Cover

အခန်း (၁)

" တကယ်ဆို မေ့ပစ်လိုက် ×× နာကျင်ခြင်းတွေ ×× မေ့ထားလိုက်×× မျှော်လင့်ဆုံး ကလေးရေ ×× ဒီလိုတို့တွေ ဆုံတွေ့ ခိုက်×× ရွှေရောင် တောက်ပလွန်းတဲ့ မင်းဘ၀လေးထဲ မင်းနေပါ ×× အတူတူ နီးစပ်ဖို့တော့ ×× တိုရဲ့ ဘ၀က ×× ဟိုး အဝေးမှာ "

ရှင်ပြုအလှူရှိတဲ့ ရွာဦးဘုန်းကြီးကျောင်း အလှူမဏ္ဍန်ဆီက လွင့်ပျံလာတဲ့ သီချင်းသံကို လက်ရော ခြေရော ခေါင်းရော စည်း ချက် လိုက်နေတဲ့အပြင် ပါးစပ်ကလည်း ဗရွတ်ဗရွတ် လိုက်ဆိုနေပြီး သလင်းသစ်က မျက်လုံးလေးပါ မှိတ်ထားသေး၏ ။

ဒူးဆစ်အောက် တစ်လျှောက်လုံး ရွံ့ဗွက်အလိမ်းလိမ်းပေကျံနေတဲ့ ခြေထောက်က လည်ရှည် ဘွတ်ဖိနပ်စီးထားသလိုပင်။

ဝတ်ထားတဲ့ စွပ်ကျယ် ဂျိုင်းပြတ်နှင့် မျက်နှာတွေ ခေါင်းတွေ မှာ လည်း ရွံ့ဗွက်မကင်း။

သလင်းသစ်ကို ခပ်စောင်းစောင်းကြည့်နေရင်းက နေရနီ ကိုယ့်ကိုလည်း ပြန်ငုံမကြည့်ချင်။

သူမလည်း ဘာထူးမှာ လဲ၊ ကျောင်းဝတ်စုံအဖြူ ရင်ဖုံးလေးက လက်နှီးစုတ်သာသာ။

ဖျဉ်ကြမ်းပုဆိုးကွက်ကို ဒူးဖုံးရုံဘောင်းဘီအတိုလို ချုပ်ဝတ်ထားရတာ အနားတွေ က စုတ်ပြတ်နေပြီ။

တစ်ကိုယ်လုံး ပေရေနေတဲ့ ရွံဗွက်တွေ ကလည်း သလင်းသစ်ထက် ဘာမှထူးခြားမှာ မဟုတ်။

ရှေ့မှာ ရှိတဲ့ ထန်းခေါက် တောင်းလေးထဲက တဖျတ်ဖျတ်ခါနေတဲ့ ငါးလေးတွေ နှင့် ငါးဖမ်း ပိုက် အစုတ်ကလေးကို ဥပေ က္ခာပြုပြီး သလင်းသစ်ဆီကို ပြန်ပြီးအကြည့်ရောက်ပြန်၏ ။

သလင်းသစ် ကတော့ ခုချိန်ထိ သီချင်းသံလေးဆီမှာ စိတ်အာရုံ နစ်မျောနေဆဲပင်။

" အပြာရောင် ×× မိုးကောင်းကင် ×× ကြယ်စင်လေးတွေ ကြွေသွားတိုင်း ×× မပျော် နိုင်ဘူး ကလေးရေ ×× မငိုနဲ့ မျက်ရည်တွေ သုတ်လိုက် ×× ဘယ်လိုဝေးသွားလည်းပဲ အဆုံး သတ်တဲ့ထိ ချစ်နေမှာ ×× ရွေရောင် တောက်ပလွန်းတဲ့ မင်းဘ၀လေးရဲ့ ဟိုးအဝေးမှာ ×× အိုး ဟိုး ×× အရင်က ဇာတ်လမ်းလေး ×× မေ့လိုက်ပါ အရင်ကဇာတ်လမ်းလေး ×× ဟိုးတုန်းက နမ်းခဲ့ ဖူးတဲ့ အနမ်းတွေ က ×× အခုတော့ တမ်များ လို (လေထဲလွင့်ပါသွား)၂ အိုးဟိုး ×× အရင်က ဇာတ်လမ်းလေး ×× မေ့လိုက်ပါ အရင်က ဇာတ်လမ်းလေး "

တငြိမ့်ငြိမ့် တလှုပ်လှုပ်ဖြင့် သီချင်းကို ဈာန်ဝင်နေသော သလင်းသစ်ကို နေရနီ စိတ်မရှည် တော့။

သီချင်းအပိုဒ်ပြန်ကျော်ဖို့ တီးလုံးဝင်နေတဲ့ အချိန်မှာ သလင်းသစ် ပုခုံးကနေ ဆောင့်တွန်းချ လိုက်သည်။

" ဟ ဘာ ဖြစ်နေတာလဲ ရနီ ရ၊ ဒီမှာ သီချင်းလေးကို ခံစားလို့ကောင်းနေတုန်းရှိသေး တယ်"

" အေး နင် ၀ါသနာပါတာကိုသိတယ်။ ဒါပေမယ့် ဒီငါးတွေ သွားရောင်း၊ လုပ်စရာရှိတာ လုပ်ပြီးမှ ညရောက်ရင် ဦးဇော်ကြီး ကာရာအိုကေမှာ သွားဆိုချင်ဆိုပေါ့။ အချိန်မီ ပိုက်ဆံလာမ ပေးလို့ နင့်ဦးလေးနဲ့ အဒေါ် နင့်ကိုနားရင်းအုပ်ရင် ဘာသီချင်းမှ ခံစားချိန်မရလိုက်ဘဲ ဖြစ်သွားမယ်"

" အေးပါဟာ ဒီသီချင်းလေးက အရမ်းခံစားလို့ကောင်းတာဟ၊ သော င်းထိန်တို့ ကြိုက်တဲ့ ဟစ်ဟော့ သီချင်းတွေ ထက်စာ ရင် နားလည်းအေးတယ်၊ ဖီးလည်း အပြည့်ရှိတယ်"

" နင် ဒီအသက် ဒီအရွယ်လေးနဲ့ သီချင်းတွေ ကို တော် တော် ခံစားတတ်တယ်နော်၊ ငါ ကတော့ အားလပ်တဲ့အချိန် မရှိလို့လားမသိဘူး။ ကြားရင်နားထောင်လိုက်တာပဲ ရှိတယ်၊ ရင်ထဲမှာ နားထဲမှာ ဘာမှကျန်မနေဘူး၊ နင်ပဲအရူးထတယ်”

သလင်းသစ်က မျက်နှာကြီးရှုံ့မဲ့ပြီး ကုက္ကိုပင်ကြီးကို ခပ်ဆောင့်ဆောင့် မှီပစ်လိုက်၏ ။

“သီချင်းတစ်ပုဒ်ကို ခံစားတာ အသက်အရွယ်နဲ့မဆိုင်ဘူးဟ၊ ၀ါသနာ ဗီဇနဲ့ပဲဆိုင်တယ်။ အမေမသေခင်က ပြောဖူးတာတော့ သားအဖေက သီချင်းဆိုတာ တီးတာ မှု တ်တာ အရမ်းဝါသနာ ပါတယ်တဲ့၊ အဲဒီ ၀ါသနာကြောင့် ရွာဘုရားပွဲမှာ စင်ပေါ်သီချင်း တက်ဆိုပြီး တစ်ဖက်ရွာက ကာလ သားတွေ မကျေနပ်လို့ ၀ိုင်းရိုက်တာခံရတာ နဲ့ သေသွားခဲ့တာလေ၊ ငါကအဖေ့ဗီဇသွေးပါတယ် ပြော တာပဲ၊ ရုပ်ရည်ချောတာ ခန့်တာလည်း အဖေနဲ့တူတာတဲ့”

နေရနီက ငါးဖမ်းပိုက်တွေ စုသိမ်းရင်း ခစ်ခနဲ ရယ်သည်။

“နင်က ဘာရယ်တာလဲ”

သလင်းသစ်ကလည်း ငါးတောင်းလေးကို ကောက်ထမ်းရင်းက ဘုတောသည်။

“နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦးလေ၊ ဘယ်နေရာ ချောတာ ခန့်တာ ရှာတွေ့ မလဲလို့”

“အောင်မာ ဒါက အလုပ်လုပ်နေတဲ့ အချိန်မို့ပါနော်၊ ရေချိုးပြီးတဲ့အချိန် နင်လာကြည့်စမ်းပါ၊ ကာရာအိုကေဆိုင်က ဦးဇော်ကြီးကတောင်ပြောတယ်၊ ကောင်လေး မင်းကဒီလိုအချိန်ဆိုရင် လူပျိုပေါက်လေးလို မဟုတ်ဘူး။ လူပျိုဖားဖားကြီးလိုကို ချောတာ ခန့်တာတဲ့”

“ဟိဟိ အဲဒီ ဦးဇော်ကြီးက နင်သူ့ဆိုင်မှာ သီချင်းလာဆိုအောင် မြှော က်ပြောတာ ဖြစ်ပါလိမ့်မယ်”

“အောင်မာ ဦးဇော်ကြီးက ငါဆိုရင် သီချင်းဘယ်နှပုဒ်ဆိုဆို တစ်ပုဒ်စာပဲ ပိုက်ဆံတောင်း တာပါ၊ ၀ါသနာပါမှန်းသိပေမယ့် ပိုက်ဆံမရှိမှန်း သိလို့တဲ့ ငါလည်းဟာ ကက်ဆက်အသေးလေး ၀ယ်ချင်လို့ ပိုက်ဆံစုချင်တာ၊ ဒေါ်လေး ပူညံပူညံ လုပ်တာနဲ့ အဆင်မပြေပါဘူးဟာ၊ ကျောင်းထွက် ပြီး ရသမျှအလုပ်လည်း လုပ်ရတယ်၊ ပိုက်ဆံလည်းအကုန်ပေးရတယ်၊ ဒါတောင် အကောင်းပြော မခံရဘူး”

သလင်း အသံက နာကြည်းရိပ် သမ်းလာသလို ခြေထောက်တွေ က တုံ့နှေးရပ်ဆိုင်းသွား၏ ။

နေရနီက ပြူးလည်လည်လေး မော့ကြည့်သည်။

“နင်နဲ့ငါက ဘ၀တူ၊ နင်ရော အဆင်မပြေဘူး မဟုတ်လား ရနီ၊ ရှာသမျှပိုက်ဆံက ကျောင်း ပြန်တက်ဖို့ မလွယ်ဘူး မဟုတ်လား”

“အေးဟယ် ကြီးကြီး ရင်ကျပ်ပန်းနာက ပိုက်ဆံဘယ်လောက်ကုန်ကုန်၊ ဆေးဘယ်လောက် သောက်သောက် ခဏပဲ သက်သာတာ၊ ကိုယ့်ကိုဒီအရွယ်အထိ ပြုစုစောင့်ရှောက်လာခဲ့တာဆို တော့လည်း ငါဒီလောက်တော့ အပင်ပန်းခံ ဂရုစိုက်ရမှာ ပေါ့၊ ငါကနင့်လို အရိုက်အပုတ် အဆူအဆဲ မခံရတော့ နည်းနည်း စိတ်သက်သာတယ်”

သလင်းသစ်က ငါးတောင်းကို ဘက်ပြောင်းထမ်းပြီး သက်ပြင်းရှိုက်၏ ။

နှစ် ယောက် လုံးက အရွယ်နှင့် မလိုက် ဘ၀တွေ က ကြမ်းတမ်းလွန်းတယ်။

သလင်းသစ်က မိဘတွေ မရှိတော့၍ ခုနှစ် တန်းနှင့် ကျောင်းထွက်ပြီး ဦးလေးဝမ်းကွဲ၊ အဒေါ် ၀မ်းကွဲအိမ်မှာ ကပ်နေရသည်။

မြစ်နား ချောင်းနားမှာ နေရနီနှင့် အတူ ဖားရှာ ငါးရှာ အလုပ်လုပ်ရသလို ငါးကန်သူဌေးတွေ ငါးကန်ဖော်တဲ့ အချိန်မှာ လည်း တောက်တိုကူလုပ်၍ ဒီနေ့လိုငါးအများ ကြီးရပြီး ပိုက်ဆံပိုရတဲ့နေ့ တွေ လည်းရှိသည်။

