
အလင်းဖျောက်ကြယ်
သူမသည်ဆောင်းရာသီတွင် ဖြစ်ပေါ်လေ့ရှိသော နှပ်ချီးကဲ့သို့ ကျွန်တော့် အပေါ်၌ ပျော့ချွဲချွဲနှင့် စေးထန်းထန်းနိုင်လှသည်။ သူမသည် အခွင့်အရေး ရလျှင်နေနှင့် လကိုပင် လေထီးလုပ်ပစ်မည့်  လူစား ဖြစ်သည် သူမနှင့် ပေါင်းသင်းရသည်မှာ အားပြင်းသော ဝမ်းနှုတ်ဆေးကို စားသုံးထားရသည်နှင့် ပမာတူ၏ ။ ကျွန်တော် သည် သူမနှင့် ဆုံပြီဆိုလျှင် အပျိုစင် တစ်ယောက် ၏ လေလည်သံလောက်တောင်မှကျယ်လောင်ခွင့်မရသူ ဖြစ်ပေသည်။
“ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဟေ့”
သူမက လက်သီးတပြင်ပြင်နဲ့ စိန်ခေါ်နေတာပါ။ အမြင်မတော် တာကြောင့် ကောင်မလေး တစ်ယောက် က ဝင်တားတယ်။
“နင် အဲဒီ လို အော်မနေနဲ့။ တော် ကြာ အကုန်လုံးဝိုင်းဆော်ပစ်လို့မသာ ပေါ်နေဦး မယ်”
“ အို…ကြောက်စရာလား။ လာရဲရင် လာစမ်းပါစေ။ လက်ရုံးချင်းယှဉ်ပစ်လိုက်မယ်”
သူမက မလျော့ဘဲ လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်ပြန်ပါတယ်။ ဒါကိုကြည့်ပြီး နံဘေးက ကောင်မလေးက ခေါင်းခါတယ်။
“လက်ရုံးချင်းယှဉ်ပစ်လိုက်မယ်ပြောရအောင် နင်ကဘယ်လောက် အားသန်လို့လဲ”
“အမယ်…ငါ့များ အထင်သေးလိုက်တာ။ ဟောဒီမှာ ကြည့်”
သူမက ချက်ချင်း ပဲ ညာဘက်အင်္ကျီလက်မောင်းကို ပင့်တင်လိုက်ပြီးတော့ ကြွက်သားညှစ်ပြပါတယ်။
“အိစ်”
ကီးသွင်းပြီး အီးထွက်မတတ် အားစိုက်ညှစ်ထုတ်နေပေမယ့် သူမရဲ့ ကြွက်သားက နည်းနည်း လေးတောင် ဖုထွက်မလာပါဘူး။ ဒါကြောင့် နံဘေးကကောင်မလေးက လှောင်ရယ်,ရယ်တယ်။
“အဟိ…နင့်မှာ ဗလလည်းမရှိဘဲနဲ့”
“အာ…”
စပ်ဖြဲဖြဲနဲ့ မျက်နှာလေးနီရဲပြီး သူမရှက် သွားပါတယ်။ ဒါလည်း ခဏပါပဲ။ ရုပ်က စူပုပ်ပုပ်နဲ့ ချက်ချင်း ပြန်တည်သွားတယ်။
“အောင်မာ…ဗလမရှိဘူးဆိုပြီး အထင်တော့လာမသေးနဲ့နော်။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ ဘာမှတ်နေလဲ၊ ငါကဗလမရှိပေမယ့် ဇရှိတယ်ဟေ့”
လေသံမာထန်ထန်နဲ့သူမက လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်ပြန်ပါတယ်။ ဟုတ်ပါတယ်။ သူမပြောတာမမှားပါ။
သူမဟာ တကယ့်ကိုပဲဗလမရှိပေမယ့် ဇရှိသူလေး ဖြစ်ပါတယ်။
“ဟေ့…ဟေ့…ခဏနေဦး”
သူမရဲ့ ခေါ်သံကြောင့် ကောင်လေးက လှမ်းလက်စ ခြေလှမ်းကို ရပ်တန့် လိုက်တယ်။ သူ လှည့်ကြည့်လိုက်တော့ လက်နောက်ပစ်ပြီး ရပ်နေတဲ့သူမကိုတွေ့ တယ်။
“ဘာလဲဟင်”
“နင့်ကိုငါ အကြွေးလာပေးတာ”
သူမအဖြေကြောင့် အသုံးအစားပြတ်နေတဲ့ ကောင်လေးရဲ့ မျက်နှာ ဝင်းလက် သွားတယ်။
“အတိုးကော ပေးမှာ လားဟင်”
“ပေးမှာ ပေါ့”
“ပိုပိုသာသာလေး ပေးနော်”
“အေးပါ”
ပုထုဇဉ်ပီသစွာ ကောင်လေးရဲ့ လောဘက ထွက်လာတယ်။
“ဒါဆိုပေးတော့လေ”
“ရော့…”
နောက်ဘက်မှာ ကွယ်ဝှက်ထားတဲ့သူမရဲ့ ညာလက်ကရုတ်တရက် မြောက်တက် လာတယ်။ တုတ်တစ်ချောင်းက ဝှီးခနဲပဲ။
“ဖြောင်း”
“အား”
ကောင်လေးကား သွားပါတယ်။
သူတောင်းထားတဲ့အတိုင်း ပိုပိုသာသာလေးပါပဲ။
သူမဟာ အဲ့ဒီလိုပဲ
အကြွေးရှိရင်မနေတတ်သူလေး ဖြစ်ပါတယ်။
လုံးကြီးပေါက်လှ အမျိုးသမီးသုံးယောက် လမ်းလျှောက်လာနေတာကိုလက်ထဲမှာ လေးခွတစ်လက်ကိုင်ဆောင်ထားတဲ့ သူမက တွေးတွေးဆဆ ပုံစံနဲ့ မျက်မှော င် ကလေး ကျုံ့ပြီး ကြည့်နေတယ်။
ပြီးလည်းပြီးရော …ဝေခွဲရခက်ဟန်နဲ့ ခေါင်းခါတယ်။
ပြီးလည်းပြီးရော … လေးခွကို အသင့်ပြင်တယ်။
ပြီးလည်းပြီးရော…စနိုက်ပါတပ်သား တစ်ယောက် လိုမျက်စိတစ်ဖက်မှိတ်ပြီး ပစ်မှတ်ကို ချိန်ရွယ်တယ်။
ပြီးလည်း ပြီးရော…
“မိန်းမသုံးယောက် ဖင်ကောက်ကောက် အကောက်ဆုံးဖင် လောက်စာလုံးဝင်။ ကဲဟာ…”
ပြီးလည်းပြီးရော…
“ဝှစ်”
ပြီးလည်း ပြီးရော…
“ဖွတ်”
ပြီးလည်းပြီးရော
“အင်း…အလယ်က မိန်းမ ဖင်အကောက်ဆုံးပဲ”
ပြီးလည်း ပြီးရော
အဟဲ …ပြောလည်းပြော ပြေးလည်းပြေးပေါ့ဗျာ။
သူမဟာ အဲ့ဒီလိုပဲ
စူးစမ်းလေ့လာမှု အားကောင်းတဲ့ ထင်ရာစိုင်းတတ်သူလည်း ဖြစ်ပါတယ်။
သူမ တစ်ယောက် တည်း မော့ကန်း မော့ကန်းနဲ့ လမ်းလျှောက်နေချိန်မှာ ပေါ့။
“ပျစ်”
“ဟယ်…ပေကုန်ပြီ”
လူ တစ်ယောက် က အမှု မဲ့အမှတ်မဲ့ တံတွေးထွေးလိုက်ရာမှ သူမကို စင်သွားတာပါ။ ဒါကို ဟိုလူကလည်း ယဉ်ကျေးမှု ရှိစွာ တောင်းပန်ပါတယ်။
“ဆောရီးနော်။ ကျွန်တော် တောင်းပန်ပါတယ်”
“ဟင့်အင်း….မတောင်းပန်ပါနဲ့”
“ကျွန်တော်က နောက်လှည့်မကြည့်ဘဲ ထွေးလိုက်မိတာဆိုတော့ ကျွန်တော့်  အပြစ်ပါ”
“ဒါတွေ ပြောနေစရာမလိုပါဘူး”
သူမ ကတော့ ခပ်တည်တည်ပဲ။ ဟိုလူ ကတော့ အားနာနေတယ်။
“ဘယ်ဟုတ်ပါ့မလဲဗျာ။ ဒီကိစ္စမှာ ကျွန်တော် က မှားတာဆိုတော့”
“မပြောပါနဲ့လို့ဆို”
ဟိုလူက သူမကိုအထင်ကြီးလေးစားဟန်နဲ့ ကြည့်တယ်။
“အေးပါဗျာ…ဒါဆိုလည်း မပြောတော့ပါဘူး။ ခင်ဗျားအခုလို သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်”
“အောင်မယ်…ရှင့်ကိုဘယ်သူက ခွင့်လွှတ်တယ်ပြောလို့လဲ”
“ဟင်…ဒါဆို”
“ဗျာ”
သူမပါးစပ်ကနေ အရှိန်အဟုန်ပြင်းပြင်းနဲ့ ခုန်ထွက်လာတဲ့ နီစွေးစွေးကွမ်းတံတွေး ဟာ ဟိုလူရဲ့ အင်္ကျီပေါ်ကို ရဲခနဲဖြာကျ သွားပါတော့တယ်။
သူမဟာ
အဲဒီ့ လိုပဲ
သက်ရောက်မှု တိုင်းဟာ တန်ပြန်သက်ရောက်မှု ရှိတယ်ဆိုတဲ့ ဆာအိုက်ဇယ် နယူတန် ရဲ့ နိယာမကို လက်တွေ့ ကျင့်သုံးတတ်သူလည်း ဖြစ်ပါတယ်။
“အနားဂျဂျာ ဂင်ညာ။ အနားဂျဂျာ”
နှုတ်ခမ်းကွဲနေတဲ့ သူတောင်းစား တစ်ယောက် ဟာ ဈေးအပေါက်ဝမှာ စီးပွားရှာနေ ပါတယ်။ အဲဒီ နေရာကို သူမ မှု န်တေတေနဲ့ ရောက်သွားလေရဲ့ ။
“အနားဂျဂျာ ဂင်ညာ။ အနားဂျဂျာ”
သူမကိုမြင်တာနဲ့ သူတောင်းစားက မျက်နှာကိုရှိရင်းစွဲထက်အဆတစ်ရာလောက် အိုချပစ်လိုက်ပြီးတော့ ထုံးစံအတိုင်း လုပ်ငန်းစပါတယ်။ သူမက သူတောင်းစားရှေ့မှာ ဆောင့်ကြောင့် လေးထိုင်ချလိုက်တယ်။
“ဦးလေးကြီး…အလုပ်အကိုင် အဆင်ပြေလား”
“ညိုးညားညူး”
“တွက်ချေကိုက်နေပြီပေါ့”
“ညဲ…ညိုညာညေးညယ်”
သူတောင်းစားကလည်း အလာကြီးဗျ။ သူမကဘာမှမပြောရသေးဘူး။ သူတောင်းစားရဲ့ ခွက်ထဲ လက်နှိုက်ပြီး ပိုက်ဆံအကြွေတွေ ကို ရေတွက်ကြည့်နေတယ်။
“အမယ်…ခြောက်ရာနဲ့လေးဆယ်တောင်ရနေပြီပဲ။ ဦးလေးကြီး ဝင်ငွေက ဘယ်ဆိုး လို့လဲ”
“ညုတ်ညဲ့ ညုတ်ညဲ့”
“ဦးလေးကြီး….ဟိုလေ…”
“ညော…ညော…”
“သမီးကို ပိုက်ဆံနှစ် ရာလောက် ပေးပါလား”
“ညင်…”
သူတောင်းစားမျက်စိမျက်နှာပျက်သွားပြီး သူမလက်ထဲက သူတောင်းလို့ရတဲ့ ပိုက်ဆံကလေးတွေ ကို ဆတ်ခနဲ ပြန်ဆွဲယူတယ်။ ပြီးတော့ ကြေမွမတတ် ကျစ်ကျစ် ပါအောင် ဆုပ်ထားတယ်။
“ဘာပဲ ဖြစ် ဖြစ် ဦးလေးကြီး သမီးကို ပိုက်ဆံနှစ် ရာပေးပါ။ မပေးရင်တော့ သမီး ဒီနေရာက လုံးဝမပြန်ဘူး။ မရမချင်းကိုထိုင်နေမှာ ”
“ညာ….”
သူတောင်းစား မျက်လုံးတွေ ပြာကလွတ်ပြာကလွတ် ဖြစ်သွားတယ်။ တစ်ဖက်သား ပြာကလွတ် ဖြစ်နေပေမယ့် သူမ ကတော့ဇွတ်ပဲ။ သူတောင်းစား နံဘေးမှာ စွတ်ခနဲ ဝင်ထိုင်ချက်တာ သူတောင်းစားခန္ဓာကိုယ်တောင်တွန့်ခနဲ ဖြစ်သွားတယ်။
“အညှင့်…မညှိညို့ ညောင်းညားညာညယ်ညိုညေညွာ”
ပဲ့ပဲ့ကြီးထိုင်နေသော သူမကိုကြည့်ပြီး သူတောင်းစားမျက်နှာကြီး သွေးဆုတ် ဖြူရော်လာတယ်။ သက်ပြင်းလေးတွဲ တွဲ ကြီးကို ဟူးခနဲချပြီး လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ပိုက်ဆံအကြွေလေးတွေ ကို နှမြောတွန့်တိုစွာ ကြည့်တယ်။ ပြီးတော့ ယတိပြတ် ဆုံးဖြတ်ချက်ကိုချလိုက်ဟန်နဲ့ အကြွေတွေ ထဲ ကနေ နှစ် ရာပြည့်အောင် ရေတွက်ယူပြီး လက်တုန်တုန်ယင်ယင်နဲ့ သူမထံကမ်းပေးတယ်။
“ညော့…ညူညွား။ ညညီညာညိုညော့ ညာညညုညဲ့”
“ကျေးဇူးပဲ”
သူတောင်းစားဆီက ပိုက်ဆံကို အခွက်ပြောင်ပြောင်နဲ့ယူပြီး သူမထွက်သွားတယ်။ တောင်းစားနေသူကိုမှ ပိုက်ဆံလာတောင်းတာခံလိုက်ရတာ ကြောင့် သူတောင်းစားဒေါသ ထွက်သွားပုံရတယ်။ တက်တောင်ခေါက်တယ်။
“ကတော…ချွေးမညေး”
အဲဒီ အသံကြောင့် ခြေလှမ်းသုံးလှမ်းလောက်ပဲ လှမ်းရသေးတဲ့ သူမက ချာခနဲ ပြန်လှည့်လာတယ်။
“ဦးလေးကြီး…ခုနက သမီးကို ဆဲလိုက်တာမို့လား။ ရသမျှ အကုန်ပြောင်ချင်ပြီ ထင်တယ်”
“ညင်…ညုတ်ညာညူး။ ညောင်းညောင်းညွားညို့ညောညာ ညာ။ ညွား…ညွား… ညောင်းညောင်းညွားညော်”
“ဒါဆိုလည်းပြီးတာပဲ။ ကွမ်းယာရေခဲစိမ်သွားစားလိုက်ဦးမယ်”
ထိတ်လန့်သွားတဲ့ သူတောင်းစားက မျက်နှာငယ်ငယ်နဲ့ပြောမှ အေးဓားပြသူမက မြောက်ကြွမြောက်ကြွ ထွက်ခွာ သွားပါတော့တယ်။
သူမဟာ အဲ့ဒီလိုပဲ
လိုချင်တာကို ရအောင်ယူတတ်သူလေးလည်း ဖြစ်ပါတယ်။
သူမဟာ
အဲဒီ လောက်ကိုဆိုးပါတယ်။
ပြီးတော့
အဲ့ဒီ့ထက်လည်း ဆိုးပါသေးတယ်။
ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ။
အဲ့ဒီလို ပလီစိဂျောက်ဂျက်နိုင်တဲ့ ကောင်မလေးကို ကျွန်တော့် လို ရိုးရိုးသားသား ဖိုးသခွားလေးက “ကောင်ဆိုးမလေး”လို့ အမည် ပေးထားတာ လွန်သလားဗျာ။
ဆောင်း၏ ဝတ်မှု နှင်းရည်စက်တွေ က ဒီဇင်ဘာလေပြည်ထဲမှာ တက်ကြွစွာ က ခုန်နေကြလေသည်။ စွတ်စိုထိုင်းမှိုင်းသော မိုးစက်မိုးပေါက်များ ကြားမှ ကစဥ့်ကလျား ပြေးလွှားထွက်ခွာလာသည့် ဥတုရာသီသည် ဟေမာန်တံခါးအား တွန်းဖွင့်လျက် ခြောက်သွေ့အေးမြစွာ ဖြင့် ဆောင်း၏ ရင်ခွင်သို့ ချဉ်းနင်း ဝင်ရောက်တပ်စွဲနေချေပြီ။
မခို့တရို့ဝေ့ဝဲနေသော နှင်းဖွဲတွေ ကြားထဲ ဝှီးချဲလ်လေးကို ကျွန်တော် တွန်းသွား လိုက်ပါသည်။ ဝှီးချဲလ်ပေါ်မှ ညီမငယ်လေး ကတော့ ဆောင်းအခက်အလက်များ ကို အစုံအလင်တပ်ဆင်ထားသော နံနက်ခင်းကို နှစ် လိုစွာ ငေးမောကြည့်နေပါချေ၏ ။
“နှင်းတွေ ကျနေတာ အရမ်းလှတာပဲ ကိုကိုရယ်။ ဟိုတုန်းကဆို ဒီလိုမျိုးနှင်း ကျတဲ့အချိန်တွေ မှာ ညီမလေးတို့မောင်နှမနှစ် ယောက် အတူတူစကိတ်စီးခဲ့ကြတာနော်”
“ညီမလေးအသံတွေ က တိုးဖျော့နေသည်။ ကျွန်တော့် ရင်မှာ လည်း အတွင်းမြုံနေ သော ဒဏ်ရာတစ်စက နာကျင်စွာ နိုးထလာပြန်သည်။
“ကိုကို…ညီမလေးကို စကိတ်စီးပြပါလားဟင်။ ညီမလေးက မစီးနိုင်တော့ပေမယ့် ကိုကိုစကိတ်စီးတာကို ညီမလေးကြည့်ချင်လို့ပါ”
“အင်းပါ …ညီမလေးကြည့်ချင်ရင် ကိုကိုစီးပြပါ့မယ်”
ချစ်လှစွာ သော ညီမငယ်လေး၏ ဆန္ဒကို ကျွန်တော် မငြင်းပယ်နိုင်ပါ။ ဒါကြောင့် အိမ်ထဲသို့ တိတ်တဆိတ်ဝင်၍ စကိတ်(SKATE)ကို သွားယူလိုက်သည်။ ရင်ထဲမှာ တော့ စိုးထိတ်လျက်ရှိ၏ ။
ထို့နောက်လမ်းပေါ်ထွက်၍ ညီမလေးအလိုကျစကိတ်စီးပြလိုက်ပါသည်။ ညီမလေး ကတော့ ချွန်းဂမ်းဝါးရင်း ဝှီးချဲလ်ပေါ်မှာ ထိုင်လျက်ဖြင့် ခေါက်တုံ့ခေါက်ပြန် စကိတ်စီး နေသော ကျွန်တော့်အားငေးကြည့် နေပါ၏ ။
အသားဖြူခွင့်မရရှာသော ပေတရာလမ်းမည်းကြီးပေါ်တွင် စကိတ်စီးရင်း ရက်ရက် စက်စက် ထိုးခွဲခံရသည့်ခပ်နက်နက်အက်ကြောင်းတစ်ခုကို သတိရမိပြန်သည်။ ထိုအခါ အာရုံ တို့က ပူလောင်စွာ ဖြင့် မီးတောက်တစ်ခုလို လက်လာသည်။
ခက်လိုက်တာနော်…။
ဪ….တစ်ဆောင်းသစ်သွားပြန်ပါပကောလား။
ရင်ထဲမှာ မောလျလာသော ကြောင့် စကိတ်စီးနေရာမှ ကျွန်တော် ရပ်လိုက်သည်။ ထိုအခိုက်ဘောင်းဘီအိတ်ထဲ လက်နှိုက်လျက်ဖြင့် ကောင်လေး တစ်ယောက် က ကျွန်တော့်  ကိုဖြတ်ကျော်ကာ လျှောက်သွားသည်။ ကောင်လေး၏ တစ်ကိုယ်လုံးတွင် ဂွင်းတွေ ဂွတွေ ဂေါက်တွေ ဖြင့် တန်ဆာဆင်ထားသော ကြောင့် မြင်ရတာ လမ်းသရဲပုံပေါက်နေ၏ ။
ထိုစဉ်…
