
အခန်း(၁)
'နာမည် က'
'မိန်းမလှ'
'နာမည် နဲ့လူနဲ့ကွက်တိပဲ၊ လန်းတယ်နော်'
'အလှတစ်ခုကိုပဲ ဘောင်ခတ်မကြည့်နဲ့၊ သွားငြိလို့ ကတော့ ပြာဆင်းသွားမယ်'
'ကျွတ် ကျွတ် နှမြောစရာ ကောင်းလိုက်တာ၊ တော် ၀င်တဲ့အလှနဲ့ ထင်ရက်စရာတောင် မရှိဘူး။ စံပယ်တင်မှဲ့လေး၊ တစ်ခုနဲ့တင် ယောက်ျားသားတွေ ရဲ့ နှလုံးသားကို ဖြားယောင်းဖမ်းစားနိုင်တဲ့ စွမ်းအင်တွေ ပိုင်ဆိုင်ထားပုံပဲကွ'
'ဟင်'
သော င်းထိုက်နှင့် တင်ထွန်း ပြောနေသမျှ ဘာတစ်ခွန်းမှစိတ်ဝင်စားမှု မရှိပါဘဲ ဂျာနယ်တစ်စောင်ကို ဖတ်နေရာမှ နားထဲကို စံပယ်တင်မှဲ့ဆိုတဲ့ အသံလေး တိုးဝင်လာတော့ ဂျွိုင်း ဟင်ခနဲ ခေါင်းထောင်သွားသည်။
'စံ စံပယ်တင်မှဲ့နဲ့ မိန်းကလေးဟုတ် ဟုတ်လား။ ဘယ်မှာ လဲ ဘယ်မှာ လဲ'
'ဟ ဒီကောင် အိပ်မက်က ကယောင်ကတမ်း ကမူးရှူးထိုး နိုးလာတဲ့ပုံစံနဲ့ ဘာလဲဟ'
'အေးလေ စောစော ကတော့ အထာကြီးနဲ့ ဂျာနယ်ဖတ်နေပြီး ငါတို့ပြောနေတာတောင် ဂရုမစိုက်ဘူး'
'သိ သိချင်လို့ပါကွာ စံပယ်တင်မှဲ့ဆိုတာကို ငါ စိတ်ဝင်စားလို့ပါ ဘယ်သူလဲ သိချင်လို့'
'အရူး ငပေါ ဟိုက မီနီမတ်ထဲ ၀င်သွားတာ ကြာ ကြာလှပေါ့။ ဟိုးနားမှာ ပါကင်ထိုးထားတဲ့ sport အနီရဲရဲလေးက သူ့ကားပဲ။ မင်းက ဘာလုပ်မလို့လဲ'
တင်ထွန်းမေးငေါ့ပြတဲ့ ကားလေးကိုလှမ်းကြည့်ပြီး တင်ထွန်းကို ဘာအဖြေမှ ပြန်မပေးပါ။
မ ဖြစ်နိုင်ဘူးဆိုတဲ့အတွေးနှင့် ခေါင်းတယမ်းယမ်းလုပ်ကာ ဂျာနယ်ကိုသာ အာရုံပြန်စိုက်လိုက်သည်။
'အာ ဒီကောင် ခုန ကတော့ အသည်းအသန်နဲ့ အခု ဘာ ဖြစ်ရပြန်တာလဲ။ နေပါဦး မင်းကို မေးပါရစေ၊ စံပယ်တင်မှဲ့က မင်းနဲ့ဘယ်လိုပတ်သက်မှု ရှိလို့ သွေးရူးသွေးတန်း ထ ဖြစ်ရတာ လဲ'
သော င်းထိုက်က ဂျွိုင်းလက်ထဲက ဂျာနယ်ကိုဆွဲလုပြီး မေးသည်။ စားပွဲပေါ်က အေးစက်စက် ကော်ဖီခွက်ကို တစ်ငုံငုံပြီးမှ ပြန်ချလိုက်ကာ
'မင်းတို့ကို ငါ ပြောပြဖူးတဲ့ မမက စံပယ်တင်မှဲ့လေးနဲ့ကွ၊ တင်ပါးပေါ်မှာ ၀ဲခါမည်းမှော င်နေတဲ့ ဆံနွယ်တွေ နဲ့ ဖြူနုဝင်းဝါနေတဲ့ မျက်နှာလေးပေါ်က စံပယ်တင်မှဲ့လေးက အရမ်းလိုက်ဖက်တာ'
'ဟုတ်လား အဲဒါဆို မီနီမတ်ထဲ ၀င်သွားတဲ့ အမျိုးသမီး ဖြစ်နေမလားပဲ။ သူ့ဆံပင်ကလည်း တင်ပါးဖုံးတယ်။ အရှည်ကြီးပဲ'
'မ ဖြစ်နိုင်ပါဘူးကွာ၊ မင်းတို့ပြောနေတာ ကြားတယ်။ ငါ့မမက အဲလိုမျိုး မဟုတ်ဘူး။ အရမ်း ရိုးသားဖြူစင်တယ်။ စရိုက်ကြမ်းကြမ်း မိသားစုက ပေါက်ဖွားလာပေမယ့် သူက တစ်မိပေါက် တစ်ယောက် ထွန်းဆိုသလို ရုပ်ဆင်းအင်္ဂါ အမူအကျင့်စရိုက် ဘယ်သူနဲ့မှ မတူဘူးကွ'
'မင်းကလည်း ညွှန်းလိုက်တာ။ မင်းမမအကြောင်း ပြောရရင် အမြဲတမ်း တင်စား အမွှန်းတင်နေတာ လက်ကုန်ပဲ'
မော်လမြိုင်သား သော င်းထိုက်က လေသံဝဲ၀ဲနှင့် နောက်ကျောကိုလည်း အုန်းခနဲထုသည်။
ကော့ခနဲ ဖြစ်သွားသော ကျောကိုလက်နောက်ပြန် ပွတ်လိုက်ရင်း
'တကယ်ပြောတာ၊ မမက အရမ်းချစ်စရာကောင်းတယ်။ ငါ လူပျိုပေါက်အရွယ်က အချစ်ကို အရင်ဆုံးခံစားမိတာ မမကြောင့် ပဲ။ ဘ၀တစ်သက်တာလုံး ဘယ်မိန်းကလေးမှ ချစ်လို့ရမှာ မဟုတ် တော့ဘူးဆိုတဲ့ စွဲလန်းစိတ်တွေ နဲ့ကို မမကို ငါချစ်မိသွားတာ'
