
“မေးလူနာ ရှင်မဏိခင်ရဲ့ လူနာရှင် ဘယ်သူပါလဲ”
“ကျွန် ကျွန်မပါရှင်”
အစိမ်းဝတ် နာ့စ် တစ်ယောက် အရေး ပေါ်ခန်းထဲက ထွက်လာပြီး မေးလိုက်ချိန်မှာ တော့ အခန်းအပြင်မှာ ဂနာမငြိမ် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဘုရားစာကို ကပေါက်ချိ ကပေါက် ချာ ကပြောင်းကပြန် ဆိုနေမိတဲ့ ရှင်းမဏိသွင် အထိတ်တလန့် ဖြေလိုက်မိသည်။
မမအတွက် စိုးရိမ်ပြီး ကတုန်ကယင်နှင့် မျက်နှာလေးက ဇီးရွက်လောက်သာ ရှိတော့သည်။
“လူနာက သမီးမိန်းကလေး မွေးပါတယ်။ ခုနကလည်း ခွဲမွေးဖို့အတွက် ရှင်ပဲ လက်မှတ် ထိုးပေးတယ်။ အခုတော့ ဒီကလေးကို ဆေးရုံက မေးစာရင်း ထုတ်ပေးဖို့အတွက် ဖအေနာမည် ပြောရပါမယ်ရှင်”
“ရှင်”
“ဟုတ်ပါတယ် ဒီကလေးအတွက် အဖေနာမည် က အရမ်းအရေး ကြီးပါတယ်။ လူနာကို မခွဲစိတ်ခင်က မေးတော့လည်း ဘာမှမပြောပါဘူး။ ကျွန်မတို့လည်း လူနာရဲ့ ဝေဒနာကို ငဲ့ညှာပြီး ဆက်မပေးခဲ့ပေမယ့် လင်ကောင်မပေါ်ဘဲ မွေးတဲ့ကလေးတွေ ဆိုတာ အရမ်းမျက်နှာ ငယ်ရပါ တယ်။ သူ့ရဲ့ နောက်ဆုံးအချိန်မှာ လူနာရှင်အနေနဲ့ ရအောင် မေးမယ်ဆိုရင် ကလေးနောင်ရေး ကောင်းပါလိမ့်မယ်”
“ရှင် ရှင် ဆရာမ ဘာ ဘာပြောလိုက်တာပါလဲ”
“လူနာအခြေအနေ မကောင်းဘူး ညီမလေး၊ မိန်းသားချင်း ကိုယ်ချင်းစာလို့ သားသမီးချင်း ကိုယ်ချင်းစာလို့ပါ။ သူ့ကို သွားတွေ့ ပြီး မေးလိုက်ပါဦး ညီမလေး၊ ကလေးလေးက အရမ်းချစ်စရာ ကောင်းပါတယ်။ သူ့နောင်ရေး အတွက်ပါ”
“ဟုတ် ဟုတ်ကဲ့ပါ”
ဆိုတဲ့အသံက ပါးစပ်ဖျားမှ ထွက် သွားပါရဲ့ လား မသိ။
လည်ချောင်းဝမှာ တစ်ဆို့လျက် ရင်ဘတ်တွင်းမှာ တင်းကျပ်နေသည်။ ထိုမေးခွန်းကို မေးခဲ့ တဲ့ အချိန်တိုင်း မျက်ရည်လည်ရွဲနှင့် မမ မဖြေခဲ့။
“မမကို ချစ်ရင် မမေးပါနဲ့ ညီမလေးရယ်၊ မမ သူ့ကို သိပ်ချစ်တယ်။ သူ့ရဲ့ အောင်မြင်မှု လမ်း စလေးတွေ ကို မမ မပိတ်ချင်ဘူး။ မမကြောင့် ဂုဏ်သိက္ခာကြီးမားလွန်းတဲ့ သူတို့မိသားလေး အရှက်မရစေချင်ဘူး။ သူ့အလိုလို တစ်နေ့နေ့တော့ မမဆီ သူရောက်လာမှာ ပါ။ အဲဒီ အချိန် ရောက် မှ မမ၀မ်းနဲ့ လွယ်ထားရတဲ့ ရင်သွေးလေးကို သူအသိအမှတ်ပြုရင် မမကျေနပ်ပါပြီကွယ်”
ထိုသို့ သော စကားတွေ နှင့် မမ မျက်ရည်တွေ ကို မြင်ရတိုင်း တာဝန်မယူ မျက်နှာလွှဲ ခဲပစ် လုပ်ရက်တဲ့ လူယုတ်မာ အကြောင်းကို ဆက်မေးခွင့် မသာခဲ့။
အခုတော့ မမ မွေးလိုက်တဲ့ သမီးလေး သွင်ရဲ့ တူမလေးအတွက် အဖေနာမည် က အရေး ကြီးသည်တဲ့။
လင်ယောက်ျား လက်ညှိုးထိုးပြစရာ မရှိဘဲ မမ ဗိုက်ကြီးခဲ့၍ သူမတို့ မွေးကတည်းက နေခဲ့ ကြတဲ့ ရပ်ကွက်ငယ်လေးကလည်း အရှက်ရ အနှိမ်ခံပြီး ပြောင်းပြေးခဲ့ရသည်။
သူမရဲ့ ပညာရေး လည်း ဆုံးခန်းမတိုင်ဘဲ ကိုယ်ဝန်မပေါ့မပါးနှင့် မမမအတွက် ရုန်းကန်ခဲ့ရ သည်။
ဆေးဝါးမပြည့်စုံမှု အစာအာဟာရ ချို့တဲ့မှု တို့ကြောင့် မမကျန်းမာရေး မကောင်းတာကို လည်း ကိုယ်ဖိရင်ဖိ ဂရုစိုက်ပြီး ပြုစုချိန် မရလိုက်။
“မမကြောင့် ညီမလေး ပင်ပန်းနေပါပြီကွယ်၊ မမကလေ ညီမလေးကို ပညာတတ်ကြီး ဖြစ် စေချင်တာ၊ အဲဒါကြောင့် မမ မရှက်မကြောက် ကြိုးစားခဲ့ပါတယ်ကွယ်။ ဒါ ဒါပေမဲ့ ကံကြမ္မာကြီးက မမနဲ့ ညီမလေးအပေါ် မျက်နှာသာ မပေးခဲ့ဘူး။ မမ တောင်းပန်ပါတယ် ညီမလေးရယ်၊ ညီမလေး ပင်ပန်း ဆင်းရဲနေတာကို မြင်ပြီး မမ စိတ်မကောင်းဘူး ညီမလေးရယ်”
“မမရယ်”
ထိုအချိန်က ဗိုက်ကြီးပူပူနှင့် ပိန်လှီခြောက်ကပ်နေသော မမကိုဖက်၍ သွင် အားရပါးရ ရှိုက်ငိုပစ်ခဲ့သည်။ မမက အားနည်းလွန်း၍ အသံထွင်ပြီးတော် အော်ဟစ်မငိုနိုင်။
သွင့်ကို ဘုရင့်နောင် ပွဲရုံကြီးမှာ အလုပ်သွင်းပေးတဲ့ မမနွယ်လည်း ၀မ်းနည်းလွန်း၍ ဆိုပြီး ကူငိုပေးခဲ့သေး၏ ။
“သွင် သွင် မမဆီ သွားလိုက်လေကွယ်”
မမနွယ် ဖက်တွယ် သတိပေးမှ မမရှိတဲ့ အရေး ပေါ် အခန်းလေးထဲကို ရောက်လာခဲ့သည်။ အရိုးပေါ် အရေကပ်နေတဲ့ မမ ရုပ်ပုံလွှာက မြင်ရက်စရာ မရှိ။ အသက်ကို မြှင်းမြှင်းရှိုက်ရှူပြီး သွင့် ကို စောင့်နေဟန်ရှိသည်။
“မမရယ်”
မချိတင်ကဲ ရေရွတ်လျက် မမ လက်ဖ၀ါးလေးကို ဖျစ်ညှစ်ဆုပ်ကိုင်လိုက်မိသည်။ မမက သွင်ရောက်နေတာ သိပုံမျိုးဖြင့် သွင်လက်ကလေးတွေ ပေါ် သူမလက်ကလေးနှင့် ပြန်ဖိပြီး အသိ အမှတ်ပြု၏ ။
မခံစားနိုင်တော့တဲ့ ဝေဒနာတွေ ကို အသက်နဲ့လဲဖို့ ကြိုးစားနေတဲ့ မမကို သွင် ဒီအတိုင်း နှုတ်ဆသက်သင့်ပါရဲ့ လား၊ မျက်နှာ ငယ်ငယ်ကျစ်ရစ်ခဲ့မယ့် သမီးလေးအတွက် မမတစ်ခုခုတော့ လုပ်ပေးသင့်တာပေါ့။
သွင် အံကြိတ်လိုက်ပြီး မမ မျက်နှာနားကို တိုးကပ်လိုက်၏ ။
“မ မမ သမီးလေး မွေးတာ သိတယ်မဟုတ်လား ဟင်”
မမ မျက်ဝန်းထောင့်မှာ မျက်ရည်တွေ လိမ့်ဆင်းကျလာလျက် ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြ သည်။
“သမီးလေး အဖေနာမည် ဘယ် ဘယ်သူလဲဟင် မမ”
ငိုရှိုက်သံ မပါအောင် ထိန်းပြောနေရတဲ့ ရင်ဘတ်ကြီးက စူးအောင့်နေသည်။ နှုတ်ခမ်းလေး ကို ဖိကိုက်ပြီး ခေါင်းရမ်းလိုက်တဲ့ မမ ပါးပြင်လေးကို သွင့် ပါးလေးနှင့် ဖိကပ်ထားလိုက်၏ ။
“မ မမ သမီးလေးအတွက် တစ်ခုခု လုပ်ပေးဖို့ မမ မစဉ်းစားတော့ဘူးလား၊ အဖေနာမည် ခေါ်စရာမရှိဘဲ သမီးလေး ဘယ်လိုရှင်သန်မလဲ မမရယ်၊ သမီးလေးအတွက် ဒီတစ်ခုတော့ မမ လုပ်ပေးခဲ့ပါ။ သွင် သွင်တောင်းပန်ပါတယ် မမရယ်၊ သမီး သမီးလေး အတွက်ပါ”
မမ မျက်ဝန်းက မျက်ရည်တွေ အဆက်မပြတ် စီးကျလာပြီး ခေါင်းအုံး ဖြူဖြူလေးမှာ ရွှဲနစ် သွားသည်။ မချိမဆံ့ ဝေဒနာကြောင့် လား မသိ၊ မျက်နှာလေးလည်း ရှုံ့မဲ့နေသည်။
ဟင့်အင် မမ သေလို့ မ ဖြစ်သေးဘူးနော် သမီးလေးအတွက် မမ သေလို့ မ ဖြစ်သေးဘူး။
“မမ မမ သွင်ခေါ်နေတယ်နော် ကြားရဲ့ လား မမ၊ ဘာမှ မ ဖြစ်ပါနဲဦးနော်၊ သွင့်ကို စကား တွေ ပြောပါဦး သမီလေးအတွက် ခဏလေး ဖြစ် ဖြစ် အသက်ရှူတွေ ရပ်မ သွားပါနဲ့ဦး”
“သွင် အား အ ညီ ညီမလေး”
“မမ မမ သွင် ရှိတယ်၊ သွင် မမ စကားကို နားထောင်နေပါတယ်”
“ သ သမီးလေးကို တ တသက်လုံး စောင့်ရှောက်ပေးပါနော်”
“ စိတ် စိတ်ချပါ မမရယ်၊ သွင့်ဘ၀က မမ သမီလေးအတွက်ပါပဲ။ မမ သမီးလေးကို ချစ် ရင် သမီးလေးကို ဘယ်သူနဲ့ ရခဲ့တယ်၊ သမီးအဖေ ဘယ်သူလဲဆိုတာ ပြောပြပါနော် မမ သမီး လေးအတွက် အရမ်းအရေး ကြီးလို့ပါ”
သွင့်လက်ကို တင်းခနဲ အားပြုဆုပ်ကိုင်လိုက်တဲ့ အရိုးပြိုင်းပြိုင်း မမ လက်ကလေးမှ တစ်ဆင့် မိခင် တစ်ယောက် ရဲ့ မေတ္တာတရားတို့ သွင် နွေးထွေးစွာ ခံစားလိုက်ရသည်။
တိုးယဲ့ယဲ့ အသံလေးကို နားနားမှာ ကပ်၍ အာရုံစိုက် နားစွင့်ထားမိ၏ ။
“သူ့အဖေဆီကို ဘယ် ဘယ်တော့မှ မမပို့ပါနဲ့”
“မပို့ပါဘူး မမရယ်၊ သမီးလေးကို သွင် ရင်ဝယ်ပိုက်ပြီး မွေးမှာ ပါ။ သမီးလေး သူ့အဖေဆီ ဘယ်တော့မှ မရောက်စေရဘူး မမ စိတ်ချပါ”
သမီးလေး အဖေဆိုသူကို သွင် ဘယ်လောက်မုန်းတီးနာကြည်းနေတယ်ဆိုတာ မမ သိအောင် သွင်မပြောချင်တော့ချေ။ မမက ခုအချိန်ထိ အဲဒီ လူကို ချစ်နေဆဲ မဟုတ်ပါလား။
“သမီး သ သမီးလေးကိုချစ်တယ်၊ သ သမီးလေး အဖေကိုလည်း ချစ် ချစ်တယ်”
“မမရယ် ဒီအခြေအနေထိတောင် ချစ်နေတုန်းပဲလား၊ သူ့ နာမည် ဘယ်သူလဲ သမီးလေး အဖေနာမည် ဘယ်သူလဲ”
“ကို ကို အ ကိုနေ မင်း အ အား”
“မ မမ မမ”
သွင် အကျယ်ကြီး အသံတွေ အက်ကွဲသွားအောင် အော်ပစ်လိုက်မိသော်လည်း မမက ဘာမှ အသိအမှတ်မပြုတော့ဘဲ ငြိမ်သက်စွာ ခေါင်းကလေး ထောင်ကျသွားခဲ့သည်။
မချိသော ရင်က မမ ကို ဆွဲဖက် အော်ဟစ်နေမိဆဲ။
“မမ သွင်နဲ့ သမီလေးကို စိတ်ချသွားခဲ့ပြီလား၊ သွင်အတွက် သမီးလေးကို အဖော်အ ဖြစ် မွေးပေးခဲ့တာလား။ ဖေဖေနဲ့ မေမေ နောက်ကို ဘာလို့ အစောကြီး လိုက်သွားရတာ လဲ။ မမရဲ့ ၊ ဖေဖေနဲ့ မေမေ မတရားဘူး။ ဘာလို့ မမကို ခေါ်ပြီး သွင့်ကို မခေါ်ရတာ လဲ။ သွင်လည်း ဖေဖေနဲ့ မေမေကို ချစ်တာပဲလေ။ သွင့်ကိုပါ ခေါ်သင့်တာပေါ့။ သွင်လည်း လိုက်ချင်တာပေါ့။ သွင်နဲ့ သမီး လေးက လောကအလယ်မှာ ဆွေမရှိ၊ မျိုးမရှိ မျက်နှာငယ်ငယ် ကျန်ခဲ့ရမှာ လား၊ နေခဲ့ရမှာ လား။ သွင်တို့ ဘယ်သူ့ကို အားကိုးရမှာ လဲ။ သွင်တို့ ဘယ်သူ့ကို မှီခိုရမှာ လဲ မမရယ် မမရယ်”
အသံကုန် အော်ဟစ် ငိုရှိုက်ပြီးချိန်မှာ သွင် ဘာမှ မသိတော့။ ဆရာ ဆရာမ တွေ ၀ိုင်းအုံ လာပြီး သွင့်ကို ပြုစုကြသလား၊ မမအလောင်းကို သယ်ထုတ်သွားကြသလား၊ ဘာတွေ မေးပြီး ဘာတွေ ပြောကြသလဲ ဘာတွေ ဆက် ဖြစ်နေကြသလဲ။
သွင် ခဏတော့ အားလုံးနှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်။ သွင် အကြာကြီး မေ့မြော လို့ သေဆုံးလို့တော့ မ ဖြစ်သေးဘူးလေ။
သမီးလေးအတွက် သွင် ရှင်သန်ရဦးမယ်။
ရုန်းကန် ရဦးမယ်။ ရင်ဆိုင်ရဦးမယ်။
ပြီးတော့…..။
ထည်ဝါခန့်ညား ဖိတ်ဖိတ်လက်နေတဲ့ ဧည့်ခန်းဆောင်ကြီးအပြင်ဘက်မှာ ခြေစုံရပ်နေမိတဲ့ ရှင်းမဏိသွင်ရဲ့ ရင်ဘတ်ကြီး တစ်ခုလုံး ဧည့်ခန်းကျယ်ကြီးထဲက စကားပြောသံတွေ ရယ်သံတွေ ကြောင့် ဗြန်းဗြန်းခါအောင် လှုပ်ရှားလျက် နာကျင် စူးရှအောင့်မျက်နေခဲ့သည်။
ခြံအ၀င်ဝကို လှမ်းဝင်လာကတည်းက ခြံတံခါးကြီး ဟင်းလင်းပွင့်လျက် ခြံဝင်းထဲမှာ တန်းဖိုး ကြီး ကားအကောင်းစားတွေ ခန့်ထည်စွာ နေရာယူထားတာကို မြင်တွေ့ ခဲ့ရသည်။
ခြံစောင့် ဖြစ်ဟန်တူသူ ဦးလေးကြီး တစ်ယောက် သွင့်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်၍
“ငါ့တူမကြီးက ဒီစေ့စပ်ပွဲကို လာတာလားကွဲ၊ မိန်းကလေးရှင် ဘက်ကလား၊ ဒီဘက်က သတို့သားလောင်းနဲ့ ပတ်သက်မှု ရှိလို့လား”
“ရှင်”
ယောင်တောင်တောင်နှင့် နားမလည်နိုင် ဖြစ်ကာ အံ့သြသွားတဲ့သွင့်ကို ကြည့်၍ ဦးလေး ကြီးက စိတ်မကောင်း ဖြစ်သွားဟန် ခေါင်းတညိတ်ညိတ် လုပ်နေသည်။
“ အင်း ဦးလေး ထင်ပါတယ်။ ကလေးမလည်း လူလေးနေမင်းခန့်နဲ့ပတ်သက်မိတာ အခုမှ အံ့သြပြီး နောင်တရနေပြီ မဟုတ်လား။ အခုတလော ဖုန်းတဂွမ်ဂွမ် ဆက်တဲ့သူနဲ့၊ လူကိုယ်တိုင် ရောက်လာကြပြီး မျက်ရည်လည်ရွဲ တိုင်တည်ကြတဲ့သူနဲ့ မိဘတွေ အတော် စိတ်ညစ်ရတာ ပဲကွဲ့”
“ဘာ ဘာ ဖြစ်လို့လဲ ဦးလေးကြီး”
“သြော်… သားတော် မောင် ရှုပ်တာ၊ ပွေတာ ထိန်းသိမ်းနေရလို့လေ၊ ရည်းစားတွေ တစ် ယောက် ပြီး တစ်ယောက် တွဲ ပြီး အတည်တကျ မယူလို့ပေါ့။ မိသားစု နည်းတော့ သားတွေ ကို တုန် နေအောင်ချစ်တာ၊ ခုတော့ နိုင်ငံခြားမှာ မိတ်ဆွေ တစ်ယောက် ရဲ့ သမီးလေးနဲ့ ခြေငြိမ်အောင် ဒီနေ့ပဲ စေ့စပ်ပွဲ လုပ်နေတယ်လေ။ ကောင်မလေး ဘက်က မိဘတွေ လည်း ခုလေးပဲ ရောက် တယ်။ အင်း လူလေးလည်း မိန်းမရမှ အပိုးကျိုးမှာ ဟင်း ဟင်း ကောင်းပါတယ်။ မိဘတွေ စိတ် အေးရတာ ပေါ့”
