Cover

အခန်း (၁)

ပဟေဠိတွေ ကိုစိတ်ဝင်စားပါသလား ?...

ပဟေဠိတွေ မေးရတာ ၀ါသနာပါတဲ့ ကောင်မလေး တစ်ယောက် နဲ့ ပဟေဠိတွေ ဖြစ်ရတာ ၀ါသနာပါတဲ့ ကောင်လေး တစ်ယောက် ရှိပါတယ်။

သူတို့ဟာ ထူးခြားတဲ့ နေရာတစ်နေရာမှာ ဆန်းပြားစွာ ဆုံစည်းခဲ့ကြတယ်။ ပြီးတော့ အံ့သြဖွယ် နောက်ဆက်တွဲ အကြောင်းအရာတွေ လည်း ဖြစ်ပွားခဲ့ပါတယ်။

ဒါတွေ ဟာ.. တုန်လှုပ်ချောက်ချားလောက်တဲ့ လျှို့ဝှက်ပဟေဠိတစ်ပုဒ် ပေါ်ပေါက်လာစေခြင်းရဲ့ အစပါပဲ….

* * * * *


အဲသည့်နေ့က…

သူတို့သူငယ်ချင်းလေးယောက် ဆရာစံလမ်းရှိ မစ္စတာဂစ်တာမှာ ထွေရာလေးပါးပြောရင်း ဆုံတွေ့  ဖြစ်ကြ၏ ။

အနုပညာဆန်စွာ ဖွဲ့စည်းဆင်ယင်ထားသော မစ္စတာဂစ်တာဆိုင်လေးမှာ ဒဏ္ဍာရီပုံပြင်ထဲ က ဘုံဗိမာန်လေးတစ်ခုသဖွယ် ဆန်းကြယ်တင့်မောလျက်ရှိပါသည်။

အရောက်နောက်ကျနေသော ကောင်းဆက်ကို စောင့်ရင်း..

ပဟေဠိတွေ ကို စိတ်ဝင်စားသော သူသည် သန့်ဇင်အောင်နှင် ၀င်းလွင်ဦးကို ဦးနှောက် စားနေလိုက်၏ ။

မှာ ထားသော ပီဇာမုန့်အ၀ိုင်းတစ်လုကိုပြပြီး..

“ဒီမုန့်အ၀ိုင်းကို ဓားချက်လေးချက်တည်းနဲ့ ပိုင်းရင် အများ ဆုံးအစိတ်ဘယ်နှစိတ် ရမယ် ထင်လဲ”

သန့်ဇင်အောင်နှင့် ၀င်းလွင်ဦးက မုန့်လှီးဓားဖြင့် ပိုင်းကြည့်ကြသည်။

Cover

ပြီးသော အခါ ..

“ရှစ်စိတ်”

ဟု ဖြေကြသည်။ သူက ခေါင်းကိုခါရမ်းလိုက်ပြီး..

“ဆယ့်တစ်စိတ်ရတယ်”

ဟုဆိုကာ မုန့်အသစ်မှာ ပြီး လက်တွေ့ လှီးဖြတ်ပြလိုက်၏ ။

Cover

ဒီတော့မှ သန့်ဇင်အောင်နှင့် ၀င်းလွင်ဦး လက်ခံသွားကြသည်။

“ကိစ္စတစ်ခုကို စဉ်းစားတဲ့အခါမျာ ..တစ်ခါတစ်လေကျရင် လမ်းရိုးလမ်းဟောင်းအတိုင်း စဉ်းစားရတယ်။ တစ်ခါတစ်လေကျရင်တော့ သမားရိုးကျလမ်းကြောင်းထဲက ခွဲထွက်ပြီး စဉ်းစားရ တယ်။ နေရာတကာမှာ တစ်သမတ်တည်း စဉ်းစားနေရင် အမှန်တရားနဲ့ ဝေးသွားတတ်တယ်။ ကိုယ့်မှာ ရှိတာနဲ့ ကျေနပ်နေရင်လည်း တခြားအခွင့်အရေး တွေ ဆုံးရှုံးရတတ်တယ်ဆိုတဲ့ သဘော ပေါ့”

ဝိတ်တာဆီမှ စာရွက်နှင့် ဘောလ်ပင်တောင်းယူပြီး သူ ပုံတစ်ပုံဆွဲပြလိုက်သည်။

Cover

“ဒီပုံမှာ စတုရန်း ဘယ်နှခု တြိဂံဘယ်နှခုပါလဲ”

သန့်ဇင်အောင်နှင့် ၀င်းလွင်ဦးက စာရွက်ကိုယူ၍ ရေတွက်ကြည့်ကြသည်။ ပြီးသော အခါ..

“စတုရန်း ၁၁ ခု”

“တြိဂံ ၁၉ ခု”

သူ ခေါင်းခါပြလိုက်သည်။

“မှားတယ် စုစုပေါင်း စတုရန်း ၁၅ ခုရှိပြီး တြိဂံ ၄၄ ခု ရှိတယ်”

သူ သေချာရေတွက်ပြလိုက်၏ ။

“မင်းတို့ မျက်စိမှော က်သွားကြတာပါ။ လူတွေ ဟာ အသေးအမွှားလေးတွေ ဆိုရင် သတိမထားမိတတ်ကြဘူး။ ဒါပေမဲ့ လောကကြီးမှာ အသေးအမွှားလေးတွေ ဟာလည်း အရေး ကြီးတယ်။ ပန်းပုဆရာကြီး မိုက်ကယ်အိဂျလိုရဲ့ စကားတစ်ခွန်းရှိတယ်”

“အသေးအမွှားလေးတွေ က ပြီးပြည့်စုံစေတယ်။ ပြီးပြည့်စုံသွားတာ ကတော့ အသွေး အမွှား မဟုတ်ဘူး..တဲ့။ အဲဒီ ခံယူချက်ကြောင့် ပဲသူဟာ ဘာကိုမှ ပေါ့ပေါ့လျော့လျော့ မလုပ်ဘူး။ အဲဒါကြောင့် လည်း တစ်ခေတ် တစ်ယောက် ဆိုသလို အောင်မြင်တာ”

ထိုစဉ်မှာ ပဲ..

ကရောသော ပါး အမူအရာဖြင့် ကောင်းဆက် ရောက်လာသည်။ ထိုင်ခုံမှာ ၀င်ထိုင်ပြီး..

“ဆောရီးပဲကွာ.. ငါ နောက်ကျသွားတယ်”

“မင်းက ဘယ်တွေ လျှောက်သွားနေရတာ လဲ”

“င့ါကောင်မလေးက သူ့မွေးနေ့ဆိုပြီး ဘုရားလိုက်ပို့ခိုင်းလို့ ပို့ပေးနေရတာ ကွ”

ကောင်းဆက်က ဂုဏ်ယူဟန်ဖြင့် ပြော၏ ။

“မင်းမို့လို့ကွာ.. မိန်းမ တစ်ယောက် အတွက် အချိန်ကုန်ခံတယ်။ မိန်းမတွေ ဟာ ပဟေဠိ တစ်ပုဒ်လောက်တောင်မှ စိတ်ဝင်စားဖို့ မကောင်းပါဘူးကွာ”

သူ့စကားကြောင့် ကောင်းဆက် နာသွားပုံရသည်။

“ဒါ ကတော့ မင်းက ရည်းစားမှ မထားဖူးတာပဲ မိုးအိမ်သစ်ရာ၊ ဘယ်ကိုချင်းစာတတ်ပါ့မလဲ”

“ရည်းစားထားပြီး ဘာလုပ်ရမှာ လဲကွာ၊ မိန်းမတွေ ဆိုတာ..

“စမ္ပာယ်ယုယ၊ ကျင်းပဟန်မူ၊ အမူကိုယ်လုံး၊ မြင်သူနုံးမျှ၊ ချိုပြုံးရွှင်ပျ၊ ချီမျက်စနှင့် ၊ သီကရယ်ငို၊ ကိုယ်ကိုညွှတ်ခြင်း၊ ခံတွင်းဟဖွင့်၊ သံလွှင့်ဟစ်အော်၊ သွားဖော်လျှာထုတ်၊ ခြေချုပ် ခြေလက်၊ လျှို့ဝှက်အပ်ရာ၊ ကိုယ်အင်္ဂါကို၊ လှစ်ကာပြဆောင်၊ ရှက်ယောင်မဲ့ရွဲ့၊ မူနွဲ့ရွံလျက်၊ ကဲ့ရဲ့ ချီးမွမ်း၊ နှုတ်ခမ်းကိုက်ငုံ၊ ခြုံရုံဖွင့်ဖုံး၊ ဆံထုံးဖြေးလွှတ်၊ ကိုယ်ဝတ်ချွတ်ပြင်၊ တွင်းဝင်ပြင်ထွက်၊ အောက်ထက်တက်ဆင်း၊ ကြည့်ခြင်းတူရူ၊ စောင်းသူမျက်ငြိုး၊ စိတ်ဆိုးဟန်လုပ်၊ ခါးကိုလှုပ်နှင့် ၊ နမ်းရှုပ်ချီချ၊ ဤသို့သော ၊ မိန်းမမာယာ ကျမ်း၌ လာသား…” တဲ့

အဲဒီ လိုတွေ လုပ်ပြနေတဲ့ သူတို့ရဲ့ မူယာမာယာတွေ မှာ မသာယာချင်ပါဘူး

“ဒါဆို ..ဒီတစ်သက် မင်းအိမ်ထောင်မပြုတော့ဘူးပေါ့။ ဟုတ်လား”

“အခုထိတော့ ပြုချင်စိတ်ကိုလုံးလုံးမရှိတာ။ မိန်းမတွေ အကြောင်း သိလေလေ.. အိမ်ထောင်ပြုရမှာ စိတ်ပျက်လေလေပဲ”

“ဘာ ဖြစ်လို့လဲကွ”

“စာဆိုတွေ ရှိတယ်လေ။ “သမုဒ်ဗြဟ္မဏ၊ မင်းမိန်မဟု၊ အားရဆုံးတိုင်၊ မပြည့်နိုင်ရိုး၊ လေးချိုးတို့တွင် ၊ တစ်ပါးစင်တည့်၊ အကြင်မိန်းမ၊ ဣတ္ထိယတို့၊ အဋ္ဌပတိ၊ ရှစ်လင်ရှိလည်း၊ လွန်ဘိပိုမို၊ ကိုးယောက် ကိုလျှင်၊ အလိုရှိမြဲ၊ လိုပြည့်ခဲ့၏ ” တဲ့…”

“ဟာ မလွယ်ပါလားဟေ့”

“ပြီးတော့ ရှိသေးတယ်။ “သားတစ်ရာမြင်၊ လင်တစ်ထောင်ကျ၊ စိတ်မချဘူး၊ မိန်းမတို့ငြမ်း၊ သဘောတမ်းဖြင့် ၊ ညစ်ညမ်းယုတ်မာ၊ ကြီးဣစ္ဆာနှင့် ၊ အာသာရမ္မက်၊ မျက်သက်ပြင်းထန်..တဲ့”

“သြော်.. သြော်”

“ပြီးကျတော့.. “ယက္ခမည် ထူး၊ တောင်ပြိုင်ဦးဝယ်၊ ဘီလူးတာနော၊ သဘောခဲအင်၊ သူမမြင်အောင်၊ ကြုတ်တွင်းသွင်းသို့၊ ၀မ်းတွင်းမျိုလည်း၊ ၀ိဇ္ဇာဓိုရ်ယောက်ျား၊ ကောင်းကင်သွားနှင့် ၊ အမှားကိစ္စ၊ မလွတ်ကြဘူး၊ ၀ဋ်မှထွက်ကြောင်း၊ ဆုမတောင်းသည့်၊ အပေါင်းထိုမှ၊ မိန်းမမာကာ၊ ကိလေသာဖြင့် ဓမ္မတာဖြင့် ၊ ဓမ္မတာမျိုး၊ လိုဆိုးဝိတက်၊ အတွင်းပျက်၏ ..တဲ့”

“ဘုရား.. ဘုရား..ကြောက်စရာကြီးတွေ ချည်းပါလားကွာ”

မျက်ခုံးတွေ ကော မျက်ခမ်းတွေ ပါ လှုပ်ပြကြ၏ ။

“လောကနီတိထဲမှာ လည်း ပါတယ်”

“ဘာတဲ့လဲ”

“မြစ်ဟူသမျှသည် ကွေ့ကောက်သည်။ တောဟူသမျှသည် ထင်း ဖြစ်သည်။ မိန်းမဟူသမျှ သည် ဆိတ်ကွယ်ရာအရပ်၌ ဖောက်ပြန်တတ်သည်..တဲ့”

“ကျောမခိုင်းဝံ့သလောက်ပါပဲကွယ်”

“ပြီးတော့ ရှိသေးတယ်ကွ”

“ဆိုစမ်းပါဦး”

“မိန်းမတွေ ဟာ ယောက်ျားတွေ ထက် အစားမှာ နှစ် ဆလွန်တယ်..တဲ့”

“ဒါဆို မိန်းမ တစ်ယောက် ယူရုံနဲ့ နှစ် ယောက် စာကြီးများ တောင် ပိုရှာရမှာ ပေါ့နော်။ ပင်ပန်းဦးတော့မှာ ပဲ”

“ပညာမှာ ကတော့ မိန်းမတွေ က ယောက်ျားတွေ ထက် “လေးဆ” လွန်တယ်”

“’ဒီလိုကျ တော် သွားပြန်ပြီ”

“အစားတွေ တဇာတ်ဇာတ်စားတာကိုကွ”

“လုံ့လမှာ ကျတော့ “ခြောက်ဆ” တောင်ပဲ”

“ဟုတ်ပြီ မိန်းမရရင် သူ့ကိုပဲ အလုပ်တွေ ဖိခိုင်းရမယ်”

“အဲ ..ကာမဂုဏ်တပ်မက်မှု မှာ တော့ မိန်းမတွေ ကယောက်ျားတွေ ထက် “ရှစ်ဆ” ကြီးများ တောင် လွန်တယ်တဲ့ဟေ့”

“ဟာ.. အသည်းယားစရာကြီးပါလား”

သုံးယောက် သား ကိုယ်လုံးတွေ ပါ တွန့်သွားကြသည်။

“ဒီအတိုင်းဆို သက်ဆိုးမရှည်လောက်ဘူးနော်”

အားလုံး ခွက်ထိုးခွက်လန် ရယ်မိကြ၏ ။ ပြီးမှ အခြားဝိုင်းတွေ ကိုသတိရကာ ဆင်ခြင်ထိန်း သိမ်းလိုက်ကြပါသည်။

ထိုနေ့က ..သူတို့စကားဝိုင်းမှာ ..

“ဣတ္ထိယ သျှတ္တရကျမ်း” ဟုပင် ခေါ်ဆိုသတ်မှတ်ရမည့်  ကိန်းဆိုက်နေပါတော့သည်။

* * * * *


အခန်း (၂)

အချစ်ဆိုတာ..ဘယ်က လာတာလဲ..?....

ရင်ထဲ အသည်းထဲကနေ ချစ်တာပါ…ဆိုသော စကားကိုလူပေါင်း မြောက်မြားစွာ ပြောလေ့ ရှိပါသည်။ သို့ရာတွင် အာရုံကြောသိပ္ပံပညာရှင်တို့ကမူအချစ်သည် အသည်းနှလုံးတွ် မရှိဘဲ ဦး ခေါင်းထွဲတွင် သာ ရှိသည်ဟု ဆိုကြသည်။

ရိုမန်တစ်ချက် ဇီဝပညာ ရှင်းလင်းချက်အရ..

အချစ်သည် ဦးနှောက်၊ ဟော်မုန်းနှင့် မျိုးဗီဇတို့အားဖြင့် နားလည်သဘောပေါက်ခြင်းသာ ဖြစ်သည်ဟု သတ်မှတ်၏ ။ ထိုသို့ဖြင့် ခြင်းမှာ အချစ်၊ ခိုင်မြဲသော အချစ်နှင့် အသည်းကွဲခြင်းတို့လည်း အကျုံးဝင်သည်။

လူသား၏ ဦးနှောက်တွင် သေးငယ်သော နေရာလေးနေရာရှိရာ ထိုနေရာတွင် အချစ်လျှပ်စီးပတ်လမ်း (Circuit of love) ဖြစ်ပေါ်လျှက် ရှိသည်ဟု သုတေသနပညာရှင်တို့က ပြောကြသည်။

* * * * *


“၀ဋ်” ဆိုတာပဲလားတော့ မသိပါ။

မိန်းမများ နှင့် ပတ်သက်၍ အပြောကျယ်ခဲ့သော သူသည်…

ရက်ကာလအတန်ကြာသော အခါတွင် မိန်းမ တစ်ယောက် ကြောင့်ပဲ “အချစ်”ဆိုတာကို တွယ်ဖက်ခံစားမိသွား၏ ။

သူမကို မြင်လျှင်မြင်ချင်း သူ၏ ဦးနှောက်ထဲမှ အချစ်လျှပ်စီးပတ်လမ်း (Circuit of Love) သည် ပြင်းထန်အားကောင်းစွာ လှုပ်ရှားထွန်းလင်းလျက် ရှိလေသည်။

* * * * *


ထိုအချိန်ရာသီမှာ ..

