
အခန်း(၁)
“မင်းအဖေလုံးဝလက်ခံမှာ မဟုတ်ဘူး၊ ဒီအတိုင်း အလှကြည့်နေရုံနဲ့ မဖြစ်ဘူးလားဒီသ’’
စင်ပေါ်ကို အကြည့်မလွှဲတဲ့ ဒီသက ဖုန်းမြတ် တီးတိုးပြောလိုက်သည်။ သက်ပြင်းချလိုက်သံ ကြားရပေမယ့်ဒီသ သူ့ဘက်ကိုလှည့်မလာ။
“ ရှေ့ဆက်တိုးရင် နှစ် ဦးနှစ် ဖက်နာကျင်ရလိမ့်မယ်၊ မင်းဆုံးဖြတ်ပြီးရင်လည်း မျိုသိပ်ထားလိုက်ပါကွာ ’’
“ အဲဒီ လိုမျိုသိပ်ခဲ့လို့ ငါ့ရင်တွေ မရှူနိုင်မကယ်နိုင်ခံစားနေခဲ့ရတာ မင်းကိုယ်ချင်းစာကြည့်ပါ ဖုန်းမြတ်၊ သူရုန်းကန်နေရတဲ့ ဘဝကိုမြင်ပြီး အသက်တောင်မရှူနိုင်တော့ဘူး ’’
“ မင်းဖွင့်ပြောရင်ရော ဂမုန်းရိုင်းလက်ခံမယ်လို့ထင်လား ဒီသ ’’
ဒီသအသံတိတ်သွားဧ။်။ မျက်လုံးအကြည့်က စူးခနဲဖုန်းမြတ်ဆီ ရောက်လာသည်။ ကောင်တာစားပွဲပေါ်မှာ အစီအရင်တင်ထားတ စီးကရက်ဘူးထဲက တစ်လိပ်ယူပြီး မီးညှိလိုက်ကာ သီချင်းနောက်တစ်ပုဒ်အတွက် အင်ထရိုဝင်နေသော ဂမုန်းရိုင်းကို ရီဝေဝေလှမ်းရှိုးလိုက်၏ ။ ဘယ်ယိမ်းညာနွဲ့တင်လှုပ်ခါးလှုပ် မျက်လုံးတို့က ဆိုင်ထဲမှာ ရှိတဲ့ ပုရိသအားလုံးကို သိမ်းသွင်းဖြားယောင်း လိုဟန်တွေ နှင့် ။
အသားကပ်ဘောင်းဘီတိုကျပ်ကျပ်၊ လက်တစ်လုံးလည်ဟိုက်အနီရဲရဲ ကိုယ်ကျပ်အကျီနှင့် တစ်ထွာနီးပါး လည်ရှည်ခွာမြင့်ဖိနပ်တို့က ဂမုန်းရိုင်းကို မာန်ဟုန်ပြင်းစေဧ။်။
ဂမုန်းရိုင်းရဲ့ ဖျော်ဖြေတင်ဆက်မှု က ဒီဆိုင်ရဲ့ အထူးအစီအစဉ်၊ ဒါကလည်း ဒယ်ဒီရဲ့ ဦးနှောက်ဉာဏ်နှင့် စီးပွားရေး အရ လာဘ်မြင်မှု ပင်။
“ ဂမုန်းရိုင်းက အဆင့်အတန်းရှိတဲ့ အမျိုးမြတ်တဲ့ အသိုက်အဝန်းက ဆင်းသက်လာတာမဟုတ်ဘူးဆိုတာ မင်းလည်းသိနေတာပဲ ဒီသ၊ ဒီလုပ်ငန်းနဲ့ စီးပွားဖြစ်ဖို့ မင်းဒယ်ဒီ စာချုပ်စာတမ်းနဲ့ ငှားထားတာလည်း မင်းသိတယ်’’
“ ခန္ဓာကိုယ်ရင်းရမယ်ဆိုရင် မလုပ်နိုင်ဘူးဆိုလို့ အာမခံခဲ့ရတယ်မဟုတ်လား ’’
“ မင်းက အဲ့ဒါကိုအထင်ကြီးနေတာလား၊ ဘာထူးလို့လဲဒီလောကမှာ ဂမုန်းရိုင်းကနာမည် ကောင်းနဲ့ ရပ်တည်နေတာမှမဟုတ်တာ၊ ဂမုန်းရိုင်းကို ရောင်းစားထားတဲ့ သူ့အမေကိုယ်တိုင်က ပြည့်တန်ဆာလုပ်ငန်းနဲ့ ရင်းနှီးစားသောက်ခဲ့တဲ့မိန်းမပျက်၊ မိန်းမရွှင် တစ်ယောက် ပဲ’’
“ ဒါပေမဲ့သူ့အလှနဲ့ သူ့မာနကိုတော့ အထင်သေးလို့ မရဘူးမဟုတ်လား၊ ဘယ်ယောကျာင်္းက ငွေနဲ့ ပစ္စည်းဥစ္စာနဲ့ စည်းရုံးလို့ရခဲ့လို့လဲ ၊ဒီအလုပ်ကိုတောင် သူ့အမေနှင့် ဦးလေးက ဒယ်ဒီ့ဆီက ငွေကြိုယူပြီး ဇွတ်အတင်းလုပ်ခိုင်းခဲ့တာ၊ ဒယ်ဒီလည်း ဂမုန်းရိုင်းကြောင့် ပိုပြီးကြီးပွားတိုးတက်လာခဲ့တာ၊ တကယ်တမ်း အဆင့်အတန်းမရှိတဲ့ မိသားစုထဲကိုရောက်ခဲ့လို့ဂမုန်းရိုင်းကံဆိုးတာပါ’’
ဖုန်းမြတ်ဘာမှမပြောချင်တော့။ ဂမုန်းရိုင်းနှင့် ပတ်သတ်တိုင်း ဒီသနှင့် သူအမြဲတမ်း အချေအတင်ပြဿနာ ဖြစ်ရသည်။ လျစ်လျူရှုလိုက်ချင်ပေမယ့် တက္ကသိုလ်တစ်လျှောက်လုံး အတူလက်တွဲ ခဲ့သလို၊ ကျောင်းပြီးတော့လည်း ဒီသရဲ့ ပီအေအဖြစ်နဲ့ လုပ်ငန်းခွင်ထဲ ဝင်ခဲ့ရသည်မို့သူငယ်ချင်းသံယောဇဉ်က ထုထည်ကြီးမားခဲ့ရသည်။
ဒီသဒယ်ဒီက စီးပွားရေး လောကမှာ လုပ်ငန်းပေါင်းစုံနှင့် အရှိန်အဝါကြီးသလို စည်းစနစ်လည်းရှိသည်။
တိမ်ယံမိုးမြင့် ကိုယ်ပိုင်ရှော့ပင်းစင်တာကြီးကို သမီးငယ်ပဒေသာကို လွှဲအပ်ဦးဆောင်စေလျက် အဆင့်မြင့်စားသောက်ဆိုင်ကြီးတွေ ကိုတော့ ဒီသကို အားလုံးလွှဲအပ်ဖို့ စီစဉ်ထားပြီးပြီဖြစ်ဧ။်။
ဒါကို သမ္မာအာဇီဝနှင့် ဝါသနာပါသော အလုပ်တစ်ခုကိုသာ ရိုးရိုးရှင်းရှင်းလုပ်ချင်တဲ့ ဒီသက လက်ခံဖို့ တွန့်ဆုတ်နေခဲ့သည်။
ခုလို ဂမုန်းရိုင်း လှည့်လည်ဖျော်ဖြေတဲ့အချိန်တွေ မှာ ဟိုဆိုင်ဒီဆိုင် ကူးပြီး တာဝန်ကြီးတစ်ရပ်လို ထမ်းဆောင်နေတာကလွဲလို့ပေါ့။
“ တောက်’’
“ ဟာ…..ဘာလဲကွလန့်လိုက်တာ ’’
တွေးကောင်းနေဆဲဒီသတောက်ခေါက်သံကြောင့် ဖုန်းမြတ်လန့်ဖျပ်သွားသည်။
ဒီသမျက်လုံးတို့က ယောကျာင်္းကြီးတွေ နှင့် ပွတ်သီးပွတ်သပ်တွတ်တီးတွတ်တာ ဖြစ်နေသော ဂမုန်းရိုင်းဆီသို့ စူးစူးရဲရဲကြည့်နေဧ။်။
“ မင်းကဘာလို့ ဒေါသဖြစ်နေတာလဲ၊ အဲဒါ သူ့အလုပ်လေ၊ သူရဲ့ အဲလိုအပြုအမူတွေ ကြောင့် မင်းဒယ်ဒီဆိုင်က နာမည် ပိုကြီးတာ၊ ဂမုန်းရိုင်း အလှည့်ဘယ်တော့ရောက်မလဲဆိုပြီး မျှော်လင့်စောင့်ဆိုင်းနေကြတာကိုက မင်းဒယ်ဒီရဲ့ အောင်မြင်မှု ပဲ၊ ခုဆို ဆိုင်ခွဲဖွင့်ပြီးတောင် တိုးချဲ့နေပြီ ၊ ဂမုန်းရိုင်းလည်း အရင်ငွေကြေးထက် နှစ် ဆတိုးရနေပြီ ၊ ရုပ်ရှင်မင်းသမီးတွေ , မော်ဒယ်တွေ ရတဲ့ငွေလောက်တော့ ပျင်းတောင်ပျင်းသေးတယ် ’’
“ အဲဒါဖြစ်သင့်သလား ဖုန်းမြတ် ၊ ကိုယ့်မိသားစုကိုယ့်သားသမီး ကောင်းစား မြင့်မားဖို့အတွက် သူများ ရဲ့ သမီးပျိုလေးတွေ ကို နာမည် ပျက် အမည်းစက်တင်အောင် ငွေနဲ့ ပုံသွင်းကြိုးကိုင်နေတာ တရားနည်းလမ်းကျသလား ’’
“ စီးပွားရေး လုပ်နေတဲ့လူတိုင်း ဘယ်သူသေသေ ငတေမာရင်ပြီးရော၊ စိတ်မွေးနေကြတာ မင်းမသိဘူးလား ၊ ဂမုန်းရိုင်း တစ်ယောက် တည်းကို ကွက်ပြီး မသနားနဲ့ ဒီသ၊ ကျင်လည်ရတဲ့ ဘဝတွေ အမျိုးမျိုးနဲ့ ကြုံသလိုလုပ်စားနေကြတာ၊ ကိုယ်က မဦးရင် ဦးတဲ့သူက ဆွဲစားသွားမှာ ပဲ၊ မင်းဒယ်ဒီသာ လာဘ်မမြင်လို့ ထက်မြတ်မှု မရှိလို့ နောက်ကျကျန်ခဲ့ရင်မင်းတို့ လူမွေးသူမွေးတောင်ပြောင်မှာ မဟုတ်ဘူး၊ အေး….နောက်တစ်ချက်က ဂမုန်းရိုင်းအမေက ဒီအလုပ်ကိုလက်မခံရင် သူ့လိုပဲ ခန္ဓာကိုယ်ရင်းပြီး ပြည့်တန်ဆာလုပ်ခိုင်းမှာ အသေအချာပဲငါ့ကောင်’’
“ တောက်ဘယ်လိုမိခင်လဲမသိဘူးကွာ၊ ဒီလောကကြီးမှာ အဲ့ဒီလူတွေ လည်း ရှိသေးတာပဲလား၊ အမွေပေးတာက မကောင်းတဲ့ အကျင့်ဗီဇတွေ ရွံဖို့တောင် ကောင်းတယ်’’
ကြိတ်မနိုင်ခဲမရနှင့် မျက်နှာတစ်ခုလုံး နီမြန်းလျက်ဒီသဒေါသတွေ ဖြစ်နေသည်။
ထိုအချိန်မှာ ကောင်တာစားပွဲပေါ်က ဖုန်းမြည် သံကြောင့် စီးကရက်ကို ဆေးလိပ်ပြာခွက်ထဲထိုးချေကာ ဒီသ ဖုန်းကောက်ကိုင်နားထောင်လိုက်ဧ။်။
ပြီးမှမန်နေဂျာအခန်းကနေ ကွေ့ပတ်၍ စတိတ်စင်ဘက်ကို ရောက်သွားသည်။ အဝတ်အစားတစ်စုံလဲပြီး စင်ပေါ်ပြန်တက်မယ့် ဂမုန်းရိုင်းလက်ထဲဖတ်ခနဲဖမ်းဆွဲလိုက်သည်။
“ ဂမုန်းရိုင်း မင်းအိမ်က ဖုန်းလာနေတယ် ၊ မင်းအမေ အခြေအနေမကောင်းဘူးတဲ့ ဖုန်းလာကိုင်ဦး ”
“ ဟင်’’
ပျာပျာသလဲနှင့် ဖုန်းရှိရာသို့ ဂမုန်းရိုင်း ပြေးထွက်သွားသည်။ စူးစမ်းစိတ်ဝင်စားနေသော အားလုံးရဲ့ အကြည့်ကို ဂရုမစိုက်ဘဲဂမုန်းရိုင်းနောက်က ဒီသ ပြေးလိုက်ခဲ့သည်။
မိခင်ဖြစ်သူရဲ့ နောက်ဆုံးအချိန်ကို သိလိုက်ရတဲ့ သမီး တစ်ယောက် ရဲ့ ရင်ထဲမှာ ဘယ်လောက်များ ပူဆွေးနာကျင်လိုက်မလဲ။
“ အမေဘာဘာဖြစ်တာလဲ၊ အခုဖုန်းကိုင်တာဘယ်သူလဲ ’’
“ အအမေပါ ’’
“ ဟင်’’
အသည်းအသန်ဖြစ်နေတဲ့ အမေကိုယ်တိုင် ဖုန်းကိုင်ရင်း ကတုန်ကယင် ပူပန်နေမိတဲ့ကြားက ဂမုန်းရိုင်း အံ့သြမှင်တက်သွားသည်။
“ အမေဘာလို့ ဖုန်းပြောနေရတာ လဲ၊ အမေ့ကို ဘယ်သူမှ ဆေးရုံမတင်ကြဘူးလား၊ ဂ ဂမုန်း အခုပဲပြန်လာခဲ့မယ် အမေ ’’
“ ဟင့်အင်း ညဉ်းရောက်လာတဲ့အချိန်အထိ ငါ ငါအသက်ရှင်ချင်မှရှင်လိမ့်မယ်၊ ညဉ်း ညဉ်းကို ငါမသေခင်ပြော ပြောစရာရှိလို့ပါ ’’
“ အမေရယ် ဘယ်လောက်တောင် အရေး ကြီးတဲ့စကားတွေ မို့လို့လဲ၊ အမေဝေဒနာတွေ ခံစားနေရတဲ့အချိန်မှာ ဘာမှမပြောပါနဲ့ လား ’’
“ ဒီစကားတွေ မပြောရရင် ငါငါအသေဖြောင့်မှာ မဟုတ်ဘူး၊ တစ်သက်လုံး မျိုသိပ်လာခဲ့တဲ့ ငါ့ကို ညစ်ညမ်းမှု တွေ ဖုံးလွှမ်းနေတဲ့ ဒီဒီပြည့်တန်ဆာဘဝထဲကို ဆွဲဆွဲခေါ်မိတဲ့ ငါ့ကိုခွင့်ခွင့်မလွှတ်ပါနဲ့ ’’
“ အအမေ ’’
“ ငါ ငါညဉ်းအမေမဟုတ်ဘူး ’’
“ ဟင်’’
အမေက ဂမုန်းရိုင်းအမေ မဟုတ်ဘူးတဲ့။
ပွက်ပွက်ဆူသွားသော သွေးတွေ ပြောင်းပြန်စီးကာ နားမှာ ကပ်ထားတဲ့ ဖုန်းခွက်လေး လွတ်ကျမတတ်ဖြစ်သွားသည်။ အမေက အမေမဟုတ်ရင် ဘယ်သူက သူမရဲ့ အမေလဲ။ အမေဆိုတာရှိမှ သားသမီးဆိုတာ ဖြစ်လာရတာ မဟုတ်ဘူးလား။ အမေက အမေပဲဖြစ်မှာ ပါ။
“ အအမေဂမုန်းကို သံသယတွေ နဲ့ မထားခဲ့ပါနဲ့ ၊ အမေကအမေပဲမဟုတ်လား ’’
“ မဟုတ်ဘူး၊ ဒါကြီးကိုလိမ်ပြီး ငါအသက်ရှင်လာခဲ့တယ်၊ ဒါပေမယ့် သေဖို့တော် တော် ခက်တာပဲ၊ ငါငါညဉ်းအမေမဟုတ်ဘူး ’’
“ အအမေအမေ ’’
တိုးညင်းလှိုက်မောနေသော အမေ့အသံလေး တိတ်ကျသွားပေမယ့် သူမ စူးစူးဝါးဝါးအော်ပစ်လိုက်ဧ။်။
ပြည့်တန်ဆာမိန်းမကြီးက သူမအမေမဟုတ်လျှင် သူမအမေဘယ်သူလဲ ပြောပြမသွားသင့်ဘူးလား။
အမေကဘယ်သူလဲ ?