“တောက်”
တက်ခေါက်သံက အပြင်ထွက်မလာအောင် ထိန်းသိမ်းထားရ၍ ပါးရိုးနှစ် ဖက်လုံး ကျဉ် တက်သွားစေသည်။
ဦးလေးကြီးက ခပ်ပြုံးပြုံးနှင့်
“ကလေးမလည်း စိတ်လျှော့လိုက်ပါကွယ်၊ ဒီနေ့ စေ့စပ်ပွဲပြီးလို့ နှစ် ပတ်လောက်ရှိရင် သူတို့ လက်ထပ်ြ ကတော့မှာ ကွဲ၊ ရည်းစားဘ၀နဲ့ အိမ်ထောင်သည်ဘ၀ဆိုတာ စည်းခြားသွားပြီ။ အဆင့် အတန်းဆိုလည်း သူတို့ မိဘတွေ က အရမ်းခွဲခြားကြတာ။ သူတို့သားတွေ နဲ့ တန်တဲ့ မိန်းမ မရှိဘူး လို့တောင် ထင်ထားတာကြတာလေ၊ ဒီထက် ပတ်သက်လာရင်လည်း ကိုယ်ပဲ စိတ်ဆင်းရဲရမှာ ကလေးမ ပြန်ပါတော့ကွယ်”
ခြံစောင့် ဦးလေးကြီးက နေမင်းဆိုတဲ့ လူနှင့် သွင့်ကို တခြားမိန်းမတွေ လို ပတ်သက်မှု မျိုး ထင်နေ၍ စိတ်မကောင်း ဖြစ်နေဟန်တူသည်။
ထိုထက်ဆိုးဝါးတဲ့ ဖြစ်ပျက်မှု မျိုးပါလို့ သိရင် ထိုင်များ ငိုသွားမလားမသိ။
ရုန်းကြွလာသော ခံပြင်းနာကြည်းမှု တို့ကို မျိုသိပ်ကာ ဟန်ဆောင်ပြုံးရယ် မျက်နှာချိုသွေး လိုက်ရသည်။
“ဟို ဦးလေးကြီးက သွင့်ကို ဘယ်သူ သတို့သား နာမည် ခုနက ဦးလေးကြီး ပြောလိုက် တာ မေ့နေလို့”
“သြော် အခု စေ့စပ်တဲ့ လူလေးကို ပြောတာလား နေမင်းခန့်လေ ကလေးမနဲ့”
“ဟင့်အင်း အဲ အဲဒီ လူနဲ့ ပတ်သက်တာ မဟုတ်ပါဘူး။ ဟိုလေ သ သတိုသမီးလောင်းနဲ့ ရင်းနှီးတာ၊ သူ သူက ဖိတ်ထားလို့ လာတာပါ”
“သြော်”
ဆိုပြီး ဦးလေးကြီးက သွင့်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ပြန်၏ ။ ဧည့်ခံပွဲတွေ မှာ ၀တ်လေ့ ၀တ်ထရှိတဲ့ အ၀တ်အစားမျိုးလည်း မဟုတ်။ ဘာမိတ်ကပ်မှ လိမ်းခြယ်ထားခြင်းလည်း မရှိ။ သာ မန် လူနှင့် နှိုင်းယှဉ်ရင်အောင် သွင့်စတိုင်က သစ်လွင်တောက်ပမှု မရှိဘူးလေ။
အပူရုပ်ကလည်း ပျောက်ပြယ်ခြင်း မရှိသေးတော့ သေချာကြည့်လျှင် အရမ်းကို နွမ်းဖတ်ချိနဲ့ နေမှာ အမှန်ပင်။
ဒါပေမဲ့ မီးဝင်းဝင်းတောက် စူးရှ ပြင်းထန်နေသော မျက်လုံးများ ကတော့ ဘယ်လိုမှ ပျော့ ပျောင်းနေမှာ မဟုတ်ချေ။
“အဲ ဦး ဦးလေးကြီး စေ့စပ်ပွဲပြီးမှ ရောက်သွားရင် သွင့်ကို စိတ်ဆိုးနေဦးမယ်၊ သွင့်ကို သွားခွင့်ပြုပါဦးနော်”
စကားပြန် မစောင့်တော့ဘဲ သွင် ထိုခြံစောင့် ဦးလေးကြီး ရှေ့ကနေ ဒီနေရာရောက်အောင် ခပ်သုတ်သုတ် ပြေးထွက်လာခဲ့ရသည်။
ခုတော့ ဒီနေရာကနေ စေ့စပ်ပွဲ ကျင်းပနေတဲ့ ဧည့်ခန်းကြီးထဲကို ၀င်ဖို့ ရယ်သံတွေ ရပ်သွား တဲ့အထိ စောင့်နေသင့်ပါသလား။
“ဟား ဟား ကျွန်တော် ကတော့ ကျွန်တော့သမီးလေးကို မြန်မာပြည်မှာ ထားခဲ့ရမှာ စိတ်ချ သွားပြီဗျာ။ ဒီမှာ သူတို့အတွက် ကျွန်တော် ပိုင်တဲ့ ကုမ္ပဏီကြီးက လက်ဖွဲ့ခဲ့မှာ ပါ။ နိုင်ငံခြားမှာ လည်း ကျွန်တော် တို့ လင်မယား တစ်သက်စားမကုန်တဲ့ လုပ်ငန်းတွေ ရှိနေတာပဲလေ”
“ကျေးဇူးတင်ပါတယ် ကိုဂျင်မီ သမီးလေး ရှယ်မီကို စိတ်ချလက်ချထားခဲ့ပါ။ ကျွန်တော် တို့ ဘက်ကလည်း သားနဲ့ သမီးအတွက် အင်းလျာလမ်းမှာ တိုက်တစ်လုံး ကားတစ်စီးနဲ့ လိုအပ်တာ အားလုံးဖြည့်ဆည်းပေးမှာ ပါ။ ကျန်တာ ကတော့ သူတို့ ကြိုးစားမှု ပေါ့။ မြေးအမြန်ချီဖို့လည်း အရေး ကြီးတာပဲဗျ နော်။ ကျွန်တော့်သားလည်း ဒါမှ ခြေငြိမ်မှာ ဟား ဟား”
“အို ကိုသော်နော် ကလေးတွေ ရှက်နေပြီ ရှင်ကလေ ဧည့်သည်တွေ ရှေ့မှာ အရမ်းကို စတာပဲ”
“အား မေမေကလည်း ဒါရှက်စရာမှ မဟုတ်တာ မရှက်ပါဘူး ဒါ သဘာဝပဲဟာ နော် ရှယ်မီရာ”
“သွား ဘာမှန်းလဲ မသိဘူး လူကြီးတွေ ရှေ့မှာ ”
“ဟင်း ဟင်း”
“ခလွမ်း ချွမ်း ခွမ်”
ကြည်နူးပျော်ရွင်နေကြသော ရယ်သံတွေ ကို နားမခံသာစွာ ဧည့်သည်တွေ အတွက် စား သောက်ဖွယ်ရာတွေ ထည့်ယူလာသော လူ တစ်ယောက် လက်ထဲက ငွေလင်ပန်းကြီးကို သွင် အားကုန် မှော က်တွန်းပစ်လိုက်သည်။
အားလုံးသော လူများ က
“ဟင်”
“ဟာ”
“အို ဘယ်လို ဖြစ်တာလဲ”
“ဟဲ့ ဘာ ဖြစ်တာလဲ ဘာလဲ”
အာမေဋိတ်သံ မျိုးစုံစွာ နှင့် ထိုနေရာကို အကြည့်တွေ စုပြုံရောက်လာကြသည်။ ဘာကိုမှ ဂရုမစိုက်ဘဲ နေမင်းခန့် ရှေ့ကို ခြေလှမ်းကြဲကြီးနှင့် သွင်ရောက်သွား၏ ။
နေမင်းခန့်က မျက်လုံးအစုံ ပြူးကျယ်လျက် အံ့သြတကြီး သွင့်ကို ကြည့်နေသည်။
“ဖြန်း”
အားနှင့် လွဲရိုက်ပစ်လိုက်တာမို့ နေမင်းခန့် ယိုင်နဲ့သွားကာ သွင့်ကို လက်တုံ့ပြန်ဖို့ ကြိုး စားသည်။ သူ့အဖေ ဖြစ်ဟန်တူသူက သားလက်ကို ဆွဲပြီး ရှေကကနေ မားမားမတ်မတ် ၀င်ရပ်၍ သွင့်ကို နားမလည်နိုင်အောင် ဖြစ်နေရှာ၏ ။
“နင်တော် တော် ပျော်နေသလား နေမင်းခန့်၊ သူများ သားသမီးကို စော်ကား၊ ဗိုက်တစ်လုံ နဲ့ ပစ်ထားပြီး နင်က ဒီမှာ တော် တော် ပျော်နေတယ်ပေါ့ ဟုတ်လား”
“ဟင် နင်ဘာတွေ လာပြောနေတာလဲ နင်ဘယ်သူလဲ နင့်ကို ငါမသိဘူး”
“နင်သိစရာလည်း မလိုပါဘူး။ နင်သိအောင်လည်း ငါက နင်တို့အိမ်မှာ အိမ်ဖော်လုပ်ခဲ့တာ မှ မဟုတ်တာ။ နင်တို့အိမ်မှာ အိမ်ဖော်လုပ်ခဲ့မိတဲ့ ငါ့အစ်မကသာ နင့်ခြေတော် တင်တာခံပြီး ဗိုက် တစ်လုံးနဲ့ ဒုက္ခတွေ ရောက်ခဲ့ရတာ ။ အခု အဲဒီ ကလေး လူ့လောကထဲရောက်ဖို့ ငါ့အစ်မ အသက် ပေးလိုက်ရတယ်၊ နင် ငါ့အစ်မရဲ့ အသက်ကို ဘာနဲ့ ပြန်လျော်ပေးမလဲ၊ ပြောစမ်း ခွေးကောင် ပြောစမ်း”
သူအဖေကို ကျော်လွန်၍ နေမင်းခန့် အင်္ကျီရင်ဘတ်စကို မရမက သွင် ဆောင့်ဆွဲခါးယမ်း ပစ်လိုက်သည်။ အားလုံး ရုတ်ရုတ်သဲသဲနှင့် ရှုပ်ယှက်ခတ်သွားလျက် နေမင်းခန့်ကို ရွံရှာ ရှုတ်ချလို သော အကြည့်တွေ နှင့် ၀ိုင်းကြည့်ကြ၏ ။
နေမင်းခန့် မျက်နှာ ထူပူနီမြန်းလျက် ဒေါသတကြီး ဆွေ့ဆွေ့ခုန်နေ၏ ။ နေမင်းခန့် အမေ က သွင့်ရင်ဘတ်ကို စောင့်တွန်းကာ သွင့်ရှေ့ရောက်လာသည်။
“ဒီမှာ မိန်းကလေး မင်း ငါတို့မိသားစု ရဲ့ ဂုဏ်သိက္ခာကိုချဖို့ ဘယ်လိုအငြိုးနဲ့ ရောက်လာ တယ်ဆိုတာ မသိဘူး။ ဒါပေမဲ့ ငါ့သားတွေ ဒီလိုအကျင့်မျိုး မရှိဘူးဆိုတာ ငါယုံတယ်။ ပေါက်လွှတ် ပဲစားအောက်တန်းစား အိမ်ဖော်တွေ နဲ့ စပ်ယှက်မယ့် အဆင့်အတန်းမျိုးလည်း မဟုတ်ဘူး။ အဲဒါ မင်းနားလည်ရင် ဒီနေရာက ထွက်သွားလိုက်ပါ။ ဒီလို ပွဲမျိုးမှာ မင်းအတိအကျ ရောက်လာတာဟာ မင်းရဲ့ မရိုးသားမှု ပဲ၊ မင်း မသွားရင် ရဲခေါ်ပြီး တစ်ခါတည်း ဖမ်းချုပ်ခိုင်းမယ်”
နီရဲနေသော မျက်လုံးအိမ်ထဲမှ နာကြည်ခြင်း မျက်ရည်စက်တွေ လွင့်စင် ခါထွက်သွား အောင် သွင် ဟက်ဟက်ပက်ပက် ရယ်ချပစ်လိုက်သည်။
“ရှင့်ပုဒ်မထက်ကြီးတဲ့ သက်သေကို ခိုင်လုံအောင် မပြနိုင်ရင် ရှင်းမဏိသွင် ဒီနေရာကို ရောက်မလာဘူး မှတ်ထားလိုက်ပါ။ အဆင့်အတန်းတို့၊ ဂုဏ်သိက္ခာတို့ သွင့်ရှေ့မှာ လာပြီး လေလံ မတင်နဲ့ ငွေရှိတဲ့သူတွေ ယုတ်မာကောက်ကျစ် အောက်တန်းကျတာကို ဂုဏ်သရေနဲ့ ဖုံးဖို့ ကြိုးစား နေတာ သွင်တို့လို မိန်းမမျိုးက အထင်ကြီးမယ် မှတ်နေလား။ ဒီမှာ ဂုဏ်ကျက်သရေရှိတဲ့ အမျိုး အနွယ်တွေ သိအောင် ပြောလိုက်မယ်၊ ရှင်တို့သားကြောင့် သွင့်အစ်မ သေဆုံးခဲ့ရတာ ဒီတစ် သက်ဘယ်တော့မှ မကြေဘူး။ သံသရာ အဆက်ဆက် ရှင်တို့လို ယုတ်မာကောက်ကျစ်တဲ့ အမျိုး အနွယ်တွေ နဲ့ မဆုံဆည်းရပါစေနဲ့လို့လည်း ဆုတောင်းတယ်၊ သူများ အပေါ် နှိမ့်ချစော်ကားချင်တဲ့ ရှင်တို့လည်း ဘယ်နှရက် စိတ်ချမ်းသာမလဲ စောင့်ကြည့်ပါဦးမယ် ဟင်း ဟင်း”
အနိုင်နှင့် ပိုင်း၍ ရင်ကော့ကာ သွင် ထွက်လာခဲ့သည်။
ဘယ်ပုံဘယ်နည်း ဖြစ်ကျန်ခဲ့မလဲဆိုတာ သွင် မစဉ်းစားချင်။ သူမရဲ့ ရည်ရွယ်မှု က လူ အများ ရှေ့မှာ အရှက်ကွဲစေချင်တဲ့ ဆန္ဒဆိုးတွေ ရှိမနေခဲ့သော်လည်း တိုက်ဆိုင်မှု က သွင့်ရဲ့ အငြှိုး တွေ ကို ပြောင်မြောက်အောင် ထောက်ခံအားပေးခဲ့သလိုပင်။
ကံကြမ္မာ အလှည့်အပြောင်းက ကိုယ့်ဘက်ကနေ မျက်နှာသာ ပေးတဲ့အခါလည်းရှိဦးမှာ ပေါ့။
စိတ်မကောင်းပါဘူး။
ဒါပေမဲ့ ငါ့လောက်တော့ နင်တို့ ကြာရှည် နာကျင်နေရမှာ မဟုတ်ပါဘူး နေမင်းခန့်။
နင်က တစ်ယောက် နဲ့ မကွဲခင် နောက် တစ်ယောက် တွဲ ဖို့ အဆင်သင့် ဖြစ်နေတတ်တဲ့ လူစားမျိုးပဲလေ။
ကြယ်ကြွေရင် မြေပေါ်ကျတယ်လို့ နင်သေချာ မသိဘူး မဟတ်ုလား ငါလည်း သေချာ မသိ ပါဘူး။ ငါတို့လို လူတန်းစားအတွက် အရေး လည်း မကြီးဘူးလေ ဟုတ်တယ် မဟုတ်လား။
“တောက် ဟုတ်တယ် မဟုတ်ဘူး မင်းငြင်းမနေနဲ့တော့ မင်းခန့်၊ ငါ့မှာ တော့ သားနှစ် ယောက် မွေးထားတယ်ဆိုပြီး ဂုဏ်ယူမိတယ်၊ အားကိုးမိတယ်၊ တကယ့် ပညာတတ်ကြီးတွေ ဖြစ်လာတယ်ဆိုပြီး မာန်တက်မိတယ်။ ရှုပ်ရှုပ်ပွေပွေ နေတတ်တဲ့ မင်းကို တိုးတိုးကြိတ်ကြိတ် သွန် သင်ဆုံးမပြီး တစ်နေ့ မင်းတည်တည်တံ့တံ့ ဖြစ်လာမှာ ပါဆိုတဲ့ အတွေးနဲ့ မျှော်လင့်ထားခဲ့တာကွ၊ ခုတော့ ကိုယ့်အိမ်က အိမ်ဖော်မနဲ့မှ ဒီပြဿနာ တက်ရတယ်တဲ့။ ရှက်စရာ ကောင်းလိုက်တာကွာ၊ ကိုဂျင်မီနဲသူ့သမီး ရှယ်မီက နိုင်ငံခြားမှာ အနေများ တဲ့ သူတွေ မို့ ဒီကိစ္စကို နားလည်ပါတယ်လို့ ပြော ပေမယ့် ငါဘယ်လို မျက်နှာပြရမလဲ။ ငါဘယ်လို မျက်နှာချင်းဆိုင် တောင်းပန်ရမလဲ။”
“ဖေဖေရယ် သားမဟုတ်ပါဘူး၊ သား တကယ် မသိပါဘူး။ သားရည်းစားများ ပေမယ့် ဒီလို ကိစ္စမျိုး သားတစ်ခါမှ မကျူးလွန်ဖူးပါဘူး။ သားကို ဖေဖေတို့ ဘာလို့ မယုံကြည်ကြတာလဲ”
“ယုံကြည်ရအောင်ရော သားဘက်က အနေမှန်ခဲ့လို့လား၊ သား နေ့ရောညပါ သူငယ်ချင်း အပေါင်းအသင်းအတွက် ကောင်မလေးတွေ အတွက်ပဲ သား အချိန်ကုန်နေခဲ့တာမဟုတ်လား။ သားအစ်ကိုလို နိုင်ငံခြားကို ပညာတော် သင်လွှတ်တာရော သား သွားခဲ့လို့လား၊ အတည်ကျ ဖြစ် အောင် အဆင့်အတန်းတူ မိန်းကလေး တစ်ယောက် ကို ယူပါဆိုတော့လည်း အမြဲတမ်း ငြင်းဆန် ခဲ့တယ်။ အခုရှယ်မီလေးကို လက်ထပ်ပါဆိုတာတောင် မင်းမှာ ဒီကိစ္စကြီး ရှိနေလို့ လက်ခံလိုက် တာ မဟုတ်လား။ မင်း အဲဒီ အိမ်ဖော်မနဲ့ ဘယ်အချိန်တုန်းက ဖြစ်ခဲ့ကြတာလဲ မင်းခန့်ရဲ့ ၊ မင်း ငါတို့ကို ဘာ ဖြစ်လို့ အရှက်ကွဲစေတာလဲ”
“ကျွတ်”
ဘယ်စကား ပြောပြော ဧည့်သည်တွေ ပြန်သွားကတည်းက ဒီဘူတာပဲ ဆိုက်နေသည်။
သူပြောသမျှ စကားတိုင်ကို ဆင်ခြေဟုသာ မေမေတို့ သတ်မှတ်နေကြ၏ ။
အဲဒီ ကလေး လူ့လောကထဲရောက်ဖို့ ငါ့အစ်မအသက် ပေးလိုက်ရတယ်လို့ ပြောသွားတဲ့ ဟိုကောင်မလေးရဲ့ စကားများ ကလည်း လီဆယ်လော်မာပြီး နေတာမဟုတ်မှန်း သူသိသည်။
ဒါဆိုလျှင် ဘယ်အချိန် ဘယ်နေရာမှာ မှားယွင်းခဲ့သလဲ။ ဟိုကောင်မလေးရဲ့ အစ်မ သူတို့ အိမ်မှာ အလုပ်လုပ်ခဲ့စဉ်က သူငယ်ချင်းတွေ ရဲ့ ဒင်နာပွဲတွေ ရှိလျှင် သူ ညအချိန်မတော် သောက် စားပြီးမှ ပြန်တာတဲ့ အချိန်များ လည်း ရှိသည်။ အမြဲတမ်း တံခါးစောင့်ဖွင့် ပေးရတဲ့ ရှင်းမဏိခင် အပေါ်မှာ သူ….
