
(မိတ်ဆက်ခြင်း)
ဈေးဆိုင်တစ်ဆိုင်ရှေ့မှာ ကျောပိုးအိတ်ကလေးကို သယ်ပိုးလျက် ကလေးငယ်တစ်ဦး မတ်တပ်ရပ်နေပါ၏ ။ ကလေးငယ်က ရောင်းကုန်ပစ္စည်းများ ကို တစ်ချက်ဝေ့၀ဲကြည့်ပြီးနောက် ဆိုင်ရှင်အား တန်ဖိုးငွေ စစ်မေးသည်။
ပြီးနောက်. . .
‘ဦးလေး. . . တစ်ပိဿာကို (၁၅၀၀) ဈေးနဲ့ သကြား (၅၀) သား. . .၊ (၉၀၀) တန်ဆိုတဲ့ ထောပတ် (၂) ဘူး. . .၊ တစ်ထုပ်ကို (၁၅၀) တန် ကော်ဖီမစ် (၆) ထုပ်. .၊ (၁၀၀) တန် ခေါင်းလျှော်ရည်က (၈) ထုပ်. . .၊ (၅၀) တန် သကြားလုံး စုပ်လုံး (၃) ခု. . .’
ကလေးငယ်က တတွတ်တွတ်ပြောသွားသည်များ ကို ဆိုင်ရှင်လူကြီးကလည်း သွက်လက် စွာ ဖြင့် ဖြုတ်ယူချိန်တွယ်ထုပ်ပိုးပြင်ဆင်ပေးလေသည်။
ကလေးငယ်က သူ့ကျောင်းဝတ်ဘောင်းဘီကို အိတ်ထောင်လေးထဲ လက်နှိုက်လျက်. . .
‘အနော့်မှာ ပါတာက (၁၀၀၀) တန် တစ်ရွက်၊ (၅၀၀) တန် (၅) ရွက်၊ (၂၀၀) တန် (၆) ရွက်၊ (၅၀) တန်က (၉) ရွက်၊ (၂၀) တန်က (၈) ရွက်. . .၊ အဲဒါတွေ အကုန် ဦးလေးကိုပေးပြီး ခုန အနော်ပြောတဲ့ပစ္စည်းတွေ ယူမယ်ဆိုရင် ငွေဘယ် လောက်ထပ်ပေးရဦးမလဲ. . .၊ ဒါမှမဟုတ် ငွေဘယ်လောက် ထပ်လိုမလဲ၊ အဲဒီ စာရင်းကို သေချာဘောင်ချာလုပ်ပေးပါ ဦးလေး. . .’
ဆိုင်ရှင်လူကြီးမှာ တအေးအေးနှင့် ကလေးငယ်ကို တစ်ခေါက်ထပ်မေးပြီး တွက်ချက်၍ ဘောင်ချာရေး လေသည်။ ပြီးသော အခါ ကလေးငယ်အားပေးသည်။
ကလေးငယ်က မျက်မှော င်ကလေးကြုတ်လျက် ထိုဘောင်ချာစာရွက်ကို ကြည့်ပြီး ကျေနပ်ဟန်ဖြင့် နှစ် ခြိုက်စွာ ပြုံးကာ. . .
‘ကျေးဇူးပဲ ဦးလေး. . . အခုမှပဲ အဆင်ပြေသွားတော့တယ်. . .’
ထိုသို့ပြောပြီး ဘောင်းဘီအိတ်ထောင်မှ ငါးဆယ်တန်အနွမ်းလေးတစ်ရွက် ထုတ်၍ ဆိုင်ရှင်လူကြီးရှေ့ချပေးလိုက်သည်။ ပြီးနောက် ထုတ်ပိုးပြင်ဆင်ထားသော ကုန်ပစ္စည်းများ ထဲမှ ပိုက်ဖြူဖြူကလေးတပ်ဆင်ထားသော သကြားလုံးတစ်လုံးတည်း ကိုသာ နှိုက်ထုတ်ယူလိုက်ပြီး. . .
‘ကျန်တဲ့ပစ္စည်းတွေ ပြန်သိမ်းလိုက်တော့ ဦးလေး. . .၊ ဒီသကြားလုံးတစ်လုံးပဲ အနော်ယူ တော့မယ်၊ အနော့်မှာ လည်း ပိုက်ဆံ အဲဒီ ငါးဆယ်တန်အစုတ်လေးတစ်ရွက်ပဲပါလို့ပါ၊ ဘာပဲ ဖြစ် ဖြစ် ဆရာမ ပေးလိုက် တဲ့အိမ်စာ သင်္ချာပုစ္ဆာကို အခုလို ဦးလေး ကူတွက်ပေးတဲ့အတွက် ကျေးဇူးအများ ကြီးတင်ပါတယ်. . .’
သကြားလုံးလေးကို အခွံချွတ်ခွာပြီး တပြွတ်ပြွတ်စုတ်လျက် လက်တစ်ဖက်က ဘောင်ချာ စာရွက်ကေးလကိုကိုင်ပြီး ကလေးငယ် ကျော့ကျော့မော့မော့ ခပ်ကော့ ကော့ ထွက်ခွာ သွားလေသည်။
ဆိုင်ရှင်လူကြီးမှာ တော့ မျက်ဝန်းအကြောင်သားနှင့် . . .
မြင်ကွင်းမှ တရွေ့ရွေ့ မှု န်ဝါးသွားသော ကလေးငယ်ကို ငေးလျက်. . .။
ဇယားက ရှင်းမလိုနှင့် ထွေးရှုပ်သည်။
သတင်းကြော်ငြာတစ်ပုဒ်ကြောင့် လူတစ်စု အုံကြွမှု တချို့ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏ ။ ထိုကြော်ငြာလေးကို ယုံကြည်သူတွေ လည်းရှိသည်။ မယုံကြည်သူတွေ လည်းရှိသည်။ သေချာသည် ကတော့ ထိုကြော်ငြာလေးက အမျိုးသမီးတော် တော် များ ၏ နှလုံးအိမ်ကို လှုပ်ယိမ်းစေခဲ့ပါသည်။
ထိုကြော်ငြာလေးမှာ . . .
အခန်း (၁)
ဇမ်ရဲ ကြို့ထိုးနေသည်။
ရုတ်တရက် အမှတ်တရတစ်ခု သူ့ရင်ထဲ စူးဝင်လာသည်။ အမှတ်တရဆိုသည်မှာ တိုက် ဆိုင်မှု ရှိလျှင် ပြန်လည်လိမ့်ကျလာတတ်သော အတိတ်တစ်မျိုးပါပဲ။
ဤသို့ ကြို့ထိုးသော နေ့စွဲတစ်ခုမှာ ပဲ မိန်းမသးတစ်ဦး၏ မညှာမတာ ဖင်နှင့် ပေါက်ခြင်းကို သူ မရှုမလှ ခံခဲ့ရဖူးသည်။
သြော်. . . လွမ်းမောစရာကြီးပါလားကွယ်. . .
ထိုနေ့က တအေ့အေ့နှင့် ကြို့ထိုးနေသော ဇမ်ရဲ ရေသောက် ဖြစ်ရန် အလျှင်အမြန် လိုအပ် နေသည်။ နီးစပ်ရာ ကျောင်းကဲန်တင်းထဲပြေးဝင်ပြီး ရေသန့်တစ်ဘူးမှာ လိုက်သည်။
တစ်ပြိုင်နက်တည်း ထိုင်ခုံတစ်လုံးတွင် နောက်ပြန်ဝင်အထိုင်. . .
‘အင့်’
‘ဟာ’
ပွတ်တိုက်မှု ကြောင့် ပူခနဲပဲ ခံစားလိုက်ရသည်။ အထိအတွေ့ က နူးညံ့၏ ။ လေဟာနယ်ထဲမှာ သူ ကုန်းကန်းကွကွကြီး၊ တစ်ဖက်သားမိန်းကလေးလည်း ထိုနည်း၎င်းပါပဲလေ။
‘ဟင်. . . နင်. . . နင်. . . အေ့. . . ငါ့ကို ဖင်နဲ့ပေါက်တယ်. . . အေ့. . .’
‘အို’
ပန်းနုရောင် မျက်နှာနုနုလေး ရဲခနဲ ဖြစ်သွား၏ ။ ရှက်ဝဲ၀ဲအမူအရာလေးက အသည်းထိအောင် ခိုက်စေသည်။ သူ့အမြင်တွေ ချို့တဲ့ေ၀၀ါးကုန်လေ၏ ။
သူမလက်ထစ်ဖက်မှာ ကော်လံအနီလေးကို ဆွဲကိုင်ထားသည်။ နီတျာတျာ သူမ နားရွက်သေးသေးလေးနှစ် ဖက်ဆီမှ ခေါင်းလောင်းပုံဆွဲသီးလေးတွေ က ရှက်ရွံ့မှု ကြောင့် ဂနာမငြိမ်လှုပ်ရမ်းနေကြချေ၏ ။
သူက နောက်ပြန်ဝင်အထိုင်. . . သူမက ခုံနီလေးကို ဆွဲယူပြီး ထိုင်ရန်အပြင်မှာ . . . အစွန်းထွက်မှု နှစ် ခု အမှတ်မထင် ပွတ်တိုက်မှု တစ်ခု ဖြစ်ပွားသွားရခြင်းရယ်ပါ. . .။
‘အေ့. . . လုပ်ရက်တယ်ဟာ. . .’
‘ဟင်. . . နင်. . . နင်နော်. . .’
ထိုင်ခုံနီရဲရဲလေးကို လွှတ်ချပြီး ပန်းသွေးရောင် သွေးသားအစိုင်အခဲလေး ကသုတ်ကရက် ပြေးထွက်သွားလေသည်။ တော် တော် ရှက်တတ်တဲ့ နွယ်မျှင်လေးပါ ပဲဗျာ. . .။
ဤမျှနှင့် မပြီးဆုံးသေးပါ။
တအေ့အေ့ ဖြစ်နေသော သူ့ရှေ့သို့ ကောင်မလေးတစ်ဦး ထပ်ရောက်လာပြန်သည်။ ဒီကောင်မလေး ကတော့ နားအစုံမှာ ဘာမှမရှိ။ ပကတိအတိုင်း ရှင်းသန့်စင် ကြယ်စွာ သွယ်လျ လှပနေသည်။ စောစောက ကောင်မလေးက အသားဖြူတာမျိုး မဟုတ်ပဲ ခန္ဓာတစ်ခုလုံး ပန်းသွေး ရောင် ကြွနေတာမျိုး ဖြစ်၏ ။ ယခု ကောင်မလေးက ‘ညိုချော ငိုပြောလို့ မရဘူး’ ဆိုသော စာချိုးအား အပီအပြင် ဖော်ဆောင်လျက်ရှိ၏ ။
အထူးခြားဆုံး ကတော့ အကြည့်တိုင်းမှာ သံလိုက်ဓာတ်ကပ်ပါနေသလို ညှို့အားပြင်း ထန်သည့် မျက်ဝန်းနက်အစုံပါပဲ။
‘သူခိုး. . . ခါးပိုက်နှိုက်. . . မိပြီ. . . မပြေးနဲ့. . .’
‘အဲ. . .’
ကောင်မလေးက လက်နှစ် ဖက်ကို ဆန့်ကား ရင်ဝင့်ကြွားကာ သူ့ရှေ့မှာ ပိတ်ရပ်ပြောဆို လိုက်သော ကြောင့် ဇမ်ရဲ လန့်သွားသည်။ မော်တော် ပီကယ်စတိုင်လ်နှင့် ၀ီစီမမှု တ်ပဲ အပီတုပ်နေပါ ရောလား။
‘ငါ. . . ငါ. . . ဘာလုပ်လို့လဲ. . .’