ထိုအလုပ်တွေ မရှိလျှင် မြို့ပေါ်ဈေးသွားရောင်းတဲ့သူတွေ ရဲ့ ပစ္စည်းတွေ ကို ထမ်းပိုးပေးရ တာမျိုး၊ ပြီးတော့ ရွာထဲကလူတွေ ဟိုဟာဒီဟာ တောက်တိုခိုင်းသမျှ လုပ်ပေးပြီး ငွေရအောင်ရှာရ တာမျိုးတွေ လည်း ရှိသည်။

ဘာပဲလုပ်လုပ် နေရနီနှင့် တော့ အတူတူလုပ် ဖြစ်သည်။ ရတာ ဝေမျှယူပြီး နားလည်မှု ရှိကြ သည်။

" မင်းက ယောကျာ်းလေးဆိုတော့ ပိုပင်ပန်းတယ်၊ ရတဲ့ ပိုက်ဆံကျညီတူမျှတူ ဝေခွဲယူကြ တယ်။ ငါတို့ရတဲ့ ပိုက်ဆံနည်းတာပေါ့။ မင်းဘာသာရတဲ့အလုပ် တစ်ယောက် တည်း ရှာကြံလုပ်ပြီး ငါတို့ကိုပိုက်ဆံများများ အပ်နိုင်အောင်ကြိုးစားစမ်းပါ။ ဒီမှာ ကလေးတပြုံတမနဲ့ မလောက်မင ရတဲ့ အထဲ၊ နင့်ဟာမကို ခွဲဝေပေးမနေစမ်းပါနဲ့"

အဲဒီ လို ဒေါ်လေး ဘယ်လောက်ပဲ ဆူဆူ ကြိမ်းမောင်းပါစေ သလင်းသစ် ကတော့ ပြန်မ ပြောနားမထောင်လုပ်ပြီး နေရနီ ကို ဖေးမစာနာမြဲပေ။

နေရနီက မိန်းကလေးဆိုတော့ လောကဓံကိုရင်ဆိုင်ရတာ သူ့ထက်ပိုပြီး ခါးသီးနာကျင်နေ ပေလိမ့်မည် ။ ကလေးဘ၀ကတည်းက ငယ်သံယောဇဉ်နဲ့မို့ နေရနီကလည်း သူ့အပေါ် အနွံတာခံ၊ သည်းခံ၍ ဆက်ဆံတတ်သည်။

ဘယ်လိုမှဖြတ်တောက်မလွယ်တဲ့ ထိုကြိုးတစ်ချောင်းက နေရနီနှင့် သလင်းသစ်ကို အထပ် ထပ်ရစ်ပတ်ချည်နှောင်ထားခဲ့တာ။

နှစ် တွေ အချိန်တွေ မနည်းတော့ဘဲလေ။

×××

အခန်း (၁၀)

ဓာတ်ခဲကုန်မှာ စိုး၍ ကိုယ်ကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို နှစ် ခေါက်လောက်ဖွင့်နားထောင်ပြီး သလင်း အိပ်ရာဝင်ခဲ့ရသည်။

အလုပ်သွားတော့လည်း အိမ်မှာ ထားခဲ့လျှင် ဒေါ်လေးကတို့သိပြီး ပြဿနာတက်နိုင်သည်မို့ လွယ်အိတ်လေးထဲမှာ တိတ်တဆိတ်ထည့်ယူလာခဲ့ရသည်။

အချိန်ပြည့် မဟုတ်ပေမယ့် အလုပ်နားတဲ့အချိန်ခဏမှာ ကက်ဆက်ကလေးကိုထုတ်ပြီး နား ထောင် ဖြစ်၏ ။ နေရနီက ဆူဆောင့်ခြင်း မရှိပေမယ့် နှုတ်ခမ်းလေးကို မဲ့ပြီး မျက်စောင်းလေးတော့ တ၀င့်ဝင့်နှင့် ပင်။

ငါ့အတွက်အချိန်မပေးနိုင်တော့ဘူးလားလို့ ခပ်မာမာပြောလာလျှင်တော့ ကက်ဆက်က လေးကို ကပျာကယာပိတ်ပြီး ရနီနှင့် ခါတိုင်းလို စကားတွေ ဖော်ဖွဲ့အောင်ပြော၍ ရယ်မော စနောက် ရပြန်သည်။

သလင်းသစ်ဘ၀မှာ နေရနီလောက် ဘာမှအရေး မကြီးဘူး မဟုတ်ပါလား၊

" အမေရေ ဟောဒီမှာ ကိုကြီးသလင်း လွယ်အိတ်ထဲက ကက်ဆက်ကလေး တွေ့ တယ်။ သား နားထောင်ချင် ခဏယူမယ်နော်"

" ဘာ ကက်ဆက်ဟုတ်လား၊ အဲဒီ ကောင်က ကက်ဆက်ကို ဘယ်ကပိုက်ဆံနဲ့ ၀ယ်လာ တာတဲ့လဲ၊ ဒင်း ကတော့ ငါနဲ့တွေ့ မယ်၊ တွေ့ မယ် ဟွန်း"

အိမ်ပေါ်မှာ ဆူဆူညံညံ အသံများ ကြောင့် သလင်းသစ် ရေချိုးနေရာမှ ကပျာကသီနဲ့ ပုဆိုး လဲဝတ်ပြီး အိမ်ပေါ်တက်ခဲ့ရသည်။

သူ့လွယ်အိတ်ကို ဒေါ်လေး သားအကြီးကောင်က အမြဲနှိုက်နေကြမို့ ကက်ဆက်ကလေးကို တွေ့ သွားခဲ့ပြီ ထင်သည်။

သိုသိုသိပ်သိပ် ထိန်းသိမ်းထားပါရဲ့ နဲ့ ဒေါ်လေး ယမ်းပုံမီးကျ ဖြစ်အောင် အစရှာတွေ့ သွား ခဲ့တာ ကံဆိုးတော့မည် ထင်၏ ။

သူ့ကိုမြင်တော့ ဒေါ်လေးမျက်လုံးတွေ မီးဝင်းဝင်းတောက် သွားပြီး သူ့ကို စူးစိမ်းနေ အောင်စိုက်ကြည့်၏ ။ ခေါင်းရင်းခန်းမှာ ဆေးလိပ်ထိုင်သောက်နေတဲ့ ဦးလေးမျက်နှာကလည်း မာ ကျော်တင်းထန်နေသည်။

" မင်း အဲဒီ ကက်ဆက် ဘယ်ကပိုက်ဆံနဲ့ ၀ယ်တာလဲ သလင်း"

" ကျွန် ကျွန်တော် ကာရာအိုကေဆိုမယ့်၊ မုန့်စားမယ့် ပိုက်ဆံကိုစုပြီး ၀ယ်တာပါ။ နေရနီ ပိုက်ဆံလည်း ပါပါတယ်။ ဒေါ်လေးတို့ကို ပေးရမယ့် ပိုက်ဆံထဲက နှုတ်မထားပါဘူး"

" သြော် ငါ့တို့ကိုလျှော့အပ်လို့ ၀ယ်နိုင်တာမဟုတ်ဘူးလား၊ အဲဒီ ကက်ဆက်ရဲ့ တန်ဖိုးက ငါ တို့အိမ် စားစရိတ် တစ်ပတ်လောက် တန်တယ်ဆိုတာ နင်မသိဘူးလား၊ ငါလုပ်သမျှ ပေးရတာ ပဲ ဆို ပြီး နင်က ခိုးစုနေတာပေါ့ ဟုတ်လား သလင်း၊ အိမ်မှာ မပြေလည်လို့ ထမင်းနပ်မှန်အောင် မနည်း ချွေတာစားနေရတာ ၊ နင် ကတော့ ပိုက်ဆံကို အလဟဿဖြုန်းတီးပစ်တယ်။ နင့်ကို ကျွေးရကျိုး စောင့်ရှောက်ရကျိုး နပ်သလားဟဲ့။ ဘယ်လို အလိုက်ကမ်းဆိုး မသိတဲ့ သန္ဓေက မွေးလာလဲ မသိ ဘူး"

သလင်း ရင်ထဲ တင်းခနဲ စူးရှကျင်မျက်သွားသည်။ သူတို့ မိသားစုအတွက် နွားလို ရုန်းကန် ရှာဖွေပေးနေရတဲ့ သလင်းကို ဒီလောက် ခိုင်းစားနေရတာ တောင် မကျေနပ်ဘူးလား၊ မိဘတွေ ကို ထိခိုက်ခံရတဲ့အထိတော့ သလင်း သည်းခံမနေနိုင်တော့ချေ။

လက်သီးဆုပ်၊ အံ ကိုကြိတ်ပြီး ရှေ့ခြေတစ်လှမ်း တိုးရပ်လိုက်၏ ။

" ဒေါ်လေးတို့ကို ကျွန်တော် အလုပ်လုပ်သမျှ အကုန်အပ်နေတာပဲ ဒေါ်လေးရာ၊ ကိုယ့်လုပ် အားခကိုယ် ဒီလောက်တောင် သုံးစွဲခွင့် မရှိတော့ဘူးလား"

" အံမယ် အံမယ် ခြေရာချင်းတူတော့တိုင်းချင်လာပြီ၊ ကိုကျော်အေး ရှင့်တူကို မပြောတော့ ဘူးလား၊ ကျွန်မကို ပိုးခနဲ ပက်ခနဲ ပြန်ပြောနေတာ ရှင်ဒီအတိုင်းကြည့်နေမှာ လား"

ဦးလေးက ဆက်ခနဲ ထလာကာ သလင်းသစ် ပခုံးကို ဆောင့်တွန်းလိုက်သည်။

" ဟေ့ကောင် မင်းက ဘာသဘောလဲ၊ ငါတို့ကို မလေးမစား ဆက်ဆံချင်နေပြီလား"

" မဟုတ်ပါဘူး၊ ကျွန်တော် ၀ါသနာပါလွန်းလို့ နေရနီလည်း ပိုက်ဆံ တစ်ဝက်စိုက်ပြီး ၀ယ် ထားတာပါ၊ ကျွန်တော် လွန်လွန်ကျူးကျူး သုံးဆွဲထားတာ မဟုတ်ပါဘူး"

" မင်း ဆင်ခြေက ဆန်အိုးထဲမှာ ဆန်မပြည့်နိုင်ဘူးကွ၊ ရှုပ်ပါတယ်ကွာ အဲ့ဒီကက်ဆက်ယူ သွားပြီး မအေးတုတ် ကုန်စုံဆိုင်မှာ ရတာ နဲ့ လဲယူလာခဲ့သွား"

" အဲဒါ ကောင်းတယ်၊ သားအကြီးကောင် အဲဒီ ကက်ဆက် အမေ့ကို ပေးစမ်း"

ဒေါ်လေးက အကြီးကောင်လက်ထဲက ကက်ဆက်ကိုယူပြီး လှည့်ထွက်ဖို့ ပြင်နေ၏ ။ ဒေါ် လေးလက်ထဲက ကက်ဆက်ကလေးကို သလင်းသစ် ၀ရုန်းသုန်းကား ဆွဲလုလိုက်ရသည်။

" မ မလုပ်ပါနဲ့ ဒေါ်လေးရယ်၊ နောက်နေ့ ကျွန်တော် အလုပ်ပိုကြိုးစားပါ့မယ်၊ ပိုက်ဆံများ များ ရအောင် ရှာပေးပါ့မယ်ဗျာ"

" ဟဲ့ အကောင် နင်ဘယ်လောက်ရှာရှာ ဟိုဟာမလေးကို ခွဲဝေပေးနေရတာ နဲ့ ငါ့ဆီကို တန် ရာတန်ကြေး အပ်နိုင်လို့လား၊ ပြောစမ်းပါဦး"