'အဲလောက် ချစ်နေရဲ့ နဲ့ မင်း ဘာလို့ မင်းမမကို ရအောင်မယူခဲ့လဲကွ'
'အဲဒီ အချိန်က ငါ့အသက်က ဆယ့်လေးနှစ် ဆယ့်ငါးနှစ် အရွယ်ပဲ ရှိသေးတယ်။ မမက ဆယ့် ခြောက်နှစ် ၊ ဆယ့်ခုနစ်နှစ် အရွယ်၊ အသက်အရွယ်ကြောင့် မစွန့်စားရဲခဲ့တာတော့ မဟုတ်ဘူး။ မမရဲ့ ဆုံးမသွန်သင်မှု တွေ ကြောင့် ရူးရူးမိုက်မိုက်အလုပ်ကို ငါမလုပ် ဖြစ်ခဲ့တာ။ ငါ့မိဘတွေ က စရိုက်ကြမ်းတဲ့ မမတို့ အသိုင်းအ၀ိုင်းနဲ့ မဆက်ဆံစေချင်ဘူးလေ။ မမရဲ့ အလှမှာ ငါ ယစ်မူးသာယာနေတာကိုလည်း မကြိုက်ဘူး။ အဲဒါကြောင့် ငါ့ကိုဖျောင်းဖျ နားချလို့မရတော့ အဖေက ၀န်ထမ်းဆိုတော့ နယ်ကိုပြောင်း ခွင့်တင်ပြီး ငါ့ကိုခေါ်သွားတယ်။ မမနဲ့ငါ့ကို ဝေးအောင် လုပ်လိုက်ကြတာပေါ့'
'ဟို မင်းမမရဲ့ မိသားစုတွေ က အရမ်းကိုစရိုက်ကြမ်းတမ်းတာပဲလား။ မင်းမိဘတွေ ခါးခါးသီး သီး ဖြစ်ရလောက်တဲ့အခြေအနေဆိုတော့'
တင်ထွန်းက စီးကရက်သောက်ရင်း စိတ်ဝင်တစားမေးသည်။ သော င်းထိုက်က ကော်ဖီခွက်ကို ပါးစပ်မှာ တပ်ရင်း နားစွင့်၏ ။ သူက မမအကြောင်း ပြောရမည် ဆိုလျှင်အရာအားလုံးကို မေ့ထားရမှာ ၀န်မလေ။
'မမ အဖေက လူသတ်မှု နဲ့ ထောင်ကျနေတယ်။ မမ အစ်ကိုက အလုပ်ကြမ်းမျိုးစုံလုပ်ပြီး အရက်သောက်တယ်။ ဖဲရိုက် ကြက်တိုက်၊ ရန်သတ် လူမိုက်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြု တယ်။ အမေက ငါးစိမ်းသည်၊ အရပ်ထဲမှာ သူနဲ့ရန်မ ဖြစ်ဘူးတဲ့လူ မရှိဘူး။ ပြီးတော့ မောင်လေး တစ် ယောက် ၊ ညီမလေး တစ်ယောက် ကလည်း ဆုံးမသွန်သင်မှု မရှိတော့ ခပ်ဆိုးဆိုးတွေ ပဲ'
'ဟ အဲလို မိသားစုတွေ ထဲကမှ မင်းမမက'
'အဲဒါ ငါပြောတာပေါ့။ မမက တစ်မိပေါက် တစ်ယောက် ထွန်းပါလို့၊ ရုပ်ရည်ကလည်း ဘယ်သူနဲ့ မှမတူအောင် ချောတာလှတာ။ ရပ်ကွက်ထဲက ကာလသားတွေ အကုန်လုံးမမကို ပိုးကြပန်းကြတာ ပေါ့။ အဲဒီ အချိန် မမအနားမှာ ကိုယ်ရံတော် အ ဖြစ် နေခွင့်ရတာ ကို ငါ ပျော်နေတယ်။ ကြည်နူးနေတယ်။ ရိသဲ့သဲ့လုပ်တဲ့လူတွေ ကို ပုဆိုး ခါတောင်းကျိုက်ပြီး ရန် ဖြစ်ရတာ ကိုလည်း ငါ ကျေနပ်တယ်။ မမက ငါ့ လက်ကိုဆွဲ ငါ့ပခုံးကိုဖက်ပြီး ဖျောင်းဖျနားချတဲ့အခါ ငါက သိုးငယ်ကလေးပေါ့။ အဲဒီ လိုနဲ့ တစ်စတစ်စ ငါတို့တွေ သံယောဇဉ်ပိုလာကြတယ်။ တစ်ယောက် နဲ့ တစ်ယောက် မတွေ့ ရမနေနိုင်အောင် ခံစားမှု တွေ ပြင်းထန်လာတယ်'
'ငယ်ကျွမ်းဆွေတွေ ပေါ့'
ကော်ဖီခွက်ကို ဆတ်ခနဲပြန်ချရင်း သော င်းထိုက်ပြောတော့ လေပူကြီးတစ်ချက်မှု တ်ထုတ်ကာ ဂျွိုင်း သက်ပြင်းရှိုက်သည်။ တင်ထွန်းက
'မင်း အဲဒါကြောင့် အခုချိန်ထိ ဘယ်မိန်းကလေးကိုမှ စိတ်မ၀င်စားခဲ့တာပေါ့။ ဒါပေမဲ့မင်း မိဘ တွေ စေ့စပ်ကြောင်းလမ်းပေးတဲ့ ရှင်းရှင်းသန့်ကိုတော့ မင်း လက်ခံခဲ့တယ်နော်။ ရှင်းရှင်းသန့်လည်း လှပါတယ်'
'မမအလှနဲ့တော့ နှိုင်းယှဉ်လို့ မရပါဘူးကွာ။ သူ့ကိုလည်း ငါ မချစ်ဘူး။ ကျောင်းလည်းပြီးပြီ။ အလုပ်လည်း ၀င်ခါနီး ပြီဆိုတော့ မေမေတို့က ရှင်းရှင်းသန့်နဲ့ စီစဉ်လိုက်ကြတာ။ ၀န်ထမ်းအလုပ်က ထွက်ပြီး ကုမ္ပဏီတစ်ခုမှာ ရှယ်ယာဝင်တော့ ရှယ်ယာအများ ဆုံးပိုင်တဲ့ ရှင်းရှင်းသန့်အဖေနဲ့ မိတ်ဆွေ ဖြစ်သွားကြပြီး ငယ်ပေါင်းကြီးဖော်တွေ လို ရင်းနှီးသွားကြတာ ရှင်းရှင်းသန့်နဲ့ငါနဲ့ လက်ထပ်ရင် အဲဒီ ကုမ္ပဏီကြီးကိုလက်ဖွဲ့မှာ တဲ့'