‘ဘာလုပ်လို့လဲ ဟုတ်လား. . . ပုံစံကိုက ကုပ်ကမြင်းရုပ်နဲ့. . . ဖယ်ရီကားပေါ်မှာ ငါ့ပိုက်ဆံ အိတ်ကို နင် အလစ်သုတ်သွားတာလေ. . .၊ အခုတွေ့ ပြီ. . . ငါ့ဟာပြန်ပေး. . .’
‘အင်း. . . လူမှားပြီ ထင်တယ်. . .’
‘ဘာမှ လူမှားတာ မဟုတ်ဘူး. . . နင်မှ နင်ပဲ၊ နင့်ရုပ်က ငါတို့အိမ်က ဒရ၀မ်ကောင်လေးနဲ့ တူလို့ ငါ သေချာကို မှတ်မိနေတာ. . . အဲဒီ ပိုက်ဆံတွေ က ငါ ကျူရှင်လခပေးရမယ့် ပိုက်ဆံတွေ မို့ ပါဟာ. . . နင်လည်း အရေး ပေါ်လိုလို့ အခုလို သူများ ပစ္စည်းခိုးတယ်ဆိုတာ ငါ နားလည်ပါတယ်၊ ငါ တတ်နိုင်သလောက် စွန့်ကြဲကူညီပါ့မယ်၊ ငါ့ပိုက်ဆံတွေ နဲ့ ပိုက်ဆံအိတ်လေးကိုတော့ ပြန်ပေးပါ ဟာ. . . အဲဒီ ပိုက်ဆံအိတ်ကလေးက ငါ့မွေးနေ့တုန်းက မွေးနေ့လက်ဆောင်အ ဖြစ် ငါ့အဘွား သြဇီ ကနေ ပို့လိုက်တာလေးမို့ပါဟာ. . .’
ဇွတ်ကြီးပဲမို့ ဇမ်ရဲ ခေါင်းကိုက်သွားသည်။ ဒေါသပဲ ဖြစ်ရမလို့. . . ကရုဏာပဲသက်ရမလို. . .၊ သေချာဖြေရှင်းနိုင်ရန် စကားလုံး ရွေးချယ်နေစဉ်မှာ ပဲ အညိုရောင် ကောင်မလေးက သူ့ကို ကြည့်၍ တသော သော ရယ်လေသည်။
ညီညာစီတန်းသော သွားဖြူဖြူလေးတွေ အထွေးလိုက် ရှုမြင်ရ၏ ။
‘ငပိန်းလေး. . . သိပ်ပိန်းမနေနဲ့. . . အခု နင် ကြို့မထိုးတော့ဘူးလားကွ. . .’
ဒီတော့မှ ဇမ်ရဲလည်း သူ ကြို့မထိုးတော့တာ သတိပြုမိသွားသည်။ ကောင်မလေးက မခိုး မခန့် အပြုံးနှင့် ပဲ သူမ လက်မတိုတိုလေးကို ထောင်ပြ၍ . . .
‘အဲဒါ ဆိုက်ကိုနည်းနဲ့ အာရုံလွှဲကုသခြင်းပဲ၊ ငါ တီထွင်ထားတဲ့ မြောက်မြားစွာ သော ပညာ ရပ်တွေ ထဲက တစ်ခုပေါ့ဟာ. . . ငှဲ. . . ငှဲ. . .၊ ပြီးတော့. . . နင် ဗဟုသုတရအောင် ပို့ချခဲ့မယ်. . . ကြို့ထိုးတဲ့အခါ ရင်ခေါင်းနဲ့ ၀မ်းဗိုက်ကို ခြားထားတဲ့ ကန့်လန့်ကာကြွက်သားတွေ ဟာ အလိုလို နေရင်း ရုတ်တရက် ကျုံ့ကျုံ့သွားတတ်တယ်၊ ကြို့ထိုးတတ်ရင် ကြက်သွန်နီကို ထန်းလျက်နဲ့ နိုင်ချင်း ကြိတ်ပြီးစား. . . ကြားလား၊ အဲ့ဒါ မြန်မာ့တိုင်းရင်းဆေးနည်းပဲ. . . မှတ်ထားနော် သားလေး. . . အီစကို ဒိုးပီ. . .’
အညိုရောင် ညှို့ဓာတ်ရှင်လေးက ၀င့်ဝင့်ကြွားကြွားပြောပြီးတာနှင့် မြောက်ကြွမြောက်ကြွ လှည့်ထွက်သွားလေသည်။ ဘလိုင်းကြီး ဆရာတစ်ဆူ ရရှိလိုက်သော ဇမ်ရဲခများ ရင်မှာ ဖိုးသိုး ဖပ်သပ်တွေ ဖြစ်ကျန်ခဲ့ရ၏ ။
မိန်းမောစရာကြီးပါလားကွယ်. . .
သူ့ဘ၀တွင် အရေး ပါသော မိန်းမသားနှစ် ဦးနှင့် ကြို့ထိုးသော နေ့စွဲတစ်ခုမှာ ပဲ ထိုကဲ့သို့ ကသော င်းကနင်း ဆုံတွေ့ ခဲ့ကြတာ ဖြစ်လေသည်။
ယခုလည်း ဇမ်ရဲ ကြို့ထိုးနေပြန်ပါပြီ။ ရေခဲသေတ္တာထဲမှ ရေအေးတစ်ဘူးထုတ်ယူ၍ ရေကို ငုံကာ နားနှစ် ဖက်ကို လက်နှင့် ပိတ်ပြီး အသက်အောင့်ကာ သောက်မြိုချလိုက်သည်။ ဂယောက် ဂယက်စိတ်မှာ အားပေးဖော် အလိုရှိတမ်းတနေမိ၏ ။
ငိုင်တွေ လေးလံနေသော သူ့လှုပ်ရှားမှု များ ကို တစ်စုံတစ်ဦးက တိတ်တဆိတ် ချောင်းမြောင်း ကြည့်ရှုနေပါသည်။
ရှူး. . . တိုးတိုး. . .။
ဂျွန် နေမကောင်းချေ။
ကြက်ဥပြုတ်နေသော မီးဖိုခန်းဆီမှ အပုပ်နံ့တထောင်းထောင်းပျံ့ထွက်လာသည်။ သတိ လစ်ဟင်းသော သူ့ကိုယ်သူ ဇမ်ရဲအပြစ်တင်လိုက်မိ၏ ။ ဖြစ်တောင့် ဖြစ်ခဲကိစ္စတစ်ခုက ဖြစ်ပြန်ပြီ။
အခြေမခိုင်သော အတိတ်တစ်ခု အသံတိတ် လိမ့်ကျလာပြန်၏ ။ တစ်ခါကလည်း သူ ဒီလိုပဲ ကြက်ဥပြုတ်ရင်း ပျက်စီးသွားခဲ့ဖူးသည်။ ထိုအခါ မကိုးကွယ်ချင်ပါဘဲ ဇွတ်ကိုးကွယ်နေရသော ဆရာသမားလေးက ဇွတ်သြ၀ါဒတွေ စွတ်ခြွေသည်။
‘ငပိန်းလေး. . . နင်ဟာလေ. . . အသုံးကို မကျဘူး၊ ကြက်ဥလေးတောင် အ ဖြစ်ရှိအောင် မပြုတ်တတ်ဘူး’
‘ဥလေးတောင် အ ဖြစ်ရှိအောင် မပြုတ်တတ်ဘူး’
နှာခေါင်းလေးရှုံ့ရင်း လက်တခါခါနှင့် သူ့အနားသို့ သူမရောက်လာဖူးသည်။
‘နင့် ကြက်ဥတွေ က ကောင်းမှမကောင်းတာကို ပြုတ်တော့ကွဲသွားတယ်၊ ခွဲကြည့်တော့ လည်း အနံ့က ဟောင်နေတာပဲ၊ အနှစ် ကလည်း စိမ်းဖန့်ဖန့်နဲ့၊ အကုန် အပုပ်တွေ ချည်းပဲ’
ထိုစဉ်ကလည်း ကြက်ဥပုပ်နံ့ တထောင်းထောင်းနှင့် မို့ ဤသို့ပင် ဇမ်ရဲ စိတ်ဆင်းရဲခဲ့ရဖူး သည်။
‘နေစမ်းပါဦး. . . နင်က ကြက်ဥကို ဘယ်လိုပြုတ်လို့လဲ. . .’
‘ရေနဲ့ပဲ ပြုတ်တာပေါ့’
‘ဆားကောထည့်သေးလား’
‘ချက်မှထည့်မယ်လေ၊ အခုထည့်ရင် အခွံကြီးနဲ့. . . အရသာက အထဲ ဘယ်ဝင်မလဲ’
‘သြော်. . . သြော်. . . ဒါ့ကြောင့် ကိုး. . .’
သူမက သူ့ခေါင်းကို ဂေါက်ခနဲ အသံမြည် အောင်ပင် လက်ဆစ်နှင့် ခေါက်သည်။ နာထှာ. .။
‘နောက်ဆိုရင် မှတ်ထား. . . ကြက်ဥပြုတ်ရင် ရေထဲ ဆားထည့်ပြီးပြုတ်ရတယ်’
‘ဘာလို့လဲ’
‘ကြက်ဥကွဲတယ်ဆိုတာက ပြုတ်လိုက်တဲ့အခါ အတွင်းက လေတိုးထွက်လို့ ကွဲတာ၊ အဲဒါ ကြောင့် ကြက်ဥမကွဲရအောင် အပ်နဲ့ ဖောက်ပြီးမှပြုတ်၊ ရေထဲမှာ ဆားထည့်ပေးရင် ကြက်ဥနဲ့ ပေါက်သွားတဲ့နေရာက ချက်ချင်း ပြန်ပိတ်သွားလိမ့်မယ်၊ ကြက်ဥအကာနဲ့ ခဲသွားလိမ့်မယ်’
‘ဒါဆို ဒီကြက်ဥတွေ ကွဲသွားတာ မကောင်းလို့ မဟုတ်ဘူးပေါ့’
‘ဒါပေါ့. . . သားလေးရဲ့ ’
သူမက လက်နှစ် ဖက်ပိုက်လျက် ရင်ကော့ခေါင်းမော့ကာ ပြုံးခေခေ လုပ်နေသည်။ ဆရာကြီး စတိုင်လ်ပေါ့လေ။ အမြင်ကတ် အူယားစရာကြီးပါဗျာ။
‘ဒီလိုဆို အပုပ်နံ့ထွက်ပြီး အနှစ် မှာ စိမ်းဖန့်ဖန့် ဖြစ်တာကကော’
‘သိချင်ရင် ပြောပြမယ်လေ. . . မသိလို့ ကိုယ့်မေးတာပဲ. . . လျှိုထားစရာ မရှိပါဘူး. . . ပြောပြမှာ ပေါ့ သားလေးရဲ့ . . . သေချာမှတ်ထားနော်. . . အဲဒါက အတွင်းမှာ ဟိုက်ဒရိုဂျင် ဆာလဖိုက်ဓာတ် ဖြစ်ပေါ်လို့၊ ကြက်ဥကျက်ပြီထင်ရင် ရေနွေးနဲ့ ဆက်မထားဘဲ ရေအေးအေးနဲ့ အကြိမ်ကြိမ်ဆေးပေးရတယ်၊ အဲ့ဒီလိုဆိုရင် အပုပ်နံ့လည်း မထွက်ပဲ အ၀ါရောင် လွှမ်းနေတဲ့ ကြက် ဥနှစ် လှလှလေးကို ရတယ်ကွယ့်. . . သိပြီလား. . .’