ဝန်းကျင်တစ်ခွင် နှင်းမြူတွေ ဝေ့၀ဲဆိုင်းအုံ့နေသော ခရစ္စမတ်ပွဲတော် အခါသမယ ဖြစ်ပါ သည်။

* * * * *


ဒီဇင်ဘာညချမ်းသည် အပြစ်ရှာပြရခက်လောက်အောင် ပြေပြစ်လှပနေချေ၏ ။ ခရစ္စမတ်ပွဲ တော် ည ဖြစ်သဖြင့် ၀တ်ကျောင်းတော် ၀င်းအတွင်း၌ အထူးပင် သိုက်မြိုက်စည်ကားလျက်ရှိပါ သည်။

ခရစ်ယာန်ဘာသာဝင် ဖြစ်သော သန့်ဇင်အောင်နှင့်အတူ သူတို့သူငယ်ချင်းအားလုံး တပျော် တပါး လိုက်ပါလာခဲ့ကြတာ ဖြစ်၏ ။

အသစ်အဆန်းမြင်ကွင်းတွေ ကို ကြည့်ရှုလေ့လာနေခိုက်မှာ ပင်..

ထူးခြားသော ရုပ်ရည်သွင်ပြင်နှင့် ဆွဲဆောင်မှု အားကောင်းသော သူမကို သူ အမှတ်မထင် လှမ်းမြင်တွေ့ လိုက်မိခြင်း ဖြစ်လေ၏ ။

အဲသည်အခိုက်မှာ ပဲ သူ့ဦးနှောက်အတွင်းရှိ အချစ်လျှပ်စီးပတ်လမ်းဆီမှ အရေး ပေါ် သတိပေးခေါင်းလောင်းသံတွေ ဆူညံစွာ ထစ်ချုန်းမြည် ဟည်းလာပါတော့သည်။

ရင်ထဲမှာ လည်း ကြယ်တာရာတွေ တဖိတ်ဖိတ် ပြိုးပြက်ပြက်လက်ကုန်ကြလေ၏ ။

“ဟိုအမျိုးသမီးက ဘယ်သူလဲ၊ သူ့အကြောင်းတွေ ငါသိချင်တယ်”

သူစိတ်ဝင်စားစွာ မေးတော့ သန့်ဇင်အောင်က ခေါင်းခါပြသည်။

“ငါလည်း အရင်က တစ်ခါမှ မမြင်ဖူးဘူး။ ဒီဘုရားကျောင်းမှာ လည်း တက်လေ့တက်ထမရှိ ဘူး။ ရုပ်ရည် ကတော့ အပျံစားပဲနော်။ ဒါနဲ့ နေစမ်းပါဦး၊ မင်းက ဘာကိစ္စ သူ့အကြောင်းတွေ သိချင်ရတာ လဲ”

“ငါ သူ့ကိုကြိုက်လို့ပေါ့ကွ”

“ဘာ…”

သူငယ်ချင်းတွေ အားလုံး သူ့ကို ၀ိုင်းမေတ္တာပို့ကြ၏ ။

“မိန်းမ မကောင်းကြောင်းတွေ ကို ဂါထာရွတ်ပြီး မိန်းမတွေ ဟာ ပဟေဠိတစ်ပုဒ်လောက် တောင်မှ စိတ်ဝင်စားဖို့မကောင်းပါဘူးဆိုတဲ့ကောင်က ဘယ်လို ဖြစ်သွားတာတုန်း”

“လူ တစ်ယောက် ရဲ့ စိတ်ခံစားချက်ဆိုတာ အမြဲပြောင်းလဲနေတာပဲလေ။ တစ်စက္ကန့်နဲ့ တစ်စက္ကန့်မှာ တောင် တူညီတာမှ မဟုတ်တာ။ အရင်က မိန်းမတွေ ကိုငါ စိတ်မ၀င်စားပေမယ့် သူ့ကကို တော့ စိတ်ဝင်စားသွားမိတယ်။ အချစ်ဆိုတာ အဲ့ဒါပဲကွ”

သူငယ်ချင်းတွေ က တစ်ယောက် တစ်ပေါက် ကျိန်ဆဲထောပနာပြုကြပြန်သည်။ သူ ကတော့ လုံးဝဂရုမစိုက်ဘဲ မလှမ်းမကမ်းတွင် တစ်ယောက် တည်း ရပ်နေသော သူမကိုသာ မျက်တောင် မခတ်တမ်း စူးစိုက်ကြည့်နေမိ၏

ခရစ္စမတ် အဆောင်အယောင်တွေ နှင့် ဆောင်းည နှင်းမြူများ ကြားတွင် သူမကိုတွေ့ မြင် ငေးမောရသည်မှာ .. တန်ခိုးရှင် အိန်ဂျယ်နတ်သမီး ကိုယ်ထင်ပြနေသလားပင် ထင်မှတ်မှားစေ လောက်၏

သူမကို မင်သက်ငေးမောနေရင်းမှ တစ်စုံတစ်ခုကို သူသတိရမိကာ..

“ဟိတ်ကောင်တွေ ..အခုအချိန်မှာ သူ့ရဲ့ ညာဘက် လက်ဖမိုးလေးကို ငါ သွားနမ်းရင် ဘာ ဖြစ်မယ်ထင်လဲ”

“ဟိုက အဲဒီ လက်နဲ့ မင်းပါးကို ပြန်တီးမှာ ပေါ့ကွ”

ကိုယ့်လူကိုယ် တော် တော် အထင်ကြီးပုံရ၏ ။

“သူ ငါ့ကို ဘာမှ ပြန်မလုပ်စေရဘူးကွာ၊ အာမခံတယ်၊ ငါ နမ်းတာကို သူ ကြည်ကြည်ဖြူ ဖြူ လက်ခံစေရမယ် ဘယ်လိုလဲ”

“ယုတ္တိမရှိတာတွေ မပြောစမ်းပါနဲ့ မိုးအိမ်သစ်ရာ၊ မင်းက ဘာမို့လို ဟိုက မင်းနမ်းတာကို ကြည်ကြည်ဖြူဖြူ လက်ခံရမှာ လဲ”

“မင်းတို့ မယုံရင် စောင့်ကြည့်နေလေ။ငါ သွားနမ်းပြမယ်”

“ဟိတ်ကောင် မိုးအိမ်သစ် ဘုရားကျောင်းထဲမှာ ပြဿနာမရှာစမ်းပါနဲ့ကွာ ပြီးတော့ ခရစ္စမတ်ပွဲတော် နေ့ကြီး။ အေးဆေးနေစမ်းပါ”

“စိတ်ချ၊ ဘာပြဿနာ မ ဖြစ်စေရဘူး”

သန့်ဇင်အောင် စိုးရိမ်တကြီး တားမြစ်နေသည့်ကြားမှ သူမရှိရာဆီ သူ လှမ်းထွက်လာခဲ့ပါ ၏ ။

ကျော့ရှင်းသော လည်တိုင်သွယ်သွယ်မှာ မာဖလာအဖြူရောင် လေးပတ်ထားသော သူမ သည် သူလာတာကို မမြင်ဘဲ.. ခေါင်းကလေးမော့လျက် ကောင်းကင်မှ ကြယ်တွေ ဆီ အကြည့် ရောက်နေဟန်တူသည်။

သူမနှင့် လက်တစ်ကမ်းအကွာတွင် ရပ်တော့မှ..

အပြစ်ဆိုစရာမရှိသော ခန္ဓာကိုယ်အချိုးအဆစ်ပိုင်ရှင် သူမသည် မိန်းမသား တစ်ယောက် အနေနှင့် အရပ်အလွန်မြင့်မားကြောင်း သတိပြုမိ၏ ။ ခန့်မှန်းချေ သူ့နားရွက်ဖျားသာသာလောက် ရှိပေလိမ့်မည် ။

“အဟမ်း..အဟမ်း”

လည်ချောင်းမယားပါဘဲ ချောင်းဟန်ပြလိုက်ရသည်။ ဒီတော့မှ သူမ မျက်ဝန်းနက်နက်က လေးတွေ အကြည့်က သူ့ထံရောက်ရှိလာလေ၏ ။ ပြီး..အံ့သြဟန်ဖြင့် …

“ဘာကိစ္စများ ရှိလို့ပါလဲရှင်”

လွန်စွာ သြဇာပါသော တစ်ဖက်သားအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသော အသံမျိုး ဖြစ်သည်။

“ခရစ္စမတ်နဲ့ ပတ်သက်တဲ့ အယူအဆတစ်ခု ပြောပြချင်လို့ပါ”

“ရှင်”

သူမ နှုတ်ခမ်းသည် နီစွေးလှပသော ၀လုံးတလုံး ဖြစ်သွား၏ ။ မမျှော်လင့်သော စကားကို ကြားလိုက်ရသကဲ့သို့ အံ့အားသင့်သွားဟန်လည်းရှိသည်။

“မစ္စယ်တိုးလို့ခေါ်တဲ့ ထူးဆန်းတဲ့ ကျီးပေါင်းပင်တစ်မျိုးရှိပါတယ်။ မြေမခတဲ့ မစ္စယ်တိုးပင် ဟာ ချမ်းသာသုခကို ပေးတယ်။ ဘေးအန္တရာယ် ကင်းဝေးစေတယ်။ လာဘ်လာဘရွှင်လန်းစေ တယ်လို့ ယုံကြည်ကြတယ်။ ခရစ္စမတ်ပွဲတော် အခါမှာ မစ္စတယ်တိုးပင်ချိတ်ဆွဲထားတဲ့နေရာ အောက် ၀င်မိတဲ့ အမျိုးသမီးတစ်ဦးဦးကို နမ်းရင် အပြစ်မရှိဘူးလို့ ယူဆတဲ့ ဓလေ့ရှိပါတယ်”

“ဟုတ်ကဲ့.. အဲဒါကို ကျွန်မလည်း ကြားဖူးပါတယ်”

“ဒါဆို ပိုကောင်းသွားတာပေါ့”

“ဟင် ဘာ ဖြစ်လို့လဲ”

“အခု.. ခင်ဗျားရပ်နေတာက မစ္စယ်တိုးပင် ချိတ်ဆွဲထားတဲ့ နေရာအောက်မှာ ရပ်နေတာ လေ၊ အဲဒါကြောင့် ခင်ဗျားရဲ့ ညာလက်ဖမိုးလေးကို ကျွန်တော် နမ်းပါရစေ..”

“အို..”

အလန့်တကြားဖြင့် သူမ ဦးခေါင်းထက်ကို မော့ကြည့်လေသည်။ သူမကို အုပ်မိုးထား သော သစ်ပင်၏ ကိုင်းခက်တစ်ခုတွင် ဖဲကြိုးအနီရောင် ဖြင့် စည်းနှောင်ချိတ်ဆွဲထားသော မစ္စယ်တိုးကျီး ပေါင်းပွင့်ခက်များ အစီအရီ တည်ရှိနေချေ၏ ။

လတ်ဆတ်သော လေပြည်သည်ငွေရောင် နှင်မှု န်းစတွေ ကို သယ်ဆောင်လျက် ညင်သာစွာ မျောရွေ့နေပါသည်။

အာသီသပြင်းပြမှု ကြောင့် …

ခရစ္စမတ်သစ်ပင်လေးအနားမှာ ခေါင်းငုံ့ရပ်နေသော သူမ ညာလက်ဖမိုးလေးကို ဆွဲယူ၍ မြတ်နိုးယုယစွာ သူနမ်းရှိုက်လိုက်ပါ၏ ။ အထိအတွေ့ က နူးညံ့သိမ်မွေ့လွန်းသည်။

ထိုခဏတာလေးအတွင်းမှာ သူ၏ ရင်ခုန်နှုန်းသည် အကြိမ်ပေါင်းများ စွာ အလျင်အမြန် ဖြစ်ပွားသွားခဲ့ရ၏ ။

ပုံမှန်အားဖြင့် နှလုံးခုန်ချက်များ သည် တစ်ခုနှစ် တစ်ခုအကြား ( ½ Second) စက္ကန့်ဝက်ရပ် နားသည်။ နှလုံးတစ်ချက်ခုန်လျှင် လက်ဖက်ရည်ဇွန် ၃၀ မျှသော သွေးကို ပံ့ထုတ်ပေး၏ ။

ဤသို့ဆိုလျှင်

ထိုခဏတာလေးအတွင်းမှာ အလျှင်အမြန် ဖြစ်ပွားသွားသော နှလုံးခုန်ချက်များ ကြောင့် သူနှလုံးသားမှာ သွေးဂါလံပေါင်းများ စွာ ၀င်တိုးထွက် ဖြစ်နေပေလိမ့်မည် ။

စိတ်တွေ အထိန်းအကွပ်မဲ့ လှုပ်ရှားလျက်ရှိချေ၏ ။

နူးညံ့သွယ်လျသော ပန်းသွေးရောင် လက်ကလေးကို ဆုပ်ကိုင်ထားရာမှ ဖြေလွှတ်ပေး လိုက်ပြီးတွင် ..

“ဒီလုပ်ရပ်အတွက် စိတ်မဆိုးလောက်ဘူးလို့ မျှော်လင့်ပါတယ်”

“ရ.. ရပါတယ်”

သူမ အမူအရာကြည့်ရတာ ရှက်သွေးဖရိုဖရဲနှင့် အနည်းငယ်အိုးတိုးအမ်းတမ်း ဖြစ်နေပါ သည်။

“ကျွန်တော် တို့နှစ် ယောက် ရဲ့ ပတ်သက်မှု ကို ဒီလောက်နဲ့ နိဂုံး မချုပ်ချင်ဘူးဗျာ”

သူမက နှုတ်ခမ်းသား ထူထူပြည့်ပြည့်လေးကို ဖိကိုက်လျက်..

“ကျွန်မလည်း ထူးခြားတဲ့ဆုံစည်းမှု ကို လွယ်လွယ်ကူကူမေ့ မပစ်ချင်ပါဘူး”

သူမ၏ တုံ့ပြန်မှု ကြောင့် သူ ပျော်သွားမိ၏ ။

“ကျွန်တော့် ကို ဆက်သွယ်စရာ တစ်ခုခုပေးခဲ့ပါလားဟင်”

“အင်းလေ..ခဏစောင့်”

နွဲ့နှောင်းသော ခန္ဓာကိုယ် လှုပ်ယိမ်းမှု နှင့် အတူ မြင်ကွင်းထဲမှ သူမ ခဏပျောက်ကွယ် သွားသည်။

ပြန်ရောက်လာသော အခါ သူမလက်ထဲတွင် ပါလာသော စာရွက်ခေါက်ကလေး သူ့ကိုပေး ၏ ။ သူအသေအချာယူလိုက်ပြီးနောက်..

