
ရှင်ဘယ်မှာ လဲ

ရှင်ဘယ်မှာ လဲလို့ ကိုယ့်ကိုယ်ကိုပဲ ပြန်မေးနေမိတာပါ။ တစ်ခါက လူပြောသပြောများ တဲ့ ကျွန်းငယ်လေးမှာ ရှင် ပြန်လမ်းမဲ့သွားပြီလား၊ ထူးမခြားနား မျောလွင့်ခြင်းတွေ နဲ့ပဲ တံတွေးခွက်မှာ မျောစီးနင်းရင်း ရှင် ဘယ်မှာ လဲဆိုတာကိုတော့ တခုတ်တရ ပြန်ပြန်မေးမိနေတတ်တယ်။
လွမ်းတယ်လည်း မဟုတ်ဘူး၊ မလွမ်းဘူးလို့လည်း မညာချင်ဘူး။ လောကမှာ ကိုယ့်ကိုယ် ကို ပြန်ညာတာ သို့တည်းမဟုတ် ကိုယ့်ကိုယ်ကို ပြန်ရှာဖွေရတာ အခက်ခဲဆုံးလို့ ကျွန်မ ကတော့ မတောက်တခေါက် နားလည်ထားတယ်။
လေးနာရီပန်းတွေ က အချိန်မှန်ပွင့်တာလို့ ငယ်ငယ်တုန်းက လူကြီးတွေ ပြောတော့ ကျွန်မ ယုံတယ်။ မင်္ဂလာဆောင်ရင် နှင်းဆီပန်းလို ဆူးပါတဲ့ပန်းမျိုး နိမိတ်မလှလို့ အသုံးသင့်ဘူးတဲ့၊ ကြားဖူးနားဝနဲ့ ကျွန်မယုံတယ်၊ မှော င်မည်းတဲ့နေရာတွေ မှာ နာနာဘာဝတွေ ကျက်စားလို့ မသွားကောင်းဘူးလို့ ခြောက်လှန့်သံတွေ ကျွန်မယုံတယ်။ အခုရော. . . လေးနာရီပန်းတွေ အကြောင်း ကျွန်မ စူးစမ်းမိသလားဆိုတော့ ဟင့်အင်း။
မင်္ဂလာဆောင်ရင်ရော ကျွန်မချစ်သူ နှင်းဆီပန်းတွေ သုံးသင့်ပါ့မလားလို့ စဉ်းစားဖူးလား ဆိုတော့. . . ဟင့်အင်း။ မှော င်မည်းတဲ့နေရာတွေ ကို ကြောက်လန့်တကြား ရှောင်ရှားသွေဖယ်လို့ အစဉ်အမြဲ ကင်းလွတ်နိုင်လားဆိုတော့. . . ဟင့်အင်း။
တအုံနွေးနွေးနဲ့ အတိတ်ကို လာရိုက်ခတ်တိုင်းတော့ တစ်ခါတစ်ခါ ပြန်လည်ငေးမော လွမ်း ဆွတ်မိသလို တစ်ခါတစ်ခါကျတော့လည်း လက်ပြန်ရိုက်ချ. . . သွား. . . ငါ့လာ မနှောင့်ယှက်နဲ့လို့ အော်ပြောခဲ့ဖူးတယ်။
ရှင် သိရဲ့ လား. . .။
အတိတ်ဆိုတာ ကျွန်မအတွက်တော့ ကိုယ့်ခန္ဓာကိုယ်ထဲ စီးဆင်းနေတဲ့သွေးညစ်တွေ ဖောက်ထုတ်ပစ်ချင်တာမျိုးပဲ။ ဆိုးရွားခါးသီးတဲ့ အနှစ် မဲ့စက်ဝန်းထဲမှာ လည်ပတ်နေခဲ့တဲ့ ကြေး အထပ်ထပ်နဲ့ အရေပြားကို ဆွဲလှန်လှော ခွာထုတ်ပစ်ချင်တာမျိုးပဲ။ ယူပါ ကယ်ပါ တဆာဆာနဲ့ ဆာလောင်နေခဲ့ဖူးတဲ့ ရေတွင်းပျက်ထဲကနေ ဟိုးကောင်းကင်ပေါ်က လကို မျှော်ငေးနေတဲ့ ခပ်နိမ့် နိမ့်သတ္တ၀ါတစ်ကောင်ရဲ့ အဆင့်မှီတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးပဲ။
ရှင်ကြိုက်ပါတယ်ဆိုတဲ့ ခရမ်းရောင် နဲ့ပတ်သက်တဲ့ မနက်ဖြန်တွေ ပြိုကျသွားခဲ့တာရော သတိထားမိပါ့မလား။
ကျွန်မ ကြိုက်ပါတယ်ဆိုတဲ့ ပန်းနုရောင် တွေ နီစွန်းသွေးပျက်သွားတာကိုရော ရိပ်မြွတ်မိရဲ့ လား။ မမေးတော့ပါဘူး။
သစ်ရွက်ကြွေတွေ လေအဝှေ့နဲ့ လွန့်လူးပြေးကစားတာလေးတွေ လိုက်ငေးရင်းပဲ ကျွန်မက ရှင့်ကို သတိရတယ်။
ဟိုနားဒီနားငေးမောမိရင်းက ခလုတ်တိုက်မိရင်လည်း ကျွန်မကို ရှင်သတိရနေတယ်လို့ တစ်ဖက်သတ် သတိရတယ်။
ကော်ဖီခွက်ကို အိပ်ယာဘေးချထားရင်း ဖုန်းထဲက Playlist ကို ဖွင့်နားထောင်ရင်းကလည်း ရှင့်ကို သတိရတယ်။ မနက်အစောကြီး ရုတ်တရက်နိုးလို့ ငှက်ကလေးတွေ အော်မြည် သံကြားရင် လည်း ရှင့်ကို သတိရတယ်။
ခြောက်ကပ်ကပ်နှုတ်ခမ်းတွေ ကို အစိုဓာတ်ဖြည့်တင်းပေးတဲ့ ဆိုးဆေးအဆီကို သုံးမိရင် လည်း ရှင့်ကို သတိရတယ်။ ဘတ်စ်ကားပေါ်မှာ မီးပွိုင့်မိနေတုန်း ညောင်းချိချိပျင်းတွဲ နေရတဲ့အချိန် တွေ မှာ လည်း ရှင့်ကို သတိရတယ်။
တစ်စုံ တစ်ယောက် ကများ ကျွန်မ မျက်လုံးတွေ ကို တည့်တည့်စိုက်ကြည့်လာခဲ့ရင်လည်း ရှင့်ကို သတိရတယ်။
ဒါလောက်ပါပဲ ရှင်ရယ်. . .။
ဒီ့ထက် မပိုပါဘူး. . .။
ရှင် မရှိရင် မ ဖြစ်ဘူးလို့လည်း မတော် တဆတွေးမိသွားတတ်တဲ့အခါ ရုတ်တရက် ခိုတွေ အုပ်စုလိုက်ထပျံသွားတဲ့အနားက လေအရှိန်ကို မိသလို ကြမ်းရှရှခံစားရတယ်။
ကျွန်မမရှိဘဲနဲ့ရော ရှင့်နေရက်တွေ အစစအဆင်ပြေသာယာပါ့မယ်ဆိုတာ ယုံကြည်လားလို့ လည်း မေးငေါ့ပြီး ခပ်မိုက်မိုက်မျက်နှာထားမျိုးနှင့် မေးကြည့်ချင်သေးရဲ့ ၊ မအောင်မြင်ခဲ့သေးဘူးလို့ ပြောရမှာ ပဲ။
ဒီဆက်သွယ်နေတဲ့ ကြိုးတစ်ချောင်းကို ရှင် ဘာလို့ အကြောင်းမဲ့သက်သက် ဖျက်ဆီးပစ် လိုက်ရတာ လဲ။
‘မင်းနဲ့ငါက သံယောဇဉ်ပြတ်ပြီ’
‘အိုကွာ. . . ပြတ်တာမဟုတ်ဘူး. . . အပိုင်းပိုင်းအစစကို ဖြစ်သွားတာ’
နားထဲမှာ ရှင့်အသံမှ ဟုတ်ရဲ့ လားလို့ သံသယ ဖြစ်နေတုန်းပါပဲ။ ဟင့်အင်း. . . မ ဖြစ်ဘူး. .။
ပစ်ပေါက်ခွဲလိုက်တယ်ဆိုတာ ဖျက်လိုဖျက်ဆီးစိတ်ကြောင့် လည်း ဖြစ်နိုင်သလို ပျက်စီးသွား မှ မလိုချင်တော့တဲ့ လူ့စိတ်သဘာဝကို အရောင် တင်အသုံးချခြင်းလည်း ဖြစ်ကောင်း ဖြစ်မှာ ပေါ့။ အိပ်မက်မျှော်လင့်ချက်နေ့သစ်တွေ ကျိုးကြေပြီး ခံစားချက်တွေ အက်ဆစ်လာင်သလို တစစပဲ့ကျ လာခဲ့တဲ့ ဖြစ်စဉ်က ဦးတည်ချက်ကွဲပြားတယ်လို့ ဘယ်သူက ယုံပါ့မလဲ။
သတိတရ မိန်းမောနိုင်မယ့် စကားလုံးလေးတွေ ပြန်ဖတ်ချင်မိတဲ့စိတ်က အမှတ်တရများ စွာ ရဲ့ အစိတ်အပိုင်းလေးကိုတောင် ချန်မထားပေးချင်ခဲ့တဲ့ အတ္တကို နာကျင်စူးရှသွားမိတယ်။
တပြိုင်နက်တည်းမှာ ပဲ ကျွန်မ မဖြတ်ရက်နိုင်ခဲ့တဲ့ တွယ်နှောင်စများ အတွက် အနားသတ် ပေးမှု ကို ကျေးဇူးတင်ပါတယ်။ တကယ်ဆို ကျွန်မ အဲ့ဒီဝါကျအကြောင်းရေများ စွာ ကို ဖက်တွယ် ထားရုံနဲ့လည်း အသိတရားက အရှိတရားကို မကျော်လွှားနိုင်ပါဘူးလေ။ ကျွန်မဘက်က သေချာ နေခဲ့မှု တစ်ခုကိုတောင် သံယောင်လိုက် ဦးညွတ်လိုမှု ကို ယခုချိန်ထိတော့ ထိန်းသိမ်းမရသေးတာ ၀န်ခံပါရဲ့ . . .။
ဒါဆို. . . ရှင် ကျေ နပ် ပါ စေ လေ စ. . .။ ကိုယ့်ကိုယ်ကို မုန်းတယ်။ ဆင်ခြင်တုံတရားကို မုန်းတယ်။ ပစ္စုပ္ပန်တည့်တည့်မှာ ပဲ သာယာကြည်နူးတတ်တဲ့ ရှင်ဟာ အတိတ်က ကျွန်မကို ပျော် ပျော်ကြီးမေ့နေမှာ ကို ထူးပြီးလည်း ၀မ်းမနည်းတော့ပါဘူး။
ဘယ်လိုအသက်ရှူရမယ်လို့ မသိခင်ကတည်းက အသက်စွန့်ပစ်ဖို့ တွေးထားခဲ့ဖူးတဲ့ စိတ်ကျဝေဒနာသည်ဟာ ကျွန်မပဲလို့ မပြော ဖြစ်လိုက်ပြန်ဘူး။ နေသားတကျရှိရှိနေပြီးသားအရာ တွေ ထဲ အနေအထားပွအောင်ပဲ ဆွတ်ဖျန်းမိတဲ့ ရေမွှေးနံ့တချို့ ရှင် မုန်းတီးလိုက်ပါတော့လား။ မ ဖြစ်သင့်ဘူးလို့ ဘယ်သူကများ သမာသမက်ကျကျ ဖော်ကြွားပြောဆိုရဲပါသလဲ။
အိမ်ယာမဲ့ အထိမ်းအမှတ် နေ့စွဲက ဒီဇင်ဘာမှာ ပဲ ရှိတယ်။ မြေနီလမ်းပေါ်က ဖုန်မှု န့်စက် လေးတွေ ထိခတ်တာကအစ ချစ်စရာကောင်းလွန်ခဲ့ပြီပဲရှင်။ အာခေါင်ခြစ်ပြီး အော်ထုတ်မောင်းနှင် နေဆဲ ကလေးလေး တစ်ယောက် ရဲ့ တံခါးခေါက်သံဝိဉာဏ်ခြောက်လှန့်မှု နဲ့ ခေါင်းခဲကိုက်လွန်း တယ်။ ကြောက်စရာအကောင်းဆုံးအရာဟာ ကိုယ်ကိုယ်တိုင်မှန်း ရှာဖွေသိရှိပြီး အဲ့ဒါထက်ပဲ အားလုံးက ငြင်းဆိုလိုက်ပြီးရော ကျွန်မဘယ်ကမ္ဘာမျ မသွားတော့ပါဘူး ရှင်ရယ်။ ဘယ်တော့ အမိန့်ချမျတ်လေမလဲ စောင့်စားနေရတဲ့ အပြစ်သား တစ်ယောက် ရဲ့ မျှော်တောင်ရောင် ပတ်ပျိုး. . . သူတကာနဲ့ တွဲ ဖက်ရတဲ့အခွင့်မျိုး. . . ဒါလောက်တောင်ပဲ နင်မက်မောရသလားလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိတာလည်း အခါခါပါပဲလေ။ ရှင်တို့က ဘယ်သူ့ကိုမှ မခိုက်ထိစေဘူး။ ဟုတ်ပါတယ်။ ရှင်တို့က မဟာဝါဒနဲ့ သိပ်တော် တဲ့ လူသားတွေ ပဲ။
တကယ်တော့ နာမ်နှိမ်ထားတဲ့ အိပ်မက်ဆိုးတံခါးကို ဖွင့်နိုင်တဲ့သော့ ဟာ. . . ရှင်ပဲ။ ထပ်ပြီး တိတိကျကျရည်ညွှန်းရရင် သော့ အိမ်ပျက်မဟုတ်ဘဲ အထူးအသုံးကျတဲ့ သော့ တံတစ်ချောင်းပေါ့။ ဒီလိုနဲ့ပဲ ၀င်ရောက်သုံးစွဲသူဟာ တစ်စုံ တစ်ယောက် မှန်း သေချာသွားတဲ့နောက်မှာ မျှော်လင့်ခြင်း ရွက်ဝါတွေ ကို ပတ်စ်ဝဒ်ပြောင်းပစ်လိုက်ပါတော့တယ်။ ကျွန်မကို တည့်တည့်မေးလာတဲ့ မေးခွန်း တစ်ခုမှာ လည်း တိတ်တဆိတ် ဖွင့်ဟ၀န်ခံလိုက်တာက ကျွန်မတို့ ဘယ်တော့မှ ချစ်တမ်းမကစား တော့ပါဘူးလို့ပေါ့. . .။
မေ့ထားချင်ယောင်ဆောင်ထားပေမယ့် သစ်ရွက်ခြော်ကတွေ ပေါ်ဖြတ်နင်းမိတိုင်း ကြားရတဲ့ အသံတိုင်းက ကျွန်မ ဘယ်သူလဲလို့ မေးလာတဲ့အခါ တိမ်တွေ ထဲမှာ လွင့်ပါးပျောက်ကွယ်သွားချင် တဲ့ စိတ်ဟာ ခြေဖ၀ါးတွေ ကျွန်မခေါင်းပေါ် တရှပ်ရှပ်နဲ့ တသော သော ရယ်မောပွဲကျလို့ ဖြတ်ပြေး သွားတာလည်း သိပ်တော့ မသက်သာခဲ့ပါဘူး။ ဒါဟာလည်း ပြုပြင်ဖန်တီးထားတဲ့ အယောင် ဆောင်ပြယုဂ်တွေ ပဲ ရှင်ရဲ့ . . .။ သိပ်တော့ စိတ်မှတ်သားစွဲထင်ဖို့ မလိုပါဘူးလေ. . .။ ဘယ်အချိန် ပြုတ်ကျပဲ့ကြွေမယ်မှန်းမသိတဲ့ သစ်သီးတစ်လုံးရဲ့ မော်ကြွားရဲဝံ့မှု တွေ ကိုလည်း ကြောက်လှပါရဲ့ . .။
တစ်ခါတုန်းကလို့ ပြန်တွေးလိုက်ရင် ရင်တစ်ခုလုံး နွမ်းမောလာတော့တယ်။ ကိုယ့်ရင်ခုန်သံ ကို ကိုယ်ပြန်ကြားရလောက်တဲ့အထိ နှလုံးခုန်နှုန်းက တအားမြန်မြန်ကြီးမောလာရော။ ပိုမိုကျယ် ၀န်းတဲ့ မြင်ကွင်းကျယ်ကို လိုချင်လာတဲ့စိတ်ရဲ့ စေ့ဆော်မှု နဲ့ ခြောက်ထပ်တိုက်ရဲ့ အပေါ်ဆုံးက ခေါင်မိုးဝရံတာဆီ တလှမ်းချင်းလှမ်းတက်သွားပြီး တိမ်တွေ ကို သွားကြည့်ချင်လာတယ်။
ကယ်ကြပါဦး. . . လို့ အာခေါင်တွေ ခြစ်ပြီး အော်လိုက်ရမလား. . .။
ကိုယ် ခုန်ချလိုက်တော့မယ်. . .။
အိပ်မက်ကိုး
ဖေဖော်ဝါရီမြစ်

အိမ်ရှေ့က ခြံတံခါးကို တွန်းဖွင့်သံ ကြားလိုက်ရတယ်။ ကျွန်တော် တို့အိမ်က အနောက် ဘက်ကို မျက်နှာမူပြီး ခြံထဲကိုဝင်ဝင်လာချင်း ညာဘက်ခြမ်းမှာ အလှစိုက်ပန်းအိုးတချို့ရှိတယ်။ ပန်းအိုးတွေ ကို ဖြတ်ကျော်လာပြီးရင် အဖြူနဲ့အစိမ်းကြား ဆေးသုပ်ထားတဲ့ ဒါန်းလေးရှိမယ်။ ပြီးရင်တော့ အလှမွေးငါးကန်တစ်ခုရှိမယ်။ ခေါင်းရင်းဘက်အခြမ်းက ပြတင်းမှန်တွေ ကနေ လှမ်း ကြည့်ရင် ခြံထဲဝင်လာတာ ဘယ်သူလဲလို့ မြင်နိုင်ပေမယ့် မှန်တွေ ရဲ့ အပြင်ဘက်က ငါးကန်နဲ့ ကွယ်နေတာမို့ သေသေချာချာ မမြင်ရဘူး။
နားထောင်နေတုန်းမှာ ပဲ အိမ်ရှေ့ သံပန်းတံခါးနားရောက်လာတဲ့ လူရိပ်ကိုတွေ့ လိုက်တယ်။ ဖတ်လက်စ စာအုပ်ကို အသာချပီး တံခါးဆီကျွန်တော် သွားလိုက် တယ်။ တံခါးဖွင့်လိုက်ရင်း ‘သြော်. . . နင်ကိုး’ လို့ အသံထွက်ပြီး အသိအမှတ်ပြုလိုက်မိတယ်။
သူ ကျွန်တော့် အိမ်ရောက်လာတာ အထူးအဆန်းမဟုတ်ပေမယ့် အထူးတလည် ကိစ္စမရှိ တာမို့ ကျွန်တော့် ခေါင်းထဲ အနည်းငယ်တော့ အတွေးဖြာသွားတယ်။ သူက ပြောင်ရှင်းနေတဲ့ မျက်နှာပေါ် ၀ဲကျနေတဲ့ ဆံပင်တချို့ကို သိမ်းဖယ်လိုက်ရင်း အိမ်ရှေ့ဘက်က ဒါန်းလေးကို လှမ်း ကြည့်ပြီး ‘နင်. . . ဘာလုပ်နေတာလဲ’ လို့မေးတယ်။
ကျွန်တော် က စာအုပ်ဖတ်နေတာ ဖြေလိုက်တော့. . . ‘နင် ဖတ်နေတာတွေ အရေး မကြီးရင် ငါတို့ ခဏစကားပြောရအောင်’ ဆိုပြီး သူ့အကျင့်အတိုင်း ဒါန်းလေးဆီကို ရှေ့ကလျှောက်သွား တယ်။ နောက်မှာ ကျွန်တော် ပါလာသလား. . . ဒါမှမဟုတ် ကျွန်တော် က သူ့ဖိတ်ခေါ်မှု ကို ငြင်းဆို လိုက်မယ့် ၀ါကျတစ်ကြောင်းတ်လေများ ထွက်လာမလားဆိုတာကို မစောင့်ဆိုင်းတော့ပါဘူး။ ကျွန်တော် တစ်ချက်ပြုံးလိုက်မိတယ်။ ပြီးတော့ အိမ်တံခါးကို ပြန်စေ့ပြီး သူ့နောက်ကနေ ဒါန်းလေးဆီ ခြေလှမ်းလိုက်တယ်။
ကျွန်တော် တို့အိမ်ရှေ့မှာ သရက်ပင်တစ်ပင်ရှိတယ်။ သရက်ပင်ရဲ့ အောက်တည့်တည့်မကျ တကျမှာ ဒါန်းလေးရှိတယ်။ ဖေဖော်ဝါရီလဆိုတော့ သရက်ဖူးတွေ ဝေနေပြီပေါ့။ မြေပြင်ပေါ်မှာ သရက်ပွင့်ကြွေတချို့က ဟိုတစ်စ ဒီတစ်စနဲ့ အရင်ထိုင်နှင့် နေတဲ့သူ့ကို ကျွန်တော် က မထိုင်ခင် ‘ကဲ. . . ဘာပြောမလို့လဲ. . . ပြောလေ’ မေးဆတ်ပြရင်း သူ့မျက်ကို တစ်ချက်တော့ အကဲခတ် သလို ကြည့်လိုက်မိတယ်။ သူ့ဘေးမှာ ကျွန်တော် ၀င်ထိုင်လိုက်တော့ ရှန်ပူနံ့သင်းသင်းကို ရလိုက် တယ်။ အခုလို ညနေမှာ ဖြတ်တိုက်သွားတဲ့ လေပြေတွေ ကြောင့် သူ့ဆံပင်စတချို့ ကျွန်တော့် ပုခုံးပေါ်မှာ ထိခတ်သွားတာလည်း တစ်စက္ကန့်သာသာပေါ့။
စက္ကန့်တချို့ကုန်လွန်ပြီးတဲ့ထိ သူ ဘာမှမပြောဘဲ ငြိမ်သက်နေတော့ ကျွန်တော် ကပဲ ‘နင် ဘာတွေ ဖြစ်လဲ၊ စကားပြောမယ်ဆိုပြီး ဘာမှလည်းမပြောဘူး’ ပြောလိုက်တော့ သူ့ခေါင်းလေး တချက်ငုံ့သွားတယ်။ စကားမပြောခင် အားယူတာလား။ အရှိန်ယူတာလား တစ်ခုခုပဲ။ လှမ်းပြီး မြင်နေရတဲ့ အိမ်ရှေ့ခြံတံခါးဝလေးဆီ အကြည့်တွေ ရွေ့လိုက်ပြန်တယ်။ စကားပြောရအောင် ဆိုပေမယ့် ပြောစရာအကြောင်း ရှာမရသေးဘူးလား။ မ ဖြစ်နိုင်ပါဘူး. . . သူ ကျွန်တော့် ကို သေချာ တဲ့အကြောင်းအရာတစ်ခုအတွက် ပြောဖို့ အဆင်သင့် ဖြစ်နေတဲ့ အနေအထားမျိုးနဲ့ ရောက်လာခဲ့တာ မလား။
‘နင်မပြောရင်. . . ငါ ဖတ်နေတဲ့ စာအုပ်အကြောင်း ပြောရမလား. . .’