ဆိုင်ကယ်တစ်စီးကလည်း ကျွန်တော့် နံဘေးမှ တိတ်ဆိတ်စွာ ဖြင့် ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ ဆိုင်ကယ်ကိုအရှိန်ပြင်းပြင်းနှင့် အသံတိတ်ဖရီးရိုက် စီးသွားတာ ဖြစ်သည်။ ဆိုင်ကယ်ပေါ်မှ လူ၏ လက်ထဲမှာ တော့ တုတ်တစ်ချောင်း…။ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားသည့် ဆိုင်ကယ်သမားကိုကြည့်ပြီး ကျွန်တော် စိတ်ဝင်စားသွားသည်။
ဘုရားရေ…။
ဆိုင်ကယ်သမားသည် စောစောကကျွန်တော့် ဘေးမှ ဖြတ်လျှောက်သွားသော လမ်းသရဲပုံပေါက်နေသည့် ကောင်လေးဆီရောက်သည်နှင့် ဆိုင်ကယ်ပေါ်မှမဆင်းဘဲ လက်ထဲမှတုတ်ဖြင့် ခေါင်းကိုမညှာမတာ ရိုက်ချလိုက်၏ ။
“ဖြောင်း”
“အ…”
ညည်းတွားသံနှင့် အတူ ကောင်လေးယိုင်ထွက်သွားသည်။ သူ့ခေါင်းကိုလည်း လက်ဖြင့် ပြန်စမ်းနေ၏ ။ လက်ကိုကြည့်လိုက်သော အခါ သွေးစ သွေးနတွေ ကိုမြင်လိုက် ရသည်။
“တောက်”
စိတ်ဆတ်ပုံရသော ကောင်လေးက တက်ခေါက်သည်။ သူ့ဘာသာသူ အေးအေး ဆေးဆေး လမ်းလျှောက်နေရင်း အရိုက်ခံလိုက်ရသဖြင့် တင်းသွားပုံရသည်။ ဆိုင်ကယ် သမားကို ကြည့်လိုက်တော့ ခြေတစ်ဖက်ထောက်၍ ဆိုင်ကယ်ကို ဝူးခနဲစလစ်ရိုက်ပြီး ဆတ်ခနဲဆွဲလှည့်ကာ ချာခနဲပြန်ကွေ့လာသည်။
ဗုဒ္ဓေါ…။
ဆိုင်ကယ်စီး ကြမ်းလွန်းသော ကြောင့် ကျွန်တော် လန့်သွားမိ၏ ။ ဆိုင်ကယ်သမားက ကောင်လေးအနားရောက်သော အခါ ဆိုင်ကယ်ကိုရပ်ပြီး ဒေါက်ထောက်သည်။ ထို့နောက် ဟဲလ်မက်ကို ဆွဲချွတ်သည်။
ထိုအခါ…
ကျွန်တော့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ မြင်ရသည့်သဏ္ဌာန်က ယုံချင်စရာ ပင်မရှိ။ ယောက်ျားလေး တစ်ယောက် ကို ရက်စက်စွာ ရိုက်နှက်သူက နုနုနယ်နယ် ကောင်မလေး တစ်ယောက် ဖြစ်နေပါလား…။
“ဟင်…ထက်ရှိ”
ကောင်မလေးကို မြင်တော့ ကောင်လေးအံ့ဩသွားပုံရသည်။ ကောင်မလေး ကတော့ မခိုးမခန့်ပုံစံဖြင့် တုတ်ကိုကိုင်လျက် ဆိုင်ကယ်ပေါ်မှ ဆင်းလာ၏ ။
“အဟွန်းဟွန်း…ငါ့ကို မှတ်မိတယ်ဆိုတော့ နင့်မှတ်ဉာဏ်တွေ ကောင်းသေးတာပဲ။ ဒါဆို ငါလက်ဆလိုသွားတာပေါ့”
“ဘာ”
“မဘာနဲ့။ ထပ်နာသွားမယ်”
ကောင်မလေးက တုတ်ကိုဝှေ့ရမ်းပြီးပြောလိုက်ရာ ကောင်လေးမျက်နှာငယ် သွားသည်။
“ထက်ရှိ…နင်ဒါဘာလုပ်တာလဲ”
ကောင်လေးမေးတာကို ကောင်မလေးက လုံးဝဂရုမစိုက်။ ပမာမခန့်ဖြင့် ပခုံးတစ်ချက်တွန့်လိုက်ပြီး တံတွေးကိုလည်း ပျစ်ခနဲမြည် အောင် ထွေးထုတ်လိုက် သည်။တံတွေးကို အမှတ်တမဲ့ ကျွန်တော် ကြည့်လိုက်မိတော့ နီစွေးစွေး။
ဟိုက်ရှားဘား…ဒါမလေးက ကွမ်းလည်းစားသဟ…။
ဘယ်လိုဇယားမျိုးလေးပါလိမ့်…။
ဝတ်စားထားတာကလည်း ခေတ်လွန်ဒီဇိုင်းနှင့် လန်ထွက်နေသည်။ ခေါင်းမှာ လည်း အရိုးခေါင်းပုံပါသော ခေါင်းစည်းပုဝါတစ်ထည်ကို အကျအနစည်းနှောင်ထား၏ ။ တုတ်ကို လည်း မချသေးဘဲ လက်ထဲမှာ တရမ်းရမ်းနှင့်ကိုင်ထားဆဲ။
လူကိုမြင်ရတာ လည်း တစ်ချက်ကလေးမှ အချိုးမပြေ။ သူမဆီမှာ ဣနြေ္ဒဆိုတာ ပျောက်နေသည်။ ကောင်မလေးကိုကြည့်၍ ကျွန်တော် ခေါင်းတွေ ခြောက်လာသည်။
“ဘယ့်နှယ့်လဲ သီဟ။ ငါ့အကြောင်း သိပြီမဟုတ်လား။ ဟဲ…ဟဲ…ဟဲ”
“ထက်ရှိ …နင် ဘာကိစ္စငါ့ကိုလာကွိုင်တာလဲ”
“လာကွိုင်တာ မဟုတ်ပါဘူးဟာ။ ရစရာရှိတဲ့ စာရင်းလေးလာရှင်းတာပါ”
“နင်နဲ့ငါ့ကြားမှာ ဘာစာရင်းရှိလို့လဲ”
“အံမာ…ရူးချင်ယောင်ဆောင်မနေနဲ့ ဟိတ်ကောင်။ မနေ့က နင်တို့ ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ရှေ့က ငါဖြတ်အလျှောက်မှာ ငါ့ကိုဟိုဒင်း….အဲ…သားရေပင်နဲ့ပစ် တဲ့ကိစ္စလေ”
ကောင်မလေးက အမ်းတမ်းတမ်းနှင့် ပြောတော့ ကောင်လေးက စပ်ဖြဲဖြဲနှင့် မျက်နှာ ချိုသွေးသည်။
“နင်ကလည်းဟာ …အဲ့ဒါကလေ ငါကအခုခေတ်မှာ နေရာတကာ အတုတွေ များ လွန်းလို့ စမ်းကြည့်တာပါဟ”
အလဲ့ …တော် တော် ကို ရုပ်ပြောင်ရဲတဲ့ကောင်လေး။
ကောင်လေးစကားဆုံးတော့ ကောင်မလေးက နှုတ်ခမ်းကို မထိတရိတွန့်ကွေးပြီး ပြုံးသည်။
“ဩ…ဪ…နင်က ငါ့ကို အဲဒါကြောင့် သားရေပင်နဲ့ပစ်တာပေါ့လေ။ ဟုတ်လား”
“အေးလေဟာ”
“ဒါဆိုနင်နဲ့ငါ စိတ်ကူးချင်းတူတယ်ဟ”
“အမ်…ဘာ ဘာဆိုင်လို့လဲ”
ကောင်လေးက ကြောင်အမ်းအမ်းနှင့် သူ့တင်ပါးသူပြန်စမ်းနေသည်။ ကောင်မလေး က တုတ်ကိုရမ်းရင်း…
“ဆိုင်ပြီလားဟ။ ငါကလည်း နင့်ခေါင်းကိုသံနဲ့လုပ်ထားတာ မှတ်လို့ အစစ် ဟုတ်မဟုတ်စမ်းရိုက်ကြည့်တာလေ”
“အင်”
မှတ်ကရော…
ကောင်မလေး အဖြေစကားကို ကျွန်တော် သဘောကျသွားမိသည်။ ကောင်လေး ကတော့ ဒေါကန်သွားပုံရ၏ ။
“ဒါတော့ နင်တမင်သက်သက် ညစ်တာထက်ရှိ။ စကားကို နင်အဲဒီ လိုကပ်မပြောနဲ့”
“ကပ်ပြောတာမဟုတ်ပါဘူးဟ။ ခွာပြောတာပါ။ ဒါမှ ကပ်တယ်ထင်ရင်လည်း ငါနောက်ဆုတ်ပေးပါဦးမယ်”
ပြောရင်းဆိုရင်းကောင်မလေးက နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။ ကောင်မ လေး၏ ရွဲ့တဲ့တဲ့ အမူအယာကြောင့် ကောင်လေးက စိတ်ပျက်ဟန်ဖြင့် ခေါင်းခါပြီး …
“ကျွတ်…နင်လုပ်တာပုံမလာဘူးနော်…ထက်ရှိ”
“ပုံလာရအောင်ငါက ကင်မရာမှမဟုတ်တာ။ ပုံမလာတော့ နင်က ဘာလုပ် ချင်လို့လဲ။ သတ္တိရှိရင် ရှေ့တိုးခဲ့လေ။ တစ်ယောက် ချင်း ဖိုက်မယ်…လာထား”
ကောင်မလေးက ဘောင်းဘီကိုဆွဲတင်ကာ ကွမ်းတံတွေးကို ပျစ်ခနဲ ထွေးလိုက်သေးသည်။ ပြီးမှ တုတ်ကို ဝှေ့ရမ်း၍ အပီအပြင်ကြီး စိန်ခေါ်နေ၏ ။
“လာလေ….ရှေ့တိုးခဲ့လေ။ လာစမ်းပါ…ဟား…ဟား…ကြောက်နေပြီလား။ မေထက်ရှိအောင်တို့က ဗလမရှိပေမယ့် ဇရှိတယ်နော်။ သတ္တိရှိရင် လာစမ်းပါ”
ကွမ်းကိုတမြုံမြုံဝါးလျက် စိန်ခေါ်နေပုံက တစ်ဖက်လူကိုမခန့်တရန့်နိုင် လွန်းလှ သည်။ ကောင်လေးက…
“ထက်ရှိ”
“ဘာလဲ…ဖိုက်မှာ လား”
ကောင်မလေးက ခြေတစ်လှမ်းတိုးပြီး ဘုဆတ်ဆတ်နှင့် မေးလိုက်ရာ ကောင်လေး က ပြူးတူးပျာတာနှင့် လက်ကာသည်။
“နေဦး…နေဦး…မဖိုက်သေးဘူး။ အခုလောလောဆယ်မှာ နင့်ကိုငါ ဘာမှမလုပ် သေးဘူး”
“မယှဉ်ရဲဘူးဆိုတဲ့ သဘောပေါ့လေ။ ဟဲဟဲ”
“နင့်ကို မယှဉ်ရဲလို့မဟုတ်ဘူးဟေ့။ နင့်လက်ထဲမှာ တုတ်ရှိနေလို့”
“ဟားဟား…ကြောက်ရင် ကြောက်တယ်လို့ပြောစမ်းပါ ငကြောက်ရာ”
“အံမာ…ငါက နင့်ကိုဘာလို့ကြောက်ရမှာ လဲ”
“မကြောက်ရင် ရှေ့တိုးခဲ့လေ။ ယောက်ျား ဖြစ်ရုံနဲ့ မိန်းမသားတွေ ကို အနိုင်ရလိမ့် မယ်တော့ မထင်နဲ့နော်။ မေထက်ရှိအောင်တို့က အဲဒီ ရာဇဝင်ကို ရိုက်ချိုးထားပြီးသား။ လာလေ… တစ်လှမ်းလောက်ပဲ ရှေ့တိုးကြည့်စမ်းပါ။ တစ်လှမ်းဆိုတစ်ခွန်းပဲနော်။ ဟဲဟဲ”
ကောင်မလေးက ခြေထောက်နှစ် ဖက်ကိုထား၍ တုတ်ကိုလက်နှစ် ဖက်ဖြင့် စုံကိုင် မြှောက်ပြီး ခြိမ်းခြောင်ပြောဆိုနေသော ကြောင့် ကောင်လေးခမျာတုတ်တုတ်မျှ မလှုပ်ဝံ့ဘဲ ငြိမ်ကုပ်နေရှာသည်။
“ဒီမှာ ထက်ရှိ… အခုလောလောဆယ် နင့်လက်ထဲမှာ တုတ်ရှိနေလို့ ငါဘာမှ မလုပ်သေးဘူး။ ဒါပေမယ့် မကြာခင် အတောအတွင်းမှာ နင့်ကို ငါကောင်းကောင်းကြီး ပြန်ဆုံးမပြမယ်။ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ပါဟာ”
“ဟားဟားဟားဟား …ရယ်ရတယ်ကွာ။ ငါကတံငါသည် မဟုတ်တော့ နင့်အမျိုးဗုံလုံတွေ ငါးပျံတွေ အကြောင်းနားမလည်ဘူးဟ ငကြောက်ရ”
“အေးပါ။ နင်သာတုန်း ငကြောက်ကြောက်နဲ့ ပြောထားဦးပေါ့ဟာ။ မကြာခင်မှာ အဲ့ဒီငကြောက်ဟာ နင့်ကိုဆောက်ကြီးကြီးနဲ့ထွင်းပြီး ကလော်ပြမယ်”
“ဘာ…နင် ဘာစကားပြောတာလဲ။ သေချင်ပြီထင်တယ်”
ကောင်မလေးက လက်ထဲမှတုတ်ကို ဝှီးခနဲဝှေ့ပြီး ကောင်လေးကို တီးမည့်  ဟန်ပြင်သည်။ ဒါမျိုးကျတော့ ကောင်လေးက သွက်သည်။ ရပ်နေရာမှ လှစ်ခနဲပြေး ထွက်သွားလေ၏ ။ ပြေးရင်းလည်း ပါးစပ်မှအဝေးရောက်မြားချက်တွေ ပစ်သွား သေးသည်။
“နင့်အလှည့်မှာ တော့ လုပ်ထားဦးပေါ့ ထက်ရှိရာ။ ငါ့အလှည့်ကျမှ နင့်မျက်ရည် လေး စမ်းတမ်း စမ်းတမ်း မလုပ်နဲ့ဟေ့”
“ဟား ဟား ဟား ဟား …ဒီမှာ ငကြောက်ရေ…မေထက်ရှိအောင်ရဲ့ ရာဇဝင်မှာ မျက်ရည်ဆိုတာ သုတ်စားရတဲ့ဟာလား၊ ဖုတ်စားရတဲ့ဟာလား ဆိုတာတောင် မသိသေး ဘူးဟေ့။ ဟား ဟား ဟား ဟား”
ကောင်မလေးက ထွက်သွားပြီ ဖြစ်သော ကောင်လေးကိုကြည့်၍ ခုန်ဆွခုန်ဆွနှင့် ပါးဖြဲနားဖြဲ ကုန်းအော်ပြောနေ၏ ။ ကောင်မလေး၏ ဂျစ်ကန်ကန် ညစ်ကြီးကျယ်စွာ အပေ အတေဆန်ပုံကိုကြည့်၍ ကျွန်တော် ပြုံးလိုက်မိပါသည်။
ထိုစဉ်မှာ ပင်…
“ဟေ့လူ…ခြေတုနဲ့လူ…ရှင်က ဘာပြုံးတာလဲ။ ဒါ ဘာအထာလဲ။ ရန်စတဲ့ သဘောလား”
“ဟာ”
ကျွန်တော် ပြုံးတာကို မြင်သွားသည့်ကောင်မလေးကတုတ်ကိုဝံ့၍ မိုက်ကြည့် ကြည့်ကာ ပြောလာသဖြင့် ကျွန်တော် လန့်သွားသည်။
“ဟေ့…ခြေတုနဲ့လူ။ မေးနေတာ မကြားဘူးလား။ နားကန်းနေတာလား”
“ကြား ကြားပါတယ်”
“ကြားလိုက်တာနဲ့ မေးနေတာကို ဘာလို့ ချက်ချင်း ပြန်မဖြေတာလဲ။ ဒီလိုဆိုခုနက ရှင်ပြုံးတာ ကျုပ်ကိုရန်စတဲ့ဆိုတဲ့ သဘောပေါ့လေ။ ဟုတ်လား”
“ဟာ…ဟုတ် ဟုတ်ပါဘူး”
“ဒါဆိုဘာလို့ပြုံးတာလဲ”
“ဟို ဟိုလေ…ကိုယ့်အတွေးနဲ့ကိုယ် ပြုံး ပြုံးမိတာပါ”
“ဟင်းနော်...မအူမလည်နဲ့ မလုပ်နဲ့။ ဘာမှတ်နေလဲ၊ သေသွားမယ်”
“အယ်”
မဆီမဆိုင် အဟောက်ခံလိုက်ရသဖြင့် ကျွန်တော် နင်သွားသည်။ ကောင်မလေး ကတော့ ကျွန်တော့် ကို ကြိမ်းဝါးပြီးတာနှင့် ဆိုင်ကယ်ပေါ်တက်၍ လီဗာတဗြီးဗြီးတင်ကာ တရကြမ်းမောင်းနှင်သွားလေသည်။
ထိုအခါ အလကားနေရင်း အဟောက်ခံလိုက်ရသော ကျွန်တော် ခမျာမှာ အောင့် သက်သက်နှင့် မအီမလည်ကြီး ဖြစ်ကျန်ခဲ့ရ၏ ။
ထိုစဉ်…
“ကိုကို”
“ဟင်…ညီမလေး”
ညီမလေးက ဝှီးချဲလ်လေးကို ကိုယ်တိုင်တွန်းပြီး ကျွန်တော့် ဆီတရွေ့ရွေ့ လာနေသည်။
“ကိုကို…ဘာ ဖြစ်နေတာလဲဟင်”
“ဘာမှမ ဖြစ်ပါဘူး ညီမလေးရယ်။ အသိနဲ့တွေ့ လို့ စကားပြောနေတာပါ။ ကိုကိုတို့ လည်း အိမ်ပြန်ကြရအောင်နော်”
“ဟုတ်…ကိုကို”
ညီမလေးကချစ်စဖွယ် အပြုံးလေးနှင့် ခေါင်းညိတ်ပြသည်။ ဒါကြောင့် ခြေထောက်မှ စကိတ်ကိုချွတ်၍ ဝှီးချဲလ်လေးကို အိမ်ဆီသို့ကျွန်တော် တွန်းသွားလိုက်၏ ။
နံနက်ခင်းက နှင်းကွဲနေချေပြီ။
“သားကြီး”
“ခင်ဗျာ…မေမေ”
“သားမနက်က စကိတ်စီးသေးတယ်ဆို”
ကျွန်တော် စကိတ်စီးတာကို မေမေဘယ်လိုများ သိသွားတာပါလိမ့်။
“သား စကိတ်စီးတာကို အန်တီသီတာ ပြောပြလို့ မေမေသိတာပါ။ မနက်က ကိစ္စရှိလို့ ဒီလိုလာရင်းနဲ့ လမ်းမပေါ်မှာ သားစကိတ်စီးနေတာကို သူတွေ့ ခဲ့တဲ့အကြောင်း ပြောပြတာ။ ဘာ ဖြစ်လို့များ စကိတ်စီးနေရတာ လဲ သားရယ်”
“သား…သားလေ …ဟို”
“မေမေရယ်…ကိုကို့ကို အပြစ်မတင်ပါနဲ့။ ကိုကိုက သမီးအတင်းစီးခိုင်းလို့ စီးတာပါ”
မေမေ့ကို ကျွန်တော် ဘာပြန်ပြောရမှန်းမသိ ဖြစ်နေချိန်မှာ ပဲ ညီမလေးက ဝှီးချဲလ် လေးနှင့် ရောက်လာသည်။ ကျွန်တော့် ဘက်မှ ကာကွယ်ပြောဆိုပေးသော ညီမလေးကို ကြည့်ပြီး မေမေက…
“သမီးရဲ့ ကိုကိုကို မေမေက အပြစ်တင်နေတာမဟုတ်ပါဘူး သမီးရယ်။ စိတ်ပူလို့ ပြောနေတာပါ”
“စိတ်ချပါမေမေ။ နောက်ဆိုရင် မေမေစိတ်မပူရအောင် သားစကိတ်မစီး တော့ပါဘူး”
ကျွန်တော့်စကားကိုကြားတော့ မေမေ့မျက်နှာမှာ ကျေနပ်ဟန်တွေ ပေါ်လွင် သွား၏ ။
ဖေဖေနှင့် မေမေက သားသမီးတွေ အပေါ်မှာ တရားလွန် တားမြစ်ချုပ်ချယ်သည့် စနစ်မျိုးကို သုံးစွဲလေ့မရှိပါ။ တစ်ခုခု ဖြစ်လာလျှင်လည်း ဆူဆူပူပူမလုပ်ဘဲ အကျိုး သင့်အကြောင်းသင့် ရှင်းပြပြီး ဖြစ်သင့်တာကို နားဝင်အောင် ညင်သာစွာ ပြောဆို သွန်သင်လေ့ရှိ၏ ။ ထိုစနစ်ကို ကျွန်တော် အလွန်နှစ်သက် သည်။
“ကိုကို…ညီမလေး ဝက်သားတုတ်ထိုး စားချင်လို့ဝယ်ပေးပါလားဟင်”
“အင်း…ကိုကို အခုသွားဝယ်ပေးမယ်”
