ပင် လက်ခံကြသည်။ သဲဝတ်လွှာက…

``ငွေသော်တာက ကျွန်မတို့နဲ့ တစ်ခန်းထဲဆိုတော့ ကျွန်မရဲ့ သူငယ်ချင်းလိုပါပဲလေ။ ရှင်တို့တွေ ငွေသော်တာအပေါ် ဘယ်လိုသဘောထားသလဲ သိရအောင် မေးခွန်းတစ်ခု မေးမယ်နော်´´

အားလုံး နားစွင့်ထားကြ၏ ။

``တကယ်လို့… ငွေသော်တာဟာ ဒီရက်ပိုင်းအတွင်းမှာ ပဲ သေဆုံးသွားခဲ့မယ်ဆိုရင် ရှင်တို့ ဘာလုပ်မလဲ´´

``အဲ…´´

ကောင်လေးသုံးယောက် ငိုင်သွားကြလေသည်။

``သေချာ စဉ်းစားပြီးမှ ရင်ထဲရှိတဲ့အတိုင်း ဖြေနော်´´

သဲဝတ်လွှာက သတိပေးစကားဆိုလိုက်၏ ။ ကောင်လေးသုံးယောက် စဉ်းစားဟန်ဖြင့် ငြိမ်သက်နှုတ်ဆိတ်နေကြ၏ ။

ခဏကြာမှ ကောင်လေး တစ်ယောက် က စပြောသည်။

``သူသေသွားရင်လည်း ကျွန်တော် ကတော့ ဆက်ချစ်နေဦးမှာ ပဲ´´

``အင်း´´

နောက်ကောင်လေးတစ်ယော်က..

``သူသေသွားရင်တောင် သူ့ကိုသတိရစိတ်နဲ့ သူ့အုတ်ဂူလေးဆီ ကျွန်တော် နေ့တိုင်းရောက် ဖြစ်မှာ ပါ´´

``အင်း´´

နောက်ဆုံး တစ်ယောက် ကတော့ ပြတ်သား၏ ။

``သူသေသွားရင် ကျွန်တော် ကတော့ စိတ်ဆင်းရဲခံပြီး လွမ်းဆွေးမနေတော့ဘူး။ အခြားအသစ် တစ်ယောက် ပဲ ထပ်ရှာတော့မယ်´´

``သြော်´´

ကောင်လေးသုံးယောက် ၏ အဖြေစကားပြီးဆုံးသွားပြီ ဖြစ်သည်။ သဲဝတ်လွှာက စူးရှထက်ကိုကြည့်ကာ…

``ဒီကိစ္စမှာ ဘယ်သူ့ကို ရွေးချယ်သင့်တယ် ထင်လဲဟင် စူးရှ´´

စူးရှထက်က ချက်ချင်း မဖြေချေ။

စဉ်းစားနေဟန်ဖြင့် …..

``ဒီကိစ္စနဲ့သက်ဆိုင်တဲ့ ဖြတ်ထုံးပုံပြင်ကို အရင်ပြောပြလိုက်ရင် ကောင်းမယ်ထင်တယ်´´

``အင်း… ပြောပြလိုက်လေ´´

သဲဝတ်လွှာက သဘောတူထောက်ခံ၏ ။ စူးရှထက်က ကောင်လေးသုံးယောက် ကို ဝေ့ကြည့်ပြီး…

``ကမ္ဘောဇတိုင်းမှာ တစ်ဦးနဲ့တစ်ဦး အလွန်ချစ်ခင်ရင်းနှီးကြတဲ့ သူဌေးကြီးလေးဦး ရှိတယ်….… တဲ့´´

``အင်း´´

အားလုံးပဲ ဂရုတစိုက် နားထောင်ကြ၏ ။ စူးရှထက်က တည်ငြိမ်စွာ ပြောသည်။

``သူဌေးသုံးဦးမှာ သား တစ်ယောက် စီ အသီးသီးရှိပြီး။ သူဌေးတစ်ဦးမှာ တော့ ကြန်အင်လက္ခဏာနဲ့ ပြည့်စုံတဲ့ သမီး တစ်ယောက် ရှိတယ်… တဲ့´´