“အာ တောက်”
“ဟေ့ကောင် မင်းက ငါတို့ မကျေနပ်ဘူးလား။ မိဘတွေ ကိုများ ပြန်သတ်ချင်နေတာလား ကွ၊ ဟင် မင်းသတ်ချင်လည်း သတ်ပါ။ ငါတို့က ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ဘုရားလို ကိုး ကွယ်ခဲ့တာ၊ မင်းနဲ့ကျမှ တောက် ဟင်”
“အိုး ဖေဖေကြီး အဲလောက် ဒေါသမကြီးပါနဲ့ ဖေကြီးရယ်၊ ဖေကြီးမှာ နှလုံး ရောဂါ နဲ့ သွေးတိုးတို့ရှိတယ်လေ။ စိတ်ကိုလျှော့ပါ ဖေကြီးရယ် ဖေကြီး”
မင်းခန့် ဒီနေရာမှာ ဆက်နေလို့ မ ဖြစ်တော့။ သူ့ကို မြင်လျှင် ဖေဖေပိုပြီး ရောဂါ ရလိမ့်မည် ။
သူ့ရဲ့ အမိုးဖွင့် ဂျစ်ကားလေးကို ရှောခနဲ မောင်းထွက်လာခဲ့ရင်း ဘယ်တော့မှ မရပ်တန့်ဘဲ စကြ၀ဠာ အပြင်ဘက် ရောက်စေချင်လှ၏ ။
သူနားမလည်သော မသိသော စဉ်းစားမရသော အကြောင်းအရာတွေ က ဦးနှောက်ထဲမှာ ရှုပ်ထွေး နောက်ကျိ အမြင်အာရုံတွေေ၀၀ါးနေစေသည်။
အရက်က အမှားကို ကျူးလွန်ဖို့ ၀န်မလေးတတ်၊ ညီအစ်ကို နှစ် ယောက် ပဲရှိတာ ဘာ ကြောင့် စရိုက်မတူရတာ လဲ။
ကိုကိုက ပညာကို ကြိုးကြိုးကုတ်ကုတ် သင်ယူသလို ဖေဖေရဲ့ ကုမ္ပဏီကြီးမှာ လည်း လေ့ လာလိုက်စား အတုယူတတ်၏ ။ နေတာထိုင်တာလည်း ဟော့ဟော့ရမ်းရမ်း မရှိဘဲ အနေတည် သည်။
သူ ကတော့ လောင်းကစား အရက်နှင့် ဖဲရိုက်တာကိုလည်း ဟိုနေရာစပ်စပ်၊ ဒီနေရာစပ်စပ် လုပ်တတ်အောင် လုပ်သည်။ မိန်းကလေးထည်လဲတွဲ ရတာ ကို အ၀တ်အစား ထည်လဲဝတ်ရတာ ထက် ပိုပြီး ခုံမင်၏ ။
ကိုကို့လို ဣနြေ္ဒသိက္ခာကြီးနှင့် မနေဘဲ ပဋိသန္ဓာရ စကားချိုချိုလးနှင့် လူတိုင်းအပေါ်လည်း ဖော်ရွေစွာ ဆက်ဆံတတ်သည်။ အားနာတာတွေ လိုက်လျောတာတွေ နှင့် တစ်ခါတစ်ရံ သူ့ကို ဇယားချပြီး ညာတုတ်သွာတာမျိုးတောင် ရှိတတ်၏ ။
အခုတော့ သူမှားနေတယ် သူ့ကြောင်တဲ့။
သူ့ကြောင့် ဖေဖေနှင့် မေမေ အရှက်ရသည်။ သူ့ကြောင့် မိန်းမ တစ်ယောက် သေရ သည်။ သူ့ကြောင့် လူမမယ် ကလေးလေး နုံချာစွာ မွေးဖွားရှင်သန်ခဲ့ရသည်။
သူကြောင့် ။
“ဒုန်း”
“၀ုန်း”
အင်အားပြင်းတဲ့ လှိုင်းလုံးတစ်ခု သူ့မျက်နှာကို အရှိန်နှင့် ပြေးဝင်ဆောင့်သည်။
ဒါပေမဲ့ အေးစက် လန်းဆန်းစေတဲ့ ရေရဲ့ အထိအတွေ့ မဟုတ်ဘဲ အဆိပ်ပြင်းတဲ့ အက်ဆစ် ရည်တွေ ဖြန်းပက်ခံလိုက်ရတာ ပဲ ဖြစ်၏ ။
ပူလောင်တာလား တိုက်စားသွားတာလား၊ ဘာမှန်းမသိဘဲ
အဲဒီ နောက်မှာ တော့ သူ။
“ဟင့်အင်း မဟုတ်နိုင်ပါဘူး။ သားလေး အဲဒီ လို မ ဖြစ်ရဘူး။ သားလေး အဲလို ဖြစ်မှာ မဟုတ်ဘူး”
“မြိုင်ဘာ ဖြစ်တာလဲ ဘာ ဖြစ်လို့လဲ”
ဖုန်းခွက်လေးကို ကိုင်ထားရင်း ကြောင်တောင်တောင် ကတုန်ကယင် ဖြစ်နေတဲ့ ဒေါ်သဇင် မြိုင်အနားကို ဦးသက်မင်း အိပ်ရာထဲက အထိတ်တလန့် ထလာပြီး မေးသည်။
ဖုန်းခွက်လေးကို ကြောက်လန့်တကြား လွှတ်ချလိုက်ကာ ဦးသက်မင်းကို ဒေါ်သဇင်မြိုင် အားကိုးတကြီး ပြေးဖက်လိုက်၏ ။
“သား သားလေး ကားအက်စီးဒင့် ဖြစ်တဲ့နေရာမှာ တင် ပွဲချင်းပြီး ဆုံးသွားတယ်တဲ့”
“ဘာ ဘာ ဖြစ်တယ်”
“အဟင့် ဟင့် သားလေး မရှိတော့ဘူးတဲ့ ဖေကြီးရယ် မြိုင်တို့ သားလေး မြိုင်တို့ဆီကို ပြန် မလာတော့ဘူးတဲ့ မြိုင်တို့  ဆူလို့ စိတ်ဆိုးပြီး ထွက်သွားတာ ဘယ်တော့မှ သား ပြန်မလာတော့ဘူး”
“ဟာ ဟာကွာ သား သားလေး ငါ့သားလေး ဖြစ်မှ ဖြစ်ရလေး သား သားလေးရယ် သား”
ဦးသက်မင်း ယူကြုံးမရ တသသ ရေရွှတ်လျက် နေရာမှာ တင် ပုံကျသွားသည်။
“အမလေး ဖေ ဖေကြီး လုပ်ကြပါဦး အိမ်ကလူတွေ လာကြပါဦး ဆရာဝန်ခေါ်ကြပါဦး ဖေ ဖေကြီး”
ဒေါ်သဇင်မြိုင် အရူးမီးဝိုင်း ပျာယာခတ်လျက် တုန်လှုပ်ချောက်ချားသွားသည်။ အိမ်ရှိ လူကုန်အော်ဟစ်၍ ဦးသက်မင်းအတွက် အရေး ပေါ် ဆေးရုံဆေးခန်းတင်ဖို့ စီစဉ်ရ၏ ။
ဦးသက်မင်းက သူမထက် သားတွေ ပေါ် ယုံကြည်အားကိုးသည်။ မျှော်လင့်ချက် အကြီးကြီး ထားသည်။ ဂုဏ်သိက္ခာ အဆင့်အတန်းကိုလည်း သူ့အသက်ထက် တန်ဖိုးထား၏ ။
သူကိုယ်တိုင်လည်း အိမ်ထောင်ဦးစီးကောင်း၊ ဖခင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစား သလို သားနှစ် ယောက် ကိုလည်း သူ့လို ဖြစ်အောင် အမြဲ စည်းကမ်းတကျနှင့် သွန်သင်ဆုံးမတတ် ၏ ။
ဒါပေမဲ့ သားကြီး နေမခင်းခကာ သူ့အဖေ ပုံစံခွက်ထဲဝင်ပေမယ့် သားငယ် နေမင်းခန့်က တစ်မိပေါက် တစ်ယောက် ထွန်းဆိုသလို ပြန်မပြော နားမထောင် ဇွတ်တရွတ် ညာဉ်ဆိုးလေးနှင့် သူ လုပ်ချင်ရာ လုပ်တတ်သည်။
ဒါကိုလည်း မိဘနှစ် ပါးစလုံးက မ ဖြစ်မနေ နားထောင်ရမယ်၊ နာခံရမယ်လို့် အမိန့်တစ်ခုလို မသတ်မှတ်ဘဲ သား နားဝင်အောင် ပြောဆို စည်းရုံး၍ အိမ်ထောင်ချပေးဖို့ စီစဉ်ခဲ့ကြတာပဲ ဖြစ် သည်။
ခုတော့ သူ့ရဲ့ မဟာအရှုပ်တော် ပုံကြီးက စေ့စပ်တဲ့နေ့မှ အကောင်အထည် ပေါ်ခဲ့ရသည် တဲ့။ အပြိုင်အဆိုင် လုပ်ငန်းရှင်တွေ လုပ်ငန်းတူ မိတ်ဆွေတွေ ဂုဏ်သရေရှိ၊ တိုင်းတရားသူကြီး ရှေ့ နေနှင့် ချွေးမလောင်းလေးရဲ့ မိဘတွေ ရှေ့မှာ မှ ဘူးပေါ်သလို ပေါ်ခဲ့ရသည်။
ဒါကို မိဘတွေ မချင့်မရဲ မခံမရနိုင်အောင် ပြောဆိုမိလို့ အရှက်ကြီးပြီး ထွက်သွားခဲ့တာပါ။ နောက်ဆုံးတော့ မိဘတွေ ရဲ့ အမှားလား၊ သူ့ရဲ့ အမှားလား။ လာပြီး အထုတ်ဖြေချတဲ့ မိန်းကလေး ရဲ့ အမှားလား။
ဒေါ်သဇင်မြိုင် ဘာမှ မဝေခွဲတတ်အောင် ဖြစ်လျက် အပူလုံးကြီးရင်ဝ ဆောင့်တက်လာ သည်။ သား အပူအတွက် မျက်ရည် အကုန်မကျရသေးဘဲ လင်သားအပူက အသက်မှ ရှင်နိုင်ပါဦး မလား စိတ်ပူ စိုးရိမ်နေရသည်။
သားကြီးလည်း အနားမှာ မရှိသေးပါဘူး။ မြိုင်ကို တစ်ယောက် တည်း မထားခဲ့ပါနဲ့ ဦးဖေ ကြီးရယ်။
အမှားများ စွာ ကို အစဖော်ပေးခဲ့တာ ဘယ်လိုအကြောင်းတရားများ ပါလဲ။
“နင်သိပ်မှားတယ် သွင်သူပါလို့ ဘာကြောင့် တပ်အပ်သိပြီး သွားပြောရတာ လဲ”
“မမ အဲဒီ နာမည် လေးကို ပြောလိုက်ကတည်းက သွင်တန်းခနဲ သိလိုက်တယ် မမနွယ်၊ မမ တစ်လ တစ်ခါ သွင့်ဆီကို ပိုက်ဆံလာမပေးရင် အဲဒီ အိမ်ကြီးရဲ့ ခြံတံခါးပေါက်ရှေ့မှာ သွားယူရတာ ပဲ အဲဒီ အချိန်တုန်းက အဲဒီ ခြံထဲကနေ သူ့ဂျစ်ကားလေးနဲ့ မောင်းထွက်လာတော့ အဲဒါ အိမ်ရှင်ရဲ့ သား အငယ် နေမင်းခန့် ရည်းစားအရမ်းများ တာလို့ မမပြောဖူးတယ်။ ဒီလောက်ရှုပ်တဲ့ ပွေတွဲ ကောင်က မမကို ဗိုက်တစ်လုံးရမှ ကန်ထုတ်လိုက်တာ နေမှာ ပေါ့။ သွင် ဒီလောက်လေး အရှက်ခွဲ ခွင့်ရတာ တောင် မကျေနပ်နိုင်ဘူး မမနွယ်။ မမ အသက်နဲ့ ညီမျှတဲ့ အသက်တစ်ချောင်းဘဲ ပြန်ရ သင့်တာ”
မမနွယ်က သမီလေးပါးစပ် နို့ဘူးလေးကို ဖြည်းဖြည်းချင်း ချွတ်ယူကာ အနှီးဝတ်ကလေး ရင်ဘတ်ပေါ် တင်ပေးပြီးမှ သွင့်ဘက်ကို တည့်တည့်ပြန်လှည့်သည်။ မျက်နှာလေးပေါ်မှာ စိတ်မ သက်မသာ ဖြစ်နေဟန်လေးတွေ လည်းပေါ်နေ၏ ။
“မမနွယ်ပြောတာ သွင် အဲဒီ လို သွားပေါက်ကွဲတာကို အပြစ်မြင်တာ မဟုတ်ပါဘူး။ လူဆို တာခံစားမှု ပြင်းထန်ရင် အမှား၊ အမှန် ခွဲခြားဆင်ခြင်တတ်တဲ့ အသိတရားတွေ ပျောက်သွားတတ် တယ်ဆိုတာ မမနွယ် နားလည်ပါတယ်။ ဒါပေမဲ့ ရင်သွေးလေး ကျန်နေတာကို သွားအသိပေးသလို ဖြစ်သွားတဲ့အတွက် အကျိုးဆက်က ဘာ ဖြစ်လာမလဲဆိုတာ ခန့်မှန်းလို့ မရတော့ဘူးပေါ့”
“ဘာ ဘာ ဖြစ်လာမှာ ပဲ ဘာမှ ဖြစ်လာစရာ အကြောင်းမရှိဘူး မမနွယ်၊ သူတို့နဲ့ သမီးလေး ဘာမှ ပတ်သက်စရာ မလိုဘူး”
“ဒါက သွင့်အထင်လေ၊ ကလေးချစ်တတ်တဲ့ သူတွေ ဆိုရင် သက်သေ သာရကနဲ့ သူတို့ ဘက်က ပိုင်ဆိုင်အောင် လုပ်လို့ရတာ ပဲ။ သွင်က တူမပဲ တော် မှာ ဟိုက ဖအေအရင်းပါလို့ တောင်းဆိုမှု ရှိလာရင် ဘယ်လိုလုပ်မလဲ။”
“အို အဲ့လို လုပ်လို့ ဘယ်ရမလဲ၊ အဲဒီ ကောင် အသိအမှတ်မပြုလို့ သွင် မမ အသက်ဆုံးရှုံးခဲ့ ရပြီ။ မမရဲ့ လျော်ကြေးအ ဖြစ် ဒီသမီးလေးကိုပဲ သွင် ပိုင်ဆိုင်ခွင့် ရခဲ့တာ။ သူတို့ဘက်က တင်ပြမှု ရှိလာရင် သွင် ကတော့ ဘာ ဖြစ် ဖြစ် ရင်ဆိုင်မှာ ပဲ မမနွယ်၊ သူတို့ အရှက်မရှိလို့ ကြိုးစားမယ်ဆိုရင် လုပ်ကြည့်လိုက်ပေါ့၊ ပုဒ်မတွေ အများ ကြီးနဲ့ကို ထောင်ချမယ်။ သူ မမကို တရားဝင် လက်ထပ်ယူ ထားတာ မဟုတ်ဘူး”
မျက်ဝန်းလေးက သမီးလေးကို သူ့အဖေဆီ မပို့ပါနဲ့လို့ မှာ သွားခဲ့တယ်။ သွင့် အသက်နဲ့လဲ ပြီး ကာကွယ်ရလိမ့်မယ် မမနွယ်
“ဘယ်လို အင်အားမျိုးနဲ့ တစ်သက်လုံး စောင့်ရှောက်နိုင်မှာ လ သွင်”
“ရှင် မမနွယ် ဘာပြောလိုက်တာလဲ”
“သြော် သမီးလေးရှိနေတဲ့အတွက် ရုန်းကန်ကြိုးစားဖို့ အခက်အခဲ ဖြစ်လာပြီ မဟုတ်လား။ သမီးလေးနှို့မှု န်ဖိုး၊ သွင့် ဘ၀ရှေ့ရေး စားဝတ်နေရေး အားလုံးပေါ့၊ သွင်တို့ မိဘတွေ မရှိတဲ့ အချိန် မှာ သွင်အတွက် သွင် မမ ရုန်းကန်ခဲ့တယ်ဆိုတာက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ကြတဲ့ အရွယ်တွေ ၊ ဒီလို ချီးသုတ်သင်၊ သေးသုတ်သင် လက်မလွှတ်ရတဲ့ ကလေးလေး ဘ၀ မဟုတ်ဘူး။ သွင်ကလည်း တစ်ဖက်တစ်လမ်းက အထောက်အပံ့ရအောင် ၀င်ငွေရှာနိုင်ခဲ့တယ်၊ ပင်ပန်းတယ် ဆိုပေမယ့် သွင် ကျောင်းတက်ဖို့ မခက်ခဲခဲ့ဘူး မဟုတ်လား”