'မင်းက ကုမ္ပဏီကို မက်မောတာလား။ ပညာတတ်အချောအလှ ရှင်းရှင်းသန့်ကို လိုချင်တာလား'
'ဘယ်ဟာကိုမှ မလိုချင်ဘူး။ မက်လည်း မမက်မောဘူး။ ငါ့ရင်နဲ့အပြည့် တမ်းတနေတာ မမပဲ။ ငါ ကျောင်းပြီးတော့ မမကိုတစ်ခေါက် သွားတွေ့ တယ်။ မမ အလုပ်လုပ်ဖို့ ရန်ကုန်ထွက်သွားပြီဆိုတဲ့ သတင်းကြောင့် ရန်ကုန်မှာ နေရာအနှံ့ ငါလိုက်ရှာတယ်။ ဘယ်မှာ မှ မတွေ့ ဘူး။ စိတ်လျှော့လိုက်တာ မဟုတ်ပေမယ့် မေမေတို့ဆန္ဒကို လိုက်လျောပေးလိုက် ရတယ်။ ဒါပေမဲ့ လက်ထပ်ဖို့အချိန်ကိုတော့ ဆွဲနိုင်သလောက် ဆွဲထားဦးမှာ ပဲ'
'မင်းမမကို စောင့်နေချင်သေးလို့လား။ ကွဲကွာနေတာတောင် ငါးနှစ် ကျော်ပြီ။ ဟိုက ယောက်ျား ရ ကလေးမွေးနဲ့ သူ့မိသားစုနဲ့သူ ဖြစ်နေလောက်ပါပြီကွာ။ လက်ကုန်ပဲ မင်းရဲ့ အချစ် ကတော့'
စကားပြောရင် လက်ပါတတ်တဲ့ သော င်းထိုက်ကကျောကို အုန်းခနဲထုပြန်သည်။ အချစ်ဈာန် ၀င်နေသော ဂျွိုင်းက ဘူးထဲကစီးကရင်တစ်လိပ်ထုတ်ပြီး စားပွဲပေါ်က တဒေါက်ဒေါက် ခေါက်နေလျက် က
'မမ ယောက်ျားဘယ်နှယောက် ရရ ကလေး တစ်ဒါဇင်မေးမွေး ငါ့မမက ငါ့မမပဲကွာ။ အချစ်ဆိုတာ ပျိုတာ အိုတာနဲ့ မဆိုင်ဘူး။ အသက်ကြီးတာ ငယ်တာနဲ့မဆိုင်ဘူး။ နှလုံးသားထဲမှာ စွဲမြဲနေတဲ့ အချစ်နဲ့ပဲဆိုင်တယ်။ မမ မွေးဖွားပေးလိုက် တဲ့ ငါ့ရင်ထဲက အချစ်က မမနဲ့ပဲသက်ဆိုင်တယ်။ မမ သေဆုံးတဲ့အထိ ငါ သေဆုံးတဲ့အထိ အဲဒီ အချစ်က ရှင်သန်ကျန်ရစ်နေရမယ်။ ရိုမီယိုနဲ့ဂျူးလိယက်၊ ရှင် မွေးလွန်းနဲ့မင်းနန္ဒာ သူတို့အချစ်တွေ ခုချိန်ထိ မသေဆုံးသေးဘူး။ မမနဲ့ငါ့အချစ်လည်း သမိုင်းတွင် ကျန်ရစ်မှာ ပါ'
သော င်းထိုက်နှင့် တင်ထွန်း ပါးစပ်အဟောင်းသားနှင့် ဂျွိုင်းအချစ်ကို လက်ဖျားခါအံ့သြကာ မင်သက်မိနေကြသည်။
ကားလှလှလေးကို မောင်းထွက်သွားတဲ့ အလှဖုရားမလေးကို ဘယ်သူမှ မမြင်လိုက်ကြ။
ဂျွိုင်းရဲ့ ဖီလင်မှာ နစ်မျောနေကြသည်။ အမြဲတမ်း မီနီမတ်ရဲ့ ဘေးက မှန်တွေ အပြည့်ကာထားတဲ့ ဒီကော်ဖီဘားလေးမှာ သူတို့သုံးယောက် ဆုံ ဖြစ်ကြသည်။
တက္ကသိုလ်မှာ နှစ် စကတည်းက အတွဲ ညီခဲ့ကြတဲ့ သူငယ်ချင်းတွေ မို့ ပြောမနာဆိုမနာ သူ့အကြောင်း ကိုယ့်အကြောင်း ရင်ဖွင့် ဖြစ်ကြ၏ ။
ထိုအထဲမှာ ဂျွိုင်းရဲ့ အချစ်အကြောင်းက ပုံပြင်လေးသဖွယ် နားထောင်လို့ကောင်း၊ စိတ်ဝင်စားဖို့လည်း ကောင်းသည်။
ဒီဘက်ခေတ်မှာ ဂျွိုင်းလို သူ့မမအပေါ် ချစ်တဲ့အချစ်မျိုးက ဘယ်မှာ မှ ရှာတွေ့ နိုင်တော့မည် မထင်။
သမိုင်းတွင် ချင်တဲ့ ဂျွိုင်းရဲ့ အချစ်က…။
××××
အခန်း(၂)
'သူငယ်ချင်းတွေ နဲ့ အီလက်ထရွန်းနစ်ဆိုင် ဖွင့်မယ့်ကိစ္စကို မေမေ သဘောမတူချင်တော့ဘူးနော်။ ဟိုနေ့ဒီနေ့ အချိန်တွေ ဆွဲနေတာ ဘယ်လောက်ကြာပြီလဲ၊ လုပ်သင့်တာက သမီးလေး ရှင်းရှင်းနဲ့ လက်ထပ်ပြီး ကုမ္ပဏီကိုလက်လွှဲဦးဆောင်သင့်တာ'