သြ၀ါဒအဆုံးသတ်မှာ သူ့နားရွက်ဖျားကိုပင် သူမ ဆောင့်ဆွဲလိုက်ပါသေးသည်။
‘ဒါနဲ့များ ရည်စားက ထားချင်သေးတယ်၊ ကြက်ဥတောင် မပြုတ်တတ်ပဲနဲ့၊ နင့်ကိုရတဲ့ မိန်းမ ကတော့ ကံဆိုးမိုးမှော င် ကျတော့မှာ ပဲ. . .’
‘ငါက ယောက်ျားလေးပဲဟ၊ ဒါတွေ တတ်ဖို့ လိုလို့လား. . .’
‘လိုတာပေါ့ဟဲ့. . . တတ်ထားတော့ နင့်မိန်းမကို ၀င်ကူလို့ရတာ ပေါ့၊ သူ နေမကောင်းရင် မအားလပ်ရင်လည်း နင် ချက်ပြုတ်ကျွေးလို့ရတယ်၊ တကယ်လို့ နင့်မိန်းမ စောစောစီးစီး သေရွာ လားသွားရင်လည်း လောကအလယ်မှာ မျက်စိသူငယ် နားသူငယ်နဲ့ ကျန်ခဲ့မယ့် ကလေးတွေ နဲ့ နင့်ရဲ့ စာဝတ်နေရေး အတွက် အဆင်ပြေတာပေါ့. . .’
‘ဖွဟဲ့. . . လွဲပါစေ. . . ပယ်ပါစေ၊ ငါ မီးသွေးအရောင်းအ၀ယ် မလုပ်ချင်ပါဘူးဟာ. . . နင် ဝေါင်ဝေါင်ရှေးတော့. . .’
ရေနွေးပူနှင့် အပက်ခံရသကဲ့သို့ သူမ ဆွေ့ဆွေ့ခုန် ထွန့်ထွန့်လူးသွားလေသည်။ ခုန်ဆွ ခုန်ဆွနှင့် သူ့ကို လျှင်မြန်စွာ နပန်ကျင်းဖို့ ခုန်အုပ်ဖို့ ကြိုးစားသည်။ ဒါလောက်နဲ့ တက်မလာနဲ့ဟု ရေရွတ်ရင်း လွတ်မြောက်အောင် သူ ရုန်းထွက်ရှောင်တိမ်းနိုင်ခဲ့ပါသည်။ အသားညိုသော သူမ သည် မီးသွေးနှင့် အနှိုင်းခံရပါက အလွန်နာသည်။
ဟားးးး. . . ဒါတွေ ဟာ နိမိတ်လား. . .၊ ပြောစမ်းပါဦး။
ယခုလည်း သူ့အ ဖြစ်က ထိုမျှ ထပ်တူကျမတတ်ပါပဲလေ. . .။
ပျက်စီးသွားသော ကြက်ဥတွေ ကို ရနံ့လုံအောင် သေချာ သိမ်းထုတ်၍ စွန့်ပစ်လိုက်သည်။ ရေခဲသေတ္တာထဲမှ ကြက်ဥတွေ ထပ်မံထုတ်ယူပြီး သူမ သင်ကြားပေးသော နည်းအတိုင်းပြုတ်တော့ အဆင်ပြေသည်။
အခွံချွတ်ခွာ၍ ဓားပါးလေးနှင့် လေးစိတ် ဖြစ်အောင် ခွဲစိတ်မွှာသည်။ ဆီဆမ်း ဆားဖြူး၍ ဂျွန်ကို သွားကျွေးတော့ ချစ်စဖွယ် ငိုမဲ့မဲ့မျက်နှာလေးနှင့် ခေါင်းခါသည်။
‘ဒါကို စားချင်ဝူး၊ သူ့ရဲ့ မေမေကို ပေး. . .’
အာဂကလေးပါလေ. . .။ ဇမ်ရဲ ကြိုးစား၍ ချော့မော့ကျွေးရသည်။ နတ်သမီးရုပ်ကလေးကို အမြဲတစေလို ပွေ့ပိုက်ထားသော ဂျွန်ကိုကြည့်ကာ ဇမ်ရဲ ဆို့နင့်လာသည်။ ဂျွန်သည် သူ၏ အချစ် ဆုံးသူငယ်ချင်းနှင့် သိပ်တူသည်။ လူဝင်စားဟု ပြောလျှင်ပင် ယုံလောက်၏ ။
ရှိုင်းရေ. . .
မင်း ဘယ်ရောက်နေလဲ. . .
အခန်း (၂)
ရှိုင်းနှင့် သူ စတွေ့ ကြပုံက တဖြုတ်ဖြုတ်နှင့် ကို ကြွေလောက်သည်။ ထိုတွေ့ ဆုံမှု မှာ ပဲ ရှိုင်း၏ စရိုက်ကို အောင့်သက်သက်နှင့် အခံရခက်လွန်းစွာ သူ ရိပ်မိသိရှိလိုက်တာ ဖြစ်၏ ။
ရန်ကုန်ဆေးရုံကြီးမှာ လက်ထောက်ဆရာဝန်အနေနှင့် ဖခင် ဖြစ်သူ တာဝန်ကျတော့ သုံးဦး သာရှိသည့် ဇမ်ရဲတို့မိသားစု မန္တလေးမှ ပြောင်းရွှေ့လိုက်ပါနေထိုင်ခဲ့သည်။ ထိုအတွက်ကြောင့် ဇမ်ရဲ အထက်တန်းကျောင်းသားဘ၀ကို ကမာရွတ် (၄) မှာ ကုန်ဆုံး၍ အမှတ်မီသော ကြောင့် ဆေး (၁) မှာ တက်ရောက်ခွင့်ရသည်။ ဇမ်ရဲ ဆေးတက္ကသိုလ် ပထမနှစ် ပြီးဆုံး၍ ဒုတိယနှစ် စတက်ချိန်မှာ ပဲ ဖခင် ဖြစ်သူက ရာထူး တိုးနှင့် ဇာတိမြေကို ပြန်ပြောင်းရွှေ့ရသည်။ ဇမ်ရဲကိုတော့ ဆေး (၁) မှ မပြောင်းစေချင်။ ဒီတော့ ဇမ်ရဲမှာ အဆောင်နေကျောင်းသား ဖြစ်သွားခဲ့ရ၏ ။
ထိုအဆောင်နေစနစ်ကိုပဲ ဇမ်ရဲကို ‘ရှိုင်း’ ဆိုသည့် ပြောင်ချော်ချော် နတ်ဆိုးလေးနှင့် ဆုံဆည်းစေခဲ့တာပါလေ။
‘ဒုန်း’
‘ဒုန်း. . . ဒုန်း. . .’
‘မြန်မြန်လုပ်ပါဟ. . . အပြင်ကလူ ထွက်ကျတော့မယ် အထဲကလူရေ. . .’
အပြင်မှလူက အိမ်သာတံခါးကို တဒုန်းဒုန်းထုနှက်၍ ခုန်ဆွခုန်ဆွဖြင့် အော်ဟစ်တောင်းဆို နေပါသည်။ အထဲမှလူ ဖြစ်သော ဇမ်ရဲခမျာလည်း ရေပြတ်လပ်သွားသဖြင့် တို့လိုတန်းလန်း အခက် တွေ့ နေသည်။ ငုတ်တုတ်ကြီး တိုင်ပတ်ပြီ။ ကွိုင်ပဲ. . .။ သူက ရေအသုံးကြမ်းသည်။ အိမ်သာတက် ရင်းလည်း ဇိမ်ယူတတ်၏ ။ အရင် တစ်နေ့က တွေ့ ခဲ့သည့် ကောင်မလေးနှစ် ယောက် အကြောင်းကို ပြန်တွေးရင် စိတ်ကူးယဉ်နေခိုက် တဝေါဝေါ သုံးစွဲနေသော ရေက ကျဆင်းမလာတော့။ ဤပုံစံ မျိုးနှင့် ချစ်သော သူကို မြင်ယောင် ပုံဖော်ကြည့်မိသော အခါ ချစ်ချင်စိတ်ပင် ကွယ်ပျောက်သွား လုနီးပါး ဖြစ်၏ ။ သြော်. . . လောကီသားပေပဲ၊ အ၀င်ရှိ အထွက်လည်း ရှိမပေါ့ နော့။
‘ဒုန်း’
‘ဒုန်း. . . ဒုန်း. . .’
‘အထဲကလူရေ. . . သူတို့လေးတွေ က အိုးပစ်အိမ်ပစ် ခရီးထွက်ချင်လှပြီဗျ၊ ပါမစ်ဖွင့်မပေး ရင် စိတ်ဆိုးပြီး အိမ်ပေါက်ဝမှာ ပဲ ဇွတ်ထွက်ထိုင်နေလိုက်ရင် အနော် ဒုက္ခရောက်မှာ နော်၊ အဲ့ဒါဆို ခင်ဗျားပဲ သူတို့အိပ်ရာလိပ်တွေ ကို လျှော်ပေးရမှာ ’
အပြင်မှလူ အသံတွေ ပင် ညောင်နာနာနှင့် တုန်ခိုက်နေပြီ ဖြစ်၏ ။ ခန္ဓာကိုယ်မှာ လည်း တဆတ်ဆတ်တုန်ကာ လိမ်ကျစ်နေမည် မှာ သေချာသည်။ တစ်ဖက်သား၏ ဒုက္ခကိုလည်း ဇမ်ရဲ စာနာသနားပါသည်။ သို့သော် သူ့အိမ်ဝမှာ လည်း အမှိုက်မသိမ်းရသေးပါ။
‘ဒီမှာ ရေပြတ်နေလို့ဗျို့၊ ကူညီပါဦး. . .’
‘သြော်. . . စောစောက ပြောရောပေါ့၊ မှန်း. . . တံခါးဖွင့်. . .’
‘ဟင်. .. ကျွန်တော် က ရှက်တတ်တယ်ဗျ’
‘ဒါလေး ပေးမလို့ပါ. . . ရော့. . . ရော့. . .’
တံခါးကို အသာလှပ်၍ ယူလိုက်သည်။ ဘာပေးတယ် ထင်ပါသနည်း. . .။ လက်ထဲပါလာ တာက. . .
‘ငွင်. . . ဘော. . . ဘော. . . ဘောလ်ပင်ကြီး. . .’
‘အင်းလေ. . . အဲ့ဒါနဲ့ လုပ်လိုက်ပေါ့. . .’
‘ဘာ. . . ဘာလုပ်ရမှာ လဲ’
‘ဒီလောက်ကြာနေတာ. . . အဲဒါနဲ့ ကိစ္စတုံးပစ်လိုက်’
‘ဗျာ. . .’
အဖုံးပင် ချွတ်လျက်သားမို့ ဇမ်ရဲ အတွေးနှင့် ပင် အသည်းယားသွားသည်။ ပြီးတော့ မင်ချွန်။
‘ ဖြစ်. . . ဖြစ်ပါ့မလား. . . မတော် . . .’
‘ရော်. . . ဖြစ်ပါတယ်၊ တချို့ ကျေးလက်ဒေသတွေ မှာ အဲဒါစတိုင်လ်ဗျ၊ ၀ါးခြမ်းပြားလေး တွေ နဲ့လေ၊ အခု ခင်ဗျားက ဘောလ်ပင်နဲ့ဆိုတော့ အများ ကြီး ပိုအဆင့်မြင့်ပါတယ်၊ လုပ်ပစ်လိုက် စမ်းပါ. . . တဆုံး. . . တဆုံး. . . အမုန်းဆွဲ. . . ဘောလ်ပင် ဆုံးချင်ဆုံးပစေ. . . ကျုပ်က မနှမျော တတ်ပါဘူး. . .’