အမေကဘယ်သူလဲ ?
အမေကဘယ်သူလဲ ?
“ ဂမုန်း ’’
ပဲ့တင်ထပ်မျှ အသံပြာအော်ဟစ်နေမိတဲ့ သူမအနားကို ဒီသ တိုးကပ်လာကာ ပခုံးနှစ် ဖက်ကို ခပ်တင်းတင်းဆုပ်၍ သတိပေးသည်။
လှိုင်းလုံးတွေ လို တလှိမ့်လှိမ့်အရှိန်ပြင်းပြင်း ကျဆင်းနေတဲ့ မျက်ရည်တွေ ကြောင့် အမြင်အာရုံတွေ တောင်ဝေဝါးနေဧ။်။
“ ဂမုန်း မင်းအမေဆီမင်းသွားမယ်မဟုတ်လား၊ ကိုယ်လိုက်ပို့မယ် ’’
ခေါင်းညိတ်မိသလား၊ ခေါင်းခါမိသလား မသိပေမယ့် အမေဆိုတဲ့ အသံကြားတာနှင့် မျက်ရည်တွေ က တိခနဲပြတ်တောက်သွားသည်။ ဒီအမေအတွက် မျက်ရည်ကျသင့်လို့လား။
ဟင့်အင်း
ဒီအမေကြောင့် ကျခဲ့ရတဲ့မျက်ရည်တွေ ပင်လယ်ကြီးလောက်တောင်မကခဲ့ဘဲလေ။
“ ဆန္ဒမစောနဲ့ ကားငှားပေးလိုက် လည်း ဖြစ်တယ်ဒီသ ’’
“ ဟင့်အင်း ငါကိုယ်တိုင် လိုက်ပို့ချင်တယ်၊ သူအရမ်းစိတ်ထိခိုက်နေတာ ငါစိတ်မချဘူး ’’
“ ကွိုင်ပဲကွာ၊ မင်းဒယ်ဒီသိသွားရင်’’
“ ဒယ်ဒီနိုင်ငံခြားသွားတယ်၊ မသိနိုင်ပါဘူး ’’
“ ဆိုင်တာဝန်ခံမန်နေဂျာက ပြန်လာရင်မပြောဘဲနေမလား ’’
“ ဦးစစ်အောင်ဆိုတဲ့ နှာဘူးကြီးကိုလား၊ ဂရုမစိုက်ဘူးဖုန်းမြတ် ၊ပြန်တိုင်ချင်လည်း တိုင်ပစေ၊ မင်းလည်း အလုပ်ပြုတ်မှာ စိုးရင် မလိုက်ခဲ့နဲ့ ’’
ကျစ်ခနဲအသံပြုလျက် ဖုန်းမြတ်ခေါင်းကိုစုံကုတ်ပြီး မျက်နှာကြီးရှုံ့မဲ့နေသည်။
ကိုယ်က ဘာအလုပ်မှမလုပ်ဘဲ ဒီသသွားတဲ့ နောက်တကောက်ကောက်လိုက်ရုံနှင့် လစာရနေသူမို့ ငြင်းဆန်ရခက်၊ လိုက်လျောရခက်။
ဂမုန်းရိုင်းတို့ ဇာတိမြေက ပြည်မြို့နယ်အစွန်က ဖြစ်၍ နယ်မြေစိမ်းမို့ ဒီသကိုလည်းစိတ်မချ။
“ ငါလိုက်မယ်ဒီသ၊ မင်းဒယ်ဒီနဲ့ ငြိရင်တော့ငါမရှင်းတတ်ဘူးနော်’’
ဖုန်းမြတ် ဘာပြောပြောဒီသကဂရုမစိုက်ပါ။
သူ့ရဲ့ ပရာဒိုကားပေါ်မှာ ဂမုန်းရိုင်းရဲ့ ပစ္စည်းတချို့တင်လျက် တစ်လမ်းလုံး ဂမုန်းရိုင်းကိုလည်း အရိပ်တကြည့်ကြည့်ရှိလာခဲ့သည်။
ညှိုးနွမ်းနေတဲ့ မျက်နှာလေးပေါ်မှာ ကပိုကရိုဝဲကျနေတဲ့ ဆံနွယ်လေးတွေ ကိုဖွဖွညင်သာ ဖယ်ရှားပေးကာ နှစ် သိမ့်ချင်သည်။ ဝင်းဝါနီစွေးနေသော ပါးပြင်ပေါ်က သွေးကြောစိမ်းလေးတွေ ကိုလည်း ရေတွက်ကြည့်ချင်ဧ။်။
ကြော့ရှင်းဖြောင့်စင်းနေသော လည်တိုင်ကလေးက သွေးခုန်နှုန်းက တိုင်းတာကြည့်ရင်ရော တဒုတ်ဒုတ်နှင့် စိတ်လှုပ်ရှားကာပုံမှန်ထက် မြန်ဆန်နေမှာ သေချာသည်။
ဂမုန်းရိုင်းကတော့ ဘေးဘီဝဲယာကိုလည်း မကြည့်။
မျက်လုံးတွေ ကိုလည်း မှေးမှိတ်မထားပါဘဲ မျက်တောင်လည်းမခတ်။ အသက်ရှူသံပြင်းပြင်းကိုလည်း မကြားရ။
စိတ်အာရုံတွေ ဘယ်ကိုလွင့်ပါးနေသည် မသိပေ။
“ ဂမုန်းနေရာပြောဦးလေ ’’
ပြည်ကိုရောက်တော့ အရုဏ်တက်အချိန်။
အသံမထွက်ဘဲ ဂမုန်းလက်ညှိုးညွှန်တဲ့အတိုင်း မောင်းလာခဲ့တော့ မြို့စွန်ကျကျခြံဝင်းကျယ်နှင့် အိမ်တစ်အိမ်ရှေ့ကို ရောက်လာခဲ့ကြသည်။
အပြင်ပြေးထွက်လာပြီး ဂမုန်းရိုင်းကိုကြိုဆိုကြတာ မိန်းမငယ်သုံးယောက် ။
အထဲကိုရောက်တော့ ယောကျာင်္းကြီးလေးငါးယောက် က ဂမုန်းရိုင်းကို အငမ်းမရမျက်လုံးများ နှင့် စူးစူးရဲရဲကြည့်ကာ တီးတိုးပြောရင်း လက်ကုတ်ကြသည်။
ဂမုန်းရိုင်းကဘယ်သူ့ကိုမှမကြည့်၊ အမှု မထားပါ။
ဒေါ်ရင်မေရဲ့ သက်မဲ့ရုပ်ကလာဘ်ရှိရာကိုသာ တရွေ့ရွေ့ တိုးကပ်လျှောက်သွားသည်။
အနားရောက်တော့ ဒူးထောက်ချကာ အံတင်းတင်းကြိတ်သည်။
ရင်ထဲမှာ ဗလောင်ဆူကာ အုတ်အော်သော င်းတင်းဖြစ်နေဧ။်။ အပြင်ကို ပေါက်ကွဲမထွက်နိုင်တာ ခံရဆိုးလှသည်။
တကယ်ဆိုဒေါ်ရင်မေအလောင်းကို ဖက်တွယ်၍ လူးလှိမ့်အော်ဟစ် ငိုယိုပစ်သင့်သည်။
ဒါပေမဲ့သူ့အမေမဟုတ်ဘူးတဲ့။ အချိန်ပိုင်းကလေးမှာ ပဲ သိခွင့်ရလိုက်တာ။
အမေမဟုတ်ပါဘူးလို့ သိခွင့်ပေးလိုက် တာပဲ ဝမ်းသာရမည် လား။ ငယ်စဉ်ကတည်းက ငိုခဲ့ရတာ ဒီအမေရဲ့ သမီးဖြစ်ခဲ့ရလို့ပဲလေ။
သူမဒေါ်ရင်မေရဲ့ နို့ချိုသောက်ခဲ့ရလား၊ မသောက်ခဲ့ရလား မသိပေမယ့် သုံးလေးတန်းပညာသင်ပြီးချိန်မှာ ……
“ မိန်းကလေးပဲသေစာရှင်စာ တတ်တော် ပြီပေါ့၊ ငါကျွေးမွေးစောင့်ရှောက်လာတဲ့ သမီးတွေ ကပညာနဲ့ လုပ်စားရမှာ မဟုတ်ဘူး၊ ရုပ်ကိုပြစားရမှာ ၊ ကောင်းကောင်းဝတ်၊ ကောင်းကောင်းစား၊ တစ်နေ့နေ့ကျရင် ငါ့အမွေညဉ်းကိုပေးမယ်’’
ဘာအမွေမှန်း မသိပေမယ့် အပျိုဖော်ဝင်စ အလှသွေးကြွယ်လာတဲ့အချိန်မှာ ယောကျာင်္းကြီးငယ်များ ရဲ့ ဒူးပေါ်၊ ပေါင်ပေါ်၊ ပွတ်သီးပွတ်သပ် ထိုင်ခိုင်းတာမျိုး၊ မလုံတလုံဝတ်၍ မျက်စပစ်၊ မျက်ခုံးပင့်၊ နှုတ်ခမ်းကိုက် အမျိုးမျိုးချစ်စဖွယ်ဟန်ပန် လုပ်ပြရသည်။
ဒေါ်ရင်မေ သင်ပေးထားတဲ့အတိုင်း မလုပ်ချင်လျှင်အခန်းတံခါးပိတ်၊ အစာရေစာဖြတ်၍ ပြစ်ဒဏ်ပေးတတ်ဧ။်။ ကိုယ့်ကိုယ်ကိုယ်ရှက်၍ ကျိတ်ပြီး ငိုခဲ့ရတာ ငယ်တစ်ဘဝ တစ်လျှောက်လုံးပင်။
နောက်တော့ တိမ်ယံမိုးမြင့်စားသောက်ဆိုင်ပိုင်ရှင်ဦးမိုးမြင့်က သူ့ဆိုင်မှာ သီချင်းဆိုပေးဖို့ ဟန်ပြလုပ်ပေးဖို့ စာချုပ်စာတမ်းဖြင့် ဒေါ်ရင်မေဆီမှာ ငွေနှင့် မြှူဆွယ်ခဲ့သည်။
မငြင်းဆန်ဘဲ ငွေထုတ်ယူကာ ထည့်ပေးလိုက် တာ ဒီနေ့ထိ။ မလွမ်းပေမယ့် သတိတရရှိလို့ ပြန်ရတာ လည်း တစ်နှစ် မှနှစ် ခေါက်လောက်သာ ရှိပေလိမ့်မည် ။
ထိုအခါမှာ လည်း သူမပါလာတဲ့ငွေကိုပျော်ပျော်ကြီးသုံး၍ အကြင်နာစကားတစ်ခွန်းမှမဆို။
ငါ့သမီးလေးနေသာရဲ့ လားလို့ နှစ် သိမ့်မှု မရှိ။
အမေဆိုသော အသိနှင့် နာနာကျင်ကျင် ခံစားရပေမယ့် ဝမ်းမနည်းတတ်ခဲ့တာလည်း သူစိမ်းဆန်တာကြောင့် မဟုတ်ပါလား။ ခုတော့ အမေမဟုတ်ဘူးတဲ့။
ဟိုအရင်အချိန်တွေ ကတည်းက အမေရင်းမှ ဟုတ်ပါလေစဟု သံသယတွေ နဲ့ ကြီးပြင်းခဲ့တာ။ အမေရင်းသာဖြစ်ခဲ့ရင်ဒီနွံထဲကို ဆွဲနှစ် ရက်မှာ မဟုတ်ဘူးလေ။
“ ကျေးဇူးတင်ပါတယ်အမေ၊ နောက်ဆုံးအချိန်မှာ ငါ့သမီးမဟုတ်ဘူးလို့ ပြောပေးခဲ့တဲ့အတွက်ပါ၊ ဂမုန်းရဲ့ စိတ်ထဲမှာ ဟိုအရင်ကတည်းက အမေ့ရဲ့ သမီးမဖြစ်ချင့်ခဲ့ပါဘူး၊ ဒါပေမယ့် အမေ့ရဲ့ သမီးအဖြစ်နဲ့ ဒီအရွယ်ထိ ကျော်ဖြတ်ခဲ့ရတယ်၊ ကိုယ့်ဘဝကိုယ် စက်ဆုပ်ရွံရှာရင်းနဲ့ ကြီးပြင်းခဲ့ရတယ်၊ ခုတော့ အမေ့အတွက် မျက်ရည်တောင်မကျနိုင်တော့ဘူး၊ နာကြဉ်းလို့တော့ မဟုတ်ပါဘူးအမေ၊ အမေကဂမုန်းရဲ့ အမေမဟုတ်ရင်၊ ဂမုန်းရဲ့ အမေဘယ်သူလဲဆိုတာ သိခွင့်မရလိုက်လို့ပါ၊ ဘာကြောင့် အဲဒါကိုတော့ မပြောခဲ့တာလဲအမေ၊ ပြောခဲ့ပြီးမှ သက်သော င့်သက်သာ နှုတ်ဆက် သွားပါတော့လား ’’
ရင်ထဲက တီးတိုးမြည် တမ်းနေမိတာမို့ ဒေါ်ရင်မေ ကြားလိမ့်မည် မထင်။
အသက်ရှူအောင့်ထားမိပေမယ့် ကျောပြင်နှင့်ပခုံးသားတို့က သိမ့်သိမ့်ခါနေပေလိမ့်မည် ။
“ ဂမုန်းငိုချင်ငိုချလိုက်လေ၊ အပြင်ကို ပေါက်ကွဲမထွက်ရင်ရင်ထဲမှာ အုံကြွပြီး ရှော့(ခ်) ရသွားလိမ့်မယ်’’
ပခုံးကို လာရောက်ဆုပ်ကိုင်ပြီး ပြောနေတဲ့ဒီသလက်ကို ဂမုန်းဆတ်ခနဲ ဖယ်ချပစ်လိုက်သည်။
“ မျက်ရည်တွေ မှမရှိတာ ဘယ်လိုလုပ်ငိုချလိုက်ရမှာ လဲ၊ မေးခွန်းတွေ ကအများ ကြီး၊ သူမှမဖြေနိုင်တော့တာ၊ ငါဘာကိုမေးရတော့မှာ လဲ’’
“ အချိန်တွေ ရှိပါသေးတယ် ဂမုန်းရယ်၊ နောက်တော့တဖြည်းဖြည်း ’’
“ အဲဒီ နောက်မှာ ရော ငါ့အတွက် သေချာရေရာတာဘာရှိလို့လဲ၊ နှစ် ဆယ့်သုံးနှစ် လုံးလုံး ဒီမြေ , ဒီရေ , ဒီဝန်းကျင်မှာ ငါ့ဘဝ ငရဲကျခဲ့ရပြီးပြီ၊ ငါ့အမေ ဘယ်သူဆိုတာတော့ ပြောခဲ့သင့်တာပေါ့၊ ခုတော့ မျက်နှာလွှဲခဲပစ်ဒီအတိုင်းထားခဲ့တယ်၊ သူ့သမီး မဟုတ်ဘူးဆိုတာနဲ့ တင်ငါကကျေနပ်လိုက်ရတော့မှာ လား’’