သူ့ ခေါင်းကိုပုတ်လိုက်ရင်း ပြောလိုက်တယ်။ ငါ့ခေါင်းကို မကိုင်နဲ့ ခေါင်းလျှော်ထားတာလို့ ခေါင်းကို ခါရမ်းလိုက်ရင်းပြောတယ်။ ဒီလောက်ဆိုရပြီ။ သူ ငယ်ငယ်တုန်းကတည်းက အခုလို ငြိမ် သက်နေရင် ကျွန်တော် က သူ့စကားသံတွေ ခုန်ထွက်လာဖို့ ခုလိုပဲ စနောက်နေကျ။ ဒါပေမယ့် သူ စိတ်ကောက်တဲ့အထိ မ ဖြစ်အောင်တော့ ကျွန်တော့်မှာ သတိထားရပါတယ်။
ပြောရရင် ကျွန်တော့် ထက် သူက လပိုင်းလောက် စောမွေးတာ ဖြစ်ပေမယ့် ကျွန်တော့ထက် ငယ်နုစွာ ဆိုးနွဲ့တက်သူ။ ကျွန်တော် တို့နှစ် ယေက်စလုံး မောင်နှမနှစ် ယောက် ကိုယ်စီရှိကြတဲ့ထဲ သူက သူ့အိမ်မှာ အကြီးဆုံး။ ကျွန်တော် က အငယ်ဆုံး။ ဒါပေမယ့် သူက ကျွန်တော့်အပေါ်ဆို တစ်ခါတစ်ရံ အကြီး တစ်ယောက် လို အမိန့်ပေးဆုံးမလိုက် တစ်ခါတစ်ရံလည်း အငယ် တစ်ယောက် လို ဂျီကျဆိုးခဲ့တာ အခုမှ မဟုတ်ပါ။
‘ဟဲ့. . . ပြောလေ. . . ဒါနဲ့ပဲ မှော င်သွားရင် နင့်အိမ်ပြန် လိုက်ပို့ပေးနေရဦးမယ်. . .’
နောက်ချင်တဲ့စိတ်နဲ့ပဲ သူ့ကို ကျွန်တော် က စိတ်မရှည်သလို စလိုက်တယ်။
‘ပြန်မပို့ရပါဘူး. . . ပြန်ပို့ရလည်း ဒီတစ်ခါ နောက်ဆုံး ဖြစ်မှာ ပါ’ လို့ သူ့စကားသံ ထွက်လာမှ ကျွန်တော် ရုတ်တရက် ဘာပြန်ပြေရမှန်းမသိ ဖြစ်သွားတယ်။ သူက အေးဆေးငြိမ်သက်စွာ ရှိတတ် သူပါ။ စိတ်ကောက်တတ်ပေမယ့် ကျွန်တော့် အပေါ်မှာ တော့ မကျေနပ်တာရှိရင် သူ မကျေနပ်တာ တွေ ကို တည်တည်ငြိမ်ငြိမ်ပဲ ဖွင့်ပြောနေကျ။
‘ဒီလမကုန်ခင် ငါ ဖေဖေရှိတဲ့ စင်ကာပူကို သွားတော့မယ်။ ဟိုမှာ ကျောင်းတက်ဖို့ ကျောင်း ၀င်ခွင့်နဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေ အကုန်အဆင်သင့် ဖြစ်နေပြီ’
ပုံမှန်အသံနဲ့ ပြောလိုက်တာပါ။ ကျွန်တော် ဘာမှပြန်မပြောနိုင်သေးဘူး။ ဘာမေးခွန်းမှ လည်း မမေး ဖြစ်သေးပါဘူး။ ဖြစ်စဉ်တွေ တိုင်းမှာ အရာရာတိုင်းက ကြိုသိနေဖို့မလိုအပ်လှဘူး မလား။ ငါ့ကို ဘာလို့ စောစောကမပြောတာလဲဆိုပြီးလည်း သူ့ကို မပြောမိပါဘူး။ ကျွန်တော့်ဆီက တစ်ခုခုများ ကြားရမလားလို့ သူ စောင့်နေတယ် ထင်ပါရဲ့ ။ သူ့ဆီကလည်း ဘာစကားသံမှ ထပ် မကြားရတော့ပြန်ဘူး။
ကျွန်တော် နဲ့ သူဆိုတာ မိဘတွေ ရဲ့ ပုံစံတူမဟုတ်တောင် ခပ်ဆင်ဆင်အ ဖြစ်မျိုးတွေ နဲ့ စိတ် ဒဏ်ရာလေးတွေ ကိုယ်စီရှိကြတာမို့ နားလည်လို့ရခဲ့တာ ဖြစ်မယ်ထင်တယ်။ သူ့ဖေဖေက အခုလို နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ပြီး သူတို့မိသားစုဆီ ပြန်မလာတော့တာ။ လူပြန်မလာ ဖြစ်တော့ ပေမယ့် သူတို့မိသားစုအတွက် လုံလောက်တဲ့အသုံးစရိတ်ကိုတော့ ၀တ္တရားမပျက်ခဲ့ဘူး။ ကျွန်တော့် ဖေဖေက ကျွန်တော် တို့ငယ်ငယ်တုန်းက နယ်ခြားဒေသတစ်ခုမှာ အလုပ်သွားလုပ်ရင်း ပြန်မလာခဲ့သူ။ ဖုန်းအဆက်အသွယ်နဲ့ လစဉ်အသုံးစရိတ်အနည်းငယ်ကလွဲလို့ ဖေဖေ့မျက်နှာကို လပေါင်းများ စွာ ကျွန်တော် တို့ မြင်တွေ့ ခွင့်မရခဲ့ပါဘူး။ အခုတော့ ဖေဖေ အိမ်ပြန်ရောက်ပါပြီ။ သူရော ကျွန်တော် ရော အချိန်တော် တော် ကြာ အတွေးလွန်သွားတယ် ထင်ပါရဲ့ ၊ ငှက်တချို့ရဲ့ အော်မြည် သံရယ် အလင်းရောင် ဟာ သိသိသာသာမှိန်ဖျော့ကျလာတာကို သတိထားမိမှ နေ၀င်တော့မယ်ဆိုတာ သတိရတယ်။
တစ်ယောက် ယောက် က အမိန့်ထုတ်တားမြစ်ထားသလိုပဲ ကျွန်တော် တို့နှစ် ယောက် ဘာစကားမှ မပြောမိပြန်ဘူး။ သူကလည်း အကြောင်းမဲ့သက်သက် သရက်ပင်ကြီးကို မော့ကြည့် လိုက်သေးတယ်။ ကျွန်တော် ကတော့ အိမ်ဘက်ကို လှမ်းငေးရင်း ငါးကန်နှစ် ကန်ထဲက ငါးနှစ် ကောင်ဆီကို အကြည့်ရွှေ့လိုက်မိတယ်။ သူ့ကန်နဲ့သူ အသားကျနေထိုင်နေတဲ့ ငါးနှစ် ကောင်ပေါ့။ သူတို့ နှစ် ကောင်ကို အတူတူထားပါလို့ တစ်ခါတုန်းက ကျွန်တော့်အစ်ကိုကို ပြောဖူးတယ်။ အတူတူထားရင် ကိုက်လို့ အနာတွေ ဖြစ်မယ်လို့ ကျွန်တော့် အစ်ကိုက ဆရာကျကျပြန်ပြောဖူး တယ်။ အဲဒီ ငါးတွေ က ကျွန်တော့် အစ်ကို မွေးထားတာလေ။
ကျွန်တော် က တိရစ္ဆာန်ချစ်ပေမယ့် ငါးတော့ အလုပ်ရှုပ်လို့ဆိုပြီး မွေးရမှာ စိတ်မရှည်ဘူး။ ပြောမဲ့သာပြောရတာ . . . ဘာကောင်ပဲ ဖြစ် ဖြစ် မွေးထားရင် သူတို့ ကရိကထ ခံရမှာ ပါပဲ။ ကိုယ်က ချစ်တာကိုး. . . ချစ်လို့မွေးထားတဲ့အခါ အစစအရာရာ တာဝန်ယူရတော့မှာ ပဲလေ။ အစာကျွေး ချိန်တန် အစာကျွေးရမယ်။ အို. . . ကျွန်တော့်အတွေးတွေ က ဘယ်တွေ ရောက်သွားတာလဲ။ သူ့ဘက် ပြန်လှည့်မိတော့ ကျွန်တော် ကြည့်နေတဲ့ ငါးကန်ဘက်ကို လိုက်ကြည့်နေတဲ့ သူ့အကြည့် နဲ့ တည့်တည့်ရင်ဆိုင်ရတယ်။ သေသပ်ပိရိတဲ့ နှုတ်ခမ်းပါးတွေ ခပ်လှုပ်လှုပ် ဖြစ်သွားပုံနဲ့ သူ ကျွန် တော့်ကို တစ်ခုခု ထပ်ပြောချင်ကြောင်း အသိပေးတယ်။ ဒီတစ်ခါ ကျွန်တော် ဦးအောင်ပြောလိုက် တယ်။
‘နင့်ကို ဘာလက်ဆောင်ပေးရမလဲ စဉ်းစားနေတာ. . .’
ပြောပြီးမှ ကျွန်တော် မှားသွားတာ သိလိုက်တယ်။ သူက ဘယ်တုန်းကမှ ကျွန်တော့် ဆီက လက်ဆောင်မတောင်းခဲ့ဖူးဘူး။ ကျွန်တော် လည်း ဒီလိုပဲ. . .။ သူက. . .
‘အလုပ်ရှုပ်ခံမနေနဲ့. . .’
ပြောပြီး တစ်ပိုင်းတစနဲ့ စကားကို ရပ်ပစ်လိုက်တယ်။
ကလေး တစ်ယောက် ကို စိတ်မချတဲ့ပုံစံနဲ့ မှာ တမ်းတွေ လည်း ကျွန်တော် မပြောချင်ဘူး။ ပြောစရာလည်း မလိုလောက်ဘူး ထင်တယ်လေ။ သူ့မှာ ထိုက်သင့်တဲ့ အသိဉာဏ်နဲ့ အသက် အရါယ် လုံလောက်ပြည့်စုံတယ်လို့ ကျွန်တော် ယူဆမိလို့ပါ။ နောက်ပြီး ဟိုမှာ သူ့ဖေဖေလည်း ရှိတယ်။ ကျွန်တော် သူ့ကို ယုံကြည်တယ်။ ကျွန်းမာရေး ဂရုစိုက်ဖို့လောက်တော့ ကျွန်တော် ပြော သင့်တယ်ထင်လို့ ‘ကျန်းမာရေး ပဲ အဓိက ဂရုစိုက်ဦး. . .’ ပြောလိုက်မိတယ်။ ‘အင်း. . .’ လို့ သံရှည် ဆွဲပြီး ခပ်လေးလေး ပြန်ဖြေတယ်လေ။
ပြီးတော့ ကျွန်တော့် ကို ပြန်ချေပသလိုနဲ့. . .
‘နင်သာ နင့်သူငယ်ချင်းတွေ နဲ့တွေ့ ရင် ဘီယာတွေ ခန ခန သောက်မနေနဲ့ဦး. . .’
ဆိုတယ်။
တခြားစကားတွေ လည်း သူ ပြောချင်ပေမယ့် ထိန်းချုပ်ထားသလို ခံစားရတယ် ကျွန်တော် ကတော့ ခေါင်းပဲညိတ်ပြလိုက်တယ်။ ခဏကြာတော့ အပြင်လောကမှာ အလင်းတွေ ပျောက်ကုန်ပါ ပြီ။ သူ့ဘက်လှည့်ကြည့်မိတော့ သူ ခေါင်းငုံ့ထားတယ်။ သူ့ မျက်နှာက အမှော င်ကြောင့် ရော ဆံပင် တွေ ချထားတာကြောင့် ရော ပေါင်းစပ်ပြီး ကွယ်ထားသလို ဖြစ်နေတယ်။ ခေါင်းငုံ့ထားနေရင်းကပဲ. .
‘ငါ ဒီအသက်အရွယ်ထိ အစီအစဉ်တကျနေလာခဲ့ရတာ ၊ မနက်စာကို ဘာစားမယ်၊ ဘာကျောင်းတက်မယ်၊ ဘာလုပ်မယ်. . . အစစအရာရာကို မေမေ့စိတ်တိုင်းကျပဲ၊ ငါ စားချင်တဲ့ အရာရှိရင်လည်း ဆယ်ခါမှာ တစ်ခါပဲ ငါ့စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတယ်။ ငါနဲ့ သင့်တော် မယ် ထင်တဲ့ ဟာကိုပဲ မေမေက အမြဲရွေးချယ်ပေးတာချည်း။ ငါ ဘာလုပ်ချင်သလဲဆိုတာ တစ်ခါမှ မစဉ်းစားခဲ့ဖူး ဘူး. . .’
တစ်ဆက်တည်း တိတိကျကျ အသံမှန်မှန်နဲ့ ပြောတယ်။ သူ့အသံက အနည်းငယ် ရှတ သလို ဖြစ်နေပေမယ့် အမှော င်ကြောင့် အဖျားခတ်တာလို့ပဲ ကျွန်တော် ယုံကြည်လိုက်ပါတယ်။ တစ်ယောက် တည်းပြောနေတာလား ကျွန်တော့်ကို ဦးတည်ပြီးပြောနေတာလား သေချာမသိဘူး။ ဒါပေမယ့် အင်း. . . လို့ပြောပြီး ခေါင်းညိတ်လိုက်မိတယ်။
ငြိမ်သက်နေတာထက်စာရင် သူ အခုလို စကားပြောနေတာက ပိုကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ နားထောင်နေတုန်းမျာပဲ သူ့စကားသံရပ်သွားတယ်။ သူ့ခေါင်းက ပြန်မတ် လာပြီ။ ကျွန်တော့်ဘက်ကို သူလှည့်ကြည့်တဲ့အခါ သူ့မျက်နှာပေါ်မှာ အရောင် တစမ်ခု လဲ့ဖြာနေ သလို ခံစားမိတယ်။ မှော င်စပျိုးချိန်မို့ အိမ်ထဲက မီးအလင်းရောင်းတချို့တ၀က် ဖိတ်စဉ်လာတာက လွဲရင် ကျွန်တော် တို့ထိုင်နေတဲ့ ဒါန်းလေးနားမှာ မီးအလင်းရောင် သီးသန့်မရှိပါဘူး။ ကျွန်တော့ သံသယတချို့ သေချာသွားစေဖို့ သူ့ပါးဆီ ကျွန်တော့်လက်ဖ၀ါးတွေ ရွေ့လျားသွားမိတယ်။ စိုနွေး တဲ့အတွေ့ အသိနဲ့. . .