" ကျွန်တော် လုပ်နိုင်သလောက် ကျွန်တော် ရမှာ သူလုပ်နိုင်သလောက် သူရမှာ ပေါ့ ဒေါ် လေးရာ၊ ကျွန်တော် တို့က ကိုယ်ခွန် ကိုယ့်အား သွေးနဲ့ချွေးနဲ့ ထမ်းပိုးရှာရတာ ပါ။ ဒါမှ ဒေါ်လေးတို့ မရောင့် ရဲနိုင်ရင် ကျွန်တော် ကဘယ်လို မသမာတဲ့နည်းနဲ့ ငွေရှာရဦးမှာ လဲ"

" ဟေ့ကောင် ကက်ကက်လန်အောင် ငါ့မိန်းမကို ပြန်ပြောနေတယ်၊ မင်က ဘာကောင်လဲ ကွ"

"ခွပ် ခွပ်"

မေးရိုးနှစ် ချက် ပူထူသွားပြီ နှုတ်ခမ်းထောင့်က သွေးတွေ ပ် စီးကျလာ၏ ။

ကက်ဆက်ကလေးကို လွတ်မကျအောင် ထိန်းရင်း သလင်းအံကြိတ်လိုက်သည်။

" ဦးလေးနဲ့ ဒေါ်လေး ကျွန်တော့် အပေါ်မှာ မွေးကျေးဇူး ကျွေးကျေးဇူး မရှိခဲ့ဘဲနဲ့၊ ကျွန်တော် ဒီလောက်ကျောင်းထွက်ပြီး လုပ်ကိုင်ပေးနေတာ မကျေနပ်ရင် ကျွန်တော် မတတ်နိုင်တော့ဘူးဗျာ၊ ကိုယ်ထိလက်ရောက် အထိုးအကြိတ်ခံရမယ့် အရွယ်မဟုတ်တော့ဘူးဗျ"

" ဘာလဲ မင်းက ငါ့ကိုပြန်ချချင်လို့လား၊ ဟေ့ကောင် မင်းလိုကောင်မျိုး အိမ်ပေါ်တင်ထားရ တာ၊ အိမ်နာတယ် ဆင်းသွား ခုဆင်းသွား ငါ တယ်"

" ရတယ် ဦးလေး ဆင်းသွားဆို ဆင်း သွားပါ့မယ်၊ ဒါပေမယ့် ကျွန်တော့် အမေလက်ထက်က ကျေးဇူးတွေ ကို ဦးလေးတို့ဒီလိုနည်းနဲ့ ဆပ်လိုက်တာကို ဘယ်တော့မှမမေ့လိုက်ပါနဲ့၊ ကျွန်တော့်  မိဘတွေ ပိုင်တဲ့ အိမ်တွေ လယ်တွေ ဘာတွေ ကုန်မှ ကျွန်တော့် ကို ကန်ထုတ်လိုက်တာ အမေသိရင် ၀မ်းနည်းမှာ အမှန်ပဲ၊ ကျွန်တော် ကတော့ ၀မ်းမနည်းဘူး၊ နွားလို ရုန်းကန်ခဲ့ရတဲ့ ၀ဋ်ကြွေးကျွတ် တယ်လို့ အောက်မေ့တယ်"

ဝုန်းဒိုင်းကြဲ ဆူညံနေတဲ့ ထိုအိမ်လေးထဲကနေ ရှိသမျှ အ၀တ်အစားလေးတွေ လွယ်အိတ် ကလေးထဲ စုထည့်ပြီး သလင်းသစ်ထွက်လာခဲ့သည်။

သွားစရာ မြေမရှိ။

နေစရာ အိမ်မရှိ

အသက်ရှုစရာ လမ်းကြောင်းတွေ လည်း ပိတ်နေသည်။

×××

အခန်း (၂)

" ဟဲ့ ကိုကြွက်နီတို့ ငါးကန်ဖော်တာ သွားလုပ်ပေးလို့ရတဲ့ ပိုက်ဆံကဒါပဲလားဟဲ့၊ အလတ် ကောင် ကျောင်းအပ်ဖို့ ငွေလိုနေပါတယ်ဆိုမှ နင့်ဟာမကို ပိုပေးခဲ့ပြန်ပြီးပေါ့လေ။"

" အာ ပိုမပေးပါဘူး။ ဒေါ်လေးရာ သူလည်း သူအတူတူလုပ် အတူတူ ပင်ပန်းတာ၊ မျှမျှတ တ ခွဲယူရမှာ ပေါ့။ ငါးကန်ဖော်တဲ့နေ့ဆို ငါးဒိုင်တွေ က ဈေးနှိမ်တာ ဒေါ်လေးသိသားနဲ့ ဒီလောက်ပဲ ရမှာ ပေါ့"

" အေး နင်ပြောလိုက်ရင် ဒီအတိုင်းချည်းပဲ၊ အဲဒီ ကောင်မလေးခေါ်မသွားရင် နင့်တစ် ယောက် တည်း ပိုက်ဆံပိုမရနိုင်ဘူးလား။ အငယ်မလေး ဆေးဖိုး၊ အလတ်ကောင် ကျောင်းအပ်ဖို့၊ အကြီးကောင် ကျောင်းဝတ်စုံအတွက်၊ နင့်ဦးလေးရတဲ့ ပိုက်ဆံနဲ့ အဆင်မပြေလို့ နင့်ကို ဒီလောက် ပြောနေရတာ သိလား၊ နင်က နင်စားတဲ့ ထမင်းဖိုးလောက်ပဲ ပေးချင်နေတာ မဟုတ်လား။ ငါတို့ နင့်ကို စောင့်ရှောက်ထားရတဲ့ အဖိုးအခ၊ အိမ်အရိပ်မှာ ခိုခွင့်ပေးထားတဲ့ တန်ရာတန်ကြေး၊ ဒါတွေ နင်ထည့်မတွက်တော့ဘူးပေါ့ ဟုတ်လား သလင်း"

ပြန်လည် ချေပချင်တဲ့ စကားလုံးတွေ လည်ချောင်းဝမှာ တစ်ဆို့ပြီး သလင်းသစ် အံကြိတ် လိုက်မိသည်။

မျက်ရည်တွေ ကျလာမှာ စိုး၍ လည်း ထိုနေရာက ရှောင်ထွက်လာခဲ့၏ ။

ဝုန်းဒိုင်းကြဲ အော်ဟစ်ဆဲဆိုသံတွေ မကြားရအောင်လည်း ရွာထိပ်ချောင်းစပ်နားက ကုက္ကို ပင်ကြီး အောင်နားမှာ သွားထိုင်နေလိုက်သည်။

သလင်းသစ် ငါးနှစ် သားအရွယ်မှာ အဖေဆုံးပါးသည်ဆိုပေမယ့် လွန်ခဲ့တဲ့ နှစ် နှစ် လောက် အထိ အမေရှိနေသေးသည်။

အိမ်နှင့် လယ်တွေ ယာတွေ အပြင် ငါးကန်တစ်ကန်လည်းပိုင်ဆိုင်ပါသေးသည်။

အမေက လူငှားတွေ နှင့် အလုပ်လုပ်ပြီး သလင်းသစ်လူ့အောက်မကျ အားမငယ်အောင် စောင့်ရှောက်နိုင်ခဲ့ပါသည်။

နောက်ပိုင်း အမေ့ကျန်းမာရေး မကောင်း ဖြစ်လာမှ အမေ့မောင်ဝမ်းကွဲနှင့် ယောင်းမကို စီး ပွားရေး တွေ ၀ိုင်းဝန်းလုပ်စေခဲ့တာ ဖြစ်သည်။

ခုတော့ အမေဆုံးပြီး နှစ် နှစ် အကြာမှာ ထိုပိုင်ဆိုင်မှု တွေ အားလုံးကုန်သွားသလို သလင်း သစ်လည်း ကျောင်းထွက်လိုက်ရသည်။

ရတဲ့အလုပ်လုပ်ပြီး သူတို့မိသားစုကိုလည်း ထောက်ပံ့ရ၏ ။

ပြောသမျှ ဆိုသမျှ ရိုက်ပုတ်သမျှိကုလည်း ခေါင်းငုံ့လည်စင်းခံနေရသည်။

ဘယ်လိုပုံစံမျိုးနှင့် သလင်းသစ်ကို သူတို့တာဝန်ယူစောင့်ရှောက်နေရသည်ကို ပြောထွက်ရဲ နေကြပါသလဲ။

ဆယ့်ခြောက်နှစ် အရွယ် သလင်းသစ်ရဲ့ အသိထဲမှာ ဇာတိချက်ကြွေ မွေးရပ်မြေလေးနှင့် သံယောဇဉ်တွယ်စရာ နေရနီဆဆိုတဲ့ သူငယ်ချင်းကောင်မလေးသာ မရှိဘူးဆိုလျှင် ထိုသော က အိမ်မှာ တစ်ရက်တောင်နေ ဖြစ်မှာ မဟုတ်ချေ။

ခုတော့ ၀ဲဂယက်ငယ်လေးတွေ နှင့် ချောင်းရေပြင်ကို ကြည့်ပြီးမျက်ရည်တွေ ဖြိုင်ဖြိုင်ကျ လာကာ အဖေနှင့် အမေကို အော်ဟစ်တောင့်တလိုက်မိသည်။

မိဘမရှိတဲ့ဘ၀မှာ ဒီလောက်တွယ်ရာမဲ့လိမ့်မည် ဟု သလင်း မထင်မိချေ။

နေရနီလည်း သူ့လိုပဲ ခဏခဏ မျက်ရည်ကျတတ်သည်လား မသိ။

" ငါ အရမ်းငိုချတဲ့အခါ နင့်ကို မတွေ့ တွေ့ အောင်ရှာမိတယ်။ သလင်း၊ နင်နဲ့တွေ့ တဲ့အခါ ရယ်စရာမောစရာတွေ ပြောပြီး အဲဒါတွေ မေ့ပျောက်သွားတယ်။ ငါတို့ဘ၀က ငိုနေရုံနဲ့ပြီးမှမသွား တာ၊ ငါတို့ မျက်ရည်ကျတာကို တမလွန်က မိဘတွေ သိရင်လည်း စိတ်ကောင်းမှာ မဟုတ်ဘူးလေ။ ကိုယ့်ဘ၀ကိုယ် မကျေနပ်လည်း မတတ်နိုင်ဘူးဟ၊ အတိတ်ကံက ရှိသေးတယ်။ ငါ ကတော့ နင့်လို သူငယ်ချင်း ရှိနေတဲ့အတွက် ဖြေသာတယ်။"

နေရနီ စကားတွေ ကို ကြားယောင်ကာ သလင်းသစ် ဆက်ခနဲ့ ထရပ်လိုက်သည်။

သူလည်း နေရနီနဲ့တွေ့ တဲ့အခါ ကျန်တောတွေ မေ့လျော့သွားတတ်တာပဲလေ။

အားပေးဖြေသိမ့်မယ့် သူငယ်ချင်းလေး ရှိနေတာပဲ။

နင်က ငါ့အတွက် မရှိမ ဖြစ် ရုပ်ဝတ္ထုလေးပါ နေရနီ။

×××

အခန်း (၃)

အိမ်ရှေ့ကွပ်ပျစ်မှာ လယ်ကန်စွန်းရွက်တွေ စည်းသင်နေတဲ့ နေရနီကို အဆင်သင့်တွေ့ ရ သည်။

ကွပ်ပျစ်အစွန်းမှာ ဆောင့်ခနဲ့ဝင်ထိုင်လိုက်တဲ့ သလင်းသစ်ကို နေရနီ မျက်လုံးပင့်ကြည့် လိုက်ပြီး ကန်စွန်းရွက်တွေ ဘေးနားတိုးရွှေ့လိုက်၏ ။

" မျက်နှာလည်း မကောင်းပါလား သလင်း၊ ကွိုင်တက်လာပြန်ပြီလား"

" ထုံးစံ အတိုင်းပေါ့ဟာ ပူညံပူညံနဲ့၊ လက်မပါခင်၊ တုတ်မဆွဲခင် ရှောက်ထွက်လာခဲ့တယ်။ အရင်လို နေရမှာ ငြိမ်မနေတော့ ဆွေ့ဆွေ့ခုန်ကျန်ခဲ့တယ်"

" ထမင်းရော စားပြီးခဲ့ပြီလား"

" အဲဒါလည်း ထုံးစံအတိုင်းပဲ၊ ငါထမင်းစားကာနီးရင် မစားဝင်အောင် အမျိုးမျိုးပြဿနာ ရှာနေတာ"