“ဒါပေမဲ့ မမနွယ်ရာ သွင့်အပေါ် မမ တာဝန်ကျေခဲ့သလို မမထားရစ်ခဲ့တဲ့ မမ ရင်သွေးလေးအပေါ် သွင် တာဝန်ကျေအောင် ကြိုးစားရမှာ ပေါ့။ ပင်ပန်းလိမ့်မယ်၊ ခက်ခဲလိမ့်မယ်၊ အတား အဆီးတွေ လည်း ရှိနေမှာ ပဲ။ သွင် ခံနိုင်ရည်ရှိအောင် ရင်ဆိုင်နိုင်အောင် ကြိုးစားမယ် မမနွယ်”
လွယ်ပါ့မလားလို့ သွင့်ကို မမနွယ် မမေးရက်တော့။ သွင် ခေါင်းမာတတ်မှန်း၊ စိတ်ရှိတဲ့ အတိုင်း ကြိုးစားတတ်မှန်း မမနွယ်သိနေသည်။
သွင့်အစ်မက ရှင်းမဏိခင် ဟိုအရင်က သူမတို့အကြောင်းလေးကို စိတ်လိုလက်ရ ရှိတဲ့အခါ ပြောတတ်တဲ့ စကားလေးကို ပြန်ကြားယောင်မိ၏ ။
“ခင်တို့ ညီအစ်မကို စိတ်ဓာတ်တွေ သံမဏိလို မာကျောအောင် ပြတ်သားရဲရင်အောင် မဏိဆိုတဲ့ နာမည် လေးတွေ ဖေဖေနဲ့ မေမေက ထည့်သုံးခဲ့တယ်။ စောစောစီးစီး ခွဲခွာသွားဖို့ ပြင်ဆင်ထားလို့များ ရပ်တည်ရဲအောင် လေ့ကျင့် ပေးထားခဲ့တာလားမှ မသိတာ။ ဒါပေမဲ့ ခင်က နည်းနည်း တွေ ဝေ ပျော့ညံ့ချင်တယ်။ ညီမလေး ကတော့ အငယ် ဖြစ်ပေမယ့် ပြတ်ပြတ်သားသား၊ ရဲရင့်တယ် မနွယ်ရဲ့ ငယ်ငယ်က ဆို သူကတောင် ခင့်ကို ကာကွယ်ပေးခဲ့သေးတာ။ ကလေးချင်း အနိုင်ကျင့် မခံရအောင်လို့လေ၊ ဟင်း ဟင်း ခုတော့ အစ်မကြီး အမိအရာဆိုသလို ခင်က ညီမ လေးကို ကြည့်ရှုစောင့်ရှောက်နေရပြီ။ ဖေဖေ မေမေတို့ တာဝန်တွေ ခင်လွှဲပြောင်းယူရတာ ခင် ကျေနပ်ပါတယ်။ ဒါပေမဲ့ ညီမလေးက သိပ်ပြီး မှီခိုချင်တာ မဟုတ်ဘူး။ ကျောင်းမသွားခင် အချိန် တွေ ကျောင်းပိတ်ရက်တွေ မှာ ၀င်ငွေရအောင် ရှာသေးတာ။ ညီမလေးက ခင့်ထက် တော် ပါတယ်”
တဲ့လေ၊ ညီမလေးကို ချီးကျူးတဲ့ စကားတွေ နှင့် မြတ်မြတ်နိုးနိုးကို ချစ်ရှာတာ။ သူတို့ ညီ အစ်မနှစ် ယောက် စလုံးကို မမနွယ် ချစ်လည်းချစ် ခင်လည်းခင်သည်။ ဒါကြောင့် မို့ အိမ်ထောင်ကျ ပြီး သမိုင်းဘူတာရုံ ရပ်ကွက်ငယ်လေး ပြောင်းလာတဲ့အထိ သူတို့ ညီအစ်မနှစ် ယောက် ကို အဆက် အသွယ် မဖြတ်ခဲ့။ ကိုယ်က အလည်အပတ် သွားလျှင်သွား၊ မသွား ဖြစ်လျှင် သူတို့ကို ခေါ်၍ စကား စမည် ပြော ဖြစ်ကြသည်။
“မမ မမနွယ် သွင်တို့ မမနွယ်တို့ ရပ်ကွက်လေးမှာ ပြောင်းနေလို့ ရမလား ဟင်”
သွင် တစ်ယောက် တည်း မမနွယ် အိမ်ရောက်ချလာပြီး ငိုသံပါကြီးနှင့် ပြောတော့ မမနွယ် အထိတ်တလန့် အံ့သြသွားခဲ့သည်။
“ဘာ ဘာ ဖြစ်လို့လဲ သွင်လေးရယ်၊ ဟိုက အိမ်ကလေးက သွင်တို့ မိဘအမွေအနှစ် အိမ် လေးလေ၊ ရပ်ကွက်လေးကလည်း သန့်ပါတယ်”
“ဟင့်အင်း မမနွယ် သွင်တို့ အဲဒီ ရပ်ကွက်မှာ နေလို့မ ဖြစ်တော့ဘူး ဟိုလူက ကဲ့ရဲ့ ဒီလူက အတင်းပြောနဲ့ သွင်ရှက်လာပြီ”
“သွင်လေးရယ် မမနွယ်ကို သေချာရှင်းပြပါ၊ ဘာတွေ များ ဖြစ်လို့လဲ စိတ်တွေ ပူလိုက်တာ ကွယ်”
“မ မမလေ သူ ဗိုက်ကြီးနေတယ်။ မမနွယ် ဘယ်သူနဲ့ ဖြစ်တာလဲ ဆိုတာလည်း မေးလို့မရ ဘူး။ သူ့ကိုချစ်ရင် မမေးပါနဲ့ဆိုပြီး ငိုနေတော့တာပဲ။ ဒါမေပဲ့ တဖြည်းဖြည်းနဲ့ လရင့်လာတော့ လူတွေ မေးငေါ့လာပြီပေါ့ မမနွယ်ရဲ သွင်လည်းကျောင်းထွက်ပြီး ၀င်ငွေကောင်းတဲ့အလုပ် လုပ်မှ ဖြစ်တော့မယ်။ မမ မမ ကျန်းမာရေး လည်း သိပ်မကောင်းတော့ဘူး မမနွယ်ရယ်”
“သွင်လေးရယ်”
ထိုအချိန်တုန်းက သွင်လေးရဲ့ ငိုရှိုက်သံတွေ မမနွယ် ခုထိ ကြားယောင်နေဆဲပင်။ သူတို့ အပူကို ကိုယ့်အပူလို သဘောထားပြီး သွင်လေးတို့ ညီအစ်မနှစ် ယောက် ကို သူမရဲ့ အိမ်အနီးအ နားက ဆယ်ပေအိမ်လုံးချင်းလေးမှာ ရအောင် ငှားပေးခဲ့သည်။ သွင်လေးကိုလည်း သူမ ယောက်ျား အလုပ်လုပ်တဲ့ ဘုရင့်နောင်ပွဲရုံကြီးမှာ စာရေး မအလုပ် သွင်းပေးခဲ့၏ ။
ဒီလိုနှင့် သွင်တို့ နေခဲ့တဲ့ အိမ်လေးကို ရောင်းရတဲ့ငွေလေးကိုလည်း အတိုးအရင်းချ ပေးခဲ့ ၍ သွင်တို့ ညီအစ်မနှစ် ယောက် ရဲ့ ဘ၀ရပ်တည်မှု ပြေလည်သင့်သလောက် ပြေလည်ခဲ့သည်။
ဒါပေမဲ့ ကိုယ်ဝန်လရင့်လာလေ သွင့်အစ်မရဲ့ ကျန်းမာရေး က မကောင်းလေမို့ မလောက် မငနှင့် တော် တော် လေး ချို့တဲ့ခဲ့ပြန်သည်။ မမနွယ်လည်း တတ်နိုင်သလောက် ထောက်ပံ့ပေးခဲ့ တယ်ဆိုပေမဲ့ ခုခေတ် ဆေးဖိုးဝါးခက သိပ်မလွယ်။
ဝင်ငွေနှင့် ထွက်ငွေမျှဖို့ အတော် ကို ခြိုးခြံချွေတာ ချို့ချို့တဲ့တဲ့ စားသောက်မှ အဆင်ပြေရုံ လေးပဲရှိသည်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသကဲ့သို့ ခုလို နို့ဘူး တိုက်ကျွေးနေရတဲ့ လူမမယ် ကလေးလေးကို ပွေ့ပိုက်ပြီး ရုန်းကန်နေရရင်ရော ဘယ်လောက် ခရီးတွင် မှာ မို့လို့လဲ။
မမနွယ် ရင်ထဲ စဉ်းစားထားတာတွေ ပြောသင့်၊ မပြောသင့် ချိန်ဆနေမိတာ။ သွင်လေးရဲ့ စိတ်ကို သိနေလို့ပါ
ဒါပေမဲ့ သွင်လေး ရုန်းကန် ကြည့်ပါစေဦး၊ ရင်ဆိုင်ကြည့်ပါစေဦး၊
တစ်နေ့နေ့ မ ဖြစ်တော့ဘူး ဆိုလျှင် အဲဒီ အချိန် ရောက်မှ….။
အချိန်မီ ရောက်လာခဲ့ရသည် ဆိုသော်လည်း ဖေဖေနှင့် ညီရဲ့ နောက်ဆုံးဈာပနသင်္ဂြိုဟ်တဲ့ အချိန်ကိုသာမှီခဲ့သည်။ ဘယ်လို အသက်ထွက်သွားလဲ၊ ဘယ်လို မချိမဆံ့ ခံစားသွားရလဲ။ ဘယ် လို ဝေဒနာတွေ နှင့် သေဆုံးခဲ့ရတာ လဲ ခုချိန်ထိ သူ မသိရသေး။
မေမေက အားလုံးကို ပိတ်ပင်ထားသလို သူကိုယ်တိုင်လည်း ရက်လည်ပြီးမှသာ ပြောပြ ရစေတဲ့။ သူ့ရင်ထဲ မချိသော်လည်း မရှုနိုင်မကယ်နိုင် ယူကြုံးမရ ကြေကွဲခံစားနေတဲ့ မေမေ့ကို ထပ် ပြီး စိတ်ဒုက္ခမပေးလိုချေ။ ဘာကြောင့် လဲဆိုတဲ့ မေးခွန်းရဲ့ နောက်မှာ ဆိုနင့်နာကြည်းစရာ အကြောင်းအရာတွေ ရှိနေလိမ့်မည် ဆိုတာတော့ သူသိနေသည်။
သူရောက်နေတဲ့ နေ့နှင့် နောက်နေ့မှာ ပဲ ဖေဖေနှင့် ညီကိုသင်္ဂြိုဟ်ခဲ့ပြီး အံ့သြလွန်းစွာ နှင့် မျက်ရည်ကျဖို့တောင် သူမေ့နေခဲ့၏ ။
အ ဖြစ်အပျက်ကြီးက မယုံနိုင်စရာ။
တိုးတိုးတိတ်တိတ် ပြောနေကြတဲ့ အတင်းအဖျင်းတွေ ကြားရတာ လည်း အရှိန်အ၀ါ ကြီး မားမှု ကြောင့် ဘာမှမသဲကွဲ။ မေမေ့ကို ဖေးမနှစ် သိမ့်ရင်း သူကိုယ်တိုင် သတိလစ် မေ့မြောမတတ် ခံစားခဲ့ရသည်။
ထိုရက်တွေ က လွန်မြောက်သော ရက်လည်ပြီးတဲ့ညမှာ ပဲ
“မိန်းမကိစ္စကြောင့် ဒီလိုမျိုး အရှက်ရလိမ့်မယ်လို့ မေမေ လုံးဝထင်မထားခဲ့ဘူး။ ဒီလိုမျိုး အ ဖြစ်ဆိုးကြီး ကြုံမယ်လို့ မေမေ မမျှော်လင့်ခဲ့မိဘူး။ သားကြီး ဘာတဲ့ သားငယ်နဲ့ရတဲ့ ကိုယ်ဝန် ကြောင့် သမီးလေး တစ်ယောက် တောင် မွေးခဲ့သေးသတဲ့ အဲဒီ ကလေး မွေးပြီးပြီးချင်း သူ့အစ်မ ဆုံး သွားခဲ့တာတဲ့”
“ဗျာ သူ သူတို့ဘက်မှာ လည်း အဲဒီ လို နာကြည်းစရာတွေ ကြုံခဲ့ရတာ ပဲလား။ ညီ ညီနဲ့ ဖြစ်တယ်ဆိုတဲ့ မိန်းကလေးက ဘယ်သူလဲ မေမေ”
“အိမ်ဖော်မ ရှင်းမဏိခင်တဲ့ အဲဒီ လို အတန်းအစားက မိန်းကလေးနဲ့မှ သွား ပတ်သက်မိတာ ကိုးကွဲ”
“ဗျာ”
မေမေက ဟီးချပြီး ငိုသည်။ သူက အာမေဋိတ်သံ ထွက်သွားတာတောင် လျှာခလုတ် တိုက် သွားသေး၏ ။
“သားကြီးလည်း အံ့သြနေတယ် မဟုတ်လား၊ အဆင့်အတန်းမရှိတဲ့သူတွေ နဲ့ ပတ်သက်ခဲ့ တဲ့ အကျိုးကျေးဇူးက မေမေတို့ ဘ၀ပျက်ရတာ ပေါ့ သားကြီးရယ်၊ မင်းညီလေး ပညာရေး တောင် ဆုံးခန်းမတိုင်ရှာဘူး။ သားတွေ ကို ချစ်နိုင်လွန်းတဲ့ မင်းအဖေလည်း ဒီသားစိတ်နဲ့ ဆုံးရရှာတာ။ မေမေ ဘယ်လိုမှ မဖြေနိုင်ဘူး သားကြီးရယ်”
“မေမေရယ် စိတ်မကောင်း ဖြစ်မနေပါနဲ့တော့ နော် သား တစ်ယောက် လုံး မေမေ့အနားမှာ ရှိပါသေးတယ်။ သား မေမေ့ကို ပြုစုစောင့်ရှောက်ရမှာ ပေါ့ မေမေရယ်။ ဖြစ်လာတဲ့ ကံတရားက ဘယ်သူမှ တားဆီးလို့ မရတာ ”
“အဲဒါကို မေမေ ယူကြုံးမရ ပို ဖြစ်ရတာ ပါ သားကြီးရယ်၊ ခုဆို သားကြီးလည်း နိုင်ငံခြားမှာ ပညာတော် ဆက်သင်ဖို့ မလွယ်တော့ဘူး။ ကုမ္ပဏီမှာ ၀င်လုပ်ရတော့မယ်လေ။ မင်းအဖေ မျှော် လင့်ထားတဲ့ ပညာတတ်ကြီး ဘယ်လိုလုပ် ဖြစ်တော့မှာ လဲ။ အဲဒီ မိန်းကလေးလေးကို မေမေ သိပ် မုန်းတယ်။ တခြားအချိန်မှာ တိုးတိုးတိတ်တိတ် လာပြောခဲ့ရင်တောင် မေမေ ဒီလောက် စိတ်ဆိုးမိ မှာ မဟုတ်ဘူး။ သားလေး ပြဿနာ မတက်အောင် မေမေတခြားနည်းနဲ့ ဖြေရှင်းပေးမှာ ပေါ့ ခုတော့ ကွယ်”
မေမေကို ဖြေသိမ့်ဖို့ သူအင်အားမဲ့ နေသည်။ ရင်သွေးလေးဆိုတဲ့စကားက သူ့နားထဲမှာ ပဲ့တင်ထပ်နေ၏ ။ တစ်ဖက်ကလည်း ဘယ်လောက်တောင် ဒုက္ခများ မှာ မလဲ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို ကိုယ့်ဘက်က ဒဏ်ရာကိုပဲ အကြီးကြီး ထင်နေပေမယ့် ကျန်တစ်ဖက်က လည်း ဒဏ်ရာ မသေးဘူးဆိုတာ အသေအချာပင်။
ဒါကြောင့် မို့ ဒီလို အကျိုးဆက်တွေ ဖြစ်ခဲ့ရတာ ပဲ မဟုတ်ပါလား။
“အဲ အဲဒီ ရင်သွေးလေးအတွက် သားတို့မှာ တာဝန်ရှိနေမလား မသိဘူးနော် မေမေ”
မေမေ ဆတ်ခနဲ ဖြစ်ကာ သူ့ကို မျက်လုံးလှန်ကြည့်သည်။
“တာဝန် ဟုတ်လား ဘာတာဝန်မှ မရှိဘူး။ အသိအမှတ်ပြုထားတာလည်း မဟုတ်ဘူး။ ဒီလို အဆင့်အတန်းမရှိတဲ့ သွေးနဲ့ ရောထားတာ ပိုပြီးတော့တောင် ရွံသေးတယ်”