‘နင် ငိုနေတာလား’
မေးလိုက်တော့ သူ ဘာမှပြန်မပြောဘူး။ ကျွန်တော့် မေးခွန်းကို ဖြေဖို့ထက် သူ ပြောချင်တာ တွေ ကိုပဲ အစဉ်တကျ ဖြစ်ဖို့ စဉ်းစားနေတာများ လား။ ဒါပေမယ့် ဘာစကားသံမှတော့ ထပ်ထွက် မလာဘူး။ ကျွန်တော် ကလည်း သူ့ကို မငိုပါနဲ့လို့ မပြော ဖြစ်ဘူး။ သူ ငိုနေတာကို သေချာမတွေ့  ရပေမယ့် အသိနဲ့ ပထမဆုံး သိခွင့်ရဖူးတာပါ။ ဘာများ ပြောဦးမလဲလို့ နားထောင်နေပေမဲ့ သူ့ဆီက ဘာသံမှ မကြားရတော့ပြန်ဘူး။
ဘာမှမပြော ဖြစ်ကြပေမယ့် အတူတူရှိနေချိန်တွေ ကိုတော့ ကျွန်တော် ဆွဲဆန့်ထားချင်မိပါ ရဲ့ ။ သူလည်း ကျွန်တော့် လို တွေးနေမိသလားပဲ။ အခုလိုလေး အနားမှာ သူ ရှိတယ်ဆိုတဲ့ အသိနဲ့ ကျွန်တော် ကျေနပ်နေခဲ့တာကြာပြီ။ ရုတ်တရက် ဘယ်လိုအပြောင်းအလဲမျိုးကိုမှ ပြုလုပ်ဖို့ ကျွန် တော် မကြိုးစားချင်ဘူး။ သိပ်မှော င်သွားရင် မကောင်းဘူးလို့ပြောပြီး ကျွန်တော် က သူ့ကို အိမ်ပြန် လိုက်ပို့ဖို့ စတင်အသိပေးလိုက် တယ်။
‘ဘယ်နေ့သွားမှာ လဲတောင် နင်က မမေးဘူး. . . လေဆိပ်လိုက်ပို့ဖို့လည်း ငါ မတောင်းဆို ပါဘူး. . . စိတ်ပူမနေနဲ့. . .’
စိတ်ဆိုးသလိုနဲ့ စိတ်မဆိုးမှန်း သိသာတဲ့လေသံနဲ့ပဲ ကျွန်တော့် ကို ခပ်တိုးတိုးပြန်ပြော သည်။ တစ်ဆက်တည်းမှာ ပဲ. . .
‘နင့်ကို ငါကိုယ်တိုင်ထိုးထားတဲ့ Cross Stich လေးတစ်ခုတော့ ပေးခဲ့ချင်လို့ ခုရက်ပိုင်း ငါ အပြီးသတ် ထိုးနေတာ’
လို့ ကျွန်တော့် ဘက် ခေါင်းငဲ့ပြောပြန်ရော။
‘အာ. . . ငါ့ကျတော့ အလုပ်ရှုပ်ခံမနေနဲ့ဆိုပြီး နင်ကျတော့ တကူးတက’
လို့ မကျေနပ်သလို ပြန်ပြောလိုက်မိတယ်။
သူက အသံတိုးတိုးနဲ့ ခပ်သဲ့သဲ့လေးရယ်လိုက်တယ်။ ပြီးမှ. . .
‘ငါ ပေးချင်လို့ပါ. . . နင့်ဘာနင် သိမ်းချင်သိမ်း. . . သုံးချင်သုံး. . . သူများ ပေးပစ်ချင် လည်း ပေးပစ်ပေါ့’
လို့ ခပ်အေးအေးပဲ ပြန်ပြောသည်။
သူ့အိမ်က ကျွန်တော် တို့အိမ်နဲ့ တစ်ခြံကျော်ဆိုပေမယ့် မှော င်မှ သူပြန်ရင် သူ့အိမ်ရှေ့ထိ အောင် ကျွန်တော် က လိုက်ပို့ပေးနေကျ. . .။
‘အေးပါ. . . ဒီနေ့တော့ မှော င်နေပြီ။ နင့်မေမေ မျှော်နေလိမ့်မယ်. . . ထ’
ဆိုပြီး ကျွန်တော် က သူ့ရှေ့ကစ မတ်တပ်ရပ်လိုက်ရော။ သူ့ကြည့်ရတာ တစ်ခုခု စိတ်ခု သွားပုံရတယ်။ သူ ကတော့ ကျွန်တော့် ကိုပေးဖို့ တသီးတသန့် ဖန်တီးထားတာကို ကျွန်တော့် အနေ နဲ့ သိပ်ပြီး စိတ်လှုပ်ရှားမသွားတာကိုများ လား။ ဒါမှမဟုတ် လေဆိပ်လိုက်ပို့ပါ့မယ်ဟု သေချာ ကတိ မပေးလိုက် တာကိုများ လား။ မစဉ်းစားတော့ပါဘူး။
ကျွန်တော် တို့ ခြံထဲကနေထွက်ပြီး သူတို့ခြံရှေ့ မရောက်ခင်အထိ ပုံမှန်ခြေလှန်းနဲ့ဆို သိပ်မလျှောက်ရပါဘူး။ အခုညနေကျမှ သူ့အိမ်နဲ့ ကျွန်တော့် အိမ် ခုထက်ပိုဝေးရင်ကောင်းမှာ ပဲလို့ ချက်ချင်း တွေးမိသွားသေးတယ်။ ဒါဆို ကျွန်တော် တို့နှစ် ယောက် ခုထက်ပိုပြီး လမ်းလျှောက်ချိန် ကြာနိုင်တယ်။ စကားတချို့ ပြောနိုင်သေးတယ်ပေါ့။ ဒါပေမယ့်လည်း ကျွန်တော် တို့မှာ ပြောစရာ စကားလည်း မရှိပြန်ဘူး။
သူတို့ခြံတံခါးရှေ့ရောက်တော့ ကျွန်တော် က ဖွင့်ပြီး အရင်ဝင်လိုက်တယ်။ ကျွန်တော် တို့ နှစ် ယောက် စလုံး ခြံထဲရောက်တော့ ကျွန်တော် က ခြံတံခါးကို ပြန်ပိတ်လိုက်တယ်။ သူက ကျွန်တော့်ကို ရပ်စောင့်နေတယ်။ သူ့ဆီကို လျှောက်သွားတုန်း. . .
‘ငါ. . . နင့်ကို. . . တစ်ခုမေးမယ်. . .’
အစချီပြီး. . .
‘မြစ်တွေ ရဲ့ အဆံးမှာ ဘာရှိသလဲ နင်သိလား’ တဲ့။
ကျွန်တော့အဖြေကို စောင့်နေတာ မဟုတ်သလို၊ နားထောင်တာလည်း မဟုတ်ပြန်ဘဲ တစ်ဆက်တည်း သူ ပြောချင်တာကို ဆက်ပြောပြန်တယ်။
‘မြစ်တွေ ရဲ့ အဆုံးမှာ ပင်လယ်ရှိကြတာချည်းပဲ’
လို့ သူ့ဘာသူ ဖြေပြန်တယ်။
‘မြစ်တိုင်းရဲ့ အဆုံးသတ်ကို ပင်လယ်ဆီသို့ ပဲလား. . . ပင်လယ်ထဲကယိ မ၀င်တဲ့မြစ် အနည်းဆုံးတစ်ခုလောက်တော့ ရှိမနေနိုင်ဘူးလား. . . ဟင်. . .’
သူ့ထင်မြင်ချက်ကို အစွဲသုံးပြီး မေးသလို ပြောပြန်ရော။ ကျွန်တော် က သူဆက်ပြီး ပြောနေမှာ စိုးရိမ်လာမိသလိုလို. . . ဘာမှန်းမသိတဲ့ အခြေအနေကို မဝေခွဲနိုင်ခင်မှာ ပဲ။
ဘာကြောင့် မှန်း မသိဘူး။ သူ့ကို သနားသွားမိတယ်။ သူ့ခေါင်းကို လက်နဲ့ အသာပုတ်လိုက် မိတယ်။ သူက ကျွန်တော် ပြောတာကိုလည်း ဂရုမစိုက်သလို အနေအထားနဲ့ပဲ သူပြောရမဲ့စကားကို တာဝန်တစ်ခု ကျေပွန်အောင် ထမ်းဆောင်သလို ပြီးဆုံးအောင် ပြောသါားပါတယ်။ ဘာမှလည်း အဆက်အစပ်မရှိဘဲနဲ့ပေါ့။
‘နင် ငါ့ကို လေဆိပ်လိုက်မပို့နဲ့တော့။ အလကား အလုပ်ရှုပ်တယ်. . .’
ဆိုပြီး သူ့အိမ်ထဲ ၀င်သွားတော့တာပဲ။
သူ့အကျင့်အတိုင်း ကျွန်တော် ဘာပြောမလဲ သူပဲ သိနေတဲ့ပုံစံ။ ကျွန်တော် တစ်ချက်ပြုံး လိုက်မိတယ်ထင်တယ်။ ပြီးတော့ သူတို့ခြံထဲက ကျွန်တော် ပြန်ထွက်လာခဲ့တယ်။
အဲ့ဒီညနေခင်းတစ်ခုနောက်ပိုင်း အရင်လိုပဲ သူလည်း သူ့အိမ်မှာ ရှိကောင်းရှိနိုင်မှာ ဖြစ် သလို၊ ကျွန်တော် ကလည်း ကျွန်တော့် အလုပ်တွေ နဲ့ ကျွန်တော် ရှုပ်နေခဲ့တာပဲ။
တစ်ညတော့ သူဖုန်းဆက်လာတယ်။ မနက်ဖြန် သူ သွားတော့မှာ ဆိုတဲ့အကြောင်းပေါ့။ ဘာမှ ထွေထွေထူးထူး မပြော ဖြစ်ပါဘူး။ သူ ဖုန်းချသွားပြီးနောက် ကျွန်တော့် ဦးခေါင်းထဲမှာ ရော၊ ရင်ဘတ်ထဲမှာ ရော တစ်ခုခု လစ်ဟာသွားသလို ခံစားရတယ်။ မနက်ဖြန်. . . သူ သွားတော့မယ်. . တဲ့။
ဒီည ကျွန်တော့် အိပ်ယာပေါ် စောစောစီးစီး အနားယူ ဖြစ်တယ်။ ပြီးခဲ့တဲ့ရက်က သူ ကျွန် တော့် အတွက် ထိုးထားတဲ့ Cross Stich လေးကို အောက်ခံထားပြီး နာရီလက်တံလေးတွေ ထည့်သွင်း ဘောင်ခတ်ထားတဲ့ လက်ဆောင်လေးက ကျွန်တော့အိပ်ယာဘေး စားပွဲခုံပေါ်မှာ ။ သူ့ညီမလေးက လာပေးသွားတာတဲ့။ ကျွန်တော် အလုပ်ကပြန်လာတော့ မေမေက ပြောတာပဲ။ ကျွန်တော် ယူပြီး စားပွဲပေါ်တင်ထားပြီးကတည်းက ခုတစ်ကြိမ် ပထမဆုံး သေသေချာချာကြည့်နေ မိတာ။
အသည်းပုံလေး နှစ် ခုရယ်၊ ကော်ဖီခွက်လေးတစ်ခွက်ရယ်၊ Friends Forever ဆိုတဲ့ စာတန်းလေးရယ် နောက်ခံထားပြီးတော့ နာရီလက်တံလေးနှစ် ခု။ သူတို့အားလုံးကို ဘောင်ခတ်ပြီး ‘လက်ဆောင်’ လို့ သူ အမည် တပ်ပေးထားတဲ့ ပစ္စည်လေးပေါ့။ ကမန်တော့်မျက်လုံးတွေ မှိတ်ပစ် လိုက်တယ်။ ဟိုတစ်ခါ သူ့ဆီက ပထမဆုံး ရဖူးတဲ့ အတွေ့ အသိနွေးနွေးလေး ကျွန်တော့် မျက် တောင်တွေ မှာ နားခိုလို့။ ပြီးတော့ မနက်ဖြန် သူ့ခရီး ချောမောသာယာဖို့ ဆုတောင်းပေးလိုက် တယ်။
အိပ်မက်ကိုး
တစ်ယောက် က. . . တစ်ယောက် ကို

အခန်းရဲ့ နံရံတွေ ဟာ ပိုပြီး ထူကဲလာကာ ပိတ်လှောင်မွန်းကျပ်လို့ အသိစိတ်တွေ ဖောက် ပြန်သလို ဖြစ်ခဲ့တာက စရမှာ ပဲ။ ဒီနေ့မှ ရန်ကုန်ရာသီဥတုဟာ တစ်ခုခုကို ဆွေးဆွေးမြည့် မြည့်  ဖြစ် စေအောင် အသည်းအသန်ဖိတ်ခေါ်နေသယောင်ယောင်။ တစ်ယောက် တည်း ခေါက်တုန့်ခေါက် ပြန်လမ်းလျှောက်သံဟာ ပိုပိုကျယ်လောင်လာခဲ့သလိုပဲ။
စီးကရက်ကို မီးညှိဖို့ ကြိုးစားပြီးမှ သေချာ မဖွာရှိုက်တတ်သေးတာကို လက်ခံနားလည် လိုက်ပြီ။ စကားသံတချို့ မပီဝိုးတ၀ါး ပြန်ကြားယောင်လာတယ်။ ကိုယ် ဘယ်အရာကိုမှ မလှုပ်ရှား ရဲတော့ပြန်ဘူး။ မနေ့ကအထိ ဆက်တွယ်ထားဆဲ ဖြစ်တဲ့ အတိတ်တွေ ဟာ နှစ် ခြိုက်လွန်းသော နှင်းဆီပန်းရနံ့လိုပဲ မွှေးအီစွာ စူးရှကြမ်းတမ်းစွာ အတားအဆီးမရှိ ပြန်လည်ဝင်ရောက်ခဲ့တာ. . .။
ညို. . . အခါခါ တိုးဖွဖွရွတ်ဆိုဖူးတဲ့ စကားလုံးပါ။ ညိုဆိုတာ ကိုယ့်ကို တစ်သံသရာလုံး လောင်မြိုက်စေရအောင် အမျိုးမျိုးသော ဝေဒနာတွေ နဲ့ မိတ်ဆက်ပေးခဲ့တာပဲ။ ဟိုးမှာ တွေ့ နေရတဲ့ လမ်းကလေးမှာ လည်း ညို့ခြေရာတွေ ရှိတယ်။ နေ့စဉ်သောက်နေရတဲ့ ပဋိဇီဝဆေးတွေ မှာ လည်း ညိုပါတယ်။ ညှပ်ပစ်လိုက်မယ်လို့ ခဏခဏစိတ်ကူးမိတဲ့ ဆံစတွေ ရဲ့ ရေသောက်မြစ်ကလည်း ညိုပဲ ဖြစ်တယ်။ မလှပတဲ့မျက်ဝန်းတွေ နဲ့ ညှိုးရော်ရီဆွေးနေတဲ့ ဂုဏ်သိက္ခာအားလုံးကလည်း ညိုပဲ ဖြစ်နေပြန်တယ်။
အဲဒါတွေ ထက်ပိုစွာ ကိုယ် မသိနားမလည်ခဲ့တဲ့ လူတွေ အကြောင်း၊ သံယောဇဉ်အကြောင်း၊ အသက်ရှူရည်တည်ဖို့အတွက် တိုက်ပွဲဝင်နေ့ရက်တွေ အကြောင်း အစစအရာရာ မဟုတ်တောင် စုံလင်စွာ ခံစားမှု နဲ့ ဦးနှောက်ကို တစ်ချိန်တည်းမှာ အနားမရစေဘဲ ဆုံးဖြတ်သုံးသပ်စေတဲ့ ပြိုင်ပွဲ တစ်ခုလည်း ဖြစ်တယ်။
ကိုယ်ဆိုတာ ညို့အတွက် လွတ်လပ်ပွင့်လင်းစွာ အနာဂတ်သေနေတဲ့ ရာသီစက်ဝန်းတစ်ခု လား။ အဲ့ဒီထက်ပိုစွာ နေရောင် လာရင် ကွယ်ပျောက်ပေးရမဲ့ နှင်းငွေ့မှု န်မှု န်လေးလား။ ဒီလိုပဲ ထင်မိတယ်။ ဟိုးတောင်းတန်းတွေ ပေါ်က မှိုင်းညို့နေတဲ့ တိတ်တိုက်တစ်အုပ်သဖွယ် ကိုယ့်ရဲ့ေ၀၀ါးဝါးအနာဂတ်တွေ ဟာလည်း ညို့အတွက် စိတ်ပျက်ညည်းညူဖွယ်ရာ အသံတိတ်ကြေကွဲမှု ဖြစ်တယ်။ အလွယ်တကူ ရေး ခြစ်နိုင်ဖို့အတွက် အဆင်သင့်စောင့်စားနေဆဲ ပေါ့ပါးတဲ့ စက္ကူဝါ နွမ်းအလွတ်လေးလည်း ဖြစ်ကောင်း ဖြစ်မယ်။
ကိုယ်တို့နှစ် ယောက် အကြောင်းကို ပြောပြပါလို့ တစ်စုံ တစ်ယောက် ကများ မေးလာခဲ့ရင် ညို ဘယ်လိုဖြေမှာ ပါလိမ့်။ တစ်ချိန် ကတော့ သိပ်သိချင်ခဲ့မိတာ. . .။ နှစ် ဦးနှစ် ဖက်စလုံး မနစ်နာစေမဲ့ စကားလုံးလှလှတချို့ ရွေးသုံးပြီး သံတူကြောင်းကွဲ စကားတစ်ခွန်းကိုပဲ ညို အကြိမ်ကြိမ်ရှင်းပြမှာ ပါ။ ဟုတ်တယ်မလား. . .။ ကိုယ်တို့နှစ် ယောက် မှာ Anniversary မရှိဘူး။ ကိုယ်တို့တွေ ဟာ ဘာမှ မဆိုင်ကြသလိုဘဲ တစ်ဦးတည်း တစ်ယောက် တည်း နာမည် တစ်ခုတည်းကိုသာ သီးသန့်ရေး ထိုးခွင့် ရှိတဲ့ ကဗ္ဗည်းစာသားပါ။ ဒါကို လူတိုင်းနားမလည်နိုင်ဘူး။
လူတွေ ကို အထင်မပေးနဲ့ ညိုရဲ့ . . .။ သူတို့တွေ ကိုယ်စီတိုင်းမှာ လည်း ကိုယ်ပိုင်အသိ ဉာဏ်နဲ့။ ဟက်ခနဲတစ်ချက်ရယ်ပစ်ချင်တယ်။ ဒီအတွေးနဲ့တင် ကိုယ်ဟာ စတင်ရှုံးနိမ့်ပြီဆိုတာ လည်း သိလိုက်တာပါ။ ရှုံးပေါ့. . . အရှုံးက အရေး မကြီးပါဘူး။ ကိုယ့်လိပ်ပြာဟာ ဘယ်လို လှပစွာ ၀င့်ထည်နိုင်မလဲသာ ကြိုးစားခဲ့သူမို့ သိမ်ငယ်ရှက်ရွံ့ရတဲ့ ခံစားမှု ဟာ အရှုံးမဟုတ်ဘူး။ ဒါကို ညို မြဲမြဲမှတ်ထားပေးစမ်းပါ။
သံယောဇဉ်အကြောင်း အနာတရမဟုတ်တဲ့ သင်ခန်းစာမှာ တဖွဲ့တနွဲ့ မဟုတ်ရင်တောင်မှ ကိုယ်နဲ့ ညိုရဲ့ ဆက်သွယ်မှု ဟာ နိယာမအသစ်တစ်ခုလို့ ယုံကြည်ရပါလိမ့်မယ်။ ဒါပေမယ့်ကွယ်. . . အသစ်အသစ်တွေ ချည်နှောင်တတ်တဲ့ ညို့ရဲ့ သဘာဝစိတ်ကို ကိုယ် တဖြည်းဖြည်းသိလာတဲ့အခါ သံသယဆိုတာ တမှု န်တမွှားကနေစလို့ ကြီးထွားချင်လာခဲ့မိတယ်။ အဟောင်းတွေ အပေါ်မှာ ရိုးအီလာတတ်တဲ့ လူ့သဘာဝကို ကိုယ်အပြစ်မပြောလိုပေမယ့် ခံစားလွယ်တတ်သူ၊ စိတ်အား ပျော့သူလို့ ညို့ကို ကိုယ် စွဲချက်တင်တယ်။ ဒါအမှန်ပဲ. . . ညိုမငြင်းနိုင်လောက်ပါဘူးလေ။