'မေမေရယ် သား ၀ါသနာပါတဲ့ စိတ်ပါတဲ့အလုပ်ပဲ လုပ်ပါရစေ။ လုပ်ငန်းလုပ်တယ်ဆိုတာ ခု ရေတွင်းတူ ခု ရေကြည်သောက်ချင်လို့တော့ ဘယ်ရပါ့မလဲ။ သူတို့ဘက်က အရင်းအနှီးမပြည့်စုံတာကိုလည်း စောင့်ရသေးတယ်။ နောက်လထဲမှာ သားတို့ဆိုင် စဖွင့်နိုင်မှာ မေမေ'
မိန်းမနဲ့သား စကားအခြေအတင် ဖြစ်နေတာကို ဦးပြည့်စုံ ချောင်းဟန့်ပြီးမျက်ခုံးပင့်ကြည့်သည်။
ဒေါ်တင်မေမြင့်က ယောက်ျားအထာကို သဘောပေါက်၏ ။ ပန်းကန်ထဲကို ကော်ဖီထည့်ပေးပြီး ယိုသုတ်ထားတဲ့ ပေါင်မုန့်ကို ဦးပြည့်စုံရှေ့ ထိုးပေးလိုက် သည်။
သားဘက်ကိုတော့ သားကြိုက်တဲ့ ကွေ့သယိုပန်းကန် တိုးရွေ့ပေးလိုက် ကာ
'ရှင်းရှင်းနဲ့လက်ထပ်ဖို့ကိစ္စကရော စိတ်မပါသေးလို့ပဲလား သား'
'အဲဒါလည်း မေမေသိသားနဲ့၊ တစ်ဦးနဲ့တစ်ဦး ချစ်လို့ကြိုက်လို့ စေ့စပ်ပွဲ အထမြောက်ခဲ့တာ မဟုတ်ဘူး မေမေ၊ နှစ် ဖက်လူကြီးမိဘဆန္ဒ မလွန်ဆန်ချင်လို့ လက်ခံခဲ့ကြတာ။ တစ်ယောက် သဘော တစ်ယောက် နားလည်အောင် အချိန်တော့ စောင့်ကြည့်ရဦးမှာ ပေါ့'
'သမီး ရှင်းရှင်း ကတော့ သားအပေါ် ဂရုလည်းစိုက်တယ်။ ချစ်လည်း ချစ်ရှာပါတယ်။ မေမေတို့ အပေါ် သိတတ်နားလည်လိုက်တာလည်း လွန်လို့၊ တွေ့ တိုင်းဆုံတိုင်း သားအကြောင်း မေးရတာ လည်း မမောနိုင်ဘူး။ သားတို့ချင်း သိပ်မတွေ့  ဖြစ်ကြဘူးလား။ တစ်ယောက် သဘော တစ်ယောက် နားလည်အောင်ဆိုရင် အမြဲဆုံတွေ့ ပြီး အနီးကပ်ရှိနေသင့်တာပေါ့သားရယ်'
'ကဲ မြင့်မြင့် မင့်သားကို မင်းဘယ်အချိန်တုန်းက စည်းရုံးနားချလို့ ရလို့လဲ၊ စေ့စပ်တာတောင် မတတ်သာလို့ လက်ခံခဲ့တယ်ဆိုတာ ငါသိတယ်။ အချိန်ဆွဲနေတာတော့ ငါ အပြစ်မပြောတော့ပါဘူး။ လူကြီးချင်း မျက်နှာပျက်ရမယ့်အ ဖြစ်မျိုးဆိုရင်တော့ မင့်သားကို ငါခွင့်မလွှတ်ဘူး'
ဖေဖေ စကားရှည်ရှည်ဝေးဝေး သိပ်မပြော။
စကားနည်းသလို စိတ်တိုလျှင် လက်ပါတတ်သည်။
ဝုန်းဒိုင်းကြဲ လုပ်ပြီးလျှင်လည်း အကြာကြီး ဒေါသ ဖြစ်နေတတ်တာမျိုးတော့မဟုတ်။
မေမေ ကတော့ ဗျစ်တောက် ဗျစ်တောက် နားညည်းအောင် ပြောတတ်တာအကျင့်။ စိတ်မလိုရင် မလိုသလို တင်းတင်းမာမာလည်း ဆက်ဆံတတ်သည်။
ဟိုအရင်က မမနှင့် ဖြစ်ခဲ့တဲ့ကိစ္စတွေ မှာ လည်း မေမေ့ရဲ့ အပေါ်စီးက ဆက်ဆံမှု တွေ ကြောင့် မမှာ နာကြည်းစရာတွေ အများ ကြီးရှိခဲ့သည်။
သူ့မျက်နှာကြောင့် မမက သည်းခံနိုင်သော်လည်း စရိုက်ကြမ်းသော မမတို့မိသားစုက အိမ်ရှေ့ထိလာပြီး စိန်ခေါ်ခဲ့ဖူးသည်။
ဓားဆွဲ တုတ်ဆွဲ တော် တော် လေး အခြေအနေတင်းမာခဲ့ကာ နှစ် ဖက်လုံး အရှက်ရခဲ့ကြ၏ ။
ထိုအချိန်တုန်းက မမမျက်နှာလေးက ဇီးရွက်သာသာမျက်နှာငယ်လေးနှင့်
'ကိုယ့်ကိုယ်ကိုယ်သာ သတ်သေလိုက်ချင်တယ် ဖိုးသားရယ်။မင်းအမေက ဈေးထဲမှာ အမေ့ကို သွားပြောတော့ ဘယ်ခံမှာ လဲ ပြောတဲ့ပုံကလည်း သူ့သားကို မုန့်ပေးကြိုက်လို့ မရဘူး။ ရုပ်နဲ့မြူဆွယ်နေလည်း သူ့သားက ကလေးပဲရှိသေးတယ်တဲ့။ အဆင့်အတန်းလည်းတူတာမဟုတ်ဘူး။ မတန်မရာ စိတ်ကူးယဉ်နေတဲ့ ကိုယ့်သမီးကိုယ် ဆုံးမပါတဲ့လေ။ တို့နဲ့မင်းက ဘာတွေ ဖြစ်နေလို့လဲ၊ ရင်းနှီးမှု နဲ့ သံယောဇဉ် ဖြစ်ကြတာ အရောင် ဆိုးဖို့ မင်းအမေ တိုက်တွန်းနေသလိုပဲ'
မမက ထိုသို့ ပြောကာ ချုံးပွဲချငိုသည်။