အိတ်ကပ်ထဲ ကြည့်လိုက်တော့ပိုက်ဆံငါးရာနှင့် စားလက်စ ချွန်းဂမ်းတစ်ကတ်ကို တွေ့ ရ၏ ။ ကတ်ထဲမှ ချွန်းဂမ်းနှစ် ခဲထုတ်၍ တစ်ခဲကို ညီမလေးအားခွံ့ကျွေးလိုက်ပြီး တစ်ခဲကို ကျွန်တော့်ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ဆိုင်ကယ်ဖြင့် အပြင်ထွက်လာခဲ့တော့သည်။
စူးရှသော နေခြည်ကြောင့် လေပြည်က ပူနွေးနေသည်။ ဝက်သားတုတ်ထိုးဆိုင်သို့ ကျွန်တော် ရောက်သော အခါ ဆိုင်မှာ လူရှင်းနေ၏ ။
“ဘာစားမလဲ ညီလေး”
ကျွန်တော့် ကိုမြင်တာနှင့် တုတ်ထိုးသည်က ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် ဆိုသော ရုပ်ဖြင့် လက်ထဲမှ ဓားကိုမြှောက်ကာ မေးလေသည်။
“ကျွန်တော့်ကို အစုံငါးရာဖိုးလောက် ပါဆယ်လုပ်ပေးပါ”
“ဒါဆိုခဏလေးထိုင်စောင့် ညီလေး…ရမယ်”
“ထိုင်ခုံတစ်လုံးမှာ ကျွန်တော် ဝင်ထိုင်လိုက်သည်။ တုတ်ထိုးသည်က သူ့လက်ထဲမှာ အပြားကြီးသော ဓားဖြင့် ဝက်သားပြုတ်တွေ ကို ညီညီညာညာအတုံးလေးတွေ ဖြစ်အောင် လှီးဖြတ်နေသည်။
ထိုစဉ်မှာ ပင်…. နောက်ကျောဘက်မှ ဆိုင်ကယ်သံကြားသဖြင့် ကျွန်တော် လှည့်ကြည့် လိုက်သည်။ ထိုအခါမနက်ကမှ ကျွန်တော့်ကို အသားလွတ်ကြီး ကြိမ်းဝါး သွားသော အပေအတေမလေးကို မြင်လိုက်ရ၏ ။
အခုလည်း သူမကိုကြည့်ရတာ နည်းနည်း မှပုံမလာ။ မိန်းမမဆန်စွာ Rocker စတိုင်ဝတ်ဆင်လျက် ကောင်းဘွိုင်ဦးထုပ်တစ်လုံးကိုလည်း ဖို့ရို့ဖားရားဆောင်းထားသည်။ လက်ကလည်း နှပ်ချီးကလော်နေသေး၏ ။
တော် တော် ကို ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ ဟာမလေး…။
သူမက ဆိုင်ကယ်ပေါ်မှ ရင်ကော့၍ မော့ကန်း မော့ကန်းဖြင့် ဆင်းလာပြီး ကျွန်တော့် ဘယ်ဘက်ဘေးတစ်ခုံကျော်တွင် ထိုင်ခုံတွင် ဆောင့်ကြွားကြွားဝင်ထိုင်သည်။
“ဒီကညီမလေးက ဘာစားမလဲ”
တုတ်ထိုးသည်မေးတာကို အပေအတေမလေးက ဘာမှပြန်မပြောဘဲ သားရေကွင်း တွေ ကို သဲဖြင့် ဖုံးအုပ်ပြီး ချီးပုံတုတ်ထိုးလုပ်တမ်းကစားနေသလိုမျိုး ဗန်းထဲမှ ဝက်ကလီစာ အူအထွေးတွေ ကို လက်ညှိုးဖြင့် ဟိုလျှောက်ထိုး ဒီလျှောက်ထိုးလုပ်နေတယ်။ သူမလုပ် နေပုံကို တုတ်ထိုးသည်က စိတ်ညစ်ဟန်ဖြင့် တားသည်။
“ညီမလေး…အဲဒီ လို လျှောက်မဖွနဲ့လေ”
“ဖွတော့ ရှင်ကဘာလုပ်ချင်လို့လဲ”
“အဲ”
ကဲ…ကြည့်။
ထိုင်ထိုင်ချင်းပဲ ရန်စကားကစပြီ။
တုတ်ထိုးသည် မျက်နှာတော့ ရှုံ့မဲ့နေ၏ ။
“ဘာမှတော့မလုပ်ချင်ပါဘူး ညီမလေးရယ်။ ဒါပေမယ့် လူအများ စားမယ့်ဥစ္စာကို ညီမလေးက လက်ကြီးနဲ့ လျှောက်ဖွတော့ဘယ်ကောင်းမလဲ”
“မကောင်းရအောင် ကျွန်မလက်က နူနေတာမှမဟုတ်တာ။ သန့်သန့်လေးရယ်ရှင့်။ ကျွန်မက အသန့်အပြန့် အရမ်းကြိုက်တဲ့သူ။ ကိုယ်တိုင်လည်း သန့်သန့်လေးပဲနေ တတ်တယ်။
အမယ် …။ ခုနကတင်ပဲ နှပ်ချီးကလော်နေတဲ့ လက်ကများ …။ ပြောလိုက်တာ ကဖြင့် ကြီးကြီးကျယ်ကျယ်။
ဒီကောင်မလေး ကတော့လေ….လူနဲ့မလိုက်အောင် သိပ်ပြီးကြီးကျယ်ထောင်လွှားတာပဲ။
အခုလည်း တစ်ဖက်လူက ဒီလောက်ပြောနေတာတောင်မှ ဝက်သားပြုတ်တွေ ကို ဟိုထိုးဒီဆွနှင့် ဆော့ကစားနေပြန်၏ ။ ဂျစ်ပေပေ လုပ်နေသော ကောင်မလေးကို ကြည့်၍ ကျွန်တော် မြင်ပြင်းကတ်နေမိသည်။ တုတ်ထိုးသည်က …
“ညီမလေးရဲ့ လက်သန့်တယ်ဆိုတာကို ယုံပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုတော့ ဟိုလျှောက်နှိုက် ဒီလျှောက်နှိုက်မလုပ်ပါနဲ့နော်”
“ကျွန်မဘာသာ ကျွန်မလုပ်ချင်လုပ်မယ်။ မလုပ်ချင်မလုပ်ဘူး။ ရှင်ကျွန်မကိုဘာမှ အမိန့်ပေးစရာမလိုဘူး။ ကျွန်မစိတ်တိုလာအောင် မလုပ်နဲ့နော်။ ကျွန်မစိတ်တိုလာရင် ရှင့်မျက်နှာကို ဓားနဲ့ထက်ခမ်းခွဲပစ်မှာ ”
“ဟာ”
“ပြောနေတာကြာပါတယ်။ ပေးစမ်း…ဓား”
“ဟင်”
ကောင်မလေးက ပြောပြောဆိုဆို တုတ်ထိုးသည်၏ လက်ထဲမှ ဓားကို ဆတ်ခနဲ ဆွဲယူလိုက်ရာ ဓားကသူမလက်ထဲပါသွားသည်။ ကောင်မလေးက ဓားကိုလေထဲမှာ ဝီးခနဲမြည် အောင် တစ်ချက်ဝှေ့ရမ်းလိုက်ပြီး တုတ်ထိုးသည်၏ မျက်နှာတည့်တည့်ကို တကယ်ပင်ထက်ခြမ်းခွဲမည့် ဟန်ဖြင့် ချိန်ရွယ်လိုက်သည်။
“ရှင်ကျွန်မကို မချေမငံဆက်ဆံရင် ဒီဓားနဲ့ရှင့်ကို ဝက်သားခုတ်သလို နုတ်နုတ် နုတ်နုတ် စင်းပစ်မှာ ”
“အာ…”
“ကောင်းကောင်းမွန်မွန်ဆက်ဆံရင်တော့ ဘာမှမလုပ်ပါဘူး”
“ဪ…”
“ဆရာတော့ လာမလုပ်နဲ့နော်။ ဆရာလုပ်တာနဲ့ ဓားနဲ့ ဒုတ်ခနဲ ဒုတ်ခနဲ ဖြစ်အောင်ကို ခုတ်ပစ်မှာ ”
“အင်…”
“ဆရာမ လုပ်ရင်တော့ မခုတ်ပါဘူး”
“ဪ…”
တုတ်ထိုးသည်ခမျာ ဇက်ကလေးပုနေရှာသည်။ ကောင်မလေး တစ်ယောက် က ပမာမခန့် လာလုပ်နေသဖြင့် ဒေါသထွက်နေပုံလည်း ရသည်။ သို့သော် ထင်ရာစိုင်း မည့် ကောင်မလေး၏ ပုံသဏ္ဌာန်နှင့် သူမ လက်ထဲမှဓားကြောင့် လန့်နေပုံလည်း ရသည်။
“ရှင်စကားမများ ဘဲနဲ့ ကျွန်မစားချင်တာကိုလှီးပေးမှာ လား”
“အင်း…အင်း…လှီးပေးပါမယ်။ အခုလောလောဆယ်တော့ ဒီညီလေးဥစ္စာကို ပြီးအောင် လုပ်ပေးလိုက်ဦးမယ်လေ”
ကောင်မလေးက ကျွန်တော့် ကိုတစ်ချက်ကြည့်ပြီး
“ဒါဆိုလည်း လုပ်စရာရှိတာ မြန်မြန်လုပ်။ ကြာရင်တော့ ဗန်းကို ဆွဲမှော က်ပစ်မှာ ”
“အေးပါ ညီမလေးရယ်။ ဗန်းကိုတော့ မှော က်မပစ်ပါနဲ့။ မြန်မြန်လုပ်ပေးပါ့မယ်”
တုတ်ထိုးသည်က တောင်းတောင်းပန်ပန်နှင့် ပြောပြီး ကျွန်တော့်အတွက် ဝက်သား ပြုတ်တွေ ကို ဆက်လှီးနေသည်။ ဒါကို အပေအတေမလေးက ခန့်ခန့်ကြီး ထိုင်ကြည့် နေချေ၏ ။
ထိုအခိုက်….
“ဟယ်…လင်းခန့်ပါလား”
အသံကြား၍ ကြည့်လိုက်တော့ ကျွန်တော် နှင့် သိသည့် မီးမီးရင်ပိုက်ဦးဆိုသော ငါးရံ့ပြာလူး ဆပ်ဆလူးမလေး ဖြစ်နေသည်။ (သူ့အမေက သူ့ကို ရင်ခွင်မှာ အဦးဆုံး ပိုက်ရသော သမီးဦးလေးမို့မီးမီးရင်ပိုက်ဦး ဟု ချစ်စနိုးနှင့် နာမည် ပေးထားတာ ကြောင်း တစ်ခါက ကျွန်တော့် ကို မမေးဘဲနှင့် ပြောဖူးသည်)
“ကြည့်စမ်းဟယ်….ငါ့များ ကံကောင်းချင်တော့ ဒကာခံမဲ့လူနဲ့ လာတွေ့ နေတယ်”
“အောင်မာ…ဘာဆိုင်လို့လဲ။ နင့်မှာ ပိုက်ဆံပါရင် စားပေါ့”
“ဘာမှမဆိုင်ဘူး”
ကျွန်တော် ခပ်မာမာပြန်ပြောပစ်လိုက်သည်။ ရှပ်ပြာရှပ်ပြာနိုင်လွန်းသော မီးမီး ရင်ပိုက်ဦးကိုကြည့်မရသော ကြောင့် နဂိုထဲက ကျွန်တော် ခပ်ခွာခွာနေသည်။ သို့ သော် မီးမီး ရင်ပိုက်ဦး ကတော့ ကျွန်တော့်အားမြင်တာနှင့် အကောင်းစား သံမဏိဖြင့် ပြုလုပ်ထားသည့် အရည်အသွေးမြင့်သံလိုက်တုံးကို တွေ့ သော အပေါစားပင်အပ်ကဲ့သို့ ဖပ်လပ်ဖပ်လပ်နှင့် အတင်းပြေးကပ်လေ့ရှိသည်။
အခုလည်း မီးမီးရင်ပိုက်ဦးက ကျွန်တော် နှင့် ပြဿနာမလေးကြားမှခုံတွင် စွေ့ခနဲ ဝင်ထိုင်သည်။ ထို့နောက် တုတ်ထိုးသည် လှီးနေတာတွေ ကို ဆပ်ကော့လပ်ကော့ယူ၍ အချဉ်ရည်တို့ဖြင့် တို့ကာ ပယ်ပယ်နယ်နယ် မျိုစို့လေသည်။ အားပါးတရစားနေသော မီးမီးရင်ပိုက်ဦးကို ကြည့်ပြီး ကျွန်တော် မသင်္ကာ ဖြစ်လာသဖြင့် …
“မီးမီးရင်ပိုက်ဦး….နင့်မှာ ပိုက်ဆံပါလို့ စွတ်စားနေတာလား”
“ဘယ်ကလာ….နင်ကျွေးမှာ မို့လို့ စားနေတာလေ”
“ဟေ….”
ကျွန်တော် စိတ်လေသွားသည်။ ပိုက်ဆံက အပိုပါတာမဟုတ်။ ဒါကြောင့် မီးမီး ရင်ပိုက်ဦးကိုတားလိုက်ရသည်။
“မီးမီးရင်ပိုက်ဦး … တော် တော့ဟာ”
“လင်းခန့်ကလည်းဟယ်…စားလို့ကောင်းလို့ပါဟဲ့”
“နင်စားကောင်းတာ ဟုတ်တယ်။ ငါ့မှာ ပိုက်ဆံအပိုမပါလို့ပြောနေတာ။ နင် ဆက် စားရင် ငါ့မှာ ပေးဖို့ ပိုက်ဆံမရှိတော့ဘူး”
“အပိုတွေ ပြောမနေစမ်းပါနဲ့ဟာ။ ဒီမှာ စားရတာ အရသာပျက်တယ်”
မီးမီးရင်ပိုက်ဦးက ပြောလည်းမရ။ ကျွန်တော့် စကားကိုမယုံဘဲ ဆက်စားမြဲ ဆက်စားနေ၏ ။ မီးမီးရင်ပိုက်ဦးလုပ်ပုံမှာ ပြဿနာမလေးကြောင့် စိတ်မကြည်မလင် ဖြစ်နေသော ကျွန်တော့် ကိုဒေါသထွက်သွားစေသည်။
“မီးမီးရင်ပိုက်ဦး”
“ဘာတုန်း”
“နင့်ကိုငါ တော် တော့လို့ပြောနေတာမရဘူးလား”
“မရဘူး။ ဆက်စားမှာ ပဲ။ ကောင်းလိုက်တာ။ ပလပ် ပလပ်”
“ငါ ဒေါသထွက်လာပြီနော်”
“နင့်ဒေါသကို ငါကဘာလုပ်ရမှာ လဲ။ နင့်ဟာနင် ပြန်စားပစ်လိုက်။ ပလပ် …ပြွတ်… ပလပ်…”
“ငါလက်ပါတော့မယ်နော်”
“လာလေ…အဲဒီ လက်လာရင် အချည်ရည်နဲ့ တို့စားပစ်မယ်ပလပ် ပလပ်…ပလပ်”
“ဒီလောက်တောင် ငတ်ကြီးကျနေတာ။ ရော့ဟာ…တို့စား”
“ဖြောင်း….”
“အင့်…”
ကျွန်တော် စိတ်မထိန်းနိုင်ဘဲ အားရှိပါးရှိ နားရင်းအုပ်ထည့်လိုက်ရာ မီးမီးရင်ပိုက်ဦး ခမျာပါးစပ်ထဲမှ ဝါးလက်စတွေ ပြန်ထွက်ကုန်ပြီး ငိုက်စိုက်ငိုက်စိုက် ဖြစ်သွား၏ ။ လူရှေ့ သူရှေ့မှာ အဆော်ခံလိုက်ရသော ကြောင့် တော် တော်လည်းရှက်သွားပုံရသည်။
“မသာကောင်…သေချင်းဆိုး….င့ါကို တကယ်လုပ်တယ်။ နင့်လိုကောင်မျိုးနဲ့ ဒီနေ့ ကစပြီး အပေါင်းအသင်းမလုပ်တော့ဘူး။ နင့်ကို သူငယ်ချင်းအ ဖြစ်က ရာသက်ပန် စွန့်လွှတ်တယ်။ ကာလနာ….မြွေပွေးကိုက်ကောင်”
မီးမီးရင်ပိုက်ဦးက ကျွန်တော့် အား စကားလုံးညစ်ညစ်များ နှင့် ပစ်ပေါက်ပြီး အရှက် သည်းသည်း မျက်နှာရဲရဲဖြင့် ပြေးထွက်သွားလေသည်။ ငြိမ်ခံသလို ဖြစ်မှာ စိုး၍ …
“အေးဟေ့… ငါကလည်း နင့်ဆီက အဲဒီ စကားကို ကြားရတာ ထီပေါက်တာ ထက် တောင်မှ ဝမ်းသာသေးတယ်”
မီးမီးရင်ပိုက်ဦးကြားအောင် ကျွန်တော် ကလည်း အားကျမခံပြန်ပြောလိုက်၏ ။ ခဏကြာတော့ ကျွန်တော့် အတွက် တုတ်ထိုးသည်လုပ်ကိုင်နေတာပြီးစီးသွားသည်။ ဒါ ကြောင့် အိတ်ကပ်ထဲမှ ငါးရာတန်ကို ထုတ်ပေးလိုက်ပြီး…
“ကျွန်တော့် မှာ ငါးရာပဲ ပါလာတယ်။ ဟို တစ်ယောက် စားသွားတာတွေ ကို နောက် နေ့မှကျွန်တော် လာပေးမယ်။ ရတယ် မဟုတ်လား”
“ရပါတယ်”
မရလည်း မတတ်နိုင်။ ပါဆယ်ထုတ်ကိုဆွဲပြီး ထိုင်ရာမှ ကျွန်တော် ထလာခဲ့သည်။ စိတ် တွေ ကရှုပ်လှပါပြီ။ တုတ်ထိုးသည်လည်း ကျွန်တော့် လို ဖြစ်နေမှာ သေချာသည်။
“ရွှီး”
ဆိုင်ကယ်ပေါ်တက်ခါနီး မှာ နှပ်ညှစ်သံကြား၍ လှည့်ကြည့်လိုက်တော့ အပေ အတေမလေးကို နှာခေါင်းပေါက်ထဲလက်နှိုက်လျက်ဖြင့် တွေ့ မြင်လိုက်ရပါသည်။ သူမကို ကြည့်ရတာ ဘာမှမစားဘဲ ထလာပုံရသည်။
“ဟိုကောင်မ ပါးစပ်ထဲက ထွက်လာတာတွေ ကိုကြည့်ပြီး ဝက်သားစားချင်စိတ် တောင် ပျောက်သွားပြီ။ ဒါနဲ့နေစမ်းပါဦး။ ရှင့်နာမည် က ဘယ်လိုခေါ်လဲ”
ကောင်မလေးက ပေစောင်းစောင်းနှင့် ကြည့်ပြီး စကားဆိုလာသဖြင့် ကျွန်တော် အားနာပါးနာပြန်ဖြေလိုက်ရသည်။
“လင်းခန့်တာရာပါ”
“ဪ…လင်းခန့်တာရာတဲ့လား။ အိုကေလေ… မှတ်ထားလိုက်ပါ့မယ်။ ရှင့်ကို တော့ကြိုက်သွားပြီ။ လူဆိုတာ ဒီလိုပဲ ဖြစ်နေရမယ်။ ကိုယ့်ဘက်ကမှန်ရင် ယောက်ျား ဖြစ် ဖြစ် မိန်းမ ဖြစ် ဖြစ် ညှာစရာကိုမလိုတာ။ ကွန်ကရက်ကျူလေးရှင်းပါ ကိုလင်းခန့်တာရာ”
အမယ်မယ်…။
ကောင်မလေးက ဟိတ်ကြီးဟန်ကြီးနှင့် ညာဘက်လက်ကို ထိုးပေးနေ၏ ။ ငြင်းလိုက်လျှင် ရိုင်းသွားမှာ စိုးသော ကြောင့် သူမလက်ကို ပြန်ဆွဲကာ ကျွန်တော် နှုတ်ဆက်လိုက်ရသည်။
လက်ဆွဲနှုတ်ဆက်ရင်းလည်း ကောင်မလေးက ကျွန်တော့် လက်ကို ပွတ်နေ သေးသည်။ ဘာလေးမှန်းကို မသိ။ ယားကျိကျိ ဖြစ်လာသော သော ကြောင့် သူမလက်ကို ကျွန်တော် အမြန်လွှတ်လိုက်ရလေသည်။
“ဒါနဲ့ စကားမစပ် မေးရဦးမယ်။ ရှင်က ထီပေါက်ဖူးတယ်ထင်တယ်။ ဘယ် လောက်ဆုလဲ။ သိန်းသုံးရာလား…သိန်းငါးရာလား”
“အမ်”
ကောင်မလေးမေးခွန်းကြောင့် ကျွန်တော် ကြောင်သွားသည်။
“မပေါက်ဖူးပါဘူး။ ဘာ ဖြစ်လို့လဲ”
ကျွန်တော့်အဖြေကို ကြားတော့ ကောင်မလေးက နှာခေါင်းရှုံ့သည်။
“ဟွန်း…ဒါနဲ့များ ခုန ကတော့ဟိုကောင်မကို ထီပေါက်တာထက်တောင်မှ ဝမ်းသာ သေးတယ်ကွ ဘာတွေ လျှောက်ပြောနေတယ်။ အဲဒီ လိုမဟုတ်ဘဲနဲ့ ပြောရတာ မရှက်ဘူးလား”
“အင်…”
“ရှင်က ရုပ်တည်တည်နဲ့လည်းလေကြီးတတ်သားပဲ”
“အဲ….”