‘ကျွန်တော် . . . ကျွန်တော် စိတ်မရဲဘူးဗျာ ကျွန်တော် က ရေတောင် ပေါပေါသုံးရမှ ကျေနပ် တာ၊ ဒါနဲ့တော့ အဆင်မပြေလောက်ဘူးထင်တယ်၊ စက္ကူလေး ဖြစ် ဖြစ် ရှာပေးပါလားဗျာ. . .’
‘ဟာ. . . ခင်ဗျား တော် တော် ဇီဇာချဲ့တာပဲ၊ ကြောင်တွေ ဆို လျှာနဲ့ ပြန်လျက်လိုက်တာပဲ၊ အဲ့လိုကော မ ဖြစ်ဘူးလား’
‘အကြော အကြော မပျော့လို့ပါ’
လတ်တလောမှာ ကယ်တင်ရှင်မို့ ဇမ်ရဲ ဂျိုမကြွရဲပါ။ အခက်အခဲမှ လွတ်မြောက်ဖို့ရာ မာနကို ခ၀ါချထားရ၏ ။ အပြင်မှ ငတိ ခဏမျှ အသံပျောက်ကွယ်သွားသည်။ ပြန်ရောက်လာတော့ တံခါးခေါက်၍ ပစ္စည်းအချို့ အထပ်လိုက်ပေး၏ ။ စက္ကူအထူစားတွေ ပါလား. . .။
ကိုင်ကြည့်ပြီး ဇမ်ရဲ ၀မ်းမြောက်သွားသည်။ ထူသဖြင့် လက်ကို မထိစင်နိုင်တော့။ မီးပျက် နေသဖြင့် မှော င်မိုက်နေသော အခန်းထဲမှ အပေါ်ယံတစ်လွှာ ခွာယူပြီး စိတ်တိုင်းကျ အားစိုက် သုတ်သင်လိုက်လေရာ. . .
‘အ. . .’
လေသံပင် ကျယ်ကျယ် မထွက်နိုင်တော့. . .။ အသားတစ်သိုက် စုတ်ပြဲပဲ့ပါသွားသလို ခံစားလိုက်ရသည်။ စပ်ဖျင်းစပ်ဖျင်းနှင့် အတူ ပူ၍ နွေးခနဲ. . .။ သွေးစီးကြောင်း ဖြစ်လိမ့်မည် ။ အရာ ရာ ပွင့်ချာလန် ပြုတ်ထွက်ကုန်ပြီ ထင်ပါသည်။ ကတုန်ကယင်နှင့် တံခါးလှပ်၍ မရဲတရဲကြည့် လိုက်တော့. . .
‘ဟင်. . . . အ. . . အ. . . အမလေး . . သံ. . . သံစား ကော်ပတ်ကြီးပါလား. . . ငွားးးး’
သေသွားတာကမှ သက်သာပါလိမ့်ဦးမည် ။ တကယ်ပါပဲဗျာ. . .
အခုတော့. . .
အ ဖြစ်က. . . :’(
‘ကဲ. . . ဒီနေ့ ကျန်းမာရေး နဲ့ ညီညွတ်အောင် အတင်းပြောကြရအောင်’
‘အတင်းတော့ မပြောပါနဲ့ဟင်၊ ဖြည်းဖြည်းပဲပြောပါ. . .’
ကျောင်းသူတစ်စုထံမှ အသံတွေ ကျောင်းကဲန်တင်းထဲမှာ ပျံ့လွင့်နေပါသည်။ ဆူညံနေ သူများ ကြားမှာ ထူးခြားစွာ နှုတ်ငြိမ်အေးစက်နေသော ပန်းသွေးရောင် အရေခွံဝတ်ဆင်ထားသူ လူသတ္တ၀ါမလေးကို ဇမ်ရဲ မြတ်နိုးစွာ ဖြင့် ခိုးငေးနေမိပါသည်။
သူမ ကတော့ သိမည် မထင်။
သူ့ရင်မှာ တော့ နွယ်မျှင်တွေ အမြစ်တွယ် ကိန်းဝပ်ခဲ့ပြီ ဖြစ်လေသည်။
သူမကို ကြည့်မြင်လေတိုင်း သူ့မျက်စိတွေေ၀၀ါးသည်။ သူမနှင့် ပထမအကြိမ် စတင်ဆုံ တွေ့ စဉ်ကလည်း ထိုသို့သာ ဖြစ်၏ ။
ဖတ်ဖူးသော ဆေးပညာအယူအဆတစ်ခုကို သတိရမိသည်။
Phenyl ethylamine ဆိုသော ဓာတုပစ္စည်းတစ်မျိုး ဦးနှောက်ထဲမှ ထွက်ပေါ်သော အခါ လူတွေ ဟာ ပျော်ရွှင်လာတယ်၊ နှလုံးက ပိုခုန်လာတယ်၊ သွေးဖိအားလည်း ပိုမိုမြင့်တက်လာတယ်၊ ထို့အတူပဲ မျက်စိအမြင်တွေ ကေ၀၀ါးသွားတယ်တဲ့၊ ထို Phenyl ethylamine ဓာတုပစ္စည်းက မြင် မြင်ချင်း ချစ်တယ်ကြိုက်တယ်ဆိုသော လူတွေ ရဲ့ ဦးနှောက်မှာ ဖြစ်ပေါ်တတ်ပါသတဲ့။
ဒီလိုဆိုရင်. . .
ကောင်မလေးရေ. . . ငါဟာ မင်းကို မြင်မြင်ချင်းပဲ ချစ်မိ ကြိုက်မိခဲ့တာလား. . .
သေချာသည် ကတော့ ယခုလောလောဆယ် သူမကို ငေးရတာ သူ့အတွက် အလွန်အရသာ ရှိနေပါသည်။
‘ကိုယ့်ဝါသနာနဲ့ကိုယ် အတင်းတုပ်ချင် တုပ်ချင်တယ်ပေါ့ဟယ်၊ ဘာကျန်းမာရေး လွှဲချနေ တာလဲ’
‘အေးလေ. . . မဆိုင်တာ’
‘အမယ်. . . ဆိုင်ပတော် . . . လူ့ပတ်ဝန်းကျင်မှာ အတင်းပြောတတ်တဲ့ အကျင့်ဟာ လူမှု ရေး အရ နှာခေါင်းရှုံ့ချင်စရာ ဖြစ်နိုင်ပေမယ့် ဆေးပညာအရတော့ မိန်းကလေးတွေ အတွက် အကျိုး ထူးတွေ ရစေနိုင်တယ်ဟဲ့. . .’
‘အိမ်သူမတို့ ကတော့ လုပ်ပြီ၊ ရှင်းလင်းချက်ကလေးပါ တစ်ဆက်တည်း ပေးစမ်းပါဦး. . .’
‘မမေးလည်း ပြောမယ့်အတူတူ ကိုယ့်သူငယ်ချင်းလေး အ၀င်ချောအောင် အဲ့လိုလေး ထောက်ပေးမှပေါ့၊ နင် သိပ်တော် တာပဲ ဟား အဟိ’
တစ်ဝိုင်းလုံးမျာ အသံထွံက်အား အကောင်းဆုံးသူမှာ အညိုရောင် အရေခွံဆင်မြန်းထားသူ လေးသာ ဖြစ်၏ ။ ဇေရဲ ခြေစကြာကော နှုတ်စကြာပါ လှည့်လည်၍ စုံစမ်းထားပြီး ဖြစ်၍ အညိုရောင် ကောင်မလေးအမည် မှာ ဖြိုးအိမ်သူ၊ ပန်းသွေးရောင် ကောင်မလေးအမည် မှာ ရွှေနွယ်ရိုးဆိုတာ လောက်တော့ သိထားပြီး ဖြစ်ပါသည်။
‘မစ်ချီဂန်တက္ကသိုလ်က ပညာရှင်တွေ က အတင်းပြောခြင်းဟာ မိန်းကလေးတွေ ကို ပိုပြီး ကျန်းမာစေသလို ပိုပြီးလည်း ပျော်ရွှင်စေတယ်လို့ ဖော်ထုတ်တွေ့ ရှိခဲ့ကြတယ်တဲ့၊ သူတေသီတွေ ရဲ့ အပြောအရတော့. . . အတင်းပြောတဲ့ မိန်းကလေးတွေ ရဲ့ ခန္ဓာကိုယ်မှာ progesterone လို့ခေါ်တဲ့ ဟိုမုန်းတစ်မျိုး ပုံမှန်ထက်အများ ကြီး ပိုထွက်လာတတ်ပြီးတော့ အဲဒီ ဟိုမုန်းဟာ လူ တစ်ယောက် ချင်းစီရဲ့ စိတ်ဖိစီးမှု ဝေဒနာကို သိသိသာသာ လျော့ပါးသက်သာစေတယ်တဲ့၊ မစ်ချီဂန်တက္ကသိုလ် က ပညာရှင်တွေ ဟာ ကျောင်းသူပေါင်း (၁၆၀) လောက်ကို အတွဲ လိုက်သတ်မှတ်ပေးပြီး လေ့လာ ကြည့်တဲ့အခါမှာ အတင်းအဖျင်းပြောရင်း ဗဟုသုတ ဖလှယ်ကြတဲ့ မိန်းကလေးတွေ က. . . စကား နည်းပြီး အတင်းပြောရတာ ၀ါသနာမပါတဲ့ မိန်းကလေးတွေ ထက် ကျန်းမာရေး ကော်းသလို ပိုပြီးလည်း ပျော်ရွှင်တက်ကြွနေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ကြတယ်. . .’
အလဲ့. . . တယ်ဟုတ်ပါလား. . .
‘ပိုပြီးထူးခြားတဲ့အချက်က အတင်းပြောတဲ့ မိန်းကလေးတွေ ဟာ ပေါင်းသင်းဆက်ဆံရေး ကဏ္ဍမှာ ပိုပြီးတော့ အကျိုးသက်ရောက်မှု တွေ ရှိလာပြီး လူမှု ရေး နယ်ပယ်မှာ ပါ တွင် ကျယ် ၀င်ဆံ့ လာတယ်တဲ့၊ ဆရာဝန်တွေ ရဲ့ အဆိုအရတော့ မိန်းကလေးတွေ ဟာ သူတို့ စိတ်အားထက်သန်တဲ့ ကိစ္စတစ်ခုမျာ တိုးတိုးကြိတ်ကြိတ်ပြောနေတာ မိနစ် (၂၀) လောက်ကြာရုံနဲ့တင် progesterone ပမာဏဟာ ထူးထူးခြားခြား တိုးတက်မြင့်မားလာတယ်လို့ သိရတယ်၊ ခပ်အေးအေးနဲ့ စကားသိပ် မပြောတဲ့ မိန်းကလေးတွေ မှာ တော့ progesterone ဟာ လုံးဝ တက်မလာဘူးလို့ ဆရာဝန်တွေ က ရှင်းပြခဲ့တယ်’
Progestrone ဆိုသည်မှာ သားအိမ်၌ သန္ဓေသားတည်နိုင်စေရန် ပြင်ဆင်ပေးသကဲ့သို့ နောက်ထပ်သားဥ ဖြစ်ပေါ်စေမှု ကိုလည်း တားဆီးပေးသော ဟော်မုန်း ဖြစ်သည်။
‘ပါမောက္ခ စတက်ဖနီဘရောင်းက ဒီသုတေသနလုပ်ငန်းမှာ ခေါင်းဆောင်ဟ၊ သူက တွေ့ ရှိချက်တွေ ကို Hormones and Behavior ဂျာနယ်မှာ ရေး သားဖော်ပြခဲ့တယ်၊ ‘လူနှစ် ယောက် အတင်းပြောနေတဲ့အခါ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးယှက်နွယ်မှု ဟာ ပိုပြီး ခိုင်ခံ့လာသလို progesterone ကလည်း တိုးတက်လာတယ်၊ ဒါဟာ ဇီဝကမ္မလှုပ်ရှားမှု တွေ နဲ့ လူတွေ ရဲ့ အကျင့် စရိုက်အပေါ်မှာ အကောင်းလက္ခဏာဘက်က သက်ရောက်နိုင်တဲ့ အရေး ကြီးတဲ့ ဖြစ်စဉ်တစ်ခုပါ’ လို့ ပါမောက္ခကြီးက ရှင်းပြထားတယ်၊ progesterone ရဲ့ ကောင်းကျိုးတစ်ခုက ကင်ဆာ ဖြစ်နိုင် ခြေကို မြင့်တက်လာစေတဲ့ oestrogen ကိုတောင် လျှော့ချပေးနိုင်တဲ့အတွက် လူတိုင်း အတင်း များများ ပြောသင့်တယ်လို့တောင် ပါမောက္ခကြီးက ကျီစယ်ဆိုမိန့်သွားသေးသတဲ့. . .’