“မဟုတ်ဘူးလေ မေမေရယ် ညီရဲ့ သွေး ပါနေတယ် အသိအမှတ်မပြုလည်း သွေးက သွေးပဲ မေမေ”
“တော် စမ်း သားကြီး မေမေ နားခါးတယ်။ အဲဒီ ကိစ္စကြောင့် သားငယ်နဲ့ မင်းအဖေ သေဆုံး ခဲ့ရတာ ။ မေမေ ရင်နာတယ်။ သွေးဆိုတဲ့စကားကို လာမပြောနဲ့၊ အောက်တန်းစား ကလေကချေ စိတ်နဲ့ လူပုံအလယ်မှာ လာပြီး အရှက်ခွဲတာ သားငယ်နဲ့ ဖြစ်တာလည်း ဟုတ်ချင်မှ ဟုတ်မှာ ။ လျော်ကြေးလိုချင်လို့ တမင်ဂွင်ဆင်တာလည်း ဖြစ်ချင် ဖြစ်နိုင်တာပဲ”
“သူတို့ အရှက်ကွဲခံပြီး အဲဒီ လိုတော့ လုပ်မယ်မထင်ပါဘူး မေမေ၊ ညီကလည်း အဲဒီ ဘက် မှာ တော် တော် ဆိုးဆိုးပဲ မဟုတ်လား”
ဒေါ်သဇင်မြိုင်က ခပ်ကြိတ်ကြိတ် တက်ခေါက်လျက် စားပွဲခုံကြီးကို ဗြုန်းခနဲ ပုတ်ချလိုက် သည်။
“အဲဒါကြောင့် မေမေတို့ အဲဒီ အချိန်က သိပ်ပြီး မတင်းမာရဲတာပေါ့။ အဲဒီ ထက် လိုက်လျော ရင်လည်း လျော်ကြေးတောင်းပြီး ပြန်မယ့်ပုံပါ။ ဒါပေမဲ့ သားငယ်အကြောင်းကို သိတယ်ထားဦး လူအများ ရှေ့မှာ ဟန်ကိုယ့်ဖို့ ဆိုတာလည်း ရှိသေးတယ်လေ။ ဘာပဲ ဖြစ် ဖြစ် မေမေ ကတော့ သေ ဆုံးသွားတဲ့ သူ့အစ်မဆိုတာကိုလည်း မုန်းတယ်၊ ကျန်ရစ်ခဲ့တဲ့ အဲဒီ ကောင်မလေးနဲ့ ရင်သွေးဆိုတာ ကိုလည်း မုန်းတယ်။ ဘယ်တော့မှ အဲဒီ လို အတန်းအစားမျိုးနဲ့ မဆုံဆည်း ရပါစေနဲ့လို့ ဆုတောင်း တောင်းတယ် သား”
မေမေ့ အတ္တတွေ အတွက် သူဘာကိုမှန်းမသိ ၀မ်းနည်းသွားသည်။ ရင်ထဲမှာ လှိုက်ဆို့လျက် ကတုန်ကယင်တောင် ဖြစ်နေ၏ ။
မေမေ့ရှေ့ကနေ ဖြည်းလေးစွာ ထလာခဲ့ပြီး ၀ရန်တာဘက်ကို ထွက်ခဲ့သည်။ ပတ်ဝန်းကျင် ကို ကြည့်လိုက်တော့ ကြယ်ရောင် မှိန်မှိန်အောက်မှာ ညပျောက်နေ၏ ။ သန်းခေါင်ယံလား၊ ညဥ့်ဦး ယံလား။ အာရုံဦးလား သူမခွဲခြားတတ်ချေ။
အချိန်ဆိုတာ ဒီအတိုင်း ရပ်တန့်နေမှာ မဟုတ်ပါဘူး။ ရပ်တန့်ပါလို့လည်း ဆွဲဆန့်မထား ချင်။
အဆိပ်တက်နေတဲ့ ဝေဒနာတွေ ကြားက လွတ်မြောက်ချင်ပြီလေ။ မျက်ရည်စက ဘယ်နေ ရာက ယိုစမ့်နေမှန်းမသိ။
သူ့ ပါးပြင်နှစ် ဖက်စလုံး စိုစွတ်နေသည်။
“အဲ့ အဲ့ အူဝဲ အူဝဲ”
“အို အို ခဏလေးပါကွယ် သမီးလေးရယ်၊ ဒီပန်းကလေးတွေ ကုန်ရင် သမီးလေးကို နို့ဗူးတိုက်မယ်နော်”
“ကဲပါ မိသွင်ရယ် အဲဒီ ပန်းကို ငါကူရောင်းပေးမယ် ကလေးကို တစ်နေရာမှာ နို့ဘူး သွား တိုက်လိုက်ပါဦး တကတည်း နေကုန်နေကန်း ကျောမပူဘူးလား မသိပါဘူး။ ကလေးကို အမြဲ ကျောမှာ သိုင်းထားတော့တာပဲ”
သွင့်လက်ထဲက ပန်းကုံးလေးတွေ ကို မိဝင်း ဆွဲဆောင့်ယူပြီး တွန်းလွှတ်မှ ရေတမပင် အရိပ်မှာ ထိုင်ပြီး သမီးလေးကို ရင်ဘတ်ရှေ့ပွေ့ယူရင်း တိုက်လိုက်ရသည်။ သမီးလေးက အငမ်း မရနှင့် တပြွတ်ပြွတ် ဆို့၏ ။
ဒီနေ့ ဒီနေ့ ဒီပန်းတွေ မကုန်လို့ မ ဖြစ်တာလို့ သွင် ဇွဲနဘဲနှင့် ရောင်းနေမိတာပါ။ သမီးလေး အတွက် နို့မှု န့်ဝယ်ဖို့ ငွေမပြည့်သေးဘူးလေ။
ဒီနို့ဘူးလေး တိုက်စရာရှိတာတောင် နို့မှု န့်ထုတ်လေးဝယ်ပြီး ဖျော်ထားရတာ ။
ကိုယ်တစ်ဝမ်းတစ်ခါး တစ်လုပ်တစ်ဆုပ်အတွက် မမနွယ်က အချိန်မရွေး ၀င်စားလို့ ပြော ပေမယ့် လသားအရွယ်လေး ဖြစ်လာတဲ့ သမီးလေးက နို့စို့သန်လာပြီမို့ နို့မှု န်ဘူး ၀ယ်ဖို့ ခဏခဏ အခက်အခဲ ဖြစ်နေရသည်။
ဝင်ငွေကောင်းတဲ့ ဘုရင့်နောင်ပွဲရုပ်လုပ်ဖို့ကျလည်း သမီးလေးကို ကျောသိုင်း၍ ခေါ်သွား လို့မ ဖြစ်ပြန်။ အသွားအပြန် ကားတိုးစီးရတာ ကတစ်မျိုး။ ချီပိုးထားလို့လည်း မ ဖြစ်၊ ချောင် တချောင် မှာ ထိုးသိပ်ထားလို့လည်း မ ဖြစ်နှင့် မနက်ပိုင်း ပန်းလေးရောင်း၊ နေ့လယ်ပိုင်း အရိပ်ရတဲ့ နေရာ ကနေ နေရခဲရေရောင်း၊ သမီးလေးရဲ့ ချီးဝတ်သေးဝတ်လျှော်၊ ညကျလျှင်လည်းသမီးလေး ဂျီကျတဲ့ နေ့ဆို မအိပ်ရ။
ဟူး လွယ်တော့ မလွယ်။ ပင်ပန်းတယ်လို့တော့ မညည်းညူချင်ပါ။ မမတောင်မှ သူမ အတွက် ရင်းနှီးပေးဆပ်ခဲ့ရတဲ့ အချိန်တွေ နည်းလို့လား။ အိမ်ဖော်အလုပ်မျိုးနဲ့တောင် ပင်ပန်း တကြီး လုပ်ခဲ့ရသေးသည်။ တက္ကသိုလ်ကျောင်းသူကြီး ဖြစ်တော့မယ်ဆိုပြီး ကြည်နူးစွာ ပြုံးနေခဲ့ သေးတာ။
မိဘမရှိပေမယ့် ပူပင်ကြောင့်ကြ မှု မရှိအောင် ဂရုစိုက်ခဲ့သည်။ သွင်ကျောင်းအားရက်တွေ မှာ ဈေးထွက်ရောင်းခဲ့တာတောင်
“ညီမလေး ပညာတတ်ကြီး ဖြစ်ပြီး အလုပ်ရရင် မမ တစ်လှည့်အနားယူမှာ ပေါ့။ ခုတော့ ဘာမှ မလုပ်ဘဲ ပညာကိုသာ ကောင်းကောင်းသင်ပါကွယ်။ ခုချိန်မှာ ညီမလေး အပင်ပန်းမခံပါနဲ့”
တဲ့ မေတ္တတရား ကြီးမားပုံက သွင့်ကို အပူအပင် မရှိစေချင်တာ သိသာသည်။
အခု သွင်က တစ်လှည့် သမီးလေးအပေါ် တာဝန်ကျေအောင် ကြိုးစားရတာ မောပန်းတယ် လို့ ညည်းညူသင့်ပါသလား။
ဟင့်အင်း။ သူမမှာ အားမန်တွေ ရှိနေသေးသည်။ ခွန်အားတွေ သမီးလေးအတွက် အသစ် မွေးဖွားရမည် ။ ဘယ်တော့မှ နောက်မတွန့်မိစေရ။ စိတ်ဓာတ်ကျ အားမငယ်စေရ။
သမီလေးဘ၀ လူ့အောက် မကျစေရ။ အရွယ်ရောက်လက်လွှတ်ရတဲ့ အချိန်ရောက်လျှင် သွင်ပိုပြီး ကြိုးစားရမည် ။ သမီးလေး ကျောင်းနေရေး ၊ ၀တ်ရေး ၊ စားရေး သူမတာဝန်တွေ ဖြစ်သည်။
ဘယ်တော့မှ အားမလျှော့တမ်း သွင် စိန်ခေါ်လိုက်ချင်သည်။ သမီးလေးအတွက် သွင်ဟာ လမ်းပြကြယ် ဖြစ်ရမည် ။ ထိုလမ်းပေါ် သမီးလေး အေးအေးသက်သာ လျှောက်စမ်းပါစေ။
အန္တရာယ်တွေ့ လျှင် သွင် ရှေ့ ရင်ဆိုင်ရမည် ပေါ့။
“ခြေလှမ်းတိုင်းရဲ့ ရှေ့မှာ ဘယ်သူမဆို ရည်ရွယ်ချက်ဆိုတာရှိကြတာပဲ သွင်။ ဒါပေမဲ့ ဒီနေ့နဲ့ မနက်ဖြန်တိုင်းရဲ့ ပြောင်းလဲမှု ကို ခံနိုင်ရည်ရှိအောင် ကြိုးစားဖို့ဆိုတာလည်း စိတ်ဓာတ်အင် အားတစ်ခုတည်း ခိုင်မာနေရုံနဲ့ မရဘူး။ နေ့တဓူဝ စားဝတ်နေရေး ရှိတယ်။ လူမှု ရေး ၊ ကျန်းမာရေး ၊ ပြီးတော့ ရည်မှန်းချက်၊ အဲဒါတွေ အားလုံးဟာ ငွေကြေးနဲ့ ဖြေရှင်းနိုင်မှ ရတာ ။ ငါ့စိတ်ဓာတ် ခိုင်မာ ပါတယ်။ ရဲရင့်ပါတယ်၊ ပြတ်သားပါတယ် ပြောပြော၊ ထမင်းဝယ်စားဖို့ ပိုက်ဆံမရှိရင် အဲဒီ လူ ဘယ်နှ ရက် မာကျောနိုင်ဦးမလဲ၊ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံဟာ အလကား သက်သက်ထားခဲ့တာ မဟုတ်ဘူး”
“သွင် စိတ်ဓာတ်ကျအောင် ပြောနေတာလား မမနွယ်”
မမနွယ် မျက်နှာလေးမဲ့လိုက်တာ အမြင်ကပ်လို့တေ့ မဟုတ်နိုင်ပါ။ သွင့်ကို သနားနေတာပဲ ဖြစ်လိမ့်မည် ။
ဟိုအရင်ကဆိုလျှင် အ၀တ်အစား သစ်သစ်လွင်လွင်ကြီးတွေ ဆင်မြန်းနိုင်ခြင်း မရှိသော် လည်း ကျောလယ်လောက် ရှိတဲ့ ပျော့အိနက်မှော င်နေသော ဆံနွယ်တွေ ကြောင့် ဣနြေ္ဒကြီးသော တည်တင်းသိက္ခာရှိသော မိန်းမငယ်လေးအ ဖြစ် တင့်တယ်စေသည်။ ၀င်းဝါနုဖတ်နေသော မျက်နှာ လေးကို သနပ်ခါးရေကြဲ ဖုန်ဖုန်ဖွေးဖွေးလေး ပတ်ဖ်ရိုက်လျှင် မြင်သူ ငေးအောင် ချစ်စရာ ကောင်း သည်။
ခြေလှမ်း လှမ်းလိုက်တိုင်းလည်း စလစ်ပါ ဖိနပ်ကလေး စီးလာပေမယ့် ကျစ်လစ် တောင့် တင်း အ၀ိုင်းအ၀န်းကိုယ်ခန္ဓာ လှပမှု ကောက်ကြောင်းလေးတွေ က ပေါ်လွင်ထင်ရှားနေ၏ ။ ဘယ် တော့မဆို ထက်မြက်မှု နှင့် သွက်လက် လန်းဆန်းပေါ့ပါးနေတတ်တာပင်။
ခုတော့ ဖရိုဖရဲ ဗိုသီပတ်သီနှင့် ဘာမှ စနစ်တကျ မရှိ။ သေသေသပ်သပ် ပြုပြင်နေထိုင်ဖို့ မပြောနှင့် မျက်နှာသစ်ဖို့ ထမင်းစားဖို့တောင် အချိန်အား မရတော့တာ တော် တော် ကြာနေခဲ့ပြီ။
သမီးလေးကို စောင်ပုခက်လေးနှင့် အခန်းတွင်းမှာ ချော့သိပ်ပြီးမှ မမနွယ်ဆီ သွင်ပြန် ထွက် လာခဲ့သည်။
“တာဝန်တွေ မနိုင်မနင်း ဖြစ်နေပြီ မဟုတ်လား သွင်၊ သွင် ခံနိုင်ရည် ရှိပါတယ်လို့တော့ အားတင်းပြီး မပြောပါနဲ့တော့ သွင့်ကို ကြည့်ပြီး မမနွယ် စိတ်မကောင်းဘူး”
“မမနွယ်ရယ် ကံကြမ္မာက ဒီအတိုင်းပဲ သွင့်ကို ဖြစ်စေခဲ့တာ သွင် ဘာတတ်နိုင်မှာ လဲ။ ကြောက်ပါပြီလို့ အော်ပြီး ထွက်ပြေးလို့လည်း လွတ်မှာ မှ မဟုတ်တာ”
“လွတ်မြောက်ရာ လမ်းကြောင်းတစ်ခုကို မမနွယ်ပြရင်ရော သွင် အဲဒီ လမ်းကို လျှောက်မှာ လား”
“ဟင်”
မျှော်လင့်ချက်ကြောင့် အံ့သြ၀မ်းသာချင်သော်လည်း မ၀ံ့မရဲနှင့် သာ နားစွင့်မိ၏ ။ မမနွယ် သက်ပြင်းရှိုက်သံကလည်း ပေါ့ပါးခြင်းမရှိ လေးလေးပင်ပင်။
“သွင် အရင်လုပ်ခဲ့တဲ့ ဘုရင့်နောင်က ပွဲရုံမှာ ပဲ ပြန်လုပ်ပါလားဟင်”
“သမီးလေးနဲ့ သွင် အဲဒီ အလုပ်လုပ်လို့မှ မရတာ ။ မမနွယ်ရယ်၊ မမနွယ်လည်း သမီးလေး ကို အချိန်ပြည့် စောင့်ရှောက်နိုင်မှာ မဟုတ်ဘူးလေ။ လင်ယောက်ျားတာဝန်၊ သားတာဝန်နဲ့ ပြီး တော့ ကိုယ်ဝန်ကြီးက မပေါ့မပါး”
မမနွယ်က သူ ဗိုက်ပူလေးကို ငုံ့ကြည့်ပြီး သွင့်ကို လွှတ်ခနဲပြုံးကြည့်ကာ ခေါင်းလေးကို ခပ်ဖွဖွ ပုတ်၏ ။
“”အင် ဒီတာဝန်တွေ သာ မရှိရင် သွင့်ကို မမနွယ် အပြည့်အ၀ ကူညီပေးမိမှာ ပါ။ သွင်ရယ် သွင့်ကိုလေ မမနွယ် ညီမအရင်းလေး တစ်ယောက် လို ချစ်တယ်။ မြင်တွေ့ နေရတာ ရင်ထဲ မကောင်းနိုင်ဘူး။ ဒါကြောင့် လည်း မမနွယ် လမ်းကြောင်း တစ်ခုပေါ် သွင့်ကို တင်ပေးချင်တာ..