" ကဲပါ ထုံးစံအတိုင်း ငါ့အိမ်မှာ ပဲရှိတဲ့ ထမင်းဟင်းသာ စားသွားပေါ့ ဟုတ်ပြီလား"

ပေါ့ပါးစွာ ရယ် ဖြစ်ကြသည်။

နေရနီက အိမ်ပေါ်တက်ပြီး ထမင်းတစ်ပန်းကန်ခူး၍ ငပိရည်နှင့် နယ်ဖယ်ကာ ကန်စွန်းရွက် ကြော်ပါ ထည့်ယူလာသည်။

" ငါးကြော် ကျန်တာလေးက ကြီးကြီးနောက်တစ်ခါ ဆေးသောက်ရင် ထမင်းလေးနဲ့စားဖို့ ချန်ထားတာ၊ နင် အဲဒါနဲ့စားတတ်ရဲ့ လား သလင်း"

" ရပါတယ်ဟာ ငါ့အိမ်မှာ ဆိုရင် ကန်စွန်းရွက်တောင်ပါချင်မှပါတာ၊ ငါကနင့်လက်နဲ့နယ် ထားရင် ဘာဟင်းမှ မပါလည်း စားလို့အရသာရှိတယ်လို့ အောင်းမေ့တယ်ဟ"

" ဟွန်း စားလို့သောက်လို့ကောင်းအောင် လာမြှော က်နေတယ်"

နေရနီ မျက်စောင်းထိုးပြီး ကန်စွန်းရွက်တွေ ပြန်စည်းနေ၏ ။

သလင်းသစ်က လက်သွားမဆေးဘဲ ဒီအတိုင်းထမင်းတွေ ကို အားရပါးရ ကြုံးစားနေသည်။

" ဟယ် သလင်းရယ် ဟိုနားက ရေစည်ပိုင်းလက်သွားဆေးတာမဟုတ်ဘူး။ အရမ်းညစ် ပတ်တာပဲ"

" ခုမှ ရေချိုးလာတာ လက်မဆေးလည်း ဘာမှမ ဖြစ်ပါဘူးဟ၊ ဒါနဲ့နင် ကန်စွန်းရွက် စည်းပြီး ရင်း အားတယ်မဟုတ်လား။ ရွာဦးကျောင်းရှင်ပြအလှူက အငြိမ့်ရော ဆိုင်းရော ပါတယ်။ ငါတို့ သွားကြည့်ရအောင်"

" အင်း ခဏနေရင် ကြီးကြီးကို ဆေးတိုက်ရဦးမယ်။ ပြီးရင် ကြီးကြီးပြောပြီး သွားကြမယ် လေ"

ဘယ်တော့မှ သလင်းသစ်ဆန္ဒတွေ ကို မငြင်းဆန်တတ်သော နေရနီက ကန်စွန်းရွက်တွေ ကို ခပ်မြန်မြန်ပြီးအောင် စည်းနေမိသည်။

မနက်မြို့ပေါ်ဈေးရောက်မည့် သူတွေ ကို ဖောက်သည်ဈေးပေးပြီး ကြီးကြီးအတွက် ဆေးမှာ ရမည် လေ။

မိဘတွေ မရှိတော့ပေမယ့် ကြီးကြီးက သူမအတွက်မှီခိုအားထားရာပဲ မဟုတ်လား။

ကြီးကြီးဆိုတာက နေရနီ အဖေနှင့် တော် စပ်သည့်တစ်ဦးတည်းသော ဆွေမျိုးသားချင်းပင်။

နေရနီ အမေက ရန်ကုန်သူ၊ ဆွေကြီးမျိုးကြီးထဲက သူဌေး သမီးတဲ့။ အဖေက ရန်ကုန်တက် အလုပ်လုပ်ရင်း အမေ့ကို ရအောင်ယူခိုးခဲ့တာတဲ့လေ။

အမေတို့ဘက်က အဆင့်အတန်းမရှိ ဆင်းရဲသား အဖေ့ကို ဘယ်လိုမှသဘောမတူနိုင်လို့ အမွေပြတ် စွန့်လွှတ်ခဲ့သည့်အတွက် ဆင်းရဲပင်ပန်းစွာ ရုန်းကန်ရင်း ငယ်ငယ်ရွယ်ရွယ်နှင့် ရှေ့ဆင့် နောက်ဆင့် ဆုံးပါးသွားခဲ့သည်။

အမေကလည်း မာနကြီးသူမို့ မိဘတွေ ကို ဘာအကြောင်းနှင့် မှ မဆက်သွယ်ဘဲ အဖေ့ကို သာ သစ္စာရှိရှိ ချစ်ပြခဲ့သည်။

ဒီအကြောင်းတွေ ကို ကြီးကြီးတစ်ခါတစ်ခါ ပြောပြတတ်၍ နေရနီ သိခဲ့ရခြင်းပင်။

အဘိုးအဘွားဆိုတာ ဖြူသလား မည်းသလားခုချိန်ထိနေရနီမသိ၊ ဘယ်လောက်ချမ်းသာ လဲ ဂုဏ်ဓနတွေ ကြွယ်ဝချမ်းသာသလဲ နေရနီ မသိ။

နေရနီ သိတတ်တဲ့အရွယ်က ကြီးကြီးလက်ပေါ်မှာ ကြီးပြင်းခဲ့ရတာ ပင်။ အဖေနှင့် အမေက တောထဲမှာ ပဲ သစ်ခုတ် ၀ါးခုတ် မျှစ်ချိုးတဲ့အလုပ်တွေ နှင့် အချိန်ကုန်ပြီး တစ်လတစ်ခါလောက်သာ နေရနီကိုလာတွေ့ ကြသည်။

မှတ်မှတ်ရရ နေရနီခြောက်တန်းနှစ် အရွယ်မှာ အမေအဖေရော ငှက်ဖျားမိပြီး ရွာအပြီးပြန် လာကြသည်။ ရွာမှာ ရှိတဲ့ ဆေးမြီးတိုနှင့် သာ ကုသရသော ကြောင့် အဖေရော အမေရော သိပ်မကြာ ခင် ဆုံးပါးသွားခဲ့ရပြီး နေရနီမျက်ရည်ကျဖို့တောင် သတိမရနိုင်ခဲ့။

ထိုအချိန်ကတည်းက ကျောင်းသွားဖော်သူငယ်ချင်း ဖြစ်တဲ့ သလင်းသစ်က နေရနီအပေါ်ပို ပြီး ဂရုစိုက် ဖေးမအားပေးခဲ့သည်။

အဲဒီ နောက်မှာ ကြီးကြီးကျန်းမာရေး ကြောင့် နေရနီကျောင်းထွက်လိုက်ရပြီး သလင်းသစ် နှင့် အတူတူရုန်းကန်ခဲ့တာ ဒီနေ့အချိန်ထိပင်၊

ဒါပေမယ့် နေရနီစိတ်ပျက်အားငယ်ခြင်းတော့ မရှိ။ တစ်ခါတစ်ရဲ အဖေနှင့် အမေကို သတိ ရမိတဲ့အချိန်များ မှာ တနင့်နင့်မျက်ရည်ကျတတ်သလို ကြီးကြီးကျန်းမာရေး ဆိုးရွားတဲ့နေ့များ မှာ ကူ ကယ်ရာမဲ့ အော်ဟစ်ပစ်လိုက်ချင်တာမျိုးသာ ရှိခဲ့သည်။

အချိန်တိုင်းမှာ သလင်းသစ်က နေရနီအနားမှာ ရှိနေခဲ့တာပဲလေ။

မိဘမဲ့ ဘ၀တူများ မို့ မမြင်နိုင်တဲ့ ကြိုးတွေ က အထပ်ထပ်ရစ်ပတ်ချည်နှောင်နေခဲ့တာ ဘယ် သူဖြတ်ဖြတ်ပြတ်ဖို့သိပ်မလွယ်တော့။

×××

အခန်း (၄)

ဆိုင်းသံ ဗုံသံ တအုန်းအုန်းနှင့် ရွာကလူတွေ အကုန် ဘုန်းကြီးကျောင်းရှိ အလှူမဏ္ဍပ်မှာ စု ရုံးရောက်ရှိနေကြသည်။ လူရွှင်တော် နှင့် အငြိမ့်မင်းသမီးကလည်း တော် တော် ပြက်လုံးကောင်း အက ကောင်း၏ ။

သလင်းသစ်နှင့် နေရနီက လူတွေ ကြားမှာ ခြေဖျားလေးထောက်၍ တိုးခွေ့ကြည့်ကြသည်။

" နေရနီ ရရဲ့ လား၊ ငါ ချီပေးရမလား"

" အယ် နင်ကလည်း လူတွေ ကြားထဲမှာ သူများ တွေ ကဲ့ရဲ့ ရယ်မှာ ပေါ့"

" အောင်မာ သူတို့ထမင်းစားနေတာမှာ မဟုတ်တာ ဂရုစိုက်စရာလား။"

" ဟဲ့ နင်က ယောကျာ်းလေး ဘာမှမ ဖြစ်ဘူး၊ ငါက မိန်းကလေး ဟဲ့၊ ဂရုစိုက်ရမှာ ပေါ့"

" ဟွန်း ငါမသိတာကျနေတာပဲ။ နင်အပျိုကြီးစိတ်ဝင်နေပြီ မဟုတ်လား၊"

" ဟယ် ကောင်စုတ် ငါ့ကိုဘာမဟုတ်တရုတ်တွေ လာပြောနေတာလဲ၊ နင်သာ လူပျိုကြီး စိတ်ဝင်ပြီး တောင်ပိုင်းက အေးမဆိုတဲ့ ကောင်မကို သွားပိုးနေတာဆို"

သလင်းသစ်က ရနီ လက်ကို ဆောင့်ဆွဲပြီး လူရှင်းတဲ့ဘက်ခေါ်လာသည်။ မျက်နှာကြီးက လည်း ရှူးသိုးသိုး မှု န်တည်တည်။

" အဲဒါ နင်ဘယ်သူပြောလဲ၊ ငါ ဘယ်သူမှ မကြိုက်ဘူး"

" ဒါလေး ပြောတာကို ဖြစ်နေလိုက်တာ မျက်နှာကြီးက မဟုတ်လဲ ပြီးရောပေါ့"

" အဲဒါ ပြီးရောပေါ့ ဆိုတာကြီးကို ငါမကြိုက်တာ၊ ငါ အဲသလို ပေါ့ပေါ့ရှပ်ရှပ်နေဖို့ အချန်ရှိလို့ လား၊ မိုးလင်းကနေ နေ၀င်မိုးချုပ်အထိ နင်နဲ့အတူတူ ရှိနေတာပဲလေ။ ပြီးတော့ တစ်ခါတစ်လေ ည ပိုင်း ကာရာအိုကေဆိုတာတောင်မှ နင်ပါတတ်သေးတာပဲ၊ နင်မလိုက်တဲ့နေ့ နင့်အိမ်မှာ ငါအချိန် ကုန်တယ် မဟုတ်ဘူးလား"

သလင်းသစ်က နေရနီ အထင်မလွဲအောင် ဆတ်ဆတ်ခါရှင်းပြနေ၏

နေရနီ လက်ဝါးခြင်း၊ ရိုက်လိုက် ပါးစပ်ပိတ်လိုက် သဘောတကျ ရယ်ပစ်လိုက်သည်။

" ကြည့် ဘာပြောပြောရယ်ဖို့က အရင်၊ ငါပြောတာ မဟုတ်လို့ ရယ်နေတာလား"

" ဟုတ်ပါတယ် ငါလည်း သိနေတာပဲဟာ နင်က ဘာလို့ဖြေရှင်းပြနေတာလဲ"

အဲဒီ လောက် နေရနီ ငြိုငြင်မှာ ကို သလင်းသစ် ကြောက်မိတာပါ။ စကားလေးနဲ့ပဲ ဖြစ် ဖြစ်၊ မျက်လုံးလေးနဲ့ပဲ ဖြစ် ဖြစ် နေရနီအထင်မှား အမြင်မှား အ ဖြစ်မခံနိုင်အောင် နေရနီအပေါ်အလေး အနက်ထားမိသည်။