“ကျွန်တော် နာမည် က မိုးအိမ်သစ်ပါ”

“ကျွန်မနာမည် က စွဲငြိတွယ်”

သိပ်ကိုရိုှးရှင်းလှပတဲ့ နာမည် ပဲဟု တွေးမိသည်။

ပြစ်မျိုးမှည့်မထင် အလှပိုင်ရှင် သူမနှင့် လည်း နောက်တစ်ကြိမ် ပြန်ဆုံကြသေး တာပေါ့။ အခုတော့ သွားပြီနော်

လေနှင်ရာ လွင့်ပါးသော တိမ်တစ်စလို သူ့ရှေ့မှ သူမ ပေါ့ပါးစွာ ထွက်ခွာသွားသည်။ မျက်စိ တစ်ဆုံး လိုက်လံငေးမောနေပြီးမှ လက်ထဲရှိစာရွက်စာခေါက်ကလေးကိုဖြန့်ကြည့်လိုပါ၏ ။

ထိုအခါတွင်

အမှတ်မထင် ပဟေဠိ တစ်ပုဒ်ကို တွေ့ ရှိလိုက်ရလေသည်။

* * * * *


အခန်း (၃)

Cover

“စွမ်းလှချည်လား မိုးအိမ်သစ်ရာ၊ မင်း သူ့လက်ကို ကိုင်ပြီး နမ်းလိုက်တာ ငါတို့အားပြာ ထွက်သွားတာပဲ။ ဒါပေမဲ့ ဟိုက အေးအေးဆေးဆေးပဲ ငြိမ်နေတော့ စဉ်းစားရတောင် ကျပ်သွား တယ်။ ဘယ်လိုနည်းပရိယာယ်တွေ နဲ့ ကိုင်တွယ်လိုက်တယ်ဆိုတာ ငါတို့ကိုလည်း ပြောပြစမ်းပါဦး”

သူငယ်ချင်းတွေ ကို အကျိုးအကြောင်း အစုံအလင်ပြောပြလိုက်သည်။ ဒီတော့မှ အခြေ အနေအရပ်ရပ်ကို သူတို့နားလည်သဘောပေါက်သွားကြ၏ ။

“သြော် လက်စသတ်တော့ မင်းက မစ္စယ်တိုးပင်နဲ့ လုပ်စာသွားတာကိုး”

“ဒါနဲ့ သူ မင်းကို ပေးခဲ့တဲ့ စာရွက်မှာ ဘာတွေ ရေး ထားတာလဲ”

“အဲဒါတော့ ငါလည်း မပြောတတ်ဘူးကွာ၊ သိချင်ရင် မင်းတို့ဘာသာကြည့်ကြ။ ရော့”

စာရွက်ကို ထုတ်ပေးလိုက်သည်။ ထိုအခါ စာရွက်ကို ဖြန့်ကြည့်ပြီး အားလုံး ကြောင်စီစီ ဖြစ်သွားကြ၏ ။

Cover

“ဘာ ဘာတွေ လဲဟ”

“ငါလည်း အခုလောလာဆယ်မှာ တော့ ဘာမှန်းမသိသေးဘူး။ ဒါပေမဲ့ ရှေးဟောင်းစာတစ် မျိုး ဖြစ်လိမ့်မယ်လို့တော့ မှန်းကြည့်ရတာ ပဲ”

“ဧကန္တမင်းက သူ့ကို မစ္စယ်တိုးပင်အားကိုးနဲ့ ဘလိုင်းကြီးလာနမ်းသွားတာကြောင့် ခေါင်း နောက်အောင် တမင်ပညာပြန်စမ်းတာပဲ ဖြစ်ရမယ်”

“ဘာပဲ ဖြစ် ဖြစ် သူ့ဘက်က ပဟေဠိဖွက်တော့လည်း ငါ့ဘက်က အဖြေရအောင် ကြိုးစားရ မှာ ပေါ့ကွာ”

သူမ၏ သွေးတိုးစမ်းမှု က သူ့ကိုကောင်းစွာ ဖမ်းစားနိုင်ခဲ့ပြီ ဖြစ်သည်။

ဝင်းလွင်ဦးက သူ့ကိုကြည့်ကာ..

“ပဟေဠိကို အဖြေရှာတာလည်း ကြည့်ရှာနော်။ တော် ကြာ ဟိုဟာသလို ဖြစ်နေဦးမယ်”

“ဘယ်လိုလဲကွ ပြောစမ်းပါဦး”

“ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ကြီးသုံးကြီး ဆွေးနွေးပွဲကို ဆိုဗီယက်ပြည်ထောင်စု၊ ကရိုင်းမီးယားကျွန်းဆွယ်၊ ယောလ်တာကမ်းခြေမြို့မှာ ပြုလုပ်တယ်။ အဲဒီ ဆွေးနွေးပွဲကို ဗြိတိန် နိုင်ငံက ချာချီ၊ အမေရိကန်နိုင်ငံက သမ္မတရုစဘဲ့၊ ဆိုဗီယက်ပြည်ထောင်စုက စတာလင်တို့ တက် ရောက်ကြတယ်”

ဆွေးနွေးပွဲကျင်းပနေချိန်မှာ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး အီဒင်က ချာချီကို စာရွက်တစ်ရွက် ကမ်းပေးတယ်။ အဲဒီ စာကို ဖတ်ပြီး ချာချီက အဲဒီ စာရွက်ပေါ်မှာ ပဲ တစ်ခုခုရေး တယ်။ ပြီးတော့ အီဒင် ကို ပြန်ပေးလိုက်တယ်။ အီဒင်က စာကိုဖတ်တယ်။ ပြီးတော့ အဲဒီ စာရွက်ကို အစိတ်အစိတ်အမြွှာမြွှာ ဖြစ်အောင်ဆုတ်ဖြဲပြီး အမှိုက်ခြင်းထဲ ပစ်ထည့်လိုက်တယ်။

ဆွေးနွေးပွဲပြီးတဲ့အခါမှာ ဆိုဗီယက်နိုင်ငံတော် လုံခြုံရေး ကော်မတီ (ကေဂျီဘီ) ၀န်ထမ်းတွေ ဟာ အမှိုက်ခြင်းထဲက စာရွက်စုတ်တွေ ကို ကောက်ယူပြီး ဖတ်လို့ရအောင် ပြန်ဆက်တယ်။ နောက်ဆုံးကြိုးစားပမ်းစား ဆက်လို့ရတဲ့အခါမှာ ချာချီရေး ထားတာက “သိန်းငှက်အိုဟာ အသိုက် ထဲက ထွက်မကျနိုင်ပါဘူး” လို့ ရေး ထားတာ ဖြစ်နေတယ်။

အဲဒီ စာရွက်ရဲ့ အဓိပ္ပာယ်ကို အမျိုးမျိုး ဖော်ကြည့်ကြတယ်။ ဒါပေမဲ့ ဘယ်လိုမှ ဖော်မရ ကြ ဘူး။ အကုန်လုံး ခေါင်းစားကုန်ကြတယ်။

ဒီလိုနဲ့..

နှစ် ပေါင်းများ စွာ ကြာတဲ့အခါ ဆိုဗီယက်ခေါင်းဆောင် ကရူးရှက် အင်္ဂလန်ကို အလည်သွား တယ်။ ဗြိတိန်ကိုရောက်တော့ အသက်အရွယ်ကြီးရင့်ပြီ ဖြစ်တဲ့ ချာချီထံ သွားဂါရ၀ပြုတယ်။ အဲဒီ မှာ ကရူးရှက်က အလာပသလ္လာပ ပြောရင်း ယောလ်တာ တွေ့ ဆုံပွဲတုန်းက စာအကြောင်းကို မေး တယ်။

“ကျွန်တော် တို့ အဓိပ္ပာယ်အမျိုးမျိုး ဖော်ကြည့်ပေမယ့် အခုအထိ လူကြီးမင်း ဘာကိုဆိုလို သလဲဆိုတာ တွေးလို့မရဘူး ဖြစ်နေတယ်။ အဲဒီ မဟာမိတ်ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ခေါင်း ဆောင်တွေ အနက် လူကြီးမင်း တစ်ယောက် ပဲ အသက်ထင်ရှားရှိတော့တာမို့ နောင်လာနောက် သားတွေ မှတ်သားနိုင်အောင် အင်မတန်လျှိှု့ဝှက်နက်နဲတဲ့ “သိန်းငှက်အိုဟာ အသိုက်ထဲက ထွက် မကျနိုင်ပါဘူး”ဆိုတဲ့ စာတိုလေးရဲ့ ဆိုလိုရင်း ကို ရှင်းပြပါလာခင်ဗျား.”လို့ တောင်းဆိုလိုက်တယ်။

ဒီတော့မှ ချာချီက..

“အဲဒီ တုန်းက ကျုပ်ရဲ့ ဘောင်းဘီကြယ်သီး ပြုတ်နေတယ်။ အဲဒါကို အီဒင်က လူအများ ရှေ့ မှာ မို့ စာရေး ပြီး သတိပေးတယ်။ ကျုပ်က သူ စိတ်မပူအောင် “သိန်းငှက်အိုဟာ အသိုက်ထဲက ထွက်မကျနိုင်ပါဘူး” လို့ နှစ် သိမ့်လိုက်တာပါ” လို့ ပြန်ပြာတယ်။

အဲဒီ တော့မှ ဆိုဗီယက်နိုင်ငံအကြီးအကဲတွေ အကြီးအကျယ်ခေါင်းစားခဲ့တဲ့ သိန်းငှက်အို ပြဿနာက ရှင်းသွားတယ်။

မင်းလည်း သိန်းငှက်အိုပြဿနာမျိုးနဲ့ တွေ့ နေမှာ စိုးလို့ ပဟေဠိတွေ အဖြေရှာတာ ကြည့် ရှာလို့ ပြောတာ၊ ပြီးတော့ ငါတို့က သိန်းငှက်အိုတွေ မဟုတ်ဘူး။ သိန်းငှက်ပျိုတွေ ၊ အချိန်မရွေး အသိုက်ထဲက ထွက်ကျလာနိုင်တယ်။

အဲဒ့ါကြောင့် ၀တ်တာစားတာ နေတာထိုင်တာဆင်ခြင်၊ တော် ကြာ လေးသည်တော် တွေ နဲ့ တွေ့ နေလို့ ငုတ်တုတ်မေ့နေဦးမယ်ဟေ့

ဝင်းလွင်ဦး စကားဆုံးတော့ အားလုံးပဲ တသော သော ရယ်မော ဖြစ်သွားကြသည်။ ရယ်မော လိုက်ရသဖြင့် သူ့အာရုံတွေ ကြည်လင်ရွှင်လန်းသွား၏ ။ ပြီး. အမှတ်မထင် စိတ်ကူးတစ်ခု ခေါင်းထဲ ၀င်လာလေသည်။

ထိုစိတ်ကူးကို မနက်ဖြန်တွင် အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်ပါ၏ ။

* * * * *


သူမချန်ထားခဲ့သော သဲလွန်စကို အဖြေထုတ်ယူနိုင်ရန်အတွက် ပါမောက္ခဦးစိန်တိုးထံသို့ သူ ထွက်လာခဲ့ပါသည်။ ဦးစိန်တိုးသည် ရှေးဟောင်းစာပေတွေ ကို သူဝါသနာအလျောက် လေ့လာ လိုက်စားသူ ဖြစ်၏ ။ သူနှင့် လည်း ရင်းနှီးသည်။

သူ ရောက်သွားချိန်တွင် ဦးစိန်တိုးကို အိမ်မှာ ပဲ အဆင်သင့်တွေ့ လိုက်ရလေသည်။ သင်္ကေ တစာရွက်လေးကို ထုတ်ပေးပြီး အကျိုးအကြောင်း မေးမြန်ကြည့်သော အခါ..

“အင်း ဒါတွေ ဟာ မောင်ရင်ထင်တဲ့အတိုင်း ရှေးဟောင်းစာတစ်မျိုးပဲ။ ကျူနီးဖောင်းစာလို့ ခေါ်တယ်။ ဒီစာမျိုးကို ဆူမီးယားရီးယန်းလူမျိုးတွေ က စတင်တီထွင်ရေး သားခဲ့ကြတာ။ မက်ဆိုပို တေးမီးယားနယ်မှာ ရှိတဲ့ တိုင်းဂရစ်နဲ့ ယူဖရေး တီးမြစ်ဝှမ်းဒေသမှာ ရှေးအကျဆုံး ကျူနီးဖောင်း အရေး အသားမျိုးကို တွေ့ ရတယ်။ အရုပ်နဲ့ သရုပ်ဖော်ရေး နည်းကနေ တဖြည်းဖြည်း ကျူနီးဖောင်း ရေး နည်းကို ထွင်ယူကြတာ”

“ဟုတ်ကဲ့ခင်ဗျ”

“မြားဦးသဏ္ဌာန်ရှိတဲ့ ကျူနီးဖောင်းအရေး အသားတွေ ဟာ အဓိပ္ပာယ်ဖော်ဖို့ ဘာသာပြန်ဖို့ အရမ်းခဲယဉ်းတယ်။ လက္ခဏာအမှတ်အသားတစ်ခုက အဓိပ္ပာယ်အမျိုးမျိုး ဖြစ်နိုင်သလို အတူယှဉ် တွဲ ထားတဲ့ အမှတ်အသားကိုလိုက်ပြီး အဓိပ္ပာယ်အမျိုးမျိုး ပြောင်းလဲနိုင်တယ်”

“ဟုတ်ကဲ့”

“၁၈၀၀ ပြည့်နှစ် လောက်မှာ ဂျီအက် (ဖ) ဂရိုတီဖင်းဆိုတဲ့ ဂျာမန်လူမျိုးတစ်ဦးက ကျူးနီ ဖောင်းအရေး အသားတွေ ကို ကြိုးစားပြီး ဘာသာပြန်ခဲ့တာ ၁၈၅၀ ပြည့်နှစ် နောက်ပိုင်းကျမှ ပြီးဆုံး အောင်မြင်တယ်။ ကျူနီဖောင်းအက္ခရာစာလုံးရေပေါင်း ၆၀၀ နီးပါးလောက်ရှိတယ်”

“သြော်”

“အခု မောင်ရင်ယူလာတဲ့စာရွက်မှာ ရေး ထားတာက ရှေးနှစ် ပေါင်း ၄၀၀၀ ကျော်က ဗက်ဗီ လုံးလူမျိုးတွေ ရွှံ့စေးပေါ်မှာ ရေး သားခဲ့တဲ့ ကျူနီးဖောင်းအက္ခရာမျိုးပဲ။ အဲဒီ အက္ခရာတွေ ရဲ့ ဂဏန်း သင်္ချာအဓိပ္ပာယ်တွေ ကူးရေး ပေးလိုက်မယ်။ နောင်လည်း အသုံးလိုရင် သုံးရတာ ပေါ့”

“ဟုတ်ကဲ့ခင်ဗျ”

ပါမောက္ခဦးစိန်တိုးက စာဖတ်ခန်းထဲ ၀င်သွားပြီး ခဏကြာမှ ပြန်ထွက်လာသည်။ ပြီး.. သူ့ကို စာရွက်တစ်ရွက်ပေး၏ ။

ကြည့်လိုက်ရာ…

ထူးခြားသော မြားဦးသဏ္ဌာန်အက္ခရာများ ကို တွေ့ မြင်လိုက်ရပါသည်။

Cover

ဦးစိန်တိုးကို ကျေးဇူးတင်စကားပြောပြီး သူပြန်လာခဲ့သည်။

အိမ်ကိုရောက်တာနှင့် သူမပေးခဲ့သော အက္ခရာတွေ ကို ဦးစိန်တိုးပေးလိုက်သော ကျူနီ ဖောင်းစာတွေ နှင့် ဆက်စပ်အဓိပ္ပာယ်ဖော်ကြည့်လိုက်ရာ…

Cover

8585679 ဆိုသော ဂဏန်းခုနစ်လုံးရ၏ ။ ဒါ..ဘာ ဖြစ်နိုင်မလဲ…

ဖုန်းနံပါတ်ဟု ယာယီသတ်မှတ်ပြီး ရှေ့မှ 09 ခံကာ ရင်တထိတ်ထိန်နှင့် နှိပ်ခေါ်လိုက်သည်။

ထိုအခါတွင် …

“ဟယ်လို”

“စွဲငြိတွယ်နဲ့ ပြောချင်လို့ပါခင်ဗျာ”

“မိုးအိမ်သစ်လား၊ ကျွန်မ စွဲငြိတွယ်ပါ”

ပျော်ရွှင်မှု တွေ ရင်ဘတ်ထဲမှာ တလိပ်လိပ်တက်လာသည်။ သူ့အထင် မှန်ခဲ့ပြီမဟုတ်လား…

“ရှင်က ဘယ်ဆိုးလို့လဲ ကျွန်မကို ရအောင်ဆက်သွယ်နိုင်သားပဲ”

“အရမ်းမချီးကျူးပါနဲ့ဗျာ။ လူ တစ်ယောက် ရဲ့ အကူအညီသာမပါရင် ကျွန်တော် ဒီလောက် မြန်မြန်ဆန်ဆန် အဖြေထုတ်နိုင်မှာ မဟုတ်ပါဘူး”

“ဘယ်လိုပဲ ဖြစ် ဖြစ် ရှင် တစ်နည်းနည်း နဲ့ သိပြီး ဆက်သွယ်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည်နေတယ်”

“အဲဒါတော့ မြှောက်မှန်း အရမ်းသိသာသွားပြီ”

“တကယ်ပြောတာပါရှင်”

သူမအသံ၏ ညှို့ငင်မှု ဆွဲအားတွင် သူ နစ်မျောလွင့်ပါနေမိ၏ ။

“ကျွန်တော် တို့နှစ် ယောက် အပြင်မှာ တွေ့ ရအောင်လေ”

“ဘယ်မှာ တွေ့ မှာ လဲ”

“သီရိပစ္စယာ”

အေးချမ်းတိတ်ဆိတ်သော နေရာကို ရွေးချယ်လိုက်ပါသည်။ တော် တန်ရုံမိန်းမတွေ ကို အထင်ကြီးလေ့မရှိသော သူသည် သူမကိုတော့ဖြင့် မြတ်နိုးမှု အားကောင်းစွာ စုံမက်စွဲလမ်းနေမိ လေပြီ။

သူမသည် ..