“ဟုတ်ကဲ့ ပြောကြည့်ပါ မမနွယ်”
“ဒီလိုလေ သွင်လုပ်ခဲ့တဲ့ ပွဲရုံပိုင်ရှင် ကိုဖုန်းဒီပါ သွင့်အပေါ် ဘယ်လောက်ကောင်းခဲ့တယ် ဆိုတာ သွင် သိမှာ ပေါ့။ ခင်ရဲ့ နာရေး ကိစ္စ၊ ရက်လည် ကုသိုလ်လုပ်ဖို့ကအစ ငွေကုန်ကြေးကျ လည်း ခံတယ်။ ကိုယ်ရော စိတ်ရောနှစ် ပြီး ကူညီခဲ့တယ်လေ။ တော် ရုံ စေတနာနဲ့ ကိုယ်ဖိရင်ဖိ ဘယ်သူမှ အဲဒီ လောက် မကူညီကြပါဘူးကွယ်၊ အခုလည်း သူ့အနေနဲ့ သွင့်ကို ပွဲရုံမှာ ပြန်လုပ် စေ ချင်တယ် ကလေးထိန်း တစ်ယောက် ငှားပေးပါ့မယ်တဲ့ ပြီးတော့”
မမနွယ် စကားအဆုံးမသတ်ခင် သွင် ဖြည်းလေးစွာ ခေါင်းရမ်းပြီး မျက်နှာလေး မဲ့သွား သည်။
“ဘယ် ဖြစ်မလဲ မမနွယ်ရယ်၊ အခွင့်အရေး ရတိုင်း ယူသလို ဖြစ်နေမှာ ပေါ့။ ကျေးဇူးတင် ရမှာ တွေ များ လာရင် ပြန်ဆပ်နိုင်မှ ကောင်းတာ သွင် ဖြစ်သလို ရုန်းကန်ကြည့်ပါဦးမယ် မမနွယ်”
“ဟင်း သွင်ရယ် ဖြစ်သလိုဆိုတာ ဘယ်လောက်တောင် ခံနိုင်မှာ မို့လို့လဲ၊ သမီးလေး ဒီအရွယ်မှာ တောင် သွင် ဒီလောက်ပင်ပန်းနေရင် ကျောင်းနေအရွယ်ရောက်ရင် သွင် ချုံးချုံးကျပြီ ပေါ့။ ဟို ကိုဖုန်းဒီပါပြောတဲ့စကားကို မမနွယ် အရဲစွန့်ပြီး ပြောပါရစေ။ သူက တစ်ခုလပ်မို့ သွင်ကို ပြောရမှာ အားနာနေတယ်တဲ့ မ ဖြစ်စလောက်ကျေးဇူးလေးကို အကြောင်းပြတယ်လို့လည်း အထင် ခံရမှာ စိုးနေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူသွင့်ကို သဘောကျနေတယ်။ သမီးလေးကိုရော သွင့်ကိုပါ တာဝန်ယူပါရစေတဲ့”
“ရှင်”
တိုးတိတ်သော အာမေဋိတ်သံလေးနှင့် သွင် ခေါင်းကို အဆက်မပြတ် ယမ်းခါပစ်လိုက်၏ ။
“ဟင့်အင်း သွင် လက်မခံနိုင်ပါဘူး မမနွယ်၊ သမီးလေးကို သွင် တစ်ယောက် တည်း စောင့် ရှောက်နိုင်ပါတယ်။ ပင်ပန်းမယ် ဆင်းရမယ်၊ ရုန်းကန်ရမယ်၊ တစ်သက်လုံးလည်း ဖြစ်ချင် ဖြစ်မယ်၊ အချိန်အကန့်အသတ် တိုချင်တိုမယ်၊ အရှည်ကြီးလည်း ဖြစ်ချင် ဖြစ်မှာ ပဲ ဒါပေမဲ့ သမီးလေး ပထွေး နဲ့ မနေရအောင် သွင် ကာကွယ်ရမယ် မမ ပထွေးဆိုတဲ့အသိနဲ့ သမီးလေး မျက်နှာ မငယ်စေချင်ဘူး”
“ဖအေမရှိ၊ မအေမရှိတဲ့ ဘ၀ကရော မျက်နှာငယ်စရာ မဟုတ်ဘူး သွင်၊ ဖအေနာမည် ကို ရဲရဲတင်းတင်း မခေါ်ရဲတဲ့ဘ၀နဲ့ သမီးလေး တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာ တဲ့လား။ ဒီ အရွယ်လေးက အဖေ၊ အမေကို ကောင်းကောင်းမသိသေးပါဘူး။ သူ့ဘ၀ ရှေ့ရေး အတွက် သွင် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်မယ်ဆို ကိုဖုန်းဒီပါ က တစ်ခုလပ်မို့လို့လား။ သွင်ထက် အသက်ရှစ်နှစ် လောက်ကြီးနေလို့လား။ အကြောင်း တစ်ခုခုပြပြီှး ငြင်းဆန်ကြည့်ပါ သွင်”
သွင် အသံတိတ် ငိုရှိုက်လိုက်မိ၏ ။ အားကိုးရာ ရှာရတော့မည် ဆိုလျှင် ကိုဖုန်းဒီပါက အသင့် တော် ဆုံးဆိုတာ သွင် သိနေပါသည်။ သူ့ရဲ့ ဂရုစိုက်မှု တော် တော် များများ ကို သွင် အသိအမှတ်ပြု ခဲ့ရတာ ပဲလေ။
အစစအရာရာ ဖေးမစောင့်ရှောက်ခဲ့တာ မရိုးသားမှု တွေ မှန်းတော့ သွင် အစက မသိခဲ့ပါ။ တစ်ခုလပ်ဆိုတဲ့ အမည်းစက်ကြီးက သွင့် အသိအာရုံရှေ့မှာ ဖုံးကွယ်နေခဲ့တာပဲ။
“ကိုယ်တို့ အိမ်ထောင်သက် သုံးနှစ် မှာ နှလုံး ရောဂါ နဲ့ ကိုယ့်ဇနီး ဆုံးသွားတယ်။ ကိုယ်တို့ က မိုက်ခဲ့ကြာတပါ။ ကိုယ့်မှာ က မိဘတွေ မရိတော့ဘူး။ သူ့မိဘတွေ က ကိုယ်တို့ကို လက်မထပ် စေချင်ကြဘူးလေ။ နှလုံး ရောဂါ သည် သမီးလေးမို့ တစ်ခုခု ဖြစ်မှ စိုးရိမ်ကြတယ်။ အချစ် ကြီးကြ တဲ့ ကိုယ်တို့နှစ် ယောက် ဘာမှ မ ဖြစ်နိုင်ပါဘူးဆိုတဲ့ ဆင်ခြေနဲ့ ဇွတ်အတင်း လက်ထပ်လိုက်ကြတာ ကလေးမမွေးအောင် ထိန်းသိမ်းထားနိုင်ရင် အသက်အန္တရာယ် မစိုးရိမ်ရဘူးပေါ့။ ကလေးအတွေး နဲ့ ဆုံးဖြတ်လိုက်ကြတာ ဟင်း ဟင်း”
“ကိုဖုန်းက ကလေး မချစ်တတ်ဘူးပေါ့ ရမယ့် ရင်သွေးလေးထက်ကို ကိုဖုန်းချစ်သူကို ပိုချစ်ခဲ့တာပေါ့နော်”
“အဟင်း ဘယ်လိုပြောရမလဲ ကိုယ်ကလေးအရမ်းချစ်တတ်တာ ကိုယ့်ရင်သွေးဆိုတဲ့ အတွေး နဲ့လည်း အမြဲတမ်းစိတ်ကူးယဉ်တယ်။ ဒါပေမဲ့ တစ်သက်မှာ တစ်ယောက် တည်း ချစ်ခဲ့ဖူးတဲ့ ချစ်သူ ကိုလည်း မစွန့်လွှတ်နိုင်ဘူးလေ။ ကိုယ်တို့ ပျော်လည်းပျော်ခဲ့ကြပါတယ်။ အဲဒီ အပျော်တွေ က ကြာ ရှည်တော့ မခံလိုက်ပါဘူး။ သူ့အဖေ စက်ရုံပေါ်က လိမ့်ကျတဲ့ သတင်းကြားပြီး တစ်ခါတည်း ဒိုင်း သွားတော့တာပဲ။ အခုတော့ သူ့ကို လွမ်းတဲ့အခါ သူ့အတွက် ကုသိုလ်များများ လုပ်ပြီး အမျှဝေပေး နေရတယ်”
အဲဒီ လို ဇနီးမယားအတွက် ချစ်တတ်လွန်းသော လူ တစ်ယောက် က သွင့်ကို စိတ်ဝင်စား နေလိမ့်မည် ဟုတော့ မထင်မိချေ။ တစ်ဖက်သားကို ညှာတာတတ်သူမို့ သွင့်ကို သနားနေတာ လည်း ဖြစ်ချင် ဖြစ်မှာ ပေါ့။
ဒါကြောင့် မို့လည်း မငြင်းသင့်တဲ့ လူလို့ သွင် သတ်မှတ်ခဲ့မိတာပါ။ ကြင်နာတတ်တဲ့ မေတ္တာ တရား ကြီးမားတဲ့ သူတွေ က လင်ယောက်ျားကောင်း တစ်ယောက် ဖြစ်နိုင်သည်လို့သွင် ကြားခဲ့ဖူး သည်။
ဒါပေမဲ့ သွင် အလောတကြီး ပစ်စလက်ခတ် ဆုံးဖြတ်လို့ မ ဖြစ်၊ သွင့်အတွက်သမီးလေးကို ရင်ဝယ်ပိုက်ပြီး သီချင်းဆို ချော့မော့ သိပ်ရတဲ့သူဟာ သူမ တစ်ယောက် သာ ဖြစ်ချင်သည်။
“မင်း အဲဒီ စကားကိုပဲ ထပ်ခါထပ်ခါ ပြောနေတော့မှာ မင်းခ”
မေမေ စိတ်တိုဒေါသ ဖြစ်လာတဲ့အချိန်မှာ သားကြီးဆိုတဲ့ နမ်းစာပျောက်ပြီး နာမည် ကိုသာ မာဆတ်ဆတ် တင်းပြတ်လျက် အသုံးပြုသွားတတ်သည်။ ခုလည်း စကားလုံးတိုင်းကမပျော့ပျောင်း
“ငါ မကြိုက်ဘူးဆိုတဲ့ စကားကို ခဏခဏ ပြောနေတာ ဆန့်ကျင်တဲ့ သဘောလား”
“မဟုတ်ပါဘူး မေမေ အဲဒီ ကလေးလေးက ကျွန်တော့် ရဲ့ တူမလေး၊ မေမေရဲ့ မြေးမလေး၊ သူတို့က ပြည့်စုံမှု မရှိတဲ့အတွက် ကလေးလေး အရမ်းကို ချို့တဲ့ဆင်းရဲရှာမှာ ပေါ့ မေမေ၊ မေမေ မြင်ရက်သလား။ ကြားရက်သလား၊ ဥပက္ခောပြုရက်သလား”
“ကျွတ် စိတ်ပျက်ဖို့ ကောင်းလိုက်တာ မင်းဘယ်လို ပုဒ်မနဲ့ ရလိုမှု တောင်းမှာ လဲ မင်းခ၊ ကိုယ့်ရဲ့ အမျိုးအနွယ် ဖြစ်ကြောင်း မင်းမှာ ဘယ်လိုသက်သေ ခိုင်လုံမှု ရှိလို့လဲ၊ ဟိုတစ်ဖက်က တာဝန်မယူနိုင်လို့ လက်သိပ်ထိုးထည့်ခဲ့တယ် ထားဦး၊ ငါ ကတော့ ဆောရီးပဲ၊ ငါ့သားနဲ့ ငါ့ယောက်ျားကိုဆိုးကျိုးတွေ ပေးခဲ့တဲ့ ကလေး။ သူ့ဘ၀ ရလဒ် မကောင်းတော့လည်း ငါနဲ့ ဘာဆိုင်လို့လဲ ငါလုံးဝ အသိအမှတ်မပြုနိုင်ဘူး မင်းခ”
မင်းခ စိတ်ရှုပ်ထွေးစွာ ဆံပင်တွေ ထဲ လက်ငါးချောင်းလုံး ထိုးထည့်၍ ဆွဲဖွပစ်လိုက်သည်။ မေမေ မျက်နှာပေါ်က မကျေနပ်ခြင်းတွေ ကို ကြည့်နေရသည်မှာ လည်း ရင်တွေ ပူလှ၏ ။
သွေးသားရင်းချာ နှစ် ယောက် တည်းသာရှိတော့သော မေမေနှင့် မင်းခရဲ့ ကြားမှာ ထိုကလေးလေး ၀င်ရောက်လာလျှင် ဘယ်လောက်တောင် နွေးထွေးပျော်ရွင်စရာ ကောင်းမလဲ၊ အခုဆိုရင် သွေ့ခြောက်နေတဲ့ အိမ်ကြီးထဲမှာ အရမ်းကြေကွဲနာကျင်နေရသည်။
ကုမ္ပဏီက လုပ်ငန်းတာဝန်တွေ လည်း မေမေက စိတ်မ၀င်စားသဖြင့် သူ့အပေါ်မှာ ပဲ တာဝန် တွေ လုံးလုံးလျားလျား ပိနေခဲ့သည်။ အစက ပြန်ကောက်နေရ၍ စိတ်ရောလူရော ပိုပင်ပန်း၏ ။
ကလေးငယ်လေး အကြောင်းကလည်း သူ့ခေါင်းထဲ ရောက်ရောက်နေသဖြင့် စိတ်ရှုပ်ရ သည်။ မေမေကို အတိုက်အခံ မလုပ်တော့ဘူးဆိုလျှင် ဒီကလေးလေးကို သူမေ့ပစ်လိုက်ရ မည် ပေါ့။
ဒီလို လုပ်လို့ ဖြစ်ပါ့မလား။
ဒီကလေးလေးက ဘယ်လိုရှင်သန်ကြီးပြင်းမလဲ။
နွမ်းပါးတဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုရုန်းကန်ရင်ဆိုင်မလဲ။ အမေ အမေမရှိတဲ့ ဘ၀မှာ ဘယ်လောက်တောင် အားလျော့ သိမ်ငယ်နေမလဲ။
ဒီအကြောင်းတွေ သာ သူတွေးနေမိသည်။ ဒီအကြောင်းကို မေမေနှင့် တိုင်ပင်မိတဲ့ အချိန် တိုင်းလည်း အမြဲတန်း အခြေအတင်း စကားများ ရတာ လွဲ၍ ဘာမှထူးခြားမလာ။
မေမေ့ကို စိတ်မကောင်း ဖြစ်အောင် လုပ်မိတာပဲ အဖတ်တင်သည်။ ဒီကလေးနှင့် ပတ်သက် ပြီး သူဒီအတိုင်း ရပ်နေသင့်ပါသလား။
စုံစမ်းရမည် ၊ မေးမြန်းရမည် ၊ တစ်ဖက်ကလူနှင့် ဆွေးနွေးကြည့်ရမည် ၊ ဘာမှ မပြောတော့ ဘဲ ထရပ်လိုက်တဲ့ သူ့ကို မေမေက မျက်လုံးလှန်ကြည့်သည်။
“ဘယ်သွား မလို့လဲ မင်းခ ကုမ္ပဏီပိတ်ရက်စာရင်းတွေ ကို အိမ်မှာ နားနားနေနေ လုပ်ပါ လား။ မင်းအဖေဆိုရင် အချိန်ကို ဘယ်တော့မှ အလဟဿ မဖြုန်းတီးဘူး”
“ကျွန်တော် စိတ်တွေ အရမ်းမွန်းကျပ်နေလို့ပါ မေမေ၊ ခဏလောက် ဖြစ် ဖြစ်လေကောင်း လေသန့်လေးတွေ တစ်ဝကြီး ရှူပစ်လိုက်ချင်တယ်။”
နှုတ်ခမ်းလေးကိုခပ်ထေ့ထေ့ပြုံးပြီး ကျန်ရစ်ခဲ့တဲ့မေမေ့ကို မင်းခအပြစ မမြင်ရက်ပါ။ မေမေ က ဟိုအချိန်ကတည်းက လင်ယောက်ျားနှင့် သားတွေ အပေါ် ဖိနှိပ်ချုပ်ချယ် ချင်သည်။