နေရနီကလည်း သိသိကြီးနှင့် သူ့ကိုအဲသလို စနောက်တတ်၏ ။

" ပြန်ရအောင်ဟာ ကြီးကြီးက သိပ်နေကောင်းတာ မဟုတ်ဘူး။ မနက်ဖြန်ဈေးနေ့ သင်္ဘော ထွက်မှာ ၊ ဈေးကုန်တွေ လိုက်ပို့ရဦးမယ်လေ၊ နင် စောစောထနော် သလင်း"

" အေးပါဟာ နင်ပဲ နောက်ကျတတ်တာ ငါကဘယ်အချိန်တုန်းက နောက်ကျဖူးလို့လဲ၊ အဲ သလိုမျိုးဆိုရင် အိမ်က ငါ့ဒေါ်လေးက ၀ီရိယ ကောင်းကောင်းနဲ့ကို နှိုးတတ်တာ"

" ဟင်း ငါကလည်း ကြီးကြီးဝေယျာဝစ္စတွေ ကြောင့် ပါနော်၊ ကျောင်းမှာ တောင် ၀ီရိယ ကောင်းလို့ ဦးနှောက်ဉာဏ်ကောင်းလွန်းလို့ ပထမချည်းရတာ နင် မသိဘူးလား"

" အေးပါ ငကြွားမ၊ အချင်းချင်း ကပ်ကြွားနေတယ်။ လာပြန်ကြမယ်။"

နေရနီလက်ကို ဖျက်ခနဲဆွဲပြီင်္း သလင်းသစ်တို့ပြန်လာခဲ့ကြသည်။

အမှော င်ရိပ်ကို ရောက်တော့ လူ တစ်ယောက် လက်ကာတားနေ၏ ။

" ဟို ညီလေးနဲ့ ညီမလေး အစ်ကို့ကို တစ်ခုလောက် ကူညီပါလားကွာ"

"ဟင်"

" ဒီလိုပါကွာ အစ်ကိုက ဒီဘုန်းကြီးကျောင်းမှာ လာလှူတဲ့ ရန်ကုန်က အလှူရှင်တွေ ရဲ့ ကားဒရိုက်ဘာပါ။ ဟိုလေ အစ်ကို အရက်နည်းနည်း သောက်ချင်လို့၊ အဲဒါ ဘယ်မှာ များ ရောင်းသလဲ အစ်ကို သိချင်လို့ပါ။"

"သြော်"

ဆိုပြီး ထိုသူကို သလင်း စေ့စေ့ကြည့်လိုက်သည်။

ဝတ်တာစားတာ မျက်နှာသွင်ပြင် ကတော့ လူရည်သန့် တစ်ယောက် ပါပဲ၊ တစ်မြို့တစ်ရွာက လူဆိုတော့လည်း ကူညီသင့်သည်။ ဒါပေမယ့်

" အစ်ကို ဒီနားက ခဏစောင့်၊ ကျွန်တော့်  သူငယ်ချင်းကို သူတို့အိမ် လမ်းထိပ်ရောက် အောင် လိုက်ပို့ဦးမယ်။ ပြီးရင် ကျွန်တော် ပြန်လာခဲ့မယ်"

ယောင်တောင်တောင်နှင့် ထိုလူ နေရမှာ ရပ်ကျန်ခဲ့သည်။

" နင်ကလည်း ဧည့်သည်ကို အားနာစရာ၊ တစ်ခါတည်း ခေါ်လာခဲ့တာ မဟုတ်ဘူး"

" နင် ဘာမှမသိပါဘူး၊ ဟိုလူက လူစိမ်းဟ၊ နင်က မိန်းကလေး၊ ဟိုစိတ် ဒီစိတ်မွေးရင် ဘယ်လိုလုပ်မလဲ၊ ပြီးရင် ငါ့ဘာသာ ဧည့်ဝတ်ကျေအောင် လုပ်မှာ ပေါ့"

အပျိုဖြန်းလေးအရွယ် နေရနီကို သလင်းသစ် သိသိသာသာ သ၀န်တိုလာခဲ့ပြီ ဖြစ်သည်။

နေရနီကလည်း နားလည်နေသော ပီတိအပြုံးဖြင့် လရောင် ၀ိုးတ၀ါးအောက်က သလင်း မျက်နှာကို လည်လေးစောင်းကာမော့ကြည့်လိုက်၏ ။

အ၀တ်အစားတွေ နွမ်းဖတ်သော်လည်း မွေးညှင်းစိမ်းလေးတွေ နှင့် သလင်းသစ်က ယော ကျာ်းပျိုအရွယ် တည်ငြိမ့်ခန့်ထည်လာတာ ကတော့ အမှန်ပင်၊

" နင် အရမ်းလှတာတယ် ရနီ၊ နင့်အသားအရေ ၀င်းဝင်းဝါ၀ါ လက်ကလေးတွေ နုနုဖတ် ဖတ်နဲ့ ဒီအလုပ်ကြမ်းတွေ က သဟဇာတ မ ဖြစ်ပါဘူးဟာ၊ ငါသာ ပိုက်ဆံချမ်းသာရင်လေ ချွေရံ သင်းပင်းတွေ နဲ့ နင့်ကို နန်းတော် ကြီးထဲမှာ မြေမထိအောင်ထားလိုက်ချင်တာဟ"

သလင်းကလည်း သူမကို အဲလိုပြောခဲ့ဖူးတာပင်၊ တကယ်လည်း ရွာထဲက လူငယ်တွေ က အစ နေရနီ အလှကို ချီးမွမ်းကြသည်။

ဒါကိုလည်း သလင်းက မကြိုက်ပြန်၊ ငါ မပါရင် နင်ဘယ်မှမထွက်နဲ့ဟုတောင် အမိန့်ထုတ် ထားသည်။

အမြဲတမ်း သလင်းစကားတွေ ဆို နာခံချင်နေတဲ့ နေရနီကလည်းဆန့်ကျင်ဖို့ မစဉ်းစားခဲ့မိ ချေ။

သလင်းက နေဆိုတဲ့နေရာမှာ နေပူပူ မိုးရွာရွာ ဒီအတိုင်းပဲ ရပ်နေချင်ခဲ့တာလေ။

သလင်းစေလိုရာ စေလို့ရနိုင်မယ့် မှော်ရုပ်ကလေးတစ်ခုအ ဖြစ်နဲ့ပေါ့။

×××

အခန်း (၅)

" သလင်း ငါ နင့်ကို မေးစရာရှိတယ်"

" ဘာမေးမှာ လဲဟာ၊ ဒီမှာ သရက်သီးတောင်းတွေ သယ်ရတာ မောရတဲ့အထဲ ပြီးမှမေး"

နေရရီကို ဆွဲခြင်း အသေးလေးတွေ သာ သယ်ခိုင်းပြီး သူ ကတော့ တောင်းအကြီးကြီးတွေ ထမ်းနေတဲ့ သလင်းက စိတ်မရှည်သလို နေရနီကို လှည့်ဟောက်သည်။

ရနီကလည်း ဆောင့်ကြီးအောင့်ကြီးနှင့် မျက်နှာကို ပုတ်သိုးမဲ့ရွဲ့ထားလိုက်၏ ။

ကုန်တွေ အားလုံးတင်ပြီး သင်္ဘောထွက်သွားမှာ မြစ်ဆိပ် သရက်ပင်အောက်မှာ ထိုင်နား နေတဲ့ နေရနီ အနားကို သလင်းသစ် ရောက်လာသည်။

" ကဲ ဆူပုတ်ကောက်ချိတ်နေတဲ့ မျက်နှာကြီးနဲ့ ဒီအနားမှာ ထိုင်မနေနဲ့၊ အားလုံးပြီးပြီ ရွာ ထိပ်ချောင်းစပ်က ကုက္ကိုပင်အောက်သွားမယ်။ အဲဒီ မှာ လူရှင်းတယ်။ ဟိုရောက်မှ နင်ပြောချင်တာ ပြော၊ နင်မေးချင်တာမေး ဟုတ်ပြီလား"

သလင်းသစ် ဆွဲခေါ်ရာ ပုဆိုးလေး စလွယ်သိုင်း ချည်နှောင်လျက် ယက်ကန်ယက်ကန် နေရနရီ လိုက်ပါသွားရသည်။ တော် တော် အလှမ်းဝေးဝေး လျှောက်လာကြီးပြီးမှာ မြစ်ရေကနေ ခွဲ ထွက်ပြီး ရေစီးသန်သန် ရွာထိပ်က ချောင်းစပ်ကုက္ကိုပင်ကြီးအောက် ရောက်လာခဲ့ကြသည်။

" ဘာ ဖြစ်နေတာလဲ ပြော၊ ဘာအကြောင်းတွေ ရှိလို့ အဲ့လိုကြီး ဖြစ်နေရတာ လဲ"

ကုက္ကိုပင် အမြစ်စုံ ထိုင်နေတဲ့ နေရနီ ဘေးမှာ ကပ်ထိုင်၍ နဖူးစပ်က ချွေးတွေ ကို အင်္ကျီစ နှင့် မ, သုတ်ရင်း သလင်းသစ်မေးသည်။

နေရနီက သူ့ကို စူးခနဲ လှည့်ကြည့်သည်။

" ညက ဟိုဧည့်သည် လူကြီးကို အရက်ဆိုင်လိုက်ပို့ပြီး နင်လည်း အရက်သောက်သေး တယ်ဆို၊ အလှူမဏ္ဍပ်ပြန်လိုက်သွားပြီး သီချင်းတွေ လည်း ဆိုတယ်။ ကလိုက်တာလည်း ကွေးလို တဲ့ ဟုတ်လား"

" အေး အဲ အဲဒါ ဒီလိုဟ၊ အဲဒီ လူကလေ သူကို့အရက်ဆိုင်လိုက်ပို့လို့တဲ့၊ ငါ့ကိုလည်း အ ရက်တိုက်တယ်။ အမြည်းတွေ လည်း စားခိုင်းတယ်၊ ငါက စားလည်းမစားဘူး၊ သောက်လည်း မသောက်ဘူး၊ မသောက်တတ်ဘူးပြောတော့ အရွယ်ရောက်လာတဲ့ ယောကျာ်းလေးက ဘာမဆို လုပ်ဖူးတယ်ရှိအောင် လုပ်ရတယ်ဆိုပြီး ဇွတ်အတင်းတိုက်တာ၊ ငါလည်း တစ်ခွက်သောက်ကြည့် လိုက်တာပေါ့ဟာ၊ ဟာ ချဉ်ငံဖန်ခါး ပူစပ်ပူလောင်နဲ့တော် တော် ဆိုးတာပဲ၊ ငါ တစ်သက်လုံး ဘယ် တော့မှာ အရက်မသောက်တော့ဘူးလို့ တစ်ခါတည်း သန္နိဌာန် ချလိုက်တယ်။ တကယ်ပါဟာ တစ် ခွက်တည်းပါ။ နောက် မသောက်တော့ပါဘူး"

လက်နှစ် ဖက်ကို ပူးယှက်ဆုပ်၍ ခေါင်းကိုညွှတ်ပြီး သလင်းသစ် လေးလေးနက်နက် ကတိ ပေးနေ၏ ။ ဒါပေမယ့် နေရနီမျက်နှာ ကြည်လင်လန်းဆန်းမလာသေးချေ။

" အဲဒါ ထားပါတော့ လူကြားသူကြားထဲမှာ အရှက်မရှိ အာပြဲကြီးနဲ့ စင်ပေါ်မှာ သီချင်းတက် ဆိုတာကျတော့ရော ဦးဇော်ကြီးကာရာအိုကေမှာ သီချင်းဆိုတာက ထရံတွေ အလုံကာထားတာ၊ အဲဒီ ထဲက တစ်ယောက် နှစ် ယောက် သိတာကလွဲရင် ဘယ်သူမှမကဲ့ရဲ့ ဘူး"

" ဟောဗျာ အခုလည်း ငါ့အသံကောင်းလွန်းလို့ဆိုပြီး ရွာထဲကလူတွေ ဆုချပါသေးတယ်။ လက်ခုပ်တီးပြီးအားပေးတယ်။ ဘယ်သူမှ ခဲနဲ့မပေါက်ဘူး"