အမည် နာမနှင့် ..လိုက်ဖက်ညီစွာ

သူအား စွဲငြိတွယ်စေခဲ့သည့် အလှဘုရင်မတစ်ပါးသာလျှင် ဖြစ်ပေ၏ ။

* * * * *


အထပ်နှစ် ဆယ်အမြင့် မှန်သားမှ တစ်ဆင့်မြင်တွေ့ ရသော ရှုခင်းတွေ ထက် သူမကိုကြည့်ရ တာ ပိုမိုအရသာရှိနေပါသည်။ ကာပက်ချီနိုကော်ဖီ၏ မွှေးရနံ့ထက် ရေမွှေးနံ့ ရောစွက်နေသည့် သူမ၏ ကိုယ်သင်းရနံ့က သူ့ကို ပိုမိုဆွဲဆောင်လျက်ရှိပါသည်။

သူမနှင့် မျက်ဝန်းချင်းဆုံတွေ့ ရသည်မှာ …

ချောက်ကမ်းပါးအစွန်းတွင် ရပ်ရသကဲ့သို့ ရင်တထိတ်ထိတ်နှင့် သက်စွန့်ဆံဖျား နိုင်လှချေ ၏ ။

ကြိုးစားပမ်းစား အားယူ၍ ပေါ်ထွက်လာသော စကားကို သူမက မတုန်မလှုပ် နားထောင် နေလေသည်။ ပြီး.. သူ့ကို တည့်တည့်မတ်မတ်စိုက်ကြည့်ကာ..

“လူချင်းတွေ့ တာမှ နှစ် ခါပဲရှိသေးတယ်။ ရှင့်အချစ်က မြန်လှချည်လား မိုးအိမ်သစ်ရယ်”

“အချစ်မှာ မြင်မြင်ချင်း ချစ်မိတဲ့ အချစ်နဲ့ အနေကြာမှ တဖြည်းဖြည်း သံယောဇဉ်တွယ် လာတဲ့အချစ်ဆိုပြီး နှစ် မျိုးနှစ် စားရှိပါတယ်။ ကျွန်တော် စွဲငြိတွယ်ကို ချစ်တာက မြန်မြင်ခြင်း ချစ်မိ တဲ့အချစ်မျိုးနဲ့ပါ”

“ရှင့်အချစ်ကို ကျွန်မက ဘယ်လိုယုံရမှာ လဲ”

“အဲဒါတော့ စွဲငြိတွယ် ကြိုက်သလို စမ်းသပ်နိုင်ပါတယ်”

သူမက စဉ်းစားဟန်ဖြင့် ကော်ဖီကို တစ်ငုံသောက်သည်။ ပြီး မျက်နှာပြင်ထက်မှ အနက်ေ ရာင် ဆံနွယ်ရှည်ပျော့ပျော့တွေ ကို လက်ချောင်းသွယ်သွယ်လေးတွေ နဲ့ သပ်တင်ကာ..

“ရှင် ကျွန်မကို ဘယ်လောက်အတိုင်းအတာအထိ ချစ်တယ်ဆိုတာ စမ်းသပ်တဲ့အနေနဲ့ ရှင့်ကို ကျွန်မ ပဟေဠိခုနစ်ခုမေးတယ်။ အဲဒါတွေ ကို တခြားဘယ်သူ့မှ အကူအညီမတောင်းဘဲနဲ့ ရှင်ကိုယ်တိုင်ဖြေရမယ်။ ဖြေနိုင်တယ်ဆိုရင် ရှင့်အချစ်ကို ကျွန်မ အကောင်းဆုံး ဖြစ်အောင် လက်ခံစဉ်းစားပေမယ်လေ။ ဘယ်လိုလဲ သဘောတူလား”

သူတစ်ချက် တွေ ဝေသွားမိ၏ ။ ပြီးမှ.. သူမ၏ စိန်ခေါ်မှု ကို လက်ခံကြောင်း ခေါင်းညိတ်ပြ လိုက်ပါသည်။

“စွဲငြိတွယ် ပဟေဠိခုနစ်ခုကို ဘယ်လိုမေးရမှာ လဲ”

“တစ်နေ့ကို တစ်ခုနှုန်းနဲ့ ခုနရက်တိတိမေးမယ်”

“ဖြေချိန်ကကော”

“မနက်ဆယ်နာရီကနေ ညနေ ငါးနာရီအထိ ခုနစ်နာရီတိတိ စဉ်းစားချိန်ပေးတယ်”

သူမက ခဏမျှ စဉ်းစားပြီးမှ..

“သိပ် ဖြစ်တာပေါ့ဗျာ”

သူတို့နှစ် ယောက် ရယ်ရယ်မောမောပင် ကော်ဖီခွက်နှုတ်ခမ်းချင်း ထိလိုက်ကြ၏ ။ ပဟေဠိ တွေ ကို စိတ်ဝင်စားသော သူ့ကိုမှ သူမက ပဟေဠိတွေ နှင့် စစ်ဆေးစမ်းသပ်မှု ပြုလုပ်လေသည်။

ကစားပွဲက တော် တော် တော့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေပါပြီ။

* * * * *


ထိုအချိန်မှ စတင်ကာ…..

ကျိန်စာလို ပဟေဠိတွေ က သူ့ကို ရူးလောက်အောင် ရစ်နှောင်ဖမ်းစားခဲ့ခြင်း ဖြစ်ပါသည်။

* * * * *


မနက် ဆယ်နာရီတိတိမှာ သူ့ဖုန်းမြည် လာ၏ ။

“ဟယ်လို”

“ကျွန်မ စွဲငြိတွယ်ပါ ပဟေဠိနံပါတ် (၁) ကို စလိုက်ကြရအောင်”

“အိုကေလေ ကျွန်တော့်ဘက်က အဆင်သင့်ပဲ”

“ကျွန်မကလည်း အဲဒါမျိုးမှ ကြိုက်တာ”

“ဘာလဲ အဖြေပေးတာလား”

“အကျမကောက်စမ်းပါနဲ့ရှင်။ အချိန်တွေ ပုပ်လို့။ ကျွန်မ ပြောတာကိုသာ သေချာ နားထောင်စမ်းပါ”

“အင်းပါ ပြော”

“ကျွန်မ အခု ×××× မြို့နယ်ထဲက××× လမ်းမှာ ရောက်နေတယ်”

“အဲဒီ တော့”

“ရှင် ကျွန်မကို လာတွေ့ ပါ။ ကျွန်မ ရောက်နေတဲ့ လမ်းက အိမ်တွေ အားလုံးဟာ လမ်းရဲ့ တစ်ဖက်ထဲမှာ ပဲရှိတယ်။ အိမ်နံပါတ်တွေ က တစ်ကစတယ်”

“အင်း.. ဟုတ်ပြီ”

“ကျွန်ရောက်နေတဲ့ အိမ်ရဲ့ လက်ဝဲဘက်မှာ ရှိတဲ့ အိမ်နံပါတ်တွေ အားလုံးပေါင်းလဒ်ဟာ လက်ယာဘက်မှာ ရှိတဲ့ အိမ်နံပါတ်တွေ အားလုံးပေါင်းလဒ်နဲ့ ညီမျှတယ်။ ဒီလမ်းထဲမှာ တရှိတဲ့ အိမ် အားလုံးပေါင်း ဟာ ၅၀ ထက် များ ပြီး ၅၀၀ ထက်နည်းတယ် မှတ်မိလား”

“အင်း မှတ်မိတယ်”

“အဲ့ဒါဆို ကျွန်မရှိတဲ့အိမ်ကို ရှင်တွေ့ အောင်ရှာပြီး လာခဲ့ပါ။ ကျွန်မ မျှော်နေမယ်နော် ဒါပဲ”

သူမ ဖုန်းချသွားသည်။

သူ အလျှင်အမြန် အ၀တ်အစားလဲပြီးသူမ ရောက်နေသော လမ်းကို သွားလိုက်သည်။ ဟိုရောက်တော့ သူမပြောသည့်အတိုင်း အိမ်အားလုံးကို လမ်း၏ တစ်ဖက်တည်းမှာ ပဲ တွေ့ မြင်ရ၏ ။

သူမ အထင်သေးမှာ ကို မလိုလားပါ။

ဒါကြောင့် လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာ သွားထိုင်ပြီး ဘယ်လိုလုပ်ရင် ကောင်းမလဲဆို တာ စဉ်းစားလိုက်သည်။ သူမ ပြောတာတွေ ပြန်တွေးကြည့်တော့ သဲလွန်စတွေ ပါနေတာ သတိပြုမိသည်။

ထိုအချက်ကိုတွေ ကို အခြေခံပြီး အဖြေထုတ်ယူရန် ကြံစည်ရည်ပြီး သူ တွက်ချက်ကြည့် လိုက်ပါသည်။

သူမ ရောက်ရှိနေသော အိမ်နံပါတ်ကို (က) ဟု ထားလိုက်သည်။ စုစုပေါင်း အိမ်အရေ အတွက်ကိုမူ (အ) ဟု ထားလိုက်သည်။

လက်ဝဲဘက်ရှိ အိမ်များ ပေါင်းလဒ်

(က-၁) [၁+ (က-၁)]

လက်ယာဘက်ရှိ အိမ်များ ပေါင်းလဒ်

(အ-က) [ (အ+၁) + က]

အ(အ-၁) = [ (အ+၁)+က]

က=

သူ အပြောအရဆိုလျှင်

၅၀ အ ၅၀၀

အ/၂ သည် နှစ် ထပ်ကိန်းရှာ၍ ရသော ကိန်း ဖြစ်သည်။ ရသော အဖြေသည် ကိန်းပြည့် ဖြစ်ရ မည် ။ သူမ ရောက်ရှိနေသော အိမ်နံပါတ်သည် ဒသမကိန်းနှင့် အပိုင်းကိန်းမရှိပါ။

အ+၁ သည်လည်း နှစ် ထပ်ကိန်းရင်း ရှာရသော ကိန်း ဖြစ်ပြီး ရသော အဖြေမှာ ကိန်းပြည့် ဖြစ်ရမည် ။

ထိုအချက်များ ကို ဆက်စပ် စဉ်းစားကြည့်သော်…

အ/၂ သည် ၆၂၊ ၇၂၊ ၈၂၊ ၉၂ ဖြစ်ရမည် ။

၄၂၊ ၅၂ မ ဖြစ်နိုင်ပါ။

အဘယ့်ကြောင့်ဆိုသော်

အသည် ၅၀ ထက် ကြီးသည်ဟု သိထားပြီး ဖြစ်၏ ။

သင်္ချာ နှာ ၃၉

ထို့ကြောင့်

က= သင်္ချာ

သူလက်ဖျောက်တီးလိုက်သည်။

သူမ ရောက်ရှိနေသော အိမ်နံပါတ်မှာ ၂၀၄ သာ ဖြစ်သည်။

လက်ဖက်ရည်ဖိုးရှင်းပြီး သူထထွက်လာခဲ့၏ ။ အိမ်နံပါတ် ၂၀၄ ကိုရောက်တော့ လူခေါင် ခေါင်လောင်းခလုတ်ကို နှိပ်လိုကပါသည်။

ဦးလေးကြီး တစ်ယောက် ထွက်လာပြီး..

“ဘာကိစ္စရှိလို့လဲကွဲ့”

“ကျွန်တော် က ဒီအိမ်မှာ ရောက်နေတဲ့ စွဲငြိတွယ်ရဲ့ ဧည့်သည်ပါ။ သူနဲ့တွေ့ ချင်လို့ပါ”

“မောင်ရင့်နာမည် ဘယ်လိုခေါ်လဲ”

“မိုးအိမ်သစ်ပါခင်ဗျ”

“သြော် ဒါဆို ၀င်ပါ။ မောင်ရင် ရောက်လာရင် တံခါးဖွင့်ပေးဖို့ မှာ ထားပါတယ်”

ဖွင့်ပေးသော တံခါးမှ ခြံထဲသို့ သူဝင်လိုက်သည်။

ထိုစဉ်မှာ ပင်..

“ဖြောင်း ..ဖြောင်း.. ဖြောင်း”

ညင်သာသော လက်ခုပ်သံနှင့် အတူ သူ့ထံသို့ ကျော့ရှင်းစွာ လျှောက်လှမ်းလာသည့် စွဲငြိ တွယ်ဆိုသော မိန်းမပျိုကို တွေ့ မြင်လိုက်ရလေသည်။ ရင်ထဲမှာ လိုအပ်ချက် တစ်စုံတစ်ရာ ပြည့်စုံ သွားသကဲ့သို့ မှတ်ထင်ခံစားရပါ၏ ။

သူမက လက်မှာ နရီကို တစ်ချုက်ကြည့်ပြီး..

“ရှင်က တော် သားပဲ ဆယ့်တစ်နာရီ မိနစ်လေးဆယ်မှာ ကျွန်မရှိတဲ့နေရာကို ရောက်အောင် လာနိုင်တယ်”

ချီးကျူးစကားတိုင်းကို သူ မသာယာတတ်ပေမယ့် သူမ၏ ချီးကျူးမှု အတွက်တော့ ပီတိ ဖြစ်မိ၏ ။

“ဒါ စွဲငြိတွယ်တို့ အိမ်လား”

“မဟုတ်ပါဘူး။ ကျွန်မသူငယ်ချင်းရဲ့ အိမ်ပါ။ ကျွန်မအိမ်ဆိုလို့ ဖုန်းနံပါတ်ကတစ်ဆင့် စုံစမ်းလိုက်ရင် ရှင် အလွယ်တကူ ရှာတွေ့ မှာ စိုးလို့ တမင် ဒီအိမ်ကို ရွေးလိုက်တာ”

“သြော်”

တော် တော် ဉာဏ်ပြေးတဲ့ မိန်းမပဲ ဟု တိတ်တဆိတ် ချီးကျူးမိပြန်သည်။

“လာလေ.. အိမ်ထဲ ၀င်ပါဦး။ ရှင့်ကို ကျွန်မ သူငယ်ချင်းနဲ့ မိတ်ဆက်ပေး မယ်”

သူမ နောက်မှ သူလိုက်လာခဲ့ပါသည်။ ဧည့်ခန်းထဲရောက်သော အခါ ရုပ်ရည်ကြည့်ပျော် ရှု ပျော်ရှိသော အမျိုးသမီးတစ်ဦးကို တွေ့ မြင်ရ၏ ။

“မိတ်ဆက်ပေးရဦးမယ် သူက မိုးအိမ်သစ်တဲ့။ သူ ကတော့ နှင်းသီရိတဲ့။ သီရိရဲ့ မိဘတွေ က နေ့ဘက်ဆို အလုပ်သွားကြတယ်လေ။ အဲ့ဒါကြောင့် ကျွန်မအတွက် ပိုအဆင်ပြေသွားတာ ပေါ့”

နှင်းသီရိက သူတို့ အအေးတစ်ဘူး တိုက်၏ ။

“စွဲငြိတွယ် အမောပြေ သောက်လိုက်ပါဦး။ ဒီအိမ်ကို ရှာတရတာ နည်းနည်း တောည့ ဦးနှောက် ခြောက်သွာလိမ့်မယ် ထင်တယ်”

သူ ပြုံး၍ ခေါင်းညိတ်ပြလိုက်ပါသည်။ နှင်းသီရိက..

“စွဲငြိတွယ်ပြောပုံအရဆိုရင် ကိုမိုးအိမ်သစ်က ထူးထူးဆန်းဆန်းတွေ ၀ါသနာပါပုံရတယ်။ ကြုံတုန်း ကျွန်မလည်း အကူအညီတစ်ခုလောက် တောင်းရဦးမယ်”

“ဟုတ်ကဲ့ ပြောကြည့်လေ”

“ကျွန် စိန်လည်ဆွဲတစ်ခု လုပ်ချင်လို့။ အလျားလိုက်ပဲကြည့်ကြည့်၊ ဒေါင်လိုက်ပဲကြည့် ကြည့် စိန်ကိုးလုံးကို အတန်းလိုက်မြင်အောင် လုပ်ချင်တာ။ အဲဒါ ဘယ်လိုပုံလုပ်ရမလဲဆိုတာ သိချင်လို့။ စိန်ပွင့်တွေ လည်း အရမ်များ ပြီး မကုန်ချင်ဘူး”

သူ ခဏ စဉ်းစားလိုက်သည်။ ပြီးမှ..

“လွယ်လွယ်လေးပါဗျာ။ စိန် ၁၇ လုံးကုန်မယ်။ ဒီလိုပုံ လုပ်လိုက်”

စာရွက်နှင့် ဘော့လ်ပင်တောင်းယူပြီး သူ ပုံဆွဲပြလိုက်သည်။

Cover

ထိုပုံကိုကြည့်ပြီး နှင်းသီရိ ကျေနပ်သွားဟန်ရှိ၏ ။

“ကျွန်မက စိန်ပွင့်တွေ အများ ကြီးကုန်မယ်ထင်နေတာ။ ဒီပုံအတိုင်းဆို ရိုးရိုးရှင်းရှင်းလေး နဲ့ တော် တော် အကုန်အကျ သက်သာသွားပြီ ကျေးဇူးပါပဲရှင်”

ထိုအိမ်မှာ ခဏမျှ နေပြီး သူ ပြန်လာခဲ့ပါသည်။

* * * * *


အခန်း (၄)

The Thiripyitsaya Sky Lounge မှာ ဖြစ်သည်။ သူမနှင့် သူ အတူရှိနေကြ၏ ။ မနက်ပိုင်း ဖြစ်သဖြင့် ဆိုင်အတွင်းမှာ လူရှင်းနေသည်။

Cover

သူမက အသင့်ရေး ဆွဲလာသော ဇယားကွက်ကိုပြပြီး..