ဒီသ ဘာမှမပြောတတ်တော့ပါ။ သူမရင်ထဲမှာ ခံစားရသမျှ သူမပဲ သိပေလိမ့်မည် ။
သူကရော ဘာလုပ်ပေးနိုင်မှာ မို့လဲ။
မဆိုင်ပေမယ့် မသိသလို မနေတတ်တာ ဘယ်လိုလုပ်ရမလဲဂမုန်း။
အသုဘအိမ်ဆိုပြီး တိတ်ဆိတ်ခြောက်ကပ်မနေ။
ကစာဝိုင်းက ငြင်းခုံသံတွေ ၊ အရက်ဝိုင်းတွေ ဆူပူသံတွေ ၊ ကြေးညှိဈေးဖြတ်နေတဲ့ ပဋိပက္ခတွေ နှင့် ပွဲတော် ကြီးပမာ ဖြစ်နေသည်။
အတွေးနှင့် နားအေးအေးလည်းနေလို့ မရ။ ဘယ်ဧည့်သည်ကိုမှလည်း လက်ခံစကား မပြောချင်တာမို့ အပေါ်ထပ်က လသာဆောင်ဘက်ကို ဂမုန်းထွက်လာခဲ့သည်။ မှော င်မိုက်မိုက်မိုးကောင်းကင်ကို အဓိပ္ပယ်မဲ့စွာ မော့ကြည့်နေဆဲ။
“ ဂမုန်း ’’
“ ဟင် နင်မပြန်သေးဘူးလား ဒီသ ’’
“ ဒီလူတွေ ကြားထဲမှာ နင့်ကိုထားခဲ့ပြီး ဘယ်လိုပြန်ရမှာ လဲ ဂမုန်းရယ် ’’
“ စိုးရိမ်မပြနဲ့ လေ၊ ဒီဝန်းကျင်က ငါကလေးဘဝကတည်းက ရင်းနှီးပြီးသား၊ လိုက်ပို့တာ ကျေးဇူးတင်တယ်၊ နောက်ကြောင်းအေးအေးနဲ့ ပြန်လိုက်တော့ ဒီသ၊ ရက်လည်ဆွမ်းသွတ်ပြီးမှ ငါရန်ကုန်ပြန်မှာ ’’
“ ငါစိတ်မချဘူး၊ နင်နဲ့ မှ အတူတူပြန်မယ် ’’
“ နင့်ဒယ်ဒီဆီက ယူထားတဲ့ ငွေတွေ မကျေသေးလို့ ထွက်ပြေးမှာ စိုးရိမ်နေတာလား ’’
“ ဂမုန်း ’’
ဒီသ ဆတ်ဆတ်ခါသွားသည်။ မျက်နှာကိုမော့ပြီး နှုတ်ခမ်းကိုမဲ့၍ မထီမဲ့မြင် ပြောနေဟန်က သူ့ရင်ကို စူးရှ နာကျင်နေစေဧ။်။
သူမ ရှေ့တည့်တည့်ကို တိုးကပ်သွားတော့ သူမကနောက်ကို ခြေတစ်လှမ်းဆုတ်ကာ….
“ ဒါဆိုဘာလဲ ’’
“ နင့်ကိုချစ်လို့ ’’
“ ဘာ ’’
အံသြဟန်နှင့် ကျယ်လောင်သော အာမေဍိတ်သံပြပြီးမှဂမုန်းရိုင်း တဟားဟားအော်ရယ်ချလိုက်သည်။
“ ဟားဟား ချစ်တယ်ဟုတ်လား၊ အဲ့လိုစကားမျိုး အရွယ်စုံဆိုက်စုံ ယောကျာင်္းမျိုးစုံဆီက ထောင်သော င်းမက ငါကြားဖူးတယ်၊ ရင်မခုန်တတ်အောင်လည်း လေ့ကျင့်ပြီးသား၊ ထိုင်ငိုနေလည်း လွမ်းတတ်မှာ မဟုတ်ဘူး၊ နင့်စကားကို နင်ရုပ်သိမ်းပြီးပြန်တော့ ဒီသ ’’
“ မဟုတ်ဘူး၊ အဲလိုယောကျာင်္းတွေ နဲ့ ငါ့ကို ရောထွေးမပစ်ပါနဲ့ ၊ ငါနင့်ကို တကယ်ချစ်တာပါ ဂမုန်း ’’
“ တော် တော့ မပြောနဲ့ တော့ ငါပြောနေတယ်၊ နင့်ဒယ်ဒီဆီမှာ ငွေကြေးနဲ့ အလုပ်လုပ်နေလို့ ငါ့ကိုအထင်သေးနေတာလား၊ ငါကြုံဆုံဖူးတဲ့ ယောကျာင်္းတွေ နဲ့ နင်ရော ဘာတွေ ထူးခြားနေလို့လဲ၊ ဒီစကားကိုပြောချင်လို့ ဒီအခွင့်အရေး ကိုလိုချင်လို့ အကူအညီပေးသလိုလိုနဲ့ ဒီထိအောင် လိုက်လာခဲ့တာမဟုတ်လား ၊ငါတန်ဖိုးမဖြတ်ခင် ငါ့ရှေ့က နင်ထွက် သွားပါတော့ ’’
“ ဂမုန်း ’’
“ သွားတော့’’
အသံပြတ်နှင့် အော်ရင်း လသာဆောင်ရဲ့ လက်ရန်းစတီး(လ်) ပိုက်လုံးတွေ ကိုခပ်တင်းတင်း ဆုပ်ကိုင်ကာ သူမတစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်။
သူမခံစားနေရတာ ကိုကြည့်၍ သူ့ခြေလှမ်းတွေ ရွှေ့လျားမသွားခဲ့ပါ။
“ ငါ့ရင်ထဲမှာ ရှိတာကို ရင်ဖွင့်မိတာပါ၊ နင့်ဆီက ဘာမှမတောင်းဆိုပါဘူး၊ နင်ကြေကွဲနာကျင်နေတာကို ငါသိတယ်၊ ငါနှစ် သိမ့်ဖေးမချင်လို့ပါ၊ နင်ခံစားနေရတာ ကို ငါမြင်တယ်၊ စိတ်ချပြီး မထားခဲ့နိုင်လို့ပါ ’’
“ ငါခံစားနေရတာ မှန်တယ်၊ ဒါပေမဲ့ ဒေါ်ရင်မေကြောင့် မဟုတ်ဘူး၊ ငါ့ကို ဒီဘဝထဲရောက်အောင်စွန့်ပစ်ခဲ့တဲ့ အမေကို ငါသိချင်တာ၊ ဘာကြောင့် စွန့်ပစ်ရက်တာလဲလို့ ငါမေးကြည့်ချင်နေတာ၊ ငါမပျော်မွေ့တဲ့ ဒီဘဝထဲမှာ ကျင်လည်ခဲ့ရတာ နှစ် ဆယ့်သုံးနှစ် ရှိပြီ၊ ဒီနေ့ဒီရက်ဒီအချိန်ထိ ငါ့ကို ဥပေက္ခာပြုထားခဲ့တာ ၊ငါ့မှာ ဘာအပြစ်ရှိလို့လဲ ’’
“ အကြောင်းအမျိုးမျိုးနဲ့ မရှိတော့တာ၊ သေသွားတာ မဖြစ်နိုင်ဘူးလား ’’
“ လူ့ဘဝကြီးမှာ မရှိတော့ရင်ဒေါ်ရင်မေ ငါ့ကို မျှော်လင့်ချက်ပေးခဲ့မှာ မဟုတ်ပါဘူး၊ သေချာမသိပေမယ့် ဝှက်ဖဲတစ်ချပ်တော့ ရှိနေလိမ့်မယ်၊ ထားပါတော့၊ ဒီအချိန်မှာ အဲဒီ အမေကိစ္စက လွဲပြီး ငါ့ခေါင်းထဲမှာ ဘာမှမရှိဘူး၊ ငါဟာ လူသား တစ်ယောက် ဖြစ်တဲ့အတွက် ငါ့မှာ အမေဆိုတာ ရှိကိုရှိလိမ့်မယ်’’
“ အိုကေ ဂမုန်း၊ ငါပြန်ဖြစ်သေးမှာ မဟုတ်ဘူး၊ အောက်ထပ်မှာ ရှိနေမယ်၊ နင်ငိုတဲ့အချိန်မှာ မျက်ရည်သုတ်ပေးခွင့်ရရင်ငါကျေနပ်ပြီ ’’
ကြောင်လိမ်လှေကားကနေ ကျောခိုင်းဆင်းသွားတဲ့ဒီသကိုကြည့်ကာ သူမနားမလည်နိုင်အောင်ဖြစ်မိသည်။ အတွင်းတံခါးက ချပ်ခနဲပွင့်တော့ သူမလည်လိမ်သွားကာ နောက်လှည့်ကြည့်မိ၏ ။
“ ဟွန်း ’’
ပြီတီတီမျက်နှာနှင့် သိုက်စိုး။
သူမကိုယ်ခန္ဓာနှင့် အနီးကပ်ဆုံးမှာ လာရပ်ဧ။်။
အရက်နံ့ကို နှာခေါင်းရှုံ့ပြီး မျက်နှာကိုပါ ရွံရှာစက်ဆုပ်သလို ကြည့်လိုက်သည်။
“ ဒီမိန်းမကြီးအတွက် မလိုအပ်ဘဲ ဘာလို့ပူဆွေးနေတာလဲ၊ သူနင့်ကိုဘာပေးခဲ့လို့လဲ၊ ဒီအိမ်လား၊ အမွေအနှစ် တွေ လား ’’
“ တောက် ’’
“ တစ်ခုခုပြောလေ ’’
“ အရင်က ရှင်ပဲ သူ့ကိုမျက်နှာလိုမျက်နှာရ လုပ်ခဲ့တယ်လေ၊ အခုဘာလို့ မကောင်းပြောနေရတာ လဲ’’
“ ငါမျက်နှာချိုသွေးခဲ့တယ်၊ အခုပြီးသွားပြီ၊ သူမှမရှိတော့တာ၊ ဂရုစိုက်စရာလိုလို့လား ’’
“ ပတ်ဝန်းကျင်အမြင်မှာ မောင် တစ်ယောက် လို အသိပေးပြီး လင်မယားလိုနေခဲ့ကြတာ၊ ဂရုမစိုက်လို့ဖြစ်မလား ဦးသိုက်စိုး၊ အသုဘက မြေချပြီးရုံ ရှိသေးတယ်၊ စည်းလွတ်ဝါးလွတ်စကားတွေ မပြောသင့်ဘူး ’’
“ အမေ တစ်ယောက် လိုအသိအမှတ်ပြုပြီး နာပေးနေတာလား ’’
“ ဟင့်အင်း ဒေါ်ရင်မေ ကျွန်မအမေမဖြစ်တာ ကျွန်မကံကောင်းပါတယ် ’’
“ ဘာကွာလို့လဲ၊ သားသတ်သမားမုဆိုးက ဘယ်တော့မှ ဆရာဝန်ဖြစ်မလာဘူး၊ ဒေါ်ရင်မေသမီးပါလို့ သိထားတဲ့ ယောကျာင်္းတွေ က မင်းကို ဘယ်သူမှအထင်မကြီးပါဘူး၊ ဟုတ်တယ်မလား၊ အဲဒီ တော့ ဒီအိမ်မှာ မင်းအမေရဲ အမွေကို မင်းဆက်ခံပါ၊ မင်းအမေကို ကူညီခဲ့သလိုပဲ မင်းကိုငါကူညီပေးမယ်၊ ကိုယ်နဲ့ အရင်စကြည့်ရအောင် ’’
သိုက်စိုးက အတင့်ရဲကာ ရှေ့တိုးလာသည်။ လက်ကိုအရှိန်နှင့် မြှော က်ကာ သိုက်စိုးပါးတစ်ဖက်ကို လွှဲရိုက်ပစ်လိုက်ဧ။်။
“ ကျွန်မရဲ့ ကလေးဘဝကို မြေမြှုပ်ခဲ့ရတဲ့ဒီသင်္ချိုင်းမြေကို ကျွန်မဘယ်တော့မှ ခြေဦးလှည့်တော့မှာ မဟုတ်ဘူးဦးသိုက်စိုး၊ ကျွန်မကိုစာချုပ်စာတမ်းနဲ့ ငှားစားလို့ရလာတဲ့ငွေကြေးတွေ နဲ့ ဝယ်ထားတဲ့ ဒီအိမ်ကိုဒေါ်ရင်မေယောကျာင်္းဖြစ်တဲ့ ရှင်ပဲ အပိုင်ယူလိုက်ပါ၊ ဒီဘဝကလွတ်မြောက်ဖို့ကလွဲရင် ဂမုန်းရိုင်း ဘာကိုမှမမက်မောဘူး ’’
“ အဟား စာချုပ်သက်တမ်းတိုးထားလို့ နောက်ထပ် သုံးနှစ် ဦးမိုးမြင့်ဆီမှာ နေရဦးမှာ ကို မင်းက သူတော် ကောင်းလုပ်ချင်သေးလို့လား ’’
“ ဘာ ’’
“ ဟုတ်တယ်လေ၊ ပထမစာချုပ်က ဒီအိမ်ကိုဝယ်လိုက်တယ်၊ ဒုတိယစာချုပ်က ဒေါ်ရင်မေကိုယ့်အတွက်ကားဝယ်ပေးဖို့ စီစဉ်လိုက်တာမလှဘူးလား ဟားဟား’’
“ တောက်ကိုယ့်သွေးသားအရင်းမဟုတ်လို့ယုတ်မာလိုက်ကြတာ၊ ရှင်လည်း ဒေါ်ရင်မေလို AIDS နဲ့ သက်တမ်းတိုပါစေလို့ကျွန်မကျိန်စာတိုက်ခဲ့မယ်၊သိလား ဦးသိုက်စိုး ’’
သူမတုန်လှုပ်သွေးပျက်ကာ အသားတွေ တဆတ်ဆတ်တုန်လျက် နှုတ်ခမ်းလေးကို ဖိကိုက်ထားပေမယ့် ဘာမှပြင်ဆင်ချိန်မရတော့ပါ။
နောက်ထပ်စာချုပ်လိုက်တာလည်းသူမမသိ။
ငွေတွေ ယူပြီးစံစားနေကြတာလည်းသူမမသိ။
ဒီလိုတွေ နာကျင်ရတာ သူမကိုမွေးထုတ်ခဲ့တဲ့ အမေကြောင့် ။ ဘာလို့အကျင့်ဆိုးမိစ္ဆာဒိဌိတွေ ရဲ့ လက်ထဲကို ထိုးအပ်ခဲ့ရတာ လဲ။
ကျွေးမိုးစောင့်ရှောက်ဖို့မတတ်နိုင်ဘူးဆိုရင်တောင်ဝမ်းထဲမှာ ပင်အသေသတ်ပစ်ဖို့ကောင်းသည်။