နေရနီ သက်ပြင်းငွေ့ငွေ့ ရှိုက်ထုတ်မိသည်။

ပီတိရိပ်တွေ လွှမ်းခြုံနေသည့် သလင်းသစ်မျက်နှာကိုလည်း စူးငေးစွာ ကြည့်လိုက်မိ၏ ။

" နင် သီချင်းဆိုတာ အရမ်းဝါသနာပါတာလား သလင်း"

" အေးပေါ့ သီချင်းဆိုရတာ လည်း ၀ါသနာပါတယ်၊ သီချင်းနားထောင်ရတာ လည်း ၀ါသနာ ပါတယ်။ ဘယ်အချိန်မှ ငါလိုချင်တဲ့ ကက်ဆက်ကလေးကို ၀ယ်နိုင်မလဲ မသိပါဘူးဟာ"

" ဒီလိုလုပ်ပါလား သလင်း၊ နင် ညပိုင်း ကာရာအိုကေဆိုတဲ့ ပိုက်ဆံရယ်၊ မုန့်ဖိုးရယ်ကို ငါ့ ဆီမှာ အပ်ထားပါလား ငါလည်း ဈေးဖိုးထဲက ချွေတာစုမယ် မုန့်ပဲသရေစာလည်း မစားဘဲ နင့် ကက်ဆက်ကလေး ၀ယ်နိုင်အောင် ငါလည်း စုပေးမယ်လေ ဘယ်နှယ့်လဲ"

"တ တကယ်ပြောတာလား ရနီ"

ခပ်သွက်သွက်လေး ရနီ ခေါင်းညိတ်ပြလိုက်သည်။ ဣနြေ္ဒပျက်ယွင်းလောက်အောင် ပျော် ရွင်သွားတဲ့ သလင်းသစ် မျက်နှာလေး တမုဟုတ်ချင်း ညှိုမှိုင်းသွားပြန်၏ ။

" နင် ငါ့အတွက် ပိုက်ဆံစုပေးထားဖို့မ ဖြစ်လောက်ပါဘူးဟာ၊ နင့်ကြီးကြီး ဆေးဖိုးကလည်း ရှိသေးတယ်။ အိမ်စရိတ်နဲ့ ငါ့မှာ လည်း ဒေါ်လေးကို တစ်ပြားမကျန် အကုန်အပ်နေရတာ ၊ ကာရာ အိုကေဆိုဖို့နဲ့ မုန့်ဖိုးလေးတောင် မနည်းခြစ်ကုတ်ကပ်ထားရတာ ၊ ငါ အဲဒီ ကက်ဆက်ဝယ်တာသိရင် ဒေါ်လေး ငါ့ကို ဘယ်ခွင့်လွှတ်မလဲဟ၊ အိမ်ပေါ်က နှင်ချမှာ သေချာတယ်"

" အေး နင် အဲလို လျှောက်တွေးနေလို့ ကတော့ ဒီတစ်သက် နင်လိုချင်တဲ့ ကက်ဆက်ရမှာ မဟုတ်တော့ဘူး။ သလင်း၊ ဒီနေ့ တစ်ညဦးဇော်ကြီးဆီမှာ သီချင်းတစ်ပုဒ်ဆိုပြီး နောက်နေ့ကစပြီး ပိုက်ဆံစု၊ ကျန်တာ ငါ့ဘာသာကြည့်လုပ်သွားမယ်။ နင် အရမ်းလိုချင်မက်မော ၀ါသနာပါတဲ့ ကက် ဆက်လေးကို ငါတို့နှစ် ယောက် ပေါင်းပြီး မ ဖြစ် ဖြစ်အောင် ၀ယ်မယ် သလင်းရာနော်၊ ငါတို့ အငတ်ခံ ပြီး ၀ယ်ရမယ်၊ အဲဒီ ကက်ဆက် သေးသေးလေးက တို့နှစ် ယောက် အတွက် အရမ်းတန်ဖိုးကြီးပြီး အမှတ်တရ ဖြစ်မှာ ပါ သလင်းရာ"

"ရနီ ရယ်"

တိုးသဲ့စွာ ညည်းညူပြီး နေရနီ လက်ဖ၀ါးနုနုလေးကို အားနှင့် ဖျစ်ညှစ်ပစ်လိုက်သည်။

ထိုလက်ဖျားမှ တစ်ဆင့် ခွန်အားတို့ တစ်ကိုယ်လုံး စီးဆင်းသွားသလား ထင်မှတ်ရ၏ ။

နေရနီကလည်း သူ့လက်ဖမိုးပေါ် ကျန်တစ်ဖက်နှင့် အုပ်မိုးကိုင်ပြီး တောက်ပလင်းလက်စွာ ပြုံးပြ၏ ။

ဘယ်တော့မှာ ရိုးစင်းပျောက်ကွယ်သွားခြင်း မရှိတော့မယ့် ခိုင်မြဲသော သံယောဇဉ်များ ဖြင့် …။

×××

အခန်း (၆)

" တကယ်ဆို မေ့ပစ်လိုက် ×× နာကျင်ခြင်းတွေ မေ့ထားလိုက် ×× မျှော်လင့်ဆုံး ကလေး ရေ ×× ဒီလိုတို့တွေ ဆုံတွေ့ ခိုက် ×× ရွှေရောင် တောက်ပလွန်းတဲ့ မင်းဘ၀လေးထဲ မင်းနေပါ ×× အတူတူ နီးစပ်ဖို့တော့ တိုရဲ့ ဘ၀က ဟိုးအဝေးမှာ ×× အပြာရောင် မိုးကောင်းကင် ×× ကြယ်စင် လေးတွေ ကြွေသွားတိုင်း ×× မပျော်နိုင်ဘူး ကလေးရေ ×× မငိုနဲ့ မျက်ရည်တွေ သုတ်လိုက် ×× ဘယ်လို ဝေးသွားလည်းပဲ အဆုံးသတ်ထိ ချစ်နေမှာ ×× ရွှေရောင် တောက်ပလွန်းတဲ့ မင်းဘ၀ လေးနဲ့ ဟိုးအဝေးမှာ ×× အိုး ဟိုး ×× အရင်က ဇာတ်လမ်းလေး ×× မေ့လိုက်ပါ အရင်က ဇာတ် လမ်းလေး"

သူ့ဘေးနားမှာ ငုတ်တုတ်ထိုင်နေတဲ့ နေရနီကိုတောင် သလင်း မေ့ထားနိုင်သည် ထင် သည်။

သီချင်းထဲမှာ ဈာန်ဝင်နေပြီး ဖီးအပြည့်ဖြင့် မျက်လုံးကို စုံမှိတ်ထား၏ ။

ဦးဇော်ကြီးကလည်း နောက်ရက် လာမဆိုတော့ဘူးပြော၍ ထိုသီချင်းကိုပဲ နောက်ထပ်ပြန် ရစ်ပေးနေသည်။ သလင်းသစ် တို့ ကတော့ အကြိုက်တွေ့ ပြီး ထမင်းမေ့ ဟင်းမေ့ နေရနီကို မေ့နေ သည်။

ဂီတအပေါ် သီချင်းအပေါ် သလင်းသစ် ၀ါသနာကြီးမှန်း နေရနီ ငယ်ငယ်ကတည်းက သတိ ထားမိပါသည်။ တခြားကလေးတွေ သေနတ်ပစ်တမ်းကြိုးခုန်တမ်း တူတူပုန်းတမ်း၊ ကျောက်ဒိုးထု တမ်း ဘယ်လိုပဲ ဆော့ဆော့ သလင်း ကတော့ တစ်နေရာမှာ အေးအေးဆေးဆေး သီချင်းလေး ညည်းနေတတ်သည်။

သလင်းသစ်ရဲ့ အမူအကျင့်လေးကို နှစ်သက် သော နေရနီကလည်း သလင်းသစ်အနားမှာ သွားသွား ထိုင်တတ်ကာ တခြားကလေးတွေ နှင့် သီးခြားလို ဖြစ်နေခဲ့သည်။ ဒါသည်ပင် သလင်းသစ် နှင့် နေရနီရဲ့ သံယောဇဉ်အစပျိုးခဲ့တာ ဖြစ်ရမည် ။

" ဟိတ် ကလေးတွေ မင်းတို့နှစ် ယောက် က တကယ်ပဲ ငါ့ဆိုင်လေးကို မလြာ ကတော့ဘူး လားကွ"

သီချင်းဆိုပြီး ပြန်ထွက်လြာ ကတော့ ဦးဇော်ကြီးက အခန်းဝကနေ ဆီးကြိုပြီး မေးသည်။

" ကျွန်တော် တို့ ကက်ဆက်ကလေး ၀ယ်ဖို့ပိုက်ဆံဖြည့်ရင် ပြန်လာမှာ ပါ ဦးဇော်ကြီးရ"

" အေးပေါ့ကွာ ငါ့ကို ပိုက်ဆံမပေးနိုင်လည်း မင်းဆိုချင်တဲ့အခါလာဆိုစမ်းပါ။ ငါ့ဆီလာတဲ့ သူတွေ က မင်းလောက်ကို အသံမကောင်းကြဘူးကွ ဟား ဟား ဟား"

ဦးဇော်ကြီး အားရပါးရရယ်ပြီး သူတို့ပုခုံးကို ပုတ်၍ တွန်းလွှတ်လိုက်၏ ။

တာဘောင်ကိုရောက်မှ နေရနီခြေလှမ်းတွေ သွက်လက်နေတာ သလင်းသစ် သတိထားမိ သည်။

" ဘာ ဖြစ်လို့တအား မြန်မြန်ကြီး လျှောက်နေရတာ လဲ ရနီ ရ၊ နင့်နောက်က ကျားလိုက်လာ တာကျနေတာပဲ"

" နင် ဒီနေ့ တစ်နေ့ သီချင်းဆိုချင်တယ်ဆိုလို့သာ လိုက်လာရတာ ၊ ကြီးကြီး ဒီနေ့ နေသိပ် မကောင်းဘူးဟ မနက်က အစားမှားသွားတယ်ဆိုလားပဲ"

" ဟုတ်လား အဲဒါဆို နင်တို့အိမ် ငါလိုက်ခဲ့ရဦးမလား ရနီ"

" ရပါတယ်ဟာ ကြီးကြီးက ဒီလိုပဲ ဖြစ်နေကျပါ၊ အပြန်ကျမှ နင်းနှိပ်ပေးပြီး ဆေးထပ်တိုက် လိုက်တော့မယ်"

" အင်း ဒီ ရောဂါ ကြီးက နာတာရှည်နော်၊ နင် မညည်းညူဘူးလား ရနီ"

" ဟင့်အင်း မညည်းညူပါဘူး။ ငါဒီလို ပြုစုနေလို့ ကြီးကြီးနေကောင်းနေရင် ငါ့ တစ်ယောက် တည်း အထီးကျန် တစ်ကောင်ကြွက်မ ဖြစ်တော့ဘူးပေါ့။ ကဲ ဒါနဲ့ ငါပြောထားတာ မမေ့နဲ့နော်၊ မ နက်ဖြန်က စပြီး တို့နှစ် ယောက် လုံး ကက်ဆက်ကလေးဝယ်ဖို့ ပိုက်ဆံစုရမယ်"

" အေးပါ ငါကဘယ်လိုလုပ် မေ့ပါ့မလဲ၊ ငါ ရ ရမယ့်ဥစ္စာ"

" ဟင်း ဟင်း အစုတ်ပလုတ်ကောင်၊ ဒါတော့ သိသားပဲ"

သော က အပူတွေ ကိုမေ့ပြီး ရယ်နိုင်တာဆိုလို့ သူတို့နှစ် ယောက် အတွက် ဒီလိုဆုံတွေ့ ချိန် လေးပဲ ဖြစ်သည်။

ဝင်သွားတော့မယ် နေလုံးနီနီကြီးထက် သူတို့ မျှော်လင့်တာက မနက် အရုဏ်မှာ ထွက်ပြူ လာမယ့် နေမင်းကြီးကိုသာ ဖြစ်သည်။

နေ၀င်ချိန်တွင် နောက်ကျလျှင် သူတို့ဆုံတွေ့ ချိန်တွေ့ ပိုပြီး ကြာမြင့်နိုင်သည်ပဲ။

×××

အခန်း (၇)