ငယ်ရွယ်နုနယ်သော သူ့နှလုံးသားက မမ မျက်ရည်တွေ ကို ခံနိုင်ရည်မရှိခဲ့။
မမ ပခုံးလေးကိုဖက် မမဆံပင်လေးကိုနမ်းပြီး နှစ် သိမ့်ပေးမိသော်လည်း မမ အငိုမတိတ်တော့ သူပါရောပြီး ငိုခဲ့သည်။
မမကတစ်ဖန် သူ့ကိုပြန်ချော့နေချိန်မှာ ပဲ မမ ရင်ခွင်မှာ ခေါင်းတိုးဝင်ပြီး
'မမ လူကြီးတွေ ဘာတွေ ဖြစ်နေနေ ကျွန်တော့် ကို စိတ်လည်းမဆိုးပါနဲ့၊ မခေါ်ဘဲလည်း မနေပါနဲ့နော်။ ကျွန်တော် မမကိုချစ်တယ်။ မမနဲ့မခွဲနိုင်ဘူး။ ကျွန်တော် မမကိုအရမ်းချစ်တာပါ မမရယ်'
ချစ်တယ်ဆိုတဲ့စကားက ဘယ်အတိုင်းအတာထိ သက်ရောက်မှု ရှိတယ်ဆိုတာ ထိုအချိန်က မခန့်မှန်းတတ်ခဲ့။
ငယ်ရွယ်သူမို့ ရင်ထဲရှိတာ ပွင့်လင်းရိုးစင်းစွာ ပြောလိုက်ခြင်းပင်။
မမက ထိုစကားတွေ ပြောတဲ့အချိန်က သူမ ရင်ခုန်ခဲ့သည်ဟု နောက်နေ့မှာ သူ့ကိုပြောပြသည်။
သူလည်း ရင်ထဲမှာ လှုပ်လှုပ်ရှားရှား ကတုန်ကယင် ဖြစ်ခဲ့သည်ဟု ၀န်ခံခဲ့၏ ။
အဲဒီ နောက်မှာ နင့်နင့်သီးသီး စွဲစွဲလန်းလန်း မျက်စိအောက်က အပျောက်မခံနိုင်အောင် အချစ်လွန်ခဲ့ကြသည်။
သိပ်မကြာခင်မှာ ပဲ အဖေ့ရဲ့ ရာထူးတိုးနယ်ပြောင်းတာဝန်နှင့် ရန်ကုန်ကို သွားရတော့မည် ဆို သည့် သတင်းကြောင့် နှစ် ယောက် လုံးအသည်းအသန် မခွဲနိုင်မခွာရက် ဖက်တွယ်ပြီး ငိုခဲ့ကြသည်။
'ဖိုးသား ဟိုမှာ လိမ်လိမ်မာမာနေနော်။ ရည်းစားတွေ လည်း မထားနဲ့၊ ကျောင်းကိုလည်း တစ် နှစ် တစ်တန်း အောင်အောင်ကြိုးစား မမကိုလည်း သတိရနေ'
'မမ မမနဲ့ ကျွန်တော် မခွဲချင်ဘူးဗျာ။ မမ ကျွန်တော့် ကို တကယ်ချစ်တယ်ဆိုရင် ကျွန်တော် တို့ နှစ် ယောက် ဘယ်သူမှမသိနိုင်မယ့် နေရာကို ထွက်ပြေးရအောင်ဗျာ'
'ဖိုးသားရယ် ဖိုးသားအသက်က ငယ်ငယ်လေးရှိပါသေးတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် နေနိုင်တဲ့ လူကြီး တစ်ယောက် မ ဖြစ်သေးဘဲ ဒီလိုစိတ်ကူးယဉ်လို့ ဘယ် ဖြစ်မှာ လဲ။ ဖိုးသား ပညာတတ် ကြီး ဖြစ်အောင် ကြိုးစားပါ။ အရွယ်ရောက်ရင် လုပ်ငန်းရှင်ကြီး တစ်ယောက် ဖြစ်အောင် ဖိုးသားမိဘတွေ က အထောက်အပံ့ပေးနိုင်တယ်လေ။ မမ စကားကို နားထောင်ပါ ဖိုးသားရယ်'
'ဒါဆို မမ ကျွန်တော့် ကို မေ့မပစ်ရဘူးနော်။ အမြဲတမ်း သတိရနေရမယ်။ ယောက်ျားလည်း မယူရဘူး။ မမ ယောက်ျားယူရင် ဘယ်နေရာရောက်နေနေ ကျွန်တော် လာသတ်မှာ '
အားကောင်းမောင်းသန် ကြိမ်းဝါးနေတော့မျက်လုံးလေး မှိတ်ကျတဲ့အထိ မမ ရယ်နေခဲ့သည်။
သူက မမဆံနွယ်တစ်ထွေးကြီးကို လက်နှစ် ဖက်နှင့် ပွေ့ပိုက်ကာ မြတ်မြတ်နိုးနိုး နမ်းရှိုက်ပြီး ရယ်သံတွေ ရပ်တန့်သွားအောင် လုပ်ပစ်ခဲ့၏ ။ တကယ်တော့ မမ ရယ်နေခဲ့တာ မဟုတ်ပေ။
ပခုံးသားလေးတွ လှုပ်ခါနေအောင် ကြိတ်ရှိုက်နေခဲ့တာ ဖြစ်သည်။ နောက်ဆုံးအနေနှင့် သူ့နဖူး လေးကိုခပ်ဖွဖွနမ်းမွှေးပြီး နှုတ်ဆက်ခဲ့၏ ။
နင့်သီးသော လှိုက်ဖိုတသသမှု တွေ နှင့် ဆိုးဝါးသော ဝေဒနာတွေ ခံစားခဲ့ရသော ထိုတစ်နေ့ကို ဒီနေ့အချိန်ထိ သူ မေ့ပျောက်လို့မရခဲ့ချေ။
တစ်နေ့နေ့ မမနှင့် ပြန်ဆုံခဲ့လျှင် မမ ဆံနွှယ်တစ်ထွေးကြီးကို ပွေ့ပိုက်ပြီး လွမ်းခဲ့ရတဲ့အချိန်တွေ အတွက် အားရပါးရ ငိုချလိုက်မည် ဟု စိတ်ထဲမှာ တွေးထားမိသည်။