ကိုယ် ကတော့ တစ်ယောက် တည်းကိုပဲ သတိရတတ်ခဲ့တာ။ ညို ကတော့ ကိုယ့်ရှေ့မှာ ရပ်နေရင်းက တခြား တစ်ယောက် ရဲ့ အကြို့်နဲ့ သဘောတရားတွေ ကို သတိရကြောင်း တခုတ်တရ လွမ်းမောတတ်သေးတာမျိုး။ ရှေ့မှာ တင် မြင်လိုက်ရတဲ့ မျက်ဝန်းနှစ် စုံထဲက သီးသန့်ဆန်တဲ့ အရောင် တွေ အကြောင်းကို ကိုယ် ညတိုင်း အိပ်မက်ပြန်ပြန်မက်တယ်။ တကယ်ဆို အဲ့ဒီနေ့က ကိုယ့်မျက်လုံးတေါ ကန်းနေခဲ့ဖို့ကောင်းတာ။
နှုတ်ခမ်းကို ဖိကိုက်လိုက်ရင် ညို မြင်မှာ စိုးလို့ အံသွားတွေ နဲ့ ပါးစောင်နှစ် ဖက်ကို ဖိကြိတ် ထားရင်း အသက်မှန်မှန်ရှူဖို့ ခက်ခဲခဲ့တဲ့ အချိန်တွေ ကို ကိုယ် မေ့လို့မရဘူး။ ကျေးကျွန်လို ဦးညွတ် ခြင်းက လူ့တန်ဖိုးကို အလိုလိုလျော့လျော့ကျစေတတ်မှန်း ကိုယ် ဘာကြောင့် မတွေးတတ်ခဲ့မိတာ ပါလိမ့်။
ပျော်လားဟင်. . . အဲ့လို မေးလိုက်ချင်တာ။
ကွက်လပ်တွေ သိပ်များ လွန်းတဲ့ ကိုယ့်အတွက် ညို့အပေါ် မှီတည်မှု ဟာ အစွန်းရောက်ခဲ့ပါ သလား. . . ခဏခဏ ပြန်ဆန်းစစ်မိတယ်။ ကိုယ်က မကောင်းဘူး. . .။ ဟုတ်တယ်. . . ညိုပြောခဲ့ သလို သတ်မှတ်ခဲ့သလို သိမ်ဖျင်းစုတ်ချာလွန်းခဲ့ပါတယ်။ တစ်ချိန်မှာ အမှိုက်တစသာသာ ဖြစ်သွား မယ့် သမုဒယတေါပဲ စုစည်းသိမ်းထုပ်လို့ တကုပ်ကုပ် အလုပ်ရှုပ်နေခဲ့တာ။ အရူးအမူးဆိုတာ ဒါမျိုး ကိုပြောတာ ဖြစ်မယ်။ ကိုယ်ဟာ အရူးတပိုင်းနဲ့ မူးဝေခဲ့တဲ့နေ့တွေ ခပ်များများ ပေါ့. . .။
ဒီလိုဆိုပြန်တော့ ကိုယ့်မှာ ပျော်ရွှင်မှု တွေ မရခဲ့ဘူးလားလို့ မေးစရာ ဖြစ်မယ်။ မီးရထားသံ လမ်းဘေးမှာ အတူတူထိုင်ရင်းက စကားလုံးတွေ ဖြန့်ကျဲခဲ့ဖူးတဲ့အချိန်တွေ မှတ်မိနေဦးမှာ ပါ။ တစ်ယောက် တည်းပါပဲဆိုပြီး ထည့်တွက်စရာမဟုတ်သော ကိုယ် ပါဝင်ခဲ့ဖူးတဲ့ ညနေခင်းတွေ ကို လည်း မြင်ယောင်ရင်းပေါ့။ အမျက်တော် မရှစေဖို့ မိုက်ရူးရဲဆန်တဲ့အတွေးတွေ ကို သတ္တိဆိုတဲ့ အခွံ နဲ့ ဖုံးအုပ်ပြီး စွန့်စားခန်းတွေ လည်း ဖြတ်ကျော်ခဲ့ဖူးတာမို့ ကိုယ့်ကိုယ်ကိုတောင် တယ်ဟုတ်ပါလား လို့ တိတ်တိတ်လေး ချီးကျူးမိသေးတာ. . .။
ဘာပဲ ဖြစ် ဖြစ်ပေါ့လေ. . . ဒါဟာ ကိုယ့်ရဲ့ တဖက်သတ်အတွေးတွေ ပဲလို့ နားလည်ကောင်း မှာ ပါ။ အကန့်အကန့်တွေ ခွဲသိမ်းထားနိုင်စွမ်းရှိတဲ့ ညို့အတွက်တော့ ကိုယ်ဆိုတာ ဘယ်လိုနေရာ ဘယ်လိုအချိန်မျိုးမှာ မှ အတွေးထဲ ၀င်ရောက်နိုင်စွမ်းရှိမလဲလို့ တစ်ခါတုန်း ကတော့ ပြင်းပြစွာ ဖွင့် မေးချင်လောက်အောင် သိချင်ခဲ့တယ်။ အခုတော့ ကိုယ်နားလည်သွားပြီလို့ပဲ ပြောရမလား။ မသိဘူး. . . တစ်ခါတလေ ကိုယ်က အဲ့လို မသိချင်တာတွေ ကို တမင်တကာပဲ မသိချင်ယောင် ဆောင်တတ်တာမျိုးလေ။
ကိုယ့်ဆုံးဖြတ်ချက်တွေ ၊ အသိဉာဏ်ရင့်သန်မှု တွေ ၊ ဗီဇနဲ့ ၀ါသနာရဲ့ အရေး ပါမှု တွေ ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်တဲ့ အမူအကျင့်တွေ အို. . . အစစအရာမဟုတ်တောင် တော် တော် များ များ ညို့ရဲ့ သတ်မှတ်ချက်နဲ့ အကြည့်တစ်ချက်အော်ကမှာ ပဲ တုန်လှုပ်စွာ ထိန်းချုပ်ရခြင်းနှင့် အတူ ပေါက်ကွဲလွင့်စင်သွားတဲ့ အရိုင်းဉာဉ်တွေ ပါရှိလာခဲ့တာ။ ကိုယ်က ညို့လောက် အရာရာမှာ ဟန် ဆောင်ကောင်းသူမဟုတ်တာကလည်း ညံ့ဖျင်းမှု တစ်ခုပါပဲ။
ဝန်ခံပါတယ်. . .။ ဒီရှင်သန်မှု မှာ ကိုယ်ဟာ ရဲဝံ့စွာ နဲ့ ယုံကြည်မက်တွယ်နေမိတာဟာ သူရူး တစ်ယောက် ပမာ ဖြစ်လာမှန်း သိပ်မကြာခင်ကမှ သိလာခဲ့တာပါ။ တစ်ယောက် ကို တစ်ယောက် က လိုအပ်တာတွေ ဖွင့်ဟတဲ့အခါ ဖြည့်ဆည်းပေးနိုင်စွမ်းရှိတဲ့အရာတွေ ပေးလိုက်နိုင်တဲ့အခါ ကျေနပ် တဲ့စိတ်နဲ့ ကြည်နူးမိပါရဲ့ ။ အကျင့်စွဲနေပြီးသား ဖြစ်သလို ညို့အတွက် ကိုယ်သာ ရှိနေချင်တတ်တဲ့ အတ္တဟာ တခါတရံမှာ လောင်ကျွမ်းစေဖို့ ဖြစ်လာတယ်။ တောင်းဆိုမှု မှာ ယုံကြည်မှု ဆိုတာပါတယ် လို့ ကိုယ် ကတော့ ခံယူထားတယ်လေ။ ဟုတ်တယ်မလား။ စဉ်းစားကြည့်ပါဦး. . . ကိုယ်တို့တွေ တစ်ယောက် အကြောင်း တစ်ယောက် အပြန်အလှန်နားထောင်ပေးဖို့ ဘာတွေ လိုအပ်တယ်ထင် သလဲ။
ကိုယ်ဘာတွေ ပြောချင်လဲ. . . ဘာကို မျှော်လင့်မိတာလဲ. . . ဘာကို တန်ဖိုးထားမိတာလဲ၊ ညို မသိတားလား. . . သိဖို့ မကြိုးစားတာလား. . . သိဖို့မလိုတော့တာလား. . . ခေါင်းတွေ ချာချာ လည်အောင် မှော င်ကျသွားပြန်ပါတယ်. . .။
ညိုရဲ့ ယုံကြည်မှု ဟာ အရွေ့တစ်ခုရဲ့ ပြောင်းလဲခြင်းမှာ ထင်သာမြင်သာ ဖြစ်ခဲ့ပြီပဲ။ တစ်ချိန် ချိန်မှာ လွန်ဆွဲမှု တွေ နဲ့ ပင်ပန်းမဲ့ ညို့ကို မကြည့်ရက်ဘူး။ အခုအချိန်ထိ ကိုယ့်ကို စိတ်လှုပ်ရှား ပျော်မြူးစေခဲ့သူ၊ စိတ်ပင်ပန်းမွန်းကျပ်စေသူ၊ နားအလည်ဆုံးနဲ့ အသိတတ်ဆုံးသူ ကတော့ ညိုပဲ ရှိနေခဲ့တယ်။ ညိုပဲရှိတယ်လို့ ကိုယ်ကိုယ်တိုင်ကလည်း စွဲလန်းခဲ့မိတယ်။ ကိုယ့်မှာ ညိုနဲ့တွဲ ပြီး နှိုင်း ယှဉ်ရမဲ့သူ မရှိ။
တစ်ချိန်တုန်း ကတော့ ကိုယ့်ဆတီက ခွဲခွာပြန်သွားတဲ့အခါ ၀မ်းနည်းတတ်တဲ့ ညို။ အခု ကိုယ် ပြန်ကြားယောင်မိတာက ၀မ်းနည်းခြင်းမှတ်တိုင်အသစ်ပေါ့။ တမင်တကာပဲ လုပ်ကြံဖန်တီး သလားထို့ထင်ရလောက်အောင် ကိုယ့်ရှေ့မှာ မှ သတိရခြင်းတွေ ကို ညည်းညူသည်းလှုပ်ပြတတ် သေးတယ်။ စိတ်မကြည်လင်စေတဲ့ စကားအဖုအထစ်လေးများ လက်ခံရရှိတဲ့အခါမှာ ပေါက်ကွဲ စရာက ကိုယ်ပဲ ဖြစ်နေခဲ့တယ်။ အထိတ်တလန့်နဲ့ မာကျောခက်ထန်ခြင်းတွေ ကို ကိုယ်မလိုချင်ဘဲ ရရှိခဲ့ဖူးတယ်။ ဒါဟာ ကိုယ့်အတွက် ဆုလာဘ်။ ဟုတ်တယ်။ ကိုယ်နဲ့ထိုက်တန်တာကိုပဲ ကိုယ် ပိုင်ဆိုင်သိမ်းဆည်းရမှာ ပေါ့လေ။ ပခုံပေါ်တင်ထားတဲ့လက်ကို အရှိန်ပြင်းပြင်းနဲ့ ရိုက်ထုတ်လိုက်တာ တွေ . . . မောပန်းနွမ်းလျနေတဲ့ ကိုယ့်ကို တမင်တကာပဲ အဝေးက ပြုံးပြတတ်တာတွေ . . . သိုဝှက် မှု တွေ နဲ့ ဂါထာရွတ်အသက်သွင်းထားတဲ့ အရုပ်တစ်ရုပ်သာသာ သဘောထားပြီး လူရာဝင်အနု ပညာတစ်ခုလို လူတကာနားမလည်နိုင်တဲ့ အထူးအဆန်းပုံပြင်တစ်ပုဒ်အ ဖြစ် သတ်မှတ်ခဲ့တယ်။
ဟိုးအဝေးကြီးကနေ မနားတမ်း ခရီးနှင်လာခဲ့ချိန်မှာ တာဝန်နဲ့ ၀တ္တရားကို အကြောင်းပြ ချက်အ ဖြစ်သုံးပြီး ကိုယ့်ကိုတစ်စက်ကလေးမှ စိတ်မပူတတ်စွာ နဲ့ အရာအားလုံးရဲ့ နောက်မှာ သတ်မှတ်ထားသူ. . .။ အဆင်ပြေတဲ့ကားနဲ့ အိမ်ပြန်ရောက်ဖို့အတွက် ပတ်ဝန်းကျင်အသစ်မှာ . . . ကိုယ့်ကို တစ်ယောက် တည်း အလျင်အမြန် ခွဲခွာထားခဲ့နိုင်ရက်သူ. . .။ ချိန်ခွင်လျှာ အလေးသာ မှု ဟာ တစ်ဖက်က စောင့်ဆိုင်းနေရမဲ့သူကို အားနာလွန်းတတ်ခဲ့ပြီပဲ။ အခြေအနေနဲ့ အချိန်အခါက ညို့ကို တမင်တကာပဲ ကိုယ့်ဆီကနေ ဆွဲထုတ်သွားခဲ့တာလား။ အို. . . ဒါဟာ ပြန်တွေးစရာ ကောင်းတဲ့အလွမ်းမဟုတ်ဘူး။
အရှိတရားနဲ့ ပကတိအ ဖြစ်မှန်ကို လက်ခံနိုင်ဖို့ ကိုယ်ကြိုးစားခဲ့ပါတယ်။ ညိုကလည်း ရိုးသားပွင့်လင်းစွာ နဲ့ အချိန်မလပ် သတိပေးနေခဲ့တာကိုး။ ကိုယ်တို့တွေ ဟာ ခံစားချက်နဲ့ပတ်သက် ရင် သိပ်ကို ထိရှလွယ်သလို. . . တစ်ခါတလေကျတော့လည်း ဖွင့်ဟရမှာ တကယ်ပဲ ရှက်ရွံ့နေခဲ့ တယ်။
ဟုတ်လား. . .။ သူတကာတွေ လိုပဲ မထူးဆန်းတဲ့ သမားရိုးကျကိုပဲ ကိုယ်ဟာ တော့တမိ တော့တယ်။ ညို့ဆီက စတင်ဆက်သွယ်လာမဲ့ ဖုန်းကောလ်တစ်ခုကို ကိုယ်ဟာ ငံ့လင့်နေခဲ့ဖူး တယ်။ ကိုယ်က ဆက်သွယ်ဖို့ကိုလည်း ရက်ရာဇာတွေ ရွေးနေမိတတ်သေးတယ်။ ဒါဟာ ရယ် စရာကောင်းတယ်. . .။ ဟုတ်တယ်လို့ ဖြေပေးပါ။
အပြန်အလှန်သက်ရောက်မှု လို့ပဲ ပြောရမလား. . . ကိုယ်ဟာ သတိရခြင်းတွေ အကြောင်း ကို ထုံအီသွားမှာ စိုးလို့ အရင်လိုပြောပြဖို့ မကြိုးစားတော့ဘူး။ မနက်မိုးလင်းတိုင်း မပျက်မကွက် နှုတ်မဆက်ချင်တော့ဘူး. . .။ ဒါပေမဲ့ ညအိပ်ယာဝင်တိုင်းတော့ မေတ္တာပို့မပျက်ခဲ့ပါဘူးလေ။
ကတိမဟုတ်သော်ငြား ကိုယ် ပြောခဲ့တဲ့ စကားတစ်ခွန်း အပေါ်ထားတဲ့ လေးနက်တွယ်တာ မှု အရ ညို့အတွက် ရှိနေပေးခဲ့ပါတယ်။ အတတ်နိုင်ဆုံးနဲ့ သက်တောင့်သက်သာအ ဖြစ်ဆုံးအချိန် အတိုင်းအတာတစ်ခုထိ ကိုယ်ရှိနေမှာ ပါ။ ဘယ်မေ့နိုင်ပါ့မလဲ. . .။
ညို့ဆီလွင့်စဉ်လာမယ့် အန္တရယ်ဟာ ကျောက်တုံးထုထည်ကြီးကြီးတစ်ခုဆိုပါစို့။ အရှိန် နည်းသွားအောင် ဖြစ်စေ၊ သိပ်သည်းဆနှင့် အပိုင်းအစပါးလျသွားအောင် ဖြစ်စေ. . . အခိုက်အတန့် ဆီးတားကွယ်ကာပေးနိုင်မယ့် ကိုယ်က ကြားခံ အကူကြိယာတစ်ခုသာလောက်ပါပဲ။ ဒိကျောက်တုံး ကို ဖျက်ဆီးခဲ့နိုင်မှာ လည်း မဟုတ်တာ သေချာသော်ငြား ညို့ဆီ ရောက်လာတဲ့အရှိန်နဲ့ ပြင်းအား ကို အနည်းငယ်သက်သာစေပေးနိုင်မည် ဆိုလျှင်ပဲ ကျေနပ်ပါသည်ပေါ့။
ဒီလောက်ပါပဲ. . . ဒီ့ထက်လည်း ပိုမစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ကိုယ်က ပျော်ရွှင်မှု တွေ လည်း မဖန်တီးပေးနိုင်ပါလား။ ကိုယ့်ကြောင့် လည်း ညို ပျော်ရအင်ခဲ့မယ်လို့ တစ်ခါမှ တွေးကြည့်လို့ မရခဲ့ ပါလား. . .။ ကိုယ့်မှာ ပျော်ရွှင်မှု တွေ မွေးထုတ်နိုင်တဲ့ ဗဇအရင်းခံလည်း တကယ်မရှိတာ အမှန်ပါပဲ လား. . .။
သိစိတ်နဲ့ မသိစိတ်ရဲ့ လွန်ဆွဲကနေ ညိုဟာ မသိမသာနဲ့ ကိုယ့်ကို အဝေးကိုတွန်းပို့နေခဲ့ တယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိထားမိရဲ့ လား။ တစ်ယောက် ကို နာကျင်မှာ စိုးရိမ်သလို တစ် ယောက် ကို လက်လွှတ်မခံနိုင်တဲ့ လူ့အတ္တဟာ ခါးသီးလွန်းတဲ့ အ ဖြစ်မှန်ပါပဲ။ တစ်ကြိမ်တစ်ခါကနေ အရေအတွက် များ လာတော့ ကိုယ်ဟာ အရေခွံထူတဲ့ကြားကပဲ အသည်းနာမျက်အောင့်ခဲ့ရတယ်။ သွားတော့မှာ လား။ ထိတ်လန့်စွာ နှလုံးခုန်သံတွေ ပေါက်ထွက်မတတ် ချောက်ခြားရူးသွပ်ခဲ့ရချိန် တွေ . . .။ သိပ်ကြောက်တယ်. . .။ ဒါပေမယ့် မထားခဲ့ပါနဲ့လို့ ကိုယ် ဘယ်တော့မှ တောင်းဆိုမှာ မဟုတ်ဘူး။ ဘယ်လိုပဲတားတား ထွက်သွားမဲ့သူဟာ သွားမှာ ပဲ။
အတူတူလျှောက်ခဲ့ဖူးတဲ့ လမ်းတွေ ကို ကိုယ်တန်ဖိုးထားပါတယ်. . . ညို. . .။ ညို ပါဝင်ခဲ့ တဲ့ ကိုယ့်နေ့စွဲတွေ ဟာ အဓိပ္ပာယ်ရှိခဲ့ပါတယ်။ ကိုယ် ဘယ်တော့မှလည်း နောင်တရမှာ မဟုတ်ဘူး။ ကိုယ် မဖြည့်ဆည်းနိုင်တဲ့အရာတွေ ကို ဖြည့်ဆည်းပေးနိုင်မယ့်သူဆိုရင် ချစ်ခြင်းမေတ္တာအစ လူ့လောကမှာ လိုအပ်တဲ့အရာ၊ ရှိသင့်ရှိထိုက်တာမှန်သမျှပေါ့လေ. . .။ ညို့အတွက် ဖြည့်ဆည်းပေး နိုင်မယ့်သူ စြဖ်မယ်လို့ ယုံကြည်စိတ်ချတဲ့တစ်နေ့ ကိုယ့်ကိုယ်ကို အရောင် ပြောင်းလို့ စွန့်ခွာဖို့ ပြင်ဆင်ပြီးသားပါ. . .။
‘နင့်ရဲ့ အနောက်မှာ ငါ ရှိနေမှာ ပါ. . .’