"ကြီးကြီး သက်သာရဲ့ လားဟင်"

" အင်း သက်သာတယ် မသက်သာဘူး ပြောရမှာ တောင် ကိုယ်ကိုယ်ကို အားနာမိပါတယ် ရနီလေးရယ်၊ ဒီဝဋ်ကြွေးက ကျွတ်လွတ်ချင်ပါတယ်ဆိုတဲ့ သူတော့ သေမင်းက မခေါ်ဘူး။ တာဝန် တွေ မပြီးပြတ်သေးတဲ့ သူတွေ ကိုတော့ စောစောစီးစီးခေါ်သွားတယ်။ သေမင်းက မတရားလိုက် တာကွယ်"

အသက်ရှုသံ တရွှီးရွှီးနဲ့ အရမ်းမောပန်းနေရင်းက ကြီးကြီးမချိတင်ကဲ ညည်းညူနေသည်။

နေရနီလည်း ဆေးပေးမီးယူ ပြုစုနေတာက လွဲ၍ ကြီးကြီး ရောဂါ ကို ဝေခွဲမျှယူလို့မရ၊ မြို့ ပေါ်တက် သမားတော် တွေ ပါရဂူတွေ နဲ့ပြဆိုတာလည်း ငွေကြေးရှိဦးမှ၊

ငွေမရှိလျှင် အသက်တစ်ချောင်းက ကယ်တင်ဖို့က သိပ်မလွယ်ကူ။ ကြီးကြီးကို သနားပေ မယ့်လည်း နေရနီဘာမှ မတတ်နိုင်။

သိပ်မကြာခင်မှာ အဖေနှင့် အမေလိုပဲ ကြီးကြီးကို စွန့်လွှတ်ခွဲခွာရဦးမည် လား မသိ။

ဒီတစ်ခါတော့ သွေးသာတော် စပ်တဲ့ ဆွေမျိုးသားချင်း တစ်ယောက် မှ နေရနီအနားမှာ ရှိ တော့မှာ မဟုတ်ချေ။

ဒါပေမယ့် တွယ်တာအားထားစရာ အားပေးဖော်သလင်းသစ် ရှိနေသးတာပဲ၊ တကယ့်ကို မိတ်ဆွေကောင်း တစ်ယောက် အနေနဲ့ သလင်းသစ်က နေရနီအပေါ် နားလည်ပေးနိုင်လွန်းသည်။

ဒါကြောင့် လည်း သလင်း လိုချင်လွန်းလှသည့် ကက်ဆက်ကလေးကို ၀ယ် ဖြစ်အောင် သူမ ခြိုးခြံချွေတာ စုဆောင်းနေမိတယ်။

ရနီတို့ နှစ် ယောက် ကြားမှာ တခြား ဘာအမှတ်တရမှ မရှိခဲ့ဘူးလေ။

အတွေးမျှင်တွေ မပြီးပြတ်သေးခင် ကြီးကြီးကို ဆေးတိုက်ပြီးတခြား လုပ်စရာရှိတာတွေ ဇယ်ဆက်သလို မြန်မြန်ပြီးပြတ်အောင် လုပ်လိုက်ရသည်။

ကက်ဆက်ကလေးဝယ်နိုင်ဖို့အတွက် သူမတို့ အလုပ်ပိုကြိုးစားကြရမည် ။ ပင်ပန်းတယ်လို့ လည်း မညည်းညူချင်။

သူမကို ညှာတာလွန်းသော သလင်းသစ်ဆိုလျှင် ဟိုတစ်နေ့က သရက်တီးတောင်းတွေ ကို အားသွန်ခွန်စိုက် ထမ်းလိုက်၍ ပခုံးနှစ် ဖက်လုံး စုတ်ပြက်ပေါက်ပြဲနေတာ မျက်နှာလေး ရှုံ့ရှုံ့မဲ့မဲ့နှင့် သနားစရာကောင်းလွန်းသည်။

"ကြီးကြီး ရနီ သွားပြီနော်"

"အေး အေး သမီးလေး"

သူမ ကြီးကြီးကို နှုတ်ဆက်ပြီး ထွက်လာခဲ့တော့ အလင်းရောင် မပီပြင်သေး။ မှော င်ရီ ၀ိုးတ ၀ါးမို့ ချိုင့်ခွက်တွေ ကို သတိထားရှောင်ရှားနေရတာ ခြေလှမ်းတွေ က ဒီထက်ပိုပြီး သွက်လို့မရ၊

သလင်းသစ် ကတော့ ရွာထိပ် ကုက္ကိုပင်အောက်က လည်တရှည်ရှည်နှင့် စောင့်မျှော်နေ ရော့မည် ။

"နေရနီ ဒီနေ့ နည်းနည်း နောက်ကျတယ်နော်"

"ရှင် သြော် ဟုတ်ကဲ့ ကိုကြီး ဇော်ခင်၊ ဒီနေ့ ကိုကြီး ဇော်ခင် သမ္ဗာန်ထွက်မှာ လား"

"အေး ခဏနေဦး နေရနီ"

ပြောပြောဆိုဆို ဇော်လင် နေရနီရှေ့ကနေ ပိတ်ရပ်လိုက်သည်။

နေရနီ စလွယ်သိုင်းပတ်ထားတဲ့ ပုဆိုးစလေးကို တင်းနေအောင်ဆုပ်ကိုင်ထားရင် လှုပ်လှုပ် ခတ်ခတ် ဖြစ်သွား၏ ။

ဇော်ခင်က နီးကပ်စွာ ပိတ်ကာထားရင်း ထုတ်စီးတိုးသလို ဖြစ်နေတာမို့ ခြေနှစ် လှမ်း သုံး လှမ်းလောက်ကို နေရနီ လန့်ဖျပ်ပြီး ဆုတ်လိုက်ရသည်။

"နေရနီ ညည်းလေးက မျက်စိအောက်တင် အပျိုကြီး ဖားဖားနေပြီ၊ ငါစိတ်ဝင်စားနေတာ ညည်း သိရဲ့ လား"

"အို ကိုကြီးဇော်ခင် ဘာတွေ လာပြောနေတာလဲ ရနီ အခုမှ ကလေးပဲ ရှိပါသေးတယ်"

"ကလေးဆိုရင် ကိုယ်နဲ့ရွယ်တူ ယောကျာ်းလေး တစ်ယောက် နဲ့တွဲ သွား တွဲ လာ တပူးပူး တကပ်ကပ် နေပါ့မလား ရနီရယ်၊ အဲဒါကြောင့် ညည်းလေးကို ငါ စိတ်မချနိုင် ဖြစ်နေမိတာ"

"ရနီနဲ့ သလင်းက သူငယ်ချင်းတွေ ပါ။ အဲသလိုကြီး မသမုတ်ပါနဲ့ ကိုကြီးဇော်ခင်၊ ဖယ်ပါ ရနီ့လမ်း ရနီ သွားမယ်"

ရနီလည့်ပတ်ကာရှောက်ထွက်လိုက်၏ ။ ဇော်ခင်က ရနီလက်လေး တစ်ဖက်ကို ဖျက်ခနဲ ဆုပ်ကိုင်လိုက်သည်။

"အို ဘာလုပ်တာလဲ လွှတ်ပါ ကိုကြီး ဇော်ခင်၊ ရနီနောက်ကျနေလို့ သလင်း မျှော်နေတော့ မှာ ဖယ်ပါ"

"ရနီလေး ရယ် ကိုကြီး ပြောတဲ့စကားလေးကို စဉ်းစားပေးပါ။ မင်းဘ၀လေး အေးချမ်းသာ ယာအောင် ကိုကြီး ထားနိုင်ပါတယ်။"

"ဟင့်အင်း လွှတ် လွှတ်ပါ ကိုကြီးဇော်ခင်၊ ရနီ အော်လိုက်မယ်နော်"

ရနီ ဘယ်လိုပြောပြော ဇော်ခင်က ရနီ ကိုယ်လေးကို သိုင်းဖက်ဖို့ ကြိုးစားလာသည်။

ဒီအချိန် ဒီနေရာလေးက လူရှင်းတာမို့ အော်ဟစ် အကူအညီတောင်းလည်း ရမည် မထင်။

ရနီ အားရှိသလောက်သာ ရုန်းကန်တွန်းထိုးနေမိ၏ ။

"ခွပ် ခွပ်"

ပြင်းထန်သော သလင်းလက်သီးချက်နှင့် ဇော်ခင် ဗိုင်းခနဲ ပစ်လဲသွားသည်။ ပြီးတော့ ကုန်း ရုန်းထပြီး ထိုနေရာမှ ထွက်ပြေးသွားသည်။

တဆက်ဆက် တုန်ယင်ကြောက်ရွံ့နေသော ရနီက သလင်းအနားအရောက်မှာ အားကိုးတ ကြီး ဖက်တွယ်ထားပြီး ရှိုက်ငင် ငိုကြွေးပစ်သည်။

သလင်းက ဖွဖွလေး ထွေးဖက်၍ နှစ် သိမ့်လိုက်၏ ။

အရှေ့ဖက် မိုးကုတ်စက်ဝိုင်းဆီက နေမင်းကြီးလည်း တဖြည်းဖြည်းနှင့် အလင်းရောင် ပေး ပြူထွက်လာ၏ ။

လမ်းမပျောက်စေချင်၍ ထင်ပါရဲ့ ။

×××

အခန်း (၈)

"နင်ကလည်း အဲဒီ လူကြီးကို ထုရိုက်ကုတ်ဖဲ့ပစ်ပါလား၊ အဲဒီ ပုံစံနဲ့ ငါမရောက်လာရင် ဘာ ဖြစ်သွားမလဲ မသိဘူး။"

သလင်းသစ်က အစ်ကိုကြီး တစ်ယောက် လို ဆူဆဲကြိမ်းမောင်းနေ၏ ။ မျက်နှာငယ်လေးနှင့် နေရနီက နေညိုချိန်အလုပ်သိမ်းမှ ဒီအကြောင်းပြောတာတောင် တုန်တုန်လှုပ်လှုပ် ရှိနေဆဲပင်။

"သူ့ဗလ တုတ်တုတ်ခိုင်ခိုင်ကြီးကို ငါဘယ်လိုပြန်လုပ်မှာ လဲ သလင်းရဲ့ ၊ ပြီးတော့ သူဒီလို ပုံစံမျိုး ဆက်ဆံလိမ့်မယ်လို့လည်း ထင်မှမထားတာ"

"ဟင်း နင်ကိုက ပိန်းတာ၊ ဒီလူကြီး မိန်းကလေးတွေ မြင်ရင် ပြီတီတီနဲ့ အရောတ၀င် နှာဘူး ထချင်တာ နင် မသိဘူးလား"

နေရနီ ထင့်ခနဲ့ ရှိုက်ငိုပစ်လိုက်သည်။

ပိုက်ဆံလေးတွေ ဘောင်းဘီအိတ်ထဲ ထိုးထည့်နေတဲ့ သလင်းသစ် နောက်ကြောင်းပြန် ငဲ့ ကြည့်ပြီး ပျာပျာသလဲ နေရနီ ပုခုံးလေးကို ဆုပ်ကိုင်လိုက်၏ ။

"ဘာ ဘာ ဖြစ်တာလဲ၊ ဘာလို့ ငိုရတာ လဲ"

" နင် ငါ့ကို ဘာလို့ ဆူနေတာလဲ၊ သူ့သမီး သူ့ညီမ လောက်ရှိတဲ့ငါ့ကို အဲ့လို မရိုးမသားစိတ် ရှိနေမယ်လို့ ငါက ဘယ်လိုလုပ်တွေးမိမှာ လဲ"

" အေးပါဟာ ငါက နင့်ကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ အဲဒီ လူကြီးကို နောက်တစ်ခါ တွေ့ ရင် ဝေးဝေးကရှောင် သိလား၊ အဲဒါကြောင့် နင် တစ်ယောက် တည်း ဘယ်သွားသွား ဘယ် လာလာ ငါစိတ်မချ ဖြစ်နေရတာ ရနီ၊ အရွယ်ရောက်လာတဲ့ နင့်ကို ယောကျာ်းသားတွေ မရိုးမသား၊ စိတ်ဝင်စားနေကြပြီ။ နင်ကလည်း အရမ်းလှလာတာကိုး ရနီရယ်၊ ဒါတောင် ဘ၀ပေးအခြေအနေ မရ နွမ်းနွမ်းဖတ်ဖတ် ချို့ချို့တဲ့တဲ့ နေရပေလို့သာပဲ"