“ရှင့်ရုပ်ကြည့်ရတာ အရှက်ရှိမဲ့ပုံလည်းမပေါ်ပါဘူးလေ”
“အေ…”
ကျွန်တော် ကြောင်အမ်းအမ်း ဖြစ်နေချိန်မှာ ပဲ ကောင်မလေးက ကျွန်တော့်ကို အနိုင်နှင့် ပိုင်းပြီး ဆိုင်ကယ်ပေါ်တက်သွားသည်။ ထို့နောက် စပ်ဖြဲဖြဲနှင့် ကျွန်တော့် ကို လက်ပြနှုတ်ဆက်ပြီး တစ်လမ်းလုံးဆူညံသွားအောင် လီဗာတဗြီးဗြီးပုတ်၍ ရှုပ်ထွေးနေ သော လူတွေ ကြားထဲ မိုက်မိုက်ကန်းကန်း တရကြမ်းမောင်း နှင်သွားလေတော့သည်။
ကျွန်တော့် မှာ သာ သူမထည့်သွားသော စကားလုံးတွေ ကြောင့် မခံချိမခံသာ ဖြစ် လျက် ငေါင်စင်းစင်းကျန်ရစ်ခဲ့ရ၏ ။
“တော် တော် ဗရုတ်သုတ်ခနိုင်တဲ့ ကောင်မလေးပဲ”
တိုးဖွဖွရေရွတ်ရင်း ကိုယ့်လက်ကို ပြန်ပွတ်မိရာ ညာဘက်လက်မှာ ချွဲကျိကျိအထိ အတွေ့ ကြောင့် အလန့်တကြားလက်ကို ဖြန့်ကြည့်လိုက်မိသည်။ ထိုအခါ…
“ထွီ”
သွားပြီ…။
ရွံရှာစိတ်က အော်ဂလီဆန်ကာ တက်လာသည်။ ဘာကြောင့် လဲဆိုတော့ ကျွန်တော့် ညာဘက် လက်ဖဝါးပေါ်မှာ မြင်လိုက်ရတာ က ပျစ်ချွဲချွဲနှပ်ချီးတွဲ တွေ ဖြစ်နေ သည်။
“တောက်….သေနာမလေး။ နှပ်တွေ လက်ထဲညှစ်ထည့်ပြီး ခပ်တည်တည်နဲ့ သုပ်သွားတယ်”
ဒါနှင့် များ သူ့ကိုယ်သူအသန့်အပြန့်အရမ်းကြိုက်ပြီး ကိုယ်တိုင်လည်း သန့်သန့်လေး ပဲ နေတတ်သူဟု ပြောရဲသေးသည်။
လူကြည့်တော့ဖြင့် တကယ့်ညစ်စုတ်မလေး…။
နက်မှော င်စပြုလာသော ည၏ အကန့်တစ်ကန့်တွင် အလှဆင်ချိတ်ဆွဲထားသည့် ရောင် စုံမီးလုံးကလေးများ က တတ်နိုင်သလောက် လင်းတောက်ပြနေကြသည်။ လူတွေ က လည်း ဂီတနှင့် တကွမြူးကြွနေပါသည်။
ပါတီရှင် ငြိမ်းငြိမ်းဝေ၏ ဖိတ်ကြားမှု ကြောင့် စကားပြောသံ၊ ရယ်မောသံတို့ဖြင့် စည်ဝေနေသော ပါတီပွဲတစ်ခုသို့ ကျွန်တော် ရောက်ရှိချေ၏ ။ ကော့လ်တေးပျော့ပျော့ကို အရသာခံကာသောက်ရင်း ရောက်မလာကြသေးသည့် သူငယ်ချင်း ဖြစ်သူ ဇော်ဦးနှင့် မျိုးမင်းအောင်ကို စောင့်မျှော်နေမိသည်။
ထိုစဉ်…
လူ တစ်ယောက် က ဘော်ဒီမှေးသလို ကျွန်တော့် ပခုံးအားတိုက်ချလိုက်သော ကြောင့် ကော့လ်တေးတွေ က ကျွန်တော် ဝတ်ဆင်ထားသည့် အဝါနုရောင် တီရှပ်ပေါ်သို့ ဖိတ်ကျ ပေကျံသွားသည်။ လွတ်လွတ်ကင်းကင်း ရှိပါလျက် တမင်တကာ ပေါ်တင်ကြီး တိုက်သွား မှန်းသိသော ကြောင့် စိတ်ထဲတင်းခနဲ ဖြစ်သွားသည်။
ဘယ်သူများ ပါလိမ့် ကြည့်လိုက်တော့ ညစ်စုတ်မလေး….။
မအူမလည်သလို မျက်နှာပေးနှင့် တကယ့်အရှုပ်ထုပ်ကလေး…။
တိုက်သွားတာ သူမဟုတ်သလိုပုံနှင့် ကျွန်တော့်ဘက်တစ်ချက် ကလေးတောင် လှည့်မကြည့်။ သူမပြင်ဆင်ထားသည့် ဖက်ရှင်ကလည်း ငတက်ပြားသေလို့ တစ္ဆေဘဝ ရောက်နေတဲ့အတိုင်းပါပဲ။
မျက်ကွင်းတွေ မှာ အမည်းရောင် ဆေးတွေ ခြယ်ကာ…
အတိုအရှည်မညီသော ဆံပင်ဖိုးရိုးဖားရားနှင့် အီမိုစတိုလ်ဖမ်းထားသည်။
“မင်း ဒါဘာလုပ်တာလဲ”
ကျွန်တော် လှမ်းပြောတော့ ပေကန်းကန်းအထာနှင့် ကျွန်တော့် အသံကို မကြားဟန် ပြုနေသည်။ သူမ အမူအယာကြောင့် ကျွန်တော် စိတ်တိုသွားပြီး သူမပခုံးအား ဆွဲလှည့်ပစ် လိုက်သည်။
“ဟေ့…နေဦး။ မင်းကို ဒီမှာ ခေါ်နေတာ”
“ဟ…ဇွတ်ကြီးပါလား။ ဒါအလှူခံတွေ လာရမယ့်နေရာမဟုတ်ဘူးလေ။ ကန်တော့ ပါသေးရဲ့ ”
“ဘာ”
“ဩော်…နားလည်းမကောင်းရှာဘူးဘဲ။ သနားပါတယ်။ ကန်တော့ပါသေးရဲ့ လို့်ပြောတာ”
ကောင်မလေးက အသံကိုနည်းနည်း မြှင့်ပြောပြီး သူမပခုံးအား ကိုင်ထားသော ကျွန်တော့်လက်ကို ဖျက်ခနဲပုတ်ချသည်။ စကားပြောသော အခါ သူမပါးစပ်မှအသံနှင့် အတူ စူးရှရှအနံ့တစ်မျိုးကပါ လွင့်ပျံ့လာသည်။ သေချာသတိထားကြည့်လိုက်မှ မျက်လုံးလေး တွေ က ရီဝေနေကာ လူကလည်း ကချော်ကချာနှင့် ယိမ်းယိုင်နေ၏ ။
“သွားတော့မယ်နော်။ စေတနာတော့ ရှိပါတယ်။ အကြွေမပါလာလို့ပါ”
ကောင်မလေးက ကျွန်တော့် ကို သူတောင်းစား တစ်ယောက် လိုပြောဆိုဆက်ဆံပြီး စွေတိစွေကန်းနှင့် ထွက်သွားဟန်ပြင်သည်။ ဒါကြောင့် သူမရှေ့မှ ကျွန်တော် လက်ဖြင့် လှမ်းတားလိုက်သည်။
“မင်းကိုနေဦးလို့ ငါပြောနေတယ်နော်။ ပြီးမှ ငါ့ကိုအဆိုးမဆိုနဲ့။ ရပ်စမ်း”
“ရှင် ပြဿနာလာရှာနေတာလား။ ရဲစခန်းကို ဖုန်းလှမ်းဆက်ပြီး တိုင်လိုက်မှာ နော်။ ရဲတွေ က ကူညီပါရစေ ကူညီပါရစေနဲ့ အလိုလို ကူညီချင်နေတာ”
ကောင်မလေး၏ မထီလေးစားပုံစံကြောင့် ကျွန်တော် ပိုတင်းသွားမိသည်။
“ဟေ့…မင်း ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့။ ငါ့ကို ဘာကြောင့် တက်တိုက်သွားရ တာလဲ။ မင်းလုပ်တာ ဒီမှာ ငါ့အဝတ်အစား တွေ ပေကုန်ပြီ”
“ဩော်…ပေကုန်တာလား။ ရှင်က ပေနေတဲ့အဝတ်တွေ ကို မဝတ်ချင်ဘူးပေါ့လေ။ ဟုတ်လား”
“ကပ်စီးစီးနဲ့ ပေကျံနေတာကြီးကို ဘယ်သူက ဝတ်ချင်မှာ လဲကွ”
“ဒါများ လွယ်လွယ်လေးရယ်။ မဝတ်ချင်ရင် ချေးသေးချွတ်နေလိုက်ပေါ့”
“အင်”
နှုတ်ခမ်းကိုရွဲ့ကာ ခနဲတဲ့တဲ့ပြောနေသော ကောင်မလေး၏ ဆောင့်ကြွားကြွားပုံစံက ကိုင်ဆောင့်ပစ်ချင်စရာ ကောင်းလှပါသည်။ စိတ်ရှိတိုင်းသာလုပ်ပစ်ရလျှင် ဒီကောင်မလေး အမှု န့် ဖြစ်တော့မယ်။
“ဘယ်လိုလဲ…ရှင် ချွတ်တော့မလား။ အဲ့ဒါဆို ကျုပ်ရှောင်ပေးမယ်လေ”
“တောက်…မင်းပဲချေးသေးနေဟေ့။ ငါတော့ မနေနိုင်ဘူး။ မင်းလွန်လာပြီနော်။ ငါလုပ်လိုက်ရ နာတော့မယ်”
ဒေါသကြောင့် ကောင်မလေးကို ကျွန်တော် လက်ဖြင့် ရွယ်လိုက်သည်။ ထိုအခိုက်မှာ ပင်…
“ဟယ်…နည်းတာကြီးမဟုတ်ဘူး။ ဟိုမှာ ကြည့်စမ်း…ဘာကြီးလဲမသိဘူး”
“ဘယ်ဥစ္စာကိုပြောတာလဲဟင်”
သို့ သော် ကောင်မလေးထံမှ ပြန်ဖြေသံကို မကြားရ။ ဒါကြောင့် သူမဘက်သို့ ကျွန်တော် ပြန်လှည့်လိုက်သည်။
“အင်”
ကောင်မလေးက ခုနကနေရာတွင် မရှိတော့။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက် တော့လည်း သူမ အရိပ်အယောင်ကိုပင် မတွေ့ မြင်ရချေ။ မြေလျှိုးမိုးပျံသလိုမျိုး ပျောက် ချင်းမလှ ပျောက်သွားလေပြီ။
ဒီကောင်မလေး ဥပဓိရုပ်ကြည့်ရတာ ဇော်ဂျီဖိုဝင်သားတော့ စားထားပုံမရပါ။ ဒီလို ဆိုလျှင်…
“တောက်”
ခံလိုက်ရပြန်ပြီ။
ဒီကောင်မလေးနှင့် တွေ့ တိုင်း ကျွန်တော် လည်းတူနှင့် တွေ့ သည့် ပေပမာခံပြီးရင်း သား ခံနေရသည်။ ကျွန်တော် ကိုယ်၌ ကလည်း အခုတလော တော် တော် ကံဆိုးနေပုံ ရသည်။ ဘယ်သွားသွား ညလာလာ ဒီပြဿနာမလေးနှင့် သာ တွေ့ နေရ၏ ။
သူမအသက်က ညီမလေးလင်းလက်တာရာလောက်သာ ရှိပေလိမ့်ဦးမည် ။ သို့ သော် သူမ ကတော့ ညီမလေးနှင့် ခြားနားစွာ လူနှင့် မလိုက်အောင်ပင်စုံလင် ဆိုးသွမ်းလှပေ သည်။
“ဟိတ်ကောင် လင်းခန့်”
အသံနှင့် အတူ ပခုံးပေါ်သို့ လက်တစ်ဖက်ကျလာ၏ ။ ကျွန်တော် လှည့်ကြည့်လိုက် သော အခါ ဇော်ဦးနှင့် မျိုးမင်းအောင်ကို တွေ့ မြင်လိုက်ရသည်။ မျိုးမင်းအောင်က…
“မင်း တစ်ယောက် တည်း မတ်တတ်ရပ်ပြီး ဘာလုပ်နေတာလဲ”
“ဟို…အဲ…ဘာမှမလုပ်ပါဘူးကွာ။ မင်းတို့ကို စောင့်နေတာပါ”
“ဒါဆိုလာလေ”
သူတို့နှင့် လိုက်သာလာခဲ့ရသည်။ စိတ်ထဲမှာ တော့ သိပ်မကြည်လင်။ မျက်လုံး တွေ ကလည်း တောင်မြောက်လေးပါး ကစားကာ ပြဿနာမလေးကိုရှာနေမိသည်။
ဘူဖေးစနစ်နှင့် ကျွေးတာမို့ ဇော်ဦးနှင့် မျိုးမင်းအောင်က သူတို့စားချင်တာတွေ သွားယူကြသည်။
ကျွန်တော် လည်း စားပွဲခုံမှာ ပြန်ထိုင်ပြီး ပျင်းပျင်းရှိတာနှင့် စောစောက ယူထား သော မုန့်ကိုသာ အာရုံစိုက် စားနေလိုက်၏ ။
အဲ့ဒီမှာ ပဲ…
“ဒေါက်”
“ဟင်”
“အဟိ”
ကျွန်တော် စားနေသော မုန့်ပန်းကန်ထဲသို့ ကျောက်ခဲတစ်လုံးကျလာသဖြင့် အံ့ဩသွားမိသည်။ နံဘေးမှရယ်သံကြောင့် လှည့်ကြည့်တော့ စပ်တိစပ်ဖြဲအိုက်တင်နှင့် လက်ပိုက်ရပ်နေသော အပေအတေမလေးအား တွေ့ မြင်လိုက်ရပြန်ပါသည်။
ကြည့်စမ်း…။
စုတ်တိစုတ်ပဲ့ နိုင်လိုက်ပုံများ …ဒါ ဒင်းလက်ချက်ပေါ့။
“မင်းဒါဘာလုပ်တာလဲ”
“အစားပုပ်နေလို့ လုပ်လိုက်တာလေ။ ဘာလဲ…စိတ်ဆိုးလို့လား”
“စိတ်ဆိုးရုံတင်မကဘူး။ နားရင်းပါ အုပ်ပစ်ချင်တာ”
အငွေ့မသေသေးသော ကျွန်တော် ဒေါသတွေ ပြန်ထသွားပြီး သူမကိုရိုက်ရန် အတွက် ဒုတိယအကြိမ်မြောက် လက်ဖြင့် ရွယ်လိုက်မိပြန်သည်။
ဒီိတစ်ခါတော့ ကောင်မလေးက ထွက်မပြေး။ နှုတ်ခမ်းကိုပင် မထီမရီဟန်ဖြင့် တွန့်ကွေးလိုက်သေးသည်။
“ဩ…ရှင်က ဒီလိုလာပြန်ပလား။ ခုနက ဝိတ်လျော့စရာရှိလို့ ထွက်သွားတာကို အဟုတ်ကြီးထင်နေတယ်ပေါ့လေ။ ဒါဆိုလည်း ရတယ်လေ…ဟောဒီမှာ လာထား”
ဟိုက်…။
ကောင်မလေးက ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီးဆတ်ခနဲဆွဲထုတ်လိုက်ရာ သူမလက်ထဲမှာ ခလုတ်ဓားတစ်လက်ပါလာသည်။ ဓားမှ ခလုတ်ကို ချောက်ခနဲ ဖွင့် လိုက်တော့ ဓားသွားဖွေးဖွေးက မြွေဟောက်တစ်ကောင်ပါပျဉ်းထောင်သလိုမျိုး အသည်း ယားဖွယ်ရာ ငေါက်ခနဲထွက်လာ၏ ။
“ရှင်လုပ်ချင်ရင် လုပ်လိုက်လေ။ ရှင်လှုပ်တာနဲ့ ကျုပ်လက်ကလည်းငြိမ်နေမှာ တော့ မဟုတ်ဘူးနော်။ ဟင်း…ဟင်း…ဟင်း…”
ကောင်မလေး၏ မခိုးမခန့်ပုံစံကြောင့် ကျွန်တော် ဆွဲထိုးပစ်လိုက်ချင်ပေမယ့် သူမလက်ထဲမှဓားကိုလည်းကြောက်မိသည်။ ဒါမလေးက ပြောရတာ မဟုတ်။
ကျွန်တော် လည်း အချိန်မီအားကိုးရှာသည့်အနေနှင့် စားပွဲတစ်လုံးပေါ်မှ မုန့်လှီး သော ဓားတစ်လက်ကို အလျင်အမြန်ဆွဲယူလိုက်သည်။ ဓားလက်ထဲရောက်တာနှင့် ကောင်မလေးရှိန်သွားအောင် သူမလုပ်သလိုမျိုး ဓားကိုဝှီးခနဲဝှီးခနဲ ဝှေ့ရမ်းပြလိုက်၏ ။
ကောင်မလေးက ကျွန်တော် လုပ်နေတာကိုကြည့်ပြီး ရှိန်မသွားသည့်အပြင် လှောင် သလိုပြောင်သလိုနှင့် ခပ်ဟဟရယ်ပါသည်။
“ဟာဟ…ရှင်ကလည်း ဓားကြီးနဲ့ပါလား။ အရမ်းသတ္တိတွေ ကောင်းနေတယ် ပေါ့လေ။ ဒါဆိုလာလေ…ရှေ့တိုးခဲ့။ ရှင် ဒီလောက်တော် သွေးကောင်းနေရင် ရှင်နဲ့ကျုပ် တစ်ယောက် လည်စိကို တစ်ယောက် ဓားနဲ့ထောက်ပြီး တစ်နှစ် သုံးအော်မယ်။ ပြီးရင် သုံးဆိုတာနဲ့ ပြိုင်တူထိုးမယ်”
“အင်…”
“နှစ် လောင်းပြိုင်ပေါ့ရှင်။ တစ်ထဲက တစ်နှုတ်ရင် သုညပဲကြွင်းတာပါ။ ဘယ်သူမှ မရှုံးမရှိပါဘူးလေ။ ရှင်သွေးမကြောင်ရင် စိန်လိုက်။ ဘယ်လိုလဲ…ထိုးမယ်နော်”
“အဲ…”
ကောင်မလေးက ပြောပြောဆိုဆို ကျွန်တော့် လည်စိကို ဓားဦးချွန်ချွန်နှင့် လာထောက် လေသည်။ အေးစက်စူးရှသော ဓားများ ၏ အထိအတွေ့ ကြောင့် ခုနကထနေ သည့် ဒေါသတွေ ကြက်ပျောက်ငှက်ပျောက်နှင့် ဘယ်ရောက်ကုန်သည်မသိတော့။
“ဒီပွဲက မျှတပါတယ်။ ကျုပ်တစ်ဖက်သတ်မဟုတ်ပါဘူး။ ရှင့်ကိုအထူးအခွင့်အရေး အနေနဲ့ပေးထားတာနော်။ ကဲ…ရှင့်လက်ထဲက ဓားနဲ့ကျုပ်လည်စိကို ပြန်ထောက်လိုက် လေ။ ပြီးရင် ပြိုင်တူထိုးမယ်”
“ဟို…ဟိုလေ…”
“ပြောနေတာ ကြာပါတယ်။ မြန်မြန်လုပ်စမ်း”
“အာ…”
ကောင်မလေးက ဓားကိုင်ထားသော ကျွန်တော့် ညာလက်ကို ဆတ်ခနဲဆွဲကာ ဓားဦးချွန်ဖြင့် သူမလည်ပင်းကို မကြောက်မရွံ့ယူထောက်လေသည်။
“ဟာ”
“ဒါမျိုးတော့ လာမစမ်းနဲ့။ မေထက်ရှိအောင်တို့က ဗလမရှိပေမယ့် ဇရှိပြီးသား။ ရှင်းလား။ ပြောနေတာကြာပါတယ်ကွာ။ ကဲ…စမယ်”
“အယ်”
ကြောက်မယ်ထင်ပြီး ဖြဲခြောက်မိတာ အခြေအနေက ပိုဆိုးသွားသည်။ နဂါးထိပ် ကိုမှ လက်ဝါးတံတွေးစွတ်ကာ သွားပွတ်မိချေပြီ။
ကျွန်တော် ဘာလုပ်ရမည် နည်း။ အခုအချိန်ကျမှ ရှောင်ထွက်သွားလျှင်လည်း ယောက်ျားတန်မဲ့ သိက္ခာကျတော့မည် ။ ဆုတ်လည်းစူး စားလည်းရူးဆိုသလို အ ဖြစ်မျိုး။
“တစ်”
မရဏနိုင်ငံတော် ကို သွားဖို့အတွက် ဆင့်ခေါ်မှု က စတင်လေပြီ။
၎င်းမလေးက ပုံစံကတကယ်လုပ်မည့် ပုံ။ ကျွန်တော် ဒူးတွေ တုန်ကာဇောချွေးတွေ ပျံလာသည်။