‘အမလေးနော်. . . အိမ်သူမတို့ ကတော့ သူ့ဝါသနာအတွက် ကာဘာကို အသေအချာကို ရှာဖွေလေ့လာကျက်မှတ်ထားတာပဲကိုး’
‘ဟားဟိ. . . ဘာပဲပြောပြောဟာ. . . ငါ ကတော့ ပါမောက္ခကြီး စတက်ဖနီဘရောင်းရဲ့ ဆုံးမသြ၀ါဒကို ခံယူတဲ့အနေနဲ့ ဒီကနေ့မှစ၍ ယမန်နေ့များ ထက် ပိုမို အတင်းတုပ်ပါတော့မယ်၊ အဲ ခံ့ညားအောင် ပြောရမယ်ဆိုရင်တော့ဖြင့် ဗဟုသုတတွေ လှည့်လည်ဝေငှပါတော့မယ် ဗေဓိ ဗေဓိ ဂျိ’
အညိုရောင် ကောင်မလေးက ပါးစပ်ကလေးဖြဲကာ ရယ်ပြောပြောဆေနရင်းမှ ပန်းသွေး ရောင် ကောင်မလေး၏ လက်မောင်းအိုးကို ခပ်ဆတ်ဆတ်ပုပ်ကာ. . .
‘ဟဲ့. . . နွယ်ရိုးမ. . . နင်လည်း တေမိဇာတ်တွေ သိပ်ကမနေနဲ့၊ တော် ကြာ ကင်ဆာတွေ ဘာတွေ ဖြစ်နေဦးမယ်၊ ကျန်းမာရေး လေးဘာလေး လိုက်စားဦး’
မျက်လုံးကလေးတွေ တမင်ပြူးဝိုင်းပြကာ အညိုရောင် ကောင်မလေးပြောတော့ ပန်းသွေး ရောင် ကောင်မလေးက ညင်သာစွာ ခပ်သဲ့သဲ့ပြုံးလေသည်။ သိမ်မွေ့အေးချမ်းလိုက်တဲ့ အပြုံးပိုင် ရှင်လေးရယ်. . .။
‘နွယ်ရိုးက ဒီလိုပဲ အေးဆေးနေတတ်တာကို အိမ်သူရယ်၊ ဒုက္ခသွားမပေးစမ်းပါနဲ့၊ နင်က သူများ ကို စတာ နောက်တာ ချောက်တွန်းတာ အလေ့အကျင့်ကို ဖြစ်နေပြီ၊ နင့်အစား ငါတော့ ရင်လေးတယ် ရင်လေးတယ် ဟင်း. . .’
ပဒုမ္မနီအချိုးအဆစ်နှင့် နံဘေးမှ အမျိုးသမီးက ညည်းညည်းညူညူ ၀င်ပြောတော့ အညို ရောင် လေးက ထိုအမျိုးသမီးကို အသေအချာရှုစား၍ ထိရောက်စွာ ပြန်လည်မြွက်ကြားပါသည်။
‘ရင်လေးမပေါ့ကွ၊ မင့်က ထွားလွန်းသကိုးဟ’
အယ်ကွယ်. . . ပေါက် ပန်း သေး မ လေး. . .။
အခန်း (၃)
နေ့စဉ် အမျိုးသမီးများ ၏ ရင်သားကို ဆယ်မိနစ်ခန့်ကြည့်ခြင်းသည် အမျိုးသားများ ၏ သက်တမ်းကို (၅) မိနစ် ပိုရှည်စေနိုင်။
ဂျာမန်သုတေသီများ ၏ New England Journal of Medicine တွင် တင်ပြချက်အရ အမျိုး သမီးများ ၏ ရင်သားများ ကို အမျိုးသားများ နေ့စဉ် စိုက်ကြည့်ပေးပါက အသက်ရှည်စေကြောင်း သိရသည်။ (၁၀) မိနစ်စိုက်ကြည့်ပါက အားကစားတွင် မိနစ် (၃၀) ခန့် အားကစားလုပ်ခြင်းနှင့် ညီကြောင်း ဒေါက်တာ Karen Weatherby က ပြောကြားခဲ့သည်။
ဤသို့ ပေါက်ပေါက်ရှာရှာ စူးစမ်းမှု ကို အသင်းဖွဲ့၍ ဒေါက်တာ Karen Weatherby က ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုအဖွဲ့သည် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ရှိ အမျိုးသား (၂၀၀) နှင့် သုတေ သန ပြုခဲ့ကြသည်။ ၎င်းတို့အထဲမှ တစ်ဝက်ကို နေ့စဉ်ကြည့်ခိုင်းပြီး တစ်ဝက်ကို သေချာရှောင် ကြဉ်ခိုင်းထားပြီး လေ့လာခဲ့ကြသည်။
ငါးနှစ် ကြာသော အခါ နေ့စဉ် စိုက်ကြည့်ခဲ့သော အမျိုးသားများ သည် မကြည့်သူများ ထက် သိသာခြားနားစွာ သွေးဖိအား အတက်အကျ ရောဂါ ကင်းဝေးခြင်း၊ သွေးခုန်နှုန်း မှန်ကန်ခြင်းနှင့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါ အန္တရာယ်များ နည်းပါးသွားကြောင်း အတည်ပြုနိုင်ခဲ့ ကြပါသည်။
‘ဒီလို လိင်နဲ့ဆိုင်တဲ့ စိတ်လှုပ်ရှားမှု ဟာ နှလုံးကို သွေးညှစ်ပးမှု တိုးတက်ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှု ကိုပါ ကောင်းစေတာ သံသယ ဖြစ်စရာ မရှိပါဘူး၊ သေချာပါတယ်၊ နောက်တစ် ချက်က ကြည့်တာချင်းတူတာတောင် ပိုကြီးတဲ့ ရင်သားကို ကြည့်တဲ့သူတွေ က ပိုအကျိုးထူးတာ တွေ့ ရပါတယ်၊ အသက် ၄၀ ကျော်တဲ့ အမျိုးသားတွေ ဆိုရင်တော့ D-cup size နဲ့ အထက်တွေ ကို ကြ့်သင့်ပါတယ်. . .’
လို့ ဒေါက်တာက ပြော သွားပါတယ်။
(သူပြောတဲ့ D-cup ဆိုက်ဒ်က မြန်မာအယူ ၃၆ ခန့်ရှိပါမယ်. . .)
ဤတွင် ရှိုင်းစနေ၏ ပို့ချချက်ပြီး၏ ။
‘အို. . . ရှက်ထှာ. . .’
‘ကျန်းမာရေဂးလိုက်စားရမှာ စိတ်မရဲဝူးကွယ် ငွယ်’
‘ငါနဲ့တော့ အံကိုက်ပဲဟေ့. . .’
‘ငါတို့အတွက် ကတော့ အန္တရာယ်ပဲနော့’
‘နင့်အန္တရာယ်က ပိုကြီးတယ်’
ကျောင်းစာသင်ခန်းအတွင်းမှာ အသံတွေ အုတ်အုတ်ကြွက်ကြွက် ဖြစ်ပေါ်နေကြလေသည်။ ဆရာမ ၀င်မီ ကျောင်းသားတစ်ဦး အတန်းရှေ့ထွက်ကာ ၀ှိုက်ဘုတ် (Whiteboard) မှာ Marker ဖြင့် ရေး ခြစ်၍ လက်ချာ (Lecture) ပေးနေတာ ဖြစ်သည်။
လက်ချာပေးနေသော အညိုရောင် ပျော့ပျော့ ဆံပင်လိမ်ကောက်ကောက်လေးတွေ နှင့် ကျောင်းသားကို ငေးရင်း သံစားကော်ပတ်ကိစ္စကို သတိရမိကာ ဇမ်ရဲ တင်ပါးဆုံကြောတွေ တွန့်ခနဲ ပင် ဖြစ်သွားရလေသည်။
ဒီငနဲက မလွယ်. . . အဆောင်မှာ လည်း ငကြပ်ကလေးအ ဖြစ် သတင်းမွှေးလွန်းသူ ဖြစ် သည်။ လစ်လျှင်လစ်သလို သွားတိုက်ဆေးဘူးထဲမှ သွားတိုက်ဆေးများ ကိုထုတ်၍ ငှက်ပျောသီး အနှစ် များ ထည့်ထားတတ်ကြောင်း၊ ဘော်ဒီလိုးရှင်းဘူးများ ထဲသို့ ခေါင်းလျှော်ရည် ရှန်ပူများ ထည့် ထားတတ်ကြောင်း၊ မျက်နှာလိမ်းကရင်မ်ဘူးများ ထဲသို့ မျက်နှာသစ်ဆေးများ ထည့်ထားတတ် ကြောင်း၊ သူ့ စနက်ကြောင့် ဒုက္ခရောက်ရသူပေါင်း မနည်းဟုလည်း အတူနေအခန်းဖော်ပြော၍ ဇမ်ရဲ သိရသည်။
မနေ့ညကဆို အဆောင်ပိုင်ရှင်လူပျိုကြီး မျက်စဉ်းဘူးဝယ်ခိုင်းတာ SUPER GLUE ကော်ဘူး ၀ယ်လာရာ၊ အဆောင်ပိုင်ရှင် လူပျိုကြီးက အဟုတ်မှတ်ပြီး ခတ်မိမလို ဖြစ်သေး၏ ။ ဇမ်ရဲ ၀င်သတိ ပေးဦးလို့သာပင်. . .။
တစ်ဖက်သားကို ဒီလောက်တော့ ချောက်မချသင့်ကြောင်း ဇမ်ရဲပြောတော့. . .
‘ငါ အရိပ်အခြည် စောင့်ကြည့်နေပါတယ်ကွ၊ ခတ်ဖြတ်တဲ့အထိတော့ မရက်စက်ပါဘူး၊ မျက်စဉ်းဝယ်ဖို့ ပေးလိုက် တဲ့ ပိုက်ဆံက ဂိမ်းဆိုင်မှာ ကုန်သွားလို့ ဘာမှပါမလာရင် အားနာလို့ ကျန်တဲ့ပိုက်ဆံနဲ့ ၀ယ်လို့ရတာ လေး ၀ယ်ခဲ့ပေးတာပါ. . .’