ဖေဖေက စနစ်ကျပြီး စည်းကမ်းနှင့် အုပ်ချုပ်တတ်ပေမယ့် မေမေက အမိန့်နှင့် ပြတ်ပြတ် သားသား ရှုတ်ချတတ်၏ ။ ဒါတွေ ကြောင့် ညီငယ် နေမင်းခန့်က အရွဲတိုက်သလို ဖြစ်ကာဆန်ကျင် ရဲတဲ့ စိတ်လည်းရှိသည်။
ဒါကြောင့် မို့လား မသိ။ မေမေက သူ့ထက်ညီကို ပိုချစ်ပြီး နားလည်မှု ပေး၍ အချိုသတ် စည်းရုံးတတ်သည်။ တင်းတဲ့သူကို အလျှော့ပေးရမှာ သဘောပေါက်နေလို့လည်း ဖြစ်လိမ့်မည် ။ သူကလည်း သိတတ်တဲ့အရွယ်ကလတည်းက မေမေ့ကို နားလည်ပေးခဲ့ရတာ ပဲ ဖြစ်၏ ။
အခု ကိစ္စမှသာ သူ။
“ရှင် ကျွန်မကို ဘာမှလာမပြောနဲ့ နားမထောင်ချင်ဘူး။ ရှင်အခု ကျွန်မအိမ်ပေါ်က ဆင်း သွား သွား ရှင်တို့ မိသားစုကြောင့် ကျွန်မ အစ်မ သေခဲ့ရတာ ကျွန်မဘယ်တော့မှ မကျေနပ်ဘူး”
“ညီမျှခြင်းနဲ့ တွက်မယ်ဆိုရင် ကိုယ်တို့ဘက်က အသက်တစ်ချောင်ပိုပါတယ်။ မင်းပွဲကြမ်း သွားတဲ့ နေ့က ကိုယ်တို့ တစ်မိသားစုလုံး ဂုဏ်သိက္ခာကျ အရှက်ရခဲ့တယ်။ မိဘတွေ က ပြောဆို ကြိမ်းမောင်းမိလို့ ညီက စိတ်ညစ်ပြီး အပြင်ထွက်သွားတယ်။ အဲဒီ မှာ ကားအက်စီးဒင်း ဖြစ်ပြီး အသက်ဆုံးတယ်။ အဲဒီ အ ဖြစ်အပျက်ကြောင့် ပဲ ဖေဖေက ရှော့ခ် ဖြစ်ပြီး ဆုံးသွားတယ်။ အဲဒီ အတွက် မင်းဘယ်လို ပြန်လျော်ပေးမလဲ”
ပျော့ပျောင်းခြင်းမရှိသော စကားလုံးများ က သွင့် ရင်ဝကို ဆစ်ခနဲ ဆစ်ခနဲ ထိုးစိုက်နေ၏ ။
သွင် မသိသော ထို ဖြစ်ရပ်များ က သွင်နဲ့မှ မဆိုင်တာ၊ အဓိက တရားခံက သူ့ညီဆိုတာ မသိဘူးလား။
ဒီအိမ်ထဲကို စ၀င်လာခြင်း ကတော့ သူမ မသိသော သူစိမ်းယောက်ျားမို့ ခရီးဦးကြိုလည်း မပြုမိ၊ နှုတ်လည်း မဆက်မိ။
သူက နာမည် မေး၍ အတော် စုံစမ်းလာရကြောင်း စပြောသည်။ ပြီးတော့ သူ့ကိုယ်သူ မိတ် ဆက်၏ ။
ထိုအချိန်ရောက်မှ တအဲ့အဲ့ ငိုနေသော သမီးလေး မမနွယ်အိမ်မှာ ပြေးထား၍ ဒီလူဆီကို အပြေးပြန်လာခဲ့ရသည်။ ဖော်ရွေလိုဟန်မရှိတဲ့ သူ့မျက်ဝန်းမှာ လည်း နာကြည်းရိပ်တွေ ယှက်သမ်း နေ၏ ။
ဒါပေမဲ့ သွင် ဂရုမစိုက်ပါ။
ဘယ်လိုအကြောင်းကြောင့် နဲ့မှ သွင်တို့ဘက်က စ မမှားခဲ့တာဘဲ။
“လာရင်းကိစ္စ အရေး မကြီးရင် ပြန်လိုက်ပါတော့ ကိုမင်းခ မမအတွက် ခံစားနေရတာ တွေ အသစ်လို ပြန် ဖြစ်တယ်”
“မင်းပြောတဲ့ စကားတွေ က ရေလည်ကျွတ်တယ် ရှင်းမဏိသွင် မင်း တစ်ယောက် တည်း နာကျင်စရာတွေ ခံစားနေရတာ မှ မဟုတ်တာ။ ကိုယ့်အဖေနဲ့ ကိုယ့်ညီအတွက် ကိုယ်ရော မနာ ကျင်ရတော့ဘူးလား”
“အဲဒီ ဖန်တီးမှု က ကျွန်မက စခဲ့တာမှ မဟုတ်တဲ့အတွက် ကျွန်မ နောင်တရစရာ ဘာ အကြောင်းမှ မရှိဘူး ကိုမင်းခ၊ ရှင့်ညီသာ မယုတ်မာခဲ့ရင် ဒီအကြောင်းတွေ ဖြစ်လာစရာလည်း မလိုဘူး။ အဲဒီ တော့ ကျွန်မဘက်က ပြောစရာ မရှိတော့ဘူး။ ရှင်ပြန်လို့ ရပြီ”
တင်းထန်နေသော မျက်နှာနှင့် လက်သီးကို ဆုပ်ကာ ကြမ်းခင်းကို မင်းခ ဒုန်းခနဲ ထုပစ် သည်။
“မင်း အဲဒီ လို ကိုယ့်ကို ခဏခဏ နှင်ချမနေနဲ့ ရှင်းမဏိသွင် မင်းပြောစရာ မရှိတော့ပေ မယ့် ကိုယ့်မှာ ပြောစရာတွေ ရှိလို့ တကူးတက လာခဲ့တာ။ ကိုယ် ကိုယ့်ညီရဲ့ ရင်သွေးလေးကို လို ချင်တယ်”
“ဟင်”
ထိတ်ခနဲ အံ့သြသွားသော်လည်း မင်သက်သွားရာမှ ဟက်ဟက်ပက်ပက် သွင် ရယ်ချလိုက် သည်။
“ဟက် ဟား ဟား ဟား ရှင် ရယ်ရသားပဲ ကိုမင်းခ၊ ဘာလဲ ရှင်က လူမိုက်စကား လာပြော နေတာလား၊ လူတွင် ကျယ် လာလုပ်နေတာလား။ ရှင်က ဘာရည်ရွယ်ချက်နဲ့ သမီးလေးကို လာတောင်းနေတာလဲ”
“မင်း မပြည့်စုံဘူးလေ သမီးလေး ချို့တဲ့နေမှာ ပေါ့ ကိုယ်တို့ သွေးသားကို အဲဒီ လို ပစ်စ လက်ခတ် မထားနိုင်ဘူး မင်းနဲ့ နေရင် ကလေးဆင်းရဲနေမှာ ပဲ”
“ဟင် ဟင်း ရှင့်ညီ လူရာမသွင်းခဲ့တဲ့ ကလေးကို ရှင်လာပြီး ပတ်သက်ပြမနေပါနဲ့။ ဘောင် မ၀င်ပါဘူး ကိုယ်မင်းခ၊ ကျွန်မလည်း လုံးဝအသိအမှတ် မပြုဘူး။ ရှင် စုံစမ်းခဲ့တယ်ဆိုရင် ကျွန်မ ရုန်းကန်နေရတဲ့ ဘ၀ အစိအပိုင်းတွေ ကိုပါ ရှင်သိနေမှာ ပါ။ ဒါပေမဲ့ ဘယ်လောက်ပဲ ပင်ပန်းပါစေ သမီးလေးကို ကျွန်မပဲ ပိုင်ဆိုင်ရမယ်။ ဘယ်သူ့ကိုမှ မပေးဘူး၊ ဘယ်သူ့လက်ထဲမှ မရောက်စေရ ဘူး သိလား”
တင်းပြတ် စိမ်းသက်သော စကားတွေ နှင့် သူ့ကို စူးခနဲကြည့်ပြီး နှုတ်ခမ်းမဲ့၏ ။ သူ့ရင်ထဲက ဆန္ဒဇောများ ကလည်း အလျော့ပေးချင်စိတ် မရှိအောင် တွန်းအားပေးနေ၏ ။
“မင်းဘက်က စကားအကုန်ပဲလား ရှင်းမဏိသွင်”
“ဒီထက် ရှင်းအောင် ပြောရရင် ခုအချိန်ကစပြီး ရှင့်မျက်နှာကို မမြင်ချင်တော့ဘူး ကိုမင်းခ၊ ရလိမ့်နိုးနိုးနဲ့ အရိပ်အရောင် လည်း လာမပြပါနဲ့ ကျွန်မဆုံးဖြတ်ချက်က သေချာပါပဲ”
“ကောင်းပြီလေ မင်းဆုံးဖြတ်ချက်ကို ပြောပြီးရင် ကိုယ့်ဆုံးဖြတ်ချက်ကို အတိအလင်း ကြေညာရမှာ ပေါ့။ သမီးလေးကို ဆင်းရဲတွင်းထဲမှာ ဘယ်လိုမှ မထားနိုင်ဘူး။ ရတဲ့နည်းနဲ့ ကိုယ်တို့ အသိုင်းအ၀ိုင်းထဲ ဆွဲသွင်းရလိမ့်မယ်။ မင်းလို မလောက်လေး မလောက်စားကိုလည်း ကိုယ်မ ကြောက်ပါဘူး။ မင်းဘက်က ကြည့်လည်း တူမ၊ ကိုယ့်ဘက်ကကြည့်လည်း တူ၊ တရားတဘောင် နဲ့ရှင်းကြစတမ်းဆိုရင်တောင် ကလေး လူညွှန့်တုံးမယ် ပတ်ဝန်းကျင်မှာ ဘယ်ဥပဒေကမှ ထားခွင့် ပြုမှာ မဟုတ်ပါဘူး။ မင်းနားလည် လောက်ပါတယ် ဟုတ်တယ် မဟုတ်လား”
ပြုံးထေ့ထေ့ ပြောလိုက်တာက နှုတ်ခမ်း ထောင့်စွန်းအဖျားလေး ကွေးညွတ်သွားရုံပဲ ဖြစ် သည်။
သွင့်ရင်ထဲမှာ တော့ ငရဲမီးတွေ လောင်းထည့်လိုက်သလို နာကျင်စူးရှ ဆတ်ဆတ်တုန်နေ ၏ ။ ရင်ဆိုင် တိုက်ခိုက်ရမယ့် စကားခွန်းတုံ့ပြန်ရန်တွေ့ ရမယ့် စကားလုံးတွေ ပျောက်ဆုံးကာ ထိတ် လန့်တုန်လှုပ်နေမိသည်။ သွေးပျက် ချောက်ချားနေတဲ့ သွင့်ကိုနှုတ်မဆက်ဘဲ နေမင်းခ ထပြန် သွား၏ ။
သွင် ခုမှ အီးခနဲ အော်ငိုချလိုက်မိသည်။
သမီးလေးကို စွန့်လွှတ်ဖို့ ဘယ်လိုမှ မ ဖြစ်နိုင်ပါ။
“အဲဒါ သူ ခြိမ်းခြောက်တာပါ သွင်ရယ်၊ ဥပဒေလမ်းကြောင်းနဲ့ပဲ သွားသွား လူမှု ရေး လမ်း ကြောင်းနဲ့ပဲသွားသွား ဒါ တရားမ၀င်ဘူး။ သူတို့က ပုဆိုးတန်းတင် အကြင်လင်မယား မဟုတ် သလို အသိသက်သေနဲ့ လက်မှတ်ထိုး လက်ထပ်ထားကြတာလည်း မဟုတ်ဘူး။ ပြောရရင် ခင့် သိက္ခာလည်းကျပါတယ်။ လက်မထပ်ခင် တိတ်တိတ်ပုန်းမှားယွင်းမှု ၊ လူမှု ရေး ဖောက်ပြန်မှု ပဲ သွင် စိတ်မပူနဲ့နော် သူဘာမှ လုပ်လို့မရပါဘူး”
တရှုံ့ရှုံ့ ငိုရှိုက်နေမိရင်းမှ မမနွယ်ကို အားကိုးတကြီး မော့ကြည့်မိသည်။ မမနွယ်က ခေါင်း လေးကို ဖွဖွလေး ပုတ်ကာ ယဲ့ယဲ့လေး ပြုံး၍ သက်ပြင်းရှိုက်၏ ။
“တကယ်ပြောတာလား မမနွယ်၊ သမီးလေးကို သူတို့တောင်းလို့ မရပါဘူးနော်၊ တောင်းလို့ ရတယ်ထင်ပြီး တောင်းလည်း သွင် ကတော့ လုံးဝ မပေးနိုင်ဘူး။ သူပြောသွားသလို သမီးလေး ဘ၀နိမ့်ကျမှာ အတွက်တော့ သွင် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ သမီးလေးရှိမှ သွင့်ဘ၀ကို ဆက်ပြီး ရပ်တည်လို့ရမှာ ”
“မမနွယ် နားလည်ပါတယ် သွင် ဒါပေမဲ့ သွင် စဉ်းစားရမှာ အများ ကြီးပဲ သွင့်ဘ၀ သမီး လေးဘ၀ ရေရှည်ရပ်တည်ဖို့ ဆိုတာ ပြည့်စုံမှု ရှိမှ ဖြစ်မှာ ဟယ် သွင် အိမ်ရှေ့မှာ ကားတစ်စင်း ရပ်နေတယ် ဘယ်သူများ လဲ ထွက်ကြည့်ပါဦး”
မမနွယ်အပြောကြောင့် ကျိုးတိုးကျဲတဲ ယိုင်နဲ့နေတဲ့ ၀င်းတံခါးဝကို သွင့်မျက်လုံးလေး စွေ ခနဲ ရောက်သွားသည်။
“အယ်တော် ကိုဖုန်းပါလား၊ မမနွယ်ရေး ကိုဖုန်းဒီပါရဲ့ ကားကြီး”
သွင့် စကားမဆုံးခင် ကြွပ်ကြွပ်အိတ်တွေ ဆွဲလျက် ဖုန်းဒီပါ အိမ်ထဲဝင်လာသည်။ မမနွယ် က ပျာပျာသလဲ ခရီးဦးကြိုပြုပြီး နေရာထိုင်ခင်း ပေး၏ ။
“ကိုဖုန်း မလာတာကြာလို့ အိမ်က ယောက်ျားကိုတောင် မေးနေမိသေးတယ် မန္တလေး ဘက် သွားတာဆို”
“ဟုတ်တယ် မမနွယ် ပြင်ဦးလွင်ပါ ခရီးဆက်သွားတော့ ရက်ကြာသွားတယ်။ ဒီမှာ မနွယ် တို့အတွက်လည်း သစ်သီးတွေ ပါပါတယ်။ သွင်နဲ့ သမီးလေးအတွက်တော့ သစ်သီးတွေ ရော ပြင်ဦးလွင် အနွေးထည်လေးတွေ ဦးထုပ်လေးတွေ ၀ယ်လာခဲ့တယ်။ ဘယ်လိုလဲ သွင် သမီး လေးရော သွင်ရော နေကောင်းတယ် မဟုတ်လား”
“ဟုတ် ဟုတ်ကဲ့ ကောင်းပါတယ် ကိုဖုန်း၊ ခရီးသွားတာ သွင်တို့အတွက် ဘာလို့ ဒီလောက် အများ ကြီး ၀ယ်လာရတာ လဲ အားနာစရာ”
ကိုယ့်ကို စိတ်ဝင်စားနေတယ်လို့ မမနွယ် ပြောထား၍ စကားပြောရတာ ရှိန်းတိန်းဖိန်းတိမ်း နှင့် ထစ်အ တုန်ယင်နေသည်။ အရင်လို သွက်လက်ပေါ့ပါးစွာ ရင်းရင်းနှီးနှီး ပြောမထွက်။ ဖုန်းဒီပါ က အပြုံးလဲ့လဲ့နှင့် အိတ်တွေ ကို သွင့်ဆီ ထိုးပေးပြီး
“အားနာရမယ့် လူတွေ လား သွင်ရယ်၊ ကိုယ်ပွဲရုံမှာ လည်း အလုပ်လာ မလုပ်ဘဲ သွင် တော် တော် ကသီကရီ ဖြစ်နေယ်လို့ ကိုယ် ကြားပါတယ် ကိုယ်ပွဲရုံမှာ ပဲ ပြန်လုပ်ပါလား သွင်”