“ရှင်က မနေ့က သီရိကို လည်ဆွဲလုပ်ဖို့ အလျားလိုက်ကော ဒေါင်လိုက်ကော စိန်ကိုးလုံး မြင်ရအောင် စဉ်းစားပေးတယ်လေ။ အဲ့ဒါ ကြောင့် အခုနေ ပဟေဠိနံပါတ် (၂) အ ဖြစ် …ဒီစတုရန်းပုံ ဇယားကွက်ထဲမှာ A, B, C, D, E ဆိုတဲ့ အင်္ဂလိပ်အက္ခရာ ငါးလုံးကို အလျားလိုက် ဒေါင်လိုက်နဲ့ ဒေါင့်တန်း အကွက်တွေ မှာ ဖြည့်ပြရမယ်။ အက္ခရာတစ်လုံးကို နှစ်ခါ မထပ်ရမဘူး။ ရှင်းလား”

“အင်း ရှင်းတယ်”

“ရှင် စဉ်းစားရလွယ်အောင် ဇယားကွက်ထဲမှာ ကျွန်မ အက္ခရာလေးလုံး ဖြည့်ပေးခဲ့မယ်။ ဒီမှာ ကြည့်”

သူ သေချာအာရုံစိုက်ကြည့်လိုက်သည်။

Cover

သူမက ဇယားကွက်တွင် အက္ခရာလေးလုံး ဖြည့်ပေးပြီး သူ့ရှေ့သို့ လျှောက်လွှာစာရွက်ငါး ရွက်နှင့် ဘောလ်ပင်ချပေးသည်။

ပြီးသော အခါ..

“ညနေ ငါးနာရီမှ ပြန်ဆုံကြတာပေါ့”

ထိုရာမှ သူမ ထဟန်ပြင်လိုက်သည်။ သူက…

“ငါးနာရီအထိ မလိုပါဘူး။ အနှိုင်းမဲ့ ကော်ဖီသောက်ရင်း ဒီမှာ ပဲ စောင့်နေပါ။ အမြန်ဆုံးပြီး အောင် ကျွန်တော် ကြိုးစားဖြည့်ပါမယ့်”

“ကောင်းပြီလေ ဒါဆိုလည်း ကျွန်မ စောင့်ပါမယ်”

သူမက စာအုပ်စင်မှာ Fashion Magazine တစ်အုပ် သွားယူပြီး ကော်ဖီသောက်ရင်း အေးဆေးသက်သာ ဖတ်နေလေသည်။

သူမကို အနားမှာ ရှိနေစေချင်စိတ်ဖြင့် သူ တမင်ဉာဏ်များ လိုက်တာ ဖြစ်၏ ။

မည် သူမဆို ကိုယ်ချစ်သော သူကို အနားမှာ သာ အစဉ်အမြဲ ရှိနေစေချင်ပါလိမ့်မည် ။ ထိုခံစား ချက်ကို ချစ်တတ်သူတိုင်း စာနာနားလည်နိုင်လိမ့်မည် ထင်ပါသည်။

လျှောက်လွှာစာရွက်တစ်ခုတွင် ဇယားကွက်အသစ် ရေး ဆွဲပြီး A မှ E အထိ အက္ခရာတွေ ဖြည့်ကြည့်လိုက်သည်။

Cover

A နှင့် C သာ ဖြည့်နိုင်သည်။

ပထမဆုငံး B ဖြည့် စဉ်းစားကြည့်သည်။

Cover

ဇယာကွက်တွင် A နှင့် E သာဖြည့်နိုင်သည်။

သို့သော် A နှင့် E နှစ် ခုလုံး ဒေါင့်တန်းရှီနေပြီ ဖြစ်သဖြင့် ထိုဇယားမ ဖြစ်နိုင်တော့ပါ။

သူ စိတ်ရှုပ်သွားသည်။

အလျော့ပေး၍ လည်း မ ဖြစ်။ သူမနှင့် ဝေးရမည့် အရေး ကိုအတွေးထဲမှာ ပင် မခံစား နိုင်ပါ။

ဒါကြောင့် စိတ်အားတင်းပြီး ဆက်လက်စဉ်းစားကြည့်လိုက်ပြန်သည်။

Cover

တိုးချဲ့စဉ်းစားကြည့်တော့ လမ်းစပေါ်လာသည်။

ဆက်ဖြည်ရန်လွယ်ကူသွားပြီ ဖြစ်သည်။

Cover

သူမ ပြောတာနှင့် ကိုက်ညီပြီး..

သူမ ၀မ်းသာအားရ လက်ဖျောက်တီးလိုက်ပြီး..

“ဒီမှာ ကြည့်ပါဦး ကျွန်တော် ဖြေထားတာ မှန်ရဲ့ လား”

ဇယားကွက်ကို ယူကြည့်ပြီး အပြုံးနှင့် သူမ ခေါင်းညိတ်ပြသည်။

“မှန်ပါတယ်။ ပဟေဠိနံပါတ် (၂) ကို ရှင်ဖြေနိုင် သွားပါပြီ။ ဒါ ကြောင့် ဒီဝိုင်းရဲ့ ကော်ဖီဖိုး ကို ကျွန်မ ရှင်းပါရစေ”

သူ စိတ်ချမ်းမြေ့စွာ ဖြင့် ကော်ဖီကို တစ်ငုံချင်း အရသာခံကာ သောက်လိုက်ပါသည်။ ကော်ဖီ၏ ချိုမွှေးရှမှု အရသာထက် ရင်ထဲမှ ကြည်နူးမှု က ပိုမိုအားကောင်းနေလေသည်။

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်ရမည် ဟု ရည်ရွယ်ထားအားခဲထားလိုက်ပါသည်။

* * * * *


ဒီနေ့.. သူမက သူ့ကို ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တစ်ကျောင်းဆီ ခေါ်သွားသည်။ သူမနှင့် အတူ အဖော်အ ဖြစ် နှင်းသီရိလည်း ပါလာ၏ ။

ကျောင်းရောက်သော အခါ… သူမက..

“ဒါ ကျွန်မတို့မိသားစု ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းလေ”

“ဟင် ဒါဆို စွဲငြိတွယ်က ခရစ်ယာန်မဟုတ်ဘူးပေါ့”

“မဟုတ်ပါဘူး။ဘာ ဖြစ်လို့လဲ”

“ခရစ္စမတ် အကြိုညတုန်းကချာ့ခ်ျကျောင်မှာ တွေ့ လို့လေ”

“အဲဒါက သူငယ်ချင်းတွေ နဲ့ အပျော်လိုက်လာတာပါ”

“သြော် ဒါဆို ကျွန်တော့်လိုပဲပေါ့”

ဘာသာမတူဘူးထင်သဖြင့် စိတ်ထဲ စနိုးစနောင့် ဖြစ်နေသော ကိစ္စွကြီး ပပျောက်သွား သည်။ ဗုဒ္ဓဘာသာဝင်နှစ် ယောက် က ခရစ်တော် ကို ကြိုဆိုသော ပွဲတော် မှာ ထူးထူးဆန်းဆန်း ဆုံ တွေ့ ခဲ့ကြသည့်အ ဖြစ်က အံ့သြဖွယ်တော့  ကောင်းလှပါသည်။

သူမက သူ့ကို ကျောင်းဆောင်တစ်ခုထဲမှာ ကျွန်းသေတ္တာကြီးတစ်လုံးရှေ့ခေါ်သွားပြီး..

“ဒီသေတ္တာကြီးက အရင်တုန်းက ဒီကျောင်းမှာ နေခဲ့တဲ့ ကပ္ပိယကြီးရဲ့ သေတ္တာပါ။ အခုတော့ သူမရှိတော့ပါဘူး။ မကြာသေးခင်ရက်ပိုင်းကပဲ ဆုံး သွားပါပြီ”

“စွဲငြိတွယ် အဓိကပြောချင်တာက ဘာလဲ”

“ကပ္ပိယကြီးက သူမသေခင် သေတ္တာပေါ်မှာ စာတွေ ရေး သွားတယ်။ အဲဒီ စာရဲ့ အဓိပ္ပာယ် ကို ရှင်က ဖြေပေးရမှာ ”

သေတ္တာပေါ်ကိုကြည့်လိုက်သော အခါ မြေဖြူခဲ့ဖြင့် OICURMT ဟု မညီမညာ ရေး ထား တာတွေ့ လိုက်ရ၏ ။

“ကဲ. ရှင် စဉ်းစားလိုက်ဦး၊ ကျွန်မတို့ ကျောင်းရဲ့ ဝေယျာဝစ္စလေးတွေ သွားလုပ်လိုက်ဦး မယ်”

သူမက နှင်းသီရိကိုခေါ်ပြီး ထွက်သွားလေသည်။ သူသာ ခေါင်းကုတ်စဉ်းစားရင်း ကျန်ခဲ့၏ ။

သူသိသမျှ အင်္ဂလိပ်ဝေါဟာရတွေ ထဲမှာ OICURMT ဆိုတာ မကြားဖူးပါ။ သူ ဗဟုသုတ နည်း ပါးတာလည်း ဖြစ်နိုင်ပါသည်။

ကြံရာမရ အခက်တွေ့ နေစဉ်မှာ ပင်…

အနားသို့ ကိုရင်လေးတစ်ပါး ရောက်လာသဖြင့် သူ စိတ်ပြေလက်ပျောက် စကားပြောကြည့် ၏ ။

“ကိုရင့် ဘွဲ့နာမည် က ဘယ်လိုခေါ်လဲ ဘုရား”

“ပဏ္ဍိတပါ”

“’ဒါဆို ပညာရှိပေါ့”

“မရှိပါဘူး ဒကာကြီးရယ်၊ အခုတောင် ဘုန်းကြီးကျက်ခိုင်းထားတဲ့ စာဝါ မရလို့ အရိုက်ခံ လာရတာ ဗျ”

ကိုရင်လေးက တင်ပါးလေးကို ပွတ်ကာပွတ်ကာဖြင့် ရှုံ့ရှုံ့မဲ့မဲ့လေး ပြောနေသဖြင့် သူ ရယ်မိလေသည်။ ကိုရင်လေးက သူ့ကိုကြည့်ကာ…

“ဒကာကြီးက ကျောင်းကို ဘာလာလုပ်တာလဲ။ ဘုန်းကြီးစီးမလို့လား”

“ငရဲကြီးမှာ စိုးလို့ မစီးတော့ပါဘူး။ ကိုရင်ရယ်”

“ဟာ.. ဒကာကြီးကလည်း ဘုန်းကြီးစီးတာ ကုသိုလ်ရတာ ပါ။ ဘယ်လိုလုပ် ငရဲကြီးမှာ လဲ စီးသာစီး”

“တပည့်တော် စီးရင် ဘုန်းကြီးက စိတ်ဆိုးမှာ ပေါ့ ဘုရား၊ ပြီးတော့ တပည့်တော် ရဲ့ ခန္ဓာကိုယ်ကြီးကို မနိုင်လောက်ဘူး ထင်တယ်”

“ဟာဗျာ .. ဒကာကြီးက နောက်ပြီ”

သူ့စကားကို သဘောပေါက်ပြီး ကိုရင်လေး တခွိခွိရယ်ပါတော့သည်။ ပြီး.. သူ့ကို မသင်္ကာ သလိုကြည့်၍ …

“ဒီနားမှာ ရစ်သီရစ်သီနဲ့ ဒကာကြီး ဘာလုပ်နေတာလဲ”

သူက ကျွန်းသေတ္တာကြီးကို လက်ညှိုးထိုးပြလိုက်ပြီး..

“ဒီသေတ္တာပေါ်က စာကို အဓိပ္ပာယ်ဖော်မလို့ကိုရင်ရဲ့ ။ စဉ်းစားမရလို့ အကျပ်ရိုက်နေတာ”

ကိုရင်လေးက သေတ္တာကြီးကို ကြည့်ကာ နှာခေါင်းရှုံ့သည်။

“ဒါ ဟိုဘိုရူးကပ္ပိယကြီးရဲ့ သေတ္တာမဟုတ်လား။ သူ မသေခင် ရူးကြောင်မူးကြောင် လျှောက်ရေး သွားတာကို ဒကာကြီးက ဦးနှောက်ခြောက်ခံ စဉ်းစားနေတယ်။ အပိုအလုပ်တွေ ”

“ကိုရင်က အဲဒီ ကပ္ပိယကြီးကို သိလို့လား”

“သိတာပေါ့ ကိုရင်က ဒီကျောင်းမှာ နေတာ ကြာပြီပဲဟာ”

“အဲဒီ ကပ္ပိယကြီးက အင်္ဂလိပ်စာ တော် တော် တတ်လို့လား”

“ဘယ်ကလာ တတ်ရမှာ လဲ။ တစ်နေ့ နိုင်ငံခြားပြန် သင်္ဘောသားဆိုတဲ့လူ တစ်ယောက် ကျောင်းမှာ လာတည်းတယ်။ အဲဒီ လူက စကားပြောရင် အင်္ဂလိပ်လိုတွေ ညှပ်ညှပ်ပြောတဲ့ အကျင့်ရှိတယ်။ အဲ့ဒါကို ကပ္ပိယကြီးက သဘောကျပြီး အဲဒီ လူဆီမှာ အင်္ဂလိပ်စာသင်တာ။ အဲဒီ လူ လည်း ပြန်သွားရော ကျောင်းနံရံတွေ မှာ စာတွေ လျှောက်ရေး လို့ ဘုန်းကြီးခေါ်ဆူတာတောင် ခံရ သေးတယ်။ ကိုရင်တို့ကို တွေ့ ရင်လည်း အင်္ဂလိပ်လိုတွေ လာလာပြောတယ်။ သူ သွားကျိုးပေါက် ကနေ တံတွေးစင်လွန်းလို့ ကပ္ပိယကြီးကိုမြင်တာနဲ့ ကိုရင်တို့မှာ ပတ်ပြေးနေရတာ ”

ထိုစဉ်မှာ ပင်…

“ပဏ္ဍိတရေ ..ပဏ္ဍိတ.. ဆွမ်းချိုင့်ဆွဲဖို့ .. အချိန်ရောက်ပြီလေ”

“ဟာ.. ဘုန်းကြီးခေါ်နေပြီ.. သွားတော့မယ်။ လာပါပြီ ဘုရား..”

ကိုရင်လေး ကသုတ်ကရက် ပြေးထွက်သွား၏ ။ သူသာ စဉ်းစားစရာများ စွာ ဖြင့် ကျန်ခဲ့လေ သည်။

ဒီအတိုင်းဆို သေတ္တာပေါ်မှ စာကို ပုံမှန်အားဖြင့် စဉ်းစားရန် မသင့်လျော်ပါ။ ပုံစံဖျက်၍ သာ စဉ်းစားရတော့ပတော့မည် ။

OICURMT ဆိုတာကို တစ်လုံးချင်း အသံထွက်ဖတ်ကြည့်သော အခါ…

အက္ခရာတစ်လုံးစီ၌ စကားစုတစ်စု၏ အသံထွက်မျိုး ဖြစ်နေတာ သတိပြုမိလိုက် သည်။

ဒါကြောင့်…

တစ်လုံးချင်း သေချာဂရုတစိုက် အသံထွက်၍ ထပ်ဖတ်ကြည့်လိုက်ရာ..

O= အို

I= အိုင်

C= စီ

U= ယူ

R= အာ

M= အမ်

T= တီ

ထိုအက္ခရာကို ထပ်ဆင့် စဉ်းစားကြည့်သော်…

O= Oh

I= I

C= See

U= You

R= are

M= ?

T= ?