ဘယ်နေ့လဲ။ ဘယ်အချိန်လဲ။
'မြင့်ငြမ့် မင့်သား မုန့်စားရင်း အသက်ရှူရပ်သွားပြီလား၊ စမ်းသပ်ကြည့်လိုက်ဥိး'
'ဟယ် ဟုတ်ပါရဲ့ သားရယ် တူကြီးကိုင်ပြီး ကွေ့သယိုတွေ မစားဘဲ ဘာတွေ ထိုင်တွေးနေတာလဲ။ သြော် ဒီကလေးနှယ် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခ ဒုက္ခ'
ဖေဖေနှင့် မေမေ အသံကြောင့် မမအကြောင်း စဉ်းစားနေမိသော သူ့ရဲ့ အတွေးစတွေ ပြတ်တောက်သွားသည်။
ဘယ်အချိန် ဖြစ် ဖြစ် တိုက်ဆိုင်မှု မရှိလည်း တွေး ဖြစ်နေတာ မမအကြောင်းပါပဲ။
ဘယ်လိုပုံစံမျိုးနဲ့ ဖြစ် ဖြစ် ပြန်ဆုံချင်ပါသေးတယ် မမရယ်။
လက်ချိုးရေတွက်လို့မရတဲ့အချိန်တွေ ကုန်လေလေ လွမ်းရလေလေပါပဲ။
×××
အခန်း(၃)
ဒီနေ့ သူတို့စုပေါင်းဖွင့်မယ့် အီလက်ထရွန်နစ်ဆိုင်လေး ဖွင့်ဖို့ရက် နီးလာပြီမို့ ကော်ဖီဘားလေးမှာ တိုင်ပင်ဆွေးနွေးရန် သော င်းထိုက်နှင့် တင်ထွန်းကို ချိန်းထားခဲ့သည်။
သူတို့နှစ် ယောက် စောရောက်နေမှာ တော့ သေချာပါသည်။ ဘယ်တော့မဆို အိပ်ရာထ နောက်ကျတတ်သော သူက ချိန်းထားတိုင်းနောက်ကျတတ်တာ အကျင့် ဖြစ်နေ၏ ။
ဆိုင်လေးကိုရောက်တော့ ထုံးစံအတိုင်း ၀ိတ်တာလေးက သူ့ကိုဂျာနယ်တစ်စောင်လက်ကမ်းပြီး သူ သောက်နေကျ ကော်ဖီတစ်ခွက်လာချပေးသည်။
'ဟိတ်ကောင်တွေ ဘာတွေ ပြူးပြဲပြီး ဘူးနေတာလဲ'
ကာရံထားသော မှန်ချပ်တွေ မှတစ်ဆင့် အပြင်ကိုအာရုံစိုက်နေကြသော တင်ထွန်းတို့နှစ် ယောက် ကို ဂုတ်ပိုးတစ်ဖက်တစ်ချက် ဖိညှစ်ကာ မေးလိုက်ပေမယ့် ဘယ်သူမှ သူ့ဘက်ပြန်လှည့် မကြည့်ချေ။
'မင်းတို့မိန်းကလေးမြင်တိုင်း အဲလောက်ငမ်းငမ်းတက်နေရင် မိန်းမ တစ်ယောက် တော့ အတည်တကျယူကြကွာ။ လူမြင်မကောင်းဘူး'
'အောင်မာ ငါတို့က မိန်းကလေးတိုင်းကိုမျက်စိအစာကျွေးနေတဲ့ကောင်တွေ မဟုတ်ဘူးကွ။ အခုတလော တွေ့ နေရတဲ့ အလန်းလေးတွေ ကိုတော့ မြင်လိုက်တိုင်း မကြည့်ဘဲကိုမနေနိုင်တာ။ ဆုတောင်းကောင်းခဲ့လို့ ချောနေလှနေပေမယ့် အကျိုးပေးမကောင်းလို့ အသက်ကြီးသူတွေ နဲ့ရတာ '
'ဟုတ်တယ်ကွ၊ ဘိုးတော် ကြီးနဲ့မတွေ့ ဘဲ ငါနဲ့အရင်တွေ့ ကြည့် ဒီလောက်ချောတဲ့လှတဲ့ မိန်းမကိုသာ ရမယ်ဆိုရင် ရှိသမျှစည်းစိမ် ကုန်ချင်ကုန်ပါစေ ယူလိုက်ပါတယ်'
'ဟား မင်းကလည်း လက်ကုန်ပဲ၊ ငါ့ကိုလည်း ချန်ပါဦးဟ၊ ငါလည်း ရရင် ယူချင်တယ်။ အရိုးရရ၊ အသားရရ'
ဒီကောင်တွေ ပါးစပ်က ဒီလိုစကားမျိုးထွက်တာ ဂျွိုင်းအံ့သြမိသည်။ တက္ကသိုလ်တက်နေစဉ် တစ်လျှောက်လုံး ဘယ်ကောင်မလေးကိုမှ စည်းကမ်းမရှိ ပြောင်တာနောက်တာ မတွေ့ ဘူးသလို၊ တော် ရုံအလှကိုလည်း ချီးမွမ်းဂုဏ်မြောက်တာမျိုး မကြုံဘူးခဲ့။
သူ့ကိုပဲ အနေအေးကာ မိန်းကလေးကိစ္စ အရှုပ်အရှင်းလည်းမရှိ၊ ခုမှ တသသပြောမဆုံး ဖြစ် နေတာ သူတို့တင်စားနေတဲ့ မိန်းကလေးက ဘယ်လောက်များ လှနေလို့လဲ။
သူ ကတော့ ဒီကမ္ဘာပေါ်မှာ မမလောက် လှတဲ့မိန်းကလေးမရှိဘူးဟုပဲ ယူဆထားသည်။
တခြားမိန်းကလေးတွေ ကိုမြင်လျှင် မျက်စိကို စုံမှိတ်ထားကာ မမကိုမြင်ရမှ အချစ်ရည်တွေ ရွှန်းလက်စွာ နှင့် မျက်စိကိုဖွင့်ထားလိုက်ချင်သည်။