ခုတော့
“ အနာဂတ်ကိုမင်းစိတ်သန့်သန့်နဲ့ သွားနိုင်မှာ မို့လား၊ပစ္စပ္ပုန်မှာ ကိုယ်နဲ့ လက်တွဲ လိုက်ပါ’’
“တောက်သွားထွက်သွားဦးသိုက်စိုး၊ ရှင်ကျွန်မအနားကခုထွက်သွားတော့’’
“အဟော်ခုနကပဲကိုယ့်ကိုဒီအိမ်ကြီးအပိုင်ပေးတယ်ဆို၊ ဘာလို့ထွက်သွားခိုင်းနေရတာ လဲ၊ ဒါကိုယ့်အိမ်ဖြစ်သွားပြီလေ၊ မင်းမနေချင်ရင်မင်းထွက်သွားရမှာ မဟုတ်ဘူးလား’’
“ဟုတ်တယ်ကျွန်မထွက်သွားရမှာ ၊ ဒီအိမ်ကြီးမှာ တစ်စက္ကန့်တောင်ကျွန်မလည်းမနေချင်ပါဘူး၊ အညှီအဟောက်အကျင့်ပျက်သိက္ခာမရှိတဲ့အရပ်ဒေသကမနေသင့်ဘူးဆိုတာကျွန်မသိတယ်၊ဒါပေမယ့်ကျွန်မရှေ့ကရှင်အခုထွက် သွားပါ၊ ကျွန်မရှင့်မျက်နှာကိုမမြင်ချင်ဘူး၊ မကြည့်ချင်ဘူး’’
“ဂမုန်းလေးကလည်းကွာ’’
“ရှင်လူလိုပြောနေတာနားမလည်ဘူးလား၊ ကျွန်မအရင်တုန်းကရှင်တို့သြဇာခံဂမုန်းရိုင်းမဟုတ်ဘူးနော်၊ အရှက်နဲ့ သိက္ခာအတွက်လူသတ်ဖို့လည်းဝန်မလေးဘူး၊ သွားတော့သွား’’
စူးဝါးစွာ အောပစ်လိုက်တော့သိုက်စိုးပခုံးတွန့်ကာနောက်ပြန်ဆုတ်သွားသည်။
ဒေါ်ရင်မေပွဲကြမ်းလျှင်တောင်ဖင်တုန်အောင်ကြောက်တတ်သော သိုက်စိုးအကျင့်ကိုသိနေတာကြောင့် ဂမုန်းပြုံးလိုက်မိဧ။်။
ဇရှိပေမယ့်သွေးမရှိသော ဒီယောကျာင်္းတွေ ကအစွယ်ထုတ်မပြလျှင်ကိုယ့်အပေါ်ယုတ်မာဖို့ဝန်လေးလိမ့်မည် မဟုတ်။
ဒီအကြောင်းအရာတွေ အတွက်တရားခံ တစ်ယောက် တော့အရေး တကြီးလိုအပ်နေပြီ။
“မြို့ထဲကဟိုတယ်တစ်ခုခု၊ တည်းခိုခန်းတစ်ခုခုမှာ အနားသွားယူရင်ကောင်းမယ်ထင်တယ်၊ ဟိုနေရာထိုင်၊ ဟိုချောင်ကပ်ဒီချောင်ကပ်နဲ့ တစ်ညလုံးလည်းမအိပ်ရဘူး’’
“မင်းကလည်းကွာအသုဘအိမ်ပါဆိုမှဇိမ်နဲ့ နှပ်နေလို့ဖြစ်ပါ့မလား၊ ကိုယ့်ရပ်ရွာလည်းမဟုတ်ဘူး၊ ကြည့်နေကြည့်စားပေါ့’’
“ထူးဆန်းပါ့ကွာ၊ မြန်မာပြည်မှာ ဒီလိုအယူအဆတွေ ရှိနေသေးလား၊ မသာအိမ်ကိုပျော်ပွဲရွှင်ပွဲကျင်းပနေတာကျနေတာပဲ၊ အရက်ဝိုင်းရောဖဲဝိုင်းရော’’
“ဒေါ်ရင်မေအိမ်ဖြစ်နေလို့နေမှာ ပေါ့၊ မြို့နဲ့ လည်းအလှမ်းဝေးပြီးတသီးတခြားဖြစ်နေတော့နည်းနည်း လွတ်နေကြတာ၊ဒီထက်ဆိုးဝါးပြီးဆူညံပူညံဖြစ်လို့ ကတော့ ဝမ်းနိုင်းနိုင်းကိုဖုန်းဆက်လိုက်ရုံပဲ’’
“ပြဿနာမရှာနဲ့ ဒီသ၊ ကိုယ်ကလူစိမ်း၊ ဒီနယ်မြေမှာ ဒေါ်ရင်မေလူတွေ ချည်းပဲ’’
“ဘယ်နေရာဖြစ်ဖြစ်ဥပဒေမဲ့နေတာမဟုတ်ဘူး၊ တို့ပြည်သူတွေ အတွက်အေးချမ်းအောင်စောင့်ရှောက်ပေးမယ့်နားတွေ ၊ မျက်စိတွေ ၊အသံတွေ ရှိတယ်၊ငါဘယ်သူမှမကြောက်ဘူး၊ အေးဂမုန်းရိုင်းအတွက်ဆိုလည်းအသက်ပေးဖို့ဝန်မလေးဘူး’’
ခေါင်းကိုစုံကုတ်၍ စီးကရက်တစ်လိပ်မီးညှိကာဖုန်းမြန်ခြံထောင့်ဘက်ထွက်သွားသည်။
တစ်အိမ်လုံးခြံဝင်းတစ်ခုလုံးမီးတွေ ထိန်နေပေမယ့်သရက်ပင်တွေ အုပ်ဆိုင်းနေသော ခြံထောင့်မှာ တော့မှော င်ရိပ်ကျလျက်ရှိသည်။
“သရက်သီးစားချင်လို့လားဖုန်းမြတ်’’
“မဟုတ်ပါဘူး၊ဒီဘက်ကနားအေးပါးအေးရှိတယ်၊ သရက်ပင်အောက်ကကွပ်ပျစ်လေးမှာ အိပ်လိုက်ရင်လည်းလေတဖြူးဖြူးနဲ့ အဆင်ပြေမယ်ကွ၊ မင်းလည်းအိပ်လေ’’
“ဟင့်အင်းငါအိပ်ပျော်မှာ မဟုတ်ဘူး၊ ဒေါ်ရင်မေမောင်လား၊ ဦးလေးလား၊ ဦးသိုက်စိုးဆိုတဲ့လူကြီးရဲ့ မျက်လုံးတွေ ငါမကြိုက်ဘူး၊ ဂမုန်းကိုကြည့်တာဆက်ဆံတာမရိုးသားဘူးလို့ငါထင်တယ်၊ဒေါ်ရင်မေမရှိတော့ဘူးဆိုတော့ဂမုန်းကိုတစ်ခုခုကြံစည်လိုက်မှာ စိုးတယ်’’
“မင်းဂမုန်းကိုစွဲစွဲလမ်းလမ်းချစ်နေပြီပဲ၊ မင်းဒယ်ဒီဘက်ကပြဿနာမရှိဘူးဆိုရင်ငါလည်းအားပေးချင်ပါတယ်ကွာ၊ ခုကိစ္စကိုမင်းဒယ်ဒီသိရင်မိုးမီးလောင်မယ်ထင်တယ်’’
“တွေးမထားချင်ဘူးကွာ၊ ဖြစ်သမျှရင်ဆိုင်မယ်၊ ဂမုန်းကိုတတ်နိုင်သမျှကူညီပြီးဖေးမနှစ် သိမ့်ချင်တယ်’’
“ဂမုန်းကလက်မခံဘူး၊ မယုံကြည်ဘူးဆိုရှေ့ဆက်တိုးဖို့စဉ်းစားနေတာမင်းကိုယ်မင်းမိုက်ရူးရဲဆန်နေတာလို့မထင်မိဘူးလား’’
“ဒီအတိုင်းနောက်မဆုတ်ချင်ဘူးကွာ၊ ဂမုန်းယုံကြည်အောင် သက်သေပြချင်တယ်၊ ဟိုဂမုန်းတို့လိုမိန်းကလေးတွေ ဘာလို့မက်မောမယ်ထင်လဲ’’
“ရွှေငွေပစ္စည်းဥစ္စာ တစ်ခုခုပေါ့’’
“အခုငါမြင်နေရတာ တော့ အမေ တစ်ယောက် ဖြစ်လိမ့်မယ်ထင်တယ်၊ သမီး တစ်ယောက် ရဲ့ ခံစားမှု တွေ နဲ့ သူနာကျင်ကြေကွဲနေတယ်၊ဖြစ်နိုင်ရင် အဲဒီ အမေဆိုတဲ့မိန်းမကြိးရဲ့ လက်ကိုဆွဲပြီးဂမုန်းရှေ့ကို ခေါ်လာလိုက်ချင်တယ်’’
“မင်းရဲ့ စိတ်က ဂမုန်းထက်တောင်ပြင်းထန်နေသလိုပဲ၊ ငါတောင်လေးစားချင်သလို ဖြစ်လာပြီဟားဟား’’
“ရှူးတိုးတိုး၊ လူသံကြားတယ်၊ ဒီဘက်လာနေတာထင်တယ်ကွ၊ အခြေအနေနားထောင်ကြည့်ရအောင်’’
မတိုင်ပင်ရပါဘဲ နှစ် ယောက် သား သရက်ပင်ကြီးရဲ့ နောက်မှာ ကျောကပ်လိုက်ပြီးသားဖြစ်သွားသည်။
“မင်းကသေချာလို့လား သိုက်စိုးရာ၊ ဒေါ်ရင်မေရှိတုန်းကတောင် ဂမုန်းဒီလိုကိစ္စတွေ ကိုခါးခါးသီးသီးငြင်းခဲ့တာ’’
“အဲဒါကအပေးအယူကိစ္စတွေ ရှိခဲ့လို့ပါ၊ ကိုယ်ခန္ဒာမရင်းရရင် တခြားနည်းနဲ့ ငွေရအောင်ရှာပေးမယ် ကတိပေးလို့ဒေါ်ရင်မေကလိုက်လျောခဲ့တာ၊ဦးမိုးမြင့်စားသောက်ဆိုင်ကလည်း ငွေတွေ မြိုးမြိုးမြက်မြက်ရလိုက်တယ်လေ၊ အခုကဒေါ်ရင်မေလည်းမရှိတော့ဘူး၊ ဂမုန်းရိုင်းက ကျူပ်လက်ခုပ်ထဲက ရေဖြစ်နေပါပြီ၊ခင်ဗျားထိုက်ထိုက်တန်တန်ပေးမယ်ဆိုရင် ကျူပ်စီစဉ်ပေးမယ် ဦးကျောက်ဒိုး’’
“ဂမုန်းဘက်ကအဆင်ပြေမယ်ဆိုရင် တန်ရာတန်ကြေးမက ငါပေးနိုင်တယ်သိုက်စိုး၊ငွေရလို့တာဝန်ကျေရုံဆက်ဆံကြတာထက် ဒီလိုအသစ်အဆန်းကို ဦးဦးဖျားဖျားခံစားရတာ ဘယ်လောက်များ အရသာရှိလိုက်မလဲ’’
သွားရည်တမြားမြားမြိန်ရေရှက်ရေပြောနေလိုက်တာ လည်တောင်နစ်နေသည်ထင်သည်။ တင်းခနဲဖြစ်သွားတဲ့ဒီသရဲ့ လက်သီးဆုပ်ကိုဖုန်းမြတ်သတိထားမိသွားကာ ခပ်တင်းတင်းဆုပ်ညှပ်၍ သတိပေးသည်။
“ရေဘယ်လောက် ခပ်ချင်လဲသိုက်စိုး’’
“ငါးပုလင်း’’
“မများ ဘူးလား၊ မင်းတို့လက်ထွက်က နှစ် ပုလင်းအောက်မဟုတ်ဘူးလား’’
“အဲဒါတွေ က ဒိတ်အောက်နေပြီ၊ ခင်ဗျားသိပါတယ် ဦးကျောက်ဒိုး၊ ဂမုန်းရိုင်းက လတ်လတ်ဆတ်ဆတ်ဟားဟား’’
ရယ်သံတွေ ကအော့နှလုံးနာအော်ဂလီဆန်စရာကောင်းလှသည်။ မျက်နှာတွေ ကိုမမြင်ရပေမယ့် သိုက်စိုးမတော် လောဘနှင့် ငွေလက်ခံလိုက်ပြီဆိုတာသိလိုသည်။ဒါဆိုသိုက်စိုးဆိုတဲ့လူကြီးဂမုန်းကို..
“ဟာဒီသမသွားနဲ့ ’’
ဖုန်းမြတ်အထိတ်တလန့်တားလိုက်ပေမယ့်ဒီသက သိုက်စိုးတို့ရှေ့ထွက်ရပ်လိုက်တာမြန်ဆန်လွန်းဧ။်။
“ခင်ဗျားတို့အဲဒါဘာလုပ်တာလဲ’’
“အဟော်ဂမုန်းနဲ့ ပါလာတဲ့ရန်ကုန်ကဧည့်သည်တွေ ပဲ၊ ကိုယ့်နေရာကိုယ်နေပါ၊ သူများ ကိစ္စမစပ်စုပါနဲ့ ’’
“ကိုယ့်ကိစ္စမို့ဝင်ပါတာ ပေါ့ဦးသိုက်စိုး၊ ကျူပ်ကဦးမိုးမြင့်ရဲ့ သား ဂမုန်းရိုင်းကိုမှဲ့ တစ်ပေါက်အစွန်းမခံဘဲ ပြန်ခေါ်သွားဖို့တာဝန်ရှိတယ်’’
“ဘာ’’
သိုက်စိုးအထိတ်တလန့် အာမေဍိတ်သံနှင့် ပြူးပြူးပျာပျာဖြစ်သွားသည်။ ငွေတွေ ကိုလည်းဦးကျောက်ဒိုးလက်ထဲပြန်ထည့်ဧ။်။
“စာချုပ်ထဲမှာ ဂမုန်းရိုင်းအပျိုစင်ဖြစ်ရမယ်ဆိုတဲ့ အကြောင်းပါတယ်နော်၊ အမှားအယွင်းဖြစ်ရင် နှစ် ဆပြန်လျော်ရမယ်ဆိုတာ ခင်ဗျားလည်းသိမှာ ပါ၊ အခုနေတဲ့အိမ်နဲ့ ၊စီးတဲ့ကားကိုပြန်ပေးရင်တောင်ကျေပါ့မလား’’
ဦးသိုက်စိုးဆတ်ခနဲတုန်သွား၏ ။ မျက်နှာ ကတော့တင်းမာခက်ထန်နေသည်။ ဆင်ခြေပေးဖို့စကားလုံးရွေးနေတာလည်းဖြစ်နိုင်၏ ။ ပြီးမှမဲ့ပြုံးတစ်ခုနှင့် မျက်လုံးတွေ ကိုမှေးစင်းကာ.......