ဟု အနားမှာ မယောင်မလည်ရပ်နေရာမှ ပြော၏ ။
ဇမ်ရဲ ကိစ္စမှာ တော့ သူလွန်သွားသည့်အတွက်ဟုဆိုကာ အနာကျက်ဆေးတစ်ဘူး ၀ယ်ပေး ရင်း တောင်းပန်သည်။
‘ငါက အဲ့လောက် ဖြစ်သွားဖို့ မရည်ရွယ်ပါဘူးကွာ၊ ကိုင်မိတာနဲ့ မင်းသိမယ်ပဲ ထင်တာ၊ မီးပျက်လို့ မှော င်နေတာနဲ့ မင်း အလောတကြီး မစူးစမ်းပဲ လုပ်လိုက်လို့ ဒီအဆင့်ထိ ဖြစ်သွားရတာ ပါ၊ အခုတော့ကွာ ကျော်မကောင်းကြားမကောင်း. . . ငါ့ကြောင့် မင်းစအိုဝ အနာရတယ်ဆိုတော့ ငါ လည်း မကောင်းဘူးပေါ့’
အဲသလို ကောင်စား ဖြစ်သည်။ ဇမ်ရဲလည်း ကိုယ်ညံ့ဖျင်းပေါ့လျော့မှု ပါတာမို့ သိပ်မကျေနပ် ပေမယ့် အထွေအထူး မပြော ဖြစ်တော့။
‘ငါ့ကြောင့် အဲ့ကောင် တင်ပါး ဒဏ်ရာရသွားတာလေ၊ အခု ဆေးဝယ်ပေးထားရတယ်’
ဆိုပြီး အဆောင်မှာ လူတကာလိုက်ပြောနေသဖြင့် ဇမ်ရဲ အသည်းအသန် လိုက်ဖြေရှင်း ရသေး၏ ။
ထိုနည်းဆင်ဆင်လုပ်ဆောင်ချက်များ ကြောင့် အဆောင်မှနှင်ထုတ်ခံရမလို အကြိမ်ကြိမ် ဖြစ်ကြောင်းလည်း သိရ၏ ။ သူနှင့် ဆက်ဆံလျှင် အထူးသတိဝီရိယအပြည့်နှင့် ဆက်ဆံမှသာ တော် ကာကျကြောင်း လူပြောများ သည်။
(ဆေးကျောင်းသူ ဆေးကျောင်းသားဆိုလျှင် တည်တည်ကြည်ကြည် အေးအေးဆေးဆေး နေတတ်သော စာဂျပိုးများ ဟုသာ အပြင်လူတချို့က မှတ်ထင်ကြပေမယ့် တကယ်တမ်းမှာ တော့ ရှိုင်းစနေလို ဆေးကျောင်းသား၊ ဖြိုးအိမ်သူလို ဆေးကျောင်းသူတွေ လည်း အမှန်တကယ် ရှိနေ တတ်ပါသည်)
ယခုလည်း ရှိုင်းစနေ၏ လက်ချာကို ကျောင်းသကျောင်းသားများ ရယ်ပွဲနွှဲနေစဉ်မှာ ပဲ ဆရာ တစ်ဦး စာသင်ခန်းအတွင်း ၀င်လာသည်။
ဆရာသည် ၀ှိုက်ဘုတ်မှာ စာများ ကို မျက်မှော င်ကြီးကြုတ်ကာ ဖတ်ရှုပြီးနောက် မိန်းကလေးများ ဘက် အကြည့်ရောက်သွားလေရာ ကျောင်းသူလေးများ မှာ ရှဲခနဲ တွန့်ခနဲ ဖြစ်ကုန် ကြလေသည်။ ဒီတော့မှ ဆရာလည်း သတိဝင်လာပြီး ဆင်ခြင်လိုက်ဟန်ဖြင့် သူ့အကြည့်ကို လက်ချာပေးသော ကျောင်းသားထံရွှေ့ပြောင်းလိုက်လေသည်။
‘မင်္ဂလာပါ ဆရာ’
ရှိုင်းစနေက လက်အုပ်ကလေးချီရွယ်ကာ ဆရာ့ကို နှုတ်ဆက်ပြီးနောက် သူ့နေရာသူ သွား ထိုင်ရန်ပြင်သည်။ ဆရာက ရှိုင်းစနေကို စူးစိုက်ကြည့်၍ . . .
‘ဒီနှစ် လည်း မင်းနဲ့ ငါ ဆုံရပြန်ပြီ ရှိုင်းစနေ’
‘ရေစက်မကုန်သေးလို့ပေါ့ ဆရာရယ်’
‘မင်းက ပထမနှစ် မှာ လည်း (၂) နှစ် နေတယ်၊ ဒုတိယနှစ် မှာ လည်း (၂) နှစ် ရှိပြီဆိုတော့. . .’
‘စာပိုကြေတာပေါ့ ဆရာ. . .’
စာသင်ခန်းအတွင်းမှာ ရယ်သံတွေ ထွက်ပေါ်ဆူညံသွားလေသည်။ အကြောထူထူငနဲပေ ပဲ. . .။
‘မင်း စာသေချာမလုပ်ဘူးလားကွ၊ ဘယ်လို ဖြစ်တာလဲ’
‘ဆရာရယ်. . . လူ့သက်တမ်းကို တွက်ပြတဲ့ အချိန်ဇယားလေးနဲ့ ထောက်ထားကိုးကား ပြောရရင်ဖြင့် . . . ကျွန်တော် စာမေးပွဲမအောင်တာ တစ်နှစ် မှာ (၃၆၅) ရက်ရှိတာတောင် စာကျက် ချိန်မရဘူး ဟုတ်လား’
‘ဟုတ်ပါတယ် ဆရာ. . .’
ဒီငနဲ ထွေလီကာလီတွေ ပွားတော့မည် ဆိုတာ ဇမ်ရဲ ကြိုတင်ရိပ်စားမိလိုက်ပါသည်။ ထင်သည့်အတိုင်းပါပဲ. . .။
‘ကျွန်တော် ဖတ်မှတ်လေ့လာထားတာလေးနဲ့ သေသေချာချာ တွက်ပြပါ့မယ်ဆရာ၊ တစ်နှစ် မှာ တနင်္ဂနွေနေ့ပေါင်း (၅၂) နေ့ ရှိတယ်လေ၊ တနင်္ဂနွေဆိုတာက နားရက်လေ ဆရာရယ်၊ ဘယ်လိုလုပ်ပြီး စာကျက်ချင်ပါ့မလဲ’
‘ဟ. . . တနင်္ဂနွေလည်း စာကျက်ရမှာ ပေါ့ကွ၊ ကဲ ထားပါဦး. . . ဒါဆိုလည်းကွာ တစ်နှစ် မှာ (၃၆၅) ရက်ရှိတော့ (၅၂) ရက်ကို နုတ်၊ (၃၁၃) ရက် ကျန်သေးတာပဲ. . .’
‘လူ တစ်ယောက် ဟာ တစ်နေ့မှာ (၈) နာရီတော့ အိပ်ပေးဖို့ လိုတယ်လေဆရာရယ်၊ အဲဒီ တော့ တစ်နှစ် မှာ ရက်ပေါင်း (၁၇၂) ရက်က အိပ်တာနဲ့ပဲ ပြီးသွားရော၊ ဒီတော့ (၁၄၁) ရက်ပဲ ကျန် တော့တယ်’
‘အဲဒီ မှာ ကျပေါ့ကွ’
‘ကျန်းမာရေး အတွက် ကစားခုန်စားလုပ်ဖို့ကလည်း လိုအပ်တော့ တစ်နေ့မှာ (၁) နာရီ ကစားတယ်၊ လေ့ကျင့်ခန်းလုပ်တယ်ဆိုရင်ပဲ တစ်နှစ် မှာ (၁၅) ရက်၊ ဒီတော့ (၁၂၆) ရက်ပဲ ကျန် တော့တယ်. . .’
‘အဲ့မှာ ကော စာမလုပ်ဘူးလား. . .’
‘ထမင်းစားချိန်ပေးရတာ နဲ့၊ ကော်ဖီသောက်ချိန်ပေးရတာ နဲ့၊ ရေချိုး ကိုယ်လက်သန့်စင် အိမ်သာဝင် အပန်းဖြေ ချွန်းဂမ်းဝါးရတဲ့အချိန်တွေ ကိုပါ ပေါင်းလိုက်ရင် တစ်နေ့မှာ အနည်းဆုံး ပစ္စလက်ခတ် (၂) နာရီလောက် အချိန်ပေးနေရတော့ တစ်နှစ် လုံးဆိုရင် ရက်ပေါင်း (၃၀) က အဲဒါ တွေ အတွက် အချိန်ပေးလိုက်ရပြန်ရော. . .’
‘ဒါဆိုလည်း (၉၆) ရက် ကျန်သေးတာပဲ’
‘လူဆိုတာက လူ့အဖွဲ့အစည်းနဲ့ နေတာဆိုတော့ ဆရာရယ်၊ တစ်နေ့ကို (၁) နာရီလောက် က စကားစမြည် ပြောရသေးတယ်လေ၊ ဒီတော့ တစ်နှစ် မှာ (၁၅) ရက်က စကားပြောဖို့ အချိန် ပေးရတယ်လေ. . .’
‘ဒါဆို ကျန်တဲ့ (၈၁) ရက်ကကော’
‘ပရယ်တီကယ်တွေ ၊ ကျူတိုရီရယ်တွေ ၊ အထွေထွေအလီလီ စာမေးပွဲတွေ အတွက် လစ် တာ၊ မတက်တာ၊ ပြေးတာ၊ ရှောင်တာနဲ့ လျှော့လျှော့ပေါ့ပေါ့ တစ်နှစ် မှာ (၃၅) ရက်ပဲ ထားပါဦး ဆရာ. . .’
‘ဟ မင်းဟာ တွက်ရင်း တွက်ရင်း (၄၆) ရက်ပဲ ကျန်တော့တယ်. . .’
‘မပြီးသေးဘူးဆရာ. . . နေ့ထူးနေ့မြတ်တွေ ကလည်း တစ်နှစ် မှာ ရက် (၄၀) လောက် ဖြစ် နေတော့ သွားပြီပေါ့၊ (၆) ရက်ပဲ ကျန်တော့တယ်’
လက်ချိုးရေတွက်နေသော ဆရာ စကားသံပင် ထွက်မလာတော့. . .။
‘အအေးမိလို့ နှာစေးလို့ ကျန်းမာရေး ချူချာလို့ နားနေရတာ က တစ်နှစ် လုံးမှာ (၃) ရက်ပဲ ရှိတယ်ထားဦး၊ (၃) ရက်ပဲ ကျန်တော့တယ်. . .’
တတ်လည်းတတ်နိုင်တဲ့ ငနဲဟု ဇမ်ရဲ တွေး ဖြစ်သည်။
‘ကျွန်တော် က ရုပ်ရှင်ကြည့် စာဖတ်နဲ့ သုတရသအနုပညာလေ့လာလိုက်စားတာလည်း ၀ါသနာထုံသေးတယ် ဆရာ၊ အဲဒါတွေ အတွက်က တစ်နှစ် မှာ (၂) ရက်ပဲ ထားပါ၊ (၁) ရက်ပဲ ကျန်တော့တယ် ဆရာ’
ဒီတစ်ကြိမ်မှာ တော့ ဆရာ အသံပြန်ထွက်လာသည်။
‘အဲဒီ တစ်ရက်ကကောကွ’
ရှိုင်းစနေဖြေတာက အေးဆေးပါသည်။
‘အဲဒီ တစ်ရက်ကလည်း ကျွန်တော့်မွေးနေ့ ဖြစ်နေတယ်လေ ဆရာရယ်၊ ဘုရားသွား ကျောင်းတက် မိဘကန်တော့. . . သူငယ်ချင်းတွေ ကို ဧည့်ခံကျွေးမွေးရတာ နဲ့ ဘယ်လိုလုပ်ပြီး စာကျက် ဖြစ်ပါတော့မလဲ. . .’