“နှစ် ”
ဟယ်…ဘုရား ဘုရား။
ကောင်မလေးက မျက်လုံးကိုတောင်မှိတ်ထားပြီ။ မူးမူးရူးရူးနှင့် အသက်ကို အသေ ဆော်တော့မည် ။ ဓားကိုင်ထားသော ကျွန်တော့် လက်မှာ တဆတ်ဆတ်တုန်ခါနေ၏ ။
သုံးဆိုသော အသံကိုကြားရတော့မည် ။ မကြားလိုပါ။
ဟော…ဓားဖျားက တဖြည်းဖြည်းစူးနစ်လာချေပြီ။
အောင်မလေး…အမေ့သားတော့ ကိုယ်ကျိုးနည်းပါတော့မည် ။
“ဟေ့…ဟေ့…ထက်ရှိ မလုပ်နဲ့လေ”
“ဟာ…လင်းခန့် နောက်ဆုတ်စမ်း”
“ထက်ရှိ တော် တော့။ ပေါက်ကရတွေ လျှောက်လုပ်မနေနဲ့။ ငါ့ရဲ့ ပျော်ပွဲရွှင်ပွဲက မသာပွဲ ဖြစ်သွားဦးမယ်။ ရပ်ြ ကတော့”
ဟူး…ကံကြီးပေလို့သာပေါ့။
အခြားလူတွေ ဝင်ရောက်ဖျန်ဖြေပေးသဖြင့် ပြဿနာကဒီလောက်နှင့် ရပ်သွား သည်။ ထိုလူတွေ သာ စက္ကန့်ပိုင်းလောက် အရောက်နောက်ကျပါက ကျွန်တော့်ဘဝက မတွေးဝံ့စရာ။
“လင်းခန့်…ဘာ ဖြစ်သွားသေးလဲ”
“သူငယ်ချင်း…အခြေအနေကောင်းရဲ့ လား”
“ကဲ…လက်ထဲကဓားတွေ ပေးကြ”
ဓားတွေ ကိုတောင်းတော့ ကျွန်တော် က အသာတကြည်ပေးလိုက်ပေမယ့် မိုက် ကယ်မလေးကဆော့ မပေးဘဲခလုတ်ပိတ်၍ ဘောင်းဘီအိတ်ထဲပြန်ထည့်လိုက်တာ တွေ့ ရ သည်။ သတိထားနေမှ…။
“ဆောရီးပဲ လင်းခန့်ရယ်…နင့်ကိုငါ တောင်းပန်ပါတယ်နော်”
“ရပါတယ်ဟာ”
ပါတီရှင်ငြိမ်းငြိမ်းဝေက ကျွန်တော့် ကိုတောင်းပန်ပြီး မိုက်ကယ်မလေးကို အပြစ်တင် နေသည်။
“ထက်ရှိ…နင်အရမ်းပြဿနာရှာတာပဲ။ လင်းခန့်ကိုအားနာဖို့ကောင်းလိုက်တာ။ နင်ဒီက ငါ့ဧည့်သည်ကိုပြန်တောင်းပန်လိုက်”
“ဘာလဲ…နင်က ငါ့ကိုအမိန့်ပေးတာလား။ နားကား သွားကျဲ၊ ပါးကွဲချင်ပြီထင်တယ်”
“အယ်”
မိုက်ကယ်မလေးက လေသံမာမာဖြင့် ဟောက်တော့ ငြိမ်းငြိမ်းဝေခမျာ မျက်နှာ လေးငယ်သွားသည်။
“ဟယ်…ငါက အမိန့်ပေးတာမဟုတ်ပါဘူး ထက်ရှိရယ်။ ဧည့်သည်ကို အားနာ လို့ပြောတာပါ။ အချင်းချင်းတွေ ပဲဥစ္စာ။ တောင်းပန်လိုက်ပါဟာ။ ငါ့သူငယ်ချင်း လေးက လိမ္မာပါတယ်နော်”
“လာဖားမနေနဲ့။ ပုံမှန်အတိုင်းဆက်ဆံ။ နင့်ဧည့်သည်ဆိုတဲ့လူကို ငါပြန်တောင်း ပန်မှာ ပါ။ ငါက ကိုယ့်ဘက်ကမှားရင် ခွေးကိုတောင် တောင်းပန်ဖို့ဝန်လေးတဲ့သူမဟုတ်ဘူး”
ဟာ…အဖြူထည်ကြီး ခွပ်သွားပြန်ပြီ။ ကြက်မလေး…။
ပြောပုံက ကျွန်တော့် ကိုခွေးနှင့် တစ်တန်းစားတည်း ခိုင်းနှိုင်းပစ်လိုက်တာ။
ပြန်ပြောလျှင်လည်း နောက်ထပ်ရန်တစ်ပွဲ ဆင်နွှဲဖို့သာ ရှိတော့တာမို့ မသိချင် ယောင်ဆောင်ပြီး အသာငြိမ်နေလိုက်ရသည်။ သူမက ငြိမ်းငြိမ်းဝေ၏ နားရွက်ကို ဖျက်ခနဲ ဆွဲကာ…
“ဟဲ့…ငါနည်းနည်း မောသွားလို့ တစ်ဗူးလောက်သွားယူပေးစမ်း”
“အေးပါဟယ်…အေးပါ။ ယူပေးပါ့မယ်”
“ဒါဆို သွားယူလေ။ ဘာလုပ်နေတာလဲ”
“ဟယ်…နင်က ငါ့နားရွက်ကိုဆွဲထားတာ။ ငါဘယ်လိုလုပ်သွားလို့ရမှာ လဲ”
“အာ…ဟုတ်သားပဲ။သွား…သွား…မြန်မြန်သွား”
မိုက်ကယ်မလေးက ဆောင့်တွန်းလွှတ်လိုက်ရာ ငြိမ်းငြိမ်းဝေ ငိုက်စိုက် ငိုက်စိုက် ဖြစ်သွားသည်။ ဒါတောင်ဘာမှ ပြန်မပြောရဲဘဲ အိမ်ထဲသို့ ခပ်သွက်သွက် ဝင်သွား လေသည်။
“ရော့…ထက်ရှိ”
ငြိမ်းငြိမ်းဝေက ယူလာသော ဗူးကို ကျိုးကျိုးနွံနွံကမ်းပေးတော့ မိုက်ကယ်မလေးက ဆောင့်ကြွားကြွားဖြင့် ယူဖောက်၍ မော့သောက်သည်။ ပြီးတော့ ကျွန်တော့် ဘက်သို့ မျက်နှာလှည့်လာသည်။
“ဟေ့လူ…လင်းခန့်တာရာဆိုတဲ့လူ”
“ဘာလဲ”
“ကျုပ်ကရှင့်ကို တောင်းပန်မလို့ခေါ်တာကို ကောင်းကောင်းမွန်မွန်ပြန်ထူးစမ်းပါ”
“အောင်မာ…”
ပြောပုံကိုကအစ တစ်စက်ကလေးမှ အချိုးမပြေ။ သူမဆီမှာ သာ ဓားမရှိပါက ကျွန်တော် နားရင်းပြေးရိုက်မိနေလောက်ပြီ။
“ကိုလင်းခန့်တာရာ…ရှင့်ကိုကျုပ်တောင်းပန်ပါတယ်။ ဒါပေမယ့် ဟိုကောင်မ တောင်းပန်ခိုင်းလို့ တောင်းပန်တာမဟုတ်ဘူးနော်။ ကိုယ့်အသိစိတ်နဲ့ကိုယ်တောင်းပန်တာ။ စိတ်မရှိပါနဲ့…ရှင်နဲ့ကျုပ်က သိလက်စကြီးနဲ့ပဲဟာကို။ ကျုပ်က ရှင့်ကိုခင်လို့စတာပါ”
“မင်းစတာကြီးက အခန့်မသင့်ရင် နှစ် ယောက် စလုံးသေမှာ ကွ။ သိရဲ့ လား”
“ဟဲဟဲ…ကျုပ်က သုံးအထိဆက်ရေဖို့ အစီအစဉ်မရှိပါဘူး။ ရှင့်ကိုတမင် နောက်နေ တာ။ ရှင်ကလည်း ယောက်ျားကြီးတန်မဲ့နဲ့ ကြောက်တတ်လိုက်တာလွန်ရော”
“ယောက်ျားလည်း လူပဲကွ”
ကျွန်တော် ဘောက်ဆတ်ဆတ်ပြောလိုက်တော့ ဂျလေဘီမလေးက ပြောင်တိ ပြောင်စပ် ကလေးလုပ်နေသည်။
အာလေးလျှာလေးနှင့် ပြောနေလိုက်တာ။ ကျွန်တော် ရူးချင်လာပြီ။
“မှတ်ထား…ပတ်ကားမဟုတ်တဲ့ ကျုပ်နာမည် က မေထက်ရှိအောင်တဲ့။ လမ်းတွေ့ ရင်လည်းခေါ်၊ အမြင်မတော် တွေ့ ရင်ရှောင်သွား။ အဲ ဟုတ်ပါဘူး။ ဟိုလေ…ရန် ဖြစ် နေတာတွေ့ ရင်လည်း ကူချပေး။ ဟုတ်ပြီလား”
“အင်း…အင်း…”
ကျွန်တော် ယောင်တောင် ပေါင်တောင်နှင့် ခေါင်းညိတ်ပြလိုက်ရသည်။ ဒီကောင်မ လေးတော့ အရှိန်တက်နေပြီ။
“ကျုပ်နာမည် ကို ရှင်မှတ်မိတယ်နော်။ ကျုပ်နာမည် က ပတ်ကားမဟုတ်တဲ့ မေထက်ရှိအောင်။ ရှင့်နာမည် က ပတ်ကား။ ဟုတ်လား”
“ဟာ…မဟုတ်ပါဘူး။လင်းခန့်တာရာပါ”
“ဟာ…ဟုတ်သားပဲ။ ဆောတီး…ဆောတီး…ရှင့်နာမည် က လင်းခန့်တာရာ။ ဟုတ် တယ်မို့လား”
“ဟာ”
တကယ့်ယစ်ထုပ်နှင့် မှ လာတွေ့ နေသည်။ လက်ကားယား ခြေကားယားနှင့် ယိုင်တိယိုင်တိုင် ပြောနေပုံက ကိုင်ပေါက်ပစ်ချင်စရာပါ။
“ထက်ရှိ… နင်ပြောတာမှားနေပြီ။လင်းခန့်တာရာဆိုတာက သူ့နာမည် လေ။ နင့် နာမည် က…
“ငါသိတယ်။ လျှာမရှည်နဲ့”
ဝင်ပြောသော ငြိမ်းငြိမ်းဝေကို ယစ်ထုပ်မလေးက အသာနေရန် လက်ကာ ပြလိုက်သည်။
“ငါသိပါတယ်ဟာ။ လင်းခန့်တာရာဆိုတာက သူ့နာမည် ။ ငါ့နာမည် က… ပတ်ကား မဟုတ်တဲ့ မှတ်ထား”
“ဟယ်…”
“ဟုတ်တယ်။ငါ့နာမည် က ပတ်ကားမဟုတ်တဲ့ မှတ်ထား။ ဟား ဟား ဟား… ပတ်ကားမဟုတ်တဲ့ မှတ်ထားကွ။ ပဲပြုတ်သည် မထားရဲ့ ပဲပြုတ်တွေ ကို အလကားယူစားတဲ့ ပတ်ကားမဟုတ်တဲ့ မှတ်ထား။ ဟား ဟား ဟား ဟား”
သွားပြီ…။
မဆိုင်တာတွေ ပါ ရောကုန်ပြီ။ မနေသာသာဖြင့် ငြိမ်းငြိမ်းဝေက သူမကို ဆွဲခေါ် သည်။
“ကဲပါ ထက်ရှိရယ်… မထားပဲ ဖြစ် ဖြစ်၊ ပတ်ကားပဲ ဖြစ် ဖြစ်၊ မှတ်ထားပဲ ဖြစ် ဖြစ် တော် ပါတော့။ ရစ်မနေပါနဲ့။ လာ… သွားကြရအောင်။ ဒီကဧည့်သည် အားလုံးကိုလည်း ငြိမ်းကပဲကြားထဲက တောင်းပန်ပါတယ်နော်”
“အားလုံးပဲ ဂွတ်နိုက်… ဘိုင့်ဘိုင် တာ့တာ… ယူဂိုးတူ သုဿန်၊ အိုင်ဂိုးတူ နိဗ္ဗာန်… ဗဲရီး ဗဲရီးဂွတ် …ဆီးယူ…ဆီးမယူချင်ရင် ချီးယူ။ အိုင် ကတော့ ဒိုးပြီ”
လက်တွေ ရော ခြေတွေ ရောရမ်းပြီး နှုတ်ဆက်ရင်း ငြိမ်းငြိမ်းဝေဆွဲခေါ်ရာနောက်သို့ တေလေမလေး ယက်ကန်ယက်ကန်ဖြင့် ပါသွားလေသည်။
သူမကိုကြည့်ရတာ တော် တော့်ကို ပေါက်တတ်ကရ ဆန်လှသည်။ မိန်းကလေး ဖြစ်ပါလျက် ဆိုးချက်ကလည်း ပက်စက်ကော။
ကောင်မလေးရယ်…
မင်းလေးဟာ တကယ်ဆိုးတဲ့ ကောင်ဆိုးမလေးပါပဲ…။
ညဥ့်က ငြိမ်သက်မှော င်နက်နေပါပြီ။ အင်းဆက်ပိုးကောင်လေးများ ၏ မြည် တွန်သံ တွေ က တော့ စီစီညံနေ၏ ။ ပါတီပွဲမှ အပြန်လမ်းတွင် ကျွန်တော် တို့ ပါးစပ်ဖျားမှ ကောင်ဆိုးမလေးအကြောင်းတွေ သာ စီးခိုကပ်ပါလာသည်။
“လင်းခန့် …မင်းလည်ပင်းကို ထက်ရှိကဓားနဲ့ ထောက်တော့ မင်းမကြောက် ဘူးလား”
“ကြောက်တာပေါ့ကွ။ ကြောက်တာမှ အားလုံးကိုတုန်နေတာပဲ”
“ဒါနဲ့တောင် ဘာလို့ထွက်မပြေးလဲ”
“ထွက်ပြေးလို့ကောင်းမလားကွ။ ငါက ယောကျာ်းလေးလေ။ ယောကျာ်းတန်မဲ့ ထွက်ပြေးရင်လည်း အရှက်ကထပ်ကွဲဦးမယ်။ အဲ့ဒါကြောင့် သေကာမှ သေစေတော့ ဆိုပြီး ငြိမ်နေရတာ ”
တစ်ခါတစ်ခါမှာ ထိုယောကျာ်းဆိုသော ဝေါဟာရကြီးက လူကိုတော် တော် ဒုက္ခပေး ပါသည်။ မိန်းမသားတွေ နှင့် ယှဉ်လိုက်လျှင် ယောကျာ်းဆိုပြီး ညှာတာရတွေ ၊ နာရတာ တွေ ၊ ဘာမှအကျိုးမရှိဘဲ သိက္ခာအတွက် အဖတ်ဆယ်ရတာ တွေ အများ ကြီးရှိပါသည်။
“ထက်ရှိနဲ့တွေ့ တဲ့လူတိုင်း ကတော့ သူ့ဒဏ်မခံဘူးတဲ့လူမရှိသလောက်ပါပဲကွာ။ တကယ်တော့ ထက်ရှိက သနားဖို့ကောင်းတယ်ကွ”
“ဘာ”
ဇော်ဦးစကားကြောင့် အရူး တစ်ယောက် ၏ လက်ထဲမှ အညွှန်းပမာ မယုံကြည်ချင် စရာ ကောင်းလွန်းလှသည်။ ဒီကောင့်ပါးစပ်မှ အသံထွက်ကိရိယာတွေ ချို့ယွင်းနေပြီဟုပင် ကျွန်တော် ထင်လိုက်မိသည်။ လမ်းလျှောက်လျက်မှပင် ဇော်ဦးပခုံးကို ကျွန်တော် ပုတ် လိုက်ပြီး…
“ဇော်ဦးရာ …မင်းမို့လို့ပဲ ဒီစေတန်ဂြိုလ်မလေးကို သနားဖို့ကောင်းတယ်လို့ ပြောထွက်တယ်။ မင်းသူ့အကြောင်းဘယ်လောက်သိလို့လဲ။ ငါဆိုခံရတာ ထပ်နေပြီ”
“သိတာပေါ့ လင်းခန့်ရာ၊ သူ့အကြောင်းကို သိလို့လည်း ဒီလိုစကားမျိုးပြောတာပေါ့”
အပ်ချမတ်ချကြီးပြောနေသော ဇော်ဦးကြောင့် ကျွန်တော် စိတ်ဝင်တစား ဖြစ်သွား မိသည်။
“ဒါဆိုပြောစမ်းပါဦး။ ငါလည်း သိချင်တယ်”
ဇော်ဦးက ကျွန်တော် မေးတာကို ပြန်မဖြေသေးဘဲ လမ်းဘေးအုတ်ခုံပေါ်၌ သွား ထိုင်သည်။ မျိုးမင်းအောင်ကလည်း ဇော်ဦးဘေးတွင် ဝင်ထိုင်သည်။ ကျွန်တော် ကတော့ မထိုင်ချင်သော ကြောင့် မတ်တတ်သာရပ်နေလိုက်၏ ။ ခဏကြာတော့ ဇော်ဦး က…
“ထက်ရှိရဲ့ အမေနဲ့ ငါ့အမေနဲ့က ခင်တယ်ကွ။ ထက်ရှိ ငယ်ငယ်တုန်းက အရမ်း လိမ္မာတာ။ ဉာဏ်ကောင်းသလို စာလည်းအရမ်းတော် တယ်”
“ဟုတ်မှလည်း ပြောပါကွာ”
“ဟုတ်တယ် လင်းခန့်…ငါတကယ်ပြောနေတာ။ ကိုးတန်းနှစ် အထိထက်ရှိဟာ လိမ္မာနေတုန်းပဲ။ စာလည်း အရမ်းကြိုးစားတယ်။ ကိုးတန်းနှစ် စာမေးပွဲရက်ကြီးမှာ သူအမေ ဆုံးတော့ သူ့အမေအသုဘရှိလျက်နဲ့တောင် ထက်ရှိဟာ စာမေးပွဲကို သွားဖြေတယ်”
“ဪ”
မိတဆိုးလေးမှန်း သိလိုက်ရသော ကြောင့် ကောင်ဆိုးမလေးအတွက် ကျွန်တော် စိတ်မကောင်း ဖြစ်သွားမိသည်။
“မင်းပြောသလိုဆိုရင် အဲ့ဒီကောင်မလေးက အစက လိမ္မာသားနဲ့ အခုမှဘာလို့ ဆိုးသွားရတာ လဲ”
“ထက်ရှိအခုလိုဆိုးသွားတာကို ငါ့အမြင်ပြောရရင် သူ့အဖေကြောင့် လို့ ထင်တာပဲ”
“သူ့အဖေက ဘာ ဖြစ်လို့လဲ”
“ထက်ရှိရဲ့ အဖေ အန်ကယ်ဦးကျော်ဇင်က စီးပွားရှာတော့ ကောင်းပါတယ်။ ဒါပေမယ့်လို့ သမီးကိုဂရုတစိုက်မရှိဘူး။ သူနေချင်သလိုနေတယ်။ ထက်ရှိ ဆယ်တန်း နှစ် မှာ သူ့သဘောနဲ့သူ နောက်မိန်းမယူတယ်။ သူ့စိတ်ထဲမှာ သမီး ဖြစ်သူကို သုံးချင်သ လိုသုံး၊ ဖြုန်းချင်သလိုဖြုန်းနိုင်အောင် ငွေရှာပေးနိုင်ရင် တာဝန်ကျေပြီလို့ ထင်နေတာ။ တကယ်တော့ ထက်ရှိလိုအပ်နေတာက မေတ္တာကွ။ ထက်ရှိက မိဘရဲ့ နွေးထွေး ယုယမှု ကိုခံချင်တာ။
“ဪ…”
ဇော်ဦးပြောပုံအရတော့ ကောင်ဆိုးမလေး၏ ခံစားမှု ကို ကျွန်တော် စာနာပေး၍ ရသွားသည်။ ရုတ်ချည်းပင် သူမကိုသနားသလို စိတ်ကလေးလည်း ဖြစ်သွားမိပါ၏ ။
“သူ့အဖေကကော သူ့ကိုမချစ်တာလား”
“မချစ်တာတော့ မဟုတ်ဘူးကွ။ အဖေနဲ့သမီးနားလည်မှု လွဲနေတာ။ သူ့အဖေရဲ့ မေတ္တာစေတနာက အသုံးချပုံမှားနေတာ။ ထက်ရှိက အဲဒီ လို သူ့ကို နားလည်မှု မပေးနိုင်တဲ့ သူ့အဖေအပေါ် မကျေနပ်စိတ်တွေ နဲ့ အရွဲ့တိုက်ရင်း ဆိုးသွားတာ”
“သူ့မိထွေးကကော ဘယ်လိုလဲ”
“ဒေါ်စန္ဒာကခပ်အေးအေးပါပဲ။ သူက သားအဖနှစ် ယောက် ကြားမှာ ကြားနေ ဝါဒကိုပဲ ကျင့်သုံးတယ်။ ဒါပေမယ်လို့ထက်ရှိ ကတော့ မိထွေးဆိုတဲ့ အသိကြောင့် သူ့ကိုဆို လုံးဝမကြည်လင်ဘူး”
ကောင်ဆိုးမလေးဘက်က ကြည့်လျှင်လည်း အစဉ်အလာထဲမှ မိထွေးဆိုသော အသိစိတ်နှင့် သူမ၏ တစ်မျှင်တည်းသော သံယောဇဉ်ကြိုးအား လုယူခံလိုက်ရသလို ရှိတာကြောင့် နာကျင်ခံခက် ဖြစ်နေတာ သိပ်တော့ အပြစ်မဆိုသာပေ။
“ဒီကောင်မလေးအခုလို ဖြစ်နေတာကို သူ့အဖေကမဆုံးမဘူးလား”
“ဆုံးမတာပေါ့ကွာ”