“ဟို သမီးလေးနဲ့ မ ဖြစ်လို့ပါ ကိုဖုန်း၊ သွင် ကျေးဇူးတင်ပါတယ်”
“မနွယ်လည်း ပြောနေတာပဲ ကိုဖုန်းရေ သွင်က ပေကပ်ကပ်ရယ် အကြောင်းပြချက်က လည်း ကောင်းတယ်လေ ဟင်း ဟင်း”
မမနွယ်က မျက်လုံးလေးကို ထောင့်ကပ်ပြီး အဓိပ္ပာယ်နှင့် ပြောနေတာကို ဖုန်းဒီပါက သဘောပေါက်ဟန်ဖြင့် ပြုံးနေ၏ ။
“ဟို ကျွန်တော် ပြောတဲ့စကားကို မနွယ် သွင့်ကို ပြောပြီးပြီ ထင်တယ် သွင့်သဘော ကရော”
သွင် ဘာမှမပြောဘဲ ခပ်ရှက်ရှက်နှင့် လမ်းထိပ် လက်ဖက်ရည်ဆိုင်ဘက် ထွက်လာခဲ့ သည်။ ဖုန်းဒီပါအတွက် လက်ဖက်ရည်တစ်ခွက် ပါဆယ် ၀ယ်လာခဲ့ပြီး ဖန်ခွက် ကလေးထဲထည့် ၍ ဧည့်ခံလိုက်သည်။
မမနွယ်နှင့် ဖုန်းဒီပါက သွင် ပြန်ရောက်လာမှ စကားစပြတ်သွားပြီး မလှုပ်မယှက် ဖြစ်နေတဲ့ သွင့် ကိုကြည့်ပြီး ပြုံးနေကြသည်။
“သွင်က ဘာကြောင့် ကိုယ့်ကို လက်မခံနိုင်တာလဲ ဟင် ကိုယ် သွင့်ထက် အသက်ကြီးလို့ လား တစ်ခုလပ်မို့လို့လား”
မမနွယ် မေးခဲ့စဉ်က မဖြေ ဖြစ်ခဲ့သော်လည်း ခုတော့ မဖြေလို့ မရတော့ဘူး ထင်သည်။ အဲ ဒါကြောင့် မဟုတ်ပါဘူးလို့ တိုးသဲ့သဲ့ လေးပြာလိုက်မိ၏ ။
“ဒါဆို တခြားအကြောင်းအရာက သမီးလေးကြောင့် မဟုတ်လား သမီးလေးကို ကိုယ့် သမီး အရင်းလေး တစ်ယောက် လို ချစ်နိုင်ပါတယ်၊ သွင့်ကို လက်ထပ်တဲ့အခါမှာ လည်း ကိုယ်တို့ နောက်ထပ် သားသမိး မယူဘဲ ဒီသမီးလေးအပေါ်မှာ ပဲ ပုံပြီးချစ်ကြတာပေါ့ မကောင်းဘူးလား”
“ဟို သွင် သွင် စဉ်းစားချင်ပါသေးတယ်”
“ကိုယ့်အတွက် အိမ်ထောင် ထိန်းသိမ်းမယ့် ဇနီးမယား တစ်ယောက် အရမ်း အရေး ကြီး နေပါတယ် သွင်၊ စီးပွားရေး တွေ ဘယ်လောက်ပဲ ကုန်းရုန်းရှာရှာ၊ ဘယ်လောက်ပဲ အောင်မြင်နေ နေ၊ ဘယ်သူအတွက်ပါလို့ ရည်ရွယ်ချက်မရှိသလိုလည်း ဖြစ်နေတယ်။ ပြီးတော့ သွင့်ကိုလည်း ကိုယ်တကယ် အလေးအနက် ထားမိတာပါ”
အဆုံးသတ်စကားက ပေါ့ပေါ့တန်တန် နှစ် သိမ့်လိုက်တာ မဟုတ်မှန်း သွင်သိပါသည်။ ကိုယ့်အတွက် ဆိုတာထက် သမီးလေးကို ဟိုမိသားစု လက်ထဲ မပေးရရေး က ပိုပြီး သွင့်အတွက် အရေး ကြီးနေ၏ ။
အချိန်တိုတိုနှင့် စဉ်းစားဆုံးဖြတ်နိုင်မှ ဖြစ်တော့မည် ။ တအဲ့အဲ့နှင့် အိပ်ရာက နိုးလာတဲ့သမီး လေးကို သွားပြေးပွေ့ပိုက်ရင်း ခေါင်းလေးညိတ်လိုက်၊ ခါးယမ်းလိုက်ဖြင့် ယောက် ယက်ခတ်အောင် သွင် စဉ်းစားနေမိသည်။
အချိန်တော် တော် ကြာသည်အထိ အဖြေက ပြတ်သားစွာ ထွက်မလာသေး။ မမနွယ်နှင့် ဖုန်းဒီပါကလည်း မျှော်လင့်တကြီး သွင့်ကို အကဲခတ်နေကြသည်။
မှားယွင်းတဲ့ ဆုံးဖြတ်ချက် မဟုတ်ခဲ့ပါဘူး ဆိုလျှင်။
“မင်း သိပ်မှားတာပေါ့ မင်းခ၊ မင်းမှာ ပိုင်ဆိုင်ခွင့်အနေနဲ့ ဘာသက်သေ အထောက် အထားရှိလို့လဲ၊ မင်းအမေကလည်း ခါးခါးသီးသီး ဖြစ်နေတယ်။ လက်ရှောင်နေလိုက်ပါကွာ၊ အနေ သာကြီးပါ”
“မင်းအဲလိုတော့ မပြောပါနဲ့ ဂျေကြီးရာ သမီးလေးက ငါ့ညီရဲ့ သွေးဆိုရင် ငါ့တူမလေး မ ဟုတ်လား။ ဆင်းရဲတွင်းထဲမှာ ငါဘယ်လို မြင်ရက်မှာ လဲ”
“အဲဒါဆိုလည်း ကလေးကိုရအောင် လူကြီးကိုပါ ယူလိုက်ပေါ့ကွာ၊ အကုန်လုံး ပိုင်တာပေါ့၊ ဘယ်မျက်နှာကိုမှ ကြည့်ပြီး ခခယယ တောင်းနေစရာ မလိုတော့ဘူး”
နေမင်းခ မျက်နှာ ရှုံ့ရှုံ့မဲ့မဲ့ ဖြစ်သွားပြီး ဂျေကြီးမျက်နှာကို တစ်ဖက်လှည့်သွားအောင် တွန်း ပစ်လိုက်၏ ။
“အဲဒါမှ ပိုဆိုးမှာ လဒရ၊ ဒီမှာ အုံးစားလို့ သူ့ကိုတိုင်ပင်ပါတယ်ဆိုမှ ပိုပြီး ကျွတ်ကျဲသွား တယ်။ မေမေကလည်း လက်မခံဘူး။ အဲဒီ မိန်းမကလည်း အော်လန်တပ်ပစ်မှာ ။ ဘာမှ မရလိုက် ဘဲ ငုတ်တုတ်တောင် မေ့သွားဦးမယ်”
“ဟာ မင်းခ အရင်တုန်းက မင်းမှာ ရည်ရွယ်ချက်တွေ နဲ့ပါ ဘာလို့ ခုမှ ပေါက်သွားတာလဲ၊ မရလောက်ဘူး ထင်ရင်လည်း သိပ်ညစ်မနေနဲ့။ ရမှ ဖြစ်မယ်ဆိုရင်လည်း ရှေ့ဆက်တိုးကွာ ဘာကို မှပြန်ကြည့်မနေနဲ့။ အခြေအနေ ရှုပ်ထွေးတယ်ဆိုရင်လည်း အခိုက်အတန့်ပဲ ဖြစ်မှာ ပါ။ ဘီယာ အရှိန်ပျက်အောင့် ငါ့ကို သိပ်ပြီး အုံးမစားခိုင်းနဲ့ ဖိးလ်အောက်တယ်”
ဂျေကြီးက ပြောပြောဆိုဆို ဖန်ခွက် တစ်ဝက်လောက် ရှိနေတဲ့ ဘီယာတွေ ကို တစ်ကျိုက် ထဲ မော့သောက်ပစ်ပြီး အားလူးကြော် တစ်ဖက်ကောက်ဝါးနေ၏ ။
မင်းခ ကျွတ်ခနဲ စုတ်သပ်ကာ ၀န်ထမ်းလေး တစ်ယောက် ကို ဂျေကြီးအတွက် ဘီယာတွေ ထပ်မှာ ပေးလိုက် ပြီး စီးကရက် တစ်လိပ်မီးညှိ၍ သောက်နလိုက်သည်။
“မင်း အရှိန်မကျစေရပါဘူး ကြိုက်သလောက် သောက်စမ်းပါ မူးရင် အိမ်ရောက်အောင် ငါ တွဲ ပို့ပေးမယ်။ ဒါပေမဲ့ ငါတိုင်ပင်တဲ့ကိစ္စကိုတော့ အကြံကောင်း ဥာဏ်ကောင်းပေးစမ်း ပါကွာ၊ ငါ့ ခေါင်းတွေ ထူပူနေလို့ပါ”
“ဟူး မင်းက နှစ် လုံးထဲနဲ့ ဘောင်းဘီကျပ်နေတာ ငါက ဘာအကြံထပ်းရဦးမှာ လဲ ကလေး ကို ပြန်ပေးဆွဲလို့လည်း မရဘူး။ ဓားပြတိုက်လို့လည်း မရဘူး။ သက်သေ အထောက်အထားနဲ့ တောင်းစရာလည်း မရှိဘူး။ ကလေးနဲ လူကြီးကို တစ်ပါးတည်းရအောင် ကြိုးစားရမှာ နောက်ဆုံး နည်းလမ်းပဲ။ ဒါလည်း မ ဖြစ်ဘူးဆိုရင် အိမ်မှာ အိပ်နေ၊ ဒါမှ မဟုတ်သေးရင် ကင်းမြီးကောက် ထောင်နေ၊ ဟား ဟား ငါတော့ါပဲ အကြံပေးတတ်တယ်”
သီးသန့် ခန်းလေးထဲမှာ တဟားဟား အော်ရယ်လိုက်တဲ့ ဂျေကြီးပခုံးကို အားနှင့် ဆောင့် တွန်းပစ်လိုက်သည်။ စီးကရက်မီးနှင့် ပါ သူ့စပါးကို ထိုးဖို့ ပြင်လိုက်၏ ။
“ဟ ဟ ဘာလုပ်တာလဲ ဘီယာသောက်ဆို့ ပါးစပ်မရှိရင် မ ဖြစ်ဘူနော်၊ မင်းကို အကြံပေးရ မှာ လည်း အားဘားဘား ဖြစ်နေရင် မင်းနားလည်မှာ မဟုတ်ဘူး”
“ခွေးကောင် မင်း အကြံ အစုတ်ပလုတ်ကို ငါက ဘယ်နေရာမှာ အသုံးချရမှာ လဲ”
“အောင်မာ မင်းပဲ ကလေးကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ကောင်မလေးက အရမ်းလှ တယ်ဆို၊ ထက်ထက်မြက်မြက်လည်း ရှိမယ့်ပုံလေးပဲလို့ အမွှန်းတင်နေပြီးတော့များ စိတ်ဝင်စားမှု မရှိဘဲ မင်းအဲလို မပြောလောက်ပါဘူး ဟုတ်တယ် မဟုတ်လား”
“အင်း ဟုတ်တယ်လို့ ၀န်ခံရမှာ တော့ နည်းနည်း အလှမ်းဝေးနေသေးသလိုပဲ ဒါပေမဲ အသိ အမှတ်တော့ ပြုပါတယ်။ လှတာရော၊ ကျက်သရေရှိတာရော၊ ကလေးကို ရဲရဲဝံ့ဝံ့ ရုန်းကန်ပြီး စောင့်ရှောက်နေတာရော ဒါပေမဲ့ လက်ထပ်ဖို့ဆိုတာ မေမေ့ဘက်ကရော သူ့ဘက်ကရော အငြိုး အာဃာတတွေ ကြီးမားနေကြတယ်။ တော် ရုံတန်ရုံ ဖြိုချဖို့ လွယ်ကူမှာ မဟုတ်ဘူး”
ကုန်သွားတဲ့ ဘီယာဖန်ခွက်လေးကို ချာချာလည်အောင် လှည့်ပြီး နေမင်းခကို ဂျေကြီး စူးခနဲ ကြည့်နေ၏ ။
“မင်း ယောက်ျားပဲကွာ လိုချင်တာရှိရင် ရအောင်ယူပေါ့။ အချိန်ပေးရမယ်၊ ငွေရင်းရမယ်၊ စွန့်စားရမယ် ပေးဆပ်ရတာ တွေ လည်း ရှိချင်ရှိနိုင်တာပဲ ပြီးတော့ သူစိမ်းတစ်ရံစာအတွက် မင်းကြိုးစားရမှာ မှ မဟုတ်တာ။ မင်း တူမလေးကို ရလိုမှု လေ၊ ဘာပဲ ရင်းရ ရင်းရ မင်းရင်းနိုင်ရမှာ ပေါ့”
နေမင်းခ သက်ပြင်းရှည်ကြီးက လေးလေးပင်ပင်။
“ငါ ကြိုးစားကြည့်မယ်ကွာ အဲဒီ ဘက်က အဆင်ပြေရင်တောင် မေမေ့ကို တော် တော် စည်းရုံးရဦးမှာ ရင်ဆိုင်ရဦးမှာ ။ ဒါပေမဲ့ မင်းပြောသလို ဖြစ်လာနိုင်သမျှ ပြဿနာတွေ အခိုက် အတန့်ပဲ ဖြစ်ပါစေလို့ ဆုတောင်းရမှာ ပေါ့ကွာ”
ဘီယာ တစ်စက်မှ မ၀င်သေးဘဲနှင့် နေမင်းခ မူးနောက်နေသည်။ ချောင်းမြောင်း ကြည့်ရှုမိ တဲ့ အချိန်တွေ တိုင်း သမီးလေးနှင့် ရှင်းမဏိသွင်ဆိုတဲ့ ကောင်မလေးရဲ့ ပုံရိပ်က အရမ်းကို ပင်ပန်း နွမ်းနယ်လွန်း၏ ။
သမီးလေးကို ကျောဘက်မှာ ပိုးတဲ့အခါ ပိုး၊ ရင်ဘတ်ရှေ့မှာ ပွေ့ပိုက်လို့ ပွေ့ပိုက်နှင့် ရင် အုပ်မကွာ စောင့်ရှောက်ပြီး ဂရုတစိုက်လည်းရှိသည်။ သူမကိုယ်သူက တကယ့် ကလေး အမေကြီး တစ်ယောက် လို ဖရိုဖရဲ ဖြစ်နေတာ သတိမှ ထားမိပါရဲ့ လား။
ဒီလောက် ပင်ပန်းဆင်းရဲနေသည့်ကြားက သမီးလေးကို မပေးနိုင်ဘူးလို့လည်း ရဲရဲတင်း တင်း ပြောခဲ့သေး၏ ။ စိန်ခေါ်မှု ကို ရင်ဆိုင်ဖို့လည်း အသင့် ဖြစ်နေဟန် တူသည်။ စဉ်းစားကြည့် လည်း မလွယ်မှန်းတော့ သူသိနေပါသည်။ ဒါပေမဲ့ ထိုအကြောင်းအရာကိုပဲ သူအလေးအနက် ထား ကာ ရင်ထဲမှာ တနင့်တပိုး ရှိနေခဲ့သည်။
တခြားအကြောင်းအရာကို အစားထိုးကြည့်လို့ မရ။ ဖြေသိမ့်ကြည့်လို့မရ။ ခုရက်တွေ ဆို လျှင် စိတ်သော က ခံစားနေရသော မေမေ့ကိုတောင် သူ ၀တ္တရား ကျေရုံသာ ဆက်ဆံနေမိသည်။ စားချိန် အိပ်ချိန် မမှန်။ အလုပ်ထဲမှာ အမှားအယွင်းတွေ က များ နှင့် ။
ဟူး တစ်ကိုယ်လုံး အနှံ့ ဝေဒနာတွေ အဆိပ်ပြန့်နေပါရောလား။ ဘယ်လို ရောဂါ ဆိုးပါလိမ့်။
![]() အချစ်ညွတ်ကွင်း | ![]() ပြောဖို့လိုသေးလား | ![]() သက်တမ်းရင့် သမုဒယ |