သြော်. . . သူ့တွက်ကိန်းနဲ့ သူတော့ဟုတ်နေတာပဲနော်. . .။
အခန်း (၄)
ဘတ်စ်ကားကလည်း ကြပ်လွန်းသည်။ ကိုယ်ပိုင်ကား မဟုတ်တော့လည်း အပြစ်မဆိုသာ။ ရင်ခုန်သံလေးကို တွေ့ မြင်ခွင့်ရနေတာပဲ သူ့ခံစားမှု တွေ အတွက်တော့ ပြည့်စုံနေပါပြီ။
ကျောင်းနှင့် သူနေသော အဆောင်က ခြေလျှင်လျှောက်ပြန်လျှင်ပင် အဆင်ပြေသည်။ ဒီကနေ့ သူ ဘတ်စ်ကားပေါ်ရောက်နေတာက ရင်ခုန်သံလေး၏ အရိပ်ခိုလှုံရင်း ခြေရာတော် ကောက်ဖို့သာ ဖြစ်ပါသည်။ သူမနှင့် နီးစပ်ခွင့်ရဖို့အရေး ဘယ်လိုကြိုးပမ်းရပါ့မလဲ ဆိုသော အတွေးနှင့် သူ့ရင်တွေ နုံးချိမောဟိုက်နေခဲ့ပြီ။ အချစ်သည် အသက်ရှူမ၀ ဖြစ်စေတတ်ပါသလား။
လှပသော အမျိုးသမီးများ နှင့် တွေ့ ဆုံရခြင်းသည် ကျန်းမာရေး အတွက် ဆိုးရွားစေနိုင် ကြောင်းတော့ သူ မှတ်သားဖူးသည်။
နှလုံးခုန်မြန်လာခြင်းနှင့် ခြေဖ၀ါး လက်ဖ၀ါးများ ၌ ချွေးပြန်လာခြင်းသည် ဆွဲဆောင်မှု ရှိလွန်း သော အမျိုးသမီးများ နှင့် တွေ့ ဆုံရသည့်အခါ အမျိုးသားများ ဖြစ်လေ့ ဖြစ်ထရှိသော အရာတွေ သာ ဖြစ်သည်။ သုတေသနအသစ်တစ်ရပ်အရ အမျိုးသားများ သည် လှပသော သူစိမ်းတစ်ရံဆန် အမျိုးသမီးတစ်ဦးနှင့် ငါးမိနစ်မျှသာတွေ့ ဆုံရုံနှင့် စိတ်ဖိစီးမှု များ လွန်စွာ မြင့်တက်လာပြီး ယင်းသည် ကျန်းမာရေး အတွက် ဆိုးရွားစေကြောင်း သိရသည်။
စပိန်နိုင်ငံ ဗလင်စီယာတက္ကသိုလ်မှ ပညာရှင်များ သည် ၎င်းတို့၏ သုတေသနတွင် အမျိုး သား (၈၄) ဦးကို ပါဝင်စေလျက် တစ်ဦးတည်းရှိနေစဉ်နှင့် လှပသော အမျိုးသမီးများ နှင့် တွေ့ ဆုံ ပြီးနောက် ကော်တီဆော (Cortisol) ဟော်မုန်းပါဝင်မှု နှုန်းကိုတိုင်းတာကာ တွက်ချက်သုတေသန ပြုခဲ့ကြခြင်း ဖြစ်သည်။
‘ငါ ဒီလိုလူစားမျိုးမဟုတ်ဘူး’
ဟု တွေးလိုက်မိသော အခါ၊ အဆိုပါ အမျိုးသမီးက အနားလာကပ်ထိုင်သော အခါ သို့မဟုတ် အဆိုပါ အမျိုးသမီး၏ စိတ်ဝင်စားမှု ကို ရရှိအောင် ကြိုးစားသော အခါ အကြင်ပုရိသ၏ အခြေအနေသည် အဆိုးရွားဆုံးသို့ ရောက်ရှိသွားသည်ဟု သိပ္ပံပညာရှင်တို့က အခိုင်အမာ ပြောကြားခဲ့သည်။
အဆိုပါ အမျိုးသားတို့၏ စိုးရိမ်သော က ဖြစ်မှု နှုန်းသည် လေယာဉ်ပျံတစ်စင်းပေါ်မှ ခုန်ချရသည့်အခါ ဖြစ်ပေါ်သော နှုန်းနှင့် ညီမျှသည်ဟုဆိုသည်။ အဆိုပါ အမျိုးသားတို့၏ ကော်တီ ဆောဟော်မုန်းပါဝင်မှု နှုန်းထားသည် လေယာဉ်ပျံပေါ်မှ ခုန်ချရသည်ထက်ပင် ပို၍ မြင့်မားနိုင်သည် ဟု ပညာရှင်တို့က မှတ်ချက်ချ၏ ။ ကောင်မလေးရေ. . .
ငါတော့ လေယာဉ်ပျံပေါ်ကနေ အကြိမ်ကြိမ်အခါခါ ခုန်ချမိနေပါရောလား. . .
အများ ကြားမှာ မတ်မတ်ကလေးရပ်နေသော သူမကို သက်တောင့်သက်သာ ထိုင်စရာ နေရာတစ်ခု ဖန်တီးပေးချင်နေမိသည်။ သို့သော် သူကိုယ်တိုင်တောင်မှ အနိုင်နိုင် ရပ်နေရသည့် အခြေအနေပါ။ သူမ လက်ထဲမှ ဖိုင်အိတ်ကလေးကို သွားကူသယ်ပေးရင် ကောင်းမလား. . .။ ရင်းနှီးမှု မရှိလေတော့ သူ တွန့်ဆုတ်နေမိလေသည်။
ယခုလောလောဆယ် သူမနှင့် သူ့ကြားမှ ကွာဟမှု နယ်ပယ်ကို လျှော့ချပစ်ဖို့ အရင်ဆုံး လိုအပ်နေပါသည်။ သူမနှင့် သူ့ကြားမှာ လူတွေ ခြားနေသေးသည်။ မကြာမီ မှတ်တိုင်တစ်ခုရောက် တော့မည် မို့ လူအချို့ဆင်းရန် တာစူရွေ့လျားနေကြပြီ။ ဒါကို အခွင့်ကောင်းတစ်ခုအ ဖြစ် အသုံးချ ကာ သူမနှင့် အနေနီးကပ်ခွင့်ရရန် သူ ရှေ့ကိုသာ ဖိတိုးနေမိပါ၏ ။
ကားက မှတ်တိုင်တွင် ရပ်သည်။ လူအများ တဖြုတ်ဖြုတ်နှင့် ဆင်းသွားကြသည်။ သူမနှင့် သူလည်း ပိုမိုနီးကပ်သွားသည်။ သူ့ကို မြင်တော့ သူမ ရှက်နေဟန် ထင်ရှားပေါ်လွင်ပါသည်။ အမှတ်မထင် သူမ လက်မောင်းသား ပြည့်ပြည့်အိအိလေးနှင့် သူ့ရင်ဘတ်ထိ ခတ်မိလိုက်သည့် အတွက်လည်း ထိုအတွေ့ အထိလေးမှာ နစ်မျောပျော်ဝင်ကာ သူ ရင်ခုန်စိတ်လှုပ်ရှား သာယာ သွားမိလေသည်။
သူမက မျက်လွှာကလေးပင့်၍ သူ့ကို တစ်ချက်မော့ကြည့်သည်။ ထိုအနီးကပ်အကြည့် လေးတစ်ချက်ကြောင့် ဘတ်စ်ကားပေါ်မှာ မတ်တပ်ရပ်နေရင်းပဲ သူ့ရင်ဘတ် ရဟတ်စီး ဖြစ်သွားခဲ့ ပါသည်။
‘ဟို. . . လက်ညောင်းနေရင် ဖိုင် ဖိုင်အိတ်ကလေး ပေးထားပါလားဟင်. . . ကိုင်ထားပေး မယ်လေ. . .’
သူ တုန်ရီစိတ်မောစွာ နှုတ်ခမ်းသားတို့ အားယူလှုပ်ရှား၍ ရင်းနှီးမှု တစ်ခု အကောင်အထည် ဖော်ရန် ကြိုးစားပြင်ဆင်နေခိုက်မှာ ပင်. . .
‘ဟင်’
‘ဟာ’
‘အို’
အာမေဍိတ်သံများ တွန်းထိုးရွေ့လျားမှု များ နှင့် ၀ရုန်းသုန်းကား ဖြစ်စဉ်တစ်ခု. . .။ သွေး ကြောမျှင်မျှင်လေးတွေ ယှက်ဖြာနေသော သူမမျက်နှာဖူးဖူးလေးဆီမှ အကြည့်တို့ ပြောင်းရွှေ့၍ နောက်ဘက်လှည့်ကြည့်လိုက်သော အခါတွင် . . .
ဟင်. . . ဟိုငတိပါလား. . .။
ဘာပြဿနာ ရှာပြန်သလဲ မသိ. . .။ ရှိုင်းစနေက လျှာထိုးဦးထုပ်မီးခိုးရော ဖျော့ဖျော့ကို ခပ်ငိုက်ငိုက်ဆောင်းထားသော လူငယ်တစ်ဦးအား ဂုတ်ကိုဆွဲ၍ အတင်းပဲ ဖမ်းချုပ်နေလေသည်။ တစ်ဖက်လူငယ်ကလည်း လွတ်မြောက်အောင် တွန်းထိုးရုန်းကန်နေရှာ၏ ။ ကျဉ်းကြပ်သော ဘတ်စ်ကားအတွင်း သူတို့နှစ် ဦး လှုပ်ရှားမှု ကြောင့် ကျန်လူများ ပါ ကသော င်းကနင်း ဖြစ်နေရလေ သည်။
‘ဒီကောင် ခါးပိုက်နှိုက်. . . ဒီကောင့်ကို ကူဖမ်းပေးကြပါ’
ရှိုင်းစနေ အော်ဟစ်တောင်းဆိုမှု ကြောင့် ကားစပယ်ယာနှစ် ဦးနှင့် လူတချို့က ၀င်ကူကြ သည်။ ဇမ်ရဲ ကတော့ ရက်ကာလအတန်ကြာ ၀မ်းမသွားရဲလောက်အောင် ဒီငနဲအကြောင်း ကိုယ် တွေ့ ကြုံဖူးတာမို့ သိပ်မယုံရဲ၊ ဒါကြောင့် ရပ်မြဲအတိုင်းသာ ရပ်နေမိကာ မြတ်နိုးသူကို ထိခိုက်မှု မ ဖြစ်စေရေး ကာကွယ်ပေးဖို့သာ အထူးတလည် အာရုံထားနေမိပါသည်။
အတွန်းအတိုက်များ ကြောင့် ထိတ်လန့်ဟန်နှင့် မြတ်နိုးသူ၏ ခန္ဓာကိုယ် နွေးနွေးလေးမှာ သူ့ရင်ခွင်အတွင်း နယ်ပယ်တော် တော် များများ ကို စတေးသိမ်းပိုက်နေ ဖြစ်လေပြီ။
သူ သာယာမွေ့လျော်နေဆဲမှာ ပဲ လျှာထိုးဦးထုပ် မီးခိုးရောင် နှင့် လူငယ်မှာ လူအများ ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။ ရှိုင်းစနေက ထိုလူငယ်ထံမှ တစ်စုံတစ်ရာကို ဆွဲယူပြီး ထိုလူငယ်ကို ကားစပယ်ယာများ ထံ ပြောဆိုအပ်နှံသည်။ ပြီးနောက် သူ့ထံလျှောက်လာပြီး သူ့အား တစ်စုံတစ်ခုကမ်းပေး၏ ။
‘ရော့. . . ထမင်းထုပ်ပဲ မြင်ပြီး ၀ါးရင်းတုတ်ကို မမြင်တဲ့ကောင်’
ဘုရားရေ. . . ငါ့ပိုက်ဆံအိတ်ကလေးပါလား. . .