``အင်း´´

``အဲဒီ သူဌေးသမီးကို သူဌေးသားသုံးဦးစလုံးက ပိုင်ဆိုင်ချင်ကြတယ်´´

``သြော်´´

``အဲဒါကြောင့် ငယ်ရွယ်စဉ်မှာ ပဲ အပြိုင်အဆိုင် ပြောဆိုတောင်းခံကြတယ်´´

``အင်း´´

``အဲဒီ မှာ သူဌေးသားတစ်ဦးက .. အကယ်၍ ဤသတို့သမီးငယ်အား အသက် ၁၅ နှစ် မပြည့်မီ ကွယ်လွန်ခဲ့သည်ရှိသော် ရုပ်အလောင်းကို မိမိကိုယ်တိုင်ထမ်း၍ သဂြုင်္ိလ်ပါမည် … လို့ ပြောတယ်´´

``သြော်´´

``ဒုတိယတစ်ဦး ကတော့ အဲဒီ လိုသာ သတို့သမီးငယ် ကွယ်လွန်ခဲ့ရင် အရိုးကို လွယ်ပါမယ်.. လို့ပြောတယ်´´

``သြော်´´

``တတိယသူဌေးသား ကတော့ လုပ်တိုင်းသင်္ချိုင်းမှာ မိမိစောင့်ပါမည် … လို့ ပြောတယ်´´

``သြော်´´

``ဒီလိုနဲ့ပဲ သတို့သမီးငယ်ဟာ အသက် ၁၅ နှစ် မပြည့်မီမှာ ရောဂါ ကြောင့် တကယ်ပဲ ကွယ်လွန်သွားခဲ့တယ်´´

``ဟင်´´

``သူဌေးသားသုံးဦးစလုံးကလည်း သူတို့ထားရှိတဲ့ ကတိအတိုင်း အသီးသီး ဆောင်ရွက်ကြတယ်´´

``အင်း´´

``တစ်နေ့ ဟိမ၀န္တာကလာတဲ့ ဇော်ဂျီရသေ့တစ်ပါးက အရိုးစု လွယ်သူနဲ့တွေ့ ပြီး အကျိုးအကြောင်း မေးမြန်းသိရှိတဲ့အခါ ကရုဏာသက်သွားတယ်။ အဲ့ဒါကြောင့် သူ့ရဲ့ အတတ်ပညာနဲ့ အရိုးစုကို ပြန်လည်အသက်ဝင်စေခဲ့တယ်။ ဒါကြောင့် မို့ အရိုးစုကနေ ရှေးယခင်ကအတိုင်း ကြန်အင်လက္ခဏာနဲ့ ပြည့်စုံတဲ့ သတို့သမီးငယ် ပြန် ဖြစ်လာတယ်´´

``သြော်´´

``အဲဒီ အခါ သူဌေးသားသုံးဦးဟာ သူ ရထိုက်တယ်။ ငါ ရထိုက်တယ်နဲ့ အငြင်းပွားကြတယ်´´

``အင်း´´

``နောက်တော့ သူတို့ဟာ သုဓမ္မစာရီ မင်းသမီးမှာ အဆုံးအဖြတ် ခံယူဖို့ သဘောတူလိုက်ကြတယ်´´

``သြော်´´

အားလုံးပဲ ပုံပြင်အပေါ် စိတ်ဝင်တစား ရှိနေကြပါ၏ ။

``သုဓမ္မစာရီမင်းသမီးက ဘယ်လိုဆုံးဖြတ်ပေးသလဲဆိုတော့´´

``ဘယ်လိုလဲဟင်´´

``လုပ်တိုင်းသင်္ချိုင်းမှာ စောင့်တဲ့လူက သတို့သမီးငယ်ကို ရယူစေလို့ အဆုံးအဖြတ် ပေးလိုက်တယ်´´

``ဟင်´´

``သူဌေးသားသုံးဦးစလုံးဟာ မိမိတို့ကတိအတိုင်း စောင့်ထိန်းဆောင်ရွက်ခဲ့ကြတာ မှန်ပေမယ့် လုပ်တိုင်းသင်္ချိုင်းမှာ စောင့်ရသူသာ အမျိုးခုနှစ် ဆက်တိုင်အောင် အယုတ်အညံ့ခံ၍ စောင့်ရသူ ဖြစ်တယ်။ သတို့သမီးငယ်ဟာလည်း သူစောင့်နေခိုက်မှာ အသက်ပြန်ရှင်လာတာ ဖြစ်တယ်။ ဒါကြောင့် သေနေစဉ်မျာတောင် အတူနေခဲ့သူ ဖြစ်လို့ အသက်ပြန်ဝင်လာတဲ့အခါမှာ လည်း အတူနေထိုက်တယ်လို့ ဆုံးဖြတ်ပေးလိုက်တာ´´

``သြော်´´

စူးရှထက်က ကောင်လေးသုံးယောက် ကို တစ်ဦးချစ်စီ စိုက်ကြည့်၏ ။ ပြီးမှ သဲဝတ်လွှာဘက်လှည့်ကာ….