တကယ်ပဲ ကိုယ်ဟာ ညို့အနောက်မှာ ပဲ ရှင်သန်ခွင့်ရခဲ့သူ။
ဟင့်အင်း. . . ဒါ သိပ်ကို တန်ဖိုးကြီးတာပါ. . .။ နောက်ကျောဆိုတာ လုံခြုံမှု နဲ့ ယုံကြည် စိတ်ချမှု တွေ အားလုံးကို အရာရာစတေးပြီး ပေးအပ်ထားရတာ မလား။ ညို ဘာ ဖြစ်ချင်လည်းလို့ ကိုယ်မေးစရာမလိုပါဘူး။ ဆံခြည်တစ်မျှင်စာလောက်ပဲ ကွာဟချက်ရှိတဲ့ အကြင်နာတရားတွေ နဲ့ အဖက်ဖက်က သင့်တော် ပြည့်စုံလွန်းမှု ကို လူဟာ လူ့အတ္တသဘာဝအရ သာယာတွယ်ငြိမ်မှု ။ ကိုယ် အပြစ်မဆိုချင်ပါဘူး။
ဘယ်လောက်ပဲ ကြီးကျယ်မြင့်မြတ်တဲ့ ခမ်းခမ်းနားနား သမုဒယဆိုပေမယ့် တိတ်တိတ်ပုန်း ဟာ တိတ်တိတ်ပုန်းပါပဲ. . .။ လက်သန်းချင်း ချိတ်ထားရုံနဲ့ ကိုယ်က ဘာများ အရေး ဆိုခွင့် ရှိပါ သလဲ။ ကျေးဇူးပြုပြီး နာကျင်စရာတွေ မ ဖြစ်စေဘဲ သွေးအေးအေးနဲ့ တည်ငြိမ်သွားဖို့ကိုတော့ မ ဖြစ် နိုင်မှန်းသိသိကြီးနဲ့ ကိုယ်ရူးသွပ်စွာ တောင့်တမိတယ်။ ကိုယ်တို့တွေ က တစ်သက်လုံးအတွက် တစ်ယောက် ကို တစ်ယောက် ကွယ်ပျောက်သွားဖို့ မလွယ်ကူဘူး. . .။ ဟုတ်တယ်. . . လို့ ကိုယ့်ကို နှစ် သိမ့်ပါ. . .။
ပြုတ်ကျမယ်မှန်း သိလျက်သား ဇောက်ထိုးမိုးမျှော် တွဲ လောင်း ဖြစ်နေတဲ့ခဏ၊ ရင်တလှပ် လှပ်နဲ့ အဲ့ဒီအချိန်ရဲ့ ရူးသွပ်မှု ဟာ သေပွဲမ၀င်ခင် ကိုယ့်ဒဏ်ရာကိုယ် အရသာရှိရှိစားသုံးရတဲ့ ဘ၀ ပါပဲ။ ဖိနပ်ကြိုးအစုံကို သေသေချာချာ ဒူးထောက်ငုံ့ချည်ပေးပြီးတဲ့အခါ ‘သွားတော့’ လို့ ခပ်ဆတ် ဆတ် အမိန့်ပေးရဦးမှာ လား။ ဖြစ်သွားပြီးသားကိစ္စတွေ ကို ဘာမှမဟုတ်ဘူးလို့ သဘောထားလိုက် ပါ။ ကိုယ်တို့နှစ် ယောက် ကြားမှာ ဘာသာပြန်ရခက်တဲ့ အသံဝှက်ကြိုးတွေ ရှိတယ်လို့ တွေးမိခဲ့ရင် ၀ိုင်ခွက်ကို ထပ်ခါထပ်ခါ ဆင့်သောက်ပြီး ဟားတိုက်ရယ်မောပစ်လိုက်မှာ ။
တစ်ယောက် ရဲ့ ပျော်ရွှင်ခြင်းကို တစ်ယောက် ရဲ့ ရင်ဘတ်ထဲမှာ ၀ှက်မြှုပ်ထားခဲ့ပြီးပြီပဲ။ ညို့ အနာဂတ်တွေ ကို အကျဉ်းချ ချုပ်နှောင်ထားဖို့ဆိုတာ မ ဖြစ်သင့်ပါဘူး။ အရင်ဆုံးကျောခိုင်းလှည့် သွားရင် ရှုံးမျာတဲ့လား. . .။ ကိုယ် မမေးမိခဲ့တာတွေ အတွက်များ နာကြည်းနေလေမလားဟင်. . .။ အခုအချိန်ဆို. . . လူတချို့က ကိုယ့်ကို မြန်မြန်သေဖို့ ကျိန်ဆိုနေလောက်ရောပေါ့. . .။
ဘယ်လို ၀ဋ်ကြွေးမျိုးလဲလို့ နှုတ်ခမ်းတွေ တရွရွလှုပ်ခတ်ပြီးမှ မျိုချမော့သောက်ပစ်လိုက်တဲ့ အနာဂတ်စိတ်ကူးတွေ ရယ်. . .။ မျက်ဝန်းတွေ မှာ ရော. . . ရင်ဘတ်မှာ ရော. . . လွတ်ကျကျန်ခဲ့ တတ်တဲ့ ညို့ ဘာသာစကားအထွေထွေရယ်။
တစ်စုံတစ်ရာ သိနေရက်နဲ့ ချောက်ကမ်းပါးစွန်းမှာ လေပြင်းတွေ ရိုက်ခတ်ဒဏ်ကို ထောင့် မတ် အားတင်းထားတုန်း. . .၊ တစ်ယောက် ကို တစ်ယောက် စာနာ ငဲ့ညှာခြင်းအားဖြင့် တစ်ယောက် ကို တစ်ယောက် ဟန်ဆောင်ဖုံးကွယ်ခြင်းဖြင့် သက်တမ်းရင့် ခေတ်လွန်တေးများ ကို ဆိုညည်းနေကြ တာများ ကိုယ်က အဟုတ်ကြီးမှတ်ထင်နေမိတာပါပဲ. . .။ တော် ပါပြီကွယ်. . . နှင်းခါးဒဏ် ကြောက် မှတော့ အဲ့ဒီ မီးလင်းဖိုလေးနားက တဖ၀ါးမခွာဘဲ နေပါ. . .။
ကြယ် (star) နဲ့ တူတဲ့ ကွေဆာ (quasar) တွေ က တကယ်တမ်း ကြယ်မှ မဟုတ်တာ. . .။ ကြယ်ရဲ့ လင်းပွင့်တောက်ပမှု အစစ်လို အမြင်အရ အသိအမှတ်ပြုနိုင်ကောင်းပေမယ့် ‘ကြယ်’ နဲ့ တူတဲ့အရာအ ဖြစ်ပဲ တည်ရှိနေတာပါ. . .။ ကိုယ်က ဘာမှမဟုတ်ခဲ့တာ. . . ကိုယ်ဟာ ဘာမှ ဖြစ်လာမှာ မဟုတ်တဲ့လူဆိုတာ ကိုယ့်ကိုယ်ကို သိပြီး နားလည်လက်ခံဖို့ကြိုးစားခဲ့ရတဲ့ အချိန် တွေ ကို နှမြောလိုက်တာ. . .။
တစ်ချိန်ချိန်မှာ ညိုနဲ့အတူတူ လမ်းလျှောက်မယ့်သူ တစ်ယောက် မလွဲမသွေရှိကောင်းရှိလာ လိမ့်မယ်။ အဲ့ဒီနေ့ကို ကိုယ်ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာ ကြိုတင်မတွေးရဲသေးတာအမှန် ပဲ။ သောက်လက်စ ကော်ဖီခွက်. . . ငိုညည်းသံတချို့. . . စာမျက်နှာဖွင့်မှော က်လျက်သား စာအုပ် ထိုးလက်စ Cross Stich လေးရယ်. . . ဓါတ်ပုံတချို့ထဲက ညို့အပြုံးတချို့ရယ်. . . အံဝှက်ထဲက အလင်းတန်းယဲ့ဖြာဖြာလေးရယ်. . .။ နံရံပါးပါးလေးရဲ့ တစ်ဖက်တစ်ချက်စီမှာ ဆုတောင်းခဲ့တာ လား။ ဖြေပါဦးကွယ်. . .။
အခန်းထောင့်တစ်ခုမှာ မှီထိုင်ချလို့ ဘယ်အရာကိုပဲကြည့်ကြည့်မမြင်ရတော့တဲ့အမြင်အာရုံ ပိတ်မှော င်မှု ဟာ နတ်ဖွက်ထားတဲ့ နေ၀င်ချိန်အလွမ်းတွေ ပဲလား. . .။ ဒိုင်ယာရီပေါ်က ဘယ်ဘက် လက်ခုံပေါ်ကို မျက်ရည်တစ်စက် တောက်ခနဲကျသွားတဲ့အသိ. . .။ အခန်းနံရံကို တစ်ခုခုနဲ့ ပစ်ပေါက်မိလိုက်တယ်ထင်ပါရဲ့ . . .။ အသက်ရှူတွေ ကြပ်လာလို့ ပြတင်းပေါက်နားသွားရပ်လိုက် ပြန်တော့လည်း အပြင်လောကတစ်ခုလုံးက ညိုနဲ့ ကိုယ့်ရဲ့ အတိတ်ကို အာရုံလွှဲစေနိုင်လောက်တဲ့ ခံစားချက်မျိုး မပေးနိုင်ပြန်ဘူး။ ဟိုးကောင်းကင်က ရွေ့လျားနေတဲ့ တိမ်တွေ ကို ကိုယ့်ဦးခေါင်း ထက်ဆီ အနီးကပ်ဆုံးရောက်လာဖို့ ဖိတ်ခေါ်ချင်မိတယ်. . .။
ကျန်တဲ့အရာအားလုံး ကတော့ အိပ်မက်လေးသာ ဖြစ်လိုက်ပါတော့ကွယ်. . .။
အစတုန်း ကတော့ နှစ် ဦးသဘောတူပဲ အဲဒီ စည်းဝိုင်းလေးထဲ ၀င်ခဲ့တယ်. . .။ တဖြည်းဖြည်း နဲ့ ပညတ်တွေ များ တဲ့ လောကွကြီးမှာ ကိုယ်ပိုင်အသိနဲ့ ခံစားမှု တွေ ကို နောက်ချန်ပြီး စည်းလေး တစ်ခုခြားလိုက်တယ်. . .။
သူ. . . တစ်ခြမ်း. . .
ကိုယ်. . . တစ်ခြမ်း. . .
ဒါပေမယ့် နှစ် ယောက် ပေါင်းမှ အဲဒီ ကွက်လပ်လေးက ပြည့်စုံမှာ မျိုး. . .။
အိပ်မက်ကိုး
သူမ စောင့်မနေခဲ့တဲ့ နိုဝင်ဘာသတင်း

ထိုနေ့က နို့ဝင်ဘာလထဲမှာ မိုးတွေ ရွာနေတာ တကယ်ပဲ မှတ်မှတ်ရရ ဖြစ်သည်။ အိမ်ကနေ အဝေးပြးကားဂတ်ဆီသွားတဲ့ လမ်းတလျှောက်လုံး မိုးက ခပ်စွေစွေရွာကျနေတာ။ ပါပါးနှင့် အတူ ခရီးစဉ်တစ်ခုကို အခြေအနေအကြောင်းကြောင်းကြောင့် သွားရသည်မှာ အပျော်ခရီးလည်း မဟုတ် တော့ စိတ်မောနေမိတာအမှန်ပါပဲ။ ကားဂိတ်ရောက်တော့ ကားထွက်ဖို့ အချိန်သိပ်မလိုတော့။ အဝေးပြေးဂိတ်ကနေ ကားစတင်ထွက်ခွာချိန်ကစလို့ ပြင်ပရှုခင်းတွေ ကို ငေးမောရင်း သူမရဲ့ အတွေးတွေ ဟာ အမျိုးစုံကျဲပြန့်လျက် တိတ်ဆိတ်မွန်းကျပ်နေခဲ့သည်။
အခုဆို မြို့လေးက ဘယ်လို ဖြစ်နေပြီလဲ၊ သူမ လက်ရှိနေထိုင်သော ရန်ကုန်ကို ထိုဒေသ ခံတချို့က ဗမာပြည်ဟုခေါ်ဝေါ်သုံးစွဲသည်။ ပြည်နယ်ပြည်မ ခွဲခြားအုပ်ချုပ်စဉ်က အသုံးအနှုန်းကို မပစ်ပယ်သေးသည့်သဘော။ အပူချိန်နည်းတဲ့ ထိုဒေသမှာ အနွေးထည်မဟုတ်တောင် ယခုလို နိုဝင်ဘာလဆို အင်္ကျီလက်ရှည်တော့ ကျန်းသေ၀တ်ရမှာ ပါပဲ။ အတိအကျသတ်မှတ်ချက်မရှိပေ မယ့် အမျိုးစုံလင်လှသော လွမ်းမောရခြင်းတွေ နှင့် မြို့လေးကို အတွေးထဲကနေ ပုံဖော်နေမိလေ သည်။ မနက်ဖြန် တန်ဆောင်မုန်း လပြည့်ညပဲ။ ယခုအမြင်မှာ တောင် လမင်းကြီးက အပြည့်အ၀ သာနေပြီ။ ပြတင်းပေါက်ဘေး ထိုင်ခုံမို့ ကားမှန်မှာ ပါးအပ်ထားရင်း အပြင်ဘက်က လရောင် ကို သူမ ခံစားလို့ရသည်။ ကားအဲကွန်းအအေးဒဏ်ကြောင့် အိပ်မရခြင်းနှင့် အတူ နွေရာသီကျောင်းပိတ် ရက်တစ်ခုမှာ မြို့လေးကို သူမ ပထမဆုံးအကြိမ်ရောက်ခဲ့ချိန် ငယ်စဉ်ကလေးဘ၀အရိပ်များ ကို ပြန်လည်ပုံဖော်နေမိတော့သည်။
‘ရမ္ဘုိ. . . ရမ္ဘုိ. . . အို့ အို့. . .’
‘ဟာ. . . ရမ်ဘို့ကို မမ စီးမှာ . . . မမ အလှည့်နော်. . .’
ဟု သူမက အနားနားစုဝိုင်းရပ်နေရင်းကကို ထပ်မံသတိပေးသလို ပြောလိုက်သေးသည်။
ရမ်ဘိုဆိုတာ အဘွားတို့အိမ်မှာ မွေးထားတဲ့ အင်းခွေး. . .။ ရမ်ဘိုက ဆော့စရာလည်း ဖြစ်၊ ချစ်လည်းချစ်ဖို့ကောင်းတာမို့ မိုးလင်းတာနဲ့ မျက်နှာသစ် မနက်စာစားပြီးသွားရင် ဆော့ကစားဖို့ တာဝန်သာရှိသော သူမတို့ မောင်နှမ၀မ်းကွဲတစ်သိုက်နှင့် အဖွဲ့ကျနေကျ ဘော်ဒါလည်း ဖြစ်သည်။
‘ဟင့်အင်း. . . မမပဲ စီးနေတာပဲ. . . ဖိုးသားလည်း စီးမယ်. . . ရမ်ဘို့ကို. . .’