“အဲဒီ စာချုပ်ကဘောင်မ၀င်ပါဘူးကွာ၊ ဘယ်လိုဥပဒေပုဒ်မနဲ့ တရားစွဲမလဲ၊ အဟက်အားမနာတမ်းပြောရရင်အဲဒီ စာချုပ်ဒေါ်ရင်မေနဲ့ လုပ်ခဲ့တာ၊ ငါ့လက်ထက်မှာ ဂမုန်းရိုင်းကိုငါပိုင်တယ်၊ငါလုပ်ချင်တာလုပ်လို့ရတယ်သိလား’’
“ဘာခင်ဗျားဘာပြောတယ်’’
“အမှန်တွေ ကိုပြောနေတာ၊ ရေရှည်စီမံကိန်းနဲ့ ဒေါ်ရင်မေခိုင်းစားလို့ရအောင်ဂမုန်းရိုင်းကို ကလေးဘ၀ကတည်းကငါပေးခဲ့တာ’’
“ဘာ’’
“အခုဒေါ်ရင်မေမရှိတော့ဘူးဆိုတော့ဟဲဟဲ’’
“ခင်ခင်ဗျား’’
“ခွပ်’’
“ဖုန်း’’
ဒီသလက်သီးကအသံထက်မြန်သည်။ဖုန်းမြတ်ဆွဲရုန်းနေတဲ့ကြားကသိုက်စိုးမျက်နှာကိုနှစ် ချက်ဆင့်ထိုးလိုက်ဧ။်။သိုက်စိုးပါးနှစ် ဖက်ကိုပွတ်ကာလူးလဲပြန်ထသော်လည်းလူကြီးလူကောင်းစတိုင်(လ်) နှင့် ဦးကျောက်ဒိုးကသူ့ငွေအိတ်ကိုကျစ်ကျစ်ပါအောင်ဆုပ်၍ နောက်ကြောင်းပြန်လှည့်သွားသည်။
“ဒီသစိတ်ထိန်းပါကွာ၊ ကိုယ်ကဧည့်သည်’’
“ဒီလူယုတ်မာနေတာသိရဲ့ နဲ့ ငြိမ်နေရမလား၊ ဒီမယ်ဦးသိုက်စိုးအခုကျူပ်ရဲကိုဖုန်းဆက်လိုက်ရင် ခင်ဗျားဘာဖြစ်သွားမယ်ထင်လဲ’’
“မင်းဆန္ဒရှိရင်လုပ်လိုက်လေ၊ မင်းအဖေအလုပ်ကလည်းဥပဒေဘောင်အတွင်းကမဟုတ်ပါဘူး၊ အမှု တွဲ ထဲတသီတတန်းကြီးပါလာမှာ ပေါ့’’
“၀မ်းနည်းမယ်လို့ခြိမ်းခြောက်နေတာလားဦးသိုက်စိုး၊ စားသောက်ဆိုင်နဲ့ တွဲ ပြီးမိန်းကလေးတွေ ကိုစင်ပေါ်မှာ ဟန်ပြလုပ်ခိုင်းနေတာကျူပ်မနှစ် မြို့ဘူး၊ ကိုယ့်သားသမီး၊ကိုယ့်မိသားစုကောင်းစားဖို့ အတွက်သူများ သားပျိုသမီးပျိုကိုငွေနဲ့ အနိုင်ကျင့်နေတယ်လို့ပဲကျူပ်ယူဆတယ်၊ ခင်ဗျားခံရဲတယ်ဆိုစိန်လိုက်ဦးသိုက်စိုး’’
ဦးသိုက်စိုးတုန်လှုပ်သွေးပျက်သွားကာမျက်နှာအမူအရာပါပြောင်းသွားသည်။
“ကောင်းပြီ၊ မင်းနဲ့ ပြဿနာမဖြစ်ချင်ပါဘူး၊ အခုမင်းဘာဖြစ်ချင်တာလဲ၊ ဒါငါ့နယ်မြေငါ့ဝန်းကျင်၊ ဘယ်မိန်းကလေးနဲ့ မင်းနှစ် ပါးသွားကချင်လဲ၊ လက်ညှိုးထိုးလိုက်၊ရေစကားမပြောနဲ့ ဈေးသက်သာအောင်ငါညှိပေးမယ်’’
“ကျစ်ခင်ဗျားကခေါင်းဆိုတော့ ဒီစကားထက်လှအောင်မပြောတတ်ဘူးကိုး၊ အခုကျူပ်က ခင်ဗျားအာသာငမ်းငမ်းဖြစ်နေတဲ့ငွေကို ကျေနပ်ရောင့် ရဲတဲ့အထိပေးမယ်၊ခင်ဗျားလုပ်ရမှာ ကကျူပ်မေးတဲ့မေးခွန်းတွေ ကိုအမှန်အတိုင်းဖြေပေးရမယ်၊ဘယ့်နှယ်လဲ’’
“ဘာ’’
ငွေသံကြားတော့ဦးသိုက်စိုးမျက်နှာအံ့သြရိပ်တွေ နှင့် ပြုံးရွှင်သွား၏ ။ ဒီသကဂျာကင်အကျီထဲကငွေတစ်ထပ်ကိုနှိုက်ယူ၍ ဦးသိုက်စိုးမျက်နှာနားမှာ ၀ဲပြလိုက်ဧ။်။
“အဆင်ပြေရင်မေးခွန်းစမေးမယ်’’
ဦးသိုက်စိုးခေါင်းညိတ်တော့ဒီသက ဦးသိုက်စိုးလက်ထဲ ထောင်တန်တစ်အုပ်ထည့်လိုက်သည်။
“ဒေါ်ရင်မေခိုင်းစားလို့ရအောင်ဂမုန်းကိုခင်ဗျားပေးလိုက် တာလို့ခုနကခင်ဗျားပြောလိုက်တာနော်၊ ဒါဆိုဂမုန်းအမေဘယ်သူလဲ၊ ခင်ဗျားသိမှာ ပေါ့’’
“ဟို.......အဲဒါ’’
ယောင်တောင်တောင်ထစ်အနေတဲ့သိုက်စိုးလက်ထဲကငွေထုပ်ကိုဒီသဆတ်ခနဲပြန်ယူလိုက်သည်။
“မသေချာမရေရာရင်ဒီငွေကခင်ဗျားနဲ့ မတန်ဘူး၊ဂမုန်းအမေဘယ်သူလဲ၊ဂမုန်းဘယ်မျိုးရိုးကဆင်းသက်လာတာလဲဆိုတာအရမ်းအရေး ကြီးနေတယ်၊စကားတစ်လုံးမှန်ရင်ခင်ဗျားအတွက်တစ်အုပ်လာမယ်ဦးသိုက်စိုး’’
“ဟိုငါငါဂမုန်းကိုမိဘမဲ့ဂေဟာကခိုးလာတာ’’
“ဟုတ်ပြီ၊ရော့တစ်အုပ်၊ ဘယ်မိဘမဲ့ကျောင်းကလဲ၊ ဘာကြောင့် ခိုးလာတာလဲ’’
“မေးခွန်းကနှစ် ခုဖြစ်နေတယ်၊နှစ် အုပ်ထပ်ရမှာ လား’’
သိုက်စိုးလောဘကကြောက်စရာကောင်းသည်။ ငွေထုပ်ကိုစူးစိုက်ကြည့်လျက်ကိုယ့်သေတွင်း ကိုယ်တူးနေမိတာကိုသတိမထားမိ။
ဒီသကနှုတ်ခမ်းထောင့်စွန်းလေးတစ်ဖက်တွန့် ကွေးမဲ့ရွဲ့လိုက်ကာထောင်တန်နှစ် အုပ်ဆွဲထုတ်လိုက်ပြီး
“ကျူပ်ကရက်ရောပါတယ်၊ခင်ဗျားဘက်ကသိတတ်မယ်ဆိုရင်ပေါ့၊ပြည့်ပြည့်စုံစုံပြောမယ်ဆိုရင်ပိုကောင်းလိမ့်မယ်ထင်တယ်’’
“အေးမေတ္တာမိဘမဲ့ဂေဟာမှာ ငါနဲ့ ငါ့မိန်းမကထမင်းဟင်းချက်တာဝန်ယူထားတယ်၊နောက်တော့ငါ့မိန်းမသေသွားတယ်၊မိန်းမရဲ့ အသုဘမှာ သူနဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ဒေါ်ရင်မေရောက်လာတယ်၊ပူဆွေးနေတဲ့ငါ့ကိုဒေါ်ရင်မေကအားပေးနှစ် သိမ့်ရင်းနဲ့ သူလုပ်နေတဲ့လုပ်ငန်းအကြောင်းပြောပြတယ်၊အဲဒီ နောက်မှာ ဒေါ်ရင်မေရဲ့ အကြံပေးမှု နဲ့ ဂေဟာကသန့်သန့်ပြန့်ပြန့်ကလေး တစ်ယောက် ကိုခိုးပြီးဒေါ်ရင်မေဆီငါရောက်သွားတယ်၊ငါခေါ်သွားတဲ့ကလေးကဂမုန်းရိုင်းပဲ’’
“ခင်ဗျားတို့ရဲ့ အကြံအစည်တွေ ယုတ်မာအောက်တန်းကျတာတွေ ကိုယ့်ကိုယ်ကိုယ်မရှက်တတ်ကြဘူးလား’’
“အဲလိုတွေးပြီးရှက်နေရင် ငါဒီလိုတိုက်နဲ့ ကားနဲ့ ချမ်းချမ်းသာသာနေရမှာ မဟုတ်ဘူးလေ၊ မင်းလည်းဦးမိုးမြင့်ရဲ့ သားပဲ၊ ဒီလောက်တော့နားလည်မှာ ပါ’’
“အဲဒီ လိုပေါ့ပေါ့ကလေးမပြောနဲ့ ဦးသိုက်စိုး၊ ဂမုန်းရိုင်းကမိဘမဲ့ဂေဟာမှာ နေရင်ဒီလိုအကျင့်ပျက်သိက္ခာမဲ့တဲ့ပတ်ဝန်းကျင်နဲ့ ရင်းနှီးပတ်သတ်စရာအကြောင်းမရှိဘူး၊ခင်ဗျားကျူးလွန်ထားတာပုဒ်မအကြီးကြီးနော်’’
သိုက်စိုးကဟက်ခနဲရယ်ကာဒီသလက်ထဲကထောင်တန်အုပ်ကိုဆွဲလုလိုက်ဧ။်။
“အနှစ် နှစ် ဆယ်ကျော်ပြီ၊ ကိုယ့်လမ်းကိုယ်လျှောက်နေကြတာ၊ ဘာသက်သေမှလည်းမရှိပါဘူးကွာဟင်းဟင်း’’
“ခင်ဗျားဥာဏ်ရည်တိမ်လှချည်လား၊ ဒါမင်းမဲ့တိုင်းပြည်မှမဟုတ်တာ၊ခင်ဗျားအပြစ်တွေ ကိုကုပ်ကဆွဲပြီးရဲစခန်းမှာ ၀န်ခံခိုင်းလိုက်ရင်သံတိုင်တွေ ကြားမှာ ခု ချက်ချင်း ခင်ဗျားငုတ်တုတ်သွားထိုင်နေရမယ်နော်’’
“ဟာအဲအဲလိုတော့မလုပ်ပါနဲ့ ကွာ၊ မင်းငွေပေးမယ်ဆိုလို့ငါပြောပြနေတာ၊ ငါ့ဘ၀ပျက်စီးအောင်တော့မလုပ်လိုက်ပါနဲ့ ’’
“ဒါဆိုရင်ဂမုန်းရိုင်းရဲ့ ဘ၀မှန်ကိုပြန်ရှာပေးရမယ်’’
“ဘာ’’
“လူမှု ရေး ရှုထောင့်ကပဲကြည့်ကြည့်ဥပဒေဘက်ကပဲကြည့်ကြည့်ဂမုန်းရဲ့ ဘ၀ကိုခင်ဗျားပျောက်အောင်လုပ်ခဲ့တာ၊သူ့ဘ၀ကိုပြန်ရှာပေးမှခင်ဗျားအပြစ်လွတ်မှာ ပေါ့၊ဒါကျူပ်ရဲ့ စိတ်နဲ့ ပြောနေတာနော်၊ဂမုန်းရဲ့ စိတ် ကတော့ခွင့်မလွှတ်နိုင်အောင်နာကြဉ်းနေမှာ ပဲ’’
“ငါငါကဘာလုပ်ရမှာ လဲ’’
“ဂမုန်းဆီမှာ ခင်ဗျားအပြစ်ကိုဝန်ခံ၊ ခင်ဗျားခိုးလာခဲ့တဲ့မိဘမဲ့ဂေဟာကိုခင်ဗျားကိုယ်တိုင်လိုက်ပို့၊ မဟုတ်ရင်တော့ခင်ဗျားကိုကျူပ်မညှာတာနိုင်ဘူး’’
“ပို့ပို့လို့တော့မဖြစ်ဘူးလေကွာ၊ အဲဒီ ဂေဟာကိုကြီးကြပ်တဲ့ဆရာမ ကြီးရှိနေသေးရင်ငါ့ကိုမှတ်မိပြီးဘယ်ခွင့်လွှတ်ပါ့မလဲ’’
“ဒါဆိုခင်ဗျားကျူပ်ကိုတစ်ပတ်ရိုက်သွားရင်ဘယ်လိုလုပ်မလဲ၊ဂေဟာကိုအလွဲကြီးညွှန်ပြီးထွက်ပြေးသွားတာမျိုးပေါ့၊သေချာမှဂမုန်းဘာကြောင့် အဲဒီ ဂေဟာကိုရောက်ရတာ လဲ၊ဂမုန်းအမေဘယ်သူလဲဆိုတာသိရမှာ ’’
ဦးသိုက်စိုးမျက်နှာကြီးရှုံ့မဲ့နေကာခေါင်းကိုစုံကုတ်သည်။
“အဲဒီ ဂေဟာကိုသိရုံနဲ့ မဖြစ်ဘူးလားကွာ’’
“မဖြစ်ဘူး၊ အဲထားပါတော့အဲဒီ ဂေဟာကိုဂမုန်းနဲ့ ကျူပ်သွားစုံစမ်းမယ်၊ ခင်ဗျားအနားမှာ ကျူပ်သူငယ်ချင်းကိုစောင့်ကြည့်ခိုင်းမယ်၊အလွဲလွဲအချော်ချော်ဖြစ်ရင်လက်ထိတ်နဲ့ ခင်ဗျားမိတ်ဆွေဖြစ်သွားမယ်’’
“အေးအေးပါမင်းကြိုက်သလိုလုပ်ပါတော့ကွာ’’
အတည်ပေါက်နှင့် ခြိမ်းခြောက်တော့လည်းဦးသိုက်စိုးကကြောက်တတ်သားပင်။ တစ်ကိုယ်လုံးဆတ်ဆတ်တုန်လို့။ မျက်နှာလေးလည်းဆီးရွက်ခန့်သာရှိတော့သည်။
ဘာပဲဖြစ်ဖြစ်ဂမုန်းရဲ့ ဆန္ဒတစ်ခုကိုဖြည့်ဆည်းနိုင်လျှင်ဒီသကျေနပ်ပါသည်။
မမျှော်လင့်ဘဲတွေ့ လိုက်ရတဲ့လမ်းစတစ်ခုကိုဂမုန်းသက်သက်သာသာလျှောက်ခွင့်ရပါစေတော့။
“ဖြန်းဖြန်း’’
“ဟာဂမုန်းမလုပ်ရဘူးလေ၊ သူပြောပြလို့ဂမုန်းဘ၀တစ်ဆစ်ချိုးကိုသိရတာ ’’
“သူလိုလူမျိုးကိုကျေးဇူးတင်ရဦးမှာ လားဒီသ၊ သူတို့ရဲ့ အောက်တန်းကျတဲ့စိတ်ဓာတ်ကြောင့် ငါ့ကိုယ်ငါမထိန်းသိမ်းနိုင်ခဲ့ရင် ပြည့်တန်ဆာဘ၀ရောက်နေပြီ’’
“အဲဒါတွေ မပြောနဲ့ တော့ဂမုန်းရာ၊ နင်သိချင်တာနင့်အမေဘယ်သူလဲဆိုတာပဲမဟုတ်လား၊ သူ့ရဲ့ ၀န်ခံမှု ကနင့်မျှော်လင့်ချက်တွေ အကောင်အထည်ဖော်နိုင်မှာ ပါ’’