“ဟင်…ဆုံးမလိုက်သားနဲ့တောင် အခုလို ဖြစ်နေတယ်။ ဟုတ်လား”
“ဒါက ဒီလိုကွ။ ထက်ရှိရဲ့ အဖေက သားသမီးတွေ ကိုနည်းစနစ်ကျကျ မဆုံးမတတ် ဘူး။ တစ်ခုခု ဖြစ်တာနဲ့ ဗြူးဗြဲထလုပ်တာမျိုးကြီး။ အဲဒီ တော့ နဂိုကမှ သူ့အဖေအပေါ်မ ကျေမနပ် ဖြစ်နေတဲ့ ထက်ရှိက ပိုရွဲ့တော့တာပေါ့”
“မင်းပြောပုံအတိုင်းဆိုရင် ကောင်မလေးက သနားစရာလေးပါလားကွ။ ဒါနဲ့သူ ကျောင်းပြီးသွားပြီလား”
“ဘယ်ကလာပြီးရမှာ လဲ။ ဆယ်တန်းတစ်နှစ် ကျကတည်းက ဆက်မဖြေတော့တာ”
“ဟင် မင်းပြောတော့ ဉာဏ်ကောင်းတယ်ဆို”
“ဉာဏ်ကောင်းတာက ကောင်းတာပဲလေကွ။ ကိုယ်တိုင်က ကြိုးစားချင်စိတ် မရှိမှတော့ ဘယ်အောင်ပါ့မလဲ”
ဇော်ဦးပြောတာ ဟုတ်သည်။ ဘယ်လောက်ပဲ ဉာဏ်ရည် ဉာဏ်သွေးထက်မြက် သူ ဖြစ်ပါစေ။ ကိုယ်တိုင်ကြိုးစားချင်စိတ်မရှိလျှင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ချေ။ိ အောင်မြင်မှု တစ်ခု ဖြစ်လာစေဖို့အတွက် အဓိက လိုအပ်ချက်မှာ အောင်မြင်လိုသည့် စိတ်နှင့် ကြိုးစားမှု ပင် ဖြစ်သည်။
“စာမေးပွဲကို ပြန်ဖြေတော့ သူ့အဖေကဘာမှမပြောဘူးလား”
“ပြောတော့ ပြောမှာ ပေါ့။ ထက်ရှိကမှ နားမထောင်တာ။ ထက်ရှိက သူ့ခွင့်ပြုချက် မရဘဲနဲ့ သူ့အဖေဆိုရင် အရမ်းကလန်ကဆန်လုပ်တာ။ သူ့အဖေက သူ့ကိုတစ်ခုခု ပြောတာ နဲ့ အဖေလည်း အဖေလုပ်ချင်သလို လုပ်ခဲ့တာပဲ။ သမီးလဲ သမီးလုပ်ချင်သလို လုပ်မယ် ဆိုပြီး ပြန်ပြောတာတဲ့။ ထက်ရှိက အဲဒီ လိုနိုင်ကွက်ကိုင်လိုက်တာနဲ့ သူ့အဖေကလည်း သူ့အမှားနဲ့သူမို့ ဘာမှဆက်မပြောနိုင်တော့ဘူးတဲ့”
“ဪ…”
အမှန်နှင့် အမှားတွင် အမှားက အမြဲအားငယ်နေတတ်သည်။ အမှားကျူး လွန်ထား လျှင် မိဘပဲ ဖြစ်စေ၊ ဆရာပဲ ဖြစ်စေ၊ ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်သာဆိုသလိုမျိုး ပြောဆို သမျှကို ခံပက်ရန် အင်အားချိနဲ့နေတတ်၏ ။ ကောင်ဆိုးမလေးသည်လည်း သူမဖခင်ဆီမှ ထိုအခွင့်အရေး ကို ပိုင်ပိုင်နိုင်နိုင် ပယ်ပယ်နယ်နယ်ကြီး ဆိုးပြနေတာ ဖြစ်ရမည် ။
“ဟူး….ဒီကောင်မလေး အ ဖြစ်က မလွယ်ပါလားနော်”
နေရောင် ခြည်သည် လတ်လတ်ဆတ်ဆတ် ဖောက်ခွဲသွန်ချထားသော ကြက်ဥ တစ်လုံး၏ အတွင်းသားများ ကဲ့သို့ ဝါဝင်းစိုမြနေသည်။ တသုန်သုန်တိုက်ခတ်နေသော လေကိုဆန်ကာ ချွန်းဂမ်းဝါးရင်းဆိုင်ကယ်အား ကျွန်တော် ဖြည်းဖြည်းမှန်မှန် မောင်းနှင် နေလိုက်၏ ။
ယခုပင် ဝက်သားတုတ်ထိုးဆိုင်မှ ဟိုတစ်နေ့ကအကြွေး ပေးပြီးပြန်လာတာ ဖြစ်ပါသည်။
“တီ…တီ…”
နောက်မှ ဟွန်းသံကြောင့် ကျွန်တော့် ဆိုင်ကယ်ကို လမ်းဘေးကပ်ကာ တိမ်းရှောင် ပေးလိုက်သည်။ ထိုအခါ ဆိုင်ကယ်တစ်စီးက လီဗာ ပုတ်သံဆူညံစွာ ဖြင့် နံဘေးမှ ကျော်တက်သွားသည်။
ဘယ်သူများ လဲမဆိုပြီး ကြည့်မိတော့ ကောင်ဆိုးမလေး…။
အမယ်မယ်…သောက်ကျင့်လေးက ယုတ်ပြီ။
ဆိုင်ကယ်ဆီး ဦးထုပ်ဆောင်းမထားသော ကြောင့် ကျွန်တော့်ကို သူမ မျက်စိ တစ်ဖက် မှိတ်ပြသွားသည်ကို လှစ်ခနဲ မြင်လိုက်ရပါသည်။
သူမက ဆိုင်ကယ်ကို တုတ်နှင့် အရိုက်ခံလိုက်ရသော မြွေတစ်ကောင်ကဲ့သို့ အလွန်တရာ ကောက်တိကောက်ကွေး နိုင်စွာ စီး၏ ။ ဘရိတ်မီးဆတ်တောက် ဆတ် တောက်ဖြင့် ဆိုင်ကယ်အပြိုင်စီးရန်လည်း စိန်ခေါ်၏ ။ ကောင်ဆိုးမလေး၏ ပေါတော တောနှင့် ကလေးဆန်ပုံကိုကြည့်၍ ကျွန်တော် ပြုံးလိုက်မိပါသည်။
ဘာလေးမှန်းကိုမသိ။ အချိုးလေး ကတော့ တစ်စက်မှမပြေ။
သူမက ဆိုင်ကယ်ကို လက်လွှတ်ပြီး စီးနေပြန်သည်။ လွှတ်ထားသော လက်နှစ် ဖက်ကလည်း အငြိမ်မနေဘဲ မိုးပေါ်ထောင်ကာ လှုပ်ရမ်းနေ၏ ။
တော် တော် ဆိုးတဲ့ ကောင်မလေးပဲ…။
သူမ လုပ်နေပုံကိုကြည့်ပြီး ကျွန်တော် အသည်းယားနေမိသည်။ ခဏကြာတော့ ကောင်ဆိုးမလေးက နောက်လှည့်ပြီး ကျွန်တော့် ကို မခန့်တရန့်ဖြင့် လျှာထုတ်ကာ ပြောင်ပြ ပြန်သည်။
ဟာ…။
သူမက ကျွန်တော့် ဘက်သို့ လှည့်ကာ ပြောင်ပြနေချိန်တွင် ကျွန်တော် သတိပြုလိုက်မိသည့် မြင်ကွင်းက အထိတ်တလန့် ဖြစ်ဖွယ်ပင်။ ထိုအချင်းအရာကို ကောင်ဆိုးမလေး ကတော့သိပုံ မပေါ်ချေ။
“ဟေ့…ဟေ့…”
ကျွန်တော် သတိပေးဖို့ ကြိုးစားပေမယ့် အချိန်မမီတော့။ နောက်ကျ သွားပါပြီ။
တစ်ခါက ကောင်ဆိုးမလေးတုတ်နှင့် ရိုက်ခဲ့ဖူးသော ကောင်လေးက လမ်းဘေးမှ အုတ်ခဲကျိုးတစ်ခုကိုကောက်၍ ကောင်ဆိုးမလေးအား မညှာမတာ ပစ်ပေါက်လိုက်ချေပြီ။
“ဒုတ်”
“ဝုန်း”
အငိုက်မိသွားတာမို့ အုတ်ခဲကျိုးက ကောင်ဆိုးမလေး၏ နောက်စေ့တည့်တည့်ကို ထိမှန်ကာ ဆိုင်ကယ်ရောလူပါ ပစ်စလတ်ခတ် တိမ်းမှော က်လဲကျသွားလေသည်။ ဆိုင် ကယ်တိမ်းမှော က်သွားတာနှင့် အုတ်ခဲကျိုးနှင့် ပစ်ပေါက်သူ ကောင်လေးလည်း သုတ်ခနဲ ထွက်ပြေးသွား၏ ။
ကျွန်တော် လည်း ဆိုင်ကယ်ကိုရပ်၍ အခြေအနေကိုကြည့်လိုက်တော့ ကောင်ဆိုး မလေး ဆိုင်ကယ်အောက်မှာ ပိနေပြီ။
“ကယ်ကြပါဦးဗျို့…. ကယ်ကြပါဦး… ဟောဒီမှာ သူတော် ကောင်းလေး တစ် ယောက် ဒုက္ခရောက်နေလို့ပါ”
အောင်မာ …အော်ပုံကိုက ကြီးကြီးကျယ်ကျယ်။
“ဟာ …ကိုလင်းခန့်တာရာ။ အဆင်သင့်လိုက်တာ မိတ်ဆွေကြီးရယ်။ ဒီကို လာစမ်းပါဦး”
ကောင်ဆိုးမလေးက ကျွန်တော့် ကိုမြင်သွားပြီး အသံလေးအသံကြောင်ဖြင့် အော် ခေါ်နေ၏ ။ ကိုယ့်ကိုဒုက္ခပေးထားသော ကောင်မလေးဆိုပြီး ရှောင်သွားဖို့စဉ်းစားမိပါ သေး သည်။ သို့သော် ထိုအတွေးကို ကျွန်တော့်  အသိဉာဏ်တို့က လက်မခံပါ။ ဒါကြောင့် ဆိုင်ကယ်ကို ဒေါက်ထောက်၍ သူမဆီသွားလိုက်သည်။
“ဟေ့…လာမှာ ဖြင့် လည်း မြန်မြန်လာပါ။ ဒီကလူကသေတော့မယ်”
ကောင်ဆိုးမလေးက မျက်နှာရှုံ့မဲ့မဲ့ဖြင့် ကျွန်တော့် ကို ဆီးအော်သည်။
ဆိုင်ကယ်ကို ကြည့်လိုက်တော့ လဲကျသည့်ဘက်မှ ကာဘာတစ်ခြမ်းနှင့် ရှေ့မှ အချက်ပြမီးလုံးတစ်လုံးကွဲသွားသည်။ ဆိုင်ကယ်ကို ဒေါက်ထောက်ပြီးတော့ သူမ အခြေ အနေကို အကဲခတ်ရင်း ကျွန်တော် အသာရပ်ကြည့်နေလိုက်၏ ။ ထိုအခါ…
“ဟယ်…ရပ်ကြည့်နေတယ် ကြည့်စမ်း။ တော် တော် အသိတရား နည်းတဲ့လူပဲ”
“အယ်”
လူက ခွေခွေလေးလဲနေတာတောင်မှ ကျွန်တော့်ကိုရန်လုပ်နေသေးသည်။
“မင်းကို ပိနေတဲ့ ဆိုင်ကယ်ကို ထူပေးပြီးပြီပဲ ဥစ္စာ။ ငါကဘာလုပ်ပေးရဦးမှာ လဲ”
“ဘာလုပ်ပေးရဦမှာ လဲ ဟုတ်လား။ ရုပ်ကလေးကြည့်တော့ သနားကမားနဲ့ မေတ္တာ တရားကလည်း ခေါင်းပါးလိုက်တာလွန်ရော။ ဒီမှာ လူ တစ်ယောက် လုံးလဲနေတာ မြင်လိုက် သားနဲ့ လာပြီးထူပေးပါလား”
ထူခိုင်းတာတောင်မှကောင်းကောင်းမပြော၊ ဒေါနှင့် မောနှင့် ကောသည်။ ကျွန်တော် စိတ်လျော့ပြီး ထူပေးရန်အတွက် သူမဘေးမှာ ဆောင့်ကြောင့် ထိုင်ချလိုက်၏ ။ သူမကို အနီးကပ်ကြည့်မိမှ အုတ်ခဲကျိုးမှန်သည့်နောက်စေ့က သွေးတွေ ထွက်နေပြီး လဲအကျမှာ မြေကြီးနှင့် မိတ်ဆက်မိသော ကြောင့် မေးစေ့ကွဲ၍ နဖူးလည်းပြဲသွားသည်။ ဒါတောင် ဂျင်းဘောင်းဘီအရှည်နှင့်မို့ အိပ်ဇောအပူလောင်တာ သက်သာသွားခြင်း ဖြစ်သည်။
ကပိုကယိုလဲကျနေသော ကောင်ဆိုးမလေး၏ မျက်နှာကိုကြည့်ရင်းကျွန်တော့်  ည ခံစားမှု တို့ တသွင်သွင်လှုပ်ခတ်လာသည်။ သူမနေရာမှာ ညီမလေးလင်းလင်တာရာသာ ဆိုလျှင် ဟူသော အတွေးနှင့် အတူ ကျွန်တော့် ရင်တွင်း၌ ကရုဏာစိတ်တို့ ယိုစီးဖိတ် လျှံကျလာပါသည်။
“ဟိတ်လူ…ဘာကြောင်ကြည့်နေတာလဲ”
“အဲ…”
“ရှင့်ကိုခေါ်တာ ကျုပ်လဲနေတာ မထနိုင်လို့ ထူပေးဖို့ခေါ်တာနော်။ ကျုပ်အလှကို ထိုင်ကြည့်ဖို့ ခေါ်နေတမဟုတ်ဘူး”
အမယ်လေးဗျာ…ကြောင်ချီးရုပ်ကများ ရာရာစစ။
“ဟိတ်လူ…ထူစရာရှိတာ ထူလေ။ ဘာလုပ်နေတာလဲ”
“အေးပါဗျာ…ထူပေးပါ့မယ် မယ်မင်းကြီးမလေးရယ်”
ကောင်ဆိုးမလေး၏ လက်မောင်းလေးတစ်ဖက်ကို ကျွန်တော် ဆွဲထူရန် ဆုပ်ကိုင် လိုက်သည်။ ထိုအခါ သူမကြွေးကြော်နေကျ ဝေါဟာရအတိုင်းပင်။ ဇရှိသော်ငြား လည်း ဗလ ကတော့လုံးဝမရှိပါ။ လက်ညှိုးနှင့် ခပ်ဆတ်ဆတ်တောက်လိုက် လျှင်ပင် ကျိုးကြေ သွားမည် ဟုထင်ရလောက်အောင် သူမလက်မောင်းလေးက လုံးဝန်းသေးကွေး ကာ အသားအရည်က နူးညံ့အိထွေးနေ၏ ။
“ကိုလင်းခန့်တာရာ … ရှင်ကျုပ်အသားကိုကိုင်တာ တဏှာစိတ်တွေ မပါစေနဲ့နော်။ သန့်သန့်ရှင်းရှင်းစိတ်နဲ့ပဲကိုင်”
ပြောပုံကိုက ထောင့်မကျိုး။ ဆွဲထူပေးနေရင်း လွှတ်ချပစ်ချင်စိတ်ပင် ပေါက်လာ သဖြင့် ကိုယ့်စိတ်ကိုမနည်းထိန်းချုပ်ထားရသည်။
“ရှင် အခုတလော ကံဇာတာတွေ တော် တော် တက်နေပုံရတယ်”
“ဘာ ဖြစ်လို့လဲ”
“ကျုပ်ကို အခုလိုထူခွင့်ရလို့လေ။ ရှင်အင်မတန်ကံထူးလို့ ဒီအခွင့်အရေး ကိုရတာ နော်”
“အမယ်…”
“ဟုတ်တယ်။ ကျုပ်အသားကို ကိုင်ခွင့်ရတဲ့ သူစိမ်းယောကျာ်းဆိုလို့ ရှင်တစ် ယောက် ပဲ ရှိသေးတယ်”
သူမပြောပုံကြောင့် ကျွန်တော့် မှာ လက်မတထောင်ထောင်နှင့် မြောက်ကြွ မြောက်ကြွ ထခုန်ရမလိုပင် ဖြစ်နေပြီ။
ဒါမလေး ကတော့လေ…ပြောလိုက်ရင် သိပ်ပြီးကြီးကျယ်ထောင်လွှားတာပဲ။
“ဘာပဲပြောပြော မကြာခင်မှာ တော့ မင်းအသားကို င့ါအပြင် တခြားသူစိမ်း ယောက်ျား တစ်ယောက် က ကိုင်ဦးမှာ ပါကွာ”
“အောင်မာ…ဘာကိစ္စကိုင်ရမှာ လဲ။ အကိုင် မခံနိုင်ပါဘူး”
“မင်းအကိုင်မခံလည်း အဲဒီ လူ ကတော့ အတင်းကိုင်မှာ သေချာတယ်”
“ကိုင်ရဲကိုင်ကြည့်ပါလား။ ဓားနဲ့ထိုးပစ်မှာ ပေါ့”
ကောင်မလေးက ဘောင်းဘီအိတ်ထဲမှ ခလုတ်ဓားကို ထုတ်၍ စွာ ပြနေပြန်သည်။
“အပိုတွေ ပြောမနေစမ်းပါနဲ့ကွာ။ အဲဒီ လူသာ တကယ်လာကိုင်ရင် မင်းဘာမှပြန် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ငြိမ်ခံနေရမှာ သေချာတယ်”
“ဘာ ဖြစ်လို့ ငြိမ်ခံရမှာ လဲ။ ငြိမ်ခံရအောင် အဲဒီ လူက ဘာမို့လို့လဲ”
ဒီတစ်ခါတော့ ငလည်မလေးက ကျွန်တော် ပြောတာကို သဘောမပေါက်ဘဲ ဒုံးဝေး နေသည်။ ဒါကြောင့် ကျွန်တော် တိုက်ရိုက်ပြောပြလိုက်ရ၏ ။
“အဲ့ဒီလူက ဘာမို့လို့လဲဆိုတော့ …အဲဒီ လူက ဆရာဝန်မို့လို့ပါကွာ”
“ဟာ…ဟုတ်သားပဲ”
အခုမှကောင်မလေးသဘောပေါက်သွားပြီး ကျွန်တော့် ကိုပြုံးစစနှင့် ကြည့်သည်။
“ရှင်ကလည်း ဘယ်ဆိုးလို့လဲ။ တော် သားပဲ”
“ဟဲ ဟဲ”
“ဒါပေမယ့် ကျုပ်ခြေဖျားကိုတောင် မမီသေးပါဘူး”
“အယ်”
ကြည့်စမ်း …ဘယ်လောက်ကြီးကျယ်လိုက်သလဲဆိုတာ။
ကျွန်တော် ထိပ်ခေါက်ချင်စိတ်ပင် ပေါက်လာသည်။ ထိပ်ခေါက်ချင်စိတ်ပေါက်လာမှ သူမနောက်စေ့ကိုကြည့်မိတော့ သွေးတို့က ထွက်တုန်း။
ဒီလောက် ဖြစ်နေတာတောင်မှ အေးတိအေးစက်နိုင်လိုက်ပုံများ … ကျွန်တော် ဖျား သွားရ သည်။
“ကဲ…မယ်မင်းကြီးမလေး စကားများ မနေနဲ့တော့။ ဆေးခန်းသွားကြမယ်”
“အိုကေလေ…သွားကြတာပေါ့”
ဒီလိုကျတော့လည်း အသွက်သား။ ဇိုးဇိုးဇတ်ဇတ်ပင် သော့ တန်းလန်းနှင့် ရပ်ထားသော ကျွန်တော့် ဆိုင်ကယ်ပေါ်သို့ တက်ခွလေရာ ကျွန်တော် ကြောင်သွားသည်။
“ဟေ့…အဲဒါ မင်းဆိုင်ကယ် မဟုတ်ဘူးလေကွာ”
“သိပါတယ်။ အတောင်ပံတစ်ဖက်ကျိုးပြီး မျက်လုံးတစ်ဖက်တိမ်ထွက်နေတဲ့ ဆိုင်ကယ်ဒုက္ခိတကြီးကို မစီးချင်လို့ပါ”
“ဟာ…မင်း ကတော့လေ”
ကာဘာတစ်ခြမ်းနှင့် အချက်ပြမီးလုံးကွဲသွားသော ဆိုင်ကယ်ပင် သူမပါးစပ်ထဲ ရောက်မှအတောင်ပံတစ်ဖက်ကျိုးပြီး မျက်လုံးတစ်ဖက်တိမ်ထွက်နေသည့် ဆိုင်ကယ် ဒုက္ခိတကြီး ဖြစ်သွားရသည်။
တော် တော် ပေါက်ပန်းသေး ပြောတတ်သည့်ပါးစပ်။
“ဒါဆို ဒီဆိုင်ကယ်က ဘယ်လိုလုပ်မှာ လဲ”
သူမပြောသည့် ဆိုင်ကယ်ဒုက္ခိတကြီးကို လက်ညှိုးထိုးပြီး ကျွန်တော် မေး လိုက်သည်။ ထိုအခါ သူမကဂရုမစိုက်ဟန်ဖြင့် …