``ငါ ကတော့ သူတို့သုံးယောက် ထဲမှာ ဒုတိယဖြေတဲ့ တစ်ယောက် က ငွေသော်တာကို ဆက်လိုက်သင့်တယ်လို့ ယူဆတယ်။ ဘာ ဖြစ်လို့လဲဆိုတော့.. အဖြေသုံးခုထဲမှာ သူ့အဖြေက သံယောဇဉ်နဲ့ တွယ်တာမှု အပေါ်လွင်ဆုံး ဖြစ်နေလို့ပဲ´´

သဲဝတ်လွှာ ခေါင်းညိတ်သည်။

``ငါလည်း သူ့ကိုပဲ ရွေးချယ်ဖို့ ရည်ရွယ်ထားတာပါ။ သူ့အဖြေက ဖြတ်ထုံးနဲ့လည်း နီးစပ်တယ်။ ဒါကြောင့် .. တကယ်လို့ ငွေသော်တာ သေဆုံးသွားခဲ့မယ်ဆိုရင် သတိရစိတ်နဲ့ အုတ်ဂူလေးဆီ နေတိုင်းရောက် ဖြစ်နေမှာ ပါလို့ ဖြေတဲ့သူက ငွေသော်တာရဲ့ အချစ်ကို ရဖို့ကြိုးစားပြီး.. အခြားနှစ် ယောက် ကတော့ သူငယ်ချင်းအတွက် နောက်ဆုတ်ပေးစေချင်တယ်´´

ကောင်လေးသုံးယောက် တစ်ယောက် ကို တစ်ယောက် ကြည့်နေကြသည်။ သဲဝတ်လွှာက…

``ဒီလိုဆုံးဖြတ်တာကို သဘာမကျဘူးဆိုရင်လည်း ရှင်တို့ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်။ ဒါမှမဟုတ် ကျန်နှစ် ယောက် ကလည်း ဆက်လိုက်ချင်သေးတယ်ဆိုရင်တော့ တစ်ယောက် ကြိုးစားလို့ မရဘူးဆိုတာ သေချာမှ နောက် တစ်ယောက် က လိုက်ကြပါ။ အဲဒီ လိုလိုက်တဲ့အခါမှာ ဒုတိယဖြေတဲ့ တစ်ယောက် ကို ပထမဆုံး ဦးစားပေးသင့်ပြီး ပထမဆုံးဖြေတဲ့ တစ်ယောက် ကိုတော့ ဒုတိယနေရာမှာ ထားသင့်ပါတယ်။ တတိယမြောက်ဖြေတဲ့လူ ကတော့ ကိုယ့်စိတ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း ရှိပုံရတာ ကြောင့် သူငယ်ချင်းနှစ် ယောက် ကို ညှာပြီး နောက်ဆုံးအဆင့်မှာ သာ နေပေးလိုက်စေချင်ပါတယ်´´

သဲဝတ်လွှာစကားဆုံးသော အခါ ကောင်လေးသုံးယောက် အချင်းချင်း တွတ်တီးတွတ်တာ တိုင်ပင်ကြ၏ ။

ပြီးသော အခါ…

``အဲဒီ အစီအစဉ်ကို ကျွန်တော် တို့သဘောကျပါတယ်´´

``ဟုတ်တယ်။ အဲ့ဒါ အကောင်းဆုံးပဲ၊ မျှတတယ်´´

``ကျွန်တော် လည်း သဘောတူပါတယ်´´

သဲဝတ်လွှာက ကျေနပ်ဟန်ဖြင့် သိမ်မွေ့စွာ ပြုံးကာ…

``ရှင်တို့အချင်းချင်း စိတ်ဝမ်းမကွဲဘဲ အဆင်ပြေရင်ပြီးတာပါပဲ။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်´´