မျက်နှာငယ်လေးနှင့် ပါးနှစ် ဖက်ကိုပွတ်သပ်နေတဲ့ဦးသိုက်စိုးကိုဂမုန်းရွံရှာစက်ဆုပ်စွာ ကြည့်ပစ်လိုက်သည်။ ဆဲဆိုတိုင်းထွာနေလို့ရော ဒီလိုလူမျိုးကနာတတ်မည် တဲ့လား။
“ကျွန်မအမေကအဲဒီ ဂေဟာပိုင်ရှင်လား’’
“မသိဘူး၊ ငါတို့လင်မယားအဲဒီ ဂေဟာမှာ အလုပ်ဝင်တော့ အဲဒီ ဂေဟာကိုကြီးကြပ်စောင့်ရှောက်နေတဲ့ ဆရာမ ကြီးဒေါ်နုတင်က တစ်နှစ် ကျော်အရွယ်မင်းကို ပွေ့ပွေ့ပိုက်ပိုက်ယုယုယယ နေတာပဲ၊အဲဒီ ဂေဟာမှာ ရှိတဲ့ကလေးလေးတွေ အားလုံးကို သားရေသမီးရေခေါ်တော့ သူမွေးထားတဲ့သမီးလား၊ စွန့်ပစ်ခံရတဲ့ကလေးတွေ လား မခွဲခြားတတ်တော့ဘူး’’
“ကျွန်မအမေလည်း ဖြစ်နိုင်တယ်ပေါ့’’
“ထင်တာပဲ၊ သူ့ယောကျာင်္းနဲ့ တွဲ ပြီးတစ်ခါတစ်လေတွေ့ တယ်၊ ကလေးတွေ ကိုကြင်နာယုယပြီး မေတ္တာတွေ အပြည့်အ၀နဲ့ ထွေးပိုက်နေတော့သူ့ မိသားစုဝင်တွေ လား၊တာဝန်အရ လုပ်နေတာလားမပြောတတ်တော့ဘူး၊ အဲဒီ ဂေဟာရဲ့ ပိုင်ရှင်က နိုင်ငံခြားမှာ နေတယ်လေ၊ စေတနာဝန်ထမ်းလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ’’
သိုက်စိုးအဖြေကမရေရာပါ။ ဒါပေမဲ့ဖြစ်နိုင်ခြေလည်းရှိနေတာမို့ နာရီဝက်နီးပါးကားမောင်းပြီး ထိုမိဘမဲ့ဂေဟာကိုရောက်လာခဲ့ကြသည်။ ဦးသိုက်စိုးနှင့် ဖုန်းမြတ်ကအပြင်မှာ နေခဲ့ကြပြီး၊ဒီသနှင့် ဂမုန်းကဂေဟာအတွင်းထဲ ၀င်လာခဲ့ကြဧ။်။
ခမ်းနားတောက်ပြောင်ခြင်းမရှိပေမယ့် သီးပင်စားပင်သစ်ပင်ပန်းမာန်များ ဖြင့် ဂေဟာလေးက စိမ်းစိုအေးချမ်းလှသည်။
စေတနာ့ဝန်ထမ်း တစ်ယောက် ကို ဒေါ်နုတင်နာမည် မေးလိုက်တာနှင့် ရုံးခန်းနှင့် ခပ်ဆင်ဆင်တူသော အဆောက်အအုံလေးကိုလမ်းညွှန်ကြ၏ ။
တွေ့ ရတော့မည် ဆိုတော့ ဂမုန်းရင်တွေ ဆတ်ဆတ်တုန်ကာ ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။
အမေသူ့အမေဖြစ်နိုင်သလား။
မဟုတ်ဘူးဆိုလျှင် ...
“အမေ’’
စာရွက်စာတမ်းဖိုင်တွေ ထပ်ထားသော စားပွဲမြင့်မြင့်နောက်က ဖိုင်ဘာထိုင်ခုံမှာ ထိုင်နေသော အသက်ငါးဆယ်ဝန်းကျင်ခန့် အမျိုးသမီးကြီးကိုဂမုန်းလှိုက်လှိုက်လှဲလှဲ အမေဟုခေါ်ကြည့်လိုက်သည်။
ပါဝါမျက်မှန်အောက်က မျက်ဝန်းတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီးဖော်ရွှေစွာ ပြုံးလေဧ။်။
“အမေလို့ခေါ်လိုက်တာလား’’
“ဟုတ်ကဲ့’’
“ဒီဂေဟာက ပညာတွေ သင်ကြားပေးလိုက်လို့ အပြင်မှာ အခြေတကျဖြစ်သွားတဲ့ လူတွေ ကငါ့ကိုအမေလို့ခေါ်ပြီး အလည်အပတ်လာတဲ့သူရှားပါတယ်၊ မင်းနာမည် ဘယ်သူလဲ’’
“အိုး အဲဒီ နာမည် နဲ့ မရင်းနှီးဘူးထင်တယ်၊ ဘာကြောင့် ငါ့ကိုအမေလို့ ခေါ်ရတာ လဲ’’
“ကျွန်မဒီဂေဟာလေးကို သုံးနှစ် သမီးအရွယ်လောက်အထိ နေခဲ့ဖူးတယ်”
“ဟင်...ဘယ်လို’’
“ဒီဂေဟာမှာ အနှစ် နှစ် ဆယ်ကျော်လောက် ကကလေးလေး တစ်ယောက် မပျောက်ဖူးဘူးလား”
ဒေါ်နုတင်တွေ ခနဲဖြစ်ကာ စဉ်းစားနေသည်။ ဂမုန်းရင်တွေ တလှပ်လှပ်ဖြစ်ကာ ဒေါ်နုတင်ကိုအကြည့်မလွှဲမိ။ ဒေါ်နုတင်က အချိန်အတော် ကြာမှ စဉ်းစားမိဟန်နှင့် ။
“ဟုတ်တယ်၊ ဒီဂေဟာမှာ တစ်ထောင့်ကိုးရာရှယ်ဆယ့် ခုနှစ် နှစ် ဆန်းပိုင်းလောက်ကသုံးနှစ် သမီးအရွယက် ကလေးမ တစ်ယောက် အခိုးခံလိုက်ရတယ်၊အဲဒီ နောက်ပိုင်းစေတနာ့ ဝန်ထမ်းလုပ်ချင်တဲ့သူတွေ ကို တောင်အမှားအယွင်းမရှိအောင် စိစစ်ပြီးမှလက်ခံတယ်၊ မင်းကအဲဒီ ကလေးမလေးလား”
“ဟုတ်တယ်၊ အမေ့သမီးမဟုတ်ဘူးလား”
“ငါဝမ်းနဲ့ လွယ်မွေးတဲ့ကလေးကို ဆိုလိုတာလား၊ ငါ့မှာ သားသမီးအရင်းမရှိဘူး၊ ကလေးမမွေးနိုင်တဲ့အမြုံမဖြစ်ပေမယ့် ငါကကလေးတွေ ကိုအရမ်းချစ်တယ်၊အဲ့ဒါကြောင့် ငါ့ယောကျာင်္းနဲ့ တိုင်ပင်ပြီးဒီဂေဟာမှာ စေတနာ့ဝန်ထမ်းလုပ်ခဲ့တာ၊ ကလေးတွေ အားလုံးက ငါ့ကိုအမေလို့ခေါ်တာကို ငါပီတိဖြစ်တယ်၊ ငါကသားလေးတွေ ၊ သမီးလေးတွေ ခေါ်ခွင့်ရတာ ကိုလည်း ကြည်နူးတယ်၊ ဒါပေမဲ့အတောင်အလက်စုံတော့လည်း ငါ့ကိုခြေစုံကန်သွားကြတာပါပဲ’’
အေးစက်စက်ဖြစ်နေပြီဆိုကတည်းက သူမအမေမဖြစ်နိုင်ဘူးဆိုတာ သိပေမယ့်ဂမုန်းရင်ထဲမှာ တလှိုက်လှိုက်ဝမ်းနည်းနေသည်။
“ဒါဆိုအမေအမေမရှိမိဘမဲ့ဘဝနဲ့ ကျွန်မကဒီဂေဟာကို ရောက်လာခဲ့တာလား၊ ဒါမှမဟုတ် ဘယ်အမှိုက်ပုံကကောက်ပြီး မွေးစားခဲ့တာလဲ၊ပြီးတော့ တစ်ယောက် ယောက် က လာပြီးစွန့်ပစ်ထားတာလား”
“မေးခွန်းတွေ ကများ လိုက်တာ၊ ဒါပေမဲ့မင်းပြောနေတာ တွေ တစ်ခုမှမဟုတ်ဘူး၊ အမျိုးသမီးဘော်ဒါဆောင်ပိုင်ရှင် ငါ့ရဲ့ အသိမိတ်ဆွေ တစ်ယောက် က အကူအညီတောင်းပြီးအပ်ထားခဲ့တာ’’
“ရှင်”
“ဟုတ်တယ်၊ နိုင်ငံခြားလုပ်ငန်းသွားလုပ်တဲ့ သူ့အဖေဆုံးလို့နိုင်ငံခြားကို လိုက်သွားရမှာ မို့မင်းကိုငါ့ဆီအပ်ထားခဲ့တာပါ၊ သူနိုင်ငံခြားကပြန်ရောက်တော့မင်းကအခိုးခံလိုက်ရပြီလေ၊ဘယ်သူမှဘာမှမတတ်နိုင်ကြဘူး၊ အကျယ်တဝင့်ဖြစ်ပြီး အရှက်ရမှာ စိုးတဲ့သူကြောင့် မင်းကို ဖုံးဖုံးဖိဖိပဲရှာဖွေခဲ့ရတယ်”
“သူကကျွန်မအမေလား’’
ဒေါ်နုတင်ခေါင်းယမ်းကာ ခပ်ယဲ့ယဲ့ပြုံးသည်။
“သူကဒီနေ့အချိန်ထိအိမ်ထောင်မပြုသေးတဲ့အပျိုကြီးပဲ၊ မင်းကသူ့သမီးမဖြစ်နိုင်ဘူး’’
“ဟင်’’
ခုမှထိုင်ခုံတစ်လုံးပေါ် ဂမုန်းဆောင့်ခနဲပြုတ်ကျသွားသည်။ အမေ တစ်ယောက် ရဲ့ သမီးအဖြစ် ခုချိန်ထိကိုယ့်ကိုယ်ကိုယ် ရှာဖွေမတွေ့ သေးပါလား။သူမတုန်လှုပ်လှုပ်ခံစားနေချိန်မှာ ဒီသကဒေါ်နုတင်ရှေ့ကို တိုးကပ်သွားသည်။
“သူ့ကိုလာပိုကတဲ့အဒေါ်ကြီးရဲ့ လိပ်စာကိုသိပါသလား၊ သက်ရှိထင်ရှားရော ရှိပါသေးလားခင်ဗျာ’’
“အင်းသူကငါ့ထက် နုပျိုပါသေးတယ်၊ ဒီရန်ကုန်မှာ တော့မဟုတ်ဘူး၊ မန္တလေးမှာ အရင်တုန်းကတက္ကသိုလ်ကျောင်းသူတွေ ရဲ့ အဆောင်ပိုင်ရှင်အဖြစ်နဲ့ ခုချိန်ထိရှိသေးတယ်၊နေဦးသူ့လိပ်စာကိုဖိုင်ထဲမှာ ပြန်ရှာပေးမယ်’’
ဒေါ်နုတင်ကပါဝါမျက်မှန်အောက်ကမျက်ဝန်းတွေ ကို စူးစိုက်လျက်နှစ် ကြာနေတဲ့ ဖိုင်တွေ ကို တစ်ရွက်ချင်းလှန်ကြည့်နေသည်။
“ဟောတွေ့ ပြီ၊ ဟင်မနှင်းရီမင်းကိုလာပို့တဲ့ အချိန်က မင်းနာမည် က ဂမုန်းရိုင်းမဟုတ်ပါဘူး၊ စံပယ်ဖြူပါ’’
“မိဘမဲ့ဂေဟာမှာ အဲဒီ နာမည် ကိုပေးမယ်၊ ဘဝသစ်မှာ ဆန့်ကျင်ဘက်နာမည် နဲ့ ရှင်သန်ခဲ့တာမထူးဆန်းလောက်ပါဘူး၊ ရပ်တည်ခဲ့ရတဲ့အခြေအနေကလည်း ဆိုးဝါးကြမ်းတမ်းခဲ့တယ်လေ’’
ဘာကြောင့် လဲလို့ ဒေါ်နုတင်ဆက်မမေး။ လိပ်စာကိုရေး မှတ်ကူးယူစေပြီးမှ တုန်တုန်ချည့်ချည့်နှင့် ထလာ၍ ဂမုန်းကိုထွေးဖက်သည်။
“အမေလို့ခေါ်လိုက်တဲ့မင်းရဲ့ အသံလေးကိုနားထဲကမထွက်ဘူး၊ ငါအချိန်တွေ အစောကြီး မစောင့်ရှောက်ခဲ့ရပေမယ့်အမေလို့ ခေါ်ပြီးနှုတ်ဆက်ခဲ့တဲ့မင်းကို ကျေးဇူးတင်ပါတယ်၊ဒီဂေဟာမှာ ငါပြုစုခဲ့တဲ့ကလေးတွေ ဒီနေ့ဒီအချိန်ထိအများ ကြီးပဲ၊ဒါပေမဲ့အရွယ်ရောက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ကြတဲ့အချိန်မှာ အိုးမင်းမစွမ်းဖြစ်လာတဲ့ငါ့ကို အမေ တစ်ယောက် အဖြစ် အသိအမှတ်ပြုတဲ့သူက အနည်းအကျဉ်းပဲရှိတယ်၊ ဝမ်းမနည်းပါဘူး၊နောက်ဘဝမှာ ငါ့ဝမ်းနဲ့ လွယ်မွေးရတဲ့ သားတွေ သမီးတွေ နဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ရရင်ကျေနပ်ပြီ’’
ဂမုန်းရင်ထဲ ဆို့နင့်နာကျင်သွားသည်။ ကိုယ့်ဝမ်းနဲ့ လွယ်မမွေးခဲ့ရတဲ့ ကလေးတွေ အပေါ်မှာ တောင် ဒေါ်နုတင်မေတ္တာ ထားတတ်လွန်း၏ ။သူမအမေဖြစ်တဲ့ မိန်းမကြီးကဘာကြောင့် သူမကိုစွန့်ပစ်ရက်ခဲ့တာလဲ။
ဘာပဲဖြစ်ဖြစ်ဒီသနှင့် အတူတူမန္တလေးရွှေမြို့တော် ကြီးကို ရောက်ရဦးမှာ ပါလား။
“မမနုဖုန်းဆက်ထားလို့ အကြောင်းစုံသိပြီးပါပြီ၊ အန်တီမင်းအမေမဟုတ်ဘူးဆိုတာ လည်းမင်းသိပြီးပြီ မဟုတ်လား’’
“ဟုတ်ကဲ့၊ ကျွန်မအမေဘယ်သူလဲဆိုတာ အန်တီသိနေတယ်မဟုတ်လား’’
“ဟင့်အင်း’’
“ဟင် ဘာ....ဘာဖြစ်လို့လဲ’’
မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားသလို သူမရင်ထဲ လှိုက်ဟာမောပန်းသွားသည်။မျက်နှာပေါ်ဆံနွယ်တွေ မကျအောင် သေသပ်စွာ ဆံထုံးမြင့်မြင့်ထုံးဖွဲ့ထားတဲ့ ဒေါ်နှင်းရီမျက်ဝန်းအိမ်က မျက်ရည်စတွေ ရစ်ဝိုင်းနေတာ မြင်နေရဧ။်။
ဘာကြောင့် လဲ။ ဘယ်သူ့အတွက်လဲ ဒီမျက်ရည်တွေ က။
“ဒီဝန်းကျင်မှာ အမျိုးသမီးသီးသန့်ဘော်ဒါဆောင်ပိုင်ရှင်အဖြစ်နဲ့ နေလာခဲ့တာ တော် တော် ကြာပြီ၊အန်တီ့အဆောင်က စည်းကမ်းကြီးစည်းစနစ်ရှိတယ်လို့ နာမည် ကြီးတော့ နယ်ဝေးကမိဘတွေ ကအစ ယုံကြည်စိတ်ချပြီးလာအပ်ကြတယ်၊နယ်မြေအသီးသီးမှာ လည်း တက္ကသိုလ်ဆိုတာ မရှိသေးတော့ လူမျိုးပေါင်းစုံနဲ့ ပျော်စရာကောင်းတဲ့မန္တလေး တက္ကသိုလ်ကြီးပေါ့၊အဲဒီ အထဲမှာ မင်းရဲ့ အမေဖြစ်လာကြမယ့် မိန်းကလေးသုံးယောက် က အန်တီနဲ့ ပိုပြီးရင်းနှီးသံယောဇဉ်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့တယ်’’
“ရှင်ကျကျွန်မအမေ ကသုံးယောက် လား’’
ဂမုန်းရဲ့ ထိတ်လန့်အံ့သြမှု ကို ဒေါ်နှင်းရီမချိတရိပြုံး၍ ခေါင်းညိတ်သည်။
“ဝမ်းနဲ့ လွယ်ပြီးမွေးထုတ်လိုက်တာတော့ တစ်ယောက် တည်းဖြစ်မှာ ပါ၊ ဒါပေမဲ့အဲဒီ သုံးယောက် က ဘယ်သူမွေးလိုက်တယ်ဆိုတာ မသိအောင်သူတို့ချင်းပိရိကြတယ်၊ သစ္စာရှိကြတယ်၊အရမ်းချစ်ကြတဲ့ သူငယ်ချင်းသုံးယောက် ပေါ့’’
ဂမုန်းမိုက်ခနဲဖြစ်သွားကာ မျက်ရည်ပေါက်ကြီးတွေ လိမ့်ဆင်းကျလာပြီး အံတင်းတင်းကြိတ်မိဧ။်။
ခုချိန်ထိမရေရာသေးတဲ့ သူမဘဝကိုနာကြဉ်းစိတ်နှင့် မေ့ပစ်ချင်လာဧ။်။ ဒီသကသူမပခုံးလေးကို ခပ်ဖွဖွပုတ်ပြီးနှစ် သိမ့်လိုက်သည်။
ဒေါ်နှင်းရီ ကတော့ သူမရဲ့ တစ်ထပ်တိုက်ပြတင်းပေါက်လေးကနေ နှစ် ထပ်ဘော်ဒါဆောင်ဘက်ကို ငေးကြည့်ရင်းသက်ပြင်းချနေဧ။်။ အတိတ်ကိုပြန်သတိရစေကာ လွမ်းမောခြင်းလားမသိနိုင်။
“ပျင်းပျော်ပျက်ပြေးမန္တလေးလို့ အဲဒီ အချိန်တုန်းကနာမည် တွင် ခဲ့သေးတယ်၊ မိဘတွေ ကပညာသင်ဖို့တစ်နယ်တစ်ကျေးကို လွှတ်လိုက်တာ၊လွတ်လပ်မှု တွေ အပြည့်အဝခံစားတော့လို့ အမိန့်ပေးလိုက်သလိုပဲ၊ တချို့လူငယ်တွေ ကအစ ကတော့ အကျွမ်းတဝင်မရှိသေးလို့ ပျင်းတယ်၊ နောက်တော့ပျော်တယ်၊ အပျော်လွန်လာတော့ ပျက်တယ်၊ပျက်ပြီးတော့ ပြေးရတော့တာပဲလေ၊ ဒါပေမဲ့အဲဒီ မိန်းကလေးသုံးယောက် ကတော့ ပညာရေး ဆုံးခန်းတိုင်ပြီးဘွဲ့တွေ အသီးသီးရသွားကြပါတယ်၊ ကျောင်းပြီးလို့တစ်နှစ် ကြာတဲ့အထိ အန်တီ့မိဘဘိုးဘွားပိုင်တဲ့ခြံဝင်းကျယ်လေးနဲ့ ပျဉ်ထောင်အိမ်လေးမှာ အတူတူနေသွားကြသေးတယ် ’’
“ကျွန်မကိုမွေးဖွားဖို့ အတွက်လား’’
“အင်းဟုတ်တယ်၊ ဒါပေမဲ့အဲဒီ ကိစ္စကို အန်တီနောက်မှသိခဲ့ရတာ ပါ၊သူတို့ကိုငှားထားတဲ့ အဲဒီ အိမ်လေးကို သူတို့တွေ အဆင်ပြေကြရဲ့ လားလို့ သွားကြည့်ရင်းနဲ့ သမီးလေး တစ်ယောက် ကို ဝိုင်းအုံးချစ်မြတ်နိုးနေကြတာမြင်ခဲ့ရတာ ’’
“ဒါဆိုကျွန်မကိုဘာကြောင့် မိဘမဲ့ဂေဟာမှာ စွန့်ပစ်ခိုင်းရတာ လဲ’’
“သူတို့တွေ အနာဂတ်ပျောက်နေလို့ စေတနာနဲ့ အန်တီတိုက်တွန်းခဲ့မိတာ၊ သူတို့တွေ ကလူချမ်းသာမျိုးရိုးဂုဏ်မြင့်တဲ့အသိုက်အဝန်းတွေ ကလေ၊အဲဒီ အချိန်မှာ ကလေး တစ်ယောက် တိတ်တိတ်ပုန်းမွေးလိုက်တာကို ဖုံးဖိထားနိုင်သေးပေမယ့် အရွယ်ရောက်လာတဲ့အခါမှာ ဘယ်သူကမွေးလိုက်တဲ့သမီးရယ်လို့ ဂုဏ်ဖော်ရဲကြမှာ လဲ၊မိဘတွေ က အန်တီ့ကိုယုံကြည်ပြီး အပ်ထားကြတယ်၊ သူတို့တွေ ဒီလိုဖြစ်နြေ ကတော့ သူတို့မိဘတွေ ကို အန်တီဘယ်လိုမျက်နှာပြရမလဲ၊ ပျိုမျစ်နုနယ်စိတ်ကစားတဲ့အရွယ်မှာ သိပ်ထိန်းကျောင်းရခက်တယ်’’
သက်ပြင်းရှိုက်ရင်း ထိုင်ခုံမှာ ပြန်ဝင်ထိုင်ကာ ဂမုန်းကိုဒေါ်နှင်းရီစေ့စေ့ကြည့်သည်။
“သူတို့မှားခဲ့ကြတဲ့အချိန်က မင်းအရွယ်တောင်ရှိသေးမယ်မထင်ဘူး’’
“အဲဒီ မိန်းကလေးသုံးယောက် ထဲက တစ်ယောက် ယောက် က ကျွန်မအမေဆိုတာသေချာတယ်ပေါ့’’
“သေချာပါတယ်၊ မြခွာညို , စကားစိမ်း , နှင်းဆီနီသူတို့သုံးယောက် ရဲ့ ပန်းနာမည် မျိုးဖြစ်အောင် မင်းကိုစံပယ်ဖြူလေးလို့ သူတို့ခေါ်ကြတယ်။မိန်းကလေးသုံးယောက် သူတို့ကိုမေးဖို့တော် တော် ခက်တယ်၊ ဘယ်လိုပန်းကလေးတွေ လဲမင်းသိလား၊ သူတို့ဟာကောင်းကင်မှာ ပျံနေတဲ့ငှက်ကလေးတွေ လို လွတ်လပ်တယ်၊ လိပ်ပြာလေးတွေ လို လှပတယ်၊တောထဲကသမင်လေးတွေ လိုဖျတ်လတ်တယ်၊ ဘာကိုမှကြောက်ရွံ့ထိတ်လန့်ရမှန်းမသိဘဲ ရဲရင့်တက်ကြွပျံသန်းနေချင်ကြတာပေါ့’’
မှု န်ဝါးနေရာမှအနီးကပ်မြင်နေရတဲ့ ပန်းချီကားတစ်ချပ်လို အတိတ်ဧ။်အရိပ်တို့ကပြတ်သားထင်ရှားလာသည်။ အောက်မေ့တသဖွယ်မကောင်းပေမယ့် မေ့ပစ်လိုက်လို့လည်းမရဘူးလေ။
မြခွာညို၊ စကားစိမ်း၊ နှင်းဆီနီ။
မရင့်ကျက်သေးပေမယ့်အရှိန်အဟုန်နှင့် ပျံသန်းချင်နေတဲ့တက်ကြွနေတဲ့ အချိန်များ ။
အခန်း ( ၇ )
ကလင်....ကလင်......ကလင်
“တောင်သမန်ရောက်မယ်နော်၊ လမ်းကြုံလိုက်ချင်ရင်လျှော့ပေါ့ဈေးနဲ့ တင်သွားမယ်’’
“ဘူးသီးကြော် , ငါးကြော်လည်းအလကားကျွေးမယ်လို့ ပြောပါဟဲ့၊ အဲဒါမှတို့ကယ်ရီယာခုံမှာ ဘဲလေးတွေ ပါလာမှာ ပေါ့’’
“အောင်မယ် မိန်းမတွေ နော် ကျူပ်ချစ်သူနဲ့ သွားတွေ့ မှာ အနှောင်အဖွဲ့တွေ သယ်မလာနဲ့ ’’
“ကြည့်စမ်း.....ကြည့်စမ်း၊ ဒေါ်ခွာညို တို့ကကျူပ်တို့ပံ့ပိုးလို့လည်း ဒီအခြေအနေရောက်လာသေးတယ်၊ အဟန့်အတားနဲ့ ပုန်ကန်နေပြီ’’
“ဟုတ်ပါ့....နီနီရေ၊ ငါတို့သူ့နောက်မလိုက်ဘဲ လမ်းကြောင်းပြောင်းရအောင်၊ ကျေးဇူးရှင်တွေ ကိုစော်ကားနေတယ်’’
“အမယ်လေး,လေးမလုပ်ကြပါနဲ့ ၊ ဒီမှာ ရင်တွေ ခုန်လွန်းလို့ တစ်ယောက် တည်းမသွားရဲပါဘူး၊ ရှိကြီးခိုးပါတယ်’’
“ဟား....ဟား....သနားစရာကောင်းလိုက်တာ’’
စက်ဘီးတွေ ကို မရပ်မနားနင်းလာရင်း ရယ်သံတွေ ကတစ်လမ်းလုံး ဝေစည်ပျံ့လွင်ကျန်ခဲ့သည်။
တောင်သမန်ကိုရောက်တော့ ဇော်ရှိန်းကအကြော်ဆိုင်မှာ အရင်ရောက်နှင့် နေဧ။်။သူမတို့အုပ်စုရောက်လာတော့ မြင်ပါရဲ့ နဲ့ ရှက်ကိုးရှက်ကန်းနှင့် ရေနွေးတွေ တစ်ခွက်ပြီးတစ်ခွက်ငှဲ့သောက်နေသည်။
“ရေနွေးတွေ အဲသလောက်သောက်နေရင် ညကျရှူးရှူးတွေ အိပ်ရာထဲမှာ ပေါက်ချနေဦးမယ်’’
“ဟာဗျာနီနီတို့ ကတော့ လုပ်ချလိုက်ပြန်ပြီ’’
ယောကျာင်္းဖြစ်ပြီး ရှက်တတ်လွန်းတဲ့ ဇော်ရှိန်း မျက်နှာကြီးက တော် တော် နှင့် ပြန်မော့မလာ။
သူမတို့တွေ ထိုင်ခုံတွေ မှာ အသီးသီးဝင်ထိုင်လိုက်ကြပြီး အစားအသောက်တွေ တစ်ယောက် တစ်မျိုး မှာ လိုက်ကြဧ။်။ ဒီဆိုင်လေးကနန်းကြီးသုပ်၊ ညှပ်ခေါက်ဆွဲ၊ ရန်ကုန်မုန့်ဟင်းခါးနှင် အကြော်မျိုးစုံရသည်။
“ဟဲ့အစားတွေ ချည်းဖိစားမနေနဲ့ ၊ နင်ဒီနေ့ဇော်ရှိန်းကိုအဖြေပေးမှာ ဆိုပေးလိုက်လေ’’
“နင်တို့ရှေ့မှာ ငါကဘယ်လိုအဖြေပေးရမှာ လဲ၊ ပြီးတော့ဆိုင်ထဲမှာ လူတွေ ကအများ ကြီး’’
“သြော်ကျူပ်တို့ကရှောင်ပေးရမယ်ပေါ့၊ အစကမလိုက်တော့ဘူးပြောတော့လဲသူပဲ အံမယ်လေး အဘလေးတပြီး၊ဟွန်း...လူတွေ ကြားမှာ ကြောက်ရင် နင်တို့ဦးပိန်တံတားအလယ်ကောင် သွားကြပါလား’’
နှုတ်ခမ်းတစ်လံပန်းတစ်လံနှင့် စကားစိမ်းရန်တွေ့ တော့ ဇော်ရှိန်းကပြုံးစိစိနှင့် မြခွာညိုလက်ကိုဆွဲကာထထွက်သွားသည်။စကားစိမ်းနှင့် နှင်းဆီနီမျက်လုံးပြူးမျက်ဆန်ပြူးနှင့် ပါးစပ်အဟောင်းသားကျန်ရစ်ခဲ့သည်။
“အဲတော် ပြောင်လို့နောက်လို့တောင် မရပါလား၊ အုံပုံးကြီးက အဖြေတောင်မပေးရသေးဘူး၊ ခွာညို့ကိုဆွဲခေါ်သွားလိုက်တာ လက်ရဲဇက်ရဲနဲ့ ’’
“အေးလေ ဟိုမိန်းမကလည်းဘယ်အချိန်ကတည်းက လိုက်ချင်နေလဲမသိဘူး၊ ဖျပ်ဖျပ်ကိုလူးလို့’’
“တို့သူတို့နောက်ကို လိုက်ချောင်းမလား’’
“မချောင်းချင်ပါဘူး၊ မတော် တရော်တွေ လုပ်နေတာတွေ့ ရင် အားကျမိတော့ဘယ်လိုလုပ်မလဲ၊ ငါတို့ကိုစိတ်ဝင်စားမယ့်သူက ရှိသေးတာမဟုတ်ဘူး’’
“အိုး… ဒါလေးများ မိန်းမမာယာတဲ့၊ ကိုယ့်ကိုစိတ်ဝင်စားအောင် , သတိထားမိအောင် လုပ်ရတာ လွယ်ပါတယ်ဒီမှာ ..’’