'ဟာ မီနီမတ်ထဲက ထွက်လာပြီး ပြန်ထွက်လာပြီကွ၊ ဂျွိုင်းမြင်ဖူးအောင် ကြည့်ထားပါလား။ ဒီမမကလည်း စံပယ်တင်မှဲ့လေးပါတော့ မင်းမမကို အလွမ်းပြေတာပေါ့'
တင်ထွန်းစကားကြောင့် ဒီကောင်တွေ ကြည့်နေတဲ့မီနီမတ်ရှေ့က ကားပါကင်ကို ကာရံထားသော မှန်တွေ မှတစ်ဆင့် ထွင်းဖောက်၍ မျက်လုံးအစုံ စူးစိုက်မိသွားသည်။
'ဟင် ဟာ'
ရင်ဘတ်တွင်းက ပြင်းထန်သော တုန်ခါမှု ကြောင့် သူ့အာမေဋိတ်သံက ကျယ်ကျယ်လောင်လောင်။
'ဟ ဂျွိုင်း ကြည့်ပါဆိုမှ အလန့်တကြား ထအော်ရလား'
'မမ အဲဒါ ငါ့မမ'
'အာ ဒီကောင် ရူးသွားပြီထင်တယ်။ သော င်းထိုက် ဒီကောင့်ကို ဆေးအမြန်လှုပ်တိုက်လိုက်စမ်း၊ ငါတို့ ဝေစုရရင် ခွဲပေးနေရဦးမယ်'
သော င်းထိုက်နှင့် တင်ထွန်း ဘာတွေ ပဲပြောပြော ဂျွိုင်းနားထဲမ၀င်။ နက်မှော င်သန်စွမ်းပြီး ၀ဲခါ နေတဲ့ ဆံနွှယ်တွေ လေမှာ လွင့်ပြီး နွဲ့နွဲ့လေး လျှောက်လှမ်းလာနေတဲ့ မမကိုသာ မျက်လုံးမလွှဲတမ်း ကြည့်နေမိသည်။
ဝင်းဝါနုဖတ်နေသော ပါးပြင်လေးပေါ်မှာ စံပယ်တင်မှဲ့လေးက ထင်ထင်ရှားရှား။
'ဟာ'
မမက သူမကားလေးပေါ် တက်ထိုင်လိုက်ပြီ။
ခုမှ သတိ၇ကာ ကော်ဖီဘားလေးထဲက ၀ရုန်းသုန်းကားပြေးထွက်ခဲ့၏ ။ မြင်လိုက်ရတဲ့ နေရာမှာ မောကြီးပန်းကြီး ရောက်လာတော့ မမကားလေးက မရှိတော့။
ဟိုးခပ်လှမ်းလှမ်းကိုရောက်သွားတဲ့ကားနီလေးကိုကြည့်ကာ မျက်ရည်တွေ တောင် လည်လာသည်။
သူ့ နောက်က ပြေးလိုက်လာတဲ့ သော င်းထိုက်နှင့် တင်ထွန်းကသူ့ကို ကော်ဖီဘားလေးထဲ ပြန်ဆဲခေါ်လာကြ၏ ။
'ဘာ ဖြစ်တာလဲ ဂျွိုင်းရာ။ လုပ်လိုက်ရင် အသည်းအသန်၊ လူတွေ က မင်းကို အရူးမှတ်ပြီး ၀ိုင်းကြည့်နေကြတာကွ'
'အေးလေ ငါတို့က ပါးစပ်ကပဲ အရသာခံတာ၊ သူက နွားသိုးကြုးပြတ်နဲ့ တစ်ခါတည်း ဆွဲစားတော့မယ့်အတိုင်းပဲ'
'တော် တော့ မင်းတို့ကောင်တွေ ဘာမှမပြောနဲ့တော။ အဲဒါ မင်းတို့ပြောင်ရနောက်ရ ပါးစပ်အရသာခံရမယ့်သူ မဟုတ်ဘူး။ ငါ့မမကွ မမ မာလာခိုင်'
'ဟုတ်လို့လား။ အစွဲအလမ်းလွန်လို့ မျက်စိမှားတာ ဖြစ်ပါလိမ့်မယ်။ မင်းပဲ မင်းမမက ဒီလို အလုပ်မျိုး လုပ်မှာ မဟုတ်ပါဘူးဆို'
'ဘာကိုလဲ'
'ဟ အငယ်အနှောင်းဘ၀ကို ပြောတာပေါ့ကွ'
သော င်းထိုက်က စိတ်မရှည်သလို ဆောင့်ကြီးအောင့်ကြီး အော်ပြောသည်။
ဂျွိုင်း ကျွတ်ခနဲ စုတ်သပ်ကာ ခေါင်းယမ်းပစ်လိုက်၏ ။
'မင်းတို့သတင်းမှားကို အကျယ်ချဲ့မိတာ ဖြစ်မှာ ပါ။ မမက အဲဒီ လိုတော့ အ ဖြစ်ခံမှာ မဟုတ်ဘူး။ တစ်ယောက် ယောက် နဲ့အတည်တကျ လက်ထပ်ချင်လက်ထပ်မှာ ပေါ့ကွ'
'မင်းကလည်း ရမ်းသန်းအထင်တွေ စွတ်ကြီးနေပြန်ပြီ။ မင်းမမ ဆိုတာရော သေချာလို့လား'
'သေချာပါတယ်။ ဘယ်တော့မဆို မမက ခုံမြင့်ဒေါက်မြင့်ဖိနပ်တွေ မစီးဘူး။ အရပ်အမောင်း ကလည်း မိန်းကလေးအများ စုထဲမှာ ရှည်တယ်။ ငါနဲ့ယှဉ်ရင် အရွယ်တူမို့ ခုံမြင်တွေ စီးရင် ငါ့ထက်ခေါင်း တစ်လုံး မြင့်မှာ စိုးလို့၊ ရိုးရိုး ဖိနပ်လေးတွေ ပဲ စီးတတ်တယ်။ ပြီးတော့ မမက ရှားပါးတဲ့တော် ၀င်အလှ ပိုင်ရှင်၊ ငါးနှစ် ကျော်အတွင်းမှာ မမ ဘာတွေ ဖြစ်ပြီး ဘယ်လိုတွေ ပြောင်းလဲသွားတာလဲ'