ဒါက မောင်နှမ၀မ်းကွဲတွေ ထဗဲမှ သူမထက် ၅ နှစ် ခန့်ငယ်သော အငယ်ဆုံးမောင်လေးရဲ့ အသံ။ ရမ်ဘို့မှာ လည်း သနားစရာပါ။ သူတို့မောင်နှမကလေးတွေ တစ်သိုက်ရဲ့ အရွယ်နဲ့ အရပ် အရ သူဟာ စီးစရာ ဆော့စရာ ချစ်စရာလည်း ဖြစ်နေသေးသည်။ ရမ်ဘို့ကို ခွစီးလိုက် ရမ်ဘိုက ထွက်ပြေးလိုက်ရုန်းလိုက်နှင့် သူမတို့တွေ မောပန်းပျင်းတွဲ လာရင်တော့ဖြင့် ခြံအပြင်ဘက်လမ်းမကို ထွက်ပြီး စက်ဘီးစီးဖို့ အလစ်ချောင်ြး ကတော့မည် ။
ထိုကလေးအဖွဲ့ထဲမှာ သူမက အသက်အားဖြင့် ၁၀ နှစ် ခန့်သာသာမို့ အကြီးဆုံး ဖြစ်သည်။ ကျန်အစ်ကိုတွေ က သူမတို့နဲ့ သိပ်မဆော့ ဖြစ်ကြ။ သူမတို့တည်းသော အဘွားအိမ်သို့ အခြားအိမ် အသီးသီးမှ မောင်နှမများ က မနက်ဆို အလိုလိုစုရုံးရောက်ရှိလာကြသည်။ ဒီအိမ်မှာ ပဲ အတူတူ ထမင်းစားကြ၊ ဒီအိမ်ကနေပဲ အပြင်ထွက်လျှောက်လည်ကြ၊ အိမ်ရဲ့ ပတ်ဝန်းကျင်မှာ ပဲောဆ့ကစား ကြတာမို့ အိမ်ပတ်ဝန်းကျင်တ၀ိုက်ဖုန်ထသည်ပေါ့။ တစ်ခါတလေလည်း ကလေးတစ်သိုက် မြို့ထဲ သို့ လမ်းလျှောက်ထွက်သွားကာ ရုပ်ရှင်ရုံနှင့် နီးသော ဆိုင်တစ်ခုမှာ စတော် ဘယ်ရီလက်ဖျော်ကို တမက်တမော သောက်ခဲ့ကြတာလည်း မမေ့နိုင်ပါ။
ပင်းတယဂူ၊ အင်းလေး၊ တောင်ကြီးမြို့ရဲ့ ပန်းခြံစသဖြင့် လည်ပတ်လို့ရတဲ့နေရာတချို့ကို သွားဖို့ မိုးမလင်းခင် မနက်ချမ်းချမ်းစီးစီးကြီး အိပ်ယာထကာ ဆွေမျိုးတွေ စုလည်ကြတာလည်း မှတ်မိသည်။ သူမအတွက် ကတော့ မောင်နှမနှစ် တည်းသာရှိသော နေ့ရက်များ မှ သွေးသားအမျိုး ဆိုသော အဖော်အသစ်လေးများ နှင့် ရျင်သန်ခွင့်ရခဲ့သည့် ပျော်စရာနေ့ရက်များ ပါပဲ။
လူကြီးတွေ က မနက်ဆို အလုပ်ကိစ္စ အခြားအိမ်ကိစ္စများ နှင့် သူမတို့ကလေးတစ်သိုက်ကို သိပ်အာရုံမစိုက်နိုင်အားကြ။ အဘွားကသာ သူမတို့တတွေ ကို စောင့်ရှောက်ကြည့်ရှုခဲ့သည်။ အဘွားဆီက ပါမစ်ရပါစေ၊ သူမတို့ သွားချင်ရာသွားလည်၊ စားရင်တာတွေ လျှောက်စားကြပြီး အပြင်ကပြန်လာလျှင် အဆူမခံရဖို့ အာမခံချက် အပြည့်ရှိသည်။
‘အဘွား. . . သမီးတို့မုန့်သွားစားချင်တယ်. . . မုန့်ဖိုးပေး. . .’ ဆိုကာ ဧည့်သည် ဖြစ်သော သူမက တစ်ခါတစ်ရံ တောင်းဆိုတတ်သည်။
‘အချိုတွေ အများ ကြီးမစားနဲ့. . . သကြားလုံးတွေ အရမ်းမစားနဲ့’ ဆိုတတ်သော အဘွားက လက်ဖက်ရည်ချိုချိုကြိုတာတော့ သူမ မှတ်မိနေသေးသည်။
‘သမီး. . . အေးသာယာရောက်တော့မယ်’
ဘေးမှ ပါးပါးပြောသံက နားထဲ ရုတ်တရက်စိမ့်ဝင်လာမှ မြို့လေးကို ဘယ်လိုပုံစံနှင့် ပြန်တွေ့ ရမလဲဟု ပိုမိုရင်ခုန်မောလျလာ၏ ။
ကားဂိတ်ကနေ တောင်ပေါ်တက်တဲ့အချိန်မှာ သူမတို့သားအဖနှစ် ယောက် စလုံး အတွေး ကိုယ်စီနှင့် ငေးမောလာခဲ့သည်။ တောင်ကြီးမြို့၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၄၇၁၂) ဆိုတာကိုမြင်တော့ ရင်ထဲတလှပ်လှပ်ပဲ ဖြစ်လာသလိုလို။ လမ်းဘေးဝဲယာတလျှောက် နေကြာပန်းရိုင်းများ က ကြိုဆိုသည်။ မြေပြန့်မှာ မရနိုင်သော လေသန့်အေးအေးက ရင်မှအပူများ ကို အေးသယောင်ရှိစေသည်။ အကွေ့အကောင်များ နှင့် တောင်တက်လမ်းလေးက အပြောင်း အလဲများ အကြောင်းကို သိသာထင်ရှားစေသည်။
ပြည်တော် သာရပ်ကွက်ရဲ့ လမ်းတွေ ပေါ် ရောက်နေပြီဆိုတဲ့အသိနှင့် အတူ တစ်ချိန်တုန်းက ဒီလမ်းတွေ ပေါ် ကလေးတစ်သိုက် စက်ဘီးတစ်စီးနဲ့ ပွဲကျနေခဲ့တာကို ပြန်မြင်ယောင်မိသည်။ ၂၂ လက်မ ဘီးဆိုဒ်နဲ့ မောင်တိန်းစက်ဘီးလေးဟာ မမှီ့တမှီနဲ့မို့ လမ်းပေါ်က ခဲတွေ နှင့် ဒူးတွေ ခြေသလုံးတွေ တံတောင်ဆစ်တွေ မိတ်ဆက်တာလည်း အခါခါပါပဲ။ ဆင်ခြေလျှောတလျှောက် စက်ဘီးမစီးတတ်သေးတဲ့သူကို ကုန်းအမြင့်ကနေ တွန်းချပြီး အစီးသင်ပေးခဲ့ကြတာပေါ့။ ဒီလမ်း တွေ ပေါ်မှာ ရယ်သံလွင်လွင်ေးလတွေ အလုအယက်စကားပြောသံတွေ ၊ ခြေရာမှု န်မှု န်တွေ အများ ကြီးလွတ်ကျကျန်ခဲ့ဖူးသည်။
တဆက်တည်း လမ်းဘေးဝဲယာမှာ တစ်ချိန်က မြင်တွေ့ ခဲ့ရဖူးသော နှင်းဆီရိုင်းပင်လေးများ ကိုလည်း သတိရသည်။ ဗိုလ်ကတော် မျက်ခုံးပန်းခေါ်တယ်လို့ အဘွားပြောပြခဲ့သည်။ အပင်များ လည်း မတွေ့ ရတော့။ မနက်တိုင်းစားနေကျ ရှမ်းခေါက်ဆွဲဆိုင်လေးရော ရှိသေးရဲ့ လား။ ရောက်ခါ နီးသည်ထိ အတွေးများ က အမျှင်မပြတ်သေး။ စိတ်ထဲမှာ တော့ အိမ်ကို မြန်မြန်ရောက်စေချင်လှ ပါသည်။ တွေ့ ချင်လှပြီ။
ကလေးတချို့ရဲ့ အသံတွေ ပျံ့လွင့်ခဲ့ဖူးတဲ့ အိမ်လေးကို ရောက်ရှိခဲ့ပြီ။ ပြန်လည်ဆုံဆည်း ကြခြင်းက ၀မ်းသာစရာကောင်းသလို ၀မ်းနည်းခြင်းတွေ လည်း မဖော်ပြတတ်အောင်ပါပဲ။
ဧည့်ခန်းမှာ ခင်းကျင်းထားတဲ့ ရုပ်ကလာပ်တစ်ခုက အဘွားတဲ့။ မြင်မြင်ချင်း လက်စုံကို ပူးယှက်လို့ ဦးချကန်တော့ရင်း မျက်ရည်က အလိုအလျောက် မျက်လုံးအိမ်ထဲ ပြည့်တက်လာ သည်။ ရင်ဘတ်အတွင်း ဆို့ကြပ်မောပန်းလာသည်။ ပြီးတော့ မောင်နှမတွေ ငယ်တုန်းကလို စုပေါင်းနေမိပြန်သည်။ အရင်လိုတော့ အကျယ်ကြီး မရယ်မော ဖြစ်ကြဘူးပေါ့။
အဘွားဆံုးချိန်မှာ မြစ်တယောက် ရှိခဲ့ပြီမို့ သူမတို့တစ်တွေ လည်း ကလေးတစ်သိုက် မဟုတ် တော့ပါဘူး။ အစ်ကို တစ်ယောက် က အိမ်ထောင်ကျလို့ သမီးလေး တစ်ယောက် ရနေပြီ။ မောင်နှမ တွေ အားလုံး အဘွားရဲ့ ရုပ်ကလာပ်ဘေးမှာ ၀န်းရံလို့ပေါ့။ ထိုနေ့က တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်သည်။
ခရီးပန်းလာတဲ့အတွက် အခန်းထဲ ခဏ၀င်လှဲ ဖြစ်တော့ အသိစိတ်တ၀က် ပင်ပန်းမှု ကြောင့် အိပ်ချင်စိတ်တ၀က်ဖြင့် အိပ်မက်လိုလို ၀ိုးတ၀ါးလည်း မောလွင့်သွားမိသေးသည်။ အိပ်မက်ထဲမှာ ကလေးတစ်သိုက်။
‘ဟဲ့. . . ကလေးတွေ အရမ်းမပြေးနဲ့ ချော်လဲကြမယ်. . .’
‘ချယ်ရီမ ပဲပုပ်မစားဘူးနော်. . . ကြက်ဥနဲ့ မြေပဲကြော် ပေးထားကြ’
‘သမီး အလုပ်ကိစ္စလေးပြီးရင် အဘွားဆီလာခဲ့မှာ ပါ. . . အေးဆေးလာနေဦးမယ်နော’
‘တန်ဆောင်တိုင်ပွဲကို လာလည်ကြလေ. . . အခု အဘွားက ကားမစီးနိုင်တော့ဘူး. . . မြန်မာပြည်မလာနိုင်တော့ဘူး. . .’
‘မချယ်ရီ. . . ဖိုးသားတို့ တန်ဆောင်တိုင် လည်မယ်လေ လာခဲ့ပါလား. . .’
‘သမီးတို့ လျှောက်လည်ကြဦးမယ်လေ. . . လွမ်းတယ် မမ. . . လာခဲ့ပါဦး. . .’
‘ချယ်ရီ . . . ကိုမင်းတို့ ဆိုင်ကယ်လျှောက်စီးကြမယ်လေ. . . ဆိုင်ကယ်မစီးတတ်သေးဘူး မလား. . . ကိုမင်း သူငယ်ချင်းတွေ နဲ့ မိတ်ဆက်ပေးမယ်. . . ယောက် ဖတော် ချင်တဲ့ကောင်တွေ ကို ပညာပြလိုက်စမ်းပါ’
တစ်ပြိုင်နက်တည်း နားထဲမှာ အသံတချို့ ၀င်လာပြန်ရော။
‘ပုံ့ပုံ့ကို အရပ်တိုင်းပြီးပြီလား. . . အပ်ချည်ကြိုးတွေ ထည့်ပေးပြီးပြီလား. . .’
အခန်းအပြင်ထွက်လိုက်တော့ ဘုန်းကြီးတရားနာဖို့ ဧည့်သည်တွေ တော် တော် များများ စုံနေ ပြီ။ တရားနာကြတဲ့အခါ ရှိုက်သံတွေ တိုးတ၀က် ကျယ်တ၀က် တစစပျံ့ထွက်လာသည်။ သူမ ဘေးမှာ က အစ်ကိုဝမ်း.ကွဲက မွေးတဲ့သမီးလေး။ မျက်လုံးမှတ်လို့ ဆရာတော် ရွတ်ဆိုမှု ကို အာရုံ ပြုထားရင်းက မျက်ရည်တွေ လည်း ပါးပြင်ပေါ်ကျလာတာ။ ဘယ်လိုဝမ်းနည်းခြင်းမျိုးပါလိမ့်။ ခွဲခွာမှု အကြေင်းကို အထိုက်အလျောက် သူမ နားလည်ရင့်သန်နေပြီဟု ထင်ထားခဲ့တာ အခုတော့ မဟုတ်ပါလား။ အကျယ်ကြီး အော်မငိုမိတာကလွဲလို့ ငိုမိသည်။ တရားနာပြီးတဲ့အခါ နောက်ဆုံး ကနန်တော့ကြသည်။
သုဿန်သွားတဲ့ လမ်းတလျှောက်မှာ တော့ သူမပေါင်ပေါ်မှာ ထိုင်နေတဲ့ တူမလေးရဲ့ မေးခွန်းတချို့က သူမဖြေဖို့ ခက်ခဲလွန်းတာအမှန်ပင်။ ထို့အတွက် ဘယ်လိုဖြေခဲ့မိသည်ဆိုတာ မမှတ်မိတော့ပါ။
‘ဘွားဘွားကြီးကို ဘယ်ကိုသွားပို့မှာ လဲ’
‘ဘာလို့ သွားပို့မှာ လဲ’
‘အခု ဘယ်သွားနေတာလဲ’ စုံလို့ပါပဲ။
မီးသဂြုင်္ိဟ်စက်ကို လှမ်းမြင်နေရပြီဆိုတော့ နီးလာပြီ။ ဘာရယ်မဟုတ် သင်္ချိုင်းမြေပေါ်မှာ ခြေချပြီးတော့ ပတ်ဝန်းကျင် စူးစမ်းလေ့လာမှု လည်း ပြုချင်ပြန်သေးသည်။ အချိန်မရပါဘူးလေ။ သဂြုင်္ိဟ်စက်ထဲ မသွင်းခင်မှာ မိသားစုဝင်တွေ နှုတ်ဆက်ခြင်းအားဖြင့် အလုအယက်ဦးခိုက်ကြ သည်။ လက်တစ်ဖက်က တူမလေးလက်ကို ဆွဲကိုင်ထားရင်း ‘ဘွားဘွားကြီးကို နှုတ်ဆက်လိုက် သမီး’ လို့ ပြောမိတာ အသေအချာပင်။
ကိုယ်မလုပ်ချင်တဲ့အလုပ်ကို လုပ်ခိုင်းပေမယ့် ကလေးမက နားမလည်သလို မျက်ဝန်းများ ဖြင့် သူမကို ပြန်မော့ကြည့်သည်။ ဟုတ်တာပေါ့။ ငါးနှစ် အရွယ် သမီးလေးက သည်သဘောတရား ကို ဘယ်လိုနားလည်ပါ့မလဲ။ အပြီးအပိုင် ထားခဲ့ရပြီ။ စက်ခေါင်းတိုင်မှ မီးခိုးများ သည် တလူလ လွင့်ကျန်ခဲ့၏ ။
ထိုညနေကပင် သူမက ရန်ကုန် ချက်ချင်း ပြန်မှာ မို့ မောင်နှမတွေ နှင့် အဒေါ်တွေ ဦးလေး တွေ က စိတ်မကောင်းကြပါ။ အလုပ်ကိစ္စတစ်ခုကြောင့် ခရီးစဉ်စီစဉ်ပြီးပြီမို့ မ ဖြစ်မနေ ပြန်ရမည် ။ မလာခင်ကတည်းက အပြန်လက်မှတ်ကိုပါ ကြိုမှာ ထားသလို ပြန်ကို ပြန်မှ ဖြစ်မည် ဟုလည်း သေချာနေခဲ့ရသေးသည်။ ဘယ်လောက် အထူးကြိုးပမ်းလုပ်ဆောင်ထားတဲ့ တိုက်ဆိုင်မှု ပါလိမ့်။
ကားဂိတ်ဆင်းတော့ ပါးပါး၊ ဦးလေးနှင့် အဒေါ်တွေ လိုက်ပို့ကြသည်။ ပါးပါးက နေခဲ့ရဦး မည် ။ ကားပေါ်တက်ခွင့်မရခင် ရန်ကုန်အိမ်ကို ပြန်လာပြီဟု ဖုန်းဆက်သည်။ ထိုင်ခုံနေရာမှာ ၀င် ထိုင်ပြီးတဲ့အခါ ဘေးဘက်မှာ ယှဉ်ရပ်ထားသည့် ကားပေါ်မှ လိုက်ပို့ပေးသည့် ဦးလေးနှင့် အဒေါ် တွေ ရာ ပါးပါးကိုရော လက်ပြလိုက်သည်။
မောင်နှမတွေ ကိုတော့ ဘယ်လိုနှုတ်ဆက်ခဲ့မိသည် မမှတ်မိတော့ပါ။ နှုတ်ဆက်ခြင်းကို မှတ်မိဖို့လည်း မှတ်ဉာဏ်မကောင်းချင်တာမို့ ဖြစ်မည် ။
မြို့လေးဆီကနေ ပထမဆုံးအကြိမ် တစ်ယောက် တည်း ပြန်လာခဲ့ဖူးပြီ။ အချိန်တချို့ရဲ့ အကန့်အသတ်အမီ သူမ နောက်တစ်ကြိမ်ပြန်လာဖို့ အခွင့်သာပါ့မလား။ သဘာဝတရားနှင့် ပကတိ အမှန်တရားသည် တစ်ခါတစ်ရံတွင် အပြစ်မဲ့နာကျင်မှု ကို ပေးစွမ်းနိုင်ကြောင်း သူမ နားလည်သဘောပေါက်ခဲ့ပါပြီ။
အိပ်မက်ကိုး
နှင်းကိုက်နာ

ငွေ့ရည်တချို့ စွတ်စိုခံစားရတဲ့ လေထုနဲ့အတူ ဆောင်းရနံ့တွေ အဆုပ်ထဲထိအောင် ရှူရှိုက် မိစေသော ဒီဇင်ဘာရဲ့ လက်ကျန်မနက်ခင်း။ လေထဲမှာ ပါလာတဲ့ ပန်းရနံ့တချို့တလေကအစ စိတ်ကို ကြည်အေးစေတာမို့ မုန်တိုင်းမလာခင် တိုက်ခတ်သော လေပြေရဲ့ အပြုံးမျိုးနှင့် ကျွန်မ နူးနူးညံ့ညံ့ပြုံးမိနေသလားတော့ မသိပါ။
ဒီရာသီဥတုမျိုးကို ကျွန်မချစ်သည်. . .။ သိပ်ပြင်းသော အအေးဒစ်ကို ခံနိုင်ရည်ရှိမရှိတော့ အပူပိုင်းဒေသမှာ ကြီးပြင်းတဲ့ ကျွန်မ သေချာမသိပေမယ့် အေးစပ်သော ညများ ကိုတော့ တကယ်ပဲ နှစ် ခြိုက်မိတာ အမှန်ပင်။
မနက်ခင်းအစောပိုင်းမှာ ဝေ့၀ဲနေတတ်သော မြူနှင်းစများ ထဲ တိုးဝင်ပျောက်ကွက်သွား သယောင် ထင်ရစေတဲ့နေ့ရက်တွေ ကိုလည်း ခုံမင်လွန်းသူမို့ အလွတ်မပေးဘဲ စောင့်ကြည့်တတ် သူလည်း ဖြစ်သည်။