``ဘာလဲ´´

``ငွေသော်တာကို အကျိုးအကြောင်း ဖွင့်ပြောပြစေချင်တယ်။ နောက်မို့ဆို ရှင်တို့သုံးယောက် ဟာ သူငယ်ချင်းတွေ မှန်း သိသွားရင် သူစိတ်မှာ အစွန်းအထင်း တစ်ခုခု ဖြစ်သွားမှာ စိုးလို့ပါ´´

သဲဝတ်လွှာက မိန်းမသားချင်း စာနာမှု ဖြင့် သတိပေးစကားဆိုသည်။ ထို့နောက်… စူးရှထက်နှင့် သဲဝတ်လွှာသည် အားလုံးကို နှုတ်ဆက်ပြီး ထိုနေရာမှ ထွက်သွားကြလေသည်။

ကျန်ရစ်နေသူတွေ က သူတို့နှစ် ဦးအား မျက်စိတစ်ဆုံး လိုက်လံငေးကြည့်နေကြချေ၏ ။

* * * * *


``သူတို့နှစ် ယောက် က ထူးခြားတယ်နော်´´

မြင်ကွင်းထဲမှ စူးရှထက်နှင့် သဲဝတ်လွှာ ပျောက်ကွယ်သွားသော အခါ ကောင်လေး တစ်ယောက် က ပြောသည်။

အခြားကောင်လေး တစ်ယောက် ကလည်း မှတ်ချက်ချ၏ ။

``သူတို့နှစ် ယောက် ကို ကြည့်ရတာ အရွယ်နဲ့မလိုက်အောင် တည်ငြိမ်ရင့်ကျက်နေသလိုပဲ´´

ထိုအခါ ဝေမာက..

``သူတို့နှစ် ယောက် က ငယ်ငယ်လေးကတည်းက လူတွေ ကို ကူညီရတာ ၀ါသနာပါတာဟ။ သူတို့နှစ် ယောက် ကို တချို့ ဖီလော်ဆိုဖာစုံတွဲ လို့တောင် ခေါ်ကြတယ်´´