ဂျွိုင်းအသံတွေ တုန်ပြီး မျက်ရည်တွေ လည်နေတော့ သော င်းထိုက်နှင့် တင်ထွန်း စိတ်မကောင်းနိုင်။
'မင်း အထင်မှား အမြင်မှား မှန်လား၊ မှားလား မသိဘူးနော်။ နာမည် ကတော့ အလွဲကြီး၊ မင်း မမက မာလာခိုင်၊ ဒီဇယားက မိန်းမလှတဲ့'
'ငါတောင်မှ မင်းတို့ခေါ်နေတာ ဂျွိုင်း၊ မမ သိတာက ဖိုးသား၊ မလွဲနိုင်တဲ့ အကြောင်းအရင်းက ငါ့ရင်ထဲမှာ မမ ပုံရိပ်က အမြဲတမ်း စိုးမိုးထားတာ၊ မင်းတို့ အဲဒီ သတင်း ဘယ်ကကြားတာလဲ။ ငါ သိချင် တယ်။ ပြီးတော့ မမက ဘယ်မှာ နေတာလဲ၊ ဒီမီနီမတ်ကိုရော နေ့တိုင်းလာတတ်သလား'
မေးခွန်းတွေ တစ်သီကြီးနှင့် ဂျွိုင်းအ ဖြစ်က ကော်ဖီလည်း မသောက်နိုင်။ ဂျာနယ်လည်း မဖတ် နိုင်။
စိတ်ဂနာမငြိမ်သလို အသက်လည်း မရှူနိုင်။
'အတိအကျပြောရရင် မင်းနောက်ကျလို့ ငါတို့ဒီဆိုင်ကြိုရောက်နေတဲ့ အချိန်တွေ မှာ တခြား စားပွဲဝိုင်းကလူတွေ စိတ်ဝင်တစားပြောနေတတ်လို့ ငါတို့ သတိထားမိသွားတာ။ မင်းကို ဂျာနယ်လာ ပေးတတ်တဲ့ ၀ိတ်တာလေး ပြောပုံအရတော့ မိန်းမလှရဲ့ လူကြီးက သူတို့သူဌေးရဲ့ မိတ်ဆွေလို့ ပြော တယ်။ နိုင်ငံခြားမှ သားကြီးသမီးကြီးတွေ နဲ့ မိန်းမလည်း ရှိတယ်တဲ့'
'တောက်'
'မင်းက ဘာကို မကျေနပ်တာလဲ'
သူတက်ခေါက်တော့ သော င်းထိုက်က စီးကရင်မီးညှိရင်းမေးသည်။
သော င်းထိုက်လက်ထဲက စီးကရက်ကို ဆွဲယူကာ ခပ်ပြင်းပြင်းရှိုက်ဖွာပစ်လိုက်၏ ။
လည်ချောင်းထဲမှာ မရှင်း။ ပိုပြီး ကျပ်ဆို့နင့်သီးသွားသည်။
'မင်း မမသာ သေချာရင် မင်းဘယ်လောက်ထိ ခံစားနေရမယ်ဆိုတာ ငါတို့သိပါတယ်။ ဒါပေမဲ့ မင်း ဘာမှ လုပ်လို့မရတော့ဘူး။ အရင်လိုပဲ ဝေးလက်စနဲ့ ဝေးဝေးမှာ နေ'
တင်ထွန်းစကားကြောင့် မျက်လုံးက စူးခနဲတောက်ပသွား၏ ။
'သိမ်းထားရဲ့ ဒီရင်ဘတ်ထဲက အချစ်တွေ ဘယ်နေရာမှာ သွားသွန်ပစ်လိုက်ရမှာ လဲ။ မမ ဒီဘ၀မှာ အမှန်တကယ်နစ်မွန်းနေတယ်ဆိုရင်တောင် ကယ်တင်ပေးရမယ့် ၀တ္တရား ငါ့မှာ ရှိတယ်။ ငါ မမကို သိပ်ချစ်တာ မမလည်း ငါ့ကိုသိပ်ချစ်ခဲ့တာ။ သူ ဒီဘ၀ကို စိတ်ပါလက်ပါ ပျော်ဝင်နေတာ မ ဖြစ် နိုင်ဘူး။ အကြောင်းတစ်ခုခုကြောင့် '
'အေးလေ ဘာအကြောင်းကြောင့် ပဲ ဖြစ် ဖြစ် မင်းအဖေ အမေ ကြည်ဖြူမှာ မဟုတ်ဘူး။ ဟိုအရင် က ထက်တောင် ပို ဆိုးဦးမယ်။ ပြီးတော့ ရှင်းရှင်းသန့်ရဲကဆက်ထုံးကလည်း သေးသေးမွှားမွှား မဟုတ် ဘူးနော်။ မင်းတို့ တရားဝင်စေ့စပ်ထားကြတာ'
'အဲဒါတွေ အားလုံးကို ငါရင်ဆိုင်မယ်၊ မမ လိပ်စာပဲ စုံစမ်းပေ၊ မမနဲ့ငါ သွားတွေ့ မယ်'
သော င်းထိုက်နှင့် တင်ထွန်း ပြိုင်တူသက်ပြင်းချ၍ ဂျွိုငးကို မျက်ခုံးပင့်ကြည့်လိုက်ကြ၏ ။
'တားမရလည်းသဘောပဲ ငါ့ကောင်၊ ဒါပေမဲ့ အိမ်လိုက်မသွားဘဲ မီနီမတ်ကို လာတဲ့အချိန် ဒီ ကော်ဖီဘားလေးက အခြေအနေစောင့်ကြည့်တာ အန္တရာယ်ကင်းလိမ့်မယ်'
'ဘယ်နှစ် ရက် စောင့်ရမှဲာ'
'သုံးရက်တစ်ခါလောက် ဈေးလာဝယ်တတ်တယ်တဲ့'
'အိမ်ပြန်တော့ဘဲ ဒီကနေ စောင့်နေရရင် ကောင်းမယ်ထင်တယ်'
'ကျွမ်းနေတဲ့ ရောဂါ ပဲ'
အဲဒီ ရောဂါ နှင့် ဂျွိုင်းဆိုတဲ့ကောင် ဒီနေ့ထိ ရှင်သန်နေနေတာ ဘယ်သူသိမှာ လဲ။
××××
![]() မကြုံဖူးလို့ချစ်မိတာပါ | ![]() ငြိတွယ်ခြင်း | ![]() အလင်းမဲ့ည |