ဒါကြောင့် ပဲ နှင်းကို ကျွန်မ ချစ်ခဲ့တာ ဖြစ်မည် ။
အခုလို နေ့ရက်တွေ ရောက်တိုင်း နှင်းကို လွမ်း တမိသည်။
နှင်း ကျမနားမှာ အတူတူရှိလျှင် သိပ်ကောင်းမှာ ပဲဟု တမ်းဆွတ်မိသည်။ နှင်း လက်ဖ၀ါးနှင့် ကျွန်မလက်ဖ၀ါးတွေ ထွေးဆုပ်ကာ အနွေးဓာတ်မျှချင်သည်။ အရေပြားနူးညံ့ပါးလျမှာ သေချာတဲ့ နှင်းကို အခုလိုရာသီဥတုမျိုးမှာ အစိုဓာတ် ထိန်းခရင်မ် လူးပေးချင်သည်။ နှင်းအတွက် ခေါင်း ဆောင်း သိုးမွေးဦးထုပ်ကို ပန်းဆီရောင် သို့ မဟုတ် ကြက်သွေးရောင် ထိုးပေးချင်သည်။
ကျွန်မနှင့် အတူ မနက်စောစော လမ်းထလျှောက်ရင်စီးဖို့ ကင်းဗက်စ်ဖိနပ်လေးတစ်ရံ ၀ယ်ပေးချင်သေးသည်။ ဘာကျန်သေးလဲ. . . စဉ်းစားကြည့်လိုက်တော့ အတောမသတ်နိုင်တဲ့ စိတ်ကူးတွေ ကတော့ အများ ကြီး။ များ လိုက်တဲ့ စိတ်ကူးတွေ ပါလားလို့ ရယ်မောလှောင်ပြောင်ကြ မည် ထင့်. . .။ ကိစ္စမရှိပါဘူးလေ. . . နှင်းအတွက်မို့ တကယ်ဆို ဒီ့ထက်မပိုတောင် ဒီထက့်မလျော့ မှာ တော့ သေချာကြောင်း ကျွန်မကိုယ်တိုင်အသိဆုံးပါ။
လွမ်းတယ် နှင်းရယ်. . .။
တစ်ယောက် တည်းတွေးပြီး ဘယ်ဘက်နှုတ်ခမ်းထောင့်က ဆတ်ခနဲတွန့်ကွေးသွားတာ ကိုယ့်ကိုယ်ကို သတိထားလိုက်မိသည်။ တကယ်ဆို ကျွန်မက နှင်းကို လွမ်းဖို့တောင် ထိုက်တန်ရဲ့ လား။ သည်လိုတွေးမိပြန်တော့ ရှက်သွားသလိုပဲ။ ဟင့်အင်း. . . ရှက်တာ မဟုတ်ဘူးထင်တယ်။ တစ်ခုခုကို နာကျင်သွားတာ။ စိတ်က နာကျင်မှု နှင့် အတူ မျက်ဝန်းအရိပ်တချို့လည်း ရီဆွေးသွား မယ်။ ပြီးတော့ နှုတ်ခမ်းနှစ် ခုက ဖိကပ်တင်းစေ့လိုက်မိသလား။ ဆက်မတွေးသင့်ဘူးထင်ပါရဲ့ ။
နှင်း. . . လို့ တိုးတိုးလေးတော့ ညည်းလိုက်မိသည်။ ၀ိုးတ၀ါး နှင်းမြူတွေ ကြားထဲမှာ နှင်း ကို ကျွန်မ အခုလို သည်းသည်းလှုပ်မဟုတ်တောင် ခပ်ပါးပါးလေးတော့ ယေဘူယျ ဖြစ်စဉ်တစ်ခုလို လွမ်းမိမှာ ပါပဲ။ ကျွန်မ မမှားပါဘူး။ နှင်းကို ရဲဝံ့စွာ မပိုင်ဆိုင်ချင်ခဲ့တာကလွဲလို့ ကျန်တာတွေ ကို တော့ အခုချိန်ထိ အမှားလို့မှ မတွေးခဲ့ဖူးတာ။
နှင်းနဲ့အတူတွဲ ပြီး မောင့်ကိုရော လွမ်းမိသလားလို့ ဦးနှောက်ထဲ လင်းခနဲ ဖြစ်သွားတော့ ကျွန်မကိုယ်ကျွန်မ မရိုးသားသူဟု ကောက်ချက်ချလိုက်သည်။ နှင်းကို အကြောင်းပြပြီး မောင်ကို ခုချိန်ထိ မမေ့ပ့စ်နိုင်သေးသော စိတ်. . .။ ဆိုးလိုက်တာဟု ကိုယ်ကိုယ်ကို လက်ညှိုးပြန်ထိုးပြီး ပြောချင်သည်။ ပျော့ညံ့လိုက်တာ. . . တွေ ဝေလွန်းသူ. . . အ ဖြစ်မှန်ကို သိပြီးတာတောင်မှ ကိုယ် မပိုင်တော့တဲ့ ကမ္ဘာငယ်လေးကိုပဲ အပိုင်သိမ်းထားချင်သူ. . .။
အမျိုးစုံ ကိုယ့်ကိုယ်ကို ပြတစ်တင်ရှုတ်ချဆဲရေး လိုက်ချင်သည်။ မောင်တဲ့. . .။ ခုချိန်ထိ မောင်လို့သာ ခေါ်တတ်တဲ့သူ။ ဆက်သွယ်မှု ပြတ်တောက်ခဲ့တာ နှစ် အတော် ကြာသည်အထိ သူစိမ်း တစ်ယောက် ကို မောင်ဟု မြတ်နိုးရင်းနှီးတဲ့ အသုံးအနှုန်းနှင့် အရောင် တောက်စွာ ကျွန်မဘ၀ထဲ နေရာပေးထားမိနေတုန်းလား။
မဟုတ်ပါဘူး. . . မောင် ဆိုတာ ကျွန်မဘ၀မှာ သေသွားခဲ့ပြီ။
နှင်း. . .။ နှင်းလည်း ကျွန်မဘ၀မှာ . . .။
လက်ဖ၀ါးနှစ် ဖက်ကို ဘေးတိုက်ဖြန့်ပူးပြီး မျက်နှာပေါ်အုပ်ကပ်လိုက်မိတယ်ထင်ရဲ့ ။ ဆုံး ဖြတ်ချက်တချို့ မပြတ်မသား ဖြစ်တဲ့အခါ. . . အမှားအမှန်ပိုင်းခြားချင်လောက်အောင် ပါးလျသေ သပ်သော စည်းတစ်ကြောင်းခြား အမှု ကိစ္စတွေ နဲ့ ကြုံလာတဲ့အခါတိုင်း ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကျွန်မ လုပ်တတ်တဲ့အပြုအမူ။ ခေါင်းထဲရှုပ်ထွေးနောက်ကျိလာပါလား။
တကယ်တော့ အချိန်ဆိုတာ လူတွေ ပြောသလို ဝေဒနာကို မကုစားပေးနိုင်ပါဘူး။ နှင်းရယ် တိတ်ဆိတ်တဲ့ နေ့တွေ ညတွေ မှာ သစ်ရွက်တွေ ပေါ်ကို နှင်းစက်ကလေးတွေ ဖြောက်ခနဲကျတဲ့အသံ ကိုပဲ ဂရုတစိုက်နားစွင့်နေမိချင်တော့ရဲ့ ။
နှင်းကြောင့် ကျွန်မ ဘယ်လောက်တောင် ခက်ခဲနာကျင်စွာ ရှင်သန်နေထိုင်ခဲ့ရသလဲလို့ စဉ်းစားမိတော့ ကိုယ့်ကိုယ်ကိုတောင် မေ့လျော့သွားမိသည်။ မျက်နှာချင်းဆိုင်က လမ်းလျှောက် လာသူတွေ ထဲက မိသားစုသဏ္ဌာန်အရိပ်ကလေးတွေ တွေ့ ရင် အလောတကြီး စူးစိုက်ကြည့်တတ်ခဲ့ သည်။
အမျိုးသားရယ်၊ အမျိုးသမီးရယ်၊ သူတို့ရဲ့ ရင်သွေး ဖြစ်မဲ့ ချစ်စရာအရွယ်ငယ်ငယ် ချာတိတ် လေး တစ်ယောက် ဖြစ် ဖြစ်ပေါ့။ တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းတစ်ခုလို ငေးမောမင်သက်မိနေတတ် တာ။ ဒါမှမဟုတ် ကလေးလေးကို ရုတ်တရက်ပွေ့ဖက်နမ်းဖို့ကြိုးစားမိတာမျိုး။
ကိုယ်မစွမ်းဆောင်နိုင်သော အရာကို အထင်ကြီးလေးစားစိတ် ဖြစ်တတ်သော လူ့သဘော အရ ထို ဖြစ်စဉ်ခဏလေးကိုပဲ တသသမြင်ယောင်နေမိသည်လား မပြောတတ်ပါ။
အခုလို တစ်ယောက် တည်းလမ်းလျှောက်ရတာ ကို ခံစားချက်အမှန် ဖုံးကွယ်ဟန်ဆောင်ပြီး ပျော်တယ်လို့ ဘယ်သူကမှ ပြောချင်မှာ မဟုတ်ပါဘူး။ ဒါဟာ နှင်းကို မပိုင်ဆိုင်ချင်ခဲ့လို့ ကျွန်မရတဲ့ ပြစ်ဒဏ်တွေ ပဲလား. . .။ လမ်းတွေ အကြာကြီးလျှောက်တဲ့အခါ လက်တွဲ ထားမှ လျှောက်တတ်တာ ဟု ကျွန်မကပြောပြီး မောင်က လူ့လက်တစ်ဖက်ကို ကမ်းပေးခဲ့ဖူးသော အိမ်အပြန်ညတစ်ညကို သတိရသွားပြန်၏ ။
အိုး. . . မညာတော့ပါဘူး။ ကျွန်မ မောင့်ကို ရိုးရိုးသားသားပဲ လွမ်းမိတာ။ ဓာတ်ပုံဟောင်း တွေ ပြန်ကြည့် ဖြစ်ခဲ့သည်။ ကျွန်မ မောင့်ကို နားထောင်စေချင်ခဲ့သော သီချင်းများ ၊ မောင် နားထောင်ချင်သည်ဆိုလို့ ကျွန်မ ရှာဖွေပို့ပေးခဲ့ဖူးသော သီချင်းများ ပြန်နားထောင်မိတိုင်း သတိရ တာပဲ။ မေ့လို့မှ မရတာ . . . နှင်းရယ်။ အတင်းမေ့ပစ်ဖို့ ကြိုးစားတာထက် အရာရာကို အရှိအတိုငး လက်ခံနားလည်နိုင်အောင်ပဲ ကျွန်မ ကြိုးစားရမှာ ပါ။
ကျွန်မ ရွေးချယ်ခဲ့ပြီးသား အရာအတွက်လည်း နောင်တတော့မရတာ အမှန်မို့ နှင်းကို ခဏခဏ လွမ်းမိတာဟာ စိတ်ဖြေခြင်းတစ်မျိုးလည်း ဖြစ်ကောင်း ဖြစ်မှာ ပါ။ လူ့ကျင့်ဝတ်နှင့် ပတ် သက်လျှင် စိတ်နုနယ်တာမဟုတ်ပေမယ့် အစွဲအလန်းကြီးကာ မေ့ဖျောက်နိုင်ခဲသလို ပုံသေနည်း ဖြင့် မှတ်ယူတတ်သော ကျွန်မနှင့် အရာရအြပေါ် အချိန်နှင့် အမျှ ပြောင်းလဲလွန်းစွာ ခံစားမှု များ ပေါ့ပါးလွန်းသော ၊ တဒင်္ဂတိုင်းကို မက်မောတတ်လွန်းသော မောင်တို့ တစ်ချိန်ချိန်မှာ မီးသေသွား ခဲ့တာ သိပ်တော့ မထူးဆန်းပါဘူးလေ။
ကျွန်မဘ၀အတွက် မောင့်ကို ရွေးချယ်ပြီးတဲ့နောက်မှာ ချစ်ခြင်းတရဂားနဲ့ ပတ်သက်သမျှ ဟာ မောင့်အပေါ်ပဲ မူတည်နေခဲ့တာ။ သိပ်ကို ထူးတွေ ဆန်းပြားလွန်းသော မောင် ကတော့ ချစ်ခြင်း တရားဟာ အဆက်မပြတ်ပေါက်ဖွားရှင်သန်နေသလို. . . သူ့အတွက်တော့ အသုံးချစရာ ကစား နည်းတစ်မျိုး။ အတွေးအမြင်၊ ခံယူချက်၊ သုံးသပ်ရှုမြင်ပုံတွေ မတူတဲ့အခါ နားလည်ရခက်တဲ့ သူစိမ်းနှစ် ယောက် အတ္တကို ထုတ်ဖော်တာ သဘာဝပဲမလား။ စိတ်ထဲမှာ ရှိလျှင်ပဲ ကျေနပ်တတ် သည့် ကျွန်မနှင့် ရုပ်ဝတ္ထုများ ၏ အစုအဝေးကို အားသားချက်အ ဖြစ်ခံယူသော မောင်တို့နှစ် ယောက် ကြားမှာ အထေ့အငေါ့တွေ များ စွာ ဖြစ်လာသည်ကလည်း သိပ်တော့ မဆန်းကြယ်။
ဖြစ်ရိုး ဖြစ်စဉ်သာ ဖြစ်သည့် လက်သာရာပါတတ်သော ကလေးများ သဖွယ် အနုအလှနှင့် မက်မောဖွယ်ရာ လောကီစည်းစိမ်များ ကို မောင့်နှလုံးသားတွေ ယိင်နဲ့ပုံကျသွားခဲ့သည်။ ကျွန်မက တော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ဘယ်လိုရပ်တည်ရမလဲ။ ကြုးစားရုန်းကန်ရင်းက မောင်နှင့် ဘ၀ တစ်ခုကို လက်တွေ့ ကျကျ စိတ်ကူးများ ဖြင့် သာ ခဏတဖြုတ် (တကယ့်ကို ခဏလေးသာ) ရင် ခုန်ပျော်ရွှင်ခဲ့ရသည်။
နှစ် ယောက် အတူလျှောက်ရင် လက်တွဲ ထားမှ လျှောက်တတ်သော ကျွန်မကို မောင်က အနာဂတ်စီမံကိန်းများ ၏ ကိန်းဂဏန်းအက္ခရာများ နောက်တွင် ၀ှက်သိမ်းပစ်ခဲ့သည်။ မိမိတို့ စံသတ်မှတ်ထားသော အဖိုးထိုက်တန်ရာ အဆင့်ဆင့်တွက်ချက်မှု များ ဖြင့် တန်ဖိုးဆိုတဲ့စကားလုံး ကို ကျွန်မတို့နှစ် ယောက် အသီးသီး ပုံဖော်ခဲ့ကြသည်။ ကျွန်မက ကျွန်မရဲ့ ဖြစ်တည်မှု နှင့် အသက်မွေးဝမ်းကျောင်းမှု ကို လေးမြတ်သည်။ ရှေ့ဆက်ပြီးလည်း အခွင့်အရေး ရလျှင် ပညာနှင့် နွယ်ယှက်ပြီး အမြင့်ကိုပျံသန်းဖို့ မှန်းမျှော်ထားသူ။
လူ့ဘ၀ဆိုတာ သင်ယူခြင်းတွေ နှင့် အဆုံးမသတ်တာ ကျွန်မသိပေမဲ့. . . ဘယ်လိုပြောရ မလဲ။ ဒါလည်း လူ့အခွင့်အရေး အရ တည်ဆောက်ပုံဖော်ချင်တဲ့ ဘ၀အတွက် ကျွန်မမှာ လည်း ရွေး ချယ်ခွင့်ရှိတယ်မဟုတ်လား။ နောက်ပြီး ကျွန်မ တစ်ယောက် တည်းအတွက်လည်း ဒါတွေ ကို ပိုင်ဆိုင်ချင်တာမဟုတ်ဘူး။ မောင် ကတော့ ဖြစ်မလာနိုင်သေးတာ အိပ်မက်များ နှင့် မအိပ်စက်လို သူ။
မနက်မိုးလင်းတာနဲ့ နေရောင် ခြည်ဆိုတာ လင်းဖြာသလို လက်တွေ့ ကျပြီး မြန်ဆန်သော အခွင့်အလမ်းများ နှင့် သာ ဘ၀ကို အနိုင်ရချင်သူ။ အတ္တကြီးသူ တစ်ယောက် မို့ မိန်းမတိုင်းကို ချစ်လို့ ရတဲ့မောင့်အတွက် ကျွမန်မကို အချိန်အနည်းငယ်အတွင်းမှာ ပဲ စိတ်ပျက် ငြီးငွေ့ခဲ့တာ။ ကျွန်မ နှင့် နေလျှင် မပျော်တော့ဘူးဟု သူ့ကိုယ်သူ သနားလာတဲ့အလျောက် ကျွန်မကိုလည်း လွတ်လပ် ခွင့်ပေးချင်သည်ဆိုသော မျှတလွန်းသည့် အယူအဆများ ကို စတင်ကျင့်သုံးခဲ့သူပဲ။ တကယ်ပဲ မောင့်မှာ ခိုလှုံရာရပ်ဝန်းအသစ်ရှိနေပြီဆိုတာ သိရတော့လည်း ကျွန်မ မအံ့သြခဲ့ပါဘူး။
မောင် ဖြေစရာမလိုဘဲ ဆုံးဖြတ်ထားပြီးသော ပုစ္ဆာတစ်ပုဒ်၏ အဖြေကို ကျွန်မတစ်ချန်လုံး တွက်ဆမှန်းကြည့်ခဲ့သည်. . .။ သေချာတာ ကတော့ ထိုအရာသည် ကျွန်မတို့နျစ်ယောက် စလုံး အတွက်သော်လည်းကောင်း တစ်ယောက် ယောက် အတွက်သော်လည်းကောင်း သို့မဟုတ် ကျွန်မ တို့နှစ် ယောက် အတွက် ပတ်ဝန်းကျင်ကိုသော်လည်းကောင်း ထိခိုက်မျက်ရှစေနိုင်ကောင်းလိမ့်မည် ။
ဘယ်လိုမှ ရှေ့ဆက်ဖို့ မ ဖြစ်နိုင်တော့တာ သေချာသွားတဲ့အခါ နှစ် ယောက် စလုံးရဲ့ သော ကတွေ အစား တစ်ယောက် ယောက် သာလွတ်မြောက်အေးချမ်းသွားမယ်ဆိုရင် ရလဒ်ကောင်း ပါပဲဆိုပြီး တူညီတဲ့ မိုက်မဲမှု တွေ နဲ့ ကျွန်မတို့နှစ် ယောက် ရဲ့ လမ်းဆုံးဆီသို့ပေါ့. . .။
မိန်းမ တစ်ယောက် က မိသားစုဘ၀အတွက် ကိုယ့်ရဲ့ ယုံကြည်ချက်တွေ ကို အတိုင်းအတာ တစ်ခုထိ ကျွန်မ နင်းခြေနောက်ချန်ထားခဲ့ပြီးပြီ။ ချစ်ခြင်းမေတ္တာအကြောင်းကို ပိုမိုပြည့်စုံစေဖို့ထက် ကိုယ့် တစ်ယောက် တည်းရဲ့ သာယာပျော်ရွှင်မှု နဲ့ လဲလှယ်ရက်တဲ့မောင့်လို ယောက်ျားကိုလည်း သည်ထက်ပိုပေးဆပ်ငဲ့ညှာစရာမလိုတော့ဟု မာနတရားက ခေါင်းထောင်လာသော အခါ အရာရာ ဟာ ပြန်ရေး လို့မရတဲ့ ပန်းချီကားတစ်ချပ်ရဲ့ ဆေးချက်တွေ ပဲ ဖြစ်ခဲ့သည်။