``သြော်´´

သန္တာက သက်ပြင်းချ၍ ….

```သူတို့ချစ်သူနှစ် ဦးက ထူးခြားသလို သနားဖို့လည်း ကောင်းတယ်´´

``ဘာ ဖြစ်လို့လဲဟင်´´

ကောင်လေး တစ်ယောက် က သိလိုဟန်ဖြင့် မေးသည်။ ဖြေသံက ချက်ချင်း ထွက်မလာဘဲ ခဏတာမျှ တိတ်ဆိတ်သွား၏ ။

ပြီးမှ….

``သဲဝတ်လွှာဟာ… သူ့ ရောဂါ ကြောင့် မကြာခင် လပိုင်းအတွင်းမှာ ပဲ.. မလွဲမသွေ သေဆုံးရတော့မှာ ….´´

``ဟင်´´

ကောင်လေးသုံးယောက် တအံ့တသြ ဖြစ်သွားကြ၏ ။ တစ်ယောက် က မယုံမရဲဟန်ဖြင့် …

``တကယ်… တကယ် ပြောနေတာလားဟင်….´´

``တကယ်ပြောနေတာပါဟာ…´´

``ငါတို့ ညာနေတာ မဟုတ်ပါဘူး…´´

ပြောနေရင်း ဝေမာနှင့် သန္တာ၏ မျက်ဝန်းအစုံမှာ မျက်ရည်တွေ ဝေ့၀ဲလာသည်။ စကားမဆက်နိုင်လောက်အောင်ပင် သူတို့ ထိခိုက်ကြေကွဲ ဖြစ်မိနေကြ၏ ။

အားမာန်က နာကျင်တုန်ယင်နေသော အသံဖြင့် …

``သူတို့နှစ် ယောက် ဟာ ငါတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ပါကွာ။ သူတို့နှစ် ယောက် ဟာ ငယ်ငယ်တည်းက ငါတို့အပေါ် အရမ်းကောင်းခဲ့တယ်။ အရင်တုန်းကဆို ဘယ်သွားသွား ဘယ်လာလာ ငါတို့အားလုံး တတွဲ တွဲ ပေါ့။ အခုတော့.. သူတို့နှစ် ယောက် ဟာ ခွဲခွာရမယ့်အချိန်အတွက် ကြိုတင်ပြင်ဆင်ပြီး စိတ်ချမ်သာမှု ကို ရှာဖွေနေကြတာ။ သတ်မှတ်ချက်နဲ့ နေရတဲ့အချိန်ကာလလေးအတွင်းမှာ သူတို့ချစ်သူနှစ် ဦး လွတ်လွတ်လပ်လပ်နေပါစေဆိုပြီး ငါတို့ကလည်း ရှောင်ပေးနေကြတာပါ´´

``သြော်´´

ကောင်လေးသုံးယောက် မျက်နှာမှာ စိတ်မကောင်းဟန်တွေ ပေါ်လွင်ထင်ရှားလာသည်။

ရဲခေါင်စိုးကလည်း ၀မ်းနည်းဟန်ဖြင့် ….

``သူတို့နှစ် ယောက် ဟာ တစ်ယောက် ကို တစ်ယောက် အရမ်းချစ်ကြတာ။ ရောဂါ ရှိလျက်နဲ့ သဲဝတ်လွှာ ကျောင်းဆက်တက်နေတာဟာလည်း သူတို့ချစ်သူနှစ် ဦး တွေ့ ခွင့်ရဖို့အတွက် တက်နေတာ။ သူတို့နှစ် ယောက် ဟာ ပညာကိုလည်း အရမ်းလိုလားတယ်။ ပြီးတော့ လူတွေ ကိုလည်း အရမ်းကူညီချင်ကြတယ်။ သူတို့နှစ် ယောက် ဟာ အခြားလူတွေ ရဲ့ အခက်အခဲ ပြဿနာတွေ ကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးရင်း သူတို့ချစ်သူနှစ် ဦး သေကွဲ ကွဲရမယ့် ခွဲခွာချိန်ကို စောင့်စားနေကြတာ´´

``သြော်´´

`` ဖြစ်ရလေဗျာ…´´

လေအဝှေ့မှာ သစ်ရွက်တစ်ရွက် မြေလွှာပေါ် လူးလိမ့်လွင့်ကြွေကျလာသည်။ နုပျိုလတ်ဆတ်ဆဲ အစိမ်းရောင် သစ်ရွက်ကလေး ဖြစ်သည်။

သို့ရာတွင် …

ထိုသစ်ရွက်ကလေး၏ အညှာမှာ ဒဏ်ရာရနေတာ တွေ့ မြင်လိုက်ရလေ၏ ။

* * * * *


အခန်း (၅)