ဝန်ခံပါသည်။ သူ ရှက်သွားမိပါသည်။ ထိုစဉ်က လှစ်ခနဲ လှိုင်းခတ် ဖြစ်ပေါ်သွားသော ချစ်သူ၏ ဖြူလွှလွှအပြုံးကို သူ ကောင်းစွာ မှတ်မိနေပါသေးသည်။
မင်းနဲ့ ပတ်သက်ရင်. . .
ထိုသို့ တမေ့တမော နစ်မျောတတ်သူပါ ချစ်သူ. . .။
ထိုနေ့က ဆင်ဖိုးနှင့် ချွန်းခ မမျှ ဖြစ်ခဲ့တာကိုလည်း သူ မမေ့ပါ။ သို့သော် သူ ကျေနပ်ပါ သည်။ ရှိုင်းနှင့် သူ့ကြားမှာ လုပ်ကြံဖန်တီးမှု ကင်းစင်သော ရင်းနှီးနွေးထွေးမှု တို့ အလိုအလျောက် ဖြစ်ပေါ်လာသကဲ့သို့ ထိုနေ့က ချစ်သူ၏ ကိုယ်ငွေ့ကို လှုံရင်း ညီညွတ်မှု တစ်ခုပါ ဖြစ်တည်ခဲ့သည် လေ။
တကယ်ကိုပဲ လွမ်းဆွတ်တမ်းတ သတိရမိပါသည်။. . . သူငယ်ချင်းနှင့် ချစ်သူ. . . ပြီးတော့ စိတ်အာရုံထဲမှာ တောင် ခွဲခြမ်းပစ်လို့မရတဲ့ သူမ. . .။
ဟုတ်တယ်၊ အရှောင်အလွှဲတွေ မတိုင်မီက မချိန်းဆိုပါဘဲ တည့်တည့်တိုးခဲ့ကြတဲ့ ငါတို့ဟာ နဘေမထပ်တဲ့ အတွဲ အစပ်တစ်မျိုးသာ. . .။
ဖြစ်နိုင်လျှင်ဆိုလျှင်ဖြင့် စိမ်းစိုလတ်တ်စွာ ပြန်လည်ဆုံခွင့်ရချင်မိပါသေး၏ ။
‘အောင်မြင်ကျော်ကြားချင်ရင် ငရမန်ကန်းလို တစ်ဖက်လပ် ဖြစ်ဖို့ လိုတယ်’
ဘုရားရေ. . . အသစ်ကြီးပါလား. . .
နားစွန်နားဖျားကြားလိုက်ရသော စကားကြောင့် နံရံထောင့်ကွယ်မှာ အသာရပ်၍ ဇမ်ရဲ နားစွင့်နေမိ၏ ။
‘ဥပမာပဲ ကြည့်ဟာ. . . နပိုလီယန်ကို အနိုင်တိုက်ခဲ့တဲ့ ရုရှားစစ်သူကြီး ကူးတူးဇော့ ကလည်း တစ်ဖက်လပ်၊ နာမည် ကျော် အင်္ဂလိပ်ရေတပ်ဗိုလ်ချုပ် နယ်လ်ဆင်ဟာဆိုရင်လည်း တစ်ဖက်လပ်၊ မိုရှေဒါယန်းဆိုတဲ့ ဂျူးလည်း တစ်ဖက်လပ်ပဲ၊ ဒါကြောင့် အောင်မြင်ကျော်ကြားချင်း ရင် တစ်ဖက်လပ် ဖြစ်ဖို့လိုတယ်လို့ ငါပြောတာပေါ့. . .’
လက်ထဲမှာ မှန်ဝိုင်းလေးတကိုင်ကိုင်နှင့် ဒီဒီ ပြောနေသော စကားတွေ ကို နတ်သမီးအရုပ် ကလေးပွေ့ပိုက်ထားသော ဂျွန်က မျက်လုံးကလေးအ၀ိုင်းသားနှင့် နားထောင်နေတာ တွေ့ ရ သည်။
‘ဆရာတို့ထံ မအပ်နှံသေး ငယ်ရွယ်သေးက ရှေးဦးရှေးဖျား သင်ကြားပြုပြင် သွန်သင်ပြသ ဆုံးမတတ်သော ’ ဟူ၍ အနက်ဖွင့်ဆိုထားသည့် ပုဗ္ဗာစရိယဂုဏ်ပုဒ်အား အမှတ်ရမိသဖြင့် အယူ မတိမ်းစောင်းစေရန် ၀င်ရောက်ဟန့်တားဖို့ ဇမ်ရဲ စိတ်ကူးမိသေး၏ ။ သို့သော် တစ်စုံတစ်ခုတွင် အာရုံဝင်စားနေလျှင် စိတ်ဒဏ်ရာတွေ သက်သာရာရစေတတ်တာမို့ ဇမ်ရဲ ၀င်မဖက်တော့ဘဲ အသာငြိမ်ကြည့်နေလိုက်၏ ။
ဒီဒီသည် သူတို့ခေါင်းရင်းအိမ်မှ ဖြစ်ပြီး ကျော်လယ်ခန့်ထိ ၀ဲစပြုနေပြီ ဖြစ်သော ဆံပင်ရှည် ဖြောင့်ဖြောင့်ပျော့ပျော့လေးတွေ နှင့် အသားဖြူဖြူ ခန္ဓာကိုယ် ပြည့်ပြည့် မျက်နှာဖောင်းဖောင်း ၀ိုင်း ၀ိုင်းလေးနှင့် ချစ်စဖွယ် သတ္တမတန်း ကျောင်းသူကလေးတစ်ဦး ဖြစ်၏ ။
ဒီဒီနှင့် ဂျွန်မှာ အိမ်နီးချင်း ဖြစ်သလို အုပ်ထိန်းသူချင်းကလည်း ခင်မင်ရင်းနှီးကြသဖြင့် သူ့အိမ်ကိုယ့်အိမ် ၀င်ထွက်သွားလာကာ ကစားဖော်ကစားဖက်များ သဖွယ် ဖြစ်နေကြ၏ ။ တစ်ခါ တစ်ရံများ မှာ တော့ ဒီဒီက ဂျွန်ကို စာပြပေးသည်များ ရှိ၏ ။
သြော်. . . ဘာလိုလိုနဲ့ ဂျွန်တောင် စတုတ္ထတန်း ကျောင်းသားကလေး ဖြစ်နေပြီပဲ. . .။
‘ဟဲ့. . . ဂျွန်. . . နင် ၀က်ခြံ မပေါက်သေးဘူးလား. . .’
‘ဟင်. . . မပေါက်ပါဘူး. . . ဘာလို့လဲ’
‘အပျို၊ လူပျို ဖြစ်ကာစ ဆယ်ကျော်သက်တွေ ရဲ့ ခန္ဓာကိုယ်အတွင်းမှာ တက်စတိုစတီရုန်း (Testosterone) လို့ခေါ်တဲ့ ဖိုဟော်မုန်းထွက်ရှိမှု များ ပြားလာတယ်၊ အဲဒီ လို ဟော်မုန်းအပြောင်း အလဲကြောင့် ၀က်ခြံထွက်လာကြတာတဲ့ဟ၊ အင်တာနက်သုံးရင်း ဖတ်မိလိုက်တာ. . .’
ဒီဒီက ဂျွန်၏ လည်ပန်းကို ရွရွလေးကိုင်ကြည့်ပြီး. . .
‘နင့်မှာ အာဒမ်ရဲ့ ပန်းသီးလည်း မရှိဘူးနော်’
‘အင် ဘာလဲ’
‘လည်စလုတ်ကို ပြောတာဟ၊ ခရစ်ယာန်တွေ ရဲ့ အယူအရ ကမ္ဘာ့လူသားအစ အာဒမ်နဲ့ဧ၀ တို့နှစ် ယောက် မှာ ယောက်ျား ဖြစ်သူ အာဒမ်ဟာ မစားကောင်းတဲ့အသီး ဖြစ်တဲ့ ပန်းသီးကို စားခဲ့မိပြီး ကျိန်စာသင့်ခဲ့တာကြောင့် အများ သားတွေ ရဲ့ လည်ပင်းမျာ ဖုထွက်နေတဲ့ လည်စလုတ်ကို Adam’s Apple လို့ ခေါ်ကြတယ်တဲ့. . .’
ဒီခေတ်ကလေးတွေ များ မလွယ်၊ ဇမ်ရဲတို့ ငယ်စဉ်ကနှင့် များ ကွာပ. . .။
ဒီဒီက ဂျွန်ကို ဟိုကိုင်ကြည့် ဒီကိုင်ကြည့်လုပ်နေ၏ ။ ဂျွန့်ပုံစံက အနေခက်သလို ရှက်ကိုး ရှက်ကန်းနှင့် ။
လိင်စိတ်သည် ကလေးဘ၀အရွယ်ကတည်းက စတင်သည်ဆိုသော အဆိုပြုချက်ကို သတိရမိသည်။ သက်ပြင်းမောကို အသာချကာ အနေခက်စွာ ဖြင့် ဇမ်ရဲ လှည့်ထွက်သွားတော့၏ ။
ဇမ်ရဲထွက်သွားပြီး ခဏကြာမှ ဒီဒီက ဂျွန်၏ ဦးခေါင်းကို ဖွဖွကလေးပုတ်ကာ မျက်စကလေး ပစ်၍ ပြုံးသည်။ ဂျွန်က မျက်နှာလေးရှုံ့ကာ အညိုရောင် ပျော့ပျော့ ဆံပင်လိမ်ကောက်ကောက် လေးတွေ နှင့် သူ့ခေါင်းကို လက်နှစ် ဖက်နှင့် ကုတ်ဖွရင်း. . .
‘ဒီဒီ ပြောတာတွေ တစ်ခုမှ နားမလည်ဘူး၊ ခေါင်းကို မူးသွားတာပဲ’
‘အန်ကယ်လ်ဇမ်ရောက်လာလို့ ငါ စကားလွှဲလိုက်တာ ဂျွန်ရဲ့ ၊ နင်နားမလည်တာက အရေး မကြီးပါဘူး၊ ငါတို့ပြောနေတာတွေ အန်ကယ်လ်ဇမ်ကြားမသွားဖို့ပဲ အရေး ကြီးတာပါ’
‘ဒါတော့ ဟုတ်တယ်၊ အနော့်အကြံတွေ အထမမြောက်ခင်မှာ ဖေဖေဇမ်ကို မသိစေချင် သေးဘူး. . .’
‘ဒါဆို နင်လည်းငါ့လို လက်ထဲမှာ မှန်လေးတစ်ချပ်တော့ အမြဲဆောင်ထားဖို့လိုပြီ ဂျွန်’
‘အနော်တို့ကိစ္စ ဆက်ဆွေးနွေးရအောင်လေ. . .’
![]() ချစ်သူခိုင်းဖတ် | ![]() နတ်သမီး ချည်တိုင် | ![]() ရည်းစားရဲ့ ရည်းစား |