Mနှင့် T မှာ တစ်လုံးချင်းအရ အဓိပ္ပာယ်မထွက်သဖြင့် နှစ် လုံးပေါင်း၍ ဖတ်ကြည့်သော သည်။ ထိုအခါ…

MT= အမ်တီ

ဆက်လက် စဉ်းစားရပြန်သည်။

MT (အမ်တီ) ဆိုသော အသံထွက်နှင့် ဖြစ်နိုင်ချေရှိသည့် အင်္ဂလိပ်စကားစုကို ရှာဖွေကြည့် သော အခါ…

MT = empty (အမ်တီ)

အားလုံးကို အစဉ်လိုက် ဆက်စပ်ရွတ်ဆိုအဓိပ္ပာယ်ဖော်ကြည့်သော်…

O I C U R M+T

Oh I see You are empty

သူကျေနပ်စွာ လက်ဖျောက်တီးလိုက်၏ ။ ထွက်ပေါ်လာသည့် အဖြေကြောင့် ရယ်လည်း ရယ်ချင်နေမိပါသည်။

အချိန်အနည်းငယ်ကြာသော အခါ…

သူမ သူ့ထံ ရောက်လာလေသည်။ မျက်စလေးချီ၍ သူ့ကိုကြည့်ကာ…

“ဘယ်လိုလဲ ကပ္ပိယကြီးရဲ ၀ှက်စာကို အဓိပ္ပာယ်ဖော်နိုင်ပြီလား”

“ဖော်နိုင်ပါပြီဗျာ ဖော်နိုင်ပါပြီ”

“ဘာတဲ့လဲ”

“အိုးး… အိုင်ဆီးယူအာ အမ်တီး၊ အိုး သေတ္တာအလွတ်ကြီးပါလား..တဲ့”

ကျွန်းသေတ္တာကြီးကို ပုတ်ပြပြီး ရယ်ကျဲကျဲနှင့် သူပြောတော့ သူမကလည်း ရယ်သည်။

“ခင်ဗျားဗျာ တော် တော် နောက်တာပဲ ကျွန်တော့်မှာ ဦးနှောက်ကို ခြောက်သွားတာပဲ”

“ကျွန်မလည်းရှင့်ကို ပြောဖူးပါတယ်ရှင်။ လွန်ခဲ့တဲ့တစ်လလောက်က ဒီကျောင်းကိုလာ တော့ ဒီစာကိုတွေ့ တယ်။ ဒါမျိုး မမြင်ဖူးပါဘူးဆိုပြီး မေးကြည့်တော့ ကပ္ပိယကြီးက ပြောပြ တာ။ သူ့ဆရာကို မေးပြီးရေး ထားတာတဲ့။ ဧကန္တ ဟိုလူပြောတာက အမှန် ဖြစ်ပါလိမ့်မယ်။ ကပ္ပိယကြီးက မရေး တတ်ရေး တတ်နဲ့ အသံထွက်ကိုပဲ ယူပြီးရေး လိုက်လို့ အခုလို ဖြစ်သွားတာနေမှာ ”

နှစ် ယောက် သား ကျွန်းသေတ္တာကြီးကို ကြည့်ပြီး ခဏကြာရပ်နေမိကြ၏ ။ ပြီးကာမှ သူမက သူ့ကို ရွှန်းရွှန်းစားစား စိုက်ကြည့်ကာ…

“ဘယ်လိုပဲ ဖြစ် ဖြစ် ပဟေဠိနံပါတ် (၃) ကိုလည်း ရှင်ဖြေနိုင်သွားပြန်ပြီနော်။ ကဲ.. ကျွန်မတို့ ပြန်ကြရအောင် ”

သူမက ရှေ့မှ ဦးဆောင်ထွက်ခွာသွားသည်။ မွန်းတည့်ချိန်နေရောင် အောက်တွင် သူမ အရိပ်တိုတိုကလေးကို အသည်းယားစဖွယ် တလှုပ်လှုပ် မြင်တွေ့ နေရ၏ ။

ဘုရားရိပ်၊ တရားရိပ်မှာ ချစ်သူ့အရိပ်ကိုကြည့်ရတာ ကျောက်စက်ရေကို ပက်ဖျန်းခံရသဲ့သို့ ရင်မှာ ကြည်စင်အေးမြလှပါသည်။

* * * * *


ဆယ်နာရီထိုးရန် စက္ကန့်ပိုင်းအလိုမှာ ဖုန်းမြည် လာသဖြင့် သူကောက်ကိုင်လိုက်၏ ။

“ဟယ်လို”

“မိုးအိမ်သစ်ပါ ကျွန်မပါ”

“ကျွန်တော် သိပါတယ် ပြောလေ”

“အခုနေ ကျွန်မ အပြင်မထွက်ချင်ဘူး ဖြစ်နေတယ်”

“အဲဒီ တော့ ”

“ပဟေဠိကို ဖုန်းနဲ့ပဲ အမေးအဖြေ လုပ်လိုက်ကြရအောင်”

ဒီအတိုင်းဆို ဒီနေ့အဖို့ သူမကို မြင်တွေ့ ခွင့်ဆုံးရှုံးပြီ။ သို့သော် ဆက်ရန်မ နက်ဖြန်တွေ ရှိ သေးသဖြင့် ကိုယ့်ကိုယ်ကို နေသာအောင် ဖြေသိမ့်လိုက်ပါသည်။

“ကောင်းပြီလေ။ ဒါဆို ပဟေဠိနံပါတ် (၄) က ဘာလဲ”

“ကျွန်မ တူမလေးတွေ အကြောင်းပါ”

“ဘယ်လိုမျိုးလဲ”

“ကျွန်မမှာ နာမည် လေးလုံးရှိတဲ့ တူမသုံးယောက် ရှိတယ်။ သူတို့တွေ ရဲ့ ရှေ့နာမည် နှစ် လုံး စီကို ကျွန်မပြော ပြောမယ်။ သေချာနားထောင်နော်”

“အင်း..ပါ”

“ တစ်ယောက် က နေခြည်။ နောက် တစ်ယောက် က သီရိ၊ နောက်ဆုံး တစ်ယောက် က အိန္ဒြာ။ သူတို့တွေ ရဲ့ နောက်ဆက်တွဲ အမည် တွေ က ၀င့်ဝါ၊ မင်းဦး၊ ထွေးဝေ..တဲ့ မှတ်မိလား”

“မှတ်မိပါတယ်”

“ဒါဆို ကျွန်မ ဆက်ပြောမယ်နော်”

“ပြော”

“နေခြည်ရဲ့ အသက်က သီရိရဲ့ အသက်ရဲ့ နှစ် ဆနဲ့တူညီတယ်။ သီရိရဲ့ အသက်က အိန္ဒြာရဲ့ အသက် နှစ် ဆနဲ့တူညီတယ်။ ၀င့်ဝါက မင်းဦးထက် ငါးနှစ် ပိုကြီးတယ်။ သူတို့အားလုံးရဲ့ အသက် က ကိန်းပြည့်တွေ ဖြစ်တယ်။ ရှင်းရဲ့ လား”

“သေချာအောင် နောက်တစ်ခေါက်ထပ်ပြောပါဦး”

သူမက နောက်တစ်ခေါက် ထပ်ပြောပြသည်။ သူ သေချာမှတ်သားထားလိုက်၏ ။

“ရပြီ ဆက်ပြောတော့”

“ကျွန်မ မေးချင်တာက သူတို့သုံးယောက် ၇ဲ့ နာမည် အပြည့်အစုံနဲ့ သူတို့ရဲ့ အသက်တွေ ပဲ။ အဲဒါတွေ ကို ကို ရှင် အတိအကျဖြေပေးပါ။ သတ်မှတ်ချိန် ကတော့ ထုံးစံအတိုင်းပဲပေါ့။ ရှင် ဖြေနိုင် တဲ့အချိန် ကျွန်မဆီ ဖုန်းဆက်လိုက်၊ ငါးနာရီကျော်သွားရင်တော့ ဆောရီးပဲနော်”

“ကျွန်တော် သိပါတယ်ဗျာ။ အဲဒီ လောက်မခြိမ်းခြောက်ပါနဲ့”

“မေ့မှာ စိုးလို့ သတိပေးတာပါရှင်”

သူမ ဘက်မှ ဖုန်းအရင် စချသွားသည်။

အမြန်ဆုံး အဖြေထုတ်နိုင်ရန် သူ ပြင်ဆင်လိုက်၏ ။ စာရွက်နှင့် ဘောလ်ပင်ယူပြီး စဉ်းစား တွက်ချက်ကြည့်လိုက်ပါသည်။

အိန္ဒြာ၏ အသက် = က နှစ်

သီရ၏ အသက် = ၂ ကနှစ်

အိန္ဒြာနှင့် သီရိသည် ကနှင့် ကွာခြားသည်။

နေခြည်၏ အသက်= ၂×သီရိအသက်

= ၄× အိန္ဒြာအသက်

ထို့ကြောင့် ..နေခြည်နှင့် အိန္ဒြာသည် (၃က) နှစ် ကွာခြားသည်။

နေခြည်နှင့် သီရိသည် (၂က) နှစ် ကွာခြားသည်။

အြိန္ဒာသည် အငယ်ဆုံး ဖြစ်၏ ။

ဝင့်ဝါက မင်းဦးထက် (၅) နှစ် ပိုကြီးသည်ဟုဆိုသည်။

ထို့ကြောင့် …အိန္ဒြာဝင့်ဝါ မ ဖြစ်နိုင်ပါ။

ယာယီအားဖြင့် … နေခြည်ဝင့်ဝါဟုသတ်မှတ်ထားလိုက်သည်။

ဝင့်ဝါက မင်းဦးထက် (၅) နှစ် ကြီးသည်။

နေခြည်က သီရိအသက်နှင့် (၂) ဆကွာသည်။

၅ ကို ၂ နှင့် စား၍ မပြတ်ပါ။

အသက်မှာ ကိန်းပြည့် ဖြစ်သည်ဟု ပြောထားသည်။

ထို့ကြောင့် .. သီရိမင်းဦး မ ဖြစ်နိုင်ပါ။

နေခြည်သည် အိန္ဒြာနှင့် အသက် (၃) ဆကွာသည်။

၅ ကို ၃ နှင့် စား၍ မ ဖြစ်ပါ။

ထို့ကြောင့် ..အိန္ဒြာမင်းဦးဆိုသော အတွဲ ကို ခဏဘေးဖယ်ထားလိုက်သည်။

ဤသို့ဆိုလျှင်.. မင်းဦးဆိုသော အမည် မှာ ပိုင်ရှင်မရှိဘဲ ဖြစ်နေမည် ။

နေခြည်ဝင့်ဝါဆိုသည်မှာ လည်း မှားနေပြီ။

တွက်ရင်း ချာချာလည်နေသည်။

ခက်ပြီ..

ဇွဲမချော့ဘဲ တစ်မျိုး လှည့်စဉ်းစားကြည့်လိုက်၏ ။

အိန္ဒြာဝင့်ဝါလည်း မဟုတ်။

နေခြည်ဝင့်ဝါလည်း မဟုတ်။

ဒါဆို…

သီရိဝင့်ဝါသာလျှင် ဖြစ်ရမည် ။

သူမ အပြောအရ နေခြည်သည် အကြီးဆုံး

သီရိသည် အလတ်

အိန္ဒြာသည် အငယ်

သီရိဝင့်ဝါဟု သိထားပြီ ဖြစ်၏ ။

ဝင့်ဝါသည်မင်းဦးထက် (၅) နှစ် ကြီးသည်။

သီရိဝင့်ဝါထက် ငယ်သည်မှာ အိန္ဒြာနှင့် မင်းဦးသာ ဖြစ်သည်။

ထို့ကြောင့် သီရိဝင့်ဝါထက် ငယ်သော မိန်းကလေးမှာ အိန္ဒြာမင်းဦးသာ ဖြစ်ရမည် ။

ဒီလိုဆို နောက်ဆုံးကျန်သော အမည် မှာ နေခြည်ထွေးဝေ ဖြစ်ပေမည် ။

အဆင့်တစ်ဆင့်တော့ အောင်မြင်သွားပြီ။

နောက်တစ်ဆင့်ကို ဆက်စဉ်းစားရဦးမည် ။

သီရိဝင့်ဝါ၏ အသက်သည် အိန္ဒြာမင်းဦး၏ အသက် (၂ ဆ) ဖြစ်သည်။

သီရိဝင့်ဝါသည် အိန္ဒြာမင်းဦးထက် (၅) နှစ် ကြီးသည်။

ထို့ကြောင့် …

သီရိဝင့်ဝါအသက် = အိန္ဒြာမင်းဦးအသက် + ၅ နှစ်

သီရိဝင့်ဝါအသ် = ၁၀နှစ်

အိန္ဒြာမင်းအသက် = ၅ နှစ်

နေခြည်ထွေးဝေအသက်= ၂× သီရိဝင့်ဝါအသက်

နေခြည်ထွေးဝေအသက်= ၂၀ နှစ်

အဖြေက ပြည့်စုံသွားပြီ ဖြစ်သည်။

သေချာအောင် ထပ်မံစစ်ဆေးပြီး စိတ်တိုင်းကျသော အခါ သူလက်ဖျောက်တီးလိုက်တော့ ၏ ။ ပြီး… ချက်ချင်း ပဲ သူမဆီ ဖုန်းခေါ်လိုက်ပါသည်။

“ဟယ်လို”

“ကျွန်တော် မိုးအိမ်သစ်ပါ”

“ဘယ်လိုလဲ အဖြေရပြီလား”

“ဒါပေါ့”

ပျော်ရွှင်မှု ကြောင့် သူ့အသံက အနည်းငယ် ၀ံ့ကြွားမှု ပါနေပေလိမ့်မည် ။

“ပြောစမ်းပါဦး နာမည် တွေ ”

“ တစ်ယောက် နာမည် က အိန္ဒြာမင်းဦး၊ နောက်တစ်နာမည် က သီရိဝင့်ဝါ၊ နောက်ဆုံး တစ် ယောက် နာမည် ကတော့ နေခြည်ထွေးဝေ၊ ဘယ်လိုလဲ ဟုတ်ရဲ့ လား..”

“ဟုတ်ပါပြီရှင် သူတို့ရဲ့ အသက်တွေ လည်းပြောပါဦး”

“အသက်အငယ်ဆုံး အိန္ဒြာမင်းဦးက (၅) နှစ် ၊ ဒုတိယ သီရိဝင့်ဝါက (၁၀)နှစ် ၊ အသက်အကြီးဆုံး နေခြည်ထွေးဝေက (၂၀)။ ကျွန်တော် ပြောတာ မှန်ရဲ့ လား’

“မှန်ပါတယ်ရှင် မှန်ပါတယ်။ ရှင်က ကျွန်မထင်ထားတာထက်တောင်မှ ပိုတော် နေပါလား”

“ဘာလဲ အဖြေပေးချင်စိတ် ပေါက်လာပြီလား”

“အဲဒီ လောက်ကြီးလည်း ခရီးမရောက်သေးပါဘူး။ အခုမှ ပဟေဠိနံပါတ် (၄) ပဲ ရှိသေး တယ်။ ရှင့်ရဲ့ ကံကြမ္မာက နောက် (၃) ရက်အတွင်းမှာ အပြောင်းအလဲ ရှိနိုင်ပါသေးတယ်”

“ကျွန်တော် ကတော့ အချိန်အထိ ကိုယ့်ကိုယ်ကိုယ် ကံကောင်းသူ တစ်ယောက် လို့ပဲ ယုံကြည်နေတယ်”

“ကံဆိုတာ အလုပ်ပဲရှင့်။ ရှင့်ရဲ့ ကံက ရှင့်ရဲ့ဉာဏ်နဲ့ပဲ ဆိုင်တယ်။ နောက်ရက်တွေ မှာ လည်း ရှင် ဉာဏ်ကောင်းနိုင်ပါစေ”

“ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေဗျာ”

ရင်ထဲမှလာသော အသံနှင့် လှိုက်လှိုက်လှဲလှဲ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူမနှင့် ပတ်သက်မှု တိုင်း၌ သူသည်ထူးချွန်ထက်မြက်သူ တစ်ယောက် ဖြစ်လိုပါသည်။

ဒါမှသာလျှင်..

သူမထံမှ သူ အလိုလားဆုံးသော အရာကို ဆွတ်ခူးရရှိနိုင်မှာ မဟုတ်လား…

* * * * *


အခန်း (၅)

ဆာကူရာတာရှိ The Thiripyitsay Sky Lounge မှာ ပဲ သူနှင့် သူမ ဆုံတွေ့  ဖြစ်နေကြပါ သည်။

ဒီနေ့တော့ သူမက သူ့ကို ပုံတစ်ပုံဆွဲပြသည်။

Cover

သူမဆွဲပြသော ပုံကိုကြည့်ပြီး သူက..