ကန်ရေပြင်နံဘေးရှိ ခုံတန်းပြားလေးပေါ်တွင် စူးရှထက်နှင့် သဲဝတ်လွှာ အတူတကွ ထိုင်နေကြပါသည်။ သူတို့နှစ် ဦး၏ မျက်နှာပြင်တွင် အသိရခက်သော အရိပ်အယောက် တွေ ယှက်သန်းမင်းမူနေကြလေသည်။

ဝန်းကျင်တစ်ခွင်တွင် ချမ်းငြိမ်းကြည်လင်ကာ တိတ်ဆိတ်ငြိမ်သက်လျက် ရှိပါ၏ ။

``ဒီနေရာလေးက ငါတို့အတွက် အမှတ်တရနေရာလေးနော်´´

သဲဝတ်လွှာက ညင်သာဖွဖွ ပြော၏ ။

``ဒီနေရာလေးမှာ ပဲ နင်က ငါ့ကိုချစ်တဲ့အကြောင်း ဖွင့်ပြောခဲ့တယ်။ ငါ နင့်ကို အဖြေပေးတော့လည်း ဒီနေရာလေးမှာ ပဲ၊ ငါတို့နှစ် ယောက် ချစ်သူတွေ ဖြစ်သွားတော့လည်း ဒီနေရာလေးကို ခဏ ခဏ လာ ဖြစ်တယ်နော်´´

အတိတ်က ပုံရိပ်တွေ က ရုပ်ရှင်အနှေးပြကွက်သဖွယ် စူးရှထက်အာရုံထဲ တိုးဝှေ့ဝင်လာသည်။

ဟိုအရင် တစ်ချိန်ကပေါ့….

ဒီနေရာလေးမှာ သဲဝတ်လွှာ တစ်ယောက် တည်း စာထိုင်ဖတ်နေသည်။ အဲသည်အခိုက် ကံ့ကော်ပန်းတွေ နှင့် သူ ရောက်လာကာ…. ပန်းပေါင်းလင်္ကာနှင့်တကွ သူမအား ချစ်ခွင့်ပန်ခဲ့ခြင်း ဖြစ်သည်။

``၀တ်လွှာ.. ရာသီအလိုက်ပွင့်တဲ့ပန်းတွေ ရှိတယ်။ မိဿရာသီမှာ ကံ့ကော်ပန်း၊ ပြိဿရာသီမှာ စကားပန်း၊ မေထုန်ရာသီမှာ စပယ်ပန်း၊ ကရကဋ်ရာသီမှာ ပုန်းညက်ပန်း၊ သိဟ်ရာသီမှာ ခတ္တာပန်း၊ ကန်ရာသီမှာ ယင်းမာပန်း၊ တူရာသီမှာ ကြမျိုးငါးပါ။ ဗြိစ္ဆာရာသီမှာ ခ၀ဲပန်း၊ ဓနုရာသီမှာ သဇင်ပန်း၊ မကာရရာသီမှာ ခွာညိုပန်း၊ ကုံရာသီမှာ ပေါက်လဲပန်း၊ မိန်ရာသီမှာ သရဖီပန်း၊ အခုက မတ်လ ၂၁ ရက်နေ့ ဧပရယ်လ် ၂၀ ရက်အတွင်းမှာ ဆိုတော့ Aries မိဿရာသီပေါ့။

နှစ် တစ်နှစ် မှာ ဆယ့်နှစ် ရာသီ အမြဲရှိနေသလို ငါ့ရင်ထဲမှာ လည်းတစ်သက်တာ ထာဝရကာလပတ်လုံး နင် အမြဲရှိနေမှာ ပါ ၀တ်လွှာ။ ဒါကြောင့် ရာသီပန်း ဖြစ်တဲ့ ကံ့ကော်ပန်းလေးတွေ နဲ့အတူ ဖွင့်ဟတောင်းဆိုပါရစေ...။

နင့်ကိုငါ ချစ်တယ်ဝတ်လွှာ...။ အဲဒီ အတွက် .. နင့်အချစ်ကိုလည်း ငါ ပိုင်ဆိုင်ပါရစေ...´´

ကံ့ကော်ပန်းလေးတွေ ပေးပြီး သူ တောင်းဆိုတော့သူမ မျက်နှာနုနုမှာ ပန်းသွေးရောင် တွေ ရှက်ကြွလာ၏ ။ အဲသည်အချိန်တုန်းက သူ တော် တော် ရင်ခုန်နေကာ ဘာကိုမှန်းမသိ ကြောက်လန့်နေမိကြောင်း ကောင်းစွာ အမှတ်ရပါသေးသည်။

သူမက ပန်းလေးတွေ ကို ပွေ့ပိုက်ယူပြီးနောက်.. သူ့အား မျက်လွှာပင့်၍ ကြည့်ကာ....