အဲ့ဒီအချိန်မှာ ပဲ နှင်းက ကျွန်မဘ၀ထဲကို တိုက်ဆိုင်စွာ တိုးဝင်လာခဲ့သည်။ ပြဿဒါးနေ့ရက် တွေ မှာ မောင်နှင့် ကျွန်မ မျက်နှာချင်းဆိုင်ဖို့ထက် ကျောချင်းကပ်ပြီး ဦးတည်ရာမတူတဲ့ အရပ်တွေ ကို ခြေလှမ်းအသင့် ဖြစ်နေခဲ့ချိန်။ ဒီသတင်းမောင့်ကို ကျွန်မ ပြောမပြချင်တော့။ နွယ်တမျှင်ရဲ့ ကယ်ဆယ်ရာကို အားပြုသည်ဟု ထင်မှတ်ကာ သံသယနှင့် ‘ဟုတ်လို့လား’ ဟု ပြန်မေးလိုက်ပါက ကျွန်မမောင့်ကို မုန်းမိသွားမည် ။ ကျွန်မဆီသို့ နှင်းရောက်လာလေမလား မှန်းဆမိကတည်းက. . . နှင်းအတွက် ကျွန်မဘ၀ရဲ့ ပန်းတိုင်တွေ အားလုံးမဟုတ်ပေမယ့် အရာတော် တော် များများ ကို နှင်း နှင့် မောင် အဆင်ပြေအောင်ဟုသာ ဖြည့်စွက်တွေး လမ်းကြောင်းပြောင်းဖို့ထိ စဉ်းစားခဲ့ဖူးသည်။
နှင်းအတွက်မို့ ကျွန်မရဲ့ ရည်ရွယ်ရာနေထိုင်မှု ပုံစံများ ကအစ ပြောင်းလဲလက်ခံကျင့်သုံးနိုင် ဖို့အထိ ဆုံးဖြတ်ရဲရင့်ခဲ့သည်။ နှင်းဟာ ကျွန်မနဲ့ မောင်ရဲ့ ရင်သွေး ဖြစ်လာရတဲ့အတွက် ဘယ်တော့ မှ အားငယ်စိတ်ဓာတ်ကျခြင်း မ ဖြစ်စေရ။ ဖြစ်တည်မှု အတွက် လျော့ရဲဝမ်းနည်းမှု မ ဖြစ်စေရဟု ကျွန်မကိုယ်တိုင် ယုံကြည်မှု နှင့် ရော မောင့်အပေါ် ယုံကြည်မှု နှင့် ပါ ပြတ်သားဝံ့စားခဲ့ဖူးသည်. . .။ ထိုစိတ်ကူးတွေ က လေနှင်ရာပါသွားတဲ့ တိမ်တွေ လိုပဲ. . . မျောလွင့်သွားခဲ့သည်။
ကျွန်မရဲ့ အေးစက်စက်တွေ ဝေတတ်တဲ့ ခေါင်းမာစွဲလန်းမှု တွေ နှင်းဆီမှာ မောင် မြင်တွေ့  ချင်မှာ လည်း မဟုတ်ဘူး။ ကျွန်မကရော. . . မောင့်လို အသစ်အဆန်းကို စူးစမ်းလေ့လာစိတ်နဲ့ လတ်ဆတ်နေတတ်တဲ့၊ အပြောင်းအလဲများ တယ်ဆိုတာထက် အရာများ စွာ ကို ဖြန့်ကျက်လွှမ်းမိုး လိုမှု စိတ်ဓာတ်တွေ သိပ်အများ ကြီးကို နှင်းရဲ့ ဗီဇမှာ မစီးဆင်းစေချင်ပါ. . .။ အဲ့ဒီ ဖြစ်စဉ်အတိုင်းဆို ကျွန်မတို့နှစ် ယောက် စလုံး စိတ်ချမ်းသာကြမည် ဟု ကျွန်မထင်တာပဲ. . .။
သည့်ထက်ပိုသေချာတာက နှင်း. . .။ ဘာအပြစ်မှ မရှိတဲ့ နှင်းက ကျွန်မ တစ်ယောက် တည်းကို အဖော်ပြု ရှင်သန်ရမှာ အားနာမိသည်။ သံယောဇဉ်ဆိုတာ တစ်ချိန်ချိန်မှာ မ ဖြစ်မနေ ဖြတ်ပစ်လိုက်ရတဲ့ ကြိုးတစ်ချောင်းဆိုတာ နှင်းကို မခံစားစေချင်ဘူး။ လူ့အသိုင်းအ၀ိုင်းရဲ့ စည်း ဘောင်သတ်မှတ်ချက်တွေ အရ နှင်းရဲ့ နုနယ်တဲ့နှလုံးသားမှာ ဒဏ်ရာတွေ နဲ့ ထုံကျင်မနေစေရဖို့. . . အဓိ ကတော့ နှင်းရဲ့ လက်တစ်ဖက်ဟာ တွဲ ခိုရာမဲ့နေမှာ ကျွန်မ မကြည့်ရက်ဘူး။ ကျွန်မ ခြေလှမ်း တွေ နောက်ဆုတ်လိုက်မှ မောင် အသက်၀၀် ရှူရဲမယ်ဆိုလို့. . . နှင်း အပါအ၀င် စွန်းထင်းသွား သော ကျွန်မဘ၀ရဲ့ မအောင်မြင်ခဲ့တဲ့ မျိုးစေ့တွေ ကို အတိတ်ရဲ့ ကားချပ်ထဲ ထည့်သိမ်းထားခဲ့ဖို့ ပြတ်သားလိုက်မိတာပါ။
သိပ်မကြာသော ကာလများ မှာ မောင်နှင့် ကျွန်မ အတူရှိခဲ့သည်. . .။ သိပ်မကြာသော ကာလအတွင်းကပဲ မောင်က ကျွန်မကို ထားခဲ့သည်. . .။
ထိုအချိန်တွေ တုန်း ကတော့ ဘာကိုမှ မမှတ်မိ မခံစား မတွေးဆ မလွမ်းမောတတ်လောက် အောင် ကျွန်မ ရူးမေ့ချင်သည်။ ဒါဆို မောင့်အပြုံးတွေ ၊ တစ်တစုံ တစ်ယောက် အပေါ်ထားတဲ့မက် မောတွယ်ငင်မှု တွေ ၊ ချည်နှောင်ဖူးသော သံယောဇဉ်အဖွဲ့ဖြင့် ယစ်မူးတိမ်ညွှတ်ခြင်းတွေ ၊ ဦးနှောက် နှင့် နှလုံးသားကို တံတားထိုးတွက်ချက်မှု တွေ နှင့် မငြင်းဆန်လိုသော အထွေထွေသုခများ ကို လည်း ကျွန်မ သိမှု ဉာဏ်ရမမှီနိုင်တော့ဘဲ လွတ်မြောက်ချင်သည်။ ပြီးတော့. . . နှင်း. . .။ နှင်းကို လည်း ကျွန်မ မေ့ချင်သည်။
တရားခံ တစ်ယောက် ရဲ့ အမှု ဖြစ်စဉ်ကို မတော် တဆဟု သက်သာစေရန် ဖြေတွေးသလို မျိုးလည်း ကိုယ့်ကိုယ်ကို မနှစ် သိမ့်နိုင်ပါ။ ကျွန်မသည်လည်း အတ္တကြီးခဲ့တာပါပဲလား. . .။ မဟုတ် ဘူး. . . ။ ကျွန်မရဲ့ နာကျင်မှု တွေ ကို နှင်း မမြင်ရစေချင်တာပါ။ နှင်းရဲ့ အားနည်းချက်ဟာ ကျွန်မ မ ဖြစ်ချင်ဘူး။ အဆုံးစွန်သော သည်းခံခြင်း ပြီးဆုံးလျှင်ဖြင့် ဘယ်ချည်နှောင်မှု မျိုးကိုမှ မကျန်စ် စေလောက်အောင် ပြတ်သားသင့်သည်ဟု မှတ်ယူပြီးကာမှ တိတ်တိတ်ကလေး ပုန်းခိုကြည့်ငေး နေချင်သော ညံ့ဖျင်းနုံချာလှသည့် ကျွန်မအရိပ်တွေ နှင်းအပေါ် ကျရောက်မှာ မလိုလားဘူး။ နှင်းကို ကျွန်ကိုယ်ကျွန်မထက် ပိုမြတ်နိုးလို့ ဒီလိုဝဋ်ကြွေးတွေ ကြား မရှင်သန်စေလိုခဲ့တာပါ နှင်း ရယ်. . .။
သားလျှော သားပျက်ခြင်း ဝေဒနာကို သည်မိခင်လောက် ဘယ်သူက နာကျင်ခံစားရမှာ လဲ. . .။ သားဖျက်ချခဲ့တာ ကိုယ်တိုင်ဆိုရင်တောင် ဘာကြောင့် ခွင့်ပြုလိုက်ရသလဲဆိုတဲ့ အကြောင်းရင်း စစ်စစ်ကို သည်မိခင်လောက် ဘယ်သူက နားလည်မှာ မို့လဲ. . .။ ကိုယ့်ရင်က ဖြစ်တဲ့သွေးကို အကြောင်းကြောင်းကြောင့် ကိုယ်တိုင်သဘောတူညီမှု နဲ့ ဖောက်ထုတ်ပစ်ခဲ့ရပြီဆို ရင်တောင် သည်မိခင်ရဲ့ သည်းညှာပျက်ကြွေမှု ကို ဘယ်သူက ကိုယ်ချင်းစားတွေးပူမိဖူးမှာ လဲ. . .။ ထားတော့. . . အတိတ်ဆိုတာ မော့မသောက်လိုက်ရတဲ့ ကော်ဖီပူနွေးနွေးတွေ ။
ခုရောက်ရှိနေတဲ့ နေရာမှာ တော့ ဒီအချိန်ဆို နှင်းတွေ ကို အမြဲတမ်းမဟုတ်တောင်မှ ရက်ခြားဆိုသလို မြင်ခွင့်ရသည်။ ပန်းခြံထဲက ထိုင်ခုံလေးမှာ ထိုင်ရင်းလည်း ကလေးတချို့ ဆော့ကစားနေတာကြည့်ရင်း နှင်းကို မြင်ယောင်ပုံဖော်ကြည့်လို့ ရသည်။ နှင်းက သေနတ်ပစ် တမ်းဆော့မလား၊ တူတူပုန်းတမ်းကစားမလား၊ ငြိမ်သက်စွာ စာရွက်လွတ်တစ်ခုပေါ်မှာ ခဲတံကိုင် ပြီး ဟိုခြစ်ဒီခြစ်လုပ်လေမလား၊ သူလိုချင်တာမရလျှင် ငိုချတတ်သော ခပ်ဆိုးဆိုးဉာဉ်နှင့် ဂျစ်တိုက် တတ်သော ချာတိတ်လေး တစ်ယောက် ဖြစ်လာမလား. . .။
နှင်း နှာခေါင်းလေးပေါ် နှစ် မနှာခေါင်းလေး ပူးကပ်ထိထားကာ ၀င်သက်ထွက်သက်များ မျှရှူချင်သည်။ နှင်းမျက်လုံးကလေးတွေ ကို တည့်တည့်စိုက်မတ်ကြည့်ကာ အသံတိတ်စကားတွေ ပြော ဖြစ်မည် ။ နှင်းကို ကျွန်မရင်ခွင်ထဲ ထွေးပိုက်ကာ မနက်ဖြန်များ စွာ အကြောင်းတွေးရင်း ခွန်အား ယူချင်သည်။ ပုံပြင်တွေ ထဲကလို အဆုံးသတ်မှာ စိတ်ထားကောင်းတဲ့ မင်းသား သို့မဟုတ် မင်းသမီးလေးတွေ ဟာ အရာရာပြည့်စုံတဲ့ဘ၀နဲ့ ပျော်ရွှင်စွာ ဇာတ်သိမ်းကြလေသတည်းဆိုတာ မျိုး နှင်းရဲ့ ခေါင်းထဲစွဲထင်သွားမှာ စိုးတာကြောင့် ကျွန်မက နှင်းကို ပုံပြောပြဖို့ ကြိုးစားမှာ မဟုတ်ပါ။ ညအိပ်ယာဝင်ပုံပြင်တွေ အစား သီချင်းဆိုပြီး နှင်းကိုချော့သိပ်မည် ။ အရာရာကို လက်တွေ့ တကျ နှင့် ကိုယ့်အားကိုယ်ကိုးတတ်အောင် နှင်းကို ငယ်ငယ်လေးကတည်းက ကျင့်ယူပျိုးထောင်ပေးမှာ ။ နှင်းဟာ ကျွန်မထက် မတော် ရင်တောင် မညံ့စေရဘူး။
နှင်းက ကျွန်မကို အထင်မကြီးရင်တောင်မှ သူ့ဘ၀မှာ အမှတ်ရဆုံးလူသားအ ဖြစ် ကျွန်မ ရပ်တည်ခေါင်းမော့ချင်ခဲ့တာ။ မောင် ဂုဏ်ယူမက်မောရတဲ့ ဇနီး တစ်ယောက် မ ဖြစ်ခဲ့တာ ၀မ်းမနည်း မိပေမယ့် နှင်းရဲ့ မြတ်နိုးအားထားစရာ လူသား တစ်ယောက် တော့ ဖြစ်ချင်ပါသေးသည်။ ပန်းခြံထဲ က အပြန်လမ်းတစ်လျှောက် ပွဲတော် ရက်နီးပြီမို့ လက်ဆောင်ပစ္စည်းများ ၀ယ်ခြမ်းရင်းက ခုန်ပေါက် မြူးတူးနေတဲ့ ကလေးလေးတွေ ကြည့်ရင်း ပြုံးမိလာတဲ့ ကိုယ့်ပုံရိပ်ကို နှင်း မြင်စေချင်လိုက်တာ။ နှင်းကို ခရစ္စမတ်လက်ဆောင်အ ဖြစ် စန်တာဝတ်စုံနီရဲရဲလေး ၀တ်ပေးချင်မိတာ။ ချစ်ခြင်းမေတ္တာ ဟာ နှင်းအပေါ်မှာ ခြုံလွှမ်းထားပေးတဲ့ အနွေးထွေးဆုံး ၀တ်စုံလေးပဲ ဖြစ်ချင်မိတာပါ။
နှင်းအကြောင်းတွေးရင် တဆက်တည်းမဟုတ်ပေမဲ့ ပါလာနေကျ မောင့်အကြောင်းတွေးမိ ပြန်ရော။ ရန်ကုန်မှာ နေတုန်းက မောင်နှင့် ကျွန်မအတူ လမ်းလျှောက်ပြန်နေကျ လမ်းလေးကို ဖျတ် ခနဲမြင်ယောင်လာသည်။ အရင်က ကျွန်မတို့နှစ် ယောက် အတူတူလျှောက်ဖူးသည့်လမ်း။ လမ်းဘေးရဲ့ အဆုံးမှာ မြို့နယ်နှစ် ခုကို ဆက်သွယ်ပေးထားတဲ့ ချောင်းကူးတံတားလေးတစ်ခု ရှိသည်။ ကားလမးကူးတံတားလေးမို့ ဘေးတစ်ဖက်တစ်ချက်စီမှာ လူသွားပလက်ဖောင်းကျဉ်း လေး။ မောင်နဲ့ကျွန်မ နှစ် ယောက် ယှဉ်လျှောက်လို့ ရရုံလမ်းလေးမှာ နှင်းကို ဘယ်သူချီပိုးပြီး လျှောက်ကြမလဲ။ နှင်းက ကျွန်မလည်ပင်းကို လက်နှစ် ဖက်သိုင်းယှက်ပြီး. . . ကျွန်မက နှင်းကို ဖက်ပွေ့ထားပြီးပဲ ဖြစ် ဖြစ်၊ မောင်က နှင်းကို ကျောပေါ်မှာ လွယ်ပိုးထားပြီးပဲ ဖြစ် ဖြစ် ကျွန်မတို့တွေ အတူတူ လမ်းလျှောက်နိုင်သည်ပဲနော်။ မတော် တဆဆိုသလို ထိုပုံသဏ္ဌာန်တူ လူသားသုံး ယောက် ပုံစံမျိုးများ မြင်ပါက ကားမောင်းသွားနေရင်း လီဗာနှင့် ဘရိတ်ကိုပဲ ယောင်မှားနင်းမလို ဖြစ်ခဲ့မိတာတွေ မောင်သိရင်ရော အရက်ထက်ပိုပြီး စိတ်ကုန်စရာကောင်းတဲ့ မိန်းမဟု သတ်မှတ် ဦးမှာ လား။
ရွေးချယ်ခဲ့တဲ့ ရင်ခွင်အသစ်မှာ ကြည်နူးပျော်နေမှာ ပါလေဟု မောင့်ကို ထပ်မံစိတ်ချချင် သေးသည်။ မောင် ကတော့ ကျွန်မကိုရော သူမသိခဲ့တဲ့ နှင်းကိုရော တစ်စက်ကလေးမှ ပြန်သတိရ မိမှာ မဟုတ်လောက်ပါဘူး။ တုန်ရင်နေတဲ့ လက်အစုံနဲ့ ကော်ဖီဆိုင်ထဲကနေ ပြေးထွက်လာခဲ့ပြီး မျက်ဝန်းတွေေ၀၀ါးနေသည်အထိ လမ်းမကျယ်ကြီးတစ်ခုပေါ် တမျှော်တခေါ်ကြောင်ငေးကြည့်ခဲ့ ဖူးသည့် ခုလို ဒီဇင်ဘာညနေခင်းတစ်ခုအကြောင်းကို မောင့်ကိုမသိစေရပါဘူး။ စံပယ်ပန်းတွေ ဖွေးဖွေးလှုပ်နေတဲ့ ဈာပနတစ်ခုကို မြင်မက်ပြီး လန့်နိုးလာရသည့် သန်းခေါင်ကျော်အချိန်များ မှာ ၀မ်းနည်းလန့်ထိတ်စွာ ရှိုက်ငိုမိတာ နှင်း မသိစေရဘူး။
အမာရွတ်ဟောင်းကို ပွတ်သပ်မိတိုင်း တစ်ချိန်က တစ်ယောက် တည်းသော ချစ်သူသာ ကျွန်မအတွက် ထိုက်တန်ရာ ဆုတံဆိပ် ဖြစ်ခဲ့သည်။ စွန့်လွှတ်လိုက်ရတဲ့ ထင်မှတ်မထားသော ထောင့်ချိုးတွေ ထဲကမှ နှင်းကို မတွေ့ ထိလိုက်ရတာ က အချိန်တိုင်း ပြန်ကိုက်ခဲလာတတ်သော တောင့်တမှု တစ်ရပ် ဖြစ်သည်။
အေးစက်ထုံကျင်နေသော လက်ဖ၀ါးများ ကို ဆုပ်ကိုင်ပေးမည့် သူဆိုတာမျိုးမရှိလာပေမယ့် လည်း ကျွန်မ လမ်းဆက်လျှောက်ရဦးမည် ။ ခုနေရာမှာ တော့ နှင်းတွေ ခပ်ဖွဲဖွဲကျတတ်တဲ့ လမ်းတွေ ပေါ်မှာ ကျွန်မချစ်ခဲ့ဖူးသော နေရာများ နှင့် လူတွေ ရဲ့ အဝေးမှာ ကျွန်မ တစ်ယောက် တည်း လမ်းလျှောက်နေဆဲပါပဲ။ ကားလမ်းဖြတ်ကူးတဲ့အခါ အလျင်အမြန်ဆွဲကိုင်နေကျ နွေးထွေးတဲ့ လက်ဖ၀ါးတစ်ဖက်ကို သတိရမိကာ။ နှင်းတွေ ခပ်စိပ်စိပ်ကျလာရင်လည်း လက်နှစ် ဖက်ကို အနွေး ထည်အိပ်ကပ်ထဲမှာ ပဲ ထိုးသိပ်ထားရမှာ ပါ. . .။ အားနည်းတတ်သူမို့ အားငယ်မိတဲ့အခါမှာ တော့ အရင်တုန်းကလိုပဲ အက္ခရာတစ်ခုခုကို ရွတ်ဆိုချင်မိတုန်း။
အခုလည်း နှင်းရေ. . . လို့ အကျယ်ကြီး အော်ခေါ်ပစ်လိုက်ချင်သည်။ ခက်တာက ပြန်ထူးမဲ့ သူ မရှိတာပဲ. . .။
အိပ်မက်ကိုး
![]() ဒဏ်ရာစက်လက် ဒိုင်ယာရီ | ![]() ရယ်သံထွက်နေတဲ့ မျက်ရည်စက် | ![]() ချစ်သူခိုင်းဖတ် |