“မသိဘူး။ အဒီ့် နိမိတ်မကောင်းတဲ့ ဆိုင်ကယ်ဒုက္ခိတကြီးကို လုံးဝမစီးတော့ဘူး။ ရှင်လုပ်ချင်သလို လုပ်ပစ်လိုက်။ ရှင့်ဆိုင်ကယ်ကိုတော့ ဒေါက်တာစည်သူလတ်ရဲ့ ဆေးခန်းကို လိုက်ယူလှည့်”
ကောင်ဆိုးမလေးကပြောပြီးတာနှင့် သူမခွထားသော ကျွန်တော့်  ဆိုင်ကယ်ကို နှိုးလေသည်။ စိုးရွံ့မှု တစ်စက်မှမရှိသော သူမကိုကြည့်၍ ကျွန်တော် ကတော့ စိုးရိမ်လာ သည်။
“ဒဏ်ရာတွေ နဲ့မင်းဆိုင်ကယ်စီးလို့ဘယ် ဖြစ်မလဲကွ”
“ဘာလို့မ ဖြစ်ရမှာ လဲ။ ဒဏ်ရာတွေ က လည်ပင်းအထက်မှာ ချည်းပဲ။ ဆိုင်ကယ်ေ မာင်းရမှာ က လက်နဲ့ခြေထောက်နဲ့မောင်းရမှာ ။ မဆိုင်တာတွေ လာပြောမနေနဲ့။ သွားပြီ”
“ဟာ…ဟေ့…ဟေ့…နေဦးလေ”
ကျွန်တော် အော်ခေါ်ပေမယ့် ကောင်ဆိုးမလေးက လှည့်မကြည့်တော့ဘဲ ဆိုင်ကယ်ကို လီဗာတဗြီးဗြီးတင်၍ တရကြမ်းမောင်းထွက်သွားလေသည်။
ကောင်ဆိုးမလေးအစွမ်းကြောင့် ခဏအတွင်းမှာ ပင် ကျွန်တော့် ရှေ့မြင်ကွင်းမှ ဆိုင်ကယ်လေးက ကျည်ဆန်ရထားကဲ့သို့ လျင်မြန်စွာ ပင် ပျောက်ကွယ်သွားလေရာ ကျွန်တော် တစ်ယောက် တည်း ဆိုင်ကယ်ဒုက္ခိတကြီးနှင့် ငေါင်စင်းစင်းကျန်ခဲ့ရ၏ ။
နောက်တော့ ဆိုင်ကယ်ကို သူမတို့အိမ်သို့ သွားပို့ပေးရန် ဆုံးဖြတ် ချက်ချ လိုက်ပါသည်။ ထို့ကြောင့် ဇော်ဦးပြောပြဖူးသည့် လိပ်စာအတိုင်း ဆိုင်ကယ် ဒုက္ခိတကြီး ကိုစီး၍ ကျွန်တော် သွားလိုက်တော့သည်။
ခြံရှေ့ရောက်သော အခါ ခြံတံခါးကြီးက ဖွင့်လျက်သားမို့ ခြံဝင်းထဲအထိ ဆိုင်ကယ်ကို ကျွန်တော် စီးဝင်သွားလိုက်သည်။ ခြံဝင်းထဲရောက်သည်နှင့် အပြင်ထွက်မည့်  ဟန်ဖြင့် အိမ်ထဲမှထွက်လာသော အသားညိုညိုပုကွကွ လူကြီးတစ်ဦးကို အဆင်သင့်ပင် တွေ့ မြင်လိုက်ရ၏ ။
“ဘာကိစ္စရှိလို့လဲ မောင်ရင်”
ဆိုင်ကယ်ဒုက္ခိတကြိးကို ဒေါက်ထောက်ပြီးချိန်မှာ ပဲ ထိုလူကြီးက ကျွန်တော့် အနား ကပ်လာသည်။
“ဒီက အန်ကယ်က ဦးကျော်ဇင် ဆိုတာလားခင်ဗျ”
“အေး…ဟုတ်တယ်။ ဘာ ဖြစ်လို့လဲ”
“ကျွန်တော် က မေထက်ရှိအောင်ရဲ့ အသိပါ။ သူက…”
“တိုတိုနဲ့လိုရင်း ပြောကွာ။ အချိန်သိပ်မရဘူး”
ဘယ်လိုလူပါလိမ့်…။
ငေါက်ဆတ်ဆတ်နိုင်သော ဆက်ဆံရေး ကြောင့် ကျွန်တော် စိတ်အချဉ်ပေါက် သွားမိသည်။ ဒါကြောင့် တိုတိုပြတ်ပြတ်ပင် ပြောလိုက်သည်။
“အန်ကယ့်သမီး ဆိုင်ကယ်မှော က်လို့”
“ဟာ…ဒီကောင်မလေး ကတော့ ဖြစ်ပြန်ပြီ”
ဦးကျော်ဇင်က ဆိုင်ကယ်ဒုက္ခိတကြီးကို တစ်ချက်ကြည့်ပြီး သိပ်အရေး မထားဟန် ဖြင့် ကျွန်တော့် ဘက် မျက်နှာပြန်လှည့်လာသည်။
“ဘာလဲ…သူက မောင်ရင့်ကို အလျော်ပေးဖို့နဲ့ ဆိုင်ကယ်ပြင်ဖို့အတွက် ငွေတောင်း ခိုင်းလိုက်တာလား။ အဲ့ဒါဆိုလည်း ဘယ်လောက်ယူမှာ လဲဆိုတာ မြန်မြန်လေးပြော။ ကိုယ်ကအလုပ်ကိစ္စတစ်ခု ချိန်းထားတာရှိလို့ သွားရဦးမယ်”
ဘယ့်နှယ်ဗျာ…ဘယ်လိုအဖေပါလိမ့်။
ကိုယ့်သမီးလေး ဘာ ဖြစ်သွားသေးသလဲဆိုတာ အရင်မမေးဘဲ သူ့အလုပ်ကိစ္စ ရှေ့တန်းတင်ပြီး ငွေစကားကိုသာ ဦးတည်ပြောနေသည့် ဦးကျော်ဇင်ကို ကျွန်တော် အမြင်ကတ်သွားမိသည်။
“ဒီမှာ အန်ကယ်…ကျွန်တော် ဒီကိုလာတာ ငွေယူဖို့လာတာမဟုတ်ဘူး။ အခု အန်ကယ့်သမီး ဒဏ်ရာတွေ နဲ့ ဒေါက်တာစည်သူလတ်ရဲ့ ဆေးခန်းကိုသွားတယ်။ ကျွန်တော် အဲ့ဒါလာပြောရင်းနဲ့ ဆိုင်ကယ်လာပို့ပေးတာ။ ကျန်တာအန်ကယ့်အပိုင်းပဲ”
ကျွန်တော် ချာခနဲလှည့်ထွက်လာခဲ့သည်။ ခြံဝကိုရောက်တော့မှ ပြောချင်သော စကားတွေ က ဦးနှောက်ထဲမှာ ထင်ပေါ်လာသည်။ ဒါကြောင့် ဦးကျော်ဇင်ရှိရာသို့ ပြန်သွားလိုက်၏ ။
ပြန်လှည့်လားသော ကျွန်တော့် ကို မြင်တော့ ဦးကျော်ဇင်က ကြောင်တောင်တောင် နှင့် ကြည့်သည်။
“ဘာ ဘာကျန်ခဲ့လို့လဲ မောင်ရင်”
“ပစ္စည်း ကတော့ ဘာမှမကျန်ခဲ့ပါဘူး။ ဒါပေမယ့် ပြောချင်တဲ့စကားကျန်နေသေးလို့ ပြန်လာပြီး ပြောတာပါ”
“ဪ…”
“ဒီလိုပါ။ အန်ကယ်က ငွေစကားပြောလွန်းအားကြီးလို့ပါ။ လောကမှာ ရုပ်ဝတ္ထု ပစ္စည်းတွေ ကိုသာ ငွေနဲ့အနိုင်ကျင့်လို့ရပေမယ့် ခံစားမှု အပိုင်းကိုတော့ ငွေနဲ့ဘယ်တော့မှ ချုပ်ကိုင်လို့မရပါဘူး။ အန်ကယ့်မှာ ငွေတွေ ပေါလို့ ဒီလောက်တောင် ပေးချင်နေရင်လည်း သူတောင်းစားတွေ ချီးကုန်းဖို့သွားပေးလိုက်ပါ။ ကျွန်တော် အကြံပေးချင်တာ ဒါပါပဲ”
“အဲ…”
“ကျွန်တော် ပြန်လိုက်ပါဦးမယ်”
“ဟို….ပြန် ပြန်လာဦးမှာ လား”
“မလာတော့ဘူး။ ဒီတစ်ခါ တကယ်သွားပြီ”
ပြောပြီးတာနဲ့ ကျွန်တော် ချာခနဲလှည့်ထွက်လာခဲ့သည်။ ဒီတစ်ခါတော့ ပြန်မသွား တော့ပါ။ ခပ်တည်တည်ဖြင့် ရင်ကော့ကာ ဆက်လျှောက်လာခဲ့သည်။
ဒေါက်တာစည်သူလတ်၏ ဆေးခန်းသို့ ရောက်သော အခါ ဆေးခန်းရှေ့မှာ ရပ်ထားသော ကျွန်တော့် ဆိုင်ကယ်ကို အခန့်သားပင် တွေ့ မြင်လိုက်ရသည်။ ဒါကြောင့် ဆေးခန်းထဲဝင်ပြီး ကျီးကန်းတောင်းမှော က် မျက်လုံးတို့ဖြင့် ကောင်ဆိုးမလေးအား ပြူးတူး ပျာတာ လိုက်ရှာမိသည်။
“အစ်ကို…အစ်ကို”
နောက်မှ ခေါ်သံကြောင့် လှည့်ကြည့်တော့ ဆေးခန်းမှ ဆေးပေးသော အမျိုးသမီး အား တွေ့ မြင်လိုက်ရပါသည်။
“ဘာလဲဟင်”
“ဟိုဆိုင်ကယ်က အစ်ကို့ဆိုင်ကယ်လား”
အမျိုးသမီးက ဆေးခန်းရှေ့မှာ ရပ်ထားသော ကျွန်တော့်ဆိုင်ကယ်ကို လက်ညှိုးထိုး ၍ မေးလေရာ ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ရော့…ဒီမှာ အစ်ကို့ဆိုင်ကယ်သော့ ”
အမျိုးသမီး ကမ်းပေးသော ဆိုင်ကယ်သော့ ကို ကျွန်တော် နဝေတိမ်တောင်ဖြင့် လှမ်းယူလိုက်သည်။ စိတ်ထဲမှာ တော့ သိပ်မရှင်း။
“ဒီသော့ ကို ပေးသွားတဲ့ ကောင်မလေးက ဘယ်ရောက်သွားတာလဲ”
“သူက ပြန်သွားပြီ”
“ဪ…ဟုတ်လား။ ဒါနဲ့သူက ဘာများ မှာ သွားသေးလဲ ခင်ဗျ”
“ဟို…ဟိုလေ”
အမျိုးသမီးက စကားကိုဆက်မပြောဘဲ ပါးစပ်ကို လက်ဝါးနှင့် ကွယ်ထားသည်။ ကြည့်ရုံနှင့် အသံတိတ်ရယ်နေမှန်းတော့ သိသာသည်။
“ပြောပါခင်ဗျ….အားမနာပါနဲ့။ သူဘာမှာ ခဲ့သလဲ ဆိုတာသာ ကျွန်တော့် ကိုပြောပါ”
အပြောရခက်သည့် အမျိုးသမီးအမူအရာကြောင့် ကျွန်တော် စကားထောက် ပေးလိုက်သည်။ ထိုအခါမှ အမျိုးသမီးက မဝံ့မရဲဖြင့် …
“တ တခြားတော့ မမှာ ပါဘူး။ ဟိုလေ…သူကလေ… ကျိုးတိုးကြောင်တောင်နဲ့ ဟိုကြည့် ဒီကြည့် လုပ်ပြီး ဆေးခန်းထဲဝင်လာတဲ့ အူကြောင်ကြောင်လူ တစ်ယောက် ကို တွေ့ ရင် ဒီသော့ လေးပေးပေးပါလို့ပဲ မှာ သွားတာပါ”
“ဟာ…”
ကျွန်တော် ဗလာချီကြီး ခံလိုက်ရသည်။
ဒါမလေး ကတော့ လုပ်ချလိုက်ပြန်ပြီ။
လူချင်းထိပ်တိုက်မတွေ့ တာတောင်မှ တစ်ဆင့်ခံ ပွတ်ဆွဲလေးဆွဲ ဖြစ်အောင် ဆွဲသွား သေးသည်။
သတိရခြင်းက လူကိုရွစိရွစိ ဖြစ်စေနိုင်ပါသည်။ ကျွန်တော် သည် မိုးလင်း ကတည်းက ရွစိရွစိ ဖြစ်နေ၏ ။ အဘယ်ကြောင့် ဆိုသော် ကောင်ဆိုးမလေး သတိရမိနေ သော ကြောင့် ဖြစ်ပါသည်။
သတိရသော်ငြားလည်း အိမ်အလုပ်တွေ ကူလုပ်နေရသော ကြောင့် သူမထံ မသွား အားသေးပါ။
“မေမေ…သား ဘာလုပ်ပေးရဦးမလဲ”
“မရှိတော့ပါဘူး…သားရဲ့ ”
“ဒါဆိုရင်သား အပြင်ခဏသွားဦးမယ်”
“သွားလေ…ထမင်းစားချိန်မှာ တော့ အမီပြန်လာခဲ့နော်”
“ဟုတ်ကဲ့ပါ မေမေ”
မေမေ့ကိုခွင့်ပန်ပြီးတော့ ညီမလေးလင်းလက်တာရာဆီ သွားလိုက်သည်။
“ညီမလေး ကိုကို အပြင်သွားမလို့။ ဘာမှာ ဦးမလဲ”
“မမှာ တော့ပါဘူး ကိုကို။ မြန်မြန်တော့ ပြန်လာခဲ့နော်”
“အင်းပါ ညီမလေးရဲ့ ”
ကျွန်တော် ထွက်လာတော့ ဂနာမငြိမ်သော နေလုံးကြီးလမ်းသလားနေသည်မှာ ထန်းတစ်ဖျားသို့ ပင် ရောက်နေချေပြီ။
ကောင်ဆိုးမလေးတို့အိမ်ရောက်တော့ ခြံတံခါးက ဟောင်းလောင်း။
ထိုဟောင်းလောင်းမှဆိုင်ကယ်ကို မောင်းသွားလိုက်သည်။ ခြံထဲရောက်၍ ဆိုင်ကယ် ကို ဒေါက်ထောက်ပြီး ကြည့်လိုက်တော့ အိမ်တံခါးကလည်းဟောင်းလောင်း။
ထိုဟောင်းလောင်းမှ ဝင်သွားလိုက်ရာ အိမ်ထဲရောက်သော အခါ ဖြူဖြူဝဝ အမျိုးသမီးကြီးက ကောင်ဆိုးမလေး၏ ဒုတိယမိခင်ဒေါ်စန္ဒာဆိုတာ ဖြစ်ပေလိမ့်မည် ။
“သားက ထက်ရှိရဲ့ သူငယ်ချင်း အသစ်ထင်ပါရဲ့ ။ အန်တီအရင်ကတစ်ခါမှ မမြင်ဖူးဘူး”
“ဟုတ်ကဲ့။ ကျွန်တော် နဲ့ ထက်ရှိက သိတာမကြာသေးပါဘူး”
“အင်း …သား ကတော့ သူနဲ့ ဘယ်လောက်ကြာအောင် အပေါင်း အသင်း ဖြစ်မယ် မသိဘူး။ ကျန်တဲ့ လူတွေ ကတော့ဖြင့် သူ့ကိုအော်ကြောလန်နေကြပြီကွဲ့”
“ရပါတယ် အန်တီရယ်။ ကျွန်တော် က သည်းခံမှာ ပါ”
ပြောသာပြောလိုက်ရတာ ခပ်လန့်လန့်ရယ်ပါ။ ဒီကောင်မလေးက အော့ကြောတင် မကဘဲ တစ်ကိုယ်လုံးမှာ ရှိသည့် အကြောတွေ အားလုံးကိုပင် လန်ထွက်ကုန်အောင် လုပ်မည့်  စရိုက်ပိုင်ရှင်လေးမဟုတ်လား။
“အေးပါသားရယ်။ အမြင်မတော် တာ တွေ့ ရင်လည်း ပြောဆိုဆုံးမပါ။ သူ့အဖေ ကလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ ကောင်းကောင်း မဆုံးမနိုင်ဘူး။ ထက်ရှိက အန်တီ့စကားဆိုရင်လည်း တစ်ခွန်းမှနားထောင်တာမဟုတ်ဘူး။ ကိုယ့်သမီးအရင်း မဟုတ် တော့လည်း ခက်သားကွဲ့။ ဆုံးမချင်တိုင်း ဆုံးမလို့မသင့်ဘူး။ ကိုယ့်ကို တစ်မျိုး ထင်မှာ လည်း စိုးရသေးတယ်။ ဒါပေမယ့် အန်တီက ထက်ရှိကို ကိုယ့်သမီးအရင်းလေးလိုပဲ ချစ်တာပါ။ မနေ့က သူဆိုင်ကယ်မှော က်ပြီး ဒဏ်ရာတွေ ရလာတော့ အန်တီ့မှာ စိုးရိမ်လိုက်ရ တာကွယ်”
“အဲဒီ့  ဒဏ်ရာတွေ ကော သက်သာရဲ့ လား အန်တီ”
“သက်သာလား၊ မသက်သာလားတော့မသိဘူး။ စောစောကပဲ လေးခွတစ်လက်နဲ့ လွယ်အိတ်စလွယ်သိုင်းပြီး ခြံနောက်ဖက်ထွက်သွားလေရဲ့ ။ အန်တီက အိပ်ရာထဲလှဲနေဖို့ ပြောတာလည်း ပြောမရပါဘူး။ ဆရာလာမလုပ်နဲ့ဆိုပြီး အန်တီ့ကိုတောင် လေးခွနဲ့ပစ်မယ် လုပ်နေသေးတယ်”
ဒါမလေး ကတော့ ….တကယ့် ဂျစ်ကလေးပဲ…။
“အခုမနက်လည်း သူ့အဖေကို ဆိုင်ကယ်အသစ်တစ်စီး ထပ်ဝယ်ပေးဖို့ ပြောနေ တယ်။ ဟိုဆိုင်ကယ်က မှော က်ပြီးသားကြီးမို့လို့ မစီးချင်တော့ဘူးတဲ့လေ။ သူဆိုင်ကယ် တစ်ခါမှော က်တိုင်း အသစ်ဝယ်ပေးရတာ ဆိုင်ကယ်အစီးပေါင်းလည်း မနည်းတော့ပါ ဘူးကွယ်”
ဒေါ်စန္ဒာက ကျွန်တော့် ကိုအကဲခတ်သလိုကြည့်ပြီး…
“သားလည်း အန်တီနဲ့စကားပြောနေတာတောင် မနည်းကြာသွားပြီ။ အိမ်ခေါင်းရင်း ကနေ ပတ်ထွက်သွားလိုက်။ သမီးလေးထက်ရှိ အိမ်နောက်ဖေးမှာ ရှိလိမ့်မယ်။
“ဟုတ်ကဲ့ ခင်ဗျ”
ကျွန်တော် လည်း ဒေါ်စန္ဒာပြောသည့်အတိုင်း အိမ်ခေါင်းရင်းမှ ပတ်၍ သွားသည်။ ခြံနောက်ဘက်ရောက်၍ ကောင်ဆိုးမလေးအား တွေ့ လိုက်ရသော အခါ ကျွန်တော် အလွန် ပင် ရယ်ချင်မိသွားသည်။
ကြည့်ဦးလေ…
ဆံပင်တိုနန့်နန့်နှင့် ခေါင်းလုံးလုံးလေးမှာ ပတ်တီးဖြူဖြူတွေ က အဖွေးသား။ မေးစေ့မှာ လည်း မုတ်ဆိတ်မွေးအဖြူတွေ ပေါက်နေသလို ပလာစတာတွေ ကပ်ထား သေး၏ ။
သူမက ကျွန်တော့် ကို မမြင်ပါ။ မဲ့ကာ ရွဲ့ကာ ဖြင့် ကွမ်းကို တမြုံ့မြုံ့ဝါးနေပြီး ဘေးလွယ်အိတ်တစ်လုံးကိုလည်း စလွယ်သိုင်းလွယ်လျက်လက်ထဲမှာ လေးခွတစ်လက်နှင့် ဟိုချိန်ဒီချိန်လုပ်နေသည်။ ကောင်ဆိုးမလေး၏ မ ဖြစ်ညစ်ကျယ် အမူအယာကိုကြည့်ပြီး ကျွန်တော် ပြုံးလိုက်မိပါသည်။ နောက်တော့ သူမကိုအံ့ဩသွားစေလိုသော ဆန္ဒဖြင့် အသံပြုလိုက်၏ ။
“ဟိတ်”
“ဟဲ့ …နင့်အမေယောကျာ်းငါနဲ့ညား။ ကုလား ဘုရား လက်ကားယား။ အဲ့ဒီမှာ အ အာ အား”
“ယောင်ပုံကလည်း အဆန်း။ ကြောင်နေချိန်မှာ ပင်…
“ဝှစ်”
“ဟာ”
အကျိုးနည်းပြီ…။
ကျွန်တော် အသံပြု၍ လှန့်လိုက်သော ကြောင့် ကောင်ဆိုးမလေးလန့်သွားပြီး ကောင်းဘွိုင်ဆန်ဆန် ခြေတစ်ဖက်ထောက်လှည့်ကာ လက်ထဲမှာ အဆင်သင့်ရှိနေသော လေးခွဖြင့် ကျွန်တော့်ကို မညှာမတာပစ်ထည့်လိုက်၏ ။ ကျွန်တော် အလန့်တကြား ခုန်ရှောင်လိုက်သဖြင့် သီသီလေးလွတ်ထွက်သွားသည်။