“အဲဒါဘာလဲ ခွေးချည်တဲ့ကြိုးလား”

ထိုသို့ပြောသော အခါ သူမ နှုတ်ခမ်းစူသွားသည်။

“ပေါက်ကရတွေ မပြောနဲ့ အဲဒါကို ငွေကွင်းခုနစ်ကွင်းလို့ သဘောထား”

“သြော် ဟုတ်ကဲ့။ ငွေကွင်းတွေ လည်း ခွေးချည်တဲ့ကြိုးနဲ့တူတယ်နော်”

“ပေါက်ကရ မပြောနဲ့ဆို”

“အင်းပါ”

ဆက်စလျှင် သူမ စိတ်ဆိုးသွားမှာ စိုးသော ကြောင့် ဘရိတ်အုပ်လိုက်ရသည်။

“မျက်နှာပိုးကို သတ်ထား၊ ပဟေဠိနံပါတ် (၅) ကိုပြောတော့မယ်”

“သြော်.. အင်း”

မျက်နှာကို လက်ဝါးနှင့် သပ်ချပြီး ရုတ်တည်ကြီး လုပ်လိုက်ရ၏ ။

“ပြောတော့ ရပြီ။ မျက်နှာပိုးသတ်လိုက်ပြီ”

“ဒီမှာ ကြည့်”

“ဟုတ်ကဲ့”

ပြူးကြောင်ကြောင်နှင့် သူမ မျက်နှာကို စိုက်ကြည့်လိုက်သည်။ ထိုအခါ ဒိုင်းခနဲ မျက်စောင်း အထိုးခံရသည်။

“ကျွန်မကို ကြည့်ခိုင်းတာ မဟုတ်ဘူးရှင့်။ ဒီပုံကို ကြည့်ခိုင်းတာ”

“သြော် ငွေကွင်းခုနစ်ကွင်းကို ကြည့်ခိုင်းတာလား”

“ဟုတ်တယ် သေချာကြည့်”

သူမ စိတ်ကျေနပ်အောင် (မြင်ပြီးသား ဖြစ်ပါလျက်နှင့် ) သူ သေချာကြည့်ပြလိုက်ရသည်။ ဒီတော့မှ စကားရှေ့ဆက်လေ၏ ။

“လူ တစ်ယောက် ဟာ သုံးစရာငွေ တပြားတစ်ချပ်မှ မရှိအောင် ပိုက်ဆံပြတ်နေတယ် ”

“အဲဒီ လူက ခင်ဗျားလား၊ အဲ့ဒါဆို ကျွန်တော် အိမ်ပေါ်ခေါ်တင်ကျွေးထားမယ်လေ”

မျက်စောင်းက ဒိုင်းခနဲ ရောက်လာပြန်သည်။

“ပေါက်ကရ မပြောနဲ့ဆို။ ဒီမှာ စကားအကောင်းပြောတယ်”

“သြော်.. အင်းပါ။ မသိလို့.. ဆက်ပြော”

“အဲဒီ ပိုက်ဆံပြတ်နေတဲ့လူမှာ မိဘအမွေအ ဖြစ် ကွင်းခုနစ်ကွင်းပါတဲ့ ငွေကြိုးအတုတစ်ပိုင်း ရှိတယ်”

“အစစ်လား”

“အစစ်ပေါ့ရှင့်”

“အင်း..အင်း ဆက်ပြော”

“အဲဒီ လူဟာ အရေး ကြီးတဲ့ အိမ်လခ ပေးရမယ်။ ပေးစရာပိုက်ဆံလည်း သူ့မှာ မရှိဘူး..”

“သနားပါတယ်နော်”

မျက်စောင်းက ထိုးပြန်သည်။ ပြီးမှ…

“အိမ်ရှင်က အိမ်လခအ ဖြစ် လစဉ် ငွေကွင်းတစ်ကွင်းကို အာမခံအ ဖြစ် ပေးရင်း ကျေနပ် မယ်လို့ ပြောတယ်။ အဲဒီ လူကလည်း သူ မိဘအမွေပစ္စည်းကို အဖျက်မခံချင်ဘူး”

“အကျပ်အတည်းတွေ့ နေတာပေါ့နော် ဆက်ပြော ဆက်ပြော”

“ဒါပေမယ့် နောက် ရှစ်မြောက်ကျရင် သူ ပိုက်ဆံပေါပေါသီသီ ရစရာရှိတယ်”

“သြော် ၀င်ငွေတော့ ရှိသေးသားပဲ”

“အခု လောလောဆယ်မှာ တော့ တစ်ကျပ်မှ မရှိဘူး။ အိမ်ရှင်ကလည်း လခအတင်းတောင်း နေတယ်။ အဲဒါကြောင့် မလွှဲသာမရှောင်သာ ငွေကြိုးကိုပဲဖျက်ပေးရမှာ တော့မှာ ”

“ဒါပဲ ရှိတော့တာပေါ့လေ ဆက်ပြော ဆက်ပြော”

“အဲဒီ လူက သူ့မိဘအမွေပစ္စည်းမို့လို့ ဖျက်ရမယ်ဆိုရင်တောင်မှ အကုန်လုံး အနာတရ မ ဖြစ်စေချင်ဘူး။ တစ်ကွင်းတည်းပဲ ဖြတ်ချင်တာ။ အိမ်ရှင်ကိုလည်း တစ်ခါတည်း အကုန်ပေး မထား ချင်ဘူး။ ဒီကြားထဲမှာ ငွေအဆင်ပြေရင် လည်း ပြန်ရွေးရမှာ လေ။ အဲ့ဒါကြောင့် အိမ်လခ အာမခံအ ဖြစ် လစဉ် လည်း ပေးလို့ရအောင် ငွေကြိုးကိုလည်း တစ်ကွင်းတည်းအဖြတ်ခံရအောင် ဘယ်နေရာက ဖြတ်မလဲ”

“ကျွန်တော် ဖြေရမယ့် ပဟေဠိနံပါတ် (၅) က အဲဒါလား”

“ဟုတ်တယ် အဲ့ဒါပဲ”

သူမက ပြောပြောဆိုဆို ထိုင်ရာမထသည်။ ဟိုတစ်ခါလိုပဲ ဉာဏ်များ ပြီး သူ ကပျာက သီ တားလိုက်၏ ။

“ပြန်တော့မလို့လား။ နေပါဦး၊ ဒီမှာ ပဲ အေးအေးဆေးဆေး စာဖတ်ရင်း စောင့်နေပေါ့။ ကျွန်တော် အမြန်စဉ်းစားလိုက်ပါ့မယ်”

ဟင့်အင်း မစောင့်တော့ဘူး။ ဒီမှာ ဆက်နေရင် ရှင် ကျွန်မကို စကားမရှိ စကားရှာပြီး စနေဦးမှာ ပဲ။ အဲ့ဒါကြောင့် သွားတော့မယ်။ ရှင် အဖြေရတဲ့အချိန် သီရိတို့အိမ် လိုက်လာခဲ့။ ညနေ ငါးနာရီအထိ ကျွန်မ အဲဒီ မှာ ရှိမယ်“

ကောက်ခါငင်ကာ သူမ ထွက်သွားလေသည်။ ဒီတော့မှ စောစောက စနောက်မိတာတွေ အတွက် သူနောင်တရမိသည်။

အခုတော့ သူမ အနီးအနားမှာ ရှိနေခွင့်လေးတွေ အလဟဿ ဖြစ်ကာ လွင့်ပါးဆုံးရှုံးရ လေပြီ။

ရှင်းငြိမ်တိတ်ဆိတ်သော ဆိုင်းအတွင်းမှာ တစ်ယောက် တည်း ထိုင်ချင်စိတ်မရှိတော့သဖြင့် ကော်ဖီဖိုး၇ှင်းပြီး အောက်ထပ်ဆင်းလာခဲ့ပါသည်။

ပဟေဠိအတွက်အသုံးပြုရန် လမ်းဘေးရှိ ဆိုင်တစ်ဆိုင်ကိုဝင်ပြီး အရောင် တူ ဖန်စီ လက်ကောက် ကွင်းပြတ်ခုနစ်ကွင်းဝယ်ယူလိုက်သည်။ ပြီးသော အခါ အိမ်ပြန်ချင်စိတ်မရှိသဖြင့် ပန်းခြံတစ်ခုသို့ သွားလိုက်၏ ။

ပန်းခြံထဲရောက်တော့ အရိပ်ရသည့် မြက်ခင်ပြင်ပေါ်မှာ ထိုင်ပြီး လက်ကောက်ခုနစ်ကွင်း ငွေကြိုးပုံသဏ္ဌာန် ဆက်လိုက်သည်။

Cover

ဆက်ပြီးသား လက်ကောက်ခုနစ်ကွင်ကို အလျားလိုက်ကြည့်လိုက်၊ ဒေါက်လိုက်ကြည့်နှင့် ရှုထောင့်မျိုးစုံမှ အပြန်ပြန်အလှန်လှန် ကြည့်ပြီး စဉ်းစားသည်။

သို့သော် အဖြေက ရေး ရေး ကလေးမှ ပေါ်မလာချေ။

အတွက်ပုစ္ဆာတွေ ကို ချတွက်ကြည့်တော့လည်း အဆင်မပြေ။

အချိန်တွ တဖြည်းဖြည်းနှင့် ကုန်သွားသည်။

ဗိုက်ဆာလာပေမယ့် သူမစား။ ဒီအဖြေမရမချင်း ဘာမှ မစားဘူးဟု သန္နိဋ္ဌာန်ချထား လိုက်သည်။

ထိုင်၍ စဉ်းစားမရတော့ ထ၍ စဉ်းစားသည်။ ထ၍ စဉ်းစားမရတော့ လမ်းလျှောက်၍ စဉ်း စားသည်။ အဖြေတော့မရဘဲ ဗိုက်ပိုဆာလာတာသာ အဖက်တတ်လေသည်။

သူမ မျက်နှာကိုမြင်ယောင်ကာ အောင့်အီးကျိတ်မှိတ်၍ စိတ်အားတင်းထားလိုက်ပါသည်။

ထိုအခိုက်…

ပန်းခြံအတွင်း ပြေးလွှားဆော့ကစားနေသော ကလေးငယ်တစ်သိုက်ထဲမှ တစ်ယောက် က သူ့ကို ၀င်တိုက်၏ ။ သူ့လက်ထဲမှ လက်ကောက်တွေ လည်း လွင့်ကျသွားသလို ကလေးငယ်လည်း လဲကျသွား၏ ။

စိုးရိမ်စွာ ဖြင့် ကလေးငယ်ကို ဆွဲထူပေးလိုက် ပါသည်။

“သား .. ဘာ ဖြစ်သွားသေးလဲ”

“ဘာမှမ ဖြစ်ပါဘူး ဦး။ အေးကျေးပဲ”

ကလေးငယ်က သူ့ကစားဖော်များ ဆီ ပြန်ပြေးထွက်သွားလေသည်။ အပူအပင် နည်းပါး သော ကလေးဘ၀၏ လွတ်လပ်အေးချမ်းမှု တန်ဖိုးကို သူ မြတ်နိုးနှစ် ခြို့်၏ ။

လူတွေ သာ အသက်အရွယ်ကြီးရင်လာတာနှင်အမျှ အသိဉာဏ်တိုးတက်မှု နှင့်အတူ အလို ရမ္မက်တွေ ပိုမိုစုံလင်များ ပြားလာကြတာပဲ မဟုတ်လား။

လွင့်ကျသွားသော လက်ကောက်ကလေးတွေ ကို ပြန်လည်ကောက်ယူရန် ပြင်လိုက်သည်။

ထိုစဉ်…

သူ ဆက်ထားသော လက်ကောက်ခုနစ်ကွင်းထဲမှ တစ်ကွင်းက ပြုတ်ထွက်နေတော တွေ့  လိုက်ရသည်။

အမြင်မှာ ထူးခြားနေသည်။

Cover

ထိုမြင်ကွင်းကို ကြည့်ပြီး ခေါင်းထဲမှာ လက်ခနဲ ဖြစ်သွား၏

ကပျာကယာ လက်ကောက်ကလေးတွေ ကို မြက်ခင်းပေါ်မှာ ချပြီး တစ်တွဲ စီ အစဉ်လိုက် စီကြည့်လိုက်သည်။ ပြီး..ကျေနပ်စွာ လက်ဖျောက်တီးလိုက်၏ ။

အမှတ်မထင် ပဟေဠိပုစ္ဆာ အဖြေကို ရှာတွေ့ ခဲ့ပြီ ဖြစ်လေသည်။

လက်ကောက်တွေ အားလုံးကို အတွဲ ဖြုတ်ပြီး လက်တစ်ဖက်တစ်ချက်မှာ စွတ်လိုက်သည်။ ပြီးတော့ နှင်းသီရိသို့ အစောတလျှင် သွားလိုက်ပါသည်။

တဂွီးဂွး အော်မြည် နေသော ဗိုက်ကို လက်နှင့် ပွတ်၍ နှစ် သိမ့်ဖျောင်းဖျထားရ၏ ။

နှင်းသီရိတို့အိမ် ရောက်သော အခါ…

သူ့ကို မှတ်မိဟန်ရှိသော တံခါးမှူးဦးလေးကြီးက ချောချောချူချူပင် ခြံဝင်းတံခါးကို ဖွင့်ပေး ၏ ။ သူ ခြံထဲဝင်ဝင်ချင်းမှာ ပဲ အိမ်ထဲမှ နှင်းသီရိနှင့် စွဲငြိတွယ် သူ့ကိုကြည့်ပြီးတော့ ရယ်ကာ..

“ဘယ်လို ဖြစ်တာလဲ ကိုမိုးအိမ်သစ်ရယ်၊ လက်နှစ် ဖက်စလုံးလက်ကောက်တွေ နဲ့ ပါလား။ ပဟေဠိတွေ အဖြေများ ပြီး အာရုံကြောတွေ ထိကုန်ပြီနဲ့တူတယ်”

“အဲ”

နေရင်းထိုင်ရင်း အရူးနဲ့ အနှိုင်းခံရပြီ။ သူ မချိုပြုံး ပြုံးလိုက်ပြီး

“ဒီလောက်ကတွေ က အချဉ်မဟုတ်ဘူးဗျ။ ပဟေဠိကို အဖြေထုတ် ပေးတဲ့ ကျေးဇူးရှင် တွေ ”

စွဲငြိတွယ် သူ့ကိုစိုက်ကြည့်ကာ..

ဘယ်လိုလဲ ရှင် အဖြေရလာပြီလား“

သူခေါင်းညိတ်ပြလိုက်သည်။

“ရလို့ ဒီလို လာတာပေါ့ဗျာ။ မရသေးရင် ဘယ်လာပါ့မလဲ”

“ဟုတ်ပါပြီ ရှင့်အဖြေကို ပြောစမ်းပါဦး လာလေ အိမ်ထဲကို”

သုံးယောက် လုံး အိမ်ထဲ ၀င်ခဲ့ကြသည်။

ဧည့်ခန်းမှာ ထိုင်မိတာနှင့် သူက လက်ကောက်ခုနစ်ကွင်းကို ဆက်လိုက်၏ ။ ပြီး.. သူမကို ပြလိုက်သည်။

“ဒါ ငွေခုနစ်ကွင်းပေါ့ဗျာ”

Cover

သူမက သေချာကြည့်နေသည်။

ထိုကွင်းခုနစ်ကွင်းထဲမှ တစ်ကွင်းကို သူ ဖြုတ်ပြလိုက်၏ ။

“ငွေကြိုးကို ဒီနေရာက ဖြတ်မယ်ဗျာ”

Cover

ပြီးသော အခါ…

“ပထမလမှာ ဒီငွေကွင်းအပြတ်ကလေးကို ပေးမယ်”

Cover

“ ဒုတိယလမှာ အဲဒီ ငွေကွင်း အပြတ်ကလေးကို ပြတ်ယူပြီး ဒီနှစ် ကွင်းတွဲ လေးကို ပေးမယ်”

Cover

“သုံးလမြောက်မှာ တော့ အဲဒီ နှစ်ကွင်းတွဲ လေးတွေ နဲ့အတူ ကွင်းပြတ်ကလေးပါ ပေးမယ်”

Cover

“လေးလမြောက်ကျရင် အဲဒီ သုံးကွင်းစလုံးကို ပြတ်ယူပြီး လေးကွင်းတွဲ လေးကို ပေးမယ်”

Cover

“ငါးလမြောက်ကျရင် အဲဒီ လေးကွင်းတွဲ လေးကို ကွင်းပြတ်ကလေးပေးမယ်”

Cover

“ခြောက်လကျရင် ကွင်ပြတ်ကလေးကို ပြန်ယူပြီး လေးကွင်းတွဲ နဲ့ နှစ် ကွင်းတွဲ ကို ပေး မယ်”

Cover

“ခုနစ်လပြည့်ရင်တော့ အကုန်သာ ပေးလိုက်တော့ပေါ့ဗျာ”

Cover

သူမက သူ ရှင်းပြတာကိုကြည့်ပြီး ခေါင်းတဆတ်ဆတ်ညိတ်သည်။

“အင်း ရှင်က တော် တော် ဉာဏ်ကောင်းတာပဲါ”

“အဟဲ”

သူ သွားဖြဲပြလိုက်၏ ။ အမှန်က စိုင်ကော်လို့ ချုံပေါ်ရောက်ခဲ့တာ မဟုတ်လား၊

ဘာပဲပြောပြော ပဟေဠိ နံပါတ် (၅) ကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြီ ဖြစ်ဒ။

ပျော်ရွှင်စွာ စိတ်လျော့လိုက်မှ ဗိုက်ထဲက ထိန်းမရသိမ်းမရဆာလောင်လာလေ သည်။ ဒါကြောင့် မျက်နှာငယ်လေးနှင့် နှင်းသီရိကို ကြည့်ကာ..

“မနှင်းသီရိ ..ကျွန်တော့်ကို ဘာမှ မကျွေးတော့ဘူးလားဟင်”

“ရှင်..”