သလင်းကို ၀င့်ခနဲ့ မျက်စောင်းထိုးပြီး ရင်ဘတ်ကြီးကို ဘုန်းခနဲ့ ထုပစ်လိုက်၏ ။

" နင် ငါ့ကိုမျက်စိ ဒေါက်ထောက်ပြီးတော့ ဂရုစိုက်ပေါ့ သလင်းရယ်၊ အဲလို မလုပ်ရင်တော့ ငါ့ကို လာပတ်သက်တဲ့ တစ်ယောက် ယောက် ကြိုက်ပစ်လိုက်မှာ ပဲ"

မူချိုချို နေရနီ ဟန်ပန်လေးက အသည်းယားစရာပင်။

ရှည်ကော့နေတဲ့ မျက်တောင်လေးအောက်က မျက်ဝန်းနက်နက်ကလေးတွေ ကို ဟိုဒီရွေ့ လျားပြီး ဖူးပြည့်စိုနေတဲ့ နှုတ်ခမ်းလေးကို လှပအောင် မဲ့ရွဲ့နေသည်။ ထိုနှုတ်ခမ်းဖူးဖူးလေးကို သ လင်းသစ် လက်ညိုးလေးနဲ့ ဖိတွန်းလိုက်ပြီး

"နင် လုပ်ရဲရင်လုပ်ကြည့်လိုက်လေ၊ သလင်းသစ် ဘာကောင်လဲဆိုတာ သိသွားစေရမယ်"

"အံမယ် နင်က ဘာလုပ်မလို့လဲ"

"နင့်ကို လာကြိုက်တဲ့ကောင်တွေ ကို ထိုးပစ်မှာ ပေါ့။ နေရနီ အနားမှာ သလင်းသစ်ရှိနေသ ရွေ့ ဘယ်ကောင်မှ အနားသီလို မရဘူး၊ အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်သွားမှာ ဟင်း ဟင်း"

သလင်းသစ် သူ့ဘာသာပြောပြီး သူ့ဘာသာ သဘောတွေ ကျ၍ မြောက်ကြွကြွနှင့် အင်္ကျီ ကော်လံစလေးကို ထောင်မကာမျက်ခုံးပါ ပင့်လိုက်သေးသည်။

နေရနီက ရယ်ချင်စိတ်ကို မျိုသိပ်ကာ

"တစ်သက်လုံးလား သလင်း"

"အင်း တစ်သက်လုံးပေါ့၊ နင် ဆန္ဒရှိမယ်ဆိုရင်"

" ငါ့ဘ၀မှာ နင်မရှိရင် ရပ်တည်လို့မရအောင် စကားလုံးတွေ နဲ့ မသိမ်းသွင်းပါနဲ့ သလင်း ရယ်၊ ငါက နင်မပါတဲ့ လမ်းကိုတောင် သိပ်မလျှောက်တတ်တော့ ဖြစ်နေပြီ"

ညံသက်ညံသာလွန်းတဲ့ နေရနီစကားလေးက သလင်း နှလုံးသားထဲကို နူးညံ့သိမ်မွေ့စွာ ငြိမ့်ငြိမ့်လေး စီးဆင်းသွားခဲ့သည်။

ရွာထိပ် ကုက္ကိုပင်ကြီးအောက်ကိုရောက်ပြီမို့ နေမင်းကြီးကလည်း စိတ်ချလက်ချ အိပ်တန်း ၀င်သွားခဲ့ပြီး ဖြစ်၏ ။ တိမ်ရောင် စုံတချို့ကသာ ရဲရင့်တောက်ပစွာ ကျန်ရှိနေသေးသည်။

"ရနီ"

"ဟင်"

နေရနီက တိုးဖွဖွလေးပြန်ထူးပြီး မျက်လွှာချထားကာ မလှုပ်မယှက်လေး ရပ်တန့်နေ သည်။

ဗရမ်းဗတာ ရမ်းခါလှုပ်ရှားနေသော ရင်ခုန်သံက စည်းချက်မမှန်စွာ နှင့် နေရနီ လက် ဖျားလေးကို ဆတ်ခနဲ့ဆုပ်ကိုင်လိုက်မိ၏ ။

"ငါတို့ တစ်ယောက် နဲ့ တစ်ယောက် ဘယ်တော့မှ မခွဲရဘူးဆိုရင် သိပ်ကောင်းမှာ ဘဲ နော်၊ တစ်ချိန်ချိန်မှာ အတူတူနေရအောင် ငါတို့ကြိုးစားကြမယ်။"

နှလုံးသားချင်း နားလည်စွာ အင်းဟု တိုးသဲ့သဲ့လေးပြောပြီး နေရနီ ခေါင်းလေး မတ်ခ နဲ့ ဖြစ်ကာ သလင်းသစ်ကို ရီဝေငေးမောစွာ ကြည့်သည်။

" သလင်း နင်လိုချင်တဲ့ ကက်ဆက်ကလေး ရတော့မယ်သိလား၊ ဦးဇော်ကြီး မြို့ သွားတာ ငါမှာ လိုက်တယ်။ နင်ကြိုက်တဲ့ သီချင်းပါတဲ့ တိတ်ခွေလေးပါ ၀ယ်ခဲ့ဖို့ ပြောလိုက် တယ်"

" ဟုတ်လား အဲဒါပြီးရင် ဂီတာလေး တစ်လက်ပါ ၀ယ်နိုင်အောင် ကြိုးစားမယ်ဟာ၊ နင်ရော ငါ့အတွက် ပိုက်ဆံစုပေးဦးမှာ လား ဟင်"

" အင်းပေါ့ စုပေးဦးမှာ ပေါ့၊ နင် အဲ့ဒါလေးတွေ ကို မြတ်နိုးရင်းနဲ့ငါ့ကို မေ့မသွားဘူးဆိုင်ရ ငါ ကျေနပ်ပြီ"

" မေ့ပါ့မလား ရီနီရယ်၊ နင်က ငါ့ဘ၀အတွက် တန်ဖိုးအကြီးဆုံး အမှတ်တရပါ၊ ဘယ်အရာ တွေ နဲ့မှ မလဲနိုင်ဘူးလေ၊ နင် ယုံတယ် မဟုတ်လား"

ခေါင်းတဆက်ဆက် ညိတ်ပြတဲ့ နေရနီ လက်ဖ၀ါးလေးကို အားနှင့် ဖျစ်ညစ်ပစ်လိုက်ပြီ ထို နေ့က အိမ်ပြန်လမ်း တစ်လျှောက်ပေါ့ပါး လန်းဆန်းနေခဲ့၏ ။

နောက်နေ့တွေ မှာ လည်း ဟိုအရင်ကနဲ့မတူ နေရနီ မျက်နှာလေးကို ခိုးခိုးကြည့်ပြီး ရင်တွေ ခုန်နေခဲ့သည်။

ထိုရင်ခုန်သံတွေ ဘယ်တော့မှ မရပ်တန့်ဘူး ထင်ရဲ့ ။

×××

အခန်း (၉)

" ကဲ မင်းတို့မှာ လိုက်တဲ့ တိတ်ခွေ ဟုတ်မဟုတ် စမ်းဖွင့်ချင်ဖွင့်ကြည့်လေ၊ အဲဒီ ကက်ဆက် လေးက မင်းတို့ ပေးလိုက် တဲ့ပိုက်ဆံရှစ်ထောင်နဲ့ရအောင် ၀ယ်လာတာ၊ အဲဒီ တိတ်ခွေ ကတော့ မေတ္တာလက်ဆောင် အလကားပေးလိုက် တာကွ"

"ကျေး ကျေးဇူးပဲ ဦးဇော်ကြီး၊ မနက်ဖြန် သင်္ဘောဆိပ်က ဦးဇော်ကြီးဖို့ လက်ဖက်ရည် ပါဆယ် ဆွဲလာခဲ့မယ်နော်"

" ရပါတယ်ကွာ မင်းတို့အဆင်ပြေဖို့ပဲ အရေး ကြီးတာပါ"

လက်တ၀ါးသာသာကက်ဆက်ကလေးကိုကိုင်ပြီး ဦးဇော်ကြီးအိမ်ကနေ နေရနီနှင့် သလင်း သစ် ရွာထိပ်က ကုက္ကိုပင်ကြီးအောက်ကို ခုန်ပေါက်ပြေးလွှားပြီး ရောက်လာခဲ့ကြသည်။

"ဟဲ့ ဟဲ့ ဖွင့်ကြည့်ပါ နင်ကြိုက်တဲ့ သီချင်း ဟုတ်မဟုတ်"

"အေးပါဟ"

ဆိုပြီး ကက်ဆက်ခလုတ်လေးကို သလင်းသစ် ညင်ညင်သာသာလေး ရစ်၍ ဖွင့်လိုက်သည်။

တီးလုံးသံလေး စကြားရကတည်းက သလင်းသစ်က ဟုတ်မဟုတ်မှန်ကြောင်း လက်မ ထောင်ပြ၏ ။ အေးအေးငြိမ့်ငြိမ့် စူးစူးလေး လွင့်ပျံလာတဲ့ သီချင်းသံကို ကုက္ကိုအမြစ်စုံလေးပေါ်မှာ ငုတ်ထုတ်ထိုင်ပြီးမြတ်မြတ်နိုးနိုး နားထောင်နေ၏ ။

အလုပ်ပြန် ပေရေနေသော ကိုယ်ခန္ဓာကို ရေချိုးသန့်စင်ရခြင်း မရှိသေးပေမယ့် ပြုံးနေတဲ့ သလင်းသစ်မျက်နှာလေးကို မေး အခွက်လေးနှင့် အတော် ကြည့်ကောင်းပါသည်။

ထိုသီချင်းလေး မပြီးမဆုံးချင်း သလင်းသစ်မျက်နှာလေးကို ငေးမော၍ ငြိမ်ငြိမ်လေး နေရနီ ရပ်နေမိသည်။

"ထိုင်လေ ရနီ"

ထိုသီချင်းလေး ပြီးဆုံးမှ သလင်းသစ် နေရနီကို အမှတ်ရသည်။

သလင်းသစ်အနားမှာ နေရနီဝင်ထိုင်လိုက်ပြီး ဒူးနှစ် ဖက်ကိုလက်ကလေးနှင့် ပွေ့ပိုက်လိုက် ထားကာ

"နင်ပျော်လားဟင် သလင်း"

"ပျော်တာပေါ့ ရနီရယ်၊ နင် မရှိတဲ့ အချိန်လေးတွေ မှာ သူကငါ့ကို အဖော်လုပ်ပေးတော့မယ် လေ၊နင့်ကိုကျေးဇူးတင်ပါတယ် ရနီ၊ ငါ တစ်ယောက် တည်း စုဆောင်းမယ်ဆိုရင် ဒီအချိန်လောက်နဲ့ ကက်ဆက်ကလေးကို ၀ယ်နိုင်မှာ မဟုတ်ဘူး။ ငါ့အတွက် တစ်သက်စာ အမှတ်တရပါပဲ"

သလင်း ရင်ခွင်တွင်းမှာ တယုတယနေခွင့်ရတဲ့ ကက်ဆက်ကလေးကို ကြည့်ကာ နေရနီ ရင်တွေ တလှပ်လှပ် လှုပ်ရှားနေသည်။

သလင်းဆီက အပျော်တွေ လည်း နေရနီ ကိုယ်တွင်းမှာ ကူးစက်လွန့်လူးလာ၏ ။

ရိုးသားခြင်း အဖြူရောင် တွေ ကို ဘယ်လိုနှလုံးသားကများ ဆေးရောင် ဆိုးနေရပါသလဲ။

×××



ဝန်ဇင်းချစ်သူများ လုံမ ၏ “ ခြယ်သမမီ တိမ်ပန်းချီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မိန်းမဋီကာ

မေ့ဖို့မလွယ်

မျက်ရည်မြစ်ဖျား