“ဖြောင်း’’
စကားစိမ်းနှင့် နှင်းဆီနီလက်ဝါးချင်းရိုက်ရန်ဆိုင်ထဲကို မျက်လုံးဝေ့ဝဲရှာဖွေလိုက်သည်။
ပြီးတော့ပြိုင်တူနှာခေါင်းရှုံ့မိကြဧ။်။
“မမိုက်ဘူးဟ၊ လမ်းပေါ်တက်ရှာမယ်’’
“ကျောင်းမှာ ပဲရှာမယ်ဟာ’’
“အာကျောင်းမှာ သိပ်လွတ်လပ်တာမဟုတ်ဘူး၊ ဆရာဆရာမ တွေ က မျက်လုံးဒေါက်ထောက်ကြည့်နေတာ၊ မိဘတွေ ဆီသတင်းပြန်ရောက်ရင် ကျောင်းတောင်တက်ရမှာ မဟုတ်ဘူး၊လာပါဟာ ခွာညိုကိုအားကျမခံတို့ လည်းချစ်သူရှာပုံတော် ဖွင့်မယ်၊ ကျုံးကိုပတ်မယ်’’
တိုင်ပင်ပြီးတာနှင့် စားသောက်ပြီးသမျှပိုက်ဆံရှင်းခဲ့ပြီး သူမတို့နှစ် ယောက် စက်ဘီးလေးတွေ ဖြည်းဖြည်းနင်း၍ ထွက်လာခဲ့လေသည်။
“ဟဲ့ခွာညိုစက်ဘီးဒီအတိုင်းထားခဲ့တာဖြစ်ပ့ါမလား’’
“ဆိုင်ရှင်တွေ နဲ့ ရင်းနှီးနေတာပဲ၊ ခွာညိုလာရင်ပေးလိုက် မှာ ပေါ့၊ မပေးလည်းပူစရာမလိုဘူး၊ သူ့အဖေကကော်ဖီခြံပိုင်ရှင်ပဲ နောက်တစ်စီးဝယ်ပေးလိမ့်မယ်’’
“နီနီရှေ့မှာ စက်ဘီးတွေ ဆိုင်ကယ်တွေ ရှုပ်ယှက်ခက်နေတယ်နော် ဂရုစိုက်ဦး’’
“စိမ်းနင်ကလေ သိပ်ကိုပူပန်ကြီးတာပဲ၊ မန္တလေးမှာ ကျောင်းလာတက်ပြီး စက်ဘီးတွေ ဆိုင်ကယ်တွေ ကြောက်နေလို့ဖြစ်မလား၊ ဒီစက်ဘီးတွေ နင်းလာတာပဲ ခြေသလုံးတွေ တုတ်နေပြီ၊အထူးအဆန်းလုပ်လို့’’
နီနီကဘေးဘီဝဲယာကို သိပ်အာရုံမစိုက်၊ ဖြူးဖြောင့်နေသော လမ်းမပေါ်ရောက်တော့ စက်ဘီးကိုသုတ်ခြေတင်၍ အားကုန်နင်းသည်။
ဒီလိုညနေခင်းမှာ ကျောင်းအားရက်တိုင်းတစ်မြို့လုံးသူမတို့စက်ဘီးပတ်စီးကြသည်။
တစ်ခါတစ်ရံရုပ်ရှင်ကြည့်ပြီး ဈေးချိုကိုလည်းသွားတတ်ဧ။်။ မိဘတွေ ကအလျှံပယ်ထောက်ပံ့နေတော့ သုံးချင်တိုင်းသုံး၊ ဖြုန်းချင်တိုင်းဖြုန်းကြသည်။ကျောင်းစတက်တော့ မိဘတွေ က ဆိုင်ကယ်တစီးစီဝယ်ပေးပေမယ့် စက်ဘီးစီးရတာ ကိုနှစ်သက် ၍ စက်ဘီးနှင့် သာ သွားလာခဲ့ကြသည်။
ကျောင်းမှာ ဆိုလည်း ပန်းနာမည် တွေ နှင့် သူမတို့သုံးယောက် ကထူးခြားနေ၍ လူအများ ရဲ့ စိတ်ဝင်စားခြင်းကိုခံရသည်။
ဗရုတ်ဗရက်ပျော်ပျော်နေတတ်၍ လည်း လူတိုင်းသတိထားမိကြဧ။်။ ဇော်ရှိန်းနှင့် ခွာညိုရဲ့ ဆုံစည်းမှု ကလည်းသမားရိုးကျမဟုတ်။
မန္တလေးထိုးမုန့် အလွန်ကြိုက်သော ခွာညိုက ထိုဆိုင်ကိုခဏခဏရောက်ရင်း အမြည်းပေးတာလည်းမစား၊အဆစ်ပေးတာလည်း မယူရဲတဲ့ရှက်တတ်လွန်းသော ဇော်ရှိန်းကို သတိထားမိခဲ့ခြင်းဖြစ်သည်။
“ယောကျာင်္းလေးဖြစ်ပြီးဟယ် အဲလောက်ရှက်တတ်တာ ကြုံကြုံဖူးပေါင်၊ ငါတို့ ကတော့ဈေးသည်က အမြည်းပေးလည်း စားလိုက်တာပဲ၊ အဆစ်ပေးလည်း ယူလိုက်တာပဲ၊သူ ကတော့ငါနဲ့ နှစ် ခါသုံးခါဆုံတာ၊ တစ်ခါမှယူသွားတာမတွေ့ ဘူး၊ ဟိဟိ သူလည်းထိုးမုန့်ကြိုက်တယ်ထင်တယ်’’
“မိန်းမစိတ်ဝင်စားနေပြီလား၊ ဟိုကရှက်တတ်တယ်၊ တော် ကရေလာမြောင်းဖောက်၊ ကျုပ်တို့ကတာကျိုးအောင်ကူညီမယ်’’
ထိုနေ့ကတည်းကအပြောနှင့် အလုပ်ညီအောင်သူမတို့ကြိုးပမ်းခဲ့ကြသည်။ သူမတို့တွေ အတင့်ရဲပြီး ဇာတ်လမ်းဆင်ြ ကတော့ဖိနပ်စက်ရုံ၊ရက်ကန်းရုံတွေ ပိုင်သော သူဌေးသားလေးဇော်ရှိန်းလာခံနိုင်မှာ လဲ။
ဒီနေ့လိုချိန်းချက်အဖြေပေး ချစ်သူဘဝရောက်တဲ့ အထိအခြေအနေတိုးတက်ခဲ့သည်။
သူမတို့လည်းအားကျမခံ ရှာပုံတော် ဖွင့်ဖို့ စက်ဘီးလေးတွေ နင်းရင်း……………..
“ဟာ’’
“အမယ်လေး’’
“ဝုန်း’’
“ဂျုန်း’’
အရှိန်ပြင်းပြင်းမဟုတ်ပေမယ့် ဆိုင်ကယ်သမားထက် စက်ဘီးသမားကပိုပြီးအကျနာသည်။ ဆိုင်ကယ်သမားနှစ် ယောက် က သူမတို့အနားပျာပျာသလဲအပြေးအလွှားရောက်လာသည်။
“တောင်းပန်ပါတယ်ဗျာ၊ ဘယ်ထိသွားလဲဟင်၊ ဟာခြေသလုံးဒဏ်ရာရသွားတာပဲ၊ သွေးတွေ ထွက်နေပြီဆေးခန်းသွားမှဖြစ်မယ်၊ ကျွန်တော် တို့ဆိုင်ကယ်ပေါ်တက်လိုက်ပါ၊ကျွန်တော် တို့ဆေးခန်းလိုက်ပို့မယ်’’
“ ရရပါတယ်၊ ကျွန်မဘက်ကမှားတာထင်တယ်၊ ကျွန်မတို့ဘာသာပဲ သွားလိုက်ပါ့မယ် ’’
သြရှဝါညက်နေသော ကရုဏာသံလေးကိုသတိထားမိပေမယ့် နာကျင်လွန်း၍ ရှုံ့ရှုံ့မဲ့မဲ့စကားဆန်ငြင်းဆန်လိုက်သည်။
“အဲဒါကြောင့် ပြောတာပေါ့၊ ကြောက်တတ်ရင်နှစ် ခါပြန်သေရပါတယ်ဆိုမှ၊ စက်ဘီးတိုက်မိမှာ မှော က်မှာ စိုးလို့ကြောက်ကြောက်ရွံ့ရွံ့ ဟိုကွေ့ဒီရှောင်နင်းနေလို့ခုလိုတိုက်မိတာ’’
“ပြောမနေပါနဲ့ တော့ဗျာ၊ သူအရမ်းနာနေတယ်ထင်တယ်၊ လင်းမောင်သူ့ကိုဆိုင်ကယ်နဲ့ ငါဆေးခန်းခေါ်သွားလိုက်မယ်၊ မင်းကသူ့စက်ဘီးနင်းရလား , မရလားကြည့်ပြီးမှ သူ့အဖော်ကောင်မလေးနဲ့ ဖြည်းဖြည်းလိုက်လာခဲ့သိလား’’
“ဟာဟိတ်ကောင်’’
“အဲတော် ’’
လင်းမောင်နှင့် ကောင်မလေးဘာဖြစ်ကျန်ခဲ့လဲ စိုးသက်နောင်ဂရုမစိုက်။ဝင်းဝါနုဖပ်နေသော မျက်နှာလေးမှာ နာကျင်မှု ကြောင့် သွေးရောင် လွှမ်းနီမြန်းနေတဲ့ မိန်းကလေးကိုသာ စိုးရိမ်တကြီးဆိုင်ကယ်ပေါ် ဖျတ်ခနဲပွေ့တင်၍ ခေါ်လာခဲ့သည်။
“မင်းအရမ်းနာနေလား၊ ဆိုင်ကယ်ကို အမြန်မောင်းပေးမယ်နော်၊ မြို့ထဲကနာမည် ကြီးဆေးခန်းကို ရောက်သွားရင်မင်းသက်သာသွားမှာ ပါ’’
သူပြောချင်တာပြောပြီးလီဗာတင်၍ အမြန်နှုန်းဖြင့်မောင်းလိုက်သည်မို့ သူမရင်တွေ ,ပန်းတွေ တုန်ကာသူ့ခါးကို ထိတ်လန့်တကြားဖက်တွယ်ထားလိုက်ရသည်။
ဒီလူတော့ဘယ်လိုနေမည် မသိ။
သူမ ကတော့ချိုအီညှို့ရီနေသော သူ့ကိုယ်သင်းနံ့ကို ကျောကပ်ကာရှူရှိုက်နေရသည်မို့ နှလုံးခုန်သံတွေ ပရမ်းပတာ ဖျပ်ဖျပ်လူးဆူညံနေသည်။
ဆေးခန်းတစ်ခုရှေ့ကိုရောက်တော့ ဆိုင်ကယ်ကိုဆောင့်ခနဲရမ်းကာဆေးခန်းအတွင်းထဲထိရောက်အောင်သူမကိုပွေ့ချီခေါ်ပြန်ဧ။်။ သူ့စိတ်နှင့် သူ့ကိုယ်၊သူများ ကိုအားမနာဘဲ ထင်ရာလုပ်တတ်သူများ လား။
“ဒဏ်ရာကစိုးရိမ်ရလောက်အောင်မပြင်းထန်ပေမယ့် နည်းနည်း တော့များ တယ်၊ အနာကိုဆေးကြောသန့်စင်ပြီးမှ ဆေးထည့်ပြီးပတ်တီးစည်းပေးလိုက် မယ်၊ဘေးနားတစ်ဝိုက်ကလည်းပွန်းပဲ့တော့ သောက်ဆေးရော , လိမ်းဆေးရောပေးလိုက်ပါ့မယ်၊ နှစ် ရက်တစ်ခါဆေးခန်းလာပြဖို့လည်းမမေ့ပါနဲ့ ဆရာဝန်ကစိတ်ရှည်လက်ရှည်ရှင်း ပြကုသပြီးချိန်မှာ ထိုလူနှင့် အင်္ဂလိပ်လိုအပြန်အလှန်ဘာတွေ ပြောနေမှန်းမသိ။
ညိုစိမ့်စိမ့်အသားအရေ၊ မြင့်မားသော အရပ်အမောင်း၊ တောင့်တင်းကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာကိုယ်အချိုးအဆစ်တို့နှင့် ယောကျာင်္းပီသသော ထိုလူကိုခုမှ စကားစိမ်းအနီးကပ်ကြည့်မိသည်။
ရင်တွေ ခုန်လာတဲ့အကြောင်း၊ နှင်းဆီနီနှင့် ခွာညိုကိုပြောပြရမည် ။
ဖူးစာဆုံစေချင်လို့ဖူးစာရေး နတ်ကဆိုင်ကယ်တိုက်ပြီး ဆုံပေးလိုက် တာထင်ပါရဲ့ ။
နှင်းဆီနီနှင့် ကျန်ခဲ့တဲ့လူလည်း ဘယ်လိုဖြစ်နေကြသည် မသိ။
![]() အရောင်မဲ့သင်္ကေတ | ![]() အရောင်ကွဲပုံရိပ် | ![]() အနာတရလေပြည် |