ကံသီပေလို့သာပေါ့…။
“ဟယ်…ကိုလင်းခန့်တာရာပါလား။ ဆောတီး….ဆော တီး”
သူမက ကျွန်တော့် ကိုမြင်တော့ အားနာသွားပုံရသည်။ လျှာဖျားကလေးနှင့် တောင်းပန်နေသော သူမကို ကြည့်ကာ ကျောပြင် ဗျောတင်ချင်စိတ်ပင် ပေါက်လာသည်။
“ကိုလင်းခန့်တာရာ…ထိသွားသေးလား”
“မထိပါဘူး။ တော် သေးတာပေါ့ကွာ။ မင်းကလေ လုပ်လိုက်ရင် အရမ်း အရမ်း ချည်းပဲ။ အဲ့ဒါ ဘာလုပ်နေတာလဲ”
“လေးခွအပစ်လေ့ကျင့်နေတာလေ။ မမြင်ဘူးလား”
ကောင်ဆိုးမလေးက လက်ထဲမှ လေးခွကို မြှောက်ပြရင်း ပြောနေသည်။ ပြောပုံကလည်း မြောက်ကြွ မြောက်ကြွနှင့် ။ ဒီလောက် ဒဏ်ရာရထားတာတောင်မှ တစ်ချက်ကလေး အငြိမ်မနေ။ လူသည် မျောက်မှဆင်းသက်လာတာဆိုသော သီအိုရီကို ဒီကောင်ဆိုးမလေးက အပြည့်အဝ သက်သေပြနေ၏ ။
“လေးခွအပစ်လေ့ကျင့်နေတာဆိုတော့ မင်းက ဘာလုပ်ဦးမလို့လဲ”
“ကျုပ်ကိုဆော်သွားတဲ့ သီဟဆိုတဲ့ ဟိုအဟိတ်တိရစ္ဆာန်ကောင်ကို ပြန်ဆော် မလို့လေ”
“မင်းဒီလောက် ခံထားရတာ တောင်မှ မမှတ်သေးဘူးလား”
“အံမယ် …ဒါက သတိတစ်ချက်လွတ်သွားလို့ပါနော်။ ဒီတစ်ခါတော့ အဲ့ဒီကောင်ကို တွေ့ တဲ့နေရာမှာ နာရင်းရိုက်ပြီး ထင်းစိုက်ပစ်မယ်”
ဒီကောင်မလေး ကတော့ …ပြောလိုက်ရင် လေတစ်လုံးမိုးတစ်လုံး။
“ကိုလင်းခန့်တာရာ…မနေ့ကကိစ္စအတွက် ရှင့်ကိုကျေးဇူးတင်တယ်လို့ ပြောရဦး မလား”
ကဲ …ကြည့်။
မေးပုံကိုက ဘယ်လောက်စိတ်တိုဖို့ ကောင်းလိုက်သလဲဆိုတာ…။
“မင်းဘာသာ ပြောချင်ပြော မပြောချင်နေပေါ့”
“မဟုတ်ဘူးလေ။ ရှင်ကြားချင်တယ်ဆိုရင် ပြောပေးမလို့ပါ”
အောင်မာ တင်စီးလိုက်တာ။
“ နေပါစေတော့ကွာ။ မကြားချင်တော့ပါဘူး”
ကျွန်တော့် ရင်ထဲမှာ ကလိကလိတော့ ဖြစ်သွားသည်။
ကြည့်လေ…ပြောပုံကိုက မထိတထိနှင့် ။
“ဘာလဲ…အားနာနေတာလား။ အားမနာနဲ့နော်။ ပြောဆိုပြောပေးမှာ ပေါ့”
“အေးပါကွာ။ စိတ်ချစမ်းပါ။ လုံးဝ လုံးဝကို မပြောခိုင်းပါဘူး”
ဟူး…တကယ့်မလွယ်ကြောဘဲ။
ဒါမလေးက လူတစ်ဖက်သားကို စိတ်စနိုးစနောင့် ဖြစ်အောင် လုပ်ရာမှာ တော့ ဝါသနာကြီးပုံရ၏ ။ သူမက ကျွန်တော့် ရှေ့မှာ ခါးထောက်၍ ကွမ်းတံတွေးကိုလည်း ပျစ်ခနဲ ထွေးလိုက်သေးသည်။ ပြီးမှ…
“ဒါနဲ့ နေစမ်းပါဦး။ ရှင်က ဒီအိမ်ကို ဘာလာလုပ်တာလဲ”
“ဟာ…မင်းကို ဒဏ်ရာသက်သာလားလို့ လာမေးတာ လေကွာ”
“ရှင်တကယ်ပြောနေတာလား”
“တကယ်ပြောတာပေါ့ကွ။ ငါက ဒီအိမ်ကို တခြားဘာကိစ္စနဲ့ လာစရာရှိလို့လဲ။ ငါ ကတော့ သတိတရနဲ့ စိတ်ပူလို့ လူမမာလာမေးပါတယ်။ မင်းက လေးခွနဲ့လည်း ပစ်သေး တယ်။ ရန်သူလိုလည်း ဟိန်းဟောက်သေးတယ်။ အဲ့ဒါကောင်းလား”
ကျွန်တော် လေသံမာမာနှင့် ပြောလိုက်မိရာ ကောင်ဆိုးမလေး၏ မျက်နှာလေး ညှိုးကျသွားသည်။
“ဒါဆိုရင်တော့ ဆောရီးပါ ကိုလင်းခန့်တာရာ။ ရှင့်အပေါ်မှာ ကျုပ်က ဒီလောက် ဗရုတ်ကျထားတာတောင်မှ ရှင်ကစိတ်မဆိုးဘဲ မနေ့တုန်းကလည်း ကူညီတဲ့အပြင် ဒီနေ့လည်းလူနာလာမေးတယ်နော်။ အဲဒီ အတွက် တကယ်ပဲဝမ်းသာမိပါတယ်။ ဘာ ဖြစ် လို့လဲဆိုတော့ အမေဆုံးသွားကတည်းက ကျုပ်အပေါ်မှာ ဂရုတစိုက်ရှိတဲ့လူဆိုလို့ ရှင်တစ် ယောက် ပဲ ရှိသေးတယ်သိလား”
ကောင်ဆိုးမလေး၏ အသံလေးတွေ က လှုပ်ခတ်နေသည်။ အခုလို ဝမ်းနည်း သံစွက်လျက် မျက်နှာငယ်လေးနှင့် ပြောနေပြန်တော့လည်း သူမ ပုံစံလေးက အဆိပ် အတောက်တွေ ကင်းစင်နေပြန်၏ ။ သူမက ကျွန်တော့် မျက်နှာကို မှိုင်းဝေစွာ ကြည့်ပြီး…
“ကိုလင်းခန့်တာရာရယ်…ကျုပ်ဘဝမှာ ရှင့်လိုအစ်ကိုမျိုး တစ်ယောက် လောက်ရှိရင် သိပ်ကောင်းမှာ ပဲနော်”
ဟာ…။
တုန်ခါ အက်ကွဲစွာ ဆွေးဆွေးမြေ့မြေ့ထွက်ပေါ်လာသော စကားသံလေးက ကျွန်တော့်  ရင်ထဲ တိုက်ရိုက်ဝင်ကာလှိုက်ဖိုဆို့နင့်သွားစေပါသည်။ ညှိုးငယ်နေသော မျက်နှာ လေးအား စိုက်ကြည့်ရင်း ကျွန်တော် အသနားပိုသွားမိ၏ ။
တစ်ဆက်တည်းမှာ ပင် သူမလိုအပ်စွာ တောင့်တနေသော ကွက်လပ်ကလေးကို ဖြည့်စွမ်းပေးပြီး သူမ ဘဝလေးစိုပြည်သာယာလာအောင် စွမ်းဆောင်ပေးလိုသည့် စိတ်က ကျွန်တော့် ရင်၌ ရဲရဲရင့်ရင့် ဝံ့သန် ဖြစ်ထွန်းလာလေသည်။ ထို့ကြောင့် …
“ဒါများ ဘာခက်လို့လဲ ကောင်မလေးရယ်။ ငါ့ကို မင်းအစ်ကိုလို သဘောထား လိုက်ပေါ့”
ကျွန်တော့် စကားကြောင့် ကောင်ဆိုးမလေး၏ မျက်ဝန်းလေးတွေ တောက်ပ လင်းလက်သွားသည်။
“ကိုလင်းခန့်တာရာ… ရှင် အဟုတ်ပြောနေတာလား”
“အဟုတ်ပေါ့… ကိုယ့်မှာ လည်း မင်းအရွယ်ညီမလေး တစ်ယောက် ရှိတာပဲ ဥစ္စာ”
“အမယ်…ရှင်က ကျုပ်ကို ညီမလေး တစ်ယောက် လို ချစ်နိုင်မှာ မို့လို့လား”
“ချစ်နိုင်တာပေါ့။ ဘာမချစ်နိုင်စရာ ရှိလို့လဲ”
“တကယ်”
“တကယ်ပေါ့ ညီမလေးရဲ့ ”
“ဟေး …ဒါဆို အရမ်းကိုပျော်သွားပြီ”
ကလေးငယ်တစ်ဦးသဖွယ် လက်ခုပ်ကလေးတီးပြီး ထခုန်လိုက်ပုံက ဟန်ဆောင်မှု တို့ ကင်းရှင်းနေသည်။ ပျော်ရွှင်မှု တွေ ထင်းလင်းနေသော ကောင်မငယ်လေးကို ကြည့်ရင်း ကျွန်တော် ပါ မြူးကြွလို့လာသည်။
မေတ္တာတရားကို အခြေတည်သော ခံစားမှု ချင်း အပေးအယူလုပ်ရာတွင် ကောင်ဆိုးမလေးနှင့် ကျွန်တော် သည် ညီမျှစွာ သဟဇာတ ဖြစ်သွားကြ၏ ။
“ဒါဆို အခုအချိန်ကစပြီး ကျုပ်တို့ နှစ် ယောက် က မောင်နှမတွေ ဖြစ်သွား ကြပြီပေါ့နော်”
“ဒါပေါ့”
“ဟိုလေ… တရုတ်သိုင်းကားတွေ ထဲကလိုမျိုး လက်မောင်းသွေးဖောက်ပြီး သစ္စာဆို ကြဦးမလား”
“ဟာ …နေပါကွာ။ အဲ့ဒီလောက်မလိုပါဘူး။ ဒီလောက်ဆိုရပါပြီ”
ကောင်ဆိုးမလေးက ဘောင်းဘီအိတ်ထဲမှ ခလုတ်ဓားကို ထုတ်ကိုင်နေ၍ ကျွန်တော် အလန့်တကြား တားမြစ်လိုက်ရသည်။ သူမက ခုန်ဆွ ခုန်ဆွ ကလေးလုပ်ပြီး…
“မောင်နှမတွေ ဖြစ်သွားကြပြီဆိုတော့ ရှင်က ကျုပ်ကို ဘယ်လိုခေါ်မှာ လဲ”
“ညီမလေးလို့ပဲ ခေါ်မယ်လေ”
ကျွန်တော့် ရင်ထဲမှ ထွက်ပေါ်လာသော ဆန္ဒအမှန်ကို တင်ပြလိုက်တာပါ။ ဒါကို ကောင်ဆိုးမလေးက လက်မခံချေ။
“အဲ့လိုကြီး ခေါ်နဲ့။ ရိုးတယ်”
“ဒါဆို ထက်ရှိလို့ပဲခေါ်မယ်”
“ဟာ…အဲ့ဒါကြီးက လူတိုင်းခေါ်နေတာကြီး။ မမိုက်ပါဘူးကွာ”
“ဒါဆိုဘယ်လို ခေါ်ရမလဲ”
“သူများ တွေ နဲ့မတူအောင်ခေါ်”
ကျွန်တော် ခေါင်းစားသွားသည်။
“မင်း အသက်ဘယ်နှနှစ် လဲ”
“ဆယ့်ရှစ်နှစ် ပြည့်တော့မယ်”
မျက်လုံးကလေးပြူးပြီး ပြောလိုက်သော ကောင်မလေးကိုကြည့်၍ ကျွန်တော့်  ခေါင်းထဲမှစိတ်ကူးတစ်ခု လက်ခနဲပေါ်လာသည်။
“ဟုတ်ပြီ။ မင်းက ငါ့ထက်အသက်ငယ်တယ်နော်။ ဒါကြောင့် ငါ့ထက်ငယ်တဲ့ မင်းကိုထက်ငယ်လို့ခေါ်မယ်”
“ဟာ…အရမ်းမိုက်တယ်။ အဲဒီ ဟာလေးကိုခိုက်တယ်။ အဲဒီ အတိုင်းပဲခေါ်”
ကောင်ဆိုးမလေး၏ မျက်နှာလေးပြုံးရိပ်သန်းနေသည်။ ကျွန်တော် ၏ နာမည် ကင်ပွန်းတပ်မှု ကို သူမကြည်ဖြူစွာ လက်ခံသဖြင့် ကျွန်တော် လည်း ကျေနပ်မိသွားသည်။
“ကိုလင်းခန့်တာရာ…ရှင့်ကိုကော ကျုပ်က ဘယ်လိုခေါ်ရမှာ လဲ”
“ကိုကိုလို့ခေါ်ပေါ့”
“အာ…ရှင်ကလည်း”
ကျွန်တော် က ညီမလေး လင်းလက်တာရာ ခေါ်သလိုမျိုးခေါ်ခိုင်းလိုက်တာပါ။ သို့ ရာတွင် ကောင်ဆိုးမလေး၏ မျက်နှာပြင် ကတော့ နီရဲရဲလေး ဖြစ်သွားစည်။
“အဲ့လိုကြီး ခေါ်ချင်ဘူး။ ရှက်စရာကြီး”
“ဒါဆိုလည်း မယ်မင်းကြီးမလေး ကြိုက်သလိုသာ ခေါ်တော် မူပါဗျာ”
ကျွန်တော် ပြောလိုက်တော့ သူမကစဉ်းစားဟန်ဖြင့် တွေ တွေ လေး လုပ်နေသေး သည်။ ပြီးမှ
“ကိုလင်းခန့်တာရာကကော အသက်ဘယ်လောက်လဲ”
“နှစ် ဆယ့်သုံး”
“ဒါဆိုရင် ရှင်က ကျုပ်ထက် အသက်ပိုကြီးတယ်နော်”
“အင်းလေ…”
“အဲဒီ တော့ ရှင့်ကိုတာပိုလို့ခေါ်မယ်”
“အယ်”
ဘယ့်နှယ်လိုကြီးပါလိမ့်…။
“ဟုတ်တယ်။ တာပိုလို့ပဲ ခေါ်မယ်။ မိုက်တယ်မဟုတ်လား။ မိုက်ပါတယ်နော်။ ဟဲဟဲ…. မိုက်တယ် မိုက်တယ်”
သူ့ဟာသူ မေးလိုက် ၊သူ့ဟာသူဖြေလိုက်နှင့် တစ်ယောက် တည်း ဟုတ်နေသည်။ ကျွန်တော့်မှာ သာ သူမပေးသော နာမည် ကြောင့် မသက်မသာ ဖြစ်နေရ၏ ။
“မင်းဟာက ဘယ်လိုကြီးလဲကွာ။ တခြားနာမည် လေးတစ်ခုခုခေါ်စမ်းပါ”
“အို… ခေါ်နိုင်ပါဘူး။ ရှင်ကလည်း ကျုပ်ကိုထက်ငယ်လို့ခေါ်။ ကျုပ်ကလည်း တာပိုလို့ခေါ်မယ်။ ကြည့်စမ်း… ဘယ်လောက်မိုက်ထားလဲ”
“ဟိုလေ”
“တော် ပြီ။ ထပ်မပြောနဲ့တော့။ ဒါဆို ဒါပဲ”
“အယ်”
မောင်နှမ ဖြစ်တာမှမကြာသေး။ ဆရာလုပ်တာကလည်း အရမ်းချည်းပဲ။ ဆက်ပြော လည်း မရနိုင်မှန်းသိသော ကြောင့် ကျွန်တော် အလျှော့ပေးလိုက်ရတော့သည်။
“အဲဒီ လိုလုပ်စမ်းပါ။ ဟဲဟဲ”
သူမနှင့်ကျွန်တော် ၏ ပေါင်းစည်းမှု အစကတည်းကပင် ကျွန်တော် က အောက်ဘက် မှာ ရောက်ရှိသွားရတာ ဖြစ်သည်။
“ကဲ…နာမည် တွေ သတ်မှတ်ပြီးသွားပြီဆိုတော့ အခုအစမ်းခေါ်ကြည့်မယ်။ တာပို ရေ…”
ခေါင်းကလေးမော့ပြီး ပြောနေသော ကောင်ဆိုးမလေးကို ကျွန်တော် ငေးကြည့် နေမိသည်။ ဒါကို သူမက ဘာအလိုမကျမှန်း မသိဘဲ မျက်နှာလေး စူပုပ်ပုပ် ဖြစ်သွား၏ ။
“ရှင် မတ်တပ်ရပ်ကြီး သေနေတာလား။ ဘာကြောင် ကြည့်နေတာလဲ”
“အဲ…မကြည့်လို့ ဘာလုပ်ရမှာ လဲ”
“ဒီမှာ ရှင့်ကို တာပိုရေလို့ခေါ်နေတယ်လေ”
“ခေါ်လေ…ခေါ်ပေါ့။ အဲဒါ ဘာ ဖြစ်လို့လဲ”
“ဘာ ဖြစ်ရမှာ လဲ။ ကျုပ်က တာပိုရေလို့ခေါ်ရင်ရှင်က ဘာလဲ ထက်ငယ်ရေလို့ ပြန်ပြောလေ”
“ဪ…ဒီလိုလား။ အေး…အေး….ဒါဆိုလည်း ပြောပါ့မယ်ကွာ”
ခါးထောက်ကာ ရန်တွေ့ နေသော ကောင်မလေးရှေ့မှာ ကျွန်တော် ပုတ်သင်ညို ဖြစ်နေရသည်။
“တာပိုရေ…”
ကောင်ဆိုးမလေးက နောက်တစ်ကြိမ်ထပ်ခေါ်ပြန်သည်။ ဒီတစ်ခါ ကျွန်တော် စာတတ် သွားပါပြီ။
“ဘာလဲ ထက်ငယ်ရေ…”
သူမလိုပင် အသံနေအသံထားနှင့် ပြန်ထူးပေးလိုက် သည်။ ထိုအခါ ကြောင်လျှာသီး မလေးက ဆက်လက်၍ ရှည်ပြန်သည်။
“တာပိုရေ…ဘာလုပ်နေလဲဟေ့”
“ထက်ငယ်ရေ…ငါမတ်တပ်ရပ်ပြီး စကားပြောနေတယ်ဟေ့”
“တာပိုရေ…နေကောင်းလားဟေ့”
“ထက်ငယ်ရေ…နေကောင်းတယ်ဟေ့”
ကောင်ဆိုးမလေး စိတ်ချမ်းသာစေရန်သူမနှင့် စည်းဝါးကိုက်အောင် အူကြောင် ကြောင် ပြန်လုပ်ပေးနေရသည်။
“တာပို…ရှင်နဲ့ကျုပ်က မောင်နှမတွေ ဆိုတော့ ကျုပ်ပြဿနာ ဖြစ်တာနဲ့ ရှင်က အသက်စွန့်ပြီး ကာကွယ်ပေးရမယ်နော်”
“အယ်”
“ကာကွယ်ပေးမယ် မဟုတ်လားဟင်”
“အင်း…အင်း…ကာကွယ်ပေးပါ့မယ်”
ပြောသာပြောလိုက်ရတာ ။ ကိုယ့်ကိုယ်ကိုတော့ ကန္တာရထဲ အပို့ခံရတော့မည့်  ရေချိုငါးတစ်ကောင်အလားအလွန့်အလွန်ပင် သနားသွားမိပါသည်။ သူမ ကတော့ ငါးကြော် ရသည့် ကြောင်ပါးကဲ့သို့ ဖြဲတဲတဲလေးလုပ်နေ၏ ။
“တာပို …ရှင်က အစ်ကိုဆိုပြီး ကျုပ်ကို တအားဆရာကြီးမလုပ်ရဘူးနော်”
“မလုပ်ပါဘူး”
“ဆူလည်း မဆူရဘူး”
“ကျုပ်ဆိုးသမျှကိုလည်း သည်းခံခွင့်လွှတ်ရမယ်”
“အင်းပါ”
“အတည်နော်”
“အတည်ပါဗျာ”
“အိုကေ…ဒါဆိုချိတ်လိုက်တော့”
“ဖြောင်း”
ကောင်ဆိုးမလေးက စိတ်ကျေနပ်သည်အထိ စည်းကမ်းချက်များ ချမှတ်ပြီးတာနှင့် ကျွန်တော့်ညာလက်ကို ဆတ်ခနဲဆွဲ၍ သူမ ညာလက်နှင့် ခပ်ကြမ်းကြမ်း ရိုက်ချလိုက်၏ ။ နှစ် ဦးသားလက်ဖဝါးချင်းထိတွေ့ ရာမှ ထွက်ပေါ်လာသာ ဖြောင်းခနဲ မြည် သံနှင့် ထပ်တူ ကျွန်တော့်  ရင်တွင်း၌ လည်း ကြည်နူးမှု စမ်းချောင်းငယ်လေးတစ်ခု တလိမ့်လိမ့်စီးမျော သွားလေ သည်။
ဒါတောင်မှ ဟိုတစ်ခါကလို နှပ်ချီးပေမှာ စိုးသော ကြောင့် ကိုယ့်လက်ကို သေချာပြန်ကြည့်ရသေးသည်။ ဒီတစ်ခါတော့ ဘာမှမရှိ။
ဟူး …တော် ပါသေးရဲ့ ။
![]() ချစ်သူခိုင်းဖတ် | ![]() မိန်းမလိုချင်တယ် | ![]() မာယာ ကစားပွဲ |