``နင် ငါ့အချစ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်.. မြစ်ချောင်းအင်းအငိုထဲက ရေတွေ ကောင်းကင်မှာ စီးဆင်းနေတဲ့အချိန် ဒီနေရာကိုလာခဲ့ပါ။ အဲဒီ အခါကျရင် မီးကို စက္ကူနဲ့ထုပ်ပြီး မလောင်ကျွမ်းစေဘဲ ယူခဲ့ရမယ်။ လေကို သယ်ဆောင်နိုင်တဲ့ အမွှေးနဲ့သာတိုင်တစ်တိုင်လည်း ပါရမယ်။ ကျေးဇူးရှင်ကို ကျေးမစွပ်၊ မတော် လှန်တဲ့သူကိုလည်း အဖော်အ ဖြစ်ခေါ်ခဲ့ရမယ်။ ပြီးတော့.. သစ်ပင်ဖျားမှာ သီးပွင့်နေတဲ့ ပုလဲပန်းတွေ ကိုလည်း ငါ့ရှေ့မှာ ပဲ ဆွတ်ခြွေပြရမယ်´´

ထိုကဲ့သို့ အချက်ငါးချက်ပါသော သူမ၏ တောင်းဆိုမှု ကို ရက်သတ္တပတ်ခန့်အကြာမှ သူ လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။

ထိုနေ့က....

ငွေရည်ဖွဲ့ မိုးတိမ်တွေ ကောင်းကင်မှာ လေသယ်ရာ ရွေ့လျားနေကြချေ၏ ။ အဲသည်အချိန်မှာ ... စက္ကူမီးပုံးငယ်ကို မီးထွန်းလျက်...၊ နံ့သာဖြူ ခေါက်ယမ်းတောင်လေးကို ကိုင်ဆောင်ကာ.. အဖော်အ ဖြစ် ခွေးတစ်ကောင်ကို ခေါ်ယူ၍ ... ဤနေရာကို သူ ရောက်လာခဲ့ပါသည်။

ထိုင်ခုံလေးမှာ ထိုင်လျက် စာဖတ်ရင်း စောင့်မျှော်နေသော သူမကို တွေ့ သော အခါ...

နံနက်ခင်းက ရွာသွန်းထားသော မိုးကြောင့် အဖျားမှာ ရေစက်ကလေးတွေ သီးနေကြသည့် မြက်ခင်းတို့အား...

အိတ်ထဲမှာ လက်ကိုင်ပ၀ါထုတ်၍ အုပ်ကာ....

ဆွဲယူလှုပ်ရမ်းပြလိုက်ပါသည်။

* * * * *


``စူးရှရယ်... နင်က ငါနဲ့ပတ်သက်ရင် ငယ်ငယ်လေးတည်းက ဘာမဆို အလေးအနက် ထားတယ်နော်။ အဲဒီ လို ချစ်သူမျိုးရဲ့ အနားမှာ အချိန်အကြာကြီး နေမပေးနိုင်တဲ့အတွက် ငါ့ကို ခွင့်လွှတ်ပါဟာ´´

ရုတ်တရက် သဲဝတ်လွှာမျက်နှာ ညှိုးကျသွားသည်။ ၀မ်းနည်းကြေကွဲမှု များ သည် သူမရင်ထဲသို့ အရှိန်အဟုန်ပြင်းပြင်း တိုးဝင်ရောက်ရှိလာသည်။

သို့သော်...

သူမ ခံစားနေရသော ဝေဒနာတွေ ကို လျစ်လျူရှု၍ ချစ်သူအား ကရုဏာဖြင့်ကြည့်ကာ...

``စူးရှ... ငါသေရင် နင် ချစ်သူအသစ်ရှာနော်´´

``ဘာလို့ ရှာရမှာ လဲ သဲရယ်။ ငါ့အချစ်က တခြား တစ်ယောက် ဆီ လွှဲပြောင်းလို့ရတဲ့အချစ်မျိုး မဟုတ်ပါဘူးဟာ။ နင် တစ်ယောက် တည်းအတွက်ပဲ ဖြစ်ပေါ်လာတဲ့ အချစ်ပါ။ နင် သေဆုံးသွားခဲ့ရင်လည်း ငါ့နှလုံးသားက သစ္စာရှိရှိနဲ့ နင့်ကိုပဲ ဆက်ချစ်နေမှာ ပါ´´

စူးရှထက်က ခိုင်မာစွာ ပြော၏ ။ သဲဝတ်လွှာက ပင့်သက်ရှိုက်ကာ...

``နင့်ကိုလေ...´´

``အင်း...´´

``ဟိုတစ်နေ့က ငါ့တို့ ကူးစဉ်းစားပေးခဲ့တဲ့ ကောင်လေးသုံးယောက် ထဲက နောက်ဆုံးဖြေတဲ့ကောင်လေးရဲ့ စိတ်မျိုး ရှိစေချင်တယ်´´

``ဘာ ဖြစ်လို့လဲဟင်´´

``အဲဒီ လို စိတ်ထားမျိုးရှိတဲ့လူက ခံစားရ သက်သာတယ်ဟ။ နောက်မို့ဆို ငါ မရှိတော့ရင် နင် တစ်ယောက် တည်း အထီးကျန်နေမှာ ´´