“ကျွန်တော် ဗိုက်အရမ်းဆာနေလို့ဗျ။ အဲဒါ တစ်ခုခု ကျွေးပါလား”

“သြော်…”

နှင်းသီရိက ကရုဏာသက်သွားပုံရသည်။

“ ရှင် ဘာမှ မစားရသေးဘူးလား”

“မစားရသေးဘူးဗျ။ ပဟေဠိကို မဖြေနိုင်မချင်း ဘာမှ မစားဘူးလို့ ဆုံးဖြတ်ထားတာ”

“ရှင့် ဒုက္ခက မသေးပါလားနော်”

နှင်းသီရိက မုန့်ပဲသွားရေစာတွေ ချကျွေးသည်။ အငတ်ဘေးဆိုက်နေသူ တစ်ယောက် လို သူ အားပါးတရ စားလိုက်ပါသည်။

ထိုမြင်ကွင်းကို စွဲငြိတွယ်က စူးစူးရှရှ ငေးကြည့်နေချေ၏ ။

သူမ မျက်ဝန်းမှာ အရောင် တစ်မျိုး စိုးမိုးနေလေသည်။

* * * * *


ဒီနေ့မနက် နှစ် ဦးဆုံတာနှင့် သူမျက်နှာပိုး သတ်ထားလိုက်သည်။ မနေ့ကလို သူ မစိတ်ခု သွားမှာ စိုးသော ကြောင့် ဖြစ်၏ ။

လူချင်းတွေ့ တာနှင့် သူမက…

“ဒီနေ့တော့ ရှင့်ကို မေးရိုးမေးစဉ် ပဟေဠိတွေ မမေးဘူး။ ထူးထူးခြားခြား ဖြစ်သွားအောင် ကျွန်မရှေ့မှာ ပဲ လူ တစ်ယောက် ရဲ့ ပစ္စည်းတစ်ခုကို ခိုးပြရမယ်”

“ဗျာ”

သူ မျက်လုံးပြူးသွားမိသည်။

“ခင်ဗျား ကျွန်တော့်ကို အချုပ်ထဲရောက်အောင် လုပ်နေတာလား”

“အဲဒီ လောက်ကြီးလည်း မဆိုးဝါးပါဘူးရှင်။ ရှင် ခိုးရမယ့်ပစ္စည်းက တန်ဖိုးထားတတ်တဲ့ လူ တွေ အတွက် တော့ တန်ဖိုးရှိပြီး တန်ဖိုးမထားတတ်တဲ့ လူတွေ အတွက်တော့ တန်ဖိုးမရှိတဲ့ ပစ္စည်းမျိုး ဖြစ်ရမယ်။ အဲဒီ ပစ္စည်းကို ပိုင်ရှင်မသိအောင် ခိုးယူရမယ်။ ဒါပေမဲ့ပိုင်ရှင်က ကြည် ကြည်ဖြူဖြူပေးတာမျိုးလည်း ဖြစ်စေရမယ်”

သူ ခေါင်းစားသွားသည်။ ဒါဟာ တော် တော် မလွယ်တဲ့ကိစ္စပဲ။

သူမ၏ စမ်းသပ်မှု တွေ က တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်လာသည်။ ပဟေဠိနံပါတ် (၆) အ ဖြစ် ဒီနေ့ စေခိုင်းမှု ကို ဘယ်လိုများ ဖြေရှင်းရပါ့မလဲ…

သူမ ပြောတာတွေ ကို စဉ်းစားသုံးသပ်ကြည့်လိုက်ရာ..

၁။ ပစ္စည်းတစ်ခုကို ပိုင်ရှင်မသိအောင် ခိုးယူရမယ်။

၂။ အဲဒီ ပစ္စည်းကို ပိုင်ရှင်က ကြည်ကြည်ဖြူဖြူ ပေးတာမျိုးလည်း ဖြစ်ရမယ်။

၃။ အဲဒီ ပစ္စည်းဟား တန်ဖိုးထားတတ်တဲ့ လူတွေ အတွက်တော့ တန်ဖိုးရှိပြီး တန်ဖိုးမထား တတ်တဲ့ လူတွေ အတွက်တော့ တန်ဖိုးမရှိတဲ့ပစ္စည်းမျိုး ဖြစ်ရမယ်။

အားပါးပါး .. တစ်ခုမှ မသက်သာပါလား..

ထိုအချက်သုံးချက်စလုံးမှာ ခက်ခဲမှု တွေ ရှိသည်။ ပြီးတော့ တစ်ပြိုင်နက်တည်း ဆောင်ရွက် ရမည့်  ကိစ္စမျိုးလည်း ဖြစ်၏ ။ သူမ.. သူ့ကို ကောင်းကောင်းသင်ခန်းစာပေးလေပြီ။

“လာဗျာ ကျွန်တော် တို့ လမ်းလျှောက်ရအောင်”

သူမကိုခေါ်ပြီး ဗိုလ်ချုပ်လမ်းအတိုင်း စုန်ဆင်းလျှောက်လာခဲ့သည်။ လမ်းလျှောက်ရင်း ဉာဏ်နီဉာဏ်နက် ဉာဏ်ဝါ ဉာဏ်ပြာတွေ အစရှိသဖြင့် ဉာဏ်ခုနစ်ထွေကို ဦးနှောက်ထဲမှ ညှစ်ထုတ် တူးဆွနေမိတော့သည်။

ရွှေဘုံသာလမ်းထိပ်နားအရောက်တွင် ..

“ခဏဗျာ”

လှမ်းလက်စ ခြေလှမ်းတွေ ကို ရပ်ပြီး လမ်းနံဘေးမှာ ထိုင်၍ တောင်းနေသော အမယ်အို တစ်ဦးထံ သူ သွားလိုက်သည်။ ပြီး.. အမယ်အို၏ ရှေ့၌ ဆောင့်ကြောင့်ထိုင်ကာ…

“အဘွား ဒီနေ့ ရာသီဥတု သာယာတယ်နော်”

“ဟင် သြော် အေး အေးကွဲ့”

အမယ်အို ကြောင်စီစီ ဖြစ်နေသည်။ သူက အလန့်တကြားပုံစံဖြင့် ..

“ဟာပြောရင်းဆိုရင်း ဗြုန်းစားကြီး မိုးတွေ ညိုလာပါလား ဟိုမှာ ကြည့်စမ်း အဘွား..”

“ဘယ်မှာ လဲကွဲ့”

“ကောင်းကင်မှာ လေ”

အမယ်အိုက အဟုတ်မှတ်ပြီး မော့ကြည့်သည်။ အဲသည်အချိန်မှာ ပဲ အမယ်အို၏ ရှေ့ရှိ ကော်ခွက်အစုတ်ကလေးကို ဆွဲယူပြီး သူ နောက်ကျောဘက် ဖွက်ထားလိုက်သည်။

“ဘယ်မှာ မိုးတွေ ညို့လို့လဲ ငါ့တူရယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းမျက်စိမှု န်နေတာပဲ ဖြစ်ရ မယ်။ အခုရာသီဥတု ဟင် ငါ့ခွက်.. ငါ့ခွက် ဘယ်ရောက်သွားလဲ”

အမယ်အိုက တုန်တုန်ချိချိနှင့် သူ့ခွက်ကို လိုက်ရှာသည်။ နောက် ကျောဘက်မှ ဖွက်ထား သော ခွက်ကို သူ ထုတ်ပေးလိုက်ပြီး..

“အဘွား ခွက်က ဒီမှာ ပါ အဘွားရယ်”

“သြော် တော် သေးတာပေါ့”

“ကျွန်တော့်ကို ဒီခွက်ကလေး ပေးပါလားဟင်”

“အို ဘယ် ဖြစ်မလဲ ငါက ဒါလေးနဲ့ပဲ တောင်းစားနေရတာ ”

“ပေးပါ အဘွားရယ် ကျွန်တော် အရေး တကြီးလိုနေလို့ပါ

“မပေးနိုင်ဘူး။ မပေးနိုင်ဘူး မင်းအမြန်ထွက်သွား ငါက ပိုက်ဆံထည့်မယ်လူလားလို့ အသာကြည့်နေတာ။ လက်စသတ်တော့ ခွက်လုတဲ့လူ ဖြစ်နေတာကိုး”

အမယ်အို၏ အော်သံကြောင့် သူ ရှက်သွားမိ၏ ။

“စတာပါ အဘွားရယ် ကျွန်တော် က ပိုက်ဆံထည့်မလို့ပါ”

အကြွေငါးဆယ်ထည့်ပြီး စိတ်လျော့ကာ ထလာခဲ့ရသည်။ တော် ကြာ သူတောင်းစာခွက်လု တဲ့ အမှု နဲ့ ရုံးရောက် ဂါတ်ရောက် ဖြစ်လျှင် ဆွေစဉ်မျိုးဆက် မရှုမလှ နာမည် ပျက်ပေတော့မည် ။

သူတို့မျိုးရိုးက သူတောင်းစားခွက်တောင် လုတာ ဆို သေရော..

“မိုးအိမ်သစ် ရှင် ဘာတွေ သွားလုပ်နေတာလဲ”

“အဲဒီ ခွက် က ကျွန်တော် တို့အတွက် တန်ဖိုမရှိပေမယ့် သူ့အတွက်တော့ တန်ဖိုးရှိနေ တယ်လေ။ အဲဒါကြောင့်ပါ”

“ရှင်ဟာလေ လုပ်လိုက်ရင်”

သူမက သူ့ကိုကြည့်ပြီး တစ်ခစ်ခစ်ရယ်လေသည်။

“ကြံရာမရဆိုတာ အဲဒါမျိုးပေါ့ဗျာ

ရွှေဘုံသာလမ်းထဲသို့ ချိုးကွေ့ဝင်လာခဲ့ကြ၏ ။ မျက်မှန်ဆိုင်တွေ ပေါများ လှသဖြင့် မျက်မှန် ၀င်ခိုးရင် ကောင်းမလားဟုပင် တွေးမိသေးသည်။

ထိုစဉ်..

“သစ်ကြာစေ့တွေ ရမယ်၊ သစ်ကြာစေ့ ပူပူလေးတွေ ”

သူစိတ်ဝင်စားသွားသည်။ ထိုလက်တွန်းလှည်းသည်ကလေးဆီ သွားလိုက်ပါ၏ ။

“ဘယ်လိုရောင်းလဲ ညီလေး”

“တစ်ဘူးကို နှစ်ရာပါ အစ်ကို”

“ဒါဆို တစ်ဘူးပေးကွာ”

ကောင်လေးက ကြွပ်ကြွပ်အိတ်ကလေးထဲကို နို့ဆီဘူးဖြင့် တစ်ဘူးခပ်ထည့်နေသည်။ အဲဒီ အချိန်မှာ သူက လစ်ပြီအထင်နှင့် သစ်ကြာစေ့တွေ ကို လက်တစ်ဆုပ်နှိုက်ယူလိုက်သည်။

ဒါကို မျက်စိလျှင်သော ကောင်လေးက မြင်သွားပြီး

“အဲဒါ အစိမ်းတွေ အစ်ကို၊ ဒီအတိုင်း စားလို့မရဘူး”

“သြော် အေး အေး”

သူ ရှက်ကိုးရှက်ကန်း ဖြစ်သွားရ၏ ။

“အစ်ကို့ကို ဒါလေး လက်တစ်ဆုပ်လောက် ပေးပါလား”

“မ ဖြစ်ဘူးဗျ ကျွန်တော် တို့က တစ်စိကျန် နှစ်စိကျန်လေးပဲ အမြတ်စားရတာ ။ အစ်ကို အစိမ်းလိုချင်ရင် ဘူးလိုက်ဝယ်လေ။ ကျွန်တော် ရောင်းပေးပါ့မယ်”

“နေ.. နေပါစေတော့ကွာ ဒါပဲ ယူပါတော့မယ်”

ပိုက်ဆံ နှစ် ရာထုတ်ပေးပြီး ကြွပ်ကြွပ်အိတ်ထုတ်ကလေးကိုဆွဲကာ သူ ထွက်လာခဲ့တော့၏ ။ ဒီတစ်နည်းလည်း မ ဖြစ်မြောက်ပေ။

သူမက သူ့ကို ဘုမသိဘမသိနှင့် သူ့ကိုကြည့်ကာ…

ရှင် ဗိုက်ဆာနေတာလား။ အဲဒါဆို တစ်ခုခု သွားစားကြမယ်လေ”

“ကောင်းသားပဲ”

ဦးနှောက်ဆေးရင်း စိတ်ပြေလက်ပြောက် အ ဖြစ် သဘောတူလက်ခံလိုက်သည်။

“ဘာစားကြမလဲ”

“နေ့လယ်စာ စားချိန်လည်း နီးနေပြီဆိုတော့ ချစ်တီးထမင်းသွားစားရအောင်”

“အင်း ကောင်းတယ်။ ကျွန်တော် လည်း ဒီရက်ပိုင်း ချစ်တီး ထမင်း စားချင်နေတာနဲ့ အတော် ပဲ

နှစ် ယောက် သား စိတ်ကူကိုယ်တူ ဆူးလေဘက် ပြန်လျှောက်ခဲ့ကြသည်။ တဖြည်းဖြည်း သူမ သည် သူနှင့် အကျွမ်းတ၀င်နီးစပ်လာသည်ဟု စိတ်ထဲမှ အလိုအလျှောက် ခံစားရမိလေသည်။

ချစ်တီးထမင်းဆိုင်မှာ သူမနှင့်အတူ ထမင်းလက်ဆုံစားရင်း သူ ရင်ခုန်ကြည်နူးနေမိ၏ ။ ရှင် သန်ခြင်း နေရက်တွေ တိုင်း ဒီလိုသာဖြတ်သန်းရရင် ဆိုသော အတွေးက သူမကို အရေး တကြီး လိုအပ်စေပါသည်။

ထိုအခြေအနေဆီ ရောက်ရှိဖို့ ကြားခံနယ်ပယ်အဆင့်တွေ ကို ဖြတ်ကျော်ရပေဦးမည် ။

“အဲဒါ ဘာလုပ်တာလဲ”

“ခိုးတာလေ”

ထမင်းဆိုင်မှ ခက်ရင်းတစ်ချောင်းကို သူ ဘောင်းဘီအိတ်ထဲ ထိုးထည့်တော့ ဖြူဖွေး ညီ ညသော သွားတန်းကလေးပေါ်သည်အထိ သူမရယ်သည်။

စားသောက်ပြီး၍ ကောင်တာမှာ ငွေသွားရှင်းသော အခါ..

“ဒီဆိုင်က ပစ္စည်းတစ်ခုလောက် ကျွန်တော် ၀ယ်ချင်လို့ ရမလားအစ်ကို”

“ဘာဝယ်မှာ လဲ”

“ခက်ရင်းတစ်ချောင်းလောက်ပါ”

ကောင်တာမှ လူ မျက်မှော က်ကြုတ်သွားသည်။

“ဒါ ထမင်းဆိုင်လေဗျား ခက်ရင်းလိုချင်ရင် ခက်ရင်းရောင်းတဲ့ဆိုင သွားဝယ်ပေါ့ဗျာ တကတည်းမှာ ပဲ”

ထိုစဉ်မှာ ပင်..

စားပွဲထိုးတစ်ဦး၏ ကျယ်လောင်သော အသံအား ကြားလိုက်ရ၏ ။

“၀ိုင်းနံပါတ် (၈) ခက်ရင်းတစ်ချောင်း ပျောက်နေတယ်”

“အဲ..”

အရှက်မကွဲခင် အမြန်ထုတ်ပေးလိုက်ရ၏ ။

“ဒီမှာ ကျွန်တော့်ဆီ ညပ်ပါလာတာ အဟဲ”

ခက်ရင်းကို ကောင်တာစားပွဲပေါ်တင်ပြီး ဆိုင်ထဲမှ အသွက်လက်ဆုံး သုတ်ခြေတင်လာခဲ့ သည်။ ဒီတစ်ခါလည်း သူခိုးလူမိခံရ၏ ။

ဆိုင်ပြင်ရောက်သော အခါ သူမက သူ့ကို မထိတရိပြုံးကြည့်ပြီး..

“ဘယ်လိုလဲ ဒီနေ့အဖို့ ရှင် အရှုံးပေးရတော့မယ်နဲ့တူတယ်”

သူ မခံချိမခံသာ ဖြစ်သွားရ၏ ။

“ဘာလို့ အရှုံးပေးရမှာ လဲ ကျွန်တော် က ခင်ဗျားပျော်အောင် တမင်လျှောက်လုပ်နေတာ။ ပြီးတော့ ခင်ဗျားအနားမှာ လည်း ကြာကြာနေချင်လို့ အချိန်ဆွဲထားတာ”

“အပြော ကတော့ ရွှေမန်းပဲ”

“အကကိုလည်း စောင့်ကြည့်လိုက်ပါဦးလေ ချိုမိုင်မိုင်မဟုတ်ပါဘူးဗျာ”

* * * * *




ဝန်ဇင်းချစ်သူများ လင်းညှို့သွေး ၏ “ ချစ်သူခိုင်းဖတ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တိမ်တိုက်တို့ရဲ့အသွင်ကွဲရာသီ

ရယ်သံထွက်နေတဲ့ မျက်ရည်စက်

အလင်းဖျောက်ကြယ်