``ဘာလို့ အထီးကျန်နေရမှာ လဲ သဲရယ်။ နင့်ကို သတိရတိုင်း နင်နဲ့ အတူသွားခဲ့လာခဲ့တဲ့ နေရာတွေ ကို ပြန်သွားပြီး အပျင်းဖြေမှာ ပေါ့ဟ´´

``ယုတ္တိမရှိတဲ့စကားလုံးတွေ နဲ့ ငါ့ကို နှစ် သိမ့်မနေစမ်းပါနဲ့ စူးရှရယ်။ အဲဒီ လိုတွေ လုပ်ရင် နင် ပိုခံစားရမှာ ပေါ့။ ငါ့ကို နင် ငတုံးများ မှတ်နေလားဟင်...။ ငါ့ကို မညာပါနဲ့ဟာ...´´

သဲဝတ်လွှာက စူးရှထက်ရင်ဘတ်ကို လက်သီးဆုပ်ကလေးတွေ နှင့်ထုကာ ၀မ်းပမ်းတနည်း ပြောသည်။ သူမ မျက်ဝန်းမှာ မျက်ရည်တွေ စိုကာ သူမအသံမှာ လည်း ရှိုက်သံတွေ ကပ်ငြိပါလာ၏ ။

စူးရှထက်က ကျလုဆဲဆဲ သူ့မျက်ရည်စက်တွေ ကို ချုပ်ထိန်းကာ

``၀မ်းနည်းစရာတွေ ကို စိတ်ဆင်းရဲခံပြီး ပြောမနေပါနဲ့တော့ သဲရယ်၊ အခုအချိန်မှာ ဖြစ်မလာသေးတာတွေ ကို ငါတို့ကြိုးစားပြီး မေ့ထားလိုက်ကြရအောင်။ ငါတို့နှစ် ယောက် တွေ့ တဲ့ ဆုံတဲ့အချိန်မှာ ပျော်အောင်နေပြီးစိတ်ချမ်းသာစရာတွေ ပဲ ရှာဖွေကြမယ်နော်။ အခု... နင် ဘယ်သွားချင်လဲ၊ ဘာစားချင်လဲ။ ဘာလုပ်ချင်လဲ.. ငါ့ကိုပြော...။ ငါ အားလုံး ဖြည့်ဆည်းပေးမယ်...´´

စူးရှထက်က သဲဝတ်လွှာ၏ ပခုံးသားနှစ် ဖက်ကို ယုယုယယ ဆုပ်ကိုင်၍ မေးသည်။ သဲဝတ်လွှာက စူးရှထက်ရင်ခွင်ထဲ မျက်ရည်တွေ နှင့် ခေါင်းတိုးဝင်ကာ ဘာမှမဖြေဘဲ တသိမ့်သိမ့် ရှိုက်ငိုနေလေသည်။

ထိုအခါ စူးရှထက်က...

``နင်မပြောလည်းဘဲ နင့်အကြိုက်နဲ့နင် နှစ်သက် တာတွေ ကို ငါသိပါတယ် သဲရယ်။ လာ.. ထ... ငါတို့နှစ် ယောက် ကစားကွင်းတွေ သွားကြမယ်။ မုန့်တွေ လျှောက်စားကြမယ်။ အခက်အခဲတွေ့ နေတဲ့ လူတွေ နဲ့ကြုံရင် တတ်နိုင်သလောက် ကူညီကြမယ်လေ..။ လာကွာ... မငိုနဲ့တော့..။ ထ.... သွားမယ်....´´

ချော့မော့၍ မျက်ရည်တွေ သုတ်ပေးပြီး သဲဝတ်လွှာကို စူးရှထက် ခေါ်ဆောင်လာခဲ့ပါသည်။

ထို့နောက်....

သူတို့နှစ် ယောက် သည် အာရုံလွှဲပြောင်းသည့်အနေနှင့် ကစားကွင်းတွေ သွားကြသည်။ မုန့်တွေ ၀ယ်စားကြသည်။ အခက်အခဲတွေ့ နေသူတွေ နှင်ကြုံလျှင် တစ်စွမ်းသလောက် အကူအညီပေးကြသည်။

ဝေဒနာတွေ ကိန်းဝပ်နေသော သူတို့ချစ်သူနှစ် ဦး၏ ပစ္စုပ္ပန်ရှင်သန်ပုံမှာ ..

ပတ်ဝန်းကျင် လင်းထိန်တောက်ပဖို့ ကိုယ်တိုင်က လောင်ကျွမ်းခံနေရသည့် ဆီမီးခွက်ကလေး နှစ် ခွက်ပမာ...

ဖြစ်၏ ။

* * * * *




ဝန်ဇင်းချစ်သူများ လင်းညှို့သွေး ၏ “ ရယ်သံထွက်နေတဲ့ မျက်ရည်စက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဂျစ်ပစီသင်ခန်းစာ

မိန်းမလိုချင်တယ်

အသည်းခွဲဖက်ရှင်